title
stringlengths
1
87
text
stringlengths
1
646k
ပထဝီဝင်
ထိုအချိန်အခါမှစ၍ ဥရောပအနောက်ပိုင်းသားများ တဖြည်းဖြည်း ခရီးထွက်ခဲ့ကြသည်။
ပထဝီဝင်
အချို့သည် ခရစ်တော် ဖွားမြင်ရာ ပါလက်စတိုင်းပြည်သို့ သွားရောက်ပြီးလျှင် မိမိ တို့၏ ခရီးစဉ်ကို မြေပုံများဖြင့် မှတ်သားထားခဲ့ကြသည်။
ပထဝီဝင်
၁၂၇၁ ခုနှစ်တွင် မာကိုပိုလိုသည် ကသေးခေါ် တရုတ်ပြည်သို့ ကုန်းကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
ပထဝီဝင်
မာကိုပိုလိုအကြောင်း ရေးသားထားသော စာအုပ်တွင် မာကိုပိုလို၏ မှတ်သားလောက် သော စွန့်စားခန်းများကို အကျဉ်းသားမိတ်ဆွေတဦးက ရေးသားဖော်ပြထားလေသည်။
ပထဝီဝင်
ဤစာအုပ်တွင် ပါရှိသော အကြောင်းအရာ အများအပြားသည် ပထဝီဝင်အကြောင်းများ ဖြစ်ခြင်းကြောင့်၊ ယင်းကို ပထဝီဝင် စာအုပ်ဟု ခေါ်ဆိုထိုက် သည်။
ပထဝီဝင်
၁၄ ရာစုနှစ်သို့ ရောက်သည့်တိုင်အောင်ပင် ဥရောပ တိုက်သားတို့၏ ပထဝီဝင် ဗဟုသုတသည် အလွန်နည်းသေး သည်။
ပထဝီဝင်
ထိုအချိန်အခါအထိ ကမ္ဘာ့ရေမျက်နှာပြင်၏ ၇ ရာခိုင်နှုန်းလောက်ကိုသာ သိရှိကြ သေးသည်။
ပထဝီဝင်
၁၄ ရာစုနှစ်နှင့် ၁၅ ရာစုနှစ်လောက်တွင် ပေါ်တူဂီနှင့် စပိန် လူမျိုးတို့သည် သမုဒ္ဒရာကြီးများကို စတင်၍ ဖြတ်သန်း လှည့်လည်ခဲ့ကြသည်။
ပထဝီဝင်
ဗက်စကိုဒါဂါးမသည် ၁၄၈၉ ခုနှစ်တွင် အာဖရိကတိုက်ကို ပတ်၍ အိန္ဒိယပြည်သို့ရောက်ရှိခဲ့သည်။
ပထဝီဝင်
ကိုလံဘတ်သည် အမေရိကတိုက်ကို၁၄၉၂ ခုနှစ်တွင် စတင်တွေ့ရှိလေသည်။
ပထဝီဝင်
ထိုသူတို့ နောက်တွင် အင်္ဂလိပ်၊ ဒပ်ချ်နှင့် ပြင်သစ်လူမျိုး တို့သည် ပင်လယ်ခရီးဖြင့် စတင်နယ်ချဲ့လာခဲ့ကြသည်။
ပထဝီဝင်
ပေါ်တူဂီလူမျိုး မာဂျဲလင်ဆိုသူသည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်ပတ်ရန် ဦးဆောင်ထွက်ခဲ့သော်လည်း လမ်းခရီးတွင် အသတ်ခံရသည်။
ပထဝီဝင်
များမကြာမီ အင်္ဂလိပ်လူမျိုး ဆာဖရန်းစစ်ဒရိတ်သည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်လည် ခဲ့လေသည်။
ပထဝီဝင်
နှစ်ပေါင်း ၁၀ဝ အတွင်း၌ပင် ဥရောပတိုက်သားတို့သည် ကျန်ရှိနေသော ကမ္ဘာ့ ရေမျက်နှာပြင် ၉၃ ရာခိုင်နှုန်းကို သိရှိလာကြလေသည်။
ပထဝီဝင်
ဥရောပတိုက်သားတို့သည် အာရေဗျပြည်ကို ၁၉၀ဝ ပြည့်နှစ် ကျော်မှ လုံးလုံးလျားလျား သိရှိလာပြီးလျှင်၊ အာဖရိက အလယ်ပိုင်းကိုမူကား မကြာမီကမှ ကောင်းစွာ သိရှိခဲ့ကြလေသည်။
ပထဝီဝင်
အန္တာတိကတိုက်ကြီး၏ပထဝီဝင်ကို ၁၉၄၀ ပြည့် နှစ်ကျော်မှ သိရှိခဲ့ကြသည်။
ပထဝီဝင်
