title
stringlengths
1
87
text
stringlengths
1
646k
အီလက်ထရွန်းနစ်
ဒုတိယကမ္ဘာစစ်အတွင်းက လျှို့ဝှက်စွာ အသုံးပြုခဲ့သော ရေဒါသည်လည်း အီလက်ထရွန်းနစ် ကိရိယာပင် ဖြစ်သည်။
အီလက်ထရွန်းနစ်
နောက်ဆုံးတိုးတက်တီထွင်သော အီလက်ထရွန်းနစ် ကိရိယာ တစ်ခုမှာ အီလက်ထရွန် မိုက္ကရိုစကုပ် ဖြစ်၏။
အီလက်ထရွန်းနစ်
အီလက်ထရွန် မိုက္ကရိုစကုပ်ကြောင့် ရှေးက သာမန် အနီးကြည့်မှန်ဘီလူးဖြင့် ကြည့်၍ မမြင်ရသော ပိုးမွှားနှင့် ဗက်တီးရီးယားတို့ကို ယခု အခါ မြင်လာနိုင်ပြီဖြစ်သည်။
အီလက်ထရွန်းနစ်
အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ယခုအခါ အဆပေါင်း ၅ဝဝဝဝ နှင့် ၁ဝဝဝဝဝ အထိ အကြီး ချဲ့နိုင်ပြီဖြစ်၏။
အီလက်ထရွန်းနစ်
အီလက်ထရွန် မိုက္ကရိုစကုပ်သည် အလင်းတန်း အစား အီလက်ထရွန်တန်းကို အသုံးပြုသည်။
အီလက်ထရွန်းနစ်
မိုက္ကရိုစကုပ်မှာ ကဲ့သို့ပင် အီလက်ထရွန်တန်း များကို စုဆုံအောင်လည်းကောင်း၊ ယိုင်သွားအောင်လည်းကောင်း ပြုလုပ်နိုင်ပေသည်။
အီလက်ထရွန်းနစ်
အသုံးပြုသော မှန်ဘီလူးများမှာမူ သာမန် မိုက္ကရိုစကုပ်မှာကဲ့သို့ ဖန်မဟုတ်ပဲ၊ သံလိုက်များဖြစ်သည်။
အီလက်ထရွန်းနစ်
အီလက်ထရွန်တန်းသည် ကြည့်သောအရာဝတ္ထု ပေါ်သို့ကျသောအခါ အီလက်ထရွန် အချို့သည် ရပ်နေကြပြီးလျှင်၊ အချို့ကား ဖြတ်ကျော်သွားကြ ၏။
အီလက်ထရွန်းနစ်
ထိုကဲ့သို့ အရာဝတ္ထု၏ အရိပ်ထင်စေခြင်းကို သာမန် မျက်စိဖြင့် ကြည့်၍ မမြင်နိုင်ပေ။
အီလက်ထရွန်းနစ်
မြင်နိုင်ရန် အီလက်ထရွန်တန်းကို ဓာတ်ရည်ဖြင့် စီမံထားသောကားချပ်ပေါ်သို့ ကျရောက် စေရ၏။
အီလက်ထရွန်းနစ်
အီလက်ထရွန်တို့သည် တစ်ခုနှင့်တစ်ခု ထိခိုက်ကြရာမှ အလင်းရောင်ကို တစ်ခဏမျှ ထွက်ပေါ်လာစေ၏။
အီလက်ထရွန်းနစ်
ထိုအခါ သာမန်မျက်စိဖြင့်ကြည့်လျှင် အရာဝတ္ထု၏ အရိပ်ကို မြင်နိုင်ပေ သည်။
အီလက်ထရွန်းနစ်
အီလက်ထရွန် မိုက္ကရိုစကုပ် ပြုမူပုံ သဘောအတိုင်း ပြုလုပ် ထားသော အခြား အီလက်ထရွန်းနစ်ကိရိယာမှာ အီလက်ထရွန်း နစ် ဓာတ်ခွဲကိရိယာဖြစ်သည်။
အီလက်ထရွန်းနစ်
ထိုကိရိယာသည် ဓာတုဗေဒ ဆရာများအား များစွာ အကူ အညီပေးနိုင်ပေသည်။
အီလက်ထရွန်းနစ်
ထိုကိရိယာ ဖြင့် အလွန်ရှုပ်ထွေးစွာ ပေါင်းစပ်နေသော ဓာတ်ငွေ့များကို ခွဲ ထုတ်ယူနိုင် သည်။
အီလက်ထရွန်းနစ်
ကျွမ်းကျင်သော ဓာတုဗေဒဆရာတစ်စု ဓာတ်ခွဲရာ၌ ၁၅ နာရီခန့်ကြာသော အလုပ်ကို ထိုကိရိယာက ၁၅ မိနစ်ခန့်အတွင်း ပြီးစီးအောင် လုပ်နိုင်သည်။
