title
stringlengths
1
100
text
stringlengths
14
646k
အဆုတ်
thumbnail|right|230px|အဆုတ်သည် ရင်ခေါင်းအတွင်း၌ နှလုံးနှင့် သွေးကြောကြီးများကို ဝန်းရံထားသည်။Gray's Anatomy of the Human Body'', 20th ed. 1918. အဆုတ်သည် ခြေ၄ချောင်းရှိသတ္တဝါ အများစု၊ အချို့သော ငါးများ နှင့် ခရုများအစရှိသော လေကို ရှူရှိုက်သည့် သတ္တဝါများတွင် ရှိသည့် အသက်ရှူအင်္ဂါဖြစ်သည်။ အဆုတ်ရှိသော သတ္တဝါများတွင် ရှေးအကျဆုံးသော သတ္တဝါများမှာ ကျောရိုးရှိသတ္တဝါများထဲမှ lungfish နှင့် ကျောရိုးမဲ့သတ္တဝါများထဲမှ pulmonate snails တို့ဖြစ်သည်။ နို့တိုက်သတ္တဝါများနှင့် အခြားရှုပ်ထွေးသော ပုံသဏ္ဌန်ရှိသည့် သတ္တဝါတို့တွင် အဆုတ် ၂ ခုသည် ရင်ဘတ်ထဲ၌ နှလုံး ၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ အဆုတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ လေထုထဲမှ အောက်ဆီဂျင်ကို သွေးစီးဆင်းမှုအတွင်းသို့ သယ်ဆောင်ရန်နှင့် သွေးစီးဆင်းမှုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို လေထုအထဲသို့ ထုတ်လွှတ်ရန် ဖြစ်သည်။ အဆုတ် ရင်ခေါင်းအတွင်း လက်ဝဲလက်ယာ တစ်ဘက် တစ်ချက်၌ လက်ဝဲအဆုတ်၊ လက်ယာအဆုတ်ဟူ၍ နှစ်ခုရှိရာ ထိုအဆုတ်နှစ်ခုကြား၌ နှလုံး၊ သွေးကြောကြီးများ၊ လေပြွန်နှင့် အစာပြွန်တို့ ရှိကြသည်။ အဆုတ်သည် ပင်လယ်ရေမြှပ်ကဲ့သို့ အခန်းကလေးပေါင်း မြောက်မြားစွာဖြင့် ပွလျက်ရှိသည်။ လည်ချောင်းမှ ဆင်းလာသော လေပြွန်သည် အဆုတ်နှစ်ခုကို ပေါင်းစပ်ထားသည်။ ထိုလေပြွန်သည် ရင်ခေါင်းအတွင်းသို့ ဝင်လာပြီးသည့်နောက် အဆုတ်များ၏ အလယ်နီးပါးလောက် ရောက်သောအခါ နှစ်ခုကွဲထွက်သွားပြီးလျှင် လက်ဝဲအဆုတ်နှင့် လက်ယာအဆုတ်ထဲသို့ အသီးအသီး ဝင်သွားကြသည်။ ထိုနောက် မရေမတွက်နိုင်အောင် များပြားလှသော ပြွန်ကလေး များအဖြစ်သို့ ဖြာထွက်သွားသည်။ အငယ်ဆုံး ပြွန်ကလေး များသည် ခွက်ကလေး များကဲ့သို့သော လေအိတ်ငယ်များ ဖြစ် သွားလေသည်။ လေအိတ်ငယ် တစ်ခုတစ်ခုတွင် သွေးမြှင်ကြော ခေါ် အလွန်သေးငယ်သော သွေးကြောများ ဖြာလျက်ရှိသည်။ လေအိတ်ငယ်များသည် စပျစ်သီးများကဲ့သို့ အဆုတ် အဆုတ်ဖြင့် စုလျက်ရှိရာမှ အခိုင်များအဖြစ်သို့ စုပေါင်း သွားလေသည်။ လက်ဝဲအဆုတ်တွင် နှစ်ခိုင်ရှိ၍ လက်ယာ အဆုတ်တွင် သုံးခိုင်ရှိသည်။ အဆုတ်ပြွန်နှင့်တကွ သွေးကြောများ၊ သွေးမြှင်ကြောများ၊ အဆုတ်နာဗ်ကြောများကို ရုန်းကန်သတ္တိရှိသော တစ်ရှူးတစ်ခု က စုပေါင်းဖုံးအုပ်ထားသည်။ အဆုတ်များသည် လေနှင့်ပြည့် နေသည့်အခါ ရော်ဘာအိတ်များကဲ့သို့ ဖောင်းလာနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အဆုတ်များသည် အရွယ်နှင့် စာလျှင် အလွန်ပေါ့သော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြသည်။ ယောက်ျားအဆုတ်များသည် သုံးပေါင်ခန့်လေး၍ မိန်းမအဆုတ် များမှာ ၂၃/၄ ပေါင်ခန့်လေသည်။ ယောက်ျားအဆုတ်များသည် မိန်းမအဆုတ်များထက် ကြီးသည့်ပြင် ပို၍လည်း လေးသည်။ ၁၅ နှစ်မှ ၄ဝ အရွယ်ထိ လူများသည် တစ်မိနစ်လျှင် ၁၆ ကြိမ်မှ ၁၈ ကြိမ် တိုင်အောင် အသက်ရှူရ၏။ မိန်းမများ၏ အဆုတ်သည် ယောက်ျားများ၏ အဆုတ်ထက် ငယ်ခြင်းကြောင့် အသက်ရှူသည့်အခါ အဆုတ်တွင်း၌ လေကို ကြာရှည်စွာ လှောင်မထားနိုင်သဖြင့် ယောက်ျားများထက် အသက်ရှူမြန် သည်။ ကလေးသူငယ်တို့၏ အဆုတ်သည် မိန်းမအဆုတ်များ ထက်ပင် ငယ်ပြန်သဖြင့် အသက်ရှူသည့်အခါ လျင်မြန်စွာ ရှူ ကြရသည်။ အဆုတ်များသည် အသက်အရွယ်ကို လိုက်၍ အရောင် အမျိုးမျိုးရှိရာ ကလေး သူငယ်၏အဆုတ်သည် ပန်းရောင်ဖြစ်၍ လူကြီး၏အဆုတ်မှာ အညိုရောင်ဖြစ်ပြီးလျှင် အစက်အပြောက်များ ရှိသည်။ အဖိုးအိုများ အဆုတ်သည် ပို၍ပင် ညိုသေး၏။ အဆုတ်များသည် ကိုယ်ခန္ဓာဆဲများကို အောက်ဆီဂျင်ဓာတ် အမြဲပေးလျက်ရှိ၏။ သွေးသည် အာဟာရ ဓာတ်များကို သယ်ဆောင်၍ တစ်ကိုယ်လုံးသို့ လှည့်ပတ်လျက်ရှိရာတွင် အောက်ဆီဂျင်ဓာတ်ကိုထုတ်၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူထားသည်။ အောက်စီဂျင်ဓာတ်ထပ်၍ရရန် သွေးကို အလယ်ဗဟိုဌာန အချို့သို့ ပို့ပေးရပြန်လေသည်။ လူတစ်ယောက် အသက်ရှူတိုင်း အောက်ဆီဂျင်ပါသော လေကောင်းလေသန့် သည် အဆုတ်များထဲသို့ ဝင်၏။ အောက်စီဂျင်သည် လေအိတ် နှင့် ယင်းတို့၏ သွေးမြှင်ကြောများ၏ နံရံမှ စိမ့်ထွက်လာရာ သွေးများက စုပ်ယူထားကြ၏။ သွေးများမှတဆင့် အောက်စီဂျင် သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားလေသည်။ အညစ်အကြေး ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်သည်ကား အသက်ရှူ ထုတ်ရာ၌ ပြင်ပသို့ ထွက်သွားလေသည်။ အဆုတ်ထဲသို့ လေယူသွင်းခြင်းကို ဝင်လေဟုခေါ်၍ အပြင် သို့ ရှူထုတ်လိုက်ခြင်းကို ထွက်လေဟု ခေါ်သည်။ နှစ်ခုစလုံး ကို ပေါင်း၍ ထွက်လေ ဝင်လေဟုခေါ်သည်။ အဆုတ်၏ အပြင်မျက်နှာပြင်သည် အလွန်ပင် ကြီး၏။ လေအိတ်ငယ်များ ၏ နံရံကို ဖြန့်ထုတ်၍ နံဘေးချင်းယှဉ်ကာ စီထားနိုင်ခဲ့လျှင် ယင်း၏ အကျယ်အဝန်းဧရိယာမှာ စတုရန်းပေပေါင်း ၂၆ဝဝ ခန့်ရှိလိမ့်မည်။ သို့မဟုတ် တစ်ဧက၏ ၁၇ ပုံ၊ တစ်ပုံ ကျော် ကျော်ခန့် ရှိပေလိမ့်မည်။ တစ်နေ့လျှင် ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင် ၂၅ အောင်စခန့် ဝင်လိမ့်မည်ဟု သိပ္ပံပညာရှင် တို့က ခန့်မှန်းကြသည်။ သို့သော် လူတစ်ယောက်နှင့်တစ် ယောက် စားသောအစာနှင့် ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်မှုအမျိုးပေါ်တွင် မူတည်၍ အောက်ဆီဂျင် ဝင်ပုံချင်း မတူကြချေ။ အနည်းအများ ကွာခြားကြ၏။ အဆုတ်များအတွက် အစိုးရိမ်ရဆုံးသော ရောဂါများကား အဆုတ်ရောင်နာနှင့် တျူဗာကယ် ပိုးစွဲနာတို့ ဖြစ်ကြသည်။ ထိုရောဂါနှစ်ခုစလုံးပင် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်သည်။ ဤရောဂါမျိုးစွဲသော လူများကို လူနေအိမ်ခြေ ပြွတ်သိပ်၍ သန့်ရှင်းမှု မရှိသော နေရာများ၌ အများအပြား တွေ့ရသည်။ အဆုတ်ရောင်နာသည် အဆုတ်တွင်းရှိ လေဆဲများ ရောင်ခြင်း ပင် ဖြစ်သည်။ အဆုတ်ပြွန်များ ရောင်ခြင်းကို အဆုတ်ပြွန် ရောင်နာဟု ခေါ်သည်။ ရင်တွင်းမြှေးရောင်ခြင်းကို အဆုတ်မြှေး ရောင်ရောဂါဟုခေါ်သည်။ အဆုတ်တစ်ခုလုံးကို အပြင်ဘက်မှ ဖုံးအုပ်ထားသော ရုန်းကန်အမြှေးပါးပါးကို ရင်တွင်းအမြှေးဟု ခေါ်သည်။ မကောင်းသောလေသည် အဆုတ်နှင့်တကွ တစ်ကိုယ်လုံးကို ရောဂါအမျိုးမျိုး စွဲကပ်စေနိုင်ကြောင်း လူတိုင်းသိရှိလာသည့် အားလျော်စွာ ယခုအခါ လေကောင်းလေသန့်၏ တန်ဖိုးရှိပုံကို ကျောင်းများ၊ အိမ်များနှင့် လူထုအစည်းအဝေးခန်းမဆောင် များတွင် ပြောဟောလျက်ရှိကြသည်။ အဆုတ်သည် လို သလောက် ပွလာနိုင်ပြီးလျှင် ကျုံ့သွားနိုင်ကြောင်းကိုလည်း သိရှိနားလည်ရန် အရေးကြီးလှပေသည်။ ထိုကြောင့် အသက် ရှူရာတွင် နံရိုးနှင့် ဝမ်းဗိုက်လှုပ်ရှားမှုတို့ကို ချုပ်တည်းထားနိုင် သော အဝတ်ကြပ်ကြပ်များ မဝတ်ဆင်သင့်ပေ။ အရက်ကို မှန်မှန် အလွန်အကြူး သောက်တတ်သူများသည် အဆုတ်ရောင်နာ ဖြစ်တတ်သည်။ ဆေးလိပ် သောက်သောသူ များသည် မီးခိုးကို အဆုတ်ထဲသို့ ရှူသွင်းရာ ယင်းသို့ ရှူသွင်း ခြင်းအားဖြင့် လေသွားလမ်းများ၏ အတွင်းရံကို ယားယံရောင် စေ၍ အားနည်းစေနိုင်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ကိုးကား Category:ခန္ဓာဗေဒ
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံ(၊ တရားဝင်အမည်: )သည် အရှေ့အာရှတွင်ရှိသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ရုရှားတို့၏ အရှေ့ဘက်တွင် ရှိပြီး မြောက်ဘက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးမှာ "နေပင်; နေမြစ်; နေ၏ အရင်းအမြစ်" ဟု အဓိပ္ပာယ်ရသည်။ ဂျပန်သည် ကျွန်းပေါင်း ၆၈၄၈ ကျွန်း ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ဟွန်းရှူးကျွန်းပေါ်တွင် မြို့တော်တိုကျိုနှင့် အခြားအိုဆာကာ၊ကျိုတို ကဲ့သို့မြို့ကြီးများလည်းရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီးအများအပြားမှာ မီးတောင်များဖြစ်ကြပြီး မီးတောင်ပေါင်း၁၁၀ရှိသည်။ ထိုမီးတောင်များအနက် မီးတောင် ၄၇ ခုသည် မီးတောင်ရှင်များဖြစ်သည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးမြို့ကြီးများထဲတွင်ပါဝင်သည်။ မြို့တော်ဖြစ်သော တိုကျိုမြို့ကို စီရင်စု (၃) ခုဖြင့်ဖွဲစည်းထားကာ ခန့်မှန်းလူဦးရေ သန်း ၃္၈.၁၄ နေထိုင်ကြသည်။ ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျက် ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုပ်သာ ဖော်ပြထားသည်။ အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။ ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၄ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ် ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှာရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကီမီဂါယော့သည် ဂျပန်ပြည်၏ နိုင်ငံတော်သီချင်းဖြစ်သည်။ ဤသီချင်းသည် ဂျပန်အင်ပါယာ၏ နိုင်ငံတော်သီချင်း ဖြစ်သကဲ့သို့ ဂျပန်ဧကရာဇ်၏ ဘုန်းတော်ဘွဲ့တေးလည်းဖြစ်သည်။ အခေါ်အဝေါ် အင်္ဂလိပ်ဘာသာတွင် ဂျပန်နိုင်ငံဟု ခေါ်ဆိုသော်လည်း ဂျပန်ဘာသာ စကားတွင် ဂျပန်နိုင်ငံကို နိပွန် သို့မဟုတ် နိဟွန်း ဟုခေါ်ဆိုကြပြီး ထိုအမည် နှစ်ခုစလုံးကို ဂျပန် ခန်းဂျီး အက္ခရာဖြင့် ( 日本) ဟု ရေးသည်။ ဂျပန်တွင် နိပွန် ဆိုသော အမည်ကို ရုံးသုံးအတွက် အသုံးများကြပြီး ဂျပန်ယန်းငွေ၊ စာတိုက်တံဆိပ်ခေါင်း နှင့် နိုင်ငံတကာ အားကစားပွဲများတွင် သုံးနှုန်းလေ့ ရှိကြသည်။ နိဟွန်း ဆိုသော အခေါ်အဝေါ်ကိုမူ ယနေ့ခေတ် စကားပြောများတွင် သုံးကြသည်။ ဂျပန် လူမျိုးတို့ကို သူတို့ဘာသာ ဂျပန် ဘာသာစကားဖြင့် နိဟွန်းဂျင်း ဟု လည်းကောင်း၊ ဂျပန်ဘာသာကို နိဟွန်းဂေါ့ ဟု လည်းကောင်း ခေါ်ဆိုလေ့ရှိပြီး အဓိပ္ပာယ်မှာ "နေအမျိုးအနွယ်" ဟူ၍ ဖြစ်ပြီး တစ်ခါတရံ "နေထွက်ရာတိုင်းပြည်" (Land of the Rising Sun) ဟု ဘာသာပြန်ဆိုတတ်ကြသည်။ ထိုအသုံးအနှုန်းမှာ တရုတ်ပြည်ရှိ ဂျပန်သံတမန်များမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် ဂျပန်က ပို၍ရှေ့ဘက်သို့ ကျခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ သမိုင်းကြောင်း သမိုင်းမတင်မီခေတ် နှင့် ရှေးခေတ် သမိုင်းကြောင်း 200px|ဟိုးယူးဂျိ မှ ရွှေခန်းမ နှင့် ငါးထပ်ဘုရား သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သစ်သားအဆောက်အအုံများတွင် ပါဝင်ပြီး ဂျပန်နိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာနှင့် ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာများ စာရင်းဝင် ဖြစ်သည်။ ဂျပန်ကျွန်းစုတွင် လူသားတို့ အခြေချနေထိုင်ခဲ့သည့် လက္ခဏာကို ကျောက်ခေတ်ဟောင်း ကာလ ဘီစီ ၃၀,၀၀၀ ခန့်က ပင်တွေ့ရှိရသည်။ ထို့နောက်တွင် ဂျိုမွန်ကာလ ဘီစီ ၁၄,၀၀၀ ခန့်မှ စ၍ ကျောက်ခေတ်လယ် နှင့် ကျောက်ခေတ်သစ် ကာလရှိ ယနေ့ခေတ် အအီနု လူမျိုးနှင့် ယာမာတိုလူမျိုး တို့၏ ဘိုးဘေးများ ဖြစ်ကြသော တစ်နေရာမှ တစ်နေရာသို့ အမြဲတစေ ရွှေ့ပြောင်းခြင်း မပြုတော့ဘဲ ကျောက်ဂူတွင်း နေထိုင်သော မုဆိုးနှင့် ပစ္စည်းရှာဖွေသူတို့၏ အကြွင်းအကျန်များ နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့၏ အကြွင်းအကျန်များကို တွေ့ရသည်။ ထိုကာလမှ ရွှံ့ဖြင့် ပြုလုပ်ပြီး အလှဆင်ထားသော ခွက်များသည် ကမ္ဘာပေါ်တွင် အစောဆုံးသော အိုးလုပ်ငန်းမှ လက်ရာများပင် ဖြစ်သည်။ ဘီစီ ၃၀၀ ခန့်တွင် ယာယိုအီ လူမျိုးတို့ ဂျပန်ကျွန်းများသို့ ရောက်ရှိလာကြပြီး ဂျိုမွန်လူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည်။ ဘီစီ ၅၀၀ ခန့်တွင် စတင်သော ယာယိုအီ ကာလတွင် အလေ့အထအသစ်များ စတင်မိတ်ဆက်လာသည်ကို တွေ့ရသည်။ ၎င်းတို့မှာ စပါးစိုက်ပျိုးခြင်း၊ အိုးလုပ်ငန်း ပုံစံအသစ် နှင့် သတ္တုပညာ တို့ဖြစ်ပြီး ကိုရီးယား နှင့် တရုတ်မှ ရွှေ့ပြောင်းလာသောသူတို့ ယူဆောင်လာခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံနှင့် ပတ်သက်သည့် အစောဆုံး မှတ်တမ်းကို တရုတ်လူမျိုးတို့၏ "ဟန်မှတ်တမ်း" ဟုခေါ်သော တရုတ်သမိုင်းမှ တဆင့် တွေ့ရသည်။ တရုတ်တို့၏ "ပြည်ထောင် ၃ ခု မှတ်တမ်း" ဟု အမည်ရသော သမိုင်းစာအုပ်အရ အေဒီ ၃ ရာစုတွင် ဂျပန်ကျွန်းစုပေါ်မှ အင်အားအကောင်းဆုံး တိုင်းပြည်ကို ယာမာတိုင်းကိုကု ဟု ခေါ်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာကို ဂျပန်နိုင်ငံနှင့် စတင် ရောက်ရှိလာသည်မှာ ကိုရီးယား ပတ်ချဲ တိုင်းပြည်မှ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း ဗုဒ္ဓဘာသာ တိုးတက် ပြန့်ပွားလာမှုတွင် တရုတ်တို့၏ လွှမ်းမိုးမှု များစွာ ပါဝင်လေသည်။ အစောပိုင်းက လက်မခံမှုများရှိသော်လည်း နောက်ပိုင်းတွင် အုပ်ချုပ်သူ လူတန်းစားများက ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်လာကြပြီး အာဆုကာ ခေတ် (၅၉၂-၇၁၀) သို့ ရောက်သော အခါတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာကြသည်။ ၈ ရာစုနှစ်၊ နာရာခေတ် (၇၁၀-၇၈၄) သို့ ရောက်သောအခါတွင် ဟဲအိဂျို နန်းတော် (ယနေ့ခေတ် နာရာ နေရာ) နေရာကို ဗဟိုပြု၍ အင်အား အလွန်ကောင်းသော ဂျပန်တိုင်းပြည် ဖြစ်ပေါ်လာခဲ့သည်။ နာရာခေတ်မှစ၍ ဂျပန်စာပေ အစပျိုးလာခဲ့ပြီး ဗုဒ္ဓဘာသာပေါ် အခြေခံသော ဂျပန် အနုပညာ နှင့် ဗိသုကာပညာရပ်တို့ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ ၇၃၅-၇၃၇ ကြား ဖြစ်ပွားခဲ့သော ကျောက်ရောဂါ ကပ်‌ဘေးကြောင့် ဂျပန်နိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့သည်။ ၇၈၄ ခုနှစ်တွင် ကန်မူးမင်းက မြို့တော်ကို နာရာမှ နာဂါအိုကာကျိုး နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှ တဆင့် ယနေ့ခေတ် ကျိုတိုမြို့ နေရာ ဖြစ်သော ဟဲအိအန်ကျိုး သို့ ၇၉၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ ဂျပန်နိုင်ငံ၏ မြေပုံကို ပြန်လည် ထွင်းထုထားပုံ တိုဂူဂါဝါ အိအဲယာဆု သည် ဟိဒဲယိုရှီ၏ သားအရွယ်မရောက်မီ ယာယီအုပ်ချုပ်သူအဖြစ် အမှုထမ်းခဲ့ပြီး သူ၏ နေရာကို အသုံးပြု၍ နိုင်ငံရေးနှင့် စစ်ရေး ထောက်ခံမှု ရရှိစေရန် ပြုလုပ်ခဲ့သည်။ စစ်ပွဲ ဖြစ်ပွားသော အခါတွင် သူသည် ၁၆၀၀ ခုနှစ်၌ ပြိုင်ဘက် မျိုးနွယ်စုတို့ကို ဆဲကိဂါဟာရ စစ်ပွဲတွင် အနိုင်ရခဲ့သည်။ အိအဲယာဆုသည် ၁၆၀၃ ခုနှစ်တွင် ရှိုးဂန်းအဖြစ် ခန့်အပ်ခဲ့ရပြီး အဲဒိုခေါ် ယနေ့ခေတ်တိုကျို နေရာတွင် တိုကုဂါဝါ ရှိုးဂန်းနိတ် ကို တည်ထောင်ခဲ့သည်။ တိုကုဂါဝါ ရှိုးဂန်းနိတ် သည် ဘူကဲ ရှိုဟတ်တို အပါအဝင် စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိုင်မျိုများ ထိန်းချုပ်နိုင်ရန် အတွက် လိုက်နာရမည့် စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့သည်။ ၁၆၃၉ ခုနှစ်တွင် ဆာကိုကု ဟုခေါ်သော တံခါးပိတ် ဝါဒ ပေါ်လစီကို ရာစုနှစ် ၂ ခုခွဲမျှ ကြာအောင် ကျင့်သုံးခဲ့ပြီး အားပျော့သော နိုင်ငံရေးဆိုင်ရာ စည်းလုံးညီညွတ်မှု အချိန်ကာလ ဖြစ်သည့် အဲဒိုခေတ် (၁၆၀၃-၁၈၆၈) အဖြစ် တည်ရှိခဲ့သည်။ ရန်းဂါးကု ဟုခေါ်သော အနောက်တိုင်း သိပ္ပံပညာများကို နာဂါဆာကီရှိ ဒတ်ချ်တို့ စုဝေးရာ ဖြစ်သော ဒဲဂျီးမားမှ တဆင့် ဆက်လက်လေ့လာခဲ့သည်။ အဲဒိုခေတ်တွင် ကိုကုဂကု (အမျိုးသားရေး ဘာသာ) ဟုခေါ်သော ဂျပန်တို့မှ ဂျပန်နိုင်ငံ အကြောင်း လေ့လာသော ဘာသာရပ်လည်း တိုးတက် ထွန်းကားလာခဲ့သည်။ ခေတ်သစ်ကာလ ၁၈၅၄ ခုနှစ် မတ်လ ၃၁ ရက်တွင် အမေရိကန် ရေတပ်ဗိုလ်မှူးချုပ် မက်သယူးပယ်ရီသည် အမေရိကန်ရေတပ်မှ သင်္ဘောနက်ဟု ဂျပန်တို့ခေါ်သော အနောက်တိုင်း သင်္ဘောများဖြင့် ရောက်ရှိလာပြီး ကာနာဂါဝါ သဘောတူညီချက်ဖြင့် ဂျပန်တို့ကို ဖိအားပေး၍ ပြင်ပကမ္ဘာနှင့် ဆက်သွယ်စေခဲ့သည်။ ဘာကူမတ်ဆု ခေတ်အတွင်း နောက်ဆက်တွဲ အနောက်နိုင်ငံများနှင့် ချုပ်ဆိုသော အလားတူစာချုပ်များကြောင့် ဂျပန်နိုင်ငံတွင် စီးပွားရေး နှင့် နိုင်ငံရေး ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။ ရှိုးဂန်း နုတ်ထွက်ပြီးနောက် ဘိုရှင်းစစ်ပွဲ ဖြစ်ပွားပြီး ဘုရင်အောက်တွင် အားလုံး စုပေါင်းထိန်းချုပ်သောနိုင်ငံ (မေဂျီပြန်လည်တည်ထောင်ရေး) အဖြစ် စတင် တည်ထောင်ခဲ့သည်။ 240px|၁၈၉၄-၁၈၉၅ ပထမ တရုတ်-ဂျပန်စစ်တွင် တရုတ် ဗိုလ်ချုပ်တို့ ဂျပန်တို့ ထံတွင် လက်နက်ချစဉ် အနောက်တိုင်းမှ နိုင်ငံရေး၊ တရားစီရင်ရေး နှင့် စစ်ရေးအဖွဲ့အစည်းများ ပုံစံကို ယူပြီးနောက် ဂျပန်အစိုးရအဖွဲ့သည် ပရိုင်ဗီကောင်စီကို ဖွဲ့စည်းခဲ့ပြီး မေဂျီ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စတင်မိတ်ဆက်ကာ ဂျပန်လွှတ်တော်ကို တည်ထောင်ခဲ့သည်။ မေဂျီ ပြန်လည်တည်ဆောက်ရေးမှ ဂျပန် အင်ပိုင်ယာကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးသော ကမ္ဘာ့အင်အားကြီး နိုင်ငံ အဖြစ်သို့ ရောက်ရှိစေခဲ့ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်အတွက် စစ်ရေးပဋိပက္ခများကို စတင် ဖန်တီးခဲ့သည်။ ပထမ တရုတ်-ဂျပန်စစ် (၁၈၉၄-၁၈၉၅) နှင့် ရုရှား-ဂျပန်စစ် (၁၉၀၄-၁၉၀၅) တို့ အပြီးတွင် ဂျပန်တို့သည် ထိုင်ဝမ်၊ ကိုရီးယား နှင့် ဆာခါလင်၏ တောင်ဘက် တစ်ဝက်ကို ရယူ ထိန်းချုပ်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၁၈၇၃ ခုနှစ်တွင် ၃၅ သန်းမှ ၁၉၃၅ ခုနှစ်တွင် သန်း ၇၀ သို့ တိုးတက်လာခဲ့သည်။ မေဂျီ ဘုရင် (၁၈၆၈-၁၉၁၂) သူ၏ အမည်ဖြင့် တိုကုဂါဝါ ရှိုးဂန်းနိတ် အပြီးတွင် ဘုရင်စနစ်ကို ပြန်လည် အသက်သွင်းခဲ့သည်။ ၂၀ ရာစု အစောပိုင်းတွင် တိုင်းရှိုး ဒီမိုကရေစီခေတ်အနေဖြင့် ခဏတာ ရှိခဲ့သော်လည်း နယ်ချဲ့စနစ်နှင့် စစ်အင်အားတိုးချဲ့မှုတို့က လွှမ်းမိုးသွားခဲ့သည်။ ပထမကမ္ဘာစစ် တွင် ဂျပန်တို့သည် စစ်နိုင်သည့် မဟာမိတ်များဘက်မှ ရှိခဲ့ပြီး သူတို့၏ ဩဇာလွှမ်းမိုးမှုနှင့် နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်နိုင်ခဲ့သည်။ ဂျပန်တို့သည် နယ်ချဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် မန်ချူးရီးယားကို သိမ်းပိုက်ခဲ့သဖြင့် နိုင်ငံတကာမှ ကန့်ကွက် ရှုံ့ချခြင်းကို ခံခဲ့ရသည်။ နှစ်နှစ်အကြာတွင် ဂျပန်တို့ နိုင်ငံပေါင်းချုပ် အသင်းကြီး မှ နုတ်ထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဂျပန်တို့သည် နာဇီဂျာမနီ နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး ပဋိညာဉ် စာချုပ်ကို လက်မှတ် ထိုးခဲ့ပြီး ၁၉၄၀ ခုနှစ်တွင် သုံးပွင့်ဆိုင် ပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဝင်ရိုးတန်းအင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့က ဆိုဗီယက်-ဂျပန် စစ်မတိုက်ရေး ပဋိညာဉ်စာချုပ်ကို ညှိနှိုင်း ချုပ်ဆိုခဲ့သည်။ ဂျပန်အင်ပိုင်ယာသည် ၁၉၃၇ ခုနှစ်တွင် တရုတ်နိုင်ငံ အခြားဒေသများကို ကျူးကျော်ခဲ့ပြီး ဒုတိယ တရုတ်-ဂျပန်စစ် (၁၉၃၇-၁၉၄၅) ကို ဆင်နွှဲခဲ့သည်။ ဂျပန် ဘုရင့် တပ်မတော်သည် နန်ကျင်းမြို့ကို အလျှင်အမြန် သိမ်းပိုက်ခဲ့ပြီး နန်ကင်း လူသတ်ပွဲကို ကျူးလွန်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ဂျပန်တို့ ပြင်သစ် အင်ဒိုချိုင်းနားကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက ဂျပန်တို့အား လောင်စာဆီ ရောင်းချမှု ပိတ်ပင်ကန့်သတ်ခဲ့သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် ဂျပန်တို့က အမေရိကန် ရေတပ်စခန်း ဖြစ်သော ပုလဲဆိပ်ကမ်း ကို တိုက်ခိုက်ပြီး စစ်ကြေညာခဲ့ကာ အမေရိကန်တို့ကို ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက် လာစေခဲ့သည်။ ဆိုဗီယက်တို့က မန်ချူးရီးယားကို ကျူးကျော်ဝင်ရောက်ပြီး ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့တို့တွင် အဏုမြူဗုံး ကြဲချခြင်း ခံရပြီးနောက် ဂျပန်တို့ ဩဂုတ်လ ၁၅ ရက်တွင် အကန့်အသတ်မရှိ လက်နက်ချခဲ့သည်။ စစ်ပွဲကြောင့် ဂျပန် နှင့် အရှေ့အာရှ တစ်ခုလုံးတွင် လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ အမေရိကန် ဦးဆောင်သော မဟာမိတ်များက အာရှတဝှမ်းရှိ ကိုလိုနီများ နှင့် စစ်စခန်းများမှ ဂျပန် သန်းပေါင်းများစွာကို အိမ်ပြန်ပို့ခဲ့ရပြီး ဂျပန် အင်ပိုင်ယာကို ဖျက်သိမ်းကာ ၎င်းတို့ သိမ်းယူထားသော နယ်မြေများကို လွတ်လပ်ရေး ပြန်လည် ရရှိစေခဲ့သည်။ မဟာမိတ်များက အရှေ့ဖျားဒေသအတွက် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးကို ၁၉၄၆ ခုနှစ်၊ မေလ (၃) ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဂျပန်ခေါင်းဆောင် အချို့ကို စစ်ရာဇဝတ်မှုများ အတွက် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဘက်တီးရီးယား သုတေသန ဌာန နှင့် ဘုရင့်မိသားစုတို့ကိုမူ တရားခွင်သို့ တက်ရောက်စေခဲ့သော်လည်း ရာဇဝတ်သားအဖြစ် တရားစွဲဆိုခြင်းမှ မဟာမိတ်တပ်များဆိုင်ရာ စစ်သေနာပတိချုပ်မှ ကင်းလွတ်ခွင့် ပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဂျပန်တို့က လစ်ဘရယ် ဒီမိုကရေစီဝါဒကို အလေးပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆန်ဖရန်စစ္စကို စာချုပ်ဖြင့် မဟာမိတ်တို့ ဂျပန်မှ ထွက်ခွာသွားခဲ့ကာ ၁၉၅၆ ခုနှစ်တွင် ဂျပန်တို့အား ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထို့နောက်တွင် ဂျပန်နိုင်ငံသည် အလျှင်အမြန် တိုးတက်လာခဲ့ပြီး ကမ္ဘာတွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေး ရှိသောနိုင်ငံ ဖြစ်လာခဲ့သည်မှာ ၂၀၁၀ ခုနှစ်တွင် တရုတ်တို့ကျော်တက် မသွားခင်အချိန်အထိ ဖြစ်သည်။ ထိုတိုးတက်မှုမှာ ၁၉၉၀ ပြည့်နှစ်လည်များတွင် အဓိက စီးပွားရေး ကျဆင်းမှု ကြုံတွေ့ပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ၂၁ ရာစု အလယ်ပိုင်းတွင် အပေါင်းလက္ခဏာ ဆန်သော တိုးတက်မှုများဖြင့် စီးပွားရေး ပြန်လည် တိုးတက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ (၁၁) ရက်တွင် ဂျပန်တို့သည် သမိုင်းတွင် အပြင်းထန်ဆုံးသော ငလျင်နှင့် ကြုံတွေ့ခဲ့ရပြီး နျူကလီးယား စွမ်းအင်၏ သမိုင်းတလျှောက်တွင် အဆိုးရွားဆုံး ဖြစ်သော ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ အစိုးရနှင့် နိုင်ငံရေး လက်ရှိဝန်ကြီးချုပ် ဖူမီအို ခီရှိဒ ဂျပန် ဥပဒေမှာ သမိုင်းကြောင်းအရ တရုတ်ဥပဒေ၏ ဩဇာလွှမ်းမိုးမှု ရှိသော်လည်း အဲဒိုခေတ် အတွင်းတွင် "ကူဂျီကာတာ အိုဆာဒါမဲဂါကီ" အစရှိသော သီးသန့် ဥပဒေများ ဖြစ်ပေါ်တိုးတက် လာခဲ့သည်။ သို့သော်လည်း ၁၉ ရာစု နှောင်းပိုင်းမှ စ၍ တရားစီရင်ရေး စနစ်မှာ ဥရောပမှ အရပ်ဘက် ဥပဒေများ ပေါ်တွင် များစွာ အခြေခံလာပြီး အထူးသဖြင့် ဂျာမနီ နိုင်ငံ ဥပဒေ ပေါ်တွင် အခြေခံသည်။ ဥပမာအားဖြင့် ၁၈၉၆ တွင် ဂျပန် အစိုးရမှ ဂျာမန် ဥပဒေကြမ်း တစ်ခုပေါ်တွင် မူတည်၍ အရပ်ဘက် ဥပဒေ တစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး ဒုတိယကမ္ဘာစစ် အပြီး ပြင်ဆင် ပြီးချိန် အထိတိုင်အောင် သက်ရောက်မှု ရှိခဲ့သည်။ ဥပဒေပြု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများကို ဘုရင်က တရားဝင် အသိအမှတ် ပြုပေးရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင်သည် လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေကို အတည်ပြုပေးရန် လိုအပ်ပြီး ထိုပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရန် အခွင့်အာဏာ ပေးမထားပေ။ ဂျပန် တရားရုံးစနစ်ကို လေးပိုင်း ခွဲခြားထားပြီး တရားရုံးချုပ် နှင့် အောက်ရုံး ၃ ခု တို့ ဖြစ်သည်။ ဂျပန်နိုင်ငံ ပြဋ္ဌာန်း ဥပဒေ၏ အဓိက အပိုင်းကို ဥပဒေ သတ်မှတ်ချက်ဟု ခေါ်သည်။ နိုင်ငံခြား ဆက်ဆံရေး နှင့် စစ်ရေး ဂျေဒီအက်စ် ကွန်ဂို (DDG-173) ထိန်းချုပ် ဒုံးကျည်ဖျက်စနစ်မှ တိုက်ချင်းပစ် ဒုံးပျံ ဖျက် ဒုံးကျည်ကို ပစ်လွှတ်နေစဉ် ဂျပန်သည် ဂျီအိတ် (G8)၊ အေးပက် နှင့် အာဆီယံ ပေါင်း ၃ နိုင်ငံ တို့၏ အဖွဲ့ဝင် ဖြစ်ပြီး အရှေ့အာရှ ညီလာခံတွင် ပါဝင်သူ ဖြစ်သည်။ ဂျပန်သည် ဩစတြေးလျနိုင်ငံနှင့် လုံခြုံရေး ပဋိဉာဏ် စာချုပ်ကို ၂၀၀၇ ခုနှစ် မတ်လတွင် လက်မှတ် ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံ နှင့် ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် လက်မှတ် ရေးထိုးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် အမေရိကန် ပြည်ထောင်စု နှင့် ပြင်သစ်နိုင်ငံတို့ ပြီးလျှင် တတိယမြောက် အများဆုံး လှူဒါန်းသော နိုင်ငံ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉.၄၈ ဘီလီယံ လှူဒါန်းခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး၊ စစ်ရေး အရ နီးစပ်မှု ရှိသည်။ ဂျပန်-အမေရိကန် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဂျပန်နိုင်ငံခြားရေး ပေါ်လစီ၏ အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၁၉၅၆ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမ္မဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ အဖြစ် တာဝန်ယူခဲ့သည်မှာ စုစုပေါင်း နှစ် ၂၀ မျှ ရှိပြီး လတ်တလော အနေနှင့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် ဖြစ်သည်။ ဂျပန်သည် ဂျီဖိုး နိုင်ငံများထဲမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် ကြိုးစားနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ဂျပန်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်လျှင် ရှိသည်။ ၎င်းတို့မှာ ရုရှားနိုင်ငံနှင့် တောင်ကူရေးကျွန်းများ အငြင်းပွားမှု၊ တောင်ကိုရီးယားနှင့် လျန်ကုတ် ကျောက်ဆောင် အငြင်းပွားမှု နှင့် တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့နှင့် ဆန်ကာကူးကျွန်း အငြင်းပွားမှု၊ တရုတ်နှင့် အိုကီနိုတိုရီရှီမာ ပတ်ဝန်းကျင် သီးသန့်စီးပွားရေးဇုန် ဆိုင်ရာ အငြင်းပွားမှုတို့ ဖြစ်သည်။ ထို့ပြင် ဂျပန်တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံသားတို့အား ပြန်ပေးဆွဲမှု နှင့် နျူးကလီးယားလက်နက် နှင့် ဒုံးကျည်များ ကိစ္စတို့ကြောင့် ပြဿနာ ဖြစ်ပွားလျက် ရှိသည်။ ဂျပန်သည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲမှ စစ်ရေး အသုံးစရိတ် အကြီးမားဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ အီရတ်စစ်ပွဲ အတွင်းက ဂျပန်နိုင်ငံမှ တိုက်ခိုက်ရေး မဟုတ်သော တပ်များကို စေလွှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ဂျပန်၏ ရေကြောင်းကာကွယ်ရေးတပ်မှာ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ နိုင်ငံများ စစ်ရေးလေ့ကျင့်မှုတွင် အမြဲပါဝင်လေ့ ရှိသည်။ ဂျပန်စစ်တပ် (ဂျပန်ကာကွယ်ရေးတပ်) အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ကြေညာခြင်းနှင့် နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်ရေးအရ ဖြေရှင်းခြင်းကို တားမြစ်ထားသည်။ ဂျပန် ကာကွယ်ရေးတပ်သည် ပုံမှန် စစ်တပ်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံ ပြင်ပတွင် သေနတ်တစ်ချက်မျှ မဖောက်သည့် စစ်တပ် ဖြစ်သည်။正論, May 2014 (171). ဂျပန်စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက အုပ်ချုပ်ပြီး အခြေခံအားဖြင့် ဂျပန်မြေပြင်ကာကွယ်ရေးတပ်(JGSDF) ၊ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ် (JMSDF) နှင့် ဂျပန် လေကြောင်းကာကွယ်ရေးတပ် (JASDF) တို့ ပါဝင်သည်။ ထိုတပ်များသည် လတ်တလောတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ အီရတ်သို့ ဂျပန်တပ်များပို့လွှတ်ခြင်းမှာ ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်မှစ၍ ပထမဆုံး ဂျပန်စစ်တပ်အား နိုင်ငံခြားတွင် အသုံးပြုခြင်းပင် ဖြစ်သည်။ နိပွန်ကဲအီဒန်ရန် ဟု ခေါ်သော ဂျပန်စီးပွားရေး အသင်းမှ ဂျပန်နိုင်ငံ အနေနှင့် နိုင်ငံတကာ စစ်လေယာဉ်နှင့် ဒုံးကျည် ပူးပေါင်း တည်ဆောက်သည့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်နိုင်ရန် အတွက် အစိုးရအား လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခြင်းမှ ရုပ်သိမ်းရန် တောင်းဆိုလျက် ရှိသည်။ ၂၀၁၄ ခုနှစ် မေလတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ဂျပန် အနေနှင့် ဒုတိယကမ္ဘာစစ်ပြီးသည့် အချိန်မှ စ၍ ထိန်းသိမ်းထားသော ပါဝင်ပတ်သက်မှု မရှိခြင်းကို ရပ်တန့်၍ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။ သူ၏ ပြောကြားချက်အရ ဂျပန်အနေနှင့် အိမ်နီးချင်း နိုင်ငံများအား ဂျပန်၏ ပံ့ပိုးမှုကို ပေး၍ အဓိက အခန်းကဏ္ဍမှ ပါဝင်လိုသည်ဟု ဆိုသည်။ အုပ်ချုပ်ရေး ဒေသများ ဂျပန်နိုင်ငံတွင် ပရီဖက်ချာပေါင်း ၄၇ ခုရှိပြီး ပရီဖက်ချာ တစ်ခုစီတွင် ရွေးချုပ်ထားသော အုပ်ချုပ်ရေးမှူး၊ ဥပဒေရေးရာ အဖွဲ့ နှင့် အုပ်ချုပ်ရေး အဖွဲ့တို့က ကြီးကြပ်သည်။ ပရီဖက်ချာများကို မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများ အဖြစ် ဆက်လက် ခွဲခြမ်းစိတ်ဖြာထားသည်။ ဂျပန်နိုင်ငံသည် လက်ရှိတွင် မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများကို ပြန်လည် ပေါင်းစပ် ဖွဲ့စည်းလျက် ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ပရီဖက်ချာများ၏ အုပ်ချုပ်ရေး ဒေသများ လျော့နည်းသွားပြီး အုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်ကို လျှော့ချနိုင်ရန် မျှော်လင့်ထားသည်။ ပထဝီဝင် ယိုရှီနိုတောင်တွင် ချယ်ရီပန်းများပွင့်နေပုံမှာ ပြဇာတ်များနှင့် ဝါကာ ကဗျာများတွင် ချယ်မှုန်း သရုပ်ဖော်လေ့ ရှိသည်။ ဂျိဂိုကုဒါနိ ရေပူစမ်းမှ ဂျပန်မျောက်များမှာ ဆောင်းရာသီတွင် ရေပူစမ်းသို့ လာရောက်လေ့ ရှိသည့်အတွက် ထင်ရှားသည်။ ဂျပန်နိုင်ငံတွင် သစ်တော ဂေဟဒေသ ကိုးခု ရှိပြီး ထိုဒေသများမှ ကျွန်းများ၏ ရာသီဥတုနှင့် ပထဝီဝင်ကို ထင်ဟပ်ပြ နေကြသည်။ ထိုဒေသများတွင် ရူကျူး နှင့် ဘိုနင်ကျွန်းများရှိ အပူလျော့ပိုင်း စိုစွတ်သော ဆောင်းရွက်ကြွေ သစ်တောများမှ အအေးလျော့သော ဒေသများနှင့် ပင်မကျွန်းများရှိ သမမျှတသော ဆောင်းရွက်ကြွေနှင့် မျိုးစုံ သစ်တောများ၊ မြောက်ဘက်ကျွန်းများရှိ အအေးပိုင်းဒေသများမှ သမမျှတသော ထင်းရူးတောများ အထိ ရှိသည်။ ဂျပန်တွင် တောရိုင်းတိရစ္ဆာန် မျိုးပေါင်း ၉၀,၀၀၀ ကျော် ရှိပြီး ဝက်ဝံညို၊ ဂျပန်မျောက်၊ ဂျပန် ရက်ကွန်းခွေး နှင့် ဧရာမ ဂျပန်ရေပုတ်သင် တို့ ပါဝင်သည်။ ဒေသရင်း အပင်နှင့် တိရစ္ဆာန်တို့၏ အရေးပါသော ဒေသများကို ထိန်းသိမ်းရန် အမျိုးသား ဥယျာဉ် အများအပြား ရှိပြီး ရမ်ဆာ စိမ့်မြေဒေသ ၃၇ ခုလည်း ရှိသည်။ နေရာ ၄ခုမှာ သဘာဝ အတိုင်း အလွန်ထူးခြားသော တန်ဖိုးများ ရှိသဖြင့် ယူနက်စကို ကမ္ဘာ့အမွေခံစာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။ သဘာဝပတ်ဝန်းကျင် ဒုတိယကမ္ဘာစစ် အပြီး အလျင်အမြန် စီးပွားရေး တိုးတက်လာသော အချိန်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပေါ်လစီများကို အစိုးရနှင့် ကုန်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းများမှ ဘေးဖယ်ထားခဲ့ကြသည်။ ထို့အတွက်ကြောင့် ၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀ ခုနှစ်များတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အနှံ့အပြား ကြုံတွေ့ရသည်။ ထိုပြဿနာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု များပြားလာသဖြင့် ၁၉၇၀ တွင် အစိုးရမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအချို့ကို ထုတ်ပြန်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေနံအခက်အခဲကြောင့်လည်း သဘာဝ အရင်းအမြစ် မရှိသော ဂျပန်တို့အား စွမ်းအင်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားဖြစ်ခဲ့သည်။ လက်ရှိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် မြို့ပြလေထု ညစ်ညမ်းမှု (မိုနို နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊လေထဲတွင်တွဲခိုနေသော အမှုန်အမွှားများ နှင့် အဆိပ်အတောက်များ) ၊ အညစ်အကြေး စွန့်ထုတ်မှု စီမံခန့်ခွဲရေး၊ ရေထု ညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ ဓာတုပစ္စည်း စီမံခန့်ခွဲမှု နှင့် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတို့ ပါဝင်သည်။ ဂျပန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများကို တီထွင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ် ရည်မျှော် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို တိုင်းတာသော ၂၀၁၄ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ညွှန်းကိန်းတွင် အဆင့် ၂၆ သတ်မှတ်ခြင်း ခံရသည်။ ၁၉၉၇ ခုနှစ် ကျိုတိုပရိုတိုကောလ် ကို လက်မှတ်ရေးထိုးထားပြီး နှင့် ၎င်းအစည်းအဝေးကို လက်ခံကျင်းပသော အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နိုင်ငံအနေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ရာသီဥတု အပြောင်းအလဲကို ထိန်းချုပ်နိုင်မည့် အခြား လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် စာချုပ်ပါ စည်းကမ်းများအရ တာဝန်ရှိသည်။ စီးပွားရေး စီးပွားရေး သမိုင်းကြောင်း ဂျပန်နိုင်ငံတိုကျိုမြို့ရှိဗလီပုံျပန်နိုင်ငံရှိအစ္စလာမ်ဘာသာဝင်လူဦးရေ၏၉၀ရာခိုင်နှုန်းမှာပါကစ္စတန်၊အင်ဒိုနီရှားအစရှိသည့်မွတ်ဆလင်နိုင်ငံများမှလာရောက်အလုပ်လုပ်ကိုင်ကြသည့်ပြောင်းရွှေ့လုပ်သားများဖြစ်ပြီးကျန်၁၀ရာခိုင်နှုန်းမှာဂျပန်နိုင်ငံသားများဖြစ်သည်။အစ္စလာမ်ဘာသာအားကိုးကွယ်သူ၂၀၀၀၀၀ရှိသည်။အစ္စလာမ်ဘာသာကိုဂျပန်နိုင်ငံလူဦးရေ၏၀ဒဿမ၁ရာခိုင်နှုန်းကိုးကွယ်ကြသည် ထို့အပြင်ဟိန္ဒူဘာသာဝင်၊ ဆစ်ခ်ဘာသာဝင်နှင့် ဂျူးဘာသာဝင် အနည်းငယ်မျှလည်း ရှိသည်။ ဘာသာစကား ဂျပန်လူဦးရေ၏ ၉၉ ရာခိုင်နှုန်းမှာ ဂျပန်ဘာသာစကားကို ပထမ ဘာသာစကားအနေဖြင့် ပြောဆိုကြသည်။ ဂျပန်ဘာသာမှာ အဓိပ္ပာယ်ရှိသာ စာလုံးတစ်လုံးစီကို ပေါင်းစပ်ခြင်းဖြင့် စာလုံးတွဲ ဖြစ်ပေါ်သော ဘာသာစကားဖြစ်ပြီး ဂုဏ်ပြုခြင်း ချီးမြှောက်ခြင်းကို အလေးပေးကာ ဂျပန် လူ့အဖွဲ့အစည်း၏ ဝါစဉ် ခွဲခြားမှု သဘာဝကို ထင်ဟပ်ပြနေပြီး ကြိယာနှင့် အချို့သော စကားလုံးများမှာ နားထောင်သူနှင့် ပြောကြားသူတို့၏ အဆင့်ကို ညွှန်းဆိုလျက် ရှိသည်။ ဂျပန် စာ ရေးသားရာတွင် ခန်းဂျီး ဟု ခေါ်သော တရုတ်စကားလုံးများကို အသုံးပြုကြပြီး ရိုးရှင်းသော တရုတ်အက္ခရာများကို အခြေခံထားသော ခါန ဟုခေါ်သော အက္ခရာစဉ် နှစ်မျိုးရှိကာ လက်တင် အက္ခရာနှင့် အာရပ်ကိန်းဂဏန်းများကိုလည်း အသုံးပြုကြသည်။ ဂျပန်ဘာသာစကား အပြင် ရူကျူးဘာသာစကားများ ဖြစ်သော အာမာမိ၊ ကူနိဂါမိ၊ အိုကီနာဝန်၊ မိယာကို၊ ယဲယမာ၊ ယိုနဂူနိ အစရှိသော ဂျပိုနစ် မိသားစုဝင် ဖြစ်သော ဘာသာစကား ဖြစ်သော ဘာသာစကားများကိုလည်း ရူကျူးကျွန်းများတွင် ပြောဆိုကြသည်။ ကလေးငယ်များထဲမှ ထိုဘာသာစကားများကို သင်ယူသူ နည်းပါးသည်။ သို့သော်လည်း ယခု လတ်တလောနှစ်များတွင် ဒေသခံ အစိုးရများက ရိုးရာ ဘာသာစကားနှင့် ပတ်သက်၍ စိတ်ဝင်စားမှု တိုးပွားလာရန် လုပ်ဆောင်လျက် ရှိသည်။ အိုကီနာဝါ ဂျပန်ဘာသာစကားခွဲကိုလည်း ထိုနယ်မြေတွင် ပြဆိုကြသည်။ အအိနု ဘာသာစကားမှာ ဂျပန်ဘာသာစကားနှင့် မည်သည့် ဘာသာစကားနှင့်မျှ ဆက်စပ်ခြင်း မရှိဘဲ ပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေပြီး ဟော့ကိုင်းဒိုးတွင်သာ အသက်ကြီးသော ဌာနေ စကားပြောသူ အချို့ ကျန်ရှိသည်။ အစိုးရကျောင်းနှင့် ပုဂ္ဂလိက ကျောင်း အတော်များများတွင် ကျောင်းသားများ အနေနှင့် ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ခုစလုံးကို သင်ယူရန် လိုအပ်သည်။Ambasciata d'Italia a Tokio: Lo studio della lingua e della cultura italiana in Giappone. ပညာရေး တိုကျိုတက္ကသိုလ်တွင် ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာနေစဉ် ၁၈၇၂ ခုနှစ် မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်တွင် မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများ နှင့် တက္ကသိုလ်များကို စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ မူလတန်းနှင့် အလယ်တန်း ပညာရေးကို မသင်မနေရ ပညာရေး အဖြစ် သတ်မှတ်ခဲ့ပြီး အချိန်ကာလ အားဖြင့် အသက် ၆ နှစ် မှ ၁၅ နှစ် အထိ ၉ နှစ် ကြာမြင့်သည်။ ဂျပန် ပညာရေး၊ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ၏ အဆိုအရ အလယ်တန်း အောင်မြင်ပြီးသော ကလေးငယ် အတော်များများက အထက်တန်း ၃ နှစ်ကို ဆက်လက်သင်ယူကြသည်။ ၂၀၀၅ ခုနှစ်တွင် အထက်တန်း အောင်မြင်ပြီးသူ ၇၅.၉ ရာခိုင်နှုန်းသည် တက္ကသိုလ်၊ ဂျူနီယာ ကောလိပ်၊ ကုန်သွယ်ရေး သင်တန်းကျောင်းနှင့် အခြားသော အဆင့်မြင့်ပညာသင်ကျောင်းများသို့ ဆက်လက် တက်ရောက်ကြသည်။ ဂျပန်တွင် ထိပ်ဆုံးအဆင့် သတ်မှတ်ထားသော တက္ကသိုလ် နှစ်ခုမှာ တိုကျိုတက္ကသိုလ် နှင့် ကျိုတိုတက္ကသိုလ်တို့ ဖြစ်ကြသည်။ အိုအီးစီဒီမှ ကြီးမှူးကျင်းပသော နိုင်ငံတကာကျောင်းသားများ၏ အရည်အချင်းစစ် စာမေးပွဲတွင် ဂျပန်နိုင်ငံမှ ၁၅ နှစ်သား ကျောင်းသားတစ်ဦး၏ အသိပညာနှင့် အတတ်ပညာကို တကမ္ဘာလုံး ဆဋ္ဌမ အဆင့်အဖြစ် သတ်မှတ်ထားသည်။ ကျန်းမာရေး ဂျပန်နိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများက တာဝန်ယူပေးသည်။ တစ်ဦးချင်းအတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် သက်ဆိုင်သော အဖိုးအခများကို အားလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံစနစ်မှ ပေးဆောင်ပြီး အားလုံး တန်းတူညီမျှ အသုံးပြုနိုင်ကာ အစိုးရ ကော်မတီမှ အဖိုးအခများကို သတ်မှတ်ပေးသည်။ အလုပ်ရှင်မှ အာမခံ ထားမပေးသော လူများ အနေဖြင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော ကျန်းမာရေး အာမခံတွင် ပါဝင်နိုင်ပြီး ဒေသခံ အစိုးရများမှ စီမံခန့်ခွဲပေးသည်။ ၁၉၇၃ မှစ၍ အသက်ကြီးသော သူများအားလုံးကို အစိုးရမှ ထောက်ပံ့သော အာမခံဖြင့် အကာအကွယ် ပေးထားသည်။ လူနာများ အနေဖြင့် ဆရာဝန် သို့မဟုတ် ဆေးကုသမည့် နေရာကို မိမိစိတ်ကြိုက် ရွေးချယ်ခွင့် ရှိသည်။ ယဉ်ကျေးမှု ကျိုတိုမြိုမှ ကင်ကကုဂျိ သို့မဟုတ် ရွှေကနား ဘုရားကျောင်း သည် အထူးသမိုင်းဝင်နေရာများ၊ ရှုမျှော်ကွင်း လှပသော အထူးနေရာများနှင့် ယူနက်စကို ကမ္ဘာ့အမွေခံနေရာများတွင် ပါဝင်သည်။ ဂျပန်တို့၏ ယဉ်ကျေးမှုသည် ရှေးဦးအစ ယဉ်ကျေးမှုမှ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်။ ခေတ်ပြိုင် ယဉ်ကျေးမှုတွင် အာရှ၊ ဥရောပ နှင့် မြောက်အမေရိကမှ လွှမ်းမိုးမှုများ ပေါင်းစပ်နေသည်ကို တွေ့ရသည်။ ဂျပန် ယဉ်ကျေးမှုများတွင် လက်မှုပညာများဖြစ်သော ကြွေထည်၊ အဝတ်အထည်၊ ယွန်းထည်၊ ဓား နှင့် အရုပ်များ၊ ဖျော်ဖြေမှုများ ဖြစ်သော ဘွန်းရာကု (ရုပ်သေး)၊ ကာဘုကီ(ကဇာတ်)၊ နို (ဂီတပဒေသာ)၊ အက နှင့် ရာကုဂို (ကွက်စိပ်)၊ အခြားယဉ်ကျေးမှုများ ဖြစ်သော လက်ဖက်ရည်ပွဲ(ရေနွေးကြမ်း)၊ အိကဲဘာနာ (ပန်းအလှဆင်ခြင်း)၊ ကိုယ်ခံပညာ၊ လက်ရေးလှပညာ၊ အိုရိဂါမီ (စက္ကူခေါက်ပညာ)၊ အွန်ဆန်(ရေပူစမ်းချိုးခြင်း)၊ ဂေးရှား(ကချေသည်) နှင့် ကစားပွဲများ ပါဝင်သည်။ ဂျပန်သည် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုများအပြင် ရုပ်ဝတ္ထုမဟုတ်သည့် ယဉ်ကျေးမှု လက္ခဏာများနှင့် အမျိုးသားရေး အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် စနစ်တစ်ခု ထားရှိသည်။ ယူနက်စကို ကမ္ဘာ့အမွေခံ နေရာများတွင် ဂျပန်နိုင်ငံမှ နေရာ ၁၆ခု ပါဝင်ပြီး ၁၂ ခုမှာ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော နေရာများ ဖြစ်သည်။ အနုပညာ အိဆဲ ဝတ်ပြုကျောင်းသည် ဂျပန် ဗိသုကာ ပညာ၏ ဥပမာ တစ်ခု အဖြစ် မှတ်ယူကြသည်။ အများအားဖြင့် သစ်သားကို အသုံးပြုထားသော ဂျပန်ရိုးရာအိမ်များနှင့် များပြားလှစွာသော ဘုရားကျောင်းများတွင် တာတာမီ ခေါ် မြက်ဖျာများနှင့် ဘေးသို့ ဆွဲဖွင့်ရသော တံခါးများ အသုံးပြုထားသည်ကို တွေ့နိုင်ပြီး ထိုတံခါးများမှာ အခန်းများ အချင်းချင်း ခွဲခြားရန်နှင့် အတွင်းနှင့် အပြင် ခွဲခြားရန် အသုံးပြုလေ့ ရှိကြသည်။ အများအားဖြင့် သစ်သား အသုံးပြုသော ဂျပန်ပန်းပုပညာ နှင့် ဂျပန်ပန်းချီတို့မှာ ဂျပန် အနုပညာများထဲတွင် ရှေးအကျဆုံး ဖြစ်ပြီး အစောဆုံး ရုပ်ပုံရေးဆွဲမှုမှာ ဘီစီ ၃၀၀ ခန့်ကပင် တွေ့နိုင်သည်။ ဂျပန်၏ ပန်းချီ သမိုင်းမှ ဌာနေဂျပန်တို့၏ အမြင် နှင့် ပြည်ပမှ ဝင်ရောက်လာသော အတွေးအမြင်များ ရောနှောမှုနှင့် အားပြိုင်မှုကို တွေ့ရသည်။ ဂျပန်နှင့် ဥရောပ အနုပညာတို့အကြား ဆက်နွယ်မှုမှာ ထင်ရှားသည်။ ဥပမာအားဖြင့် ၁၉ ရာစုတွင် တင်ပို့ခဲ့သော အူကီယို-အဲ ပန်းချီများမှာ ဂျပိုနစ်ဆင်ဟု သိကြပြီး အနောက်တိုင်းတွင် မော်ဒန်ပန်းချီများ ဖြစ်ပေါ်တိုးတက်မှုအတွက် ဩဇာလွှမ်းမိုးမှုရှိကာ အထူးသဖြင့် ပို့စ်အင်ပရက်စ်ရှင်နစ်ဆင် ပေါ်တွင် ဖြစ်သည်။ ထင်ရှားသော အူကီယို-အဲ ပန်းချီဆရာများတွင် ဟိုကုဆိုင်းနှင့် ဟိရိုရှိဂဲတို့ ပါဝင်သည်။ ရိုးရာ သစ်သားတုံးဖြင့် ပုံနှိပ်ခြင်းအား အနောက်တိုင်း အနုပညာနှင့် ရောနှောလိုက်သည့်အခါ ယခု ဂျပန်နိုင်ငံတွင်းနှင့် ပြင်ပ တွင် ကျော်ကြားသော မန်ဂါဟူသည့် ရုပ်ပြစာအုပ် ဖြစ်ပေါ်လာခဲ့သည်။ မန်ဂါ၏ ဩဇာလွှမ်းမိုးမှုဖြင့် ပေါ်ပေါက်လာသော တီဗွီနှင့် ရုပ်ရှင်များကို အန်နီမဲ ဟုခေါ်သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်သော ဗွီဒီယိုဂိမ်းစက်များသည် ၁၉၈၀ ခုနှစ်များမှ စ၍ လူကြိုက်များခဲ့သည်။ ဂီတ ဂျပန်တို့၏ ဂီတမှာ ရွေးချယ်စရာ များပြားပြီး အမျိုးမျိုး အစားစား ကွဲပြားခြားနားသည်။ ရိုးရာတူရိယာများဖြစ်သော ကိုတို ဟုခေါ်သော ဂျပန်ဒုံမင်း စသည်တို့ကို ၉ ရာစု နှင့် ၁၀ ရာစုနှစ်များကပင် စတင် အသုံးပြုခဲ့သည်။ နို ဂီတပဒေသာများနှင့် အတူ ယှဉ်တွဲတင်ဆက်လေ့ ရှိသော စကားပြောဂီတများမှာ ၁၄ ရာစုကတည်းကပင် ရှိခဲ့ပြီး လူကြိုက်များ၍ ရှားမိဆန် ဟုခေါ်သော ဂစ်တာနှင့် အလားသဏ္ဍန်တူသည့် တူရိယာနှင့် တွဲဖက်လေ့ရှိသော ကျေးလက်ရိုးရာ ဂီတများမှာ ၁၆ ရာစုမှပင် အစပျိုးခဲ့သည်။ ၁၉ ရာစုတွင် စတင်မိတ်ဆက်ခဲ့သော အနောက်တိုင်း ဂန္ထဝင် ဂီတမှာ ယခုအခါတွင် ဂျပန် ယဉ်ကျေးမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဂျပန်နန်းတော်၏ တူရိယာဝိုင်း၏ ဂါဂါကု ဂီတ သည် အချို့သော ၂၀ရာစု အနောက်တိုင်း ဂန္ထဝင် တေးရေးများ၏ အချို့သော သီချင်းများတွင် လွှမ်းမိုးမှု ရှိသည်ကို တွေ့ရသည်။See for example, Olivier Messiaen, Sept haïkaï (1962), (Olivier Messiaen: a research and information guide, Routledge, 2008, By Vincent Perez Benitez, page 67) and (Messiaen the Theologian, Ashgate Publishing, Ltd., 2010, page 243-65, By Andrew Shenton) ဂျပန်နိုင်ငံမှ ဂန္ထဝင် ဂီတဖန်တီးသူများတွင် နာမည်ကျော်ကြားသူများမှာ တိုရု တာကဲမိဆု နှင့် ရန်န်တာရိုး တာကီ တို့ ဖြစ်သည်။ စစ်ပြီးခေတ် ဂျပန်၏ လူကြိုက်များသော ဂီတများသည် အမေရိကန်နှင့် ဥရောပတို့၏ ဂီတရေစီးကြောင်းများမှ အကြီးအကျယ်လွှမ်းမိုးမှု ရှိပြီး ထိုမှတဆင့် ဂျေပေါ့ပ် ဂီတ သို့မဟုတ် ဂျပန်လူကြိုက်များဂီတ အမျိုးအစား ဖြစ်ပေါ်လာခဲ့သည်။ ကာရာအိုကေ သီဆိုခြင်းသည် ဂျပန်နိုင်ငံတွင် အနှံ့အပြား ကျင့်သုံးသော ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ၏ ၁၉၉၃ စစ်တမ်းအရ ဂျပန်အများစုမှာ နှစ်တစ်နှစ်အတွင် ကာရာအိုကေ သီဆိုချိန်သည် အခြားယဉ်ကျေးမှု ဓလေ့များဖြစ်သော အိကဲဘာနာ ခေါ် ပန်းအလှဆင်ခြင်းနှင့် လက်ဖက်ရည်ပွဲ ကျင်းပခြင်းတို့ထက် ပို၍ များကြောင်း တွေ့ရသည်။ စာပေ ဆူမို နပန်းသမားများ ကွင်းတွင်းသို့ ဝင်ရောက်ပွဲတွင် ဒိုင်လူကြီးအား ဝိုင်းရံနေသည်ကို တွေ့ရပုံ ဆူမို နပန်း သတ်ခြင်း သည် ဂျပန်နိုင်ငံ၏ အမျိုးသား အားကစားနည်း ဖြစ်သည်။ ဂျပန် ကိုယ်ခံပညာများ ဖြစ်သော ဂျူဒို၊ ကရာတေး နှင့် ကန်ဒိုတို့ကို လူအများအပြား ကစားကြပြီး နိုင်ငံတဝှမ်းရှိ ပရိသတ် အများအပြား ကြည့်ရှုအားပေးကြသည်။ မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်အပြီးတွင် အနောက်တိုင်း အားကစားနည်းများကို ဂျပန်တွင် စတင်မိတ်ဆက်ခဲ့ပြီး ပညာရေးစနစ်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၆၄တွင် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပ ခဲ့သည်။ ဂျပန်သည် ဆောင်းရာသီ အိုလံပစ်ကို နှစ်ကြိမ်တိုင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆပ်ပိုရို၊ ၁၉၉၈တွင် နာဂါနို တို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် တိုကျိုသည် နွေရာသီ အိုလံပစ် အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာရှမြို့တော်များတွင် အိုလံပစ် ကစားပွဲ နှစ်ကြိမ်တိုင် လက်ခံကျင်းပသော ပထမဆုံး မြို့တော် ဖြစ်လာပေလိမ့်မည်။IOC selects Tokyo as host of 2020 Summer Olympic Games ဂျပန်နိုင်ငံသည် ရပ်ဂ်ဘီ ယူနီယံ ကစားနည်းတွင် အအောင်မြင်ဆုံးသော အာရှနိုင်ငံ ဖြစ်ပြီး အာရှ ငါးနိုင်ငံပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်တိုင် အနိုင်ရခဲ့ကာ အသစ်ဖွဲ့စည်းသော အိုင်အာရ်ဘီ ပစိဖိတ်နိုင်ငံများ ဖလားကို ၂၀၁၁ တွင် ရရှိခဲ့သည်။ ဂျပန်သည် ၂၀၁၉တွင် အိုင်အာရ်ဘီ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ ဘေ့စ်ဘောလ် ကစားနည်းသည် ယခုလက်ရှိတွင် ဂျပန်၌ အားပေးသူ အများဆုံး အားကစားနည်း ဖြစ်သည်။ ဂျပန်၏ ထိပ်တန်း ပရော်ဖက်ရှင်နယ် လိဂ် ဖြစ်သော နိပွန် ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောလ် ကို ၁၉၃၆ တွင် စတင် တည်ထောင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဂျပန် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ကို တည်ထောင်ပြီးနောက်တွင် ဘောလုံး ကစားနည်းကို အားပေးသူ များပြားလာခဲ့သည်။ ဂျပန်သည် ၁၉၈၁ ခုနှစ်တွင် တိုက်ကြီးများ ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ နေရာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလားကို တောင်ကိုရီးယားနိုင်ငံ နှင့် အတူ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ ဂျပန်သည် အာရှတွင် အအောင်မြင်ဆုံး ဘောလုံးအသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ပြီး အာရှဖလားကို လေးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သည်။ ထို့အတူ မကြာသေးမီက ၂၀၁၁ ဖီဖာ ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျပန်မှ ဖလားရရှိခဲ့သည်။ ဂေါက်သီးကစားခြင်းမှာလည်း ဂျပန်တွင် လူကြိုက်များသော ကစားနည်း ဖြစ်သည်။ ထို့အတူ ကားပြိုင်ပွဲများ ဖြစ်သော စူပါ ဂျီတီ နှင့် ဖော်မြူလာ နိပွန် တို့မှာလည်း လူကြိုက်များသည်။ ဂျပန်သည် အမေရိကန် အင်န်ဘီအေ ဘတ်စကက်ဘော လိဂ်တွင် ကစားသော ကစားသမား ယူတာ တာဘုဆဲကို မွေးထုတ်ပေးနိုင်ခဲ့သည်။ အစားအသောက် ကိုးကား အခြားဖတ်ရန် ထွက်နေအလံ မဟာဂျပန်စကြာဝတ္တိ ကဏ္ဍ:ဂျပန်နိုင်ငံ ကဏ္ဍ:အာရှတိုက်ရှိ နိုင်ငံများ ကဏ္ဍ:ကျွန်းနိုင်ငံများ ကဏ္ဍ:ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကဏ္ဍ:အရှေ့အာရှရှိ နိုင်ငံများ ကဏ္ဍ:အရှေ့မြောက်အာရှရှိ နိုင်ငံများ
လော့စ်အိန်ဂျယ်လိစ်မြို့
လော့အိန်ဂျယ်လိစ် (IPA: /lɑˈsændʒələs/, စပိန်ဘာသာစကားဖြင့် IPA: /los ˈaŋxeles/ ) သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် မြစ်ပေါ်တွင် တည်ရှိပြီး အမေရိကန် အနောက်ပိုင်းတွင် အကြီးဆုံးမြို့ ဖြစ်သည်။ အမြဲမကြာခဏ ဆိုသလိုပင် အတိုကောက် L.A ဟု ခေါ်ဆိုလေ့ရှိကြပြီး နတ်သမီးတို့၏မြို့တော် ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃.၈ သန်းခန့်ရှိပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၄၉၈.၃ စတုရန်းမိုင် (၁၂၉၀.၆ စတုရန်းကီလိုမီတာ) အကျယ်အဝန်းဖြင့် ဖြန့်ကျက်ထားသည်။ ထိုမျှသာမက လော့အိန်ဂျယ်လိစ် မြို့ပြဧရိယာတွင် နေထိုင်သူ စုစုပေါင်း ၁၂.၉ သန်းခန့်ရှိသည်။ ထိုသူများမှာ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ဘာသာစကား ၂၂၄ မျိုးကို ပြောဆိုကြသည်။ လော့စ်အိန်ဂျယ်လိစ်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံးနှင့် ယဉ်ကျေးမှု အမျိုးအစား အစုံဆုံး ကောင်တီတစ်ခုဖြစ်သည့် လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ အုပ်ချုပ်ရေးမြို့ဖြစ်သည်။ လော့အိန်ဂျယ်လိစ်တွင် နေထိုင်သူများကို အိန်ဂျယ်လီနို (English: "Angelenos" IPA: /ændʒəˈlinoʊz/) ဟု ခေါ်ဝေါ်ကြသည်။ လော့စ်အိန်ဂျယ်လိစ်မြို့သည် ရာသီဥတုကောင်းမွန်သောကြောင့် ထင်ရှားသည်။ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်သည်။ ထိုထက် လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ရုပ်ရှင်လောက၏ အချက်အချာဒေသဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ၌ ရုပ်ရှင်လုပ်ငန်းများ ထွန်းကားပေရာ အထူးထင်ရှားသည်မှာ ဟောလီဝုဒ် ရုပ်ရှင်မြို့တော်ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့သည် ၄၅၂ စတုရန်းမိုင်ခန့်ကျယ်ပြန့်၏။ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အဆောက်အအုံများ ၏ ဗိသုကာလက်ရာတို့သည် ခေတ်အမျိုးမျိုး ဟန်အမျိုးမျိုးကို သရုပ်ဖော် လျက်ရှိသည်။ မြို့တော်ခန်းမကြီးသည် ၄၆၄ ပေမျှမြင့်၍ စာတိုက်မှာ ၁၈ ထပ်မျှမြင့်သည်။ ဗရင်ဂျီ ကသီဒရယ် ဘုရားရှိခိုးကျောင်း၏ နာရီစင်သည် ၁၉၅ ပေမြင့်သည်။ တက္ကသိုလ်ကျောင်း၊ ပြတိုက်များအပြင် ဘုရားရှိခိုး ကျောင်း ၆ဝဝ ကျော်ရှိသည်။ မြို့၏များသောအပိုင်းမှာ လူနေရပ်ကွက်ဖြစ်၍ အိမ်ပုံစံများသည် ရှေးစပိန်လက်ရာများမကင်းပေ။ လော့စ်အိန်ဂျယ်လိစ်မြို့ပေါ် တွင် ဥယျာဉ်နှင့်တောင်များစွာရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့နှင် ကပ်လျက်ရှိသော ပါစာဒီနာ၊ ဗားဗင့်ဂလင်းဒေး၊ စန်တာမော်နီကာ၊ ဘာဗလီဟေးလ်နှင့် လောင်းဘိရှ် တို့ အားလုံးပါဝင်သည်ကို မဟာလော့စ်အိန်ဂျယ်လိစ်မြို့ ဟုခေါ်သည်။ ဘာဗလီဟေးလ်တစ်ဝိုက်တွင် ရုပ်ရှင်လောကမှ ပညာသည်များနေထိုင်ကြသည်။ မဟာ လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ကမ်းခြေတွင် စက်မှုလက်မှုလုပ်ငန်း ထွန်းကားသောမြို့ကြီးဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ပြုလုပ်သောလုပ်ငန်းများမှာ လေယာဉ်ပျံ တည်ဆောက်ခြင်း၊ ရေနံချက်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်း၊ မော်တော်ကား တပ်ဆင်ခြင်း၊ အစားအသောက်စည်သွတ်ခြင်း၊ မော်တော်ကားတာယာပြုလုပ် ခြင်းစသည်တို့ဖြစ်၏။ လော့စိန်းဂျလီးမှထွက်သော ရေနံသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှထွက်သောရေနံ၏ သုံးပုံတစ်ပုံဖြစ်သည်။ စန်ဂျို့စ်ကွင် ချိုင့်ဝှမ်းမှ ပိုက်လုံးများဖြင့်သွယ်ယူလာသော ရေနံတို့ကို လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ချက်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ရှိသော စန်ပီဒရိုဆိပ်ကမ်းသည် ပစိ ဖိတ်ကမ်းခြေတွင် ဒုတိယလိုက်သောဆပ်ကမ်းဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် သုံးစွဲသောဓာတ်အားနှင့်ရေကို မိုင် ၂ဝဝ ခန့်ကွာဝေးသော ကော်လိုရာဒိုမြစ်ပေါ်ရှိ ရေကာတာများမှရရှိသည်။ လော့စိန်းဂျလီးမြို့၌ နေထိုင်သောလူဦးရေအနက် မက္ကဆီကန် လူမျိုး၊ ဂျပန်၊ တရုတ်နှင့် ဖီလီပီနိုလူမျိုးများစွာရှိ၍ ယင်းတို့အတွက် သီးခြားရပ်ကွက်များ ပင်ရှိသည်။ ကမ္ဘာတွင် မက္ကဆီကန်တို့၏ ပဉ္စမလိုက်သောမြို့ဟူ၍ ခေါ်နိုင် လောက်အောင်ပင် မက္ကဆီကန်လူမျိုးတို့ စုဝေးနေထိုင်ရာအရပ်ဖြစ်ပေသည်။ လော့စိန်းဂျလီးမြို့ကို စပိန်လူမျိုးတို့ကစတင်တွေ့ရှိ၍ ၁၇၈၁ ခုနှစ်တွင် လူနေအိမ်ခြေတည်ကာနေထိုင်ခဲ့သည်။ မက္ကဆီကိုပိုင် ကာလီဖိုးနီး ယား၏ မြို့တော်လည်း ဖြစ်သည့်အခါဖြစ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စု၏ရေတပ်က သိမ်းပိုက်သည်။ ၁၈၅ဝ ပြည့်နှစ်တွင် မြို့ တည်စာချုပ်ကိုရရှိသည်။ လော့စ်အိန်ဂျယ်လိစ်ဟူသောအမည်မှာ စပိန်အမည်ဖြစ် သော အယ်ပွက်ဗလိုဒါနျူအက်စထရာ ဆီနော်ရာ လာရိန်နာဒါ လော့စ်အိန်ဂျယ်လိစ် ဒါပေါ်စီအွန်စူလာကို အတိုကောက်ခေါ်ဝေါ်သောအမည်ဖြစ်သည်။ အမည်၏အဓိပ္ပာယ်မှာ ပေါ်စီအွန်စူလာကောင်းကင်တမန်တို့၏အရှင် ကျွန်ုပ်တို့သခင်မ၏မြို့တော်ဟူ၍ ဖြစ်လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား Category:အမေရိကန်ပြည်ထောင်စုရှိ မြို့များ Category:ဟောလီးဝုဒ်
လန်ဒန်မြို့
လန်ဒန်မြို့သည် အင်္ဂလန်နိုင်ငံနှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ)၏ မြို့တော်ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်းတွင် အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်သည်။ သိမ်းမြစ်သည် လန်ဒန်မြို့ကို ပင်လယ်နှင့် ဆက်သွယ်ပေးထားသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီဖြစ်ပြီး လန်ဒန်မြို့ကို ရောမခေတ်က တည်ထောင်ခဲ့ကာ ထိုစဉ်အခါက လန်ဒီနီယမ်ဟု အမည်တွင်သည်။ လန်ဒန်မြို့၏ ဗဟိုအချက်အချာ တမိုင်ပတ်လည်ရှိ ရှေးဟောင်း လန်ဒန်မြို့သည် အလယ်ခေတ်က အသွင်အပြင်အတိုင်း ဆက်လက် တည်ရှိဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုနှစ်နောက်ပိုင်းတွင် “လန်ဒန်မြို့”ဟု ဆိုရာ၌ ဤရှေးဟောင်း မြို့ရိုးအပါအဝင် ပတ်ပတ်လည် တိုးချဲ့ကျယ်ပျံ့လာသည့် မြို့ပြကြီး တရပ်လုံးကို ညွှန်းဆိုလာပြီ ဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးအတွက် ထင်ရှား ကျော်စောသည်။ . နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်သည်။ ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်သည်။ ဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အများဆုံး လာရောက် လည်ပတ်သည့် မြို့လည်း ဖြစ်သည်။ လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တစ်ခု ဖြစ်သည်။ လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ၃ကြိမ်မြောက် လက်ခံ ကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ လန်ဒန် တွင် အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူများ ရှိကြသည်။ မဟာ လန်ဒန် ဒေသ အတွင်း ဘာသာစကား ၃၀၀ ကျော်ကို ပြောဆိုလျက် ရှိကြသည်။ မဟာ လန်ဒန် အာဏာပိုင် အဖွဲ့၏ ခန့်မှန်းချက် အရ ၂၀၁၅ တွင် လူဦးရေ ၈.၆၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဥရောဂ သမ္မဂ္ဂ အတွင်း လူဦးရေ အားဖြင့် အများဆုံး စည်ပင်သာယာ နယ်နိမိတ် ဖြစ်သည်။ ယူကေ တစ်ခုလုံး လူဦးရေ၏ ၁၂.၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လန်ဒန်မြို့ပြ ဒေသသည် ပဲရစ်မြို့ ပြီးလျှင် ဥရောပ သမ္မဂ္ဂ အတွင်း ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရ ၉.၇ သန်းကျော် ဖြစ်သည်။ လန်ဒန် မက်ထရိုပိုလစ်တန်ဒေသသည် ဥရောပတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ တစ်ခု ဖြစ်ပြီး နေထိုင်သူ ၁၃,၈၇၉,၇၅၇ မျှ ရှိသည်။ မဟာလန်ဒန် အာဏာပိုင် အဖွဲ့ကမူ မြို့တော် ဒေသ အတွင်း (အင်္ဂလန် နိုင်ငံ အရှေ့တောင်ပိုင်း၏ ဒေသ အတော်များများ အပါအဝင် လူဦးရေ ၂၂.၇ သန်းမျှ ရှိသည်ဟု ဆိုသည်။ လန်ဒန် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့အဖြစ် ၁၈၃၁ ခုနှစ်မှ ၁၉၂၅ အထိ တည်ရှိခဲ့သည်။ လန်ဒန်တွင် ကမ္ဘာ့ အမွေခံ နေရာ ၄ ခုမျှ ပါဝင်သည်။ ၎င်းတို့မှာ လန်ဒန် မျှော်စင်၊ ကူး ဥယျာဉ်၊ ဝက်မင်စတာ နန်းတော်၊ ဝက်မင်စတာ ဘုန်းကြီးကျောင်း နှင့် စိန့်မာဂရက် ဘုရားကျောင်းတို့ ပါဝင်သော နေရာ၊ ဂရင်းဝစ်ချ်ရှိ သမိုင်းဝင် အခြေချ နေထိုင်ရာ နေရာတို့ ဖြစ်ကြသည်။ အခြား ထင်ရှားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ လန်ဒန်အိုင်း ခေါ် ချားရဟတ်ကြီး ၊ ပီကာဒေးလီ ဆားကစ်၊ စိန့်ပေါလ် ဘုရားကျောင်း၊ တာဝါ တံတား၊ ထရာဖဲလ်ဂါရင်ပြင် နှင့် ရှာ့ဒ် မိုးမျှော်တိုက်တို့ ဖြစ်ကြသည်။ လန်ဒန်တွင် ပြတိုက်များ၊ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစားပွဲများ နှင့် အခြားသော ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း အများအပြား ရှိသည်။ ၎င်းတို့ ထဲတွင် ဗြိတိသျှ ပြတိုက်၊ အမျိုးသား အနုပညာပြခန်း၊ တိတ် မော်ဒန်၊ ဗြိတိသျှ စာကြည့်တိုက် နှင့် ၄၀ ဝက်စ်အင်န်း ပြဇာတ်ရုံများ ပါဝင်သည်။ လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြေအောက် ရထားလမ်း ဖြစ်သည်။ သမိုင်းကြောင်း အမည်ကို လေ့လာခြင်း လန်ဒန်ဟူသော အမည်သည် သိမ်းမြစ် မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။ လန်ဒန်ဟူသော အမည်သည် မည်သို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ တိတိပပ မပြောနိုင်ပေ။ လန်ဒန်ဟူသော အမည်မှာ ရှေးအမည်ဖြစ်ပြီး ၂ရာစု တွင် စတင် တွေ့ရှိခဲ့ရသည်။ အေဒီ ၁၂၁ ခုနှစ်တွင် လန်ဒီနီယမ် ဟု မှတ်တမ်းတွေ့ရပြီး ထိုအမည်မှာ ရောမ-ဗြိတိသျှ အရင်းအမြစ် ဖြစ်သည်။ လန်ဒန် အမည်နှင့် ပတ်သက်၍ ပထမဆုံး ရှင်းလင်းရန် ကြိုးစားသူမှာ မန်းမောက်စ်မှ ဂျက်ဖရီ ဖြစ်ပြီး သူ၏ အဆိုအရ လွတ်ဘုရင် ၏ အမည်မှည့်ခေါ်မှုဟု သူက ဆိုသည်။ သို့သော် သူ၏ ရှင်းလင်းတင်ပြချက်ကို ယခုအခါ ပယ်ချခဲ့ကြပြီး ဖြစ်သည်။ ၁၈၉၈ မှ စ၍ လက်ခံ ခဲ့သော အယူအဆမှာ လန်ဒန်ဟူသော အမည်သည် ဆဲလ်တစ် အရင်းအမြစ် ဖြစ်ပြီး လန်ဒီနို ဟူသော လူ ပိုင်ဆိုင်သော နေရာဟု အဓိပ္ပာယ်ရသည် ဟူ၍ ဖြစ်သည်။ သို့သော် ထိုအယူအဆကိုလည်း ပယ်ချခဲ့ပြီး ဖြစ်သည်။ ၁၉၉၈ တွင် ရစ်ချတ်ကုတ် တင်ပြခဲ့သော အယူအဆအရ လန်ဒန် ဟူသော အမည်မှာ ဆဲလ်တစ်ခေတ်မတိုင်မီ ရှေးခေတ် ဥရောပ စကား *(p)lowonida မှ လာသည်ဟု ယူဆခဲ့ပြီး အလွန်ကျယ်၍ ခံတပ်ဆောက်ရန် မဖြစ်နိုင်သောနေရာဟု သိမ်းမြစ်ကို အစွဲပြု၍ ခေါ်ဝေါ်သည်ဟု သူက ဆိုသည်။ ၁၈၈၉ အထိ လန်ဒန် ဆိုသော အမည်မှာ လန်ဒန်မြို့တော်ကိုသာ ရည်ညွှန်းသော်လည်း ယခုအခါ လန်ဒန် ကောင်တီ နှင့် မဟာလန်ဒန် ဒေသတို့ကိုပါ ရည်ညွှန်း ခေါ်ဆိုကြသည်။ သမိုင်း မတင်မီခေတ် မကြာသေးမီက တွေ့ရှိခဲ့သော ရှာဖွေတွေ့ရှိမှု နှစ်ခု အရ လန်ဒန် သိမ်း ဒေသ အနီးတွင် အစောပိုင်း အခြေချ နေထိုင်မှုများ ရှိနိုင်သည်ဟု ညွှန်ပြနေသည်။ ၁၉၉၉ ခုနှစ်တွင် ဘောက်ဆော တံတား၏ မြောက်ဘက် ကမ်းခြေတွင် ကြေးခေတ် တံတား တစ်ခု၏ အကြွင်းအကျန်များကို တွေ့ရှိခဲ့ရသည်။ ထိုတံတားမှာ သိမ်းမြစ်ကို ဖြတ်ကူးသော တံတား သို့မဟုတ် ယခု မရှိတော့သော ကျွန်းတစ်ခုသို့ ဆက်သွယ်ထားသည်ဟု ထင်ရသည်။ ဒန်ဒရိုလိုဂျီ (သစ်ပင်များကို လေ့လာသော ပညာ) အရ သစ်များသည် ဘီစီ ၁၅၀၀ ခန့်မှ ဟု သိရသည်။ ၂၀၁၀ ခုနှစ်တွင် ဘောက်ဆောတံတား၏ တောင်ဘက် သိမ်းမြစ်၏ ကမ်းခြေတွင် ကြီးမားသော သစ်အဆောက်အဦး တစ်ခု၏ အခြေများကို တွေ့ရှိခဲ့ပြီး ဘီစီ ၄၅၀၀ ခန့်က ဟု သိရသည်။ မီဆိုလစ်သစ် အဆောက်အဦးများ၏ အသုံးပြုမည့် ရည်ရွယ်ချက်ကိုမူ မသိရပေ။ သို့သော်လည်း အဆောက်အဦး နှစ်ခုစလုံးသည် တောင်ဘက် ကမ်းခြေတွင် တည်ရှိပြီး အက်ဖရာမြစ်မှ သိမ်းမြစ်အတွင်းသို့ စီးဝင်သော နေရာတွင် ဖြစ်သည်။ ရောမခေတ် လန်ဒန် ၁၅၉၃ ခုနှစ် လန်ဒန်မြို့ မြေပုံ။ သိမ်းမြစ်ပေါ်တွင် ဖြတ်သန်းထားသော တံတားတစ်စင်းသာ ရှိသည်။ သို့သော်လည်း မြစ်တောင်ဘက်ခြမ်းကမ်းပါးရှိ ဆောက်သ်ဝပ် ၏ အစိတ်အပိုင်းများမှာ ဖွံ့ဖြိုးနေပြီ ဖြစ်သည်။ တူးဒေါခေတ်အတွင်းတွင် ပြုပြင်‌ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် ပရိုတက်စတင့် ဝါဒဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး လန်ဒန်ရှိ အိမ်ခြံမြေအများစုကို ဘုရားကျောင်းတော်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် မြို့တော်အတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး အရှိန်မြင့်လာခဲ့သည်။ ၁၄၇၅ တွင် ဟန်းဆေတစ်အဖွဲ့မှ အင်္ဂလန်၏ ပင်မ ကုန်သွယ်ရေး အခြေစိုက်စခန်းကို လန်ဒန်တွင် တည်ထောင်ခဲ့ပြီး စတားဟော့ဖ် အော့ဖ် စတီးလ်ယတ်ဒ် ဟု ခေါ်ဆိုခဲ့သည်။ ထိုအခြေစိုက် စခန်းသည် ၁၈၅၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး ဟန်းဆေတစ်မြို့တော်များ ဖြစ်သော လူးဘက်၊ ဘရီမန် နှင့် ဟမ်းဘတ်တို့မှ အရှေ့တောင်ပိုင်း ရထားကုမ္ပဏီအား ရောင်းချ လိုက်ချိန်အထိ ဖြစ်သည်။ ဆေးမဆိုးရသေးသော သိုးမွှေးအထည်များကို လန်ဒန်မှ အောက်ပိုင်းနိုင်ငံများ ဖြစ်သော နယ်သာလန်၊ ဘယ်လဂျီယမ် နှင့် လူဇင်ဘတ်နိုင်ငံ တို့သို့ တင်ပို့ ရောင်းချကြသည်။ သို့သော်လည်း အင်္ဂလိပ် ရေကြောင်းကုန်သွယ်ရေးသည် ဥရောပ အနောက်မြောက်ပိုင်းမှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။ မြေထဲပင်လယ်ဒေသနှင့် အီတလီသို့ ဆက်သွယ်သော ကုန်သွယ်ရေးလမ်းကြောင်းသည် ပုံမှန်အားဖြင့် အန့်ဝပ်ကို ဖြတ်ကျော်၍ အယ်လ်ပ်တောင်တန်း များပေါ်မှ ဖြတ်ကျော်သွားလေ့ ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားကို ဖြတ်ကျော်၍ အင်္ဂလန်သို့ အသွားအပြန် ပြုလုပ်ကြသော သင်္ဘောများမှာ အများအားဖြင့် အီတလီ နှင် ရာဂူဆန်နိုင်ငံမှသာ ဖြစ်သည်။ ၁၅၆၅တွင် နယ်သာလန်မှ အင်္ဂလန်သို့ သင်္ဘောလမ်းကြောင်းကို ပြန်ဖွင့်ပြီးနောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အလွန်အမင်း များပြားလာခဲ့သည်။ လန်ဒန်တွင် တော်ဝင်အိတ်ချိန်းကို တည်ထောင်ခဲ့သည်။ ပို့ကုန်ဦးစားပေး စီးပွားရေးစနစ် ဖွံ့ဖြိုးလာခဲ့ပြီး လက်ဝါးကြီးအုပ်လုပ်ကိုင်သည့် ကုမ္ပဏီများဖြစ်သည့် အရှေ့အိန္ဒိယကုမ္ပဏီ ကဲ့သို့သော ကုမ္ပဏီများကို တည်ထောင်ကြပြီး ကမ္ဘာသစ်သို့ ကုန်သွယ်ရေး ချဲ့ထွင်ခဲ့ကြသည်။ လန်ဒန်သည် မြောက်ပင်လယ်၏ အဓိကဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပြီး အင်္ဂလန်နိုင်ငံအတွင်း နှင့် ပြည်ပမှ ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာခဲ့သည်။ လူဦးရေသည် ၁၅၃၀တွင် ၅၀,၀၀၀ မျှရှိရာမှ ၁၆၀၅ခုနှစ်တွင် ၂၂၅,၀၀၀ အထိ တိုးပွားလာခဲ့သည်။ ၁၆ ရာစုအတွင်း ပြဇာတ်လောက တိုးတက်မှုနှင့် ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်မှုများ ရှိနေစဉ် အချိန်က ဝီလီယံ ရှိတ်စပီးယားနှင့် ၎င်း၏ ခေတ်ပြိုင်များသည် လန်ဒန်တွင် နေထိုင်ခဲ့ ကြသည်။ တူဒေါခေတ် ကုန်ဆုံးသွားသည့် ၁၆၀၃ ခုနှစ် အထိတိုင်အောင်ပင် လန်ဒန်သည် သိပ်သည်းစွာ တည်ရှိသည်။ ၁၆၀၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ဝက်မင်စတာ၌ ပထမ ဂျိမ်းဘုရင်အား လုပ်ကြံရန် ကြံစည်သော သေနတ်ယမ်းလုပ်ကြံမှု ဖြစ်ပွားခဲ့သည်။ ၁၆၃၇တွင် ချားလ်(၁)၏ အစိုးရသည် လန်ဒန်ဒေသအတွင်း အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည်။ ထိုအစီအစဉ်အရ မြို့တော် ကော်ပိုရေးရှင်းအား မြို့တော်အနီးအနားရှိ တိုးချဲ့လာသောဒေသများကိုပါ ပါဝင်အောင် ထည့်သွင်း၍ နယ်နိမိတ်နှင့် အုပ်ချုပ်ရေးကို တိုးချဲ့ရန် ဖြစ်သည်။ ဘုရင်မှ လန်ဒန်၏ လွတ်လပ်မှုကို လျော့နည်းအောင် ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ထိုတိုးချဲ့ဒေသများကို အုပ်ချုပ်ရန် စိတ်ဝင်စားမှု မရှိသောကြောင့် လည်းကောင်း၊ မြို့တော်အတွင်းရှိ အသင်းအဖွဲ့များမှ အာဏာကို ခွဲဝေခြင်း မပြုလိုသောကြောင့် လည်းကောင်း ကော်ပိုရေးရှင်းမှ ငြင်းဆန်ခဲ့သည်။ "မဟာငြင်းပယ်မှုကြီး"ဟု နောင်တွင်ခေါ်ဆိုခဲ့ကြသော အဆိုပါကိစ္စ လန်ဒန်မြို့၏ သီးသန့်ဖြစ်သော အုပ်ချုပ်ရေး အနေအထား ဖြစ်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ အင်္ဂလိပ် ပြည်တွင်းစစ်တွင် လန်ဒန်မြို့သား အများစုတို့သည် လွှတ်တော်ဘက်မှ ရပ်တည်ခဲ့ကြသည်။၁၆၄၂ တွင် ဘုရင့်သစ္စာခံတို့၏ ကနဦးအောင်မြင်မှုသည် ဘရန့်ဖို့ဒ်နှင့် တန်း ဟမ်ဂရင်းစစ်ပွဲတို့တွင် ထိပ်ဆုံးသို့ ရောက်ရှိလာသောအခါ လန်ဒန်မြို့အား ဆက်သွယ်ရေးလိုင်းဟု ခေါ်သော ကာကွယ်ရေးတံတိုင်းဖြင့် ဝန်းရံထားခဲ့သည်။ ထိုကာကွယ်ရေး တံတိုင်းအား လူပေါင်း ၂၀,၀၀၀ ခန့်ဖြင့် တည်ဆောက်ခဲ့ပြီး ၂လမကြာဘဲ ပြီးစီးခဲ့သည်။ ခေတ်သစ် နှောင်းပိုင်း နှင့် ယနေ့ခေတ် အစိုးရ ပထဝီဝင် လူဦးရေ ပျံ့နှံ့နေထိုင်ပုံ စီးပွားရေး သယ်ယူပို့ဆောင်ရေး ပညာရေး ယဉ်ကျေးမှု ထင်ရှားသော ပုဂ္ဂိုလ်များ အပန်းဖြေရာ နေရာများ ကိုးကား Category:ယူနိုက်တက်ကင်းဒမ်းရှိ မြို့များ Category:လန်ဒန်မြို့ Category:ဥရောပတိုက်ရှိ မြို့တော်များ
ထွန်စက်
right|ခေတ်သစ် ဥရောပ လယ်ထွန်စက် right|Ebro လယ်ထွန်စက် right|ဥရောပ မှ ရှေးကျသော ထွန်စက်မော်ဒယ်လ်။ ဤသို့သော ထွန်စက်များသည် အရှေ့ဥရောပတွင် ယနေ့တိုင် အများအပြားတွေ့ရဆဲဖြစ်သည်။ ထွန်စက် ဆိုသည်မှာ နောက်တွဲယာဉ်ကို ဆွဲယူရန်၊ စိုက်ပျိုးမွေးမြူရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသုံးပြုရန်အတွက် ကြီးမားသော ဆွဲယူအား (tractive effort) ကို နှေးကွေးသော အရှိန်များ၌ ပေးနိုင်ရန် ပုံစံထုတ်ထားသော ယာဉ်ဖြစ်သည်။ အများအားဖြင့် ထွန်စက်ဆိုသော အသုံးအနှုန်းသည် လယ်ယာမြေတွင် သုံးသော ယာဉ်တစ်မျိုးကို ရည်ညွှန်းခေါ်ဆိုကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော စက်ပစ္စည်းကိရိယာများကို နောက်မှဆွဲခြင်း သို့ ယာဉ်ပေါ်တွင် တပ်ဆင်ခြင်းဖြင့် အသုံးပြုကြသည်။ အကယ်၍ အတူတကွသုံးစွဲသော ကိရိယာမှာ စက်ပစ္စည်းတစ်မျိုးဖြစ်ပါက ထွန်စက်မှနေ၍ စွမ်းအင်ပေးနိုင်သည်။ အင်္ဂလိပ်စာလုံး tractor ကို နောက်တွဲပါကုန်ကားများ၏ စွမ်းအင်ပေးသော အစိတ်အပိုင်းအတွက်လည်း အသုံးပြုကြသည်။ အင်္ဂလိပ်စာလုံး tractor သည် လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး trahere (ဆွဲရန်) ဆိုသော စကားလုံး၏ နာမ်စားဖြစ်သည်။ ပထမဆုံးတွေ့ရှိရသည့် အသုံးအနှုန်းကို ၁၉၀၁ ခုနှစ်တွင် တွေ့ရှိရပြီး "ကုန်တင်တွဲများကို ဆွဲရန် နှင့် လယ်ထွန်ရန် အင်ဂျင် သို့မဟုတ် ယာဉ်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အစောပိုင်းအသုံးနှုန်းမှာ ဆွဲအားရှိအင်ဂျင်ဖြစ်သည်။ ပထမဆုံးထွန်စက်မှာ ရေနွေးငွေ့သုံး ထွန်ယက်သည့် အင်ဂျင်ဖြစ်သည်။ ထိုအင်ဂျင်များကို လယ်ကွက်၏ တစ်ဖက်တစ်ချက်စီ၌ တပ်ဆင်ကြပြီး ထွန်သွားကို ထိုအင်ဂျင်နှစ်ခုကြား၌ ဝိုင်ယာကေဘယ်လ် ကို သုံး၍ အရှေ့အနောက်ရွေ့လျားစေသည်။ Category:လုပ်ငန်းသုံးယာဉ်များ Category:စိုက်ပျိုးမွေးမြူရေး Category:စိုက်ပျိုးရေးသုံး ယာဉ်များ
ဦ
ဦ သည် မြန်မာဘာသာ၌ အခြေခံသရ (၁၁) လုံး နှင့် သင်ရိုးသရ (၁၂) လုံး ထဲမှ သရတစ်ခုဖြစ်သည်။ ထို့အပြင် အသံပိုင်းဆိုင်ရာအရ "ဦ" သရသည် "အာ၊ ဤ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ကဲ့သို့ သံရှည်သရတစ်မျိုးဖြစ်သည်။ ဒီဃသရ ဟူ၍ ခေါ်ဆိုသည်။ "ဦ" သည် လုံးချင်းသရတစ်ခုဖြစ်၏။ ထို့ကြောင့် သရအက္ခရာ သုံးလုံးဖြစ်သော "ဥ၊ ဦ၊ ဦး" တို့သည် သီးသန့်စကားလုံးများဖြစ်ကြသည်။ "ဦ"သည် "ဥ" ကို လုံးကြီးတင် (ီ) ၍ ဖြစ်လာသည် မဟုတ်သကဲ့သို့ "ဦး"သည်လည်း "ဦ" ကို ဝစ္စပေါက် (း) ထည့်ထားခြင်းမဟုတ်ပါ။ သို့ဖြစ်၍ ဤသရအက္ခရာသုံးလုံးသည် အချင်းချင်း မှီခိုပြီးမှ တည်ဆောက်ထားသော စကားလုံးများ မဟုတ်ကြပေ ။ကိုသိမ်းမြတ် (အလင်္ကာပုလဲပန်း)၊ ဘီဘီစီ၊ အလင်္ကာပုလဲပန်း၊ ၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ မှတ်စု ကိုးကား Category:မြန်မာအက္ခရာ
ဘကြည် (ပန်းချီ)
ဆရာကြီး ပန်းချီဦးဘကြည် |ဆရာကြီး ဦးဘကြည် ပန်းချီဆွဲနေစဉ် ငယ်စဉ်ဘဝ ပန်းချီဆရာကြီး ဦးဘကြည်ကို ၁၉၁၂ခု၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားသည်။ အဖ ဦးဘိုးအင်၊ အမိဒေါ်အေးမေဖြစ်သည်။ ငယ်စဉ်ကပင် ဝါသနာပါရာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အိုင်အက်စီတန်း အောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ် (အာရ်၊စီ၊အေ၊လန်ဒန်) ထံတွင် ပန်းချီပညာဆည်းပူးခဲ့သည်။ နိုင်ငံခြားပညာတော်သင်သွားခြင်း ၁၉၄၉ ခုနှစ်တွင် ပြင်သစ်အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့်ပန်းချီသိပ္ပံတွင် တစ်နှစ်ပညာသင်ခွင့် ရသည်။ ထိုသို့ ပညာဆည်းပူးနေစဉ် ကမ္ဘာ့ပန်းချီပြပွဲကြီး "Le Sa Lon 49" တွင် ဝင်ရောက်ပြသနိုင်ပြီး လန်ဒန်၊ မွန်တီကာလိုမြို့များတွင် ကျင်းပသည့် ပန်းချီပြပွဲကြီးများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်အစိုးရ ပညာသင်ဆုရ၍ ဖီလာဒဲလ်ဖီးရား ပန်းချီအကယ်ဒမီတွင် တစ်နှစ် ပညာဆည်းပူးခွင့်ရခဲ့သည်။ ထိုနှစ်မှာပင် ပင်စီလ်ဗေးနီးယား တက္ကသိုလ်တွင် ပန်းချီမဟာဝိဇ္ဇာတန်း တက်ခွင့်ရခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် လန်ဒန်တော်ဝင်ပန်းချီအသင်းကြီးမှ ရာသက်ပန်အဖွဲဝင်အဖြစ် "F.R.S.A." ဘွဲ့ချီးမြှင့်ခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် မြန်မာပန်းချီလောက၏ ဖခင်ကြီးတစ်ဦးဖြစ်ပြီး မြန်မာရိုးရာပျော်ရွှင်မှုဆိုင်ရာ အကအခုန် သရုပ်ဖော်လက်ရာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆယ့်နှစ်ရာသီပွဲလမ်းသဘင် သရုပ်ဖော်လက်ရာများ၊ ဇာတ်၊ နိပါတ်ဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပန်းချီကားများရေးဆွဲခဲ့သည်။ ခေတ်အမြင် ခေတ်အတေး ခေတ်အရေးဆိုင်ရာ ခေတ်သစ်ပန်းချီလက်ရာများကိုလည်း စိတ်ကူးကောင်းကောင်းဖြင့် ရေးဆွဲလေ့ရှိသည့် စွယ်စုံပန်းချီကျော်ကြီးဖြစ်သည်။ မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ ၁၉၅၂ မှစ၍ ရှေးရိုးမြန်မာပန်းချီရေးနည်းကို သုတေသနပြုကာ ဖော်ထုတ်ရေးဆွဲနိုင်ခဲ့သည်။ ထိုသို့ သုတေသနပြုရေးဆွဲနေဆဲ ပြင်သစ်နိုင်ငံတွင် ပန်းချီပညာဆည်းပူးပြီး ပြန်ရောက်လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ပေးချက်အရ အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူသည့် ဗုဒ္ဓဝင်ကို ပုံတော်များ ရေးဆွဲသရုပ်ဖော်ခဲ့သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးမှာ ယခုအခါ စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးကို သရုပ်ဖော်ရေးဆွဲရန် ဆရာတော်ကြီးများထံ ချဉ်းကပ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း စသောကောင်းမှုကုသိုလ်ပြု၍ အထူး စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရေးဆွဲခဲ့ရာ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာတရားတော်များကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။ တာဝန်ထမ်းဆောင်ခဲ့သော ဌာနများ ၁၉၃၉ တွင် ဖွင့်လှစ်သော စစ်ကြိုခေတ် ပန်းချီပန်းပုကျောင်းတွင် နည်းပြဆရာ အဖြစ်လည်းကောင်၊ ၁၉၄၁ တွင် ဖွင့်လှစ်သည့် ပန်းချီအကယ်ဒမီတွင် ကထိက အဖြစ်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် ပန်းချီကထိက အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးများတွင် ဥက္ကဋ္ဌအဖြစ် ၁၀ ကြိမ်၊ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင်၊ စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်၊ ယဉ်ကျေးမှုဌာန ပန်းချီအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို) နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။ ထင်ရှားသော ပန်းချီလက်ရာများ ဆရာကြီး၏ထင်ရှားသော ပန်းချီလက်ရာများကို ရန်ကုန်ရှိ အမျိုးသားပြတိုက်၊ တာရှ်ကင့်ပြတိုက်၊ ပီးကင်းအမျိုးသားပြတိုက်၊ ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ ပန်းချီပြတိုက်၊ ဗုဒ္ဓဂယာတို့တွင် ချိတ်ဆွဲပြသထားကြသည်။ မင်္ဂလာဒုံလေဆိပ်တွင် စတုရန်းပေ ၃၀၀၀ ရှိ နံရံပန်းချီကားကြီးမှာ ဆရာ့အား ကမ္ဘာကျော်စေသည့် မြန်မာမှုသရုပ်ဖော် လက်ရာမွန် ပန်းချီကားကြီးဖြစ်သည်။ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံစေတီတော်တို့တွင်လည်း သမိုင်းဝင် ဆီဆေးပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ မိတ္ထီလာဝန်ဇင်းဟိုတယ်၊ ကမ်းနားလမ်းဟိုတယ်၊ ပညာရေးတက္ကသိုလ်တို့တွင် နံရံပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ ထိုခေတ် ထိုအခါက ရွှေသွေးဂျာနယ်၊ တေဇရုပ်စုံ စသည့် အပတ်စဉ် နှင့် လစဉ်ထုတ် အစိုးရ စာစောင်များတွင် ပန်းချီဦးဘကြည်၏ လက်ရာနှင့် သရုပ်ဖော်တင်ဆက်ပုံများမှာ အထင်ကရ ဖြစ်ခဲ့သည်။ ၂၁ ရာစု မြန်မာနိုင်ငံရှိ အရွယ်ရောက် လူကြီးပိုင်း အများစုမှာ ပန်းချီဦးဘကြည် လက်ရာများ ဖြင့် ကြီးပြင်းခဲ့ရသူများ ဖြစ်သည်အထိ ဆရာကြီး၏ လွှမ်းမိုးမှုကြီးမားခဲ့ပါသည်။ ဘဝနိဂုံး ဆရာကြီးဦးဘကြည်သည် ၁၅ရက်၊ဧပြီလ၊၂၀၀၀ ခုနှစ်၊ ညနေ ၆နာရီ ၅၅မိနစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ဇနီး ဒေါ်တင်မေ (ပညာရေးတက္ကသိုလ် ငြိမ်း) နှင့် သား ၂ဦး၊ သမီး ၁ဦး၊ မြေး ၆ဦးတို့ ကျန်ရစ်ပါသည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဆရာကြီး ပန်းချီဦးဘကြည်၊ တကြိမ်၊ ဇူလိုင် ၂၀၀၁၊ Quality Publishing House ၊ ရန်ကုန် ကိုးကား Category:မြန်မာ ပန်းချီဆရာများ
နိုင်ငံတော်သီချင်း
နိုင်ငံတော်သီချင်း သည် နိုင်ငံတစ်ခုခုမှ တရားဝင် အမျိုးသားသီချင်းအဖြစ် သတ်မှတ်ထားသော သီချင်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး အလံတော်လွှင့်ထူချိန်တွင် စတင်သီဆိုရန် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြထမ်းခဲ့ပြီး ယနေ့တိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်အခမ်းအနားများနှင့်အားကစားပွဲများ၏ အခမ်းအနားအစ တွင် ဆက်လက်သီဆိုနေဆဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏နိုင်ငံတော်သီချင်းများတွင် ဒုတိယအကောင်းဆုံး နိုင်ငံတော်သီချင်းအဖြစ်သတ်မှတ်ထားသည်။ Category:နိုင်ငံတော်သီချင်းများ
ရာသီဥတု
တကမ္ဘာလုံးတွင် ရာသီဥတုအမျိုးအစားခွဲခြားမှုများ ရာသီဥတု (Climate) တွင် ဒေသတစ်ခုအတွင်း ရှည်လျားသော အချိန်ကာလအတွင်း၌ ဖြစ်ပေါ်သော အပူချိန်များ၊ စိုထိုင်းဆများ၊ မိုးရေချိန်များ၊ လေထုတွင်းရှိ အမှုန်အမွှားတို့၏ အရေအတွက် နှင့် အခြားမိုလေဝသဆိုင်ရာ အချက်အလက်များပါဝင်သည်။ ရာသီ (weather) နှင့်ကွဲပြားသည့်အချက်မှာ ရာသီတွင် လက်ရှိအဖြစ်အပျက်များကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ နေရာတစ်ခု၏ ရာသီဥတုကို ၎င်း၏ လတ္တီကျု၊ မြေမျက်နှာသွင်ပြင်၊ အမြဲတမ်းဖုံးလွှမ်းနေသော ရေခဲ သို့မဟုတ် နှင်း စသည်တို့နှင့် အနီးအနားရှိ သမုဒ္ဒရာတို့နှင့် ၎င်းတို့၏ ရေစီးကြောင်းများနှင့် ဆက်စပ်နေသည်။ ရာသီဥတုကို အပူချိန် နှင့် မိုးရေချိန်စသည့် အချက်အလက်တို့ပေါ်တွင် မူတည်၍ သီးသန့်ရာသီဥတု အမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်သည်။ Category:ရာသီဥတု
လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)
လွတ်လပ်ရေးနေ့ ()သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အသိအမှတ်ပြုထားခဲ့သည်။ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ပည်း ထိုးထားကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁၀၀ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆၀ကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ နှစ်စဉ်နှစ်တိုင်း သတိရ ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့ မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တခမ်းတနားဆင်ယင်ကျင်းပကြ၍ အစိုးရက လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ရုပ်ပုံများ အခြားဖတ်ရန် မြန်မာ့လွတ်လပ်ရေးအက်ဥပဒေ
ဂီတ
ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။ ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်းထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။ ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။ အဓိပ္ပာယ် ဖွင့်ဆိုချက် `ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပာယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပာယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟူ၍လည်းကောင်း၊ `ပုဗ္ဗဘာဂဩကုဇ´ရှေ့အဖို့၌ ရင့်ရှုညည်းတွားခြင်းသည်ပင်လျှင် ဂီတဟူ၍လည်းကောင်း၊ သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍လည်းကောင်း ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍လည်းကောင်း၊ `ရခန်း´ဟူ၍လည်းကောင်း၊ `ရတင်သည်´ဟူ၍လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပာယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။ ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်းဟု အဓိပ္ပာယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ဟုဦးသော်ဇင် ၏ ကဗျာ့လမ်းညွှန် စာအုပ်ထဲတွင် ဆိုထားသည်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းဟု အဓိပ္ပာယ်ရသည်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံး မတြာထက် ကျော်လွန်ရှည်လျားပြီး စည်းဝါး အစရှိသော တူရိယာများနှင့် သီဆိုရလျှင် ဂီတဟု ခေါ်သည်။ ('မတြာ' ဆိုသည် အသံရှိန်ကို တိုင်းတာသော မြန်မာယူနစ် (Dimensional unit) ဖြစ်သည်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာသည်ဟု တိုင်းတာပါသည်။) မြန်မာဂီတ (သီချင်း) အမျိုးအစား မြန်မာ့ဂီတတွင် အကြမ်းအားဖြင့် သောတာလင်္ကာရသီချင်းနှင့် ဝစနာလင်္ကာရသီချင်း ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။ သောတာလင်္ကာရသီချင်း သောတာလင်္ကာရသီချင်းကို စည်းဝါးများ၊ တူရိယာအတီးအမှုတ်များနှင့်အတူ သီဆိုရသည်။ သောတာလင်္ကာရ သီချင်းများမှာ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စသည့်သီချင်းများ၊ ရိုးရာသီချင်းများ(Folk-Songs)၊ ရှေးသံဆန်းသီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊ နှစ်၂၀-သီချင်းများ၊ ကာလပေါ်သီချင်းများ၊ စတီဒီယိုသီချင်းများပင် ဖြစ်သည်။ အဆိုပါသီချင်းများကို သောတာလင်္ကာရသီချင်း၏ အဓိပ္ပာယ်မှာ ဂီတအားဖြင့် နားသောတကို တန်ဆာဆင်ထားသည့် သီချင်းပင် ဖြစ်သည်။ အမျိုးအစားများမှာ- ကြိုးသီချင်း ဘွဲ့ သီချင်း သီချင်းခံ သီချင်း ပတ်ပျိုး သီချင်း ယိုးဒယား သီချင်း မွန်သီချင်း ဒိန်းသံ တေးထပ် ဘောလယ်အရိုး လေးထွေသံကပ် မြင်းခင်း နတ်ချင်း ရိုးရာသီချင်းများ(Folk-Songs)မှာ- အိုးစည်သံ သီချင်း ကရင်ဩသံ သီချင်း လှေတော်သံ သီချင်း မွန်သံ သီချင်း စည်တော်သံ သီချင်း ဗြော သီချင်း ဗုံကြီးသံ သီချင်း ဒိုးပတ်သံ သီချင်း ဝစနာလင်္ကာရသီချင်း ဝစနာလင်္ကာရသီချင်းသည် ဂီတထက် ကဗျာကို ပို၍ အလေးပေးကာ စပ်ဆိုသီကုံးထားသော သီချင်းမျိုးများဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းစာသားများကို ရွတ်ဖတ်သီဆိုရာတွင် ခန့်ခန့်ညားညား၊ လေးလေးနက်နက်၊ ပီပီသသ ပြတ်သားကြည်လင်စွာ ရွတ်ဖတ်သီဆိုရပြီး အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လေယူလေသိမ်းများကို သောတာလင်္ကာရ သီချင်းများထက် ပို၍ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကြရသည်။ ဝစနာလင်္ကာရသီချင်းများမှာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် စသည်များနှင့် ထီးနန်းသုံး ကဗျာသီချင်းများဖြစ်သော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ အန်ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စသည့် သီချင်းများပင် ဖြစ်သည်။ ဝစနာလင်္ကာရသီချင်း၏ အဓိပ္ပာယ်မှာ စကားကို တန်ဆာဆင်ထားသော သီချင်းပင် ဖြစ်သည်။ ရတု ရကန် အဲချင်း အန်ချင်း အိုင်ချင်း လူးတား ဧချင်း လေးချိုးကြီး သာချင်း ပျို့ သန်လျင်မြဦး၏ ပန်တျာဂီတလမ်းညွှန်မှ ၁၉၈၉-ခု၊ (စာပေဗိမာန်စာမူဆုရ) ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (သီချင်း) အမျိုးအစားများမှာ- ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုးဒယား(ဂီတ)၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့(ဂီတ)၊ ဘောလယ်အရိုး၊ တေး- အရိုးအဆန်း၊ သဖြန်- အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဟူ၍ ၂၂ မျိုး ရှိသည်ဟု ဖော်ပြသည်။ ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ် ခေတ်ပေါ်ဂီတ စတီဒီယို ဂီတ ဟစ်ဟော့ ဂီတ ပန့်ခ် ဂီတ ရော့ခ် ဂီတ ပေါ့ ဂီတ အကိုးအကား Category:ဂီတ ကဏ္ဍ:ပင်မ အကြောင်းအရာ ဆောင်းပါးများ
Itpec
ITPEC (Information Technology professional Examinatin Council) ရည်ရွယ်ချက် itpec ဆိုတာ IT နဲ့ပတ်သက်ပြီး International Skill Standard စာမေးပွဲ့တွေကို အဖွဲ့ဝင်နိုင်ငံများတွင် တပြေးညီ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အဖွဲ့ဝင် (၇)နိုင်ငံ ပါဝင်သောအဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် ဂျပန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗွီယက်နမ် (http://www.itpec.org/)
ကဏ္ဍ:သင်္ချာ
Category:သိပ္ပံ Category:ပင်မ အကြောင်းအရာ ခွဲခြားရေးများ
နန်ကျင်းမြို့
နန်ကျင်းမြို့၏ရှုခင်း နန်ကျင်းမြို့ (Nan Jing 南京市; အတိုကောက်အားဖြင့် 寧) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းဆူးပြည်နယ် (江蘇省 Jiang Su) ရုံးစိုက်ရာမြို့ဖြစ်သည်။ တရုတ်ပြည်ရှိမြို့များ အနက် ယဉ်ကျေးမှုနှင့် ရှေးသမိုင်း ရာဇဝင်များဖြင့် နာမည်ကျော်ကြားသော မြို့ဖြစ်သည်။ နန်ကျင်းမြို့သည် ယန်စီမြစ် (長江) အောက်ပိုင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိသည့် တရုတ်ပြည် အရှေ့ပိုင်းဒေသ၏ ဒုတိယအကြီးဆုံး စီးပွားရေး အချက်အချာမြို့ ဖြစ်သည်။ နန်ကျင်းမြို့သည် တရုတ်ပြည်၏ ရှေးမြို့တော်ဟောင်းကြီး ၄ မြို့ စာရင်းဝင်ဖြစ်သည်။ တရုတ်သမိုင်းတွင် နန်ကျင်းမြို့သည် မင်းဆက်ပေါင်း ၆ ဆက်၏ မြို့တော်ဖြစ်သည့်အပြင် ၁၉၁၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အကြား တရုတ်သမ္မတနိုင်ငံ (中華民國; Republic of China) ၏ မြို့တော်ဖြစ်ခဲ့သည်။ Category:တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့များ Category:ရှေးဟောင်းမြို့များ Category:ရှေးဟောင်းသုတေသန
စိုးမြင့် (ရွှေစကြာ)
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရွှေး ဆရာ ၁ဝဝ အတ်ထုပ်ပတ်တိ အကျုဉ်း' စာအုပ်မှ စာရွှေးတွေရဲ့ အတ်ထုပ်ပတ်တိ အကျဉ် တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ ရွှေစကြာ ဦးစိုးမြင့် [၁၉၁၂ - ၁၉၇၈] ဟင်္သာတ ခရိုင် ဒေါင့်ကြီး အရွှေ့ဘက် ငါးအိမ်တန်း ရွာတွင် မုံရွာ ဗညွန့်ကျီနွယ် ဖြစ်သူ ကိုင်းသူကြီး ဦးထွန်းဦး၊ ဒေါ်ပိုးမှုန် တို့က ၁၉၁၂ ခုနှစ်တွင် မွေးဖွားသည်။ [မွေးသက်ကရာဇ် အတိအကျကို မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉) တွင် မြန်မာသက်ကရာဇ် ၁၂၇၄ ခု ဝါဆိုလဆုတ် ၇ ရက်ဟု ပြသည်။ ၁၂၇၄ ခုသည် ဝါထပ်နှစ် ဖြစ်သည်။ ထို့ကြောင့် ပထမဝါဆို လဆုတ် ၇ ရက်သည် ၅ ဇူလိုင် ၁၉၁၂ ဖြစ်ပြီး၊ ဒုတိယဝါဆို လဆုတ် ၇ ရက်သည် ၄ ဩဂုတ် ၁၉၁၂ ဖြစ်နေသည်။ အတိအကျ မဆိုသာချေ။] ပဉ်စမမြောက်သား ဖြစ်သည်။ ခြောက်နှစ်သားတွင် အစ်ကိုရင်း အရှင်ကဝိန်ဒ နှင့်အတူ မန်ဈလေးမြို့ မစိုးရိမ်တိုက်သို့ ရွှောက်ခဲ့သည်။ ကျောင်းသား ဘဝ၊ သာမဏေ ဘဝ၊ ရဟန်း ဘဝနှင့် မန်ဈလေးတွင် နှစ်ပေါင်း ၂ဝ ကြာ ပညာ သင်ခဲ့သည်။ ရဟန်း ဘွဲ့မှာ ဦးဝရုဏ ဖြစ်သည်။ သကျသီဟ စာမေးပွဲ အောင်မြင်သည်။ ပခုက်ကူ မဟာ ဝိသုတာ ရာမ၊ ရန်ကုန် ဘုရားဖြူ ကျောင်းတိုက်၊ မြင်းခြံနယ် ကန်မြဲ - စကြမ်း တို့၌လည်း ပညာ ဆည်းပူး ခဲ့သည်။ ပါဠိ စာကိုလည်း တနှစ် ကျော်မျှ လေ့လာ ခဲ့သည်။ မြန်မာစာကို ပုဂံဝန်ထောက် ဦးတင် ထံတွင် ဆည်းပူး ခဲ့သည်။ ရဟန်း ခုနစ်ဝါတွင် လူဝတ် လဲခဲ့သည်။ လူ အမည်မှာ ဦးစိုးမြင့် ဖြစ်သည်။ ဒေါင့်ကြီးရွာ မြေပိုင်ရှင် ဦးလွန်း - ဒေါ်ဖွား တို့၏ သမီး ခင်ခင်လှနှင့် အိမ်ထောင် ပြုသည်။ ထို့နောက် မြန်မာ နေ့စဉ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ၊ ၁၉၃၈ ခုနှစ်တွင် အာဇာနည် သတင်းစာ တွဲဖက် အယ်ဒီတာ၊ လူပြန်တော် ပညာရှိ အသင်း တွဲဖက် တည်ထောင်သူ၊ ၁၉၄ဝ ပြည့်နှစ်တွင် စတင် ဖွဲ့စည်းသည့် အစိုးရ ပါဠိဘာသာ ပညာ‌ေရးအဖွဲ့၌ မစိုးရိမ်တိုက် ကိုယ်စားလှယ် ပါဠိ ပါရဂူ အဖြစ်ဖြင့် အဖွဲ့ဝင် လူကြီး၊ ၁၉၄၁ ခုနှစ်တွင် တွဲဖက် ဥက်ကြ ဖြစ်လာ ခဲ့သည်။ ဂျပန် ဝင်စတွင် ဗုဒ်ဓသာသနာ့ အစည်းအရုံး ကော်မတီဝင်၊ ၁၉၄၃ ခုတွင် သထုံ ခရိုင် ဝါဒဖြညွန့်ချိရွှေး အရာရှိ၊ ဂျပန် တော်လှန်ရွှေး၌ မုတ်တမ စက်အမြောက် တပ်ခွဲ နံပါတ် (၅) နှင့် ပူးပေါင်း တာဝန် ယူခဲ့သည်။ ၁၉၄၆ - ၄၈ တွင် အစိုးရ ပါဠိ ဘာသာ ပညာရွှေး အဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၇ ခုတွင် နဂါးနီ ဂျာနယ် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ မဟောသဓာ သတင်းစာ အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ တွင် "ခေတ်တရာ တက်ကသိုလ်" အလွတ် ပညာကျောင်း၌ မြန်မာစာနှင့် မြန်မာ ရာဇဝင် ဆရာ လုပ်ကိုင် ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆၃ ခုနှစ် အထိ သာသနာရွှေး ဌာနတွင် ဝင်ရွှောက် အမှုထမ်းသည်။ အောက်မြန်မာပြည် သာသနာရွှေး အရာရှိ (၁၉၅ဝ)၊ အစိုးရ ပါဠိ ဘာသာ ပညာရွှေး အဖွဲ့ တွဲဖက် အတွင်းရွှေးမှူး (၁၉၅၁ - ၅၂)၊ လက်ထောက် သာသနာ့ ၫှှန်ကြားရွှေးဝန် (၁၉၅၃ - ၅၄)၊ ထိုနှစ်တွင်ပင် ပါဠိ ပညာရွှေး အဖွဲ့တွင် သာသနာရွှေး ဝန်ကြီး ဌာန ကိုယ်စားလှယ်၊ ၁၉၅၄ ခုနှစ်တွင် ဆြ သဂငါ်ယနာ သမိုင်းရွှေး တာဝန်ခံ အရာရှိ အဖြစ် ဆောင်ရွက် ခဲ့သည်။ ထို့ပြင် ၁၉၅၁ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံလုံး ဆိုင်ရာ လူပြန်တော် ပညာရှိ အသင်းချုပ်၏ ဥက်ကြ၊ ၁၉၅၅ ခုတွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကဝိဘိသက်က ဆေးဆရာကြီးများ အဖွဲ့ချုပ်၏ နာယက အဖြစ်လည်း ဆောင်ရွက် ခဲ့သေး၏။ ၁၉၆၃ ခုနှစ်တွင် အစိုးရ အမှုထမ်း ဘဝမှ အငြိမ်းစား ယူခဲ့သည်။ ၁၉၃၂ ခု ဇွန်လမှ စ၍ သကျသီဟ စာပေးပွဲ အတွက် သင်ကြားနေရင်း "ရွှေစကြာ" ကလောင် အမည်ဖြင့် နားခံတော် ဝတ်ထုကို သူရိယ မဂ်ဂဇင်း၌ အခန်းဆက် ရွှေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် လုံးချင်း အဖြစ် ထုတ်ဝေ ခဲ့သည်။ ၁၉၃၇ - ၃၈ တွင် ဥပစာတန်း၌ လည်းကောင်း၊ ၁၉၄ဝ - ၄၁ တွင် တိုင်းရင်းဘာသာ နဝမတန်း၌ လည်းကောင်း ကျောင်းသုံး ပြြာန်း ခဲ့သည်။ ဒုတိယ ကမ်ဘာစစ် မဖြစ်မီက ပူတကေ၊ အထောက်တော်၊ သမားတော်၊ လေးညႇင်း ဝတ်လုံတော်ရ၊ ပီကင်းရွှောက်၊ သူရဲဝိဇ်ဇာ၊ စစ်ကိုင်း မင်းသား၊ စောဥမ်မာ၊ ကုန်းဘောင် ပြည်သစ် စသည် တို့ကို လည်းကောင်း၊ စစ်ပြီး ခေတ်တွင် ဝန်ကြီး သမီး၊ ဗိုလ်ချုပ်နှင့် ကုလားဖြူ၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ် ဦးစ၊ ကုန်းဘောင် နန်းတွင်းရွှေး၊ ဓာတုကလျာ၊ မြဝတီ ဝန်ကြီး ဦးစ၊ အဝီစိပြန် စသည် တို့ကို လည်းကောင်း ရွှေးသား ခဲ့သည်။ ထို့ပြင် ခွဲထားကျော် ဂ႑ီ ကျမ်းကြီးနှင့် အဓောဝါမ ဒါဌာဓာတုဝိဘာဝနီ မည်သော လက်ဝဲ အောက်စွယ်တော် သမိုင်း တို့ကိုလည်း ပြုစု ခဲ့သည်။ ယင်းတို့အနက် နားခံတော် မှာ အထင်ရှားဆုံး ဖြစ်၏။ ၁၉၆၇ တွင် အောင်မဂငျ်လာ ရုပ်ရှင် ကုမ်ပဏီက 'ဇာတိမာန်' အမည်ဖြင့် ရုပ်ရှင် ရိုက်ကူး ခဲ့သည်။ နားခံတော်သည် "သမိုင်း နောက်ခံ ဝတ်ထုများတွင် အစောပိုင်း ကျသော ဝတ်ထုပုံစံ တခု အဖြစ် အလေးအစားပြု လေ့လာ သင့်သော ဝတ်ထု တပုဒ်လည်း ဖြစ်၏။ ..... အမျိုးသား နိုင်ငံရွှေးနှင့် နယ်ချဲ့ ဆညွန့်ကျင်ရွှေး အခန်းတွင် ဝတ်ထု၏ အစိတ်အပိုင်းကို ဖော်ပြရာ၌ ထည့်သွင်း ဖော်ပြရမည့် ဝတ်ထု တပုဒ်လည်း ဖြစ်လေသည်" ဟု မလိခက မှတ်ချက် ပေးသည်။ ရွှေစကြာနှင့် ပတ်သက်၍မူ "မြန်မာ စာပေ သမိုင်း၌ ရာဇဝင် ဝတ်ထု အရွှေးအသားတွင် တခေတ် ထူထင်သည့် ပုဂ်ဂိုလ်ဟု ဆိုနိုင်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ရွှေးသား နည်းမျိုးမှ လမ်းခွဲ ထွက်ကာ ခေတ်မီ အသွင်နှင့် ရွှေးခဲ့သည်။ ရာဇဝင် ဇာတ်ကြောင်းကို အခြေခံပြီး မိမိ စိတ်ကူးနှင့် ရသ ပေါ်အောင် မွမ်းမံ ရွှေးသား ခဲ့သည်" ဟု ပါရဂူက ရွှေးခဲ့သည်။ ၁၉၇၈ ခု ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ အလုပ်သမား ဆေးရုံကြီး၌ ကွယ်လွန်သည်။ စာညွှန်း မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉)။ စာ ၁၂၇ - ၁၂၉။ မလိခ။ မြန်မာ့ဝတ်ထု အညွှန်း (၂)။ စာ ၄၆ - ၅၇။ ပါရဂူ။ ပရကထာ (၁၉၉၈)။ စာ ၁၄၅ - ၁၅၈။ မြဝတီ စာတည်း အဖွဲ့။ ရွှေစကြာ ဦးစိုးမြင့်၊ မြဝတီ (ဩဂုတ် ၁၉၅၅)။ စာ ၄ - ၆။ ဦးမြင့်ဆွေ။ ရွှေစကြာ ဦးစိုးမြင့်၊ ရှုမဝ (စက်တင်ဘာ ၁၉၇၈)။ စာ ၈၇ - ၉၃။ ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
တရုတ်လူမျိုး
300x300px တရုတ်လူမျိုးများသည် တရုတ်နှင့် မျိုးရိုးအရ၊ လူမျိုးအရ၊ နိုင်ငံသားအရ၊ သို့မဟုတ် အခြားသော နှီးနွယ်မှုများ ရှိသော လူမျိုးစုများဖြစ်သည်။ ဟန်တရုတ်လူမျိုးသည် တရုတ်တွင် အကြီးဆုံးသော လူမျိုးစုတစ်ခု ဖြစ်ပြီး တရုတ်ပြည်မကြီး စုစုပေါင်းလူဦးရေ၏ ၉၂% ခန့် ရှိသည်။CIA Factbook: "Han Chinese 91.6%" out of a reported population of 1,379 billion (July 2017 est.) ဟန်တရုတ်လူမျိုးများသည် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် စင်ကာပူတို့တွင် စုစုပေါင်း လူဦးရေ၏ ၉၅%၊ ၉၂%၊ ၈၉% နှင့် ၇၄% အသီးသီးရှိသည်။.Statistics Singapore: တရုတ်လူမျိုးများသည် ကမ္ဘာ့လူဦးရေ၏ ၁၈% ခန့်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး လူမျိုးစုလည်း ဖြစ်သည်။ ဟန်တရုတ်လူမျိုးသည် တရုတ်နိုင်ငံတွင် အင်အားကြီး လူမျိုးစု ဖြစ်သည့်အတွက် တရုတ်နိုင်ငံပြင်ပတွင် ဟန်တရုတ်လူမျိုး နှင့် တရုတ်လူမျိုးဟူသော ဝေါဟာရတို့ကို ရောနှောအသုံးပြုလေ့ရှိသည်။ တရုတ်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၅ ခု ရှိပြီး ယင်းတို့ကို "တရုတ်လူမျိုး"ဟု သတ်မှတ်နိုင်သည်။ ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အဆိုပါဒေသနှစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည်။ ဟောင်ကောင်နှင့် မကာအိုတို့ကို "တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်" နှင့် "တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်" ကဲ့သို့သော နိုင်ငံတကာစာချုပ်များအရ အသီးသီး အုပ်ချုပ်သည်။ အဆိုပါ ဒေသနှစ်ခုတွင် နေထိုင်သူများအနေဖြင့် အမျိုးမျိုးသော နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။ တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်တွင်သော ထိုင်ဝမ်နိုင်ငံသားများကိုလည်း ရံဖန်ရံခါတွင် "ထိုင်ဝမ်လူမျိုး"ဟု ခေါ်ဆိုလေ့ရှိသော်လည်း ယင်းတို့ကို "တရုတ်လူမျိုး"ဟုလည်း ရည်ညွှန်းနိုင်သည်။ ထိုင်ဝမ်၏ နယ်မြေပိုင်ဆိုင်မှုသည် အငြင်းပွားဖွယ်ရာများ ရှိနေသလို တရုတ်သမ္မတနိုင်ငံအားလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကန့်အသတ်ဖြင့်သာ အသိအမှတ်ပြုကြသည်။ ထို့အပြင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများဟု ခေါ်ဆိုသော အခြားနိုင်ငံများတွင် အခြေချနေထိုင်သော တရုတ်လူမျိုးလည်း ရှိသေးသည်။ ကိုးကား *
ရှမ်းလူမျိုး
ရှမ်းလူမျိုး (; , ) သည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် ခရာ-ဒိုင် အုပ်စုဝင် တိုင်လူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုးစုကြီးတစ်ခုဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေထိုင်ကြသလို တရုတ်နိုင်ငံ ၊ လာအိုနိုင်ငံ၊ အာသံပြည်နယ် နှင့် မေဃာလယ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသော ဒေသများတွင်လည်း နေထိုင်ကြသည်။Sao Sāimöng, The Shan States and the British Annexation. Cornell University, Cornell, 1969 (2nd ed.) ရှမ်းလူမျိုး အရေအတွက်ကို ၄ သန်းမှ ၆ သန်းအထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး မြန်မာတစ်နိုင်ငံလုံး လူဦးရေစုစုပေါင်း၏ ၁၀% ခန့် ဖြစ်သည်။ အမည်ရင်းမြစ် ရှမ်းတို့သည် မိမိကိုယ်ကို တိုင်း (တႆး) ဟု ရည်ညွှန်းကြပြီး ယင်းအား တရုတ်ဘာသာစကားတွင်လည်း အသုံးပြုသည်။(). ရှမ်း သည် မြန်မာဘာသာစကားမှ အခေါ်အဝေါ်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ရှေးအမည် Siam မှ တဆင့်ဆင်းသက်လာသော သျှမ်း ဟူသည့် စာလုံးပေါင်းကို ယခင်က သုံးစွဲခဲ့သည်။ အဆိုပါဝေါဟာရအား တရုတ်ဘာသာစကားတွင်လည်း () အဖြစ် မွေးစားအသုံးပြုထားသည်။ ထိုင်းဘာသာစကားတွင် ရှမ်းတို့အား Tai Yai (ไทใหญ่, ) သို့မဟုတ် တိုင်းယွန်းဘာသာစကားဖြင့် Ngiao () ဟု ခေါ်ကြသည်။ ရှမ်းကို ပအိုဝ်း: ဖြဝ်ꩻ, အနောက်ပိုးကရင်: ၥဲၫ့, နှင့် မွန် သေံဇၞော် (sem) ဟူ၍ ခေါ်ဆိုကြသည်။ 'ရှမ်း' ဟူသော ဝေါဟာရသည် မြန်မာနိုင်ငံတွင်းရှိ တိုင်း စကားပြောသူများအားလုံး၏ ယေဘုယျ အသုံးအနှုန်း ဖြစ်သည်။ ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်ပြီး လူဦးရေ ၃၉၀,၀၀၀ ခန့်ရှိကာ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ ရှမ်းပြည်နယ်တွင်းရှိ အခြားထင်ရှားသော မြို့များမှာ သီပေါမြို့၊ လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ ဖြစ်သည်။ နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ရှမ်းလူမျိုးသည် ခရာ-ဒိုင် ဘာသာစကားအုပ်စုအတွင်းပါဝင်သည့် တိုင်လူမျိုးများဖြစ်ပြီး၊ နန်ကျောက် နိုင်ငံတော်၏ နယ်မြေများအတွင်းနေထိုင်ခဲ့သူများဖြစ်သည်ဟုယူဆနိုင်သည်။နန်ကျောက်နိုင်ငံ (ယခုတရုတ်ပြည် ယူနန်ပြည်နယ် တာလီဒေသ) သည် အေဒီ ၉ ရာစုတွင် ထန်မင်းဆက်၏ တန်ခိုးတိုးတက်လာမှုအောက်တွင် တဖြည်းဖြည်းအင်အားလျော့သွားခဲ့သည်။ ထိုသို့သော် နန်ကျောက်နိုင်ငံသည် ထန်မင်းဆက် ပြိုကွဲပြီးနောက်တွင်ပင် စုန်မင်းဆက် လက်ထက်အထိ တည်ရှိနေနိုင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။Wade, G. (2009). "The Yunnan Connection: The Nanzhao and Dali Kingdoms in Chinese and Southeast Asian History". Journal of Southeast Asian Studies. |ရှမ်းပြည်နယ် မြေပုံ အေဒီ ၁၃ ရာစုတွင် မွန်ဂိုအင်ပါယာ (ယွမ်းမင်းဆက်) တရုတ်နိုင်ငံကို သိမ်းပိုက်ရာမှ နန်ကျောက်တွင်နေထိုင်သော တိဗက်-ဗမာနှင့် တိုင်လူမျိုးများသည် အနောက်နှင့် တောင်ဘက်သို့ ထွက်ပြေးလာခဲ့ကြသည်။ ထိုလှုပ်ရှားမှုများကြောင့် တိုင်လူမျိုးအဖွဲ့များသည် အရှေ့တောင်အာရှတွင် ပျံ့နှံ့လာကြပြီး၊ ထိုအုပ်စုများထဲမှ တစ်စိတ်တစ်ပိုင်းသည် ယနေ့ရှိ ရှမ်းလူမျိုးအဖြစ် ပေါ်ပေါက်လာခဲ့သည်ဟု သုတေသနများတွင် ယူဆကြသည်။Chamberlain, J.R. (2016). "Kra-Dai and the Proto-History of South China and Vietnam". Journal of the Siam Society.ရှမ်းလူမျိုးများသည် တောင်တန်းဒေသများတွင် အခြေချနေထိုင်သည့်အတွက်ဒေသအလိုက် လူမျိုးစုငယ်များအဖြစ် ကွဲပြားသွားကြပြီး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားအနည်းငယ်စီ ကွာခြားလာခဲ့သည်။ သို့သော် မူလတိုင်အုပ်စု၏ ဓလေ့များကို ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။Ethnologue (2024). "Shan language". SIL International. မျိုးရိုးဗီဇ သမိုင်း ရှမ်းလူမျိုးသည် ခရာ-ဒိုင်ဘာသာစကားအုပ်စုတွင်ပါဝင်သော တိုင်အုပ်စုဝင်ဖြစ်ပြီး တရုတ်တောင်ပိုင်းတွင်နေထိုင်သော ကျွမ့်တိုင်းရင်းသားများနှင့် မျိုးရိုးဗီဇဆိုင်ရာနီးစပ်မှုများရှိကြသည်။Genetic study source တရုတ်တောင်ပိုင်းဒေသမှ တိုင်းလူမျိုးအဖွဲ့များ အရှေ့တောင်အာရှကုန်းမသို့ ဝင်ရောက်အခြေချမှုများဖြင့် ရှမ်းလူမျိုးများပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်သည်။Migration reference မျိုးရိုးဗီဇအချက်အလက်များအရ ရှမ်းလူမျိုးများ၏မျိုးရိုးဇ ထဲတွင် အဓိကအားဖြင့် ခရာ-ဒိုင် နှင့် တိဗက်-ဗမာ လူမျိုးများတွင် ပုံမှန်တွေ့ရသော Haplogroup များ တွေ့ရှိရသည်။Haplogroup များတွင် O-M122 (O2) သည် ရှမ်းလူမျိုးအများစုတွင် တွေ့ရသော haplogroup ဖြစ်ပြီးO-M122 reference O-M95 (O1b1a)မှာ ရှမ်းလူမျိုးများအတွင်း ထင်ထင်ရှားရှား တွေ့ရပြီး အရှေ့တောင်အာရှ၏ ဒေသအများစုတွင် တွေ့ရသည့် haplogroup ဖြစ်သည်။ ထိုင်းနှင့် ဩစတြိုအေးရှားတစ် မျိုးရိုးနယ်နိမိတ် ပေါင်းစပ်မှု ၏အကျိုးသက်ရောက်မှုဖြစ်သည်။O-M95 reference ရှမ်းဝေါဟာရ ရှင်းလင်းချက် ရှမ်း ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို တိုင်း(Tai) ဟု ခေါ်ကြသည်။ ရှမ်း(ခေါ်) တိုင်း၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ရှေးမြန်မာကျောက်စာတို့တွင် သျမ် (သို့မဟုတ်) သျံ ဟု ရေးသားကြသည်။ ဤဝေါဟာရသည် အာသံ(အရှမ်း)၊ အဟွမ်၊ သယာမ်၊ စိအန်(သို့မဟုတ်) စိအန်လို ဟူသော ဝေါဟာရနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံးအမည်မှာ လောဝ် (သို့မဟုတ်) အိုက်လောဝ် ဖြစ်ဟန်တူသည်။ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၃၆၉ ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။ သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။ ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂၀ ပြည့်နှစ်မှ စ၍ သျံ သျမ် ဟု တွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ် မတိုင်မီက တွေ့ရသည်။ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၄၀၄ ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာ မကြာတွေ့ရသည်။ သျှာမ်း(ရှမ်း) လူမျိုးအကြောင်းကို (၁၁၂၀-အေဒီ)မှစ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင် ဖော်ပြထားသည်။ သန်းထွန်း(ဦး) ရှေးဟောင်းမြန်မာရာဇဝင်၊ နှာ-၂၁၉။ သျှာမ်း ဟူသော အမည်ပညတ်နှင့် စပ်လျဉ်း၍ ရှမ်းပြည် မြန်မာပြည် အကြောင်းကို ရေးသားခဲ့သော ဆာဂျော့စကော့ စသည့် ပုဂ္ဂိုလ်များက သျှာမ်းဟူသော အခေါ်အဝေါ်ကို မြန်မာလူမျိုးနှင့် အခြားလူမျိုးများက အသုံးပြုခေါ်ဝေါ်ကြသည်။ မည်သည့်အတွက်ကြောင့် အသုံးပြုသည်ဟူ၍ ခိုင်လုံသော အထောက်အထား မရှိဟု ဆိုသည်။ သို့သော် မစ္စတာတီရိရန်ဒီလာကိုပီရီ (Mr.Terrien de lacouperie) ကမူ The Cradle of Shan Race စာအုပ်၌ - တရုတ်ပြည်တွင် Hia (ဟိရ)မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များ ဟူ၍ အဓိပ္ပာယ်ရှိသည့် Shang (ရှံ) လူမျိုးများမှ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလ တစ်မျိုးတည်း ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်) Saing (ဆိုင်) Shen(ရှင်) Sien(စီရင်) အစရှိသော အမည်များနှင့် များစွာ တူညီသော အမည်များ တွေ့ရှိရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ၎င်း၏ အဆိုကို ကျနစွာစိစစ်ကြည့်လျှင် သျှာမ်း ဟူသော အမည်နာမသည် ကုန်သည်များဟူ၍ အဓိပ္ပာယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာ ရှိပေသည်။ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။ ဘီစီ ၁၁၂၂-ခုနှစ်တွင် တရုတ် (Shang) ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။Hsen(Khur), The Origin of Tais and A Short History of Shan.P.10 ၎င်းအပြင် မစ္စတာကော့ကရိန်း ရေးသားသော The Shans စာအုပ်တွင် လဝ နှင့် လွယ်လ တိုင်းရင်းသားများက ရှမ်းကို Shen(ရှံ) ဟု ခေါ်ကြောင်း၊ ကန်တုန်နီဘာသာအားဖြင့် Tsim(စင်မ်) ဟုခေါ်ကြောင်း ရေးသားထားသည်။ ။ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။ ကချင်တိုင်းရင်းသားလည်း ရှမ်းကို Sam (ဆန်-မ်)ဟု ခေါ်သည်ကို တွေ့ရသည်။ တလိုင်းလူမျိုးများက ရှမ်းကို Seam(ဆိန်-မ်)ဟု ခေါ်ကြသည်။ တနင်္သာရီဒေသတွင် နေထိုင်ကြသော ထားဝယ်လူမျိုး များကလည်း ယိုးဒယား(ထိုင်း)ကို Shan( ရှမ်း)ဟုပင် ခေါ်ဝေါ်ကြသည်။ အနောက်နိုင်ငံသားများကလည်း ယခင်က ယိုးဒယား(ထိုင်း)ကို Siam(သယာမ်)ဟု ခေါ်သည်။ မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ အင်းဝခေတ်၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံသည်။မင်းကြီးရန်နောင်က သိုဟန်ဘွားကို လုပ်ကြံရန်ကြံစည်ပြီး သံဃာတွေကို ဓားလက်နက်တို့ဖြင့်ဝှက်ပြီးဘုန်းကြီးအတု ယောင်ဆောင်ခိုင်း‌ေစကာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။ ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။ ရှေးရှမ်းနယ်များ ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလား မွေ့လျော်ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။) (၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀) မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀) သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊ (၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း။ (၁) သီပေါနယ်၊ (၂) တောင်ပိုင်းနယ်၊ (၃) မိုင်းရယ်နယ်၊ (၄) မြောက်သန္နီနယ်၊ (၅) မိုးမိတ်နယ်၊ (၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း။ ပေါင်း ၃၃-နယ် ဖြစ်၏။ ယနေ့ ရှမ်းပြည်နယ် ပြည်နယ်မြို့တော် တောင်ကြီးမြို့ အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့် လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ် အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့် လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ် ရှမ်းပြည်နယ် လည်းရှု ရှမ်း ၉ ဆက်၊ ၉ စော်ဘွား သုတေသနသရုပ်ပြအဘိဓာန်တွင် ဖော်ပြချက်အရ ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ....... မင်းကြီးများ ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။ မှတ်ချက်။ ။ ရှမ်းပြည်အစ မိုင်းမော က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။ ရှမ်းမျိုး ၃၀ ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ - လင်း၊ သက်၊ ချင်း၊ ခုံ၊ ရင်၊ ကတူး၊ မြန်၊ အကျော်၊ ဂင်၊ ရှမ်း(၁၀)။ ဇဝါ၊ မျက်နှာမည်း၊ ကသည်း၊ ရေမီးထွက်၊ ကရက်၊ လဝ၊ လော၊ ပန်းလောင်၊ တရက်၊ ရှမ်း(၁၀)။ စနု၊ ဘအူ၊ ကရင်၊ ကချင်၊ ဂနော၊ ယောန်၊ လဝိုက်၊ တရုပ်၊ ယိုးဒယား၊ အနဲ (၃၀)။ ရှမ်း (၁၀) မျိုး ရှမ်းကြီး(တိုင်းလုံ) ယွန်းရှမ်း လာအို(လော) လူးရှမ်း(တိုင်းလူး) ထိုင်း(တိုင်းနွဲ့/ရှမ်းကလေး) ရှမ်းနီ(တိုင်းလျန်/တိုင်းလိုင်) ခန္တီးရှမ်း(တိုင်းခန္တီး) ဂုံရှမ်း(တိုင်းခင်/တိုင်းခွန်) အထက်ရှမ်း(တိုင်းလေ/တိုင်းနေ) မောရှမ်း(တိုင်းမောဝ်) အခြားကျန်ရှိသည့်ရှမ်းမျိုးနွယ်စုဝင်များ လိရှမ်း(တိုင်းလေ့/တိုင်းလိ) လွိုင်ရှမ်း(တိုင်းလွိုင်) လွယ်ရှမ်း(တိုင်းလွယ်) ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် ဗမာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စု ပါဝင်နေထိုင်ကြသည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွ ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်ပြီး ခါးတွင် ပုဝါစ စည်းနှောင်လေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကို ပတ်လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအဝင် အပန်းဖြေလေ့လာရန် ဒေသများစွာ ရှိသည်။ ဘာသာနှင့်စာပေ ဘာသာအယူဝါဒအရေးတွင် ရှေးအခါက နတ်ကိုးခြင်းများကို ယုံကြည်ခဲ့ကြသည်။ သခင်စော်ဘွားဖြစ်သူ သေလွန်လျှင် မိဖုရား၊ မောင်းမနှင့် ကျွန်လူ၊ တိရစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြေမြုပ်သည့် အလေ့များပင် ရှိခဲ့သည်ဟုဆိုသည်။ သို့သော် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါ အယူများကို ဆက်လက်ပြုလုပ်စေခြင်း မရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။ သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ နတ်ကိုးကွယ်မှုကိုလည်း ဆက်လက်ကျင့်သုံးကာ အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိကြသည်။ စာပေ ယနေ့မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ရှမ်းစာပေ၌ အက္ခရာပေါင်း ၁၉ လုံး ရှိသည်။ ထင်ရှားသော ရှမ်းလူမျိုးများ ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက် အာဇာနည် ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း လဲချား စော်ဘွားကြီး သရေစည်သူ စဝ်နွံ ဗိုလ်စောနောင်(ရဲဘော်သုံးကျိပ်) ဗိုလ်စောအောင်(ရဲဘော်သုံးကျိပ်) ဗိုလ်မိုးညို(ရဲဘော်သုံးကျိပ်) ဂန္ထဝင်ရုပ်ရှင်သရုပ်​ဆောင် ရှန်ဟဲမယ် မေရီမြင့် အရှေ့တောင်အာရှ၏ ပထမဆုံး ဟန်နရီဒူးနန့် ဆုရှင် စိုင်းအောင်လှိုင်မြင့်https://burma.irrawaddy.com/on-this-day/2019/03/15/186512.html တေးပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ် တေးရေးဆရာ၊ အဆိုတော် စိုင်းထီးဆိုင် တေးရေးဆရာ၊ အဆိုတော် စိုင်းဆိုင်မောဝ် ရော့ခ် အဆိုတော် လေးဖြူ ရော့ခ် အဆိုတော် အငဲ အဆိုတော် စိုင်းအောင်ထီးခမ်း အဆိုတော် ဘိုဖြူ အဆိုတော် Nang Kham Noung ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူး သန်းပိုင် အနုသုခုမအနုပညာ သျှမ်းအိုးစည် သျှမ်းခမောက် သျှမ်းသိုင်း သျှမ်းတိုးနယားအက သျှမ်းကိန္နရာ၊ကိန္နရီအက သျှမ်းဗုံတိုအက ကိုးကား တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း ဇမ္ဗူတံဆိပ်ကျမ်း Category:မြန်မာနိုင်ငံလူမျိုးများ
