title
stringlengths
1
87
text
stringlengths
1
646k
အာရှ
ထိုလူမျိုးစု၏ သွင်ပြင်ဆင်းရောင်ကား အရပ်ပု၍ မျက်နှာပြားပြား၊ မျက်စိပေါက်ကျဉ်းကျဉ်း၊ မျက်ရစ် မထင်ရှားဘဲ ဆံပင်မှာမည်းနက်၍ ဖြောင့်စင်းသည်။
အာရှ
ထိုလူမျိုးစု ကို မွန်ဂိုလီယန် အဆက်အနွယ်ဟု ခေါ်ကြ၏။
အာရှ
အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် မလ္လာယုကျွန်းဆွယ် တို့တွင် နေထိုင်ကြသည်။
အာရှ
ဒုတိယ အစုကား ဥရောပတိုက်ရှိ လူမျိုးများနှင့် ပုံပန်းသဏ္ဌာန်အားဖြင့် အလွန်တူသောအာရိယန်၊ သို့မဟုတ် အင်ဒိုယူရိုပီယန်အနွယ် ဖြစ်၏။
အာရှ
ထိုလူမျိုးစုကား အာရှတိုက်တွင် မွန်ဂိုလီယန် အနွယ်တို့ထက် ဦးစွာနေထိုင်ခဲ့သူများ ဖြစ်၏။
အာရှ
သို့ရာတွင် မွန်ဂိုလီယန်လူမျိုးများ ပေါ်ပေါက် လာသောအခါ သူတို့လည်း အနောက်ဘက်ဆီသို့ ပြောင်းရွှေ့သွားရာ တဖြည်းဖြည်း ဥရောပတိုက်တွင် ထိုလူမျိုးများ စတဲချ နားနေ တော့သည်။
အာရှ
ကျန်ရစ်ခဲ့သော ယင်းတို့၏အဆက်အနွယ်များကား အာရှမိုင်းနား၊ အီရန်၊ အီရတ်နှင့် အိန္ဒိယ နိုင်ငံများတွင် ယခုထက်တိုင် နေထိုင်လျက်ရှိကြသည်။
အာရှ
ထိုလူမျိုးကား အရပ်မြင့်၍ နှာတံပေါ်၏။
အာရှ
ဆံပင် ကောက်၍ အသားညိုလေသည်။
အာရှ
ဤကား မျိုးပေါင်းစုကြီးနှစ်စုသာဖြစ်၍ ထိုနှစ်စုမှ ဖြာထွက်သော လူမျိုး ပေါင်းကား များလှဘိ၏။
အာရှ
( အာရိယန်လူမျိုး။
အာရှ
) လူမျိုးအရေအတွက် များသလောက် ကိုးကွယ်သော အယူဝါဒ၊ ပြောဆိုသောဘာသာစကားတို့လည်း များလှ၏။
အာရှ
အိန္ဒိယနိုင်ငံ၌ပင်လျှင် ဘာသာစကားပေါင်း ၂ဝဝ ကျော်ရှိလေသည်။
အာရှ
အာရှတိုက်ရှိ ပြောဆိုအသုံး ပြုသော ဘာသာစကားများကို ယေဘုယျအားဖြင့် အလွယ်ဆုံးခွဲလိုက်ပါမူ အရေးပါသည့် အုပ်စုကြီးသုံးခု ရနိုင်၏။
အာရှ
အင်ဒို-ဥရောပ(ဝါ)အာရိယန်၊ ယူရယ်အော်လတိတ်၊ ဆိုင်နိတစ်ဟူ၍ ဖြစ်သည်။
အာရှ
ယေဘုယျအားဖြင့် အင်ဒို-ဥရောပအုပ်စုဝင် ဘာသာစကားများကို အာရှတိုက်အနောက်ပိုင်းတွင် ပြောဆိုသည်။
အာရှ
ယူရယ်အော်လတိတ် အုပ်စုဝင် ဘာသာစကားများကို အာရှတိုက်မြောက်ပိုင်းတွင် ပြောဆိုသည်။
အာရှ
ဆိုင်နိတစ်အုပ်စုဝင် ဘာသာ စကားများကိုမူကား အာရှတိုက်အရှေ့ပိုင်းနှင့်အရှေ့တောင်အာရှအချို့ဒေသများတွင် ပြောဆိုသည်။
အာရှ
ထို့ပြင် အခြေခံဘာသာစကား အုပ်စုငယ်များ လည်း ရှိသေးရာ ယင်းတို့တွင် ဆီမစ်တစ်ဘာသာစကားအုပ်စု သည် အရေးပါ၏။
