title
stringlengths
1
100
text
stringlengths
14
646k
ရွှေအိုး၊ ဦး (ဖန်ချက်ဝန်)
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအမံဖြင့် မြန်မာလူငယ်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ စေလွှတ်ပညာသင်စေရာ ပထမဆုံး မြန်မာလူမျိုးအင်ဂျင်နီယာဘွဲ့ရတစ်ဦးပေါ်ထွက်လာသည်။ ထိုသူမှာ ပြင်သစ်ပြန် ဖန်ချက်ဝန်ဦးရွှေအိုး ဖြစ်သည်။ နည်းပညာတက္ကသိုလ်(မန္တလေး)တွင်စိုက်ထူထား​သော ဦး​ရွှေအိုးရုပ်တု ရည်ညွှန်းကိုးကား Weekly Eleven ဂျာနယ် (No.15 , Vol.4 , ၂၁၊ ဇန်နဝါရီ ၊ ၂၀ဝ၉ ထုတ်) Category:ကုန်းဘောင်ခေတ် Category:မြန်မာ မှူးမတ်များ Category:ပထမ မြန်မာများ
၃၈ ဖြာ မင်္ဂလာ
မင်္ဂလာသည် ပါဠိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ "မင်္ဂံလုနာတီတိမင်္ဂလံ" ဟူ၍ အနက်ဖွင့်ဆိုကြသည်။ အဓိပ္ပာယ်မှာ မကောင်းမှု ဒုစရိုက်ကို ဖြတ်တတ်၏၊ ထို့ကြောင့် မင်္ဂလာမည်၏ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် မကောင်းမှုများ မကျရောက်နိုင်အောင် ပယ်ဖျက်တတ်သည့်သဘောအား မင်္ဂလာဟု ဆိုခြင်းဖြစ်သည်။ ဗုဒ္ဓ ရှင်တော် ဟောကြားတော် မူခဲ့သော မင်္ဂလာ တရား ၃၈ ပါး ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အားလုံးတို့အား ချမ်းသာခြင်းကို ပေးတတ်သော မင်္ဂလာတရား ၃၈-ပါး ပါဠိဘာသာမြန်မာဘာသာအသေဝနာ စ ဗာလာနံသူမိုက်ကို မဆည်းကပ်ရခြင်းပဏ္ဍိတာနဉ္စ သေဝနာဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်းပူဇာ စ ပူဇနေယျာနံပူဇော်ထိုက်သူကိုပူဇော်ခြင်းပတိရူပ ဒေသဝါသော စသင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊ပုဗ္ဗေ စ ကတ ပုညတာကောင်းမှုကုသိုလ်ပြုခဲ့ဖူးခြင်းအတ္တသမ္မာ ပဏိဓိ စကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်းဗာဟုဿစ္စဉ္စအကြားအမြင်ပညာများသူ ဖြစ်ခြင်းသိပ္ပဉ္စအပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်းဝိနယော စ သုသိက္ခိတောယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်းသုဘာသိတာ စ ယာဝါစာအင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်းမာတာပိတု ဥပဋ္ဌာနံအမိ အဖ တို့အား ပြုစု လုပ်ကျွေး ကျေးဇူးဆပ်ရခြင်းပုတ္တဒါရဿ သၚ်္ဂဟောသားမယား တို့အား စွမ်းနိုင်သလောက် ကျွေးမွေး ထောက်ပံ့ရခြင်းအနာကုလာ စ ကမ္မန္တာချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်းဒါနဉ္စပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်းဓမ္မစရိယာ စကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်းဉာတကာနဉ္စ သၚ်္ဂဟောဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်းအနဝဇ္ဇာနိ ကမ္မာနိနောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ ဝန်ထမ်း အလုပ်များကို လုပ်ရခြင်အာရတီမကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်းဝိရတိ ပါပါမကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်းမဇ္ဇပါနာ စ သံယမောသေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်းအပ္ပမာဒေါစ ဓမ္မေသုကောင်းမှုတို့၌ မမေ့မလျော့ခြင်းဂါရဝေါ စရိုသေထိုက်သူကို ရိုသေခြင်းနိဝါတော စမာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်းသန္တုဋ္ဌိ စရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်းကတညုတာမိမိ အပေါ် ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်းကာလေန ဓမ္မဿဝနံသင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်းခန္တီ စနေရာတိုင်း၌သည်းခံရခြင်းသောဝစဿတာဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်းသမဏာနဉ္စ ဒဿနံအရိယာသံဃာတော်များကို ဖူးတွေ့ရခြင်းကာလေန ဓမ္မသာကစ္ဆာလျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်းတပေါ စမကောင်းကြံ မကောင်းဩပ၊ မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊ဗြဟ္မစရိယဉ္စမြတ်သော အကျင့်ရှိခြင်းအရိယသစ္စာန ဒဿနံသစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊နိဗ္ဗာန သစ္ဆိကိရိယာ စအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိလောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊ အသောကံစိုးရိမ်ကြောင့်ကြမှု မရှိခြင်းဝိရဇံရာဂစသော ကိလေသာမြူမရှိခြင်း၊ခေမံကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။ (၃၈)ဖြာ မင်္ဂလာကဗျာများ ၃၈ ဖြာ မင်္ဂလာ ကို ကဗျာပုံစံဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ယံမင်္ဂလံ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ။ ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု သေချာဇာစ်မြစ်မသိပေ။ ဆယ့်နှစ်နှစ်တိုင်အောင် နှုတ်ပြိုင်ငြင်းလို့ မင်္ဂလာအခင်း မပြီးပေ။ မင်္ဂလာတရား ဝါဒများ ကွဲပြားနတ်လူတွေ။ အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။ ဧဝံ မေ သုတံ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ သန်းခေါင်ယံခါ မထင်ရှားသည့် နတ်သားတစ်ပါး ချဉ်းကပ်လေ ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို ထင်ရှားဟောဖို့ လျှောက်ပန်ချွေ အသေဝနာတရား အစထား ဟောကြားမိန့်ခဲ့ပေ။ အဲဒါကြောင့် နာရ၊ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။ အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တံမံ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။ သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။ ချမ်းသာကိုပေး ဆက်ဆံရေး မြော်တွေးသုံးသပ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ပဋိရူပ ဒေသဝါသော စ၊ ပုဗ္ဗေစ ကတ ပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ ဧတံမင်္ဂလမုတ္တံမံ ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ။ ရှေးကတင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။ မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့၊ ဆောက်တည်လေ။ ဥစ္စာကိုပေး နေထိုင်ရေး မြော်တွေးသုံးသပ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော၊ သုဘာသိတာ စ ယာ ဝါစာ ဧတံမင်္ဂလမုတ္တံမံ တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတရှိပါစေ။ အိုးအိမ်တည်ထောင်ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်စေ။ မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊ အနာကုလာ စ ကမ္မန္တာ ဧတံမင်္ဂလမုတ္တံမံ မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကြေကြေ။ ကြွေးသစ်ချကာ သားနှင့်မယားကို မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။ အလုပ်တာဝန်မလစ်ဟင်းနဲ့ အပြစ်ကင်းအောင် လုပ်ပါလေ။ စည်းစိမ်ကိုပေး ပြုစုရေး မြော်တွေး သုံးသပ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဒါနဉ္စ၊ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊ အနဝဇ္ဇာနိ ကမ္မာနိ ဧတံမင်္ဂလမုတ္တံမံ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။ ဆွေမျိုးတွေကို ပစ်မထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။ သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်လေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊ အပ္ပမာဒေါ စ ဓမ္မေသု ဧတံမင်္ဂလမုတ္တံမံ မကောင်းမှုတွေဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံလာလျှင် မလွန်ကျူးနှင့်၊ အထူးသဖြင့် စောင့်စည်းနေ။ အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။ လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဂါရဝေါစ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ၊ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တံမံ အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။ မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။ လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။ ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ခန္တီစ၊ သောဝစဿတာ၊ သမဏာနဉ္စ ဒဿန၊ ကာလေန ဓမ္မသာကစ္ဆာ ဧတံမင်္ဂလမုတ္တံမံ ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ချုပ်ထိန်းသည်းခံလေ။ ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။ သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏ တွေ့ဆုံလေ။ သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ တပေါစ၊ ဗြဟ္မစရိယဉ္စ၊ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ ဧတံမင်္ဂလမုတ္တံမံ လောကီအာရုံ ဇိမ်ယစ်မူးလို့ ပျော်မကြူးနဲ့ ခြိုးခြံလေ။ မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။ လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။ ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တံမံ ဆင်းရဲချမ်းသာ သဘာဝကို တွေ့ကြုံနေကြ လူတိုင်းပေ။ ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ။ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။ သောက ကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။ မင်္ဂလာအကျိုး သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို လိုက်နာကျင့်သုံး ပန်သူတွေ။ စီးပွားချမ်းသာ ကျက်သရေတိုးလို့ ကောင်းကျိုးစည်ပွင့် တဝေဝေ။ ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ကိုယ်ရောစိတ်ရော ချမ်းသာမလေ။ ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ။ အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။ နိဂုံးကဗျာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်းသတ်ကာနေ။ ငြိမ်းချမ်းပါစေ၊ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ။ သုံးဆယ့်ရှစ်ပါး မင်္ဂလာတရား ရေးသားဖြန့်ကာဝေ။ အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာက သိပါစေ။ ဒဂုန်ဦးထွန်းမြင့် ဆက်စပ်ဖတ်ရှုရန် မင်္ဂလသုတ် မင်္ဂလာတရား ၃၈-ပါး ကျမ်းကိုး ယဉ်ကျေးလိမ္မာမင်္ဂလာ စာအုပ်များ မင်္ဂလာအတွေးများ - ရဝေနွယ် မင်္ဂလသုတ်အဖွင့် - သုခ ၃၈ ဖြာ မင်္ဂလာပုံပြင်များ - မင်းယုဝေ Category:ဗုဒ္ဓဘာသာ Category:လူငယ် ယဉ်ကျေးမှု Category:မြန်မာ့ ယဉ်ကျေးမှု
ဧတဒဂ်
ဧတဒဂ် ဟူသော ပါဠိစကား၏အဓိပ္ပာယ်မှာ (ဧတံ+ဒဂ္ဂ) = ဧတဒဂ္ဂ = ဤသူသည်မြတ်၏ဟု မြတ်စွာဘုရား မိန့်တော်မူသော ပုဂ္ဂိုလ်ဖြစ်သည်။ မြတ်စွာဘုရား လက်ထက်တော်အခါက တပည့်သာဝကနှင့် ဒါယကာ ဒါယိကာမတို့တွင် ရှေးရှေးသော ဘဝသံသရာတို့က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီကုသိုလ်နှင့် တောင့်တခဲ့ဖူးသော ဆုတောင်းနှင့် ဖြည့်ကျင့်ခဲ့သော ပါရမီအလျောက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည်တို့ဖြင့် ကဲလွန်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ကို ပရိသတ်တို့အလယ်တွင် ဘုရားရှင်ကိုယ်တော်တိုင် ရွေးချယ်ကာ ဧတဒဂ် ဘွဲ့တံဆိပ်ထူးကို ချီးကျူးပေးအပ်လေ့ရှိသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅) ဥ-အွန် ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး (၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊ (၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ၊ (၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလာန်၊ (၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ၊ (၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊ (၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ၊ (၎င်းသည် ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏။) (၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ၊ (၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ (၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူသည် ငါ့ကိုမေးကြလော့ဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံဖြင့်ဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏။) (၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊ (၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊ (၁၁) စိတ်နှလုံးဖြင့်ပြီးသောကိုယ် (နိမ္မိတရုပ်) ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ဝိဝဋ္ဋ' ဘွဲ့ ကိုလည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ခုကို ရသူ အရှင်စူဠပန်၊ (၁၂) 'အဂ္ဂ သညာ ဝိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်၊ (၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိထေရ်၊ (၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေဝတထေရ်၊ (၁၅) ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေဝတ၊ (၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘဝက ဝတ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊ (၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘဝက တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ၊ (၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊ (၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝက္ကလိ၊ (၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။ (၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ၊ (၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍဒါန၊ (၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝနဝန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝင်္ဂီသ၊ (၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊ (၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊ (၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ဝိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒဝစ္ဆ၊ (၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊ (၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊ (၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊ (၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင်အာနန္ဒ၊ (၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊ (၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ၊ (၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ (၎င်းသည် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ) (၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊ (၃၅) ဝိနည်းဓိုရ်ရာထူး၌ 'အဂ္ဂဝိနယဓရ' ဘွဲ့တံဆိပ်ရသူ ဥပါလိထေရ် (၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊ (၃၇) ဣန္ဒြေကောင်းရာ၌'အဂ္ဂဣေ`န္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊ (၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု ဩဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န၊ (၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓာတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊ (၄၀) ဒေသနာတော် အသစ်အသစ် တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊ (၄၁) ညစ်နွမ်းခေါင်းပါးသောပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ။ ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး (၁) မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီ - 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်။ (၂) ခေမာထေရီ 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်။ (၃) ဥပ္ပလဝဏ်ထေရီ - 'တန်ခိုးကြီး' ဘွဲ့တံဆိပ်တော်ရသည်။ (ဘုရားရှင် ယမိုက်ပြာဋိဟာပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။ ) (၄) ပဋာစာရီထေရီ- ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ဝိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်။ (၅)ဓမ္မဒိန္နာထေရီ 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်။ (ဝိသာခါ ဒါယိကာကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ စူဠဝေဒလ္လ သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။) (၆) နန္ဒာထေရီ- ဈာန်ဝင်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်။ (၇) သောဏာထေရီ- 'လုံ့လ ဝီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်။ (၈) ဗကုလာထေရီ- 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ သကုလာဟု ရှိသည်။) (၉) ဘဒ္ဒါကုဏ္ဍလကေသာထေရီ - အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂခိပ္ပါဘိည' တံဆိပ်တော်ရသည်။ (၁၀) ဘဒ္ဒကာပိလာနီထေရီ- 'ပုဗ္ဗေနိဝါသဉာဏ်' တံဆိပ်တော်ရသည်။ (၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- 'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော်ရသည်။ (၁၂) ကိသာဂေါတမီထေရီ - ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်။ (၁၃) သိင်္ဂါလမာတုထေရီ- သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်။ ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက် (၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမသရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်။ (၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်။ (၃) ခုဇ္ဇုတ္တရာ- 'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်။ ၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ၎င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။ (၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ဝိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်။ (၅) နန္ဒမာတာ ဥတ္တရာ- ဈန်ဝင်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်။ (၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်။ (၇) သုပ္ပိယာ - သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။ (၈) ကာတိယာနီ - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အဝေစ္စ ပသန္န'ဘွဲ့တံဆိပ်တော်ရလေသည်။ (၉) နကုလမာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ဝိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ) (၁၀) ကာဠီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂအနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။ ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁၀-ယောက် (၁) တဖုဿ ဘလ္လိက ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်။ ၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားရှင်က်ု အဦးဆုံး ဖူးမြင်ရသော ထူးမြတ်သောသူတို့ပင်တည်း။ သို့သော် သံဃာရတနာ မပေါ်ထွန်းသေးရကား ဒွေဝါစိက သရဏဂုံသာ ရသည်။ (၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်ရလေသည်။ (၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၎င်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌ အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော စိတ္တသံယုတ်ကိုဟောရာတွင် ဧတဒဂ်ဘွဲ့ တံဆိပ်တော်မြတ်ရလေသည်။ (၄) ဟတ္ထကာဠာဝက - သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိသတ်အား မိမိထံသို့ရောက်အောင် ဆွဲဆောင်ရာ၌ ဘွဲ့တံဆိပ်တော်ရလေသည်။ (၅) မဟာနာမ သာကီဝင်မင်းသား- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်။ (၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂမနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်။ (၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂတသူကြွယ် - သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်။ (၈) သူရမ္ဗဋ္ဌသူဌေး - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။ (၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်ဟူ၏။ (၁၀) နကုလပိတာ သူကြွယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်။ သူသည် ဘုရားရှင်ကို ရှေးဦးအကြိမ်တွေ့ကာမျှပင် ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ကြွနေသနည်းဟု အကျွမ်းတဝင်ပြောဆိုလေသည်။ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏ အဘဖြစ်ဖူးပြီ။ ထို့အတူ ဘကြီးငါးရာ၊ ဘထွေးငါးရာ၊ ဝရီးအဖြစ် အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကို စွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား ချစ်သား ချစ်သားနှင့် ခေါ်လေ့ရှိသတတ်။ ထို့ကြောင့် 'ဝိဿာသက'ဘွဲ့တံဆိပ်ရလေသည် ဟူ၏။အင်္ဂုတ္တရ။ ပါဠိ။ ပ-အုပ်၊ နှာ-၂၃။ ရည်ညွှန်းကိုးကား Category:ဗုဒ္ဓဘာသာ Category:မြန်မာ့ ဓလေ့ထုံးစံ
အဋ္ဌာရသ ၁၈ ရပ်
တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုး (အဋ္ဌာရသ သိပ္ပံ) ကို ရှေးခေတ်၌ ယောက်ျားတို့ တတ်အပ်သော အတတ်ဟု ကျမ်းများက ပြဆိုသည်။ ယောက်ျားတို့ အတတ် (၁၈) ရပ်လည်းဟူ၏၊။ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဉှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ သိမှတ်လိုသူတို့အတွက် အသီးသီးဆက်လက် ဖော်ပြပါမည်။ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသဝိဇ္ဇာဟူ၍ ပါဠိသုံးကြ၏။ (၁) ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊ (၂) ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊ (၃) ဇောတိသတ္ထ- ဂြိုဟ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊ (၄) သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊ (၅) နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊ (၆) ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊ (၇) သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊ (၈) ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊ (၉) ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊ (၁ဝ) အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊ (၁၁) မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊ (၁၂) ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊ (၁၃) နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊ (၁၄) ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊ (၁၅) ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊ (၁၆) ဓနုဗ္ဗေဒ- လေး၊ ဓား၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊ (၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊ (၁၈) အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ သက္ကဋ ဗိသဏုပုရာဏ် အဋ္ဌာရသသိပ္ပမျိုး သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော "ဆရုတိ"ဟူသော သကဋသဒ္ဒမှ "ဆုတ်" "သုတိ"ဖြစ်လာ၏၊ သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ "ဆမရုတိ"ဟူသော သကဋဘာသာမှဖြစ်လာသည်၊ သင်္ချာ- သတ္တဝါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊သင်္ချာ(သံချာ) ယောဂ- သတ္တဝါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏ဝိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတ္စလီရသေ့၏ ယောဂကျမ်းအတတ်၊ နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောကဝတ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊ ဝိသေသိကာ-သတ္တဝါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓာတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တဝါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ဝိသေသိကအတတ်၊ ဂန္ဓဗ္ဗ- ဝါ ဂီ နစ်အတတ်၊ ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊ ဓနု- လေးပစ်အတတ်၊ ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊ ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊ ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊ တိကိစ္ဆာ- ဆေးကုအတတ်၊ မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊ ဆန္ဒတိ- ဆန်းကျမ်းအတတ်၊ ကေတုဘ- အလင်္ကာကျမ်းအတတ်၊ သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊ မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။) တစ်နည်း သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်) သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊ သင်္ချာ- သဘာဝ၏ မှန်ကန်ခြင်းသဘာတို့ကို လူတို့၏အသိနှင့် ‌ပေါင်းစပ်ချင့်ချိန်အပ်သောအတတ်။ ယောဂါ- တံစဉ်း စူး ဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊) နီတိ- နီတိကျမ်းအတတ်၊ ဝိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်) ဂန္ဓဗ္ဗာ- စောင်း ငြင်းစသော ကဗျာလင်္ကာအတတ်၊ ဂဏီကာ- ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ အတတ်။ ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊ ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊ တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊ ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊ ဇောတိ- ဟူးရားနက္ခတ်အတတ်၊ မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်) ဆန္ဒ- ဆန်းကျမ်းအတတ်၊ ကေတု- သံတမန်အတတ်၊ မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊ သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ) ရည်ညွှန်းကိုးကား Category:ယဉ်ကျေးမှု Category:သမိုင်း Category:မနုဿဗေဒ Category:ဗုဒ္ဓဘာသာ Category:မြန်မာ့ ဓလေ့ထုံးစံ
မြန်မာ့သမိုင်း
မြန်မာ့သမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ ပထမဆုံးလူသားအခြေချနေထိုင်ခဲ့သောကာလမှ ယနေ့ခေတ်အထိ အကျုံးဝင်သည်။ သမိုင်းတင်ခေတ်၏ အစောဆုံးလူသားများသည် တိဗက်-ဗမာစကားပြောလူမျိုးများဖြစ်ကြသည်။ သူတို့သည် ပြည်ဒေသအထိ ကျယ်ဝန်းသော ပျူမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ လက်ငင်းလေ့လာနိုင်သည့် သမိုင်းမှတ်တမ်းများအရ ၉ရာစုအစောပိုင်းတွင် ဗမာလူမျိုးစုအဖြစ်ထင်ရှားလာကာ ဧရာဝတီမြစ်ဝှမ်းနှင့် ၎င်း၏ အစွန်အဖျားဒေသများကို ပထမဆုံးအကြိမ်အဖြစ် စုစည်း၍ ပုဂံဘုရင့်နိုင်ငံကို ဆက်လက်တည်ထောင်ခဲ့ကြသည်။ ဤကာလအတွင်း ဗမာဘာသာ၊ ဗမာ့ယဉ်ကျေးမှုသည် ယနေ့ပျူဟုခေါ်သော အစောပိုင်း ဓလေ့များကို တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့သည်။ ၁၂၈၇ ခု မွန်ဂိုကျူးကျော်စစ်ဖြစ်ပြီးနောက် ဘုရင့်နိုင်ငံငယ်အများအဖြစ် ပြိုကွဲသွားခဲ့ရာ ထိုအထဲတွင် အင်းဝဘုရင့်နိုင်ငံ၊ ဟံသာဝတီဘုရင့်နိုင်ငံ၊ မြောက်ဦးဘုရင့်နိုင်ငံနှင့် ရှမ်းပြည်ထောင်များသည် အဓိကအင်အားစုနိုင်ငံများဖြစ်ခဲ့ကြသည်။ ထိုဘုရင့်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မဟာမိတ်အကူးအပြောင်း၊ စစ်မက်အရေးအခင်းများဖြင့် နိုင်ငံ့ရှုခင်းကို လွှမ်းမိုးခြယ်လှယ်ခဲ့ကြသည်။ ၁၆ရာစုအလယ်တွင် တောင်ငူမင်းဆက်(၁၅၁၀-၁၇၅၂)သည် နိုင်ငံကိုပြန်လည်စုစည်း၍ အရှေ့တောင်အာရှသမိုင်းတွင် အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတောင်ငူမင်းများသည် အဓိကအုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်း၍ ၁၇ရာစုနှင့် ၁၈ရာစုဦးတွင် ပိုသေးငယ်၊ ပိုငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော ဘုရင့်နိုင်ငံကို ပေါ်ပေါက်စေခဲ့သည်။ ၁၈ရာစုအလယ်တွင် ကုန်းဘောင်မင်းဆက်(၁၇၅၂-၁၈၈၅)သည် နိုင်ငံကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး အစွန်အဖျားဒေသများတွင် ဗဟိုအုပ်စိုးမှုတိုးမြှင့်ထားသည့် တောင်ငူခေတ်ပြုပြင်ပြောင်းလဲမှုအတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ ကုန်းဘောင်မင်းဆက်သည် အာရှတိုက်တွင် စာတတ်မြောက်သူဦးရေအများဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်စေခဲ့သည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံအားလုံးနှင့်လည်း စစ်မက်ဆက်လက်ဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်-ဗမာစစ်ပွဲစဉ်(၁၈၂၄-၁၈၈၅)ထိ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုလက်အောက်သို့ ကျရောက်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်မှုသည် လူမှုရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊အုပ်ချုပ်ရေးပြောင်းလဲမှုများကို ယူဆောင်လာခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံသည် နိုင်ငံရေးနှင့်တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော လက်နက်ကိုင်အဖွဲ့များနှင့် ခေတ်အဆက်ဆက်ဗဟိုအစိုးရများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ နိုင်ငံသည် ၁၉၆၂ မှ ၂၀၁၀ အထိနှင့် တစ်ဖန် ၂၀၂၁ မှ ယနေ့အထိ စစ်တပ်၏ အသွင်ပြောင်းအုပ်ချုပ်မှုအမျိုးမျိုးအောက်ရောက်ခဲ့ပြီး တိုင်းပြည်ပထဝီအနေအထားအရ ပြည်ပစွက်ဖက်မှုများ ခံရကာ ဤသို့ သံသရာလည်ဖြစ်စဉ်ကြောင့် နဂိုကိုယ်ခံအားမကောင်းနိုင်သေးသည့်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်နေဆဲပင်ဖြစ်သည်။ သမိုင်းမတင်မီ အစောဆုံးသုတေသနအထောက်အထားများက အတည်ပြုထားသည်မှာ မြန်မာ့ဒေသတွင် ဘီစီ ၁၁၀၀၀ လောက်ကတည်းက ယဉ်ကျေးမှုများတည်ရှိခဲ့သည်။ အစောပိုင်းအခြေချနေထိုင်မှုအမှတ်အသားအများစုကို အလယ်ပိုင်းခြောက်သွေ့ဇုန်တွင် တွေ့ရှိခဲ့ပြီး ကွက်တိကွက်ကြားအခြေချမှုများသည် ဧရာဝတီမြစ်ကမ်းစပ် အနီးအပါးဒေသများတွင် ပေါ်ပေါက်လာခဲ့သည်။ ဥရောပတိုက် ကျောက်ခေတ်ဦးနှင့် ကျောက်ခေတ်လယ်တို့နှင့် အပြိုင်ဟုယူဆရသော အချိန်၌ မြန်မာ့ကျောက်ခေတ် အညာသီယံယဉ်ကျေးမှုသည် တည်ရှိခဲ့သည်။ အပင်နှင့် တိရစ္ဆာန်များကို ပထမဆုံးစိုက်ပျိုးမွေးမြူ၍ ကျောက်ချောလက်နက်ကိရိယာများကို သုံးစွဲလာကြသော ကျောက်ခေတ်သစ်ကို မြန်မာဒေသတွင် ရှမ်းကုန်းပြင်မြင့်အစွန်အဖျား တောင်ကြီးမြို့အနီးရှိ ဘီစီ ၁၀၀၀၀ မှ ၆၀၀၀ အတွင်း သက်တမ်းရှိသော ဂူသုံးဂူက အထောက်အထားပြသည်။ ဘီစီ ၁၅၀၀ ခန့်တွင် ဒေသတွင်းရှိလူများသည် ကြေးနီ(copper) ကို ကြေးညို(bronze) အဖြစ်သို့ ပြောင်းလဲသုံးစွဲလာကြသည်။ စပါးစိုက်ပျိုး၍ ကြက်၊ဝက်တို့ကို မွေးမြူလာကြသည်။ သူတို့သည် ကမ္ဘာပေါ်တွင် ဤသို့ ပထမဆုံးပြုလုပ်သော လူများအနက်မှ ဖြစ်သည်။ ဘီစီ ၅၀၀ ခန့်တွင် ယနေ့မန္တလေးတောင်ဘက်ဒေသ၌ သံချက်လုပ်သော ရွာများပေါ်ပေါက်လာခဲ့သည်။ ကြေးညိုအလှဆင်ခေါင်းတလားများနှင့် မြေထည်ပစ္စည်းအပိုင်းအစများဖြင့် ပြည့်နှက်နေသော သင်္ချိုင်းနယ်မြေများကို တူးဖော်တွေ့ရှိခဲ့သည်။ မန္တလေးတောင်ဘက် ဆာမွန်တောင်ကြား၌ တွေ့ရသော သုတေသနအထောက်အထားများအရ ဘီစီ ၅၀၀ နှင့် အေဒီ ၂၀၀ ကြားတွင် တရုတ်နှင့် ကုန်သွယ်သော စပါးစိုက်ရွာငယ်များရှိခဲ့သည်။ သံခေတ်အတွင်း အိန္ဒိယလွှမ်းမိုးမှုများသော မွေးကင်းစကလေးငယ်မြှုပ်နှံသည့် ဓလေ့တွင် ပြောင်းလဲမှုများပေါ်ပေါက်လာကြောင်း ဆာမွန်တောင်ကြားအပြင်ဘက် သုတေသနအထောက်အထားများက ဆိုသည်။ ဤပြောင်းလဲမှုများတွင် ကလေးငယ်များကို စဥ့်အိုးကြီးများထဲတွင် ထည့်သွင်းမြှုပ်နှံ၍ ၎င်းတို့၏ အရွယ်အစားသည် မိသားစုအဆင့်အတန်းကို ဖော်ပြခြင်း စသော ပြောင်းလဲမှုများ ပါဝင်သည်။ သရေခေတ္တရာခေတ် (ဘီစီ၉ရာစု-အေဒီ၉ရာစု) နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဘက်တွင် တိဘက်-ဗမာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံနှင့် တောင်ဘက်တွင် နီဂရီတိုများနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် ဩစထြိုအေးရှားတစ်အနွယ် မွန် တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဘက်ဒေသများတွင်လည်း တိုင်မျိုးနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။ ထိုလူမျိုးများအနက် ပျူလူမျိုးမှာ ယနေ့မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွဋ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဘက်ခမာနိုင်ငံမှ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဘက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်ကြသည်ဟူ‌၍ သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြ၏။ ပုဂံခေတ် (၈၄၉-၁၂၉၇) 150px|နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသည့် ဗမာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသတွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိတို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စဝ်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်ကြာသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´ဟုခေါ်ကြသည်။ ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေးအချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။ `မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အား အထွဋ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့် ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း ဩဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏ဩဇာမှာ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်စီး၍ ပုဂံမင်းဆက်လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊ စောနစ် နှင့် စောမွန်နစ်တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် ဩဇာအာဏာမှာ ရှမ်းညီနောင် သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်းဝခေတ် (၁၃၆၅-၁၅၂၇) ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင်အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါး ပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦး မှ ဆင်းသက်လာသည့် အင်းဝမြို့တည် သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်၊ ဘုရင်မင်းခေါင်တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊ ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထို့နောက်သိုဟန်ဘွား နန်းတက်သည်။ ပြည်သူတို့မနှစ်သက် သဖြင့် သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ တောင်ငူခေတ် (၁၅၂၇-၁၆၀၀) တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် မြန်မာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဘက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊ သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အသင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဘက်တွင် မဏိပူရ မှ အရှေ့ဘက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဘက်တွင် ကချင်ပြည်နယ်မှ တောင်ဘက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။ နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော် နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီး အလွယ်တကူ ပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။ နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းရာဇာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံ့ပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ဘုရင့်နောင်လက်ထက် တောင်ငူဧကရာဇ်နိုင်ငံတော် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၅၂) ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်(ဒုတိယအင်းဝခေတ်)ကို တည်ထောင်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဘက်လွန်မင်း၏ လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဘက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်) (ဘုရင့်နောင်၏မွေးစားသား)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန် ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်းများကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီရောက်မင်း)လည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။ ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၆) ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရသဖြင့် အလွန်ဩဇာကြီးလာပြီး အယုဓျာတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဓျာကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဘက်မှ မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။ ၆ဆက်မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမုနိဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ အင်အားနည်းခြင်းသို့ရောက်လာခဲ့သည်။ ဘကြီး‌‌တော်လက်ထက်တွင် အာသံ၊မဏိပူရအရေးကြောင့် နယ်ချဲ့အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ကာ ရခိုင်နှင့် တနင်္သာရီကို ပေးလိုက်ရသည်။ ထို့နောက် ပုဂံမင်းလက်ထက်တွင် ဒုတိယအကြိမ် စစ်ဖြစ်ကာ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံရသည်။ သီပေါမင်းလက်ထက်တွင်လည်း ဘုံဘေဘားမားသစ်ကိစ္စကြောင့် တတိယအကြိမ်စစ်ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။ အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။ ကိုးကား မှန်နန်း ရာဇဝင် မြန်မာ့စွယ်စုံကျမ်း ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း bn:মায়ানমার#ইতিহাস
မင်းကြီးညို
မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀၊ မြန်မာသက္ကရာဇ် ၈၄၇-၈၉၂)သည် ဦးရီးတော် မင်းစည်သူအား လုပ်ကြံနန်းချပြီး တောင်ငူနန်းကို သက္ကရာဇ် ၈၄၇ တွင်စိုးစံသည်။ ဦးရီးတော်က ၎င်း၏သမီးတော် စိုးမင်းနှင့် လက်ဆက်ပေးရန် သဘောမတူသဖြင့် ဦးရီးတော်ကို သတ်သည်ဟု ဆိုသည်။ နန်းတက်လျှင် စိုးမင်းကိုမိဖုရားအရာထားသည်။ နန်းတက်ချိန်တွင် အင်းဝထီးနန်းကို စိုးစံနေသည့် ဒုတိယမင်းခေါင်အား “ကျွန်တော် မင်းကြီးညိုတောင်ငူထီးနန်းကိုစိုးစံနေပါပြီ”ဟု ဆင်ပေါက်ဆယ်စီး နှင့်လျှောက်တင်လေသည်။ အမှန်မှာ ထိုစဉ်အင်းဝမှာ အင်အားအလွန်လျော့နည်းနေပြီး ဩဇာကျဆင်းနေချိန်ဖြစ်သည်။ ထို့ကြောင့်လည်း မင်းကြီးညိုသည် တောင်ငူမှ တစ်ထီးတစ်နန်း ထူထောင်ရန် ဒုတိယမင်းခေါင်အနေဖြင့်လည်း မိမိညီတော် ရမည်းသင်းစား မင်းရဲကျော်စွာကပင် လေးစားခြင်းမရှိတော့သည့်အတွက် မင်းကြီးညိုကဲ့သို့ ၂၆ နှစ်အရွယ် မင်းပျိုမင်းလွင်တစ်ဦး ရှိလာသည်ကို မတားတော့ပဲ ရမည်းသင်းစားရန်နှင့် အောက်အရပ်မှ မွန်တို့ရန် နှစ်ရပ်လုံးကို ကာကွယ်ပြီးဖြစ်မည်ဟု တွေးကာ လက်ခံ အသိအမှတ်ပြုလေသည်။ မင်းကြီးညိုသည် မင်းအဖြစ်နှင့် တောင်ငူနန်းသစ် ၃ ကြိမ်တည်သည်။ ပထမအကြိမ်တည်သောနန်းကို မြရာဝတီ ဟုသမုတ်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပုပ်ပဲချောင်းဆုံရာနေရာဖြစ်သည်။ မူလက ဦးရီးတော်စံမြန်းသည့် နန်းတော်ဟောင်းနေရာတွင် စည်းခုံစေတီကြီးတည်သည်။ ၅ နှစ်ကြာပြီးနောက် ၈၅၃ခုတွင် ဒွါရဝတီနန်းသစ်ကို ထပ်တည်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် ဆုံရာနေရာဖြစ်သည်။ နှစ်ပေါင်း ၂၀ အကြာတွင်မှ ကေတုမတီ တောင်ငူနန်းကိုတည်သည်။ ထိုအချိန်တွင် တောင်ငူဘုန်းတန်ခိုးမှာ ကျော်ဇောခြင်းဖြင့် ပြည့်စုံနေပြီဖြစ်သည်။ အင်အားအကြီးဆုံးအဖြစ်ရောက်ရန်လည်းအသင့်ဖြစ်နေပေပြီ။ ဒွါရဝတီ နန်းသစ်တည်ပြီးချိန်မှ စကာတောင်ငူသို့ခိုဝင်လာသည့် လူဦးရေမှာလည်း တစတစများပြားလာခဲ့သည်။ ထိုသို့အင်အားကြီးလာသည့် တောင်ငူမှ မင်းကြီးညိုသည် အနောက်ဘက်ရှိ ရမည်းသင်းစား မင်းရဲကျော်စွာ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကျေးရွာများကိုလည်းကောင်း၊ အောက်အရပ်မှ မွန်မင်း ဗညားရံ၏ နယ်ပယ် အစွန်အဖျားများကိုလည်းကောင်း စစ်စမ်းချီကာ သိမ်းယူသည်။ ထိုသတင်းကို ကြားသော မွန်မင်းဗညားရံသည် အင်အားအလုံးအရင်းဖြင့် တောင်ငူသို့ချီတက်လာပြီး ဝန်းရံထားလေသည်။ သို့သော် မင်းကြီးညိုနှင့် ညီတော် စည်သူကျော်ထင်တို့ ထွက်တိုက်ရာ အင်အားကြီးလှသည့် ဟံသာဝတီတပ်များ ပျက်ကာ ပြေးရလေသည်။ ဆင်မြင်းသုံ့ပန်း ၃၀ဝ၀ကျော်ကို ရသည်။ ထိုသို့ တောင်ငူသည် ဟံသာဝတီတပ်ကို နှိမ်နှင်းကြောင်းသိသော အင်းဝမှ ဒုတိယမင်းခေါင်က မူလဘွဲ့ ဖြစ်သည့် သီရိဇေယျသူရ ရှေ့တွင် မဟာ တပ်ကာချီးမြှင့်သည်။ မင်းမြှောက်တန်ဆာ ငါးပါးပေးပြီး အနောက်ဘက်ရှိ ရမည်းသင်းပိုင်နက်ကိုလည်းတိုက်ခိုက်စေသည်။ ထို့ကြောင့် မင်းကြီးညိုသည် မိမိတောင်ငူအင်အားကို အသုံးပြုပြီး အနောက်ဘက် ရမည်းသင်း၊တောင်တွင်းကြီးနှင့် တောင်ဘက်ရှိ မွန်ဒေသများကို ထိုးစစ်ဆင်ကာ နယ်ပယ်ချဲ့ထွင်လေသည်။ ထိုအခါ အင်းဝနန်းကို စိုးစံသည့် ဒုတိယမင်းခေါင် နတ်ရွာစံပြီး သားတော် ရွှေနန်းကျော့ရှင် နရပတိ နန်းတက်သည်။ တစ်ချိန်တည်းတွင် ရမည်းသင်းစား မင်းရဲကျော်စွာ လည်းလွန်သည်။ ထိုကဲ့သို့ အင်အားကြီးသည့် အရှင်သခင်နှင့် ပြိုင်ဖက်တို့ တစ်ချိန်တည်း ပျက်စီးခြင်းမှာ မင်းကြီးညိုအတွက် အလွန်ကြီးမားသည့် အခွင့်အရေးကိုရလေသည်။ ထို့ပြင်ရမည်းသင်းစား၏ကျွန်များ အင်းဝကိုသစ္စာမခံပဲ တောင်ငူသို့ပြောင်းရွေ့လာသဖြင့်လည်းကောင်း၊ အင်းဝနန်းတွင်း အရှုပ်တော်ပုံများကြောင့် အင်းဝမှ သူရဲကောင်းများ တောင်ငူသို့ဝင်သောကြောင့် လည်းကောင်း အလိုအလျောက်ပင် ရမည်းသင်းနယ်ကိုပါ ဩဇာလွမ်းပြီးဖြစ်တော့သည်။ မကြာမှီပင် အင်းဝမှ ရွှေနန်းကျော့ရှင် နရပတိသည် နှမတော် မင်းလှထွတ်အား မင်းကြီးညိုကိုပေးကာ မဟာမိတ် ပြုလေသည်။ ရေလွှဲငါးခရိုင်ကိုလည်းချီးမြှင့်သည်။ ထိုစဉ်က အင်းဝမှာမြောက်ဘက်မှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ရန်စစ်ကို ခုခံနေရသည့်အနေအထားတွင်ဖြစ်ပြီး၊ တောင်ဘက်ရှိ စလင်း၊ပြည်တို့မှလဲ ပုန်ကန်ခြားနားနေပြီဖြစ်သည်။ ထို့ပြင် ညောင်ရမ်းစားမင်းရဲကျော်ထင်လွန်သော် ၎င်း၏ စစ်သည်ရဲမက်များက တောင်ငူသို့လာရောက်ခိုလုံသည်။ ထိုသတင်းကိုကြားသော နရပတိသည် တောင်ငူကို သည်းမခံနိုင်တော့ပဲ ရာဇသင်္ကြန်အားဗိုလ်မင်းခန့်ပြီး တောင်ငူကို တိုက်စေသည်။ သို့သော်သာဂရ အရောက်တွင် မင်းကြီးညိုတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး တပ်ပျက်လေသည်။ ပေါက်မြိုင်ထိချီတက်ပြီးသိမ်းကာ အပြန်တွင် ရာဇသင်္ကြန်တပ်များနှင့် ထပ်မံတိုက်ခိုက်သော် သားမက်ဖြစ်သူ မင်းတုံးတာက ဆင်စီးချင်းထိုးပြီးအနိုင်ယူသည်။ သက္ကရာဇ် ၈၆၆ တွင်တောင်ငူနှင့် ပြည် အင်အားနှစ်ရပ်ပေါင်းကာ စလေကိုတိုက်သည်။ အင်းဝမှ နရပတိလည်း အုန်းဘောင်စော်ဘွားကို စစ်ကူခေါ်ပြီး အင်အားအလုံးအရင်းနှင့်ချီတက်လာသည်။ ပုံတောင်အရပ်တွင်တိုက်ခိုက်ကြပြီး တောင်ငူနှင့် ပြည်တပ်များ ရှုံးနှိမ့်ရသည်။ သို့သော် အရှုံးထဲမှ အမြတ်ထွက်ရန် အတွက် မင်းကြီးညိုသည် ပုခန်းငယ်နှင့် ပင်းနတ်မောက်၊ ကျောက်ပန်းတောင်းဒေသများကို လှည့်ကာသိမ်းယူသည်။ နောင်တွင် ဆင်အုံကန်ကျိုးသဖြင့် ပြန်လည်ပြုပြင်ရာမှ တွေ့ရှိကောက်ယူလာသည့် ဝါးနွယ်ကုန်းသူကြီးသမီးခင်ဦးမှ သားတော်တစ်ပါးကို ရှားရှားပါးပါးရရှိသည်။ မွေးစကာပင် ထူးခြားသည့် လက္ခဏာအမှတ်အသားများပါရှိပြီး မိမိကဲ့သို့ပင် ဦးခေါင်းထက်တွင် ရွှေရောင်ဆံချည်မှင်တစ်ပင် ပါလာသည့်အတွက် တပင်ရွှေထီး ဟုခေါ်တွင်စေသည်။ တပင်ရွှေထီး မွေးပြီး ၃ ရက်အကြာတွင် မိုင်းသောင်စော်ဘွားနှင့်နောက်လိုက် ရှမ်း ၁၀ဝ၀ ကျော်တို့ခိုဝင်လာပြန်သည်။ သက္ကရာဇ် ၈၈၅ တွင်ပြည်မှ သတိုးမင်းစော နှင့် မိုးညှင်းစော်ဘွားစလုံတို့ ပူးပေါင်းပြီးအင်းဝကို စတင်တိုက်သည်။ ၈၈၆ ခုတွင်အင်းဝသို့ မိုးညှင်းစလုံရောက်ပြီး အပြင်းအထန်တိုက်ပွဲများဖြစ်ရာ နရပတိ ဆင်ခေါင်းအရပ်သို့ဆုတ်ပြေးသည်။ ဂတိအတိုင်း အင်းဝရှိ စည်းစိမ်များကို သတိုးမင်းစော နှင့် မိုးညှင်းစလုံတို့ခွဲဝေယူပြီး နေရပ်များသို့ အသီးသီးပြန်မှ နရပတိ အင်းဝသို့ပြန်လာရသည်။ ပြန်ရောက်ပြီးလျှင်တောင်ငူကို စစ်ပြုသည်။ အင်အားကြီးနေပြီဖြစ်သည့် တောင်ငူက ကြံ့ကြံ့ခိုင်နိုင်သဖြင့် မအောင်မြင်ပေ။ ၈၈၈ ခုတွင် မိုးညှင်းစလုံ နှင့် သားဖြစ်သူ သိုဟန်ဘွားတို့ အင်းဝကို ဒုတိယအကြိမ် စစ်ပြုလာသည်။ နရပတိ ခုခံသော်လည်း အင်အားမမျှတော့သဖြင့် မဟာမိတ်ဖြစ်သူ အုန်းဘောင်စော်ဘွားစစ်ကူ လာမည့် အရပ်ကို မှန်းဆပြီး ပြေးသည်။ သို့သော် ကျွန်းဦးအရပ်တွင် သိုဟန်ဘွားက မှီပြီးတိုက်ရာ အမြှောက်ဆံထိမှန်ပြီး နရပတိ လွန်လေသည်။ မင်းကြီးညိုသည် အသက် ၇၂ နှစ်အရောက် သက္ကရာဇ် ၈၉၂၊နတ်တော်လဆန်း ၅ ရက်၊ကြာသပတေး နေ့ ညအချိန်တွင် နတ်ရွာစံသည်။ မင်းကြီးညိုနတ်ရွာစံလျှင် သားတော် တပင်ရွှေထီး နန်းတက်သည်။ မင်းကြီးညိုသည် တောင်ငူမင်းဆက်ကို စတင်တည်ထောင်သော မင်းတစ်ပါးဖြစ်သည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဦးရီးတော်သူ အင်းဝလက်အောက်ခံ (စည်သူကျော်ထင်၏သား) မင်းစည်သူကို လုပ်ကြံ၍ နန်းတက်သည်။ နန်းတက်လျှင် မြရာဝတီ (ထိုနောက် ဒွါရာဝတီတွင်သည်) မြို့တော်ကိုတည်သည်။ ဟံသာဝတီမင်း၊ ဇင်းမယ်မင်းတို့က သီးခြားဂုဏ်ရည်တူမင်း တစ်ပါးအဖြစ် အသိအမှတ်ပြုသည်။ အရှေ့ကရင်နီ (ကယား) နယ်ကလည်း လက်ဆောင်ဆက်ရသည်။ မွန်ဘုရင် ဗညားရံက တိုက်ခိုက်လာသည်ကို နှိမ်နင်းနိုင်၍ အင်းဝဘုရင် ဒုတိယမင်းခေါင်ကပင်လျှင် မဟာသီရိဇေယျသူရဟူသော ဘွဲ့အမည်နှင့် မင်းမြောက်တန်ဆာ ငါးပါးကို ပို့လွှတ်သည်။ မင်းကြီးညိုသည် ပုဂံနန်းကျ ကျော်စွာနှင့် မိုးညှင်းမင်းတရားတို့၏ အနွယ်ဖြစ်သည်။ ထိုကြောင့်လည်း ၈၆၄ ခုနှစ်တွင် အင်းဝရွှေနန်းကြော့ရှင် နရပတိက ဘထွေးတော်၏သမီး မင်းလှထွတ်နှင့် မင်းကြီးညိုကို စုံဖက်သည်။ သို့ရာတွင် ထိုနှစ်မှာပင် မင်ကြီးညိုသည် ရေလွှဲငါးခရိုင်နှင့် ကျေးလက်များကို သိမ်းယူ၍ ရွှေနန်းကြော့ရှင်ကို ခြားနားသည်။ ညောင်ရမ်း၊ သင်းကြီး၊ ယင်းတော်၊ မိတ္ထီလာ၊ မြစ်ညောင်၊ သာဂရမြို့ကြီးများနှင့်တကွ မင်းတုံးတာ၊ မင်းပြည့်ဝတို့ ကျွန်တော်ခံလာသည်။ ကေတုမတီတောင်ငူမြို့ကို သက္ကရာဇ် ၈၇၂ ခုနှစ်တွင် တည်ထောင် စံနေသည်။ သက္ကရာဇ် ၈၈၈ ခုနှစ် အင်းဝကို မိုးညှင်းစလုံက တိုက်၍ ပျက်စီးသဖြင့် မြန်မာမင်း မှူးမတ်တို့ အမြောက်အမြား ခိုဝင်လာကြသည်။ အင်အားပြည့်စုံသော ပင်းယမင်း၊ အင်းခန်းမင်း၊ မြစ်သားမင်း၊ လှိုင်းတက်မင်းတို့ကား အလုံးအရင်း နှင့်တကွ ခိုဝင်လာကြသည်။ မင်းကြီးညိုသည် ဝါးနွယ်ကုန်းသူကြီး သမီးကို မိဖုရားမြှောက်ရာ ၈၇၈ ခုနှစ်တွင် တပင်ရွှေထီး ဖွားမြင်သည်။ ၈၉၂ ခုနှစ် နန်းစံ ၅၂ နှစ်တွင် နတ်ရွာစံ၍ သားတော် ၁၄ နှစ်အရွယ်ရှိ တပင်ရွှေထီး ထီးနန်းဆက်ခံသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) ကိုးကား Category:မြန်မာ ဘုရင်များ Category:တောင်ငူခေတ်
မင်းရဲသီဟသူ
ဘုရင့်နောင် ၏ ညီတော် တောင်ငူမင်းခေါင်လွန်လျှင် သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူ(၉၄၆-၉၇၁)ဘွဲ့ပေးပြီး တောင်ငူနန်းကို နန္ဒဘုရင်က စိုးစံစေသည်။ သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။ နန္ဒဘုရင်က တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်၊ ညောင်ရမ်း တို့ထံပါ အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ မင်းရဲသီဟသူဦးဆောင်သည့် တောင်ငူတပ်များသည် အချိန်တိုအတွင်း ဟံသာဝတီကိုအောင်နိုင်ကာ နန္ဒဘုရင်နှင့် အခြွေအရံ၊ လူသူသုံ့ပန်း များကိုဖမ်းဆီးပြီး ဟံသာဝတီတွင်နန်းစံခြင်းမရှိဘဲ တောင်ငူသို့ပြန်လေသည်။ နန္ဒဘုရင် တောင်ငူပါကြောင်းကို ယိုးဒယားမင်းသိလျှင် တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အားပေးရန်တောင်းသည်။ မင်းရဲသီဟသူ မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ တောင်ငူရွှေနန်းသစ်ကို သက္ကရာဇ် ၉၆၄ တွင်တည်သည်။ မိဖုရားမှာ ဘုရင့်နောင်နှင့် စန္ဒာဒေဝီဘွဲ့ခံ သီရိဘုန်းထွတ်တို့၏ သမီးတော် မင်းခင်စော ဖြစ်သည်။ နန်းတက်လျှင် ဓမ္မရာဇာဘွဲ့ခံသည်။ မိဖုရားကို အတုလအဂ္ဂမဟာဒေဝီ ဘွဲ့ပေးသည်။ သားတော် နတ်သျှင်နောင်ကို အိမ်ရှေ့အရာပေးပြီး ရည်ငံနေသည့် ရာဇဓာတုကလျာ နှင့်လက်ထပ်ပေးသည်။ နန်းတက်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၇၁၊ ဝါခေါင်လဆန်း ၁၁ ရက်၊အင်္ဂါနေ့တွင် မင်းရဲသီဟသူ နတ်ရွာစံလေသည်။ ကိုးကား Category:တောင်ငူခေတ် Category:မြန်မာ ဘုရင်များ
တောင်ငူမင်းခေါင်
တောင်ငူဘုရင်ခံ မင်းရဲသီဟသူ (မင်းကြီးဆွေ)လွန်လျှင် ၎င်းရာထူးကို သားတော်တစ်ပါးဖြစ်သည့် သီဟသူ အားဆက်ခံရန် တပင်ရွှေထီး ကပေးသည်။ သို့သော် သမိန်ထောရာမ ပုန်ကန်လျှင် ဘုရင့်နောင်သွားရောက်နှိမ်နှင်းရသဖြင့် သီဟသူအား ဟံသာဝတီ နန်းတွင် ကျန်ရစ်သည့် တပင်ရွှေထီးအား စောင့်ရှောက်ရန်ခေါ်ယူခဲ့သည်။ တပင်ရွှေထီးအား သမိန်စောထွတ် ပရိယာရ်ဖြင့် ဟံသာဝတီနန်းမှ ခေါ်ထုတ်ပြီး ကသာအရပ်တွင် လုပ်ကြံလျှင် တပင်ရွှေထီးထူထောင်သည့် နိုင်ငံမှာ ဝါးအစည်းပြေသကဲ့သို့ ဖယိုဖယဲဖြစ်လေသည်။ ထိုစဉ်က ဟံသာဝတီ နန်းစောင့်အဖြစ် ကျန်ရစ်သည့် သီဟသူမှာ စဉ်းစားခြင်းအလျဉ်းအရှိပဲ ဟံသာဝတီမှ လူသူများကိုခေါ်ပြီး မိမိနေရပ်ဖြစ်သည့် တောင်ငူသို့ပြေးလေသည်။ ရောက်လျှင် မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုလေသည်။ ဘုရင့်နောင် လည်းအင်အားစုစည်းပြိးနောက် မိမိနေရပ်အမှန်ဖြစ်သည့် တောင်ငူကို သက္ကရာဇ် ၉၁၂ တွင် လာရောက်တိုက်ခိုက်လေသည်။ မင်းခေါင် ခုခံသော်လည်း ငတ်မွတ်လာပြီဖြစ်သည့် မြို့သားများ၊စစ်သည်ရဲမက်များကြောင့် အညံ့ခံရလေသည်။ ဘုရင့်နောင်လည်း မင်းခေါင်ဘွဲ့ကို ပြန်ပေးပြီးအသက်မှ ချမ်းသာပေးသည်။ နောက် ၂ နှစ်အကြာ သက္ကရာဇ် ၉၁၄ တွင် ဘုရင့်နောင်အင်အားပြန်လည် ကြီးမားလာသဖြင့် နိုင်ငံအဝန်းကို တိုက်ခိုက်သိမ်းသွင်းရာ တောင်ငူမင်းခေါင်လည်း တစ်စိုက်မက်မက် ပါဝင်လေ့ရှိသည်။ ပြည်တိုက်ပွဲတွင် စွမ်းစွမ်းတမံ တိုက်ခိုက်ပြီး ပြည်ဘုရင် သတိုးသူအား ကိုယ်တိုင်လက်ရဖမ်းပြီး ဆက်သ သဖြင့်ဘုရင့်နောင်ချီးမွမ်းလေသည်။ ထိုနှစ်တွင်ပင် တောင်ငူဘုရင်ခံအဖြစ် မင်းမြှောက်တန်ဆာငါးပါးနှင့် ပြန်လည်ခန့်အပ်ခြင်းခံရသည်။ နောက်ပိုင်းတွင်လည်း ဘုရင့်နောင်တိုက်သည့် စစ်ပွဲမှန်သမျှ တွင်လိုက်ပါအမှုထမ်းရသည်။ သက္ကရာဇ် ၉၄၃ ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်နန်းတက်သည်။ သုံးနှစ်အကြာ သက္ကရာဇ် ၉၄၆ တွင်တောင်ငူမင်းခေါင်နတ်ရွာစံလေသည်။ နန္ဒဘုရင်က ၎င်း၏သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူဘွဲ့ဖြင့် တောင်ငူနန်းကို ဆက်လက်ပေးအပ်ခဲ့သည်။ Category:တောင်ငူခေတ် Category:မြန်မာ ဘုရင်များ Category:တောင်ငူမင်းဆက်
သမိန်ထောရာမ
သမိန်ထောရာမ (၁၅၅၁-၁၅၅၃)သည် မွန်မင်းဒုတိယဗညားရံ အိမ်နှိမ့်တွင် ဖွားမြင်သည့် သားဖြစ်သည်ဟုဆိုသည်။ တပင်ရွှေထီး ဟံသာဝတီကိုသိမ်းပိုက်ပြီး ရာမညမွန်သုံးရပ်ကို အုပ်ချုပ်ရာတွင် မကျေနပ်ကြသည့် မွန်များက ရဟန်းဝတ်ဖြင့်နေသည့် သမိန်ထောရာမအား လူဝတ်လဲစေပြီး အကြီးအမှူးတင်ကာ ပုန်ကန်ကြသည်။ သို့ဖြင့် ရဟန်းလူထွက် သမိန်ထောရာမမှာ တပင်ရွှေထီးအား ပုန်ကန်သူဖြစ်လာသည်။ အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။ နောက် သန်လျှင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင် ရောက်နေပြီး သန်လျှင်တွင်မရှိကြောင်းသိလျှင် သန်လျှင်ကိုဝင်တိုက်ကာ အခိုင်အလုံနေသည်။ ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ သို့ဖြင့် သမိန်ထောရာမမှာ ဘုရင့်နောင်၏တိုက်စစ်ကြောင့် ဒလ(ယနေ့တွံတေး)သို့ပြေးရပြန်သည်။ ထိုအချိန်တွင် ဟံသာဝတီနန်းတော်မှ အရက်စွဲကာ အမှားအမှန်မခွဲခြားနိုင်တော့သည့် တပင်ရွှေထီးအား မွန်အမတ်ဖြစ်သူ သမိန်စောထွတ်က ပရိယယ်ပြုပြီးသတ်ဖြတ်ကာ သမိန်စက္ကာဝေါ ဘွဲ့ဖြင့် စစ်တောင်းတွင် တစ်ထီးတစ်နန်းထောင်ကာ မင်းပြုသည်။ သံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် ဟံသာဝတီမှခွာပြီး တောင်ငူသို့ပြန်လျှင် ကျန်ရစ်နေသည့် မွန်မှူးမတ်များက သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို ပင့်ဖိတ်ကာ နန်းအပ်သည်။ ထိုအချိန်တွင် သမိန်ထောရာမမှာ ဒလမှ မုတ္တမသို့ပြောင်းရွေ့ပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေသည်။ သမိန်စောထွတ်အား မင်းကျင့်တရားနှင့် မညီသဖြင့်မှူးမတ်တို့က လုပ်ကြံနန်းချပြီး သမိန်ထောရာမကို နန်းအပ်ကြပြန်သဖြင့် သမိန်ထောရာမမှာ ဟံသာဝတီနန်းကို လွယ်ကာကူကာဖြင့် ရလေတော့သည်။ သို့သော် နန်းသက် တစ်နှစ်ကျော်၊နှစ်နှစ်မရှိသေးချိန်တွင် ပင်တောင်ငူမှ တဖန်အင်အားကြီးလာပြန်သည့် ဘုရင့်နောင် ၏စစ်ပြုလာခြင်းကိုခံရသည်။ ဆင်စီးချင်းထိုးပြီးတိုက်ရာ သမိန်ထောရာမ ဓနုဖြူ၊ပုသိမ် စသည့်အနောက်ဘက်သို့ ပြေးလေသည်။ ဘုရင့်နောင် လိုက်တိုက်သဖြင့် ဒလသို့ပြေးရပြန်သည်။ ဥဇနာလာရောက်တိုက်ခိုက်သော်လည်း သမိန်ထောရာမ စစ်ရေးသာကာ ဥဇနာကျသည်။ ထိုသတင်းကို ကြားလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်လာသဖြင့် ဒလတွင် တိုက်ပွဲကြီးဖြစ်သည်။ ရှုံးသဖြင့် သမိန်ထောရာမ စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။ မုတ္တမရောက်သော် ကဝေါဖက်သို့ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာပြေးရပြန်သည်။ နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရသည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ အဝတ်ချွတ်ဖြင့် ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ဆက်သလာသည်။ အချို့ရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။ ထိုကြောင့် သမိန်ထောရာမသည် မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။ နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာယ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။ ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။ သို့ဖြင့် မွန်တို့၏ခေါင်းဆောင် သမိန်ထောရာမမှာ ဘုရင့်နောင်လက်တွင် အရှုံးပေး အသက်ပါရလေသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ Category:တောင်ငူခေတ်
သမိန်စောထွတ်
သမိန်စောထွတ်မှာ မူလက မထင်မရှား မွန်အမတ်တစ်ဦးအဖြစ် တပင်ရွှေထီးအနားတွင် ခစားနေရသူဖြစ်သည်။ သမိန်စောထွတ်မှာ မွန်တိုင်းရင်းသားဖြစ်သည့်အလျှောက် မွန်ဒေသကို မြန်မာတို့ လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက် တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကိုလာဘ်ထိုးကာ ဇာတာမသန့်ကြောင်း၊ ဟံသာဝတီနန်းတော်မှခွာပြီး အရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။ တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော်တွင် နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်း ဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့ တားသော်လည်း အရာမထင်တော့ပေ။ နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊ သမိန်စောထွတ်တို့ကို ခေါ်ဆောင်ပြီး ပန်းတရော်သို့ သွားလေသည်။ ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့် စစ်တောင်း ကို စားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓားလွတ်ကိုင်ခစားစေခဲ့သည်။ တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာ ရခိုင်တပ်သို့ရွှေ့ပြန်သည်။ ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အား ဆင်ဖြူတော်ဖမ်းရန်အတွက် လူသူများ သွားရောက်ခေါ်ယူစေသည်။ တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။ သိသူများဖြည့်ပေးစေချင်ပါသည်။)သို့ တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ ည ၃ ချက်တီးအကျော်တွင် ဓားဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။ တပင်ရွှေထီးကို လုပ်ကြံပြီးလျှင် သမိန်စောထွတ်မှာ ဟံသာဝတီသို့ မဝင်ပဲ မိမိအပိုင်စားရသည့် စစ်တောင်းသို့ အလျှင်ပြန်ပြီး သမိန်စက္ကဝေါဘွဲ့ခံကာ နန်းတက်သည်။ ဟံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် တောင်ငူသို့ပြန်ပြီးလျှင် ဟံသာဝတီရှိ မွန်အမှူးအမတ်တို့က စစ်တောင်းမှ သမိန်စောထွတ်ကို ခေါ်ယူပြီးနန်းအပ်သည်။ သို့သော် မူလကတည်းက မင်းမျိုးမဟုတ်၍ မင်းကျင့်တရားနှင့် အညီအုပ်ချုပ်နိုင်ခြင်းမရှိသလို ပြိုင်ဖက်ဖြစ်သည့် သမိန်ထောရာမ ကို လူကြိုက်များလှသည်ဖြစ်၍ နန်းသက် ၇ လကျော်မှာပင် လုပ်ကြံနန်းချခြင်းခံရပြန်သည်။ သမိန်စောထွတ်ကို လုပ်ကြံပြီးလျှင် မွန်တို့က သမိန်ထောရာမကို နန်းတင်ကြပြန်သည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ခေတ်ပြိုင်သတင်းဂျာနယ်
ခေတ်ပြိုင်သတင်းဂျာနယ်ကို ဇန်နဝါရီလ (၁) ရက် ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ “စစ်ကိုနိုင် ခေတ်ကိုပြိုင်မယ့် ခေတ်ပြိုင်” ဟု မှတ်တမ်းတင်ထားခဲ့သူ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌကြီး အရှင်ခေမာစာရ၏စကားအတိုင်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဦးတင်မောင်ဝင်း (ကွယ်လွန်) က စာပေအနုပညာရှင်များလည်းဖြစ်၊ စာနယ်ဇင်းအတွေ့အကြုံများသူတွေ လည်းဖြစ်သော ရှုဒေါင့်ဂျာနယ် အယ်ဒီတာဟောင်း ဦးဝင်းခက်၊ စာရေးဆရာ မြဝတီရဲခေါင်၊ သတင်းစာပုံစံနဲ့ စာလုံးဒီဇိုင်းဘက်မှာ ကျွမ်းကျင်သူ မစ္စတာဘားမား (ဝင်းထွန်း)၊ စာရေးဆရာ မောင်စင်ကြယ် (ဦးမန်းညွန့်မောင်) စသည့် ကလောင်စွမ်းအားကို ယုံကြည်သူ ပုဂ္ဂိုလ်တစု၏ အကူအညီကို တောင်းခံခဲ့ရာမှ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းရပ်တည်ပေးမည့် “ခေတ်ပြိုင်” သန္ဓေတည်ခဲ့ရသည်။ သတင်းစာထွက်လာချိန်တွင် ဦးဝင်းခက်က အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သတင်းစာဆရာကြီးဦးသောင်း (ကြေးမုံ) က အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ “သတင်းဂျာနယ်အမည်ဆိုသည်မှာ စာလုံးလည်းနည်းရမယ်၊ ကျစ်လည်းကျစ်ရမယ်၊ မှတ်မိလည်း လွယ်ရမယ်၊ ခေတ်ပြိုင်ဆိုတော့ သူတို့အုပ်စုနဲ့အပြိုင်ပေါ့” ဟု အမည်နဲ့ပတ်သက်လို့ အကြံပြုသူ တဦးဖြစ်သည့် ဦးဝင်းခက်က တင်ပြသည်ကို အများကလက်ခံကြသည့်အတွက် ခေတ်ပြိုင်၏ ရည်မှန်းချက်နှင့် မူဝါဒကို ခေတ်ပြိုင် ဦးစီးတည်ထောင်သူ ဦးတင်မောင်ဝင်းက အောက်ပါအတိုင်း ချမှတ်ခဲ့သည်။ ခေတ်ပြိုင်၏ အခြေခံမူ (၄) ရပ်မှာ - (၁) ခေတ်ပြိုင်ဂျာနယ်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းနေသော သတင်းဂျာနယ်ဖြစ်သည်။ (၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ တော်လှန်ရေး သတင်းဂျာနယ်တစောင်ဖြစ်သည်။ (၃) ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသားမြှင့်တင်အားပေးနေသော သတင်းဂျာနယ်ဖြစ်သည်။ (၄) မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစုအလံကို ကိုင်စွဲပြီး တိုင်းရင်းသားလူမျိုးစု ပေါင်းစုံ၏ ဆန္ဒနှင့် ခံစားချက်များကိုဖော်ပြသော သတင်းဂျာနယ်ဖြစ်သည်။ သို့သော် ခေတ်ပြိုင်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံမှမဟုတ်ဘဲ လွတ်လပ်စွာရေးသားထုတ်ဝေသော သတင်းစာကျင့်ဝတ် သိက္ခာခံယူချက်ကို ထာဝစဉ် ဆုပ်ကိုင်သွားမည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် နအဖတို့ ဆွေးနွေးအဖြေရှာမှသာ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ စည်ပင်အေးငြိမ်းသော ဒီမိုကရေစီလူ့ဘောင်တွင် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဟု ယတိပြတ် ယုံကြည်သော ခေတ်ပြိုင်က ဒီမိုကရေစီမဏ္ဍိုင်ပီသစွာ အမှန်တရားများကို စွမ်းအားရှိသရွေ့ ဆက်လက်တင်ပြသွားပါမည်ဟု ခေတ်ပြိုင်က ရေးသားဖော်ပြထားသည်။ ပြင်ပလင့်ခ်များ ခေတ်ပြိုင် Category:မီဒီယာ Category:အင်တာနက်
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းတခုဖြစ်ပြီး ၂၀ဝ၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ လူထုအခြေခံအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုများအတွက် သင်တန်းများနှင့် လှုံ့ဆော်မှု များစွာကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည်။ ရပ်ရွာလူထုခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ် ကွဲပြားနေသူများနှင့် လူငယ်များကို လူ့အခွင့်အရေးပညာပေးသူများဖြစ်လာစေရန်အတွက် စွမ်းရည်မြှင့်ပေးနိုင်သော ပူးပေါင်းပါဝင်လေ့လာသည့်နည်းလမ်းဖြင့် ပို့ချလုပ်ဆောင်လျက်ရှိသည်။ လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)သည် မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့အစည်း များအတွင်း လူ့အခွင့်အရေးများဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးသင်တန်းများနှင့် လူ့အခွင့်အရေး ပညာပေးနည်းပြသင်တန်းများအပြင် ခေါင်းဆောင်မှု၊ အခြား လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကို ပို့ချပေးလျက်ရှိသည်။ ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ မိမိတို့သည် လူ့အခွင့်အရေးပညာပေးနိုင်ရန်အတွက် ရက်ရှည်၊ ရက်တိုကာလသင်တန်းများကို ပို့ချရုံသာမက လူ့အခွင့် အရေးပညာပေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ပိုစတာများ ထုတ်ဝေခြင်း၊ အလုပ်သင်အစီအစဉ်များဖြင့် လေ့ကျင့် ပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ လူထုအခြေခံအဖွဲ့အစည်းများအတွင်း တက်ကြွစွာလှုပ်ရှားသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ်ကွဲပြားနေသူများနှင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေး ပညာပေးသူများ ကိုယ်တိုင်ဖြစ်ပေါ်လာနိုင်စေရေးအတွက် ပူးပေါင်းပါဝင်သည့် သင်ကြားမှုနည်းစနစ်ကို အသုံးပြု၍ စွမ်းရည်မြင့်လုပ်ဆောင်ပေးလျက်ရှိသည်။ နောက်ခံသမိုင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင် လျက်ရှိသော နယ်စပ်ဒေသများတွင် ဆယ်စုနှစ်(၆)ခုတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေ ဆဲဖြစ်သည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ်က လွှမ်းမိုးချုပ်ကိုင်နေဆဲပင်ဖြစ်ပြီး စစ်တပ်က အမျိုးသမီးများနှင့် လူမျိုးစု တိုင်းရင်းသားများကို ပစ်မှတ်ထားကာ မုဒိမ်းကျင့်ခြင်း၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်း ခြင်းနှင့် ကျေးကျွန်သဖွယ်ပြုမူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ဆဲဖြစ်သည်။ လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေရုံသာမက သတင်းအချက်အလက်များကို တင်းကျပ်စွာထိမ်းချုပ်ထားမှု ကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မည်သည့်အကြောင်း အရာကိုမှ မြန်မာနိုင်ငံအတွင်းတွင် လေ့လာနိုင်စွမ်း မရှိကြပါ။ ထုတ်ဝေသည့် စာအုပ်စာတမ်းများ အားလုံးမှာ စစ်အာဏာရှင်တို့၏ တင်းကြပ်သောစာပေစိစစ်မှုအောက်တွင် ဖြတ်တောက်ခံခဲ့ကြရသည်။ ၁၉၈၈ ခု လူထုအုံကြွမှုနောက်ပိုင်းမှသာ အဝေးရောက်နိုင်ငံရေးလှုပ်ရှားသူများက စတင် ကာ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများထုတ်ဝေခြင်း၊ သင်တန်းဆွေနွေးပွဲများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်၍ လူ့အခွင့်အရေးလုပ်ငန်းများကို မြန်မာပြည်သူများအတွင်း ပြန့်နှံ့အောင်လုပ်ဆောင်လာခဲ့ကြသည်။ သို့သော် လေ့လာရသည့် စာအုပ်စာတမ်းအများစုမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် နိုင်ငံ တကာ ဘာသာစကားကျွမ်းကျင်မှုနည်းပါးခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာဝေါဟာရများနှင့် အလှမ်းကွာဝေးခြင်း တို့ကြောင့် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများမှာ မျှော်မှန်းထားသလိုထိရောက်မှုမရှိခဲ့ကြပေ။ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အခြေခံလူတန်းစားအဖွဲ့အစည်းများသို့ထိုးဖေါက်နိုင်ရန်အတွက် လက်တွေ့ကျသော လူ့အခွင့်အရေးပညာပေးမှုနှင့် စွမ်းရည်မြင့်မားအောင်လုပ်ဆောင် သည့် အစီအစဉ်များလုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပါသည်။ ထိုလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန်အတွက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ကို ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ စတင်ထူထောင်ခဲ့သော ၂၀ဝ၀ခုနှစ်ကတည်းက လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး ယနေ့အထိ အဖွဲ့အစည်းအသီးသီးမှ သင်တန်းများ ပို့ချ ပေးရန်အတွက် တောင်းဆိုမှုများကို အဆက်မပြတ် လက်ခံရရှိနေ လျက်ရှိ်သည်။ လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)အနေဖြင့် သင်တန်းသားများကိုယ်တိုင် ပါဝင်လေ့လာ သင်ယူနည်းကသာ လေ့လာသူများ၏စွမ်းရည်ကို မြင့်တင်ပေးရာရောက်ပြီး အမှန်တကယ် လက်တွေ့ကျသောလှုပ်ရှားပြောင်းလဲမှုများကို ဆောင်ကျဉ်းပေးနိုင်သည်ဟု အလေးအနက်ခံယူ သည်။ ဆရာကိုဗဟိုပြုသောသင်ကြားနည်းသည် လူမှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရန်အတွက် အရေးကြီးလှသည့် လူတစ်ယောက်ချင်းစီ၏ သဘောထားနှင့် အပြုအမူများ ပြောင်းလဲရန် ဆိုသည့် ရည်ရွယ်ချက်ကို ရရှိနိုင်အောင်မလုပ်ဆောင်နိုင်ကြောင်းကို မိမိတို့အနေဖြင့် သုံးသပ်မိပါသည်။ လေ့လာ သူများ၏ ပါဝင်လုပ်ဆောင်မှုကို အားနည်းစေသည့် ဆရာကိုဗဟိုပြုသော သင်ကြားမှုပုံစံမျိုးဖြင့် လေ့လာသူများ၏ စွမ်းရည်ကို မြင့်တင်နိုင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့ ယုံကြည်သည့်အတိုင်း လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)သည် သင်ယူလိုသူများ၏ လိုလားချက်၊ အတွေးအမြင်များအပေါ်အခြေခံထားသည့် လူ့အခွင့်အရေး ပညာပေးမှုများကို လုပ်ဆောင်လျက် ရှိသည်။ သင်ယူသူများ၏စွမ်းရည်ကို မြင့်တင်ပေးခြင်းဖြင့် လူ့အခွင့်အရေးအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာစေအောင်နှင့် လူ့အခွင့်အရေးများ ကို အသုံးချစေနိုင် အောင် ရည်မှန်းလုပ်ဆောင်လျက် ရှိသည်။ ရည်မှန်းချက် ကျားမတန်းတူညီမျှနှင့် ကျွမ်းကျင်မှုကိုအခြေခံသော လူ့အခွင့်အရေးနှင့်သင်တန်းများကို လူထုလူတန်းစားများအကြား ကျင်းပပြုလုပ်သွားရန်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် ယန္တရားများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အဓိကလူ့အခွင့်အရေးသဘောတူ စာချုပ်များဖြစ်ကြသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) အမျိုးသမီးများအား နည်းမျိုး စုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ဖျက်သိမ်းရေးစာချုပ်(CEDAW) အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့် အရေး သဘောတူစာချုပ် (ICCPR) အပြည်ပြည်ဆိုင်ရာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအခွင့်အရေးများ သဘော တူစာချုပ် (ICESCR) လူမျိုးရေး ခွဲခြားဖိနှိပ်မှုပုံစံအားလုံး ဖျက်သိမ်းရေးစာချုပ်(CERD) ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) နှင့် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တို့ကို မြန်မာပြည်သူများအကြား ပိုမိုနားလည်သဘောပေါက်စေလာအောင် ကြိုးပမ်းလုပ်ဆောင်သွားရန်။ မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နယ်စပ်ဒေသများတွင် ကျွမ်းကျင်မှုရှိသော လူ့အခွင့်အရေးပညာပေးသင်တန်းနည်းပြများ ပေါ်ထွန်းလာစေရန်နှင့် လူထုအဖွဲ့အစည်းအသီးသီး၏ စွမ်းရည်များပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်း နည်းပြသင်တန်းများကို အဆက်မပြတ်လုပ်ဆောင်သွားရန်။ HREIB ၏ ဦးတည်ချက်များပြည့်ဝနိုင်စေရန် လိုအပ်သည့် လူတိုင်းနားလည်လွယ်ကူစွာ ဖတ်ရှုအသုံးချနိုင်သော သင်တန်းပို့ချုမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ လမ်းညွှန်လက်စွဲများနှင့် အခြားသောထုတ်ဝေမှုများကို ဆောင်ရွက်သွားရန်၊ လိင်ကွဲပြားမှုအခြေခံ၍ ခွဲခြားသောအချက်များအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာမိစေရန်နှင့် ထိုအချက်များသည် လူ့အခွင့်အရေးနှင့် မည်ကဲ့သို့ဆက်စပ်နေသည်ကို သတိပြုမှုများတိုးပွားလာစေရန်အတွက် ရည်ရွယ်၍ လက်ရှိလုပ်ငန်းအမျိုးမျိုးတွင် အကောင်အထည်ဖော်လုပ်ဆောင်သွားရန်။ မျှော်မှန်းချက် လူ့အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အကြောင်းအရာများကို လူ့အဖွဲ့အစည်းအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်စေပြီး လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်လာစေရန်။ မြန်မာနိုင်ငံ၏ကျောင်းများအားလုံး၏ သင်ရိုးညွှန်းတမ်းများထဲတွင် တိုးတက်ကောင်းမွန်သည့် လူ့အခွင့်အရေးပညာပေးမှုကို ပြဋ္ဌာန်းထည့်သွင်းသင်ကြားလာနိုင်ရန်။ လူ့အခွင့်အရေးမှန်သမျှအား လေးစားသည့် ငြိမ်းချမ်းသော၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ရှည်မှုရှိသော၊ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံသစ်ကိုထူထောင်ရာတွင် လူ့အခွင့်အရေးပညာပေးမှုကို အဓိကကျသော ကရိယာအဖြစ်အသုံးပြုရန်။ ရည်ရွယ်ချက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးပညာပေးဌာနတစ်ခုအနေဖြင့် ဆောင်ရွက်သွားရန်။ လူ့အခွင့်အရေးပညာပေးဌာန၏ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ သင်တန်းအမျိုးမျိုးပို့ချသွားရန်။ အလုပ်သင်အစီအစဉ်များခေါ်ယူခြင်းနှင့် စာအုပ်စာတမ်းများအပါအဝင် အခြားအထောက်အကူပြုပစ္စည်း အမျိုးမျိုးအား ထုတ်ဝေဖြန့်ချိမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန်။ မြန်မာနိုင်ငံရှိ အမျိုးမျိုးကွဲပြားခြားနားနေသော လူမျိုးစုတိုင်းရင်းသားများအကြားတွင် နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ပွားများလာစေရန်အတွက် လူ့အခွင့်အရေးပညာပေးမှုများကို ကရိယာတစ်ခုအနေဖြင့် အသုံးပြုသွားရန်။ အဖွဲ့အစည်း၏ အင်တာနက် စာမျက်နှာ ကဏ္ဍ:မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
ချအမ်းမြို့
ချအမ်းမြို့သည်ထိုင်းနိုင်ငံအနောက်ပိုင်းဝဇိရပုရီပြည်နယ်တည်ရှိသည့်မြို့တစ်ခုဖြစ်သည်။ Category:ထိုင်းနိုင်ငံ
ကြို့ထိုးခြင်း
လူတယောက် အသက်ရှုတဲ့အခါ လေကို ပါးစပ် ဒါမှမဟုတ် နှာခေါင်းကနေ ရှူသွင်းလိုက်ပါတယ်။ ရှူသွင်းလိုက်တဲ့လေဟာ အသက်ရှူလမ်းကြောင်းမှာ ပါဝင်တဲ့ နေရာအဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးမှာ အဆုတ်ထဲကို ရောက်သွားပါတယ်။ ရင်ခေါင်း ကြွက်သားမကြီးကလည်း ကြွက်သားကျုံ့ခြင်း၊ ဆံ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် လေရှူသွင်းချိန်မှာ အောက်ဘက်ကို ကျသွားလိုက်၊ လေရှူထုတ်ချိန်မှာ အပေါ်တက်လာလိုက် ဖြစ်ပေါ်စေပြီး အသက်ရှူတဲ့ဖြစ်စဉ်မှာ ဝင်ရောက်ပါဝင်လေ့ ရှိပါတယ်။ အာရုံကြောတခုဖြစ်တဲ့ phrenic nerve ဟာ ရင်ခေါင်းကြွက်သားမကြီးရဲ့ လှုပ်ရှားမှုနဲ့ အာရုံခံစားမှုကို လုပ်ဆောင်ပေးပါတယ်။ ကြို့ထိုးခြင်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် phrenic nerve က လှုံဆော်မှုကို ခံရမယ်ဆိုရင် ရင်ခေါင်းကြွက်သားများဟာ အလိုအလျောက် လှုပ်ရှားလာတတ်ပါတယ်။ (မျက်စိနဲ့ မြင်ရတဲ့ ကြွက်သားတွေ လှုပ်ရင်တော့ အသားလှုပ်တယ်လို့ ခေါ်ပါတယ်။ တဆတ်ဆတ်နဲ့ ဖြစ်တတ်တဲ့သဘောပေါ့ ) အဲဒီ လှုံ့ဆော်မှုကြောင့် ကြို့ထိုးမဲ့သူဟာ အသက်ကို ပြင်းပြင်းနဲ့ မြန်မြန်ရှူလိုက်ပါတယ်။ ဒီအချိန်မှာ (epiglottis) လို့ခေါ်တဲ့ လေပြွန်ဖန်က ရုတ်တရက် ပိတ်သွားပါတယ်။ ဒီအခါ လေအဝင်အထွက်က ရုတ်တရက် ရပ်သွားပါမယ်။ ဆိုတော့ လူတိုင်းကြားနေကျ ကြို့ထိုးတဲ့ အသံလေး ဖြစ်ပေါ်လာပါတယ်။ အွတ်.. အွတ်.. ။ ဟုတ်တယ်နော်။ စမ်းကြည့်ပါဦး။ ကြို့ထိုးအောင် လှုံဆော်ပေးတဲ့အရာ အများအပြား ရှိပါတယ်။ အဲဒါတွေကတော့ ရင်ပြည့်လွန်ခြင်းအစာအိမ်ဟာ ရင်ခေါင်း ကြွက်သားမကြီးရဲ့ အောက်မှာ တည်ရှိပါတယ် ။ ဒါကြောင့် အစာတွေအများကြီး စားလိုက်မယ်ဆိုရင် အာရုံကြောကတဆင့် ရင်ခေါင်း ကြွက်သားမကြီးကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတာပါ။ အပူအစပ်များစားခြင်း ဆေးလိပ် အလွန်အကျွံသောက်ခြင်း အရက် အလွန်အကျွံသောက်ခြင်း သို့မဟုတ် တကြိမ်တည်းနှင့် အများအပြား သောက်လိုက်ခြင်း အစာအိမ် အတွင်းနှင့်အပြင်တွင် အပူချိန်ကွာခြားမှု ရုတ်တရက်များလာခြင်း (အလွန်အေးသော ၊ အလွန်ပူသောအစာများ စားမိလျှင်ဖြစ်တတ်သည်) စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။ ရောဂါကြောင့်ဖြစ်ခြင်း ကိုယ်တွင်းဇီဝကမ္မဆိုင်ရာ ပြင်းထန်သောရောဂါများ၊ အာရုံကြောမကြီးနှင့်ဆိုင်သော ရောဂါများ၊ မေ့ဆေးပေးထားသောသူများ၊ စိတ်မကျန်းမာသော သူများ အချို့သော ဆီးချိုသမားများ ကျောက်ကပ်အားနည်းသူများ စသည်တို့မှာ ၄၈နာရီထက်ကြာအောင် ကြို့ထိုးတတ်တာ တွေ့ရတတ်ပါတယ်။ ပျောက်အောင်လုပ်နည်း ကြို့ထိုးတာဟာ အချိန်တော်တော်များများမှာ သူ့အလိုလို ပျောက်တတ်ပါတယ်။ ဘာမှလုပ်ပေးစရာ မလိုပါဘူး။ အချိန်အရမ်းကြာလို့ ခံစားနေရတဲ့သူ သိပ်မောပန်းလာမယ် ဆိုရင်တော့ ရိုးရှင်းတဲ့နည်းလေး တွေနဲ့ အရင် စကုနိုင်ပါတယ။် အဲဒါတွေကတော့… ၁။ အသက်ရှူတာ ခဏအောင့်ထားလိုက်ပါ။ သွေးထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ တက်လာပါလိမ့်မယ်။ ဒါဆို သက်သာသွားပါလိမ့်မယ်။ ကြို့မထိုးတော့ပါဘူး။ ၂။ ရေသောက်ကြည့်ပါ။ ၃။ အိတ်တအိတ်ထဲကို ပါးစပ်နဲ့ နှာခေါင်းထည့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒါဆိုလည်း ကိုယ်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ကိုယ်ပြန်ရှူသလိုဖြစ်ပြီး သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ တက်လာပါလိမ့်မယ်။ ဒီနည်းလေးတွေက vagus nerve လို့ခေါ်တဲ့ ဦးနှောက်နဲ့ အစာအိမ် အူလမ်းကြောင်းကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောကို လှုံဆော်ပေးပြီး ကြို့ထိုးခြင်းကို သက်သာစေတာ ဖြစ်ပါတယ်။ ၄။ သကြားကို လျှာအောက်မှာ ငုံထားပေးပါ ။ အချိန်ကြာမြင့်စွာ ကြို့ထိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။ ဆေးအနေနဲ့ကတော့ Chlorpromazine ဆိုတဲ့ဆေးကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ မတိုက်သင့်ပါဘူး။ ဆရာဝန်တယောက်အနေဖြင့် ၁။ နှာခေါင်းပိုက် (suction tube )ကို နှာခေါင်းက တဆင့်ထည့်ပြီး ရှေ့တိုးနောက်ဆုတ် အနည်းငယ်ပြုလုပ်ပေးခြင်းအားဖြင့် pharynx ကို လှုံ့ဆော်ပေးခြင်း။ (တော်တော် အခံရ ခက်ပါတယ်၊ မဖြစ်မနေမှသုံးပါတယ်) ၂။ Phrenic nerve ကိုမလှုပ်ရှားနိုင်အောင် လုပ်ထားခြင်း ဖြတ်တောက်ထားခြင်း တို့ပြုလုပ်နိုင်ပါတယ်။ မူရင်းစာမျက်နှာ ကြို့ထိုးခြင်းဆိုတာ Category:ရောဂါလက္ခဏာများ