ဒုတိယကမ္ဘာစစ်အတွင်း၌ လူသူအရောက်အပေါက်နည်းသော နေရာများ၏ ပထဝီဝင် ဗဟုသုတကိုပိုမိုသိရှိခဲ့ကြသည်။
ပထဝီဝင်
ယခုအခါ၌မူ တောင်ကြီးများအကြားတွင် ကွယ်ပျောက်နေသော ချိုင့်ဝှမ်းများ၊ လူသူများနှင့် တကွ အလွန်ဝေးလံသော တောင်ကြီး တောကြီးများကိုပင် လေယာဉ်ပျံဖြင့် ဓာတ်ပုံရိုက်ယူ ပြီးလျှင် မြေပုံများပေါ်၌ ထင်ရှားစွာ ပြသနိုင်ပြီ ဖြစ်ခြင်းကြောင့် ပထဝီပညာရှင်တို့သည် ကမ္ဘာ့မြေပုံသစ်ကိုပင် ထုတ်လုပ်နိုင်ခဲ့လေပြီ။
ပထဝီဝင်
ပထဝီဝင်၏ သဘောတရား ၁၈ ရာစုနှစ်နောက်ပိုင်းသို့ မရောက်မီ ပထဝီဝင်ကို နည်း ၂ နည်းဖြင့် လေ့လာခဲ့ကြသည်။
ပထဝီဝင်
တစ်နည်းမှာ တော်လမီ၊ မာကေတာတို့ ပြုလုပ်သကဲ့သို့ ကမ္ဘာ၏ ပုံပန်းသဏ္ဌာန်နှင့် အရွယ်ပမာဏကို လေ့လာခြင်းဖြစ်၍၊ အခြားတစ်နည်းမှာ စတြားဗိုး၊ မန်းစတာတို့ ပြုလုပ်သကဲ့သို့ တိုင်းပြည်နှင့် အရပ် ဒေသများ၏ မှတ်သား လောက်သော အကြောင်းအရာတို့ကို လေ့လာခြင်းဖြစ်သည်။
ပထဝီဝင်
ပထမလေ့လာနည်းကို မြေပုံဆွဲ အတတ်လေ့လာသူ များက ဆက်လက် ကျင့်သုံးခဲ့ကြသည်။
ပထဝီဝင်
ဒုတိယနည်းမှာမူကား ပထဝီဝင်၏ အဓိကလုပ်ငန်းအဖြစ်ဖြင့် ဆက်လက်တည်ရှိလာခဲ့လေသည်။
ပထဝီဝင်
ဂျာမနီပြည်တွင် ၁၈ ရာစုနှစ်နောက်ပိုင်းလောက်၌ ပေါ်ပေါက်ခဲ့သော ဟမ်းဗို့နှင့် ရစ်တာတို့ လက်ထက်မှစ၍ ပထဝီဝင်အခြေခံသဘောတရားမှာ လုံးဝပြောင်းလဲလာခဲ့ လေသည်။
ပထဝီဝင်
ထိုပညာရှင် ၂ ဦး လက်ထက်မှစ၍ ထွန်းကား ခဲ့သော ပထဝီဝင်၏ အဓိကရည်ရွယ်ချက်မှာ သီးခြားတည်ရှိ နေသော ဒေသများ၏ အချင်းအရာများ တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိနေကြပုံ၊ စုပေါင်းဖြစ်ပေါ်ကြပုံ၊ ကမ္ဘာပေါ်ရှိ ဒေသများ တစ်ခုနှင့်တစ်ခု တူညီကြပုံ၊ ကွဲပြားခြားနားကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့်တကွ သိရှိနားလည်အောင် လေ့လာခြင်းဖြစ်သည်။
ပထဝီဝင်
ထိုအချိန်အခါမှစ၍ ပထဝီဝင်သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ အထင်ဖြင့် ရော်ရမ်းမှန်းဆ၍ လေ့လာသောပညာ မဟုတ်တော့ဘဲ၊ ပြင်ပတွင် တကယ်ဖြစ်ပေါ် နေသော အခြင်းအရာတို့ကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုလေ့လာ သော ပညာတစ်ရပ်အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။
ပထဝီဝင်
ယင်းကဲ့သို့ ကွင်းဆင်းလေ့လာချက်များကို မြေပုံတွင် မှတ်သား ထည့်သွင်းခြင်းဖြင့် ပထဝီဝင်သည် ယခင်ကထက် တိကျ မှန်ကန်လာခဲ့သည်။
ပထဝီဝင်
ဟမ်းဗို့သည် ပထဝီဝင်ကို လေ့လာရာ၌ တွေ့ရှိရသော အခြင်းအရာများကို တခုစီခွဲခြား၍ စနစ်တကျ လေ့လာနည်းဟု ခေါ်သည်။