အာရှ
ဆီမစ်တစ်အုပ်စုတွင် အနောက်တောင်အာရှ မှ အာရေဗစ်နှင့် ဟီဗရူဘာသာစကားတို့ ပါဝင်သည်။
အာရှ
ဒေသန္တရ ဘာသာစကား အများအပြားနှင့် သီးခြားဘာသာစကားအများ အပြားလည်း ထိုအခြေခံအုပ်စု များမှ ပေါက်ပွားလာသည်။
အာရှ
လူမျိုးနှင့်ဘာသာစကားသာမဟုတ် ကိုးကွယ်သော အယူဝါဒ လည်း များလှဘိ၏။
အာရှ
အာရှတိုက်သည် ကမ္ဘာပေါ်ရှိယဉ်ကျေး သောလူမျိုးတို့ ကိုးကွယ်သော အယူဝါဒပေါင်းစုံပေါက်ဖွားထွန်းကားရာ ဒေသလည်းဖြစ်၏။
အာရှ
လွန်ခဲ့သည့်နှစ်ပေါင်း ၂,၅ဝဝ ကျော်လောက်က အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူ၍ ဗုဒ္ဓသာသနာတော် ကြီးထွန်းကားခဲ့သည်။
အာရှ
ကမ္ဘာအရပ်ရပ်ရှိ လူဦးရေသန်းပေါင်း ၃၅ဝ ကျော်တို့ သက်ဝင်ယုံကြည်သော အယူဝါဒကြီးတစ်ခုဖြစ်၏။
အာရှ
ဘုရားပွင့်တော်မူရာ ဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသည် ကမ္ဘာ့ဗုဒ္ဓဝါဒီ လူထု၏ အမြတ်တနိုးထားရာဒေသ ဖြစ်ခဲ့လေသည်။
အာရှ
ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်အခါနှင့် မရှေးမနှောင်း အိန္ဒိယနိုင်ငံ၌ ဟိန္ဒူအယူဝါဒသည် ပေါ်ထွန်း နေလေသည်။
အာရှ
သင်္သကရိုက်ဘာသာဖြင့် ရေးသားခဲ့ကြသော ဗေဒကျမ်းကြီးတို့မှာ ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ခန့်က ရေးသာခဲ့သည်ဟု ယုံကြည်ကြသည်။
အာရှ
ယခုအခါ ဟိန္ဒူအယူဝါဒကို အိန္ဒိယနိုင်ငံ အနှံ့အပြား၌ ကိုးကွယ်ကြသည်။
အာရှ
( ဟိန္ဒူအယူဝါဒ-။
အာရှ
) ဂျိန်းအယူဝါဒမှာ ခရစ်မပေါ်မီ အနှစ်ငါးရာကျော်က မဟာဝိရဆိုသူပုဂ္ဂိုလ်က တည်ထောင်ခဲ့ရာ ယခုအခါ အိန္ဒိယ နိုင်ငံတောင်ဘက်ပိုင်း၌ ယုံကြည်ကိုးကွယ်သူများလေသည်။
အာရှ
ခရစ်ယာန် အယူဝါဒသည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁,၉ဝဝ ကျော်လောက်က ပယ်လက်စတိုင် ပြည်တွင် စတင် ပေါ်ပေါက်ခဲ့၏။
အာရှ
ပယ်လက်စတိုင်ပြည်ရှိ ဗက်သလီဟမ်မြို့မှာ ခရစ်တော် ဖွားမြင်ရာဖြစ်၍ ယခုထက်တိုင် ခရစ်ယာန်တို့ အမြတ်တနိုးထားလျက် ရှိ၏။
အာရှ
( ခရစ်ယန်အယူဝါဒ-။
အာရှ
) အစ္စလာမ်အယူဝါဒ စတင်ပေါက်ဖွားရာ အရပ်ကား အာရေဗျနိုင်ငံ မက္ကားမြို့ဖြစ်၏။
အာရှ
ခရစ် ၅၇၁ ခုနှစ်တွင် မက္ကားမြို့၌ တမန်တော် မို့ဟမ္မဒ်ကို ဖွားမြင်လေသည်။
အာရှ
( အစ္စလာမ်အယူဝါဒ။
အာရှ
) ( မို့ဟမ္မဒ်-။
အာရှ