အပူပိုင်းဒေသ ရောဂါများ
အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများမှာ အပူပိုင်းဒေသနှင့် အပူပိုင်းဒေသနှင့်နီးသော ဒေသများတွင် ဖြစ်ပွားပျံ့နှံ့သော သို့မဟုတ် တစ်ဦးတည်းပြိုင်ဘက်ကင်းသော ရောဂါများဖြစ်သည်။ ရောဂါပိုးများသည် မပူလွန်းမအေးလွန်းသော ရာသီဥတုများတွင် ပျံ့နှံ့မှုပိုနည်းပါသည်မှာ အင်းဆက်ပိုးကောင်ရေကို ဆောင်းခိုစေခြင်းဖြင့် ထိန်းချုပ်နိုင်သောအေးသောရာသီဖြစ်ပေါ်သောကြောင့်လည်း ဖြစ်သည်။ ခြင်နှင့် ယင်တို့ကဲ့သို့ အင်းဆက်များသည် ယခုအချိန်အခါအထိ လူသိအများဆုံးသော ရောဂါပိုးသယ်ဆောင်သူများ သို့မဟုတ် ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သူ ဖြစ်သည်။ ဤအင်းဆက်များသည် လူသားများနှင့် တိရစ္ဆာန်များကို ကူးစက်ပြန့်ပွားစေသော ကပ်ပါးကောင်၊ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်နိုင်သည်။ အများအားဖြင့် ရောဂါပိုးသည် အင်းဆက်ပိုး “ကိုက်ခြင်း”ကြောင့် ကူးစက်ပါသည်။ ကူးစက်စေတတ်သော အရာများကို အရေပြားအောက်တွင် သွေးလဲလှယ်မှု ပြုလုပ်ခြင်းမှတဆင့် ကူးစက်စေသည်။ ဤနေရာတွင် ဖော်ပြထားသော ရောဂါတစ်စုံတစ်ရာ အတွက်ကိုမျှ ကာကွယ်ဆေးများ မရနိုင်သေးပါ။ အများအပြားမှာ ကုသရန်နည်းလမ်းမရှိပါချေ။ အပူပိုင်းဒေသ မိုးရာသီသစ်တောများအားလူသားများသွားရောက်စူးစမ်း လေ့လာကြခြင်း၊ သစ်တောပြုန်းတီးခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းအခြေချနေထိုင်မှု မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးသွားများ တိုးမြင့်လာခြင်းနှင့် အပူပိုင်းဒေသများသို့ အခြား ကမ္ဘာလှည့် ခရီးသွားလာခြင်းတို့သည် ထိုသို့သော ရောဂါများ ဖြစ်ပွားခြင်းကို မြင့်တက်လာစေသည်။ အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR) အာဖရိက၊ အာရှ၊ အမေရိကအလယ်ပိုင်းနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးတိုးတက်ဆဲဒေသများရှိ ဆင်းရဲနွမ်းပါးပြီး ဘေးဖယ်ထားခြင်း ခံရသောသူအပေါင်းတို့အပေါ် အချိုးအစားမညီမျှစွာ ထိခိုက်စေသော၊ ဥပေက္ခာပြုထားသော ကူးစက်တတ်သည့် ရောဂါများကို အာရုံစိုက်ရန်အတွက် အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR)ကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသော အေဂျင်စီဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တည်ထောင်ထားပြီး၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့က ပူးတွဲကမကထ ပြုကြသည်။ TDR၏ ရည်မှန်းချက် အမြင်မှာ ရောဂါ ဖြစ်ပွားလေ့ရှိသော တိုင်းပြည်များ၏ ဗဟိုကျသောနေရာမှ ပါဝင်ကြသော ဆင်းရဲမှု၏ ကူးစက်တတ်သော ရောဂါများနှင့်ပတ်သက်ပြီး ထိရောက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ သုတေသန ကြိုးပမ်းချက်များကို ကြီးပွားဖြစ်ထွန်းအောင် လုပ်ရန်ဟူ၍ ဖြစ်သည်။ ၎င်းတွင် ဤရောဂါများအားနှိမ်နင်းရန် ပစ္စည်းကိရိယာနှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့်၊ ရောဂါများဖြစ်ပွားသော တိုင်းပြည်များတွင် သုတေသနနှင့် ခေါင်းဆောင်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ဟူသော ရည်ရွယ်ချက်ပန်းတိုင်နှစ်ခု ရှိသည်။ TDR ၏ အတွင်းရေးမှူးရုံးမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေပြုထားသည်။ သို့သော် စပ်တူလုပ်ကိုင်သူများနှင့် ငွေကြေးထောက်ပံ့မှု အများအပြားတို့ဖြင့် တစ်ကမ္ဘာလုံးအနှံ့ အလုပ်ကိုလုပ်ဆောင်ပါသည်။ နမူနာအဖြစ် ယင်း၏အလုပ်အချို့တွင် အွန်ကိုဆိုက်ကားယာစစ်စ် (မြစ်ရေထဲတွင် ပေါက်ဖွားသော အမည်းရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်း)အတွက် အိုင်ဗာမက်တင်ဆေး ကဲ့သို့ ရောဂါများအား ကုသနည်းအသစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငှက်ဖျားရောဂါအတွက် အာတီမက်စင်နင်ပေါင်းစပ်ပါဝင်သော ဆေးကုသခြင်း (ACT)ကို အသုံးပြုရာ၌ တိုးတက် ကောင်းမွန်စေရန် ထုပ်ပိုးပုံ ထုပ်ပိုးနည်းက မည်သို့ကူညီပုံကို ပြသခြင်း၊ ခြင်ကိုက်ခြင်းနှင့် ငှက်ဖျားရောဂါကို တားဆီးကာကွယ်ရာတွင် ခြင်ထောင်များကြောင့် ထိရောက်မှုရှိပုံကို လက်တွေ့ပြသခြင်းနှင့်၊ ရပ်ကွက်လူထုကို အခြေခံပြီး ရပ်ကွက်လူထုက ဦးဆောင်သော အစီအစဉ်များက ဆေးကုသမှု မျိုးစုံ ဖြန့်ဝေခြင်းကို တိုးမြှင့်စေသည့် အကြောင်း မှတ်တမ်းတင်ခြင်းတို့ ပါဝင်သည်။ TDR ၏သမိုင်းကြောင်း လက်ရှိ TDR ၏ရောဂါပိုး အတန်းအစားများတွင် အောက်ပါစာရင်းများ ပါဝင်သည်။ ချားဂက်စ်ရောဂါ (အမေရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ဟုလည်းခေါ်သည်)သည် အမေရိကတိုက် အထူးသဖြင့် တောင်အမေရိကတိုက်တွင်ဖြစ်ပွားသော လူ့ကပ်ပါးကောင်ရောဂါ တစ်ခုဖြစ်သည်။ ယင်း၏ ရောဂါဖြစ်ပွားစေတတ်သော သတ္တိမှာ ထရီပဲန်နိုဆိုမာ ခရူဇီ ဟုခေါ်သော ဖလက်ဂျလိတ်ပရိုတိုဇုန် တစ်ခု ဖြစ်ပြီး သွေးစုတ်သော အဆက်စင် ပိုးကောင်ခေါ် ခြေတံရှည်သွေးစုတ် ပိုးကောင်တစ်မျိုးကြောင့် အများအားဖြင့် ကူးစက်တတ်သည်။ သို့သော် ကပ်ပါးကောင်များဖြင့် မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ သွေးသွင်းခြင်းနှင့် မိခင်မှဝမ်းပိုက်တွင်းရှိ သန္ဓေသားသို့ ကူးစက်ခြင်း ကဲ့သို့သော အခြားနည်းလမ်းများဖြင့်လည်း ကူးစက်ခြင်းဖြစ်နိုင်သည်။ လက်ရှိတွင် လူဦးရေ ၁၆ သန်းမှ ၁၈ သန်းအကြား ကူးစက်ခံနေရသည်။ သွေးလွန်တုပ်ကွေးရောဂါ ဟဲလ်မင့်သ်စ် ခေါ် သန်ကောင်ရောဂါ အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် သို့မဟုတ် ဦးနှောက်ရောင်ပြီး ခေါင်းလေးငိုက်မျည်းသည့် ရောဂါမှာ လူ့ကပ်ပါးကောင်ရောဂါတစ်ခုဖြစ်ပြီး၊ ထရီပဲန်နဇုန်းခေါ် အသက်အိမ်ကလာပ်စည်း တစ်ခုတည်းရှိသည့် အသေးမွှားဆုံးသတ္တဝါ ကြောင့် ဖြစ်ရသည်။ အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ရောဂါအတွက် တာဝန်ရှိသော အရာနှစ်ခုမှာ ထရီပဲန်နဆိုမာ ဘရူဆိုင် ဂမ်းဘီယဲန့်စ် နှင့် ထရီပဲန်နဆိုမာ ဘရူဆိုင် ရိုဒီးဆီယဲန့် တို့ဖြစ်ကြသည်။ ဤကပ်ပါးကောင်များသည် ဆက်ဆီယင်ကောင်မှတဆင့် ကူးစက်ပါသည်။ သဲခြင်ကောင်မှတဆင့်ကူးစက်သော အရေပြားအနာရောဂါသည် မျိုးနွယ်စုတူ လေ့ရှမဲန်နီးယား ပရိုတိုဇုန်ကပ်ပါးကောင်များ ကြောင့် ဖြစ်ပွားရပြီး၊ ဆဲန်းဒ်ဖလိုင်းခေါ် သဲယင်ကောင် အမျိုးအနွယ်ဝင် ကိုက်ခြင်းကြောင့် ကူးစက်ပြန့်ပွားပါသည်။ လက်ပရိုစီခေါ် အနာကြီးရောဂါ† (သို့မဟုတ် ဟန်ဆဲန် ရောဂါ)သည် မိုင်ကိုဘက်တီးရီးယမ် လက်ပရေးကြောင့် ဖြစ်ပွားရသော နာတာရှည် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်သည်။ အနာကြီးရောဂါသည် အပြင်ပန်းဆိုင်ရာ အာရုံကြောများနှင့် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း၏ ချွဲသလိပ်ထုတ်ပေးသော မျူကိုဆာတို့တွင် ဖြစ်ပွားသည့် ဂရန်နျူလိုမတပ်စ် ရောဂါပိုးတစ်မျိုးကြောင့် အဓိကအားဖြင့် ဖြစ်ပွားပါသည်။ အရေပြားထိခိုက်ပျက်စီးမှုမှာ အဓိက မြင်သာသော လက္ခဏာဖြစ်သည်။ မကုသဘဲထားလျှင် အနာကြီးရောဂါသည် တဆင့်ပြီးတဆင့် တိုးပွားလာပြီး အရေပြား၊ အာရုံကြောများ၊ ခြေလက်များနှင့် မျက်စိတို့ကို ထာဝစဉ်ပျက်စီးစေသည်။ လူအများတို့ ခံယူချက်သဘောထားနှင့် ဆန့်ကျင်စွာ၊ အနာကြီးရောဂါသည် ယခင်က လက်ပရိုစီဟု အင်္ဂလိပ်လိုဘာသာပြန်ဆိုမှု ပြုထားသော ဟေဗြဲကျမ်းစာတွင် ဖော်ပြထားသည့် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းရှိသည့် ဇာရက်ဟုခေါ်သောရောဂါကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ လွယ်လွယ်နှင့် ပြတ်ကျခြင်း မဖြစ်နိုင်ပေ။ ဆင်ခြေထောက်ရောဂါသည် သန်လုံးကောင် ဟုခေါ်သော အပ်ချည်ကဲ့သို့ ပုံသဏ္ဌာန်ရှိသော ကူးစက်တတ်သည့် ဖီလာရီယယ်လ် သန်ကောင်များကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင် ရောဂါတစ်ခုပါသည်။ ယင်းတို့အားလုံးမှာ ခြင်များကြောင့် ကူးစက်ပြန့်ပွားရသည်။ လိုဝါလိုဝါ သည် ဒီးယားဖလိုင်းဟုခေါ်သော ယင်ကောင်တစ်မျိုးကြောင့် ပြန့်ပွားသော အခြား ဖီလာရီယယ်လ် ကပ်ပါးကောင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် လူသန်းပေါင်း ၁၂၀ သို့ ကူးစက်ပျံ့နှံ့နေပါသည်။ ရောဂါအပြင်းထန်ဆုံး ဖြစ်ပွားလေ့ရှိသော နေရာများတွင် လူဦးရေ၏ တစ်ဝက်ကျော်မှာ ထိုရောဂါကို သယ်ဆောင်ထားကြသည်။ သိသာထင်ရှားဆုံးသော ရောဂါလက္ခဏာမှာ အရေပြားနှင့် အရေပြားအောက်ရှိတစ်ရှူးများ ထူထဲလာသည့် ဆင်ခြေထောက်ရောဂါပင်ဖြစ်သည်။ ဆင်ခြေထောက် ရောဂါသည် သားနံရည်အိတ်ကလေးများထဲတွင် ဖီလာရီယယ်လ် သန်ကောင်ကြောင့် ဖြစ်ပွားသော နာတာရှည်ကူးစက်ရောဂါတစ်ခု ဖြစ်သည်။ ယင်းသည် သွေးပြန်ရည် အိတ်များကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှ သွေးပြန်ရည်စီးဆင်းမှုကို နှေးကွေးစေသည်။ ငှက်ဖျားရောဂါသည် သွေးကိုအာဟာရအဖြစ် မှီဝဲသူများဖြစ်သော အနောဖိလစ် ခြင် အမများမှတစ်ဆင့် ကူးစက်ပြန့်ပွားသော ပရိုတိုဇုန် ကပ်ပါးကောင်များကြောင့် ဖြစ်ပွားရသည်။ မျိုးနွယ်စုတူပလပ်စ်မိုဒီယမ် အမျိုးအနွယ်များကြောင့် ထိုရောဂါဖြစ်ပွားရသည်။ ငှက်ဖျားရောဂါသည် ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းချေ လူသန်းပေါင်း ၁၉၀ - ၃၁၁ သန်းသို့ကူးစက်ခဲ့ပြီး လူဦးရေ ရ၀၈,၀၀၀ - ၁,၀၀၃,၀၀၀ သေဆုံးခဲ့ရသည်။ ယင်တို့အနက် အများစုမှာ အာဖရိကရှိ ဆာဟာရနှင့်နီးသော ဒေသများမှ ဖြစ်ကြသည်။ အွန်ကိုဆိုက်ကားယာဆစ်စ်ရောဂါ သို့မဟုတ် မြစ်ရေထဲတွင် ပေါက်ပွားသော အမည်းရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်းသည် ကမ္ဘာပေါ်တွင် မျက်စိကန်းရခြင်းဖြစ်ပွားစေသော အကြောင်းရင်းများအနက် ဒုတိယနေရာမှ ဦးဆောင်လျက်ရှိသည့် ကူးစက်တတ်သော အကြောင်းရင်း ဖြစ်သည်။ ၎င်းရောဂါသည် ကပ်ပါးသံကောင်တစ်မျိုးဖြစ်သည့် အွန်ကိုဆာကာ ဗော်ဗျူလပ်စ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ အမည်းရောင်ယင်ကောင်တစ်မျိုး ကိုက်ခြင်းမှတဆင့် ကူးစက်ပါသည်။ ပိုးကောင်များသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ယင်းတို့သေဆုံးသွားသောအခါ အလွန်အမင်းယားယံခြင်း ဖြစ်ပေါ်စေပြီး၊ ပြင်းထန်သော ခန္ဓာကိုယ် ရောဂါတိုက်ဖျက်သည့်စနစ်က တုံ့ပြန်တိုက်ခိုက်သောအခါ မျက်စိကဲ့သို့ အနီးအနားရှိတစ်ရှူးများကိုပါ ပျက်စီးစေနိုင်သည်။ လက်ရှိတွင် လူပေါင်း ၁၈ သန်းခန့်သည် ဤကပ်ပါးကောင်ကြောင့် ရောဂါကူးစက်ခံရသည်။ ယင်းရောဂါကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်မှာ ထာဝစဉ် မျက်စိမမြင်တော့ပေ။ စကစ်စ်တို သို့မဟုတ် စနေးလ်ဖီဗာဟု လူသိများသော စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါသည် ရေရှင်နေ ခရုများရှိသော နေရာများရှိ ကပ်ပါးကောင်များကို သယ်ဆောင်နိုင်သည့် တုတ်ပြားကောင်အမျိုးအစား များစွာကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင်ရောဂါ တစ်မျိုးဖြစ်သည်။ ကူးစက်မှုအများဆုံးနည်းလမ်းမှာ ရေကန်များ၊ ရေအိုင်များနှင့် ခရုများနှင့် ကပ်ပါးကောင်များရှိနေသော ရေများထဲတွင် ဖြတ်သွားခြင်း သို့မဟုတ် ရေကူးခြင်းတို့ကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၂၀၀ ကျော်မှာ စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါ ကူးစက်မှု ခံနေရသည်။ လိင်မှတဆင့်ကူးစက်သော ရောဂါများ တီဘီ/အိပ်ချ်အိုင်ဗီ ပူးတွဲကူးစက်ခြင်း အဆုတ်နာရောဂါ(အတိုကောက် တီဘီ) ကုသခြင်းမပြုပါက သေဆုံးသည့်နှုန်းမှာ ၅၀% ကျော်ဖြင့် ကမ္ဘာပေါ်တွင် အလွန်အမင်းပျံ့နှံ့လျက်ရှိသော အဆုတ်သို့မဟုတ် အခြားတစ်ရှူးများ၌ ဘက်တီးရီးယားပိုး ကူးစက်ခြင်းဖြစ်သည်။ ယင်းသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နမ်းခြင်း သို့မဟုတ် တံတွေးထွေးခြင်းတို့မှ ထုတ်လွှတ်လိုက်သော အမှုန်အမွှားလေးများမှတဆင့် ကူးစက်သော ကူးစက်နိုင်သည့်ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာ တီဘီဘက်တီးရီးယားပိုး ကူးစက်ခံနေရသည်။ အနာကြီးရောဂါနှင့် အဆုတ်နာရောဂါမှာ အပူပိုင်းဒေသရောဂါ သက်သက်မဟုတ်ပါချေ။ အပူပိုင်းဒေသတွင် ထိုရောဂါများဖြစ်ပွားခြင်းမှာ မြင့်မားမှုကြောင့် ယင်းတို့ကို ထည့်သွင်းထားခြင်းဖြစ်သည်။ အချို့သော အပူပိုင်းဒေသရောဂါများမှာ ဖြစ်ခဲသော်လည်း အီဘိုလာ သွေးယိုစီးခြင်း အဖျားရောဂါ၊ လတ်ဆာအဖျား ရောဂါနှင့် မားဘတ်ဂ်ဗိုင်းရပ်စ် တို့ကဲ့သို့ ရုတ်တရက်ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်သည်။ လူသိနည်းသော သို့မဟုတ် ဖြစ်ပွားမှုနည်းပါးသော အပူပိုင်းဒေသရောဂါအမျိုးမျိုး ရာနှင့်ချီ၍ ရှိသည်။ ထိုသို့အဖြစ်နည်းသော်လည်း လူထုကျန်းမာရေးအတွက်မူ အရေးကြီးသည်။ ရာသီဥတုနှင့် အပူပိုင်းဒေသ ရောဂါများ ပတ်သက်မှု အပူပိုင်းဒေသရှိ “နိုင်ငံခြားမှ ယူဆောင်ခဲ့သည့်” ရောဂါများကို ခရီးသွားများ၊ စူးစမ်းလေ့လာသူများ၊ စသည်တို့အပြင် ဆရာဝန်များလည်း ပါဝင်သယ်ဆောင်ကြသည်ကို ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့သည်။ သိသာထင်ရှားသော အကြောင်းရင်းတစ်ခုမှာ ပူပြင်းသောရာသီဥတုမှာ တစ်နှစ်ပတ်လုံးရှိနေပြီး မိုးများစွာ ရွာသွန်းမှုကြောင့် ပေါက်ပွားရာနယ်မြေများအဖြစ် ဖွဲ့စည်းခြင်း၊ အမျိုးအစားစုံသော သဘာဝရေလှောင်ကန်များနှင့် လူသားများသို့ ပျံ့နှံ့ကူးစက်နိုင်သော တိရစ္ဆာန်တို့၏ ရောဂါများ (ဇူဝါနောဆစ်စ်) အရေအတွက်ပိုမိုများပြားခြင်း၊ ဖြစ်နိုင်ချေရှိသော ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သော အင်းဆက်များ အများဆုံးရှိခြင်း တို့အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေပါသည်။ ပိုမိုမြင့်မားသော အပူချိန်သည် ဇီဝဗေဒနှင့်ဆိုင်သော သက်ရှိဇီဝရုပ်များ၏ အတွင်းနှင့်အပြင်ရှိ ရောဂါဖြစ်ပွားစေသော သတ္တိများ ပုံတူပွားများခြင်းကိုလည်း လွယ်ကူစေသည်။ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံအများစုမှာ အပူပိုင်းဒေသများတွင်ရှိနေသောကြောင့် လူမှုစီးပွားရေးဆိုင်ရာ အကြောင်းရင်းများ မှာလည်း အကျိုးသက်ရောက်မှု ရှိနေနိုင်သည်။ လူမှုစီးပွားရေး အခြေအနေများကို တိုးတက်အောင် ဆောင်ရွက်ထားသော ဘရာဇီးနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံများသည် တကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လူထုကျန်းမာရေးတို့တွင် ရင်းနှီးမြှုပ်နှံထားပြီး၊ အပူပိုင်းဒေသတွင်သာ ဖြစ်တတ်သော ရောဂါအများအပြားတို့ကို ဖယ်ရှားသုတ်သင်ခြင်း သို့မဟုတ် လျော့နည်းအောင် ပြုလုပ်ခြင်းတို့နှင့် ပတ်သက်ပြီး ကူးစက်ပျံ့နှံ့နိုင်သော ရောဂါများကို တိုက်ခိုက်ချေမှုန်းရာတွင်လည်း ထူးထူးခြားခြား ရလဒ်များ ရရှိအောင်မြင်ခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်း၊ဂရင်းဟောက်စ်သက်ရောက်မှု(ကမ္ဘာမြေကြီး၏လေထုလွှာပါးလာသောကြောင့်နေရောင်၏ပူနွေးမှုကိုကမ္ဘာ့လေထုကစုပ်ယူထားပြီး အရပ်မျက်နှာအနှံ့ပြန်လွှတ်ထုတ်ပေးခြင်း) ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းနှင့် ရလဒ်အဖြစ် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း တို့သည် အပူပိုင်းဒေသ ရောဂါများဖြစ်ပွားစေခြင်းနှင့် ပိုးမွှားကောင်လေးများကို ပိုမိုမြင့်သော တောင်တန်းထူထပ်သည့် အရပ်ဒေသများနှင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း၊ မြေထဲပင်လယ်ဒေသ၊ စသည်တို့ကဲ့သို့ ယခင်ကရောဂါဖြစ်ခဲ့ခြင်း မရှိသေးသောနေရာများအထိ ပိုမိုကျယ်ပြန့်သော အရင်ဒေသများသို့ပါ ပျံ့နှံ့စေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဥပမာပေးရလျှင်၊ ကော်စတာရီကာနိုင်ငံရှိ မွန်တီဗာဒီး မိုးတိမ်သစ်တောတွင် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ခိုင်ထရီဒီယိုမိုင်ကိုးဆစ်စ် ခေါ် အပူပိုင်းဒေသ ရောဂါတစ်ခုကို ကြီးပွားစေသောကြောင့် မွန်တီဗာဒီး ဟာလီကွင်ဖားများ၏ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါဦးရေကို အတင်းအကျပ် ကျဆင်းစေသည်။ဤနေရာတွင် တောင်များပေါ်တွင် မိုးတိမ်ဖွဲ့စည်းခြင်း၏ အမြင့်ပမာဏကို ပိုမိုမြင့်လာ စေသောကြောင့်၊ ငြိတွယ်ပတ်ရစ်နေသော ပသိုဂျင်ခေါ် ရောဂါဖြစ်စေသောပိုး ဘီ ဒဲန်ဒရိုဘက်တစ်ဒစ်စ်ကို အကောင်းဆုံးအနေအထားဖြင့် ကြီးထွားအောင် ပံ့ပိုးပေးသော မိုးတိမ်ကို ထုတ်လုပ် ပေးပါသည်။ အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများကို တားဆီးကာကွယ်ခြင်းနှင့် ကုသခြင်း အပူပိုင်းဒေသ ရောဂါပိုးများကို ထိန်းချုပ်ရန်အတွက် မဟာဗျူဟာအချို့တွင် အောက်ပါတို့ ပါဝင်သည် - အင်းဆက်များနှင့် အခြား ရောဂါ ပိုးမွှားများ ကောင်ရေကျဆင်းစေရန် ရွှံ့ဗွက်တော စိမ့်မြေများကို ရေထုတ်မြောင်းများ ဖောက်ပေးခြင်း။ စစ်ဆင်ရေးလုပ်မည့် မျက်နှာပြင်များဖြစ်သည့် အဝတ်အစား၊ အရေပြား၊ အဆောက်အဦးများ၊ အင်းဆက်များ ဝင်ရောက်နေထိုင်သော နေရာများနှင့် အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ ခေါ် ခြင်ထောင်များတွင် အင်းဆက်သတ်ဆေးများ နှင့်/သို့မဟုတ် အင်းဆက်ကာကွယ် လိမ်းဆေးများကို အသုံးပြုခြင်း။ အချို့သော အပူပိုင်းဒေသ ခြင်မျိုးများသည် ညဘက်တွင်အဓိက အစာရှာထွက်သောကြောင့် ညအချိန် ကူးစက်ခြင်းကို လျှော့ချရန်အတွက် အိပ်ရာပေါ်တွင် ခြင်ထောင်(“အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ” ဟုလည်း လူသိများသည်)ထောင်ခြင်း။ ရေတွင်းများနှင့်/သို့မဟုတ် ရေစစ်ခြင်း၊ ရေစစ်များ ကိုအသုံးပြုခြင်း သို့မဟုတ် ကပ်ပါးကောင်များ ကင်းစင်သော သောက်ရေထုတ်လုပ်ရန်အတွက် ရေသန့်စင် ဆေးပြားများဖြင့် ရေသန့်စင်အောင်လုပ်ခြင်း။ ရောဂါ ခုခံစွမ်းအားမြင့်တက်လာစေရန်ကာကွယ်ဆေးများ ပေါ်ပေါက်မှုနှင့် ယင်းတို့ကို အသုံးပြုခြင်း၊ ဆေးဝါးဗေဒနှင့်ဆိုင်သော မထိတွေ့ခင် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ်(ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများနှင့် မထိတွေ့မီ ရောဂါကာကွယ်တားဆီးရန်) ဆေးဝါးဗေဒနှင့်ဆိုင်သော ထိတွေ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ် (ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများ ူနှင့် ထိတွေ့ပြီးနောက် ရောဂါကာကွယ် တားဆီးရန်) ဆေးဝါးဗေဒနှင့်ဆိုင်သော ကုသမှု (ကူးစက်ခြင်း သို့မဟုတ် အများအပြား လာရောက်နှောင့်ယှက် ခံရပြီးသည့်နောက် ရောဂါကို ကုသရန်) ရောဂါဖြစ်ပေါ်သော သီးခြားဒေသများတွင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အကူအညီပေးခြင်း။ ဥပမာ ပိုမိုထိရောက်သောနှင့် အထွက်နှုန်းကောင်းသော စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အသေးစားချေးငွေများကို ထောက်ပံ့ပေးခြင်း။ အမြတ်အစွန်းပိုမိုရရှိရန် အသက်မွေးမှုအတွက် ဖူလုံသောလယ်ယာလုပ်ငန်းကို အကူအညီပေးနိုင်ရန်အတွက် ဤချေးငွေက အလှည့်ကျကူညီနိုင်သည်။ ဆင်းရဲမှုနှုန်းကို ကျဆင်းစေသည့် ထပ်ဆင့် အကျိုးအမြတ်နှင့်အတူ ဒေသတွင်းရှိ ပြည်သူများအား ရောဂါကာကွယ်ရေးနှင့် ကုသရေးတို့တွင် ဤအမြတ်ငွေများကို သုံးစွဲနိုင်ပါမည်။ ကိုးကား Category:ကူးစက်ရောဂါများ
ပျူလူမျိုး
သဘာဝ အရိုင်းသက်သက် မျှသာရှိသေးသည့် မြန်မာနိုင်ငံတွင်းသို့ ပထမဦးဆုံး တိုးဝှေ့ဝင်ရောက်လာသည်မှာ တိဗက်-ဗမာအနွယ်ဝင် ယနေ့ ရှေးဦးဗမာတို့၏ ဘိုးဘေး ပျူလူမျိုးများဟုလည်းယူဆကြသည်။ ပျူ နှင့် အနွယ်တူ ရှေးဟောင်း တိဗက်-ဗမာစကားပြောလူမျိုးများသည် အိန္ဒိယနိုင်ငံ အရှေ့ဘက် ဒေသများအထိအစုစုကွဲကာ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်သို့ ပြန့်နှံ့ သွားကြဟန်ရှိသည်။ ရခိုင်ကမ်း ရိုးတန်းဒေသသို့လည်း ဝင်ရောက်သွားကြသည်ဟု ယူဆရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်တွင် ပျူလူမျိုးများနှင့် သက်ဆိုင်သည့် ရှေးဟောင်းမြို့ပျက်များ၊ အသုံးအဆောင်များအား ရှာဖွေတူးဖော် တွေ့ရှိချက်အရ ရှေးဟောင်းပျူလူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘို၊ မုံရွာ၊ အလောင်းတော် ကဿဖ ၊ဖိုလ်ဝင်တောင်‎၊ ဟန်လင်းကြီး ၊ တကောင်း ၊ မြင်းခြံ၊ ပုဂံ ၊ ပုပ္ပား ၊ မကွေး၊ မင်းဘူး၊ ဆင်ဖြူကျွန်း (ကျပင်းမြို့ဟောင်း) ၊သရက်၊ တောင်တွင်းကြီး၊ထားဝယ်၊ ရမည်းသင်း၊ ညောင်လွန်၊ ပြည်၊ မှော်ဇာနယ်များတွင် မြို့ပြပြည်ရွာများ ထူထောင်ခဲ့ကြသည်ဟု အထောက် အထား အခိုင်အမာ တွေ့ရှိရသည်။ သရေခေတ္တရာမြို့ဟောင်းအား တူးဖော်သည့်အခါ ဝိကရာမနှင့် ဝါရမမင်းဆက်များ၏ အရိုးအိုးများကို ရှာဖွေတွေ့ရှိရသည်။ ဝိကရာမ နှင့် ဝါရမမင်းဆက်များသည် (၇) ရာစုခန့်လောက်က သရေခေတ္တရာတွင် စိုးစံခဲ့ကြောင်း အရိုးအိုးများပေါ်တွင် ကမ္ဗည်း ထိုးထားသည့် စာတမ်းများက အခိုင်အမာသက်သေခံ လျက်ရှိသည်။ ယင်း အနောက် တိဗက်အနွယ်ဝင် ပျူလူမျိုးများနှင့် အနွယ်တူလူမျိုး များသည် အိန္ဒိယအရှေ့ပိုင်းဒေသသို့ ရောက်နှင့်နေကြသော အင်ဒိုအာရိယန်များနှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သောကြောင့် အင်ဒိုအာရိယန်များထံမှ ကုန်ထုတ်လုပ်မှု အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို ဆက်ခံ ရရှိ လာဖွယ်ရှိသည်။ တူးဖော်တွေ့ရှိရသည့် ကိုးကွယ်မှုဆိုင်ရာ ဘုရားပုထိုးများ၊ ရုပ်တုဆင်းထုများ ကိုကြည့်၍၊ ဗြဟ္မဏ၊ မဟာယန ထေရဝါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့ရသည်။ ပျူတို့၏ ဗိသုကာနည်းမှာ အိန္ဒိယပြည် ဂုတ္တခေတ် သို့ နွယ် နေပြီး သက္ကတ နှင့် ပါဠိစာပေများကိုသုံးစွဲ ကြောင်းသိရသည်။ အက္ခရာ အရေး အသား မှာ အိန္ဒိယနိုင်ငံ သုံးဗြဟ္ဓီသို့နွယ်သည့် ကဒမ္ဘ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ သမိုင်းဝင် တရုတ်နန်းတွင်း မှတ်တမ်းများနှင့် တရုတ်စာပေများ၌ မြန်မာနိုင်ငံ ပျူလူမျိုးများသည် (၄) ရာစုလောက်ကတည်းက တိုးတက်ယဉ်ကျေးလျက်ရှိသည့် လူမျိုးအဖြစ်ဖော်ပြထားသည်။ (၈) ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခမ်းနားပြီး အံ့ဩလောက်ဖွယ်ရာ မြို့ကြီး ၅ မြို့နှင့် ပြည်နယ်ကလေးများ (၁၈) နယ် မျှရှိကြောင်း ပျူမင်းသား အရှင်သခင်များတွင် အချွေအရံများ ကျေးကျွန် သင်းပင်းများ ရှိကြောင်း ယူနန်နယ် နန်ချိုဘုရင် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ လာရောက်သည့်အခါ သံအဖွဲ့နှင့်အတူ ပျူမင်းသား နှင့် ကချေသည် အဖွဲ့တဖွဲ့လည်း ချစ်ကြည်ရေးလိုက်ပါလာကြောင်း မှတ်တမ်းရှိသည်။ ပျူတို့၏ ယဉ်ကျေးမှု ၈ ရာစုနှစ်များအတွင်း ပျူလူမျိုးတို့ ရရှိပြီးဖြစ်သော ယဉ်ကျေးမှု အဆင့်အတန်းသည် အံ့ဖွယ်ကောင်းလောက်အောင် မြင့်လှသည်။ လက်မှုပညာ၊ စာရေးသားမှု၊ ကိုးကွယ်ယုံကြည်မှု၊ လူမှုဆက်ဆံရေး စသည့်အချက်အလက်တို့၌ အထက်တန်းကျလေသည်။ ပျူလက်မှုပညာသည်တို့သည် ပန်းထိမ်၊ ပန်းပု၊ ကျောက်ဆစ်ပညာရပ်၌ ပုဂံခေတ် လက်မှုပညာသည်တို့ထက် သာလွန်သည်ကို တွေ့ရသည်။ တူးဖော်တွေ့ရှိရသော ဗုဒ္ဓဘုရား၏ ဆင်းတုတော်တို့မှာ ရွှေ၊ ငွေ၊ ငွေရည်စိမ်၊ ကြေးနီ၊ ခဲတို့ဖြင့် ပြီး၍ သပ္ပာယ်လှသည်။ ခြင်္သေ့ရုပ်၊ မကန်းရုပ်များကို ရုပ်လုံးဝက် ဖောင်းကြွဖော်ထားသော တကဲများနှင့် ရောင်ခြည်တော် လွှတ်ပုံများကိုလည်း တွေ့ရသည်။ စက်ဝိုင်းပုံ၊ လခြမ်းပုံ၊ ဘဲဥပုံ ရှိသော ရွှေပန်းကန်၊ ငွေပန်းကန်များ လေးထောင့်အံစာပုံ ရှိသော၊ ကတော့ပုံရှိသော၊ ပြွန်ချောင်းပုံရှိသော ရွှေကြုတ်၊ ငွေကြုတ်များ၊ ငွေလှေငယ် ကျောက်စိမ်းဖြင့် ပြီးသော ဆင်ရုပ်၊ ဖလ်ကျောက် မကန်းရုပ်၊ မဟူရာဖြူ လိပ်ရုပ်၊ ဝမ်းဘဲရုပ်၊ သမင်ရုပ်၊ လိပ်ပြာရုပ်များ၊ ငွေခြင်းလုံး၊ ရွှေနန်းကြိုး၊ ကြေးနီနန်ကြိုး၊ သံနန်းကြိုး၊ ကျောက်မျက်တို့ဖြင့် တန်ဆာဆင်ထားသော ရွှေကြာပန်း၊ ငွေကြာပန်း၊ ဂေါဒန်၊ မဟူရာနီ၊ ဂေါ်မိတ်တို့ဖြင့်ပြီးသော စိတ်ပုတီးများ၊ နီလာ၊ ကျောက်နီ၊ ကြောင်၊ မဟူရာ ဥဿဖရားတို့ဖြင့် ပြုလုပ်ထားသော အလှပစ္စည်းများသည် ပျူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေသည်။ ပုဂံနှင့် မန္တလေးမြို့ရိုးများထက် ထုထည်ပိုမိုကြီးမားခိုင်ခံ့၍ စက်ဝိုင်းပုံသဏ္ဌာန်ရှိ ပျူနေပြည်တော်၏ မြို့ရိုး (မှော်ဇာ)၊ ရှေးကျလှသော ဘုရားကြီး၊ ဘုရားမနှင့် ဘောဘောကြီး စေတီတော်တို့သည် ထိုခေတ်က ဗိသုကာပညာ မည်မျှ ထွန်းကားလက်မြောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် ဂုတ္တနှင့် မထုရာ သုခုမပညာတို့၏ အရိပ်အရောင် မကင်းသော ကျောက်ဆစ်၊ ကျောက်ပန်းပု လုပ်ငန်း အများကိုလည်း တွေ့ရသေးသည်။ ပျူတို့၏ မိမိတို့ပိုင် အက္ခရာနှင့် စာရေးသားမှုရှိသည်။ ပျူစာအပြင် နာဂရီအက္ခရာနှင့် ရေးသားသော သက္ကတစာလည်း ရှိခဲ့သည်။ ကြီးမားလှသော အုတ်ချပ်များ၊ မြေအိုးကြီးများ၊ ကျောက်ပြားများ၊ ဆင်းတုတော်ပလ္လင် ဘေးပတ်လည်တွင် ရေးသားခဲ့သော အထက်ပါစာများမှာ ယနေ့တိုင်ပင် ရှိနေသေးသည်။ ထို့အပြင် ပါဠိဘာသာနှင့် ရေးသားထားသော ရွှေပြားများ၊ကျောက်စာများနှင့် ရွှေပုရပိုက်များလည်း တွေ့ရသည်။ ရွှေရွက်ရေ ၂၀ ရှိသော ရွှေပုရပိုက်တွင် ပိဋကတ် ၃ ပုံမှ ကောက်နုတ်ချက်များကို ဖော်ပြထားသည်။ ရေးသားထားသော အက္ခရာမှာ တသမတ်တည်း မရှိပေ။ အကြမ်းအားဖြင့် အိန္ဒိယပြည် ကနရာနယ် မြောက်ပိုင်းတွင် ၅ ရာစုနှစ်များက သုံးစွဲခဲ့သော ကဒမ္ဗအက္ခရာများနှင့်လည်းကောင်း၊ ပမ္ဖဝတို့၏ ကဉ္ဇီပုရ အက္ခရာတို့နှင့်လည်းကောင်း ဆင်တူယိုးမှားရှိသည်။ ယခုအခါ ပျူစာကို အသုံးမရှိကြသော်လည်း မြစေတီကျောက်စာကို မှီငြမ်းပြု၍ ယခုခေတ် သုတေသန ပညာရှင်များသည် ပျူစာကို ဖတ်ရှုနားလည် နိုင်ကြသည်။ ပျူတို့၏ အယူဝါဒ တွေ့ရှိရသော စေတီ၊ ဆင်းတုတော်များနှင့် အယူဝါဒရေးဆိုင်ရာ ပစ္စည်းတို့ကို ထောက်ရှုခြင်းအားဖြင့် ပျူတို့ ကိုးကွယ်ယုံကြည်သော အဓိက အယူဝါဒမှာ ထေရဝါဒဗုဒ္ဓ အယူဝါဒ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုခေတ် အရှေ့တောင် အာရှနိုင်ငံတို့မှာ ကဲ့သို့ အခြားကိုးကွယ်ယုံကြည်မှုမျိုးစုံ မိရိုးဖလာ ယုံကြည်မှုလည်း တွေ့ရသည်။ ဗိဿနိုးနတ်ကျောက်ရုပ်များကို တွေ့ရှိရခြင်းဖြင့် ထိုနတ်ကို ကိုးကွယ်သော ဗိဿနိုးအယူဝါဒ ရှိခဲ့ကြောင်း သိရသည်။ အဝ လောကီတေသွာရနှင့် ဗောဓိသတ္တတို့၏ ဆင်းတုငယ်များ ရှိနေခြင်းကလည်း မဟာယာန ဗုဒ္ဓအယူဝါဒ ရှိခဲ့ကြောင်း ဖော်ပြနေသည်။ ထူးခြားချက်တရပ်မှာ သရေခေတ္တရာ၌ တိရစ္ဆာန်ငှက်မျိုးစုံတို့၏ အရိုးများကို စုပေါင်းသိုလှောင်ထားသောအုတ်၊ အဆောက်အဦးတစ်ခုကို တွေ့ရခြင်းဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုနှင့် မည်သို့ သက်ဆိုင်သည်ကိုမူ မသိရသေးပေ။ ပျူတို့၏ဇာတ်သိမ်း ပျူလူမျိုးတို့၏ဇာတ်သိမ်းကို ရေရာစွာမသိရသော်လည်း ပျူမြို့ပြနိုင်ငံများကို နန်ချိုတို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီးနောက်တွင် အခြား တိဘက်မြန်မာ အနွယ်များဖြစ်သည့် ဗမာ၊ ချင်း၊ ကမ်းယံ အစရှိသည့် လူမျိုးများနှင့် ရောနှောကာ ပျောက်ကွယ်သွားခဲ့သည်ဟု အကြမ်းဖျင်း ယူဆကြသည်။ အချို့ကလည်း ပျူဟူ‌‌သည် ယနေ့ ဗမာလူမျိုးတို့ကို ဗြူမာ ဟုခေါ်သော ရှေးအမည် ဖြစ်၍ ပျူနှင့်ဗမာ အတူတူဟု ယူဆကြပြီး ဗမာလူမျိုးဟူသော အမည်သစ်ဖြင့် ရပ်တည်နေကြသည်ဟု ယူဆကြသည်။ ပျူလူမျိုးများသည် တိဘက်မြန်မာအနွယ်ဝင်များ ထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည် ဟုမှန်းဆရသည်။ဧရာဝတီမြစ်ရိုးအနောက်ဘက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။ အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ၊ ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစု အစောပိုင်းလောက်တွင် နန်ကျောက်တို့၏ရန်စစ်ကို ခံရကာ အင်အားနည်းသွားရပြီး မျိုးတူ ဗမာအပါအဝင် ကျန် ချင်း၊ကရင်၊ပအိုဝ်း အစရှိသည့် လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။ ပျူဘာသာဖြင့်နောက်ဆုံးတွေ့ရသည်ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။ ရှေးဟောင်း ပျူမြို့တော် သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံ မကျတကျဖြစ်ပြီးတောင် မြောက် နှစ်မိုင်ခွဲ၊ အရှေ့အနောက် နှစ်မိုင်ခန့် ကျယ်ဝန်းသည်။ ပြည်-ပေါက်ခေါင်း သွား ကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည် မြို့ဟောင်း၏ ဗဟိုနေရာ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများ နေရာအနှံ့ တွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုး အပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်း ကျန်ရှိသေးသည်. ယေဘုယျကိုးကား မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။ ဒေါက်တာသန်းထွန်း ၏ “ပျူတွေဘယ်ပျောက်သွားသလဲ” အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅ ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး ) Category:မြန်မာနိုင်ငံလူမျိုးများ Category:ပျူခေတ်
အလောင်းတော် ကဿပ
အလောင်းတော်ကဿပမထေရ် အလောင်းတော် ကဿပသည် မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှ ပုံတောင်၊ ပုံညာနှင့် မဟူရာတောင် သုံးလုံးဆုံရာရှိ ပိတ်နေသော အုတ်ဂူတွင် အရှင်မဟာကဿပ၏ ရုပ်ကလာပ် အလောင်းတော်ရှိသည်ဟု အများယုံကြည်ကြသော နာမည်ကျော် ဘုရားဖူး၊ ခရီးသွားရာအရပ်ဖြစ်သည်။ အမှန်တကယ် မည်သည့် အလောင်းတော်ဖြစ်သည်နှင့် တည်နေရာ ရှင်းလင်းချက်တွင်မူ မူကွဲများရှိသည်။ နေရာဒေသ မြန်မာနိုင်ငံ၌ ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော်ကဿပသည် မုံရွာမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ခန့်အကွာ တောင်ကြီးတို့၏ အကြား၌တည်ရှိသည်။ တည်ရာအရပ်မှာ လူနေနှင့် အလွန်ဝေးလံ၍ တောတောင်အလွန်ကြီးမားသော အရပ်ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကနီမြို့မှလည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ ကူး၍ ယင်းမာပင်မြို့သွားလမ်းအတိုင်း ကားစီးသွားသော် မိုင် ၄၀ ဝေးသော တောင်ခြေစခန်းဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော်ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင်တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကနီလမ်းမှသွားလျှင်မူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင်၂ဝ သွားရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှ တက်သကဲ့သို့ပင် တောင်ဆင်းတောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီးတောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲလာသောကြောင့်ပင် ပိုမိုကျော်ကြားသည်ဟု ယူဆရပေသည်။ အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့်ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် ပုံတောင်ပုံညာတောင်၊ မြောက်ဘက် အလောင်းတော်နှင့် အကပ်ဆုံးတွင် ပုံတောင်ပုံညာတောင် အဆက် ခေါက်လောက်တောင်ရှိသည်။ (အချို့က စိတ်ကူးနှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟုလည်း ဆိုကြသည်။) အလောင်းတော် အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျားပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော်တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက်အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့် ရှိသည်။ အာရုံခံတန်ဆောင်းဘက်၌ ယခုအခါ ကြေးစည် ကြီးငယ်အလုံးပေါင်း ၈ဝ ဆွဲချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီး သုံးလုံးနှင့် စေတီငယ် တစ်ဆူ ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော်ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်းစက်နေသည့် လျောင်းတော်မူပုံတော် မဟုတ်ဘဲ ပရိနိဗ္ဗာန်စံတော်မူသည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်းဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် (ရေနံတစ်တောင်ခန့်) ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ အခြား ကဿပအလောင်းတော် နေရာ အချို့က ဂိဇ္ဈကုဋတောင်ဟု ခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင်မောင်နှမ ရှိသည်ဟု ဆိုကြသည်။ အလောင်းတော်တည်ရာ ကုန်းမြင့်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်းပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေစပြင် ဟုခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစပြင် ဟုခေါ်သည်။ ထိုအဝနှစ်ခု အကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူးများသည် အဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြင်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသောချောင်းထဲသို့ ရေစီးအလိုက်ပါသွားလေရာ အောက်ရေစပြင်မှ ထွက်လာသောအခါ ဆွမ်းများပါမလာဘဲ ခွက်ချည်း ထွက်လာသည်ဟု ရှေးအခါက ဆိုကြသည်။ စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည် ဟု ထင်မြင်ချက်ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော်ပွဲ မျှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လှိုဏ်ဂူအဝ၌ ကျွန်းသစ်များ ပိတ်ဆို့နေလေသည်။ ခရစ် ၁၉၂၀ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ်တုံးငယ်များ မြှောချကြောင်း ဆိုကြ၏။ ၁၉၈၃ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်းကို ဟိုဘက်သည်ဘက် ပေါက်သွားလိုသူများအား ရွှေကြိုများက ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာသည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။ အထက်ရေစပြင်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ်ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂၀ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်းဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော်အစစ် ရှိသည်ဟု အယူရှိကြသည်။ ကဿပအလောင်းတော် ကဿပအလောင်းတော် ဟု ဆိုရာ၌ မည်သည့်ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ဤဘဒ္ဒကမ္ဘာတွင် သုံးဆူမြောက်ပွင့်ထွန်းခဲ့ပြီးသော ကဿပဘုရားရှင်မှစ၍ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ရှိ မထေရ်များဖြစ်သည့် ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာကဿပ၊ ရှင်မဟာကဿပ၊ စိတ္တကထိက ကုမာရကဿပ၊ သာမည ကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်းလောင်ရှင်ကဿပ စသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ဂေါတမဗုဒ္ဓဘုရားရှင်ဧ။်သာသနာပင်ရောက်နေပြီဖြစ်သဖြင့် ရှေးယခင်ကဘုရားဖြစ်သည့် ကဿပဘုရားရှင်မှာ ဓာတ်တွေမွေ တော် အားလုံးချုပ်ငြိမ်းခဲ့သည်ဖြစ်သဖြင့် ကဿပဘုရားရှင် မဖြစ်နိုင်တော့ပါ၊ ရဟန်းသာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများအနက် ဤကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာကဿပကြီး ဟူ၍ လည်းကောင်း၊ ပေါင်းလောင်ရှင် ကဿပ ဟူ၍လည်းကောင်း၊ ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။ သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ်ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရတောင် စရည်းပင်ရောက်ရာ လှိုဏ်ဝတွင် ပထမသင်္ဂါယနာတင်သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပသံယုတ်၊ အဋ္ဌကထာတွင် ဆိုသည်။ ထို့ကြောင့် ယခု အလောင်းတော်ကဿပနေရာသည် ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာနေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ သို့တည်းမဟုတ် ထိုအ‌လောင်းတော်ကို မြန်မာနိုင်ငံသို့ပင့်ဆောင်လာမည် ဟု မှတ်ယူပါကလည်း ကျောက်စာ၊ ပိဋကတ်သုံးပုံ အစရှိသည့်အထောက်အထားများလည်း မရှိသဖြင့် ယုံဖွယ်ရာမရှိပါ။ ရာဇဂြိုဟ်ပြည်ကြီးသည် အချင်း တစ်ယူဇနာနီးနီးကျယ်သည်ဟု ကျမ်းဂန်၌ဆိုသည်။ ယခု တောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်းနှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ်နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော်နေရာဟု အများက ယူဆကြသည်။ ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့စီရင်စု ပေါင်းလောင်ရွာ ဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံအပြား ဘုရားဖူးကြွပြီးနောက် သီဟိုဠ်မှ ဓာတ်တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူ ပင့်ခဲ့ပြီးလျှင် အထက်မြန်မာနိုင်ငံတစ်ခွင် ဘုရားများ အနှံအပြားတည်သည်။ ထိုဘုရားတည်ရာ အရပ်တို့ ၌လည်း လှည့်လည်၍ သီတင်းသုံးတော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော်မူတတ်သည်။ တစ်ခါသော် မြင်းမူ တောရကျောင်းမှ အမြင့်တောကျောင်း၊ တုံတောကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခု ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီးအနားရွာသားများ ကိုးကွယ်သူ ဒါယကာများက ကောင်းစွာ သဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဍန် တည်ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပဟု ဝေးနီးအနှံ ကျော်စောလာသည်ဟု ဆိုကြသည်။ သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး၏ မိန့်ကြားချက်အရသော်ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေသည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ် နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်းဖြစ်သော ကဿပအမည်ရှိသော ရဟန်းတစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန် သင်ယူတတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချ သင်ကြား၍ နေလေသည်။ ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမြော်ဆည်းကပ်ကြသဖြင့် ပရိသတ်အတွက် စက်ဆုပ်ငြီးငွေ့တော်မူပြန်သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေတော်မူရာတွင် ဆေးအကြောင်း ကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကျော်ကြားပြန်သဖြင့် ရှေးကထက် ပရိသတ်များစွာ လာကြသောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်းပြောင် အရပ်သို့ ကြွ၍ သီတင်းသုံးတော်မူသည်။ ငသလောက်ခေါင်းပြောင် အရပ်၌ နေရာတွင်လည်း လူတို့သည် သတင်းနားထောင်၍ ကြားရာအရပ်သို့လိုက်လျက် ဖူးမြော်ဆည်း ကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိသတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့စက်ဆုပ်တော်မူပြန်သဖြင့် ၂၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံအနီး၌ ဧကစာရ သီတင်းသုံး နေတော်မူသည်။ ထိုသို့ ခဲယဉ်းသော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဖူးသော ပါရမီထူး ဝိသေသကြောင့် လူအများသည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူအများသိ၍ သွားပြန်သဖြင့် ထူခြားသော ပုဂ္ဂိုလ်ဟု ကြည်ညိုသူများ သဒ္ဓါပွားလျက် ထက်သန်သော စေတနာဖြင့် ဆည်းကပ်ပူဇော်ဖူးမြော်ရန် လာကြပြန်သည်။ ရှင်မဟာကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်းသုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဓိဿ အလောင်းတော်သဏ္ဌာန် အင်္ဂတေဖြင့် ပြုလုပ်ထားကြသည်ဟု ဆိုလေသည်။ ဘုရားဖူးခရီးစဉ် ယင်းမာပင်၊ ပွင့်လင်းရာသီတွင် အလောင်းတော် ကဿပ၊ ဖိုလ်ဝင်တောင်၊ ရွှေဘတောင် ဘုရားဖူးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ လာရောက်မှုများပြားရာ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်သို့ သွားရာတွင် ဘုရားဖူးကားများအနေဖြင့် ဇီးတော ယမားချောင်းကို ဖြတ်သန်းသွားလာကြရာ ယမားရေကျချိန်တွင် ချောင်းပြင်ကျယ်ကာ ရေစီးသန်သဖြင့် ဘုရားဖူးကားများမှာ သွားလာရန် ခက်ခဲကြောင်း သိရသည်။ အလောင်းတော် ကဿပ ဘုရားဖူးခရီးသွားကားများ အနေဖြင့် မုံရွာမှ ကပိုင်ရွာအထိ (၃၈)မိုင်၊ ကပိုင်ရွာမှ အလောင်းတော်ကဿပ (၂၁)မိုင် တောင်ပေါ်ခရီးမောင်းနှင်ရသည်။ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်သို့ ဆက်လက်ထွက်ခွာရာတွင် အလောင်းတော်ကဿပမှ ကပိုင်ရွာ (၂၁)မိုင်၊ ကပိုင်ရွာမှ ယင်းမာပင် (၁၇)မိုင်၊ ယင်းမာပင်မှ ဖိုလ်ဝင်တောင် (၆)မိုင်ခန့် သွားရသည်။ ကပိုင်ရွာနှင့် ယင်းမာပင်မြို့အကြား ဇီးတောရွာအနီးတွင် ဇီးတောယမားချောင်းရှိရာအဆိုပါ ယမားချောင်းမှာ ရေကျချိန်တွင် တဟုန်ထိုးရေစီးဆင်းခြင်း၊ ရေပြင်ကျယ်ခြင်းများရှိသည်။ အလောင်းတော် ကဿပ မြန်မာနိုင်ငံတွင် ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော် ကဿပသည် မုံရွာမြို့ အနောက်မြောက် ဘက် မိုင် ၆ဝ ခန့်အကွာ တောင်ကြီးတို့၏အကြား၌ တည် ရှိသည်။ တည်ရာအရပ်မှာ လူနေအရပ်နှင့် အလွန်ဝေးလံ၍ တော တောင် အလွန်ကြီးမားသောအရပ် ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကန္နီမြို့မှ လည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ကူး၍ ယင်းမာပင်မြို့သွားလမ်း အတိုင်း ကားစီးသွားသော် မိုင် ၄ဝ ဝေးသော တောင်ခြေစခန်း ဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော် ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင် တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကန္နီလမ်းမှသွားမူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင် ၂ဝ သွား ရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှတက်သကဲ့သို့ ပင် တောင်ဆင်း တောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီး တောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲသောကြောင့်ပင် ပိုမို ကျော်ကြားသည်ဟု ယူဆရပေ သည်။ အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့် ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက် တို့တွင် ပုံတောင် ပုံညာတောင်၊ မြောက်ဘက် အလောင်း တော်နှင့် အကပ်ဆုံးတွင် ပုံတောင် ပုံညာတောင်အဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူးနှင့် မဇ္ဈိမ ဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟု ဆိုကြသည်။ အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျား ပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော် တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက် အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့်ရှိသည်။ အာရုံခံတန်ဆောင်း ဘက်၌ ယခုအခါ ကြေးစည်ကြီးငယ် အလုံးပေါင်း ၈ဝ ဆွဲ ချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီးသုံးလုံးနှင့် စေတီငယ်တစ်ဆူ ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော် ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပတ်လက်ဖြန့်ကာ ခေါင်းအုံး လျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်း စက်နေသည့် လျောင်းတော်မူပုံတော်မဟုတ်ပဲ ပရိနိဗ္ဗာန်စံတော်မူ သည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်း ဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်း တော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့် ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် ရေနေတစ်ထောင်ခန့် ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ အချို့က ဂိဇ္ဈကုဋ်တောင်ဟုခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင် မောင်နှမရှိသည်။ အလောင်းတော်တည်ရာ ကုန်းပြင်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှ ပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်း ပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေ စပြစ်ခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစ ပြင်ဟု ခေါ်သည်။ ထိုအဝနှစ်ခုအကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူး များသည် ဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြစ်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသော ချောင်း ထဲသို့ ရေစီးအလိုက်ပါသွားရာတွင် အောက်ရေစပြစ်မှ ထွက် လာသောအခါ ဆွမ်းများပါမလာတော့ပဲ ခွက်ချည့် ထွက်လာ သည်ဟု ရှေးအခါက ဆိုကြသည်။ စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည်ဟု ထင်မြင်ချက် ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော် ပွဲ မြှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လိုဏ်ဂူ အဝ၌ ကျွန်းသစ်တုံးများ ပိတ်ဆို့နေလေသည်။ ခရစ် ၁၉၂ဝ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ် ငယ်တုံးငယ်များ မြှောချကြောင်း ဆိုကြသည်။ ၁၉၃၈ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်း ကို ဟိုဘက်သည်ဘက် ပေါက်သွားလို သူများအား ရွှေကြိုများ က ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာ သည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။ အထက်ရေစပြစ်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ် ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂ဝ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်း ဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော် အစစ်ရှိသည်ဟု အယူရှိကြသည်။ ကဿပအလောင်းတော်ဟု ဆိုရာ၌ မည်သည့် ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ကဿပဘုရားသခင်မှစ၍ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာ ကဿပ၊ ရှင်မဟာကဿပ၊ စိတ္တ ကထိက ကုမာရ ကဿပ၊ သာမညကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်လောင်ရှင်ကဿပစသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှား သော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ရုပ်ပုံတော်သည် ရောင်တော်မပါသဖြင့် ဘုရားကဿပ လုံးဝမဖြစ်နိုင်၊ ရဟန်း သာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများ အနက် ကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာ ကဿပကြီးဟူ၍လည်းကောင်း၊ ပေါင်လောင်ရှင် ကဿပဟူ၍ လည်းကောင်း ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။ သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ် ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရ တောင် စရည်းပင်ရောက်ရာ လိုဏ်ဝတွင် ပထမသံဂါယနာတင် သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုသည်။ ထိုကြောင့် ယခု အလောင်း တော်ကဿပ နေရာသည် ရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်စံရာ နေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ရာဇဂြိုဟ်ပြည်ကြီး သည် အချင်းတစ်ယူဇာနာနီးနီး ကျယ်သည်ဟု ကျမ်းဂန်၌ ဆိုသည်။ ယခုတောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်း နှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ် နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက် သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော် နေရာဟု အများက ယူဆကြသည်။ ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့ စီရင်စုပေါင်းလောင် ရွာဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံ့အပြား ဘုရားဖူး ကြွပြီးနောက် သီဟိုဠ်မှ ဓာတ် တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူပင့်ခဲ့ပြီးလျှင် အထက် မြန်မာနိုင်ငံတခွင် ဘုရားများ အနှံ့အပြား တည်သည်။ ထို ဘုရားသည်ရာ အရပ်တို့၌လည်း လှည့်လည်၍ သီတင်းသုံး တော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော် မူတတ်သည်။ တစ်ခါသော် မြင်းမူတောကျောင်းမှ အမြင့် တောကျောင်း၊ တုံတော ကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခုပုံညာတောင်နှင့် မဟူတောင်တို့ ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီး အနားရွာသားများ ကိုးကွယ်သူဒါယကာများက ကောင်းစွာ သင်္ဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဌာန် တည်ထားကိုးကွယ်ရာမှ အလောင်း တော်ကဿပဟု ဝေးနီးအနှံ့ ကျော်စောလာသည်ဟု ဆိုကြ သည်။ သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး မိန့်ကြားချက် အရသော် ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေ သည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ်နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်း ဖြစ်သော ကဿပ အမည်ရှိသော ရဟန်းတော်တစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန်သင်ယူ တတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချသင်ကြား၍ နေလေသည်။ ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမြော်ဆည်းကပ်ကြသဖြင့် ပရိသတ် အတွက် စက်ဆုပ်ငြီးငွေ့လှ၍ အနိမ့်အရပ်သို့ ပြောင်းရွှေ့သွားကြ သည်။ အနိမ့်အရပ်၌ နေရာ တွင် ရှေးနည်းအတိုင်း ပရိသတ် များစွာ ဆည်းကပ်ဖူးမြော်ရန်လာကြသောကြောင့် စက်ဆုပ် ငြီးငွေ့တော်မူပြန် သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေရာတွင် ဆေးအကြောင်းကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကြော်ကြားပြန်သဖြင့် ရှေးကထက် ပရိသတ်များစွာ လာကြ သောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်ပြောင် အရပ်သို့ကြွ၍ သီတင်းသုံးတော်မူသည်။ ငသလောက်ခေါင်ပြောင်အရပ်၌ နေရာတွင်လည်း လူတို့ သည် သတင်းနားထောင်၍ ကြားရာအရပ်သို့ လိုက်လျက် ဖူးမြော်ဆည်းကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိသတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့ စက်ဆုပ်တော်မူ ပြန်သဖြင့် ၃၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံ အနီး၌ ဧကစာရ သီတင်းသုံးနေတော်မူသည်။ ထိုသို့ ခဲယဉ်း သော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဘူးသော ပါရမီထူးဝိသေသကြောင့် လူ အများ သည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူ အများသိ၍ သွားပြန်သဖြင့် ထူးခြားသော ပုဂ္ဂိုလ်ဟု ကြည်ညို သူများ သဒ္ဓါပွားလျက် ထက်သန်သောစေတနာဖြင့် ဆည်းကပ် ပူဇော်ဖူးမြော်ရန် လာကြပြန်သည်။ ရှင်ကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်း သုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဒိဿ အလောင်းတော် သဏ္ဌာန်အင်္ဂတေဖြင့် ပြုလုပ် ထားကြသည်ဟု ဆိုလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ကိုးကား Category:စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
စောလူးမင်း
စောလူးမင်း (မင်းလုလင်; ၁၉ ဧပြီ ၁၀၄၉ – ၂၁ ဧပြီ ၁၀၈၄) သည် ပုဂံခေတ်တွင် ခရစ်နှစ် ၁၀၇၇ မှ ၁၀၈၄ အထိ အုပ်ချုပ်ခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်အား ထူထောင်ခဲ့သည့် ဖခင် အနော်ရထာမင်းထံမှ ထီးနန်းဆက်ခံခဲ့သော်လည်း ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၀၈၂ ခုနှစ်တွင် အောက်မြန်မာပြည် ပုန်ကန်မှုဖြစ်ပွားခဲ့ပြီး ၁၀၈၃ ခုနှစ် ဧပြီလခန့်တွင် ဖမ်းဆီးခံခဲ့ရကာ တစ်နှစ်အကြာတွင် အသတ်ခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။ အစောပိုင်းဘဝ စောလူးကို ဖခင် အနော်ရထာမင်းနှင့် တောင်နန်းမိဖုရား အဂ္ဂမဟေသီတို့က မွေးဖွားခဲ့သည်။ မြန်မာရာဇဝင်ကျမ်းများတွင် စောလူး၏ သက်တမ်းနှင့် နန်းသက်များဖော်ပြရာတွင် ကွဲလွဲမှုများ ရှိသည်။ အောက်ပါဇယားတွင် ထင်ရှားသော ရာဇဝင်ကျမ်းလေးစောင်နှင့် သမိုင်းပညာရှင်တို့က ဖော်ပြပါရှိသည့် ရက်စွဲများကို စာရင်းပြုထားသည်။Maha Yazawin Vol. 1 2006: 348 ရင်းမြစ် မွေးဖွား-ကွယ်လွန် အသက် ထီးနန်းစံချိန် နန်းသက် ဇာတာတော်ပုံရာဇဝင် (ဘုရင်များ စာရင်း)Zata 1960: 39 ၁၀၅၀–၁၀၈၄ ၃၄ ၁၀၇၇–၁၀၈၄ ၇ ဇာတာတော်ပုံရာဇဝင် (တော်ဝင်ဇာတာ ကဏ္ဍ)Zata 1960: 64 ၁၀၄၉–၁၀၈၄ ၃၄ ၁၀၇၇–၁၀၈၄ ၇ မှန်နန်း ရာဇဝင် ၁၀၀၆–၁၀၆၁ ၅၅ ၁၀၃၅–၁၀၆၁(Maha Yazawin Vol. 1 184–185): Saw Lu died in 423 ME (1061–1062 CE), and his death was followed by two years interregnum. Kyansittha succeeded the throne only in 425 ME (1063–1064 CE). ၂၆ မဟာရာဇဝင်သစ် ၁၀၁၀–၁၀၆၅ ၅၄ ဖေဖော်ဝါရီ ၁၀၆၀ – ၁၀၆၅ ၅ မဟာရာဇဝင်ကြီး ၁၀၂၀–၁၀၆၅ ၄၅ ၁၀၆၀–၁၀၆၅ ၅ ပညာရှင်များ ၁၉ ဧပြီ ၁၀၄၉Yazawin Thit Vol. 1 2012: 108, footnote #2–၂၁ ဧပြီ ၁၀၈၄ မတိုင်မီYazawin Thit Vol. 1 2012: 111, footnote #4 ၃၄ ၁၁ ဧပြီ ၁၀၇၇–၂၁ ဧပြီ ၁၀၈၄ မတိုင်မီ ၇ ထို့အပြင် စောလူးနှင့် အနော်ရထာ၏ အခြားသားတော်ဖြစ်သော ကျန်စစ်သားတို့၏ အသက်ကွာခြားမှုတွင်လည်း ရာဇဝင်ကျမ်းများတွင် ကွဲလွဲစွာ ဖော်ပြထားသည်။ အစောပိုင်းရာဇဝင်ကျမ်းများအရ ကျန်စစ်သားသည် စောလူးထက် (ဇာတာတော်ပုံ အရ အသက် ၂၀) နှင့် (မဟာရာဇဝင် အရ နှစ်နှစ်) အသက်ကြီးကြောင်း ဖော်ပြထားသည်။ သို့သော် နှောင်းပိုင်းရာဇဝင်ကျမ်းများဖြစ်သည့် ရာဇဝင်သစ်နှင့် မှန်နန်း တို့က စောလူးသည် ကျန်စစ်သားထက် နှစ်နှစ်ပိုကြီးကြောင်း ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ အနော်ရထာသည် စောလူးအား ထီးနန်းဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။ စောလူးအား မွေးဖွားပြီးနောက် မွန်အမျိုးသမီးတစ်ဦး နို့ထိန်းအဖြစ်ပြုစုခဲ့ပြီး ယင်းနို့ထိန်း၏ သားဖြစ်သော ငရမန်ကန်းနှင့် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့သည်။Htin Aung 1967: 38–39 စောလူးသည် တိုင်းပြည်အုပ်ချုပ်ရန် စိတ်ပါဝင်စားခြင်းမရှိဘဲ ဖခင်၏ တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ ထီးနန်း ဖခင် အနော်ရထာလွန်ပြီးနောက် အေဒီ ၁၀၇၇၊ ဧပြီ ၁၁ တွင် စောလူးသည် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ဘုရင်ဖြစ်လာပြီးနောက် ဖခင်ဖြစ်သူ၏ မွန်မိဖုရား မဏိစန္ဒာ ခင်ဦးကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့သည်။Hmannan Vol.1 2003: 274 စောလူး၏ ဘွဲ့အမည်မှာ ၐြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။ တောင်ပိုင်းရှိ မွန်ဒေသများအား အုပ်ချုပ်ရန်အတွက် စောလူးသည် ငယ်သူငယ်ချင်း မွန်လူမျိုးဖြစ်သူ ငရန်မန်ကန်းကို အုပ်ချုပ်စေခဲ့သည်။Harvey 1925: 34–36Coedès 1968: 155 မွန်တို့ ပုန်ကန်ခြင်း ပဲခူးစား ငရန်မန်ကန်းသည် ပုဂံရှိ စောလူးထံ ပုံမှန်လာရောက်လေ့ရှိသည်။(ထင်အောင် ၁၉၆၇၊ စာ ၃၈): ရန်မန်ကန်း (တနည်းအားဖြင့် မျက်မမြင်မွန်) သည် ပဲခူးစား၏ အမည်ရင်း မဟုတ်ပေ။ ယင်းသည် ရာဇဝင်ဆရာများ၏ နှိမ်ကာ ပေးထားသော အမည်တစ်ခုသာ ဖြစ်ပြီး သူ၏ အမည်ရင်းမှာ မသိရှိရပေ။ ငယ်သူငယ်ချင်းဖြစ်သူ၏ စစ်ရေးအတွေ့အကြုံနည်းပါးခြင်းကို သိရှိထားသဖြင့် ငရန်မန်ကန်းက ပုန်ကန်ရန် ဆုံးဖြတ်ခဲ့သည်။ ရာဇဝင်ကျမ်းများအဆိုအရ နှစ်ဦးဆုံတိုင်း ကြွေအံပစ်ကစားခြင်း ကစားလေ့ရှိရာ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက "ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ" ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ ပဲခူးသို့ ပြန်ရောက်ပြီးနောက် ငရန်မန်ကန်းလည်း စတင်ပုန်ကန်လေသည်။ ၁၀၈၂ နှောင်းပိုင်းတွင် ငရန်မန်ကန်းသည် စစ်တပ်နှင့်တကွ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာကာ မကွေးအောက်နားရှိ ကျွန်းတစ်ကျွန်းတွင် စခန်းချသည်။ စောလူးလည်း ကျန်စစ်သားကို ပြန်ခေါ်ကာ ပုဂံတပ်၏ စစ်သူကြီးခန့်ကာ စစ်ချီစေရာ မကွေးအနီး မြင်ကွန်းတွင် စခန်းချသည်။ ငရန်မန်ကန်း၏ တပ်သည် သရက်အနီးတွင် စခန်းချသည်။ စောလူးသည် ကျန်စစ်သား၏ သတိပေးမှုကို မလိုက်နာဘဲ တိုက်ခိုက်ရန် လုပ်သည်။ သို့သော် ငရန်မန်ကန်း၏ ကြိုတင်ပြင်ဆင်မှုကြောင့် စောလူး၏ တပ်ပျက်ကာ စောလူးလည်း အဖမ်းခံခဲ့ရသည်။ ဇာတာတော်ပုံရာဇဝင် အရ စောလူးနှင့် ငရန်မန်ကန်းတို့၏ တိုက်ပွဲသည် ၁၀၈၂ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သည်။(ဇာတာ ၁၉၆၀၊ စာ ၈၃): မြန်မာ ၄၄၄ နတ်တော်လ = ၁၀၈၂ အောက်တိုဘာ ၂၃ မှ ၁၀၈၂ နိုဝင်ဘာ ၂၀ ကွယ်လွန်ခြင်း ကျန်စစ်သားက စောလူးအား ကယ်တင်ရန် ကြိုးပမ်းသော်လည်း ကျန်စစ်သားက သူ့အား သတ်ကာ ထီးနန်းရယူမည်ဟု ထင်မှတ်ခဲ့ပြီး စောလူးက လက်မခံခဲ့ပေ။ စောလူးအား ထပ်မံကယ်တင်မည်စိုးသဖြင့် ငရန်မန်ကန်းက ကွပ်မျက်ခဲ့သည်။ စောလူးသည် ၁၀၈၄ ဧပြီ ၂၁ မတိုင်မီတွင် ကွယ်လွန်ခဲ့သည်။ ငရန်မန်ကန်းသည် ကျန်စစ်သား စေလွှတ်သော မုဆိုးငစဉ့်၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ယင်းနောက် ကျန်စစ်သားသည် ပုဂံပြည်ထီးနန်းကို ဆက်ခံခဲ့သည်။ စောလူးမင်း၏ ကောင်းမှုတော်ကား ပင်းချောင်းဝ၌ စက္ကလိပဘုရား၊ မုံရွာခရိုင် မြို့ကြီး၌ ရွှေစောလူးဘုရား၊ မင်ဘူး ခရိုင် ဖောင်းလင်းပ ရွှေစာလူးဘုရား ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း အတွဲ(၃) ဆက်စပ်ဖတ်ရှုရန် စောလူးမင်းကျောက်စာ မှတ်စုများ ကိုးကား ကျမ်းပြုစာရင်း ကဏ္ဍ:ပုဂံခေတ် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
နရသီဟပတေ့
နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။ မျိုးရိုးနှင့် ထီးနန်းဆက်ခံခြင်း မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်းဟုလည်းကောင်း၊ မင်းခွေးချေးဟုလည်းကောင်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည့် နရသီဟပတေ့မင်းကို ဥဇနာမင်းနှင့် မိဖုရားစုလည်းထုံးတို့မှ ၂၃ ဧပြီ၊ ၁၂၈၃ တွင်ဖွားမြင်ကာ ပုဂံထီးနန်းကို အေဒီ (၁၂၅၆-၁၂၈၇) ကာလအတွင်း စိုးစံသွားခဲ့သည်။ နရသီဟပတေ့မင်းသည် အဖိုးဖြစ်သူ ပန်းပွတ်သည်ကြီးအားရည်စူးလျက် ပန်းပွတ်ပုထိုးတော်ကြီးတည်ထားခဲ့ရာမှ ပန်းပွတ်ပုထိုးတော် ဒါယကာဟုလည်း အမည်တွင်ခဲ့သည်။ အများက မင်းခွေးချေးဟု ဆိုကြသော်လည်း အမည်မှန်မှာ မင်းခွေဖြစ်သည်။ ငယ်စဉ်က ချေဆတ်တတ်သောရောဂါရှိသဖြင့် အိပ်ယာထဲတွင် အမြဲခွေနေသောကြောင့် မင်းခွေဟုတွင်ကြောင်း အဆိုရှိသည်။ တရုတ်ပြေးမင်း၏ အမှားတော်ပုံ ပေမူတွင်လည်း မင်းခွေနမဿ ရာဇကုမာရဿ" ဟု သုံးနှုန်းထားရာ "မင်းခွေးချေး" မဟုတ် မင်းခွေ" သာ အမှန်ဟု ဆိုသည်။တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ် (ပထမအကြိမ်)။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ တရုတ်ပြေးမင်းဟု အမည်တွင်ခြင်းမှာ ပုဂံကို မွန်ဂိုတရုတ်တပ်များ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းအမည်ဖြင့် ပထမဆုံးသုံးနှုန်းမှတ်တမ်းတင်သော ကျောက်စာမှာ အေဒီ ၁၃၄၂ ခုနှစ်ထိုး ချောင်းဦး သမန်ဇတာကျောက်စာ ဖြစ်၍ ကျောက်စာ ကြောင်းရေ (၁၃) တွင် "တရုတ်ပြေးမင်းကြီး" ဟုရေးထိုးထားသည်။ ခေတ်သစ် သမိုင်းဆရာများကမူ နရသီဟပတေ့မင်းကို စည်သူ-၄ ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းမှာ နရသီဟပတေ့မင်းသည် စည်သူဘွဲ့ ခံယူသော ပုဂံမင်းများတွင် လေးပါးမြောက်ဖြစ်သောကြောင့် ဖြစ်သည်။ ကျောက်စာများအရ ထိုမင်း၏ ဘွဲ့ ကို ဥစ္စနာဟုလည်း သုံးနှုန်းကြောင်း သိရသည်။သန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇဝင် (ရန်ကုန်၊ မြန်မာရာဇဝင်ဌာန၊ ၁၉၆၉)၊ ၁၃၅။ ဥဇနာမင်းလွန်လျှင် နန်းလျာဖြစ်သော သီဟသူမင်းသားနန်းတက်မည်ရှိသည်တွင် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်းထံ ခစားစဉ်အခါ လက်ဖျင်သိမ်းရာတွင် သီဟသူမင်းသားကို ခတ်မိသဖြင့် မင်းသားက မိမိ ဖျင်လက်ပေါ် ကွမ်းဖတ်နှင့်ထွေးသည်ကိုပြ၍ "ဤမင်းသားသည် မင်းမဖြစ်မီကပင် အမတ်ကြီးတို့ကို မျက်နှာဖျက်ဘိ၏၊ မင်းဖြစ်သော် ငါတို့နေရာမရှိပြီ" ဟုဆိုကာ သိမ်းထားသော ကွမ်းဖတ်ကိုပြ၍ အခြားအမှူးအမတ်တို့ကို စည်းရုံးကာ သီဟသူမင်းသားကို ဖမ်းဆီး၍ ညီတော်ဖြစ်သော နရသီဟပတေ့ကိုနန်းတင်ခဲ့ခြင်းဖြစ်သည်။ နရသီဟပတေ့မင်းသည် ၁၂၅၆-ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် ခမည်းတော်၏ ကိုယ်လုပ်တော်ကြီး ဆိတ်ထိန်းကမ်းဖြူသူ မိဖုရားစောနှင့် ဘိသိက်သွန်း၍ သီရိတြိဘုဝနာဒိတျာ ပဝရဓမ္မရာဇာဘွဲ့ခံယူကာ ပုဂံထီးနန်းကို စိုးစံခဲ့သည်။ထွန်းညို၊ တွင်းသင်းတိုက်ဝန်မဟာစည်သူဦး။ တွင်းသင်းမြန်မာရာဇဝင်သစ်၊ (ပ-တွဲ)။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ [n.d]။ ရာဇဝင်ကျမ်းများအရ ပုဂံမင်းဆက်များတွင် သုံးကြိမ်မင်းဖြစ်သော ဘုရင်သုံးဦးတွင် နရသီဟပတေ့မင်းသည် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုမင်းသည် ပုဂံတွင် စလေငခွေး တစ်ကြိမ်၊ ကုလားကျမင်း တစ်ကြိမ်၊ နရသီဟပတေ့တစ်ကြိမ် သုံးကြိမ် မင်းဖြစ်ကြောင်း ဆိုထားသည်။ ထိုသို့ မင်းဖြစ်ခြင်းမှာ မြတ်စွာဘုရားရှင် တန့်ကြည်တောင်ထက်ကြွတော်မူစဉ် အင်ဖက်သုံးချပ်ကို ထီးအသွင်ပြု၍ နေကာခဲ့သောကုသိုလ်ကံကြောင့်ဟု ဖော်ပြထားသည်။မဟာရာဇဝင်-ပ၊ ၂၃၆။ မိဖုရားများ နရသီဟပတေ့မင်းသည် ပုဂံထီးနန်းကို ရသောအခါ မိဘုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ခမည်းတော်၏ မိဖုရားတစ်ပါးဖြစ်သော ဖွားစောမိဖုရားကိုပင် ၁၂၆၂-ခုနှစ်တွင် မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့သည်၊ ၎င်း၏ အခြားမိဖုရားများမှာ ဖွားစောအစ်မတော်၏ သမီး စောနန်း၊ ဟူးရားဖြူသမီး စောလုံ၊ မိဖုရားငယ် ရှစ်ပါး၊ ရှင်မောက်၊ ရှင်ရွှေတို့ ဖြစ်ကြသည်။ နရသီဟပတေ့မင်း၏ မိဖုရားများအနက် မိဖုရားဖွားစောမှာ စောလှဝန်းဖွားစောဟု ကျော်ကြားသူဖြစ်သည်။ ပုဂံရာဇဝင်တွင် ထင်ရှားသော ဖွားစောသုံးဦးအနက် ဒုတိယဖွားစောဖြစ်၍ ကျစွာမင်းနှင် စောမင်းလှတို့၏ မြေးဖြစ်သည်။ တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ၂၀၄-၂၀၅။ နန်းစံကာလဖြစ်ရပ်များ နာမည်ကောင်းရသော မင်းတစ်ပါး မဟုတ်ချေ။ မင်းဆိုးမင်းညစ် အဖြစ်သာ ကျော်စောခဲ့သည်။ စိတ်ကြမ်းကိုယ်ကြမ်း ရှိသူဖြစ်၍ ဘီလူးဘဝက လာသည်ဟု ဟူးရားဆရာတို့က ဆိုကြသည်။ အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်းထင်ရှားသည်။ ဟင်းခွက် ၃၀ဝ ဖြင့်ပွဲတော်တည်လေ့ရှိကြောင်းဆိုကြသည်။ မွန်ဂိုတပ်များ မြန်မာနိုင်ငံသို့ ချီလာချိန်တွင် ငဆောင်ချမ်းအရပ်မှ ခုခံတိုက်ခိုက်စေသည်။ မွန်ဂိုတပ်များ ပုဂံသို့ဆက်လက်ချီတက်လာသောအခါ သားတော်ကြီးရှိရာ ပုသိမ်သို့ တိမ်းရှောင်သည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင်ငယ်စဉ်အခါက ဝက်လက်ခိုးမသားဟု ကျီစား အခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော်ပြည်စားသီဟသူ က နန်းလုသဖြင့် အဆိပ်ပါသော ပွဲတော်ကို မလွန်ဆန်နိုင်ပဲ တည်ခင်းရပြီး နတ်ရွာစံ ကံတော်ကုန်ရသည်။ ကိုးကား ကဏ္ဍ:မြန်မာ ဘုရင်များ Category:ပုဂံခေတ် ကဏ္ဍ:၁၂၃၈ မွေးဖွားသူများ ကဏ္ဍ:၁၂၈၇ ကွယ်လွန်သူများ
နောင်ရိုးတိုက်ပွဲ
မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြှောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်ပြီး ရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။ သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာ ရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီး တပ်ချ ရပ်နားလေသည်။ ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များမှီလာပြီး ချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ မွန်တပ်အင်အားမှာ မိမိတပ်ထက်ထက် ကြီးသည်ကို ကျော်ထင်နော်ရထာ သိရလေသည်။ ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ် ရောက်သည်အထိစောင့်ပြီး မှ တိုက်သင့်ကြောင်း၊ မိမိတို့၏ လက်ရှိအင်အားဖြင့်တိုက်လျှင် နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်။ ထိုအခါ ကျော်ထင်နော်ရထာက :"စစ်တို့၏သဘောမှာ အင်အားငယ်သည်ကြီးသည်မှာ ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်သာ ပဓာနဖြစ်သည်" ဟုဆိုကာ ချောင်းကိုကူးရန်စီစဉ်စေသည်။ ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး "ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊ စောင့်လင့်ဦး၊ ငါကိုယ်တော်တိုင် ရန်သူတို့ကိုချေမှုန်းတိုက်ခိုက်တော်မူလိုသည်"ဟု အမိန့်တော်ပါးလိုက်လေသည်။ ထိုအခါ ကျော်ထင်နော်ရထာက "အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီး လေပြီ" ဟုပြန်လည်လျှောက်တင်စေလေသည်။ ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ကူးပြီး ရောက်လျှင် ဖောင်များအားလုံးကိုဖျက်စေသည်။ ထိုအခါ မှူးမတ်တို့က :"အရှင်သည်..စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီး ဟု မင်းတရားထံလျှောက်စေသည်။ ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။ အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီး ပြေးရန် ဖောင်များကိုထားစေလိုသည်" ဟု လျှောက်ကြသည်။ ထိုအခါကျော်ထင်နော်ရထာက "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင် နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံ လျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီး သေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကို အဘယ်သို့ အပြစ်တင်နိုင်မည်နည်း" ဟုဆိုကာ ဖျက်စေပြီး စစ်ကိုတိုက်စေသည်။ ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။ ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ညာတောင်ပံ။ ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ဘယ်တောင်ပံ။ မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊ မြင်း ၁၀ဝ၊ စစ်သည် ၄၀ဝ၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။ တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည်မွန်တပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။ အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ် ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့် အပျက်အစီးများလေသည်။ ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ ကျန် စစ်သူကြီး မင်းရဲအောင်နိုင်မှာ ဆင်ထက်မှာပင် ကျဆုံးသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကို ဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။ ကဏ္ဍ:သမိုင်း ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:တောင်ငူ-ဟံသာဝတီခေတ်
တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်း
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူမင်းဆက် မင်းကြီးညို တပင်ရွှေထီး နန္ဒဘုရင် မင်းကြီးဆွေ တောင်ငူမင်းခေါင် ဘုရင့်နောင် မင်းရဲသီဟသူ နတ်သျှင်နောင် တို့ဖြစ်ကြသည်။ Category:မြန်မာ ဘုရင်များ Category:တောင်ငူခေတ်
မင်းကြီးဆွေ
မင်းကြီးဆွေ (တရားဝင် ဘွဲ့အမည် မင်းရဲ သီဟသူ) သည် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော ဘုရင့်နောင်၏ ခမည်းတော် ဖြစ်ပြီး တောင်ငူဘုရင်ခံ မင်းရဲသီဟသူဟု ထင်ရှားသည်။ တောင်ငူတွင် ဘုရင်ခံမဖြစ်မီ မင်းကြီးညိုလက်ထက်က တပင်ရွှေထီး၏ အထိန်းတော်ဖြစ်ခဲ့သည်။ တပင်ရွှေထီး ဟံသာဝတီကို တိုက်ခိုက်စဉ်ကပင် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။ တောင်ငူဘုရင်ခံအဖြစ် သက္ကရာဇ် ၉၀၂ တွင် မင်းမြှောက်တန်ဆာ ငါးပါးဖြင့် တင်မြှောက်ခံရသည်။၉၁၀ ခု တွင်လွန်သည်။ ၎င်းလွန်လျှင် တတိယမြောက်သားဖြစ်သည့် သီဟသူအား တောင်ငူဘုရင်ခံအဖြစ် ဆက်လက်ခန့်ထားသည်။ သီဟသူ သည် ဘုရင့်နောင်လက်ထက်တွင် တောင်ငူမင်းခေါင် အဖြစ်ထင်ရှားသည်။ နောက်ခံ ဘုရင့်နောင်၏ မိဘများဖြစ်သော မင်းကြီးဆွေနှင့် ပထမဇနီး ရှင်မျိုးမြတ်တို့၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ တိကျစွာ မသိရှိရပေ။ ဘုရင့်နောင်၏ မျိုးရိုးစဉ်ဆက် သို့မဟုတ် ကလေးဘဝနှင့် ပတ်သက်၍ ခေတ်ပြိုင်မှတ်တမ်းများ မရှိသော်လည်း ဘုရင်၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ ကွဲပြားသော ဓလေ့များ ရှိခဲ့သည်။Thaw Kaung 2010: 102–103 မဟာရာဇဝင်ကြီးအရ အင်းဝနေပြည်တော်၏ လက်အောက်ခံပြည်နယ်ဖြစ်သော တောင်ငူရှိ အထက်တန်းလွှာမိသားစုတစ်ခုက မင်းကြီးဆွေကို မွေးဖွားခဲ့သည်။ မိဘများမှာ တောင်ခမင်းနှင့် ကရေနဝတီ တို့ ဖြစ်ကြပြီး တောင်ငူဘုရင်ခံများဖြစ်သော တောင်ငူတရဖျားနှင့် တောင်ငူမင်းခေါင်ငယ်တို့၏ အဆက်အနွယ်များ ဖြစ်ကြသည်။ အရွယ်ရောက်သောအခါ တစ်စီးရှင် သီဟသူနှင့် မိဖုရားခေါင် မိစောဦးတို့၏ ပဉ္မမမြောက်မျိုးဆက်ဖြစ်သော မျိုးမြတ်နှင့် လက်ထပ်ခဲ့သည်။Thaw Kaung 2010: 118–119 တော်ဝင်အမျိုးအနွယ်များ ဖြစ်သော်လည်း ခမ်းနားကြီးကျယ်သော မျိုးရိုးစဉ်ဆက်အဖြစ် နှုတ်အားဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိခဲ့ဘဲ မင်းကြီးဆွေတို့ ဇနီးမောင်နှံမှာ ပုဂံခရိုင်ရှိ ငါးသရောက်ရွာ သို့မဟုတ် တောင်ငူခရိုင်ရှိ ထီးလှိုင်ရွာမှ သာမန်လူများဖြစ်ပြီး မင်းကြီးဆွေမှာ ထန်းတက်သမားတစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ထိုသို့သော သာမန်မျိုးရိုးအကြောင်းမှာ ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်တွင် အမျိုးသားရေးစာရေးဆရာများက ရေးသားကြသော ထန်းတက်သမားတစ်ဦး၏ သားမှာ ဘုရင့်နောင်ကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ဘုရင်တစ်ပါး ဖြစ်လာနိုင်ကြောင်း ရေးသားခဲ့ကြရာမှ စတင်ထင်ရှားလာခဲ့သည်။Thaw Kaung 2010: 104–105 တော်ဝင်မိသားစု အစေအထိန်း သူတို့၏ မူလဘဝနှင့် အစသည် မည်သို့ပင်ဖြစ်စေကာမူ ၁၅၁၆ ခုနှစ်တွင် တပင်ရွှေထီးအား အထိန်းတော်အဖြစ် ခုနစ်ဦးရွေးချယ်ရာတွင် ပါဝင်ခဲ့ရာမှ ဘဝပြောင်းလဲလာခဲ့သည်။ ဇနီးဖြစ်သူမှာ ဒုတိယသား ရဲထွတ်ကို မွေးဖွားပြီး သုံးလမျှရှိသေးသည့်အချိန်တွင် တပင်ရွှေထီး၏ နို့ထိန်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က မင်းကြီးဆွေ မိသားစုတွင် သားသုံးဦးရှိနေခဲ့ပြီး အငယ်ဆုံးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီးနောက် တောင်ငူနန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ရှင်မျိုးမြတ်သည် ၁၅၂၀ ဆယ်စုနှစ်ကာလတွင် ကွယ်လွန်ခဲ့ပြီးနောက် မင်းကြီးဆွေသည် ရှင်မျိုးမြတ်၏ ညီမဖြစ်သူနှင့် ထပ်မံလက်ထပ်ခဲ့ကာ နောက်ထပ် သားနှစ်ဦးဖြစ်သော တောင်ငူမင်းခေါင် နှင့် သတိုးမင်းစောတို့ကို ထပ်မံမွေးဖွားခဲ့သည်။Sein Lwin Lay 2006: 247–248 သူ၏ အငယ်ဆုံးသားကို ၁၅၃၁ ခုနှစ် မေလတွင် မွေးဖွားခဲ့သည်။(Zata 1960: 79): Thado Minsaw was born on Saturday, 5th waxing of Nayon 893 ME (20 May 1531). မင်းကြီးဆွေမိသားစုသည် တပင်ရွှေထီးအား သားအရင်းကဲ့သို့ ကျွေးမွေးပြုစုခဲ့ကြပြီး တပင်ရွှေထီး မင်းသားဘဝတွင် သူတို့အား မိဘအရင်းသဖွယ် ဆက်ဆံခဲ့သည်။ တပင်ရွှေထီးသည် မင်းကြီးဆွေအား အလွန်ရိုသေလေးစားသူ ဖြစ်သည်ဟု ဆိုကြသည်။Sein Lwin Lay 2006: 312 အိမ်ရှေ့မင်းသား တပင်ရွှေထီးနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် တောင်ငူတော်ဝင်နန်းဆောင်တွင် တာဝန်ထမ်းခွင့် ရလာခဲ့သည်။ ၁၅၃၀ ခုနှစ်တွင် တပင်ရွှေထီး တန်ခိုးထွားလာသောအခါ ၁၄ နှစ်အရွယ် တပင်ရွှေထီးသည် မင်းကြီးဆွေ၏ သမီးအကြီးဆုံးဖြစ်သော ခင်ဘုန်းစိုးကို မိဖုရားမြှောက်ခဲ့ကာ မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ဖြင့် ချီးမြှောက်ခဲ့ပြီး အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၅၃၄ ခုနှစ်တွင် သားကြီးဖြစ်သော ရဲထွတ်က ဘုရင်၏ ဝမ်းကွဲညီအစ်မဖြစ်သော သခင်ကြီးနှင့် လက်ဆက်ခဲ့ရာမှ မင်းကြီးဆွေ၏ တော်ဝင်အနေအထား ပိုမိုမြင့်တက်လာခဲ့သည်။Hmannan Vol. 2 2003: 183Sein Lwin Lay 2006: 126–127 ထိုမှ ခြောက်နှစ်ခန့်အကြာ တပင်ရွှေထီးနှင့် ရဲထွတ် (ဘုရင့်နောင် ကျော်ထင်နော်ရထာ) တို့ ဟံသာဝတီထီးနန်းအား သိမ်းယူခဲ့စဉ်က မင်းကြီးဆွေသည် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။Sein Lwin Lay 2006: 158 ၁၅၄၀ ခုခနှစ်တွင်(Sein Lwin Lay 2006: 175): Chronicles only say he was appointed viceroy in 902 ME (29 March 1540 to 29 March 1541). But since he was already styled as Minye Thihathu at the start of the Martaban campaign in November 1540, the appointment took place between 29 March 1540 and November 1540. တပင်ရွှေထီးသည် မင်းကြီးဆွေအား တောင်ငူဘုရင်ခံအဖြစ် မင်းရဲ သီဟသူဘွဲ့ဖြင့် ခန့်အပ်ခဲ့သည်။ ထီးနန်းကို တောင်ငူမှ ပဲခူးသို့ ပြောင်းရွေ့ပြီး တစ်နှစ်ခန့်အကြာတွင် တပင်ရွှေထီးဘုရင်က ပထမဆုံး ခန့်အပ်သော ဘုရင်ခံ ဖြစ်သည်။Sein Lwin Lay 2006: 175 (တပင်ရွှေထီးသည် အခြားအစေခံတစ်ဦးဖြစ်သော ရှင်နီတာအား ပြည်ဘုရင်ခံအဖြစ် နောင်နှစ်နှစ်အကြာတွင် ခန့်အပ်ခဲ့သေးသည်။)Sein Lwin Lay 2006: 199 နောက်ပိုင်းနှစ်များတွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား ရိုသေလေးစားစွာဖြင့် ဆက်လက် ဆက်ဆံခဲ့သည်။ ၁၅၄၅ ခုနှစ်တွင် ပြုလုပ်သော ပဲခူးနန်းတက်ပွဲတွင် မင်းကြီးဆွေသည် ဘုရင်၏ အယုံကြည်ရဆုံး လူယုံတော်အဖြစ် ဘုရင်၏ ညာဘက်တွင် နေရာပေးခြင်း ခံခဲ့ရသည်။Hmannan Vol. 2 2003: 226 ယင်းနှစ်မှာပင် မင်းကြီးဆွေသည် တောင်ငူတွင် မြစည်းခုံစေတီတော်ကို တည်ထားခဲ့သည်။ သားတော်များနှင့် မတူဘဲ မင်းကြီးဆွေသည် စစ်တိုက်ထွက်ခဲသည်။ ယင်းအစား ဘုရင် စစ်ထွက်နေချိန်တွင် အရှေ့ဘက် ရှမ်းပြည်နယ်များမှ တောင်ငူသို့ ကျူးကျော်လာမှုများကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။Hmannan Vol. 2 2003: 229 ၁၅၄၈–၁၅၄၉ ခုနှစ်တွင် ဖြစ်ပွားသော ယိုးဒယားကျူးကျော်စစ်ပွဲတွင် တပ်ရင်းတစ်ခုကို ကွပ်ကဲကာ သူ၏ သားတော်များ၊ ဘုရင်နှင့် အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။Hmannan Vol. 2 2003: 240 မင်းကြီးဆွေသည် ရှေ့တန်းမှ ပြန်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြ ၁၅၄၉ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သည်။(Sein Lwin Lay 2006: 236): He died in 910 ME after having participated in the 1548–1549 Siamese campaign. Since Tabinshwehti arrived back at Pegu on 1 March 1549 (3rd waxing of Late Tagu 910 ME) per (Sein Lwin Lay 2006: 232), Mingyi Swe most probably died during the remaining weeks of 910 ME, which ended on 2nd waxing of Late Kason, 29 March 1549. မှတ်စုများ ကိုးကား ကျမ်းပြုစာရင်း Category:တောင်ငူမင်းဆက် Category:၁၅၄၉ ကွယ်လွန်သူများ