ပထဝီဝင်
ရစ်တာကမူကား၊ ဒေသတခုတွင် ဖြစ်ပေါ်နေသော အချင်းအရာ များကို တသီးတခြားစီ မလေ့ လာဘဲ၊ ယင်းတို့အားလုံးကိုခြုံ၍ တခုနှင့်တခု အပြန်အလှန် ဆက်စပ်တည်ရှိနေပုံကို လေ့လာသည်။
ပထဝီဝင်
ဤကဲ့သို့သော လေ့လာ နည်းမျိုးကို ဒေသအလိုက်လေ့လာနည်းဟု ခေါ်သည်။
ပထဝီဝင်
စင်စစ် အားဖြင့် ထိုပညာရှင် နှစ်ဦးသည် နှစ်နည်းစလုံးဖြင့်ပင် လေ့လာခဲ့ကြပေ၏။
ပထဝီဝင်
အထူးအလေးဂရုပြုပုံ၌သာ ကွာခြါးကြ သည်။
ပထဝီဝင်
ခေတ်မှီ ပညာရှင်တို့ကလည်း ဤကဲ့သို့ အကြောင်း အရာအလိုက် လေ့လာနည်း၊ ဒေသအလိုက် လေ့လာနည်းဟူ၍ မခွဲခြါးဘဲ၊ ထိုနည်း ၂ မျိုးကို ပေါင်းစပ်၍ လေ့လာရန် လိုအပ် သည်ဟု အသိအမှတ်ပြုကြသည်။
ပထဝီဝင်
၁၉ ရာစုနှစ် အလယ်လောက်မှစ၍ကား၊ ပထဝီဝင်သည် အရပ်ဒေသများ၏အကြောင်းကို ဗဟုသုတ အဖြစ်လောက်သာ ဖော်ပြသည့် ပညာတစ်ရပ်အနေဖြင့် မတည်ရှိတော့ဘဲ၊ ဆောင်ရွက်ရန် ရည်မှန်းထားသည့် ကိစ္စတစ်ခုခုနှင့် သက်ဆိုင် သော အကြောင်းအရာများကို စံနစ်တကျ ဖွဲ့စည်းလေ့လာသော ပညာတစ်ရပ် အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။
ပထဝီဝင်
ပထဝီဝင်ကို လူကြီးများသာမက ကလေးများပင် စိတ်ပါ ဝင်စားစွာဖြင့် လေ့လာနိုင်ကြသည်။
ပထဝီဝင်
ဤအကြောင်းကြောင့်ပင် ပထဝီကို မူလတန်းကျောင်းများမှစ၍ တက္ကသိုလ်များအထိ ဘာသာတစ်ရပ်အဖြစ်ဖြင့် ဆက်လက် သင်ကြား လေ့လာကြ ခြင်း ဖြစ်သည်။
ပထဝီဝင်
ပထဝီဝင် အမျိုးမျိုးရှိ၏။
ပထဝီဝင်
မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် သင်ကြားရသော ပထဝီဝင်သည် အများ အားဖြင့် ကမ္ဘာအရပ်ရပ်၌ မြေပြင်လက္ခဏာများ မည်ကဲ့သို့ တည်ရှိကြပုံ၊ လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက် ကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့် လေ့လာသည်။
ပထဝီဝင်
ပိုမို အဆင့်အတန်း မြင့်လာသောအခါ ပထဝီဝင်ကို သဘာဝ ပထဝီဝင်၊ မနုဿ ပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ ဒေသန္တရ ပထဝီဝင် စသည်ဖြင့် ခွဲခြား၍ အသေးစိတ် လေ့လာကြသည်။
ပထဝီဝင်
သို့ရာတွင် ယင်းတို့ အားလုံးသည် သဘာဝပထဝီနှင့် လူ၊ သစ်ပင်၊ တိရစ္ဆာန်တို့ ဆက်သွယ်တည်ရှိနေကြပုံ၊ တစ်ခုနှင့် တစ်ခု အားထားမှီခိုနေကြပုံ စသည်တို့ကို အဓိကထား၍ လေ့လာကြသည်ချည်းသာ ဖြစ်သည်။
ပထဝီဝင်
ပထဝီဝင်၏ အစိတ်အပိုင်းများ ပထဝီဝင်သည် ကျယ်ဝန်းသော ပညာတစ်ရပ်ဖြစ်၍၊ လွယ်ကူစိမ့်သောငှါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သဘာဝ ပထဝီဝင်၊ မနုဿပထဝီဝင်စသည်ဖြင့် အစိတ် အပိုင်းများပြုလုပ်၍ ခွဲခြါးလေ့လာကြသည်။