မြား
မြန်မာစာလုံးပေါင်း “မြား”တွင် ဟထိုး မပါသည်ကို သတိပြုရန် မြားသည် ထိပ်တွင်အချွန် ထား၍ ပြန်ကန်စေသော ကြိုးဖြင့် ဆွဲငင်အရှိန်ယူကာ ပစ်လွှတ်ရသည့် လက်နက်တစ်မျိုးဖြစ်သည်။ လေးနှင့် တွဲဖက်၍ အသုံးပြုရိုး ရှိသည်။ ထပ်အချွန်သည် မြားတံအသားကိုပင် အဖျားရှူးစေကာ ချွန်ထားစေခြင်း ဖြစ်နိုင်သကဲ့သို့ သတ္တု ကဲ့သို့သော အခြားပစ္စည်းသား ခပ်မာမာတို့ဖြင့် မြားခေါင်း ပြုလုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။ မြားကို အသုံးပြုလာခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းအကြာကဟုဆိုသည်။ Category:လက်နက်
Pneumonoultramicroscopicsilicovolcanoconiosis
Pneumonoultramicroscopicsilicovolcanoconiosis () သည် အင်္ဂလိပ်စာလုံးဖြစ်ပြီး Silica အမှုန့်ရှုမိလျှင်ဖြစ်တတ်သော အဆုတ်ရောဂါအမည် ဖြစ်သည်။။ အင်္ဂလိပ်ဘာသာတွင် အက္ခရာ အများဆုံး စကားလုံးအဖြစ် သတ်မှတ်ထားသည်။ Category:အင်္ဂလိပ်ဝေါဟာရ
ထရုမ်းလူမျိုး
thumbnail|မောင်နှမများကို အတူတကွ တွေ့ဆုံမှတ်တမ်းတင်ခဲ့သည်။ ဘယ်အစွန်မှ အသက် (၆၄)နှစ်ရှိ အစ်မအကြီးဆုံး၊ အလယ်တွင်လှဲနေသော အသက်(၅၈) နှစ်အရွယ် ညီမအငယ်ဆုံးနှင့် အသက် (၆၀)နှစ် ရှိပြီဖြစ်သည့် ထရုမ်းအမျိုးသားကို တွေ့ရစဉ်။ ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း မြန်မာ့တိုင်းရင်းသား၊ ကချင်မျိုးနွယ်စုမှ ဖြစ်သည်။ နေထိုင် ထရုမ်းလူမျိုးနွယ်စုများသည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇိတောင်ခြေတွင်နေထိုင်ကြသည်။ ထရုံမြစ် မြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာသဖြင့် ထရုံလူမျိုးဟု အမည်တွင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်ကပင် ထိုဒေသမှ ဆင်းသက်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ပုံသဏ္ဌာန် ထရုမ်းလူမျိုးနွယ်စုများ၏ အရပ်သည် ၁၁၀ စင်တီမီတာသာရှိသည်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ အခြားမျိုးနွယ်စု များနှင့် လက်ထပ်ကြသောကြောင့် အရပ်အမောင်းများပိုရှည်လာကြသည်။ ယခုအခါ ထရုံမျိုးနွယ်(၃)ဦးတည်းသာ ကျန်ရှိတော့သည်။ Category:ကချင်လူမျိုးစု Category:မြန်မာနိုင်ငံလူမျိုးများ
ဆလုံလူမျိုး
ဆလုံလှေ ဆလုံလူမျိုးသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုနှင့် ထိုင်နိုင်ငံ အနောက်ဘက်ကမ်းခြေ‌ ဒေသတွင်အများဆုံး နေထိုင်ကြသည့်ကို တွေရသည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိပဲ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် "Sea Gypsy" အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီးတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။ ဆလုံလူမျိုးစုသည် ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါ နီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။ တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကြသည်။ သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုစွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ http://e-sentiment.net/proxy/browse.php?u=Oi8vd3d3Lnp3ZWdhcGluLmNvbS9OZXdzL25ld3BhZ2UwODYuaHRtbA%3D%3D&b=5&f=norefer ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘဝ၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ဝါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြသည်။ ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်လယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန်၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာစကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်သည်။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်း ကျေးရွာအုပ်စု၊ လန်ပိကျွန်း၏ တစ်ဖက်ကမ်း “မကြုံဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ (၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်သည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်သည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။ ဆလုံတို့၏ ကျန်းမာရေး ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်သည်။ ဝတ်စားဆင်ယင်ခြင်း ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည် ဆိုသော်လည်း၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ဝတ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အဝတ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ဝတ်ဆင်လာကြပေပြီ။ အစားအသောက် ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်သည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်သည်။ ဆလုံတချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။ အလုပ်အကိုင် ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ဝိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မဝင်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြသည်။ ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ် မျှော့ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပတ်သက်သော လုပ်ငန်း အဝဝကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်သည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်သည်။ ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့ဩသွားသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်သည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိူးယူ ဖမ်းဆီးကြသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြသည်။ သူတို့ဘဝမှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တဝင်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘဝ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်း ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြသည်။ သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်သည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆိုသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖော်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက် မြှောက်ကာ တိုင်တည်စေ ပါသည်။ ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်သည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေသည်။ ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီခန့် ကြာမြင့်ပါသည်။ တစ္ဆေကြီးပွဲ တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်သည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်နဝါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်သည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။ ဆလုံရိုးရာလှေကို လွန်းတင်ခြင်း ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့် နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာ ပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်သည်။ ပေါက်ပြဲ ယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်း နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်သည်။ ကိုးကား https://en.m.wikipedia.org/wiki/Moken Category:မြန်မာနိုင်ငံလူမျိုးများ Category:ဗမာလူမျိုးစု
သိန်းဖေမြင့်
သိန်းဖေမြင့် (၁၉၁၄ ဇူလိုင် ၁၀ – ၁၉၇၈ ဇန်နဝါရီ ၁၅) သည် မြန်မာနိုင်ငံသား ဩဇာညောင်းသော နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့ပြီး ဗိုလ်တထောင် သတင်းစာကို တည်ထောင်ခဲ့သူဖြစ်သည်။ သိန်းဖေမြင့်သည် မာက်စ်ဝါဒဆိုင်ရာ အသိပညာရှင် ခေါင်းဆောင်တစ်ဦးအဖြစ် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ်နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ အစောပိုင်းဘဝ သိန်းဖေမြင့်ကို (အမည်ရင်း သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ သူသည် စာပေစတင်ရေးသားချိန်မှစ၍ ငယ်အမည်ဖြစ်သော "သိန်းဖေ" တွင် မိခင်၏အမည် ဒေါ်မြင့်မှ "မြင့်" ကိုယူကာ ကလောင်အမည်ကို သိန်းဖေမြင့် ဟု ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ခင်ကြည်ကြည်နှင့် အိမ်ထောင်ကျကာ သားသမီးလေးယောက် ထွန်းကားခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှု သက်တမ်း ၁၉၃၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအဖြစ် နိုင်ငံရေးတွင် စတင်ပါဝင်ခဲ့သည်။ ၁၉၃၂-၃၃ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားစဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းသဖြင့် ဥပစာတန်းကို တစ်နှစ်တည်း တက်ရောက်ခွင့် ရရှိခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကို ပိတ်ရန် စီစဉ်ခဲ့ရာ၊ ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန် (နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄-၃၅ ခုနှစ်၌ ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ သိန်းဖေမြင့်သည် ဥက္ကဋ္ဌကို ဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့် ပူးပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် သိန်းဖေ (အမည်ရင်းအတိုင်း လူသိများဆဲ) သည် ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဤအဖွဲ့အစည်းတွင် သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့သော မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှုမှ ထင်ရှားသည့် ခေါင်းဆောင်များ ပါဝင်ခဲ့သည်။ သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက "ထိန်းမရသိမ်းမရ သိန်းဖေ" ဟု ကင်ပွန်းတပ်ခဲ့သည်။ ဦးနုကမူ "သိန်းဖေမြင့်သည် မြန်မာစာပေလောကတွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ" ဟု မှတ်ချက်ချခဲ့သည်။ စာရေးဆရာ ဒဂုန်တာရာကမူ သိန်းဖေမြင့်၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဝေဖန်ခဲ့သည်-"သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတစ်ရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့ပါ။ ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတစ်ရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင်သော်လည်းကောင်း၊ လျော့နေလျှင်သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှ တီး၍ရကာ ဂီတသံထွက်လာပေမည်။ သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတစ်ခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။"သိန်းဖေမြင့်သည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ သူသည် ၁၉၃၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှကိုလိုနီအစိုးရကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြပွဲများနှင့် ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ" တွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ နိုင်ငံရေးသမားအဖြစ်မှ စာနယ်ဇင်းသမားအဖြစ်သို့ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် သိန်းဖေမြင့်သည် ဖက်ဆစ်ဂျပန်တို့နှင့် မဟာမိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေး ဦးဆောင်လှုပ်ရှားသူ လူနည်းစုဝင်တစ်ဦးဖြစ်သည်။ အောင်ဆန်းကဲ့သို့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်အများစုနှင့် သဘောထားကွဲလွဲကာ ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်အင်ပါယာမှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါတွင် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။ ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်း သိလာရသောအခါတွင် ဂျပန်တို့နှင့် မဟာမိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှားလာခဲ့သည်။ ဂျပန်တို့နှင့် ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူအညီရယူရန် သိန်းဖေမြင့်ကို အိန္ဒိယနိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှစစ်တပ် တပ်ဖွဲ့ ၁၃၆၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ်တို့အကြားတွင် ဖက်ဆစ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုလုပ်ငန်းများ၊ သတင်းအချက်အလက်စုဆောင်းရေးနှင့် ဆက်ဆံရေးလုပ်ငန်းဆောင်တာများကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ တရုတ်ဗမာချစ်ကြည်ရေးအသင်း၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်းများ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲကာလအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအစိုးရလက်အောက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၏ ပထမဆုံးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေးသော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။ စာရေးဆရာနှင့် သတင်းစာဆရာအဖြစ် လုပ်ဆောင်မှု သိန်းဖေမြင့်သည် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်အတွင်း စာပေစတင်ရေးသားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် "တက်ဘုန်းကြီး" မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသော စာပေဖြစ်သည်။ သူ၏မိတ်ဆွေဖြစ်သော တို့ဗမာအစည်းအရုံးဝင် သခင်နုက ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ဤစာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာလူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက်မှုများ ခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ- တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး) တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး) သပိတ်မှောက် ကျောင်းသား သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ) အရှေ့က နေဝန်းထွက်သည့်ပမာ (မြန်မာစာပေဆုရ) ချင်းပြည် သမိုင်း (မြန်မာစာပေဆုရ) "What Happened in Burma" နှင့် "Over the Ashes" အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ "စစ်အတွင်းခရီးသည်" သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်ခ်ျ တေလာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူသည် "ယောက်ျားဂုဏ်ရည်" ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာ ကို တည်ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ ပြည့်နှစ် နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်းသတင်းစာ၏ သတင်းထောက်ဟောင်းတစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် သူ၏သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ ခုနှစ်အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၇၅ ခုနှစ်အထိ ဗိုလ်တထောင်သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနှစ် မေလတွင် သမ္မတ ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ်ပါတီခေတ်တွင် အကြံပေးအဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်းကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးလွင်က သူ့ကလောင်အား ပိတ်ခဲ့ပြီး စာပေစိစစ်ရေးဌာနသည် ထုတ်ဝေမည့် စာမူများအားလုံးကို ထုတ်တင်စနစ်မှ တင်ထုတ်စနစ်သို့ ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ ကွယ်လွန်ခြင်း သိန်းဖေမြင့်သည် ၁၉၇၈ ခုနှစ်၊ အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ မှတ်စု A.ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ဝါဒဖြန့်ဌာန တွဲဖက် အတွင်းရေးမှူး B.နဂါးနီ စာအုပ်သင်း ပညာရေးအဖွဲ့ဝင် အမှုဆောင် C.၁၉၃၉ ဇန်နဝါရီ တွင် ထောင်နှစ်ပတ် ကျခဲ့ D.တက္ကသိုလ်ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ E.ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။ F.နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ G. သခင်သန်းထွန်း၊ သခင်စိုးနှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို တည်ထောင်ခဲ့သည်။ ကိုးကား ပြင်ပလင့်ခ်များ People's Age People's Literature : Thein Pe Myint 1945〜49(Literacture) Thein Pe Myint ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:တို့ဗမာ အစည်းအရုံးဝင်များ ကဏ္ဍ:မြန်မာနိုင်ငံ ဝန်ကြီးများ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ ကဏ္ဍ:မြန်မာ စာရေးဆရာများ
ဝါလ်ပိုလာ ရာဟုလာ
ဝါလ်ပိုလာရာဟုလာ မထေရ် () သည် သီရိလင်္ကာ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်၍ ရဟန်းစာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ၁၉၆၄ တွင် အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်တက္ကသိုလ် (Northwestern University) ၏ သမိုင်းနှင့် ဘာသာရေးဌာန၌ ပါမောက္ခတစ်ဦးဖြစ်လာသောကြောင့် အနောက်ကမ္ဘာတွင် ပါမောက္ခရာထူးကို ပထမဆုံးဆောင်ရွက်ခဲ့သော ရဟန်းတစ်ပါးဖြစ်သည်။ ထို့အပြင် ယခင် ဝိဒျောဒယ တက္ကသိုလ် (Vidyodaya) (ယခု : သိရိ ဇေယျဝါဒေဏပူရ) တွင် ဒုတိယ အဓိပတိရာထူးဖြင့်လည်း ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော စာအုပ်၊ စာပေများကို အင်္ဂလိပ်၊ ပြင်သစ်၊ သီဟိုဠ်ဘာသာများဖြင့် များစွာရေးသားခဲ့၏ ။ ထေရုပ္ပတ္တိအကျဉ်း သီဟိုဠ်နိုင်ငံတောင်ပိုင်း ဂေါ်လ်ခရိုင်အတွင်းရှိ ဝါလ်ပိုလာရွာတွင် ၁၉ဝ၇ ခု။ မေလ ၉ ရက်နေ့၌ ဖွားမြင်တော်မူခဲ့ပေသည်၊ ငယ်စဉ်က ရွာတွင်ရှိသော အစိုးရ(လူဝတ်ကြောင်) ကျောင်းတွင် ပညာသင်ခဲ့သော်လည်း မကြာမီ ထိုကျောင်းမှ ထွက်ခွါခဲ့ ပေသည်၊ သူငယ်ချင်းများနှင့်ဆော့ကစားသည်ကို ဆရာက ကြိမ်ဖြင့်ဆုံးမပဲ့ပြင်သည်၊ ရာဟုလာကလေးက ကြိမ်ဖြင့် ရိုက်နှက်မည်ကို လက်မခံနိုင်၊ နုတ်ဖြင့်သာ ဆုံးမသင့်သည်ဟု စောဒကတက်သည်၊ ထိုမှစ၍ အတန်းကျောင်း ခေါ် အစိုးရကျောင်းတွင် ပညာမသင်တော့ချေ၊ ရွာဦးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးကျောင်းသား ဖြစ်လာ၍ ရိုးရာဗုဒ္ဓဘာသာစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်ဘာသာစာပေ။ သမိုင်းတို့ကို ရိုးရာစနစ်အတိုင်း သင်ကြားခဲ့ပေသည်၊ ၁၃ နှစ်အရွယ်တွင် မိဘများက သင်္ကန်းဝတ်ပေး၍ ကိုရင်ကလေး ရာဟုလာ ဘဝဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်၊ အသက် ၂ဝ ပြည့်သောအခါ ရွာကျောင်းဘုန်းကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ တက်လှမ်းခဲ့သည်၊ ဗုဒ္ဓစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်စာပေများတွင် သင်ရိုးပြီးမြောက်၍ ဘာသာရေးစာမေးပွဲများ အဆင့်ဆင့်အောင်မြင်ခဲ့ပြီးနောက် ထင်ရှားသော ကျောင်းတိုက်ကြီးများတွင် ဓမ္မာစရိယ စာချဆရာတော် တစ်ပါး ဖြစ်လာခဲ့ပေသည်၊ ထိုအချိန်မှစ၍ အရှင်ရာဟုလာမထေရ်ကို ဖွားမြင်ရာ ဇာတိကို အစွဲပြုခြင်းအားဖြင့် အရှင်ဝါလ်ပိုလာ ရာဟုလာ ဟု ခေါ်တွင်လာခဲ့ ကြပေသည်၊ အခြားရာဟုလာဘွဲ့ခံ ဆရာတော်တစ်ပါးနှင့် ကွဲပြားစေရန် ဇာတိအမည် တပ်၍ ဘွဲ့တော်ကို ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပေသည်၊ ဂုဏ်ပြုချီးမြှောက်ခံရမှု အရှင် ရာဟုလာသည် တိပိဋကဝဂ္ဂိဝါရစာယ (Trippitakavagisvaracarya) ဘွဲ့ကို သီရိ ကလျာပီ သမ္မာဂရိ သံဃာ-သဘာ အဖွဲ့က ၁၉၆၅တွင် ချီးမြင့်ခဲ့သည်။ သီရိ ဟူသော ဂုဏ်ပုဒ်ကို သိရိလင်္ကာနိုင်ငံမှ ရဟန်းနှစ်ပါး သုံးပါးသာ ရရှိဖူး၏ ။ ထို့အပြင် ဆရာတော်ကို မြန်မာနိုင်ငံက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဖြင့် ပူဇော်ချီးမြှင့်ခဲ့သည်။ ရေးသားခဲ့သောစာပေများ What The Buddha Taught (1959, ) History of Buddhism in Ceylon: The Anuradhapura period, 3rd Century BC – 10th Century AD (1966) Humour in Pali Literature and Other Essays (1997, ) The Heritage of the Bhikkhu: A Short History of the Bhikkhu in Educational, Cultural, Social, and Political Life (1974, ) Heritage of Bhikkhu (1974, ) Zen and the Taming of the Bull: Towards the Definition of Buddhist Thought: Essays (1978, ) The Heritage of the Bhikkhu: The Buddhist Tradition of Service (2003, ) ကိုးကား Category:ဗုဒ္ဓဘာသာရဟန်းများ
ချစ်နိုင် (စိတ်ပညာ)
ချစ်နိုင် (စိတ်ပညာ) ( ဒီဇင်ဘာ ၁၉၄၈ မွေးဖွား) သည် အာဏာသိမ်းစစ်အစိုးရ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး ရာထူးများဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့၍ စာရေးဆရာတစ်ဦးအဖြစ် ထင်ရှားခဲ့သော်လည်း၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးတွင် စစ်ကောင်စီမှ ခန့်အပ်သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို လက်ခံခဲ့သောကြောင့် စာရေးဆရာနှင့် စာဖတ်သူများ၏ ကန့်ကွက်ရှုတ်ချမှုကို ခံခဲ့ရသည်။ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများတွင် ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်အများအပြားအား လူပုံအလယ်တွင် မီးရှို့ဖျက်စီးခဲ့ကြသည်။ စာဖတ်သူ လူထုက လက်မခံသဖြင့် စာအုပ်ထုတ်ဝေသူနှင့် ဖြန့်ချိသူများကလည်း ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်များအား ဆက်လက်ထုတ်ဝေဖြန့်ချိခြင်း မပြုတော့ပေ။ ဘဝအကျဉ်း ငယ်ဘဝ မကွေးတိုင်း ချောက်မြို့နယ် ကြီးနီးကျေးရွာတွင်အဖ ဦးမာတင် အမိဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ တွင်မွေးဖွားခဲ့သည် အမည်ရင်းဦးချစ်နိုင်ဖြစ်သည်။ ကြေးနီရွာအလယ်တန်း ကျောင်းချောက်မြို့အမှတ် (၁၁) အထက်တန်းကျောင်းနှင့် မန္တလေး ဝိဇ္ဇာ၊သိပ္ပံ၊ တက္ကသိုလ် တို့တွင်ပညာသင်ယူခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် စိတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ အမှုထမ်းဘဝ ၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းခဲ့သည်။ လားရှိုး၊မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့ နှင့် ကလောမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်နယ် အတွင်း ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့တော်ရှိ တပ်မတော်ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ဖူးသည်။ ဝန်ကြီးရာထူး ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်မှ နိုင်ငံတော်အာဏာများကို သိမ်းယူပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ စာရေးဆရာတစ်ဦးပင်ဖြစ်သော်လည်း ဝန်ကြီးဖြစ်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော သတင်းမီဒီယာများ၊ သတင်းထောက်များကို စတင်ဖြိုခွင်းခဲ့သည်။ ဒီဗီဘီ၊ မဇ္ဈိမ အပါအဝင် သတင်းမီဒီယာငါးခုကို ပိတ်ပင်ခဲ့၏ ။ ထို့အပြင် နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်မီဒီယာများမှ သတင်းတုသတင်းမှားများကို ဖြန့်ချိခဲ့သည်။ ထို့အတွက်ကြောင့် ယူနက်စကိုတွင် တာဝန်ထမ်းဆောင်နေသော သမီးဖြစ်သူ နိုင်နိုင်အေးကို သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက အလုပ်ထုတ်ရန်တောင်းဆိုခဲ့ကြရာ ယူနက်စကိုရုံးမှ သူမကို အလုပ်တာဝန်ယာယီရပ်နားပေးခဲ့ရသည်။ ဧပြီ ၁၉ ၌ ဥရောပသမဂ္ဂ (အီးယူ) က ချစ်နိုင် (စိတ်ပညာ) ကို မြန်မာနိုင်ငံရှိမီဒီယာများကို ဖြိုခွင်းမှု၊ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့်မှု စသည်တို့တွင် တိုက်ရိုက်တာဝန်ရှိခြင်းတို့ကြောင့် အရေးယူဒဏ်ခတ်ခဲ့သည်။ ၂၀၂၁ခုနှစ် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းလိုက်ချိန်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ထင်ရှားသောစာအုပ်များ ၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင် ဘာလ အထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန် များကိုထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ စိတ်ပညာဆိုင်ရာ လူမှုရေး နှင့်လူငယ်အကြံပေးဆောင်းပါးများကို စာနယ်ဇင်းများတွင်ရေးသားခဲ့ရာ ယနေ့ထိဖြစ်သည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင်၊ အစိုးရထုတ် သတင်းစာများ၌ အာဏာသိမ်းစစ်ကောင်စီဘက်မှ ဝါဒဖြန့်ဆောင်းပါးများ ရေးသားလျက်ရှိသည်။ ၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာအမျိုးသား စာပေဆုကို ချစ်လို့ပြောတာ မှတ်ပါ စာအုပ်အတွက် ချီးမြင့်ခံရသည်။ ရေးသားခဲ့သည့် စာအုပ်များအနက် ချစ်လို့ပြောတာမှတ်ပါ-တွဲ(1-2)၊ သားအတွက် ဓားတစ်လက်၊ လောကကိုအလှမြင်ပါ ၊ ပညာသည် တန်ခိုးဖန်ဆင်း၏ ၊လက်တစ်ကမ်းရှိတက်လမ်း အောင်မြင်မှုနှင့် စိတ်ခွန်အား ၊စက္ကန့် တိုင်းကိုစိန်စီထားတယ်။ စေတနာသည်ကံဖြစ်၏ အောင်မြင်ခြင်းရွှေစည်းမျဉ်း ၊ ခေါင်းဆောင်မှုအရည်အသွေး စာအုပ်များမှာထင်ရှားလှသည်။ စာပေနယ်ပယ် ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။HugeDomains.com - Eainmathlaing.com is for sale (Eainmathlaing) ကိုးကား ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ စိတ်ပညာ ဘာသာရပ် ပညာရှင်များ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ ကဏ္ဍ:မြန်မာနိုင်ငံ ဝန်ကြီးများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
ဖီဒိုရာ လင်းနပ်စ်
Fedora ဆိုတာက Red Hat ကုမ္ပဏီက ထောက်ပံ့ပေးပြီး Fedora Project လို့ခေါ်တဲ့ အွန်လိုင်းအဖွဲ့တစ်ဖွဲ့က Linux kernel ပေါ်မှာ အခြေခံ တည်ဆောက်ထားတဲ့ ကွန်ပျူတာ operating system တစ်ခုပါ။ Fedora ရဲ့ အဓိကရည်ရွယ်ချက်က လွတ်လပ်ပြီး အခမဲ့ရနိုင်တဲ့ ဆော့ဖ်ဝဲတွေ ထုတ်လုပ်ဖို့သက်သက်မဟုတ်ဘဲ အဲဒီ အခမဲ့လွတ်လပ်ဆော့ဖ်ဝဲလောကမှာ ထိပ်တန်းက ဦးဆောင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။ Linux kernel ကိုထွင်ခဲ့တဲ့ Linus Torvalds ကတော့ Fedora ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ PowerPC အမျိုးအစားတွေပေါ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းရှိလို့ သူ့ရဲ့ကွန်ပျူတာတွေမှာ Fedora ကိုပဲ သုံးပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးပါတယ်။ အခုထိလည်း Linus Torvalds ဟာ Fedora ကို သုံးနေဆဲပဲလို့ သိရပါတယ်။ သမိုင်းကြောင်း နာမည်ကျော် Red Hat ကုမ္ပဏီက သူ့ရဲ့ အခမဲ့ဖြန့်ချိတဲ့ Red Hat Linux (RHL) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခကြေးငွေနဲ့ ရောင်းချတဲ့ Red Hat Enterprise Linxu (RHEL) ကို သူ့ရဲ့ တစ်ခုတည်းသော တရားဝင် Linux operating system အဖြစ်သတ်မှတ်လိုက်တဲ့ ၂၀ဝ၃ ခုနှစ်နှောင်းပိုင်းမှာ Fedora Project ကို ဖွဲ့စည်းခဲ့ပြီး Red Hat ရဲ့ ကျော်ထောက်နောက်ခံနဲ့ Fedora operating system ကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။ Fedora ဆိုတဲ့နာမည်ကိုတော့ အရင်က Red Hat Linux အတွက် ဆော့ဖ်ဝဲတွေထုတ်လုပ်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ နာမည်ကိုယူထားတာဖြစ်ပြီး Red Hat ရဲ့ logo ပုံက အရိပ်လူသား ဆောင်းထားတဲ့ ဦးထုပ်ပျော့ကို အဆွဲပြုပြီး ခေါ်တွင်ခဲ့တာလည်း ဖြစ်ပါတယ်။ Fedora Linux ဟာ တစ်ဖြည်းဖြည်းနဲ့ Fedora Project ရဲ့ မူပိုင်ထုတ်ကုန် ဖြစ်လာခဲ့ပေမယ့် Fedora ဆိုတဲ့ ဦးထုပ်ပျော့လေးကတော့ Red Hat ရဲ့ ကုန်အမှတ်တံဆိပ်သာ ဖြစ်ခဲ့ပါတယ်။ ဖြန့်ချိပုံ Fedora Project ဟာ Fedora Linux ကို အောက်မှာပြထားတဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ ဖြန့်ချိပါတယ်။ Fedora DVD - အဓိကကျတဲ့ Fedora package တွေ အားလုံး စုပေါင်းထည့်သွင်းထားတဲ့ DVD ဖြစ်ပါတယ်။ Live Images - Fedora ကို USB Flash Drive ပေါ်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ် CD သိုမ့ဟုတ် DVD တစ်ချပ်ပေါ်ကနေ operating system တစ်ခုလုံး run လို့ရတဲ့ Live CD လုပ်ဖို့ သုံးလို့ရပါတယ်။ Minimal Images သို့မဟုတ် USB Image - အင်တာနက် HTTP ဒါမှမဟုတ် FTP ကနေတစ်ဆင့် ဒါမှမဟုတ် Microsoft Windows ရဲ့ NFS File System ပေါ်ကနေတစ်ဆင့် run လို့ရတဲ့ အမျိုးအစားပါ။ Rescue CD သို့မဟုတ် USB Image - ဒါကတော့ အင်တာနက်ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှိပြီးသား system က stable မဖြစ်တော့လို့ ပြန်ပြင်ချင်ရင်ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ Fedora Project ဟာ Fedora spins လို့ခေါ်တဲ့ တစ်ခြား Fedora မျိုးကွဲတွေလဲ ထုတ်ပါသေးတယ်။ အဲဒါတွေကတော့ သီးခြား enduser တွေအတွက် လိုအပ်တဲ့ သီးခြား software တွေ ပေါင်းစပ်ပါဝင်တဲ့ software package အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အဲဒီ spin တွေကိုလည်း Fedora Live USB Creator ဒါမှမဟုတ် UNetbootin ကိုသုံးပြီး Live USB version အဖြစ် ပြောင်းနိုင်ပါတယ်။ ထုတ်လုပ်မှုသမိုင်းကြောင်း Fedora 7 မတိုင်ခင်အထိ Fedora ကို Fedora Core နဲ့ Fedora Extras ဆိုပြီး နှစ်မျိုးခွဲပြီး ထုတ်လုပ်ပါတယ်။ Fedora Core ကို Red Hat ကပဲ ထုတ်လုပ်ပြီး Fedora Extras ရဲ့ software တွေကိုတော့ ကမ္ဘာအနှံ့က programmer တွေပေါင်းပြီး Fedora Project က ထုတ်လုပ်ခဲ့ပါတယ်။ Fedora Core 1 ကနေ 6 အထိကို သုံးတဲ့ Linux kernel version၊ ထုတ်လုပ်ခဲ့တဲ့ ရက်စွဲနဲ့ သူတို့ရဲ့ Code Name တွေနဲ့ ယှဉ်ပြီးပြရမယ်ဆိုရင် အရောင် အဓိပ္ပာယ် အနီ အဟောင်း; support မလုပ်တော့ အဝါ အဟောင်း; support လုပ်သေးသည် အစိမ်း လက်ရှိ version အပြာ ဆက်ထုတ်မည့် version Project NameVersionCode nameRelease dateLinux version Fedora Core 1 Yarrow 2003-11-05 2.4.19 2 Tettnang 2004-05-18 2.6.5 3 Heidelberg 2004-11-08 2.6.9 4 Stentz 2005-06-13 2.6.11 5 Bordeaux 2006-03-20 2.6.15 6 Zod 2006-10-24 2.6.18 Fedora 7 ကနေ နောက်ဆုံး version အထိကတော့ Fedora ဆိုတဲ့နာမည်ကိုပဲသုံးပြီး Red Hat ရဲ့အကူအညီနဲ့ Fedora Project ကပဲ အလုံးစုံထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ version တွေကို အောက်မှ ပြထားပါတယ်။ Project NameVersionCode nameRelease dateLinux version Fedora 7 Moonshine 2007-05-31 2.6.21 8 Werewolf 2007-11-08 2.6.23.1 9 Sulphur 2008-05-13 2.6.25 10 Cambridge 2008-11-25 2.6.27 11 Leonidas TBA အဲဒီ version တွေမှာ Fedora 1 ကနေ 8 အထိဟာ version အဟောင်းတွေဖြစ်ပြီး Fedora Project က အဲဒီ version တွေအတွက် software တွေနဲ့ security update တွေ ဆက်လက်ထုတ်ပေးခြင်း မရှိတော့ပါဘူး။ Fedora 9 ကလည်း version အဟောင်းဖြစ်ပေမယ့် Fedora 11 ထွက်လာတဲ့အချိန်အထိ support လုပ်နေဦးမှာပါ။ Fedora 10 (Cambridge) ကတော့ မေလ ၂၆ ရက်နေ့ Fedora 11 (Leonidas) ထွက်မလာခင်အချိန်အထိတော့ latest version ပေါ့။ Fedora Project က ၆ လ တစ်ကြိမ် version အသစ်ထုတ်ပြီး နောက်ဆုံး version ၂ ခုကိုပဲ support လုပ်ပါတယ်။ ဒါကြောင့် Fedora သုံးသူတွေအနေနဲ့ အနည်းဆုံး ၁ နှစ်ကို တစ်ကြိမ်တော့ version upgrade လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခမဲ့ရတာဖြစ်တဲ့အတွက် အခက်အခဲတော့ သိပ်များလှမှာမဟုတ်ဘဲ အမြဲ update ဖြစ်နေတဲ့အတွက် လုံခြုံရေးရှုထောင့်ကကြည့်ရင် သဘောကျလောက်စရာပါပဲ။ ဆက်လက်လေ့လာနိုင်ရန် Fedora Project homepage International Fedora Project sites ကိုးကား
စိန့်ပီတာ ကောလိပ် ၊ အော့ကလန်
St Peter's College, Bro O'Driscoll Building (1939, additions 1944) စိန်.ပီတာကောလိပ်၊ အောက်ကလန် (Auckland) သည်၊ နယူးဇီလန်နိုင်ငံ၊အောက်ကလန် (Auckland) မြို့လည်ရှိ၊ ယောက်ျားလေးများအတွက်၊ ကက်သလစ်အထက်တန်းကျောင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင်အကြီးဆုံး ကက်သလစ်အထက်တန်းကျောင်းလည်းဖြစ်သည်။ ထိုကျောင်းကို ၁၉၃၉ ခုနှစ်က ခရစ်ယန်ညီအစ်ကိုများက တည်ထောင်ခဲ့သော်လည်း၊ ၂ဝဝ၈ ခုနှစ်မှစပြီး လုံးလုံးလျားလျား သာမန်ဝန်ထမ်းများဖြင့်သာဖွဲ့စည်းဆောင်ရွက်ပါသည်။ ကျောင်းတွင်အများဆုံးကျောင်းသား ၁၂ဝဝ ခန့် ရှိပြီး လူမျိုးပေါင်းစုံပါဝင်သည်။ ထိုကျောင်းက၊ အထက်တန်းကျောင်းသားများကို ပညာရပ်ဆိုင်ရာအားဖြင့်၊ အမျိုးသားပညာရေးအောင်လက်မှတ် စစ်ဆေးမှုစံနစ် (NCEA) နှင့်၊ ကင်းဘရစ်အပြည်ပြည်ဆိုင်ရာစာမေးပွဲ (CIE) နှစ်ခုလုံးအတွက် သင်ကြားပေးပါသည်။ အဆိုပါကျောင်းတွင် အပြည်ပြည်ဆိုင်ရာကျောင်းသား ၇ဝ ပတ်ဝန်းကျင်ခန့်စာသင်ကြားရန်စာရင်းသွင်းပါသည်။ စီးပွားရေးလုပ်ငန်းရှင်နှင့်လှေလှော်ရွက်တိုက်ဝါသနာရှင် ဆာမိုက်ကယ်လ်ဖေး (Sir Michael Fay) ၊ ကဗျာဆရာ စမ်မ်ဟန့်တ် (Sam Hunt) တို့မှာ နာမည်ကျော်ကြားလူသိများသော စိန့်ပီတာကောလိပ်ကျောင်းထွက်များ ဖြစ်သည်။ ကျောင်းအင်တာနက်စာမျက်နှာ၊ www.st-peters.school.nz ကျောင်းဆောင်ပုဒ်၊ ချစ်ခင်မေတ္တာထားရန်နှင့်အကျိုးဆောင်မှုပြုရန် ကျောင်းအမျိုးအစား၊ စုပေါင်းကက်သလစ်ကျောင်းသားအထက်တန်းကျောင်း (၇ တန်း မှ ၁၃ တန်းအထိ) လိပ်စာ၊ ၂၃ မောင်းတိန်း လမ်း (Mountain Road) အက်ပ်စွန်မf (Epsom)၊ အောက်ကလန် ၃ (Auckland 3) ၊ ဖုန်း +၆၄၉၅၂၄၈၁ဝ၈။ ဖက်စ် +၆၄၉၅၂၄၉၄၅၉ အီလက်ထရောနစ်လိပ်စာ [email protected] ကျောင်းအုပ်၊ ကေ၊အက်၊ ဖေါင်ဟီ(K.F.Fouhy) Category:နယူးဇီလန်နိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ
ဂုဏ် ၃ ပါး
ဂုဏ် ၃ ပါး (အလင်္ကာနိဿယ) (၁) သတွဂုဏ်=ပညာဖြစ်စေခြင်း။ (၂) ရဇဂုဏ်=အလိုရမ္မက် ဖြစ်စေခြင်း။ (၃)တမဂုဏ်=မာန်မာန ဖြစ်စေခြင်း။ မှတ်ချက်=သုခမှတ်စု Category:ဗုဒ္ဓဘာသာ
နောင်တ ၁၀ မျိုး
နောင်တ ၁၀ မျိုး (၁) ငယ်စဉ်က ပညာမသင်ခဲ့မိခြင်း။ (၂) ဒုတိယ အရွယ်က ဥစ္စာမစုမိခြင်း။ (၃) သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးခဲ့မိခြင်း။ (၄) သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း။ (၅) သူ့တပါးသားမယားကို ဖျက်ဆီးခဲ့မိခြင်း။ (၆) ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲမိခြင်း။ (၇) မွေးမိ မွေးဘတို့ကို မကွယ်လွန်မီက မပြုစုခဲ့ရခြင်း။ (၈) သူတော်ကောင်းတို့၏ ဆုံးမစကားကို မနာယူခဲ့မိခြင်း။ (၉) ပညာရှိထံ နည်းနာမခံခဲ့မိခြင်း။ (၁၀) ငယ်စဉ်က အကျင့်မကောင်းခဲ့ခြင်း။ မှတ်ချက်=သုခမှတ်စု Category:ဗုဒ္ဓဘာသာ
ဟာသစာပေ စာတမ်းများ
မာတိကာ ၁။ နိဒါန်း ၂။ ခေတ်အမျိုးမျိုးမှ မြန်မာ ဟာသစာပေ - ဦးညိုမြ (အိုးဝေ) ၃။ အနောက်တိုင်း ဟာသစာပေ - ခင်မျိုးချစ် ၄။ မြန်မာဟာသပြဇာတ်နှင့် ဟာသကဗျာ - ဦးဝင်းမောင်မင်းယုဝေ ၅။ ဟာသဆောင်းပါး - ဦးသိန်း (ဇဝန) ၆။ ဘာသာပြန် ဟာသစာပေ - ဦးသောင်း(အောင်ဗလ) ၇။ ကျွန်တော်၏ ဟာသဝတ္ထုရေးဆရာ ဘဝအတွေ့အကြုံများ - သော်တာဆွေ။ Category:မြန်မာ စာအုပ်များ
ငြိမ်းအေးအိမ်
ငြိမ်းအေးအိမ် (၁၆ ဒီဇင်ဘာ ၁၉၅၅ - ၂၃ ဇွန် ၂၀၂၅) သည် ထားဝယ်လူမျိုး မြန်မာ ပို့စ်မော်ဒန် စာရေးဆရာတစ်ဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။၎င်းသည် ကချင်ဒီမိုကရေစီသစ် တပ်မတော် ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းပါဝင်ခဲ့ပြီး၊ ကချင်အထူးဒေသ(၁)တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ဖူးသည်။ ငြိမ်းအေး ဟု လူသိများခဲ့သူ ၎င်းသည် ၁၉၇၆ခုနှစ်တွင် မှိုင်းရာပြည့်အဖွဲ့ဝင်အဖြစ် အကျဉ်းကျခံထားဖူးသူတစ်ဦးလည်း ဖြစ်သည်။ အစောပိုင်းဘဝ ငြိမ်းအေးအိမ် သည် ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အထက်ကဝပ်တံငါရွာတွင် မွေးဖွားခဲ့သည်။ဖခင်မှာ ဦးအုန်းရွှေ၊မိခင်မှာ ဒေါ်ထားရီ ဖြစ်သည်။ အသုဘနာရေးဖိတ်ကြားစာအရငယ်စဉ်ကာလတွင် မောင်ကျော့ဦး ဟုအမည်ရပြီး နောင်တွင် မောင်ငြိမ်းအေး အမည်သို့ ပြောင်းလဲခဲ့သည်။ငယ်စဉ်ဘဝပညာရေးကို ထားဝယ်မြို့နယ်အတွင်း ဖြတ်သန်းခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထားဝယ် အထက (၁) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ နိုင်ငံရေးဖြတ်သန်းမှု ၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် လျှပ်စစ် (ပါဝါ) ဘာသာရပ် ဝင်ခွင့်အောင်မြင်ခဲ့သည်။ထိုသို့အောင်မြင်ပြီးချိန်တွင် မှိုင်းရာပြည့် အထိမ်းအမှတ်သပိတ်ကော်မတီ၌ ဦးဆောင်သူတစ်ဦးအနေဖြင့် ပါဝင်ခဲ့သဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၇၉ ခုနှစ် တွင် ထောင်မှ လွတ်လာသည်။ထိုနှစ်တွင် အထက်တန်းရှေ့နေ ( H.G.P) စာမေးပွဲ ဝင်ဖြေရာ အောင်မြင်၍ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အိမ်ထောင်ကျပြီး ကျူရှင်ဆရာအဖြစ် အသက်မွေးသည်။သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်အစိုးရ၏ ကန့်သတ်ချက်များကြောင့် ၁၉၈၅ ခုနှစ်တွင် တောခိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပါတီအဖွဲ့အစည်းမှ နုတ်ထွက်ကာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ဖြင့် မြို့ပြဒေသသို့ ပြန်လည်ရောက်ရှိလာသည်။သူသည် ကချင်ဒီမိုကရေစီသစ် တပ်မတော် ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သေးပြီး၊ကချင်အထူးဒေသ (၁) တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်မှုထမ်းခဲ့သည်။ယင်းနောက် နိုင်ငံရေးလှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းကာလကစ၍ ရန်ကုန်မြို့တွင် အခြေချကာ စာပေနယ်ထဲ ဝင်ရောက်ခဲ့သည်။ စာပေလှုပ်ရှားမှု မြန်မာ့ပို့စ်မော်ဒန်စာပေခေတ်ဦးတွင် ငြိမ်းအေးအိမ်သည် ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ စာရေးဆရာ ငြိမ်းအေးအိမ်၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ "ပွဲတော်ညမုဆိုးများ ဝတ္ထုတိုစုစည်းမှု" (၁၉၉၆) ဖြစ်ပြီး ပထမဆုံး အချစ်လုံးချင်းဝတ္ထုရှည်မှာ "အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်" (၂၀၀၅) ဖြစ်သည်။ သူသည် ကချင်ပြည်နယ် အထက်ပိုင်း ဝေးလံခေါင်သီသော အီမောဘွမ်တောင်ဒေသရှိ လူမျိုးစုများနှင့် အီမောဘွမ်တောင် သဘာဝပတ်ဝန်းကျင်အကြောင်း ရေးသားထားသည့် "ညို့ငင်တောင်" (၂၀၁၂) စာအုပ်အပါအဝင် စာအုပ်ပေါင်း ၂၀ နီးပါး ရေးသားခဲ့သူဖြစ်သည်။ ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ပွဲတော်ည မုဆိုးများ (ဝတ္ထုတို စုစည်းမှု) ၁၉၉၆ သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ် (ဝတ္ထုတို စုစည်းမှု) ၂၀ဝ၀ အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင် (လုံးချင်း) ၂၀ဝ၅ မတ်လ ဓာတ်ပုံတွေကပြတဲ့ အော်ပရာ (အက်ဆေး ၊ ဖိုတိုအက်ဆေး) ၂၀ဝ၇ ဇွန် အတွေးတိမ်တိုက် ၊ သက္ကရာဇ်မြင်း ၊ နေ့ဟောင်းမျှော်စင် (အက်ဆေး) ၂၀ဝ၇ ဒီဇင်ဘာ ဝါကျများကိုဖွင့်ကြည့်ပါ၊ 2008 အောက်တိုဘာ ကြယ်မှုန်တွေနဲ့လင်း (စိတ်ကူးချိုချို၊ ၂၀၀၈၊ အောက်တိုဘာ) အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (မန်းချောင်းစာပေ၊ ၂၀၁၂၊ အောက်တိုဘာ) ညှို့ငင်တောင် (စိတ်ကူးချိုချို၊ ၂၀၁၂ နိုဝင်ဘာ) အခြားစာရေးဆရာများနှင့် တွဲဖက်ထုတ်ဝေခဲ့သောစာအုပ်များ မြစ်တစ်စင်း ၊ ဝေးဝေးလရောင် ၊ စိမ်းလန်းသောမျှော်စင် ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၇ ရာစုသစ်သို့ ပျံသန်းခြင်း ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၈ ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထုနှင့် ဝတ္ထုများ ( ဝတ္ထုတို စုစည်းမှု ) ၂၀ဝ၀ ဘဝနိဂုံး သူသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လေဖြန်း၍ ဆေးရုံတက်စဉ် အစာပြွန်ကင်ဆာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ကင်ဆာရောဂါကို ခံစားနေရချိန် ၎င်းသည် ကွယ်လွန်ခါနီးရက်ပိုင်းအချိန်အထိ စာပေနှင့်အဆက်မပြတ်ရှိနေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ မိသားစုဘဝ ငြိမ်းအေးအိမ်သည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။သားသမီး ၂ဦး ထွန်းကားခဲ့သည်။ ကိုးကား အတွေးတိမ်တိုက်၊ သက္ကရာဇ်မြင်း၊ နေ့ဟောင်းမျှော်စင် Category:မြန်မာ စာရေးဆရာများ Category:မြန်မာ အမျိုးသား စာရေးဆရာများ Category:မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ
စွန့်ဦးတီထွင်သူ
စီပွားရေးတစ်ရပ်ကို စတင် လှုပ်ရှားသွားစေသူအဖြစ် ဘောဂဗေဒ အစဦးပိုင်းကပင် သတိပြုမိဖော်ပြခြင်း ရှိခဲ့ပါသည် (R. Catillon, J. B. Say)၊ သို့သော် မကြာသေးမီက Mark Casson က ထောက်ပြရာတွင် ခေတ်သစ်ဘောဂဗေဒ သီအိုရီများအထိ ၎င်းတို့ ပေါင်းစပ်ပါဝင်နိုင်ခြင်း မရှိသေးဟုဆိုပါသည်။ သတင်းအချက်အလက် အပြည့်အစုံ အချိန်နှင့်အမျှရရှိနိုင်ပြီး ဝင်ရောက်လုပ်ကိုင်နိုင်ရန် လွတ်လပ်မှု အပြည့်အဝရှိသော ရေသေကျမ်းရိုးဆန်းသစ် ဘောဂဗေဒ၏ “ပြိုင်ဆိုင်မှု အပြည့်သီအိုရီ”တွင် စွန့်ဦးတီထွင်သူဟူ၍ မရှိနိုင်ပေ။ F. Knight ၏ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးနှင့် ၎င်းလုပ်ကိုင်သော ကုမ္ပဏီကို ခွဲခြား၍ မရဟုဆိုပါသည်။ အစဉ်ပြောင်းလဲနေသော ပြီးပြည့်စုံသည်ဟူ၍ မရှိသော လက်တွေ့လောကတွင် စွန့်ဦးလုပ်ကိုင်ရမှု၊ တီထွင်နေရမှု၊ ကြိုတင်မှန်းဆနေရမှုတို့ အမြဲရှိနေရမည်။ အမြတ်ဆိုသည်မှာ မသေချာ မရေရာမှုများ အန္တရာယ်စွန့်စားရမှုများမှ ပြန်ရချက်ဖြစ်သည်။ ထို့ကြောင့် စွန့်ထွင်ဦးစီးတစ်ယောက်၏ အမြတ်များစွာရရှိအောင် လုပ်ကိုင်နိုင်မှုသည် ၎င်းအားစတုတ္ထမြောက်ကုန်ထုတ်စွမ်းအားစု (လုပ်အား၊ မြေယာ၊ အရင်းအနှီး)အပြင်Fourth Factor ဟု လက်ခံလာစေပါသည်။ စီးပွားရေးပညာရှင်များက စွန့်ဦးတီထွင်များသည် စွန့်စားလုပ်ကိုင်မှုသာမက တီထွင်မှု၊ စီမံခန့်ခွဲမှု၊ ကာလရှည် အရင်းအနှီး စွန့်စားမှု Risk capital or venture capital များလည်း ပြုလုပ်ရသည်ဟု သတ်မှတ်ကြသည်။ ရည်ညွှန်းကိုးကား - (ဦးကြည်မြင့်၏ အားလုံးအတွက် စီးပွားရေးပညာ အဘိဓာန် မှ) Category:နည်းပညာ
အနောက်တိုင်း ဟာသစာပေ
အနောက်တိုင်းတွင် ဟာသစာပေကို ကိုးမျိုး ခွဲခြားထားသည်။ ၁။ မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos) ၂။ သရုပ်ပျက် ကယ်ရီကေးချား(Caricature) ၃။ ဥပမာမြောက် (Comic Simile) ၄။ ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking) ၅။ သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation) ၆။ အသံထွက် ဆင်တူ (Pun) ၇။ ဇဝနဉာဏ် (Witticism) ၈။ ခေတ်ပြောင် (Satire) ၉။ စကားထာ စကားဝှက် (Riddle) နောက်ဆက်တွဲ အခြားအမျိုးအစား အများအပြား ကျန်ရှိနေပါသည်။ လက်လှမ်းမှီသလောက် ဖော်ပြရလျှင် - ၁၀။ အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ၁၁။ ကျောင်းသားအလွဲဖြေ (Howlers or Boners) ၁၂။ ခနိုးခနဲ့ (Irony) ၁၃။ နှာခေါင်းသွေးထွက် (Practical Joke) ၁၄။ ကလေးချော့ (Nonsense and Nursery Tales) ၁၅။ စာဖျက် (Parody) မြန်မာ ဟာသစာပေနှင့် နှိုင်းယှဉ်ချက် ကြည့်ရန် Category:အနောက်တိုင်း စာပေ
မြန်မာ ဟာသစာပေ
လူတွင် အကြောပေါင်းတစ်ထောင် ရှိသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် ဂွမ်းဆီထိ ပီတိသောမနဿ ဖြစ်သည်ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်း တစ်ထောင်လုံး စိမ့်သွားသည့် ခံစားမှုမျိုး ဖြစ်ပါမည်။ ပုဂံရာဇဝင်တွင် အနော်ရထာမင်းစောသည် ရှင်အရဟံ၏ တရားထူး တရားမြတ်ကို ကြားနာရ၍ အကြိမ်တရာ စစ်သောဆီတွင် အဖန်တရာဖတ်သော ဝါဂွမ်းကို ချဘိသကဲ့သို့ ဩက္ကမ သဒ္ဓါဖြင့် မတုန်မလှုပ်သော ပီတိ၌တည်၏ ဟု ဆိုသည်။ အနောက်တိုင်းအယူ လူတဦးတယောက် ပြုံးရယ်သည့်အခါ မျက်နှာတွင်ရှိသော အကြောပေါင်း ၁၅ခုမှာ ကျုံ့သွားပြီး အသက်ရှူဟန်လည်း အနည်းငယ်ပြောင်းလဲသွားသည်ဟု ယခုခေတ် အနောက်တိုင်းသိပ္ပံဆရာများက ဆိုသည်။ လူတဦး ပြုံးရယ်ဟန်ကို အသေးစိတ် လေ့လာကြည့်လျှင် - ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း အထက်နှုတ်ခမ်း မြင့်တက်သွား၍ သွားများပေါ်ခြင်း နှာခေါင်းနှင့် နှုတ်ခမ်းကြားရှိ အသားများ ကွေးကောက်တွန့်လိန်ခြင်း မျက်စိများ အရောင်တောက်ပလာခြင်း အောက်မျက်ခမ်း အသားကလေးများ တွန့်လိန်ခြင်း များကို မြင်တွေ့ရမည်ဟု ဆိုသည်။ ယင်းငါးမျိုးသော မျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣန္ဒြေမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်သည်။ ထို့ထက်ပိုမို ပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်း ဖြစ်ပွားလာပြီဆိုလျှင်မူ မျက်ရည်များ ထွက်လာတတ်၍ မျက်စိအရောင် တောက်ပမှု လျော့ပါးသွားတတ်ပေသည်။ အသံလည်း ထွက်လာသည်။ 'ဝါး'ကနဲ ပွဲကျသွားသည့် ရယ်မောနည်းမျိုးကိုမူ ပေါက်ကွဲမှုဟုဆိုရမည်။ သို့သော် ဟာသဆိုသည်မှာ မိန်းကလေးတဦး၏ ဣန္ဒြေမပျက် ပြုံးတုံ့မပြုံးတုံ့အဆင့်မှစပြီး 'ဝါး' ကနဲ ပွဲကျပြီး ခွက်ထိုးခွက်လန် ရယ်မောသည်အထိ အဆင့်အတန်း အမျိုးမျိုး ပြောင်းလဲသွားတတ်သည့် လက္ခဏာများ ရှိကြောင်း ကမ္ဘာကျော် လောကဓာတ်ဆရာကြီး ဒါဝင် (Charles Darwin) က ရေးသား ဖော်ပြခဲ့ဖူးသည်။ အရှေ့တိုင်းအဆို အရှေ့တိုင်းသားများကိုယ်တိုင် ဟာသရသကို အသေးစိတ် လေ့လာချက်များလည်း ရှိသည်။ ဟာသစာပေများ စုဆောင်းလေ့လာခဲ့သူ မြောင်းမြသခင်တင်၏ ကိုးကားဖော်ပြချက်တွင် အောက်ပါအတိုင်း ပါရှိသည်။ ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်းပင် ဖြစ်၏။ (ဝါ) ကြည်နူးစရာ၊ ပီတိဖြစ်စရာတည်းဟူသော ပျော်မွေ့နှစ်သက်သည့် စေတသိက် အဆင့်သို့ ပို့ဆောင်ခြင်းဖြင့် တမုဟုတ်အတွင်း ဆိုက်ရောက်စေ၏။ ရယ်မောခြင်းခြောက်မျိုးရှိရာ - မျက်စိပွင့်ရုံ ပြုံးရယ်ခြင်း သွား စဉ်းငယ် ပေါ်ရုံမျှ ရယ်ခြင်း ညှင်းညှင်းချိုချို အသံထွက်ရုံရယ်ခြင်း ပခုံးနှင့်ဦးခေါင်း လှုပ်ကြွ၍ ရယ်ခြင်း မျက်ရည်ထွက်အောင် ရယ်ခြင်း ကိုယ်ကိုလှုပ်ကာ ခုန်ပေါက်ရယ်မောခြင်း ယင်းရယ်မောခြင်း ခြောက်ပါးကို မြောင်းမြသခင်တင်က ဘယ်ကျမ်းက ကောက်နုတ်ထားကြောင်း မဖော်ပြပါ။ သို့သော် အာရှပညာရှိကြီးများ၏ သုံးသပ်ချက်မှာ အနောက်သိပ္ပံရှင်ကြီးများထက်ပင် အသေးစိတ်ကျနေသည်။ ထို့ပြင် အလင်္ကာကျမ်းများတွင် ရသကိုးမျိုးဆိုသည် ရှိသည်။ စာပေရေးသားသီကုံးဖွဲ့နွဲ့ရာတွင် သဒ္ဒါလင်္ကာရပိုင်း ဆိုသည့် အသံဖြင့် တန်ဆာဆင်ခြင်းနှင့် အတ္ထာလင်္ကာရပိုင်း ဆိုသည့် အနက်အဓိပ္ပာယ်နှင့် တန်ဆာဆင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ အတ္ထာလင်္ကာရပိုင်းတွင် အကျုံးဝင်သည့် ရသကိုးမျိုးတွင် ဟာသရသလည်း ပါဝင်နေသည်။ အရှေ့တိုင်းသားများ ပြုစုသော အလင်္ကာကျမ်းတွင် ယင်းသို့ တွေ့ရပြီးသည့်နောက် အနောက်တိုင်းသား ကောစလား (Frank Coslar) ၏ လေ့လာချက်အရ ဆိုလျှင် သူတို့ဆီတွင် ဟာသရသကိုးမျိုး ခွဲခြားထားပုံ တွေ့ရသည်။ အနောက်တိုင်းဟာသ ကိုးမျိုး မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos) သရုပ်ပျက် (Caricature) ဥပမာမြောက် (Comic Simile) ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking) သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation) အသံထွက် ဆင်တူ (Pun) ဇဝနဉာဏ် (Witticism) ခေတ်ပြောင် (Satire) စကားထာ စကားဝှက် (Riddle) နောက်ဆက်တွဲ ခြောက်မျိုး နာမည်ကျော် ဥရောပ စာရေးဆရာ ကောစလားက ယင်းသို့ ဟာသကိုးမျိုး ဖော်ပြထားသော်လည်း အမှန်မှာ အခြားအမျိုးအစား အများအပြား ကျန်ရှိနေပါသည်။ လက်လှမ်းမှီသလောက် ဖော်ပြရလျှင် - အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ကျောင်းသားအလွဲဖြေ (Howlers or Boners) ခနိုးခနဲ့ (Irony) နှာခေါင်းသွေးထွက် (Practical Joke) ကလေးချော့ (Nonsense and Nursery Tales) စာဖျက် (Parody) မြတ်စွာဘုရားက ဘယ်သူပြောတာကိုမှ မယုံကြည်ဘဲ ကိုယ့်အသိဉာဏ်နှင့် အခါခပ်သိမ်း ယှဉ်ကြည့်ရန် ကာလာမသုတ်တွင် ဟောတော်မူခဲ့၍ ကျွန်တော်လည်း ကောစလား ပြောသည့်အတိုင်း အတည်မပြုသေးဘဲ ကိုယ့်ဟာကိုယ် လိုက်ရှာခဲ့ရာ ယင်းစာပိုခြောက်မျိုး တွေ့ရသည်။ ထို့ကြောင့် ဟာသာရသမှာ သူပြောသလို ကိုးမျိုး မကတော့။ ၁၅မျိုး ရှိသွားလေပြီ။ က၊ွန်တော်တို့ မြန်မာပြည်တွင် ၁၅ မျိုးစလုံးရှိသည်။ ရှေးကတည်းကစပြီး ရှိခဲ့သည်။ ဟာသနှင့်ပတ်သက်၍ ဟံသာဝတီဦးဘရင်က သတ္တဝါမှန်သမျှတို့သည် ပျော်ရွှင်မှုတည်းဟူသော ဟာသရသကို ခံစားမှုရှိကြမှ စိတ်ဓာတ်ပွင့်လင်းခြင်း၊ပျော်ရွှင်ခြင်းသဘောသို့ ဆိုက်ရောက်နိုင်၏။ သို့မှသာ မိမိတို့၏ စီးပွားရေး ကြီးပွားရေးတို့ကို တက်လှမ်းကြစဉ် လုပ်နိုင်ကိုင်နိုင်ရှိကြ၏ဟု ရေးသားခဲ့ဘူးသည်။ မြန်မာလောကတွင် ကြားသိရသည့်ဟာသ ၁၅ မျိုး၏ နမူနာများကို ကောက်နုတ် ဖော်ပြလိုသည်။ ယင်းသို့ ဖော်ပြရာတွင် ခေတ်အမျိုးမျိုးပါဝင်နေ၍ သမိုင်းအနေနှင့်လည်း အတော်ရုပ်လုံး ပေါ်လာပါလိမ့်မယ်။ ၁။ မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း ပလ္လင်ပေါ်က မျောက်ကလေး ခုန်ဆင်းပြေးသလို ကျဆင်းသွားသည့် ဟာသရသကို ပထမဆုံး ဖော်ပြလိုသည်။ အင်္ဂလိပ်အားဖြင့် From the Sublime to Ridiculous ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ဦးပုညက စိပ်ပုတီးနှင့် ရိပ်ကြီးခိုချင်ဟန် အောက်ပါ ဒွေးချိုးကို ရေးခဲ့သည်။ တောခိုချင် စိတ်ကယ်နှင့် သပိတ်ကိုလွယ် သားရေနွယ်ကွဲ့ရှာတုန်း။ ချောင်အနီးမှာလ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။ တောထွက်မည့် ဆရာကြီးက ဟန်တွေ ပန်တွေသားရေနွယ်တွေ ဘာတွေ ရှာခိုင်းပြီးမှ တောထဲတွင် တစ္ဆေကြောက်၍ သူ့မိန်းမလည်း လိုက်ခဲ့ပါအုံးဟု ဆို၏။ ဗာရာဏသီပြည်၏ ဗကမင်းသည် ပဉ္စပါပီနှင့် အဆက်ဖြစ်နေသည်။ သူ့မြာဆီသို့ သွားလိုသောစိတ် ပြင်းထန်စဉ် နေကဝင်ခဲ၍ သူရိယနေမင်းကို ကျိတ်ပြီး စိတ်ဆိုးကျိန်ဆဲ နေပုံကိုလည်း စာရေးဆရာကြီး ဦးရွှေနီက အောက်ပါအတိုင်း ဖွဲ့နွဲ့ထားသည်။ သူလည်းနေ ငါလည်းနေ နေမင်းဆွေပါဘဲ၊ နေနတ်မျိုးချင်း နေရင်းဇာတိ၊ သာကီယဘုန်း နေကြတုန်း၊ နေတလုံးစီရသူပါ နေမိနေရာ၊ နေစကြာဟု နေအာဒိစ္စ၊ သူ့ပါဋ္ဌ်ကမှာ ဘာတာတာနှင့်၊ အာဒိစ္စငဲ့ အာခေါင်ကိုဖဲ့ချင်လှ၊ နငယ်အနေ၊ သဝေကလေး ခွေခွေလေးနှင့်၊ နေရေးမမြင် နှေးမလျှင်သည်၊ နေဝင်ခဲသောကြောင့် နေနဲအောင်နေ၊ နေတဲ့ နေကိုသာစိတ်ဆိုး၍၊ တတိုးတိုးမြည်မိရှာခဲ့။ ယင်းကဗျာတွင် သူရိယ နေနတ်မင်းနှင့် ဗာရာဏသီက နေမျိုးနွယ် လူမင်းတို့မှာ အာဒိစ္စဝံသ အချင်းချင်း ဖြစ်စေကာမူ သိက္ခာ မထိန်းနိုင်ဘဲ တဦး၏ အာခေါင်ကို တဦးက ဖဲ့ပစ်ချင်အောင် စိတ်ဆိုးပုံများ ပေါ်လွင်ပါသည်။ ၂။ သရုပ်ပျက် ကာတွန်းဆရာများက သူတို့မုန်းသည့်လူများကို သရုပ်ဖော်ရာတွင် အရုပ်ဆိုး အကျည်းတန်အောင် လုပ်ပစ်တတ်ကြ သကဲ့သို့ စာရေးဆရာများကလည်း အလားတူ စာလုံးဖြင့် ရုပ်ပျက်ဆင်းပျက် လုပ်တတ်ကြသည်။ ဇူစကာပုဏ္ဏား ဝင်္ကပါတောင်ကို အလှူခံထွက်စဉ် ဦးပုညက သူ့ကို အောက်ပါအတိုင်း မြင်ခဲ့သည်။ သီကရီ၊ ရွှေပိုးတီ အသာတွန့်သည့်နှယ်၊ မောင်လွန့်ကာလူး။ ခါးငယ်ကိုလိမ်၊ ဖင်ပိန်ကို အကုန်နှဲ့ပါလို့ အိပ်ပဲ့ အနိုင်ချီရတော့ဗွတ်ဖင်နီ ပျံသင်စလို၊ လမ်းတွင်လှဘူး။ လမ်းမတွင် မြိုင်ခွင်မှာ ခန္ဓာရွေ့ချည်ငဲ့၊ တာတော့မောင်ထွေး။ ရိက္ခာငယ်ကုန်၊ မသာပုံအတန်ပေါက်ချင်ပေါ့၊ သက်ပျောက်ရင် မောင်တကိုယ်မို့၊ လင်းတအို ဖင်ကိုနှိုက်မှာ စိုးလိုက်လှလေး။ ၃။ ဥပမာမြောက် ဟာသမြောက်သည့် ဥပမာနှိုင်းယှဉ်ချက်များကို အောက်ပါအတိုင်း စာဆိုတော် ဦးမင်း၏ သစ္စာတိုင်တေးထပ် တွင်ပါရှိသည်။ လယ်ပုဇွန် ခေါင်းထွက်တော့ ပြောင်းကွက်လို့ မသွေ ငေါင်းငှက်က ခြေနှစ်ထွေ ဒီရေက ချိုအုံး။ ပင်လက်ပံ ကသစ်ကျူမှာ အနှစ်ယူထားတော့ တနှုန်း။ ရုံးနက်တော့ မုန်းကွက်ဉာဏ်ကို ဘုန်းသက်ရန်မသုံး။ ရေမြွေမှာ ခြေတွေ့အုံးစေတော့ သွေမုန်းဘို့မယူ ရွှေပေပင် နှစ်ခါသီးခါမှ အခွါကြီး ခွါလိုက်တော်မူ။ ရေခဲတော့ ပွေနဲကူပေါင် သွေလွှဲသူ ဝင်္ဂမို့ တင်သမျှ မောင်သစ္စာ မြဲငဲ့သေချာ။ ဘဒ္ဒဤကမ္ဘာမှာ သံပရာ ချိုအုံးတော့လေး။ ၄။ ပကာသနကို ဖောက်ထွင်းပစ်ခြင်း လူ့လောကတွင် ဟန်ဆောင်မှု ပကာသနများ ရှိသည်။ ယင်းတို့မှာ အနှစ်မရှိသည့် အကာအဖြုန်းများသာ ဖြစ်သည်။ ယင်းတို့ကို မလိုလားအပ်မှန်း သိလျက်နှင့် မြှောက်ပင့်ပေးသူ (ဝါ) ဖော်လံဖားတတ်သူများ ရှိတတ်သည်။ ယင်းတို့ကို မြင်ပြင်းကတ်၍ အမှန်အတိုင်း ဖွင့်ချရေးသားချက်များလည်း ရှိတတ်သည်။ အောက်ပါ ထုတ်နုတ်ချက်မှာ ဘုရားလောင်း လုပ်ချင်သည့် ရှင်ဘုရင်ဘိုးတော်ဘုရားကို အမတ်ကြီး ဦးပေါ်ဦးက ပုံတိုပတ်စနှင့် စိတ်ပျက်အောင် မြှူဆွယ်ခန်းပင်။ တကြိမ်က ဘုရင်ဘိုးတော်ဘုရားသည် အမတ်ကြီး ဦးပေါ်ဦးသို့ မိန့်တော်မူသည်မှာ ဘုရင်။ ။ ပေါ်ဦးရေ၊ ငါက ဘိုးလောင်းတော် ဘေးလောင်းတော်များထက် ပိုမိုထူးကဲတယ်ကွ။ ဘာကြောင့်လဲ ဆိုတော့ ငါက ဘုရားဆု ပန်တာကိုး။ ဒါကြောင့် ငါဟာ ဘုရားလောင်းနှင့် တူရဲ့လား။ မင်းကတော့ ပညာရှိမို့ ငါဘုရားဆုပန်သူ ပြီသစွာ ပါရမီ တော်တော်ရင့်သန်နေပလားဆိုတာ အကဲခတ်စမ်းပါကွယ်။ ဦးပေါ်ဦး။ ။ မှန်ပါ၊ ပုဂ္ဂိုလ် တဦးတယောက်ဟာ ဘုရားဆုပန်ဝံ့ သည်ဆိုကာမျှနှင့် အင်မတန် ချီးကျူး ဂုဏ်ပြုထိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါးကို အားထုတ် ဖြည့်ဆည်းရမည့် သူမို့ပါ။ ဒါကြောင့် ဘုရားဆုပန်သူများဟာ တောင်တွင်းကြီးက ခင်ကြီးပေါက်လို ဖြစ်မသွားရန် လိုအပ်ပါတယ်။ ဘုရင်။ ။ ခင်ကြီးပေါက်ကလဲ ငါလို ဘုရားဆုပန်သလားကွ။ ဘယ်လိုလဲ။ ဦးပေါ်ဦး။ ။ တောင်တွင်းကြီးမြို့မှာ ခင်ကြီးပေါက်ဆိုတဲ့ တောထွက်ရဟန်းကြီး ရှိခဲ့ပါတယ်။ သူ့ကို ဆွမ်းပင့်ကျွေးရင် သက်သတ်လွတ်မှ ဘုန်းပေးတယ်။ ဒါကြောင့် လူအများ အလွန်သဒ္ဓါ ကြည်ညိုပြီး ဘယ်တရား အားထုတ်ပြီး ဘယ်ဆုမျိုး ပန်သလဲလို့ မေးတတ်ကြတယ်။ နောက်ဆုံးမှာတော့ တောထွက်ရဟန်းကြီးက တကာတို့ ဘုန်းကြီးဟာ သဗ္ဗညုတဘုရား ဆုပန်တယ် လို့ မိန့်ကြားသတဲ့။ အဲဒီသတင်းပေါက်ကြားတော့ ခင်ကြီးပေါက်ကို လာရောက်ဖူးမြှော်လှူဒါန်းတဲ့ ပရိသတ်ဟာ စဲတယ်လို့ မရှိဘူး။ ပညာရှိကြီးတဦးက ခင်ကြီးပေါက်ဟာ ဘုရားလောင်း ဟုတ်မဟုတ် စမ်းသပ်ချင်စိတ် ပေါ်လာသတဲ့။ ဘုရင်။ ။ ဩော် ဘယ်လိုများ စမ်းသပ်သလဲ။ ဦးပေါ်ဦး ။ ။ စမ်းသပ်ပုံကတော့ အဲဒီပညာရှိကြီးက သူ့တပည့် နှစ်ယောက်ကို အရက်မူးအောင်တိုက်ပြီး ခင်ကြီးပေါက် ကျောင်းအနီးမှာ သံချပ်ထိုးခိုင်းတယ်။ ပထမလူ ။ ။ ရင့်မာတကျိပ် အနုငါးရာဗျ။ ဒုတိယလူ ။ ။ နောင်လာရှစ်သောင်း ဘုရားလောင်းဟေ့။ ပထမလူ ။ ။ ဘုရားလောင်းနောက် ဒို့နှစ်ယောက် လကွယ်။ ဒုတိယလူ ။ ။ ဒို့နှစ်ယောက်နောက်မှ ခင်ကြီးပေါက်ဟေ့။ သံပြိုင် ။ ။ ဟေး လား မောင်ရို့ ဝါး။ အဲဒီလို အကြိမ်ကြိမ် ကျောင်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် သံချပ်ထိုးတော့ တောထွက်ရဟန်းကြီးက ထွက်လာပြီး သေသေချာချာကြည့်သတဲ့။ သံချပ်ကို နားထောင်ပြီး ခင်ကြီးပေါက် ဆုံးဖြတ်ပုံကတော့… ဘုရင်။ ။ အေး အလောင်းတော်ကြီးက ဘယ်လို ဆုံးဖြတ်သလဲ။ ဦးပေါ်ဦး။ ။ အော် ငါ့အရင် ပွင့်မည့် နောင်တော်ကြီးများတောင် မူးကြရူးကြတုံး ရှိပါသေးကလား။ ငါက အခုလို ဆင်းရဲဒုက္ခခံပြီးကျင့်ဘို့ မလိုသေးပါဘူး ဆိုပြီး မကြာခင်မှာ ခင်ကြီးပေါက် လူထွက်သွားတယ်။ ဘရင်။ ။ ဟဲ ဟဲ ပေါ်ဦးက ငါ့ကို လှောင်နေပြန်ပါပြီ။ ၅။ သဏ္ဍန်လုပ် သရုပ်ဖော် မြန်မာဇာတ်သဘင်များတွင် သိကြားထွက်ခန်း၊ ရှင်ဘုရင် ထွက်ခန်း၊ ရသေ့ထွက်ခန်း၊ ဘီလူးထွက်ခန်းများကို အများမြင်ဘူး ကြပေမည်။ သဏ္ဌာန်လုပ်ရင် သရုပ်ပေါ်ရမယ် ဆိုသည့်စကားအတိုင်း စာဆိုနှင့် ဇာတ်ဆောင်သူနှစ်ဦးလုံး ကြိုးပမ်းကြရသည်။ သူတဦး၏ သဏ္ဌာန်ကို သရုပ်ဖော်ရာတွင် ဝန်ကြီး ပဒေသရာဇာ ရေးသည့် သိကြားမင်း ထွက်ခန်းမှာ ရိုးရိုးနှင့် ပြောင်မြောက်မြိုင်ဆိုင်သည့် စာပေတရပ်ပင် ဖြစ်သည်။ မေရုရာဇာ မေရုရယ်မှ ရာဇာလေ။ မှိုင်းညို့ညို့နှင့် ဒို့နေရာမှာ သီတာငယ်မှ တရစ်၊ လေးက၊ွန်း လယ်ခေါင် မြတန်ဆောင်မှာ တောင်တဆစ်နှင့် ကသစ်ကယ်မှ နီလွင်၊ ပင်လယ်ပန်းနှင့် နန်းကြီးရှင်ကို နှင်နှင်မမှတ်ကြပါနှင့်။ ပါဏာတိပါတ် မသတ်သူ့သက် ခိုးဝှက်မယူ တရားစောင့်လို့ ဖြောင့်သသူကို ငါမူဆုတောင်း မေတ္တာလောင်းလို့ တောင်းခဲ့မယ်။ မတော်မတရား လျှပ်စာစားလို့ စော်ကားတမူ ကျင့်သသူကို ပူအောင်ချောင်းသို့ ငါစောင်းမည်။ ရှစ်သောင်း လေးထောင် နှစ်ပြန်ဆင့်သည် မြင့်သည့်တောင်က နတ်ခေါင်ဒေဝါ ခရုသင်းနှင့် ငါဆင်းလာသည် သူဇာသက်နှင်း ကိုယ်ရောင်လင်းသည့် တောင်ကြီးမင်းကို မတင်းနှင့်နော် မြေးတဖော်တို့။ သင်္ကြန်ကျချိန်တွင် သိကြားမင်းသည် နွားများ၊ ကျွဲများ၊ ဝက်များကို အလှည့်ကျစီးပြီး လူ့ပြည်ကိုဆင်းရာတွင် ကတောကမျောဖြင့် ဟိုဟာမေ့ကျန်ရစ် ဒီဟာမေ့ရစ်မို့ သုဇိတာတို့ သုမာလာတို့က အဆူ ခံရပုံများမှာလည်း မြန်မာကာတွန်းဆရာများအတွက် အကွက်ကောင်းများပင် ဖြစ်သည်။ ယင်းသို့ အကွက်ကောင်း၊ ချက်ကောင်းများကို ဦးပုညတို့ခေတ်ကလည်း လက်မလွှတ်ခဲ့ကြပေ။ သိကြားပြောင်တေးထပ် နန်းမေရုပြာသာဒ် လမ်းဖြတ်တဲ့ ဣန္ဒာ ကမ်းသတ်လို့ နှိမ်ရှာတယ် အလိမ္မာ လွန်သား။ ထောက်လှမ်းချက် သုဓမ္မာဝယ် ခုအခါ လစ်ကြသလား။ ဘုရားက သိကြားကိုမှာတယ် ဋ္ဌကထာရှိသား သာသနာ ငါထားငဲ့ မမှားအောင် စေ့ဆော် မကောင်းသူ ကောင်းသူတို့ကို ကြောင်းယူလို့ ဆန်းစစ်ကာမျှော် ဝိမလ နန်းသစ်ပေါ်မှာ သန်းရှစ်ဖော် ရွေများနှင့် ဘုရားကို နှစ်ရစ်လိန် ညစ်တဲ့မာဃိန် ပစ်ရှာမည့် ဝရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။ ၆။ အသံထွက် ဆင်တူ အသံထွက်ချင်းဆင်တူသည့် စကားလုံးများကို အမှီပြုပြီး ကလိခြင်းမှာလည်း ပေါများလှပါသည်။ တကြိမ်ကလည်း နာမည်ကျော် ဗန်းမော် ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကြီး၏ သီလတရားကို မယ်သီလနှင့် ထင်မှားစရာ ဖြစ်အောင် ရေးခဲ့ဘူးသည်။ စိပ်ပုတီးနှင့် ရိပ်မှီးတဲ့ ထွဋ်ခေါင်။ ဦးရွှေညိုသီလချောရယ်နှင့် တောခိုသည့်ချောင်။ ခန္ဓာတောင် ရုပ်ဆောင်တဲ့ ရှင်ထွဋ်။ သီလဆို ဖြူဖြူဆွကို အားရအောင်ချွတ်။ ထွဋ်ခေါင်။ ။ ဘယ့်နှယ်လဲ ကိုဗန်းမော်၊ ကျုပ်ကို သီလရင်တွေ ဘာတွေနှင့် လှောင်သပေါ့လေ။ ဗန်းမော်။ ။ အရှင်ဘုရား၏ သီလတော် သမာဓိတော် စင်ကြယ်ချောမွေ့တဲ့သဘောကို ဂုဏ်တင်ပြီး ချီးမြှင့်တဲ့ ကဗျာသာ ဖြစ်ပါကြောင်း ဘုရား။ ထွဋ်ခေါင်။ ။ တော်ပါ ဗန်းမော်ရယ်။ ငါ့ကို နှစ်စွယ်သော အဓိပ္ပာယ်နှင့် နှိမ်တာမဟုတ်လား။ စာဆိုတဦးရေးသည့် ထန်းခေါက်ဖာဘွဲ့နှင့် ဤကဏ္ဍကို ဖုံးအုပ်ချင်ပါသည်။ ထန်းခေါက်ဖာဘွဲ့ ပြုံးစိစိအသွင် အပြောက်ဟန်လှလိုက်တာက သုံးမိလျှင် နောက်တဖန်တရပါလိမ့် မှောက်လှန်၍ ပြဝံ့ပါရဲ့ ရှုစမ်းပါ။ အောက်ခံအမရယ်က နုဆန်းစွာ။ ဆရာသုံးစေဘို့ ဖာဖုံးမှာ အနက်ကြောင်းတွေနဲ့ အရက်ကောင်းသနော် ရွှေမိန်ရွာက ရေစိမ်ကာ ကောင်းစွာထိုးလိုက်တာမို့ ငွေချိန်တာတောင် ၎င်းဖာမကျိုးပါဘု အဖိုးတန် ငွေနှစ်ကျပ်ကယ်နှင့် ကျေနပ်အောင် ပြုပြင်လို့ ရောင်းလိုက်ပါရဲ့ သောင်းထိုက်တဲ့ နဂရာမှာ ပေါင်းကြိုက်တဲ့ဖာ။ ထေရ်အရှင် ရဟန်းတော်မက်စေဘို့ အညီပင် ဆန်းသနော် အကွက်တွေနှင့် ထန်းလျှော်အရွက်ကိုတော့ သပ်နှီးဖြာ အရပ်ကြီးဖာနှင့် မတူပါတကား အကြောင်းရဲ့သာ ၎င်းဖာ အထင်မြင်တွေးတာက ဆောင်းအခါဝင်လျှင် နွေးမှာမို့ ကောင်းလောက်အောင် တဖုန်းသာမဏေကို ကပ်လိုက်ချင်လှ အသုံးမှာ နတ်အတွေ့ကဲ့သို့ ဖာအကျော်ဇမ္ဗူမှာ ရှားလောက်အောင် တလုံးတခါထပ်၍ မှာတော်မူပါဘုရား။ ၇။ ဇဝနဉာဏ် တယောက်ကပြောသည်ကို မိမိက ချက်ချင်းလက်ငင်း ပြန်ဖြေ ပြန်အုပ်ပြီး ပွဲကျအောင်ပြောနိုင်မှလည်း ဇဝနဉာဏ်ဟု ခေါ်ထိုက်ပါသည်။ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသကဲ့သို့ သူများပြောသည်ကို အိမ်ပြန်ရောက်ပြီး တရေးနိုးမှ အကြံပေါ်သည့် အစွမ်းမျိုးကို မဆိုလိုပါ။ အောက်ပါ ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ အချီအချ ပြောကြပုံများမှာ မှတ်သားလောက်ပါသည်။ ညောင်ကန်ဆရာတော်နှင့်ရွှေတောင်ဆရာတော် ရွှေတောင်။ ။ ရတနာရွှေတောင်၊ ထွန်းလင်း ပြောင်၊ ရောင်ဝါ ဘာ့ကြောင့် ညှိုးအံ့နည်း။ ညောင်ကန်။ ။ ရွှေတောင်ထိပ်တက်၊ ညောင်မြစ်ရှက်၊ ကိုင်းခက် လွှမ်းအုပ်တော့မည်တည်း။ ရွှေတောင်။ ။ ရွှေတောင်ခေါ်လှစ်၊ ဇမ္ဗူရစ်၊ ညွံနစ်ရောင်ဝါ မညှိုးတည်း။ ညောင်ကန်။ ။ ညောင်ကန်ဟုခေါ်၊ ဉာဏ်ခေါင်ဇော်၊ ရွှေလှော် ပြာချတော့မည်တည်း။ ဦးမင်းနှင့် ဖိုးသူတော် နန်းမတော် မယ်နု ရှေ့တော်၌ လူဦးမင်းနှင့် ဖိုးသူတော်တို့ ဆုံကြရာဝယ် လူဦးမင်း။ ။ ပဲဖြူက ဆိမ့်လိုက်တာ၊ ရသာက လွန်ထူး။ ဖိုးသူတော်။ ။ ညအခါ၊ လသာသာ ကိုယ်တော်သုံးတယ်၊ လေပုန်းကမြူး။ ၈။ ခေတ်ပြောင် (Satire) ပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် ခေတ်ကာလကို ပြောင်လှောင်သည့် စာပေမျိုးကို အချုပ်တန်းဆရာဖေ၏ ဆုတ်ခေတ်ကဗျာ၌ တွေ့ရသည်။ ပါတော်မူပြီးမကြာခင် မန္တလေးမြို့အခြေအနေကို စိတ်နာနာဖြင့် ဖော်ပြခဲ့ဟန်တူသည်။ မျက်နှာပေး မမာကြပါနှင့် ထာဝရပြုံးပါ ကာလကို နှလုံးနာသည် မုန်းစရာ ကရို့။ လေးပြင်က အုတ်ဆက်ကွာအောင် ဒုတ်စကြာ လွှတ်သည့်ခါမို့။ ဇာတ်တူချင်း ယခုအခါမှာ ကရုဏာ ကွာလို့ အမှုသာ ရှာဖို့ပ မြန်မာတို့စိတ်မှာ။ ဥပုသ်သည် ဓားပြရိုးပါလို့ တရာ့ကိုး ဖမ်းတဲ့အခါ။ ဂွတမျိုး မချမ်းသာတယ် လမ်းတကာ ဉာဏ်ကုတ်လို့ သံဒုတ်နှင့် ဇီဝိန်ချွေ တိုင်းပြည်သိပေ။ လိမ္မာမှ အသက်ရှည်မည် အခက်တွေ ပွေလွန်းလို့လေး။ ထိုအချိန်လောက်ကပင် မောင်းထောင်ဦးကျော်လှ ရေးသော သံချို၌ “ခေတ်မကောင်းဘူးဆိုပြီး ဟိုမျှော် ဒီမျှော် မလုပ်ကြနှင့်။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ဖြစ်နေမည်။ ဘုန်းကြီးကျောင်းမှာ ထိပ်ခေါက်ခံရသည့် မျောက်လို မဖြစ်ပါစေနှင့်ဟု အဓိပ္ပာယ်ပါသည့် သံချိုကို စပ်ခဲ့သည်။ ကပ်မသမာ ဓာတ်ပါပဟာမို့ ကာလတကြိမ်ပျက်စဉ်က တိမ်တက်ခါ နီညိုညိုမို့ အရင်လို ပျက်လိမ့်ဦးမယ်ထင့် ပြည်လုံးကို ပြောရှာကြ ကောလာဟလ ဝစနံ။ ယိုးဒယားငယ်နှင့် မျိုးခြားလူ ဘုရင်ဖြစ်လိမ့်မတဲ့ ပြင်သစ်မျှော်ကာ တမ်းသူနှင့် ဟော်နန်းစံ ဦးဒည်ဘွားငဲ့ပြင် ရုရှားတွေ လာပြီငယ်လို့ လူ့လောကာ ဝေါဟာရ ပြောရှာကြပြန်။ နွယ်မတူ ဘယ်လူမျိုးသော်မှ အုပ်စိုးကာ နိုင်ငံချဲ့စေတော့ ကံမဲ့သူ ပျက်ပြိုယွင်းလို့ ကံရှိသူ ဂုဏ်ထင်လင်းလိမ့် အရင်းဖြင့် ကံသာကံ ဓမ္မခန် သီကုံး။ ခေါင်းကျဉ်အောင် ကျောင်းတွင် မျောင်ကိုလ တချက်ပင် ရက်စဉ်ခေါက်သတဲ့ ထိုမျောက်ငယ် စိတ်နာသီးလို့ ခင်ကြီးကို သေဆုတောင်းခဲ့ပြန် နောက်ကျောင်းထိုင် ဦးပဉ္စင်းငယ်က မြင်ပြင်းကာ နားထင် အက်လုအောင် နှစ်ချက်ပင် ရက်စဉ် ခေါက်ပြန်သတဲ့ ထို့နောက် မောင်ရှင်လာခဲ့ရင် မြင်မသာ ခန္ဓာကြွေမည်ကြောင့် မာပါစေ မေတ္တာပို့သည့်နှယ် ဟိုမြို့နယ် ဂန္ဓာချုပ်ပါတဲ့ တရုတ်တွေ ခွေဆံကျစ်ငယ်နှင့်၏ ပြင်သစ်လူ ဘယ်ရုရှားသော်မှ သနားမည် တယ်မထင်နှင့် ဘိလပ်စံ ရှင်သခင်ငဲ့ပြင် မျောက်နာသွင် နောက်လာကို တယ်မတကြနှင့် နှစ်ချက်ခေါက်ဆရာ သက်သာလှပြီဟု အောက်မေ့ကြဦး။ ၉။ စကားထာ စကားဝှက် (Riddle) ပြောလိုသည့် အဓိပ္ပာယ်ကို ဝှက်၍ ရုတ်တရက်နားမလည်စေဘဲ တလွဲ အဓိပ္ပာယ်ကောက်စေရန် စပ်ဆိုထားသည့် စာသည် စကားထာ စကားဝှက် ဟာသ အမျိုးအစား၌ ပါဝင်သည်။ ဥပမာအားဖြင့် ကုန်းဘောင်မင်းတရားသည် ဘုရားပူဇော်ရန် ကြာဖူးကိုကိုင်လျက် ဖိုးသူတော်ဦးမင်းအား “မောင်မင်း ငါ ဘုရားကြည်ညိုတော်မူတဲ့ သဏ္ဍန်ကို မယဉ်မရိုင်းဘဲ တမုဟုတ်ချင်း စာဆိုရမည်”ဟု အမိန့်တော်မှတ်ရာ ဖိုးသူတော်ဦးမင်းက - ခါးတောင်မြီးဖြုတ်ပါလို့ ရုတ်ကနဲ အသာထိုင် သူ့ဥစ္စာ ကြာငုံကြီးကို ဦးမကာကိုင် ကိုင်သာကိုင် ဆိုင်လေလေကိုဖို့ သာလျောင်းသျှင် ရောင်တော်ဦးမှာ ဖူးရပြန်လို့ - ဟု စပ်ဆိုခဲ့လေသည်။ ၁၀။ အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy) ဘုရားအစရှိသည့် အနန္တော အနန္တငါးပါးကို ပျက်ရယ်ပြုရန် ကိစ္စမှာ မျက်လုံးပြုစရာ ငရဲကြီးစရာဟု အောက်မေ့ကြပေလိမ့်မည်။ သို့သော် မြန်မာပြည်တွင် ဘုန်းကြီးရူးနှင့် လှေလူး၊ ဘနဖူး သိုက်တူးဆိုသည့် စကားပုံမှာ ရိုးနေပြီမဟုတ်ပါလား။ အနောက်နိုင်ငံ ခရစ်ယန်လောကတွင်လည်း ဤသို့ပင် ဖြစ်၏။ တချိန်က သီဟိုဠ်ပြန် ဦးဉာဏဝံသက ဓနုဖြူမြို့ ကျိုက်ကလွန်ပွန်ဘုရားတွင်း၌ ရုပ်ပွားတော်ကို နှုတ်ခမ်းမွှေးတပ်ဆင်ပေးခဲ့သည်။ သူ့သဘောမှ ဘုရားဆိုလျှင် ပုရိသလက္ခဏာ ၃၂ ပါးနှင့် ညီညွတ်ရမည်မို့ နှုတ်ခမ်းမွှေးပါမှ တကယ်ကြည်ညိုဖွယ်ဖြစ်မည် ယူဆ၍ဖြစ်၏။ ယင်းသို့သော သာသနာရေးသတင်းကို မန်လည်ဆရာတော်ကြီးကြားသိ၍ အောက်ပါဒွေးချိုးကို ရေးစပ် ဝေဘန်တော်မူခဲ့သည်။ လုပ်ငန်းရယ်ပို နှုတ်ခမ်း သူကြည်ညိုတဲ့ သီဟိုဠ်ပြန်ဖုံး။ စဉ်ရှေးဟို ဖင်မွှေးကို ဘယ်လိုဆိုပ သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့ အပါဒါန် ရွှေစာတမ်းကို ကျမ်းပြန်ပါဦး။ ကိုကံအေးဆိုသည့် တကာတစ်ယောက်မှာ ရုပ်ပွားတော် တဆူကို ရွှေမချနိုင်မီ သစ်စေးသုတ်အပြီးတွင် ဘိုင်ကျ၍ ယင်းဘုရားကို တွံတေးအပေါင်ဆိုင်၌ ငွေကိုးကျပ်နှင့် ပေါင်ခဲ့သည်။ အပေါင်ဆိုင်ထဲတွင် သီတင်းသုံးနေရသည့် ရုပ်ပွားတော်က ညဉ်းတွားမိပုံမှာ ရှက်စဖွယ်၊ အနက်ထည် အညာမပြန်နိုင်လို့ ကြံကြပါဦး။ ကြံရေးရယ် မသာ၊ ကံအေးဒါယကာကြောင့် တွံတေးမှာ ဝါတော်ကပ်ရတယ် ကိုးကျပ်နှင့်ဆုံး။ ထို့အတူ ဦးပုည၏ ဒေါနဆီ မေတ္တာစာမှာပါသည့် ရုပ်ပွားတော်မှာလည်း မသက်သာရှာပါ။ ဒေါနဆီဘဝမှ၊ စုတိမနေ၊ သေလွန်းပြီးလျှင်၊ အထောက်မတန်၊ ရေနံဘဝတွင်၊ ပဋိသန္ဓေ စွဲနေဖွားမြင်လာသည်ကို ဆရာလည်း မသိ၊ သတိလည်းမထား၊ ဘုရားတဆူ၌၊ ကြည်ဖြူစေတနာ၊ သဒ္ဓါစိတ်ပြေး၍၊ ဆီမွှေးပူဇော်မည်အကြံနှင့်၊ ရောင်လျှံတော် မဏိဦးက၊ ဖန်ဘူးစောင်း၍ လောင်းလိုက်ရာ၊ ရုပ်ရှင်တော် မြတ်စွာသည်၊ နံရှာတော်မူလွန်း၍၊ ရွှေခွန်းတော် မတုံ့၊ အနိုင်သာငုံ့ပြီးလျှင်၊ ရှုံ့၍ ခံတော်မူရချေသည်။ ၁၁။ ကျောင်းသားအလွဲဖြေ (Howlers or Boners) စာသင်ကျောင်းများ၌ မေးခွန်းထုတ်ရာတွင် ကျောင်းသားသူငယ်များ အလွဲလွဲအမှားမှား ဖြေပုံမှာလည်း ဟာသကွက် ရာဇဝင်အူချာပေါက်များ ထွက်ပေါ်လာတတ်သည်။ သပွတ်အူရာဇဝင် ရာဇဝင် တခဏ်းထုတ်ပေါ့ ရှမ်းတရုတ်မိုင်းသာ မန်းစမုတ် ဝိုင်းလာသည် ဆိုင်းမပါ ဘေထိ။ မင်းကျန်ရစ် ရေသောက်အလာတွင် မြွေပေါက်တာ တိုင်းကအသိ။ ရှင်ဘို့မယ် ပြည်အာလန်မှာ ရွှေစာရံတည်ဘိ။ နော်ရထာ လော်မာမိတာကြောင့် ဒေါ်သာအိသေရှာ။ ကုလားတေံ အရှုပ်ထွေး တရုတ်ပြေးတွင်တဲ့ ကျော်စွာ။ ရှင်စောဟု အာသင်္ခါတောင် ကြာပင်မှာ သန္ဓေပြုတာကြောင့် ဝေဠုလို့အမည်သော် —– ဦးဝိုင်းလို့ အညွှန်းခေါ်သည် ကွမ်းဆော်ကို ကျွဲခတ်လို့လေး။ ၁၂။ ခနိုးခနဲ့ (Irony) လူအချင်းချင်း ခနိုးခနဲ့ ပြောင်လှောင်ပြောဆိုခြင်းကို အင်္ဂလိပ်ဘာသာဖြင့် (Irony) ဟု ခေါ်သည်။ ယင်းသို့ အဖွဲ့အနွဲ့မျိုးမှာလည်း မြန်မာစာပေတွင် မရှားပါပေ။ ဆယ်အိမ်ခေါင်းမင်း၏ စည်းစိမ်ကို ဦးကြီးက ဖွဲ့ဆိုပုံ၌ - စည်းစိမ်ငယ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင် နှစ်ယောက်ကယ်ထိုင် ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့် ပွတ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့် ကြွက်နဖား ပုန်းရည်ကျိုသည် အလိုဗျာ စားပုံတင့်ပါဘိ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ် ရသာချမ်းငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် စည်းစိမ်ကြီးငင် ခြေလိမ်တင်လို့ ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံနေလိုက်တယ် နွားရေပြန့်အပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ ကုန်းဘောင်ခေတ်တွင် သူ့အကြောင်း ကိုယ့်အကြောင်း စာဖွဲ့သည့်အလေ့ ထွန်းကားခဲ့သည်။ အညာသား မောင်ဖိုးတူဆိုသူက စာရေးဆရာကြီးကို ကပ်ယပ်ပြီး သူ့အတွက် ရေးပေးပါဦးဆို၍ အောက်ပါ ကဗျာတိုကလေး ပေါ်ထွက်လာခဲ့သည်။ လောင်းမင်းတရားရဲ့တူ ဆင်ဖြူရှင့်ရင်သွေး မောင်ဖိုးတူ လူယဉ်ကျေး ဂေါတမမြေး။ ၁၃။ နှာခေါင်းသွေးထွက် (Practical Joke) ပြောင်ခြင်းနောင်ခြင်းဆိုသည်မှာ ဟာသဖြစ်၍ အများပျော်ရွှင်နှစ်သက်ကြသည်။ အင်္ဂလိပ်လို Joke ဟုခေါ်ပါသည်။ ပျော်စေပျက်စေ ကလက်စေဆိုသည့်အတိုင်းပင်။ သို့သော် “အပြက် အပြက်နှင့် နှာခေါင်းသွေးထွက်”ဆိုသည့် စကားပုံကိုကြည့်လျက် အပျက်တွင် လွန်ကျူးပြီး ကိုယ်ထိလက်ရောက် ဖြစ်သွားပုံများ ရှိတတ်သည်။ ယင်းကို အင်္ဂလိပ်လို Practical Joke ဟု ခေါ်ပါသည်။ ကျွန်တော်တို့ မြန်မာဟာသသမိုင်းတွင် ယင်းသို့ ကိုယ်ထိလက်ရောက် ပြတ်ရယ်ပြုတတ်ပုံ သာဓကများလည်း ပေါပါသည်။ အမတ်ကြီးဦးပေါ်ဦးမှာ တချိန်က ဂျောက်တွန်းခံရဘူးသည်။ ဘိုးတော်ဘုရင်သည် အမတ်ဦးပေါ်ဦးကို အခြားမှူးမတ်များထက် ခင်မင်သည်။ ဘိုး တော်က ဦးပေါ်ဦးကို အခွင့်အရေးပေးပုံ သူငယ်ချင်းတမျှဆက်ဆံပုံတို့ကို အချို့မှူးမတ်များ က မနာလိုသဖြင့် ဘုရင်နှင့် ဦးပေါ်ဦးတို့ အထင်အမြင်လွဲမှားအောင် တီးတိုးဖန်တီးကြ သည်။ ဦးပေါ်ဦးက ဘိုးတော်ကို “ပေါကြောင်ကြောင်နိုသည်ဟုဆိုကာ တခြားမင်းသားတ ပါးကို နန်းတင်ရန် ဘိုးတော်ကို ဖြစ်သည့်နည်းနှင့် ဖြုတ်ချရန် ကြံစည်နေသည်”ဆိုသော သတင်းများကို ရွှေနားတော်ပေါက်အောင် ဝါဒဖြန့်ကြ၏။ အစတွင် သတင်းများကို ယုံကြည် မှုမရှိသော်လည်း မိဖုရားများက စိုးရိမ်သည်အထိ ဖြစ်လာကြ၏။ ထို့ကြောင့် ဘုရင်က ဥပါယ်တံမျဉ်ဖြင့် စုံစမ်းလို၍ တနေ့သ၌ ဦးပေါ်ဦးအား အနီးသို့ခေါ်၍ တိုင်ပင်သည်မှာ ဘုရင် ။ ။ ပေါ်ဦးရေ၊ ငါတော့ ရှင်ဘုရင်လုပ်ရတာ တော်တော်ကြီး ငြီးငွေ့နေပြီ။ ဒါကြောင့် တောထွက်ဘို့ စိတ်ကူးမိတယ်။ မင်း ဘယ်လိုသဘောရလဲ။ ဦးပေါ်ဦး ။ ။ (ရိုးရိုးထင်မှတ်ကာ) မှန်ပါ။ အလွန်တရာ သင့်မြတ်ကြောင်းပါ။ ဘိုးတော်ဘုရင် မျက်နှာပျက်ကာ အတွင်းဆောင်သို့ ဝင်သွားသည်။ ဦးပေါ်ဦးက မိမိ အမှတ်မဲ့ပြောလိုက်သောစကားများ မှားသွားကြောင်း စဉ်းစားမိ၏။ ရှင်ဘုရင် မျက်နှာတော်ညိုသည်အထိ အထင်လွဲခံရသူမှာ အသက်ပင် အန္တရာယ်ရှိစေနိုင် ကြောင်း သိပြီးဖြစ်၏။ အိမ်သို့ရောက်သောအခါ ဖိုးသူတော်ဝတ်သော အကျီနှင့် လုံချည် ပိတ်ဖြူကို အမြန်ချုပ်လုပ်စေသည်။ တပည့်ကိုလည်း သင်ဒုန်းဓားအယူခိုင်း၍ သူ့ခေါင်းကို ပြောင်နေအောင် အရိတ်ခိုင်းပြန်သည်။ ဦးပေါ်ဦးသည် ဖိုးသူတော်အသွင်ဝတ်ဆင်လျက် နန်းတော်သို့ အမြန်ပြန်သွားလေ သည်။ ဘိုးတော်ဘုရင်၏ အိပ်ဆောင်တော်တံခါးဝတွင် ရပ်တန့်စောင့်ဆိုင်းနေရာ မကြာမီ ပင် ဘိုးတော် ထွက်တော်မူလာသည်။ ဘိုးတော်က ဦးပေါ်ဦးကို မမှတ်မိ။ ဘုရင် ။ ။ ဟဲ့ ဘယ်သူလဲ။ ဦးပေါ်ဦး ။ ။ ပေါ်ဦးပါ ဘုရား။ ဘုရင် ။ ။ ပေါ်ဦးလား။ ဟင် မင်း ဘယ်လိုဖြစ်တာလဲ။ ပေါ်ဦး ။ ။ မှန်လှပါ။ အရှင်က တောထွက်မည်လို့ မိန့်ကြားလိုက်တဲ့အတွက် ရေပူရေချမ်း ကမ်းလှမ်းသူအဖြစ် နောက်တော်ပါးက လိုက်ပါရန် အခုလို ဖိုးသူတော်ဝတ်ပြီး လာခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရင် ။ ။ ဖြစ်မှ ဖြစ်ရပလေ ပေါ်ဦးရယ်။ ဒါလောက် မြန်မြန်ဆန်ဆန် ဘယ်မှာ တော ထွက်နိုင်အုံးမလဲကွ။ ကဲ ကဲ မင်း အပေါ် ငါ အထင်လွဲမိတာ မှားပါတယ်။ အဆောင်တော် တွင်းဝင်ပြီး မင်း ဖိုးသူတော်အဝတ်ကို ချွတ်ပြီး လဲပါအုံး။ တကတဲမှဘဲ။ မြန်မာနိုင်ငံတွင် ပထမသတင်းစာဆရာကြီးဖြစ်သည့် ဖိုးဝဇီရက ယဉ်ယဉ်ကျေး ကျေးနှင့် ရတနာပုံသတင်းစာ၌ “တောသားက တောသူကို မတရားလှည့်ဖြားသတင်း”ကို အိုင်ချင်းလိုလို ရေးစပ်ဖော်ပြခဲ့ဘူးပါသည်။ ငါ ငယ်ငယ်ခိုက်ကယ်က မိုက်မိတယ် စောကြွယ်ရယ် ဒွေးဗိန်ရဲ့တူ ငသာမြတ်ကယ်နဲ့ သနပ်ကန် တောင်ယာထဲမှာ ကျွဲကျောင်းရတယ်၊ အိုလေး အဝေး (တကြော့တမော့။ အကျွန် ကန်တော့ပါရဲ့ အပေါ့လေးများ သည်တွင်သွားရင်ဖြင့် တောဖျားကနတ်၊ ဘမ်းစားတတ်သည်)ဟု ငသာမြတ် သူကပြောသောအခါ တောထဲမှာ စောကြွယ်ရယ် တကယ် ငါယုံမိသေး။ (တကြော့တမော့၊ အကျွန် ကန်တော့ပါရဲ့ အပေါ့ပေါက်ရန်၊ အိမ်ကိုပြန်လျှင် နင့်ထံတွင်တဲ့၊ ငါဟာကို ဆိတ်စာထည့်လိုက်ပါရစေ)တဲ့ တကယ်အေရယ် ငသာမြတ် နှစ်ခါတွယ်လို့ သက်နှစ်ဆယ် အရွယ်ရှိခါမှ ငါသိတယ်လေး။ ၁၄။ ကလေးချော့ (Nonsense and Nursery Tales) ကလေးချော့သီချင်းများတွင် အမြဲလိုလိုပင် ဟာသရသ ပါရှိတတ်၏။ ကြီးတော်ရဲ့နွား ရီးလေးတဲ့ရို ချိုပေါက်တဲ့နွား ဒို့လယ် ဝင်လို့စား ကြီးတော်ရဲ့ နွား။ ကြာအေးကြာအေး မကြာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ တွဲလွဲ နေပါအုံး မိုး တောင်ကချုန်း မုံ့လုံး မုံ့လုံး စက္ကူကပ်ပါလို့ ကြာကလပ်မှာတဲ့ ဆွမ်းတော်တင် ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ကြာအေး ၁၅။ စာဖျက် (Parody) စာပေတွင်လည်း အဖျက်သမားများ ရှိ၏။ ဥပမာ ဦးလန်းဆိုသည့် ကလောင်ရှင်ကြီး မှာ “ရကန်ဖျက်ဦးလန်း”ဟု တွင်ခဲ့သည်။ သူသည် ရာမရကန်ရေးသည့် ဦးတိုးနှင့် သင့်မြတ်ခဲ့ဟန် မတူပါ။ ထို့ကြောင့် ရာမရကန်ကို ဦးလန်းက ကန့်လန့်ဆန့်ကျင် ချေဖျက် ရေးသားပုံမှာ ကေသာသီရိအသေ ဝေသန္တရာတောထက် ငှက်ကြီးတော်ကနု သုဓနု အရိန္ဒမကုမ္မာ အမရမင်းနန္ဒာ ငမိုးရိပ်ကျောင်းနှင့် ဇောင်းကလောကန်ရိုးမှာ ငါ ခိုးမဲ့အလာ မယ်ဝဏ္ဏဟံသာမှာ မြင်းဝေလာတကောင်နှင့် မှော်ရုံတောအဝင် သမင်ကိုဖမ်း။ ။ လက်ဝဲသုန္ဒရအမတ်ကြီးရေးသည့် မဲဇာတောင်ချေရတုအလိုက် ကျွဲနာပေါင်ရှည်ဟု စပ်ဆိုသည့် လူမျိုးကလည်း ရှိသေးသည်။ ဟာသစာပေသမိုင်းတွင် တဦးနှင့် တဦး အမြဲ သိက္ခာဖျက်နေတတ်ကြသူများမှာ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ပင်။ လူဦးမင်းထံ လုံမတဦးက ချဉ်းကပ်ပြီး အင်းဝမြို့ကို သွားသည့် သူ့ရည်းစားထံ စာ တပုဒ်ရေးပေးရန် ပန်ကြားသည်။ ထို့ကြောင့် ဦးမင်းက “ရွှေဝသွား”အမည်ရှိ ကဗျာညွန့်က လေး ရေးပေးသည်။ ရွှေဝသွား ပါးလိုက်ဘို့လေ လွမ်းသူ့စာခွေ။ အထွေထွေ ဖြေတယ်လို့မအေး ချစ်လို့သာ ကုံးရတော့ စာလုံး ဘယ်မလှပြီဘု မိန်းမလက်ရေး။ ထိုစာညွန့်ကို ဖိုးသူတော်ဦးမင်းက မြင်တွေ့၍ ချက်ချင်းပင် အောက်ပါအတိုင်း အညွန့်ချိုးလိုက်ပါသည်။ ရွှေဝသွား စားလိုက်ပါတဲ့ မုန့်တီတွေ ဝမ်းကျလို့နေ။ တခွေခွေ နေတယ်လို့မအေး ညှစ်လို့သာကုန်းရတော့ အတုံး ဘယ်မလှပြီဘု ဝမ်းကျလို့လေး။ ဟာသ သဘောတရား ဟာသနှင့်ပတ်သက်၍ စဉ်းစားစရာအချက်အချို့ ရှိနေပါသည်။ လူ့လောကတွင် ရယ်ခြင်းနှင့် ငိုခြင်းဟူ၍ လူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှစ်မျိုးရှိရာတွင် ရယ်ခြင်းမှာ ကောငေ်းသာအမူအရာ၊ ငိုခြင်းမှာ မကောင်းသောအမူအရာဟု အကြမ်းအား ဖြင့် ခွဲခြားမှုများ ရှိနေပါသည်။ ဤတွင်ကောင်းသော အမူအရာကို ရှုတ်ချ၍ မကောင်းသောအမူအရာကို အလေးပြုသော အလေ့အထများလည်း ပေါ်ပေါက်နေပါသည်။ ဟာသဟူသော ရယ်ရွှင်ပျော်ရွှင်မှုကို ဖန်တီးသူကို လူပြက်ဟူ၍လည်းကောင်း၊ လူပေါဟူ၍လည်းကောင်း ယူဆတတ်ကြသည်။ ရယ်မောသူလည်း အပြစ်မလွတ်ပါ။ ဣန္ဒြေသိက္ခာရှိသူသည် ရယ် မောရာ၌ အတိုင်းအထွာရှိသည်။ သဘာဝကျကျ ဟက်ဟက်ပက်ပက် ရယ်မော်တတ်သူ များကိုကား သိက္ခာမဲ့သည်ဟု လူပြတ်များလိုပင် ရှုတ်ချပြစ်တင်ခြင်း ပြုလေ့ရှိသည်။ သူတဦး ငိုယိုနေသည်ကို တွေ့ရှိပါက သနားကြင်နာသော စိတ်ဓာတ်ပေါ်ပေါက် ကာ ချော့မော့တတ်ကြသည်။ သို့သော် သူတဦးရယ်မောနေသည်ကို တွေ့ “ထိုသူ ရူးနေ ပြီလော”ဟုပင် မှတ်ထင်တတ်ကြသည်။ ဤကား ဟာသနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ကြုံတွေ့ရသော ဝိရောဓိတမျိုးပင် ဖြစ်နေပါသည်။ ကျွန်တော်တို့ အနေဖြင့်ကား ရယ်မောခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု သဘော မထားဘဲ ထိုအမူအရာနှစ်ခုစလုံးသည်ပင် လူ၏ သဘာဝကျမှု၊ လူ၏ ကျန်းမာမှုကို အ ထောက်အကူပြုသည်ဟု ယူဆချင်ပါသည်။ အင်္ဂလိပ်ကဗျာဆရာကြီး ရှယ်လီ၏ ကဗျာတခုတွင် We look before and after And pine for what is not; Our sincerest laughter With some pain is fraught; Our sweetest songs are those That tell of saddest thoughts. သူ၏ဆိုလိုရင်းမှာ “ရယ်မောရာ၌လည်း “ငိုအားထက် ရယ်အားသန်”ဆိုသလို နာကျင်မှုများ ပါရှိတတ်သည်။ ထို့အတူ သာယာနာပျော်ဘွယ်အကောင်းဆုံး သီချင်းများ မှာလည်း အလွမ်းတေးများသာ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဆရာကြီး ဦးပုည၏ ကဗျာတခုတွင်လည်း မချိုလို့ပေါ်တဲ့သွား ရယ်သာလး မေးကြပြန်တယ် ဟု ပါရှိရာ အထက်ပါ ရှယ်လီ၏ အတွေ့အကြုံကို ထောက်ခံသကဲ့သို့ ရှိနေပါ သည်။ ထို့ကြောင့် ရယ်ခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု မယူဆသင့်ဘဲ အချင်းချင်း ဆက်စပ်ရောနှောလျက် တခုကို တခု အကျိုးပြုတတ်သောသဘောရှိသည်ဟု မှတ်ယူသင့် ပါသည်။ အနောက်အယူအဆတွင် အဇ္ဈတ္တခေါ် ကိုင်တွယ်၍ မရသော မိမိ၏ အတွင်းသ ဘောစိတ်ဓာတ်များနှင့် ကိုင်တွယ်၍ရသော ဗဟိဒ္ဓရုပ်ပစ္စည်းများဟူ၍ ရှိသည်။ ထိုစိတ် ဓာတ်များနှင့် ထိုပစ္စည်းများသည် အဆက်အစပ်မရှိဟု ထင်မှတ်ရသော်လည်း စင်စစ် ဆက်စပ်လျက် ရှိသည်။ ငိုခြင်းနှင့် ရယ်ခြင်းသည်လည်း ဆန့်ကျင်ဖက်ဟု ထင်ရစေကာမူ ဆက်စပ်၍ နေပါ သည်။ ဥပမာအားဖြင့် ပဋာစာရီ အတ္ထုပ္ပတ္တိကို လေ့လာလျှင် ရယ်ခြင်းနှင့် ငိုခြင်းတို့ ပေါင်း စပ်ရာမှ ကောင်းမြတ်သော ထေရီမကြီးအဖြစ်သို့ ရောက်ရှိသွား၏။ ကိုဒါသနှင့် သမီးရည်း စားဘဝသည် ပျော်ပါးချိန်ဖြစ်၏။ လင်သေ၍ သားဆုံးပြီးနောက် ပဋာစာရီအဘို့ အပူခန်း ဖြစ်၏။ မြတ်စွာဘုရား၏ အဆုံးအမကို ခံယူပြီးနောက် တရားရသောအခါ ကောင်းရာ သုဂ တိသို့ ရောက်ရှိသွား၏။ ထို့ကြောင့် ရယ်ခြင်းသည် မကောင်း၊ ငိုခြင်းသည် ကောင်းသည် စသောခွဲခြားမှုများ တထစ်ချမှတ်ယူခြင်းမပြုဘဲ ၎င်းတို့၏ အညမညသဘောတရားကိုလည်း သတိပြုသင့်ကြ ပေသည်။* “၁၉၇၃ ခုနှစ်တွင် စာပေဗိမာန်မှ ထုတ်ဝေသော 'ဟာသစာပေ' စာအုပ်မှ ဦးညိုမြ (အိုးဝေ)၏ ခေတ်အမျိုးမျိုးမှ မြန်မာဟာသစာပေ စာတမ်းကို မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြပါသည်။” ကိုးကား Category:မြန်မာစာပေ
အရက်
ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံး အရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ (တိံသနိပါတ်-ကုမ္ပဇာတ်) ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ၊သျှိသျှား၊ဖန်ခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့် လေ၏။ ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။ တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက်သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။ ပိဋကတ်ကျမ်းတော်လာ အရက်မျိုး ၅-ပါး လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။ ပုပ္ဖာသဝ - သစ်ပွင့်ရည်မှဖြစ်သောအရက်၊ ဖလာသဝ - သစ်သီးရည်မှဖြစ်သောအရက်၊ မဓွာသဝ - မုဒရက်ရည်မှ ဖြစ်သောအရက်၊ ဂုဠာသဝ - ကြံရည်မှဖြစ်သောအရက်၊ သမ္ဘာရသံယုတ္တ - အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။ အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ အရက်သောက်သုံး၍ ကျန်းမာရေးမှု ဖြစ်စေရာမှာ အရက်ကို တစ်ထိုင်တည်း အလွန်အကျွန်သောက်ပြီး မူးယစ်ခြင်း၊ ကြာရှည်အရက်သောက်ရာမှ အရက်စွဲခြင်း အရက်ကြာရှည်သောက်ရာမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ရရှိခြင်း အရက်စွဲသူ အရက်မသောက်ရသည့်အခါ အရက်နာကျခြင်း ဟူ၍ လေးမျိုး ခွဲခြားနိုင်သည်။ ထို့ပြင် အရက်မစွဲသော်လည်း အရက်သောက်ပြီး ဘေးအန္တရာယ် ဆိုးကျိုးများ ရရှိတတ်သည်။ အရက်သည် ခန္ဓာကိုယ်၏ အင်္ဂါစနစ်များ အားလုံးလိုလိုကို ထိခိုင်စေသည်။ ဦးနှောက်နှင့် အာရုံကြောစနစ်မှ စ၍ဆိုလျှင် ဦးနှောက် အာရုံကြောပိုင်းကို ဖိနှိပ် လွှမ်းမိုးနိုင်သော သတ္တိရှိ၏။ အရက်သောက်ပြီးလျှင် သွေးထဲ၌ ပါလာသော အရက်ရာခိုင်နှုန်း ပမာဏပေါ် မူတည်ပြီး ရီတီတီ ဖြစ်လာမည်။ မူးလာမည်။ လမ်းလျှောက်လျှင် ဒယီးဒယိုင်ဖြစ်လာမည်။ ထို့ကြောင့် အသိအာရုံ လွဲမှားလာမည်။ စကားပြောလျှင် အာလေးလျှာလေး ဖြစ်မည်။ အရှက်အကြောက်နည်းလာမည်။ ပိုမို သောက်သုံးမိပါက စိတ်တိုလာမည်။ လုပ်ကိုင်မှု လွဲမှားလာမည်။ ကြမ်းတမ်းရမ်းကားလာကာ ထိုထက်ပိုမိုသောက်သုံးပါက မူး၍ အိပ်ပျော်သွားမည် ဖြစ်သည်။ ပမာဏများလွန်း၍ အရက်မူးလွန်လျှင် အသက်အန္တရာယ် ထိခိုက်နိုင်သည်။ အရက်အလွန်အကျွံသောက်လာလျှင် ဗီတာမင်ဓာတ်များ( အထူးသဖြင့် ဘီအုပ်စု ) ချို့တဲ့ပြီး အာရုံကြောင်များ ထုံကြည်ရောဂါ(Polyneuritis)၊ (Wernickle's Encephalopathy) ဟုခေါ်သည့် ဦးနှောက်ချို့ယွင်းမှု ဖြစ်နိုင်ပြီး ပိုဆိုးလျှင် (Korsakoff Psychosis) ဟုခေါ်သည့် စိတ်ရောဂါ ရသည်အထိ ဖြစ်ပွားနိုင်သည်။ \ အစာအိမ်နာနှင့် caffeine ဓာတ် အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေသည်။ Caffeine ဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြဿနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။ အသည်းရောဂါ အရက်သည် အသည်းကိုလည်း အဓိက ဒုက္ခပေးသည်။ အသည်းသည် ခန္ဓာကိုယ်တွင်း ဝင်လာသမျှ အဆိပ်အတောက်မှန်သမျှကို အဆိတ်မဖြစ်ဖို့ ခြေဖျက်ပေးရသော ခံတပ်တစ်ခုဖြစ်သည်။ ဝင်လာသော အရက်များကို အသည်းက ချက်ပေးရဖန်များသည့်အခါ အသည်းရောင်ခြင်း(Hepatitis)၊ အသည်းအဆီဖုံးခြင်း(Fatty Liver)၊ အသည်းကြွပ်ခြင်း(Liver irrhosis) တို့ဖြစ်နိုင်သည်။ အသည်းကြွပ်ရောဂါ ဖြစ်ရာမှ အသည်ကင်ဆာအထိ လည်း ဖြစ်ပွားနိုင်သည်။ ထို့ပြင် သရက်ရွက်ကြီးခြင်း(Splenomegaly)၊ အစာရေမျိုသွေးကြောများပွပြီး ပေါက်တတ်ခြင်း (Oeso-phyaryngeal Varices & Rupture)၊ ဖျဉ်းစွဲခြင်း(Ascites)၊အစာအိမ်နှင့် အူလမ်းကြောင်းမှာ နှုတ်ခမ်းကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုရောင်ရမ်းခြင်း(Oeso-phagitis)၊ ပန်ကရိယရောင်ခြင်း(Panceratitis)၊ အစာအိမ်ရောင်ရမ်းခြင်း (Gastritis)၊ သွေးကြောပေါက်၍ သွေးအန်ခြင်း(Haematamesis)နှင့် အူမကြီးကင်ဆာ(Ca colon)တို့လည်း ဖြစ်တတ်သည်။ အူမှလည်း အစာစုပ်အားနည်းသည့် ရောဂါ(Mal-absorption Syndrome) ရနိုင်သည်။ အရက်အသောက်လွန်ပြီး စားသောက်မှုကို ဂရုမစိုက်လျှင် ဗီတာမင်ချို့တဲခြင်း (Vitamin Deficiency)၊ သွေးတွင် အချိုဓာတ်နည်း၍ ခေါင်းမူးခြင်း(Hypoglycemia)၊ သွေးအားနည်းခြင်း(Anemia) စသည့် ရောဂါများ ဖြစ်နိုင်သည်။ ထို့ပြင် ကြွက်သားချည်းနဲ့သော ရောဂါများနှင့်အတူ လိင်မှုဆိုင်ရာအားနည်းခြင်း (Impotency) ဖြစ်နိုင်သည်။ အရက်ကြောင့် နှလုံးရောင်ခြင်း(Alcoholic Carditis)၊ နှလုံးရောဂါဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ချည့်ခြင်းနှင့် အတက်ရောဂါ(Epilepsy) လည်း ရနိုင်သည်။ အခြား စိတ်ရောဂါများ အရက်စွဲနေပါက မသောက်ဖြစ်သည့်အခါ အရက်နာကျသည့် လက္ခဏာများဖြစ်နိုင်သည်။ စနစ်တကျမဖြတ်လျှင် အရက်ငန်းဖမ်းခြင်း(Delirium Tremens) ဖြစ်နိုင်သည်။ အသောက်များသူ၊ အသက်ကြီးသူများနှင့် အခြားရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိ၍ အထူးဂရုစိုက်သင့်သည်။ အရက်ကြာရှည်သောက်လျှင် စိုးရိမ်လွန်ခြင်း(Anxiety)၊ အကြောက်လွန်ခြင်း(Phobia)၊ ပတ်ဝန်းကျင်ပေါ်တွင် လွဲမှားသော အယူအဆနှင့် ယုံကြည်ချက်အစွဲများ ဖြစ်ပေါ်ခြင်း(Alcoholic Delusion)၊အထူးသဖြင့် ဇနီးမယာပေါ်တွင် မဟုတ်မမှန်ဘဲ အခြားသူတစ်ယောက်ယောက်နှင့် သမုတ်ခြင်း(Morbid Jealousy)၊ စိတ်ကြွရောဂါဖြစ်ခြင်း(Hypomania/ mania)၊ စိတ်ကျရောဂါဖြစ်ခြင်း(Depression)၊ စိတ်ကျရောဂါပြင်းထန်ပါက မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခြင်း၊ အဆုံးစီရင်ခြင်း(Suicide)နှင့် အရက်စိတ္တဇဖြစ်ခြင်း(Alcoholic Psychosis) တို့ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မှတ်ဉာဏ်ချို့ယွင်းပြီး မိသားစုအသိုင်းအဝိုင်း နေရာဒေသတို့ကို မမှတ်မိ မသိရှိတော့သဖြင့် သူငယ်ပြန်သလို အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း(Alcoholic Dementia) ရောဂါလည်း ရနိုင်သည်။ အရက်နှင့် အမျိုးသမီး အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရေဓာတ်ထက် အဆီဓာတ်များသည့်အတွက် အရက်ပြင်းအားတူ၊ ပမာဏတူသောက်လျှင် အမျိုးသားတွေထက် အမူးပိုလွယ်ပါသည်။ အသည်းလည်း ပိုထိခိုက်လွယ်သည်။ အရက်စွဲသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာမည်ဆိုလျှင် ကလေးငယ်မှာ (Fetal Alcohol Syndrome) ရောဂါပါလာနိုင်သည်။ ၎င်းတို့မှာ ကလေးသေးသေးမွေးခြင်း၊ တစ်နည်းအားဖြင့် ပေါင်မပြည့်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ မျက်နှာနှင့် ခေါင်းတွင် မွေးရာပါချို့ယွင်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ဖောက်ပြန်မှုမျိုး ဖြစ်နိုင်သည်။ ထို့ကြောင် အရက်သည် သန္ဓေသားအပေါ်တွင် တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုရှိသည်ကို တွေ့ရသည်။ အရက်ဖြတ်ခြင်း အရက်အစိမ်းဖြတ်ခြင်းဆိုသည်မှာ အရက်ကို ဆေးမကူဘဲ၊ မသောက်တော့ဘဲ ဖြတ်ခြင်းကို ဆိုလိုသည်။ အရက်စွဲသူများတွင် အသက်အရွယ်ကြီးသူ၊ အရက်ပမာဏများများသောက်သူ၊ ရောဂါအခံရှိသူ၊ အားနည်းချည့်နဲ့သူများသည် ဆေးရုံဆေးခန်းများ၌ ကုသသင့်သည်။ အထူးသဖြင့် အတွင်းလူနာအနေဖြင့် တက်ရောက်ကုသမှု ခံယူသင့်ပါသည်။ အချို့ကလည်း အရက်ဖြတ်ပြီး ဆေးဝါတွေသောက်နေတဲ့ အချိန် အရက်ပြန်သောက်မိလျှင် သေတတ်သည်ဟုဆိုပြီး အကြောင်းပြ အရက်မဖြတ်လိုကြချေ။ ဤသည်မှာ မှားယွင်းသောအယူအဆဖြစ်သည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောက် အရက်စွဲခြင်းသည် ရောဂါပိုးတစ်မျိုးမျိုးကြောင် ဖြစ်တာမဟုတ်ဘဲ မိမိ၏အမူအကျင့်၊ စိတ်ခံစားမှုနှင့် ပတ်ဝန်းကျင် စေ့ဆော်မှုများကြောင့် ဖြစ်သည်။ ဆေးတစ်မျိုးတည်းကို အားကိုး၍ အရက်မပြတ်နိုင်ချေ။ ထို့ကြေင့် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို မှန်မှန်သောက်ခြင်း၊ ဆရာဝန်နှင့် မကြာခဏထိတွေ့နေခြင်းသည် မိမိစိတ်ကို ထိန်းဖို့ တွန်းအားတစ်ခုဖြစ်သည်။ တိုက်သည့်ဆေးများမှာ အရက်ဖြတ်ထားစဉ်ကာလ အဦးပိုင်းမှာ ညအိပ်ရေးပျက်ခြင်း၊ စိတ်ဆက်ခြင်း၊ စိတ်တိုခြင်း၊ ဒေါသကြီးခြင်း စသည့်တို့အတွက် သက်သာရာရစေရန် စိတ်ငြိမ်ဆေးများပေးခြင်းဖြစ်၍ ဆေးမှန်မှန်သောက်သင့်သည်။ ထို့ပြင် Life Style ဟုခေါ်သည့် ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လူမှုရေး နေထိုင်မှု ပုံသဏ္ဌာန်များကို ပြောင်းလဲဖို့ လိုအပ်ပေသည်။ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်သည့်နေရာတွင် အရက်ဖြတ်ဖို့ ကြိုးစားနေ့တဲ တစ်ချိန်တည်းမှာပဲ အရက်နှင့် နီးစပ်အောင်မနေခြင်း၊ အရက်ကို စွဲစွဲမြဲမြဲသောက်သူများနှင့် သွားလာပေါင်းသင်းမှု ဆင်ခြင်ခြင်း၊ ဖြစ်နိုင်ရန် ရှောင်ကြဉ်နေခြင်း၊ အရက်ပါသော ထမင်းစားပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရှောင်ခြင်း၊ အားကစားတစ်ခုခုကို အချိန်မှန်မှန် လိုက်စားခြင်း၊ အားလပ်သည့်အချိန်တွင် မိမိဝါသနာပါရာ စာဖတ်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများအပြင် ပန်းချီဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တံဆိပ်ခေါင်းစုခြင်း၊ လက်မှုပညာအလုပ်တစ်ခုခုကို လုပ်ခြင်း၊ နှစ်သက်ရာ အိမ်မွေးတိရစ္ဆာန်ငယ်များမွေးခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် အချိန်ကုန်စေသင့်ပါသည်။ ဘာသာရေးအနေဖြင့် သင့်တော်သင့်အချိန်တွင် အချိန်ပေး၍ တရားထိုင်ခြင်း၊ တရားစခန်းဝင်ခြင်းတို့သည်မှာ စိတ်အမူအကျင့်ကို ပြုပြင်ပြောင်းလဲရာတွင် ကောင်းသောနည်းလမ်းများဖြစ်သည်။ အရက်နှင့် ဥပဒေ အရက်နှင့် ပက်သက်သည့် ဥပဒေများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် အရက်နှင့် ပက်သက်သည့် ပြဋ္ဌာန်းထားသော ဥပဒေမှာ အရက်အမျိုးမျိုးကို ခွင့်ပြုချက်ဖြင့်သာ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်တွင်/ပြည်ပတင်ပို့ခြင်း၊ လက်လီ/လက်ကားဆိုင်ဖွင့်ခြင်း၊ ရောင်းဝယ်ခြင်း၊ အခွန်အကောက်ခံခြင်းတို့ကို့ ပြဋ္ဌာန်းထားသည်။ အရက်သောက်ထားသူတစ်ဦး ယာဉ်ရထားမောင်း၍ ယာဉ်မတော်တဆမှုဖြစ်ခဲ့လျှင် ယာဉ်တိုက်မှုအား သက်ဆိုင်ရာက ဥပဒေအရ အရေးယူမည်မှာ မလွဲပေ။ အကယ်၍ ယာဉ်မောင်းသူ၏ အာငွေ့ကို ပါးစပ်မှာ တိုင်းသည့်ကိရိယာလေးဖြင့် တိုင်းတာကြည့်ပြီး အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်နှုန်း) ထက်များလျှင် မူးမောင်းမှုနှင့် ထပ်မံအရေးယူခံရမည်ဖြစ်သည်။ ၎င်းအာငွေ့တိုင်စက်သည် အာငွေ့ကို ၎င်းစက်ဖြင့်တိုက်တာပါက သွေးထဲရှိ အရက်ပမာဏအချိန်(Level)ကို တိုက်ရိုက်ဖတ်ရှုနိုင်သည်။ သွေးထဲရှိ အရက်ပမာဏ အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထက် ကျော်လျှင် လူဟာမူးယစ်ပြီး အာရုံကြောများ လေလံထိုင်းမှိုင်းမည်။ ကြွက်သားလှုပ်ရှားမှုများ နှေးကွေးမည်။ ထို့ကြောင့် ယာဉ်ကို ကိုင်တွယ်ရာတွင် ချိန်ဆမှု၊ တုံ့ပြန်မှု၊ မှန်ဆချက်များ နှေးကွေးလွဲမှားပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထားခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်မူ ၆၀၊ ၇၀၊ ၈၀ မီလီဂရမ်ရာခိုင်​နှုန်း စသည်ဖြင့် ထားရှိသည်ကို တွေ့ရသည်။ အရက် ကာကွယ်ရေးနှင့် ပြည်သူလူထု အရက်သောက်ခြင်းကို လူမှုရေးအနေဖြင့် အနည်းနှင့်အများဆိုသလို တွေ့မြင်ကြရသည်။ သို့သော် ကျန်းမာရေးကိုထိခိုက်စေသည် ဆိုသည့်အချက်ကိုကား ငြင်း၍မရချေ။ အရက်သောက်ခြင်းအကျင့်သည် ကျန်းမာရေးရှုထောင့်ကပြည့်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ကျောင်းသား၊ ကျောင်းသူများကို ဦးတည်ပစ်မှတ်ထားပြီး အရက်ကာကွယ်ရေးပညာပေးရေးများ ပြုလုပ်ကြရမည်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အရက်စွဲသူများကို အစိုးရကျန်းမာရေးဆေးပေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသပေးလျက် ရှိကြသည်။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဖြစ်လျှင်လည်း စိတ်ကျန်းမာရေး ဆေးရုံများနှင့် စိတ်ကျန်းမာရေး ဆေးကုဌာနများ၌ ဆေးကုသပေးလျက် ရှိသည်။ အရက်သောက်တတ်ပြီး အကျင့်ဖြစ်နေသူများကိုလည်း အရက်ကြောင့်ဖြစ်သည့် ဘေးဒုက္ခဆိုးကျိုးအမျိုးမျိုးကို ပညာပေး သိမ်းသွင်းစည်းရုံးဖို့ရန် လိုအပ်သည်။ အရက်သောက်ခြင်းကြောင့် ရောဂါတွေ ဖြစ်နိုင်သလို အရက်မသောက်ခြင်းဖြင့် ရောဂါအများအပြားနှင့် အခြားဒုက္ခကို ကာကွယ်ရာ ရောက်ပါသည်။ အရက်ကို စွဲလမ်းစွာ အကျင့်ပါနေသူများအနေနှင့်လည်း ဆေးရုံဆေးခန်းများမှာ စနစ်တကျ ကုသပြီး မိမိရဲ့ အမူအကျင့်ကို တဖြည်းဖြည်းပြုပြင်ဖို့ရန် ကြိုးစားသင့်ပေသည်။ ထို့ကြောင့် လူတစ်ဦး အရက်ပြတ်ရန် ပြည်သူလူထုအနေဖြင့် အရက်အန္တရာယ်ဆိုးကျိုးတွေ ခံစားမှုလျော့နည်းဖို့ရန် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်သည်။ တနည်းအားဖြင့် အရက်သောက်သုံးမှု ထိန်းချုပ်​ရေးဆိုင်ရာ စည်းကမ်းများ၊ စနစ်တကျ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်စုံခြင်းများ၊ ကျန်းမာမှုနှင့် လျော်ညီသော နေထိုင်စားသောက်မှု သဏ္ဌာန်များကို နားလည်ကျင့်သုံးကြလျှင် အရက်ကြောင့် ဖြစ်သည့် ဆိုးကျိုးဘေးအန္တရာယ် နည်းပါးကင်းဝေးပြီး သက်ရှည်အနာမဲ့ကြောင်းဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေ ပြီးပြည်စုံပေလိမ့်မည်။ Myanmar.com အရက်ချက်လုပ်ပုံ အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကြသော်လည်း များသောအားဖြင့် ချက်လုပ်နည်းမှာ အတူတူပင် ဖြစ်သည်။ အရက်ဟုဆိုရာ၌ ပေါင်းခံသော နည်းဖြင့်ချက်ယူရရှိ၍ သတ်မှတ်ထားသော ပမာဏာထက် အယ်လကိုဟော ပိုမိုပါရှိသော မူးယစ်စေတစေသည့် အရည်အားလုံးကို ဆိုလိုပေသည်။ ထို ကြောင့် ဗရန်ဒီ၊ ရမ်၊ ဝီစကီနှင့် စက်မှုလက်မှုသုံး အယ်လကိုဟောအားလုံးသည် အရက် များပင် ဖြစ်ကြသည်။ ဝီစကီကို ချက်လုပ်ကြရာတွင် မုယောစပါးကိုဖြစ်စေ၊ ရိုင်း စပါးကိုဖြစ်စေ၊ အုတ်ခေါ် မြင်းစားဂျုံကိုဖြစ်စေ၊ သို့မဟုတ် ထို ဂျုံသုံးမျိုးစလုံးကို ရောစပ်၍ဖြစ်စေ အသုံးပြုလေ့ရှိကြသည်။ ထိုဂျုံတစ်မျိုးမျိုးကို အညှောက် ပေါက်လာစေရန် ရေတွင် စိမ်ပြီးနောက် ရက်သတ္တသုံးပတ်မျှ ကြာသည့်တိုင်အောင် ကြမ်း ပေါ်တွင် ဖြန့်ထားရ လေသည်။ ထိုနောက် စည်ကြီးတစ်ခုထဲသို့ ထည့်ပြီးလျှင် ရေပူပူဖြင့် ချေပေးရ၏။ ချေပြီးသောအခါ အအေးခံ၍ တဆေးနှင့် ကဇော်ဖောက်ရသည်။ ထိုအခါ အယ်လကိုဟောအရက်ကို ရရှိ၍ ထိုအယ်လကိုဟောကို ပေါင်းခံနည်းဖြင့် ခွဲထုတ်လိုက်သောအခါတွင် ဝီစကီကို ရလေသည်။ ရမ်ချက်ရာတွင် ကြံရည်ကို ကဇော်ဖောက်၍ ချက်ယူရသည်။ ဗရန်ဒီချက်ရာတွင် ကဇော်ဖောက်ရန်အတွက် စပျစ်ရည်ကို အသုံးပြုကြသညင်။ ရောင်းတမ်း အရက်များကို ချက်လုပ်ရာ၌ကား မုန်လာဥနီ၊ သို့မဟုတ် အားလူး၊ သို့မဟုတ် သစ်သားများကို အသုံးပြုကြသည်။ အထက်ဖော်ပြပါ အရက်များကို ချက်ကြရာတွင် ဆိုင်ရာ အစိုးရပိုင်းရှိ ယစ်မျိုးဌာနများမှ အထူးကြပ်မတ် အရေးယူကာ စစ်ဆေးပြီးလျှင် အကောက်အခွန်များကို ကောက်ယူလေ့ ရှိကြလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) အရက်ဖြူ အရက်ဖြူသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အရက်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း (Burma Eateries and Distilleries Corporation) မှ ထုတ်လုပ် ရောင်းချသော အရက်တစ်မျိုး ဖြစ်သဖြင့် အင်္ဂလိပ် နာမည်၏ အတိုကောက် ဘီအီးဒီစီ သို့မဟုတ် ဘီအီးဟုပင် လူသိများသည်။ အဖြူ (သို့) ထွေးညို ဟုလည်း ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ စီးပွားရေး လုပ်ငန်းများကို နိုင်ငံတော်မှ ထိန်းချုပ်ထားသည့် အချိန်က အရက်ဖြူကို အစိုးရ စက်ရုံမှပင် ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိ အရက်ဖြူဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးသည်။ အခြေခံ လူတန်းစားများ အများဆုံး သောက်သုံးလေ့ ရှိသဖြင့် အရက်ဖြူဆိုင်ကို ဘုံဆိုင်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ အရက်ဖြူကို အဆီအဖြစ် ထုတ်လုပ်လေ့ ရှိပြီး အရက်ဖြူ အဆီ တစ်ပုလင်းကို ရေ ၆ ပုလင်းဖြင့် ရောစပ်ပါက သောက်သုံးနိုင်သော အရက်ဖြူကို ရရှိသည်။ ကိုးကား Category:အဖျော်ယမကာ
အာမီဒီယို မိုဒီဂလီယာနီ
အာမီဒီယို မိုဒီဂလီယာနီ (Amedeo Modigliani 1884-1920) ၏ မွေးရပ်မြေမှာ လီဗိုနို (Livorno) ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပါရီ (Paris) သို့ရောက်၍ ပီကာဆို (Picasso) ကဲ့သို့သော ပန်းချီဆရာများနှင့်တွေ့သည်။ ပန်းချီဆရာအဖြစ် အပြင်းအထန်ကြိုးစားရင်း ရောဂါကြောင့် မိဘအိမ် ခဏပြန်ရသည်။ အမှန်တော့ ခဏပဲ ပြန်မည် ဟူသော အစီအစဉ်မရှိ ။ ပါရီတွင် ဆိုးခဲ့ ပေခဲ့သော အကျိုးဆက်လည်း ဖြစ်သည်။ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသောအခါ မွေးရပ် ဇာတိသည် သူနှင့်အံမကျ၊ သာမန် ပန်းချီဆရာ တစ်ယောက်၏ ဘဝတွင်မပျော်။ အောင်မြင်မှုနှင့် ဝါသနာအတွက် ပါရီသို့ နောက်တစ်ခေါက် ပြန်သွားမည်ဟု အသိပေးလိုက်သောအခါ အမေက လုံးဝမကျေနပ်။ ပါရီသို့ ပြန်ရသည့် အခြားအကြောင်း တစ်ရပ်လည်း ရှိသေးသည်။ အကိုလုပ်သူ အီမန်နူဝဲ (Emmanuel) မှာရှေ့နေတစ်ဦးဖြစ် ၍ အောင်မြင်နေသူ၊ မိဘအား ဂုဏ်တင့်စေသူ။ ဤအိမ်တွင်ဆက်နေလျှင် သူ့လောင်းရိပ်အောက်မှာ နေရမည်၊ သူ့မျက်နှာ ကြည့်ရမည်။ သေသည်အထိ ဤဘဝဖြင့် မနေလိုပေ။ ပါရီသို့ အပြန်လမ်း၌ အပေါင်းအသင်းများ အကြောင်း၊ အလုပ်အကြောင်းသာ စဉ်းစားရင်း အိပ်ပျော်သွားခဲ့သည်။ နိုးလာတော့ ပါရီဘူတာသို့ ရထားဝင်နေလေပြီ။ အငှားကား တစ်စီးတား၍ သူငယ်ချင်းများ စုဝေးရာ လိပ်ခုံး မောင်းခိုင်းသည်။ လမ်းတွင်မိတ်ဆွေဟောင်းကြီး ချယ်ကိုဗစ် ကိုတွေ့ ၍ ခေါ်လာခဲ့သည်။ စကားစမည်ပြောရင် မိုဒီက မေးသည်၊ “အခုတစ်လော ဘယ်သူတွေ သေသေးသလဲ ?” ၊ “သေတာကတော့ အနုပညာပဲ”။ ယခုအချိန် မိုဒီက “ဘယ်သူတွေ သေသေးသလဲ ?” ဟုမေးလာလျှင်တော့ အဖြေက အနုပညာ တစ်ခုတည်းတော့ မဟုတ်နိုင်တော့ပေ။ “မေတ္တာတရားလား” ၊ “ကိုယ်ကျင့်တရားလား” ၊ “လူသားဆန်သော နှလုံးသားတွေလား”၊ “ချစ်ခြင်းတရားတွေလား” အဖြေက တစ်ခုမကတော့ ရှိနိုင်သည်။ ဒီတစ်ခါ ပါရီအပြန်မှာတော့ မိုဒီအောင်မြင်ခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း သူ့ကိုယ်သူ မသိရသေးခင် အသက် ၃၅နှစ် အရွယ် ၌ ကွယ်လွန်ခဲ့သည်။ ကျန်ခဲ့သည်က သူ၏ပြန်လည် အသက်သွင်းထားသော အနုပညာများပင် ဖြစ်သည်။ Category:အီတလီ အမျိုးသား ပန်းပုဆရာများ Category:အီတလီ အမျိုးသား ပန်းချီဆရာများ
ဖျာပုံတိုက်သစ်ဆရာတော်
သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဩဘာသာဘိဝံသ (ဖျာပုံတိုက်သစ်ဆရာတော်) ဖွားမြင်တော်မူခြင်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် ဘဒ္ဒန္တ ဩဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်း၊ မအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ ခနောင်ထော်ရွာတွင် မွန်မျိုးအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးဖိုးသိန်းနှင့် သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်ဒေါ်ညွန့်တို့မှ သက္ကရာဇ် ၁၂၆၈-ခုနှစ်၊ ဥတုဝသန္တဝါဆိုလပြည့်ကျော် (၁၁)ရက်တနင်္ဂနွေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။ ခနောင်ထော်ရွာကြီးသည် ဧရာဝတီမြစ်ကို မြစ်ဖျားခံသော တိုးမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် ကရင်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်သည်။ သရက်၊ပိန္နဲ၊ ငှက်ပျော စသော စားသုံးဖွယ် အသီးအပင်တို့ဖြင့် တင့်တောင့်တင့်တယ် နေချင်စဖွယ်သော ဥယျာဉ်ခြံမြေတို့ဖြင့် စိမ်းလမ်းစိုပြေ၍ အေးမြချမ်းသာ စိတ်နှလုံး မွေ့လျော် သာယာလှပေသည်။ အစိုးရကျောင်းနှင့် ကျောင်းကန်ဘုရားတို့ဖြင့်လည်း သားနားခန့်ထည်သည့် ပတိရူပအရပ် ဖြစ်ပေသည်။ ခမည်းတော် မယ်တော်တို့သည် သားဦးရတနာ ဖွားမြင်စ၌ပင် သားဖြစ်သူကို အေးအတိတ်နှင့် အေးနိမိတ်ဆောင်ယူကာ မောင်အေးမောင် ဟုအမည်သညာ မှည့်ခဲ့ကြသည်။ ခမည်းတော် မယ်တော်တို့သည်လည်း မောင်အေးမောင် တစ်နှစ်သားလောက်အရောက်တွင် မရှေးမနှောင်းပင် ဘဝတပါးသို့ ပြောင်းကြလေသည်။ ပညာသင်စ ကလေးဘဝ ခမည်းတော် မယ်တော်တို့ ဘဝတပါးပြောင်းသွားခဲ့ကြပြီးနောက် မောင်အေးမောင်အား ဘကြီးတော်အရင်းဖြစ်သူ မလက်တိုရွာသူကြီး ဦးဖိုးခင်နှင့် နှမအရင်းဖြစ်သူ ဒေါ်ပုလေးတို့က တလှည့်စီ မွေးစားကြရန် သဘောတူကြလေသည်။ မိမိ လူမှန်းသိသောအခါ ကြီးတော် အရင်းဖြစ်သူ ဒေါ်ပုလေးကိုပင် အမေအရင်းဟုမှတ်ထင်နေသည်။ မောင်အေးမောင် လေးနှစ်သားလောက်ရောက်သောအခါ အိမ်မှာပင် ကကြီး ခကွေး သင်ပေးကြလေသည်။ ငါးနှစ်သားတွင် မြန်မာစာ ရေးဖတ်တတ်ပြီး ဘုရားရှိခိုး လင်္ကာအချို့နှင့် မင်္ဂလသုတ်ပါဠိအနက်ကို နှုတ်တက်ရပြီးဖြစ်သည်။ ဘကြီးတော်နှင့်ကြီးတော်တို့သည် မောင်အေးမောင် ၆-နှစ်အရွယ်တွင် မအူပင်မြို့နယ်လုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ကျောင်းရွာဆရာတော်ကြီးထံ အပ်နှံကြလေသည်။ ၎င်းသည် ဆရာတော်ကြီး သင်ပြသည့် မင်္ဂလသုတ်, အပြင်အောင်ခြင်း, အတွင်းအောင်ခြင်း, နမက္ကာရ, လောကနီတိ, ပရိတ်ကြီး ၁၁- သုတ်တို့ကို ပါဠိအနက် ညက်ညက်ကြေစွာ တတ်မြောက်လေသည်။ မောင်အေးမောင် ၁၄-နှစ်သားအရွယ်တွင် ၅-တန်းအောင်ခဲ့သည်။ မောင်အေးမောင် အသက် ၁၀-နှစ်အရွယ်သို့ ရောက်သောအခါ ဘကြီးတော် သူကြီးမင်းက ကျောင်းရွာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်ဖြင့် ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ ကျေးဇူးရှင် ဥပဇ္ဈာယ် ဆရာတော်ကြီးက ဇာတ်ကြီးဆယ်ဘွဲ့ရေး မင်းဘူးဆရာတော် ဦးဩဘာသအား ပုံစံထား၍ ရှင်ဩဘာသဟု အမည်ပေးခဲ့သည်။ သို့သော် မိမိအား ရှင်သာမဏေဘဝနှင့် ၉-ရက်သာ ထားပြီး ငယ်သေးသည်ဟု အကြောင်းပြကာ လူထွက်စေလေသည်။ ဒုတိယအကြိမ် မောင်အေးမောင် ၁၄-နှစ်သား ၅-တန်းအောင်ပြီးချိန်၌ ဘကြီးတော် သူကြီးမင်း ဦးဖိုးခင်နှင့် မွေးစား မယ်တော်, ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေးတို့ကပင် ရှင်ဒါယကာ၊ ဒါယိကာမ အဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းခဲ့ကြပြန်ပါသည်။ ဒုတိယ အကြိမ် ရှင်ပြုပွဲကို အငြိမ့်ပွဲ ဆိုင်းဝိုင်းကြီးတို့ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ဆင်နွှဲပြုလုပ်သည်။ မောင်အေးမောင်၏ မွေးစားအမေသည် ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေး ဖြစ်သည်။ မွေးစားအဖေသည် ဦးဘိုးထွေးဖြစ်သည်။ ယင်းဦးဘိုးထွေးသည် ကြီးတော်နှင့်စပ်မှ ဘကြီးတော်သူ ဖြစ်သည်။ ဤသို့ဖြင့် မိမိအား ၁၂၈၂-ခုနှစ် နယုန်လဆန်း ၂-ရက် အင်္ဂါ ရက်ရာဇာနေ့၌ ကျောင်းရွာဆရာတော်ကြီးကပင် ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ်ဖြင့် ချီးမြှင့်ပေးခဲ့သည်။ ရှင်ဩဘာသသည် အသက် ၁၇-အရွယ်တွင် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၌ သာမဏေကျော်ဘွဲ့ ရရှိခဲ့သည်။ ၁၈-နှစ်အရွယ်၌ ပထမငယ်တန်းကို အောင်မြင်ခဲ့သည်။ ၁၉-နှစ်အရွယ်၌ ပထမလတ်တန်း အောင်မြင်ခဲ့သည်။ အထက်ပါစာမေးပွဲများ ကို သရက်တောကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူကျောင်းမှ လက်မှတ်ထိုးကာ ဖြေဆိုအောင်မြင်ခဲ့သည်။ ရဟန်းဘဝ မြင့်မြတ်လှ ဆရာတော်လောင်းလျာ သာမဏေ ရှင်ဩဘာသည် အသက် ၂၀-သို့ ရောက်သောအခါ မူလကျေးဇူးရှင် ကျောင်းရွာ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ သိမ်ကြီးဈေး ကျိုက်ခေါက်သံလာ ရဟန္တာများ သမုတ်တော်မူခဲ့သော သိမ်တော်ကြီး၌ ၁၂၈၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် တနင်္ဂနွေနေ့ နံနက် ၉-နာရီအချိန်မှာ ကာရက သံဃာတော် သုံးကျိပ် ခြောက်ပါးတို့နှင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ကြိုတင်လျှောက်ထားသော ပစ္စယာနုဂ္ဂဟ ခေါ် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများမှာ ဟိုက်စကူးကျောင်းဆရာကြီး ဦးလူကြီး နှင့် ဒေါ်ရင်တို့ဖြစ်ကြသည်။ စာပေခရီး တိုးချဲ့ခြင်း မိမိသည် ရဟန်းတဝါ ရပြီးသောအခါ ကျောင်းရွာဆရာတော်ဘုရားကြီးထံမှ ပါရာဇိကဏ်, ပါစိတ်, ဝိနည်း မဟာဝါတည်းဟူသော ဝိနည်း (၃) ကျမ်းကို အဋ္ဌကထာများနှင့်တကွ ဆိုဝါဖြင့် ပေါက်ရောက်ခဲ့သည်။ သို့သော် ကျေနပ်မှုမရှိသေးဘဲ ပန်းသတင်း လေညင်းဆောင် သကဲ့သို့ လူ့သတင်းလူချင်းဆောင်သောကြောင့် ကျမ်းကြီးသင်ယူ ပခုက္ကူ။ ပခုက္ကူရောက်၊ စာမြန်မြန်ပေါက်။ စာတတ်လိုငြား၊ ပခုက္ကူသွား။ ပခုက္ကူမခိုလှုံ၊ ကျမ်းမစုံ။ စသောသတင်းစကားမှာ စာသင်သားရဟန်းတော်များအချင်းချင်း သတင်းဆောင် သဖြင့် ပခုက္ကူ စာသင်သွားလိုသော စိတ်အစဉ်သည် မိမိအား လှုံ့ဆော်လျက်ရှိနေပါသည်။ ထိုစိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့်ပင် ၁၂၉၂-ခုနှစ် တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက် သို့ စာသင်ထွက်လာခဲ့သည်။ ယင်းတိုက်၌ လေးနှစ်, လေးဝါတိုင်တိုင် အောက်ပြည်အောက်ရပ် ပြန်မကြွဘဲ ဆက်တိုက်နေခဲ့သည်။ ပိဋကသုံးပုံ ပါဠိတော်ကို အဋ္ဌကထာဋီကာတို့နှင့် တွဲဖက်သင်ယူရာ နှစ်ခေါက်လောက်ပင် ပေါက်ရောက်ခဲ့သည်။ မိမိ၏ စာချအကျော် ဆရာတော်များမှာ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အရှင်သုန္ဒရ, အရှင်ဂန္ဓမာနှင့် အရှင်နန္ဒိယထေရ်တို့ ဖြစ်ကြသည်။ တစ်ဖန် ပခုက္ကူ၌ ၄-နှစ်စေ့၍ မန္တလေးမြို့သို့ စာပေခရီးဆက်ခဲ့ပြန်သည်။ မန္တလေးမြို့ အနောက်ပြင် စကုတိုက်မှာနေပြီး လေးပြင်လေးရပ် နာမည်ကြီးလှသော စာချဆရာတော်များထံ ပါဠိ, အဋ္ဌကထာ, ဋီကာ အယူအဆ အတွေးအခေါ် အဆုံးအဖြတ်တို့ကို သင်ကြားမှတ်သားခဲ့သည်။ ဆရာတော်သည် ၁၃၂၁-ခု၊ တန်ဆောင်မုန်းလဆန်း ၈-ရက် စနေနေ့တွင် ဖျာပုံတိုက်သစ်ကို ပုဂ္ဂလိက ရေစက်ချပွဲပြုလုပ်ပြီး သုဂတိတမြောက်အောင် ခံယူပါသည်။ သာသနာရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ခြင်း ထိုစဉ်က ဖျာပုံမြို့သည် ခရိုင်ဝန် (အရေးပိုင်) ရုံးစိုက်ရာမြို့ကြီး ဖြစ်လေသည်။ သို့သော် ပထမပြန် စာဖြေဌာန မရှိပေ။ မိမိ၏တပည့်များ စာမေးပွဲဖြေဆိုသည့်အခါ ကျိုက်လတ်မြို့ သို့ သွားရောက် ဖြေရသည်။ ဆရာတော်သည် ၁၃၀၈-ခုနှစ်၌ ပညာရေးဝန်ကြီးထံ စာဖြေဌာန တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာ အောင်မြင်စွာ ရရှိခဲ့သည်။ ထိုစာဖြေဌာနမှ ၁၃၂၁-ခုနှစ်၌ ရှင်ကုသလသည် ပထမကျော် အောင်ပန်းကို ဆွတ်ခူးခဲ့သည်။ ဆရာတော်သည် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၏ နာယကဆရာတော်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ တိပိဋကဓရ ရွေးချယ်ရေး ပိဋကသုံးပုံစာပြန် ပွဲကြီးတွင် ကမကထ ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသံဂါယနာပွဲကြီးတွင် မူလဝိသောဓကမှ တဖန် ပဋိဝိသောဓက အဖွဲ့သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် အခြားသော ဆောင်ရွက်ချက်များမှာ- လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကြီး၌ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ဆူးလေစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌လည်း ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ စေတိယင်္ဂဏပရိယတ္တိ စာမေးပွဲအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာ အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့ မင်္ဂလာဗျူဟာအဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ဝေနေယျသုခ ရေချမ်းစင်အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်ခြင်း။ ရန်ကုန်မြို့၊ ယထာဓမ္မ သာသနာပြုအသင်းကြီး၏ နာယက ဆရာတော်ဖြစ်တော်မူခြင်း။ ရန်ကုန်မြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ ဩဝါဒါစရိယ ဆရာတော်ဖြစ်တော်မူခြင်း။ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တော်မူခြင်းတို့ ဖြစ်သည်။ ထိုမျှ များပြားလှသော သာသနာရေး တာဝန်များကြားမှ ကျောက်စာဝန်နှင့် ယဉ်ကျေးမှုဌာန အတွင်းဝန်ဟောင်း ဦးဖိုးလတ်၏ တိုက်တွန်းတောင်ပန်ချက်ဖြင့် သာသနာ ၂၅၀ဝပြည့် ဆဋ္ဌသံဂါယနာတင် သဘင်ကြီးအမှီ စာပေ ဝိဒူ ရဟန်း, ရှင်, လူတို့ အနှစ်သက်ဆုံးဖြစ်သော ဤမည်သော သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီး တစောင်ကို ပြီးမြောက်အောင် ပြုစုနိုင်ခဲ့သည်။ တစ်ဖန်လည်း သမ္မာမဂ္ဂင်္ဂပဉှာ ကျမ်း, မြန်မာပါဠိ အဘိဓာန်ကျမ်း, မြန်မာမှ မြန်မာသို့ စံပြအဘိဓာန်ကျမ်း, ယောဂီလက်စွဲကျမ်းတို့ကိုလည်း ရေးသားခဲ့သည်။ ဘဝနိဂုံးပိုင်း ဆရာတော်သည် ဒကာဒကာမများလှူဒါန်းကြ၍ ရရှိလာသော နဝကမ္မများနှင့် ပစ္စည်းလေးပါးတို့ကို ပြန်လည်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များ လှူဒါန်းပြုပြင်ခြင်း၊ စာကြည့်တိုက်များနှင့် လိုအပ်သူများသို့ စာအုပ်စာတမ်းများ လှူဒါန်းခြင်း၊ မိမိဇာတိရပ်ရွာဖြစ်သည့် ခနောင်ထော်ရွာ၊ ကျောင်းရွာတို့၌ ဘုရားကျောင်းကန်များ တည်ထားပြုပြင် လှူဒါန်းခြင်း စသည့်ပါရမီအမျိုးမျိုးကို ဖြည့်ဆည်းခဲ့သည်။ ဝိပဿနာတရားစခန်းကျောင်းတိုက်များ၊ စာသင်တိုက်ကြီးများသို့ အခါအားလျော်စွာ ကြွရောက်၍ လိုအပ်သည်များ စောင့်ရှောက်ကူညီ ပေးလေ့ရှိခဲ့သည်။ မင်္ဂလာဗျူဟာ ပိဋကတ် ၃-ပုံပဒေသာဆရာ ဖြစ်သင်တန်းကဲ့သို့ သာသနာပြုသင်တန်း အမျိုးမျိုးကိုလည်း ပို့ချသင်ကြားပေးခဲ့သည်။ မိမိကျောင်းတိုက်တွင် ဖျာပုံတိုက်သစ် ဝိပဿနာပြန်ပွားရေး အဖွဲ့၊ ဖွဲ့စည်းစေပြီး ကိုယ်တိုင် ဟောပြော ပြသကာ ယောဂီများအား တရားဘာဝနာများ လက်တွေ့ကျင့်ကြံ ပွားများစေခဲ့သည်။ မြန်မာ့အသံမှလည်း ဝိပဿနာတရားနှင့် တရားဒေသနာများ ဟောပြောပေးခဲ့ဘူးပါသည်။ သက်တော်ကြီးရင့်ချိန်မှာပင် ဖျာပုံမြို့၊ မြိတ်မြို့များသို့ ကြွရောက်၍ ကန်တော့ခြင်း၊ လှူဒါန်းခြင်း၊ ဟောပြောခြင်း၊ စသော ပြုဖွယ်ကိစ္စများကို မလစ်ဟင်းစေဘဲ ဆောင်ရွက်ခဲ့သည်။ အမြဲလိုလို ဂုဏ်တော်ပုတီးစိပ်ပြီး ပြုံးပြုံးရွှင်ရွှင် နေလေ့ရှိသည်။ ဗေဒင် လက္ခဏာ အကြားအမြင်စသည့် ပညာရပ်များ သိရှိတတ်ကျွမ်းသော်လည်း လူသိမခံဘဲ နေလေ့ရှိသည်။ မကျွတ်မလွတ်သူ ဘဝကူး မကောင်းသူများကို မိမိ၏ သီလ သမာဓိ ပညာ အစွမ်းများဖြင့် ကူညီလေ့ရှိသည်။ ကျောင်းနေသံဃာ တစ်ပါး, နှစ်ပါးသာထားပြီး၊ (မဆလ ဝန်ကြီး များနှင့် တိုက်ရိုက် မဆက်ဆံလို၍) ကျောင်းအတွက်လှူသော တယ်လီဖုံးကို ကျောင်းတွင်မထားခဲ့ပါ။ ၈၈-အရေးအခင်းကာလတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ကူညီခဲ့ဘူးပြီး သတင်းအမှန် ရရှိ စိစစ်နိုင်ရေးအတွက် ဘီဘီစီ စသောသတင်းများကို နားထောင်တော်မူလေ့ရှိသည်။ ၁၃၅၂-ခုနှစ် လေဖြတ်ဝေဒနာ ခံစားရပြီး နောက်ပိုင်းတွင်၊ စကားပြောမိန့်ခြင်း မရှိတော့ဘဲ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်လျက် ဂုဏ်တော်ပုတီးကိုသာ စိပ်နေခဲ့သည်။ ၁၃၆၁- ခုနှစ် နတ်တော် လဆန်း ၁၀-ရက် သောကြာနေ့၊ သက်တော် ၉၃-နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသတည်း။ ကိုးကား Category:ဗုဒ္ဓဘာသာရဟန်းများ Category:မြန်မာ စာရေးဆရာများ Category:မွန်လူမျိုးများ ကဏ္ဍ:မြန်မာ အဘိဓာန်ပြုစုသူများ ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ ရဟန်း စာဆိုတော်များ ကဏ္ဍ:၁၉၀၆ မွေးဖွားသူများ ကဏ္ဍ:၁၉၉၉ ကွယ်လွန်သူများ
