title
stringlengths 1
87
| text
stringlengths 1
646k
|
|---|---|
သမိုင်း
|
အစမှာဖြစ်စေ၊ အဆုံးမှာဖြစ်စေ သမိုင်းဟူသောစကား များသောအားဖြင့်ပါရှိတတ်သည်။
|
သမိုင်း
|
ပုံစံအားဖြင့်သမိုင်းတန်ဆောင်၊ ကမ္ပည်းဆောင်အံ့၊ ဉာဏ်ရောင်ဖြန့်ချိ၊နှိုင်းချိန်ညှိလော့၊လောကီအရာ စသည်ဖြင့် သမိုင်း လင်္ကာမှန်းသိအောင် သမိုင်းဆိုသည့်ပုဒ်ကို ထည့်စပ်လေ့ရှိကြသည်။
|
သမိုင်း
|
သမိုင်းဟူသည့်ပုဒ်ကိုလင်္ကာ၏ အလယ်၌သမိုင်းမှန်းသိအောင်ထည့်သွင်းစပ်ဆိုသည်လည်းရှိသည်။
|
သမိုင်း
|
ပုံစံအားဖြင့်စစ်ကိုင်းမြို့ သမိုင်းလင်္ကာတွင် ရန်မာန်ပယ်ခိုင်း၊မြို့စစ်ကိုင်း၏၊သမိုင်းလင်္ကာ၊ ဂုဏ်ကိုးဖြာအား ဟူ၍လည်းကောင်း၊ ရှင်ပင်သက်တော်ရဘုရားသမိုင်းတွင် မင်္ဂလာ ထုံးဆောင်၊ကပ်လုံးပြောင်စိမ့်၊ အခေါင်သာနှိုင်း၊ တပေါင်လှိုင်း၍၊တိုင်းမြန်မာပြည်၊ သမိုင်းရှည်ဖြင့်၊ ငါးမည်အင်စုံ ဟူ၍လည်းကောင်း အသီးသီးစပ်ဆိုကြသည်။
|
သမိုင်း
|
အချို့သမိုင်းလင်္ကာစာကိုယ်များ၌မူ သမိုင်းဟူသောစာပုဒ်လုံးဝ မပါပဲလည်းရှိတတ်သည်။
|
သမိုင်း
|
ပုံစံအားဖြင့်ပုဂံပညာရှိမွန်း ကိုဆိုပုဂံမြို့ရှိဂူဘုရားစဉ်သမိုင်းလင်္ကာ၌မဉ္ဇူဘုန်းတော်၊ သောင်း လုံးကျော်သည်၊ ထိပ်ပေါ်အထွတ်၊ရွှေနားညွတ်လော့၊ ရိမဒ်ပေါက္ကံ၊ တမ္ပဝတီ၊ သီရိပစ္စယာ၊ ပုဏ္ဏဂါမ၊ပုဂါမမည်၊ ဤငါးပြည်၌၊ ဆက်ရှည်စံပယ်၊ ငါးဆယ်နှင့်ငါး၊ နရဖျားတို့၊တည်ထားပြုစု၊ ကောင်းမှုစေ့မျိုး၊ကြဲစိုက်ပျိုးသည်၊ ပုထိုးစေတီ၊လက်ချောင်းစီသို့ရ၍ ဤဖွယ်တည့်၊ များစွာရှိလည်း၊ တွေ့မိသ၍၊ မစုံစေ့ခဲ့၊ ဘုန်းဟေ့နတ်လူ၊ဉာဏ်တံချူဖြင့်၊ ဆွတ်ယူစိမ့်ငှာ၊ထိပ်ချာတင်ရွက်၊ သီကုံးဆက်သည်၊ရွှေခွက်သောတာရုံဘုရားဟူ၍ဖြစ်သည်။
|
သမိုင်း
|
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သမိုင်းမဝင်၊ စာမတင် သမိုင်းမဝင်၊ စာမတင်၊ ရွာပင်မခေါ်ရ ဟူသော စကားတစ်ရပ် ရှိသည်။
|
သမိုင်း
|
မည်သည့်မြို့ မည်သည့်ရွာ ဖြစ်စေ သမိုင်း ခေါ် ဖြစ်စဉ်ကမူ ရှိမြဲဖြစ်သည်။
|
သမိုင်း
|
လူတို့က မသိ၍သာ မြုပ်ကွယ်နေမည်။
|
သမိုင်း
|
ဖြစ်စဉ်သမိုင်းကမူ ရွှံ့အိုင်အတွင်း၌ အနားယူနေသော ပတ္တမြား ရတနာသဖွယ် ဖြစ်ရာသည်။
|
သမိုင်း
|
သမိုင်း ဟူသော ဝေါဟာရကို မြန်မာဘာသာ စစ်စစ်ဟု ဆိုသူတို့က သမိုင်း (မိုင်း = ကြီးမား) သိဖွယ်ရာကြီး တစ်ရပ်ဟု အဓိပ္ပာယ်ဆိုသည်။
|
သမိုင်း
|
သမိုင်းဆိုလျင် သိရမည်။
|
သမိုင်း
|
သိအောင်ပြုရမည်ဟု ဆိုလိုသည်။
|
သမိုင်း
|
သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်သည်ဟု ဆိုသူတို့က သမုတိ ဟူသော ပုဒ်မှလည်းကောင်း၊ သမ္မုတိ ဟူသော ပုဒ်မှလည်းကောင်း ဖြစ်သည်ဟု ဆို၏။
