title
stringlengths 1
87
| text
stringlengths 1
646k
|
|---|---|
အာရှ
|
) ထိုဟိမန္တာတောင်တန်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နမိတ်စပ်ကြားအထိ ဆင်းသွားလေသည်။
|
အာရှ
|
ထိုတောင်တန်းသည် ရှေးဟောင်း ဗုဒ္ဓဝင်ပုံပြင်တို့၌ အလွန်ထင်ရှား၍ လူသိများသော တောင်တန်းဖြစ်၏။
|
အာရှ
|
ထိုတောင်တန်းမှ မြန်မာနိုင်ငံသို့ ဖြာထွက်ခဲ့သော တောင်တန်းများသည် အနောက်ရိုးမ၊ အရှေ့ရိုးမ အမည်များဖြင့် ထင်ရှားရှိလေသည်။
|
အာရှ
|
ထိုတောင်တန်းသည် အလွန်မြင့်ရကား အနိမ့်ဆုံးတောင်ကြားလမ်းသည်ပင် ပေ ၁၅,ဝဝဝ မြင့်လေသည်။
|
အာရှ
|
ပမီးယားတောင်ထွတ်၏ အရှေ့ဘက် စူးစူးသို့ တန်းဆင်းသွားသော တောင်တန်းကား ကာရာကိုရမ် တောင်တန်းဖြစ်၏။
|
အာရှ
|
ထိုတောင်တန်းသည် တရုတ်နိုင်ငံဘက် အထိ တန်းဆင်းသွားရာ တရုတ်နိုင်ငံရှိ ဆင်လင်တောင်သည် ထိုတောင်တန်းမှ ဖြာထွက် သွားသော တောင်ဆက်ဖြစ်၏။
|
အာရှ
|
အရှေ့မြောက်ဘက်သို့ ဖြာဆင်းသွားသော တောင်တန်းသည်ကား တီယန်ရှင် တောင်တန်းဖြစ်သည်။
|
အာရှ
|
ဤတောင်တန်းကြီးသုံးခု သည် ပမီးယားတောင်ထွတ်မှ အရှေ့ဘက်သို့ ဖြာထွက်သော တောင်တန်းသုံးသွယ်ဖြစ်၏။
|
အာရှ
|
အနောက်ဘက်သို့ တန်းဆင်းသွားသော ဆူလေမန်တောင်တန်းသည် အီရန်နိုင်ငံ ကမ်းရိုးတန်းအနီးမှဖြတ်လျက် အာရှမိုင်းနားအတွင်း ထိုးဝင်သွားကာ အာမီးနီးယန်းတောင်တန်းစု ဖြစ်လာပြီးနောက် အာရှမိုင်နား တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် တန်းဆင်းသွား၏။
|
အာရှ
|
( အာရှမိုင်းနား။
|
အာရှ
|
) အနောက်ဘက်စူးစူးသို့ ဖြာထွက်သွားသော တောင်တန်းသည်ကား အီရန်နိုင်ငံမြောက်ပိုင်းနှင့် ကက်စပျန် ပင်လယ်ကို ဖြတ်လျက် အာရှမိုင်းနားမြောက်ဘက်စွန်းသို့ သွယ်တန်းသွား၏။
|
အာရှ
|
( ကက်စပျန် ပင်လယ်-။
|
အာရှ
|
) ထိုတောင်တန်းကို ဟိန္ဒုကွတ်ရှတောင်တန်းဟုခေါ်၏။
|
အာရှ
|
ဤသို့ အလယ်ဗဟို၌သာ အမြင့်ဆုံးဖြစ်၍ အရပ်လေး မျက်နှာသို့ တရွေ့ရွေ့နိမ့်လျှော ဆင်းသွားရကား အာရှတိုက်သည် ရေပေါ်၌ ပေါလောပေါ်နေသော လိပ် ကျောကုန်းနှင့် တူလှပေသည်။
|
အာရှ
|
