title
stringlengths
1
87
text
stringlengths
1
646k
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စွယ်စုံကျမ်း အတွဲ ၂ ပါ ဦးသိန်းဟန် ခေါ် ဇော်ဂျီ ရေးတဲ့ ကျန်စစ်သားအကြောင်းမှာ မြန်မာရာဇဝင်တွေမှာပါတဲ့ ကျန်စစ်သား သမီးတော် ရွှေအိမ်စည်ကို စောလူးမင်းရဲ့သားတော် စောယွန်းနဲ့ လက်ဆက်စေတယ်ဆိုတာကို ကျောက်စာ အထောက်အထားအရ မနူဟာရဲ့ မြစ်တော် နာဂသမန်းနဲ့ လက်ထပ်စေတာသာ ဖြစ်တယ်ဆိုပြီး ဒေါက်တာလုစ်ရဲ့ အယူကို ဖော်ပြခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မွန်မြန်မာချစ်ကြည်ရေးအတွက် လက်ဆက်ပြီး အလောင်းစည်သူကို ဖွားမြင်တယ်လို့ ၁၉၅ဝ ကျော်က ယူဆခဲ့ပေမယ့် ၁၉၇ဝ လောက်မှာ ဒုတိယနှိပ်ခြင်းပြန်လည်ပုံနှိပ်ရာမှာတော့ မူလ မြန်မာရာဇဝင်ပါ အချက်အလက် အတိုင်း စောယွန်းနဲ့ လက်ထပ်တယ်လို့ပဲ ပြင်ဆင်ခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နရပတိစည်သူရဲ့ သမီးတော် ရွှေအိမ်စည်နဲ့ မနူဟာရဲ့မြစ်တို့ လက်ထပ်တာကို ကျန်စစ်သားသမီးတော်လို့ မှားယွင်းဖတ်ရှုတယ်လို့ သိရပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါနဲ့ပတ်သက်ပြီး ရွှေအိမ်စည် လင်ယူမှားတယ်ဆိုပြီး ရေးသားမှုတွေ ဖြစ်ခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နောက် ဦးဘရှင် ရေးတဲ့ စွယ်စုံကျမ်း အတွဲ ၁ဝ က မြန်မာလူမျိုး အကြောင်းရပ်မှာလည်း မြန်မာအစ တကောင်းကနဲ့ ကျောက်ဆည်က အယူအဆ နှစ်ခုမှာ ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်း အထူး ပါမောက္ခ ဒေါက်တာလုစ်ရဲ့ အမြင်တွေ တင်ပြမယ် ဆိုပြီး ကျောက်ဆည် အယူအဆကို တင်သွင်းခဲ့တဲ့အတွက် မကျေလည်တဲ့ ဦးဖိုးလတ်လို မြန်မာဘာသာ လိုက်စားသူတွေက စာတမ်းဖတ် ကန့်ကွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ရာဇဝင်တွေမှာပါတဲ့ တကောင်းက အစ ဆိုတာဟာ မြန်မာလူမျိုးကို ပြောတာ မဟုတ်ဘဲ မြန်မာနိုင်ငံကို ပြောတာသာ ဖြစ်တယ် ဆိုပြီး ဦးဘရှင်ကရေးပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
၁၉၈၉ နောက်ပိုင်းမှာတော့ မြန်မာဟာ နိုင်ငံကို ကိုယ်စားပြုပြီး လူမျိုးက ဗမာဖြစ်တယ်ဆိုပြီး စစ်အစိုးရက ပြင်ဆင်ခဲ့ပြန်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဝန်ကြီးချုပ် ကမကထနဲ့ ပေါ်ပေါက်လာတဲ့ စာပေဗိမာန်က ပြုစုတဲ့ စွယ်စုံကျမ်းဟာ သူ့စာအုပ်ထဲမှာ ဆိုတဲ့အတိုင်း အဂတိမလိုက်ဘဲ ယထာဘူတကျအောင် ဟုတ်တိုင်းမှန်ရာ တင်ပြနိုင်သလား ဆိုတာ ပြန်ဆန်းစစ် သင့်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စထုတ်တဲ့အတွဲမှာပဲ ဦးနုပုံ ရောင်စုံပုံနဲ့ထုတ်ပြီး အမှာကို အသားပေးဖော်ပြတာကအစ ပြည်တော်သာ ညီလာခံနဲ့ ဖဆပလအစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အကြောင်း အသားပေးတာတွေကို စွယ်စုံကျမ်းအတွဲတွေမှာ တွေ့ရပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မြန်မာလူမျိုးအကြောင်းမှာပဲ မြန်မာ့နည်းအရဖြစ်သော ဆိုရှယ်လစ်ဝါဒ အခြေခံသည့် စီးပွားရေး စံနစ်နှင့် လူနေမှု ဖွဲ့စည်းပုံတို့ကို လုပ်သားပြည်သူလူထုနှင့်တကွ ဖန်တီးတည်ဆောက်လျက် ရှိပေသည် လို့ အဆုံးသတ်မှာ ဦးဘရှင် ရေးခဲ့တာ တွေ့ရပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဦးဘရှင်ဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးထိ အမှုထမ်းခဲ့ပြီး ဇေယျကျော်ထင် ဘွဲ့ရခဲ့တဲ့ သမိုင်းပညာရှင် ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါပေမဲ့ မြန်မာ့စွယ်စုံကျမ်းဟာ အာရှမှာ ဂျပန်ပြီးရင် စွယ်စုံကျမ်းထုတ်ဝေနိုင်တဲ့ အစောပိုင်း နိုင်ငံတွေထဲမှာ ပါတယ်လို့ ဂုဏ်ယူခဲ့ရတဲ့ ကျမ်းကြီး ဖြစ်သလို ပညာရပ်ပိုင်းဆိုင်ရာ မြန်မာစာအရေးအသားမှာလည်း ခိုင်ခန့် တိုးတက်အောင် အားပေးခဲ့တဲ့ စာအုပ်ကြီး ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ပြည်သူတိုင်း စွယ်စုံကျမ်းကို လက်လှမ်းမီဖို့ကတော့ စာတတ်သူတိုင်း စာဖတ်ဖို့ ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကို အရင်ဖြည့်ဆည်းဖို့ လိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
လူတန်းစားမရွေးဖတ်နိုင်တဲ့ အလွယ်ဖတ် စွယ်စုံကျမ်းအသေးတွေကိုလည်း ရေးသားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
အီဇိုသမ္မတနိုင်ငံ (Republic of Ezo) ဟာ ဂျပန်သမိုင်းမှာ ခေတ္တမျှတည်ရှိခဲ့တဲ့ ခွဲထွက်ရေးနိုင်ငံတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ဒီနိုင်ငံကို ၁၈၆၉ ခုနှစ်မှာ ဂျပန်ရဲ့ နယ်မြေဖြစ်တဲ့ အီဇိုကျွန်း (ယခုအခါ ဟော့ကိုင်းဒိုးကျွန်း) ပေါ်မှာ ထူထောင်ခဲ့တာပါ။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
​ ​အီဇိုသမ္မတနိုင်ငံဟာ Boshin War လိုခေါ်တဲ့ ပြည်တွင်းစစ်ပွဲရဲ့ အဆုံးသတ်မှာ ပေါ်ပေါက်လာခဲ့တာပါ။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ထိုစစ်ပွဲဟာ ရှေးခေတ်ပဒေသရာဇ် တိုကူဂါဝါ ရှိဂွန်နိတ် (Tokugawa Shogunate) အစိုးရနဲ့ ခေတ်သစ် မိဂျိအင်ပါယာ (Meiji Empire) အစိုးရတိုအကြား ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ရှိဂွန်နိတ်တပ်တွေဟာ စစ်ရှုးပြီးနောက် အဲနိုမိုတို တာကေအာကီ (Enomoto Takeaki) ဦးဆောင်တဲ့ ရှိဂွန်နိတ်သစ္စာခံ စစ်သားတွေဟာ အီဇိုကျွန်းကို ထွက်ပြေးခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
​ ​၁၈၆၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အီဇိုသမ္မတနိုင်ငံကို တရားဝင်ကြေညာခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ဒီနိုင်ငံဟာ အာရှမှာ ပထမဆုံးသော ဒီမိုကရေစီနည်းကျ မဲပေးစနစ်နဲ့ သမ္မတကို ရွေးချယ်ခဲ့တဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ရမှာပါ။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ဒါပေမဲ့ မဲပေးခွင့်ကိုတော့ ဆာမူရိုင်းအဆင့်အတန်းရှိသူတွေကိုသာ ကန့်သတ်ထားခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ပြင်သစ်စစ်ရေးအကြံပေးတွေရဲ့ အကူအညီနဲ့ စစ်ရေးဖွဲစည်းပုံကို ခေတ်မီအောင် ပြင်ဆင်ခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
​ ​အီဇိုသမ္မတနိုင်ငံဟာ ၅ လခန့်သာ တည်ရှိခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
မိဂျိအင်ပါယာအစိုးရရဲ့ စစ်တပ်ဟာ အီဇိုကျွန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
၁၈၆၉ ခုနှစ် ဇွန်လမှာတော့ ဂိုရိုကာကုရဲတိုက် (Goryokaku) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အီဇိုသမ္မတနိုင်ငံတပ်တွေဟာ လက်နက်ချအညံ့ခံခဲ့ရပါတယ်။
ကမ္ဘာ့သက်တမ်းအတိုဆုံးနိုင်ငံ