အီလက်ထရွန်းနစ်
အီလက် ထရွန်းနစ်ဓာတ်ခွဲကိရိယာကို စပက်တြိုမီတာဟု လည်းခေါ် သည်။
အီလက်ထရွန်းနစ်
အမှန်အားဖြင့် အီလက်ထရွန်းနစ် သိပ္ပံပညာရပ်သည် စက်မှုလက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အိမ်မှုရေးရာလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ စသည် တို့တွင် အထူးအသုံးဝင်၍ အကျိုးထူးများကို ပေးစွမ်းနိုင် သည်။
အီလက်ထရွန်းနစ်
အနာဂတ်ကာလတွင် အီလက်ထရွန်းနစ်ကိရိယာ အများအပြား အသုံးချလာ နိုင်လျှင် လုပ်အား၊ အချိန်၊ ကုန်ကျ စရိတ်တို့သည် အံ့ဩဘွယ် သက်သာခွင့် ရရှိလာမည်မှာ အမှန်ပင် ဖြစ်လေသည်။
အီလက်ထရွန်းနစ်
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ကိုးကား Category:နည်းပညာ Category:အီလက်ထရွန်းနစ်။
ပထဝီဝင်
thumb|ကမ္ဘာ့မြေပုံ ပထဝီဝင် ဆိုသည်မှာ ကမ္ဘာမြေ နှင့်တကွသော အစိတ်အပိုင်းများ၊ ဆက်စပ် မှီတင်းသောအရာများ နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို လေ့လာသော ဘာသာရပ်တခုဖြစ်သည်။
ပထဝီဝင်
ကမ္ဘာမြေ၏ အစိတ်အပိုင်း (ရူပ ပထဝီဝင်) ဆိုရာ၌ တိုက်ကြီးများ၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်းများ နှင့် တောင်များ စသည်တို့ကို ဆိုလိုသည်။
ပထဝီဝင်
ဆက်စပ်မှီတင်းသောအရာများမှာ သက်ရှိများ ဖြစ်သော လူ တိရစ္ဆာန်များ သစ်ပင် စသည်များကို ဆိုလိုပြီး၊ သဘာဝပတ်ဝန်းကျင် ဆိုရာတွင် မိုးလေဝသ၊ လေမုန်တိုင်းများ၊ ဒီရေ၊ ငလျင် အစရှိသော သဘာဝဘေးအန္တရာယ် အကြောင်းအရာများ ပါဝင်သည်။
ပထဝီဝင်
ပထဝီဝင်ဘာသာရပ် ပညာရှင် တဦးသည် ပတ်ဝန်းကျင်ရှိ အရာများ၊ အကြောင်းအရာများ နှင့် ပတ်သက်၍ မည်သို့ စတင်ဖြစ်ပေါ်သည်၊ မည်သို့ ဆက်လက် ပြောင်းလဲ ဖြစ်ပေါ်သည် တို့ကို အမြဲမပြတ် လေ့လာသုံးသပ်သည်။
ပထဝီဝင်
ပထဝီဝင်ဘာသာရပ်သည် သဘာဝသိပ္ပံ ဘာသာရပ် (Ecology)၊ နှင့် လေ့လာမှုနယ်ပယ် တူညီမှုများ ရှိသော်လည်း မတူ ကွဲပြားခြားနားသည်။
ပထဝီဝင်
သဘာဝသိပ္ပံပညာရှင်များက အနာဂတ် ဖြစ်ရပ်များအပေါ် ခန့်မှန်း တွက်ချက်မှုများ ပြုနေစဉ်တွင် ပထဝီဝင်ပညာရှင်များက မည်သို့ စတင်ကာ မည်သို့ ပြောင်းလဲဖြစ်ပေါ်လာကြောင်းကို ဖြေရှင်းနိုင်ရန် စူးစမ်းရှာဖွေကြသည်။
ပထဝီဝင်