ထိုတောင်တန်းကြီးတို့၏ကြားတွင် တည်ရှိသော တိဗက် ကုန်းပြင်မြင့်ကြီးကား ကမ္ဘာပေါ်တွင် လူနေသည့် အမြင့်ဆုံးသော ကုန်းပြင်မြင့်ဖြစ်သည်။
|
အာရှ
|
ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၁၆,၆ဝဝ မှ ၁၇,ဝဝဝ အထိ မြင့်၏။
|
အာရှ
|
တိဗက်ပြည်၏ အရှေ့ဘက်စွန်းတွင်လည်း ရေမျက်နှာပြင်ထက် ပေ ၉,ဝဝဝ ခန့်မြင့်သော ကိုကိုနော် ခေါ်အိုင်ပြာလည်းရှိ၏။
|
အာရှ
|
အာဖဂန်နစ္စတန်၊ ဗလူချိစတန်နှင့်အီရန်နိုင်ငံတို့အပါအဝင်ဖြစ်သော အီရန်ကုန်းပြင်မြင့်၊ အာရှမိုင်းနားကုန်းပြင်မြင့်၊ အိန္ဒိယနိုင်ငံဒက္ခိဏ ကုန်းပြင်မြင့်တို့သည်လည်း အာရှတိုက်၏ ထင်ရှား ကျယ်ပြန့်၍ လူနေ အိမ်ခြေများသော ကုန်းပြင်မြင့်များ ဖြစ်ကြ၏။
|
အာရှ
|
အာရှတိုက်တွင် ကမ္ဘာ့အမိုးသာမက ကမ္ဘာ့မြေအောက်ခန်းလည်းရှိ၏။
|
အာရှ
|
ထိုမြေအောက်ခန်းမှာ အာရေဗျကျွန်းဆွယ်မြောက်ဘက်ရှိ ဒက်ဆီးခေါ် ပင်လယ်သေဖြစ်သည်။
|
အာရှ
|
( ပင်လယ်သေ-။
|
အာရှ
|
) ရေမျက်နှာပြင်အောက် ပေပေါင်း ၁,၂၉ဝ နိမ့်၏။
|
အာရှ
|
ကမ္ဘာပေါ်တွင် အနိမ့်ဆုံးသောဒေသဖြစ်လေသည်။
|
အာရှ
|
ရေမျက်နှာ ပြင်အောက် နိမ့်သော အခြားပင်လယ်တစ်ခုကား ကက်စပျန် ပင်လယ်ဖြစ်၏။
|
အာရှ
|
ရေမျက်နှာပြင်အောက် ၈၅ ပေ နိမ့်သည်။
|
အာရှ
|
ယင်းတို့ သည်ကား စင်စစ်အားဖြင့် အိုင်အကြီးစားမျိုး ဖြစ်လေ သည်။
|
အာရှ
|
ပမီးယားတောင်ထွတ်မှ ဖြာတန်းသွားသော တောင်တန်းများ သည် ဆီနှင်းခဲများ ဖုံးအုပ်နေသဖြင့် နွေရာသီတွင် နေပူရှိန် ကြောင့် အရည်ပျော်ကျလာပြီးလျှင် နိမ့်ရှိုင်းရာသို့ စီးဆင်းခဲ့ရာမှ မြစ်ပေါင်းများစွာ ဖြစ်ခဲ့၏။
|
အာရှ
|
မြောက်ဘက်သို့ စီးဆင်းသော အော့ဗမြစ်၊ ယန်နိဆေးမြစ်နှင့် လျိနာမြစ်များသည် ဆိုက်ဗီးရီးယားဒေသကိုဖြတ်၍ အာတိတ်သမုဒ္ဒရာသို့ စီးဝင် သည်။
|
အာရှ
|
ထိုမြစ်များသည် သစ်တောများနှင့် မြက်ခင်းများကို ဖြတ်သန်း စီးဆင်းသဖြင့် ရေစီးအလွန်နှေးသည်ကတကြောင်း၊ မြောက်ပိုင်းရှိ ရေအမြဲခဲသော တန်းဒြဒေသများခံနေသည် ကတကြောင်းတို့ကြောင့် လွင်ပြင်များပေါ်တွင် ရေလျှံပြီးလျှင် ရွှံ့အိုင်ကြီးများ ဖြစ်နေလေသည်။
|
အာရှ
|