စစ်အေးတိုက်ပွဲ
အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ယူနီယံတို့သည် စစ်အေးတိုက်ပွဲအတွင်းတွင် မိမိတို့ ဩဇာလွှမ်းမိုးသော အုပ်စု အသီးသီးကို ဦးဆောင်သော မဟာအင်အားကြီး နိုင်ငံ ၂ခု ဖြစ်ခဲ့ကြသည်။ ပုံမှာ တစ်ဖက်စီမှ ခေါင်းဆောင်တစ်ဦးစီ ဖြစ်ကြသော ရော်နယ် ရေဂင်နှင့် မစ်ဟေး ဂေါ်ဗာချော့ဗ် တို့ ၁၉၈၅က တွေ့ဆုံခဲ့သော ပုံ ဖြစ်သည်။ စစ်အေးတိုက်ပွဲ၏ အကျဉ်းချုပ် စစ်အေးတိုက်ပွဲ ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက်နေကြသော မဟာမိတ်နိုင်ငံများကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှုနှင့် ယှဉ်ပြိုင်မှုတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထိုမဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင်ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကာသပြိုင်ပွဲကဲ့သို့ အာကာသနည်းပညာယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံး ၄ နှစ်အတွင်း ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများ ကို ဆန့်ကျင်သော မဟာမိတ်များအဖြစ် ရှိခဲ့ကြသော်လည်း ထိုပဋိပက္ခများ မပြီးဆုံးမီ အချိန်နှင့် ပြီးဆုံးပြီးအချိန်တို့တွင် ထိုနိုင်ငံများကြားတွင် သဘောမတူညီမှု အမြောက်အမြားရှိခဲ့ပြီး စစ်အပြီးတွင် တည်ရှိမည့် ကမ္ဘာကြီး၏ ပုံသဏ္ဌန်နှင့်ပတ်သက်သော သဘောမတူညီမှုမှာ အဆိုးရွားဆုံး ဖြစ်သည်။ စစ်ပြီးဆုံး သွားသောအခါတွင် ဥရောပ၏ အစိတ်အပိုင်း အတော်များများကို ထို ၄နိုင်ငံမှ ဩဇာလွှမ်းမိုးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့တွင် အင်အား အကောင်းဆုံးသော စစ်အင်အား ရှိခဲ့ကြသည်။ ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းဖြင့် စစ်​အေးတိုက်ပွဲ ပြီးဆုံးသည်။ ကိုးကား Category:စစ်အေးတိုက်ပွဲ ကဏ္ဍ:သမိုင်းဆိုင်ရာ ခေတ်ကာလများ ကဏ္ဍ:ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ကဏ္ဍ:နိုင်ငံတကာ ဆက်ဆံရေး
ကကုသန်
ဤဘုရားရှင်သည်ကကုသန္ဓ (ပု) [ကု+ သံ + ဓာ + အ။ ကကု ဝုစ္စတိ ဂုဏရာသိ၊ ကကုံ သန္ဓေတီတိ ကကုသန္ဓော။ နိရုတ္တိ၊နှာ။၃၇၃။] ကကု သန္ဓမည်သောဘုရား။ ဘဒ္ဒကမ္ဘာ၌ ဦးစွာပွင့်သော ဘုရားဖြစ်၏။ (ဓမ္မ၊ဋ္ဌ၊၁။၆၅။) ကောဏ္ဍည စသော ၂၄-ဆူ တွင် ၂၁-ဆူမြောက် (ဓမ္မ၊ဋ္ဌ၊၁။၅၃။) ဝိပဿီ စသော ၇-ဆူတို့တွင် ၄-ဆူမြောက် ဖြစ်၏။ (ဓမ္မ၊ဋ္ဌ၊၂။၁၅၃။) ခေမဝတီမြို့ ခေမင်္ကရမင်း၏ ပုရောဟိတ် အဂ္ဂိဒတ္တပုဏ္ဏားနှင့် ဝိသာခါ ပုဏ္ဏေးမတို့မှ ခေမဝတီဥယျာဉ်၌ ဖွားမြင်တော်မူ၏။ အနှစ် ၄၀၀၀-ပတ်လုံး ကာမ, ကာမဝဏ္ဏ, ကာမသုဒ္ဓိ နန်းမသုံးဆောင်၌ ရောစိနီ အမှူးရှိသော ရံရွေ ၃၀၀၀၀-တို့ဖြင့် စံတော်မူ၏။ သားတော် ဥတ္တရကို ဖွားမြင်ပြီးလျှင် နိမိတ် ၄-ပါးမြင်တော်မူ၍ အာဇာနည် မြင်းကသော ရထားယာဉ်ဖြင့် တောထွက်တော်မူပြီးလျှင် ပဓာနအကျင့်ကို ၈-လပတ်လုံး ကျင့်တော်မူ၏။ ကဆုန်လပြည့်နေ့ ၌ သုစိရိန္ဓနိဂုံး ဝဇိရိန္ဓပုဏ္ဏားသမီး လှူအပ်သော နို့ဃနာကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုအနီး ရှားတော၌ နေ့သန့် (နေခို) တော် မူ၏။ ညနေချမ်း ဗောဓိမဏ္ဍိုင်သို့ ကြွရာ မုယောခင်းစောင့် သုဘဒ္ဒလှူသော မြက် ၈-ဆုပ်ကို မဟာဗောဓိ ကုက္ကိုပင်ရင်း၌ ဖြန့်ခင်းသည်နှင့် တပြိုင်နက် ၃၄-တောင်ရှိသော ပလ္လင်ပေါက်၍ ထိုပလ္လင်၌ သဗ္ဗညုဘုရား ဖြစ်တော်မူ၏။ မကိလမြို့အနီး မိဂဒါဝုန်၌ ရဟန်း ၄၀၀၀၀-အား တရားဓမ္မစက် ဟောမြွက်တော်မူ၏။ ထိုအခါ ကုဋေ ၄၀၀၀၀-အရေအတွက်ရှိသော နတ်လူတို့အဘို့ ပဌမ အကြိမ် သစ္စာ ၄-ပါး သိမြင်သော ကျွတ်တမ်းဝင်ပွဲကြီး ဖြစ်၏။ ထို့နောင် တဖန် ကဏ္ဏကုဇ္ဇမြို့ တံခါးအနီး အင်ကြင်းပင်ကြီး အပါးဝယ် ရေမီးအစုံအစုံဖြစ်သော တန်ခိုး ပြာဋိဟာ ပြတော်မူပြီးလျှင် တရားဒေသနာ ဟောတော်မူသောအခါ ကုဋေ ၃၀၀၀၀- အရေ အတွက်ရှိသော နတ်လူတို့အဘို့ ဒုတိယ အကြိမ် သစ္စာ ၄-ပါးသိမြင်သော ကျွတ် တမ်းဝင်ပွဲကြီးဖြစ်၏။ ထို့နောင် အခါတပါး၌ ခေမာဝတီမြို့ အနီး နရဒေဝ နတ်ဘီလူး၏ ဗိမာန်၌ စံနေတော်မူလျက် ယင်းဘီလူး အမှူးရှိသော ဝေနေယျ သတ္တဝါအပေါင်းတိုအား တရားဒေသနာဟောတော်မူသောအခါ အတိုင်းမသိ များပြားကုန်သော နတ်လူတို့ အဘို့ တတိယအကြိမ် သစ္စာလေးပါး သိမြင်သော ကျွတ်တမ်းဝင်ပွဲကြီးဖြစ်၏။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၆-၇-၈။) ဩဝါဒပါတိမောက်ကို ကိုယ်တော်တိုင် နှစ်စဉ်ပြတော်မူ၏။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၃။) ပါတိမောက်ပြသော အချိန်ကာလကား တပို့တွဲ လပြည့်နေ့ဖြစ်၏။ (ဗုဒ္ဓဝံ၊ဋ္ဌ၊ ၂၉၈။) အဂ္ဂသာဝကတို့ကား ဝိဓုရနှင့် သဉ္ဇီဝ မထေရ်၊ အဂ္ဂသာဝိကာတို့ကား သာမာထေရီ နှင့် စမ္ပာထေရီ၊ အလုပ်အကျွေး ရဟန်းကား ဗုဒ္ဓိဇရဟန်း၊ အလုပ်အကျွေးမတို့ကား နန္ဒာ နှင့် သုနန္ဒာ ဥပါသိကာမတို့ ဖြစ်ကုန်၏။ (ဗုဒ္ဓဝံ။၃၇၂။ အပ၊ဋ္ဌ၊၁။၅၃။ ဇာ၊ဋ္ဌ၊၁။၅၁။) ကကုသန် ဘုရားနှင့် တပည့်သားတို့အား နှောက်ရှက်လေ့ရှိသူမှာ ဒူသီမာရ်နတ်ဖြစ်၏။ (မ၊၁။၄၀၇-၄၁၅။) ကျောင်းတကာကား အစ္စုတသေဌေး။ (ဇာ၊ဋ္ဌ၊၁။၁၁၀။) အလုပ် အကျွေးတကာတို့ကား ယင်းအစ္စုတနှင့်သုမန သေဌေးတို့ဖြစ်ကုန်၏။ (ဗုဒ္ဓဝံ။၃၇၂။) ဘုရားရှင်၏ အရပ်တော်ကား အတောင် ၄၀, ကိုယ်မှ ထွက်သော ရောင်ခြည်တော်ကား ဝန်းကျင် ဆယ်ယူဇနာရှိ၏။ (ဗုဒ္ဓဝံ။၃၇၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၉၊ ၃၄၉၊၃၅၀။) ဤဘုရားရှင်လက်ထက် တော်၌ ရဟန္တာ ၄၀၀၀၀-တို့၏ သာဝကသန္နိပါတတကြိမ်ဖြစ်၏။ (ဒီ၊၂၊၅။) သက်တော် ကား အနှစ်၄၀၀၀၀-ရှည်တော်မူ၏။ (ဒီ၊၂၊၃။ ဗုဒ္ဓဝံ။၃၇၃။) ခေမဝတီမြို့ခေမမည်သောအရံ၌ ပရိနိဗ္ဗာန် စံတော်မူရာ တည်ထားသောဓာ တုစေတီတော်သည် တဂါဝုတ်မြင့်၏။ (ဗုဒ္ဓဝံ။၃၇၃။) ကကုသန်ဘုရားရှင် ဩဇဒီပမည်သော သီဟိုဠ်ကျွန်းသို့ရဟန္တာ ၄၀၀၀၀-နှင့်ကြွတော် ဘေးရောဂါကျရောက်နေသော သူတို့အား ဘေးရောဂါမှ ကင်းဝေးစေတော်မူခဲ့၏။ ကကုသန်ဘုရားရှင်၏ ရေစစ်တော်ကို အဘယမြို့ စေတီတဆူ၌ ဌာပနာတည်ထားခဲ့၏။ (အကျယ်ကို ဒီပဝံသ။ ၁၅-၁၇-ကဏ္ဍတို့၌ ကြည့်။)တိပိဋကအဘိဓာန် အတွဲ-၅ ၂၅။ ကကုသန်-ဘုရားရှိခိုး+ဆုတောင်းဂါထာ ကန္တာရတော ဥတ္တာရေန္တိ၊ ကင်္ခစ္ဆေဒါယ ဒေသကံ၊ ကကုသန္ဓံ ဓမ္မောဘာသံ၊ ဝန္ဒေ သော ဒေတု မေ ဇယံ။ ကကုသန္ဓဗုဒ္ဓဝင်ကို ကြည့်ပါ။ ကကုသန္ဓဘုရားရှင်ကို ကြည့်ပါ။ ကျမ်းကိုး Category:ဗုဒ္ဓဘာသာ Category:ဗုဒ္ဓဘာသာ ဘုရားများ
သတိုးမင်းဖျား
သတိုးမင်းဖျား (၁၃၄၅-၁၃၆၇)ကို အင်းဝမင်းဆက်အား စတင်တည်ထောင်သူ၊ အင်းဝမြို့ကို စတင်တည်ထောင်သူအဖြစ် အသိများကြသည်။ ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို မြောက်ပိုင်းဒေသမှ ရှမ်းအကြီးအကဲ သိုချီဘွားက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည့်နောက် နှစ်ပေါင်း ၅၀မျှ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းကို ပြန်လည်သိမ်းသွင်းခဲ့သည်။ တိုတောင်းလှသည့် နန်းသက်(၃နှစ်)အတွင်းတွင် နယ်ပယ်ချဲ့ထွင်ရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သည်။ သတိုးမင်းဖျားသည် တကောင်းမင်းဆက် သတိုးဆင်ထိန်းနှင့် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်း၏ သမီးတော် စိုးမင်းတို့၏ သားတော်ဖြစ်သည်။ မိခင်၏ အဘိုးမှာ ပင်းယမြို့တည် တစ်စီးရှင်သီဟသူဖြစ်သည်။ မြန်မာ-ရှမ်းဖြစ်သည်။ ငယ်မည်မှာ ရာဟုလာ ဖြစ်ပြီး နောင်တွင် သတိုးမျိုးရိုးမှ ဆင်းသက်လာ၍ သတိုးမင်းဖျားဟု တွင်သည်။ လယ်တီဦးလှပိုင်၊ စစ်ကိုင်းမြို့ ထူပါရုံဘုရားသမိုင်း၊ ၁၉၆၉၊ စာ-၂ စစ်ကိုင်းတွင်ရှိနေစဉ်က ဘထွေးတော်သူ မင်းပြောက်က မြောက်ပိုင်းမှ စစ်ကိုင်းသို့ သိမ်းပိုက်ရန် ချီတက်လာသည့် သိုချီဘွား၏ တပ်များကို သတိုးမင်းဖျားဖြစ်လာမည့် ရာဟုလာအား တကောင်းမှနေ၍ ခုခံရန် တာဝန်ပေးသည်။ ရွပ်ရွပ်ချွံချွံ ခုခံသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ခွာရလေသည်။ မင်းပြောက်လည်း အမျက်ထွက်သဖြင့် ရာဟုလာအား ကြခတ်ဝရာ သို့သံခြေချင်းခတ်၍ ပို့လေသည်။ နောင် ရှမ်းတို့ စစ်ကိုင်းအားတိုက်လာလျှင် မင်းပြောက်လည်း ကြခတ်ဝရာသို့ တိမ်းရှောင်လာလျှင် အငြိုးဖြင့် သတ်လေသည်။ ထို့နောက် စစ်ကိုင်းသို့သွားကာ သတိုးမင်းဖျားဘွဲ့ဖြင့် မင်းပြုသည်။ တစ်လအကြာတွင် ပင်းယမှ နရသူမရှိသည့်နောက် နန်းတက်လာသည့် ဥဇနာပြောင်အား တိုက်ခိုက်နန်းချကာ ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင်တွင် မင်းလုပ်လေသည်။ ဥဇနာပြောင်၏ မိဖုရား စောဥမ္မာကို မိဖုရားဆက်မြှောက်သည်။ (စောဥမ္မာသည် မင်းကြီးစွာစော်ကဲ၏ နှမတော်ဖြစ်သည်။) အသက်အငယ်ဆုံး မြို့တည်မင်း သက္ကရာဇ်(၇၂၆)ခုနှစ် ကဆုန်လ၌ စစ်ကိုင်းပျက်၍၊ နယုန်လ၌ ပင်းယမြို့ ပျက်လေသည်။ ပင်းယနှင့် စစ်ကိုင်းကို သိမ်းပြီး တပေါင်းလတွင် ရတနာပုရ အဝမြို့ဟု သမုတ်လျက် ထီးသစ်နန်းသစ်၊ မြို့တော်သစ်တည်လေသည်။ သတိုးမင်းဖျားကို အသက်အငယ်ဆုံး မြို့တည်မင်းအဖြစ် ရှေးမှတ်တမ်းများတွင် ဖော်ပြထားသည်။ အရှင်စန္ဒလင်္ကာ ပြုစုသော မဏိရတနာပုံကျမ်း၌ အင်းဝမြို့တည်စဉ်အခါက သတိုးမင်းဖျားသည် အသက် (၁၉)နှစ်အရွယ်သာ ရှိသေးသည်ဟု ဖော်ပြထားသည်။ စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်းသည်လည်း စစ်ကိုင်းမြို့တည်စဉ်က အသက် (၂၀)သာ ရှိသေးသည်ဟု ဆိုကြသည်။ အသင်္ခယာ စောယွန်းသည် သတိုးမင်းဖျား၏ အဖိုးတော်စပ်ခြင်းကြောင့် ထိုမင်းနှစ်ပါးသည် မြန်မာ့သမိုင်းတွင် အသက်အငယ်ဆုံး မြို့တည်နန်းတည် မြေးအဖိုးမင်းနှစ်ပါးအဖြစ် စံတင်ထားရမည် ဖြစ်သည်။ နန်းတက်ချိန်တွင် နန်းတော်တည်ဆောက်ထားသည်မှာ စေ့စပ်သေသပ်ခြင်းမရှိသည်ကိုတွေ့သဖြင့် “တရိန်းမစပ်” ဟုဆိုလေသည်။ ထိုစကားကိုကြားသော ပုဏ္ဏားပရောဟိတ်နှင့် ပညာရှိတို့က နန်းသက် သုံးနှစ်သာခံမည်ဟု ကြို၍ နိမိတ်ဖတ်လေသည်။ ဗိုလ်ရှိတ်(ရတနာပူရ) ရေး အင်းဝနန်းစံ မင်းများနှင့် သမိုင်းဝင်နေရာများ၊ ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ၊ စာ-၆၁ အရည်းကြီးရှင်ယောင်များအား သုတ်သင်ပုံ၊ သူခိုးကြီးငတက်ပြားအားဖမ်းဆီးပုံ နှင့် ဓားပြတစ်ဦးအား သတ်ဖြတ်ပြီးနောက် အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။ စကုစား သိင်္ခဗိုလ်ပုန်ကန်သည်ကို သွားရောက်နှိမ်နှင်းနေစဉ် ကျောက်ရောဂါဖြင့် လွန်လေသည်။ ကွယ်လွန်ခါနီးတွင် မိဖုရားစောဥမ္မာကို နှမြောသဖြင့် အတွင်းတော်သား ငနုအား သွားရောက်ကွပ်မျက်စေသည်။ သတိုးမင်းဖျားလွန်လျှင် မှူးမတ်တို့က ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက မိမိမှာ တစ်သက်တွင် သုံးခါသာ ရယ်ဖူးသဖြင့် ဣန္ဒြေကြီးလွန်းလှသည်။ မင်းအဖြစ်နှင့်မတန်၊ ထို့ကြောင့် သတိုးမင်းဖျား၏ ယောက်ဖတော်၊ မင်းရိုးမင်းမျိုးလည်းမှန် ပြီး အပေးအကမ်းရက် ရောသူ အမြင့်စား တရဖျား စွာစော်ကဲကို နန်းအပ်ပါ။ ဟုဆိုသဖြင့် မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည်။ ရည်ညွှန်းကိုးကား မသက်ဇင်ဘလော့ ကိုးကား ကဏ္ဍ:အင်းဝမင်းဆက် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
စွာစော်ကဲ
မင်းကြီးစွာစော်ကဲ (၁၃၃၀-၁၄၀၀) သည် အင်းဝ ပထမမင်းဆက်တွင် ဒုတိယနန်းစံသောဘုရင်ဖြစ်သည်။ မယ်တော်မှာ ပုဂံတရုတ်ပြေးမင်း၏သားတော် သီဟသူနှင့် ရှမ်းညီနောင် ၃ ပါး၏နှမတော် တို့သင့်ရာတွင် မြင်သည့်သမီးတော် ရှင်မြတ်လှဖြစ်၍ ခမည်းတော်မှာ နန်းကျကျော်စွာ၏သားတော် သရက် မင်းရှင်စောဖြစ်သည်။ အင်းဝဘုရင် သတိုးမင်းဖျား ၏ နှမရှင်စောကြီးနှင့်ထိမ်းမြားသဖြင့် ဘုရင်၏ယောက်ဖတော်ဖြစ်ရာ သတိုးမင်းဖျား နတ်ရွာစံသောအခါ ၇၂၉ ခုနှစ်တွင် ပြည်သူအများကကြိုက်ညီ ၍ မင်းမြှောက်သဖြင့် ထီးနန်းကိုရသည်။ မင်းမဖြစ်မီက စစ်ကိုင်းဆင်ဖြူရှင်ထံ ခစားခဲ့ဖူး၍ တလုပ်မြို့၊ ရမည်းသင်းမြို့ တို့ကိုစားရသည်။ သတိုးမင်းဖျားလက်ထက်တွင် အမြင့်မြို့ကို စားရသဖြင့် အမြင့်မင်းဟုလည်း တွင်သည်။ သတိုးမင်းဖျားက မင်းကြီးစွာစော်ကဲ၏နှမ စောဥမ္မာကို မိဖုရားမြှောက်သဖြင့်လည်း အပြန်အလှန် ယောက်ဖတော်စပ်သည်။ သတိုးမင်းဖျားနတ်ရွာစံသော် မှူးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စွာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ မရည်ရွယ်ဘဲ ထီးနန်းကို ရသဖြင့် မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည် ဟု ဆိုရိုးစကား တွင်သည်။ မင်းဖြစ်သော် စစ်ကိုင်း စိုးမင်းကိုယ်တော်ကြီး၏ သမီး စောဥမ္မာကို မိဖုရားမြှောက်သည်။ ကန်စွန်းနိမ့်ရွာသူ မိဘေဇာကိုလည်း မိဖုရား မြှောက်သဖြင့် သားတော် မင်းဆွေ၊ မင်းသိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှကို ဖွားသည်။ မင်းဆွေမှာ အင်းဝ ပထမမင်းခေါင်အဖြစ် နန်းမွေဆက်ခံမည့်သူ ဖြစ်သည်။ မင်းကြီးစွာစော်ကဲသည် ကျောက်ဆည်ခရိုင် ဆီးတော်ဆည်နှင့် မိတ္ထိလာကန်တို့ကို ပြုပြင်ဆည်ဖို့သည်။ ထိုမင်းလက်ထက်တွင် လက်စွဲတော် ရာဇသင်္ကြံဘွဲ့ခံ ငမောက်နှင့် ပညာရှိအမတ် ဝန်စင်းရွာသား မင်းရာဇာတို့ ပေါ်ထွန်းသည်။ မွန်တို့နှင့် ၃ ကြိမ် စစ်တိုက်ရသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းဆောင်နိုင်ဘဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျှော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ မွန်ဘုရင်ရာဇာဓိရာဇ်က ဘကြီးတော်ဟု ခေါ်ဆိုလေးမြတ်ခြင်းပြုသည်။ နန်းသက်တစ်လျှောက်တွင် နိုင်ငံတော် စည်ပင်သည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင်တရဖျား နန်းတက်၏။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- ဒေါက်တာ နိုင်ပန်းလှ ကြင်ဘက်များ သီလဝ နှမ ခမည်းမိကို တောင်နန်းတင်သည်တွင် - သား ဆင်ဖြူရှင် တရဖျား နှမ မင်းပတ္တမြား၊ မြောက်သားမှာ တလုပ် ရာဇသူ ညီမ စောစလာကဒေဝီ၊ မြောက်သားမှာ (စည်သူမင်းဦး သား စည်သူသမ္ဘဝ သား) မြင်စိုင်း စည်သူ ညီမ မင်းခေါင်မယ်တော် မောင် ရန်အောင်မင်းရဲ (ခမည်းတော်ရှိစဉ် လွန်) ရှင်စောကြီးကို နန်းတင်ရာ၌ - သမီး စောမြတ်ကဲ (ခမည်းတော်ရှိစဉ် လွန်) မောင် စောဆွေနှစ် စောဥမ္မာကို မိဖုရားမြှောက်ရာ - စောချမ်းသာ၊ မြောက်သားမှာ ဥဇနာ (အမျိုးအနွယ်ကို မဆို) ကျော်စွာ (မထင်ရှား) စောတော်ဦး (ခေါ်) စောဦးကို နန်းတင်သည်တွင် - စိုးမင်းဝိမလာဒေဝီ ကန်စွန်းနိမ့်ရွာသူ စောဘေဇာ၌ - မင်းဆွေ မင်းသိဒ္ဓတ် မင်းလှမြတ်၊ ရာဇာဓိရာဇ် မိဖုရား သုပဘာဒေဝီ ကျမ်းကိုး ကဏ္ဍ:အင်းဝမင်းဆက် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
ပထမမင်းခေါင်
ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၎င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်သည်။ ရှေးဦးစွာ ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များ အင်းဝကိုသာမက တကောင်းထိချီတက်တိုက်ခိုက်ကျူးကျော်လာသည်ကို ခံရသည်။ ပင်းယ စကြိုသူမြတ် အမည်ရှိ ရဟန်းတစ်ပါးက နှုတ်ရေးဖြင့် ဟံသာဝတီတပ်များ အင်းဝကို ဝန်းရံထားသည်မှ ဆုတ်ခွာရန် စွမ်းဆောင်ပေးသဖြင့် သက်သာရာရခဲ့သည်။ ဟံသာဝတီ နှင့် အပြန်အလှန် စစ်ပြုရင်း မွန်သူရဲကောင်း လဂွန်းအိန်၏ လုပ်ကြံမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ နောင်တော် ဆင်ဖြူရှင်တရဖျားအား တကောင်းစားငနောက်ဆံ လုပ်ကြံသည့်နောက်တွင် မင်းဆွေ၏ညီဖြစ်သူ မင်းသိဒ္ဓတ်က ငနောက်ဆံအားတဖန်လုပ်ကြံပြီး နောင်တော်ဖြစ်သူ မင်းဆွေအားနန်းတင်သည်။ သို့သော် မင်းခေါင်က ဦးရီးတော် ရမည်းသင်းစား မဟာပြောက်အား ပင့်ဖိတ်ကာ နန်းအပ်စေသည်ကို မင်းသိဒ္ဓတ်သိလျှင် မင်းခေါင်အား ပြစ်တင်ကာ ဦးရီးတော် မဟာပြောက်အား ထွက်တိုက်၏။ သို့ဖြင့် မင်းခေါင်အင်းဝထီးနန်းအား စိုးစံရသည်။ မင်းသိဒ္ဓတ်လည်း စစ်ကိုင်းကိုစားသည်။ နောင်တွင် ညီနောင်နှစ်ဦး မသင့်မြတ်ကြသဖြင့် မင်းသိဒ္ဓတ် ဟံသာဝတီသို့ ခိုလှုံလေသည်။ နန်းသက်နောက်ပိုင်းတွင် သားတော်မင်းရဲကျော်စွာ(မွန်မူတွင် မင်းဖြူ)၏ အစွမ်းဖြင့် ရှမ်းပြည်တစ်လွှားကိုလည်းကောင်း၊ ရခိုင်ကိုလည်းကောင်း သိမ်းသွင်းနိုင်ခဲ့သည်။ သို့သော် နတ်ရွာမစံမီ မင်းရဲကျော်စွာတစ်ယောက် ရာဇာဓိရာဇ်နှင့် ဆင်စီးချင်းထိုးရာ ကျဆုံးသွားသဖြင့် ဘုရင်မင်းခေါင်မှာ ခြေလွတ်လက်လွတ်ဘဝရောက်ခဲ့ရသည်။ ဘုရင်မင်းခေါင်နတ်ရွာစံလျှင် သားတော် ဆင်ဖြူရှင် သီဟသူက အင်းဝထီးနန်းကို ဆက်ခံသည်။ ဆက်စပ်လေ့လာရန် ရာဇာဓိရာဇ် မွန်သူရဲကောင်းလဂွန်းအိန် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ကျမ်းကိုး ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- ဒေါက်တာ နိုင်ပန်းလှ ကဏ္ဍ:အင်းဝမင်းဆက် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
ပြည်မြို့
right|ပြည်မြို့တစ်နေရာ၏ ရှေးခေတ်မြင်ကွင်း။ ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်၏ စတုတ္ထမြောက်မြစ်ကျဉ်း တည်ရှိရာမြို့ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ပြည်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်း၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကူး နဝဒေးတံတားကို ဖြတ်၍ ပန်းတောင်းမြို့နယ်နှင့် ဥသျှစ်ပင်မြို့တို့ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖော်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ပညာရေးအခြေအနေအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းဖွင့်လှစ်ထားပြီး ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့၍ မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်ဖြစ်သော ပြည်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်တက္ကသိုလ်(ယခင်ပြည်ကောလိပ်)၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)(ယခင်အစိုးရကွန်ပျူတာကောလိပ်)တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင်တည်ရှိသည်။ ပြည်မြို့သည်ပဲခူးတိုင်းဒေသကြီးနယ်နိမိတ်တွင်းရှိသည်ဖြစ်သော်လည်းသီးသန့်ယဉ်ကျေးမှူ၊သမိုင်းကြောင်းတို့နှင့်ရပ်တည်သောမြို့တစ်မြို့လည်းဖြစ်သည်။ ပြည်မြို့၏ စုစုပေါင်းအကျယ်အဝန်းမှာ 34.48 စတုရန်းကီလိုမီတာ ဖြစ်သည်။ သမိုင်းကြောင်း ပြည်မြို့ရှိသော နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူကမှ မြို့တည်ထောင်ခဲ့ကြောင်းတိကျခိုင်မာသော မှတ်တမ်းမရှိပေ။ ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖော် ပြပါရှိလေသည်။ စကားလုံးဆင်းသက်ပုံ သမိုင်း သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို နဝါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖော်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို နဝါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။ ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀ဝ၀ဝ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။ ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။ သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတဝှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။ နေရာသစ် တွင်လူနေထူထပ်ခဲ့ရာမှ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ပျူလူမျိုးများနေထိုင်ခဲ့သော ကြောင့် ပျူမြို့ဟု ခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇဝင်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။ ပြည်မြို့ကို စတင်တည်ထောင်ခြင်း ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။ သမိုင်းခေတ်အဆက်ဆက် အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီရာဇာဓိရာဇ် တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။ စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။၎င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ် အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်း ပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွား သောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့် ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။ ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။ ပြည်မြို့ဝန်အဆက်ဆက် နန္ဒရာဇသင်္ကြန် မင်းရဲ မင်းလှကျော်စွာ (ဦးပသီ) မင်းလှရာဇာ (ဦးကျော်လှ) သတိုးရာဇာ (ဦးကောင်းပုံ) မင်းကြီးမဟာမင်းခေါင် သတိုးရာဇာ နေမျိုးဇေယသင်္ခယာ မင်း‌ကြီး ဇေယသူ (ဦးသာဝ) မဟာမင်းလှရာဇာ သီရိမဟာဓမ္မရာဇာ (ဦးရွှေမှုံသီ) မင်းလှစည်သူ သီဟပတေ့ မဟာမင်းလှစည်သူ (ဦးကွန်းသောင်) မင်းလှရာဇာ မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် (ဦးမှုံ) ကုန်းဘောင်ခေတ် အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများ ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။ မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ နဝင်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ဝင်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည်။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်း သား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။ အင်္ဂလိပ်ခေတ် ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် နဝင်းရပ်ကွက်၊ အေ့ရှဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅ အင်္ဂလိပ်ခေတ်မှ မှတ်တမ်းများအရ ပြည်မြို့၏လူဦးရေမှာ ၁၈၇၂ ခုနှစ်တွင် ၃၁၁၅၇ ၁၈၈၁ ခုနှစ်တွင် ၂၈၈၁၃ ၁၈၉၁ ခုနှစ်တွင် ၃၀ဝ၂၂ ၁၉၀၁ ခုနှစ်တွင် ၂၇၃၇၅ ဟူ၍ အသီးသီးရှိခဲ့သည်။ ရည်ညွှန်းကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
နတ်သျှင်နောင်
နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ နတ်သျှင်နောင်သည် မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။ ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် မိမိခမည်းတော် တောင်ငူဘုရင်နှင့်အတူ ပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြန်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်း စော်ဘွားပုန်ကန်သောအခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။ သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတက်တော်မူသည်။ သားတော်အကြီးနတ်သျှင်နောင်ကိုလည်း အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက်၍ အိမ်ရှေ့မင်းအဖြစ် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီဟသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သက္ကရာဇ် ၉၆၇ တွင် အနောက်ဘက်လွန်မင်းသည် အင်းဝကို သိမ်းပိုက်ပြီးနောက် နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် ဆက်လက်၍ တောင်ငူကို တိုက်ခိုက်သည်။ အောင်မြင်သောအခါ တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေး၊မင်းဇေယျရန္တမိတ်၊ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဘက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကားစင်တင်၍ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူမင်းရဲကျော်ထင်က မြှုပ်နှံပေးသည်။ (နတ်ရှင်​နောင်သည် သူ့ထီးနန်းကို သိမ်းယူ​သော အ​နောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီကိုရယူခဲ့သည်။ နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်​အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အ​နောက်ဘက်လွန်မင်းက ​ပြော​သော်လည်း မ​တောင်းပန်သဖြင့် မြို့လယ်တွင် ငဇင်ကာနှင့်အတူ ကားစင်တင်​၍တံကျင်ထိုးကာ ​ကွပ်မျက်ခံခဲ့ရသည်။) ရတုများ နတ်သျှင်နောင်သည် ရတုများကို ရေးရာ၌ အခြားဆရာများနှင့် မတူ၊ ဖွဲ့နွဲ့ပုံ လွန်စွာဆန်းပြားသည်။ ဘုရားတိုင် ရတုများ၊ သစ္စာတိုင် ရတုများ၊ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများ၊ စစ်ချီ ရတုများ၊ မိုဃ်းတော ရတုများ၊ ထိုးကွင်းဖွဲ့ ရတုများ၊ ဂူလီ သဘင်ဖွဲ့ရတုများ ဖြစ်သည်။ နတ်သျှင်နောင်နှင့် ပတ်သက်၍မူ “ထိုမင်းကား ရတုဆိုခြင်း သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်စုံ၏။ အကျင့်နှလုံးသော်ကား ကောက်ကျစ် ဆန်းပြား၏။” ဟုရာဇဝင်ကြီး၌ မှတ်ချက်ချထားသတည်း။ မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ) သတ်ပုံအရေးအသား နတ်သျှင်နောင်ဟူသော အမည်တွင် `သျှင်´ ကို ရကောက်နှင့် ‘ရှင်’ သင့်သည်၊ သ ယပင့်ဟထိုးနှင့် `သျှင်´ သင့်သည် ‎စသည်ဖြင့် အချို့သူတို့ ဝိဝါဒကွဲပြားလျက် ရှိကြသည်။ နတ်သျှင်နောင် ဟူသောအမည်ကို သ-ကို ယပင့်ဟထိုး၍ ရေးသင့်သည်။ `ရွှေနန်းရွှေထွတ်၊ ဦးညွတ်မကွာ၊ သုဓမ္မာဝယ်၊ ‎ရွှေမင်စာရေး၊ မိန့်တော်ပေးလို့´ စသည်ဖြင့် ချီသော အက္ခရာခွဲထား၌ …‎ ပတိဣဿရ၊ သာမျတ္ထ၏၊ အရထုတ်ဖွေ၊ အဆွေအိမ့်ရှင်၊ ဆင်ဖြူရှင်မျိုး၊ စကားရိုးဝယ်၊ ဟထိုးရကြီး၊ ‎တသီးထိုမှ၊ အယျအယျေ၊ ဘန္တေဘောန္တော၊ အာဝုသောနှင့်၊ မိန့်ဟောသဒ္ဒါ၊ အာယသ္မ၊ ဘဒ္ဒန္တ၏၊ ‎အတ္ထထွေပြား၊ အသျှင်များကို၊ မှတ်သား ဆန်းကြယ်၊ သဝယ် ယပင့်၊ ဟထိုးဆင့်လော့။ ဟူ၍ လာရှိသည်ကို ထောက်ရာသည်။ မဃဒေဝလင်္ကာသစ် တတိယပိုင်း ပုတ္တောဝါဒခဏ်း ပုဒ်ရေ ၂၅ဝ တွင်လည်း …‎ ‎`သိကြားနတ်သျှင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ ‎တိမ်းငဲ့မျက်နှာ၊ မရှုသာတည့်´‎ စသည်ဖြင့် ‘သျှင်’ နှင့် ‘ရှင်’ ခွဲထားကို အထင်အရှားဖော်ပြရေးသားထားသည်။ ထိုဆရာများ၏ အာဘောဂ ကိုထောက်၍ ‎ကျွန်ုပ်တည်းဖြတ်သော စာအုပ်ကိုလည်း ‘နတ်သျှင်နောင်’ ဟူသောအမည်တွင် သ ကို ယပင့်ဟထိုး၍ ရေးလိုက်သည်။ ‎နတ်သျှင်နောင် ဟူသော အမည်တွင် `နတ်သျှင်´ ဟူသော ပေါရာဏစကားမှာ ‘မင်း၊ ဘုရင်’ ဟူသော အနက်အဓိပ္ပာယ် ‎ရသည်။ နတ်သျှင်နောင်ဟူသော အမည်မှာလည်း ဘုရင်မင်းမြတ်၏ နောင်တော် ဟူ၍ အဓိပ္ပာယ် ရပေသည်။ နတ်သျှင်နောင်သည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသည့်အခါတွင် ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့ပေးခဲ့ ‎သည်။ နောင်သော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ နန်းတက်ရာတွင် နောင်တော်ဖြစ်သည်ကို အစွဲပြု၍ တောင်ငူမင်းအား ‎နတ်သျှင်နောင် ဟူသောအမည်ဖြင့် ခေါ်ဝေါ်သည်ဟု ယူဆဘွယ်ဖြစ်ပေသည်။ ကုန်းဘောင်ခေတ်တွင် မင်းဧကရာဇ် ‎တို့သည် ဤနည်းနှင်နှင် သဘောပေါက်သော ဘွဲ့အမည်များကို ခံယူကြကုန်သည်။ တောင်ငူခေတ်က `နတ်သျှင်´ ဟူသော ‎အမည်သည် အလွန်သိမ်မွေ့ယဉ်ကျေး၍ အတော်ပင် ခေတ်စားဟန်တူသည်။ ထိုကြောင့် နတ်သျှင်နှမတော်၊ နတ်သျှင် ‎မယ်တော် စသော ဘွဲ့အမည်များကိုလည်း အချို့ မင်းသ္မီးတို့ ခံယူကြကုန်သည်။ မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ ‎နတ်သျှင်နောင် ရတုများ၏ အောက်ခြေတွင် ပါရှိသော ဦးကျော်ထွန်း၏ မှတ်ချက် ကိုးကား Category:တောင်ငူခေတ် Category:တောင်ငူ-ဟံသာဝတီခေတ် Category:ညောင်ရမ်းခေတ် Category:မြန်မာ အမျိုးသား စာဆိုတော်များ
မင်းဇေယျရန္တမိတ်
မင်းဇေယျရန္တမိတ်(မြန်မာ ၉၄ဝ ပြည့်ဖွား) မင်းဇေယျရန္တမိတ်သည် မြန်မာစာပေ သမိုင်းတွင် တောင်ငူခေတ်၌ ထင်ရှားခဲ့သော စာဆိုတော်တစ်ဦး ဖြစ်သည်။ မင်းဇေယျရန္တမိတ်မှာ စာဆိုတော် လှော်ကား သုံးထောင်မှူး၏ သားဖြစ်၍၊ ဖခင်၏ ခြေရာကို နင်းလျက် စာဆိုမှု၌ ကျွမ်းကျင် လိမ္မာသည်။ သက္ကရာဇ်၉၄ဝ ပြည့်နှစ်တွင် တောင်ငူမြို့၌ ဖွားမြင်သည်။ တောင်ငူမင်း မဟာဓမ္မရာဇာ လက်ထက်သက္ကရာဇ် ၉၄၆-၉၇၁ ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု ခြင်းခံရ၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသည်။ ထိုကြောင့် ကောင်းစစ်ဒိုင်းမှူးဟုလည်း ခေါ်သည်။ ထိုသို့ အမှုထမ်းစဉ် တောင်ငူမင်း၏ မြေးဖြစ်သော မင်းရဲကျော်ထင်၏ သားတော် မင်းရဲနရာ ဧချင်းကို စပ်ဆို သည်။ ထိုနောက် တောင်ငူမင်း၏ သားတော် နတ်သျှင်နောင် လက်ထက် သက္ကရာဇ် ၉၇၂ ခုနှစ်တွင် ညောင်ရမ်းမင်း၏ သားတော် အနောက်ဘက်လွန်မင်းသည် တောင်ငူမြို့ကို ချီတက် တိုက်ခိုက်အောင်မြင်တော်မူ၍ အင်းဝသို့ပြန်ကြွသောအခါ မင်း ဇေယျရန္တမိတ်ကို ခေါ်ဆောင်သွားသည်။ မင်းဇေယျရန္တမိတ်ဘွဲ့ မှာ အနောက်ဘက်လွန်မင်းက ရတနာပူရ အင်းဝမြို့၌ ပေးအပ် သော ဘွဲ့ဖြစ်သည်။ တောင်ငူတွင်နေစဉ်က ရရှိသော ဘွဲ့မဟုတ် ဟု ဆိုလေသည်။ အင်းဝတွင် ဘုန်းတော်ဘွဲ့ရတုများ၊ ဘုရားတိုင်ရတု များ၊ အင်းဝမြို့ဘွဲ့ရတုများနှင့် စစ်ချီရတုများကိုရေးသည်။ ရတု ရေးသားသူများတွင် မင်းဇေယျရန္တမိတ်မှာ ထိပ်တန်းကပါဝင် သည်။ အင်းဝမြို့တွင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ဖွဲ့ဆိုသည်။ ထိုမှတစ်ပါး မင်းဇေယျရန္တမိတ်သည် ဧချင်းတွင် ဆယ့်နှစ်ရာသီ၏ သာယာပုံများကို တစ်ဆစ်စီထည့်သွင်းစပ်ဆို ခဲ့ရာ ဆယ့်နှစ်သီဘွဲ့များ၏ ရှေ့ပြေးပမာတမျှ ဖြစ်သည်။ ဧချင်း တွင် ပျို့များကဲ့သို့ စကားလုံး အစုံအစုံဖြင့် တဟုန် တဟုန်၊ လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ ဟူ၍ ယမကချီနည်းကို အသုံးပြုလေသည်။ မြန်မာစာပေ သမိုင်းတွင် သာချင်းဟူသော အဖွဲ့ အနွဲ့ကို ရှေးဦးစွာ တီထွင်သူမှာ မင်းဇေယျရန္တမိတ် ဖြစ်သည်ဟု အချို့ကဆိုသည်။ သာချင်းများမှာ ဥတေနသာချင်း၊ စိဉ္စမာဏ ဝိကသာချင်းနှင့် ပဋာစာရီသာချင်းတို့ဖြစ်သည်။ သာချင်းဆရာဖြစ်သော ဇေယျရန္တမိတ်က သူ့သာချင်း တွင် မြေတူးမြို့၌ မွေးဖွား၍ စာပေသင်ကြား သာမဏေ ပြုခဲ့ သည်ကိုလည်းကောင်း၊ မစိန်မြို့၌ နေဖူးသည်ကိုလည်းကောင်း ဖော်ပြထားသဖြင့် တောင်ငူခေတ်မင်းဇေယျရန္တမိတ်နှင့် သာချင်း ဆရာ မင်းဇေယျရန္တမိတ်တို့မှာ တစ်ယောက်တည်းလေလော၊ နာမည်တူပုဂ္ဂိုလ်နှစ်ယောက်ပင် ဖြစ်လေသလောဟူသည့် ကိစ္စကို မူ အတည်တကျ မဆုံးဖြတ်နိုင်ကြသေးချေ။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) ညိုရွှေနစ်၍-ချီ တောင်ငူမြို့ဖွဲ့ ရတုစသည်ကိုရေးသားသူ ဇေယျရန္တမိတ်မှာ လှော်ကားသုံးထောင်မှူး၏ သား တောင်ငူမြို့၌ သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင်ဖွား၍ အဖစာဆိုအကျော်အမော်၏ သားဖြစ်သည်အားလျော်စွာ စာဆိုမှု၌ ကျွမ်းကျင်လိမ်မာသည်သာမက တောင်ငူရွှေနန်းတည်မင်း မဟာဓမ္မရာဇာလက်ထက် သက္ကရာဇ် ၉၆၄-ခုနှစ်မှသည် ၉၇၁-ခုနှစ်အတွင်း အမတ်အဖြစ်ခန့်ထားသူကောင်းပြု၍ ကောင်းစစ်ဒိုင်းအစုကို မှူးရသောကြောင့် ကောင်းစစ်ဒိုင်းမှူး ဟူ၍လည်း ကျော်စောသည်။ သက္ကရာဇ် ၉၇၂-ခုနှစ်တွင် အနောက်ဘက်လွန်မင်း တရားကြီး တောင်ငူကို အလိုတော်ပြည့်၍ အင်းဝသို့ပြန်လည်သောအခါ တောင်ငူဘုရင် နတ်သျှင်နောင်က ထည့်လိုက်သောကြောင့် မင်းဇေယျရန္တမိတ်သည် အင်းဝသို့လိုက်ပါရလေသည်။ သာလွန်မင်းတရားအထံတော်တွင်လည်း ထိုမင်း ဘုန်းတော်ဖွဲ့ရတုများ၊ အင်းဝမြို့ဖွဲ့ရတုများအပြင် ဘုန်းထွန်းပ ဆင်တော်မော်ကွန်းကိုလည်း ရေးသားလေသတည်း။မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ) ရေးသား‌သော စာစာရင်း မင်းရဲနရာဧချင်း ဘုန်းဘွဲ့ရတု ဘုရားတိုင် အဝဘွဲ့ရတု ကျိုင်းသေည်ကြီးဘွဲ့ရတု ကျိုင်းတုံဘွဲ့ရတု ဆင်တော်‌‌ော်ကွန်း ရတုပေါင်းစုံ တို့ဖြစ်သည်။ ကိုးကား Category:ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ
သံခို၊ ရှင်
သံခို၊ ရှင် (မြန်မာ ၉၆ဝ ဖွား) စာပေအမြောက်အမြား မရေးခဲ့သော်လည်း ရေးသမျှနှင့်ပင် ပထမတန်းစားရတုဆရာဟု စာရင်းဝင်ဂုဏ်ပြုအပ်သော တောင်ငူခေတ်စာဆိုတော် ရှင်သံခိုသည် လှော်ကား ၃ဝဝဝမှူး၏ မြေးဖြစ်၍ မင်းဇေယျရန္တမိတ်၏တူတော်ပြီးလျှင် ရတုဘုရင် နတ်သျှင်နောင်ထံ၌ ခစားသောအမတ်လည်း ဖြစ်၏။ သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင်တောင်ငူမြို့၌ဖွားမြင်သည်။ အသက် ၁၂နှစ် သား အရွယ်ကပင်စတင်၍ကဗျာလင်္ကာစပ်ဆိုခဲ့သူဖြစ်လေသည်။ ‌တောင်ငူကို အနောက်ဘက်လွန်မင်းတရားကြီး အလိုတော်ပြည့်၍ အင်းဝသို့ပြန်တော်မူရာ ရှင်သံခို ပါသွားလေသည်။ အင်းဝရောက်လျှင်မင်းတရားကြီးထံပါးတွင် လက်ဆောင်ယူမှူးအဖြစ်အမှုတော်ထမ်း ရွက်ရ၏။ ထိုသို့အမှုတော်ထမ်းရွက်စဉ် အနောက်ဘက်လွန် မင်းတရားကြီး၏ သားတော်မင်းရဲဒိဗ္ဗကို ဖွဲ့ဆိုသော ဧချင်းတစ်စောင် ရေးသားခဲ့သေးသည်။ ထိုအခါက ရှင်သံခိုသည်အသက် ၁၆ နှစ်၂ဝ တွင်းလောက်ပင်ရှိဦး မည်ဟုခန့်မှန်းရ၏။ သို့ရာတွင်ဧချင်းဟောင်း ၁၂ စောင်တွင်အကောင်းဆုံးဧချင်းဟု ပညာရှိတို့ခြီးကျူး ခေါ်ဆိုထိုက်သောယင်းမင်းရဲဒိဗ္ဗဧချင်းကိုအရွယ်နှင့်မလိုက်အောင် ဖွဲ့ဆိုနိုင်ခဲ့လေသည်။ ထိုဧချင်းတွင်ဘိုးတော်ဘေးတော်များပြုစုခဲ့ သောမဟာကုသိုလ်တော်များကို ထည့်သွင်းဖွဲ့ဆိုထားရာ ရှေးဧချင်းများထက်စုံလင်၍ ဖွဲ့ပုံဆန်း သည်ဟုဆိုရပေသည်။ ရှင်သံခိုသည် ကဗျာလင်္ကာစပ်ဆိုရာ၌ ဆရာ နတ်သျှင်နောင်၊ ဦးရီးမင်းဇေယျရန္တမိတ်၊ အဖိုးလှော်ကား ၃ဝဝဝ မှူးတို့၏ဉာဏ်ရည်ကိုလိုက်နိုင်သည်ဖြစ်၏။ ကျေးစေရတုများ၌နတ်သျှင်နောင်၏လေသံကို အတုယူ၍ ဘုရားတိုင်၌ မင်းနဝဒေးကြီး၏ အာဘော်ကို အရယူနိုင်၏၊ ထိုကြောင့်ရှင်သံခို၏ရတုများသည် ဆန်ကာချထားသကဲ့သို့အသန့်ချည်းဖြစ်တော့သည်။ သို့ရာတွင်ရတုဖွဲ့ဆိုရာ၌နတ်သျှင်နောင်ကဲ့သို့ မေတ္တာဘက်ကို ဦးစားပေး၍မရေးဘဲ အလွမ်းဘက်ကိုအားသန်စွာ ရေးသားလေသည်။ ရှင်သံခိုသည် ရတနာပြောင်မွန် ဆင်တော်ဘွဲ့မော်ကွန်းတစ်စောင်နှင့် နေနတ်ကသည်အစချီသောရတုပေါင်း ၁ဝစုံကိုလည်းရေးသား သွား၏။ သာလွတ်ထွတ်တင်ချီရတုကိုရေးသားဆက်သွင်းရာ စောင်းပါးရိပ်ခြေအပြစ်အနာပါနေသဖြင့် အနောက်ဘက်လွန်မင်းတရားကြီး မျက်မာန်တော်ရှကာ ကွပ်မျက်မည်အပြုတွင် ပြည်ငထင်ငယ် တောင်းပန် လျှောက်ထားသဖြင့်အသက်ချမ်းသာရာရခဲ့လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ကျည်းကဆက်သည်-ချီ ကျေးစေရတုရေးသူ ရှင်သံခိုမှာ စာဆိုတော်၊ မင်းဇေယျရန္တမိတ်နှမမှ သက္ကရာဇ် ၉၆၀-ပြည့်နှစ် တောင်ငူမြို့၌ ဖွားမြင်သည်။ အဖိုးဖြစ်သူ လှော်ကားသုံးထောင်မှူး၊ ဦးရီးဖြစ်သူ ကောင်းစစ်ဒိုင်းစုမှူး ဇေယျရန္တမိတ် တို့ ထံမှ ကဗျာလင်္ကာစာပေပညာကို သင်ကြားတတ်မြောက်လာသူဖြစ်၍ ငယ်ရွယ်စဉ်ကပင် စာဆိုမှု၌ အထူးဝါသနာ ထုံလာသူဖြစ်သည်။ နတ်သျှင်နောင်မင်းသား အထွတ်အထိပ်သို့ ရောက်သောအခါ ရှင်သံခိုကို နန်တော်တွင်းခေါ်ယူချီးမြှင့်ထားလေသည်။ အနောက်ဘက်လွန် မင်းတရားကြီး တောင်ငူကို အလိုတော်ပြည့်သောအခါ အင်းဝသို့ခေါ်ဆောင်သွားသော စာဆိုရှင်တို့အနက် ရှင်သံခိုလည်း တဦးအပါအဝင်ဖြစ်လေသည်။ အင်းဝသို့ ရောက်သောအခါ မင်းတရားကြီး ချီးမြှင့်ခြင်းကို တဖန်ခံစားရပြန်ရာ လက်ဆောင်ယူမှူးအဖြစ်ဖြင့် ထမ်းရွက်ရသောကြောင့် လက်ဆောင်ယူမှူး ရှင်သံခိုဟု ကျော်ကြားသည်။ ရှင်သံခိုသည် မင်းရဲဒိဗ္ဗ ဧချင်း၊ ရတနာပြောင် ဆင်တော် မော်ကွန်းနှင့် ရတုအများကိုလည်း ရေးသားခဲ့သူဖြစ်သတည်း။ မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ) ကိုးကား Category:မြန်မာ ရဟန်း စာဆိုတော်များ
ရွှေနန်းကြော့ရှင် နရပတိ
ရွှေနန်းကြော့ရှင် နရပတိ (၂၈ ဇူလိုင် ၁၄၇၆ – ၂၅ မတ် ၁၅၂၇) သည် ဒုတိယ မင်းခေါင် နောက် နန်းတက်သည့် မင်းဖြစ်သည်။ ၁၅၀၁-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် နန်းတက်သည်။ သူ့လက်ထက်တွင် လှပတင့်တယ်သည့် နန်းတော်ကို တည်ဆောက်စံမြန်းသဖြင့် ရွှေနန်းကြော့ရှင် ဟူသောဘွဲ့ဖြင့် ထင်ရှားသည်။ နန်းတက်စအချိန်မှစတင်ကာ လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် တောင်ငူမှ မင်းကြီးညို၊ မြောက်ဘက်မှ မိုးညှင်းစလုံ နှင့် ပြည်မှ သတိုးမင်းစော အစရှိသည့်သူများ၏ အာခံမှု၊ ပုန်ကန်မှုများကို ခံခဲ့ရသည်။ မြန်မာသက္ကရာဇ် ၈၈၅ (မတ်လ ၁၅၂၅) အရောက်တွင် ပြည်နှင့် မိုးညှင်း အင်အားနှစ်ရပ်ပေါင်းကာ အင်းဝကိုတိုက်ခိုက်လာရာ မခုခံနိုင်တော့သဖြင့် အင်းဝနန်းကို စွန့်ကာယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ထွက်ပြေးရသည်။ ပြည်နှင့် မိုးညှင်းတပ်များ အင်းဝမှပြန်လျှင် မိမိမဟာမိတ် အုန်းဘောင်စော်ဘွား၏ အင်အားအထောက်အပံ့နှင့် အင်းဝတွင် တဖန်ပြန်လည် မင်းပြု၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈-ခုနှစ်(AD၁၅၂၇)တွင် သားသိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလေသည်။ သို့ဖြင့် ရွှေနန်းကြော့ရှင်နရပတိသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် တစ်ဦးတည်းသော အမြောက်ဆံသင့်၍ ကျဆုံးရသည့်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရွှေနန်းကြော့ရှင် မရှိတော့သည်နောက် အင်းဝကို သိမ်းပိုက်ထားသည့် မိုးညှင်းစလုံလည်း သားဖြစ်သူ သိုဟန်ဘွားကို နန်းတင်၍ ပြန်လေသည်။ ရွှေနန်းတည်ကျောက်စာ အင်းဝ၌ နန်းသစ် (၈)ကြိမ် တည်ဆောက်မှုတွင် စာပေအထောက်အထားများအရ ရွှေနန်းကျော့ရှင်နရပတိ လက်ထက်ဆောက်သော နန်းတော်သည် အကောင်းဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ရွှေနန်းကျော့ရှင်နရပတိသည် နောက်နောင်သောမင်းတို့ ရွှေနန်းတော်ဆောက်လုပ်လျှင် မှီငြမ်းပြုလုပ်ရစ်စေခြင်းငှါ နန်းတည်ကျောက်စာတစ်ချပ် ရေးသား စိုက်ထူထားခဲ့သည်။ သက္ကရာဇ် (၈၈၈)ခုနှစ်တွင် သိုဟန်ဘွားက ရွှေနန်းတည်ကျောက်စာကြီးကို နောင်မင်းများ အသုံးမပြုစေရန် ၎င်းကျောက်စာကိုနုတ်ပြီး ထီးလှိုင်ရှင်ဘုရားအား လှူဒါန်းသည့်အနေဖြင့် ဘုရား၏ အနောက်စောင်းတန်းတွင် စိုက်ထူခဲ့သည်။ (၁၁၈၈)ခုနှစ်တွင် အင်းဝတွင် လောင်သောမီးကြောင့် ဂဝံကျောက်သားပေါ်တွင် ရေးထိုးထားသော ကျောက်စာများသည် အလွှားလိုက် ကွာကျခဲ့သည်။ (ယခုအခါ ထိုကျောက်စာကို မယ်နုအုတ်ကျောင်း မုခ်အဝင်ဝ အရှေ့တောင်ဘက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျောက်စာဂူဖြင့် ထိန်းသိမ်းထားသည်။) အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၈ ရေနံ့သာစား ငရွှေကျိုင်း ကြင်ဘက်များ စလင်းမင်း သမီးလတ်တွင် သားသမီး မမြင်။ နောင်တော် မဟာသီဟသူရ မိဖုရားကို မိဖုရားဆက်မြှောက်ရာ သမီး ဘေးတော်နှမ၊ မြောက်သားမှာ ခမည်းတော်သား အိမ်ရှေ့မင်း ပုခန်း သီဟပတေ့ သမီး မယ်တော်ချစ်ဘွားကို ဓမ္မဒေဝီဘွဲ့နှင့် မိဖုရားမြှောက်ရာ သမီး သီရိဘုန်းထွတ်၊ မြောက်သားမှာ ပြည် နရပတိ၊ နောက် ပြည် မင်းခေါင်၊ နောက် မင်းတရားရွှေထီး စန္ဒာဒေဝီဘွဲ့နှင့် မိဖုရားမြှောက်သည်၊ နောက် ဟံသာဝတီ ဆင်ဖြူများရှင် မိဖုရားဆက်မြှောက်သည် ရမည်းသင်း မင်းရဲကျော်စွာ သမီး မင်းတရားနှမတော်တွင် သားသမီး မမြင်။ တောင်တွင်း သီရိဇေယသူ သမီးတွင် သားသမီး မမြင်။ နန်းတိတွင် သား အိမ်ရှေ့မင်း ညီ ပြင်စည်စား မင်းကြီးထွေး ကျမ်းကိုး မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း နှစ် ၆၀ဝပြည့် အင်းဝ-ရွှေကိုင်းသား ကဏ္ဍ:အင်းဝမင်းဆက် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း
တင်ဝင်း၊ မ (ဒေါက်တာ)
ကိုယ်ရေးရာဇဝင်အကျဉ်း ၁၉၄၀-ခုနှစ်တွင် မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ-ဦးဘဌေး၊ အမိ-ဒေါ်ရင်ရင်တို့က မွေးဖွားသည်။ အမည်ရင်း ဒေါ်တင်ဝင်းဖြစ်သည်။ ၁၉၅၆ - ရေနံချောင်းမြို့ အ့ထ့က(၁)မှ တက္ကသိုလ်ဝင်တန်းအောင်။ ၁၉၅၈ - မကွေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သည်။ ၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ။ ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင်သွားရောက်ခဲ့။ ၁၉၆၃ - ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေး ဝိဇ္ဇာဘွဲ့ရရှိသည်။ ရေနံချောင်းမြို့၊ အ့ထ့က(၁)တွင် အထက်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်။ ၁၉၆၈ - ပညာတန်ဆောင် မဂ္ဂဇင်းတွင် ပညာရေးဆိုင်ရာ ဆောင်းပါးများ စတင်ရေးသား။ ၁၉၇၀ - ပြည့်တွင်စာပြနည်းပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့။ ပညာရေးတက္ကသိုလ် သင်ပြနည်းပညာ ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိ။ လက်ရှိရာထူးမှာ ပါမောက္ခဖြစ်သည်။ ၁၉၉၄ - မြည်းတစ်ကောင်နှင့်မတင်ဝင်း စာအုပ်ထွက်။ ၁၉၉၅ - ရာဇဝင်ထဲမှ မိန်းမသား စာအုပ်ထွက်။ သမီးကိုပြောဖြစ်သောပုံပြင်များ စာအုပ်ထွက်။ ၁၉၉၆ - လွတ်လပ်ပေါ့ပါးသော စိတ်ထားရှိပါစေ စာအုပ်ထွက်။ ၁၉၉၇ - နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ စာအုပ်ထွက်။ ၁၉၉၈ - ငယ်ငယ်ကကြားဖူးခဲ့သော မိန်းမများအကြောင်း။ သားနှင့်မိဘ စသောစာအုပ်များထွက်။ ၁၉၉၉ - စစ်သူကြီးများနှင့် စစ်ဘုရင်များ၊ ဇာတိနှင့်အစဉ်အလာ၊ ဒါလေးကိုဖတ်ကြည့်ပါဦး၊ ဘုံအနှမ်းမှ လူဆန်းများ၊ မေမေပြောတဲ့ ရှေးရှေးစကား၊ မှတ်သားမိသောစကားများ၊ ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်၊ မင်းကျန်စစ်ကိုချစ်တဲ့သူများ စသော စာအုပ်များထွက်။ ၂၀ဝ၀ - ကြီးပွားထူးချွန်သူနှင့်အလုပ်၊ ကြယ်စင်ပွင့်လင်းသောစိတ်ထားဖြင့်၊ စကားနှင်းပွင့်များ၊ ပညာလိုလျှင် ပျိုမျစ်တယ်၊ မပျက်စီးအောင် ဒါတွေရှောင်၊ လူငယ်များနှင့်စကားပြောခြင်း၊ လောကကိုဆရာတင်၍၊ အတွေး ပါသောဇာတ်ကြောင်းများ၊ အတွေးမိုးစက်များ၊ အလှရတနာသိုက်ဖွင့်လိုက်စမ်းပါ၊ အောင်မြင်ခြင်း-ပျော်ရွှင်ခြင်း နှင့် မိသားစု၊သမိုင်းစဉ်တွင်နေရာယူခြင်း စသောစာအုပ်များထွက်။ ၂၀ဝ၁ - ကိုယ်ပဲလူကြီး-ကိုယ်ပဲခလေး၊ ကြည်ညိုဖွယ်ရာမာတာများ၊ ထက်မြက်ထူးချွန်သူတို့၏နုတ်ထွက် စကားများ၊ပုလဲတစ်လုံးရွဲတစ်လုံး၊ ပံ့သကူအတွေးများ၊ ရေကြည်ချမ်းမြ၊ လက်ဆင့်ကမ်းရတနာ၊ သမီးအလိမ္မာ မရုစာ၊ အောင်စိတ်နှင့်လူ စသောစာအုပ်များထွက်။ ကုန်းဘောင်ကိုဆန်၍စာအုပ်ထွက်(အမျိုးသားစာပေဆုနိုင်ငံ ရေး-စာပေဆုရ)။ ထင်ရှားသောကမ္ဘာ့သုခမိန်များ စာအုပ်ထွက်။ ၂၀ဝ၂ - ပုံပြင်ကြိုက်သူ ဝင်စားသူ၊ ပြောစရာမကျန်အောင် အမှန်တွေကို အကုန်ပြောပြမယ်၊ သားလိမ္မာလှ သုဝဏ္ဏ၊ အမေ့ရဲ့ စကားပုံရိပ်များ၊ အလုပ်ဆိုတာ အင်အားပါ၊ အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စသော စာအုပ် များထွက်။ ၂၀ဝ၃ - အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ(အမျိုးသားစာပေ နိုင်ငံရေး-ဆုရ)။ စာပေများ ဆက်လက်ရေးသားပြုစုလျက်ရှိ။ ထင်ရှားသောစာအုပ်အချို့ ရာဇဝင်ထဲက မိန်းမသား စစ်သူကြီးများနှင့်စစ်ဘုရင်များ ဇာတိနှင့်အစဉ်အလာ ထင်ရှားသောကမ္ဘာ့သုခမိန်များ နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ ညောင်ရမ်းမင်းဆက်(၁၁)ဆက် ကုန်းဘောင်ကိုဆန်၍ မင်းကျန်စစ်ကိုချစ်တဲ့သူများ သမိုင်းစဉ်တွင်နေရာယူခြင်း အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ ရရှိခဲ့သော ဆုတံဆိပ်များ ၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ကို စတင်ရရှိခဲ့သည်။ ထို့ပြင် အမျိုးသားစာပေဆုကို ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသော နယ်ချဲ့များ စာအုပ်ဖြစ် နိုင်ငံရေးစာပေဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏ စကားရာဇဝင် စာအုပ်ဖြင် စာပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ စည်သူဘွဲ့ အပ်နှင်းခြင်းခံရသည်။ ကိုးကား Category:မြန်မာ စာရေးဆရာများ Category:မြန်မာ အမျိုးသမီး စာရေးဆရာများ Category:မြန်မာ တက္ကသိုလ် ပါမောက္ခများ Category:မြန်မာ သမိုင်းပညာရှင်များ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ
သိုဟန်ဘွား
သိုဟန်ဘွားသည် ရွှေနန်းကြော့ရှင် နရပတိ နောက် အင်းဝနန်းကို စံမြန်းသော ရှမ်းမင်းဖြစ်သည်။ မိုးညှင်းစလုံ (ခေါ်) မိုးညှင်းစော်ဘွားစဝ်လုံ၏ သားတော်ဖြစ်သည်။ သိုဟန်ဘွား၏ ခမည်းတော် မိုးညှင်းစလုံသည် မြောက် ဘက် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည် တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍ ကျောင်းကန်အိမ်ရာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောနှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအားထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်း ယူကာ စလုံပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်လည်း အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။ ထိုအကြောင်းကိုကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ် (AD ၁၅၂၇) တွင် သားတော် သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော်သိုဟန်ဘွားအား တိုက်ဆင် နှစ်ရာ၊ မြင်း လေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်း ပေးခဲ့၍ အင်းဝတွင် မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏တူတော် မင်းကြီးရန်နောင်သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်။ မိုးညှင်းစလုံက မင်းကြီးရန်နောင်ကို ခေါ်၍ "ငါ့သား သိုဟန်ဘွားသည် မြန်မာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စီရင်ဖွယ် ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ"ဟု ဆိုကာ သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီး ခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်း ပေး၍ စားစေသည်။ သက္ကရာဇ် (၇၂၆)အေဒီ ၁၃၆၄-ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင် နရပတိ တိုင်အောင် မင်း(၁၄)ပါးတွင် မင်းစဉ်ပြတ်ကာ သိုဟန်ဘွားသည် အင်းဝရွှေနန်းကိုတက်၍ မင်းပြုသည်။ မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။ သိုဟန်ဘွားသည် အင်းဝတွင် မင်းအဖြစ်ကိုရပြီးနောက် စလင်းမြို့ကို စည်သူကျော်ထင် အားပေး၏။ ပေါင်းတည်မြို့ကို ပျံချီအား ပေး၏။ ပုဂံကို သတို့အား ပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအား ပေး၏။ အမြင့်မြို့ကို သက်တော်ရှည်အား ပေး၏။ ဤသို့ နိုင်ငံတော်အလုံးတွင်ရှိသော ကျေးရွာမြို့ပြတို့ကို မြန်မာအမတ် ရှမ်းအမတ်တို့အား အလုံးအရင်းနှင့်ချည်း ကျေးစားရွာစားထည့်လေသည်။ အရှင်သုခမိန္ဒ(တန့်ယန်း)၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ၊ နှာ-၁၅၆၊ ထို့နောက် ပြည်၊ တောင်ငူတို့သို့ ချီ၍ သိမ်းယူရန် မင်းကြီးရန်နောင်အား တိုင်ပင်လေသည်။ ရှမ်းတို့တိုက်လျှင် ပြည်၊ တောင်ငူသည် ခံနိုင်မည့် အခြေမရှိသေးကြောင်း ကိုသိသော မင်းကြီးရန်နောင်သည် ပြည်၊ တောင်ငူပျက်လျှင် မြန်မာနိုင်ငံဟူ၍မရှိတော့ဘဲ ရှမ်းတို့သာ မြန်မာနိုင်ငံအလုံးကို အစိုးရတော့မည့် ဘေးမှကာကွယ်လိုသဖြင့် အင်းဝကိုရလေပြီးမှ ပြည်၊ တောင်ငူနေဝံ့မည်မဟုတ်၊ အလိုလိုညွတ်လာမည် ဖြစ်ကြောင်း သိုဟန်ဘွားအား လျှောက်တင်လေသည်။ ပြည်မင်း၊ တောင်ငူမင်းတို့အားလည်း အားမတန်သေးသည့်အခါ ရှမ်းမင်းနှင့် ချစ်ကြည်ဟန် ပြုသင့်ကြောင်း အတွင်းစာပို့လေရာ ချစ်ကြည်အောင်နေကြသဖြင့် ပြည်၊ တောင်ငူကို သိုဟန်ဘွား မတိုက်ဖြစ်တော့ချေ။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့ နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်း ရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ်(၈၉၂)ခုတွင် တောင်ငူ မဟာသီရိဇေယျသူရ အနိစ္စရောက်တော်မူ၍ သားတော် မင်းတရားရွှေထီး မင်းဖြစ်တော်မူသည်။ သို့ရာတွင် (၈၉၄)-ခုနှစ်တွင် မိုးညှင်းစော်ဘွား စလုံသည် အင်းဝသို့ ဆင်းလာကာ သားတော်သိုဟန်ဘွားအားခေါ်၍ ပြည်သို့ချီတက်သည်။ ပြည်ဘုရင်ထွေးလည်း မိုးညှင်းစလုံတို့ကို တိုက်ခိုက်ရန် အင်အားမမျှသဖြင့် အထူးထူးသော ပုဆိုးကောင်းများကို ယူကာ အခြွေအရံ တစ်ထောင်ခန့်နှင့် ဆက်သအညံ့ခံသဖြင့် ဘုရင်ထွေးအားဖမ်း၍ အင်းဝသို့ ပြန်သည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေသည်။ ဒီပဲယင်းသို့ ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေသည်။ မိုးညှင်းစလုံသည် မြေဒူးသို့ ရောက်လျှင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်လေသည်။ ထိုအချိန်၌ တောင်ငူတွင် တပင်ရွှေထီး နန်းတက်သည်မှာ နှစ်နှစ်ပင်ရှိလေပြီ။ သိုဟန်ဘွားတို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် မအုပ်ချုပ်မီကပင် အခြားရှမ်းလူမျိုးများရောက်ရှိနေနှင့်ပြီးဖြစ်ရာ ရောက်ရှိနေပြီးဖြစ်သော ရှမ်းများလောက် ယဉ်ကျေးမှု အဆင့်အတန်းမမြင့်ကြချေ။ သို့ဖြစ်ရကား သိုဟန်ဘွား၏ အုပ်ချုပ်မှုသည် ထိုအချိန်က မြန်မာနိုင်ငံ၏အခြေအနေနှင့် မဟပ်မိချေ။ သိုဟန်ဘွားနန်းသက် ၁၅နှစ်အတွင်း ဒေသခံမြန်မာတို့ကို နှိပ်စက်ခြင်း၊ ဗုဒ္ဓဘာသာရဟန်းတော်များကို ဆွမ်းစားပင့်ဖိတ်ဟန်ပြုကာ နန်းတော်တွင်းသို့ရောက်လျှင် သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို ဗမာတို့၏ ရတနာများသိုဝှက်ရာနေရာဟု ဆိုကာ ဖျက်စီးပြီး ဌာပနာတို့ကို ယူငင်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။ ရွှေနန်းကျော့ရှင် နရပတိ၏ နန်းတည်ကျောက်စာကိုလည်း စွန့်ပစ်ဖျက်ဆီးခဲ့သည်။ ထိုမျှရက်စက်ကြမ်းကြုတ်သည့်အပြုအမူတို့ကို ကြောက်ရွံသဖြင့် လူအများလည်း ဘေးလွတ်ရာ တောင်ငူသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။ အင်းဝမှမြန်မာတို့ တောင်ငူသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် တောင်ငူသည် တဖြည်းဖြည်း မြန်မာတို့၏ အင်အားစုတည်ရာ ဖြစ်လာသည်။ သက္ကရာဇ် ၉ဝဝ ပြည့်နှစ် (အေဒီ-၁၅၃၉)တွင် တောင်ငူမင်းတရား ရွှေထီးသည် ဟံသာဝတီကိုလုပ်ကြံရာ မွန်မင်း သုရှင်တကာရွတ်ပိသည် မခံနိုင်၍ ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပြေးလာသည်။ တပင်ရွှေထီးလည်း ပြည်အထိလိုက်သောအခါ ပြည်ဘုရင်သည် အင်းဝဘုရင် သိုဟန်ဘွားသို့ အကူတောင်းလေသည်။ သိုဟန်ဘွားလည်း ရေတပ် ခြောက်တပ်စီရင်၍ ကတ္ထုလွန်းကြင် ၂ဝဝ၊ လှော်ကား သံလှေ ၁ဝဝ၊ စစ်သည်သူရဲ ၅ဝဝဝဝ နှင့်အတူလာသည်။ မင်းတရားရွှေထီး ရေတပ်နှင့်ဆုံ၍ တိုက်ကြရာ ထိုနှစ် ပြည်မြို့ကို မင်းတရားရွှေထီးတို့က မအောင်နိုင်သေးချေ။ တပင်ရွှေထီး ၏တပ်များပြန်ဆုတ်ခွာသွားပြီးနောက် သုရှင်တကာရွတ်ပိ အပြင်းဖျားပြီး ကွယ်လွန်သဖြင့် သိုဟန်ဘွားလည်း မိမိရှမ်းတပ်များကို ခေါ်ကာ အင်းဝသို့ပြန်သည်။ အပြန်တွင် သုရှင်တကာရွတ်ပိ၏ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မြှောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်လာခဲ့သည်။ အေဒီ-၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်ရေတပ် အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်တော် မူပြန်သည်။ ပြည်ကို ဝိုင်းရံတိုက်ခိုက်စဉ် အင်းဝဘုရင် သိုဟန်ဘွား၊ အုန်းဘောင်ခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစလုံငယ်တို့သည် ပြည်ဘုရင်ကိုကူညီရန်အတွက် ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားတပ်များ ပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။ ရှမ်းမင်း သိုဟန်ဘွားနှင့် အပေါင်းအပါစော်ဘွားများသည် တောင်ငူကို ချီတက်လုပ်ကြံရန် ကြံစည်ကြသေးသည်။ သို့ရာတွင်မအောင်မြင်ဘဲ မင်းတရားရွှေထီးသာ ပြည်ကိုသိမ်းနိုင်ခဲ့သည်။ သိုဟန်ဘွားသည် ရတနာသုံးပါးကို မရိုမသေရုံမက စေတီပုထိုးများကိုလည်း ဘုရားမဟုတ် မြန်မာတို့ ဥစ္စာရွှေငွေထားရာ ဌာနများဖြစ်သည်ဟုဆိုကာ ဖောက်၍ ယူလေသည်။ အရိယာ သံဃာတော်များအားလည်း သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ ပုန်ကန် သောင်းကျန်းရန် အခြွေအရံ မွေးသည်ဟုဆိုကာ ၉ဝ၁(အေဒီ ၁၅၄၂) ခုနှစ်တွင် တောင်ဘီလူးလယ်ပြင်၌ မဏ္ဍပ် အဆောင်အယောင် ဆောက်လုပ်စေပြီးလျှင် ကျွဲနွားဝက်ကြက်သတ်စေ၍ ဆွမ်းလုပ်ကျွေးမည်အဟန်နှင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝနှင့် အနီးဝန်းကျင်မှ သံဃာတော်တို့အား ပင့်ပြီးနောက် မဏ္ဍပ်တို့ကို ဆင်မြင်းဗိုလ်ပါ ဝန်းရံ၍ သတ်လေသည်။ ၃၆ဝ ကျော်သေလေသောဟူ၏။ ယင်းတို့အနက်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကျမ်းဂန်ကျနတော်မူသော အရိယာသံဃာတော် သုံးကျိပ်ကျော်ပါလေသည်။ သိုဟန်ဘွားလည်း သံဃာတော်တို့အား သတ်ပြီးလျှင် ကျောင်းကန်ဘုရားတို့၌ရှိသော စာပေကျမ်းဂန်တို့ကိုယူ၍ မီးတိုက်၏။ သာသနာတော်ကို ယင်းသို့ဖျက်ဆီးရုံမျှမက လူတို့အားလည်း ညှဉ်းပန်းလွန်းလှသည်။ မြန်မာမှူးမတ်များအားလည်း ရှမ်းမှူးမတ်များက စော်ကားဖန်များလှသဖြင့် မြန်မာတို့သည် သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်နှင့် တိုင်ပင်၍ အညီအညွတ်ပြုကြသည်။ သက္ကရာဇ် ၉ဝ၄ ခုနှစ် ကဆုန်လတွင် ရှမ်းမင်း သိုဟန်ဘွားအား ယာယီပြုသင့်သည်ဟု ပညာရှိတို့လျှောက်၍ မနော်ရမ္မာဥယျာဉ်၌ ယာယီနန်း ဆောက်ကာ မြန်မာတို့ ကိုယ့်နေရာကိုယ် အမှတ်အသားပြု၍ စွဲသည့်ဓားကို မြုပ်ထားကြသည်။ ရှမ်းတို့အား မူယာယီနန်းထွက်ကြိုက် လက်နက်မပါ အယဉ်အကျေးလိုက်၍ နေရသည်ဆိုကာ လက်နက်မပါဘဲ ခစားစေသည်။ ယာယီတဲနန်းသို့ သိုဟန်ဘွားထွက်၍ စံစဉ် ရွှေနန်းကြော့ရှင်၏ ဓားအစွမ်းကို ရောက်အောင် မင်းကြီးရန်နောင်က စကားသွယ်၍ ပြောကာ ထိုဓားကိုပြဟန်နှင့် သိုဟန်ဘွားအား ခုတ်လိုက်ရာ သိုဟန်ဘွားကျသည့်နေရာတွင် ကျသည့်အပြင် မှီထားသောဝါးပိုးတိုင်နှင့် ကြမ်းငါးချောင်း ပြတ်သောဟူ၏။ မြန်မာအမတ်တို့သည်လည်း ရှမ်းအမတ်တို့အား ခုတ်ကြရာ အများအပြား သေကြကုန်လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သိုဟန်ဘွားအား လုပ်ကြံပြီးနောက် မင်းကြီးရန်နောင်အား အင်းဝနန်းကို စိုးစံရန် ဝိုင်းဝန်းလျှောက်ထားသော်လည်း လက်မခံပေ။ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား အင်းဝထီးနန်းကို သိမ်းပိုက်ရန် ပင့်ဖိတ်စေပြီး တစ်နှစ်အကြာတွင် ဒုလ္လဘမဲပေါက်သဖြင့် ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ ကျမ်းကိုး မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း ကဏ္ဍ:အင်းဝမင်းဆက် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:ဒုတိယရှမ်းခေတ်
ကွမ်းဆော်ကြောင်းဖြူ
ထီးဖြူဆောင်းနတ် (ခေါ်) ကွမ်းဆော်ကြောင်ဖြူမင်း ကွမ်းဆော်ကြောင်းဖြူမင်း သက္ကရာဇ် ၃၁၂ မှ ၃၃၃- ခုနှစ် ကွမ်းဆောင်ကြောင်းဖြူမင်းသည် ပုဂံမင်းဆက် (၃၅)ဆက်မြောက် တန်နက်မင်း၏ သားတော်တစ်ပါးဖြစ်သည်။ အိမ်နိမ့် ၅၈၊ စည်းစိမ် ၂၂ ။ သက်တော် ၈ဝ ။ နံတော် တနင်္ဂနွေသား ဖြစ်သည်။ ' ' တောင်သူကြီးမင်းလက်ထက်တွင် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်(အခွန်ကောက်ခံရ)သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ (လယ်ကွင်း၊ယာကွင်းများကိုတိုင်းတာဆော်ဩြပီးအခွန်ကောက်) အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ ကွမ်းဆော်သည်ကြောင်းဖြူအရပ်တွင် နေထိုင်သည်။ ထိုအရပ်သည် သုဝဏ္ဏသောတ=နဂါးပြည်သို့သွားသော နဂါးကြောင်း/ ရွှေကြောင်း ဟူ၏။ မိခင်သည် သား ကွမ်းဆော်အတွက် စားမြိန်စာထုပ်ကို နေ့တိုင်း စီရင်ပေး၏။ ကွမ်းဆော်သည် စားမြိန်စာကို စောင်းချမ်းပင်ကြီးအောက်၌ ဖြေ၍ စားဦးတင်၏။ စောင်းချမ်းပင်စော့င်နတ်မှစ၍ နတ်၊နဂါးများကို အမျှဝေ၏။ နတ်တို့က အိပ်မက်ပေး၍ သရဏဂုံ၊ ငါးပါးသီလကို မြဲစွာဆောက်တည်၊ သစ္စာစကားကို မှန်အောင်သုံး၊ အနုဿတိဆယ်ပါးကို တနေ့ နှစ်ထောင် ရအောင်စီးဖြန်း-ဟုဆိုကြသည်။ နတ်တို့ ဆိုသည်မှ စ၍ အမြဲဆောက်တည်လေ၏။ ထိုစကားကို ထောက်၍ အနော်ရထာမတိုင်မီ ပုဂံပြည်၌ သာသနာတော် အလုံးစုံ မကွယ်ခဲ့ကြောင်း သိသာလှပါသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လျှင် မင်းလောင်းဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော် လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။ (အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။) အနော်ရထာမင်း၏ ခမည်းတော် နန်းတက်ပုံနှင့် နန်းဆင်းပုံ ! ပုဂံခေတ် မြန်မာ့သမိုင်းမှာ အနော်ရထာဆိုတဲ့အမည်နဲ့ လူသိများခဲ့ပေမယ့် သူကိုယ်တိုင် မွန်ဘာသာ / ပါဠိ / သက္ကတဘာသာများနဲ့ အုတ်ခွက်စာ ရေးထိုးတဲ့အခါမှာ (အနိရုဒ္ဓ) လို့ပဲ ရေးလေ့ရှိပါတယ် ။ အနော်ရထာရဲ့ နန်းသက်ကိုလည်း ကျန်စစ်သား(ထိလိုင်မင်း) ဖြစ်တဲ့ ခရစ်နှစ် ၁၀၈၄ ကို တည်ပြီး စောလူး(ဝဇြာဘရဏာ) အရ နန်းသက် (၇) ဖြစ်ပြီး ထိုမင်းဖြစ်သည့် နှစ်မှာ ၁၀၇၇ လို့ ယူတာဖြစ်တယ် ။ အနော်ရထာရဲ့ နန်းသက်က ဇာတာပုံ ရာဇဝင်အရ (၃၃)နှစ်ဖြစ်ပြီး ခရစ်နှစ် ၁၀၄၄ ဖြစ်မယ်လို့ ယူရပါတယ် ။ နန်းသက်နဲ့ ဆက်စပ်ပြီး ဇာတာတော်ပုံကို ယူရတဲ့ အကြောင်းကတော့ ကျန်စစ်သားကနေစပြီး ကျောက်စာပါအထောက်အထားနဲ့ ဇာတာတော်ပုံ အမှတ်အသား တိုက်ဆိုင်ညီညွတ်မှုများ ရှိလို့ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အနော်ရထာကို(၁၀၄၄ - ၁၀၇၇) လို့ မှတ်ယူရမှာဖြစ်တယ် ။ မှန်နန်းရာဇဝင်မှာ အနော်ရထာက ကွမ်းဆော်ကြောင်ဖြူမင်းနဲ့ မြောက်ပြင်သည်တို့ရဲ့ သားတော်ဖြစ်တယ်လို့ ပြဆိုတယ် ။ ကွမ်းဆော်ကြောင်ဖြူက တန်နက်မင်းရဲ့ သားတော်ဖြစ်တယ် ။ တန်နက်မင်းကို စလေငခွေးလုပ်ကြံပြီး မင်းပြုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားက စလေငခွေးရဲ့ မိဖုရားမလုပ်လိုတဲ့အတွက် ဝမ်းတွင်း ပဋိသန္ဓေနဲ့အတူ နန်းကဆင်းပြီး ပြေးတယ် ။ အဲ့ဒီ့နောက်ကြောင်ဖြူအရပ်မှာနေထိုင်ရင်း ကလေးမွေးဖွားတဲ့အတွက် ထိုကလေးမှာ ကြောင်ဖြူမင်းအမည် သွင်လာပါတယ် ။ အရွယ်ရောက်လာတော့ သူဟာ မင်းမျိုးက ဆင်းသက်လာသူဖြစ်ကြောင်း သိရပြီး တစ်ချိန် ခမည်းတော်အရိုက်အရာကို ရရပါမယ်လို့ ယုံကြည်ထားတယ် ။ နောက်တော့ နန်းတော်မှာ ကွမ်းဆော်အဖြစ်အမှုထမ်းနေတယ် ။ တစ်နေ့ ပုဂံမှာ မင်းလောင်းပေါ်မယ်လို့ ကျော်စောလာတယ် ။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ဖို့အတွက် တုရင်တောင်ကို သွားကြတယ် ။ ကွမ်းဆော်မင်းလည်း မင်းလောင်းကို ကြည့်လိုတဲ့အတွက် အလာမှာ (အမည်မသိ)လူတစ်ယောက်က သူ့ရဲ့ မြင်းနဲ့အတူ ပတ္တမြားဥသျှောင် / ပတ္တမြားလက်စွပ် / လှံ(အရိန္ဒမာလှံ) နဲ့ ဓားကို ကွမ်းဆော်မင်းဆီ ပေးလိုက်တယ်လို့ ဆိုတယ် ။ ကွမ်းဆော်လည်း အဲ့အရာတွေယူပြီး မင်းလောင်းကြည့်ဖို့ တုရင်တောင်ကို သွားခဲ့တယ် ။ အဲ့မှာပဲ ကွမ်းဆော်ကို မင်းလောင်းအဖြစ်နဲ့ မြင်ပြီး တင်မြှောက်လိုက်ကြပါတယ် ။ အဲ့မှာ စောရဟန်းမင်းက မိမိရှိနေပါလျက်နဲ့ ဘယ်သူက ဒီလို လုပ်သလဲဆိုပြီး အမျတ်ရှနေစဉ်မှာပဲ တံခါးဝက ရုပ်တုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့တော့တယ် ။ ညောင်ဦးစောရဟန်းမင်း နတ်ရွာစံတော့ မိဖုရား သုံးဦးကျန်ခဲ့တယ် ။ မိဖုရားကြီးကို တောင်ပြင် ။ အလတ်ကို အလယ်ပြင် ။ အငယ်ကို မြောက်ပြင်လို့ ခေါ်ပြီး ထိုအချိန်မှာ အကြီးနဲ့ အလတ်မိဖုရားဆီမှာ ကိုယ်ဝန်ကိုယ်စီနဲ့ကျန်ခဲ့တယ် ။ အငယ်တစ်ဦးပဲ ကိုယ်ဝန်မရှိပဲ ကျန်ခဲ့ပါတယ် ။ အနော်ရထာက မိဖုရားအငယ်ဖြစ်တဲ့ မြောက်ပြင်သည်ရဲ့ ဝမ်းက မွေးဖွားလာခဲ့တာ ဖြစ်ပါတယ် ။ ညောင်ဦးစောရဟန်းကွယ်လွန်ပြီးတဲ့နောက် ပုဂံထီးနန်းကို ကွမ်းဆော်မင်း နန်းတက်တယ် ။ ညောင်ဦးစောရဟန်းမင်းရဲ့ မိဖုရား သုံးယောက်ကိုပဲ မိဖုရားတင်မြှောက်ထားပါတယ်။ ညောင်ဦးစောရဟန်းရဲ့ သားတော်များဖြစ်ကြတဲ့ ကျည်စိုးနဲ့ စုက္ကတေးတို့ဟာ အရွယ်ရောက်လာတဲ့အခါ နန်းလုဖို့ကြံစည်ပြီး ဥပါယ်တံမျဉ်းပြုတယ် ။ ကျောင်းဆောက်ပြီး ကွမ်းဆော်မင်းကို ရေစက်ချဖို့ လျှောက်တယ် ။ ကွမ်းဆော်မင်းလဲ ယုံကြည်တဲ့အတွက် လာရောက်တဲ့အခါ ကျည်စိုးနဲ့ စက္ကတေးတို့က ဖမ်းပြီး ခြိမ်းခြောက်ကာ ရဟန်းပေးပြုလိုက်ကြတော့တယ် ။ ဒီလိုနဲ့ အနော်ရထာရဲ့ ခမည်းတော်ဟာ နန်းကျမင်း ဖြစ်သွားခဲ့ရပါတယ် ။ ကြောင်းဖြူမင်း(ဇာတ်မြုတ်နေထိုင်ရာ အရပ်ကို အစွဲပြု၍ခေါ်သောအမည်) သို့မဟုတ် ကွမ်းဆော်မင်း (လုပ်ကိုင်ခဲ့သောအလုပ်ကို အစွဲပြု၍ ခေါ်သောအမည်) ဖြစ်သည်။ ကွမ်းဆော်ကြောင်ဖြူသည် သက္ကရာဇ် ၃၂၆ တွင် ထီးနန်းရလေသည်။ နန်းတက်ပြီးသည့်နောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ ကျဉ်စိုးကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ စုက္ကတေးကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ အနော်ရထာကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။ ကွမ်းဆော်ကြောင်းဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။ (ကျောင်းဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိသည်။) ထို့နောက် သားတော် စုက္ကတေးက ထီးနန်းစိုးစံတော်မူသည်။ နောက်တွင် အနော်ရထာက စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူ အနော်ရထာကိုသာ မင်းပြုစေသည် ဟုဆိုသည်။ တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ သက္ကရာဇ် ၆၇၅-ခု ရေး မြင်းကပါ ဂူပြောက်ငယ် မင်စာ တွင် က္လောင်ဖ္လူ (ကျောင်းဖြူ) မင်းအကြောင်းကို တွေ့ရသည်။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်နှင့် ရေးသည်။ ဖြူသောကျောင်း ဟု အဓိပ္ပာယ်ရသည်။ (ဗိုလ်မှူးဗရှင် ၏ တမ္ပဒီပ ဆောင်းပါး) မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။ ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ် သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း ကိုးကား Category:ပုဂံခေတ် Category:ပုဂံမင်းဆက် Category:အပြင် ၃၇ မင်း
ရှင်အရဟံ
ရှင်အရဟံဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ်အဖြစ် သိကြပေမည်။ ပုဂံတွင်အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီး နောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။ အရဟံ၊ ရှင် အရိမဒ္ဒန ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်ထွန်းလင်း တောက်ပစေတော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား ဤသို့တည်း။ သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော် မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာတောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌ ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏေးမ ဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်မြောက်၍ ရဟန္တာအဖြစ်သို့ရောက်လျှင် အရဟံဟူသော အမည်ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။ ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ သာသနာတော် မတည်ချေသေးဟူ၍ အနော်ရထာ မင်းစော လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအားဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါး ကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တောအုပ်တစ်ခု၌ ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍ ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည် ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်သောနေရာ၌ နေတော်မူဟုဆိုသော် အရှင်အရဟံသည် ရာဇပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား နေရာကြီးကျယ်သည်၊ မြတ်သောမူမှန်ပြီဟု ဆင်ခြင်စဉ်းစားပြီးလျှင် ဤသို့ မေးတော်မူ၏။ “ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူ သနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံတော်မူသနည်း”ဟု မေးတော်မူသော် အရှင်အရဟံလည်း “ငါ၏ အမျိုးအနွယ်သည်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း။ သမ္မာသမ္ဗုဒ္ဓ အမည်တော်ရှိသော ဘုရားသခင်သည် ဟောကြားတော်မူအပ်သော နူးညံ့သိမ်မွေ့ ခက်ခဲနက်နဲလှသော အာဏာ ဒေသနာတော်မှလာသော အဆုံးအမကို ခံသည်။ ငါ၏ ဆရာ ဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိရာ နေရာအရပ်မှ လာခဲ့သည်”ဟူ၍ မိန့်တော်မူ၏။ မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာရှိ၍ ငါ့ရှင်ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြေားတော်မူပါဟု တောင်းပန်လေလျှင် သီရိဓမ္မသောက မင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူအပ်သော အပ္ပမာဒအစရှိသော တရားတို့ကို ဟောတော်မူသည်။ တရားဟောတော်မူသောအဆုံး၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။ ငါ့ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း။ ဘုရားသခင် ဟောတော်မူအပ်သော တရားတော်ကား အတီမျှ အရေအတွက် ရှိပါသနည်း။ ဘုရားသခင် တပည့်သားတော်ကား ငါ့ရှင်မှ တစ်ပါး အခြားရှိသေးသလော၊ မရှိလောဟုလျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်းကိုလည်းကောင်း၊ ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကိုလည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အရေအတွက်ရှိကြောင်းကိုလည်းကောင်း သထုံပြည်ဝယ် ပိဋကတ် သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ မိမိမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကိုလည်းကောင်း မိန့်တော်မူ၏။ ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော် အတိုင်းအထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့လျှောက်ပြန်၏။ ကျွန်ုပ်အား ယခုမျက်မှောက်၌ ရှင်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ ယနေ့မှစ၍ ကျွန်ုပ်၏အသက်ကို အရှင်အား ဆောက်နှင်းတော့သည်။ အရှင်အဆုံးအမကိုလည်း အကျွန်ုပ် ခံတော့သည် ဟူ၍ လျှောက်ပြီးလျှင် အရညကင် ရသော အရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်း၏။ အရည်းတို့ အယူကိုလည်း ပယ်တော်မူ၏။ အရည်းတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည်ဖြစ်၍ ရှင်အရဟံကို ရန်ငြိုးကြီးစွာ ထားကြကုန်၏။ မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်တော်မူသဖြင့် အရည်းကြီး တို့ကို နိုင်လောက်အောင် အစောင့်အနေ ခန့်ထားစောင့်စေရ၏။ အရည်ကြီးသုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲးမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။ ရှင်အရဟံလည်း သာသနာတော်၌ ကြည်ညိုကုန်သော သူတို့ကို ရဟန်းပဉ္စင်းပြုတော်မူ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ ရှင်အရဟံ၏ မိန့်တော်မူချက်အတိုင်း အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်များကို ယူဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံ ပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန် ထွန်းလင်း တောက်ပလာလေသည်။ အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ(၄၅၅၃)၊ သာသနာ(၁၆၃၇)ခုတွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထား၍ ထီးတန်ဆောင် စေတီဟု တည်ထားတော်မူသည်။ ရှင်အရဟံသည် သက်တော် (၈၁)နှစ်အထိ အနော်ရထာမင်း၊ စောလူး၊ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနန်းစံ နှစ်နှစ်တိုင်အောင် ထင်ရှားသော မင်းလေးဆက်တို့ လက်ထက်ဝယ် သာသနာပြုစု ပျိုးထောင်ခဲ့လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားရာ အချိန်သည် အေဒီ (၁) ရာစုမှ အေဒီ (၁၀) ရာစုတိုင် ထွန်းကားခဲ့သည်။ ထိုအချိန်သည် ရာမည (မွန်)ခေတ် အချိန်ဖြစ်ကြောင်း သမိုင်းများအရ သိရသည်။ မွန်လူမျိုးတို့၏ အောက်မြန်မာပြည် ရာမညတိုင်း တစ်ခုလုံးရှိ တန်ခိုးကြီး စေတီများနှင့် မြို့ဟောင်းများတွင် ဗုဒ္ဓ သာသာနိက အဆောက်အအုံလက်ရာများကို ယနေ့တိုင် တွေ့နိုင်သည်။ ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက်မှ အနော်ရထာမင်း မတိုင်မီ ကာလအထိ မင်းအဆက်ဆက်နှင့် ရဟန်း သံဃာတော် အဆင့်ဆင့်တို့ ခေတ်ကာလ အဆက်ဆက် ဖြတ်သန်း ဆင်းသက်လာရာမှ အကြောင်း အမျိုးမျိုးကြောင့် သာသနာတော်၌ ဒေသနာကျင့်ဝတ်များအတိုင်း မလိုက်နာ နိုင်ကြဘဲ ချွတ်ယွင်းအားနည်း၍ လာခဲ့သည်။ ပုဂံမင်း (၁၂)ဆက်မြောက်၊ သိုက်တိုင်မင်း (အေဒီ ၅၁၆ - ၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီး ခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။ ပုဂံမင်းဆက် (၂၀)မြောက်၊ ပုပ္ပါးစောရဟန်းမင်း (အေဒီ ၆၁၃ - ၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီးတို့၏ အယူဝါဒကို လိုက်နာကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း)များကို ဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အဝတ်များကို ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေဦးပုညက (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီ၀ရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့သည်။ သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက တရားမှာဂါထာ မန္တရားများကို ရွတ်၍ မန်းမှုတ်ခြင်း ဖြစ်သည်။ သူ့အသက်ကို သတ်မိသောသူသည် ပရိတ် (မန္တန်)ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသောသူသည် ဤပရိတ် (မန္တန်)ကို ရွတ်သော် ပြေပျောက်၏။ စသည်တို့ဖြစ်သည်။ သူတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သုဝဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်း ရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်တွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်သည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။ ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။ သိမ်များ ရှင်အရဟံမထေရ်သည် သာသနာတော်၏ အသက်တစ်ခုဖြစ်သော ယခင်က မရှိဖူးသေးသည့် သိမ်များကို ပုဂံနှင့် အနော်ရထာမင်းကြီး စိုးစံရာဒေသတို့တွင် ကျမ်းဂန် ဒေသနာတော်နှင့် လျော်ညီစွာ သမုတ်တော်မူခဲ့သည်။ အဆိုပါ သိမ်များအနက် (ဝိနယာလင်္ကာရ ဋီကာ အလိုအရ) စံနမူနာ အတိုင်းအတာအဖြစ် စံပြုရမည့် သိမ်မှာ မြင်းကပါရွာ၏ အရှေ့တောင် ကုသိနာရုံဘုရား အနီးရှိ သိမ်တော်ပင် ဖြစ်သည်။ ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် သိမ်များမှာ (မှတ်တမ်းများအရ) (၂၇)လုံးဖြစ်သည်။ ၎င်းသိမ်တို့မှာ ပုဂံ၏ အရှေ့ဘက်တွင် (၆)လုံး၊ တောင်ဘက်တွင် (၄)လုံး၊ မြောက်ဘက်တွင် (၄)လုံးတို့ဖြစ်သည်။ မိတ္ထီလာမြို့တွင် သိမ် (၉)လုံးနှင့် မန္တလေးမြို့တွင်လည်း (၄)လုံးတို့ ဖြစ်ကြသည်။ | ပုဂံအာနန္ဒဘုရား အတွင်းရှိ ရှင်အရဟံ၏ပုံ ဆင်းတု ပုဂံ၏ အရှေ့ဘက်သိမ်တို့မှာ - ရွှေစည်းခုံ ပရိဝုဏ်အတွင်းရှိ သိမ်ကြီး ပုဂံနှင့် တယူဇနာ (၆ တိုင်နှင့် တာ ၄၀၀) ကွာ ငါ့သရောက်သိမ် ဇီးကျမ်းရွာသိမ် တစိုးမလည်ရွာသိမ် နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းကြားရှိ သိမ် တောင်သာနယ်၊ ကျောက်ဆောင်သိမ်တို့ ဖြစ်သည်။ ပုဂံ၏တောင်ဘက် တယူဇနာအတွင်းရှိ သိမ်တို့မှာ - ကွမ်းဖလားသိမ် ကျောက်ပန်းတောင်း မြို့အနီး နှစ်ကျပ်ခွဲသိမ် ထန်းပေါက်ကုန်းသိမ် လယ်ယားသိမ် နှင့် ပုဂံမြောက်ဘက် သိမ်တို့မှာ - ညောင်ပင်လှ သိမ် အိုင်ရေဦးစကန် သိမ် ရေကြည် သိမ် ကူရွာသိမ်တို့ ဖြစ်သည်။ မိတ္ထီလာမြို့ရှိ သိမ်တို့မှာ ကန်အထက်တွင် (၄ )လုံး၊ ကန်အောက် (၄) လုံး၊ မြို့လယ်တွင် (၁)လုံး တို့ဖြစ်သည်။ ၎င်းတို့မှာ - ပဲသီတာ သိမ် ကတ္ထုကံ သိမ် ဝတ်ကျောက် သိမ် ရှင်ပင်ကူ သိမ် သားဖန်း သိမ် ကလိန်ခြေ သိမ် ကူဖြူ သိမ် ကုန်းတောင်းသိမ် ထီးသုံးဆင့် သိမ်တို့ဖြစ်သည်။ မန္တလေးမြို့နှင့် မန္တလေးမြို့အနီးရှိ သိမ်လေးလုံးမှာ - သန်းခေါင်ယံ သိမ် (ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်၊ ပြည်ကျောင်းတိုက်အတွင်းတွင်ရှိသည်) နေဝင်သိမ် (အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ (၁၁) လမ်းတွင် ရှိသည်) နေထွက်သိမ် (ပုသိမ်ကြီးမြို့နယ်၊ အောင်ပင်လယ် ဘိုတက်ကုန်းတွင်ရှိသည်) မွန်းတည့်သိမ် (ချမ်းအေးသာဇံမြို့နယ်၊ကန်ကောက်ဟောင်းရပ်ကွက် လမ်း၃၀၊ မြို့ပတ်လမ်းနှင့်၅၂လမ်းကြားတွင် ရှိသည်) တို့ဖြစ်သည်။ ရဟန်းလောင်းတို့ ဥပသမ္ပဒကံ ဆောင်ရာတွင် သမ္ပတ္တိ ငါးပါးအနက် သီမာသမ္ပတ္တိသည် အရေးကြီးသော အချက်တစ်ခုအဖြစ် ပါဝင်သည်။ ထို့ကြောင့် ရှင်အရဟံမထေရ်သည် မရှိမဖြစ် သိမ်များကို သာသနာတော် စည်ပင်ပြန့်ပွားစေရန် သမုတ်တော်မူ ခဲ့လေသည်။ ပခုက္ကူဆရာတော် ကျမ်းတတ်အကျော် အရှင်နန္ဒဝံသ မထေရ်မြတ်ကလည်း ရှင်အရဟံ မထေရ်မြတ်သည် ရဟန္တာ အစစ်ဖြစ်ကြောင်းကို ရွှေစည်းခုံဘုရား သမိုင်းတွင် မိန့်ကြားခဲ့သည်။ အထောက်အထား အစုံအလင်နှင့် ဆိုသည်။ ကိုးကား - ရှင်အရဟံ မထေရ်မြတ်၏ အတ္ထုပ္ပတ္တိနှင့် ရှင်အရဟံ အုတ်ကျောင်း ပြုပြင်တည်ဆောက်မှု မှတ်တမ်း။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ - ( စလင်း-မောင်မွှေးကြိုင်) - Sima Hall (ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ) (မောင်မွှေးကြိုင်) - သိမ်တော်များ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ - မွန်သမိုင်း (သထုံ)။ Category:ပုဂံခေတ် Category:မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ Category:မွန်လူမျိုးများ
ကျိုက်ခေါက်စေတီတော်