ချင်းမိုင်တက္ကသိုလ်
ချင်းမိုင်တက္ကသိုလ် (; - မဟာဝိဒျာလယ်ချေီယင်ဟ္မိုင်) သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင်ရှိသည်။ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းဘုရင် ဘူမိဗလအတုလျတေဇ၏ တော်ဝင်စာချွန်တော် ခွင့်ပြုချက်ဖြင့် စတင်တည်ထောင်သည်။ အတိုကောက်အားဖြင့် CMU, ဒေသအခေါ်အားဖြင့် အတိုကောက် “မောချော (; Mor Chor)” ဟု တွင်သော ချင်းမိုင်တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများအခြေချနေထိုင်သော ထိုင်းနိုင်ငံမြောက်ပိုင်း၌ ပထမဆုံးသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ပထမဆုံးသော ခရိုင်တက္ကသိုလ်လည်းဖြစ်သည်။ ချင်းမိုင်တက္ကသိုလ် ပင်မအဝင်ဝ နောက်ခံသမိုင်း တက္ကသိုလ်ဓမ္မာရုံ စတင်ဖွင့်လှစ်ခါစ၌ မူလအားဖြင့် မဟာဌာနကြီး သုံးခုရှိသည်။ သိပ္ပံ၊ လူမှုသိပ္ပံနှင့် လူမှုရေးဘာသာရပ်ဌာနတို့ဖြစ်သည်။ ယနေ့ခေတ်၏ လိုအပ်ချက်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု (ဥပမာ - CDCE)၊ ကျောင်းသားများ၏ စိတ်ဝင်စားလျှောက်ထားမှု (ဥပမာ - နာနိုသိပ္ပံ) တို့အရ ဌာနများတို့ချဲ့သည်။ ယနေ့ခေတ် CMU တွင် ဌာနခွဲပေါင်း ၁၀၇ ခုပါဝင်သော မဟာဌာန ၁၇ ခု နှင့် Graduate School ရှိသည်။ လျှောက်ထားနိုင်သော ပရိုဂရမ်ပေါင်း ၂၅၃ ခုရှိသည်။ Certificate ပရိုဂရမ် ၂ ခု၊ ရိုးရိုးဘွဲ့တန်း ၈၇ ခု၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာ ၁၆၃ ခုရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၂၅,ဝ၀ဝ ကျော်ရှိသည်။ ထို့ပြင် နိုင်ငံတာကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသော ရိုးရိုးဘွဲ့တန်း ၂ ခုနှင့် မဟာနှင့် ပါရဂူတန်း ၁၈ ခုရှိသည်။ နိုင်ငံတကာတန်းများသည် လူမှုသိပ္ပံ၊ ကျန်းမာရေးသိပ္ပံနှင့် သိပ္ပံနှင့်နည်းပညာဌာနများ၌ ရှိသည်။ နိုင်ငံတကာ၊ ဌာနဆိုင်ရာနှင့် ဌာနခွဲဆိုင်ရာအားဖြင့် CMU သည် ၂၇ နိုင်ငံမှ တက္ကသိုလ်၊ အင်စတီကျု၊ နိုင်ငံတကာ အဖွဲ့များနှင့် ပူးတွဲဆောင်ရွက်မှု၊ နားလည်မှုစာချွန်ရေးထိုးထားမှု ၁၄၆ ခုရှိသည်။ ယင်းသဘောတူညီချက်၊ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျမ်းကြီးကြပ်မှု၊ ပရောဂျက်အတိုင်ပင်ခံ၊ ပူးတွဲသုတေသန၊ ဆရာနှင့် ကျောင်းသား အပြန်အလှန်ဆက်သွယ်လုပ်ကိုင်မှု၊ ပူးတွဲ ဆယ်မီနာကျင်းပခြင်းနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ အကျုံးဝင်သည်။ သင်ယူမှု ဌာနများ ချင်းမိုင်တက္ကသိုလ်တွင် သင်ကြားရေးဌာန (၂၀) ခု၊ ကောလိပ် (၂) ခု၊ သိပ္ပံကျောင်း (၂) ခုနှင့် ဘွဲ့လွန်ကျောင်း (၁) ခုတို့ ပါဝင်သည်။ +သိပ္ပံနှင့် နည်းပညာ စိုက်ပျိုးရေဌာန စိုက်ပျိုးရေး ဗိသုကာဌာန အင်ဂျီနီယာဌာန သိပ္ပံဌာန ဝိဇ္ဇာ၊ မီဒီယာနှင့် နည်းပညာကောလိပ် ဒီဂျီတယ်တီထွင်ကြံဆမှုအပြည်အပြည်ဆိုင်ရာကောလိပ်ဝိဇ္ဇာနှင့် လူမှုရေးသိပ္ပံပညာ ချင်းမိုင်တက္ကသိုလ်စီးပွားရေးကျောင်း စီးပွားရေးဌာန ပညာရေးဌာန အနုပညာဌာန လူသားပညာ ဥပဒေပညာဌာန နိုင်ငံရေးသိပ္ပံနှင့် ပြည်သူစီမံခန့်ခွဲရေးဌာန လူမှုရေးသိပ္ပံဌာန လူထုဆက်သွယ်ဆက်ဆံရေးဌာန ပြည်သူ့မူဝါဒလေ့လာရေးကျောင်း ဘက်စုံပညာနှင့် ဘာသာရပ်ဆိုင်ရာကျောင်းကျန်းမာရေးသိပ္ပံ ဆက်စပ်ဆေးဘက်ဆိုင်ရာသိပ္ပံဌာန သွားဘက်ဆိုင်ရာဌာန ဆေးပညာဌာန သူနာပြုပညာဌာန ဆေးဝါဌာန မွေးမြူရေးဆိုင်ရာဆေးဌာန ပြည်သူ့ကျန်းမာရေးဌာန ဇီဝဆေးပညာ အင်ဂျင်နီယာဌာန တက္ကသိုလ်နယ်မြေများ ချင်းမိုင်တက္ကသိုလ်တွင် တက္ကသိုလ်နယ်မြေလေးခုရှိပြီး သုံးခုမှာ ချင်းမိုင်တွင် တည်ရှိကာ ကျန်တစ်ခုမှာ လမ်ဖွန်ခရိုင်နှင့် စမုဒ်ဆခွန်ခရိုင်တွင် တည်ရှိသည်။ ပင်မတက္ကသိုလ်သည် စုစုပေါင်း ဧက ၃,၄၉၀ (၁၄.၁ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ ကျောင်းသားများအတွက် အဆောင်ပေါင်း ၁၈ ခုရှိရာ ၁၇ ခုမှာ ပင်မတက္ကသိုလ်နယ်မြေတွင်ရှိပြီး တစ်ခုမှာ မယ်ဟီယာတက္ကသိုလ်နယ်မြေတွင် တည်ရှိသည်။ ဆွန်ဆက်တက္ကသိုလ်နယ်မြေ (ပင်မတက္ကသိုလ်နယ်မြေ) ချင်းမိုင်မြို့လယ်မှ အနောက်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဒွိုင်ဆူထေ့ပ်တောင်ကို နောက်ခံပြုထားသည်။ ဧက ၇၂၅ (၂.၉၃ စတုရန်းကီလိုမီတာ) ကျယ်ဝန်းကာ တက္ကသိုလ်အုပ်ချုပ်ရေးဌာန၊ သိပ္ပံ၊ အင်ဂျင်နီယာ၊ လူမှုသိပ္ပံ၊ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့ရေးရာမူဝါဒ၊ ဥပဒေ၊ ဘွဲ့လွန်ကျောင်း၊ တက္ကသိုလ်နယ်မြေသုံးစွဲမှုဆိုင်ရာ အဆောက်အအုံများနှင့် အဓိကအားကစား အဆောက်အအုံများ ပါဝင်သည်။ အန်ကဲအို ရေလှောင်ကန်သည် တက္ကသိုလ်နယ်မြေအတွက် ရေပေးဝေရန် တည်ဆောက်ထားခြင်းဖြစ်သော်လည်း အပန်းဖြေနေရာအဖြစ်လည်း အသုံးပြုကြသည်။ ၁၉၆၀ ပြည့်နှစ်များက သစ်တောထူထပ်သော ဤနေရာတွင် သစ်ပင်များအကြား တက္ကသိုလ်အဆောက်အအုံများ တည်ဆောက်ခဲ့သောကြောင့် မူလသဘာဝအတိုင်း ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဆွန်ဒေါက်တက္ကသိုလ်နယ်မြေ ပင်မတက္ကသိုလ်နယ်မြေအနီး မြို့နှင့် ပိုမိုနီးကပ်သော စွမ်ဒေါက်တက္ကသိုလ်နယ်မြေသည် ဧက ၁၁၀ (၀.၄၅ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ဆေးပညာ၊ ဆက်စပ်ဆေးပညာ၊ သူနာပြု၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးဗေဒ ပညာရပ်ဌာနများနှင့် ထိုင်းမြောက်ပိုင်းတွင် အကြီးဆုံး သင်ကြားရေးဆေးရုံဖြစ်သည့် မဟာရာဇ်နခွန်ချင်းမိုင်ဆေးရုံ (Suan Dok ဟု လူသိများသည်) ပါဝင်သည်။ မယ်ဟီယာ တက္ကသိုလ်နယ်မြေ ပင်မတက္ကသိုလ်နယ်မြေ၏ တောင်ဘက် ၅ ကီလိုမီတာခန့်အကွာတွင် ဧက ၈၆၄ (၃.၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသော မယ်ဟီယာတက္ကသိုလ်နယ်မြေသည် တိရစ္ဆာန်ဆေးကုပညာ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပြည်သူ့မူဝါဒကျောင်းတို့ တည်ရှိရာဖြစ်သည်။ စွမ်းအင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (ERDI) သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ပင်မတက္ကသိုလ်နယ်မြေမှ မယ်ဟီယာတက္ကသိုလ်နယ်မြေသို့ ပြောင်းရွှေ့ခဲ့သည်။ ဤဌာနသည် ဇီဝဓာတ်ငွေ့ (biogas) နှင့် ဇီဝဒြပ်ထု (biomass) ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် စွမ်းအင်ထိရောက်မှု တိုးတက်စေရေးအတွက် အမျိုးသားအဆင့် "ဇီဝဓာတ်ငွေ့ ထူးချွန်စင်တာ" ဖြစ်သည်။ စီဘွားဘန် တက္ကသိုလ်နယ်မြေ တက္ကသိုလ်၏ နောက်ဆုံးဝယ်ယူထားသော တက္ကသိုလ်နယ်မြေဖြစ်သည့် စီဘွားဘန်တက္ကသိုလ်နယ်မြေသည် လမ်ဖွန်ခရိုင်း၊ မောင်းလမ်ဖွန်မြို့နယ်တွင် တည်ရှိပြီး ချင်းမိုင်၏ တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာ၊ လမ်ဖွန်စက်မှုဇုန်အနီးတွင် ဧက ၁,၈၉၀ (၇.၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ပရဝုဏ်အတွင်းရှိ စက်မှုလက်မှု တက္ကသိုလ် ထင်ရှားသော ကျောင်းသားဟောင်းများ ဘန်ကောက်မြို့တော်ဝန် အပီရတ် ကိုစာယိုထင် ထိုင်းပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် ကိုးကား ပြင်ပလင့်ခ်များ Category:ထိုင်းနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ
အပြင် ၃၇ မင်း
အိမ်ထဲ၌ မင်းမဟာဂီရိ နတ်မင်းအား ပူဇော်ပသသည့် အနေဖြင့် အိမ်တွင်းနတ်အုန်း ချိတ်ဆွဲထားပုံ ယခုအခါမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ သုံးဆယ့်ခုနစ်မင်း နတ်ဟူ၍ အထင်အရှားရှိနေရာ၊ အချို့ကနှစ်သက်စွာလက်ခံကြ၍၊ ဗုဒ္ဓတရားတော်ကိုပြတ်သားစွာ လက်ခံကျင့်သုံးသူ အချို့တို့ကမူဝေဖန်ရှုတ်ချကြသည်။ သုံးဆယ့်ခုနစ်မင်းဆိုရာ၌ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းဟူ၍ရှိရာတွင် ယခုအခါ ယုံကြည်ကိုးကွယ်နေကြသော ၃၇ မင်းကား အပြင် ၃၇ မင်းပင်ဖြစ်သည်။ နတ်ကိုးကွယ်ခြင်းသည် ရှေးခေတ်ကတည်းက အစဉ်အလာရှိခဲ့ရာ အနော်ရထာမင်း မတိုင်မီအထိ နန်းစဉ်အသိအမှတ်ပြုခဲ့သော အရေအတွက်မှာ ၃၆ မင်းသာရှိခဲ့သည်။ ထိုနတ်တို့ အနက် မဟာဂိရိနတ်သည် ပထမဆုံးနတ်ဖြစ်သဖြင့် နတ်တို့၏အကြီးအကဲဖြစ်ခဲ့သည်။ သို့သော်လည်း အနော်ရထာမင်းလက်ထက်တွင် မဟာဂိရိနတ်ကို နတ်အကြီးအကဲနေရာတွင်မထားလို ရကား ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားနတ်အား နတ်တို့၏အကြီးအကဲအဖြစ်ထား၍ နတ်တို့၏အရေအတွက်ကို ၃၇ သို့ပြောင်းလိုက်ပြီးလျှင် ယင်းတို့၏ရုပ်ပုံများကို ထုလုပ် ကာရွှေစည်းခုံဘုရား၏ တံတိုင်းအပြင်ဘက်၌ ထားရှိကိုးကွယ်လေသည်။ သို့ဖြင့် အပြင် ၃၇ မင်း နတ်ဟူ၍ ဖြစ်ပေါ်လာ လေသည်။ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးသည့်နောက်၌ကား ၃၇ မင်း၏ အရေအတွက်ကို မည်သည့်မင်းမျှ မပြောင်းဝံ့ကြချေ။ သို့သော်အနော်ရထာမင်း လက်ထက်က ပြုလုပ်ခဲ့သော ၃၇ မင်း နတ်စာရင်းသည်ကာလကြာမြင့်လတ်သော် မူလစာရင်းအတိုင်းမရှိတော့ဘဲ အချို့နတ်ဟောင်းများ နေရာတွင် နတ်သစ်များဖြင့်အစားထိုးခဲ့ကြပြီးလျှင် အချို့ အမည်တူသည့်ရှေးနတ်များနှင့် နောက်နတ်သစ် များကိုလည်း ပေါင်းလိုက်ကြပြန်သည်။ သို့ဖြင့်အခါအား လျော်စွာမင်း အဆက်ဆက်တို့၏အမိန့်ဖြင့် ၃၇ မင်းနတ်စာရင်းကို သတ်မှတ်လာခဲ့ကြသည်။ အင်းဝ--ငါးထပ်ကြီးဒါယကာမင်း (ပင်းတလဲ) (မြန်မာ ၁ဝ၁ဝ-၁ဝ၂၃) လက်ထက်တွင် စာရင်းဟောင်းတို့ကို သုတ်သင်ပြင်ဆင်၍ အပြင်၃၇ မင်း စာရင်းသစ်တစ်ခု ရေးသည်ဟုမှတ်တမ်း ရှိသည်။ ထိုမှတ်တမ်းကိုမတွေ့ရသော်လည်း သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်တွင်နန်းတက်သော မာန်အောင်ဒါယကာစနေမင်း၊ နောက်တနင်္ဂနွေမင်း၊ နောက် ဟံသာဝတီ ရောက်မင်း ဤမင်းသုံးဆက်မီသောဝန်ကြီးပဒေသရာဇာသည် ၃၇မင်း နတ်ချင်းများကိုရေးခဲ့ရာဝန်ကြီး ပဒေသရာဇာ၏ ၃၇ မင်း နတ်သံစာရင်းမှာ ထိုသို့ပြင်သည်ဆိုသော စာရင်းအရ ရေးသားခြင်းဖြစ်မည်ဟု တွေးရန်ရှိ၏။ ဘိုးတော်လက်ထက် ၁၁၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ရက်နေ့တွင် ရှေးအစဉ် အဆက်က ပသခဲ့သော ၃ရမင်းနတ်တို့ကိုပွဲကနားပေးရာ၌ မည်သို့ ကခုန်သည့် အချက်အလက် တို့ကိုနတ်ထိန်း နတ်နေအတီးသမားတို့အား မေးစစ်မှတ်သားရမည်ဟု အိမ်ရှေ့ဘုရားအမိန့်တော်နှင့် ဦးစ (နောင်မြဝတီမင်းကြီးဦးစ) သည်ဆိုင်းဆရာဦးမြသာ၊ ဦးတရုတ်စသည်တို့ကို မေးစစ်ရသည်။ ထိုနောက် ဘကြီးတော်လက်ထက် ၁၁၈၂ခုနှစ်သီတင်းကျွတ်လဆန်း ၄ရက်နေ့တွင်ဒုတိယ အကြိမ်အားဖြင့် ၃၇ မင်းနတ်အကြောင်းကိုဦးစ စုံစမ်းရပြန်သည်။ ယင်စုံစမ်းချက်မှာ ယခင် ၁၁၆၇ ခုနှစ်ကစုံစမ်း ချက်တို့၏အဆက်ဖြစ်၏။ နတ်ထိန်းကြီး ကဝိဒေဝကျော်၊ ရာဇဝင်ဦးနုစသော ရာဇဝင်တတ်တို့နှင့် ညှိနှိုင်း၍ ၃၇မင်းနတ်စဉ်အမျိုးအမည် အတ္ထုပ္ပတ္တိ ဆင်ယင် ပသနည်း၊ တီးမှုတ်နည်း နှင့်နတ်သံများကို ရွှေနန်းတော်သို့ရေးမှတ်အစီရင်ခံရလေသည်။ ၃၇ မင်း နတ်စာရင်း အောက်ပါ အပြင် ၃၇ မင်းနတ်များမှာ မြဝတီမင်းကြီး၏ မှတ်စုစာရင်း ဖြစ်သည်။ မူကွဲများလည်း ရှိကြသည်။ သကြားနတ် (သက္ကမင်း) မဟာဂီရိနတ် (မောင်တင့်တယ်) နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်) ရွှေနဘေနတ် (မင်းတုန်းမြို့သူ၊ မောင်တင့်တယ်၏ ဇနီး) သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ၊ မနှဲမိ (ခေါ်) မနှဲလေး၏ မိခင်) မနှဲလေး (ခေါ်) မနှဲမိ (သုံးပန်လှနတ်၏ သမီး) တောင်မကြီး ရှင်ညို (ရွှေနပေ ၏ သား) မြောက်မင်း ရှင်ဖြူ ( ရွှေနပေ ၏ သား) ထီးဖြူဆောင်းနတ်( အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း ) ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်) ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား) ရွှေဖျင်းကြီး၊ တောင်ပြုံးမင်းကြီး (ဗျတ္တ၏ သား) ရွှေဖျင်းငယ်၊ တောင်ပြုံးမင်းလေး(ဗျတ္တ၏ သား) မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ) ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ) ညောင်ချင်းအိုနတ် ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအို) မင်းစည်သူ အလောင်းစည်သူမင်း (၄၇၃-၅၂၉) မင်းသား ဒန်းမောင်ရှင် (အလောင်းစည်သူမင်း ရဲ့ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။) ကျော်စွာနတ် (ပခန်းမင်း (သို့) ကိုကြီးကျော် (သို့) မင်းကျော်စွာနတ်) အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ ) ရွှေစစ်သင် မြင်းဖြူရှင်နတ် ( ပုဂံ စောမွန်နစ်မင်း၏သား) မယ်တော် ရွှေစကားနတ် (ပုဂံ စောမွန်နစ်မင်း၏မိဘုရား) ငါးစီးရှင်ကျော်စွာ(ပင်းယ သီဟသူ၏ သား ) မင်းတရားနတ်|တရဖျားမင်း( အင်းဝမင်းခေါင်၏ နောင်တော် ဆင်ဖြူရှင်တရဖျား) မောင်ပိုးတူနတ် အနောက်မိဖုရား ( အင်းဝမင်းခေါင်၏ အနောက်ဆောင်မိဘုရား) အောင်ပင်လယ် ဆင်ဖြူရှင်နတ် (သီဟသူမင်း) ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်) ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး) မင်းရဲအောင်တင် (သာလွန်မင်း) မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် ) ရှင်တော်နတ် တပင်ရွှေထီးနတ် မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်) တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား) သံတော်ခံ ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ) ဤစာရင်းအရ အပြင် ၃၇ မင်းမှာအနော်ရထာမင်း လက်ထက်ကစာရင်းအတိုင်းမဟုတ် တော့ဘဲ ပုဂံခေတ် နောက်ပိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ်တို့ကျမှ ထပ်၍ပြောင်းလဲ ဖြည့်စွက်ခြင်းများဖြစ်သည်ကို တွေ့ရသည်။ ၁။ သိကြားနတ်မှစ၍ ၁၆၊ ညောင်ချင်းအိုနတ်အထိ ၁၆ ဦးမှာအနော်ရထာမင်း လက်ထက်နတ်များဖြစ်ကြသည်။ ၁၇၊မင်းစည်သူနတ်မှ၂၂၊ မယ်တော်ရွှေ စကား နတ်အထိခြောက်ဦးသည် အနော်ရထာနောက်ပုဂံခေတ်နတ်များဖြစ်ကြသည်။ ၂၃၊ငါးစီးရှင်နတ်သည် ပင်းယခေတ်ကနတ်ဖြစ်သည်။ ၂၄၊မင်းတရားနတ်မှ ၃၂၊ရှင်တော်နတ်အထိကိုးဦးမှာ အင်းဝခေတ်က နတ်များဖြစ်ကြသည်။ ၃၃၊တပင်ရွှေထီးနတ်မှ ၃ရ၊ ယွန်းဘုရင်းနတ် အထိငါးဦးမှာတောင်ငူ ခေတ်နတ်များ ဖြစ်ကြသည်။ ဝန်ကြီး ပဒေသရာဇာ ပြုစုထားသည့် စာရင်းနှင့် မတူပေ။ (၁၈)ယောက်ပဲ တူသည်။ (၁၉)ယောက်မှာ ကွဲပြားသည်။ ထိုမှတစ်ပါး ၁၂၁၈-ခုနှစ်၊ တပိုတွဲလဆန်း ၈ရက်တနင်္ဂနွေနေ့၊ မန္တလေးရတနာပုံ ပထမ မြို့တည်နန်းတည်အခါတော်၊ တောခုတ်အခါတော်မှစ၍ ပန္နက်စိုက်ထူအခါတော်၊ မြေသနစ်အခါ တော်၊ တိုင်ထူအခါတော်၊ အုတ်မြစ်စီခင်းအခါတော်၊ နန်းသိမ်း အခါတော်တို့၌တင်ကြားပသပူဇော်ရန် ဒီပဲယင်းဆရာတော်၊ စံကျောင်းဆရာတော်စသော တံဆိပ်တော်ရဆရာတော်ကြီး ရှစ်ပါးနှင့် သတိုး မင်းကြီးမဟာမင်းလှကျော်သူ၊ ပုခန်းမြို့စားဝန်ကြီး၊ သတိုးမင်းကြီးမဟာမင်းလှစည်သူ စသောလူ ပညာရှိပုဂ္ဂိုလ်ကြီး ၁၃-ဦးစီမံထားသော မန္တလေးရွှေမြို့တော်တည် စာတမ်းလာစာရင်းအရ အပြင် ၃၇ မင်းနတ်စာရင်းလည်းရှိသေး၏။ ထိုစာရင်းသည် အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော စာရင်း နှင့်မတူ ချေ။ ထိုစာရင်းတွင်သိကြား၊ နှမတော်၊ ကျော်စွာ၊ တောင်ငူရှင်မင်းခေါင်တို့မပါဘဲ၊ ယင်းတို့ အစား တောင်ကြီးရှင်၊ မယ်တော်ရွှေအိမ်စည်။ ဘိုးမင်းကျော်၊ ကိုးကျောင်းဒကာတို့ပါလာသည်။ ကြွင်းသော ၃၃ပါးတို့ကား တူညီကြသည်။ သိကြားနတ် သိကြားနတ်သည် မိုးနှင့်မိုးကြိုးကိုအစိုးရသည်။ လူတို့ကိုကာကွယ်စောင့်ရှောက်၍ လူတို့၏ ဆင်းရဲချမ်းသာ၊ ကောင်းကျိုးဆိုးကျိုးကို စီမံစီရင်သူဖြစ်သည်ဟုဆိုသည်။ ရုပ်တုတွင် အောက်ခံဆင် ရုပ်၊ ဦးခေါင်းသုံးလုံးခံထားသည်။ ယင်းအပေါ်က ပဒုမာကြာပွင့်တွင် မတ်ရပ်ထလျက် လက်ယာလက် ကခရုသင်း၊ လက်ဝဲက သားမြီးယပ်ကိုင်းကာ သိကြားအဝတ်တန်ဆာအစုံနှင့်ရှိသည်။ မဟာဂီရိနတ် မဟာဂီရိနတ်သည် တကောင်းမြို့မှ ပန်းဘဲမောင်တင့်တယ်ဖြစ်သည်။ အင်အားအစွမ်းကြီးမား၍တကောင်းဘုရင်က စိုးရိမ်သဖြင့် ဖမ်းဆီးရာ ထွက်ပြေးရသည်။ ထိုအခါဘုရင်က မောင်တင့်တယ်၏နှမကိုမိဖုရားမြှောက်၍ မောင်တင့်တယ်ကို လှည့်ဖြားခေါ်ယူပြီးလျှင်ဖိုကျင်ထိုးသတ်ရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာဆင်ဖြူခုံတွင်ဘီလူးဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် မင်းသားတို့၏ အဆောင်အယောင် ဗောင်းနားတောင်းစလွယ်နှင့် ယာလက်ကယပ်၊ ဝဲလက်က ဓားကိုင်ထားသည်။ နှမတော် မမြတ်လှ နှမတော်နတ်သည် မောင်တင့်တယ်၏နှမဖြစ်သည်။ မောင်တင့်တယ်ကို ဖိုကျင်ထိုးသတ်ရာ၌ အစ်ကိုနှင့်အတူ မီးပုံတွင်ဆင်း၍ သေရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်နက်မ အရုပ်ခုံတွင် ဘီလူးရုပ်ဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် ယာလက်ရှိလက်မလက်ညှိုးက ကြစုသီးကိုင်၍ ရင်ကိုပိုက်နေဟန်၊ ဝဲလက်က ကိုယ်ကို မြှောင်လျက် ချထားဟန်ဖြစ်သည်။ ရွှေနဘေနတ် ရွှေနဘေနတ်သည် သရက်မြို့အနောက်ဘက်တွင်ရှိသော မင်းတုန်းမြို့သူဖြစ်သည်။ နဂါးနှင့် ညားပြီးနောက် လင်ပစ်သွားသဖြင့် စိတ္တဇနှင့်သေရာမှ နတ်ဖြစ်သည်ဟု ဆိုသည်။ အချို့ကရွှေနဘေသည် နဂါးမျိုးဖြစ်၍ မောင်တင့်တယ်နှင့်ပြေးလွှားနေရစဉ်တွင်ညားသည်။ ဥနှစ်လုံးမွေးဖွားပြီး သေသည်ဟုဆိုသည်။ တစ်မျိုးကား ရွှေနဘေသည် တောလုလင်တစ်ယောက်နှင့် ညားပြီးလျှင် လင်ပစ်သွား သဖြင့် စိတ္တဇနှင့်သေသည်ဟုဆိုသည်။ နတ်ရုပ်မှာ ကြာခုံပေါ်တွင် မတ်ရပ်ထလျက် ဦးခေါင်းတွင် နဂါးလည်ပေါ် စည်းပုံဆောင်း၊ဆူးနားတောင်းပန်ထားသည်။ ယာလက်က ရင်ကိုပိုက်၍ ဝဲလက်က ကိုယ်ကိုမြှောင်၍ချထားသည်။ သုံးပန်လှနတ် သုံးပန်လှနတ်မှာ မောင်တင့်တယ်၏ နှမအထွေး ပုပ္ပါးရွှေမျက်နှာခေါ်နှမတော်ကြီး၏ညီမ၊ တကောင်းမြို့သူဖြစ်သည်။ မောင်တင့်တယ်တို့ အမှုဖြစ်သည့်ကာလ သုံးပန်လှသည် ရခိုင်မြို့သို့ရောက်ရှိ၊ ရခိုင်မင်းက သမီးပြု၍ မွေးထားပြီးလျှင် ဥက္ကလာပမင်း သမိန်ထောသို့ဆက်၍ မိဖုရားဖြစ်သည်တွင် သမီးရှင်နဲမိကိုမြင်သည်။ ထိုနောက်တကောင်းမြို့ရှိ ဆွေမျိုးတို့ကို တွေ့လို၍ဥက္ကလာပမြို့က ဆန်တက်လာရာ အင်းဝမြို့အနောက် တပယ်ထောင့်ရစ်ရွာ သို့ရောက်လျှင် ရုတ်တရက်ဖျား၍ သေရာမှနတ်ဖြစ်သည်။ နှစ်နှစ်သမီးမျှရှိသော ရှင်နဲမိသည်လည်း မယ်တော်ကို လွမ်းဆွတ်သည်နှင့် ထောင့်ရစ်ရွာတွင်ပင်သေ၍ နတ်ဖြစ်သည်။ တစ်နည်းကား ဟံသာဝတီမြို့ ကန်စွမ်းနိမ့်ရွာသူဖြစ် သည်။ တနေ့သုံးကြိမ် သုံးပန်လှသည်ဖြစ်၍ ဒွတ္တပေါင်မင်းကြီး ကြားသဖြင့် မိဖုရားမြှောက်ရန် မင်းချင်းတစ်ယောက်အား လွှတ်၍ခေါ်စေ၏။ လမ်းတွင်မင်းချင်းနှင့်သုံးပန်လှတို့ ရည်ငံကြရာ နန်းတော် တံခါးဝသို့ရောက်ရာတွင် သုံးပန်လှအား ထားခဲ့ပြီးသော် မင်းချင်းတစ်ယောက်တည်းဝင်၍ သုံးပန်လှသည် အလွန်လှပသော်လည်း ကိုယ်လက်အလွန်ကြီးမားသော ကြောင့် မြို့တံခါးမဆံ့၍မသွင်းယူနိုင်ကြောင်းလိမ်လည် တင်လျှောက်လေ၏။ မင်းကြီးယုံကြည်သဖြင့် မြို့ပြင်တွင် နေစေ၏။ နောက်၌ မင်းကြီးကလည်းမသိမ်းပိုက်၊ မင်းချင်းကလည်း ပစ်ထားသောကြောင့် စိတ္တဇနှင့် သေရာ၌ နတ်ဖြစ်သည်ဟုဆိုသည်။ မသေမီသမီးတစ်ယောက် ဖွားမြင်၏။ ထိုသမီးကားရှင်နဲမိပင်တည်း။ နတ်ရုပ်မှာ ဆင်ရုပ်ခံ ဘီလူးခုံတွင် မတ်ရပ်ထလျက်၊ ဆံကျစ် မြိတ်ရစ်ထုံးကာ ယာလက်ကရင်ကိုမ၍ဝဲလက်က ကိုယ်မှာ မြှောင်ချထားသည်။ မနှဲလေး ရှင်နဲမိသည် အထက်ပါသုံးပန်လှ၏သမီး ဖြစ်သည်။ နတ်ရုပ်မှာကြာခံပလ္လင်ပေါ်တွင်မတ်ရပ်ထလျက် လက်ကောက်၊ ပုတီး၊ စည်းပုံနှင့်လက်နှစ်ဖက်ကိုလွှဲချကာ ကလေးရုပ်တု လုပ်ရသည်။ တောင်မကြီး ရှင်ညိုနှင့် မြောက်မင်း ရှင်ဖြူ တောင်မကြီးရှင်ညိုနတ်နှင့် မြောက်မြင်းရှင်ဖြူနတ်များသည် ရွှေနဘေ၏သားများဖြစ် သည်။ ဒွတ္တပေါင်မင်းကြီးထံတွင်ခစားနေရာ ယင်းတို့၏အစွမ်းသတ္တိကို မင်းကြီးသိရှိသဖြင့် မင်းကြီးစိုးရိမ်သောကြောင့် ညီနောင်နှစ်ယောက်ကို လက်ဝှေ့လက်ပန်းထိုးကြစေသည်။ နှစ်ယောက်စလုံးရင်ကွဲ၍သေရာမှ နတ်ဖြစ်ကြသည်ဟု ဆိုသည်။ တောင်မကြီး ရှင်ညိုနတ်ရုပ်မှာ ကြာခံခုံ၊ လက်ဝဲလက်ယာသုံးဖက်စီ၊ ပေါင်းလက်ခြောက်ဖက်ရှိ၏။ ဤထက် ဝဲယာနှစ်ဖက်က လက်အုပ်ချီ၍ရင်မှာကပ် ထားသည်။ ကျန်လက်ဝဲနှစ်ဖက်က တုတ်နှင့်သိုင်း၊ ယာလက်နှစ်ဖက်က ဓားနှင့်လှံကိုင်ထားသည်။ ဦးခေါင်းတွင်မောက်တိုဆောင်း၍ စစ်ဝတ်တန်ဆာအပြည့်အစုံနှင့်ရှိသည်။ မြောက်မင်းရှင်ဖြူနတ် ရုပ်လည်း ထိုအတူပင် လက်ခြောက်ဖက်နှင့်ရှိသည်။ ထီးဖြူဆောင်းနတ် ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ်သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။ ထီးဖြူဆောင်းမယ်တော်နတ် ထီးဖြူဆောင်းမယ်တော်နတ်သည် ကွမ်းဆော်မင်း၏မယ်တော်ဖြစ်သည်။ နတ်ရုပ်မှာကြာခံခုံပေါ်တွင် ကျုံ့ကျုံ့ထိုင်၍၊ ယာလက်ကဝမ်းကိုပိုက်၍၊ ဝဲလက်ကပေါင်ပေါ်ထောက်ထားဟန် ဆံထုံး၊ ဆံမြိတ်၊ ဆံထိုးနှင့်ရှိသည်။ ပရိမ္မရှင်မင်းခေါင်နတ် ပရိမ္မရှင်မင်းခေါင်နတ်သည် ပဋိသန္ဓေကိုးလနှင့်ပါလာသော ကွမ်းဆော်မင်း၏မိဖုရားတစ်ဦးမှမွေးသည်ကျည်းစိုးမင်း ( ၃၄၈-၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်းသည် ကျည်းစိုးအား သားအရင်း ကဲ့သို့သဘောထားကာ ပရိမ္မရွာကို အပိုင်စား ပေးသနားတော်မူခဲ့သည်။ ထိုနောက်ကျည်းစိုးမင်းဖြစ် သောအခါ တစ်နေ့၌တောကစားထွက်ခဲ့၏။ တောတွင် သမင်ပစ်မည်ဟု လေးရွယ်နေစဉ် မုဆိုးတစ်ဦးက ထိုသမင်ကိုပင်ပစ်ရာ ကျည်းစိုးမင်းကို လေးမှန်၍အနိစ္စရောက်ရာမှ ပရိမ္မရှင်မင်းခေါင်နတ်ဟုတွင်သည်။ နတ်ရုပ်မှာအောက်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ၍ ဗောင်းသရဖူဆောင်းလျက်၊ ယာလက်ကဒူး လေးထမ်းဟန်၊ ဝဲလက်ကဝဲဒူးစွန်းကိုထောက်ထားဟန်ရှိသည်။ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်နတ် ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းငယ်နတ်တို့သည် ပုဂံအနော်ရထာမင်းလက်ထက်(၄ဝ၆-၄၃၉) သထုံမြို့မှ ကုလားဗျတ္တနှင့် ပုပ္ပါးပန်းစားဘီလူးမတို့၏ သားများဖြစ်သည်။ တောင်ပြုံးအရပ်တွင် အနော်ရထာမင်းဘုရားတည်ရာ၌ အုတ်နှစ်ချပ် လစ်လပ်သည်ဆို၍ ဘုရင်ကကွပ်မျက်ရာမှ နတ်ဖြစ်သည်ဟု ဆိုသည်။ ရွှေဖျဉ်းကြီးနတ်ရုပ်မှာ အောက်ခုံဇွန်းရိုး ပလ္လင်ပြန့်ပေါ်တွင် လက်ျာဒူးထောင်၍ လက်ဝဲဒူးလှဲပြီးလျှင် ယာလက်ကဓားထမ်းကာ ဝဲလက်က ပေါင်ကိုထောက်ကာထောက်ထားသည်။ ဗောင်းနားတောင်း လက်ကောက်တန်ဆာနှင့်ရှိသည်။ ရွှေဖျဉ်းငယ်အတွက်လည်း ပုံအနည်းငယ် ငယ်သည်မှတစ်ပါး ရွှေဖျဉ်းကြီး အတိုင်းထုလုပ်ရသည်။ မန္တလေး ဘိုးတော် မန္တလေးဘိုးတော်နတ်သည် ရွှေဖျဉ်းညီနောင်ကို ဘုရင့်အမိန့်အရ မွေးထားရသူပုဏ္ဏားသားဖြစ်သည်။ ညီနောက်နှစ်ယောက် ရာဇဝတ်သင့်ရာတွင်ရော၍ ကွပ်မျက်ခံရသည်။ ရွှေဖျဉ်းညီနောင်တို့ကအဘိုးဟု ခေါ်ရာမှ ဘိုးတော်ဟုတွင်သည်။ မန္တလေးအရပ်တွင် အသတ်ခံရ၍ မန္တလေးဘိုးတော် ဟုခေါ်သည်။ နတ်ရုပ်မှာ အောက်ခံပလ္လင်ခုံတွင် မတ်ရပ်ထားလျှက် ဗောင်းဆင်ပြီးလျှင် ဝဲဓားထမ်းသည်။ ယာလက်နှင့်လက်ညှိုး လက်ဖျစ်ပြဟန် ထုလုပ်ထားသည်။ ငါ့မှာ 'လက်တဆစ်မျှအပြစ်မရှိ' ဟုဆိုလိုသည်။ ရှင်ကွနတ် ရှင်ကွနတ်သည် မန္တလေးဘိုးတော်၏ နှမဖြစ်သည်။ ရွှေဖျဉ်းညီနောင်အရေးတွင် မန္တလေးဘိုးတော်နှင့်အတူရော၍အသက်ခံရကာ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ကြာခံခုံတွင် ဆံထုံးလုလင်ကြည့်၊ ဆံထိုး၊ ဆံကျင်အစုံနှင့် လက်နှစ်ဖက်ကိုတွဲလွဲချကာကွ၍ သွားဟန်ထုလုပ်ထားသည်။ ညောင်ချင်းအိုနတ် ညောင်ချင်းအိုနတ်သည် သထုံမနူဟာမင်းနှင့်အတူ သုံ့ပန်းအဖြစ်ပုဂံသို့ပါလာသော မွန်မင်းသားတစ်ပါးဖြစ်သည်။ ပုဂံနော်ရထာမင်းလက်ထက် ကုဋ္ဌနူနာနှင့်ပုဂံတွင် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံလေးထောင့်၊ မတ်ရပ်ထလျှက် လက်ခြေများမှာ လူနူအဟန် ယာလက်တောင်ဝှေးကိုင်၊ ဝဲလက်အထက်မြှောက်ထားဟန်၊ သျှောင်ထုံးနှင့် ထုလုပ်ရသည်။ မင်းစည်သူနတ် မင်းစည်သူနတ်သည် ပုဂံအလောင်းစည်သူမင်းကြီး (၄၅၄-၅၂၉)ဖြစ်သည်။ သားတော်ကုလားကျမင်းခေါ်နရသူမင်းကမျက်နှာတော်ကို အဝတ်ပုဆိုးဖြင့်အုပ်ဖိ၍သတ်ရာမှနတ်ဖြစ်သည် ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံပလ္လင်၊ ယာဒူးထောက်ဝဲဒူးချ၊ ယာဒူးပေါ်တွင်ယာလက်ရုံးတင်၍ လက်ညှိုးထိုးဟန်၊ ဝဲလက်ကဒူးစွန်းကိုထောက်လျှက် ဗောင်းစလွယ်၊ နားတောင်း ရှေ့ဘယက်နောက်ဘယက်နှင့် ထုလုပ်ရသည်။ ဒန်းမောင်ရှင် မင်းသားဒန်းမောင်ရှင်နတ်သည် ပုဂံအလောင်းစည်သူမင်း၏ သားတော်ကြီးမင်းရှင်စော၏ သားဖြစ်သည်။ သာမဏေအဖြစ်ဖြင့် ဒန်းစီးရာတွင်ဒန်းပေါ်ကကျ၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်တင်ပျဉ်ခွေ၊ ယာလက်ကစောင်းကိုပိုက်တီး၍ ဝဲလက်ကကြိုးကို ထောက်ဟန်၊ ဗောင်းစလွယ်နှင့်ထုလုပ်ရသည်။ ကျော်စွာနတ် မင်းကျော်စွာနတ် (၉၆-၁၁၆)နှင့်စပ်လျဉ်း၍ ကျော်စွာသုံးဦးရှိနေသည်။ ပုဂံသိန်းခွန်၏ သားဟူ၍လည်းကောင်း၊ ပုဂံအလောင်းစည်သူမင်း (၄ရ၄-၅၂၉) ၏ အမတ်တစ်ဦး ဟူ၍လည်းကောင်း၊ အင်းဝပထမင်းခေါင်၏ သားတော်မင်းရဲကျော်စွာဟူ၍ လည်းကောင်းဆိုသည်။ ပထမအဆို၌ အစ်ကိုစည်သူကသတ်၍ သေသည်ဟူ၍ လည်းကောင်း၊ ဒုတိယအဆို၌ ပုပ္ပါးသူအရက်သည် မဘို့မယ်နှင့်အကြောင်းပါသည်။ ကြက်၊အရက်၊ ပွဲများနှင့် သာပျော်ပါးနေ၍သေသည်ဟူ၍ လည်းကောင်း၊ တတိယအဆိုအရ မွန်တို့နှင့်တိုက်ရသော ဒလစစ်ပွဲတွင်ကျဆုံး သည်ဟူ၍လည်းကောင်းဆိုလေသည်။ နတ်ရုပ်မှာမြင်းစီးလျှက် ယာလက်ကကြီမ်ကိုင်၍ ဝဲလက်ကမြင်းဇက်ကို ကိုင်ထားသည်။ သျှောင်ထုံးနှင့်ထုလုပ်ရသည်။ အောင်စွာမကြီးနတ် အောင်စွာမကြီးနတ်သည် ပုဂံနရပတိစည်သူမင်း (၅၃၆-၅ရ၃) ၏အမတ်ငအောင်စွာဖြစ်သည်။ နရပတိစည်သူက နောင်တော်မင်းယဉ်နရသိင်္ခကိုသွား၍ လုပ်ကြံချေ။ အောင်မြင်လျှင်မရီးတော် တစ်ယောက်နှင့် ပေးစားမည်ဟု ဂတိပေးသည်။ အောင်မြင်သောအခါ၌ကား ဂတိအတိုင်းမပေးစား၍ ထွီဟုဆိုမိသည်နှင့် အကွပ်မျက်ခံရသည်တွင် နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာမြင်းစီးလျှက်၊ လက်ဝဲဇက်ကိုင်၊ လက်ယာဓားထမ်း၊ ခေါင်းထုပ်ဗောင်းနှင့်ရှိသည်။ ရွှေစစ်သင် မြင်းဖြူရှင်နတ် ရွှေစစ်သင်နတ်သည် ပုဂံစောမွန်နစ်မင်း (၆၈၇-၇၃ဝ) ၏သားတော်ဖြစ်သည်။ ခမည်းတော်က စစ်ချီစေရာတွင် ပေါ့လျော့စွာ ကြက်တိုက်ကစားနေသည်နှင့်ခမည်းတော်က ခြေထိပ်ခတ်ထားရာတွင် အနိစ္စရောက်သည်မှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ဇွန်းရိုးပလ္လင်ခံ၊ ယာဒူးထောင်၊ ဝဲဒူးလှဲ၊ ယာလက် ဓားထမ်း၊ ဝဲလက်ကဒူးပေါ်အုပ်၊ ခေါင်းစလွယ်၊ ရှေ့ဘယက်၊ နောက်ဘယက်နှင့်ထုလုပ်ရသည်။ ရွှေစကားနတ် မယ်တော်ရွှေစကားနတ်သည် ပုဂံစောမွန်နစ်၏မိဖုရား၊ ရွှေစစ်သင်၏မယ်တော်ဖြစ်သည်။ သားတော်ရွှေစစ်သင်သေဆုံးရာ၌ လွမ်းဆွတ်ကြေကွဲ၍ အနိစ္စရောက်ရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ် မှာကြာခံခုံ၊ ကျုံ့ကျုံ့ထိုင်၊ ဝဲလက်ပေါင်ကိုထောက်၊ ယာလက်ကရင်ကို ပိုက်ဟန်ထုလုပ်ရသည်။ ငါးစီးရှင်ကျော်စွာ ငါးစီးရှင်နတ်သည် ပင်းယသီဟသူမင်း၏သားတော်ဖြစ်သည်။ မင်းဖြစ်၍ ကိုးနှစ်အရှိတွင် ရုတ်တရက်ဖျား၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ ဤငါးစီးရှင်နတ်ကားယခင် ပုဂံခေတ် ငါးစီးရှင်နတ်၏နေရာတွင် အစားထိုးသောနတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်ဖြူရုပ်ကိုယ်တစ်ခုလျှင် ဦးခေါင်းငါးလုံး၊ တစ်လုံးမှာပေါက်ဆင်မျိုး၊ တစ်လုံးမှာဟိုင်းဆင်မျိုး၊ တစ်လုံးမှာဟံဆင်မျိုး၊ တစ်လုံးမှာ တံဆင်မျိုး၊ တစ်လုံးမှာ တည်ဆင်မျိုးထုလုပ်၍ ဆင်ကျောက်ကုန်းပေါ်မှာ ကြာပွင့်၊ ကြာပေါ်တွင်မှန်စီရွှေ ချကတင်သည်။ ယင်းအပေါ်တွင် ဗောင်းသရဖူဆင်၍ နတ်ရုပ်တင်ထားသည်။ ကြာပွင့် အနားထီးဖြူ လေးစင်းစိုက်ထားသည်။ ဆင်ဖြူအနားတွင်ရွှေဖြူတာလေးလုံးတည်ထားသည်။ မင်းတရားနတ် မင်းတရားနတ်သည် မင်းကြီးစွာစော်ကဲ၏ သားတော်အကြီး၊ အင်းဝပထမမင်းခေါင်၏ နောင်တော်ဆင်ဖြူရှင်တရဖျားမင်း (ရ၆၂-ရ၆၃)ဖြစ်သည်။ မင်းဖြစ်၍ ငါးလမျှကြာသော အခါတောကစားရာတွင် ဇော်ဂျီနှင့်တွေ့၍ ဇော်ဂျီ၏တန်ခိုးဖြင့် နတ်သမီးနှင့် ပေါင်းဖော်ပြီးသည့်နောက်၌ စိတ်ဖောက်ပြန်နေသောဟူ၏။ ထိုစဉ်အထိန်းတော် ငနောက်ဆံလုပ်ကြံ၍ နန်းစံခုနစ်လမျှနှင့် နတ်ရွာစံရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ တင်ပျဉ်ခွေ၊ မင်းတန်ဆာအစုံ၊ ယာလက်ယပ်ကိုင်၊ ဝဲလက်ဒူးအုပ်ထားသည်။ မောင်ပိုးတူနတ် မောင်ပိုးတူသည် ပင်းယမြို့သား လက်ဖက်ကုန်သည်ဖြစ်သည်။ အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃)လက်ထက်၊ ဝန်တင်နှင့်မိုးမိတ်၊ သီပေါတို့သို့ အရောင်းအဝယ်တက်၍ အပြန်တွင်လက်ဖက် ချလာရာ လမ်းတွင်ကျားခဲ၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာကျားရုပ်ပေါ်တွင် စီး၍ယာလက်က ကြိမ်ကိုင်၊ ဝဲလက်ကပေါင်ကိုထောက်၊ သျှောင်ထုံးနှင့် ထုလုပ်ရသည်။ ကုန်သည်တို့၏ အစောင့်နတ်ဖြစ်သည်။ အနောက်မိဖုရားနတ် အနောက်မိဖုရားနတ်သည် အင်းဝပထမမင်းခေါင်၏ အနောက်ဆောင်မိဖုရားဖြစ်သည်။ အင်းဝမြို့အနောက် ဝါခင်းသို့ ကိုယ်လုပ် မောင်းမတို့နှင့် အပျော်အပါးသွားရာတွင် မင်းကျော်စွာနတ် မြင်းစီးလာသည်ကို တွေ့ရသဖြင့် မေ့မျောသွားပြီးလျှင် ကံကုန်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ကြာခုံ၊ ကျုံ့ကျုံ့ထိုင်၊ ဆံထုံး၊ ဆံမြိတ်ကွင်း၊ ဆံထိုး၊ ဆံကျင်နှင့် သားငယ်ပိုက်ပွေ့နို့တိုက်နေဟန် ထုရသည်။ အောင်ပင်လယ် ဆင်ဖြူရှင်နတ် အောင်ပင်လယ် ဆင်ဖြူရှင်နတ်သည် အင်းဝပထမမင်းခေါင်၏ သားတော်သီဟသူမင်း (၇၈၃-၇၈၇) ဖြစ်သည်။ ကုန်းဘောင်စော်ဘွား တိုက်လာရာတွင် အောင်ပင်လယ်၌မြားသင့်၍ ဆင်ဦးတွင်အနိစ္စ ရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဆင်ဖြူရုပ်ပေါ်တွင် ပလ္လင်တင်၍ပလ္လင်ပေါ် တွင်တင်ပျဉ်ခွေ၊ လက်ယာယပ်ကိုင်၊ လက်ဝဲဒူးတင်၊ ဗောင်းနားတောင်းသရဖူအစုံ၊ ဆင်ရှေ့ဦးစီးက ချွန်းကိုင်၍ဝပ်တွားနေဟန်၊ နောက်ပဲ့စီးက ဓားထမ်းလျက်နေဟန်ထုလုပ်ရသည်။ ရှင်ကုန်းနတ် ရှင်ကုန်းနတ်သည် အောင်ပင်လယ် ဆင်ဖြူရှင်နတ်ဖြစ်သော အင်းဝသီဟသူမင်း၏ ကိုယ်လုပ်တော်ဖြစ်၏။ အောင်ပင်လယ်မှအပြန် အင်းဝရောက်လျှင် သေဆုံးရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာကြာခုံ၊ ဆံထုံးလုလင်ကြည့်၊ ဆံထိုးဆံကျင်အစုံနှင့် လက်နှစ်ဖက်ကိုတွဲလွဲချကာ ကုန်း၍သွား ဟန်ထုလုပ်ရသည်။ ရွှေနော်ရထာနတ် ရွှေနော်ရထာနတ်သည် အင်းဝဒုတိယမင်းခေါင်၏ မြေးဖြစ်သည်။ ဘထွေးတော်ရွှေနန်းကျော့ရှင် (၈၆၃-၈၈၈)လက်ထက် ရွှေနော်ရထာ၏ကျွန် ငသောကြာပုန်စားလေသောကြောင့် ရွှေနော်ရထာကိုရေမှာ ဖျောက်ဖျက်လိုက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ ယာဒူး ထောက်၊ ဝဲဒူးလှဲ၊ ယာလက်ကဗလီတံကိုင်၊ ဝဲလက်က ဗလီလုံးကိုင်ဟန် ထုလုပ်ရသည်။ မင်းရဲအောင်တင်နတ် မင်းရဲအောင်တင်နတ်သည် အင်းဝ အနောက်ဘက်လွန်မင်း၏ သားတော်သာလွန်မင်း (၆၉ဝ -၁ဝ၁ဝ)၏ သားမက်တော်ဖြစ်သည်။ ဘိန်းဘင်းအရက်ကြူး၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ အောက်ခုံကြာခံ၊ တင်ပျဉ်ခွေ၊ သျှောင်နှင့်စောင်းပိုက်နေဟန် ထုလုပ်ရသည်။ မောင်မင်းဖြူနတ် မောင်မင်းဖြူနတ်သည် အင်းဝမင်းတစ်ပါး၏ သားတော်ဖြစ်သည်။ ဘိန်းဘင်းအရက်ကြူး၍သေရာမှ နတ်ဖြစ်သည်ဆိုသည်။ နတ်ရုပ်မှာကြာခုံ၊ တင်ပျဉ်ခွေ၊ ဗောင်းထုပ်ပေါင်း၍ ငြင်းမှုတ်နေဟန်ထုလုပ်ရသည်။ ရှင်တော်နတ် ရှင်တော်နတ်သည်လည်း အင်းဝမင်းတစ်ပါး၏ သားတော်ဖြစ်သည်။ ရှင်သာမဏေဘဝတွင် မြွေခဲ၍ သေရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာအောက်ခံလေးထောင့်၊ မတ်ရပ်၊ ဦးထုပ်ဆောင်း၊ သင်္ကန်းလေးဖက်တင်၊ ဝဲလက်ပုတီးကိုင်ဟန် ထုလုပ်ရသည်။ တပင်ရွှေထီးနတ် တပင်ရွှေထီးနတ်သည် တောင်ငူဘုရင်မင်းတရားရွှေထီး(၈၉၂-၉၁၂)ဖြစ်သည်။ စစ်တောင်းစား သမိန်စောထွတ်၏ ညီအလတ် လက်ဝဲဓားမှူးက ဓားဖြင့်လုပ်ကြံ၍ ခေါင်းပြတ်အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာလေးထောင့်ခုံပလ္လင်၊ တင်ပျဉ်ခွေ၊ ဗောင်းသရဖူ၊ လက်ယာလက်ကဓား၊ လက်ဝဲလက်ကဒူးအုပ်ဟန် ထုလုပ်ရသည်။ မြောက်ဘက်ရှင်မနတ် မြောက်ဘက်ရှင်မနတ်သည် တောင်ငူတပင်ရွှေထီး အထိမ်းတော်မင်းရဲသိင်္ခသူ၏နောက်ဇနီး၊ မြောက်ဘက်က တူးရွာသူဖြစ်၏။ မီးဖွားရန်မိဘရပ်ရွာသို့အပြန်တွင် စစ်ကိုင်းမြို့အနောက်တွင် သားဖွားသောကြောင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ သားမှာအသက်ရှင်သည်။ နတ်ရုပ် မှာ ကြာခုံ၊ ကျုံ့ကျုံ့ထိုင်၊ လက်ယာကရင်ကို ပိုက်ပွေ့ဟန်၊ လက်ဝဲကဒူးစွန်းကိုထောက်၊ ဆံထိုး၊ မြိတ် ကွင်းဆံထုံးနှင့် ထုလုပ်ရသည်။ တောင်ငူရှင်မင်းခေါင်နတ် တောင်ငူရှင်မင်းခေါင်နတ်သည် မြောက်ဘက်ရှင်မနှင့် မင်းရဲသိင်္ခသူတို့၏သားဖြစ်သည်။ ဗတာင်ငူတွင် မင်းခေါင်အမည်နှင့်မင်းပြုသည်။ ( ၉၁၄-၉၄၆) သွေးဝမ်းဆင်းသဖြင့်ကုသရန်နန်းတော်မှ အထွက်ကြက်သွန်ခင်းတစ်ခုကို အဖြတ်တွင် ကြက်သွန်နံ့ရသဖြင့်ရုတ်တရက် ကံကုန်တော် မူရာမှနတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ တင်ပျဉ်ခွေဗောင်းနားတောင်းအစုံ၊ လက်ယာ ယပ်ကိုင်၊ လက်ဝဲဒူးအုပ်ဟန်ထုလုပ်ရသည်။ သံတော်ခံနတ် သံတော်ခံနတ်သည် တောင်ငူဘုရင်မင်းခေါင်၏ သံတော်ခံရဲဖျားဆိုသူဖြစ်သည်။ မြေတူး မြို့အနီးတောအရပ်သို့ ဘုရင်က ပန်းဆွတ်ပန်းခူးရန် စေလွှတ်ရာတွင် ငှက်သင့်၍သေရာမှနတ်ဖြစ် သည်ဟူ၏။ တစ်နည်းကားဘုရင်က ညဉ့်အခါ နန်းတော်အတွင်း မြတ်လေးပန်းခြုံမှ ပန်းဆွတ်စေသည်တွင် မြွေခဲ၍ သေသည်ဟုဆိုသည်။ နတ်ရုပ်မှာကြာခုံတွင်ထိုင်လျက် လက်ယာကယပ်၊ လက်ဝဲကဒူးမှာ အုပ်၍ ခေါင်းမှာမြစ်ညွှန့်ဗောင်းနားတောင်းနှင့် ထုလုပ်ရသည်။ ယွန်းဘုရင်နတ် ယွန်းဘုရင်နတ်သည် ဇင်းမယ်ဘုရင်ဗြသံဖြစ်သည်။ ၉၂၁ ခုနှစ်တွင်ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်သည် ဇင်းမယ်ကို လုပ်ကြံရာမှ ဖမ်းယူခဲ့၍ ခြီးမြှောက်ထားရာ သွေးဝမ်းရောဂါ ကပ်ရောက်၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ပလ္လင်ခံ၊ လက်ယာဒူးထောင်၊ လက် ဝဲဒူးလှဲ၊ ယာလက်က ကြံဆစ်သိုင်းတုတ်ကိုထမ်း၊ ဝဲလက်ကလက်ဝဲပေါင်ကိုထောက်၊ ခေါင်းမှာမြစ်ညွှန့် ဗောင်းနားတောင်းနှင့်ထုလုပ်ရသည်။ နတ်စာရင်းဝင် လူအတန်းအစားများ အဆိုပါ အပြင် ၃၇ မင်း နတ်စာရင်းတွင် ဘုရင် (သို့) မင်းများ - ၉ ပါး (ယွန်းဘုရင် အပါအဝင်) မိဖုရား - ၄ ပါး မင်းသား၊ မင်းနွယ် - ၈ ပါး (သထုံမနူဟာ မင်းနွယ်အပါအဝင်) အမတ်နှင့် မင်းအမှုထမ်း - ၁၁ ဦး ကုန်သည်နှင့် ဆင်းရဲသား - ၄ ယောက် ဟူ၍ စုစုပေါင်း ၃၆ ဦးပါဝင်ကာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၉ ဦး ပါဝင်သည်။ ၎င်းတို့၏ ကွယ်လွန်အနိစ္စရောက်ခဲ့ပုံကို မူတည်၍ ခွဲခြားကြည့်မည် ဆိုပါက ကျားကိုက်၊ မြွေခဲ၊ မီးတိုက်၊ ကွပ်မျက်၊ စိတ္တဇစသော အသေဆိုးဖြင့် သေဆုံးခဲ့ရသူ ၂၂ ဦး၊ အဖျားရောဂါဖြင့် သေဆုံးခဲ့သူ ၁၁ ဦး၊ ဘိန်းဘင်းအရက်ဖြင့် သေဆုံးခဲ့သူ ၂ ဦးနှင့် နူနာဖြင့် သေဆုံးခဲ့သူ ၁ ဦးဟူ၍ ရရှိသည်။ ကွယ်လွန်ခဲ့ချိန်တွင် ရဟန်းဝတ်ဖြင့် ရှိခဲ့သူ ၃ ဦးပါဝင်ပြီး သာမန်လူဝတ်ကြောင် ၃၃ ဦး ပါဝင်သည်။ ဤစာရင်းအရ ၃၇ မင်းနတ်များသည် မြန်မာနိုင်ငံအထက်ပိုင်း ပုဂံ၊ပင်းယ၊ အင်းဝနှင့် တောင်ငူခေတ်ကနတ်များသာ ဖြစ်ကြောင်း တွေ့ရသည်။ ရခိုင်ပြည်နှင့်မွန်ပြည်တို့ဘက်မှ နတ်များ လုံးလုံးမပါချေ။ ညောင်ချင်းအိုနတ်မှာ သထုံပြည်မနူဟာ အနွယ်မင်းတစ်ပါး ဖြစ်သော်လည်း ပုဂံတွင်အနိစ္စရောက်ရာမှ နတ်ဖြစ်သဖြင့် ပုဂံခေတ်နတ်ဖြစ်သည်။ ဇင်းမယ်ဘုရင်မှာလည်း မြန်မာပိုင်နက်တွင် အနိစ္စရောက်ရာမှ တောင်ငူခေတ်၌ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင် အထူးကျော်ကြား ယုံကြည်ကိုးကွယ်နေကြသော ရေငံပိုင် ဦးရှင်ကြီးနတ်သည် ၃၇ မင်းတွင်မပါချေ။ မပါသော်လည်း ဒေသအလိုက် ၃၇ မင်းနတ်တို့ထက်ပင် အရေးပေး ကိုးကွယ်ကြသည်။ ကိုးမြို့ရှင်နတ်၊ မြင်းဖြူရှင်နတ် စသည်တို့သည် ၃၇ မင်းနတ်စာရင်းတွင်မပါသော်လည်း ဒေသအလိုက် ကိုးကွယ်ကြသောနတ်များ ဖြစ်ကြသည်။ ကျောက်ဆည်နယ်တွင် ကိုးမြို့ရှင်ကို ကိုးကွယ်ပသကြ၏။ စင်စစ် ၃၇မင်း နတ်စာရင်းတွင်မပါသော နတ်အများအပြားပင် ရှိနေပေသေးသည်။ နတ်ချင်း ဤသုံးဆယ့်ခုနစ်မင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နတ်သံများလည်းရှိ၍ ၃၇ ချင်းဟူ၍လည်း ရှိသေးသည်။ နတ်သံပုံစံအဖြစ်အောက်တွင် မင်းကျော်စွာနတ်သံကို ဖော်ပြထားသည်။ ပုဆိုးငယ်ပန်းပေါင်းလေ၊ ရွှေညာဖျားနှင့်ပုပ္ပါးသူ၊ ငယ်ဖြူပြာလဲ့၊ ဘို့မယ်တဲ့မောင်၊ သောက်ခေါင်ငယ်မှမူးမော်၊ ကြက်နှင့်မီးကို၊ မငြီးပျော်သည်၊ မောင်ကျော်လူအား၊ ခေါင်းပေါင်းကြယ်နီ၊ ပန်းဘိုနီနှင့်၊ ကူနီနန်းက၊ ရွှေခန်းသာတဲ့၊ လေးပါးညီနောင်၊ သောက်လို့လာလျှင်၊ တွေ့ရာလဲသည်၊ လုပဲစီ၊ သင်္ဂီငယ်မှလျှံလန်း၊ ရွှေဂံဆန်းသည်၊ နန်းကြော့သခင်၊ အလောင်းစည်သူဇမ္ဗူမှန်ကင်း၊ စက်တော်ရင်းမှာ၊ မင်းကျော်စွာတဲ့၊ မတ်ညာတင်ကို၊ တိုင်းခွင်နယ်မှကျော်ကြား၊ ပျိုများပန်းညို၊ ကြည့်တိုင်းငယ်စိုသည်၊ လူပျိုမှိုင်းငယ်၊ သောက်တိုင်းထွာချည်၊ ပျိုများချစ်ဖွယ်၊ အရက်အိုးနှင့် ကြက်ဖိုးပါလျှင်၊ ပျော်ရာအိပ်လို့၊ စိတ်ကြိုက်ကယ်လည်သည်၊ ဘို့မယ်အိမ်ကဆဲသည်နှင့်။ မောင်ကျော်ဖောက်သည်၊ ပိတောက်ကြည်နှင့်၊ ဝါးကျည်တသီး၊ ခွေးမတိုးသည်၊ မိုးပါးနီးချည့်၊ မီးနှင့်ပျော်သည်၊ မောင်ကျော်အတင့်ရဲသည်နှင့်၊ ခပ်မှိုင်းမှိုင်းနှင့်၊ တွေ့တိုင်းမရှောင်၊ ဘို့မယ်မောင်မှာ၊ မျက်တောင်ရှက်လို့မှေးသည်နှင့်။ ခုန်တိုင်းငယ်ရှလို့၊ ဘုတ်လှစွန်ချီ၊ မောင်ကျော်ဆက်သည့်၊ ကြက်ဖနီငယ်၊ နာရီအောင်ချက်ကရွေးသည်နှင့်။ ကြက်လောင်းစရာ၊ ဘို့မယ်သိလျှင်၊ မိလျှင်ခက်မည်၊ ကြောက်၍ ဖွက်ရရှာသည်။ ခါးမှငွေထုတ်ကလေးသည်နှင့်၊ ကြက်တိုက်ငယ်ညောင်ပင်က ဝေးသည်နှင့်၊ ဘို့မယ်အိမ်မှာ၊ စိန်ပင်ပေါက်ကယ်တဲ့၊ သောက်ချည့်ခင်မ၊ လဲလျက်ကယ်မြင်လျှင်၊ ထူချင်ထူကြ၊ မထူနေပ၊ မြေမှထချည့်၊ ပျိုများသက်ဖျော်၊ ကူနီနန်းက၊ ရွှေနန်းပျော်ကို၊ တော်တော်မမှတ်ကြပါနှင့်၊ မောင်ကျော်လက်ရာ၊ ရွှေရင်အေးလို့၊ ထွေးထွေးနာလျှင်။ လေနာထွေး လို့မှားကြမယ်၊ ဗျာဆံကျနှင့်နှမအပျို၊ လေဆေးသောက်လို့မပျောက်လို၊ အနာပိုလို့ပွားကြမယ်၊ ရွှေရင်ဆာသည်၊ လေနာမျိုးကို၊ သောက်ကိုးတင်လျှင်စင်စင်ငြိမ်းအောင်၊ သိမ်းခဲ့မယ်လေး၊ ပျိုကာလနှမထွေးတို့။ ၃၇ ချင်းမှာ ၃၇ မင်းနတ်တို့ကိုပသသောနတ်ကပွဲတွင် ဆိုင်းများက တီးမှုတ်ကြသော ရှေးအရိုးအစဉ်ကို နောက်ဆရာများက မှတ်သားထားပြီးလျှင်ယင်းတို့ကို ၃၇ ချင်းဟုခေါ်သည်။ ယင်းသည့်၃၇ ချင်းတွင်- ''သိကြားနတ်၏တွင်ချင်းမှာ ဘုန်းတန်းတေဇာ၊ ဖြာဖြာအရောင်လင်းပါလို့၊ မင်းမင်းထိပ်ခေါင်ဘွေ။ (ပထမခံပြီးလျှင်- နောက်) ။ ကြိုင်သင်းနတ်မဉ္စူလေတည့်၊ကြူကြူလှိုင်၊မြမြိုင်သာ ပျံ့မွှေးငယ်မှာ- ထွေပင်ထွေဆန်းလှတောင်း။ ။ ကြိုင်ဧဧ-နတ်မဉ္စူငယ်လေ၊ ဇမ္ဗူပြန့်မြေချာ၊ ပြန့်လှိုင်ထုံလှ မွှေးတယ်လေး။ သပြေမြဒီပါ၊ မြတ်ခွင်မြတ်ညာ။ ။ ရာမင်းရှိပန်ခါ၊ တေဇာပြင်းပြင်းလေ။ မြတ်စွာ ရွှေဘုန်းနန်းနှင့်နှင့်လေး၊ ဖန်နန်းဆောင်၊ ဝေမှောင်လွင့်လွတ်ရှားလို့သိကြားနတ်ဘုံလို။ ။ ယင်းကိုခံပြီးမှနတ်သံပစ်သည်။ နတ်သံချ၍ပသသောအခါတီးချင်း။ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းကြီးကြောင်း၊ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းအနီး' တေဇာကျေညာကျော်သဲ၊ မို့မို့ဝေဆာ၊ အာကာဘုံထဲ။ ။ (အဖန်ဖန်တီးပြီးနောက်) ဖြိုးဖြိုးမြင့်ဝေမြိုင်၊ ယိမ်းယိမ်းပြောင်းပြောင်း၊ ရွှေပြည်လုံးငြိမ်းကြောင်း၊ ရုံးပေါင်းပွဲတော် သာကို၊ လာချည့်လေ၊ ရွှင်မြူးကျူးကြော်ခါ၊ သာပင်သာစွလေ၊ ရွှေဝန်းရံကာ၊ ထွန်းလျှံဖြာ၊ ရွှေ ကျွန်းမြန်ချာ၊ ပြင်ဖြာစည်လှလေး။ ။ (တစ်နည်းနတ်သံချလျှင်-တီးရမည်မှာ) တုဿီသာ-တုဿီသာ၊ တုဿီသာသာမော၊ နတ်ပင်နတ်တို့တော၊ သာမောတုဿီတာငယ်လေ၊ သာစွလေ။ သာမောတုဿီသာငယ်လေသာစွလေ-'ဟူ၍ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ဆက်စပ်ကြည့်ရှုရန် အတွင်း ၃၇ မင်း နတ်စာရင်း ကိုးကား Category:နတ် Category:မြန်မာ့ ဓလေ့ထုံးစံ
အတွင်း ၃၇ မင်း
အတွင်းမင်းနတ်များမှာ ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ ပါရှိသော ၃၇-မင်းနတ်များ ဖြစ်သည်။ ဣန္ဒနတ် သောမနတ် ဝရုဏနတ် ဘာရဒွါဇနတ် ပဇာပတိနတ် စန္ဒနတ် ကာမသေဋ္ဌနတ် ကိန္နုဃဏ္ဍုနတ် နိဃဏ္ဍုနတ် ပနာဒယက္ခသေနာပတိနတ် ဩပမညယက္ခသေနာပတိနတ် ဒေဝသုတယက္ခသေနာပတိနတ် စိတ္တသေနယက္ခသေနာပတိနတ် နဠောရာဇယက္ခသေနာပတိနတ် ဇနေသဘယက္ခသေနာပတိနတ် သာတာဂိရိယက္ခသေနာပတိနတ် ဟေမဝတယက္ခသေနာပတိနတ် ပုဏ္ဏယက္ခသေနာပတိနတ် ကရတိယယက္ခသေနာပတိနတ် သီဝကယက္ခသေနာပတိနတ် ပုစလိန္ဒယက္ခသေနာပတိနတ် ဝေသာမိတ္တယက္ခသေနာပတိနတ် ယုဂန္ဓရယက္ခသေနာပတိနတ် ဂေါပါလယက္ခသေနာပတိနတ် သုပ္ပရောဓယက္ခသေနာပတိနတ် ဟိရိယက္ခသေနာပတိနတ် နေတ္တိယက္ခသေနာပတိနတ် မန္ဒိယယက္ခသေနာပတိနတ် ပဉ္စလစဏ္ဍယက္ခသေနာပတိနတ် အာဠာဝကယက္ခသေနာပတိနတ် ပဇ္ဇုန္နယက္ခသေနာပတိနတ် သုမနယက္ခသေနာပတိနတ် သုမုဒယက္ခသေနာပတိနတ် ဒဝိမုခယက္ခသေနာပတိနတ် မဏိယက္ခသေနာပတိနတ် မာဏိဓရယက္ခသေနာပတိနတ် သေရိသကယက္ခသေနာပတိနတ်။ အပြင် ၃၇ မင်း လည်းကြည့်။ Category:နတ် Category:မြန်မာ့ ဓလေ့ထုံးစံ
အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် သည် ဒီဃနိကာယ်၏ (၃၂) ခုမြောက်သုတ်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်၌ ဟောကြားခဲ့သည်။ ဤသုတ်သည် ဘုရားမြတ်စွာကို မကြည်ညိုမမြတ်နိုးသော နတ်များ၊ ဂန္ဓဗ္ဗများ၊ ယက္ခများသည် ဘုရားမြတ်စွာ၏ ဥပါသကာနှင့် ဥပါသိကာတို့အား အနှောင့်အယှက်ပေးခဲ့သော် မည်သို့မည်ပုံ ချွတ်လွှဲရမည့်အကြောင်း ညွှန်ပြသောသုတ်ဖြစ်သည်။ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။ မြတ်စွာဘုရားလက်ထက်တော်အခါက သာသနာတော်ကို မသက်ဝင် မယုံကြည်ကြသော၊ သီလစောင့်သူများ၏ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများက သာသနာ့အနွယ်ဝင် ပရိသတ်လေးပါးဖြစ်သော ရဟန်း၊ ရဟန်းအမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမတို့ကို ဖမ်းဆီးနှောင့်ယှက်ကြလေသည်။ ထို မိစ္ဆာဘီလူးများ ယဉ်ကျေးလာပြီး သာသနာတော်တွင် သက်ဝင်ယုံကြည်လာစေရန် အာဋာနာဋိယသုတ် ရွတ်ဆိုစေသည်။ နောက်ခံ အာဋာနာဋိယသုတ်ဖြစ်ပေါ်လာပုံမှာ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် အာဋာနာဋ ဟုခေါ်ဆိုသော နတ်မြို့တော်၌ စုရုံးစည်းဝေးကြကာ ဝိပဿီဘုရားမှစ၍ ဂေါတမဘုရားအထိ ခုနှစ်ဆူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ ဂုဏ်တော်ကို အာရုံပြု၍ ရှိခိုးပြီး အာဋာနာဋိယသုတ်ကို ဖွဲ့ဆိုခဲ့ကြသည်။ ထို့နောက်မှ ဘုရားရှင်၏ ဓမ္မစက်၊ ၎င်းတို့၏ အာဏာစက်ကို မခံယူကြသော နတ်ဆိုးများကို ဤသို့ ဤသို့သော နတ်ပြစ်ဒဏ်များခတ်မည် ဆိုကြသည်။ ထိုသို့ဆိုကြပြီးနောက်မှသာ လူ့ပြည်ရှိ ဂေါတမ မြတ်စွာဘုရားရှင်ရှိရာသို့ များပြားသော နတ်စစ်သည်ဗိုလ်ပါများနှင့်အတူ သွားခဲ့ကြသည်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် လေးဘက်လေးတန်ရှိ မြို့တံခါးအတွင်း၊ အပြင်၊ အနီးတို့တွင် ၎င်းတို့၏တပ်များကို အစောင့်ချထားကြ၍ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူသော ဂေါတမဗုဒ္ဓရှိရာသို့ ရောက်လာကြသည်။ ဘုရားရှင်ကို နှုတ်ဆက်ပြီးနောက် အခြားသော ယက္ခများနှင့်အတူထိုင်ကြသည်။ ဝေဿဝဏ်နတ်မင်းခေါ် ကုဝေရနတ်မင်းက ဗုဒ္ဓဘုရားရှင်ကို ဤသို့ဆိုလေသည်။ ထို့နောက် ဗုဒ္ဓဘုရားရှင်က ထိုနတ်မင်းကြီးလေးပါး၏ ပြောဆိုမှု (တရားမန္တန်) ကို ရဟန်းတို့အား ပြန်လည်ဟောပြောပြသည်။ ဤသုတ်၏ နိဒါန်း၌ ဘုရားရှင် ခုနှစ်ဆူတို့၏ ဂုဏ်တော်များကို ရွတ်ဆိုပူဇော်ရှိခိုးမှုများပါဝင်၍ နတ်မင်းကြီးလေးပါး၏ ဂုဏ်အင်များကိုလည်း ဖော်ပြထားသည်။ ထို့အပြင် နတ်စစ်သည် (၄၁) ပါးတို့၏ အမည်များကိုလည်း ဖော်ပြထားသေး၏ ။ အာဋာနာဋိယသုတ် ပါဠိတော် ၁။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။ ၁။ အပ်ပသန်နေဟိ နာထတ်သ သာသနေ သာဓုသမ်မတေ အ-မနုတ်သေဟိ စန် ဒေ ဟိ သဒါ ကိတ်ဗိသ-ကာရိဘိ ၂။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။ ပရိသာနံ စတတ်သန်နံ အ-ဟိမ်သာယ စ ဂုတ်တိယာ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ ဟေ ၃။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿာပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။ ၃။ဝိပတ်သိတ်သ စ နမတ်ထု စက်ခုမန်တတ်သ သိရီမတော သိခိတ်သာပိ စ နမတ်ထု သတ်ဗ-ဘူတာနုကမ်ပိနော ၄။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။ ၄။ဝစ်သ ဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော နမတ်ထု က-ကုသန်ဓတ်သ မာရ-သေနာ-ပမတ်ဒိနော ၅။ ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။ ၅။ကောဏာဂမနတ်သ နမတ်ထု၊ ဗြန်မနတ်သ ဝုသီ-မတော ကတ်သပတ်သ စ နမတ်ထု ဝိပ်ပ မုတ်တတ်သ သတ်ဗ-ဓိ ၆။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။ ၆။ အင်ဂီရ-သတ်သ, နမတ်ထု သက်ကျ ပုတ်တတ်သ သိရီမ တော ယော အိမံ ဓမ်မံ-ဒေသေသိ သတ်ဗ-ဒုတ်ခါ-ပနူဒနံ ၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာ ထ၊ မဟန္တာ ဝီတသာရဒါ။ ၇။ယေ စာပိ-နိတ်ဗုတာ လောကေ ယထာဘူတံ ဝိပတ်သိသုံ တေ ဇနာ အ-ပိသုဏာထ မဟန်တာ ဝီတ-သာရဒါ ၈။ ဟိတံ ဒေဝနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။ ၈။ဟိတံ ဒေ၀မနုတ်သာနံ၊ ယံ နမတ်သန်တိ ဂေါတမံ ဝိတ်ဇာစရဏ သမ်ပန်နံ မဟန်တံ ဝီတ-သာရဒံ ၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။ ၉။အေတေ စင်​ညေစ သမ်ဗုတ်ဓါ အနေက သတ-ကောတိယော သတ်ဗေ ဗုတ်ဓာ သမ-သမာ၊ သတ်ဗေ ဗုတ်ဓာ မဟိတ်ဓိကာ ၁၀။ သဗ္ဗေ ဒသဗလူပေတာ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။ ၁၀။ သတ်ဗေ ဒသ-ဗလူပေတာ၊ ဝေသာရစ်ဇေဟု ပါဂတာ သတ်ဗေ တေ ပတိဇာနန်တိ အာသဘံ ထာန မုတ်တမံ ၁၁။ သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။ ဗြာဟ္မစက္ကံ ပဝ‌တ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။ ၁၁။ သီဟ-နာဒံ နဒန်တေ တေ ပရိသာသု ဝိသာရဒါ ဗြန်မ-စက်ကံ ပဝတ်တင်တိ လောကေ အပ်ပတိဝတ်တိယံ ၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။ ၁၂။ အုပေတာ ဗုတ်ဓ-ဓမ်မေဟိ၊ အတ်ထာရသဟိ နာယကာ ဗတ်တိမ်သ လက်ခဏူ​ပေတာ သီတာနုဗျင်ဇနာ ဓရာ ၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။ ၁၃။ ဗျာမတ်ပ-ဘာယ သုပ်ပ-ဘာ သတ်ဗေ တေ မုနိ-ကုန်ဇရာ ဗုတ်ဓာ သတ်ဗင်ညုနော အေတေ သတ်ဗေ ခီဏာသဝါ ဇိနာ ၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။ ၁၄။မဟာ ပ-ဘော မဟာတေဇာ မဟာပညာ မဟတ်ဗလာ မဟာကာရုဏိကာ ဓီရာ သတ်ဗေသာနံ သုခါဝဟာ ၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော ၁၅။ဒီပါ နာထာ ပတိတ်ထာ စ၊ တာဏာ လေဏာ စ ပါဏိနံ ဂတီ ဗန်ဓူ မဟစ်သာသာ၊ သရဏာ စ ဟိတေသိနော ၁၆။ သဒေဝကဿ လောကဿ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာ ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။ ၁၆။ သဒေဝကတ်သ လောကတ်သ သတ်ဗေ အေတေ ပရာယဏာ တေသာဟံ သိရ-သာ ပါဒေ ဝန်ဒါမိ ပုရိသုတ်တမေ ၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။ ၁၇။၀စ-သာ မန-သာ စေ၀ ဝန်ဒါမေ တေ တ-ထာဂတေ သယနေ အာသနေ ထာနေ ဂမနေ စာပိ သတ်ဗဒါ ၁၈။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။ ၁၈။သဒါ သုခေန ရတ်ခန်တု၊ ဗုတ်ဓာ သန်တိ ကရာ တုဝံ တေဟိ တွမ် ရက်ခိတော သန်တော မုတ်တော သတ်ဗ-ဘယေဟိ စ ၁၉။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပ ဝဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။ ၁၉။သတ်ဗ-ရောဂါ ဝိနီမုတ်တော သတ်ဗ-သန်တာပ-ဝစ်ဇိတော သတ်ဗ-ဝေရ မတိတ်ကန်တော နိတ်ဗုတော စ တုဝံ ဘဝ ၂၀။ တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၀။တေသံ သစ်စေန သီလေန၊ ခန်တိမစ်တာ ဗလေန စ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၁။ ပုရတ်ထိမတ်-သမိမ် ဒိသာဘာဂေ သန်တိ ဘူတာ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၂။ဒက်ခိနတ်-သမိမ် ဒိသာဘာဂေ သန်တိ ဒေဝါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂနေ သုခေန စ ၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၃။ ပစ်ဆိမတ်-သမိမ် ဒိသာဘာဂေ သန်တိ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၄။ အုတ်တရတ်-သမိမ် ဒိသာဘာဂေ သန်တိ ယက်ခါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။ ၂၅။ ပုရတ်ထိမေန ဓတရတ်ထော ဒက်ခိဏေန ဝိရုန်လှကော ပစ်ဆိမေန ဝိရူပက်​​ခေါ ကုဝေရော အုတ်တရံ ဒိသံ ၂၆။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၆။ စတ်တာရော တေ မဟာရာဇာ လောကပါလာ-ယသတ်သိနော တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၇။အာကာသတ်ထာ စ ဘူမတ်ထာ ဒေဝါ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၈။အိတ်ဓိမန်တော စ ယေ ဒေဝါ၊ ၀သန်တာ အိဓ သာသနေ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ ၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။ ၂၉။ သတ်ဗီတိယော ဝိဝစ်ဇန်တု၊ သောကော ရောဂေါ ဝိနတ်သတု မာ တေ ဘဝန်တွန်တရာယာ သုခိ ဒီဃာယုကော ဘဝ ၃၀။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ ၃၀။ အဘိဝါဒန-သီလိတ်သ နိတ်စံ ဝုတ်ဒါ ပစာယိနော စတ်တာရော ဓမ်မာ ဝတ်ဒန်တိ၊ အာယု ဝန်ဏောသုခံ ဗလံ အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။ အာတာနာတိယ-သုတ်တံနတ်ထိတံ အာဋာနာဋိယသုတ် မြန်မာပြန် ၁. သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။ ၂. ထိုဘီလူး လူကြမ်းတို့က ပရိသတ်ကို မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနာဋိယ ပရိတ်တော်အရံအတားကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။ ၃. စက္ခု ငါးပါးနှင့်ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ဦးညွှတ်ရှိခိုးခြင်းဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှုဖြစ်ပါစေ။ ၄. မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်းကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။ ၅. မကောင်းမှု ဟူသမျှပယ်အပ်ပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသောကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။ ၆. လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ ၇. လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျသိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။ ၈. ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကိုဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။ ၉. ဝိပဿီ၊ သိခီ၊ ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမကများလှစွာသော ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါရဟန္တာများနှင့် တူတော်မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမားကြကုန်၏။ ၁ဝ. ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူ၏။ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။ မြတ်သောယောက်ျား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။ ၁၁. ဘုရားရှင်တို့သည် မည်သည့် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။ မည်သူ တဦးတယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော် ကိုလည်း လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။) ၁၂. ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ကျေးဇူးတရား (၁၈) ပါးနှင့်ပြည့်စုံကြကုန်၏။ (၃၂) ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ ၁၃. ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။ ၁၄. ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သော ခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။ ၁၅. မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း ဖြစ်၏။ ကိုးကွယ်ရာလည်းဖြစ်၏။ တည်ရာလည်းဖြစ်၏။ စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်းဖြစ်၏။ လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်းဖြစ်၏။ ၁၆. ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောက်ျားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။ ၁၇. အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊ မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏။ ၁၈. ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကိုခံယူရသော သင်သည် ငြိမ်သက်ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။ ၁၉. သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေသူ ဖြစ်ပါစေသတည်း။ ၂ဝ. ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၁. အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၂. တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၃. အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏။ ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၄. မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသောဘီလူးတို့သည် ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၅. အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသောဝိရူဠကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။ ၂၆. ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။ အခြွေအရံလည်းများကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၇. ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများသည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီးနတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၈. တန်ခိုးကြီးသောနတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏။ ထိုသာသနာတော်၌နေထိုင်ကြကုန်သောနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၉. ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။ ၃ဝ. ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။ ကိုးကား Category:ပါထိကဝဂ်Category:ဒီဃနိကာယ် __INDEX__
ပါရဂူဘွဲ့
Ph.D ဆိုသည်မှာ Doctor of Philosophy ကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး မြန်မာလို ပါရဂူဘွဲ့ဟုလည်း ခေါ်ကြသည်။ Ph.D ၏ မူလ လက်တင်စကားလုံးမှာ Philosophiae Doctor ဖြစ်ပြီး ပညာတစ်ရပ်တွင် ဆရာတစ်ဆူ ပါရဂူမြောက်တတ်ကျွမ်းသူ ဟု ဆိုလိုသည်။ Ph.D ဘွဲ့သည် တက္ကသိုလ်များက ချီးမြှင့်သော ပညာရပ်ဆိုင်ရာ အဆင့်မြင့်ဘွဲ့ဖြစ်သည်။ (D.Phil. မှာမူ Doctor Philosophae ဖြစ်သည်။) အင်္ဂလိပ်စကားပြောနိုင်ငံအချို့တွင် Ph.D သည် အမြင့်ဆုံးရယူနိုင်သော ဘွဲ့ဖြစ်သည်။ Ph.D ဘွဲ့သည် တက္ကသိုလ်ဆရာ သို့မဟုတ် သုတေသီ အဖြစ် ရပ်တည်ရန် လိုအပ်သော ဘွဲ့တစ်ခုဖြစ်သည်။ အစိုးရလုပ်ငန်းခွင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြသည်လည်း ရှိသည်။ Ph.D ဘွဲ့တစ်ခုရရန် လိုအပ်ချက်မှာ ကမ္ဘာပေါ်တွင် နေရာဒေသအလိုက် အမျိုးမျိုးရှိသော်လည်း ဘုံအားဖြင့် တူညီသည့်အချက်များလည်း ရှိသည်။ ဥပမာ Ph.D ဘွဲ့ယူမည့်သူသည် သေချာစွာလေ့လာအားထုတ်၍ ရေးသားထားသော ကျမ်း၊ ဘွဲ့ယူစာတမ်း တင်သွင်းရမည်။ ပရိသတ်၌ တင်ပြခံနိုင်သော ကျမ်းကောင်းတစ်ဆူ ဖြစ်ရမည်။ မိမိရေးသောကျမ်းအတွက် စာမေးပွဲသဖွယ်စစ်မေးသော ပါမောက္ခ၊ ပညာရှင်များရှေ့မှောက်၌ ဖြေကြားရှင်းလင်းရမည်။ ယင်းကို အင်္ဂလိပ်လို Defend ဟု ခေါ်သည်။ Ph.D ဘွဲ့တစ်ခုရရန် ဘွဲ့ယူကျမ်း မတင်မီအထိ သာမန်ကာလအားဖြင့် ၂ နှစ်၊ ၃ နှစ် ကြာသည်။ ပညာရပ်၌ အတွေ့အကြုံရှိပြီးသူတို့အတွက်မူ ချွင်းချက်ရှိသည်။ ဥပမာ စာတွေ့လုပ်ငန်း (Course Work) များ ယူရန်မလိုခြင်း စသည်တို့ဖြစ်သည်။ အမေရိကန် ကနေဒါ၊ ဒိန်းမတ်တို့သို့သော နိုင်ငံများတွင် Ph.D ကျောင်းသားသည် စာတွေ့လုပ်ငန်းများယူရန်လိုသော်လည်း ယူကေရှိ အချို့တက္ကသိုလ်များတွင် ရိုးရိုးဘွဲ့အခြေခံကောင်းပါက စာတွေ့ယူရန်မလိုသည်လည်း ရှိသည်။ တစ်ကျောင်းတစ်ဂါထာဆိုသကဲ့သို့ တက္ကသိုလ်တစ်ခုတည်းရှိ ဌာနအသီးသီးပင်လျှင် Ph.D အတွက် သတ်မှတ်ချက်များ မတူကြပေ။ သမိုင်းကြောင်း Ph.D ဘွဲ့၏ သမိုင်းကို ပြန်ကောက်ရလျှင် ၉ ရာစု မြေထဲပင်လယ်ခေတ် မဒရာဆက်စ်၌ ရှိခဲ့ဖူးသော ijazat attadris wa 'l-ifttd ("license to teach and issue legal opinions") တွင်တွေ့ရပေသည်။ အစ္စလမ်ဥပဒေအရ အကန့်အသတ်ရှိသော်ငြားလည်း Ph.D နှင့် ဆင်ဆင်တူပေသည်။ ပါရဂူဘွဲ့အဖြစ် အလယ်ခေတ်တွင် ဥရောပ ရှိတက္ကသိုလ်များက တိုးချဲ့လာခဲ့သည်။ အများအားဖြင့် သီအိုလိုဂျီ၊ ဆေးပညာနှင့် ဥပဒေပညာများတွင်ဖြစ်သည်။ Ph.D ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် နာမည်ကျော်ပညာရှင်များအား ပေးအပ်လေ့ရှိခဲ့သည်။ ဝယ်လင်တန်၊ ဘတ်သ်မိတ်ကာ၊ ဟန့်ဂ်၊ မက်ကောလပ်နှင့် ဆိက်စ် (၂၀ဝ၅) တို့၏ အဆိုအရ ပထမဆုံးသော Ph.D ဘွဲ့ကို ၁၁၅၀ တွင် ပါရီမြို့ ၌ စပေးသည်ဟု ဆိုသည်။ သို့သော် ၁၉ ရာစုအစောပိုင်းအထိ Ph.D ဟု မသုံးသေးပေ။ နောက်ပိုင်းတွင် ဂျာမနီရှိ တက္ကသိုလ်များက အဆင့်အမြင့်ဆုံးဘွဲ့အဖြစ် Ph.D ဟု ယနေ့နားလည်သော အဓိပ္ပာယ်ဖြင့် စတင်သုံးစွဲခဲ့ကြရာမှ တွင်ကျယ်လာသည်။ ၁၉ ရာစုတွင် ဘာလင်ရှိ ဖရက်ဒရစ် ဝယ်လ်ဟိမ်းတက္ကသိုလ်က စတင်၍ Ph.D ကို တီထွင်၍ ပေးသည်။ ၁၉ ရာစုမတိုင်ခင်တွင် အဆင့်မြင့်ဒီဂရီများကို သီအိုလိုဂျီဆိုလျှင် (Th.D)၊ ဥပဒေဆိုလျှင် (J.D)၊ ဆေးပညာဆိုလျှင် (M.D) ဟု ပေးကြကြောင်း ဝယ်လင်တန်နှင့် သုတေသီတစ်စုတို့က ရှင်းပြထားသည်။ ၁၈၆၁ တွင် ယေးလ်တက္ကသိုလ်က ဂျာမန်စနစ်အတိုင်း လိုက်လုပ်ခဲ့ပြီး သိပ္ပံနှင့် ဝိဇ္ဖာဘွဲ့များတွင် သုတေသနလုပ်၍ ကျမ်းတင်ပြီး အောင်မြင်သော ကျောင်းသားများကို Ph.D ဘွဲ့ ပေးအပ်ခဲ့သည်။ Ph.D ဘွဲ့သည် ၁၉၀ဝ တွင် အမေရိကန်ပြည်ထောင်စု မှ ကနေဒါနိုင်ငံ အထိ ပြန့်နှံ့သွားပြီး ၁၉၁၇ တွင် ယူကေကလည်း လက်ခံကျင့်သုံးသည်။ စိန့်အင်ဒရူးတက္ကသိုလ်က သုတေသနအသားပေးဘွဲ့များအတွက် မူလရှိနှင့်ပြီး D.Pil. နေရာတွင် Ph.D ဖြင့် အစားထိုးသည်။ အောက်စဖို့ဒ်တက္ကသိုလ်တက္ကသိုလ်ကမူ သုတေသနဘွဲ့အတွက် D.Pil. ကို ဆက်သုံးသည်။ နှောင်းပိုင်းတက္ကသိုလ်များဖြစ်သော ဘက်ကင်ဟန်တက္ကသိုလ် (၁၉၇၆ တွင်တည်ထောင်)၊ ဆပ်ဆက်စ်တက္ကသိုလ် (၁၉၆၁ တွင်တည်ထောင်) နှင့် ယော့ခ်တက္ကသိုလ် (၁၉၆၃ တွင်တည်ထောင်) တို့က D.Pil. ဘွဲ့ပေးစနစ်ကို ကျင့်သုံးဆဲဖြစ်ပြီး နယူးဇီလန်ရှိတက္ကသိုလ်များကလည်း D.Pil. ဘွဲ့ပေးစနစ်ကို ဆက်လက် လက်ခံသုံးစွဲကြသည်။ ဆက်စပ်ကြည့်ရှုရန် ပါရဂူဘွဲ့ ကြီးကြပ်သူ Category:ပါရဂူဘွဲ့ Category:ပညာရေး
ပရိတ်ကြီး ၁၁ သုတ်
ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်၊ ရှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတို့တွင် ရဟန်းတော်များက ဤ ပရိတ်ကြီး ၁၁ သုတ်အစအဆုံးကိုဖြစ်စေ၊ သက်ဆိုင်ရာသင့်တော်သည့် သုတ်တော်အချို့ကို ဖြစ်စေ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးလေ့ရှိသည်။ အဓိပ္ပာယ် ပရိတ် ဟူသော ဝေါဟာရသည် ပရိတ္တ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည့် ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း ဟု အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သာဝကသံဃာတော်များအတွက် ဘေးအန္တရာယ်မျာအားကာကွယ်ရန်အတွက်နှင့် မလိုလားအပ်သည့် ရလဒ်များအား တားဆီးမဖြစ်ပေါ်စေရန်တို့အတွက် များလှစွာသော အန္တရာယ်ကင်းအရံအတားသုတ်တော်တို့ကို ဟောတော်မူခဲ့၏။ ထို ဟောတော်မူခဲ့သည့် အန္တရာယ်ကင်းသုတ်တော်များအနက် ၁၁ သုတ်ကို ပညာရှိရှေးသူတော်ကောင်းများကထုတ်နှုတ်၍ ပရိတ်ကြီး၁၁သုတ် ဟုသတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအား အသုံးပြုပူဇော်ရွတ်ဆိုစေသည်။ ပရိတ်ကြီး ၁၁ သုတ် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်တော်များမှ အန္တရာယ်ကင်းအရံအတား ပရိတ်ကြီး ၁၁ သုတ်မှာ - မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ခန္ဓသုတ် မောရသုတ် ဝဋ္ဋသုတ် ဓဇဂ္ဂသုတ် အာဋာနာဋိယသုတ် အင်္ဂုလိမာလသုတ် ဗောဇ္ဈင်္ဂသုတ် ပုဗ္ဗဏှသုတ် တို့ဖြစ်ကြသည်။ နိုင်ငံအလိုက် ရိုးရာဓလေ့များ ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကို မြတ်စွာဘုရားရှင်သည် လူသားတို့၏မျက် မှောက်ဘဝအကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက် သီးခြားဟောတော်မူထားခြင်း ဖြစ်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည်ဟု လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည့် နိုင်ငံများတိုင်းတွင် ပရိတ်ရွတ်ဖတ်၊ နာယူသည့် အစဉ်အလာရှိကြပြီး၊ နိုင်ငံအလိုက်ကွဲပြားသည့် ပရိတ်ရွတ်ပုံနှင့်၊ နာယူပုံကွာခြားမှုများကို တွေ့ရပါသည်၊၊ ထိုင်းနိုင်ငံတွင် ပရိတ်ရွတ်သည့်အခါ တူရိယာတစ်မျိုးမျိုးနှင့်တွဲဖက်၍ စည်းဝါးမှန်ကန်စွာရွတ်ဖတ်သည်ကို တွေ့ရပါသည်၊၊ အိန္ဒိယလူမျိုးတို့ကမူ မန္တန်ရွတ်သကဲ့သို့ အသံရှည်ဆွဲ၍ ရွတ်ဖတ်ကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် ပရိတ်ရွတ်သည့်အခါ သံရှည်ဆွဲပြီး၊ ဂီတသံပါပါရွတ်ဆိုကြပါသည်၊၊ မဟာပရိတ်ပွဲကြီးများတွင်မူထူးခြားစွာ၊ ရဟန်းသုံးပါးခန့်ပြိုင်တူ အသံကိုရှည်နိုင်သမျှရှည်ရှည်ဆွဲ၍ ရွတ်ဖတ်လေ့ရှိကြပါသည်၊၊ ပရိတ်သုတ်အရေအတွက်မှာလည်း သုတ်ပေါင်း(၂၈)ရှိပါသည်၊၊ အခြားဗုဒ္ဓ ဘာသာနိုင်ငံများတွင်လည်း ပရိတ်သုတ်အရေအတွက် များစွာကွာခြားကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် သံဃာတော်များရှေ့နှင့်၊ ဘုရားပုထိုးစေတီများတွင်ထိုင်သည့်အခါ ဘုရား၊ သံဃာနှင့် ဆင်းတုစေတီများဘက်သို့ “ခြေဆင်း”ပြီးထိုင်ကြပါသည်၊၊ မြန်မာအယူအဆနှင့်ကြည့်လျှင် အလွန်ရိုင်းပျသည့် ထိုင်ပုံထိုင်နည်းဖြစ်ပါသည်၊၊ ပရိတ်ရွတ်ဖတ်ချိန်တွင်“ပရိတ်ချည်”ကို သံဃာများသည် ပရိသတ်များနှင့်အတူတူကိုင်ထားကြလျက်၊ ပြီးဆုံးသည့်အခါ သံဃာများမှချည်ကြိုးကို အပိုင်းပိုင်းဖြတ်လျက်၊ လူအားလုံး၏လက်ကောက်ဝတ်တွင် ချည်ပေးကြပါသည် သီရိလင်္ကာတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်၊၊ ပရိတ်၏ အကျိုးအာနိသင် ပရိတ်တရားတော်များကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို တိုင်တည်၍၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့်၊ လောကတစ်ခွင်လုံးတွင်ရှိကြသည့်သတ္တဝါများကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များဖြစ်ကြောင်းကို တွေ့ရပါသည်၊၊ ပရိတ်တရားများကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ၏အန္တရာယ်ပေးမှုကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများစွာ ရှိပါသည်၊၊ မြတ်စွာဘုရားရှင်သည် လူနတ်တို့၏မျက်မှောက်ဘဝ ဘေးကင်းရေးနှင့်၊ အကျိုးတိုးပွားဖြစ်ပေါ်စေရန် ရည်သန်တော်မူလျက် ပရိတ်အဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊ ပရိတ်တော် ရည်ညွန်းသုတ္တန်များ ပါဠိစာပေတစ်ရပ်လုံးတွင် သုတ်ပေါင်း(၄,၀၀၀၀)ကျော်မျှရှိသော်လည်း မြတ်စွာဘုရားရှင်မှ“ပရိတ်”အဖြစ်ရွတ်ဖတ်ရန်ညွန်ကြားတော်မူသည့် သုတ်အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်ပါသည်၊၊ ပါဠိစာပေတိုင်းသည် ပရိတ်အဖြစ်ရွတ်ဖတ်နာယူရန် မဖြစ်နိုင်သည့်ဟန်ဖြစ်ပါသည်၊၊ ပရိတ်(၁၁)သုတ်သည် ကျမ်းတစ်ကျမ်းတည်းတွင် စုစည်းလျက်ဖော်ပြထားသည်မဟုတ်ဘဲ၊ ကျမ်းအ မျိုးမျိုးတွင်ပြန့်ကျဲလျက် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “မင်္ဂလသုတ်နှင့်ရတနသုတ်၊ မေတ္တသုတ်” တို့ကို “ခုဒ္ဒကပါဌကျမ်းနှင့် သုတ္တနိပါကျမ်း”တို့တွင်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ ရတနသုတ်“ပဏိဓာနတော…မှ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ”အထိ ပါဠိစကားပြေသည် “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊”တွင် ဖော်ပြထားပါသည်၊၊ ခန္ဓသုတ်သည်“စူဠဝါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊”တို့တွင် ဖော်ပြပါရှိပါသည်၊၊ မောရသုတ်သည် “ဇာတိကပါဠိတော်-ပ”တွင် ပါရှိပါသည်၊၊ ဝဋ္ဋသုတ်သည်“စရိယာပိဋကကျမ်းနှင့်၊ ဇာတကပါဠိတော်”တို့တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “အာဋာနာဋိယသုတ်”မှ“ဝိပဿိဿစ..မှ..ဟိတံဒေဝမနုဿာနံ”အထိ စာပိုဒ်ခြောက်ခုသည်“သုတ်ပါ ထေယျကျမ်း”တွင်ဖော်ပြထားပြီး၊ “အဘိဝါဒနသီလိဿ”ဂါထာသည်“ဓမ္မပဒကျမ်း”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီးများမှ ရေးသားထည့်သွင်းထားခြင်း ဖြစ်ပါသည်၊၊ အမျိုးသမီးများ မီးဖွားလွယ်ကူစေရန် ရွတ်ဖတ်နာယူလေ့ရှိသည့်“အင်္ဂုလိမာလသုတ်”သည် “မဇ္ဈိမ ပဏ္ဏာသကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဗောဇ္ဈင်္ဂသုတ်သည် “သံယုတ်ကျမ်း-တ၊”မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်”များကိုမှီငြမ်းပြုလျက် ဆရာတော်ကြီးများမှ ဂါထာများအဖြစ်ရေးသားထားသည်ဟု ဆိုပါသည်၊၊ ပုဗ္ဗဏှသုတ်မှ“ယံကိဥ္စိ ဝိတ္တံ”ဂါထာသည် ရတနသုတ်မှဖြစ်ပါသည်၊၊ “သုနက္ခတ္တံ”စသော ဂါထာသုံးပုဒ်သည် “အင်္ဂုတ္တရနိကာယကျမ်း-ပ၊”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီး များထည့်သွင်း ရေးထားကြပါသည်၊၊ ပရိတ်ကြီး ပရိတ်တော်(၁၁)သုတ်ကို စိစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့် ဆရာတော်ကြီးများရေးသားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့်၊ မြတ်စွာဘုရား၏ ဟောကြားချက်များကိုမှီငြမ်းပြုပြီး၊ ဆရာတော်ကြီးများရေးသားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊ “ပရိတ်အသေး”ဟူ၍ စာပေဝေါဟာရမရှိသော်လည်း “ပရိတ်”ပုဒ်၏နောက်မှ“ကြီး”စာလုံးဖြည့်စွက်လျှက်“ပရိတ်ကြီး”ဟူ၍လည်း ခေါ်ကြပါသေးသည်၊၊ ကြီးကြီးကျယ်ကျယ်ပြောဆို ရေးသားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊ “သီရိလင်္ကာလူမျိုး”တို့သည် သာမန်ပရိတ်ပွဲများတွင်ရွတ်ဖတ်သည့်ပရိတ်ကို နာမည်အထူးမခေါ်သော်လည်း၊ ထူးခြားသည့်အခမ်းအနား၊ အိမ်တက်စသည်များတွင်ရွတ်ဖတ်သည့်ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊ ပရိတ်ရွတ်သည့် အစဉ်အလာ အိမ်ကြီးအတွင်းတွင် ပရိတ်မဏ္ဍပ်အသေးစားဆောက်လျက် သံဃာများကိုအတွင်းတွင်နေရာချထား ပြီး၊ မြန်မာနိုင်ငံမှပဌာန်းပွဲဆန်ဆန်ကျင်းပသည့် မဟာပရိတ်ပွဲကြီးများမှာ ညလုံးပေါက်ရွတ်ဖတ်ပေးရ ပြီး၊ နာယူကြပါသည်၊၊ ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် ဗုဒ္ဓရှင်တော်မပွင့်မှီကပင်တည်ရှိခဲ့ကြောင်း ပရိတ်တော်များ၏ နောက်ခံဖြစ်စဉ်များကို လေ့လာသုံးခြင်းအားဖြင့် သိနိုင်ပါသည်၊၊ “မောရသုတ်ပရိတ်”သည် ဘုရားမဖြစ်မှီ“ဥဒေါင်း”ဘဝတွင်ရွတ်ဆိုခဲ့သည့်ပရိတ်တော် ဖြစ်ပါသည်၊၊ မောရသုတ်ကိုရွတ်ဖတ်သဖြင့် မင်းခုနှစ်ဆက်တိုင်ဖမ်းခြင်းငှာမစွမ်းနိုင်သည့် အကျိုးကိုရခဲ့ဖူးပါသည်၊၊ ဤဖြစ်စဉ်ကိုသုံးသပ်သောအားဖြင့် မောရသုတ်သည် အခြားအကျိုးကျေးဇူးများအပြင်၊ အထူးသဖြင့် အဖမ်းအဆီးခံရမည့် ဘေးမှကင်းလွတ်စေသည်ဟု ယူဆနိုင်ပါသည်၊၊ “ခန္ဓသုတ်”ကို မြတ်စွာဘုရားသည် ရသေ့ဖြစ်စဉ်ဘဝတွင် တပည့်ရသေ့များအား မြွေဆိုးဘေးအန္တ ရာယ်မှကာကွယ်စေရန် သင်ပြလမ်းညွန်ခဲ့သည့်ပရိတ်ဖြစ်သည်ဟု ဖော်ပြထားပါသည်၊၊ ဖြစ်စဉ်ကို ထောက်ဆကြည့်ခြင်းအားဖြင့် ခန္ဓသုတ်သည် မြွေနှင့်အဆိပ်ရှိသတ္တဝါများ၏ ဘေးများကင်းဝေးစေ နိုင်သည်ဟု မှတ်သားနိုင်ပါသည်၊၊ “ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားရှင်သည် “ငုံးငှက်”ဖြစ်စဉ် ဘဝ၌ သစ္စာပြုရန်ရွတ်ဆိုခဲ့သည်ဟု ဖော်ပြ ထားပါသည်၊၊ အတောင်မပေါက်သေးသည့်ငှက်ငယ်သည် တောမီးလောင်နေစဉ် “ငါသည် မပျံနိုင်ပါ၊၊ ငါ၏မိဘတို့ သည် စွန့်ခွါကုန်ပြီ၊၊ ဤသစ္စာစကားကြောင့် တောမီးသည်ငြိမ်းပါစေသတည်း”ဟု ဘုရားအလောင်း ငှက်ငယ် သစ္စာဆိုခဲ့ပါသည်၊၊ ဝဋသုတ်သည် မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု မှတ်သား နိုင်ပါသည်၊၊ အထက်တွင် ဆွေးနွေးတင်ပြထားသည်များကို လေ့လာသောအားဖြင့် မောရသုတ်၊ ဝဋ္ဋသုတ်နှင့်၊ ခန္ဓသုတ်တို့သည် ဘုရားမပွင့်မှီကပင်ရှိခဲ့သည့် ပရိတ်များဖြစ်ကြောင်း သိသာပါသည်၊၊ “မာဃလုလင်”သည် ရှင်ဘုရင်မှအထင်မှားပြီး၊ ဆင်ဖြင့်နင်းသတ်စေရာ ဆင်များမှမနင်းဝံ့သဖြင့်၊ အကြောင်းကိုမေးမြန်းသည့်အခါ “ပရိတ်ရွတ်နေသဖြင့် ဆင်ဘေးမှ ကင်းဝေးရသည်”ဟု ဖြေသည်ကိုသုံးသပ်ခြင်းအားဖြင့် ပရိတ်တော်များသည် မနာလိုသူများ၏ချောက် ချသည့်အန္တရာယ်မှလည်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားနိုင်ပါသည်၊၊ “ဗာရဏသီမင်း၏သားတော်သည် တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုခံယူရန်အတွက်၊ ဘီလူးနှင့်သားရဲ ပေါသည့်တောကြီးကိုဖြတ်သွားရမည်ဖြစ်၍ ဘေးများမှကင်းဝေးရန် ပစ္စေကဗုဒ္ဓါများမှ ပရိတ်ချည်နှင့်၊ ပရိတ်သဲများကို ပေးလိုက်သည်”ဟု တေလပတ္တဇာတ်၊ အဋ္ဌကထာတွင် ဖော်ပြထားပါသည်၊၊ “ဆဒ္ဒန်ဆင်မင်းသည် အစွယ်ကိုဖြတ်သည့်မုဆိုးအား၊ ခုနှစ်နှစ်၊ ခုနှစ်လလာခဲ့ရသည့်ခရီးကို ပရိတ်အကာအကွယ်များ ပြုပေးလိုက်ခြင်းဖြင့် ခုနှစ်ရက်တည်းဖြင့် တိုင်းပြည်အရောက်ပြန်နိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်၊၊ အထက်ပါဖော်ပြချက်များကို သုံးသပ်သောအားဖြင့် ပရိတ်ရွတ်ဖတ်လျင်ဖြစ်စေ၊ နာယူလျင်ဖြစ်စေ ခရီးသွားသည့်အခါ လမ်းခရီးလျင်မြန်ကြောင်းနှင့်၊ ဘေးကင်းကြောင်းကို မှတ်သားနိုင်ပါသည်၊၊ ဆွေးနွေးဖော်ပြထားသည့်ဖြစ်စဉ်များမှာ ဘုရားမဖြစ်ခင်ဘဝများက ဖြစ်ခဲ့သည့်ဖြစ်စဉ်များဖြစ်၍၊ ပရိတ် ရွတ်ဖတ်သည့်အစဉ်အလာသည် ဘုရားမပွင့်မှီနှင့်၊ ဗုဒ္ဓဘာသာမပေါ်မှီကပင်တည်ရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်၊၊ ဘုရားညွှန်းကြားသော ပရိတ်တော် မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးမှပေါ်ပေါက်လာသည့် ပရိတ်တော်(၇)သုတ်ရှိပါသည်၊၊ ဘုရားဖြစ်ပြီးမှ မြတ်စွာဘုရားရှင်ကိုယ်တိုင် လမ်းညွန်တော်မူသည့် ပရိတ်(၇)သုတ်ဟု ဆိုလိုပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) ဓဇဂ္ဂသုတ်၊ (၅) အာဋာနာဋိယသုတ်၊ (၆) အင်္ဂုလိမာလသုတ်၊ (၇) ဗောဇ္ဈင်္ဂသုတ်၊ “ရတနသုတ်”သည် ဝေသာလီပြည်တွင် ရောဂါဘေး၊ ဘီလူးသားရဲဘေးနှင့်၊ အစားအသောက်ငတ် မွတ်ဘေးတို့ဖြစ်ပေါ်သည့်အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “ရတနသုတ်”ကိုသင်ပေးပြီး မြို့ကိုပတ်၍ ရွတ်ဖတ်စေသဖြင့် ဘေးအားလုံးမှကင်းဝေးသွားပါသည်၊၊ တောနက်ထဲတွင် ကမ္မဌာန်းတရားအားထုတ်နေကြသည့် ရဟန်း(၅၀၀)တို့အား သစ်ပင်စောင့်နတ်များ မှအန္တရာယ်ပြုသဖြင့်၊ အကာအကွယ်ရစေနေရန် မြတ်စွာဘုရားရှင်မှ “မေတ္တသုတ်”ကိုသင်ပြပေးပြီး၊ ရွတ်ဖတ်စေခဲ့ပါသည်၊၊ မေတ္တသုတ်သည် မြင်ရ၊ မမြင်ရအနှောက်အယှက်ဘေးအန္တရာယ်များမှ ကင်းဝေးစေသည့်ပရိတ်ဟု မှတ်သားနိုင်ပါသည်၊၊ “ဓဇဂ္ဂသုတ်”ကို မြတ်စွာဘုရားရှင်သည် တောထဲတွင်တရားအားထုတ်နေသည့် သံဃာများအတွက် ကြောက်လန့်ခြင်း၊ ကြက်သီးထခြင်းများမဖြစ်ပေါ်စေရန် ရတနာသုံးပါး၏ဂုဏ်များကို အောက်မေ့အ မှတ်ရနေရမည်ဟု သင်ပြလမ်းညွန်ပေးခဲ့ပါသည်၊၊ ဝေဿဝဏ်နတ်မင်းကြီးသည် တရားကျင့်သည့်သံဃာတော်တို့အား နတ်ဆိုးများနှင့်၊ တစ္ဆေ၊ ပြိတ္တာတို့ မှမနှောက်ယှက်နိုင်စေရန် “အာဋာတိယသုတ်”ကိုလျောက်ထားသဖြင့် မြတ်စွာဘုရားမှခွင့်ပြုတော်မူ ခဲ့သည့် ပရိတ်ဖြစ်ပါသည်၊၊ ကျန်းမာရေးမကောင်းသည့်အချိန်တွင် ရွတ်ဖတ်ခြင်းဖြင့် သက်သာပျောက်ကင်းစေရန် မြတ်စွာဘုရား ရှင်သည်“ဗောဇ္ဈင်္ဂသုတ်”ကို ဟောပြောသင်ပြခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင်နှင့်၊ “အရှင်မောဂ္ဂ လာန်၊ အရှင်မဟာကဿပ”တို့ မကျန်းမာချိန်ကလည်း “အရှင်စုန္ဒမထေရ်”ကိုရွတ်ဖတ်စေခဲ့သည်ဟု ပါဠိတော်မှတ်တမ်းတင်ထားပါသည်၊၊ အထက်တွင် ဆွေးနွေးတင်ပြထားသည့် ပရိတ်တော်(၇)သုတ်သည် စာပေအထောက်အထားခိုင်မာ သည့် မြတ်စွာဘုရားဟော ပရိတ်တော်များဖြစ်ပါသည်၊၊ “မင်္ဂလသုတ်၊ ဝဋ္ဋသုတ်၊ မောရသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို မြတ်စွာဘုရားရှင်မှပရိတ်အဖြစ် ရွတ်ဆို၊ နာယူကြရန်လမ်းညွန်ခဲ့သည် ပါဠိတော်အထောက်အထား မရှိကြောင်းပါဠိသုတေသနပညာရှင်များမှ ဆိုပါသည်၊၊ မိလိန္ဒမင်းလက်ထက် ပရိတ်တော်များ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုအပြီးနှစ်(၅၀၀)အကြာ “အရှင်နာဂသိန်နှင့်၊ မိလိန္ဒမင်း”တို့ပေါ်ပေါက်သည့် ခေတ်တွင် ပရိတ်ရွတ်ခြင်းသည် အကျိုးရှိ၊ မရှိပြဿနာကို အရှင်နာဂသိန်မှ အကျိုးဧကန်ရှိကြောင်း ဖြေကြားတော်မူပြီး၊ ပရိတ်(၇)သုတ်ကို ဖော်ညွန်ပြခဲ့ပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) မောရသုတ်၊ (၅) ဓဇဂ္ဂသုတ်၊ (၆) အာဋာနာဋိယသုတ်၊ (၇) အင်္ဂုလိမာလသုတ်၊ အထက်ပါဖော်ပြချက်ကို ထောက်ဆသောအားဖြင့် ထိုခေတ်အချိန်က ပရိတ်(၇)သုတ်သာရှိသေးကြောင်း သိနိုင်ပါသည်၊၊ သာသနာတော်နှစ်(၉၀၀)တွင် “သီရိလင်္ကာနိုင်ငံ”၌ ပါဠိစာပေအထူးထွန်းကားလျက်ရှိပြီး၊ သာသနာ တော်နေရောင်လရောင်ပမာ ထွန်းပြောင်ခဲ့ပါသည်၊၊ “အရှင်မဟာဗုဒ္ဓဃောသ”ဟူသော ပါဠိကျမ်းပြုဆ ရာတော်တစ်ပါးပေါ်ပေါက်ခဲ့ပြီး၊ ဘုရားဟောပါဠိကျမ်းများကို အဖွင့်ကျမ်းကြီးများပြုစုခဲ့ပါသည်၊၊ အရှင်မဟာဗုဒ္ဓဃောသကျမ်းထဲမှ ပရိတ်တော် အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ကျမ်းကြီးများထဲတွင် ပရိတ်တော်(၈)သုတ်ကို ဖော်ပြထားပါသည်၊၊ (၁) ရတနသုတ်၊ (၂) မေတ္တသုတ်၊ (၃) ခန္ဓသုတ်၊ (၄) မောရသုတ်၊ (၅) ဓဇဂ္ဂသုတ်၊ (၆) အာဋာနာဋိယသုတ်၊ (၇) ဗောဇ္ဈင်္ဂသုတ်၊ (၈) ဣသိဂိလိသုတ်၊ “ဣသိဂိလိသုတ်”သည် “ဥပရိပဏ္ဏာသပါဠိကျမ်း”တွင် ဖော်ပြထားပြီး၊ ဣသိဂိလိတော်ပေါ်တွင်နေထိုင်ကြသည့် ပစ္စေကဗုဒ္ဓါများ၏ နာမည်များကိုဖော်ပြထားသည့် သုတ်ဖြစ်ပါသည်၊၊ ဘီလူး၊ ဘုတ်တစ္ဆေ၊ ပြိတ္တာတို့ဘေးရန်မှ ကာကွယ်နိုင်သည့်“ယက္ခပရိတ်”နှင့်၊ မြွေဆိုးများမလာစေရန်စည်း ချသည့်“နာဂမဏ္ဍလပရိတ်”တို့ကို သံဃာများသင်သင့်ကြောင်းကို“စူဠဝါပါဠိကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဘုရားဟောသုတ်များ မဟုတ်သဖြင့်၊ သင်ကြားမှု၊ ရွတ်ဖတ် နာယူမှုပျောက်ကွယ်ခဲ့သည့် ပရိတ်သုတ်များဖြစ် ဟန်ရှိပါသည်၊၊ ပရိတ်ကြီးဋီကာ သာသနာတော်နှစ်(၂၁၅၃)တွင် “အရှင်တေဇောဒီပမထေရ်”သည် “ပရိတ်ကြီးဋီကာကျမ်းကြီး”ကို ရေးသားခဲ့ပါသည်၊၊ ကျမ်းကြီးထဲတွင် ပရိတ်(၉)သုတ်ကိုသာ ဖော်ပြထားပါသည်၊၊ (၁) မင်္ဂလသုတ်၊ (၂) ရတနသုတ်၊ (၃) မေတ္တသုတ်၊ (၄) ခန္ဓသုတ်၊ (၅) မောရသုတ်၊ (၆) ဓဇဂ္ဂသုတ်၊ (၇) အင်္ဂုလိမာလသုတ်၊ (၈) အာဋာနာဋိယသုတ်၊ (၉) ဗောဇ္ဈင်္ဂသုတ်၊ ရှေးခတ်က မပါခဲ့သော ပရိတ်တော်များ အထက်တွင် ဆွေးနွေးဖော်ပြခဲ့သည်များအားလုံးကို အသေးစိတ်လေ့လာကြည့်လျင် ရှေးခေတ်က ပရိတ်(၉)သုတ်ကိုသာအသုံးပြုခဲ့ပြီး၊ “ဝဋ္ဋသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို ပရိတ်အဖြစ် အသုံးမပြုခဲ့ကြောင်း တွေ့နိုင်ပါသည်၊၊ “ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားကိုယ်တိုင်ခေတ်နှင့်၊ အခြားသောခေတ်များအားလုံးတွင် ပရိတ်အဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ၊ မျက်မှောက်ခေတ်တွင်မှ ဆရာတော်ကြီးများထည့်သွင်းပြီး ပရိတ်အဖြစ်ရွတ် ဖတ်ခဲ့ခြင်း ဖြစ်ပါသည်၊၊ ပုဗ္ဗဏှသုတ်မှ“ယံဒုန္နိမိတ္တံ..မှ..အပရာဇိတပလ္လင်္ကေ”အထိ သုံးဂါထာသည် အရှင်တေဇောဒီပ၏ကျမ်း ထဲတွင် မေတ္တာပို့ဂါထာများအဖြစ်ဖော်ပြထားပြီး၊ မျက်မှောက်ခေတ်တွင်“အင်္ဂုတ္တရနိကာယ်”မှ“သုနက္ခ တ္တံ”စသော ဂါထာများကိုထည့်သွင်းပြီး“ပုဗ္ဗဏှသုတ်”ဟု အမည်တပ်အသုံးပြုခဲ့ဟန် တူပါသည်၊၊ ပရိတ်၏အစတွင်ရွတ်ဆိုသည့်“သမန္တာဂါထာ”သည် ပရိတ်ကြီးဋီကာကျမ်းကြီးပေါ်ချိန်အထိ မရှိသေးဘဲ၊ ထိုအချိန်ကပရိတ်ရွတ်လျင် “ဓမ္မဿသနကာလော အယံဘဒန္တာ”မှ စတင်ပြီးရွတ်ဆိုခဲ့ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရပါသည်၊၊ အကျိုးရှိသော ပရိတ်ရွတ်ဖတ်ခြင်း ပရိတ်ရွတ်ဖတ်နာယူသည့်အစဉ်အလာသည် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်တည်ရှိသည့်အတွက် အရေးပါသည့် ကျင့်စဉ်ဖြစ်နေပါသည်၊၊ ပရိတ်ကိုပင် စည်းချသည့်အရံအတားအဖြစ်၎င်း၊ အဆောင်မန္တန်အ သွင်ဖြင့်၎င်း အသုံးပြုကြသည်များလည်း ရှိပါသေးသည်၊၊ မည်သို့အသုံးပြုသည်ဖြစ်စေကာမူ ရိုသေမှုဖြင့်သုံးလျင် အကျိုးကိုရရှိနိုင်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သူတွင် ရှိရမည့်အင်္ဂါရပ်များနှင့်၊ နာယူသူတွင်ရှိရမည့်အင်္ဂါရပ်များဟူ၍ ရှိပင်ရှိသော်လည်း၊ အင်္ဂါရပ်များမ ပြည့်စုံစေကာမူ၊ တိရစ္ဆာန်များပင်ပရိတ်အကျိုးကိုရနိုင်သည်ကို ထောက်ဆသောအားဖြင့် လူတို့အတွက် ဧကန်မုချအကျိုးကျေးဇူးကိုရရှိနိုင်သည်ဟု ယုံကြည်ရပါသည်၊၊ “ပရိတ်”ကို သံဃာများတွင်မက၊ လူများလည်းရွတ်ဖတ်နိုင်ပါသည်၊၊ ဘာသာခြားသူများလည်း ရွတ် ဖတ်နာယူနိုင်ပါသည်၊၊ အကျိုးကိုရရှိသည်ခြင်းအတူတူပင် ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင် သင်ပြဟောပြောတော်မူခဲ့သည့် ပါဠိတော်ကျမ်းများစွာပင်ရှိသော်လည်း ပရိတ်ပါဠိ များသည် လူတို့နှင့်အနီးကပ်ဆုံးဖြစ်သည့်အတွက် အသေးစိတ်သိရှိကြစေရန်ရည်ရွယ်ချက်ဖြင့် ယ္ခုစာ တမ်းကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်၊၊ ပရိတ်အကြောင်း လေ့လာတင်ပြချက်သည် ဤတွင်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ပရိတ်တော်အစွမ်းဖြင့် ငြိမ်းချမ်းအေးမြပါစေကြောင်းဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊ ပရိတ်ကြီးဋီကာ-အရှင်တေဇောဒီပ၊ ပရိတ်ကြီးနိသျသစ်-သပြေကန်ဆရာတော်ကြီး ဦးဝါသေဋ္ဌ၊ ပရိတ်ကြီးဆယ်စောင်တွဲ၊၊ The Book of Protection(Pritta) by Piyadassi Thera, Safeguard Recittals (Mahaparitta)by Anandajoti bhikkhu)တို့ကို ကိုးကားလျက် ရေးသားတင်ပြအပ်ပါသည်၊၊ အရှင်သုန္ဒရ (မဟာဝိဇ္ဇာ-သီရိလင်္ကာ) ဆက်စပ်ဖတ်ရှုရန် ပရိတ်ရွတ်ဖတ်ခြင်း ဝတ်ရွတ်စဉ် ကိုးကား Category:ပရိတ်ကြီး Category:ဗုဒ္ဓဘာသာ
နှစ်ကျိပ်ရှစ်ဆူ
| ဆူးလေဘုရားမှ နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော်များ နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ကို ဆိုလိုသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း နှင့် စေတီတော် များတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော် များရှိကြသည်။ ပွင့်တော်မူပြီးသော ဘုရားရှင်များ ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါဠု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။သမ္ဗုဒ္ဓေ ဂါ ထာ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ် ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာတွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာတွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြသည်။ ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။ ဘုရားအမည်တော်ဒုက္ကရစရိယာဗောဓိပင်သက်တော်ကမ္ဘာ၁။ တ-တဏှင်္ကရာဘုရား၇-ရက်စရီးပင် (တောင်မရိုးပင်)တစ်သိန်းသာရမဏ္ဍ၂။ မေ-မေဓင်္ကရာဘုရား၁၅-ရက်ပေါက်ပင်ကိုးသောင်း၃။ သ-သရဏင်္ကရာဘုရားတစ်လသခွတ်ပင်ရှစ်သောင်း၄။ ဒီ-ဒီပင်္ကရာဘုရား၇-ရက်ညောင်ကြပ်ပင်တစ်သိန်းပထမ အသင်္ချေ၅။ ကော-ကောဏ္ဍညဘုရားဆယ်လကြောင်လျှာပင်တစ်သိန်းသာရကမ္ဘာဒုတိယ အသင်္ချေ၆။ မံ-မင်္ဂလဘုရားရှစ်လကံ့ကော်ပင်ကိုးသောင်းသာရမဏ္ဍကမ္ဘာ၇။ သု-သုမနဘုရားဆယ်လကံ့ကော်ပင်ကိုးသောင်း၈။ ရေ-ရေဝတဘုရား၇-လကံ့ကော်ပင်ခြောက်သောင်း၉။ သော-သောဘိတဘုရား၇-ရက်ကံ့ကော်ပင်ကိုးသောင်းတတိယ အသင်္ချေ၁၀။ အ-အနောမဒဿီဘုရားဆယ်လထောက်ကြံ့ပင်တစ်သိန်းဝရကမ္ဘာ၁၁။ ပ-ပဒုမုတ္တရဘုရားရှစ်လကြောင်လျာပင်တစ်သိန်း၁၂။ နာ-နာရဒဘုရား၇-ရက်ကြောင်လျာပင်ကိုးသောင်းစတုတ္ထ အသင်္ချေ၁၃။ ပ-ပဒုမဘုရား၇-ရက်ထင်းရူးပင်တစ်သိန်းသာရကမ္ဘာကမ္ဘာတစ်သိန်းထက်၁၄။ သု-သုမေဓာဘုရား၁၅-ရက်ထိန်ပင်ကိုးသောင်းကမ္ဘာ ၃၀၀၀၀ထက်၁၅။ သု-သုဇာတဘုရားကိုးလဝါးပင်ကိုးသောင်း၁၆။ ပိ-ပိယဒဿီဘုရားခြောက်လရေခတက်ပင်ကိုးသောင်းကမ္ဘာ ၁၈၀၀ထက် ဝရကမ္ဘာ၁၇။ အ-အတ္ထဒဿီဘုရားရှစ်လစကားပင်တစ်သိန်း၁၈။ ဓ-ဓမ္မဒဿီဘုရား၇-ရက်လိပ်ဆူးရွှေပင်တစ်သိန်း၁၉။ သိ-သိဒ္ဓတ္ထဘုရားဆယ်လမဟာလှေကားပင်တစ်သိန်း၉၄ ကမ္ဘာထက်၂၀။ တိ-တိဿဘုရားရှစ်လပိတောက်ပင်တစ်သိန်း၉၂ ကမ္ဘာထက်၂၁။ ဖု-ဖုဿဘုရားခြောက်လသျှိသျှားပင်ကိုးသောင်း၂၂။ ဝိ-ဝိပဿီဘုရားရှစ်လသခွတ်ပင်ရှစ်သောင်း၉၁ ကမ္ဘာထက်၂၃။ သိ-သိခီဘုရားရှစ်လသရက်ဖြူပင်ခုနစ်သောင်း၃၁ ကမ္ဘာထက်၂၄။ ဝေ-ဝေဿဘူဘုရားခြောက်လအင်ကြင်းပင်ခြောက်သောင်း၂၅။ က-ကကုသန်ဘုရားရှစ်လကုက္ကိုပင်လေးသောင်းဘဒ္ဒကမ္ဘာ၂၆။ ကော-ကောဏဂုန်ဘုရားခြောက်လရေသဖန်းပင်သုံးသောင်း၂၇။ က-ကဿပဘုရား၇-ရက်ပညောင်ပင်နှစ်သောင်း၂၈။ ဂေါ-ဂေါတမဘုရားခြောက်နှစ်ကြာညောင်ဗုဒ္ဓဟေပင်ရှစ်ဆယ် အကျဉ်းမှတ်သားဆောင်ထားရန် ဂါထာ တ, မေ, သ , ဒီ, ၊ ကော, မံ, သု, ရေ။ သော, အ, ပ, နာ၊ ပ, သု, သု, ပိ၊ အ, ဓ, သိ, တိ, ၊ ဖု, ဝိ, သိ, ဝေ, က, ကော, က, ဂေါ၊ ဋ္ဌဝီသ, တိ။ တေသံ နမတ္ထု၊ ဗုဒ္ဓါနံ၊ ဝိဇယံ ဒေန္တု၊ မေ သဒါ။ ထူးခြားချက် နှစ်ကျိပ်ရှစ်ဆူသော ဘုရားကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြ၏။ တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ၊ သောဘိတ၊ ပိယဒဿီ၊ သိခီ။ တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ၊ အနောမဒဿီ၊ အတ္ထဒဿီ၊ ဝေဿဘူ။ အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ၊ ပဒုမ၊ ဓမ္မဒဿီ၊ ကကုသန်။ ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည၊ နာရဒ၊ သိဒ္ဓတ္ထ၊ ကောဏဂုံ။ ကြာသပတေး သား(၄) ဆူ - မင်္ဂလ၊ ပဒုမုတ္တရ၊ တိဿ၊ ကဿပ။ သောကြာ သား (၄) ဆူ - သုမန၊ သုမေဓာ၊ ဖုဿ၊ ဂေါတမ။ စနေ သား (၄) ဆူ - တဏှင်္ကရာ၊ ရေဝတ၊ သုဇာတာ၊ ဝိပဿီဘုရား။ ဘုရားရှင်တို့၏ ဉာဏ်တော်များနှင့် အသုံးချတော်မူပုံ (၁) အကြောင်းဟုတ်၊ မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဉာဏ်တော် (သတ္တဝါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင် (သို့) ရဟန္တာဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၂) ကောင်းကျိုး၊ မကောင်းကျိုး ကို သိသော ဝိပါကဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ်၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၃) သတ္တဝါတို့လားရာ၊ ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတုဉာဏ်တော် (အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၅) သတ္တဝါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိကဉာဏ်တော် (သတ္တဝါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၆) လူတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်တော် (သတ္တဝါတို့၏ သဒ္ဓါတရားကောင်း၊ မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။) (၇) ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာနဝိမောက္ခ သမာဓိ သမာပတ္တိဉာဏ်တော် (ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသော အရပ်သို့ပင် ကြွရောက်တော်မူပါသည်။) (၈) ရှေးဖြစ်ဟောင်း၊ ဘဝခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (ရှေးဘဝဖြစ်စဉ်နှင့် အထုံ၊ပါရမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။) (၉) သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခုဉာဏ်တော် (သတ္တဝါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။) (၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသဝက္ခယဉာဏ်တော် (သတ္တဝါတို့အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။)ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ ဘုရားရှင်တို့၏ တူသောအချက်များ ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိသည်။ (၁) အလောင်းတော်သည် နောက်ဆုံးသောဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ထူးခြားချက်မှာ နတ်ပြည်မှသာ စုတေကြခြင်းဖြစ်သည်။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူခြင်းမရှိပါ။ အ‌ကြောင်းမှာ ဗြဟ္မာပြည်ကနေ လာလျှင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကိုပါလာမည်။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ (တချို.အပျိုကြီး၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ...ဤကားစာကြွင်း) အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေလျှင် မဇ္ဈိမလမ်းစဉ်ကို တွေ့ဖို့ခက်မည် ဟု ဆိုသည်။ (၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္လင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီးနေပါသည်။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ့ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရသည်။ ချင်ခြင်းတပ်ခြင်း၊ နာကျင်အော့အန်ခြင်း မရှိပါ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ။) (၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည်။ (ညစ်ပေမှု မရှိပါ၊ မိခင်လည်း ကျန်းမာစွာ ရှိရသည်၊ နောက် (၇)ရက်မှာတော့ မိခင် ကံတော်ကုန်ရသည်။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုစွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည်။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟုဆိုသည်။ (ဤကား အရှင်ဉာဏိသာရ၏ အဟော) (၄) တောအရပ်၌သာ ဖွားတော်မူပါသည်။ (၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ "ဤလောက၌ ငါသာ အမြတ်ဆုံးတည်း၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း၊နောက်ထပ် ပဋိသန္ဓေ နေစရာမလိုတော့ပြီ" ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘဝ၌ ဖွားစမှာပင် စကားပြော၏။ မဟောသဓာ၊ ဝေဿန္တရာ နှင့် နောက်ဆုံးဘဝ -(သုခမှတ်စု)) (၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်(၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်သည်။) (၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှလွဲ၍ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်လျှင်ဝတ်၊ မဝတ်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။) (၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်ဩဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇)ပတ်၊ (၄၉)ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလဲ မမြန်၊ မြန်မြန်လဲ မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။) (၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။ (၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါနကို လွန်စွာချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ်(ဒီ-၂၊ ၃၁)၊ မဟာသတိပဌာနသုတ်(မ-၁၊ ၇၀)၊ တတိယပါရာဇိက ပါဠိ(ဝိ-၁၊ ၈၉)၊ အာနာပါနဿတိသုတ်(မ-၃၊ ၁၂၂)၊ မဟာရာဟုလောဝါဒသုတ်(မ-၂၊ ၈၈)၊ ကာယဂတာသတိသုတ်(မ-၃၊ ၁၃၀) တို့၌ ဟောတော်မူခဲ့သည်။) (၁၁) မာရ်စစ်သည်ကို အောင်တော်မူသည်။ (၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြသည်။ (၁၃) ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။ (၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည်။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာနားလည်နိုင်မည်နည်းဟု ဆင်ခြင်ကြည့်တော်မူပါသည်။ ဆင်ခြင်သည့် နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမည့်သူကို မတွေ့ဘူးဟု ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မည် ဆိုသည့် စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကို မဟာသဟမ္ပတိဗြဟ္မာမင်းက တောင်းပန်သည် ဟုဆိုသည်။ (ဒီဃနိကယ်မှာ ဝိပဿီဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။) (၁၅) ဣတိပတနမိဂဒါဝုန်တော၌သာ ဓမ္မစကြာတရားဦးဟောတော်မူကြသည်။ (၁၆) တပို့တွဲလပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြသည်။ (၁၇) ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ဝါမြောက်၊ (၂၁) ဝါမှ (၄၄) ဝါ အထိ (၂၅) ဝါ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလဝတ်မှ နိဂြောဓါရုံကျောင်းမှာ(၁၅) ဝါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။) (၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ (ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော်) (၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောသည်။ (၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။ (၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။ (၂၂) နံနက်အခါ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။) (၂၃) အကြောင်းရှိမှ ဝိနည်းတရားတို့ကို ပညတ်တော်မူပါသည်။ (ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားလျှင် ဘယ်သူမှ ရဟန်းဝတ်ရဲ/ဝတ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။) (၂၄) အတ္ထုပ္ပတ္တိနှင့် တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။ (၂၅) ဆွေတော်၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင် ကိုသာဟောတော်မူကြသည်။ (၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကားပြောတော်မူကြသည်။ (၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော်၊ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။ (၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။ (၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုဉ်းပေးတဲ့ဆွမ်းသည် ဝက်သား (ဝက်ပျိုသား) (မဟာအဋ္ဌကထာ၊ PDS dictionary အရ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တဝ” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုဉ်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပာယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို၊ ဆေးပေါင်းစုံဟင်း၊ နူးညံ့လှစွာသော မကြီးမငယ် ဝက်သား၊ မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ဝက်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တဝ”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ဝက်သား ဟု ပြောရမှာပါ။) (၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။ဦးပညာသီဟ “ ပိဋကတ် လမ်းညွှန် စာအုပ် ” ရုပ်ပုံများ ရည်ညွှန်းကိုးကား သုတေသနသရုပ်ပြအဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော် ဗုဒ္ဓဝံသ။ ပါဠိ။ ၃၈၁။ အဋ္ဌကထာ။ ၃၄၈၊ အပဒါန်။ ပါဠိ။ ပ-အုပ်။ ၅၄။ စရိယာပိဋက။ ပါဠိ။ ၁၄။ Category:ဗုဒ္ဓဘာသာ ဘုရားများ
ဂျွန် အိုကဲလ်
ဂျွန် အိုကဲလ် (John Okell) သည် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးကျောင်း (SOAS) မှ တွဲဖက် သုတေသီတစ်ဦးဖြစ်သည်။ မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ပညာရှင်ထဲမှ တစ်ဦးဖြစ်သည်။ ဆရာကြီး ဂျွန် အိုကဲသည် အောက်စဖို့ဒ်တက္ကသိုလ် တွင် ဂန္ထဝင်စာပေကို လေ့လာသင်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ မြန်မာစာပေသင်ယူရန် မသွားမီ SOAS တွင် အာရ်. ကေ. စပရစ်ဂ် (R. K. Sprigg) နှင့် အခြား ဘာသာဗေဒပညာရှင်များထံတွင် ဆက်လက်လေ့လာဆည်းပူးသည်။ ဆရာကြီးရွှေပြည်ဦးဘတင် စသူတို့ထံတွင် မြန်မာစာပေကို ဆည်းပူးခဲ့ဖူးသူဟု ဆိုကြသည်။ မြန်မာသဒ္ဒါကျမ်း နှစ်တွဲကိုလည်း ရေးသားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အက်ပဲလ် ကွန်ပျူတာများတွင် အသုံးပြုရန် 'Ava Laser' Font ကိုပြုစုပေးခဲ့သည်။ လန်ဒန်တက္ကသိုလ်တွင် တွဲဖက်သုတေသီအဖြစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာစာပေကို ပို့ချခဲ့သည်။ သူ့အား မြန်မာအမည် ဦးလှသိန်း၊ ကိုအုတ်ခဲ စသည့် နာမည်များဖြင့်သိကြသည်။ ပညာသင်ဘဝ ဂျွန်အိုကယ်ကို အင်္ဂလန်တောင်ပိုင်း ဘရိုက်တန် ကမ်းခြေမြို့၌ ၁၉၃၄ က မွေးခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်တွင် ရောမနဲ့ ဂရိ ဂန္ထဝင်စာပေများ သင်ကြားခဲ့သည်။ ထို့နောက် ၁၉၅၉တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာရပ်များကျောင်း၌ မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေထံတွင် မြန်မာစာ ကို တစ်နှစ်ခွဲ သင်ယူခဲ့သည်။ ၁၉၆ဝ တွင် ဂျွန်အိုကယ်သည် မြန်မာပြည်သို့ ရောက်ရှိပြီး မြန်မာစာနှင့် ယဉ်ကျေးမှုများကို ဆက်လက်ဆည်းပူးခဲ့သည်။ ထိုခေတ်က ရန်ကုန်မြို့တွင် မြန်မာစကား ပြောဖို့ကြိုးစားတိုင်း လူတွေက အင်္ဂလိပ်လိုသာ ပြန်ပြောကြသဖြင့် မြန်မာပြည် အထက်ပိုင်းတွင် သွားသင်ခဲ့ရသည်ဟု ဂျွန်အိုကယ်က သူ့၏ မြန်မာစာသင်ခရီးကို ၂ဝဝ၆ က မြန်မာလေ့လာရေး ဘူလက်တင် စာစောင်တွင် ရေးသားထားသည်။ မြန်မာစာပေဆိုင်ရာ ဆရာကြီး ဂျွန် အိုကဲသည် တယောထိုး ဝါသနာပါသည်။ ဘဝနိဂုံး လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဂျွန်အိုကယ်သည် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ဂျွန်အိုကယ်သည် အသက် (၈၆) နှစ် အရွယ် မကွယ်လွန်မီ တလခန့် အထိ ကျောင်းသားများအား မြန်မာစာ သင်ကြားပေးသွားခဲ့သည်။ ပြစုခဲ့သော စာအုပ်များ Hla Pe, Anna J. Allott, John Okell (1963). "Three 'Immortal' Burmese Songs." Bulletin of the School of Oriental and African Studies . 26.3: 559-571. Okell, John. "Learning Music from a Burmese Master" Man 64: 183 Okell, John (1965). "Nissaya Burmese: a case of systematic adaptation to a foreign grammar and syntax". Lingua 15: 186-227. Okell, John (1969). A reference grammar of colloquial Burmese. London: Oxford University Press. Okell, John (1971). "The Burmese Double-Reed "Nhai"". Asian Music 2.1: 25-31 Okell, John (1971). "K Clusters in Proto-Burmese". Sino-Tibetan Conference, October 8-9, 1971, Bloomington, Indiana. ms. Okell, John (1971). A guide to the romanization of Burmese. London: Luzac [for] The Royal Asiatic Society of Great Britain and Ireland. Okell, John (1979). "'Still' and 'anymore' in Burmese." Linguistics of the Tibeto-Burman area 4.2: 69-82. Okell, John (1988). ‘Notes on Tone Alternation in Maru Verbs’. David Bradley, Eug´enie J.A. Henderson and Martine Mazaudon (eds), Prosodic analysis and Asian linguistics: to honour R.K. Sprigg. (Pacific Linguistics C-104). Canberra, A.C.T., Australia: Dept. of Linguistics, Research School of Pacific Studies, Australian National University:109-114. Okell, John (1989). First steps in Burmese. London: School of Oriental and African Studies, University of London. Okell, John (1989). "Yaw: a dialect of Burmese". South East Asian linguistics: essays in honour of Eugénie J A Henderson. Ed. J H C S Davidson. London, SOAS:199-219. Okell, John (1995). Burmese: an introduction to the spoken language. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). Burmese: an introduction to the script. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). Burmese: an introduction to the literary style. [De Kalb]: Northern Illinois University, Center for Southeast Asian Studies. Okell, John (1995). "Three Burmese Dialects." D. Bradley (ed.). Papers in Southeast Aisan linguistics no. 13: Studies in Burmese Languages. (Pacific Linguistics, A-83). : 1-138. Okell, John and Anna Allott (2001). Burmese/Myanmar dictionary of grammatical forms. Curzon Press. Okell, John (2002). Burmese by ear, or Essential Myanmar. London: Audio-Forum, Sussex Publications Limited. (Now available for free download from http://www.soas.ac.uk/bbe/ ) Okell, John (2007). "Dr. U Hla Pe (1913-2007)". Bulletin of Burma Research'' 5.1-2: 1-4. မြန်မာဘာသာဖြင့် ပြုစုသောစာအုပ် First Steps in Burmese by John Okell, University of London, School of Oriental and African Studies Staff School of Oriental & African Studies, ISBN 0-7286-0146-X ကိုးကား ပြင်ပလင့်များ Digital collection of Okell's 1969 fieldwork notes on Maru. Category:အတ္ထုပ္ပတ္တိ
မေငြိမ်း
မေငြိမ်း (အမည်ရင်း ငြိမ်းခက်ခက်) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မေငြိမ်းကို ၁၉၆၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေဖူးလွှာ မဂ္ဂဇင်းပါ "ပြည်စုံခြင်း" ကဗျာနှင့် စာပေနယ်အတွင်း စတင်ရောက်ရှိခဲ့သည်။ ပထမဆုံးပုံနှိပ် ဝတ္ထုတိုမှာ ၁၉၈၇ ၊ မေလ ပေဖူးလွှာ မဂ္ဂဇင်းပါ "ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်" ဖြစ်သည်။ ၁၉၉၀ ပြည့်တွင် ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီ ကိုထုတ်ဝေခဲ့သည်။ အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘဝနှင့် ဂီတစာပေ ဟူသောကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၈၆ နိုဝင်ဘာလမှ ၂၀ဝ၅ ဖေဖော်ဝါရီလ အထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ ဘားအံကောလိပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့တွင် မြန်မာစာဆရာမအဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသမီး စာရေးဆရာ တစ်ယောက်အဖြစ်သာမက မြန်မာဘလော့ဂါ တစ်ဦးအနေဖြင့်လည်း ထင်ရှားသည်။ အမေရိကန်သို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနတွင် သတင်းမီဒီယာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် အမေရိကန်အစိုးရပိုင် နိုင်ငံခြားဘာသာစကားကျောင်းတွင် မြန်မာဘာသာစကားဆရာမ အဖြစ် အလုပ်လုပ်ကိုင်နေသည်။ ထုတ်ဝေခဲ့သော စာအုပ်စာရင်း လုံးချင်းဝတ္ထုများ သီချင်းနှင်းဆီ (၁၉၉၀) ပကတိမြား (၁၉၉၀) မီးခိုးငွေ့ မီးခိုးမျှင် (၁၉၉၁) အဆိပ်ဖြင့်...မြက်ခင်းများဆီ (၁၉၉၁) ချစ်သူ့မျက်နှာစာ (၁၉၉၂) ချစ်သူတို့ရဲ့ မနက်ဖြန် (၁၉၉၃) အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင် (၁၉၉၄) ချိုတဲ့တေး (၁၉၉၅) ကောင်းကင်နိဒါန်း (၁၉၉၆) အသံသစ်ပြတိုက် (၁၉၉၇) အချစ်အကြောင်းပြောရအောင် (၁၉၉၈) ဝတ္ထုတိုပေါင်းချုပ် မုန်တိုင်း၏ ကျောရိုးနှင့် ချစ်သောဝတ္ထုများ (၁၉၉၄) အခြား သတင်းသမားအတွက် မြန်မာစာ (၂၀ဝ၇) ကိုးကား ကဏ္ဍ:မြန်မာ အမျိုးသမီး စာရေးဆရာများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