|
သမိုင်း
|
သမုတိမှ သံ - မညတေတိ၊ သမုတိ၊ သမ္မုတိမှ သမ္မနနံ-သမ္မုတိ ဟု ဝိဂြိုဟ် အသီးသီးဆိုကာ - သံပုဗ္ဗ မနဓာတ်ဖြင့် ကောင်းစွာသိခြင်းကိုချည်း ပြသည်။
|
သမိုင်း
|
သို့သော် သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်ခြင်း မဟုတ်ဟု ယူဆကာ ပါဠိပညာရှင်များက သမုတိ၊ သမ္မုတိ များဖြင့် အဓိပ္ပာယ် မဖော်လိုကြပေ။
|
သမိုင်း
|
နာမည်ကျော် ပါဠိသက် အဘိဓာန်များကလည်း ယင်းကို လျစ်လျူရှုခဲ့ကြသည်။
|
သမိုင်း
|
သမိုင်းဟူသည် သိမှတ်ဖွယ်ရာ စာပေ, ကဗျာဖြစ်၍ မသိမဖြစ်၊ သိကိုသိရမည့်၊ မှတ်ကို မှတ်ရမည့် အကြောင်းအရာများပင် ဖြစ်သည်။
|
သမိုင်း
|
ဘုရားသမိုင်း၊ ကျောင်းသမိုင်း၊ မြို့သမိုင်း၊ ရွာသမိုင်း၊ လူ့သမိုင်း၊ အဖွဲ့အစည်းသမိုင်း၊ အသင်းအပင်းသမိုင်း၊ စာပေသမိုင်း စသည့် အဆောက်အအုံ မြို့ရွာ အရာဝတ္ထု အစုအစည်း အားလုံး၏ သိမှတ်ဖွယ်ရာ ရှေးအစူအစဉ်များပင် ဖြစ်ကြောင်း ထင်ရှားလှပါသည်။
|
သမိုင်း
|
ထို့ကြောင့် မြန်မာနိုင်ငံတွင် သမိုင်းဟူသည် မြန်မာစာပေ၌ အရေးကြီးသော အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်လာရသည်။
|
သမိုင်း
|
မြန်မာစာပေအတွင်းမှ သမိုင်းဟူသည်ကို နုတ်လိုက်လျှင် လက်ကျန်အနည်းငယ်မျှသာ ကြွင်းကျန်လိမ့်မည်ဟု ယူဆရပေသည်။
|
သမိုင်း
|
သမိုင်းကိုလည်း မြန်မာစာပေမှ အဆီညှစ်၍ အနှစ်ကို ထုတ်ကာ ရွေးကောက်ရသည် ဖြစ်ရာ စာပေနှင့် သမိုင်းသည် မကင်းရာ မကင်းကြောင်းပင် ဖြစ်သည်။
|
သမိုင်း
|
သမိုင်းမဝင်၍ စာမတင်ခဲ့သလို၊ စာမတင်ခဲ့၍လည်း သမိုင်းဟူ၍ မဝင် မဖြစ်ပေါ်သည်လည်း ရှိသည်။
|
သမိုင်း
|
သမိုင်းဝင်ပါလျက် စာမတင်၍လည်း သမိုင်းအစပျောက်ကာ နောက်လူတို့ မသိမမြင်ကြရသည်ကလည်း ရှိပေသည်။
|
သမိုင်း
|
အမှန်အားဖြင့်ဆိုသော် ဤအချက်က ပို၍များ၏။
|
သမိုင်း
|
စာမတင်ခဲ့ရ၍ သမိုင်းမဖြစ်ခဲ့ရသည်မှာ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး အများအပြားဖြစ်၏။
|
သမိုင်း
|
ဆင်ကျုံးဆရာတော် ရေးသားပြုစုသည့်၊ ရမည်းသင်းခရိုင်သမိုင်းနှင့် ရမည်းသင်း ရာဇဝင်၊ ဒုကြိမ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ စာ-၇ ကိုးကား Category:သမိုင်း ကဏ္ဍ:ပင်မ အကြောင်းအရာ ဆောင်းပါးများ။
|
ပုဂံခေတ်
|
ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ မြန်မာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။
|
ပုဂံခေတ်
|
ပျူတို့နောက်တွင် ပထမဆုံးမြန်မာဘုရင့်နိုင်ငံကို တည်ထောင်နိုင်ခြင်းဖြစ်သည်။
|
ပုဂံခေတ်
|
ပုဂံခေတ်ကို မြန်မာအစိုးရက ပထမမြန်မာနိုင်ငံတော်အဖြစ် သတ်မှတ်ထားသည်။