ဒီလိုနဲ့ ဂျပန်ပြည်တွင်းစစ် အပြီးသတ်ခဲ့ပြီး ဂျပန်ရဲ့ ပဒေသရာဇ်ခေတ်လည်း ပြီးဆုံးခဲ့ပါတယ်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိကြသော လူသားအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သော ဂေဟစနစ်တို့ကို ထိန်းသိမ်းကြရန် လွန်စွာအရေးကြီးလှသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ပတ်ဝန်းကျင်ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်အပင် အမျိုးမျိုးတို့၏ သက်ရှ ိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်းဆိုလိုသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
လူသားတို့တည်မှီရာ ဂေဟစနစ်ဆိုသည်မှာ ဇီဝမျိုးကွဲတို့သည် ၎င်းတို့တည်မှီရာ ပတ်ဝန်းကျင် နှင့်အပြန်အလှန် ဆက်နွှယ်မှုရှိကြပြီး သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟ ဇာတဖြစ်လျက် အပြန်အလှန်တည်မှီ၍ ဖြစ်ပေါ်ပြောင်းလဲနေခြင်းကိုဆိုလိုသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထို့ကြောင့် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် လူသား တိုင်းပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများကို သေချာစွာနားလည် သဘောပေါက်တတ်ကျွမ်းနေဖို့ လိုအပ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဂေဟစနစ်များကို သစ်တောဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ အဏ္ဏဝါနှင့်ကမ်းရိုးတန်း ဂေဟစနစ်စိုက်ပျိုးမြေနှင့် မြက်ခင်းပြင်ဂေဟစနစ်၊ တောင်တန်းဂေဟစနစ်၊ သစ်ဆွေးမြေ ဂေဟ စနစ်နှင့် မြို့ပြဂေဟစနစ်ဟူ၍ ခွဲခြားထားသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဂေဟစနစ်များသည် အပင်များနှင့်သတ္တဝါများ အတွက် ရှင်သန်ပေါက်ပွားရန်၊ ကြီးထွားရန်၊ ရွေ့လျားရန်နှင့် မျိုးပွားရန်အတွက် အမယ်မျိုးစုံကို ထောက်ပံ့ပေးသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ယခုအခါ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် သန့်ရှင်းသော သောက်သုံးရေနှင့် ကောင်းမွန်သော မြေဆီလွှာတို့ကို ရရှိအသုံးပြုနိုင်သော အခွင့်အလမ်းများ ဆုံးရှုံးနေရခြင်းမှာ ဂေဟစနစ်ယိုယွင်း ပျက်စီးမှုများကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ တင်ပြ ချက်များအရ သိရှိရသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသားများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ်လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်မှုများ တိုးပွားဖြစ်ပေါ်လျက်ရှိခြင်းနှင့် ဂေဟစနစ်ယိုယွင်း ပျက်စီးလာခြင်း စသည့်အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထို့ပြင် စားရေရိက္ခာမလုံလောက်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက် ခြင်းစသော လူမှုစီးပွားရေး ပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သို့သော် ကမ္ဘာ့မြေ၏ ၉၀ ရာခိုင်နှုန်းသည် သီးနှံတစ်မျိုးတည်း စိုက်ပျိုးသောစနစ်ဖြင့် တစ်ကွင်းတစ်ဆက် တည်း စိုက်ပျိုးပြီး အထွက်နှုန်းကောင်းစေရန် ပြင်ပသွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် ပေါင်း သတ်ဆေးတို့ကို အမြောက်အမြားထည့်သွင်း၍ စိုက်ပျိုးလာကြသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဤစနစ်ကိုကျင့်သုံးရာ၌ ဖျက်ပိုးနှင့်ရောဂါများ ကျရောက်ပါက သွင်းအားစု ကုန်ကျစရိတ် များကို အဆုံးရှုံးမခံနိုင်သောကြောင့် ဓာတုပိုးသတ်ဆေးများကို မဖြစ်မနေအလွန်အကျွံ အသုံးပြု လာကြသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထိုကဲ့သို့ ဓာတုဆေးများကို အတိုင်းအဆမရှိ အသုံးပြုလာကြသောကြောင့် စိုက်ခင်း အတွင်း ကြွင်းကျန်ခဲ့သော ဓာတုဆေးများကြောင့် မြေကြီးနှင့် အပင်ဂေဟစနစ်များ ပျက်စီးရုံ သာမက မြေကြီးအတွင်း မှီတင်းနေထိုင်သော ဇီဝမျိုးစုံမျိုးကွဲလျော့နည်းလာမှုနှင့် မျိုးသုဉ်းပျောက် ကွယ်မှု၊ ရှင်သန်ပေါက်ပွားနေထိုင်ရာ မူရင်းဒေသများ ဆုံးရှုံးပျောက်ကွယ်မှုများ ဖြစ်ပေါ်လာရပေ သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