အရှေ့ဘက်သို့ စီးဆင်းသော မြစ်များကား အမူမြစ်၊ ယန်စီမြစ်၊ ဆီကျန်မြစ်၊ ဝှန်ဟိုမြစ် တို့ဖြစ်၏။
|
အာရှ
|
တောင်ဘက်သို့ စီးဆင်း သောမြစ်များကား ထိုင်း (ယိုးဒယား)နိုင်ငံ၌ မဲခေါင်မြစ်၊ မြန်မာနိုင်ငံ၌ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ အိန္ဒိယနိုင်ငံ ၌ ဂင်္ဂါမြစ်၊ ဗြဟ္မပုတြမြစ်၊ အိန္ဒုမြစ်တို့ ဖြစ်ကြ၏။
|
အာရှ
|
အနောက်ဘက်တွင်ကား တိုင်းဂရစ်နှင့် ယူဖရေးတီး မြစ်တို့သည် အီရတ်နိုင်ငံကိုဖြတ်လျက် ပါးရှင်း ပင်လယ်ကွေ့ထဲသို့ စီးဆင်းကြလေသည်။
|
အာရှ
|
ရာသီဥတုနှင့်ကောက်ပဲသီးနှံများ ဤမျှကျယ်ဝန်းသော ဒေသသည် ရာသီဥတုအားဖြင့် တစ်နေရာနှင့်တစ်နေရာ အလွန်ကွာခြားလှသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ချေ။
|
အာရှ
|
အာရှတိုက်၏ လေးပုံသုံးပုံသည် သမပိုင်းတွင် ပါဝင်ပြီးလျှင် ရှစ်ပုံတစ်ပုံသည် အပူပိုင်းတွင် ပါဝင်၍ ကျန်ရှစ်ပုံတစ်ပုံကား အာတိတ်ရေခဲသော အအေးပိုင်းတွင် ပါဝင်လေ သည်။
|
အာရှ
|
အာတိတ် အအေးပိုင်းတွင် ပါဝင်သောဒေသများသာမက တောင်မြင့်များပေါ်တွင် တည်ရှိသောဒေသတို့သည်လည်း တစ်နှစ်ပတ်လုံး ရေခဲနေကြ၏။
|
အာရှ
|
လျိနာမြစ်ဝကျွန်းပေါ်အရပ်၏ ပျမ်းမျအပူဒီဂရီဖာရင်ဟိုက်သည် ၁° ဒီဂရီသာ ရှိသည်။
|
အာရှ
|
ဆောင်းရာသီ အပူဒီဂရီဖာရင်ဟိုက်ကား ၅၉° ဒီဂရီရှိ၍ နွေရာသီတွင် ၅၉° ဒီဂရီရှိ၏။
|
အာရှ
|
ယင်းမှာ နွေနှင့် ဆောင်းအပူဒီဂရီ အကွာဆုံး ဒေသ ဖြစ်လေသည်။
|
အာရှ
|
အာရှတိုက်၏ တစ်စိတ်တစ်ဒေသဖြစ်သော ဂျပန်ကျွန်းသည် မြောက်နှင့်တောင် အလျားလိုက် တည်ရှိ၍ မြောက်ဘက်ဆုံးအပိုင်းသည် ရေခဲ၏။
|
အာရှ
|
တရုတ်နိုင်ငံသည် သမပိုင်းတွင် ကျရောက်လျက် ရှိ၏။
|
အာရှ
|
သို့ရာတွင် အာရှ တိုက် အလယ်ပိုင်းမှ တိုက်ခတ်လာသော လေအေးကြောင့် ဆောင်းတွင်းတွင် အလွန်အေးမြသည်။
|
အာရှ
|
တိဗက်ပြည်သည် တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့် မိုးနည်း ခြောက်သွေ့သော်လည်း အလွန်အေးလှ၏။
|
အာရှ
|
အီရန်နိုင်ငံကား နွေအခါ၌ ခြောက်သွေ့ပူအိုက်၍ ဆောင်းအခါ၌ အလွန်အမင်း အေးသော နိုင်ငံဖြစ်သည်။
|
အာရှ
|