|
ပုဂံခေတ်
|
ပုဂံခေတ်ကာလကို သက္ကရာဇ် ၄၀၆-ခုမှ ပင်းယမြို့တည်သည့် သက္ကရာဇ် ၆၇၄-ခုအထိ သတ်မှတ်သည်။
|
ပုဂံခေတ်
|
ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ (ကြာ = ၂ ၊ အိုး = ၁ ၊ အံ = ၁) ၂၁၁-ခုနှစ်၌ တည်ထောင်သည်။
|
ပုဂံခေတ်
|
ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၅ အစဦးတွင် မြန်မာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။
|
ပုဂံခေတ်
|
သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ဒဏ္ဍာရီလာသာဖြစ်ပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ (စတင်တည်ထောင်သူ သမုဒ္ဓရာဇ်မင်းမှစ၍ပုဂံပြည်ပျက်သုဉ်းသည့် စောမွန်နစ်မင်းအထိ ပုဂံမင်းဆက် ၅၅ ဆက်ရှိသည်ဟုအဆိုရှိသည်) အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။
|
ပုဂံခေတ်
|
ပုဂံပြည်နှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။
|
ပုဂံခေတ်
|
သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။
|
ပုဂံခေတ်
|
၎င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ မင်းများလက်ထက်တွင် တစ်ဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တစ်ဖန်ကျဆင်းသွားရပြန်သည်။
|
ပုဂံခေတ်
|
နောက်ဆုံး အေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် မင်းခွေးချေးခေါ်တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။
|
ပုဂံခေတ်
|
မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုပ်သိမ်းအပြီး နန်းတက်ကြသည့် ကျစွာ၊ စောနစ်၊ စောမွန်နစ်တို့မှာ ရှမ်းညီနောင်သုံးဦး လက်အောက်ခံပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ တို့ဖြစ်ကြသည်။
|
ပုဂံခေတ်
|
အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ် (သို့မဟုတ်) ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။
|
ပုဂံခေတ်
|
ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ ရှမ်းလူမျိုးများ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တချို့က သုံးသပ်ကြသည်။
|
ပုဂံခေတ်
|
မင်းဆက်များ ပါးစပ်ရာဇဝင်များအရ ပုဂံမင်းဆက်သည် ပျဉ်ပြားမင်းကစခဲ့သည်၊ ၅၅ ဆက်ရှိသည်ဟု ဆိုသော်လည်းသမိုင်းမှတ်တမ်းများကို ခိုင်မာသည်ဟုယူဆရသော ကာလမှစကာ နန်းတက်သည့် ပုဂံမင်းဆက်မှာ အောက်ပါအတိုင်းဖြစ်သည်။
|
ပုဂံခေတ်
|