) တရုတ်နိုင်ငံ ရှန်တန် နယ် ချူးဖူးမြို့ရှိ တရုတ်ဒဿနိကဗေဒဆရာကြီး ကွန်ဖူးဇီး၏ သင်္ချိုင်းတော်သို့ ကွန်ဖူးဇီး အယူဝါဒီတို့သည် နှစ်စဉ် လာရောက်၍ အရိုအသေ ပြုကြသည့်အလေ့ပင် ရှိသေးလေသည်။
အာရှ
ခရစ်တော်မပေါ်မီ နှစ်ပေါင်း ခြောက်ရာခန့်အတွင်းက ပါးရင်းလူမျိုးဇိုရိုအက်စတာ စတင်ထူထောင်ခဲ့သော ဇိုရိုအက်စတာ အယူဝါဒ ရှိသေးသည်၊ ( ဇိုရိုအက်စတာ-။
အာရှ
) ဤသို့လျှင် ကမ္ဘာ့အယူဝါဒကြီးများ ပေါက်ဖွားရာ မြေထူးမြေမြတ် ကြီး ဖြစ်ခဲ့သဖြင့်လည်း အာရှ တိုက်ရှိ လူအပေါင်းတို့သည် အယူဝါဒပေါင်းများစွာ ကိုးကွယ် လျက်ရှိ၏။
အာရှ
အိန္ဒိယလူမျိုးများသည် များသောအားဖြင့် ဟိန္ဒူနှင့် အစ္စလာမ်အယူဝါဒကို လက်ခံကြ၏။
အာရှ
အာရှတိုက်အနောက် တောင်ပိုင်းရှိ လူအားလုံးလိုလိုနှင့် မလ္လာယုကျွန်းဆွယ် အရှေ့အိန္ဒိယကျွန်းစုရှိ လူတို့ကား အစ္စလာမ် အယူဝါဒကို ကိုးကွယ်ကြလေသည်။
အာရှ
သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့၌ အထူးသက်ဝင် ကိုးကွယ်သောအယူဝါဒကြီး မှာ ဗုဒ္ဓအယူဝါဒဖြစ်၏။
အာရှ
တရုတ်နိုင်ငံ၌မူ ကွန်ဖူးဇီးနှင့် ဗုဒ္ဓအယူ ဝါဒတို့ကို အထူး သဖြင့် ယုံကြည်ကိုးကွယ်ကြလေသည်။
အာရှ
ထိုထင်ရှားသော အယူဝါဒကြီးများအပြင် အခြားအယူဝါဒငယ် များနှင့် နတ်ကိုးကွယ်မူများလည်း ရှိသေး၏။
အာရှ
သဘာဝထွက်ကုန်နှင့် အလုပ်အကိုင် အာရှတိုက်ရှိ လူဦးရေသုံးပုံနှစ်ပုံကျော်သည် လယ်ယာစိုက် ပျိုးခြင်းဖြင့် အသက်မွေးကြ၏။
အာရှ
အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လယ်ယာစိုက်ပျိုးခြင်းကို အကြီးအကျယ် လုပ်ကိုင်သောဌာနဖြစ်၏။
အာရှ
ဆန်စပါးကို အများဆုံး စိုက်ပျိုး ကြလေသည်။
အာရှ
အချို့ဒေသများတွင် ဆန်စပါးစိုက်ပျိုးရန် ရာသီ ဥတုအားဖြင့် သင့်တော်သော်လည်း ပင်ခြေ၌ ရေမဝပ်သော ဆင်ခြေလျှောမြေဖြစ်သဖြင့် တောင်စောင်းကို လှေကားထစ်များ သဖွယ် ပြုလုပ်၍လည်းကောင်း၊ လယ်ကွက်ပတ်လည်တွင် ဆည်တမံများ ပြုလုပ်၍လည်းကောင်း စိုက်ပျိုးကြ ရ၏။
အာရှ
သို့ရာတွင် တောင်ပိုင်းလယ်ယာလုပ်ကိုင်သူများသည် အရှေ့ပိုင်း ရှိ လယ်သမားများလောက် လယ်မြေကို ကြံဖန်ပြုပြင်၍ လုပ်ကိုင်ရန် မလိုကြချေ။
အာရှ
ထိုအရပ်များမှ ဆန်စပါးအပြင် ဂျုံ၊ သကြား၊ ဝါ၊ ဂုန်လျှော်၊ သာဂူ၊ ဗာလီ၊ ပဲ အမျိုးမျိုးတို့ထွက် ၏။
အာရှ
တရုတ်နိုင်ငံ မန်ချူးရီးယား ပြည်နယ်ရှိ အချို့လယ်သမား တို့သည် ပိုးချည်ထွက်သော ပိုးများကို မွေးမြူရန် ပိုးစာပင် များကို စိုက်ပျိုးကြ၏။