ကျိုက်ခေါက်စေတီတော်မြတ်သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီး စေတီတော် တစ်ဆူဖြစ်၍ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်း အနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာ ပညာရပ်ကို သရုပ်ပြ သက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ စေတီ ရင်ပြင်တော် ကို မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျ ဆစ်ချောခင်းကျင်းထားသည်။ သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်းပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ "ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ" ဟုတွင်လေသည်။ သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက် စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။ မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ အမည်ရင်းမြစ် ဆံတော်ခြောက်ဆူမှာ အရှင်ခေါလကကို အကြောင်းပြု၍ ရရှိသဖြင့်သော်လည်းကောင်း၊ ထိုအရှင်သီတင်းသုံးရာ ကျောင်းကုန်းပေါ်တွင် တည်ထားသောကြောင့်လည်းကောင်း ထိုစေတီကို "ခေါလကစေတီ" ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ နှောင်းလူတို့သည် ခေါလကစေတီဟု မခေါ်ကြပဲ ခေါက်စေတီ ဟုသာခေါ်ကြကုန်သည်။ ဟံသာ၀တီတိုင်းသားတို့မူကား "ကျာ်ခိုက်" ဟုခေါ်ကြလေ၏။ ထို့နောက်တွင်မှ ကျိုက်ခေါက်စေတီ ဟုပြောင်းလဲခေါ်ကြ သည်မှာ ယနေ့တိုင်ဖြစ်လေသည်။ ဘုရားသမိုင်းအကျဉ်း ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၂၃၆ နှစ်ရောက်သော် အသောကမင်းတရားကိုအမှီပြု၍ အရှင် မောဂ္ဂလိပုတ္တတိဿ မဟာထေရ်ကြီးမှူးသောသံဃာအဖွဲ့ကြီးက တိုင်းတစ်ပါးအရပ်များ၌ သာသနာတော်ကို တည်စေ အံ့သောငှာ သာသနာပြုထေရ်တို့ကိုစေလွှတ်လိုက်၏။ ထိုသို့စေလွှတ်ရာတွင် သုဝဏ္ဏဘူမိအမည်ရှိသော သထုံပြည်သို့ အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့ကို တပည့်ဖြစ်သူ အရှင်သောမာယနှင့်တကွ စေလွှတ်လိုက်၏။ ထိုအရှင် နှစ်ပါးသည် တပည့်ဖြစ်သူလက်ထောက်သာသနာပြုရဟန်းတော် အရှင်သောမာယကို ပေါက္ခရဝတီခေါ်ဒဂုံခေါ်၊ ရန်ကုန်မြို့သို့သာသနာပြုရန် တစ်ဆင့်လွှတ်လိုက်သည်။ ထိုအရှင်သည်ပေါက္ခရဝတီ၌ အစဉ်သီတင်းသုံးကာလတွင် က္ခိယ ကျွန်း၊ သီဟကျွန်းများ၌ သာသနာကိုကောင်းစွာပြု၏။ ဥတ္တရင်္ဂကုန်း၌နေသော ခေါလက မည်သောရသေ့သည် သာသနာ တော်၌ယုံကြည်လာ၍ ရဟန်းအဖြစ်ကိုခံယူခဲ့သည်။ ထို့နောက် အရှင်ခေါလသည် ဆရာအရှင်သောမာယနှင့်အတူ အိန္ဒိယ နိုင်ငံ၊ ပါဋလိပုတ်နေပြည်တော် ရှိအသောကမင်းတရားထံသွား၍ မြတ်စွာဘုရား၏ မွေတော်ဓာတ်တော်များကိုပူဇော်ရန် အလို့ငှာတောင်းလေသော် မြတ်စွာဘုရားရှင်၏ ဆံတော်၂၄ဆူ ကိုရရှိခဲ့သည်။ ထို့နောက်တွင်သီတင်းသုံးရာ သီဟကျွန်း သို့ပြန်ခဲ့ရာ ပါဒအမည်ရှိသောသင်္ဘောဆိပ်သို့ရောက်လေ၏။ ပါဒမြို့၌ဆံတော်၂ဆူကို ကိုကွယ်ရန်ပေးခဲ့ရာ နောင်အခါတွင် ကျိုက်ဒေးရစေတီတွင်ဌာပနာထားလေသည်။ ပါဒနိုင်ငံမှ သန်လျင်ရွာခေါ်စကားရွာအထိ ဌာပနာတည်ထားကိုးကွယ်ရန် အသီးသီးပေးအပ်ခဲ့ရာ အရှင်ခေါလကသီတင်းသုံးသော ဥတ္တရင်္ဂကုန်း(ယခုအခေါ်လှိုင်းပုတ်ကုန်း)တွင်လည်း တည်ထား ကိုးကွယ်ရန်အတွက် ဆံတော်ခြောက်ဆူကိုရရှိခဲ့ပါသည်။ သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်းတို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူကိန်းဝပ်ရန် ဌာပနာကာ တိုက်စေတီတစ်ဆူကို တည်ထားခဲ့ခြင်းဖြစ်သည်။ နှောင်းပိုင်းတွင် (ဘုရင့်နောင်မင်းတရားကြီး၏ စေခိုင်းချက်အရ သန်လျင်မြို့ဝန်ကတော် ရှင်ငြိမ်းကိုတာဝန်နှင်း၍) သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့် ဓာတ်တော်များကို ဖြည့်တင်းဌာပနာကာ စေတီတော်ကို ညဏ်တော် (၅၆)တောင်အထိ ပြန်လည်တည်ထားခဲ့သည်။ ၉၃၆ ခုနှစ်တွင်- သထုံမင်းဓမ္မပါလသည်ဂဝံကျောက်အုတ်တို့ဖြင့် တန်ဆောင်းသစ်ကိုတည်ဆောက်လှူဒါန်းခဲ့ပြီး ကျောင်း၊ သိမ်၊ ဇရပ်၊ တန်ဆောင်း၊ စောင်းတန်းများကိုလည်းပြုပြင်ခဲ့သည်။ စေတီတည်ရာတောင်၏အရှေ့မြောက် ခြေရင်းအရပ်တွင် ဓမ္မပါလကျောင်းကြီးကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသေးသည်။ ဘုရားပြုပြင်ခြင်းသမိုင်း သာသနာသက္ကရာဇ်(၂၄၁)တွင်စတည်တည်ထားစဉ်က တိုက်စေတီအဖြစ်သာတည်ထားခဲ့ပြီး မြန်မာသက္ကရာဇ် (၄၂၄)ခုနှစ်၊ ခရစ်နှစ် ၁၀၆၂ ခုနှစ်တွင်ခုနှစ်တွင် အနော်ရထာမင်းက ဂဝံ၊ အုတ်တို့ဖြင့်တိုးချဲ့တည်ပေးရာ တိုက်စေတီထိပ်မှပြာသာဒ်ဟောင်းကိုဖယ်ပြီး သင်တိုင်းစေတီကိုအစားထိုးတည်ထားခဲ့သည်။ မြန်မာသက္ကရာဇ် ၇၁၀- ခုနှစ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်မှာပြိုကျပျက်စီးသဖြင့် (၆)နှစ်အကြာ ၇၁၆-ခုနှစ်တွင် ဟံသာဝတီမင်း ဗညားဦးသည် တိုက်စေတီပုံစံမှ အနော်ရထာမင်းကြီးတည်ထားခဲ့သည့်အတိုင်း ဉာဏ်တော်ကို ၂၇ တောင်မြှင့်၍ သင်တိုင်းစေတီသစ်ကို ပြောင်းလဲတည်ထားခဲ့သည်။ သက္ကရာဇ်(၇၇၈)တွင်စေတီတော်မှာ နှစ်ခြမ်းကွဲကျခဲ့ရာ ရာဇာဓိရာဇ်မင်းသည် ရှိပြီးသားဌာပနာအပြင် ဌာပနာအသစ်များ ထပ်မံဖြည့်တင်းပြီး ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၇၇၉-ခုနှစ်တွင် ပြီးစီး၍ ရွှေသင်္ကန်းပါကပ်လှူပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၁၂)ခုနှစ်တွင် မိုးကြိုးခသဖြင့်ထီး၊ ငှက်မြတ်နား၊ ကြာဖူးတို့ကို သားတော်ဗညားကျန်းဒေါက အင်းဝ လက်ရာ ထီးတော်သစ်တင်လှူပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၂၂)ခုနှစ်၊ သက္ကရာဇ်(၈၂၀)တွင် ငလျင်ကြောင့်ပန်းတင်ခုံပြိုပျက်ရာ သက္ကရာဇ်(၈၂၂) တွင်ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့က ပြန်လည်တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ်(၈၉၀)ခုနှစ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သောကြောင့်ထီးတော်မြေခခဲ့သည်။ သန်လျင်မြို့စား ဗကတ်နှင့် ကျိုက်ခေါက်သူကြီးတို့က ဦးဆောင်၍ ထီးတော်သစ်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၂၄) ခုနှစ်၊ နယုန်လဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြီးစွာသောငလျင်ကြောင့် ပန်းတင်ခုံပါမကျန် ပြိုကွဲပျက်စီးခဲ့ရာ သန်လျင်မြို့စားကတော်ရှင်ငြိမ်းက ဘုရင့်နောင်မင်းတရားကြီးကိုယ်စား သီဟိုဠ်မှရသော နဖူးသင်းကျစ်ရိုး တော်နှင့် ဓာတ်တော်မွေတော်များကိုပါထပ်ဖြည့်ဌာပနာ၍ အမြင့်(၅၆)တောင်ရှိသော စေတီကိုတည်ပေးခဲ့ကာ ဆင်ခံကျောက်ထီးကိုလည်း ရင်ပြင်တော်အရှေ့တောင်ဘက်တွင် တည်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၂၇) ခုနှစ်တွင် ဘုရင့်နောင်၏ ရွှေကွပ်ကျောက်စီထီး၊ ငှက်မြတ်နားနှင့်ကြာဖူးတို့ကိုတင်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၉၅၂)ခုနှစ်တွင် သန်လျင်မြို့စားသီဟမာရီနှင့်ကတော်သုဂန္ဒကလျာတို့အားနန္ဒမင်းက ငလျင်ကြောင့် ပြိုပျက်ခဲ့သော ထီးတော် နေရာတွင် ရွှေကွပ်ကျောက်စီထီးတော်သစ်ကိုတင်လှူပူဇော်စေခဲ့သည်။ ကျိုက်ခေါက်စေတီကို သန်လျင်မြို့ ဘောဂသေနမင်း၏ သမီးတော် ရှင်မွေနွန်းက ဒုတိယအကြိမ် ဓာတ်တော်များကို ဌာပနာတော်မူခဲ့၍ နောက်မင်းအဆက်ဆက်တို့ ပြုပြင်တော်မူခဲ့ကြသည်။ သို့သော် ပေါ်တူဂီ လူမျိုး ငဇင်္ကာခေါ် ဖိလစ်ဒီဗရစ်တို လက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ပြန်သည်။ မြန်မာသက္ကရာဇ်(၉၇၅)ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ရွှေကွပ်ကျောက်စီထီးတော်အသစ် တင်လှူပူဇော်ခဲ့ သည်။ မြန်မာသက္ကရာဇ်(၁၀၇၆) ခုနှစ်တွင် တနင်္ဂနွေမင်းက အင်္ဂတေအသစ်တင်လှူပေးခဲ့သည်။ မြန်မာသက္ကရာဇ်(၁၁၃၀)ခုနှစ်တွင် ငလျင်ကြောင့်ကျည်းဝန်းမှ အထက်ပြိုကျခဲ့ရာ ပစ္စယံနှင့် ပန်းတင်ခုံတို ကွဲအက်ပျက်စီးခဲ့သောကြောင့် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းအမိန့်ဖြင့် သန်လျင်မြို့ဝန်နှင့် အရာရှိတို့က ဘုရင့် ဘဏ္ဍာတော်ဖြင့် ပြန်လည်တည်ထားခဲ့ရာ ရွှေတိဂုံစေတီပုံစံတူဖြစ်ပြီး ဉာဏ်တော်မှာ (၁၀၈) တောင် မြင့်ပေသည်။ သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရ အရှင်သူမြတ် ကြီးမှူး၍ မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်းကာရံ ဆောက်လုပ်ခဲ့ကြသည်။ ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ် ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီး နောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော်တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။ မြန်မာသက္ကရာဇ်(၁၂၂၀) ခုနှစ်တွင် သန်လျင်မြို့အုပ်ဦးသာဒွန်းအောင်နှင့်ဇနီးဒေါ်ပွင့် သားသမီးတစ်စုတို့က ထီးတော် သစ်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၁၂၇၈) ခုနှစ်တွင် ဦးသာဒွန်းအောင်၏သမီးဒေါ်သက်စံက (၁၂၇၇) ခုနှစ်တွင်ချွတ်ယွင်းတိမ်းစောင်း သွားသောထီးတော်အစား အမြင့်ကိုးတောင်တမိုက်ရှိသော ဘုံကိုးဆင့်ထီးတော်သစ်ကိုတင်လှူ ပေးခဲ့သည်။ (၁၂၉၂)ခုနှစ်တွင် ပဲခူးမြို့နှင့်အတူငလျင်ဒဏ်ခံရသဖြင့်ကြောင့်ခေါင်းလောင်းပုံမှ အထက်ပိုင်းပြိုကျခဲ့သည်။ ထိုပြိုကျ ပျက်စီးမှုများကို ဂေါပကအဖွဲ့ကကြီးကြပ်၍ မြန်မာသက္ကရာဇ်(၁၂၉၄)ခုနှစ်တွင် ဘုံကိုးဆင့်ထီးဒါယကာ သူဌေးဦးဘရှင် + ဇနီး ဒေါ်ခင်ညွှန့်၊ ငှက်မြတ်နားတော်အလှူရှင်ဘုရားအမ ဒေါ်လှမယ်၊ စိန်ဖူးဒါယကာဦးဘခင်+ဇနီးဒေါ်စောရင် တို့နှင့် ဘီအိုစီကုမ္မဏီ နှင့်အသင်းအဖွဲ့တို့က စုပေါင်းပြုပြင်တည်ထားရာ ဉာဏ်တော်အမြင့်(၁၂၃) တောင်၊ ပေအားဖြင့် ၁၈၄ ပေ ၆ လက်မရှိသည်မှာ ယနေ့ဖူးမြော်နေရသည့် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ပင်ဖြစ်သည်။ မြန်မာသက္ကရာဇ်(၁၃၃၀) ခုနှစ်မှာတော့ လေပြင်းဒဏ်ကြောင့် စိန်ဖူးတော်နှင့်စိန်လှံသုံးချောင်းမြေခရာ အများပြည်သူ ကောင်းမှုဖြင့် ပြန်လည်တင်လှူခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၄၂)တွင်လည်း စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို အများပြည်သူတို့၏ကောင်းမှုဖြင့် ဖြည့် စွက်ပြုပြင်မွမ်းမံ၍ ပြန်လည်တင်လှူခဲ့သည်။ သမိုင်းဝင်နေရာများ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် ရှေးမြန်မာမင်းများ၊ စစ်သူကြီးများ ဆုတောင်းအဓိဋ္ဌာန်ပြုလုပ်ရာ အောင်မြေတည်ရှိသည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်တွင် ဟံသာဝတီဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာ လှူဒါန်းခဲ့သော ဆင်ခံကျောက်ထီးကို တွေ့နိုင်ပါသည်။ စေတီတော်ကြီးသည် ၁၂၉၂ ခုနှစ်တွင် ငလျင်ဒဏ်ခံရပြီး ငှက်ပျောဖူးတော် ပြိုကျမြေခခဲ့ရသည်။ ပြိုကျခဲ့သော ငှက်ပျောဖူးကို မဖြိုမဖျက်စေဘဲ၊ ငှက်ပျောဖူးပုံ အရံစေတီအဖြစ် ၁၃၀၁ ခုနှစ်တွင် အရှေ့တောင် အထက်ပစ္စယာတွင် တည်ထားကာ မြေခခဲ့သည့်ထီးတော်ကြီးကိုအရံစေတီအဖြစ် အရှေ့မြောက်ထောင့်တွင် ထီးတော်ပုံစေတီတော်ကို တည်ထား ခဲ့သည်။ အထက်ပစ္စယံရှိ အရံစေတီများမှ စေတီရံအမှတ်(၁၀၄)၏ထီးတော်မှာ ကျောက်ထီးတောင် တင်လှူထား သည်ကို ထူးခြားစွာဖူးတွေ့နိုင်သည်။ ရာဟုထောင့်တွင် စေတီတော်ကြီးအား စောင့်ရှောက်ရန် ရည်ရွယ်၍ ရှေးဘိုးဘွားများက ဆင်ဖြူတော်ဝပ်ဆင်းနေ ဟန်ရုပ်တုကို အထိမ်းအမှတ်တည်ထားသည်။ ဒဂုံမြို့စား၏သားတော်မင်းနန္ဒာသည် ဗိုလ်တထောင်ဘုရား (ခေါ်) ဆံတော်အပ်ဘုရား၌ကွယ်လွန်၍ ရှင်မွေ့နွန်းက ကျိုက်ခေါက်စေတီတော်သို့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်းပြီး စေတီတော်အနောက်မြောက်အရပ် အောက်ရင်ပြင်တော်တွင် ရေကန်တူး၍ “မင်းနန္ဒာကန်”ဟု အမည်သမုတ်ကာလှူဒါန်းခဲ့မှုအား ယနေ့တိုင်တွေ့မြင်နိုင်သည်။ သန်လျင်မြို့စားကတော် သုဂန္ဒကလျာ၏ညီမ မြင့်ဘုန်းရှိနှင့် ချစ်ကြိုးသွယ်နှောင်ပြီး ဘုရားတိုင်ရတုစပ်ဆိုခဲ့သည့် ရတုဘုရင်နတ်သျှင်နောင်ကို မြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက ပေါ်တူဂီနယ်ချဲ့ငဇင်ကာနှင့် မိတ်ဖွဲ့သဖြင့် မြို့လယ်၌ကွပ်မျက်စေခဲ့သည်။ ညီတော်မင်းရဲကျော်ထင်က နတ်သျှင်နောင်အရိုးအိုးကို စေတီတော် မြောက်ဘက် စောင်းတန်း၏အနောက်ဘက်အနီး အောက်ရင်ပြင်တွင်မြှပ်နှံ၍ တိုက်စေတီအဖြစ်တည်ထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင် သည်။ မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်တွင်ပျံလွန်တော်မူသော ကျိုက်ခေါက်ဆရာတော်ကြီး ပညာလင်္ကာရ၏အရိုးအိုး စေတီတော်ကို ကုသိနာရုံတန်ဆောင်းနှင့် ဗောဓိညောင်ပင်ကြီးနားတွင် တွေ့မြင်နိုင်သည်။ သက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးနှင့်တကွ ဥတ္တရင်္ဂကုန်းတော်ဝန်းကျင် သန်လျင်နယ် တစ်ခွင်စောင့်ရောက်ရန်ထားရှိသည့် သန်လျင်ဘိုးဘိုးကြီး၏ရုပ်တုကို မြောက်ဘက်စောင်းတန်းထိပ်ရင်ပြင်တော်ရှိ စံနန်း ဆောင်တွင် တွေ့မြင်နိုင်ပါသည်။ မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဒလသည် အင်းဝနေပြည်တော်ကို သိမ်းပိုက်ပြီး အင်းဝဘုရင်၊ မိဘုရား၊ သားတော်၊ သမီးတော်များ၊ မှူးမတ်များကို ဟံသာဝတီသို့ခေါ်ဆောင်ခဲ့ရာတွင် ဝန်ကြီးပဒေသရာဇာလည်း ပါဝင်ခဲ့သည်။ ၁၁၁၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်တွင် သန်လျင်မြို့၌တည်းခိုနေစဉ် ကွယ်လွန် ခဲ့သဖြင့် သဂြိုဟ်ပြီး အရိုးအိုးစေတီတည်ထားခဲ့သည်ကို စေတီတော်၏မြောက်ဘက် ဝတ္တကမြေတွင် တွေ့မြင်နိုင်သည်။ ကိုးကား ၂။ ပုသိမ်မောင်သောင်းယဉ်၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စာအုပ် Category:ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ Category:ရန်ကုန်မြို့ရှိ စေတီပုထိုးများ
ကထိန်
ကထိန (န) [အနိပ္ဖန္နပါဋိပဒိက ရုဠှီပုဒ် ဖြစ်၍ ဓာတ်ပစ္စည်း မဝေဖန်ရ၊ အနက်အားလျော်စွာ ခွဲဝေသော် ကထ+ဣန၊ ကတ္ထ+ဣန၊ ကဌိန+ဏ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၀-၉၂။ ကင်္ခါ၊ မဟာဋီ။ ၁၈။] မြဲမြံခိုင်ခံ့ခြင်း၊ ကထိန်။ ၁။ အကျိုးအာနိသင် ၅-မျိုးကို ပေါင်းရုံး၍ ယူတတ်သော အမှု၊ အကျိုး ၅-မျိုးကို တစ်ပြိုင်နက် သိမ်းကျုံး ရရှိစေနိုင်သော ကထိန်၊ ၂။ (ဘုရား စသောပညာရှိတို့) ချီးမွှမ်းအပ်သော အမှု၊ ကထိန်၊ ၃။ သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသော ကထိန်။ |ကထိန်တော်အတွက် ပဒေသာပင် ကထိန်ခင်းခြင်း အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဝိ၊၃၊၃၅၂။ ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယထိရန္တိ အတ္ထော။ ဝဇိရ၊၄၈၈။ သာရတ္ထ၊၃၊၃၃၅။ ဝိမတိ၊၂၊၁၉၃။ (၁) ကထ သင်္ဂဟဏေ...ပဉ္စာနိသံသေ အညတ္ထ ဂန္တုံ အဒတွာ သင်္ဂဏှာတိ။ ဝိနယာလင်္ကာရဋီ၊၂၊၉၀။ (ကင်္ခါ၊ဋီ၊သစ်၊၂၇၃။ ကင်္ခါ၊မဟာဋီ၊၁၈။) (၂) အထ ဝါ ကထီယတေ သိလာဃတေ ပသံသီယတေ ဗုဒ္ဓါဒီဟီတိ ကထိနံ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၂။ (ဝိ၊ဋ္ဌ၊၃၊၃၉၀။ ကင်္ခါ၊ မဟာဋီ၊၁၈။) (၃) အထ ဝါ ကဌတိ ကိစ္ဆေန ဇီဝတီတိ ကထိနော၊ ရုက္ခော၊ တဿ ဧသောတိ ကထိနော၊ ထိရဘာဝေါ၊ သော ဧတဿ အတ္တီတိ ကထိနံ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၂။ (ကင်္ခါ၊ မဟာဋီ၊၁၈။) (၄) အဋ္ဌိမာ ဘိက္ခဝေ မာတိကာ ကထိနဿ ဥဗ္ဘာရာယ၊ ဝိ၊၃၊၃၅၃။ ကထိနဿာတိ ကထိနတ္ထာရဿ။ ဝဇိရ၊၄၉၂။ “ကထိန်” ဟူသည် ပြဆိုခဲ့သည့်အတိုင်း အကျိုးပေး မြဲမြံခိုင်ခံ့သောအလုပ်, အကျိုး ၅-ချက်ကို တစ်ပြိုင်နက်တည်း ပေါင်းရုံး သိမ်းကျုံး၍ ရရှိစေနိုင်သောအလုပ်, ဘုရားစသော ပညာရှိတို့ ချီးမွမ်းအပ်သော အလုပ်ပင် ဖြစ်သည်၊ သင်္ကန်းဖြတ်ချုပ်, ဆိုးခြင်း, လှူခြင်း, ခင်းခြင်း စသော ကထိန်မှုနှင့် စပ်ဆက်သမျှ အရာအားလုံးကိုခြုံ၍ ခေါ်ဝေါ်သုံးနှုန်းအပ်သော ဝေါဟာရ သမူဟပညတ်မျှသာ ဖြစ်သည်။ (ဝိ၊၅၊၃၀၈။ ဝိ၊ဋ္ဌ၊၄၊၂၁၄။ ဝိမတိ၊၂၊၃၀၄။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၈၉။) တိပိဋကအဘိဓာန် အတွဲ-၅ ရှေးဘုရားရှင်များလက်ထက် ကထိန် ထို ကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်တို့ လက်ထက်တော်ကပင် ရှိခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရားရှင်မှ စ၍ ရေတွက်သော် ရှစ်ဆူမြောက်ဖြစ်သည့် ပဒုမမြတ်စွာဘုရားရှင်လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ကို တွေ့ရ၏ အလှူရှင်တို့ကား ဥသဘဝတီ မြို့သူ မြို့သားတို့ ဖြစ်ကြသည်။ ကထိန်အလှူခံ၍ ခင်းသော ပုဂ္ဂိုလ်ကား အဂ္ဂသာဝက သာလထေရ်တည်း။ ရဟန်းတို့ကား ကထိန်သင်္ကန်း ချုပ်လုပ်ရာ၌ ထိုမထေရ်အား ဝိုင်းဝန်းကူညီကြ၏။ ဘုရားရှင်ကိုယ်တော်တိုင်ပင် အပ်ချည်ကို အပ်ပေါက်၌ ထိုးသွင်း၍ (အပ်နဖားထိုး၍) ပေးတော်မူခဲ့သည်။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၃-၄။ (ဝိ၊ဋ္ဌ၊၃၊၃၉၀-၌ ပဒုမုတ္တရ ဘုရားရှင်လက်ထက် အဂ္ဂသာဝက သုဇာတထေရ် ကထိန်ခံကြောင်း လာသည်၊ ဗုဒ္ဓဝံ၊ဋ္ဌ၊ပဒုမုတ္တရ ဗုဒ္ဓဝင်အခန်း၌ ယင်းအကြောင်း မတွေ့၊ သာမန် ဆွမ်း သင်္ကန်းအလှူအကြောင်းသာ တွေ့ရသည်။) ကထိန်နှင့် စပ်ဆက်နေသော ညီနောင်သုံးကျိပ် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် ဣသိပတနတောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမတစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။ မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ ထိုအခါကာလမှာ မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ ဣသိပတနမိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ပျောက်သွားတဲ့ မိန်းမကိုရှာခြင်းနှင့် မိမိကိုယ်ကိုရှာခြင်း နှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ” ဟု မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပဌမ အနုပုဗ္ဗီကထာတရား ၄-ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိကတရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားတော်ဆုံးသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။ မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာရှစ်ဖြာ ပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူကြလေသည်။ သာဝတ္ထိမြို့သို့ ခြေလျင်ခရီး အခါတစ်ပါး၌ ရဟန်းတော်သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်း ဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။ သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့ မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည်စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။ မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်းသုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။ ကထိန်ခင်းရန် ခွင့်ပြုခြင်း ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် “ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော်သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်နှင့် ဧကသီသင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည်” ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ “ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။ ကထိန်ခင်းရန် လိုအပ်ချက်များ ကထိန်ခင်းရန် ခွင့်ပြုသော ရက်ပိုင်းကား သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှသည် တန်ဆောင်မုန်းလပြည့်ထိ ၁-လသာတည်း။ ကထိန်ခင်းခြင်း ဝိနည်းကံကို ကထိန်ခင်းသူနှင့်တကွ ၅-ပါးရှိမှ ဆောင်ရွက်နိုင်သည်၊ ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ သင်္ကန်းသုံးမျိုး ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။ သံဃာဋိ - နှစ်ထပ်သင်္ကန်းခေါ် ဒုကုဋ် ဥတ္တရာသင်္ဂ - ကိုယ်ဝတ်ခေါ် ဧကသီ အန္တရဝါသက - ခါးဝတ်ခေါ် သင်းပိုင် အလင်္ကာ ခံ,ရွေး,ပေးနှင်း,စွန့်,ထိုးခြင်း,တင်,ခင်း,အနုမောဒနာ။ သံဃာကို ရည်ညွှန်းလှူသော သင်္ကန်းကို (ခံ) ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါအလျောက် ဖြစ်ပေါ်လာမှ ခင်းရသည်၊ သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ၊ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”ဟု ဆို၍ သင်္ကန်းတစ်ထည်ကိုဖြစ်စေ၊ အများကိုဖြစ်စေ သံဃာကို ရည်ညွှန်းလှူဒါန်းမှ ကထိန်အရာ မြောက်သည်။ သံဃာ့အစည်းအဝေး၌ ကထိန်သင်္ကန်း ခံယူမည့်ရဟန်းကို (ရွေး) သံဃာ့ အစည်းအဝေး၌ သင်္ကန်းရှားပါးသူကို ရွေးချယ်၍ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်၊ ထိုပုဂ္ဂိုလ်မျိုး မရှိလျှင် သို့မဟုတ် အားလုံး သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး (ဝါကြီး)ပုဂ္ဂိုလ်အား ခံယူစေရသည်၊ ကထိန် ခံယူ၍ ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်သင်္ကန်း နှင့်စပ်သော အင်္ဂါ ၈-ပါးကို သိနားလည်ရ၏၊ ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး ၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည် ဆို၏။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊ မာတိကံ- မာတိကာကို သိထားရခြင်း၊ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊ ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။ ဉတ်ကထိန်သင်္ကန်းကို (ပေးနှင်း) ထိုပုဂ္ဂိုလ်အား ကထိန်ခင်းမည့် သင်္ကန်း (ဒုကုဋ်, ဧကသီ, သင်းပိုင်တို့တွင် တစ်ခုခု)ကို ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် ဗဒ္ဓသိမ်အတွင်းသာ သံဃာက ပေးအပ်ရသည်၊ (ယင်းသို့ ဉတ်ကမ္မဝါစာဖြင့် ပေးအပ်ရသည်ကို စွဲ၍ “ဉတ်ကထိန်”ဟု ခေါ်ကြသည်။) အဓိဋ္ဌာန် သင်္ကန်းဟောင်းကို (စွန့်) ခင်းသောအခါ ကျောင်းဥပစာတွင်း မည်သည့်နေရာ၌ မဆို ခင်းနိုင်သည်၊ ကထိန်ခံယူသူ (ဝါ)ခင်း သူသည် ယခင်ရှိနှင့်ပြီး သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြု(စွန့်ပယ်) ရသည်၊ ကပ္ပဗိန္ဒု (ထိုး)ခြင်းနှင့် အဓိဋ္ဌာန် (တင်)ခြင်း သင်္ကန်းသစ်ကို ကပ္ပဗိန္ဒု (အမှတ်အသား) ရေးထိုး၍ အဓိဋ္ဌာန် (မိမိပိုင်သင်္ကန်းဟု မှတ်ယူခြင်း) ပြုရသည်၊ သင်္ကန်းဖျင် ဖြတ်ခြင်းအစ ကပ္ပဗိန္ဒုထိုးခြင်း အဆုံး ၇-ပါးသော ပုဗ္ဗကရဏ (ရှေးဦးပြုလုပ်ခြင်း)ကို ကထိန်မှု၏ အစဟု ခေါ်၍ ယင်း ပစ္စုဒ္ဓိုရ် အဓိဋ္ဌာန်ပြုခြင်းကို အလယ်ဟု ခေါ်သည်၊ ကထိန် (ခင်း) ခြင်း “ဣမာယ သံဃာဋိယာ (ဥတ္တရာသင်္ဂေန...အန္တရဝါသကေန ...) ကထိနံ အတ္ထရာမိ” ဟု ရွတ်ဆို၍ ခင်းပြီးလျှင် “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ”ဟု သံဃာ့ အစည်းအဝေး၌ နှုတ်မြွက် ပြောဆိုရသည်၊ အ(နုမောဒါ)ပြုခြင်း ထိုအခါ ကျန်သံဃာတို့က “အတ္ထတံ...အနုမောဒါမ”ဟု တုံ့ ပြန်နှုတ်မြွက်၍ အနုမောဒနာ ပြုကြရသည်၊ ယင်းသို့ နှုတ်မြွက်ပြောဆိုရခြင်းကိုပင် “ခင်းခြင်း(အတ္ထရဏ)”ဟုခေါ်သည်၊ (အာနိသင်ကို ဖြန့်ပေးသည်ဟုလည်း ပြောဆိုကြသည်။) ထိုသို့ နှုတ်မြွက်၍ ခင်းခြင်းကိုပင် ကထိန်မှု၏ ပြီးဆုံးခြင်းဟု ခေါ်သည်။ (အကျယ်ကို ဝိ၊၃၊၃၅၁-၃၇၆။ ဝိ၊၅၊၃၀၂-၃၁၀။ ယင်းတို့၏ ဋ္ဌ, ဋီနှင့် ဝိနယာလင်္ကာရ ဋီ၊၂၊၈၉-၁၄၈။ တိပေဋကဝိနိစ္ဆယ၊၂၊၃၅၆-၇-ကြည့်။) ကထိန်အာနိသင် ၅-ပါး ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။ (၁) အနာမန္တစာရ = ဒါယကာက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကို မပန်ကြား မပြောဆိုပဲ ရွာတွင်းသို့ သွားနိုင်ခြင်း။ (စာရိတ္တသိက္ခာပုဒ် ဝိ၊၂၊၁၃၄-အရ ပါစိတ်အာပတ် မသင့်နိုင်။) (၂) အသမာဒါနစာရ = တိစီဝရိက် အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူဆောင်ပဲ သွားလိုရာ လှည့်လည် သွားလာနိုင်ခြင်း၊ ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍ (ညစဉ် အနီးအနား၌ မဆောင်ထားပဲ) နေနိုင်ခြင်း။ (ဒုတိယကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ နိဿဂ္ဂိယ-ပါစိတ်အာပတ် မသင့်နိုင်။) (၃) ယာဝဒတ္ထစီဝရ = ရရသမျှ သင်္ကန်းတို့ကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း။ (ပဌမ ကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ ၁၀-ရက် ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်နိုင်။) (၄) ဂဏဘောဇန = မအပ်စပ်သော တောင်းခံခြင်း ပင့်ဖိတ်ခြင်းမျိုးဖြင့် တောင်းခံ ပင့်ဖိတ်အပ်သော ဆွမ်းကိုလျက် ၄-ပါး, ၄-ပါးထက်အလွန် စုပေါင်း ခံယူစားနိုင်ခြင်း၊ (ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ် ဝိ၊၂၊၁၀၁-အရ ပါစိတ်အာပတ် မသင့်နိုင်။ ယင်းဝဂ် တတိယသိက္ခာပုဒ်အရလည်း မသင့်နိုင်။) ဂဏဘောဇနနှင့် ပရမ္ပရဘောဇန-တို့လည်းကြည့်။ (၅) ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန် ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရနိုင်ခြင်းတို့ ဖြစ်၏။ (ဝိ၊၃၊၃၅၁-၂။ ဝိ၊ဋ္ဌ၊၃၊၃၈၈။) ကထိန် အာနိသင်ရသောရဟန်းနှင့် အချိန်ကာလ ယင်းအကျိုး ၅-ပါးကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက်၍ အနုမောဒနာပြု (သာဓုခေါ်)သော ရဟန်းတို့ ကထိန်ခင်းသောနေ့မှသည် တပေါင်းလပြည့်တိုင်အောင် ခံစားရသည်။ (ဝါကျိုးပြတ်သူ, ပစ္ဆိမ ဝါကပ်သူနှင့် အခြားကျောင်းတိုက်၌ နေသူများ ထိုအကျိုး ၅-မျိုးကိုမရ၊ သို့ရာတွင် ကထိန် မခင်းသော်လည်း သင်္ကန်းကာလ (သီတင်း ကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၁-လ)အတွင်း၌ အသမာဒါနစာရမှ တစ်ပါး ကျန် ၄-မျိုးကိုကား ရနိုင်သည်။ကင်္ခါ၊ဋီ၊သစ်၊၂၇၈။) ကထိန်မြောက်သော သင်္ကန်းများ အဟတေန အတ္တတံ ဟောတိ ကထိနံ-သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ-မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။ အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။ ပဥ္စကေန ဝါ အတိရေကပဥ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။(မဟာဝဂ္ဂပါဠိတော်၊ စာမျက်နှာ ၃၅၃) ကထိန် မမြောက်သော သင်္ကန်းများ န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ-နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။ န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။ န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ-ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ န အညတြ ပဥ္စကေန အတိရေကပဥ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်း ဤ၌ ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်းကိုလည်း မှတ်သားအပ်၏၊ ယင်းသည် အင်္ဂါ ၈-ပါး ရှိသည်၊ ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးဟု ဆိုလိုသည်။ (၈-ပါးကို ဝိ၊၃၊၃၅၃-စသည်၌ ကြည့်။) ကထိန်ကို ကမ္မဝါစာရွတ် ဖတ်၍ နုတ်သိမ်းခြင်း (သဟုမ္ဘာရ)သည် ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးတွင် တစ်ခုအပါ အဝင် ဖြစ်၏၊ (အန္တရုဗ္ဘာရ-လည်း ကမ္မဝါဖြင့်ပင် နုတ်ခြင်း ဖြစ်သည်။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၃၄၁။ ပက္ကမနန္တိကာ-စသော ၇-မျိုးကား ကမ္မဝါဖြင့် နုတ်ရန်မလို၊ စီဝရ, အာဝါသပလိဗောဓ ၂-ပါးပြတ်၍ ကထိန်အာနိသင် ပျက်ပြယ်ခြင်းသာ ဖြစ်သည်။) ကထိန်နုတ်ခြင်းဟူသည် ခင်းခြင်းအမှုကိုသာ ရုပ်သိမ်းခြင်းဖြစ်သည်။ (ကထိန်သင်္ကန်း ပေးသော ဉတ်ကမ္မဝါကို နုတ်ပယ်ခြင်းကား မဟုတ်။) ထိုသို့ နုတ်လိုက်သဖြင့် အာနိသင်များ ပျက်ပြယ်သွားကြတော့၏၊ နောက်ထပ် သံဃာအား ရည်ညွှန်း၍ ဖြစ်ပေါ်လာသမျှ သင်္ကန်းတို့လည်း ကျောင်းတွင်းရှိ ပုရိမဝါ ကပ်သော သံဃာသာမက ပစ္ဆိမဝါကပ်သူ, ဝါကျိုးပြတ်သူ စသော ရောက်ရောက်သမျှ သံဃာအားလုံးနှင့် ခွဲခြမ်းဝေဖန် ထိုက်ကုန်၏၊ သဗ္ဗသံဃိက ဖြစ်တော့သည်၊ ကထိန် နုတ်ခွင့် ပြုတော်မူခြင်းမှာလည်း ယင်းသို့ သံဃာအားလုံး လာဘ်လာဘ မျှတစွာ ရရှိစေရန် တောင်းပန် လှူဒါန်းသူ ရှိမှသာ ကထိန်ကို နုတ်ပေးရသည်၊ တောင်းပန်စေကာမူ နောက်ရမည့် လာဘ်လာဘသည် ကထိန် အာနိသင်လာဘ်ထက် ပိုလွန် များပြားပါမှ သို့မဟုတ် ညီမျှပါမှ နုတ်ရသည်၊ နောက်ထပ်တစ်ကြိမ် ပြန်၍ခင်းရန် နုတ်ရသည်ကား မဟုတ်၊ သံဃာအားလုံး လာဘ်မျှစေရန်သာ ဖြစ်သည်၊ ကထိန်ဒါယကာ ၂-ဦး ပေါ်ပေါက် ရာ၌ပင် လာဘ်များသူ၏ သင်္ကန်းကိုသာ ခံယူ ခင်း၍ ကျန်တစ်ဦးအား အဆုံးအမ ဩဝါဒ ပေးကာ နှစ်သိမ့်စေရသည် (ဝိ၊ဋ္ဌ၊၃၊၃၈၉) ဖြစ်ရာ ထပ်မံခင်းရန် နုတ်ခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ နုတ်၍ နုတ်၍ ခင်းလျှင်လည်း ထိုပုရိမဝါကပ်သော သံဃာချည်းသာ လာဘ်ရ၍ နုတ်ရကျိုးမရှိ၊ ဝိနည်းခွင့်ပြုချက်လည်း မလာရှိချေ။ (အကျယ်ကို ဝိ၊၂၊၃၇၇။ ဝိ၊ဋ္ဌ၊၃၊၂၀၈။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၁၄၆-၇ နှင့် ကင်္ခါ၊ ဂဏ္ဌိ (ချောင်းကောက်မူ) ၁၈၇-၈။ ဝိသုဒ္ဓါရုံအဆုံးအဖြတ် (အပုနကထိနတ္ထာရ-ဝိနိစ္ဆယ) ၄၃-၅-တို့ ကြည့်။) ကိုးကား Category:ရဟန်းဝိနည်းများ Category:မြန်မာနိုင်ငံရှိ ပွဲတော်များ Category:အိန္ဒိယနိုင်ငံရှိ ပွဲတော်များ Category:ထိုင်းနိုင်ငံရှိ ပွဲတော်များ Category:ဗုဒ္ဓဘာသာ ပွဲတော်များ Category:မြန်မာ့ ဓလေ့ထုံးစံ
ကလောပင်
အသီးနှင့်အဆီ ဆေးဖက်ဝင်သည့် ကလောပင် ကလောပင် ကလောပင်ဟူ၍လည်းကောင်း၊ ကလော ခိုပင်ဟူ၍လည်းကောင်း အမည်တွင်သည့် အပင်တစ်မျိုးကို မြန်မာနိုင်ငံရှိ အမြဲစိမ်းတောများတွင်တွေ့မြင်ရသည်။ အပင်အရွယ်မှာ အလတ်စားမှ အကြီးစားအထိရှိသည်။ ကလောပင်၏ ရုက္ခှဗေဒအမည်မှာ 'တရက်တိုဂျီးနိုး ကာဇိုင်း' ဖြစ်၏။ ချေးပင်နှင့် ကလောပင်တို့၏ အသီးများသည် ဆေးဖက်ဝင်ကြသဖြင် ယင်းတို့ကို ဘယဆေး ဆိုင်များတွင် ရောင်းချကြသည်။ ကလောစေ့မှရသော ကလောဆီသည် အရေပြားရောဂါများ အထူးသဖြင့် ကုဋ္ဌနူနာ ကုသရာ၍ အသုံးဝင်သောဆေးဖက်တစ်ခုဖြစ်သည်။ ကလောပင်၏အသားမှာ မာ၍ဖျော့တော့တော့အရောင်ရှိသည်။မြန်မာ့စွယ်စုံကျမ်း (ကလော) Botany Term : - Species/Family : Flacourtiaceae ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော ပင်မတ် ပင်ကြီးမျိုး ဖြစ်၏။ ၅၀-၈၀ ပေ မြင်၍ လုံးပတ်၂-၄ ပေရှိ၏။ အကိုင်းများ ထိပ်ဖျား၌ စုနေ၍ အောက်သို့ တွဲလောင်းဖြာကျသည်။ အခေါက် ညိုဝါရောင် ၊ မီးခိုးရောင်ရှိ၍ အဖြူကွက်ကလေးများ ပါ ရှိသည်။ အရွက် ရွက်လွှဲထွက်သည်။ ၇-၁၀ လက်မရှည်သည်။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။ အပွင့်: သေးငယ်၍ အဝါဖျော့ရောင် ရှိသည်။ အနံ့ မရှိ ၊ တပေါင်း တန်ခူးတွင် ပွင့်သည်။ အသီး: ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အချင်း ၃ လက်မခန့် ရှိ၍ လုံးဝိုင်းသည်။ ဝါဆိုလကုန်တွင် သီးသည်။ အစေ့: ၁ လက်မခန့် ရှိသော အစေ့များစွာ ပါရှိပြီး အသားပျော့ထဲတွင် နစ်မြှပ်နေသည်။ ၎င်းအစေ့မှ ကလောဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ် သုံးကြသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အသီး ၊ အဆီ ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ချင်းတွင်း ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပျဉ်းမနားနှင့် အမြဲစိမ်းလန်းသော သစ်တောများတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် လျှိုမြောင် စိမ့်စမ်းရှိသော တောင်စောင်းများတွင် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ပူ၏ ၊ ခါးစပ်၏ ၊ အန်စေသည်။ အဆိပ်ကို ပြေစေသည်။ နာကျင်ကိုက်ခဲခြင်းနှင့် အစာမကြေ လေရောဂါ တို့ကို ပျောက်စေ၏။ ရောဂါပိုးများကို နိုင်သည်။ အသုံးပြုပုံ- အခေါက် အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။ အသီး ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။ အဆီ ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။ အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။http://arogyamonline.com/commodity/materials/?raw=82 ကိုးကား Category:အပင်များ Category:ဆေးဖက်ဝင် အပင်များ
ပါရမီ
ပါရမီ ()သည် မြင့်မြတ်သူတို့၏ လုပ်ငန်း"ရွှေ" (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့်Burmese Orthography, Myanmar Language Commission, 1993 ဟူ၍ အနက်ရရှိသည်။ ဤ၌ "မြင့်မြတ်သောသူ" ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊ အများအကျိုးအတွက် နှင့် သံသရာမှလွတ်မြောက်စေရန် လုပ်ဆောင်ကြသောသူများကို ဆိုလိုသည်။ မိမိအကျိုးအတွက် လောကကို အသုံးချသူများမဟုတ်ဘဲ၊ လောကအကျိုးအတွက် မိမိကိုယ်ကို အသုံးချသူများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သော သူအများ၌ ဂေါတမဗုဒ္ဓသည် စံပြုထိုက်သည်။ ဗုဒ္ဓအဖြစ်သို့မရောက်မီ ရှေးကာလဘဝတစ်ခုဖြစ်သော သုမေဓာရသေ့ဘဝ၌ ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝ ဂေါတမဗုဒ္ဓဘုရားရှင်၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။ ထိုသို့သော လုပ်ငန်းများသည် အမျိုးမျိုးဖြစ်နိုင်သော်လည်း လုပ်ငန်းသဘောသဘာဝအားဖြင့် ဆယ်မျိုးသာ ပိုင်းခြားနိုင်သည်။"ရွှေ" ဒါန၊ သီလ မှအစပြုပြီး ဥပေက္ခာအထိ ဆယ်ခုသော လုပ်ငန်းတာဝန်များဖြစ်ကြသည်။ ပါရမီတစ်ပါးကို နောက်ထပ်သုံးမျိုး ပြန်ခွဲနိုင်သည်။ မူလ ပါရမီ (ရိုးရိုး)၊ ဥပပါရမီ (ရိုးရိုးထက် ပိုသော)၊ ပရမတ္ထပါရမီ (မြတ်သော၊ အမြတ်ဆုံးသော) ဟူ၍ တစ်ပါးကို သုံးခုထပ်မံခွဲခြားသောကြောင့် ပါရမီဆယ်ပါး၊ အကျယ်အနေဖြင့် သုံးဆယ်ဖြစ်သည်။"မဟာ" ဝေါဟာရ ပါရမီသည် ပါဠိဝေါဟာရတစ်ခုဖြစ်၍ မြန်မာဘာသာစကားတွင်လည်း ထိုစကားလုံးကို မူရင်းအတိုင်းသုံးစွဲကြသည်။ တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသရေးသားပြုစုသော မဟာဗုဒ္ဓဝင်၊ ပထမတွဲ၏ အနုဒီပနီအခန်းတွင် ပါရမီကို အကျယ်ရှင်းလင်းထပ်မံဖွင့်ဆိုထားသည်။ ဒါန၊ သီလ ... ဥပေက္ခာ စသည့်တရား ဆယ်ပါးကို ပါရမီခေါ်ကြောင်း၊ ဤဆယ်ပါးကို ပြုမူဆောင်ရွက်ကြသော ဘုရားလောင်းများသည် လွန်မြတ်သောပုဂ္ဂိုလ် (ပရမ) ဖြစ်ကြောင်း၊ ကြားသူ မြင်သူများက ဤသူသည် "ဘုရားလောင်း" ဟူ၍ အသိဉာဏ်နှင့် အသံ နှစ်ပါးဖြစ်သည့် ပရမာနံ ဘာဝေါကို အနက်ယူ၍ ပါရမီ ဟု မည်ကြောင်း၊ ထို့အပြင် ပရမာနံ ကမ္မံကို အနက်ကောက်၍လည်း ဘုရားလောင်းကျင့်စဉ်ဖြစ်သော ဒါန၊ သီလ စသည့်ဆယ်ပါးကို ပါရမီခေါ်ဆိုကြောင်း ရှင်းလင်းဖွဲ့ဆိုထားသည်။"မဟာ" သင်္သကရိုက်(သက္ကတ)ဘာသာတွင်မူ ပါရမီတာ ဟူ၍ သုံးနှုန်းသည်။ ယင်းပါဠိမူရင်းစကားလုံးကို လက်တင်အက္ခရာဖြင့် ဖလှယ်ပါက pāramī ဟူ၍ရပြီး အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုရာတွင် perfection ဆိုသော ဝေါဟာရဖြင့် ပြန်ဆိုမှုများသည်။ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပါရမီကို "ပရမ" နှင့် "ဏီ" ကိုပေါင်းစပ်ပြထား၍ အနက်ကို "အထွတ်အမြတ်၊ မြတ်သောသူ၏ အဖြစ်" ဟူ၍ ပေးထားလေသည်။မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန်၊ ဦးဟုတ်စိန် မဟာယာန၊ ဝဇီရာယာန ဗုဒ္ဓဘာသာများတွင် သက္ကတဝေါဟာရအတိုင်း ပါရမီတာ(Pāramitā) ဟူ၍ သုံးစွဲကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ထေရဝါဒပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ဆယ်မျိုးသတ်မှတ်သည်။ ၎င်းတို့မှာ : ဒါန ပါရမီ = ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။ သီလ ပါရမီ = ကိုယ်ကျင့်တရားကောင်းခြင်း။ နေက္ခမ္မ ပါရမီ = တပ်မက်မှုကင်းခြင်း။ ပညာ ပါရမီ = အမှန်တိုင်းသိခြင်း ဝီရိယ ပါရမီ = ဇွဲလုံ့လကြီးခြင်း။ ခန္တီ ပါရမီ = သည်းခံခွင့်လွှတ်ခြင်း။ သစ္စာ ပါရမီ = မှန်ကန်ခြင်း။ အဓိဋ္ဌာန ပါရမီ = ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ မေတ္တာ ပါရမီ= သူတစ်ပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ ပါရမီများကို ယေဘုယျအားဖြင့် "ဘုရားလောင်းကျင့်စဉ်" ဟု ခေါ်ဆိုကြသည်။ မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ် ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ထိုသူများ၌ ကိလေသာအာသဝေါကုန်ခမ်းသော ပုဂ္ဂိုလ်များသာမက၊ ထိုသို့ ကိလေသာကုန်စင်စေရန် အားထုတ်နေသော သူများကိုလည်း ဆိုလိုသည်။ ထိုပါရမီများကို အမြင့်ဆုံးနေရာ၌ ဆောင်ရွက်ရာတွင် သမ္မာသမ္ဗုဒ္ဓဘုရားသည် စံဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကလျာဏပုထုဇဉ်အဆင့်မှနေ၍ ပစ္စေကဗုဒ္ဓအထိရှိသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များ အားလုံးသည် သမ္မာသမ္ဗုဒ္ဓဘုရား၏ ဆောင်ရွက်ချက်များ၌ ပါဝင်နေကြသည်။ ပါရမီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပါရမီမြောက်ခြင်း၊ မမြောက်ခြင်းရှိသည်။ ဤတိုင်းတာမှုကို အဓိကအားဖြင့် အင်္ဂါနှစ်ရပ်အပေါ်တွင် အခြေခံနိုင်သည်။ ကရုဏာရှိခြင်းနှင့် သံသရာမှလွတ်မြောက်ရန် ရည်မှန်းချက်ရှိခြင်း ဖြစ်၏။ ပထမအင်္ဂါရပ်တွင် ကိုယ်ကျိုးကို အဓိကမထားဘဲ သူတစ်ပါး၊ အများအကျိုးအတွက် ဟူသော စိတ်စေတနာနှင့်လုပ်ဆောင်ခြင်းဖြစ်သည်။ "အတ္တသင်္ဂဟ" ဟု ခေါ်ဆိုသော မိမိကိုယ်သာ ချီးမြှောက်ခြင်းဖြင့် ငါ ကောင်းစားရေးအတွက် လုပ်ဆောင်သည်မျိုး မဟုတ်ပေ။ "လောကသင်္ဂဟ" ဟု တွင်သော လောကကို ချီးမြှောက်ခြင်းဖြင့် တစ်လောကလုံး ကောင်းစားရေးဟူသည့် စိတ်စေတနာဖြင့် လုပ်ဆောင်ပါမှ ပါရမီပြည့်မြောက်သည်။ ဤမှသာ မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်းဖြစ်ပေမည်။ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်အောင် လောကအကျိုးဆောင်သောသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်၍၊ ပစ္စေကဗုဒ္ဓ၊ မဟာသာဝက ဖြစ်နိုင်စေရန် လောကကို သယ်ပိုးဆောင်ရွက်သူများသည် ပစ္စေကဗုဒ္ဓ၊ မဟာသာဝကများဖြစ်မည်။ ထို့အတူ ပကတိသာဝကအဖြစ်သို့ ရောက်အောင် လောကကောင်းကျိုးပြုသူများသည်လည်း ပကတိသာဝက ဖြစ်မည်ဖြစ်၏။ ဤသည်မှာ လောကဓမ္မ၏ အကြောင်းအကျိုးများပင်ဖြစ်သည်။ ဤသို့ အကြောင်းရှိလျှင် ဤသို့အကျိုးရမည်ဖြစ်သည်။ ပါရမီကို မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်၊ ကျင့်စဉ်ဟုဆိုရာ မမြင့်မြတ်သူများသည် သူတစ်ပါးက မိမိထက်သာမည်ကို စိုးရိမ်၊ မနာလို၊ ဝန်တိုဖြစ်သော်လည်း မြင့်မြတ်သူများက သူတစ်ပါး လက်ရှိအနေအထားမှ နိမ့်ကျသွားမည်ကို စိုးရိမ်ကာ မိမိထက်သာသွားလျှင် ဝမ်းမြောက်၊ ချီးကျူးကြသည်။"ရွှေ" ပါရမီများကို အမည်အားဖြင့် ဆယ်ခု သတ်မှတ်ထားရာ ဥပမာအနေဖြင့် ဒါနပါရမီ၌ "သား၊ မယား၊ ပစ္စည်းဥစ္စာ စွန့်လွှတ်ပါက ဒါနပါရမီ (ရိုးရိုး)၊ မိမိကိုယ်ခန္ဓာအစိတ်အပိုင်းကို စွန့်လွှတ်အနစ်နာခံပါလျှင် ဒါနဥပပါရမီ၊ အသက်ကိုပင် စတေးစွန့်လွှတ်သောအခါ ဒါနပရမတ္ထပါရမီ ဟူ၍ ခေါ်ဆိုနိုင်သည်။"မဟာ" မဟာယာန ဗုဒ္ဓဘာသာ မဟာယာနတွင် ပါရမီ ကို ပါရမီတာ အသုံးနှုန်းဖြင့် သုံးစွဲသည်။ ဘာသာရေးရာ ပညာရှင် ဒေးလ် အက်စ် ရိုက်က မဟာယာနကျမ်းစာများတွင်လည်း ပါရမီတာ ကို ဗောဓိဉာဏ်ရရှိရန် အခြေခံကျင့်စဉ်များအဖြစ် ရည်ညွှန်းထားကြောင်းဆိုသည်။ ပါရမီတာများသည် ကိုယ်ကျင့်တရားဆိုင်ရာ စံပြကျင့်စဉ်တစ်ခုဖြစ်၍ ဗုဒ္ဓဘာသာ၏ ပြည့်ဝခိုင်မာသော စံပုံရိပ်တစ်ခုကို အထောက်အပံ့ပြုရန်နှင့် ကိုယ်တိုင်ပြုစုပျိုးထောင်ရန်အတွက် ဖြစ်သည်ဟူ၍ ရိုက်ကပင် ထိုသို့ဖော်ပြထားသည်။":1"> မဟာယာနကျမ်းလာ ပညာပါရမီတာသုတ္တံ (Prajñapāramitā sūtras; प्रज्ञापारमिता सूत्र) နှင့် အခြားများစွာသော မဟာယာနကျမ်းစာများ၌ ပါရမီ(ပါရမီတာ) ခြောက်ပါးကို ဖော်ပြထားသည်။ ဒါနပါရမီတာ (दान पारमिता) သီလပါရမီတာ (शील पारमिता) ခန္တီပါရမီတာ (क्षांति पारमिता) ဝီရိယပါရမီတာ (वीर्य पारमिता) ဈာန(ဈာန်) ပါရမီတာ (ध्यान पारमिता) ပညာပါရမီတာ (प्रज्ञा पारमिता) တို့ဖြစ်ကြသည်။ ဤစာရင်းကို ထေရဝါဒအဋ္ဌကထာရေးသူ အရှင်ဓမ္မပါလကလည်း ဖော်ပြထားမှုရှိရာ အရှင်ဓမ္မပါလက ထေရဝါဒ၏ ပါရမီဆယ်ပါး၏ အမျိုးအစားခွဲခြားမှုကို ထုတ်ဖော်ထားသည်။ အရှင်ဓမ္မပါလအရဆိုလျှင် သစ္စာကို သီလနှင့် ပညာ ဟု ခွဲခြားဖော်ပြပြီး မေတ္တာနှင့် ဥပေက္ခာကို ဈာနဟူ၍ ဖော်ပြသည်။ အဓိဋ္ဌာန(အဓိဋ္ဌာန်) သည် ထိုခြောက်ခုအတွင်း၌ ဝင်သည်ဟူ၍ ဖြစ်သည်။":0"> ဘိက္ခုဗောဓိက "ဤဆယ်ပါးနှင့် ခြောက်ပါး ဆက်စပ်မှုသည် ထေရဝါဒနှင့် မဟာယာနဂိုဏ်များမကွဲခင် တူညီသော ဘုံတစ်ခုရှိခဲ့သည်ဆိုကြောင်း" ပြောဆိုသည်။ ဆယ်ဆင့်သုတ္တံ(Ten Stages Sutra)၌ နောက်ထပ်လေးခုကို စာရင်းပြုစုထား၏။ ဥပါယ(ဥပါယ်)ပါရမီတာ (उपाय पारमिता) ပန္နိဓါနပါရမီတာ (राणिधान पारमिता) (အဓိဋ္ဌာန်ကဲ့သို့) ဘာလပါရမီတာ (बल पारमिता) ဉာဏပါရမီတာ (ज्ञान पारमिता) မဟာရနာကုတသုတ္တံ (महारत्नकूट सूत्) တွင် ဤ၌ပါသော ပါရမီတာ လေးမျိုးကို ဖော်ပြထား၍ အမှတ် ၈ နှင့် ၉ သည် ပြောင်းပြန်ဖြစ်နေ၏။ တိဘက်ဗုဒ္ဓဘာသာ မှတ်စု ကိုးကား Category:ဗုဒ္ဓဘာသာ
ဒါန
ဒါနဟူသည် ပါဠိစကားလုံးမှ ဆင်းသက်လာသည်။ တိပိဋကအဘိဓာန်၌ ဒါန၏ အဓိပ္ပါယ်များကို ဤသို့ တွေ့ရသည်။ ဒါန (န) [ဒါ+ ယု။ ရူ၊ ၅၉၇။ နီတိ၊ ဓာ၊ ၇၄၊ ၂၂၆။ ဓာတုတ္ထ။ ၁၈၇။ ဒေ+ယု။ နီတိ၊ဓာ၊၈၃။ ဓာတွတ္ထ။ ၁၉၈။ ဒါ+အန။ မောဂ်။ ပဉ္စိကာ၊၅၊၄၈။ ဒီယတေ ဒါနံ၊ ဒိယျတိ ဧတေနာတိ ဝါ ဒါနံ။ နိရုတ္တိ၊၇၈၈။ (ဒါနမ်-သံ, ဒါဏ အဒ္ဓမာဂမီ)] (၁) ပေး-ပေးကမ်း–ခြင်း (ဒါနဥပါယ်-စသည်)၊(၁) ပေး-ပေးကမ်း-ခြင်း(ဒါနဥပါယ်-စသည်)။ ဣတ္ထန္နာမဿ ဘိက္ခုနော တိစီဝရေန အဝိပ္ပဝါသသမ္မုတိယာ ဒါနံ။ ဝိ၊၁၊၂၉၈။ ဆာရတ္တံ မာနတ္တဿ ဒါနံ။ ဝိ၊၄၊၁၀၅။ ဇိနေ ကဒရိယံ ဒါနေန။ ဓမ္မ၊၄၆။ ဇာ၊၁၊၃၆။ အံ၊ဋ္ဌ၊၁၊၃၄၇။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၂။ ဇာ၊ဋ္ဌ၊၂၊၄။ အတ္တနော ဘဏ္ဍဿ ဒါနံ။ သာရတ္ထ၊၂၊၄၂၅။ ဒါနတောတိ အညဿ ဒါနေန။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၇၄၇-၈။ ဘေဒေါ ဒဏ္ဍော သာမဒါနာနျူပါယာ စတုရော ဣမေ။ ဓာန်၊၃၄၈။ (ဝိ၊၄၊၂၂၉။ ဝိ၊ဋ္ဌ၊၄၊၂၅၁။ သံ၊ဋီ၊၂၊၅၄၉။ အံ၊ဋီ၊၂၊၇၃။) (က) လှူ-လှူဒါန်း-အလှူပေး-ခြင်း။ (က) လှူ-လှူဒါန်း-အလှူပေး-လှူခြင်း။ သာဓု ခေါ် မာရိသ ဒါနံ။ သံ၊၁၊ဝ၉။ ဒွေမာနိ ဘိက္ခဝေ ဒါနာနိ။ အံ၊၁၊၉၀။ ဒါနဉ္စ ဓမ္မစရိယာ စ (သမစရိယဉ္စ)။ ခုဒ္ဒက၊၄။ ဣတိဝုတ်၊၂၀၅။ သုတ္တနိ၊၃၁၉။ (ဒီ၊၂၊၁၅၂။ ပေတ၊၁၅၁။ ဣတိဝုတ်၊ဋ္ဌ၊၁၂၊ ၇၄၊ ၂၂၆။ ပေတ၊ဋ္ဌ၊၉၇၊ ၁၁၆။ သာရတ္ထ၊၃၊၁၂၄။ ဝိမတိ၊၂၊၇၇။) (ခ) ပူဇော်ခြင်း။ (ခ) ပူဇော်ခြင်း။ ဒါနေ ယညဿ ဝါဝဋာ-(ပေတ၊၁၅၉) တိ မဟာယာဂသညိတဿ ယညဿ ဒါနေ ယဇနေ ဝါဝဋာ ဥဿုက္ကံ အာပန္နော။ ပေတ၊ဋ္ဌ၊၁၂၆။ (၆) အနက်လည်း ဆက်ကြည့်။ (ဂ) ချီးမြှောက်–ထောက်ပံ့ -ခြင်း။ (ဂ) ချီးမြှောက်-ထောက်ပံ့-ခြင်း။ (၆) အနက်ကြည့်။ (ဃ) စွန့် ကြဲခြင်း။ (ဃ) စွန့်ကြဲခြင်း။ ဒါနဿာ(ဒီ၊၂၊၁၅၂) တိ သမ္ပတ္တိပရိစ္စာဂဿ။ ဒီ၊ဋ္ဌ၊၂၊၂၂၃။ ဒါနဿာ (ဣတိဝုတ်၊၂၀၅)တိ အန္နာဒိဒေယျဓမ္မပရိစ္စာဂဿ။ ဣတိဝုတ်၊ဋ္ဌ၊၇၄။ (၁၅) (၁၆) (၁၇) အနက်တို့လည်း ကြည့်။ (၆) ကံ၏အကျိုးကို ယုံကြည်၍ တရိုတသေ–ပေး–လှူ–ပူဇော်-စွန့်ကြဲ-အပ်သော (ပစ္စည်းဝတ္ထု)။ (၆) ကံ၏ အကျိုးကို ယုံကြည်၍ တရိုတသေ–ပေး–လှူ “ပူဇော်–စွန့်ကြဲ–အပ်-သော(ပစ္စည်း ဝတ္ထု)။ ဒါန(ဣတိဝုတ်၊၂၆၁)န္တိ ဒါတဗ္ဗံ၊ သဝတ္ထုကာ ဝါ စေတနာ ဒါနံ၊ သမ္ပတ္တိပရိစ္စာဂဿေတံ အဓိဝစနံ။ ဣတိဝုတ်၊ဋ္ဌ၊၂၉၄။ ဒါန(သံ၊၁၊၅၇။ သံ၊ဋ္ဌ၊၁၊၁၀၆)န္တိ ယိဋ္ဌံ။ သံ၊ဋီ၊၁၊၁၅၆။ ဒါန(ဇာ၊ဋ္ဌ၊၃၊၂၅၈) န္တိ ကမ္မဖလံ သဒ္ဒဟိတွာ ဒိန္နဒါနံ။ အထ ဝါ ဒါနံ နာမ ပူဇာနုဂ္ဂဟပုဗ္ဗင်္ဂမံ။ ဇာ၊ဋီ၊၆၊၃၈၅။ (စရိယာ၊၃၉၆။ အံ၊ဋ္ဌ၊၂၊၆၀။ အံ၊ဋ္ဌ၊၃၊၂၀။ စရိယာ၊ဋ္ဌ၊၁၀၅-၆၊ ၂၆၃။ အံ၊ဋီ၊၂၊၅၈။ အံ၊ဋီ၊၃၊၁၆၊ ၂၈၈။) (၇) ပေး-ပေးကမ်း-လှူဒါန်း-စွန့်ကြဲ–ကြောင်းဖြစ်သော (စေတနာ-စသည်)။ (၇) ပေး-ပေးကမ်း-လှူဒါန်း-စွန့်ကြဲကြောင်းဖြစ်သော (စေတနာ-စသည်)။ ဒါနေနာ(သံ၊၁၊၂၉)တိ ဒါနစေတနာယ။ သံ၊ဋ္ဌ၊၁၊၇၇။ ဒါနာနီ (အံ၊၃၊၇၆)တိ စေတနာဒါနာနိ။ အံ၊ဋ္ဌ၊၃၊၂၃၂။ ဒါနံ နာမ တိဝိဓံ စာဂစေတနာပိ ဝိရတိပိ ဒေယျဓမ္မောပိ။ ... တတ္ထ စာဂစေတနာ “ဒေတိ ဝါ ဒေယျဓမ္မံ ဒေန္တိ ဝါ ဧတာယ ဒေယျဓမ္မ”န္တိ ဒါနံ။ ဝိရတိ အဝခဏ္ဍနဋ္ဌေန လဝနဋ္ဌေန ဝါ ဒါနံ။ သာ ဟိ ဥပ္ပဇ္ဇမာနာ ဘယဘေရဝါဒိသင်္ခါတံ ဒုဿီလျစေတနံ ဒါတိ ခဏ္ဍေတိ လုနာတိ ဝါတိ ဒါနံ။ ဒေယျဓမ္မော ဒိယျတီတိ ဒါနံ။ အဘိ၊ဋ္ဌ၊၃၊၁၉၇။ ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိပုဗ္ဗိကာ အန္နာဒိဒသဒါနဝတ္ထုပရိစ္စာဂစေတနာ, တံသမ္ပယုတ္တော ဝါ အလောဘော။ ခုဒ္ဒက၊ဋ္ဌ၊၁၁၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၃။ (အံ၊ဋ္ဌ၊၂၊၆၀။ ဒီ၊ဋီ၊၃၊၁၀၃၊ ၂၀၅။ အံ၊ဋီ၊၂၊၅၈။ အံ၊ဋီ၊၃၊၂၈၈။ မူလဋီ၊၂၊၉၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၂။ (၈) ဒါနပါရမီ (မြတ်သူတို့၏ ဥစ္စာဖြစ်သော အလှူပေးမှု)။ (၈) ဒါနပါရမီ (မြတ်သူတို့၏ ဥစ္စာဖြစ်သော အလှူ ပေးမှု)။ ဒါနံ သီလဉ္စ နိက္ခမံ။ ဗုဒ္ဓဝံ၊၃၀၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၉။ စရိယာ၊ဋ္ဌ၊၇။ ဒီ၊ဋီ၊၁၊၆၈။ (စရိယာ၊ဋ္ဌ၊၃၄။ ၂၀၇။) တိပိဋကအဘိဓာန် အတွဲ-၁၀ ဒါနဝတ္ထု ၁၀-ပါး ယင်းဒါနသည် သုတ္တန်ဒေသနာ နည်းအားဖြင့်— (၁) အန္နဒါန = ထမင်းအလှူ (၂) ပါနဒါန = အဖျော်“ယမကာ” အလှူ, (၃) ဝတ္ထဒါန- အဝတ်သင်္ကန်း အလှူ (၄) ယာနဒါန = ဖိနပ်- စသော ယာဉ်အလှူ (၅) မာလာဒါန = ပန်းအလှူ (၆) ဂန္ဓဒါန = နံ့သာခဲ နံ့သာတုံး အလှူ, (၇) ဝိလေပနဒါန = နံသာပျောင်း, နံသာရည်အလှူ (၈) သေယျာဒါန = ညောင်စောင်း, အင်းပျဉ်, အိပ်ရာ, နေရာ အလှူ, (၉) အာဝသထ“ဃရ” ဒါန = ကျောင်း စရပ် အလှူ (၁၀) ပဒီပေယျဒါန = ဆီမီးထွန်းရန် ဆီ, ဆီမီးခွက်, ဆီမီးစာ ဖရောင်းတိုင် အလှူ-ဟူ၍ ၁၀-ပါး (သံ၊၂၊၂၀၅-၆။ ဣတိဝုတ်၊၂၄၀။ ဝိ၊ဋ္ဌ၊၄၊၁၈၂။ ဒီ၊ဋ္ဌ၊၃၊၁၀၆၊ ၁၈၀။ သံ၊ဋ္ဌ၊၂၊၃၂၀-၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ ဣတိဝုတ်၊ဋ္ဌ၊၂၂၆။ အံ၊ဋီ၊၃၊၂၃၇-၈။ ဓာန်။ ဓာန်၊ဋီ၊၄၂၂။ သီဟိုဠ်၊ ဇာ၊ဋ္ဌ၊ဂဏ္ဌိ၊၂၊၁၇။) ဝိနည်းအရ ဒါန, အဘိဓမ္မာအရ ဒါန ဝိနည်းဒေသနာနည်းအားဖြင့်–(၁) စီဝရဒါန = သင်္ကန်းအလှူ(၂) ပိဏ္ဍပါတဒါန =ဆွမ်းအလှူ (၃) သေနာသနဒါန= ကျောင်း, အိပ်ရာ နေရာ အလှူ (၄) ဘေသဇ္ဇဒါန = ဆေးအလှူ-ဟူ၍ ပစ္စည်း ၄-ပါး, အဘိဓမ္မာ ဒေသနာနည်းအားဖြင့်-(၁) ရူပဒါန = ရူပါရုံအလှူ (၂) သဒ္ဒဒါန = သဒ္ဒါရုံအလှူ (၃) ဂန္ဓဒါန = ဂန္ဓာရုံအလှူ (၄) ရသဒါန = ရသာရုံအလှူ (၅) ဖောဋ္ဌဗ္ဗဒါန = ဖောဋ္ဌဗ္ဗာရုံအလှူ (၆) ဓမ္မဒါန = ဓမ္မာရုံအလှူ ဟူ၍ အာရုံ ၆-ပါး (ဒီ၊ဋ္ဌ၊၃၊၁၀၀။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ အံ၊ဋီ၊၃၊၂၃၇၈)။ အကျိုးကြီးမားသော ဒါန ယင်း-တွင် ဝိနည်းဒေသနာလာ ဒါန-သည် ကပ္ပိယဝေါဟာရ (ရဟန်းတော်တို့အားအပ်သော အခေါ်အဝေါ် အပြောအဆို အသုံးအနှုန်း)ဖြင့် သီလဝန္တပုဂ္ဂိုလ်အားသာ ရွေးချယ် လှူဖို့ရန် အထူး ခွင့်ပြုတော်မူသောကြောင့် ပုဂ္ဂိုလ်မရွေး အလှူပေးဖို့ရန် သာမန် ခွင့်ပြုတော်မူသော သုတ္တန်နည်းလာ ဒါနထက် အကျိုးကြီးမား၏။ အဘိဓမ္မာနည်းလာ ဒါန-သည် အာရုံ ၆-ပါး၌ ပညတ်အားဖြင့် နှလုံးမသွင်းပဲ ပရမတ်အားဖြင့်သာ နှလုံးသွင်း လှူဒါန်းရသဖြင့် လွန်ကဲမွန်မြတ်သော ဒါန ဖြစ်သောကြောင့် သုတ္တန်, ဝိနည်းလာ ဒါန တို့ထက် အကျိုးကြီးမားသည်ဟု ဆရာတို့ ဆိုကြ၏။ (၁) အလှူခံပုဂ္ဂိုလ်, (၂) လှူဖွယ်ဝတ္ထု (၃) စေတနာ ဤ ၃-ဖြာ စင်ကြယ် ပြည့်စုံလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ မည်သည့် ဒေသနာနည်းလာ အလှူဒါနမဆို ကြီးမားသော အကျိုးကို ပေးစွမ်းနိုင်၏ (ဓာန်၊ဋီ၊၄၂၂)။ ပါရမီ မြောက်သောဒါန ကရုဏာ, ဥပါယကောသလ္လဉာဏ်ဖြင့် ခြံရံအပ်သော ဝိဝဋ္ဋဂါမိအလှူသည်သာ ပါရမီ မြောက်သော ဒါနဖြစ်၏။ ကရုဏာ, ဥပါယကောသလ္လဉာဏ် မခြံရံပဲ ပေးလှူအပ်သော ဝဋ္ဋဂါမိအလှူမျိုးသည် ပါရမီမြောက်သော ဒါနမဟုတ် (သီ၊ဋီ၊သစ်၊၁၊၂၅၂)။ ဒါန၏ လက္ခဏာ, ရသစသည် ယင်း သည်—အလှူဝတ္ထုပေးစွန့်ခြင်းလျှင် မှတ်ကြောင်း “လက္ခဏာ”ရှိ၏။ ပေးလှူအပ်သော အလှူဝတ္ထု၌ တပ်မက်လိုချင်ခြင်း “လောဘ”ကို ဖျက်ဆီးခြင်းလျှင် သာယာအပ်သော ကိစ္စ “ရသ”ရှိ၏။ ပေးလှူအပ်သော အလှူဝတ္ထု၌ မကပ်ငြိ မတွယ်တာခြင်းလျှင် ရှေးရှူ ထင်လာသော အခြင်းအရာ “အာကာရ ပစ္စုပဋ္ဌာန်”ရှိ၏။ သို့မဟုတ် ဘဝစည်းစိမ်တို့၏ ပြည့်စုံရခြင်းလျှင် အကျိုး “ဖလပစ္စုပဋ္ဌာန်” ရှိ၏။ စွန့်လွှတ်ပေးလှူအပ်သော အလှူဝတ္ထု ပစ္စည်းစုလျှင် နီးစွာသောအကြောင်း “ပဒဋ္ဌာန်” ရှိ၏ (စရိယာ၊ဋ္ဌ၊၂၇၃)။ ဒါန၏ အခြားအမည်များ ဒါန-ဟူသည် အလှူခံပုဂ္ဂိုလ်၏ အစီးအပွါးကို အလိုရှိခြင်း, ပူဇော်သောအားဖြင့် မိမိ ပစ္စည်းဝတ္ထုကို ယင်း-အလှူခံပုဂ္ဂိုလ်တို့အား စွန့်ကြဲ ပေးကမ်း, လှူဒါန်းခြင်းပင် ဖြစ်၏ (သာရတ္ထ၊၃၊၁၉၃။ ဒီ၊ဋီ၊၂၊၆၈။ မ၊ဋီ၊၃၊၃၇။ အံ၊ဋီ၊၃၊၂၂၁)။ သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း, သတ္တဝါတို့၏ အသက်, စည်းစိမ် အိုးအိမ်ကို သတ်ဖြတ် လုယက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း, ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည် (စရိယာ၊ဋ္ဌ၊၂၉၇)။ ယင်း-ဒါနသည်— ဆောက်တည်အပ်, ကျင့်အပ်သောကြောင့် “ဝတ”မည်၏ (ဇာ၊၁၊၃၀၄။ ဒီ၊ဋ္ဌ၊၁၊၁၆၀။ ဒီ၊ဋီ၊၁၊၂၃၉။ သီ၊ဋီ၊သစ်၊၂၊၇၃)။ ပညာရှိတို့ ပညတ်ထားအပ်သည်ဖြစ်၍ မြတ်သောအကျင့် ဖြစ်သောကြောင့်လည်းကောင်း, မြတ်သူတို့၏ အကျင့်ဖြစ်သော ကြာင့်၎င်း “ဗြဟ္မစရိယ”မည်၏ (ဒီ၊ဋ္ဌ၊၁၊၁၆၀-၁။ မ၊ဋ္ဌ၊၁၊၃၄၆-၈။ ခုဒ္ဒက၊ဋ္ဌ၊၁၂၈။ ဣတိဝုတ်၊ဋ္ဌ၊၁၀၂။ သုတ္တနိ၊ဋ္ဌ၊၂၊၃၃။ သာရတ္ထ၊၁၊၃၃၂။ အံ၊ဋီ၊၂၊၂၅၅။ နီတိ၊ဓာ၊၁၄၇)။ သတ္တဝါတို့အား ဘေးမဲ့ပေးကြောင်း ဖြစ်သောကြောင့်၎င်း အကြွင်းမဲ့ သတ္တဝါ အပေါင်းကို စောင့်ရှောက်ကြောင်းဖြစ်သော ကြောင့်၎င်း “သီလ”လည်း မည်၏ (ဒီ၊ဋီ၊၁၊၃၃၄။ သီ၊ဋီ၊သစ်၊၂၊၃၂၄)။ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ လောကီစည်းစိမ် ချမ်းသာနှင့် ဈာန် ဝိပဿနာ, မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသော လောကုတ္တရာချမ်းသာကို ပေးတတ်, ဆောင်နှင်း တတ်သောကြောင့် “နိဒါန”လည်း မည်၏။ လူစည်းစိမ်, နတ်စည်းစိမ်တို့၏ အခြေခံ အကြောင်းရင်း ဖြစ်သောကြောင့် “မူလ”လည်း မည်၏။ သုံးဆောင်ခံစားအပ်သော နှစ်သက်ဖွယ် အာရုံတို့ကိုမှီ၍ ဖြစ်ပေါ်လာသော ချမ်းသာတို့၏ တည်နေရာ ခိုင်မာသောဌာနဖြစ်သောကြောင့် “ပတိဋ္ဌာ”လည်း မည်၏။ တစ်စုံတရာ အခက်အခဲ အကြပ်အတည်းနှင့် တွေ့ကြုံ ဆုံစည်းနေသူတို့၏ အကာအကွယ် အစောင့်အရှောက် အထောက်အကူ ဖြစ်၍ မှီခိုရာ, ထောက်တည်ရာ, လားရာ, ကိုးကွယ်လည်းလျောင်းရာ ဖြစ်သောကြောင့် “တာဏ လေဏ, ဂတိ, ပရာယဏတို့လည်း မည်၏ (ဒီ၊ဋ္ဌ၊၂၊၆၂။ မ၊ဋ္ဌ၊၃၊၆၄။ အံ၊ဋ္ဌ၊၃၊၂၁၃။ ဥဒါန၊ဋ္ဌ၊၂၅၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄။ သာရတ္ထ၊၃၊၁၉၂။ ဒီ၊ဋီ၊၂၊၆၇။ မ၊ဋီ၊၃၊၃၆။ အံ၊ဋီ၊၃၊၂၂၁-၂)။ သတ္တဝါတို့၏ ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝတို့၌ တိုးတက်ကြီးပွါးကြောင်း ဖြစ်သောကြောင့် “ဒက္ခိဏာ”လည်း မည်၏ (အံ၊ဋ္ဌ၊၂၊၂၉)။ ပူဇော်အပ်, ပူဇော်ကြောင်း ဖြစ်သောကြောင့် “ယည, ယာဂ”တို့လည်း မည်၏ (သုတ္တနိ၊၃၄၆။ သုတ္တနိ၊ဋ္ဌ၊၂၊၁၃၂)။ ဒါနဥပမာ အဖြာဖြာ ဒါန-သည် သတ္တဝါတို့၏ အားထားမှီခိုရာ ဖြစ်သောကြောင့် “သီဟာသနရာဇပလ္လင်ကြီး”နှင့်တူ၏။ ရောက်လေရာရာ ဖြစ်လေရာရာ ဘဝတိုင်းတို့၌ ထောက်တည်ရာကို ရစေတတ်သောကြောင့် “မဟာပထဝီ = မြေကြီး”နှင့်လည်း တူ၏။ သတ္တဝါတို့သည် မြဲမြံတင်းကြပ်စွာ စွဲကိုင်အပ်သော တရားဖြစ်၍ “အာလမ္ဗဏရဇ္ဇု = လက်ကသုံးကြိုးတန်း”နှင့်လည်း တူ၏။ ဒုဂ္ဂတိဘဝ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ထုတ်ဆယ်ကယ်တင်တတ်သော တရားဖြစ်၍ “နာဝါ = လှေ သင်္ဘော”နှင့်လည်း တူ၏။ လိုချင်တပ်မက်မှု “လောဘ”, နှမြောဝန်တိုမှု “မစ္ဆရိယ”-စသော ဆန့်ကျင်ဖက် ရန်သူဘေးမှ သက်သာရာကို ရစေတတ်သော တရားဖြစ်၍ “သင်္ဂါမသူရ = စစ်မြေပြင်ရောက် စစ်သူရဲကောင်း”နှင့်လည်း တူ၏။ ဆင်းရဲနွမ်းပါး ဥစ္စာရှားပါးခြင်း၏ ဘေးရန်မှ စောင့်ရှောက်ကာကွယ်တတ်သည် ဖြစ်၍ “သုသင်္ခတနဂရ = ကောင်းစွာတည်ဆောက်အပ်သော မင်းနေပြည်မြို့တော်”နှင့်လည်း တူ၏။ နှမြောဝန်တိုမှု “မစ္ဆရိယ” ပစ္စည်းကို တပ်မက်မှု “လောဘ”, အလှူခံ ပုဂ္ဂိုလ်နှင့် သတ္တဝါသင်္ခါရတို့၌ အမျက်ထွက်မှု “ဒေါသ”, သူတစ်ပါးစည်းစိမ်ကို ငြူစူမှု “ဣဿာ”, အမြင်မှားမှု “မိစ္ဆာဒိဋ္ဌိ”, တွေးတော ယုံမှားမှု “ဝိစိကိစ္ဆာစသော စိတ်၏အညစ်အကြေးတို့ မလိမ်းကျံ မကပ်ငြိနိုင်သော တရားဖြစ်၍ “ပဒုမ = ပဒုမ္မာကြာပန်း”နှင့်လည်း တူ၏။ ကိလေသာ လောင်စာအမှိုက်တို့ကို လောင်မြိုက်တတ်သော တရားဖြစ်၍ “အဂ္ဂိ = မီး”နှင့်လည်း တူ၏။ သဒ္ဓါနည်းပါး၍ မစ္ဆရိယများ သူတို့ ချဉ်းကပ်နိုင်ခဲသော တရားဖြစ်၍ “အာသီဝီသ = အဆိပ်ထန်သော မြွေနှင့်လည်း တူ၏။ ယခု နောင်ခါ နှစ်ဖြာသော ဘဝတို့၌ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကင်း ရဲတင်းသော တရားဖြစ်၍ “သီဟ = ခြင်္သေ့မင်း”နှင့်လည်း တူ၏။ ဒါနပြုသူကို ယခုဘဝ၌ ခြွေရံသင်းပင်းနှင့် ပြည့်စုံစေ၌ နောင်တမလွန်ဘဝ၌ သူတစ်ပါးတို့ထက် ခွန်အား သာလွန် ကောင်းမွန်စေတတ်သော တရားဖြစ်၍ “ဟတ္ထိ = ဆင်ပြောင်ကြီး”နှင့်လည်း တူ၏။ ယခု နောင်ခါ နှစ်ဖြာသော ဘဝတို့၌ တိုးတက်ကြီးပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာဟု ဘုရားရှင်တို့ သမုတ်အပ်သော တရားဖြစ်၍ “သေတဥသဘ = ငွေတောင်အတူ ကိုယ်လုံးဖြူသော နွားလား ဥသဘ”နှင့်လည်း တူ၏။ ဘေးရန်ထူလှ ဒုဂ္ဂတိ ဘဝမှ ဘေးရန်ကုန်ခန်း ငြိမ်းချမ်းသာယာသော သုဂတိဘဝသို့ ပို့ဆောင်တတ်သော တရားဖြစ်၍ “ဝလာဟကအဿရာဇာ = မြင်း ပျံရတနာ”နှင့်လည်း တူ၏ (ဒီ၊ဋ္ဌ၊၂၊၆၂။ မ၊ဋ္ဌ၊၃၊၆၄။ အံ၊ဋ္ဌ၊၃၊၂၁၃။ ဥဒါန၊ဋ္ဌ၊၂၅၅-၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄-၅။ သာရတ္ထ၊၃၊၁၉၂-၃။ ဒီ၊ဋီ၊၂၊၆၇-၈။ မ၊ဋီ၊၃၊၃၆-၇။ အံ၊ဋီ၊၃၊၂၂၁-၂)။ အလှူရှင်၏ သိုမှီးသိမ်းထားအပ်သော “နိဟိတဘဏ္ဍက = ဥစ္စာဘဏ္ဍာထုပ်”နှင့်လည်း တူ၏ (သံ၊ဋ္ဌ၊၁၊၇၇။ သံ၊ဋီ၊၁၊၁၁၈)။ ပေးကမ်း, စွန့်ကြဲ လှူဒါန်းခြင်းသည် စစ်တိုက်ခြင်းနှင့် တူ၏။ လောက၌ အသက် သေရမှာကြောက်ရွံ့သောသူသည် စစ်မတိုက် ဝံ့သကဲ့သို့ မိမိပစ္စည်းဥစ္စာ ကုန်မှာ ကြောက်ရွံ့သော သူသည်လည်း မပေး မလှူနိုင်။ အသက်ကိုလည်း စောင့်ရှောက်မည်, စစ်ကို လည်းတိုက်မည်”ဟု ဆိုသောသူသည် မည်သည့်အချိန်အခါမှ စစ်မတိုက်ဖြစ်။ အသက်ကို မငဲ့ကွက်ပဲ “သေချင် သေပါလေစေ” ဟု ဆိုကာ စွန့်လွှတ်နိုင်မှသာ စစ်တိုက်နိုင်၏။ ယင်းနည်းတူ မိမိပစ္စည်း ဥစ္စာကိုလည်း စောင့်ရှောက် ထိန်းသိမ်းမည်, အလှူလည်း ပေးမည်”ဟု ဆိုသောသူသည် မည်သည့်အချိန်အခါမှ မပေးမလှူဖြစ်၊ “ပစ္စည်း ဥစ္စာကုန်သော်လည်း ကုန်ပါလေစေ”ဟု ဆိုကာ ပစ္စည်းဥစ္စာ၌ တွယ်တာကပ်ငြိမှု “အာလယ” ပြတ်မှသာ ပေးလှူနိုင်၏။ ထို့ပြင် စစ်တိုက်ရာ၌ စစ်သည် အနည်း-အများသည် လိုရင်း ပဓာန မဟုတ်ပဲ ရဲစွမ်းသတ္တိ ရှိ-မရှိသာ လိုရင်းပဓာနဖြစ်၏။ စစ်သည်အင်အား နည်းပါးသော်လည်း ရဲစွမ်းသတ္တိရှိလျှင် သူရဲဘော သတ္တိညံ့၍ ကြောက်ရွံ့တတ်သော ရန်သူ စစ်သည်အင်အားအများကို အနိုင်ရသကဲ့သို့ ယုံကြည်မှု “သဒ္ဓါ-စသည်တို့နှင့် ပြည့်စုံသူသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို လှူသော်လည်း များစွာသော နှမြောဝန်တိုမူ “မစ္ဆရိယ” ရန်သူကို နင်းချေနိုင်၏၊ ယုံကြည်မှု “သဒ္ဓါ”-စသည်ကို အခြေခံ၍ လှူဒါန်းလျှင် ညောင်စေ့သဖွယ် အနည်းငယ် လှူသော်လည်း ညောင်ပင်ကြီးပမာ များစွာသော အကျိုးကို ရနိုင်၏၊ ထို့ကြောင့် ပေးလှူခြင်းနှင့် စစ်တိုက်ခြင်း တူသည်-ဟု ဆိုရ၏ (သံ၊၁၊၂၀။ ဇာ၊၁၊၁၈၃။ သံ၊ဋ္ဌ၊၁၊၅၈။ ဇာ၊ဋ္ဌ၊၃၊၄၄၈-၉။ သံ၊ဋီ၊၁၊၁၀၄)၊ ညောင်စေ့လောက်လှူပြီး ညောင်ပင်လောက် အကျိုးရပုံများ နည်းနည်း လှူသော်လည်း အကျိုး များစွာ ရရာ၌— ဇနီးမောင်နှံ နှစ်ဦးလုံးမှ အပေါ်ရုံ စုလျားတထည်သာ ရှိ၍ ယင်း အပေါ်ရုံစုလျားကို ဝိပဿီဘုရားရှင်အား လှူဖို့ရန် ညဉ့်ဦးယာမ်, သန်းကောင်ယာမ် ၂-ယာမ်တိုင်တိုင် မစ္ဆေရရန်သူကို တွန်းလှန် တိုက်ဖျက်လျက် မိုးသောက်ယာမ်ရောက်မှ အထမြောက် အောင်မြင်စွာ လှူဒါန်းနိုင်သဖြင့် မျက်မှောက်ဘဝ၌ပင် ဗန္ဓုမမင်း၏ ဝတ်စုံ ၃၂-စုံကို ချီးမြှောက် ပူဇော်ခြင်းခံရသော “ဧကသာဋက” ပုဏ္ဏားဝတ္ထု (အံ၊ဋ္ဌ၊၁၊၁၃၀-၁), ငါတို့ ဘုရားရှင်အား အပေါ် စုလျား တထည် လှူဒါန်းခြင်းကြောင့် ပသေနဒီကောသလမင်းကြီး၏ ဝတ်စုံ ၃၂-စုံကို ချီးမြှောက် ပူဇော်ခြင်းခံရသော “စူဠဧကသာဋက— ပုဏ္ဏားဝတ္ထု (ဓမ္မ၊ဋ္ဌ၊၂၊၂), ပစ္စေကဗုဒ္ဓါအရှင်မြတ် ၁-ပါးအား သင်္ကန်း အနားပတ် လှူဒါန်းခဲ့ခြင်းကြောင့် မင်းဖြစ်သောအခါ၌ နတ်၌ဖြစ်သော ပုဆိုးပဒေသာ ၃၂ (အံဋ္ဌ), ၆၄(ပေတ၊ ဋ္ဌ)ပင် ပေါက်လာရသော အရှင်မဟာကဿပအလောင်း နန္ဒမင်း၏ဝတ္ထု (အံ၊ဋ္ဌ၊၁၊၁၃၁-၅။ ပေတ၊ဋ္ဌ၊၆၈-၉), အရှင်သာရိပုတြာအား ပုဆိုးကြမ်းတထည် နှင့် တစ်ယောက်စာ နို့ဃနာဆွမ်းကို လှူဒါန်း ခဲ့ခြင်းကြောင့် ၂-ရက်တည်းနှင့်ပင် ဆွမ်းအုပ်ပေါင်း ၁၀၀၀ ကမ္ဗလာပုဆိုးပေါင်း၁၀၀၀ ရရှိသော တိဿသာမဏေဝတ္ထု (ဓမ္မ၊ဋ္ဌ၊၁၊၃၃၃-၆), ဘုရားရှင်အား ပန်းဂ-ဆုပ် လှူဒါန်း ပူဇော်ခဲ့ခြင်းကြောင့် ဆင်မြင်း-စသည် ၈-ခု စီသော ဆုလာဘ်တို့ကို ယခု မျက်မှောက် ဘဝမှာပင် ရရှိခံစားရသော “သုမန”ပန်းသည် ဝတ္ထု (ဓမ္မ၊ဋ္ဌ၊၁၊၃၀၆၊ ၃၁၀), ပဒုမုတ္တရဘုရားရှင်၏ သုဇာတာမည်သော တပည့်သာဝကအား ပုဆိုးတပိုင်း လှူဒါန်းခဲ့ခြင်းကြောင့် အကြိမ်ကြိမ် လူ့စည်းစိမ်, ခံစားရပြီးလျှင် နောက်ဆုံးဘဝ၌ အလိုရှိခဲ့ပါမူ တော, တောင် အရပ်မျက်နှာ ရှိသမျှကို ခေါမပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်သည်အထိ အကျိုးရရှိသော ဥပဍ္ဎဒုဿဒါယက(စူဠဝစ္ဆ)ထေရ် ဝတ္ထု(အပ၊၂၊၇၆-၇။ ထေရ၊ဋ္ဌ၊၁၊၈-၉)တို့ကို သာဓကအဖြစ် မှတ်သားရာ၏။ များများလှူပြီ နည်းနည်း အကျိုးရပုံ များများလှူသော်လည်း အကျိုး နည်း နည်းရရာ၌—နှစ်ပေါင်းများစွာ ထမင်းရေချောင်းစီး လှူဒါန်းခဲ့သော်လည်း တာဝတိံသာနတ်ပြည်သို့ ရောက်သောအခါ ဆွမ်း ၁-ယောက်မမျှ လှူဒါန်းခဲ့သော ဣန္ဒကနတ်သားလောက် ကိုယ်ရောင်ကိုယ်ဝါ မတောက်ပ-ပဲ အသက်စည်းစိမ် အခြွေအရံ-စသည်ဖြင့် အောက်တန်း ကျရသော အင်္ကုရနတ်သားဝတ္ထု (ပေတ၊၁၅၉၊ ၁၆၀။ သံ၊ဋ္ဌ၊၁၊၅၉။ ပေတ၊ဋ္ဌ၊၁၂၅-၈)ကို သာဓကအဖြစ် မှတ်သားရာ၏။ ဒါန ပါဝင်သော တရားစုများ ဒါနသည်–ပုညကိရိယဝတ္ထုတရား ၃-ပါး (အံ၊၃၊၇၂။၃။ ဒီ၊ဋ္ဌ၊၃၊၁၈၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁-၂။ ဣတိဝုတ်၊ဋ္ဌ၊၁၉၄-၅။ ဒီ၊ဋီ၊၃၊၂၀၆။ အံ၊ဋီ၊၃၊၂၃၇-၉), ပုညာဘိသင်္ခါရတရား ၃-ပါး (အဘိ၊ဝိ၊၁၄၃။ ဒီ၊ဋ္ဌ၊၃၊၁၈၀), သင်္ဂဟဝတ္ထုတရား ၄-ပါး (ဒီ၊၃၊၁၂၅၊ ၁၅၅-၆၊ ၁၉၃။ အံ၊၁၊၃၄၁။ ဇာ၊ ၂၊၈၁။ ဒီ၊ဋ္ဌ၊၃၊၁၁၀။ အံ၊ဋ္ဌ၊၂၊၂၉၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။ ဥဒါန၊ဋ္ဌ၊၉၂။ အပ၊ဋ္ဌ၊၂၊၁၇၅။ စရိယာ၊ဋ္ဌ၊၁၈၁၊ ၂၅၅၊ ၃၁၉။ နေတ္တိ၊ဋ္ဌ၊၂၃၆။ သံ၊ဋီ၊၂၊၄၂၉), ရာဇဥပါယ် တရား ၄-ပါး (ဓာန်။ ဓာန်၊ဋီ၊၃၄၈), ပုညကိရိယတရား ၁၀-ပါး (သင်္ဂဟ၊၃၄။ ဝိဘာဝိနီ၊၁၇၅), ရာဇဓမ္မ-မင်းကျင့်တရား ၁၀-ပါး (ဇာ၊၂၊၉၇။ ဇာ၊ဋ္ဌ၊၃၊၂၅၈၊ ၃၀၀၊ ၃၉၁။ ဇာ၊ဋ္ဌ၊၅၊၄၀၃), ပါရမီ အကျဉ်း ၁၀-ပါး, အကျယ် ၃၀ (အပ၊၂၊၃၀၆။ ဒီ၊ဋ္ဌ၊၂၊၂၄၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၉။ စရိယာ၊ဋ္ဌ၊၇၊ ၂၇၀။ ဒီ၊ဋီ၊၁၊၆၈။ သီ၊ဋီ၊သစ်၊၁၊၂၄၉၊ မ၊ဋီ၊၁၊၃၈။ သံ၊ဋီ၊၁၊၃၅), မင်္ဂလာတရား ၃၈-ပါး(ခုဒ္ဒက၊၃၊၄၊သုတ္တနိ၊၃၁၈-၉။ ခုဒ္ဒက၊ဋ္ဌ၊၁၀၄၊ ၁၃၀။ သုတ္တနိ၊ဋ္ဌ၊၂၊၁၀၊ ၃၇) အစုတွင် ၁-ပါး အပါအဝင် ဖြစ်၏။ ဒါနအင်္ဂါနှင့်စေတနာ အလှူပေးရာ၌— (၁) မလှူမီ ရှေးအဖို့၌ လှူဖွယ်ဝတ္ထုတို့ကို စုဆောင်းရှာဖွေရာ အခါမှ စ၍ “ငါသည် လောကီ လောကုတ္တရာ များစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိက (ဘဝစဉ်ဆက် လိုက်တတ်သော) အလှူမျိုးကို လှူရတော့မည်”ဟု ဝမ်းမြောက်ခြင်း ဟူသော ပုဗ္ဗစေတနာ စင်ကြယ်မှု, (၂) လှူဖွယ်ဝတ္ထု၊ ပစ္စည်းစုကို အလှူခံ ပုဂ္ဂိုလ်၏ လက်ထဲသို့ထည့်၍ စွန့်လွှတ်လှူဒါန်း ဆဲအခါ “အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ် ယူနေပါတကား”ဟု စိတ်ကြည်လင် ရွှင်ပျ ခြင်းဟူသော မုဉ္စစေတနာ စင်ကြယ်မှု, (၃) ပေးလှူပြီးနောက် “ငါသည် ပညာရှိတို့ ချီး မွမ်းအပ်သော လှူဒါန်းမှုကို အတုလိုက်၍ ပြုလုပ်ရပေပြီ, ကောင်းလေစွာ့”ဟု အဖန်ဖန် အထပ်ထပ် အောက်မေ့ အမှတ်ရကာ ဝမ်း မြောက်ဝမ်းသာ ဖြစ်ခြင်းဟူသော အပရ စေတနာ စင်ကြယ်မှုအားဖြင့် အလှူပေး ဟုပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါး, (၁) ရာဂကင်းမှု သို့မဟုတ် ရာဂကင်းရန်ကျင့်မှု (၂) ဒေါသ ကင်းမှု သို့မဟုတ် ဒေါသကင်းရန် ကျင့်မှု, (၃) မောဟကင်းမှု သို့မဟုတ် မောဟကင်း ရန် ကျင့်မှုအားဖြင့် အလှူခံပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါး၊ ဤသို့အားဖြင့် အင်္ဂါ ၆-ပါးရှိ၏။ အကျိုးပေးသော ဒါန (၁) အလှူပေးသူ (၂) အလှူခံ (၃) လှူဖွယ် ဝတ္ထု (၄) လှူကြောင်းစေတနာ ဤ ၄-ပါး ပြည့်စုံလျှင် ပေးလှူမှု “ဒါန” မြောက်၏။ အကျိုးဖြစ်စေ၏(ပေတ၊၁၂၇။ ပေတ၊ဋ္ဌ၊၇)။ သမုဒ္ဒရာရေ အတိုင်းအရှည်ပမာဏကို “ကွမ်း စား တရာ, ကွမ်းစား တထောင်, ကွမ်းစား တသိန်း ရှိ၏”ဟု မရေတွက် မမှန်းဆနိုင်သကဲ့သို့ ပြဆိုခဲ့ပြီးသော အင်္ဂါ ၆-ပါးနှင့် ပြည့်စုံသော အလှူဒါန၏ အကျိုးအာနိသင်အတိုင်း အရှည်ပမာဏကိုလည်း “ဤရွှေ့ ဤမျှရှိ၏”ဟု မရေတွက် မမှန်းဆနိုင် (အံ၊၂၊၂၉၅-၆။ ပေတ၊၁၅၉)။ အလှူဒါန ပြုလုပ်ကြသူတို့ မည်သည် မလှူမီ, လှူဆဲ, လှူပြီး ၃-ဌာနတို့တွင် ၁-ပါး ပါး၌ စေတနာ ပျက်ကွက် လှုပ်ရှားတတ်ကြ၏။ ပုဗ္ဗ, မုဉ္စ, ပစ္ဆာသမနုဿရဏ(အပရ) စေတနာ ၃-ပါးလုံး မလှုပ်မယိုင် ကြံ့ခိုင်စွာ တည်တံ့ပါမှ အလှူဒါနသည် အကျိုးများ၏ (ဒီ၊ဋ္ဌ၊၁၊၂၆၇-၈)။ ဒါန မပြုဖြစ်သော တရားများ ထို့ပြင်... ဒါနကောင်းမှု မပြုဖြစ်အောင် ပိတ်ဆို့နှောင့်ယှက် ကန့်ကွက်တတ်သော “ဒါန ဝိနိဗဒ္ဓ” တရားတို့လည်း ရှိသည်။ ယင်း-တို့ကား (၁) ရှေးဘဝက ပေးလှူမှု၌ အလေ့အကျင့် မပြုလုပ်ခဲ့ခြင်း (၂) လှူဖွယ် ဝတ္ထု ချို့တဲ့နည်းပါးနေခြင်း = မပြည့်စုံခြင်း (၃) လှူဖွယ်ဝတ္ထု ပစ္စည်းစုက မလှူရက် လောက်အောင် အလွန်ကောင်းမွန်နေခြင်း, (၄) လှူဖွယ်ဝတ္ထု ပစ္စည်းစုတို့ ကုန်ခန်းသွားမည်ကို ကြံတွေး စိုးရိမ်ခြင်း-တို့ ဖြစ်၏။ ယင်း ၄-ပါးတွင် ၁-ပါးပါးရှိလျှင် ပေးလှူမှု၌ စိတ်မညွတ်တတ် (စရိယာ၊ဋ္ဌ၊၃၁၈။ သီ၊ဋီ၊သစ်၊၁၊၂၉၅)၊ ဒါနပြုဖြစ်ရန် အကြောင်းများ (၁) မိမိ ထံမှောက်သို့ အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာခြင်း, (၂) ကဲ့ရဲ့ပြစ်တင်မှု အပါယ်ကျမှုမှ ကြောက်ခြင်း (၃) “ရှေးက ငါ့အား ဤ မည်သော ပစ္စည်းဝတ္ထုကို ပေးလှူဘူးပြီ၊ ယခုအခါ ငါက မပေးလှူလျှင် မသင့်လျော် ဟု နှလုံးသွင်း ဆင်ခြင်မိခြင်း (၄) “ယခုအခါ ငါကပေးလှူလိုက်လျှင် ငါ့အား နောင် အခါ ပေးလှူလိမ့်မည်”ဟု နှလုံးသွင်းဆင်ခြင်မိခြင်း (၅) “ပေးလှူမှုမည်သည် ဘုရား စသော ပညာရှိတို့ ချီးမွမ်းအပ်သည်ဖြစ်၍ ကောင်းမွန်သော အလုပ်ပေတည်း”ဟု နှလုံးသွင်း ဆင်ခြင်မိခြင်း (၆) “ငါက ထမင်း, ဟင်း ချက်သောသူ ဖြစ်သည်၊ ဤရဟန်းတော်တို့ကား ထမင်း, ဟင်း ချက်သောသူတို့ မဟုတ်ကြ၊ ထမင်း, ဟင်း ချက်သော သူက ထမင်း ဟင်း မချက်သော အလှူခံတို့အား ပေးလှူထိုက်၏၊ မပေးလှူလျှင် မကောင်းပါတကား”ဟု အောက်မေ့ဆင်ခြင် မိခြင်း (၇) ဂုဏ်သတင်း ကျော်စောခြင်းကို လိုလား မျှော်လင့်ခြင်း, (၈) သမထ ဝိပဿနာစိတ်ကို တင့်တယ်စေသော အဆင်း တန်ဆာ အခြံအရံ ဖြစ်စေလိုခြင်းအားဖြင့် ၈-ပါးရှိ၏ (ဒီ၊၃၊၂၁၄။ အံ၊၃၊၆၈)။ ထို့ပြင်- (၁) ချစ်ခင်မြတ်နိုးခြင်း, (၂) မုန်းတီးစိတ်ဆိုးခြင်း, (၃) တွေဝေမိုက်မဲခြင်း, (၄) ကဲ့ရဲ့ပြစ်တင်မှု, အပါယ်ကျုမှု, ရိုက်နှက် ပုတ်ခတ်သတ်ဖြတ်မှုမှ ကြောက်ခြင်း, (၅) မိရိုးဖလာ လှူရိုးလှူစဉ် မပျက်ကွက် မယုတ် လျော့စေလိုခြင်း, (၆) “ပေးလှူလိုက်လျှင် နတ်ပြည်ရောက်လိမ့်မည်”ဟု နတ်စည်းစိမ်ကို မြှော်ကိုးတောင့်တခြင်း, (၇) “ပေးလှူနေ ရလျှင် ငါ၏စိတ်ဟာ ကြည်လင်ရွှင်ပျနေသည်”ဟု မိမိ၏စိတ် ကြည်လင်ရွှင်ပျမှုကို လိုလားခြင်း, (၈) လှူသူ, အလှူခံသူ ၂-ဦးတို့၏ စိတ်ကို နူးညံ့စေသည်ဖြစ်၍ စိတ်၏ အဆင်းတန်ဆာ ဖြစ်စေလိုခြင်းအားဖြင့် ၈-ပါးပင်ရှိ၏ (အံ၊၃၊၆၉)။ (၁) ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း (၂) လှူဖွယ်ဝတ္ထု ပစ္စည်းစု ထင်ရှားရှိခြင်း (၃) အလှူခံပုဂ္ဂိုလ် ထင်ရှားရှိခြင်းကြောင်း ၃-ပါးကြောင့် ပေးလှူမှု “ဒါန” ပြုဖြစ်၏ (ဣတိဝုတ်၊ဋ္ဌ၊၂၉၆)။ လက်တွေ့လှူဒါန်းမှသာ ဒါနကုသိုလ်ဖြစ်နိုင် ယုံကြည်မှုသဒ္ဓါပါး၍ မာယာများသူတို့က “လှူဖွယ်ဝတ္ထုကို မလှူဒါန်းပဲ လှူလိုစိတ် ဖြစ်ရုံမျှဖြင့် ဒါနကုသိုလ် ရနိုင်သည်”ဟု ယူဆကြ၏။ အမှန်မှာ ယင်းသို့မဟုတ်၊ “ယုံယုံ ကြည်ကြည် ပေးလှူမည်”ဟူသော စိတ်ဖြင့် လှူဖွယ်ဝတ္ထုကို လက်တွေ့ လှူဒါန်းမှသာ ဒါနကုသိုလ် ရနိုင်သည် (ဒီ၊ဋ္ဌ၊၂၊၃၇၇။ သံ၊ဋ္ဌ၊၃၊၁၉၄။ အံ၊ဋ္ဌ၊၁၊၃၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၄။ ဒီ၊ဋီ၊၂၊၃၂၈။ သံ၊ဋီ၊၂၊၄၃၄။ အံ၊ဋီ၊၁၊၂၅၅)။ ဆက်စပ်ဖတ်ရှုရန် ဒါနအပြား အလှူရှင် အလှူခံပုဂ္ဂိုလ် ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ
သီလ
သီလ (န)သီလ (န) [သီလ+အ။ သီလတိ, သီလေတီတိ ဝါ သီလံ။ ဣတိဝုတ်၊ဋ္ဌ၊၂၀၁။ သီလတီတိ သီလံ၊ ကာယဝစီကမ္မာနိ သမာဒဟတိ၊ သမ္မာဌပေတီတျတ္ထော။ သီလယတိ ဝါ ဥပဓာရေတီတိ သီလံ။ ဝိဘာဝိနီ၊၁၇၅-၆။ မဏိမဉ္ဇူ၊၂၊၅၀။ သီလဋ္ဌေန သီလံ၊ ကိမိဒံ သီလနံ နာမ? သမာဓာနံ ဝါ... ဥပဓာရဏံ ဝါ။ ဝိသုဒ္ဓိ၊၁၊၈။ ပဋိသံ၊ဋ္ဌ၊၁၊၁၅။ “သိရော, သီသ”န္တိ ဝါ ဝတ္တဗ္ဗေ နိရုတ္တိနယေန သီလန္တိ ဝုတ္တံ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၇။ အထ ဝါ သီလန္တိ သမာဒဟန္တိ စိတ္တံ ဧတေနာတိ သီလံ။ နီတိ၊ ဓာတု။ ၁၆၃။ သီလေတိ ဥပဓာရေတိ... ဘုသော ဓာရေတီတိ သီလံ။ အထ ဝါ သီလိယတိ ဥပဓာရိယတိ ဥပနေတွာ ဓာရိယတီတိ သီလံ။ နီတိ၊ ဓာတု။ ၃၄၃။ သီလယတီတိ သီလံ။ ကပ္ပဒ္ဒုမ။ ၐီလ-သံ။ သီလ-ပြာ၊ အဒ္ဓမာဂဓီ။] သည် ပါဠိဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်အမျိုးမျိုးရှိသည်။ ၎င်းတို့ကို အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။ ၁။ ပကတိပင်ကိုသဘော * ယထာသီလော (ဝိ၊၁၊၂၈) တိ သီလေသု ယထာသီလော ဝါ တထာသီလော ဝါ တိ ဟောတု။ နဝ ကမ္မသီလော ဝါ...ဝါတိ အတ္ထော။ ဝိ၊ဋ္ဌ၊၁၊၂၀၄။ သီလေသူတိ ပကတီသု။ သာရတ္ထ၊၂၊၅၀။ ဝိမတိ၊၁၊၁၂၇။ အဒါနသီလာ (သုတ္တနိ၊၃၁၆) တိ အဒါနပကတိကာ။ သုတ္တနိ၊ဋ္ဌ၊၁၊၃၀၄။ အထ ဝါ သီလံ ပကတိသဘာဝေါ။ သံ၊ဋီ၊၂၊၃။ ၂။ (ကောင်း၊ မကောင်း) အလေ့-အကျင့်-အလေ့-အထ * ဣဓေက‌စ္စော ဝိဝဋ္ဋံ ပတ္ထေန္တော ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ။ မ၊ဋ္ဌ၊၁၊၉၃။ သီလေသူ (မ၊၁၊၉၃)တိ အဇသီလဂေါသီလမေဏ္ဍကသီလကုက္ကုရသီလာဒီသု။ မ၊ဋ္ဌ၊၁၊၃၁၅။ သီလေနာ (အဘိ၊ဓ၊၂၀၈) တိ ဂေါသီလာဒိနာ။ အဘိ၊ဋ္ဌ၊၁၊၃၈၉။ ပါပကေန စ သီလေနာ (ဣတိဝုတ်၊၂၁၃) တိ ပါပကံ နာမ သီလံ သီလဘေဒကရော အသံဝရောတိ ဝဒန္တိ။ ဣတိဝုတ်၊ဋ္ဌ၊၉၈။ ၃။ ဂုဏ်ကျေးဇူး * သီလဝါ (မ၊၂၊၄၀၇) တိ ဂုဏဝါ။ မ၊ဋ္ဌ၊၃၊၂၉၄။ (မ၊ဋီ၊၃၊၁၉၈)။ ၄။ လောကကျင့်ဝတ်-ဝတ်တရား * သီလဉ္ဇာ (ဇာ၊၂၊၁၀) တိ အာစာရသီလံ။ ဇာ၊ဋ္ဌ၊၅။ ၁၅၇။ ၅။ (ကိုယ်၊ နှုတ်အမူအရာတို့ကို ကောင်းစွာထိန်းချုပ်ထား-ကုသိုလ်တရားတို့ကို လွန်စွာဆောင်ရွက်နိုင်-သည့်) သီလ-စည်းကမ်း-ဥပဒေ-တရားဥပဒေ * အဝီတိက္ကမော သီလန္တိ သမာဒိန္နလဿ ကာယိကဝါစသိကော အနတိက္ကမော။ ဝိသုဒ္ဓိ၊၁၊၈။ သီလမယေ ဉာဏ (ပဋိသံ၊၁) န္တိ ဧတ္ထ သီလန္တိ သီလနဋ္ဌေန သီလံ။ ကိမိဒံ သီလနံ နာမ? သမာဓာနံ ဝါ... သိဝဋ္ဌေန သီလ”န္တိ ဝဏ္ဏယန္တိ။ ပဋိသံ၊ဋ္ဌ၊၁၊၁၅။ (က) စေတနာ စေတသိက်ဟူသော စေတနာသီလ။ (ခ) ဝိရတီနှင့် အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိဟူသော စေတသိက်သီလ။ ကိံ သီလန္တိ...။ တတ္ထ စေတနာ သီလံ နာမ ပါဏာတိပါတာဒီဟိ ဝါ ဝိရမန္တဿ ဝတ္တပဋိပတ္တိံ ဝါ ပူရေန္တဿ စေတနာ။ စေတသိကံ သီလံ နာမ ပါဏာတိပါတာဒီဟိ ဝိရမန္တဿ ဝိရတိ။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၁-၂။ ဝိသုဒ္ဓိ၊၁၊၇။ (ဂ) ငါးပါးသော စောင့်စည်းမှုဟူသော သံဝရသီလ။ သံဝရော သီလ (ပဋိသံ၊၄၃) န္တိ ဧတ္ထ ပဉ္စဝိဓော သံဝရော ဝေဒိတဗ္ဗော ပါတိမောက္ခသံဝရသီလော... ဝီရိယသံဝရသီလောတိ။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၂။ ဝိသုဒ္ဓိ၊၁၊၇။ (ဃ) ငါးပါးသီလ၊ နိစ္စသီလ၊ ဂဟဋ္ဌ (လူ) သီလ၊ အဂါရိယသီလ။ သီလေသု ပရိပူရကာရိနီ (ဒီ၊၂၊၂၁၆) တိ ပဉ္စသု သီလေသု ပရိပူရကာရိနီ။ ဒီ၊ဋ္ဌ၊၂၊၂၉၈။ သီလေသု ပရိပူရကာရိတာ (မ၊၁၊၉၂) တိ အရိယကန္တေသု သီလေသု ပရိပူရကာရိတာ။ အရိယကန္တသီလာနိ နာမ ပဉ္စသီလာနိ။ မ၊ဋ္ဌ၊၁၊၃၁၄။ သီလေသူ (ဝိမာန၊၁၇) တိ နိစ္စသီလေသု။ ဝိမာန၊ဋ္ဌ၊၆၄။ သီလေနာ (ဓမ္မ၊၅၆) တိ အာဂါရိယသီလံ အနာဂါရိယသီလန္တိ ဒုဝိဓံ သီလံ။ ဓမ္မ၊ဋ္ဌ၊၂၊၂၉၀။ သီလ (ဣတိဝုတ်၊၂၄၁) န္တိ ဂဟဋ္ဌသီလံ ပဗ္ဗဇိတသီလဉ္စ။ ဣတိဝုတ်၊ဋ္ဌ၊၂၂၀။ (င) ပဗ္ဗဇိတ-ရဟန်း-အနာဂါရိယ-သီလ၊ စတုပါရိသုဒ္ဓိသီလ။ ဣတိ သီလံ ဣတိ သမာဓိ ဣတိ ပညာ။ ဒီ၊၂၊၆၈။ ဣတိ သီလန္တိ... ။ ဧတ္ထ စတုပါရိသုဒ္ဓိသီလံ သီလံ။ ဒီ၊ဋ္ဌ၊၂၊၁၂၇။ သီလေသွေဝဿ ပရိပူရကာရီ (မ၊၁၊၃၉) တိ စတုပါရိသုဒ္ဓိသီလေသုယေဝ ပရိပူရကာရီ အဿ၊ မ၊ဋ္ဌ၊၁၊၁၆၁။ သီလ (ဣတိဝုတ်၊၂၄၁) န္တိ ဂဟဋ္ဌ- သီလံ ပဗ္ဗဇိတသီလဉ္စ။ ဂဟဋ္ဌော စေ, ဂဟဋ္ဌသီလံ၊ ပဗ္ဗဇိတော စေ စတုပါရိသုဒ္ဓိသီလန္တိ အတ္ထော။ ဣတိဝုတ်၊ဋ္ဌ၊၂၂၈။ (စ) ဥပုသ် (ရှစ်ပါး) သီလ။ သီလေသုပေါသထေ ရတာ (ပေတ၊၂၀၅) တိ နိစ္စသီလေသု စ ဥပေါသထသီလေသု စ အဘိရတာ။ ပေတ၊ဋ္ဌ၊၂၃၉။ သီလေသူ (ဝိမာန၊၁၇) တိ ဥပေါသထသီလေသု သာဓေတဗ္ဗေသု။ ဝိမာန၊ဋ္ဌ၊၆၅။ (ဆ) ၁၀-ပါးသီလ။ သီလဝန္တော (သံ၊၁၊၂၃၆) တိ ဥပါသကတ္တေ ပတိဋ္ဌာယ ပဉ္စဟိ ဒသဟိပိ သီလေဟိ သမန္နာဂတော။ သံ၊ဋ္ဌ၊၁။ ၃၂၂။ သီလေန သဒ္ဓိံ (အံ၊၁၊၂၁၀) န္တိ အတ္တနော ပဉ္စသီလဒသသီလေန သဒ္ဓိ။ အံ၊ဋ္ဌ၊၂၊၁၉၆။ (ဇ) ကုသလကမ္မပထ ၁၀-ပါးသီလ။ ပရမံ သီလံ အဓိဋ္ဌာယာ (စရိယာ၊၄၁၈) တိ... ပရမံ ဥတ္တမံ ဒသကုသလကမ္မပထသီလံ သမာဒါနဝသေန စ အဝီတိက္ကမဝသေန အဓိဋ္ဌဟိတွာ အနုဋ္ဌဟိတွာ။ စရိယာ၊ဋ္ဌ၊၂၅၄။ (ဈ) မင်းကျင့်တရား ၁၀-ပါးသီလ။ သီလဝါသူ (ဇာ၊၂၊၃) တိ သီလဝါ အာစာရသမ္ပန္နော ဘဝ၊ ဒသဿု ရာဇဓမ္မေသု ပတိဋ္ဌာယ ရဇ္ဇံ ကာရေဟိ။ ဇာ၊ဋ္ဌ၊၅။ ၁၁၂၆။ သီလ သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့် သီလအမျိုးအစား ဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်၊ လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်သည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော အာဇီဝဋ္ဌမကသီလဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ ဆယ်ပါးသီလမှာမူ ရှင်သာမဏေ (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်သည်။ ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥပုသ်နေ့နံနက်တိုင်း ကိုးပါးသီလ ဆောက်တည်နိုင်ရန်အတွက် ဆရာတော် သံဃာတော် များက သီလပေးခြင်းကို ထုတ်လွှင့်လျက် ရှိသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် သာမန်လူပုဂ္ဂိုလ်များနှင့် ရှင်သာမဏေများအတွက်ဖြစ်ပြီး၊ ရဟန်းသံဃာများအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာ သုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါးတွင်လည်း သီလပါရမီသည် တစ်ခုအပါအဝင်ဖြစ်သည်။ ၁. သီလ၏ အဓိပ္ပာယ်နှင့် သဘောသဘာဝ သီလဆိုသည်မှာ ကာယ၊ ဝစီ၊ မနော ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ခြင်းဖြင့် စိတ်၏ စေတနာကို စင်ကြယ်စေသော တရားဖြစ်သည်။ ၎င်းသည်- စေတနာသီလ= ကာယဒုစရိုက် (သက်သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမမှားယွင်းခြင်း)၊ ဝစီဒုစရိုက် (မုသား၊ ဂုံးတိုက်၊ ဆဲရေး၊ ပြိန်ဖျင်း) မှ ရှောင်ကြဉ်ရာ၌ ဖြစ်သော စေတနာ။ ဝိရတီသီလ= သမ္မာကမ္မန္တ၊ သမ္မာဝါစာ၊ သမ္မာအာဇီဝ ဟူသော ရှောင်ကြဉ်မှု သုံးပါး။ မနောသုစရိုက်သီလ= အနဘိဇ္ဈာ (အလောဘ)၊ အဗျာပါဒ (အဒေါသ)၊ သမ္မာဒိဋ္ဌိ (အမောဟ) ဟူသော စိတ်၏ ဖြူစင်မှု။ သံဝရသီလ= ပါတိမောက္ခသံဝရ (သိက္ခာပုဒ်စောင့်ထိန်းမှု)၊ သတိသံဝရ (ဣန္ဒြေထိန်းချုပ်မှု)၊ ဉာဏသံဝရ (ပညာဖြင့်ထိန်းသိမ်းမှု)၊ ခန္တိသံဝရ (သည်းခံမှု)၊ ဝီရိယသံဝရ (အားထုတ်မှု) ဟူသော ငါးပါး။ အဝီတိက္ကမသီလ= သိက္ခာပုဒ်များကို မလွန်ကျူးဘဲ စောင့်ထိန်းခြင်း။ သီလ၏ အနက်မှာ “နဂိုရ်သဘော” (အလေ့အကျင့်) နှင့် “ကောင်းသောအကျင့်” ဟူ၍ နှစ်မျိုးရှိပြီး၊ ဤတွင် ကောင်းသောအကျင့်ကို အဓိကထား၍ “ကာယဝစီကံကို ကောင်းစွာထားရှိခြင်း” နှင့် “ကုသိုလ်တရားများကို ကောင်းစွာဆောင်ရွက်ခြင်း” ဟူသော သဘောကို ဖော်ညွှန်းသည်။မဟာဗုဒ္ဓဝင်/၆-_ပါရမီတော်ခဏ်း_(ခ)_သီလပါရမီ ၂. သီလ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် လက္ခဏ (လက္ခဏာ)= ကာယဝစီကံကို ဖရိုဖရဲမဖြစ်အောင် ထိန်းသိမ်းစင်ကြယ်စေခြင်း။ ရသ (အား)= ကုသိုလ်တရားများကို ဖြစ်ပွားစေရန် အကြောင်းခံဖြစ်ခြင်း။ ပစ္စုပဋ္ဌာန် (ထင်ရှားပုံ)= စိတ်၏ တည်ငြိမ်မှု၊ ကိလေသာမှ လွတ်မြောက်မှုအဖြစ် ထင်ရှားသည်။ ပဒဋ္ဌာန် (အကြောင်းခံ)= ဟိရီ (အမှားကို ရှက်ခြင်း) နှင့် ဩတပ္ပ (အမှားကို ကြောက်ခြင်း) တို့ဖြစ်သည်။ ၃. သီလ၏ အကျိုး သီလသည် ကုသိုလ်တရားအားလုံး၏ အခြေခံဖြစ်ပြီး၊ အကျိုးအနေဖြင့်- လောကီအကျိုး= နတ်ပြည်စည်းစိမ်၊ လူ့ဘဝသာယာမှု။ လောကုတ္တရာအကျိုး= သမာဓိ၊ ဈာန်၊ မဂ်ဖိုလ်သို့ ဦးတည်စေခြင်း။ စိတ်ပိုင်းဆိုင်ရာ= စိတ်၏ တည်ငြိမ်မှု၊ ကိလေသာမှ လွတ်မြောက်မှု၊ အပြစ်ကင်းစင်မှု။ ဥပမာ၊ တိဿမထေရ်ကဲ့သို့ သီလကို အမှီပြု၍ အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းသည် သီလ၏ အမြင့်မြတ်ဆုံး အကျိုးဖြစ်သည်။ ၄. သီလ၏ အပြားများ သီလသည် ငါးမျိုးအဖြစ် ခွဲခြားဖော်ပြထားသည်- ပဟာနသီလ= ဒုစရိုက်များကို ပယ်ရှားခြင်း။ ဝေရမဏိသီလ= ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း။ စေတနာသီလ= ကောင်းမှုကို စိတ်စွဲမြဲစွာ ဆောင်ရွက်ခြင်း။ သံဝရသီလ= ကိလေသာများ စိတ်သို့ မဝင်ရောက်အောင် စောင့်ထိန်းခြင်း။ အဝီတိက္ကမသီလ= သိက္ခာပုဒ်များကို မလွန်ကျူးခြင်း။ ဤငါးမျိုးသည် တစ်ခုချင်းသီးသန့် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ ဒုစရိုက်တစ်ခုကို ရှောင်ကြဉ်ရာတွင် တပြိုင်နက် ပြည့်စုံနိုင်သည်။ ၅. သီလ၏ ညစ်ညူးကြောင်းနှင့် ဖြူစင်ကြောင်း- ညစ်ညူးကြောင်း လာဘ်စသည်ဖြင့် ပျက်စီးခြင်း လာဘ်၊ ဂုဏ်အရှိန်အဝါ၊ အကျော်အစောတို့ကြောင့် သိက္ခာပုဒ်ပျက်စီးခြင်း၊ ဥပမာ- အစပြတ်၊ အလယ်ပေါက်၊ ကျား၊ ပြောက်စသည်။ မေထုနသံယောဂ ခုနစ်ပါး မာတုဂါမနှင့် ကာယထိတွေ့မှု၊ ရယ်မောသာယာမှု၊ မျက်စိချင်းကြည့်မှု၊ အသံနားထောင်မှု၊ အတိတ်အောက်မေ့မှု၊ သူကြွယ်စည်းစိမ်ကို တပ်မက်မှု၊ နတ်ဘဝကို တောင့်တမှုတို့ဖြစ်သည်။ ဖြူစင်ကြောင်း - သိက္ခာပုဒ်များ မပျက်စီးခြင်း၊ ပျက်စီးလျှင် ကောင်းစွာ ကုစားခြင်း။ - မေထုနသံယောဂမှ ကင်းဝေးခြင်း။ - ကောဓ၊ ဥပနာဟ၊ မက္ခ၊ ပဠာသ၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ စသည့် ယုတ်မာတရားများ မဖြစ်ခြင်း။ - အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာကို ခေါင်းပါးစေခြင်းတို့ ဖြစ်ခြင်း။ ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော သီလသည် ဘုဇိဿသီလ (တဏှာကို တော်လှန်နိုင်သည်)၊ ဝိညူပသဋ္ဌသီလ (ပညာရှိတို့ ချီးမွမ်းထိုက်သည်)၊ အပရာမဋ္ဌသီလ (တဏှာ၊ ဒိဋ္ဌိဖြင့် မသုံးသပ်ထိုက်သည်)၊ သမာဓိသံဝတ္တနိကသီလ (သမာဓိသို့ ဦးတည်စေသည်) ဟု ခေါ်သည်။ သီလစောင့်ခြင်းအကျိုးငါးပါး (၁) မမေ့မလျော့ခြင်းကြောင့်များစွာသောစည်းစိမ်ဥစ္စာတို့ကိုရရှိ၏။ (၂) ကောင်းသတင်းကျော်စောခြင်းဂုဏ်ကိုရ၏။ (၃) ပရိသတ်လေးပါးအလယ်၌တင့်တယ်ရဲရင့်ရွှင်ရွှင်လန်းလန်းနေရ၏။ (၄) မတွေမဝေမမေ့မောဘဲသေရခြင်းရှိ၏။ (၅) သေပြီးနောက်တွင်နတ်ရွာ၌ဖြစ်ရ၏။သုခမှတ်စု ဆက်စပ်ဖတ်ရှုရန် သီလခန်း သီလပါရမီ ကိုးကား Category:ဗုဒ္ဓဘာသာ
ပညာ
ပညာသည် အသိဉာဏ် ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏အရ ဒေသနာဉာဏ်၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အရာအားလျော်စွာ ကောက်ယူရသည်။ အထူးထူးအပြားပြားအားဖြင့်-ဝေဘန်-ပိုင်းခြား—စဉ်းစား ဆင်ခြင်-သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ တိပိဋကအဘိဓာန် အတွဲ-၁၃ လက္ခဏာ, ရသ စသည် ပညာသည် အကောင်းအဆိုး အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်း သိမြင်ခြင်း လက္ခဏာရှိသည်။ ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြခြင်းကိစ္စရှိသည်။ မတွေမဝေ သိတတ်သော တရားအဖြစ်ဖြင့် ရှေးရှုထင်လာမှုအခြင်းအရာ အာကာရပစ္စုပဋ္ဌာန်ရှိသည်၊ သမာဓိဟူသော နီးသော အကြောင်း ပဒဋ္ဌာန်ရှိသည် (အဘိ၊ဋ္ဌ၊၁၊၁၆၅-၆။ ဝိသုဒ္ဓိ၊၂၊၆၈။ ဣတိဝုတ်၊ဋ္ဌ၊၁၉၇)။ ဝိညာဉ်သည် အာရုံကို ရအောင်ယူ၍ သညာသည် အမှတ်ပြုသည်၊ ပညာကား ထိုအာရုံ၏ သဘောမှန်ကို သိသည်။ ယင်းတို့၏ထူးခြားပုံ အကျယ်ကို ဤအဘိဓာန် အတွဲ-၈ ဉာဏပုဒ်နှင့် ဆိုင်ရာကျမ်းတို့၌ ကြည့်။ ပညာအမျိုးမျိုး ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာ ၄-ပါး တရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကထာ(အဘိ၊ဋ္ဌ၊၁၊၁၆၅ ဣတိဝုတ်၊ဋ္ဌ၊၁၉၇)တို့၌ ပညာ၏ ဗျုပ္ပတ်ကို ဖွင့်ပြရာဝယ် သစ္စာ ၄-ပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏ဟု မိန့်ဆိုခြင်းကား မဟာဝေဒလ္လသုတ် (မ၊၁၊၃၆၆)စသည်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိဘင်းပါဠိတော်(အဘိ၊ဝိ၊၃၃၇)၌ အသက်မွေးကြောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှု စသော ကမ္မာယတန၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ် စသော သိပ္ပါယတန၊ မြွေဆိပ်ချမန္တန်စသော ဝိဇ္ဇာဌာနတို့၌ တတ်သိနားလည်မှုကိုလည်း ပညာ ဟု ဟောတော်မူသည်။ ပညာအစစ်နှင့်အတု လောကရေးရာ လိမ္မာပါးနပ်မှုနှင့် စပ်၍ ပညာအစစ်, ပညာအတုဟု ခွဲထားပြုခဲ့ကြသည်။ အဋ္ဌကနိပါတ် သုလသာဇာတ် (ဇာ၊၁၊၁၇၇။ ဇာ၊ဋ္ဌ၊၃၊၄၁၃-၄၁၇)၌ ပစ္စုပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထုတို့ဝယ် လက်ဝတ်တန်ဆာများကို ယူလို၍ လူကို သတ်ရန် အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည် လှည့်ပတ်ကာ သတ်ဖြတ် အနိုင်ယူလိုက်သော ကျွန်မနှင့် ပြည့်တန်ဆာမတို့အား ဘုရားရှင်နှင့် အလောင်းတော် နတ်သားတို့က စူးစမ်းဆင်ခြင်တတ်သောပညာ ရှိသည် ဟု ချီးကျူးကြသည်။ ထို့အတူပင် ကုဏ္ဍလကေသီထေရီဝတ္ထု (အပ၊၂၊၂၄၂။ ထေရီ၊ဋ္ဌ၊၁၁၄။ ဓမ္မ၊ဋ္ဌ၊၁၊၄၁)၌ ထေရီလောင်းလျာ ဘဒ္ဒါမယ်အား တောင်စောင့်နတ်က ချီးကျူးလေသည်။ ဤဝတ္ထုတို့၌ လာသော လိမ္မာပါးနပ်မှုကို ပညာအစစ်ဟူ၍လည်းကောင်း၊ ပညာ အစစ်မဟုတ်၊ အတုသာဖြစ်သည်ဟူ၍လည်းကောင်း ကျမ်းပြုပုဂ္ဂိုလ်တို့ အမျိုးမျိုးမိန့်ဆို ကြသည်(မဟာဗုဒ္ဓပင်၊ ပ-တွဲ၊ ပ-ပိုင်း၊ အနုဒီပနီ၊ ဗု-ချပ်။ သင်္ဂြိုဟ်ဘာသာဋီကာ၊ နှာ ၁၅၆)။ ဤနှင့်စပ်၍ အဘိဓမ္မာဝိနိစ္ဆယကျမ်း (နှာ-၂၅၂-၂၅၇)၌ အပိုင်း ၄-ပိုင်း ခွဲကာ ဤသို့ ဆုံးဖြတ်သည်။ (၁) မိမိအသက်ဘေးမှ လွတ်မြောက်အောင် ကြံစည်ခိုက် ကျွန်မနှင့် ကုဏ္ဍလကေသီတို့ သန္တာန်၌ ဉာဏသမ္ပယုတ်ဝီထိဖြစ်၌ ပညာအစစ်ဖြစ်သည်။ ဤကိုရည်၍ ဘုရားရှင်နှင့် တောင်စောင့်နတ်တို့က ပညာရှိပါပေသည် ဟု ချီးကျူးကြခြင်းဖြစ်သည်။ (၂) ခိုးသူယောက်ျားကို မသတ်မီ လှည့်ပတ် ဖျားယောင်းနေခိုက် ပညာနှင့် အလားတူသည့် မိစ္ဆာဉာဏ်ခေါ် မောဟသာဖြစ်သည်။ (၃) ခိုးသူယောက်ျားကို သတ်ဖြတ် အဆုံးစီရင်လိုက်သောအခါ ဝဓကစေတနာပြဓာန်းသော ဒေါသမူစိတ္တုပ္ပါဒ် ဖြစ်သည်။ (၄) လက်ဝတ်တန်းများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖျားယောင်းမူသည် ပညာနှင့်အလားတူသော မာယာခေါ် လောဘသာဖြစ်သည်။ ဤသို့ ဆုံးဖြက်တော်မူသည်။ အကျယ်ကို ထိုကျမ်းတို့၌ ကြည့်။ ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲတတ်သာ နိယာမ သဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိလှပေသည်။ ထို့ကြောင့် ယခုကာလ အလွန်ဆန်းကြယ်သော သိပ္ပံပညာနှင့် နက်နဲလှသော ဝိဇ္ဇာပညာရပ်များကို ကြံစည်တီထွင် စီရင်ပြုလုပ်ကြသော သူတို့သန္တာန်၌ (တိုက်ခိုက် ဖျက်ဆီးလိုစိတ် မရှိပါလျင်) ပညာစစ် ပညာမှန် ဧကန် ဖြစ်ပေလိမ့်မည်။ ပညာ၏ဂုဏ်ကျေးဇူး ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံး ပြီးမြောက်သောကြောင့်တည်း (ဣတိဝုတ်၊၂၁၉။ ဣတိဝုတ်၊ဋ္ဌ၊၁၄၉)။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်၍ ကြွင်းတရားတို့သည် ပညာ၏အခြံအရံများဖြစ်သည် (ဇာ၊၂၊၁၀။ ဇာ၊ဋ္ဌ၊၃၊၃၂၇။ ဇာ၊ဋ္ဌ၊၅၊၁၅၇-၈)။ အသက်ရှင်နေသူ သတ္တဝါအပေါင်းတွင် ပညာဖြင့် အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည် (သံ၊၁၊၂၁၆။ သုတ္တနိ၊၃၀၆)။ ပညာရှိသော သူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင်သည်၊ ပညာမရှိသော သူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက် မမွေးနိုင် (ထေရ၊၂၉၅၊ ၃၀၂)၊ အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်း အဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင် (ဇာ၊၂၊၄)။ ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည် (ဓမ္မ၊၆၁)။ ပညာရှိသောသူသည် မျက်စိအမြင်နှင့် ပြည့်စုံသူမည်၏။ ပညာမျက်စိမရှိသူကား အကန်း သာတည်း (ဓမ္မ၊ဋ္ဌ၊၁၊၂၀၀။ ဓမ္မဋ္ဌ၊၂၊၁၁၄)။ များစွာသော လူအပေါင်းသည် ပညာမျက်စိ မရှိသောကြောင့် အကန်းသာတည်း၊ ထိုလူအပေါင်းတွင် အနည်းငယ်သော လူသည်သာ ပညာမျက်စိရှိပေသည်(ဓမ္မ၊၃၉)။ ဤမှတပါးသော ပညာ၏ ဂုဏ်ကျေးဇူးတို့ကို ဉာဏပုဒ်၌ ကြည့်။ ပညာနှင့် သီလ လက်တဖက်ဖြင့် လက်တဖက်ကိုလည်းကောင်း ခြေတဖက်ဖြင့် ခြေတဖက်ကိုလည်းကောင်း ဆေးကြောရာသကဲ့သို့ သီလဖြင့် ပညာကို ဆေးကြော၍ ပညာဖြင့် သီလကို ဆေးကြောရသည်။ သီလရှိသူအား ပညာရှိ၍ ပညာရှိသူအား သီလရှိသည်။ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုရသည် (ဒီ၊၁၊၁၁၆-၇) ပညာနှင့်သမာဓိ ပညာမရှိသောသူအား ဈာန်သမာဓိ မရှိ၊ ဈာန်သမာဓိ မရှိသော သူအားလည်း ပညာ မရှိ၊ ပညာနှင့် သမာဓိ ၂-ပါးရှိသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့သည်(ဓမ္မ၊၆၆) ပညာနှင့်သဒ္ဓါ သဒ္ဓါ ပညာဟူသော ဣန္ဒြေ ၂-ပါးတို့ အယုတ်အလွန်မရှိဘဲ ညီမျှမှ ပညာရှိတို့ ချီးမွမ်းကြသည်။ သဒ္ဓါလွန်လျှင် ကွန့်၍ ပညာလွန်လျှင် ဆွန့်တတ်သည် (ဒီ၊ဋ္ဌ၊၂၊၃၇၇။ မ၊ဋ္ဌ၊၁၊၂၉၅။ သံ၊ဋ္ဌ၊၃၊၁၉၄။ အံ၊ဋ္ဌ၊၁၊၃၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၄)၊ လောကီဂုဏ်တို့တွင် သဒ္ဓါသည် အကြီးအမှူးဖြစ်၍ လောကုတ္တရာဂုဏ်တို့တွင် ပညာသည် အကြီးအမှူးဖြစ်သည် (သာရတ္တ၊၁၊ ၄၁၂။ ဒီ၊ဋီ၊၁၊၂၇၄။ သီ၊ဋီ၊သစ်၊၂၊၁၆၇။ မ၊ဋီ၊၁၊၂၃၁။ အံ၊ဋီ၊၂၊၁၅)။ ပညာနှင့်ဝိတက် ပညာသည် မိမိသဘောအားဖြင့် အာရုံကို အနိစ္စ, ဒုက္ခ, အနတ္တ ဟု ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ ဝိတက်က ထိုအာရုံကို ခေါက်၍ ခေါက်၍ ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်သည် (ဝိသုဒ္ဓိ၊၂၊၁၄၆)။ ပညာနှင့်စိတ် ဘုရားရှင်ဒေသနာတော်၌ လောကီတရားကို ဟောရာတွင် စိတ်ကို အကြီးအမှူး အဦးထား၍ လောကုတ္တရာတရားကို ဟောရာတွင် ပညာကို အကြီးအမှူး အဦးထားသည် (အဘိ၊ဋ္ဌ၊၁၊၁၁၀)။ ပညာနှင့်ဥစ္စာ ဥစ္စာဖြင့် အသက်ရှည်မှုကို မရနိုင်၊ အိုခြင်းတရားကို မလွန်မြောက်နိုင်၊ ဥစ္စာရှိသူ ဥစ္စာမဲ့သူ ပညာရှိသူ ပညာမဲ့သူအားလုံး သေကြေ ပျက်စီးရသည်သာ ဖြစ်သည်။ ပညာမဲ့သူ လူမိုက်သည် နှလုံးမသာယာမှုဖြင့် တုန်လှုပ် တွေဝေသည်။ ပညာရှိသူကား မတုန်လှုပ် မတွေဝေ၊ ထို့ကြောင့် လောက၌ ပညာသည် ဥစ္စာထက် မြတ်သည်(မ၊၂၊၂၆၁)။ ပညာပါဝင်သော တရားစု ပညာသည် သာသနာတော်၌ ပဓာနအကျဆုံးတရားဖြစ်၍ အမျိုးမျိုးသော တရားတို့နှင့် တွဲဖက်ကာ အသီးသီးသော တရားအစု၌ ပါဝင်သည်။ ဓမ္မသင်္ဂဏီပါဠိတော် မဟာကုသိုလ်ပဌမစိတ်၏ ဓမ္မုဒ္ဒေသ(နှာ-၁၇)၌ တရားအမျိုးအမည်ပေါင်း ၅၆-ပါး ဟောကြားတော်မူသည်။ ယင်းတို့တွင် ပညာသည် ဣန္ဒြိယရာသိ၌ ပညိန္ဒြေ၊ မဂ္ဂပဉ္စကရာသီ၌ သမ္မာဒိဋ္ဌိ၊ ဗလရာသိ၌ ပညာဗလ၊ ဟေတုတိက်(မူလရာသိ)၌ အမောဟ၊ ကမ္မပထရာသိ၌ သမ္မာဒိဋ္ဌိ၊ ဥပကာရဒုက်၌ သမ္မဇည၊ ယုဂနဒ္ဓဒုက်၌ ဝိပဿနာဟု အမည်နာမ ၇-မျိုးဖြင့် တရားစု ၇-ပါး၌ ပါဝင်သည် (အဘိ၊ဋ္ဌ၊၁၊၁၇၉။ အဘိ၊ ဝဘာရ၊ဋီ၊၁၊၂၇၇)။ ဗောဓိက္ခိယတရား ၃၇-ပါးသည် တရားစု ရာသိအားဖြင့် ၇-ပါး ရှိသည် (ဝိသုဒ္ဓိ၊၂၊၃၁၈။ သင်္ဂဟ၊၁၂၃-၄)။ ယင်းတို့တွင် ပညာသည် ဣဒ္ဓိပါဒ် ၄-ပါး (အဘိ၊ဝိ၊၂၂၅-၈)၌ ဝီမံသိဒ္ဓိပါဒ်၊ ဣန္ဒြေ ၅-ပါး (သံ၊၃၊၁၇၀။ ပဋိသံ၊၁၉၀)၌ ပညိန္ဒြေ၊ ဗိုလ် ၅-ပါး (အဘိ၊ဓ၊၁၇)၌ ပညာဗိုလ်၊ ဗောဇ္ဈင် ၇-ပါး (အဘိ၊ဝိ၊၂၄၆)၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ မဂ္ဂင် ၈-ပါး (အဘိ၊ဝိ၊၂၄၄)၌ သမ္မာဒိဋ္ဌိဟု တရားစု ၅-မျိုး၌ ပါဝင်သည်။ ပညာသည် သီလ, သမာဓိ, ပညာဟူသော သိက္ခာ ၃-ပါး(အံ၊၁၊၂၃၃-၂၃၆)၌ လည်းကောင်း၊ ဝီရိယ, သူရဘာဝ, ပညာဟူသော ရန်အောင်ကြောင်းတရား ၃-ပါး (ဇာ၊၁၊၁၄)၌ လည်းကောင်း၊ ဝီရိယ, စိတ္တ, ဝီမံသာဟူသော အဓိပတိ ၄-ပါး(ပဋ္ဌာန၊၁၊၂)၌လည်းကောင်း၊ သစ္စာ, ပညာ, ဝီရိယ, စာဂဟူသော ရန်အောင်ကြောင်းတရား ၄-ပါး (ဇာ၊၁၊၁၄၊၆၁) နှင့် တမလွန်၌ မစိုးရိမ်ကြောင်းတရား ၄-ပါး (သံ၊၁၊၂၁၇။ သုတ္တနိ၊၃၀၇)၌ လည်းကောင်း၊ ဒါန, သီလ, သမာဓိ, ပညာဟူသော အနုဂါမိကနိဓိ ၄-ပါး (ခုဒ္ဒက၊၉)၌လည်းကောင်း၊ သီလ, သမာဓိ, ပညာဝိမုတ္တိဟူသော သံသရာပြတ်ကြောင်း တရား ၄-ပါး (ဒီ၊၂၊၁၈၂)၌လည်းကောင်း၊ သာသနာမှ မလျောကျကြောင်းတရား ၄-ပါး (အံ၊၁၊၃၀၈)၌လည်းကောင်း၊ ပညာ, သစ္စာ, စာဂ, သန္တိ(ဥပသမ)ဟူသော ဆောက်တည်ရာတရား ၄-ပါး (ဒီ၊၃၊၁၉၁။ မ၊၃၊၂၀၂-၃)၌လည်းကောင်း၊ သီလ, သောစေယျ, ထာမ, ပညာဟူသော ကြာမြင့်မှ သိနိုင်သောတရား ၄-ပါး (သံ၊၁၊၇၈–၉။ ဥဒါန၊၁၅၆-၇)၌ လည်းကောင်း၊ ဗာဟု, ဘောဂ, အမစ္စ, အဘိဇာတိ, ပညာဟူသော ဗလ ၅-မျိုး (ဇာ၊၂၊၃)၌လည်းကောင်း၊ သဒ္ဒါ, သီလ, သုတ, စာဂ, ပညာဟူသော ဂတိမြဲကြောင်းတရား ၅-ပါး (မ၊၃၊၁၄ဝ။ မ၊ဋ္ဌ၊၁၀၄)၌လည်းကောင်း၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, သုတ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး (ဒီ၊၃၊၂၁၈)၌ လည်းကောင်း၊ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာဟူသော သူတော်ကောင်းဥစ္စာ ၇-ပါး (ဒီ၊၃၊၂၀၈။ အံ၊၂၊၃၉၈-၉)၌လည်းကောင်း ပါဝင်သည်။ ပညာပါရမီ ဘုရားအဖြစ်ကို ပြုပေးနိုင်သည့် ပါရမီတို့သည် သရုပ်အားဖြင့် ၁၀-ပါးရှိသည် (ဗုဒ္ဓဝံ၊၃၀၆။ စရိယာ၊ဋ္ဌ၊၂၇၀)။ ယင်းတို့တွင် အခြားပါရမီတို့အား ကျေးဇူးမပြုတတ်သော တရားတို့ကို ပယ်၍ ကျေးဇူးပြုတတ်သောတရားတို့၌ အကြောင်းဥပါယ်ကို တတ်သိလိမ္မာသော အလွန်ခေါင်းပါးစွာ အသက်မွေးမှုကို ပြီးစေတတ်သော အသိဉာဏ်ကို ပညာပါရမီခေါ်သည် (စရိယာ၊ဋ္ဌ၊၂၇)။ ဘုရားလောင်း သုမေဓာသည် နိယတဗျာဒိတ်ခံယူပြီးနောက် ပါရမီတို့ကို ဆင်ခြင်တော်မူရာ လေးကြိမ်မြောက်တွင် ပညာပါရမီကို တွေ့မြင်တော်မူသည်၊ ထိုအခါ ဤသို့ ဆုံးမဆောက်တည်တော်မူသည်၊ “အမောင် သုမေဓာ-အသင်သည် ယနေ့မှစ၍ ပညာပါရမီကို ဖြည့်ကျင့်ပါလော့၊ ဆွမ်းခံလှည့်လည်သော ရဟန်းသည် အယုတ် အလတ် အမြတ်မရွေးဘဲ အိမ်စဉ် မပြတ် ဆွမ်းရပ်သည်ရှိသေ၌ မျှတလောက်သော ဆွမ်းကို ရသကဲ့သို့ သင်သည်လည်း အလုံးစုံသော ပညာရှိတို့ကို ချဉ်းကပ်၍ ပြဿနာအရပ်ရပ်ကို မေးမြန်းပါလော့၊ ယင်းသို့ ပြုသည်ရှိသော် ပညာပါမီ အထွတ်အထိပ်သို့ ရောက်ကာ ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်” (ဗုဒ္ဓဝံ၊၃၁၆-၇၊ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၃၂)။ ပညာပါရမီ၏ အခြားသော ဆင်ခြင်ဖွယ် ဂုဏ်ကျေးဇူးတို့ကို-စရိယာ၊ဋ္ဌ၊၂၈၈-၉၊ ဒီ၊ဋီ၊၁၇၈-၉။ သီ၊ဋီ၊သစ်၊၁၊၂၆၅-၆-တို့၌ကြည့်။ ပညာဓိကဘုရားလောင်း ဘုရားလောင်းတို့၏ ပါရမီဖြည့်ရာ ကာလသည် (က) ၄-သင်္ချေနှင့် ကမ္ဘာတသိန်း (ခ) ၈-သင်္ချေနှင့် ကမ္ဘာတသိန်း၊ (ဂ) ၁၆ သင်္ချေနှင့် ကမ္ဘာတသိန်းဟု ၃-မျိုးကွဲပြားသည်၊ ယင်းသိုကွဲပြားခြင်းကား ပညာပါရမီ၏ အစွမ်းအာနုဘော် ထက် မထက်ကြောင့် ဖြစ်သည်။ ပညာဓိက ဘုရားလောင်းတို့သည် ပညာပါရမီထက်မြက်သောကြောင့် ၄-သင်္ချေ နှင့် ကမ္ဘာတသိန်းသာ ပါရမီဖြည့်ကျင့်ကြရသည်၊ သဒ္ဓါဓိကဘုရားလောင်းတို့သည် ပညာပါရမီ အလယ်အလတ်ရှိသောကြောင့် ၈-သင်္ချေနှင့်ကမ္ဘာတသိန်း ဖြည့်ကျင့်ကြရသည်။ ဝီရိယာဓိက ဘုရားလောင်းတို့သည် ပညာပါရမီနံ့သောကြောင့် ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည် (သုတ္တနိ၊ဋ္ဌ၊၁၊၄၃။ ထေရ၊ဋ္ဌ၊၁၊၁၁။ ပဋ္ဌ၊ ၁၈.၁၅၅။ စရိယာ၊ဋ္ဌ၊၃၂။ အံ၊ဋီ၊၁၊၁၃၅။ သမန္တစက္ခု။ ပုစ္ဆာနံပါတ်-၁၁၈)။ ပညာ ၈-မျိုး မဟာပညာ, ပုထုပညာ, ဂမ္ဘီရပညာ, ဘူရိပညာ, ဟာသပညာ, ဇဝနပညာ, တိက္ခပညာ, နိဗ္ဗေဓိကပညာတို့၏ အကျယ်မှတ်ဖွယ်ကို ပဋိသံ၊ ၃၇၁-၃၈၁။ ဒီ၊ဋ္ဌ၊၃၊၁၁၃-၁၁၅။ မ၊ဋ္ဌ၊၄၊၅၆-၅၇။ ပဋိသံ၊ဋ္ဌ၊၂၊၂၄၇-၂၆၃-တို့၌ ကြည့်။ ပညာရခြင်းအကြောင်း ပညာရခြင်း ပညာတိုးပွားခြင်းအကြောင်းတို့ကို အမျိုးမျိုး မိန့်ဆိုကြသည်။ နေက္ခမ္မ သင်္ကပ္ပ အဗျာပါဒသင်္ကပ္ပ အဝိဟိံသာသင်္ကပ္ပ ဟု ၃-ပါး (ဣတိဝုတ်၊၂၅၁)။ ၁။ ကောင်းသော တရားတို့၌ မမှိတ် မသုန် ယုံကြည်ခြင်း သဒ္ဓါ၊ ၂။ ပညာရှိတို့ထံ ဆည်းကပ်နာကြားခြင်း သုဿုသာ ၃။ မမေ့မလျော့ခြင်း အပ္ပမာဒ၊ ၄။ စူးစမ်း ဆင်ခြင်ခြင်း ဝိစက္ခဏာဟု ၄-ပါး (သံ၊၁၊၂၇၊ သုတ္တနိ၊၃၇)။ ၁။ သူတော်ကောင်းကို မှီဝဲခြင်း, ၂။ သူတော်ကောင်း တရားကို နာခြင်း, ၃။ အသင့်အတင့် နှလုံးသွင်းခြင်း, ၄။ လောကုတ္တရာ တရားအားလျော်စွာကျင့်ခြင်း ဟု ၄-ပါး(အံ၊၁၊၅၆၇။ ပဋိသံ၊ ၇၁)။ ၁။ အလေး ပြုအပ်သော ဆရာသမားတို့ အပေါ်၌ ရှက်ကြောက် ရိုသေမြတ်နိုးမှု အားကြီးခြင်း, ၂။ အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ် မေးမြန်းခြင်း, ၃။ ကိုယ်စိတ် ၂-ပါး ဆိတ်ငြိမ်စွာနေခြင်း, ၄။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း, ၅။ အစ, အလယ်, အဆုံး ကောင်းခြင်း ၃-ပါးရှိသော တရား(ကျမ်းဂန်)ကို သင်မှတ်သားခြင်း, ၆။ အကုသိုလ်ကို ပယ်၍ ကုသိုလ် တရား ပွားများရန် ကြိုးပမ်းအားထုတ်ခြင်း, ၇။ အကျိုးမရှိသော စကားကို မပြောဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုခြင်း, ၈။ ခန္ဓာ စသော တရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုမှတ်ခြင်းဟု ၈-ပါး။ (အံ၊၃၊၂-၅)။ ကြွင်း ပညာရကြောင်း တရားတို့ကို ဉာဏ-ပုဒ်, ပညာပဋိလာဘကာရဏ-ပုဒ်တို့၌ ကြည့်။ ပညာဆုတ်ယုတ်ကြောင်း ပညာဆုတ်ယုတ်ကြောင်းကိုလည်း အမျိုးမျိုး မိန့်ဆိုကြသည်။ ကာမဝိတက် ဗျာပါဒ ဝိတက် ဝိဟိံသာဝိတက်တို့သည် ပညာမျက်စိ ကန်းအောင် ပြုတတ်ကြသည် (ဣတိဝုတ်၊၂၅၁)။ ကာမစ္ဆန္နီ ဗျာပါဒ ထိနမိဒ္ဓ ဥစ္စဒ္ဓ ကုက္ကူ ဝိစိကိစ္ဆာ ဟူသော တရား ၅-ပါးတို့သည် ပညာအားနည်းအောင် ပြုတတ်ကြသည်(မ၊၁၊၂၃၉။ သံ၊၃၊၈၆၊၁၃၉။ အံ၊၁၊၅၃၁။ နေတ္တိ၊၇၈)။ ပညာပါရမီကို အကြောင်းပြု၍ ဟောသောဇာတ်များ ပုဏ္ဏနဒီဇာတ်-ဇာ၊ဋ္ဌ၊၂၊၁၅။ ဂါမဏိစန္ဒဇာတ်-ဇာ၊ဋ္ဌ၊၂၊၂၇၀ သတ္တုဘသ္တဇာတ်-ဇာ၊ဋ္ဌ၊၃၊၃၂၁။ ဒူတဇာတ်—ဇာ၊ဋ္ဌ၊၄၊၂၂၄။ သမ္ဘဝဇာတ်-ဇာ၊ဋ္ဌ၊၅၊၅၀။ မဟာဗောဓိဇာတ်-ဇာ၊ဋ္ဌ၊၅၊၂၄၀။ ဥမင်္ဂဇာတ်-ဇာ၊ဋ္ဌ၊၆၊၁၆၃။ ဝိဓူရဇာတ်-ဇာ၊ဋ္ဌ၊၇၊၁၅၁။ ပညာနှင့် ပညာ၏ ဝေဝုစ်တို့ကို အမည်တပ်၍ဟောသောသုတ်များ ဥမ္မဂ္ဂသုတ်—အံ၊၁၊၄၉၇။ ဉာဏဝတ္ထုသုတ် သံ၊၁၊၂၈၈၊ ၂၉၀။ ဒိဋ္ဌိသုတ်-အံ၊၁၊၅၄၈၊ ၅၅၀။ ပညဝန္တသုတ်-သံ၊၃၊၈၈။ ပညာသုတ် အံ၊၃၊၂၊၂၀၂။ ပညာဝိမုတ္တသုတ်- အံ၊၃၊၂၄၅။ ပညာပရိဟီနသုတ်- ဣတိဝုတ်၊၂၁၉။ ပညာဝုဒ္ဓိသုတ်- အံ၊၁၊၅၆၇။ ပဋိဘာနသုတ်- အံ၊၁၊၄၅၂။ ဗုဒ္ဓိသုတ်- သံ၊၃၊၁၃။ ဝိဇ္ဇာသုတ်- သံ၊၂၊၁၃၂။ အံ၊၃၊၂၆၆၊ ၄၂၉။ ဣတိဝုတ်၊၂၁၁။ ဝိဇ္ဇာဘာဂိယသုတ်-အံ၊၂၊၂၉၄။ သမ္မာဒိဋ္ဌိသုတ်-မ၊၁၊၅၇။ အံ၊၁၊၃၈၈၊ ၄၀၁။ ပညာ၏ လောကူပမာ ပညာကို လောကဥပမာဖြင့် နှိုင်းယှဉ်၍ အမျိုးမျိုး မိန့်ဆိုတော်မူကြသည်။ ပညာမြေကြီး-မဟာနိ၊၇၃။ အဘိ၊ဋ္ဌ၊၁၊၁၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၃။ ဓမ္မ၊ဋ္ဌ၊၂၊၆၄။ ပညာထမ်းပိုး၊ ပညာထွန်ထုံး-သံ၊၁၊၁၇၅။ သုတ္တနိ၊၂၉၁။ ပညာနှင်တံ-အဘိ၊ဓ၊၂၀၊ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ ဝိသုဒ္ဓိ၊၁၊၂၇၆။ ပညာပြာသာဒ်-အဘိ၊ဓ၊၂၀။ ဓမ္မ၊၁၇။ နေတ္တိ၊၈၈။ အဘိ၊ဋ္ဌ၊၁၊၁၉၂။ သာရတ္ထ၊၃၊၁၅၆၊ ပညာမှန်ကင်း-ပဋိသံ၊၃၇၇။ မဟာနိ၊၃၉၃။ စူဠနိ၊၂၁၃-၅။ အံ၊ဋ္ဌ၊၁၊၄၁၄။ ပညာတံခါးမုခ်၊ ပညာလမ်းဆုံ-အပ၊၁၊၄၈။ ပညာဥစ္စာ-ဒီ၊၃၊၂၀၈။ အံ၊၂၊၃၉၉။ စူဠနိ၊၁၀၂။ ပညာရတနာ-သံ၊၁၊၃၃။ အဘိ၊ဓ၊၂၀။ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ မိလိန္ဒ၊၃၂၁။ ပညာကွန်ယက်-ထေရ၊ဋ္ဌ၊၁၊၁၁၈၊ ပညာလက်နက်−အဘိ၊ဓ၊၂၀။ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ ဇာ၊ဋ္ဌ၊၁၊၂၉၂။ ပညာဝရဇိန်-အဘိ၊ဓ၊၁၃၊၂၅၅။ ဇာ၊ဋ္ဌ၊၁၊၂၉၂။ ပညာသန်လျက်-နေတ္တိ၊၈၈။ မိလိန္ဒ၊ ၃၇၉။ ပညာလှံမ– ဗုဒ္ဓဝံ၊၃၇၉။ ပညာ(သင်တုန်း)ဓား-ဓမ္မ၊ဋ္ဌ၊၁၊၄၃၆။ ပညာဦးခေါင်း-အံ၊၂၊၃၀၄။ ဓမ္မ၊ဋ္ဌ၊၃၂၆။ ပညာမျက်စိ-သံ၊၃၊၄၁၅။ အံ၊၁၊၃၇။ ဣတိဝုတ်၊၂၃၁။ မဟာနိ၊ဋ္ဌ၊၃၈၉။ ပညာနား-ဇာ၊၁၊၆၈။ မ၊ဋ္ဌ၊၁၊၆၀၊ ဇာ၊ဋ္ဌ၊၂၊၂၃၈။ ပညာနှလုံးသား-ဇာ၊၂၊၃၀၈။ ပညာနှုတ်သီး-မ၊ဋ္ဌ၊၂၊၁၈၁။ ပညာဆင်စွယ် မ၊ဋ္ဌ၊၂၊၁၂၁။ နေတ္တိ၊ဋ္ဌ၊၆၀။ ပညာကိုယ်ဝန်-သာရတ္ထ၊၁၊၄၄၈။ ပညာမီးလျှံ-မဟာနိ၊၄၀။ မ၊ဋ္ဌ၊၁၊၆၀။ ဇာ၊ဋ္ဌ၊၂၊၂၃၈။ မ၊ဋီ၊၂၊၁၉၆။ အံ၊ဋီ၊၃၊၃၆၇။ ပညာအလင်း၊ ပညာအရောင်၊ ပညာတန်ဆောင်-အဘိ၊ဓ၊၂၀၊ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ ပညာသော့-အပ၊၁၊၃၆၄၊ ပညာလျှပ်စစ်-အဘိ၊ဓ၊၁၃၊ ၂၅၅။ ဆက်လက်ဖတ်ရှုရန် ဉာဏ် ပညာရှိ ကိုးကား Category:ဗုဒ္ဓဘာသာ Category:ဝိပဿနာ
ဝီရိယ
ဝီရိယဝီရိယ (န) [ဝီရ+ဏျ။ ရူ။ ၃၈၇။ ဝီရ+ဏိယ (ဣယ)။ နီတိ၊ သုတ္တ၊ ၇၆၂၊ ၇၇၄။ နိရုတ္တိ၊၄၉၀။ ဝိ+ဤရ+(ဏေ)+ဏျ။ ဓာန်၊ဋီ၊၁၅၆။ ဝိဘာဝိနီ၊၁၀၆။ မဏိမဉ္ဇူ၊၁။ ၃၂၂။ ဝီရဿ ဘာဝေါ ဝီရိယံ၊ ဝီရာနံ ဝါ ကမ္မံ ဝီရိယံ၊ ဝိဓိနာ ဝါ နယေန ဥပါယေန ဤရယိတဗ္ဗံ ပဝတ္တယိတဗ္ဗန္တိ ဝီရိယံ။ အဘိ၊ဋ္ဌ၊၁၊၁၆၃။ ပဋိသံ၊ဋ္ဌ၊၁၊၄၁၊ ၈၁။ ဥဒါန၊ဋ္ဌ၊၂၁၁။ (မ၊ဋ္ဌ၊၁၊၈၇။ အံ၊ဋ္ဌ၊၁၊၃၈၉။ ဝိသုဒ္ဓိ၊၂၊၉၃။ ထေရ၊ဋ္ဌ၊၁၊၃၇၂။ ဒီ၊ဋီ၊၂၊၆၆။ သံ၊ဋီ၊၂၊၁၂၆၊ ၃၉၇။ အံ၊ဋီ၊၁၊၁၁၂၊ ၂၅၀။ အံ၊ဋီ၊၃၊၂၈၀။ အနုဋီ၊၃၊၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၄၁။ ရူ။ ၃၈၇။ နီတိ၊ သုတ္တ၊ ၇၆၂၊ ၇၇၄။ နိရုတ္တိ၊၄၉၀။ ဝိဘာဝိနီ၊၁၀၆။ မဏိမဉ္ဇူ။ ၁။ ၃၂၁-၂။ ဓာန်၊ဋီ၊၁၅၆။) ဝီယီ-သံ။ ဝီရိအ-ပြာ၊ အဒ္ဓမာဂဓီ။ ဝီရိယ-သက္ကတပိဋက။]ဟူသည် ပါဠိစကားလုံးဖြစ်ပြီ အောက်ပါအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ရနိုင်သည်။ (၁) ရဲရင့်သောသူ၏-အဖြစ်-အမှု၊ ရဲရင့်-ကြိုးစား-အားထုတ်-ခြင်း၊ လုံ့လ၊ ဝီရိယ။ အာရဒ္ဓံ ခေါ ပန မေ ဗြာဟ္မဏ ဝီရိယံ အဟောသိ အသလ္လီနံ။ ဝိ၊၁၊၄။ မ၊၁၊၂၆။ နတ္ထိ ဗလံ နတ္ထိ ဝီရိယံ နတ္ထိ ပုရိသထာမော နတ္ထိ ပုရိသပရက္ကမော။ ဒီ၊၁၊၅၀။ မ၊၂၊၇၀။ သံ၊၂၊၁၇၂။ ယံနူနာဟံ ဣမံ အာဗာဓံ ဝီရိယေန ပဋိပဏာမေတွာ ဇီဝိတသင်္ခါရံ အဓိဋ္ဌာယ ဝိဟရေယျံ။ ဒီ၊၂၊၈၄။ သံ၊၃၊၁၃၂။ ဝီရိယေနာတိ ပုဗ္ဗဘာဂဝီရိယေန စေဝ ဖလသမာပတ္တိဝီရိယေန စ။ ဒီ၊ဋ္ဌ၊၂၊၁၃၇။ သံ၊ဋ္ဌ၊၃၊၂၃၆။ ဝီရိယေန ပဏာမေတွာ၊ အရိယမဂ္ဂေါ ဝိသုဇ္ဈတိ။ သံ၊၁၊၇။ ဝီရိယေနာတိ မဂ္ဂသဟဇာတဝီရိယေန။ သံ၊ဋ္ဌ၊၁၊၃၄။ ဝီရိယံ ဝီရိယိန္ဒြီယံ ဝီရိယဗလံ သမ္မာဝါယာမော။ အဘိ၊ဓ၊၁၉။ အဋ္ဌမကဿ ပုဂ္ဂလဿ အတ္ထိ ဝီရိယံ။ အဘိ၊က၊၁၈၇။ မက္ခလိ ဘိက္ခဝေ မောဃပုရိသော ဧဝံဝါဒီ ဧဝံဒိဋ္ဌိ။ “နတ္ထိ ကမ္မံ နတ္ထိ ကိရိယံ နတ္ထိ ဝီရိယ” န္တိ။ အံ၊၁၊၂၉၀။ ဝီရိယဋ္ဌော အဘိညေယျော၊ ဝီရိယဿ မူလဋ္ဌော အဘိညေယျော။ ပဋိသံ၊၁၉။ သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ဝီရိယံ ဒဠှံ။ အပ၊၂၊၂၀၉။ ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာဝီရိယ ကီဒိသံ။ ဗုဒ္ဓဝံ၊၃၀၆။ ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ဝီရိယေန ပဉ္စမံ။ ဒီ၊ဋီ၊၁၊၆၈။ သီ၊ဋီ၊သစ်၊၁၊၂၄၉။ ဝီရိယံ မေ ဓုရဓောရုယှ (သုတ္တနိ၊၂၉၁) န္တိ ဧတ္ထ “ကာယိကော ဝါ စေတသိကော ဝါ ဝီရိယာရမ္ဘော “တိအာဒိနာ နယေန ဝုတ္တပဓာနံ။ သုတ္တနိ၊ဋ္ဌ၊၁၊၁၃၄။ သဗ္ဗဗုဒ္ဓါ ဟိ ... ဒဿေန ဝီရိယေန ပါရမိယော ပူရေတွာ ဗောဓိမူလေ ဗုဒ္ဓါ နာမ ဟောန္တိ။ ဇာ၊ဋ္ဌ၊၁၊၁၂၁။ ဝီရိယံ ကရောဟီ (စူဠနိ၊၉၁) တိ ပရက္ကမံ ကရောဟိ။ စူဠနိ၊ဋ္ဌ၊၂၅။ ဝီရိယ (မူလဋီ၊၂၊၄၃) န္တိ ဘာဝနာနိပ္ပါဒကံ ဥဿာဟံ။ အနုဋီ၊၂၊၅၂။ (ဒီ၊၂၊၂၅၀။ မ၊၂၊၂၀၃။ သံ၊၃၊၁၅၂၊ ၂၁၄။ ၃။ ၁၅၂၊ ၂၁၄။ အံ၊၁၊၄၁။ အံ၊၂၊၄။ အံ၊၃၊၂၅၄။ ပဋိသံ၊၄၀။ ပေတ၊၂၀၃။ အပ၊၁၊၇။ ဝိ၊ဋ္ဌ၊၁၊၁၀၊ ၁၁၁။ ဝိ၊ဋ္ဌ၊၄၊၇၂။ ဒီ၊ဋ္ဌ၊၁၊၉၇၊ ၂၂၃။ ဒီ၊ဋ္ဌ၊၂၊၃၉၃။ မ၊ဋ္ဌ၊၁၊၁၂၈။ မ၊ဋ္ဌ၊၃၊၈၃-၄၊ ၁၆၈။ သံ၊ဋ္ဌ၊၂၊၃၁၃။ အဘိ၊ဋ္ဌ၊၁၊၁၃၉၊ ၁၆၃၊ ၁၈၉-၉၀။ အဘိ၊ဋ္ဌ၊၂၊၂၉၁၊ ၃၀၀။ ပဋိသံ၊ဋ္ဌ၊၁၊၁၄၊ ၂၄၊ ၈၁၊ ၁၂၅။ ဝိသုဒ္ဓိ၊၁၊၃။ ဝိသုဒ္ဓိ၊၂၊၁၀၀။ အပ၊ဋ္ဌ၊၁၊၁၂၆။ ပေတ၊ဋ္ဌ၊၂၃၅။ ဝဇိရ၊၁၄၆။ သာရတ္ထ၊၁၊၅၈၊ ၃၅၃။ ဒီ၊ဋီ၊၁၊၂၂၃။ သီ၊ဋီ၊သစ်၊၁၊၂၆၆။ သီ၊ဋီ၊သစ်၊၂၊၄၀။ ဒီ၊ဋီ၊၂၊၂၀၈။ ဒီ၊ဋီ၊၃၊၆၉။ မ၊ဋီ၊၁၊၅၆၊ ၈၂၊ ၂၉၁။ သံ၊ဋီ၊၂၊၁၂၆။ မူလဋီ၊၁၊၁၀၃၊ ၁၃၇။ မူလဋီ၊၂၊၂။ အနုဋီ၊၂၊၃၊ ၅၂။ အနုဋီ၊၃၊၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၈၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၈၊ ၁၅၀)။ (၂) ကိုယ်အား (အဆက်ဆက်-အဆက်မပြတ်-ရွေ့ရှား သွားလာတတ်သော ဝါယောဓာတ်=လေဓာတ်)။ ဗလဝီရိယ (မ၊၁၊၂၀၆) န္တိ အပရာပရံ သဉ္စရဏဝါယောဓာတု။ မ၊ဋ္ဌ၊၂၊၆၆။ ၆၆။ အဋ္ဌကထာယံ ပန ဗလမေဝ ဝီရိယံ။ ဗလန္တိ စ သရီရဗလံ၊ တဉ္စ အတ္ထတော မနသိကာရမဂ္ဂေဟိ အပရာပရံ သဉ္ဇရဏကဝါတောတိ ဝုတ္တံ “အပရာပရံ သဉ္ဇရဏဝါယောဓာတူ” တိ။ မ၊ဋီ၊၂၊၁၂၂။ (၃) သုက်၊ သုက်သွေး။ ပေါသော ဝီရိယဝါ သောယံ။ အလင်္ကာ။ ၆၅။ ဝီရိယ ဝါ ဥပစိတသမ္ဘဝေါ။ အလင်္ကာ၊ဋီ၊၆၅။ ဝီရိယဝါ ဥပစိတသမ္ဘဝေါ ဥပစိတသုက္ကော။ အလင်္ကာ၊ ဋီ၊ သစ်။ ၆၅။ (၄) ဝီရိယသုတ်။ အပ္ပဋိဝါနီ ယာတပ္ပံ၊ ဝီရိယံ သာတစ္စမုစ္စတိ။ သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂ သံယုတ္တပါဠိ၊ ၉-အန္တရပေယျာလ။ ၈-သုတ်။ သံ၊၁၊၃၅၁။ (၅) ဝီရိယဥယျာဉ်။ ဝီရိယုယျာန-ကြည့်။ (၆) အစွမ်းသတ္တိ။ ရသဝီရိယဝိပါကာနုဘာဝဘေဒေါ ခဏေ အညတ္ထတ္တံ ဝိနာ ကထမုပလဗ္ဘေယျ။ အနုဋီ၊၂၊၄၄။ ယထာ စ ခီရံ ဒဓိဘာဝေန ပရိဏမန္တံ ရသဝီရိယဝိပါကေ ပရိစ္စဇတိ၊ န ဝဏ္ဏံ။ အနုဋီ၊၃၊၉၅။ လက္ခဏာ ရသစသည် ဝီရိယသည်— အားထုတ်ခြင်းလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။ (တစ်နည်း) ချီးမြှောက်ခြင်းလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။ (တစ်နည်း) ထောက်ပံ့ခိုင်စေခြင်း လက္ခဏာ ရှိ၏။ သဟဇာတ်တရားတို့ကို ထောက်ပံ့ခိုင် စေခြင်း ကိစ္စရှိ၏။ တွန့်တိုဆုတ်နစ်ခြင်း၏ ဆန့်ကျင်ဘက်၏အဖြစ်ဖြင့် ဉာဏ်အားရှေ့ရှု ထင်တတ်၏။ ထိတ်လန့်ခြင်း သံဝေဂလျှင် နီးစွာသော အကြောင်းရှိ၏။ ၈-ပါးသော ဝီရိယာရမ္ဘဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ မိလိန္ဒ၊၃၅။ အံ၊ဋ္ဌ၊၁၊၃၈၉။ ပဋိသံ၊ဋ္ဌ၊၁၊၄၁။ ဝိသုဒ္ဓိ၊၂၊၉၃။ ဒီ၊ဋီ၊၁၊၇၁။ သီ၊ဋီ၊သစ်၊၁၊၂၅၂။ ဝီရိယ၏ပရိယာယ်အမည်များ အာတပ္ပ, ပဓာန, အနုယောဂ, (မ၊ဋီ၊၃၊၃၇၈-၉။ အလိုမူ အပ္ပမာဒ, သမ္မာမနသိကာရ-၂-ပါး ကိုပါထည့်) ထာမ, ပရက္ကမ, အာတာပ, ဝီရိယာရမ္ဘ, နိက္ကမ, ပရက္ကမ, ဥယျာမ, ဝါယာမ, ဥဿာဟ, ဥဿောဠှီ, အပ္ပဝါနီ, ထာမ, ဓိတိ, အသိထိလပရက္ကမတာ, အနိက္ခိတ္တဆန္ဒတာ, အနိက္ခိတ္တဓုရတာ, ဓုရသမ္မဂ္ဂါဟ, ဝီရိယ, ဝီရိယိန္ဒြိယ, ဝီရိယဗလ, သမ္မာဝါယာမ, ဥဋ္ဌာန, ဆန္ဒ, ပုရိသထာမ, ပုရိသပရက္ကမ, ဥပေက္ခာ, ပဂ္ဂါဟ, ဤဟာ, သင်္ခါရ-တို့ကား ဝီရိယ၏ ပရိယာယ် အမည်များဖြစ်ကြ၏။ (ဒီ၊၁၊၅၀။ ဒီ၊၃၊၉၄။ မ၊၃၊၂၅၃။ အဘိ၊ဓ၊၁၉။ မဟာနိ၊၃၈၉။ ဝိ၊ဋ္ဌ၊၂၊၁၃၉။ ဒီ၊ဋ္ဌ၊၁၊၉၇။ ဒီ၊ဋ္ဌ၊၃၊၈၀။ မ၊ဋ္ဌ၊၁၊၂၄၈။ မ၊ဋ္ဌ၊၄၊၁၈၃။ အဘိ၊ဋ္ဌ၊၁၊၁၉၀။ ၂၁၆-၇။ သာရတ္ထ၊၂၊၃၂၆။ ဒီ၊ဋီ၊၁၊၂၂၃။ သီ၊ဋီ၊သစ်၊၁၊၃၉၄။ သီ၊ဋီ၊သစ်၊၂၊၄၀။ ဒီ၊ဋီ၊၃၊၈၀။ မ၊ဋီ၊၃၊၃၇၈-၉။ သံ၊ဋီ၊၂၊၁၂၆။ မူလဋီ၊၁၊၁၀၃။ မူလဋီ၊၂၊၁၆၂။ အနုဋီ၊၁၊၁၀၉။ ဓာန်၊၁၅၆)။ “ဝီရိယ၏ကိစ္စနှင့်ဌာန” ဝီရိယသည်— သမ္မပ္ပဓာန် ၄-ကိစ္စ, ဝီရိယိဒ္ဓိပါဒကိစ္စ, ဝီရိယိန္ဒြိယကိစ္စ, ဝီရိယဗလကိစ္စ, ဝီရိယသမ္ဗောဇ္ဈင်္ဂကိစ္စ, သမ္မာဝါယာမ ကိစ္စအားဖြင့် ၉-ကိစ္စတပ်၍ ဌာနအားဖြင့် လည်း— ထိုသမ္မပ္ပဓာန ၄-ဌာန, ဝီရိယိဒ္ဓိပါဒဌာန, ဝီရိယိန္ဒြိယဌာန, ဝီရိယဗလဌာန, ဝီရိယသမ္ဗောဇ္ဈင်္ဂဌာန, သမ္မာဝါယာမဌာနအားဖြင့် ၉-ဌာန ပင်တပ်သည်။ သင်္ဂဟ၊၄၉၊ ၅၀။ ဝိဘာဝိနီ၊၂၂၈။ ဝီရိယ၏အင်္ဂါ အရေ၏ကြွင်းကျန်ခြင်း, အကြော၏ကြွင်းကျန်ခြင်း, အရိုး၏ကြွင်းကျန်ခြင်း, အသားအသွေး၏ ခြောက်ကပ်ခြင်းဟူ၍ ဝီရိယ၏ အင်္ဂါ ၄-ပါးရှိသည်။ (မ၊၂၊၁၄၆။ သံ၊၁၊၂၆၆-၇၊ ၄၆၄။ အံ၊၁၊၅၂။ အံ၊၃၊၃၃။ မဟာနိ၊၅၀၊ ၃၇၉။ ဝိ၊ဋ္ဌ၊၁၊ဋ္ဌ၊၁၊၁၁၁။ မ၊ဋ္ဌ၊၁၊၁၂၈။ မ၊ဋ္ဌ၊၃၊၁၃၅။ သံ၊ဋ္ဌ၊၂၊၄၆။ သာရတ္ထ၊၁၊၃၅၃။ မ၊ဋီ၊၁၊၂၂၂)။ ဝီရိယအမျိုးအစားများ ယင်းဝီရိယကို သံ၊၃၊၉၇-၌ “ယဒိပိ ဘိက္ခဝေ ကာယိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ၊ ယဒပိ စေတသိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ “ဟူ၍ ကာယိကဝီရိယ, စေတသိကဝီရိယ ၂-မျိုးရှိ၏ဟု ဟောတော်မူ၏။ ဒီ၊ဋ္ဌ၊၃၊၂၂၆။ သံ၊ဋ္ဌ၊၁၊၁၅၂၊ ၂၃၄။ သံ၊ဋ္ဌ၊၂၊၁၆၂။ အံ၊၁၊၃၈၃။ အံ၊ဋ္ဌ၊၂၊၄၆၊ ၂၂၃။ အံ၊ဋ္ဌ၊၃၊၃၆၊ ၂၅၂၊ ၂၅၈။ အဘိ၊ဋ္ဌ၊၂၊၂၇၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၅၅။ ဓမ္မ၊ဋ္ဌ၊၂၊၅၅။ သုတ္တနိ၊ဋ္ဌ၊၁၊၁၃၄။ နေတ္တိ၊ဋ္ဌ၊၇၅။ ဒီ၊ဋီ၊၂၊၃၄၆။ ဒီ၊ဋီ၊၃၊၂၁၇။ မ၊ဋီ၊၃၊၁၁၅။ အံ၊ဋီ၊၂၊၄၁-တို့၌လည်း ထို့အတူ ကာယိကဝီရိယ, စေတသိက ဝီရိယ ၂-မျိုးရှိ၏ဟု မိန့်ဆိုကြကုန်၏။ ဒီ၊ဋီ၊၃၊၂၆၁။ အံ၊ဋီ၊၃၊၃၀၊ ၂၆၅။တို့၌လည်း “လူးလာခေါက်ပြန် စင်္ကြံသွားခြင်း၏အစွမ်းဖြင့် အားထုတ်မှုကိုပြုရာ၌ ဝီရိယကို ကာယိကဟူ၍လည်းခေါ်ဆိုထိုက်၏” ဟု မိန့်ဆိုကြကုန်၏။ သို့သော်လည်း အဘိ၊ဋ္ဌ၊၁၊၁၈၉-၌ကား “ကာယဝိညာဉ်ရှိသကဲ့သို့ ကာယိကဝီရိယကား မရှိ၊ အဘိ၊ဓ၊၁၉-၌ ကာယိကဝီရိယရှိသောကြောင့် စေတသိကော ဟူသော ဝိသေသနကို ဆိုအပ်သည်မဟုတ်၊ ဝီရိယ၏အမြဲအားဖြင့် စေတသိက၏အဖြစ်ကို ပြခြင်းအကျိုးငှါသာ ဆိုအပ်၏။ သံ၊၃၊၉၇-၌လာသော ဘိက္ခဝေ ကာယိကံ ဝီရိယံ” စသောစကားကိုလည်း လူးလာခေါက်ပြန် စင်္ကြံသွားသော သူအား ဖြစ်သောကြောင့်သာ ဆိုအပ်၏။ ကာယိကဝီရိယ ရှိသည်၏အဖြစ်ကြောင့် ဆို အပ်သည်မဟုတ် ဝီရိယသည် စေတသိကသာ ဧကန်ဖြစ်၏ “ဟု မိန့်၏။ ဥဋ္ဌာနနှင့် ဝီရိယအထူး ဓမ္မ၊ဋ္ဌ၊၁၊၁၆၂-၌ “ဝီရိယသင်္ခါတေန ဥဋ္ဌာနေန “ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, အံ၊ဋ္ဌ၊၃၊၂၂-၌ “ဥဋ္ဌာနသင်္ခါတေန ဝီရိယေန” ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, သာရတ္ထ၊၂၊၃၂၆-၌ “ဥဋ္ဌာနဝီရိယသမ္မန္နာတိ ကာယိကေန ဝီရိယေန သမန္နာဂတာ”ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, သံ၊ဋီ၊၁၊၃၂၈-၌ “ဥဋ္ဌဟတိ ဥဿဟတိ ဧတေနာတိ ဥဋ္ဌာနံ၊ ဝီရိယံ” ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း ဥဋ္ဌာနနှင့်ဝီရိယကို အရတူ ပရိယာယ်သဒ္ဒါဟု သိစေကုန်၏။ ဝီရိယဟူသည် အံ၊ဋီ၊၃၊၁၉-၌ကား— ဥဋ္ဌာနဟူသည် ကာယိကဝီရိယတည်း။ စေတသိကဝီရိယတည်းဟု ဝဒန္တိဝါဒအားဖြင့် ဖွင့်ပြပြီး ဥဋ္ဌာနဟူသည် စီးပွားဥစ္စာရအောင် အားထုတ်မှုတည်း။ ဝီရိယဟူသည် ထိုဥဋ္ဌာန အားလျော်သော အားထုတ်မှုတည်းဟု တစ်နည်းဖွင့်ပြန်သေး၏။ သံ၊ဋ္ဌ၊၁၊၅၉-၌လည်း “ဥဋ္ဌာနဝီရိယာဓိဂတဿာတိ ဥဋ္ဌာနေန ဝီရိယေန စ အဓိဂတဿ ဘောဂဿ” ဟု ဥဋ္ဌာနနှင့်ဝီရိယကို အရကွဲအားဖြင့် ဖွင့်ပြ၏။ ၎င်း၏အဖွင့်ဋီကာ (သံ၊ဋီ၊၁၊၁၀၄) ၌ကား အံ၊ဋီ၊၃၊၁၉။ ၌ကဲ့သို့ပင်ဖွင့်ပြ၏။ ဝီရိယကို မိလိန္ဒ၊၃၁၆-၌ ပြအိုးဖြင့် ဥပမာပြုသည်။ ဝိ၊ဋ္ဌ၊၁၊၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၁၉၇-တို့၌ကား ခြေ (ခြေထောက်)ဖြင့် ဥပမာပြုသည်။ အဆိုအမိန့်များ နိဗ္ဗာန်သို့ မရောက်သေးသမျှ ဝီရိယကို မစွန့်လွှတ်ရာ။ ထေရ၊၃၀၅။ ဝီရိယရှိသော သူအား မကြံစည်အပ်သောအရာသည်လည်း ဖြစ်လာတတ်၏။ (ဇာ၊ဋ္ဌ၊၄၊၂၇၀) ဝီရိယကို အားထုတ်ခြင်းဖြင့် ပညာကိစ္စပြီး၏။ (ဝီရိယ ရှိလျှင် ပညာတတ်မြောက်နိုင်၏) ဒီ၊ဋီ၊၁၊၆၉။ ဝီရိယဖြင့် သည်ခံခြင်းပြီးမြောက်၏။ (ဝီရိယရှိသောသူသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ ခံနိုင်၏) ဒီ၊ဋီ၊၁၊၆၉။ သီ၊ဋီ၊သစ်၊၁၊၂၅၀။ အားထုတ်အပ်သောဝီရိယရှိသော သူသည် ခဲယဉ်းသဖြင့် ရ-ရောက်-အပ်သော အရာမည်သည် မရှိ။ (ဝီရိယရှိလျှင် မည်သည့် အရာကိုမဆို အလွယ်တကူ ရ-ရောက်-နိုင်၏) သီ၊ဋီ၊သစ်၊၁၊၂၆၇။ ဝီရိယသည် မှားသော အကြံအစည်များကို ဝေးကွာစေ၏။ သီ၊ဋီ၊သစ်၊၁၊၂၆၇။ ဝီရိယဖြင့် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို ပယ်ဖျောက်နိုင်၏။ သီ၊ဋီ၊သစ်၊၁၊၄၉၈။ ဥပနိဿယနှင့်ပြည့်စုံ၍ ဝီရိယရှိသောသူအား နိဗ္ဗာန်ကို ခဲယဉ်းစွာပြုအပ်သည်မဟုတ်။ ဥဒါန၊ဋ္ဌ၊၃၅၁။ ဝီရိယဖြင့် ကာမဒုက္ခကိုလွန်မြောက်နိုင်၏။ သံ၊၁၊၂၁၇။ သံ၊ဋ္ဌ၊၁၊၃၀၂။ ဝီရိယသည် သုခ, ဒုက္ခတို့ကို ပြီးစေတတ်၏။ ဒီ၊၃၊၉၉၊ ၁၀၀။ ဒီ၊ဋ္ဌ၊၃၊၉၃။ ဝီရိယသည် နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားဖြစ်၏။ အပ၊၁၊၇။ အပ၊ဋ္ဌ၊၁၊၁၂၇။ သမာဓိလွန်၍ ဝီရိယ နုံ့လျှင် ပျင်းရိတတ်၏၊ ဝီရိယလွန်၍ သမာဓိ နှံ့လျှင် ပျံ့လွင့်တတ်၏၊ ထို့ကြောင့် သမာဓိနှင့် ဝီရိယကို မျှအောင်ပြုအပ်၏။ မ၊ဋ္ဌ၊၁၊၂၉၅-၆။ ဝီရိယလွန်ကဲသော ဘုရားလောင်းတို့၏ပညာသည် နုံ့တတ်၏။ စရိယာ၊ဋ္ဌ၊၃၂၀။ ကြိုးစာက ဘုရားဖြစ်နိုင်သည်။ ဗုဒ္ဓဝံ၊၃၁၇။ အဘိ၊ဋ္ဌ၊၁၊၅၀။ အသင့်အားဖြင့် အားထုတ်အပ်သော ဝီရိယသည် အလုံးစုံသော စည်းစိမ်ဥစ္စာကိုရခြင်း၏ အကြောင်းရင်းဖြစ်၏။ အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝီရိယရှိသော သူအား မပြီးသောအမှုကိစ္စမရှိ၊ ကိစ္စအားလုံး ပြီးနိုင်၏။ ဝိဘာဝိနီ၊၂၂၃။ မဏိမဉ္ဇူ၊၂၊၂၆၆။ အိပ်ခြင်း, ပျင်းရိခြင်းစသည်ကို ဝီရိယဖြင့် ပယ်ဖျောက်ရမည်။ သံ၊၁၊၇။ ဝီရိယတည်ရှိနေသမျှ အကုသိုလ်မဖြစ်ပေါ်နိုင်၊ ဝီရိယကွယ်ပျောက်ခဲ့သော် အကုသိုလ်ဖြစ် ပေါ်နိုင်သည်။ အံ၊၂၊၅။ ဝီရိယမရှိဘဲ နှစ်ပေါင်း (၁၀၀) အသက်ရှင်ရသည်ထက် ဝီရိယကိုအားထုတ်ပြီး တစ်ရက်မျှ အသက် ရှင်ရခြင်းကမြတ်၏။ ဓမ္မ၊၂၉။ ဓမ္မ၊ဋ္ဌ၊၁၊၄၃၄-၇။ အင်္ဂါ ၄-ပါးရှိသောဝီရိယကို ဆွမ်းမစားမီ အချိန်၌လည်းကောင်း, ဆွမ်းစားပြီး အချိန်၌ လည်းကောင်း ပုရိမယာမ်၌လည်းကောင်း, မဇ္ဈိမယာမ်၌လည်းကောင်း, ပစ္ဆိမယာမ်၌ လည်းကောင်း, သွားချိန်၌လည်းကောင်း, ရပ်ချိန်၌လည်းကောင်း, ထိုင်ချိန်၌လည်းကောင်း, အိပ်ချိန်၌လည်းကောင်း ဤ ၉-ပါးသောဌာနတို့၌ ဆောက်တည်အပ်၏။ သံ၊ဋ္ဌ၊၂၊၄၆။ ထက်သန်သောဝီရိယရှိသောသူသည်— “အရေ, အကြော, အရိုးတို့ကြွင်းမူလည်း ကြွင်းစေ၊ ကိုယ်၌ အသားအသွေးတို့ ခန်း ခြောက်မှုလည်း ခန်းခြောက်စေ၊ ယောက်ျားတို့၏အစွမ်းဖြင့်, ယောက်ျားတို့၏လုံ့လဖြင့် ယောက်ျားတို့၏ အားထုတ်ခြင်းဖြင့် ရောက် အပ်ရောက်နိုင်သော နိဗ္ဗာန်သို့ မရောက် မခြင်း လုံ့လ၏ရပ်တန့်ခြင်း မဖြစ်အံ့” ဟု ဆောက်တည်အားထုတ်ရမည်။ သံ၊၁၊၄၆၄။ လုံ့လဝီရိယထက်သန်သောအရာ၌ သောဏကောဠိဝိသထေရ်နှင့် သောဏာထေရီတို့ကို ဧတဒဂ်ထားတော်မူသည်။ အံ၊၁၊၂၄-၆။ ဝီရိယ၏အကျိုး အမ္ဗဇာတ် (ဇာ၊၁၊၁။ ၂၉။ ဇာ၊ဋ္ဌ၊၁၊၄၇၅-၆)၌ ရသေ့တစ်ဦး၏ ဝီရိယကြောင့် တိရစ္ဆာန်ပေါင်းများစွာနှင့် ရသေ့ (၅၀၀)တို့ အစာရေစာ ဝလင်စွာ စားသောက်ရကုန်၏။ သရဘမိဂဇာတ် (ဇာ၊၁၊၂၇၂-၄။ ဇာ၊ဋ္ဌ၊၄၊၂၆၃-၇၅)၌ ဘုရားလောင်း သမင်ဆီး ဆောက်၏ဝီရိယကြောင့် အတောင် (၆၀) အစောက်ရှိသောတွင်း၌ ကျနေသော ဗြဟ္မဒတ်မင်းကြီးသည် အသက်ချမ်းသာခဲ့၏။ မဟာဇနကဇာတ် (ဇာ၊၂၊၁၅၉-၇၄။ ဇာ၊ဋ္ဌ၊၆၊၃၉-၈၄)၌ ဘုရားလောင်း မဟာဇနကမင်းကြီးသည် (၇) ရက်တိုင်တိုင် ကြိုးစားအားထုတ်မှုကြောင့် အသက်ဘေးမှလွတ်မြောက်သည့်အပြင် သီဝလိဒေဝီမိဖုရားကြီးနှင့်တကွ မိထိလာပြည်ကြီးကို သိမ်းမြန်းစိုးစံရ၏။ ဝီရိယ၏အရေးပါပုံ ဝီရိယသည် ရန်အောင်ကြောင်းတရား ၄-ပါး, သူတော်ကောင်းတရား ၇-ပါး, ပါရမီ ၁၀-ပါးတို့၌ ပါဝင်သည်။ ဗုဒ္ဓဝံ၊၃၀၆၊ ၃၁၇။ ဇာ၊၁၊၆၁။ ၆၁။ မ ၁။ ၁၈။ အဘိ၊ဋ္ဌ၊၁၊၅၀။ စရိယာ၊ဋ္ဌ၊၂၂၃၊ ၂၇၀။ ဇာ၊ဋ္ဌ၊၁၊၂၇။ ဝိမတိ၊၁၊၅၀။ ဒီ၊ဋီ၊၁၊၆၈။ သီ၊ဋီ၊သစ်၊၁၊၂၄၈-၉။ မ၊ဋီ၊၁၊၅၆။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၃၃။ လုံ့လဝီရိယပေါ့လျော့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူအပ်သော ဇာတ်တော်များ ဝဏ္ဏပထဇာတ် (ဇာ၊၁၊၁။ ဇာ၊ဋ္ဌ၊၁၊၁၂၂-၆)။ သေရိဝဝါဏိဇဇာတ် (ဇာ၊၁၊၂။ ဇာ၊ဋ္ဌ၊၁၊၁၂၆-၉)။ ဂါမဏိဇာတ် (ဇာ၊၁၊၃။ ဇာ၊ဋ္ဌ၊၁၊၁၅၃-၄)။ ဘောဇာဇာနီယဇာတ် (ဇာ၊၁၊၆။ ဇာ၊ဋ္ဌ၊၁၊၁၉၄-၆)။ အာဇညဇာတ် (ဇာ၊၁၊၆။ ဇာ၊ဋ္ဌ၊၁၊၁၉၆-၇)။ မဟာသီလဝဇာတ် (ဇာ၊၁၊၁၃။ ဇာ၊ဋ္ဌ၊၁၊၂၇၉-၈၅)။ စူဠဇနကဇာတ် (ဇာ၊၁၊၁၃။ ဇာ၊ဋ္ဌ၊၁၊၂၈၅)။ ပဉ္စာဝုဓဇာတ် (ဇာ၊၁၊၁၃။ ဇာ၊ဋ္ဌ၊၁၊၂၉၀-၃)။ အလီနစိတ္တဇာတ် (ဇာ၊၁၊၃၇။ ဇာ၊ဋ္ဌ၊၂၊၁၆၊ ၂၁)။ ခုရပ္ပဇာတ် (ဇာ၊၁၊၇၇။ ဇာ၊ဋ္ဌ၊၂၊၃၀၃-၄)။ သံဝရဇာတ် (ဇာ၊၁၊၂၃၈။ ဇာ၊ဋ္ဌ၊၄၊၁၃၃-၉)။ ပျင်းရိသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူအပ်သောဇာတ်-ရာဇကုမ္ဘဇာတ် (ဂဇကုမ္ဘဇာတ်လည်း ဟူ။ ဇာ၊၁၊၁၁၆။ ဇာ၊ဋ္ဌ၊၃၊၁၂၈-၃၀)။ “ဝီရိယနှင့် စောင်းဥပမာ” စောင်း၌ စောင်းညှို့ (စောင်းကြိုး) တင်းလွန်း လျှင်ဖြစ်စေ, လျော့လွန်းလျှင်ဖြစ်စေ အသံ မသာယာ၊ မတင်းလွန်း မလျော့လွန်းမှ အသံ သာယာသကဲ့သို့ ထို့အတူ ဝီရိယထက်သန် လွန်းလျှင် ပျံ့လွင့်တတ်၏၊ ဝီရိယလျော့လွန်းလျှင် ပျင်းရိတတ်၏။ ထို့ကြာင့် ဝီရိယနှင့် သမာဓိမျှအောင် ပြုကျင့်ရမည်ဟူ၍ အံ၊၂၊၃၂၉-၃၃။၌ သောဏထေရ်အား မြတ်စွာဘုရား ဟောကြားတော်မူသည်)။ အံ၊၂၊၃၂၉-၃၃ ဆက်စပ်ဖတ်ရှုရန် ဝီရိယပါရမီ ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ
သစ္စာ
(၁)သစ္စ (တိ) [သတ+တျ။ သတ+ယ။ ရူ၊၆၆၀။ နီတိ၊ သုတ္တ၊ ၁၂၆၀။ သန္တ+ဏျ။ သန္တေသု သာဓူသု ဘဝံ သစ္စံ။ သာတစ္ဆေ ဝါ၊ ဝဇာဒိနာ ယော၊ သစ္စံ။ ဓာန်၊ဋီ။ ၁၂၇။ သတ+ယ။ သတေ ဟိတံ သတျံ-သစ္စံ။ ကောတ္ထုဘ။ သီတ+ဏျ-သစ္စ။ သီ၊ဋီ၊သစ်၊၁၊၃၇၇။ သတျ-သံ။ သစ္စ-ပြာ၊ အဒ္ဓမာဂဓီ။] (ဝစီသစ္စာ, ဝါစာသစ္စာ) မဖောက်မပြန်-ဟုတ်မှန်-သော စကား။ (၁) (ဝစီသစ္စာ, ဝါစာသစ္စာ) မဖောက် မပြန်-ဟုတ်မှန်-သော စကား။ သစ္စေ စ အကုပ္ပေ စာ (ဝိ၊၄၊၄၄၁) တိ ဝစီသစ္စေ အကုပ္ပနတာယ စ။ ဝိ၊ဋ္ဌ၊၄၊၁၂၆။ သစ္စမနုရက္ခေယျာ (မ၊၃၊၂၈၂) တိ ပရမတ္ထသစ္စဿ နိဗ္ဗာနဿ သစ္ဆိကိရိယတ္တံ အာဒိတောဝ ဝစီသစ္စံ ရက္ခေယျ။ မ၊ဋ္ဌ၊၄၊၂၀၈။ သစ္စံ ဘဏေ (ဓမ္မ၊၄၆) တိ သစ္စံ ဒီပေယျ ဝေါဟရေယျ၊ သစ္စေ ပတိဋ္ဌဟေယျာတိ အတ္ထော။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၄။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ခုဒ္ဒက၊၅။ သုတ္တနိ၊၃၁၂။ စောရီနံ ဗဟုဗုဒ္ဓိနံ၊ ယာသု သစ္စံ သုဒုလ္လဘံ။ ဇာ၊၁၊၃၉၅။ (မ၊၃၊၂၈၂။ သံ၊၁၊၁၉၁၊ ၂၁၆။ ထေရ၊၂၄၉၊ ၃၇၀။ ဓမ္မ၊၄၆။ ဇာ၊၁၊၁၄၊ ၁၇၊ ၃၆၊ ၆၁၊ ၁၀၃။ ဇာ၊၂၊၁၄၀၊ ၂၆၉။ ဋ္ဌ၊၂၊၁၇၇။ မ၊ဋ္ဌ၊၄၊၂၀၈။ ခုဒ္ဒက၊ဋ္ဌ၊၁၅၀။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၂။ ထေရ၊ဋ္ဌ၊၁၊၃၂၅။ စရိယာ၊ဋ္ဌ၊၂၂၂။ ဇာ၊ဋ္ဌ၊၁၊၂၉၇၊ ၃၄၄။ ဇာ၊ဋ္ဌ၊၂၊၄။ ဇာ၊ဋ္ဌ၊၃၊၆၄။ ဇာ၊ဋ္ဌ၊၇၊၁၃၆။ သာရတ္ထ၊၂၊၃၅၃)။ (၂) (ဝိရတီသစ္စာ) သမ္မာဝါစာ စေတသိက်။ (၂) (ဝိရတီသစ္စာ) သမ္မာဝါစာ စေတသိက်။ သစ္စေ ဌိတာ သမဏ-ဗြာဟ္မဏာ စာ (ဇာ၊၂၊၁၄၀) တိအာဒီသု ဝိရတိသစ္စေ။ သံ၊ဋ္ဌ၊၁၊၃၀၀။ အဘိ၊ဋ္ဌ၊၂၊၈၀-၁။ ပဋိသံ၊ဋ္ဌ၊၁၊၅၉။ ဝိသုဒ္ဓိ၊၂၊၁၂၇။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၅။ (သံ၊ဋီ၊၁၊၃၂၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၄-၅)။ (၃) (အရိယသစ္စာ)သစ္စာ ၄-ပါး။ (၃) (အရိယသစ္စာ) သစ္စာ ၄-ပါး။ စတ္တာရိ အရိယသစ္စာနိ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ။ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ။ အဘိ၊ဝိ၊၃၀၄။ စတ္တာရိ သစ္စာနိ— ဒုက္ခသစ္စံ သမုဒယသစ္စံ နိရောဓသစ္စံ မဂ္ဂသစ္စံ။ ယမက၊၁၊၂၀၅။ သစ္စာနီတိ စတ္တာရိ အရိယသစ္စာနိ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခသမုဒယော အရိယသစ္စံ၊ ဒုက္ခနိရောဓော အရိယသစ္စံ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ။ ဝိသုဒ္ဓိ၊၂၊၁၂၄။ စတ္တာရိ သစ္စာနိ ပကာသေတိ။ ဇာ၊ဋ္ဌ၊၁၊၉၆။ စတုသစ္စံ ပကာသေန္တော။ အပ၊၁၊၁၂၁။ တတ္ထ သစ္စန္တိ တထံ အဝိတထံ အဝိပရီတံ သစ္စံ၊ ဒုက္ခသမုဒယနိရောဓမဂ္ဂဝသေန စတ္တာရိ သစ္စာနိ သမာဟဋာနီတိ စတုသစ္စံ။ အပ၊ဋ္ဌ၊၂၊၈၅။ (မ၊၁၊၃၉၈။ အဘိ၊ပု၊၁၁၇။ ပဋိသံ၊၁၇၂၊ ၂၉၃-၄။ ဓမ္မ၊၅၁။ ထေရ၊၃၀၆။ ထေရီ၊၄၂၉၊ ၄၃၃။ အပ၊၁၊၃၁၊ ၅၃၊ ၁၁၂။ အပ၊၂၊၁၀၈။ နေတ္တိ၊၄၊ ၈၊ ၁၄၊ ၉၂။ မိလိန္ဒ၊၂၉၈။ မ၊ဋ္ဌ၊၂၊၂၉၈။ သံ၊ဋ္ဌ၊၁၊၃၀၀။ အဘိ၊ဋ္ဌ၊၂၊၈၀။ ပဋိသံ၊ဋ္ဌ၊၁၊၅၉။ ပဋိသံ၊ဋ္ဌ၊၂၊၁၉၆။ ဝိသုဒ္ဓိ၊၂၊၁၂၄-၇။ ဥဒါန၊ဋ္ဌ၊၆၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၄၅။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၅။ ထေရ၊ဋ္ဌ၊၁၊၉၊ ၁၀။ ထေရ၊ဋ္ဌ၊၂၊၉၊ ၂၅၊ ၂၁၀။ ထေရီ၊ဋ္ဌ၊၂၉၆။ အပ၊ဋ္ဌ၊၁၊၃၃၇။ အပ၊ဋ္ဌ၊၂၊၈၅။ ဇာ၊ဋ္ဌ၊၁၊၁၂၁-၆။ ဇာ၊ဋ္ဌ၊၂၊၈၊ ၁၁၊ ၂၁၊ ၂၆။ ဇာ၊ဋ္ဌ၊၃၊၁၆၊ ၁၉၊ ၃၁။ ဇာ၊ဋ္ဌ၊၄၊၂၂-၇၊ ၃၆။ ဇာ၊ဋ္ဌ၊၅၊၁၁၊ ၃၇၊ ၁၆၁။ နေတ္တိ၊ဋ္ဌ၊၂၉၊ ၅၁)။ (၄) သစ္စဉာဏ်-သစ္စာ ၄-ပါး တရားတို့ကို ထိုးထွင်း၍ သိတတ်သောဉာဏ်။ (၄) သစ္စဉာဏ် (သစ္စာ ၄-ပါးတရားတို့ကို ထိုးထွင်း၍ သိတတ်သော ဉာဏ်)။ သစ္စာနီ (ပဋိသံ၊၂၇၇) တိ စေတ္ထ သစ္စဉာဏာနိ။ ပဋိသံ၊ဋ္ဌ၊၂၊၁၈၀။ သစ္စ (ဓမ္မ၊၉၆) န္တိ ယသ္မိံ ပုဂ္ဂလေ စတ္တာရိ သစ္စာနိ သောဠသဟာကာရေဟိ ပဋိဝိဇ္ဈိတွာ ဌိတံ သစ္စဉာဏဉ္စေဝ နဝဝိဓာ လောကုတ္တရဓမ္မော အတ္ထိ။ ဓမ္မ၊ဋ္ဌ၊၂၊၄၀၂။ (ပဋိသံ၊၃၉၃။ ဓမ္မ၊၅၁။ ဇာ၊၁၊၄၁။ ပဋိသံ၊ဋ္ဌ၊၂၊၃၀၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၄၅)၊ (၅) သစ္စာပါရမီ။ (၅) သစ္စာပါရမီ။ ခန္တီသစ္စမဓိဋ္ဌာနံ မေတ္တုပေက္ခာ စ ကီဒိသာ။ ဗုဒ္ဓဝံ၊၃၀၆။ (၆) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ (၆) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ သစ္စ (မ၊၃၊၂၈၈) န္တိ ပရမတ္ထသစ္စံ နိဗ္ဗာနံ။ မ၊ဋ္ဌ၊၄၊၂၁၄။ ဒုဒ္ဒသံ အနတ္တံ နာမ၊ န ဟိ သစ္စံ သုဒဿနံ။ ဥဒါန၊၁၇၈။ တတ္ထ သစ္စန္တိ နိဗ္ဗာနံ။ တံ ဟိ ကေနစိ ပရိယာယေန အသန္တသဘာဝါဘာဝတော ဧကန္တေနေဝ သန္တတ္တာ အဝိပရီတဋ္ဌေန သစ္စံ။ ဥဒါန၊ဋ္ဌ၊၃၅၆။ (၇) ဗြဟ္မဏသစ္စာ=ပရမတ္ထဗြဟ္မာတို့၏-မဖောက်မပြန်-ဟုတ်မှန်-သောစကား။ (၇) ဗြာဟ္မဏသစ္စာ=ပရမတ္ထဗြဟ္မာတို့၏-မဖောက်မပြန်-ဟုတ်မှန်-သော စကား။ စတ္တာရိမာနိ ပရိဗ္ဗာဇကာ ဗြာဟ္မဏသစ္စာနိ သစ္ဆိကတွာ ပဝေဒိကာနိ။ အံ၊၁၊၄၉၆။ စတ္တာရိမာနိ ဘိက္ခဝေ ဗြာဟ္မဏသစ္စာနီတိ-အာဒီသု ဗြာဟ္မဏသစ္စေ။ သံ၊ဋ္ဌ၊၁၊၃၀၀။ ဗြာဟ္မဏသစ္စာနီတိ ပရမတ္ထဗြဟ္မာနံ သစ္စာနိ။ သံ၊ဋီ၊၁၊၃၂၂။ (၈) (ဒိဋ္ဌိသစ္စာ) မိစ္ဆာဒိဋ္ဌိ=ဒိဋ္ဌိစေတသိက်။(၈) (ဒိဋ္ဌိသစ္စာ) မိစ္ဆာဒိဋ္ဌိ=ဒိဋ္ဌိစေတသိက်။ ကသ္မာ နု သစ္စာနိ ဝဒန္တိ နာနာ၊ ပဝါဒိယာသေ ကုသလာ ဝဒါနာ (သုတ္တနိ၊၄၁၆) တိအာဒီသု ဒိဋ္ဌိသစ္စေ။ သံ၊ဋ္ဌ၊၁၊၃၀၀။ အဘိ၊ဋ္ဌ၊၂၊၈၀-၁။ ပဋိသံ၊ဋ္ဌ၊၁၊၅၉။ ဝိသုဒ္ဓိ၊၂၊၁၂၇။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၅။ သစ္စာနီ (ပဋိသံ၊ဋ္ဌ၊၂၊၄၄) တိ ဒိဋ္ဌိသစ္စာနိ။ ပဋိသံ၊ ဂဏ္ဌိ။ ၂၄၅။ (၉) (က) (သမ္မုတိသစ္စာ) ပညတ်ဖြစ်၍ မှန်ကန်သော တရားစကား။ (၉) (က) (သမ္မုတိသစ္စာ) ပညတ်ဖြစ်၍ မှန်ကန်သော တရားစကား။ (ခ) (ပရမတ္ထသစ္စာ) ပရမတ္ထဖြစ်၍ မှန်ကန်သော တရားစကား။ (ခ) (ပရမတ္ထသစ္စာ) ပရမတ္ထဖြစ်၍ မှန်ကန် သောတရားစကား။ ဒုဝေ သစ္စာနိ အက္ခာသိ၊ သမ္ဗုဒ္ဓေါ ဝဒတံ ဝရော။ ဒီ၊ဋ္ဌ၊၁၊၃၁၆။ မ၊ဋ္ဌ၊၁၊၁၄၂။ သံ၊ဋ္ဌ၊၂၊၇၂။ အံ၊ဋ္ဌ၊၁၊၇၄။ ဣတိဝုတ်၊ဋ္ဌ၊၇၈။ (သီ၊ဋီ၊သစ်၊၂၊၄၀၀)။ သမ္မုတိသစ္စံ ပရမတ္ထသစ္စန္တိ ဒွေ သစ္စာနိ။ အဘိ၊ဋ္ဌ၊၃၊၁၈၇။ သစ္စောခတ္တိယော”တိအာဒိဘေဒံ သမ္မုတိသစ္စံ သစ္စော ဗြာဟ္မဏော ဝါ “ဒုက္ခံ အရိယသစ္စ “န္တိအာဒိဘေဒံ ပရမတ္ထသစ္စံ ဝါ ဟောတု။ ဓမ္မ၊ဋ္ဌ၊၂၊၂၅၄။ (နေတ္တိ၊ဋ္ဌ၊၂၆၆)။ (၁၀) (က) (ဝစီသစ္စာ) မဖောက်မပြန်-ဟုတ်မှန်-သောစကား။ (၁၀) (က) (ဝစီသစ္စာ) မဖောက် မပြန်-ဟုတ်မှန်-သော စကား။ (ခ) (ဝိရတီသစ္စာ) သမ္မာဝါစာ စေတသိက်။ (ခ) (ဝိရတီသစ္စာ) သမ္မာဝါစာ စေတသိက်။ သစ္စေ ဌိတာ သမဏဗြာဟ္မဏာ စ။ ဇာ၊၂၊၁၄၀။ ယသ္မာ ဝါ ဝိရတိသစ္စဝစီသစ္စေ ဌိတာ--- အမတမဟာနိဗ္ဗာနံ တရန္တိ ပါပုဏန္တိ။ ဇာ၊ဋ္ဌ၊၅၊၅၃၂။ သစ္စေ ဌိတာ (သံ၊ဋ္ဌ၊၁၊၃၀၁) တိ ဝိရတိသစ္စေ ဝါစာသစ္စေ စ ဌိတာ။ သံ၊ဋီ၊၁၊၃၂၂။ (၁၁)(ပရမတ္ထသစ္စာ)(က) နိဗ္ဗာန်။ (၁၁) (ပရမတ္ထသစ္စာ) (က) နိဗ္ဗာန်။ (ခ) မဂ္ဂသစ္စာ၊ အရိယမဂ်။ (ခ) မဂ္ဂသစ္စာ၊ အရိယမဂ်။ သစ္စေန ဒန္တော ဒမသာ ဥပေတော။ သံ၊၁၊၁၇၀။ သစ္စေန ဒန္တောတိ ပရမတ္ထသစ္စေန ဒန္တော။ သံ၊ဋ္ဌ၊၁၊၂၁၅။ ပရမတ္ထသစ္စေန နိဗ္ဗာနေန အာရမ္မဏပစ္စယဘူတေန အရိယ-မဂ္ဂေန ဒန္တော။ သံ၊ဋီ၊၁၊၂၆၁။ ဧကံ ဟိ သစ္စ (သုတ္တနိ၊၄၁၆) န္တိ ဝိဿဇ္ဇနဂါထာယ ဧကံ သစ္စံ နိရောဓော မဂ္ဂေါ ဝါ။ သုတ္တနိ၊ဋ္ဌ၊၂၊၂၇၀။ ဧကံ ဟိ သစ္စံ န ဒုတိယမဂ္ဂီတိ ဧကံ သစ္စံ ဝုစ္စတိ ဒုက္ခနိရောဓော နိဗ္ဗာနံ။ --- အထ ဝါ ဧကံ သစ္စံ ဝုစ္စတိ မဂ္ဂသစ္စံ နိယျာနသစ္စံ — အဋ္ဌင်္ဂိကော မဂ္ဂေါ။ မဟာနိ၊၂၂၆။ (မ၊၃၊၂၈၈။ မ၊ဋ္ဌ၊၄၊၂၁၄)။ (၁၂) (က) (ဝစီသစ္စာ) မဖောက်မပြန်-ဟုတ်မှန်-သောစကား။ (၁၂) (က) (ဝစီသစ္စာ) မဖောက်မပြန်-ဟုတ်မှန်-သော စကား။ (ခ) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ (ခ) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ ယဒေဝ တတ္ထ သစ္စံ၊ တဒဘိညာယ (အံ၊၁၊၃၉၇) တိ ယံ တတ္ထ “သဗ္ဗေ ပါဏာ အဝဇ္ဈာ”တိ ပဋိပတ္တိယာ သစ္စံ တထံ အဝိပရီတံ။ ဣမိနာ ဝစီသစ္စံ အဗ္ဘန္တရံ ကတွာ ပရမတ္ထသစ္စံ နိဗ္ဗာနံ ဒဿတိ။ အံ၊ဋ္ဌ၊၂၊၃၅၉။ (၁၃)(က) ဝစီသစ္စာ။ (၁၃) (က) ဝစီသစ္စာ။ (ခ) ပရမတ္ထသစ္စာ။ (ခ) ပရမတ္ထသစ္စာ။ သစ္စေန ကိတ္တိံ ပပ္ပေါတိ။ သံ၊၁၊၂၁၇။ သုတ္တနိ၊၃၀၇။ နေတ္တိ၊၁၂၆။ သစ္စေနာတိ ဝစီသစ္စေနာပိ “သစ္စဝါဒီ ဘူတဝါဒီ “တိ, ပရမတ္ထသစ္စေနာပိ “ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ အရိယသာဝကော “တိ ကိတ္တိံ ပပ္ပေါတိ။ သံ၊ဋ္ဌ၊၁၊၃၀၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၉။ သစ္စေနာတိ ဝစီသစ္စေန ပရမတ္ထသစ္စေန စ။ နေတ္တိ၊ဋ္ဌ၊၂၃၅။ (နေတ္တိ၊ဝိ၊၃၀၁)။ (၁၄) (က) (ဝစီသစ္စာ) မဖောက်မပြန်-ဟုတ်မှန်-သော စကား။ (၁၄) (က) (ဝစီသစ္စာ) မဖောက် မပြန်-ဟုတ်မှန်-သော စကား။ (ခ) (မဂ္ဂသစ္စာ) သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ။(ခ) (မဂ္ဂသစ္စာ) သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ။ (ဂ) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ (ဂ) (ပရမတ္ထသစ္စာ) နိဗ္ဗာန်။ သစ္စံ ဓမ္မော သံယမော ဗြဟ္မစရိယံ။ သံ၊၁၊၁၇၁။ တတ္ထ သစ္စန္တိ ဝစီသစ္စံ။ သစ္စန္တိ ဝါ ဣမိနာ မဂ္ဂသစ္စံ။ သာ အတ္ထတော သမ္မာဒိဋ္ဌိ။ --- သမ္မာဒိဋ္ဌိယာ ပန ဂဟိတာယ တဂ္ဂတိကတ္တာ သမ္မာသင်္ကပ္ပေါ ဂဟိတောဝ ဟောတိ။--- အထ ဝါ သစ္စန္တိ ပရမတ္ထသစ္စံ။ တံ အတ္ထတော နိဗ္ဗာနံ။ သံ၊၁၊၂၁၈။ (၁၅) (က) ပရမတ္ထသစ္စာ=နိဗ္ဗာန်။ (၁၅) (က) ပရမတ္ထသစ္စာ = နိဗ္ဗာန်။ (ခ) ဝိရတိသစ္စာ။ (ခ) ဝိရတီသစ္စာ။ (ဂ) ဝါစာသစ္စာ။ (ဂ) ဝါစာသစ္စာ။ သစ္စံ ဟဝေ သာဒုတရံ ရသာနံ။ သံ၊၁၊၂၁၆။ သုတ္တနိ၊၃၀၆။ ဣဓ ပန ပရမတ္ထသစ္စံ နိဗ္ဗာနံ ဝိရတီသစ္စဉ္စ (ဝိရတိသစ္စံ ဝါ) အဗ္ဘန္တရံ ကတွာ ဝါစာသစ္စံ အဓိပ္ပေတံ။ သံ၊ဋ္ဌ၊၁၊၃၀၀-၁။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၅။ (၁၆) (က) ဝစီသစ္စာ။ (၁၆) (က) ဝစီသစ္စာ။ (ခ) ဝိရတီသစ္စာ။ (ခ)ဝိရတိသစ္စာ။ (ဂ) ဉာဏသစ္စာ။ (ဂ) ဉာဏသစ္စာ။ (ဃ) ပရမတ္ထသစ္စာ။ (ဃ) ပရမတ္ထသစ္စာ။ ယမှိ သစ္စဉ္စ ဓမ္မော စ၊ ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုခီ သော စ ဗြာဟ္မဏော။ သစ္စန္တိ ဝစီသစ္စဉ္စေဝ ဝိရတိသစ္စဉ္စ။ အထ ဝါ သစ္စန္တိ ဉာဏသစ္စဉ္စေဝ ပရမတ္ထသစ္စဉ္စ။ ဥဒါန၊ဋ္ဌ၊၆၉။ (၁၇) (က) ဝစီသစ္စာ။ (၁၇) (က) ဝစီသစ္စာ။ (ခ)ဉာဏသစ္စာ=ယထာဘူတဉာဏ်။ (ခ)ဉာဏသစ္စာ-ယထာဘူတဉာဏ်။ (ဂ) ဒိဋ္ဌိသစ္စာ=ဒိဋ္ဌိစေတသိက်။ (ဂ) ဒိဋ္ဌိသစ္စာ-ဒိဋ္ဌိစေတသိက်။ သစ္စံ ကရောမိ နိဒ္ဒါန (သံ၊၁၊၁၇၅။ သုတ္တနိ၊၂၉၁) န္တိ ဧတ္ထ ဒီဟာကာရေဟိ အဝိသံဝါဒနံ သစ္စံ။ နိဒ္ဒါနန္တိ ဆေဒနံ လုနနံ ဥပ္ပါဋနံ၊ --- ကုသလဿဒူသကာနံ ဝိသံဝါဒနတိဏာနံ သစ္စေန နိဒ္ဒါနံ ကရောမိ။ ယထာဘူတဉာဏံ ဝါ ဧတ္ထ သစ္စန္တိ ဝေဒိတဗ္ဗံ။ အထ ဝါ သစ္စန္တိ ဒိဋ္ဌိသစ္စံ။ သံ၊ဋ္ဌ၊၁၊၂၃၃။ သုတ္တနိ၊ဋ္ဌ၊၁၊၁၃၃-၄။ (၁၈) သစ္စသံယုတ်။ (၁၈) သစ္စသံယုတ်။ သောတာပတ္တိသစ္စဉ္ဇာတိ၊ မဟာဝဂ္ဂေါတိ ဝုစ္စတိ။ သံ၊၃၊၄၁၅။ (၁၉) (က) အဟုတ် အမှန်ကို ပြောဆိုခြင်း။ (၁၉) (က) အဟုတ်အမှန်ကို ပြောဆိုခြင်း။ သစ္စေနာလိကဝါဒီန(ဓမ္မ၊၄၆။ ဇာ၊၁၊၃၆)န္တိ မုသာဝါဒိံ သယံ သစ္စဝါဒီ ဟုတွာ သစ္စေန ဇိနာတိ။ ဇာ၊ဋ္ဌ၊၂၊၄။ အလိကဝါဒီ သစ္စဝစနေန ဇိနိတဗ္ဗော။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၂။ (ခ) မချွတ်မယွင်း-မဖောက်မပြန်-ဟုတ်မှန်စွာ-ပြောဆိုလေ့ရှိ-သည်၏အဖြစ်-ခြင်း။ (ခ) မချွတ်မယွင်း-မဖောက်မပြန်-ဟုတ်မှန်စွာ-ပြောဆိုလေ့ရှိ-သည်၏အဖြစ်-ခြင်း၊ သစ္စေန လောကံ ပါလေသိ(စရိယာ၊၄၁၄)န္တိ အဝိသံဝါဒိဘာဝေန သတ္တလောကံ ဇမ္ဗုဒီပေ တတ္ထ တတ္ထ သတ္တနိကာယံ ပါပတော နာနာဝိဓာ အနတ္ထတော စ ရက္ခံ။ စရိယာ၊ဋ္ဌ၊၂၂၃။ (၂၀) ဟုတ်မှန်သော သဘော။ (၂၀) ဟုတ်မှန်သော သဘော။ ဣဓ သစ္စဉ္စ ဓမ္မော စ။ အဟိံသာ သံယမော ဒမော။ ဇာ၊၁၊၃၂၉။ သစ္စန္တိ သဘာဝေါ။ ဇာ၊ဋ္ဌ၊၄၊၄၃၇။ ယေန သစ္စေနာ (ဇာ၊၂၊၁၈၁) တိ ယေန ဘူတေန သဘာဝေန။ ဇာ၊ဋ္ဌ၊၆၊၁၁၂။ (၂၁) (က) ကျိန်စာ၊ ကျမ်းသစ္စာ၊ ကျိန်ဆို-ကျမ်းသစ္စာဆို-ခြင်း။ (၂၁) (က) ကျိန်စာ၊ ကျမ်းသစ္စာ၊ ကျိန်ဆို-ကျမ်းသစ္စာဆို-ခြင်း။ ဣမဿ လောကဿ သစ္စကိရိယာ နာမ အဝဿယော၊ တသ္မာ သဗ္ဗေပိ “ယဒိ အမှေ စောရာ, ဟတ္ထီ မဒ္ဒတု၊ အထ န စောရာ, မာ မဒ္ဒတူ”တိ သစ္စကိရိယံ ကရောထ။ ဒီ၊ဋ္ဌ၊၂၊၃၀၄။ ဣမိနာ သစ္စေန အယံ အဂ္ဂိ မာ မံ ဈာပေသိ။ ဇာ၊ဋ္ဌ၊၁၊၃၁၂။ (ဇာ၊ဋ္ဌ၊၁၊၁၅၁၊ ၃၁၂)။ (ခ) သစ္စာ၊ သစ္စာဓိဋ္ဌာန်၊ သစ္စာဆို-သစ္စာဓိဋ္ဌာန်ပြု-ခြင်း။(ခ) သစ္စာ၊ သစ္စာဓိဋ္ဌာန်၊ သစ္စာဆို-သစ္စာဓိဋ္ဌာန်ပြု-ခြင်း။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။ စရိယာ၊၄၁၅။ ကိံ ပန မဟာရဇ အတ္ထိ လောကေ သစ္စံ နာမ၊ ယေန သစ္စဝါဒိနော သစ္စကိရိယံ ကရောန္တိ။ မိလိန္ဒ၊၁၂၄။ ဣမိနာ သစ္စေန တဝ သရီရေ ဗျာဓိ ဖာသု ဟောတူ “တိ သစ္စကိရိယံ အကာသိ။ အံ၊ဋ္ဌ၊၃၊၉၇။ (ဇာ၊၁၊၃၉၅။ မ၊ဋ္ဌ၊၃၊၂၃၃။ ဇာ၊ဋ္ဌ၊၄၊၄၁၀။ ဇာ၊ဋ္ဌ၊၅၊၉၉။ ဇာ၊ဋ္ဌ၊၆၊၂)။ (၂၂) (က) မဖောက်မပြန်-ဟုတ်မှန်-မှန်ကန်-သော။(၂၂) (က) မဖောက်မပြန်-ဟုတ်မှန်-မှန်ကန်-သော။ သစ္စံ ဘော ဂေါတမ နိမန္တိတတ္ထ မယာ ဝဿံဝုတ္ထာ။ ဝိ၊၁၊၁၂။ သစ္စံ ကိရ တွံ အာဝုသော ဟတ္ထက ---သင်္ကေတံ ကတွာ ဝိသံဝါဒေသိ။ ဝိ၊၂၊၁။ မာ ဟေဝ နေမိတ္တာနံ ဗြာဟ္မဏာနံ သစ္စံ အဿ ဝစနံ။ ဒီ၊၂၊၂၀။ သစ္စံ ကိရ တုမှေ အာဝုသော နိဂဏ္ဌာ ဧဝံ ဝါဒိနော ဧဝံ ဒိဋ္ဌိနော။ မ၊၃၊၁။ တံ သစ္စံ ယံ အမောသဓမ္မံ နိဗ္ဗာနံ။ မ၊၃၊၂၈၈။ တံ သစ္စန္တိ တံ အဝိတထံ သဘာဝေါ။ မ၊ဋ္ဌ၊၄၊၂၁၄။ ယမေတ္ထ ဝက္ခာမိ တဒေဝ သစ္စံ။ ဇာ၊၁၊၁၆၀။ တဒေဝ သစ္စန္တိ တဒေဝ ကထံ ဒိဗ္ဗစက္ခုနာ ဒိသွာ ကထိတသဒိသံ ဘဝိဿတိ။ ဇာ၊ဋ္ဌ၊၃၊၃၂၆။ (ခ) မဖောက်မပြန်-ဟုတ်မှန်-မှန်ကန်-သော၊ ထင်ရှားရှိသော။ (ခ) မဖောက်မပြန်-ဟုတ်မှန်-မှန်ကန်-သော၊ ထင်ရှား ရှိသော။ ဩဠာရိကော ဝါဿ အတ္တပဋိလာဘော တသ္မိံ သမယေ သစ္စော ဟောတိ။ ဒီ၊၁၊၁၈၄။ သစ္စော ဟောတီတိ ဘူတော ဟောတိ၊ သွေဝ တသ္မိံ သမယေ သစ္စော ဟောတီတိ ဟောတီတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁၊၃၁၄။ တသ္မိံ သမယေ သစ္စော ဟောတီတိ တသ္မိံ ပစ္စုပ္ပန္နသမယေ ဝိဇ္ဇမာနော ဟောတိ။ သီ၊ဋီ၊သစ်၊၂၊၃၉၆။ (ဂ) မဖောက်မပြန်-ဟုတ်မှန်-မှန်ကန်-သော၊ အကျိုးရှိသော။(ဂ) မဖောက် မပြန်-ဟုတ် မှန်-မှန်ကန်-သော၊ အကျိုးရှိသော။ မောဃံ ကာယကမ္မံ မောဃံ ဝစီကမ္မံ၊ မနောကမ္မမေဝ သစ္စံ။ မ၊၃၊၂၅၀။ သစ္စန္တိ တထံ ဘူတံ။ မ၊ဋ္ဌ၊၄၊၁၈၁။ တထံ ဘူတန္တိ သစ္စသဒ္ဒဿ အတ္ထမာဟ။ ပရိဗ္ဗာဇကော ပန “သစ္စ”န္တိ ဣမိနာ တမေဝ သဖလန္တိ ဝဒတိ။ သဖလံ ဟိ ကမ္မံ သတ္ထု အဘိမတမနောကမ္မန္တိ အဓိပ္ပါယော။ မ၊ဋီ၊၃၊၃၇၆-၇။ (၂၃) ချမ်းအေးသော။ (၂၃) ချမ်းအေးသော။ သစ္စဉ္ဇန-ကြည့်။ (၂၄) မြတ်သော။ (၂၄) မြတ်သော။ သုစိသစ္စသမ္မတာ (ဇာ၊၂၊၁၀၄) တိ ---သုစိစေဝ ဥတ္တမသမ္မတာ စ ဟောန္တိ။ ဇာ၊ဋ္ဌ၊၅၊၄၂၄။ သစ္စာလေးပါးဟူသော်ကား ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးဖြစ်သတည်း။ ထိုတွင် ဘုံသုံးပါး၌ဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာမည်၏။ တဏှာ-လောဘသည် သမုဒယသစ္စာမည်၏။ နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။ လောကုတ္တရာဖြစ်သော မဂ်သည်(ဝါ)မဂ္ဂင်ရှစ်ပါးတရားသည် မဂ္ဂသစ္စာ မည်၏။ (ယမက၊၁၊၂၀၅။ ဝိသုဒ္ဓိ၊၂၊၁၂၄။ အပ၊ဋ္ဌ၊၂၊၈၅။ သင်္ဂဟ၊၁၂၇-၉)။ သစ္စာ ၄-ပါးနှင့်စပ်၍ သိမှတ်ဖွယ်ကို အဘိ၊ဝိ၊၁၀၄-၂၇။ ယမက၊၁၊၂၀၅-၆၅။ ပဋိသံ၊၂၉၃-၃၀၂။ အဘိ၊ဋ္ဌ၊၂၊၇၈-၁၁၇။ အဘိ၊ဋ္ဌ၊၃၊၃၁၀-၂။ ပဋိသံ၊ဋ္ဌ၊၂၊၁၉၆-၂၀၃။ ဝိသုဒ္ဓိ၊၂၊၁၂၄-၄၇။ မူလဋီ၊၂၊၅၀-၇၇။ မူလဋီ၊၃၊၁၃၄-၈။ အနုဋီ၊၂၊၆၀၊ ၈၁။ အနုဋီ၊၃၊၁၈၅-၉၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၀-၂၂၅-ကြည့်။တိပိဋကအဘိဓာန် အတွဲ-၂၁ သစ္စာ ၂-မျိုး (၁) သမ္မုတိသစ္စာ (၂) ပရမတ္ထသစ္စာ တို့ ဖြစ်ကြသည်။ သမ္မုတိသစ္စာ လောကီဘုံသား လူအများတို့၏ ခေါ်ရိုး ပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာ ဖြစ်သည်။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ရှိ၏၊ ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ် ရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ စသည်တို့ ဖြစ်ကြသည်။ သမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘဝအတွင်းတွင် အခါခါ ဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည် ဧကန်အမှန် ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လှည့်စားခြင်း မဖြစ်ပေ။ ပရမတ္ထသစ္စအလိုအားဖြင့် ထိုစကားမျိုးသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ဝိပလ္လာသအမှန် ဖြစ်၏။ ထိုဝိပလ္လာသတရားကို မပယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ဟူရာတို့သည်လည်း ထိုနည်းအတူပင် ဖြစ်သည်။ ပရမတ္ထသစ္စာ ပရမတ္ထသစ္စာဆိုသည်မှာ ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိ စကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာ မည်၏။ ရှိ၊ မရှိ နှစ်ပါးတို့တွင် ရှိဆိုသည်မှာ ပထဝီ ရှိ၏။ အပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ရှိ၏။ စိတ်ဝိညာဏ်ရှိ၏။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ ရှိ၏။ ရုပ်ခန္ဓာ ရှိ၏။ နာမ်ခန္ဓာ ရှိ၏ စသည်တို့ ဖြစ်ကြသည်။ မရှိဆိုသည်မှာ အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား မရှိ။ ဦးခေါင်းဟူ၍ မရှိ၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ဟူ၍ မရှိ စသည်တို့ ဖြစ်ကြသည်။ အတ္တမရှိ၊ ဇီဝမရှိဆိုသည်မှာ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တ၊ ဇီဝ ဟူ၍မရှိဟု ဆိုလိုသည်။ ပုဂ္ဂိုလ် မရှိ၊ သတ္တဝါ မရှိ ဆိုသည်မှာ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်သာ ရှိ၏။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်၊ ဗြဟ္မာ စသည် မဟုတ်ပေ။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့မှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါဟူ၍ အသီးအခြားမရှိ လူ၊ နတ်၊ ဗြဟ္မာစသည်လည်း မရှိဟု ဆိုလိုသည်။ ပရမတ္ထသစ္စာသည် ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤပရမတ္ထသစ္စာတရားမှသာ ဝိပလ္လာသတရားကို ပယ်နိုင်သည်။ ဝိပလ္လာသတရားကို ပယ်နိုင်မှ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။ ပရမတ္ထသစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ (၁) ရုပ်တရား (၂) နာမ်တရားတို့ ဖြစ်ကြသည်။ ရုပ်တရား ရုပ်တရားသည် (၂၈)ပါး ရှိ၏။ ထို (၂၈)ပါးတို့မှာ မဟာဘုတ်ကြီး (၄) ပါး ဝတ္ထုရုပ် (၆) ပါး ဘာဝရုပ် (၂) ပါး ဇီဝိတရုပ် (၁) ပါး အာဟာရရုပ် (၁) ပါး ဂေါစရရုပ် (၄) ပါး (ဤ ၁၈ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားရှိကြခြင်းကြောင့် ဇာတရုပ် မည်၏။) ပရိစ္ဆေဒရုပ် (၁) ပါး ဝိညတ်ရုပ် (၂) ပါး ဝိကာရရုပ် (၃) ပါး လက္ခဏာရုပ် (၄) ပါး (ဤ ၁၀ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားမရှိခြင်းကြောင့် အဇာတရုပ် မည်၏။) နာမ်တရား နာမ်တရားသည် (၅၄) ပါး ရှိ၏။ ထို (၅၄) ပါးတို့မှာ စိတ် (၁) ပါး − စိတ်ဆိုသည်မှာ အာရုံကို ရှာကြံမှု၊ အာရုံကို ရမှု၊ အာရုံကို သိမှု ဖြစ်သည်။ စေတသိက် (၅၂) ပါး − စေတသိက်ဆိုသည်မှာ စိတ်မှပေါက်ဖွားသော နာမ်အမူအရာများ ဖြစ်သည်။ နိဗ္ဗာန် (၁) ပါး − နိဗ္ဗာန်ဆိုသည်မှာ ဒုက္ခအမျိုးမျိုးတို့မှ လွတ်ငြိမ်းမှု ဖြစ်သည်။ ကိုးကား
ခန္တီ
ခန္တီပါရမီ (သင်္သကရိုက် ) သို့မဟုတ် khanti (ပါဠိ) သည် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ဖြစ်သည်။Rhys Davids & Stede (1921-25), p. 232, entry for "Khanti & Khantī" (retrieved 3 Jul 2007). ခန္တီသည် ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ နှစ်မျိုးစလုံးရှိ ပါရမီဆယ်ပါးတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ခန္တိ (ထီ) [ခမု+တိ။ ခမနံ သဟနံ ခန္တိ၊ တိ၊ ဓာန်၊ဋီ၊၁၆၁။ (က္ခာန္တိ-သံ)] သည်းခံခြင်း၊ သည်းခံတတ်သော တရား (အဓိဝါသန-ခန္တိ)။ (က) နှစ်သက်တတ်–မြင်စွမ်းနိုင်-သောဉာဏ် (အနုလောမိကခန္တိ)။ (က) ယံ ဧဝရူပိံ အနုလောမိကံ ခန္တိံ ဒိဋ္ဌိံ ရုစိံ...ပဋိလဘတိ။ အဘိ၊ဝိ၊၃၃၇။ ဒီ၊ဋ္ဌ၊၃၊၁၁၄။ ဝိသုဒ္ဓိ၊၁၊၆၉။ (သံ၊၁၊၂၇။ ပဋိသံ၊၁၁၈၊ ၄၁၀။) ခန္တိန္တိအာဒီနိ သဗ္ဗာနိ ပညာဝေဝစနာနေဝ... သဗ္ဗာနိပိ ဧတာနိ ကာရဏာနိ ခမတိ သဟတိ ဒဋ္ဌုံ သက္ကောတီတိ ခန္တိ။ အဘိ၊ဋ္ဌ၊၂၊၃၉၄။ အနုလောမိကာယ ခန္တိယာတိ ဧတ္ထ ဝိပဿနာဉာဏမေဝ... သဗ္ဗသင်္ခါရာ တဿ အနိစ္စတော ဒုက္ခတော အနတ္တတော ခမန္တိ ရုစ္စန္တီတိ ခန္တိ။ ပဋိသံ၊ဋ္ဌ၊၂၊၃၁၅။ (ဒီ၊ဋီ၊၃၊၂၁၀။ သံ၊ဋီ၊၁၊၁၁၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၇၉။) မူလဋီ၊၂၊၂၀၂။ အနုဋီ၊၂၊၂၀၃-တို့၌ နိဇ္ဈာနခမနံဟု၎င်း သမတ္ထတံ-ဟု၎င်း ဖွင့်ဆိုထားသဖြင့် ယင်းတို့အလို “စွမ်းနိုင်ခြင်း”ဟု ပြန်ဆိုနိုင်ပါသည်။ သို့ရာတွင် အဘိ၊ဋ္ဌ၊၂၊၃၉၄-၌ ဒဋ္ဌုံ သက္ကောတိ-ဟု ဖွင့်ဆိုထားသဖြင့် ယင်းအဋ္ဌကထာအတိုင်း ပြန်ဆိုထားသည်။ (ခ) နှစ်သက်ခြင်း၊ လက်ခံကျေနပ်ခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ)။ (ခ) ဧဝံ ပရေသံ အဇ္ဈာသယံ ခန္တိံ မနံ။ ဒီ၊ဋ္ဌ၊၁၊၅၁။ မ၊ဋ္ဌ၊၁၊၁၇။ (အဘိ၊ဝိ၊၂၅၄။ ပဋိသံ၊၁၇၄။ ဒီ၊ဋ္ဌ၊၁၊၃၁၀။) ခန္တိန္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိံ။ သီ၊ဋီ၊သစ်၊၁၊၂၁၉။ မ၊ဋီ၊၁၊၅၅။ (သီ၊ဋီ၊သစ်၊၂၊၃၈၈။ ပရမတ္ထဒီပနီ၊၁၆၄။) (ဂ) အလို၊ အယူအဆ။ ခန္တီ ပရမံ တပေါ တိတိက္ခာ။ ဒီ၊၂၊၄၂။ ဓမ္မ၊၄၁။ ဝိ၊ဋ္ဌ၊၁၊၁၅၄။ ဝိသုဒ္ဓိ၊၁၊၂၈၇။ (ဒီ၊၃၊၁၇၉။ သံ၊၁၊၁၀၁။ သံ၊၃၊၁၄၇။ အံ၊၁၊၉၃၊ ၄၂၈။ အံ၊၂၊၂၁၇။ အဘိ၊ဓ၊၁၅၊ ၂၆၀။ ခုဒ္ဒက၊၄။ သုတ္တနိ၊၃၂၃။ ဇာ၊၁၊၆၆။ ဇာ၊၂၊၉၇၊ ၁၇၁။ ဒီ၊ဋ္ဌ၊၂၊၆၉။) ပရူပဝါဒံ ပရာပကာရံ သီတုဏှာဒိဘေဒဉ္စ ဂုဏောပရောဓံ ခမတိ သဟတိ အဓိဝါသေတိတိ ခန္တိ။ သာရတ္ထ၊၁၊၄၄၁။ ခန္တီတိ စ ဣဓ အဓိဝါသနခန္တိ အဓိပ္ပေတာ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၅၀။ (ဒီ၊ဋ္ဌ၊၃၊၁၆၃။ သံ၊ဋ္ဌ၊၁၊၁၅၂။ သံ၊ဋ္ဌ၊၃၊၂၅၉။ အံ၊ဋ္ဌ၊၂၊၆၂၊ ၃၂၉။ အံ၊ဋ္ဌ၊၃၊၇၆။ ခုဒ္ဒက၊ဋ္ဌ၊၁၂၅။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၄။ သုတ္တနိ၊ဋ္ဌ၊၂၊၅၂။ ဇာ၊ဋ္ဌ၊၂၊၂၁၇။ ဇာ၊ဋ္ဌ၊၅၊၄၀၃။ ဇာ၊ဋ္ဌ၊၆၊၇၂။ ဒီ၊ဋီ၊၂၊၇၄။)(ဂ) ဣမသ္မိံ အတ္ထေ ဓမ္မောတိ အမှာကံ ခန္တိ။ ခုဒ္ဒက၊ဋ္ဌ၊၁၀။ (ဝဇိရ၊၁၁၅၊ ၁၂၁၊ ၁၃၃။ သာရတ္ထ၊၁၊၁၆၊ ၂၄။ ဝိမတိ၊၁၊၁၈၀။) တိပိဋကအဘိဓာန် အတွဲ-၆ အဓိဝါသနခန္တိ (သူတစ်ပါး၏ မကောင်းပြုမှု ပြောဆိုမှုများကို ဆန့်ကျင်ဖက်မပြုပဲ သည်းခံနေခြင်းသည် အဓိဝါသနခန္တိမည်၏။ (အဓိ = မိမိအပေါ်၌၊ ဝါသန = နေစေခြင်း။) သူတစ်ပါး၏ ဆဲရေး ရိုက်ပုတ်မှု စသည်ကြောင့် ပြန်လှန်ဆဲရေး ရိုက်ပုတ်လျှင် ထိုအမှုသည် မိမိအပေါ်၌ လက်မခံ ပယ်လှန်ပစ်သည် မည်၏၊ ပြန်လှန် ဆဲရေးရိုက်ပုတ်မှုမပြုပဲ သည်းခံနေလျှင် ထိုဆဲ ရေးမှုကို မိမိအပေါ်၌ နေစေသည် မည်၏။) တရားကိုယ်မှာ အဒေါသ ပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ်ဖြစ်သည်။ ဧကေ ဆရာများက ပညာဟုဆိုကြသေး၏ (မ၊ဋီ၊၁၊၆၃။ အံ၊ဋီ၊၃၊၇၆။ မူလဋီ၊၁၊၁၆၂)။ ထို့အပြင် အချမ်း အပူစသော ရာသီဥတုကို သည်းခံနိုင်မှုသည်လည်း အဓိဝါသနခန္တိပင် မည်၏၊ အချို့သူများသည် အချမ်းအပူကို သည်းမခံတတ်ကြ၊ အေးလွန်းပြန်လျှင်လည်း အေးမှုရာသီ ဥတုကို အကြောင်းပြု၍” “အေးနိုင်ရန် ကော”ဟု ဒေါသဖြစ်တတ်ကြ၏။ ပူလွန်းပြန် လျှင်လည်း ပူမှုရာသီဥတုကို အကြောင်းပြု၍ “ပူနိုင်ရန်ကော”ဟု ဒေါသဖြစ်တတ်ကြသည်။ အအေးအပူကြောင့် ဒေါသမဖြစ်ပဲ အေးချိန်မို့ အေးတာပဲ၊ ပူချိန်မို့ ပူတာပဲ”ဟု နှလုံးသွင်း၍ ပူမှုအေးမှုကိုလည်း သည်းခံနိုင်ခြင်းသည် အဓိဝါသနခန္တိမည်၏ (သာရတ္ထ၊၁၊၄၄၁။ ဒီ၊ဋီ၊၂၊၇၄)။ အဓိဝါသနခန္တီနှင့် ပြည့်စုံ သူသည် ဣဋ္ဌာရုံ, အနိဋ္ဌာရုံ၌ ညီမျှသောစိတ် ရှိ၏။ ဣဋ္ဌာရုံ (ကောင်းသောအာရုံ) နှင့် တွေ့ကြုံသော်လည်း ဝမ်းမသာ၊ အနိဋ္ဌာရုံ (မကောင်းသောအာရုံ)နှင့် ဆုံမိသော်လည်း ဝမ်းမနည်း (ဝိ၊ဋ္ဌ၊၂၊၁၈၈။ သာရတ္ထ၊၂၊၃၅၉)။ အက္ကောသဝတ္ထု ၁၀-မျိုးဖြင့် ဆဲရေးသူ၌လည်း မကြားယောင်ပြု၍ သည်းခံတတ်၏။ ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်ညှဉ်းဆဲ သူ၌လည်း မမြင်သကဲ့သို့ပြု၍ သည်းခံတတ်၏ (ဇာ၊ဋ္ဌ၊၁၊၉၉။ ဇာ၊ဋ္ဌ၊၃၊၃၇-၄၀-လာ ခန္တီဝါဒီဇာတ်-ကြည့်)။ အကောင်းမြင်သူ ခန္တီတရားနှင့် ပြည့်စုံသူသည် အကောင်းကိုသာ နှလုံးသွင်းတတ်၏၊ အကောင်းကိုသာ မြင်တတ်၏၊ အဆိုးကို မကြည့်တတ်၊ မမြင် တတ်၊ မိမိကိုဆဲရေးလာလျှင် “မရိုက်တော် သေးတာပေါ့”၊ ရိုက်ပြန်လျှင် “မသတ်တော် သေးတာပေါ့”ဟု အကောင်းဖက်ကိုသာ နှလုံးသွင်းတတ်သည်၊ မြင်တတ်သည် (မ၊၃၊၃၁၂-၃ လာ ပုဏ္ဏောဝါဒသုတ်-ကြည့်)။ အယုတ်, အလတ်, အမြတ် ပုဂ္ဂိုလ်တို့၏ ကြမ်းကြုတ်သောစကားကို သည်းခံနိုင်ခြင်းကို ရှေးပညာရှိများ ချီးကျူးကြသည် (ဇာ၊၂၊၇။ ဇာ၊ဋ္ဌ၊၅၊၁၄၈။)။ သည်းခံခြင်းသည် အမြတ်ဆုံး အားရှိသူ ဖြစ်ပါလျက် အားနည်းသူအား သည်းခံမှုကိုသာ အမြတ်ဆုံးခန္တီဟု ဆိုရသည်၊ အားနည်းသူကား အမြဲတမ်းသည်းခံတတ်သည်သာ၊ စိတ်ဆိုးအမျက်ထွက်သူအပေါ်၌ ပြန်၍ စိတ်ဆိုးသူသည် ယုတ်ညံ့သူသာဖြစ်၏၊ ပြန်၍စိတ် မဆိုးအမျက်မထွက်သူကိုသာလျှင် စစ်မှန်သော “အောင်ပွဲရသူ”ဟု ဆိုရသည်၊ သူတစ်ပါး၏ စိတ်ဆိုးအမျက်ထွက်မှုကို ပြန်၍စိတ်မဆိုး အမျက်မထွက်ပဲ သည်းခံနေသူသည် “မိမိသူတ ပါး နှစ်ဦးသား၏ အကျိုးကိုကျင့်သူ” ပင်ဖြစ်၏၊ ကိုယ်ကျိုးဟူသမျှတွင် သည်းခံခြင်းထက် သာလွန်သောအကျိုးဟူ၍မရှိ (သံ၊၁၊၂၂၃-၄)။ သည်းခံမှုအားအစွမ်းနှင့် ပြည့်စုံသူအဖို့ သည်းမခံနိုင်သောအရာ မည်သည်မရှိ၊ အရာရာ သည်းခံနိုင်သည်သာ(ဥဒါန၊ဋ္ဌ၊၂၃၈)။ ဆဲရေး မှုသတ်ပုတ် ညှဉ်းဆဲမှုနှောင်ဖွဲ့မှုကို သည်းခံတတ်သူကိုသာ “ဗြာဟ္မဏ”ဟုဆို၏ (ဓမ္မ၊၇၀။ ခုဒ္ဒက၊ဋ္ဌ၊၁၂၅)။ မြေကြီးနှင့် တူသောသူ မြေကြီးသည် မိမိအပေါ်၌ ပစ်ချလာ ကျရောက်လာသော အကောင်း အဆိုးနှစ်မျိုးကို အမျက်လည်းမထား၊ ဝမ်းသာမှုလည်းမပြု၊ လျစ်လျူရှု၍ သည်းခံသကဲ့သို့ ခန္တီပါရမီကို ဖြည့်ကျင့်သူသည်လည်း သူတစ်ပါး၏ ချီးမွမ်းမှု, ကဲ့ရဲ့မှု, မြတ်နိုးမှု, မလိုမုန်းထားမှုများကို ရွှင်လန်း ညှိုးငယ် နှစ်သွယ်စပ်ကြား ချိန်အလားသို့ အဒေါသ စိတ်ထားဖြင့် သည်းခံနေရမည် (ဗုဒ္ဓဝံ၊၃၁၇။ အဘိ၊ဋ္ဌ၊၁၊၅၀)။ ကြီးမားသည့် တာဝန်များကို မငြီးမငြူပဲ ခံနိုင်ရည်ရှိမှု အားထုတ်သည်းခံမှု (ဝီရိယ)ကိုလည်း ခန္တီဟု သုံးနှုန်းသေး၏ (သံ၊ဋ္ဌ၊၁၊၃၀၅)။ ခန္တီ အတု အလုပ်တစ်ခုကို မိမိလက်အောက်ငယ်သားများအား စေခိုင်းထားရာ စေခိုင်းခံရ သူက ဉာဏ်မှီသလောက် အကောင်းဆုံးဖြစ် အောင် စီမံပြုလုပ်ထားသော်လည်း စေခိုင်းသူအဖို့ မိမိရည်မှန်းသည့်အတိုင်း ဖြစ်မလာပါက (မိမိစိတ်တိုင်းမကျပါက) အမျက်ဒေါသ ထွက်တတ်သေး၏၊ ထိုအခါမျိုး၌ အောက်လက် ငယ်သားများအပေါ် အမျက်မထွက်အောင် ချုပ်တည်းမှုကား သည်းခံမှုခန္တီ ဟုတ်၊ အမျက်မထွက်မှု = အက္ကောဓသာ ဖြစ်သည်။ ခန္တီပါဝင်သော တရားစုများ ခန္တီတရားလက်ကိုင်ထားဖို့မှာ အရေးကြီးလှ၏၊ ထို့ကြောင့် ခန္တီတရားကို အား ၈-ပါးတွင် တစ်ပါးအဖြစ်၎င်း (အံ၊၃၊၅၈)၊ မင်းကျင့်တရား ၁၀-ပါးတွင် တစ်ပါးအဖြစ်၎င်း (ဇာ၊၂၊၉၇)၊ မင်္ဂလာတရား ၃၈-ပါးတွင် တစ်ပါးအဖြစ်၎င်း (ခုဒ္ဒက၊၄) ဟောတော်မူသည်။ လက္ခဏာ, ရသစသည် ခန္တီတရားသည် သည်းခံခြင်းဟူသော ထူးခြားသော အမှတ်အသား ဂုဏ်ထူးဝိသေသ ရှိသည်။ ဣဋ္ဌာရုံ (ကောင်းသောအာရုံ) နှင့် တွေ့ကြုံသော်လည်း စိတ်မတက်၊ အနိဋ္ဌာရုံ (မကောင်းသောအာရုံ) နှင့် ဆုံမိသော်လည်း စိတ်မပျက်၊ အမျက်မထန် ကြံ့ကြံ့ ခံနိုင်ခြင်း ကိစ္စရှိသည်။ သည်းခံတတ်သော သဘောဟု ဉာဏ်အားရှေးရှု ထင်သောအခြင်းအရာ ရှိသည်။ ဆန့်ကျင်ဘက် မပြုခြင်းဟူသော ကျိုးရှိသည်။ ဟုတ်တိုင်းမှန်စွာ ရှုမြင်ခြင်းဟူသော နီးသောအကြောင်းရှိသည် (စရိယာ၊ဋ္ဌ၊၂၇၂)။ အနုလောမိက ခန္တီ လောကီလောကုတ္တရာ အစီးအပွါးအားလျော်သော လောကီလောကုတ္တရာ စီးပွား ချမ်းသာဖြစ်ပေါ် အောင် ကြံဆတွေးတောနိုင်သော ပညာကို “အနုလောမိကခန္တီ”ဟု ခေါ်သည်။ အနုလောမိကခန္တိသည် ၅-ဌာန၌ ဖြစ်သည်။ ယင်းတို့ကား— ၁။ ကမ္မာယတန၊ ၂-သိပ္ပါယတန၊ ၃-ဝိဇ္ဇာဌာန၊ ၄-ကမ္မဿကတာ၊ ၅-သစ္စာနုလောမိကတို့ ဖြစ်သည်။ မိမိဉာဏ်စွမ်းဖြင့် တီထွင်ကြ ဆလုပ်ဆောင်နိုင်မှုပညာ ထိုတွင်— ၁-ကမ္မာယတနဟူသည် လက် သမားအလုပ် မိလ္လာသိမ်းအလုပ် စသော ယုတ်ညံ့သော အလုပ်များနှင့် ကုန်သွယ်လယ် လုပ်စသော မြင့်မြတ်သော အလုပ်များဖြစ်သည်။ ထိုအလုပ်များကို မြင်ဆရာ သင်ဆရာ ကြားဆရာမရှိပဲ မိမိဉာဏ်စွမ်းဖြင့် တီထွင်ကြ ဆလုပ်ဆောင်နိုင်မှုပညာသည် အနုလောမိက ခန္တိမည်၏။ ကျူထရံသည်အတတ်, ယက်ကန်းသည် အတတ်စသော ယုတ်ညံ့သော အတတ်များ နှင့် ဂဏန်းအတတ်စသော မြင့်မြတ်သော အတတ်များကို သိပ္ပါယတနဟု ခေါ်သည်၊ ယင်းအတတ်များကို သူတစ်ပါးထံမှ နည်းခံမှု မရှိပဲ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်ကြံဆလုပ် ဆောင်နိုင်မှု ပညာသည် အနုလောမိကခန္တိ မည်၏။ ဝိဇ္ဇာဌာနဟူသည် မြွေဆိပ်ချမန္တ အတတ်စသော ဓမ္မိကအတတ်ပညာများဖြစ်သည်၊ ယင်းအတတ်ပညာများကို သူတစ်ပါး ထံမှ နည်းခံသင်ယူမှုမရှိပဲ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံဆလုပ်ဆောင်နိုင်မှုပညာသည် ဝိဇ္ဇာ ဌာန အားလျော်သော အနုလောမိကခန္တိ မည်၏။ သူတစ်ပါး ဟောကြားချက်ကြောင့်မဟုတ်ပဲ “ကုသိုလ်ကံသည် သတ္တဝါများ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သည်၊ အကုသိုလ်ကံသည် ကိုယ် ပိုင်ဥစ္စာမဟုတ်”ဟု ကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်း သိမှုသည် ကမ္မဿကတာ အားလျော်သော အနုလောမိကခန္တိမည်၏။ လက္ခဏာရေးသုံးပါးကို သူတစ်ပါးထံမှ နာခံမှတ်သားနည်းယူမှု မရှိပဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမှုပညာသည် လောကုတ္တရာအကျိုးစီးပွား (= မဂ္ဂသစ္စာနှင့် ပရမတ္ထသစ္စာဖြစ်သောနိဗ္ဗာန်)အားလျော်သော အနုလောမိကခန္တိ”မည်၏။ လောကုတ္တရာ အကျိုးစီးပွား အားလျော်သော အနုလောမိကခန္တိ လောကုတ္တရာ အကျိုးစီးပွား အားလျော်သော အနုလောမိကခန္တိသည်— ၁-မုဒုကာနုလောမိကခန္တိဉာဏ်၊ ၂-မဇ္ဈိမာနုလောမိက-ခန္တိဉာဏ်၊ ၃-တိတိက္ခာနုလောမိကခန္တိဉာဏ်ဟု အနုအလတ်အရင့်အားဖြင့် ၃-မျိုးပြားသည်။ ထိုတွင် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်သည် မုဒုကာနုလောမိကခန္တိဉာဏ် မည်၏။ ဘင်္ဂဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် ဉာဏ် ၇-ပါးသည်မဇ္ဈိမာနုလောမိကခန္တိဉာဏ် မည်၏။ အနုလောမဉာဏ်သည် တိတိက္ခာရနုလောမိကခန္တိဉာဏ် မည်၏ (ပဋိသံ၊ဋ္ဌ၊၂၊၃၁၅)။ အနုလောမိကခန္တီ ဖြစ်နိုင်သူများ ယင်းငါးမျိုးစလုံး သာမန်ပုဂ္ဂိုလ်များအား ဖြစ်နိုင်သည်မဟုတ်၊ ထင်ရှားကျော် ကြားသော အလောင်းတော်များ၌သာ ဖြစ်နိုင်သည်၊ လောကုတ္တရာအားလျော်သော အနုလောမိကခန္တိ (သစ္စာနုလောမိကခန္တိ)သည် ဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါလောင်း တို့အားသာ ဖြစ်နိုင်သည်။ ကျန် ၄-မျိုးကား ပါရမီဖြည့်ပြီးသော ပညာကျော်တို့အားဖြစ်နိုင်ကြသည် (အဘိ၊ဝိ၊၃၃၇။ အဘိ၊ဋ္ဌ၊၂၊၃၉၃-၄)။ ဓမ္မနိဇ္ဈာနက္ခန္တိ တရားသဘောကို အမှန်တိုင်းစူးစိုက်ကြည့် ရှုနိုင်စွမ်းသည့်ဉာဏ်ကို ဓမ္မနိဇ္ဈာနက္ခန္တိဟုခေါ်သည်၊ ယင်းဓမ္မနိဇ္ဈာနက္ခန္တိတရား လက်ကိုင် မရှိပဲလျက် သူတစ်ပါးအကျိုးကို အားထုတ် ဆောင်ရွက်ပေးရလျှင် ထိုသူထံမှ ကျေးဇူး တုံ့ပြန်မှုကို လိုလားသည့် လောဘဖြစ်တတ်ကြ၏၊ ဓမ္မနိဇ္ဈာနက္ခန္တိတရား လက်ကိုင်ထားနိုင်မှသာ ကျေးဇူးတုံ့ပြန်မှုကို မလိုလား မငဲ့ ကွက်ပဲ သူတစ်ပါး အကျိုးကျေးဇူးကို ဆောင်ရွက်ပြုလုပ်နိုင်သည်။ ဝီရိယလွန်သော် ဥဒ္ဓစ္စ ဖြစ်တတ်၏၊ ယင်းဥဒ္ဓစ္စအဖြစ်ကို ဓမ္မနိဇ္ဈာနက္ခန္တိကသာ ပယ်နိုင်သည်(စရိယာ၊ဋ္ဌ၊၂၇၁-၂)။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ ဉာဏ်ဖြင့်၎င်း မိမိ၏မိရိုးဖလာ အယူဝါဒဖြင့်လည်းကောင်း, အဖန်ဖန် စူးစမ်း ဆင်ခြင်၍ “ဤကား အမှန်ပင်တည်း”ဟု သန္နိဋ္ဌာန်ချမှု နှစ်သက်လက်ခံ ကျေနပ်မှုမျိုးကို ဒိဋ္ဌိနိဇ္ဈာနက္ခန္တိဟု ခေါ်သည် (ပရမတ္ထဒီပနီ၊၁၆၄)။ ခန္တီအမျိုးမျိုး ထို့ပြင်... နေက္ခမ္မခန္တိ = နေက္ခမ္မကို နှစ်သက်ခြင်း။ အဗျာပါဒခန္တိ = အဗျာပါဒကိုနှစ်သက်ခြင်း။ အဝိက္ခေပခန္တိ = မပြန့်လွှင့်ခြင်းကို နှစ်သက်ခြင်း။ ဓမ္မဝဝတ္ထာနခန္တိ = ဓမ္မဝဝတ္ထာန်ကို နှစ်သက်ခြင်း။ ဉာဏခန္တိ = ဉာဏ်ကို နှစ်သက်ခြင်း။ ပါမောဇ္ဇခန္တိ = ဝမ်းမြောက်ခြင်းကိုနှစ်သက်ခြင်း၊ ပဌမဇ္ဈာနခန္တိ = ပဌမဈာန်ကိုနှစ်သက်ခြင်း။ အရဟတ္တမဂ္ဂခန္တိ = အရဟတ္တမဂ်ကို နှစ်သက်ခြင်း စသည်ဖြင့် ခန္တီအမျိုးပေါင်း များစွာ ရှိသေး၏ (ပဋိသံ၊၃၆၅)။ (အကျယ်ကို မဟာဗုဒ္ဓဝင် ပ-တွဲ ပဌမပိုင်း အနုဒီပနီခန်း၌၎င်း၊ ဒုတိယပိုင်း ၁၁၅-၆၊ ၁၂၇၊ ၁၆၂-၈။ ၁၈၀-၄-တို့၌၎င်း ကြည့်။) ကိုးကား ကဏ္ဍ:သင်္သကရိုက်ဝေါဟာရများ ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ
အဓိဋ္ဌာန်
အဓိဋ္ဌာန (ပု၊န) [အဓိ+ဌာ+ယု] ပါဠိမှ အဓိဋ္ဌာန် ဖြစ်လာသည်။ (၁)အဓိဋ္ဌာန်ခြင်း၊ ဆောက်တည်ခြင်း၊ စိတ်၌ -စိတ်ကို - ခိုင်မြဲစွာ–တည်စေခြင်း–ထားခြင်း၊ စိတ်ကို ဖြစ်စေခြင်း၊ မှတ်ယူခြင်း။ ဘဂဝတော အဓိဋ္ဌာနေန ပဉ္စကဋ္ဌသတာနိ န ဖာလိယိံသု။ ဝိ၊၃၊ ၄၃။ အဓိဋ္ဌိတမဓိဋ္ဌာန... ဘိန္ဒိံ တမဓိဋ္ဌာနံ၊.. အဓိဋ္ဌာနေန မေ သမော နတ္ထိ။ စရိယာ။၄၁၃။ ခန္တိသစ္စမဓိဋ္ဌာနံ။ ဗုဒ္ဓဝံ၊၃၀၆။ တထေဝ တွမ္ပိ အဓိဋ္ဌာနေ၊ သဗ္ဗဒါ အစလော ဘဝ။ ဗုဒ္ဓဝံ၊၃၁၈။ တိဏ္ဏံ မဟာရာဇ အညတရဿ အဓိဋ္ဌာနာ ပရိနိဗ္ဗုတဿ စေတိယေ ပါဋိဟီရံ ဟောတိ။ မိလိန္ဒ၊၂၉၇။ စတုရင်္ဂသမန္နာဂတံ အဓိဋ္ဌာနံ အဓိဋ္ဌဟိတွာ။ ဇာ၊ဋ္ဌ၊၄၊၄၆၃။ အဓိဋ္ဌာနေ ပညာ စိတ္တဝိဝဋ္ဋေ ဉာဏံ။ ပဋိသံ၊၃။ အဓိဋ္ဌာနေ ပညာတိ နေက္ခမ္မာဒိဝသေန စိတ္တဿ ပတိဋ္ဌာပနေ ပညာ။ ပဋိသံ၊ဋ္ဌ၊၁၊၄၅။ အာတပ္ပံ ပဓာနံ အဓိဋ္ဌာနံ အနုယောဂေါ...။ မဟာနိ၊၄၅။ အဓိဋ္ဌာနန္တိ ကုသလကရဏေ ပတိဋ္ဌာဘာဝေါ။ မဟာနိ၊ဋ္ဌ၊၁၆၄။ (၂) တည်စေအပ်သောစိတ်။ ဘာဝနာ အဓိဋ္ဌာနံ ဇီဝိတန္တိ ကာမစ္ဆန္နံ ပဇဟန္တော နေက္ခမ္မံ ဘာဝေတီတိ ဘာဝနာသမ္ပန္နော။ ပဋိသံ၊၄၁၈။ အဓိဋ္ဌာနံ နာမ နေက္ခမ္မာဒိဝသေန ပတိဋ္ဌာပိတစိတ္တမေဝ။ ပဋိသံ၊ဋ္ဌ၊၂၊၃၂၀။ (၃) တည်ရာ၊ တည်ရာအာရုံ၊ တည်ကြောင်း၊ တည်ခြင်း။ စတ္တာရိ အဓိဋ္ဌာနာနိ။ ဒီ၊၃၊၁၉၁။ အဓိဋ္ဌာနာနီတိ ဧတ္ထ အဓီတိ ဥပသဂ္ဂမတ္တံ။ အတ္ထတော ပန တေန ဝါ တိဋ္ဌန္တိ, တတ္ထ ဝါ တိဋ္ဌန္တိ၊ ဌာနမေဝ ဝါ တံ တံ ဂုဏာဓိကာနံ ပုရိသာနံ တံ အဓိဋ္ဌာနံ။ ဒီ၊ဋ္ဌ၊၃၊၂၀၅။ ကရဏာဓိကရဏဘာဝ သာဓနဝသေန အဓိဋ္ဌာနသဒ္ဒဿ အတ္ထံ ဒဿေန္တော တေန ဝါတိအာဒိမာဟ။ ဒီ၊ဋီ၊၃၊၂၃၉-၄၀။ တဉ္စာယံ ဥပယုပါဒါနံ စေတသော အဓိဋ္ဌာနံ အဘိနိဝေသာနုသယံ န ဥပေတိ...။ သံ၊၁၊၂၅၇။ စေတသော အဓိဋ္ဌာနန္တိ စိတ္တဿ ပတိဋ္ဌာနဘူတံ။ သံ၊ဋ္ဌ၊၂၊၃၂။ သမဏာနမ္ပိ ဘဝံ ဂေါတမော ဇာနာတိ အဓိပ္ပါယဉ္စ ဥပဝိစာရဉ္စ အဓိဋ္ဌာနဉ္စ။ အံ၊၂၊၃၁၉။ အဓိဋ္ဌာနဋ္ဌ, စတုရာဓိဋ္ဌာန ပညာဓိဋ္ဌာန ဗလာဓိဋ္ဌာန-တို့လည်းကြည့်။ စိတ္တဿ အဓိဋ္ဌာနံ သမံ။ ပဋိသံ၊၁၇၈။ အဓိဋ္ဌာနန္တိ ယထာဝုတ္တသင်္ခါရာရမ္မဏံ နိဗ္ဗာနာရမ္မဏဉ္စ။ တံ ဟိ အဓိဋ္ဌာတိ ဧတ္ထ စိတ္တန္တိ အဓိဋ္ဌာနံ။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၀။ (၄) တည်ခြင်း၊ မပြတ်—တည်—ဖြစ်-ခြင်း၊ လွန်သည်ကိုပြု၍—တည်—ဝင်—ခြင်း၊ လွှမ်းမိုး၍တည်ခြင်း။ သမ္မာဒိဋ္ဌိ ... စိတ္တဿ အဓိဋ္ဌာနာယ မဂ္ဂေါ စေဝ ဟေတု စ။ ပဋိသံ၊၂၇၄။ စိတ္တဿ အဓိဋ္ဌာနာယာတိ သမ္ပယုတ္တစိတ္တဿ သကကိစ္စေ ပတိဋ္ဌာနာယ။ ပဋိသံ၊ဋ္ဌ၊၂၊၁၈၀။ အဓိဋ္ဌာနဋ္ဌ, အဓိဋ္ဌာနဝသ, အဓိဋ္ဌာနသမ္ပန္န-တို့လည်းကြည့်။ (၅) ဝင်၍ တည်တတ်သောတရား။ နေက္ခမ္မာဒီနိယေဝရောစိတာနိယေဝ ပဝိသိတွာ တိဋ္ဌနတော အဓိဋ္ဌာနန္တိ...ဝုတ္တာနိ။ ပဋိသံ၊ဋ္ဌ၊၂၊၂၄၅။ အဓိဋ္ဌာနသုည-လည်းကြည့်။ (၆) စီရင်ခြင်း။ မဟလ္လကဝိဟာရတာ အတ္တနော ဝါသာဂါရတာ, ဥတ္တရိ အဓိဋ္ဌာနန္တိ ဣမာနေတ္ထ တီဏိ အင်္ဂါနိ။ ကင်္ခါ၊၂၀၈။ (၇) (က) (သင်္ကန်းသပိတ်ကို) အဓိဋ္ဌာန်တင်ခြင်း၊ မိမိဥစ္စာဟုမှတ်ယူခြင်း။ ဒွေ ပတ္တဿ အဓိဋ္ဌာနာ။ ...ဒွေ စီဝရဿ အဓိဋ္ဌာနာ။ ဝိ၊၅၊၂၁၄။ ပစ္စုဒ္ဓါရော အဓိဋ္ဌာနဿ ပုရေဇာတပစ္စယေန ပစ္စယော။ အဓိဋ္ဌာနံ ပစ္စုဒ္ဓါရဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ၎င်း။ ၃၀၄။ (ခ) အဓိဋ္ဌာန်ပြု၍ စားခြင်း၊ သမယံ အဓိဋ္ဌဟိတွာ ဘောဇနံ အဓိဋ္ဌာနံ နာမ။ ဝိ၊ဋ္ဌ၊၄၊၁၇၃။ (၈) အဓိဋ္ဌာန်ပါရမီ။ ကတွာ ဒဠှမဓိဋ္ဌာနံ၊ သစ္စပါရမီ ပူရိယ။ အပ၊၁၊၇။ ဒဠှံ ။ အဓိဋ္ဌာနပါရမိံ ကတွာ။ အပ၊ဋ္ဌ၊၁၊၁၂၆။ (၉) (ပု) အဓိဋ္ဌာနဟာရသုတ်၌ လာသော တရားတို့ကို သာမညဝိသေသအားဖြင့်–ဖြစ်စေ-ထား-ထုတ်–ဆောင်-ရာ-ကြောင်း-ဖြစ်သော ဖွင့်နည်းအထူး။ နေတ္တိပါဠိတော်လာ ဟာရ ၁၆-ပါးတို့တွင် တစ်ပါး။ ဒေသနာ ဝိစယော ယုတ္တိ ... အဓိဋ္ဌာနော ပရိက္ခာရော...ဧတေ သောဠသ ဟာရာ။ နေတ္တိ၊၂။ အဓိဋ္ဌိယန္တိ အနုပဝတ္တိယန္တိ ဧတေန, ဧတ္ထ ဝါ သာမညဝိသေသဘူတာ ဓမ္မာ ဝိနာ ဝိကပ္ပနာတိ အဓိဋ္ဌာနော။ နေတ္တိ၊ဋ္ဌ၊၁၆။ ဧကတ္တတာယ ဓမ္မာ ... ဧသော ဟာရော အဓိဋ္ဌာနော။ နေတ္တိ၊၄။ ဧဝံ သုတ္တာ-ဂတာနံ ဓမ္မာနံ အဝိကပ္ပနဝသေန သာမညဝိသေသနိဒ္ဓါရဏလက္ခဏော အဓိဋ္ဌာနော ဟာရော နာမာတိ အတ္ထော။ နေတ္တိ၊ဋ္ဌ၊၂၈။ တိပိဋကအဘိဓာန် အတွဲ-၁ ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ
မေတ္တာ
