title
stringlengths
1
87
text
stringlengths
1
646k
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အချိုးအကွေ့များတဲ့ မြန်မာပြည် နိုင်ငံရေးမှာ ဆရာကြီးရယ်လို့ ကိုယ်တော်မှိုင်းကို အများက လေးစားကြတာဟာ လူအများစုဘက်ကနေတတ်လို့ ဖြစ်တယ်လို့ လူထုဒေါ်အမာ စတဲ့ သူ့အတ္ထုပ္ပတ္တိ ရေးသူ တွေက သုံးသပ်ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကိုယ်တော်မှိုင်းဟာ နိုင်ငံရေးမှာ လာပင့်တဲ့သူရှိရင် ဘုမသိဘမသိ လိုက်သွားတတ်သူလို့ ဇဝနလို ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သူ့ကို အသုံးချသူတွေရှိတယ်လို့ ဝေဖန်နေကြတာကို သိကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသုံးချရင် ချကြပါစေလို့ ဒဂုန်တာရာကို ကိုယ်တော်မှိုင်းက ဖွင့်ဟခဲ့ဖူးပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သူ့ဘဝမှာ နိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ကြိုးပမ်းခဲ့ပြီးမှ ပြည်တွင်းစစ်ဖြစ်တာကို ကြုံရတဲ့ ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေး မရရင် တိုင်းပြည်အေးချမ်းမှာ မဟုတ်ဘူးဆိုပြီး ဆက်လက် ကြိုးပမ်း ခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အာဏာရ အစိုးရဘက်က သူ့ကို ခဲနဲ့ပေါက်တဲ့အထိ အတိုက်အခံပြုပေမယ့် ငြိမ်းချမ်းရေးကို ရဖို့ ဆက်ပြီး တိုက်တွန်းခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
နောက်ဆုံး ၁၉၆၃ မှာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရနဲ့ တောတွင်းအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်တာကို သူ့ကို အသိမပေးဘဲ ဖုံးထားတဲ့ကြားက သိသွားတဲ့အတွက် ဘုန်းဘုန်းလဲသွားခဲ့တယ်လို့ မြေးဖြစ်သူ ဒေါ်မြမြအေးက ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သေသွားတဲ့ထိ ငြိမ်းချမ်းရေးကို စိတ်စွဲသွားခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ဒီအချိန်မှာပဲ မြေးဖြစ်သူ တက္ကသိုလ်ကျောင်းသား မောင်တင်အောင်ကို ဆဲဗင်းဇူလိုင် နောက်ဆက် နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ အစိုးရက ဖမ်းသွားပြီး ထောင် ၇ နှစ်ချခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကိုယ်တော်မှိုင်းက မြေးဖြစ်သူ ကို မတွေ့လို့ မေးတဲ့အခါ အိမ်ကလူတွေက ဖေဖေ အိပ်နေတုန်း လာသွားတယ် ဆိုပြီး ညာပေးရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ပြန်လွတ်ဖို့အတွက် ဟိုလူဒီလူတွေကို တွေ့ဖို့ ဘေးက အကြံပေးကြပေမယ့် ကိုယ်တော်မှိုင်းရဲ့ သမက် စာရေးဆရာ ဇေယျနဲ့ ဇနီးတို့ နှစ်ယောက်လုံးက အကူအညီမတောင်းဘဲ သားဆီ ထောင်ဝင်စာ သွားတွေ့ ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
တကယ်က အဲဒီအချိန်မှာ ဇေယျဟာ ရွှေပြည်ဦးဘတင်၊ လူထုဦးလှတို့နဲ့အတူ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ဖွဲ့တဲ့ ယဉ်ကျေးမှုကောင်စီဝင် ဖြစ်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