အာရှမိုင်းနား၊ ဆီးရီးယား၊ ပယ်လက်စတိုင်၊ အာရေဗျကျွန်းဆွယ်နှင့် အာဖဂန်နစ္စတန်တို့၏ ရာသီဥတုကား အီရန်နိုင်ငံမှာကဲ့သို့ပင် အလွန်ပူသောနွေနှင့် အလွန်အေးသော ဆောင်းရာသီ ရှိ၏။
|
အာရှ
|
မလ္လာယုကျွန်းဆွယ်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်ကား မုတ်သုံရာသီဒေသများ ဖြစ်ကြ၏။
|
အာရှ
|
ရာသီဥတုမှာ နွေအခါ၌ ပူအိုက်၍ မိုးတွင်းတွင် စွတ်စိုပြီးလျှင် ဆောင်းတွင်း၌ အေးမြလှ၏။
|
အာရှ
|
ကမ္ဘာပေါ်၌ မိုးအများဆုံးရွာသော အရပ်သည်လည်း အာရှတိုက်၌ပင် ရှိလေသည်။
|
အာရှ
|
ထိုအရပ်မှာ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၄ဝဝ ကျော် ရွာသွန်းသော အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဖြစ်၏။
|
အာရှ
|
တစ်နှစ်ပတ်လုံး မိုးမရွာသော ဒေသလည်း ရှိသေး၏။
|
အာရှ
|
ထိုအရပ်တို့ကား အာရေဗျကျွန်းဆွယ် ပင်လယ်နီ ဝန်းကျင်ရှိ ခြောက်သွေ့သောဒေသ၊ အာရေဗျသဲကန္တာရ၊ အိန္ဒိယနိုင်ငံသား သဲကန္တရ၊ မွန်ဂိုးလီးယား နိုင်ငံ ဂိုဗီသဲကန္တာရတို့ ဖြစ်ကြသည်။
|
အာရှ
|
ယင်းသို့ ရာသီဥတု အခြေအနေလည်း ကွဲပြားခြားနားလှသလောက် ပေါက်ရောက် ကြသော အသီးအနှံများလည်း အတန်ပင် ကွာခြားလှလေသည်။
|
အာရှ
|
အာရှတိုက်၏ မြောက်ဘက်ဆုံးဒေသသည် တစ်နှစ်ပတ်လုံး ရေခဲများ ဖုံးလွှမ်းနေသဖြင့် သစ်ပင်ပန်းပင် မပေါက်ရောက်ပဲ ရေညှိပင်များသာ ပေါက်ရောက်လေသည်။
|
အာရှ
|
လူနေအိမ်ခြေမရှိသလောက်ပင် ဖြစ်၏။
|
အာရှ
|
နေထိုင်သူ အနည်းငယ်တို့မှာလည်း လယ်ယာလုပ်ကိုင် မရသဖြင့် ငါးဖမ်းခြင်း အမဲလိုက်ခြင်းတို့ဖြင့်သာ အသက်မွေး၍ အမြဲပြောင်းရွှေ့ လှည့်လည်နေတတ်၏။
|
အာရှ
|
မြောက်ဘက်အစွန်းဆုံး ရေခဲပြင်ရှိရာအရပ်မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းလာခဲ့သော် မြက်ခင်းများပေါက်ရောက်နေသော လွင်ပြင်ကြီးများ၊ ထင်းရူးပင်များ ပေါက်ရောက်နေသော တောင်ကုန်းတောင်တန်းများကို တွေ့နိုင်၏။
|
အာရှ
|
ထိုဒေသများကား ရုရှနိုင်ငံမှ ရာဇဝတ်ကောင်များကို ပို့ရာဒေသဖြစ်ခဲ့၏။
|
အာရှ
|
ရွှံ့နွံထူထပ်၍ တောကြီးသောကြောင့် ငှက်ဖျားရောဂါထူထပ်ကာ လမ်းပန်း အဆက်အသွယ် အလွန်ခက်ခဲ၏။
|
အာရှ
|