အဆိုပါဖြစ်ရပ်များသည် စိုက်ပျိုးရေးအခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ ခြင်း နှင့် ချိတ်ဆက်၍ သီးနှံတစ်မျိုးတည်းကိုသာ စက်စွမ်းအားအသုံးပြု၍ ဆက်တိုက်စိုက်ပျိုး လာကြခြင်းကြောင့် ပေါ်ပေါက်လာသော နောက်ဆက်တွဲပြဿနာများ ဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဂေဟစနစ် ယိုယွင်း ပျက်စီးမှုများ မဖြစ်ပေါ်စေရန် သဘာဝပုံစံအတိုင်း ညီညွတ်မျှတစွာ လည်ပတ်ဆောင် ရွက်မှုရှိသော သဘာဝဂေဟစနစ်ကို စံနမူနာပြု၍ ဂေဟအကျိုးပြုစိုက်ပျိုးနည်းစနစ်များကို ဖော်ဆောင်ရန် လိုအပ်လာသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
စိုက်ပျိုးရေးသည် နိုင်ငံတော်အတွက် အခြေခံကျသော အရေးကြီးသည့် အသက်သွေး ကြောဖြစ်သောကြောင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုကိုပေးနိုင်မည့် သဘာဝဂေဟစနစ်ကို စံပြုထားသော စိုက်ပျိုးနည်းစနစ်ကောင်းများ တစ်နည်းဆိုရသော် ဂေဟအကျိုးပြုစိုက်ပျိုး နည်းစနစ်များကို နိုင်ငံတစ်ဝန်း လိုက်နာကျင့်သုံးလာကြရန် လွန်စွာအရေးကြီးလှသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထို့ကြောင့် ဂေဟအကျိုးပြုစိုက်ပျိုးနည်း စနစ်များနှင့် ယင်းနည်းစနစ်များကိုကျင့်သုံးပါက ရရှိစေနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြအပ်ပါသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သီးလှည့်စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ စိုက်ပျိုးသော သီးနှံပုံစံတစ်ခုဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
မြေတစ်နေရာတည်း၌ နှစ်စဉ်စပါးသီးနှံကို ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များ လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် မိုးစပါးအပြီး မိုးနှောင်းတွင် ပဲသီးနှံကိုသီးလှည့်အနေဖြင့် စိုက်ပျိုးပေးသင့်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထိုကဲ့သို့ စိုက်ပျိုး ခြင်းအားဖြင့် ပဲသီးနှံရိတ်သိမ်းချိန်တွင် သီးနှံ၏အရိုးအမှော်များကို မြေတွင်းသို့ ပြန်လည် ထယ်ထိုး မြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ အာဟာရဓာတ်နှင့် နွေစပါး၏အထွက်နှုန်းတို့ကို တိုးစေနိုင် သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထို့ပြင် ဖျက်ပိုးနှင့်ရောဂါကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့ နည်းသက်သာစေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သီးနှံစုံရောနှော စိုက်ပျိုးခြင်းသည် တူညီသော စိုက်ပျိုးမြေကွက်တွင် တိကျသော အတန်းလိုက် အစီအစဉ်မရှိဘဲ နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသောသီးနှံများကို ရောနှော ၍ စိုက်ပျိုးခြင်းဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ယင်းနည်းစနစ်ကိုကျင့်သုံးပါက မြေဆီလွှာအာဟာရ ဓာတ်ထိန်းသိမ်း ပေးခြင်း၊ ဖျက်ပိုးနှင့်ရောဂါကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်း သက်သာစေသောကြောင့် သီးနှံအထွက်ကို ရေရှည်ထိန်းထားနိုင်စေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သီးနှံသစ်တောရောနှော စိုက်ခင်းဆိုသည်မှာ မြေဧရိယာတစ်ခုတည်းပေါ်တွင် နှစ်ရှည်သစ်ပင ်များကို ရာသီသီးနှံများနှင့် ရောနှော၍ ရံဖန်ရံခါတိရစ္ဆာန်များကိုပါ တစ်ချိန်တည်း သော်လည်း ကောင်း၊ အချိန်မျှ၍သော်လည်းကောင်း စိုက်ပျိုးမွေးမြူ၍ မြေဧရိယာပေါ်တွင် အကျိုးအမြတ်အများ ဆုံးရရှိရန် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်သော မြေယာအသုံးချမှုစနစ် တစ်ခုဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
တိရစ္ဆာန်များမှရရှိသော အော်ဂဲနစ်မြေဩဇာသည် သီးနှံပင်အတွက် အကျိုးရှ ိစေခြင်း၊ နှစ်ရှည်ပင်မှသစ်ရွက်ဆွေးများသည် မြေကြီးအတွင်းအာဟာရ ဓာတ်ဖြည့်တင်းပေး ခြင်းနှင့် လွှတ်ကျောင်းတိရစ္ဆာန်များအတွက် အရိပ်ရစေခြင်းအစရှိသော အပြန်အလှန်မှီခို အကျိုးပြု ခြင်း တို့ကိုရရှိစေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
အကန့်လိုက်စိုက်ပျိုးခြင်းသည် အကွက်ကျယ်အတွင်း အလျားရှည်၍ အနံတိုသော အကန့် များကို ပြုလုပ်ပြီးအကန့်တစ်ခုစီတွင် သီးနှံတစ်မျိုးကို အတန်းလိုက်စိုက်ပျိုးခြင်းဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
တစ် လှည့်စီထားသောအကန့်များ၌ နှစ်မျိုး သို့မဟုတ် ထိုထက်ပိုသောသီးနှံမျိုးများကို တစ်ပြိုင်နက် စိုက်ပျိုးခြင်းဖြင့် ဖျက်ပိုးနှင့် ရောဂါများကျရောက်မှုကို လျော့ကျစေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်းသက်သာစေသောကြောင့် သီးနှံများ၏အထွက်နှုန်းကို ရေရှည်ထိန်းထားနိုင်စေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဘက်စုံစိုက်ပျိုးမွေးမြူရေးဆိုသည်မှာ ရရှိနိုင်သော အရင်းအမြစ်များကို အလေအလွင့် မရှိစေဘဲ ပြန်လည်အသုံးပြုကာ သီးနှံများစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်များမွေးမြူခြင်း စနစ်တစ်ခုဖြစ် သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဤစနစ်တွင် စိုက်ပျိုးရေးမှထွက်ရှိသော ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်မွေးမြူရေး အတွက် အသုံးပြုပြီး မွေးမြူရေးမှရရှိသော ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးတွင် ပြန်လည် အသုံးပြုသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် စိုက်ပျိုးသဘာဝ ပတ်ဝန်းကျင်ကို သဘာဝပုံစံ အတိုင်း ညီညွတ်မျှတစွာလည်ပတ်စေပြီး ဂေဟစနစ်ယိုယွင်း ပျက်စီးမှုများလျော့နည်းစေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ယခုအခါဓာတ်မြေဩဇာ ရှားပါးပြီး အဆမတန် ဈေးကြီးလာသော အခြေအနေ တွင် စိုက်ပျိုးသူ တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုကို ထိန်းသိမ်း နိုင်ရန်နှင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိစေရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှု ကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကို တောင်သူများလက်တွေ့ အသုံးချ စိုက်ပျိုးသင့်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သစ်စိမ်းမြေဩဇာတွင် ပဲမျိုးရင်းဝင်အပင်နှင့် ပဲမျိုးရင်းဝင်မဟုတ်သောသီးနှံဟူ၍ သစ်စိမ်းမြေဩဇာသီးနှံနှစ်မျိုးရှိသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ပဲမျိုးရင်းဝင်အပင်များသည် မြေဆီလွှာရှိ ဗက်တီးရီးယားများ နှင့် ပူးပေါင်းပြီး နိုက်ထရိုဂျင်ကိုထိန်းညှိပေးသည့် လုပ်ငန်းစဉ်တွင် နိုက်ထရိုဂျင်စုဆောင်းခြင်း လုပ်ငန်းစဉ်ဖြင့် မြေဆီလွှာရှိ ဗက်တီးရီးယားများနှင့် ပူးပေါင်းလုပ်ဆောင်သည့် အမြစ်ဖုများ ပါသည့်အပင်များဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