သဘာဝ သိပ္ပံပညာရှင်များသည်လည်း ၎င်းတို့၏ ခန့်မှန်း တွက်ချက်မှုများအတွက် ပထဝီဝင် ပညာရှင်များကဲ့သို့ လေ့လာကြရသည်။
ပထဝီဝင်
ပထဝီဝင် (Geography) သည် ဂရိဘာသာစကား (gêeo= Earth) + (graphein = to write) မှ ဆင်းသက်လာသော စကားဖြစ်သည်။
ပထဝီဝင်
မြန်မာမှု ပြုထားသော ပထဝီဝင်ဆိုသည်မှာ (ပထဝီ(ပါဠိ) = မြေ သို့မဟုတ် ကမ္ဘာ) + (ဝင်= ဝံသ(ပါဠိ)=အကြောင်းအရာ) ဟူသော စကားမှ ဆင်းသက်သည်။
ပထဝီဝင်
ပထဝီဝင်ဟူသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်အကြောင်းကို အထူးဂရုပြု၍ လေ့လာသော သိပ္ပံပညာဖြစ်သည်။
ပထဝီဝင်
ကမ္ဘာ မျက်နှာပြင်အကြောင်းကို လေ့လာရာ၌ ပထဝီပညာရှင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားပုံများကို စူးစမ်းရှာဖွေ၍၊ အကျိုးအကြောင်းနှင့် ရှင်းလင်းဖော်ပြသည်။
ပထဝီဝင်
ဤကမ္ဘာ့ မျက်နှာပြင်ကို ကြည့်ရှုရာ၌ မြေပြင်တစ်ခုတည်းကို သာမက၊ ယင်းအပေါ်တွင် တည်ရှိနေသော ပါးလွှာသော လေထုနှင့် ယင်းအောက်တွင် တည်ရှိနေသော ရေထုတို့ကိုပါ ထည့်သွင်း၍ ကြည့်ရှုသည်။
ပထဝီဝင်
ယင်းသည့် လေထု၊ မြေထု၊ ရေထုတို့ တွေ့ဆုံရာ ရပ်ဝန်းအတွင်း၌သာ သက်ရှိသက်မဲ့တို့ “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ” ဆိုသကဲ့သို့၊ တစ်ခုနှစ်တစ်ခု အမှီပြု လျက် ဆက်သွယ်ကာ တည်ရှိနေကြသည်။
ပထဝီဝင်
ဤကဲ့သို့ ပုံစံ အမျိုးမျိုးဖြင့် ပေါင်းစပ် တည်ရှိနေကြခြင်းကြောင့်လည်း ကမ္ဘာမျက်နှာပြင်တွင် မြေပြင်လက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
ပထဝီဝင်
ခေတ်သစ်ပထဝီဝင်၏ အဓိက ရည်ရွယ် ချက်မှာ ကမ္ဘာ့မျက်နှာပြင် တစ်စိတ်တစ်ဒေသတော် သို့မဟုတ် တစ်ခုလုံးတွင်သော်လည်းကောင်း ဖြစ်ပေါ်တည်ရှိနေသော အကြောင်း ချင်းရာ အမျိုးမျိုးတို့ကို စုပေါင်း လေ့လာရန်ဖြစ်သည်။
ပထဝီဝင်
ထိုကြောင့် ပထဝီဝင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေအသီးသီးတွင် မည်ကဲ့သို့ အသွင်အပြင်ရှိသည်၊ အရပ်ဒေသ တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ခြားနားသည်။
ပထဝီဝင်
သို့မဟုတ် ဆင်တူသည်၊ အဘယ် ကြောင့် ဤကဲ့သို့ ဖြစ်ကြရသည် အစရှိသည်တို့ကို လေ့လာ ပေသည်။
ပထဝီဝင်
ကမ္ဘာပေါ် သက်ရှိသက်မဲ့တို့၏ တစ်ခုနှစ်တစ်ခု ဆက်သွယ်လျက် တည်ရှိနေကြ၏။
ပထဝီဝင်
ပုံစံပြရသော် ငါးသည် သက်ရှိသတ္တဝါ ဖြစ်သော်လည်း၊ အသက်မရှိသော ရေ၌သာ တည်နေနိုင်သည်။
ပထဝီဝင်