နတ်ပြည် ၆ ထပ်
၃၁ ဘုံ ပြပုံ နတ်တို့ နေရာဘုံ ခြောက်ထပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတီ ပရနိမ္မိတဝဿဝတီ သက်တမ်း နတ်ပြည်ခြောက်ထပ်တွင် တည်ရှိသော သက်တမ်းကို ဗုဒ္ဒဘာသာကျမ်းစာများတွင် ယခုလို ဖော်ပြထား၏ ။ စတုမဟာရာဇ်နတ်ပြည်ဘုံ သက်တမ်း = အနှစ် (၅၀၀) တာဝတိံသာနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၁၀၀၀) ယာမာ နတ်ပြည်ဘုံ သက်တမ်း = အနှစ် (၂၀၀၀) တုသိတာနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၄၀၀၀) နိမ္မာနရတိနတ်ပြည်ဘုံ သက်တမ်း = အနှစ် (၈၀၀၀) ပရနိမ္မိတဝဿဝတ္တိနတ်ပြည်ဘုံ သက်တမ်း= အနှစ် (၁၆၀၀၀) ကိုးကား Category:နတ်ဘုံ ခြောက်ဘုံ Category:ဗုဒ္ဓဘာသာ
အောင်ဇော်
အောင်ဇော် (အယ်ဒီတာ) အောင်ဇော် (ဘောလုံးသမား)
သန်းထွဋ်အောင်
First Eleven Group ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။ သူ၏ မီဒီယာလုပ်ငန်းများမှာ အစိုးရနှင့် ဆက်စပ်မှုရှိသည်ဟု သတင်းကြီးသောကြောင့် အငြင်းပွားဖွယ်ရာဖြစ်သည်။ Category:မြန်မာ ဂျာနယ်လစ်များ Category:မြန်မာ ဆရာဝန်များ
မာဂျေ
မာဂျေ သည် စစ်မှုထမ်းတစ်ယောက်ဖြစ်သည်။ မာဂျေဆိုသော အမည်၏ အဓိပ္ပာယ်မှာ မေဂျာ (ဗိုလ်မှူး)ဖြစ်သည်။ အင်တာဗျူးဂျာနယ်ကို ထုတ်ဝေဖူးပြီး နောက်ပိုင်းတွင် ကိုကို (စက်မှု) Flower News ဂျာနယ်တွင်လည်း ရှယ်ယာပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။ Category:မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ
ရော့စ် ဒန်ကလေ
ရော့စ် ဒန်ကလေ (Ross Dunkley) သည် ဩစတေးလျနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်)ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင်လည်း သတင်းစာလုပ်ငန်းကို ပိုင်ဆိုင်သည်။ မြန်မာနိုင်ငံတွင် သတင်းစာလုပ်ငန်း ထင်သလောက် မပေါက်ဘဲ အရှုံးပြခဲ့သည်။ စစ်အစိုးရဖြင့် ပူးတွဲနေမှုကြောင့် သူ၏လုပ်ငန်းမှာ အငြင်းပွားဖွယ်ရာဖြစ်သည်။ Category:ဂျာနယ်လစ်များ
စိန်ဝင်း (ဂျာနယ်လစ်)
အမည်ရင်းမှာ သော်ဇင်ထွန်းဖြစ်သည်။ စိန်ဝင်း (ဂျာနယ်လစ်) သည် လက်ရှိတွင်မဇ္ဈိသတင်းဌာန၏ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ (Managing Editor) အဖြစ်နှင့် Myanmar Center for Investigative Journalism (MCIJ) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။ သူသည် မဇ္ဈိမသတင်းဌာနတွင် ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူအဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် အင်တာဗျူးများလုပ်လေ့ရှိသည်။ သူသည် ယခင် ၂၀၁၄ ခုနှစ်မှလေးနှစ်ကြာ Myanmar Journalism Institute (MJI) တွင် Training Director အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။ ကမ္ဘောဒီယားတွင် သတင်းစာပညာစတင်သင်ယူခဲ့ပြီး ပြည်ပတွင် အခြေစိုက်သည်။ သူသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သော်လည်း သတင်းစာပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေခဲ့သည်။ Category:မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ
နေဝင်းမောင် (ဒေါက်တာ)
ဒေါက်တာ နေဝင်းမောင်သည် အယ်ဒီတာ ၊ ထုတ်ဝေသူ ၊ စာရေးဆရာ ၊ ဂျာနယ်လစ် တစ်ဦးဖြစ်သည်။ ၁၉၉၅ မှစ၍ ယနေ့အထိ ထုတ်ဝေလျက်ရှိသော Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်၊ ခေတ်မြန်မာဂျာနယ် (ယခု ရပ်ဆိုင်း)၊ Myanmar Voice ဂျာနယ် (ယခု ရပ်ဆိုင်း)၊ Foreign Affair ဂျာနယ် (ယခု ရပ်ဆိုင်း) တို့၏ ပူးတွဲထုတ်ဝေသူ ၊ ပူးတွဲ တည်ထောင်သူ၊ မူဝါဒရေးရာ လမ်းညွှန်သူတစ်ဦးဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အမည်ရင်း နေဝင်းမောင် ဖြစ်ပြီး အဖ ဦးသန်းမောင် (အငြိမ်းစား ပါမောက္ခ ဒုဗိုလ်မှူးကြီး၊ ညွှန်ကြားရေးမှူးချုပ်) နှင့် အမိ ဒေါ်ယဉ်ယဉ်(အငြိမ်းစား လက်ထောက်ကထိက)တို့မှ ၁၉၆၂ ခုနှစ်တွင် စစ်တက္ကသိုလ် (ပြင်ဦးလွင်)၌ မွေးဖွားခဲ့သည်။ ရှမ်း မြန်မာ ကပြားဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ ပညာရေး ၁၉၇၈ တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး ၁၉၈၇ တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ အမ်ဘီဘီအက်စ် ဘွဲ့ကို ရရှိခဲ့သည်။ ယေးလ်တက္ကသိုလ်တွင်လည်း World Leaders Program ကို တက်ရောက်ခဲ့သည်။ စာပေလှုပ်ရှားမှု နေဝင်းမောင် အမည်ဖြင့် သင့်ဘဝ၊ ရနံ့သစ်၊ သရဖူ(ဟောင်း) မဂ္ဂဇင်းများတွင် အတွေးအခေါ်ဆောင်းပါးအချို့ရေးသားခဲ့ပြီး သူ၏ ကလောင်ခွဲများမှာ ဒေါက်တာကိုကို၊ ဒေါက်တာရေချမ်းမောင်၊ ထွန်းအောင်၊ အေးချမ်းမောင်၊ အောင်ထွဋ် စသည်တို့ဖြစ်ပြီး ကြော်ငြာလမ်းညွှန်မဂ္ဂဇင်းတွင် တြိဂံအမှတ်အသားဖြင့်လည်းကောင်း၊ အမည်မဖော်ပြ၍ လည်းကောင်း သတင်း၊ ဆောင်းပါးနှင့် ခေါင်းကြီးများ ရေးသားခဲ့သည်။ အခြား ၂၀ဝ၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရစီစဉ်သော ဆန္ဒခံယူပွဲနှင့် ပတ်သတ်၍ အင်တာနက်စာမျက်နှာများပေါ်ရောက်ရှိလာသော သူ၏ အယူအဆ အတွေးအမြင်များကြောင့် ပြည်ပ အတိုက်အခံအင်အားစုများနှင့် နိုင်ငံရေးအကဲခတ်သူများမှ ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တွေ့ရှိရသည်။ ပညာသင်ဆု ပေါင်းကူးသင်တန်းကျောင်းဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress) ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်သည်။ ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝန်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ဝင်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက်ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ဝတ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။ Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။ နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင် ဦးနေဝင်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။ မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။ ဦးနေဝင်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအဝန်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ်သည်။ ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။ ဘဝနိဂုံး ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝင်းကလျာဆွေ နဲ့ သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ ရည်ညွှန်းကိုးကား ဆက်ဆံရေးအနုပညာ - နေဝင်းမောင် ဆက်စပ်ဖတ်ရှုရန်ကျနော့်ဘေးနားက ဖြတ်သွားတဲ့ ခေတ် Category:မြန်မာ စာရေးဆရာများ Category:မြန်မာ အမျိုးသား စာရေးဆရာများ Category:မြန်မာ ဂျာနယ်လစ်များ Category:မြန်မာ ဆရာဝန်များ
ပဲခူးတက္ကသိုလ်
ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။ ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ ဆောင်ပုဒ်မှာ "ပညာယအတ္ထံ ဇာနာတိ" ဖြစ်သည်။ သမိုင်းကြောင်း ၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ သင်တန်းများ ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် ခရီးသွားလုပ်ငန်းပညာဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ ကိုးကား Category:မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ Category:မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ Category:ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ
တောင်ငူတက္ကသိုလ်
တောင်ငူတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ တောင်ငူခရိုင်နှင့် အနီးအနားရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာ၊သိပ္ပံနှင့် ဥပဒေဆိုင်ရာ ဘွဲ့များနှင့် မဟာဘွဲ့သင်တန်းများကို သင်ကြားပေးနေသည်။ သင်တန်းများ ဘာသာရပ်ဘွဲ့မဟာဘွဲ့ပါရဂူဘွဲ့ မြန်မာစာ BA MA အင်္ဂလိပ်စာ BA MA ပထဝီဝင် BA MA သမိုင်း BA MA ဒဿနိကဗေဒ BA MA စိတ်ပညာ BA MA ရုက္ခဗေဒ BSc MSc ဓာတုဗေဒ BSc MSc သင်္ချာ BSc MSc ရူပဗေဒ BSc MSc သတ္တဗေဒ BSc MSc ဘောဂဗေဒ BEcon ဥပဒေ LLB ဘူမိဗေဒ BSc MSc ဘာသာရပ်ဆိုင်ရာ ဌာနများ သင်္ချာဌာန ရူပဗေဒဌာန ဓာတုဗေဒဌာန သတ္တဗေဒဌာန ရုက္ခဗေဒဌာန ဥပဒေပညာဌာန အင်္ဂလိပ်စာဌာန မြန်မာစာဌာန သမိုင်းဌာန ဒဿနိကဗေဒဌာန စိတ်ပညာဌာန ပထဝီဝင်ဌာန အရှေ့တိုင်းပညာဌာန ဘူမိဗေဒဌာန စီးပွားရေးဌာန ကိုးကား Category:မြန်မာနိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်ကောလိပ်များ Category:မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ Category:ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ
အောင်သောင်း (ဝန်ကြီး)
ဦးအောင်သောင်း (၁ ဒီဇင်ဘာ ၁၉၄၀ - ၂၃ ဇူလိုင် ၂၀၁၅) သည် မြန်မာ့နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ကိုယ်ရေးရာဇဝင် ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောက်ကာရွာ တွင် မွေးဖွားခဲ့သည်။ သို့သော် သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ဝဲလောင်ရွာ ဇာတိဟု ပြောလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့အား ဝဲလောင်သားဟု မကြာခဏ ခေါ်လေ့ရှိသည်။ ဇနီးမှာ ဒေါ်ခင်ခင်ရီဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင်ပင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် နှစ်များစွာ တာဝန်ထမ်းဆောင်ပြီးနောက် စက်မှု ၁ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖြစ် မပြောင်းလဲမီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွင်လည်း ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ဦးအောင်သောင်းအား ပါတီ၏ အတွင်းရေးမှူး ၁ အဖြစ် ခန့်အပ်ခဲ့သည်။ ထမ်းဆောင်ခဲ့သော ရာထူးများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး(ငြိမ်း) တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥက္ကဋ္ဌ ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင် အဆိုအမိန့်များ ဘဏ္ဍာရေးလုပ်ငန်းဆိုသည်မှာ (၄) တန်းအောင် အရည်အချင်းရှိလျှင်ပင် လုပ်ကိုင်၍ရကြောင်း၊ ရှေးက ဘုရားပုထိုးများ စနစ်တကျ တည်နိုင်ခဲ့သည့် အနော်ရထာဘုရင်သည် မည်သည့် တက္ကသိုလ်မှ တက်ခဲ့သူမဟုတ်ကြောင်း နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း ပြောခဲ့ဖူးသည်။ နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန ဘဏ္ဍာရေးအရာရှိများ တက်ရောက်သည့် နေပြည်တော် သင်တန်းဖွင့်ပွဲတခုတွင် ယခုကဲ့သို့ ဝန်ကြီး ဦးအောင်သောင်းက ပြောခဲ့ခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ ဦးအောင်သောင်းသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပြီး ၎င်း၏မိသားစုဝင်များက အောင်ရီဖြိုးကုမ္ပဏီ၊ အိုင်ဂျီအီးကုမ္ပဏီနှင့် ကွင်းစတားကုမ္ပဏီများကို ဦးစီးလုပ်ကိုင် လျက် ရှိသည်။ ယင်းကုမ္ပဏီများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်နှင့်ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများ၊ ကွန်ပျူတာနှင့် တခြား လျှပ်စစ်ပစ္စည်းတင်သွင်းသည့်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်။ အောင်ရီဖြိုးကုမ္ပဏီသည် စင်ကာပူတွင်လည်း 'IGE' ဆိုသည့်ကုမ္ပဏီကို ဖွင့်ထားသေးသည်။http://www.myanmarbawa.co.cc/2008/08/queen-star-ige-us.html?widgetType=BlogArchive&widgetId=BlogArchive1&action=toggle&dir=close&toggle=MONTHLY-1217574000000&toggleopen=MONTHLY-1217574000000 အငြင်းပွားဖွယ်ရာများ ၂၀ဝ၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သူအဖြစ် ဦးအောင်သောင်းကို ပြည်ပရောက်အတိုက်အခံများက စွပ်စွဲပြောနေဆိုခဲ့ကြသည်။ ကွယ်လွန်ခြင်း ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ဦးအောင်သောင်းသည် ရုတ်တရက်လေဖြတ်ကာ လဲကျခဲ့သဖြင့် နေပြည်တော် အထွေထွေရောဂါကု ဆေးရုံ သို့ ပို့ဆောင်ခဲ့ရသည်။ ရန်ကုန်မှ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ ရောက်ရှိလာကာ ကုသသော်လည်း မသက်သာသဖြင့် စင်ကာပူနိုင်ငံသို့ သယ်ဆောင်ကာ ကုသခဲ့ကြသည်။ အထူးကြပ်မတ်ကုသဆောင်တွင် ၂ ပတ်ကြာ ကုသခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ ယင်းနေ့မှာပင် သူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။ မှတ်ချက် ကိုးကား Category:မြန်မာ စစ်အုပ်ချုပ်ရေးခေတ် အကြီးအကဲများ Category:မြန်မာ စီးပွားရေးလုပ်ကိုင်သူများ Category:ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ Category:၁၉၄၀ မွေးဖွားသူများ Category:၂၀၁၅ ကွယ်လွန်သူများ ကဏ္ဍ:မြန်မာနိုင်ငံ ဝန်ကြီးများ
ကောသလ္လ၊ ဦး (ဓမ္မစေတီ)
ဘဒ္ဒန္တကောသလ္လ (ဓမ္မစေတီဆရာတော်) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သာသနတက္ကသီလ မဟာဓမ္မစရိယ (MA. Buddhism) ဘွဲ့ကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့(တပေါင်းလပြည့်နေ့)တွင် နိုင်ငံတော်အစိုးရက ဆပ်ကပ်သော ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ကို ရရှိခဲ့သည်။ မွေးဖွားခြင်း ဆရာတော်ကို ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၌ ခမည်းတော် ဆရာဦးသန်းမြင့်၊ မယ်တော် ဆရာမ ဒေါ်တင်လှ တို့မှ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၂၃ ခု၊ ပြာသိုလဆန်း ၃ ရက်၊ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း ဆရာတော်သည် ၁၃၄၂ ခုနှစ်၊ ကဆုန်လတွင် ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ်ဆရာတော်မှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံအနောက် ပရိယတ္တိမဉ္ဇူစာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ ဖြစ်သည်။ ဆရာတော်သည် ၁၃၄၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဟာအောင်မြေ ရွှေကူတိုက်သစ်ဆရာတော် ဘဒ္ဒန္တဥက္တံသဗုဒ္ဓိကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ စာပေလေ့လာခြင်း ဥပဇ္ဈယ်ဆရာတော်များ၊ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၊ ဦးဝါသေဌာဘိဝံသ၊ ဆရာတော်ဦးတေဇနိယဉာဏတို့ထံ စာပေများလေ့လာခဲ့သည်။ ဓမ္မစေတီဟု ခေါ်တွင်ကြခြင်း မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေသော ထေရဝါဒနည်းစနစ်ဖြင့် စေတီတော်ကို ကိုးကွယ်သည့်နည်းကို သင်တန်းဟောကြားသောကြောင့်လည်းကောင်း ဓမ္မစေတီထေရဝါဒသာသနာပြုကျောင်းတွင် သီတင်းသုံးသောကြောင့်လည်းကောင်း ဓမ္မစေတီဆရာတော်ဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။ ကိုးကား ပြင်ပလင့်ခ်များ Category:ဗုဒ္ဓဘာသာရဟန်းများ ကဏ္ဍ:၁၉၆၂ မွေးဖွားသူများ ကဏ္ဍ:သက်ရှိထင်ရှားပုဂ္ဂိုလ်များ
မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ - ၇ ဩဂုတ် ၂၀၂၅ ) သည် မြန်မာနိုင်ငံသား မွန်လူမျိုး မြန်မာ့တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းယူခံရခြင်းတွင် သူသည် ယာယီသမ္မတအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ အစောပိုင်းဘဝနှင့် စစ်မှုထမ်းခြင်း ဦးမြင့်​ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် စစ်ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်တို့အကြား ပဋိပက္ခဖြစ်ပွားရာတွင် ဦးမြင့်ဆွေသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ထိုစဉ်က နိုင်ငံဝန်ကြီးချုပ်နှင့် တပ်မတော်ထောက်လှမ်းရေးမှူးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာ၌ ၎င်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရ ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားပြီးနောက် ဦးမြင့်ဆွေသည် အသစ်ဖွဲ့စည်းခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ အရာချုပ်ဖြစ်လာခဲ့သည်။သူသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန် နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်အား တွဲဖက်၍ တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ ရာထူးမှ အနားယူခဲ့သည်။ ဦးမြင့်ဆွေသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို အကြမ်းဖက်ဖြိုခွင်းရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၎င်းသည် ထိုသို့ ဆန္ဒပြသံဃာ၊ ကျောင်းသားနှင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမှာ တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ်တွင် 7 Day သတင်းမီဒီယာကို ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ထိုသို့ဖြိုခွင်းခဲ့မှုကြောင့် သေဒဏ်ပေးရင်တောင် ခံနိုင်သည်ဟုလည်း မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။ နိုင်ငံရေးဘဝ ရွေးကောက်ပွဲ ဝင်ပြိုင်မှု ဦးမြင့်ဆွေသည် တပ်မတော်မှ အနားယူပြီးနောက် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ +ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)စဉ်ကိုယ်စားလှယ်လောင်းပါတီမဲရုံမဲကြိုတင်မဲပေါင်းခိုင်လုံမဲ ရာခိုင်နှုန်း၁။ဒေါ်ခင်အေးရီတိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီ1,241381,27918.70%၂။ဦးမြင့်ဆွေပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ5,0115475,55881.30%စုစုပေါင်း6,2525856,837100%*ဦးမြင့်ဆွေက အနိုင်ရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သူရ ဦးတင်အောင်မြင့်ဦးသည် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေအား အဆိုပြုခဲ့သော်လည်း သားဖြစ်သူတစ်ဦးမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအရည်အချင်းနှင့် မပြည့်မှီသောကြောင့် မအောင်မြင်ခဲ့ပေ။ ၂၀၁၅ ခုနှစ် လဆန်းပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည့် ကျောင်းသားဆန္ဒပြပွဲတစ်ခုကို လက်ပတ်နီဝတ် "စွမ်းအားရှင်" များကို အသုံးပြု၍ ရိုက်နှက်ခဲ့ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောဆိုခဲ့သည်။ ထိုပြောဆိုမှုကြောင့် ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ ဒုတိယသမ္မတ ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။ ယာယီသမ္မတ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။ ၂၀၂၁ နောက်ပိုင်းအခြေအနေများ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေသည် မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်ပြီး ထို့နောက်တွင် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား ယင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။ ဘဝနိဂုံး ကျန်းမာရေး ယိုယွင်းခြင်း ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား စတင် ခံစားလာခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ ထိုနှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင်လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ရသည်။ သို့သော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၎င်း၏ ယာယီသမ္မတတာဝန်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် တွင် ဦးမြင့်ဆွေသည် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရပြန်သည်။၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက် တွင် ဦးမြင့်ဆွေ ၏ ကျန်းမာရေးအခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ကွယ်လွန်ခြင်း ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက် နံနက် ၈ နာ၇ီ ၂၈ မိနစ် တွင် နေပြည်တော် ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကွယ်လွန်ခဲ့သည်။ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်ဖြစ်သည်။ ယခင်ထုတ်ပြန်ချက်က သုံးရက် သတ်မှတ်ခဲ့သော နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလကို ၅ ရက်အဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ဩဂုတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ထားသည်ဟု ကာလုံရုံးက ထုတ်ပြန်ထားသည်။ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပန ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်၍ “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသည့် သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွါးများချီးမြှင့်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော် ထိပ်တန်းအရာရှိကြီးများ တက်ရောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယသမ္မတဟောင်းများဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်းတို့လည်း တက်ရောက်ခဲ့သည်။ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့လည်း တက်ရောက်ဂါရဝပြုခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌမှ ဖတ်ကြားခဲ့ပြီး ရုပ်ကလာပ် ပို့ဆောင်ခြင်းအား ပြည်ထောင်စုဝန်ကြီး (၈)ဦးမှ ဆောင်ရွက်ခဲ့သည်။ တပ်မတော် ဂုဏ်ပြုတပ်ခွဲမှ သေနတ်မြှောက် အလေးပြုခြင်း၊ သေနတ်မြေစိုက် ဦးခိုက်အလေးပြုခြင်း၊ သေနတ် သုံးချက် ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ပြုလုပ်ခဲ့သည်။ ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသောကြွေအိုးအား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) ၌ အုတ်ဂူဖြင့် ဂူသွင်းမြှုပ်နှံခဲ့သည်။ ဂုဏ်ပြုခံရခြင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၂၂ အရ ဦးမြင့်ဆွေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သော သတိုးသီရိသုဓမ္မဘွဲ့ နှင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သတိုးမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ မိသားစုဘဝ ယာယီသမ္မတ ဦးမြင့်‌ဆွေသည် မွန်လူမျိုး ဖြစ်ပြီး ဇနီးမှာ ဒေါ်ခင်သက်ဌေး ဖြစ်သည်။ ၎င်းတွင် သား၊ သမီးနှစ်ဦးရှိပြီး သမီးဖြစ်သူ ဒေါ်ခင်သက်ထားဆွေနှင့် သားဖြစ်သူ ဗိုလ်ကြီး ကျော်ဘုန်းမြင့် (ငြိမ်း) တို့ ဖြစ်သည်။ ကိုးကား Category:မြန်မာ စစ်အုပ်ချုပ်ရေးခေတ် အကြီးအကဲများ‎ Category:မြန်မာ့နိုင်ငံရေးသမားများ Category:မြန်မာနိုင်ငံ၏ သမ္မတများ Category:မြန်မာနိုင်ငံ၏ ဒုတိယသမ္မတများ ကဏ္ဍ:မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ Category:မွန်လူမျိုးများ ကဏ္ဍ:အာဏာသိမ်း ခေါင်းဆောင်များ ကဏ္ဍ:စစ်တက္ကသိုလ် ကျောင်းဆင်းများ
လှဘေ
ဒေါက်တာ လှဘေ (၈ ဇန်နဝါရီ ၁၉၁၃ – ၃၁ ဇူလိုင် ၂၀၀၇) သည် ထင်ရှားသော မြန်မာဘာသာစကား ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး မြန်မာ–အင်္ဂလိပ် အဘိဓာန်တွင် ပါဝင်ရေးသားခဲ့သူ ဖြစ်သည်။ သူသည် ၁၉၆၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှု ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ် အငြိမ်းစားယူပြီးနောက် လန်ဒန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ထပ်မံ ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။ ဒေါက်တာလှဘေသည် ဘဝတစ်လျှောက်လုံးမြန်မာစာ၊ မြန်မာစကား ထွန်းကားပျံ့နှံ့ရေး၊ နိုင်ငံခြားသားများ မြန်မာစာသင်ယူ လေ့လာခွင့်ရရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။https://7day.news/%E1%80%95%E1%80%8A%E1%80%AC%E1%80%95%E1%80%AB%E1%80%9B%E1%80%99%E1%80%AE%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%90%E1%80%BD%E1%80%B1%E1%80%B8%E1%80%A1%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%85%E1%80%AC%E1%80%85%E1%80%AF--(%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%9C%E1%80%BE%E1%80%98%E1%80%B1)-----126663 မြန်မာဘာသာနဲ့ ဆိုင်သော သုတေသနစာတမ်းတွေ ရေးသားခဲ့သလို နိုင်ငံတကာက မြန်မာဘာသာစကားသင်ယူသူတွေအတွက် မြန်မာစာသင်နည်းနဲ့ ပြဋ္ဌာန်းစာအုပ်တွေလည်း ပြုစုခဲ့သူ ဖြစ်သည်။ မြန်မာကရော၊ ကမ္ဘာကပါ လေးစားရတဲ့ ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်သည်။https://web.archive.org/web/20090219091612/http://web.soas.ac.uk/burma/5.1-2files/UHlapeobitokell2007.pdf ငယ်စဉ်ဘဝ ၁၉၁၃ - ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ ခရဲရွာ၌ အဖ ဦးမောင်ငွေ၊ အမိ ဒေါ်ခင်ခင်တို့က မွေးဖွားခဲ့သည်။ အမည်ရင်း ဦးလှဘေ ဖြစ်သည်။ ငယ်စဉ်က ခရဲရွာမူလတန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပညာသင်ဘဝ ၁၉၃၁ တွင် မော်လမြိုင် အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းကို ဂုဏ်ထူး(၅)ခုဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ၁၀ တန်းကို ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော်လည်း ငွေ ကြေးမပြည့်စုံ၍ တက္ကသိုလ်တက်ဖို့အရေး အခက်ကြုံ တွေ့နေစဉ်ပညာသင်ဆု(စကောလားရှစ်)ရရှိကာ ၁၉၃၆ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈ တွင် မဟာဝိဇ္ဇာ(မြန်မာစာဘွဲ့)ကိုရရှိခဲ့သည်။ ၁၉၃၉ တွင် လန်ဒန်တက္ကသိုလ်၊ ပညာရေးကောလိပ်မှ ဒီပလိုမာရရှိခဲ့သည်။ ၁၉၄၄ တွင် လန်ဒန်တက္ကသိုလ်၏ အရှေ့ပိုင်းပညာလေ့လာရေး သိပ္ပံကျောင်းမှ မြန်မာစာပေဆိုင်ရာ ပါရဂူ(Ph.D)ဘွဲ့ကို ရရှိခဲ့သည်။ စာပေသင်ကြားရေး ဒေါက်တာ လှဘေသည် အင်္ဂလိပ်ခေတ်ကတည်းက (၁ဝ)တန်းကို ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း အရေးပိုင်၊ ဝန်ထောက်စသည့် ရာထူးများကို မလုပ်ဆောင်ခဲ့ဘဲ ကျောင်းဆရာအလုပ်ကိုသာ မြတ်နိုး၍ မြန်မာစာကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။ ၁၉၄၂ - ၁၉၄၆ - လန်ဒန်မြို့ ဘီဘီစီ မြန်မာပိုင်းတွင် သတင်းဝေဖန်သူ၊ ဘာသာပြန်ဆရာ၊ အသံလွှင့်သူအဖြစ် တာဝန်ထမ်းရင်း မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ကူညီပြုစုခဲ့သည်။ ၁၉၄၈ - လန်ဒန်တက္ကသိုလ် အရှေ့ပိုင်းနှင့် အာဖရိကပညာရပ်များ လေ့လာရေးသိပ္ပံကျောင်းတွင် ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၂)လန်ဒန်တွင် ထွက်ရှိခဲ့သည်။ ၁၉၅၂ - ကုမာရပြဇာတ်(အင်္ဂလိပ်ဘာသာဖြင့်) လန်ဒန်တွင် ထွက်ရှိခဲ့သည်။ ၁၉၅၅ - လန်ဒန်တက္ကသိုလ်တွင် လက်ထောက်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၃) ထွက်ရှိခဲ့သည်။ ၁၉၆၂ - မြန်မာစကားပုံများ(အင်္ဂလိပ်ဘာသာဖြင့်)ထွက်ရှိခဲ့သည်။ ၁၉၆၃ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၄)လန်ဒန်တွင်ထွက်ရှိခဲ့သည်။ ၁၉၆၆ - လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခတာဝန်ထမ်းဆောင်၊ ထိုစဉ်က ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများကို မြန်မာစာပေသင်ကြားခဲ့ရုံသာမက လန်ဒန်တက္ကသိုလ်ဝင် ဂျီစီအီး(အို)အဆင့်မြင့် စာမေးပွဲများ၊ ပြည်သူ့ဝန်ထမ်း ကော်မရှင်စာမေးပွဲများတွင် ပါဝင်စစ်ဆေးခဲ့။ အင်္ဂလန်နိုင်ငံတွင်သာမက ဒိန်းမတ်၊ ဟော်လန်(နယ်သာလန်)၊ ဘယ်လ်ဂျီယန်၊ ဂျာမဏီ၊ ပြင်သစ်၊ အိန္ဒိယတိုင်းပြည်များ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများက ဖိတ် ကြားသဖြင့် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အတွေးအမြင်စာစောင်တွင် စာပေနှင့်အတွေ့အကြုံဆောင်းပါး များ ရေးသားခဲ့သည်။ မြန်မာစာပေဧည့်ခံစာတမ်း စာအုပ်ထွက်ရှိခဲ့သည်။ ၁၉၆၉ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၅)ထွက်ရှိခဲ့သည်။ ၁၉၈၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၆) ထွက်ရှိခဲ့သည်။ လန်ဒန်တက္ကသိုလ်မှ အငြိမ်းစားယူပြီး မော်လမြိုင်မြို့၊ အမှတ်(၅)အေ၊ ဆောင်ဝိုင်းလမ်း၊ ဈေးချိုရပ်၊ မော်လမြိုင်မြို့၌ နေထိုင်ခဲ့သည်။ ၁၉၈၅ - မြန်မာနိုင်ငံ(အင်္ဂလိပ်ဘာသာ)BURMAစာအုပ်-စင်္ကာပူနိုင်ငံတွင်ထုတ်ဝေခဲ့သည်။ ၁၉၉၃ - ပညာပါရမီစာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၁ - ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူစာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၂ - အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာအုပ် ထွက်ရှိခဲ့သည်။ ၂၀ဝ၃ - တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာအုပ် ဒေါင်းစာပေမှ ထွက်ရှိခဲ့သည်။ ဘဝနိဂုံး ဒေါက်တာလှဘေသည် လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခရာထူးအထိရရှိခဲ့ပြီး ပညာရေးတာဝန်များကို နှစ်ပေါင်း ၄၀ မျှ ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ပြန်လာကာ ပြည်သူ့အကျိုးပြုစာပေများရေးသားရင်း ၂၀၀၇ ဇူလိုင်လကုန်တွင် အသက်(၉၈)နှစ်အရွယ်၌ မော်လမြိုင်မြို့ ဈေးချိုရပ်နေအိမ်တွင် ကွယ်လွန်ခဲ့ရှာသည်။ ဆရာကြီးသည် အင်္ဂလန်ရောက် မြန်မာပညာတော်သင် ကျောင်းသားများအတွက်လည်း ထောက်ပံ့ကူညီပေးရန် သူ၏ သေတမ်းစာတွင် ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ရေးသားထုတ်ဝေခဲ့စာအုပ်များ မြန်မာ-အင်္ဂလိပ် အဘိဓာန် (အပိုင်း-၂-မှ-၆-အထိ) ကုမာရပြဇာတ် (အင်္ဂလိပ်ဘာသာဖြင့်) မြန်မာစကားပုံများ (အင်္ဂလိပ်ဘာသာဖြင့်) မြန်မာစာပေ ဧည့်ခံစာတမ်း Three immortal Burmese songs (1963) (by Hla Pe, Anna T. Allott and John Okell)https://catalogue.nla.gov.au/Record/2732806 Introduction to Burmese literature (1966) Mind-bending Burmese Poems and Songs (1976) Burma: Literature, Historiography, Scholarship, Language, Life, and Buddhism (1985̠) ပညာပါရမီ ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူ အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာစု တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း မြန်မာတစ်ယောက် မွေးဖွားချိန်မှ သေဆုံးချိန်ထိ အထိမ်းအမှတ် ဒေါက်တာလှဘေ အထိမ်းအမှတ် ပညာပါရမီ စာကြည့်တိုက်ကို မော်လမြိုင်မြို့ခံလူထုမှ လှူဒါန်းငွေအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂ဝ၁၉ မတ်လ ၉ ရက်နေ့တွင် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်၌ တည်ဆောက် ဖွင့်လှစ်သည်။https://elevenmyanmar.com/broadcast/4255 အများပြည်သူ လူကြီးလူငယ်မရွေး အခမဲ့ အသုံးပြုနိုင်သော ပြည်သူ့စာကြည့်တိုက် (Public Media Centre) ဖြစ်သည်။ ကိုးကား ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မွန်လူမျိုးများ ကဏ္ဍ:မြန်မာ တက္ကသိုလ် ပါမောက္ခများ ကဏ္ဍ:မြန်မာ အဘိဓာန်ပြုစုသူများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
ဓမ္မပဒ
ဓမ္မပဒ (ပါဠိ; ဓမ္မပဒ (Dhammapada); Dharmapada) သည် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဒေသနာတော်များကို ဂါထာအသွင် သိမ်းဆည်း မှတ်တမ်းတင်ထားသည့် ကျမ်းစာဖြစ်သည်။ အင်္ဂလိပ်ဘာသာသို့ အများဆုံး ဘာသာပြန်ဆိုထားသော ကျမ်းစာလည်းဖြစ်သည်။ ဓမ္မပဒကို တရုတ် မဟာယာနဗုဒ္ဓဘာသာတွင် ပါဠိတော်မူထက် ပိုရှည်လျားသော အနည်းဆုံး မူကွဲ (၂) ခု တွေ့နိုင်သည်။ တိဗက်ဗုဒ္ဓဘာသာတွင်လည်း ထိုသို့ပင် ပါဠိတော်မူထက် ပိုရှည်လျားသော မူတစ်ခု ရှိသည်။ မြတ်စွာဘုရား လေးဆယ့်ငါးဝါတိုင် ဟောကြားတော်မူခဲ့လေသမျှ တရားဒေသနာတော်အဝဝကို ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ် နှင့် ခုဒ္ဒကနိကာယ် ဟူ၍ နိကာယ် ငါးရပ်အဖြစ် မှတ်တမ်းတင်ထားရာ ဓမ္ဓပဒသည် ခုဒ္ဒကနိကာယ်ဝင် သုတ္တန်ကျမ်း ဆယ့်ငါးကျမ်းတွင် အပါအဝင်ဖြစ်သည်။ အမည်ဝေါဟာရ ဓမ္မပဒသည် "ဓမ္မ" နှင့် "ပဒ" ပုဒ်နှစ်ခုကို ပေါင်းစည်းထားခြင်းဖြစ်ရာ "ဓမ္မ"သည် အမှန်တရား၊ တရားဒေသနာ၊ ဗုဒ္ဓ၏တရား၊ ဘာသာတရား၊ ကျင့်စဉ်တရား စသဖြင့် အနက်ရရှိသည်။ "ပဒ"သည် ခြေ၊ ခြေရာ၊ အခြေခံ၊ လမ်းကြောင်း၊ ဂါထာ၊ အစု ဟူ၍ အလျဉ်းသင့်သလို ယူနိုင်သည့် အနက်ဖြစ်သည်။ ထို့ကြောင့် "ဓမ္မပဒ" ၏ အဓိပ္ပာယ်ကို ဘာသာတရား (သို့) ဗုဒ္ဓ၏ အခြေခံ၊ ဘာသာတရား၏ကျင့်စဉ်၊ ဘာသာတရား၏ ဂါထာစု၊ ဗုဒ္ဓ၏ တရားဂါထာစု၊ တရားညွန့်ပေါင်း ဟူ၍ အနက်ရရှိသည်။ ထို့ကြောင့် ဤစကားစုများအရ ဓမ္မပဒသည် ဗုဒ္ဓဟောကြားခဲ့သော အဆီနှစ်တရားတော်များပါဝင်သော ကျမ်းဖြစ်ကြောင်း သတ်မှတ်နိုင်သည်။ ဓမ္မပဒကျမ်းစာများ ဗုဒ္ဓဟောကြားခဲ့သော တရားဒေသနာတော်များသာပါရှိသော ဓမ္မပဒပါဠိတော် သည် ခုဒ္ဒကနိကာယ်၏ ဒုတိယကျမ်းစာဖြစ်သည်။ ပါဝင်မှုမှာ ဂါထာအနေအထားဖြင့် ဖြစ်သည်။ ဂါထာ (၄၂၄) ပါဝင်၍ အခန်းပေါင်း (၂၆) ခန်းဖြင့် ခွဲခြားထားသည်။ မူရင်းပါဠိတော်၌ စကားပြေဖြင့်ရေးသားသော ဝတ္ထုဇာတ်ကြောင်းများမပါရှိပေ။ ထိုဓမ္မပဒပါဠိတော်လာ ဂါထာများကို မည်သည့် ရဟန်း၊ နတ်၊ လူပုဂ္ဂိုလ်နှင့် ဆက်စပ်၍ ဟောကြားခြင်းများကို ဓမ္မပဒ အဋ္ဌကထာဟူ၍ ရှေးဆရာတစ်ဦးက အဖွင့်ကျမ်းရေးသားခဲ့သည်။ အချို့က အရှင် ဗုဒ္ဓဃောသဟု ဆိုကြသော်လည်း အချို့က မဟုတ်ဟု ငြင်းခုံ ထောက်ပြကြသည်။ ဘီစီ သုံးရာစု အာသောကမင်းလက်ထက်မှစကာ သီဟိုဠ်တွင် ဗုဒ္ဓဘာသာထွန်းကားလာပြီး ယင်းနိုင်ငံရှိ ရဟန်းတော်များက ပိဋကပါဠိတော်များကို သီဟိုဠ် အက္ခရာဖြင့် အဖွင့်ကထာကျမ်းများရေးသားခဲ့ကြသည်။ ထိုသီဟိုဠ်အက္ခရာဖြင့် ရေးခဲ့ကြသော ကျမ်းများကို လေ့လာ၍ မူမှန်၍ စနစ်ကျသော အဋ္ဌကထာကျမ်းများကို ပါဠိဘာသာဖြင့်လည်း ရေးသားနိုင်ဖွယ်ရှိသည်။ ဤအယူအဆသည် အိန္ဒိယ၊ သီဟိုဠ်မှ ပါဠိပညာရှင်များ၏ ခိုင်မာသော အယူအဆဖြစ်သည်။ သို့သော် ဥရောပမှ ပညာရှင်များက ထိုအဋ္ဌကထာကျမ်းပြုသူများကို တစ်ယောက်တစ်မျိုး အယူအဆမတူညီစွာဖြင့် ဖော်ပြကြသည်။ ဓမ္မပဒ အဋ္ဌကထာကျမ်းသည် (၂) တွဲရှိ၍ ဆဋ္ဌမူအရ စာမျက်နှာ (၉၀၀) ခန့်ရှိ၏ ။ ဤကျမ်း၌ ဘုရားရှင်သည် မည်သည့်အရပ်တွင်သီတင်းသုံးပြီး မည်သူကို အကြောင်းပြု၍ မည်သည့်ဂါထာကို ဟောပြောကြောင်း နိဒါန်းပါဝင်ကာ ထို့နောက် ဆိုင်ရာပုဂ္ဂိုလ်နှင့် ပတ်သက်သော ဝတ္ထု၊ ထိုသူအား ဘုရားရှင်က မည်သည့်ဂါထာဟောပြောသည်။ ရံခါတွင် ငါးရာ့ငါးဆယ် ဇာတ်တော်များကိုလည်း ယင်းဝတ္ထုကြား၌ ညှပ်၍ ဖော်ပြထားမှုလည်းပါဝင်ရာ အဖြစ်ပျက် ဝတ္ထုပေါင်း (၃၀၅) ပုဒ်ဖြင့် ဖွဲ့စည်းထား၏ ။ အဆုံးသတ်တွင် ထိုသူ(များ) သည် တရားကို နာကြားရသဖြင့် တရားထူးရကြောင်းကိုလည်း ဖော်ပြပါရှိသည်။ ဓမ္မပဒနှင့်ပတ်သက်သော ဋီကာကျမ်းကို ရေစကြိုမြို့ ဆရာတော် ဝရသမ္ဗောဓိက ""ဓမ္မပဒမဟာဋီကာ" အမည်ဖြင့် ပါဠိသုံး၍ ရေးဖွဲ့ခဲ့သည်။ ဓမ္မပဒကျမ်းပါ ဂါထာများကို အဓိပ္ပာယ်ရှင်းလင်းဖော်ပြသော "ဓမ္မပဒအဋ္ဌကထာဂါထာယောဇနာ" အမည်ဖြင့် ရန်ကုန်မြို့ မင်္ဂလာဇေယျုံတိုက် ဆရာတော် သီရိသုမင်္ဂလက ပါဠိဘာသာဖြင့် ရေးဖွဲ့ခဲ့သည်။ ပါဝင်သော အခန်းများ ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။ ဂါထာတစ်ပုဒ်တည်းသည်ပင် နှစ်နေရာထပ်၍ ပါနေသဖြင့် ကျမ်းစာထဲတွင် ဂါထာအမှတ်စဉ် ၄၂၄ အထိ ပါဝင်နေခြင်း ဖြစ်သည်။ ယမကဝဂ္ဂ အပ္ပမာဒဝဂ္ဂ စိတ္တဝဂ္ဂ ပုပ္ဖဝဂ္ဂ ဗာလဝဂ္ဂ ပဏ္ဍိတဝဂ္ဂ အရဟန္တဝဂ္ဂ သဟဿဝဂ္ဂ ပါပဝဂ္ဂ ဒဏ္ဍဝဂ္ဂ ဇရာဝဂ္ဂ အတ္တဝဂ္ဂ လောကဝဂ္ဂ ဗုဒ္ဓဝဂ္ဂ သုခဝဂ္ဂ ပိယဝဂ္ဂ ကောဓဝဂ္ဂ မလဝဂ္ဂ ဓမ္မဋ္ဌဝဂ္ဂ မဂ္ဂဝဂ္ဂ ပကိဏ္ဏကဝဂ္ဂ နိရယဝဂ္ဂ နာဂဝဂ္ဂ တဏှာဝဂ္ဂ ဘိက္ခုဝဂ္ဂ ဗြာဟ္မဏဝဂ္ဂ အောက်တွင်ပါဝင်သော အခန်းများမှ နမူနာ ဂါထာများကို ထုတ်နှုတ်တင်ပြထားသည်။ အခန်း ၁ ၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။ ၁။ နာမ်ခန္ဓာ(လေးပါး)တို့တွင် စိတ်သာလျှင် ရှေ့သွားရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ ၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ သုခမနွေတိ၊ ဆာယာ၀ အနပါယိနီ။ ၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။ အခန်း ၂ ၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။ ၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။ အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။ ၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။ ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။ ၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။ ၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။ ၂၃။ ထိုပညာရှိတို့သည် (သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။ ၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိ၀္ဎုတိ။ ၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။ အခန်း ၃ ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။ ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရော၀ တေဇနံ။ ၃၄။ ဝါရိဇော၀ ထလေ ခိတ္တော ၊ ဩကမောကတဥဗ္ဘတော။ ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတေ၀။ ၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။ ၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။ ၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။ စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါ၀ဟံ။ ၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်းသည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါ၀ဟံ။ ၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၅၆။ အပ္ပမတ္တော အယံ ဂန္ဓော ၊ ယာယံ တဂရစန္ဒနီ။ ယော စ သီလ၀တံ ဂန္ဓော၊ ဝါတိ ဒေေ၀သု ဥတ္တမော။ အခန်း ၄ ၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။ ၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။ သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။ ၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။ ၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။ ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။ ၅၉။ ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာ၀ကော။ ၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။ ၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။ ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။ ဘာသာပြန်ဆိုခြင်းများ ဓမ္မပဒကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီနှင့် အခြားဥရောပဘာသာစကားများစွာသို့ အကြိမ်များစွာ ပြန်ဆိုခဲ့ကြသည်။ ဤသို့ကြောင့် ဥရောပတိုက်တွင် ဗုဒ္ဓကျမ်းစာများအနက် လူသိအများဆုံး၊ အစောဆုံးသိရှိကြသော ကျမ်းစာများအနက် တစ်ခုအပါအဝင်ဖြစ်လေသည်။ အာရှတိုက်ဘက်တွင် အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တရုတ် စသော ဗုဒ္ဓဘာ​သာ ရောက်ရှိသည့် နေရာတိုင်းတွင် သက်ဆိုင်ရာဘာသာစကားများဖြင့် ပြန်ဆိုကြ၍ လေ့လာလိုက်စားကြသည်။ အိန္ဒိယတွင် ရှေးခေတ်ဘာသာစကားများဖြစ်သည့် ဗြဟ္မဏသုံး သက္ကတ၊ ဗုဒ္ဓဘာသာသုံး မိဿကသက္ကတ၊ လူအများစုသုံးသည့် ပြာကတဘာသာစကားများသို့ ပြန်ဆိုခဲ့ကြပေသည်။ တရုတ်နိုင်ငံ၌လည်း အေဒီ (၃) ရာစု အစောပိုင်းမှစ၍ တရုတ်ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုခဲ့ကြသည်။ ထို့အပြင် တရုတ်ဗုဒ္ဓဘာသာပညာရှင်များက အခြားကောင်းနိုးရာရာ ဗုဒ္ဓတရားတော်များကို အတိုချုပ်ပြုပြင်ကြခြင်း၍ ဓမ္မပဒအတွင်းထည့်ကာ ချဲ့ထွင်ကြခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။ ထိုကြောင့် အိန္ဒိယဘက်မှ ဘာသာစကား မူသုံးခုနှင့် တရုတ်ဘက်က မူတို့သည် လက်ရှိထေရဝါဒ၏ ပါဠိတော်မူနှင့် တူညီသည်များလည်းရှိကြပြီး မတူကွဲပြားသည်များလည်း ရှိကြသည်။ မြန်မာဘာသာပြန်များ ၁။ ဓမ္မပဒနိဿယ- ဓမ္မပဒပါဠိတော်ကို နိဿယနည်းဖြင့် မြန်မာပြန်၍ ဝတ္ထုနိဒါန်းအကျဉ်းချုပ်နှင့်အတူ “အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ သင်္ဂဇာ ဆရာတော်က ရေးသားစီရင်တော်မူသည်။ Download နိဂုံး၌ သက္ကရာဇ် ၁၂၀၈ ခုနှစ် ကျမ်းပြီးကြောင်း ဖော်ပြသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ကျမ်းပြီးဆုံးသည်။ ယင်းမူသည် ဆဋ္ဌမူ (ပါဠိမူ) နှင့် အနည်းငယ် ကွဲလွဲသည်။ ၂။ ဓမ္မပဒ ပါဠိတော် မြန်မာပြန်- ဆဋ္ဌသံဂါယနာတင် ရဟန်းပညာရှိ လူပညာရှိများ ပြန်ဆိုတည်းဖြတ်သည့် ကျမ်းစာဖြစ်သည်။ ခုဒ္ဒကနိကာယ်ဝင် ခုဒ္ဒကပါဌစသော ကျမ်းများနှင့် တွဲ၍ ရိုက်နှိပ်သည့် မြန်မာပြန် သက်သက်ဖြစ်သည်။ ဆဋ္ဌသံဂါယနာတင် အရွယ် စာအုပ်ကြီးလည်း ရှိသည်။ ရှင်လူအများ လွယ်ကူစွာ ဝယ်ယူဖတ်ရှုနိုင်စေရန် သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်က ကရောင်းဆယ့်ခြောက်ချိုး အရွယ် ဓမ္မပဒ ပါဠိတော်နှင့် တွဲဖက် ရိုက်နှိပ်ထားသည့် စာအုပ်ငယ်လည်း ရှိပေသည်။ Download ၃။ တရားပေါင်းချုပ်ခေါ် ဓမ္မပဒ ဝတ္ထုတော်ကြီး- ဓမ္မပဒ ဝတ္ထုတော်ကြီးကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အင်္ဂါထောင့်ရှိ အောင်မြေဘုံစံကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော် အရှင်စန္ဒိမာ ရေးသားပြုစုတော်မူသည်။ ဓမ္မပဒ ပါဠိတော်ကို အဋ္ဌကထာလာအတိုင်း နိဒါန်း ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ဆိုရေးသားတော်မူသည်။ အချို့သော ဝတ္ထုဇာတ်လမ်းတို့၌ ဓမ္မပဒ အဋ္ဌကထာမှ တပါးသော အဋ္ဌကထာကြီးများလာ အကြောင်းအရာများကိုလည်း ထည့်သွင်း၍ ပြည့်ပြည့်စုံစုံ ရေးသားစီရင်ထားသည်ကို တွေ့ရပေသည်။ မူရင်းဂါထာများကိုလည်း နိဿယနည်းဖြင့် ခန့်ညားစွာ မြန်မာပြန်ထားတော်မူသည်။ ရွိုင်အရွယ် စာအုပ်ကြီး (ပ-ဒု-တ-စ-မ) ငါးတွဲရှိသည်။ စာမျက်နှာ (၂,၀၀၀) ရှိပြီး မူလပါဠိစာအတိုင်းမဟုတ်ဘဲ ကာရံနဘေများဖြင့် ဖွဲ့စည်းထားသည်။ ၄။ သုဓမ္မဝတီ ဓမ္မပဒဝတ္ထုတော်ကြီး- ညောင်လေးပင်မြို့ တောရကြီးဆရာတော် အရှင်အရိယ ရေးသားစီရင်တော်မူသည်။ ဤကျမ်းကို စီရင်ရေးသားရာ၌ အဋ္ဌကထာ ပါဠိရှိသည့်အတိုင်း ပြန်ဆိုသည်ဖြစ်သောကြောင့် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းဟုပင် အမည်ခံယူသင့်ကြောင်း ကျမ်းနိဒါန်း၌ ဖော်ပြချက်ရှိသည်။ ကျမ်းပြီးသည်အထိ ရွိုင်အရွယ် စာအုပ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟု လေးတွဲရှိ၍ စာမျက်နှာ (၁၇၅၀) ပါဝင်သည်။ ကျမ်းပြီး နိဂုံး၌ ခုနှစ် သက္ကရာဇ် အမှတ်အသား မပါရှိချေ။ ရိုက်နှိပ်သည့် သက္ကရာဇ်မှာ ၁၃၃၀ ပြည့်နှစ်ဖြစ်သည်။ Download ၅။ ပဒေသာ ဓမ္မပဒဝတ္ထုတော်ကြီး- မန္တလေးမြို့ ဝိဇိတာရုံတိုက် စာချဆရာတော် အရှင်ဝိစာရိန္ဒ ပြုစီရင်သည့် ကျမ်းဖြစ်သည်။ ပစ္စုပ္ပန်ဝတ္ထု ပါဠိတော်ဂါထာ နိဿယ၊ မြန်မာလင်္ကာ ဝတ္ထုနှင့် ဆီလျော်သည့် ပန်းချီပုံတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။ ရွိုင်အရွယ် စာအုပ်၊ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲနှင့် ကျမ်းပြီးသည်။ စာမျက်နှာ (၂,၀၀၀) ခန့် ပါရှိသည်။ နိဂုံး၌ ၁၃၃၁ ခုနှစ်၌ ကျမ်းပြီးကြောင်း ပြဆိုထားသည်။ ၆။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း- ဓမ္မပဒပါဠိတော်မှ ကြီးပွားတိုးတက်ခြင်းပြတရားနှင့် ငြိမ်းချမ်းခြင်းပြတရားများကိုသာ ရွေးထုတ်၍ ပါဠိဘာသာမပါပဲ မြန်မာပြန်ချည်းသက်သက် ရိုက်နှိပ်၍ ဆေးတက္ကသိုလ်ကျောင်းသားများက ဓမ္မဒါနပြုသော အိတ်ဆောင်စာအုပ်ငယ်ဖြစ်သည်။ ၇။ ဓမ္မပဒဂီတိကျမ်း- ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းဇာတ်လမ်းအကျဉ်းနှင့် တွဲ၍ ကျက်မှတ်ဖွယ် မြန်မာလင်္ကာဖြင့် ပြန်ဆိုသည့် ကျမ်းဖြစ်သည်။ စိတ်ဝင်စားဖွယ် မြန်မာခေါင်းစီးများ တပ်ထားသည်။ ရန်ကုန်မြို့ ပုဇွန်တောင် ဆုတောင်းပြည့်ကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ပညာရက္ခိတ ရေးသားစီရင်တော်မူသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ပြီးစီးခဲ့သည်။ ၈။ ဗုဒ္ဓဂီတိကာကျမ်း- ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထု အကျဉ်းချုပ်နှင့်တကွ နိဿယပြန်နည်း၊ ကျက်မှတ်ဖွယ် ရှစ်လုံးဖွဲ့ကဗျာနည်း၊ မြန်မာစကားပြေနည်း၊ အင်္ဂလိပ်ဘာသာနည်းတို့ဖြင့် နည်းလေးပါး ပါဝင်ပြန်ဆိုထားသည်။ မုံရွာခရိုင် ယင်းမာပင်မြို့နယ် ရိုးမတိမ်ဆရာတော် အရှင်သီလာစာရ ရေးသားစီရင်တော်မူသည့်ကျမ်းဖြစ်သည်။ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိသည်။ ရွိုင်အရွယ်အားဖြင့် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။ ၉။ ဓမ္မပဒ- ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းနှင့် ဂါထာများကို မြန်မာစကားပြေ ပြန်ဆိုရေးသားသည်။ ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားပြုစုသည်။ ဒီမိုင်းအရွယ်ဖြင့် တအုပ်တည်း ပြီးဆုံးသည်။ ၁၀။ ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ- ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထုနှင့် တွဲဖက်၍ ခေတ်မီမီ မြန်မာစကားပြေဖြင့် ရေးသားထားသည့် ကျမ်းဖြစ်သည်။ မြတ်ဗုဒ္ဓဘုရားရှင် လက်ထက်အခါ၌ ဖြစ်ပေါ်၍ ဗုဒ္ဓထံရောက်လာသော ဝတ္ထုဇာတ်လမ်းများကိုပင် ရည်ရွယ်၍ ကိုယ်တွေ့ဝတ္ထုဟု ဆိုခြင်းဖြစ်ပေသည်။ ပါဠိဂါထာများ မပါပဲ ဆိုလိုရင်း အဓိပ္ပာယ် မြန်မာပြန်ကိုသာ ရေးထားသည်။ ဦးမောင်မောင်လေး ပထမကျော်၊ ဓမ္မာစရိယ (သိရောမဏိ) ဘီအေ၊ အာရ်အယ်လ် ရေးသားပြုစုသည်။ ကရောင်း ၁၆-ချိုး ဝတ္ထုစာအုပ်အရွယ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ သုံးတွဲရှိသည်။ ၁၁။ သရုပ်ပြ ဓမ္မပဒကျမ်း- ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီက (၁၉၈၃)ခုနှစ်တွင် နိဒါန်းဝတ္ထု၊ အကျဉ်းချုပ်ရေးခြင်း, ဂါထာများကို အနက်ပေးခြင်း, ပါဠိသဒ္ဒါနည်း ခက်ဆစ်များကို ရှင်းပြခြင်း, ပါဠိအနက်နည်း ခက်ဆစ်များကို ရှင်းပြခြင်း, မှတ်သားဖွယ် အဓိပ္ပာယ်များကို အကျဉ်းထုတ်ပြခြင်း ပုံစံဖြင့် ရေးသားထားသည်။ Download ၁၂။ ဗုဒ္ဓဝါဒအနှစ်သာရဓမ္မပဒ- *စာရေးဆရာ ဦးသော်ဇင်က "ဓမ္မပဒ ဘာသာပြန်" အမည်ဖြင့် ပြန်ဆိုသည်။ ပါဠိမပါဝင်ဘဲ မြန်မာစကားပြေဖြင့်သာရေး၍ (၁၉၆၇) တွင် ထုတ်ဝေခဲ့သည်။ မူရင်းပါဠိကို တိုက်ရိုက်ပြန်ခြင်းမဟုတ်ဘဲ အဓိပ္ပာယ် ပေါ်ရုံမျှပြန်သည်။ Download ၁၃။ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဦးသေဋ္ဌိလာဘိဝံသကလည်း ပါဠိတော်ဂါထာ (၄၂၄) ပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ၁၄။ ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး- ကို အရှင်ဓမ္မဿာမီဘိဝံသက ရေးသားခဲ့သည်။ Download အားလုံး ကိုးကား Category:ဗုဒ္ဓဘာသာ ကဏ္ဍ:ခုဒ္ဒကနိကာယ်
ကိုးပါးသီလ
ကိုးပါးသီလဟူသည် နဝင်္ဂဥပုသ်ပင် ဖြစ်သည်။ ဤနဝင်္ဂဥပုသ်သီလကို အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ၂-သီဟနာဒဝဂ်၊ ၈-ခု မြောက်သုတ်၌ “အင်္ဂါကိုးပါးနှင့် ပြည့်စုံအောင် ကျင့်သုံးအပ်သော နဝင်္ဂဥပုသ်သည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်းခိုးအာနုဘော်ကြီး၏”ဟု နိဒါန်းပျိုးပြီးလျှင် ထိုအင်္ဂါကိုးပါး၏ သရုပ်ကို ထုတ်ဖော်ရာမှာ ပါဏာတိပါတ သိက္ခာပုဒ်မှစ၍ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်တိုင်အောင် ရှစ်ပါးသီလအတူ ထုတ်ပြတော်မူပြီးလျှင် အဆုံး၌ (မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ= မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အရပ်မျက်နှာတခုရှိ သတ္တဝါတို့ကို ပြန့်နှံ့စေပြီးလျှင် နေ၏)ဟူ၍ ဟောကြားတော်မူသည်။မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော် ဟောတော်မူလိုရင်း အဓိပ္ပါယ်ချုပ်မှာ ရိုးရိုး ရှစ်ပါးသီလကို ဆောက်တည်ပြီးလျှင် မေတ္တာတရားကို ပွါးများနေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ရှစ်ပါးသီလကို လုံခြုံအောင် ထိန်းစောင့်၍ မေတ္တာတရားကို ပွါးများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်သီလကို ကျင့်သုံးနေသူ ဖြစ်တော့၏။ မေတ္တာဟူသည် ဘာဝနာဖြစ်၏၊ သီလကိုသာ ဆောက်တည်ဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွါးများရသော တရားမျိုးဖြစ်၏၊ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တခု ပြုလုပ်ဆောက်တည်ရန်မလို၊ ရိုးရိုး ရှစ်ပါးသီလကို ခံယူပြီးနောက် မေတ္တာတရားကို စွမ်းနိုင်သမျှ ပွါးများအားထုတ်နေလျှင် အင်္ဂါကိုးပါးရှိသော နဝင်္ဂဥပုသ်ကို ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။ မေတ္တာနှင့်ပတ်သက်၍ ထိုနဝင်္ဂဥပုသ်ကို ဟောတော်မူရာ (ဧကံဒိသံ)ဟူသော စကားကို ထည့်သွင်း ဟောတော်မူသဖြင့် မေတ္တာပွါးများရာမှာ အရပ်မျက်နှာကို မမှတ်ပဲ ပွါးများခြင်းထက် အရပ်မျက်နှာကိုမှတ်၍ ပွါးများခြင်းက သာလွန် ထိရောက်မည်ဖြစ်သည့်အတွက် အရပ်ဆယ်မျက်နှာကို မေတ္တာပွါးများလိုသောအခါ မိမိစလိုသော အရပ်မျက်နှာမှစ၍ တရပ်စီ တရပ်စီ ဆယ်မျက်နှာပြည့်စုံအောင် သတ်မှတ် အာရုံပြုကာ ပွါးများသင့်ကြောင်း အထူးမှတ်ယူရာ၏။ ဗြဟ္မစိုရ်တရား လေးပါးရှိပါလျက် မေတ္တာကိုသာ အထူးထုတ်၍ ရှစ်ပါးသီလနှင့် တွဲစပ်ကာ နဝင်္ဂဥပုသ်အနေဖြင့် ဟောတော်မူခြင်းမှာ မေတ္တာတရားက အာနိသင်ကြီးသောကြောင့် ဟောတော်မူသည်ဟု မှတ်ယူသင့်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် မေတ္တသုတ်ဒေသနာကို ဟောကြားတော်မူခဲ့သဖြင့် ထိုမေတ္တသုတ် ဒေသနာတော်သည် ခုဒ္ဒကပါဌပါဠိတော်နှင့် သုတ္တနိပါတ်ပါဠိတော်တို့၌ ထင်ရှားရှိနေသည်တကြောင်း.. မေတ္တာ အကျိုး (၁၁)ပါး အင်္ဂုတ္တရပါဠိတော် ဧကာဒသကနိပါတ၊ ၂-အနုဿတိဝဂ်၊ ၅-ခုမြောက်သုတ်မှာ မေတ္တာတရားကို အဖန်ဖန် ပွါးများလျှင်.. ၁။ ချမ်းသာစွာ အိပ်ပျော်ခြင်း၊ ၂။ ချမ်းသာစွာ နိုးကြားရခြင်း၊ ၃။ မကောင်းသောအိပ်မက်ကို မမြင်မက်ခြင်း၊ ၄။ လူအများချစ်ခင်ခြင်း၊ ၅။ နတ် ဘီလူး ပြိတ္တာများ ချစ်ခင်ခြင်း၊ ၆။ နတ်များ စောင့်ရှောက်ခြင်း၊ ၇။ မီးလောင်မှု အဆိပ်သင့်မှု လက်နက်စူးဝင်မှု မရှိခြင်း ၈။ စိတ်တည်ကြည်လွယ်ခြင်း၊ ၉။ မျက်နှာအဆင်း ကြည်ကြည်လင်လင် ရှိခြင်း၊ ၁၀။ သေချိန်ကျသောအခါ မတွေမဝေသေရခြင်း၊ ၁၁။ ယခုဘဝ အထက်မဂ်ဖိုလ်ပေါက် ထိုးထွင်း၍ မသိနိုင်သေးလျှင် ဗြဟ္မာ့ပြည်သို့ လားရခြင်း- အားဖြင့် ဆယ့်တပါးသော အကျိုးတို့ကို ရရှိနိုင်စေသည်ဟု ဟောကြားတော်မူသည် တကြောင်း..တို့ကြောင့် မေတ္တာတရားက ပိုမို၍ တန်းခိုးအာနိသင် ကြီးမားကြောင်း သိသာထင်ရှားပေ၏။ ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ) အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ။ ။ တတိယမ္ပိ။ ။ (အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကိုးပါးသီလ ချီးမြှင့်တော်မူပါဘုရား။) ဘုန်းကြီး။ ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။ (ဘုန်းကြီးဆိုသလို လိုက်ဆိုကြပါ။) လူများ။ အာမ ဘန္တေ။ (မှန်ပါဘုရား။) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃-ကြိမ်) (ဘုန်းတော်ခြောက်ပါးရှိတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော တရား အားလုံးကို မဖောက်မပြန် အမှန်ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ (တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်- မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ သံဃာတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။) ဘုန်းကြီး။ တိသရဏဂမနံ ပရိပုဏ္ဏံ။ (သရဏဂုံသုံးပါး ပြည့်စုံပါပြီ။) လူများ။ အာမ ဘန္တေ။ (မှန်ပါဘုရား။) ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)) ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။) ၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မမြတ်သော မေထုန်အမှုလည်း မပြုဘဲ အမြဲရှောင်ကြဉ်မည်။) ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။) ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။) ၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။) ၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။) ၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။) ၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ (မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။) ဘုန်းကြီး။ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ (ဘုရား တရား သံဃာတည်းဟူသော အားကိုးရာသုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတရားမြတ်ကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့မလျော့သော သတိဖြင့် ကုသိုလ်ကိစ္စအဝဝကို ပြည့်စုံအောင်အားထုတ်ကြပါ။) (လူများ။ အာမ ဘန္တေ။)(မှန်ပါဘုရား။) ကိုးပါးသီလပေးရာတွင် ဤသုံးမျိုး ၁။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ ၂။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ ၃။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (ဆရာတော်အရှင်ဇနကာဘိဝံသ နှစ်သက်ပါသည်။) ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ Category:ဗုဒ္ဓဘာသာ
တို့ဗမာ သီချင်း
တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင်းကို ‌ရေးသားသူမှာ စာ‌ရေးဆရာ ဝိုင်အမ်ဘီဆရာတင်‌ ခေါ် သခင်တင်ဖြစ်သည်။ သခင်ဘသောင်း နှင့် သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်ခေါင်းဆောင်အချို့က သီချင်းစာသားနှင့် အချက်အလက်များအတွက် ဖြည့်စွက်အကြံဉာဏ်များ ပေးခဲ့ကြသည်။မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာသား တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ တိုက်ခိုက်ခါ…အောင်ခဲ့တာ တို့ဗမာ။ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတစ်လှည့်ကြုံရ၊ ထုံးနှင့်မ‌သွေ လောကဓမ္မတာပေ၊ငါတို့ကံခေ–ဖြစ်ရပြန်သလေ။ သို့သော်… အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။ နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ…၊ တို့ဗမာမဟုတ်လေသလား၊(တို့ဗမာ-ငါတို့ဗမာ)၂ (ဒါငါတို့ဗမာ)၂ အား…လုံး…ညီညီ၊ယောက်ျား ဘသား တို့ဗမာနောင်လာနောင်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့….တို့ဗမာ၊မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊စာမရီသွေးတို့ဗမာ။ (သံပြိုင်) ကမ္ဘာမကြေ–ဗမာတတွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ)၃ (တို့ဗမာ)၂ပြေ...ကိုတိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာခင်။ အမျိုးသားရေး…ကျိုးပမ်းကြပါ၊ တို့ဗမာဟေ့...တို့ဗမာ၊ ဩော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ တို့ဗမာ...ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကို ရောက်ရမည် မလွဲပါ၊ တို့ဗမာ..ဟေ့ တို့ဗမာ၊ ဗမာပြည်တဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။ (သံပြိုင် ပြန်ကောက်) အနက်ဖွင့်ခြင်း တို့ဗမာသီချင်းကို သခင်ဘသောင်းကိုယ်တိုင် အနက်ဖွင့်ခဲ့သည်။ တို့ဗမာသီချင်းသည် မျိုးချစ်စိတ်မရှိသူများအား မျိုးချစ်စိတ်ရှိလာစေရန်၊ အမျိုးသားအကျိုးကို ဆောင်ရွက်လာစေရန် လှုံ့ဆော်ပေးသည့် သီချင်းထူးဖြစ်သည်ဟု ဆိုခဲ့သည်။တို့ဗမာအစည်းအရုံးသမိုင်း၊ စာ ၂၅–၂၈ "မြန်မာအစ တစ်ကောင်းက" ဟုဆိုသည့်အတိုင်း ဗမာတို့သည် တကောင်းခေတ် အဘိရာဇာမင်းကြီးလက်ထက် သာကီအမျိုးအနွယ်မှ ဆင်းသက်လာခဲ့ကြသည်။ ဗမာတို့သည် ပြင်ပတိုင်းပြည်များဖြစ်သော ယိုးဒယားနှင့် အိန္ဒိယစသည်တို့ကို တိုက်ခိုက်နိုင်ခဲ့ကြသည်။ "မှန်းကင်းတစ်လှည့် ထင်းတစ်လှည့်" ဟူသည့်အတိုင်း ဗမာပြည်သည် အမြဲတမ်းထည်ထည်ဝါဝါမရှိနိုင်ပေ။ မြင့်သည့်အခါမြင့်၍ နိမ့်သည့်အခါနိမ့်ခြင်းသည် လောကဓံတရားပင်ဖြစ်ရာ ကြံကြံခံ၍တရားရှိကြရမည်။ ယခုမြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ကျရောက်နေသော်လည်း အရင်းအမြစ်များကို ကြည့်ခြင်းအားဖြင့် ဗမာပြည်သည်ဗမာတို့၏ပြည်သာဖြစ်ပေသည်။ ဗမာလူမျိုးတို့သည် ကမ္ဘာတွင်သမိုင်းအစဉ်မပျက် ထင်ရှားလာခဲ့ကြသော လူမျိုးများဖြစ်သည်။ ရာဇဝင်ထင်ရှားသော လူမျိုးဖြစ်ပါလျက် ဗမာတို့၏ခေတ်ကို ရောက်သည်အခါတွင် အညံ့မခံသင့်ပေ။ ထိုသို့အညံ့ခံပါက "ဗမာပင် ဟုတ်ရဲ့လား" ဟူ၍ပင် မေးခွန်းထုတ်ဖွယ် ကောင်းလှပါသည်။ ဗမာများအားလုံး တက်ညီလက်ညီနှင့် ယောက်ျားပီသစွာ ရှိကြရမည်။ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ နောင်လာနောက်သားများအတွက် ဆောင်ရွက်သင့်သည်။ ဗမာတို့သည် ဇာတိကိုကရဲသဖြင့် ဗမာပီပီရဲကြရမည်။ ကြောက်မွှေးများရှိပါက တစ်ချောင်းချောင်စီ ဇပ်ကနဲနှုတ်ယူရမည်။ ဗမာပြည်သည် ဗမာတို့အတွက်သာဖြစ်ရာ နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲရင့်စွာစိန်ခေါ်ကြရပေမည်။ ဗမာတို့၏မျိုးရိုးသည် သခင်မျိုးရိုးဖြစ်သည်နှင့်အညီ ကျွန်အကျင့်ကိုမကျင့်အပ်ဘဲ သခင်အကျင့်ကိုသာ ကျင့်သင်ကြသည်။ ဗမာလူမျိုးတို့သည် အသက်သာအသေခံမည် အမွှေး‌တစ်ချောင်းမျှ အကျွတ်မခံလိုဟုဆိုသည့် စာမရီငှက်များကဲ့သို့သော စိတ်ဓာတ်များရှိကြသည်။ ယူဇနာနှစ်သိန်းလေးသောင်း အထူရှိသော ကမ္ဘာမကြေသည့်ကာလပတ်လုံး ဗမာပြည်သည်ဗမာတို့၏ လက်ထဲ၌သာရှိကြရမည်။ ကမ္ဘာကြေသော်လည်း ဗမာတို့၏ဂုဏ်သတင်းသည် လုံးဝပျောက်ကွယ်ခြင်းမရှိအပ်ပေ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းအစရှိသော တိုင်းရင်းသားလူမျိုးစုအားလုံးကိုချုံ၍ "ဗမာလူမျိုး" ဟူ၍မှတ်ယူရမည်။ ထိုဗမာတိုင်းရင်းသားများအားလုံးသည် ဗမာပြည်ကိုမိမိတို့ပြည်အဖြစ်မှတ်ယူကြရမည်။ ဗမာတိုင်းရင်းသား အချင်းချင်းသည်လည်း သွေးသားအရင်းအခြာလို ချစ်ချစ်ခင်ခင်နေကြရမည်။ ထိုသို့ဆောင်ရွက်ရန်မှာ ဗမာတို့၏အဓိက တာဝန်ကြီးပင်ဖြစ်ပေသည်။ ဗမာတို့သည်ပေါ့ဆမနေဘဲ ဗမာတို့၏အရေးအတွက် အမြဲကြိုးစား၍ ဆောင်ရွက်နေကြရမည်။ နေမင်းသည်နံနက်တိုင်း အရှေ့အရပ်မှထွက်လာသကဲ့သို့ ဗမာပြည်ကြီးသည်လည်း တစ်နေ့လျှင်လည်း ထည်ထည်ဝါဝါနှင့် နေနိုင်သောခေတ်ကို ရောက်ရှိလာမည်မှာလည်း ဧကန်မလွဲပင်ဖြစ်သည်။ ဗမာတို့သည် မိမိအိမ်မှအိမ်၊ မိမိရွာမှရွာဟုမှတ်တတ်သော ကိုယ့်အိမ်ကိုယ်သာချစ်ခင်သည့် စိတ်ဓာတ်ကိုဖျောက်ဖျက်သင့်သည်။ မြောက်ဖက်ပူတာအိုမှ တောင်ဖက်ဝိတိုရိယအငူ၊ နောက်ဖက်အိန္ဒိယနယ်စပ်မှ အရှေ့ဖက်ယိုးဒယားနယ်စပ်အထိဖြစ်သော ဗမာတစ်ပြည်လုံးကိုမှ မိမိအိမ်၊ မိမိရွာဟူ၍ ချစ်ခင်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြရပေမည်။ ထို့သို့ဆောင်ရွက်မှသာ ဗမာဟူသောအမည်နှင့် ထိုက်တန်ကြပေမည်။ အခြားကြည့်ရန် ကမ္ဘာမကျေ မှတ်စုများ ကိုးကား ကဏ္ဍ:မြန်မာ့ဂီတ ကဏ္ဍ:မြန်မာသီချင်းများ ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
ပီကာဆို
right|Signatur Pablo Picasso ပတ်ဘလို ရူးအစ် ဝိုင် ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုးပန်းချီပညာရှင်ကြီး တစ်ဦးဖြစ်သည်။ စပိန်နိုင်ငံ မာလာဂါမြို့တွင် ဖွားမြင်သည်။ ဖခင်မှာ ပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီသင်တန်းများကိုလည်း ဖွင့်လှစ်သဖြင့် မျိုးရိုးရှိသူဟုဆိုနိုင်သည်။ အသက် ၁၄နှစ်တွင်ပင် ပန်းချီတွင် ကောင်းစွာအစွမ်းပြနိုင်သောကြောင့် ပါရမီရှိသူအဖြစ် အများက သတ်မှတ်ကြသည်။ ပန်းချီဆွဲခြင်းကို အသက်ထက်ဆုံးတိုင် ပြုလုပ်သွားပြီး (၂၀)ရာစု ပန်းချီပညာရှင်အားလုံးအနက် လူသိအများဆုံးဟု ဆိုသင့်သည်။ ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်သည်။ အခြားပန်းချီပညာရှင်များအပေါ် ကြီးမားစွာ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။ ပီကာဆို၏ အစောဆုံးလက်ရာများကို အဓိကအားဖြင့် အပြာရောင်ဖြင့်ခြယ်မှုန်းခဲ့သည်။ နောက်ပိုင်းတွင် ဂဲဩမေတြီပုံသဏ္ဌာန် အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာသည်။ ကျူဗစ်ဆင် (Cubism) ခေါ် ပန်းချီရေးနည်းရေးဟန်အဖြစ် သိထားကြသည်။ ပီကာဆို၏ အထင်ရှားဆုံး ပန်းချီကားများစွာအနက် ဂွါနီကာ (Guernica) လည်း ပါဝင်သည်။ နိုင်ငံရေးအငွေ့အသက်မကင်းသည့် အဆိုပါပန်းချီကားမှာ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ပျက်စီးသွားရပုံကို သရုပ်ဖော်ထားသည်။ ပီကာဆိုသည် ပန်းချီပညာသာမက ပန်းပုအတတ်ကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ ဘဲလေးအက(Ballet) အတွက်လည်း နောက်ခံကားများကို ရေးဆွဲပေးသည်။ ကဗျာစပ်ရာတွင်လည်း မညံ့ပေ။ ကျောက်ထွင်းပန်းချီ အပါအဝင် အခြားသော အနုပညာလက်ရာ အများအပြားပင် ကျန်ရှိနေသေးသည်။ ထူးထူးခြားခြား ပန်းချီဆွဲသက်ကြာလွန်းပြီး ၇၅နှစ်မျှ ပန်းချီများ ရေးဆွဲခဲ့သည်။ တစ်ပါတ်တွင် ပန်းချီ ၅ ချပ်နှုန်းရေးဆွဲခဲ့ပြီး ပန်းချီကားပေါင်း ၂၀ဝ၀ဝ ကျော်ကို လက်ရာမထပ်စေရအောင် ရေးဆွဲခဲ့သူဖြစ်သည်။ ပန်းချီကျော်ဖြစ်သည်နှင့် အညီ ၎င်း၏ပန်းချီကားများ ဈေးကောင်းရသဖြင့် ချမ်းသာသူတစ်ဦးဖြစ်လာသည်။ စပိန်နိုင်ငံသား ဖြစ်သော်လည်း ကွယ်လွန်ချိန်အထိပြင်သစ်နိုင်ငံ၊ မိုဂျင်(Mougins)တွင်သာ နေထိုင်သွားခဲ့သည်။ ဂွါနီကာ ရည်ညွှန်းကိုးကား ကျော်စွာ(၁၀ဝ)-ဒေါက်တာသန်းထွန်း Category:စပိန် အမျိုးသား ပန်းချီဆရာများ
ဘီသိုဗင်
ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ လု(ဒ်)ဝစ် ဗန် ဘီသိုဗင် (; ; ; ၁၇၇၀-၁၈၂၇) အား အကြီးမားဆုံး တေးပြုဂီတစာဆိုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြရပေမည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုးဇတ် ထံတွင်လည်းကောင်း၊ နောင်တွင် ယိုးဆက်ဖ် ဟိုင်ဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတများစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော နဝမမြောက် ဆင်ဖိုနီသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သော ဆင်ဖိုနီမျိုးပင်ဖြစ်သည်။။ ဘဝအကြောင်း ဂျာမနီနိုင်ငံ၊ ဗွန်မြို့တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johann)နှင့် အဘဖြစ်သူ (Ludwig)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။ အသက် ၄ နှစ် အရွယ်မှစ၍ အဆိုတော် အမူးသမား ဖခင်၏ ရိုက်နှက်စေခိုင်းမှုကြောင့် စန္ဒရားတီး သင်ခဲ့ရသည်။ ကလေးဘဝ လွတ်လပ်ပျော်ရွှင်စွာ မနေရ၊ မကစားရဘဲ ခိုင်းသည့်အတိုင်း လုပ်နေရသည့် အချုပ်အချယ်ခံရမှုကြောင့် ဘီသိုဗင်၏ စိတ်ဓာတ်ကို ထိခိုက်သွားကာ နောင်အခါတွင် စိတ်ချောက်ချား တတ်ခြင်း၊ စိတ်တိုတောင်းခြင်း ဖြစ်လာတတ်လေသည်။ ဖခင်ဆိုးသည် အိမ်ထောင်၏ တာဝန်ကို ကျေပွန်စွာမထမ်းလိုသဖြင့် အိမ်ထောင်စရိတ် ရှာနိုင်စေရန် ဂီတနယ်ထဲ အတင်းဆွဲသွင်းခြင်းဖြစ်သည်။ စင်စစ် ဘီသိုဗင်၌လည်း ငယ်စဉ်ကပင် ဂီတဘက်၌ ထူးချွန်မည့် အရည်အသွေးများ ရှိခဲ့သည်။ ထို့ကြောင့် ၁၁ နှစ်သား အရွယ်တွင် ကိုယ်တိုင် တေးဂီတများကို စပ်ဆိုနိုင်ခဲ့သည်။ ၁၄ နှစ်သားအရွယ်တွင် နန်းတွင်းလက်ထောက် အော်ဂန်ဆရာ ဖြစ်လာသည်။ နောင်အခါတွင် အော်ခက်စတြာ တီးဝိုင်းများကို ခေါင်းဆောင် နိုင်ခဲ့လေသည်။ ဘီသိုဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ဖခင်ကလည်း အိမ်ထောင်၏ တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ်တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တဲ့ကြသည်။ ဘီသိုဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့သည်။ ၁၇၈၃ အရောက်တွင် သူ၏ပထမဆုံးသော တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပြီဖြစ်သည်။ ၁၇ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ်က ဂီတမြို့တော်ဖြစ်သော ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇက်၏ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇက်က ဘီသိုဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့် သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။ မိုးဇက်ကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၇၉၂ တွင် ဗီယင်နာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာကာ တေးဂီတပညာရှင် ဟေ့ထံတွင် ပညာသင်ယူခဲ့သည်။ ထိုမြို့တွင်ပင် အိမ်ထောင်မပြုဘဲ လူပျိုဘဝဖြင့် အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်။ ဗီယင်နာမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊ အမူးသမား ဖခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို ဘီသိုဗင်က လုံးဝတာဝန်ယူ ဆောင်ရသည်။ သို့ဖြစ်လင့်ကစား အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေကြားထဲမှပင် ဘီသိုဗင်၏ ဂီတစွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဗွန်းမြို့ရှိ ဩဇာတိက္ကမရှိသော လူကြီးလူကောင်းများက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဘီသိုဗင်အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်နာမြို့တွင် ဂီတ ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက်လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်နာတွင် ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဘီသိုဗင်သည် ထိပ်တန်း ဂီတစာဆို တစ်ဦး အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ဘီသိုဗင်သည် စန္ဒရားအတတ်တွင် ပါရမီထူးကာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ကိုယ်တိုင်တီးခတ်ခြင်းနှင့် အခြားသူများအား သင်တန်းပေးခြင်းနှစ်မျိုးလုံးတွင် အောင်မြင်ကျော်ကြားလှပါသည်။ မကြာမီပင် ကျွမ်းကျင်သူအဆင့်ရှိသည့် ဂီတပညာရှင်တစ်ဦးဖြစ်လာပြီး သူ၏လက်ရာများမှာလည်း အများက အမွန်တမြတ် နားထောင်လာကြရသည်။ အသက် ၂၅နှစ်အရွယ်မှစကာ သူ၏ဂီတလက်ရာများကို တွင်တွင်ကျယ်ကျယ်ပင် ပုံနှိပ်ထုတ်ဝေရောင်းချလာကြသည်။ ဘီသိုဗင် (၁၈၀၀ ခုနှစ်ဝန်းကျင်တွင် ရေးဆွဲထားသည်) ယင်းသို့ထိပ်ထိပ်ကြဲ ဂီတပညာရှင် တစ်ဦးအဖြစ်သို့ ရောက်ခဲ့ပြန်သော်လည်း၊ စိတ်မချမ်းသာဖွယ်ရာ တစ်မျိုးသည် ဘီသိုဗင်၏အပေါ် လောင်းရိပ်ကဲ့သို့ မိုးလာပြန်လေသည်။ ယင်းသည်ကား တဖြည်းဖြည်း နားလေးလာရာက နောက်ဆုံးတွင် မကြားရသော ဘဝသို့ရောက်ခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော် စိတ်ဓာတ်ပြင်းပြလှသော ဘီသိုဗင်သည် ယင်းသို့သော အကုသိုလ်ဖိစီးမှုကို လွယ်လွယ်နှင့် အရှုံးမပေးချေ။ အသက် ၃ဝ-ခန့်ရောက်သော် နားထိုင်းစပြုလာပြီး ထိုရောဂါလက္ခဏာအား ကြောက်လန့်လာသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးသည်ဟု ဆိုကြသည်။ ၁၈၀၂ မှ ၁၈၁၅ ကာလများအတွင်းတွင် လူလတ်ပိုင်းအရွယ် ဘီသိုဗင်သည် နားမကြားသည့် ရောဂါအားပိုမိုဖိစီးခံစားလာရသဖြင့် လူတောမတိုးသည့် ဘဝဖြင့်နေထိုင်လာခဲ့ရရှာသည်။ အကြောင်းမသိသူတို့က သူ့အား လူအချင်းချင်း ရွံ့မုန်းတတ်သူအဖြစ် ထင်မှားခဲ့ကြသည်။ မိန်းမပျိုများနှင့် ချစ်ခင်ရင်းနှီးမှုများ ရှိခဲ့ဖူးသော်လည်း ရေရှည်မခံသကဲ့သို့ အိမ်ထောင်လည်း မပြုခဲ့ပေ။ ထိုအချိန်ထိ သူ၏လက်ရာကောင်း၊ လက်ရာမွန်များစွာ ဆက်တိုက်ပင် ပေါ်ထွက်လာခဲ့သည်။ လူတို့အကြိုက်ကိုလိုက်ကာ ရေးစပ်သီဖွဲ့သည်မဟုတ်၍ ထိုခေတ်အခြေအနေဖြင့် တွင်ကျယ်မည်ကို သေချာမပြောနိုင်သည့်တိုင် လူအများက လက်ခံနားဆင်ခဲ့ကြသည်။ left|ခရစ်ရှန် ဟောနဲမန်း (Christian Horneman) ရေးဆွဲထားသော ဘီသိုဗင်၏ပန်းချီ (၁၈၀၃) အသံကို အကြောင်းပြုရသော မိမိ၏ ပညာလုပ်ငန်းကို မစွန့်လွှတ်ဘဲ၊ အသံမကြားရသည့် ဘဝ၌ပင် ဆက်လက်၍ တေးဂီတကြီးများကို စပ်ဆိုစီကုံးခဲ့သည်။ နားမကြားရသည့် နောက်ပိုင်းတွင် စပ်ဆိုသည့် တေးကြီးတေးခန့်များသည် ဘီသိုဗင်၏ အကောင်းဆုံး လက်ရာများဟု ဆိုကြလေသည်။ ဘီသိုဗင်သည် အရုပ်ဆိုးသော်လည်း ပင်ကိုသဘော တည်ကြည်မှု၊ သူ၏ထူးချွန်သော ဂီတပါရမီတို့ကြောင့် သူ့အား ကြည်ညိုလေးစားသူများပြားသည်။ သို့သော် ဘီသိုဗင် နားထိုင်းရောဂါ ဖြစ်ပြီးနောက်တွင် သူ၏ ညီအစ်ကို မောင်နှမများက သူ၏ ငွေကြေးကိစ္စကို ဆောင်ရွက်မှုကြောင့် ဘီသိုဗင်အား ခင်မင်ကြသူများနှင့် စိမ်းသွားခဲ့ရသည်။ မိဘဆွေမျိုးအတွက် တာဝန်ကြီး ထမ်းခဲ့ရသော်လည်း ဆွေမျိုးအကျိုးပေးလည်း မကောင်းခဲ့ပေ။ ချစ်ကိစ္စများ၌လည်း ကံခေခဲ့သဖြင့် အိမ်ထောင်မပြုခဲ့သော ဘီသိုဗင်သည် တူတစ်ယောက်အား သားရင်းတမျှ ချစ်ခင်မြတ်နိုးခဲ့ရာ ထိုသူသည် သူ့အား စိတ်ဒုက္ခအပေးဆုံး ဖြစ်ခဲ့သည်။ ယင်းသို့သော စိတ်မချမ်းသာဖွယ် အမျိုးမျိုးကို ကြိုးစားတွန်းလှန်ခဲ့ရသော ဘီသိုဗင်မှာ တစ်ခါတစ်ရံ မျိုသိပ်မထားနိုင်ဘဲ ဒေါသအိုး ပေါက်ကွဲတတ်သည်။ ဘီသိုဗင် ရေးခဲ့သော သေတမ်းစာတစ်စောင်ထဲတွင် မိမိသည် နားထိုင်းခြင်း စသည့်ဒုက္ခအမျိုးမျိုး စိတ်မချမ်းသာဖွယ် အဖုံဖုံတို့ကို ခံစားရလွန်း၍ မချိတင်ကဲဖြစ်ကာ၊ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ဖြစ်ပြီးလျှင် မိမိ ဒေါသတကြီး ဖြစ်မိသည်များကို ညီအစ်ကို မောင်နှမများကခွင့်လွှတ်ပါရန် ရေးသားထားလေသည်။ ဘီသိုဗင်အဖို့တစ်မျိုးပြီးတစ်မျိုး သူရင်ဆိုင်ရသော စိတ်မချမ်းသာမှုများသည် သူ့အား ဘဝကို အရှုံးမပေးလိုအောင် သွေးထိုးပေးသကဲ့သို့ရှိပြီးလျှင် တေးဂီတ တစ်ပုဒ်ပြီးတစ်ပုဒ် သူ့ကလောင်များမှ ထွက်ခဲ့သည်။ သီချင်း ရိုးရိုးမှ ဂီတပြဇာတ်ကြီးများအထိ စပ်ဆိုရေးသားခဲ့ရာ သူ၏ ဂီတစွမ်းရည် ထက်မြက်ထူးချွန်ပုံကို အကဲခတ်နိုင်ပေသည်။ upright=0.7|ဘီသိုဗင် (၁၈၂၃) ဘဝနိဂုံး အိပ်ရာပေါ်၌ ဘီသိုဗင်၏ ရုပ်ကလာပ် (ယိုးစပ်ဖ် ဒန်ဟောင်ဆာ (Josef Danhauser) မှရေးဆွဲထားသည်) ဘီသိုဗင်သည် ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ အသက် ၅၆ နှစ်အရွယ် ၁၈၂၇ ခုနှစ်တွင် ညီဖြစ်သူထံ အလည်သွားရင်း ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ ဘီသိုဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိဖြစ်သော ဗွန်းမြို့တွင်လည်းကောင်း၊ သူ၏ သင်္ချိုင်းရှိရာ ဗီယင်နာမြို့၌လည်းကောင်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဘီသိုဗင်မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ) ဘီသိုဗင်၏ အုတ်ဂူ ဘီသိုဗင်၏ ထင်ရှားသောသီချင်းများ စန္ဒရားဆိုနာတာ အမှတ် ၈၊ ၁၄၊ ၂၀၊ ၂၉၊ ၃၁၊ ၃၂ ဆင်ဖိုနီ အမှတ် ၃၊ ၇၊ ၉ ကျမ်းကိုး ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း ကဏ္ဍ:ဂျာမန် အမျိုးသား ဂီတပညာရှင်များ
ဗစ်တာဟူးဂိုး
ဗစ်တာဟူးဂိုး ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ ပြင်သစ်စာဆိုတော် ဝတ္ထုစာရေးဆရာကြီး ဗစ်တာမာရီ ဟျူးဂိုးသည် ဥရောပစာဆိုတို့၏ အလယ်တွင် မားမားမတ်မတ် ရပ်နိုင်ခဲ့သူ ဖြစ်လေသည်။ သူသည် တစ်သက်လုံး ကြိုးကြိုးပမ်းပမ်း စာရေးသွား၏။ သူရေးသောစာများမှာ အရေ အတွက်အားဖြင့်လည်းများ၏။ အဆင့်အတန်းအားဖြင့်လည်း မြင့်၏။ အမျိုးအစားအားဖြင့်လည်း များပြား၏။ ထိုကြောင့် ဤမျှ မြောက်မြားလှသောစာကောင်းပေကောင်း အမျိုးမျိုးကို ရေးစွမ်းနိုင်သူ ဗစ်တာဟျူးဂိုးသည် အခြား စာရေးဆရာများနှင့်မယှဉ်သာအောင် ဖြစ်နေတော့၏။ ဟျူးဂိုးသည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ ဗီဆန်ဆွန်မြို့၌ ၁၈ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွားမြင်၍ အီတလီနိုင်ငံ၊ စပိန်နိုင်ငံများသို့ လှည့်လည်ခဲ့ဘူး၏။ မဒရစ် မြို့တော်နှင့် ပါရစ်မြို့တော်တို့၌ ပညာသင်ကြားခဲ့၍ အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါ ဟျူးဂိုး၏ ပညာအရည် အချင်းကို ကြည့်၍ သူသည် မုချ စာရေးဆရာကြီး တစ်ဦး ဖြစ်ရမည်ဟု လူတိုင်း အကဲဖြတ်နိုင်၏။ အသက် ၁၇ အရွယ် တွင် ကဗျာတစ်ပုဒ်ရေးခြင်းဖြင့် ပြင်သစ်နိုင်ငံ ပညာတံခွန် အသင်းကြီး၏ ဆုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဟျူးဂိုးသည် ပညာရေး၌သာမက နိုင်ငံရေးဘက်တွင်လည် အရေးပါ အရာ ရောက်သူတစ်ဦး ဖြစ်လေသည်။ ၁၈၄၃ ခုနှစ်မှ ၁၈၅၃ ခုနှစ် အထိ ၁ဝ နှစ်လောက် အတွင်းတွင် နိုင်ငံရေးကို အတော် လိုက်စား၏။ ၁၈၄၆ ခုနှစ်တွင် ပြင်သစ်ပါလီမန် အထက် လွှတ်တော်၌ ပထမဦးဆုံးအကြိမ် မိန့်ခွန်းစကား ပြောကြားခဲ့ ၏။ သူသည် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်၍ လူဝီနပိုလီယန် လက်ထက်၌ ပြင်သစ်နိုင်ငံမှ ဘရပ်ဆဲလ်သို့ ထွက် ပြေးခဲ့ရလေသည်။ ထိုမှ ဂျာဆီကျွန်း၊ ဂန်ဇီကျွန်းတို့သို သွား ရောက် နေထိုင်ခဲ့၏။ ဤသို့ တစ်ကျွန်းတစ်မြေ၌ အေးဆေးစွာ နေထိုင်ယင်း သူဝါသနာပါသော စာများကို ရေးသားခဲ့လေ သည်။ ဗစ်တာဟျူးဂိုး၏ ကဗျာများကို စာဆိုတော်ကြီးတစ်ဦးက ဤသို့ ခြီးကျူးထားသည်။ ဗစ်တာဟျူးဂိုး၏ ကဗျာသစ် တစ်ပုဒ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏တေးကဗျာကို ပဲ့တင်ခတ်ကြသည်။ သံယောင် လိုက်ကာ တေးချင်းညည်း ကြသည်။ သီဆိုကြသည်။ သူ၏ ရွှန်းရွှန်းပသော တေးကဗျာ၊ ချိုအေးသာယာသော တေးကဗျာ၊ နှစ်လို့ဖွယ်ကောင်းသော တေးကဗျာသည် တူရိယာသံစုံ တစ်ခဲနက် တီးမှုတ်လိုက်ဘိ သကဲ့သို့ အသံမျိုးစုံ စီရရီထွက်ကာ လူတို့၏စိတ်ကို ပီတိ လွှမ်းမိုးစေနိုင်သည်။ ဟျူးဂိုးသည် ပြဇာတ်နှင့် ဝတ္ထုများလည်း ရေးသားခဲ့ရာ သူ၏ ဝတ္ထုများသည် ပြင်သစ်စာပေနယ်၌သာ မက ဥရောပရှိ အခြားစာပေနယ်များ၌ပင် ထင်ရှားကျော်စောလေသည်။ ဟျူးဂိုး၏ ကဗျာများမှာ ဘာသာ တစ်ခုမှတစ်ခုသို့ ပြန်ဆို ရာတွင် ကဗျာ့အရသာ ပေါ့ပျက်သွားရန်ရှိသဖြင့် စကားပြေစာ များကိုသာ ဘာသာပြန် ဆိုကြသည်က များလေသည်။ ဟျူးဂိုး၏ ဝတ္ထုများထဲတွင် အကျော်စောဆုံးမှာ လာမီဇာ ရေးဗဲ (အပယ်ခံများ)နှင့် နိုထရာဒမ်မှ ခါး ကုန်းကြီးတို့ ဖြစ်သည်။ ထိုဝတ္ထုနှစ်ခုစလုံး၌ တဏှာမဘက် စင်ကြယ်သော မေတ္တာသက်သက်နှင့် အနစ်နစ်ခံခြင်း၊ စွန့်စားခြင်းတို့ကို ဂုဏ်တင် ရေးသားထားလေသည်။ အပယ်ခံများ ဝတ္ထု၌ ရာဇဝတ်ပြစ်မှုများအတွက် အဆမတန် ကြီးလေးသည့် အပြစ် ဒဏ်များပေးခြင်းမှာ လူတို့ကို ပြုပြင်ရာမရောက် ဆိုးသူကို ပို၍ ဆိုးစေသည့်အကြောင်း၊ အကျဉ်းထောင် စံနစ်များကို ပြုပြင်သင့် ကြောင်းတို့ကို ရည်ရွယ်၍ ရေးသားထားလေသည်။ ထိုဝတ္ထု ဇာတ်လိုက်မှာ ငတ်နေသော နှမငယ်နှင့် ကလေးများအတွက် ပေါင်မုံ့ခိုးမိသဖြင့် ထောင်ဒဏ် ၁၉ နှစ် ခံရသည်။ ထောင်မှ လွတ်လာသောအခါ ထောင်ထွက်ဟူ၍ မည်သူကမျှ လက်မခံ၊ ပိုက်ဆံ မပေး၊ ဝယ်စားချင်၍မျှ ရောင်းမည့်သူမရှိ၊ မောင်းထုတ် ခြင်းကိုသာ ခံရလေသည်။ ထိုအခါ ဘုန်းကြီးတစ်ပါးက အစား အစာ ကျွေးမွေး၍ တစ်ညဉ့်အဖို့ လက်ခံထားလေသည်။ လောကကြီးကို စိတ်နာမုန်းတီး နေသော ထောင်ထွက်သည် ကျေးဇူးရှင်ကိုပင် သတ်မည်ဟု ကြံပြီးမှ နောက်ပြန်တုံ့၍ ပစ္စည်းများ ခိုးယူ ထွက်ပြေးလေသည်။ ပုလိပ်များက လမ်းမှာ တွေ့၍ ဖမ်းကာ ဘုန်းတော်ကြီးထံသို့ ခေါ်ဆောင်လာရာ ဘုန်းတော်ကြီးက ထိုပစ္စည်းများကို သူက ပေးလိုက်ကြောင်း ပြောလိုက်သဖြင့် ချမ်းသာခွင့်ရလေသည်။ သူ၏ဘဝတွင် ဤကဲ့သို့ ဆင်းရဲသူတစ်ဦးအား သနားညှာတာ ခွင့်လွှတ် လိုက်ခြင်းကို ပထမဦးစွာ တွေ့ကြုံရသဖြင့် ထိုအချိန်မှစ၍ လူကောင်းဖြစ်ရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။ လောကတွင် ကိုယ်ကသာ အနာခံရမည်ဟူသော ဆုံးမစကားနှင့် ဘုန်းတော် ကြီးက ငွေဖယောင်းတိုင်ခွက်တစုံကို ပေးလိုက်လေသည်။ ထိုအခါမှစ၍ ထောင်ထွက်ယောက်ျားသည် နောက်ကြောင်း ဖြစ်သော လူဆိုးဘဝကို ဇာတ်မြှုပ်၍ လူကောင်း တစ်ဦး အဖြစ်သို့ ရောက်ခဲ့လေသည်။ သနားကြင်နာခြင်း၏ အရသာကို လက်တွေ့ခံစားခဲ့ရသော ထိုသူသည် မိဘမဲ့ဖြစ်၍ သူတပါး၏ အိမ်၌ ကျွန်ခံနေရသော ကလေးမကလေးတယောက်ကို မွေးစား ကာ သမီးရင်းပမာ ချစ်ခင်နေလေသည်။ ထိုကလေးမကလေး အရွယ်ရောက် သောအခါ လူငယ်ပျိုတစ်ဦးနှင့် ချစ်ခင်နေကြောင်း သိရသောအခါ မိမိ၏ အထီးကျန် ဘဝ၌ တစ်ဦးတည်းသော အဖော်ကလေးကို မခွဲနိုင်ပဲ ရှိလေသည်။ သို့သော် ကိုယ်က သာ အနာခံရမည်ဟူသော ဩဝါဒအတိုင်း အနူးအညွတ် ခွင့်လွှတ်သည်သာမက ထိုသူငယ်ပျိုအား အဓိကရုဏ်းကြားထဲမှ အသက်စွန့်ကာ ကယ်ယူပေးခဲ့လေသည်။ ထိုဝတ္ထုကြီး၌ ဇာတ်လိုက်ဖြစ်သူ ထောင်ထွက်ယောက်ျား၊ သူ့အား ပြုပြင်ပေး သူ ဘုန်းတော်ကြီးနှင့် ထောင်ထွက်အား အမြဲလိုက်နေသူ ပုလိပ်အရာရှိ၊ ဤသုံးဦး၏ ပတ်ဝန်းကျင်တွင် ဇာတ်အိမ်တည် ထားသည်။ ပုလိပ်အရာရှိမှာလည်း သူ့နေရာနှင့်သူ အလွန် ဆီလျော်သော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ဥပဒေနှင့် ညီအောင် လုပ်ရမည် ဟူသောဝါဒကို ရိုးတွင်းခြင်ဆီ အထိ စွဲမြဲပုံကို သရုပ်ဖော်ထားသည်မှာ စာဖတ်သူတို့စိတ်ကို ထိခိုက် စေသည်။ ထိုဝတ္ထုတွင် စိတ်ထိခိုက်ဖွယ် အကောင်းဆုံးသော အခန်းမှာ ထောင်ထွက်ယောက်ျားသည် သူ့မွေးစားသမီး၏ ချစ်သူကို အဓိကရုဏ်းထဲမှနေ၍ ပါရစ်မြို့တော်၏ မြေအောက် အညစ် အကြေး ရေများသွားရာ လိုဏ်မြောင်း လမ်းကြောင်း အတိုင်း ထမ်းယူ ကယ်ဆယ်သောအခန်း ဖြစ်သည်။ ထိုအခန်းမှာ သူတို့လာရသောခရီး၏ စက်ဆုပ်ရွံရှာဖွယ် ကောင်းပုံကို ဝိဘစ္ဆရသပေါ်အောင်လည်းကောင်း၊ ဇာတ်လိုက်၏ အံ့ဩ ဖွယ်ကောင်းလောက် အောင် ဝီရိယစိုက်ပုံကို အဗ္ဘုတရသ ပေါ်အောင်လည်းကောင်း၊ ချစ်သမီးအတွက် အသက်ကြီးရင့်မှ အသက်စွန့် ရရှာသော ဇာတ်လိုက်အား သနားဖွယ်ကောင်းပုံကို ကရုဏာရသပေါ်အောင်လည်းကောင်း သရုပ်ဖော် ရေးသားခြင်း မှာ ကြက်သီးမွေးညှင်းထဖွယ် ကောင်းလေသည်။ ဗစ်တာဟျူးဂိုးသည် အံ့ဩဖွယ်ကောင်းသည့် အဖြစ်အပျက် မျိုးကို သနားဖွယ် ကြောက်မက်ဖွယ်နှင့် ရောစပ်ရေးသားရာတွင် သူမတူအောင် ကောင်းမွန်လေသည်။နိုထရာဒမ်မှ ခါးကုန်းကြီးဝတ္ထု၌ နိုထရာဒမ် ဘုရားရှိခိုး ကျောင်း မျှော်စင်ကြီးပေါ်၌နေသော ရုပ်ရည် ရူပကာ အလွန် ဆိုးဝါး စက်ဆုပ်ဖွယ်ကောင်းသော သတ္တဝါကြီးကို ဇာတ်လိုက် အဖြစ်နှင့် ရေးသားခဲ့သည်။ ထိုသတ္တဝါကြီးသည် ဝတ္ထုဖတ်သူ တို့၏ စိတ်တွင် အခြားအခြားသော ဝတ္ထုများ၌ တွေ့ရသော ဇာတ်လိုက်များထက်ပင် စွဲလမ်းစိတ်ထိခိုက်စေခဲ့သည်။ ထိုဝတ္ထု တွင် ဇာတ်လိုက်မင်းသမီးကို ကြိုးပေး ကွပ်မျက်မည့်ဆဲဆဲတွင် ခါးကုန်းကြီးက ပွေ့ယူကာ ဘုရားရှိခိုးကျောင်းကြီး ခေါင်းမိုး ပေါ်သို့ သာသနာ့မြေ သာသနာ့မြေ'' ဟု ဟစ်အော်တက် ပြေးသည့်အခန်းမှာ တစ်အုပ်လုံးတွင် အကောင်ဆုံးသော အခန်း တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထိုခေတ်က ဘုရင့်အမိန့်သည် သာသနာ့မြေထဲသို့ မလိုက်နိုင်သဖြင့် မင်းသမီးအား သယ်ယူ ပြေးခြင်း ဖြစ်ရာ ထိုအခန်းမှာ အသည်းထိတ်ဖွယ် ကောင်းလှ သည်။ ဗစ်တာဟျူးဂိုးသည် ၁၈၇ဝ ပြည့်နှစ်တွင် နိုင်ငံခြားမှ မိမိ၏ဇာတိ ပြင်သစ်နိုင်ငံသို့ ပြန်ရောက်လာကာ လူအများ၏ ချီးမြှောက်ခြင်းကို ခံယူရလေသည်။ ယခင်က မထုတ်ရဟု တားမြစ်ပိတ်ပင်ထားသော ပြဇာတ်များကို ထိုအခါမှ တစ်ဖန် ပြန်လည် ထုတ်ဝေကာ စင်တင်ကပြရလေသည်။ သူ၏ ကဗျာ များကိုလည်း သီချင်း များအဖြစ် တီးမှုတ် သီဆိုကြလေသည်။ ၁၈၈၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အသက် ၈၃ နှစ်အရွယ် ၌ ဗစ်တာဟျူးဂိုး ကွယ်လွန်ရာ ပြင်သစ်နိုင်ငံ၏ ကျော်စော ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ မြှုပ်နှံရာ သင်းချိုင်း၌ ခမ်းနား ကြီးကျယ်စွာ မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ကိုးကား Category:ပြင်သစ် စာရေးဆရာများ Category:ပြင်သစ်နိုင်ငံ
ဘီယာ
ဘီယာ (Beer) သည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,ဝ၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ် ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာ အလိုအလျောက် ပုလင်းထဲထည့်ခြင်း၊ ပိုးသတ်ခြင်းများကို ဆောင်ရွက်သည်။ Kruger Cream Ale တံဆိပ် ပထမဆုံး ဘီယာဘူးများကို ၁၉၃၅ခုနှစ်၊ ဇန်နဝါရီ၂၄ရက်က Kruger Brewing ကုမ္ပဏီမှ ထုတ်လုပ်ရောင်း ချခဲ့ကြသည်။ ၂၀ဝ၈ခုနှစ်မေလ၁၅ရက်နေ့ထုတ် 7 Day News ဂျာနယ် ဘီယာသည် စားသောက်ကုန် တစ်ခုဖြစ်ပြီး ကမ္ဘာမှာ ကျယ်ပြန့်စွာသုံးစွဲနေကြသော စားသောက်ကုန်တစ်ခုလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။ အယ်လကိုဟော ပါဝင်သည့် အဖျော်ယမကာတစ်ခု ဖြစ်သည်။ ကမ္ဘာမှာ ရေနှင့် လက်ဖက်ရည် ပြီးရင် တတိယမြောက် အသုံးပြုဆုံး စားသောက်ကုန်လည်း ဖြစ်သည်။ ဘီယာတွင် အယ်လကိုဟော ပါဝင်နှုန်း ၄%မှ ၇%ထိ ထည့်သွင်းထားလေ့ရှိသည်။ ဘီယာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကျယ်ပြန့်ဆုံး သောက်သုံးသည့်အရက်များထဲမှ တစ်ခုဖြစ်ပြီး ရေနှင့် လက်ဖက်ရည်ပြီးနောက် တတိယလူကြိုက်အများဆုံး သောက်စရာဖြစ်သည်။ အဓိကအားဖြင့် စီရီရယ်အစေ့အဆန်များ—အများစုမှာ ဂျုံစပါး၊ ပြောင်းဖူး (ပြောင်းဖူး)၊ ဆန်နှင့် oats တို့ကိုလည်း ချက်လုပ်ခြင်းနှင့် အချဉ်ဖောက်ခြင်းတို့ဖြင့် ထုတ်လုပ်ထားသည်။ ဘီယာချက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ wort ထဲတွင် ကစီဓာတ် သကြားများကို အချဉ်ဖောက်ခြင်းသည် ထွက်ပေါ်လာသော ဘီယာတွင် အီသနော နှင့် ကာဗွန်နီယမ်ကို ထုတ်ပေးသည်။ ခေတ်မီဘီယာအများစုသည် ခါးသီးမှုနှင့် အခြားအရသာများကို ပေါင်းထည့်ကာ သဘာဝအတိုင်း တာရှည်ခံပြီး တည်ငြိမ်အေးဂျင့်အဖြစ် ဆောင်ရွက်သည့် ဟော့ပ်များဖြင့် ချက်ထားသည်။ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် သစ်သီးဝလံများကဲ့သို့ အခြားသော အနံ့အရသာအေးဂျင့်များကို ဟင်းခတ်အမွှေးအကြိုင်များအစား ဟင်းခတ်အမွှေးအကြိုင်များအဖြစ် ထည့်သွင်း သို့မဟုတ် အသုံးပြုနိုင်ပါသည်။ စီးပွားဖြစ် ချက်လုပ်ရာတွင် သဘာဝ ကာဗွန်ထုတ်လွှတ်မှု အာနိသင်ကို မကြာခဏ ဖယ်ရှားပြီး အတင်းကာဗွန်နိတ်ဖြင့် အစားထိုးပါသည်။ လူ့လောက၏ အစောဆုံးသော အရေးအသားအချို့သည် ဘီယာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ရည်ညွှန်းသည်- ဘီယာဆိုင်များနှင့် ဘီယာဆိုင်များကို ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ပါဝင်သော Hammurabi နှင့် "The Hymn to Ninkasi" ၊ ဘီယာနတ်ဘုရားမထံ ဆုတောင်းသည့် မက်ဆိုပိုတေးမီးယားနတ်သမီးထံ ဆုတောင်းချက်၊ စာတတ်သူနည်းပါးသော ယဉ်ကျေးမှုတစ်ခုတွင် ဘီယာချက်နည်းကို မှတ်မိသည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဘီယာကို ပုလင်းများနှင့် ဗူးများတွင် ဖြန့်ဝေထားပြီး အထူးသဖြင့် အရက်ဆိုင်များနှင့် အရက်ဆိုင်များတွင်လည်း အကြမ်းအားဖြင့် ရနိုင်သည်။ ဘီယာထုတ်လုပ်သည့်လုပ်ငန်းသည် ကြီးစိုးသောနိုင်ငံစုံကုမ္ပဏီအများအပြားနှင့် brewpubs မှ ဒေသတွင်း ဘီယာချက်စက်ရုံများအထိ ထောင်ပေါင်းများစွာသော အသေးစားထုတ်လုပ်သူများ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ခေတ်မီဘီယာ၏အစွမ်းသတ္တိသည် အများအားဖြင့် 4% မှ 6% အယ်လ်ကိုဟောပမာဏအလိုက် (ABV) ဝန်းကျင်တွင် 0.5% နှင့် 20% အကြား ကွဲပြားနိုင်သော်လည်း အချို့သော ဘီယာချက်စက်ရုံများသည် 40% ABV နှင့်အထက် ဥပမာများကို ဖန်တီးခြင်းဖြင့် ကွဲပြားနိုင်သည်။ ဘီယာသည် နိုင်ငံများစွာ၏ ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘီယာပွဲတော်များကဲ့သို့သော လူမှုရေးဓလေ့ထုံးတမ်းများနှင့် ဆက်စပ်နေပြီး အရက်ဆိုင်များတွင် တွားသွားခြင်း၊ အရက်ဆိုင် ပဟေဠိများနှင့် အရက်ဆိုင်ဂိမ်းများကဲ့သို့သော ကြွယ်ဝသော အရက်ဆိုင်ယဉ်ကျေးမှုနှင့် ဆက်စပ်နေသည်။ ဘီယာကို ပေါင်းခံသောအခါ ရလာသောအရက်သည် ဝီစကီပုံစံတစ်မျိုးဖြစ်သည်။ စတင်ဖြစ်ပွားပုံ ဘီယာ ဟူသော စကားလုံးသည် Common Germanic မှ ယနေ့ခေတ်အင်္ဂလိပ်ဘာသာသို့ Old English bēor မှ ဆင်းသက်လာသည်။ စကားလုံးကို ဘာသာစကား-မိသားစု၏ အရှေ့ဂျာမနီဌာနခွဲတွင် သက်သေမပြထားသော်လည်း အနောက်ဂျာမနီနှင့် မြောက်ဂျာမနီဘာသာစကားများ (မော်ဒန် ဒတ်ချ် နှင့် ဂျာမန် ဘီယာ၊ Old Norse bjórr) တို့တွင် တွေ့ရှိရသည်။ စကားလုံး၏ အစောပိုင်း ဗျုပ္ပတ်ဗေဒကို အခြေအတင် ဆွေးနွေးနေသည်- အဓိက သီအိုရီ သုံးခုမှာ စကားလုံးသည် Proto-Germanic *beuzą (Proto-Indo-European *bʰeusóm မှ) ဟူသော အဓိပ္ပာယ်မှာ 'ဘီယာ၏တဆေး၊ ဘီယာအညစ်အကြေးများ'၊ barley ဟူသော စကားလုံးနှင့် ဆက်စပ်နေပါသည်။ သို့မဟုတ် ၎င်းကို Latin bibere 'သောက်ရန်' မှ တစ်နည်းနည်းဖြင့် ချေးယူခဲ့သည်။ Old English နှင့် Old Norse တွင် ဘီယာ ဟူသော စကားလုံးသည် ale ကဲ့သို့ မရောသောအရက်ကို ရည်ညွှန်းခြင်းမဟုတ်သော်လည်း ပျားရည်နှင့် ပြုလုပ်ထားသော ချိုမြိန်ပြီး အစွမ်းထက်သော အချိုရည်နှင့် စပျစ်သီးမှလွဲ၍ အခြားအသီးအနှံတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ဖျော်ရည်၊ ale ထက် နေရာအနှံ့အပြားတွင် အများအပြားပါဝင်နိုင်သည် အစောပိုင်း အလယ်ခေတ် သင်္ချိုင်း ပစ္စည်းတွေ မှာ တွေ့ရတဲ့ သေးငယ်တဲ့ သောက်ခွက် အမျိုးအစား ဖြစ်တဲ့ သောက်စရာ ဟာ mead သို့မဟုတ် cider နဲ့ ပိုတူပါတယ်။ သို့သော် ဂျာမန်ဘာသာတွင်၊ ဘီယာ-စကားလုံး၏ အဓိပ္ပာယ်သည် ကျွန်ုပ်တို့၏ အစောဆုံးကျန်ရှိနေသေးသော အရေးအသားအထောက်အထားများ မပေါ်မီကပင် ale-စကားလုံး၏ အဓိပ္ပာယ်ကို လွှမ်းခြုံထားသည်။ German hopped ale သည် အလယ်ခေတ်နှောင်းပိုင်းတွင် အင်္ဂလန်တွင် ခေတ်စားလာသည်နှင့်အမျှ အင်္ဂလိပ် စကားလုံး ဘီယာသည် ဂျာမန် အဓိပ္ပာယ်ကို ဆောင်ယူလာရာ အင်္ဂလိပ်တွင်လည်း ဘီယာသည် ဟို့ပ်ပါသည့် ဖျော်ရည်များကို ရည်ညွှန်းရန် ခေတ်သစ် အစောပိုင်းကာလတွင် ပေါ်လာသည်။ သမိုင်း ဘီယာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ပြင်ဆင်ထားသော အရက်များထဲမှ တစ်ခုဖြစ်သည်။ အချဉ်ဖောက်ခြင်း၏ အစောဆုံး ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများတွင် Isra ရှိ Raqefet Cave အနီးရှိ Haifa တောင်တန်းများအနီးရှိ Haifa တောင်တန်းများအနီးတွင် Haifa တောင်တန်းများ တွင်အသုံးပြုသော ကြမ်းကြန့်သျောလျောညီထွေရှိသော ဘီယာ၏အကြွင်းအကျန်များ ပါဝင်ပါသည်။ မြေအိုးမတင်မီခေတ် (ဘီစီ ၈၅၀၀ မှ ဘီစီ ၅၅၀၀ ဝန်းကျင်) အတွင်း Göbekli Tepe တွင် ဘီယာထုတ်လုပ်ခဲ့ကြောင်း အထောက်အထားများရှိသည်။ မုယောစပါးမှ ထုတ်လုပ်သော ဘီယာ၏ အစောဆုံး ထင်ရှားသော ဓာတုဗေဒ အထောက်အထားများမှာ ဘီစီ ၃၅၀၀ မှ ၃၁၀၀ ခန့်အထိ၊ အီရန်အနောက်ခြမ်း Zagros တောင်တန်းများရှိ Godin Tepe ၏နေရာမှဖြစ်သည်။ သီးနှံကို စတင်စိုက်ပျိုးချိန် BC 10,000 ခန့်အထိ တည်ရှိနေသော်လည်း သက်သေမပြနိုင်ပါ။ ဘီယာသည် ရှေးအီရတ်နှင့် ရှေးခေတ်အီဂျစ်တို့၏ သမိုင်းကြောင်းတွင် မှတ်တမ်းတင်ထားပြီး ဘီယာသည် ယဉ်ကျေးမှုများဖွဲ့စည်းရာတွင် အရေးပါသည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက ယူဆကြသည်။ လွန်ခဲ့သောနှစ်ပေါင်း 5,000 ခန့်က Uruk (ယခုခေတ် အီရတ်) မြို့ရှိ အလုပ်သမားများကို ၎င်းတို့၏ အလုပ်ရှင်များက ဘီယာအမြောက်အမြားဖြင့် ပေးဆောင်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၊ ဂီဇာရှိ ပိရမစ်ကြီးတည်ဆောက်မှုအတွင်း အလုပ်သမားတစ်ဦးစီသည် ပိရမစ်ဆောက်လုပ်မှုအတွက် အရေးပါသော အာဟာရနှင့် လန်းဆန်းမှုအဖြစ် နေ့စဉ် ဘီယာလေးလီတာမှ ငါးလီတာအထိ ရိက္ခာရရှိခဲ့သည်။ အစောဆုံး Sumerian အရေးအသားများတွင် ဘီယာနှင့်ပတ်သက်သော ရည်ညွှန်းချက်များပါရှိသည်။ ဥပမာများတွင် "The Hymn to Ninkasi" ဟုသိကြသော နတ်ဘုရားမ Ninkasi ထံ ဆုတောင်းချက်တစ်ခုပါဝင်ပြီး ဆုတောင်းခြင်းနှင့် ယဉ်ကျေးမှုတစ်ခုရှိ ဘီယာချက်နည်းကို မှတ်သားခြင်းနည်းလမ်းနှင့် ရှေးခေတ်အကြံဉာဏ်များ ("မင်းဝမ်းကိုဖြည့်ပါ . နေ့ရောညပါ ပျော်ရွှင်ပါစေ") Gilgamesh ၏ Epic of Gilgamesh တွင် မှတ်တမ်းတင်ထားသော Gilgamesh မှ ale-ဇနီးသည် Siduri မှ အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် ဘီယာသောက်သုံးခြင်းကို ရည်ညွှန်းနိုင်ပေမည်။ ဆီးရီးယားနိုင်ငံ Ebla တွင် 1974 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော Ebla တက်ဘလက်များသည် ဘီစီ 2500 တွင် မြို့တော်တွင် ဘီယာထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။ ဆန်နှင့် သစ်သီးများကို အသုံးပြု၍ စိမ်ထားသော အချိုရည်ကို BC 7000 ခန့်တွင် တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆာကေးနှင့်မတူဘဲ၊ မှိုကို ဆန်ဆေးရည် (amylolytic အချဉ်ဖောက်ခြင်း) တွင် အသုံးမပြုပါ။ ထမင်းကို ဝါးခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်းအတွက် ပြင်ဆင်ထားပုံရသည်။ ရှေးအိန္ဒိယရှိ ဝေဒခေတ်ကာလတွင်၊ ဘီယာနှင့်တူသော ဆာရာစားသုံးမှုမှတ်တမ်းများရှိသည်။ သူ၏ ခရီးသွားစဉ်အတွင်း အာမေးနီးယားတွင် ဘီယာထုတ်လုပ်နေကြောင်း Xenophon မှတ်သားခဲ့သည်။ သကြားပါသော မည်သည့်အရာမဆို နီးပါးသည် သဘာဝအတိုင်း အရက်အချဉ်ဖောက်ခြင်းကို ခံရနိုင်ပြီး၊ ထို့ကြောင့် ဘီယာချက်ခြင်းတွင် အသုံးချနိုင်သည်။ ကစီဓာတ်၏ရင်းမြစ်တစ်ခုမှ ချိုမြိန်သောအရည်ကို လွတ်လပ်စွာတီထွင်ထားသော ဘီယာကို ယဉ်ကျေးမှုများစွာက သတိပြုမိကြဖွယ်ရှိသည်။ မုန့်နှင့် ဘီယာသည် အခြားနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပေးကာ လူ့ယဉ်ကျေးမှုကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသည့် အဆင့်တစ်ခုအထိ သာယာဝပြောလာစေသည်။ ဘီယာကို ဂျာမန် နှင့် ဆဲလ်တစ် မျိုးနွယ်စုများက ဥရောပတစ်ခွင်တွင် ဘီစီ ၃၀၀၀ အထိ ပျံ့နှံ့ခဲ့ပြီး၊ အစောပိုင်းဥရောပသားများသောက်သည့်ထုတ်ကုန်ကို ယနေ့ခေတ်လူအများစုက ဘီယာအဖြစ် အသိအမှတ်မပြုနိုင်ပေ။ အခြေခံကစီဓာတ်ရင်းမြစ်အပြင်၊ အစောပိုင်းဥရောပဘီယာများတွင် သစ်သီးများ၊ ပျားရည်၊ အပင်အမျိုးအစားများစွာ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် မူးယစ်ဆေးဝါး ဆေးဖက်ဝင်အပင်များကဲ့သို့သော အခြားအရာများပါရှိသည်။ ၎င်းတို့မပါဝင်သည့်အရာမှာ hops ဖြစ်ပြီး၊ ၎င်းမှာ ၈၂၂ ခုနှစ်ဝန်းကျင်က ဥရောပတွင် Carolingian Abbot မှ ပထမဆုံးဖော်ပြခဲ့ပြီး 1067 ခုနှစ်တွင် abess Hildegard of Bingen က ထပ်မံဖော်ပြခဲ့သည်။ 1516 တွင်၊ William IV၊ Bavaria မြို့စားက Reinheitsgebot (သန့်ရှင်းစင်ကြယ်ခြင်းဥပဒေ) ကို 21 ရာစုတွင်အသုံးပြုနေဆဲဖြစ်ကောင်းဖြစ်နိုင်သည့် ရှေးအကျဆုံးအစားအစာအရည်အသွေးစည်းမျဉ်းကို လက်ခံကျင့်သုံးခဲ့သည်၊ ဘီယာ၏တစ်ခုတည်းသောခွင့်ပြုထားသောပါဝင်ပစ္စည်းများမှာ ရေ၊ ဟော့ပ်နှင့်မုယောစပါးများဖြစ်သည် . စက်မှုတော်လှန်ရေး မတိုင်မီက ထုတ်လုပ်သော ဘီယာများကို အေဒီ ၇ ရာစုတွင် ဥရောပ ဘုန်းတော်ကြီးကျောင်းများမှ ထုတ်လုပ်ရောင်းချနေသော်လည်း ဘီယာကို ပြည်တွင်းတွင် ဆက်လက်ထုတ်လုပ်ရောင်းချနေဆဲဖြစ်သည်။ စက်မှုတော်လှန်ရေးကာလအတွင်း၊ လက်မှုပညာဆိုင်ရာ ထုတ်လုပ်ခြင်းမှ စက်မှုထုတ်လုပ်ခြင်းသို့ ပြောင်းရွှေ့ခဲ့ပြီး 19 ရာစုအကုန်တွင် ပြည်တွင်းထုတ်လုပ်မှုသည် သိသိသာသာ ရပ်တန့်သွားခဲ့သည်။ ရေအားလျှပ်စစ်မီတာနှင့် သာမိုမီတာများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘီယာချက်လုပ်ငန်းကို ပိုမိုထိန်းချုပ်နိုင်ပြီး ရလဒ်များကို ပိုမိုသိရှိနားလည်နိုင်စေခြင်းဖြင့် ဘီယာထုတ်လုပ်ခြင်းကို ပြောင်းလဲစေသည်။ 1912 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee ၏ Joseph Schlitz Brewing ကုမ္ပဏီမှ အညိုရောင်ပုလင်းများကို စတင်အသုံးပြုခဲ့သည်။ ဤဆန်းသစ်တီထွင်မှုကို ကမ္ဘာတစ်ဝန်းမှ လက်ခံလာခဲ့ကြပြီးကတည်းက ဘီယာ၏အရည်အသွေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေမည့် အန္တရာယ်ရှိသောရောင်ခြည်များကို တားဆီးထားသည်။ 2007 ခုနှစ်အထိ၊ ဘီယာလုပ်ငန်းသည် ကြီးစိုးသောနိုင်ငံစုံကုမ္ပဏီများနှင့် ဘီယာဆိုင်များမှ ဒေသတွင်း ဘီယာချက်စက်ရုံများအထိ ထောင်ပေါင်းများစွာသော အသေးစားထုတ်လုပ်သူများ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ 2006 ခုနှစ်စာရင်းအရ၊ ဘေးတစ်ဖက်တစ်ချက်ရှိ 510 မီတာနှင့်ညီမျှသော 133 ဘီလီယံလီတာ (အမေရိကန်ဂါလန် 35 ဘီလီယံကျော်) သည် တစ်နှစ်လျှင် ဘီယာရောင်းချပြီး စုစုပေါင်းကမ္ဘာ့ဝင်ငွေ US$ 294.5 ဘီလီယံရှိသည်။ 2010 ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဘီယာသောက်သုံးမှုသည် ဟက်တိုလီတာ 450 သန်း (လီတာ 45 ဘီလီယံလီတာ) သို့မဟုတ် အမေရိကန်ထက် နှစ်ဆနီးပါးရှိသော်လည်း ရောင်းချသည့် 5 ရာခိုင်နှုန်းသာ ပြင်သစ်နှင့် ဂျာမနီတွင် 50 ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပရီမီယံ ဘီယာများဖြစ်သည်။ မကြာသေးမီက လူသိရှင်ကြား ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုအရ အလွန်အမင်းမိုးခေါင်မှုနှင့် အပူရှိန်ကြောင့် မုယောစပါးထုတ်လုပ်မှု ရုတ်တရက် ကျဆင်းသွားခြင်းသည် အနာဂတ်တွင် ဘီယာရရှိနိုင်မှုနှင့် ဈေးနှုန်းများ သိသိသာသာ မငြိမ်မသက်ဖြစ်စေနိုင်ကြောင်း အကြံပြုထားသည်။ ဘီယာထုတ်လုပ်သည့် လုပ်ငန်းစဉ်ကို ဘီယာချက်ခြင်းဟု ခေါ်သည်။ ဘီယာချက်လုပ်ရန်အတွက် သီးသန့်အဆောက်အအုံကို ဘီယာချက်စက်ရုံဟု ခေါ်သော်လည်း အိမ်တွင် ဘီယာပြုလုပ်နိုင်ပြီး ၎င်း၏သမိုင်းကြောင်းများစွာရှိသော်လည်း ဘီယာချက်လုပ်သည့်နေရာကို ဘီယာချက်စက်ရုံဟု မကြာခဏခေါ်သည်။ ဘီယာထုတ်လုပ်သည့်ကုမ္ပဏီကို ဘီယာချက်စက်ရုံ သို့မဟုတ် ဘီယာထုတ်လုပ်သည့်ကုမ္ပဏီဟု ခေါ်သည်။ ယနေ့ခေတ်တွင် စီးပွားဖြစ်မဟုတ်သောအကြောင်းပြချက်ဖြင့် ပြည်တွင်းစကေးဖြင့်ပြုလုပ်သော ဘီယာကို အိမ်တွင်ပြုလုပ်သည့် ဘီယာအများစုကို အိမ်တွင်ပြုလုပ်ထားသော်လည်း မည်သည့်နေရာတွင်ပင်ဖြစ်စေ အိမ်ဘရူးလုပ်နည်းအဖြစ် အမျိုးအစားခွဲခြားထားသည်။ သမိုင်းကြောင်းအရ အိမ်တွင်းဘီယာကို farmhouse ale ဟုခေါ်သည်။ ဘီယာချက်ခြင်းဥပဒေသည် ထောင်စုနှစ်များစွာကြာအောင် ဥပဒေနှင့်အခွန်စည်းကြပ်ခြင်းခံရပြီး 19 ရာစုနှောင်းပိုင်းတွင် အခွန်ကောက်ခံခြင်းမှ ဘီယာထုတ်လုပ်ခြင်းကို UK တွင်သာ စီးပွားဖြစ်လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားသည်။ သို့သော်လည်း ယူကေအစိုးရသည် ၁၉၆၃ ခုနှစ်တွင် ဥပဒေများကို ဖြေလျှော့ပေးခဲ့ပြီး ၁၉၇၂ တွင် ဩစတြေးလျနှင့် ၁၉၇၈ ခုနှစ်တွင် အမေရိကန်တို့နောက်တွင် တစ်နိုင်ငံချင်းစီမှ ထုတ်လုပ်မှုကန့်သတ်သည့် ဥပဒေများကို အတည်ပြုခွင့်ပြုခဲ့သော်လည်း အိမ်တွင်းဘွန်းလုပ်ခြင်းကို လူကြိုက်များသည့် ဝါသနာတစ်ခုဖြစ်လာစေခဲ့သည်။ ဘီယာချက်ခြင်း၏ ရည်ရွယ်ချက်မှာ ကစီဓာတ်ရင်းမြစ်ကို wort ဟုခေါ်သော သကြားရည်အဖြစ်သို့ ပြောင်းလဲရန်နှင့် တဆေးမှ အကျိုးသက်ရောက်သော အချဉ်ဖောက်သည့် လုပ်ငန်းစဉ်တွင် ဘီယာဟု လူသိများသော wort ကို အရက်ယမကာအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ ကစီဓာတ်အရင်းအမြစ် (ပုံမှန်အားဖြင့် မုယောစပါးကို ရေနွေးပူပူ) ရောစပ်ခြင်းဖြင့် wort ကို ပြင်ဆင်သည့် ပထမအဆင့်ကို "mashing" ဟုခေါ်သည်။ ရေနွေး (ဘီယာအခေါ်အဝေါ်အရ "အရက်" ဟု ခေါ်သည်) ကို ထောင်းထားသော malt သို့မဟုတ် malt ("grist" ဟု သိကြသော) နှင့် ရောနှောထားသော mash tun တစ်ခုထဲတွင်။ ကစီဓာတ်များကို သကြားအဖြစ်သို့ပြောင်းလဲသွားသည့်အတောအတွင်းတွင် ၁ နာရီမှ ၂ နာရီခန့်ကြာမြင့်ပြီး ဂျုံမှုန့်များကို အစေ့အဆန်များမှ ဖယ်ထုတ်ပါသည်။ ထို့နောက် အစေ့အဆန်များကို "sparging" ဟုခေါ်သော လုပ်ငန်းစဉ်ဖြင့် ဆေးကြောပါ။ ဤဆေးကြောခြင်းသည် ဖျော်ရည်လုပ်သူအား အစေ့အဆန်များမှ အချဉ်ဖောက်နိုင်သော အရည်များကို တတ်နိုင်သမျှ စုဆောင်းနိုင်စေပါသည်။ wort နှင့် sparge water တို့မှ သုံးစွဲထားသော စပါးများကို စစ်ထုတ်သည့် လုပ်ငန်းစဉ်ကို wort separation ဟုခေါ်သည်။ ဂျုံကြမ်းကို စစ်ထုတ်သည့် ကြားခံအဖြစ် လုပ်ဆောင်ပေးသည့် ဂျုံကြမ်းကို ခွဲထုတ်ခြင်းအတွက် ရိုးရာလုပ်ငန်းစဉ်သည် တောက်ပြောင်နေသည်။ အချို့သော ခေတ်မီ ဘီယာချက်စက်ရုံများသည် ပိုမို၍ စေ့စပ်သော မြေသားကို ခွင့်ပြုသည့် ဇကာဘောင်များကို အသုံးပြုခြင်းကို နှစ်သက်ကြသည်။ ခေတ်မီ ဘီယာချက်စက်ရုံ အများစုသည် စဉ်ဆက်မပြတ် ကြဲချခြင်းကို အသုံးပြုကြပြီး မူရင်း wort နှင့် sparge water ကို အတူတကွ စုဆောင်းကြသည်။ သို့သော် မသုံးရသေးသော အစေ့အဆန်များဖြင့် ဒုတိယအသုတ် သို့မဟုတ် တတိယအသုတ်ကို စုဆောင်းနိုင်သည်။ ပြေးခြင်းတစ်ခုစီသည် ပျော့ညံ့သော wort ထွက်လာပြီး ထို့ကြောင့် ပျော့သော ဘီယာကို ထုတ်ပေးသည်။ ဤလုပ်ငန်းစဉ်ကို ဒုတိယ (နှင့် တတိယ) အပြေးများဟု ခေါ်သည်။ အပြေးပေါင်းများစွာဖြင့် ချက်စားခြင်းကို parti gyle brewing ဟုခေါ်သည်။ ပြုတ်ကျခြင်းမှ စုဆောင်းရရှိသော အချိုများကို ရေနွေးအိုး သို့မဟုတ် "ကြေးနီ" (ဤအိုးများကို ရှေးယခင်က ကြေးနီဖြင့် ပြုလုပ်ထားသောကြောင့်) ထည့်ပြီး ပုံမှန်အားဖြင့် တစ်နာရီခန့် ပြုတ်ပါ။ ပွက်ပွက်ဆူနေစဉ်တွင် wort တွင်ရေများအငွေ့ပျံသွားသော်လည်း wort ၏သကြားများနှင့်အခြားအစိတ်အပိုင်းများကျန်ရှိနေသည်; ၎င်းသည် ဘီယာရှိ ကစီဓာတ် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေသည်။ ပွက်ပွက်ဆူခြင်းသည် ကြိတ်ချေသည့်အဆင့်မှ ကျန်ရှိသော အင်ဇိုင်းများကို ချေဖျက်သည်။ ခါးသီး၊ အရသာနှင့် အနံ့၏ရင်းမြစ်အဖြစ် ပြုတ်နေချိန်တွင် ဟော့ပ်များကို ပေါင်းထည့်သည်။ ပွက်ပွက်ဆူနေစဉ်တွင် Hops ကို တစ်ကြိမ်ထက်ပို၍ ထည့်နိုင်သည်။ ဟော့ပ်များကို ကြာကြာပြုတ်လေ၊ ၎င်းတို့သည် ခါးလေလေ၊ သို့သော် ဟော့ပ်အရသာနှင့် ရနံ့ နည်းပါးလေလေ ဘီယာထဲတွင် ကျန်ရှိနေပါသည်။ ပွက်ပွက်ဆူပြီးနောက်၊ ပျားရည်ကို အအေးခံပြီး တဆေးအတွက် အဆင်သင့်ဖြစ်ပါပြီ။ အချို့သော ဘီယာချက်စက်ရုံများတွင်၊ ဟင်းခတ်အမွှေးအကြိုင်များထည့်ရန်နှင့် ဇကာအဖြစ်လုပ်ဆောင်ရန်၊ သို့သော် အများအားဖြင့် ပျားရည်ကို အချဉ်ဖောက်ရန်အတွက် ရိုးရိုးအအေးခံထားပြီး၊ တဆေးထည့်သည့်နေရာတွင် ဖြစ်သည်။ ကစော်ဖောက်နေစဉ်တွင် wort သည် ဘီယာ၏ တဆေးအမျိုးအစားနှင့် အစွမ်းသတ္တိပေါ်မူတည်၍ တစ်ပတ်မှလအထိ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုတွင် ဘီယာဖြစ်လာသည်။ အီသနောထုတ်လုပ်ခြင်းအပြင်၊ ဂျုံတွင် ဆိုင်းငံ့ထားသော အမှုန်အမွှားအမှုန်အမွှားများသည် အချဉ်ဖောက်ချိန်တွင် အနည်ထိုင်သွားပါသည်။ အချဉ်ဖောက်ပြီးသည်နှင့် တဆေးသည်လည်း ပြေသွားကာ ဘီယာကို ကြည်လင်စေသည်။ ကစော်ဖောက်ထားချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်အများစုကို ထောင်ချောက်တစ်ခုမှတစ်ဆင့် လွတ်မြောက်ခွင့်ပြုထားပြီး ဘီယာသည် ဖိအား၏လေထုတစ်ခုခန့်သာ ကာဗွန်နိတ်ဖြင့် ကျန်ခဲ့သည်။ ကာဗွန်နိတ်ကို ဘီယာဘူးကဲ့သို့သော ဖိအားအိုးသို့ လွှဲပြောင်းကာ ဖိထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မိတ်ဆက်ခြင်းဖြင့် သို့မဟုတ် အချဉ်ဖောက်ခြင်းမပြီးမီ လွှဲပြောင်းခြင်းဖြင့်သော်လည်းကောင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဖိအားများ ကွန်တိန်နာအတွင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖိအားများ တိုးပွားလာတတ်သည်။ တခါတရံတွင် ဘီယာကို စစ်ထုတ်ခြင်းမပြုဘဲ (ထို့ကြောင့် တဆေးပါဝင်နေသေးသည်) ကို ပုလင်းထဲသို့ထည့်ကာ သကြားအနည်းငယ်ထည့်ထားကာ ပုလင်းအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လိုချင်သောပမာဏကိုထုတ်ပေးသည်။ စော်ဖောက်ခြင်းကို တစ်ခါတစ်ရံတွင် အခြေခံနှင့် ဒုတိယအဆင့် နှစ်မျိုးဖြင့် ဆောင်ရွက်သည်။ ပင်မစော်ဖောက်သည့်ကာလအတွင်း အရက်အများစုကို ထုတ်လုပ်ပြီးသည်နှင့်၊ ဘီယာကို အိုးအသစ်သို့ လွှဲပြောင်းပြီး ဆင့်ပွားစော်ဖောက်သည့်ကာလကို ခွင့်ပြုသည်။ ထုပ်ပိုးမှုမပြုမီ သို့မဟုတ် ပိုမိုရှင်းလင်းပြတ်သားစွာ သိုလှောင်မှုမပြုလုပ်မီ ဘီယာသည် ရှည်လျားသောသိုလှောင်မှု လိုအပ်သောအခါတွင် ဒုတိယအချဉ်ဖောက်ခြင်းကို အသုံးပြုသည်။ ဘီယာသည် အချဉ်ဖောက်ပြီးသောအခါ၊ ၎င်းကို ဘူးခွံများတွင် ဘူးခွံများ၊ အလူမီနီယမ် ဗူးများ၊ သို့မဟုတ် အခြားဘီယာအမျိုးအစားများအတွက် ပုလင်းများအတွင်း၌ ထုပ်ပိုးထားသည်။ ပါဝင်ပစ္စည်းများ ဘီယာ၏ အခြေခံပါဝင်ပစ္စည်းများမှာ ရေ၊ မုယောစပါး ကဲ့သို့သော ကစီဓာတ် အရင်းအမြစ် ဖြစ်သော မုယောစပါး ၊ သို့မဟုတ် မှည့်ထားသော ပြောင်း (Tiswin and Tesgüino ကဲ့သို့) ကို သန့်စင်အောင် ပြုလုပ် နိုင်သည် (သကြားအဖြစ်သို့ ပြောင်းလဲ) ပြီးနောက် အချဉ်ဖောက် (အီသနောနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်သို့ ပြောင်းလဲခြင်း)၊ စော်ဖောက်ခြင်းကို ထုတ်လုပ်ရန် ဘီယာချက်သည့် တဆေး၊ နှင့် ဟော့စ်ကဲ့သို့သော အရသာတစ်မျိုး။ ကစီဓာတ်ရင်းမြစ်များ၏ ရောစပ်ထားသော ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်ဖြစ်သည့် ပြောင်း (ပြောင်း)၊ ဆန်၊ ဂျုံ၊ သို့မဟုတ် သကြားတို့ကို မကြာခဏ နောက်ဆက်တွဲအဖြစ် ခေါ်ဝေါ်လေ့ရှိပြီး အထူးသဖြင့် မုယောစပါးကို မုယောစပါးနှင့် တွဲဖက်အသုံးပြုသည့်အခါတွင် အသုံးပြုနိုင်သည်။ အသုံးနည်းသော ကစီဓာတ်ရင်းမြစ်များမှာ အာဖရိကရှိ ပြောင်းဆန်၊ ဆန်စပါးနှင့် ပီလောပီနံအမြစ်၊ ဘရာဇီးနိုင်ငံရှိ အာလူးနှင့် မက္ကဆီကိုရှိ agave တို့အပါအဝင် အခြားအသုံးများသည်။ ဘီယာချက်ချက်တစ်ခုစီတွင် ကစီဓာတ်အရင်းအမြစ်တစ်ခုစီ၏ ပမာဏကို စုပေါင်းဆန်ငွေစက္ကူဟုခေါ်သည်။ ရေသည် ဘီယာ၏ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ၎င်း၏အလေးချိန်၏ 93% ရှိသည်။ ရေကိုယ်တိုင်က အရသာမရှိသော်လည်း ၎င်း၏ပျော်ဝင်နေသောသတ္တုဓာတ်အဆင့်၊ အထူးသဖြင့် ဘီကာဗွန်နိတ်အိုင်းယွန်းသည် ဘီယာ၏အချောထည်အရသာကို လွှမ်းမိုးသည်။ ဒေသတစ်ခုစီ၏ ရေ၏ တွင်းထွက်ဓာတ်ဂုဏ်သတ္တိများကြောင့်၊ သတ်မှတ်ထားသော ဧရိယာများသည် မူလက အချို့သော ဘီယာအမျိုးအစားများ၏ တစ်ဦးတည်းထုတ်လုပ်သူများဖြစ်ပြီး တစ်ခုစီကို ဒေသဆိုင်ရာ လက္ခဏာများဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ ဒေသဆိုင်ရာ ဘူမိဗေဒအရ Pilsner (Pilsner Urquell) ကဲ့သို့ တင်းမာသောရေသည် ဂင်းနစ်ကဲ့သို့ တောင့်တင်းအောင်ပြုလုပ်ရန် သင့်လျော်ကြောင်း ဒေသဆိုင်ရာ ဘူမိဗေဒအရ Pilsner (Pilsner Urquell) က ချက်စားရန် သင့်လျော်ပါသည်။ အင်္ဂလန်ရှိ Burton ရေပြင်တွင် Burtonisation ဟုသိကြသည့် လုပ်ငန်းစဉ်တွင် ဖျော့ဖျော့ဖျော့ဖျော့ကို ဖျော်ရည်လုပ်သူများသည် Burtonisation ဟုခေါ်သော လုပ်ငန်းစဉ်တွင် ဒေသခံရေထဲသို့ gypsum ပေါင်းထည့်စေသည့် အတိုင်းအတာအထိ ဂျစ်ပဆမ်ပါရှိသည်။ ကစီဓာတ်ရင်းမြစ်သည် ဘီယာတွင် အချဉ်ဖောက်နိုင်သော ပစ္စည်းကို ထောက်ပံ့ပေးပြီး ဘီယာ၏ ခိုင်ခံ့မှုနှင့် အရသာ၏ အဓိကအချက်တစ်ခုဖြစ်သည်။ ဘီယာတွင် အသုံးအများဆုံး ကစီဓာတ်အရင်းအမြစ်မှာ ဂျုံမှုန့်ဖြစ်သည်။ အစေ့အဆန်များကို ရေတွင်စိမ်ထားခြင်းဖြင့် အစေ့အဆန်များ စတင်ပေါက်ကြားနိုင်ကာ မီးဖိုထဲတွင် တစ်စိတ်တစ်ပိုင်း ပေါက်သွားသော စပါးများကို အခြောက်ခံပြီး အခြောက်ခံပါ။ Malting grain သည် စပါးရှိ ကစီဓာတ်များကို အချဉ်ဖောက်နိုင်သော သကြားအဖြစ်သို့ ပြောင်းလဲပေးသော အင်ဇိုင်းများကို ထုတ်လုပ်သည်။ တူညီသောအစေ့မှ malt ၏အရောင်ကွဲပြားစေရန်အတွက် မတူညီသော ကင်ချိန်နှင့် အပူချိန်ကို အသုံးပြုပါသည်။ ပိုနက်သော malt များသည် ပိုမည်းသော ဘီယာများကို ထုတ်လုပ်ပေးသည်။ ဘီယာအားလုံးနီးပါးတွင် ကစီဓာတ်အများစုအဖြစ် မုယောဆန်များပါဝင်သည်။ ခြွေလှေ့နေစဉ်အတွင်း ၎င်း၏ အမျှင်ထည်သည် စပါးနှင့် တွဲနေသောကြောင့်ဖြစ်သည်။ မုယောစပါးကို ကြိတ်ပြီးနောက် စပါးလင်ကို ကြိတ်ချေပြီး နောက်ဆုံးတွင် အခွံကို ဖယ်ထုတ်ကာ အတုံးကြီးများ ကွဲသွားပါသည်။ အချိုမှုန့်သည် မပျော်ဝင်နိုင်သော အစေ့အဆန်ပစ္စည်းများမှ ခွဲထုတ်သောအခါတွင် ဤအပိုင်းများသည် စပါးအတုံးများနှင့်အတူ ရှိနေကြပြီး၊ အချိုမှုန့်သည် မပျော်ဝင်နိုင်သော စပါးစေ့များကို ခွဲထုတ်သည့်အခါတွင် ဇကာအိပ်ရာအဖြစ် လုပ်ဆောင်သည်။ ဂျုံ၊ ဆန်၊ oats နှင့် ကောက်အပါအဝင် အခြားသော ကြေညက်သော နှင့် မကြေညက်သော အစေ့အဆန်များ (မကြာခဏနည်းသော ပြောင်းဖူးနှင့် ပြောင်းဖူးဆန်) ကို အသုံးပြုနိုင်ပါသည်။ အချို့သော ဘီယာချက်လုပ်သူများသည် ဂျုံ၊ မုယောစပါးနှင့် ကောက်ကဲ့သို့သော ဂလူတန်ပါဝင်သော အစေ့အဆန်များကို မစားသုံးနိုင်သူများအတွက် ဂျုံမှုန့်မပါသော ဂျုံမှုန့်ဖြင့်ပြုလုပ်ထားသော ဂလူတင်မပါသောဘီယာကို ထုတ်လုပ်ထားပါသည်။ အရသာရှိသော ဘီယာသည် ဟော့ပ်များ ၏ တစ်ဦးတည်းသော စီးပွားရေးလုပ်ငန်းသုံး အဓိကဖြစ်သည်။ ဟော့ပ်နွယ်ပင်၏အပွင့်ကို ယနေ့ပြုလုပ်သော ဘီယာအားလုံးနီးပါးတွင် အနံ့အရသာနှင့် တာရှည်ခံအေးဂျင့်အဖြစ် အသုံးပြုသည်။ ပန်းများကို သူတို့ကိုယ်သူတို့ "ဟော့" ဟုခေါ်ကြသည်။ ဘီယာတွင် ဟော့ပ်များအသုံးပြုခြင်းနှင့်ပတ်သက်၍ ပထမဆုံးသမိုင်းဝင်ဖော်ပြချက်မှာ အေဒီ ၈၂၂ မှ Adalhard the Elder ဟုလည်းသိကြသော Adalhard the Elder မှရေးသားခဲ့သော ဘုန်းကြီးကျောင်းစည်းမျဉ်းများဖြစ်ပြီး၊ ပုံမှန်အားဖြင့် ဟော့ပ်များ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသည့်နေ့စွဲသည် ဆယ့်သုံးရာစုဖြစ်သည်။ တစ်ဆယ့်သုံးရာစုမတိုင်မီနှင့် ဆယ့်ခြောက်ရာစုအထိ၊ ထူးထူးခြားခြားအနံ့အရသာအဖြစ် ဟော့ပ်များဝင်ရောက်လာချိန်တွင် ဘီယာသည် အခြားအပင်များနှင့် အရသာရှိခဲ့သည်။ ဥပမာ၊ ပရဒိသုအစေ့အဆန်များ သို့မဟုတ် alehoof။ အနံ့မျိုးစုံရှိသော ဆေးဖက်ဝင်အပင်များ၊ ဘယ်ရီသီးများနှင့် ဒေါနကဲ့သို့သော ပါဝင်ပစ္စည်းများကိုပင် ပေါင်းစပ်ထားသည့်အရောအနှောအဖြစ် Gruit ဟုသိကြပြီး ဟော့ပ်အဖြစ်အသုံးပြုခြင်းကို ယခုအခါတွင် အသုံးပြုလာမည်ဖြစ်သည်။ Scottish Heather Ales ကုမ္ပဏီမှ Fraoch' နှင့် French Brasserie-Lancelot ကုမ္ပဏီမှ Cervoise Lancelot ကဲ့သို့သော အချို့သော ယနေ့ဘီယာများသည် အနံ့အရသာအတွက် ဟော့ပ်များထက် အခြားအပင်များကို အသုံးပြုကြသည်။ Hops များတွင် ဘီယာသောက်သူများ နှစ်သက်သည့် လက္ခဏာများစွာ ပါရှိသည်။ Hops သည် malt ၏ချိုမြိန်မှုကိုထိန်းညှိပေးသောခါးသီးမှုကိုကူညီသည်; ဘီယာများ၏ အခါးကို International Bitterness Units အတိုင်းအတာဖြင့် တိုင်းတာသည်။ Hops သည် ဘီယာအတွက် ပန်းများ၊ citrus နှင့် ဆေးဖက်ဝင်အပင်များ အနံ့နှင့် အရသာများကို ပံ့ပိုးပေးသည်။ Hops တွင် ဘီယာ၏ တဆေး၏ လုပ်ဆောင်ချက်ကို နှစ်လိုဖွယ်နည်းသော အဏုဇီဝသက်ရှိများနှင့် "ဦးခေါင်းထိန်းသိမ်းခြင်း" တွင် အထောက်အကူဖြစ်စေသော ဘီယာဖျော်ရည်၏ တဆေး၏လုပ်ဆောင်မှုကို ဦးစားပေးသည့် ပဋိဇီဝဆေးအာနိသင်တစ်ခု ရှိသည်၊ Hops ၏ အချဉ်ဓာတ်သည် တာရှည်ခံပစ္စည်းဖြစ်သည်။ တဆေးသည် ဘီယာတွင် အချဉ်ဖောက်ခြင်းအတွက် တာဝန်ရှိသော သေးငယ်သောဇီဝရုပ်ဖြစ်သည်။ တဆေးသည် အရက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လုပ်ပေးသည့် အစေ့အဆန်များမှ ထုတ်ယူထားသော သကြားများကို ဇီဝြဖစ်ပျက်စေပြီး wort ကို ဘီယာအဖြစ်သို့ ပြောင်းလဲစေသည်။ ဘီယာကို အချဉ်ဖောက်ခြင်းအပြင် တဆေးသည် စရိုက်နှင့် အရသာကို လွှမ်းမိုးပါသည်။ ဘီယာပြုလုပ်ရာတွင် အသုံးပြုသည့် တဆေး၏ အဓိကအမျိုးအစားများမှာ ထိပ်တန်းအချဉ်ဖောက်ခြင်း Saccharomyces cerevisiae နှင့် အောက်ခြေစော်ဖောက်ခြင်း Saccharomyces pastorianus တို့ဖြစ်သည်။ Brettanomyces အချဉ်ဖောက်ထားသော သိုးသားပေါက်များကို ချက်ပြီး Torulaspora delbrueckii အချဉ်ဖောက်ထားသော Bavarian weissbier။ စော်ဖောက်ခြင်းတွင် တဆေး၏ အခန်းကဏ္ဍကို နားမလည်မီတွင် အချဉ်ဖောက်ခြင်းတွင် တောရိုင်း သို့မဟုတ် လေထဲမှ တဆေးများ ပါဝင်ပါသည်။ lambics ကဲ့သို့သော ပုံစံအနည်းငယ်သည် ယနေ့ခေတ်တွင် ဤနည်းလမ်းကို အားကိုးသော်လည်း ခေတ်မီစော်ဖောက်ခြင်းအများစုသည် သန့်စင်သော တဆေးယဉ်ကျေးမှုကို ပေါင်းထည့်ပါသည်။ အချို့သော ဘီယာချက်လုပ်သူများသည် ပရိုတင်းအခဲများနှင့်အတူ ပရိုတင်းအခဲများနှင့်အတူ ဘီယာထဲမှ သဲလွန်စများ (အစိုင်အခဲအဖြစ် စုဆောင်း) ကို ဘီယာတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရှင်းလင်းသောအေးဂျင့်များ သို့မဟုတ် ဒဏ်ငွေများထည့်ထားသည်။ ဤလုပ်ငန်းစဉ်သည် ဂျုံဘီယာကဲ့သို့ တိုင်းရင်းသားနှင့် ရှေးကျသော ဘီယာပုံစံများထက် ဘီယာကို တောက်ပသန့်ရှင်းစေပါသည်။ ရှင်းလင်းရေးအေးဂျင့်များ၏ ဥပမာများတွင် ငါးများ၏ ရေကူးကန်များမှ ရရှိသော ငါးမျှားချိတ်များ ပါဝင်သည်။ အိုင်ယာလန်ရေညှိ၊ kappa carrageenan၊ ပင်လယ်ရေမှော် Kappaphycus cottonii; Polyclar (အတု); နှင့် ဂျယ်လာ။ ဘီယာကို "သက်သတ်လွတ်စားသူများအတွက် သင့်လျော်သည်" ဟု အမှတ်အသားပြုပါက၊ ၎င်းကို ပင်လယ်ရေမှော်နှင့် သို့မဟုတ် အတုပြုလုပ်ထားသော အေးဂျင့်များဖြင့် ရှင်းလင်းထားသည်။ ဘီယာချက်လုပ်ငန်း ဘီယာချက်စက်ရုံသည် နိုင်ငံအလိုက် နှစ်စဉ် ဘီယာသောက်သုံးမှု 21 ရာစုရှိ ဘီယာချက်စက်ရုံများ၏သမိုင်းတွင် စကေး၏စီးပွားရေးကိုသေချာစေရန်အလို့ငှာ သေးငယ်သောဘီယာများကိုစုပ်ယူသည့်ပိုကြီးသောဘီယာချက်စက်ရုံများပါဝင်သည်။[ရှင်းလင်းချက်လိုအပ်သည်] 2002 ခုနှစ်တွင် South African Breweries မှ SABMiller ကိုရှာတွေ့ရန် North American Miller Brewing ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဒုတိယအကြီးဆုံးဘီယာချက်ဖြစ်လာခဲ့သည်။ မြောက်အမေရိက Anheuser-Busch ပြီးနောက်။ 2004 ခုနှစ်တွင် ဘယ်လ်ဂျီယံ Interbrew သည် ထုထည်အလိုက် တတိယအကြီးဆုံး ဘီယာချက်စက်ရုံဖြစ်ပြီး Brazilian AmBev သည် ပဉ္စမအကြီးဆုံးဖြစ်သည်။ ၎င်းတို့သည် InBev သို့ ပေါင်းစည်းကာ အကြီးဆုံး ဘီယာချက်စက်ရုံ ဖြစ်လာသည်။ 2007 ခုနှစ်တွင် SABMiller သည် InBev နှင့် Anheuser-Bush ကို ကျော်လွန်ကာ 2007 ခုနှစ်တွင် ဒတ်ခ်ျပရီမီယံ ဘီယာအမှတ်တံဆိပ် Grolsch ၏ ဘီယာချက်လုပ်သူ Royal Grolsch ကို ဝယ်ယူသောအခါတွင် InBev (ဒုတိယအကြီးဆုံး) သည် Anheuser-Busch (တတိယအကြီးဆုံး) ကို ဝယ်ယူသောအခါ 2008 ခုနှစ်တွင်၊ -Busch InBev ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဘီယာချက်လုပ်သူဖြစ်လာပြန်သည်။ 2020 ခုနှစ်အထိ၊ ဈေးကွက်သုတေသနကုမ္ပဏီ Technavio ၏အဆိုအရ AB InBev သည် Heineken ဒုတိယ၊ CR Snow တတိယ၊ Carlsberg စတုတ္ထနှင့် Molson Coors ငါးခုဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးဘီယာကုမ္ပဏီအဖြစ် ဆက်လက်တည်ရှိနေပါသည်။ မိုက်ခရိုဘရောင်းလုပ်ငန်း သို့မဟုတ် လက်မှုပညာ ဘီယာစက်ရုံသည် ဘီယာပမာဏအကန့်အသတ်ဖြင့် ထုတ်လုပ်သည်။ ဘီယာချက်စက်ရုံတစ်ခုမှ အများဆုံးထုတ်လုပ်နိုင်သည့် ဘီယာပမာဏကို မိုက်ခရိုဘီယာထုတ်လုပ်သည့်လုပ်ငန်းအဖြစ် သတ်မှတ်ခံရဆဲဖြစ်ပြီး ဒေသအလိုက်နှင့် အာဏာပိုင်များက ကွဲပြားသည်။ US တွင် ဘီယာစည်ပေါင်း 15,000 (1.8 megalitres; 390 ထောင် အင်ပါယာဂါလန်; 460 ထောင် US ဂါလံ) တစ်နှစ်ဖြစ်သည်။ ဘီယာဆိုင်သည် အရက်ဆိုင် သို့မဟုတ် အခြားအရက်ဆိုင်ကို ပေါင်းစပ်ထားသည့် မိုက်ခရိုဘီယာထုတ်လုပ်သည့် အမျိုးအစားတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘီယာချက်စက်ရုံများ၏ သိပ်သည်းဆအမြင့်ဆုံးဖြစ်သည့် microbreweries အများစုမှာ ဘီယာချက်စက်ရုံပေါင်း ၂၀၀ ခန့်ရှိသည့် Franconia ၏ ဂျာမန်ဒေသ၊ အထူးသဖြင့် အထက်ဖရန်ကိုနီးယားခရိုင်တွင် တည်ရှိသည်။ ဂျာမနီနိုင်ငံ၊ Bavaria ရှိ Benedictine Weihenstephan ဘီယာချက်စက်ရုံသည် ဘုန်းကြီးကျောင်းအတွက် ဆယ်ဖို့တစ်ဖို့ ဆယ်ဖို့တစ်ဖို့ ပေးဆောင်သည့် မှတ်တမ်းတစ်ခုအနေဖြင့် ထိုနှစ်မှ မှတ်တမ်းတစ်ခုအနေဖြင့် 768 ခုနှစ်အထိ ၎င်း၏အမြစ်များကို ခြေရာခံနိုင်သည်။ ဘီယာချက်စက်ရုံကို 1040 ခုနှစ်တွင် City of Freising မှ လိုင်စင်ရရှိခဲ့ပြီး ထို့ကြောင့် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဘီယာချက်စက်ရုံဖြစ်သည်။ မျိုးကွဲများ ဘီယာအမျိုးအစားများစွာရှိသော်လည်း ဘီယာချက်ခြင်း၏အခြေခံများကို အမျိုးသားနှင့်ယဉ်ကျေးမှုနယ်နိမိတ်တစ်လျှောက်တွင် မျှဝေထားသည်။ ရိုးရာဥရောပ ဘီယာချက်လုပ်သည့် ဒေသများ—ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန် နှင့် ချက်သမ္မတနိုင်ငံ—တွင် ဒေသဆိုင်ရာ ဘီယာမျိုးကွဲများရှိသည်။ အင်္ဂလိပ်စာရေးဆရာ Michael Jackson သည် သူ၏ 1977 ခုနှစ်ထုတ် The World Guide To Beer စာအုပ်တွင် ဒေသတွင်း ဓလေ့ထုံးစံနှင့် နာမည်များဖြင့် အကြံပြုထားသော ဒေသစတိုင်လ်အုပ်စုများတွင် ကမ္ဘာတစ်ဝန်းမှ ဘီယာများကို အမျိုးအစားခွဲထားသည်။ Fred Eckhardt သည် 1989 ခုနှစ်တွင် The Essentials of Beer Style တွင် Jackson ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိပ်တန်းစော်ဖောက်ထားသော ဘီယာများကို အများအားဖြင့် 15 မှ 25 °C (59 နှင့် 77 °F) အကြားတွင် မျက်နှာပြင်ပေါ်တက်လာသည့် ထိပ်တန်းအချဉ်ဖောက်ထားသော တဆေးဖြစ်သော Saccharomyces cerevisiae ဖြင့် ထုတ်လုပ်ထားသည်။ ဤအပူချိန်တွင်၊ တဆေးသည် အက်စတာများနှင့် အခြားသော အနံ့အရသာနှင့် အနံ့ထွက်ပစ္စည်းများကို သိသိသာသာ ထုတ်ပေးပြီး ရလဒ်မှာ ပန်းသီး၊ သစ်တော်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဇီးသီး သို့မဟုတ် ဆီးသီးတို့ကဲ့သို့ အနည်းငယ်သော "အသီးအနှံများ" ဒြပ်ပေါင်းများ ပါရှိသည့် ဘီယာဖြစ်သည်။ 15 ရာစုတွင် ဖလန်ဒါးစ်မှ အင်္ဂလန်သို့ ဟော့ပ်များ မိတ်ဆက်ပြီးနောက်၊ "အယ်လီ" သည် ဟော့ပ်ပြုတ်ရည်ဖြင့် ချက်ခြင်းဖော်ပြရန် "ဘီယာ" ကို မမျှော်လင့်ထားသော စိမ်ထားသောအချိုရည်ကို ရည်ညွှန်းသည်။ Real ale သည် 1973 ခုနှစ်တွင် Campaign for Real Ale (CAMRA) မှ "သမားရိုးကျပါဝင်ပစ္စည်းများမှ ချက်ထားသော ဘီယာကို ခွဲထုတ်ပြီး ကွန်တိန်နာအတွင်း ဆင့်ပွားစော်ဖောက်ခြင်းဖြင့် ရင့်ကျက်ပြီး ပြင်ပကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးမပြုဘဲ ကျွေးမွေးခြင်း" အတွက် စကားလုံးဖြစ်သည်။ ၎င်းကို ပုလင်းတပ်ထားသော နှင့် ဘူးခွံတပ်ထားသော ဘီယာများတွင် အသုံးပြုသည်။ Pale ale သည် ထိပ်တန်းအချဉ်ဖောက်ထားသော တဆေးကို အသုံးပြုပြီး အရောင်ဖျော့သော malt အများစုကို အသုံးပြုသည့် ဘီယာဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အဓိက ဘီယာစတိုင်များထဲမှ တစ်ခုဖြစ်သည်။ တောင့်တင်းသော နှင့် ပေါ်တာများသည် မှောင်သော ဘီယာများ သည် မောလ်များ သို့မဟုတ် မုယောကင်ကို အသုံးပြု၍ ပြုလုပ်ထားကာ ပုံမှန်အားဖြင့် နှေးကွေးသော အချဉ်ဖောက်ထားသော တဆေးဖြင့် ချက်ထားသည်။ Baltic porter၊ dry stout နှင့် Imperial stout အပါအဝင် ကွဲပြားမှုများ အများအပြားရှိသည်။ လန်ဒန်မြို့၏ လမ်းများနှင့် မြစ်ပေါ်တာသမားများကြား ရေပန်းစားသော အညိုရောင် ဘီယာကို ဖော်ပြရန်အတွက် "ပေါ်တာ" အမည်ကို 1721 ခုနှစ်တွင် ပထမဆုံးအသုံးပြုခဲ့သည်။ တောင့်တင်းသော စကားလုံးကို 1677 ခုနှစ်အစောပိုင်းတွင် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဤတူညီသောဘီယာကို တောင့်တင်းခြင်းဟုလည်း လူသိများသည်။ တောင့်တင်းခြင်းနှင့် ပေါ်တာများ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းနှင့် ရောယှက်လျက်ရှိသည်။ Mild ale တွင် အဓိကအားဖြင့် malty အာခေါင်ရှိသည်။ များသောအားဖြင့်အများအားဖြင့်အမှောင်ထုသည်အမှောင်ထုဖြစ်ပြီး 3% မှ 3.6% ဖြင့်အရောင်အသွေးစုံလင်သည်။ ဂျုံဘီယာကို ဂျုံ၏ အချိုးအစားများစွာဖြင့် ချက်ထားသော်လည်း ၎င်းတွင် ဂျုံမုယောစပါး၏ အချိုးအစား သိသိသာသာပါရှိသည်။ ဂျုံဘီယာသည် အများအားဖြင့် အပေါ်မှ အချဉ်ဖောက်သည်။ ဂျုံဘီယာ၏ အရသာသည် သတ်သတ်မှတ်မှတ်ပုံစံပေါ်မူတည်၍ သိသိသာသာကွဲပြားပါသည်။ ဘယ်လ်ဂျီယံနိုင်ငံထုတ် ဘီယာ Lambic သည် စိုက်ပျိုးခြင်းထက် တောရိုင်းတဆေးကို အသုံးပြု၍ သဘာဝအတိုင်း စိမ်ထားခြင်းဖြစ်သည်။ ၎င်းတို့အများစုမှာ ဘီယာထုတ်လုပ်သည့်တဆေးမျိုးကွဲများမဟုတ်ကြဘဲ Saccharomyces cerevisiae သည် အနံ့နှင့် အချဉ်အတွက် သိသာထင်ရှားသော ကွဲပြားမှုများရှိနိုင်ပါသည်။ Brettanomyces bruxellensis နှင့် Brettanomyces lambicus ကဲ့သို့သော တဆေးမျိုးကွဲများသည် သိုးသငယ်များတွင် အဖြစ်များပါသည်။ ထို့အပြင်၊ Lactobacillus ဘက်တီးရီးယားကဲ့သို့သော အခြားသက်ရှိများသည် အချဉ်ဓာတ်ကို အထောက်အကူပြုသည့် အက်ဆစ်များကို ထုတ်လုပ်သည်။ Lager သည် အချဉ်ဖောက်ထားသော ဘီယာဖြစ်သည်။ Pale lagers များသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ဘီယာများဖြစ်သည်။ အများစုသည် "pilsner" အမျိုးအစားဖြစ်သည်။ "Lager" ဟူသောအမည်သည် "သိုလှောင်ရန်" အတွက် ဂျာမန်ဘာသာစကားမှ ဆင်းသက်လာကာ Bavaria တစ်ဝိုက်ရှိ ဘီယာချက်လုပ်သူများသည် ပူနွေးသောနွေရာသီလများတွင် အေးမြသောမြေအောက်ခန်းများနှင့် ဂူများတွင် ဘီယာများသိမ်းဆည်းထားသောကြောင့်ဖြစ်သည်။ အေးမြသော အခြေအနေတွင် သိမ်းဆည်းထားသောအခါတွင် ဘီယာများသည် အညစ်အကြေးများ ဆက်လက်တည်နေပြီး အနည်အနှစ်များ ကင်းစင်ကြောင်း အဆိုပါ ဘီယာလုပ်သူများသည် သတိပြုမိကြသည်။ Lager တဆေးသည် အေးမြသောအောက်ခြေအချဉ်ဖောက်ထားသောတဆေး (Saccharomyces pastorianus) ဖြစ်ပြီး ပုံမှန်အားဖြင့် 7–12 °C (45–54 °F) (စော်ဖောက်ခြင်းအဆင့်) တွင် ရှည်လျားသောဒုတိယအချဉ်ဖောက်ခြင်းကို 0–4 ° တွင်ပေးသည်။ C (32–39 °F) (လျောကျနေသောအဆင့်)။ အလယ်တန်းအဆင့်တွင်၊ လေဂါသည် ကြည်လင်ပြီး နူးညံ့သည်။ အေးမြသောအခြေအနေများသည် အီစတာများနှင့် အခြားအကျိုးဆက်များ၏ သဘာဝထုတ်လုပ်မှုကို ဟန့်တားကာ "သန့်ရှင်း" အရသာရှိသော ဘီယာကို ဖြစ်ပေါ်စေသည်။ ပိုမိုကောင်းမွန်သော ခေတ်မီတဆေးမျိုးကွဲများဖြင့်၊ လီဂါဘီယာလုပ်ငန်းအများစုသည် ပုံမှန်အားဖြင့် 1-3 ပတ်အတွင်း အအေးခန်းသိုလှောင်မှုကို ခဏသာအသုံးပြုသည်။ အတိုင်းအတာ ဘီယာကို ခါးသီးမှု၊ ခွန်အားနှင့် အရောင်ဖြင့် တိုင်းတာပြီး အကဲဖြတ်သည်။ ခံစားရသောခါးသီးမှုကို American Society of Brewing Chemists နှင့် European Brewery Convention တို့ကြား ပူးပေါင်းဆောင်ရွက်မှုတွင် သတ်မှတ်ထားသော International Bitterness Units scale (IBU) ဖြင့် တိုင်းတာသည်။ နိုင်ငံတကာစကေးသည် EBU အဖြစ် အတိုကောက်ခေါ်လေ့ရှိသော European Bitterness Units စကေး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး ခါးသီးမှုတန်ဖိုးများသည် တူညီသင့်သည်။ အရောင် ဘီယာအရောင်ကို malt မှဆုံးဖြတ်သည်။ အသုံးအများဆုံးအရောင်မှာ ဖျော့တော့သော malts ကိုအသုံးပြု၍ ထုတ်လုပ်ထားသော ပယင်းဖျော့ရောင်ဖြစ်သည်။ Pale lager နှင့် pale ale တို့သည် လောင်စာဆီ coke ဖြင့် အခြောက်ခံထားသော malt မှပြုလုပ်သော ဘီယာများအတွက် အသုံးအနှုန်းများဖြစ်သည်။ Coke ကို 1642 ခုနှစ်တွင် malt ကင်ရန်အတွက် ပထမဆုံးအသုံးပြုခဲ့သော်လည်း 1703 ခုနှစ်ဝန်းကျင်အထိ pale ale ဟူသောအသုံးအနှုန်းကို အသုံးပြုခဲ့ခြင်းမရှိပါ။ အရောင်းပမာဏအရ ယနေ့ခေတ် ချက်သမ္မတနိုင်ငံရှိ Pilsen မြို့တွင် ၁၈၄၂ ခုနှစ်တွင် ချက်လုပ်ခဲ့သော အရောင်ဖျော့လေဂါကို အခြေခံ၍ ရောင်းချမှုပမာဏအရ ယနေ့ ဘီယာအများစုကို အခြေခံထားသည်။ ခေတ်မီအရောင်ဖျော့ဖျော့သည် အရောင်ဖျော့ပြီး သိသာထင်ရှားသော ကာဗွန်နိတ်များ (fizzy ပူဖောင်းများ) နှင့် ထုထည်ပါဝင်မှု 5% ဝန်းကျင်တွင် ပုံမှန်အရက်ဖြစ်သည်။ Pilsner Urquell၊ Bitburger နှင့် Heineken ဘီယာအမှတ်တံဆိပ်များသည် အမေရိကန်အမှတ်တံဆိပ် Budweiser၊ Coors နှင့် Miller တို့ကဲ့သို့ အရောင်ဖျော့လာကာ၏ ပုံမှန်ဥပမာများဖြစ်သည်။ မှောင်မိုက်သောဘီယာများကို လိုချင်သောအရိပ်ရရန် ပိုမိုနက်မှောင်သော malt အချိုးအစားအနည်းငယ်ဖြင့် ဖျော့တော့သော malt သို့မဟုတ် lager malt အခြေခံမှ ချက်ခြင်းဖြစ်ပါသည်။ ကာရာမဲလ်ကဲ့သို့သော အခြားအရောင်အသွေးများကိုလည်း ဘီယာကို မည်းစေရန် တွင်ကျယ်စွာ အသုံးပြုကြသည်။ ပြင်းပြင်းထန်ထန် ကဲ့သို့သော အလွန်နက်မှောင်သော ဘီယာများသည် နက်မှောင်သော သို့မဟုတ် ကြာမြင့်စွာကင်ထားသည့် မူပိုင်ခွင့် မောလ်များကို အသုံးပြုပါ။ အချို့က မညက်တညက်ရှိသော မုယောစပါးကို ကင်ကြသည်။ ခွန်အား ဘီယာသည် ပမာဏအားဖြင့် (abv) (abv) မှ 3% အောက်အယ်လ်ကိုဟောမှ 14% abv ဝန်းကျင်အထိ ရှိသော်လည်း ဤအစွမ်းသတ္တိကို ရှန်ပိန်တဆေးဖြင့် ပြန်လည်ထုတ်ပြီး အအေးခံခြင်းလုပ်ငန်းစဉ်အားဖြင့် 55% abv မှ 20% ဝန်းကျင်အထိ အားကောင်းနိုင်သည်။ ဘီယာ၏အယ်လ်ကိုဟောပါဝင်မှုသည် ဒေသန္တရအလေ့အကျင့် သို့မဟုတ် ဘီယာပုံစံအလိုက် ကွဲပြားသည်။ စားသုံးသူအများစုသိကြသည့် အရောင်ဖျော့ဖျော့လေဂါများသည် ပုံမှန် abv 5% နှင့် အကွာအဝေး 4-6% တွင် ကျဆင်းသည်။ British ales ၏ ထုံးတမ်းစဉ်လာ အစွမ်းသတ္တိမှာ များစွာနိမ့်ပါးပြီး အများအပြားတွင် 4% abv ဝန်းကျင်ရှိနေသည်။ ဘယ်လ်ဂျီယံတွင်၊ စားပွဲဘီယာကဲ့သို့သော အချို့ဘီယာများသည် အချို့သောကျောင်းများတွင် အချိုရည်များအစား အယ်လ်ကိုဟောပါဝင်မှုနည်းသော (1%–4%) ပါဝင်ပါသည်။ ဘီယာထဲတွင် အရက်သည် အဓိကအားဖြင့် အချဉ်ဖောက်ချိန်တွင် ထုတ်ပေးသော သကြားများ၏ ဇီဝြဖစ်ပျက်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ wort တွင် အချဉ်ဖောက်နိုင်သော သကြားပမာဏနှင့် wort ကို စော်ဖောက်ရာတွင် အသုံးပြုသည့် တဆေးအမျိုးမျိုးသည် နောက်ဆုံးဘီယာတွင် အရက်ပမာဏကို ဆုံးဖြတ်ပေးသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ အချဉ်ဖောက်နိုင်သော သကြားများကို တစ်ခါတစ်ရံတွင် အယ်လ်ကိုဟောပါဝင်မှု တိုးစေရန်အတွက် မကြာခဏ ပေါင်းထည့်လေ့ရှိပြီး အချို့သော ဘီယာပုံစံများ (အဓိကအားဖြင့် "အလင်း" ဘီယာ) အတွက် အင်ဇိုင်းများကို ပိုမိုရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) အဖြစ်သို့ ပြောင်းလဲနိုင်စေရန် အင်ဇိုင်းများကို wort တွင် ထည့်သွင်းလေ့ရှိသည်။ အရက်သည် တဆေးဇီဝြဖစ်ပျက်မှု၏ ရလဒ်ဖြစ်ပြီး မြင့်မားသောပါဝင်မှုတွင် တဆေးကို အဆိပ်ဖြစ်စေသည်။ ပုံမှန် ချက်လုပ်ထားသော တဆေးသည် ပမာဏအားဖြင့် အရက်ပြင်းအား 12% အထက်တွင် မရှင်သန်နိုင်ပါ။ အပူချိန်နိမ့်ခြင်းနှင့် အချဉ်ဖောက်ချိန်နည်းလွန်းခြင်းသည် တဆေး၏ထိရောက်မှုကို လျော့ကျစေပြီး အရက်ပါဝင်မှုကို လျော့ကျစေသည်။ အပျော့စား ဘီယာများမှာ ပုံမှန်အားဖြင့် အယ်လ်ကိုဟော 0.05% ထက်နည်းသော ဘီယာများ ("နီးသောဘီယာ" ဟုလည်း ခေါ်သည်) နှင့် များသောအားဖြင့် 4% အရက်ပါဝင်သည့် အပေါ့စား ဘီယာများ။ 20 ရာစုနှောင်းပိုင်းနှစ်များအတွင်း ဘီယာများ၏ အင်အားသည် မြင့်တက်လာခဲ့သည်။ 10.5% abv (33 ဒီဂရီ ပလေတို၊ ထို့ကြောင့် Vetter "33") doppelbock သည် 1994 Guinness Book of World Records တွင် အပြင်းထန်ဆုံးဘီယာအဖြစ် ထိုအချိန်က Samichlaus၊ Swiss ဘီယာချက်လုပ်သူ Hürliman ဖြစ်ခဲ့သော်ငြား၊ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ 14% abv တွင် အပြင်းထန်ဆုံးအဖြစ် စာရင်းသွင်းထားသည်။ ထိုအချိန်မှစ၍ အချို့သော ဘီယာထုတ်လုပ်သူများသည် ၎င်းတို့၏ ဘီယာ၏အယ်လ်ကိုဟောပါဝင်မှုကို တိုးမြှင့်ရန်အတွက် ရှန်ပိန်တဆေးကို အသုံးပြုလာကြသည်။ Samuel Adams သည် ထောင်စုနှစ်နှင့်အတူ 20% abv သို့ရောက်ရှိခဲ့ပြီး Utopias ဖြင့် ထိုပမာဏကို 25.6% ကျော်လွန်သွားခဲ့သည်။ ဗြိတိန်တွင် အပြင်းဆုံးဘီယာမှာ 23% abv ဘီယာဖြစ်ပြီး Parish Brewery မှ Baz's Super Brew ဖြစ်သည်။ 2011 ခုနှစ် စက်တင်ဘာလတွင် စကော့တလန် ဘီယာချက်စက်ရုံ BrewDog မှ Ghost Deer ကို ထုတ်လုပ်ခဲ့ပြီး 28% မှာ အချဉ်ဖောက်ခြင်းတစ်ခုတည်းဖြင့် ထုတ်လုပ်သော ကမ္ဘာ့အပြင်းထန်ဆုံး ဘီယာဟု ဆိုကြသည်။ သမိုင်းကြောင်း ဘီယာသည် ကမ္ဘာတွင် ရှေးအကျဆုံး အဖျော်ယမကာ ဖြစ်ပြီး ဘီယာကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၅၀၀ လောက်က လယ်ထဲက ကောက်နှံပင် ကနေ စတင်တွေ့ရှိခဲ့သည်။ ဓာတုဗေဒ သက်သေခံကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၁၀၀ လောက်မှ တွေ့ရှိခဲ့သည် ဆိုသည်။ ယနေ့တွင် ဘီယာထုတ်လုပ်ရေးကို စီးပွားရေး တစ်ခုအနေ လုပ်ဆောင်ကြပြီး ကမ္ဘာတစ်ခုလုံးကို ဖြန့်ဖြူးရောင်းချနေကြသည်။၂၀၀၆ ခုနှစ် မှာ တစ်နှစ် ဘီယာ ရောင်းရနှုန်း အရေအတွက်သည် လီတာ သန်းပေါင်း ၁၃၃ သန်း (ဂါလံ သန်းပေါင်း ၃၅)ထိ ရောင်းချခဲ့ရသည်ဟု သိရသည်။ မြန်မာနှင့် ဘီယာ မြန်မာတွင် ရှေးက ဘီယာကဲ့သို့သော အရည်ကို ဗြစ်ရည်ဟု ခေါ်ဆိုခဲ့ကြသည်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ စသော နိုင်ငံခြားဖြစ် ယမကာများသည် ရတနာပုံ နေပြည်တော်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မြင်းခြံမြို့သို့ တာဝန်နှင့် သွားယောက်စဉ်အတွင်း ဗြစ်ရည်ကို ဆေးဝါးအမှတ်ဖြင့် အနည်းငယ် သောက်သုံးလျှင် သူရာမေရယကံ မမြောက်သောကြောင့် အပြစ်မရှိဟု ထင်မြင်ချက် ပေးခဲ့ဘူးသည်။ ဤအကြောင်းကို အထောက်တော် ဦးရွှေတိုး (နောင် တောင်ထားဝယ်ဗိုလ် ဖြစ်လာသူ)၏ တင်လျှောက်ချက်အရ မင်းတုန်းမင်းတရားကြီး၏ ရွှေနားတော်အထိ ပေါက်ကြားခဲ့သည်။ မင်းတုန်းမင်းတရား ခေါ်ယူစစ်ဆေးတော်မူရာတွင် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မကွယ်မထောင့် ဟုတ်မှန်ကြောင်း ဖြောင့်ဆိုသည်။ မင်းတုန်းမင်းတရားကြီးက "'မောင်မင်းလျှောက်တင်သော စကားသည် မောင်မင်းကဲ့သို့သော ပညာရှိများ အတွက်မူ ဟုတ်မှန်တန်ရာပါသည်။ သို့သော် တိုင်းသူပြည်သား၊ အများကမူ မောင်မင်းကဲ့သို့ ပညာရှိများ မဟုတ်ကြသောကြောင့် မောင်မင်း၏စကားကို လိုရာဆွဲပြီး အဓိပ္ပာယ်ကောက်ယူကာ သောက်စားမူးယစ်နေကြလျှင် မခက်ပေလော"' ဟု အမိန့်တော်ရှိပြီးနောက် ယောအတွင်းဝန် ဦးဖိုးလှိုင်အား ရာထူးချထားခဲ့သည်။ မန္တလေးမြို့ အနှစ်တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်၊ စာ-၄၇ ကိုးကား ကဏ္ဍ:ယမကာ
အင်းဝမင်းဆက်
အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဘက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဘက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျစွာမင်း ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် ဩဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ ဩဇာမရှိတော့ချိန်တွင် ထိုရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက အင်းဝတွင် နန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ အင်းဝမင်းဆက်ကို လေ့လာလျှင် စတင်တည်ထောင်သူ သတိုးမင်းဖျားမှ ကလေးကျေးတောင်ညို ထိကို သတိုးဆက်ဟူ၍လည်းကောင်း၊ မိုးညှင်းသတိုးမှ ရွှေနန်းကျော့ရှင်နရပတိ ထိကို မိုးညှင်းဆက်ဟူ၍လည်းကောင်း၊ သိုဟန်ဘွား၊အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ သုံးဆက်ကို ရှမ်းဆက်ဟူ၍လည်းကောင်း၊ စစ်ကိုင်းနရပတိစည်သူ(စည်သူကျော်ထင်)ထိ သတ်မှတ်ကြသည်။ သို့သော် အချို့သမိုင်းပညာရှင်များက စစ်ကိုင်းနရပတိစည်သူ နှင့်အတူ ဘုရင့်နောင်၊နန္ဒဘုရင်တို့လက်ထက်များတွင် လက်အောက်ခံအဖြစ် နန်းတင်သည့် သတိုးမင်းစော၊ မင်းလက်ယာ နှင့် မင်းရဲကျော်စွာတို့ကို မြန်မာဆက်ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်သည်လည်း ရှိသည်။ နှင်းကျသည် အင်းဝတည် ဆိုရိုးစကားအရ (နှင်း = ၇၊ ကျ = ၂၊ သည် = ၆) ၇၂၆-ခုနှစ်၌ တည်ထောင်သည်။ ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၅ အင်းဝမင်းများ ပထမအင်းဝခေတ် မင်းဆက်များ သတိုးမင်းဖျား (၁၃၆၄-၁၃၆၇) မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀ဝ) ဆင်ဖြူရှင် တရဖျား (၁၄၀ဝ) ပထမ မင်းခေါင်ကြီး (၁၄၀ဝ--၁၄၂၂) ဆင်ဖြူရှင် သီဟသူ (၁၄၂၂-၁၄၂၅) မင်းလှငယ် (၁၄၂၅) ကလေးကျေးတောင်ညို (၁၄၂၅-၁၄၂၆) မိုးညှင်းမင်းတရား (၁၄၂၆-၁၄၃၉) မင်းရဲကျော်စွာ (၁၄၃၉-၁၄၄၂) နရပတိ (အင်းဝ) (၁၄၄၂-၁၄၆၈) ပြည်စုန်မင်းသီဟသူ (၁၄၆၈-၁၄၈၀) ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) ရွှေနန်းကျော့ရှင်နရပတိ (၁၅၀၁-၁၅၂၇) သိုဟန်ဘွား (၁၅၂၇-၁၅၄၂) အုန်းဘောင်ခုံမှိုင်း (၁၅၄၂-၁၅၄၅) မိုးဗြဲနရပတိ (၁၅၄၅-၁၅၅၁) စည်သူကျော်ထင် (၁၅၅၁-၁၅၅၅) ဒုတိယ အင်းဝခေတ်၊ ညောင်ရမ်းခေတ် မင်းရဲနန္ဒမိတ် (၁၅၉၇-၁၆၀၅) အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) သာလွန်မင်း (၁၆၂၈-၁၆၄၈) ပင်းတလဲမင်း (၁၆၄၈-၁၆၆၁) ပြည်မင်း (၁၆၆၁-၁၆၇၂) နရာဝရမင်း (၁၆၇၂) မင်းရဲကျော်ထင် (၁၆၇၂-၁၆၉၈) စနေမင်း (၁၆၉၈-၁၇၁၄) တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃) ဟံသာဝတီပါမင်း (၁၇၃၃-၁၇၅၁) တတိယ အင်းဝခေတ် ဆင်ဖြူရှင်မင်း (၁၇၆၃-၁၇၇၆) စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂) ဖောင်းကားစား မောင်မောင် (၁၇၈၂) (၇)ရက် စတုတ္ထအင်းဝခေတ် ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉-၁၈၃၇) ဘုရင်ခံများ သတိုးမင်းစော မင်းလက်ယာ မင်းရဲကျော်စွာ သတိုးမင်းစော၊၎င်းနောက် နန္ဒဘုရင် နန်းစောင့်ထားသည့် မင်းလက်ယာ နှင့် နန္ဒဘုရင်၏သားတော် အိမ်ရှေ့မင်းဖြစ်လာမည့် မင်းရဲကျော်စွာတို့ကို ပါရေတွက်ကာ မင်းဆက် ၂၀ အထိလည်း ပြဆိုတတ်သည်။ ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:အင်းဝခေတ်
အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်
အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သည် ၁၄ ရာစုအလယ်တွင် အထက်အရပ်အင်းဝမှ မြန်မာတို့နှင့် အောက်အရပ်ဟံသာဝတီမှ မွန်တို့ နှစ်ဖက်က ဂုဏ်သတင်းကျော်ဇောလိုမှု၊ အနိုင်ယူရန်လိုမှု တို့ကြောင့်တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ်တိုက်ခိုက်ကြသည့်စစ်ပွဲ ဖြစ်သည်။ နှစ်လေးဆယ်စစ်ဟုခေါ်ရသည်မှာလည်း အဓိကစစ်ဘုရင်နှစ်ပါးဖြစ်သည့် ရာဇာဓိရာဇ်နှင့် မင်းခေါင်တို့နှစ်ဦး၏ နန်းသက်ကာလကိုသာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ထိုပဒေသရာဇ် စစ်ဘုရင်နှစ်ပါး နောက်တွင် အစဉ်အဆက်နန်းတက်ကြသည့် မွန်-မြန်မာဘုရင်များကလည်း အစဉ်အလာမပျက် စစ်ကိုခင်းကျင်းကြပြန်သဖြင့် ၁၄ ရာစုလယ်မှ စသည့်စစ်ပွဲသည် ၁၅ ရာစုဦးအထိ ရာစုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံကျော်မျှ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်စစ်ပွဲများမရှိသည် ကာလများတွင် သက်ဆိုင်ရာ ပဒေသရာဇ်များသည် မိမိပိုင်နက်အတွင်းရှိ ပုန်ကန်သူများကို နှိမ်နှင်းနေသောကြောင့် လည်းကောင်း၊ နန်းတွင်းအရှုပ်တော်ပုံများနှင့် လုံးပမ်းနေရသည်ကြောင့် လည်းကောင်း စစ်ခင်းနေသည်နှင့် များစွာခြားနားသည်မရှိပေ။ ထို့ပြင် စစ်၏ဒဏ်ရာဒဏ်ချက်များကြောင့် နှစ်ဖက်စစ်ပန်းချိန်၊ ခြေကုန်လက်ပန်းကျချိန်၊ ဩဇာမှေးမှိန်ချိန် အရောက်တွင် သုရှင်တကာရွတ်ပိအုပ်စိုးသည့် ဟံသာဝတီသည် အင်အားကြီးလာသည့် တောင်ငူဘုရင်တပင်ရွှေထီး လက်အောက်သို့လည်းကောင်း၊ အင်းဝသည်လည်း မြောက်ဘက်တစ်လွှားမှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်ကို ခံရပြီး နောက်ဆုံးဘုရင်ဖြစ်သည့် ရွှေနန်းကျော့ရှင် နရပတိလက်ထက်တွင် မိုးညှင်းစလုံ လက်ထဲသို့လည်းကောင်း အသီးသီးကျဆင်းသွားရတော့သည်။ ဤသို့ဖြင့် တိုင်းပြည်စစ်ဘေးမှ ကင်းဝေးရန်မျှော်လင့်ချက်မှာ ဒုတိယပြည်ထောင်စု တည်ထောင် ကြသည့် တပင်ရွှေထီး၊ ဘုရင့်နောင် တို့လက်ထက်တွင် ပျောက်ကွယ်နေဆဲဖြစ်ပြီး ဘုရင့်နောင်၏ နန်းသက်နောက်ဆုံးအချိန်များတွင် အတန်အတင့်အေးချမ်းသည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရင့်နောင် လွန်၍ သားတော် နန္ဒဘုရင် နန်းစံလျှင် လက်နက်နိုင်ငံကြီးမှာ လက်အောက်ခံ နယ်စားပယ်စားများ၊ဘုရင်ခံများ၏ ပုန်ကန်မှုများကြောင့် လွယ်လွယ်နှင့် ပြိုကွဲကာ တိုင်းပြည်မှာ စစ်မီးလျှံများအတွင်း သက်ဆင်းရပြန်သည်။ ထိုနောက် တစ်နယ်တစ်မင်း ထူထောင်ကြသည့် ပဒေသရာဇ်ငယ်များ၏ ရန်စစ်များ၊ စစ်ပွဲများမှာ အတောမသတ်နိုင်အောင်ပင် ဖြစ်ပွားခဲ့ပြီးနောက်ဆုံး ညောင်ရမ်းမင်းဆက်၏ တတိယမြောက်ဘုရင်ဖြစ်သည့် သာလွန်မင်းလက်ထက်ရောက်မှသာ တိုင်းပြည်အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားသို့ ရောက်တော့သည်။ ထိုမင်းလက်ထက်တွင်မှ မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးသော စာရင်းဇယားကောက်ယူမှုများကို ပြုလုပ်ပြီး အုပ်ချုပ်ရေး၊နိုင်ငံရေး၊လယ်ယာစီးပွား အစရှိသည့် ကဏ္ဍကြီးများမှာ ပြန်လည်တည်ငြိမ်မှု ရှိလာခဲ့သည်။ စစ်သမိုင်းပညာရှင်များအတွက် အဆိုပါ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်မှာ စားမြိန်ဝိုင်းကြီးသဖွယ် ပြောမကုန်၊ဆိုပြီး ဖြစ်သော်လည်း ယဉ်ကျေးမှု သမိုင်းပညာရှင်များကမူ ထိုကဲ့သို့ရာစုနှစ် တစ်ခုကျော်ဖြစ်ပွားမည့် စစ်ပွဲကြီးကို အစပျိုးသည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သာမဖြစ်ခဲ့လျှင်၊ အစမပြုခဲ့လျှင် ၁၄၊ ၁၅ ရာစုနှစ်များမှ မြန်မာ့ယဉ်ကျေးမှု၏ ဖြစ်ပေါ်တိုးတက်မှုသည် ပုဂံခေတ်ယဉ်ကျေးမှုထက်ပင် မြင့်မားရန် အခွင့်အလမ်းရှိနေသည်ဟု ဆိုကြသည်။ Category:မြန်မာနိုင်ငံနှင့် ပတ်သက်သောစစ်ပွဲများ Category:အင်းဝခေတ် Category:တောင်ငူခေတ်
နီကိုလာ့စ် ကော်ပါးနိကပ်စ်
နေဗဟိုပြုသီအိုရီကို လက်တွေ့ကျမ်းပြုထုတ်ဖော်သူ ကော်ပါးနိကပ်စ်၊အမည်အပြည့်အစုံ နီကိုလာ့စ်ကော်ပါးနိကပ်စ် (Nicolaus Copernicus) (၁၄၇၃-၁၅၄၃) အားယနေ့ ပိုလန်နိုင်ငံ၊ ဗစ်တူလာတွင် ကြွယ်ဝချမ်းသာသည့် မိသားစု၊အသိုင်းအဝန်းမှ ဖွားမြင်သည်။ လူရွယ်ဘဝကပင် နက္ခတ္တဗေဒ တွင်အထူးစိတ်ပါဝင်စားသည်။ အသက် ၂၅တွင် အီတလီသို့သွားပြီး ဘိုလော့ညာတက္ကသိုလ် (Bologna) နှင့် ပါဒွါးတက္ကသိုလ် (Padau)တို့တွင် ဥပဒေနှင့် ဆေးပညာရပ်များကို သင်ကြားသည်။ နောက်ဆုံး ဖာရာရာတက္ကသိုလ် (Ferrara)တွင် ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ ပါရဂူဘွဲ့ရခဲ့သည်။ နောက်အရွယ်အိုသည်ထိ ဖာရော်အင်ဘာ့ဂ် (Frauenburg) ဘုရားကျောင်းဝန်ထမ်း ကျမ်းစာသင်ဆရာအဖြစ် နေထိုင်သွားခဲ့သည်။ သို့သော် နောင်တွင် နက္ခတ္တဗေဒဖြင့် ကျော်ဇောမည့် သူသည် နက္ခတ္တပညာရှင်အဖြစ် လုံးဝနေထိုင်မသွားခဲ့သည်မှာ ကော်ပါးနိကပ်စ်၏ ထူးခြားချက်ပင်ဖြစ်သည်။ သူ့အား နာမည်ကြီးစေမည့် ထို နေဗဟိုပြုသီအိုရီ အမည်ရကျမ်းကို သူ၏အားလပ်ချိန်များမှ အချိန်ယူရေးသားသွားခဲ့ခြင်းဖြစ်သည်။ သူအီတလီတွင်နေထိုင်ခဲ့စဉ်က ဂရိဒဿနပညာရှင် စမော့စ်နယ်သား အရိစ်တာကပ်စ် (Aristarchus) (ဘီစီ ၃၀ဝခန့်) ၏ နေကိုကမ္ဘာနှင့် ဂြိုဟ်များက လှည့်ပတ်သည် ဟူသောစိတ်ကူးကို ကြားသိခဲ့ရဖူးပုံရသည်။ ထိုအယူအဆသစ်ကို ကော်ပါးနိကပ်စ် တစ်ယောက်လည်း မှန်ကန်မည်ဟု လက်ခံယုံကြည်ခဲ့သည်။ သို့သော်မည်သူ့ကိုမျှ ရှင်းလင်းပြခဲ့ခြင်းမရှိပဲ မိမိယုံကြည်ရာကို သက်သေပြနိုင်အောင် ကြိုးပမ်းရှာဖွေရင်း အသက် ၄၀အရွယ်ထိရေငုံနှုတ်ပိတ်ကာနေခဲ့သည်။ အသက်၄၀ကျော်မှ သူ၏အယူအဆများကို ရေးမှတ်ထားသည့် မှတ်စုစာအုပ်ကို ရင်းနှီးသူတချို့အား ပေးဖတ်ခဲ့သည်။ ထိုစာအုပ်မှာ ဘဝတစ်လျှောက် လေ့လာတွက်ချက်မှုများကိုအခြေခံကာ ပြုစုထားသည့် အာကာသအတွင်းရှိ စက်လုံးများ၏ လှည့်ပတ်ခြင်းအကြောင်း (On the Revolution of the Celestial Spheres)ပင်ဖြစ်သည်။ ထိုစာအုပ်တွင် မိမိ၏လေ့လာတွေ့ရှိချက်များ၊တွက်ချက်ပုံများ၊ သီအိုရီများကို ပြည့်စုံစွာ ဖော်ပြထားခဲ့သည်။ တဖန် အသက်၆၀ တွင် ရောမသို့သွားရောက်ပြီး မိမိ၏အယူအဆကို အစဉ်တစိုက်ဟောပြောခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မနှစ်သက်၊ မလိုလားမှုတို့ကိုပင် ရဲဝံ့စွာရင်ဆိုင်ပြီး တင်ပြခဲ့သည်။ အသက် ၇၀ နားနီးမှ မိမိ၏ကျမ်းကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ပုံနှိပ်သူထံမှ ပထမဆုံးစာအုပ်ကို သူကွယ်လွန်သည့် ၂၄၊ မေ၊ ၁၅၄၃တွင်မှ ရရှိသွားရှာသည်။ ကော်ပါးနိကပ်စ်၏ ကျမ်းတွင် ပြသခဲ့သည့် အခြေခံအချက်များ၊ တွက်ချက်ပုံများမှာ အမှားကင်းသည်တော့ မဟုတ်ခဲ့ပေ။ နောက်လူတို့က ထိုအမှားများကို ပြင်ဆင်ပြီး ဆက်လက်သုံးစွဲကြရသည်လည်းရှိသည်။ သို့သော် ထိုခေတ်အခါက ခရစ်ကျောင်းတော်၏ ရှေးရိုးစွဲဘာသာရေးအမြင်ကို ရဲဝံ့စွာဖောက်ထွက်ကာ စတင်ဟောပြောခဲ့သူ ကော်ပါးနိကပ်စ်၏ ကျေးဇူးကြောင့်သာလျှင် နောင်တစ်ချိန်တွင် တီချို ဘရက် (Tycho Brahe)၊ ဂယ်လီလီယို နှင့် ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) အစရှိသူတို့က နေဗဟိုပြုကာ ဂြိုဟ်များ သွားလာသည်မှာ မှန်ကန်ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ကြ၊ ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို တွက်ချက်နိုင်ခဲ့ခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ကျော်စွာ၁၀ဝ-ဒေါက်တာသန်းထွန်း မှတ်စု ကိုးကား ကဏ္ဍ:နက္ခတ္တဗေဒပညာရှင်များ
ဂယ်လီလီယို
ဂယ်လီလီယို() သို့မဟုတ် ဂါလီလေအို ဂါလီလေအီ(; ၁၅ ဖေဖော်ဝါရီ ၁၅၆၄ ~ ၈ ဇန်နဝါရီ ၁၆၄၂)သည် အီတာလျံ ဒဿနိကဗေဒပညာရှင်၊ သိပ္ပံပညာရှင်၊ ရူပဗေဒပညာရှင်နှင့် နက္ခတ္တဗေဒပညာရှင် ဖြစ်သည်။ thumbnail|ဂါလီလေအို ဂါလီလေအီ ပုံတူ လီရာ ၂၀၀၀ တန် ငွေစက္ကူ ၎င်းကို ချိန်သီး သဘောတရားကို စတင်ဖော်ထုတ်သူ၊ အလေးချိန် သဘောတရားကို စတင်ဖော်ထုတ်သူအဖြစ်လည်းကောင်း အသိများသည်။ ဘဝနိဒါန်း ဂါလီလေ့ယိုကို ၁၅၆၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အီတလီနိုင်ငံ၊ ပီဆာ (Pisa) မြို့တွင် မွေးဖွားသည်။ ပီဆာတက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်းမှ ငွေကြေးမတတ်နိုင်သဖြင့် တက္ကသိုလ်မှ ထွက်ရရှာသည်။ သို့သော် ပင်ကိုကပင် စွမ်းရည်ရှိသူဖြစ်သည့်အတွက် ၁၅၈၉ တွင် ထိုပီဆာတက္ကသိုလ်၌ ဆရာပြန်ဖြစ်သည်။ နောက် နှစ်အနည်းငယ်အကြာတွင် ပါဒွား (Padua) တက္ကသိုလ် သို့ပြောင်းရွှေ့ပြီး ထိုတက္ကသိုလ်တွင် ၁၆၁၀ ထိ ဆရာအဖြစ်နေထိုင်သွားခဲ့သလို ထိုတက္ကသိုလ်၌ပင် အရေးပါသည့် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာမှု၊ တွေ့ရှိမှုတို့ကို ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်ဘဝ ဂါလီလေ့ယို၏ အရေးပါသည့် တွေ့ရှိချက်များမှာ - ခေတ်အဆက်ဆက်က သိပ္ပံသမားတို့က လက်ခံယုံကြည်လာသည့် အရစ္စတိုတယ်လ် မိန့်ဆိုချက်ဖြစ်သော "ပစ္စည်းတစ်ခုနှင့် တစ်ခုအလေးချိန်မတူလျှင် အမြင့်မှအောက်သို့ ကျသည့်နှုန်းလည်းမတူ၊ ကွာခြားသည်။" ဆိုသည့် ယုံကြည်ချက်အမှားကို လက်တွေ့စမ်းသပ်ပြီး ခြေဖျက်ကာ ကျနှုန်းတူကြောင်း သက်သေပြခဲ့သည်။ ထိုအခြင်းအရာနှင့် ပတ်သတ်သည့် နိယာမများ၊ တွက်နည်းတွက်ကိန်းများ၊ သီအိုရီများကို ပါဖော်ထုတ်ပေးခဲ့သည်။ အင်နားရှား (Inertia) သဘောကို ရှာဖွေတွေ့ရှိခြင်းသည်လည်း ခေတ်သစ်သိပ္ပံပညာတွင် အရေးပါသည့် အခြင်းအရာဖြစ်သည်။ ထိုမှ အင်နားရှားနိယာမ (Law of Inertia) ကို ဖော်ထုတ်သတ်မှတ်နိုင်သည်။ ၎င်းမှဆင့်ပွားပြီး နယူတန်၏ ပထမရွေ့လျားမှုနိယာမ (The First Law of Motion) တွင်ထည့်သွင်း နိုင်ခြင်းဖြစ်သည်။ အရေးအကြီးဆုံး တွေ့ရှိချက်မှာ နက္ခတ္တဗေဒတွင်ဖြစ်သည်။ ၁၆၀ဝ ဝန်းကျင်ကပင် နက္ခတ်ပညာရပ်တွင် ကောပါးနိကပ်စ် (Copernicus) ၏အယူအစသစ်နှင့် ပတ်သတ်ပြီး ပညာရှင်အမည်ခံသူတို့ မပြတ်တမ်းငြင်းခုံနေမှုတို့ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ (Heliocentric Theory) မှန်ကန်ကြောင်း သတ်သေပြခဲ့ခြင်းဖြစ်သည်။ ၁၆၀၄ စောစောပိုင်းကပင် ဂယ်လီလီယိုက နှုတ်ဖြင့် ပြောဆိုထောက်ခံခဲ့သော်လည်း တိကျသည့် အထောက်အထား တင်ပြနိုင်သည်မဟုတ်သည့်အတွက်ကြောင့် ငြင်းခုံဆဲဖြစ်သည်။ ၁၆၀၉ တွင် ဟော်လန်၌ နက္ခတ်မှန်ပြောင်း တီထွင်အောင်မြင်ကြောင်းသိလျှင် နည်းနာယူပြီး ပိုမိုအဆင့်မြှင့်သည့် မှန်ပြောင်းကို တီထွင်ကာ အထက်ပါ နေဗဟိုပြုသီအိုရီကို ထင်ရှားအောင် သက်သေပြနိုင်ခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်းမှာပင် နက္ခတဗေဒနှင့်ပတ်သတ်သည့် တွေ့ရှိချက်တစ်ပုံတစ်ပင်ကို ဆက်ကာဆက်ကာ ဖော်ထုတ်ခဲ့သည်။ ရူပဗေဒ အခန်းကဏ္ဍ ချိန်သီး ဂါလီလေ့ယိုသည် အသက် ၁၉ နှစ်အရွယ်၌ ဘုရားရှိခိုးကျောင်း မျက်နှာကြက်မှ တွဲလွဲဆွဲထားသော မှန်မီးအိမ်လွှဲနေပုံကို သတိပြုမိရာမှ ချိန်သီးလွှဲပုံအကြောင်းနှင့် စပ်လျဉ်း၍ ယခင်က လူများမသိသေးသော အချက်များကို သိရှိလေသည်။ ထိုချိန်သီးဖြင့် အချိန်ကို သတ်မှတ်နိုင်သဖြင့် နောင်အခါ၌ သိပ္ပံပညာရှင်တို့သည် နာရီကို ကြံစည် လုပ်ကိုင်နိုင်ကြလေသည်။ Falling Bodies ဂါလီလေ့ယိုသည် ပီဆာနှင့် ပက်ဒူအား တက္ကသိုလ်များ၌ သင်္ချာပါမောက္ခအဖြစ် လုပ်ကိုင်နေစဉ် ရူပဗေဒနှင့် နက္ခတ္တဗေဒ ပညာရပ်များကို လေ့လာခဲ့သည်။ အမြင့်မှ တစ်ပြိုင်တည်းကျသော အရာဝတ္ထု ၂ ခုသည် အလေးချိန် မတူညီစေကာမူ မြေသို့ တစ်ပြိုင်တည်းကျရောက်ကြောင်းကို သိရှိသည်။ ထိုအချက်ကို ပီစာမျှော်စင်ကြီးပေါ်မှ အလေးချိန်မတူသော အရာဝတ္ထုများကိုချ၍ လက်တွေ့ပြသခဲ့သည်။ နက္ခတ္တဗေဒ အခန်းကဏ္ဍ ဂါလီလေ့ယိုသည် အဝေးကြည့်မှန်ပြောင်း (တယ်လီစကုပ်) ကို တီထွင်သူ ဖြစ်သည်။ ထိုမှန်ပြောင်းဖြင့် အရာဝတ္ထုတစ်ခုကို ကြည့်လျှင် မူလအရွယ်ထက် ၃ ဆမျှကြီး၍ မြင်ရသည်။ ထိုနောက် အဆ ၃ဝ မျှပို၍ ကြည့်အားကောင်းသောမှန်ပြောင်း ကို တီထွင်လေသည်။ ထိုမှန်ပြောင်းဖြင့် ကြည့်သောအခါ လတွင်ရှိသော တောင်များကိုတွေ့ရသည်။ ကြာသပတေးဂြိုဟ် (ဂျူပီတာ)၏ အရံဂြိုဟ် ၄ လုံးကိုလည်း တွေ့ရ၍ ကွင်းစွပ်လျက်ရှိသော စနေဂြိုဟ် (ဆက်တန်)၏ ထူးဆန်းသော ပုံ သဏ္ဌာန်ကိုလည်း မြင်ရသည်။ ဂယ်လီလီယို၏ ယူဆချက်မှတစ်ခုမှ ကမ္ဘာလုံးသည် ဝင်ရိုးပေါ်၌ လည်ပြီးလျှင် နေကို လှည့်ပတ်လျက်ရှိသည်ဟူသော ယူဆချက်ပင် ဖြစ်သည်။ သာသနာရေး အာဏာပိုင်များက ထို အယူကို မိစ္ဆာအယူဟု စွဲမြဲ မှတ်ယူထားသဖြင့် ၁၆၁၆ ခုနှစ်၌ သူ့အား ထိုအယူကို စွန့်လွှတ်ရန် သတိပေး၏။ သို့ရာတွင် ၁၆၃၂ ခုနှစ်၌ ထိုအယူကို ထုတ်ဖော်ရေးသားသဖြင့် ရောမမြို့ ရှိ သာသနာရေးဆိုင်ရာ တရားရုံးက ခေါ်ယူစစ်ဆေးသည်။ ခရစ်ယာန်ကျောင်းတော်၏ တားမြစ်မှု သူ့တွေ့ရှိမှုများကပင် သူ့အားဂုဏ်တက်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နှင့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့သည်။ ၁၆၁၆ တွင် အဆိုပါ ကော်ပါးနိကပ်စ်၏ သီအိုရီနှင့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုများကို ရပ်တန်းမှရပ်ရန် သတိပေးတားမြစ်ခံရတော့သည်။ သို့ဖြင့် ဂယ်လီလီယိုသည် နှစ်များမနည်းပင် အောင့်အီးကာ နေရရှာသည်မှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာသည်အထိပင်ဖြစ်သည်။ ၎င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွန်ပြုကာ နေပေးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်သည် ဟုဆိုနိုင်သည်။ ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုံမှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။ ဂါလီလေ့ယိုကဲ့သို့ ကျော်ကြားသည့် ပညာရှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ (Current Chuch Law) အရ အပြစ်အတိအကျမရှိ ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစေသည်။ ဥပဒေအရ ဧည့်သည်လက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုသော်လည်း တင်းကျပ်မှုမရှိသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရသည်။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်သည်"ဟူသည့် အဆိုကို လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းပေးရမည် ဟူ၍ဖြစ်သည်။ ထို့ကြောင့် အသက် ၆၉ နှစ်ရှိ ပညာရှင်အိုကြီးမှာ ရုံးတော်၌ပင် ထိုကဲ့သို့ ဝန်ခံရရှာသည်။ (သို့သော် အချို့က ထိုကဲ့သို့ အမိန့်ကို လိုက်နာပြောဆိုပြီးနောက် ရုံးတော်ကြမ်းပြင်မြေကြီးကို နမ်းရှုံ့ကာ "သူကတော့ အလှုပ်မပျက်ပါလား"ဟု အရွှန်းဖောက်သည် ဟုဆိုကြသေးသည်။) တရားရုံးတွင် သူသည် ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်၍ နေထိုင်ရသည်။ ထိုအရပ်တွင် ယခင်က ကြိုးစား၍ လေ့လာဆည်းပူးခဲ့သော မက္ကင်းနစ်ပညာရပ်အကြောင်းကို ရေးသားကာ စာအုပ်ထုတ်ဝေလေသည်။ ဂယ်လီလေအိုသည် ပညာဉာဏ်စူးရှ၍ လက်တွေ့စမ်းသပ်လုပ်ကိုင်လေ့ရှိသဖြင့် ထိုခေတ်က ထူးချွန်သော သိပ္ပံပါရဂူတစ်ဦး ဖြစ်ခဲ့သည်။ လူအများပင် ယုံကြည်နေကြသော အယ်ရစ္စတိုတယ် ရေးသားချက်များကို မှားသည်ဟု ရဲဝံ့စွာ ပြောဆိုခဲ့၏။ ဘာသာရေးကိုင်းရှိုင်းသူ ဂါလီလေ့ယိုမှာ သူ့ အမျိုးမျိုး ဒုက္ခပေးနေသည့် ကျောင်းတော်ကို စိတ်နာသည်မရှိဟုသိရသည်။ သက်ဆုံးတိုင် ခရစ်ယာန်ဘာသာဝင်အဖြစ် နေထိုင်သွားပြီး စက်ယန္တရားများ အကြောင်းကို ရေးသားခဲ့ရင်း အသက် ၇၈နှစ်အရွယ် ၁၆၄၂ တွင် ကွယ်လွန်သွားခဲ့သည်။ သာသနာရေး အာဏာပိုင်များနှင့် အတိုက်အခံပြုကာ ကိုယ်တွေ့စုံစမ်း သိရှိ ရသော အချက်များကို ထုတ်ဖော်ပြသခဲ့၏။ ဤသို့ ရှေးဟောင်း အစဉ်အလာ အယူအဆများကို ရဲဝံ့စွာ တော်လှန်၍ မှန်ကန်သော အချက်များကို ထုတ်ဖော်ပြသခဲ့သဖြင့် စိုင်းယန့်စ် ပညာရပ်တို့ တိုးတက်ခဲ့ပေသည်။ နှောင်းလူတို့အနေဖြင့် ဂယ်လီလီယိုကို အယူအဆအဟောင်းများကို ရဲရင့်စွာ ချိုးဖောက် တီထွင်လေ့လာ ဖော်ထုတ်သူ အဖြစ်လေးစားသမှုထားကြသည်။ကျော်စွာ(၁၀ဝ) - ဒေါက်တာသန်းထွန်း အကိုးအကား ကဏ္ဍ:နက္ခတ္တဗေဒပညာရှင်များ
ဂျိုဟန်နက်စ် ကပ်ပလာ
အာကာသအတွင်းရှိ ဂြိုဟ်များ၏ လှည့်ပတ်သွားလာပုံကို တွက်ချက်ဖော်ပြခဲ့သူ ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) (၁၅၇၁-၁၆၃၀) ဂျာမနီနိုင်ငံ၊ ဝဲလ်သာစတက် တွင်ဖွားမြင်သည်။ မွေးဖွားသည့် ၁၅၇၁သည် ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ အကြောင်းကျမ်းပြုစုထုတ်ဝေခဲ့သည့်မှ ၂၈နှစ်ကြာခဲ့ပြီဖြစ်သည်။ ကပ်ပလာသည် ဝိဇ္ဇာဘွဲ့ကို တုဗင်ဂျန်တက္ကသိုလ်မှ ၁၅၈၈တွင် ရရှိခဲ့ပြီး နောက်သုံးနှစ်အကြာတွင် မဟာဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိသည်။ ထိုစဉ်ကာလများက သိပ္ပံပညာရှင်များကြားတွင် ကော်ပါးနိကပ်စ်၏ သီအိုရီမှာ မှားသည်ဟုသာ ခံယူထားကြချိန်ဖြစ်သည်။ တုဗင်ဂျန်မှ ထွက်လာပြီးနောက် ဂရော့ဇ်အကယ်ဒမီတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ ဂရော့ဇ်တွင်ရှိနေစဉ်အတွင်း ၁၅၉၆တွင် နက္ခတဗေဒ ဆိုင်ရာကျမ်းတစ်ဆောင်ကို ရေးသားခဲ့သေးသည်။ ထိုကျမ်းပါသီအိုရီများမှာ မှန်ကန်လှသည် မဟုတ်သော်လည်း ကပ်ပလာ၏ အတွက်အချက်နှင့် တွေးခေါ်ပုံများ ထူးချွန်သည်ကို တွေ့နိုင်သည်။ ထိုမှ နာမည်ကျော် နက္ခတပညာရှင် တီချို ဘရက် က ၎င်း၏လက်ထောက်အဖြစ် လာရောက်တာဝန်ယူရန် ကမ်းလှမ်းခံရသဖြင့် တီချိုရှိရာ ပရပ်မြို့မှ နက္ခတမျှော်စင် တွင် ဇန်နဝါရီ၊ ၁၆၀ဝမှ စတင်အလုပ်လုပ်သည်။ တစ်နှစ်အကြာတွင် တီချိုကွယ်လွန်ရာ ရောမအင်ပါယာ၏ ဧကရာဇ် ဒုတိယရူးဒေါ့ဖ်က ထူးချွန်သည့် ကပ်ပလာအား သဘောကျပြီး ဖြစ်သည့်အတွက် ထိုရာထူး(ရောမအင်ပါယာ၏ သင်္ချာပညာရှင် ရာထူး)ကို ဆက်ခံစေသည်။ တီချို၏ ရာထူးကိုဆက်ခံရယူပြီးနောက် ကပ်ပလာအနေဖြင့် အတားအဆီးမရှိ တီချို၏အနှစ်နှစ်အလလက စုဆောင်းလာသည့် အဖိုးတန် မှတ်တမ်းများကို အကုန်အစင်အသုံးပြုခွင့်ရလာသည်။ ထိုမှတ်တမ်းမှတ်ရာများကို အခြေခံကာ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ ကအမှန်ဖြစ်မည် သို့မဟုတ် တော်လေမီ၏ ကမ္ဘာဗဟိုပြုသီအိုရီကသာ အမှန်ဖြစ်မည် ကိုခွဲခြမ်းလေ့လာတော့သည်။ ထိုနှစ်ချက်မှ လွတ်ကင်းကာ ဆရာ တီချို၏ ကိုယ်ပိုင်အယူအဆလည်း ဖြစ်နိုင်သည်ဟုလည်း ဆင်ခြင်မိသဖြင့် တီချို၏ အယူအဆများကိုလည်း ပစ်ပယ်မထားခဲ့ပေ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရင်းက အထက်လူများ၏ သီအိုရီအမှားဟာကွက်ကို ရိပ်စားမိစပြုလာသည်။ ရှေးအထက်က နက္ခတဗေဒဆရာများက ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို စက်ဝိုင်းပုံဖြင့်သာ တွက်ချက်ခဲ့ကြပြီး ယခုသူတွေ့ရှိလာရသည့် ပတ်လမ်းမှာ စက်ဝိုင်းမဟုတ် ဘဲဥပုံလမ်းကြောင်းများဖြစ်ကြောင်း သိရှိနားလည်လာသည်။ ထိုသို့နားလည်လာပြီးနောက် လပေါင်းများစွာ တွက်ချက်လာပြီးနောက်ဆုံးတွင် နေဗဟိုပြုပြီး ကမ္ဘာအပါအဝင် ကျန်ဂြိုဟ်များက လှည့်ပတ်နေကြောင်း၊ ထိုသို့လှည့်ပတ်ရာတွင် သာမန်စက်ဝိုင်းပုံထက် ဘဲဥပုံလမ်းကြောင်းဖြင့် လှည့်ပတ်နေကြောင်း တိကျစွာ ဖော်ထုတ်ပြသနိုင်လေသည်။ ထိုသက်သေပြချက်များကို ဖော်ပြထားသည့် ကျမ်းကို ၁၆၀၉တွင် ဖြန့်ဝေခဲ့ပြီး အရေးပါသည့် တွက်ချက်ပုံ သီအိုရီနှစ်ခုကို ထည့်သွင်းဖော်ပြခဲ့သည်။ နောင် ၁၀နှစ်အကြာတွင် တတိယသီအိုရီကိုပါ ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ သီအိုရီတို့မှာ နေဗဟိုပြုသီအိုရီတွင် ဂြိုဟ်တို့၏ လှည့်ပတ်လမ်းကြောင်းမှာ ဘဲဥပုံဖြစ်သည်။ ဂြိုဟ်သည် နေနှင့်နီးသောအခါ လှုပ်ရှားပုံ မြန်ဆန်လာပြီး၊ ဝေးနေချိန်တွင် အကွာအဝေးကို လိုက်ပြီး နှေးကွေးသွားတတ်သည်။ ဂြိုဟ်နှင့်နေ ကွာဝေးလျှင် ဝေးသလောက် လှည့်ပတ်နှုန်းနှေးသွားသည်။ လှည့်ပတ်ချိန်၏ စတုရန်းမှာ နေနှင့်အကွာဝေး၏ ကုဗ နှင့် ဆတူဖြစ်သည်။ မိသားစု နှင့် ဘဝနိဂုံး ခေတ်ကာလ ကောင်းမွန်နေချိန်တွင် ဧကရာဇ်ထံမှ လစာရိက္ခာ များစွာရသည်မရှိသလို စစ်မက်ကာလများတွင် လစာဖြတ်တောက်ခြင်းခံရသည်များလည်းရှိတတ်သည့် အတွက် ကပ်ပလာအတွက် စားဝတ်နေရေး အဆင်ပြေလှသည်တော့ မဟုတ်ခဲ့ပေ။ အိမ်ထောင် နှစ်ဆက်ကျပြီး ကလေး ၁၂ဦးရှိသည့်အတွက် ပိုပြီးကျပ်တည်းသည်ဟု ဆိုနိုင်သည်။ နောက်ပြဿနာမှာ ၁၆၂၀တွင် မိခင်ဖြစ်သူကို စုန်းမဟု စွပ်စွဲသတ်ဖြတ်သဖြင့် ကပ်ပလာကိုယ်တိုင် မိခင်ကြီးတစ်ယောက် ဖမ်းဆီးနှိပ်စက်ခြင်းမှ လွတ်အောင် ကြိုးစားပေးခဲ့ရသေးသည်။ သို့ဖြင့် ဆင်းရဲသော ကမ္ဘာကျော်နက္ခတပညာရှင်ကြီးမှာ ဘာဘေးရီးယား(ယနေ့ ဂျာမနီတောင်ပိုင်း)၊ ရေဂျန်ဘော့တွင် ၁၆၃၀ပြည့်နှစ် ကွယ်လွန်ရှာသည်။ စစ်တွင်းကာလဖြစ်သဖြင့် သူ၏သင်္ချိုင်းဂူမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ရည်ညွှန်းကိုးကား ကျော်စွာ၁၀ဝ-ဒေါက်တာသန်းထွန်း ကဏ္ဍ:နက္ခတ္တဗေဒပညာရှင်များ ကဏ္ဍ:စကြဝဠာဗေဒ ပညာရှင်များ
သရေခေတ္တရာ
သရေခေတ္တရာသည် ပျူလူမျိုးတို့၏ မြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ အရှေ့တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထင်ရှားခဲ့သည်။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရသည်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တဘောင်မင်းကြီးတည်ထောင်ခဲ့ပြီး မှန်နန်းမဟာရာဇဝင်တော်ကြီးအရ သရေခေတ္တရာမင်းဆက် ၂၇ ဆက်အုပ်စိုးခဲ့ကြောင်း ဖော်ပြထားသည်။ သရေခေတ္တရာပျူမြို့ဟောင်းသည် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျသော အဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များ စသည်တို့ကို တွေ့ရှိရ သည်။ မြို့ရိုးသည် (၈ မိုင် ၈ ဖာလုံ) ရှိ၍ ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်း၏။ သီရိခေတ္တရာ (ခေါ်) မှော်ဇာပြတိုက်အတွင်း အလေးထားလေ့လာသင့်သည်မှာ ပျူစာထိုး ခင်ဘရွှေပေချပ် ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ယင်းကာလ ရှေးဦးမြန်မာစာအရေးအသားကို တွေ့နိုင်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ်တွင်ထွန်းကားနေပြီဖြစ်သည့် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များကို တွေ့နိုင်သည်။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ ထို့ကြောင့် ယင်းကာလ၏ မြို့တော်အဖြစ်လည်း ယူဆကြသည်။ မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။ သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ သီရိခေတ္တရာ (သို့မဟုတ်) သရေခေတ္တရာ ပျူမြို့ဟောင်းဆီသို့ | Ministry Of Information တည်နေရာ သရေခေတ္တရာ မြို့ဟောင်းနေရာသည် ယခုပြည်မြို့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ မှော်ဇာရွာတွင်တည်ရှိသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိသည်။ မြို့ဟောင်း၏အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိသည်။ ဧရိယာအကျယ် အဝန်းအားဖြင့် (၁၃၀၂၆)ဧကကျယ်ဝန်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါဝင်လျက်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျက်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ရွာမြေ(၄၇၀)ဧက သာသနာ မြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိသည်။ ဘုရားမာစေတီ သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဘက်တွင် ပျူလူမျိုးတို့တည်ထားခဲ့သော ရှေးဟောင်းစေတီ အများအပြားကို ယနေ့တိုင် ဖူးတွေ့နိုင်သေးသည်။ ထင်ရှားသော ပျူခေတ်ဘုရားအချို့မှာ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရားတို့ ဖြစ်သည်။ ဘောဘောကြီး၊ ဘုရားကြီး နှင့် ဘုရားမာ စေတီသုံးဆူမှာ မြို့ရိုးအပြင်၌ ဖိုခနောက်ဆိုင်အနေအထားဖြင့် မြို့ကိုဝန်းရံတည်ရှိနေသည်။ ဘုရားစေတီများမှာ ယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊သပိတ်မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာဆင်ထားခြင်းမရှိပဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီ များပုံစံမှ ရွေ့လျောလာခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။ ရှေးခေတ် ပျူလူမျိုးတို့၏ ဗိသုကာလက်ရာကို ဤသာသနာ အဆောက်အဦးများကို ကြည့်၍လေ့လာသုံးသပ်နိုင်သည်။ သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့်ကုန်း (၂၄)ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်သည်။ သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီး ကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင်ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျက် ရှိသည်။ ဘောဘောကြီး ဘုရား ဘောဘောကြီး ဘုရားသည်သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးအနီးတွင်တည်ရှိသည်။ စက်ဝိုင်းပစ္စယံ အနိမ့်၅ ဆင့်ပေါ်တွင်တဖြောင့်တည်း မတ်မတ်မြင့်တက်သွားပြီး စေတီ၏ထိပ်ပိုင်းအခုံးပေါ်တွင် ထီးတော်တင်ထားသည်။ စေတီအတွင်းတွင် ဥမင်လှိုဏ်ခေါင်းရှိသည်။ အပေါ်ဆုံးပစ္စယံအခြေမှ စေတီကိုယ်လုံးဥမင်လှိုဏ်သို့ဝင်ရန် အပေါက်ဖေါက်ထားသည်။ စေတီ၏ ဉာဏ်တော်အမြင့်ပေမှာ ၁၅၃ ပေမြင့်၍ သရေခေတ္တရာ ခေတ်ကောင်းချိန်ကပင် ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ရှေးဟောင်းစေတီတစ်ဆူဖြစ်သည်ဟု ဆိုကြသည်။ ဤအယူအဆသာ မှန်ပါက ဘောဘောကြီးဘုရားသည် မြန်မာပြည်တွင် ရှေးအကျဆုံးစေတီတစ်ဆူဖြစ်မည်ဟု တွက်ဆနိုင်သည်။ သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသော ဘုရားမာစေတီသည် ဒွတ္တဘောင်မင်းကြီး၏ ကုသိုလ်တော်ပင် ဖြစ်သည်ဟု ဆိုကြသည်။ ပစ္စယံနိမ့်နိမ့်ပေါ်တွင် အထက်သို့ တဖြည်းဖြည်းစုချွန်သွားသော စေတီလုံးဖြစ်ပြီး စေတီထိပ် အချွန်ပေါ်တွင် ထီးတော်တင်ထားသည်။ ရှေးမူမပျက် အတိုင်းပင် တည်ရှိသည်။ ဘုရားကြီး စေတီတော် ဘုရားကြီး စေတီတော်သည်သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ဘက်ယွန်းယွန်း ပြည်-အောင်လံသွား ကားလမ်းနံဘေးတွင်ပင် တည်ရှိသည်။ ပစ္စယံအနိမ့်သုံးဆင့်ပေါ်မှ အထက်သို့တဖြည်းဖြည်းချွန်သွားသော လုံးဝန်းသည့် စေတီပင်ဖြစ်ပြီး ထိပ်ဖျားတွင် ထီးတော်တင်ထားသည်။ သရေခေတ္တရာခေတ် လက်ရာပင်ဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင်တည်ရှိသည့် ဘဲဘဲဂူဘုရားသည် ပုဂံမြေတွင် အများအပြားတွေ့ရှိရသည့် ဂူဘုရားများ၏ ရှေ့ပြေးနမူနာပုံစံဖြစ်သည်ဟု ဆိုကြသည်။ လေးထောင့်ပုံစံ အဆောက်အဦးပေါ်တွင် ပစ္စယံအဆင့်များတည်ထားသည်။ ပစ္စယံ၏အလယ်တွင် ကွမ်းတောင်ပေါက်တည်ရှိ သည်။ အောက်ခြေ လေးထောင့်ပုံသဏ္ဌာန်တွင် အရှေ့ဘက်မှ မုခ်ပေါက်တစ်ပေါက် ဖေါက်လုပ်ထားသည်။ သရေခေတ္တရာ ခေတ်ဟောင်း၏ ဂူဘုရားလက်ရာဟောင်း တစ်ခုပင်ဖြစ်သည်။ လေးမျက်နှာဂူ ဘုရား လေးမျက်နှာဂူ ဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်အရပ်တွင် တည်ရှိသည့် လေးထောင့်ပုံသဏ္ဌာန် အဆောက်အဦးဖြစ်သည်။ အရပ်လေးမျက်နှာတွင် မုခ်ပေါက်တစ်ခုစီပါဝင်ပြီး အလယ်ဗဟို အူတိုင်နေရာတွင် ဗုဒ္ဓရုပ်ကြွကျောက်ချပ်များ တည်ရှိပေသည်။ ရဟန္တာဂူ ဘုရား |ရဟန္တာဂူဘုရား ရဟန္တာဂူ ဘုရားသည် အနောက်တောင်ထောင့် အရပ်တွင်တည်ရှိသည်။ အနောက်ဘက်မျက်နှာမှလွဲ၍ ကျန်သုံးမျက်နှာတွင် မုခ်ပေါက် တစ်ခုစီပါရှိသည်။ အတွင်းဘက်တွင် မုခ်ပေါက်မရှိသော အနောက်ဘက်နံရံတွင် ဗုဒ္ဓရုပ်ပွားတော် ၇ ဆူပါဝင်သော ကျောက်ချပ် ကပ်လျက်တည်ရှိသည်ကို တွေ့ရသည်။ သရေခေတ္တရာ ခေတ်နှောင်းပိုင်းတွင်မှ တည်ထားခဲ့ကြောင်း သိရပေသည်။ သရေခေတ္တရာတွင် တူးဖော်ရရှိခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပါ ကျောက်ရုပ်များ၊ ရွှေဆင်းတု ငွေဆင်းတုများ၊ ရှေးကျသော ကျောက်ခွက်များနှင့် ပိဋကတ်တော်လာ ရွှေပေချပ်များအရ သရေခေတ္တရာတွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားခဲ့ကြောင်း သိနိုင်ပေသည်။ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒနှင့် မဟာယာန ဂိုဏ်းနှစ်ဂိုဏ်းစလုံး ထွန်းကားခဲ့ကြောင်းတွေ့ရှိရပေသည်။ ဗုဒ္ဓဘာသာအပြင် အခြား ဟိန္ဒူဘာသာ ဆိုင်ရာ နတ်ကိုးကွယ်မှုအထောက်အထားများကိုလည်း တွေ့ရှိနိုင်ပေသည်။ စီးပွားရေး မြို့ဟောင်းမြို့ရိုးမှ ရရှိသော အုတ်ချပ်တို့တွင် စပါးခွံများကိုပါ ရောနှောဖုတ်ထားကာ အသုံးပြုခဲ့သည်ကို တွေ့ရသည်။ မြို့ဟောင်းမြောက်ဘက်ခြမ်း အတွင်းပိုင်းတွင် လယ်မြေအမြောက်အမြားတည်ရှိပြီး ၎င်းလယ်ကွက်များသည်ရှေးအခါက ဘုရင်များပိုင်ဆိုင်သည့် လယ်မြေများဖြစ်သည်ဟု အစဉ်အဆက်ယုံကြည်ကြသည့်အတိုင်း ယင်းလယ်များကို လယ်တော်ကြီးများဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ရန်သူများဝန်းရံထားစဉ်မှာပင် မြို့တွင်းရိက္ခာအတွက်ဖူလုံစေရန်မြို့ရိုးအတွင်း၌ လယ်အမြောက်အမြား ထည့်သွင်းထားခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ထိုအချက်အလက်များကိုထောက်၍ သရေခေတ္တရာ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးကိုပင် အခြေခံကြောင်း သိသာပေသည်။ ဘုရားစေတီများ၊ မြေအောက်မှ တူးဖော်ရရှိသော အနုပညာလက်ရာများအရ ဗိသုကာပညာ၊ ပန်းထိမ်ပညာ၊ ပန်းပုအတတ်ပညာနှင့် ကျောက်ဆစ် အတတ်ပညာများ ထွန်းကားနေကြောင်း တွေ့ရှိနိုင်လေသည်။ ထို့ကြောင့် ထိုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူ အတတ်ပညာရှင်၊ အနုပညာရှင်များလည်း ရှိခဲ့ကြောင်း ယူဆနိုင်ပေသည်။ ယဉ်ကျေးမှု သရေခေတ္တရာ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာ အဆင့်အတန်းမြင့်မားစွာတည်ရှိခဲ့ကြောင်း ကျန်ရစ်ခဲ့သော အထောက်အထားများအရ သိသာထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။ တူးဖော်တွေ့ရှိရသော အရုပ်များကိုကြည့်ခြင်းအားဖြင့် ပျူ အမျိုးသမီး အမျိုးသားများသည် အများအားဖြင့် ကိုယ်ခန္ဓာအောက်ပိုင်းတွင်သာ အဝတ်အစားများ ဝတ်ဆင်တတ်ကြောင်း တွေ့ရသည်။ ပုတီးလည်ဆွဲများအားလည်း ဝတ်ဆင်တတ်ကြပြီး ဆံပင်အရှည်များကို ထိပ်တွင်စုစည်း၍ သော်လည်းကောင်း၊ ဆံထုံးထုံးထားကြသည်ကို၎င်း၊ အချို့မှာ ဦးရစ်ခေါင်းပေါင်းများပေါင်းထားကြသည်ကို၎င်း ရုပ်တု၊ရုပ်လုံး၊ရုပ်ကြွများမှတဆင့် သိရှိနိုင်ပေသည်။ အရိုးအိုးများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦးများ၊ ကျောက်စာများတွင် ပျူဘာသာ၊ပါဠိဘာသာ၊ သက္ကတဘာသာ နှင့်ရေးထိုးထားကြောင်း တွေ့ရှိရ၍ သရေခေတ္တရာတွင် စာပေထွန်းကားနေကြောင်း သိသာထင်ရှားလှသည်။ ပျူစာသည် အိန္ဒိယပြည်တောင်ပိုင်းသုံး အက္ခရာများကို အခြေခံတီထွင်ထားသည်ကို တွေ့ရှိရ၍လည်း အိန္ဒိယတောင်ပိုင်းနှင့် အဆက်အသွယ်ရှိခဲ့မည်ဟုလည်း သမိုင်းပညာရှင်များက ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း ပျူယဉ်ကျေးမှုများတွင် အိန္ဒိယတောင်ပိုင်းသားတို့၏ ယဉ်ကျေးမှုများ ရောနှောနေသည်ကို တွေ့ရခြင်းဖြစ်သည်။ သံထည်ပစ္စည်းများကို အဆောက်အဦးများ မြို့ရိုးများတွင်လည်းကောင်း၊ အသုံးအဆောင် လက်နက်ကိရိယာများ အဖြစ်လည်းကောင်း တွေ့ရခြင်းကြောင့် သရေခေတ္တရာခေတ်ပျူတို့သည် သံကိုပိုင်နိုင်စွာ အသုံးချနေကြောင်း သိသာပေသည်။ တရုတ်မှတ်တမ်းများနှင့် တူးဖော်တွေ့ရှိချက်များအရ ဂီတ၊အက စသော အနုပညာများလည်း ကောင်းစွာထွန်းကားခဲ့သည်ဟု ဆိုနိုင်လေသည်။ ပျူတို့သေဆုံးလျှင် အလောင်းကိုမီးရှို့ ၍ပြာချကာ အိုးများဖြင့် မြှုပ်နှံကြောင်း တွေ့ရပေသည်။ အရိုးပြာအိုးများတွင် အရိုးနှင့်ပြာများသာမက လူတို့သုံးစွဲသော အသုံးဆောင်အသေးစားလေးများလည်း ပါဝင်ကြောင်းတွေ့ရသည်။ အရိုးအိုးများအားလည်း လူတန်းစားကွဲပြားမှုအလိုက်အမျိုးမျိုးအသုံးပြုခဲ့ကြပြီး တန်ဆာဆင်ပုံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ အရိုးအိုးများအား အစုလိုက်အပြုံလိုက် တစ်နေရာတည်းမှာပင် တွေ့ရတတ်သောကြောင့် ဆွေစုမျိုးစုလိုက် အရိုးအိုးများ မြှုပ်နှံသောဓလေ့သည် ပျူတို့၏ ယဉ်ကျေးမှု တစ်ရပ် အဖြစ်ယူဆနိုင်ပေသည်။ သရေခေတ္တရာခေတ် နိဂုံး သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် တိမ်ကောပျက်စီးသွားကြောင်း ခိုင်မာသော သက်သေအထောက်အထားများ မတွေ့ရသေးပေ။ မြန်မာရာဇဝင်အရ ဒွတ္တဘောင်မင်းမှ စတင်တည်ထောင်ခဲ့သော သရေခေတ္တရာမင်းနေပြည်တော်သည် မင်းဆက် ၂၅ ဆက်မြောက် သုပညာနဂရဆိန္ဒမင်းလက်ထက် သာသနာနှစ် ၆၃၆ ခုတွင် ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။ အခြားယူဆချက်အများအပြားလည်း ကွဲလွဲလျက်ရှိပေသည်။ ပျူ၊ကမ်းယံနှင့် သက်လူမျိုးတို့စည်းလုံးမှုပြိုကွဲ‌နေချိန်တွင် မွန်တို့၏ တိုက်ခိုက်မှုကြောင့်ပျက်စီးရသည် ဟူ၍လည်းကောင်း၊ အခြားလူမျိုးများ(အထူးသဖြင့် မြန်မာလူမျိုး)နှင့်ရောနှောကာ တိမ်ကောပျောက်ကွယ်သွားသည်ဟုလည်းကောင်း၊ မြောက်ပိုင်းမှ နန်ကျောက်တို့ လာရောက် တိုက်ခိုက်ဖျက်ဆီးသဖြင့် ပျက်စီးရသည်ဟု လည်းကောင်း ဖော်ပြထားချက်များလည်း ရှိသည်။ လက်ရှိတူးဖော်တွေ့ရှိချက်များမှ သရေခေတ္တရာမြို့ပျက်စီးရသော ခုနှစ်သက္ကရာဇ်ကို အတိအကျဖော်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း ယေဘူယျ ခြုံငုံသုံးသပ်ချက်များအရ သရေခေတ္တရာမြို့သည် အေဒီ ၈ ရာစုအထိ စည်ပင်ဝပြောခဲ့ပြီး အေဒီ ၉ ရာစုတွင် ပျက်စီးခြင်းသို့ဆိုက်ရောက်ခဲ့သည်ဟု ကောက်ချက်ချကြပေသည်။ တူးဖော်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး သိပ္ပံနည်းကျ သုတေသနများ ပြည့်စုံလာသောအခါ ပိုမိုတိကျသည့် ဆုံးဖြတ်ချက် ကောက်ယူချက်များကို ရရှိပေလိမ့်မည်။မှတ်တမ်းသမိုင်း၊ပဲခူး-မကွေးတိုင်း၊ရေးသားသူ-လွင်မောင်၊ ၁၉၇၅ ခုနှစ်ထုတ် သရေခေတ္တရာ ဘုရားကြီးဘုရားအနီးမှ တွေ့ရှိရသော ကျောက်အရိုးအိုးလေးလုံးတို့၏ပတ်လည်တွင် ပျုစာတစ်ကြောင်းစီ ရေးထိုးပါရှိလေသည်။ ယင်းကျောက်စာများအရ သရေခေတ္တရာ၌ဝိကြမမင်းဆက် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်းသိရ၏။ သူရိယဝိကြမ၊ ဟရိဝိကြမ၊ နှင့်သိဟဝိကြမတို့၏ နတ်ရွာစံနှစ်နှင့်သက်တော်များပါရှိရာတွင် နန်းစံနှစ်ကို မြန်မာကောဇာနှစ်အတိုင်း မှတ်ယူတွက်ဆပါက ခရစ်နှစ် ၆၈၈၊ ၆၉၅ နှင့် ၇၁၈ ခုနှစ်တို့တွင် အသီးသီးနတ်ရွာစံကြသည် ဟုသိရှိနိုင်၏။ အရိုးအိုး စာတမ်းတစ်ခုမှာ သူရိယဝိကြမ၏ ဆွေမျိုးကွယ်လွန်သည့်နှစ် ရေးထိုးထားလေရာ စာတမ်း လေးရပ်စလုံးပေါင်းရုံးတွက်ဆပါက ဝိကြမမင်းဆက်သည်ခရစ်နှစ် ၆၇၃ မှ ၇၁၈ ခုနှစ်အထိအုပ်စိုးသည်ဟု ဆိုရပေမည်။ ထိုမင်းဆက်သည်သရေခေတ္တရာ တည်ထောင်စက အုပ်စိုးသည့်မင်းဆက်ဟုတ်မဟုတ်သည်ကိုမူ မသိသာချေ။ နတ်ရွာစံသက္ကရာဇ်များကိုအတည်ပြုမှတ်ယူရပါက ထိုမင်းများထက်ရှေးကျသောမင်းများ ရှိခဲ့ဦးမည်ဟု မှန်းဆရပေသည်။ ဝိကြမမင်းတို့၏ဘွဲ့မည်များရှေ့တွင်တးဗံးဟူသောဂုဏ်ပုဒ် ပါရှိလေရာ ယင်းဂုဏ်ပုဒ်ကို မင်းကြီးဟူသော အဓိပ္ပာယ်သက်ရောက်ကြောင်း အခြားကျောက်စာများမှ အထောက်အထားတို့နှင့်ယှဉ်၍သိသာနိုင်လေသည်။ ဒွတ္တဗောင်ဟူသောအမည်မှာ တးဗံးမှရွေ့လျောလာသော ဝေါဟာရ ဖြစ်ဖွယ်ရာရှိသောကြောင့် သမိုင်းလာဒွတ္တဗောင်ဆိုသည်မှာ ပုဂ္ဂလိကဘွဲ့မည်မဖြစ်နိုင်ချေ ဟုယူဆရ၏။ ဝိကြမမင်းဆက်သည် ပျူမင်းများဖြစ်သည်၊ သို့မဟုတ်အိန္ဒိယအနွယ်များဖြစ်သည်ကို အတိအကျမသိနိုင်ချေ။ နှောင်းခေတ်မြန်မာမင်းများသည် ပါဠိဘွဲ့မည်များခံယူကြသကဲ့သို့ ပျူမင်းများကအိန္ဒိယဘွဲ့ မည်ခံယူခဲ့ကြဟန်ရှိကြောင်း စဉ်းစားရန်ရှိလေသည်။ ဝိကြမမင်းဆက်အပြင် ဝါရ်မန်မင်းတို့ကိုလည်းကမ္ပည်းစာများ၌တွေ့ရသေး၏။ ထိုဝါရ်မန်မင်းတို့၏အမည်များသည် အာရှအရှေ့တောင်ဘက်နယ်တစ်လွှား၌အတော်ပင်ထင်ရှားသည်။ သရေခေတ္တရာမြို့တွင်းခင်ဘကုန်းမှရရှိသော ငွေဗောဓိမဏ္ဍိုင်ပလ္လင်ပတ်လည်၌ ဆင်းတုတော် ရုပ်ကြွပုံလေးဆူအောက်တွင် ပျူအက္ခရာပျူဘာသာဖြင့် စာတန်းတစ်ခုရေးထိုးလျက်ပါရှိရာ၊ ထိုစာတန်းတွင် ကုသိုလ်ရှင်ဂြီဘုဝါရ်မ နှင့်ဂြီပြဘုဒေဝီအမည်များကို တွေ့ရှိရသည်။ သရေခေတ္တရာမြို့ဟောင်းတစ်နေရာ ဖိုးခေါင်ကန်ကုန်းမှတွေ့ရှိရသော မဏိတော်ကျိုးနေသည့် ကျောက်ဆင်းတုတစ်ဆူ၏ စမ္မခဏ်ပတ်လည်တွင် ပျူဘာသာနှင့်သက္ကတဘာသာရောစပ်ပြီး ရေးထိုးမှတ်သားလျက်ပါရှိရာ ဖတ်ရှုရနိုင်သမျှစာကြောင်းများ၏အဓိပ္ပာယ်အချုပ်မှာ ဇယစန္ဒြဝါရ်မန်နှင့်ဟရိဝိကြမ မင်းသားညီနောင်နှစ်ပါးတို့သည် တစ်နေ့တည်းတွင် မြို့နှစ်မြို့တည်ကြောင်း၊ ထိုညီနောင်နှစ်ပါးတို့သည် ဂူဟဒီပအမည်ရှိသော ရဟန်းကြီး၏ အဆုံးအမဩဝါဒကို ခံယူ၍တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်းဖြစ်သည်။ သို့သော်ထိုမြို့များ၏ အမည်နှင့်အကျယ်အဝန်းကိုမူ မသိရချေ။ ပျူနိုင်ငံ၏ မြို့တော်ဖြစ်သော သရေခေတ္တရာသည်အိန္ဒိယတောင်ပိုင်း ယဉ်ကျေးမှုလွှမ်းမိုးမှုကို အများဆုံးခံ ခဲ့ရသည်။ အထူးသဖြင့် အယူဝါဒဆိုင်ရာယဉ်ကျေးမှုတွင် လွှမ်းမိုးမှုအထင်ရှားဆုံးဖြစ်သည်။ ဟိန္ဒူအယူဝါဒ၊ မဟာယာနနှင့်ထေရဝါဒဗုဒ္ဓအယူဝါဒတို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့ကြောင်း အထောက်အထားများစွာတွေ့ရပေသည်။ မြို့တွင်းမြို့ပြင်၌ ဗိသုကာလက်ရာများဖြစ်သော ဗုဒ္ဓအယူဝါဒဆိုင်ရာစေတီပုထိုးနှင့်ဂူဘုရားများ တည်ရှိခဲ့ကြသည်နှင့်အမျှ အနုပညာလက်ရာမြောက်သော ကျောက်ဆစ်ရုပ်ကြွဆင်းတုများနှင့် အုတ်ပုံနှိပ်ရုပ်ကြွဆင်းတုများကိုလည်း အမြောက်အမြားထုလုပ်ပူဇော်ကြသည်။ ထင်ရှားသောမြေစိုက်အုတ်စေတီများမှာမြို့ရိုးအပြင်ရှိ ဘောဘောကြီး၊ ဘုရားကြီးနှင့်ဘုရားမာတို့ ဖြစ်ကြသည်။ ဂူဘုရားများအနက် လေးမျက်နှာ၊ ဘဲဘဲနှင့်ဈေးဂူနှစ်ဆူတို့မှာ စိတ်ဝင်စားဖွယ်ရာ လက်ရာများဖြစ်ကြသည်။ သာသနာအဆောက်အအုံပေါင်းများစွာမှာ ကာလကြာမြင့်၍ပြိုပျက်ပြီးနောက် အုတ်ကုန်းများအတိဖြစ်နေရာ ယင်းတို့ကို ရှင်းလင်းတူးဖော်ရှာဖွေရာ၌သာသနိက ရှေးဟောင်းပစ္စည်းများပေါ်ထွက်လေ့ရှိသည်။ ထိုအနက် အုတ်ခွက်ခေါ်သောပုံနှိပ်အုတ်ချပ်ဆင်းတု အမြောက်အမြားကို အနှံ့အပြား တွေ့ရှိရသည်။ ထိုအုတ်ခွက်တို့၏ မျက်နှာဘက်တွင်ဗုဒ္ဓရုပ်ပွားတော်ကိုလည်းကောင်း၊ ဗောဓိသတ် ဘုရားလောင်းပုံကိုလည်းကောင်း၊ ထုလုပ်ထား၍ အချို့တို့တွင် ရှေးဟောင်းနာဂရီ အက္ခရာဖြင့် 'ယေဓမ္မာဟေတုပြဘဝါ' အစရှိသောဂါထာရေးထိုးပုံနှိပ်ပါရှိ၏။ အချို့အုတ်ခွက်၏ ကျောဘက်တွင်ပျူဘာသာဖြင့် စာတမ်းတိုတို အနည်းငယ်ပါလေ့ရှိသည်။ သရေခေတ္တရာတွင် ဗုဒ္ဓအယူဝါဒထွန်းကားခဲ့ကြောင်းလက်ရေး အထောက်အထားများကိုလည်းတွေ့ရ၏။ ၁၈၉ရ ခုနှစ်က သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက် ၇ မိုင်ခန့်အကွာရှိ မောင်ကန် (သို့မဟုတ်လယ်ပေါ်)ရွာမှ ရှေးဟောင်း အရေးအသားပါရှိသော ရွှေချပ်လွှာနှစ်လွှာကိုတွေ့ရှိရသည်။ ရွှေချပ်လွှာနှစ်လွှာသည် စာသုံးကြောင်းရေး ပါဠိတော်ရွှေပေစာများဖြစ်ကြ၏။ အက္ခရာအရေးအသားမှာအိန္ဒိယတောင်ပိုင်းမှအက္ခရာများဖြစ်၍ စာသားတို့မှာဝိနည်းမဟာဝါပါဠိတော်လာ ယေဓမ္မာဟေ တုပ္ပဘဝါအစချီသည့်ဂါထာကိုအစပျိုး၍ဒီဃနီကာယ်ပါဠိတော်၊ မဇ္ဈိမနိကာယ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်ဝိဘင်းပါဠိတော်စသည်မှ ကောက်နုတ်ချက်တို့ကို ဆက်လက်ရေးသားထား ခြင်းဖြစ်၏။ ၁၉၁ဝ-ပြည့်နှစ်တွင် ဘောဘောကြီးဘုရားခြေရင်းမြေကြီးများ ရှင်းလင်းရာ၌ တွေ့ရှိရသော သုံးပိုင်း ကျိုးကျောက်ချပ်ငယ်တစ်ခုမှာ အဘိဓမ္မာဝိဘင်းပါဠိတော်လာ ဗုဒ္ဓပါဝစနများဖြစ်ကြောင်း သိရလေသည်။ ၁၉၂၆ ခုနှစ်တွင်ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘလုပ်သော တောင်ယာနှင့်ကပ်နေသည့် အုတ်ကုန်းဟောင်းမှ တူးဖော် ရရှိသည့်ရွှေချပ်လွှာ ၂ဝ (အဖုံးပါ၂၂) ချပ်မှာလည်း ပဋိစ္စသမုပ္ပါဒ ဒေသနာအစရှိသောပါဠိပိဋကတ်တော်မှ ကောက် နုတ်ချက်ကိုးခုပါရှိလေသည်။ ဗြဟ္မဏ (ဟိန္ဒူ) အယူဝါဒဆိုင်ရာ ကျောက်ဆစ်လက်ရာများမှာ များသောအားဖြင့် ဗိဿဏိုးနတ်ရုပ်များဖြစ်လေသည်။ သရေခေတ္တရာတွင် ရွှေဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတု၊ ငွေစေတီစသော အယူဝါဒဆိုင်ရာ ဝတ္ထုပစ္စည်းများကိုသာမက အနုပညာလက်ရာပြောင်မြောက်သောဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ပြုလုပ်သည်ကိုတွေ့ရှိရ၏။ လေးထပ်ပြင်ဘုရားအနီးမှလည်းကောင်း၊ ဆင်မကိုးဝန်တင်ကုန်းနှင့် မုံ့သည်မကုန်းတို့မှလည်းကောင်း၊ ဖော်ထုတ်ရရှိသည့် ကျောက်ပလ္လင်အပိုင်းအစများမှာ ကြာဖတ်ကြာလွှာများ၊မှန်ကူကွက်များနှင့် အမွမ်းအပြောက်တို့ဖြင့် အဆန်း တကြယ်ထုလုပ်ထားလေသည်။ တံကဲများ၊ သပိတ်များ၊ အရိုးအိုးများ၊ ဌာပနာတိုက်ဖုံးသည့် ကျောက်ပြားများနှင့် ခြင်္သေ့ရုပ်များတွင်လည်း ကျောက်ဆစ်လက်ရာ ထူးချွန်ပုံကို တွေ့မြင်နိုင်သည်။ ရွှံ့စေးကိုမီးဖုတ်၍ပြီးစေသော ရုပ်လုံးရုပ်ကြွများကိုလည်း လူရုပ်၊ ဘီလူးရုပ်၊ တိရစ္ဆာန်ရုပ်၊ ကြာပန်း ဖော်သော အုတ်တိုင်များအသွင် ဖန်တီးပြုလုပ်ကြလေသည်။ အယူဝါဒဆိုင်ရာယဉ်ကျေးမှုမှအပ ပျူလူမျိုးတို့၏နေထိုင်ဝတ်စားမှု ဓလေ့ထုံးတမ်းများနှင့်စပ်လျဉ်းသည့်ယဉ်ကျေးမှုသာဓကများကိုလည်း အတော်အသင့် ထုတ်ဖော်တွေ့ရှိရ၏။ ကျောက်မျက်ရတနာတို့ဖြင့်ပြီးသောလည်ဆွဲပုတီးများ၊ ငွေရေသောက်ဖလားများ၊ ငွေကွမ်းအစ်များ၊ငွေနံ့သာဘူးများ၊ ငွေကြာပန်းများ၊ လိပ်ပြာရုပ်၊ ဟင်္သာရုပ်၊ရွှေလက်စွပ်၊ ငွေလက်စွပ်များစသည်တို့ကိုထောက်ရှု၍ သရေခေတ္တရာ၏ စည်ပင်ဝပြောမှုနှင့်ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုတို့ကို သိသာလေသည်။ ပျူလူမျိုး တို့သည်သေဆုံးသည့်အခါ မီးသင်္ဂြိုဟ်သည့် အလေ့အထရှိကြ၏။ မီးကျွမ်းပြီးသောအရိုးစများနှင့်ပြာတို့ကို မြေအိုးများတွင် ထည့်သွင်း၍ ထိုအရိုးအိုးတို့ကိုအစုလိုက်အပြုံလိုက် မြုပ်နှံလေ့ရှိသည်။ သာမန်အရပ်သူအရပ်သားများအတွက် မြေအိုးများကိုအသုံးပြု၍ မင်းစိုးရာဇာတို့အတွက် ကျောက်အိုးများကိုအသုံးပြုကြောင်းလည်း သိသာသည်။ ပျူဒင်္ဂါးများဟု ခေါ်ဝေါ်သော အမှတ်လက္ခဏာများ ခတ်နှိပ်ထားသည့်ငွေပြားဝိုင်းများကိုလည်း သရေခေတ္တရာမြို့ဟောင်းနှင့်ပတ်ဝန်းကျင်တွင်တွေ့ရှိရ၏။ အမှတ်လက္ခဏာများမှာ သီရိဝစ္ဆ ပုံ၊ နေ၊ လနှင့်နက္ခတ်များပုံ၊ စကြာပုံ၊ ဝရဇိန်လက်နက်ပုံ၊ သမုဒ္ဒရာပုံစသည်တို့ဖြစ်၏။ ယင်းဒင်္ဂါးများမှာ ကျပ်ပြား အရွယ်၊ငါးမူးစေ့အရွယ်၊ မတ်စေ့အရွယ်များဖြစ်ရာ ငွေကြေးအဖြစ် အသုံးပြုဖွယ်ရာရှိသည့်အပြင် အန္တရာယ်ကင်း အဆောင်အယောင်အဖြစ် လည်ဆွဲဆင်ယင်ကြောင်း သိသာလေသည်။ သရေခေတ္တရာတွင် ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်စူးစမ်း လေ့လာမှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ကိုးကား Category:ပြည်ခရိုင် Category:ပဲခူးတိုင်းဒေသကြီး Category:မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ Category:ပျူခေတ် Category:မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ ကဏ္ဍ:ပျူမြို့ဟောင်းများ
ကုန်းဘောင်မင်းဆက်
ကုန်းဘောင်မင်းဆက် ဖြစ်ပေါ်လာပုံ ခရစ် ၁၇၅၂ ခု၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့် မိဘုရားတို့ ဟံသာဝတီသို့ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ် တလုံးတစည်းတည်း စုစည်းတည်ထောင် စုရုံးနိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို)မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာဆက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် အနော်ရထာမင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာဆက်ကိုလည်း ကျယ်ပြန့်နိုင်ခဲ့ကြသည်။ အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညင်းမင်းတရားအဆက် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင်အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခု၊ ဧပြီလ (၉)ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်းဇေယျထံသို့ မွန်အင်အားစု လာရောက် သစ္စာပေးသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့လည်း လာရောက် သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ခရစ် ၁၇၅၂ ခု၊ ဧပြီလ (၁၇)ရက်နေ့ မြို့သူကြီး ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ ထိုသို့ဖြင့် ကုန်းဘောင်းမင်းဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် ဥဩအော်မြည် ကုန်းဘောင်တည် ဟူ၍ မှတ်သားထားခဲ့ကြလေသည်။ ဘာကြောင့်ခေါ် ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ဂဗ္ဘေ ဓာတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။ ဦးမောင်မောင်တင် (K.S.M.A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့'ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ အလောင်းစည်သူမင်းတည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်မင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင် ပေါက်ဖွားခဲ့ခြင်း ဖြစ်၍ ' ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟုခေါ်ခြင်း အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မတမင်းမှစ၍ အာဒိစဝံသထိအနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းကို ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့်တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။ ကုန်းဘောင်မင်းဆက် လင်္ကာ ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁)ဆက် မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၂) နှစ်ကာလကို ကုန်းဘောင်ခေတ် ဟူ၍ ပိုင်ခြား သတ်မှတ်ခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်တို့၏ နန်းတက်နှစ်နှင့် နန်းသက်ကို နောင်လာနောက်သားတို့ အလွယ်တကူမှတ်မိစေရန် ရည်ရွယ်၍ လင်္ကာဖြင့် မှတ်တမ်းတင်ထားလေသည်။ အ-အာ-အောင်လား၊လောင်းဘုရား၊ ရွှေဘိုရှစ်နှစ်ထား (၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် နန်းတက်၍ ရွှေဘိုတွင် ရှစ်နှစ်နန်းစံသည်) အိမ်-အား- ကျားခေါ်၊ သားနောင်တော်၊သုံးနှစ်ရွှေဘိုပျော် (၁၁၂၂ ခုနှစ်တွင် သားဖြစ်သူနောင်တော်နန်းတက်၍ ရွှေဘိုတွင် ၃ နှစ် နန်းစံသည်) ဦး-အောင်-ချီ-မူ၊ ညီဆင်ဖြူ၊ ဆယ့်သုံးရွှေဘိုအင်းဝယူ (၁၁၂၅ ခုတွင် ညီတော်ဆင်ဖြူရှင် ရွှေဘိုနှင့်အင်းဝတစ်လှည့်စီ ၁၃ နှစ်နန်းစံသည်) အုံ-အူ-စား-ရူး၊ သားစဉ့်ကူး၊ ငါးနှစ် အင်းဝမြူး။ (၁၁၃၈ ခုတွင် သားတော် စဉ့်ကူးမင်း အင်းဝတွင်၅ နှစ်နန်းစံ သည်) အိမ်-ဦး၊ လှော်-ဆား၊ နောင်တော်သားရက်မောင်မောင် အင်းဝထား။(၁၁၄၃ ခုတွင် နောင်တော်ကြီးမင်း၏သား (ဖောင်းကားစားမောင်မောင် အင်းဝတွင် ၇ ရက် နန်းစံသည်) လောင်းဘုရားသားဘိုးတော်ကား ထိုနှစ်တောင်မြို့သွား( သုံးဆယ့်ရှစ်နှစ်)ထား။(၁၁၄၃ ခု တွင်အလောင်းဘုရား၏သား ဘိုးတော်မင်းသည် တောင်မြို့ (အမရပူရ) တွင် ၃၈ နှစ် နန်းစံသည်) အုံး-အား- ရေး- အီး၊မြေးဘကြီး၊ ဆယ့်ရှစ်အင်းဝမှီး။(၁၁၈၁ ခုနှစ် မြေးတော်ဘကြီးတော်မင်းသည် အင်းဝတွင် ၁၈ နှစ် နန်းစံသည်) အောင့်-အီး-ဟီ-ဟောင် ညီကုန်းဘောင်၊ ကိုးနှစ်မြို့ရှောင် (၁၁၉၉ ခုတွင် ညီတော်သာယာဝတီမင်းသည် တောင်မြို့(အမရပူရ)တွင် ၉ နှစ် နန်းစံသည်) အခေါင်နားရန်၊ သားပုဂံ၊ ခြောက်နှစ်တောင်မြို့ခံ။ (၁၂၀၈ ခုတွင် သားတော် ပုဂံမင်းသည် တောင်မြို့(အမရပူရ)တွင် ၆ နှစ် နန်းစံသည်) အင်း-ကံ-အားလုံး၊ ညီမင်းတုန်း (ဆ- ဝီ) မန်းမြို့ကုန်း (၁၂၁၄ ခုတွင် ညီတော် မင်းတုန်းမင်းသည် မန္တလေးတွင် ၂၆ နှစ် နန်းစံသည်) အုတ်-ကုန်း-လူနှော၊ သားသီပေါ ခွန်နစ်မန်းမြို့ပျော်။ (၁၂၄၀ ပြည့်နှစ်တွင် သားတော်သီပေါမင်း မန္တလေးမြို့တွင် ၇ နှစ် နန်းစံသည်) အင်း-ကော-လိပ်-တက်၊ မန်းမြို့ပျက်၊ နန်းသက်ကုန်ခဲ့ပြီ။( ၁၂၄၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကုန်ခဲ့ပြီဖြစ်သည်။) ကုန်းဘောင်မင်းဆက်တွင် မင်း (၁၁) ပါးရှိသည်။ ယင်းမင်းတို့၏ အမည်နှင့် အုပ်စိုးခဲ့သောကာလများကို အောက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့၏လက်အောက်သို့ ထိုကုန်းဘောင်မင်းများမှ မင်းသုံးပါးလက်ထက်တွင်တစ်စတစ်စနှင့် တစ်နိုင်ငံလုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။ (၇) ဆက်မြောက် စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက်တွင် ရခိုင်နှင့် တနင်္သာရီတို့ကျရောက်ခဲ့ပြီး (၉) ဆက်မြောက် ပုဂံမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝက် အောက်ပိုင်းကျရောက်ခဲ့ပြန်သည်။ (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင်မူ တစ်နိုင်ငံလုံးကျရောက်ခဲ့တော့သည်။ ပုဂံခေတ် မင်းခွေးချေးလက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့ရာ ပုသိမ်မြို့အထိဆုတ်ခွာပြေးခဲ့ရသဖြင့် မင်းခွေးချေးကို 'တရုတ်ပြေးမင်း'ဟု ခေါ်ခဲ့သည်။ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် မွန်တို့၏လက်အောက်သို့ကျရောက်ခဲ့သဖြင့် ထိုမင်းကို ဟံသာဝတီရောက်မင်းဟုခေါ်ခြင်း ဖြစ်သည်။ ပုဂံခေတ် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတော် အထက်ပိုင်းသာလျှင် တရုတ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝခေတ် ဟံသာဝတီရောက်မင်း လက်ထက်တွင်မူ တိုင်းရင်သား အချင်းချင်းဖြစ်သော မွန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ကုန်းဘောင်ခေတ် သီပေါမင်းလက်ထက်တွင် အဂင်လိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ခြင်းမှာ ယခင် ကုန်းဘောင်မင်းနှစ်ပါး (စစ်ကိုင်းမင်းနှင့်ပုဂံမင်း)၏ လက်ထက်တွင် ကျရောက်ခဲ့ပြီးဖြစ်သောမြန်မာနိုင်ငံ သုံးပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါသွားပြီး တစ်ပြည်လုံးအနေအထားနှင့် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ အမည်ငါးမျိုး ကုန်းဘောင်မင်းဆက် စတင်ရာ ရွှေဘိုမြို့ကို 'ငါးမည်ရပြည်ရွှေဘို'ဟု ခေါ်ဝေါ်ကြသည်။ ၎င်းငါးမည်မှာ(၁) ရန်ကြီးအောင်၊(၂) ကုန်းဘောင်၊ (၃) ရွှေဘို၊(၄) မုဆိုးဖို၊(၅) ရတနသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုးဖိုတွင် အလောင်းမင်းတရား မင်းအဖြစ်သို့ ရောက်ရှိပြီး ၁၁၁၅ ခုနှစ်တွင် မြို့နန်းတည်သောအခါတွင်မှရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဖို၊ ရတနသိင်္ဃ ဟူသော ကျန်လေးမည်သည် 'မုဆိုးဘို' ဟူ သော ပင်စည်ပင်ရင်းမှ ဝေဆာ၍ဖြာထွက်ခဲ့သော အကိုင်းအခက်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ကုန်းဘောင်မင်းဆက်ကို မုဆိုးဆက်ဟုလည်း ခေါ်သည်။ ပင်ရင်းမူလဖြစ်သော 'မုဆိုးဖို' အကြောင်းကို 'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်ကြီး' ပထမတွဲ စာမျက်နှာ (၆၇) တွင်- "ဘေးလောင်းတော် နရပတိစည်သူမင်းတရားကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ဤအရပ်သို့ရောက်လျှင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်၍ ဗောင်းဝန်းတိုက်အရပ်တွင် ဗောင်းဝန်းတော်ကိုထားသည်" ဟုရှိသည်။ ထို့ကြောင့် မုဆိုးဖိုသည် ပုဂံနရပတိစည်သူမင်း (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ပေါ်ထွန်းလာသည်ဟု ဆိုရမည်။ ဦးကုလား၏ 'မဟာရာဇဝင်တော်ကြီး' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ- "နန်းစဉ်စာရင်းချုပ်ကြီးတွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အလိုက် သုံးသိန်းပြုမြို့ မှသည် နှစ်ကျိပ်ပြုမြို့အထိ စာရင်းတွင် နှစ်ရာပြုမြို့ (၁၃)မြို့တွင် မုဆိုးဖိုမြို့ပါဝင်လျက်ရှိသည်" ကို တွေ့ရှိရလေသည်။ မည်သို့ပင်ဆိုစေ မုဆိုးဖိုအမည်သည် ရွှေဘိုမြို့၏ မူလအမည် ဖြစ်သည်။ ပုဂံခေတ်ကျောက်စာများတွင်မုဆိုးဖို ဟူ၍ တွေ့ရှိရသည်။ အချို့ကျောက်စာများတွင် မုဆိုးပို ဟူ၍လည်း တွေ့ရသေးသည်။ မုဆိုးငပိုအား မြေနယ်နိမိတ် အပိုင်းအခြားပေးအပ်ရာမှ မုဆိုးငပိုကို အစွဲပြု၍ မုဆိုးပိုမှ မုဆိုးဖို ဖြစ်လာသည်ဟု ဆိုသည်။ အဂင်လိပ်သံအမတ် ကပ်ပတိန် ဂျော့ဘေကာ၏ ရတနာသိဃင်ခရီးသွားမှတ်တမ်း၌ မုဆိုးဖိုကား အလောင်းမင်းတရားကြီးစိုးစံသော နေပြည်တော် ဖြစ်သည်။ အုတ်မြေသားတို့ဖြင့် လုပ်သော မြို့ရိုးဝိုင်းရံထားသည့် နန်းမြို့ဖြစ်သည်။ မြို့ရိုးသည် (၁၂) ပေထုရှိပြီး ပေ (၂၀)မြင့်၏။ မြေမြို့ရိုးတစ်ဖက်စီ ၌ အလျားသည် အလှမ်း တာတစ်ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်မှန်းမိသည်။ စတုဂံတံတိုင်းခတ်နန်းမြို့ ဖြစ်သည်။ နန်းမြို့တွင်း ၌ အိမ်ထောင်စုလေးထောင်ခန့် ရှိသည်။ မြစ်ရိုးမှ အတွင်းဘက်(၁၂) မိုင်အကွာ ညီညာသောမြေပြင်တွင် တည်ထားသောနန်းမြို့ဖြစ်သည်။ သို့သော် သဲမြေ၊ ဆားမြေ အလွန်ပေါသည်။ နေရာအနှံ့အပြား ၌ မြေမည်းများကို တွေ့ရ၏။ ယင်းမြေမည်းကို ကျိုချက်လိုက်ပါက ဆားများစွာ ထွက်သည်။ အနီးအနားဒေသများမှ အနည်းငယ် လုပ်အားစုက်ထုတ်လိုက်ရုံမျှနှင့် ယမ်းစိမ်းအမျိုးကောင်းရသည်။ လူများများ၏ လုပ်အားကိုသုံးလျှင် ယမ်းစိမ်း အမြောက်အမြား ရနိုင်သည်" ဟူ၍ ဖော်ပြထားသည်။ "ရတနာသိင်္ဃ" ဟူ၍ မှည့်ခေါ်ရခြင်းအကြောင်း မှာ ရတနာများစုဝေးရာဆုံရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာအတုလယသဓမ်မရာဇာဂုရုဆရာတော်ကြီး၏ နန်းစဉ်ပုစ်ဆာအဖြေတွင် " သိင်္ဃ ဆိုသည် ဆုံသည့်ရပ်" ဟုဖြေဆိုခဲ့၏။ မြို့တော်တည်ပြီး နှစ်ပေါင်း (၇၉) နှစ်အကြာ စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက် သီရီမဟာနန္ဒသင်္ကြန်မတ်ကြီး ရေးသားပြုစုသော 'သာသနာဝံသစာတမ်း' အရ 'သိင်္ဃ' ဟူသော ပါဠိဘာသာဖြင့် (လျင်သော) အနက်ကို ဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် (မရှည်)စသည်ဖြင့် သိင်္ဃဟုမသင့်၊ သိခင်ဖြစ်သင့်ကြောင်း စောဒကတက်ခဲ့၏။ မည်သို့ဆိုစေ သိင်္ဃကို စတုတ်ထအက်ခရာ (ဃ) ဖြင့် ရေးသားခြင်းသာလျှင် သမိုင်းကြောင်းအရ အမှန်အကန်ဆုံးဖြစ်သည်။ 'ရန်ကြီးအောင်မြို့'ဟု ခေါ်ဝေါ်ခြင်းအကြောင်းမှာ အေဒီ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှစ၍ အလောင်းမင်းတရားကြီး မင်းဧကရာဇ်အဖြစ်ယူတော်မူကာ ရန်သူအပေါင်းအား အောင်မြင်ရာဖြစ်သောကြောင့် ဆိုသည်။ 'ရွှေဘိုမြို့'ဟု ခေါ်ဝေါ်ခြင်းမှာ မုဆိုးဖိုအမည်ကို ကဏ်ဏသုခဖြစ်စေရန် ရွှေဖို၊ ရွှေပို ဟူ၍ တင်စားခေါ်ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားသော်လည်း လူသိနည်းသော အမည်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားသော 'အယုဇ်ဈပူရ'ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် 'အယုဇ်ဈပူရမည်သော ရတနာသိဃင်ကုန်းဘောင်ရွှေပြည်ကြီး' ဟူ၍ အမြဲသုံးစွဲသည်။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးနှင့် မင်းတုန်းမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာများတွင် အယုဇ်ဈပူရ ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။ အယုဇ်ဈပူရ၏အဓိပ်ပာယ်မှာ "စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်" ဟူ၍ ဖြစ်သည်။ ကုန်းဘောင်မင်းဆက်သည် မြန်မာသမိုင်း၌ နောက်ဆုံးမင်းဆက်ဖြစ်၍ လည်းကောင်း၊ မင်းဆက်မများဘဲမှတ်သာရန်လွယ်ကူ၍ လည်းကောင်း ယခုတိုင် မြန်မာတိုင်းလိုပင် လက်ချိုးရေတွက် ပြသနိုင်သည်။ ကုန်းဘောင်မင်းဆက်(၁၁) ဆက်ကို အလွယ်တကူရေတွက်ရန် အောက်ပါတေးတပ်ကို ရေးဖွဲ့ ထားလေသည်။ ကုန်းဘောင်မင်းဆက်တေးထပ် ဦးအောင်ဇေယျအမှူးမြောက်ထူးတစ်ယောက်တင်မူ၊ (ဦးလောက်) ပ ဘုရင်တစ်ဆူ၊ ဆင်ဖြူရှင်စခန်း စဉ့်ကူးမင်းကောင်းစားမီ၊ ဖောင်းကားညီလုတဲ့ ရွှေနန်း၊ ဦးဝိုင်းပ ပထမခေါင်ပျော်၊ မြနောင်တော်ရေဖျန်းအမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊ရွှေစာတမ်းဖွဲ့ပြန်၊ ကုန်းဘောင်ပျော်နေလိုဝင်း၊ ရွှေမင်းသားမြတ်ပုဂံချမ်းအေးဖို့ ပန်း မွှေးပန်၊ မန္တလေးစံတောင်လက်ရုံးရယ်နှင့်မင်းတုန်းမင်း သီပေါအရှင် ထီးနန်းနှင့်ပလ်လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။ ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များ လည်းပါဝင်သည်။ ဝမ်းသာစရာအကြောင်းများလည်း ပါဝင်သည်။ ကုန်းဘောင်းမင်းဆက် ၌ မင်း (၁၁)ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ်ပါဝင်သလို မင်းသာမန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက် ၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာအလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား)နှင့်ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီးစားသောက်မှု၊ အရက်သေစာသောက်စားမှုတို့ကို တားမြစ်ခဲ့သည်။ ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ နှင့်စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ်၊ အမတ်ရာဇဗလ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ ဝက်မစွတ်၊ နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ၊ စာဆိုတော်ဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ အနောက်နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ၊ ဦးကြင်ဥ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။ ကုန်းဘောင်ခေတ် ဂီတစာဆိုတော်များအနက် မင်းလက်ဝဲနော်ရထာဘွဲ့ခံ ဦးနေ၊ ဦးလွန်းပြေ၊ စာဆိုတော် ဦးမြတ်လှ၊ အမတ်မင်းသိဂင်ရ၊ စာဆိုတော် မယ်လုပ်၊ဇေယျပတေ့အမတ်၊ ရွှေလိုက်စာရေးဦးမင်းအောင်၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မြဝတီမင်းကြီး ဦးစ၊ ပခန်းမင်းသားကြီး၊ သံတော်ဆင့် ဦးအောင်ပန်း၊ မင်းသားမောင်ကုတ်တေး၊ ဆိုင်းဆရာကြီး ဦးယား၊ စာဆိုဦးတရုတ်၊ မြင်စိုင်းမင်းသား၊ မြစ်ဝိုင်းမင်းသမီး၊ ပြင်စည်မင်းသား၊သာယာဝတီဦးဝိုင်း၊ ဦးကျောက်ခဲ၊ ဆောမြို့စား မင်းဦးစီး၊ စုံနံ့သာမြိုင်ဦးကြော့၊ စာရေးတော်ကြီး ဦးမောင်ကလေး၊ တဘက်ဆွဲရွစား ဦးမြတ်ရစ်၊ မောင်မောင်ဘ၊ မောင်မောင်ဘေ၊ ဆရာမွှန်းကြီး၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဒေဝဣန်ဒာ မောင်မောင်ကြီး၊ ဦးတေနောင်၊ ကန်နီစစ်ကဲ မင်းထင်ရာဇာ၊ မင်းကျော်ရာဇာ၊ နားခံတော်ဝေါကြီးမှူးဦးချုံ၊ စင်တော်ကြီးမင်းသား ဦးသာပြော စသည်တို့ မှာ ထင်ရှားလေသည်။ ကုန်းဘောင်ခေတ်၏ ပညာရေးနှင့် စပ်လျဉ်း၍ မြန်မာစာပေ သာမက ပြင်သစ်စာပေ၊ အဂင်လိပ်စာပေများကိုလည်း လေ့လာလိုက်စားကြသည်။ မန်တလေးမြို့တွင် အဂင်လိပစာသင်ကျောင်းပင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် စစ်မှုထမ်းများကို ဘောင်းဘီများဝတ်ဆင်၍ အီတလီလူမျိုး၊ ပြင်သစ်လူမျိုးဆရာများနှင့် ကြပ်မတ် သင်ကြားစေသည်။ ရှေးအခါက မင်းမှုထမ်းကိစ်စအတွက် ခြေလျင်တော်၊ လှေလျင်တော် များကိုသာ အသုံးပြုသော်လည်း ၁၂၃၅ ခု (၁၈၇၃ ခုနှစ်)မှစ၍ ကြေးနန်းရုံတော်များ ပေါ်လာသည်။ မင်းတုန်းမင်းလက် ထက် ၌ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ နေပြည်တော်တွင် ရက်ကန်းရုံတော်ကြီး၊ ဆန်ကြိတ်ရုံများ၊ လက်နက်လုပ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ ဖန်ချက်ရုံ၊ မဲနယ်စက်ရုံ၊ ဒဂငါ်းစက်ရုံ စသည်ဖြင့် စက်မှုလက်မှုရုံပေါင်း (၅၀) ကျော်တို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင်မန်တလေး ရတနာပုံနန်းမြို့ အတွင်း ၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေသော 'ရတနာပုံနေပြည်တော်သတင်းစာ 'အမည်ဖြင့် သတင်းစာပင် ပေါ်ပေါက်နေလေပြီ။ ကုန်းဘောင်ခေတ်တွင် ယဉ်ကျေးမှုဘက် ၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုဟုဆိုရာ ၌ အလှအပကို ဖန်တီးသမျှ ပညာရပ်များသာမက လူတို့၏အတွင်းစိတ်ကို လှပစေရန် ပြုပြင်ဖန်တီးပေးသော ကိုးကွယ်ယုံကြည်မှုများလည်း အကျုံးဝင်လေသည်။ ကုန်းဘောင်ခေတ်တွင် အရေးပါသော ဘာသာကြီးသုံးခုမှာ ဗုဒ်ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ်စလာမ်ဘာသာတို့ ဖြစ်သည်။ ဗုဒ်ဓသာသနာသည် မင်းနှင့်ပြည်သူအများစု ကိုးကွယ်သောဘာသာဖြစ်ပြီး ထေရဝါဒဗုဒ်ဓဘာသာမှာ အင်အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ဂါထာမန်တရား၊ လက်ဖွဲ့၊ အင်းအိုင်၊ခါးလှည့်၊ယတြာ အစရှိသော မဟာယန ဗုဒ်ဓဘာသာအလေ့အထများကိုလည်း လက်ခံလျက်ရှိကြောင်း တွေ့ရ၏။ ဗုဒ်ဓဘာသာတွင် အတင်ဂိုဏ်းနှင့် အရုံဂိုဏ်း ကွဲပြားမှုသည် ညောင်ရမ်းခေတ်မှစတင်ပြီး ကုန်းဘောင်ခေတ်အထိ ရှိနေခဲ့၏။ သကင်န်းကို ပခုံးတစ်ဖက်မှာ တင်သွင်းလိုသော ရဟန်းသံဃာများက အတင်ဂိုဏ်းတွင် ပါဝင်ပြီး သကင်န်းကို လုံလုံခြုံခြုံရုံပြီးသွားမှသာလျှင် ဝိနည်းတော်နှင့်ညီသည်ဟုယူဆသော ရဟန်းများက အရုံဂိုဏ်းဝင်များ ဖြစ်ကြ၏။ ညောင်ရမ်းခေတ်ဘုရင်များက ၎င်းင်းပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ နောင်တော်ကြီး (ဒီပဲယင်းမင်း) မင်းလက်ထက်တွင်လည်း အတင်ဂိုဏ်းကိုပင် အသိအမှတ်ပြုခဲ့၏။ ဆင်ဖြူရှင် (မြေဒူးမင်း) မင်းမှာလည်း စစ်မက်များတိုက်ခိုက်နေရသဖြင့် ၎င်းင်းပြဿနာ မဖြေရှင်းနိုင်ခဲ့ပေ။ စဉ့်ကူးမင်းလက်ထက်တွင် ဂိုဏ်းနှစ်ခုမှပုဂ်ဂိုလ်များကို အချေအတင်ပြောစေခဲ့သော်လည်း ဘုရင်က ပြတ်ပြတ်သားသား အဆုံးအဖြတ်မပေးနိုင်ခဲ့ပေ။ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက်တွင် နှစ်ဖက်ပုဂ်ဂိုလ်များ အချေအတင်ပြောစေသောအခါ အရုံဂိုဏ်းက ပိုင်နိုင်စွာ ပြောဆိုနိုင်သဖြင့် အရုံဂိုဏ်းကို မှန်ကန်သောဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့၏။ ဗဒုံမင်းသည် ပြတ်သား၍ အတွေးအခေါ်အယူအဆကောင်းသူ ဖြစ်သည်။ ၎င်းင်းလက်ထက်မှာပင် သာသနာပြုရာထူး ပေါ်ပေါက်ခဲ့သည်။ မင်းတုန်းမင်းသည် ၎င်းင်းလက်ထက်တွင် ဗုဒ်ဓသာသနာကို တည်တံ့ခိုင်မြဲသန့်ရှင်းစေရန် ရည်ရွယ်သောအားဖြင့် ပဉ်စမသဂငါ်ယနာ တင်ခဲ့၏။ ခရစ်ယာန်သာသနာသည် ပေါ်တူဂီများနှင့် အတူ (၁၅) ရာစုမှစ၍ ရောက်လာခဲ့သည်ဟု ယူဆရန်ရှိသည်။ ပေါ်တူဂီတို့သည် လက်နက်အသစ်များ ကိုင်တွယ်တတ်သဖြင့် ဘုရင်တို့က မြှောက်စားခဲ့ကြ၏။ တောင်ငူခေတ်တွင် ရိုမင်ကတ်သလစ် သာသနာဝင်ဂိုဏ်းမှ သာသနာပြုများ အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ကြ၏။ ၎င်းင်းတိုမှာ သိပ်ပံပညာ၊ ဆေးပညာကျွမ်းကျင်သူများ ဖြစ်သောကြောင့် သာသနာပြုရာတွင် အခွင့်သာကြလေသည်။ ညောင်ရမ်းခေတ်တွင် ငစင်ကာ အုပ်ချုပ်နေသော သန်လျင်သိမ်းပိုက်ပြီးနောက် ခရစ်ဘာသာဝင်များကို စစ်ကိုင်းခရိုင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့၊ မုံရွာ၊ အမြင့်၊ နဘက် စသည့် ရွာ(၁၆) ရွာတွင် နေရာချထားပေးခဲ့ကာ မိမိတို့အစုနှင့် နေထိုင်ကြပြီးသာသနာပြုပုဂ်ဂိုလ်များလည်း မကြာခဏရောက်ကြ၏။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ကျမ်းစာလေ့လာခွင့်များ ရရှိခဲ့ကြ၏။ ကုန်းဘောင်ခေတ်ဦးပိုင်း ဟံသာဝတီကို အလောင်းမင်းတရား အောင်မြင်သောအချိန်တွင် မွန်တို့ဘက်မှဘက်မှ ပါဝင်ကူညီခဲ့သော ပြင်သစ်များကို အထက်မြန်မာနိုင်ငံ နဘက်၊ ချောင်းဦး စသောရွာများ အပါအဝင် (၁၂)ရွာ၌ နေရာချပေးခဲ့၏။ သာသနာပြုပုဂ်ဂိုလ်များက လက်တင်ဘာသာသင်ကြားပေးပြီး ပညာထူးချွန်သူများကို ရောမသို့ ပညာသင်ရန် စေလွှတ်ခဲ့လေသည်။ ၁၈၁၃ ခုတွင် နှစ်ခြင်းဂိုဏ်းမှ ဆရာယုဒသန် (ဒေါက်တာဂျပ်ဆင်) ရောက်လာပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့၏။ ၎င်းင်းကိုယ်တိုင် မြန်မာစာပေကိုလေ့လာ၍ 'မြန်မာ- အဂင်လိပ်အဘိဓာန်'ကို ပြုစုခဲ့၏။ ၎င်းင်းဂိုဏ်းမှ သာသနာပြုပုဂ်ဂိုလ်များသည် အိမ်ထောင်ပြုခွင့်ရှိသဖြင့် ဇနီးပါလာသောကြောင့် သာသနာပြုလုပ်ငန်း ပိုမိုအောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဇနီးများက မပြည့်စုံသော ကလေးသူငယ်များကို ကျွေးမွေးပြုစု၍ ပညာပေးခြင်း စသော လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြ၏။ အောက်မြန်မာနိုင်ငံတွင် သာသနာပြုကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တွင် အဂင်လိကန်ဂိုဏ်းမှ သာသနာပြု ဒေါက်တာမတ် (ဆရာမှတ်ကြီး) ကို မန်တလေးသို့ ခေါ်ယူ၍ မြေနေရာနှင့် ငွေကြေး ထောက်ပံ့ခဲ့၏။ သာသနာပြုခွင့်၊ ကျောင်းဖွင့်ခွင့်ပေး၏။ အဓိကရည်ရွယ်ချက်မှာ သားတော်များကို အဂင်လိပ်စာသင်ကြားနိုင်ရေးပင် ဖြစ်သည်။ အစ်စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက်စော၍ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံကျောက်စာအချို့တွင် ' ပန်သိယ်'၊' ပသည်' ဟု ရေးသားထားသဖြင့် ပုဂံခေတ်ကပင် အစ်စလာမ်ဘာသာဝင်များ ရှိလိမ့်မည်ဟု ဆိုနိုင်လေသည်။ ကုန်းဘောင်ခေတ် ရောက်သောအခါ မွတ်စလင်အများအပြား ရှိနေလေပြီ။ မဏိပူရမှလာသော မွတ်စလင်များကို' အက်ကပတ် ' ဟု ခေါ်ပြီး မြန်မာမွတ်စလင်များကို ' ဇေတပါဒီ ' ဟု ခေါ်လေ့ ရှိသည်။ စစ်မှုရေးရာနှင့် ကုန်သွယ်မှုတွင် ထူးချွန်သူများ ဖြစ်၏။ အက်ကပတ်မြင်းအစုသည် လွန်စွာ ထင်ရှားသော မြင်းမှုထမ်းများ ဖြစ်လေသည်။ အလောင်းဘုရားလက်ထက်မှ စ၍ မွတ်စလင်များ တိုးတက်လာရာ ဘိုးတော်ဘုရားလက်ထက်တွင် မွတ်စလင်စစ်မှုထမ်းများကို ညောင်ရမ်း၊ မိတ်ထီလာ၊ ရမည်းသင်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ မြေဒူး၊ ဒီပဲရင်း စသော ဒေသများ၌ နေမြေ၊ စားမြေပေးသည့် အပြင် အခွန်လွတ်ခွင့်လည်း ပေးခဲ့၏။ မွတ်စလင်တို့၏ ကုလားပျိုသေနတ်အစုမှာ ထင်ရှား၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများဖြစ်သောကြောင့် နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် အမှုထမ်းခဲ့ကြရ၏။ ၎င်းင်းတို့အတွက် ဗလီဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ရွှေပန်နက်စိုက်ပေးခဲ့ကြောင်း သိရပေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အိန်ဒိယသို့ သတင်းထောက်လှမ်းရန် စေလွှတ်ခံရသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြပြီးအထင်ရှားဆုံးမှာ ဦးရွှေတုတ် ဖြစ်၏။ မင်းတုန်းမင်းလက်ထက်တွင် ကြွယ်ဝသော မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ပေးအပ်ခဲ့၏။ ဘုရင်က သဘေငာ်ဝယ်ယူအသုံးပြုသောအခါတွင် ဘုရင့်သဘေငာ်ကပ်ပိန်အဖြစ် အမှုထမ်းသော ဦးမြနှင့် လက်နက်ရုံ ကြီးကြပ်သူဦးပွင့်တို့မှာ မွတ်စလင်များပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီးသုံးခုအပြင် ရှေးအခါက စ၍ အမြစ်တွယ်လာခဲ့သော နတ်နဂါးကိုးကွယ်မှုနှင့် ဗြဟ်မဏအယူဝါဒများလည်း ကုန်းဘောင်ခေတ်တွင် ဆက်လက် ရှင်သန်လျက်ပင် ရှိပေသည်။ ကုန်းဘောင်ခေတ်တွင် ဘာသာယုံကြည်ကိုးကွယ်မှုများ တိုးတက်ထွန်းကားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ဗိသုကာ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာရပ်များ နယ်ပယ်၌ လည်း ထွန်းကားခဲ့သည်ကို တွေ့ရလေသည်။ ဗိသုကာပညာရပ်နှင့် နှီးနွယ်နေသော ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်၊ ပန်းပု၊ ပန်းချီ ပညာရပ်များ များစွာတိုးတက် ထွန်းကားလာခဲ့သည်။ ကုန်းဘောင်ခေတ်ပန်းချီပညာနှင့် ပတ်သက်၍ ရွှေရေးပန်းချီ၊ ယွန်းထိုးပန်းချီ၊ဆေးရေးပန်းချီ ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်လေသည်။ ယွန်းထိုးပန်းချီမှာ ပုဂံခေတ်မှခတ်ခဲ့သော ပညာရပ် ဖြစ်သည်။ ယွန်းထည်ပေါ်တွင် ကညစ်ဖြင့်ရေးခြစ်ပြီး ဆေးရောင်သွင်းသော အတတ်ပညာ ဖြစ်၏။ ကုန်းဘောင်ခေတ်တွင် လူသုံးပစ်စည်းအဖြစ် ယွန်းထည်များကို ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။ အဆင့်အတန်းအမြင့်ဆုံး ပင်မပန်းချီပညာရပ်မှာ ဆေးရေးပန်းချီ ဖြစ်သည်။ ၎င်းင်းပညာသည် ကမ်ဘာသုံးပန်း ချီပညာဖြစ်ပြီး ပုဂံခေတ်မှစ၍ အဆင့်အတန်းမြင့်ခဲ့လေသည်။ မြန်မာ- ဆေးရေးပန်းချီသည် ကနုတ်(ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ကြာဖူး စသည်တို့ပုံကို အခွေအလိပ်များအဖြစ် ရေးဆွဲခြင်းပြီး ခြူးပန်းခြူးနွယ်ဟူ၍လည်း သိရှိကြ၏။ )' နရီ ' (မိန်းမရုပ်ရေးဆွဲခြင်းကို ဆိုလိုသော်လည်း နောက်ပိုင်းတွင် လူရုပ်အမျိုးမျိုးရေးဆွဲခြင်း ပါဝင်လာ၏။)' ကပီ ' (မျောက်ရုပ် ဟု အဓိပ်ပာယ်ရှိသော်လည်း ဘီလူး၊ ဂဠုန်၊ နဂါး စသော အရုပ်များကို ကနုတ်ပန်းများနှင့် ရောနှောရေးဆွဲခြင်း ဖြစ်သည်။) ' ဂဇာ ' (ဆင်၊ မြင်းစသော တိရစ်ဆာန်များကို ကနုတ်ပန်း စသော အဆင်တန်ဆာမပါ ရိုးရိုးရေးဆွဲခြင်း ဖြစ်သည်။) ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများတွင် အနီးအဝေး၊ အလင်းအမှောင် မှန်ကန်မှုမရှိ၊ ဆေးရောင်အမျိုးအစားလည်း နည်းပါးသော်လည်း ခေတ်နှောင်းပိုင်းတွင် အဆင့်အတန်းမြင့်မားလာပြီး အနီးအဝေး၊ အလင်းအမှောင်၊ ဆေးရောင်များ ကောင်းမွန်လာသည်ကို တွေ့ရလေသည်။ ကုန်းဘောင်ခေတ်တွင် ဆေးရေးပန်းချီအမှုထမ်းများကို ပန်းချီတော်အဖြစ် ခန့်ထား၍ အဆောက်အအုံများအပြင် မိဘုရား၊သားတော်၊ သမီးတော်များ ဗဟုသုတပွားများစေရေးအတွက် လေ့လာကြည့်ရှုမှတ်သားရန် ငါးရာ့ငါးဆယ် နိပါတ်ရုပ်စုံများ၊ နန်းဓလေ့မှတ်တမ်းများကို ပုရပိုက်ဖြူများတွင် ဆေးရောင်စုံဖြင့် ရေးဆွဲစေခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာ့ပန်းချီ၏ ထူးခြားချက်မှာ အမြင်မှန်ရေးဆွဲနည်း ဖြစ်၏။ သက်ရှိ၊ သက်မဲ့အရာဝတ်ထုများ ရေးဆွဲးရာတွင် အိမ်နံရံစသည်တို့ကို ဖောက်ထွင်းမြင်ရပုံ ရေးဆွဲခြင်းပင် ဖြစ်သည်။ အသုံးပြုသောဆေးများမှာ အနီရောင်အတွက် ဟသင်ပြဒါး၊ အဝါအတွက် ဆေးဒန်း၊ အပြာအတွက် ဒုတ်ထာနှင့် မဲနယ်၊ အနက်အတွက်ကျပ်ခိုး၊ အဖြူအတွက် မြေဖြူနှင့်ထုံး တို့ဖြစ်သည်။ အစိမ်းရောင်ရရှိရန် ဆေးဒန်းနှင့် ဟသင်ပြဒါးရော၍သော်လည်းကောင်း၊ သစ်ရွက်ရည်ကိုသော်လည်းကောင်း သုံးလေ့ရှိ၏။ ၎င်းင်းပင်ရင်းဆေးရောင်များကို ရောစပ်ပြီး ပုစွန်ဆီ၊ဂဠုန်အန်ဖတ် (အညိုပုတ်) စသော အရောင်များရအောင် လုပ်ဆောင်လေ့ရှိကြ၏။ ဆီဆေးဖြင့်ရေးဆွဲရာတွင် ဆေးကို ပိုက်ဆံဆီနှင့် ရောနှောပြီး ရေးဆေးဖြင့် ရေးဆွဲသည့်အခါ တမာစေးနှင့် ရောလေ့ရှိ၏။ ပုံကြမ်းရေးဆွဲရန် မီးသွေး တောင့်ငယ်များရရှိရေးအတွက် သင့်လျော်သောအရွယ် ထင်းချောင်းငယ်များကို မီးဖုတ်ယူကြရ၏။ စုတ်တံကိုနွား၏နားအတွင်းမှ အမွေးနုများဖြင့် ပြုလုပ်ကြပေသည်။ ကုန်းဘောင်ခေတ်တွင် ကြေးထည်ဖြင့် ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊မျက်ပါးခတ်လုပ်ငန်းများလည်း ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်း အခွန်တော်များစွာ ရစေသောလုပ်ငန်းမှာ မျက်ပါးခတ်လုပ်ငန်း ဖြစ်သည်။ ရွှေကိုပါးလွှာအောင်ခတ်၍ရွှေဆိုင်းများ လုပ်သော လုပ်ငန်းဖြစ်လေသည်။ ဤအကြောင်းအရာများကား မြန်မာတို့ခေတ်ကို အမီလိုက်လာပုံ၊တိုးတက်လာပုံကို ပြသသဖြင့် ဂုဏ်ယူဖွယ်ရာများ ဖြစ်တော့သည်။ ကုန်းဘောင်ခေတ်တွင် ဝမ်းနည်းစရာအဖြစ်အပျက်များကား နောင်တော်ကို ညီတော်များက ပုန်ကန်ခြင်း၊ ခမည်းတော်,ဘထွေးတော်များကို သားတော်၊တူတော်များက ပုန်ကန်ခြင်းများနှင့် နန်းတော်ထဲတွင် သူဘက်ငါ့ဘက် ဟူ၍ တကွဲကွဲအပြားပြား ဖြစ်နေကြခြင်းများ ဖြစ်သည်။ ကုန်းဘောင်မင်းများသည် မြို့တော်များ မကြာခဏ ရွေ့ပြောင်းခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့ကဲ့သို့ပင်လယ်ဆိပ်ကမ်းတွင် မြို့တော်မပြုလုပ်ခဲ့သဖြင့် ထွန်းကားနေသော စက်မှုလက်မှု တိုးတက်မှုများနှင့် အဆက်အသွယ်မရရှိခဲ့ပေ။ ထိုသို့မရရှိခဲ့ခြင်းပင်လျှင် မြန်မာနိုင်ငံ ဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မည်သို့ဆိုစေကာမူ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မြန်မာ့မြေပေါ်၌ အဂင်လိပ်နှင့်ပြင်သစ်တို့ အပြိုင်အဆိုင် ဖြစ်နေကြသည်။ မြန်မာဘုရင်က ပြင်သစ်တို့အား အထူးအခွင့်အရေးများပေးပြီးလျှင် မဟာမိတ်စာချုပ်များ၊စီးပွားရေးစာချုပ်များ ချုပ်ဆိုသည်ကို အဂင်လိပ်တို့က အထူးမခံမရပ်ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းကို ပြင်သစ်တို့ သိမ်းပိုက်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မကင်းဖြစ်ကြသဖြင့် အဂင်လိပ်တို့က မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ထက် အလျင်အမြန် လက်ဦးမှုရရှိအောင် သိမ်းယူလိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အနောက်လက်နက်နိုင်ငံကြီးများ စားခွက်လုမှုကြောင့် မြန်မာနိုင်ငံသည် ထီးသုဉ်း၊နန်းသုဉ်း၊မင်းသုဉ်းပြီးနောက် တစ်မျိုးသားလုံး ကျွန်ဘဝကရောက်ကာ မြန်မာဘုရင် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရပေသည်။ ထိုအချိန်မှစ၍ မြန်မာ့သမိုင်း ၌ မြန်မာနိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်းဖြစ်အောင် ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ကုန်းဘောင်မင်းဆက်သည် (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင် စုံးစုံးမြုပ်ကာ မြန်မာ့သမိုင်းတွင် တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ရပေသည်။ ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း အလောင်းမင်းတရား (၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်) နောင်တော်ကြီးမင်း (၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။ ၎င်းလက်ထက်တွင် အလောင်းမင်းတရား၏ရဲဘက်တော်ဟောင်း မင်းခေါင်နော်ရထာ၏ပုန်ကန်မှု နှင့် ဘထွေးတော် တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူတို့၏ ပုန်ကန်မှု ကဲ့သို့သော ပုန်ကန်မှုများကို အောင်မြင်စွာနှိမ်နင်းနိုင်သည်။ ထူးခြားမှုအနေဖြင့် ပုန်ကန်သူများအား သေဒဏ်မပေးဘဲ နေမြဲစားမြဲအတိုင်းသာ စားစေသဖြင့် စိတ်နှလုံးကြီးမြတ်သော မင်းအဖြစ် နှောင်းဆရာတို့သတ်မှတ်ထားသည်။ ဆင်ဖြူရှင်မင်း (၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။ အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။ စဉ့်ကူးမင်း (၄)သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။ ဖောင်းကားစား မောင်မောင် (၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။ ဗဒုံမင်း (၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပထမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။ ဘကြီးတော် (၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအင်းဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။ သာယာဝတီမင်း (၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား စစ်ကိုင်းမင်း ၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။ ပုဂံမင်း (၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။ မင်းတုန်းမင်း (၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။ သီပေါမင်း (၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ဗြိတိသျှကိုလိုနီကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။ သုံးသပ်ချက် ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။ သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၎င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။ ကုန်းဘောင်အိမ်တော်အကြီးအကဲများ သီပေါ‌‌မင်းမြတ် နတ်ရွာစံပြီး၍ အသျှင်နန်းမတာ်စုဘုရားလတ် မြန်မာပြည်သို့ ကြွရောက်လာခဲ့ရာတွင် ကုန်း‌ေဘာင်အိမ်တော်အကြီးအကဲများသည် ဘုရင်စနစ်ချုပ်ငြိမ်းသည့်တိုင် ကျန်ရှိနသးရာ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလတ်မှစပြီး ‌ေတွက်ထားသည်။ ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:ကုန်းဘောင် မင်းဆက် ကဏ္ဍ:ကုန်းဘောင်ခေတ်
စဉ့်ကူးမင်း