ကွမ်းဆော်ကြောင်ဖြူ (နန်းတက်နှစ် အေဒီ ၉၆၄) ကျဉ်စိုး (နန်းတက်နှစ် အေဒီ ၉၈၆) စုက္ကတေး (နန်းတက်နှစ် အေဒီ ၉၉၂) အနော်ရထာမင်း (နန်းတက်နှစ် အေဒီ ? ၁၀၄၄ - ? ၁၀၇၇) စောလူး (နန်းတက်နှစ် အေဒီ ၁၀၇၇ - ၁၀၈၄) ကျန်စစ်သား (နန်းတက်နှစ် အေဒီ ၁၀၈၄ - ၁၁၁၃) အလောင်းစည်သူ (နန်းတက်နှစ် အေဒီ ၁၀၉၂ - ၁၁၆၇) နရသူ (နန်းတက်နှစ် အေဒီ ၁၁၆၀ - ? ၁၁၆၅) နရသိင်္ခ (နန်းတက်နှစ် အေဒီ ၁၁၇၀) နရပတိစည်သူ (နန်းတက်နှစ် အေဒီ ၁၁၇၃) ထီးလိုမင်းလို (နန်းတက်နှစ် အေဒီ ၁၂၁၀) ကျစွာ (နန်းတက်နှစ် အေဒီ ၁၂၃၄) ဥဇနာ (နန်းတက်နှစ် အေဒီ ၁၂၅၀) နရသီဟပတေ့ (နန်းတက်နှစ် အေဒီ ၁၂၅၄) (တရုတ်ပြေးမင်း) ကျော်စွာ (နန်းတက်နှစ် အေဒီ ၁၂၈၇) စောနစ် (နန်းတက်နှစ် အေဒီ ၁၂၉၈) စောမွန်နစ် (နန်းတက်နှစ် အေဒီ ၁၃၂၅) ကိုးကား ကဏ္ဍ:ပုဂံခေတ်။
|
တန္တရအယူဝါဒ
|
တန္တရအယူဝါဒ () သည် အိန္ဒိယနိုင်ငံတွင် ရှေးက ထွန်းကားခဲ့သည့် ယုံကြည်ကိုးကွယ်မှု တစ်မျိုးဖြစ်သည်။
|
တန္တရအယူဝါဒ
|
ကန္တရစ်ကျမ်းများကို သက္ကတဘာသာနှင့် ရေးသားထားခဲ့၍ တန်ခိုးဣဋိပါဒ်နှင့် ဆိုင်သော မန္တာန်၊ မန္တရား၊ အင်းအိုင်လက်ဖွဲ့များကို အသုံးပြုခဲ့ကြသည်။
|
တန္တရအယူဝါဒ
|
မြန်မာနိုင်ငံ အနော်ရထာမင်း လက်ထက်မတိုင်မီက ပုဂံတွင် မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်မှု၊ အရည်းကြီးကိုးကွယ်မှု၊ နတ်ကိုးကွယ်မှုတို့အပြင် တန္တရအယူဝါဒသည်လည်း ထင်ရှားသော အယူဝါဒဖြစ်သည်။
|
တန္တရအယူဝါဒ
|
မိမိတို့ကို အကျိုးပေးသောအရာ၊ မိမိတို့ ကြောက်ရွံ့ရသောအရာ၊ မိမိတို့ ချစ်ခင်မြတ်နိုးသောအရာ အစရှိသည်တို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူ ကိုးကွယ်ကြခြင်းကို တျံတြစ်အယူဝါဒ ဟုခေါ်သည်။
|
တန္တရအယူဝါဒ
|
ဥပမာအားဖြင့် ကျားကို ကြောက်ရွံ့သောသူသည် ကျားရုပ်ကို ထုဆစ်ကိုးကွယ်လေ့ရှိသကဲ့သို့ ဟင်္သာကို ချစ်မြတ်နိုးသောသူသည် ဟင်္သာရုပ်ကို ထုဆစ်ကိုးကွယ်လေ့ရှိကြသည်။
|
တန္တရအယူဝါဒ
|
ထို့အပြင်လူတို့သည် ၎င်းတို့အား အစာရေစာပေးသော တောတောင်တို့ကိုလည်း ကိုးကွယ်ရာအဖြစ်မှတ်ယူကိုးကွယ်လေ့ရှိကြသည်။
|
တန္တရအယူဝါဒ
|
အနော်ရထာမင်း နန်းတက်သောအခါတွင် ထိုနတ်ရုပ်အားလုံးကို ဘုရင့်အာဏာဖြင့် သိမ်းဆည်း၍ ပုဂံရှိ နတ်လှောင်ကျောင်းအတွင်း၌ ချုပ်လှောင်ထားခဲ့သည်ဟု အဆိုရှိကြသည်။
|
တန္တရအယူဝါဒ
|
သို့သော် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း က အနော်ရထာသည် မည်သည့်အခါမှ အာဏာအသုံးပြု၍ သာသနာပြုခဲ့သူ မဟုတ်ဟု ဆိုခဲ့ဖူးသဖြင့် ထိုအဆိုမှန်ကန်ကြောင်းကို အတည်ပြုရန် ခဲယဉ်းသည်။
|
ကုန်းဘောင်ခေတ်
|