၂ဝ ရာစုနှစ်အစက ဖောက်လုပ်ပြီးခဲ့သော ရုရှနိုင်ငံ မောစကို မြို့တော်မှ ဆိုက်ဗီးရီးယားအရှေ့ဘက်ကမ်းပေါ်ရှိ ဗလာဒီဗော့စတော့မြို့အထိ ဆက်သွယ်ထားသော ထရန် ဆိုက်ဗီးရီးယန်း မီးရထားလမ်းကြောင့် အနည်းငယ် အသွားအလာ လွယ်ကူလာလေပြီ။
|
အာရှ
|
ထိုသစ်တောကြီးများမှာ အရှေ့မှ အနောက် အလျားမိုင်ပေါင်း ၅,ဝဝဝ ကျော်ရှိ၍ တောင်မှမြောက်သို့ အနံမိုင်ပေါင်း ၁,ဝဝဝ မှ ၂,ဝဝဝ အထိ ကျယ်၏။
|
အာရှ
|
အချို့အပိုင်းကား သစ်တောထူထပ်လှသဖြင့် ပေါက်ရောက်သူ အလွန်နည်းပါး၏။
|
အာရှ
|
ဝက်ဝံ၊ မြေခွေး၊ ရှဉ့်စသော သားမွေးရသည့် သတ္တဝါများကို လိုက်လံဖမ်းဆီး၍ သားမွေးရောင်းသော မုဆိုးမျာသာ ရောက်ကြ၏။
|
အာရှ
|
သို့သော် ယခုအခါ ဆိုက်ဗီးရီးယားဒေသကို တိုးတက်ဖွံဖြိုးလာအောင် အပြင်းအထန် ဆောင်ရွက်လျက် ရှိသည်။
|
အာရှ
|
ထိုထူထပ်လှသော သစ်တောကြီးများမှ တောင်ဘက်သို့ တဖြည်းဖြည်းဆင်းလာသော တဖြည်းဖြည်း သစ်ပင်များပါးလာ၏။
|
အာရှ
|
မိုးနည်းလှသဖြင့် သစ်ပင်ကြီးများစွာ မပေါက်ဘဲ မြက်ခင်း များသာ ရှိ၏။
|
အာရှ
|
ခြုံပုတ် ချုံစပ်များကို ဟိုတစ်စုသည်တစ်စုသာ တွေ့ရလေသည်။
|
အာရှ
|
ထိုအရပ်၌ မြက်ပင်ပေါသဖြင့် ထိုအရပ်ရှိလူ တို့သည် နွားများ၊ သိုးများ မွေးမြူအသက်မွေးပြီးလျှင် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြလေသည်။
|
အာရှ
|
ထိုကြောင့် ထိုအရပ်မှ နွားနို့ဒိန်ခဲထောပတ်များ ထွက်၏။
|
အာရှ
|
ဤမြက်ခင်းကြီးသည် မန်ချူးရီးယားပြည်မှ မွန်ဂိုးလီးယားနိုင်ငံ အလယ်ပိုင်းကိုဖြတ်၍ ဆိုက်ဗီးရီးယားတောင်ပိုင်း၊ အာရှမိုင်းနားနှင့် အာရေဗျနိုင်ငံအထိ ကျယ်ဝန်း၏။
|
အာရှ
|
ထိုအရပ်သည် ကုန်းပြင်မြင့်လည်းဖြစ် မိုးလည်းခေါင်သောဒေသ ဖြစ်သဖြင့် ကောက်ပဲသီးနှံ စိုက်ပျိုး၍ မဖြစ်ချေ။
|
အာရှ
|
ထိုမြစ်ခင်းကြီး၏ တောင်ဘက်၌ကား အလွန်ခြောက်သွေ့သော သဲကန္တာရကြီးရှိ၏။
|
အာရှ
|
ထိုသဲကန္တာရကို ဂိုဗီ သဲကန္တာရ ဟုခေါ်၏။
|
အာရှ
|
ပင်လယ်ကမ်းရိုးတန်းမှ မိုင်ပေါင်း ၁,ဝဝဝ ကျော် ၁,၅ဝဝ ခန့် ဝေးရကာ ပင်လယ်မှ တိုက်ခတ်သည့် ရေခိုးရေငွေ့ ပါသော လေများသည် ထိုအပိုင်းသို့ ရောက်သောအခါ ကမ်းရိုး တန်း၌ မိုးရွာခဲ့ပြီး ဖြစ်သဖြင့် ရေခိုးရေငွေ့ အနည်းငယ်ခန့်သာ ကျန်တော့၏။