ပထဝီဝင်
ပုံစံအားဖြင့် သဘာဝပထဝီသည် သက်ရှိ သတ္တဝါတို့အပေါ် မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို အသေအချာကြည့်ရှု စစ်ဆေးခြင်းဖြင့် ပထဝီဝင်ကို လေ့လာကြသည်။
ပထဝီဝင်
ဤကဲ့သို့ လေ့လာသော ပထဝီ ဝင်မျိုးကို သဘာဝ ပထဝီဝင်ဟု ခေါ်၏။
ပထဝီဝင်
တစ်ဖန် အပြန် အလှန်အားဖြင့် သက်ရှိသတ္တဝါများနှင့် ယင်းတို့၏ အပြုအမူ များက သဘာဝပထဝီဝင်ကို မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို စူးစမ်းလေ့လာခြင်းဖြင့်လည်း ပထဝီဝင်ကို လေ့လာကြသည်။
ပထဝီဝင်
ဤပထဝီဝင်မျိုးကို ဇီဝပထဝီဝင်ဟု ခေါ်၏။
ပထဝီဝင်
သဘာဝပထဝီဝင် သဘာဝပထဝီဝင်ကို လေ့လာရာ၌ အချို့ပညာရှင်တို့သည် တောင်တန်းကြီး၊ ကုန်းပြင်မြင့်၊ လွင်ပြင် အစရှိသည့် ကုန်းမြေ လက္ခဏာများကို ဂရုစိုက်၍ လေ့လာကြသည်။
ပထဝီဝင်
အချို့ကမူ သမုဒ္ဒရာကြီးများ၊ သို့မဟုတ် ရာသီဥတု၊ မိုးလေဝသ စသည် တို့ကို အသေးစိတ်၍ လေ့လာကြသည်။
ပထဝီဝင်
အချို့ကလည်း ကမ္ဘာ ပေါ်ရှိ နေရာများကို အတိအကျမှတ်သားပြနိုင်ရန်လေ့လာကြ၏။
ပထဝီဝင်
ယင်းသည့် အစိတ်အပိုင်းတစ်ခုစီသည် သိပ္ပံပညာရပ်များ အဖြစ်ဖြင့် သီးခြားတည်ရှိနေကြခြင်းကြောင့် ယင်းတို့တွင်လည်း သီးခြားအမည်များရှိကြ၏။
ပထဝီဝင်
ဘူမိရုပ်သွင်ပညာသည် ကုန်းမြေ သဏ္ဌာန်များကို လေ့လာသောပညာရပ်ဖြစ်သည်။
ပထဝီဝင်
တစ်နည်း အားဖြင့် ကမ္ဘာ့မျက်နှာပြင်အကြောင်းကို ဖော်ပြ၍၊ ယင်းတို့ စတင်ဖြစ်ပေါ်လာကြပုံ၊ ပြောင်းလဲလာခဲ့ကြပုံ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာရပ်ဖြစ်သည်။
ပထဝီဝင်
ဤအကြောင်းများကို ပေါက်မြောက်စွာ လေ့လာနိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ ကျောက် များ၏အနေအထားနှင့် ဖွဲ့စည်းပုံကိုသာမက၊ မြေမျက်နှာပြင်ကို ပြုပြင်ပြောင်းလဲစေနိုင်သော ဥတု ချေဖျက်ခြင်း၊ တိုက်စားခြင်း၊ အပေါ်ယံမြေလွှာလှုပ်ရှားခြင်း၊ မီးတောင်လှုပ်ရှားခြင်း စသည် တို့ကိုပါ သိနားလည်ထားရန် လိုအပ်လှပေသည်။
ပထဝီဝင်
ဤအချက် ကြောင့်ပင် ဘူမိရုပ်သွင်ပညာသည် ဘူမိဗေဒနှင့် များစွာ ဆက်စပ်နေသည်။
ပထဝီဝင်
ဤပညာသည် တောင်ကြီးများ မြင့်တက် လာခဲ့ကြ ပုံ၊ လေ၊ ရေစီး၊ ရေခဲမြစ် စသည်တို့၏ တိုက်စား ခြင်းကြောင့်၊ ထိုတောင်ကြီးများ တဖြည်းဖြည်း ယိုးယွင် ပျက်စီးသွားကြရပုံများကို ဖော်ပြသည်။
ပထဝီဝင်