ကုန်းဘောင်မင်းဆက်သည် မြန်မာလူမျိုးတို့၏ နောက်ဆုံးမင်းဆက်ဖြစ်ပြီး ယနေ့ခေတ် မြန်မာနိုင်ငံနယ်နမိတ်နှင့် ပတ်ဝန်းကျင်ဒေသများကို နှစ်ပေါင်း၁၃၀ကျော် ထိန်းချုပ်နိုင်ခဲ့သော မင်းဆက်ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ကုန်းဘောင်အင်ပါယာသည် အစောပိုင်းကာလတွင် ယိုးဒယားနိုင်ငံ၊ ချင်အင်ပါယာတို့နှင့် ဖြစ်ပွားသောစစ်ပွဲများတွင် အောင်နိုင်ခဲ့သော်လည်း ကိုလိုနီအင်ပါယာများ၏ ရေရှည် ရည်မှန်းချက်နှင့် ဗျူဟာများကို ကောင်းစွာအကဲမဖြတ်နိုင်ခဲ့မှုကြောင့် ဗြိတိန်တို့နှင့်စစ်သုံးကြိမ်ထိဖြစ်ပွားကာ နောက်ဆုံးတွင် ဗြိတိသျှရာဇ၏ ပြည်နယ်အဖြစ် အိန္ဒိယနိုင်ငံအတွင်းသို့ တိုင်းပြည်သမိုင်းတလျှောက်လုံးတွင် ပထမဆုံးအကြိမ်သွတ်သွင်းခံခဲ့ရလေသည်။
|
ကုန်းဘောင်ခေတ်
|
မင်းဆက်များ 180px|thumb|မြန်မာနိုင်ငံအလံ ကုန်းဘောင်ခေတ်တွင် အုပ်ချုပ် မင်းပြုခဲ့သော မင်းဆက် (၁၁) ဆက်ရှိသည်။
|
ကုန်းဘောင်ခေတ်
|
ယင်းတို့မှာ − အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ (၁၇၅၂ – ၁၇၆၀) နောင်တော်ကြီးမင်း (သို့) ဒီပဲယင်းမင်း (၁၇၆ဝ– ၁၇၆၃) မြေဒူးမင်း (သို့) ဆင်ဖြူရှင်မင်း (၁၇၆၃ – ၁၇၇၆) စဉ့်ကူးမင်း (၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂) ဖောင်းကားစား မောင်မောင် (၅ – ၁၁ ဖေဖော်ဝါရီ ၁၇၈၂) ဘိုးတော်ဘုရား (သို့) ဗဒုံမင်း (၁၇၈၂ – ၁၈၁၉) ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉ – ၁၈၃၇) သာယာဝတီမင်း (၁၈၃၇ – ၁၈၄၆) ပုဂံမင်း (၁၈၄၆ – ၁၈၅၃) မင်းတုန်းမင်း (၁၈၅၃ – ၁၈၇၈) သီပေါမင်း (၁၈၇၈ – ၁၈၈၅) အတိုကောက်အားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ" ဟူ၍ မှတ်သားကြသည်။
|
ကုန်းဘောင်ခေတ်
|
ကဗျာအားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စ၊ မင်းမောင်လှ၊ ဘိုး၊ ဘ၊ သာယာဝတီ၊ ပုဂံ၊ မင်းတုန်း၊ သီပေါဆုံး ပေါင်းရုံးဆယ့်တစ်လီ" ဟူ၍ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ကုန်းဘောင်မင်းဆက် တေးထပ် ဦးအောင်ဇေယျ၁ အမှူးမြောက် ထူးတစ်ယောက် တင်မှု (ဦးလောက်)၂ ပ ဘုရင်တစ်ဆူ ဆင်ဖြူရှင်၃ စခန်း စဉ့်ကူးမင်း၄ ကောင်းစားမီ ဖောင်းကားညီ၅ လုတဲ့ ရွှေနန်း ဦးဝိုင်း၆ ပ၊ ပထမခေါင်ပျော် မြနောင်တော်၇ ရေဖျန်း အမရဆောင်ပေါ် ဗွေကြငှန်းမှာ လ ရွှေစာတမ်း ဖွဲ့ပြန် ကုန်းဘောင်ပျော်၈ နေလိုဝင်း ရွှေဘိုမင်းသား မြတ်ပုဂံ၉ ချမ်းအေးဖို့ ပန်းမွှေးပန် မန္တလေးစံ တောင်လက်ရုံးရယ်နှင့် မင်းတုန်းမင်း၁၀ သီပေါအရှင်၁၁ ထီးနှင့်ပလ္လင် ဆယ့်တစ်ဆက် အုပ်စိုးတင် မုဆိုးဘုရင် စခန်းမို့လေး။
|
ကုန်းဘောင်ခေတ်
|
အုပ်ချုပ်ရေးဌာနများ 241x241px နိုင်ငံ၏ပိုင်နက် ကျယ်ဝန်းလာနှင့်အတူ အုပ်ချုပ်မှုချောမွေ့စေရန် ဌာနများ ဖွဲ့စည်းထားရှိရာ လွှတ်ရုံးငါးရပ်ဟူ၍ ထင်ရှားသည်။