|
အာရှ
|
သို့ဖြစ်၍ ထိုအရပ်၌ တစ်နှစ်လျှင် မိုးရေချိန် ၁ဝ လက်မပင် ပြည့်အောင် မရွာချေ။
|
အာရှ
|
အနောက်တောင်ဘက်မှ လာသော ရေခိုးရေငွေ့ များစွာပါသည့် မုတ်သုံလေသည် မြင့်မားလှသော ဟိမဝန္တာတောင်တန်းကြီးက ကာဆီးနေသဖြင့် ထိုအရပ်သို့ ရေခိုးရေငွေ့ ရောက်အောင် မဆောင်နိုင်တော့ချေ။
|
အာရှ
|
ထိုကြောင့် ထိုအရပ်သည် ခြောက်သွေ့သော ကန္တာရကြီး ဖြစ်နေလေသည်။
|
အာရှ
|
သဲကန္တာရ ကြီး၏အလယ် အချို့နေရာများတွင်သာ ရေထွက်၍ သစ်ပင်များ ပေါက်နေသဖြင့် လူနေအိမ် ခြေရှိလေသည်။
|
အာရှ
|
ထိုလူနေအိမ်ခြေရှိသော ရပ်ကွက်ကို အိုအေဆစ်ဟုခေါ်သည်။
|
အာရှ
|
အထူးသဖြင့် စွံပလွံပင်များ ပေါက်သည်။
|
အာရှ
|
အခြားတိုင်းပြည်မှ လူတို့သည် ဆန်စပါး၊ ဂျုံတို့ကို အရေးတကြီး စိုက်ပျိုးစားသောက်ကြသကဲ့သို့ သဲကန္တာရရှိ လူတို့သည် စွံပလွံသီးကို မှီခိုအားထား စားသောက်ကြရလေသည်။
|
အာရှ
|
အချို့ အိုအေဆစ်တို့မှာ အလွန် ကျယ်ပြန့်သဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြနိုင်ကြ၏။
|
အာရှ
|
အိန္ဒိယ၊ တရုတ်၊ ရုရှနိုင်ငံတို့မှ ကုန်သည်များ တွေ့ဆုံရောင်းချရာ မြို့ကြီးများလည်း ထိုဒေသတွင် ရှိလေသည်။
|
အာရှ
|
ကြေးအိုး ကြေးခွက်၊ လက်ဘက်ခြောက်၊ ပိုးထည်ချည်ထည် စသော ကုန်များကို လဲလှယ်ရောင်းချကြသည်။
|
အာရှ
|
ထင်ရှားသော အိုအေဆစ်မြို့ကြီးများမှာ ယတ်၊ ကက်ရှဂါး၊ ခိုတန်၊ တက်ရှကင့်၊ ဆမာကန်၊ ဗိုခါရာနှင့် ခီဗမြို့ကြီးများ ဖြစ်ကြ၏။
|
အာရှ
|
အာရှတိုက်ရှိ ထိုသဲကန္တာရ၏ တောင်ဘက်၌ကား တိဗက်ပြည် ရှိ၏။
|
အာရှ
|
ကုန်းပြင်မြင့်ဖြစ်သဖြင့် သီးပင်စားပင် အကြီးအကျယ် မစိုက်ပျိုးချေ။
|
အာရှ
|
ထိုပြည်၏ တောင်ဘက်သို့ သွားပါက မုတ်သုံ ဒေသများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊မလ္လယုကျွန်းဆွယ်၊ ယိုးဒယားနိုင်ငံနှင့် အင်ဒိုချိုင်းနား ပြည်တို့ကို တွေ့ရ၏။
|
အာရှ
|
ထိုအရပ်များ၌ကား ဂုန်လျော်ပင်၊ လက်ဘက်၊ ကြက်ပေါင်စေး၊ ကာဖီပင်၊ ဘိန်းပင်၊ ဆေးပင်၊ ကျွန်းသစ်၊ ဆန်စပါး၊ အမွှေးအကြိုင်၊ ဆင်ကိုနာပင်၊ အုန်း၊ ငှက်ပျော၊ ရှောက်၊ သရက်ပင် တို့ကို များစွာ စိုက်ပျိုးကြသည်။