အာရှ
တရုတ်နိုင်ငံကြီးကား လူဦးရေလည်း များပြား လယ်ကွက်စိုက်ခင်းကလည်း ပြည့်နှက်နေရကား မြစ်ထဲတွင်ပင် လှေဖောင်ဖွဲ့၍ နေထိုင်လျက် ရှိကြရ လေသည်။
အာရှ
တရုတ်နိုင်ငံ၌ ဆန်စပါးစိုက်ပျိုးခြင်း၊ ပိုးထည်ရက်လုပ်ခြင်းနှင့် ကြွေထည်ဆေးရေးလုပ်ငန်းများကို ရှေးနှစ်ပေါင်းများစွာကပင် စတင်လုပ်ကိုင်လာကြသည်။
အာရှ
စာပုံနှိပ်စက်၊ သံလိုက်၊ သင်္ဘော အိမ်မြေ|ာင်၊ စက္ကူနှင့် ယမ်းတို့သည် တရုတ်နိုင်ငံမှစတင်ပေါက် ဖွားလာခဲ့ရာ ယခုထက်တိုင်လည်း လုပ်ကိုင်လျက် ရှိလေသည်။
အာရှ
အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ တို့တွင် ရာသီဥတုအားဖြင့်လည်း ပူအိုက်၍ မိုးများစွာရရှိရကား တောင်တန်းတောင်စောင်းတစ်လျှောက်တွင် လက်ဖက်ပင်များ အကြီးအကျယ်စိုက်ပျိုး၍ နိုင်ငံခြားသို့ပင် တင်ပို့ကြ၏။
အာရှ
ထို့ပြင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာသည့်တိုင်အောင် ပိုးမထိုး ဆွေးမြေ့ မသွားသော ကျွန်းတောကြီးများနှင့် အခြားအဖိုးတန် သစ်တောကြီးများလည်း အာရှတိုက်တွင် အလွန်ပေါများ လှ၏။
အာရှ
မြန်မာနိုင်ငံသည် ကျွန်းသစ်အထွက် အထူးပင်ထင်ရှားလှလေ သည်။
အာရှ
ကမ္ဘာ့အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သည့် ကြက်ပေါင်စေး ပင်များလည်း အာရှတိုက် မလ္လာယုကျွန်းဆွယ်မှ မြောက်မြားစွာ ထွက်လေသည်။
အာရှ
အာရှတိုက်မြောက်ပိုင်း မြက်ခင်းများပေါရာ အရပ်၌ကား လူတို့သည် တစ်နေရာထဲတွင် အတည်တကျ မနေကြဘဲ သိုး၊ မြင်း အစရှိသော တိရစ္ဆာန်များကို မွေးမြူ၍ လှည့်လည်နေထိုင်ကြ၏။
အာရှ
ထိုသားကောင်များ ရရှိလာမှ နို့အသားအရေများဖြင့်သာ မှီတင်းနေထိုင်ကြပေသည်။
အာရှ
ယင်းသို့ တစ်နေရာတည်း၌ မနေဘဲ လှည့်လည် သွားလာတတ်သော လူမျိုးတစ်မျိုးကို အာရေဗျနိုင်ငံ၌လည်း တွေ့ရ၏။
အာရှ
ထိုသူတို့ကို ဗက်ဒူးအင်လူမျိုးများဟု ခေါ်သည်။
အာရှ
ထိုသူတို့သည် ဆိတ်နှင့်သိုး များကို မွေးမြူ၍ ထိုတိရစ္ဆာန်တို့မှရသော အသားအရေ၊ သားမွေး တို့ကို ရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာလျက်ရှိ၏။
အာရှ
အာရှတိုက်၏ မြောက်ဘက်ဆုံးသောဒေသကား တနှစ်ပတ်လုံး ရေခဲနေသဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ထိုအရပ်ရှိ လူတို့သည် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း စသည် တို့ဖြင့်သာ အသက်မွေး၍ နေထိုင်ကြ၏။