|
ကုန်းဘောင်ခေတ်
|
ဒေါက်တာ တိုးလှ, "အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည်", ၁၉၉၃ ၎င်းတို့မှာ − လွှတ်တော် ဗြဲတိုက် အရှေ့ရုံး အနောက်ရုံး တရားရုံး ဟူ၍ ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
သီပေါမင်း နန်းကျသည်အထိ ဤလွှတ်ရုံးငါးရပ်ဖြင့် နိုင်ငံကို စီမံအုပ်ချုပ်ခဲ့သည်။
|
ကုန်းဘောင်ခေတ်
|
လွှတ်တော် ဥပုသ်နေ့မှအပ ကျန်နေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်ဝင်ရသည်။
|
ကုန်းဘောင်ခေတ်
|
တက်ရောက်ရသည့် အရာရှိကြီးများမှာ − ဝန်ကြီး ဝန်ထောက် စာရေးတော်ကြီး မြင်းစုဝန်ကြီး မြင်းစာရေးကြီး အသည်ဝန် အသည်စာရေး မြေတိုင် အမတ် နားခံတော် အမိန့်တော်ရ အမိန့်တော်ရေး အမှာတော်ရေး အသုံးစာရေး အဝေးရောက် မြန်မာသံခံ ရှမ်းသံခံ ယွန်းသံခံ ကသည်းစာပြန် တရုတ်စာပြန် သစ္စာတော်ရေး ပြော့နေရာချ သွေးသောက်ကြီး လွှတ်စောင့် သွေးသောက်ကြီး လက်နက်တိုက်ဝန် လက်နက်တိုက်စိုး ကသောင်းမြောင်တိုက်စိုး ကသောင်းမြောင်တိုက်စာရေး လက်ဆောင်ယူတိုက်စိုး လက်ဆောင်ယူတိုက်စာရေး တို့ ဖြစ်ကြသည်။
|
ကုန်းဘောင်ခေတ်
|
အတွင်းဝန် နှင့် အတွင်းဝန်ကတော် (ခရစ်နှစ် ၁၇၉၂) ဗြဲတိုက် လွှတ်တော်မှ ပြန်ကြားသည့်စာတို့ကို သက်ဆိုင်ရာသို့ ဆက်သွင်းရန် တာဝန်ရှိသည်။
|
ကုန်းဘောင်ခေတ်
|
လွှတ်တော်နှင့် ရုံးတက်ချိန် အတူပင် ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ဗြဲတိုက်ဝင်ရသည့် အရာရှိများမှာ − အတွင်းဝန် သံတော်ဆင့် ဗြဲတိုက်သံဆင့် စာရေးတော် သံတိုက်စိုး သံတိုက်စာရေး တို့ ဖြစ်ကြသည်။
|
ကုန်းဘောင်ခေတ်
|
ဘုရင့်သစ္စာခံဗိုလ်ချုပ် ရှေ့ရုံး မြို့ဝန်က ရုံးထိုင်ကာ ရာဇဝတ်မှုများကို စစ်ဆေးသည်။
|
ကုန်းဘောင်ခေတ်
|
ရုံးထိုင်သည့် အရာရှိများမှာ − မြို့ဝန် ထောင်မှူး ရွှေပြည်စိုး ထောင်စချီ တံခါးဗိုလ် အပြင် မြို့ကြီးတံခါးဗိုလ် တို့ ဖြစ်ကြသည်။
|
ကုန်းဘောင်ခေတ်
|
နောက်ရုံး မောင်းမမိဿံများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီမံအုပ်ချုပ်သည့်ရုံး ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ပါဝင်ရသည့် အရာရှိများမှာ − အနောက်ဝန် အနောက်ဝန်စာရေး ကတော်စာရေး နောက်ရုံးစာရေးတော် တို့ ဖြစ်ကြသည်။
|
ကုန်းဘောင်ခေတ်
|
ဦးတင်, "မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ စတုတ္ထပိုင်း" တရားရုံး တရားမမှုများကို မျက်နှာစုံညီ ခေါ်ယူဖြေရှင်းသည့်ရုံး ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ပါဝင်ရသည့် အရာရှိတို့မှာ − တရားသူကြီး တရားနာခံ တရားစာရေး အမိန့်တော်ရ ကွမ်းဘိုးထိန်း တို့ ဖြစ်ကြသည်။