ဗုဒ္ဓသခင်မြတ်ဘုရားပုံတော် မေတ္တာ (ထီ) [မိဒ+တ+အာ။ မိတ္တ+ဏ+အာ။] မိဇ္ဇတိ သိနေဟတီတိ မေတ္တာ၊ တ၊ အာ။..အထ ဝါ မိတ္တေ ဘဝါ မေတ္တာ။ ဓာန်၊ဋီ၊၁၆၁။] (၁) ချစ်တတ်သော သဘော တရား၊ ချစ်တတ်–အကျိုးစီးပွားကို အလိုရှိ တတ်-သော ခန္ဓပဗန္ဓ၌ ဖြစ်တတ်သော သဘောတရား၊ ချစ်အပ်သော ပိယပုဂ္ဂိုလ် ဟူသော အာရုံ၌ ဖြစ်တတ်သော သဘော တရား၊ မေတ္တာ။ (၁) ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ မေတ္တာသဟဂတံ။ အဘိ၊ဓ၊၆၆။ (သုတ္တနိ၊၃၀၁။ ဣတိဝုတ်၊၂၀၅။ ပဋိသံ၊၉။ ဒီ၊ဋ္ဌ၊၂၊၃၆၉။ အံ၊ဋ္ဌ၊၁၊၃၆။ အံ၊ဋ္ဌ၊၃၊၁၇၆။) မေဇ္ဇတီတိ မေတ္တာ၊ သိနိယှတီတိ အတ္တော၊ မိတ္တေ ဝါ ဘဝါ မိတ္တဿ ဝါ ဧသော ပဝတ္တီတိပိ မေတ္တာ။ အဘိ၊ဋ္ဌ၊၁၊၂၃၇။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၈၉။ ဣတိဝုတ်၊ဋ္ဌ၊၇၂။ ပဋိသံ၊ဋ္ဌ၊၁၊၈၃၊ ဒီ၊ဋီ၊၂၊၃၁၆။ အံ၊ဋီ၊၁၊၈၄။ အံ၊ဋီ၊။ ၁၈၂။) (၂) မေတ္တာကမ္မဋ္ဌာန်း။ (၂) မေတ္တာ (အံ၊၂၊၃၈၈။ ဥဒါန၊၁၂၀)တိ မေတ္တာကမ္မဋ္ဌာနံ။ အံ၊ဋ္ဌ၊၃၊၁၄၂။ ဥဒါန၊ဋ္ဌ၊၂၁၄။တိပိဋကအဘိဓာန် အတွဲ-၁၆ လက္ခဏာ, ရသစသည် မေတ္တာဟူသည် သတ္တဝါတို့၏ စီးပွားချမ်းသာကို လိုလားသော အခြင်းအရာအားဖြင့် ဖြစ်သော အဒေါသစေတသိက် ပင်တည်း။ ဝိဘာဝိနီ၊၁၁၁-၂။ ယင်းမေတ္တာသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏၊ သတ္တဝါတို့၌ ဟိတကို ကပ်ဆောင်ခြင်း ကိစ္စရှိ၏၊ ရန်ငြိုးကို ဖျောက်သော အခြင်းအရာအားဖြင့် ယောဂီဉာဏ်အား ရှေးရှုထင်တတ်၏၊ သတ္တဝါတို့၏ မနာပအဖြစ်ကို ရှုသော ယောနိသော မနသိကာရလျှင် နီးသော အကြောင်းရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၇)။ ရှေးဦးမေတ္တာ မပို့ရသူများ မေတ္တာကို ပွားများလိုသူ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ ဒေါသ၌ အပြစ်ကို သည်းခံခြင်း၌ အကျိုးကို ရှုဆင်ခြင်ရမည်။ မချစ်မနှစ်သက်အပ်သော အပ္ပိယ ပုဂ္ဂိုလ်, အလွန်ချစ်အပ်သော အတိပ္ပိယပုဂ္ဂိုလ် ချစ်သည်လည်း မဟုတ်, မုန်းသည်လည်း မဟုတ်သော အလယ်အလတ်သဘောရှိသော မဇ္ဈတ္တပုဂ္ဂိုလ် မိမိ၏ ရန်သူဖြစ်သော ဝေရီ ပုဂ္ဂိုလ်၊ ဤလေးဦးတို့၌ ရှေးဦးစွာ မေတ္တာ မပွားရ၊ မပို့ရ။ လိင်မတူသော ပုဂ္ဂိုလ်၌ သီးသန့်ပိုင်းခြား မေတ္တာပွားလျှင် ရာဂဖြစ် တတ်သည်၊ ထို့ကြောင့် လိင်မတူသော ပုဂ္ဂိုလ်၌ သီးသန့်ပိုင်းခြား၍ မေတ္တာမပွားရ၊ သေသောပုဂ္ဂိုလ်၌ မေတ္တာပို့သ ပွားများလျှင် အပ္ပနာဈာန်, ဥပစာရဈာန် မဖြစ်တတ်။ ထိုကြောင့် သေသောပုဂ္ဂိုလ်၌ မေတ္တာပို့သ မပွားများရ။ မိမိကိုယ်ကို မေတ္တာပွားခြင်း ရှေးဦးစွာ “အဟံ သုခံတာ ဟောမိ = ငါချမ်းသာသော ကိုယ်စိတ်ရှိသည် ဖြစ်ရလို၏” စသည်ဖြင့် မိမိကိုယ်ကို မေတ္တာ ပို့သ, ပွားများရမည်။ မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပို့သ ပွားများမှသာလျှင် အခြားသော သတ္တဝါများအပေါ်၌ ကိုယ်ချင်းစာတရားဖြင့် မေတ္တာထားနိုင်ပေလိမ့်မည်။ ကိုယ့်ကိုယ်ကို မေတ္တာပို့သ, ပွားများရာ၌ အပ္ပနာဈာန်ကား မဖြစ်နိုင်။ မေတ္တာအပိုင်းအခြား ဖြိုခြင်း မိမိကိုယ်ကို မေတ္တာပို့သ, ပွားများ ပြီးနောက်မှ ဆရာဥပဇ္ဈာယ် စသည်တို့ကို မေတ္တာပို့သပွားများရမည်။ ထိုနောက်မှ အတိယပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ် စသည်ဖြင့် မေတ္တာပို့သ ပွားများရမည်။ မိမိ, ပိယပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ် ဤလေးဦးတို့၌ စိတ်အတူထားနိုင်မှသာလျှင် သီမာသမ္ဘေဒကို ပြုသည် မည်၏။ သီမာသမ္ဘေဒပြုပြီးသည်ရှိသော် နိမိတ်ကို အဖန်ဖန်ပွားများလျှင် အပ္ပနာဈာန် ရနိုင်သည် (ဝိသုဒ္ဓိ၊၁၊၂၈၇-၃၀၁)။ အပ္ပနာ ၅၂၈-ဖြစ်လာပုံ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဟူသောကောဋ္ဌာသသည် အပ္ပနာတစ်ခုဖြစ်၏။ “အဗျာပဇ္ဇာ ဟောန္တု” ဟူသော ကောဋ္ဌာသသည် အပ္ပနာတစ်ခု၊ “အနီဃာ ဟောန္တု” ဟူသော ကောဋ္ဌာသသည် အပ္ပနာတစ်ခု၊ “သုခီ အတ္တာနံ ပရိဟရန္တု” ဟူသော ကောဋ္ဌာသသည် အပ္ပနာတစ်ခု၊ ဤအပ္ပနာ ၄-ခုကို တည်၍ သတ္တ, ပါဏ, ဘူတ, ပုဂ္ဂလ, အတ္တဘာဝဟူသော အနောဓိသ ၅-မျိုးဖြင့်မြှောက်ပွားသော် အပ္ပနာ ၂၀-ဖြစ်လာ၏။ ဣတ္ထိ, ပုရိသ, အရိယ, အနရိယ, ဒေဝ, မနုဿ, ဝိနိပါတိက ဟူသော ဩဓိသ ၇-မျိုးဖြင့် မြှောက်ပွားသော် အပ္ပနာ ၂၈-ဖြစ်လာ၏။ အနောဓိသအပ္ပနာ ၂၀-ကိုတည် အရပ် ၁၀-မျက်နှာဖြင့် မြှောက်ပွားသော် အနောဓိသဒိသာဖရဏအပ္ပနာ ၂၀၀-ဖြစ်လာ၏။ ဩဓိသအပ္ပနာ ၂၈-ကိုတည် အရပ် ၁၀-မျက်နှာဖြင့် မြောက်ပွားသော် ဩမိသဒိသာဖရဏအပ္ပနာ ၂၀၀-ဖြစ်လာ၏။ အနောဓိသဒိသာဖရဏအပ္ပနာ ၂၀၀, ဩဓိသဒိသာဖရဏအပ္ပနာ ၂၈၀, အရပ် ၁၀-မျက်နှာဖြင့် မမြှောက်ပွားရသေးသော အပ္ပနာ ၄၈၊ ယင်း သုံးရပ်ကို ပေါင်းသော် အပ္ပနာ ၅၂၈-ဖြစ်လာ၏ (ဝိသုဒ္ဓိ၊၁၊၃၀၄)။ ယင်း အပ္ပနာ ၅၂၈-ကိုပင် ငါးရာနှစ် ဆယ်ရှစ်သွယ် မေတ္တာဟု ဆိုကြဟန်တူသည်။ အနောဓိသ-၇၊ ဩဓိသ ၅၊ ယင်း ၁၂-ရပ်ကို တည် “အဝေရာ ဟောန္တု” စသော န္တု-လေးနှင့် မြှောက်သော် ၄၈-ပါးရ၏။ (ပိယ, သဟာ, မဇ္ဈ, ဝေရီ ပုဂ္ဂိုလ် ၄-မျိုးဖြင့် မြှောက်ပွားသည့် ဝါဒလည်းရှိ၏။) ယင်း ၄၈-ပါးကို အရပ် ၁၀-မျက်နှာဖြင့် မြောက်သော် ၄၈၀-ရ၏။ ယခင် ၄၈-ပါးနှင့် ပေါင်းသော် ၅၂၈ ဖြစ်၏။ ယင်း ၅၂၈-ကို ငါးရာနှစ်ဆယ်ရှစ် သွယ် မေတ္တာဟုဆိုနိုင်ပါသည်။ (ဆဋ္ဌမူ၊ သင်္ဂဟ၊ နှာ။ ၁၀၃။ သျှိုးလိုက်ရတုကြည့်)။ မေတ္တာကျိုး ၁၁-ပါး မေတ္တာကို ပွားများလျှင် ချမ်းချမ်းသာသာအိပ်ရခြင်း, ချမ်းသာစွာနိုးရခြင်း, အိပ်မက်ဆိုး မမြင်မက်ခြင်း, လူတို့၏ချစ်ခင် နှစ်သက်မှုကို ခံရခြင်း, နတ် ဘီလူးတို့ချစ်ခင် နှစ်သက်မှုကို ခံရခြင်း, နတ်တို့ အစောင့် အရှောက်ကို ခံရခြင်း, မီးအလောင်မခံရခြင်း, အဆိပ်မသင့်ခြင်း, လက်နက်ဖြင့် အနှိပ်အစက် မခံရခြင်း, လျင်စွာ စိတ်တည်ကြည်ခြင်း, မျက်နှာအဆင်း ကြည်လင်ခြင်း, မတွေမဝေ သေရခြင်း, အထက် အရဟတ္တဖိုလ်ကို ရခြင်းငှါ မစွမ်းနိုင်သည်ရှိသော် ဤဘဝမှ စုတေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း၊ ဤအကျိုး ၁၁-မျိုးကို ရရှိနိုင်သည် (အံ၊၃၊၅၄၂။ ဝိသုဒ္ဓိ၊၁၊၃၀၅-၃၀၇)။ မေတ္တာ၏ ရန်သူ ဗျာပါဒ ငြိမ်းခြင်းသည် မေတ္တာ၏ ပြည့်စုံခြင်းမည်၏။ ဂေဟဿိတပေမ၏ အစွမ်းဖြင့် ချစ်ခြင်း၏ ဖြစ်ခြင်းသည် မေတ္တာ၏ ပျက်စီးခြင်းမည်၏။ ဗျာပါဒ စသည်ကို ပယ်သတ်နိုင်ခြင်းသည် မေတ္တာ၏ သီးသန့်အကျိုးမည်၏။ ရာဂသည် မေတ္တာ၏ နီးသော ရန်သူမည်၏။ ဗျာပါဒ(ဒေါသ)သည် မေတ္တာ၏ ဝေးသော ရန်သူ မည်၏။ မေတ္တာ၏ အစ, အလယ်, အဆုံး ကတ္တုကမျတာဆန္ဒသည် မေတ္တာ စသော ဗြဟ္မဝိဟာရတရား လေးပါး၏ အစ မည်၏။ နီဝရဏစသည်ကို ပယ်ခွာနိုင်ခြင်းသည် အလယ်မည်၏။ အပ္ပနာဈာန်သည် အဆုံး မည်၏။ သဗ္ဗေ သတ္တာကို မေတ္တာပွားပုံ မေတ္တာကို ပွားများလိုသူသည် ရှေးဦးစွာ မိမိနေသော ကျောင်းတစ်ကျောင်းကို ပိုင်းခြား၍ ဤကျောင်းတွင်းရှိ သတ္တဝါ အားလုံး ကျန်းမာကြပါစေ-စသည်ဖြင့် ပွားများရမည်။ မိမိနေသော ကျောင်းတွင်းရှိ သတ္တဝါအားလုံးအပေါ်၌ မေတ္တာထားနိုင်မှ နှစ်ကျောင်း, သုံးကျောင်းစသည်ဖြင့် တိုးချဲ့၍ မေတ္တာပွားရမည်။ မေတ္တာသည် ဗျာပါဒများ သူ၏ စင်ကြယ်ခြင်းအကြောင်း ဖြစ်၏။ မေတ္တာ, ကရုဏာ, မုဒိတာတို့သည် သောမနဿနှင့် မကွေမကွာ ယှဉ်ခြင်းကြောင့် တိကစတုက္က ဈာန်တို့နှင့်သာ ယှဉ်ကုန်၏ (ဝိသုဒ္ဓိ၊၁၊၃၀၇-၃၁၅)။ ဥပေက္ခာ ၁၃၂ ဩဓိသ ဥပေက္ခာ ၅ အနောဓိသ ဥပေက္ခာ + ၇ _____ ၁၂ အရပ် × ၁၀ _______ ၁၂၀ + ၁၂ _______ ၁၃၂ ကမ္မဿကာ မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။ မေတ္တာရှေ့သွားဖြင့် အောင်ခြင်း ဝတ္တုကြီး ၄ပါး မေတ္တာအစွမ်းဖြင့် အောင်မြင်ခြင်းတို့ကား ပိဋကတ်တော်၌ များစွာရှိသော်လည်း ၎င်း၄ပါးဖြင့် ထင်ရှားပေါ်လွင်စေလိုက်သည်။ ဥတေနမင်းကြီးကို သာမာဝတီ အောင်မြင်ခြင်း။ ဆီပူလောင်းသူ သီရိမာကို ဥတ္တရာ အောင်မြင်ခြင်း။ နာဠာဂီရိဆင်ကို ဗုဒ္ဓဘုရားမြတ် အောင်တော်မှုခြင်း။ အဠာဝကဘီလူးကို ဗုဒ္ဓမြတ်ဘုရား အောင်တော်မှုခြင်း။ မုဒိတာ ၁၃၂ ဩဓိသ မုဒိတာ ၅ အနောဓိသ မုဒိတာ + ၇ _____ ၁၂ အရပ် × ၁၀ ______ မူလဌာန ၁၂၀ + ၁၂ _______ ၁၃၂ ယထာလဒ္ဓသမ္မတ္တိတော မာဝိဂစ္ဆန္တု ရပြီးသားစည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ ကြပါစေနှင့်။ မေတ္တာ ၂မျိုး သတ္တဝါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသော တရား၂ပါး။ မေတ္တာစစ် မေတ္တာတု အဒေါသ ပုဗ္ဗင်္ဂမ မေတ္တာယ သတ္တဝါများ အပေါ်၌ ချစ်ခင်နာလို စွတ်စို စေးကပ်တတ်သော အဒေါသ စိတ္တုပ္ပါဒ်။ သားချစ် မယားချစ် မိဘချစ် ဆွေမျိုးချစ်သည့် မခွဲနိင်သော အချစ်များ၊ ဂေဟာသိတပေမ ခေါ် အိမ်၌မှီသော အချစ်မေတ္တာတု မေတ္တာယောင် တဏှာပေမ သာဖြစ်သည်။ မေတ္တာ ၃မျိုး ချစ်ခင်စွာ ကူညီပွားပေးမှု သုံးမျိုးပါ။ဗုဒ္ဓဓမ္ဓကျမ်း(မူလပဏ္ဏသ၊ ပါ၂၆၇၊ ဋ္ဌ၊ ဒု၊ ၁၄၂) ကာယကံမေတ္တာ ဝစီကံ မေတ္တာ မနောကံမေတ္တာ သတ္တဝါအပေါင်းတို့ ချမ်းသာကြောင်းအတွက် ကိုယ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးမှု၊ ကိုယ်ဖြင့် အရိုအသေပေးမှု။ ချစ်ခင်သော စိတ်ဓာတ်ဖြင့် နှုတ်က မြွတ်ဆို ပြောကြားခြင်း။ သတ္တဝါအပေါင်းအား ဘေးရန် ခပ်သိမ်း ကင်းငြိမ်းပါစေဟု စိတ်ဖြင့်အောက်မေ့ ပွားများခြင်း။ ဩဓိသ မေတ္တာ ၇ပါး မိန်းမ ယေက်ျားစသည်ဖြင့် ရည်ညွန်းကန့်သတ်၍ ပို့သောမေတ္တာ။ သဗ္ဗေဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေ မနုဿာ သဗ္ဗေဝိနိပါတိကာ မ သတ္တဝါအားလုံး။ ဖို သတ္တဝါအားလုံး။ အရိယာ ရှစ်ပါးအားလုံး။ ပုထုဇဉ်မှန်သမျှ။ နတ် ဗြဟ္မာအားလုံး။ လူအများအားလုံး။ ဝိနိပါတိပြိတ္တာများအားလုံး။ အနောဓိသ မေတ္တာ ၅ပါး လူ နတ် ကျား မ မခွဲခြားဘဲ သတ္တဝါအားလုံးအနေနှင့် ပို့သသော မေတ္တာမျိုး။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယာပန္နာ အာရုံငါးပါး၌ တပ်မက်သော သတ္တဝါအားလုံး။ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံး။ ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တဝါအားလုံး။ ပုဂ္ဂိုလ်အားလုံး။ အတ္တဘော၌ အကျုံးဝင်သူအားလုံး။ မေတ္တာအကျယ် ၅၂၈ပါး မေတ္တာစစ် မေတ္တာမှန်များ အနောဓိသ မေတ္တာ ၅ပါး၊ ဩဓိသ မေတ္တာ ၇ပါး။ ပေါင်း ၁၂ပါးဖြစ်သည်။ အဝေရာ ဟောန္တု၊၊ အဗျာပဇ္ဇာ ဟောန္တု။ အနီဃာ ဟောန္တု၊၊ သုခီအတ္တာနံ ပရိဟရန္တု၊ ၄ခုနှင့်မြှောက် ၄၈၀ဖြစ်သည်။ ယင်း၄၈နှင့် ၄၈၀နှစ်ရပ်ကို ပြန်၍ပေါင်းလျှင် ၅၂၈ရရှိသည်။ ဗုဒ္ဓဓမ္ဓကျမ်း(ပဋိသမ္ဘိဒါမဂ်၊ ပါ၃၁၃၊ ဋ္ဌ၊ဒု၂၀၇) ဩဓိသမေတ္တာ ၅ မေတ္တာ + ၇ _____ ၁၂ မေတ္တာ × ၁၀ ______ မူလဌာန ၄၈၀ + ၄၈ _______ ၅၂၈ မေတ္တာအကျိုး ၁၁ပါး မေတ္တာတရားပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး၁၁ပါး။ ချမ်းသာစွာ အိပ်ရခြင်း။ ချမ်းသာစွာ နိုးရခြင်း။ မကောင်းသော အိပ်မက်ကို မမြင်မက်ရခြင်း။ လူတို့ ချစ်နှစ်သက်ခြင်း။ နတ်တို့ မြတ်နိုးခင်မင်ခြင်း။ နတ်တို့ စောင့်ရှောက်ခြင်း။ မီး၊ အဆိပ်၊ လက်နက် မသင့်နိုင်ခြင်း။ စိတ် လျင်မြန်စွာ တည်ကြည်ခြင်း။ မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။ မ‌ေ တွမ‌‌ေ ဝ တည်ြငိမ်စွာသေရခြင်း။ သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။ အင်္ဂုတ္တရ ဧကာဒသကနိပါတ် မေတ္တသုတ် စိတ်အပူအလောင် ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။ စိတ်အညစ်အကြေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။ စိတ်အရှုပ်အထွေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။ စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။ စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။ စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။ အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားရှင်၏ အတုမရှိသောမေတ္တာ၊ ကရုဏာဓာတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။ စိတ်အစဉ်တွင် လောဘဝင်က၊ဝင်လာလောဘ ထွက်ပြေးရအောင်လောဘကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် ဒေါသဝင်က၊ဝင်လာဒေါသ ထွက်ပြေးရအောင်-ဒေါသကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် မောဟဝင်က၊ဝင်လာမောဟ ထွက်ပြေးရအောင်-မောဟကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။ မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။ မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။ တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။ တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။ မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး။ဓမ္ဓကျမ်း(ရွှေဟင်္သာစံကျောင်း ဆရာတော်ကြီး) ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းကနောက်ဆုံးအထိပါရမီလူနတ်များစွာ ချမ်းသာရေးမို့အသက်ပေးလို့ ဖြည့်ခဲ့သည် ဗုဒ္ဓမြတ်စွာသာသနာတွက်မို့ငါပါ အသက်ဆုံးစေမည် နောက်မဆုတ်ပေါင် ခုလိုတွေးလို့ကုသိုလ်ရေးမို့ ကြိုးစားမည်မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တဝါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှ ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။ဓမ္ဓကျမ်း(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)ဓမ္ဓကျမ်း(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး) တကယ်မေတ္တာစစ်မှန်သွားရင် - ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။ မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။ ယောနိသော မနသိကာရဆိုတဲ့စိတ်ထားကောင်းလေးနဲ့သာစိတ်ကောင်းထားနိုင်မယ်ဆိုရင်ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံစိတ်လည်း ချမ်းသာပါတယ်။ ကုသိုလ်တရားလည်း တိုးပွားပါတယ်။ အလုပ်တိုင်းမှာ အနှစ်ပါဖို့မေတ္တာဟာလည်း မရှိမဖြစ်ပါ။ ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွှမ်းပြီးလုပ်ရင်လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။ဓမ္ဓကျမ်း(ဦးဇောတိကမဟာမြိုင်တောရ) တလောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်လို့ “ဘာဝေဟိ ဗုဒ္ဓါနုဿတိံ ၊ ဘာဝနာနမနုတ္တရံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း၊ လူသားတိုင်း ဗုဒ္ဓါနုဿတိဘာဝနာဆိုတဲ့ အနှိုင်းမဲ့ဘာဝနာကို သီးခြားဘုရားရှေ့မှာ ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်း၊လာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းစွန့်ရင်းနဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။ ဓမ္ဓကျမ်း(ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက) လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။ တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ မေတ္တာကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ဓမ္ဓကျမ်း(ပရိတ်တော်အလင်္ကာ စိန်ရတနာဆရာတော်ကြီး) တစ်ကမ္ဘာလုံးမှာ(တလောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဓမ္ဓကျမ်း(ဟင်္သတမြို့ နဝဓုတင်္ဂါစာရဆရာတော်ကြီး) တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။ မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။ မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။ မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။ မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။ မေတ္တာကြီးကျယ် အံ့ဩဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။ ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ၊ နိဗ္ဗာန်လမ်းမှာပါ။ ကိုးကား ပြင်ပလင့်ခ်များ The Buddha’s Teachings on Love ဗုဒ္ဓ မြတ်စွာဘုရား၏ မေတ္တာတရား ဗုဒ္ဓသာသနာ ၏ ၅၂၈ မေတ္တာ- ၁၅၀ဝ မေတ္တာ Buddhism and Peace Buddhism and Patience ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ Category:ဝိပဿနာ Category:ဗုဒ္ဓဘာသာ Category:ဘာသာရေး
ဥပေက္ခာ
ဥပေက္ခာ (ထီ) [ဥပ+ဣက္ခ+အ+အာ။ ဥပဣက္ခာ] (၁) အသင့်အားဖြင့်-အညီအမျှ-ရှုတတ်သော သဘော-ရှုခြင်း-ခံစားတတ်သောသဘော-ခံစားခြင်း၊ သုခဒုက္ခအဖို့၌ မကျသည်ဖြစ်၍-သုခဒုက္ခတို့နှင့် မဆန့်ကျင်သည်ဖြစ်၍-ခံစား တတ်သောသဘော-ခံစားခြင်း၊ ဥပေက္ခာ။ (၂) လျစ်လျူရှုအပ်သောသဘော၊ (ဝီရိယဟူသော ဥပေက္ခာကောက်။) ဤဥပေက္ခာသည် ဆဠင်္ဂုပေက္ခာ၊ ဗြဟ္မဝိဟာရုပေက္ခာ၊ ဗောဇ္ဈင်္ဂုပေက္ခာ(= တတြမဇ္ဈတ္တတာစေတသိက်။) ဝီရိယုပေက္ခာ(= ဝီရိယ။) သင်္ခါရုပေက္ခာ(= ပညာ။) ဝေဒနုပေက္ခာ(= ဥပေက္ခာဝေဒနာ။) ဝိပဿနုပေက္ခာ(= ပညာ။) တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ (= တတြမဇ္ဈတ္တတာစေတသိက်။)ဟု ဆယ်ပါးရှိ၏။ ဝိ၊ဋ္ဌ၊၁၊၁၂၀။ အဘိ၊ဋ္ဌ၊၁၊၂၁၆။ (ယမိုက်အရကောက်။ ၅၁၄။) ထိုဆယ်ပါးတို့တွင် ရသင့်သော ဥပေက္ခာကို အရာဌာနအားလျော်စွာ ကောက်ကြရသည်။ ထို့ပြင် ဂေဟသိတဥပေက္ခာ ခြောက်ပါး၊ နေက္ခမ္မသိတ ဥပေက္ခာခြောက်ပါး၊ အာဝဇ္ဇနုပေက္ခာ စသည်လည်း ရှိသေး၏။ သံ၊၂၊၄၃၀။ သံ၊ဋ္ဌ၊၃၊၁၂၃-၄။ စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ (သံ၊ဋ္ဌ၊၃၊၁၂၃-၄။) စသည်ဖြင့်လာသော ဂေဟသိတဥပေက္ခာ အရ သောမနဿကင်းသော အညာဏုပေက္ခာကို ကောက်ရသည်။ သံ၊ဋီ၊၂၊၃၆၂။ အာဝဇ္ဇနုပေက္ခာ-လည်းကြည့်။ ဆ ဂေဟသိတာ ဥပေက္ခာ၊ ဆ နေက္ခမ္မသိတာ ဥပေက္ခာ။ သံ၊၂၊၄၃၀။ ဥပပတ္တိတော ဣက္ခတီတိ ဥပေက္ခာ၊ သမံ ပဿတိ အပက္ခပတိတာဝ ဟုတွာ ပဿတီတိ အတ္ထော။ ဝိ၊ဋ္ဌ၊၁၊၁၂၀။ အဘိ၊ဋ္ဌ၊၁၊၂၁၆။ အထဝါ ဥပေတာ ယုတ္တာ သုခဒုက္ခာနံ အဝိရုဒ္ဓါ ဣက္ခာ အနုဘဝနံ ဥပေက္ခာ။ မူလဋီ၊၁၊၄၁။ ဥပပတ္တိတော ဣက္ခတီတိ ဥပေက္ခာ”တိ အယံ ပနတ္ထော ဣဓ ဥပေက္ခာသဒ္ဒဿ သဗ္ဗုပေက္ခာပရိယာဒါနတော န ဝုတ္တော။ အနုဋီ၊၁၊၄၄။ ဥပပတ္တိတော ယုတ္တိတော ဣက္ခတိ အနုဘဝတိ ဝေဒယမာနာပိ မဇ္ဈတ္တာကာရသဏ္ဌိတိယာတိ ဥပေက္ခာ၊ သုခဒုက္ခာနံ ဝါ ဥပေတာ ယုတ္တာ အဝိရုဒ္ဓါ ဣက္ခာ အနုဘဝနန္တိ ဥပေက္ခာ။ ဝိဘာဝိနီ၊၇၈။ (အံ၊ဋ္ဌ၊၁၊၃၉၀။ အံ၊ဋ္ဌ၊၃၊၁၁၂၊ ၁၁၆၊ ၁၇၂။ အဘိ၊ဋ္ဌ၊၁၊၈၅၊ ၂၃၇။ ပဋိသံ၊ဋ္ဌ၊၁၊၁၇၃။ ပဋိသံ၊ဋ္ဌ၊၂၊၁၀၇၊ ၁၉၂-၃။ သုတ္တနိ၊ဋ္ဌ၊၁၊၁၀၈၊ ၁၁၆။ သုတ္တနိ၊ဋ္ဌ၊၂၊၂၈၉။ အပ၊ဋ္ဌ၊၁၊၂၁၄၊ ၂၂၁။ မဟာနိ၊ဋ္ဌ၊ ၄၁၄။ စူဠနိ၊ဋ္ဌ၊၄၅၊ ၉၇၊ ၁၃၃၊ ၁၃၇။ သံ၊ဋီ၊၂၊၁၇၀၊ ၂၇၉၊ ၃၆၂။ မူလဋီ၊၁၊၄၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၀၉။ ပဋိသံဂံ။ ၉၆၊ ၁၄၃။) (၂) ဥပေက္ခာနိမိတ္တ(၂) ကြည့်၊ တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၂ ဥပေက္ခာမျိုး ၁၀-ပါး (၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် မြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။ (၂) ဗြဟ္မဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တဝါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။ (၃) ဗောဇ္ဈင်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ ညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကို ခေါ်ဆိုသည်။ (၄) ဝီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သောဝီရိယကိုဆိုသည်။ (၅) သင်္ခါရုပေက္ခာ- ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊ သို့မဟုတ်ဝိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။ (၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။ (၇) ဝိပဿနုပေက္ခာ- ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။ (၈) တတြမဇ္ဈတ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။ (၉) ဈာနုပေက္ခာ- မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေဘဲ လျစ်လျူရှုခြင်းကိုဆိုသည်။ (၁၀) ပါရိသုဒ္ဓုပေက္ခာ- ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကိုဆိုသည်။ ဆက်စပ်ဖတ်ရှုရန် ဥပေက္ခာဘာဝနာ ဗြဟ္မစိုရ်တရား ကိုးကား အဋ္ဌသာလိနီ အဋ္ဌကထာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ Category:ဝိပဿနာ Category:ဗုဒ္ဓဘာသာ
ဗုဒ္ဓ
right|ဂရိဟန်လက်ရာဖြင့် ထုလုပ်ထားသော ဗုဒ္ဓရပ်တော်မူဆင်းတု၊ ဂန္ဓာရတိုင်း (ယခု ပါကစ္စတန်)၊ ၁-၂ ရာစု ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ (သို့) ဗုဒ္ဓတ္တ (ဗုဒ္ဓ၏အဖြစ်) ဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ (the Awakened)၊ သဗ္ဗညုတဉာဏ်တော် (ဗောဓိဉာဏ်)ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် (အမည်)မဟုတ်ဘဲ အာလုပ်ပုဒ်အရခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓ (; or ) သည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား (Buddhahood - ဗုဒ္ဓမြတ်စွာဘုရား) ဖြစ်၍ သမ္မာသမ္ဗုဒ္ဓ (sammāsambuddha - ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား) ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။ ဗုဒ္ဓဆိုသည့် စကားလုံးကို ဂေါတမဗုဒ္ဓမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင်များအားလုံးအတွက် ရည်ညွှန်းသုံးစွဲကြသည်။ မဟာယာနဗုဒ္ဓဘာသာတွင် ကောင်းကင်ဘုံမှ ဗုဒ္ဓငါးပါးကို ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပြီး အနာဂတ်တွင် ပွင့်မည့် "မေတ္တယျ" အမည်တွင်သည့် ဗောဓိသတ္တဘုရားလောင်းကိုလည်း ညွှန်းဆိုကြသည်။ ​ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာများ၏ ပန်းတိုင်မှာ တူညီမှုမရှိကြချေ။ ထေရဝါဒသည် ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံးခြင်းဖြင့် အရဟတ္တဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဝင်ရန်ဖြစ်သည်။ တစ်ဖက်တွင်ကား မဟာယာန၏ နောက်ဆုံးပန်းတိုင်မှာ ဗုဒ္ဓအဖြစ်ရောက်ရှိရေးဖြစ်ပြီး ထိုသို့ရောက်ရှိမှ သတ္တဝါအားလုံးကို ဒုက္ခ၏ လွတ်မြောက်ရာကို လမ်းညွှန်ပြသနိုင်ပေသည်ဟု ခံယူကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဗုဒ္ဓ (သို့) ဘုရားဖြစ်ခြင်း ဆိုသည်မှာ ဒုက္ခ၏ လွတ်မြောက်ရာလမ်းကို တွေ့ရှိ၍ ဉာဏ်အလင်းပွင့်ခြင်း (ဗောဓိဉာဏ်ရရှိခြင်း) ဖြစ်သည်။ သိစရာဟူသမျှကို သိရှိပြီးဖြစ်၍ နောက်ထပ်သိရန်မလိုအပ်တော့သည့် အခြေအနေလည်းဖြစ်၏ ။; Quote: "There are various ways of examining the Complete Path. For example, we can speak of Five Paths constituting its different levels: the Path of Accumulation, the Path of Application, the Path of Seeing, the Path of Meditation and the Path of No More Learning, or Buddhahood." ဗုဒ္ဓတ္တ (သို့) ဗုဒ္ဓဘာဝ တစ်နည်း ဗုဒ္ဓအဖြစ် သို့ရောက်ရှိခြင်း (Buddhahood) နှင့်ပတ်သက်၍ နည်းလမ်းများမြောင်အပေါ် ကျယ်ပြန့်လှသော အမြင်၊ အယူအဆအမျိုးမျိုးလည်းရှိကြရာ ဂေါတမဗုဒ္ဓ၏ အဆုံးအမကို လက်ခံကြသည့် ဗုဒ္ဓဘာသာဂိုဏ်းကွဲများ အလေးပေးကျင့်သုံးကြသည့် အပေါ်၌ မူတည်ကြလေသည်။ တနည်းအားဖြင့် လက်ခံကြသည့် ကျမ်းစာများအပေါ်၌ တည်မှီကြ၏ ။ မဟာယာနဗုဒ္ဓဘာသာသည် ဗောဓိသတ္တ (ဘုရားအလောင်း) ကို အလေးပေးလက်ခံကြသည်။ တစ်ဖက်တွင် ထေရဝါဒသာသနာ၌ ဗုဒ္ဓသည် ဆရာမကူ မိမိကိုယ်တိုင် အားထုတ်မှု၊ အသိဉာဏ်ဖြင့် အလင်းပွင့်သောသူ၊ သိစရာမှန်သမျှကို မဖောက်မပြန်သိရှိ၍ သစ္စာတရား၊ မဂ္ဂင်ရှစ်တန် အကျင့်မှန်တို့ကို ရှာဖွေဖော်ထုတ်သူ၊ အလုံးစုံသော သတ္တဝါတို့ကို ထိုအခြင်းအရာများ သင်ကြားပြသ လမ်းညွှန်သူဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" မည်သည်။ အခြားဗုဒ္ဓတစ်မျိုးကို ပစ္စေကဗုဒ္ဓဟု ခေါ်တွင်၍ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် နိဗ္ဗာန်ရရှိသော်လည်း အခြားသူများကိုကား သင်ကြားပြသ လမ်းညွှန်ရန် မစွမ်းသာချေ။Snelling, John (1987), The Buddhist handbook. A Complete Guide to Buddhist Teaching and Practice. London: Century Paperbacks. p. 81 အခြားအသုံးနှုန်းတစ်ခုလည်းရှိသေး၏ ။ သာဝကဗုဒ္ဓဆိုသော အသုံးဖြစ်ကာ တစ်ယောက်သောသူသည် "သမ္မာသမ္ဗုဒ္ဓ"၏ အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံး၍ ရဟန္တာဖြစ်ခြင်းကို ဆိုလိုသည်။ ရဟန္တအဖြစ်ရောက်ရှိပါက ထိုဘဝသည် နောက်ဆုံးဘဝဖြစ်ပြီး နိဗ္ဗာန်သို့ဆိုက်ရောက်သည်။Udana Commentary. Translation Peter Masefield, volume I, 1994. Pali Text Society. p. 94. မဟာယာန၏ တထာဂတဂါဘ နှင့် ဗုဒ္ဓသဘာဝ ကျမ်းစာများ၌ ဗုဒ္ဓမျိုးစေ့(ဗုဒ္ဓဉာဏ်)သည် လူတိုင်း၌ ကိန်းအောင်းနေ၍ လောကီကာမဂုဏ်များကို စွန့်လွှတ်စရာမလိုဘဲ ဗုဒ္ဓဖြစ်ကြောင်းအကျင့်များမှတစ်ဆင့် ထိုဗုဒ္ဓမျိုးစေ့ ခေါ် အသိဉာဏ်ပညာသည် ထိုသူ၏ လက်ရှိဘဝ၌ ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဂေါတမဗုဒ္ဓသည် တစ်ဦးတည်းသော ဗုဒ္ဓမဟုတ်၊ ပါဠိကျမ်းစာများတွင် ပွင့်ထွန်းတော်မူခဲ့သည့် ရှေးရှေးဗုဒ္ဓဘုရားများကိုလည်း ကိုယ်စားပြုရည်ညွှန်းသည်။ မဟာယာနကျမ်းစာများ၌လည်း ကောင်းကင်ဘုံမှ ဗုဒ္ဓဘုရားများရှိကြကာ ဥပမာ အမိတာဘာ (သို့) ဝေရောစန တို့ဖြစ်ကြသည်။ ဗုဒ္ဓသဘာဝ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီး၌ ဗုဒ္ဓနှင့်ပတ်သက်သော ဉာဏ်တော်၊ ဂုဏ်တော်၊ ပါရမီ စသည်များကို အမျိုးမျိုးဘာသာပြန်အနက်ဖွင့်ကြသည်။ ဉာဏ်တော်များ ကိုးရီးယားနိုင်ငံ၊ ဆိုးကုရမ်ဂူကျောင်းတော်မှ ထိုင်တော်မူဗုဒ္ဓဆင်းတု ဗုဒ္ဓဘာသာဂိုဏ်များအားလုံး၌ ဗုဒ္ဓသည် ဗောဓိဉာဏ်ရသူ (ဉာဏ်အလင်းပွင့်သူ)၊ လိုချင်တက်မက်မှု တဏှာ၊ မသိမှု အဝိဇ္ဇာ၊ ဒေါသ စသော အဆိပ်သုံးပါးကင်းစင်သည်ဟူ၍ လက်ခံထားကြ၏ ။ ဗုဒ္ဓဆိုသည်မှာ ကံလက်သမား၏ တည်ဆောက်ခြင်း မခံရတော့ပေ၊ သံသရာမှ ကင်းလွတ်ပြီဖြစ်သည်။ ဂိုဏ်အများစုကလက်ခံထားသည်မှာ ဗုဒ္ဓသည် သဗ္ဗညုတဉာဏ် (သိစရာမှန်သမျှသိရှိခြင်း) ကိုရရှိသည်။ သို့သော် အချို့သောအစောပိုင်းကျမ်းစာများ၌ ဤသည်ကို ငြင်းပယ်ကြသည်လည်းရှိ၏ ။A. K. Warder, Indian Buddhism. Third edition published by Motilal Banarsidass Publ., 2000, pp. 132–133. ထေရဝါဒဗုဒ္ဓဘာသာတွင်မူ သဗ္ဗညုတဉာဏ်တော်ကို ခြွင်းချက်မရှိလက်ခံကာ ပုဗ္ဗနိဝသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်များကို အဆင့်ဆင့်ရရှိခြင်း၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အသာဓာရဏဉာဏ် ခြောက်ပါး၊ ဗုဒ္ဓဉာဏ်တော် ဆယ့်လေးပါး၊ ဝေသာရဇ္ဇဉာဏ် လေးပါးတို့ရရှိပြီး သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်ရရှိခဲ့သောကြောင့် ဗုဒ္ဓအဖြစ်သို့ ဆိုက်ရောက်သည်။ ဂုဏ်တော်များ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်များအပေါ် အာရုံပြု၍ တရားထိုင်ခြင်း၊ နုပဿတိပွများခြင်းများရှိကြရာ ဘုရားဂုဏ်တော်များကို ပါဠိကျမ်းစာ၊ မဟာယာနကျမ်းစာများ၌ ဖော်ပြထားကြပြီး ထိုဂုဏ်တော်များကို ရွတ်ဆိုပူဇော်ခြင်းများလည်းရှိသည်။ ဗုဒ္ဓ၏ ဂုဏ်တော်အပေါင်းသည် ရေတွက်မရသည့်တိုင် များပြားလှသော်လည်း ထေရဝါဒကျမ်းစာတွင် အတိုချုပ်မှတ်သားနိုင်ရန် ဂုဏ်တော်ကိုးပါးဟု ဖော်ပြထားကြသည်။ ၎င်းတို့မှာ : အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ တို့ဖြစ်ကြသည်။ မဟာယာနဂိုဏ်းအချို့တွင်မူ တထာဂတ (လာသောကောင်းခြင်းအရှင်) ကို အမှတ်တစ်နေရာထား၍ ရေတွက်ထားသဖြင့် တစ်ပါးပိုမိုပါရှိသည်။Japanese-English Buddhist Dictionary (Daitō shuppansha) 147a/163 ထို့အပြင် ဆယ်ခုမြောက် ဘဂဝါ နေရာတွင် ဗုဒ္ဓ လောကနာထ (သို့) ဗုဒ္ဓ ဘဂဝါ ဟု ရေးသားကြသည်များလည်း ရှိသည်။ , also see Thomas Cleary and J. C. Cleary The Blue Cliff Record, p. 553. ပါရမီ ပါရမီသည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့်Burmese Orthography, Myanmar Language Commission, 1993. ဟူ၍ အနက်ရရှိသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သောသူအများ၌ သမ္မာသမ္ဗုဒ္ဓသည် စံပြုထိုက်သည်။ ဗုဒ္ဓအဖြစ်သို့မရောက်မီ ရှေးကာလဘဝတစ်ခုက ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝဖြစ်သော သမ္မာသမ္ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။ ဒါန၊ သီလ မှအစပြုပြီး ဥပေက္ခာအထိ ဆယ်ခုသော လုပ်ငန်းတာဝန်များဖြစ်ကြသည်။ ပါရမီတစ်ပါးကို နောက်ထပ်သုံးမျိုး ပြန်ခွဲနိုင်သည်။ မူလ ပါရမီ (ရိုးရိုး)၊ ဥပပါရမီ (ရိုးရိုးထက် ပိုသော)၊ ပရမတ္ထပါရမီ (မြတ်သော၊ အမြတ်ဆုံးသော) ဟူ၍ တစ်ပါးကို သုံးခုထပ်မံခွဲခြားသောကြောင့် ပါရမီဆယ်ပါး၊ အကျယ်အနေဖြင့် သုံးဆယ်ဖြစ်သည်။ ပါရမီများကို ယေဘုယျအားဖြင့် ဘုရားလောင်းကျင့်စဉ် ဟုခေါ်ဆိုကြ၍ အောက်တွင် ဖော်ပြထားသည်။ ထေရဝါဒပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ဆယ်မျိုးသတ်မှတ်သည်။ ၎င်းတို့မှာ : ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။ သီလ ပါရမီ= ကိုယ်ကျင့်တရားကောင်းခြင်း။ နိက္ခမ ပါရမီ= တပ်မက်မှုကင်းခြင်း။ ပညာ ပါရမီ= အမှန်တိုင်းသိခြင်း ဝီရိယ ပါရမီ= ဇွဲလုံ့လကြီးခြင်း။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်ခြင်း။ သစ္စာ ပါရမီ= မှန်ကန်ခြင်း။ အဓိဋ္ဌာန ပါရမီ= ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ သမ္မာသမ္ဗောဓိသတ္တဖြစ်သော ဘုရားလောင်းများတွင် ပါရမီဖြည့်စဉ်၌ ပညာဓိက၊ သဒ္ဒါဓိက၊ ဝိရိယာဓိက ဟူ၍ သုံးမျိုးကွဲပြားနိုင်သော်လည်း သမ္မာသမ္ဗုဒ္ဓ ဖြစ်သည့်အခါ အားလုံးသောဂုဏ်ရည်၊ အခြင်းအရာများသည် တူညီကြ၍ မည်သူသည် မည်သူ့ထက်သာသည်ဟု မရှိတော့ပေ။ ဗုဒ္ဓအပေါ် ရှုမြင်ချက် သမိုင်းခေတ်အဆက်ဆက်၌ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့သည် ဗုဒ္ဓနှင့်ပတ်သက်၍ အမျိုးမျိုးသော ခံယူမှု၊ ယူဆမှု၊ သတ်မှတ်မှုများ ရှိကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို လေ့လာကြသော ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော ရဟန်းပညာရှင်၊ လူပညာရှင်တို့ကလည်း အမျိုးမျိုးသော ယူဆချက်၊ ဖော်ပြချက်များကို ပေးထား၏ ။ ထိုယူဆချက်များမှ ဗုဒ္ဓကို သာမန်လူသား (သို့) မဟာလူသား (သို့) နတ်ဒေဝါ (သို့) အနန္တတန်ခိုးရှင် စသဖြင့် ဖော်ပြထားမှုများကို ဤအပိုင်းတွင် အနည်းငယ်ဖော်ပြထားသည်။ ထေရဝါဒ ကျမ်းစာများ ပါဠိကျမ်းစာများ၌ သတ္ထာဒေဝ မနုဿာနံ ဟူသော ဂုဏ်အရည်အသွေးတစ်ခု ပါရှိရာ အနက်မှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာဖြစ်၍ နိဗ္ဗာချမ်းသာကို ရရှိပြီးဖြစ်သည်။ တစ်ဖက်တွင် အခြား နတ် လူ ဗြဟ္မာများသည် နိဗ္ဗာန်ချမ်းသာ သန္တိသုခကို မခံစားရ၊ လောဘ၊ ဒေါသ၊ မောဟများရှိဆဲဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာများထက် မြင့်မြတ်သည်ဟု ဖော်ပြသည်။ မဇ္ဈိမနိကာယ်လာ မဓုပိဏ္ဍိကသုတ်တွင် ဗုဒ္ဓသည် အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏ (အမတဒါယက)၊ တရားအရှင် (ဓမ္မသာမိ) ဖြစ်တော်မူ၏ ဟူ၍ ဖော်ပြထားပြီးMajhima Nikaya 18 Madhupindika Sutta: The Ball of Honey သံယုတ္တနိကာယ်လာ "အနုရာဓသုတ်"တွင်Sutta Nikaya 44.2 Anuradha Sutta: To Anuradha ဗုဒ္ဓကို ဤသို့ဖော်ပြရေးသားထားသည်။ ဟုပါရှိသည်။ တဖန် သံယုတ္တနိကာယ်လာ "ဝက္ကလိသုတ်"Sutta Nikaya 22.87 Vakkali Sutta: Vakkaliတွင် အရှင်ဝက္ကလိမထေရ် အနာရောဂါနိပ်စက်၍ မြတ်စွာဘုရားကို ဖူးတွေ့ချင်မိသောကြောင့် အခြားရဟန်းများကို ပင့်ခိုင်းရာ မြတ်စွာဘုရားကြွရောက်လာ၍ ဟုဆိုကာ ဗုဒ္ဓသည် မိမိကိုယ်ကို ဓမ္မ ဟူ၍ ခိုင်းနှိုင်းဖော်ပြထားသည်လည်းရှိ၏ ။ ဒီဃနိကာယ်လာ "အဂ္ဂညသုတ်"တွင် ဝါသေဋ္ဌသာမဏေကို ယခုကဲ့သို့ မိန့်ဖူးသည်။ "ဓမ္မကာယ ဗြဟ္မကာယ ဓမ္မဘူတ ဗြဟ္မဘူတဟူသော ဤအမည်သည် ငါ၏အမည် ဖြစ်သောကြောင့်တည်း။" စသဖြင့် အထက်ပါ ကျမ်းစာအသီးသီးတို့တွင် ဗုဒ္ဓသည် မည်သူမျှမတတ်နိုင်သော အမြိုက်နိဗ္ဗာန်ကို ပေးသူ၊ တရားတို့၏ အရှင်၊ အမြတ်တကာ အမြတ်ဆုံးသောသူ၊ ဗုဒ္ဓသည် ဓမ္မ (ခိုင်းနှိုင်းမှု)၊ ဓမ္မကာယ ဟူသော အလုံးစုံသောတရားများ ပေါင်းစုသူဟူ၍ ဗုဒ္ဓ၏မြင့်မြတ်ခြင်းသဘောကို ထိုသို့ဖော်ပြထားသည်။ ပညာရှင်အချို့၏ ဖော်ပြချက် မြန်မာနိုင်ငံမှ ထင်ရှားခဲ့သော ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဦးသေဋ္ဌိလက ဆောင်းပါးတစ်ခုတွင် "ဗုဒ္ဓသည် ဗောဓိဉာဏ်ကို ရရှိသူဖြစ်၍ ဗောဓိဉာဏ်ဆိုသည်မှာ လူသားများ၏ လုပ်နည်းလုပ်ဟန်သက်သက်ဖြင့် ရရှိနိုင်ပေသော အသိဉာဏ်နှင့် ကိုယ်ကျင့်တရားပြီး ပြည့်စုံမှုဆိုသည့် အကောင်းဆုံး စံပြအခြေအနေကို ခေါ်ဆိုသည်။ ဗုဒ္ဓဟူသော ​ဝေါဟာရသည် တိုက်ရိုက်အားဖြင့် ဉာဏ်အလင်းရသူ၊ သိသူဖြစ်၏ ။ ... ယခုပွင့်ခဲ့သော ဂေါတမဗုဒ္ဓသည် လူသားတစ်ဦးအနေဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ခဲ့၍ မည်သူမဆို သူ၏ လမ်းကြောင်းကို လျှောက်လှမ်းပါက သူကဲ့သို့ပင် ဖြစ်နိုင်သည်ဟု သင်ကြားပြသခဲ့သည်။" သာဝတ္ထိ ဓမ္မိကရဟန်းတော်က "ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်များစွာကြာသောအခါ ရာဇဝင်၊ ဒဏ္ဍာရီများက ဗုဒ္ဓသည် လူတစ်ဦးဆိုသည်ကို မှေးမှိန်ဖုံးဖိစေကာ နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပေါ်စေသည်။ အမှန်စင်စစ်အားဖြင့် ဗုဒ္ဓသည် သာမန်လူသားတစ်ဦးမဟုတ်၊ ပြီးပြည့်စုံသော မဟာပုရိသ၊ မဟာလူသားတစ်ဦးဖြစ်သည်။ ထိုသို့သော မဟာလူသားသည်လည်း သာမန်သူများနှင့် မထူးခြား သမားရိုးကျမွေးဖွားလာ၍ ရုပ်ပိုင်းဆိုင်ရာဖြင့်လည်း သာမန်သာဖြစ်သည် ဟုရေးသားဖူးသည်။ သံဃရက္ခိတ ဆိုသော Dennis Philip Edward Lingwood က ယခုကဲ့သို့ ရေးသားထား၏ ။ "ပထမဆုံး ကျုပ်တို့တွေနားလည်ရမှာက ဗုဒ္ဓသည် လူသားဖြစ်သည်ဆိုတာပါပဲ။ ဒါကအရေးကြီးပါတယ်။ ဒါပေမယ့်လည်း သာမန်နဲ့မတူ ထူးခြားတဲ့လူသား၊ ကျုပ်တို့ သိသလောက် အားလုံးထဲမှာ အမြင့်ဆုံးအဆင့်ရှိတဲ့သူမျိုးပေါ့။" ပီတာဟာဗီး၏ ဗုဒ္ဓဘာသာမိတ်ဆက်စာအုပ်၌ ဗုဒ္ဓကို လူသား (သို့) နတ်ဒေဝါတစ်ပါး၊ မည်သည်ဖြစ်သည်ကို မေးမြန်းရာ ဗုဒ္ဓက သူသည် လူ (သို့) နတ် ဖြစ်စေရန် ဖန်တီးမည့် အမြစ်တွယ်ကပ်နေသော မသိစိတ်ဉာဉ်များကို ဖယ်ရှားထားပြီဖြစ်၍ ဗုဒ္ဓဟုသာ ခေါ်ဆိုသင့်ကြောင်း၊ မဟာပထဝီမြေကြီး၌ ရှင်သန်ကြီးပြင်းခဲ့သော်လည်း ယခုအခါ၌ ထိုမဟာမြေကြီး၏ အလွန်တွင် တည်ရှိပြီဖြစ်သည်။ ကြာသည် ရေမှ ပေါက်ဖွားသော်လည်း ရေမျက်နှာပြင်၏ အထက်၊ မြေနှင့်မထိတွေ့ဘဲ ငွားငွားစွင့်စွင့် ပွင်းလန်းနေသကဲ့သို့ဖြစ်လေသည်ဟု ပြန်လည်မိန့်ကြားထားကြောင်းကို ဖော်ပြထားသည်။Peter Harvey, An Introduction to Buddhism: Teachings, History, and Practices. Cambridge University Press, 1990, p. 28 အန်ဒရူး စကစ်လ်တန်က ဗုဒ္ဓဘာသာ အယူအဆများ၌ ဗုဒ္ဓကို သမိုင်းတစ်လျှောက် မည်သည့်အခါမျှ သာမန်လူသားတစ်ဦးဟု သတ်မှတ်ယူဆခဲ့ခြင်းမရှိပါဟု ရေးသားထားသည်လည်းရှိ၏ ။Skilton, Andrew. A Concise History of Buddhism. 2004. pp. 64–65 ဦးရွှေအောင်ပြုစုသော "ဗုဒ္ဓ (သို့) လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်"စာအုပ်တွင် ဗုဒ္ဓသည် လူသားမိခင်တစ်ဦးမှ မွေးဖွားလာသည်ဖြစ်၍ သာမန်အားဖြင့် လူပုဂ္ဂိုလ်ဟု ဆိုနိုင်သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အဆုံးမရှိသော ပါရမီတော်များကို ဖြည့်ကျင့်ခဲ့မှုကြောင့် ရိုးရိုးလူသားမဟုတ်၊ အနှိုင်းမဲ့ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်ရေးသားထားသည်မှာ 'လူ' ဟုဆိုပါက မှန်သည်။ သို့သော် လူတို့၏ မကိုဋ်ဖြစ်သည်။ 'နတ်'၊ 'ဗြဟ္မာ' ဟု ဆိုလျှင် မှန်သည်။ သို့သော် 'နတ်'၊ 'ဗြဟ္မာ'တို့၏ မကိုဋ် ဖြစ်သည်။ အခြားသက်ရှိတစ်မျိုးဟု ဆိုလျှင်လည်း မှန်ကာ ထိုသက်ရှိတစ်မျိုး၏ မကိုဋ်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးနှင့် ပါရမီဖြည့်စဉ်ကာလများ၌ သံသရာတစ်လျှောက် ဆက်စပ်နေသောကြောင့် (သို့) ထို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများဖြစ်ခဲ့ဖူးသောကြောင့် ထိုထိုသဘောများကို ကိုယ်တိုင်ကြုံခဲ့ခြင်းရှိသောကြောင့် ဖြစ်၏ ။ နာရဒ မဟာထေရ်က "ဗုဒ္ဓသည် လူသားတစ်ဦးဖြစ်၍ လူသားကဲ့သို့ မွေးဖွား၊ နေထိုင်၊ ဘဝအဆုံးသတ်ခဲ့သည်။ လူသားဖြစ်သော်လည်း အလွန်ထူးခြားသော လူသား (အစ္ဆရိယ မနုဿ) ဖြစ်သည်။ နတ်ဘုရားတစ်ဆူဟု မမိန့်ခဲ့၊ ၎င်းသည် ထိုသို့ မသေနိုင်သော နတ်ဘုရားတစ်ဆူဖြစ်ကြောင်း အယူအဆအမှားများကိုလည်း ရှင်းလင်းပြသသည်။ နတ်ဘုရားသဘောသဘာမရှိသည့် နတ်ဘုရားကဲ့သို့ တူညီသော ဆရာဟူသည် ဤလောက၌ မရှိပါ" ဟူ၍ ဗုဒ္ဓဘာသာအနှစ်ချုပ်စာအုပ် (Buddhism in a Nutshell) တွင် ဆိုထားသည်။ မဟာသံဃိကဂိုဏ်း၏ သတ်မှတ်ချက် အစောပိုင်းပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာဂိုဏ်းခွဲများအနက် မဟာသံဃိကဂိုဏ်းတွင် ဗုဒ္ဓ(များ)သည် စွမ်းအားတန်ခိုးရှိသည့် သဘာဝများကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ကြကာ မဟာသံဃိကဂိုဏ်းဝင်များက ဗုဒ္ဓများ၊ ဗောဓိသတ္တများသည် အလွန်တရာ သာလွန်မြင့်မြတ်ခြင်း၊ အစွမ်းတန်ခိုးသတ္တိများ ရှိကြောင်း၊ ရဟန္တာဆိုသည်မှာ အမှားပြုနိုင်ဖွယ်ရှိကြောင်းတို့ကို တင်ပြကြသည်။Baruah, Bibhuti. Buddhist Sects and Sectarianism. က2008. p. 48. မဟာသံဃိက၏ အခွဲများဖြစ်သော ဧကဗျောဟာရိကဂိုဏ်း၊ လောကုတ္တရာဝါဒဂိုဏ်း၊ ကုက္ကုဋိကဂိုဏ်းတို့ရှိ "သမယဗေဒေါပရစနစကြာ"ကျမ်းစာ၌ ဆိုထားသော အချက် ၄၈ ချက်တွင် အချက်၂၀ သည် ဗုဒ္ဓများ၊ ဗောဓိသတ်များ၏ အစွမ်းတန်ခိုးသတ္တိများကို ဖော်ပြထားသည်။Sree Padma. Barber, Anthony W. Buddhism in the Krishna River Valley of Andhra. 2008. p. 56. ဗုဒ္ဓဘာသာ ဒဿနလေ့လာမှုဆိုင်ရာ ပါမောက္ခ ယောင် ကျိဟွာက ယခုလိုရေးသားထားသည်။ မဟာသံဃိကဂိုဏ်းလာ ကျမ်းတစ်ခု၌ "တထာဂတတို့၏ စွမ်းအားသည် အတိုင်းအဆမဲ့၍ ဗုဒ္ဓ၏ဘဝ(သက်တမ်း) သည်လည်း အနန္တဖြစ်၏" ဟုဖော်ပြထားသည်။Tanaka, Kenneth. The Dawn of Chinese Pure Land Buddhist Doctrine. 1990. p. 8 ကွမ်းရှင်း ဆိုသူကလည်း ဗုဒ္ဓ၏ အဓိကအရည်အသွေးနှစ်ခုကို မဟာသံဃိကတရားများတွင် တွေ့နိုင်သည်။ ဆိုလိုသည်မှာ ဗုဒ္ဓစစ်စစ်သည် ဉာဏ်အလင်းပွင့်သောသူ၊ အနန္တတန်ခိုးရှင်ဖြစ်ကာ အဝတာပုံစံများဖြင့် သတ္တဝါတို့ကို ကျွမ်းကျင်လိမ္မာစွာဖြင့် ခြေချွတ်တော်မူသည် ဟုပြောဆိုသည်။Guang Xing. The Concept of the Buddha: Its Evolution from Early Buddhism to the Trikaya Theory. 2004. p. 53 မဟာသံဃိကဂိုဏ်းအယူအဆတွင် လက်ရှိပွင့်ထွန်းခဲ့သည့် ဂေါတမဗုဒ္ဓသည် ဤသို့ အသွင်ပြောင်းဖန်ဆင်းထားသော ရုပ်ခန္ဓာများ (နိမ္မိတကာယ) ထဲကတစ်ဆူ ဟူ၍ယူဆကြကာ ဗုဒ္ဓစင်စစ်သည် ဓမ္မကာယ (တရားအားလုံးပေါင်းစုထားသူ) နှင့် ညီမျှသည်ဟု ဆိုကြပေသည်။Sree Padma. Barber, Anthony W. Buddhism in the Krishna River Valley of Andhra. 2008. pp. 59–60 ပွင့်တော်မူခဲ့သော ဗုဒ္ဓများ အာသောကမင်း၏ နိဂလိဆာဂါရှိ ကျောက်စာတွင် ဗြဟ္မီအက္ခရာဖြင့် ကောဏဂုံဘုရား စာသား၊ ဘီစီ ၂၅၀ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်တွင် ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဗုဒ္ဓဘုရားများကို ရှိခိုးနေခြင်း ထေရဝါဒအလိုအရ ရေတွက်၍မရသော ကပ်ကမ္ဘာ အသင်္ချေအနန္တတို့တွင် ရေတွက်မရသော ဗုဒ္ဓအဆူဆူ ပွင့်ခဲ့ပြီးဖြစ်သည်။သို့သော် အမည်သတ်မှတ်ဖော်ပြထားသော ဗုဒ္ဓအရေအတွက်မှာ နှစ်ကျိပ်ကိုးဆူဖြစ်သည်။ ထေရဝါဒကိုးကွယ်ယုံကြည်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာတို့တွင် ဤနှစ်ကျိပ်ကိုးဆူသော ဗုဒ္ဓများကို ပူဇော်ကြ၍ ပွဲတော်ရာသီကာလများ၌ ဘုရားပွဲများကျင်းပကြသည်။ ဗုဒ္ဓဝံသ (သို့) ဗုဒ္ဓဝင်တွင် သီးသန့်အနေဖြင့် နှစ်ကျိပ်လေးဆူသော ဘုရားများနှင့် ဂေါတမဗုဒ္ဓဝင်ကို ဖော်ပြထားသည်။ ထို့ကြောင့် (၂၅) ဆူဖြစ်၍ ဒီပင်္ကရာဘုရား၏ ရှေ့တွင် ဘုရားသုံးဆူရှိကာ နှစ်ကျိပ်ရှစ်ဆူဖြစ်လာပြီး အရိမေတ္တယျဘုရားကို ထည့်သွင်းလျှင် နှစ်ကျိပါကိုးဆူဖြစ်သည်။ (ဗုဒ္ဓဝင်ကျမ်း) ထိုဗုဒ္ဓများမှ ပထမဆုံးသုံးဆူသည် တဏှင်္ကရာဘုရား၊ မေဓင်္ကရာဘုရား၊ သရဏင်္ကရာဘုရား တို့ဖြစ်ကြကာ စတုတ္ထမြောက်ဗုဒ္ဓသည် ဂေါတမဘုရားအလောင်းတော် သုမေဓာရသေ့ကို "နိယတ ဝိဝရဏ" ဗျာဒိတ်ပေးသော ဒီပင်္ကရာဘုရားဖြစ်၏။ များစွာသော ဗုဒ္ဓဘာသာဝင်များသည် ၂၉ ကိုးဆူမြောက်ပွင့်မည့် အရိမေတ္တယျဘုရားကိုလည်း မျှော်မှန်း၍ ပူဇော်ကြလေသည်။ အရိမေတ္တယျဘုရား ပွင့်ထွန်းမည့် ဗျာဒိတ်အကြောင်းအရာများကို ထေရဝါဒ၊ မဟာယာန၊ ဝဇီရာယာန စသော ဂိုဏ်များရှိ ကျမ်းစာများတွင် တွေ့ရှိနိုင်ကာ ဇမ္ဗူဒီပကျွန်း (ဇမ္ဗူဒိပ်ကျွန်း; အိန္ဒိယ) တွင် ပွင့်မည်ဟု လက်ခံထားကြသည်။ အောက်ပါဇယားတွင် (၂၉) ဆူသော ဗုဒ္ဓများ၏ အချက်အလက်အချို့ကို ဖော်ပြထား၍ ဗုဒ္ဓအများစု၏ အချက်အလက်များကို မင်းကွန်းတိပိဋကဆရာတော်ပြုစုသော မဟာဗုဒ္ဓဝင်ကျမ်းမှ ဖော်ပြထားခြင်းဖြစ်သည်။ ပါဋ္ဌိအမည် သင်္သကရိုက်အမည် (လက်တင်အက္ခရာ) ဖွားမြင်ရာဒေသ မိဘ ဗောဓိပင် ဂေါတမဘုရားလောင်းအမည် 1တဏှင်္ကရာဘုရားTṛṣṇaṃkaraပုပ္ဖဝတီသုနန္ဒမင်း နှင့် သုနန္ဒာမိဖုရားတောင်မရိုးပင် - 2မေဓင်္ကရာဘုရားMedhaṃkaraယဃရသုဒေဝမင်း နှင့် ယသောဓရာပေါက်ပင် - 3သရဏင်္ကရာဘုရားŚaraṇaṃkaraဝိပုလသုမင်္ဂလမင်း နှင့် ယသဝတီသခွတ်ပင် 4ဒီပင်္ကရာဘုရားDīpaṃkaraရမ္မာဝတီ သုဒေဝမင်း နှင့် သုမေဓာမိဖုရားညောင်ကြတ်သုမေဓာ (သူဌေးသာ၊ ရသေ့) 5ကောဏ္ဍညဘုရားKauṇḍinyaရမ္မာဝတီ သုနန္ဒမင်း နှင့် သုဇာတာမိဖုရားသာလကလျာဏီဝိဇိတာဝီ (စကြဝတေးမင်း) 6မင်္ဂလဘုရားMaṃgalaဥတ္တရ ဥတ္တရမင်း နှင့် ဥတ္တရမိဖုရားကံ့ကော်ပင်သုရုစိ (ပုဏ္ဏား) 7သုမနဘုရားSumanasမေခလ သုဒတ္တမင်း နှင့် သိရိမာမိဖုရားကံ့ကော်ပင်အတုလ (နဂါးမင်း) 8ရေဝတဘုရားRaivataသုဓညဝတီဝိပုလမင်း နှင့် ဝိပုလာမိဖုရားကံ့ကော်ပင်အတိဒေဝ (ပုဏ္ဏား) 9သောဘိတဘုရားŚobhitaသုဓမ္မသုဓမ္မမင်း နှင့် သုဓမ္မမိဖုရားကံ့ကော်ပင်သုဇာတ (ပုဏ္ဏား) 10အနောမဒဿီဘုရားAnavamadarśinစန္ဒဝတီယသဝါမင်း နှင့် ယသောဓရာမိဖုရားထောက်ကြံ့ပင်နတ်ဘီလူး သေနာပတိ 11ပဒုမဘုရားPadmaစမ္ပကမြို့အသမမင်း နှင့် အသမမိဖုရားကြောင်လျှာပင်ခြင်္သေ့မင်း 12နာရဒဘုရားNāradaဓညဝတီမြို့သုဒေဝမင်း နှင့် အနောမာမိဖုရားကြောင်လျှာကြီးပင်ရသေ့ 13ပဒုမုတ္တရဘုရားPadmottaraဟံသာဝတီအာနန္ဒမင်း နှင့် သုဇာတာမိဖုရားထင်းရှူးပင်ဇဋိလ (သူဌေးသား) 14သုမေဓာဘုရားSumedသုဒဿနမြို့သုဒတ္တမင်း နှင့် သုဒတ္တမိဖုရားမအူကြီးပင် (သို့) ကျည်းပင်ဥတ္တရ (သူဌေး) 15သုဇာတာဘုရားSujāta သုမင်္ဂလဥဂ္ဂတမင်း နှင့် ပဘာဝတီကြခတ်ဝါးပင်စကြာမင်း 16ပီယဒဿီဘုရားPriyadarśinသုဓညဝတီသုဒတ္တမင်း နှင့် စန္ဒာဒေဝီရေခံတက်ပင်ကဿပ (ပုဏ္ဏား) 17အတ္ထဒဿီဘုရားArthadarśinသောဘဏသာဂရမင်း နှင့် သုဒဿနာမိဖုရားစကားပင်သုသီမ (ရသေ့) 18ဓမ္မဒဿီဘုရားDharmadarśiသရဏသရဏမင်း နှင့် သုနန္ဒာမိဖုရားမျက်နှာပန်းပင်သိကြားမင်း 19သိဒ္ဓတ္ထဘုရားSiddhārthaဝေဘာရဥဒနေမင်း နှင့် သုဖဿာမိဖုရားမဟာလှေကားပင်ရင်းမင်္ဂလ (ပုဏ္ဏား) 20တိဿဘုရားTiṣya ခေမကဇနသန္ဓမင်း နှင့် ပဒုမာမိဖုရားပိတောက်သုဇာတမင်း 21ဖုဿဘုရားPuṣကာသိကဇယသေနမင်း နှင့် သိရိမာမိဖုရားရှိရှားပင်ဝိဇိတာဝီမင်း 22ဝိပဿီဘုရားVipaśyiဗန္ဓုမတီဗန္ဓမမင်း နှင့် ဗန္ဓုမတီမိဖုရားသခွတ်ပင်အတုလ (နဂါးမင်း) 23သိခီဘုရားŚikhiအရုဏဝတီအရုဏမင်း နှင့် ပဘာဝတီမိဖုရားသရက်ဖြူပင်အရိန္ဒမမင်း 24ဝေဿဘူဘုရားViśvabhအနောမသုပ္ပတီတမင်း နှင့် ယသဝတီမိဖုရားအင်ကြင်းပင်သုဒဿနမင်း 25ကကုသန်ဘုရားKrakucchandaခေမဝတီအဂ္ဂိဒတ္တပုဏ္ဏား နှင့် ဝိသာခါ(ဇနီး)ကုက္ကိုပင်ခေမမင်း 26ကောဏဂုံဘုရားKanakamuniသောဘဝတီယညဒတ္တပုဏ္ဏား နှင့် ဥတ္တရာကပ(ဇနီး)ရေသဖန်းပင်ပဗ္ဗတမင်း 27ကဿပဘုရားKāśyapaဗာရာဏသီဗြဟ္မဒတ္တပုဏ္ဏား နှင့် ဓနဝတီပညောင်ပင်ဇောတိပါလ (လုလင်) 28သကျမုနိ ဂေါတမဘုရားSakyamuni Buddhaလုမ္ဗိနီသုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီမိဖုရားညောင်ဗုဒ္ဓဟေပင် လက်ရှိ ဂေါတမဗုဒ္ဓ29အရိမေတ္တေယျဘုရားMaitreyaကေတုမတီပြည်မှသုဗြဟ္မာပုဏ္ဏား နှင့် ဗြဟ္မဝတီ(ဇနီး)ကံ့ကော်ပင် မဟာယာန၏ ဗုဒ္ဓများ ရွှေတိဂုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ဗုဒ္ဓဘုရားများကို ပန်းချီ၊ ပန်းပုလက်ရာများဖြင့် ဖော်ကျူးတင်ဆက်ကြရာ၌ : ထိုင်တော်မူ လျောင်းတော်မူ ရပ်တော်မူ ဒုက္ကရစရိယာမူ အနေအထားများဖြင့် များသောအားဖြင့် တင်ဆက်ဖော်ပြလေ့ရှိကြသည်။ ထို့အပြင် မဟာယာနတွင် အထက်ပါလေးခုအပြင် ဟိုတေး (သို့) ဗုဒိုင် (သို့) ဤ၌အသိများသည်မှာ အန်ကုန်းကိုယ်တော် ပုံစံ (ဤရုပ်တု/ပုံသည် အလယ်ခေတ် တရုတ်ရစန်းတော်တစ်ပါးဖြစ်ဖွယ်ရှိပြီး မေတ္တယျဗုဒ္ဓနှင့် ဆက်စပ်မှုရှိသည်။ တိတိကျကျဆိုရလျှင် ဗုဒ္ဓရုပ်ပွားတော်မဟုတ်ပေ) လာအိုနိုင်ငံ၌ အတွေ့ရများသည့် ရုပ်ပွားတော်သည် မိုးကိုခေါ်နေသည့် ပုံစံဖြစ်၏ ။ အမှတ်သညာများ ဗုဒ္ဓရုပ်ပွားတော် တင်ဆက်ဖော်ပြချက်များ၌ အမှတ်အသား/လက္ခဏာများစွာ ပါဝင်သည်။ သို့သော် အရပ်ဒေသပေါ်မူတည်၍ ကွဲပြားမှုရှိကြသည်။ ဦးခေါင်းတော်ထက်တွင် မို့မောက်နေသည့် အပိုင်း (ဆံထုံး၊ မကိုဋ် ...) ရှည်လျားနားရွက်တော်ရှိခြင်း စသည်တို့အပြင် ဒေသ၊ အရပ်၊ ဂိုဏ်းကွဲမှုများအပေါ်မူတည်၍ ထုလုပ်၊ ရေးဆွဲသည့် ပုံစံသည်အမျိုးမျိုးဖြစ်နိုင်သည်။ ပါဠိကျမ်းစာများ၌ လက္ခဏာကြီး (၃၂)၊ လက္ခဏာငယ် (၈၀) ဟူ၍ ဖော်ပြထားသည်။ မုဒြာဟန်များ လက်ဟန်အနေအထားကို သင်္သကရိုက်ဖြင့် မုဒြာ၊ ပါဠိဖြင့် မုဒ္ဒါ ဟုခေါ်ဆိုသည်။ ဤရုပ်ပွားတော်များကို ထုဆစ်ရာ၌ အရပ်ဒေသပေါ်တွင် မူတည်၍ အမျိုးမျိုး ပုံဖော်ကြလေသည်။ ဝရဇိန်လက်နက်နှင့်အတူ ထုလုပ်သော မုဒြာသည် ဂျပန်၊ ကိုရီးယားတို့တွင် ခေတ်စားကြသော်လည်း အိန္ဒိယတွင်မူ တွေ့ရခဲသည်။ အကြမ်းအားဖြင့် မုဒြားန် ခြောက်မျိုးရှိကာ ၎င်းတို့မှာ သမာဓိမုဒြာ၊ ဘူမိဖဿမုဒြာ၊ ဓမ္မစကြာမုဒြာ၊ အဘယမုဒြာ၊ ဝိတက္ကမုဒြာ၊ ဝရဒမုဒြာ တို့ဖြစ်ကြသည်။ မှတ်စု ကိုးကား Category:ဗုဒ္ဓဘာသာ
ဂေါတမ
ဂေါတမ အမည်သည် အနွယ်ကိုစွဲ၍ ခေါ်ဝေါ်ပြောဆိုသော နာမည်ဖြစ်၍ ယင်းအနွယ်တွင် ပါဝင်သော သာကီဝင် မင်းသားမင်းသမီးများနှင့် သက်ဆိုင်သော အမည်နာမဖြစ်သည်။ ဂေါတမ (ပု) [ဂေါတမ+ဏ။ ဂေါတမဿ ပုတ္တော။ ရူ၊၃၆၅။ ဂေါတမဝံသဿ ကပိလဿ မုနိနော သိဿတာယ သကျာ ဂေါတမာ၊ ဘဂဝါ ပန ဂေါတမဝံသေ ဥပ္ပန္နတ္တာ ဂေါတမဿ မုနိနော အပစ္စံ ဂေါတမော။ ဓာန်၊ဋီ၊၄။]တိပိဋကအဘိဓာန် အတွဲ-၆ ဂေါတမအမည် (၁) ဂေါတမမည်သူ။ သမဏော ခလု ဘော ဂေါတမော သကျပုတ္တော သကျ“ကုလာ ပဗ္ဗဇိတော ဝေရဉ္ဇာယံ ဝိဟရတိ။ ဝိ၊၁၊၁။ (ဝိ၊၁၊၇။ ဝိ၊၃၊၃၊ ၁၁၆။ ဒီ၊၁၊၄။ ဒီ၊၂၊၃။ မ၊၁၊၂၀။ သံ၊၁၊၃၁။ အံ၊၁၊၁၆၅။ ဥဒါန၊၈၀။ သုတ္တနိ၊၃၀၂။ ဇာ၊၂၊၉၊ ၆၁။ အံ၊ဋ္ဌ၊၁၊၁၈၇။) ဂေါတမောတိ ဘဂဝန္တံ ဂေါတ္တဝသေန ပရိကိတ္တေတိ။ ဝိ၊ဋ္ဌ၊၁၊၈၄။ (သံ၊ဋ္ဌ၊၁၊၂၄၈။ အံ၊ဋ္ဌ၊၂၊၁၄၉။ ဥဒါန၊ဋ္ဌ၊၄၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၉၈။ ထေရ၊ဋ္ဌ၊၁၊၄၈၀။ အပ၊ဋ္ဌ၊၂၊၅၉၊ ၂၉၀။ သာရတ္ထ၊၃၊၁၄၇။ အံ၊ဋီ၊၁၊၁၆၅။) ထိုကြောင့် ဝိ၊၁၊၁၊၇၊ဒီ၊၁၊၄။ မ၊၁၊၂၀။ သံ၊၁၊၁၃။ အံ၊၁၊၅၇။ အဘိ၊က၊၉၅။ ပဋိသံ၊၃၃၉။ သုတ္တနိ၊၂၉၁။ ဝိမာန၊၁၇။ ထေရီ၊၃၉၄။ အပ၊၁၊၂၅။ စူဠနိ၊၂၁၅-စသည်တို့၌ ဂေါတမမြတ်စွာဘုရားကိုလည်းကောင်း၊ စူဠနိ၊၂၇၀-၌ ဂေါတမပစ္စေကဗုဒ္ဓါကိုလည်းကောင်း၊ သံ၊၁၊၁၈၉-၌ ရှင်အာနန္ဒာကိုလည်းကောင်း၊ သံ၊၁၊၁၈၉-၌ ရှင်ဝင်္ဂီသထေရ်ကိုလည်းကောင်း၊ အံ၊၁၊၁၆၅။ အံ၊ဋ္ဌ၊၂၊၁၄၉-၌ ဂေါတမမြတ်စွာဘုရားနှင့် ယင်း၏ တပည့်သာဝကများကိုလည်းကောင်း, ဝိ၊၃၊၁၁၆-၌ သုဒ္ဓေါဒနမင်းကြီးကိုလည်းကောင်း၊ ဇာ၊၂၊၉၊ ၆၁-၌ အင်္ဂီရသရသေ့ကိုလည်းကောင်း "ဂေါတမ" ဟူ၍ ခေါ်ဝေါ်သုံးနှုန်းထားသည်။ (၂) ဂေါတမနတ်။ (၃) ဂေါတမတောင်။ (၃) ဂေါတမတောင်။ ဂေါတမော နာမ ပဗ္ဗတော (အပ၊၁၊၁၇၉) တိ အနေကေသံ ယက္ခဒေဝတာနံ အာဝါသဘာဝေန အဓိဋ္ဌာနဝသေန ဂေါတမဿ ဘဝနတ္တာ ဂေါတမောတိ ပါကဋော အဟောသိ။ အပ၊ဋ္ဌ၊၂၊၁၄၅။ (၄) ဂေါတမမည်သော ကက္ကာရုနတ်ပန်း။ (၄) ဂေါတမမည်သော ကက္ကာရုနတ်ပန်း။ ယာမာ ဒေဝါ ဣဓာဂန္တွာ၊ ဂေါတမံ သိရိဝစ္ဆသံ။ ကက္ကာရူမာလံ ပဂ္ဂယှ၊ ဗုဒ္ဓဿ အဘိရောပယိ။ အပ၊၁၊၃၃၀။ (၅) ဂေါတမရဟန်း။ (၅) ဂေါတမ ရဟန်း။ ဂေါတမော (ထေရ၊၂၄၉)တိ လဒ္ဓ နာမော သတ္တဝဿိကကာလေ ဥပနယနံ ကတွာ။ ထေရ၊ဋ္ဌ၊၁၊၃၂၄။ (၆) နေမင်း။ (၆) နေမင်း။ သူရိယော ဂေါတမော ဂေါတ္တေန။ မဟာနိ၊၂၆၄။ (၇) ဂေါတမရသေ့။ ဂေါတမ (ပု) [ရူဋီနာမ်ပုဒ်] ဤရသေ့သည်- (က) ဂေါတမအနွယ်ကို အစဦး တည်ထောင်သူ အာဒိပုရိသဖြစ်၍ "ဂေါတမ" ဟု မည်တွင်သော ဂေါတမဘုရားလောင်း ကပိလရသေ့။ (ခ) မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏထေရ်အလောင်း ဖြစ်လတ္တံ့သော ပဒုမုတ္တရဘုရားလက်ထက်က ဂေါတမရသေ့ (က) အောက်ပုဒ် ထောင့်ကွင်းကြည့်။ (ခ) တဿ နာမဂ္ဂဟဏဒိဝသေ ဂေါတမောတိ နာမံ အကံသု။ အံ၊ဋ္ဌ၊၁၊၁၅၆။ တို့ပင်ဖြစ်ကြသည်။ "တိပိဋကအဘိဓာန်"တိပိဋကအဘိဓာန် အတွဲ-၆ ကိုးကား ကဏ္ဍ:ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ
ဂေါတမဗုဒ္ဓ
ဂေါတမဗုဒ္ဓ (ဘီစီ ၅၆၃/၄၈၀ ခန့်– ၄၈၃/၄၀၀ ခန့်) သိဒ္ဓတ္ထဂေါတမ; သကျမုနိဗုဒ္ဓ, သို့မဟုတ် ဗုဒ္ဓ သည် ဤ ဘဒ္ဒကမ္ဘာ တွင် ပွင့်တော်မူခဲ့သော ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူတွင် နောက်ဆုံး ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။ ဗုဒ္ဓဝင် ဗျာဒိတ်ခံယူတော်မူခြင်း ဗျာဒိတ်တော်ခံယူနေပုံသရုပ်ဖော်ပန်းတမော့လက်ရာ ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘဝ၌ အမရဝတီမည်သော မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြရာ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ "ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။" ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ "အလိုရှိသူတို့ ယူကြကုန်လော့" ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။ ကဆုန်လပြည့်နေ့တခုတွင် ရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။ ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃ စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည်" ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။ ဖွားတော်မူခြင်း ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း- ကာလ - တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ဝန်ခံတော်မူလေသည်။ ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိပ်မက်ကို မြင်မက်လေသည်။ နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အနဝတတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိပ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။ ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေဝဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ "အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ" ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် "အဂ္ဂေါဟမသ္မိ လောကဿ" ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဟု ကြုံးဝါး၏။ ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။ အမည်ပေးတော်မူခြင်း ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြပြီး မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာရာ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ "သားတော် ဆရာမြတ်ကို ရှိခိုးလော့" ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသလို မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက "မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည်" ဟု ဆို၏။ ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်ကာ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က "သားတော်သည် စကြဝတေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ "အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက "ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း" ဟုမေးသည်။ "သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်" ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို "သိဒ္ဓတ္ထ" ဟု အမည်ပေးသည်။ အဓိပ္ပာယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် "သိဒ္ဓတ္ထဂေါတမ" ဟုလည်း ခေါ်ကြသည်။ ကြင်ရာတော်ရွေးခြင်း ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို "အဆင်းသာလှ၍ ပညာမတတ်" ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် "အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့" ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်စင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသောဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။ ထီးနန်းစံတော်မူခြင်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ရမ္မ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် သုရမ္မ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် သုဘ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။ သံဝေဂယူတော်မူခြင်း ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်ဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သံဝေဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘ၀အဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် "ရာဟုဇာတော - အနှောင်အဖွဲ့ဖြစ်ပါပကော" ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။ တောထွက်တော်မူခြင်း ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝေဂရပြီးလျှင် "ယနေ့ညတွင်ပင် တောထွက်တော့အံ့" ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။ ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ဘုရားလောင်းသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ဘုရားလောင်းသည် အဆောင်တော်အတွင်းသို့ ရောက်လာသောအခါ သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် "ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့" ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွာတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။ ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ "အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်" ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ဝေးသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား" ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်တွင် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ဃဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ဃဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿစေတီ တည်ထားကိုးကွယ်လေသည်။ ဒုက္ကရစရိယာကျင့်တော်မူခြင်း ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဠာရ ရသေ့ နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရုဝေဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ရှေးဦးစွာ သေနာ မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာဝနာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံးဝ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်ဩဇာအသွင်းမခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။ မာရ်နတ်ကို အောင်တော်မူခြင်း ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉ လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား" ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။ ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင့်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။ ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် "ဘုရားမဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့" ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ်သားသည် ဗေဠုဝစောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။ ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာ ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်ဝံ့ဘဲ အဝေးကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် "ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ဝေဿန္တရာဘဝဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ" ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။ ဘုရားဖြစ်တော်မူခြင်း ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါန ကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဉ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ ဓမ္မစကြာတရားဟောတော်မူခြင်း ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။ ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာအရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။ သာသနာပြုတော်မူခြင်း ပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခု ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး ၆၀ သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ဝေနေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရုဝေဠတောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။ ပရိနိဗ္ဗာန်စံတော်မူခြင်း ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။ မှတ်တမ်းအရ ရာဇဂြိုဟ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ဝေသာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ဝေသာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေသာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ဝေသာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၎င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွာတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ဝေဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ဝေသာလီပြည်သို့ ကြွတော်မူသည်။ ဝေသာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ဝေသာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်အနီး တောင်ဘက်ရှိ ဝေဠုဝရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ဝေဠုဝရွာတွင် ၄၅ ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။ ဝေဠုဝရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ဝေဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ဝေဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စုဝေးစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။ ဝါကျွတ်သောအခါ ဗုဒ္ဓသည် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ဝေသာလီမှ ထွက်ခွာတော်မူသည်။ ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒ လှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။ ဘုရားရှင်သည် ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ဝေးသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။ ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဉ့်၏ ပထမယံ ကုန်လွန်သွားသည်။ သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစု‌ဝေးနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် "ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွဲဝေပေး လေသည်။ မှတ်စုများ ကျမ်းကိုး ၁။ ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ) ၂။ မဟာဓမ္မစကြာအရသာ (ညောင်လေးပင်မြို့တောရကျောင်းတိုက် နာယကဆရာတော် ဦးအရိယမထေရ်မြတ် (အဂ္ဂမဟာပဏ္ဍိတ) ၃။ ရုပ်စုံဗုဒ္ဓသာသနာဝင် (ဝိုင်အမ်ဘီအေ အသင်း) ၄။ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းစာအုပ် (ဓမ္မဗျူဟာသာသနမာမကအဖွဲ့) ၅။ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ (သုခ) ၆။ ထေရဝါဒနှင့်ပတ်သက်သော မှတ်ချက်များ (နန္ဒာသိန်းဇံ) ၇။ မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင်ရုပ်စုံ (မင်းယုဝေ) ၈။ ပုံတော်စုံ ဆယ်စောင်တွဲ (ခင်ချိုထွန်းစာပေ) ၉။ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒဆောင်ပုဒ်များစာအုပ် ( ပြွန်တန်ဆာမြို့ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အထိမ်းအမှတ် ) ပြင်ပလင့်ခ်များ ဗုဒ္ဓဘဝဖြစ်စဉ် ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ Category:ဂေါတမဗုဒ္ဓ Category:ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ Category:ဗုဒ္ဓဘာသာ ဘုရားများ Category:ဗုဒ္ဓဘာသာ
ဇာတ်ကြီးဆယ်ဘွဲ့
ဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်ရှင်မြတ် ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက်မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝ များ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာတို့ဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း (၅၄၇) ဇာတ်ရှိသော်လည်း အလွယ်တကူဖြစ်စေရန် (၅၅၀) ဇာတ်တော်ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ်စသဖြင့် ရှိ၍ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော (၁၀)ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြ သကဲ့သို့ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ဆိုကြသည်။ ဇာတ်ကြီးဆယ်ဘွဲ့မှာ ဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်း ဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ် သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် ‘နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်’ ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်၍ ဇာတ်ကြီး ဆယ်ဘွဲ့ကို ပါရမီရင့်စဉ်ဖြစ်ခဲ့သော ဇာတ်များအဖြစ် သတ်မှတ်ကြသည်။ ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့ သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင် ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ် ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။ ဝေါဟာရအနက် စာရေးဆရာ မင်းယုဝေက 'ဇာတက' ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြ၍ ဇာတ်သည် 'အဖြစ်' ၊ 'ဘဝ' ဟူ၍ အနက်ရသည်။ အဓိကအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ဟု ခေါ်လေ့ရှိသည်ဟု ဆိုသည်။ နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ် ဗုဒ္ဓဘာသာအလိုအရ သံသရာတလျောက် ဗောဓိဆုပန်ခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရသည်။ ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှမ်းဝေးသော ဘဝများကို ချန်လှပ်၍ မဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို (၅၅၀) ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ) မှသည် (ဝေဿန္တရာ) ဘဝများကို ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြသည်။ ဦးမိုးမြင့်(ဘီအက်စ်စီ)ရေး ဗုဒ္ဓ၏ ဘဝဖြစ်စဉ် ဇာတ်ကြီးဆယ်ဘွဲ့ တေ•ဇ•သု• နေ•မ•ဘူ•စန်•နာ•ဝိ•ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။ တေမိဇာတ် ဘုရင်မလုပ်လိုပါက ဆွံအ နားပင်းဟန်ဆောင်၍နေရန် အကြံပေးခဲ့သဖြင့် တေမိမင်းသားလေး ကျင့်ကြံနေထိုင်ခဲ့ ပုံမှာ တစ်နှစ်သားအရွယ်မှစ၍ ၁၆ နှစ်သားအရွယ်ထိ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့လေသည်။ ဤဇာတ်တော်က နေက္ခမ္မပါရမီနှင့် အဓိဋ္ဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဇနကဇာတ် နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့်တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လပြုအပ်လှသည်။ သင်ချစ်ခင်၍ ငါ့ကိုဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုရကျိုး ငါရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိ တိုင်း မဆုတ်မဆိုင်းသောလုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခတ်အံ့”။ ဤဇာတ်တော်က ဝီရိယပါရမီ နှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ သုဝဏ္ဏသာမဇာတ် ဒုကူလနှင့် ပါရိကာတို့၏ သားမှာ သုဝဏ္ဏသာမ ဖြစ်ပါ၏။ အဆိပ်လူးသောမြားဖြင့် ပီလိယက္ခမင်းကြီးက သုဝဏ္ဏသာမအား ပစ်ခဲ့မိရာ မြားဆိပ်တက်နေချိန်ဖြစ်ပါ ၏။ အဆိပ်ပြေစေရန် မိဘများက သစ္စာပြုခဲ့လေသည်။ ကုသိုလ်တရား ကျင့်လေ့ရှိသူ၊ မြတ်သောအကျင့် ကျင့်လေ့ ရှိသူ၊ မှန်သောစကားကို ဆိုလေ့ရှိသူ၊ မိဘကို လုပ်ကျွေး ပြုစုလေ့ရှိသူ၊ လူကြီးမိဘတို့ကိုရိုသေသူ ဖြစ်ခြင်းကြောင့် သစ္စာစကားတည်ပြီး အဆိပ်ပြေပါစေသား။ ဤ ဇာတ်တော်က မေတ္တာပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံ ကို သိမြင်နိုင်သည်။ နေမိဇာတ် နေမိဇာတ်၏ အနှစ်သာရမှာ နေမိကိုယ်တိုင်ပြုသော ကုသိုလ်ကောင်းမှုသည်သာ မိမိကိုယ်ပိုင် ပစ္စည်းဥစ္စာဖြစ် သည်။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းခြင်းဖြင့် ကောင်းကျိုး ချမ်းသာရနိုင်သည်။ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် စိတ်ရောကိုယ်ပါ ချမ်းသာနိုင်သည်။ အလှူပေးခြင်းဖြင့် ကုသိုလ်ကောင်းမှုကို ပြုပါဟူ၍ ဖြစ်သည်။ ဤဇာတ်တော် က ဒါနပါရမီနှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင် နိုင်သည်။ မဟောသဓာဇာတ် ‘မဟောသဓာ’ ဟူသော စကားသည် မဟာနှင့် ဩသဓ နှစ်ပုဒ်တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနု ဘော်ကြီးသော၊ ဩသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်။ မဟောသဓာသည် ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်သော ပညာရှိဖြစ်သည်။ နွားခိုးမှု၊ လည်ရွဲအမှု၊ ချည်လုံးခိုးအမှု၊ သားခိုးအမှု၊ ရထားခိုးအမှု စသည်တို့ကို ကောင်းစွာ စီရင် ဆုံးဖြတ်နိုင်သည်။ ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ နွားလားဥဿဘပြဿနာ စသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းတင်ပြနိုင်သည်။ ထို့ထက်မက များလှစွာသော အံ့ချီးဖွယ် မဟောသဓာ၏ စွမ်းရည် များကို ဖတ်ရှုနိုင်ပေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင် သည်။ (စာ-၁၃၅) ဘူရိဒတ်ဇာတ် ဘူရိဒတ်နဂါးမင်းသည် ဂေါတမမြတ်စွာဘုရား၊ ဓတရဌ နဂါးမင်းသည် သုဒ္ဓေါဒနမင်းကြီး၊ သမုဒ္ဒဇာမိ မိဖုရားသည် မယ်တော်မာယာ၊ သောမဒတ္တသည် အရှင်အာနန္ဒာ၊အဇမုခိ နဂါးမသည် ဥပ္ပလဝဏ်၊ သုဒဿနသည် အရှင်သာရိ ပုတ္တရာ၊ သုဘောဂသည် အရှင်မောဂ္ဂလာန်၊ ကာဏရိဌ် သည် သုနက္ခတ်၊ နေသာဒ မုဆိုးသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်။ ဤဘူရိဒတ်ဇာတ်တော်တွင် ဂေါတမဘုရားရှင်၏ သီလပါရမီ၊ ခန္တီပါရမီ၊ အဓိဋ္ဌာန်ပါရမီ တို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ စန္ဒကုမာရဇာတ် စန္ဒကုမာရ မင်းသည် တရားနှင့်အညီ မင်းပြုသည်။ စုတေသောအခါ နတ်ပြည်သို့လားသည်။ စန္ဒကုမာရမင်း သည် ဂေါတမဘုရားရှင် ဖြစ်တော်မူပြီး ခန္တီပါရမီဖြည့် ဆည်းခဲ့ပုံကို ဤဇာတ်တော်တွင် သိမြင်နိုင်သည်။ နာရဒဇာတ် နာရဒဇာတ်၏ အနှစ်သာရမှာ တရားမဟုတ်သည်ကို ရှောင်ကြဉ်ပါ။ တရားဟုတ်သည်ကို ကျင့်ပါ။ ထမင်း၊ အဖျော်၊ နံ့သာ၊ ပန်းမန်၊ အဝတ်ပုဆိုး၊ ထီး၊ ဖိနပ် စသည် တို့ကို အပြည့်အစုံစီရင်ပါဟု အင်္ဂတိမင်းကြီးအား နာရဒ ဗြဟ္မာကြီးက မှာကြားပုံကို အဓိကဖော်ပြသည်။ ဤဇာတ် တွင် ဂေါတမဘုရားရှင်သည် ပညာပါရမီ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဝိဓူရဇာတ် ဤဇာတ်တော်၏ အနှစ်သာရမှာ “မင်းမှုထမ်းသည် စကားကို ပြောသင့်သည်ထက် ပို၍များများမပြောရ။ မပြောဘဲ နှုတ်ဆိတ်၍လည်းမနေရ။ ပြောခွင့် ဆိုက်သော အခါ လိုရင်းကို ပြတ်သားစွာ ပြောဆိုရာ၏။ အမျက်မထွက် ရာ။ ကုန်းမတိုက်ရာ။ အကျိုးမရှိသောစကားကို မဆိုရာ။ မှန်သောစကားကိုသာ ဆိုရာ၏” ဟူသော ကျင့်အပ်သော တရားကို အစချီသော အရာရာသော ပညာများကို သုခမိန် ပီသစွာ ဟောကြားခဲ့လေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ ဝေဿန္တရာဇာတ် ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်နှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့် ရှောက်ရသူများကိုပါ ပေးလှူလိုက်လေသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းစွာတုန်ဟည်းလျက် ဒုတိယ အကြိမ် ငလျင်ကြီး လှုပ်လေသည်ဟု ဖော်ပြထား သော ဝေဿန္တရာ၏ ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံများကို သိမြင်နိုင်သည်။ မြန်မာဘာသာဖြင့် ရေးသားခြင်းများ ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ- စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍) မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊ ( ကျောင်းတကာ မောင်ဝ၏သား မောင်ထောက် တောင်းပန်လျှောက်ထား၍) နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊ ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊ (ဥက္ကံအရှင် သုမဏေ တောင်းပန်လျှောက်ထား၍) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊ ( ကျောင်းတကာ မောင်ဝ တောင်းပန်လျှောက်ထား၍) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊ ( စာရေးတော်ကြီး မောင်သာ တောင်းပန်လျှောက်ထား၍) ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း ဆက်စပ်အကြောင်းအရာများ ငါးရာငါးဆယ်ဇာတ်တော်များစာရင်း ဇာတ် ဇာတက ကိုးကား Category:ဇာတ်ကြီးဆယ်ဘွဲ့ Category:ဗုဒ္ဓဘာသာ
နိဗ္ဗာန်