စဉ့်ကူးမင်း (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း ဖြစ်သည်။ ရတနာပူရမြို့တည် မြေဒူးမင်း (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် အလောင်းမင်းတရားကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် ဗဒုံမင်း) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။ ခမည်းတော် ဆင်ဖြူရှင်မင်းတရားသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ၎င်းနှစ် ပြာသိုလဆန်း(၁၅)ရက်၊ တနင်္လာနေ့ နံတော်၏ ဂဟပတိအရပ် ဖြစ်သော ရွှေနန်းတော်၏ အနောက် ငါးရာဖျားသနပ်ခြံဝယ် မဟာသင်္ကြန်တော်ကြီး ခေါ်တော်မူပြီးလျှင်ရွှေစလွယ်ရ ဝန်ထောက်မင်း ဦးမောင်မောင်တင်(I)K.S.M,A.T.M ၏ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး စာအုပ်မှ ထီးဆောင်းမင်္ဂလာ မဟာဦးကင်းသ ဖွင့်တော်မူကာ ရာဇဘိသေကခံ၍ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ်နာမတော်ကို ခံယူတော်မူသည်။ မင်းစည်းစိမ်(၅)နှစ်နှင့် (၈)လ၊ သက်တော်(၂၅)နှစ် (၈)လ ရောက်လတ်သော် အာစရဝိပ္ပတ္တိဖြင့် နန်းကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ တပေါင်းလဆန်း (၄)ရက်နေ့တွင် ဆဒ္ဒါဆင်မင်း သခင် (ဘိုးတော်ဘုရား)မင်းတရားကြီးက ရေမှာဖျောက်တော်မူသည်။ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား ဖောင်းကားစား မောင်မောင်က ဘုရင် အယောင်ဆောင်ပြီး နန်းတွင်းသို့ ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။ ထိုမင်းနန်းကျလိုသော် တောင်အရပ်က လိပ်ပြာ မိုးလုံးပြည့်မျှ ပျံလာ၍ မြစ်မြောက်ဘက်သို့ ကူး၏။ မြို့ရိုးတံခါးတွင် ဆင်ရိုင်းကျ၍ သေ၏။ တံခွန်ပြ၏။ တစ်မိုးလုံး သွေးပေါက်ကဲ့သို့ ခြင်းခြင်းနီ၏။ မြို့ရိုးပတ်လည် အစိတ်စိတ်ကွဲ၏။ ပင်းယ ရွှေစည်းခုံပြို၏။ မိဖုရားများ မိဖုရားခေါင် စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးကား မြင်းစုကြီးဝန်သမီး စစ်ကိုင်းမြို့စား သီရိနန္ဒာဒေဝီဘွဲ့ခံ ရှင်ဘွားနှင့် ကျီဝန်အတွင်းဝန်မင်းကြီး နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့ သင့်မြတ်ရာတွင် သက္ကရာဇ် ၁၁၂ဝပြည့်နှစ်တွင်မြင်သည့် သမီးတော် ရှင်မင်း ဖြစ်သည်။ ၁၁၃၈ ခု မဟာရတနာစန္ဒာဒေဝီအမည်နှင့် ဘိသိက်ခံတော်မူသည်။ ထိုမိဖုရားသည် သက္ကရာဇ် ၁၁၃၉ ခု၊ တပေါင်းလဆန်း (၁၅)ရက်၊ ကြာသပ​​​​တေးနေ့၊ စစ်ကိုင်းဘက် ဝတ်ချက်ရွာအောက်၊ အာလိန်ငါးဆင့်နှင့်တကွ ဧရာဝတီမြစ်နား ကျောက်စံကတော်ကျောင်းရာဟောင်းတွင် ဆန်းကြယ်လှပသော သုံးထပ်ဇေတဝန် ကျောင်းတော်ကို ဆောက်၍ ရတနာစံလွတ်သမုတ်ပြီးလျှင် မင်းဘူးဆရာတော် ရှင်ကလျာဏအား တင်လှူသည်။ မောင်တော် စဉ့်ကူးမင်း ရေဖျောက်ခံရပြီးနောက် ဘိုးတော်ဘုရားမင်းတရားကြီးက အသည်ဝန်ကြီးကတော် မယ်တလိုင်းထံအပ်၍ ဆင်းရဲကြီးစွာဖြင့် ကံကုန်ခဲ့ရလေသည်။ ယင်းမိဖုရားခေါင်ကြီးမှ သမီးတော် မင်းရွှေနှစ် မြင်ခဲ့သည်။ ခမည်းတော် အထွတ်အမြတ်ရောက်စဉ်က ပင်းယမြို့ကို ကံကျွေးခံသည်။ နောက် ခမည်းတော် စဉ့်ကူးမင်းနှင့် အတူ ရေမှာ ဖျောက်ခံရလေသည်။ အခြားမိဖုရားများ စဉ့်ကူးမင်း၏ ပထမ မြောက်နန်းမိဖုရားမှာ သီရိမဟာမင်္ဂလာဒေဝီ ဖြစ်သည်။ စည်ပုတ္တရာ ရွှေကာတထောင်မှူး မင်းသီရိရန္တဇ သမီးရှင်နှိုင်းစံနှင့် ရတနာသိင်္ဃ(ရွှေဘို)မြို့ဝန် သတိုးမဟာသခင်္ယာတို့ သင့်မြတ်ရာတွင် မြင်သည့် သမီးတော် မယ်တလိုင်းနှင့် ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ တို့၏ သမီးဖြစ်သည်။စဉ့်ကူးမင်း၏ယောက္ခမဖြစ်သူ မယ်တလိုင်းမှာ စဉ့်ကူးမင်း၏အဘိုးဖြစ်သူအလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် တူမတစ်ဝမ်းကွဲတော်စပ်သည်။ ဆင်ဖြူရှင်မင်း၏မယ်တော်ဖြစ်သူ မယ်ယွန်းစံ (စန္ဒာဒေဝီ) မိဖုရားကြီးနှင့် မယ်တလိုင်း၏မိခင် မယ်နှိုင်းစံတို့သည် ညီအစ်မအရင်းဖြစ်သောကြောင့် မယ်တလိုင်းသည် စန္ဒာဒေဝီမိဖုရားကြီး၏ တူမအရင်းဖြစ်သည်။ ထို့ကြောင့် ဆင်ဖြူရှင်၏သားတော် စဉ့်ကူးမင်းနှင့် မယ်တလိုင်း၏သမီးတော် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမနှစ်ဝမ်းကွဲ တော်စပ်လေသည်။ ထို့အပြင် ဝန်ကြီးမဟာသီဟသူရ၏ ဇနီး မယ်တလိုင်းနှင့် ဆင်ဖြူရှင်မင်း၏မိဖုရားကြီး မယ်လှတို့သည် ညီအစ်မအရင်းဖြစ်သဖြင့် စဉ့်ကူးမင်းနှင့် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမတစ်ဝမ်းကွဲလည်း တော်စပ်သည်။ ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။စဉ့်ကူးမင်းနှင့်ပထမ မြောက်နန်းမိဖုရားကြီးသီရိမဟာမင်္ဂလာဒေဝီတို့၏ မြေးတော် ဘိုးရွှေကွန် ၏ သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော် ၏ဖခင်) ရေးသားခဲ့သည့်ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်းသက္ကရာဇ် ၁၁၃၈ ခု မြောက်နန်းတင်၍ သီရိမဟာမင်္ဂလာဒေဝီ အမည်ကို သမုတ်တော်မူသည်။ စဉ့်ကူးမင်းသည် နောက် ၁နှစ်တွင်မိဖုရားသီရိမဟာမင်္ဂလာဒေဝီအားနန်းကချ၍ ယောက္ခမဖြစ်သူ(သီရိမဟာမင်္ဂလာဒေဝီ၏ဖခမည်းတော်) ဝန်ကြီး မဟာသီဟသူရ အိမ်သို့ပို့ထားသည်။ နောက်သက္ကရာဇ် ၁၁၃၉ခု၊ ဝါဆိုလဆန်း(၁၄)ရက်နေ့တွင် အမျက်တော်ရှိပြန်၍ သီရိမဟာမင်္ဂလာဒေဝီ ရေမှာဖျောက်ခံရသည်။ စဉ့်ကူးမင်း၏အန္တရာယ်ကြောင့် ဝန်ကြီး မဟာသီဟသူရ က မြေးတော် ကို ပေါင်းတည်မြို့ ဝက်ပုတ်ရွာသို့ လျှို့ဝှက်ပြောင်းရွေ့ပို့ထားခဲ့သည်။ စဉ့်ကူးမင်း၏ ဒုတိယ မြောက်နန်းမိဖုရားမှာ ခမည်းတော်ကို ကိုယ်လုပ်တော်အဆောင်မြဲ မောင်ကျိုင်းသမီး ဖြစ်သည်။ ငစဉ့်ကူးမင်း နန်းကျလျင် ဘိုးတော်ဘုရားလက်ထက် အသည်ဝန်ကြီးကတော် မယ်တလိုင်းသို့ အပ်ရာ ဆင်းရဲကြီးစွာရောက်၍ ကံကုန်လေသည်။ သမီးတော်တစ်ပါး ထွန်းသော်လည်း ငယ်ကလွန်သည်။ အလယ်နန်းမိဖုရားသီရိမဟာနန္ဒာဒေဝီမှာ ဒုတိယ မြောက်နန်းမိဖုရား၏ညီမတော် ရှင်မင်းသာ ဖြစ်သည်။ အစ်မတော်နှင့်အတူ ကံတော်ကုန်သည်။ သမီးတော်တစ်ပါး မြင်၍ ငယ်မည်မှာရှင်မင်းဖြူ ဖြစ်သည်။ မြောက်နန်းမိဖုရား မြနန်းရှင်မှာ ခမည်းတော်ဘုရား သမီးတော် သီရိပဘာဒေဝီဘွဲ့ခံ သခင်မင်းမိ ဖြစ်သည်။ ၎င်းကို ၁၁၄၃ ခု၊ နတ်တော်လဆန်း(၁၃)ရက်နေ့တွင် ဗဒုံမင်း(ဘိုးတော်ဘုရား)က နန်းတင်၍ မြနန်းရှင်သမုတ်တော်မူသည်။ ကိုယ်လုပ်တော် မိဖုရားငယ်များ ကိုယ်လုပ်တော် မြတ်စွာဒေဝီမှာ တော်ဝန်နေမျိုးနန္ဒမိတ်သမီး ဖြစ်သည်။ ၎င်းက သားတော်မောင်ကြီး(ဇလွန်မြို့စား)မြင်၍ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။ ကိုယ်လုပ်တော် သီရိဒေဝီမှာ ယိုးဒယားဝန် ကျောက်ခေါင်းရွာသူသမီး (တောင်တွင်းကြီးမြို့စား) ဖြစ်သည်။ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။ ကိုယ်လုပ်တော် ပဒုမ္မဟေမှာ လှေသင်းဝန် ဒေဝရွှေတောင်သမီး (မြေဒူးမြို့စား) ဖြစ်သည်။ ၎င်းမှ သားတော် မောင်ကြယ်(စကုမြို့စား) မြင်၍ ခမည်းတော်နှင့်အတူ ကံကုန်သည်။ ကိုယ်လုပ်တော်ပဏ္ဏဝတီမှာ အနောက်ဝင်မှူးနေမျိုးသူ၏ သမီးဖြစ်ပြီး ၎င်းမှ သားတော် မောင်ကလယ်(ပဌနဂိုရ်မြို့စား)မြင်သည်။ ခမည်းတော်နှင့်အတူ ကံကုန်သည်။ ကိုယ်လုပ်တော် စန္ဒာဒေဝီမှာ ကျီစိုးသမီးဖြစ်သည်။ ၎င်းမှ သားတော်တစ်ပါးမြင်၍ ငယ်ကလွန်သည်။ စဉ့်ကူးမင်းသည် နန်းရမိဖုရားမှ သားတော်(၅)ပါး၊ သမီးတော်(၃)ပါးမြင်၍ ကိုယ်လုပ်တော် မိဖုရားငယ်များမှ သားတော်(၆)ပါး၊ သမီး(၃)ပါး၊ ပေါင်း သားတော်၊ သမီးတော်(၁၇)ပါး ထွန်းကားခဲ့သည်။ ကောင်းမှုများ ကောင်းမှုတော်ကား တော်တောင်မိုးထိကျောင်း နေရာဟောင်းတွင် အလျားသံ(၁၂၅)တောင်၊(၁)မိုက်၊ အနံ(၁၀ဝ)အလွန်ရှိသော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီကျောင်းဦးပြာသာဒ်၊ လှေကား(၇)စင်း၊ ဘုံ(၅)ဆင့်ရှိသော မဟာမင်္ဂလာရွှေဘုံ ရွှေကျောင်းတော်ကြီးကိုဆောက်လုပ်၍ ထန်းတပင်ဆရာတော် ရှင်နန္ဒမေဓာအား တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူသောတံဆိပ်နာမံနှင့် တင်လှူတော်မူ၍ ကျောင်းတော်ကိုလည်း’မဟာမင်္ဂလာရွှေဘုံ’ သမုတ်တော်မူသည်။ ထို့ပြင် လောကသရဖူဘုရား အရှေ့ရှေးကျောင်းဟောင်းနေရာတွင်လည်း ကျောင်းဦးပြာသာဒ် နှစ်ဆောင်နှင့်တကွ လေးထပ်ဇေတဝန်ကျောင်းတော် ဆောက်၍ ’ဘုံကျော်ဝေယံ’သမုတ်တော်မူပြီးလျှင် ဆုံတားဆရာတော် ရှင်နန္ဒမာလာအား နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူသောတံဆိပ်နာမံနှင့်တကွ လှူတော်မူသည်။ ထိုမှအပအခြား ကုသိုလ်ကောင်းမှု အစုစုကားများပြားလှပေသည်။ ၁၁၄ဝ ပြည့်နှစ်တွင်ရန်ကုန်သို့ဆင်းလာ၍ ရွှေတိဂုံစေတီတော်ကို ရွှေချပြီးလျှင် ယခုအနောက်မြောက် ရာဟုထောင့်တွင်ရှိသော ကြေးချိန်ပိဿာ(၁၅၅၅၅)ရှိသည့် ’မဟာဃဏ္ဍ’ခေါင်းလောင်းကြီး(စဉ့်ကူးမင်း ခေါင်းလောင်းတော်)ကို လှူဒါန်းလေသည်။ စဉ့်ကူးမင်း အကြောင်းကို ရာဇဝင်အစောင်စောင်၌ ဤမင်းလက်ထက် စစ်မဖြစ်။ နိုင်ငံအေးချမ်း သလိုရှိ၏။ သို့သော် စဉ့်ကူးမင်းသည် မှူးငယ်မတ်ငယ် မိဖုရားငယ်တို့နှင့်သာပျော်ပါးနေကြာင်း၊ အရက်သေစာ သောက်စားပျော်ရွှင်နေတတ်၍ အေးချမ်းရာ၌ အံတိုက်၊ ကြက်တိုက်၊ ငါးမျှားနေတတ်ကြောင်းနှင့် ဘုရားပုထိုးများသို့ လှည့်လည်ဖူးမြော်နေတတ်ကြောင်း၊ အရည်အချင်း ညံ့ဖျင်းသောမင်းဟူ၍သာ ဖော်ပြထားလေသည်။ မှတ်စုများ ကျမ်းကိုးစာရင်း (က) စာရေးတော်ကြီး ဦးရာကျော်၊ မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်၊ ရန်ကုန်၊ ပုညစာပေတိုက်၊ ပကြိမ်၊ ၁၉၆၈ ခု၊ စာ၂၁၉၊၂၂၂။ (ခ) ဆင်ဖြူရှင်မင်း၊ ငစဉ့်ကူးမင်း၊ ဘိုးတော်ဘုရား၊ သားတော် အိမ်ရှေ့မင်းသားတို့၏ မိဖုရား၊ သားတော်၊ သမီးတော်များစာရင်း (လက်နှိပ်စက်)၊ ရန်ကုန်၊ တက္ကသိုလ်များသမိုင်း၊သုတေသနဌာနစာကြည့်တိုက်၊ တိုက်ပိုင်အမှတ် ၁၇၇၄၆၊ စာ၅-၇။ Category:ကုန်းဘောင် မင်းဆက် Category:ကုန်းဘောင်ခေတ်
ဖောင်းကားစား မောင်မောင်
ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။ သမန်းဖောင်းကားရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။ အကိုဝမ်းကွဲတော်စပ်သူ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ ဘုရားဖူးသွားနေစဉ် နန်းတော်တွင်းသို့ ဘုရင် အယောင်ဆောင်၍ ဝင်လာခဲ့ပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းသက်အတိုဆုံးမင်းဖြစ်ပြီး ၇ ရက်သာ ထီးနန်းစံခဲ့ရသည်။ ဦးရီးတော်ဖြစ်သူ ဘိုးတော် ဗဒုံမင်းက ဖောင်းကားစားထံမှ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက်အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့သော မင်းဖြစ်သည်။ အရည်အချင်းညံ့သည် ဟုလည်း ဆိုသည်။ ဖောင်းကားမြို့ကို စားရသည့်အတွက် ၎င်း၏အမည်ရှေ့တွင် ဖောင်းကား ဟု အစပြုခေါ်ကာ ဖောင်းကားစား မောင်မောင် ဖြစ်လာခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတော ဘုရားဖူးသွားနေစဉ် နောက်ပါကျွန်ယုံများဖြင့် ဘုရင်အယောင်ဆောင်ပြီး နန်းသိမ်းခဲ့သည်။ သို့သော် ၇ ရက်အကြာတွင် ဘထွေးတော်စပ်သူဖြစ်သည့် အိမ်နှိမ့်စံနေရသော ဗဒုံမင်းသားက တိုင်းပြည်အကျိုးလိုလားသော မှူးမတ်များ စုစည်းညီညာမှုဖြင့် လုပ်ကြံပြီး ဗဒုံမင်း အဖြစ်နန်းတက်လာခဲ့သည်။ နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။ ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံမင်းသားအား သုတ်သင်ပစ် ရန်ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံတော်မမူမီ သားတော်တို့ကို မင်းပြုစေလိုကြောင်း မြွက်ထဖူးသော စကားကြောင့် ဗဒုံမင်းသားက ပရိယာယ်ပြု၍ လျှို့ဝှက်ကြံစည်ပြီးလျှင် မောင်မောင်ကို ဖမ်းစီးကာ ကတ္ထီပါအိတ်နှင့် ဧရာဝတီမြစ်တွင် ချလေသည်။ ဂျိမ်းစ်ဂရေး ရေးသားခဲ့သော အလောင်းဘုရားမင်းဆက် မြန်မာရာဇဝင်၊ ၂၀၁၅-ခုနှစ်၊ ဩဂုတ်လ၊ စာ-၄၇ မှတ်စုများ ကိုးကား Category:ကုန်းဘောင် မင်းဆက် Category:ကုန်းဘောင်ခေတ်
ဗဒုံမင်း
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခရစ်နှစ် ၁၇၄၅-၁၈၁၉) သည် ကုန်းဘောင်မင်းဆက်၏ ဆဋ္ဌမမြောက်မင်း ဖြစ်သည်။ နန်းသက်ရှည်ပြီး နတ်ပြည်စံသော် နတ်ရွာစံအိမ်ရှေ့စံရွှေတောင်မင်း၏ သားတော်(စစ်ကိုင်းမင်းသား)ကို နန်းအပ်သည်။ နောင်သော် ဗဒုံမင်းကို ဘိုးတော်ဘုရားဟုလည်း လူသိများသည်။ ငယ်ဘဝ အလောင်းမင်းတရားနှင့် မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဘွဲ့ခံ မိဖုရားခေါင်တို့မှ မြန်မာ သက္ကရာဇ် ၁၁၀၆- ခု၊ တန်ခူးလပြည့်ကျော် (၆) ရက်၊ (ခရစ်နှစ် ၁၇၄၅ ခု၊ မတ်လ ၁၁ ရက်) တွင် မုဆိုးဖိုရွာ၌ မွေးသည်။ ခင်ယွန်းစံမှ ရသည့် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ရွှေဝိုင်း တွင်သည်။ အိမ်နိမ့်စံဘဝ အသက် (၁၀)နှစ်တွင် သတိုးမင်းလှရွှေတောင်ဘွဲ့၊ အသက် (၁၆)နှစ်တွင် သတိုးမင်းစော၊ အသက် (၂၀)ပြည့်သော် သုဓမ္မရာဇာဘွဲ့တို့ ခံရသည်။ ခမည်းတော်နှင့် နောင်တော် ၂ ပါးတို့လက်ထက် မြဝတီမြို့၊ ဗဒုံမြို့တို့ကို စားရ၍ ဗဒုံမင်းသားဟု ထင်ရှားသည်။ မင်းဘဝ မြန်မာ သက္ကရာဇ် ၁၁၄၃-ခု၊ တပို့တွဲလပြည့်ကျော် (၁၄)ရက် (ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်) တွင် ရွှေနန်းတက်သည်။ ဗဒုံမင်းဟုပင် ခေါ်ကြသည်။ နန်းသစ်တည်ခြင်း မြန်မာ သက္ကရာဇ် ၁၁၄၄_ခု၊ တပို့တွဲလဆန်း (၇)ရက်တွင် မြစ်ငယ်မြောက်ဘက်၊ ထီးပေါင်းကားရပ်၌ အမရပူရမြို့တည်ကာ နန်းသစ်စိုက်သည်။ အမရပူရ မြို့နန်းတည်မင်းဟု အမည်ရလာသည်။ ၁၁၄၅-ခုတွင် သားတော်ကြီး သတိုးဓမ္မရာဇာ ရတနာရွှေတောင်မင်း (မောင်ပေါ်)ကို အိမ်ရှေ့အရာ အပ်နှင်းသည်။ ၁၁၄၆-ခု၊ တန်ဆောင်မုန်းလတွင် ရခိုင်(ဓညဝတီ)ကို သိမ်းရန် သားတော်ကို လွှတ်သည်။ အရေးအောင်၍ တပို့တွဲလပြည့်ကျော် (၇)ရက်တွင် ရခိုင်မှပြန်လာသည်။ ရခိုင်မှ မဟာမုနိ ရုပ်ပွားတော်ကိုလည်း ပင့်လာသည်။ တောင်ကုတ်လမ်းမှ သယ်ကာ ပန်းတောင်းမှ အမရပူရသို့ ရွှေဖောင်နှင့် တင်သည်။ အမရပူရ မြို့မြောက်ဘက်၌ ပြဿာဒ်နှင့်ထား၍ ကိုးကွယ်သည်။ မြန်မာ သက္ကရာဇ် ၁၁၇၀-ပြည့်တွင် ဥပရာဇာ လူပြည်ညီးနတ်ထီးစံသဖြင့် မြေးတော် စစ်ကိုင်းမင်းသားကို နန်းလျာသည်။ အင်္ဂလိပ်တို့နှင့် ဆက်ဆံရေး တရုတ်တို့နှင့် ဆက်ဆံရေး မြန်မာ သက္ကရာဇ် ၁၁၄၉ ခု၊ တန်ခူးလပြည့်ကျော် ၁ ရက်တွင် တရုတ်မှ မဟာမိတ်ပြုလိုကြောင်း သံစေလာ၍ အေးဆော်ရဲကို သံကြီး၊ လက်ရွေးကြီးမှူး နေမျိုးရွှေတောင်၊ သီဟကျော်ခေါင်၊ ဝေလုသာရတို့ကို သံလတ်ခန့်၍ လူ ၃၀၀ ကျော်တို့နှင့်အတူ လက်ဆောင်များထည့်၍ လွှတ်သည်။ ၁၁၅၁ ခု၊ ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်ပွားတော်၊ စွယ်တော်ပွားတို့ ပို့သည်။ မြစ်ညာရှိ အုန်းတစဉ်အထိ ကိုယ်တိုင်သွားကြိုကာ ရတနာပန်းတောင်းနှင့် ခံ၍ ဘုံကိုးဆင့်ပါ ရန်နိုင်လှော်ကားထက် ပင့်ယူသည်။ တန်ဆောင်မုန်းလရောက်သော် လက်ဆောင်တို့နှင့်အတူ သမီး ၃ ပါး ပို့လိုက်ရာ သမီးကြီး တာကူငြင်ကို သီရိမဟာဂန္ဓရဒေဝီ၊ သမီးလတ် ဧကူငြင်ကို သီရိမဟာပဉ္စာလဒေဝီ၊ သမီးငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရဒေဝီ ဘွဲ့နှင်း၍ မိဖုရားအရာ ထားသည်။ ယိုးဒယားတို့နှင့် ဆက်ဆံရေး မြန်မာ သက္ကရာဇ် ၁၁၄၇ ခုတွင် ကိုယ်တိုင်ဦးစီး၍ တကြိမ်၊ ၁၁၄၈ ခုတွင် မင်းကြီး နန္ဒကျော်ထင်အား ဦးစီးစေ၍ တကြိမ်၊ ၁၁၅၃-၅၄ ခုတို့တွင် ဥပရာဇာ ရတနာရွှေတောင်မင်း ဦးစီး၍ တကြိမ် ယိုးဒယားအား လုပ်ကြံသည်။ အရေးမသာဘဲအရှုံးကြီးရှုံးခဲ့။ ထင်ရှားသော လုပ်ဆောင်ချက်များ မြန်မာ သက္ကရာဇ် ၁၁၄၃ ခုတွင် အင်္ဂလန်ပြည်မှ သွင်းသော ဒင်္ဂါးစက်ဖြင့် အမရပူရ၌ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများ စသွန်းသည်။ အောင်ပင်လယ်ကန်နှင့် နန္ဒာကန် (မောင်းမကန်ဟုလည်း ခေါ်) တို့ကို ဖော်သည်။ ၁၁၅၈ ခုတွင် မိတ္ထီလာကန်ကိုလည်း ဆည်ဖို့သည်။ နိုင်ငံတလွှားရှိ မင်းစိုက်ကျောက်စာတို့ကို အသစ်ပြင်စေသည်။ ဤသို့ဖြင့် မင်းပိုင်မြေ၊ သံဃာ့မြေ၊ ဘုရားမြေ ကွဲပြားသွားသည်။ အကြီးတော် တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကို ကျောက်စာဝန် ခန့်သည်။ တွင်းသင်းမင်းကြီးလည်း ထိုကျောက်စာတို့ဖြင့် ညှိကာ ညောင်ရမ်းခေတ်က ဦးကုလားရေးသော မဟာရာဇဝင်ကို ပြင်ဆင်သော ရာဇဝင်သစ်ကို ရေးသည်။ တွင်းသင်းရာဇဝင်ဟု ထင်ရှားသည်။ မြန်မာ သက္ကရာဇ် ၁၁၄၅ ခုတွင် သာလွန်မင်းလက်ထက်ကသို့ပင် စစ်တမ်းကောက်ကာ အစုအသား ခြားနားစေပြီး အိမ်ခြေ ၂၅ ခုလျှင် တဒိုင်၊ စည်းကြပ်ကာ ဒိုင်ထမ်း ဖွဲ့သည်။ ထိုစာရင်းကို ပေတင်၍ ရွှေတိုက်တော်၌ သွင်းသည်။ အိမ်တော်ထိန်း(၃)ဦးနှင့်မိသားစုငယ်ဘဝ ဘိုးတော်ဘုရား ဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ ငယ်နာမည်မှာ မောင်ဝိုင်း ဖြစ်သည်။ သူကို မွေးစဉ် အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီများ ဝိုင်းရံနေသဖြင့် အလောင်းဘုရား မှ မောင်ဝိုင်း ဟု အမည်မှည့်ထားလေ၏။ ဗဒုံမြို့ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟု လည်း မင်းအသိုင်းအဝိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရား သည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူ ရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။ သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀ နှင့် မထင်မရှား နေရလေ၏။ စစ်ကိုင်းတွင် နေထိုင်ရပြီး စဉ့်ကူးမင်းမှ သုံးစွဲရန် ငွေ လုံး၀ ပေးခြင်းမရှိပေ။ ထိုကြောင့် အိမ်တော်ထိန်းမောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင် တို့မှ စစ်ကိုင်းတွင် လိုက်ပါ နေထိုင်ပြီး လုပ်ကိုင်ကျွေးမွေး ကြသည်။ ကိုယ်လုပ်တော် တချို့ လည်း ဈေးရောင်းကြရသည်။ သမီးတော်များလည်း ရက်ကန်းရက်ရ၏။ ကျော်ရွေးက မန်ကျည်းရွက်နု များ ခူး၏။ ပေါ်ဦးက မန်ကျည်းရွက်နု များကို ဈေးတွင် ရောင်းရ၏။ မြတ်ထင်ကမှာမူ အင်အားကြီးသဖြင့် ဗန်းမော်-ကောင်းတုံ သို့ လှေထိုးလိုက်ကာ ဗဒုံမင်းသားကြီး တို့ မိသားစု ကို ကျွေးမွေး ကြရလေသည်။ ဗဒုံမင်းသားကြီး၏ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းငင် လုပ်ရသည။ ဗဒုံမင်းသား ကိုယ်တိုင် ချည်ခင်များကို မဲနယ်ဆိုးပေးရ၏။ ဗဒုံမင်းသားကြီး၏ အိမ်တော်ထိန်း ၃ ဦးကို သားတော်၊သမီးတော် များမှ ချစ်ကြောက်ရိုသေကြ၏။ ဗဒုံမင်းသား ဘုရင်ဖြစ်သည့်တိုင် ယခင်က အတိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြင့်သာ ဆက်ဆံကြ၏။ အထူးသဖြင့် မြတ်ထင်က အလွန် အဆဲသန်၏။ စကားလုံးတိုင်း ဆဲ သော စကားလုံး ပါ၏။ ထိုသို့ ၉ နှစ်ကြာအောင် အတူတကွ ရုန်းကန်ခဲ့ရသဖြင့် မိသားစု ကဲ့သို့ ဖြစ်နေကြကုန်သည်။ ထို အိမ်တော်ထိန်း ၃ ဦးတွင် ပေါ်ဦး သည် အလွန်စကားတတ် သူဖြစ်ပြီး၊ ကျမ်းဂန်စာပေ များလည်း နှံစပ်သဖြင့် ဗဒုံမင်းသား ၏ အတိုင်အပင်ခံ လည်းဖြစ်သည်။ ပေါ်ဦးသည် မိမိ၏ သခင်ဗဒုံမင်းသားအတွက် အခွင့်အကောင်း ပေါ်တိုင်း အကြံကောင်းများလည်း ပေးတတ်၏။ မဟာသီဟသူရ စစ်ကိုင်းသို့ နယ်နှင်ဒဏ် ခံရသောအခါ သွားတွေ့ရန် အကြံပေး၏။ သို့သော် မဟာသီဟသူရ ကို ဗဒုံမင်းသားမှ မကြည်၊ မဟာသီဟသူရ လည်း မကြည်သဖြင့် မတွေ့ဖြစ်ကြပေ။ ဖောင်းကားစား မောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်များကို နေပြည်တော်သို့ ပြန်လာရန် လာရောက် ခေါ် ယူသော အခါ ပေါ်ဦးမှ ဗဒုံမင်းသားကို သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး အခွင့်အလမ်း ဖြစ်ကြောင်း လျှောက် တင်ခဲ့၏။ ဗဒုံမင်းသား သည် အင်းဝနေပြည်တော် ရှိ အိမ်တော်တွင် အကျယ်ချူ ပ်ခံရစဉ် နေပြည်တော် တခုလုံး ဖောင်းကားစား မောင်မောင်၏ လူများ ရမ်းကားနေကြရာ ဘုရင်အာဏာ မလွှမ်းမိုး နိုင်သောကြောင့် နေပြည်တော်တခုလုံး ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ထိုကြောင့် ဗဒုံမင်းသားမှ ယခင်က အလောင်းမင်းတရား၏ သစ္စာခံများနှင့် ပူးပေါင်းကာ အင်း၀ နန်းတော်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ဗဒုံမင်းသားမှ အင်းဝထီးနန်းကို အောင်မြင်စွာ သိမ်းပိုက် နိုင်ချိန်တွင် သက်တော် ၃၈ ရှိနေပြီဖြစ်သည်။ ဘိုးတော်ဘုရားဟု အမည်တွင်ခြင်းမှာ ကုန်းဘောင်နှောင်း ဘုရင် များ၏ အဘိုး ဖြစ်သောကြောင့် ဖြစ်၏။ ဘိုးတော်ဘုရား နန်းရလျှင် မိမိ၏ ငယ်ကျွန်များကို မြှောက်စားလေသည်။ ဦးပေါ်ဦး ကို အတွင်းဝန်မင်း အပြင် ရန်ကုန်မြို့ကိုပါ အပိုင်စား ရလေသည်။ ဦးကျော်ရွေး ကိုမူ မြေထဲမြို့ကို အပိုင်ပေးစားလေသည်။ မြတ်ထင် မှာမူ ဘိုးတော်ဘုရား အင်းဝထီးနန်းကို မသိမ်းမီ ၁ နှစ်အလိုတွင် ပင်ပန်းဒဏ်ကို မခံနိုင်တော့ သဖြင့် မိမိ၏ ရွာသို့ ပြန်ကာ ပဲစိုက်စား နေလေ၏။ ဘိုးတော်ဘုရား အထွဋ်အမြတ် တို့ ရောက်သော်အခါ မြတ်ထင် မသိရှိရပေ။ ဘိုးတော်ဘုရား မှာလည်း နန်းတွင်းရေး၊ သူပုန်အရေး၊ ကို ကိုင်တွယ်နေရ သဖြင့် ငယ်ကျွန် မြတ်ထင်ကို သတိမရပေ။ ရွာတွင်လည်း ကိုယ့်ဝမ်းရေးများကိုသာ လုံးပန်းနေကြသဖြင့် အင်းဝနေပြည်တော်တွင် ဖြစ်ပျက်သည်များကို မည်သူမှ ဂရုစိုက် မအားကြပေ။ မြတ်ထင် အဆိုအရ တနေ့ တဲပေါ်တွင် နေ့ခင်း အိပ်ပျော်နေစဉ် ဝတ်ဖြူ စင်ကြယ် လူကြီးမှ လာပြီး " ဟဲ့ နင့်အရှင် အထွဋ်အမြတ် ရောက်နေပြီ၊ သွားတွေ့ချေ " ဟု သုံးကြိမ်တိုင်အောင် အိပ်မက်ပေးရာ အင်း၀ နေပြည်တော်အထိ လာပြီး စုံစမ်းလေ၏။ ထိုအခါမှ အုပ်ချူပ်မင်းလုပ်နေသူမှာ ဗဒုံမင်းသား ဖြစ်ကြောင်း သိရသောအခါ အလွန်ပျော်ပြီး အတွင်းတော်သို့ အခစားဝင်ရန် ကြိုးစားလေသည်။ မြတ်ထင်သည် သာမန် တောသား ပုံစံသာဖြစ်သဖြင့် တံခါးမှူးမှ မပေးဝင်ပေ။ ထို့ကြောင့် မြတ်ထင်မှ တံခါးမှူးကို သူ့အကျင့်အတိုင်း ဆဲဆို နေလေ၏။ ထိုအချိန် အနီးအနားမှ ဖြတ်သွားသော နန်းတွင်းအပျို တော် ယမှ မြတ်ထင်၏ အသံကို သတိထားမိသဖြင့် လှမ်းကြည့်ရာ မြတ်ထင်ဖြစ်ကြောင်း သိရသဖြင့် မိဖုရားခေါင်ကြီး မယ်လွန်းမယ် ထံ ခေါ်ဆောင်သွားရလေ၏။ မိဖုရားခေါင် မယ်လွန်းမယ်လည်း မြတ်ထင် အခစား ဝင်ကြောင်း သိရသောအခါ အတွင်းတော်မှ ရုတ်ခြည်း ထွက်တော်မူလာ၏။ ထိုအခါ မြတ်ထင်က သယ်လာသော ပဲစည်းကလေးတောင်းကို ချပြီး မိဖုရားခေါင်ကြီး ၏ ခြေထောက်တော်ကို ပြေးဖက်ကာ ငိုလေသည်။ မိဖုရားလည်း " ဟဲ့ သပေါက်မသား၊ အခုမှ လာတွေ့ရသလား " ဆိုပြီး ဝမ်းသာမျက်ရည်ဆို့လေ၏။ ထို့နောက် မိဖုရားခေါင်ကြီးမှ နန်းတော်အတွင်းသို့ ဝင်ကာ ညီလာခံ လုပ်နေသော ဘိုးတော်ဘုရားထံ အရိပ်အယောင် ပြလိုက်လေ၏။ ဘိုးတော်ဘုရားလည်း ညီလာခံကို စဲကာ အတွင်းဆောင်သို့ ကြွလေ၏။ အတွင်း ဆောင်ရောက်သော် ဘယ်အရေးလဲဟု မေးရာ မိဖုရားခေါင်မှ မျက်နှာချ ရှိခိုးနေသော လူဆီကို လက်ညှိုးထိုးကာ"မောင်မောင်ဘုရားသည် အကောင်ကို သိတော်မူပါရဲ့လား"ဟု လျှောက်လေ၏။ ဘိုးတော်ဘုရားမှ ရှေ့သို့လှမ်းပြီး မိမိ၏ လက်သုံးတော် ဒေါင်းမွှေးဖြင့် ထိကာ မျှော်ဖူးစေဟု ဆိုလိုက်မှ မြတ်ထင်မှန်း သိသဖြင့်"ဟဲ့.. ခွေးမသား၊ နင် ခုမှ လာတယ်လား။ နင် တယ်မိုက်တာကိုး ဟဲ့၊ နင် ရွာမှာ ဘာလုပ်နေလဲ ဟု မေးတော်မူလေ၏။ မြတ်ထင်လည်း ပဲခင်းစိုက်နေပါတယ်ဘုရား"ဟု ငိုလျက် ပြန်လျှောက် လေ၏။ ဘိုးတော်ဘုရားမှ" အေး အေး ကောင်းပြီ၊ နင့်ကို ငါ ကြည့်တော်မူမည်။ ယခု နင့်သားမယားများ စားသုံးရန် ငွေဆယ်ပိဿာ ယူသွားလေ" ဟု ချီးမြင့်လေ၏။ မြတ်ထင်လည်း ထိုငွေကိုယူကာ နေပြည်တော်တွင် မိမိ၏ မိတ်ဆွေတဦးမှ ဗိုလ်ကြီး ဖြစ်နေသည်ဟု သိရသဖြင့် သွားကာ ထို ဗိုလ်ကို ငွေများ ပေးလျက် ၃ ရက်အတွင်း ဝန်ကြီးအဝတ်တန်ဆာများ ပြုလုပ်ပေးရန် ပြောပြီး နောက်လိုက်များလည်း လိုအပ်သလို ငှားပေးရန် ပြောလေ၏။ ထိုနောက် လွှတ်တော်သို့ သွားရောက်ကာ ဝန်ရှင်တော်မင်းများ ထိုင်သောနေရာတွင် ဝင်ထိုင်လေ၏။ နံနက် ငါးချက်တီးတွင် အစည်းအဝေး တက် ရန် လာကြကုန်သော အမတ်များ လည်း မြင်သဖြင့် အံ့ဩလေ၏။ လွှတ်တော်ဝန်ရှင်တော် ဖြစ်သော ဦးပေါ်ဦးလည်း အဝေးမှ တွေ့၏။ သို့သော် မြတ်ထင်ကို ကြောက်သဖြင့် မြို့ဝန် ဦးကျော်ရွေးကို ခေါ်ကာ ဘုရင့်ထံ အရင် ဝင်ခစားကြလေ၏။ ဦးပေါ်ဦး ။ မှန်လှပါ၊ လွှတ်တော်ဝန်ကြီး ၄ ပါး သာ ခန့်ထားမြဲ ဖြစ်ရာ ယခု ဘုန်းတော်ကြောင့် ၅ ပါး ဖြစ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဝန်ကြီးတပါး ဘယ်က ပိုနေပြန် သလဲကွယ့်။ ဦးကျော်ရွေး ။ ။ မှန်လှပါ၊ မြတ်ထင်သည် လွှတ်တော်ပေါ်တက်ပြီး ဝန်ကြီး လုပ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဟေ.. ငါက သင်းကို ဝန်ကြီး မခန့်သေးပါဘူး၊ သင်းကို ဆုတော်ငွေတော့ သနားတော် မူထားတယ်။ သင်းကို အတွင်းတော်ခေါ်ခဲ့ကြ။ ဦးပေါ်ဦး တို့ ၃ ဦး အတွင်းတော်သို့ ပြန်လည် ရောက်ချိန်တွင် အရှင်နှစ်ပါးတို့ ပြုံးလျက် ရှိ၏။ ဘုရင် ။ ။ ဟဲ့.. မြတ်ထင်၊ မောင်မင်းကို မည်သူက လွှတ်တော်ဝန်ကြီး ခန့်ထားလို့လဲ။ မြတ်ထင် ။ ။ မှန်ပါ၊ ခမည်းတော်ဘုရားကပဲ သူကောင်းပြုတော်မူမည်ဟု မိန့်ထားကြောင်းပါ။ ထိုနေ့ကမယ်မယ်ဘုရား အဆောင်မှာ မိန့်တော်မူသည်မှာ ကျော်ရွေးလည်း ဝန်ကြီး၊ ပေါ်ဦးလည်းဝန်ကြီး၊ နင်လည်းဝန်ကြီးဖြစ်မှာပေါ့ ဟု နာခံရပါတယ်၊ ယခု ကျွန်တော်မျိုး ရှိနေသောကြောင့် ဝန်ကြီး ဖြစ်လာရပါကြောင်း ဘုရား၊ စစ်ကိုင်းဘက်မှာ ကျွန်တော်မျိုးက လှေထိုး လိုက်ကျွေး ရသည်ဘုရား။ ကျော်ရွေးမှာ သားတော်များ ထိန်းပြီး ရံခါ မန်းကျည်းရွက်နု ရောင်းပါသည် ဘုရား။၊ ပေါ်ဦးမှာကတော့ ဖင်ကျယ်လုပ်ပြီး မန်းကျည်းရွက် ရောင်းသလိုလို၊ ပဲလှော် ရောင်းသလိုလို နှင့် အိမ်တော်မှာ ညာနေပါသည်ဘုရား၊ ထိုကြောင့် ပေါ်ဦးထက် အောက်မကျအောင် ဆုတော်ငွေ နှင့် ဝန်ကြီးတန်ဆာများ ဝတ်ချူပ်ကာ ဝန်ကြီး ပြုပါသည်ဘုရား။ ထိုအခါ ဘိုးတော်ဘုရား နှင့် မိဖုရားခေါင်တို့မှာ အားရပါးရ ရယ်တော်မူလေသည်။ ထိုကြောင့် ငယ်ကျွန်တော်အတွက် ဘိုးတော်ဘုရားမှာ မှူးမတ်များနှင့် တိုင်ပင်ပြီး ဝန်ဌာန တခုကို မြတ်ထင်အတွက် ပြုလုပ်ပေးရလေ၏။ အက္ကပတ်မြင်းဝန် ခေါ်သော ဝန်ကြီးဌာန အသစ်တခုကို မြတ်ထင်အတွက် ဖန်တီးပေးလေသည်။ ထိုဌာနမှာ ယခုခေတ်ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ကဲ့သို့ ဖြစ်၏။ ယခု မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကျောင်းပရိဝုဏ် အတွင်းရှိ မြင်းဝန်တိုက် သည် ဝန်ကြီးဦးမြတ်ထင် လှူဒါန်း ထားခြင်းဖြစ်၏။ညိုမြ၏ "ကုန်းဘောင်ခေတ်ရှာပုံတော်" စာအုပ် မိသားစုဘဝ မိဖုရား ကိုယ်လုပ် များစွာရှိပြီး စာရင်းပေါက်သားသမီး ၁၈၂ယောက် ရှိသည်။ နန်းရမိဖုရားများ တောင်နန်းမတော် အဂ္ဂမဟေသီမိဖုရားခေါင်ကြီး မဟာအတုလဒေဝီ (ဒေါ်အိ) နှင့် အင်းဝဗိုလ်မှူး မင်းရဲကျော်ထင် (ဦးညွန့်) တို့မှ မွေးသည့်သမီး (မယ်လွန်းမယ်) သီရိပဝရရတနာမင်္ဂလာဒေဝီ၊ နောက် သီရပဝရမဟာရာဇိန္ဒာမင်္ဂလာရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသမီးများ ရသည် - ကန္နီမင်းသမီး (အမိကြီး) သီရိမဟာရတနာဒေဝီ တောင်တွင်းကြီးမင်းသမီး (မကေ) သီရိမဟာတိလောကရတနာဒေဝီ၊ နောက် သီရိတိလောက မဟာဘတ္တာသုရတနာဒေဝီ မြေဒူးမင်းသမီး မအုန်း ပခန်းကြီးမင်းသမီး သုသီရိမဟေဒေဝီ(ခင်ရွှေ) မြောက်နန်းမိဖုရားကြီး သပွတ်ကြေးတိုင် ဦးမြတ်ထွန်းနှင့် လွှဲပါရွာသူ ရှင်ဖရုံတို့မှ မွေးသည့်သမီး (မယ်လွန်းသူ) သီရိမဟာစန္ဒာဒေဝီ၊ နောက် သီရိမဟာစန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ရွှေတောင်မင်းသား (မောင်ပေါ်) ပြည်မင်းသား (မောင်ရွှေမှုံ) ဒုတိယ မြောက်နန်းမိဖုရားကြီး ရွှေဘိုမြို့ ဆီးတောရွာမှ ဦးမိုး၏ သမီး ကျောက်မော် ကျောက်ပန်းတောင်းမြို့စား မိဖုရားနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - (မြစ်သား စကုမြို့စား) ကျောက်မော်မင်းသမီး ရွှေနန်းမြင့် မက္ခရာမင်းသား မောင်ပျိုး လှိုင်မင်းသား (မောင်ရိုး) သီရိဓမ္မရာဇာ အလယ်နန်းမိဖုရားကြီး ဟံသာဝတီရောက်မင်းလက်ထက် လုံးပေါ မြင်းစာရေး ဦးစံထွန်း (ဗဒုံမင်းလက်ထက် ကျီဝန် ဖြစ်လာ) ၏ သမီး (မယ်လွန်းပု) သီရိမဟာနန္ဒာဒေဝီ၊ နောက် သီရိမဟာနန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ဟင်္သာတမင်းသမီး (မမင်းတုတ်) သီရိမဟာရတနာပဘာဒေဝီ သား ငယ်ကလွန် သမီး ငယ်ကလွန် ပုသိမ်မင်းသား သုဓမ္မရာဇာ ဆောင်ရမိဖုရားများ တောင်ရွှေရေးဆောင်မိဖုရား စလေ ဓနုဖြူစား (မယ်အောင်) မင်္ဂလာဒေဝီ၊ နောက် သီရိမဟာမင်္ဂလာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် - ပုဂံမင်းသား (မောင်ပေ) သတိုးမင်းဖျား ယောမင်းသမီး သီရိဥပ္ပလဒေဝီ သန်လျင်မင်းသား ကနောင်မင်းသား (သာထွန်းအောင်) သီရိသုဓမ္မရာဇာ မြောက်ရွှေရေးဆောင်မိဖုရား လှိုင်းတက် အမြင့် ကာမမြို့စား (ရှင်ဝက်) ရတနာမဟေ၊ နောက် ရတနာဒေဝီ၊ နောက် သီရိမဟာသုဓမ္မာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီများ ရသည် - ပခန်းမင်းသား (မောင်ဖဲကြီး) သတိုးမင်းရဲကျော်ခေါင် မြို့စားရွာစားမိဖုရားများ ယင်းတော်မိဖုရား အလောင်းမင်းတရားနှင့် ကိုယ်လုပ်တော် ရုဇာမဟေတို့မှ မွေးသော (မင်းရွှေမြ) သုစန္ဒာဒေဝီ၊ နောက် သီရိသုစန္ဒာဒေဝီနှင့် သား ၁၊ သမီး ၂ ရသည်။ ရေနံချောင်းမိဖုရား ယိုးဒယားဝန် ကျော်ခေါင်ကျော်သူ၏ သမီး သီရိစန္ဒာမဟေသီနှင့် အောက်ပါသားသမီးများ ရသည် - ပတိမ်းမင်းသား မင်းရဲကျော်စွာကျော် (မောင်ရွှေလွတ်) ထရံကာမိဖုရား သိန္နီစော်ဘွား၏ သမီးကို သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ မိုးမိတ်မိဖုရား မိုးမိတ်စော်ဘွား၏ သမီးကို သီရိတိလောကဒေဝီ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဟန်လင်း စကုမြို့တို့ စားရသည်။ သားသမီးများမှာ - ဓနုဖြူမင်းသမီး သီရိသုရတနာပဘာဒေဝီ မကွေးမင်းသမီး သီရိသီလဒေဝီ (မင်းရွှေမှုတ်) မိုးမိတ်မင်းသား မဟာဓမ္မရာဇာ (မောင်ခန့်ကျော်) မြတောင်မင်းသမီး သီရိသုရတနာစန္ဒာဒေဝီ (မင်းပတ္တမြား) နန်းဦးရွာစားမင်းသမီးသုသီရီဟေမာဒေဝီ ကွပ်ရွာမင်းသမီး သီရိရတနာမလ္လာဒေဝီ ပုပ္ပါးစားမင်းသမီး သီရိပဘာ​​ဥမ္မာဝတီ မင်းမြို့စားမင်းသမီး (ငယ်ကလွန်) မတ္တရာမိဖုရား တလုပ်မြို့ဇာတိ သီရိကျော်သူ၏ သမီး (ရှင်မင်းလှ) သီရိရတနာမဟေသီနှင့် ပေါင်းဖက်ရာ အောက်ပါသားသမီးများ ရသည် - ရွှေကူမင်းသား မင်းရဲကျော်စွာ (မောင်ခိုင်) လယ်ကိုင်းမင်းသား မင်းရဲမင်းလှငယ် (မောင်မှတ်) မိတ္ထိလာမိဖုရား ဟံသာဝတီရောက်မင်း၏သား ရွှေတောင်မင်းသားနှင့် မင်းထိပ်ပန်တို့မှ မြင်သော သမီး မင်းစီစီနှင့် ရင်းနှီးရာမှ အောက်ပါသားသမီးများ ရသည် - မင်းခင်းမင်းသမီး သီရိမလ္လာနန္ဒာဒေဝီ (ရှင်မင်းနှစ်) မိတ္ထိလာမင်းသမီး သီရိသုရတနာနန္ဒာဒေဝီ (ရွှေအိမ်ရှင်) ရွှေကူမင်းသမီး သီရိရတနာဒေဝီ (ရှင်မင်းစစ်) လှိုင်းတက်မိဖုရား လှိုင်းတက်မိဖုရားကြီးသည် သည် ခေတ္တရာမြို့စားဝန်ထောက်မင်း ဆက်သသော သမီးဖြစ်သည်Hhj သားသမီးများမှာ အောက်ပါအတိုင်းဖြစ်သည် ပေါင်းတည်ရွာစားမင်းသမီး သီရိပဘာဒေဝီ(မြတ်ရွှေအုံ) ညောင်ဦးစားမင်းသား (သီရိရဲဒေဝ) (ဖိုးမောင်ကြီး) ကသာမိဖုရား ကသည်းဝန်ကြီး မင်းကြီးဇေယျသူ၏ သမီးဖြစ်ပြီး မြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဇရွံမိဖုရား မွေးရင်းစော်ဘွား၏ သမီးကို သီရိရုဇာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ တလုပ်မြို့စား မိဖုရား တရုတ်မြော်မိဖုရား ဟုလည်း လူသိများသည်။ မိုးကောင်းစော်ဘွား၏ သမီးဖြစ်ပြီး သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားတင်သည်။ ရသော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် - သံတွဲမင်းသား မဟာသုဓမ္မရာဇာ ဝေသာလီမိဖုရား ဝေသာလီမင်း၏ သမီး စွန်ပါဝတီကို သီရိမဟာဝိမလာဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ မအူ ၄ ရွာ စားရသည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် - မိုးကောင်းမင်းသား သတိုးမင်းဖျား သပြေ ၅ ရွာစား မိဖုရား သီပေါစော်ဘွား၏ သမီးကို ရာဇဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် - သီပေါမင်းသား သတိုးမင်းရဲစည်သူ (မောင်ဘဲကလေး) ကိုယ်လုပ်များ ရှင်မျိုးအုံ အောက်ပါသားသမီးများ ရသည် - မလွန်စားမင်းသား (မောင်မျိုး) သံတွဲစား (နေမျိုးဗလ) ညောင်ကိုင်းရွာစား (မဟာစည်သူ) အခြား ရှင်မင်းစီ ရွှေဘိုမြို့ ရွှံ့စက်ရွာမှ ဦးပု၏ သမီးဖြစ်ပြီး ဗဒုံမင်း ဘုရင်မဖြစ်မီ သေသည်။ မြင်သော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် - တောင်ငူမင်းသား မင်းရဲကျော်ခေါင် (မောင်ရွှေပုံ) ကုသိုလ်တော်များ စစ်ကိုင်း အိမ်တော်ရာ၌ အောင်မြင်လောကစေတီ တည်သည်။ ရေတပ်သစ်တပ်တည်ရာဆင်ဖြူကျွန်းတွင်ရှင်ပင်ချမ်းသာကြီးဘုရားတည်သည်။ မြန်မာ သက္ကရာဇ် ၁၁၆၂ ခုတွင် ပြည်သူပြည်သားတို့အား စပါး တင်းတသိန်း ဝေသည်။ မကွေး သရက် မဲအိုတောင်ခြေတွင် သတင်းသုံးနေသော မိမိကိုးကွယ်ဖူးခဲ့သည့် မင်္ဂလာဦးဆရာတော်အား ငွေစင်အစစ် ရွက်နီ (၁)ပိဿာပေး၍ နတ်ရွာမစံမီ ကျောင်းဆောတ်လုပ်စေသည်။ ‌မင်းကွန်း၌ ပုထိုးကြီးတည်ရန် ကြိုးပမ်းသော်လည်း လက်စမသတ်နိုင်ခဲ့။ သို့သော် သွန်းပြီးသည့် ခေါင်းလောင်းကြီးမှာ မြန်မာ့အကြီးဆုံးခေါင်းလောင်းအဖြစ် ထင်ရှားသည်။ ဘဝနိဂုံး alt= ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ခရစ်နှစ် ၁၇၉၅ ခုနှစ် ကက်ပတိန်ဆိုင်း၏ အစီရင်ခံချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် မြန်မာတို့နှင့် သံတမန်လဲလှယ်ရန်နှင့် ကုန်ကူးသန်းရောင်းဝယ်ရန် အလို့ငှါ မြန်မာ သက္ကရာဇ် ၁၁၅၆ (ခရစ် ၁၇၉၆) ခုနှစ်တွင် ကက်ပတိန် ကောက်စအား ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့စေလွှတ်ပြန်သည်။ ကက်ပတိန်ကောက်စသည် ၁၁၅၈ ခုနှစ်တွင် အမရပူရ နေပြည်တော်သို့ ဆန်တက်၍ ဘိုးတော်ဘုရားထံ လက်ဆောင်ပဏ္ဏာများနှင့်တကွ အဖူးအမြော်ဝင်သည်။ ကက်ပတိန်ကောက်စက မိမိအားဗြိတိသျှတို့၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆို သည်ကို မြန်မာတို့က ငြင်းပယ်သည်။ မြန်မာတို့အမြင်တွင် ကက်ပတိန် ကောက်စသည် မြန်မာပြည်ရှိ ဗြိတိသျှကုန်သည်များအား ကြီးကြပ်ရန်လာသော ကုန်သည်တစ်ဦးဟုသာ မြင်သည်။ သို့ဖြင့် ကက်ပတိန်ကောက်စသည် ရန်ကုန်မှ ပြန်လာခဲ့ရသည်။ မင်းကွန်းခေါင်းလောင်းတော်ကြီး သာသနာရေးဘက်၌လည်း ဘိုးတော်ဘုရားသည် အထူးဂရုပြုကာ ဆောင်ရွက်တော်မူ၏။ စစ်ကိုင်း အိမ်တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်အချိန်ရှိသော ကြေးခေါင်းလောင်းကြီးကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၆ မြို့သို့တစ်မြို့လျှင် ပိဋကတ်တော် တစ်စုံနှင့်သံဃာတော် ၅ ပါးကို သာသနာပြု စေလွှတ်တော်မူသည်။ သီဟိုဠ်မှလည်း သာသနာပြုစုပါမည့်အကြောင်း လျှောက်ထားသဖြင့် ပိဋကတ် စာပေနှင့် ရဟန်းတော်များပို့၍ သာသနာပြုသည်။ သီရိဓမ္မာသောက မင်းကြီးသည် မုဋ္ဌောဘုရားများကို တစ်ချိန် တစ်ခါတည်း တည်လုပ်သကဲ့သို့ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိဌာန ၂၃ဝ ၌ ရွှေဂူ ၂၃ဝ ကို တစ်ချိန်တည်း တည်တော်မူသည်။ ထို့ပြင် သပိတ်မှောက်အောက်တိုင် ပြိုပျက်နေသော ဟံသာဝတီ-မော်ဓောရှင် စေတီတော်ကို ပြန်လည်တည်လုပ်ရန် ဝန်ကြီးမဟာသီဟသူရအား ကံကျွေးလက်ခ ငွေတော်ပေးအပ်၍ စေလွှတ်ပြင် ဆင်တော်မူစေသည်။ ပြိုကျပျက်စီးသော အခြားထင်ရှားသည့် ဘုရားစေတီတော်များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူသည်။ ရဟန်းသံဃာတော်များ အတင်ဂိုဏ်း အရုံဂိုဏ်းဟူ၍ ဂိုဏ်းကွဲကြရာ ဘိုးတော်ဘုရားက ကျောင်းတိုက် အပြင်အပသို့ထွက်ကြွတော်မူသည့်အခါ သင်္ကန်းကို ရုံသင့်သည်ဟု အရုံဂိုဏ်းကို အနိုင်ပေး၍ ဆုံးဖြတ်ကာ သာသနာတော်အား တညီတစ်ညွတ်တည်း ဖြစ်စေခဲ့သည်။ ဘိုးတော်ဘုရား လက်ထက်၌ အနောက်အိန္ဒိယ မဇ္ဈိမဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာတော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့်သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် ဘင်္ဂလီ၊ နာဂရီ၊ သက္ကတဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် ပါဠိဘာသာ၊ မြန်မာဘာသာ ပြန်ဆိုစေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းကို လှည့်လည်ခဲ့သော မြန်မာမှူးမတ်တို့သည် မဟာဗောဓိပင်ကို ဝင်ရောက်ဖူးမြော်၍ ဗောဓိပင်ပွား နှစ်ပင်ကို ပင့်ဆောင်ခဲ့ကြသည်။ ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီးကား မင်းသီရိရန္တဇ သမီးတော် မဟာအတုလ ဒေဝီနှင့် အင်းဝ ဗိုလ်မှူးတို့၌ မြန်မာ သက္ကရာဇ် ၁၁ဝ၅-ခုနှစ်တွင် မြင်သည့် သမီးတော် အောင်မြေဘုံကျော် ကျောင်းဒါယိကာမ သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် မင်းတရားကြီးနှင့် စုလျားရစ်ပတ်၍ ၁၁၆၈ ခုနှစ် တပေါင်းလတွင် နတ်ပြည်စံသည်။ ဘိုးတော်ဘုရားတွင် သားတော်၊ သမီးတော်ပေါင်း (၁၂၂)ယောက်ရှိသည်တွင် သမီးတော် (၆၁)ပါး၊ သားတော် (၆၁)ပါးဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်၌ မှူးကောင်းမတ်ကောင်း သူရဲကောင်းတို့သာ ပေါသည်မဟုတ်၊ စာဆိုပညာရှိကြီးများစွာ ထွန်းကားခဲ့သည်။ ခရစ်နှစ် ၁၈၁၉ ခု၊ ဇွန်လ ၅ ရက်တွင် နတ်ရွာစံသည်။ မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဦး၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေ၊ မင်းဘူးဆရာတော် ဦးဩဘာသ စသည်တို့သည် ဘိုးတော်ဘုရား လက်ထက် ကျော်ကြားသော စာပြုစာဆို ပညာရှိကြီးများ ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) ထင်ရှားသူများ အိမ်ရှေ့မင်းသားဦးပေါ် ဦးပေါ်ဦး အယူတော်မင်္ဂလာဦးနိုး မယ်ခွေ ကိုးကား Category:ကုန်းဘောင်ခေတ် Category:ကုန်းဘောင် မင်းဆက်
ပုဂံမင်း
ပုဂံမင်း (ခရစ်နှစ် ၁၈၄၆-၁၈၅၃) သည် ကုန်းဘောင်ဆက်၏ န၀မမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ သာယာဝတီမင်း နောက်နန်းတက်သည်။ နန်းတက်ဘွဲ့မှာ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇဓိရာဇာ ဖြစ်ပြီး နန်းသက် ၆-နှစ်စံတော်မူပြီး အိမ်နိမ့် ၃၅-နှစ်စံရသည်။ နံတော် သောကြာသား၊ ငယ်မည်မှာ မောင်ထောင်ဖြစ်သည်။ နန်းတက်ပြီးနောက် တိုင်းရေးပြည်ရာကို အားစိုက်ကြိုးပမ်းသော်လည်း ရေရှည်တွင်မူတိုင်းပြည်ကို အရည်အသွေးရှိစွာ အုပ်စိုးနိုင်စွမ်းမရှိပေ။ တိုင်းပြည်ရေးရာများကို မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့ ဦးဆောင်သည့် လွှတ်တော်သို့လွှဲအပ်ကာ စီရင်စေပြီး ကိုယ်တိုင်ကမူ ငယ်စဉ်ကပင် ဝါသနာထုံခဲ့သည့် ကြက်ပွဲ အပါအဝင် တိရစ္ဆာန်များကို တိုက်ခိုက်စေခြင်း၊ မူးယစ်သောက်စားခြင်း နှင့် အပေါင်းအပါများခြံရံကာ ပေါ့လျော့စွာနေထိုင်သည်။ ပုဂံမင်း၏ တိရစ္ဆာန်တိုက်ပွဲ တာဝန်ခံသူမှာ မြို့ဝန်အဖြစ်မြှောက်စားထားသည့် ဘိုင်ဆပ် ဆိုသူဖြစ်သည်။ ထိုဘိုင်ဆပ်နှင့်အတူ ဦးပိန်ဆိုသူမှာလည်း အလွန်ပင် ရမ်းကားသူအဖြစ်နှင့်နာမည်ကျော်သည်။ ဦးပိန်သည် အင်းဝနှင့် စစ်ကိုင်းမြို့များမှ ကျန်ရှိသည့် နန်းတော်တိုင်သစ်လုံးများကို ယူကာ တောင်သမန်အင်းရှိ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ရမ်းကားလွန်းသည့် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါများအကြောင်း ပုဂံမင်းနားသို့ပေါက်ကြားသွားသဖြင့် ဖမ်းဆီးကွပ်မျက်ခံခဲ့ရလေသည်။ နန်းသက်နောက်ဆုံးနှစ်မတိုင်မီ ခရစ်နှစ် ၁၈၅၂တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့ဘက်မှ ကောင်းစွာခုခံနိုင်စွမ်းမရှိသဖြင့် ပဲခူးတိုင်းအပါအဝင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ ပါလေသည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားချိန်တွင် ပုဂံမင်း၏ ယောက်ဖတော်ဦးပွားနှင့် အပေါင်းအပါများက ပုဂံမင်း အထိန်းတော်၏ ညီမအိမ်သို့ ဝင်တိုက်သည့် ဓားပြများမှာ မင်းတုန်းနှင့် ကနောင်မင်းသားများ စံအိမ်မှ လူများဖြစ်သည်ဟု စွပ်စွဲကာ ဝင်ရောက်ဖမ်းဆီးသည်။ အကြီးတော်ဖြစ်သည့် ပခန်းမင်းကြီးဦးရန်ဝေးကလည်း ရွှေဘိုသို့ထွက်ကာ ပုန်ကန်ရန် တိုက်တွန်းသည်ကြောင့်တစ်ကြောင်း၊ စကြာဒေဝီမင်းသမီးကြီးက အခါတော်ပေးသည်ကြောင့်လည်းကောင်း မင်းတုန်းနှင့် ကနောင် မင်းသားများ ရွှေဘိုသို့ထွက်ကာ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သောကြောင့် ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်း နန်းတက်လေသည်။ သို့သော် ညီတော်များက အကျယ်ချုပ်ဖြင့် ကောင်းစွာထားသဖြင့် ကျန်းမာစွာနေထိုင်ခဲ့ပြီး သီပေါမင်းလက်ထက် ခရစ်နှစ် ၁၈၈၁၊ မတ်လ (၁၄)ရက်တွင် ကျောက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ဦးထွဏ်းလွင်(မိတ္ထီလာ) ရေး မိတ္ထီလာမြို့စား မိဖုရားများနှင့် သီပေါမင်း၏ နောက်ဆုံးခရီး၊ ၂၀၁၈၊ ဒီဇင်ဘာ၊ စာ-၁၇ ကိုးကား Category:ကုန်းဘောင် မင်းဆက် Category:ကုန်းဘောင်ခေတ်
မင်းတုန်းမင်း
မင်းတုန်းမင်းသည် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံးဘုရင်ဖြစ်၍ အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီး နှင့် နန်းပြိုင်ဖြစ်သည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်တော်မူသဖြင့် မန္တလေး ရတနာပုံ မြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာ တင်တော်မူသည်ကိုစွဲ၍ ပဉ္စမသင်္ဂါယနာတင် မင်းဟူ၍လည်းကောင်း၊ စော်ဘွားများကဆက်သသော ဆင်ဖြူတော်များကို ခံယူရသဖြင့် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရား ဟူ၍လည်းကောင်း၊ ငယ်စဉ်က မင်းတုန်းမြို့ကို စားရသဖြင့် မင်းတုန်းမင်းဟူ၍လည်းကောင်း ထင်ရှားသည်။ ငယ်မည်မှာ မောင်လွင်တည်း။ အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီမင်းနှင့် တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားသီရိသုစန္ဒာ မလ္လာမဟေ တို့မှ ဖွားမြင်သော သားတော် ၂ ပါးအနက် သားတော်ကြီးဖြစ်သည်။ (မြန်မာသက္ကရာဇ် ၁၁၇၆-ခုနှစ် ဝါဆိုလပြည့်ကျော် (၄)ရက်၊ အင်္ဂါနေ့ နေ့နှစ်ချက်တီးကျော် အချိန်တွင် ဖွားမြင်တော်မူသည်။ အနောက်တိုင်း ခရစ်နှစ်အရ ၁၈၁၄-နှစ်၌ ဖွားတော်မူသည်။)ဒဂုန်ခင်ခင်လေး၊ ရတနာပုံနိဒါန်းနှင့် နိဂုံး (အတွဲ-၁) စာ-၄၀၅ ညီတော်မှာ သီရိပဝရ မဟာဓမ္မရာဇာဘွဲ့ခံ အိမ်ရှေ့မင်းသားအရာ အပ်နှင်းခံရသော ကနောင်မင်းသားကြီး ဖြစ်သည်။ နှိုင်းရေးသားသောစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။ နောက်တစ်နှစ်တွင် ပြင်သစ်သံအဖွဲ့ ရောက်လာကြပြန်သည်။ သို့ရာတွင် မင်းတုန်းမင်းတရားကြီးသည် နေပြည်တော်သို့ ဝင်ထွက်လာရောက်ကြသော အင်္ဂလိပ်သံတို့အား အခြားအကြောင်းတို့ကိုသာ မေးမြန်းပြောဆိုတော်မူ၍ အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံကို အသိအမှတ်ပြုရမည့်စာချုပ်နှင့် စပ်လျဉ်းသော စကားကိုမူ အမြွက်မျှပြောဆိုတော်မမူဘဲ ယဉ်ကျေး သိမ်မွေ့စွာ တိမ်းရှောင်တော်မူသည်။ ၁၂၃၇ ခုနှစ်တွင် အင်္ဂလိပ်မင်း၏ သားတော် ဥပရာဇာ ဝေလာမင်းသား အိန္ဒိယနိုင်ငံသို့ လာရောက်သောအခါ ကင်းဝန်မင်းကြီးအား မြန်မာကိုယ်စားလှယ်အဖြစ် စေလွှတ်၍ နှုတ်ခွန်းဆက်စေခဲ့ခြင်ဖြင့် မဟာမိတ် ဝတ်တရား ကျေအောင် ဆောင်ရွက်တော်မူခဲ့ကြောင်း ရတနာပုံ နေပြည်တော် သတင်းစာ ဒုတိယတွဲ ဂဏန်း ၃၃ တွင် ဖော်ပြထားလေသည်။ မင်းတုန်းမင်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနိုင်ငံတို့နှင့်သာမဟုတ်၊ အမေရိကန်နိုင်ငံနှင့်လည်း ချစ်ကြည်ရေး ရာဇသံများ ပေးပို့ဆက်သွယ်ခဲ့သည်။ ၁၂၁၈-ခုနှစ်တွင် မင်းတုန်းမင်းကြီးက အမေရိကန် သမ္မတကြီးဂျိမ်းဗတ်ကနန်ထံ သဝဏ်လွှာပေးပို့၍ အမေရိကန်သမ္မတကြီးက ၁၂၁၉ ခုနှစ်တွင် ၂ ပြည့် တစ်ပြည် ချစ်ကြည်ရေးသဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။ အမေရိကန်သံတော်များအားလည်း တခမ်းတနား ကြိုဆိုခဲ့လေသည်။ မင်းတရားကြီးကား နိုင်ငံခြားတိုင်းပြည်များ နှင့် အသင့်အတင့် ကျင့်တော်မူသည် မှန်သော်လည်း အင်္ဂလိပ်တို့နှင့် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ်တို့က မင်းတရားကြီးရှေ့တော်သို့ ဝင်သောအခါ ဖိနပ်စီး ဓားလွတ်စွဲလျက်ဝင်လိုကြောင်း တောင်းဆိုသည်နှင့် ထိုကစ၍ ထိုအင်္ဂလိပ်သံ အင်္ဂလိပ် ကိုယ်စားလှယ်တို့ကို ဖူးမြော်ခွင့်မပေးတော့ဘဲ မှူးမတ်တို့နှင့်သာ ဆက်ဆံစေလေသည်။ မြန်မာ့ဂုဏ်နှင့် ယဉ်ကျေးမှုကိုကား အနှိမ့်အချ မခံခဲ့ချေ။ ငြိမ်းချမ်းရေးဝါဒကို နှစ်သက်တော်မူသော မင်းတုန်း မင်းတရားကြီးသည် နိုင်ငံခြားတိုင်းပြည်များနှင့် ဤသို့ အသင့် အမြတ် ဆက်ဆံခဲ့ရုံမက ပြည်တွင်း၌လည်း မင်းညီမင်းသား မှူးမတ် စသည်တို့အားလည်းကောင်း၊ စော်ဘွားများအားလည်း ကောင်း၊ ချင်း၊ ကချင်၊ ကရင်၊ တောင်အုပ် တောင်ကဲများအား လည်းကောင်း အမေ့အကျန်မရှိ အထိုက်အလျောက် မစ ချီးမြှင့်၍ နိုင်ငံတော်ကို ထိန်းသိမ်းအုပ်ချုပ်ခဲ့လေသည်။ ထို ကြောင့်လည်း မင်းတရားကြီးလက်ထက် တိုင်းနိုင်ငံငြိမ်းချမ်းခဲ့ ခြင်း ဖြစ်လေသည်။ မင်းတုန်းမင်းတရားကြီးသည် ပြင်ပဘေးကို သံတမန် များ နည်းအရ ကြိုးစားကာကွယ်တော်မူသကဲ့သို့ တစ်ဖက်၌ လည်း နိုင်ငံတွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး စသည်တို့တွင်လည်း အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သာသနာကိုလေးစားသော မင်း ဖြစ်သည့်အားလျော်စွာ မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ပည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားတွင် စိုက်ထားကိုးကွယ်သည်။ မြန်မာနိုင်ငံအတွင်း ပထမပြန် စာမေးပွဲများကိုလည်း မင်းတုန်း မင်းတရားကြီးလက်ထက်တွင် ကျင်းပပေးခဲ့သည်။ သာသနာရေးသာမက ပညာသင်ကြားရေး ကိုလည်း မင်းတုန်းမင်းသည် အားပေးသည်။ မှူးသားမတ်သား၊ မင်းညီမင်းသားတို့ အင်္ဂလိပ်စာသင်ကြားစေရန် ခရစ်ယာန်ဘုန်း ကြီး ဆရာမှတ်၊ ပြင်သစ် ဗရင်ဂျီဘုန်းကြီး ဘီဂန်းဒက်တို့အား လည်း မြေရာနှင့်ငွေကြေး ထောက်ပံ့သည်။ အနောက်နိုင်ငံများသို့လည်း ပညာတော် သင် ၉ဝ ကျော်တို့ကို စေလွှတ်၍ စက်မှုလက်မှုအတတ်များကို သင်စေသည်။ ယင်းတို့တွင် ဒီပဲယင်းဝန်ထောက် ဦးမြဲ၊ ညီ ဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူ တို့ပါသည်။ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပညာတော်သင်များ ပြန်လာသော အခါ စက်မှုလက်မှုလုပ်ငန်းရုံများကိုဖွင့်စေသည်။ နေပြည်တော် တွင် ဆန်၊ သကြား၊ ကျွန်းသစ်၊ ပိတ်ချော ပိတ်ကောင်းပိုမို ထုတ်လုပ်နိုင်စေရန် ဆန်စက်၊ သကြားစက်၊ သစ်စက်၊ ရက်ကန်းစက်တို့ကို ဥရောပတိုက်မှ ဝယ်ယူတည်ထောင်သည်။ ယင်းစက်ရုံများသာမက ဖန်ချက်စက်၊ စာပုံနှိပ်စက်၊ ဒင်္ဂါးစက်၊ လက်နက်ကိရိယာစက် စသည်တို့ကိုဖွင့်လှစ်၍ သားတော် မက္ခရာမင်းသားအား ကြီးကြပ်အုပ်ချုပ်စေသည်။ ရွှေနန်းတော် ကြီးအတွင်း ဆောက်လုပ်သော စာပုံနှိပ်တိုက်တော်မှ ပထမဆုံး ပုံနှိပ်သောစာအုပ်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင် စီရင်ရေးသား သော ကာယာနုပဿနာကျမ်း ဖြစ်သည်။ တိုင်းသူပြည်သားများ သက်သာချောင်ချိရေးအတွက် ငွေကြေး လွယ်ကူစွာသုံးစွဲနိုင်ရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၉-ခုနှစ်မှစ၍ ဒေါင်းတံဆိပ် ဒင်္ဂါးများကို သွန်းလုပ်သုံးစွဲစေသည်။ နိုင်ငံတော်တွင် ပုဂံခေတ်ကစ၍ အမြစ်တွယ်ခဲ့သော ကံကျွေးချပဒေသရာဇ်စနစ်နှင့် အခွန်တော် ကောက်ခံစနစ်တို့ကို ပြုပြင်ပြောင်းလဲ၍ ၁၂၂၉-ခုနှစ်က စတင်ကာ စနစ်တကျ၊ အခွန်တော်ခန့်ခွဲသည်။ ရှေးက နယ်စား မြို့စား ရွာစားများက အခွန်တော်ကို ကောက်ခံပြီးလျှင် မိမိတို့အတွက် ဝေပုံစုကိုနုတ် ကာ ဘဏ္ဍာတော်တိုက်သို့ပေးပို့ရာ ယင်းတို့က ပို၍ကောက်ခံ လျှင် ဆင်းရဲသားတို့ နစ်နာရသည်။ ထိုကြောင့် မင်းတုန်းမင်း ၏ လက်ထက်တွင် နယ်စားပယ်စားများဖြင့်လည်းကောင်း၊ မြို့စားရွာစားများဖြင့်လည်းကောင်း မင်းတိုင်းကြေး အခွန်တော် စသည် မကောက်ခံတော့ဘဲ ဝင်ငွေနှင့် အိမ်ထောင်စုအလိုက် သာ စည်းကြပ်သော သဿမေဓ အခွန်တော်ကို ကောက်ခံစေ သည်။ အမှုထမ်းအရာထမ်းများကိုလည်း ရှေးကကဲ့သို့ မြို့စား ရွာစား မပေးတော့ဘဲ သဿမေဓခွန်ကောက်ခံရငွေမှ လစာ ရိက္ခာတော်များ ပေးကမ်းချီးမြှင့်လေသည်။ နေပြည်တော် အရပ် လေးမျက်နှာ၌ သက်ကြီးရွယ်အိုတို့ မှီခိုနေထိုင်ရန် သူအိုရုံများ ထားသည်။ နာမကျန်းသူတို့အတွက်လည်း နေပြည်တော်တွင် သူနာရုံ ၁ဝ ရုံထား၍ အတွင်းလူနာ၊ အပြင်လူနာအဖြစ် ကုသ ပေးသည်။ သမားတော် ၃ ယောက်စီ အလှည့်ကျကုသရသည်။ လယ်မြေပေါများသော မြန်မာနိုင်ငံ အောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းယူထားသဖြင့် မင်းတုန်းမင်းသည် မိမိနိုင်ငံတော်ပိုင်နက်တွင် တောများကိုခုတ်ထွင်ရှင်းလင်း၍ လယ်လုပ် ငန်းကို အကြီးအကျယ်လုပ်ကိုင်စေသည်။ မိုးနည်းသဖြင့် စပါးစိုက်ပျိုးရန် မိုးရေအလုံအလောက် မရသည်ကို မူးမြစ်ဒေသ ၌လည်းကောင်း၊ လယ်တွင်းကိုးခရိုင် (ကျောက်ဆည်ခရိုင်) ၌ လည်းကောင်း ရှိသောဆည်ဟောင်း မြောင်းဟောင်းများကို ထပ်မံပြုပြင်သည်။ မိတ္ထိလာကန်မှစ၍ ကန်အမြောက်အမြားကို လည်း ပြုပြင်သည်။ မန္တလေးမြို့ အရှေ့ဘက် နန္ဒာကန်ကို ပြုလုပ်၍ လယ်ပယ်တည်ကာ လယ်သမားများကို စရိတ်ကြေး ငွေ ထောက်ပံ့သည်။ ကုန်စည်များကို ဘုရင်တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို ဖျက်သိမ်း၍ အင်္ဂလိပ်နယ်ထဲသို့ ကုန်စည်များ လွတ်လပ်စွာ ရောင်းခွင့်ပြုသည်။ နိုင်ငံသူ နိုင်ငံသားတို့ ထက်အောက်စုန်ဆန် ခရီးသွား လာမှု လွယ်ကူစေရန် ရေနန်းစကြာ၊ ရေနန်းယာဉ်သာ၊ မြနန်း စကြာ၊ စကြာယာဉ်မွန်၊ စကြာယာဉ်ပျံ၊ တုယာဉ်ပျံချီ၊ တုယာဉ် ပျံကျော်ဟူသော မီးသင်္ဘောခုနစ်စင်းကိုလည်း ဝယ်ယူအသုံးပြု သည်။ အင်္ဂလိပ်မင်းပိုင် မြန်မာနိုင်ငံနှင့် မြန်မာမင်းပိုင် မြန်မာ နိုင်ငံတို့သည် မင်းအချင်းချင်း ဆက်ဆံမှုကောင်းသောကြောင့် တစ်ကြောင်း၊ ခရီးသွားလာမှု လွယ်ကူသဖြင့်တစ်ကြောင်း၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ တစ်နိုင်ငံတည်း ကဲ့သို့ အကူးအသန်းအဆက်အဆံမပြတ် ရင်းနှီးမြဲရင်းနှီးကြ သည်။ အထက်မြန်မာနိုင်ငံမှ ကင်းဝန်မင်းကြီး အစရှိသော မြန်မာမှူးမတ်များ အင်္ဂလိပ်မင်းပိုင် ရန်ကုန်မြို့သို့ရောက်သော အခါ မြို့သူမြို့သားများက အရေးတယူ ပြုစုခဲ့ကြသည့် အနည်း တူ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ရန်ကုန်မြို့သူမြို့သားများ ကရွှေချ၍ ထီးတင်လိုသောအခါ မင်းတုန်းမင်းကြီးက ရတနာ ကိုးပါး စီခြယ်သော ထီးတော်ကို လည်းကောင်း၊ လုံးတော်ပြည့် ရွှေချနိုင်အောင် ရွှေဆိုင်းများကိုလည်းကောင်း ပေးပို့လှူဒါန်းခဲ့ လေသည်။ မင်းတုန်းမင်းတရားကြီးသည် နိုင်ငံတော်အတွင်း ဆက်သွယ်ရေး ပိုမိုလွယ်ကူစေရန် ကြေးနန်းတိုင်များကိုလည်း စိုက်ထူ အသုံးပြုခဲ့သည်။ ထိုမျှသာမက ခေတ်နှင့် လျော်ညီစွာ နေ့စဉ် ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသော ကျိုးကြောင်းချင်းတ များ၊ သတင်းများ၊ အကြံဉာဏ် ပေးချက်များနှင့် ဝေဖန်ချက် များကို တိုင်းသူပြည်သားတို့ ပွင့်လင်းစွာ ဖတ်ရှုရေးသားနိုင်ကြ စေရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၃၆ ခုနှစ်တွင် ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေစေခဲ့သည်။ စာတည်းမှာ ဖိုးဝဇီရဖြစ်သည်။ လဆန်း ၇ ရက်၊ ၁၃ ရက်၊ လဆုတ် ၇ ရက်၊ ၁၃ ရက်နေ့များတွင် ထုတ်၍ တစ်လ ၄ ကြိမ် ထွက်လေသည်။ မင်းတရားကြီးသည် သတင်း စာရေးသားမှုတွင် အချက် ၂၆ ချက်နှင့် လွတ်လပ်ခွင့်ပေးခဲ့ သည်။ မြန်မာနိုင်ငံသတင်းစာများ မင်းတရားကြီးအား ယင်းသို့ ပြည်တွင်းလုံခြုံရေး၊ နိုင်ငံတွင်း စက်မှုလက်မှုထွန်းကားရေး၊ နိုင်ငံတော် စည်ပင် သာယာရေးစသော နိုင်ငံအုပ်ချုပ်ရေး၌ အမြော်အမြင်ကြီး၍ ထက်မြက်သော ညီတော် ကနောင်မင်းသားက အမြဲတစေ ဂရုစိုက် ၍ အကူအညီပေးခဲ့သဖြင့် အောင်မြင်ခဲ့သည်။ မင်းတရားကြီး မူကား လောကီရေးရာများထက် လောကုတ္တရာရေးရာများတွင် အာရုံစိုက်သဖြင့် နိုင်ငံကာကွယ်ရေး၊ စစ်တပ်များခေတ်မီရေး၊ လက်နက် တပ်ဆင်ရေးတို့တွင် လစ်ဟင်းခဲ့သည်။ မင်းတရား ကြီးသည် သတ္တဝါတို့၏ အသက်အန္တရာယ်များစေသည်ဟုယူဆ ကာ လက်နက်ဆန်းများထွင်ခြင်းကို ပိတ်ပင်ခဲ့လေသည်။ အမြော်အမြင်ကြီးစွာနှင့် ယင်းကဲ့သို့ မင်းတရားကြီးတို့ ညီနောင် ၂ ပါး ကြိုးပမ်းဆောင်ရွက်နေစဉ် ၁၂၂၈ ခုနှစ်တွင် စည်းလုံးညီညွတ်မှုကိုပျက်ပြားစေသော နန်းတွင်းလုပ်ကြံမှုကြီး ပေါ်ပေါက်လာသဖြင့် လှေလှော်ရင်း တက်ကျိုး ဖြစ်ခဲ့ရလေ သည်။ ညီတော် ကနောင်မင်းသားအား မင်းတုန်းမင်းကြီးက အိမ်ရှေ့အရာ ပေးအပ်သည်ကို မကျေနပ်သော သားတော် မြင်းကွန်းနှင့် မြင်းခုန်တိုင်မင်းသားတို့ ပုန်ကန်သဖြင့် နိုင်ငံ တော်ကို ခေတ်သစ် နိုင်ငံတော်ဖြစ်အောင် ထူထောင်ခဲ့သော ကနောင်မင်းသားကြီး တိမ်းပါးခဲ့လေသည်။ မင်းတုန်းမင်းကြီးမူကား မြို့တော်အတွင်း ဝင်နှင့်သဖြင့် သီသီကလေး လွတ်လေသည်။ တစ်ဖန် အိမ်ရှေ့ ဘုရားလွန်လေသော် အိမ်ရှေ့မင်း သားတော် ပန်းထိမ်းမင်းသား ရွှေဘိုသို့ထွက်၍ ပုန်ကန်သည်ကို ဖမ်းဆီးကွပ်မျက်ရသည်။ ထို အချိန်မှစ၍ မင်းတရားကြီးသည် သားတော်များကို အိမ်ရှေ့ မပေး၊ အခြွေအရံ အမှုထမ်းတို့ကို ရုပ်သိမ်းထားသည်မှာ နတ်ရွာစံသည်အထိ ဖြစ်သည်။ ထိုကြောင့်လည်း မင်းတရားကြီး နတ်ရွာစံသောအခါ ထီးမွေ နန်းမွေကိစ္စ ရှုပ်ထွေးခဲ့ရလေသည်။ ၁၂၄ဝ-ပြည့်နှစ် ဝါခေါင်လတွင် မင်းတရားကြီး ကျန်းမာတော် မမူ၍ တိုင်းရေးပြည်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခြင်းမပြုနိုင် သော အခြေအနေရောက်လေသော် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အလိုပါ မှူးတော်မတ်တော်တို့တိုင်ပင်၍ သားတော် သီပေါ မြို့စားသီပေါမင်းအား တော်သလင်းလပြည့်ကျော် ၉-ရက်နေ့တွင် အိမ်ရှေ့ နှင်းလေသည်။ မင်းတရားကြီး၏ရောဂါတော်သည် တိုးသည်ထက်တိုးလာကာ မြန်မာသက္ကရာဇ် ၁၂၄ဝ-ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆-ရက် အင်္ဂါနေ့၌ သက်တော် (၆၄)နှစ်၊ နန်းစံ ၂၆ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ မင်းတုန်းမင်း ကြီးတွင် ရတနာဒေဝီ မိဖုရားခေါင်ကြီးအပြင် အိမ်နိမ့်စံစဉ်က ကောက်ယူတော်မူသော မြောက်နန်းမိဖုရား မယ်သဲ၊ ဘကြီး တော်နှင့် မိဖုရားခေါင်ကြီးမယ်နုမှမြင်သော အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့အပါအဝင် ထင်ရှားသော မိဖုရား ၄၅ ပါး ရှိ၍ သားတော် ၅၅ ပါး၊ သမီးတော် ၅၃ ပါး ပေါင်း ၁ဝ၈ ပါး ရှိ သည်။ 300px|မင်းတုန်းမင်းကြီး ၏ အုတ်ဂူတော် မင်းတုန်းမင်း၏ အလောင်းတော်ကို မန္တလေးမြို့တွင် သင်္ဂြိုဟ်၍ အရိုးပြာသာဒ် တည်ထားလျက်ရှိသည်။ မင်းတရား ကြီး နတ်ရွာစံရာ ရွှေနန်းဆောင်ကို သားတော် သီပေါမင်း လက်ထက် ဖျက်၍ အတုမရှိကျောင်းတော်ကြီး ဝင်းအတွင်း၌ ဖျက်သိမ်းသည့် ပန္နက်ပုံအတိုင်း ရွှေနန်းတော်ကျောင်း ဆောက်လုပ် လှူဒါန်းထားသည်။ မင်းတရားကြီးကား သဘောပြည့်ဝသည်။ အမြော် အမြင်နှင့် ပြည့်စုံသည်။ ပြည်သူ့အကျိုးကို ကြည့်သည်။ စစ်ကို မလိုလား၊ သနားတတ်သူဖြစ်သည်။ ရတနာသုံးပါးကို အလွန် လေးစားရိုသေသည်။ မင်းတရားကြီး၏ ကုသိုလ်တော်များကား မန္တလေး တောင်ပေါ်တွင် တည်ဆောက်ထားသော တန်ဆောင်း ပြာသာဒ် တော်ကြီးနှင့်တကွ ဗျာဒိတ်ညွှန်းရွှေရပ်တော်ကြီးဘုရား၊ တောင် ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရား၊ စန္ဒမုနိ ဘုရားနှင့် မဟာလောက မာရဇိန်စေတီတော်၊ ထိုစေတီတော် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်ချပ်နှင့် အုတ်ဂူ ၇၂၉ ခုစီ၊ ရန်ကင်းတေင်ခြေရှိ မဟာကျော်စေတီတော်၊ ရွှေတိဂုံစေတီ ထီး တော်နှင့် လုံးတော်ပြည့် ရွှေဆိုင်းတော်ချခြင်း၊ ဘုရားပွင့်တော်မူ ရာ မဟာဗောဓိပင်တော် အနောက်မြောက်ဘက်တွင် အုတ်ဇရပ် တော်ကြီးတစ်ဆောင်၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် မက္ကာမြို့ ဘုရားဝတ်ပြုသည့်ကျောင်းအနီး စတုဒီသာ ဇရပ်ကြီးတစ်ဆောင်နှင့် ပဋ္ဌာန်းဟော သိမ်ကြီးတစ်ဆောင်၊ မဟာဗောဓိ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကို မြတ်စွာ ဘုရား အရပ်တော်ပမာဏအတိုင်း ရုပ်ပွားတော်မြတ် ထုလုပ် ကိုးကွယ်သည့်အပြင် အပ္ပရာဇိတပလ္လင်မြေကို ဌာပနာသွင်း၍ တစ်မိုက် လေးသစ်ခန့် ရွှေချစေတီတော် ထုလုပ်ပြီးလျှင် မှန်အိမ်ထည့်သွင်းကာ ရှစ်သောင်း လေးထောင်သော ရဟန်း ရှင်လူ အပေါင်းတို့အား တစ်ဆူကျစီ ဝေငှပေးစေတော်မူသည်။ ရွှေမြို့တော် အရှေ့မြောက်ဘက်တွင် အတုလဝေယန် အုတ် ကျောင်းတော်ကြီး၊ အရှေ့ပြင်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ အနောက်ဘက်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာဇောတိကာရာမတိုက်ရတနာဘုံစံ ကျောင်းတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်းလေသည်။ ထိုမျှ မက ရွှေမြို့တော်ဝန်းကျင်၌ အုတ်ဇရပ်တော်များ၊ ဓမ္မာရုံ ဇရပ်များ၊ တရားတင်းကုပ်များ၊ ရေကန်များ စသည်တို့ကို မြောက်မြားစွာ လှူဒါန်းတော်မူသည်။ သာသနာတော် စင်ကြယ် ရန် ဟူသော ရည်ရွယ်ချက်ဖြင့် မင်းတုန်းမင်းတရားကြီးသည် ၁၂၁၇ ခုနှစ်တွင် ဆရာတော်များနှင့်တိုင်ပင်၍ ဓမ္မဝိနယအမိန့် တော်ပြန်တမ်းကို မင်းမိန့်နှင့် ထုတ်ပြန်သည်။ သို့ရာတွင် မင်းတရားကြီး ရည်ရွယ်တော်မူရင်းသို့ မရောက်ဘဲ ယင်းဓမ္မ ဝိနယစာတမ်းကို အကြောင်းပြု ဂိုဏ်းကွဲမှု စသော မလိုအပ် သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။ မင်းတရားကြီးသည် ပြည်သူပြည်သား အပေါင်းတို့အားလည်း သီလနှင့် ကုသိုလ် တရား မမေ့မလျော့စေရန် လစဉ်လဆန်း ၅ ရက်နေ့ ရောက် တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို ပြည်တွင်းပြည်ပ လှည့်လည်ဖတ်ကြား စည်လည်စေသည်။ ယင်းသို့ဖြင့် သာသနာ နေရောင်လရောင်ပမာ ထွန်းပြောင်စေရန် မင်းတရား ကြီး အားပေးချီးမြှောက်တော် မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာရေးသာ မက စာပေလည်းထွန်းကားသည်။ ကဗျာ လင်္ကာဘက်၌ စာ ကောင်းပေကောင်းကြီးများ ထွန်းကားခဲ့သည့်နည်းတူ စကားပြေ ဘက်၌လည်း ယခင်ခေတ်များကထက် ပိုမိုကောင်းမွန်သော စာ ကြီးပေကြီးများကို တွေ့နိုင်သည်။ မင်းတရားကြီးလက်ထက်တွင် ဘောလယ်ဟူသော ကဗျာသီချင်းတစ်မျိုးနှင့် ညဉ့်ချင်းပြီး ပြဇာတ်အရေးအသားများ ပေါ်ပေါက်လာသည်။ ဘကြီးတော် လက်ထက် ရေးသားသော မှန်နန်းရာဇဝင်သည် ၁၁၈၃ ခုနှစ် အထိသာ ရောက်သဖြင့် မင်းတုန်းမင်းတရားကြီး လက်ထက် ဆက်လက်ရေးသားစေရာ ကုန်းဘောင်ဆက် မဟာရာဇဝင်ဟူ၍ ပေါ်ပေါက်လာသည်။ ထိုမင်းလက်ထက် ထင်ရှားသော စာဆို တော်များကား ဦးရွှေခြည်၊ စလေဦးပုည၊ လှိုင်ထိပ်ခေါင်တင်၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ မန်လည်ဆရာတော် စသည်တို့ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) မင်းတုန်းမင်းတရားကြီးသည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ခရစ်နှစ် ၁၈၀၈ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ခရစ်နှစ် ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ခရစ်နှစ် ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၈၇၁ တွင် ရွှေတိဂုံစေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ နောင်တော်ပုဂံမင်းလက်ထက်က အင်္ဂလိပ်ထံဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွက် စာချုပ်များကို လက်မှတ်ရေးထိုးရန် လျစ်လျူရှုခဲ့သဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ လတ်တလော ရှင်းလင်းရမည့် နိုင်ငံရေးကိစ္စများကို အရေးမမူဘဲ မြို့သစ်တည်ခြင်း၊ ဘုရားတည်ခြင်း၊ သင်္ဂါယနာတင်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ခရစ်နှစ် ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။ ကျမ်းကိုး Category:ကုန်းဘောင် မင်းဆက်
ရွှေတိဂုံစေတီတော်
ရွှေတိဂုံ စေတီတော်သည် ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ "လေးဆူဓာတ်ပုံ ရွှေတိဂုံ" ဟုလည်း ခေါ်တွင်သည်။အချို့ကလည်း "စေတီအစ ရွှေတိဂုံက" ဟုဆိုကြသည်။ လက်ရှိဉာဏ်တော်ရှိ စေတီတော်ကို ၎င်းခေတ် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားက ၁၇၆၈ခုနှစ် ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် မူလစေတီတော်ကိုငုံ၍ မြန်မာဗိသုကာဟန်ဖြင့် အချိုးအစားဆန်းကြယ်စွာ တည်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ရွှေတိဂုံ စေတီတော်ပုံ အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းဟု မပေါ်လွင်ခင်ကပျူဗမာမင်းကြီး ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ကြီးဟု သိမှတ်ခဲ့ကြသည်။ နောင်သောအခါ ဗမာလူမျိုး၊ ဘလ္လိက နှင့် တဖုဿ ကုန်သည်ညီနောင်တို့က မြတ်စွာဘုရား ဆံတော်များ သယ်ဆောင်လာခဲ့ပြီး သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီတည်ထားခဲ့ကြပီး ထိုစေတီတော်ထဲတွင် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့်တကွ ရှေးရှေးသော ဘုရား ၃ ဆူတို့၏ အမွေအနှစ်များ ထည့်သွင်းထားခြင်းကြောင့် တိဂုံပစေတီဟု အမည်တွင်ခဲ့လေတော့သည်။ ထိုတိဂုံပမှသည် ဒဂုံအဖြစ်သို့ ရောက်ရှိခဲ့ပြီး မူလမြို့အမည်ကွယ်ကာ ဒဂုံတိုင်း သမုတ်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားလက်ထက်တွင် တလိုင်း တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည် ပြောင်းလည်ခဲ့သည်။ ထိုအချိန်မှစ၍ တိဂုံပဆံတော်ရှင်စေတီတော်သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ ရွှေတိဂုံဘုရားအား ညဘက်ဖူးမြင်ရပုံ သမိုင်းကြောင်း ဘီစီ (၅၈၈)၌ ယနေ့မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့အနီးတဝိုက်တွင် တည်ရှိခဲ့သော ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက္ခစိုးနတ်က "အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့" ဟုပြောသည်။ ကုန်သည်ညီနောင်က "အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း"ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က"နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့"ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ချင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဓါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဟူသည့် "ဒွေဝါစိက" သရဏဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က ဘုရားရတနာ၊ တရားရတနာ တည်းဟူသည့် ရတနာနှစ်ပါးသည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည့် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင် "အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား" ဟုလျှောက်ထား လေ၏။ "ကောင်းပြီချစ်သားတို့" မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့အား ပေးသနားတော်မူရာ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမြော် ကြည်ညိုကြ၏။ နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၄)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား သိင်္ဂုတ္တရကုန်းတော် ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိင်္ဂုတ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၄)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် နောင်တော်ကြီးစေတီဟု အမည်တွင်၏။ ရွှေတိဂုံစေတီတော်ကြီး (ခရစ်နှစ် ၁၉၀၀ )၁၉၀၀ − စေတီတော်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူရန် ကြေညာ၍ အလှူရှင်များ ဖိတ်ခေါ်သည်။ ၁၉၀၃၊ မတ်လ ၂ − စေတီတော် ခေါင်းလောင်းပုံ တောင်ဘက် အနားလန်စွန်းတွင် ကျားမတစ်ကောင် တက်နေ၍ ဂေါ်ရာများ လာရောက်ပြီး သေနတ်ဖြင့် ပစ်၍ သတ်ရသည်။ ၁၉၀၄၊ မတ်လ ၂၆ − စေတီတော် ကိုယ်လုံးပြည့် ရွှေသင်္ကန်း ကပ်လှူသည်။ ၁၉၀၆ − ပဉ္စမမြောက် ဂျော့ဘုရင်လောင်း ဝေလမင်းသားနှင့် ကြင်ယာတော် မေရီမင်းသမီး ရွှေတိဂုံ ကုန်းတော်ပေါ် တက်ရောက်ကြည်ညိုသည်။ ၁၉၀၈၊ အောက်တိုဘာလ ၂ − ဘုရားပိုင် မြေကွက်အကျယ် ၄၉.၇၄ ဧကအတွက် အင်္ဂလိပ်အစိုးရက ဂရန်ထုတ်ပေးသည်။ ၁၉၁၈၊ ဖေဖော်ဝါရီလ နှင့် ဇွန်လ − သူရိယမဂ္ဂဇင်းတွင် ကာတွန်း ဦးဘကလေးက ဘုရားပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီးသည့် အကြောင်းနှင့် ဖိနပ်စီးသည့် ကိစ္စကြောင့် ဝိုင် အမ် ဘီ အေ အဖွဲ့ကြီး၌ သဘောကွဲပုံကို ကာတွန်းများ ရေးဆွဲ၍ သရော်သည်။ ၁၉၁၉၊ ဩဂုတ်လ ၁၉ − ငလျင်လှုပ်၍ ငှတ်မြတ်နားတိုင် ယိုင်သည်။ ၁၉၁၉၊ အောက်တိုဘာလ ၂၉ − ဘုရားစေတီများတွင် ဖိနပ်မစီးရဟု အင်္ဂလိပ်အစိုးရက အမိန့်ထုတ်သည်။ သို့ရာတွင် တာဝန်အရ သွားရောက်လျှင် စီးနိုင်သည်ဟု ခြွင်းချက်ပါရှိသည်။ ၁၉၁၉ − အင်္ဂလိပ်စစ်တပ်များ ဘုရားကုန်းတော်ပေါ်မှ ပြောင်းရွေ့သွားရန် စပြီး အရေးဆိုသည်။ ၁၉၂၀၊ ဒီဇင်ဘာလ ၅ − ရန်ကုန်ကောလိပ်မှ သပိတ်မှောက်ကျောင်းသားများသည် အရှေ့ဘက်၊ ဗဟန်း ဦးအရိယ ကျောင်းတိုက်၌ စခန်းချသည်။ ၁၉၂၀၊ ဒီဇင်ဘာလ ၁၂ − အင်္ဂလိပ်အတိုက်အခံ လေဘာပါတီ အမတ်ကာနယ်ဝက်ဂျ်ဝုဒ် ဇနီးမောင်နှံ ဘုရားပေါ်သို့ ဖိနပ်ချွတ်၍ တက်သည်။ ကောလိပ် သပိတ်မှောက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။ ၁၉၂၁၊ မတ်လ ၁၆−၂၃ − ၁၉၁၉ခုနှစ် ငလျင်ကြောင့် ပျက်စီးသော ငှက်မြတ်နားကို ပြုပြင်ပြီး အသစ်တင်ပွဲ ပြုလုပ်သည်။ ဆရာလင်း မော်ကွန်းရေးသည်။ ၁၉၂၉၊ ဇန်နဝါရီလ ၂၂ − ကုန်းတော်ပေါ်မှ အင်္ဂလိပ် စစ်သင်္ချိုင်းကို ကန်တော်မင် အင်္ဂလိပ်သင်္ချိုင်းသို့ အခမ်းအနားဖြင့် ပြောင်းသည်။ ၁၉၂၉၊ နိုဝင်ဘာလ ၂၇ − ဘဏ္ဍာတော်ထိန်းအဖွဲ့က လက်မှတ်ထိုး၍ ဘုရင်ခံနှင့် ဘုရားလူကြီးတို့ စစ်တပ်ပြောင်းရေး သဘောတူညီချက်ကို ကြေညာသည်။ ၁၉၂၉၊ နိုဝင်ဘာလ ၂၉ − အင်္ဂလိပ်စစ်တပ်များ ကုန်းတော်ပေါ်မှ အပြီးအပိုင် ရွှေ့ပေးသည်။ ၁၉၃၀၊ ဖေဖော်ဝါရီလ ၈ − အရှင်ဦးဝိစာရ၏ အလောင်းတော်ကို အနောက်ဘက်မုတ်အနီးတွင် ပြည်သူတို့ မီးသင်္ဂြိုဟ်သည်။ ၁၉၃၀၊ မတ်လ ၂ − စစ်တပ်များ ရှိစဉ်က ပြည်သူပြည်သားများ တက်ခွင့်မရခဲ့သော အနောက်ဘက်စောင်းတန်းကြီးကို သံဃာအပါး ၄၀၀၀ အားဆွမ်းကျွေး၍ ဖွင့်သည်။ မဏ္ဍပ် ၁၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံသည်။ ၁၉၃၀၊ မေလ ၅ − ငလျင်ကြီးလှုပ်၍ ငှက်မြတ်နားတိုင်ကျိုးပြီး စိန်ဖူးတော် တွဲလွဲကျသည်။ ၁၉၃၀၊ ဇူလိုင်လ ၂၀ − ဦးစံထွန်း တန်ဆောင်းတွင် ဒို့ဗမာသီချင်း(တို့ဗမာ သီချင်း)ဆိုပွဲ ပြုလုပ်ရာ ဝိုင်−အမ်−ဘီ−အေ ဆရာတင် (သခင်တင် (ဝိုင်အမ်ဘီ))က တိုင်ပေးသည်။ ၁၉၃၀၊ စက်တင်ဘာလ − ကုန်းတော်ပေါ်မှာ လူငယ်များ ၅၀၀၀ ကျော် စုဝေးပြီး အစည်းအရုံးဖွဲ့သည်။ ၁၉၃၁၊ မတ်လ ၆ − ကုန်းတော်ပေါ်မှာ မီးကြီးလောင်သည်။ အဖိုးတန်လက်ရာများနှင့် တန်ဆောင်း ၂၀ ကျော်မီးထဲပါသွားပြီး သိန်း ၂၀ ဖိုး ဆုံးရှုံးသည်။ ၁၉၃၁၊ ဧပြီလ ၃၀ − ၁၉၃၀ ငလျင်ကြောင့် ပျက်စီးသော စိန်ဖူးတော် ပြုပြင်ပြီး၍ ပြန်လည် ကပ်လှူသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဩဘာရတု ရေးသည်။ ၁၉၃၂၊ ဇူလိုင်လ ၁၀ − အနောက်ဘက်မုတ် စောင်းတန်းကို ဆောက်ရန် အလယ်တောရ ဆရာတော် အုတ်မြစ်ချသည်။ ၁၉၃၅ − စေတီဖိနပ်တော်ရင်း ပတ်လည်တွင် ဂေါပကလူကြီး ဦးဘသော်နှင့် ဒေါ်သဲမေတို့က သံစည်းရိုးကာရန် လှူဒါန်းသည်။ ၁၉၃၆၊ ဖေဖော်ဝါရီလ ၂၅ − တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ ကုန်းတော်ပေါ်တက်၍ သပိတ်စခန်းချသည်။ ၁၉၃၉၊ ဇန်နဝါရီလ ၈ − ရေနံမြေ သပိတ်မှောက် အလုပ်သမားများနှင့် ရန်ကုန်ဝန်းကျင်မှ သပိတ်သမားများ ရွှေတိဂုံကုန်းတော်ကို ဗဟိုပြု၍ စခန်းချသည်။ ၁၉၃၉၊ ဇန်နဝါရီလ ၉ − ကုန်းတော်ပေါ်တွင် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီး ပြုလုပ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ ဖြစ်သည်။ ၁၉၃၉၊ ဇန်နဝါရီလ ၂၃ − တောင်ဘက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်တွင် ဖွင့်လှစ်ထားသော ဒို့ဗမာအစည်းအရုံးဌာနချုပ်သို့ ပုလိပ်မင်းကြီး ပရက်စကော့နှင့်အဖွဲ့ ဖိနပ်စီး၍ တက်ရာ ပြင်းထန်စွာ ကန့်ကွက်ကြသည်။ ၁၉၃၉၊ ဇွန်လ ၂၂ − လက်ရှိ ရွှေတိဂုံစေတီတော် ဥပဒေကို တရားလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးသည်။၁၉၄၂၊ ဒီဇင်ဘာလ ၉ − ဂျပန်စစ်သေနာပတိနှင့် မြန်မာဝန်ကြီးချုပ် ကုန်းတော်ပေါ်တက်၍ ဖူးပြီး စစ်အောင်နိုင်ရေးအတွက် ဆွမ်းကျွေးသည်။၁၉၄၃၊ ဩဂုတ်လ ၁ − နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော် ဘုရားဖူးတက်သည်။၁၉၄၅၊ ဇန်နဝါရီလ ၁ − ဒုတိယကမ္ဘာစစ်တွင် ဂျပန်ရှုံးနိမ့်တော့မည့် အခြေရှိသဖြင့် နိုင်ငံတော် အဓိပတိ ဘုရားဖူးတက်ပြီး စစ်အောင်နိုင်ရေး ဆုတောင်းသည်။၁၉၄၅၊ မတ်လ ၁၇ − ရွှေတိဂုံစေတီ အနောက်ဘက်ကွင်းမှ မြန်မာ့တပ်မတော်က ရန်သူကို တိုက်ရန် စစ်ထွက်ပွဲ ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောသည်။၁၉၄၅၊ နိုဝင်ဘာလ ၁၈ − ဖ−−ဆ−−ပ−−လ ပြည်လုံးကျွတ်ညီလာခံကို စေတီတော်ကုန်းမြေ အလယ်ပစ္စယာ၌ တက်ရောက်သည်။ ပရိသတ် တစ်သိန်းကျော် တက်သည်။၁၉၄၆၊ ဇွန်လ ၁၂ − စစ်ဘေးရန်ကြောင့် ကုန်းတော်ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြသူများအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ အမိန့်ဖြင့် ပြောင်းရွှေ့ရန် အကြောင်းကြားသည်။၁၉၄၆၊ စက်တင်ဘာလ − နယ်ချဲ့ကို ဆန့်ကျင်သော အစိုးရအမှုထမ်းပေါင်းစုံ သပိတ်များ ကုန်းတော်ပေါ်တွင် စခန်းချသည်။ ပုလိပ်သပိတ်အဖွဲ့လည်း ပါဝင်သည်။၁၉၄၈၊ ဇန်နဝါရီလ ၂ − မြန်မာနိုင်ငံမှ ပြန်ရတော့မည့် အင်္ဂလိပ်နောက်ဆုံး ဘုရင်ခံ ဟူးဘတ်ရန့်စ် ကုန်းတော်ပေါ်သို့ လာရောက်၍ ကြည်ညိုသည်။၁၉၇၀၊ စက်တင်ဘာလ ၅၊၆ ငလျင်များလှုပ်သည်။ စေတီတော် ပိန္နဲတိုင်စောင်း၍ ဆည်းလည်းအချို့ ပြုတ်ကျသည်။၁၉၇၁၊ မတ်လ ၇ − ယမန်နှစ်အတွင် ငလျင်ကြောင့် ပိန္နဲတိုင် တိမ်းစောင်းသွားသည်ကို ပြုပြင်ခြင်းနှင့် ထီးတော်တင် စစ်ဆေးခြင်း၊ ငှက်မြတ်နား ပြုပြင်ခြင်း၊ ရွှေပြားနှင့် ရတနာများ၊ ဆည်းလည်းများ လှူခြင်းများ၏ ကုသိုလ်အစုစု သိန်း ၁၀၀ ကျော်ဖိုးကို ရင်ပြင်တွင် ရေစက်ချ လှူဒါန်းသည်။၁၉၇၂၊ ဧပြီလ/မတ်လ' - စေတီတော် ပထမ ဖောင်းရစ် အထက်တွင် ၁၉၀၃ ခုနှစ်မှစ၍ ရှစ်ကြိမ်မျှခွဲပြီး တစ်ပေပတ်လည် ရွှေပြား ၁၃၁၅၃ ပြား ကပ်လှူထားခဲ့ရာမှ ကျန်ဖောင်းရစ်အားလုံး ရွှေပြားကပ်လှူနိုင်ရန် အလှူရှင်တို့၏ နောက်ထပ်ရွှေပြား ၁၁၂၉ ပြား ပူဇော်ရန် စီစဉ်သည်။ တစ်ပြားလျှင် ခြောက်ကျပ်သားရှိ၍ ကာလတန်ဖိုး ၃၀၀၀ ကျပ်ဖြစ်သော ရွှေပြားများကို မေလဆန်း ၄ ရက်နေ့မှ စ၍ ကပ်လှူသည်။ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းကြသည်။ ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ မြို့မ-မြင့်ကြွယ် ၏ ရွှေတိဂုံစေတီတော် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဝက်ဘ်ဆိုဒ် ခင်မျိုးချစ် ၏ ရွှေတိဂုံစေတီတော် သမိုင်း My Child-life in Burmah by Olive Jennie Bixby 1880 recollections of a missionary's daughter : inc. detailed description of King Mindon's new hti being erected, pp 111 Rudyard Kipling's description of Shwedagon Pagoda in 1889 Elizabeth Moore conference the shwedagon in british burma myanmar Lt. J.E. Alexander's account, 1827, p. 153 "Scene upon the Terrace of the Great Dagon Pagoda" from 1826 Category:ရန်ကုန်မြို့ရှိ စေတီပုထိုးများ Category:ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ Category:ရန်ကုန်မြို့
ပိဋကတ် သုံးပုံ
ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပာယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုကြသည်။Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990) ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာရံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒဂ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒဂ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀ က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဓမ္မနှင့် ဝိနယ ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစနများကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်သည်။ ပိဋက "ပိဋက" ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊ တောင်း" ဟု အဓိပ္ပာယ်ရသည်။ "ဗုဒ္ဓဝစန" တို့ကို "ပိဋက" ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။ ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) တို့သည် မျိုးတူဝတ္ထုပစ္စည်းတို့ကို ခွဲခြားသိုလှောင်ရာ ဖြစ်သကဲ့သို့ ဗုဒ္ဓဝစနတို့ကို သိုလှောင်ရာဖြစ်သည် ဟု မှတ်သားရသည်။ ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့်ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံတွင် အလုပ်သမားများ မြေတူးသယ်ပို့ရာတွင် စနစ်တစ်ခုရှိသည်။ လူအများ တန်းစီ၍ သယ်ယူမည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ ထို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှတပည့်သို့ တဆင့်စီ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြသည်။ မဟာယာနဂိုဏ်းသားတို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဟူသော အမည်ဖြင့် ခေါ်ဆိုကြသောကြောင့် ဤအယူအဆသည်လည် ယုတ္တိတန်သည်ဟု ယူဆရသည်။ ၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က- ဝိမုတ္တိရသအားဖြင့် ၁ ဓမ္မဝိနယအားဖြင့် ၂ ဝစနာအားဖြင့် ၃ ပိဋကအားဖြင့် ၃ နိကာယ်အားဖြင့် ၅ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန) ပိဋကတ်သုံးပုံ တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။ ဝိနည်းပိဋကတ် = ဝိနည်း (၅) ကျမ်း အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ (၇) ကျမ်း သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ်၌ ထည့်သွင်းသည်။ (၃၇) ကျမ်း စုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် ၂၁၀၀၀၊ ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊ အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။ ဝိနယပိဋကတ် ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် ပါတိမောက္ခဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။ အဘိဓမ္မာပိဋကတ် သုတ္တန္တပိဋကတ် နိကာယ် ငါးရပ် နိကာယ်ဟူသော စကားမှာ နိကာယဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ အပေါင်းအစုဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို နိကာယ် ငါးရပ် ဟုခေါ်သည်။ ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်- ဒီဃနိကာယ = ရှည်လျားသော ဒေသနာတော်များ အစု။ မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ် ဒေသနာများ အစု။ သံယုတ္တနိကာယ = တရားသဘောအဖြင့်လည်းကောင်း၊ ဟောကြားချက်အားဖြင့်လည်းကောင်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် ဒေသနာတို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း။ အင်္ဂုတ္တရနိကာယ = အင်္ဂါတစ်ခုစီ ကျော်လွန်သည့် ဒေသနာများကို စုပေါင်းထားခြင်း။ တနည်းဆိုသော် တစ်ပါး၊ နှစ်ပါး၊ သုံးပါးစသည့် ၁၁-မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန် ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း။ ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောဒေသနာများ အစု။ ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ နန္ဒာသိန်းဇံ - ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ ကထာဝတ္ထု ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ တတိယသင်္ဂါယနာတင်ပြီးချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ အသောကမင်းကြီးလက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ ဂျိန်းရဟန်း၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။ ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခက်အခဲရှိလာကာ ဥပုသ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုသ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုသ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။ ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်းကို ကထာဝတ္ထုပါဠိတော်ဟု ခေါ်သည်။ မိလိန္ဒပဉှာကျမ်း အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော မိလိန္ဒမင်းသည် ထင်ရှားခဲ့သည်။ မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် အရှင်နာဂသေနအား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို ထေရဝါဒအမြင်ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထိုမိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်ဟု နောင်တွင်ခေါ်ခဲ့ကြသည်။ မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်းတစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။ ပိဋကတ် သုံးပုံ မြန်မာပြန် စာရင်း ဝိနည်း ပိဋက မြန်မာပြန် ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ် ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း ဝိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - စူဠဝဂ် ပါဠိတော် မြန်မာပြန် ဝိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန် သုတ္တန် ပိဋက နိကာယ် ငါးရပ် မြန်မာပြန် ဒီဃနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိကဝဂ်ပါဠိတော် မြန်မာပြန် မဇ္ဈိမနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် သံယုတ္တနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် အင်္ဂုတ္တရနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် နဝကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ် သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ ခုဒ္ဒကနိကာယ် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဝိမာနဝတ္ထုပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတဝတ္ထုပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန် သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဉှာပါဠိတော် မြန်မာပြန် အဘိဓမ္မာ ပိဋက မြန်မာပြန် အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ဝိဘင်္ဂပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန် အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန် ပိဋကတော်၏ နက်နဲခြင်း ၄-ပါး ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။ ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊ အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပာယ်များ နက်နဲ ခက်ခဲခြင်း၊ ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊ ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။ ပိဋကတော်၏ အင်္ဂါ ၉-ပါး။။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။ ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။ (၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုတ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။ (၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။ (၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။ မှတ်ချက်။။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်လည်းကောင်း၊ နိဿရဏတ္ထပရိယတ္တိ သော်လည်းကောင်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖော်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း။ဋ္ဌ။ ပ။ ၁၉။ ၂၀။ ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ ပ။ ၁၉။ သာရတ္ထ။ ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။ ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း အဖြေကား ဂဏန်းနှင့်တွဲ၍ ဖော်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊ ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။ ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။ ၁--- ၂--- ၃--- ၄--- ၅--- ၆--- ၇---- ၈--- ၉--- ၀ က-- ခ---ဂ--- ဃ---င--- စ--- ဆ--- ဇ--- ဈ--- ည ဋ--- ဋ္ဌ---ဍ---- ဎ---ဏ--တ---ထ--- ဒ--- ဓ---- န ပ--- ဖ---ဗ----ဘ---မ -- ...--- ...---...---...----... ယ-- ရ--လ----၀---+----+ ----သ---ဟ---ဠ--- အ ကိုးကား ရင်းမြစ် Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990) နန္ဒာသိန်းဇံ- ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန) ပြင်ပလင့်ခ်များ တိပိဋက ဆဋ္ဌသံဃာယနာတင် မြန်မာပြန် တိပိဋက (ပါဠိစာ မပါ၊ မြန်မာဘာသာပြန် သီးသန့် ဖြစ်သည်။) ပိဋကတ်သုံးပုံ မြန်မာပြန်စာအုပ်များ Category:ပိဋကတ် သုံးပုံ
ကနောင်မင်းသား
ကနောင်မြို့စားမင်းသားကြီး(မြန်မာ ၁၁၈၁-၁၂၂၈) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘဝနှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာအိမ်ရှေ့စံမင်း တစ်ပါး ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။ အောက်မြန်မာပြည်တွင်ဗြိတိသျှတို့ ရောက်ရှိ ကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ်ချင်းနေသော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းကြောင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သောအသစ်အဆန်း ထွင်မှုပြောင်းလဲမှုတို့သည် အထက် မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်မြန်မာခေါင်းဆောင်တို့တွင် အရေး ပိုမိုပါဝင်ခဲ့သူကို ရှာဖွေလျှင်ကနောင်အိမ်ရှေ့မင်း ကိုပင် တွေ့ရပေမည်။ အတ္ထုပ္ပတ္တိ အကျဉ်း ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နှင့် `သီရိသုစန္ဒာမာလာမဟေ´ဘွဲ့အမည်ရှိ ရွှေဘိုမင်းတရားကြီး၏ တောင်ဆောင်တော်၊ ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါးတို့ ထွန်းကားခဲ့ရာ သားအကြီးမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ဖြစ်၍ အငယ်မှာ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသား ဖြစ်လေသည်။ ကနောင်မင်းသားသည် မြန်မာသက္ကရာဇ် ၁၁၈၁ ခုတော်သလင်း လပြည့်ကျော်၂ရက် တနင်္ဂနွေနေ့၊ခရစ်သက္ကရာဇ်(၄.၁.၁၈၂၄)တွင် ဖွားမြင်၏။ ဖွားစဉ်က မီးနေဆောင်သို့မရောက်မီ တောင်ဆောင်၌ဖွားမြင်သဖြင့် ခမည်းတော်က မောင်တောင်မင်းဟု ကိုယ်တိုင်မှည့်ခေါ်ခဲ့၏။ ချစ်စနိုးခေါ်သော ငယ်မည်မှာ `ထိပ်တင်ကောက်´ ဖြစ်၍ မင်းသားလတ်အဆင့်တွင် မင်းတပ်မြို့ကိုစားခဲ့ရသည်။ နောင်တော် ပုဂံမင်း (၁၈၄၆-၁၈၅၃) ထီးနန်းဆက်ခံတော်မူသောအခါ `သီရိသုမဟာ ဓမ္မရာဇာ´ဟူသော ဘွဲ့တော်နှင့် ကနောင်မြို့ကို စားရသည်။ ထို့ကြောင့် ကနောင်မင်းဟု တွင်လေသည်။ သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းက ရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်၊ သက်တော် (၃၃)နှစ်တွင် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား (အနောက်နန်းမတော်မမြလေး)၏ သမီးတော် လှိုင်ထိပ်ခေါင်တင်နှင့် လက်ထပ်တော်မူပြီးလျှင် တပယင်း၊ တောင်တွင်းကြီး၊ ပဉ္စလငါးမြို့နှင့် စလေမြို့များကို စားရလေသည်။ ကနောင်မင်းသားသည် အိမ်ရှေ့စံမင်းသား (နန်းညွန့်နန်းလျာမင်းသား) လည်းဖြစ်ပြီး ထီးနန်းစည်းစိမ်နှင့် အချုပ်အခြာအာဏာကိုဆက်ခံရန်အခွင့်ရှိသူဖြစ်နေပေရာ ထိုအခွင့်အရေးကို မက်မောကြသော တူတော်များ (မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား) တို့၏လုပ်ကြံမှုကြောင့် ကံတော်ကုန်ခဲ့ရသည်။ ကနောင်မင်းသား ကံတော်ကုန်စဉ် သက်တော်မှာ (၄၇)နှစ်သာ ရှိသေးသည်။ ပဒေသရာဇ်ခေတ်ရှိ နန်းတွင်း အရေးအခင်းများမှာ သမိုင်းတင်ထားသည်ထက်လည်း ပိုမိုရှုပ်ထွေးနေတတ်သည်။ မိဖုရားများနှင့် သားသမီးတော်များ ကနောင်မင်းသားသည် မိဖုရားနှင့် ကိုယ်လုပ်တော်ပေါင်း ၅၂-ပါးရှိပြီး ၎င်းတို့မှဖွားမြင်သော သားသမီးတော်များမှာ ၁၀၂-ပါးရှိသည်။ သားတော်သမီးတော် အချို့မှာ - အတွင်းဝန် ဇလွန်မြို့စား မင်းကြီး မဟာမင်းလှနော်ရထာ၏ သမီးကြီး သိင်္ဂါမဟေ ဥယျာဉ်တော်သခင်ကြီး ခေါ် ခင်ဖူး သားတော် (ငယ်က လွန်) နှမတော် (ငယ်က လွန်) မောင်တောင် တောင်ဆင်းမင်းသား ထိပ်တင်ကိုယ်တော်မြင့် ညီတော် ဆောက်တောင်းမင်းသား ကိုယ်တော်လတ် မောင်စစ်အောင် နှမတော် မယ်ဆွေစစ် + မြောက်ဆောင်ရ သီရိသင်္ခါမဟေ ခင်ကျေးမောင် ဦးပေတလူသား မောင်မောင်သက် ညီမတော် မယ်ဆွေတုတ် + မောင်မောင်ကြီး ကိုယ်လုပ်တော်သခင်ကြီး ခေါ် ခင်ခါကြီး သမီးတော် မယ်ဆွေအံ့ ညီမတော် မြင်းမူထိပ်ခေါင်တင် မယ်ဆွေအိ ခင်ရှမ်း ဝါးနွယ်ကုန်းတိုက်စား မယ်ဆွေအေး + ဝန်းသိုစော်ဘွားတူ ဦးဘ သားတော် ထိပ်တင်ကိုယ်တော်ကြီး + သီပေါမင်းသမီး ထိပ်စုမြတ်ဖုရား သမီးတော် ခင်စော သမီးတော် ထိပ်ခေါင်တင်ဝ ခင်အေး သမီးတော် ထိပ်ခေါင်တင်ဟေ့ + မောင်မောင်ညို သားတော် သားတော် ဘဏ္ဍာစိုးစာရေးကြီး မင်းလှမင်းထင်ကျော်သမီး ခင်အစ် သားတော် ကျွန်းညွန့်မင်းသား မောင်မြကြိုင် နှမတော် မယ်ဆွေသက် ညောင်ဇင် ခင်ဥ သမီးတော် သီရိသုပဘာဝတီ ထိပ်ခေါင်တင်လှ + နေမျိုးမင်းထင်ရာဇာ ဗြဲတိုက်သံဆင့် ဦးတုတ်ကြီး သားတော် သမီးတော် ညီမတော် မယ်ဆွေထွဋ် အိမ်ရှေ့စာရေးကြီးသမီး ခင်ပွင့် သမီးတော် မယ်ဆွေစိုး + မောင်မောင်ဆန်း သမီးတော် သားတော် သားတော် သားတော် အတွင်းဝန် ဇလွန်မြို့စား မဟာမင်းလှနော်ရထာသမီးငယ် ခင်ပု သားတော် မြင်းဝမ်းပိုက်မင်းသား မောင်စစ်နိုင် နှမတော် မယ်ဆွေရင့် တောင်တွင်းကြီးဗိုလ် ဦးရွှေအောင်သမီး ခင်ထယ် ထိပ်ခေါင်တင်စော + ထိပ်တင်ကိုယ်တော်ဖိုး+ ဦးသာခိုင် ဆားလင်းကြီး ပုဏ္ဏာမဟေ ခင်စာ မင်းပြင်ထိပ်ခေါင်တင် သီရိမလ္လာဝတီ မယ်သဲနှစ် ရွှေဘိုမင်းလက်ထက် ရွှေလှံမင်းကြီးသမီး ဆောင်ရ ခင်ဖွား ရန်အောင်မြင် ထိပ်ခေါင်တင် သုသီရိသင်္ခါဝတီ မယ်ဆွေချစ် + မြောက်နန်းမိဖုရားတူ မောင်မောင်လတ် သမီးတော် ရန်အောင်မြင် ခေါင်ခေါင်ကြီး ညီမတော် (ငယ်က လွန်) ဒီပဲယင်းဝန် ဦးမှန်၏သမီး မဂါလာအိမ်တာ်ပါ‌ ‌ြောက်‌ေဆာင်‌ေတာ်ရသခင်မကြီသာယာကုန်းတိုက်စား ခင်ကျော့ သားတော် ပန်းတိမ်းမင်းသား နှမတော် တောင်ညိုမင်းသမီး ညီမတော် ရန်အောင်မြင် သီရိစိတ္တာဝတီ + မဟာသုသီရိဓမ္မရာဇာ သုံးဆယ်မင်းသား စမ္ပယ်နဂိုရ်မင်းသမီး သီရိအာသာဒေဝီ (နောက် သုသီရိကဉ္စနဒေဝီ) + မယ်တော်မောင် ဦးပေတလူသား မောင်မောင်သက် တိုင်တားမင်းသား မောင်မောင်သန့် ဆောင်ရ နန္ဒာမဟေ ခင်ညှာ ကြေးမြင်မင်းသား ထိပ်တင်ကိုယ်တော် သက် ရနောင်မင်းသမီး ထိပ်ခေါင်တင်ကြည် ဆောင်ရ ခင်ဖဲ ကောင်းတုံထိပ်ခေါင်တင် သုသီရိသာမာဝတီ မယ်ဆွေဂုံ ခင်သိုက် ထိပ်တင်ကိုယ်တော်ဖိုး ကျောက်ဆည်မြို့ဝန် မင်းလှမင်းခေါင်ရာဇာ ဦးသာဦးသမီး မြို့သာမြို့စား ခင်ကောက်ကြီး သမီးတော် (ငယ်ကလွန်) မောင်တော် မောင်နေထွန်း နှမတော် ထန်းသာရွာစား မယ်ဆွေတင့် သားတော်၊တူတော်များအား စိတ်မချခြင်း အိမ်ရှေ့စံ ကနောင်မင်းသားနှင့် မင်းတုန်းမင်းတို့ ဆုံသောအခါ သားတော်၊တူတော်များအား စိတ်မချကြောင်း လျှောက်တင်တင်သောအခါ မင်းတုန်းမင်းက `အေး...မောင်ပုရေ...နောင်တော်ဘုရားကလည်း သီလဝတို့ကို စိတ်မချဘူး။ မောင်ပုကလည်း မောင်ညိုတို့ကို ဂရုမစိုက်၊ သူတို့ကလည်း ထနောင်းပင်က မီးတကျည်ဆိုသလို လာကြလိမ့်ဦးမည်´ဟု မိန့်တော်မူသည်။ မောင်ညိုဆိုသူမှာ ပန်းထိမ်းမင်းသားကို ဆိုလိုသည်။ သီလဝဆိုသည်မှာ မြင်ကွန်းမင်းသားကို ဆိုလိုသည်။ မောင်ပုဆိုသည်မှာ ကနောင်မင်းကို မင်းတုန်းမင်းက ငယ်စဉ်အခါက ညီပုလေးဟု ချစ်စနိုးခေါ်တွင်ရာမှ အရွယ်ရောက်လာသောအခါ မောင်ပု ဟုခေါ်ဆိုလေသည်။ ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်) ကြိုးပမ်းမှုများ ကနောင်မင်းသားသည် သာယာဝတီမင်း၏ သားတော်၊ မင်းတုန်းမင်း၏ ညီတော် ဖြစ်သည်။ ဒုတိယအင်္ဂလိပ်မြန်မာစစ် ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် ပုဂံမင်းကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင်မင်းသားမှာမူ စီမံခန့်ခွဲရေးတွင် နိုင်နင်းသူ ဖြစ်သည်။ ကနောင်မင်းသားသည် အနောက်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ ဗမာ့တပ်မတော်ကို ခေတ်မှီစေရန် ခေတ်မှီ လက်နက်များ တပ်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများလည်း တည်ဆောက်ခဲ့သည်။ ကနောင်မင်းသားသည် ဧရာဝတီ မြစ်ရိုးအတိုင်း ဆန်တက်လာမည့် ဗြိတိသျှတို့၏ စစ်သင်္ဘောများကို တားဆီးနိုင်ရန် ရေမြှုပ်ဗုံးကို တီထွင်စမ်းသပ် အောင်မြင်ခဲ့သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသည့် နိုင်ငံတော် ဖြစ်သည့် အားလျှော်စွာ ဘုန်းတော်ကြီးများက ရေသတ္တဝါများ သေကြေပျက်စီးကြောင်း ပြောကြား ကန့်ကွက်သဖြင့် ရေမြှုပ်ဗုံး ထုတ်လုပ်မှု စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုနည်းတူပင် အခြားသော စက်မှုထူထောင်ရေး ကြိုးပမ်းမှုများမှာလည်း ၎င်းကွယ်လွန်ပြီးချိန်မှ တစ်စစနှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ အချို့စက်ရုံများကိုမူ အင်္ဂလိပ်တို့ မန္တလေးကို သိမ်းယူအပြီးနောက်ပိုင်းတွင် ပြန်လည်ပြီး လည်ပတ်ခဲ့ကြသေးသည်။ ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။ နေထွတ်၏ ‘မန္တလေးအဘိဓာန်’ စာအုပ် ထိုစဉ်က အင်္ဂလိပ်နှင့် ပြင်သစ်စသည့် နိုင်ငံတို့က ကိုလိုနီနယ်မြေများရရှိရန် အပြိုင်အဆိုင် လုံးပမ်းနေကြခြင်းဖြစ်ရာ အထွေထွေ ခေတ်နောက်ကျနေသော ပဒေသရာဇ်နိုင်ငံများအဖို့ အနှေးနှင့်အမြန်သာကွာခြားပြီး နယ်ချဲ့လက်တွင်းသက်ဆင်းကြရန် တာစူနေပေသည်။ ကနောင်မင်းသားမှာ အချုပ်အခြာအာဏာ ပိုင်စိုးသူမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချုပ်ခြယ်မှုများ မလွတ်ကင်းသေးချေ။ 180px||မန္တလေး နန်းတော်အတွင်းရှိ ရုပ်တု သဂြိုဟ်ပုံ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းနှင့် ပန်းထိမ်းမင်းသား အရေးအခင်းတို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြာသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော်ကိုစွဲ၍ စန္ဒာမုနိဘုရားဟု ခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြာသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြာသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြာသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋီတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ ရွှေကိုင်းသား၏ နှစ်(၁၀၀)ပြည့် မန္တလေး ကနောင်မင်းသား ရုပ်ကလာပ်အား မန္တလေးတောင် ခြေရင်း၌ ဂူသွင်းသဂြိုဟ်ခဲ့သည်။ ၁၉၈၈ စစ်အစိုးရလက်ထက်တွင် ကနောင်မင်းသား၏ အုတ်ဂူကို စန္ဒာမုနိစေတီ ဘုရားဝင်းအတွင်း ရွေ့ပြီး အခု မန္တလေးတောင်အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားသည်။ မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း ကိုးကား Category:ကုန်းဘောင်ခေတ်
တိုင်းရင်းသားကျေးရွာ
တိုင်းရင်းသားကျေးရွာ သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုသား တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ထုံးစံဓလေ့များကို ပုံဖော်တည်ဆောက်ထားသည့် ဗဟုသုတရဖွယ်၊လေ့လာဖွယ် ယဉ်ကျေးမှုဥယျာဉ်ပင် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားကျေးရွာ (၃)ခု ရှိနေသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြင်ဦးလွင် အမျိုးသား ဥယျာဉ် အနီး နေပြည်တော် (တည်ဆောက်ဆဲ) ကိုးကား သတင်းစဉ် Category:မြန်မာ့ ယဉ်ကျေးမှု အရက်သေစာ သောက်စားမှုများရှိပါသည်
ဟံသာဝတီ
ရှေးဟောင်းမြို့တော်ဟံသာဝတီသည် ယခုပဲခူးမြို့နေရာတွင် ရှိခဲ့သော ရှေးမွန် နှင့် မြန်မာတို့၏ မင်းနေပြည်တော်ဖြစ်ခဲ့သည်။ မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင် ၅၀ ကျော်တွင်တည်ရှိသည်။ ရှေးနန်းတော်ရာဟောင်း နေရာများ သမိုင်းဝင် ဗုဒ္ဓသာသနိကအဆောက်အဦးများ နှင့် စေတီပုထိုးများကို ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။ ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီနေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ်က အချိန်ကို ဆိုလိုသည်။ ဟံသာဝတီ(ယခု-ပဲခူး) မင်းနေပြည်ကို အုပ်စိုးခဲ့သည့် ထင်ရှားသောမွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှဗညားဦး(အေဒီ ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ်(၁၃၈၅-၁၄၂၃)၊ ဘုရင်မရှင်စောပု(၁၄၅၃-၇၂)၊ ဓမ္မစေတီ(၁၄၇၂-၉၂) တို့ဖြစ်ကြပြီးမြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည့် မင်းများဖြစ်ကြသည်။ ဟံသာဝတီမြို့တော် တည်ရှိရာ အရပ်သည် မိုးများသော ဒေသဖြစ်ခြင်း၊ ပြင်းထန်သော ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။ သို့သော် ကျန်ရှိသော သမိုင်းမှတ်တမ်းများမှလည်း ဟံသာဝတီမြို့တော်နှင့် ဟံသာဝတီခေတ်အခြေအနေကို ပြန်လည်လေ့လာသုံးသပ်နိုင်သည်။ ရှေးဟောင်းသမိုင်းမှတ်တမ်း ဟံသာဝတီမြို့တော်၏ ရှေးဟောင်းသမိုင်းသည် မြန်မာနိုင်ငံမှ အခြားသော စေတီ၊ပုထိုး၊မြို့ရွာများတွင် တွေ့ရသော ဘုရားဗျာဒိတ်တော်အတိုင်းပေါ်ထွန်းလာရခြင်း ဟူသော ဒဏ္ဍာရီကို တွေ့ရှိရသည်။ အဆိုပါ ဒဏ္ဍာရီ မှတ်တမ်းများအရ ဖော်ပြထားသည်မှာဤကဲ့သို့ ဖြစ်သည်။ သုဝဏ္ဏဘူမိမှ လှည့်လည်ကြွချီလာသော ဗုဒ္ဓဘုရားရှင်သည် ဟံသာဝတီမြို့တော်ကြီးပေါ်ထွန်းမည့် နေရာဒေသသို့ရောက်ရှိစဉ် ပင်လယ်ပြင်မှပေါ်ထွန်းနေသောအငူပေါ်တွင် ဟင်္သာဖိုမတို့ကို တွေ့မြင်တော်မူကြောင်း၊ ထိုကုန်းအငူလေး မှာကျဉ်းမြောင်းလှ၍ ဟင်္သာဖိုမယှဉ်တွဲနားနေစရာမရှိကြောင်း၊ ထို့ကြောင့် ဟင်္သာဖို၏ ကျောကုန်းပေါ်တွင် ဟင်္သာမကနား၍ ဗုဒ္ဓဘုရားအား တောင်ပံယှက်ကာ ပူဇော်ကြောင်း၊ ထိုအခါ ဘုရားရှင်ကပြုံး၍ ဤနေရာတွင် နောင်အခါဟံသာဝတီပြည်ကြီးဟူ၍ တိုးတက်စည်ပင်လာပြီး၊သာသနာတော်လည်း ဖွံ့ဖြိုးထွန်းကားလာမည်ဖြစ်ကြောင်း ဟံသာဝတီရှေးသမိုင်းများတွင်နိဒါန်းချီ ရေးသားလေ့ရှိကြသည်။ ထိုဟင်္သာဖိုပေါ် ဟင်္သာမ နားနေပုံ ပန်းပုရုပ်တုအား ယခုပဲခူးမြို့အတွင်းတွင် အထိမ်းအမှတ်ရုပ်တုအဖြစ် ပြုလုပ်ထားပြီး၊ ထိုနိမိတ်ပုံသည် ယခုပဲခူးတိုင်း၏ သင်္ကေတအမှတ်တံဆိပ်လည်းဖြစ်သည်။ ဟံသာဝတီ ခေတ်သုံးခေတ် ဘုရား၊စေတီ သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းကျမ်းများ၊ ကျောက်စာများ အရ ဟံသာဝတီခေတ်အားခေတ်သုံးခေတ်ပိုင်းခြားနိုင်ကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။ ပထမပိုင်းမှာ သမလမင်း မှ အစပြုကာ တိဿ မင်းအထိခေတ်ဖြစ်သည်။ ဒုတိယခေတ်မှာ ဝါရီရူမင်းလက်ထပ်မှ ဗညားဦး၊ရာဇဓိရာဇ်၊ရှင်စောပု ဓမ္မစေတီမင်းတို့ပါဝင်ပြီး၊ သုရှင်တကာ ရွတ်ပိမင်း ထိခေတ်ဖြစ်ပြီး၊ တတိယခေတ်မှာ တောင်ငူမင်းများဖြစ်သော တပင်ရွှေထီးမှအစပြုကာ မွန်ဘုရင် ဗညားဒလ ငါးဆူဒါယကာ ထိခေတ်ဖြစ်သည်။မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ် ဟံသာဝတီမြို့တော်နှင့် တိုင်းသမိုင်း၊ရေးသားသူ-ဦးမြင့်အောင် ရာဇာဓိရာဇ်မပါလျင်ဟံသာဝတီခေတ်အကြောင်းပြီးပြည့်စုံမည်မဟုတ်ပေ။ ထို့အပြင်အင်းဝခေတ်နှင့်ဆက်စပ်နေသော အင်းဝ-ဟံသာဝတီအနှစ် ၄၀ ကြာစစ်ပွဲသည်ဟံသာဝတီခေတ်အကြောင်းကိုတစိတ်တပိုင်း ဖွင့်ဆိုပြနေပေသည်။ |ရာမညမြေး ဟံသာဝတီခေတ် စစ်ရေး၊နိုင်ငံရေး ဟံသာဝတီခေတ် နိုင်ငံရေးသည် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ပင် ဖြစ်သောကြောင့် အာဏာကို အဓိကပိုင်သူမှာဘုရင်သာ ဖြစ်လေသည်။ သက်ဦးဆံပို်င်ပဒေသရာဇ်စနစ်ဖြစ်သော်လည်း သူ့ရှင်ရာဇာဓိရာဇ်ကိုယ်တော်တိုင်သည် အမိန့်တစ်ခု သို့မဟုတ် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လျှင် ပညာရှိအမာတ်မင်းများ ဖြစ်ကြသည့် သက်တော်ရှည် အမာတ်ကြီးဇွဲသနုတ်၊ မင်းဆရာ မင်းကံစီ၊ ပညာရှိအမာတ်ဒိန်၊စစ်သေနာပတိချုပ်သမိန်ဗြဇ္ဇတို့နဲ့ အမြဲတိုင်းပင် ညှိနှိုင်းပြီးမှသာ ချမှတ်လေ့ရှိတတ်ကြောင်းလဲ သမိုင်းအထောက်အထားများအရ သိရပါသည်။ မွန်သုံးရပ်ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်အောင် စုပေါင်းပြီး မြို့စားနယ်စားများချီးမြှင့် မြှောက်စားကာ ထိုမြို့စားမင်းများကိုလဲ အာဏာကုန်လွှဲပေးထားတဲ့ ပထမဆုံး မွန်ဘုရင်ဖြစ်သောကြောင့် မွန်သမိုင်းတစ်လျှောက် အထင်ရှားဆုံးဖြစ်သလို ယနေ့အချိန်အထိ မွန်တစ်မျိုးသားလုံးအတွက် စံပြဘုရင်အဖြစ် သတ်မှတ်ထားကြပါသည်။ ဟံသာဝတီခေတ်တွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး၊ အများစုမှာ သက်ဦးဆံပိုင် ဘုရင်အချင်းချင်းနယ်မြေလုရန်အတွက်သော်လည်းကောင်း၊ဂုဏ်သိက္ခာအရသော် လည်းကောင်း ဖြစ်ပွားခဲ့သော စစ်ပွဲများဖြစ်သည်။ ဟံသာဝတီခေတ်တွင် မွန်ဘုရင်များ ထဲမှ ရာဇာဓိရာဇ် သည် ထင်ရှားပြီး၊ မြန်မာများဘက်မှ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့သည် ထင်ရှားပေသည်။ မွန်ဘုရင် ရာဇာဓိရာဇ်သည် အင်းဝ နှင့် နှစ်ပေါင်း ၄၀ ကျော်စစ်ပွဲဖြစ်ပွားခဲ့ပြီး၊ ထိုစစ်ပွဲနှင့်အတူမွန်သူရဲကောင်း၊ မြန်မာ သူရဲကောင်းများလည်း ပေါ်ထွန်းခဲ့ပေသည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက်တွင်လည်း သူရဲကောင်းများထွန်းကားခဲ့ပြီး၊ အဆိုပါ မွန်နှင့်မြန်မာ စစ်ဘုရင်များသည် သူရဲကောင်းများကို ချစ်ခင်မြှောက်စားသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဟံသာဝတီ၏ စစ်ရေးသမိုင်းတွင် သူရဲကောင်းများသည် ထင်ရှားသော ကဏ္ဍမှပါဝင်ခဲ့ကြသည်။ ရာဇာဓိရာဇ်၏ သူရဲကောင်းများ ရာဇာဓိရာဇ်သည် ဟံသာဝတီထီးနန်းကိုရရှိရန်အတွက် စစ်ခင်းယူခဲ့ရသည်။ အင်းဝဘုရင် မင်းခေါင်နှင့်လည်း အနှစ်လေးဆယ်ကြာ စစ်တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲများတွင် ရာဇာဓိရာဇ်သည်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့သကဲ့သို့၊ သူရဲကောင်းများကို ဦးဆောင်တိုက်ခိုက်စေခဲ့သည်လည်းရှိသည်။ ရာဇာဓိရာဇ်၏မွန်သူရဲကောင်းများထဲတွင်၊ဗိုလ်မင်းဗြတ်ဇ၊အမာတ်ဒိန်၊လဂွန်းအိန်၊သမိန်ဗရမ်း၊ အဝနံနိုင်(အဝနိုင်)၊ဥပါကောင်း၊ အဲမွန်ဒယာ တို့မှာ အထင်ရှားဆုံးဖြစ်ကြသည်။ ထိုသူများ၏ကတိသစ္စာတည်ကြည်မူ့၊ သူရဲကောင်းပီသမူ့များကြောင့် စစ်ရပ်နားစဉ်အချိန်တွင် တဖက်သူရဲကောင်းများကပင်ဖိတ်ခေါ်ချီးကျူးကြသည်ဟု ဆိုသည်။မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ်သူရဲကောင်းများ၊ရေးသားသူ-မင်းယုဝေ သာသနာရေးနှင့် စေတီ၊ပုထိုးများ ဟံသာဝတီခေတ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် အဓိကအားဖြင့်စည်ပင်ထွန်းကားခဲ့သော်လည်း အခြား မဟာယာနဗုဒ္ဓဘာသာ၊ တန္တရ ဗုဒ္ဓဘာသာဂိုဏ်း နှင့် အိန္ဒိယမှလာသော ဗြဟ္မာဏ ဘာသာများလည်း အတန်အသင့် ထိုးဖေါက်ဝင်ရောက်ခဲ့သည်။ ထေရဝါဒကို ထောက်ခံအားပေးသည့် ဓမ္မစေတီ၊ဘုရင့်နောင်တို့ကဲ့သို့ ဘုရင်များလက်ထက်တွင် မဟာယာနနှင့် တန္တရဂိုဏ်းဝင် ဗုဒ္ဓဘာသာအကြွင်းအကျန်များ ရှိနိုင်သော်လည်း ငုတ်လျှိုးနေမည်မှာ သေချာပေသည်။ ကျန်ရှိခဲ့သောစေတီ၊ပုထိုးများမှ လက်ရာကိုကြည့်၍ ဟိန္ဒူဝါဒများလည်း အမြစ်သန်အားကောင်းခဲ့ကြောင်းခန့်မှန်းနိုင်ပေသည်။ တိဿဘုရင်လက်ထက်တွင် ဗြဟ္မဏဘာသာကို အဓိကအားပေးပြီး၊ ဗုဒ္ဓဘာသာကိုအထူးဆန့်ကျင်ခဲ့ကြောင့် ကျမ်းစာများတွင် ဖော်ပြပါရှိလေသည်။ ထို့နောက် ဘုရင်ကြီးမှ အကျွတ်တရားရကာ ဗုဒ္ဓဘာသာကို ပြန်လည်သက်ဝင်ယုံကြည်ခဲ့ကြောင်းလည်း ဖော်ပြကြသည်။ မွန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟံသာဝတီကို စိုးစံသွားသည့် ဘုရင်များသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သောမင်းများဖြစ်၍ ထိုမင်းများလက်ထက်၌ ဗုဒ္ဓဘာသာသည် ရာမညတိုင်းတွင် ထွန်းလင်းတောက်ပခဲ့လေသည်။ ဗုဒ္ဓဘာသာပြန့်ပွားရေးကို အထူးအလေးပေးဆောင်ရွက်ခဲ့သော မွန်ဘုရင်များထဲတွင် ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့မှာ အလွန်ပင်ထင်ရှားလေသည်။ ဘုရင်မကြီး ရှင်စောပုသည် သက်တော် ၆၆ နှစ်မှ နတ်ရွာစံသည့် ၇၈ နှစ်ထိ ဆယ့်နှစ်နှစ်လုံးလုံး ရွှေတိဂုံစေတီတော်၏ အနောက်ဘက်တွင် မြို့သစ်တည်ထောင်နေထိုင်ကာ မောင်တော်၊သားတော်၊တူတော်တို့တည်ထားခဲ့သည့် ရွှေတိဂုံ စေတီတော်ကို အစစအရာရာ ပြည့်စုံမူ့ရှိအောင် ပြင်ဆင်မွမ်းမံခဲ့လေသည်။ ယနေ့ရွှေတိဂုံ စေတီတော်ရှိရှိ ပြည့်စုံမူ့အဝ၀သည် ဘုရင်မရှင်စောပု၏ ကုသိုလ်ကောင်းမူ့များ များစွာပါဝင်နေသည်။ ရှင်စောပုသည် ၁၂ နှစ် တိုင်တိုင်ရွှေတိဂုံစေတီတော်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး အေဒီ၁၄၇၁ တွင် ရွှေတိဂုံစေတီတော်အား သလွန်ပေါ်မှ အာရုံပြုရင်း ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။ ရှင်စောပု၏ သင်္ချိုင်းတော်အား ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ၊ ရှင်စောပုလမ်း၊ ရှင်စောပုကျောင်းတိုက်တွင် ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။ ရှင်စောပုနောက် ဟံသာဝတီထီးနန်းကို ဆက်ခံခဲ့သော သမက်တော် ဓမ္မစေတီလက်ထပ်တွင် သာသနာတော်ပြန့်ပွားရေး အတွက် အထူးပင်ဆောင်ရွက်ခဲ့လေသည်။ ရဟန်းဘဝမှ လူထွက်ကာ မင်းဖြစ်ခဲ့သော ဓမ္မစေတီမင်းသည် ဘုရားတည်ခြင်းအစရှိသော် ကိစ္စများသာမက သာသနာသန့်ရှင်းစင်ကြယ်ရေးအတွက်လည်း အလေးပေးလုပ်ဆောင်ခဲ့သည်။ ထူးခြားသောဆောင်ရွက်ချက်မှာ ရဟန်းတော်များအတွက် အရေးကြီးသည့် သိမ်ကိစ္စအနေဖြင့် ကလျာဏီသိမ်တော်အား တည်ဆောက်လှူဒါန်းခဲ့သည်။ သူ၏ကောင်းမှုများကို ကမ္ပည်းထိုးလေ့ရှိသည့်အတိုင်း သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ခြင်း၊ကလျာဏီ သိမ်သမုတ်ခြင်းတို့ကို ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်။ ရွှေတိဂုံစေတီတော် တွင်လည်း ကျောက်စာများ ရေးထိုးခဲ့ပြီး၊ ရွှေတိဂုံစေတီတော်တွင် လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်းလောင်းမှာ လည်းထင်ရှားသည်။ ထိုခေါင်းလောင်းသည် ယခုအခါ ဒေါပုံမြစ်အောက်ခြေတွင် နစ်မြုပ်နေသည်။ မော်ကွန်းတင်စာတမ်းများ၊ ဟံသာဝတီခေတ် သာသနာရေးအခြေအနေ၊ ရေးသားသူ - ပါရဂူ ထင်ရှားသော ဘုရား၊စေတီ၊ပုထိုး၊ သာသနိကအဆောက်အဦးများ ဟံသာဝတီမင်းနေပြည်ကို အုပ်စိုးသော ဘုရင်များသည် ဘုရား၊ စေတီ၊ ပုထိုးများကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပြီးသာသနာ စည်ပင်ရေးအတွက် မင်းအဆက်ဆက် ရွက်ဆောင်ခဲ့ကြသည်။ ထိုဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်အဦးများ မင်းအဆက်ဆက်က အဆင့်ဆင့်ပြုပြင်ခဲ့ကြသကဲ့သို့၊ မိမိတို့လက်ထပ်တွင်မှ စတင်လှူဒါန်းဆောက်လုပ်ခဲ့ခြင်းများလည်း ရှိသည်။ ရွှေမောဓောစေတီ ဟံသာဝတီမြို့တော်၏ ဘုရားစေတီများအနက် ရွှေမောဓောစေတီသည် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးစေတီတဆူဖြစ်သည်။ ရွှေမောဓောစေတီတော် အားမည်သည့် ခုနှစ်တွင် မည်သူက တည်ထားခဲ့ကြောင်းကို မူကွဲအမျိုးမျိုး ရှိသော်လည်းရှေးဟောင်းစေတီတော် တစ်ဆူဖြစ်ကြောင်း သမိုင်းဆရာများ တညီတညွတ်တည်း လက်ခံထားကြသည်။ ဟံသာဝတီပြည်ကို အုပ်စိုးသော မွန်ဘုရင်များနှင့် မြန်မာဘုရင် အဆက်ဆက်ပြုပြင် မွမ်းမံလှူဒါန်းခဲ့သော စေတီတစ်ဆူလည်းဖြစ်သည်။ ဆုတောင်းပြည့်သောကြောင့် ဘုရင်များ၊ မင်းညီမင်းသားများသည် စစ်ထွက်ရန်အတွက်သော်လည်းကောင်းနိုင်ငံရေး အာဏာအတွက်သော်လည်းကောင်း အသီးသီးဆုတောင်းခဲ့ကြသည်ဟု ကျမ်းစာအချို့တွင် ဖော်ပြထားသည်။ သံသာဝတီခေတ်တွင်သာမက နောက်ပိုင်းခေတ်ဖြစ်သော အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ဘုရင်များလည်း မွမ်းမံလှူဒါန်းခဲ့ကြသည်။ ငလျင်ဒဏ်ကြောင့်လည်း အကြီးအကျယ် ပျက်စီးယိုယွင်းခဲ့ရသေးသည်။ ယခုအခါ ပဲခူးမြို့အလယ်တွင်ရှိပြီး ဟံသာဝတီခေတ်မှ ရှေးအကျဆုံးကျန်ရစ်ခဲ့သည့် ပဲခူးမြို့၏ အထင်ကရကျက်သရေဆောင် စေတီတော်လည်းဖြစ်သည်။ ကျိုက်ကိုဘုရား ထင်ရှားသော ရှေးဟောင်းဘုရားများအနက် ကျိုက်ကိုဘုရားလည်း ပါဝင်ပြီးဘုရင့်နောင်လက်ထပ်တွင် လှုပ်ခဲ့သောငလျင်ကြီးတွင် အခြားဘုရားများနည်းတူ ပြိုကျပျက်စီးခဲ့သည်။ ဘုရားကြီးအား ဘုရင့်နောင်မင်းလက်ထက်တွင်ပင်ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ အနောက်ဘက်လွန်မင်း လက်ထက်တွင် ထီးတော်သစ်တင်ခဲ့ကြောင်း သိရပေသည်။ နဝဒေးကြီးမှာ ရွှေပြည်ရွာပြန် ဟုချီကာ ကျိုက်ကိုဘုရားတိုင် ရတုကိုစပ်ဆိုခဲ့သည်။ ကျိုက်ကို ဘုရားပွဲအား နတ်တော်လတွင် ကျင်းပလေ့ရှိကြောင်း နဝဒေးကြီး၏ ဟံသာဝတီမြို့ဘွဲ့ ရတုတွင်တွေ့ရှိနိုင်လေသည်။ အခြားရှေးဟောင်းစေတီများ ဟံသာဝတီတွင် ရွှေမောဓော စေတီတော်နှင့် မရှေးမနှောင်းကာလတွင် တည်ခဲ့သည်ဟု ယူဆရသော အခြားရှေးဟောင်းစေတီများလည်း ရှိသေးသည်။ ထိုစေတီများမှာ - ပဲခူးမြို့ထန်းတောကြီးရွာရှိ ရွှေမောဌော ဆုတောင်းပြည့်ဘုရား၊ပဲခူးမြို့ ကဝမြို့နယ်ရှိ မြင်းမငူရွာ ဓမ္မသိုက်ဘုရား၊ ပဲခူးမြို့နယ် မို့ခိုင်ကြီး၊မို့ခိုင်ကလေး ဘုရား၊ ပဲခူးမြို့ ဖလေးရွာရှိ ကျိုက်မကော် ဘုရားအစရှိသည့် ဘုရားများမှာ ရွှေမောဓောသမိုင်းနှင့် မူလသမိုင်းကြောင်းအားဖြင့် တပြိုင်တည်း ဆင်းသက်လာခဲ့သည့် ဘုရား၊ စေတီများဖြစ်ကြောင်း မွန်ကျောက်စာများတွင် ဖော်ပြပါရှိလေသည်။ ထို့ပြင် ပဲခူးမြို့ ကျောက်တိုင်ကန်ကျေးရွာရှိ ဘုရားခုနစ်ဆူခေါ် ကျိုက်ပေါဘုရားကို သမလမင်းဆက်တွင် နောက်ဆုံးမင်း ဖြစ်သော တိဿမင်းနှင့် မိဖုရားကြီး သုဘဒ္ဒါတို့ တည်ထားခဲ့ကြောင်းကိုလည်းကောင်း၊ ရှင်စောပုနှင့် ဓမ္မစေတီမင်း လက်ထက်တွင် ပြင်ဆင်တည်ထားခဲ့ကြောင်းကိုလည်းကောင်း မွန်ဘာသာဖြင့်ရေးထိုးထားသော ဘုရားခုနစ်ဆူ ကျောက်စာကြီးငယ်များအရ သိရပေသည်။ ရွှေသာလျောင်း ရုပ်ပွားတော်ကြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးသည် ယခုအခါ ပဲခူးမြို့၏ အထင်ရှားဆုံး စေတီ၊ ပုထိုး၊ ရုပ်ပွားတော်များအနက် အပါအဝင်ဖြစ်သည်။ ဘုရားသမိုင်းအရ သမလမင်းဆက် ၁၇ ဆက်မှ ၁၃ ဆက်မြောက်ဖြစ်သော မိဂါဒိဗ္ဗမင်းလက်ထက်တွင် တည်ထားခြင်းဖြစ်သည်ဟုဆိုကြသည်။ နှစ်ကာလများ ကြာသောအခါ အန္တာရာယ်အမျိုးမျိုးကြောင့် ကျိုးပဲ့ပျက်စီးခဲ့ရပြီး အင်္ဂလိပ်လက်ထက်တွင်မှ အုတ်များတူးဖော်ရန် ဘုရားကုန်းတော်အား တူးရာမှ ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ရွှေမောဓော စေတီဂေါပကအဖွဲ့များနှင့် ပဲခူးမြို့သူ၊ မြို့သား တို့၏ ကြိုးပမ်းမှုကြောင့် ပန်းရံကျော်များနှင့် ပြန်လည်ပြုပြင်ခဲ့ကြသည်။ လျောင်းတော်မူ ရုပ်ပွားတော်များအနက် အချိုးအစားပြေပြစ်ဆုံးဟု ဖူးမြင်ရသူတိုင်းက ပြောကြသည်။ သင်္ဘောဘုရား သင်္ဘောဘုရားမှာလည်း သမလမင်းနောက်ဆုံးမင်းဆက် ဖြစ်သော တိဿမင်း၏ ကောင်းမှုပင်ဖြစ်ကြောင်း ရာဇဝင်များတွင် ပြဆိုကြသည်။ အင်းဝ နှင့် ဟံသာဝတီတို့ ဖြစ်ပွားသော တိုက်ပွဲတစ်ခုအား သင်္ဘောဘုရားပေါ်မှ ရဟန်းတော်များ တက်ရောက်ကြည့်ခဲ့ကြသည်ဟု ရာဇဝင်အဆိုများလည်းရှိကြသည်။ ဗညားဦးမင်းဆက်တွင် အထင်ရှားဆုံးဖြစ်သောရာဇာဓိရာဇ်လက်ထက်တွင် ကြီးကျယ်သော ဘုရား၊ စေတီများ တည်ထားခဲ့သည်ဟူ၍ အခိုင်အလုံပြဆိုချက်များမတွေ့ရပေ။ သို့သော် ရာဇာဓိရာဇ်သည် အင်းဝဘုရင်မင်းခေါင်၏ သမီးတော်နှင့် သမက်ကို သုံ့ပန်းအဖြစ်ဖမ်းမိရာမှလက်ပန်းပေါင်းခတ်လေရာ ထိုဒေသ၌ ဘုရားတစ်ဆူတည်ခဲ့ပြီး ယင်းကို ကျက်ကနက်ဟုခေါ်ကြောင်း ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၌ ပြဆိုလေသည်။ ကလျာဏီသိမ်တော်ကြီး ကလျာဏီသိမ်တော်သည် ဓမ္မစေတီမင်း၏ ကောင်းမူ့ကုသိုလ်များအနက် အထင်ရှားဆုံးနှင့် ဂုဏ်အယူထိုက်ဆုံးသိမ်တော်ဖြစ်သည်။ သိမ်ရှိသော်လည်း သိမ်မစင်ကြယ်လျင် ရဟန်းမဖြစ်ဟူသောကြောင့် စင်ကြယ်မွန်မြတ်သော သိမ်သမုတ်နိုင်ရန် ဓမ္မစေတီမင်းက အားပေးကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။ ငလျင်ဒဏ်နှင့် အခြားသော ရာသီဥတုဘေးများကြောင့် အကြိမ်ကြိမ်ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူများမှလည်း အဆင့်ဆင့်ပြုပြင်ခဲ့ကြသော သိမ်တော်ကြီးဖြစ်သည်။ မဟာစေတီ ဟံသာဝတီခေတ်တစ်လျှောက်တွင် ဘုရား၊စေတီများနှင့် သာသနာရေးအဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည့်မင်းများအနက်ဓမ္မစေတီမင်း နှင့် ဘုရင့်နောင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ မဟာစေတီမှာ ဘုရင့်နောင်၏ကောင်းမှုများအနက် အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ဘုရင်ဖြစ်ပြီး ကိုးနှစ်အကြာတွင် တည်ခဲ့ခြင်းဖြစ်ပြီးအလျင်အမြန်နှင့် အချိန်တိုတိုအတွင်း တည်ထားခဲ့ရသဖြင့် ဘုရားတည်ပြီး သုံးနှစ် ခန့်အကြာတွင်ပြိုကျခဲ့သည်။ ဘုရင့်နောင်မင်းကြီးကပင် ပြန်လည်ပြုပြင်ခဲ့ပြီး၊ ငလျင်ဒဏ်ကြောင့်ပြိုကျရာတွင်လည်း ထပ်မံပြုပြင်ခဲ့ရလေသည်။ ဘုရင့်နောင်သည် ကြွယ်ဝချမ်းသာသော ဘုရင်ဖြစ်သောကြောင့် အဖိုးတန်ကျောက်မြတ်ရတနာ များစွာကို ဌာပနာထည့်သွင်းပူဇော်ခဲ့ကြောင်း ရာဇဝင်များတွင် ပါရှိသည်။ မဟာဝိဇယ စေတီတော် မဟာဝိဇယ စေတီတော်သည် ဘုရင့်နောင် မင်းကြီး၏ အမှတ်တရ အဖြစ်ဆုံးစေတီတော်ဖြစ်သည်။ တပင်ရွှေထီးနတ်ရွာစံသောကြောင့် အကွဲကွဲအပြားပြားဖြစ်သွားသော မြန်မာနိုင်ငံအား ပြန်လည်စုစည်းရာတွင် ဟံသာဝတီမြို့ တော်ကိုလည်း ပြန်လည်တိုက်ခိုက်ယူခဲ့ရသည်။ ဟံသာဝတီမြို့အား သမိန်ထောရာမကို နိုင်၍ သိမ်းနိုင်လျင်ဤနေရာတွင် ဘုရားတည်မည်ဟု အဓိဌာန်ပြုခဲ့သည်။ အဓိဌာန်ပြုပြီး နှစ်ပေါင်း ၂၅ အကြာတွင် မဟာဝိဇယ စေတီ ကိုတည်ခဲ့သည်။ ဘုရင့်နောင်သည် မြေစိုက်စေတီတော်ကြီးများအပြင် ဗုဒ္ဓရုပ်ပွားတော်များကိုလည်း လှူဒါန်းခဲ့သေးသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ဘုရင့်နောင်၏ ကောင်းမှုများစွာမှာ ပျောက်ဆုံးနေသည့် အဖြစ်သို့ရောက်ရှိနေလေသည်။မော်ကွန်းတင်စာတမ်းများ၊ ဟံသာဝတီခေတ် ထင်ရှားသော ဘုရားစေတီများနှင့် သာသနာရေး အဆောက်အဦးများ၊ ရေးသားသူ - မာဃ နိုင်ငံခြားဆက်သွယ်ရေး ဟံသာဝတီခေတ် နိုင်ငံခြားဆက်သွယ်ရေးအား ခေတ်သုံးခေတ်အဖြစ်ပိုင်းမြင် ကြည့်ရှု့သင့်သည်ဟု စာတမ်းရှင်မောင်သော် မှတင်ပြထားသည်။ ပထမပိုင်းအား မွန်ဘုရင် ဗညားဦးမှ စကာ သုရှင်တကာရွတ်ပိမင်းအထိ အုပ်စိုးချိန် ၁၃၆၉ မှ ၁၅၃၉ ထိ ပထမဟံသာဝတီခေတ်အဖြစ်လည်းကောင်း၊ တပင်ရွှေထီးမှ စ၍ နန္ဒဘုရင် နန်းကျချိန်ထိ ၁၅၄၆ခုနှစ်မှ ၁၅၉၉ ခုနှစ်အတွင်းအား ဒုတိယခေတ်အဖြစ်လည်းကောင်း၊ သမိန်ထော ဗုဒ္ဓကေတိအုပ်စိုးသည့် ၁၇၄၀ မှ အလောင်းမင်းတရား ကြီး ပဲခူးကိုသိမ်းပိုက်သည့် ၁၇၅၇ အထိ တတိယခေတ်အဖြစ်လည်းကောင်း သုံးပိုင်းခွဲခြားပြသည်။ ဗညားဦးသည် မုတ္တမမှ ၁၃၆၃ ခုနှစ်လောက်တွင် စွန့်ခွာခဲ့ပြီး ၁၃၆၉ ခုနှစ်တွင် ပဲခူးသို့အပြီးအပိုင်ပြောင်းရွေ့ကာဟံသာဝတီမြို့တော် သစ်ကိုတည်ထောင်ခဲ့လေသည်။ ထိုအချိန်မှစတင်ကာ ဟံသာဝတီသည် နိုင်ငံခြားဆက်သွယ် ရေး စတင်ခဲ့သည်ဟုပြောဆိုနိုင်လေသည်။ ဗညားဦးသည် အင်းဝမှ မြန်မာဘုရင် မင်းကြီးစွာနှင့် မဟာမိတ်ဖွဲ့ကာယိုးဒယား ရန်အား ခုခံရန်ပြင်ဆင်ခဲ့သည်။ ရာဇာဓိရာဇ်လက်ထက် အင်းဝနှင့် စစ်ဖြစ်နေချိန်တွင် ယိုးဒယားမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ရာဇာဓိရာဇ်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ ရာဇာဓိရာဇ်၏သားတော် ဗညားရံလက်ထက် ၁၃၄၅ ခုနှစ်တွင် အီတလီပြည် ဗင်းနစ်မြို့သား နီကိုလိုဒီကွန်တီ(Nicolo di Conti) ဆိုသူမြန်မာပြည်သို့ရောက်လာသည်။ အင်းဝကိုလည်းရောက်ခဲ့သည်။ ဟံသာဝတီကိုလည်း ရောက်ကာ ပဲခူးတွင်လေးလခန့် နေထိုင်သွားခဲ့သည်။ သူသည် မြန်မာပြည်သို့ ပထမဆုံးရောက်ရှိသော ဥရောပတိုက်သားဟု သမိုင်းဆရာများကဆိုကြသည်။ ဓမ္မစေတီမင်း၏ သားတော် ဗညားရံလက်ထက်တွင်လည်း အီတာလျံ လူမျိုးနှစ်ဦး ရောက်ရှိခဲ့သေးသည်။ သူတို့နှစ်ဦးလုံးမှာ ကုန်သည်များသာ ဖြစ်ကြသည်။ ဘုရင်မရှင်စောပု လက်ထက်တွင်လည်း ရုရှားလူမျိုးနီကီတင် ဆိုသူဟံသာဝတီမြို့သို့ရောက်ရှိခဲ့သည်ဟု ဆိုကြသော်လည်း အချို့သမိုင်းဆရာများက ထိုအချက်ကို လက်မခံလိုကြပေ။ အကြောင်းမှာ နီကီတင်ရေးသားသည့် မှတ်တမ်းသည် မြန်မာပြည်အကြောင်းတစ်မျက်နှာလောက်သာ ပါဝင်ပြီးသူကိုယ်တိုင်သာ ရောက်ရှိခဲ့ပါက ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံရေးနိုင်ကြမည်ဟု ယူဆကြသည်။ သူရေးသားထားသော ပဲခူးမြို့သည် ဆိပ်ကမ်းမြို့ဖြစ်ကြောင်း၊ အိန္ဒိယ တိုင်းရင်းသားများ လာရောက်ရောင်းဝယ်ဖေါက်ကားကြောင်းအစရှိသည့် အကြောင်းများသည် အိန္ဒိယကုန်သည်များထံမှ တဆင့်စကားသာ ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်အချို့က သုံးသပ်ကြသည်။ လမ်းပန်းအသစ်ရှာဖွေကာ ရောက်ရှိလာကြသည့် ဥရောပတိုက်သားများမှာ ထိုဒေသ၏ တိုင်းပြည်အခြေအနေ၊ကုန်ကူးနိုင်မူ့အလားအလာ၊ ဒေသထွက်ကုန်များကို စုံစမ်းပြီး မိမိတို့ကို စရိတ်ပေးလွှတ်သော အရင်းရှင်များအား ပြန်လည်တင်ပြကြသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် နီကိုလိုဒီကွန်တီ၊စတီဖင်နို၊ဗာတီမာ အစရှိသည့်ကုန်သည်များသည် ၁၆ ရာစုအစတွင်မြန်မာပြည်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ခရီးသွားဟန်လွှဲ သဘောမျိုးဖြင့် လမ်းစရိတ်စရန် ကုန်ပစ္စည်းအချို့အားလည်း အစမ်းယူလာခဲ့ကြသည်။ စတင်ဖီနိုသည် သူပါလာသည့် ကုန်များကိုဗညားရံအား ရောင်းချခဲ့ပြီး ကုန်ဘိုးရအောင် ၁၈ လမျှစောင့်ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ ဒီကွန်တီ၏ မှတ်တမ်းအရ မြန်မာလူမျိုးများသည် တလင်တမယားစနစ်ကို လိုက်နာကြကြောင်း၊ ပေါင်တွင်ထိုးကွင်းထိုးတတ်ကြောင်း၊ သရဏဂုံသုံးပါးအား ရိုသေပြီး၊ စာရေးလျင် ထန်းရွက်ပေါ်မှာရေးကြောင်း၊ ဆင်ဖြူများကို အလေးအမြတ်ထားရုံသာမက ရွှေနှင့်ကျောက်မြတ်ရတနာများ စီခြယ်ပြုလုပ်ထားသော ရွှေကြိုးများနှင့် ချည်သည်ဟုမှတ်တမ်းတင်ထားသည်။ ဗာတီမာကမူ ပဲခူးမင်းသည် သနားကရုဏာရှိပြီး မင်းမူထမ်းများနှင့် အရောတဝင်နေကြောင်း၊ ကလေးများနှင့်လည်း စကားပြောကြောင်း၊ ဘုရင်၏ကိုယ်တွင် ဝတ်ဆင်ထားသည့် ပတ္တမြား၏ တန်ဖိုးသည် မြို့ကြီးတစ်မြို့၏တန်ဖိုးလောက်ရှိကြောင်း၊ ပဲခူးမြို့တွင် အိမ်ကြီး၊အိမ်ကောင်းများဖြင့် ပြည့်နေကြောင်း၊ နန်းတော်ကို ကျောက်ဖြင့်ဆောက်လုပ်ကြောင်း မှတ်တမ်းတင်ထားသည်။ သူ၏ မှတ်တမ်းမှာပင် ထိုတိုင်းပြည်သည် အဖိုးတန်သစ်ပေါများကြောင်း၊ဆင်လည်း အမြောက်အမြားရှိကြောင်း၊ အကြီးအကျယ်ရောင်းဝယ်သော ပစ္စည်းများမှာ ချိပ်၊ကရမက်သား၊ ဝါဂွမ်း၊ ပိုး၊ ပတ္တမြားတို့ဖြစ်ကြောင်း၊ ယင်းပစ္စည်းများ ရောင်းဝယ်မူ့မှ ဘုရင်သည် အခွန်တော်များစွာ ရကြောင်း စသည်ဖြင့်ရေးသားခဲ့သည်။ ဒုတိယ ဟံသာဝတီခေတ် တပင်ရွှေထီးလက်ထက် လောက်မှစတင်ကာ ပေါ်တူဂီများသည်မြန်မာနိုင်ငံအတွင်းဝင်ရောက်လာခဲ့သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို သိမ်းပိုက်ပြီးနှစ်နှစ် အကြာတွင် မုတ္တမကို သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ ပေါ်တူဂီသေနတ်ကိုင် ကြေးစားစစ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမမြို့စား စောဗညား၏ ပေါ်တူဂီကြေးစားစစ်သားများသည် တပင်ရွှေထီး ဘက်သားပေါ်တူဂီများ နှင့် ပူးပေါင်းခဲ့သည့်အတွက် မုတ္တမသည် တပင်ရွှေထီးလက်ထဲသို့ အလျင်အမြန်ကျရောက်ခဲ့ပေသည်။မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ် နိုင်ငံခြားဆက်သွယ်ရေး၊ရေးသားသူ-မောင်သော် ဆက်စပ်ဖတ်ရှုရန် ရာဇာဓိရာဇ် တပင်ရွှေထီး ဘုရင့်နောင် ရှင်စောပု ပဲခူးမြို့ ကိုးကား ကဏ္ဍ:မွန်လူမျိုးများ ကဏ္ဍ:မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:မဂဒူး မင်းဆက် ကဏ္ဍ:ပဲခူးတိုင်းဒေသကြီး