|
ကုန်းဘောင်ခေတ်
|
thumb|အမရပူရနန်းတော်၊ ၁၇၉၅ ခုနှစ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက် ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ် ရောင်းဝယ်ရေး အခြေအနေကို နားလည်နိုင်စရာ အကြောင်း ရှိလေသည်။
|
ကုန်းဘောင်ခေတ်
|
၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်လာသော အင်္ဂလိပ် လူမျိုး တဦးက ကုန်းဘောင်ခေတ် ကူးသန်း ရောင်းဝယ်ရေးသည် ကျယ်ပြန့် ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက် ချခဲ့သည်။
|
ကုန်းဘောင်ခေတ်
|
ဤဒေသတွင် အရင်းငွေ အနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုပါက အမြတ်အစွန်း များများရရန် လွယ်ကူသည်ဟု သူ ဧကန် သိနေဟန် တူသောကြောင့် ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီကျွန်းသို့ တင်ဆောင် သွားနိုင်သည်။
|
ကုန်းဘောင်ခေတ်
|
ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။
|
ကုန်းဘောင်ခေတ်
|
ထိုနောက် ပဲခူးဒေသ (ရန်ကုန်ကို ဆိုလိုသည်) တွင် ကျွန်းသစ်များနှင့် တဖန် လဲလှယ်၍ ထို ကျွန်းသစ်တို့ကို ကိုရိုမန်ဒယ် ကမ်းခြေ၌ ဖြစ်စေ၊ ဘင်္ဂလား၌ ဖြစ်စေ ရောင်းချပါက၊ အမြတ်အစွန်း ကြီးစွာ ရနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။
|
ကုန်းဘောင်ခေတ်
|
left|မြန်မာ့ဒေါင်းအလံ(၁၈၆၈ ခုနှစ်) ကျွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
အများအားဖြင့် ကျွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ ကျွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် ကျွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။
|
ကုန်းဘောင်ခေတ်
|
ကျွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ ဘုံဘေတွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။
|
ကုန်းဘောင်ခေတ်
|
မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။
|
ကုန်းဘောင်ခေတ်
|
ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ ကျွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။
|
ကုန်းဘောင်ခေတ်
|
ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည် များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။
|
ကုန်းဘောင်ခေတ်
|
သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသော အခါ၌ အားလုံးကို ကုန်လှောင်ရုံ အတွင်းသို့ ပို့ဆောင်ရသည်။
|