ထို့ပြင် မြင့်မားသော တောင်များပေါ်မှ တိုက်စားချလိုက်သော မြေသားများ နိမ့်သော အရပ်များတွင် စုပုံခြင်းဖြင့် လွင့်ပြင်များ ဖြစ်ပေါ်လာကြပုံ၊ ပင်လယ်တွင်းသို့ စီးဝင်သော မြစ်များ ရေးစီး နှေးလာပြီးလျှင် မြစ်ညာမှ ယူဆောင်လာခဲ့သော အနည်များကို မြစ်ဝ၌ စုပုံ ချထားခြင်းကြောင့် မြစ်ဝကျွန်းပေါ်များဖြစ်လာကြပုံ စသည် တို့ကိုလည်း ရှင်းလင်းဖော်ပြသည်။
ပထဝီဝင်
ဤကဲ့သို့ ကမ္ဘာ့ မျက်နှာပြင်ကို ပြောင်းလဲဖြစ်ပေါ်စေသော ဖြစ်စဉ်များကို လေ့လာခြင်းသည် ဘူမိရုပ်သွင်ပညာရှင်တို့၏ အဓိက လုပ်ငန်း ဖြစ်၏။
ပထဝီဝင်
ဘာသာရပ်ခွဲများ ပထဝီဝင် ဘာသာရပ်တွင် ရူပ ပထဝီဝင် (Physical geography) နှင့် လူမှု ပထဝီဝင် (Human geography) ဟူ၍ ပင်မ ဘာသာရပ်ခွဲ ၂ ခု ခွဲခြားလေ့လာသည်။
ပထဝီဝင်
ရူပ ပထဝီဝင် ရူပ ပထဝီဝင် ဘာသာရပ်သည် သဘာဝပတ်ဝန်းကျင် ရှိ မြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ မြေအမျိုးစား၊ ကျောက်များ၊ ရာသီဥတု စသည်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည်။
ပထဝီဝင်
လူမှု ပထဝီဝင် လူမှု ပထဝီဝင် ဘာသာရပ် လူ နှင့် လူ့ပတ်ဝန်းကျင်အကြောင်းကို လေ့လာသည်။
ပထဝီဝင်
လူမှု ပထဝီဝင် ကို လေ့လာရာတွင် ဒေသ၊ နိုင်ငံတခု ၏ လူဦးရေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး … အစ ရှိသော အကြောင်းအရာများကို သာမက မြေအသုံးချမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း စသည်များကိုပါ လေ့လာသည်။
ပထဝီဝင်
မြေပုံများ မြေပုံများသည် ပထဝီဝင် အကြောင်းအရာများကို များစွာ ဖော်ပြထားနိုင်သဖြင့် ပထဝီဝင် ပညာရှင်များသည် မြေပုံ နှင့် ပတ်သက်သော အကြောင်းအရာများကို နားလည်ရန် လိုအပ်သည်။
ပထဝီဝင်
ပထဝီဝင် ပညာရှင်များသည် မြေပုံပေါင်းများစွာကို ရေးဆွဲ အသုံးပြုကြသည်။
ပထဝီဝင်
မှီငြမ်းကိုးကား ကဏ္ဍ:ပင်မ အကြောင်းအရာ ဆောင်းပါးများ။
အာရှ
thumb အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သည်။
အာရှ
အာရှတိုက်ကို အာဖကာယူရေး‌ရှား၏ ကုန်းမြေ အစိတ်အပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။
အာရှ
စူးအက်တူးမြောင်း၏ ရှေ့ဘက်၊ ယူရယ်တောင်တန်းများ၏ အရှေ့ဘက်၊ ကော့ကေးဆပ်တောင်တန်း၊ ကက်စပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။
အာရှ
အာရှတိုက်သည် ကမ္ဘာ့မျက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံတားသည်။
အာရှ
ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အာရှတိုက်တွင် နေထိုင်ကြသည်။
အာရှ