နိဗ္ဗာန (န) [ဝါန + နိ။ ဝိဘာဝိနီ၊၇၈။ မဏိမဉ္ဇူ၊၁၊၁၃၇။ ရူ၊နှာ။ ၁၉၈။ နိ + ဝါန။ နိရုတ္တိ၊၅၄၃။ နိ + ဝါ + ယု။ ဝိဘာဝိနီ၊၇၈။ မဏိမဉ္ဇူ၊၁၊၁၃၇။ နိ + ဗာဓ + ယု။ ဓ-ကို ဗ-ပြု။ ဓမ္မပဒမဟာဋီ။ ၃၄။ နိ + ဝါရ + ယု။ ဝ-ကို ဗ-ပြု၊ ရ-ကို ဗ-ပြု။ နိ + ဝုဏ + ယု။ ဝ-ကို ဗ-ပြု၊ ဥ-ကို အာ-ပြု၊ ဏ-ကို ဗ–ပြု၊ ဓမ္မပဒမဟာဋီ၊ ၃၈။ (နိဝါဏ-သံ၊ နိဂ္ဂါဏ-အဒ္ဓမာဂဓီ၊ ဏိဝွဏ-ပြာ၊ နိဝန–သီဟိုဠ်)ဝါန မည်သော တဏှာမှ ထွက်မြောက်တတ်သောတရား၊ ဝါန မည်သော တဏှာမရှိရာဖြစ်သော တရား၊ ရာဂ အစရှိသော အပူမီးတို့၏ ငြိမ်းအေးခြင်း၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြိမ်းအေးသောတရား၊ ဆင်းရဲမှု ၃-ပါးတို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်း။ နိဗ္ဗာန်။ ဝါနတော နိက္ခန္တန္တိ နိဗ္ဗာနံ။ ဒီ၊ဋ္ဌ၊၂၊၅၆။ နတ္ထိ ဧတ္ထ တဏှာသင်္ခါတံ ဝါနံ၊ နိဂ္ဂတံ ဝါ တသ္မာ ဝါနာတိ နိဗ္ဗာနံ။ အဘိ၊ဋ္ဌ၊၁၊၄၃၅။ ဝါနံ ဝုစ္စတိ တဏှာ၊ နိက္ခန္တံ ဝါနတော, နတ္ထိ ဝါ ဧတ္ထ ဣမသ္မိံ ဝါ အဓိဂတေ ဝါနဿ အဘာဝေါတိ နိဗ္ဗာနံ။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ နိဗ္ဗာန (ဗုဒ္ဓဝံ၊၃၀၇) န္တိ တိဝိဓဿ ရာဂါဒိ အဂ္ဂိဿ နိဗ္ဗာပနံ ဥပသမနံ နိဗ္ဗာနဉ္စ ဣစ္ဆိတဗ္ဗံ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၉၁။ သံသာရဒုက္ခသန္တိဘူတတ္တာ နိဗ္ဗုတန္တိ နိဗ္ဗာနံ။ နတ္ထေတ္ထ တဏှာသင်္ခါတံ ဝါနန္တိပိ နိဗ္ဗာနံ။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၁။ နိဗ္ဗာန (ဝိသုဒ္ဓိ၊၁၊၃၆၉) န္တိ တိဿန္နံ ဒုက္ခတာနံ နိဗ္ဗုတိံ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၆၀။ (က) ကိလေသနိဗ္ဗာန် (ကိလေသာတို့၏ ငြိမ်းအေးမှု)။ (ခ) အနုပါဒိသေသနိဗ္ဗာန် (wikt:ဝိပါက် နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်းမရှိ ငြိမ်းအေးမှု)။ (၁) (က) ကိလေသနိဗ္ဗာန်။ (ခ) အနုပါဒိသေသနိဗ္ဗာန်၊ ဇညာ နိဗ္ဗာနမတ္တနော။ ဥဒါန၊၁၀၈။ = ဘိန္နကိလေသော ဘိက္ခု အတ္တနော ကိလေသနိဗ္ဗာနံ ပစ္စဝေက္ခဏဉာဏေန သယမေဝ ဇာနေယျာတိ အတ္ထော။ အထ ဝါ... အတ္တနော အနုပါဒိသေသနိဗ္ဗာနမေဝ ဇာနေယျ စိန္တေယျ၊ ဥဒါန၊ဋ္ဌ၊၁၇၃။ နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အမြင့်မားဆုံး အဆုံးသတ်ဖြစ်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာနကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှသာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း၊ လောကမှလွန်မြောက်နေသော လောကုတ္တရာတရား အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။ ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန် ဟု ခေါ်သည်။ နိဗ္ဗာန်တွင် သတ္တဝါတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန်သို့ ရောက်ရှိပြီးနောက် သံသရာ၌ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု(တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ၊ တဏှာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ခန္ဓာငါးပါး သင်္ခါရတရား နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ နိဗ္ဗာန်ဟူသည် နိဗ္ဗာန်ဟူသည်- ပဋိသန္ဓေ ၄-ပါး, လားရာ “ဂတိ” ၅-ပါး, ဝိညာဉ်၏တည်ရာ “ဝိညာဏဌိတိ” ၇-ပါး, သတ္တဝါတို့နေရာ “သတ္တဝါသ” ဘုံ ၉-ပါးတို့၏ အဆက်ဆက် ဖြစ်ပေါ်ခြင်းငှာ ဖွဲ့နှောင်ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သောတရား။ (ဝိ၊ဋ္ဌ၊၁၊၁၈၄။ အံ၊ဋ္ဌ၊၁၊၄၂။ အဘိ၊ဋ္ဌ၊၁၊ ၄၃၅။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ မဟာနိ၊ဋ္ဌ၊၈၈။ သံ၊ဋီ၊သံ၊ဋီ၊၁၊၈၁။) ကံနှင့်အကျိုး, အကျိုးနှင့်ကံ, ခန္ဓာ အချင်းချင်း သတ္တဝါနှင့်ဆင်းရဲ ယှဉ်တွဲနေ အောင် ချုပ်စပ်တတ်သော တဏှာမှထွက် မြောက်တတ်သောတရား။ (သာရတ္ထ၊၂၊၁၅၂။ ဒီ၊ဋီ၊၂၊၂၈၄။ မ၊ဋီ၊၁၊၃၃၅။) ယုတ်ညံ့သောဘဝ, မြင့်မြတ်သောဘဝ, ဒုဂ္ဂတိဘဝ, သုဂတိဘဝအားဖြင့် ဘဝကြီးဘဝငယ် အသွယ်သွယ်ကို ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သော တရား။ (အဘိ၊ဝတာရ၊၁၀၈။ ဝိဘာဝိနီ၊၇၅၊ အဘိ၊ဝတာရ၊ဋီ၊၂၊၂၈၉။ မဏိမဉ္ဇူ၊၁၊၁၃၇။) ခန္ဓာငါးပါးစသည် အပြားရှိသော တေဘူမကတရားတို့ကို ထက်အောက်ပြောင်းပြန် အဖန်ဖန်ဖြစ်စေခြင်းဖြင့် ချုပ်စပ်တတ်သော တဏှာမှ ထွက်မြောက်တတ်သောတရား၊ (သင်္ဂဟ၊၄၅။ ဝိဘာဝိနီ၊၂၁၆။ မဏိမဉ္ဇူ၊၂၊၂၂၂။), ယင်းတဏှာမရှိရာဖြစ်သော တရား၊ (အဘိ၊ဋ္ဌ၊၂၊၃၀၀၊ ၄၃၅။ ပဋိသံ၊ဋ္ဌ၊၂၊၈၂။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ နေတ္တိ၊ဋ္ဌ၊၁၂၉။ ဒီ၊ဋီ၊၂၊၂၈၄။ မ၊ဋီ၊၁၊၃၃၅။), ယင်းတဏှာ၏ ငြိမ်းအေးရာဖြစ်သောတရား။ (သာရတ္ထ၊၁၊၄၄၂။) ရာဂစသော မီး ၁၁-ပါးတို့ ငြိမ်းအေးကြောင်းဖြစ်သော တရား။ (ဝိဘာဝိနီ၊၇၅။), အလုံးစုံသော ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆင်းရဲ အပူဟူသမျှတို့ ငြိမ်းအေးရာဖြစ်သောတရား။ (ပရမတ္ထဒီပနီ၊၂၄။), လောင်စာမီးစာ နှစ်ဖြာကုန်ခန်း၍ ငြိမ်းလေပြီးသော ဆီမီးပမာ ရဟန္တာအရှင်မြတ်တို့၌ ကိလေသာ, ခန္ဓာ ၂-ဖြာ ချုပ်ငြိမ်းရုပ်သိမ်းရာ ဖြစ်သောတရား။ (ပရမတ္ထဒီပနီ၊၂၄။ မဟာအတုလဋီကာ။ ၂၇။) ရာဂ, ဒေါသ, မောဟ, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဟူသော မီး ၁၁-ပါးတို့၏ ငြိမ်းကြောင်းတရား။ (ကေစိဝါဒအဆို။ မဟာအတုလဋီကာ။ ၂၇။) နိဗ္ဗာန်၏ လက္ခဏာဒိစတုက္ကကို https://www.wikiwand.com/my/articles/နိဗ္ဗာန်၏_လက္ခဏာဒိစတုက္က ဤမှာ ဖတ်ပါ။ နိဗ္ဗာန်အမျိုးအစားများ ကို ဤမှာ ဖတ်ပါ။ နိဗ္ဗာန်၏ ဝေဝုစ်ပရိယာယ်တို့ကား များလှပါသည်။ နိဗ္ဗာနနာမာဝလိ အဘိဓာန် ၌ ကြည့်ပါ။ သာလွန်မြင့်မြတ်သော ချမ်းသာ လူချမ်းသာအပေါင်းတို့တွင် ၄-ကျွန်းလုံးကို အစိုးရသော စကြာမင်းတို့၏ စည်းစိမ်ချမ်းသာသည် အကြီးအကျယ်ဆုံးသော ချမ်းသာဖြစ်၏။ ထိုစကြာမင်းချမ်းသာသည် အနိစ္စမျိုး စင်စစ်ဖြစ်၏။ ပျက်စီးခြင်းလျှင် အဆုံးရှိ၏။ ယင်းစကြာမင်းသည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိသေးသောကြောင့် ယနေ့စကြာမင်းဖြစ်သော်လည်း နောက်နေ့၌ ခွေးဘဝ၊ ဝက်ဘဝအစရှိသော အပါယ်ဘဝသို့ ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီး တင်းလင်းရှိနေ၏။ ထိုအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခကား နိစ္စမျိုးဖြစ်၏။ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှ ပျက်ဆုံးခြင်းမရှိ။ မြတ်စွာဘုရားရှင်တို့သည်မူ အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သောကြောင့် ခွေးဘဝ၊ ဝက်ဘဝ အစရှိသော အပါယ်ဘုံဘဝနှင့်တကွ ခပ်သိမ်းသောဘဝများသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ။ ဤသို့လျှင် ၄-ကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး၏ အကြီးကျယ်ဆုံးသော လူ့ချမ်းသာထက် "ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်း" ဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏။ နတ်ချမ်းသာအပေါင်းတို့တွင်လည်း သိကြားမင်းကြီးနှင့် အခြားသောနတ်မင်းကြီးတို့၏ ချမ်းသာသည် အကြီးကျယ်ဆုံးသော ချမ်းသာဖြစ်၏။ ဗြဟ္မာချမ်းသာအပေါင်းတို့တွင်လည်း မဟာဗြဟ္မာမင်းကြီးတို့၏ ချမ်းသာသည် အကြီးကျယ်ဆုံးသော ချမ်းသာဖြစ်၏။ ဤနတ်မင်းကြီး၊ ဗြဟ္မာမင်းကြီးတို့၏ ချမ်းသာသည် အနိစ္စမျိုးစင်စစ်သာ ဖြစ်ကုန်၏။ ပျက်စီးခြင်းလျှင် အဆုံးရှိကုန်၏။ ထိုသိကြားမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိကြသေးသောကြောင့် ယနေ့ သိကြားမင်းကြီး၊ နတ်မင်းကြီး၊ ဗြဟ္မာမင်းကြီး၊ နောက်နေ့၌ ခွေးဘဝ၊ ဝက်ဘဝ အစရှိကုန်သော အပါယ်ဘဝသို့ ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီးတို့ တင်းလင်းရှိနေကုန်၏။ အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခမူကား နိစ္စမျိုးဖြစ်ကုန်၏။ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှ ပျက်ဆုံးခြင်း မရှိ။ မြတ်စွာဘုရားရှင်တို့သည်မူ အဝိဇ္ဇာ အစရှိသော ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သောကြောင့် ခွေးဘဝ၊ ဝက်ဘဝ အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသောဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ။ ဤသို့လျှင် နတ်မင်းကြီး၊ သိကြားမင်းကြီး၊ ဗြဟ္မာမင်းကြီးတို့၏ အကြီးကျယ်ဆုံးသော နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ထက် "ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်း" ဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သောပရမသုခကြီး ဖြစ်ပေ၏။ လယ်တီပုစ္ဆာအဖြေ ပေါင်းချုပ် နိဗ္ဗာန်သည် ခန္ဓာနှင့်စပ်၏ဟူသောအဆို နိဗ္ဗာန်သည် ခန္ဓာနှင့် စပ်သွယ်သည်သာ (= နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၇၀။) ယင်း “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ”ဟူသော စကားဖြင့် ခန္ဓာမဟုတ်သော ခန္ဓာနှင့် စပ်သော တရားကို နိဗ္ဗာန်ဟု ယူရသည်။ ခန္ဓာနှင့်စပ်သော တရားဆိုသည်ကား အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်း, တဏှာ၏ချုပ်ငြိမ်းခြင်း, ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း, နာမ်ရုပ်တို့၏ ချုပ်ငြိမ်းခြင်းဟူသော စကားမျိုး၌ ချုပ်ငြိမ်း ခြင်းဟူသော နိဗ္ဗာန်ကို အဝိဇ္ဇာ, တဏှာ, ကိလေသာ, နာမ်, ရုပ်ဟူသော ခန္ဓာတို့နှင့် ဖက်စပ်၍သိရ ပြောဆိုရသောကြောင့် “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ”ဟူသော စကားကို ဆိုသည်။ ထိုစကားဖြင့်ပင်လျှင် ခန္ဓာသည် နိဗ္ဗာန်မဟုတ်, နိဗ္ဗာန်သည် ခန္ဓာမဟုတ်ဟု ထင်ရှားလေသည်။ ပညတ်မျှသည် နိဗ္ဗာန်မဟုတ် “နိဗ္ဗာန်သည် ပညတ်မျှသာဖြစ်သည် မဟုတ်လော့”ဟု မေးလျှင်လည်း “မဟုတ်” ဟုပင် ဖြေရမည်၊ အကြောင်းမှာ-“နိဗ္ဗာန်ကို ပညတ်တရား"ဟုဆိုလျှင် နိဗ္ဗာန်ကိုအာရုံပြု သောစိတ်, စေတသိက် (မဂ်, ဖိုလ်)တို့သည် ပညတ်ကို အာရုံပြုကြရပေလိမ့်မည်၊ ဓမ္မသင်္ဂဏီပါဠိတော် ပရိတ္တာရမ္မဏတိတ် (အဘိ ၁။ ၂၇၁)၌ နိဗ္ဗာန်ကို အာရုံပြုသောတရားများကို ဟောတော်မူရာ၌ မဂ် ၄-ပါးနှင့် ဖိုလ် ၄-ပါးတို့ကိုသာ ဟောတော်မူပေသည်။ ပညတ်ကိုအာရုံပြုသည့် တိတ်မုတ်တရားကို ဟောရာ၌ မဂ် ၄-ပါး, ဖိုလ် ၄-ပါးတို့ကို ဟောတော်မမူ၊ အကယ်၍ နိဗ္ဗာန်သည် ပရမတ္ထတရားမဟုတ်ပဲ ပညတ်တရားဖြစ်ခဲ့လျှင် နိဗ္ဗာန်ကို အာရုံပြုသောတရားကို ခွဲခြား၍ ဟောတော်မမူရာ။ သို့ရာတွင် နိဗ္ဗာန်ကို အာရုံပြုသောတရားနှင့် ပညတ်အာရုံပြုသော တရား ခွဲခြား၍ ဟောထားတော်မူ၏။ သို့ဖြစ်၍ နိဗ္ဗာန်သည် ပညတ်မဟုတ်၊ ပညတ်မှ တစ်ပါးတခြား ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရားသာ ဖြစ်ပေသည်။ (အဘိ၊ဝတာရ၊၁၁၁။ အဘိ၊ဝတာရ၊ဋီ၊၂၊၁၉၇။) နိဗ္ဗာန်စံ ပုဂ္ဂိုလ်မရှိ ကိလေသာ, ခန္ဓာ, ဝဋ်ဆင်းရဲအားလုံး ငြိမ်းအေးခြင်းသဘော “နိဗ္ဗာန်” သည်သာ ထင်ရှားရှိ၏၊ ငြိမ်းအေးသွားသောပုဂ္ဂိုလ်, နိဗ္ဗာန်စံဝင်သွားသော ပုဂ္ဂိုလ်ဟူ၍မရှိ၊ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၄။) နိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်တို့၏ မရှိခြင်းကြောင့်လည်း ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်၍ ဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း, တရားကောင်းကို နာကြားရသဖြင့် များစွာသောပုဂ္ဂိုလ်တို့ ဘဝ ဇာတ်သိမ်းကြကုန်၍ ကိလေသာ, ခန္ဓာချုပ်ငြိမ်းသွားကြသော်လည်း ငြိမ်းအေးခြင်း သဘော “နိဗ္ဗာနဓာတ်”၏ ယုတ်လျော့သွား သည်, ပြည့်သွားသည်ဟူ၍ မရှိခြင်းဖြစ်သည်။ (ဝိ၊၄၊၄၂၃။ အံ၊၃၊၄၂၊ ၄၅။ အဘိ၊က၊၁၆၈။ ဥဒါန၊၁၄၃။) တဏှာချုပ်ရာ နိဗ္ဗာန် လောက၌ တပ်မက်မှု “တဏှာ” ဖြစ်ပေါ်လျှင် ချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ = မျက်စိအကြည်, သောတပသာဒ = နားအကြည်-စသည်တို့၌ ဖြစ်ပေါ်တည်ရှိကြသည်။ (ဒီ၊၂၊၂၄၆-၇။ အဘိ၊ဝိ၊၁၀၆-၈။) ယင်း တဏှာချုပ်ပြန်သောအခါ၌လည်း ပြဆိုပြီးသည် စက္ခုပသာဒ, သောတပသာဒ-စသော လောကီ တရားတို့၌ပင် ချုပ်၏။ (ဒီ၊၂၊၂၄၇-၉။ အဘိ၊ဝိ၊ ၁၀၉၊ ၂၁၀။), ယင်းသို့ တဏှာချုပ်ခြင်းသည် နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့်ပင် ပယ်သတ်ခြင်းကြောင့်ဖြစ်သည်။ ဥပမာ — လယ်သမားယောက်ျားသည် လယ်ခင်း၌ ဗူးခါးနွယ်ကိုမြင်၍ အညွန့်ဖျားမှ စ၍ အမြစ်ရင်းကို ရှာဖွေကာ ဖြတ်ရာ၏။ ယင်းဗူးခါးပင်သည် တဖြည်းဖြည်း ညှိုးချောက်၍ “ဗူးခါးပင်”ဟု ခေါ်ဝေါ်စရာမရှိ လောက်အောင် သေပျောက်ချောက်သွေ့ သွားရာ၏။ နောင်အခါ ထိုလယ်ခင်း၌ ဗူးခါးပင် ချုပ်ပြောက်သွားပြီ၊ သေသွားပြီ၊ အမြစ်ပါ ပြုတ်အောင် နှုတ်ပယ်လိုက်ပြီဟု ဆိုရ သကဲ့သို့ ချစ်အပ်, သာယာအပ်သော သဘောရှိသော စက္ခုပသာဒ-စသောတရားတို့၌ ဖြစ်ပေါ်နေသော တဏှာကို အရိယာ မဂ်ဖြင့် ပယ်ဖြတ်အပ်ပြီးသောအခါ ယင်း တဏှာသည် ချစ်အပ်, သာယာအပ်သော စက္ခု-စသော တရားတို့၌ပင် ချုပ်ပျောက်သွားသည်ဟု ဆိုရ၏။ နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့် အမြစ်ပြတ်အောင် ပယ်ဖြတ် လိုက်သောအခါ ယင်းတဏှာသည် နောင် တဖန်မဖြစ်ခြင်းသို့ ရောက်၏။ ဤဥပမာ၌ ယာခင်းနှင့် စက္ခု-စသောတရားတို့ တူ၏။ ဗူးခါးနွယ်နှင့် တဏှာ တူ၏။ ဗူးခါးနွယ်ကို နောင်မဖြစ်ပေါ်အောင် ပယ်သတ်လိုသော ယောက်ျားနှင့် အရိယာမဂ် တူ၏။ ဗူးခါးနွယ် နောင်မဖြစ်ပေါ်ရန် စိတ်ညွတ်သော ယောက်ျားနှင့် ဗူးခါးနွယ်အမြစ်ကို ဖြတ်ခြင်းနှင့် နိဗ္ဗာန်ကိုအာရုံပြုသော အရိယာမဂ်ဖြင့် တဏှာကိုပယ်သတ်မှု တူ၏။ ဗူးခါးနွယ် နောင်မဖြစ်ပေါ်ခြင်းနှင့် တဏှာ၏ နောင် မဖြစ်ပေါ်ကြောင်းဖြစ်သော နိဗ္ဗာန် တူ၏။ တောအုပ်တစ်ခု၌ ခိုးသား, ဓားပြတို့ ထကြွသောင်းကြမ်းနေကြ၏။ ယင်းခိုးသား, ဓားပြတို့ကို လက်ရဖမ်းယူကာ ဆောင်လာ၍ မြို့တော်တောင်ဖက် တံခါး၌ အသေသတ်ရာ၏။ နောင်အခါ တောထည်း၌ ခိုးသား, ဓားပြတို့ မရှိကြတော့ကုန်၊ သေကုန်ပြီ၊ သတ်ပြီးပြီဟု ဆိုရသကဲ့သို့ ချစ်အပ်, သာယာအပ်သော သဘောရှိသော ပသာဒစက္ခု စသောတရားတို့၌ ဖြစ်ပေါ်နေသောတဏှာကို အရိယာမဂ်ဖြင့် ပယ်သတ်အပ်သောအခါ နိဗ္ဗာန်ကို အာရုံပြု၍ ပယ်သတ်ရာ၏။ နိဗ္ဗာန်ကို အာရုံပြု၍ အရိယာမဂ်ဖြင့် ပယ်သတ်ခြင်းကြောင့် ပသာဒစက္ခု-စသော တရားတို့၌ ဖြစ်နေသောတဏှာ အကြွင်းမဲ့ချုပ်၏။ ယင်းသို့ ဥပမာတစ်မျိုးဖြင့်လည်း သိရာ၏။ ဤဥပမာ၌ တောအုပ်နှင့်စက္ခု-စသော တရားတို့တူ၏။ ယင်း တောအုပ်၌ ထကြွ သောင်းကြမ်းနေသော ခိုးသား, ဓားပြတို့နှင့် စက္ခု-စသော တရားတို့၌ ဖြစ်ပေါ်နေသော တဏှာ တူ၏။ ခိုးသူသတ်သမားတို့နှင့် အရိယာမဂ် တူ၏။ နိဗ္ဗာန်ကို အာရုံပြု၍ ချုပ်သောကြောင့် နိဗ္ဗာန်၌ တဏှာချုပ်သည်မည်၏။ သို့ဖြစ်၍ “တဏှာချုပ်ရာ နိဗ္ဗာန်” ဟု ဆိုရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၀-၁။ အဘိ၊ဋ္ဌ၊၂၊၁၀၆။ ဒီ၊ဋီ၊၂၊၃၄၂။ မူလဋီ၊၂၊၇၀။ အနုဋီ၊၂၊၇၅။) ရေဓာတ်, မြေဓာတ်, မီးဓာတ် လေဓာတ်တို့ မရှိရာ နိဗ္ဗာန် နိဗ္ဗာန်၌ ရေဓာတ်, မြေဓာတ်, မီးဓာတ်, လေဓာတ်တို့ ထောက်တည်ရာလုံးဝမရ။ (ဒီ၊၁၊၂၁၃။) ယင်းသို့ ရေ, မြေ, မီး, လေဓာတ်တို့ ထောက်တည်ရာမရ ဆိုသဖြင့် အလုံးစုံ သော ရုပ်ဟူသမျှတို့ နိဗ္ဗာန်မှာမရှိဟု သိအပ်၏။ အရှည်, အတို, အကြီး, အငယ် စသည့်ဝတ္ထုတို့ ထောက်တည်ရာမရ နိဗ္ဗာန်၌ အရှည် အတို အကြီး အငယ် တင့်တယ်သောဝတ္ထု, မတင့်တယ်သောဝတ္ထုများ ထောက်တည်ရာမရ။ (ဒီ၊၁၊၂၁၃။) ယင်းသို့ အရှည် အတို-စသည်ဝတ္ထုများ ထောက်တည်ရာမရဟု ဆိုသဖြင့် ပုဂ္ဂိုလ်, သတ္တဝါ, အတ္တဇီဝ-စသော ပညတ်များလည်း နိဗ္ဗာန်မှာ မရှိဟု မှတ်ရာ၏။ နာမ်ခန္ဓာတို့ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန် နိဗ္ဗာန်၌ နာမ်ခန္ဓာ, ရုပ်ခန္ဓာတို့ အကြွင်းမဲ့ ချုပ်၏။ (ဒီ၊၁၊၂၁၃။) နိဗ္ဗာန်၌ နာမ်ခန္ဓာ, ရုပ်ခန္ဓာတို့ အကြွင်းမရှိ ချုပ်ငြိမ်းသည်ဟု ဆိုခြင်းကြောင့် ရုပ်ကြမ်း, နာမ်ကြမ်း မဟုတ်သော်လည်း ရုပ်နာမ်အလားရှိသော အလွန် သိမ်မွေ့သောတရား အကြွင်းအကျန်ဟူ၍လည်း နိဗ္ဗာန်၌မရှိ၊ ခန္ဓာဟု မခေါ်ဆိုအပ်သော်လည်း ခန္ဓာအလားရှိသော အလွန်သိမ် မွေ့သောတရား အကြွင်းအကျန်ဟူ၍လည်း နိဗ္ဗာန်၌ မရှိဟု သိအပ်၏။ (နိဗ္ဗာနဝိဿဇ္ဇနာ။ ၂၂၆။) နိဗ္ဗာန် ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန် မထိုက် ပကတူပနိဿယပစ္စည်းဟူသည် အာရုံ တရားမျိုးမဟုတ်၊ အာရုံစသည်နှင့် မရောယှက်ပဲ အကြောင်းအကျိုးစပ်ကာ နောက် အကျိုးတရားကို ပြီးစေနိုင်သောသတ္တိ, မှီဝဲအပ်သော အားကြီးသောသတ္တိမျိုးသာ ဖြစ်၏၊ နိဗ္ဗာန်သည် အာရုံတရားမျိုးသာဖြစ်၍ နိဗ္ဖါဒနသတ္တိ ဥပသေဝနသတ္တိ မရှိသောကြောင့် ပကတူပနိဿယပစ္စည်း မတပ်နိုင်။ တနည်း နိဗ္ဗာန်သည် အတိတ်, အနာဂတ်တရားမျိုး မဟုတ်၊ ပစ္စုပ္ပန်အာရုံတရားသာ ဖြစ်ရကား ပကတူပနိဿယပစ္စည်း မတပ်နိုင်။ ပါဠိတော်၌ “ပစ္စုပ္ပန္နံ ဥတု ဘောဇနံ သေနာသနံ ဥပနိဿာယ” ဟူ၍လာသည်ကား ကမ္မနိမိတ် ပစ္စုပ္ပန်မျိုးကဲ့သို့ တံသဒိသပစ္စုပ္ပန်တည်း။ အကြောင်းတရားကိုစွဲ၍ မဖြစ်သော အပ္ပစ္စယ အသင်္ခတတရားမျိုးဖြစ်သောကြောင့် ပစ္စယုပ္ပန်လည်းမထိုက်ဟု မှတ်ရာ၏။ (မူလဋီ၊၃၊၁၈၆။) နိဗ္ဗာန်သည် ရွှေငွေစသည်ဖြင့် ပြုလုပ်ထားသည့် အရာမဟုတ် နိဗ္ဗာန်ကို ရွှေ ငွေ ပတ္တမြား ဖလ် သစ်သား ဝါး မြေညက် အုတ်တို့တွင် တစ်မျိုး မျိုးဖြင့် ပြုလုပ်ထားသည် အရာမဟုတ်။ ဤစကားဖြင့် နိဗ္ဗာန်မြို့ ကြီးဟူသော နေယျတ္ထစကားကိုယူ၍ လောက၌ နန်းမြို့တော်ကြီးကဲ့သို့ နိဗ္ဗာန်မည်သည် အလုံးစုံသော ရတနာတို့ဖြင့်ပြီးသော ပြအိုး, ပစ်စင်, ပြာသာဒ် စသည်တို့နှင့်ပြည့်စုံသော မြို့ကြီးဟု ပြောဆိုကြကုန်သော မိစ္ဆာဝါဒီပုဂ္ဂိုလ်တို့၏ ချွတ်ယွင်းဖေါက်ပြန် မှားယွင်းသောဝါဒကို ပယ်၏။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၃။ ဓမ္မပဒ၊ မဟာဋီ၊၃၀၈။) သစ္စာလေးပါးသည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၏ သို့ရာတွင် ခန္ဓာကိုယ်၌ နိဗ္ဗာန်မရှိကြောင်းကို ရောဟိတဿနတ်သား ၌ ကြည့်ပါ။ နိဗ္ဗာန် အနတ္တ နိဗ္ဗာန်သည် အတ္တ, အနတ္တ ၂-မျိုးတွင် အနတ္တမည်၏။ (ဝိ၊၅၊၁၅၇။) ဘုရား, ရဟန္တာတို့ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံမပြု ဘုရား, ရဟန္တာတို့၏ စုတိစိတ်သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုသည်။ နိဗ္ဗာန်ကို အာရုံမပြု။ “သန္တိမာရဗ္ဘာတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ သန္ဓာယ” (ဒီ၊ဋ္ဌ၊၂၊၁၈၇။) ဟု ဖွင့်ဆိုသောကြောင့် “နိဗ္ဗာန်ကို အာရုံပြုသည် မယူပဲ နိဗ္ဗာန်ကို ရည်ညွှန်း၍ ညွတ်ကိုင်း၍ ပရိနိဗ္ဗာန်ပြုသည် ယူရသည်”ဟု စတုရင်္ဂဗလအမတ်ဆိုသည်။ ဋီကာကျော်ဆရာကား ကံသည် ထင်စေအပ်သော နာမ်ရုပ်လက္ခဏာပညတ်ကို အာရုံပြု သည်ဟုဆိုသည်။ (ဝိဘာဝိနီ၊၁၈၈။) နိဗ္ဗာန် ကလျာဏပုထုဇဉ်တို့ မှန်းဆသိ သင်္ခတတရား ပညတ်တရားလျှင် အာရုံရှိသော ဉာဏ်သည် ကိလေသာတို့ အကြွင်း မဲ့ဖြတ်ခြင်း, တဖန်ငြိမ်းစေခြင်း ကိစ္စကို မပြုနိုင်၊ အရိယာပုဂ္ဂိုလ်ဟုဆိုအပ်သော သတ္တလောက၌ ကိလေသာကို အကြွင်းမဲ့ဖြတ်ခြင်း တဖန် ငြိမ်းအေးစေခြင်း ကိစ္စလည်းရှိ၏။ ထို့ကြောင့် သင်္ခတပညတ်တရားတို့မှ အပြန်အားဖြင့်ထူးခြားသော ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်ခြင်း, တဖန်ငြိမ်းအေးစေခြင်း ကိစ္စကို ပြုတတ်သော မဂ်ဖိုလ်တို့၏ အာရုံ ဖြစ်သည့် နိဗ္ဗာန်မည်သော ၁-ခုသော တရားထူးသည် ဧကန်စင်စစ် ရှိ၏။ ယင်းသို့ ကလျာဏပုထုဇဉ်များ မှန်းဆ၍သိသည်။ (ဝိဘာဝိနီ၊၂၁၆။) နိဗ္ဗာန် အတ္ထိပစ္စည်း အဝိဂတပစ္စည်း မတပ် ပစ္စယုပ္ပန်သဘောကို မရခြင်းဖြင့် ကျေးဇူးမပြုတတ်သော အနာဂတ်တရားတို့၏ သာလျှင် ပစ္စုပ္ပန်သဘောကို ရလာသောအခါ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည်သာလျှင် အတ္ထိပစ္စည်း, အဝိဂတပစ္စည်းမည်သောကြောင့် အမြဲတန်း ထင်ရှားရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော နိဗ္ဗာန်သည် အတ္ထိပစ္စည်း, အဝိဂတပစ္စည်း မတပ်။ (ဝိဘာဝိနီ၊၂၅၁-၂။) ပရမတ္ထတရား လေးပါးပြရာ နိဗ္ဗာန်အဆုံးထား သင်္ဂြိုဟ်ကျမ်း ပရမတ္ထတရား ၄-ပါးကို ပြဆိုရာ၌ စိတ်, စေတသိက်, ရုပ်တို့၏ချုပ်ရာကို ပြခြင်းအကျိုးငှါ နိဗ္ဗာန်ကို အဆုံး၌ထား၍ အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုသည်။ (သင်္ခေပဝဏ္ဏနာဋီကာ။ ၂၁၇။) ပေါ့ပေါ့အားထုတ်ရုံနှင့် နိဗ္ဗာန်မရနိုင် ပေါ့ပေါ့တန်တန် အားထုတ်ရုံနှင့် စွမ်းရည်သတ္တိ ဝီရိယနည်းနည်းဖြင့် ဒုက္ခအားလုံးမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို မရနိုင်ပါချေ။ (သံ၊၁၊၄၆၆။) နိဗ္ဗာန်ချမ်းသာ နိဗ္ဗာန်ချမ်းသာထက် သာလွန်မွန်မြတ်သော ချမ်းသာမည်သည် မရှိ။ (ထေရီ၊ ၄၃၀။ ထေရီ၊ဋ္ဌ၊၂၉၀။) နိဗ္ဗာန်ချမ်းသာထက် သာလွန်မွန်မြတ်သော ချမ်းသာရှိဖို့ မဆိုထားဘိ နိဗ္ဗာန်ချမ်းသာနှင့်တူသော ချမ်းသာပင်မရှိ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၉။) သင်္ခတတရားမှလွတ်သော နိဗ္ဗာန် နိဗ္ဗာန်သည် သင်္ခတတရားအားလုံးမှ လွတ်မြောက်, ထွက်မြောက်သောတရား ဖြစ်၏။ သို့ဖြစ်၍လည်း သင်္ခတတရားအားလုံး ကိုပယ်ပြီး, ကင်းစင်ပြီးသောတရားဟု ဆိုရ၏။ (ဥဒါန၊ဋ္ဌ၊၃၀။ ပဋိသံ၊ဋ္ဌ၊၂၊၅၃။) နိရောဓသစ္စာထိုက်သော နိဗ္ဗာန် နိဗ္ဗာန်မှတစ်ပါး ငြိမ်းအေးခြင်းသဘော မည်သည် မရှိ၊ နိဗ္ဗာန်သည် ဧကန်စင်စစ် ငြိမ်းအေးလှ၏။ ယင်းသို့ ငြိမ်းအေးသည်၏ အဖြစ်မြဲသောကြောင့်ပင် နိဗ္ဗာန်ကို သစ္စာ ယင်း ဆို၏။ နိရောဓသစ္စာထိုက်သည်ဟု ဆိုလို၏။ (အဘိ၊ဋ္ဌ၊၂၊၈၀။ ဝိသုဒ္ဓိ၊၂၊၁၂၇။) နိရောဓသစ္စာကို သိသောဉာဏ်သည် သဿတဒိဋ္ဌိကို ဆုတ်နစ်စေ၏။ ထို့ပြင် ရာမ, ဥဒက, အာဠာရ-စသည်တို့ကဲ့သို့ အရူပဘုံ၌ သင်္ခတတရားတို့၏လွတ်မြောက်ရာ “မောက္ခ” ဟု စွဲလမ်းယူမှားမှု နိဂဏ္ဌတို့ကဲ့သို့ ရုပ်ရှိသော ဘုံတို့၏အထွတ် “ထုပိကာ” ဖြစ်သော အသညသတ်ဘုံ၌ သင်္ခတတရားတို့၏ လွတ်မြောက်ရာ “မောက္ခ” ဟု စွဲလမ်းယူမှားမှုဖြစ်သော ချုပ်ငြိမ်းခြင်း “နိရောဓ”၌ ဖောက်ပြန်မှားယွင်းစွာ ကျင့်ခြင်းကို ဆုတ်နစ်စေ၏။ (အဘိ၊ဋ္ဌ၊၂၊၈၂။ ဝိသုဒ္ဓိ၊၂၊၁၄၂။ မူလဋီ၊၂၊၅၆။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၁၈။) ယင်း နိရောဓသစ္စာ ထိုက်သော နိဗ္ဗာန်ကို ထိုထိုမဂ်နှင့်ယှဉ်သော နာမ်တရားအပေါင်းဖြင့် မျက်မှောက်ပြု၏။ (မ၊ဋ္ဌ၊၃၊၁၃၄။) အတိုအထွာ နိဗ္ဗာန်ဒေသနာများ အများဆိုင် မဟုတ်သော နိဗ္ဗာန် = လမ်း လေးလမ်းဆုံရာအရပ်၌ ပွဲသဘင်သည် လူအားလုံးတို့နှင့် ဆက်ဆံသက်ဆိုင်သကဲ့သို့ နိဗ္ဗာန်သည် ပုထုဇဉ်ပုဂ္ဂိုလ်တို့ မရောက်, မဂ်နှင့်ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့သာ ရောက်နိုင်သောကြောင့် အများဆိုင် တရားမဟုတ်၊ အရိယာပုဂ္ဂိုလ်တို့သာ ရောက်နိုင်၍ အရိယာပုဂ္ဂိုလ်တို့နှင်သာ သက်ဆိုင် သောတရားဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၀၉။) ဖြစ်ရာအမွန်အစ မရှိသော နိဗ္ဗာန် = “နိဗ္ဗာန်သည် ဤမည်သော ဘုရားလက်ထက်ကစ၍ ဖြစ်ပေါ်ခဲ့သည်”ဟု နိဗ္ဗာန်၏ ရှေးအစမရှိ။ နိဗ္ဗာန်သည် ဖြစ်ရာအမွန်အစ မရှိ။ မဂ်ဖြစ်ပေါ်မှ နိဗ္ဗာန်ဖြစ်ပေါ်လာသောကြောင့် (မဂ်ရှိကာမှ နိဗ္ဗာန်ထင်ရှားရှိသောကြောင့်) နိဗ္ဗာန်သည် ဖြစ်ရာအမွန်အစရှိသည် မဟုတ်လော”ဟု မေးခဲ့သော် မဟုတ် ဟုပင် ဖြေဆိုရမည်။ မဂ်သည် နိဗ္ဗာန်ကို မဖြစ်စေနိုင်။ နိဗ္ဗာန်သည် မဂ်ကြောင့် ဖြစ် ပေါ်သောတရားမဟုတ်၊ အမှန်မှာ မဂ်သည် အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ ရောက်ရ၏။ ထို့ကြောင့် နိဗ္ဗာန်ကို ဖြစ်ရာအမွန်အစ မရှိသောတရားဟု ဆိုရ၏။ (ဝိသုဒ္ဓိ၊၂၊၁၄၀ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၀၉။) မမေ့လျော့မှ နိဗ္ဗာန်ရနိုင် = မမေ့မလျော့ မပေါ့မဆခြင်းသည် နိဗ္ဗာန်ရခြင်း၏ အကြောင်း ဖြစ်၏။ (ဓမ္မ၊၁၆။) အမြဲနိစ္စ လုံ့လပြုမှ နိဗ္ဗာန်ရနိုင် = သမထ, ဝိပဿနာ ဈာန် ၂-ပါးဖြင့် ကိလေသာတို့ကို ရှို့မြှိုက်ပြီးလျှင် အမြဲမပြတ်လုံ့လ ပြုကုန်၍ နောက်သို့မဆုတ် ရှေ့သို့သာ ချီတက်သော လုံ့လရှိကုန်မှ ယောဂလေးပါး တို့ကုန်ရာ အတုမဲ့နိဗ္ဗာန်သို့ ရောက်နိုင်ကြကုန်၏။ (ဓမ္မ၊၁၆။) ကိလေသာရှို့မြိုက်သူမှ နိဗ္ဗာန်ချမ်းသာ ရနိုင်= မမေ့မလျော့သော သမထ, ဝိပဿနာ ဈာန် ၂-ပါးဖြင့် ကိလေသာတို့ကို ရှို့မြှိုက်သောသူသည် မြတ်သောနိဗ္ဗာန်ချမ်းသာကို ရနိုင်၏။ (ဓမ္မ၊၁၇။) မေ့လျော့မှု၌ ဘေးဟုရှုမှ နိဗ္ဗာန်နှင့်နီး = မမေ့မလျော့မှု၌ မွေ့လျော်ပြီး မေ့လျော့ပေါ့ ဆမှု၌ ဘေးဟုရှုမှတ်လေ့ရှိသော ရဟန်းသည်သာ မဂ်ဖိုလ်မှ ဆုတ်ယုတ်ခြင်းငှါ မထိုက်ပဲ နိဗ္ဗာန်နှင့်နီးသည်။ (ဓမ္မ၊၁၇။) နိဗ္ဗာန်စိတ်ဖြင့် ငြိမ်းသူ = ဗောဇ္ဈင်တရား၌ စိတ်ကို ကောင်းမွန်စွာ ပွါးများပြီး မစွဲလန်းပဲ ဥပါဒါန်တို့မှ လွတ်မြောက်ရာနိဗ္ဗာန်၌ မွေ့ လျော်လျက် လောက၌ အာသဝေါကုန်ခန်း ပြီးသော တန်ခိုးကြီးသူတို့သည် နိဗ္ဗာန်စိတ်ဖြင့် ငြိမ်းအေးကုန်၏။ (ဓမ္မ၊၂၆။) နိဗ္ဗာန်ကိုမြင်သူ၏အသက် ၁-ရက်ရှည် ခြင်းက သာ၍မြတ်၏ = သေခြင်းကင်းရာ နိဗ္ဗာန်ကို မမြင်ပဲ အနှစ်တစ်ရာ အသက်ရှည် ရခြင်းထက် သေခြင်းကင်းရာ နိဗ္ဗာန်ကို မြင်သူ၏ အသက်တစ်ရက် ရှည်ခြင်းက သာလွန်မွန်မြတ်၏။ (ဓမ္မ၊၃၀။) နိဗ္ဗာန်သည် အလွန်မြတ်၏ = တိတိက္ခာ အမည်ရသော သည်းခံမှုခန္တီသည် အကျင့်မြတ်ဖြစ်၏၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။ (ဒီ၊၂၊၄၂။ ဓမ္မ၊၄၁။) ချမ်းသာလွန် နိဗ္ဗာန်ကို ပညာရှိတို့ မျက်မှောက်ပြု = နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာဖြစ်၏။ ယင်း ချမ်းသာလွန် နိဗ္ဗာန်ကို ပညာရှိတို့ မျက်မှောက်ပြု၏။ (ဓမ္မ၊၄၃။) အလွန်ကဲဆုံး အတုမဲ့ချမ်းသာ = အနာရောဂါ ကင်းကွာခြင်းသည် အလွန်ကဲဆုံး လာဘ်ဖြစ်၏၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာဖြစ်၏၊ ချစ်ခင်ကျွမ်းဝင်မှုသည် အလွန် ကဲဆုံး ဆွေမျိုးဖြစ်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး အတုမဲ့ချမ်းသာဖြစ်၏။ (ဓမ္မ၊၄၃။) မညှင်းဆဲသူ စောင့်စည်းသူတို့ နိဗ္ဗာန်ရောက် = တစ်ပါးသူတို့ကို မညှင်းဆဲတတ်, ကာယ, ဝစီ, မနောဒွါရတို့ဖြင့် ထာဝရ စောင့် စည်းတတ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ စိုးရိမ်မှု, သေမှုတို့ကင်းရာ နိဗ္ဗာန်ရောက်ကြ၏။ (ဓမ္မ၊၄၆။) နိဗ္ဗာန်စိတ်ညွတ်သူ အာသဝေါချုပ် ကွယ် = ထာဝစဉ် နိုးကြားကြကုန်ပြီးလျှင် နေ့ညဉ့်မကွာ သိက္ခာ ၃-ပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်သူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကုန်၏။ (ဓမ္မ၊၄၆။) နိဗ္ဗာန်သွားလမ်းသုတ်သင်စေချင် = သေမင်းအန္တရာယ် ကာကွယ်ရန် သားသမီး မိဖ ဆွေမျိုးဉာတကာ တစ်ဦးတစ်ယောက်မျှ မတတ်နိုင်ချေ။ ယင်းအကြောင်းကို ပိုင်နိုင်စွာ သိမြင်သူ ပညာရှိပုဂ္ဂိုလ်သည် သီလလုံခြုံစေလျက် အဋ္ဌင်္ဂိကမဂ်ကိုသုတ်သင်ရာ၏။ (ဓမ္မ၊ ၅၄။) ရာဂ, ဒေါသကို ပယ်နိုင်လျှင် နိဗ္ဗာန် ရောက်မည် = အိုရဟန်း... သင်သည် ခန္ဓာ ကိုယ် လှေအိုမှ မိစ္ဆာဝိတက်ရေကို ပက်ထုတ် ပါလော့၊ ယင်းသို့ ပက်ထုတ်သဖြင့် ခန္ဓာကိုယ် လှေသည် လျှင်စွာသွားနိုင်ပါလိမ့်မည်၊ ရာဂ နှင့် ဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်ပါလိမ့်မည်။ (ဓမ္မ၊၆၆။) သမာဓိဈာန် ဝိပဿနာပညာရှိသူသာ နိဗ္ဗာန်နှင့် ဧကန်နီး = ပညာမဲ့သူအား သမာဓိ ဈာန်မရှိ သမာဓိဈာန်မရှိသူအား ဝိပဿနာ ပညာမရှိ၊ သမာဓိဈာန်နှင့် ဝိပဿနာပညာ ရှိသူသည်သာ နိဗ္ဗာန်နှင့် နီးသည်။ (ဓမ္မ၊၆၆။) ဝမ်းမြောက်ခြင်းများသူသာ နိဗ္ဗာန်ရနိုင် = ဘုရားမြတ်စွာ သာသနာတော်၌ ကြည်ညို မြတ်နိုး၍ ဝမ်းမြောက်ရွှင်လန်းခြင်းများသော ရဟန်းသည်သာ သင်္ခါရအားလုံးတို့ ချုပ်ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သည့် နိဗ္ဗာန်ကို ရနိုင်ရာ၏။ (ဓမ္မ၊၆၈။) မဂ်ဉာဏ် ၄-ပါးဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ထင်ရှားရှား သိမြင်ပြီးသော တရားရှိသည့် တရားခပ်သိမ်းကို သိမြင်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဥပဓိဝိဝေကသည် ချမ်းသာ၏။ (ဝိ၊၃၊၄။ ဥဒါန၊၈၈။) ဝိဝေကတရား ၃-ပါးနှင့် ပြည်စုံသူ နိဗ္ဗာန်နှင့်နီး = အပေါင်းအဖေါ်တို့မှ ကင်းဆိတ်ခြင်း ကာယဝိဝေက, ကာမဂုဏ်၌ တပ်မက်သော စိတ်မှကင်းဆိတ်ခြင်း စိတ္တဝိဝေက, ဥပဓိတရား ၄-ပါးတို့မှ ကင်းဆိတ်ခြင်း ဥပဓိဝိဝေကနှင့် ပြည့်စုံမှ နိဗ္ဗာန်နှင့်နီးသည်။ (သုတ္တနိ၊၄၀၇။) ကာယဂတာသတိ ဘာဝနာသုံးဆောင်မှ နိဗ္ဗာန်ချမ်းသာ သုံးဆောင်ရသည် = ကာယဂတာသတိဘာဝနာ သုံးဆောင်သူသည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်၏၊ ကာယဂတာသတိဘာဝနာနှင့် ချွတ်လွဲလျှင် အမြိုက်နိဗ္ဗာန်ချမ်းသာနှင့် ချွတ်လွဲသည်မည်၏။ (အံ၊၃၊၄၇။) နိဗ္ဗာန်ရောက်ရန် အရဟတ္တဖိုလ်ဆိုက်ရောက်ဖို့ကြိုးစား = ယောဂ ၄-တန် ကုန်ရာ မှန်သည့် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အပြစ်မရှိသော ဗောဓိပက္ခိယတရား ၃၇-ပါးကို ပွါးများအားသစ်သော ကလျာဏမိတ္တဟူသော အမှီကောင်းနှင့်ပြည့်စုံသော သမ္မပ္ပဓာန် ပြင်းထန်သောဝီရိယရှိသော သီလဖြူစင်သည့် သူတော်စင် သူတော်ကောင်းသည် ဝိပဿနာ ဉာဏ်မှစ၍ အောက်မဂ်, အောက်ဖိုလ်ဉာဏ် စဉ်အားဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ဆုံးကြောင်း အရဟတ္တမဂ်၏အဆုံး အရဟတ္တဖိုလ်သို့ရောက်အောင် နောက်မဆုတ်ပဲ ကြိုးကုတ်အားသစ်ရာ၏။ (ဇာ၊၁၊၃၇။ ဇာ၊ဋ္ဌ၊၂၊၂၁။) နိဗ္ဗာန်သွားလမ်း သတိပဋ္ဌာန် = သတ္တဝါတို့၏ ကိလေသာဟူ မြူညစ် မတင် သန့်ရှင်းစင်ကြယ်ရန် စိုးရိမ်ပူဆွေး ငိုကြွေခြင်းတို့၏ လွန်မြောက်ရန်, ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှုတို့ ချုပ်ငြိမ်းရန် အဋ္ဌင်္ဂိကမဂ် ကိုရရန်, နိဗ္ဗာန်အောင်မြို့ ဆောင်ပို့ရောက်ရှိ မျက်မှောက်ပြုရန် လမ်းဖြောင့်လမ်းမှန်ကား သတိပဋ္ဌာန်လမ်းပင် ဖြစ်ပေသည်။ (ဒီ၊၂၊၂၃၁။ မ၊၁၊၇၀။) ထင်ရှားရှိတိုင်း နိဗ္ဗာန်မဟုတ် = “နိဗ္ဗာနံ အတ္ထိတိ အာမန္တာ”ဟူသော ကထာဝတ္ထုပါဠိတော်၌ “နိဗ္ဗာန်တရားသည် မဖောက်မပြန် မှန်ကန်တိမတ် မြတ်သော အနက်သဘော (ပရမတ္ထ)အားဖြင့် ထင်ရှားရှိသော အရှိတရားလော့”ဟု ပရဝါဒီပုဂ္ဂိုလ်က မေးရာ၌ “နိဗ္ဗာန်တရားသည် အရှိတရား ဟုတ်ပါ၏”ဟု သကဝါဒီပုဂ္ဂိုလ်က ဖြေဆို၏။ နောက်တဖန် ပရဝါဒီပုဂ္ဂိုလ်က “အတ္တီ နိဗ္ဗာနံ = မဖောက်မပြန် မှန်ကန်တိမတ် မြတ်သော အနက်သဘော (ပရမတ္ထ)အားဖြင့် ထင်ရှားရှိသော အရှိတရားဖြစ်တိုင်း နိဗ္ဗာန် ဟုတ်ပါ၏လော့”ဟု မေးပြန်ရာ “အချို့ သော အရှိတရားများသည် နိဗ္ဗာန်ဟုတ်၏။ အချို့သော အရှိတရားများသည် နိဗ္ဗာန်မဟုတ်”ဟု သကဝါဒီပုဂ္ဂိုလ်က ဖြေဆို၏။ ဤပါဠိတော် အရ သင်္ခတပရမတ်, အသင်္ခတပရမတ် ၂-မျိုးခွဲ၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော အရှိတရား (ပရမတ္ထ) ၄-ပါးတို့အနက် သင်္ခတပရမတ် ဖြစ်သော စိတ်, စေတသိက်, ရုပ်တရား ၃-ပါးတို့သည် ပရမတ်အားဖြင့် အရှိတရားများ ဖြစ်ကုန်သော်လည်း နိဗ္ဗာန်မဟုတ်ကုန်၊ ပရမတ်အားဖြင့် ထင်ရှားရှိသော အသင်္ခတ ပရမတ်ဖြစ်သော နိဗ္ဗာန်တရားသည်သာ နိဗ္ဗာန်ဟုတ်၏၊ ထို့ကြောင့် အရှိတရားဖြစ် တိုင်း ထင်ရှားရှိတိုင်း နိဗ္ဗာန်မဟုတ်နိုင် ဟု သိအပ်၏။ (အဘိ၊က၊၁၁၂။) နိဗ္ဗာန်ရောက်လိုမှု စိတ်ကိုအမြဲစောင့်ရှောက် = နောက်ထပ်လောင်းထည်စရာ မလိုအောင် အတွင်း အနားရေးနှင့်အညီ ပြည့်နေသော ဆီအိုးကို မဖိတ်အောင် သတိကြီးစွာဖြင့် ဆောင်ယူရသကဲ့သို့ အစမထင်သံသရာက တစ်ခါတစ်ခေါက်မျှ မရောက်ဘူးသော နိဗ္ဗာန်အောင်မြေစခန်း လှမ်းရောက်လိုမူ အာရုံရှိရာ ပြေးသွားတတ်သည့် ရိုင်းပြသော မိမိစိတ်ကို တစ်ခဏကလေးမျှ (ကမ္မဋ္ဌာန်း အာရုံမှတစ်ပါး ပြင်ပအာရုံ၌ မကျက်စားစေပဲ အမြဲနိစ္စထာဝရ စောင့်ရှောက်ရာ၏။ (ဇာ၊၁၊၂၂။) စာပေပို့ချတရားဓမ္မ ဟောပြောသူ နိဗ္ဗာန် အလှူကို လှူသည်မည် = ပါဠိ, အဋ္ဌကထာ စာပေပို့ချသူ, ပြဿနာကို ဖြေသူ, ကမ္မဋ္ဌာန်း တရား ပြညွှန်သူ, တရားနာသူသည် နိဗ္ဗာန် အလှူကို လှူသူမည်၏။ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၉။) ဒါနထက် နိဗ္ဗာန်ကပိုမြတ် = ဒါနထက် (သဒ္ဓါနှင့် ဒါန) နိဗ္ဗာန်က ပိုမြတ်၏၊ ကဿပ ဘုရားရှင်လက်ထက်နှင့် ကောဏာဂုံဘုရား စသော ဘုရားရှင်တို့လက်ထက်၌လည်း ပညာရှိသူတော်ကောင်းတို့သည် နိဗ္ဗာန်ပြည်ခွင် ခိုဝင်ကြွကြကုန်ပြီ။ (သံ၊၁၊၂၁။ ဇာ၊၁၊၁၈၄။) အရိယာမဂ်ယာဉ်ရှိသူ နိဗ္ဗာန်အနီးရောက် နေသူမည် = အမျိုးသမီးဖြစ်ဖြစ် အမျိုးသား ဖြစ်ဖြစ် အရိယာမဂ်တည်းဟူသော ယာဉ်ရှိ သူသည် ယင်းအရိယာမဂ်ယာဉ်ဖြင့် နိဗ္ဗာန် အနီးရောက်နေသူမည်၏။ (သံ၊၁၊၃၀။) နိဗ္ဗာန်ရောက်ရန် သတိရသူတို့ ဈာန်ရကြ = နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဝိပဿနာမဂ် သတိ, အရိယာမဂ်သတိကို ရသူတို့ သမ္မာ သမာဓိနှင့် ပြည့်စုံကြကာ နီဝရဏတို့ဖြင့် ကျဉ်းမြောင်းရာ အရပ်၌ ဈာန်တရားကို ရကြကုန်၏။ (သံ၊၁၊၄၆။)တိပိဋကအဘိဓာန် အတွဲ-၁၂ နိဗ္ဗာန်ဂုဏ် အာရုံပြုရည်မှန်း စီးဖြန်းပုံ အနုဿတိ ၁၀-ပါးတွင် ဥပသမာနုဿတိ (နိဗ္ဗာန်ဂုဏ် အာရုံပြု စီးဖြန်းမှု) ပါရှိ၏၊ ယင်း ဥပသမာနုဿတိကမ္မဋ္ဌာန်း စီးဖြန်း လိုသူသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍ ဒုက္ခအားလုံးတို့၏ ချုပ်ငြိမ်းကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်၏ ဂုဏ်များကို အာရုံပြုရည်မှန်း၍ စီးဖြန်းရာ၏။ စီးဖြန်းပုံ ကို ဥပသမာနုဿတိ၌ ကြည့်ပါ။ အရိယာမဂ်ကို နိဗ္ဗာန်ဟု အန္ဓကဂိုဏ်းသားတို့ယူ နိယာမမည်သော အရိယာမဂ်ဖြစ်ပေါ် ပြီးနောက် ချုပ်သွားပါလျက်လည်း ပုဂ္ဂိုလ်ကား အနိယတမည်သည် မဖြစ်နိုင်၊ ထိုကြောင့် အရိယာမဂ်သည် မြဲသောသဘော ရှိရကား အသင်္ခတမည်၏ဟု အန္ဓက ဂိုဏ်းသားတို့ ယူကြ၏။ ထို့ကြောင့် နိယာမမည်သော အရိယာမဂ်သည် အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း နိဗ္ဗာန်သာ အသင်္ခတမည်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် လုံလောက်စွာ ရှင်းလင်းမိန့်ကြားတော်မူသည်။ (အဘိ၊ က၊ ၂၃၉။ အဘိ၊ဋ္ဌ၊၃၊၁၉၁။) ပဋိစ္စသမုပ္ပါဒ်ကို နိဗ္ဗာန်ဟု ပုဗ္ဗသေလိယ, မဟိံသာသကဂိုဏ်းသားတို့ယူ ပဋိစ္စသမုပ္ပါဒ်သည် အသင်္ခတ (နိဗ္ဗာန်) မည်၏ဟု ပုဗ္ဗသေလိယဂိုဏ်းသား, မဟိံသာသက ဂိုဏ်းသားတို့ ယူကြ၏။ ပဋိစ္စသမုပ္ပါဒ် အသင်္ခတ (နိဗ္ဗာန်) မဟုတ်ပုံကို အရှင်မောဂ္ဂလိပုတ္တတိဿထေရ် လုံလောက်စွာ မိန့်ကြားတော်မူ၏။ (အဘိ၊က၊၂၄၀။ အဘိ၊ဋ္ဌ၊၃၊၁၉၁။) သစ္စာ ၄-ပါးကို ပုဗ္ဗသေလိယ ဂိုဏ်းသားတို့က နိဗ္ဗာန်ဟုဆို သစ္စာ ၄-ပါးသည် မြဲသောကြောင့် အသင်္ခတ (နိဗ္ဗာန်) ဖြစ်သည်ဟု ပုဗ္ဗသေလိယဂိုဏ်းသားတို့ ဆိုကြကုန်၏။ ယင်းသို့ယူပါက သစ္စာ ၄-ပါးသည် ရှိသလို အသင်္ခတ (နိဗ္ဗာန်)လည်း ၄-ပါးဖြစ်စရာ ရှိသောကြောင့် ယင်းသို့မရှိနိုင်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ဟောကြားတော်မူခဲ့သည်။ (အဘိ၊က၊၂၄၂။ အဘိ၊ဋ္ဌ၊၃၊၁၉၂။) အရူပတရား နိဗ္ဗာန်ဟု ယူသည်ကိုပယ် အရူပတရားတို့ကိုလည်း အသင်္ခတ (နိဗ္ဗာန်)ဟု မိစ္ဆာဝါဒီတချို့ ယူကြ၏။ ယင်းတို့ ယူသည့်အတိုင်း အရူပတရားမှာ အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ရှင်းလင်းထား၏။ (အဘိ၊က၊၂၄၄။) နိရောဓသေမာပတ်ကို နိဗ္ဗာန်ဟု အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းသားတို့ယူ နိရောဓသမာပတ်ကို အသင်္ခတ (နိဗ္ဗာန်)ဟု အန္ဓကဂိုဏ်းသား, ဥတ္တရာပထဂိုဏ်းသား ရဟန်းတို့ ယူကြ၏။ ယင်းနိရောဓသမာပတ်၏ အသင်္ခတ (နိဗ္ဗာန်) မဟုတ်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿထေရ် မိန့်ကြားတော်မူခဲ့သည်။ (အဘိ၊က၊၂၄၅။ အဘိ၊ဋ္ဌ၊၃၊၁၉၃။) ကောင်းကင်ကို နိဗ္ဗာန်ဟု ယူသူတို့ လည်းရှိ ဥတ္တရာပထဂိုဏ်းသား ရဟန်းတို့နှင့် မဟိံသာသကဂိုဏ်းသား ရဟန်းတို့ကမူ ကောင်းကင် (ကသိဏုဂ္ဃါဋိမာကာသနှင့် အဇဋာကာသ)ကို အသင်္ခတ (နိဗ္ဗာန်)ဟု ယူကြ၏၊ ယင်း အာကာသတို့ ဘယ်နည်း နှင့်မှ နိဗ္ဗာန်မဟုတ်ကြောင်း ရှင်းထား၏။ (အဘိ၊က၊၂၄၆။ အဘိ၊ဋ္ဌ၊၃၊၁၉၄။) သံယောဇဉ်မပယ်ပဲ ပရိနိဗ္ဗာန်ပြုဟု အန္ဓကဂိုဏ်းသားတို့ယူ ရဟန္တာပုဂ္ဂိုလ်သည် ဘုရားမြတ်စွာ ဉာဏ်တော်အရာဖြစ်သော တရား၌ သံယောဇဉ် မပယ်နိုင်ပဲသာလျှင် ပရိနိဗ္ဗာန်ပြုသည်ဟု အန္ဓကဂိုဏ်းသားတို့ အယူရှိကြသည်၊ ထို့ကြောင့် သံယောဇဉ်အချို့ မပယ်ပဲ ပရိနိဗ္ဗာန်ပြုခြင်း မရှိကြောင်းကို လုံလောက်စွာ အရှင်မောဂ္ဂလိပုတ္တတိဿ ထေရ်ရှင်းလင်းမိန့်ကြားတော်မူသည်။ (အဘိ၊က၊၄၄၂။ အဘိ၊ဋ္ဌ၊၃၊၂၇၉။) ဤသည်လျှင် နိဗ္ဗာန်နှင့်စပ်၍ သိမှတ်ဖွယ် စုံနိုင်သမျှစုံအောင် ဖော်ပြချက်တည်း။ ကျမ်းကိုး ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ Category:ဝိပဿနာ Category:ဗုဒ္ဓဘာသာ Category:ဘာသာရေး Category:၃၁-ဘုံ
ကျန်စစ်သား
အနော်ရထာမင်း(အနုရုဒ္ဓ)လွန်သော် သူ၏သားတော် စောလူးမင်း နန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက ပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသည် သူ့အားခိုးယူသည်ဟု အော်လေသဖြင့် စောလူးမင်းကို ထားခဲ့ရလေသည်။ ရန်သူ့လက်ချက်ဖြင့် စောလူးမင်းကံကုန်ချိန်မှစ၍ ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို အေဒီ ၁၀၈၄ တွင် ဆက်ခံခဲ့သည်။ အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော လက်နက်နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကို အားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမှုများကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိ ရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကို လက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာ စိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော်အလောင်းစည်သူမင်းက ဆက်ခံခဲ့သည်။ ငယ်စဉ်ဘဝ ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည်မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတချို့တွင် ဖော်ပြထားသည်။ ထီးလှိုင်မင်းဟုလည်းနာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ဘဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထီးလှိုင်မင်း ဟုလည်းခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူတစ်ယောက် ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက နန်းအရာကို လုယူမည့်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမှုထမ်းစေခဲ့သည်ဟု ဆိုသည်။ မြန်မာသမိုင်းစာအုပ်တချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖော်ပြကြသည်။ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာ ကို ပုဂံဘုရင်အနော်ရထာမင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇဝင်များတွင် ဆိုကြသည်။ သို့သော် ထိုအကြောင်းအရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှ မတွေ့ရှိခဲ့ရပေ။ ထိုသို့ သံယောဇဉ်တွယ်သဖြင့် ဘုရင်က အမျက်တော်ရှရာတွင် တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ် ရှိပေသည်။ မင်းဒဏ်သင့်နေစဉ်ကာလအတွင်းတွင် သမ္ဘူလ နှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမ္မာ ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်း ဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့် သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇဝင်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသော အယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန်အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။ ထီးနန်းကိုရခြင်း အနော်ရထာမင်းထံမှ နန်းမွေကို သားတော် စောလူးမင်းက အေဒီ ၁၀၇၇ တွင် ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံ ညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာ မငြိမ်မသက် ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်း အဖမ်းခံခဲ့ရသည်ဟု ရာဇဝင်ကျမ်းများတွင် ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သားသည် သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအား ရန်သူလက်အတွင်း ထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇဝင်ကျမ်းတချို့က ဆိုသည်။ သူပုန်ထသော ငရမန်ကန်း၏ ရန်ကို ကျန်စစ်သား ဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်း ရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်း သိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့် ပတ်သက်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့် မပတ်သက်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်း အခမ်းအနားသုံး လှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့် သမီးတော်အား ပေးစားကာ ပေါက်ဖွားသော ကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသား ထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင် နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှ ရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင် ဖော်ပြထားသည်။ ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ |ရွှေစည်းခုံစေတီတော် ကျန်စစ်သားခေါ် ထီးလှိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမှုများကိုဖော်ထုတ်ခြင်း၊ မွန်သီချင်းတီးခြင်း၊ ကခြင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးဘဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်‌စေသည်။ သို့သော် အလိုက်သိ လိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကို မြင်တွေ့နိုင်လေသည်။ ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန် သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအချင်းအရာများကို မွန်ကျောက်စာများတွင်အထင်အရှားတွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်သားမင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာအားဖြင့် အောက်ပါအတိုင်းဖော်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း၊ ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့ ဟု တွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာ ဟုဆိုလိုသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့် သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်း စိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင် ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများ ဖြစ်ကြသည်။ ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက် ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ဝါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင် အထပ်ထပ် ဖော်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျှင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်း တွေ့ရှိရလေသည်။ တိုင်းသူပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်း ဖြစ်သည်။ ဘုရား၊ ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊ သံဃာတော်များကို ချီးမြှောက်ပြီး ဆွမ်း၊ ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော်တွင် သက်ဝင်ယုံကြည်‌စေခဲ့လေသည်။ ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ် အကြာတွင် နန်းတော်သစ်ကို တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ နန်းတော်ကို အေဒီ ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယခုအခါ မည်သည့်အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ် တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရဝါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်း စသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင် ဖော်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော် ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာမှာ ကျန်စစ်သားမင်း၏ဘဝကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကို ခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကို လေ့လာရန်အတွက်လည်းကောင်း များစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိ မြစေတီ ဘုရားဝင်းအတွင်း စိုက်ထူထားသောကြောင့် မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏ လေးမျက်နှာတွင် ရေးထိုးထားသည်။ မွန်မြန်မာသွေးစည်းညီညွတ်ရေး အနော်ရထာဘုရင် ကွယ်လွန်ပြီး ၎င်း၏သားတော် စောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီးနောက် မကြာမီ မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်လူမျိုးတို့၏ ပြင်းထန်ကြီးမားသည့် အုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်၍လာသည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင်သည့် မွန်တို့သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့ ချီတက်လာကြပြီးလျှင် အမျှော်အမြင် နည်းပါးသည့် စောလူးမင်းအား ဖမ်းဆီးကွပ်မျက် နိုင်ခဲ့ကြသည်။ ယင်းသို့ မွန်လူမျိုးများ၏ ပုန်ကန်ထကြွမှု ကို မြန်မာရာဇဝင်များ၌ ပြည်တော်သာကျွန်းစစ်ပွဲဟု ရေးသားဖော်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့သည် အထက်မြန်မာနိုင်ငံ အင်းဝအထိ ချီတက်တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်းနှင့်အတူ မြန်မာနိုင်ငံအား စည်းလုံးသိမ်းသွင်းရာတွင် ပါဝင်ခဲ့သည့် မြန်မာလူမျိုး အကြီးအကဲတစ်ဦးဖြစ်သူ ကျန်စစ်သားသည် အခြားမြန်မာအကြီးအကဲများနှင့်အတူ ပုဂံပြည်နှင့် အထက်မြန်မာနိုင်ငံတလွှား၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည်၊ လယ်တွင်းနယ်များနှင့် မိတ္ထီလာနယ်များတွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့်ကာ ငရမန်ကန်းအား တန်ပြန်တိုက်ခိုက်၍ နောက်ဆုံး ပုဂံအနီး မြင်းကပါစစ်ပွဲတွင် ငရမန်ကန်းတို့အား အောင်လိုက်နိုင်ပြီး စောလူးမင်း၏ ဦးခေါင်းမှ လွင့်စဉ်ကျသွားသည့် ပုဂံမင်းဆက်၏ မကိုဋ်သရဖူအား ကျန်စစ်သားသည် ပြန်လည်ထိမ်းသိမ်း လိုက်နိုင်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းအား သိမ်းပိုက်ပြီးနောက် မွန်-မြန်မာ စစ်ပွဲကြောင့် ဒုက္ခပင်လယ်ဝေလျက် မြို့ပျက်၊ ရွာပျက်၊ အိုးပျက်၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့်ကလျား ဖြစ်နေသည့် ပြည်သူပြည်သားများအတွက် အလေးထား၍ တိုင်းပြည်အား အရေးတကြီး ပြန်လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ရွှေစည်းခုံကျောက်စာ အထောက်အထားအရ။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ၊ မိတကွဲ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် ဝတ်စားတန်ဆာပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေအံ့သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့။ ဟုရေးထိုးထားသည့် ကျန်စစ်သားသည် မြန်မာလူမျိုး အကြီးအကဲတစ်ဦး အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတနိုင်ငံလုံး၏ ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့်လည်းကောင်း၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေးတော်ပုံကို လေးလေးနက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။ ကျန်စစ်သားသည် မွန်တို့အား မြန်မာတို့နှင့် တူညီမျှတသော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲများအား ပုဂံပြည်၏ အထွေထွေ ကုန်ထုတ်လုပ်ငန်း ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် အစဉ်အလာကို လည်းလေးစားမှု ပြခဲ့သည်။ မြန်မာနိုင်ငံ ကမ္ဗည်းကျောက်စာဌာနမှ စုဆောင်းရှာဖွေ စာရင်းပြုလုပ်ထားသည့် ကျန်စစ်သားနှင့် သက်ဆိုင်သည့် ရှေးဟောင်း ကျောက်စာများသည်၊ များသောအားဖြင့် မွန်စာ၊ မွန်အက္ခရာများဖြင့် ရေးထိုးထားသည်ကိုသာ တွေ့ရှိရသည်။ မွန်မြန်မာ သွေးစည်းညီညွတ်ရေးကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန်စစ်သားသည် ဆောင်ရွက် လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။ တစ်နိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်းသာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ၏ ရွှေရောင်လွှမ်းသောကာလဟု ခေါ်ဆိုရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကားခြင်း အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းတို့နှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အနော်ရထာလက်ထက်မှ စတင်ပျိုးထောင်ခဲ့သည့် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာအတတ်ဖြင့် အာနန္ဒာလှိုင်ဂူတော်ကြီးနှင့် သာသနာ့အဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက်က အစမသတ်နိုင်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ပျက်စီးလျက်ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ၊ သီဟိုဠ် နိုင်ငံများနှင့်လည်း သာသနာရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား၏ နန်းသက်အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလဟု ဆိုရလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီးငယ် အားလုံးက အသိအမှတ်ပြု ခန့်ငြားလာကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ သံအဖွဲ့ဝင်များ တရုတ်ဧကရာဇ် နန်းတော်သို့ဆိုက် ရောက်သောအခါ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံ၏ ကိုယ်စားလှယ်တော်အဖြစ် တရုတ်တို့က တခမ်းတနား တဆောင်တယောင် ဧည့်ခံဆက်ဆံခြင်း ပြုကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၌ ဖော်ပြရေးသားထားသည်။ ထေရဝါဒ သာသနာတော် စည်ပင်ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယနှင့် သီဟိုဠ်နိုင်ငံများက လေးလေးစားစားနှင့် ခန့်ခန့်ငြားငြား ဆက်ဆံကြသည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။ (မသက်ဇင် ၏ မွန်မြန်မာသွေးစည်းညီညွတ်ရေးကိုဆောင်ရွက်ခဲ့သည့် ကျန်စစ်သား) တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ ရွှေစည်းခုံစေတီတော်(ပုဂံ) အာနန္ဒာစေတီတော် မြန်မာနိုင်ငံတော်ကို ဦးစွာ စည်းလုံးပေးခဲ့သောမင်း၊ ပုဂံခေတ်တွင် အနော်ရထာမင်းသည် ပုဂံကျောက်ဆည် တစ်ဝိုက်အနေမှ ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော် အနေနီးပါးအထိ ကျယ်ဝန်းလာအောင် နိုင်ငံသစ်ကို တည်တော်မူခဲ့သည် မှန်သော်လည်း ထိုမင်း နတ်ရွာစံတော်မူပြီးနောက် ထိုနိုင်ငံသစ်ကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်နိုင်သူ မပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံသည် အဘယ်သို့ဖြစ်အံ့နည်း။ ကျွန်ုပ်တို့ မတွေးဝံ့အောင် ဖြစ်ရသည်။ သို့ရာတွင် နိုင်ငံသစ်ကို ရိုသေလေးစား၍ တည်တံ့ခိုင်မြဲအောင် ဆက်လက် ဆောင်ရွက်နိုင်သော မင်းတစ်ပါး ပေါ်ပေါက်ခဲ့သည်။ ထိုမင်းကား အခြားမဟုတ်။ ကျန်စစ်သားမင်းပေတည်း။ ကျန်စစ်သား။ ။ ကျန်စစ်သားမင်းအကြောင်းကို ဦးကုလား၏မဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော်ကြီး စသော ရာဇဝင်များမှသာမက၊ ယခုအခါတွင် ကမ္ပည်းကျောက်စာများမှလည်း သိခွင့်ရလာပြီ ဖြစ်သည်။ အထူးသဖြင့် ထိုမင်းနှင့် စပ်လျဉ်း၍ ရာဇဝင်များ၌ မပါရှိသေးသော အချက်အလက်များကို ထိုမင်းလက်ထက်တွင် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း၊ အချို့ အချို့သော မြန်မာဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း သိလာနိုင်ကြပြီ ဖြစ်သည်။ ဒေါက်တာဗလက်ဂဒင်သည် ကျန်စစ်သားမင်းကြီးလက်ထက် ရေးထိုးခဲ့သော မွန်ကျောက်စာများကို လေ့လာ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ကျောက်စာဝန်များ ဖြစ်ခဲ့ကြသော မစ္စတာတော်စိန်ခို၊ ပါမောက္ခ ဒူရွာဇဲနှင့် ဦးမြတို့သည်လည်း ကျန်စစ်သားမင်း အကြောင်းနှင့် စပ်လျဉ်း၍ လေ့လာချက်များ ရေးခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ရှေးခေတ်မြန်မာနိုင်ငံ သမိုင်းနှင့် အာရှအရှေ့ဖျား သမိုင်းဆိုင်ရာ ပါမောက္ခ၊ မြန်မာနိုင်ငံ သုတေသနအသင်း ရွှေတံဆိပ်ရ ဂျီ၊ အိပ်၊ လု(စ)သည်လည်း ထိုမင်းအကြောင်းနှင့် စပ်လျဉ်းသော မိမိ၏လေ့လာချက်များကို ရှေးခေတ်မြန်မာနိုင်ငံဟူသော သမိုင်းကျမ်း၌ တင်ပြခဲ့ပြီးဖြစ်သည်။ အောက်ပါ ကျန်စစ်သားမင်းအကြောင်းသည် မြန်မာရာဇဝင်များအရလည်းကောင်း၊ ဆိုခဲ့သော ကမ္ပည်းကျောက်စာသုတေသီပုဂ္ဂိုလ်တို့၏ လေ့လာချက်များ အရလည်းကောင်း ညှိနှိုင်းလေ့လာထားသော အကြောင်းအကျဉ်းမျှသာ ဖြစ်သည်။ ဘွဲ့နှင့် အမည်များ ကျန်စစ်သားမင်းအား ကျောက်စာများ၌ ဂြီတြိဘုဝနာဒိတျဓမ္မရာဇဟုလည်းကောင်း၊ ထီးလိုင်မင်းဟုလည်းကောင်း၊ ထီးလိုင်ရှင်ဟုလည်းကောင်း၊ ကလန်စစ်သားဟုလည်းကောင်း ခေါ်သည်။ ဤဘွဲ့နှင့် အမည်များကို ရာဇဝင်များ၌လည်း တွေ့နိုင်သည်။ ထီးလှိုင်ရှင်ဟု ခေါ်တွင်ခြင်းမှာ ကျန်စစ်သားသည် ပုဂံပြည်၌ မင်းမဖြစ်မီ ထီးလှိုင်(ယခု မိတ္ထီလာခရိုင်၊ ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ ရာဇဝင်များ၌လည်းကောင်း၊ လှည်းထောက် ကျောက်စာ၌လည်းကောင်း ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သားမင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဘက်မြစ်ကမ်းရှိ ပရိမ္မအရပ်၌ ဖွားမြင်တော်မူသည်။ ဖွားမြင်သောနှစ်ကို သက္ကရာဇ် ၄ဝ၂ ခုနှစ် လောက်ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကိုရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ်(ခရစ် ၁၁၁၂ ခုနှစ်လောက်) သက်တော် ၇ဝ ကျော်တွင် လွန်တော်မူသည်။ ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အစီးအပွားကို လိုလား၍ ဉာဏ်အမြော်အမြင်ကြီးသောမင်း ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော မင်းလည်း ဖြစ်သည်။ တိုင်းတစ်ပါးတို့နှင့် အချစ်အကြည် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သောမင်းလည်း ဖြစ်သည်။ ထိုမင်းသည် ထိုသို့သော ဉာဏ်အမြော်အမြင်ဖြင့်လည်းကောင်း၊ ထိုသို့သော စေတနာဖြင့်လည်းကောင်း အနော်ရထာမင်းတည်ခဲ့သော မြန်မာနိုင်ငံတော်ကို အနှစ် ၂ဝဝ မျှ ဆက်လက်တည်တံ့ ခိုင်မြဲ အောင် ၂၈ နှစ်မျှသော နန်းစံကာလအတွင်းတွင် ဆောင်ရွက်တော်မူခဲ့သည်။ ထီးနန်း ရတော်မူခြင်း ပုဂံထီးနန်းကို ကျန်စစ်သားရခြင်းမှာ ရန်သူ့လက်သို့ ပုဂံပြည်ကြီး ကျဆုံးလုနီးအခြေမှ မိမိကိုယ်တိုင် ကယ်တင်နိုင်၍ ရခြင်းဖြစ်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းကို မဆက်စံမီ ပုဂံတွင် စောလူးမင်း(မင်းလုလင်) အုပ်စိုးလျက် ရှိသည်။ စောလူးမင်းသည် အနော်ရထာမင်း လွန်တော်မူပြီးနောက် ဆက်ခံစိုးစံသောမင်း ဖြစ်သည်။ ထိုအခါက တိုင်းပြည်၏အခြေအနေမှာ ကမ္ပည်းကျောက်စာ သုတေသီတို့၏ အလိုအရ ထိုခေတ်ပုဂံပြည်နှင့် နိုင်ငံတော် အဝန်းတွင် မြန်မာလူမျိုး၊ ပျူလူမျိုး၊ မွန်လူမျိုးတို့သည် လူမျိုးစုကြီးများအဖြစ် နေထိုင်ကြ သည်ဟုလည်းကောင်း၊ ထေရဝါဒ ထွန်းကားလာပြီဟုလည်းကောင်း၊ ရှင်အရဟံ(မဟာထေရ်)သည် သာသနာတော် စီးပွားကို ဆောင်ရွက်လျက်ပင် ရှိသည်ဟုလည်းကောင်း၊ ထေရဝါဒအပြင် မဟာယာနဂိုဏ်းနှင့် တန္တြဂိုဏ်းတို့ ရှိနေသည်ဟုလည်းကောင်း၊ ဗုဒ္ဓအယူမှ တစ်ပါးဖြစ်သော ပိဿနိုး ကိုးကွယ်သောအယူ၊ နဂါးကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ ရှိနေသည်ဟုလည်းကောင်း၊ စကားနှင့် စာပေအရာတွင် မြန်မာဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာတို့ကို ရေးသားပြောဆို နေကြသည်ဟုလည်းကောင်း ယူဆနိုင်သည်။ ပုဂံပြည်၌ သထုံ မနူဟာ(မကုတ)မင်း၏ အဆက်အနွယ်တော်များသည် မြင်းကပါအရပ်၌ နေထိုင်လျက်ရှိကြသည်ဟုလည်းကောင်း၊ မွန်တို့၏ဒေသ ဥဿပဲခူးမြို့ကို အထိန်းတော် သားငရမန်ကန်းအား ပေး၍ မြို့စားအဖြစ် အုပ်ချုပ်စေသည်ဟုလည်းကောင်း ယူဆနိုင်သည်။ ထိုကဲ့သို့ လူမျိုးအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုး၊ စကားစာပေအမျိုးမျိုးရှိသော နိုင်ငံသစ်သည် အနော်ရထာမင်း လက်ထက်၌ ငြိမ်းချမ်းခဲ့ပါ၏။ သို့ရာတွင် အနော်ရထာမင်း လွန်တော်မူသောအခါ စောလူးမင်းသည် ထိုငြိမ်းချမ်းမှုကို မထိန်းမသိမ်းနိုင် ဖြစ်လာသည်။ ထိုမင်းလက်ထက်တွင် အထိန်းတော်သား ငရမန်ကန်းသည် မတော်လောဘ ထွက်၍ ဥဿာပဲခူးကို အားကိုးပြုကာ ပုန်ကန်သည်။ ကျန်စစ်သားသည် ခမည်းတော် အနော်ရထာမင်း လက်ထက်တွင် စစ်သူကြီးတစ်ဦးအဖြစ်ဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့သည်။ ခမည်းတော် သထုံသို့ ချီတော်မူရာတွင် ကြည်းကြောင်းဖြင့် ရှေ့ဖျားတပ်မပြု၍ လိုက်ပါခဲ့ဘူးသူဖြစ်သည်။ ဥဿာပဲခူးတွင် ဂျွမ်းစစ်သည်တို့ ရံလာသည်ကို တိုက်ခိုက် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ကျန်စစ်သားသည် စစ်သူကြီးအဖြစ် အမှုထမ်းစဉ်၌ပင် လက်ရုံးနှလုံးနှင့် ပြည့်စုံသူ ဖြစ်သည်။ သို့ရာတွင် အခါ တစ်ပါး၌ ခမည်းတော်အနော်ရထာမင်း မျက်တော်မူသဖြင့် လွတ်ရာ၌ ပုန်းရှောင်နေရသည်။ စောလူးမင်း နန်းတက်သောအခါ မှူးမတ်တို့က ကိုယ်တော်နှင့် မကွာကောင်းပလေဟု နားတော်လျှောက်သဖြင့် စောလူးမင်းသည် ပြည်ရေးရွာမှုကို ထောက်၍ ကျန်စစ်သားအား ပုဂံသို့ ခေါ်တော်မူလေသည်။ ထိုအခါမှစ၍ ကျန်စစ်သားသည် ပုဂံသို့ ပြန်ရောက်သည်။ ငရမန်ကန်းသည် စောလူးမင်းကို ပုန်ကန်လိုသဖြင့် ဥဿာပဲခူးမှ ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်းဖြင့် ချီ၍ ပြည်တော်သာကျွန်း (မိကျောင်းရဲအောက်ရှိ ကျွန်းတောကျွန်း)၌ တပ်ချ ရပ်သောအခါ ကျန်စစ်သားသည် ပြည်တော်သာကျွန်းသို့ တပ်ဦးချီ၍ စောလူးမင်းသည် နောက်ထပ်ပြု၍ ချီသည်။ ငရမန်ကန်းသည် ကျန်စစ်သား စစ်အရာ၌ လိမ္မာသည်ကို သိသဖြင့် ကျန်စစ်သားတပ်ကို ရှောင်၍ စောလူးမင်းတပ်ကို တိုက်သည်။ စောလူးမင်းသည် ဆင်မှ ဆင်း၍ ပြေးရသည်။ တပ်လည်း အဆီးအတားမရှိ ပျက်သည်။ ကျန်စစ်သားလည်း ပုဂံသို့ ဆုတ်လာရသည်။ ထိုအခါ ပုဂံပြည်သားတို့သည် ကျန်စစ်သားအား ထီးနန်းအပ်ကြပါ၏။ သို့ရာတွင် ကျန်စစ်သားသည် ထီးနန်းကို လက်မခံ။ ငါ့အရှင် ရှိမရှိ စူးစမ်းဦးမည်။ ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်ဟု ဆိုသည်။ ငရမန်ကန်းသည် စောလူးမင်းကို ဖမ်းမိ၍ အလုံးအရင်းနှင့် ချီလာပြီးလျှင် ပုဂံမြို့မှ တောင်ဘက် တစ်မိုင်ခန့်အကွာ မြင်းကပါအရပ်၌ တပ်ချ၍ ပုဂံကို ရံသည်။ ကျန်စစ်သားသည် စောလူးမင်းကို အရယူပါသေး၏။ သို့သော်လည်း မရ၊ ပုဂံမှ မိတ္ထီလာ ထီးလှိုင်သို့ ဆုတ်ရသည်။ စောလူးမင်းသည် ငရမန်ကန်းလက်တွင် အနိစ္စရောက်သည်။ ကျန်စစ်သားသည် မိတ္ထီလာထီးလှိုင်တွင် ဗိုလ်ဝင်ခံလျက်နေစဉ် ငရမန်ကန်းသည် အင်းဝအရပ်အထိ ချီ၍ သိမ်းသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ ချီ၍ ငရမန်ကန်းကို တိုက်သည်။ အင်းဝစစ်ပွဲ၌ ငရမန်ကန်း ရှုံး၍ မြင်းကပါသို့ ဆုတ်ရသည်။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲဖြစ်ပြန်ရာ ငရမန်ကန်းတပ်ပင် ဆုတ်ရပြန်သည်။ ထို့နောက် ငစဉ့်ကူး အရပ်တွင် ငရမန်ကန်း အသက်ဆုံး၍ သူပုန်အရေး အေးလေတော့သည်။ ဤသို့ဖြင့် ကျန်စစ်သားသည် သက္ကရာဇ် ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)၌ ပုဂံတွင် မင်းအဖြစ်ကို ခံယူ၍ ပုဂံထီးနန်းကို သိမ်းပိုက်သည်။ ငရမန်ကန်း သူပုန်အရေး ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူရေးတည်းဟူသော ဘောဂဗလကိုလည်းကောင်း၊ ကာယ ဉာဏ စာရိတ္တ ဗလတို့ကို လည်းကောင်း တိုးတက်အောင် ဆောင်ရွက်တော်မူသည်။ ငရမန်ကန်း သူပုန်ထသဖြင့် ပြည်တွင်း၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေစဉ်တွင် တိုင်းသူပြည်သားတို့သည် ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ အချို့သည် သားတကွဲ မယားတကွဲ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အချို့သည် ရန်သူတို့၏ အဖမ်းအဆီးကို ခံရ၍ အောက်ပြည် အောက်ရွာသို့ ရောက်ကြရသည်။ အချို့သည် စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ ဖြစ်ကြရသည်။ ဤအခြေကား ဆိုးလှသည်။ ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားများကို ဤအခြေဆိုးမှ ကယ်တင်၍ ပြည့်စုံလုံလောက် ပျော်ရွှင်အောင် ဆောင်ရွက်တော်မူသည်။ ကျန်စစ်သား၏ ရွှေစည်းခုံမွန်ကျောက်စာတွင် မင်းကြီး၏ အလိုဆန္ဒတော်အတိုင်း မဆိုင်းမတွ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်သူတို့သည် ပုဂံကို တိုက်ဖျက်ရန် ဆန်တက်လာ၍ အမျိုးလေးပါးကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြကြောင်း၊ ထို့နောက် လက်ရုံးမူ၍ ထိုသူတို့ကို တစ်ရပ်တစ်ကျေးသို့ ဆောင်ယူကြကြောင်း၊ မင်းကြီးသည် ထိုသူတို့ကို ပုဂံသို့ပြန်ခေါ်၍ နှစ်သိမ့်မည်ဖြစ်ကြောင်း၊ သားကွဲ မယားကွဲဖြစ်သူတို့ကို၎င်း၊ ပူပင်သောက ရောက်ကြရသူများကို၎င်း မင်းကြီးသည် မေတ္တာကရုဏာဖြစ်၍ ထိုသူတို့၏ မျက်ရည်တို့ကို သုတ်ပေးတော်မူမည် ဖြစ်ကြောင်း၊ ယာလက်တော်ဖြင့် ဆန်စပါးမှ စ၍ စားဖွယ်သောက်ဖွယ်တို့ကို ပေးအပ်ကျွေးမွေးမည်ဖြစ်ကြောင်း၊ ဝဲလက်တော်ဖြင့် အဝတ်ပုဆိုး အဆင်တန်ဆာတို့ကို ပေးအပ်ဆင်ယင်မည် ဖြစ်ကြောင်း၊ အမိသည် သားငယ်တို့ကို ရင်ခွင်၌ ပိုက်ထွေးယုယသကဲ့သို့ ထိုသူတို့ကို စောင့်ရှောက်ပြုစုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ တစ်ဖန်၊ ထိုရွှေစည်းခုံကျောက်စာ၌ပင် မင်းကြီး၏ လက်ထက်တော်တွင် မှို၊ မျှစ်၊ သစ်သီး၊ ပန်းမန်တို့ ပေါများစေရမည် ဖြစ်ကြောင်း၊ ဆန်စပါး အဝတ်ပုဆိုးတို့အတွက် အခက်ကြုံနေကြသူများသည် ရွှေငွေ ရတနာဖြင့် ဆန်းကြယ်သော အဝတ်ပုဆိုးတို့ကို ဆင်မြန်းကြရမည်ဖြစ်ကြောင်း၊ ဆင်မြင်းကျွဲနွား ကြက်ဝက်ဆိတ်တို့ ပေါများစေရမည်ဖြစ်ကြောင်း၊ လူတိုင်း လူတိုင်း ကြွယ်ဝချမ်းသာရမည်ဖြစ်ကြောင်း၊ အိုးစလောင်း ရောင်းသော အမယ်အိုများပင်လျှင် ဈေးကောင်းရ၍ ချမ်းသာရမည် ဖြစ်ကြောင်း၊ မြေယာထွန်ယက်ကြသော လယ်သမားအပေါင်းတို့တွင် ဆန်စပါး လူးဆပ်တို့သည် ကျီအပြည့် ရရှိမည်ဖြစ်ကြောင်းတို့ကိုလည်း ဆိုခဲ့သည် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ ဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။ ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌လည်းကောင်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ထို့ပြင် သက္ကရာဇ် ၄၆ဝ ပြည့်နှစ် (ခရစ် ၁ဝ၉၈ ခုနှစ်)တွင် ကျန်စစ်သားမင်းသည် သထုံမြို့သို့သွား၍ သထုံမြို့ မြောက်ဘက် မိုင် ၃ဝ ခရီး၌ရှိသော ကျိုက်တလင်စေတီ (မြသိန်းတန်ဘုရား)ကိုလည်းကောင်း၊ တောင်စွန်းအနီးရှိ မဟာဓာတ်ဘုရား (ကျိုက်တဲဘုရား)ကိုလည်းကောင်း ပြင်တော်မူသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသို့ မင်းချင်းတို့ကို စေ၍ မြတ်စွာဘုရား ပွင့်တော်မူရာဖြစ်သော ဗုဒ္ဓဂါယာ၌ မဟာဗောဓိဘုရား (ဝဇီရာသန)ကို ပြင်စေသည်။ ထိုမျှသာ မက၊ ထိုအရပ်၌ မြေဝယ်စေသည်။ ထို့နောက် ကန်တူးပြီးလျှင် လယ်မြေ တည်စေ၍ ဘုရားသို့ လှူတော်မူသည်။ ဆီမီးဝတ် မပျက်အောင်လည်းကောင်း၊ အဆို အတီး အက ဝတ်မပျက်အောင်လည်းကောင်း ဆောင်ရွက်စေတော်မူသည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းဒေသမှ စောဠိမင်းသားတစ်ပါးသည် ခြွေရံသင်းပင်းနှင့်တကွ ပုဂံသို့ ရောက်လာသည်ဟု ကြားတော်မူရာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ရွှေပေတွင် ဟင်္သာပြဒါးဖြင့်ရေး၍ မင်းသားထံသို့ ပို့တော်မူသည်။ မင်းသားနှင့် ခြွေရံသင်းပင်းတို့သည် မိမိတို့၏ အယူဝါဒကို စွန့်၍ ဗုဒ္ဓအယူဝါဒကို ယူကြသည်။ မျှတစွာ အုပ်ချုပ်တော်မူခြင်း ကျန်စစ်သားမင်းသည် ဥဿာပဲခူးစား ငရမန်ကန်းသူပုန်ကို နှိမ်နင်းနေခိုက်မှာပင် ခမည်းတော် တည်ထောင်ခဲ့သည့် နိုင်ငံသစ် တည်တံ့ခိုင်မြဲမှုအတွက် စည်းလုံးရေးသည် အဓိကဖြစ်သည်ဟူ၍ ယူဆတော်မူခဲ့ဟန် တူသည်။ မင်းကြီး၏ အုပ်ချုပ်ရေးအစီအမံ အဆောင်အရွက်တို့တွင် ထိုယူဆချက် အမူအရာများကို သိမြင်နိုင်သည်။ ထိုအမူအရာများကား အခြားမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး မျှတစွာ အုပ်ချုပ်သော အမူအရာများ ဖြစ်သည်။ ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းပိုက်သော်လည်း ၄၄၈ ခုနှစ် (ခရစ် ၁ဝ၈၆ ခုနှစ်)မှာမှ အဘိသိက်ကို ခံယူတော်မူသည်။ အဘိသိက်ခံယူ တော်မူကြောင်း၊ နန်းတော်သစ် တည်တော်မူကြောင်းတို့ကို ကမ္ပည်းကျောက်စာ (ရွှေစည်းခုံကျောက်စာ) ရေးထိုးတော် မူခဲ့သည်။ တည်တော်မူသော နန်းတော်သစ်သည် ပြာသာဒ် ငါးဆောင်ရှိသော ပဉ္စပါသာဒ ဖြစ်သည်။ ရွှေစည်းခုံ ကျောက်စာအရ ကျန်စစ်သားမင်းသည် ပုဂံမြို့ကို အခိုင်အခံ့ ပြု၍ ဝင်းကိုယ်ရံတော် ၁၀၀၀ ကျော်ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းတော်မူသည်ဟု သိရသည်။ ထို့ပြင် ဘိသိက်ပွဲအခမ်းအနားတွင် မှူးမတ်အရာရှိကြီးများဖြစ်သော သံပျင်ကြီး၊ သံပျင်ငယ်များသည်လည်းကောင်း၊ ကလန်အရာရှိများသည်လည်းကောင်း၊ ထို့နောက် ကျေးရွာအကြီးအကဲများဖြစ်သည့် သင်ကြီး၊ သင်လျင်တို့သည်လည်းကောင်း တက်ရောက်ဖူးမြော် ကြသည်ဟုလည်း သိရသည်။ ဘုရားများအား ပူဇော်လှူဒါန်းခြင်း၊ ဘိသိက်ပွဲ အခမ်းအနား၌ ပရိတ်တော် ရွတ်ဖတ်ခြင်း၊ ပိဿနိုး ပူဇော်ခြင်း၊ ဂဝံပတိ ပူဇော်ခြင်း၊ နဂါး ပူဇော်ခြင်းတို့ ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ထိုဘိသိက်ပွဲအခမ်းအနား၌ ရှင်အရဟံ ကြီးမှူးသော ရဟန်းတော်များ ပါဝင်ကြခြင်း၊ ပုဏ္ဏားများလည်း ပါဝင်ကြခြင်း၊ မြန်မာဘာသာသီဆိုခြင်း၊ မွန်ဘာသာသီဆိုခြင်း၊ ပျူဘာသာသီဆိုခြင်းတို့ ရှိသည်ဟုလည်း သိနိုင်သည်။ တစ်ဖန် ပြည်ရွှေဆံတော် ကျောက်စာအရ မင်းကြီးအကန်တော့ခံပွဲတွင် အချို့တို့သည် နတ်ဝင်သည်အဟန်ပြု၍ သီဆိုကခုန်ကြသည်ဟုလည်း သိရသည်။ အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် ကျန်စစ်သားမင်းသည် မွန်၊ မြန်မာ၊ ပျူ အမျိုးသားများကို ခန့်ထားချီးမြှင့်တော်မူကြောင်း၊ ထေရဝါဒကို နှစ်သက်ကြည်ညို၍ အထူး ချီးမြှင့်သူဖြစ်လင့်ကစား မဟာယာနဂိုဏ်း၊ တန္တြဂိုဏ်း တို့ကိုလည်း ချီးမြှင့်တော်မူကြောင်း၊ ထို့ပြင် ပိဿနိုးကိုးကွယ်သောအယူ၊ နဂါး ကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ကိုလည်း ချီးမြှင့်တော်မူကြောင်း သိသာသည်။ ကျန်စစ်သားမင်းသည် ဤနည်းများဖြင့် လူမျိုးအားလုံးကို နှစ်သိမ့်ခြင်း ဖြစ်စေ၍ အချင်းချင်း ရင်းနှီးစည်းလုံးမှုကို ပြုကာ မျှတစွာ အုပ်ချုပ်ခဲ့သည်ဟု ယူဆနိုင်၏။ ထိုသို့ မျှတစွာ အုပ်ချုပ်သည်ထက် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်မှာ မွန်မြန်မာ နှစ်ဦးနှစ်ဖက်လုံး ကျေနပ်၍ အဓွန့်ရှည်စွာ နိုင်ငံတော် စည်းလုံးခိုင်မြဲမည်ကို မျှော်ရှုကာ သမီးတော် ရွှေအိမ်သည်ကို သထုံမနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ပေးထိမ်းမြား၍ မြေးတော်ရသောအခါ မိမိ၏သားတော်ရှိပါလျက် မြေးတော် မွန်မြန်မာမင်းသားကို ထီးနန်းဆက်ခံစေခြင်း ဖြစ်နိုင်သည်ဟူသော ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ)၏ မှန်းဆချက်ဖြစ်သည်။ ပါမောက္ခသည် ရာဇကုမာရ် ကျောက်စာကိုလည်းကောင်း၊ မနူဟာ ကျောက်စာကိုလည်းကောင်း ကိုးကားပြသည်။ ရာဇကုမာရ် ကျောက်စာအရ ကျန်စစ်သားမင်း၌ ရာဇကုမာရ်မည်သော သားတော်တစ်ပါးရှိကြောင်း၊ သို့ရာတွင် ထီးနန်းကို ဆက်ခံရသူ မဟုတ်ကြောင်း သိရသည်။ တစ်ဖန် မနူဟာကျောက်စာအရ သထုံမင်း မနူဟာ၌ သုဓမ္မရာဇ်မည်သော သားတော်ရှိကြောင်း၊ အသဝတ်ဓမ္မာသည် မင်းစီးလှေတော်ကို ပုပ္ပား၌ ဝှက်ထားကြောင်း၊ ထိုသို့ဝှက်ထားသည်ကို ကျန်စစ်သားမင်း သိတော်မူသောအခါ လှေတော်ကို ပြန်အပ်ရန် မိန့်တော်မူကြောင်း၊ လှေတော်ကို ပေးအပ်သောအခါ မင်းကြီးသည် မိမိ၏သမီးတော် ရွှေအိမ်စည်ကို အသဝတ်ဓမ္မာ၏ သားတော် နာဂသမန်းနှင့် ပေးထိမ်းမြားတော်မူကြောင်း သိရသည်။ တစ်ဆယ့်ခြောက်ရာစုနှစ်အတွင်း ရေးထိုးသည်ဟု ခန့်မှန်းနိုင်သော မနူဟာကျောက်စာအဆိုကို လက်ခံနိုင်ကြလျှင် ပါမောက္ခက ဤသို့ မှန်းဆနိုင်သည်ဟု ဆိုသည်။ မင်းစီးလှေတော်ကို ပုပ္ပား၌ အသဝတ်ဓမ္မာ မင်းသားဝှက်သော ကာလသည် ပုဂံကို ငရမန်ကန်း ပုန်ကန်နေသော ကာလဆိုး ဖြစ်တန်ရာသည်။ ထိုသို့ ဝှက်သော အသဝတ်ဓမ္မာ၏ အမူအရာသည် ပုဂံတစ်ဝိုက်ရှိ မွန်တို့ကို စုရုံး၍ တစ်ထီးတစ်နန်းထူလိုသဖြင့် ပုပ္ပား၌ ဗိုလ်ဝင်ခံသော အမူအရာ ဖြစ်တန်ရာသည်။ ထိုသို့ဖြစ်လျှင် မျက်မှောက် ဆူပူသောင်းကျန်းမှုကို အလွယ်တကူ ငြိမ်းအေးစေလိုသော ဆန္ဒကြောင့်လည်းကောင်း၊ နောင်ရေးကို မြှော်တွေး၍ မွန်မြန်မာ အဓွန့်ရှည်စွာ စည်းလုံးခိုင်မြဲစေလိုသော ဆန္ဒကြောင့်လည်းကောင်း ကျန်စစ်သားမင်းသည် မိမိ၏ သမီးတော် ရွှေအိမ်စည်ကို မနူဟာမင်း၏ မြစ်တော်နာဂသမန်းနှင့် ပေးထိမ်းမြားခြင်း ဖြစ်တန်ရာသည်။ တစ်ဖန် မြန်မာရာဇဝင်များ၌ မြေးတော်ကို မင်းမြှောက်ခဲ့ပြီး ဖြစ်၍ မြေးကားအရင်း၊ သားကားအဖျား ဖြစ်ပြီဟု ကျန်စစ်သားမင်း မိန့်တော်မူကြောင်း ရေးမှတ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်ဟု မှန်းဆခဲ့ခြင်း ဖြစ်သည်။ တိုင်းတစ်ပါးနှင့် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူတော်မူခြင်း ပုဂံခေတ်တွင် မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ထိပါးခြင်းကို မခံရ။ အနှစ် ၂ဝဝ မျှ ငြိမ်းချမ်းခဲ့သည်။ ထိုသို့ ငြိမ်းချမ်းခဲ့သည်မှာ ကျန်စစ်သားမင်း၏ နိုင်ငံခြားရေးဝါဒကြောင့် ဖြစ်သည်။ ထိုဝါဒမှာ အခြားမဟုတ်၊ နိုင်ငံတကာနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံသောဝါဒ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ၍ အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ ရှိသည်။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ ပြင်ခွင့်ကို ကျန်စစ်သားမင်း ရရှိခဲ့သည်ဖြစ်ရာ ကျန်စစ်သားမင်းသည် အိန္ဒိယမင်းများနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ ဆက်ဆံသည့် အတိုင်းလည်း ပုဂံတွင် ယဉ်ကျေးမှုအဆင့်အတန်းသည် မြင့်တက်လာခဲ့သည်။ တစ်ဖန် ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၆၅ ခုနှစ် (ခရစ် ၁၁ဝ၃ ခုနှစ်)၌ တစ်ကြိမ်၊ ၄၆၈ ခုနှစ် (ခရစ် ၁၁ဝ၆ ခုနှစ်)၌ တစ်ကြိမ် တရုတ်ပြည်သို့ သံစေလွှတ်တော်မူသည်။ တရုတ်ပြည် ဆွန်းမင်းဆက် နန်းစဉ်စာတို့တွင် ၄၆၈ ခုနှစ်၌ ပုဂံပြည်မှ သံတမန်များရောက်လာကြောင်း၊ ပုဂံပြည်သည် ဘုန်းတန်ခိုး အင်အားနှင့် ပြည့်စုံသည်ဖြစ်၍ ထိုနိုင်ငံနှင့် ဆက်ဆံရာတွင် အာရပ်နိုင်ငံ၊ အာနမ်နိုင်ငံနည်းတူ တိုင်းကြီးပြည်ကြီးအဖြစ် ဆက်ဆံကြောင်း ဖော်ပြထားချက်ရှိသည်။ ကျန်စစ်သားမင်း ထိုသို့ သံစေလွှတ်ခြင်းသည် နှစ်ပြည် တစ်ပြည် အရောင်းအဝယ် ဖြစ်စေလိုသောကြောင့်သော်လည်းကောင်း၊ ခမည်းတော် အနော်ရထာမင်းလက်ထက် ဂန္ဓာလရာဇ်(နန်ချောင်)ကို တိုက်ခိုက်ခဲ့ဘူးရာ ဂန္ဓာလရာဇ်၏ ရန်ကို စိုးရိမ်သဖြင့် တရုတ်ပြည်နှင့် မဟာမိတ်ဖွဲ့ လိုသောကြောင့်သော်လည်းကောင်း ဖြစ်တန်ရာသည်ဟု ယူဆကြသည်။ ထို့ပြင် ကျန်စစ်သားမင်းသည် နောက်တစ်ကြိမ် ထိပါး လာသော ဂန္ဓာလရာဇ်မင်း၏ စစ်သည်တို့ကို တွန်းလှန်နိုင်ခြင်းသည် ပုဂံပြည်၏ လက်ရုံးအင်အားကြောင့်လည်းကောင်း၊ တရုတ်မင်းနှင့် မဟာမိတ်ဖွဲ့ခဲ့သော ကျေးဇူးကြောင့်လည်းကောင်း ဖြစ်မည်ဆိုပါကလည်း ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ပုဂံပြည်သည် တရုတ်ပြည်သို့ သံစေလွှတ် မိတ်ဖွဲ့ခဲ့သည်မှစ၍ အနှစ် ၂ဝဝ နီးပါးမျှ ငြိမ်းချမ်းခဲ့သည်မှာ အထင် အရှား ဖြစ်သတည်း။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) ကိုးကား မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။ မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅) ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား ) မှန်နန်းရာဇဝင် သုံးတွဲ Category:မြန်မာ ဘုရင်များ Category:ပုဂံမင်းဆက်
ငရမန်ကန်း
ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ (စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက်ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုသည်။ ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်။) နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏။ (စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏။ ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက "ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့" ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။) နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။ ငရမန်ကာန်း။ ။ ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့် ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံစည်ခဲ့သူ ဖြစ်သည်။ ငရမန် ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်။ အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့် အလျောက် ပဲခူးမြို့ကို စားစေသည်။ ပဲခူးမြို့သည် ထိုစဉ်က ဆိပ်ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော မြို့ကြီးဖြစ်လေသည်။ မွန်နှင့် မြန်မာတို့ ရောနှောနေထိုင် စီးပွားရှာသောမြို့လည်း ဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့် ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်။ ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ ပိုင်နိုင်စွာ မင်းလုပ်လိုဟန်တူ၏။ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန် အကြံရှိ၏။ တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန် ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း ပေါက်) ထ၍ ခတ်၏။ စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည် ကို မလန်းပေါက်ထ၍ ခတ်သည်။ ယောက်ျားဟုတ်နိုးသော် ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်။ ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့ သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့် ပုဂံသို့ ချီလာလေ၏။ ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏။ ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက် တပ်ပြုလျက် လိုက်၏။ ကျန်စစ်သား၏ စစ်အရာ၌ လိမ္မာ သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့ စီရင်သည်။ ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏။ စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန် ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်။ စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော် စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏။ စောလူးမင်းလည်း ဆင် ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်။ ကျန်စစ် သားလည်း ပုဂံသို့ ဆုတ်ရ၏။ ငရမန်ကာန်းလည်း စောလူးမင်း နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်။ ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့် ဆန်တက်လေသည်။ ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ။ ငရမန် ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏။ ယင်းသို့ ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့် မြို့သို့ ချဉ်းကပ်လေသည်။ ထိုအခါ မှူးမတ်တို့က ကျန်စစ်သား သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့် ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့ တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏။ ငရမန်ကာန်း သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့် ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း ကို တိုက်၏။ အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့် မြင်းကပါသို့ ဆုတ်ရလေသည်။ ကျန်စစ်သားလည်း ရွှေစည်းခုံ တောင်တွင် တပ်တည်၍ နေ၏။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်။ ငရမန်ကာန်း စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍ လုပ်ကြံစေ၏။ မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ အောက်တွင်မီ၍ ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏ အသံကဲ့သို့မြည်၏။ ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ လေသည်။ ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏ တပ်ပျက်လေသည်။ မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ကိုးကား ကဏ္ဍ:ပုဂံခေတ် ကဏ္ဍ:မြန်မာနိုင်ငံ၏ သမိုင်း ကဏ္ဍ:မွန်လူမျိုးများ
ကတိုးကောင်
ကတိုးကောင်သည် ဟိမဝန္တာတောင်ကုန်းမြင့် သစ်တောများတွင် ရှိသော ဒရယ် တစ်မျိုးဖြစ်၍ ယင်းကို လက်တင်ဘာသာဖြင့် မော့ချပ်မော့ချီဖာရာဟု ခေါ်သည်။ ယင်းတို့သည် သမင်မျိုးစိတ်များထက် ပိုမိုရှေးဦးကျသည်။ များသောအားဖြင့် တစ်ကောင်တည်း နေတတ်၏။ တစ်ခါတစ်ရံ ဖိုမတွဲ၍နေသည်ကိုတွေ့ရ၏။ သို့ရာတွင် အစုအအုပ်ဖွဲ့၍ကား မနေချေ။ အရွယ်ရောက်သောအကောင်မှာ အလျား၃ ပေခန့်ရို၍ ပခုံးတွင် လက်မ ၂ဝခန့်မြင့်သည်။ အရောင် အမျိုးမျိုး ရှိသော်လည်း များသောအားဖြင့် အောက်ပိုင်း ဖြူ၍၊ အပေါ်ပိုင်းသည် မီးခိုးရောင်(သို့မဟုတ်) အညိုရောင် ဖြစ်သည်။ ကတိုးကောင်သည် အသီးအရွက်စားသော သတ္တဝါများ ဖြစ်ကာ တောင်ထူထပ်၍ သစ်တောဖုံးလွှမ်းသောအရပ်များတွင် ကျက်စားသည်။ လူသားတို့နေထိုင်ရာနှင့် ဝေးသောအရပ်များတွင် ကျက်စားကြသည်။ သမင်များနည်းတူပင် အရွက်များ၊ ပန်းပွင့်များ၊ မြက်များကို စားသည်။ ရေညှိရေမှော်များကိုလည်း စား သည်။ တရုတ်ရေသမင်များနည်းတူ အဖိုနှင့်အမ နှစ်ကောင်စလုံး၌ ဦးချို မရှိချေ။ သို့သော်အဖို၏အပေါ်မေးရိုးတွင် အောက်သို့ထိုးထွက်နေသော အစွယ်များ ရှိ၍ ခုခံကာကွယ်ရာတွင် ထိုအစွယ်များကို အသုံးပြုနိုင်သည်။ အလွန် မွှေးကြိုင်သော ကတိုးဆီအတွက် ထိုသတ္တဝါတို့ကို ထောင်ချောက်ဖြင် ဖမ်းယူကြ၏။ ကတိုးဆီကို အထီးဝမ်းဗိုက် အောက်တွင်ရှိသော ဂလင်းအိတ်မှရရှိသည်။ ဂလင်းအိတ်မှာ သံပရာသီး အရွယ်ခန့်ရှိ၍ ကတိုးဆီတစ်အောင်စခန့်ပါရှိ၏။ ကတိုးနံ့သည် အလွန်စူးရှကာ တာရှည်ခံသောကြောင့် ကတိုးကို အလွန်အဖိုးတန်သော ပစ္စည်း တစ်ခု အဖြစ်ဖြင့် အရှေ့တိုင်းတွင်အသုံးပြုကြသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁) ကတိုးကောင်သည် ရှက်ရွံ့တတ်ပြီး ညဘက် (သို့မဟုတ်) မှောင်ရီပျိုးချိန်တွင် ကျက်စားတတ်သည်။ နယ်မြေသတ်မှတ် ကျက်စားတတ်သည်။ မိတ်လိုက်ရာသီ တွင် အဖိုများသည် နယ်မြေကိုစွန့်ခွာကာ အမအတွက် အခြား အဖိုများနှင့် ယှဉ်ပြိုင်လေသည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် အစွယ်ကို အသုံးပြုသည်။ အမသည် ဇီးလွယ်ပြီး ရက် (၁၅၀) မှ (၁၈၀)အတွင်း သားတစ် ကောင်တည်း ပေါက်သည်။ မွေးကင်းစကတိုးကောင်ပေါက်ကလေး သည် အလွန်သေးငယ်သည်။ တစ်လသားအရွယ်အထိ များသောအားဖြင့် မလှုပ်မယှက်နေတတ်သည်။ ယင်းမှာ သားရဲကောင်များလက်မှ လွတ်မြောက်စေသည်။ ကတိုးကောင်မျိုးစိတ်များ ကတိုးကောင်မျိုးစိတ် (၇) မျိုး ရှိလေသည်။ အန်ဟွေးကတိုးကောင်ကို တရုတ်ပြည်တွင် တွေ့ရသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ် ဖြစ်သည်။ ကတိုးကောင်ပုကို တရုတ်ပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမြောက်ဖျားစွန်းတွင်လည်းကောင်း တွေ့ရသည်။ မျိုးစိတ်ခွဲလေးမျိုး ရှိလေသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ်ပင် ဖြစ်သည်။ အယ်လ်ပိုင်းကတိုးကောင်ကို တိဘက်ဒေသတွင်လည်းကောင်း၊ တရုတ်ပြည်အနောက်ပိုင်းတွင် လည်းကောင်း တွေ့ရသည်။ ကရှ်မီးယားကတိုးကောင်ကို အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရသည်။ ကတိုးချေကို ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။ ဟိမဝန္တာကတိုးကောင်ကို ခါးဖြူကတိုးကောင်ဟုလည်း ခေါ်သည်။ နီပေါ၊ ဘူတန်၊ အိန္ဒိယမြောက်ပိုင်းနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။ ဆိုက်ဘေးရီးယားကတိုးကောင်ကို အာရှတိုက်အရှေ့မြောက်ပိုင်း ရှိ တောင်ပေါ်တောများတွင် တွေ့ရသည်။ ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ အတွင်းမွန်ဂိုလီးယား၊ မန်ချူးရီးယားနှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် တွေ့ရသည်။ မျိုးစိတ်ခွဲတစ်မျိုးကို ဆာခါလင်ကျွန်း တွင် တွေ့ရသည်။ ကိုးကား ကဏ္ဍ:အသုံးများသော နို့တိုက်သတ္တဝါ အမည်များ ကဏ္ဍ:နို့တိုက်သတ္တဝါ မျိုးရင်းများ
ကင်ပွန်းချဉ်ပင်
ကင်ပွန်းချဉ်ပင် ဘူးများ ရုက္ခဗေဒအလိုအားဖြင့် Acacia concinna ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ဖြစ်သည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှတိုက်၏အပူပိုင်းဒေသဌာနေရင်းပင်ဖြစ်သည်။ ထိုအပင်ကို ကင်ပွန်းချဉ်၊ ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာ တဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍ သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။ အစေ့များ ပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များ ရှိရာတွင် အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။ ထနောင်းစေးသည် 'အကေးရှားဆင်နီဂေါ' ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။ ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင် အသုံးဝင်သည်။ မြန်မာနိုင်ငံရှိ ကင်ပွန်းပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။ အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ပင်စည်နှင့် အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။ မန်ကျည်းရွက် လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ ပေါင်လုံးအရွယ်မျှ ရှိသည်။ နွယ်လျှင် အပင်ရှည်တတ်သည်။ အရွက်ကိုစားရသည်။ ကင်ပွန်းသီးကို မြန်မာအမျိုးသမီးများ ခေါင်းလျှော်ရာတွင် အသုံးပြုလေ့ရှိကြသည်။ ဆေးဖက် လည်းဝင်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁) ပုံသဏ္ဌာန် အပင် - ဆူးရှိသောချုံပင်မျိုးဖြစ်၏။ ပင်စည်ပျော့၏။ အစိမ်းရောင် အခက်များပေါ်တွင် နီမှိုင်းသော အစင်းများ ရှိပြီး သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေသည်။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄-၆ လက်မရှည်၍ ရွက်ကလေး ၄-၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂-၂၀ ရှိသည်။ ရွက်မြွှာများ ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်း ရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်း ဝိုင်း၍ အဖျားချွန်သည်။ အပွင့် - တစ်ပင်တိုင် ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းကဲ့သို့ ပွင့်သည်။ အဝါ ရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်သည်။ အသီး - အသားထူသော အသီးတောင့်ရှည်မျိုး ဖြစ်သည်။ ပြား၍ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များ ဖြစ်နေသည်။ အစေ့ အနက်ရောင်ရှိ၍ နတ်တော်လနှင့် ပြာသိုလတွင် သီးသည်။ အသုံးပြုပုံ အသီး အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။ အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် သုံးသည်။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။ အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။ စိန် နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။ အရွက် အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။ အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏။ မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည်။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ဝမ်းရပ်ခြင်းကို ပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။ တရော် ကင်ပွန်း ဒွတ္တဘောင်မင်းကြီးသည် စစ်တိုက်ပြီးပြန်လာသော အခါ ပန်ထွာဘုရင်မ၏တိုင်းပြည်တွင် တစ်ညဝင် အိပ်ခဲ့သည်။ ပန်ထွာဘုရင်မသည် မင်းကြီးဘုန်းကံနိမ့်အောင် မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့သည်။ မင်းကြီးသည် ထိုမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက် တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ကွယ်ခဲ့လေသည်။ မင်းကြီးလည်း ဘုန်းနိမ့်မှန်းသိပြီး ပြန်လာခဲ့သည်။ လမ်းရောက်တော့ မိုးရွာသည့်အတွက် တရော်ပင် အောက်မှာ မိုးဝင်ခိုခဲ့သည်။ တရော်ကင်းပွန်းက စီးကျလာသော မိုးရေသည် မင်းကြီးအပေါ်ကျပြီး ဘုန်းကျက်သရေ ရှိစေတဲ့မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့သည်။ မင်းကြီးလည်း တရော်ဟာ ဘုန်းကျက်သရေရှိစေတယ် ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏလုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့သည်။ ကင်းပွန်းသီး၏အာနိသင်က အပုပ်အစပ်နိုင်သည်။ ဘယ်လောက်ပဲ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင် အပုပ်နံ့အားလုံး ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဦးခေါင်းက အနံ့ကိုပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင်နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို တရော်က စွမ်းဆောင်ပေးပါသည်။ မြန်မာလူမျိုးများသည် အသုဘပို့ပြန်လာတဲ့အခါ၊ မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ တရော်ကင်းပွန်းကိုအသုံးပြုကြတာ ဒီနေ့အထိပါဖြစ်သည်။ ကိုးကား Category:ဆေးဖက်ဝင် အပင်များ