နောက်ဆုံး ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ ထောက်လှမ်းရေးက မြေးကို တည ခေါ်လာပြီး အလောင်းကို ကန်တော့ခွင့် ပေးပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
မဆုံးခင် အိပ်ရာထဲ လဲနေစဉ်ကလည်း သခင် သခင်မတွေက ငါးတွေ ငှက်တွေလွှတ်ပြီး ကုသိုလ်ပြုကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
မန္တလေးက တပည့် လူထုဒေါ်အမာကလည်း ပုဏ္ဏားဆရာကြီး ဦးရာမနဲ့ ဗေဒင်တွက်ချက် ကြည့်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ဇူလိုင် ၂၂ ရက်မှာ တွက်ကတည်းက သုညကြွင်းနေပြီ ဖြစ်တဲ့အတွက် သက်တမ်းကုန်နေပြီလို့ မိခင် ဒေါ်မြရီက ပြောခဲ့ဖူးကြောင်း ကိုယ်တော်မှိုင်းရဲ့ မြေးဖြစ်သူ ဒေါ်မြမြအေးက ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
နေမကောင်းစဉ်မှာ အနံ့အသက်မကောင်းတဲ့ ရပ်ကွက်ထဲမှာထက် အနေအထိုင် သက်သာအောင် တပည့် ဒေါက်တာဆင်ဖိုးက ဝင်ဒါမီယာက အိမ်ကို ခေါ်သွားမယ် လုပ်တော့လည်း ကိုယ်တော်မှိုင်းက ငြင်းပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ငါ့ရပ်ကွက်ပဲ ငါပြန်မယ်၊ ငါ့လူတွေနဲ့ပဲ ငါပေါင်းမယ်လို့ ဆိုတယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
စမ်းချောင်းမှာ ခေါင်းချသွားတဲ့ ကိုယ်တော်မှိုင်းက သူနေတဲ့ ချမ်းသာလမ်းမှာ ပဲပြုတ်သည်တွေပဲ ရှိတယ်လို့ အရွှန်းဖောက်လေ့ ရှိပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ရပ်ကွက်ကလည်း သူ့ကို လေးစားတဲ့အတွက် ရပ်ကွက်ထဲက သူ့သြဝါဒယူတဲ့ လူငယ် အများအပြား နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အဘိုးရှိစဉ်က မြေးတွေကို အင်္ဂလိပ်စာ သင်ဖို့ အားပေးပေမယ့် အင်္ဂလိပ်နာမည်နဲ့ ကျောင်းထားမှာကိုတော့ ခွင့်မပြုခဲ့ဘူးလို့ ဒေါ်မြမြအေးက ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ဒါကြောင့် သူတို့ မောင်နှမသုံးယောက်စလုံးကို မြန်မာနာမည်နဲ့ပဲ အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေမှာ ထားခဲ့ရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အဘိုးက အင်္ဂလိပ်လို မပြောပေမယ့် နားလည်တဲ့သူ ဖြစ်တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အင်္ဂလိပ်စာကို ဖတ်ကြ၊ သူတို့က တိုးတက်တယ်လို့ မြေးတွေကို သင်ကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အဘိုးက မြေးတွေကို ဘုန်းကြီးစာ ပါဠိစာတွေ သင်ပေးတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
တခြားမြေးတွေကို ခင်စောနန်း၊ စောဥမ္မာ၊ စောယွန်းစတဲ့ နာမည်လှတာတွေ အဘိုးက ပေးပေမယ့် သူ့ကိုတော့ ညိုညိုဝဝလေးမို့ ဘုတ်ဆိုတဲ့ နာမည် ပေးခဲ့တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