အမည်မှည့်ခေါ်ခြင်း thumb|ကုလသမဂ္ဂ geoscheme ၏ အာရှဒေသများ: အာရှဆိုသောအမည်သည် ရှေးဟောင်းဂရိဘာသာစကားမှတဆင့် လက်တင်ဘာသာသို့ ဆင်းသက်လာပြီး ထိုမှတဖန် အင်္ဂလိပ်ဘာသာစကားသို့ ဆင်းသက်လာသည်။
အာရှ
အာရှဆိုသောအမည်အား ဘီစီ ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။
အာရှ
နယ်နမိတ် ဆက်စပ်မှု အာရှ၏ (ပထဝီ အနေအထားအရ ယူရေးစီယမ် ဥရောပ - အာရှ၏ ကျွန်းဆွယ်ဟု ခေါ်ဆိုနိုင်သော) ဥရောပနှင့် ထိစပ်နေသောအပိုင်းသည် ယူရယ်တောင်တန်းများ၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ်၊ ကော့ကေးဆပ်ပင်လယ်၊ ပင်လယ်နက်၊ အီဂျီယမ်ပင်လယ်၊ ဘော့(စ်)ပေါရပ်(စ်)ဒေသ နှင့် ဒါဒင်နယ်လီ ရေလက်ကြားတလျှောက် ဖြစ်သည်။
အာရှ
အာရှ၏ အာဖရိကနှင့် ထိစပ်မှုသည် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးသော စူးအက်တူးမြောင်းသာလျှင် ခြားသည်။
အာရှ
အာရှ၏အရှေ့မြောက် အစွန်တွင်ရှိသော ဆိုက်ဘေးရီးယားဆိုလျှင် မြောက်အမေရိကတိုက်နှင့် ဘာရင်းရေလက်ကြားသာ ခြားသည်။
အာရှ
အာရှတိုက်၏ တောင်ဘက်နယ်နမိတ်မှာ အေဒင်ပင်လယ်ကွေ့၊ အာရေဗီယမ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်-အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါ၊ ဂျပန်ပင်လယ်၊ အော့ခို့(စ်ထ်)ပင်လယ်နှင့် ဘာရင်း ပင်လယ်- မြောက်ဘက်နယ်နမိတ်မှာ အာတိတ်သမုဒ္ဒရာတို့ ဖြစ်ကြသည်။
အာရှ
မြေမျက်နှာသွင်ပြင်နှင့် ပထဝီအနေအထား ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ့စည်းထားသည်။
အာရှ
တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန့်လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျက် ရှိသည်။
အာရှ
အာရှတိုက်၏ အနောက်အလယ်ပိုင်းနှင့် ဆိုက်ဘေးရီးယား ဒေသအများစုကို မြောက်ဘက်မြေနိမ့်ဒေသ၊ ကျယ်ဝန်းလှသော တရုတ်ပြည် တိဘက်ဒေသကို (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ / မီတာ ၄၅၇၀ ) အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ ယင်းကို ကမ္ဘာ့ အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမဝန္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို့က ဝန်းရံထားသည်။
အာရှ
တောင်ပိုင်း အိန္ဒိယနှင့် အာရေဘီယမ် ကျွန်းဆွယ်မှ တောင်ကြောများသည် ဂန်းဂျပ်(စ်)နှင့် တိဂရစ်-ယူဖရေးတီး(စ်) လွင်ပြင်များအထိ သွယ်တန်းမိသည်။
အာရှ
အာရှအရှေ့ပိုင်း မြေနိမ့်ဒေသ -တရုတ်ပြည်- တွင်လည်း တောင်ကုန်းများက အလယ်ပိုင်း ကုန်းမြင့်ဇုံအဖြစ် ပုံဖော်ပေးထားသည်။