ရာဇာဓိရာဇ်
1400CE Mon kingdom ရာဇာဓိရာဇ် သည် (နန်းစံနှစ် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၃) ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်ပြီး လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။ ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ ဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။ ငယ်စဉ်ကလေးဘဝမှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲတိုက်ပွဲများနှင့် မကင်းခဲ့ချေ။ ငယ်ဘဝ ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် ဗညားဦး နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ်သည်။ သက္ကရာဇ် ၇၂၉ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင်တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။ အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင်တွင် အင်းဝမင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ဤ ဗောလောကျန်းတော သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။ မင်းအဖြစ်ရောက်ခြင်း ဗညားဦး လက်ထက်တွင် ရာဇာဓိရာဇ်သည် အရီးတော် မဟာဒေဝီ အကောက်ကြံ၍ ပဲခူးနေပြည်တော်တွင် မနေသာဘဲ ဒဂုန်သို့ ထွက်သွား၍ ခြားနားသည်။ သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ခမည်းတော်ဗညားဦး နတ်ရွာစံလျှင် ပဲခူးမြို့ကို အလွယ်တကူ သိမ်းယူ၍ မင်းပြုလေသည်။ ရာဇာဓိရာဇ်သည်ကား ဝါရီရူးဘုရင်များတွင် အထင်ရှားဆုံး ဘုရင် ဖြစ်သည်။ ရာဇာဓိရာဇ် မင်းဖြစ်စတွင်ပင် ဦးရီးတော် မြောင်းမြမြို့စား လောက်ဖျားက အင်းဝမင်းကြီးစွာစော်ကဲကို ချီပင့်သဖြင့် အင်းဝနှင့် စစ်ဖြစ် ရသည်။ အနှစ်၄၀စစ်ပွဲ ထိုအချိန်မှစ၍ မြန်မာရာဇဝင်တွင် ကျော်ကြား သော အနှစ် ၄ဝ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး စတင်လေ သည်။ ဤစစ်သည် ရာဇာဓိရာဇ်နှင့် မင်းကြီးစွာစော်ကဲတို့ လက်ထက်တွင် စတင်ဖြစ်ပွားခဲ့လျက်၊ မင်းကြီးစွာစော်ကဲ နတ်ရွာစံလွန်သွားသောအခါ သားတော်မင်းခေါင်သည် စစ်ကို ဆက်လက်ဆင်နွဲပြန်၏။ ရာဇာဓိရာဇ်နှင့် မင်းခေါင် နတ်ရွာစံ ပြီးနောက် တိုက်ခိုက်မှုများ ခေတ္တရပ်စဲခဲ့သည်။ ထို့နောက် ရာဇာဓိရာဇ်သားတော် ဆင်ဖြူရှင်သီဟသူတို့ လက်ထက်တွင် ဆက်လက်ဖြစ်ပွားသည်။ နောက်ဆုံးတွင် ဗညားဓမ္မရာဇ်၏ ညီတော် ဒဂုန်ကိုစားရသော ဗညားရံက ဆင်ဖြူရှင်သီဟသူအား နှစ်မတော် ရှင်စောပုကို ဆက်၍ မဟာမိတ်ပြုကာ စစ်ပြေငြိမ်း လိုက်ရာတွင်မှ အပြီးတိုင်ခဲ့သည်။ မြန်မာတို့က ပဲခူးကို ရသည်မရှိသော်လည်း တိုက်ခိုက် ရာဌာနကား မွန်ပြည်တွင်း ဖြစ်သည်။ အနောက်ဘက်ရှိ ရခိုင်နှင့် သံတွဲသို့လည်း စစ်ဦးလှည့်သည့်အခါ စစ်မြေပြင်ဖြစ်ခဲ့ ရလေသည်။ မွန်မြို့တော်သို့ ချီတက်ရာ စစ်ကြောင်းမှာ လှိုင် မြစ်ကြောင်းဖြင့် ဒဂုန်သို့ဝင်ပြီးမှ ပဲခူးကို ပန်းတိုင်အဖြစ် ထားကာ တိုက်ခိုက်ကြသည်။ တစ်ခါတစ်ရံ တောင်ငူမှနေ၍ စစ်တောင်းမြစ်ကြောင်းကို အသုံးပြုသည့်အခါလည်း ရှိလေ သေးသည်။ ရာဇာဓိရာဇ်သည် မွန်သုံးရပ်ဟု တွင်သော ပုသိမ်၊ မုတ္တမ နှင့် ဟံသာဝတီတို့ကို ခိုင်မြဲအောင် စည်းရုံးထားသဖြင့် မြန်မာ တို့ တိုက်ရန်မလွယ်ချေ။ ရာဇာဓိရာဇ်သည် မင်းကြီးစွာစော်ကဲ လက်ထက်၌ ၇၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၇၄၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် စစ်မက်ပြုရသည်။ မင်းကြီးစွာ စော်ကဲ လွန်၍ သားတော်မင်းခေါင် နန်းတက်သောအခါ ၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်၏ စစ်တပ်များသည် ဧရာဝတီ မြစ် ကြောင်းအတိုင်း အညာသို့ ချီတက်လာရာ ရွှေကြက်ယက် တိုင်အောင် ရောက်သည်။ အင်းဝမင်းခေါင် စေလွှတ်သော ပင်းယစကြိုသူမြတ် ဟောပြောဆုံးမသဖြင့် ပြန်သည်။ မင်းခေါင်နှင့် ရာဇာဓိရာဇ်သည် ရှစ်ကြိမ်တိုင်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ကြသည်။ စစ်ပွဲအစတွင် မည်သို့ရှိစေကာမူ အဆုံး၌ မြန်မာတို့သည် မွန်နယ်ကျေး လက်မှ ထွက်ခွာပြန်လည်ရသည်ချည်း ဖြစ်သည်။ အင်းဝ စစ်သည်တို့ အကြိမ်ကြိမ် တိုက်လာသော်လည်း တွန်းလှန် ဖြိုဖျက်နိုင်သည်သာ များသည်။ သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် သိန္နီနှင့် မဟာမိတ်ပြုကာ သိန္နီစော်ဘွားအား အင်းဝကို တိုက်စေ၏။ အင်းဝစစ်ပန်းသည့်အခါတွင် ရာဇာဓိရာဇ် ချီတက်တိုက်ခိုက်ရာ ပြည်မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ အင်းဝဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်အား နှစ်မတော်ကို ဆက်ပြီးလျှင် ပြည်မြို့ ရွှေဆံတော်ဘုရားတွင် သစ္စာဆိုကာ စစ်ပြေငြိမ်းရသည်။ သို့ရာ တွင် မင်းခေါင်သည် ဇင်းမယ်နှင့် မဟာမိတ်ပြုကာ ရာဇာဓိရာဇ် အား လက်စားချေတိုက်ပွဲ ဆင်နွဲပြန်သည်။ စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်းသာသည့် အချိန်၌သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်ပုံ တိုက်နည်းတို့မှာ အခြေအနေအရ သင့်လျော်သလို စီမံသွားကြ သည်။ ပြောက်ကျားတိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ မြို့ကြီးများကို ပိတ်ဆို့ဝန်းရံ၍ တိုက်ခိုက်ခြင်း၊ ရံဖန်ရံခါ တစ်ယောက်ချင်း လူစွမ်းပြခြင်း၊ စီးချင်းထိုးခြင်း စသည့် တိုက်ခိုက်နည်းတို့ဖြင့် တိုက်ကြသည်။ ရာဇာဓိရာဇ်၏ မိဖုရားများ ငိုယိုသည်နှင့် မိမိတို့နိုင် လောက်ပြီဆိုရသော စစ်ကို ပြေငြိမ်းလိုက်ခြင်း၊ ရွှေဆံတော် ဘုရားတွင် မင်းနှစ်ပါး သစ္စာပြုပြီးနောက် မကြာမီပင်လျှင် စစ်ဖြစ်ပြန်ခြင်းတို့ကို ထောက်၍ ထိုအခါက စစ်မည်မျှ ဖြစ် လွယ်သည်ကို ထောက်ချင့်နိုင်သည်။ စစ်ပွဲအတွင်း တစ်ဖက်နှင့် တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။ ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာ စောင့်ထိန်း၍ အမှုထမ်းသော သူရဲကောင်းတို့လည်း ရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိနှင့် တိုက်ခိုက်ကြသည်ရှိသော်လည်း မင်းရဲကျော်စွာ လဂွန်းအိမ်ကို လှည့်ဖျားသကဲ့သို့ ဥပါယ်တံမျည်ဖြင့် လိမ်လည်လှည့်ပတ် တိုက်ခိုက်ကြသည်လည်း များလေသည်။ တစ်ဖက်ရန်သူကို အကောက်ကြံ၍ ပြုလုပ်ရာ၌ မင်းတို့ အလိုတူသည်လည်း ရှိသည်။ စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။ မင်းမှူထမ်းများ ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိန်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁) ရာဇာဓိရာဇ်နတ်ရွာစံခြင်း မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင် ဒေါသအလျှောက် လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်သည်နောက် အင်းဝ နှင့်ဟံသာတီ တို့စစ်အကြီးအကျယ် တိုက်ခိုက်ခြင်းမရှိတော့၍ အခိုက်အတန့်မျှ အေးချမ်းကြသည်။ သက္ကရာဇ် ၇၈၃ တွင် ရာဇာဓိရာဇ် ဆင်ကျော့(ဖမ်း)ထွက်ရာ ဆင်ပေါ်မှ အကျတွင် လွန်ကြိုး နှင့် ပေါင်တွင်ခြစ်မိကာ အနာကြီးစွာရပြီး သွေးလွန်ကာ နတ်ရွာစံလေသည်။ ကိုးကား ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း မြန်မာမင်းများအရေးတော်ပုံကျမ်း ၆ စောင်တွဲ Category:မွန်ဘုရင်များ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ညောင်ရမ်းမင်းဆက်
တပင်ရွှေထီး၊ ဘုရင့်နောင်တို့ တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏သားတော် နန္ဒဘုရင်လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတဝန်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစားရှင်သစ္စာသည် မဟာသီဟသူရ ဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကို စတင်တည်ထောင်သည်။ ၎င်းနှင့် ၎င်းနောက် နန်းတက်ကြသည့် အနောက်ဘက်လွန်မင်း၊ သာလွန်မင်းတို့သည် အင်းဝ၊ ပြည်၊ တောင်ငူ၊ ဟံသာဝတီနှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ ညောင်ရမ်းမင်းဆက် ၁၁ ဆက်သည် အင်း၀ကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်း ခေါ်ဝေါ်ကြသည်။ ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားဩဇာ လျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ (ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။ နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ်ဆောင်သွားပြီး ကနဦးတွင် အစောင့်အရှောက်များဖြင့်ထားရှိသော်လည်း နောက်ပိုင်းတွင်ပုန်ကန်ရန်ကြံစည်ခြင်းကြောင့် ရေချကွပ်မျက်ခဲ့သည်။ ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယမြန်မာနိုင်ငံေတာ်ကြီးဖြစ်သည့် ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့သည်။ ညောင်ရမ်းမင်းဆက်များမှာ ညောင်ရမ်းမင်းတရားကြီး (မဟာသီဟသူရ ဓမ္မရာဇာ)(၁၆၀၀-၁၆၀၆) အနောက်ဘက်လွန်မင်း (မဟာဓမ္မရာဇာ)(၁၆၀၆-၁၆၂၈) မင်းရဲဒိဗ္ဗ (၁၆၂၈) သာလွန်မင်း (သတိုးဓမ္မရာဇာ)(၁၆၂၈-၁၆၄၈) ပင်းတလဲမင်း (သီရိနန္ဒသူရဓမ္မရာဇာ) (၁၆၄၈-၁၆၆၁) ပြည်မင်း (၁၆၆၁-၁၆၇၇) နရာဝရ မင်းရဲကျော်ထင် (သီရိပရဝ မဟာဓမ္မရာဇာ)(၁၆၇၇ -၁၆၉၈ ) စနေမင်း (၁၆၉၈-၁၇၁၄ ) တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃ ) မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း/လောကသရဖူ ဒါယကာမင်း)(၁၇၃၃-၁၇၅၂) တို့ဖြစ်ကြသည်။ Category:တောင်ငူခေတ် Category:ညောင်ရမ်းခေတ်
သုရှင်တကာရွတ်ပိ
မဂဒူး မင်းဆက်မှ နောက်ဆုံးမင်းဖြစ်သူ သုရှင်တကာရွတ်ပိ (၁၅၂၆-၁၅၃၉)သည် ဒုတိယဗညားရံ၏သား ဖြစ်သည်။ နိုင်ငံကို ကောင်းစွာ အုပ်ချုပ်ထားနိုင်စွမ်းမရှိတော့ပဲ အင်အားကြီးလာသည့် တောင်ငူဘုရင် တပင်ရွှေထီး၏ ကျူးကျော်မှု သုံးကြိမ်ခံရပြီးနောက်တွင် ဟံသာဝတီနန်းတော်ကိုစွန့်ခွာကာ နောက်လိုက်နောက်ပါများဖြင့် ယောက်ဖတော် ပြည်မင်းနရပတိ ထံသို့ ပြေးလေသည်။ အကြီးဆုံးအမှားမှာ တပင်ရွှေထီး၏ပရိယာယ်ကို ယုံစားပြီး မိမိအပေါ်တွင် သစ္စာရှိရှိ ကာကွယ်ပေးနေသည့် အရည်အချင်းရှိ အထိန်းတော်ကြီးနှစ်ပါး (ဗညားကျန်း နှင့် ဗညားလော) တို့ကို ကွပ်မျက်စေခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်တိုင် မိဖုရားနှင့် သားသမီးများခေါ်၍ ရေကြောင်းမှပြေးပြီး ကျန်တပ်များကို ကြည်းကြောင်းမှ လိုက်စေသည်။ ပြည်မြို့မရောက်ခင်ပင် ကြည်းတပ်မှာ ကျော်ထင်နော်ရထာ ဦးဆောင်သည့် တောင်ငူတပ်များကို နောင်ရိုးတိုက်ပွဲတွင် ရှုံးနှိမ့်သွားသဖြင့် အင်အားအနည်းငယ်ဖြင့်သာ ပြည်မြို့သို့ရောက်သည်။ ထိုနောက် သုရှင်တကာရွတ်ပိသည် ၎င်း၏လက်ကျန်အင်အား၊ ယောက်ဖဖြစ်သူ နရပတိ၏ ပြည်မှ စစ်အင်အား၊အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ၎င်း၏မဟာမိတ် ရှမ်းစော်ဘွားများ စသည့် အင်အားသုံးရပ်ပေါင်းကာ တပင်ရွှေထီး၏ တောင်ငူတပ်များကို ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရေတပ်တွင် တပင်ရွှေထီး၏တပ်များ အသာရသည်။ ကြည်းကြောင်းတိုက်ပွဲများ ဆင်နွဲရန် စီစဉ်သော်လည်း စစ်ပန်းနေသောကြောင့် တစ်ကြောင်း၊ ရန်သူအင်အား များသည်ကြောင့်တစ်ကြောင်း တပင်ရွှေထီးက တပ်ကို ဟံသာဝတီသို့ ပြန်ခေါက်သဖြင့် မတိုက်ခိုက်ဖြစ်တော့ပေ။ သို့ဖြင့် တကာရွတ်ပိလည်း အင်္ဂပူတွင် တပ်ချကာနေစဉ် ဆင်ကျော့(ဖမ်း) ထွက်ရာမှ အဖျားရောဂါပြင်းထန်စွာခံစားရပြီး လွန်လေသည်။ သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါးကို သိုဟန်ဘွားက မြောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။ အင်းဝ၌ စံစားနေကြရင်း မပျော်ပိုက်၍ သမီးတော်ကွန်းဗ္လဲသည် ပြည်အရပ်သို့ ပြန်လည်စံမြန်းရာမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ မိဖုရားမင်းခေါင်မယ်တော်(ပြည်ဘုရင် မင်းထွေး၏ နှမ)ကိုမူ နရပတိက ရခိုင်နှင့် မဟာမိတ်ပြုလိုသဖြင့် ရခိုင်ဘုရင်ထံဆက်သလေသည်။ ကိုးကား Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဘုရင့်နောင်
ဘုရင့်နောင် (၁၅၁၆ - ၁၅၈၁) ကို ဟံသာဝတီ ဆင်ဖြူများရှင် အဖြစ်လည်း အသိများသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကိုအောင်မြင်စွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက ရိုသေလေးစားရသည့် ဘုရင် ဧကရာဇ်တစ်ဦး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟု ဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသော၊ နာမည်အကျော်ကြားဆုံး ဘုရင်တစ်ဦးအဖြစ် လက်ခံထားကြသည်။ နောက်ခံသမိုင်းကြောင်း ဘုရင့်နောင်၊ ငယ်နာမည် ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့၏ သားကြီး ဖြစ်သည်။ မိခင်မှာ တပင်ရွှေထီး၏ နို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ထိုမှစ၍ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါဝင်ခဲ့ရပြီး ၎င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့ သို့တိုးမြှင့်ပေးခြင်း ခံရသည်။ ထို့နောက် တပင်ရွှေထီးမှ တရားဝင် အမိန့်မထုတ်ပြန်ခဲ့သော်လည်း အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့သည်။ တပင်ရွှေထီးသည် အရက်သေစာကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စ၍ တပင်ရွှေထီး၏ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောအခါ တပင်ရွှေထီးက ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေသည်။ ဘုရင့်နောင် ဒလ သို့ရောက်ရှိချိန်တွင် တပင်ရွှေထီးသည် ဟံသာဝတီနန်းတော်၏အဝေး တစ်နေရာတွင် လုပ်ကြံခံရသည်ကို သိရလေသည်။ ဤသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပြုခဲ့သည့် ဒုတိယ မြန်မာနိုင်ငံတော် တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ တောင်ငူ တပင်ရွှေထီးနတ်ရွာစံပြီးနောက် တိုင်းပြည် ပြိုကွဲသောအခါ ဘုရင့်နောင်တွင် အပိုင်စားရသည့် မြို့ကြီးရွာကြီး မရှိသည့်အပြင် ဟံသာဝတီနှင့် ဝေးရာ ဒလသို့ ရောက်ရှိနေသည်။ သို့သော် အနားတွင် ပညာရှိများ၊ စစ်သူရဲများ အတော်အတန် ရှိသဖြင့် တိုင်ပင်ဆွေးနွေးပြီး မိမိလက်အောက်ရှိ မွန်များကို အနီးအပါးရှိ မြို့ရွာများ အပိုင်စားပေးကာ နေရစ်စေသည်။alt=|left|355x355px နောက်ပါအင်အား တောင့်တင်းစေရန် အတွက် ပေါ်တူဂီ ကြေးစားစစ်ဗိုလ် ဒီယိုဂို ဆွာဝါရက်ဇ် ဒီမယ်လို (Diogo Soarez de Mello) ကို အနားခေါ်ကာ ခစားစေသည်။ ထိုသို့ ရှိသမျှအင်အား စုစည်းပြီး ဒလ မှ ဒဂုံသို့ဦးစွာ ချီတက်သည်။ ဒဂုံမှ ဓနုတောမကော်၊ ထိုမှ ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်တောင်ကို ပတ်၍သွားသည်။ ထိုအခါ သမိန်စက္ကဝေါ က ဗညားဒလအားစေလွတ်ပြီး တိုက်ခိုက်စေသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ဟင်းခနွေကိုရောက်မှ မိဖုရားဖြစ်သူ သခင်ကြီး ဝေါစီးကာ သွားလာနေသည်ကို တွေ့မှ ညီတော် တောင်ငူစားသီဟသူ၏ အကြံကိုသိရတော့သည်။ ထိုမှ ဆက်လက်ချီတက်ရာ တောင်ငူမရောက်မှီ ရွာသစ်ကြီးကို ဇေယျဝတီဟု ခေါ်တွင်ကာ တပ်ချနေသည်။ ထိုသို့ ဘုရင့်နောင် တောင်ငူကို သိမ်းရန် ကြံစည်နေချိန်တွင် ဟံသာဝတီရှိ မွန်မင်း သမိန်စက္ကဝေါမှာ မှူးမတ်များ လုပ်ကြံနန်းချခြင်းခံရပြီး သမိန်ထောရာမအား ပင့်ဆောင် နန်းတင်ကြသည်။ ထိုသို့ သမိန်ထောရာမ ဟံသာဝတီတွင် နန်းတက်လျှင် မူလက တပင်ရွှေထီး၏ သစ္စာခံများဖြစ်သည့် အဲမွန်ဒယာ၊ စန္ဒာယော်ဓာ အစရှိသည့် မှူးမတ်များလည်း နောက်ပါအင်အားများနှင့်တကွ ဘုရင့်နောင်ထံ လာရောက်ခိုဝင်ကြသည်။ အရှေ့ဘက်မုတ္တမ မှလည်း အဲပရဲ၊ စန္ဒရာသီ၊ ဗိုက်ကမြင် အစရှိသည့်မှူးမတ်များလည်း ခိုဝင်လာကြပြန်ရာ ဘုရင့်နောင်၏တပ်မှာ အင်အားတိုးပွားလာသလို တောင်ငူသီဟသူမှာ လည်း ကြောက်ရွံခြင်း တိုးလာလေသည်။ ထိုနောက် ညီတော်များ၊ မှူးမတ်များနှင့် တိုင်ပင်ပြီး တောင်ငူကို တိုက်ရန် ဆုံးဖြတ်ကြသည်။ တောင်ငူကို တိုက်သည့် ကြည်းတပ်တွင် တပ်ပေါင်း ၁၂ တပ်ပါဝင်၍ ဆင် ၂၀ဝ၊ မြင်း ၂၀ဝ၀ နှင့်စစ်သည် ၈၀ဝ၀ဝ ရှိပြီး ရေတပ်တွင် တပ်ပေါင်း ၆ တပ်ပါ၍ ကတ္ထူလွန်းကြင်လှေ ၁၃၀၊ လှော်လားလှေ ၇၀ နှင့် စစ်သည် ၁၆၀ဝ၀ ပါဝင်သည်ဟု ဆိုသည်။ စတင်၍ စစ်ချီတက်သည့်နေ့မှာ သက္ကရာဇ် ၉၁၂၊ တော်သလင်းလပြည့်ကျော် ၂ ရက်ဖြစ်သည်။ နောက်တောင်ငူကို ၄ လမျှ ဝိုင်းရံထားရာ တောင်ငူမင်းခေါင်လည်း အကြိမ်ကြိမ် ထွက်တိုက်သည့်တိုင် မအောင်မြင်ပဲ မြို့တွင်းသို့သာ ပြန်ဆုတ်ခဲ့ရသည်။ ကာလကြာသော် မြို့တွင်း၌ စားနပ်ရိက္ခာ နည်းပါလာခြင်း၊ ဘုရင်မင်းခေါင်(သီဟသူ)ကို မကြည်ညိုသည့်အတွက် ဘုရင့်နောင်ထံသို့ ခိုဝင်ကြခြင်း စသည်တို့ကြောင့် တောင်ငူဘုရင်မင်းခေါင်မှာ နောက်လိုက်အခြွေအရံ နည်းပါးလာသည်။ နောက်ဆုံးတွင် ဆရာတော်များကို စေလွတ်၍ ၎င်းအား စည်းစိမ်မပျက် ချမ်းသာပေးလျှင် အညံ့ခံပြီး အမှုတော်ထမ်းမည့်အကြောင်း အရေးဆိုခိုင်းသည်။ ဘုရင့်နောင်သည် ကမ်းလှမ်းမှုကို လက်ခံကာ မြို့ကိုသိမ်းပိုက်ပြီး မင်းခေါင်အား အသက်မှလွတ်သည့်အပြင် စည်းစိမ်မပျက် ချမ်းသာပေးလေသည်။ မြို့ကိုရသည့်နေ့မှာ သက္ကရာဇ် ၉၁၂၊တပို့တွဲလဆန်း ၃ ရက်ဖြစ်သည်။ ဘိသိက်ခံခြင်နှင့် ဘွဲ့ထူးများပေးအပ်ခြင်း တောင်ငူကိုရသောအခါ မှူးမတ်များကို ယာယီတဲနန်းတွင် စုရုံးစေပြီး ဘိသိက်သွန်းခံလေသည်။ ထိုပွဲတွင် ညီတော်သီရိဇေယျကျော်ထင်အား မင်းရဲစည်သူ ညီတော် နန္ဒယော်ဓာ အား သတိုးဓမ္မရာဇာ ညီတော် သီဟသူ(တောင်ငူမင်းခေါင်)အား မင်းခေါင် ညီတော် ဇေယျနန္ဒအား မင်းရဲကျော်ထင် အခြားအမှူးအမတ်များကိုလည်း အသီးသီး ဘွဲ့အမည်များပေးလေသည်။ နောက် မိမိတဲနန်းကိုဖျက်ကာ ကျောင်းတော်ကြီးဆောက်၍ ဆရာတော် သဒ္ဓမ္မဂုရု အားလှူဒါန်းသည်။ သရထီး ဘုရားညီနောင်အား ရွှေချပူဇော်သည်။ သရေခေတ္တရာပြည် ဘုရင့်နောင်သည် တောင်ငူကို သိမ်းယူပြီးသောအခါ ဆက်လက်၍အင်းဝ၊ စစ်ကိုင်း၊ ဟံသာဝတီနှင့် ပြည်တို့ကို သိမ်းယူရန် အစီအစဉ်ရှိသည်။ မှူးမတ်များက မွန်တို့၏ဒေသများကို မသိမ်းပိုက်မီ မြန်မာတို့ကိုသာ များအောင် သိမ်းသွင်းသင့်ကြောင်း လျှောက်သဖြင့် ဦးစွာ ပြည်ကို သိမ်းယူရန် စီစဉ်လေသည်။ ပြည်တွင် မင်းပြုနေသူမှာ တပင်ရွှေထီးလက်ထက်က ပြည်ဘုရင်ခံအဖြစ် ထားသည့် သတိုးဓမ္မရာဇာဖြစ်ပြီး သတိုးသူဘွဲ့ခံထားသူဖြစ်သည်။ သို့ဖြင့် ဆင် ၂၅၀၊ မြင်း ၃၀၀၀ နှင့် စစ်သည် ၉၀ဝ၀ဝ တို့ကို တပ်ပေါင်း ၁၇ တပ် ဖွဲ့ကာ ပြည်သို့ ချီတက် တိုက်ခိုက်လေသည်။ သို့သော် ပြည်မြို့သည် မြို့ရိုးပြစီး ထူထပ်လှသည့်အတွက် စစ်သည်ရဲမက် အကျအဆုံးများသဖြင့် အဝေးမှပင် ဝန်းရံနေရသည်။ ထို့နောက် ဘုရင့်နောင်သည် စစ်သည်တို့ ပင်ပန်းမည်ကို စိုး၍ ပြည်မြို့အနီးအပါးဒေသများကို သိမ်းယူသည်။ မြေထဲ၊ လယ်ကိုင်း၊ မလွန်၊ စကု၊ဆင်ဖြူကျွန်းကျပင်းစလင်း မဖဲ၊ မြင်ကွန်း၊ မင်းတုန်း၊ တိုင်တား၊ မင်းတပ် မြို့များကို သိမ်းပိုက်ကာ မူလ မြို့စားများကို သစ္စာခံစေပြီး မူလအတိုင်း ပြန်လည်ခန့်ထား၍ တောင်ငူသို့ ပြန်လေသည်။ တောင်ငူသို့ ပြန်ရောက်ပြီး တစ်လ အကြာတွင် ပြည်သတိုးသူ၏ ကျွန် ရာဇမနော်ဆိုသူသည် တောင်ငူသို့ ခိုဝင်လာပြီး၊ ပြည်ဘုရင်၏ အားနည်းပုံများ၊ မှူးမတ်အများ မညီညွတ်ပုံတို့ကို လျှောက်တင်သည်။ ဘုရင့်နောင်သည် အခါအခွင့်သင့်ပြီဟု ယူဆ၍ ပြည်သို့ ဒုတိယအကြိမ် ချီတက်သည်။ ယခုတစ်ကြိမ်တွင် ဆင်၂၅၀၊ မြင်း ၃၀ဝ၀၊ စစ်သည် ၉၀ဝ၀ဝ ပါဝင်ပြီး တပ်ပေါင်း ၁၄ တပ်ဖြစ်သည်ဟု ဆိုသည်။ စစ်ချီသည့်ရက်စွဲမှာ သက္ကရာဇ် ၉၁၃၊တော်သလင်းလပြည့်ကျော် ၆ ရက် ဖြစ်သည်။ ပြည်သို့ချီတက်လာပြီး ပြည်အနီး ပန်းမတူအရောက်တွင် တပ်ချလေသည်။ သို့သော် စစ်ဦးချီသည့် ညီတော် တောင်ငူမင်း မင်းခေါင်နှင့် သီရိဇေယျနော်ရထာ တပ်နှစ်တပ်မှာ တပ်မချပဲ ပြည်မြို့သို့ချဉ်းကပ်သည်။ ည နှစ်ချက်တီးအချိန်တွင် မင်းခေါင်က စောရန်နှင် ဆင်ကို စီး၍ တောင်တံခါးကို ချိုးဖျက်ဝင်ကာ သတိုးသူ၏စံအိမ်သို့ သွားရောက်ကာ သတိုးသူအား လက်ရဖမ်းဆီးသည်။ ဘုရင့်နောင်က သတိုးသူအား ကွပ်မျက်စေသည်။ ညီတော် သတိုးဓမ္မရာဇာအား ပြည်ဘုရင့်ခံအဖြစ်ပေးကာ ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ကို လည်းစွမ်းစွမ်းတမံ ရှိသည်အတွက် ချီးမွမ်းလေသည်။ အင်းဝ ထိုသို့ ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာဝတီစားနှင့် ဓနုဖြူစားတို့လည်း နောက်ပါအင်အားများနှင့်တကွ ခိုဝင်လာကြသည်။ ၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ ပခန်းငယ်နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊ စလေစားတို့လည်း ကြောက်ရွံသည် ဖြစ်သောကြောင့် တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ ပုဂံစားမှာမူ တပ်ဦးရောက်သည်နှင့် လာရောက်တိုက်ခိုက်လေသည်။ ဘုရင့်နောင်မှ ကြည်းရေ နှစ်ဖက် အပြင်းအထန် တိုက်သောအခါ ပုဂံစားက အသက်ချမ်းသာရန်ပေးရန်ပြော၍ အညံ့ခံလာသည်။ ထိုအခါ ပုဂံစားကို ရာထူးမှထုတ်ပယ်ပြီး ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။ ဆင်ဖြူကျွန်းတွ​င်ရေတပ်သစ်တပ်တည်ပြီး ပုဂံမှ အင်းဝသို့ ချီတက်ကာမြို့ကို ဝန်းရံနေဆဲမှာပင် တောင်ဘက်ရှိ ပိုင်နက်ဖြစ်သည့် ဟင်းခနွေကို ဟံသာဝတီတပ်များ လာရောက်နှောင့်ယှက်သည့်အတွက် တပ်ရုတ်ကာ ဖောင်များလှေများပေါ် ဆင်မြင်း၊ စစ်သည်တို့ကို တင်ပြီး အမြန်စုန်စေသည်။ ကျန်ရှိသည့် ကြည်းတပ်များကိုလည်း နေ့ည အပြင်းချီစေသည်။ မြေထဲရောက်လျှင် ညီတော် မင်းရဲကျော်ထင်အား တောင်ငူစောင့်ရန်နှင့် အင်အားစုရန်စေလွတ်သည်။ ပြည်သို့ရောက်လျှင် ဟံသာဝတီသို့ချီတက်ရန် စစ်ပြင်ဆင်နေချိန်တွင်မှာပင် အင်းဝမင်း မိုးဗြဲနရပတိစည်သူသည် စစ်ကိုင်းမင်း စည်သူကျော်ထင်၏ ရန်ကိုမခံနိုင်သဖြင့် ဘုရင့်နောင်ထံ သစ္စာခံ ခိုလှုံလာသည်။ ထိုသို့ဖြင့် အင်းဝသည်လည်း ဘုရင့်နောင်၏ လက်အောက်ခံ ဖြစ်လာသည်။ ဘုရင့်နောင်သည် မိုးဗြဲနရပတိကို ရာထူးမှမချပဲ မူလစည်းစိမ် ရာထူးအတိုင်း ထားခဲ့သည်။ ဟံသာဝတီ ထိုနောက် ဟံသာဝတီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀ဝ၊ တံစွတ်လှေငယ် ၁၀ဝ၊ ရိက္ခာလှေ ၁၀ဝ နှင့် စစ်သည် ၄၀ဝ၀ဝ ပါဝင်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ ဆင် ၄၀ဝ၊ မြင်း ၅၀ဝ၀ နှင့် စစ်သည် ၁၁၀ဝ၀ဝ ပါဝင်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာဝတီသို့ ချီသည်။ ထိုသို့ဖြင့် ဟံသာဝတီ နှင့်နီးသော် မှူးမတ်တို့က လျှောက်တင်သဖြင့် မြင်း ၅၀ဝ၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။ ထိုအခါ ဘုရင့်နောင်သည် ဥပေါသထဆင်ကိုစီး၍ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာဝတီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓာတ်ကျမည်။ ထိုသို့ စိတ်ဓာတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာဝတီကို မီးတိုက်ရန် စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာ စိတ်ဓာတ်ကျလေတော့သည်။ သမိန်ထောရာမသည် ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာသည်။ ဘုရင့်နောင်လည်း ဥပေါသထဆင်ကို စီး၍ တိုက်ခိုက်ရာ သမိန်ထောရာမ ရှုံးနိမ့်သဖြင့် မြင်းဖြင့် ဟံသာဝတီသို့ပြေးကာ ဟံသာဝတီမြို့တွင်းမှ ခုခံရန် ကြံသည်။ သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာဝတီအား မီးရှို့တိုက်ခိုက်ပြီး ဖြစ်သဖြင့် ဟံသာဝတီသို့ မဝင်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဘက်သို့ပြေးထွက်ပြေးသည်။ သို့ဖြင့် ဟံသာဝတီသည် ဘုရင့်နောင်၏ လက်အောက်ရောက်သည်။ ဟံသာဝတီတွင် ၁၀ ရက်မျှ ရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်သည်။ သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စား ဗြပိုက်သည် ဘုရင့်နောင်ထံ အညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြှောက်သည်။ ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီး ဖြစ်ပြန်သည်။ သမိန်ထောရာမ ရှုံးနိမ့်ပြီး စစ်သည်ဗိုလ်ပါ၊ သားသမီး၊ မိဖုရား နှင့်ယောက္ခမကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးရသည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၁၄၊ ဝါဆိုလဆန်း ၁ ရက်တွင် ဟံသာဝတီသို့ ပြန်ရောက်သည်။ ထို့နောက် မုတ္တမ ၃၂ မြို့၊ ပုသိမ် ၃၂ မြို့တို့မှ မြို့စား၊ ရွာစားများကို စနစ်တကျဖြစ်ရန် စီမံသည်။ ညီတော် တပင်ရွှေထီး ကျဆုံးသည့်အရပ်တွင် စေတီတစ်ဆူ တည်သည်။ ဝါဆိုလဆန်း ၁၀ ရက်ရောက်လျှင် အိမ်တော်ဆောက်စေပြီး ၁၄ ရက်နေ့တွင်အိမ်သစ်တက်သည်။ ညီတော်များကို မင်းမြောက်တန်ဆာ ငါးပါးကိုပေးကာ ဘုရင်ခံအဖြစ် အသီးသီးချီးမြှင့်သည်။ ညီတော်မင်းရဲစည်သူအား မုတ္တမ ဘုရင်ခံအဖြစ်လည်းကောင်း ညီတော်သတိုးဓမ္မရာဇာအား ပြည်ဘုရင်ခံအဖြစ်လည်းကောင်း ညီတော်မင်းခေါင်(သီဟသူ)အား တောင်ငူဘုရင်ခံအဖြစ်လည်းကောင်း အသီးသီးပေးသည်။ ဗမာ၊ မွန်၊ ရှမ်း အမတ်များကိုလည်း ရာထူးစည်းစိမ်များပေးသည်။ သမိန်ထောရာမ၏ နိဂုံး မုတ္တမတွင် ပုန်းအောင်းနေသည့် သမိန်ထောရာမလည်း မုတ္တမတွင် မနေဝံ့သဖြင့် ကဝေါဖက်သို့ ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာ ပြေးရပြန်သည်။ ဒဏ်ရာသက်သောအခါ တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရပြန်သည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ ထွက်ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊ တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ ဆက်သလာသည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ကွပ်မျက်အပြစ်ပေးသည်။ အင်းဝနှင့် ရှမ်း အင်းဝမြို့ရိုးဟောင်း ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ တောင်ငူ၊ ဟံသာဝတီ၊ မွန်သုံးရပ်နှင့် ပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ပါဝင်လာသော်လည်း မြန်မာတို့၏ မူလဌာနေဖြစ်သည့် အင်းဝမှာ ပြန်လည်လက်လွတ်ခဲ့၍ ကျန်ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်းဝတွင် ထားရှိသည့် ရှမ်းမင်းမိုးဗြဲနရပတိအား ယခင်စစ်ကိုင်းစား စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ နရပတိ ဘွဲ့ခံ၍ အင်းဝကို အုပ်စိုးနေသည်။ ထို့ကြောင့် ဘုရင့်နောင်သည် အင်းဝကို တိုက်ယူရန် အားထုတ်လေသည်။ အင်းဝချီရန် လှေတပ်ပြင်ဆင်ရာ အင်အားမှာ ၃၇ လံရှိ ရွှေဟင်္သာဖောင်တော်၊ ဇလာကပင်းတိုက်လှေကြီးနှင့် သားရဲလှေ အစင်း ၃၀ဝ ကျော်၊ လှော်ကားကျော့လှေ ၂၀ဝ ကျော် ဖြစ်ကာ၊ ပြည်မှ ရေတပ်အင်အားနှင့်ပေါင်းလျှင် တိုက်လှေ ၆၀ဝ၊ လှောကားကြော့လှေ ၃၀ဝ၊ ရိက္ခာတင်လှေ ၅၀ဝ နှင့် စစ်သည် ၁၁၀ဝ၀ဝ ဖြစ်လေသည်။ ရေတပ်ဗိုလ်ချုပ်မှာ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဖြစ်ပြီး တပ်ပေါင်း ၁၁ တပ်ပါဝင်သည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ချီတက်သည်။ ကြည်းတပ်တွင် ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကာ တပ်ပေါင်း ၂၅ တပ်တွင် ဆင် ၈၀ဝ၊ မြင်း ၉၀ဝ၀နှင့် စစ်သည် ၁၈၀ဝ၀ဝ ဖြစ်သည်။ ထိုထဲတွင် ဘရင်ဂျီကုလား ၄၀ဝ လည်း သေနတ်ကိုင်တပ်သားများအဖြစ် လိုက်ပါအမှုထမ်းကြသည်။ ကြည်းတပ်ကိုမူ အရှေ့ဘက် တောင်ငူကြောင်းမှ ချီတက်သည်။ တောင်ငူရောက်လျှင် တောင်ငူမင်းခေါင်အကြံပေးချက်အရ စစ်သုံးကြောင်းခွဲကာချီတက်လေသည်။ အရှေ့ကြောင်းချီတပ်ကို တောင်ငူမင်းခေါင်ကဦးဆောင်ကာ မြင်းတပ် ၂ တပ်အပါအဝင် တပ်ပေါင်း ၇ တပ်ဖြစ်သည်။ ဝတီ၊ ယင်းဝတော်၊ လှိုင်းတက်၊ ညောင်ရမ်းတို့ကို အစဉ်အတိုင်းသိမ်းပိုက်ကာ ပင်းယတောင်ဘက် ရန်အောင်မြင်တွင် တပ်ချကာ ဘုရင့်နောင်၏တပ်အရောက်ကို စောင့်နေသည်။ အလယ်ကြောင်းချီတပ်ကို ညီတော် မင်းရဲကျော်ထင် ဦးဆောင်ကာ မြင်းတပ်၂ တပ်အပါအဝင် တပ်ပေါင်း ၇တပ်ဖြစ်သည်။ ပင်းတလဲ၊ ပြင်စည်တို့ကို သိမ်းပိုက်ကာ တောင်ငူမင်းခေါင်တပ်နှင့် ပင်းယ၊ ရန်အောင်မြင်တပ်တွင် ပူးပေါင်းသည်။ အနောက်ကြောင်းချီတပ်ကို ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ပြီး မြင်းတပ် ၄ တပ်အပါအဝင် တပ်ပေါင်း ၁၀ တပ်သည် တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ပုဂံသို့ချီသည်။ ပုဂံအရောက်တွင် ပြည်မှ သတိုးဓမ္မရာဇာ၏ ရေတပ်နှင့်ဆုံသည်။ နောက် သတိုးဓမ္မရာဇာအား လက်ထုပ်၊ ကွမ်းရွာ၊ ပခန်းကြီး တို့ကို တိုက်ခိုက်သိမ်းပိုက်စေသည်။ ပခန်းကြီးမြို့စားလည်း မိုးညှင်း စော်ဘွားထံ ထွက်ပြေးခိုလုံသွားသည်။ နောက် အမြင့်၊ ဗဒုံ၊ ကမ်းနီတို့ကို ဆက်လက်တိုက်ခိုက်စေရာ အောင်မြင်သည်။ နောက် ပုဂံမှ ပခန်းကြီး၊ ကြခတ်ဝရာ၊ ပရိမ္မတို့မှ တဆင့်ချီတက်ကာ မြင်းမူနှင့် စစ်ကိုင်းတို့ကို တိုက်ခိုက်အောင်မြင်ပြီး စစ်ကိုင်းတွင် ကြည်းရေ နှစ်တပ်ပေါင်းကာ တပ်ချနေသည်။ ဘုရင့်နောင် စစ်ကိုင်းမရောက်မှီ ပင်းယ၊ ရန်အောင်မြင် ရှိ ညီတော် နှစ်ယောက်၏တပ်ကို အင်းဝမင်း နရပတိ ကဆင် ၁၀ဝ၊ မြင်း ၂၀ဝ၀၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်ထွက်တိုက်သည်။ ညီတော် မင်းရဲကျော်ထင်က တပ် ၇ တပ်ဖြင့် ဆီးကြိုတိုက်ရာ အင်းဝတပ်ပျက်ပြီး မြင်း ၃၀ ကျော်နှင့် မိုးညှင်းအမတ် တပလုံကို အရှင်ရသည်။ နောက်တစ်ကြိမ်တိုက်သော်လည်း မင်းရဲကျော်ထင်နှင့် မင်းခေါင်တပ်များက ပြန်တိုက်သဖြင့် အင်းဝတပ်များ ပြေးသည်ကို တံတားဦးအထိ လိုက်လံတိုက်ရသည်။ နောက် ဘုရင့်နောင် စစ်ကိုင်းသို့ရောက်လျှင် ပင်းယရှိ ညီတော်နှစ်ယောက်ကို အင်းဝထိချီတက်ကာ မြို့ကိုဝန်းရံ စေသည်။ ညီတော် မင်းရဲကျော်ထင်တပ်များ အနောက်ကြောင်း မန်ကျဉ်းဆင်တဲမှ ချီတက်ပြီး အင်းဝအရောက်တွင် အင်းဝနရပတိမှ ဆင် ၁၀ဝ၊ မြင်း ၃၀ဝ၀ ကျော်ဖြင့် ထွက်တိုက်သည်။ ဟံသာဝတီမှ သမိန်ဗရမ်း က ပလ္လင်စွယ်ဆင်ဖြင့် လည်းကောင်း၊ ဗညားကျန်းထော က ဇေယျသတ္တရုဆင် ဖြင့်လည်းကောင်း၊ ညီတော် မင်းရဲကျော်စွာက သန်မြန်စွာဆင် ဖြင့်လည်းကောင်း အသီးသီးတိုက် ရာအင်းဝတပ် ၂ ဖွဲ့ကွဲလေသည်။ နောက် ဟံသာဝတီမှ သီရိဇေယျနော်ရထာ က ရတနာပြောင်ကျော် ဆင်ဖြင့်လည်းကောင်း၊ ရာဇသင်္ကြန်က ရဲလုလင်ဆင်ဖြင့်လည်းကောင်း ထပ်ကူပြီးတိုက်ရာ အင်းဝတပ်များ မြို့တွင်းသို့ပြန်ဝင်ရလေသည်။ မဝင်နိုင်ပဲ ကျန်သည့် ဆင်၇စီး၊ မြင်း ၃၀ ကျော်နှင့် စစ်သည် ၄၀ဝ ကျော်တို့ကို သုံ့ပန်းအဖြစ်ရလေသည်။ နောက် လုံးတော်ပေါက်ကို ပတ်ကာ တပ်တည်နေသည်။ တောင်ငူမင်းခေါင်တပ်များ တံတားဦးအရောက်တွင် အင်းဝနရပတိက ဆင် ၈၀၊ မြင်း ၂၀ဝ၀ ဖြင့်ဆီးကြိုတိုက်ရာ ဟံသာဝတီမှ သမိန်သံလိုက်က ငရက်နွယ်ဆင်၊ စည်သူကျော်ထင်က နာဂါဝရ ဆင်တို့ဖြင့်တိုက်ရာ အင်းဝမြင်းတပ်များပျက်ကာဆင်တပ်လည်း တန့်လေသည်။ နောက် ဟံသာဝတီမှ တောင်ငူမင်းခေါင်က စောရန်နှင် ဆင်၊ သမိန်ရဲသင်ရံက စွယ်လမန်ဆင်၊ ဘယဂါမဏိက မာတင်ပြောင်မွန်ဆင်တို့ဖြင့် တိုက်ရာ အင်းဝတပ်လုံးလုံးပျက်ကာ မြင်း ၅၀ ကျော်၊ လူ ၂၀ဝ ကျော်ကိုသုံ့ပန်းအဖြစ်ရသည်။ နောက် တောင်ဘီလူး ပရက္ကမတ် ကိုပတ်ကာ တပ်တည်နေသည်။ ထိုသို့ ဘုရင့်နောင်နှင့် သတိုးဓမ္မရာဇာတို့က စစ်ကိုင်းမှတစ်ဆင့် ရွှေကြက်ယက်မှအင်းဝ၊ မင်းခေါင်က တောင်ဘီလူး ပရက္ကမ မှအင်းဝ၊ မင်းရဲကျော်ထင်က လုံးတော်ပေါက်မှ အင်းဝအသီးသီး ဝန်းရံမိလျှင် အင်းဝမှာ လွတ်ပေါက်မရှိတော့ ပဲဟံသာဝတီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။ သို့ဖြင့် သက္ကရာဇ် ၉၁၆၊ တပို့တွဲ လပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့ ညနေအချိန်တွင် အင်းဝကျလေသည်။ အင်းဝမင်း နရပတိ လည်းကျွန်ယုံ ၅ ယောက်ဖြင့် အုန်းဘောင်စော်ဘွား စစ်ကူလာမည့် ဆင်ခေါင်းအရပ်သို့မှန်းဆ လျှက် သွားရာ မက္ခရာအရောက်တွင် ဟံသာဝတီတပ်များက ဖမ်းမိလေသည်။ ဘုရင့်နောင်လည်း နရပတိ ကိုသနားသည်ရှိသဖြင့် မသတ်စေပဲ အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာနေစေသည်။ ဟံသာဝတီသို့ပြန်ရာတွင်လည်း ခေါ်ဆောင်သွားခဲ့သည်။ (ထိုသို့အသက်မှလွတ်ကာ ကျေးဇူးပြုခြင်းသည် အကြီးအကျယ်အကျိုးရှိသည်ကို နောင်တွင်တွေ့ရပေသည်။) အင်းဝကိုရလျှင် ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစော ဘွဲ့ဖြင့် အင်းဝတွင် ဘုရင်ခံတင်သည်။ (နောင်တွင် သမီးတော်နှင့်လည်း လက်ဆက်ပေးသည်။ ဦးရီးနှင့်တူမ ကိုလက်ဆက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းစော မှာ ညီလည်းဖြစ်၊ သားမက်လည်းဖြစ်သည်။) ရှမ်းစော်ဘွားများကို အောင်နိုင်ခြင်း အင်းဝကိုရပြီးလျှင် အုန်ဘောင်ခုံမှိုင်း၏ သားစားသည့် စဉ့်ကူးကိုတိုက်ပြီးအောင်လျှင် သက်တော်ရှည် ကိုမြို့စားခန့်သည်။ အင်းဝသို့စစ်ကူလာသည့် မိုးကောင်း၊ မိုးညှင်းနှင့် ကလေးစော်ဘွားတို့၏ တပ်များသာဝတ္တိတွင် တပ်ချနေသည်ကို တိုက်ပြီးပျက်လျှင် ပခန်းကြီးစား၊ ဒီပဲယင်းစား (မိုးညှင်းစော်ဘွား၏ယောက်ဖ) နှင့် စည်ပုတ္တရာစားတို့ ကျွန်ခံလာကြသည်။ မိုးညှင်းစော်ဘွား၏တူ ဝန်းသိုစား တပ်ချနေသည့် တဆယ်ရွာကို ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောတိုက်ခိုက် အနိုင်ယူသည်။ နောက်သာဝတ္တီတွင် တပ်ပျက်ပြီးမြေဒူးတွင် တပ်ချနေသည့် စော်ဘွားတပ် သုံးတပ်ကို တဆက်တည်းတိုက်သည်။ စော်ဘွားတပ်များ ပျက်ပြန်သည်။ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ၏ရေတပ်များက စပ္ပာယ်နဂိုရ်၊ ကြံညှပ်၊ တကောင်း၊ ချွန်တောင်၊ မြတောင် နှင့်ထီးကျိုင်း အစရှိသည့် မြို့များကို တိုက်ခိုက်သိမ်းသွင်းသည်။ ထိုနောက် ဘုရင့်နောင်သည် မြေဒူးအထိချီတက်ကာ အထက်တစ်လွှားတည်ငြိမ်ရေးအတွက် လက်ရမြို့များတွင် မိမိသစ္စာခံ အမတ်များကိုမြို့စားခန့်လေသည်။ သက်ရှည်ကျော်ထင် အား မြေဒူး လက်နက်ချ ဒီပဲယင်းစားအား သီဟပသေ့ဘွဲ့ဖြင့် ပခန်းကြီး လက်နက်ချ ပခန်းကြီးစားအား ဇေယျသင်္ကြန်ဘွဲ့ဖြင့် မြေထဲ လက်နက်ချ စည်ပုတ္တရာစားကို သင်္ခယာဘွဲ့ဖြင့် ဗဒုံ ဇေယျထီးလှိုင်အား စည်ပုတ္တရာ ကမ်းနီစား နှင့် အမြင့်စားတို့ကို စားမြဲအတိုင်း အသီးသီးသစ္စာပေးကာ ခန့်ထားလေသည်။ ပြီးလျှင် မြေဒူးမှ အင်းဝသို့ပြန်ရာ ၉၁၇၊ ကဆုန်လဆန်း ၂ ရက်၊ စနေနေ့တွင် ရောက်ကာ ဟံသာဝတီသို့ နယုန်လပြည့်ကျော် ၁ ရက်၊ သောကြာနေ့တွင်ရောက်ရှိသည်။ သာဿနာရေးဆောင်ရွက်ခြင်း၊နိုင်ငံတော်အားပြုပြင်ခြင်း ဟံသာဝတီသို့ ပြန်ရောက်ပြီးလျှင် သာဿနာရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်လေတော့သည်။ တောင်ငူရှိ ခမည်းတော် မင်းရဲသီဟသူ၏ကောင်းမှုဖြစ်သည့် မြစည်းခုံစေတီကို ထီးတော်တင်ရန် ရွှေ ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အားပေးသည်။ ခမည်းတော်၏ ဆရာတော် ရှင်သဒ္ဒမ္မပါလ အားဇေတဝန်ကျောင်းနှင့် အရံကျောင်း ၃၀ ဆောက်ကာလှူဒါန်းသည်။ သီရိလင်္ကာရှိ ဓမ္မပါလ မင်း၏ဖိတ်ကြားချက်အရ သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီအား လုပ်ကျွေးရန် မြေ ငွေ ၁၀ဝ ဖိုး ဝယ်ကာလှူဒါန်းသည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား အများအပြားပင် သင်္ဘောဖြင့် စေလွတ်ပူဇော်စေသေးသည်။ သက္ကရာဇ် ၉၁၇၊ တပေါင်းလပြည့်ကျော် ၃ ရက်တွင် ကျိုက်ထီးရိုးဘုရားသို့ စစ်အင်္ဂါလေးပါးဖြင့်ချီတက်ပြီး ထီးတင်သည်။ မိမိဆောင်းသည့် ဦးဗောင်းတော်ကို ဖျက်ကာ ရွှေချိန် ၇၅ ကို ထီးစလောင်းပြုပြီး လှူပြန်သည်။ သမိန်ထောရာမကို ဦးဦးဖျားဖျား အောင်နိုင်ရာအရပ်တွင် မြို့သစ်တည်ပြီး မဟာသံဃရာဇာကို ကျောင်းဆောက်လှုသည်။ အယုဓျာတွင် ဘုရင့်နောင် တည်သည့် Wat Phu Khao Thong ဘုရား သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃) တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ် (ဗြသာဓိရာဇာ) အား ဆင်ဖြူတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။ “ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ ထိုသို့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန် အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ အနောက်ဘက် မဏိပူရ မှ အရှေ့ဘက် ဇင်းမယ် အထိ၊ မြောက်ဘက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဘက် တနင်္သာရီ တိုင်အောင် ကျယ်ပြန့်သည့်အတွက် ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊ စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှူးအမတ်၊ မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စု အချေတင်ဖြစ်လေသည်။ သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ နယ်ချဲ့မှုကို ရပ်တန့်နိုင်မည်မဟုတ်။ ပေးသော်လည်း လက်အောက်ခံပြုမည်သာဖြစ်သည်။ ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီး ဆင်ဖြူမဆက်ရန် လျှောက်တင်သည်။ နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာ ယိုးဒယားတို့က ဗညားဒလမှ အကြောင်းပြန်သည်မှာ... “ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်သနင်းမင်းတို့နှင့်သာ ထိုက်တန်သည်။ ဟံသာဝတီမင်းတရား သာ တရားနှင့် အညီအုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများ အလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။ ထိုအကြောင်းပြန်မှုကို ရလျှင် ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်က ရံရုံသာ ရံခဲ့ရသည့် အယုဓျာအား အပြီးသိမ်းရန် စစ်ချီလေသည်။ စစ်အင်အားမှာ တပ်ပေါင်း ၅၆ တပ်တွင် စစ်သည် ၅၈၀ဝ၀ဝ၊ ဆင်၁၆၀ဝ၊ မြင်း ၂၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီမှ ကမန်ပိုက်၊ သောက္ကတဲ၊ ပိဿလောက်၊ သုဝဏ္ဏလောက် နှင့် အယုဓျာ တိုင်ချီသည်။ ပထမ ဆုံး တပ်အင်အားများစွာချထားသည့် ကမန်ပိုက်ကို တိုက်သည်။ ကမန်ပိုက်စားကို သားမယားနှင့်မိသည်။ ညီတော် ပြည်သတိုးဓမ္မရာဇာကို နှင့် အင်းဝ သတိုးမင်းစော အား တပ် ၂၈ တပ်နှင့် ပိဿလောက်၊ ညီတော်တောင်ငူမင်းခေါင် နှင့် သားတော် မဟာဥပရာဇာ အားတပ် ၂၈ တပ်နှင့် သောက္ကတဲ၊ မင်းတရားကြီး ကိုယ်တိုင်ကမူ တပ် ၁၀ တပ်ဖြင့် သုဝဏ္ဏလောက်သို့ ချီတက်သည်။ သုဝဏ္ဏလောက် သာမက ပိတ်စဲစား ဩယာပိတ်စဲ လည်းကျွန်ခံလာသည်။ နောက် တပ်များပြန်စုစည်းကာ အယုဓျာ သို့ချီသည်။ လမ်းတွင် ယိုးဒယားမင်း သားမက်ဖြစ်သူ ဩယာဓမ္မရာဇာ (ဗြဓမ္မရာဇာ) အညံ့ခံသည်။ ယိုးဒယားမင်း သားတော်အိမ်ရှေ့မင်း မဟာဗြရာမသွန်ရေကြောင်းမှ တိုက်သည်။ ရှေ့ပြေးမြန်မာတပ် ၁၂ တပ်တို့ အထိနာပြီး အကူအညီပေးလာသည့် နောက်တပ်များရောက်လာသည့်အတွက် ယိုးဒယားတပ်ပျက်သည်။ အိမ်ရှေ့မင်းလည်းပြေးရသည်။ လက်မလျှော့လိုသည့် ယိုးဒယားမင်းလည်း သားတော်ဗြမဟိန် နှင့် ဦးရီးတော် တို့နှစ်ဦးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် လမ်းမှ မြန်မာ - ယိုးဒယား တိုက်ပွဲ တိုက်စေသည်။ သူကိုယ်တိုင်လည်း အင်အားများစွာဖြင့် နောက်မှလိုက်သည်။ လုံကလီ အရောက်တွင် မြန်မာရှေ့ပြေးတပ်နှင့် ယိုးဒယားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ရာ နောက်မှ မြန်မာ စစ်ကူတို့ရောက်လာပြီး ဖိတိုက်သဖြင့်ယိုးဒယားတို့ တပ်ပျက်ရပြန်သည်။ ထိုတိုက်ပွဲမှာ အဆုံးအဖြတ်ပင်ဖြစ်သည်။ နောက်မှ ပါလာသည့် ယိုးဒယားဘုရင်လည်း သားတော်၊ ညီတော် တပ်များပျက်၍ပြန်အလာတွင် ဖယိုဖရဲဖြစ်နေသည့် တပ်များကို ပြန်စုစည်းကာ အခိုင်အမာပြုပြီး လုံကလီတပ်မှ ခုခံသည်။ မခံနိုင်သဖြင့် ဘုရင်၊သားတော်၊ ညီတော်များ မြင်းဖြင့် ပြေးရသည်။ မင်းတရားကြီးလည်း လုံကလီတွင်ပင်စံနေပြီး ညီတော်၊ သားတော်များကို အယုဓျာမြို့ကို ချီတက်ဝန်းရံစေသည်။ တပ်များမှ မြို့တွင်းသို့ အမြောက်မြား၊ မီးပေါက်များ ဖြင့် အဆက်မပျက် ပစ်ခတ်သွင်းစေသည်။ ယိုးဒယားမင်းလည်း နောက်ဆုံးတွင် မခုခံနိုင်တော့သဖြင့် ဆင်ဖြူတော် တစ်စီးဆက်သကာ အညံ့ခံမည့်အကြောင်း လျှောက်တင်လာတော့သည်။ နောက်ဆုံးတွင် ယိုးဒယားမင်း ဗြသာဓိရာဇာသည် ဆင်ဖြူပေါက် ၂ စီး၊ ဆင်ဖြူမ ၁ စီးနှင့်တကွ အခစားဝင်လာသည်။ မင်းတရားကြီးလည်း ဗြသာဓိရာဇာ အား အရာမှနုတ်ကာ ဟံသာဝတီသို့ လိုက်ပါစေပြီး သားဖြစ်သူ ဗြမဟိန် အားအယုဓျာ မင်းအဖြစ်တင်သည်။ အခြားမြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ ထိုနောက် ယိုးဒယား မင်း ဗြသာဓိရာဇာ၊ သားအငယ် ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ၊ ဆင်ဖြူ ၄ စီး၊ ယိုးဒယား အနုပညာသည်များ၊ အတတ်ပညာရှင်များကို ဟံသာဝတီသို့ ခေါ်ဆောင်ကာ ပြန်လေသည်။ ဇင်းမယ်၊မိုင်းစံ မင်းတရားကြီး ဟံသာဝတီ သို့ရောက်လျှင် သစ္စာခံ ဇင်းမယ်မင်း ဗြစဲစစ်ပုန်ကန်လေသည်။ ထို့ကြောင့် တပ်ကြီးဖွဲ့ကာ ချီတက်သွားရာ လပု သို့ရောက်လျှင် ဗြစဲစစ်တောင်းပန်ကာ အညံ့ခံသည်။ သို့သော် ဇင်းမယ်မင်း၏ လက်အောက်ရှိ မြို့စားအချို့ လင်းဇင်းမင်းထံ ခိုလှုံရန်ပြေးသောကြောင့် နောက်မှလိုက်စေသည်။ နောက် ပြည်ရွာအရေးကို စီမံပြီး ဟံသာဝတီတွင် ရှမ်းတို့ပုန်ကန်သည့်အရေးကို ဖြေရှင်းရန် နေပြည်တော်သို့ ပြန်လေသည်။ သားတော်ညီတော်များကို မိုင်းစံအား ဆက်လိုက်တိုက်စေသည်။ ဟံသာဝတီ ရှမ်းသူပုန်တို့ကို နှိမ်နှင်းခြင်း မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်ဝန်းကျင်တွင် အကွက်ချကာနေထိုင်စေသည့် ရှမ်းတို့သည် အကြီးအကဲတစ်ဦးကို တင်မြှောက်ကာ "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။ အင်အားစုစုပေါင်း ၃၀ဝ၀ဝ ကျော်မျှ ရှိသည်ဟုဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကို တိုင်ပင်ကြသည်။ နရပတိစည်သူလည်း သစ္စာခံကာ ဦးစီး၍တိုက်ရန်သဘောတူလေပြီးတိုက်ရာ ရှမ်းတို့တပ်ပျက်ကာ ဒလသို့ ဆုတ်ပြေးသည်။ မင်းတရားကြီးထိုသတင်းကိုကြားလျှင် ဟံသာဝတီသို့ အမြန်ပြန်လာပြီး မြို့တွင်းသို့ပြင်မဝင်ပဲ သူပုန်တို့ရှိရာ ဒလသို့ သွားရောက် နှိမ်နှင်းတော့သည်။ နိုင်လျှင် ရှိရှိသမျှသောသူပုန် ၇၀ဝ၀ ကျော်အား ဖမ်းခေါ်လာပြီး နေပြည်တော်ရောက်သော် စပ်ကြီးများဖြင့် လှောင်ထားပြီး မီးတိုက်သတ်စေသည်။ သံဃာတော်များတောင်းပန်သဖြင့် အကြီးအမှူး ၇၀ ကျော်ကိုသာ သတ်စေသည်။ ထိုကိစ္စပေါ်ပေါက်ပြီးနောက်တွင် မင်းတရားကြီးသည် လုံခြုံရေးအတွက် လက်ရှိ နေပြည်တော်ကို စွန့်ပြီး နန်းသစ်တည်ရန် ဆုံးဖြတ်လေသည်။ ယိုးဒယား(၂) ယိုးဒယားအား ပထမအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀ (အေဒီ၁၅၆၈) တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။ နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ ထိုသတင်းကို ပိဿလောက်စား ဩယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ) က လာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ ဗညားကျန်း၊ ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ ချီစေသည်။ ပိဿလောက်မှရောက်လာသော ဩယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကို လာရောက် တိုက်ခိုက်သည်။ သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။ မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။ အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊ စစ်သည် ၉၀၂၈၀ဝ ရှိသည်။ ပိဿလောက်ရောက်အောင် အလျင်သွားပြီးမှ အယုဓျာသို့ချီသည်။ ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။ စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍ တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။ ထိုသို့ မြို့ကိုရံစဉ်အတွင်းတွင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇ် လွန်သည်။ မသင်္ဂြိုဟ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။ လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။ အယုဓျာမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀ဝ၀ဝ ကျော်ကျသည်။ နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး ဩောက်ဗြစက္ကိကို သစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။ သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ဟု ကြော်ကြားလှသည့် အယုဓျာပူရသည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။ အမတ်ကြီး ဩောက်ဗြစက္ကိကို ကတိအတိုင်း ပိဿလောက်ကိုစားရန် ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား ဩယားဓမ္မရာဇာ (မဟာဓမ္မရာဇာ) ဘွဲ့ဖြင့် တင်မြှောက်သည်။ သီရိလင်္ကာ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ထူးခြားမှုတစ်ရပ်မှာ ၁၅၇၅တွင် ဟံသာဝတီရှိ ဘုရင့်နောင်အား သီရိလင်္ကာမှ ဓမ္မပါလမင်းက မိမိတိုင်းပြည်၊ လူမျိုးနှင့် ဘာသာသာသနာကို ကုလားကျေးမင်းတို့က နှောင့်ယှက်ဖျက်ဆီးသဖြင့် အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ထို့ကြောင့် မင်းတရားကြီးလည်း မိမိတပ်များမှ လူမျိုးအစုအလိုက် လက်ရွေးစင်စစ်သားများကို ရွေးချယ်ပြီး မခုတ်မရှ၊ သွေးမထွက်အောင်ပင်စွမ်းသည့် စစ်သည်တို့ကို သင်္ဘောဖြင့်တင်ကာ အကူအညီပေးစေသည်။ ထိုစစ်သည်တို့လည်း သီရိလင်္ကာ ရောက်လျှင် လူအများရှေ့၌ အရက်သောက်လျှင် သားငါးအရှင်ဖြင့် စားသောက်ခြင်း၊ မိမိတို့အချင်းချင်း ထိုးခုတ်ပြခြင်း (ထိုသို့ထိုးခုတ်ရာတွင် ဓားပြီး၊ လှံပြီးသူအချင်းချင်းဖြစ်သဖြင့် ရှနာကြခြင်းမရှိပေ) တို့ကို ပြုလုပ်ပြလေသည်။ ထိုအခါ သီရိလင်္ကာမင်း ၏ရန်သူများလည်းကြောက်ရွံသဖြင့် အညံ့ခံကြသည်။ သို့ဖြင့် သီရိလင်္ကာတွင် သာသနာ ဆက်လက်ထွန်းလင်းစေရန် ကူညီပေးခဲ့လေသည်။ နန်းသစ်၊မြို့သစ်များ ၁၅၇၆ တွင်စီစဉ်သည့်အတိုင်း နန်းသစ်တည်ပြီး ကမ္ဘောဇသာဒီ နန်းတော်ဟု သမုတ်သည်။ ထိုနောက် မြဝတီ၊ ကလေးမြို့များကိုလည်း တည်သည်။ ဆင်ဖြူကျွန်းတွင်ရေတပ်သစ်တပ်တည်သည်။ ထိုမြို့များမှာ စစ်ရေး၊လုံခြုံရေးအတွက် တည်ခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၉၄၃၊ တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံလေသည်။ (အေဒီ ၁၅၈၁) ကိုးကား တောင်ငူရာဇဝင်စဆုံး မြန်မာမင်းများအရေးတော်ပုံမှတ်တမ်း Category:တောင်ငူခေတ် Category:တောင်ငူ-ဟံသာဝတီခေတ် Category:တောင်ငူမင်းဆက် Category:မြန်မာ ဘုရင်များ‎
တပင်ရွှေထီး
တပင်ရွှေထီးနတ် မင်းတရားရွှေထီး ဟုလည်း သိကြသည့် တပင်ရွှေထီးမှာ ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကို အစဦး တည်ထောင်သူဖြစ်သည်။ ခမည်းတော် မင်းကြီးညို (မဟာသီရိဇေယျသူရ) နတ်ရွာစံသဖြင့် အသက်ငယ်ငယ် (၁၄နှစ်) အရွယ်တွင် တောင်ငူမင်းဖြစ်လာပြီးနောက် ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ဟံသာဝတီ၊ ပြည် အစရှိသည်တို့ကို သိမ်းပိုက်ခဲ့ပြီး ရခိုင်၊ အင်းဝ နှင့် ထိုင်း ဒေသများထိ ဩဇာအာဏာ သက်ရောက်မှုရှိခဲ့သည်။ တိုင်းတစ်ပါးလူမျိုး၏ ဖျက်စီးမှုကြောင့် အသက်ငယ်ငယ် (၃၅နှစ်) တွင် နန်းတွင်းမှ သစ္စာဖောက် သမိန်စောထွတ်၏ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ရသည်။ နောက်ခံသမိုင်းကြောင်းနှင့်မွေးဖွားခြင်း အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲ အပါအဝင် နောက်ဆက်တွဲအဖြစ် နှစ်ဖက်နန်းတက်သည့် မင်းများမှာ စစ်ကို လိုလိုလားလားပင် ဆက်လက် တိုက်ခိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်သက်မှုမရှိခဲ့သည်မှာ ကြာလာသည့်နည်းတူပင် နှစ်ဖက်သော မင်းဧကရာဇ်တို့၏ ဗဟိုအာဏာမှာလည်း တစ်စစ အားနည်းကာ လက်အောက်ခံ ပဒေသရာဇ်များက လေးစားမှု မရှိကြတော့ဘဲဖြစ်ခဲ့ရသည်။ ဟံသာဝတီ(မွန်)တို့၏ ဒေသအတွင်းတွင်မူ ထူးခြားစွာ တိုးတက်လာသည့် ပဒေသရာဇ်ဟု မရှိခဲ့သော်လည်း အင်းဝပိုင်နက်အတွင်းတွင်မူ အင်းဝနန်းတွင်း ဘုရင်ဖြစ်သူ ရွှေနန်းကြော့ရှင် နရပတိ အားနည်းလာခြင်း၊ မြောက်ဘက်မှ ရှမ်းစော်ဘွား(မိုးညှင်းစလုံ)တို့မငြိမ်မသက်ဖြင့် အင်အားကြီးလာခြင်းတို့ကြောင့် သရေခေတ္တရာ (ပြည်)၊ တောင်တွင်းကြီး နှင့် ကေတုမတီ(တောင်ငူ)တို့မှ ပဒေသရာဇ်တို့မှာ အင်းဝ၏ ဗဟိုအာဏာစက်ကို အတိအလင်းပင် ထောက်ခံမှုမရှိကြတော့ဘဲ သီးသန့်ထီးနန်းပြိုင်အဖြစ်စိုးစံလာခဲ့ကြသည်။ ထိုသို့သော ထီးနန်းပြိုင်များအတွင်းတွင် ကေတုမတီတောင်ငူမှ မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုမှာ အင်အားအကြီးဆုံးဖြစ်ကာ အင်းဝနှင့် ဟံသာဝတီနှစ်ဖက်လုံးကို ခြိမ်းခြောက်နိုင်သည်။ သို့သော် နန်းလျာဖြစ်မည့် သားတော် မထွန်းကားနိုင်ဖြစ်နေချိန်တွင် ဆင်အုံကန် ဆည်ဖို့ရာမှ ကောက်ယူလာသည့် ဝါးနွယ်ကုန်းကျေးရွာမှ သူကြီးသမီး ခင်ဦးသည် သားတော် တပင်ရွှေထီးကို ဖွားမြင်လာခဲ့သည်။ မြန်မာမူတွင် အထွေအထူးသော နိမိတ်လက္ခဏာများမွေးဖွားချိန်တွင် ပေါ်ထွက်လာသည်ဟု ဆိုခဲ့ကြသည့်အပြင်၊ ထိုင်းမူတွင်လည်း မွေးဖွားရာ၌ လျှာပေါ်တွင် မဲနက်သည့် အစက်လက္ခဏာများ ပါလာသည့်အတွက် လျှာနက်မင်း ဟုပင် ခေါ်တွင် မှတ်တမ်းပြုခဲ့ကြသည်။ မွေးဖွားလာရာ ဦးထိပ်တွင် ခမည်းတော် မင်းကြီးညိုကဲ့သို့ပင် ရွှေရောင်တောက်လက်သည့် ဆံမျှင်တစ်ချောင်း ပါလာသည့်အတွက် မင်းကြီးညိုက အထွေအထူး ဗေဒင်ကျမ်းဂန်လာတို့ဖြင့် အမည်မပေးတော့ဘဲ တပင်ရွှေထီးဟု ကိုယ်တော်တိုင် အမည်ပေးခေါ်ဝေါ်စေခဲ့သည်။ နန်းတက်ခြင်း မဟာသီရိဇေယျသာ သက်တော် ၇၂ နှစ်၊ နန်းသက် ၄၆ နှစ် သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ ရက်၊ ကြာသပတေးနေ့ ညဦးချိန်တွင် ရုတ်တရက်နာဖျားကာ နတ်ရွာစံလေသည်။ ထိုသို့ မင်းကြီးညိုနတ်ရွာစံလျှင် ချက်ချင်းပင် နေ့မကူးစေတော့ဘဲ ထိုည တစ်ချက်တီးအချိန်တွင် အသက် ၁၄ နှစ်သာ ရှိသေးသည့် တစ်ဦးတည်းသောသားတော် တပင်ရွှေထီးကို နန်းထက်သို့ တင်ကြလေသည်။ ထိုသို့ နန်းတက်ရာတွင် ရာဇဘိသေက ခံခြင်းမျိုးမဟုတ်ဘဲ နန်းသိမ်းပွဲအဖြစ်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် ဘိသိက်ခံကာ နန်းတက်ခြင်းကို ဟံသာဝတီအား သိမ်းပိုက်လေပြီးမှ ပြုလုပ်ခဲ့သည်။ ထိုသို့ အသက်ငယ်ရွယ်လှသည့်သူ စိုးစံသော်လည်း အခြားသော မင်းများက လာရောက် ရန်စစ်ပြုခြင်း မရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် တောင်ငူ၏ အင်အားကြီးပုံကိုခန့်မှန်းနိုင်သည်။ နန်းတက်သည်နှင့် တစ်ပြိုင်နက်ပင် မိမိကို နန်းရံစေမည့် မှူးမတ်များကို ဘွဲ့ထူးများ၊ စည်းစိမ်များ ပေးခြင်းပြုလုပ်လေသည်။ အထိန်းတော်လည်းဖြစ်၊ ဖခင်၏ ပြည်ထောင်ဖက်လည်းဖြစ်သည့် မင်းကြီးဆွေ (ဘုရင့်နောင်၏ ဖခင်)ကို မင်းရဲသိင်္ခသူ၊ ရှင်နီတာကို သတိုးဓမ္မရာဇာ၊ ရှင်သီဟကို စည်သူကျော်ထင်၊ ရှင်နတ်တော်ကို ဘယနန်သူ အစရှိသည့်ဘွဲ့များ ပေးပြီး မိမိနှင့် နို့စို့ဖက်ဖြစ်သူ၊ ညီအစ်ကိုအရင်းမျှချစ်ခင်သူ၊ မိမိ၏ အစ်မတော် သခင်ကြီးနှင့်ရည်ငံနေသူ ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့် လက်ဆက်ပေးလေသည်။ (အမှန်လည်း ညီနောင်အရင်းကဲ့သို့ ချစ်ကြည်ကြသည်။ နောင်တပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရား ဟုပြောကြားလေ့ရှိသည်။) ထို့အတူ ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့် ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူကာ လက်ဝဲလက်ယာ မြှောက်စားလေသည်။ သို့သော် ဘိတ်သိက်မခံ၊ နန်းမတက်ဘဲ နေသကဲ့သို့ပင် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှာ တစ်သက်လုံးပင်ဖြစ်ကာ ၎င်းမှာ တပင်ရွှေထီး၏ ထူးခြားချက်ဖြစ်သည်။ နားထွင်းမင်္ဂလာပြုခြင်း နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နက်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွားရောက်နိုင်ရန် ထောက်ခံပြီး၊ ရဲရင့်သန်မာသည့် သူရဲကောင်းများ ခြံရံလျက် သွားသင့်ကြောင်းလျှောက်ရာ လက်ခံပြီး သူရဲကောင်းရွေးစေသည်။ သူရဲကောင်းရွေးပုံမှာ လက်မကို ထောင်စေလျက် လက်သည်းကြားတွင် အပ်စိုက်ပြီး တူနှင့်ထုစေသည်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူကိုသာ ရွေးချယ်သည်။ ထိုသို့စမ်းသပ်ရာတွင် တပင်ရွှေထီး၏ သူရဲကောင်း ဗလရဲထင်မှာ မျက်နှာပျက်၊ လက်တွန့်သဖြင့် အရွေးမခံရပဲ ရှက်လှရာ ဗိုက်ကို ကိုယ်တိုင်ခွဲသည်။ နောက် အူစကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာ လက်သို့ပေးကာ ပြေးရာ အူဆုံးလျှင်သေလေသည်။ ထိုအရာကိုမြင်ပြီး တပင်ရွှေထီးချသည့် မှတ်ချက်မှာ မြန်မာ့သမိုင်းတွင်သည့် စကားပင်။ “ငါ့ကျွန် ဗလရဲထင်မှာ မိုက်ကားမိုက်၏။ သို့သော်သတ္တိမူမရှိ..။” ဟုဖြစ်လေသည်။ ထိုသို့ဖြင့် လက်ရွေးစင် သူရဲ ၅၀ဝ ရလျှင် ရန်သူနယ်မြေအတွင်းရှိ ရွှေမောဓောဘုရားသို့ သွားရောက်ကာ နားထွင်းခြင်းအမှုကို ရဲဝံ့စွာပြုလေသည်။ ကျော်ထင်နော်ရထာ ဦးဆောင်သည့် အမတ်လေးကျိပ်နှင့် သူရဲ ၅၀ဝ ကစေတီတော် အောက်တွင်စောင့်ကြပ်ပြီး ပုဏ္ဏား ရှစ်ဦးက ရင်ပြင်ပေါ်တွင် တပင်ရွှေထီး ကို နားထွင်း၊ သျှောင်ထုံးခြင်းတို့ကို ပြုလုပ်ပေးလေသည်။ ထိုသို့ပြုလုပ်နေချိန်တွင် ဟံသာဝတီမှ သုရှင်တကာရွတ်ပိလည်း အမျက်ပြင်းစွာထွက်ကာ အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့နှစ်ဦးကို တပ်များနှင့်စေလွှတ်ကာတိုက်ခိုက်စေသည်။ နားထွင်းမင်္ဂလာပြီးရာ ကိုယ်တိုင်ပင် သတ္တရုဇေယျ မြင်းကိုစီးလျက် ရန်သူတပ်ကို ကြုံးဝါးထိုးဖောက်ပြီး တောင်ငူသို့ပြန်လေသည်။ မွန်တပ်များမှာ တောင်ငူတပ်နောက်သို့ မလိုက်ဝံ့တော့ချေ။ ဟံသာဝတီကိုလုပ်ကြံခြင်း နောက်ခံအကျဉ်း ဟံသာဝတီကို ခရစ်နှစ် ၁၅၃၄ - ၁၅၃၃ - ၁၅၃၆ များတွင် သုံးကြိမ်တိုင်တိုင် စစ်ချီကျူးကျော် တိုက်ခိုက်သော်လည်း မနိုင်သဖြင့် တပင်ရွှေထီးက ဥပါယ်ပရိယာယ် တမျိုးတဖုံ ပြောင်းလဲလိုက်ပြန်သည်။ မွန်တို့၏ ဟံသာဝတီ နေပြည်တော်တွင် စစ်ဗျူဟာကျွမ်းကျင်သည့် စစ်ရေးစစ်ရာ စီမံကွပ်ကဲသူ သေနာပတိကြီး နှစ်ဦးရှိသည်။ တပင်ရွှေထီးက မိမိ၏ လျှို့ဝှက် အထောက်တော်အား စာချွန်လွှာပို့ ဆက်သားအဖြစ် ပုံဆောင်စေ၍ ဟံသာဝတီရှိ မွန်စစ်သေနာပတိ နှစ်ဦးထံစေလွှတ် လိုက်သည်။ စာချွန်လွှာပါ အကြောင်းအရာများမှာ- "စိတ်ချယုံကြည်ရသော သွေးသောက် အဆွေတော်တို့၏ တင်ပြတောင်းဆိုချက်ကို အကျွန်ုပ်ဝမ်းမြောက်စွာ လက်သင့်ခံပါသည်။ အဆွေတော်တို့၏ အကူအညီဖြင့် ကျွန်ုပ်တို့ အောင်ပွဲရပြီးသောအခါ အဆွေတော်တို့၏ အာသီသအတိုင်း ဧကန်ဆုလာဘ်တော် ချီးမြှင့်တော်မူမည်" ဟူသတည်း။ စာချွန်လွှာပို့ လျှို့ဝှက်အထောက်တော် များက အဖမ်းခံရစေရန် တမင်တကာ ကြံစည်၏။ ထိုစာချွန်လွှာသည် စီစဉ်ထားသည့် အတိုင်း သေနာပတိကြီးဆီ မရောက်ပဲ မွန်ဘုရင် လက်တွင်းသက်ဆင်းမိ လျက်သားဖြစ်သွားတော့၏။ ၎င်းသတင်းစကား ချဲ့ကားသွားသည့် အချက်ကား သေနာပတိနှစ်ဦး အာသီသဆန္ဒရှိသော ဆုလာဘ်တော်ဆိုသည်မှာ မုတ္တမ မြို့စားနှင့် ပဲခူးမြို့စား ပိုင်စားပိုင်စေဖြစ်ကြောင်း ပြောဆိုကြသည်။ ရာဇဂုရု မင်းဆရာဖြစ်ခဲ့ဖူးသူ သစ္စာတည်ကြည် ဖြောင့်မတ်သော စစ်သေနာပတိ နှစ်ဦး၏ သံတော်ဦးတင် လျှောက်လဲ ချက်ကို မွန်ဘုရင်က နားမဝင်တော့ `ချက်ချင်း ခေါင်းဖြတ်သတ်စေ´ ဟူသော ဘုရင့်အမိန့်တော်ကြောင့် မင်းမှုထမ်းတို့က တုန်တုန်ရီရီဖြင့် လက်တုန့်မနှေး သေဒဏ် ပေးလိုက်ကြလေသည်။ ဘုရင်၏ သေဒဏ်ကို ကြောက်ကြသောကြောင့် မည်သူ ကမျှ စောဒက မတက်ရဲကြတော့ပေ။ ဗမာတို့တွင် စစ်အင်အား နည်းပါးသော်လည်း စစ်သည်ဗိုလ်ပါ တို့က ဘုရင်ကို ချစ်ကြောက် ရိုသေကြ၏။ ဘုရင်ကလည်း စစ်မှူးစစ်ကဲတို့ကို တန်ဖိုးထား၏။ မွန်တို့မှာ စစ်အင်အားကြီးမားသော် လည်း မွန်ဘုရင်၏ နှလုံးသားမှာအရွယ်အစားမှာ လွန်စွာသေးငယ်၏။ ဥပါယ်တံမျှင်ကို မသိ စဉ်းစား ချင့်ချိန်ခြင်း မရှိပဲ စစ်သေနာပတိ နှစ်ယောက်ကို သတ်ရက်သည်။ စစ်သေနာပတိကြီး မရှိသောအခါ ဗမာတို့သည် မွန်နိုင်ငံတော်ကို လွယ်ကူစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် မွန်နိုင်ငံတော်ကြီး ပျက်စီးခဲ့ရသည်။ ပထမအကြိမ်စစ်ပြုခြင်း သက္ကရာဇ် ၈၉၄ မှ ၈၉၆ အတွင်းတွင် တပင်ရွှေထီးသည် အင်အားကိုစုစည်းလျက်နေပြီး ၈၉၆ တွင်နယ်ပယ်ချဲ့ထွင်ရန် အတွက်မှူးမတ်များကို ရှမ်းမင်းသိုဟန်ဘွားသိမ်းပိုက်ထားသည့် အင်းဝကိုသော်လည်းကောင်း၊ သုရှင်တကာရွတ်ပိ၏ ဟံသာဝတီကို သော်လည်းကောင်း၊ နရပတိစိုးစံသည့် ပြည်မြို့ သော်လည်းကောင်း မည်သည့်အရပ်သို့စစ်စမ်းချီတိုက်လျှင်ကောင်းမည် တိုင်ပင်ကြရာ ဟံသာဝတီကို စတင်တိုက်ခိုက်လျှင် ကောင်းမည်ဟု အကြံကိုရသဖြင့် ဟံသာဝတီသို့စစ်ချီလေသည်။ သို့ဖြင့် သက္ကရာဇ် ၈၉၆ တွင် တိုက်ဆင် ၄၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၄၀ဝ၀ဝ ပါသည့်တပ်ဖွဲ့ကာ ပဲခူးသို့ချီလေသည်။ လမ်းခရီးတလျှောက်တွင် အခုအခံကြီးမားစွာမတွေ့ပဲ ဟံသာဝတီနေပြည်တော်သို့တိုင်ရောက်ပြီး မြို့ကိုရံကာတိုက်လေသည်။ သို့သော် မွန်အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ အခုအခံကောင်းလှသောကြောင့် ခုနှစ်ရက်အကြာတွင် တပ်ကို ဆုတ်လေသည်။ မြို့ကိုမရသော်ငြား တောင်ငူစစ်ကို ဟံသာဝတီကြောက်ရွံစေခြင်းဖြင့် အမြတ်ကြီးစွာရလေသည်။ ဒုတိယအကြိမ်စစ်ပြုခြင်း နောက်တစ်နှစ်(၈၉၇)တွင် အင်အားကို တိုက်ဆင် ၆၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၆၀ဝ၀ဝ ဖြင့်ချီတက်ပြန်သည်။ ပဲခူးမြောက်ဘက် ကျပ်ကတိုး အရပ်တွင် တပ်ချကာ သုံးလတိုင်တိုင်တိုက်သော်လည်း ပဲခူးဖက်မှ ပေါ်တူဂီတို့၏ အမြောက်မြား ကို အသုံးပြုလေသဖြင့် အထိအပါးများသည်။ နောက် မိုးကာလရောက်သောကြောင့် တပ်ခေါက်ကာတောင်ငူသို့ ပြန်လေသည်။ တတိယ အကြိမ်လုပ်ကြံခြင်း ထိုသို့ဖြင့် ဟံသာဝတီသည် နှစ်ကြိမ်တိုင်တိုင် တောင်ငူစစ်ရန်ကို ခံရပြီးနောက် ထူးဆန်းသည့် အခြင်းအရာများ ပေါ်ထွက်လာခဲ့သည်။ ကြယ်များ ၇ ရက်တိတိကြွေခြင်း၊ ဇုတ်သုတ် (အစုတ်အကြေဟုလည်းဆိုသည်။) တွင် အလျား အတောင် ၄၀ဝ၊ အထု အတောင် ၅၀ ရှိ ငါးကြီးတင်ခြင်း၊ အိပြုံးတောင်(အိမ်ပြုံးတောင်) အလိုလိုပြိုကျခြင်း၊ တောင်ပို့နှင့် ကုန်းမြေများ နေရာရွေ့ပြီး မြေသားအက်ကွဲခြင်း၊ ကျီးတစ်ကောင် ဥကင်သ ရာဇပလ္လင်တွင် လာနားရာ ကျန်ကျီးများ ဝိုင်းအာကြခြင်း၊ ဇမလနိမိတ်ကျောက်တိုင် ပဲ့ကျခြင်း၊ ပဲခူးမြစ်ရေနောက်ကျိခြင်းတို့ ဖြစ်ကာ ပြည်သူတို့အကြားတွင် နိုင်ငံပျက်ကိန်း ကြုံပြီဟုဆိုကာ ကြောက်ရွံခြင်းကြီးစွာဖြစ်ကြ၏။ သက္ကရာဇ် ၈၉၈ တွင် တပင်ရွှေထီးသည် အထိန်းတော် မင်းရဲသိင်္ခသူ (ရှင်ရဲထွတ်၏ဖခင်)ကို မြို့စောင့်ထားလျက် ရှင်ရဲထွတ်ကို ရှေ့မှချီစေပြီး သတိုးဓမ္မရာဇာကို နောက်တပ်ဦးစီးစေကာ ဟံသာဝတီသို့ချီပြန်သည်။ ယခုတစ်ခေါက်အင်အားမှာ ရှေ့နှစ်ကြိမ်ထက်ကြီးပြီး တိုက်ဆင် ၂၀ဝ၊ မြင်းသည် ၈၀ဝ၊ သူရဲ ၇၀ဝ၀ဝဖြစ်ကာ တပ်ပေါင်း ၇ တပ်ရှိသည်။ ကော်လိယ အရပ်တွင် မွန်တပ်ကြီးနှင့် ့ဖျားချီ ကျော်ထင်နော်ရထာတပ်တို့ ရင်ဆိုင်တိုက်ရာ အင်အားမမျှသော်လည်း တောင်ငူတပ်မှာ ရဲရင့်လှသည့်အတွက် မွန်တို့အကျအဆုံးများလျက် ဆုတ်ခွာရပြီး မွန်တပ်ဗိုလ်မှူးတစ်ဦးဖြစ်သူ သမိန်ဗရူး နှင့်တကွ လူသူသုံ့ပန်းအများကို ဖမ်းရလေသည်။ တပင်ရွှေထီး ထံဆက်သရာ အလွန်ဝမ်းမြောက်အားရသဖြင့် စီးတော်မြင်း သတ္တရုဇေယျ ကို ဆုအဖြစ်ချီးမြှင့်သည်။ နောက် ဟံသာဝတီအနီးရှိ တနက်ခုံ အရပ်သို့ချီတက်စခန်းချပြီး ဟံသာဝတီကိုလုပ်ကြံရာ ယခင်အကြိမ်ကဲ့သို့ပင် အမြောက်မြား၏ အခုအခံကြောင့် မြို့ကိုမရနိုင်ပဲဖြစ်ရပြန်သည်။ နောက် ကျော်ထင်နော်ရထာ၏ အကြံပေးချက်အရ ဒဂုံ(ရန်ကုန်)သို့ချီကာ ရွှေတိဂုံစေတီ ခြေရင်းတွင် တပ်ချနေသည်။ ထိုနောက် တပင်ရွှေထီးသည် ရွှေတိဂုံစေတီတွင် တပ်စွဲနေပြီး ကျော်ထင်နော်ရထာက အနောက်ဘက်တစ်လွှားရှိ မွန်မြို့ရွာများကို သွားရောက်တိုက်ခိုက်ရာ ပုသိမ်၊မြောင်းမြ၊ ဒေးပသွယ်၊ သရိုင်းသရာ၊ခဲပေါင် မြို့များကိုရပြီး တောင်ငူသို့ပြန်လေသည်။ ဟံသာဝတီမှ သံတမန်စေလွတ်လာခြင်း၊ပရိယာယ်ဖြင့် အားနည်းရန်ပြုခြင်း ထိုသို့သုံးကြိမ်တိုင်တိုင် ရန်စစ်ပြုခံရသည်ရှိသော် ဟံသာဝတီမှ သုရှင်တကာရွတ်ပိသည် တောင်ငူကို မဟာမိတ်ဖွဲ့ကာနေလျှင် သက်သာရာရနိုင်သည်ဟုတွေးလျက် မိမိ၏ အမတ်ကြီးနှစ်ပါးဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ကို တစ်ဖွဲ့၊အခြားမှူးမတ်တို့ကို တစ်ဖွဲ့ ပေါင်းနှစ်ဖွဲ့တို့ကိုတစ်ချိန်တည်းပင် တောင်ငူသို့စေလွတ်သည်။ ထိုသို့ သံနှစ်ဖွဲ့ကို စေလာကြောင်း တပင်ရွှေထီးသိလျှင် ပရိယာရ်ပြုကာ အမတ်ကြီးနှစ်ပါးကို ဦးစားပေးပြီး၊ကျန်သံအဖွဲ့ကို သာမန်မျှသာ အရေးပေးကာ သွေးခွဲလေသည်။ ဟံသာဝတီသို့ပြန်ရောက်လျှင် အမတ်ကြီးနှစ်ပါးအား မသင်္ကာသည့် ကျန်မှူးမတ်တို့ ကကုန်းတိုက် လျှောက်ထားသည့်အတွက် သုရှင်တကာရွတ်ပိမှာ အမတ်ကြီးနှစ်ပါးအား ကြီးစွာသံသယ ဝင်လေသည်။ ထိုသို့သံသယဝင်သည်ကိုကြားလျှင် တပင်ရွှေထီးသည်ပရိယာရ်ဖြင့် အမတ်ကြီးနှစ်ပါးကို မွန်မင်းသတ်စေရန်ကြံရာ အကြံအောင်ပြီး အမတ်ကြီးနှစ်ပါးတို့ ကို သုရှင်တကာရွတ်ပိ သတ်လေသည်။ သို့ဖြင့် ဟံသာဝတီ နန်းတွင် အမာခံသစ္စာရှိ အမတ်ကြီးများမရှိတော့ပဲ အားနည်းသွားရလေသည်။ ဟံသာဝတီကို အောင်မြင်ခြင်း ထိုသို့ ဟံသာဝတီမင်းသည် မိမိ၏သစ္စာရှိအမတ်ကြီးများကို အထင်လွဲကာ သတ်သည့်အကြောင်းကြားလျှင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့်တိုင်ပင်ပြီး ဟံသာဝတီကို အပြီးတိုင်သိမ်းပိုက်ရန် ကြည်း၊ရေနှစ်မျိုးပါသည့်စစ်တပ်ကြီးဖွဲ့လေသည်။ ကြည်းတပ်တွင်တိုက်ဆင် ၁၂၀၊မြင်းသည် ၈၀ဝ နှင့် သူရဲ၇၀ဝ၀ဝ ဖြစ်ပြီး ရေတပ်တွင် အမြောက်ကြီးတင်သည့် တိုက်လှေ ၂၀ဝ နှင့်သူရဲ ၁၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီသို့မရောက်မှီတွင် သုရှင်တကာရွတ်ပိ လည်းအားကိုးဖွယ် အမတ်၊စစ်သူကြီး မရှိတော့သဖြင့် ယခင် အကြိမ်များကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို နားလည်ကာ ယောက်ဖတော် ပြည်ဘုရင်နရပတိ ထံသို့ စစ်သည် ၄၀ဝ၀ဝ၊လှေ၇၀ဝဖြင့်ပြေးသည်။ ကြည်းတပ်တွင်ဆင်၂၀ဝ၊မြင်း၈၀ဝ၊သူရဲ ၂၀ဝ၀ဝဖြင့် ဗညားဒလ အားဦးဆောင်စေလျက်နောက်မှလိုက်စေသည်။ ထိုသို့ မွန်မင်းပြေးသော် တပင်ရွှေထီး၏ တောင်ငူတပ်မှာ ဟံသာဝတီကို အလွယ်တကူရလေသည်။ နောင်ရိုးတိုက်ပွဲ -ဘုရင့်နောင်ဘွဲ့နှင့် သုရှင်တကာရွတ်ပိကျဆုံးခြင်း ဟံသာဝတီကို ရလျှင် စစ်ရေးကို အမြန်ဆွေးနွေးကာ သုရှင်တကာရွတ်ပိနောက်သို့လိုက်ရန်အတွက်ကြည်း၊ရေ နှစ်တပ်ဖွဲ့လေသည်။ ကျော်ထင်နော်ရထာအား ကြည်းတပ် ၃ တပ်ဖြင့် ဗညားဒလ နောက်သို့လိုက်စေပြီး ကိုယ်တိုင်မူ လှေတပ်ကြီးဖွဲ့ကာ လှေ၃၅၀၊သူရဲ ၃၅၀ဝ၀ဝ ဖြင့်လိုက်လေသည်။ ထိုသို့လှေတပ်အင်အားအလွန်ကြီးမားလာရသည်မှာ ဟံသာဝတီကို သိမ်းပိုက်အပြီးတွင် ရေလုပ်ကျွမ်းကျင်သည့် မွန်များကို မြောက်စားခြင်း၊ မွန်မင်း ဝှက်ခဲ့သည့်လှေများကို သိမ်းယူကာ သစ္စာခံသူများကို ချီးမြှောက်ခြင်းတို့ကြောင့်ဖြစ်သည်။ ကြည်းတပ်ချီသည့်အနော်ရထာ တွင်မူဆင်၅၀၊မြင်း၅၀ဝ သူရဲ ၁၀ဝ၀ဝတို့နှင့် ဆင်စီးအမတ် ၅ ကျိပ်သာပါသည်။ ထိုသို့လိုက်ရာ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ ရန်သူအင်အားမှာ မိမိထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာသိရလေသည်။ သို့သော် "စစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာရ်သာပဓာနဖြစ်သည်။" ဟုဆိုကာ ချောင်းကို ကူးစေသည်။ ကမ်းပေါ်သို့ရောက်သော် တပင်ရွှေထီးမှ သံစေလာပြီး ၎င်းရောက်မှသာစစ်ကိုတိုက်ရန်မိန့်ကြားလာသော် "အရှင့်ဘုန်းတော်ကြောင့် အောင်နိုင်ပြီးဖြစ်သည်" ဟုလျှောက်တင်စေသည်။ နောက်လှေဖောင်တို့ကို ဖျက်စေရာ မှူးမတ်တို့က စစ်ရေးမလှသော်ပြေးရန်လှေမရှိလျှင် ခက်မည်ဟုဆိုကြလျှင် "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင်နောက်သို့ချဉ်းလှည့်ပြေးရန်စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံလျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။" ဟုဆိုကာဖျက်စေပြီး စစ်ကိုအနိုင်တိုက်ရာ ရန်သူမွန်တပ်ကြီး ပျက်ကာ ဗညားဒလပြေးပြီး အခြားတပ်မှူးဖြစ်သူ မင်းရဲအောင်နိုင်မှာ ဆင်ထက်တွင်ကျဆုံးလေသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။ ပြည်တိုက်ပွဲ ပြည်မြို့အနီး အင်္ဂပူ သို့ရောက်လျှင် ဗညားဒလဦးဆောင်သည့် မိမိကြည်းတပ်ပျက်ကြောင်းကြားကာ စိတ်ချောက်ချားလှသဖြင့် တပ်ကို အင်္ဂပူတွင်ချပြီး မိဖုရားမောင်းမ နှင့် သားသမီးများကို ပြည်မြို့ထဲသို့ခေါ်ကာ ပြည်မင်း နရပတိ နှင့်တွေ့ဆုံဆွေးနွေးလေသည်။ ထိုသို့ဆွေးနွေးရာ မိမိတို့ ဟံသာဝတီ-ပြည် အင်အားဖြင့်မရနိုင်ဟုတွက်ကာ အထက်အင်းဝတွင် စိုးစံနေသည့်ရှမ်းမင်း သိုဟန်ဘွား အားမဟာမိတ်ဖွဲ့ပြီး အတူတိုက်ရန် ဖိတ်ခေါ်လေသည်။ သို့ဖြင့်ပြည်တွင် ဟံသာဝတီ-ပြည်-အင်းဝ ဟူသောတပ်ကြီးသုံးတပ်တို့ပေါင်းကာ တပင်ရွှေထီး၏ စစ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။ တပင်ရွှေထီးသည် မိမိကိုယ်တိုင် လှေစီးကာ ရန်သူတပ်အနီးသို့သွားပြီးစစ်ရေးငင်လေသော် ရန်သူတပ်တို့လည်း နောက်မှအမှတ်မဲ့လိုက်လေသည်။ အင်းပျောကျွန်းအလွန်တွင် အသင့်စောင့်နေသည့်ဘုရင့်နောင်တပ်က အတင်းတိုက်သဖြင့် အငိုက်မိကာ သုံ့ပန်းဖြစ်သူ၊ကြည်းသို့တက်ပြေးသူ တို့ဖြင့် တပ်ကြီးပျက်လေသည်။ ထိုအခါ မွန်မင်းသည် သမီးတော်ငယ်တစ်ပါးကို အထိန်းတော်အခြံအရံများနှင့်အတူ ဆင်ဖြင့်တင်၍ ဘေးလွတ်ရာသို့ ပြေးစေ၏။ ဟံသာဝတီသို့ပြန်ခြင်း၊သုရှင်တကာရွတ်ပိ၏ နိဂုံး ထိုသို့ ရေတပ်တွင် တပင်ရွှေထီးတပ်မှ အောင်ပွဲရအပြီးတွင် စစ်ရေးဆွေးနွေးရာ မိမိတို့အင်အားမှာ ရန်သူ မင်းသုံးပါးတို့၏တပ်များနှင့် စာလျှင် အလွန်ပင်အင်အားနည်းသဖြင့် မစွန့်စားလိုသဖြင့် ဟံသာဝတီသို့ ပြန်ရန် ဆုံးဖြတ်ကာ တပ်ကို ဆုတ်လေသည်။ ထိုအခါ မင်းသုံးပါးတို့ကလည်း ဟံသာဝတီကို အတူတိုက်ပြီး သုရှင်တကာရွတ်ပိကို နန်းပြန်တင်မည်ဟုတိုင်ပင်ကြသည်။ သို့ဖြင့် သုရှင်တကာရွတ်ပိလည်း အင်္ဂပူရှိ မိမိတပ်သို့ပြန်လေပြီးတပ်ကိုတိုးချဲ့ရန်ကြိုးပမ်းသည်။ ထိုနောက် ဆင်ကျော့ထွက်ရာ လမ်းမှားကာ နောက်ပါတပ်များနှင့် ကွဲကွာသွားစဉ် နတ်မိမယ် တစ်ပါးနှင့် တွေ့ဆုံပျော်မြူးအပြီး တွင် နတ်မိမယ်ပျောက်ကွယ်လေသည်။ တပ်သို့ပြန်ရောက်သော် နတ်မိမယ်အားတမ်းတလျက် မစားမအိပ်နိုင်ဖြင့် ရောဂါဆန်းဖြင့် ကွယ်လွန်လေသည်။ နောက် ပြည်ဘုရင်နရပတိနှင့် ရှမ်းမင်းသိုဟန်ဘွားတို့လည်း ဟံသာဝတီကို တိုက်ရန် အကြံကိုလက်လျှော့ကြကာကျန်ရစ်သည့် မွန်မှူးမတ်၊ဆင်၊မြင်း၊သူရဲ၊စည်းစိမ်တို့ကို ခွဲဝေယူကြသည်။ သုရှင်တကာရွတ်ပိ ၏ သားတော်တစ်ပါးနှင့်သမီးတော်တစ်ပါးတို့ကို သိုဟန်ဘွားက သားသမီးမရှိသောကြောင့် မွေးစားမည်ဆိုကာ အင်းဝသို့ခေါ်သွားခဲ့သည်။ ပြည်ဘုရင်နရပတိလည်း အရေးကြုံလျှင် မဟာမိတ်ရရန် မိမိနှမ၊မွန်မင်း၏မိဖုရားကို ရခိုင်မင်းထံဆက်သလေသည်။ သို့သော် သက္ကရာဇ် ၉၀ဝ ပြည့်နှစ်တွင် နရပတိ နတ်ရွာစံ၍ ညီဖြစ်သူ ရှင်သရက် က မင်းခေါင်ဘွဲ့ခံကာ ပြည်တွင် ထီးနန်းစိုးစံလေသည်။ နယ်ပယ်များကိုဆက်လက်ချဲ့ထွင်ခြင်း ဟံသာဝတီနန်းတော်ချဲ့ထွင်ခြင်း၊အနောက်ဘက်ပုသိမ်ဒေသကို စည်းရုံးခြင်း ဟံသာဝတီသို့ပြန်ရောက်ပြီးနောက် မွန်မင်း သုရှင်တကာရွတ်ပိ၏ အမှုထမ်း၊မှူးမတ်ဟောင်းများ လာရောက်သစ္စာခံသည်ကို ရှုတ်ချဆက်ဆံခြင်းမရှိစေဘဲ စည်းစိမ်များပေးမြဲပေးစေကာ စည်းရုံးစေပြီး မွန်-မြန်မာ ဟူ၍ခွဲခြားခြင်းအလျဉ်းမရှိပဲ တန်းတူပင် မြောက်စားသည်။ ပုသိမ် ၃၂ မြို့သို့လည်းသစ္စာတော်ခံများစေလွတ်ကာ သစ္စာပေးသည်။ နောက်ရှေးမွန်ဘုရင်များလက်ထက်ကရှိခဲ့သည့် နန်းတော် ဧရိယာကို တောင်ဘက်သို့ထပ်မံတိုးချဲ့စေကာ ရွှေမောဓေါဘုရားခြေရင်းတိုင်ရောက်စေသည်။(ရှေးမွန်တို့၏ နန်းတော်မှာ ယခုကမ္ဘောဇသာဒီ နန်းတော်နေရာမဟုတ်ပါ။ ကမ္ဘောဇသာဒီ နန်းတော်မှာ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှ တည်ခဲ့သောနန်းတော်ဖြစ်သည်။)နောက် သက္ကရာဇ် ၉၀၁ တွင် ယောက်ဖတော် ဘုရင့်နောင် အားမိမိနှင့်ထပ်တူအာဏာကုန်ပေးအပ်ကာ နိုင်ငံအားအုပ်ချုပ်စေသည်။ ထို့အတူ ဘုရင့်နောင်၏ ဖခင် မင်းရဲသိင်္ခသူ(မင်းကြီးဆွေ)အား မိမိ၏ ဌာနေ တောင်ငူနန်းတွင် ဘုရင်ခံရာထူးပေးကာ မင်းမြှောက်တန်ဆာ ငါးပါးဖြင့် အုပ်ချုပ်ရန် အပ်နှင်းပြန်သည်။ ဘွဲ့အမည်ကိုလည်း မင်းရဲသီဟသူ သို့တိုးမြင့်ပေးသည်။ မုတ္တမကို သိမ်းပိုက်ခြင်း သက္ကရာဇ် ၉၀၂ တွင် မုတ္တမမင်း စောဗညားမှာ ဩဇာခံသည်မရှိပဲ အရှေ့ဘက်တစ်လွှားတွင် အင်အားကြီးလာသည့်အတွက် ချီတက်နှိမ်နှင်းရန် ပြင်ဆင်လေသည်။ စောဗညားမှာ သုရှင်တကာရွတ်ပိနှင့်လည်းကောင်း၊ မော်လမြိုင်စား ဗညားဦး နှင့်လည်းကောင်း၊ ယောက်ဖတော်စပ်သည့်အပြင် မုတ္တမ မှာလည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့်အတွက် ကူးသန်းရောင်းဝယ်ရေးဖွံဖြိုးသည့်အပြင် နိုင်ငံခြားသား ပေါ်တူဂီ တို့ကိုလည်း အမြောက်တပ်ဖွဲ့ကာကြေးစားအမှုထမ်းစေသည်။ ထိုအချက်များကြောင့် ဟံသာဝတီရှိ တပင်ရွှေထီး အားဩဇာမခံပဲနေခြင်းဖြစ်သည်။ဦးစွာသံတမန်စေကာ ငြိမ်းချမ်းစွာ လက်အောက်ခံရန်ကြိုးပမ်းသော်လည်း စောဗညားကငြင်းပယ်ရာမှ စစ်ချီရန် အကြောင်းဖန်တော့သည်။ တပ်ပေါင်း ၁၂ တပ်တွင် ဆင် ၁၃၀၊မြင်းသည် ၂၁၀ဝ၊စစ်သူရဲ ၁၃၀ဝ၀ဝ ဖြစ်ကာ မြင်းတပ် ၃တပ်ကို ရှေ့ပြေးတပ်ချီစေသည်။ ဟံသာဝတီအားစောင့်ရန် အထိန်းတော် သတိုးဓမ္မရာဇာ(ရှင်နီတာ)ကိုတာဝန်ပေးသည်။ တစ်လကျော်မျှ မုတ္တမကို ဝန်းရံသော်လည်း အကြောင်းမထူးပဲ မြို့တွင်းမှ မုတ္တမတပ်များနှင့် မြို့ပြင်မှ ပေါ်တူဂီတို့၏ အမြောက်တင် သင်္ဘောများရန်ကြောင့် လက်နက်ကောင်းများဖြင့် ဖိဖိစီးစီး ခုခံသောကြောင့် အထိအပါး၊ကျဆုံးသူများလှသည်။ ထို့ကြောင့် စားနပ်ရိက္ခာရှားပါးစေရန် မြို့ကိုရိက္ခာဖြတ်ခြင်း၊ မော်လမြိုင်စား ဗညားဦး ကို စည်းရုံးလက်အောက်ခံစေခြင်းတို့ကို ဦးစွာပြုလေသည်။ နောက် လှေတပ်ဝန် သမိန်ပရူ၏ အကြံအတိုင်း မုတ္တမမြို့ရိုးထက်မြင့်သည့် ဖောင်ခံတပ်ကြီး၊ပေါ်တူဂီလှေများကိုဖျက်စီးရန်ဖောင်တည်ဆောက်ကာ မီးတိုက်ရန်လောင်စာများတင်စေခြင်းတို့ကိုစီစဉ်သည်။ ညအချိန်တွင် ပေါ်တူဂီလှေများကို မီးဖောင်လွတ်ကာ ဦးစွာတိုက်ခိုက်ပြီး လှေသင်္ဘောများမီးလောင်ပျက်စီးလျှင် ဖောင်ခံတပ်ကြီးဖြင့် မုတ္တမမြို့ရိုးကို အပေါ်စီးမှ မိုးကာတိုက်ရာ မုတ္တမတပ်များ ခုခံနိုင်ခြင်းမရှိတော့ပဲ မြို့ကို ရလေသည်။ စောဗညားလည်းဆင်စီးကာ ဟံသာဝတီတပ်များကြားမှဖောက်ထွက်ရန်ကြိုးပမ်းရာ ဟံသာဝတီဆင်စီးအမတ်များဝန်းရံတိုက်သော်လည်း တိုက်ရည်ကောင်းလှ၍ မဖမ်းနိုင်ပဲရှိစဉ် ဘုရင့်နောင်၏ညီဖြစ်သူ နန္ဒကျော်သူ က စွယ်လကောက် အမည်ရှိဆင်နှင့်ဝင်တိုက်မှထွက်ပြေးလေရာကျန်အမတ်များဝိုင်းဖမ်းမိလေသည်။ ရက်ရှည်လများတိုက်ရသည့်စစ်အတွက် ဟံသာဝတီတပ်သားများက မကျေနပ်သောကြောင့် မြို့ကိုရသည်နှင့် လုရက်ဖျက်စီးခြင်းတို့ကိုပြုလုပ်သည့်အတွက် မုတ္တမမြို့အတွင်း ငြိမ်သက်မှုမရှိသည်ကို ဦးစွာ ဖြေရှင်းရပြန်သည်။ ရေတပ်ဗိုလ်သမိန်ပရူအား မြောင်းမြကိုစားစေပြီး ရေတပ်အကြီးအမှူးခန့်သည်။ နောက် စောဗညားအား ကျအောင်တိုက်နိုင်သည့်အမတ်ကိုမေးရာ နန္ဒကျော်သူအား ညွှန်သောကြောင့် ချီးမွမ်းကာ မင်းကျော်ထင်ဘွဲ့ပေးကာချီးမြှောက်သည်။ နောက် သုရှင်တကာရွတ်ပိ၏ ညီနောင်ဝမ်းကွဲတော်သူ စောလဂွန်းအိန်(မုတ္တမစား)အား အဆောင်အယောင်ပေးပြီး မုတ္တမ ကိုစားစေပြီး ဟံသာဝတီသို့ပြန်လေသည်။ သာဿနာရေးဆောင်ရွက်ခြင်း၊ပြည်သို့ချီတက်ခြင်း ဟံသာဝတီသို့မရောက်မှီ ဒဂုံသို့ဝင်ကာ ရွှေတိဂုံစေတီတွင် အလှုကြီးစွာပြုလေသည်။ မွန်သံဃာ၊မြန်မာသံဃာများကို ၇ ရက်ပတ်လုံးဆွမ်းကပ်လှုကာ သဘင်ကြီးစွာခံလေသည်။ ဟံသာဝတီရောက်လျှင် ဝါတွင်းကာလရောက်ပြီးဖြစ်၍ ဝါကျွတ်လျှင် ပြည်သို့ချီမည်ဟုမိန့်ကာ ဘုရင့်နောင်အား စစ်ရေးအပြင်အဆင်များကို ပြုစေသည်။ ပြည်တိုက်ပွဲ ဝါကျွတ်လျှင် ပြည်သို့ချီတက်လေသည်။ ပြည်သို့ချီသည့် တပ်များမှာ တပင်ရွှေထီး၏ ဧကရာဇ်တပ်တော်အပါအဝင် ရေတပ်ကြီး ၁၃ တပ်တွင် ဇလာကပင်းလှေကြီး ၂၀၊ဇလာကပင်းလှေငယ် ၅၀၊ကတ္တုလွန်းကြင်လှေ ၅၀ဝ၊လှော်ကားသံလှေကြီး ၈၀ဝ၊စစ်သူရဲ ၉၀ဝ၀ဝ ပါဝင်သည်။ ကြည်းတပ်ကို ဘုရင့်နောင်ဦးစီးကာ တပ် ၁၁ တပ်တွင် ဆင်၃၀ဝ၊မြင်း ၂၅၀ဝ စစ်သူရဲ ၇၀ဝ၀ဝ ပါဝင်သည်။ ကြည်းရေ နှစ်တပ်ပေါင်း၏ စစ်သည်အင်အားမှာ ၁၇၀ဝ၀ဝ ဖြစ်သည်။ ဟံသာဝတီနန်းစောင့် အဖြစ် သတိုးဓမ္မရာဇာနှင့် သက်ရှည်ကျော်ထင်တို့ကို တာဝန်ပေးသည်။ ပြည်ကို ဝန်းရံခြင်း၊ရှမ်းစစ်ကို အောင်နိုင်ခြင်း ပြည်ဘုရင် မင်းခေါင်လည်း ဟံသာဝတီတပ်ကြီးချီတက်လာသည်ကိုကြားလျှင် မြို့ရိုးပြစီးများကို ခိုင်ခံအောင်ပြင်ဆင်ခြင်း၊ကျုံးမြောင်းခံကတုပ်တို့ကို စီရင်ခြင်း နှင့် ရိက္ခာသွင်းခြင်းတို့ကိုပြုလုပ်သည့်အပြင် အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ယောက်ဖတော် ရခိုင်ဘုရင်တို့ထံ စစ်ကူတောင်းလေသည်။ ရှမ်းမင်းသိုဟန်ဘွားလည်း အထက်တစ်လွှားမှ ရှမ်းစော်ဘွားအပေါင်းတို့ကို စုစည်းကာ တိုက်ဆင် ၈၀ဝ၊မြင်းသည် ၁၀ဝ၀ဝ၊စစ်သည်အင်အား ၁၆၀ဝ၀ဝ ပါတပ်ကြီးဖြင့် ချီလာသည်။ ထိုသတင်းကိုကြားသော် ဘုရင့်နောင်သည် တပင်ရွှေထီးအား ပြည်အနီးတွင် တပ်ချနေရန်လျှောက်ထားပြီး မိမိ၏ ကြည်းတပ်ဖြင့် ရှမ်းတို့ကို တိုက်ရန် တိုက်ဆင် ၁၅၀၊မြင်း၂၁၀ဝ၊စစ်သည် ၉၀ဝ၀ဝ ဖြင့်ချီတက်သည်။ ရှေးဦးစွာဆင်များကို အင်အားပြည့်စေ တောတွင်း၌ရေချကာ ဝှက်ထားစေပြီးကျန်တပ်များကို စစ်ကြောင်းသုံးကြောင်းခွဲကာ ချီတက်စေသည်။ နောက် မြင်းတပ်များကို ရှေ့မှစစ်စမ်းချီစေရာ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ကို တွေ့ပြီအမှတ်နှင့် အတင်းလိုက်လံတိုက်ခိုက်ရာ ကျန်တပ်များနှင့် တစ်ကွ တောတွင်းရှိဆင်တပ်များပါ ထွက်တိုက်သဖြင့် ရှမ်းတို့တပ်ပျက်ကာ သုံးဆယ်စား၊ရောက်စောက်စား နှင့် နောင်မွန်စားစော်ဘွားများကို ဆင်နှင့်တကွရပြီး ဆင် ၆၀၊မြင်း ၃၀ဝ၀ကျော် နှင့် စစ်သည် ၂၀ဝ၀ကျော်တို့ကို သုံပန်းအဖြစ်ရလေသည်။ တပင်ရွှေထီးလည်းယောက်ဖတော် ဘုရင့်နောင်ကို အားရလှသည့်အတွက် မင်းညီမင်းသားတို့၏အဆောင်အယောင်ရှိသရွေ့ကို ချီးမြင့်သည်။ သို့သော် ပြည်ဘုရင်မင်းခေါင်မှာ အညံ့ခံသည်မရှိပဲ အပြတ်ခုခံကာ ရခိုင်မှ ယောက်ဖတော်၏ စစ်ကူအလာကို စောင့်လျက်ပင်ရှိသည်။ ချီတက်လာသည့် ရခိုင်စစ်ကိုအနိုင်ရခြင်း ရခိုင်ဘုရင်လည်း ညီတော် မင်းအောင်လှအားတိုက်ဆင် ၁၀ဝ၊မြင်း ၂၀ဝ၊စစ်သည်၅၀ဝ၀ဝ နှင့်ကြည်းကြောင်း၊သားတော် အိမ်ရှေ့မင်းကို ကတ္တူလွန်းကြင်လှေ ၇၀ဝ၊စစ်သည် ၇၀ဝ၀ဝ ဖြင့်ရေကြောင်း အသီးသီးစေလွတ်ကာ စစ်ကူပို့သည်။ စစ်ကူပို့သည့်အကြောင်းကို မင်းခေါင်သိစေရန် စာရေးကာ သံစေလေရာ ဟံသာဝတီတပ်မှ ဖမ်းမိပြီး အကြောင်းဆုံသိလျှင် ရခိုင်ရေတပ်ကိုတားဆီးရန် ပုသိမ်စား သမိန်ဗြပိုက်၊မြောင်းမြစား သမိန်ပရူ၊ခဲပေါင်စား သမိန်သံကျယ်၊ဒလစားသီရိဇေယျနော်ရထာတို့အား အင်အားအလုံးအရင်းနှင့် စားသောမြို့အသီးသီးတို့ပြန်ကာ ခိုင်ခံအောင်ပြုစေသည်။ နောက် ဥယျာဉ်ပုကြောင်းမှချီလာသည့် ရခိုင်ဘုရင့်ညီ၏ တပ်ကို ပြည်သို့အရောက်မခံတော့ပဲ ရှမ်းစော်ဘွားတို့ကို တိုက်သကဲ့သို့ပင် စစ်သုံးကြောင်းခွဲကာစစ်မြူ၍ဘုရင့်နောင်ကိုယ်တိုင် ရဲဘုန်းစုံ ဆင်ကိုစီးပြီးတိုက်ရာ ရခိုင်စစ်လည်းပျက်ပြန်သည်။ ထိုသတင်းကိုကြားလျှင် ပုသိမ်၊မြောင်းမြ မြို့များသို့ရောက်နေသည့် ရခိုင်အိမ်ရှေ့မင်းလည်း ကူရန်အကြောင်းမထူးတော့ဟုမှတ်ကာ တပ်ဆုတ်ပြန်လေသည်။ ဘုရင့်နောင်အားချီးမြှောက်ခြင်းနှင့်ပြည်ဘုရင် အညံ့ခံခြင်း ဤသို့ စွမ်းစွမ်းတမံတိုက်ခိုက်သည့် ယောက်ဖတော် ဘုရင့်နောင်အား အိမ်ရှေ့မင်းအဆောင်အယောင်အကုန်ပေးကာ ချီးမြှောက်သည်။ သို့သော် အိမ်ရှေ့မင်းအဖြစ် တရားဝင်အမိန့်ပြန်ကာ သတ်မှတ်ခြင်းမဟုတ်ပေ။ နောက်ဆုံးတွင် ပြည်ဘုရင် မင်းခေါင်က အသက်ကိုလွတ်လျှင် အညံ့ခံမည့်အကြောင်းကို ဆရာတော်များထံမှ တစ်ဆင့်အရေးဆိုလာရာ တပင်ရွှေထီးလည်းလက်ခံ၏။ နောက် မင်းခေါင်အား မိဖုရား နှင့်တကွ တောင်ငူသို့ပို့စေပြီး မင်ရဲသီဟသူ(တောင်ငူဘုရင်ခံ)အားစောင့်ကျပ်စေသည်။ နောက် အထိန်းတော် သတိုးဓမ္မရာဇာအား မင်းမြောက်တန်ဆာ၊အဆောင်အယောင် တို့ကို ပေးအပ်၍ ပြည်ဘုရင်ခံအဖြစ် နန်းတင်ပြီး ဟံသာဝတီသို့ပြန်လေ၏။ အင်းဝနှင့် စစ်ခင်းခြင်း အင်းဝနန်းတွင်းအပြောင်းအလဲများ ထိုသို့ တပင်ရွှေထီး၏ နယ်ပယ်မှာ တောင်ငူ၊ပြည်နှင့် ဟံသာဝတီမွန်သုံးရပ်ထိကျယ်ပြန့်လာချိန်တွင် အင်းဝတွင်မူရှမ်းမင်းသိုဟန်ဘွား၏ ရက်စက်မှု၊ဘာသာမဲ့တစ်ပါးအနေဖြင့် ရဟန်းတော်များကိုသတ်ဖြတ်မှုနှင့် အဆင်အခြင်မဲ့ ရမ်းကားမှုတို့ကြောင့် အင်းဝနယ်တစ်လွှားတွင် မငြိမ်မသက်ဖြစ်နေရသည်။ ထို့ကြောင့် မြန်မာအမတ်ကြီးဖြစ်သူ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သင်္ကြန်မင်္ဂလာပြုဟန်လှည့်ဖျားပြီး ကိုယ်တိုင်ပင်ဓားဖြင့်သတ်လေသည်။ မှူးမတ်များက မင်းကြီးရန်နောင်အား နန်းတက်ရန် ဝိုင်းလျှောက်ကြသော်လည်း လက်မခံပဲ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား နန်းအပ်ရန် ပြောကြားကာရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ သို့ဖြင့် သက္ကရာဇ် ၉၀၄ တွင် အုန်းဘောင်ခုံမှိုင်းမှ အင်းဝထီးနန်းကို သိမ်းယူစိုးစံလေသည်။ နောက်စော်ဘွားအပေါင်းအားစည်းရုံးကာ ပြည်ကိုဦးစွာတိုက်ပြီး တောင်ငူကို သိမ်းပိုက်ရန်စီမံလေသည်။ သက္ကရာဇ် ၉၀၅ တွင် ပြည်သို့ချီသည့် စော်ဘွားတို့၏တပ်ကြီးတွင် ဇလာကပင်းလှေကြီး ၃၀ဝ၊လှော်ကားကြော့လှေ ၃၀ဝ၊ကုန်လှေ ၅၀ဝ၊ စစ်သည် ၁၂၀ဝ၀ဝ ဖြင့်ရေကြောင်း၊တိုက်ဆင် ၁၂၀ဝ၊မြင်း ၁၀ဝ၀ဝ၊စစ်သည် ၁၆၀ဝ၀ဝ တို့ကကြည်းကြောင်း ဖြင့် ကြည်းရေ နှစ်တပ်ပါဝင်လေသည်။ ပြည်မှသတိုးဓမ္မရာဇာခုခံခြင်း၊ဟံသာဝတီမှ စစ်ကူချီတက်ခြင်း ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ သည်စော်ဘွားတပ်ကြီးချီလာသည်ကိုသိလျှင် ဟံသာဝတီရှိ တပင်ရွှေထီး ထံသို့လူစေလွတ်ကာ စစ်ကူချီလာရန်လျှောက်ထားခြင်း၊ပြည်မြို့ကို ခိုင်ခံ့နိုင်သမျှခိုင်ခံ့အောင်စီစဉ်ခြင်း၊ရိက္ခာသွင်းခြင်းတို့ကို ပြုလုပ်လေသည်။ စော်ဘွားတို့ရောက်လျှင် မြို့ကို ရအောင်မတိုက်နိုင်သောကြောင့် ဝန်းရံ မြဲဝန်းရံနေရသည်။ ထိုစဉ် ဟံသာဝတီမှ တပင်ရွှေထီးသည် အောက်ပြည်အောက်ရွာရှိ မွန်၊မြန်မာ၊ကရင် စစ်သည်၊သူရဲရှိသမျှကို စုစည်းကာ ရေတပ်၊ကြည်းတပ်အဖြစ်ဖွဲ့လေသည်။ မင်းတရားရွှေထီး၏ ဘုရင့်ရေတပ်အပါအဝင် ရေတပ်ကြီး ၁၂ တပ်တွင် လှေကြီး မျိုးစုံ ၈၀ဝ၊ လှောကားသံလှေ ၃၀ဝ၊ရိက္ခာတင်လှေ ၅၀ဝ၊စစ်သည် ၉၀ဝ၀ဝ ပါဝင်သည်။ ဘုရင့်နောင် ဦးစီးသည့် ကြည်းတပ် ၉ တပ်တွင် ဆင် ၈၀ဝ၊မြင်း ၂၀ဝ၀၊စစ်သည် ၁၂၀ဝ၀ဝ ပါဝင်သည်။ သာယာဝတီ အရောက်တွင် ကြည်းရေ နှစ်တပ်ပေါင်းကာတပ်ချနေသည်။ ပြည်တိုက်ပွဲ ပြည်မှ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ချီလာသည်ကိုကြားလျှင် စစ် နှစ်ဖက်ညှပ်မည်ကိုစိုးသဖြင့် ပြည်မှ မြောက်ဘက်သို့တပ်ဆုတ်ကာနေလေသည်။ ထိုအခါ ဘုရင့်နောင်သည် စစ်မြူသော်အားဖြင့် တိုက်လှေကြီး ၄၀ တွင် စစ်သည် ၄၀ဝ၀နှင့် အမြောက်ကြီးများအားတင်ကာ မြစ်ကြောင်းအတိုင်း ဆန်စေသည်။ ထိုအခါစော်ဘွားတို့လည်း အင်အားနည်းသည်ဟုထင်ပြီး လှေများဖြင့် ပေါ့လျော့စွာလိုက်ရာ ဘုရင့်နောင်ကအမြောက်မြားဖြင့် ပစ်ခတ်သော် မြုပ်လေသည်။ စော်ဘွားတို့၏လှေတပ်ပျက်သော် ဟံသာဝတီတပ်ကို မြေထဲသရက်သို့တိုင်ချီတက်လေသည်။ နောက်မကြာမှီ အင်းဝမှ ရိက္ခာ မလာနိုင်လျှင် စော်ဘွားတို့ တပ်ဆုတ်ရလေသည်။ ထိုအခါ ဘုရင့်နောင်က ကြည်းကြောင်း၊တပင်ရွှေထီးက ရေကြောင်း အသီးသီးလိုက်တိုက်လျှင် စော်ဘွားတို့အကျအဆုံးများကာ ဟံသာဝတီဖက်မှ လူသူသုံ့ပန်းများစွားရလေသည်။ မင်းတရားရွှေထီးလည်း စလင်း၊စလေ၊ပုခန်းငယ်၊ရွာသာ၊ပုဂံမြို့များတိုင်အောင်ချီတက်သိမ်းပိုက်ကာ မိမိမှူးမတ်များကို စားစေသည်။ နောက်အနီးအပါးမှ သစ္စာခံလာသည့် သူများကို စည်းစိမ်မပျက်ချမ်းသာပေးပြီး ဟံသာဝတီသို့ပြန်လေသည်။ ရာဇဘိသေကခံခြင်း သာဿနာအရေးဆောင်ရွက်ခြင်း သက္ကရာဇ် ၉၀၆ အရောက်တွင် ဟံသာဝတီအနောက်ဘက် မွန်ကျောင်းတွင် ကျောင်းတော်ကြီးဆောက်စေကာ မွန်ဆရာတော်အား မဟာသံဃရာဇာ ဟုဘွဲ့တော်ဆက်ကပ်ပြီးသာဿနာပိုင်အဖြစ်တင်သည်။ နောက်အလှုကြီးပေးကာသဘင်ခံသည်။ ဆင်မြှိုတွင် စေတီတော်တည်ပြီး တံတိုင်း ၄ ဖက်တွင် ရွှေကျောင်း ၄ ဆောင်ဆောက်သည်။ တပင်ရွှေထီးနှင့်ခေမနော ထိုသို့ဟံသာဝတီတွင် စိုးစံစဉ် ခေမနော အမည်ရှိ နွားမ မှဖွားသည်ဆိုသော မိန်းမပျို၏ သတင်းကြီးလာလေသည်။(အမှန်တွင် တစ်စုံတစ်ယောက်မှ မွေးဖွားပြီး နွားခြံတွင်လာရောက်စွန့်ပစ်သွားခြင်းမျိုးသာဖြစ်နိုင်သည်။)မကျိုကို အမည်ရှိ သူဌေး၏ခြံအတွင်းတွင်တွေ့ရှိရပြီး သူဌေးက သမီးအရင်းအမှတ်နှင့်မွေးစားထားခြင်းဖြစ်ကာ ရှစ်နှစ်အရွယ်ပင်ရှိသော်လည်း အလွန်ပင်ချောမောလှပကြောင်းထင်ရှားလေ၏။ တစ်နေ့သော် မင်းတရားရွှေထီး ဥယျာဉ်တော်ထွက်လျှင် ခေမနောကိုတွေ့လျှင်မိဖုရားအဖြစ်သိမ်းပိုက်လေသည်။ ထို့ကြောင့် ခေမနောမှာ အသက်ငယ်ငယ်ဖြင့် မင်းတရားရွှေထီး ၏မိဖုရားဖြစ်လာခဲ့လေသည်။ မွန်ဆံဖြတ်ခြင်း၊ရာဇဘိသေကခံခြင်း ခေမနော၏ တိုက်တွန်းမှုကြောင့်သော်လည်းကောင်း၊မွန်တို့အရပ်တွင်မြန်မာတို့ ထီးနန်းထူထောင်ရန်မဖြစ်နိုင်၊မွန်တို့သာမင်းပြုကိန်းရှိသည်ဟု အတိတ်တဘောင်ပေါ်သည်ကြောင့်လည်းကောင်းတပင်ရွှေထီးသည် မွန်ဆံဖြတ်လေသည်။ မွန်ဆံဖြတ်ခြင်းဆိုသည်မှာ အရှေ့နဖူးပေါ်တွင် တစ်လက်မခန့်ဆံချန်ပြီးအညီအညာ ဖြတ်ကာ၊နောက်တွင် ကုလားဆံထုံးကဲ့သို့ထုံးခြင်းဖြစ်သည်။ ထို့နောက် မွန်မြန်မာ မှူးမတ်များခြံရံပြီးလျှင် မြန်မာမင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်၊ မွန်မင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်တို့ကို လက်ဝဲ၊လက်ယာခင်းကျင်းပြီး ရာဇဘိသေကခံကာ နန်းတက်ပွဲကျင်းပလေသည်။ နောက် တစ်လအကြာတွင် ဒဂုံ သို့သွားရောက်ကာရွှေတိဂုံစေတီတော်ကို ရွှေချပူဇော်ပြန်သည်။ ရခိုင်သို့ချီခြင်း ရခိုင်သို့စစ်ချီခြင်း ရခိုင်သို့ချီတက်ရန် စစ်ပြင်ဆင်ခြင်း သို့ဖြင့် ပြည်ကိုအလိုတော်ပြည့်သော၊မင်းဗာကြီးသည်ပြည်ကိုစစ်ကူ‌ပေး‌ခဲ့ရာကနေတပင်ရွှေထီးသည်ရခိုင်သို့စစ်ချီဖို့ရန် ရေတပ်တွင် တပ် ၁၅ တပ်ပါဝင်ပြီးအင်အားမှာ တိုက်လှေကြီး ၇၀ဝ၊လှော်ကားသံလှေ ၅၀ဝ၊ရိက္ခာလှေ ၅၀ဝ နှင့် စစ်သည် ၃၅၀ဝ၀ဝ ဖြစ်ပြီး၊ဘုရင့်နောင်ဦးဆောင်သည့် ကြည်းတပ်တွင်တပ် ၂၀ ပါဝင်ပြီး အင်အားမှာ ဆင် ၆၀ဝ၊မြင်း ၂၀ဝ၀ နှင့် စစ်သည် ၄၀ဝ၀ဝ ဖြစ်သည်။ ၉၀၈ ခုနှစ်၊တန်ဆောင်မုန်းလဆန်း ၄ ရက်၊တနင်္လာနေ့တွင် စစ်ချီလေသည်။ ၁၅၄၅ ခုနှစ် အောက်တိုဘာလတွင် တောင်ငူတပ်ရင်း လေးခု (လူ ၄၀၀၀၊ မြင်း ၁၀၀၊ ဆင် ၁၀ ကောင်) သည် ရခိုင်ပြည်တောင်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဘုရင့်ညီတော် မင်းအောင်လှ ဦးဆောင်သော ရခိုင်ပြည် ဒုတိယမြို့ဖြစ်သည့် သံတွဲမြို့သို့ ချီတက်ခဲ့သည်။ ၁၅၄၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဘုရင်မင်းမြတ်သည် ကျူးကျော်သူများကို မောင်းထုတ်ရန် လက်နက်ကောင်းများဖြင့် စေလွှတ်ခဲ့သည်။ ၁၅၄၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် တောင်ငူသည် ကြီးမားသောအင်အားဖြင့် ရေကြောင်းမှ ကျူးကျော်ဝင်ရောက်လာကာ (လူ ၁၉၀၀၀၊ မြင်း ၄၀၀၊ ဆင် ၆၀၊ စစ်သင်္ဘော ၈၀၊ သံချပ်ကာစစ်သင်္ဘော ၅၀၊ ကုန်တင်သင်္ဘော ၁၀ စီး၊ ) တောင်ငူတပ်များသည် ရခိုင်တောင်ပိုင်းကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ မြောက်ဦး၏ ကုန်းမြေနှင့် ရေတပ် တပ်ဖွဲ့များက စိတ်ဓာတ်ခိုင်မာစွာ ရပ်တည်ခဲ့သော်လည်း အရှိန်မထိန်းနိုင်ခဲ့ပေ။ တောင်ငူတပ်များသည် ၁၅၄၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြောက်ဦးမြို့နှင့် မနီးမဝေး မြို့တော်ဟောင်း လောင်ကြီးမြို့ ပတ်ဝန်းကျင်သို့ရောက်ရှိလာသည်။ နောက်တစ်နေ့တွင် တောင်ငူတပ်များသည် မြောက်ဦးစစ်တပ်ကို လောင်ကြီးမှ နှင်ထုတ်ကာ ခိုင်ခံ့သော ရခိုင်မြို့တော်ကို ဝန်းရံထားကြသည်။ ၎င်းတို့သည် မြောက်ဦးမြို့အရှေ့ဘက် ကမ်းရိုးတန်းရုံးများကိုပင် ဖောက်ဖျက်ခဲ့ကြသော်လည်မင်းပင်သည်မြို့၏ ရေလှောင်ကန်များကို ဖွင့်လိုက်သောအခါ ရေလွှမ်းသွားခဲ့သည်။ ကာလရှည်ကြာ ဝိုင်းရံထားရန် ဆန္ဒမရှိသော်လည်း မင်းဘင်နှင့် အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၃၀ ရက်က သဘောတူခဲ့သည်။ တောင်ငူတပ်များသည် သုံးရက်အကြာတွင် ဆုတ်ခွာလာပြီး ၁၅၄၇ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် သံတွဲမြို့သို့ ဆုတ်ခွာလာခဲ့သည်။[၂]ရခိုင်ရာဇဝင်မှကောက်နှုတ်ချက်(အချို့သောရာဇဝင်များတွင်အရှေ့ဘက်မှ ယိုးဒယားတို့ကျူးကျော်လာသည့်အတွက် မြောက်ဦးကို ဝန်းရံထားရာမှ တပ်ဆုတ်ကာပြန်သည်ဟုဆိုသည်။)အချို့သောရာဇဝင်များတွင်အရှေ့ဘက်မှ ယိုးဒယားတို့ကျူးကျော်လာသည့်အတွက် မြောက်ဦးကို ဝန်းရံထားရာမှ တပ်ဆုတ်ကာပြန်သည်ဟုဆိုသည်။) ယိုးဒယားနှင့် စစ်ခင်းခြင်း မြန်မာတို့လက်တွင်း အယုဒ္ဒယ နေပြည်တော်ကြီး ကျရောက်ခဲ့စဉ်က ထိုင်းရာဇဝင်တွင် မြန်မာဘုရင်အား လျာမဲဘုရင် ဟုခေါ်ဝေါ် သမုတ်ခဲ့၏။ အမှန်ဆိုရင် ထိုခေတ်က ယိုးဒယားကို စစ်ပြုခဲ့သည့် မြန်မာဘုရင်မှာ နှစ်ပါးရှိသည်။ တစ်ပါးမှာ တပင်ရွှေထီးဖြစ်၍ နောက်တစ်ပါးမှာ ဘုရင့်နောင်ဖြစ်သည်။ သမိုင်းပညာရှင်များ ရာဇဝင်ကို ပီပြင်စွာ ရှင်းထုတ်မှု အရ ဗမာလျာမဲဘုရင်မှာ တပင်ရွှေထီးဖြစ်၏။ ခရစ်နှစ် ၁၅၁၆ ခုနှစ် တစ်နေ့သော နံနက်လင်းအားကြီး အချိန်တွင် ဖွားမြင်သည်ဟု အဆိုရှိ၏။ လျှပ်တပြက် အတွင်း ဘုရင့်လက်နက်တိုက်တော်မှ ဓားသွားလှံများ လျှပ်စီးကဲ့သို့ အရောင် တလျှပ်လျှပ် တောက်ပကုန်သဖြင့် ဟူးရားအမတ် များက ကုမာရကိုယ်တော် လူလားမြောက်လျင် ကြီးမြတ်သည့် အဂ္ဂဗျူဟာရှင် ဖြစ်မည်ဟု ဟောကိန်းထုတ်ကြသည်။ သက္ကရာဇ် ၉၀၈ တွင် တပင်ရွှေထီး အင်အားအလုံးအရင်းနှင့် ရခိုင်သို့ချီကြောင်းကြားလျှင် အယုဒ္ဒယမင်း ဗြသာဓိရာဇာ(မဟာချက္ကရဖက်) သည်ထားဝယ်နှင့်ရေး မြို့များကိုတိုက်စေသည်။ ထားဝယ်စားမှာ မခုခံနိုင်သဖြင့် ရေး သို့ဆုတ်ကာပူးပေါင်းရသည်။ နောက် မြို့စားနှစ်ဦးတို့လည်း မော်လမြိုင်စား ဗညားဦးထံ လူစေကာ အကြောင်းကြားသဖြင့် ဗညားဦးဟံသာဝတီသို့ စာပို့ကာ လျှောက်တင်သည်။ စစ်ပြင်ဆင်ခြင်း၊တိုက်ပွဲများ ထို့ကြောင့် တပင်ရွှေထီးသည် အရှေ့ဘက်မှမြို့စားရွာစားများကို ပေါင်းကာ တပ်ကြီးဖွဲ့စေသည်။ ရေတပ်တွင် မုတ္တမစား လဂွန်းအိန်ကို ဗိုလ်ချုပ်ခန့်ပြီး လှေကြီး ၁၀ဝ၊ လှေငယ် ၃၀ဝ၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်လည်းကောင်း၊ကြည်းတပ်တွင် ဗညားဦးအား တပ် ရှစ်တပ်တွင် ဗိုလ်ချုပ်ခန့်ကာ ဆင် ၂၀ဝ၊မြင်း ၂၀ဝ၀၊စစ်သည် ၈၀ဝ၀ ဖြင့် လည်းကောင်း ထားဝယ်သို့ချီတက်စေသည်။ ထိုအခါ ယိုးဒယားတို့လည်း ထားဝယ်မှ ဆုတ်ကာ တနင်္သာရီ တွင်တပ်ချနေသည်။ မော်လမြိုင်စားဦးဆောင်သည့် တပ်များ တောင်ပဘုံ ရောက်လျှင် နှစ်ဖက် အပြင်းတိုက်ရာ ယိုးဒယား မှ ကံပူရီစား ပြေးရလေသည်။ နောက် ယိုးဒယားအမတ်ဖြစ်သူ အောက်ဗြလဂွန်းအိန်မားကို အရှင်ရသည်။ မင်းတရားရွှေထီးလည်း အောင်ပွဲရသူများကို ချီးမြင့်မြောက်စားပြီး ယိုးဒယားသို့ချီရန်စစ်တပ်ကြီး ပြင်စေပြန်သည်။ တပ်ဖွဲ့ကာယိုးဒယားချီတက်ခြင်း တပ်ဖွဲ့ရာတွင်ရေတပ်မပါပဲ ကြည်းတပ်သီးသန့်ဖြစ်သည်။ အင်အားမှာတပ်ပေါင်း ၁၂ တပ်တွင် ဆင်၂၀ဝ၊မြင်း ၈၀ဝ၀ နှင့်စစ်သည် ၄၀ဝ၀ ဖြစ်ပြီး ပေါ်တူဂီကြေးစား စစ်ဗိုလ် ဒီယိုဂို ဆိုဝါရက် ဒေမယ်လို(Diogo Soraez de Mello)နှင့် ကြေးစားပေါ်တူဂီ စစ်သား ၄၀ဝ ခန့်လည်းပါဝင်သည်။ ၎င်းမှာ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်အတွင်းကာလတွင်မွန်တို့ဖက်မှ ကူညီဖူးသည့်နိုင်ငံခြားသားများနှင့် ယခုတပင်ရွှေထီးလက်ထက်တွင် ပုန်ကန်သူမုတ္တမစား စောဗညား ထံတွင် အမှုထမ်းသည့် ပေါ်တူဂီများမှလွဲလျှင် မြန်မာမင်းဧကရာဇ်များထံတွင် ပထမဆုံး နိုင်ငံခြားသားများ အမှုထမ်းသည့် မှတ်တမ်းဖြစ်သည်။ စစ်ချီလမ်းကြောင်းမှာ ဟံသာဝတီမှ မုတ္တမ၊ မော်လမြိုင် ထိုမှ အတ္တရံမြစ်အတိုင်း ချီတက်ပြီး ဘုရားသုံးဆူတောင်ကြားကိုဖြတ်ကာကံပူရီ(ယခု ကတ်ချနာဘူရီ)၊ထိုမှ အယုဒ္ဒယဖြစ်သည်။ တိုက်ပွဲများ၊အယုဒ္ဒယကို ဝန်းရံခြင်း ပထမဆုံး တိုက်ပွဲမှာ ကံပူရီ ဖြစ်ပြီး ယိုးဒယားမင်းကိုယ်တိုင် ဦးစီးသောစစ်တပ်ဖြစ်ကာ ဘုရင့်နောင်၏ ကြည်းတပ်နှင့်အတွေ့တွင် ဘုရင်ပြေးသဖြင့် တပ်ပျက်ကာ ဘုရင့်သားတော် နှင့် ညီတော်တို့ကို ဖမ်းမိလေသည်။ နောက် အယုဒ္ဒယထိချီတက်ကာ မြို့ကို တိုက်သော်လည်း မြို့ရိုးမြင့်ပြီး မြို့ပတ်လည်တွင်ရေရစ်ဝိုင်းနေသည့်အတွက် မြို့ကို ကျအောင်မတိုက်နိုင်ဖြစ်ကာ တစ်လကြာ ဝန်းရံနေရပြန်သည်။ ထိုအခါ အယုဒ္ဒယ အားနည်းစေရန် ကျန်ယိုးဒယားမြို့များကို ယူမည်ဟုတွေးကာ တပင်ရွှေထီးက ရံတပ်ကို နုတ်ကာ ကမန်ပိုက် သို့ချီလေသည်။ ယိုးဒယားမင်း၏တပ်ကြီးကို အနိုင်ယူခြင်း ထိုသို့ တပင်ရွှေထီး တပ်ကို မြို့မှခွာကြောင်း ကြားလျှင် ယိုးဒယားမင်းသည် တပ်ကြီးသုံးတပ် ဖွဲ့ကာ နောက်မှလိုက်လေသည်။ ဘုရင့်နောင်အားရှေ့တပ်အဖြစ်ထားကာ မင်းတရားရွှေထီးသည် ဇေယျဒိသာဆင်ကိုစီးပြီးတိုက်ရန်ပြင်သည်။ သို့သော် ရှေ့ဖျားမှ ဘုရင့်နောင်တပ်သည် ရန်သူတပ်များ ကအနီးဆုံးအထိရောက်လာသဖြင့် မင်းတရားရွှေထီးအားစောင့်ရန် မဖြစ်နိုင်တော့လေရာ ယိုးဒယားတပ်နှင့် ရင်ဆိုင်တိုက်ရလေတော့သည်။ စစ်သုံးကြောင်းလုံးကို မြန်မာတို့က အနိုင်တိုက်နိုင်သဖြင့် ယိုးဒယားတို့တပ်ပျက်ကာ ယိုးဒယားဘုရင့်သားမက် ဩယားလဂွန်းအိန်မားကို ဆင်နှင့်တကွရ၏။ သုံ့ပန်းအမြောက်အမြားကိုလည်းဖမ်းမိပြီး တပင်ရွှေထီးထံဆက်သရာ အလွန်ဝမ်းမြောက်ကာ ဆုလာဘ်တော်များပေးသည်။ ထို့ပြင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သည့်ဘုရင့်နောင်၏ သားဖြစ်သူ ဇေယျသီဟ(နောင်တွင် ငါးဆူဒါယကာ နန္ဒဘုရင်)ကို လည်း မင်းရဲကျော်စွာ ဘွဲ့ပေးသည်။ ကမန်ပိုက်သို့ဆက်လက်ချီတက်ပြီး မြို့ကိုသိမ်းကာ တပ်ချနေလေရာ ယိုးဒယားမင်းထံမှ တမန် ၂ ဦးစေလာကာ သစ္စာခံမည့်အကြောင်း၊တိုက်ဆင် ၃၀၊ ငွေ ၃၀ဝ နှင့်တနင်္သာရီဆိပ်ကမ်းမှ အခွန်တော်ကို နှစ်စဉ်ဆက်သမည့်အကြောင်း လျှောက်လေသည်။ ထို့အပြင် ဆင်နှစ်စီးကိုလည်းဆက်သလာရာစစ်ပြေငြိမ်းရန်သဘောတူကာ ယိုးဒယား မင်း၏ညီတော် ဩယားပိဿလောက်နှင့် ဩယားသုဝဏ္ဏလောက်တို့ကို ဟံသာဝတီသို့လိုက်စေသည်။ နောက်တပ်ကို ဟံသာဝတီသို့ပြန်လှည့်ရာ ၉၁၀ ပြည့်နှစ်၊တန်ခူးလဆန်း ၃ ရက်တွင် ပြန်ရောက်သည်။ (အချို့ရာဇဝင်များတွင် မြန်မာတို့ အယုဒ္ဒယကို ရအောင်မတိုက်နိုင်သောကြောင့် ပြန်သည်ဟုလည်းဆိုကြသည်။) မင်းတရားရွှေထီးအကျင့်ပျက်ပြားလာခြင်း ထိုသို့ မြန်မာ့လက်နက်နိုင်ငံကို ကြီးထွားရန် သိမ်းသွင်းနိုင်သမျှသိမ်းသွင်းဖို့ကြိုးပမ်းခဲ့သော တပင်ရွှေထီးသည် များမကြာမှီတွင်ပင် အရက်၏ကျေးကျွန်ဖြစ်လာခဲ့ရလေသည်။ ထိုသေရည်သေရက်ကို ဖော်စပ်ကာဆက်သသူမှာ လူမျိုးခြားပေါ်တူဂီတစ်ဦးဖြစ်သူ ဒီယိုဂို ဆွာဇို ဒီမဲလို၏တူ ဖြစ်သည်။၎င်းမှာ မင်းလိုလိုက်ကာ ပြောဆိုတတ်သူဖြစ်ပြီးသေနတ်ပစ်ကျွမ်းကျင်လှရာ တပင်ရွှေထီးက အလွန်သဘောကျနှစ်သက်သဖြင့် နန်းတွင်းသူတစ်ဦးနှင့် ပင်လက်ဆက်ပေးပြီး ချီးမြှောက်ထားသည်။ ၎င်းတက်ကျွမ်းသည့် သေရည်ချက်အတတ်ဖြင့် အရက်သေစာတို့ကို ဖော်စပ်ကာ သုံးဆောင်စေပြီးစည်းရုံးလေရာ တပင်ရွှေထီးမှာ အကြီးအကျယ်ပင် စွဲလမ်းကာ ထိုသေရည်တွင်သာ နှစ်မျှောနေပြီးတိုင်းရေးပြည်ရာများလစ်ဟင်းသည်ထက်လစ်ဟင်းလာလေတော့သည်။ ညီလာခံမထွက်နိုင်တော့သည့်အပြင် မှူးမတ်များက အရေးအရာရှိ၍လျှောက်တင်လေတိုင်း ဘုရင့်နောင်အားဆုံးဖြတ်စေခြင်း၊ မှားယွင်းစွာ ဆုံးဖြတ်ခြင်းတို့ကြောင့် မှူးမတ်တို့က ဘုရင့်နောင်အား ထီးနန်းသိမ်းပိုက်ရန်လျှောက်သော်လည်း လက်မခံပဲ နေလေသည်။ နောက် ဒီယိုဂို ကိုလည်း ရွှေငွေအမြောက်အမြားပေးကာ သင်္ဘောတစ်စီးနှင့် ပြန်လွတ်လိုက်လေသည်။ ထိုသို့ရှိစဉ် တောင်ငူဘုရင်ခံဖြစ်သူ မင်းရဲသီဟသူ(မင်းကြီးဆွေ၊ဘုရင့်နောင်၏ဖခင်)နတ်ရွာစံလေသည်။ ထို့ကြောင့်လစ်လပ်သည့် တောင်ငူဘုရင်ခံရာထူးကို ဘုရင့်နောင်၏ညီ ဖြစ်သူ သီဟသူအားပေးလေသည်။ ဘုရင့်နောင်ကိုမူ "ငါနှင့်အတူဖြစ်သည်။ မြို့စားရာထူးများအထွေအထူးပေးရန်မလို" ဟုဆိုလေသည်။ တပင်ရွှေထီး၏ နောက်ဆုံးနေ့များ မင်းတရားရွှေထီး အကျင့်ပျက်ပြားလျှင် ဟံသာဝတီရှိမှူးမတ်များလည်း ဘုရင့်နောင်ကိုသာ အားထားပြီး ဘုရင့်နောင်ကလည်း ကိုယ်စား အုပ်ချုပ်ပေးကာ နေလေသည်။ မွန်တို့သူပုန်ထခြင်း ထိုသို့သောအချိန်တွင် မွန်တို့ထဲမှ မင်းလောင်းဆိုသူပေါ်ထွက်လာကာ မွန်တို့ပုန်ကန်ကြလေသည်။ ခေါင်းဆောင်ဖြစ်သူ သမိန်ထောရာမ မှာမွန်မင်း ဗညားရံအိမ်နိမ့်ဘဝတွင် မထင်မရှားမွေးဖွားခဲ့သည့် သားဖြစ်ပြီး မွန်မင်းမျိုးရိုးဟုဆိုကာ ရဟန်းလူထွက်ပြီး ပုန်ကန်ခြင်းဖြစ်သည်။ ထို သမိန်ထောရာမ မှာအလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မွန်တို့ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။ နောက် သန်လျင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင်ရောက်နေပြီးသန်လျင်တွင်မရှိကြောင်းသိလျှင် သန်လျင်ကို ဝင်တိုက်ကာ အခိုင်အလုံနေသည်။ ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ ဘုရင့်နောင်လည်း တပင်ရွှေထီး၏ လုံခြုံရေးကို စိတ်မချသဖြင့် ညီတော် တောင်ငူစား သီဟသူ၊မုတ္တမစား စောလဂွန်းအိန် နှင့် အပါးတော်ခစားသည့် သမိန်စောထွတ်တို့ကို စောင့်လျှောက်ရန်တာဝန်ပေးမှာကြားပြီး စစ်ထွက်လေသည်။တင်ကိုယု သေနာပတီ သမိန်စောထွတ်အကောက်ကြံခြင်း၊တပင်ရွှေထီးလုပ်ကြံခံရခြင်း သမိန်စောထွက်မှာ မွန်တိုင်းရင်းသားဖြစ်သည်အလျှောက် မွန်ဒေသကို မြန်မာတို့လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက်တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကို လာဘ်ထိုး ကာဇာတာမသန့်ကြောင်း၊ဟံသာဝတီနန်းတော်မှ ခွာပြီးအရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။ တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော် တွင်နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်းဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့တားသော်လည်း အရာမထင်တော့ပေ။ နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊သမိန်စောထွတ် တို့ကိုခေါ်ဆောင်ပြီး ပန်းတရော်သို့သွားလေသည်။ ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့်စစ်တောင်းကိုစားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓားလွတ်ကိုင်ခစားစေခဲ့သည်။ တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာရခိုင်တပ်သို့ရွှေ့ပြန်သည်။ ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အားဆင်ဖြူတော်ဖမ်းရန် အတွက်လူသူများသွားရောက်ခေါ်ယူစေသည်။ တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။ သိသူများဖြည့်ပေးစေချင်ပါသည်။)သို့တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ကဆုန်လပြည့်ကျော် ၁ ရက်၊ည ၃ ချက်တီးအကျော်တွင် ဓားဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။ အကျဉ်းချုပ် မင်းတရားရွှေထီး၊လျှာနက်မင်း(ထိုင်းမူ)ဟုလည်းခေါ်ကြသည့် တပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် အတော်ပင်ထင်ရှားသည့် ဘုရင်ဖြစ်ပြီး တောင်ငူရာဇဝင်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိသည့်သမိုင်းကြောင်းများတွင် အမြဲပါဝင်နေသူဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အဝင်တွင်လုပ်ကြံခံရပြီး ကွယ်လွန်သည်။ ထူးခြားချက်များမှာ မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့ခြင်း၊ အသက် ၈ နှစ်သာရှိသေးသည့် မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခြင်း၊အရက်သေစာ ခုံမြင်ကာဘဝပျက်ရခြင်းတို့ဖြစ်သည်။ ယိုးဒယားကိုတိုက်ခိုက်သည့်ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သည်။ တိုက်သမျှစစ်တွင် ရှူံးသည်မရှိ အောင်နိုင်ခဲ့သည်။ နန်းတွင်းအမှူထမ်း သမိန်စောထွတ်ကို အယုံကြည်လွန်ကာ ၎င်း၏လုပ်ကြံခြင်းခံရသည်။ သေလွန်ချိန်တွင် ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးသည်ဟုလည်းဆိုကြသည်။ နောက်ဆက်တွဲ ထိုသို့ တပင်ရွှေထီးလွန်လျှင် သမိန်စောထွတ်က သမိန်စက္ကဝေါ ဘွဲ့ခံကာ စစ်တောင်းတွင် မင်းပြုသည်။ နောက် မကြာမီ ဟံသာဝတီသို့ ပြောင်းရွှေ့နန်းတက်သည်။ တောင်ငူစားသီဟသူမှာ ဟံသာဝတီကိုစွန့်ခွာပြီး တောင်ငူသို့အရောက်ပြေးကာ မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုသည်။ ပြည်စား သတိုးဓမ္မရာဇာလည်း သတိုးသူ ဘွဲ့ခံကာ ပြည်တွင် သီးခြားမင်းပြုသည်။ သမိန်ထောရာမမှာ မုတ္တမဒေသသို့ရွှေ့ပြီး သမိန်စောထွတ်နှင့် ယှဉ်ပြိုင်နေသည်။ ကျန်အထက်မြန်မာပြည်ဒေသရှိ မြို့စားရွာစားများလည်း မိမိတို့ဒေသလုံခြုံရေးကို ပြင်ဆင်ကာ မည်သည့်ဖက်မှ မပါဝံ့ဘဲနေသည်။ ထိုအခါ ဒလသို့ရောက်နေသည့် ဘုရင့်နောင်သည် မွန်အမှူထမ်းများကို သစ္စာပေးကာ ဒလအနီးအပါးတွင် ချန်ရစ်စေပြီး တောင်ငူသို့ ဦးစွာချီတက်ကာ ညီတော်မင်းခါင်အား တိုက်သည်။ တောင်ငူကိုရလျှင် တောင်ငူမှ အင်အားကိုယူပြီး ပြည်၊ဟံသာဝတီ၊ အင်းဝအစရှိသဖြင့် အဆင့်ဆင့် သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကြီးကို အရှိန်မပျက် ဆက်လက်တည်ထောင်ခဲ့သည်။ ရည်ညွှန်းကိုးကား မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ ဆက်စပ်စာမျက်နှာများ ဘုရင့်နောင် ဟံသာဝတီ ကဏ္ဍ:အပြင် ၃၇ မင်း ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:တောင်ငူခေတ် ကဏ္ဍ:တောင်ငူ-ဟံသာဝတီခေတ် ကဏ္ဍ:တောင်ငူမင်းဆက်
အင်းဝခေတ်
ပုဂံခေတ် ကုန်ဆုံးပြီးနောက်တွင် အင်းဝကို အခြေပြုကာ ပေါ်ထွန်းလာသည့် ခေတ်ဖြစ်သည်။ ရှမ်းသွေးမကင်းသည့် မင်းဆက်ဖြစ်သော်လည်း မြန်မာမှု၊မြန်မာဟန် နှင့် မြန်မာဘာသာစကားအတိုင်း လိုက်နာကျင့်သုံးကာ မြန်မာမင်းများအဖြစ် အုပ်ချုပ်ခဲ့ကြသည်။ မြန်မာစာပေသမိုင်းတွင် အထူးထင်ရှားသည့် ရဟန်း၊လူပုဂ္ဂိုလ် စာဆိုရှင်များနှင့် စစ်သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ ကြီးမားသော စွမ်းဆောင်မှုအနေဖြင့် မွန်တို့၏ ဟံသာဝတီမှ ရာဇာဓိရာဇ်နှင့် အနှစ်လေးဆယ်စစ်ကို ဆင်နွဲခဲ့သည်။ အထက်ရှမ်းတို့ကိုလည်း ခေတ်ဦးပိုင်းတွင် အတန်အတင့် လွှမ်းမိုးနိုင်သည်။ သို့သော် မကြာခဏ မင်းပြောင်းမင်းလွဲဖြစ်ခြင်း၊ စစ်ဘေးဒုက္ခများခြင်း နှင့် နောက်ပိုင်းမင်းဆက်များ၏ အရည်အချင်းညံ့ဖျင်းခြင်း၊ လက်အောက်ခံပဒေသရာဇ်များနှင့် မြောက်ပိုင်းမှ မောဝ်ရှမ်းများ အင်အားကြီးလာကာ ပုန်ကန်ခြင်း တို့ကြောင့် မြန်မာတို့အတွက် ကိုယ်ပိုင်ရပ်တည်ခွင့်ကို ဆက်လက်၍ တည်ထောင်ပေးခဲ့သည်ဟု ဆိုသည့်တိုင် အလွန်ထွန်းကားသည့် ခေတ်တစ်ခေတ်ဖြစ်မလာခဲ့ပေ။ စာဆိုတော်များ အင်းဝခေတ်တွင် စာဆိုတော် ပညာရှင်ပေါင်း (၄၉)ဦး ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပထမအင်းဝခေတ်တွင် စာဆိုတော် (၂၃)ဦး၊ ဒုတိယအင်းဝခေတ်တွင် စာဆိုတော် (၁၂)ဦး၊ တတိယအင်းဝခေတ်တွင် စာဆိုတော် (၉)ဦး စတုတ္ထအင်းဝခေတ်တွင် စာဆိုတော် (၅)ဦး ပေါ်ပေါက်ခဲ့သည်။ မန္တလေးနေ့စဉ်၊ ၃. ၁၂.၂၀၁၇၊ စာ-၈ ဆက်စပ်လေ့လာရန် အင်းဝမင်းဆက် ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