အာရှ
ထိုအရပ်၌ တွေ့ရှိ သော ဝင်ရိုးစွန်းဝက်ဝံများ၊ တန်းဒြ သမင်များ၊ ပင်လယ်ဖျံ များကို ဖမ်း၍ အသားကိုစားသောက်ပြီးလျှင် အရေကို နေအိမ်နှင့် အဝတ်များအတွက် အသုံးပြု၍ အဆီကို မီးထွန်းရန် ထုတ်ယူကြ၏။
အာရှ
အာရှတိုက်သည် လယ်ယာလုပ်ကိုင်ခြင်း ထွန်းကားသော ဌာနသာဖြစ်၏။
အာရှ
စက်မှုလက်မှုလုပ်ငန်းကား ပြောပလောက် အောင် မကြီးကျယ်သေးချေ။
အာရှ
ထိုကြောင့် အခြားတိုင်းပြည်များ သို့ တင်ပို့ရောင်းချသော ကုန် များမှာလည်း ကုန်ကြမ်းများသာ ဖြစ်၏။
အာရှ
အိန္ဒိယ၊ ဂျပန်နှင့် ရုရှနိုင်ငံတို့တွင်သာ စက်ရုံကြီးများ ဖြင့် လုပ်ကိုင် ကြသည်ကို တွေ့ရသေး၏။
အာရှ
လွတ်လပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခုအခါ စက်ရုံကြီးများ အသင့် အတင့် ဆောက်လုပ်၍ အများအပြား ထွက်ရှိစေရန် စတင်ထုပ်လုပ်လျက်ရှိပေသည်။
အာရှ
မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၊ မလေးရှားနိုင်ငံ၊ ထိုင်း (ယိုးဒယား)နိုင်ငံ စသော နိုင်ငံငယ်များကား ထိုစက်မှုလက်မှု လုပ်ငန်းကို အစပျိုးရန် အားပြုဆဲ ဖြစ်လေသည်။
အာရှ
အာရှတိုက်သည် အခြားတိုက်ကြီးများနှင့်စာလျှင် သဘာဝ ဓာတ်သတ္တုများ အလွန်အထွက်နည်းသောတိုက် ဖြစ်၏။
အာရှ
အီရန်၊ အီရက်၊ အရှေ့အိန္ဒိယကျွန်းစု(အင်ဒိုနီးရှား)နှင့် မြန်မာနိုင်ငံတို့၌ ရေနံထွက်၏။
အာရှ
များမကြာ သေးမီအချိန်မှစ၍ ဆအူးဒီအာရေဗျ နိုင်ငံ၊ ဗာရိန်းကျွန်း၊ကူဝိတ်နိုင်ငံ၊ ကော့တာနိုင်ငံ၊ အိုမန်နိုင်ငံ နှင့်အာရပ် စော်ဘွားနယ်ပေါင်းစုံနိုင်ငံတို့တွင် ရေနံအကြီးအကျယ် ထွက်ရှိနေလေသည်။
အာရှ
အိန္ဒိယ၊ မလ္လာယုကျွန်းဆွယ်၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ မန်ချူးရီးယားပြည်နယ်၊ ကိုရီးယား နိုင်ငံနှင့်ဆိုက်ဗီးရီးယားဒေသတို့၌ကား သံ အနည်းငယ် ရရှိ၏။
အာရှ
ကျောက်မီးသွေးကိုကား အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၌ အများဆုံးရရှိ လေသည်။
အာရှ
သို့ရာတွင် အာရှတိုက်၏တွင်းထွက်ပစ္စည်းများကား မြောက်အမေရိကတိုက်၊ ဥရောပတိုက်တို့နှင့် နှိုင်းစာလျှင် အလွန်ပင် နည်းလှပေသည်။
အာရှ
ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသော တွင်းထွက်ရတနာများကား အာရှတိုက်တောင်ဘက် ပိုင်းရှိ တိုင်းပြည်များမှ ရရှိလေသည်။