အာရှ
နီပေါနိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ့အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို့သည် အာရှတိုက်တွင်ပင် ရှိသည်။
အာရှ
မိခင်မြေထုမှ တိုးချဲ့ထွက်လာသော ကျွန်းဆွယ်များသည် သမုဒ္ဒရာများကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန်သည်။
အာရှ
၎င်းတို့ကို မြောက်မြားလှစွာသော အာရှ၏ကျွန်းစုများက ဝန်းရံလျက် ရှိသည်။
အာရှ
အာရှ၏ ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖျားခံ၍ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားကြသည်။
အာရှ
ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး (မြစ်ဝါ)၊ ကျန်ဇီ (ယန်စီ)၊ မဲခေါင်၊ သံလွင်နှင့် ဧရာဝတီ၊ တောင်နှင့် အနောက်တောင်အာရှမှ (ဂင်္ဂါ) ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်း-၎င်းမြစ်များမှရေသည် ကုန်းတွင်းပိုင်းရေကန်များတွင် ရပ်တန့်ခြင်း (သို့) သဲကန္တာရမြေထဲသို့ စိမ့်ဝင်သွားကြသည်။
အာရှ
အေရယ်ပင်လယ်၊ ဘေကာရေကန် နှင့် ဘာကတ်(ရှ်)ရေကန် တို့သည် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကန်များ ဖြစ်ကြသည်။
အာရှ
အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။
အာရှ
အာရှတိုက်ကို သိသာထင်ရှားလှသော ယဉ်‌ကျေးမှု ၊စီးပွားရေး၊ နိုင်ငံရေး နှင့် ရုပ်ဝတ္ထုပစ္စည်း ဝိသေသလက္ခဏာများကို အခြေခံ၍ အပိုင်းခြောက်ပိုင်း ခွဲခြားထားသည်။
အာရှ
အနောက်တောင်ပိုင်း(အီရန်၊ အာရှမိုင်းနာမှ တူရကီ၊အာရေးဘီးယားကျွန်းဆွယ်၊ နှင့် မြေဆီကောင်းပြီး စိုက်ပျိုးရေးလွယ်ကူသော နိုင်ငံများ) ၏ ထင်ရှားသော လက္ခဏာများမှာ ခြောက်သွေ့သော ရာသီဥတုနှင့် ရေသွင်းစိုက်ပျိုးရေး၊ ကြီးကျယ်သော ရေနံလုပ်ငန်းနှင့် လွမ်းမိုးထားသော အစ္စလာမ်သာတို့ဖြစ်သည်။
အာရှ
အာရှတောင်ပိုင်း (အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ ဒေသအများစု) ကို ကြီးမားသော တောင်တန်းကြီးများက ကျန်အာရှအပိုင်းများနှင့် မတူအောင်ခွဲခြားပေးထားသည်။
အာရှ
အရှေ့တောင်ပိုင်း(အရှေ့တောင်အာရှ ကျွန်းဆွယ်များနှင့် မလေးကျွန်းစုများ)၏ ဝိသေသများမှာ မုတ်သုံရာသီဥတု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရောနှောနေသော တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှူများ၊ မြောက်မြားလှစွာသော လူမျိုးစုများ၊ ဘာသာစကားများ၊ နိုင်ငံရေးသမားများနှင့် ကိုးကွယ်ယုံကြည်မှူများ ဖြစ်ကြသည်။