အချို့သော ပဲမျိုးရင်းဝင် သစ်စိမ်းမြေဩဇာသီးနှံများမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပိုက်ဆန်လျှော်၊ ဉာဏ်ပင် စသည်တို့ပါဝင်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သီးနှံပင်များရိတ်သိမ်းပြီးနောက် သစ်စိမ်းမြေဩဇာ စိုက်ပျိုး၍ မြေတွင်းသို့ထယ်မှောက်ကာ ပြန်လည်ထည့်သွင်း ပေးခြင်း ဖြင့် သစ်ဆွေး ဓာတ်ပါဝင်မှုတိုးလာကာ မြေဆီလွှာအာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့်ရေတိုက်စားမှု အားလျော့ကျစေ ခြင်း၊ အာဟာရဓာတ်များ ရေစီး ကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့ကို လျော့ကျသွားစေ သည့်အပြင် ပေါင်းမြက်ပင်များ ပေါက်ရောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
သီးနှံပင်များစိုက်ပျိုးရာတွင် ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရိုးအစရှိသော သီးနှံအကြွင်းအကျန် များကို သီးနှံစိုက်တန်းများကြားတွင်ဖုံးအုပ်၍ စိုက်ပျိုးခြင်းအားဖြင့် ပေါင်းပေါက်ရောက်မှု လျော့နည်းစေသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ထို့ပြင် လေဒဏ်၊ မိုးဒဏ်ကြောင့် မြေကြီးအပေါ်ယံလွှာ တိုက်စားခ ံရမှုများ လျော့နည်းသက်သာစေခြင်းနှင့် အစိုဓာတ်ထိန်းထားနိုင်မှု များခြင်းတို့ကြောင့် သီးနှံ၏ အထွက်နှုန်းကို တိုးတက်စေနိုင်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
မြေဖုံးခြင်းနည်းစနစ်များ အသုံးပြုစိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရသည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါနည်းလမ်းကောင်းများကို ကျင့်သုံးခြင်းဖြင့် ဆုတ်ယုတ် ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များပြန်လည် ဖော်ထုတ်ရန်အတွက် တိုက်ရိုက် အကျိုးပြု စေပြီးပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက်ကောင်းမွန်ပြီး သန့်ရှင်းသည့်ပတ်ဝန်း ကျင်ဖြစ်ပေါ်လာစေရန် ၊ ကျေးလက်နှင့် မြို့ပြပတ်ဝန်းကျင်နေပြည်သူများ၏ ကျန်းမာရေး ပိုမို ကောင်းမွန်ကာ သန့်ရှင်းသောရေရရှိနိုင်မှု၊ ရေရှည်တည်တံ့သော အစားအစာစားသုံးမှုနှင့် ထုတ်လုပ် မှုပုံစံတို့ကိုလည်း ထောက်ပံ့ပေးနိုင်ပေမည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ရာသီဥတုပြောင်းလဲမှုကို သွယ်ဝိုက်သောနည်းအားဖြင့် လျှော့ချပေးပြီး လိုက်လျောညီထွ ေနေထိုင်နိုင်ရေးတို့ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
ဂေဟ အကျိုးပြု စိုက်ပျိုးနည်းစနစ်များဆိုင်ရာ အသိအမြင်များပြန့်ပွားရေးအတွက် ပညာသင်ကြား ရေး အစီအစဉ်များကို စိုက်ပျိုးသူတောင်သူများသိရှိပြီး ပူးပေါင်းပါဝင်မှုပိုမို တိုးတက်လာစေရေး အတွက် မြန်မာနိုင်ငံရှိသုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ကာ အဆိုပါနည်းစနစ်ကောင်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။