မြေးမကြိုက်မှာ စိုးလို့ ဒီနာမည်ဟာ ကြီးလာရင် အဘိုးရဲ့ အကျိုးကို ဆောင်ရွက်မယ့် ဗုဒ်လို့ ပေးတာ ဖြစ်ကြောင်း၊ ဘုတ်မဟုတ်ကြောင်း ကိုယ်တော်မှိုင်းက ရှင်းပြတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အဘိုးနဲ့ နေစဉ်က တိရစ္ဆာန်လေးတွေကို ကြင်နာသနားတတ်တဲ့အတွက် နှိပ်စက်တာကို မကြိုက်ဘူးလို့လည်း ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အိမ်နားမှာလည်း ခွေးတွေ အကောင် ၃ဝ လောက် ရှိတဲ့အတွက် ခွေးတွေဆူတာ မကြိုက်လို့ ရိုက်ရင် အဘိုးက သူ့ကို ဆူတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ခွေးကိုရန်မူ ရိုက်တဲ့သူ၊ ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး လို့ ဆုံးမတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကွမ်းကြိုက်တဲ့ အဘိုးအတွက် မြေးတွေက ကွမ်းထောင်းပေးရတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ငယ်ငယ်နဲ့ မုဆိုးဖို ဖြစ်တဲ့ ကိုယ်တော်မှိုင်းဟာ ကလေးတွေကို မိထွေး နှိပ်စက်မှာ စိုးလို့ နောက်အိမ်ထောင် မပြုခဲ့ပါဘူး။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အဘိုးသွန်သင်ခဲ့တဲ့အတိုင်း မြေးတွေ စိတ်ကြီးမဝင်ဘဲ လူသာမန်တွေလို နေကြတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ဆင်းရဲချမ်းသာမရွေး လူမျိုးစုံနဲ့ ပေါင်းသင်းတတ်ကြတယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
လူမှာ စိတ်ဓာတ်နဲ့ ခံယူချက် ကောင်းဖို့ အရေးကြီးတယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကိုယ်တော်မှိုင်းလိုပဲ သမက်ဖြစ်သူ ဇေယျဟာလည်း ပြန်ကြားရေး ဌာနမှာ ညွှန်ကြားရေးဝန် ဖြစ်ခဲ့ပေမယ့် စာရေးဆရာ တယောက်လိုပဲ နှိမ့်နှိမ့်ချချ နေသွားခဲ့သူ ဖြစ်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကိုယ်တော်မှိုင်း မရှိတဲ့နောက် သူ့စာအုပ်တွေမှာ နိုင်ငံရေးတွေပါတဲ့အတွက် ပြန်ထုတ်ခွင့် ခက်ခဲတဲ့ ကာလတွေ ရှိခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
၁၉၇၆ မှာ သူ့ရာပြည့်အထိမ်းအမှတ် တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြ ခဲ့ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
၁၉၈၈ အရေးအခင်း ဖြစ်ချိန်မှာတော့ ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရခဲ့ပြီ အဘိုးရေ ဆိုပြီး ကျောင်းသားသီချင်းတပုဒ် ထွက်လာခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
၁၉၉၆ ခုနှစ်က ထုတ်တဲ့ စာပေဂျာနယ် မှာ သူ့ပုံနဲ့ မျက်နှာဖုံး တင်ထုတ်လို့ မရခဲ့ပါဘူး။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သူ့မွေးနေ့၊ ကွယ်လွန်တဲ့နေ့တွေမှာ ပြုလုပ်တဲ့ အခမ်းအနားတွေကိုလည်း စောင့်ကြည့်တာတွေ ကြိုတင် ခွင့်တောင်းရတာတွေ ရှိခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
တချိန်က ဒီအခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေ တက်ခဲ့ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