ကုန်းဘောင်ခေတ်
|
ထိုကိစ္စများ ပြီးစီးသော အခါ ဝတ္တရား အရ မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေးသည်။
|
ကုန်းဘောင်ခေတ်
|
မြို့ဝန် ကြွရောက် ကြည့်ရှု ပြီးသည့်နောက် ပေးဆပ်နေကြ လက်ဆောင် ပစ္စည်းများ ဖြစ်သည့် ကြွေပန်းကန်များ၊ သကြားနှင့် လဘက်ခြောက် သေတ္တာများကို ပေးအပ်ရသည်။
|
ကုန်းဘောင်ခေတ်
|
ထိုနောက်မှ ရောင်းဝယ်ရေးကို စတင် လေတော့သည်။
|
ကုန်းဘောင်ခေတ်
|
ကုန်များကို ရောင်းဝယ်ခြင်း မပြုသေးမီ စစ်ဆေး ကြည့်ရှု၍ အခွန်တော် ကောက်ရန် ကုန်ထုတ်များကို ဖွင့်လှစ်၍ ပြရသည်။
|
ကုန်းဘောင်ခေတ်
|
ဘုရင်မင်းမြတ် အတွက် ၁ဝ ရာခိုင်နှုန်း ကောက်ခံ၍ စာရေးများ၊ ကုန်ရုံစောင့်များ နှင့် တံဆိပ်တော် ခပ်နှိပ်သူတို့က ၂.၅ ရာခိုင်နှုန်း အစု ခွဲယူကြသည်။
|
ကုန်းဘောင်ခေတ်
|
မင်းတုန်းမင်း လက်ထက် မတိုင်မီကသော် အရာရှိ အရာခံများအား လစာ မှန်မှန်ပေးသော စနစ် မရှိခဲ့သဖြင့် မြန်မာ ဆိပ်ကမ်း အရာရှိ အချို့တို့သည် ပစ္စည်း အမျိုးမျိုးကို တံစိုး လက်ဆောင် အဖြစ်ဖြင့် ယူလို ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
တစ်ဦး၏ ထုံးတမ်းစဉ်လာများကို တစ်ဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှ အပ၊ နိုင်ငံခြား ကုန်သည်များ အဖို့ ကျေနပ်လောက်ဖွယ် ရှိလေသည်။
|
ကုန်းဘောင်ခေတ်
|
မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာ အတွေ့အကြုံ နဲသော မာလိန်မှူးနှင့် ကုန်သည်တို့သည် သင်္ဘောဆိပ် လူလိမ် လူကောက်တို့နှင့် ဆက်သွယ်၍ မိမိတို့ ကုန်ကို ရောင်းချရာ၌ ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝ အားကိုး အားထား ပြုနေရသော ဆန်သည် ကုန်းဘောင်ခေတ်တွင် လွန်စွာ ဈေးပေါသည့် ကုန်ဖြစ်လေသည်။
|
ကုန်းဘောင်ခေတ်
|
150px|ဘိုးတော်ဘုရား ပုံတူ ပန်းချီကား-၁၇၉၅ ခုနှစ်( မိုက်ကယ် စီမိစ်၏ ဗြိတိသျှသံရုံး) ယခုခေတ်တွင် ဆန်ဈေးသည် တတန်လျှင် ကျပ် ၆ဝဝ ရှိ၍ ထိုခေတ် အခါကသော် တတန်လျှင် ၁၄ ကျပ်သာ ရှိလေသည်။
|
ကုန်းဘောင်ခေတ်
|
သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းသုံး အဖြစ်ဖြင့်သာ အဓိက စိုက်ပျိုးစေ၍ နိုင်ငံခြားသို့ တင်ပို့ရန် တားမြစ် ထားလေသည်။
|
ကုန်းဘောင်ခေတ်
|
ကျွန်းသစ် အပြင် ရန်ကုန်မှ တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်များသည် ရေနံချောင်းမှ ထွက်သော ရေနံချေး ဖြစ်၍ တတန်လျှင် ၃ဝ ကျပ်ခန့် ပေးရသည်။
|
ကုန်းဘောင်ခေတ်
|
ရှားစေးကို တနှစ်လျှင် ပိဿာ ၄ဝဝ,ဝဝဝ မက တင်ပို့ ရလေသည်။
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.