အာရှ
ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းတို့ကို မြန်မာနိုင်ငံ၌အထူး တွေ့ရှိ ရသည်။
အာရှ
မည်သို့ပင်ဖြစ်စေ အာရှတိုက်သည် ကုန်ရိုင်းများ၊ ကောက်ပဲ သီးနှံ၊ ကျွန်းသစ်များ ပေါများ၍ အလုပ်သမားခ သက်သာရကား အသက်မွေးဝမ်းကျောင်းမှု ချောင်ချိလှသဖြင့် နိုင်ငံခြားတို့ လာရောက် နယ်ချဲ့ရာ ဌာနကြီးဖြစ်နေ၏၊ အာရှတိုက်တွင် ဥရောပတိုက်နိုင်ငံများမှ လာရောက်စိုးမိုးအုပ်ချုပ်သည်ကို ခံခဲ့ ရသော ပြည်ငယ်များကား အလွန်ပင် များခဲ့သည်ကို ထောက်ဆ၍ သိနိုင်လေသည်။
အာရှ
သို့ရာတွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ စသော လက်အောက်ခံ တိုင်းပြည်များမှ တိုင်းရင်းသားတို့၏ နိုးကြားထကြွမှု မျိုးချစ်စိတ်ထက်သန်မှုကြောင့် တစ်ပြည်ပြီး တစ်ပြည်၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ လွတ်လပ်ရေးရရှိလာခဲ့ရာ အာရှတိုက်သည် မကြာမီကာလအတွင်း စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတို့၌ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများနှင့် ရင်ဘောင်တန်း နိုင်တော့မည်ဟု ထင်မှတ်ရပေသည်။
အာရှ
ပါဝင်သောနိုင်ငံများ အာရှတိုက်တွင် ပါဝင်သော နိုင်ငံများ (၅၇ နိုင်ငံ) ကူဝိတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ကာတာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တူရကီနိုင်ငံ၊ ယီမင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ အိုမန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ယီမင်နိုင်ငံ၊ လာအိုနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရတ်နိုင်ငံ၊ အီရန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အဇ္ဇရီယယ်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြသည်။
အာရှ
မူလက လွတ်လပ်ခဲ့သော ကိုရီးယားနိုင်ငံသည် ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ သိမ်းပိုက်ထားခြင်း ခံခဲ့ရသည်။
အာရှ
ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်တပ်များ သိမ်းပိုက် ထားသော ၃၈ ဒီဂရီ မျဉ်းပြိုင် မြောက်ဘက်နယ်မြေသည် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်လာသည်။
အာရှ