အသက် ၈၉ နှစ်မှာ ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ အိမ်နားနီးချင်း မြန်မာ့အသံ ဦးကျော်မင်းက ၇ နာရီ သတင်းမှာ ပါအောင် လွှင့်ပေးတဲ့အတွက် နိုင်ငံက ချက်ချင်းသိသွားခဲ့ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
ကုလသမဂ္ဂ ဦးသန့်ကအစ နယ်စုံက လာကန်တော့ကြတဲ့ စျာပနမှာ ရှေ့ဆုံးက ဂူသွင်းပြီးတဲ့အထိ စမ်းချောင်းက လူတွေ လိုက်ပို့လို့မပြီးတဲ့ လူတန်းကြီး ရှည်တာကိုလည်း ကြုံခဲ့ရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သူနဲ့ ရင်းနှီးတဲ့ စုဘုရားလတ်ဂူ အနားမှာပဲ ကိုယ်တော်မှိုင်းကို မြှုပ်နှံခဲ့ကြပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
မြန်မာနိုင်ငံမှာ ခုချိန်ထိ သူ့နာမည်နဲ့ လမ်း၊ ကြေးရုပ် ရယ်လို့ ထင်ထင်ရှားရှား မရှိပေမယ့် အနှစ် ၉ဝ၊ ၁ဝဝ ကျော်က ကိုယ်တော်မှိုင်းရဲ့ စာချိုးတွေကို နိုင်ငံရေး လောကမှာ သုံးစွဲနေကြတာကို တွေ့ရပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုရတဲ့မြန်မာ
သူနဲ့အတူ လွတ်လပ်ရေးတိုက်ယူခဲ့ကြတဲ့ ဖဆပလတွေ အစိုးရလုပ်ချိန်မှာ သူ့ကို ဒေါက်တာဘွဲ့ မပေးပေမယ့် အရှေ့ဂျာမနီက ပေးခဲ့သလို ဆိုဗီယက်ကလည်း ငြိမ်းချမ်းရေး စတာလင်ဆု ပေးခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
လွန်ခဲ့တဲ့ အနှစ် ၆ဝ ကျော်က ထုတ်ခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်းကို ၂၅ တွဲနဲ့ ပြန်လည်တည်းဖြတ်ထုတ်ဝေဖို့ ပြင်နေပြီး ပထမဆုံးအတွဲကို ၂ဝ၁၉ ဖေဖော်ဝါရီမှာ ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ မြန်မာအစိုးရ သတင်းစာတွေက ဖော်ပြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နဂိုမူလ မြန်မာ့စွယ်စုံကျမ်းတွေကို ၁၅ တွဲနဲ့ ၁၉၅၄ ကနေ ၁၉၇၆ အတွင်း စာပေဗိမာန်ကနေ ထုတ်ခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဦးနု ဝန်ကြီးချုပ် ဖြစ်ချိန်မှာ စတင်ထုတ်ဝေခဲ့တဲ့ ဒီကျမ်းတွေကို ဂျပန်ခေတ်ကတည်းက ထုတ်ဖို့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒေါက်တာဘမော် အစိုးရက ဖွဲ့ပေးတဲ့ ပြင်သစ် အကယ်ဒမီအသင်းပုံစံ ပညာတံခွန်အသင်းကနေ အဘိဓာန်နဲ့ စွယ်စုံကျမ်းတွေ ထုတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စစ်မဖြစ်ခင်က သူကြီးဂေဇက် စာစောင်ကို ထုတ်ဝေခဲ့တဲ့ ပြန်ကြားရေး ဌာန ညွှန်ကြားရေးဝန် သူကြီးဂေဇက် ဦးခင်မောင် က တာဝန်ယူပြီး ပညာစွယ်စုံကျမ်းပြုဖို့ ပြင်ဆင်ခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
တက်တိုး၊ မယ်ခကွေး စတဲ့ စာရေးဆရာတွေလည်း ဦးခင်မောင်ရဲ့ စွယ်စုံကျမ်းပြုအဖွဲ့မှာ အမှုထမ်းခဲ့ကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ကွမ်းခြံကုန်းမြို့မှာ အခြေစိုက်ခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါပေမဲ့ စစ်အတွင်း ကာလဖြစ်လို့ သေချာ အကောင်အထည် မဖော်ခဲ့ရဘဲ စစ်ဘေးကြောင့် ပျောက်ပျက်ကုန်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နောက် စစ်အပြီး ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးအပြီးမှာ အစိုးရဖွဲ့ခဲ့တဲ့ သခင်နုက မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ထူထောင်ခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နောက်ပိုင်းမှာတော့ အဲဒီအသင်းဟာ စာပေဗိမာန်အဖြစ် ထင်ရှားခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒီအသင်းကို စစ်မဖြစ်ခင်က သူနဲ့ သခင်စိုး စသူတွေ တည်ထောင် ခဲ့တဲ့ နဂါးနီစာအုပ်အသင်းရဲ့ နောက်ဆက်တွဲ ဘာသာပြန် စာအုပ်တွေ ထုတ်တဲ့ အသင်းလို့ ယူဆကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါပေမဲ့ ဘာသာပြန်စာပေအသင်းကတော့ နိုင်ငံရေး ဘာသာပြန်တွေထက် သိပ္ပံနဲ့ ပညာပေးစာအုပ်တွေ ဘာသာပြန်တာ များခဲ့သလို စွယ်စုံကျမ်းကိုလည်း နိုင်ငံခြားကနေ ဘာသာပြန် ထုတ်ဖို့ စဉ်းစားခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
၁၉၄၈ မှာ စွယ်စုံကျမ်း စထုတ်ဖို့ စဉ်းစားတော့ ပြည်ပစွယ်စုံကျမ်းတစောင်ကို ပြန်ဆိုဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ မပြန်တော့ဘဲ ကိုယ်တိုင် ရေးဖို့ ၁၉၄၉ မှာ ဆုံးဖြတ်ခဲ့တယ်လို့ ၁၉၅၄ မှာ စတင်ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ ကျမ်းဦးစကားမှာ ဖော်ပြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဥက္ကဋ္ဌ ဦးနု ကမကထပြုပြီး ရေးသားခဲ့တဲ့ ဒီစွယ်စုံကျမ်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုတဲ့ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်အတိုင်း လူထုပညာပေးရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
သိပ္ပံ ဝိဇ္ဇာပညာတွေကို နိုင်ငံသားတိုင်း ထမင်းစားရေသောက် ကျွမ်းကျင်အောင် ပညာပေးချင်တဲ့ စွယ်စုံကျမ်းပြုအဖွဲ့ရဲ့ ဆန္ဒဟာ လွတ်လပ်စ နိုင်ငံတိုင်းမှာ ကြုံရတဲ့ အသိပညာ နောက်ကျမှု တိုက်ဖျက်ရေးကို ပေါ်လွင်စေပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အထူးသဖြင့် ဗြိတိသျှ လက်အောက်မှာနေခဲ့ရချိန် ကတည်းက လက်ဝဲဝါဒတွေ ပြန့်ပွားရေးနဲ့ လိင်သဘာဝ သိနားလည်ရေးတွေ အထူးကြိုးပမ်းခဲ့တဲ့ ဦးနု ဟာ လူထုကို ဖိုးသုညဘဝကနေ ဖိုးရာဇာဘဝ ရောက်ဖို့ အထူး လိုလားကြောင်း စွယ်စုံကျမ်းအမှာစကားမှာ ရေးသားခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
လွတ်လပ်စ မြန်မာနိုင်ငံမှာ ဝါဒရောင်စုံနဲ့ ပုန်ကန်မှုတွေ၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ထကြွတာ ကြုံရပြီးနောက် နိုင်ငံ တည်ငြိမ်ရေးနဲ့အတူ လူထု ပညာတိုးမြင့်ရေးကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နိုင်ငံရေး အသိပညာနဲ့အတူ ဘက်စုံပညာရပ်တွေမှာ တီးမိခေါက်မိတဲ့ လူထုဟာ ခေတ်ပညာရပ်တွေမှာ နောက်ကျပြီး ရှေးရိုးဆန်တဲ့လူထုထက် ပိုပြီး ရင့်ကျက်မယ်၊ နိုင်ငံရေး အတိုက်အခံတွေ လှုံ့ဆော်တိုင်း မပါနိုင်ဘူးလို့ ဦးနု ယူဆဟန် တူပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါကြောင့် လူတိုင်း အနည်းဆုံး လူလတ်တန်းစားနဲ့ စာဖတ်နိုင်သူတွေ လက်လှမ်းမီနိုင်အောင် မြန်မာဘာသာနဲ့ စွယ်စုံကျမ်း ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