မဂဒူး မင်းဆက်
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဘက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ မဂဒူးမင်းဆက် ၁၈ ဆက် ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး ၁၂၈၇-၁၂၉၆) ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀) စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄) စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁) ဇိတ်ပွန်(၇ ရက်) စောအဲကံကောင်း(၄၉ ရက်) ဗညားအဲလော(၁၃၃၁-၁၃၄၈) ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃) ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆) ပထမဗညားရံ(၁၄၂၆-၁၄၄၆) ဗညားဗရူး(၁၄၄၆-၁၄၅၀) ဗညားကျန်းထော(၁၄၅၀-၁၄၅၃) လိပ်မွတ်ထော(၇ လ) ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂) ဓမ္မစေတီ(၁၄၇၂-၁၄၉၂) ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆) သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉) ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘဝမှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။ သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။ ကိုးကား Category:မြန်မာ ဘုရင်များ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
နန္ဒဘုရင်
နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူ၊ အင်းဝ၊ ပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။ သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။ ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းရာဇာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။ တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။ နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား ‌‌‌‌နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုး‌‌ ရောထွေးခြင်းများလည်းရှိခဲ့သည်။ အထက်ပါအချက်လက်များကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့လေသည်။ ‌နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီး‌နေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။ နန္ဒဘုရင်သားသမီး တောင်ငူရောက် မင်းတရား မိဖုရားခေါင်ကြီးကား မိဖုရားခေါင်ကြီး မနော်ဟရီ တပင်ရွှေထီးကတော်ခင်ဘုန်းစိုး ဓမ္မဒေဝီသမီး သမီးတော် မင်းအကြီး အမည်နှင့် ရတနာကန္ဓာ မြောက်သားတော်ကား ဒုတိယတောင်ငူမင်းရဲသီဟသူမင်းတရားကြီးညီတော် ကော်လိယ မင်းရဲကျော်ထင်။ ညီမတော် မင်းအထွေး အမည်နှင့် ကျမ်ဆုခြာ အိမ်ထောင်မကျ။ မောင်တော် မင်းကြီးစွာ အိမ်ရှေ့မင်း ပေးတော်မူသည် မြောက်သားတော်ကား အင်းဝဘုရင့် သဒိုမင်းစော သမီး နတ်ရှင်မယ်တော် နောက် မြောက်သားတော်ကား ဆင်ဖြူရှင်မင်းတရားကြီးသမီး ရာဇ ဓာတု ကလျာ အိမ်ရှေ့မင်း သေနတ်နဲ့ပစ်ခံရတယ် စိန်ပြောင်း အားဖြင့် ယိုးဒယားမှာ သေဆုံးသွားတယ် ၃၄ နှစ်တွင်လွန်။ နှမတော် ခင်မနောင်း မင်းရာဇာကြီးရခိုင်သို့ ဆင်ဖြူနှင့်အတု တောင်ငူဘုရင့်က ပေးလေသည် သန်းဆောင်မိဖုရား ရခိုင်ဘုရင့်မင်းရာဇာကြီးတွင် ဖြစ်လာသည်။ နှမတော် ခင်မင်းပု ၁၉ နှစ်တွင် လွန်သည် မောင်တော် မင်းရဲကျော်စွားစုန့် အင်းဝမင်းတရားကြီး နောက် မင်းကြီးစွာ သေဆုံးသွားတယ် သူ့ အိမ်ရှေ့မင်း ဖြစ်လာသည် နောက် မြောက်သားတော်ကား ဒုတိယတောင်ငူမင်းရဲသီဟသူသမီး တောင်ငူမိဖုရား ခင်ရွှေနန်း၊ လုပ်ကြံလေသည် ၃၂ နှစ်တွင်လွန်။ ညီတော်အငယ် မင်းကြီးနောင် ပြည်သဒိုဓမ္မရာဇာ ဖြစ်လာသည် ၂၆ နှစ်တွင်လွန်။ သားတော် သုံ သမီးတော် လေး ပေါင်း ခုနှစ် ပါးတည်။။ ဒုတိယတောင်ငူမင်းခေါင်ဇေယနန္ဒာသမီး မြောက်နန်းတော်မိဖုရား သီရိရာဇာဒေဝီ ခေါ် အမည် မင်းဘုန်းထွဋ် နန်းထင်ရာတွင် သမီးတော် မင်းရွှေတုံ အမည်နှင့် ခင်မရွှေထုံ တပါးသာတည်း၊ မြောက်သားတော်ကား ဒုတိယ တောင်ငူမင်းရဲသိဟသူ သားတော် ကောလိယ မင်းရဲကျော်ထင်။။ အိမ်နိမ့်မင်းသမီး ဘုရင့်နောင်သမီး သူ့နှမ မဏီသာလာတွင် သမီးတော် ရတနာကုမ္မာရီ တပါးသာတည်း၊ သုဝဏ္ဏဘူမိ မှာ ပိသာလောက်မိဖုရား၊ သုမ သုံချိပ်ရှစ် နှစ်တွင် လွန်။။ ပုသိမ်မင်းသမီး ခင်မျိုးမြတ်ဘုန်း ပုသိမ်မင်းတရားကြီးနရသိင်္ခသူကတော်သမီး မွှေးလှမဏီ အနော်ရထာမင်းဆက်မင်းသမီးတွင် သမီးတော် မင်္ဂလာဝံသာ အနော်ဝုရုဋ္ဌ အမည်နှင့်၊ ခမည်းတော်တွင်မြင်သည့် မြောက်သားတော်ကား ပုသိမ်စားနရသိင်္ခသူသားတော် မင်းရဲဘရက်ရှီ တပေါင်းကိုစားသည်။ မောင်တော် သီရိစွာကျော်ထင်၊ ခမည်းတော်တွင်မြင်သည့် တကောင်းကိုစား၊ မြောက်သားတော်ကား ခမည်းတော်သမီး မင်းထွေးလှ။ သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး လည်း လုံးယူထားသည် ရခိုင်သို့။။ စန္ဒားစော်ဘွားသိုကိုဘွားကတော်သမီး မဟဒေဝီ လိူင့်ဆိူ့တိုင်တွင် မင်းစန္ဒား ခ အမည် နှင်းဆင်လူ နန်းထင်ယာတွင် သားတော် မင်းရဲမလှကျော် တပါးသာတည်း၊ အနောက်ဘက်လွန်တွင်မြင်သည့် မြိက်ကိုစား ပေးတော်မူသည်။။ လသာစော်ဘွား ချင်လော်ဘွားသမီး ကဝ်လံသာတွင် သမီးတော် လုဒ္ဓသုတ္တာ တပါးသာတည်း၊ ခမည်းတော်မင်းတရားတွင် မိန်ကပ္ပုရိတောင်တွင် ရွှေဖြူနန်းတော်ပေးသည်။။ ဗညားနန်း‌ ကြေတာဘုတ်ဖုမ္မီန်သမီး ရတနာယောဒ်‌က‌‌ဝ်တွင် သားတော် မင်းရဲရန်နောင်၊ အနောက်ဘက်လွန်တွင်မြင်သည့် သံတားဦး မြို့ ကိုစား ပေးတော်မူသည်။ သားတော် မင်းသား ထင်သီကျော်စံ၊ အနောက်ဘက်လွန်တွင်မြင်သည့် မြင်စိုင်းမင်းသား၊ မြောက်သားတော်ကား သန်လျင်းရောက်မင်း သမီးတော် ခင်မြတ်သက်။ မင်းသား ပေါင်း နှစ် ပါး တည်။။ ဗညားလောသမီး ခင်ဆွေးနှင်းတွင် သားတော် နေမျိုးဒတ္ထ တပါးသာတည်း၊ ဟံသာဝတီ ပျက်လျှင် ရဟန်းပြု၍နေသည်၊ ရာဇာမဏိစူဠာ ဒါယကာတော် တင်မြင်သည့် မင်းရဲ‌ နော်ရထာခံသည် ဟင်္သာတမြို့ ကိုစား စည်၊ မြောက်သာတော်ကား ခမည်းတော် သမီးတော် ခင်တီဂုံ။။ ဝါရီရူးနန်းရိုး ဟံသာဝတီမင်းတရားကြီးသမိန်ထောရာမ သမီးငယ် ခင်မထွေဒါးတွင် သားတော် မင်းသား ဧကသူ တပါးသာတည်း၊ အနော်ဘက်လွန်တွင်မြင်သည့် ကျိုက်ထုံမြို့ ကို စား ပေးတော်မူသည်။။ အိမ်နမ့် သမီးတော် သူ့နှမ ဘုရင့်နောင်ကတော်သမီး သီရိသုခန့်သာ ဇင်ရုံးစော်ဘွား စဝ်အုန့်မိုးသမီး ရတနာညွန့်သစ်တွင် သမီးတော် ရတနာညွန့်ပေါင်းပုဉ်ညပ် တပါးသာတည်း၊ ငါးဆူဒါယကာ စိတ်ဆိုး ဝရမြတ်ဘော် အမည်ပြောင်းလဲ နောက် သောင်ကျဉ်စော်ဘွား‌ဟောင် မိဖုရား ဖြစ်။။ ကျိုင်းတုံစော်ဘွားစဝ်ကဝ်ဘုန္နမ်သမီး နှင်းဣန်ခမ်းဒိုင်းတွင် သားတော် ရှင်စည်သူ အမည်နှင့် စည်သူကျော်ထင် တပါးသာတည်း၊ အနော်ဘက်လွန်တွင်မြင်သည့် မင်းရဲသင်္ခယာခံ၍ တောင်ငူကို ဝန် ပြုသည်၊ နှင့်စုံဖက်၍ ဖိလစ်ဒီဘရစ်တို ဒီနိကိုတေ သမီးတော် ထြွဲနတ္တလဖနုဝတီ၊ မဟရာဇာမဏိစူဠာ ဒါယကာတော်တွင်မြင်သည့် သီရိဓမ္မ‌သောကခံ၍၊ မြောက်သားတော်ကား မဟမြတ်မုနီ ဒါယကာတော် သမီးတော် မင်းခင်ပု။။ ကျထတ်ရွာတွင်ငျဲတ္တသုရအစ်မ ခင်ငယ်စုံဗုံးတွင် သားတော် မင်းရဲသီဟ တပါးသာတည်း၊ ရာဇာမဏိစူဠာ ဒါယကာတော်တွင်မြင်သည့် ပြည်မြို့ကိုဝန်ပြုသည်၊ မြောက်သားတော်ကား မဟမြတ်မုနီ ဒါယကာတော်သမီး မင်းခင်လတ်။။ မိုးသီစော်ဘွားထဝ်လဝ်ယင်းသမီးတော် ချမ်ပီရက်ယမ်တွင် သားတော် မင်းရဲအောင်နိုင် တပါးသာတည်း၊ အနော်ဘက်လွန်တွင်မြင်သည့် သောင်းလင်းမြို့ ကို စား ပေး‌တော်မူသည်၊ မြောက်သားတော်ကား မဟမြတ်မုနီ ဒါယကာတော် သမီးတော် ခင်မင်းလှ။။ တလိင်မင်းသမီး လေးထပ်‌သမီးလေးသည် ပနတ္တာသလသမီး‌ ကျ‌နေ့ဘွားချောင်ချိုမ် ခန့်ချောင်ဝမ်ဘွား အမည်နှင့် နန်းထင်ရာတွင် သားတော် မင်းရဲလွမ်ကျော် တပါးသာတည်း၊ ‌မဟမြတ်မုနီဘုရား ဒါယကာတော်တွင်မြင်သည့် ကောင်းမူတော် နှစ် နှစ် ရဟန်းပြု၍နေသည်၊ ‌နောက် မြောက်လင်းဇင်းမှာတွင် ဇင်းခေါ် ဇင်းလုမ်း နေထိုင်၊ နှင့် ရာဇာမဏိစူဠာ ဒါယကာတော် တွင်မြင်သည့် မြ‌‌န်အောင်ကိုစားပေးတော်မူသည်။။ မိုးဝမ်အိမ်ရှေ့ လယ်တောင်နှမ နှင်းအမ်ခေါင်တွင် သားတော် မင်းကြီးလိုင်၊ နောက် မိုးဝမ်စော်ဘွားဖြစ် တို့သိုမင်း။ မောင်တော် မင်းကြီးရန်ငူ နောက် မိုးဝမ်စော်ဘွားဖြစ် တို့သိုမိုး။ သားတော် ပေါင်း နှစ် ပါး သည်။။ ရှမ်းစော်ဘွား ကတ်ကဝ်ပြည့် သိုကိုဘွားသမီး ဆိုင်းဂံဘွားတွင် သားတော် ရွှေမြတ်စွာ တပါးသာတည်း၊ သူနဲ့ သူ့အမေး ကတ်ကျိုပို့တယ်၊ နောက် အနောက်ဘက်လွန်တွင်မြင်သည့် ကတ်ကဝ်စော်ဘွားသိုခါပ်းဘွားဖြစ်။။ မုတ္တမမင်းသမီး မင်းရဲနန္ဒမိတ်အစ်မ ရွှေနန်းချိုမြိန်တွင် သားတော် မင်းကြီးခမည်းတော် တပါးသာသည်း၊ ခမည်းတော်မင်းတရားကြီးတွင် မုတ္တမကိုစား၊ သူနဲ့ သူ့အမေ ဖမ်းပြီး ရခိုင်ကို ပို့တယ်။။ ဒါ့ခ်ကျိုမ် ကလူမ်စော်ဘွားမလ္လိကရာဇာသမီး မိုးမီး ဣစ်ဋ္ဌရိယာဖ နိရုဋ္ဌာတိ တရင့်၍ နန်းထင်ယာတွင် သားတော် မင်းရဲရသာမန်း တပါးသာတည်း၊ ခမည်း‌‌တော်မင်းတရားကြီးတွင် တောင်လင်းဇင်းတွင် အုပ်ချုပ်ရေးမှူးသည်၊ မဟရာဇာမဏိစူဠာ ဒါယကာတော်တွင် မြင်သည့် မြောက်သားတော်ကား ဥပရာဇာစကုမင်းရဲကျော်စွာသမီး နဝရာသီ နှင့် ခင်မခစား ပေးတော်မူသည်။။ ဗညားသေည်လုံသမီး သီရိလုသာတွင် သားတော် မင်းသားငြိမ်းမောင် တပါးသာတည်း၊ ခမည်းတော်တွင်မြင်သည့် ငားစဉ့်ကူးကိုစား၊ အနော်ဘက်လွန်တွင်မြင်သည့် မြောက်သားတော်ကား ပြည့်မင်းသား လွန်လျှင် ရှင်နေမျိုး သမီးတော် ရွှေမြတ်လှ။။ ဗညားပတ်စဝ်ခမ်းလိူင့်သမီး နှင်းလိူင့်ဆိူ့ဘွားတွင် သားတော် မင်းရဲကျော်အရှေ့ တပါးသာတည်း၊ အနော်ဘက်လွန်တွင်မြင်သည့် ဆီရီယမ်မြို့ ကို စား ပေးတော်မူသည်၊ နှင့်စုံဖက်၍ ဂိုဝါအိုက်ရီဇ်ဒီဆယ်ဒ မြေး ဖိလစ်ဒီဘရစ်တို ဒီနိကိုတေချွေးမ စည်မွန်မုဆိုးမဇနီးဟောင်း ဒေါ်ညာလီဇာဒီဆယ်ဒည နှင့်စုံဖက် ခင်ကြီး၊ နှစ် သမီး ခင်လတ် နှင့် ခင်စော။။ ဇင်းမယ်မှာ ဇယဇေဋ္ဌာဓိရာဇ်သမီး ခင်မည်း ခ နှင်းဆွမ်ဖော်တွင် သမီးတော် ခင်ရွှေနန်း တပါးသာတည်း၊ မဟမြတ်မုနီ ဒါယကာတော် သိန္နီစော်ဘွား ခံးခိုင်နွဲ့ စုံဖက်ပေးသည်။။ ဥပ္ပလဒေဝီ ကျိုင်းမားစော်ဘွားစဝ်ခံးပြမ်ဘွားမြေး နှင်းခေးလံတွင် သမီးတော် ဣင်္စ‌နေ တပါးသာတည်း၊ ခမည်းတော်တွင်မြင်သည့် အတုလ စန္ဒဒေဝီခံ၊ မဟမြတ်မုနီ ဒါယကာတော် တွင်မြင်သည့် မြောက်သားတော်ကား သူမအမေရဲ့ညီလေး သူရဲကောင်း အရှေ့။။ ဖာလူးဆိုင်းစလုံဣန္ထမိတ္တိုင်ရီသမီးတော် ဦမာလာတွင် သားတော် ဥပ္ပါပိရ တပါးသာတည်း၊ အနော်ဘက်လွန်တွင်မြင်သည့် နေမျိုးကျော်ထင်ခံ၍ မိုးစံကိုစားသည်၊ မြောက်သားတော်ကား သူ့မြေး ဘုရင့်နောင် မိဖုရားငယ် အမျိုးရုံတွင် မြေးမတော် ဆင်းစံဝတီ သူတို့မှာရှိသည် သားတော် ဦးစံညီ သမီးတော် မဏီဩဃ မင်းသမီး နောက် စုံဖက်၍ ဒေဝေသဋ္ဌ မြင်သည့် သားတော် ဦးကုလား။။ ပုဂံနန်းရိုး နရသီဟပတေ့မင်းမျိုးဆက် ၁၂ တစ်ချိပ်နှစ် မျိုးဆက်ဖြစ်သော အိမ်နိမ့်မင်းသမီး ခင်‌‌ဗွဲလှတွင် သမီးတော် မင်းထွေးလှ တပါးသာတည်း၊ ခမည်းတော်မင်းတရားကြီးတွင် မြောက်သားတော်ကား ခမည်းတော်သားတပေါင်းမင်းသား၊ လုံးယူထားသည် ရခိုင်သို့။။ သမိန်စိတ်ပွန်သမီး ခင်ဆွေးဝတီတွင် သမီးတော် ခင်တီဂုံ တပါးသာတည်း၊ ရာဇာမဏိစူဠာ ဒါယကာတော် ဟင်္သာတမိဖုရား။။ သမိန်လကွန်းအိမ်သမီး ခင်မယွန်စူတွင် သားတော် မင်းရဲနရသီဟ တပါးသာတည်း၊ ခမည်းတော်မင်းတရာကြီးတွင်မြင်သည့် မြောင်မြမင်းသား၊ ဟံသာဝတီ ကျဆုံးပြီးနောက် သူ နှင့် ညီတော်တို့နှင့်အတူ့ မင်းရဲအောင်နိုင် စ‌လေးမြို့သို့ တစ်ပါး စဉ့်ကူမြို့သို့ လွတ်မြောက်ခဲ့သည်၊ စကုမင်းရဲကျော်စွားတို့၌ သာဓကများရှိသည်၊ သူ့ရာထူးဟောင်းကို မြောင်းမြမြို့ကို ပေးစားတယ်၊ နောက် မြောက်သားတော်ကား ခမည်းတော်သမီး သုလျဝတီ။။ လက်ျာနေ့မျိုးစံကျော်သမီး ခင်ညွန့်တွင် သမီးတော် သုလျဝတီ တပါးသာတည်း၊ မြောက်သားတော်ကား ခမည်းတော်သားတော် မင်းရဲနရသီဟ။။ ဇင်းရယ်စော်ဘွားဗညားလုံကဝ်မာဂ်နော်သမီး ဒွမ်းယော်ဆိုင်း တွင် သမီးတော် ဆုပုဏ္ဍးဝတီ တပါးသာတည်း၊ သူမသူအမေလုံးယူထားသည် ရခိုင်သို့။။ မပေါ်သော်လည်း ရခိုင် ရာဇဝင် တွင် ပေါ်လာသည်၍ ဒဂုံမင်းသမီး၊ ဩက်ယာဖိခ်ျဟုန်း စက္ကီခံသမီး၊ ဒဝဒုန်းတွင် သားတော် မောင်စောဖြူ တပါးသာတည်း၊ သူ့နှင့်သူ့အမေ ရခိုင်ပို့တယ်၊ သူ့သည် ပထမ မင်းတရားကြီး ဗုလ်မောင် မင်းဆက်တွင် ဖြစ်လာသည်၊ ရခိုင်ဘုရင်မင်းခမောင်း ပေးသည်၊ ရခိုင်ဘုရင်မင်းရာဇာကြီးသမီးတော် ရှင်ဒွေးနောင် စုံဖက်၍။။ အင်္ဒီယာ ရှမ်း စော်ဘွား ဘိန္နက‌အမွေဆက်ခံသူ လုခရင်းထြရာဇာသမီး သီရိဘူဝဏာတွင် သားတော် မင်းရဲရမုနာ ခမည်းတော်ဘုရားတင်မြင်သည့် နန္ဒကျော်ထင်ခံ၍ ပင်လယ်မြို့ ကိုစား ပေးတော်မူသည်၊ နောက် ဟံသာဝတီကျော်ထင်နော်ရထာခံ၍အသုံးပြု တောင်ငူမင်းရဲသီဟသူ ပေးတော်မူသည်၊ ညောင်ရမ်းဘုရားကြီးတွင် မြင်သည့် ကော့တောင် အနော်မြို့ ကို စားရ၊ မြောက်သားတော်ကား တပင်‌ရွှေထီး မြေးမတော် ကျော်ထင်နော်ရထာသမီးတော် မြတ်ဘုန်းဝဲ တစ်ပါး။ နှမတော် ရတနာရွှေဂုံ သူမတွင် စိတ်ဓာတ်ကျနေပါသည်၍ သူ့အကိုကြီးက သူ့ကို ဂရုစိုက်တယ်၍။ သားတော် တစ်၊ သမီးတော် တစ်၊ ပေါင်း နှစ် ပါး လည်း။။ ___မိဖုရားကြီးနှင့် မိဖုရားငယ်နှင့် ကိုယ်လုပ်တော် ဘယ်ဟာသားသမီးမရှိသော___ * တောင်နန်းတော် မိဖုရား ဒုတိယတောင်ငူမင်းခေါင်ဇေယျနန္ဒားသမီးတော် မင်းဖြူ * တောင်နန်းတော် မိဖုရား မင်းဖြူ အစ်မ အလယ်နန်းတော် မိဖုရား မင်းထွေး * အနောက်နန်းတော် မိဖုရား ဒုတိယပြည့်သတိုးဓမ္မရာဇာ နန္ဒားယော်ဓား သမီးတော် မင်းတရား မယ်တော် * သရက်စည်သူသမီး စောမင်းညစ် * ဘဝသံသရာသမီး ရှင်ထွေးကျိုင်သစ် * ဗညားဒလသမီး ခင်နဲယွန် * ဗညားကျန်တော်သမီး အတူမယ် ကျမ္ထမိတော် * သကြာမြတ်ဆက်ရာမပျံချီသမီး ခင်မအင်ပျို့ * ခင်မအင်ပျို့အစ်မ ခင်မစိန်မြင့် * တနင်္သာရီမင်းသမီး သမိန်ဝိရတ်သမီး ဘုန်းဝဲဍူပ် * လိုဗီယးပြည့်မှာ ရဒေဝမိဖုရား ရဒေဝစော်ဘွားဋိပ်ဘွပ်မဏီသမီးတော် မဏီဝိချိုရား * မိုးနဲစော်ဘွားသိုပြမ်းဘွားသမီး ငွန်ပင့်ဘွား * မိုးမိတ်စော်ဘွားသိုကျု့ဘွားသမီး နှင်းကဝ်ဟံယူး * သိုဆိုင်းဘွားဗန်းမော်စော်ဘွားသမီး ဒိပ္ဗယဆံသီ * ခံဟမ်းဘွားညောင်ရွှေစော်ဘွားသမီး ဣန့်ခံးဘွား * စံကားစော်ဘွားသိုဟုမ်ဘွားသမီး နှင်းဘွားနော်ဆိုင်းပန် * သိုကြပ်ဘွားကလေးစော်ဘွားသမီး ဝိမန္တယာ သူမရခိုင်ကို ပို့တယ် * သောင်သွပ်စော်ဘွားသိုခဲန်းဘွားသမီး နှင်းသေဉ်လုံ သူမရခိုင်ကို ပို့တယ် * ပိတ်သံဘွားမိုးကိုင်စော်ဘွားသမီးငယ် ကဝ်မင်းမားမိုး * မိုးဆင်ဥပရာဇာဟော်ခံးနွဲ့သမီး ဋကဝ်လုမ်ဘွား * ကျိုင်းတုံစော်ဘွားစဝ်ကဝ်ဘုန္နမ်သမီး ကဝ်မင်းဖောင်းမိုး * ကျိုင်းတုံစော်ဘွားစဝ်ကဝ်ဘုန္နမ်နောက်သမီးတစ်ဦးမှာ ကျမ်ထြာဖ * မိုးဗြဲစော်ဘွားစဝ်မိုးကျိုင်သမီး ကဝ်ခံးခယိုင့် * အုန်ပေါင်းလေးမင်းသမီး အုန်ပေါင်းလေးစော်ဘွားသိုဟိုင်ဘွားသမီး ထိူးကဝ်ခိုင်ဘွား * မိုးပတ်စော်ဘွားသိုဆိူ့းဘွားသမီး ထွေးလှ။ * ကျိုင်းရုံးစော်ဘွားစဝ်ဣန့်မိုးသမီး စဝ်မန်ဣန်း * လင်းဇင်းဘုရင့်ဆိုင်းဆုလင်းလူးဆိုင်ယသမီး အံဖ‌ကေတ် သူမရခိုင်ကို ပို့တယ် * ဒုတိယလင်းဇင်းမင်းသမီး ဗညားဖိုးဓိစလ္လာရှ်လင်းဇင်းဘုရင့် သမီး ထဲ့ခံးလောက် * လင်းဇင်းဆိကောင်းမှာ ပန်းခံးသမီး နှင်းခံးအွယင်း နန္ဒဘုရင်က သူမအရမ်းချစ်တယ် * ထဝ်ဟံမိုး ဘော်လိခမ်စိုင် ပါ့ခ်စန် ပါ့ခ်စိန်း မှာ သမီး နှင်းခံးဟုံ့ * လင်းဇင်းမှာ နှင်းထပ်ခံးလုံ * ထဝ်ကံကျိုင်ယကျိုင်းသေဉ်စော်ဘွားသမီး ထိပ်ခံးမိုင် * မိုးဖန်းစော်ဘွားစဝ်လှာဣန္ထြသမီး အုံ့ဒါဝ့်ရင့် * လကွန်စားဗညားဝိရိယန်သမီး ကားသံဖြူ * ကသည်းစော်ဘွားမန်းယန်ဂိမ်းဘွားသမီး ကွီးလိမ်းဘွား သူမရခိုင်ကို ပို့တယ် * သိင်္ဂိုမင်းသမီး တိုင်ခီရီဗန်ဒာရာသိင်္ဂိုဘုရင့်သမီးတော် ဝိရူပ်ပုဏ်ဝနာ သူမရခိုင်ကို ပို့တယ် * ကိုးရှမ်းပြည့် မိုးရမ်စော်ဘွားခွန်ဖံခံးသမီး အင်းဖလုံမိုး * ကိုးရှမ်းပြည့် မိုးလားစော်ဘွားစဝ်ဖာဆိုးဘွားနှမ ကျင်္တပါတီ မွေးရာပါ အမည် ဒေဝီပန်းနွဲ့ * ကိုးရှမ်းပြည့် မိုးလားစော်ဘွားစဝ်ဖာ‌ဆိုးဘွားသမီး ကဝ်ဣန္ထာ * ကိုးရှမ်းပြည့် မိုးခံစလုံထဝ်မိုးဣန်သမီး ဣန်ဆိုင်းခိုး * ကိုးရှမ်းပြည့် မိုးဟွမ်းစော်ဘွားစဝ်ဖန်းကျုမ်ဘွားသမီး ဘွားဘုန်းမာတ် * ဒိုင်လာပြည်နယ် မိုးမွှေးစော်ဘွားစဝ်မန်မိုး သုံ သမီးတော် ခမ်းကျိုန်ဘွား၊ မန်ကဝ်၊ မန်ခမ်း * အိုင်လုံပြည့်နယ် မိုးယွန်းစော်ဘွားကွိုချင်ချိုင့်သမီး ခြယစည် * မိုးယွင်စော်ဘွားစဝ်ကျိုင်းမုန်သမီး ချိုချိုမ်ဘွား * ကျိုင်းသူ့နောင်စပ်စော်ဘွား သိုဟေတ်ပို့းမိုးငမ်း သမီး စည်လိုဖုမ် နှင့် စဉ်ရုနိုး * တာမ္မလိတ္တတိုင်းမင်းသမီး ဂာမန်နရာယံသမီး ကေဇ်မာရာဇ် * မဂိုအင်ပါယာမင်းဆက်သို့ တရုဝရာဇာသမီးနှစ်ယောက် ထိဝပါလီ နှင့် ကေဆံမာလာ * အာရူနာချယ်ထဝီပ်စော်ဘွားခမ်းခိုင်ဘွားသမီးသမီး ပန်းကောင်းဟိုင်‌ဘွား * ဟိမဝန္တာတောင်ပေါ်ရှိ ဆိုလူခိုန်ဘူမှ အမျိုးသမီး ဘီဟာနာ့သင်ဆဘန်ထိတား * ပုဏ္ဏား ဖီစမပိသာမဟသမီး ပထ္ထမနဟစ်စွာမိ * မိုးလော်မင်းသမီး ခွန်မိုးချိုင်မိုးလော်စားသမီး ဖန်းထဝိလှိုင် * မိုးလော်ထံမှ ဖန်းထဝိလှိုင်များ ဖန်းခံး * လိုမ်ဆက်စားဗညားအဆင်းလူထိုင်သမီး ဖက်ခမ်းဆင်းမိုး * ချောင်းဒွမ်သူ ချိုနှင်မိုး * ယိုးဒယားဘုရင့်မဟဓ္မမရာဇာသမီး ဘုရင့်ဟောင်းတွင် မိဖုရားသားသမီးမရှိ အန္ဒြာဒေဝီ * ယိုးဒယားမင်းသမီး ယိုးဒယားဘုရင့်ဖမဟင်ဒရာဒိရာ့ခ်ျသမီး ဖဖိကျစ်ကျင်းဒား၊ ဘုရင့်ဟောင်း မုဆိုးမ ကလေး မမွေးဘူး တောင်ငူရောက်မင်း အမည် နန္ဒဘုရင် တွင်မြင်သည့် သားတော် ၂၄ နှစ်ချိပ်လေး၊ သမိးတော် ၁၆ တစ်ချိပ်‌ခြောက်၊ ပေါင်း လေးချိပ် ၄၀ ပါးသည်။ မဟာ ရာဇဝင်တော်ကြီး၊ ဗားဂရား ဗိမာန်တော် မော်ကွန်းတိုက်၊ ငါးဆူဒါယကာမင်း အာမဘွန် ရာဇဝင်၊ တောင်ငူရာဇဝင် မဟာ ရာဇဝင်တော်ကြီး၊ ဘားဂရာ ဗိမာန်တော် မော်ကွန်းတိုက်၊ ငါးဆူဒါယကာမင်း အာမဘွန် ရာဇဝင်၊ တောင်ငူရာဇဝင် ကိုးကား Category:တောင်ငူ-ဟံသာဝတီခေတ် Category:မြန်မာ ဘုရင်များ
ဗညားဦး
ဆင်ဖြူရှင်ဗညားဦး(၆၈၅-၇၄၅) သည် မဂဒူးမင်းဆက် ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို ၇၁၀မှ ၇၄၅ အထိ စိုးစံသည်။ ၇ဆက်မြောက်ဘုရင် ဗညားအဲလော၏ တူတော်သူဖြစ်သည်။ ခမည်းတော်မှာ စောဇိပ် ဖြစ်ပြီး မယ်တော်မှာ စန္ဒာမင်းလှ ဖြစ်သည်။ နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် (လှထိပ်ခေါင်) ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီး ခြောက်နှစ်အကြာတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော် ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝန်းမြို့ သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။ အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ မင်းလင်္ကာ၏သား မိမိတူဖြစ်သူ မညီကံကောင်းကို ဒလစားအဖြစ် ဆက်ပေးသည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော် မူလှသည် မရှိဟု သိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက်(ဗသုန်ဗန်စက်) ဟု နာမည်ပေးသည်။ နောင်သော် ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ မိဖုရားကြီးဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။ ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက ဇင်းမယ် မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကို လျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထံ ဆက်သပြီး မဟာမိတ်ပြုရသည်။ အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဉ်းချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များအား စစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။ အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။ ဇင်းမယ်စစ် ဗညားဦး နန်းတက်ပြီး သုံးနှစ်အကြာ သက္ကရာဇ် ၇၁၃တွင် စောအဲဒိတ် နှင့် ဗေါကြယ်တို့ ဒုန်ဝန်းတွင် ပုန်စားသဖြင့် လိုက်လံနှိမ်နင်းရာ စောအဲဒိတ် နှင့် ဗေါကြယ်တို့ အရေးနိမ့်ပြီး ဇင်းမယ်သို့ဝင်ပြေးကြသည်။ ၎င်းတို့နှစ်ဦး၏ ကုန်းချောမှုကို ယုံ၍ ထိုနှစ်တွင်ပင် ဇင်းမယ်မင်းသည် မုတ္တမကို လုပ်ကြံစေ၏။ မြို့ငယ်များကျ၍ ရှမ်းတို့သည် မုတ္တမကို တစ်လ၊နှစ်လမျှ ဝန်းရံထားလေသည်။ ထိုအခါ ဗညားဦး၏ ဆင်ဖြူတော်သည် ရှင်ဘုရင်အား အိပ်မက်ပေးလေ၏။ အိပ်မက်အတိုင်း လုပ်လေသော် ဇင်းမယ်ရှမ်းစစ်သည်တို့လည်း ကစဥ့်ကလျား ပြေးလွှား၍တပ်ပျက်လေ၏။ ဆင်ဖြူတော်၏ တန်ခိုးကြောင့် ဇင်းမယ်စစ်ကို အနိုင်ရခြင်းဖြစ်လေ၏။ သုံ့ပန်း၊ ဆင်မြင်း၊ အမြောက်၊ သေနတ် များစွာရလိုက်လေ၏။ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) စေတီတည်ခြင်း ဆင်ဖြူရှင် ဗညားဦးသည် ဇင်းမယ်စစ်ကို နိုင်သည့်အထိန်းအမှတ်ဖြင့် သီဟိုဠ်မင်းထံ လက်ဆောင်များဖြင့် ရာဇသံစာပို့ကာ သရီရဓာတ်တော်ကို တောင်းခံလေ၏။ သီဟိုဠ်မင်းလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သရီရဓာတ်တော်များကို ပေးခဲ့လေ၏။ ဆင်ဖြူတော်မှ ဇင်းမယ်စစ်ကို တိုက်ပေးခဲ့သည့် တောင်ထိပ်တွင် သရီရဓာတ်တော်များကို ဗညားဦး ရွှေစင်ရုပ်၊ မိဖုရားများ နှင့် မောင်းမမိဿံများ၏ ရွှေစင်ရုပ်၊ မှူးမတ်သေနာပတိများ၏ ရွှေစင်ရုပ်များက ရှိခိုးနေဟန် ဌာပနာ၍ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) ဘုရားကို တည်လေ၏။ မုတ္တမသည် ဇင်းမယ်စစ်ကို နိုင်ပြီးနောက် သာယာစည်ကားလှလေသည်။ မုတ္တမမှ ဒုန်ဝန်းသို့ ဆုတ်ခွာရခြင်း ဇင်းမယ်စစ်ကို နိုင်ပြီး သုံးနှစ်အကြာတွင် သက္ကရာဇ် ၇၀၆ခုနှစ်တွင် ဆင်ဖြူတော် အသက် ၇၀၌ အနိစ္စရောက်သည်။ ဗညားဦးမှာ စိတ်မချမ်းမသာ လွန်စွာပူပင်သောကရောက်လေ၏။ ထိုအခါ လဗူတောတွင် ဆင်ကောင်းတစ်စီးကိုတွေ့ရှိခဲ့ကြောင်း ဆင်ရံကရိတို့ လာရောက်လျှောက်တင်ကြသည်။ ထို့နောက် ဗညားဦးမင်းသည် လဗူတောတွင်းသို့ ဝင်၍ လေးလမျှကြာအောင် ဆင်ရံလေ၏။ လဗူတောသို့သွားရာ သားတော်များ၊ မြေးတော်များ၊ ဆင်မြင်းဗိုလ်ပါနှစ်သောင်းကျော်၊ ယောက်ဖတော် ဗြထဗိုက်၊ အမတ်ပွန်စို၊ အန်နရာ၊ သမိန်ဇိပ်ဗြဲ၊ စောပြလက်စသော စစ်သေနာပတိ မြို့စားကြီးများနှင့် အခြားသော မြို့စားရွာစားများ ပါဝင်သည်။ ဤသို့ ဆင်ရံသွားစဉ်အတွင်း စောအဲပြသတ်၏သားများဖြစ်သော ဗြတ်ထဗတို့ ညီနောင်လေးယောက်(ဗြတ်ထဗ၊ အဲပြဗုန်၊ လောက်ဖြား၊ ဥလို)စလုံး ပုန်စားကြလေ၏။ ဗြတ်ထဗ ကမုတ္တမတွင်၊ အဲပြဗုန်က လဂွန်းဗျည်း၊ လောက်ဖြား ကမြောင်းမြနှင့် ဥလိုက မော်လမြိုင်တွင် အခိုင်အမာ နေနှင့်ကြ၏။ ညတစ်ညတွင် လသို့ကြယ်တံခွန်ပြေးဝင်သည်ကို ဗညားဦးမြင်လျှင် ပရောဟိတ်တို့ကို နိမိတ်ဖတ်စေ၏။ ပရောဟိတ်တို့ကလည်း ကျွန်များပုန်စားကြမည်ဖြစ်ကြောင်း၊ မကြာမီသိရမည်ဖြစ်ကြောင်း၊ မြို့ရွာကို အကြာကြီးခွာ မနေသင့်ကြောင်း၊ နန်းတော်သို့ ဆောလျင်စွာ ပြန်ဝင်သင့်ကြောင်း လျှောက်ကြလေ၏။ မုတ္တမသို့ပြန်၍ ခရီးလည်သို့ရောက်လျှင် ဗြတ်ထဗပုန်စားကြောင်းကို ဗညားဦးကြားလေသည်။ ထိုအခါ မြို့စားရွာစား မှူးမတ်သေနာပတိအားလုံးကို စုရုံးပြီး ဗညားဦးကိုယ်တိုင် မုတ္တမသို့အပြင်းချီလေသည်။ မုတ္တမသို့ရောက်လျှင် မြို့ပြင်မှနေ၍ အပြင်းတိုက်သည်။ မြို့ထိပ်မှ မီးပေါက်သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် သူ့ရှင်၏ သူရဲများ သေပျောက်ကြ၏။ ဗြတ်ထဗသည် ဗညားဦးနှင့် ပါသောသူတို့၏ မယားများကို နှိပ်စက်သဖြင့် အချို့လည်း မယားကိုသနား၍ ဗြတ်ထဗထံ ညအချိန် ဝင်လာကြ၏။ ထိုအခါပွန်စိုအမတ်က ယောက်ဖတော် သမိန်ဗြထဗိုက်၏ စစ်ကူတပ်များကိုစောင့်ရန်၊ မုတ္တမတွင် ယောက်ဖတော်၏တပ်ကို ခံတိုက်စေပြီး မင်းကြီးအား ဒုန်ဝန်းသို့ ပြန်လှည့်နေရန် လျှောက်ထား၏။ သူ့ရှင်လည်း ယောက်ဖတော်ကို ဗိုလ်မင်းခန့်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။ ဗြထဗိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ်ပြု၍ ဗြထဗိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။ ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။ ဇေယျသူရကျဆုံး၍ အမတ်ငါးဦးအား ကုလားပြည်သို့ အပို့ခံရသဖြင့် ဗညားဦးလည်း လွန်စွာစိတ်ဆင်းရဲတော်မူသည်။ မုတ္တမတိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် တပ်ပျက်ခဲ့သဖြင့် နောက်ထပ်မတိုက်စေတော့ဘဲ၊ ဒုန်ဝန်းမြို့တွင်သာ သူ့ရှင်နေတော်မူသည်။ မြို့၊ ပြ၊ ကျုံးမြောင်း ခိုင်ခံ့အောင် စီရင်တော်မူသည်။ နတ်ရွာစံခြင်း ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။ နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ ဗညားဦးလွန်လျှင် ဗညားနွဲ့က ရာဇာဓိရာဇ် ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။ ကိုးကား Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ရှင်စောပု
လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီး၌ ယနေ့တိုင် ပြသထားသော ဘုရင်မကြီးရှင်စောပု၏ ရွှေခေါင်းဆောင်းပုံ။ |ရှင်စောပုစေတီတော်၊စမ်းချောင်း ရှင်စောပု () သည် ဟံသာဝတီထီးနန်းကို ၁၄၅၄ မှ ၁၄၇၁ အထိ စိုးစံအုပ်ချုပ်ခဲ့သော ဘုရင်မတစ်ပါးဖြစ်သည်။ မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ရွှေတိဂုံစေတီရှိ မွန်ကျောက်စာနှင့် အခြားမွန်ကျောက်စာများတွင် ဂြီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။မြန်မာ့စွယ်စုံ ကျမ်းအတွဲ(၁) ၁၉၇ဝ ပြည့်နှစ်၊ ပထမနှိပ်ခြင်း ရှင်စောပုသည် မွန်ရာဇဝင်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၅၅-ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ (ခရစ်နှစ် ၁၃၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ) ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညာရာံ/ဗညားရာမ်) ဖြစ်လေသည်။ သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် () နှင့် မိပကောသင် ()၊ သားကို ဗညားဗရူး () ဟူ၍ အမည်ပေးလေ၏။ သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်း(၄)ဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် (၇)နှစ် ကြာမျှ စံနေခဲ့ရလေသည်။ အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား၊ မှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟုမဆိုပဲ ညီနောင် နှစ်ပါးသာပြကာဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုသည်။)ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူ လေသည်။ သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တစ်နေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီးတောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာတကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။ ထို အကြောင်းအရာနှစ်ရပ်တွင် ပထမအကြောင်းအရာမှာ ပိုမိုခိုင်လုံပြီးလက်ခံနိုင်ဖွယ်ရှိပေသည်။ မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးကျေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း (၇)နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။ ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။ မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင် တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။ ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောက်ပြီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။ သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။)ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှူးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။(မွန်မူတွင် ခုနှစ်လဟုဆိုသည်။) မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။ နောက်ဆက်တွဲ ရှင်စောပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် များစွာစိတ်အားထက်သန်လှသူမဟုတ်ချေ။ ရွှေတိဂုံ စေတီတော်အား ဉာဏ်တော်တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ ဘဝ၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဇူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကိုလေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ ထိုမင်းသည်လည်း မြန်မာ့သမိုင်းတွင် သာဿနာတော်သန့်ရှင်းရေးအတွက် ပြုပြင်ရေးများကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သည့်အတွက် အလွန်ထင်ရှားသည်။ အပိုင်း(၂) ဘုရင်မကြီးသည် ဇရာလည်းထောင်းလာပြီဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရန် စိတ်မထက်သန်ချေ။ ထို့ပြင် ပင်ကိုကပင် တရားဓမ္မ အလှူဒါနတို့၌သာ မွေ့လျော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော်သူ တဦးကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်းသည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့်သာလျှင် အခြားသူတပါးတို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝမှ ဟံသာဝတီအရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပိဋကဓရ၏ ကျေးဇူးသည် မိမိအပေါ်၌ ကြီးမားခဲ့ခြင်းတို့ကို ထောက်ထား၍ ပိဋကဓရအား ထီးနန်းလွှဲအပ်ရန် မှူးမတ်တို့နှင့် တိုင်ပင်သည်။ မှူးမတ်တို့က သဘောမကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်းသည့် တံတားသစ်သားတိုင်ကို ထုထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ်လာသည့်အခါ ယုတ်ညံ့သည့်အသားဖြင့် ထုထားသည့်အပြစ်ကို ပမာဏမထားကြံဘဲ ရှိခိုးပူဇော်သည့် ပုံပမာကိုဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင်အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင် ဘုရင်မကြီး ဆောင်ရွက်သည်ဟု ဆိုလေသည်။ ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။ မင်းအိုဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့်အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ်တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များအနက် ကျိုက်မရော(ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန်ဘာသာဖြင့် ကျောက်စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညားဦး၏ မြေးတော် သူ့ရှင်ဗညာထာဝ်သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရောဘုရား၌ ကုသိုလ်ကောင်းမှုများပြုကြောင်း၊ မိမိ၏ အလှူဒါန၌ ဝိုင်းဝန်းကူပံ့သူများအား ကြီးပွားချမ်းသာကြစေရန် လေးနက်စွာမေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထားသည်ကို တွေ့ရလေသည်။ ကျိုက်မရောဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း(အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်းပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရောအနီးတဝိုက်ရှိ အထက်ပါဘုရားများသို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။ ရှင်စောပုသည် သမက်တော်အား ထီးနန်းလွှဲအပ်ပြီး နောက်တွင် ကောင်းမှုကုသိုလ် ပြုရေးကိုသာ လုံးလုံးလျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး(ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာအရ ရှေးဟံသာဝတီပြည့်ရှင် မဟာတိဿမင်းကြီး၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရားခုနစ်ဆူတို့ ပျက်စီးယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပုမင်းသမီးသည် မင်းကျင့်တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတကွ ထိုပျက်စီးယိုယွင်းသော ဘုရားခုနစ်ဆူတို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။ သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်းသစ်များနှင့် တကွ ရတနာခုနစ်ပါးတို့ကို ဌာပနာသည်။ ပြုသောကုသိုလ်အဖို့ကို သတ္တဝါပေါင်းအား အမျှပေးဝေ၍ ထိုကုသိုလ်ကောင်းမှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းထားလေသည်။ ရှင်စောပု၏ ဘွဲဲ့တော်ကို ယင်းကျောက်စာတွင် “ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မရာဇာဓိရာဇာဒေဝီ’’ ဟု ကမ္ဗည်းထိုးထားလေရာ အခြားကျောက်စာများတွင် ပါရှိသည့်ဘွဲဲ့ထက် ပြဝရ ပို၍ပါသည်။ ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီးရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော်တို့ ပြုပြင်မွမ်းမွံခဲ့ကြောင်းကို ရှင်စောပုလွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်းလဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုးခဲ့သော ဘုရားကြီးကျောက်စာများအနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက်စာကိုစီကုံးရေးသားသူအမည်နှင့် ကျောက်စာထုသူ ကျောက်ဆစ်သမား၏ အမည်ကိုပါ ဖော်ပြထားသည်။ ကျောက်စာပါ အခြားအကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေးဘဝက ညီတော်ဖြစ်ခဲ့သော သထုံဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသောကမင်း၏ လျှောက်တောင်းပန်ချက်အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။ သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ခြောက်ပါးတို့အား ဆံတော် ဓာတ်တဆူစီ ပေးသနားခဲ့၍ သီရိမာသောကမင်းကိုမူ ဆံတော်မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့် အခါ၌သာ သွားတော်ဓာတ်တဆူကို ဂဝံပတိထေရ်က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေးလိမ့်မည်။ ထိုသွားတော်ဓာတ်တဆူမှ ၃၃ ဆူပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိတွင် ဗျာဒိတ္တဟူ၍လုံးဝမရှိပါ) ပေးခဲ့လေသည်။ကလျာမဂ္ဂဇင်း သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ဆူပွား၍ စေတီ၃၃ဆူတည်ပြီးလျှင် ဌာပနာသည်။ ထိုမင်းနတ်ရွာစံ၍ ကာလရှည်ကြာသော် စေတီများပျက်စီးယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက်ကလည်း ပြုပြင်ခဲ့သည်။ ယခု ရှင်စောပုလက်ထက်တွင် ရှင်စောပုနှင့် သမက်တော်တို့က ပြန်လည်တည်ထားကြောင်းကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုးထားလေသည်။ ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း(၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာအရ ကျောက်စာ၌ ငွေတောင်ဟုခေါ်သော ကေလာသတောင်ရှိ စေတီတော်ကို ရှင်စောပုနှင့် သားမက်တော်တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီသည် သီရိမာသောကမင်းရရှိသည့် သွားတော်ဓာတ်အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီမင်းအဆက်ဆက်တို့ ပြုပြင်မွမ်းမံကြောင်း၊ စေတီအနီးတွင် ရှစ်မြှောင့် ပုံသဏ္ဌာန် သိမ်တော်ကြီးတဆောင်ကိုလည်းကောင်း၊ ကေလာသ ဘုရားစေတီအတွက် ဝတ္တက လယ်ယာမြေတို့ကိုလည်းကောင်း၊ သားနှင့်အမိ မင်းနှစ်ပါးက လှူဒါန်းကြောင်းများ ပါရှိလေသည်။ အထက်ဖော်ပြပါ ကျောက်စာများအရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး) ခရိုင်နှင့် သထုံခရိုင်အတွင်း၌ ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ရှေးဟောင်းစေတီတော်များစွာတို့ကို ပြန်လည်တည်ထား မွမ်းမံခဲ့ကြောင်း သိရှိရလေသည်။ ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန်(ရန်ကုန်)မြို့ရှိ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံ စေတီတော်ကြီးပေတည်း။ ဘုရင်မကြီးသည် ရွှေတိဂုံဆံတော်ရှင် စေတီကြီးအား အလွန်တရာ ကြည်ညိုလှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါတရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်းလွှဲအပ်ပြီးသည့်နောက်တွင် ဒဂုန်မြို့သို့ ရွှေ့ပြောင်းစံမြန်းသည်။ ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ ထိုမွန်ကျောက်စာတွင် မွန်ကို(ရ္မန်=ရမန်) ဟုရေးထိုးခဲ့သည်။ မွန်တိုင်းဌာန ရာမညဒေသ၏ မင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ထိုနောက် ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။ ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတလုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ စေတီတော်ကြီးအတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။ စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ အနောက်လားသော် ကျိုက်မြောင်းဘုရားအထိ မြောက်လားသော် ကျိုက်မိုးရပ်အထိ တောင်လားသော် ကျိုက်နုတ်ဘုရား (အချို့က ကျိုက်သုတ်ဟုလည်း ဆိုသည်) အထိဟူ၍ သတ်မှတ်၍ ဘုရားကြီး၏ ဝတ္တကမြေအဖြစ် လှူတော်မူသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်တော်အပြည့် ကျောက်ပြားခင်းသည်။ ရင်ပြင်တော်အဆုံး ပတ်လည်တွင် မဟာရံတံတိုင်းခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင်၊သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင်အမျိုးမျိုးကို စိုက်စေသည်။ တံတိုင်းအောက်ဆင့် စေတီပတ်ဝန်းကျင်တွင် ဇရပ်ကြီးများကို ဆောက်လုပ်စေလေသည်။ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့် စပ်လျဉ်း၍ စေတီတော်ကြီးများ၏သမိုင်းနှင့် မွန်သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့ပြင် စေတီတော်ကြီး၏ ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊ တံမြက်လှဲ၊ ပန်းတင်သမား၊ ဆီမီးခွက်ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေးဝိုင်းကိုလည်း ထားရှိသည်။ ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံလုံလောက်စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။ အနောက်ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ ဆံတော်ရှင်စေတီတော်ကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။ ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန်သည်။ ပြည်ထောင်စု မြန်မာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။ ခမည်းတော်၊ မောင်တော်၊ သားတော်၊ တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေး မဟာဆီတပါး ဖြစ်ပေသည်။ ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေရာဖြစ်မည်ဟု ခန့်မှန်းရကြောင်း ရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။ ရွှေတိဂုံဆံတော်ရှင်မြတ်၏ အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌ အသက်ထက်ဆုံး နေထိုင်ပြီးလျှင် ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ ရွှေတောင်ကြီးပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရောဂါ ဖိစီး၍ ဇိဝိန္ဒြေချုပ်လုဆဲခါနီးအထိ သမာဓိတည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင် ကံတော်ကုန်သည်ဟု ဆိုကြလေသည်။ ဘုရင်မကြီး နတ်ပြည်စံလွန်သောအခါတွင် အလောင်းတော်ကို ဟံသာဝတီသို့ ပြန်မယူဘဲ ဘုရင်မကြီး ပျော်မွေ့သည့် ဒဂုန်(ရန်ကုန်) တွင် သင်္ဂြိုဟ်ခဲ့သည်။ ဒဂုန်မြို့ မြေနီကုန်း ရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟု ယနေ့တိုင်ခေါ်ဝေါ်နေကြသော အရပ်ရှိရာ ထိုအရပ်သည် ရှင်စောပု၏ သင်္ချိုင်းတော်ရှိရာအရပ်ဟု ယူဆကြသည်။ ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။ ကိုးကား Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဓမ္မစေတီ
ဓမ္မစေတီမင်းသည် မဂဒူးမင်းဆက်တွင် ရှင်စောပု ပြီးနောက် နန်းတက်သည့် ၁၆ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်သည့် ဘွဲ့အမည်မှာ ရာမာဓိပတိ ဖြစ်သည်။https://burma.irrawaddy.com/article/2014/06/25/60942.html သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် ကျော်ကြားသည်။ နန်းတက်ပြီးမကြာမှီ မယားညီအစ်ကိုဖြစ်သည့် ပုသိမ်စား ဗညားအိမ်၏ ပုန်ကန်မှုကိုနှိမ်နှင်းရသေးသည်။ ထို့နောက် မိမိနိုင်ငံအတွင်း သာသနာစစ်မှန်စွာတည်တံ့ရေးကို လုံ့လပြုလေသည်။ သိမ်ဝင်ရဟန်းဖြစ်သော်လည်း သိမ်မစင်ကျယ်လျှင်၊သိက္ခာပေးသူ သံဃာများ မစင်ကျယ်လျှင် ရဟန်းအဖြစ်ကိုမရနိုင်ဟု သတ်မှတ်သည်ကြောင့် လည်းကောင်း၊ မိမိနိုင်ငံတွင်းတွင် ရဟန်းစစ်များမရှိတော့ဟု ယူဆသည့်အတွက်လည်းကောင်း သီရိလင်္ကာသို့ ရဟန်းများကို သင်္ဘောဖြင့်စေလွှတ်ပြီး သိက္ခာထပ်ခြင်းကို ပြုစေသည်။ ရာမည သို့ ထိုရဟန်းများ ပြန်ရောက်လျှင် အကြီးအမှူး အဖြစ်ခန့်ကာ အခြားရဟန်းများကို သိက္ခာထပ်စေသည်။ ထိုသို့ သိက္ခာထပ်ပွဲကျင်းပနိုင်ရန် သိမ်အသစ်ကို တည်ဆောက်ပေးသည်။ ကလျာဏီသိမ် ဟုသမုတ်သည်။ ကမ္ဘာ အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကြီး ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ နတ်ရွာစံလျှင် သားဖြစ်သူ ဗညားရံ နန်းတက်သည်။ ထင်ရှားသော သာသနာပြုလုပ်ငန်းများ ဘုရင်မကြီးရှင်စောပုလှူဒါန်းထားသော ရွှေတိဂုံစေတီ ဝတ္တကမြေသည် ကျယ်လွန်းလှသဖြင့် ပြန်လည်ချုံ့လိုက် သည်။ ထိုသို့ချုပ်လိုက်သည့်အတွက် ရွှေအချိန် (၂၅)ပိဿာကို ရွှေတိဂုံစေတီသို့ လှူဒါန်းသည်။ အချိန်ပိဿာ (၅၀၀)ရှိကြေးခေါင်းလောင်း (၁)လုံးနှင့် သီဟိုရ်ကျောက်ပြား (၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။ ရွှေမော်ဓောစေတီတော်ကို ဉာဏ်တော်အမြင့်(၁၈၅)တောင်ရှိလာစေရန်(၃)တောင်မြှင့်ပြီး တည်ဆောက်သည်။ မင်းနှင့် မိဖုရားတို့၏ ကိုယ်အချိန်နှင့်ညီမျှသော ရွှေ(၆၇)ပိဿာကို စေတီတော်သို့ လှူဒါန်းပြီး ရင်ပြင်တော်ကိုလည်း သီဟိုရ်ကျောက်ပြား(၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။ မဟာထေရ်(၂၂)ပါး၊ တပည့်ရဟန်း(၂၂)ပါးတို့ကို အစုအဖွဲ့(၂)ခု ဖွဲ့ကာ သီဟိုဠ်သို့စေလွှတ်ပြီး သီဟိုဠ်မဟာ ထေရ်ရဟန်းတော်တို့ ဥပ္ပဇ္ဈယ်ပြုပြီး ကလျာဏီမြစ်ဖောင်သိမ်ပေါ်တွင် စင်ကြယ်သောရဟန်းတော်များအဖြစ် ပြန်လည်ခံယူစေသည်။ အဆိုပါရဟန်းများ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဂိုဏ်းရဟန်း(၈၀၀)ပါး၊ ရဟန်းငယ်အပါး(၁၄၂၆၅)၊ သာမဏေအသစ်(၆၀၁)ပါး၊ စုစုပေါင်း(၁၅၆၆၆)ပါးတို့ကို သန့်ရှင်းသော သာသနာ တွင်တည်စေပြီး သာသနာတော်ကိုလည်းသန့်ရှင်းစင်ကြယ်စေသည်။ သောဏထေရ်နှင့် ဥတ္တရထေရ်တို့မှ အစပြုခဲ့ သည့် အကွဲကွဲအပြားပြားဖြစ်လျက်ရှိသော ရာမညနိကာယ သံဃာ့ဂိုဏ်းကိုလည်း ဟံသာဝတီတွင် တစ်ခုတည်း သော သံဃာဂိုဏ်းအဖြစ် ပြန်လည်စုစည်းခဲ့သည်။ ဂန္ထဓုရ၊ ဝိပဿနာဓုရတို့နှင့် ပြည့်စုံသောရဟန်းတော်များ၊ ကျွမ်းကျင်သော ပန်းရံ၊ ပန်းချီ၊ ဗိသုကာပညာရှင်များ ကို မာရ်နတ်ကို အောင်မြင်သည့် ဘုရားပွင့်တော်မူရာဒေသသို့ စေလွှတ်ကာ မဇ္ဈိမဒေသပုံတော်များအားလုံးကို ရေးဆွဲကူးယူပြန်လည်ယူဆောင်စေခဲ့ပြီး ဟံသာဝတီတွင် တည်ဆောက်ကုသိုလ်ပြုတော်မူသည်။ ဟံသာဝတီသတ္တဌာန၊ ကျိုက်ပွန်၊ ကျိုက်ဨနန်၊ ကျိုက်ကလွန်ပွန်၊ ကျိုက်မော့ပွန်၊ ကျိုက်တလဲ၊ ကျိုက်ဒေးဗဇေး၊ ကျိုက်မာရ်အောင်၊ ကျိုက်မိုးညက်တို့ကို တည်ထားသာသနာပြုတော်မူသည်။ ကျိုက်ပွန် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရေတွင်းပေါင်း(၃၅၀)၊ ရေကန်ပေါင်း(၁၅)ကန် တူးဖော်ပြီးကောင်းမှု ပြုသည်။ ကျောင်းကြီး(၄)ကျောင်း၊ ကျောင်းရံ(၄၀၀)ဆောက်လုပ် လှူဒါန်းသည်။ သက္ကရာဇ်(၈၃၈)ခုနှစ်တွင် ဟံသာဝတီအနောက်ဘက်၌ ကလျာဏီသိမ်တော်ကိုလည်းကောင်း၊ မွန်ဒေသအနှံ့ သိမ်ပေါင်း(၃၉၇)လုံးကိုလည်းကောင်း၊ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ဆောက်လုပ်လှူဒါန်းသည်။ “အဝိန္ဒဆောက်” အမည်ရ ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး သက္ကရာဇ်(၈၃၈) ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ တင်လှူတော်မူသည်။ ကိုးကား Category:မန်နိုင်ငံ ဘုရင် Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
နာနိုနည်းပညာ
နာနိုတက္ကနော်လော်ဂျီ (; နာနို-နည်းပညာ) သည် အလွန့်အလွန် သေးငယ်သောဒြပ်ပစ္စည်း Nanoparticles တို့ကို လေ့လာသည့် သိပ္ပံ ဘာသာရပ် ဖြစ်ပေသည်။ နာနိုအတိုင်းအတာ နာနိုသည် တစ်-နန်နိုမီတာ (၁၀ ၏ ထပ်ညွှန်းကိန်း အနုတ် ၉ မီတာ: ၁၀-၉) အတိုင်းအတာကို ကိုယ်စားပြုပေသည်။ တစ်-နန်နိုမီတာသည် မီလီမီတာ၏ တစ်သန်းပုံ တစ်ပုံ (သို့) လူ့ဆံပင်လုံးပတ်၏ ၁၈၀,၀၀၀ပုံ တစ်ပုံ နှင့်ညီမျှပေသည်။ နန်နို-ဒြပ်ထုပစ္စည်း (နန်နိုအမှုန်) nanoparticles တို့သည် သေးငယ်သော်လည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ဂုဏ်သတ္တိများမှာ ဆန်းပြားကာအံ့ဩဖွယ်ကောင်းလှပေသည်။ အရောင်နှင့် ပုံပန်းသဏ္ဌာန် ကော်လွိုက်တက်စ် အခြေအနေတွင် နာနိုအမှုန်တို့၏ အရောင်(Luster, color of particles in colloidal)မှာ ၎င်းတို့၏ အရွယ်နှင့် ပုံပန်းသဏ္ဌာန်(Size and Shape) ပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲ တတ်ကြပေသည်။ ဥပမာ- ရွှေသတ္တု၏ နာနိုအမှုန်(Gold Nanoparticles) အရောင်(Luster, color of colloidal)သည် အနီ(Red)၊ အပြာ(Blue)၊ အပြာနု(Light Blue) စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ နန်နို-ဒြပ်ပစ္စည်းတို့သည် အလွန်ပေါ့ပါးခြင်း၊ အပူစီးကူးမှုကောင်းခြင်း၊ လျှပ်စီးမှုကောင်းခြင်းတို့မှာ မူလသတ္တု၏ဂုဏ်သတ္တိထက် များစွာသာလွန်ပေသည်။ ၎င်းဒြပ်ပစ္စည်း ထုတ်လုပ်မှု့ကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးမှာလည်း လက်ရှိလေ့လာစမ်းသပ်ချက်များအရ ပြောပလောက်အောင် မတွေ့ရသေးချေ။ အသုံးချမှုများ ၎င်း၏ထူးကဲကောင်းမွန်သော ဂုဏ်သတ္တိများကြောင့်၊ ၎င်း၏ဂုဏ်သတ္တိအမျိုးမျိုးကိုလိုက်၍ နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာဖြင့် တွေးတောကြံဆ အသုံးပြုလာ ကြပေသည်။ အထူးသဖြင့် အီလက်ထရောနစ်နယ်ပယ်၊ ဆေးပညာနယ်ပယ်၊ သတင်းနှင့်နည်းပညာဆိုင်ရာနယ်ပယ်၊ စွမ်းအင်ထိန်းသိမ်းရေးကဏ္ဌဆိုင်ရာနယ်ပယ်၊ မျိုးဗီဇဆိုင်ရာနယ်ပယ်တို့တွင် အောင်မြင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက် ရှိနေသည်မှာ ဆယ်စုနှစ်ခန့်ပင်ရှိပေပြီ။ ယနေ့လက်ရှိကမ္ဘာတွင်လည်း အစိုးရအသီးသီးနှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်း အမျိုးမျိုးတို့သည်လည်း နန်နိုနည်းပညာ (Nanotechnology) ဖွံ့ဖြိုးရေးနှင့်၊ ၎င်းဒြပ်ပစ္စည်းကို အကျိုးရှိရှိထိရောက်စွာ အသုံးချနိုင်ရေး တို့အတွက်ရည်ရွယ်၍ တစ်စထက်တစ်စတိုး၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနေကြပေသည်။ အမှန်စင်စစ်အားဖြင့် နန်နိုနည်းပညာ (Nanotechnology)သည် မျက်မှောက်ခေတ်သိပ္ပံနယ်ပယ်တွင် နှစ်လိုဖွယ်အကျိုးဖြစ်ထွန်းမှု၊ အံ့မခန်းသောဒြပ်ပစ္စည်းအသစ်များ ရှာဖွေတွေ့ရှိမှုတို့နှင့် အတူယှဉ်တွဲလျှက် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ဤကမ္ဘာလောကကြီးအတွက် အမှန်တကယ်အကျိုးကျေးဇူးရှိသည့် ဆိုးကျိုးအနည်းဆုံးသော နည်းပညာသစ်တစ်ရပ် ဖြစ်သလောဆိုသည့် မေးခွန်းနှင့်လည်း ရင်ဆိုင်နေရဦးမည် ဖြစ်ပေသည်။ အက်တမ်, ဒြပ်ပစ္စည်း အခြေခံသဘောတရားများ နန်နိုသိပ္ပံနှင့် နန်နိုနည်းပညာ (Nanoscience and Nanotechnology) ၏သဘောကို နားလည်သဘောပေါက်ရန် ၎င်း၏အရေးပါပုံကို နိဒါန်းအနေနှင့် ဖော်ပြပြီးနောက် ဒြပ်သတ္တုပစ္စည်းများ၏ တည်ဆောက်ပုံနှင့်ဂုဏ်သတ္တိများကို အခြေခံကျကျနား လည်သဘောပေါက်ရန်အတွက် အက်တမ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ပြပါမည်။ ထို့အပြင် ဒြပ်သတ္တုပစ္စည်းများ၏ သဘာဝရုပ်အခြေအနေများ၊ အက်တမ်များပုံဆောင်ခဲအဖြစ်ဖွဲ့စည်းတည်ဆောက်ပုံ၊ ၎င်းတို့၏ပုံဆောင်ခဲငြမ်းများအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးပါမည်။ နန်နိုနည်းပညာနယ်ပယ်၌ အချိန်နှင့်တပြေးညီပင် အသစ်၊ အသစ်သောဒြပ်ပစ္စည်းများပေါ်ထွက်လျက် ရှိပေသည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သော သိပ္ပံပညာရပ်ကိုသိရှိနားလည်ရန်၊ သိပ္ပံနည်းကျကျလေ့လာအသုံးပြုနိုင်ရန်နှင့် အသုံးပြုနေစဉ်ဖြစ်ပေါ်တတ်သော ၎င်းတို့၏အပြုအမူကို ချုပ်ကိုင်ထားသည့်အချက်များကို နှံ့နှံ့စပ်စပ်သိရှိထားရန် အထူးလိုအပ်လှပေသည်။ အက်တမ် (အနုမြူ) များ အားလုံးသော အရာဝတ္ထုများကို အက်တမ် (အနုမြူ)များဖြင့် ဖွဲ့စည်တည်ဆောက်ထား၏။ အက်တမ်တစ်ခုစီ၏အလယ်ဗဟို၌ လျှပ်စစ်အဖိုဓာတ်ဆောင်သော ပရိုတွန် (Protons)နှင့် ဓာတ်မဲ့ နယူထရွန် (Neutrons)တို့ ပေါင်းစပ်ပါဝင်သော အလေးချိန်စီးသည့် အမြုတေ (Nucleus) တစ်ခုစီပါရှိပြီး ၎င်းသည်လျှပ်စစ်အဖိုဓာတ်ကိုဆောင်၏။ ဤအမြုတေကို လျှပ်စစ်အမဓာတ်ဆောင်သော တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍များသည့် အလွန်သေးငယ်သော အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း အဆက်မပြတ် လည်ပတ်၍ဝန်းရံထား၏။ အကြောင်းမှာ အမြုတေရှိ အဖိုဓာတ်နှင့် ၎င်းအားပတ်လမ်း အတိုင်းလှည့်ပတ်နေသော အီလက်ထရွန်အမဓာတ်တို့သည် အပြန်အလှန်ခိုင်မြဲစွာ ဆွဲငင်နေကြသောကြောင့်ဖြစ်ပေသည်။ အချို့သောအီလက်ထရွန်များသည် အမြုတေ ၏အနားမှ နီးကပ်စွာလှည့်ပတ်၍၊ အချို့မှာအမြုတေနှင့်ပို၍ဝေးသည့် နေရာများမှလှည့်ပတ်လျက် ရှိနေကြ၏။ အီလက်ထရွန်ပတ်လမ်း၏ ပျမ်းမျှအချင်းသည် ၁၀-၈ စင်တီမီတာ (၁/၁၀ဝ၀ဝ၀ဝ၀ဝ စင်တီမီတာ ) ခန့်ရှိ၏။ ပရိုတွန်နှင့်နှိုင်းစာပါက အီလက်ထရွန်များ၏ အလေးချိန်သည် ပြောပလောက်အောင်မရှိပေ။ အရွယ်ပမာဏအားဖြင့် အမြုတေ(Nucleus)သည် (ပျမ်းမျှ ၃×၁၀-၁၅ မီတာ) ရှိ၍၊ အက်တမ်မှာ (ပျမ်းမျှ ၃×၁၀-၁၀ မီတာ) ရှိပေသည်။ သို့ဖြစ်ခြင်းကြောင့် ပတ်လမ်းတစ်ခုရှိ အီလက်ထရွန်တစ်လုံးသည် အမြုတေ (Nucleus)ကို တိုက်မိရန်အခွင့်အရေးမှာ ဖြစ်နိုင်ချေအားဖြင့် သုညနီးပါးသာဖြစ်သည်။ အက်တမ်တစ်ခု၏ ဖွဲ့စည်းတည်ရှိနေပုံမှာ နေစကြဝဠာကို ချုံ့ထားသည်နှင့် ပုံသဏ္ဌာန်ဆင်တူလှပေသည်။ နေစကြဝဠာတွင်လည်း ဂြိုဟ်များသည် မိမိတို့၏ပတ်လမ်းအတိုင်း အကွာအဝေးအမျိုးမျိုးမှ နေကိုပတ်၍သွားသကဲ့သို့ အက်တမ်တစ်ခုတွင်လည်း အလယ်ဗဟိုရှိအမြုတေကို အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း ဦးတည်ချက်အမျိုး မျိုးနှင့် လှည့်ပတ်နေကြ၏။ ဤအချက်ကို ထောက်ရှု့ခြင်းအားဖြင့် အက်တမ်တစ်ခုသည် လုံးဝန်း၍အသားပြည့်နေသော အစိုင်အခဲမဟုတ်ပဲ ၎င်းအတွင်းရှိ နေရာအများစု (၉၉.၉၉%)မှာ မည်သည့်အရာမျှမရှိသော ဗလာနယ်သာဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ပေသည်။ အက်တမ်တစ်ခု၏အမြုတေတွင် ပရိုတွန်များ (Protons)နှင့် နြူထရွန်များ (Neutrons) ပါရှိ၏။ ပရိုတွန်များသည် လျှပ်စစ်အဖိုဓာတ်ဆောင်ပြီး၊ နြူထရွန်များမှာ လျှပ်စစ်ဓာတ်ပြယ် (Neutral) ဖြစ်ကာ အလေးချိန်အားဖြင့်မူ ထပ်တူထပ်မျှဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နြူထရွန်များသည် အဖိုဓာတ်ရှိသော ပရိုတွန်တစ်ခုနှင့် အမဓာတ်ရှိသော အီလက်ထရွန်တစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့်ဖြစ်၏။ အက်တမ်တစ်ခုအတွင်းရှိ အီလက်ထရွန်များသည် မိမိတို့၏ပတ်လမ်းများအတိုင်း အလွှာလိုက်တည်ရှိ ရွေ့လျှားနေကြ၏။ ဤပတ်လမ်းအလွှာများကို ဝန်းရံလွှာ(Shell) များဟု ခေါ်ကြ၏။ ဝန်းရံလွှာများတွင်ပါရှိသော အီလက်ထရွန်အရေအတွက်၊ ၎င်းတို့၏စီစဉ်တည်ရှိပုံ၊ အီလက်ထရွန်များမိမိဝင်ရိုးပေါ်တွင်လည်ပတ်ပုံလည်ပတ်နည်းနှင့် အဖိုဓာတ်ရှိ သောအမြုတေတို့ မည်သို့ပေါင်းစပ်ဖြစ်ပေါ်သည် စသည်တို့အပေါ်မူတည်၍ အက်တမ်၏အမျိုးအစားနှင့် ၎င်း၏ဝိသေသတို့ကိုဆုံးဖြတ်နိုင်သည်။ အက်တမ်တစ်ခုအတွင်း၌ရှိသော ဝန်းရံလွှာတစ်ခုစီတွင် အီလက်ထရွန်များသည် သတ်မှတ်ထားသည့် အရေအတွက်ထက်ပို၍ မပါဝင်နိုင်ပေ။ ဝန်းရံလွှာအားလုံးတွင်ပါရှိသော အီလက်ထရွန်အားလုံး၏ စုစုပေါင်းအရေအတွက်သည် အက်တမ်နံပါတ် သို့ အက်တမ်အမှတ်စဉ် (Atomic Number) နှင့်အတူတူပင်ဖြစ်၏။ ဥပမာအားဖြင့် ဟိုက်ဒရိုဂျင်၏ အက်တမ်နံပါတ်သည် (၁) ဖြစ်၏။ ထို့ကြောင့် ၎င်းတွင် အမြုတေ၌ ပရိုတွန်(၁)လုံးနှင့် ဝန်းရံလွှာ၌အီလက်ထရွန်(၁)လုံးသာ ပါရှိလေ၏။ အက်တမ်၏ဒြပ်ထုအလေးချိန် (Atomic Mass) သည် ၎င်း၏အမြုတေပေါ် များစွာမူတည်၏။ ပရိုတွန်နှင့် နြူထရွန်တစ်ခုစီတို့၏ ဒြပ်ထုအလေးချိန်သည် ၁.၆၇ × ၁၀-၂၄ ဂရမ်ဖြစ်၏။ အီလက်ထရွန်မှာမူ ၉.၁၁ × ၁၀-၂၈ ဂရမ်သာဖြစ်၏။ ဤကိန်းဂဏန်းနှစ်ခုကို ယှဉ်၍ကြည့်ပါက အီလက်ထရွန်၏ဒြပ်ထုသည် ပရိုတွန်၊ နြူထရွန်တို့နှင့် နှိုင်းစာပါက ပြောပလောက်အောင်မရှိပေ။ အလွန့်အလွန် သေးငယ်၏။ ထို့ကြောင့်အက်တမ်တစ်ခု၏ဒြပ်ထုသည် ၎င်းအက်တမ်အမြုတေ၏ဒြပ်ထု (ပရိုတွန် + နြူထရွန်များ အရေအတွက်၏ ဒြပ်ထု) နှင့်ညီမျှလေသည်။ အက်တမ်များပေါင်းစည်းခြင်း အက်တမ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဖွဲ့စည်းကြရာ၌ အခြေခံဖြစ်စဉ် (Mechanism) လေးမျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းကြ၏။ ၎င်းလေးမျိုးမှာ- သတ္တုစည်း (Metallic Bond) ဖက်စပ်စည်း (Covalent Bond) အိုင်းယွန်းနစ်စည်း (Ionic Bond) နှင့် ဗင်ဒါဝါးလ်စည်း (Vander Waal’sBond) (ဝါ) ထပ်ဆင့်စည်း (Secondary Bond) တို့ဖြစ်ကြ၏။ သတ္တုစည်း အက်တမ်များတွင် အမြုတေအား ဝန်းရံလှည့်ပတ်နေသော ဝန်းရံလွှာရှိ အီလက်ထရွန်များသည် ဒြပ်စင်တို့၏ ဂုဏ်သတ္တိများနှင့် ထူးခြားသည့်ဝိသေသတို့ကို အဆုံးအဖြတ်ပေးရာတွင် အဓိကနေရာမှ ပါဝင်၏။ အက်တမ်၏အပြင်ဘက်ဆုံး ဝန်းရံလွှာရှိအီလက်ထရွန်ကို ဗေးလင့်အီလက်ထရွန် (Valence Electron) ဟုခေါ်ဆို၏။ ၎င်းဗေးလင့်အီလက်ထရွန်များသည် ဒြပ်စဉ်၏ ဓာတုဗေလင်စီ (Chemical Valency) မည်မျှဖြစ်သည်နှင့် ဒြပ်စင်တစ်ခုနှင့်တစ်ခုမည်သည့်အချိုးနှင့် ပေါင်းစည်းပြီး မည်ကဲ့သို့သောဓာတုဒြပ်ပေါင်း (Chemical Compound) ဖြစ်ပေါ်မည်ကိုလည်းဖော်ညွှန်း၏။ ဒြပ်စင်အချို့၏အက်တမ်များသည် ၎င်းတို့၏အပြင်ဘက်ဆုံးအလွှာရှိ အီလက်ထရွန်များကို အခြားအက်တမ်တစ်ခုသို့ ပေးလိုက်ခြင်းအားဖြင့် လျှပ်စစ်အဖိုဓာတ်ကဲသောအိုင်းယွန်း (Positive ion) များဖြစ်လာကြ၏။ အီလက်ထရွန်ကို ရယူလိုက်သောအခြားအက်တမ်မှာမူ လျှပ်စစ်အမဓာတ်ကဲသောအိုင်းယွန်း (Negative ion) ဖြစ်လာ၏။ သတ္တုအစိုင်အခဲများတွင်မူ ဗေးလင့်အီလက်ထရွန်များသည် အက်တမ်တစ်ခုမှတစ်ခုသို့ ပေးခြင်းယူခြင်းမပြုကြချေ။ သတ္တု၏အဖိုအိုင်းယွန်း၏ဘေးပတ်လည်တွင် ဘုံအဖြစ်လွတ်လပ်စွာ သွားလာလှုပ်ရှားခြင်းပြုကြ၏။ ဤကဲ့သို့ဖြစ်ပေါ်လာသော အီလက်ထရွန်အစုအဝေးကြီးကို အီလက်ထရွန်တိမ်တိုက် (Electron Cloud) (ဝါ) အီလက်ထရွန်ဓာတ်ငွေ့ (Electron Gas) ဟုလည်းခေါ်ကြ၏။ ဤသို့ဗေးလင့်အီလက်ထရွန်များသည် ဘုံတိမ်တိုက်ဖြစ်သွားသည့်အတွက် ကျန်အစိတ်အပိုင်းသည် လျှပ်စစ်အဖိုဓာတ်ရှိသောအိုင်းယွန်း များဖြစ်လာကြ၏။ ထိုအဖိုဓာတ်ရှိသောအိုင်းယွန်းများနှင့် ၎င်းတို့ကိုဝန်းရံထားသည့် လျှပ်စစ်အမဓာတ်ရှိသော အီလက်ထရွန်တိမ်တိုက်တို့သည် လျှပ်စစ်တည်ငြိမ်ဆွဲငင်အား (Electrostatic Attraction) ဖြင့် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ကြပြီး ခိုင်ခံ့သောပေါင်းစည်းမှုကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို သတ္တုစည်းဟုခေါ်၏။ သတ္တုစည်းကြောင့် သတ္တုများသည် လျှပ်စစ်စီးမှုကောင်းခြင်း၊ သတ္တုများကိုမကွဲမအက်စေပဲ အလိုရှိသည့်အတိုင်းပုံသဏ္ဌာန်ရအောင် ပလတ်စတစ်ပုံပြောင်းလဲခြင်း (Plastic Deformation) တို့ကိုပြုလုပ်နိုင်ပေသည်။ ဖက်စပ်စည်း အက်တမ်များသည် ၎င်းတို့၏အပြင်ဆုံးဝန်းရံလွှာတွင် ပါရှိသော ဗေးလင့်အီလက်ထရွန်များကို အပြန်အလှန်ပူးတွဲ၍ မျှယူကြခြင်းဖြင့် ဖြစ်ပေါ်လာသော ပေါင်းစည်းခြင်းမျိုးကို ဖက်စပ်စည်းဖြင့် ပေါင်းစည်းခြင်းဟုခေါ်သည်။ အက်တမ်တစ်ခုအတွင်း၌ရှိသော ဝန်းရံလွှာတစ်ခုစီတွင် အီလက်ထရွန်များသည် သတ်မှတ်ထားသောအရေအတွက်ထက်ပိုကာ ပါဝင်၍မရနိုင်ကြောင်းကို အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ကာဗွန်အက်တမ်တစ်လုံးတွင် ၎င်း၏အပြင်ဘက်ဆုံးရှိ ဝန်းရံလွှာ၌ ဗေးလင့်အီလက်ထရွန်(၄)လုံး ပါရှိ၏။ သို့ရာတွင် အပြင်ဘက်ဆုံးဝန်းရံလွှာတို့၌ ဗေးလင့်အီလက်ထရွန်များသည် အလွှာပေါ်မူတည်၍ ၂ လုံး (သို့) ၄ လုံး (သို့) ၈ လုံး (သို့) ၁၆ လုံး အစရှိသည်…. အထိပါဝင်နိုင်ကြပြီး၊ ၎င်းအရေအတွက်ပြည့်မှသာ တည်မြဲပြည့်စုံသော ဝန်းရံလွှာဖြစ်နိုင်ကြလေသည်။ ထို့ကြောင့် အပြင်ဘက်ဆုံးဝန်းရံလွှာတွင် အီလက်ထရွန် (၄) လုံးသာရှိ၍ ၎င်း၏ အပြင်ဘက်ဆုံးအလွှာမှာမူ အီလက်ထရွန် (၈)လုံးအထိပါဝင်နိုင်သည့် ကာဗွန်အက်တမ်များသည် ၎င်း၏ပတ်ပတ်လည်တွင်ရှိသော အခြားကာဗွန်အက်တမ် (ဝါ) အနီးအနားတွင်ရှိ အခြားသောမျိုးမတူအက်တမ် တို့တွင်ရှိသည့်ဗေးလင့်အီလက်ထရွန် (၄) လုံးနှင့် ဝေငှပေါင်းစည်းကာ ပြည့်ဝတည်မြဲသောဝန်းရံလွှာ ဖြစ်စေရလေသည်။ ကာဗွန်အက်တမ်များတွင် ဗေးလင့်အီလက်ထရွန်များကို ဤကဲ့သို့ အပြန်အလှန်ပူးတွဲ၍မျှယူကာ ခိုင်ခန့်သောပေါင်းစည်းမှု ဖြစ်ပေါ်လာခြင်းဖြင့် ဖက်စပ်စည်းဖြစ်ကြောင်းသိရှိနိုင်လေသည်။ အိုင်းယွန်းနစ်စည်း ဒြပ်ပစ္စည်းတစ်ခုတွင် အက်တမ်တစ်မျိုးထက်ပို၍ ပါဝင်ခြင်းရှိနေပါက အက်တမ်တစ်ခုသည် မိမိတွင်ရှိသော ဗေးလင့်အီလက်ထရွန်ကို အခြားအက်တမ်တစ်ခုသို့ ပေးခြင်းအားဖြင့် ထိုအက်တမ်၏ အပြင်ဘက်ဆုံးတွင်ရှိသော ဝန်းရံလွှာတွင်လိုအပ်သော အီလက်ထရွန် အရေအတွက်များကို ပြည့်စေ၏။ ဤသို့ဖြင့် အီလက်ထရွန်ကိုပေးလိုက်ရသော အက်တမ်တစ်ခုတွင် ဗေးလင့်အီလက်ထရွန်များ လျော့နည်းသွားသဖြင့်လျှပ်စစ်အဖိုအိုင်းယွန်းဓာတ်ဆောင်လာ၏။ ကျန်အက်တမ်မှာမူ အခြားအက်တမ်မှ ဗေးလင့်အီလက်ထရွန်ကို လက်ခံရရှိသဖြင့် လျှပ်စစ်အမအိုင်းယွန်းဖြစ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော အဖိုနှင့်အမအိုင်းယွန်းများသည် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ကြ၏။ ဤကဲ့သို့ အိုင်းယွန်းများဖြစ်ပေါ်လာပြီး အပြန်အလှန်ဆွဲငင်ကာ ဖြစ်ပေါ်လာသည့် ပေါင်းစည်းခြင်းမျိုးကို အိုင်ယွန်းနစ်စည်းဟုခေါ်၏။ ဗင်ဒါဝါးလ်စည်း မော်လီကျူးများအချင်းချင်း (ဝါ) အက်တမ်အုပ်စုများအချင်းချင်း အားနည်းသောလျှပ်စစ်တည်ငြိမ်ဆွဲငင်အား (Weak Electrostatic Attraction)ကြောင့် အပြန်အလှန်ဆွဲငင်ခြင်းဖြစ်ရာမှ ဗင်ဒါဝါးလ်စည်းများဖြစ်လာကြသည်။ ၎င်းပေါင်းစည်းခြင်းသည်ထပ်ဆင့်စည်း (Secondary Bond) တစ်မျိုးဖြစ်၏။ ဤပေါင်းစည်းခြင်းတွင် အက်တမ်တစ်ခုမှတစ်ခုသို့ ဗေးလင့်အီလက်ထရွန်များရွေ့လျှားခြင်းမရှိပေ။ သို့ရာတွင် မော်လီကျူး၌ပါဝင်သော အက်တမ်များသို့မဟုတ် အက်တမ်အုပ်စုများအတွင်း၌ ဖက်စပ်စည်းသို့မဟုတ် အိုင်းယွန်းနစ်စည်းအားဖြင့် ပေါင်းစည်းထားကြပြီး ဤပေါင်းစည်းထားသောမော်လီကျူးသို့မဟုတ် အက်တမ်အုပ်စုထဲတွင် လျှပ်စစ်ဂုဏ်သတ္တိမညီမျှမှုကြောင့် အဖိုစွန်းနှင့်အမစွန်းများပေါ်ပေါက်လာပြီး အချင်းချင်းအပြန်အလှန်ဆွဲငင်ကြ၏။ ဤသို့ဆွဲငင်ခြင်းကြောင့် ဖြစ်ပေါ်လာသောစည်းကို ဗင်ဒါဝါးလ်စည်းဟုခေါ်၏။ နန်နိုဒြပ်ပစ္စည်း(Nanoparticles)၏ အတိုင်းအတာပမာဏ၊ အရွယ်အစား၊ ပျော်ရည်အတွင်းပျံ့နှံ့နေမှုအတိုင်းအတာကိုသိရှိနိုင်ရန် အလင်းရောင်နှင့်ဆိုင်သော ဂုဏ်သတ္တိကိုတိုင်းတာသောအခါများတွင် ဗန်ဒါဝါးလ်စည်းဖြစ်ပေါ်သည့် မော်လီကျူး သို့မဟုတ် အက်တမ်အုပ်စု၏ လျှပ်စစ်ဂုဏ်သတ္တိမညီမျှမှု (လျှပ်စစ်အဖိုစွန်း နှင့် အမစွန်းများ၏ခြားနားမှုအတိုင်းအတာ) မှာလွန်စွာအရေးပါလှပေသည်။ Nd:YAG လေဆာ Ablation နည်းစနစ်ဖြင့် အရည်ကြားခံနယ်တွင် သတ္တု အောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်းများ ဖြစ်ပေါ်စေခြင်း နန်နိုစကေးဒြပ်ဝတ္ထုပစ္စည်း (Nanoscale Materials) များသည် ၎င်း၏သေးငယ်သော ဒြပ်ပစ္စည်း အရွယ်ကမာဏ၏ ထူးကဲသော ရုပ်ပိုင်း၊ ဓာတ်ပိုင်းဂုဏ်သတ္တိများကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အထူးသဖြင့် ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ သတ္တုဗေဒပညာရှင်များသည် နည်းပညာအသစ်ဖြစ်သော ဖွံ့ဖြိုးလာနေသည့် နန်နိုနည်းပညာကို စိတ်ဝင်စားလာကြပေသည်။ နန်နိုဒြပ်ဝတ္ထုပစ္စည်းများသည် အီလက်ထရောနစ်ပစ္စည်းများ၊ ဓာတ်ကူပစ္စည်းများ (နန်နိုအရည် (Nanofluid) - အင်ဂျင်၏စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေခြင်း)၊ Lasing Materials များအဖြစ် သေးငယ်သည်ထက်သေးငယ်အောင် ပြုလုပ်ရာတွင် အလွန်အရေးကြီးလှပေသည်။ နန်နိုဒြပ်ပစ္စည်းတို့၏ ရုပ်ပိုင်း၊ ဓာတ်ပိုင်းဂုဏ်သတ္တိများသည် ၎င်း၏အရွယ်ပမာဏ (Size) ပေါ်တွင် များစွာမူတည်နေသည့်အတွက် သေးငယ်သည်ထက် သေးငယ်သောဒြပ်ပစ္စည်းများ ဖြစ်ပေါ်စေရန် ဆန်းသစ်သော နည်းနိဿယ၊ နည်းပညာကျွမ်းကျင်မှု့တို့ အထူးဖွံ့ဖြိုးတိုးတက် နေစေဖို့ လိုအပ်လှပေသည်။ သမားရိုးကျဓာတုဓာတ်လျှော့ခြင်း (Chemical Reduction) နည်းစဉ်များသည် အန္တရာယ်များသော ဓာတုဗေဒပစ္စည်းများကို အသုံးပြုရသည့်အတွက် ဖြစ်ပေါ်လာမည့် ဒြပ်ပစ္စည်းအသစ်၏ မျက်နှာပြင်တွင် ဓာတုအဆိပ်ဖြစ်ပေါ်စေနိုင်သည့်အပြင် နန်နိုဒြပ်ပစ္စည်းအသစ်၏ အရွယ်ပမာဏနှင့် ပုံပန်းသဏ္ဌာန်ကိုလည်း ထိန်းသိမ်း (Control) ရန် မစွမ်းဆောင်နိုင်ချေ။ သတ္တုအောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်းများသည် အာရုံခံကိရိယာများ (Sensors)၊ အလင်းလွှတ်ပစ္စည်းများ (Light Emitting Devices)၊ စွမ်းအင်သုံးစွဲမှုနည်းစေသောပစ္စည်းများ (Energy Saving and Harvesting Devices) ထုတ်လုပ်ခြင်းတို့တွင် များစွာအကျိုးပြုနိုင်ပေသည်။ လက်ရှိကာလတွင် Pulsed Nd:YAG လေဆာ Ablation နည်းစနစ်ကိုသုံး၍ အရည်ကြားခံနယ်တွင် သတ္တုနှင့်သတ္တုအောက်ဆိုဒ် နန်နိုဒြပ်ပစ္စည်း (metal oxide Nanoparticles) များဖြစ်ပေါ်စေခြင်း နှင့် အရွယ်အစားထိန်းချုပ်ခြင်းမှာ နည်းနိဿယအသစ်၊ နည်းစနစ်အသစ် (New Technique) ဖြစ်ပေသည်။ နန်နိုဒြပ်ပစ္စည်းတို့၏ အရွယ်ပမာဏ၊ ပုံပန်းသဏ္ဌာန်၊ ဖွဲ့စည်းတည်ဆောက်ပုံတို့မှာ လေဆာဓာတ်ရောင်ခြည်၏ အတိုင်းအတာဘောင်၊ သက်မှတ်ချက်အတိုင်းအတာဘောင် များပေါ်တွင်များစွာ မူတည်နေပေသည်။ အထူးသဖြင့် ဓာတ်ရောင်ခြည်ပေးမှုပုံစံ၊ ဓာတ်ရောင်ခြည် လှိုင်းတွန့် တစ်ခုနှင့်တစ်ခုအကွာအဝေး (ဝါ) လှိုင်းအလျား၊ ဓာတ်ရောင်ခြည်လှိုင်း၏အကျယ်၊ ဓာတ်ရောင်ခြည်လှိုင်း သက်ရောက်မှုအကြိမ်ပေါင်း၊ အရည်ကြားခံ၏ အပူချိန်၊ ပြုလုပ်စမ်းသပ်သည့် သတ္တုမျက်နှာပြင် အထက်ထားရှိသည့် ကြားခံအရည်၏ အမြင့်၊ အသုံးပြုသည့်ဓာတ်ကူ ပစ္စည်း၏ပြင်းအား စသည်တို့ကိုဂရုပြုရပေမည်။ ထုတ်လုပ်မည့်နန်နိုဒြပ်ပစ္စည်း၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ထိန်းချုပ်နိုင်ရန်အတွက် လေဆာဓာတ်ရောင်ခြည်၏ အတိုင်းအတာဘောင်၊ သတ်မှတ်ချက် အတိုင်းအတာဘောင်ကို ပမာဏများများ အသုံးပြုနိုင်ခြင်းကပင်လျှင် ယခုလေ့လာမှု၏ အကျိုးရလဒ် ဖြစ်ပေသည်။ ထုတ်လုပ်လိုက်သော နန်နိုဒြပ်ပစ္စည်းမှာလည်း သေးသောအရွယ် ပမာဏရှိခြင်း၊ ကျဉ်းသောပျံ့နှံ့မှုရှိခြင်း၊ ဒြပ်ပစ္စည်းမျက်နှာပြင်တွင်လည်း ဓာတုအဆိပ်အတောက် မဖြစ်ခြင်းတို့ကိုရရှိပေသည်။ ယခုလေ့လာမှုတွင် သတ္တုအောက်ဆိုဒ်နန်နိုဒြပ်ပစ္စည်းအချို့ ဖန်တီးဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့၏သွင်ပြင်လက္ခဏာများကို စူးစမ်းမှုများပါဝင်ပေသည်။ နိဂုံး မျက်မှောက်ခေတ်ကာလကို နည်းပညာနယ်ပယ်၌ နန်နိုခေတ်ဟုခေါ်မည်ဆိုလျှင် လွန်အံ့မထင်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သုတေသနဌာနများ၊ တက္ကသိုလ်များတွင် နန်နိုနည်းပညာနှင့် ပတ်သက်သော သုတေသနများကို အားသွန်ခွန်စိုက် ပြုလုပ်လျက် ရှိနေကြသည်မှာ သာဓကပင်။ အမှန်အားဖြင့် နန်နိုနည်းပညာပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်မျှ ရှိခဲ့လေပြီ။ လက်ရှိကာလတွင်မူ နန်နိုနည်းပညာဖြစ်ပေါ်မှုမှာ အထူးတိုးတက်စွာဖြင့် တည်ရှိနေပြီး၊ နန်နိုနည်းပညာကို ပို၍ လေ့လာလိုက်စားလျက် ရှိလာကြပေသည်။ ထိုသို့လိုက်စားရာတွင် နန်နိုနည်းပညာ၏ အရေးပါသော၊ အခြေခံဖြစ်သော နန်နိုဒြပ်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ အထူးပြုလေ့လာခြင်းတို့ မှာ အရေးပါလှပေသည်။ အလွန့်အလွန်သေးငယ်လှသော နန်နိုဒြပ်ပစ္စည်းများကို လေ့လာရာတွင် ဒြပ်ပစ္စည်းတို့၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ပါဝင်ဓာတ်ပစ္စည်းတို့ကိုသိရှိရန် SEM (Scanning Electron Microscopy) နှင့် TEM (Transmission Electron Microscopy) တက္ကနစ်တို့မှာ မသိမဖြစ် အရေးပါလှပေသည်။ ထိုစက်ပစ္စည်းတို့တွင် အထူးသဖြင့် သိရှိလိုသည့် နန်နိုဒြပ်ပစ္စည်းကို အီလက်ထရွန်ရောင်ခြည်နှင့် ရိုက်၍ ရရှိလာသော တွေရှိချက် ကိုလေ့လာခြင်းဖြစ်ပေသည်။ ၎င်းမှ ရရှိလာသော တွေ့ရှိချက်ကို ကျွမ်းကျင်စွာ လေ့လာနိုင်ရန် အီလက်က်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတုအနုစိတ်လေ့လာခြင်းနည်းစနစ်မှာ မြောက်မြားလှစွာသော နည်းစနစ်များထဲမှ တတ်မြောက်၊ လေ့လာထားရှိရမည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။ အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတုအနုစိပ်လေ့လာခြင်း ဘာသာရပ်သည် ကျိုးကြောင်း ဆီလျော်မှုရှိခြင်း၊ နည်းပညာ ဗဟုသုတရစေခြင်း တည်းဟူသော နှစ်ချက်အားဖြင့်ပင်လျှင် ဆွဲဆောင်မှု ရှိလှပေသည်။ အစိုင်အခဲနှင့် အီလက်ထရွန်ရောင်ခြည် ကြား၌ ဖြစ်ပေါ်သော အတွင်းသက်ရောက်မှု အမျိုးမျိုး၏ သဘောသဘာဝနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို လွယ်ကူရှင်းလင်း ယုတ္တိတန်စွာ ရှင်းထားသည်မှာ ဤဘာသာရပ်၏ ပထမဆွဲဆောင်ချက်ဖြစ်ပေသည်။ ၎င်းတို့၏ အတွင်းသက်ရောက်မှုအမျိုးမျိုးမှ တစ်ခုနှင့်တစ်ခု ဆက်နွယ်လျှက် အောင်မြင်စွာဖြင့် နည်းမျိုးစုံစွာ ဓာတုအနုစိပ်လေ့လာနိုင်ခြင်းမှာ ဤဘာသာရပ်၏ ဒုတိယဆွဲဆောင်ချက်ဖြစ်ပေသည်။ အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓာတု အနုစိပ်လေ့လာခြင်း၏ အခြေခံသဘောတရားမှာ သေးသွယ်၊ ကျဉ်းမြောင်း၊ တိကျသော အီလက်ထရွန်ရောင်ခြည်ဖြင့် အစိုင်အခဲ တစ်ခုအပေါ်သို့ပစ်လွှတ်၍ ဖြစ်ပေါ်ရရှိလာသည့် အကျိုးဆက်ကို လေ့လာကြည့်ခြင်းပင်ဖြစ်ပေသည်။ ပစ်လွှတ်လိုက်သော အီလက်ထရွန်များသည် အရာဝတ္ထု အစိုင်အခဲနှင့် တွေ့ထိသက်ရောက်သည်နှင့် တပြိုင်နက် ပစ်လွှတ်အီလက်ထရွန်များ၏ မူလစွမ်းအင်နှင့် လားရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည်နှင့်အတူ အပစ်ခံဝတ္ထု အစိုင်အခဲမှလည်း အိတ်ဇ်-ရောင်ခြည် (X- Rays) နှင့် အီလက်ထရွန် (အော်ဂါ-အီလက်ထရွန်, Auger electron)တို့ တပြိုင်နက်တည်း ထုတ်လွှတ်ပေသည်။ အော်ဂါ-အီလက်ထရွန် (Auger electron)မှာ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ အိတ်ဇ်-ရောင်ခြည် (X-Rays)နှင့်အတူ တပြိုင်တည်း ထွက်လာသည်မှာမှန်သော်လည်း ၎င်း၏ စွမ်းအင်မှာ (Low energy) နည်းလှပေသည်။ ဆိုလိုသည်မှာ ၎င်းအော်ဂါ-အီလက်ထရွန်များသည် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုသို့ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်သည့်အတွက် အော်ဂါ-Spectroscopy ကိုအသုံးပြု၍ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်ကို အထူးပြု လေ့လာနိုင်ပေသည်။ အစိုင်အခဲ၊ ဝတ္ထု(Specimen)ပေါ်တွင် ပစ်လွှတ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုနှင့် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ ထွက်ပေါ်လာမည့် အမျိုးမျိုးသော ဓာတ်ရောင်ခြည်တို့ကိုလေ့လာခြင်းအားဖြင့်၊ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏ ဓာတုဖွဲ့စည်းမှု (Chemical composition)ကို လွယ်ကူစွာ အဖြေထုတ်နိုင်မည် ဖြစ်ပေသည်။ ရည်ညွှန်းကိုးကား The Royal Society, “Nanoscience and nanotechnology: opportunities and uncertainties”, 2004 [online]. Available:http://www.royalsociety.org/page.asp?id=1211 . V.Raghavan., Materials Sciences and Engineering, a first course, fifth edition, New Delhi – 110001 (2004). ဦးစောအောင်လှထွန်း., အသုံးချသတ္တုဗေဒပညာ, first edition, Myanmar-MES (2007). B.D Cullity., Elements of X-Ray Diffraction, second edition, USA (1959). S. C. Singh, R.K. Swanker, R. Gopal,. Laser and Spectroscopy Lab, Mater. Sci. (2007) 30, 291. Eastman, J. A., Choi, S. U. S., Li, S., Yu, W. and Thompson, L. J. (2001) Appl. Phys. Lett. 78, 718. Kuang, W., Fan, Y. and Chen, Y. (2000) Langmuir 16, 5205. Maye, M. M., Lou, Y. and Zhong, C. (2000) Langmuir 16, 7520. Huang, M. H., Mao, S., Feick, H., Yan, H., Yiying, W., Kind, H., Weber, E., Russo, R. and Yang, P. (2001) Science, 292, 1897. Singh, S.C., Gopal, R., Physica E (In Press) 2007 Singh, S.C., Gopal, R., Phys. Chem. C (Under review) 2007 ကဏ္ဍ:နာနိုနည်းပညာ
၃၁-ဘုံ
၃၁ ဘုံ ပြပုံ ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ၃၁-ဘုံ "ဘုရားရှိခိုး အမျိုးမျိုး" စာအုပ်များတွင် အမျှဝေခြင်း အားလုံးနီးပါး၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိ အကျိုးများနိုင်ပေသည်။ ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ပြည် ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထို သုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများပင်ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှ စုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ ပြန်လည်ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သည်းခွံပေါ်၌ရှိသော မြေမှုန့်ပမာဏမျှသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေဆုံး၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူပါချေ။ ဗြဟ္မာဘုံ နှစ်ဆယ် ရူပဗြဟ္မာ ၁၆-ဘုံ ပဌမဈာန် ၃-ဘုံ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ဒုတိယဈာန် ၃-ဘုံ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ တတိယဈာန် ၃-ဘုံ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ၊ စတုတ္ထဈာန် ၇-ဘုံ ဝေဟပ္ဖိုလ်၊ အသညသတ်၊ (ရူပ(ရုပ်)သာရှိ၍ သညာ(နာမ်)မရှိသော ဗြဟ္မာ့ဘုံ) အဝိဟာ၊ အတပ္မါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ အရူပဘုံ ၄-ဘုံ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန နတ်ပြည် ခြောက်ဘုံ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ။ လူ့ဘုံ တစ်ဘုံ လူ့ဘုံ အပါယ် လေးဘုံ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲ။ မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း” ဓမ္မဒူတ အရှင်ဣန္ဒာဝုဓ “ခွဲခြားဝေဖန် ကိုးကွယ်ရန်(ရတနာမွန် မဂ္ဂဇင်း)” ကျမ်းကိုး Category:ဗုဒ္ဓဘာသာ Category:မြန်မာ့ ဓလေ့ထုံးစံ
ဗြဟ္မာဘုံ
ဗြဟ္မာဘုံ မြင့်မြတ်သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟုခေါ်သည်။ ကာမဂုဏ်ဝတ္ထုအပေါ် တပ်မက်မှု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။ ဗြဟ္မာ့ဘုံ(၂၀)တွင်- ရူပဗြဟ္မာဘုံ(၁၆)ဘုံ (ရုပ်ခန္ဓာရှိသော ဗြဟ္မာတို့ တည်ရာ) နှင့် အရူပဗြဟ္မာဘုံ(၄)ဘုံ (ရုပ်ခန္ဓာမရှိသော ဗြဟ္မာတို့ တည်ရာ) ရှိသည်။ ပါဠိမှ-မြန်မာသို့ ဘာသာပြန်အဓိပ္ပာယ် ရူပ = ရုပ်ခန္ဓာရှိခြင်း၊ ရုပ်ခန္ဓာဖြစ်ခြင်း အရူပ = ရုပ်ခန္ဓာမရှိခြင်း၊ ရုပ်ခန္ဓာမဖြစ်ခြင်း ရူပဗြဟ္မာ ဘုံ (ရုပ်ရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ရူပဗြဟ္မာမှာ ဗြဟ္မပါရိသဇ္ဇာမှ အကနိဋ္ဌအထိ ၁၆-ဘုံ ဖြစ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ(ရုပ်ခန္ဓာသာ) ရှိသည်။ ကျန်(၁၅)ဘုံမှာ ရုပ်တရား(ရုပ်ခန္ဓာ)နှင့် နာမ်တရား(နာမ်ခန္ဓာ) ၂-ပါးစလုံး ရှိကြသည်။ ဤ ရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ကာမ၌ တပ်မက်မှုဝေးသဖြင့် ယောက်ျား(ဖို)၊ မိန်းမ(မ) အင်္ဂါများမရှိပေ။ သို့သော် ပုံသဏ္ဌာန်မှာ ယောက်ျားပုံ ဖြစ်သည်။ ဗြဟ္မာများ နေထိုင်ပုံမှာ ယောဂီကြီးများ နေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။ အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မဝိဟာရတရား ၄-ပါးကို ပွားများနေကြသည်။ အချို့ကား ဈာန်သမာပတ်ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။ ဗြဟ္မပါရိသဇ္ဇာ ဘုံ ဗြဟ္မပုရောဟိတာ ဘုံ မဟာဗြဟ္မာ ဘုံ ပရိတ္တာဘာ ဘုံ အပ္ပမာဏာဘာ ဘုံ အာဘဿရာ ဘုံ ပရိတ္တာသုဘာ ဘုံ အပ္ပမာဏသုဘာ ဘုံ သုဘကိဏှာ ဘုံ ဝေဟပ္ဖိုလ် ဘုံ အသညသတ် ဘုံ အဝိဟာ ဘုံ အတပ္ပါဘုံ သုဒဿာ ဘုံ သုဒဿီ ဘုံ အကနိဋ္ဌ ဘုံ အရူပဗြဟ္မာ ဘုံ (ရုပ်မရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ရူပဗြဟ္မာ ၁၆-ဘုံအထက်တွင် အရူပဗြဟ္မာ ၄-ဘုံ ရှိသည်။ ဘုံ(တည်ရာနေရာ) ဟု ရေးသားကြ ပြောဆိုကြသည် ဆိုသော်လည်း တကယ့်ဘုံဗိမာန်(တည်ရာ၊ နေထိုင်ရာအရပ်) ရှိသည်မဟုတ်။ အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို အာကာသာနဉ္စာယတနဘုံ ဝိညာဏဉ္စာယတနဘုံ အာကိဉ္စညာယတနဘုံ နေဝသညာနာသညာယတနဘုံ ဟုခေါ်သည်။ ဈာန်ဘုံများ ပထမဈာန်ဘုံ အထက်ပါ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ သုံးဘုံကို ပထမဈာန်ရဗြဟ္မာတို့ နေထိုင်ရာဘုံ ဖြစ်သောကြောင့် ပထမဈာန် ၃-ဘုံ ဟုခေါ်သည်။ အဆင့်ဆင့်မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြသော်လည်း အသက်အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော အဓိပတိအားလျော်စွာ ကွာခြားကြသည်။ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ အထက်သို့ ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သော အရပ်၌ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိတာ နှင့် မဟာဗြဟ္မာ ဟုဆိုအပ်သော ပဌမဈာန် ၃ ဘုံ တစ်ပြင်တည်း တည်၏။ လူ့ပြည်မှ ပဌမဈာန် ၃ ဘုံတိုင်အောင် အမြင့်ယူဇနာပေါင်းကား ငါးသန်း, ခုနှစ်သိန်း, ခြောက်သောင်း ရှိ၏။ ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ) ဒုတိယဈာန်ဘုံ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ တို့ကို ဒုတိယဈာန် သုံးဘုံဟုခေါ်သည်။ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။ ပဌမဈာန်ဘုံမှသည် ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သောအရပ် တစ်ပြင်းတည်း၌ ဒုတိယဈာန် ၃ ဘုံ တည်၏။ ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ) တတိယဈာန်ဘုံ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤ တတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံ၏အထက် ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။မောင်ဝိဇ္ဇာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”ဓမ္မာစရိယ ဦးအေးနိုင် `ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ´ စတုတ္ထဈာန်ဘုံ တတိယဈာန်ဘုံမှ အထက်သို့ အထက်တွင်ဖော်ပြထားသော ယူဇနာအမြင့်ဖြင့် တစ်ပြင်တည်းသော အရပ်၌ ဝေဟပ္ဇိုလ်, အသညသတ် ဟုဆိုအပ်သော စုတုတ္ထဈာန် ၂ ဘုံ တည်၏။ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ) သုဒ္ဓါဝါသ ၅ ဘုံ အသညသတ်ဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ အဝိဟာဘုံ တည်၏။ အဝိဟာမှအထက်သို့ ၎င်း ယူဇနာဖြင့် မြင့်သောအရပ်၌ အတပ္ပါဘုံ တည်၏။ အတပ္ပါဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သော အရပ်၌ သုဒဿာဘုံ တည်၏။ သုဒဿာဘုံမှ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ သုဒဿီဘုံ တည်၏။ သုဒဿီမှ အထက်သို့ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သောအရပ်၌ အကနိဋ္ဌဗြဟ္မာဘုံ တည်၏။ ဤဗြဟ္မာ့ပြည် ၁၆ ဘုံကား ရူပါဝစရ ဗြဟ္မာ့ပြည်တည်း။ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ) အရူပ ၄ ဘုံ အကနိဋ္ဌဘုံမှ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သော အရပ်၌ အကာသာနဉ္စာယတန ဗြဟ္မာဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ ဝိညာဏဉ္စာယတနဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ အာကိဉ္စညာယတနဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သော အရပ်၌ နေဝသညာ နာသညာယတန ဗြဟ္မာဘုံတည်၏။ ဤ ၄ ဆင့်သော ဗြဟ္မာကား အရူပဗြဟ္မာတည်း။ ကျမ်းကိုး Category:၃၁-ဘုံ Category:ဗြဟ္မာဘုံ
အပါယ်လေးဘုံ
အပါယ် ဆိုသည်မှာ ပါဠိဘာသာ`အပါယ´ပုဒ်ကလာသည်။ `အပါယ´ကို `အပ+အယ´ဟု ပုဒ်ခွဲရသည်။ အပ = ကင်းသည်၊ မရှိပါ ဟု အနက်ရသည်။ အယ = နတ်ရွာ နိဗ္ဗာန်ကိုရခြင်း၊ ရောက်ခြင်း အကြောင်းဖြစ်သည့် ကုသိုလ်ကောင်းမှုကို ခေါ်သည်။ `အပ + အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ကုသိုလ်ကောင်းမှု မရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အပါယ်ဘုံသို့ ရောက်သူများသည် ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိပေ။ ဘုံ ဆိုသည်မှာ ပါဠိစကား `ဖြစ်ရာနေရာ၊ ဖြစ်ရာအရပ်´ ဟု အနက်ရသည်။ အပါယ်ဘုံဆိုသည်မှာ ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိသည့် သတ္တဝါများ၏ နေရာကို ခေါ်ဆိုသည်။ ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ (၄)ဘုံပေါင်းပြီး ခေါ်ခြင်းဖြစ်သည်။မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်” ကျမ်းကိုး Category:၃၁-ဘုံ
ငရဲ
၃၁-ဘုံ အတွက် ငရဲ (၃၁-ဘုံ)ကို ကြည့်ပါ။ ငရဲ ကို များစွာသော ဘာသာတရားများ အရ၊ တမလွန်တွင် ခံစားရန် နေရာဟု အသိအမှတ် ပြုကြသည်။ ငရဲသည် မကောင်းမှုပြုခဲ့သူများသာ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုကို ပြန်လည်ခံရသောနေရာ ဖြစ်သည်. ဘာသာအားလုံးနီးပါး၏ တညီတညွှတ်ထဲရှိသည့် သတ်မှတ်ချက်အရ ငရဲပြည်သည် အများအားဖြင့် မြေကြီးထဲတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ တွင် ငရဲကို မီးတောက်မီးလျှံများ ငရဲအိုးများထဲတွင် ခံစားရသည်ဟု ဖော်ပြထားပြီး တချို့ ငရဲများတွင် ငရဲထိန်း ငရဲခွေးတို့၏ နှိပ်စက်မှုများကို ခံစားရသည်ဟု ဖော်ပြထားသည်။ ခရစ်ယာန်ဘာသာ နှင် အစ္စလာမ်ဘာသာ တွင်မူ အင်းဆက်များ မီးတောက်မီးအိုင်များ အထဲတွင် အလွန် ခံစားစေသော ညီးငြူမှုများဖြင့် ဖော်ပြသည်။ ဤကမ္ဘာလောက၌ မှီတင်းနေထိုင်ကြသော လူမျိုးအသီးသီးတို့တွင် အဆုံးအမ အသီးသီး ရှိကြကုန်၏။ ထို အဆုံးအမတို့ကို ယေဘုယျအားဖြင့် အခြေအမြစ်ရှာကြည့်လျှင် ကောင်းသော အမှုကိုပြုသူတို့သည် ချမ်းသာ၏။ မကောင်းသော အမှုကို ပြုသူတို့သည် ဆင်းရဲ၏။ ကောင်းမှုပြုသူတို့ကား ချမ်းသောဘုံ၌ စံရ၍၊ မကောင်းမှုပြုသူတို့သည် ဆင်းရဲသောဘုံ၌ ခံရသည်။ ရှေးဂရိလူမျိုးများ၏ အယူဝါဒတွင် သေသောသူတို့၏ တမလွန် ဘဝတည်ရာဌာနသည် ဟေးဒီးဖြစ်သည်ဟူ၏။ နောင်မှ ပေါ်ပေါက်လာကြသော ခရစ်ယာန်တို့က ထိုဟေးဒီးအား ငရဲဘုံဟု ယူဆကြ၏။ ယဟူဒီလူမျိုးများကမူ ငရဲကို ဂီဟင်းနားဟု ခေါ်သည်။ ပါးရှင်းလူမျိုးတို့ ကိုးကွယ်သော ဇိုရိုအက်စတာ အယူဝါဒတွင်မူ ငရဲသည် အပြစ်ကျူးလွန် ဆိုးသွမ်းသူများကို ခေတ္တဒဏ်ခတ်ရာ ဘုံဖြစ်၍ နောက်ဆုံး ကယ်တင်ရှင်ကြီး ပေါ်ထွက်လာသည့်အခါ ငရဲပျောက်ပျက်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်အယူဝါဒတွင် ငရဲဘုံသည် အပြစ်ကျူးလွန် ဆိုးသွမ်းသူများ သွားရာဘုံဖြစ်၍ ငရဲသို့လားသူများမှာ လွတ်မြောက်ရာလမ်း မရှိချေ။ ခရစ်ယာန်ငရဲတွင် မည်သို့မည်ပုံ ငရဲခံရသည်ကိုမူ ခရစ်ယာန်ဂိုဏ်းများ ကွဲပြားသလောက် ယူဆပုံ အမျိုးမျိုး ကွဲပြားသည်။ ဗရင်ဂျီဂိုဏ်းဝင်ခရစ်ယာန်များကမူ ငရဲဘုံအပြင်၊ ပါဂဂါထရီ ခေါ်သော ဘုံရှိသေးကြောင်း၊ ထာဝရ ဘုရားသခင်အား ပစ်ပယ်ခြင်း မဟုတ်ဘဲ ယုံကြည်အားထားလျက် နှင့်ပင် ပြစ်မှုအငယ်စား ကျူးလွန်သူများသည် ကွယ်လွန်သော် အဆိုပါ ပါဂါထရီဘုံတွင် ပထမအပြစ်ဒဏ်ခံရပြီးမှ ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်း၊ ပါဂါထရီဘုံတွင် ခံစားနေရခိုက် လူ့ဘုံတွင် ကျန်ရစ်သူများက ဆုတောင်းခြင်း၊ ကွယ်လွန်သူအတွက် ဘုရားရှိခိုးခြင်း ပြုလုပ်ပါက အပြစ်ဒဏ်ခံစားရမှု လျော့ပါးကြောင်းဖြင့် ယုံကြည်ကြ၏။ ထို့အပြင် ခရစ်တော် မပေါ်ခင်က ကမ္ဘာတွင် နေထိုင်ခဲ့သူ လူများအနက်၊ သူတော်ကောင်းများသည် ကောင်းကင်ဘုံသို့ မဝင်နိုင်ခဲ့သော်လည်း၊ ငရဲဘုံသို့ မရောက်ဘဲ၊ ငရဲနှင့်မနီးမဝေး လင်းဗိုးခေါ်သောဘုံတွင် နေခဲ့ကြရကြောင်း၊ ခရစ်တော်သေခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သောအခါမူ ထိုလင်းဗိုး၌ နေရသူများအား ကောင်းကင်ဘုံသို့ ကယ်တင်သွားကြောင်းဖြင့်လည်း ခရစ်ယာန်ဝါဒပေါ်စ ခေတ်ဦးက ယုံကြည်ခဲ့ကြသည်။ မွေးခါစ သေသောကလေးများ၊ ရေဖျန်း၍ ခရစ်ယာန်သာသနာသို့ မသွင်းခင် သေဆုံးသောကလေးများမှာလည်း ခရစ်ယာန် သေခြင်းမှ ပြန်၍ အသက်ရှင်ကာ ကောင်းကင်ဘုံသို့ တက်သောအခါမူ ထိုလင်းဗိုး၌ နေသူများအား ကောင်းကင်ဘုံသို့ ချမ်းသာခြင်းလည်း မရ၊ ဆင်းရဲ ည|ဉ်းပန်းခြင်းလည်း မခံရသော လင်းဗိုးဘုံသို့ ရောက်သည်ဟု ယူဆခဲ့ကြသည်။ ဤအယူကို ဗရင်ဂျီ ခရစ်ယာန်ဂိုဏ်းသည် ယခုအထိ လက်ခံကြ၏။ ခရစ် ၁၂၆၅ ခုနှစ်၌ မွေး၍ ၁၃၂၁ ခုနှစ်တွင် ကွယ်လွန်သော အီတလီလူမျိုး ဒန်တီခေါ် ကဗျာဆရာတစ်ဦးက သူ၏ ဝိညာဉ်သည် ငရဲ၊ ပါဂါထရီနှင့် ကောင်းကင်ဘုံများသို့ အနှံ့အပြား လှည့်ပတ်ကြည့်ရှုခဲ့ကြောင်းကို အီတလီဘာသာဖြင့် လင်္ကာစပ်၍ 'ဒီဗိုင်းကော်မဒီ'ခေါ် ကဗျာရှည်ကြီးကို ရေးသားခဲ့ ရာ ငရဲနှင့် ပါဂါထရီဘုံများကို စာဖတ်သူစိတ်စွဲစေလောက် အောင် ဖော်ပြနိုင်သဖြင့် အလွန်နာမည်ကျော်ကြား သွားလေ သည်။ နေမိဘုံခန်းပျို့နှင့် နှိုင်းယှဉ်ဖတ်ရှုနိုင်လေသည်။ သိုး ဆောင်းစာပေတွင် ထိုဒန်တီ၏ကဗျာပါ ငရဲခန်း၊ ပါဂါထရီခန်း တို့မှ သရုပ်ဖော်အကွက်များကို အကြိမ်များစွာ ကိုးကား ဖော်ပြ ခြင်းများကို တွေ့နိုင်ပေသည်။ ထိုကဗျာရှည်ကြီးကို အနောက်နိုင်ငံ ဘာသာစကား အရပ်ရပ်များသို့ ပြန်ဆိုထားပေသည်။ ဗုဒ္ဓသာသနာ အဆုံးအမ၌ တည်ကြကုန်သော သူတို့က ငရဲဘုံကို ချမ်းသာမရှိ၊ ဆင်းရဲအတိပြီးသော အရပ်ဖြစ်သည်ဟု ယူဆကြ၏။ ငရဲဟူသော ဝေါဟာရမှာ အဘိဓမ္မာအလိုအားဖြင့် နိရိယဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု ဆို၏။ ပုဂံကျောက်စာ၌ ဆိုဝ်ငြယ်ဟု ရေး၏။ ဆိုးသော ငရဲဟု အဓိပ္ပာယ်ရ၏။ အဘိဓမ္မာအလို ဘုံ ၃၁ တွင် ကာမ ၁၁ ဘုံ ဟု ရှိ၏။ ထိုကာမဘုံတွင် အပါယ်လေးဘုံရှိ၏။ ထိုအပါယ် လေးပုံတို့ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့ ဖြစ်ကြ၏။ ယခု ကျွနု်ပ်တို့ လူအများနေရာ ဇမ္ဗူဒီပါတောင် ကျွန်း၏ အောက်ဆုံးအထပ်၌ ဆင်းရဲအတိပြီးသော အရပ်ကြီး ရှစ်ပါးရှိသည်ဟု ဆို၏။ ယင်းကို ငရဲကြီးရှစ်ထပ်ဟု ခေါ်ကြသည်။ ငရဲကြီး ရှစ်ထပ် ၁၂၆၃ ခုနှစ်တွင် ဘီးလင်းမြို့နေ စစ်ကဲတော်ကြီး ဦးရွှေနော်စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်းအလိုအားဖြင့် ငရဲဘုံ ဖြစ်တည်ခြင်းအကြောင်းမှာ ဤသို့တည်း။ 'ကမ္ဘာဖြစ်တည်ခြင်းနှင့် တစ်ပြိုင်နက်ဖြစ်သော အပါယ်ငရဲရှစ်ထပ်တို့၏ တည်ရာအရပ် အစောက်သည်ကား အပေါ်ပထမဖြစ်သော သိဉ္ဇိုဝ်းငရဲ၏ တည်ရာဌာနသည်ကား ယူဇနာ ရှစ်ထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် ဒုတိယဖြစ်သော ကာလသုတ်ငရဲ တည်ရာဌာနသည်ကား ယူဇာနာရှစ်ထောင့်ရှစ်ရာရှိ၏။ ယင်းအောက် တတိယဖြစ်သော သင်္ဃာငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင်ရှိ၏။ ယင်းအောက် စတုတ္ထငရဲဖြစ်သော ရောရုဝ ငရဲတည်ရာဌာနသည်ကား ယူဇနာကိုးထောင့် နှစ်ရာ ရှိ၏။ ယင်းအောက် ပဉ္စမဖြစ်သော မဟာရောရုဝငရဲ တည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့်လေးရာ ရှိ၏။ ယင်းအောက် ဆဋ္ဌမဖြစ်သော တာပနငရဲသည်ကား ယူဇနာကိုးထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် သတ္တမဖြစ်သော မဟာတာပန ငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့် ရှစ်ရာရှိ၏။ ယင်းအောက် အဋ္ဌမဖြစ်သော မဟာအဝီစိ ငရဲ တည်ရာဌာနသည်ကား ယူဇနာ တစ်သောင်းရှိ၏။ ထိုငရဲ တစ်ဘုံနှင့် တစ်ဘုံအခြား အကွာယူဇနာ ခုနစ်ရာစီချည်းနှင်နှင်ခြား ကွာ၏။ ထိုငရဲရှစ်ထပ်တို့၌ တစ်ခဲနက် သံမြေခံကုန်၏။ နံရံလေးဖက်သည်လည်း တစ်ခဲနက် သံမြေပင်ကာရံလျက် ဖြစ်၏။ အထက် အပေါ်ကလည်း ထို့အတူ တစ်ခဲနက် သံမြေ လွှမ်းမိုး၏။ ထိုငရဲဲရှစ်ထပ်နှင့် တစ်ပြိုင်နက်တည်ရာ အသူရကာယ်တို့သည် ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံမှ မိမိတို့ ကုသိုလ်ကံကုန်သည် ဖြစ်၍၊ မိမိတို့ ပြုဘူးသော ကုသိုလ်ကံ တိုက်တွန်းသဖြင့်၊ ကမ္မက္ခယစုတေခြင်းဖြင့် စုတေခဲ့ပြီးလျှင်၊ မိမိတို့အကုသိုလ်ကံနှင့် လျော်သင့်ရာ၊ နှစ်ကြိမ် သုံးကြိမ်ကာလ အခြားမရှိ၊ စုတိ ပဋိသန္ဓေဖြစ်၍ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူသော ငရဲကြီးရှစ်ထပ် တို့၌ အသူရကာယ်ဖြစ်သော ငရဲသူတို့သည် ရွှေအဆင်းကဲ့သို့ ချည်းနှင်နှင် အသီးအသီး များစွာ ဖြစ်ကြကုန်၏။ ထိုနှင့် တစ်ပြိုင်နက် ဘုံနန်းဗိမာန်၊ ရေကန်ဥယျာဉ်၊ သစ်ပင်နွယ်ကြိမ်၊ တောအုံ ချုံမြက်၊ အိုင်အင်း တောင်ကမ်းနှင့် တကွ၊ ဓား၊ လှံ၊ ခက်ရင်း၊ ရဲတင်း၊ ပုဆိန်၊ သံတံကျင်၊ သန်လျက်၊ သနတည်းဟူသော အသုံးအဆောင်မျိုးတို့သည် ဖြစ်ကြကုန်၏။ အဝန်း ယူဇနာ ကိုးဆယ်၊ အစောက်ယူဇနာ သုံးဆယ်ရှိသော တစ်ခဲနက် သံအိုးကင်းကြီးတစ်ခု၊ ယင်း သံအိုးကင်းကြီးတစ်ခုကို အဝန်း ယူဇနာသုံးဆယ်၊ အစောက် ယူဇနာ တစ်ဆယ်၊ တစ်ခဲနက် ပြီးသော သံအိုးကင်းငယ် တစ်ဆယ့်ခြောက်လုံး စီရံလျက်၊ ငရဲကြီးတစ်ထပ် တစ်ထပ်တို့ ဖြစ်ကြကုန်၏။ ထို့ပြင် ငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ် တစ်ထပ်မှာ ရှစ်မျက်နှာ၊ ရှစ်မျက်နှာတို့တွင် အငယ်ဖြစ်သော ဥဿဒ္ဒရက်ငရဲ၊ တစ်မျက်နှာကို နှစ်လုံးနှစ်လုံးစီ၊ ယူဇနာ တစ်ထောင့်ငါးရာစီ ခြားလျက် ရံ၍ ဖြစ်ကြကုန်၏။' ငရဲကြီးရှစ်ထပ်တို့တွင် မည်သို့ပင် သတ်ဖြတ် ညှဉ်းဆဲသောလည်း ကံမကုန်သမျှ အဖန်ဖန် အသက်ရှည်၍ ခံရသောငရဲကား၊ သိဉ္ဇိုဝ်းငရဲတည်း။ မည်းနက်သော တစ်မျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေ သကဲ့သို့ လှီးဖြတ်ခြင်းခံရသော ငရဲကား ကာလသုတ် ငရဲတည်း။ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန် လှိမ့်မွှေကြိတ်ချေ ညှဉ်းဆဲခြင်းခံရသော ငရဲကား သင်္ဃာတ ငရဲတည်း။ မီးတောက် မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်းနှိပ်စက်ခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးသော အသံ ရှိသည့် ငရဲကား ရောရုဝ ငရဲတည်း။ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံး နှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာ အော်မြည်နေရသော ငရဲကား မဟာရောရုဝတည်း။ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက်ခြင်းကို ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲထဲ၌ အမြဲကင်ဖုတ် ခံရေသော ငရဲကား တာပနငရဲတည်း။ အလျှံ ရဲပြောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက် မောင်းတင်ခြင်း ခံနေရ၍ မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျသော ငရဲကား မဟာတာပန တည်း။ မီးလျှံနှင့် ငရဲသားပါ ဆင်းရဲဒုက္ခနှင့်အတူ အကြားမရှိ ပြည့်နှက်နေသော ငရဲကား အဝီစိငရဲတည်း။ ဒေဝဒူတသုတ်အရ ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ လေးမျက်နှာစီရှိရာ တစ်မျက်နှာလျှင် ဥဿဒ္ဒရက် ငရဲငယ် ငါးမျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂ဝ ရှိလေသည်။ ထိုငရဲငါးမျိုးကား ဂူထပုတိက ခေါ် ဘင်ပုတ်ငရဲ၊ ကုက္ကုလုဏှခေါ် ပြာပူငရဲ၊ သိမ္ဗလိခေါ် လက်ပံတော်ငရဲ၊ အသိပတ္တခေါ် သန်လျက်တောငရဲ၊ ခါရောဒက ခေါ် ကြိမ်ပိုက်မြစ်ငရဲ ဟူလေသည်။ မန်လည်ဆရာတော်ဘုရား၏ မဃဒေဝလင်္ကာစကားအရ တစ်နည်းအားဖြင့် ငရဲငယ် ဆယ်ပါးရှိ၏။ ယင်းတို့ကား သားငါးတို့ကို ကျိုဘိသကဲ့သို့သော လောဟကုမ္ဘီခေါ် ကြေးနီအိုးငရဲ၊ သင်ဓုန်းဓားဦးဖျားကဲ့သို့ အဆူးရှိသော လက်ပံငရဲ၊ သန်လျက်ဖြင့် ဖြတ်သကဲ့သို့သော အသိခနငရဲ၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဖြင့် လောင်းသကဲ့သို့သော တမ္ဗောဒကငရဲ၊ မီးကျီလျှံသို့ ပူသော အယောဂုဠငရဲ၊ သံမီးရောင်ထသော ကျောက်တောင်ကဲ့သို့သော သေလပဗ္ဗတငရဲ၊ ဆူပွက်သည့် မြစ်ချောင်းကဲ့သို့သော ဘုသနဒီငရဲ၊ ရိုးတွင်းခြင်ဆီ ချမ်းအောင်အေးသော သီတနဒီငရဲ၊ ခွေးဘီလူးတို့ ကိုက်ခဲသော ခွေးငရဲ၊ သွေးချောင်း စီးသော ယန္တပါသာငရဲဟူတည်း။ သိုးဆောင်းစာပေတွင် ဒန်တီ၏ ငရဲခန်းသည် ထင်ပေါ်ကျော်ကြားသကဲ့သို့ မြန်မာစာပေတွင် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်က ရှင်အဂ္ဂသမာဓိ ရေးသားသော နေမိငရဲခန်းပျို့သည် ထင်ပေါ်ကျော်ကြားပေသည်။ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ်တော်ကို နိက္ခမခန်း (နေမိမဂ္ဃစိုးခန်း)ပျို့၊ ငရဲခန်းပျို့၊ ဘုံခန်းပျို့ဟူ၍ သုံးပိုင်းခွဲကာ ပျို့သုံးစောင် စီရင်ခဲ့ရာ၊ ယင်းပျို့ သုံးစောင်စလုံးသည် မြန်မာစာပေသမိုင်းတွင် ဥဒါန်းတွင်ရစ် ခဲ့ပေသည်။ အထူးသဖြင့် ငရဲခန်းပျို့နှင့် ဘုံခန်းပျို့တို့ကို 'ငရဲခန်းက ခြောက်လွန်းသည်၊ ဘုံခန်းက မြေ|ာက်လွန်းသည်'ဟု မြန်မာတို့ ဆိုစမှတ်ပြုကြကုန်၏။ သို့သော် ရှင်အဂ္ဂသမာဓိ၏ ရည်ရွယ်ချက်ကား ငရဲခန်း၌ သတိသံဝေဂ ရကြစေ၍ ဘုံခန်း၌ ကောင်းမှုကုသိုလ်ဖြင့် ကောင်းမြတ်ရာ သုဂတိသို့ လားကြရန် ရည်သန်ရင်းဖြစ်လေရာ အထူးသဖြင့် ငရဲခန်းကို ထိတ်လန့်၍ ကြက်သီးမွေးညင်း ထလောက်သော စကားတို့ဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့ လေသည်။ ငရဲ၏ ဒုက္ခကို လူတို့စိတ်၌ ကွင်းကွင်းကွက်ကွက် ပေါ်လေအောင် ဖွဲ့နွဲ့ရာ၌ 'မျက်ဆန်ခါတုတ်လေ၏တည်း'၊ 'အရေခွာဆုတ်လေ၏တည်း'၊ 'လွေ့လွေ့သတ်ပုတ်လေ၏တည်း'၊ 'ဦးခေါင်းဖြတ်ခုတ်လေ၏တည်း'၊ 'ဆင်းရဲ အလှေ အလှောင်းတည်း'၊ 'ကြွေးဟစ်ငိုကြ သောင်းသောင်းတည်း' ဟူသော သာမန် အရပ်သူအရပ်သားတို့ အဓိပ္ပာယ် သိလွယ်မြင်လွယ်သော စကားတို့ကို သုံးနှုန်းထားလေရာ လူ၏စိတ်ကိုများစွာ ထိခိုက်စေလေသည်။ ယင်းသို့ သံဝေဂတရား ပွားများစေသော စိတ်ကို နှိုးဆွပြီးမှ၊ 'ထွေထွေပြားပြား၊ မှတ်သားကုန်ပါ၊ လူတကာတို့၊ ဇရာမရဏ၊ အနိစ္စသည်၊ မြဲမတည်သည့်၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာမလွတ်၊ ဖြစ်ပျက်တတ်၏၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ခန္ဓာဟူသည်၊ အတည်မရ၊ မရဏတည့်၊ ဒုက္ခရောက်မည်၊ အမှတ် တည်၍၊ ရွှေပြည်နိဗ္ဗာန်၊ ချမ်းသာမွန်သို့၊အမှန်ရောက်ကြောင်း၊ ဘုန်းသစ်လောင်း၍၊ ကောင်းကောင်း ကျင့်ကုန်ကျရာ၏တည်း' ဟု သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကို ညွှန်ပြလေသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ကိုးကား Category:ဘာသာရေး
ဒုတိယ ဗညားရံ
မဂဒူးမင်းဆက်မှ ဒုတိယနောက်ဆုံးမင်းဖြစ်သည့် ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)သည် ဓမ္မစေတီမင်း၏ သားတော်ဖြစ်သည်။ ထူးခြားစွာ နန်းသက်ရှည်သည့် ဘုရင်တစ်ပါးဖြစ်ကာ စိတ်ဓာတ်အားဖြင့်လည်း အလွန်အေးချမ်းသိမ်မွေ့သူ ဖြစ်သည်ဟုဆိုသည်။ သူ၏နန်းသက်တစ်လျှောက်တွင် တိုင်းပြည်သည် စစ်မက်ဘေးမရှိပဲ အေးချမ်းကာ နိုင်ငံရပ်ခြားနှင့် ဆက်ဆံမှုများကောင်းမွန်ကာ ကူးသန်းရောင်းဝယ်ရေးဖွင့်ဖြိုးသဖြင့် ဟံသာဝတီသည် ချမ်းသာသော မြို့တစ်မြို့ဖြစ်လာသည်။ စစ်မက်ရေးရာကိုစိတ်ဝင်စားမှုနည်းသကဲ့သို့ ကြိုတင်ပြင်ဆင်ရန် အားနည်းခဲ့သောကြောင့် သူ၏သားတော် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီး၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
တောင်ငူမြို့
တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။ ပဲခူးတိုင်းဒေသကြီး၏ ခရိုင်မြို့နယ်တစ်ခုဖြစ်ပြီး ပါဝင်သော မြို့များမှာ တောင်ငူမြို့ ထန်းတပင်မြို့ အုတ်တွင်းမြို့ ကျောက်ကြီးမြို့ ဖြူးမြို့ ရေတာရှည်မြို့ ကေတုမတီမြို့ တို့ဖြစ်ကြသည်။ တောင်ငူသည် ရှေးမင်းအဆက်ဆက်တို့ စိုးစံခဲ့သော ရှေးဟောင်းမင်းနေပြည်တော်မြို့အဖြစ် မြန်မာ့ရာဇဝင်တွင်ထင်ရှားခဲ့သည်။ ရှေးနာမည်အရ ကေတုမတီဟု နာမည်တွင်ပြီး မြန်မာရာဇဝင်တွင် ခေတ်တစ်ခေတ်အဖြစ်အထင်အရှား ရှိခဲ့သည်။ ကေတုမတီ ခေါ် တောင်ငူမြို့ဟောင်းမှ အုတ်မြို့ရိုး၊ ကျုံးနှင့် ရှေးဟောင်းစေတီ များအား ယခုထက်တိုင်တွေ့ရှိနိုင်သေးသည်။ သမိုင်းအကျဉ်း ရာဇဝင်များ၏ အဆိုအရ ဂေါတမမြတ်စွာဘုရားရှိစဉ်ကပင် တောင်ငူမြို့တည်ရှိရာအရပ်ကို ဇေယျာဝဃုနတိုင်း ဟုခေါ်ကြောင်းဖော်ပြကြသည်။ ပုဂံပြည့်ရှင် နရပတိစည်သူမင်းသည် ဇေယျာဝဃုနတိုင်းသို့ ရောက်ရှိလာပြီး မြတ်စောညီနောင်ဘုရားနှင့် ကျောက်ဆောက်ညီနောင်ဘုရားတို့ကို ဖူးမြော်ရစဉ်၊ အခြားပြိုပျက်နေသော ရှေးဟောင်းစေတီများကိုလည်း ဖူးမြော်ခဲ့ရသည်ဟုဆိုသည်။ ထိုရှေးဟောင်းစေတီများကို ပြုပြင်ရန်အတွက် သူရဲကောင်း ရမာန်ငထွေးဟု လူသိများသော အနန္တသူရအမတ်ကြီးအား တာဝန်ပေးအပ်ခဲ့သည်။ ဘုရားပြို၊ ဘုရားပျက်များ ပြင်ဆင်ရန် အနန္တသူရအမတ်ကြီး၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ျာတို့သည် ကမ္ဘားမြင့်ရွာကို တည်ထောင်ကာ လူသူစုရုံးပြီး နေထိုင်ခဲ့ကြသည်။ တစ်နေ့တစ်ခြား စည်ကားလာသောအခါ သဝန်လကျာ်သည် ကမ္ဘားမြင့်ရွာအား မြို့စားအဖြစ် အုပ်ချုပ်လေသည်။ ကမ္ဘားမြင့်ရွာရှိသောအရပ်မှာ ယခုတောင်ငူမြို့ မြောက်ဘက်ရှိ ဆွာမြို့ တည်ရှိရာအရပ်ဟု ဆိုကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စည်ကားနေသော ကမ္ဘားမြင့်ရွာကြီးကို မုတ္တမမွန်ဘုရင်က တိုက်ခိုက် ဖျက်ဆီးခဲ့လေသည်။ မြို့စားသဝန်လက်ျာနှင့် သားမယားများအား ဖမ်းဆီးကာ ယခု ဖြူးမြို့ အရပ်တွင်ရှိသော ပျူရွာကြီးတွင် အကျယ်ချုပ် ဖမ်းထားလေသည်။ တောင်ငူငယ် (ပထမ တောင်ငူ) အကျဉ်းချခံရသော မြို့စား သဝန်လက်ျာ ကွယ်လွန်သောအခါ သားများဖြစ်ကြသော သဝန်ကြီးနှင့် သဝန်ငယ်တို့သည် ကမ္ဘားမြင့်ရွာရှိခဲ့မည် ထင်သောနေရာသို့ မှန်း၍ ပြန်လာခဲ့ကြလေသည်။ နေရာအမှတ်မှားသောကြောင့် ခပေါင်းချောင်းအနီးတွင် မြို့ရွာတည်၍ နေထိုင်ခဲ့ကြသည်။ မြို့အမည်ကိုလည်း တောင်ပူစာငူအငယ်ကို အစွဲပြုကာ တောင်ငူဟု နာမည်ပေးခဲ့ကြသည်။ ၎င်းအရပ်သည် ယခုတောင်ငူမြို့၏ အနောက်ဘက် ကြက်ရိုးပင်ခေါ်ရွာအနီးတွင် တည်ရှိပြီး၊ ဒေသခံများက တောင်ငူငယ်ဟု အခေါ်များကြသည်။ တောင်ငူကြီး (ဒုတိယ တောင်ငူ) တောင်ငူငယ်သည် တဖြည်းဖြည်း စည်ပင်ဝပြောလာသောအခါ မြို့ကွင်းမြို့ကွက်များ ကျဉ်းမြောင်းလာသည်။ ထိုအခါ ထောင်မှူးကရင်ဘ၏ အကူအညီဖြင့် ခပေါင်းချောင်းဖျား မြောက်ဘက်အရပ်သို့ ရွှေ့ပြောင်းကာ မြို့ရွာ တည်ထောင် ကြပြန်သည်။ မြို့အမည်ကို တောင်ငူကြီးဟု ခေါ်တွင်ကြသည်။ ထောင်မှူးကရင်ဘသည် နောင်အခါတွင် တောင်ငူမင်းဆက်၏ စတုတ္တမြောက်ဘုရင် ဖြစ်လာသည်။ အေဒီ ၁၂၈၂ မှစ၍ တောင်ငူကြီးမြို့တွင် မင်းဆက်ပေါင်း ၂၉ ဆက်စိုးစံခဲ့သည်။ ပထမဆုံးသောမင်းမှာ သဝန်ကြီးဖြစ်သည်ဟု ရှေးရာဇဝင်များတွင် ဖော်ပြကြသည်။ ဒွါရာဝတီ အေဒီ ၁၄၈၅ တွင် နန်းတက်ခဲ့သော တောင်ငူကြီးမင်းဆက်မှ ၂၉ ဆက်မြောက် မင်းကြီးညို လက်ထက်တွင် တောင်ငူကြီးမှ ပဲပုတ်ချောင်းအနီးသို့ ပြောင်းကာ မြဝတီမြို့ဟု အမည်သမုတ်ခဲ့ပြန်သည်။ မြဝတီမှ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်း ဆုံရာအရပ်သို့ ထပ်မံပြောင်းရွှေ့ကာ မြို့အမည်အား ဒွါရာဝတီမြို့ဟု နာမည်ပေးခဲ့သည်။ ဒွါရာဝတီမြို့နေရာသည် ယခုအခါ လောကုတ္တရာဟုခေါ်သော အရပ်တွင် တည်ရှိသည်။ ဒွါရဝတီမြို့ကို အေဒီ ၁၄၉၁ တွင်တည်ထောင်၍ နှစ်ပေါင်း ၂၀ စိုးစံခဲ့သည်။ ကေတုမတီ အေဒီ ၁၄၉၁ တွင် မင်းကြီးညိုသည် ပေါင်းလောင်းမြစ်(ယခု စစ်တောင်းမြစ်) အနောက်ဘက်တွင် ကေတုမတီဟူသော မြို့အမည်ဖြင့် မြို့သစ်၊ နန်းသစ်ကို တည်ထောင်ခဲ့သည်။ ကေတုမတီမြို့ကို တည်ထောင်သောအခါမှ ယခု တောင်ငူမြို့အတွင်းရှိ ကန်တော်ကြီးသည် မြို့တွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြို့တစ်မျက်နှာတွင် တံခါး ငါးခုစီနှင့် လေးမျက်နှာပတ်လည်တွင် စုစုပေါင်း တံခါး ၂၀ ပါဝင်ဖွဲ့စည်းထားသည်။ တံခါးမုခ်ပေါက် တခုစီမှ ထွက်ရာ အဝတိုင်းတွင်လည်း သိမ်တဆောင်ကျစီ ဆောက်လုပ်ထားသည်။ မြို့ပတ်ဝန်းကျင် အရပ်တို့တွင်လည်း တီ အမည်ပါသော မြို့ငယ်ကိုးမြို့နှင့် ကုန်းအမည်ပါသော ကျေးရွာငယ် ကိုးရွာကို တည်ဆောက်ခဲ့သည်ဟု အဆိုရှိကြသည်။ မြို့တော်ဝန်းကျင်အရပ်တို့တွင် ထန်းပင် အမြောက်အမြား စိုက်ပျိုးစေခဲ့သည်။ ထို့ကြောင့် ယခုထက်တိုင် တောင်ငူမြို့တွင် တပင်ရွှေထီးထန်းတောဟူသော နာမည်ရ ထန်းတောများကို တွေ့ရှိနိုင်သည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူသည် တန်ခိုးအင်အား ကြီးမားလာသောကြောင့် သီးခြားလွတ်လပ်သော မင်းနေပြည်အဖြစ် ထင်ရှားလာပေသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ရန်အတွက် ထင်ရှားသော အုတ်မြစ်များကို စစ်တောင်းမြစ်ဝှမ်းဒေသတွင် ချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မင်းကြီးညို နတ်ရွာစံပြီးနောက် အေဒီ ၁၅၃၀ တွင် တောင်ငူခေတ်တွင် ထင်ရှားသော တပင်ရွှေထီး နန်းတက်သည်။ တပင်ရွှေထီး လက်ထက်တွင် ဟံသာဝတီ (ပဲခူး) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် မင်းနေပြည်ကို ဟံသာဝတီသို့ ရွှေ့ပြောင်းခဲ့သည်။ တပင်ရွှေထီး လွန်ပြီးနောက် ဘုရင့်နောင် လက်ထက်တွင် တောင်ငူခေတ်သည် မြန်မာ့သမိုင်းတွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သော ကာလဖြစ်သည်။ ဘုရင့်နောင် နန်းသက်အတွင်းတွင် မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊၊အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယမြန်မာနိုင်ငံကို စည်းလုံးသောကာလအဖြစ် သမိုင်းဆရာများက သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။ တောင်ငူမှ အခြေချ၍ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်နိုင်ခဲ့သောကြောင့် တောင်ငူခေတ်၏ အမြင့်မားဆုံး ဂုဏ်သတင်းလည်း ဖြစ်ပေသည်။ ထိုကာလတွင် နှစ်ရှည်လများ အငြင်းပွားခဲ့သော မွန်-မြန်မာ ပဋိပက္ခများကိုလည်း ချုပ်ငြိမ်းစေကာ၊ ငြိမ်းချမ်းသောကာလ တခုကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီကို သိမ်းပိုက်ပြီးနောက်တွင် မိမိ၏ မူလအရပ်ဖြစ်သည့် တောင်ငူတွင် ညီဖြစ်သူ မင်းခေါင်အား ဘုရင်ခံအဖြစ် နန်းတင်ပေးခဲ့သည်။ အေဒီ ၁၅၈၄ တွင် နန်းတက်သော မင်းရဲသီဟသူသည် ကေတုမတီ တောင်ငူနန်းမြို့အား အသစ်တဖန် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မင်းရဲသီဟသူအား တောင်ငူရွှေနန်းတည်မင်းဟုလည်း ခေါ်ကြသည်။ ပေါင်းလောင်းမြစ် အနောက်ဘက်ရှိ ယခု ဆင်ဆိပ်ရွာတွင် ဆင်ကျုံးကို တည်ဆောက်စေပြီး ဆင်ရိုင်းများကို ဖမ်းယူစေခဲ့သည်။ နှစ်စဉ် ဆင်ခင်း၊ မြင်းခင်းသဘင်များကိုလည်း ကျင်းပစေခဲ့ကြောင်း ရာဇဝင်များတွင် ဖော်ပြထားသည်။ ကျင်းပသော ပွဲလမ်းသဘင်များတွင် မင်းညီမင်းသားများ ကစားကြသော ဂူလီပွဲ မှာလည်း ထင်ရှားသည်။ အနောက်နိုင်ငံများတွင် ပိုလိုကစားပွဲဟု ခေါ်သော ကစားနည်းမျိုးပင်ဖြစ်သည်။ ထိုဂူလီကစားပွဲများအတွက် ယခုတောင်ငူမြို့ရှိ ကန်လမ်းနေရာတွင် ဂူလီရိုက်ကွင်းကို တည်ဆောက်ပေးခဲ့သည်။ မြို့ကိုလည်း ပိုမိုစနစ်ကျအောင် အကွက်ချ၍၊ နေရာချထားပေးနိုင်ခဲ့သည်။ ယခု ယိုးဒယားတန်းဟု ခေါ်သောနေရာတွင် ခမည်းတော် တောင်ငူမင်းခေါင် လက်ထက်က ယိုးဒယားမှ ခေါ်ဆောင်လာသော အတတ်ပညာရှင်များနှင့် သုံ့ပန်းတို့အား အကွက်ရိုက်၍ နေရာချထားပေးခဲ့သည်။ ပန်းပဲအတတ်ပညာရှင်များကိုလည်း တသီးတခြား ရပ်ကွက်ဖွဲ့၍ နေရာချထားပေးခဲ့သည်။ မင်းရဲသီဟသူသည် အေဒီ ၁၆၀၉ တွင်နတ်ရွာစံသောအခါ သားတော်ကြီးဖြစ်သူ နတ်သျှင်နောင် တောင်ငူထီးနန်းကို စိုးစံခဲ့သည်။ နတ်သျှင်နောင်သည် တောင်ငူခေတ် စာပေလောကတွင် ထင်ရှားသော ရတုဘုရင်လည်း ဖြစ်ပေသည်။ ဘုရင့်နောင်မင်းကြီး၏ သမီးတော် ရာဇဓာတုကလျာ ကို အကြောင်းပြုကာ စပ်ဆိုခဲ့သော ကဗျာ၊ လင်္ကာများမှာ ထင်ရှားလှပေသည်။ နန်းတက်ပြီး တနှစ်အကြာတွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တောင်ငူနန်းကိုလည်း မှန်ကင်းချကာ၊ နတ်သျှင်နောင်ကို ပဒေသရာဇ် ဘုရင်ငယ်အဖြစ်သာ အသိအမှတ် ပြုတော့သည်။ ဤသို့သောအခြေအနေတွင် နတ်သျှင်နောင်သည် ပေါ်တူဂီလူမျိုး သန်လျင်စား ငစင်ကာ (ငဇင်ကာ) နှင့် ပူးပေါင်းမိရာမှ အေဒီ ၁၆၁၂ တွင် သန်လျင်မြို့တွင် အနောက်ဘက်လွန်မင်း၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ နတ်သျှင်နောင်သည် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော စာဆိုပညာရှင်အဖြစ် နေရာယူထားနိုင်ခဲ့သည်။ နတ်သျှင်နောင် ကွယ်လွန်ပြီးသော အချိန်မှစ၍ တောင်ငူမြို့သည်လည်း မင်းနေပြည်တော်အဖြစ်မှ ကျဆင်းရပ်ဆဲသည်။ ပဒေသရာဇ် ခေတ်နှောင်းကာလ၊ ကုန်းဘောင်ခေတ်တွင် အလောင်းဘုရားက သူ၏ ညီအရင်းတော်စပ်ပြီး ကုန်းဘောင်ဆက်တည်ထောင်မှုတွင် ပါဝင်ခဲ့သော သတိုးသင်္ခသူ(ဦးရွှေကြူ)ကို ဘုရင်အဖြစ် ထား၍ တောင်ငူဘုရင်အဖြစ် အုပ်ချုပ်စေခဲ့သည်။ ကိုလိုနီခေတ် တောင်ငူ အင်္ဂလိပ်တို့၏ ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီးတွင် တောင်ငူမြို့သည် ကိုလိုနီနယ်ချဲ့သမားများ၏ လက်အောက်သို့ကျရောက် ခဲ့ရသည်။ မုတ္တမ၊ သထုံ၊ ရွှေကျင်စစ်ကြောင်းမှ ၁၈၅၃ ခုနှစ်တွင် တောင်ငူမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ကာစတွင် ပဲခူးတိုင်း၏ လက်အောက်ခံခရိုင်မြို့အဖြစ်တည်ရှိရာမှ ၁၈၇၀ တွင် တနင်္သာရီတိုင်း လက်အောက်သို့ ပြောင်းရွှေ့ပေးခြင်းခံခဲ့ရသည်။ တတိယကျူးကျော်စစ်အပြီး တစ်နိုင်ငံလုံးသိမ်းပိုက်ပြီးသော အခါတွင် တောင်ငူသည် အင်္ဂလိပ် စစ်တပ်များ ထူထပ်စွာစခန်းချထားသော မြို့အဖြစ် ၁၈၉၃ ခုနှစ်အထိတည်ရှိခဲ့သည်။ တောင်ငူမြို့၏ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တောင်ငူခရိုင်တွင် လူဦးရေအလိုက် ပထမအများ ဆုံးနေထိုင်သူများမှာ မြန်မာလူမျိုးဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ ကရင်လူမျိုးများဖြစ်ကြသည်။ ၁၈၈၅ ခုနှစ် ရန်ကုန်-တောင်ငူ မီးရထားလမ်းဖေါက်ပြီးသည့် နောက်တွင် တောင်ငူမြို့သည် သိသိသာသာ စည်ကားတိုးတက်လာသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာသောကြောင့် အရောင်းအဝယ်ကောင်းကာ စည်ကားလာခဲ့ခြင်းလည်းဖြစ်သည်။ ခရစ်ယာန်သာသနာပြုများ ၏ အဓိကအချက်အချာဒေသလည်းဖြစ်လာသည်။ S.P.G သာသနာပြုအဖွဲ့သည် ၁၈၇၃ တွင်စတင်တည် ထောင်ခဲ့ပြီး၊ ဘုရားရှိခိုးကျောင်းပေါင်း ၈၉ ကျောင်း နှင့် စာသင်ကျောင်းပေါင်း ၈၈ ကျောင်းကိုတည်ဆောက်ခဲ့သည်။ ရိုမန်ကတ်သလစ် သာသနာပြုအဖွဲ့များသည် ဘုရားရှိခိုးကျောင်း ၁၄၉ ကျောင်းတည်ထောင်နိုင်ခဲ့သည်။ အမေရိကန် ဘက်(ပ်)တစ်သာသနာပြုအဖွဲ့သည် ဘုရားရှိခိုးကျောင်း(၁၅၈) ကျောင်းနှင့် စာသင်ကျောင်းပေါင်း (၇၅) ကျောင်းတည်ဆောက်နိုင်ခဲ့သည်အထိ သာသနာပြုလုပ်ငန်းများ ဖွံ့ဖြိုးခဲ့သည်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင့်ရေးအနေဖြင့် ဦးစိုးသိန်း ဂျီ-စီ-ဘီ-အေ ၏ (၁၆) ကြိမ်မြောက်ကွန်ဖရင့်ကို ၁၉၂၉၊မတ်လ၂၄ မှ ၂၇ ရက်နေ့အထိ တောင်ငူမြို့တွင် ကျင်းပခဲ့သည်။ အင်္ဂလိပ်တို့အား အပြီးအပိုင်မောင်းထုတ်လိုသောအဖွဲ့ နှင့် စေ့စပ်လိုသော အဖွဲ့များအား ညှိနိုင်းနိုင်ရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ဘက်အင်အားစုများကို စေ့စပ်၍ မရနိုင်ပဲ၊ အစဉ်အဆက်ဦးဆောင် ခဲ့သော ခေါင်းဆောင်များသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဂိုဏ်းကွဲသွားကြလေသည်။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်သော လွတ်လပ်ရေးတိုက်ပွဲကာလ တစ်လျှောက်တွင်၊ လူငယ်သခင်များသည် တောင်ငူမြို့လူထု အားစည်းရုံးနိုင်ခဲ့သည်။ မျိုးချစ်လူငယ်များကို စည်းရုံးသိမ်းသွင်းကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်စေခဲ့ပေသည်။ ထင်ရှားသော နေရာများ |၂၀၁၄ခုနှစ်က​တွေ့ရ​သော ​တောင်ငူမြို့ တောင်ငူမြို့ရှိထင်ရှားသော နေရာများမှာ- ရွှေဆံတော် စေတီ ရှင်ပင် ကျောက်ဆောက် ဘုရား မြတ်စောညီနောင် ဘုရား ကန်တော်ကြီး ပသိချောင်း အပန်းဖြေစခန်း တောင်ငူ ကွန်ပျူတာတက္ကသိုလ် တောင်ငူ နည်းပညာ တက္ကသိုလ် တောင်ငူပညာရေးကောလိပ် တောင်ငူတက္ကသိုလ် မြလိန္ဒာဘုရား ICON shopping center အကိုးအကား မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅ Category:မြန်မာနိုင်ငံရှိ မြို့များ Category:ပဲခူးတိုင်းဒေသကြီးရှိ မြို့များ