ထို့အတူ အသက် ရှိသော သစ်ပင်သည် အသက်မရှိသော မြေဆီလွှာ၌သာ ကြီးပွားရှင်သန်နိုင်သည်။
ပထဝီဝင်
ငါးကို ရေမှ ထုတ်ယူ လိုက်လျှင်သော်လည်းကောင်း၊ သစ်ပင်ကို မြေမှ ထုတ်ယူလိုက်လျှင်သော်လည်းကောင်း မကြာမီ သေကျေပျက်စီးသွားလိမ့် မည်။
ပထဝီဝင်
ဤအကြောင်းကို ထောက်ရှုခြင်းဖြင့် သက်မဲ့တို့သည် သက်ရှိတို့အတွက် များစွာအရေးကြီးကြောင်းကို သိရှိရသည်။
ပထဝီဝင်
သဘာဝပထဝီသည် လူနှင့်သက်ရှိသတ္တဝါတို့၏ နေထိုင် စားသောက်ရေးကို များစွာပြုပြင် ဖန်တီးပေးနိုင်သည်။
ပထဝီဝင်
လူနှင့်သက်ရှိသတ္တဝါတို့ကလည်း မိမိတို့ကိုယ်ကို သဘာဝ ပတ်ဝန်းကျင်အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင်၍ နေထိုင်လုပ်ကိုင်စားသောက်လာကြသည်။
ပထဝီဝင်
ထိုကြောင့် ပထဝီဝင်ကို လေ့လာရာ၌ သဘာဝပထဝီနှင့် သက်ရှိတို့၏ အကြောင်းကိုသာမက၊ ယင်းတို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ် နေပုံကိုလည်း လေ့လာရသည်။
ပထဝီဝင်
သက်ရှိတို့သည် သဘာဝပတ်ဝန်းကျင်အခြေအနေ၏ ပြုပြင်ဖန်တီးမှုကြောင့် ပြောင်းလဲလာကြရသည်။
ပထဝီဝင်
ထိုနည်းအတူ သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည်လည်း လူ၊ တိရစ္ဆာန်၊ သစ်ပင်တို့၏ ပြုပြင်မှုကြောင့် ပြောင်းလဲလာကြသည်။
ပထဝီဝင်
ရှေးအခါက သက်ရှိတို့သည် သဘာဝပထဝီ၏ ပြုပြင်မှု အတိုင်း လိုက်နာခဲ့ကြရသည်။
ပထဝီဝင်
ပုံစံအားဖြင့် ရေခဲခေတ်အတွင်း၌ ဝင်ရိုးစွန်းအရပ်မှ ဆင်းသက်လာသော ရေခဲပြင်ကြီးများ၏ ဒဏ်ကြောင့် နေရာ အများအပြား၌ သက်ရှိပေါင်းများစွာ ကွယ်ပျောက်ကုန်ကြသည်သာမက၊ လူနှင့် တိရစ္ဆာန်များစွာ တို့သည် ပူနွေးသော အီကွေတာဘက်ရှိ အရပ်တို့သို့ စုရုံးခိုလှုံခဲ့ကြရလသည်။
ပထဝီဝင်
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် လည်း သက်ရှိများ သေကျေပျက်စီးကြရလေသည်။
ပထဝီဝင်
ပုံစံအားဖြင့် ရာသီဥတု ခြောက်သွေ့လာခြင်းကြောင့် မြောက်အမေရိကတိုက်ရှိ သက်ရှိများ အများအပြားပျက်စီးခဲ့ကြရသည်။
ပထဝီဝင်
နိုင်းမြစ်ဝှမ်းနှင့် အိုးအေးစစ် အရပ်ကဲ့သို့ ရေကို အလွယ်တကူ ရနိုင်သော နေရာများသို့ ပြောင်းရွှေ့နေနိုင်သော လူနှင့် တိရစ္ဆာန်များ လောက်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
ပထဝီဝင်
မပြောင်းရွှေ့နိုင်သော သစ်ပင်များနှင့် လျင်မြန်စွာ မပြေးလွှား နိုင်သော သတ္တဝါများသည် ကမ္ဘာ့အခြေအနေလျင်မြန်စွာ ပြောင်းလဲတိုင်း ပျက်စီးကြရသည်။