အမေရိကန်တပ်များ သိမ်းပိုက်ထားသော ၃၈ ဒီဂရီ မျဉ်းပြိုင်တောင်ဘက်နယ်မြေသည် ၁၉၄၈-ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကိုရီးယား သမ္မတနိုင်ငံ ဖြစ်လာလေသည်။
အာရှ
ယခင်က ပြင်သစ် အင်ဒိုချိုင်းနားတွင် အပါအဝင်ဖြစ်ခဲ့သော ကမ္ဗောဒီးယား(ခမာ)၊ လောနှင့် ဗီယက်နမ်ပြည်သူတို့အနက် ကမ္ဗောဒီးယား(ခမာ)သည် ၁၉၄၉ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြင်သစ်ပြည်ထောင်စုတွင် လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။
အာရှ
၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။
အာရှ
၁၉၇ဝ ပြည့်နှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ခမာသမ္မတနိုင်ငံ ဖြစ်လာ၏။
အာရှ
( ကမ္ဗောဇနိုင်ငံ-။
အာရှ
) လောနိုင်ငံသည် ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြင်သစ်တို့ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။
အာရှ
( လောနိုင်ငံ-။
အာရှ
) ၁၉၅၄ ခုနှစ်တွင် ဗီယက်နမ်မှ ပြင်သစ်အုပ်ချုပ်ရေး ဆုတ်ခွာပြီးနောက် ၁၇ ဒီဂရီ မျဉ်းပြိုင် တောင်ပိုင်းနယ်မြေ၌ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဗီယက်နမ်သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။
အာရှ
ဂျော်ဒန်နိုင်ငံမှာ ရှေးက တူရကီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ပထမကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့က သိမ်းပိုက် ယူခဲ့ပြီးနောက် ဗြိတိသျှဩဇာခံပြည်တစ်ခု ဖြစ်ခဲ့၏။
အာရှ
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့လေသည်။
အာရှ
ဗြိတိသျှ ကရောင်းကိုလိုနီတစ်ခုဖြစ်ခဲ့သော စင်္ကာပူသည် ၁၉၅၆ ခုနှစ် တွင် ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာခဲ့၍ ၁၉၆၃ ခုနှစ် တွင် မလေးရှား ပြည်ထောင်စုတွင် ပါဝင် ခဲ့သည်။
အာရှ
သို့သော် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင်မလေးရှားပြည်ထောင်စု မှာ ခွဲထွက် ပြီးနောက် အချုပ်အခြာ အာဏာပိုင်လွတ်လပ်သော ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာလေသည်။
အာရှ
( စင်ကာပူမြို့။
အာရှ
) ၁၉၂၆ ခုနှစ်တွင် အာရေဗျကျွန်းဆွယ် မှ နက်ဂျနိုင်ငံကို စူလတန်ဘုရင်ဖြစ်သော အစ်ဗင်ဆအူးသည် မက်ဂျနိုင်ငံကိုသိမ်းယူ၍ နက်ဂျနိုင်ငံနှင့် ပူးပေါင်းကာ နိုင်ငံ၏ဘုရင်အဖြစ် အုပ်စိုးခဲ့၏။