အာရှ
အရှေ့ပိုင်း(တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျပန် ကျွန်းများ)သည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းလောက်တွင်ရှိပြီး ၎င်းဒေသများ၏ ယဉ်ကျေးမှူမှာ ဟွမ်ဟီးနှင့် ကျန်ဇီမြစ်ကမ်းဘေး လူနေမှူပုံစံက ကြီးစွာလွှမ်းမိုးထားသည်။
အာရှ
ဤအရှေ့ပိုင်းသည် အာရှတိုက်၏ စက်မှူအထွန်းကားဆုံးဒေသ ဖြစ်သည်။
အာရှ
ဆိုက်ဘေးရီးယားနှင့် ရုရှားအရှေ့ဖျားပိုင်း ဒေသများကိုတော့(Russian asia) ရုရှ-အာရှအပိုင်းဟု သတ်မှတ်ကြသည်။
အာရှ
အာရှအလယ်ပိုင်း(ယခင်ဆိုဗီယက် ပြည်ထောင်စုမှ ပြိုကွဲထွက်လာသော-ရုရှအလယ်ပိုင်း-နိုင်ငံစု)မှာ ကန္တာရဆန်ဆန်နှင့် ရေသွင်းစိုက်ပျိုးရေး၊ ရှေးကျသော ရိုးရာမွေးမြူရေးတို့သည် ထင်ရှားသော လက္ခဏာများပင် ဖြစ်နေတော့သည်။
အာရှ
လူဦးရေ၊ ယဉ်ကျေးမှူနှင့် စီးပွားရေး အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။
အာရှ
မုတ်သုန်ရာသီဥတုနှင့် မြေဆီဩဇာ ပေါကြွယ်၀သော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။
အာရှ
၎င်းလွင်ပြင်များမှာ အိန္ဒိယမှ ဂန်းဂျပ်(စ်)လွင်ပြင်များ၊ တရုတ်ပြည်မှ ကျန်ဇီနှင့် မြောက်ပိုင်းလွင်ပြင်များ၊ ဂျပန်မှနုံးတင်မြေနု လွင်ပြင်ငယ်များ၊ နှင့် မီးတောင် ပေါက်ကွဲမှူကြောင့် မြေဆီလွာ ကောင်းမွန်နေသော မလေးကျွန်းစုများ ဖြစ်ကြသည်။
အာရှ
မြို့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို့တွင် အများဆုံးတွေ့နိုင်သည်။
အာရှ
အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။
အာရှ
ကိုးကွယ်ကြသော အဓိကဘာသာများမှာ ဟိန္ဒူဝါဒ(အိန္ဒိယ)၊ထေရဝါဒ ဗုဒ္ဓဘာသာ(သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လော)၊ ဒလိုင်းလားမားဝါဒခေါ် တိဘက်ဗုဒ္ဓဘာသာ(မွန်ဂိုလီးယားနှင့် တရုတ် အထူးသဖြင့် တိဗက်)၊ အရှေ့အာရှ ဗုဒ္ဓဝါဒ(တရုတ်နှင့် ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှာမန်ဝါဒ၊ တာအိုဝါဒ များနှင့် ရောထွေးနေပြီး ဂျပန်တွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှင်တိုဝါဒ တို့နှင့် ရောပြွန်းနေသည်။
အာရှ
အစ္စလာမ်ဝါဒ(အနောက်တောင်နှင့် တောင်အာရှ၊ အာရှအနောက်အလယ်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား)၊ ကတ်သိုလစ်ဝါဒ(ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဗီယက်နမ်) တို့ဖြစ်ကြသည်။