ပထဝီဝင်
အသိပညာ တိုးပွား၍ ယဉ်ကျေးလာသောအခါများ၌ပင်လျှင် လူတို့သည် သဘာဝ၏ ပြုပြင်စီမံမှုကို များစွာခံနေကြရသေး သည်။
ပထဝီဝင်
သဘာဝအကြောင်းကို အနည်းငယ်သိနားလည်၍ ထိန်းကြပ်လာနိုင်သောအခါ ကျမှသာလျှင် လူသည် မိမိတို့ ကိုယ်ကို ပတ်ဝန်းကျင်အခြေအနေများနှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင်လာတတ်ကြသည်။
ပထဝီဝင်
အီဂျစ်လူမျိုးတို့သည် ခြောက်သွေ့သော လယ်ယာများတွင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် အတွက် နိုင်းမြစ်မှရေကို ရေမြောင်းများဖြင့် သွယ်ယူ၍ အသုံးပြုခဲ့ကြသည်။
ပထဝီဝင်
ဤသို့လျှင် လူတို့သည် မိမိတို့ကိုယ်ကို သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင် ကြရသောကြောင့် ကျွန်ုပ်တို့သည် သဘာဝပထဝီအကြောင်းကို မသိရှိပါက၊ လူတို့၏ နေထိုင် လုပ်ကိုင်စားသောက်ကြပုံ၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြပုံ၊ တစ်ဦးနှင့် တစ်ဦး စစ်ဖြစ်ကြပုံ၊ မိတ်ဖွဲ့ကြပုံမှအစ ယင်းတို့၏ ယဉ်ကျေးမှုနှင့် လက်မှုစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာကြပုံများကို သိနားလည်ရန် ခဲယဉ်းပေလိမ့်မည်။
ပထဝီဝင်
ကျွန်ုပ်တို့သည် ပထဝီကိုသိပါက တစ်ခုသောဒေသ၌ တစ်ခုသော ကာလအပိုင်းအခြားအတွင်း လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက်ကြသည်။
ပထဝီဝင်
စီမံအုပ်ချုပ်ကြသည်။
ပထဝီဝင်
စသည်တို့ကို ခန့်မှန်းကြည့်နိုင်ကြ ပေသည်။
ပထဝီဝင်
ပုံစံအားဖြင့် နိုင်းမြစ်ဝှမ်းကဲ့သို့ ကျယ်ပြန့်သော လွင့်ပြင်၍ သူပုန်များ ခိုအောင်းရန် နေရာမရှိ ခြင်းကြောင့် လျင်မြန်စွာ ရွှေ့ပြောင်း သွားလာနိုင်သော စစ်တပ်အနည်းငယ်ဖြင့်ပင် အလွယ်တကူ ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ရာ ထိုဒေသမျိုးတွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သော အစိုးရမျိုး ပေါ်ပေါက် ထွန်းကားနိုင်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
ပထဝီဝင်
ထိုနည်းတူ စွာပင် တောတောင်ထူထပ်သော ဂရိနိုင်ငံ၊ စကော့တလန်ပြည်၊ အာဖဂနိစတန်နိုင်ငံ စသည်တို့၌ နေထိုင်ကြသည့် ရှေးကျသော တောင်ပေါ်သားများအဖို့ လွတ်လပ်စွာ နေထိုင်လိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်ပွားများလာရန် အခွင့်ကောင်း ရရှိခဲ့ကြ မည်ကိုလည်း ခန့်မှန်းကြည့်နိုင်ပေ သည်။