လူထုပညာရေး စီမံကိန်း၊ ဘဝသစ်ပညာရေး စီမံကိန်း စတဲ့ စာပေဗိမာန်အပြင် တခြား ပညာပေး လုပ်ငန်းတွေလည်း ဦးနုလက်အောက်မှာ ရှိခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စွယ်စုံကျမ်းပြုအဖွဲ့မှာ ဦးနုရဲ့ လက်ရင်းလူယုံပညာတတ်တွေ အဓိကပါဝင်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးသန့်စတဲ့ ပုဂ္ဂိုလ်တွေဟာ ဦးနုနဲ့ စစ်မဖြစ်ခင်ခေတ်ကတည်းက သိကျွမ်းခင်မင်လာခဲ့သူတွေ ဖြစ်ကြပြီး နိုင်ငံရေးမှာ တိုက်ရိုက်မပါဝင်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
နောက်ပြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာ ထင်အောင် စသူတွေက ရန်ကုန်တက္ကသိုလ်မှာ ပညာရှင်တွေအဖြစ် သင်ကြား ပို့ချနေကြသူတွေ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဦးသန့်ကတော့ ဦးနုလက်အောက်မှာ လူရင်းအဖြစ် လွတ်လပ်ရေး မရခင်ကတည်းကနေ ကုလသမဂ္ဂကို သံအမတ်အဖြစ် ပို့ချိန်ထိ ထမ်းရွက်ခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဦးဘ၊ ဦးချို၊ ဦးကောင်း၊ ဦးမျိုးမင်း (နွယ်စိုး) စတဲ့ ပုဂ္ဂိုလ်များကလည်း ဦးနုလက်အောက်မှာ ပညာမင်းကြီး၊ သမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် အတွင်းဝန် စသဖြင့် လုပ်ကိုင်ခဲ့ကြဖူးပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒီပုဂ္ဂိုလ်ကြီးတွေအောက်မှာ လူငယ် ပညာတတ်တွေကို စာပေဗိမာန် စာတည်းတွေ အဖြစ် ခန့်ထားပြီး ဦးနုရဲ့ မြို့မကျောင်းကတည်းက မိတ်ဆွေ ဦးစံထွားက အုပ်ချုပ်မှု အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက် ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မြန်မာစာပေမှာ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့တဲ့ ကြည့်ကန်ရှင်ကြီးရဲ့ အမေးပုစ္ဆာတွေတွေကို ကျီးသဲလေးထပ်ဆရာတော် ဖြေဆိုတဲ့ စွယ်စုံကျော်ထင်ကျမ်း နာမည်ကို ယူပြီး စွယ်စုံကျမ်းလို့ ပေးတယ်လို့ ကျမ်း အတွဲ ၄ မှာ ပါတဲ့ စွယ်စုံကျမ်း အကြောင်းရပ်မှာ ဖော်ပြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အင်္ဂလိပ်လို အင်စိုင်ကလိုပီးဒီးယား ဆိုတဲ့ ကျမ်းတွေမှာ ပညာရပ်စုံ ကျွမ်းကျင်နားလည်အောင် အားထုတ်သလို ပညာကို စွယ်စုံ ဘက်စုံအောင် တတ်မြောက်စေလိုတဲ့ အဓိပ္ပာယ်ကို ယူပြီး စွယ်စုံကျမ်း အမည်ကို ပေးခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မုံရွေးဆရာတော်ရဲ့ သမန္တစက္ခုဒီပနီကျမ်း၊ ဦးခြိမ့်ရဲ့ ကဝိလက္ခဏဒီပနီကျမ်း၊ စစ်ကဲကြီး ဦးရွှေနော်ရဲ့ အာဒိကပ္ပကမ္ဘာဦးကျမ်း၊ ဝန်ထောက်ဦးကျော်ထွန်းရဲ့ ပကိဏ္ဏကဒီပနီကျမ်း စတဲ့ စွယ်စုံကျမ်းသဘော သက်ဝင်တဲ့ အစောပိုင်း မြန်မာကျမ်းတွေကို ကုန်းဘောင်ခေတ်နဲ့ ဗြိတိသျှခေတ်တွေမှာ တွေ့ခဲ့ရသလို အနောက်နိုင်ငံ စွယ်စုံကျမ်းတွေကို ကုန်းဘောင်ခေတ်ကတည်းက မက္ခရာမင်းသားလို ပုဂ္ဂိုလ်တွေက ပြန်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