|
အာရှ
|
ဂုန်လျှော်ပင်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ရရှိ၏။
|
အာရှ
|
ကမ္ဘာပေါ်တွင် အာရှ တစ်တိုက်၌သာလျှင် ထိုအပင်မျိုး ပေါက်ရောက်၏။
|
အာရှ
|
ဆေးပင်ကို အိန္ဒိယနိုင်ငံ၊ အင်ဒိုချိုင်းနားနှင့် အရှေ့ဒပ်ချ အိန္ဒိယကျွန်းစု (အင်ဒိုနီးရှား)၊ မလ္လာယုကျွန်းဆွယ်၊ သီဟိုဠ်ကျွန်းတို့မှ ရသည်။
|
အာရှ
|
ကာဖီပင်ကို ဂျာဗား ကျွန်းနှင့် အာရေဗျကျွန်းဆွယ်တွင် စိုက်၏။
|
အာရှ
|
ကျွန်းသစ်ကို မြန်မာနိုင်ငံမှ များစွာရ၏။
|
အာရှ
|
ဆန်စပါးကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုချိုင်းနားပြည်တို့တွင် စိုက်ပျိုးကြသည်။
|
အာရှ
|
လူမျိုးနှင့်ဘာသာ အာရှတိုက်လူဦးရေသည် သန်းပေါင်း တထောင့်သုံးရာကျော် (၁,၃၂၆,ဝဝဝ,ဝဝဝ) ရှိသည့်အနက် အချို့ ဒေသ၌ စတုရန်း တစ်မိုင်လျှင် လူဦးရေ ၅ဝဝ ကျော်ရှိ၍ အချို့ဒေသတွင်လူနေ အိမ်ခြေ လုံးဝမရှိသလောက် ရှားပါးသည်ကို တွေ့ရသည်။
|
အာရှ
|
အာရှတိုက် တောင်ဘက်နှင့် အရှေ့ဘက်တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နှင့် မြစ်ဝှမ်းဒေသများတွင် လူနေအိမ်ခြေထူထပ်၍ အာရှတိုက်မြောက်ဘက်ဆုံးဒေသများ၌ကား တစ်နှစ်ပတ်လုံး ရေခဲနေသဖြင့် လူနေအိမ်ခြေဟူ၍ မရှိချေ။
|
အာရှ
|
အနောက်တောင် ဘက်ပိုင်းနှင့် အလယ်ပိုင်းတို့၌ကား လူနေအိမ်ခြေ ပါးလှသည်။
|
အာရှ
|
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှရှိသည့် အာရှလူဦးရေတွင် လူမျိုးပေါင်းစုံလှ၏။
|
အာရှ
|
သို့ရာတွင် ထိုလူမျိုး တို့ကို တစ်မျိုးစီမလေ့လာပဲ သွင်ပြင်အသားအရောင် အနေအထားကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲ၍ လေ့လာနိုင်၏။
|
အာရှ
|
အာရှတိုက် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်သူတို့အားတစ်စု၊ အနောက်တောင်ပိုင်းတွင် နေထိုင် သူတို့အားတစ်စု ခွဲနိုင်လေ သည်။
|
အာရှ
|
အာရှတိုက် လူဦးရေ၏ သုံးပုံနှစ်ပုံသည် ပထမလူမျိုးစု တွင် ပါဝင် လေသည်။
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.