ပထဝီဝင်
ဤအကြောင်းများကို ထောက်ပြီးလျှင် ပထဝီဝင်သည် လူတို့၏စိတ်ဓာတ်ကို ပြုပြင်ပေးသည်ဟုကား တထစ်ကျ မယူဆထိုက်ပေ။
ပထဝီဝင်
အကြောင်းမူကား၊ မည်သည့်နေရာ၌မဆို အာဏာရှင်စံနစ်ကို မုန်းတီးသော စိတ်ဓာတ်များ ပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပေသည်။
ပထဝီဝင်
သို့ရာတွင် ရှေးနှစ်ပေါင်း များစွာကမူ တောင်တန်းများသည် တောင်ပေါ်သားတို့အား လွတ်လပ်စွာနှင့် ဖျတ်လတ်စွာ နေထိုင်နိုင်အောင် ဖန်တီးပေးခဲ့ ကြလေသည်။
ပထဝီဝင်
ယခုအခါမူကား သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည် လူတို့၏ နေထိုင်လုပ်ကိုင်မှုကို ရှေးအခါ ကလောက် ပြုပြင် မပေးနိုင်ကြတော့ချေ။
ပထဝီဝင်
အစဉ်အလာအားဖြင့် သဘာဝ အခြေအနေတို့သည် ဆိပ်ကမ်း တည်နေရာများကို သတ်မှတ် ပေးလေသည်။
ပထဝီဝင်
သို့ရာတွင် ယခုခေတ်၌ လူတို့သည် လေယာဉ် ဆိပ်များကို မိမိတို့ အလိုရှိသောနေရာများ၌ ဆောက်လုပ်နိုင်ခဲ့ ကြပြီ။
ပထဝီဝင်
ခြောက်သွေ့သော သဲကန္တာရအရပ်များ၌ပင်လျှင် ရေသွင်းယူ၍ စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကြပြီ။
ပထဝီဝင်
ရာသီဥတု ကောင်းမွန်သောဒေသများ၌ အကယ်၍ မြေဆီလွှာ မကောင်း ပါက ကောင်းအောင် ပြုပြင်ပေးတတ်ကြပြီ။
ပထဝီဝင်
သဘာဝပတ်ဝန်း ကျင်နှင့် လူတို့၏ နေထိုင်လုပ်ကိုင် စားသောက်မှုတို့သည် ယခင်ကကဲ့သို့ပင် တစ်ခုနှင့်တစ်ခုဆက်လက်၍ ဆက်စပ်တည်ရှိ နေကြသော်ငြားလည်း၊ တစ်ကြိမ်တစ်ခါက သဘာဝတရား၏ ပြုပြင်မှုကို တသွေမတိမ်းလိုက်နာခဲ့ကြရသော လူတို့သည် အသိပညာတိုးပွားလာသည်နှင့်အမျှ၊ သဘာဝပတ်ဝန်းကျင်ကို တဖြည်းဖြည်း စိုးမိုးပြုပြင်၍ နေထိုင်လာနိုင်ခဲ့ကြလေသည်။
ပထဝီဝင်
ဤကဲ့သို့ လူတို့က သဘာဝပတ်ဝန်းကျင်ကို များစွာ ပြုပြင် ပြောင်းလဲလာနိုင်ခဲ့ခြင်းကြောင့်လည်း၊ ပထဝီဝင်သည် လူတို့အဖို့ ယခင်ကလောက် အရေးမကြီးတော့ဟုထင်မြင်လာကြ လေသည်။
ပထဝီဝင်
သဘာဝတရားကို ပြုပြင်နိုင်သော လူတို့၏ စွမ်းရည်ကို ချီးကျူးထိုက်သည်မှန်ပါ၏။
ပထဝီဝင်
သို့ရာတွင် ငလျင်လှုပ် ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း စသည်တို့သည် နှစ်ပေါင်း များစွာက တည်ဆောက်လာခဲ့သော အိုးအိမ်တိုက်တာများ၊ လုပ်ငန်းဆောင်တာများနှင့်တကွ လူ့အသက်ပေါင်း အများ အပြားကိုပင်လျှင် တစ်ခဏချင်း ပျက်စီးစေနိုင်ပေသည်။