တရုတ်၊ အိန္ဒိယနဲ့ ကမ္ဘာ့နိုင်ငံစုံမှာလည်း ခေတ်ဟောင်း ခေတ်သစ် စွယ်စုံကျမ်း ပုံစံ ဗဟုသုတကျမ်းတွေ ရှိခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မြန်မာ့စွယ်စုံကျမ်းကိုတော့ ဗြိတိသျှ စွယ်စုံကျမ်းလို အနောက်နိုင်ငံပုံစံကျမ်းတွေကို မှီငြမ်းပြုပြီး မြန်မာအကြောင်းရပ်တွေ ထည့်သွင်း ပြုစုခဲ့တာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အစက ၁၄ တွဲနဲ့ အပြီးသတ်ဖို့ ရည်မှန်းပေမယ့် ၁၅ တွဲကျမှ မြန်မာ့စွယ်စုံကျမ်း ပြည့်စုံသွားခဲ့ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အစောပိုင်း ငါးတွဲကို ဗြိတိန်မှာ ရိုက်နှိပ်ခဲ့ပေမယ့် အတွဲခြောက်ကစပြီး ရန်ကုန်မှာ ပုံနှိပ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဘယ်လိုပဲ ဂရုစိုက်ပေမယ့် မြန်မာပြည်မှာ ပထမဆုံး စတင်ရေးသားတဲ့ ခေတ်မီစွယ်စုံကျမ်းဖြစ်လို့ အမှားမကင်းနိုင်ပါဘူး။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါကြောင့် ၁၉၇ဝ ကျော်က မြန်မာ့ စွယ်စုံကျမ်း အတွဲတချို့ ပြန်လည်ထုတ်ဝေမှုတွေမှာ အမှားပြင်ဆင်ချက် ဖြည့်စွက်ချက်တွေ ရှိတာ တွေ့ရပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဗြိတိသျှ စွယ်စုံကျမ်းနဲ့ နိုင်ငံတကာစွယ်စုံကျမ်းတွေမှာလည်း ပြန်ထုတ်တိုင်း ပြင်ဆင်ဖြည့်စွက်တာတွေ ရှိပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒါကြောင့် ၂၂ နှစ်ကြာမြင့်တဲ့ စွယ်စုံကျမ်းအတွဲတွေ ထုတ်ပြီးနောက် ၁၉၇၈ က စပြီး စွယ်စုံကျမ်းနှစ်ချုပ်တွေကို နှစ်စဉ်ထုတ်ဝေနေသလို စွယ်စုံကျမ်းအတွဲတွေကို တည်းဖြတ်ထုတ်ဝေဖို့လည်း ၂ဝ၁ဝ ကျော်ကတည်းက ထွန်းဖောင်ဒေးရှင်း စတဲ့ ပုဂ္ဂိုလ်တွေက စဉ်းစားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အစိုးရက ပြန်တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အနှစ် ၅ဝ ကျော်မှ အကုန်ပြင်ဆင်ထုတ်မှာ ဖြစ်လို့ အခက်အခဲပိုများသလို ဘာသာပြန်ဆိုသူနဲ့ စာမူရေးသားပေးနိုင်သူ၊ တည်းဖြတ်ပေးမယ့်သူ အခက်အခဲတွေလည်း ရှိပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မူလစွယ်စုံကျမ်းပြုရာမှာ ပါခဲ့တဲ့ ဦးကောင်းရဲ့သား စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်းက အယ်ဒီတာ အဖြစ် ကြီးမှူးပြီး မြန်မာစာပါမောက္ခဟောင်း ဦးခင်အေးက ဝိဇ္ဇာပိုင်းနဲ့ ပါမောက္ခဒေါက်တာတင်လှိုင်က သိပ္ပံပိုင်း တာဝန်ယူထားတယ်လို့ ဆိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