ပထဝီဝင်
ထို့ပြင် ခြောက်သွေ့သော ကန္တာရအရပ်၊ အလွန်ဧမြသော တန်ဒြာအရပ်၊ ပူအိုက်စိုစွတ်သော အီကွေတာ သစ်တော အရပ်တို့တွင် လူတို့ သည် သဘာဝအခြေအနေကို ပြုပြင်၍ နေထိုင်နိုင်ကြသည်ဟု ဆိုသော်လည်း၊ လေမရှိသော လဗိမာန်တွင်မူကား ကြာရှည်စွာ နေနိုင်မည် မဟုတ်ချေ။
ပထဝီဝင်
ထိုကြောင့် ပတ်ဝန်းကျင် အခြေအနေ များကို လူတို့သည် မည်မျှလောက်ပင် ပြုပြင်ပြောင်းလဲနိုင်ကြ သည်ဆိုစေကာမူ၊ ပထဝီဝင်သည် လူ့လုပ်ငန်းဆောင်တာများကို အစဉ် ထာဝရ သတ်မှတ်ပေးနေပေလိမ့်ဦးမည် ဖြစ်ပေသည်။
ပထဝီဝင်
ပထဝီဝင် ဗဟုသုတ တိုးပွားလာပုံ လူတို့ အရပ်တစ်ပါးသို့ စတင်ခရီးထွက်သည့်အချိန်မှ စ၍၊ ပထဝီဝင် ဗဟုသုတ တိုးပွားလာခဲ့သည်။
ပထဝီဝင်
ကမ်းခြေအနီးတွင် နေထိုင်သော လူရိုင်းတို့သည် တောင်ပေါ်အရပ်သို့ သွားရောက် ၍၊ တောင်ပေါ်မုဆိုးများ ထံမှ သားရေများကို ယင်းတို့ ယူဆောင်သွားသော ဆားများဖြင့် လဲလှယ်ခဲ့ကြသည်။
ပထဝီဝင်
ဤကဲ့သို့ သွားရောက် လည်ပတ်ခြင်းဖြင့်၊ မိမိတို့နှင့် နေပုံ ထိုင်ပုံ စရိုက် သဘာဝချင်း မတူသော သူများ၏အကြောင်းကို သိရှိလာကြသည်။
ပထဝီဝင်
ဤနည်းဖြင့် လူတို့၏ ပထဝီဝင် ဗဟုသုတ တဖြည်းဖြည်း တိုးပွားလာခဲ့လေသည်။
ပထဝီဝင်
ဂရိလူမျိုးတို့သည် ပထဝီဝင်ကို ပထမဆုံး စတင်လေ့လာ သူများ ဖြစ်ကြသည်။
ပထဝီဝင်
မိမိတို့နေထိုင်သော တိုင်းပြည်အနီးရှိ ပင်လယ်ကမ်းရိုးတန်းများကို သိရှိ၍၊ မြေပုံများဖြင့် မှတ်သားခဲ့ ကြသည်။
ပထဝီဝင်
မြေထဲပင်လယ်ကို ရွက်လှေကြီးများဖြင့် ဖြတ်သန်း၍၊ အာဖရိကတိုက် အတွင်းသို့ ကုန်းကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ ကြသည်။
ပထဝီဝင်
ဂရိ ပထဝီပညာရှင် အာရတိုးစသနီးဆိုသူက ကမ္ဘာ သည် အဝန်းမိုင် ၂၅ဝဝဝဝ ရှိသည်ဟု ဘီစီ ၂၀ဝ လောက်က ပင် တွက်ချက်တင်ပြခဲ့သည်။
ပထဝီဝင်
ထိုဂရိလူမျိုးတို့သည် အယ်လက် ဇန္ဒာဘုရင်ကြီးလက်ထက်၌ အိန္ဒိယမြောက်ပိုင်း အိန္ဒုလွင်ပြင် သို့ပင် ရောက်ရှိခဲ့ကြလေသည်။
ပထဝီဝင်
အီဂျစ်လူမျိုးနှင့် ဖီနီရှန် လူမျိုး တို့သည် ဂရိလူမျိုးတို့ထက်အလျင် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် နယ်ချဲ့ခဲ့ကြသည် မှန်၏။
ပထဝီဝင်
သို့ရာတွင် ဂရိလူမျိုးတို့ကသာ လူအများ၏ နေထိုင်လုပ်ကိုင် စားသောက်မှု ကွဲပြားခြားနား ပုံကို သိလိုကြသောကြောင့်၊ မိမိတို့ တွေ့မြင်သမျှကို ရေးယူ မှတ်သားခဲ့ကြသည်။
ပထဝီဝင်
ဤအချက်ကြောင့်ပင် ထိုဂရိလူမျိုးတို့ကို ပထမဆုံး ပထဝီပညာရှင်များဟု ကျွန်ုပ်တို့ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ပထဝီဝင်
ရောမလူမျိုးတို့သည် မြေပုံကို အများဆုံး စတင် အသုံးပြုကြသူများ ဖြစ်သည်။
ပထဝီဝင်
ယင်းတို့သည် ပင်လယ်နှင့် မြို့များ၏ အကွာအဝေးကို တိုင်းတာပြီးလျှင် မြေပုံတွင် တိကျ မှန်ကန်စွာ ထည့်သွင်းပေးခဲ့ကြလေသည်။
ပထဝီဝင်
ဂရိလူမျိုး ပထဝီပညာရှင် စတြားဗိုး (၆၄ ဘီစီ-၂၀ အေဒီ) ရေးသားခဲ့သော စာမူအားလုံးသည် ထိုအချိန် အခါက သိရှိခဲ့ သော ကမ္ဘာအကြောင်းကို ဖော်ပြထားခြင်းကြောင့် အစိုးရ အရာရှိများ၊ စစ်သေနာပတိများအတွက် များစွာ အသုံးဝင်လေ သည်။
ပထဝီဝင်
တော်လမီ (၁၂၇-၁၅၁ အေဒီ) သည် ဂရိပထဝီဝင် ပညာရှင်များ စုပေါင်း ရေးသားခဲ့သည်။
ပထဝီဝင်
မြေပုံများကိုလည်း လတ္တီတွဒ်၊ လောင်ဂျီတွဒ် မျဉ်းများဖြင့် ရေးဆွဲနိုင်ရန် အားထုတ်ခဲ့သည်။
ပထဝီဝင်
ပထဝီဝင်ကိုလေ့လာရာ၌ တစ်ကမ္ဘာလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ ဒေသတခုခုကို သော်လည်းကောင်း ခွဲခြား၍ လေ့လာနိုင်ကြောင်းကို တော်လမီက စတင် ဖော်ပြခဲ့သည်။
ပထဝီဝင်
ဤကဲ့သို့ ဂရိနှင့်ရောမလူမျိုးတို့ စတင်ရှာဖွေစုဆောင်းခဲ့ သော ပထဝီဝင် ဗဟုသုတများသည် အလယ်ခေတ်ဦးပိုင်း လောက်တွင် များစွာပျောက်ကွယ်ဆုံးရှုံးခဲ့ကြသည်။
ပထဝီဝင်
ထိုအချိန် အခါ၌ အာရေဗျနှင့် အာဖရိက မြောက်ပိုင်းရှိ အာရပ်လူမျိုး တို့ကသာလျှင် ပထဝီဝင်ကို အတော်အတန် လေ့လာခဲ့ကြသည်။
ပထဝီဝင်
အာရပ် လူမျိုး တို့သည် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာဖရိက အရှေ့ ကမ်းခြေအရပ်များကို ရောက်အောင် ကူးသန်းရောင်းဝယ် ခဲ့ကြသောကြောင့် ၁၀ ရာစုနှစ် မတိုင်မီကပင် အိန္ဒိယ သမုဒ္ဒရာနှင့် အာဖရိက အတွင်းပိုင်းအကြောင်းများကို အတော် အတန် သိရှိခဲ့ကြသည်။
ပထဝီဝင်
ကမ္ဘာလုံးသည့်အကြောင်းကို ဂရိ လူမျိုးတို့ နည်းတူ သိရှိခဲ့ကြသည်။
ပထဝီဝင်
အာရပ် ပထဝီပညာရှင်တို့သည် ဂရိနှင့် ရောမလူမျိုးများ ရေးသားခဲ့သော ပထဝီဝင်ကို ဆက်လက် လေ့လာပြီးလျှင်၊ မိမိတို့ ရရှိထားနှင့်သော ဗဟုသုတများနှင့် ပေါင်းစပ် လေ့လာ ကြလေသည်။
ပထဝီဝင်
သဘာဝ ပထဝီဝင်နှင့် သမိုင်းပထဝီဝင်ကို အထူးဂရုပြု၍ လေ့လာသော်လည်း မြေပုံကို ဆွဲအတတ်ကိုမူ မကျွမ်းကျင်နိုင်ကြပေ။