မူလထုတ်ဝေစဉ်က ပညာရှင်တွေ နာမည်ခံ ရေးသားခဲ့တဲ့ အကြောင်းရပ်တွေကို နဂိုအတိုင်း ပြန်လည်ထည့်သွင်းပြီး ပြင်ဆင်ဖြည့်စွက်စရာရှိရင် အောက်ခြေမှတ်စုအဖြစ်ပဲ ထားမယ်လို့ ကျမ်းပြုတဲ့ အဖွဲ့မှာပါတဲ့ စာကြည့်တိုက်မှူး ဦးသန်းအုန်းက ဆိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဒီလို အမည်ခံရေးတဲ့ အကြောင်းရပ် ၂၄ဝ ခန့်ရှိပြီး လူပုဂ္ဂိုလ် ၇ဝ ခန့်က ပါဝင်ရေးသားတာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ပထမအကြိမ်ထုတ်ဝေခဲ့တုန်းက နာမည်ခံပြီး အများဆုံးရေးသူက ဦးကြီးဖေ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ပထမကျော် ဘွဲ့ရ ဦးကြီးဖေဟာ ဗုဒ္ဓဘာသာဆိုင်ရာနဲ့ မြန်မာမှု အကြောင်းရပ်တွေကို အဓိကရေးသားခဲ့ပြီး ၄၇ ပုဒ် ရှိပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
သူ့နောက်မှာတော့ သမိုင်းပညာရှင် ဦးဘရှင်၊ ပါဠိဆရာဉာဏ်၊ ဒဂုန်ဦးထွန်းမြင့်၊ ပါမောက္ခ ဦးဖေမောင်တင်၊ သန်လျင်ဦးမြဦး၊ အငြိမ်းစား အင်ဂျင်နီယာ အရေးပိုင် ဦးအုန်းကြိုင်၊ သီရိပျံချီ ဦးသာမြတ်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးဂုဏ်ဘဏ်၊ ဆရာဆိုင်စတဲ့ ပညာရှင်စုံက ရေးသားချီးမြှင့်ကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အမျိုးသမီးထဲက ဒေါ်ခင်ခင်စုနဲ့ ဒေါက်တာဒေါ်ဖေ့တို့ အမည်ခံရေးသားကြပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
ဗြိတိသျှ စွယ်စုံကျမ်းမှာ ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘေစတဲ့ မြန်မာပညာရှင်တွေက မြန်မာပြည်အကြောင်းရပ်တွေ ဝင်ပြီး ရေးပေးကြသလိုမျိုး ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စွယ်စုံကျမ်း ပြန်ထုတ်မယ့်အချိန်မှာ လူစိတ်အဝင်စားဆုံးက ရိုဟင်ဂျာ အကြောင်း ပါမလား ဆိုတာ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
၁၉၆၄ က ထုတ်တဲ့ အတွဲ ၉ မှာ ပါတဲ့ မေယုနယ်ခြားခရိုင် အကြောင်းမှာ ရိုဟင်ဂျာ လူမျိုးလို့ ရေးထားတာ ပါလို့ ဖြစ်ပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အဲဒီအချိန်က ဒီလောက် လူပြောများခဲ့ပုံ မပေါ်ဘဲ လတ်တလောမှ ပြန်စိတ်ဝင်စားလာကြတာပါ။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စွယ်စုံကျမ်း အတွဲ ၈ နဲ့ အတွဲ ၉ တွေမှာ ပါတဲ့ ဘူးသီးတောင်မြို့နဲ့ မောင်းတောမြို့ အကြောင်းတွေ မှာတော့ မွတ်စလင်များ၊ အစ္စလမ် အယူဝါဒီများလို့ပဲ သုံးနှုန်းပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အသစ်ပြန်ထုတ်မယ့် အတွဲတွေမှာတော့ ရိုဟင်ဂျာ နာမည်ကို မသုံးဘူးလို့ ဆိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အဲဒီအချိန်က သုံးခဲ့တာကလည်း သက်ဆိုင်ရာ နိုင်ငံရေးအစိုးရတွေရဲ့ လွှမ်းမိုးမှုလို့ မြန်မာသမိုင်းအဖွဲ့က ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
အစိုးရတွေ လိုချင်တဲ့ နိုင်ငံရေးအခြေအနေတွေ ပုံဖော်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စွယ်စုံကျမ်းအကြောင်း လူသိနည်းသေးတဲ့ အချက်များ
စွယ်စုံကျမ်းထုတ်တဲ့အချိန်က လူပြောအများဆုံး အကြောင်းအရာတွေက ကျန်စစ်သား သမီးတော် ရွှေအိမ်သည် ခေါ် ရွှေအိမ်စည် အကြောင်းနဲ့ မြန်မာလူမျိုး ဖြစ်ပေါ်ပုံအစအကြောင်း ဖြစ်ပါတယ်။