ပုပ္ပါးတောင်
ပုပ္ပားတောင်သည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တွင် တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ပုပ္ပားတောင်သည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တွင် တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ ပေါ်ထွန်းလာပုံ ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရသည် (Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။ ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။ ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားတောင်ပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်သည်။ ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။ ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရသည်။ ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပါးနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။ (Hellmut De Terra and Hallam movius, Jr. Research on Early Man in Burma, 1943,pp. 342,379-382) ကျွန်ုပ်တို့ခေတ် ပညာရှင်တို့ ကွင်းဆင်းလေ့လာ နိုင်သေးလျှင် ထို့ထက် တိကျကျယ်ပြန့်သော အဖြေထွက်ပေါ်လာ နိုင်စရာ ရှိပါသေးသည်။ ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း ဖြစ်နိုင်သည်။ ရာဇဝင်လာ right|ပုပ္ပါးတောင်ကလပ်မှ သဘာဝမြင်ကွင်းတစ်ခုကို ရှုမြင်ရပုံ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ ဧရာ၀တီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။ အသံကြီးစွာ မြည်လျက် မြေငလျင်လှုပ်ခဲ့သည်။ ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။ စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။ ပုပ္ပါးတောင် မြေကထွက်လာသည်။ သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၇) ထိုသို့ မြေအကြီးအကျယ် လှုပ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄) ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်) မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို ပုဂံခေတ်အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် ကျောက်ခေတ်ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူးခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပါးကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။ ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပါးတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပါးတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့သည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။ ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် ပျူခေတ်က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိုင်းတွင် ပုပ္ပါးတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ (၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပါးတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊ (၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့် (၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်သည်။ ဤအချက်သုံးရပ်ကို အနည်းငယ် တိုးချဲ့ ရှင်းလင်းပြပါမည်။ ခေတ်သစ် မြန်မာသမိုင်းဆရာများ အဆိုအရ မြန်မာတို့သည် ပျူတို့နောက်မှ ဤမြေ၊ ဤရေဒေသသို့ ရောက်ရှိလာ ခဲ့ကြသူများဖြစ်ပြီး တတ္ထဒေသဟုခေါ်သော ဤအရပ်၌ပင် အရိမဒ္ဒန (ရန်မျိုးနှိမ်) မြို့ဟုခေါ်သော ပုဂံမြို့တော်ကို တည်ဆောက်၍ အုပ်ချုပ်လာခဲ့ကြသူများ ဖြစ်သည်။ ယင်းတို့သည် ပျူတို့ထံမှ ကောင်းမွေဆိုးမွေများကို ရရှိခံ စံခဲ့ကြသည်။ ထို့ကြောင့် ပုပ္ပားအကြောင်းကို ပုဂံခေတ်မတိုင်မီက စာပေအထောက်အထား မရရှိသော်လည်း ပုဂံသူ၊ ပုဂံသားတို့အနေဖြင့်မူ ယင်းတို့ အရင် နေထိုင်သွားခဲ့ကြသော ပျူတို့ထံမှ သိတန်သမျှ သိခဲ့ကြပါမည်ဟု ထင်ပါသည်။ ထိုတောင်ကို နတ်တောင်အဖြစ် စတင်ပြုလုပ်ခဲ့သည်မှာလည်း ပျူတို့ထံမှရရှိသော အမွေပင် ဖြစ်နိုင်ကောင်းပါမည်။ အကြောင်းမှာ ပျူမင်းထီး လက်ထက် မြန်မာမင်းတို့ ပုပ္ပားတောင်တက်ပွဲကို နှစ်စဉ် စတင်ကျင်းပခဲ့ကြောင်း ဆိုလာသောကြောင့် ဖြစ်သည်။ (ကုလား၊ ပ၊ ၁၄၂) မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောင်တက်ပွဲကျင်းပခဲ့သည်ကိုမူ အထင်အရှား မသိရပေ။ စင်စစ်မြင့်မြတ်သော နတ်တောင်ဟု အသိအမှတ်ပြုထားသောကြောင့်သာဟု ထင်မိပါသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်နေမှုမျိုး စောစောပိုင်းက မရှိသေးဟုလည်း တွေးဆရသည်။ ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း (အေဒီ ၃၄၄-၃၈၇) လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်သည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် ပုပ္ပါးသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ လေတော့သည်။ မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု ဆိုနိုင်သည်။ မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင် စဉ်ဆက်မပြတ် ထားရှိ ကိုးကွယ်ခဲ့ကြဟန် ရှိသည်။ အဓိပ္ပာယ်မှာ ယင်းသည် တိုင်းပြည်နိုင်ငံစောင့်နတ်၊ အိမ်စောင့်နတ် (Guardian Spirit) ဟု ယုံကြည်လာခဲ့သောကြောင့် ဖြစ်လေသည်။ မင်းမှအစ ပြည်သူတရပ်လုံး တနှစ်တကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ရကြောင်းဆိုသဖြင့်လည်း မြန်မာတို့နတ် ကိုးကွယ်မှု အမြစ်တွယ်နေပြီ ဖြစ်ကြောင်း သိသာလေတော့သည်။ ယင်းကို အနိရုဒ္ဓနှင့် ရှင်အရဟံတို့၏ ထေရဝါဒဗုဒ္ဓသာသနာတော်က ချုပ်ငြိမ်းကွယ်ပျောက်သွားအောင် မတတ်နိုင်ခဲ့ပါ။ ယနေ့တိုင် မြန်မာအိမ်တိုင်းလောက်နီးပါး၌ အိမ်တွင်းမင်းမဟာဂီရိဟူ၍ ထားရှိကိုးကွယ်နေကြဆဲ ဖြစ်သည်။ ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။ ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖို့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။ (ရာဇဝင်သစ်၊ပ၊ ၁၉၆၈၊ ၆၅) ဤတွင် ပုပ္ပားနတ်သည် ထီးနန်းစိုးစံသောမင်းကို တရားဝင်အောင် လုပ်ပေးနိုင်သူဟူ၍ ယူဆရမည်ကဲ့သို့ ဖြစ်လာတော့သည်။ ပုပ္ပားနတ် စကားမပြောသော မင်းသည် တရားမဝင် သို့မဟုတ် မင်းရိုးမဟုတ်ဟု ယူဆရမည် ဖြစ်လာသောကြောင့် နတ်နှင့် မင်းတို့သည် အပြန်အလှန်အားဖြင့် အပေးအယူလုပ်ရန် လိုအပ်လာတော့သည်။ ရာဇဝင်ဆရာတို့က မင်းရိုးကို နန်းပြန်ရစေလို၍ ဤဇာတ်လမ်းကို ထွင်ခဲ့လေသလောဟုလည်း တွေးဆဖွယ် ဖြစ်သည်။ မင်းရိုးမဟုတ်ဟု ခေတ်သစ်သမိုင်းပညာရှင်တို့ ယူဆယုံကြည်ထား သော ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းသည် မဟာဂီရိနတ်မင်းနှင့် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်း တွေ့ရှိရပြန်သဖြင့် ထိုမင်းကား မင်းရိုးဟု ဆိုလိုပြန်လေတော့သည် (ကုလား၊ပ၊၂၁၄) ။ ယင်းအသိ ကြောင့်ပင် ပုဂံမင်းတို့ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပနေကြရ ခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်တော့သည်။ ကျွဲဲ၊ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို သတ်၍ ပူဇော်ရသောကြောင့်လည်း ဤအလေ့အထသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုင် လောက်အောင် ကွဲပြားလျက်ရှိနေပြန်ပါသည်။ ပုဂံခေတ်တွင် ပုပ္ပားကို ပုဂံ၏ နိုင်ငံရေး ကျောထောက်နောက်ခံနယ်ဟူ၍လည်း ယူဆထားခဲ့ကြဟန် ရှိသည်။ အနိရုဒ္ဓမင်းမဖြစ်မီ နောင်တော် စုက္ကတေးနှင့် အာဏာယှဉ်ပြိုင်ကြရမည် ရှိသောအခါ ယင်းသည် ပုပ္ပားသို့ထွက်ခဲ့၍ လူသူအလုံးအရင်း စုခဲ့ရလေသည် (ကုလား၊ပ၊ ၁၆၅) ။ ထို့အပြင် ပုပ္ပားသည် သူရဲကောင်းတို့ထွက်ရာအရပ် ဟူ၍လည်း ဆိုနိုင်ကောင်းအံ့ထင်ပါသည်။ အနိရုဒ္ဓ၏ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပားသား ဖြစ်ကြောင်းနှင့် တွေ့ရှိရသည်။ ယင်းသည် ထွန်အရှဉ်း သုံးဆယ်ဖြင့် ထွန်ရေးမှန်အောင် ငင်နိုင်သောကြောင့် လူစွမ်းကောင်း ဖြစ်လာခဲ့ရသည် (ဦးကုလား၊ ပ၊ ၁၇၁) ။ စိုက်ပျိုးရေး အရေးပါသောခေတ်တွင် ဤမျှစွမ်းအားကြီး သောသူတဦး သူရဲကောင်းဖြစ်သည် ဆိုသည်မှာ ဖြစ်ထိုက်ပါပေသည်။ အကြောင်းမှာ တနေရာ တမျိုးမျိုးတွင် ခွန်အားပြနိုင်သူမှန်သမျှ သူရဲကောင်း ဖြစ်သောခေတ် ဖြစ်သောကြောင့်တည်း။ ငလုံးလက်ဖယ်သည် တကောင်းမှ ပန်းပဲမောင်တင့်တယ်၏ စွမ်းအားထက် လူမှုရေးအားဖြင့် အရေးပါအရာရောက်ပေသည်။ ကျောက်ခေတ်ကစ၍ ကာယဗလကို အခြေခံသော လူစွမ်းကောင်းခေတ် မကုန်ဆုံးသေးကြောင်း၊ အရေးပါဆဲ ဖြစ်ကြောင်း သာဓကပင် ဖြစ်တော့သည်။ အပြေးသန်လှ မြန်လှသော သထုံမှ ရောက်လာခဲ့သည့် ကုလားငယ် (ဗျတ္တ) သည်လည်း သူရဲကောင်းပင်။ ထို့အပြင် ရေကူးကောင်းသော ညောင်ဦးဖီး၊ ထန်းအတက်ကောင်းသော ငထွေရူး တို့သည်လည်း ထိုခေတ်၏ သူရဲကောင်းများပင် ဖြစ်ကြသတည်း။ ဗျတ္တသည် ပုပ္ပားတောင်မှ စံကားပန်းကို တနေ့ဆယ်ကြိမ် ယူငင်ဆက်ရသည်ဟု ဆိုသည် (ကုလား၊ပ၊ ၁၈ဝ) ။ ထိုဇာတ်လမ်းကို ချဲ့ထွင်စဉ်းစားသော် ပုပ္ပား၏ အရေးပါမှုသည် သမိုင်းတွင် ပိုမိုသိသာထင်ရှား လာခဲ့ပြန်သည်။ နတ်တောင်ဖြစ်လာသော ပုပ္ပားမှ (စံကား) ပန်းသည်လည်း တော်ဝင်ပန်း (ဝါ) နတ်ပန်း ဖြစ်လာခဲ့ရ တော့သည်။ ထို့ကြောင့် ရှေးက အမည်မသိစာဆိုတဦးက ပုပ္ပားမှ စံကားပန်းကို ဤသို့လျှင် စာဆိုခဲ့ဖူးလေသည်။ (၁) သိုးကလေ၊ ပုပ္ပားနတ်တောင် အခေါင်မြင့်ဖျား၊ စုံတောပြား၌ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည် ရွှေနှင့်ယိုးမှား၊ ပန်းစံကား။ (၂) သိုးကလေ၊ စံကားပွင့်နှင့် နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး မောင်ကြီးနှမ၊ ညက်လှပြာစင် မယ့်သည်ပင်သည်၊ ခရီးသား။ (၃) သိုးကလေ၊ မြိတ်လွတ်စုလည်း အငယ်တည်းက၊ ကျွမ်းဝင်ကြသည် မွေးဖတူရင်း၊ မျိုးသည်မင်းနှင့် ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည် နှလုံးမခြား၊ စောင့်တရား။ (၄) ဆွေမိမင်း၊ မျက်သုတ်နီစင် ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ တုမရှိ။ (မြန်မာစာညွန့်ပေါင်းကျမ်း၊ပ၊ ၁၅-၁၆) အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။ ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပါး၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု ယုံကြည်ရသည်။ နောက်ကျကောင်းသာ နောက်ကျမည်ဖြစ်သည်။ ထိုကဗျာ၊ လင်္ကာများသည် ပုပ္ပား၏ ရှေးက ပထဝီဝင် အနေအထားကို ပြောပြနေဘိသကဲ့သို့ ရှိနေပါသည်။ ခံစားကြည့်ပါ။ ပုပ္ပားတောင်သည် ရွှေတောင်တည့်လေ။ ရွှေတောင်ပတ်ကုံး စံကားပင်နှင့်ဖုံး တောင်လုံးရနံ့ကြိုင်စွလေ။ ပုပ္ပားတောင်တွင် နတ်ရှင်နှစ်ပါး ရွှင်စံစား ဘုံခြားဗိမာန်ပြိုင်စွလေ လှိုင်စွလေ၊ လှိုင်စွလေ။ လှိုင်စွစံကား တောင်ပုပ္ပားက စံကားပျံ့ကြိုင် ပန်းလှိုင်စွလေ။ မောင်တော်ရေထက် မယ်မုတ်ရေ ဆယ်လေးသာစွလေ။ ဗိမာန်နန်းမှာ ထီးစကာ ဖြန့်ကာအုပ်မိုး သာစွလေ (ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး။ ကဗျာလက်ရွေးစင် ခုနှစ်မပါ၊ မျက် ၈)။ ဤအချင်းငယ်သည် ပထဝီဝင်သဘောအရလည်းကောင်း၊ သမိုင်းသဘောအရလည်းကောင်း အရေးပါလေသည်။ ပုပ္ပားတောင်သည် တောဖုံးနေသောတောင် တောတောင်တို့ဖြင့် စိမ်းလန်းစိုပြေနေသောကြောင့် ရာသီဥတုကောင်းသောတောင်၊ ရေထွက်စမ်းများဖြင့် သာယာလှပသောတောင်၊ ထိုသာယာလှပသောတောင်၌ နတ်မောင်နှမတို့ စံပျော်နေကြောင်းကို ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖွဲ့ဆိုထားသည်။ မည်သည့်ခေတ်က မည်သည့်စာဆို ရေးဖွဲ့ခဲ့သည်ဟု မသိရသော်လည်း ပုပ္ပားနတ်မောင်နှမတို့ကို လူအများတို့ လေးစားယုံကြည်နေကြသည့် အသွင်နှင့် ဓလေ့စရိုက် ကိုပေါ်အောင် ဖွဲ့ဆိုထားသော အချင်းငယ်ကဗျာ ဖြစ်သည်။ နတ်နှင့် မြန်မာမင်းများတွေ့သောလ ပျူမင်းထီးလက်ထက်တော်ကစ၍ ပုဂံဘုရင်တို့ ပုပ္ပားတောင်တက်ပွဲကို ကျင်းပလာခဲ့ကြရာ ပုဂံပျက်သည့်တိုင် ဓလေ့တခုဖြစ်လာခဲ့ဟန်ရှိသည်။ သို့သော် မည်သည့်လတွင် ကျင်းပခဲ့သည်ဟု အစောပိုင်းက ဖော်ပြခြင်းမရှိ၍ မသိရချေ။ ပျူမင်းထီးလက်ထက်က ပုပ္ပားတွင် မဟာဂီရိ နတ်မောင်နှမတို့ မရှိကြသေး၍ မည်သည့်အကြောင်းဖြင့် တောင်တက်ခဲ့သည်ကိုလည်း ပြောရန်ခက်ခဲပါသည်။ သို့သော် ယုံကြည်မှု တရပ်ကိုအခြေခံနေပြီ ဖြစ်ကြောင်းကား မှန်းဆ၍ရသည်။ တနည်းလည်း ပုပ္ပားကို မြင့်သောမြတ်သော (နတ်) တောင်အဖြစ် အသိအမှတ်ပြုထားပြီ ဖြစ်ကြောင်းကား ထင်ရှားစွာ မြင်သာနေပြီဖြစ်သည်။ သေဉ်လည်ကြောင်မင်းလက်ထက် မင်းမဟာဂီရိတို့ ရောက်ရှိလာသဖြင့် ထိုအခါတွင်မှ ပုပ္ပားသည် နတ်တောင်ဟု ထင်ရှားဖြစ်ပြီဟု ဆိုနိုင်သည်။ စင်စစ် မဟာဂီရိ ဟူသည်မှာ “ကြီးမြတ်သောတောင်” ဝါ “တောင်ကြီး” ဟူ၍သာ အဓိပ္ပာယ် ထွက်ရှိသည်။ နတ်တောင် ဖြစ်လိုသောအခါမှ ဇာတ်လမ်းဆင် ဖော်ပြလာခြင်းဟု ထင်ရသည်။ မဟာဂီရိသည် ပါဠိဘာသာစကားဖြစ်၍ ပါဠိစာပေ ထွန်းကားလာပြီး နောက်ပိုင်းမှ ဤဇာတ်လမ်းများသည်လည်း ပေါ်ပေါက်လာခြင်းဖြစ်ပါမည်။ ဤတွင် ပိဋကတ်စာပေသည် အနိရုဒ္ဓ သထုံကို တိုက်ခိုက်အောင်မြင်သောအခါမှ ရရှိသည် ဆိုကြပြန်သောကြောင့် အနိရုဒ္ဓမတိုင်မီ မဟာဂီရိ ဝေါဟာရ မရှိနိုင်လောက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်သည်။ ရှေ့နောက် မညီညွတ်ကြပါ။ မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းသည် ပုဂံခေတ်နှင့် အံဝင်ခွင်ကျပင် ဖြစ်တော့သည်။ အထူးသဖြင့် ပါဠိစာပေ ထွန်းကားစဖြစ်သော အနိရုဒ္ဓနန်းစံ နောက်ပိုင်းတွင် လေးစားရိုသေထိုက်သည်မှန်သမျှ ပါဠိစကားလုံးများဖြင့် နေရာပေး ဖော်ပြလာသောကြောင့် မြန်မာတို့ ပါဠိစာပေကို များစွာလေးစား အထင်ကြီးကြောင်း သိသာထင်ရှားပေ သည်။ သို့သော် ဗုဒ္ဓသာသနာဖြင့် ယှဉ်လျက် နတ်ကိုးကွယ်မှု ဓလေ့ဟောင်းကြီးကို ဆက်လက် သယ်ဆောင်လာခဲ့ သည်မှာ မြန်မာမင်းတို့၏ နိုင်ငံရေးရည်မှန်းချက် တခုဟုပင် ဆိုရမည် ဖြစ်သည်။ မြန်မာမင်းတို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသော်လည်း နတ်ဓလေ့ဟောင်းကို မစွန့်နိုင်ခဲ့သောကြောင့် ပြည်သူတို့လည်း ယနေ့တိုင် တမျိုးသားလုံး နတ်ယုံကြည်မှုကို မစွန့်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါမည်။ စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ရိုးရာနတ်တို့မှာ မည်သို့မျှ တွဲဖက် မမိလှချေ။ ဤတွင် ပုပ္ပားတောင်အမည် ပေါ်ပေါက်လာပုံကို ဆိုရပါဦးမည်။ ပုဂံမတိုင်မီက ပုပ္ပားတောင်ကို မည်သို့ခေါ်ဆိုခဲ့ကြပါသနည်း။ ဤမေးခွန်းကို ဖြေဆိုကြည့်ရန် ကြိုးစားကြည့်သော် လည်း ကျေနပ်ဖွယ် မတွေ့ရှိရပါ။ ပုဂံခေတ် ကျောက်စာတို့တွင်ပင် ပုပ္ပားအမည်ကို မတွေ့ရှိရဘူးသေးပါ။ ဧရာဝတီကို “မြစ်ကြီး” ဟု ခေါ်ဆိုခဲ့ကြသကဲ့သို့ ပုပ္ပားတောင်ကိုလည်း “တောင်ကြီး” ဟူ၍သာ ခေါ်ဆိုခဲ့ကြမည် ထင်ပါသည်။ ပါဠိ စာပေ ပိုမိုထွန်းကားလိုက်စားလာသော ပုဂံခေတ်နှောင်း (သို့မဟုတ်) အင်းဝခေတ်လောက်တွင်မှ ရေးကြီးခွင့်ကျယ် ဒေသများကို ပါဠိစာလုံးများဖြင့် ရှေးကထက် ပိုမိုကင်ပွန်းတတ် ခေါ်ဆိုလာကြမည် မှန်းဆရသည်။ သို့ဖြင့် မြစ်ကြီးကို “ဧရာဝတီ” တောင်ကြီးကို “မဟာဂီရိ” ဟူ၍ ပါဠိဘာသာ ပြန်ဆိုခဲ့ကြဟန် ရှိသည်။ တနည်းလည်း ပန်းတို့ ပွင့်လန်းရာတောင်ဖြစ်သောကြောင့် ပါဠိလို ပုပ္ဖဂီရိ ပန်းတောင်ဟု ခေါ်လာခဲ့ကြရာမှ ပုပ္ပားတောင် ဝါ ပုပ္ပားတောင် ဖြစ်လာနိုင်သည်ဟူ၍လည်း တွေးဆရနိုင်သည်။ တောင်အမြင့်ထက်တွင် ပွင့်သောပန်းကိုလည်း နတ်ပန်းဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်ပါမည်။ ပုပ္ပားတောင်မှ စံကား (နတ်) ပန်းသည် အနိရုဒ္ဓလက်ထက်တွင် တော်ဝင်ပန်းဖြစ်လာခဲ့ပုံ သဘောကို မြန်မာရာဇဝင် ဆရာများက ဖော်ပြကြသည်။ နောက်ပိုင်း မင်းတို့လက်ထက် ပုပ္ပားတောင်မှ မဟာဂီရိနတ်ကို သွားရောက် တွေ့ဆုံကြကြောင်း၊ မဟာဂီရိနတ်နှင့် ဘုရင်တို့ စကားပြောဆိုကြကြောင်းများကိုလည်း မဟာရာဇဝင်တော်ကြီးတွင် အကြိမ်ကြိမ် တွေ့ရှိရလေသည်။ ဘုရင်များက နတ်နှင့် တွေ့ကြသည်မှာ ပြည်သူတို့က မင်းဧကရာဇ်ကို ပိုမိုခန့်ညား လေးစားလာ စေရန် ဖြစ်သည်။ ရာဇဝင်တော်ကြီးအလိုအရ မြန်မာမင်းတို့ နတ်နှင့် တွေ့ဆုံကြသောလမှာ နတ်တော်လ ဖြစ်သည်။ နတ်တော်လသည် နတ်နှင့် ဘုရင် (တော်) တို့ တွေ့ဆုံရာလကို ခေါ်ခြင်းဟု အဓိပ္ပာယ် ထွက်ရှိမည် ထင်ပေသည်။ ဆောင်းကာလဖြစ်၍ ရာသီဥတု ခြေခင်းလက်ခင်း သာသောအချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးကုလားက “နတ်တော်လရောက်လတ်သော် မင်းတကာတို့သည် ပုပ္ပားတောင်သို့ တက်မြဲဖြစ်သောကြောင့် အစဉ်တိုင်း ပုပ္ပားသို့ တက်တော်မူလေသည် (ကုလား၊ပ၊ ၂၇၉၂၈၉)” ။ ဤသို့ဖြင့် ဥဇနာမင်းကြီး ပုပ္ပားတောင်သို့ ကြွချီတော်မူလာစဉ် တောင်၏မြောက်ဘက်ရှိ ဆိတ်ထိန်း ကမ်းဖြူအရပ်မှ အမျိုးသမီးငယ်တဦးကို တော်ကောက်ယူတော်မူနိုင်ခဲ့ခြင်း ဖြစ်လေသည်(ကုလား၊ပ၊ ၂၈ဝ)။ ဤကား ပုဂံရာဇဝင်ထဲတွင် တွေ့ရှိရသော ပုပ္ပားတောင် အကြောင်းတည်း။ ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့ ရှိသည်။ သို့သော် ပုပ္ပားနှင့် သက်ဆိုင်လာသော အခါ၌မူ သာသနာ မရောက်မီကရှိခဲ့သော နတ်ယုံကြည်မှုဓလေ့သည် မင်းနှင့်တကွ ပြည်သူတို့ကြားတွင် ပြန်လည် ပေါ်ပေါက်ခဲ့ဟန် ရှိသည်။ စင်စစ်မူ မင်းတိုင်းကား ဤသို့မဟုတ်ဟု ထင်ပါသည်။ ရာဇဝင်ဆရာက ပုဂံမင်းနှင့် ပုပ္ပားနတ်တို့ကို တွဲ၍ပြခဲ့သော အရေအတွက်မှာ အနည်းငယ်မျှသာ ရှိခဲ့သည်။ ဤတွင် ကျန်စစ်သားဟု အသိများသော ထီးလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား ဖော်ပြပေးခဲ့သည်။ ပုပ္ပား စောရဟန်းနှင့်တုန်းက မင်းမျိုးမဟုတ်၍ စကားမပြောချင်ဟုဆိုသောနတ်သည် ကျန်စစ်သားမင်းနှင့်မူ စကားဆို ပြန်သောကြောင့် ယင်းကို မင်းမျိုးဟု သတ်မှတ်စေလို၍ပေလော တွေးဆဖွယ် ဖြစ်လာသည်။ မဟာဂီရိသည် ကျန်စစ်သားကို ဒုက္ခအပေါင်းမှ အကြိမ်ကြိမ်ကယ်ခဲ့သည့် နတ်ဖြစ်သည်။ ထိုဖော်ပြချက်က ကျန်စစ်သားမင်းကို ဘုန်းတန်ခိုးကြီးကြောင်း ပေါ်လွင်စေလို၍၊ သို့မဟုတ် မင်းမဟာဂီရိနတ်ကို လူတို့က ပိုမိုပူဇော် ပသလာစေလို၍ ဖြစ်မည်ထင်ပါသည်။ ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်သည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွားခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်သည်။ အချုပ်မှာ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်ရေး ကျောက်စာတို့တွင် တကြိမ်မျှ မတွေ့ရှိရဘူးသေးချေ။ မင်းမဟာဂီရိ နတ်မောင်နှမနှင့် ပတ်သက်၍လည်း ထို့အတူသာလျှင်ဖြစ်သည်။ သို့သော် ဒဏ္ဍာရီဇာတ်လမ်းတို့ကား များပြားလှသည်။ ကျောက်စာတွင်မပါ၍ မယုံကြည်ရဟု မဆိုနိုင်သော်လည်း နတ်ယုံကြည်မှုကို ပုံဖော်ရာ၌မူ ပညာသားပါလှသည်ဟု ဆိုရမည်ထင်မိပါသည်။ ပုဂံရှိ သာသနိက အဆောက်အအုံတို့က အနိရုဒ္ဓနှင့် ရှင်အရဟံ တို့၏ လုံ့လဥဿဟကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ပွင့်လင်းစည်ပင်လာခဲ့ရသည်ကို သက်သေပြနေဘိသို့ ရှိသည်။ တဖက်တွင် လည်း နတ်ကိုးကွယ်မှုကို အားပေးထားကြောင်း ပုပ္ပားတောင်က သက်သေပြလျက် ရှိနေပြန်ပါသည်။ ထို့အပြင် ပုပ္ပားသည် လောကီပညာရပ်များ ကျင့်ကြံအားထုတ်ရာဟူ၍လည်း ယုံကြည်ရသည်။ ကျန်စစ်သားက ငရမန်ကိုတိုက်ရန် ထီးလှိုင်ဘက်တွင် စည်းရုံးနေရချိန်တွင် ဆရာရှင်ပုပ္ပါးက ယတြာများစီရင်ပေးရကြောင်းလည်း တွေ့ရှိရဖူးသည် (ကုလား၊ ပ၊ ၂ဝ၉)။ ဤမျှ အရေးပါခဲ့သော ပုပ္ပားတောင်သည် ပုဂံခေတ်ကုန်သော အခါ အဓိကရဖြစ်သော အုပ်ချုပ်ရေး အသိုင်းအဝန်းနှင့်တကွ နိုင်ငံရေးဗဟိုချက်သည် အထက်အညာသို့ ရွှေ့ခဲ့ပြီဖြစ်၍ ယင်း၏အရေးပါမှု အခန်းကဏ္ဍက ကျဉ်းမြောင်းလာခဲ့တော့သည်။ စာပေတွင်လည်း အတွေ့နည်းပါး လာခဲ့ရသည်မှာ ဝန်ကြီးပဒေသရာဇာ၏ ခေတ်ကာလ တိုင်အောင်ပင်ဖြစ်ပေသည်။ တိုးလှ (ပါမောက္ခ၊ သမိုင်းဌာန) မန္တလေးတက္ကသိုလ်၊ မန္တလေးမြို့။ ၂၉ ဩဂုတ် ၂ဝဝ၁၊ ညနေ ၆း ၅ဝ နာရီ။ ဖွဲ့စည်းတည်ရှိပုံ right|ပုပ္ပါးတောင်ကလပ်ပေါ်ရှိ စေတီတော် right|ပုပ္ပါးတောင်ကလပ်သို့ မရောက်မီရှိသော နတ်နန်း ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊အဆောက်အဦးများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိသည်။ သို့သော် ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်မကြီးပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းမျှသာဖြစ်သည်။ ထို့ကြောင့် ပုပ္ပါးတောင်ကို ပုပ္ပါးတောင်မကြီး(၄၉၈၁ပေ) နှင့် ပုပ္ပါးတောင်ကလပ်(၂၄၁၇ပေ)ဟူ၍ နှစ်ခုရှိသည်ကို မှတ်သားသင့်သည်။ ပထဝီဝင် ပုပ္ပါးတောင်ကလပ် ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်ငုတ်တိုတောင်၊ လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။ မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။ ကိုးကား ပြင်ပလင့်ခ်များ Category:မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ Category:မြန်မာနိုင်ငံရှိ တောင်များ Category:မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
ဦးပေါ်ဦး
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ၏ အိမ်တော်ပါ ငယ်ကျွန်ရင်းများအနက်မှ တစ်ဦးဖြစ်သည်။ ဘိုးတော်အလောင်းအလျာဖြစ်သော မောင်ဝိုင်း အိမ်နိမ့်စံဘဝကပင် ငမြတ်ထင်၊ ငစံရွေး စသောအိမ်တော်ပါ အမှုထမ်းများအနက် ပေါ်ဦးမှာ ဟာသဉာဏ်ရှိသူ ပညာရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက် များ သာ ဖြစ်သည်ဟု တင်နိုင်တိုး၏ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင် တွင် အထောက်အထားခိုင်လုံစွာ ရေးသားဖော်ပြထားလေသည်။ သမိုင်းသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အမှာစာမှ အမတ်ကြီးဦးပေါ်ဦး၏ အကြောင်းနှင့်ပတ်သက်၍ ဦးအောင်က လျှောက်ထုံးစာအုပ်များ ထုတ်ဝေခဲ့ဖူးသည်။ ထို့နောက် ပိဋကတ်ဆရာမြိုင်၊ စာတော်ပြန် ဆရာသိန်း၊ ဦးကျော်ထွန်းတို့က လျှောက်ထုံးစာအုပ်များ ဆက်လက်ထုတ်ဝေခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် ဦးပေါ်ဦးအကြောင်း သက်ကြီးစကား သက်ငယ်ကြားဖြင့် ကြားဖူးနားဝရှိကြသည်။ မျက်မှောက်ခေတ်တွင်လည်း ယင်းစာအုပ်ပါ အကြောင်းအရာများကို ကိုးကားပြောဆိုနေကြဆဲ ဖြစ်သည်။ အမှန်တကယ်အားဖြင့် ဦးပေါ်ဦးသည် လျှောက်ထုံးစာအုပ်တွင် ပါသကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ထို့အတူ ဦးအောင် ဖော်ပြရေးသားထားသကဲ့သို့ ဝန်ကြီးတစ်ဦးလည်း မဟုတ်ပေ။ ဦးပေါ်ဦးသည် မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့အစည်းတွင် မြေတိုင်းအတွင်းဝန်တစ်ဦး မျှသာ ဖြစ်သည်။ တင်နိုင်တိုးက အစဉ်အဆက် မှတ်သားလာခဲ့ပြီး ဦးပေါ်ဦးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သမိုင်းသုတေသနအမြင်ဖြင့် ချေဖျက်ထားသည်။ အချို့အချက်အလက်များကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပယ်ဖျက်ထားသည်။ တင်နိုင်တိုး၏ အမှာစာမှ ဦးပေါ်ဦးသည် ပြင်ပလောကတွင် အမှန်တကယ်ရှိခဲ့သည်။ သို့သော်ငြားလည်း ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက်များသာ။ သို့သော် စာအုပ်စာတမ်းအချို့တွင် ယင်းလျှောက်ထုံးများထဲမှ သမိုင်းအချက်အလက်များအား အကိုးအကား ပြုနေကြသည်ကို တွေ့နေရသည်။ ဤစာရေးသူအနေဖြင့် နောင်တစ်ချိန်တွင် လျှောက်ထုံးထဲမှ ဦးပေါ်ဦးကို စာဖတ်သူအများက အစစ်အမှန်ဟု ယုံကြည်သွားကြမည်ကိုလည်း စိုးရိမ်မိပါသည်။ သို့ကြောင့်လည်း အမတ်ကြီးဦးပေါ်ဦး၏ ဘဝသရုပ်မှန်နှင့် သူ၏ လျှောက်ထုံးများကို သမိုင်းသုတေသနအမြင်ဖြင့် ချဉ်းကပ်ကြည့်ရှုရန် ကြိုးစားဖြစ်သည်။ (တင်နိုင်တိုး) ဦးပေါ်ဦး အတ္ထုပ္ပတ္တိ အမတ်ကြီး ဦးပေါ်ဦးသည် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်၌ ရေဦးနယ်၊ တန့်ဆည်ရွာ(ယခု-တဇယ်)တွင် အဖဦးစံခိုင် နှင့် အမိဒေါ်ပိုးဇီမှ မွေးဖွားခဲ့သည်။ ဦးပေါ်ဦး၏ မျိုးရိုးသည် သူကြီးမျိုးရိုး ဖြစ်သည်။ |ဦးပေါ်ဦး၏ ဇာတာခွင် ဤတွင်လည်း မွေးနေ့ သက္ကရာဇ်အတိအကျ အမှန်ဖြစ်ကြောင်းကို- မောင်သုတ(ဗိုလ်မှူးဘသောင်း)၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၃.မတ်လ.၁၇၆၀)ဟု ဖော်ပြထားသည်။ သို့သော် ဒေါ်ရီရီပြုစုသော မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်အရ ယင်းနေ့မှာ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်နေသည်။ ဒေါက်တာတိုးလှ၏ ရက်ချုပ်စစ်တမ်းဆောင်းပါးတွင်မူ `တင်္ခဏုပတ္တိဉာဏ် ရှင်သန်လှသည်ဟု ကျော်ကြားခဲ့သော အမတ်ကြီး ဦးပေါ်ဦးကား ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်ဟု ပညာရှင်တို့က တညီတညွတ်တည်း ဆိုမိန့်ခဲ့ကြသည်။ ထိုအဆိုအမိန့်အရ ရက်ချုပ်ကို စစ်ဆေးကြည့်သောအခါ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ဖြစ်ရသည်မှာ လဆန်းနှင့် လဆုတ်လွဲမှား မှတ်သားမိသောကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အမတ်ကြီး၏ ရက်ချုပ်ကို ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၁၇.ဖေဖော်ဝါရီလ.၁၇၆၀)ဟု ပြင်ဆင်သတ်မှတ်မှ မှန်မည်ဖြစ်သည်။ စာဆိုတော်မောင်းထောင်ဦးကျော်လှ တစ်ကြိမ်တွင် အမတ်ကြီးဦးပေါ်ဦး၏ ဇာတိရပ်ရွာသို့ ရောက်ခဲ့လေရာ သံချိုတစ်ပုဒ်ကို အမှတ်တရ ရေးဖွဲ့ခဲ့လေသည်။ ယင်းသံချိုကို- `မွေးသက္ကရာဇ်ကယ်က၊ ဧဧက်ကယ်အံဧကာတဲ့၊ တစ်ထောင့်တစ်ရာနှစ်တစ်ခုရဲ့၊ ရတု နွေတန်ခူးတွင်မှ၊ ကြက်ဦးတွန်ရောင်ဖြူလင်းခဲ့၊ တနင်္ဂနွေရက်တွင်မှ၊ နေထွက်တွင် မြော်မြင်သွားသတဲ့၊ ထင်ရှားအောင် အထူးခေါ်သမုတ်တယ်၊ ဦးပေါ်ဦး သူ့နာမည်။´ ဟု အစပြုခဲ့ပေသည်။ သံချို၏ အလိုအရ အမတ်ကြီး ဦးပေါ်ဦး၏ မွေးသက္ကရာဇ်ကို ၁၁၂၁-ခု၊ နှောင်းတန်ခူးလ၏ တနင်္ဂနွေရက်တစ်ရက်ဟု ဆိုလိုဟန်ရှိပေသည်။ ဆရာဒဂုန် ရေးသားပြုစုသော မြန်မာ့ရိုးရာ ကောဇာဂြိုဟ်စီးဂြိုဟ်နင်း ဗေဒင်ပညာစာအုပ် (တတိယတွဲ) ဗဟုသုတအဖြစ် မှတ်သားထားရန် ဇာတာများ ကဏ္ဍတွင် အမတ်ကြီး ဦးပေါ်ဦး၏ ဇာတာကို တွေ့ရှိရသည်။ ဇာတာတွင် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ (၃.မတ်လ.၁၇၆၀) ဟူ၍ ဖော်ပြထားသည်။ ဇာတာအနေအထားအရ တပေါင်းလဆန်း မဟုတ်ဘဲ လပြည့်ဝန်းကျင်ကို ရည်ညွှန်းနေပါသည်။ ထို့ကြောင့် မွေးသက္ကရာဇ်အမှန်မှာ ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်သာ ဖြစ်သင့်ပါသည်။ ဇာတာကို လေ့လာကြည့်လျှင် တနင်္ဂနွေဂြိုဟ်သည် ကုမ်ရာသီ၌ ရပ်တည်လျက် ရှိပြီး လဂ်မှာ ပြိဿရာသီသို့ ရောက်ရှိနေပေရာ ဇာတာရှင်မှာ နေမွန်းတက်ဝန်းကျင်၌ ဖွားမြင်ကြောင်း မှန်းဆနိုင်သည်။ မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် အမတ်ကြီး ဦးပေါ်ဦးကို နေမွန်းတက်ချိန်၌ ဖွားမြင်ကြောင်း ဖော်ပြထားပုံနှင့်လည်း ကိုက်ညီမှုရှိသည်။ မျိုးရိုးဆက်နွယ် မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ဦးပေါ်ဦး၏ မိဘမျိုးမည်အကြောင်း မှတ်သားချက် မတွေ့ရပါ။ သို့သော် သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ် စာမျက်နှာ(၁၄၉)၌မူ ဦးပေါ်ဦး၏ မိဘများကို ဦးစံခိုင် နှင့် ဒေါ်ပိုးဇီတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖခင်ဘက်မှ မျိုးရိုးမှာ တန့်ဆည်ရွာသူကြီးမျိုး ဖြစ်သည်။ အမိ၏မျိုးရိုးမှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရွှေလင်းဆွဲရွာမှ ဖြစ်သည်။ ရွှေလင်းဆွဲရွာသူကြီး မိသားစုသည် သူကြီးအာဏာ အလုခံရသဖြင့် သူကြီးသစ်၏ရန်ကို ကြောက်ရွံ့ကာ ရေဦးနယ်၊ တန့်ဆည်ရွာသို့ တိမ်းရှောင်ခဲ့ကြသည်။ ယင်းမိသားစုနှင့်အတူ သူကြီးသမီး မပိုးဇီလည်း လိုက်ပါလာခဲ့၏။ မပိုးဇီ အရွယ်ရောက်လာသောအခါ တန့်ဆည်သူကြီးသား မောင်စံခိုင်နှင့် လက်ဆက်ခဲ့သည်။ မောင်စံခိုင်နှင့် မပိုးဇီမှ အမတ်ကြီးဦးပေါ်ဦး ဖြစ်လာမည့် မောင်ပေါ်ဦး ဖွားမြင်ခဲ့သည်။ သို့ဖြစ်၍ ဦးပေါ်ဦးကို တည့်ဆည်ရွာသူကြီး မျိုးရိုးဟု ဆိုနိုင်သည်။ မွေးချင်းများ ဦးပေါ်ဦးတွင် ဦးတုတ်ကြီး ဆိုသူ အစ်ကိုတစ်ဦးရှိကြောင်း သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ်က ဆိုသည်။ သို့သော် အမည်သာပါပြီး အခြားအမှတ်အသား တစ်စုံတစ်ရာမတွေ့ရပေ။ ပုဂံမင်းလက်ထက် ခရစ်နှစ်၁၈၅၁-ခုနှစ်တွင် မင်းလှသီရိသီဟသူ ရေးသားပြုစုခဲ့သည့် `စာဆိုတော်သံဃာတော်တို့စာရင်း´ ပေမူအရ ဆိုပါလျှင် ဦးပေါ်ဦး၌ ဒေါ်နီဆိုသည့် အစ်မတစ်ယောက်ရှိသေးကြောင်း သိရသည်။ ဒေါ်နီသည် တတိယကျော်အောင်စံထား ဆရာတော် လူထွက် ဦးလွန်းပေါ်နှင့် စုံဖက်ခဲ့၏၊ သို့သော် ၁၇၉၈-ခုနှစ်တွင် ဒေါ်နီ သီလရှင်ဝတ်သွားသည်။ ဦးပေါ်ဦး၏အစ်မ ဒေါ်နီနှင့်ပတ်သက်၍ တတိယကျော်အောင်စံထား ဆရာတော်၏ ထေရုပ္ပတ္တိတွင် အတော်အတန် သိရှိရသည်။ ဒေါ်နီသည် တစ်ခုလတ်အမျိုးသမီး ဖြစ်ပြီး ၁၇၉၃-ခုနှစ်တွင် ငစင်ရိုင်းရွာသူကြီး ဦးရွှေပေါ်နှင့် ဒေါ်အေးသာတို့၏သား ရဟန်းလူထွက် ဦးလွန်းပေါ်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးလွန်းပေါ်မှာ ထိုစဉ်က လွှတ်တော်စာရေး အဖြစ်အမှုထမ်းနေဆဲ ဖြစ်သည်။ သို့သော် ဦးလွန်းပေါ်သည် ဒေါ်နီနှင့် ငါးနှစ်မျှသာ ပေါင်းသင်းပြီး ၁၇၉၈-ခုနှစ်၌ ရဟန်းဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၈၃၉-ခုနှစ်တွင် ဒေါ်နီ၏ခင်ပွန်းဖြစ်ခဲ့သူ တတိယကျော်အောင်စံထား ဆရာတော် ရှင်ရဝသာမိ ပျံလွန်တော်မူသည်။ ဒေါ်နီသည် ဦးလွန်းပေါ်နှင့် သားသမီး မထွန်းကားခဲ့ပေ။ Who's who in Burma(Myanmar)စာအုပ် စာမျက်နှာ(၁၁၂)တွင် သာယာဝတီမင်းလက်ထက် ရွှေလှံဝန်ကြီး ဦးစိုသည် အမတ်ကြီးဦးပေါ်ဦးနှင့် ညီအစ်ကို တော်စပ်သူဟု မှတ်သားဖွယ် တွေ့ရှိရသည်။ သို့သော် ညီအစ်ကိုအရင်းအချာ မဟုတ်ဘဲ ဝမ်းကွဲညီအစ်ကို တော်စပ်သူသာ ဖြစ်ဟန်တူသည်။ ဦးစိုသည် အိမ်ရှေ့ရုံးစာရေးကြီး ဦးဘော်၏သား ဖြစ်သည်။ ၎င်းဦးဘော်သည် ဦးပေါ်ဦး၏ ဖခင်(သို့မဟုတ်)မိခင် နှင့် မောင်နှမတော်စပ်သူ ဖြစ်ပေလိမ့်မည်။ ငယ်ဘဝ ဦးပေါ်ဦးသည် ငယ်စဉ်က တန့်ဆည်ရွာတွင် နေထိုင်ပြီး အရွယ်ရောက်သောအခါ မိမိတို့မိသားစုအား ပစ်ပယ်ထားသော အဘိုးဖြစ်သူ တည့်ဆည်ရွာသူကြီးကို စိတ်နာသဖြင့် ရွှေဘိုသို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုပေသည်။ သူသည် ရွှေဘိုတွင် ရဟန်းဝတ်ကာ စာပေကျမ်းဂန်များ လေ့လာဆည်းပူးခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးတစ်နေရာ၌ ရဟန်းသုံးဝါ ရခဲ့ကြောင်း တွေ့ရသည်။ ထူးချွန်စွာ လေ့လာပြီးသောအခါ ဗဒုံမင်းသား(ဘိုးတော်ဘုရား)နှင့် အဆက်အသွယ်ရကာ လူထွက်၍ အိမ်တော်၌ သွားရောက်အမှုထမ်းခဲ့သည်။ ဗဒုံမင်းသားထံ အမှုထမ်းစဉ် ဗဒုံမင်းသားမှာ ရာထူးကျလျက် စစ်ကိုင်းဘက်တွင် နွမ်းပါးစွာ နေထိုင်ရချိန်ဖြစ်သည်။ မှော်ပီဆရာသိန်း၏ ပါးစပ်ရာဇဝင်စာအုပ်အရ ဗဒုံမင်းသား၏ အိမ်တော်၌ အမှုထမ်းရွက်ရသည့် မောင်ကျော်ရွေးက မန်ကျည်းရွက်နုခူးပေးရပြီး မောင်ပေါ်ဦးက ရောင်းချရကြောင်း၊ မောင်မြတ်ထင်က ဗန်းမော်ကောင်းတုန် အရောက် လှေထိုးလိုက်ကာ ဗဒုံမင်းသား မိသားစုကို ကျွေးမွေးပြုစုရကြောင်း ဆိုသည်။ ပါးစပ်ရာဇဝင်ဆိုသည့်အတိုင်း မည်မျှမှန်ကန်သည်ကို မသိရပေ။ ထိုစဉ်က ဦးပေါ်ဦးအသက်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိပါသေးသည်။ ဦးပေါ်ဦး အနေဖြင့် စစ်ကိုင်း၌ ညှိုးငယ်စွာနေရသော ဗဒုံမင်းသား၏ အိမ်တော်သို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်ကိုမူ အထောက်အထား မတွေ့ရပေ။ မင်းမှုထမ်းအစ ၁၇၈၂-ခုနှစ် ဗဒုံမင်းသား ဘုရင်ဖြစ်လာသောအခါ မဟာဇေယျသူရသင်္ခယာဘွဲ့ နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ဆိုသည်။ ဤအဆိုမှာ ကဝိသေတ္တုမဉ္ဇူသာကျမ်း လာဖြစ်သည့်အလျောက် များစွာသံသယ ဖြစ်ဖွယ်ရှိသည်။ အထောက်အထား အခိုင်အမာ သိရှိရသော ရာထူးမှာ မြေတိုင်ရာထူးသာ ဖြစ်သည်။ မြေတိုင်းမဟုတ်ပါ။ မြေတိုင်ဟူသည် မြို့ရွာအုပ်ချုပ်သူ အရာရှိဖြစ်၏။ အချို့မြို့ရွာများတွင် သူကြီးအစား မြေတိုင်ကို တွေ့ရှိရပြီး အချို့ဒေသများ၌ မြေတိုင်ကို သူကြီးလက်အောက်ခံ ရာထူးအဖြစ် တွေ့ရှိရလေသည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် စလေ၊ မက္ခရာ၊ မြစ်သား စသည့်မြို့များ၌ မြေတိုင်သူကြီးများ အုပ်ချုပ်ခဲ့ကြသည်။ ဗဒုံမင်းလက်ထက်တွင် ရှေးကရှိခဲ့ဘူးသော မြို့သူကြီးနှင့် မြေတိုင်ရာထူးနှစ်ခုကို အဆင့်တူပေါင်းစပ်ကာ တစ်ဦးတည်း ထားရှိသတ်မှတ်ခဲ့သည်။ သို့သော် ယင်းသို့ သတ်မှတ်လိုက်သည့်တိုင် မြေတိုင်ရာထူးကို မြို့ငယ်များနှင့် ကျေးရွာများ၌ တွေ့ရှိနေရဆဲဖြစ်သည်။ တစ်ခါတရံ မြို့ရွာတစ်ခုတည်း၌ပင် ပြည်စိုးနှင့် မြေတိုင်ဟူ၍ သူကြီးမျိုးရိုးနှစ်မျိုးကို တွေ့ရှိရ တတ်ပါသေးသည်။ ၁၄.မေ.၁၇၉၅-ခုနှစ်တွင် ရတနာသိင်္ဃ(ရွှေဘို)မြို့၌ ပြည်စိုးနှင့် မြေတိုင်သူကြီးမျိုးရိုးနှစ်မျိုး ရှိနေ၍ အမိန့်တော်ဖြင့် တားမြစ်ခဲ့ရသည်။ ဦးပေါ်ဦးသည် တန့်ဆည်ရွာသူကြီး အဆက်အနွယ်မှ ပေါက်ဖွားလာသူ ဖြစ်သဖြင့် မြေတိုင်ရာထူးကိုသာ ဦးစွာရရှိခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် မြေတိုင်အမတ်ဟူ၍ အမည်တွင်လာခြင်း ဖြစ်၏။ မြေတိုင်ရာထူးရရှိပြီးမှသာ အဆင့်ဆင့်ရာထူးတိုးမြှင့် ခန့်ထားခံရခြင်းဖြစ်ဖြစ်ပေလိမ့်မည်။ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၇၈၂-ခုနှစ်၊ ဘိုးတော်ဘုရားနန်းတက်စ၌ ဦးပေါ်ဦးကို မဟာဇေယျသူရသင်္ခယာဘွဲ့ဖြင့် နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ကဝိသေတ္တုမဉ္ဇူသာကျမ်းကို ကိုးကားလျက် ဖော်ပြခဲ့သည်။ ဘိုးတော်ဘုရား၏ အမိန့်တော်များကို ဒေါက်တာသန်းထွန်း၏ Royal Orders of Burma(Myanmar)တွင် လေ့လာကြည့်သောအခါ ခရစ်နှစ် ၁၈၀၀-ပြည့်နှစ် မတိုင်မီအထိ အမှုထမ်းခဲ့သော နာခံတော်များစာရင်းကို အောက်ပါအတိုင်း တွေ့ရသည်။ ကျော်စွာနော်ရထာ(၁၂.၉.၁၈၀၆ကွယ်လွန်) ဇေယနော်ရထာ ဇေယသိင်္ခသူ နေမျိုးသင်္ကြန် နန္ဒမိတ်စည်သူ သီရိနန္ဒမိတ်ကျော်ထင် သီဟနော်ရထာတို့ ဖြစ်ကြသည်။ ယင်းစာရင်းတွင် ဦးပေါ်ဦးရရှိခဲ့သည်ဆိုသော မဟာဇေယျသူရသင်္ခယာ ဘွဲ့မည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် အမတ်ကြီးဦးပေါ်ဦးသည် ယင်းဘွဲ့ဖြင့် နာခံတော်ရာထူး ရရှိခဲ့ခြင်း မရှိဟု မှတ်ယူမိပါသည်။ မြေတိုင်အတွင်းဝန် ဦးပေါ်ဦးသည် အိမ်တော်ပါအမှုထမ်းဟောင်း တစ်ဦးဖြစ်သည့်အားလျော်စွာ ဗဒုံမင်းနန်းတက်လာပြီး များမကြာမီ၌ အတွင်းဝန်ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ အတွင်းဝန်ရာထူး ရရှိလာပြီးနောက် မြေတိုင်အမတ်ဟူ၍လည်းကောင်း၊ မြေတိုင်အတွင်းဝန်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်း ခံရသည်ကို တွေ့ရှိရသည်။ ဦးပေါ်ဦး၏ အမျက်‌‌ဖြည်ရတု ဘိုးတော်မင်းတြားသည် မြစ်တော် ညောင်ရမ်းမင်းသားငယ် မြပုခက်တင် ဧယင်ကျူးရန်အတွက် သဿမေဓဆိုင်ရာမှ ငွေတော်ရှစ်သိန်းထုတ်ပြီး ယိုးဒယားပြည်သို့ မြကျောက်အဝယ်တော် စေလွှတ်အမိန့် ထုတ်ပြန်လေသည်။ အတွင်းဝန်အမတ် ဦးပေါ်ဦးကြားသော် `မင်းကြီးတို့ဘုရင်, ဘုရင်ဝါး မဝသေးဘူး၊ ဘုရင်မလုပ်တတ်သေးပါဘူး' ဟု ဆိုလေသည်။ ဘုရင်သိသော် မျက်တော်မူ၍ ရာထူးအဆောင်အယောင် နှုတ်သိမ်းပြီး သိန္နီသို့ အကျဉ်းနှင့် ပို့စေသည်။ သိန္နီရောက်မှ အမျက်တော်ဖြေရတု ၆-ပုဒ်ကို ဘိုးတော်ထံ ရေးသားဆက်သွင်းရာ ယခုရတုပါ အောက်ဆုံးအပိုဒ်ကို ဖတ်မိမှ မိမိအမှားသိ၍ ပြန်ခေါ်ကာ ချီးမြောက်မြဲ ချီးမြောက်လေသည်။ တင့်တိုးကျက်သရေ၊ မြင့်ဖြိုးဝေသား တက်နေပမာ၊ ချက်မြေချာဝယ် တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့် ပျံလူးဥက္ကာ၊ ကဲ့ပမာသို့ ရောင်ဝါမှည့်ရွှန်း၊ လှည့်လည်ထွန်းသည် ကျွန်းကြီးသခင်၊ ဘုရင်သရဖူ တဆူဥက္ကဋ္ဌ်၊ နေနတ်မောဠိ သီရိပဝရ၊ အာဒိစ၍ ဝိဇယာနန္တ၊ ယသပဏ္ဍိ မဇ္ဈိမက္ခရာ၊ ပရိယောသာမှာ ဓိရာဇာကြီး၊ အဆုံးမီးလျှက် ဘုန်းမီးတောက်ထိန်၊ အသမ္ဘိန်ကို မာန်ရှိန်ညွတ်ပျော့၊ ကျွန်ဦးလျော့၍ ကန်တော့ပန်ထွာ၊ လျှောက်တင်ပါမည် နာတော် ခုမမှား ဆင်တော့ဘုရား။ ။ ပင့်ညှိုးရွက်ကြွေ၊ မြူခိုးဝေသား ဂိမှေအခါ၊ တိမ်ခြေဖြာ၍ ခေမာဝရ၊ တိုင်းမမည်ရှိ သီဝိရဋ္ဌ၊ ကမ္ဘောဇနှင့် ယုဒ္ဓရဒွါရာ၊ မြိတ်စွန်းသာက ညွှန်းကာမျှော်တ၊ နန်းအမရသို့ မှန်းဆမမြင်၊ ဆဒ္ဒန်ရှင်ကို စိတ်တွင်ရည်စူး၊ ဘုရာ့းကျွန်ဖူးသော် ဆွတ်နူးလွမ်းငွေ့၊ မချမ်းမြေ့အောင် ကမ်းကွေ့တောင်မြိတ်၊ ရှစ်ရပ်ပိတ်လျက် ကိလိဋ္ဌမျိုး၊ ဘေးရန်ဆိုးဟု မီးခိုးသူရိန်၊ မြူတိမ်ဆီးနှင်း မလင်းခိုက်ပင်၊ မိုက်မှောင်ထွင်၍ ရောင်စင်ဝေပွင့်၊ အခြေတင့်အောင် နေမင့်ပမာ၊ ရှင့်ရုပ်ဝါသည် လာသော် ရှုမခြား ထင်ပေါ့ဘုရား။ ။ လင့်စိုးရက်ရှေ၊ ဆည်ခက်လေသား မျက်ရေဝန်းလည်၊ စိတ်မကြည်၍ ရွှေပြည်ကိုသာ၊ တမျှော်ကာနှင့် သစ္စာလေးနက်၊ ကျေးဇူးတက်သည့် မဟဂ္ဂနောင်၊ ကျွန်းဦးသျှေင်ကို ညဉ့်ရောင်ဆည်းဆာ၊ နေ့ညီလာ၌ ရွှေဗျာလှစ်ကြူ၊ မိန့်တော်မူလျက် ယူလျှင် ယူသင့်၊ မယူသင့်ဖြင့် ရှင်ပင့်မေးတော်၊ အရေးပေါ်လျှင် တွေးမျှော်မဆိုင်း၊ ဉာဏ်ချင့်နှိုင်း၍ ဟုတ်တိုင်းထင်ထင်၊ တင်လျှောက်အင်ကို နေ့စဉ်မသွေ၊ မှတ်ရချေ၍ ထွေထွေရာရာ၊ အောက်မေ့ပါသဖြင့် အောင်ချာရဋ္ဌ၊ နရိန္ဒနှင့် အမရသညီ၊ ပြည်ပူရီကို မအီမသာ၊ လွမ်းမိုးရွာသည် ခါနော် ခုဘုရား မြင်တော့သား။ ။ ခွင့်မျိုးပျက်ချေ၊ စက်တော်ရွှေတွင် ဆက်နေမယွင်း၊ နားတော်သွင်းဖြင့် လစ်ဟင်းခဲ့ပြီ၊ ဘွဲ့အသီဟု ဖွဲ့သီချိုမြူး၊ နန်းချင်းကျူးကို ညွှတ်နူးဘုန်းရှိန်၊ တင်လျှောက်ချိန်၌ မနိနြေ္ဒ၊ ရွှေစိတ်ပြေဖို့ ဖြေဖျော်ဖွယ်မြတ်၊ နေနွယ်နတ်ကို ဘယ်မတ် မဏ္ဍိုင်၊ လျှောက်ဆိုနိုင်လိမ့် ခရိုင်ဝေးစွာ၊ မြို့ကျေးရွာမှ ပြေးကာ စိုက်စိုက်၊ လိုတော်လိုက်ကို တိုက်ကရိုက်ပင်၊ လျှောက်စမ်းချင်၏ ဝမ်းရွှင်ကြည်နူး၊ စံတော်ဦးက သံကျူးသံသာ၊ သံချိုဝါနှင့် သာယာသမှု၊ နန်းရတုကို နန်းမှုကုံအောင်၊ နန်းဘုံဆောင်၌ နန်းယောင်မတ်များ၊ သိနိုးနားနှင့် စကားပြေစ္စာ၊ မရေရာပင် စာတော်မှုတပါး တင်ပေါ့လား။ ။ ရှင့်မိုးစက်ရွှေ၊ ကနက်မြေမှ ထွက်စေရွှေခွန်း၊ ရွာစေသွန်း၍ ရှမ်းယွန်းတို့ပြည်၊ ရောက်ရသည်တွင် နေ့ရှည်ရက်များ၊ ဘာသာခြားမို့ နားပါးမြို့အီ၊ မြို့သိန္နီ၌ မပီမပြင်၊ ထီမထင်ဘဲ စီစဉ်ဟန်မှာ၊ သံဝဲစွာနှင့် မည်းပြာဆင်လောင်း၊ ဝတ်ညစ်ဟောင်းကို ဦးပေါင်းရစ်ကာ၊ ပြောဆိုရာလည်း မမှာမီဘဲ၊ ကြီးအကဲသို့ အီးအဲဟေဝူး၊ ယစ်မျိုးမူးလျက် ကျော်ကျူးဌာန၊ ဤဒေသဖြင့် နေရမူလျှင်၊ ဘယ်သူရွှင်လိမ့် ဂူမင်ချောင်မြိတ်၊ ဆံမုတ်ဆိတ်ကို ပယ်ရိတ်လှီးကာ၊ ဘာဝနာနှင့် နေပါချင်တော့၊ အားအင်ပျော့၍ မာန်လျှော့ဆကြံ၊ မနောကံမှာ `သ သံ ပု က'၊ သိကြာ့းတံဆိပ် ခတ်နှိပ်ခဲ့သည့်၊ ဓမ္မိဿရော် စေတီတော်တွင်၊ ပူဇော်မပျက် ညဉ့်နံနက်ကို၊ တံမြက်လှည်းလျက် ပုတီးချက်နှင့် နောက်ဘက်ကိုပင်၊ ချောင်ကိုးခွင်သို့ ဝင်ချင်တော့ဘုရား ရှင့်ကိုယ်စား။ ။ ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေသား မိုးမြေတုတ်ခွန်၊ ယုတ်မလွန်အောင် အမွန်ရှည်ကြာ၊ တည်စိမ့်ငှါဟု ကမ္ဘာဦးနတ်၊ လူ့ဥက္ကဋ္ဌ်တို့ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား- လေးတန် ဓမ္မ၊ သင်္ဂဟတွင် သဿမေဓော်၊ ခွန်သီးသော်မူ စစ်သူရိက္ခာ၊ ဖြစ်စေရာ၏……………(၁) ပဏ္ဏာတော်ပန်း၊ မြို့တနန်းက ပို့မြန်းဆက်လာ၊ ဂါရိကာနှင့် လယ်ယာမြေထု၊ အခြေပြုလျက် ပြည်သူ့ခြားပိုင်း၊ တရားပိုင်းဖြင့် လမိုင်းဆိုင်ရာ၊ ထိုသည့်တာကို ဘဏ္ဍာတော်မြတ်၊ မင်းသုံးမှတ်လော့………(၂) သိတတ်တော်ရန်၊ ရာဇဓမ်၌ လာဟန်ကျင့်နှုန်း၊ အခွင့်ထုံးမှာ နှလုံးမြဲစေ၊ သုံးစွဲဝေအံ့။ မြေသုသာန၊ စဏ္ဍာလတွင် ရသည့်ခိုင်ခွန်၊ အရွတ်ဝန်က ကြေပွန်အောင်သာ၊ သံတို့လာသော် စားရာမှုရေး၊ ပြုစုကျွေးလော့………(၃) အိမ်ဈေးကုန်သွယ်၊ ထိုသူဝယ်နှင့် သူကြွယ်သေဌေး၊ တုတ်ခွန်ကြေးမှာ လမ်းရေးသာယာ၊ မြို့တန်ဆာဖြင့် ပြင်ရာနေရာချွန်၊ အသည်ဝန်သို့ ရည်ညွှန် မလပ်၊ သုံးရန်အပ်လော့……(၄) စည်းကြပ်စုပုံ၊ မှုတော်စုံကို ကျွန်ရုံမတ်များ၊ တင်လျှောက်ထားအံ့ ဘုရားဂူဟောင်း၊ တန်ဆောင်းပြာသာဒ် ဇရပ်ကျောင်းဘုံ၊ ထူပါရုံကို ကုံလုံ မကျန်၊ ပြင်ဆင်ရန်မှာ ဝတ္ထုကံထွက်၊ ခွန်ဆီနက်ဖြင့်………(၅) မပျက်စဉ်လာ၊ ထားရိုးသာဟု ရာဇနက္ကမ (ရာဇမတ္တန)၊ ကျမ်းဖွင့်ပြကာ၊ အသင့်ဖြာသည် ကြာပျော်နတ်တပါး ဆင်ခြင်ဘုရား။ ။ အမတ်ကြီး ဦးပေါ်ဦး ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များသည် ကိုလိုနီခေတ်ကာလတွင် အရောင်းရ အတွင်ကျယ်ဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များကို အဓိကရေးသားပြုစုခဲ့ကြသူများနှင့် စာအုပ်အမည်များမှာ- ဦးအောင် - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ပထမတွဲ) ပိဋကတ်ဆရာမြိုင် - ဝန်ရှင်တော်အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး (ပထမတွဲ)၊ (ဒုတိယတွဲ) စာတော်ပြန် ဆရာသိန်း - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ဒုတိယတွဲ) ဦးကျော်ထွန်း - ကဝိစက္ခုပဿဒကျမ်း တို့ ဖြစ်သည်။ တင်နိုင်တိုး၏ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင် ထို့အပြင်- ဦးပေါ်ဦး၏ စကားအလင်္ကာ ရဲဘော်ကျော်ဆန်း - ရဟန်းပညာရှင်၊ လူပညာရှင်များနှင့် အမတ်ကြီး ဦးပေါ်ဦး လက်ရွေးစင်ဟာသများ မြန်မာမြေ သိန်းလွင် - ဦးပေါ်ဦး၏ စကားပညာ တို့ ဖြစ်ကြသည်။ ကိုးကား Category:မြန်မာ မှူးမတ်များ
ထိုင်ဝမ်ကျွန်း၏ ပထဝီဝင်
ထိုင်ဝမ်ကျွန်းသည် အာရှတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်တွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး ဧရိယာမှာ 36,188 စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လက်ရှိတွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်းသွားသည်။ ထိုင်ဝမ် တစ်လွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်အရပ်မှ အနောက်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမြောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစမ်းနှင့် မီးသေတောင်များ ပေါများသည်။ ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ ထိုင်ဖုန်းမုန်တိုင်းဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ ၁၄ဒီဂရီစင်တီဂရိတ် လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ ၂၅၁၀ မီလီမီတာ အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်သည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။ ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုး、တိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကား(မင်နန်စကား)၊ ကော်ယွီတရုတ်စကား(ရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။ အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး လက်ရှိတွင် နာနိုနည်းပညာ၊ အလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။ အမည်ပေါ်ပေါက်လာပုံ ထိုင်ဝမ်၏အမည် ပေါက်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အဆို အမျိုးမျိုးရှိသည်။ အဆိုတမျိုးမှာ ထိုင်ဝမ်တောင်ပိုင်းဒေသမှ ရှီးလားယာ တိုင်းရင်းသား ဘာသာစကား Taian (ထိုင်အန်) သို့ Tayan (တာယန်)မှ ဆင်းသက်လာသည်ဟု ဆိုသည်။ “ရပ်ဝေးမှလာသူ” ဟု အဓိပ္ပာယ်ရသည်။ ဒတ်ချ်ကိုလိုနီခေတ်တွင် ထိုင်ဝမ်အား ဒတ်ချ်ဘာသာဖြင့် Taioan ဟုခေါ်ဆိုခဲ့ကြသည်။ ယင်းကို အစွဲပြု၍ တရုတ်စာဖြင့် 「大員」(တာ့ယွမ်)၊ 「台員」(ထိုင်ယွမ်)၊ 「大灣」(တာ့ဝမ်း) သို့「台窩灣」(ထိုင်ဝေါဝမ်း) ဟု ရေးသားကြသည်။ ယင်းအမည်နာမများသည် မူလက ယခုခေတ် ထိုင်နန်ဒေသကို ညွှန်းဆိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုင်ဝမ်တကျွန်းလုံး၏ အမည်ဖြစ်လာသည်။ ရှေးခေတ် ဂျပန်တို့က ထိုင်ဝမ်အား 高砂 (တာကဆကို့) 高砂國 (တာကစကို့ပြည်) ဟု ခေါ်ဝေါ်ကြသည်။ ထိုင်ဝမ်၏ အခြားအမည်တခုမှာ “ဖော်မိုဆာ” ဖြစ်သည်။ ၁၆ ရာစုက ပေါ်တူဂီသင်္ဘော ထိုင်ဝမ်အနီး ဖြတ်သန်းသွားခိုက် ပင်လယ်ပြင်မှ မျှော်ကြည့်ရတွင် ထိုင်ဝမ်သည် လှပသည့် ကျွန်းတကျွန်းဖြစ်ကြောင်း တွေ့ရှိကာ Ilha Formosa!ဟု ဟစ်အော်ကြသည်။ ပေါ်တူဂီ ဘာသာတွင် ဖော်မိုဆာသည် လှပသောဟု အဓိပ္ပာယ်ရပြီး အီဟာမှာ ကျွန်းကို ဆိုလိုသည်။ ၁၉၅၀ ပြည့်လွန်နှစ် မတိုင်မှီ ဥရောပ နိုင်ငံများက အဓိက အသုံးပြုသည့် အမည်ဖြစ်သည်။網路追追追/哪裡有「美麗」?Formosa的真相? 與Formosa သမိုင်း right|thumbnail|180px|ပူယူမာ တိုင်းရင်းသား လူမျိုး၏ လမင်းပုံ ကျောက်တိုင်။ (၁၈၉၆ ခုနှစ်တွင် ရိုက်ကူးသည်။) ၁၇ ရာစု မတိုင်မှီ ကျောက်ခေတ်ဟောင်း နှောင်းပိုင်းကာလ (ဘီစီ ၅၀၀၀၀ - ၁၀၀၀၀) ထိုင်ဝမ်ကျွန်းပေါ်တွင် လူသားများ နေထိုင်ကျက်စားလျက် ရှိပြီဖြစ်သည်။ တိကျသည့် သက်သေအထောက်အထားမှာ ကျောက်ခေတ်သစ် (ဘီစီ ၅၀၀၀) နောက်ပိုင်း သမိုင်းမတင်မှီ ယဉ်ကျေးမှုသည် ဩစထြိုနေးရှား ဘာသာစကားပြော လူမျိုးများချန်ရစ်ခဲ့ခြင်း ဆိုသည့် အချက်ဖြစ်သည်။ 劉益昌(1996) “သုံးပြည်ထောင်မှတ်တမ်း”တွင် သုံးပြည်ထောင်ခေတ် ဝူပြည်မှ စစ်တပ်စေလွတ်ကာ ထိုင်ဝမ်ကျွန်းပေါ်သို့ တက်ရောက်ခဲ့ဖူးကြောင်း၊ “ဆွေကျမ်း”တွင် ဆွေရန်ဧကရာဇ်က “လျိုချိုပြည်”အား စစ်ထိုးခဲ့ဖူးကြောင်း ရေးသားထားသည်။ သို့သော်လည်း ရှေးခေတ် တရုတ်ကျမ်းဂန်များတွင် ရေးမှတ်ထားသည့် ဒေသမှာ ထိုင်ဝမ်ဖြစ်ကြောင်း သက်သေမပြနိုင်ပါ။ ၁၂၈၁ ခုနှစ်တွင် မွန်ဂိုဘုရင်က ဂျပန်အား သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မုန်တိုင်းကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဂျပန်ကို တိုက်ရန် ထိုင်ဝမ်ကျွန်းတွင် ခြေကုတ်ယူကာ ဖုန်ဟူကျွန်းတွင် ပတ္တရောင်ဌာနကို ဖွင့်လှစ်ခဲ့သည်။ ထိုဌာနသည်လည်း ဖုန်ဟူကျွန်း၏ ပထမဦးဆုံးသော အုပ်ချုပ်ရေးဌာနဖြစ်သည်။ မင်မင်းဆက်ကာလတွင် ဆက်လက်အသုံးပြုခဲ့ပြီး ၁၃၈၄ ခုနှစ်တွင် ပင်လယ်ပိတ်ဆို့ရေး မူဝါဒကြောင့် ယင်းပတ္တရောင်ဌာနအား ပိတ်ခဲ့သည်။ ၁၅၆၃ ခုနှစ်တွင် ကမ်းရိုးတန်း လုံခြုံရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ၁၆၂၂ ခုနှစ် ဒတ်ချ်တို့ ဖုန်ဟူအား သိမ်းပိုက်ခဲ့သည်အထိ ဖြစ်သည်။ thumbnail|210px|left|၁၆ ရာစုမှ ထိုင်ဝမ်ရှေးမြေပုံ မလေးပေါ်လီနေးရှား လူမျိုးများသည်လည်း ၁၆ ရာစုမတိုင်မှီကတည်းက ထိုင်ဝမ်ကျွန်းပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ ယင်းထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ထိုင်ဝမ်တကျွန်းလုံးတွင် ဖြန့်ကျက်နေထိုင်ကြပြီး ၎င်းတို့၏ ဘာသာစကားမှာ ဩစထြိုနေးရှား ဘာသာစကားအနွယ်ဝင်ဖြစ်သည်။ ထိုင်ဝမ်တိုင်းရင်းသားများ၏ သွားမစုံခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အမည်နာမတွင် ဖခင်အမည်ပါ ထည့်မှည့်ခြင်း၊ အသက်အရွယ်အလိုက် မျိုးဆက်ခွဲခြားခြင်း၊ လူကြီးသူမများက အုပ်ချုပ်ခြင်း၊ ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူခြင်း၊ ဝိညာဉ်များအား ပူဇော်ခြင်း၊ ကွယ်လွန်သူအား အိမ်တွင်း၌ သင်္ဂြိုဟ်ခြင်း စသည့် အလေ့အထများသည် အင်ဒိုနီးရှားရှိ ရှေးခေတ်ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိသည်။ ၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအကြား မိဒတိုင်း (Kingdom of Middag) ပေါ်ထွန်းလာသည်။ ကျေးရွာပေါင်း ၁၅ ရွာမှ ၁၈ ရွာရှိ ပါပိုရားနှင့် ဘဘူဇာလူမျိုး၊ ပါဇိလူမျိုးနှင့် ဟွန်ယာလူမျိုး တစိတ်တပိုင်းတို့ ပူးပေါင်း ထူထောင်ထားသည့် တိုင်းပြည် ဖြစ်သည်။ ဘုံအကြီးအကဲအား Quataong ဟု ခေါ်သည်။ နယ်နမိတ်မှာ လက်ရှိ တာ့တုချောင်း ချိုင့်ဝှမ်းဒေသ တလျှောက် ဖြစ်သည်။ ယင်းတိုင်းပြည်သည် ၁၆၄၄ ခုနှစ် ဒပ်ချ်လူမျိုးများ ကျူးကျော်တိုက်ခိုက်လာပြီးနောက်တွင် ဒတ်ချ်တို့ထံ ဩဇာခံခဲ့သည်။ မင်းမင်းဆက်ကာလနှင့် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ) အုပ်စိုးသည့်ခေတ်တွင် အဖိနှိပ်ခံရ၍ ပျက်သုဉ်းလုနီး ဖြစ်ခဲ့သည်။ ချင်းမင်းဆက်ခေတ်တွင် ချင်းမင်းဆက်အား ခုခံတော်လှန်ရာတွင် အရေးမလှ၍ လူမျိုးသုဉ်းခဲ့ရသည်။ ၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ဓားပြများ ဆိုးသွမ်းကြသည်။ ပင်လယ်ဓားပြများသည် ထိုင်ဝမ်အား ပုန်းခိုရာ နေရာအဖြစ် အသုံးချခဲ့သည်။ တရုတ်ကမ်းရိုးတန်းတလျှောက် လုယက်ကြချိန် စစ်သားများနှင့် ဝင်တိုးလျှင် ဖုန်ဟူသို့ ထွက်ပြေးကြပြီး ထိုမှတဆင့် ထိုင်ဝမ်သို့ ရောက်လာကြသည်။ ၎င်းတို့သည် ဟန်တရုတ် အနည်းအကျဉ်းမှအပ ထိုင်ဝမ်တွင် အခြေချလာသူများ ဖြစ်သည်။ တချိန်တည်းတွင် ပေါ်တူဂီလူမျိုးများသည် အရှေ့အာရှနှင့် ထိုင်ဝမ်သို့ ပထမဦးဆုံး ရောက်လာသည့် ဥရောပသား စူးစမ်းရှာဖွေရေးသမားများ ဖြစ်ကြသည်။ သို့သော်လည်း ဘိန်းနှင့် တိုင်းရင်းသားများထံမှာ ရိက္ခာပစ္စည်းများ ဖလှယ်ယူခြင်းသာ ရှိပြီး ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့ခြင်းမရှိပါ။ ဒပ်ချ်နှင့် စပိန် ကိုလိုနီခေတ် thumbnail|200px|ဇီလန်ဒီယာရဲတိုက် (၁၈၇၅) ၁၆၂၄ ခုနှစ်တွင် ဖုန်ဟူကျွန်းကို သိမ်းပိုက်ထားသည့် ဒပ်ချ်နှင့် မင်မင်းဆက် အစိုးရနှင့် လက်မှတ်ရေးထိုးကား ထိုင်ဝမ်တောင်ပိုင်းဒေသတွင် စတင် အခြေစိုက်လေသည်။ ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီမှ ဒပ်ချ်လူမျိုးတို့သည် ထိုင်နန်မြို့အနီးတွင် စီးပွားရေးရာ ရုံးခန်းတစ်ခုကို ထူထောင်ခဲ့ပြီး ၁၆၂၅ ခုနှစ်တွင်မူ ထိုင်ဝမ်ရှိ ဒပ်ချ်တို့၏ နိုင်ငံရေး အချက်အချာအဖြစ် ထိုင်နန်မြို့တွင် ဇီလန်ဒီယာ ရဲတိုက် (ယနေ့အန်းဖိန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ခဲ့သည်။ ထိုစဉ်မှစကာ ဆန်စပါးနှင့် သကြားထွက်နှုန်း တိုးမြှင့်ရန်အတွက် တရုတ်ပြည် ဖူကျန့်ဒေသတလျှောက်မှ လုပ်သားများကို ငှားရမ်းကာ ထိုင်ဝမ်တွင် စိုက်ပျိုးလုပ်ကိုင်လာစေသည်။ ၁၆၂၆ မှ ၁၆၄၂ ခုနှစ်ကြား ကာလတွင် စပိန်လူမျိုးတို့သည် ထိုင်ဝမ်မြောက်ပိုင်းဒေသကို သိမ်းပိုက်ကြီးစိုးခဲ့ကြသည်။ 西班牙人殖民北台灣(1626~1642) စပိန်တို့သည် ကြီးလုံဒေသတွင် မြို့တည်ကာ စိန့်ဆာဗေဒေါမြို့ဟု အမည်ပေးခဲ့သည်။ ထို့နောက်တွင် ယနေ့ တန့်ဆွေဒေသတွင် စိန့်ဒိုမင်ဂိုမြို့ကို တည်ထောင်ခဲ့ပြန်သည်။ ဒီ့နောက်တွင် ဒပ်ချ်နှင့် စပိန်တို့သည် အရှေ့အာရှဒေသတွင် အားပြိုင်လာသည်။ ဒပ်ချ်တို့သည် ဂျပန်အစိုးရအား စပိန်တို့က တွန်းလှန်ဖို့ ကြံစီနေကြောင်း သတင်းဖြန့်သောကြောင့် ဂျပန်တို့သည် တရုတ်နှင့် ဒပ်ချပ်မှလွဲ၍ အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တံခါးပိတ်ဝါဒကို ကျင့်သုံးလာစေသည်။ ဒပ်ချ်တို့သည် ၁၆၄၂ ခုနှစ်တွင် စပိန်တို့ ကြီးစိုးနေသည့် ကြီးလုံဒေသကို ဝင်ရောက်စီးနင်းကာ စပိန်တို့ကို မောင်းထုတ် ခဲ့သည်။ ဒပ်ချ်တို့ တည်ထောင်ခဲ့သည့် ကိုလိုနီအစိုးရသည် ထိုင်ဝမ်သမိုင်းတွင် ပထမဦးဆုံးသော စနစ်ကျသည့် အုပ်ချုပ်ရေး အစိုးရဖြစ်သည်။ ဒပ်ချ်တို့ ထိုင်ဝမ်ကို သိမ်းပိုက်ရသည့် အဓိက ရည်ရွယ်ချက်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့တောင်အာရှ ဒေသများနှင့် ကုန်သွယ်ရာတွင် အချက်အချာ ဒေသအဖြစ် အသုံးချရန်ဖြစ်သည်။ ထိုစဉ်က ထိုင်ဝမ်သည် ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ၏ အာရှဒေသတွင်း ဒုတိယအရေးပါသည့် ခြေကုတ်စခန်း ဖြစ်လာသည်။ ဒပ်ချ်တို့၏ ကန့်သတ်ချုပ်ချယ်မှုကြောင့် ထိုင်ဝမ်တိုင်းရင်းသားများသည် ၁၆၃၅ နှင့် ၁၆၃၆ ခုနှစ်တို့တွင် ဒပ်ချ်တို့အား တော်လှန် တိုက်ခိုက်ခဲ့သည်။ ကျိန့်ကျိလုန်နှင့် ကောဟွိုင်ယိဦးဆောင်သည့် တရုတ်ပြည်မကြီးမှ ပြောင်းရွှေ့လာသူများသည်လည်း ဒပ်ချ်တို့ကို တော်လှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ဤသို့ တော်လှန်မှုများကို ကာကွယ်နိုင်ရန် ဒပ်ချ်တို့သည် ဖရိုဗင်ရှား ရဲတိုက် (ယခု ချစ်ခန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ပြန်သည်။ ၁၆၆၁ ခုနှစ်တွင် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ)ဦးဆောင်သည့် တပ်ဖွဲ့သည် ဇီလန်ဒီယာ ရဲတိုက်ကို ဝန်းရံတိုက်ခိုက်ခဲ့ရာ ဒပ်ချ်တို့သည် ၁၆၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် အညံ့ခံကာ ထိုင်ဝမ်မှ ထွက်ခွာသွားခဲ့ရပြီး ဒပ်ချ်အုပ်စိုးမှုလည်း တပါတည်း အဆုံးသတ်သွားလေသည်။ ကိုဆင်ဂါခေတ် ကိုဆင်ဂါခေတ်သည် ၁၆၆၂ ခုနှစ် ဒပ်ချ်တို့အား အနိုင်ရခဲ့ချိန်မှ စတင်ကာ မျိုးဆက် ၃ ဆက် ၂၃ နှစ်တာ အုပ်ချုပ်ခဲ့ပြီး ၁၆၈၃ ခုနှစ်တွင် မန်ချူး ချင်းမင်းဆက်ထံ ဩဇာခံလိုက်ချိန်တွင် အဆုံးသတ်ခဲ့သည်။ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်သုဉ်းပြီးနောက် မင်မင်းဆက်၏ သစ္စာခံဟု မိမိကိုယ်ကို ခံယူထားသည့် ကိုဆင်ကာသည် ထိုင်ဝမ်သို့ ရောက်ရှိလာကာ ထိုင်ဝမ်တောင်ပိုင်းရှိ ယခု ထိုင်နန်ဒေသတွင် တုန်းနင်တိုင်းကို ထူထောင်ခဲ့သည်။ ၁၆၆၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကိုဆင်ဂါသည် နာမကျန်းဖြစ်ကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ကျိန့်ကျင်းက အရိုက်အရာ ဆက်ခံခဲ့ကာ ၁၆၈၂ ခုနှစ်အထိ စိုးစံခဲ့သည်။ ကျိန့်ကျင်း ကွယ်လွန်ပြီးနောက် ကိုဆင်ဂါ၏မြေး ကျိန့်ခဲ့ဆွမ် အာဏာရလာကာ တရုတ်ပြည် အရှေ့တောင် ကမ်းရိုးတန်းဒေသကို ဝင်ရောက်စီးနင်းပြီး မန်ချူးကိုတော်လှန်ဖို့ ကြိုးစားခဲ့သော်လည်း အရေးမလှခဲ့ပေ။ ထိုအချိန်မှစ၍ ထိုင်ဝမ်သည် မန်ချူးအုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည်။ ချင်းမင်းဆက်ခေတ် ထိုင်ဝမ်အား ချင်းမင်းဆက် အုပ်ချုပ်သည့် ကာလမှာ ၁၆၈၃ ခုနှစ်မှ ၁၈၉၅ ခုနှစ် ကျာဝူစစ်ပွဲ (ပထမတရုတ်ဂျပန်စစ်ပွဲ)အပြီး ထိုင်ဝမ်အား ဂျပန်တို့အား စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ချိန်အထိဖြစ်ပြီး အုပ်ချုပ်သည့်ကာလ ၂၁၂ နှစ်တာ ကြာမြင့်သည်။ ၁၆၈၄ ခုနှစ် ဧပြီလတွင် ထိုင်ဝမ်အား ချင်းအင်ပါယာ၏ နယ်မြေအဖြစ် တရားဝင် ရေးဆွဲခဲ့သည်။ ၁၇ ရာစုနှစ်ဦးပိုင်းတွင် မန်ချူးအစိုးရသည် ထိုင်ဝမ်အုပ်ချုပ်ရေး အပိုင်းတွင် တက်ကြွမှု မရှိလှပေ။ ကနဦးတွင် ဒပ်ချ်နှင့် ကိုဆင်ဂါခေတ်၌ ထိုင်ဝမ်သို့သွားရောက် အခြေချသည့် ဟန်တရုတ်လူမျိုးများအား တရုတ်ပြည်သို့ အဓမ္မပြန်ခေါ်ကာ ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သူများအား တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့၍ မိသားစုဝင်များကို မခေါ်ဆောင်သွားရဟု တားမြစ်ခဲ့သည်။ သို့သော်လည်း အရှေ့တောင် ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသူများသည် အသက်စွန့်ကာ ထိုင်ဝမ်သို့ သွားရောက်ပြီး အနောက်ပိုင်းဒေသတွင် အခြေချကြသည်။ နောင်တွင် ထိုင်ဝမ်အရှေ့ပိုင်းဒေသသို့ တဖြည်းဖြည်း တိုးချဲ့လာသည်။ သို့သော်လည်း အလယ်တွင် ဗဟိုရိုးမ တောင်တန်းကြီး ကာဆီးနေသောကြောင့် အရှေ့ပိုင်းဒေသသို့ သွားရောက်သူ နည်းပါးလှသည်။ အစောပိုင်းကာလ၌ မန်ချူးအစိုးရ စေလွှတ်လာသည့် အရာရှိများ ညံ့ဖျင်းခြင်း၊ စကားမပေါက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့် ဆူပူပုန်ကန်မှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိသည်။ ၁၈ ရာစုနှစ် ချဲန်လုန်ဧကရာဇ် လက်ထက်နှောင်းပိုင်းတွင် အလုံးအရင်းလိုက် ပြောင်းရွှေ့လာမှုများ ရှိခဲ့သည်။ ရှေ့လူ နောက်လူများအကြား နယ်မြေ အဝေမတည့်ခြင်းကြောင့် သွေးထွက်သံယိုမှုများ ရှိခဲ့သည်။ မန်ချူးအရာရှိများ၏ ညံ့ဖျင်းမှုကြောင့် အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။ ဤသို့ အုပ်စုများအကြား ပဋိပက္ခများကြောင့် ကုန်သွယ်မှု၊ ယဉ်ကျေးမှု ဖလှယ်ရာတွင် ပိုမို ခဲယဉ်းစေသည်။ ၁၉ ရာစု နောက်ပိုင်းမှသာ အဘက်ဘက်မှ လူကြီးများ၏ ကြိုးပမ်းမှုကြောင့် ဆက်ဆံရေး ကောင်းမွန်လာစေသည်။ ၁၉ ရာစု ခေတ်လယ် နောက်ပိုင်းတွင် အနောက်တိုင်း အင်အားကြီး နိုင်ငံများသည် တရုတ်နှင့် ကူးသန်းရောင်းဝယ်ရေး ဖောက်ကားရန် ရေကြောင်းလမ်းမှတဆင့် ကြိုးပမ်းလာခြင်းကြောင့် ၁၈၆၀ ခုနှစ်မှစ၍ ထိုင်ဝမ်ရှိ ဆိပ်ကမ်းအချို့ကို ဖွင့်လှစ် ပေးခဲ့သည်။ ဘိန်းစစ်ပွဲအတွင်း ၁၈၄၁ ခုနှစ် စက်တင်ဘာမှစ ဗြိတိသျှ စစ်သင်္ဘောများ ထိုင်ဝမ်ကမ်းလွန် ပင်လယ်ပိုင်နက်အတွင်း ဝင်ရောက်ကာ မြောက်ပိုင်းရှိ ကြီးလုန်ဆိပ်ကမ်းနှင့် အနောက်ကမ်းရိုးတန်းရှိ ဝူချည်းဆိပ်ကမ်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာ ဖြစ်ခဲ့သည်။ 200px|left|thumbnail|၁၈၆၇ ခုနှစ်က တာကိုလှေဆိပ် (ယခု ကောင်းရှုံဆိပ်ကမ်း) ၁၈၇၄ ခုနှစ်တွင် ထိုင်ဝမ်တောင်ပိုင်းဒေသ၌ တိုင်းရင်းသားများက ဂျပန်တံငါသည်များအား သတ်ဖြတ်ခဲ့ခြင်းကြောင့် ဟိန်ချွန်းဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကို ထိုင်ဝမ်သမိုင်းတွင် မူတန်းအရေးအခင်းဟု မှတ်တမ်းတင်ထားသည်။ 牡丹社事件,1871-74 ဤအဖြစ်အပျက်ကြောင့်လည်း ချင်းမင်းဆက်သည် ထိုင်ဝမ်အုပ်ချုပ်ရေးအပေါ် သတိပြုလာသည်။ ၁၈၇၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်တပ်စေလွှတ်၍ ထိုင်ဝမ်၏ ကာကွယ်ရေးကို ဖြည့်တင်းပေးသည်။ ၁၈၈၄ ခုနှစ်တွင်ဖြစ်ပွားသည့် တရုတ် ပြင်သစ်စစ်ပွဲ (၁၈၈၄ ဩဂုတ် - ၁၈၈၅ ဧပြီ) တွင် ပြင်သစ်တို့က ဖုန်ဟူကျွန်းစုနှင့် ထိုင်ဝမ်မြောက်ပိုင်း ကြီးလုန်ကို တိုက်ခိုက်ခဲ့သည်။http://www.taiwanus.net/history/3/80.htm 法軍侵臺 ထိုနောက်တွင် မန်ချူးအစိုးရသည် ရေပိုင်နက် ကာကွယ်ရေးအပိုင်း၌ ထိုင်ဝမ်၏ အရေးပါပုံကို အလေးထားလာသည်။ ၁၈၈၅ ခုနှစ်တွင် ထိုင်ဝမ်အား ဖူကျန့်ပြည်နယ်၏ ခရိုင်အဆင့်မှ ပြည်နယ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။1887年成立臺灣省 ထိုင်ပေမြို့ကို ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ကာ ခေတ်မှီတိုးတက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်လာသည်။ မန်ချူးအစိုးရသည် ထိုင်ဝမ်တွင် ပထမဦးဆုံးသော ရထားလမ်း၊ ကြေးနန်းရုံးနှင့် စာတိုက်ကို တည်ဆောက်ခဲ့သည်။ ထိုင်ဝမ်နှင့် ဖူကျန့်အကြား လျှပ်စစ်ဓာတ်မီးကြိုးများ ဆက်သွယ်ပေးခဲ့သောကြောင့် ထိုစဉ်အခါက အခြေခံ အဆောက်အဦး အတိုးတက်ဆုံး ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ၁၈၉၄ ခုနှစ်မှ ၁၈၉၅ ခုနှစ်အတွင်း ပထမတရုတ်ဂျပန်စစ်ပွဲ (ကျာဝူစစ်ပွဲ) ဖြစ်ပွားရာ တရုတ်က စစ်ရှုံးခဲ့သည်။ ဂျပန်နှင့် စစ်ပြေငြိမ်းရေးအတွက် မာကွမ်းစာချုပ်ကို ချုပ်ဆိုခဲ့ပြီး စစ်လျော်ကြေးအဖြစ် ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်းတို့အား ပေးအပ်ခဲ့သည်။ ဂျပန်ခေတ် ၁၈၉၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ဂျပန်ဘုရင်ခံက ထိုင်ပေမြို့တွင် (ဂျပန်) အုပ်ချုပ်ရေး စတင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ချိန်မှစ၍ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ ဂျပန်တို့ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီးနောက် တရုတ်သမ္မတနိုင်ငံက ထိုင်ဝမ်အား ပြန်လည်သိမ်းယူခဲ့ချိန်အထိ ဂျပန်တို့သည် ထိုင်ဝမ်အား နှစ် ၅၀ နီးပါး အုပ်ချုပ်ခဲ့သည်။ ကျမ်းကိုး ကဏ္ဍ:ထိုင်ဝမ် ထိုင်ဝမ်၏ ပထဝီဝင်
ဗမာပြည် ကွန်မြူနစ်ပါတီ
ဗမာပြည် ကွန်မြူနစ်ပါတီသည် မြန်မာပြည် နိုင်ငံရေး နယ်ပယ်တွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေး ပါတီ ဖြစ်သည်။ အစိုးရမှ အသိအမှတ် မပြုသော မြေအောက် ပါတီဖြစ်၍ ယခုအခါ မြန်မာ-တရုတ် နယ်စပ်ကို အခြေပြု၍ ပါတီ၏ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေသည်။ အစိုးရ၊ လူထုနှင့် မြန်မာသတင်း မီဒီယာ များက ဗမာပြည် ကွန်မြူနစ်ပါတီကို ရည်ညွှန်း၍ (ဗကပ) ဟု အတိုကောက် ခေါ်ဆိုကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည်မြန်မာပြည် ပြည်တွင်းစစ်ကို စတင်ခဲ့သာ ပထမဦးဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ကျွန်နိုပ်သည် စာအုပ်များမှ ကိုးကားသည်။ ပါတီ၏ အခြေခံ အချက်အလက်များ ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို ၎င်းပါတီ၏ သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည်။ သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခြင်း ဗကပအလံဖြူ ၁၉၄၅ တွင် အမေရိကန် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အားရ်လ် ရပ်ဆဲလ် ဘရောက်ဒါက ဖက်ဆစ်ဝါဒနှင့် နယ်ချဲ့ဝါဒ ယိုယွင်း အားနည်းလာသည်နှင့် အတူ လက်နက်ကိုင် တော်လှန်ရေးသည် အဓိက လိုအပ်ချက် မဟုတ်တော့ပေဟု ဆိုသော သူ၏ ဘရောက်ဒါ ဝါဒကို ထုတ်ပြန်ခဲ့သည်။ သခင်စိုး၏ အတွင်းရေးမှူး နေရာကို ပြောင်းလဲ ခန့်အပ်ခြင်း ခံရသော သခင်သိန်းဖေက ရန်ကုန်မြို့ ဗားကရာလမ်းတွင် ၁၉၄၅ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါတီ ကွန်ဂရက် တွင် တင်သွင်းခဲ့သည့် ပို၍ ကောင်းမွန်သော တူညီသည့် နားလည်မှုနှင့် ကျယ်ပြန့်စွာ ပူးပေါင်း လုပ်ဆောင်မှု ဟူသည့် ပါတီ၏ နည်းဗျူဟာစာတမ်းအရ ပါတီသည် ဘရောက်ဒါ ဝါဒသို့ ယိမ်းယိုင်ကာ ပြန်လည်ပြင်ဆင်ရေး လမ်းကြောင်းသို့ ဦးတည်နေကြောင်း သခင်စိုးမှ စွပ်စွဲ၍ ပါတီမှထွက်ကာ အလံနီ ကွန်မြူနစ်ပါတီ (သို့) ကွန်မြူနစ် ပါတီ (ဗမာပြည်) ကို ခွဲထွက် တည်ထောင် ခဲ့သည်။ ပါတီဝင် အများစုမှာမူ သခင်သန်းထွန်းနှင့် သခင်သိန်းဖေတို့ ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ (အလံဖြူ) တွင် ကျန်ရစ်ကာ ဖဆပလနှင့် ဆက်လက် လက်တွဲခဲ့ကြသည်။ အလံဖြူဆိုသည့် အမည်မှာ အလံနီနှင့် ယှဉ်၍ သုံးစွဲခဲ့ကြသော်လည်း အလံဖြူ ဟူသော အမည်ကို ဗမာပြည် ကွန်မြူနစ် ပါတီမှ တရားဝင် လက်ခံခဲ့ခြင်း မရှိခဲ့ပါ။ နှောင်းပိုင်း အင်္ဂလိပ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ကွယ်တွင် သခင်သန်းထွန်း မှ အကြံပေးနေသည်ဟု ယူဆခဲ့ကြသည်များ ရှိပြီး ဦးနုနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော ဆိုရှယ်လစ် ပါတီနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့သည် ဖဆပလအတွင်း သဘောထား တိုက်ဆိုင်ခြင်း မရှိကြတော့ပဲ လက်ဝဲ ညီညွတ်မှု ကင်းမဲ့သွားကြသည်။ နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရေး ကာလ သခင်စိုးနှင့် သခင်ဘတင် တို့ ၁၉၄၅ စက်တင်ဘာတွင် ဘရောက်ဒါဝါဒ၏ တိုက်ခိုက်မှုကို ခံရပြီး ဖြစ်သော အိန္ဒိယ ကွန်မြူနစ် ပါတီ ကို သွားရောက် ဆက်သွယ်ပြီး အပြန်တွင် သခင်စိုးက လက်နက်ကိုင် တော်လှန်ရေး သည်သာ ရှေ့သို့ တိုးတက်အောင် လုပ်နိုင်ပေမည် ဟု စည်းရုံးခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီလည်း ဘရောက်ဒါ ဝါဒကို စွန့်ပယ်ခဲ့သည်။ ထို့နောက် သခင်အောင်ဆန်းက ကွန်မြူနစ် ပါတီနှင့် ဆိုရှယ်လစ်ပါတီအကြား လက်ဝဲ ညီညွတ်မှု ရရှိရန် ကြိုးစားခဲ့ သော်လည်း သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ကာ ဆိုရှယ်လစ်တို့က သခင်သန်းထွန်းကို ဇူလိုင်လတွင် ဖဆပလ အထွေထွေ အတွင်းရေးမှူး ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးသည်။ အဆိုပါ အဖြစ်အပျက်မှ နောက်ဆုံးတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ဖဆပလအဖွဲ့ကြီး အတွင်းမှ ထုတ်ပစ်လိုက်သည် အထိ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ထိုသို့ ထုတ်ပစ်ရခြင်းကို သခင်နု၏ ရှင်းလင်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် ဖဆပလ၏ သဘော မပါဝင်ပဲ တစ်ပါတီတည်းက လူထုအုံကြွမှုကို ပြည်သူ့အာဏာ ဂျာနယ်နှင့် အခြား နေရာများတွင် မရပ်မနား ဝါဒ ဖြန့်နေခဲ့မှုကြောင့်ဟု ဆိုသည်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်ပြင်ပတွင် သီးခြားမြေပေါ်ပါတီတခုအဖြစ် ဆက်လက်ရပ်တည်ကာ သခင်အောင်ဆန်းနှင့် ဆိုရှယ်လစ်များကို "နယ်ချဲ့ဝါဒ အောက်တွင် ဒူးထောက် ကြပြီ"ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။ ဗိုလ်ချုပ် လုပ်ကြံခံရခြင်းနှင့် ဗမာပြည် ကွန်မြူနစ် ပါတီ က သတ်မှတ်သော ရွှေရည်စိမ် လွတ်လပ်ရေး သခင်ဗသိန်းတင်နှင့် ကျောင်းသား ကွန်မြူနစ် ခေါင်းဆောင် အောင်ကြီး တို့သည် ၁၉၄၇တွင် လန်ဒန်၌ ကျင်းပသော ဗြိတိသျှ အင်ပိုင်ယာ ကွန်မြူနစ်ပါတီများ ကွန်းဖရင့်သို့ သွားရောက် တက်ရောက်ခဲ့ခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပထမဆုံး နိုင်ငံတကာ ကွန်မြူနစ်များ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ အမတ်လောင်း ၂၅ဦး ပါဝင်ခဲ့သော်လည်း ၇ဦးသာ ပါလီမန်တွင် နေရာ ရခဲ့သည်။ ၁၉ ဇူလိုင်တွင် ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရ အဖွဲ့ လုပ်ကြံခံရခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီကိုပါ တစ်နိုင်ငံလုံးနှင့် ထပ်တူ ထပ်မျှ တုန်လှုပ်ချောက်ချား စေခဲ့သည်။ သို့သော်ငြားလည်း ပါတီ အနေနှင့် ဖဆပလနှင့် မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ် လက်အောက်မှ မြန်မာပြည်ကို လွတ်မြောက်စေရန် ပူးပေါင်း လုပ်ဆောင်ရန် ကိုမူ အယုံအကြည်ကင်းမဲ့လျက် ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား လက်ဝဲ နှစ်ပါတီ ညီညွတ်ရေးကို အတတ်နိုင်ဆုံး ကြိုးစား၍ မအောင်မြင်သေးမီ နယ်ချဲ့၏ လုပ်ကြံခြင်းကို ခံလိုက်ရ လေတော့သည်။ ဦးနုက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ အင်္ဂလိပ် အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို ဗြိတိသျှ နန်းရင်းဝန် အက်တလီနှင့် လန်ဒန်တွင် တွေ့ဆုံကာ (နု-အက်တလီ စာချုပ်) ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ချုပ်ဆို၍ အဆုံးသတ် နိုင်ခဲ့သည်။ အဆိုပါ စာချုပ်ကြောင့် (ကွန်မြူနစ်များက အတုအယောင်ဟု ဆိုခဲ့ကြသည့်) လွတ်လပ်ရေး ရရှိခဲ့ သော်လည်း လက်ျာ-ဖရီးမင်း ကာကွယ်ရေး စာချုပ်အရ သုံးနှစ်တာ ဗြိတိသျှ စစ်သင်တန်း အစီအစဉ်များကို ထည့်သွင်း၍ တိုင်းပြည်အား ဗြိတိသျှ၏ စစ်မဟာမိတ်အဖြစ် ကျန်ရှိစေရန် ပြုလုပ်ထားခဲ့သည်။ အဆိုပါ အကြောင်းအရာမှာ ကွန်မြူနစ် ပါတီ၏ ဗြိတိသျှတို့ ပေးသည့် လွတ်လပ်ရေးသည် မြန်မာပြည်အား အပြည့်အဝ လွတ်လပ်ခွင့် မပေးကြောင်းနှင့် ဦးနု၏ အညံ့ခံမှု အဖြစ် တင်ပြသော သက်သေ ဖြစ်လေသည်။ ပါလီမန် ဒီမိုကရေစီခေတ် မြေပေါ် ဗမာပြည် ကွန်မြူနစ် ပါတီ ပိုလန် နိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ကျင်းပသော ပထမ ကိုမင်ဖောင်အစည်းအဝေးတွင် ဆိုဗီယက် ကိုယ်စားလှယ် အန်ဒရိုင်း ဇဒန်နော့ဗ် က သူ၏ တင်ပြချက်တွင် ကမ္ဘာနိုင်ငံများအား အပိုင်း နှစ်ပိုင်း ခွဲခြား၍ ပြောကြား သွားသည်။ အမေရိကန် ဦးဆောင်သော ဒီမိုကရေစီ ဝါဒကို ဆန့်ကျင်သည့် နယ်ချဲ့များ အုပ်စုနှင့် ဆိုဗီယက် ပြည်ထောင်စု မှ ဦးဆောင်သော ဒီမိုကရေစီဝါဒ လက်ကိုင်ထားသော နယ်ချဲ့ ဆန့်ကျင်သည့် အုပ်စု ဟူ၍ ခွဲခြား သွားသည်။ သူက ကမ္ဘာစစ်ကြီးကြောင့် နယ်ချဲ့နိုင်ငံကြီးများက အားနည်းနေသော်လည်း သူတို့၏ ကိုလိုနီ ဟောင်းများတွင် မြန်မာပြည်နှင့် အိန္ဒိယတွင် နယ်ချဲ့ ဩဇာခံ အမျိုးသား ဓနရှင်များကို အာဏာ ပေးအပ်ခြင်း ဖြင့် လည်းကောင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် လွပ်လပ်ရေး လှုပ်ရှားမှုများကို တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း ဩဇာကို ပြန်လည်ရရှိရန် ကြိုးစားနေကြပြီ ဟု သတိပေးသွားသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ အမျိုးသားနေ့တွင် ဦးနုက ဆိုရှယ်လစ် တပ်ပေါင်းစုကြီး တစ်ခု ဖွဲ့စည်းရန် ကွန်မြူနစ် ပါတီနှင့် ပြည်သူ့ရဲဘော်များ (လွပ်လပ်ရေး တိုက်ပွဲမှ ဗိုလ်ချုပ်အောင်ဆန်း သစ္စာခံ စစ်ပြန်များ) ကို အကြံပြုခဲ့သည်။ ကွန်မြူနစ် များက ဗြိတိသျှ ဓနသဟာယ နိုင်ငံ တစ်နိုင်ငံ အဖြစ် မြန်မာပြည်ကို ကျန်ရှိနေစေသည့် စာချုပ်ကို ကန့်ကွက်ရန် မဲဆွယ်ခဲ့မှုများနှင့် ဦးနု၏ ကွန်မြူနစ်များ၏ လက်နက်စုဆောင်းနေမှု အပေါ် ဝေဖန်မှုများကြောင့် အဆင်ပြေပြေ မဖွဲ့စည်း နိုင်ခဲ့ချေ။ ဒီဇင်ဘာလတွင် ထွက်ခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီမှ ဂိုရှယ်၏ စာတန်းတွင် ထိုစဉ် နိုင်ငံရေး အခြေအနေနှင့် တော်လှန်ရေး ဗျူဟာ တစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလမှ "နောက်ဆုံး အာဏာ သိမ်းယူမှု" ဆိုသည့် ဆောင်ပုဒ်ကို ပြန်လည် အသက်သွင်းကာ ထုတ်ပြန်ခဲ့သည်။ ထို့နောက် "ကျွန်အဖြစ်နှင့် ထိမ်းချုပ်ထားမည့် စာချုပ်ကို ဆွဲဆုတ်မည့် အမျိုးသား တော်လှန်ရေး"ကို တိုက်ပွဲ ခေါ်ခဲ့လေသည်။ ဗြိတိသျှများ အပါအဝင် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်း၊ မြေရှင်စနစ်ကို ဖျက်သိမ်းခြင်း၊ လက်ရှိ အစိုးရကို ပြည်သူ့အစိုးရနှင့် အစားထိုးခြင်း၊ တိုက်ပွဲဝင်နေသော ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီ မှုများကို ပြုလုပ်ခြင်းဖြင့် အင်္ဂလို-အမေရိကန် နယ်ချဲ့ အုပ်စိုးမှုကို တွန်းလှန်နိုင်ရန်၊ စသည့် အချက်များကို အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်နှင့် အခြား မြို့တော်များမှ အလုပ်သမားများနှင့် အစိုးရဝန်ထမ်းများ၏ သပိတ်မှောက်မှုများနှင့် ကျေးလက် တောရွာများကို ကာကွယ်ရန် ပြည်သူ့ရဲဘော်များပါ ပါဝင်သည့် တပ်နီတော် တစ်ခု ဖွဲ့စည်းကာ ပြောက်ကျားစစ်ကို ဆင်နွှဲမည်ဟု ကြေညာခဲ့လေသည်။ ကွန်မြူနစ် ဖမ်းပွဲကြီး ၁၉၄၈ ခုနှစ်၏ ဖေဖော်ဝါရီလတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ နောက်ခံထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်က စတင် သပိတ်မှောက်ကာ လူဦးရေ ၇၅၀၀၀ ခန့် ပါဝင်သော ချီတက် ဆန္ဒပြမှု ကြီးလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲသားများ အဖွဲ့ ဦးဆောင်၍ ပျဉ်းမနားမြို့တွင် ပေါ်ပေါက်လာခဲ့လေသည်။ ဦးနုက အထက်ပါ ဖြစ်ရပ်များကြောင့် ဗမာပြည် ကွန်မြူနစ် ခေါင်းဆောင်များကို ၂၇ မတ်လ၊ တော်လှန်ရေးနေ့တွင် ဆန္ဒပြ လှုပ်ရှားမှုကြီး လုပ်ရန် စီစဉ်သည်ဟု ဆိုကာ ဖမ်းဆီးလိုက်သည်။ သို့သော်လည်း ၂၈ရက်နေ့ မနက်ပိုင်း ဝင်ဖမ်းရာတွင် ဗားကရာလမ်းမှ ဗမာပြည် ကွန်မြူနစ်ပါတီ ရုံးချုပ်တွင် မည်သည့်ခေါင်းဆောင်မျှ ရှိမနေခဲ့ကြတော့ပါ။ ထိုကဲ့သို့ ကွန်မြူနစ် ဖမ်းပွဲကြီးကြောင့် ကွန်မြူနစ်ပါတီ၏ အခိုင်အမာ ဌာနချုပ်အား ပျဉ်းမနားသို့ ပြောင်းရွှေ့ကာ လက်နက်ကိုင် တော်လှန်ရေးကို တစ်ဖန် ပြန်လည် စတင်ခဲ့လေတော့သည်။ ထိုအချိန်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်မြေအောက်တော်လှန်ရေးပါတီဖြစ်သွားခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ပါတီ တစ်ခု ဖြစ်ခဲ့ရသည်မှာ ပါတီ သမိုင်း တစ်ခုလုံး အတွင်းတွင်မှ ထို ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ သုံးနှစ်သာ မြေပေါ်ပါတီအဖြစ် ရပ်တည်ခဲ့သည်ကွန်မြူနစ် ပါတီ၏ စာမျက်နှာ မှ သမိုင်း အကျဉ်းချုပ် ပြည်တွင်းစစ်ကာလ လွတ်လပ်ရေး ရပြီး ၈ လ အတွင်းမှာပင် မြန်မာပြည်သည် ပြည်တွင်းစစ်နွံအတွင်းသို့ ထပ်မံ သက်ဆင်းရ ပေတော့သည်။ သခင်စိုး၏ အလံနီ ကွန်မြူနစ်များ၊ ရခိုင် အမျိုးသားတပ်များနှင့် မူဂျာဟစ် ရခိုင်၊ မူဆလင် များက ဗမာပြည် ကွန်မြူနစ်ပါတီ မတိုင်မီကတည်းက စောစီးစွာ စတင် သူပုန်ထနေ ခဲ့ကြပြီး ဖြစ်သည်။ ပြည်သူ့ရဲဘော် များတွင်လည်း ၁၉၄၈ ခုနှစ် မေလ၌ ကြေညာခဲ့သော ဦးနု၏မူ ကို လက်ခံသူများက ရဲဘော်ဝါ အဖြစ်၊ လက်မခံနိုင်သူ ပြည်သူ့ရဲဘော် အများစုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင် ဦးဆောင်၍ ရဲဘော်ဖြူ အဖြစ် ကွဲထွက်သွားခဲ့သည်။ ဦးနုနှင့် သူ၏ အစိုးရသည် ကွန်မြူနစ် သူပုန်ထမှုကို ခုခံရန်အတွက် တိုင်းရင်းသား တပ်များကို ပြည်၊ သရက်၊ ပျဉ်းမနား တို့တွင် ဖြန့်ထားသည်။ ထိုအချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေသည့် ကရင်အမျိုးသား တစ်ဦး ဖြစ်သော ဗိုလ်ချုပ်စမစ်ဒွန်း ကို ရာထူးချ၍ ဗိုလ်ချုပ်ကြီးနေဝင်း (ရဲဘော်သုံးကျိပ်ဝင်၊ နောင်အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဋ္ဌ) အား လွှဲပြောင်း ခန့်အပ်လိုက်သောကြောင့် ကရင် အမျိုးသား ယူနီယံ (ကေအန်ယူ) ကလည်း ၎င်းတို့၏ လက်နက်ကိုင် တပ်ဖြစ်သော ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (ကေအန်ဒီအို)နှင့် ၁၉၄၉ တွင် တောခိုခဲ့ရာ အစိုးရ တပ်မတော် တိုင်းရင်းသား တပ်များမှ ကရင် ရိုင်ဖယ် တပ်များလည်း လက်နက် အပြည့်အစုံနှင့် ပူးပေါင်း တောခိုကုန်ကြရာ အစိုးရ တပ်မတော်ကို အင်မတန် အထိနာစေခဲ့သည်။ ထို့နောက် မွန်သူပုန်ထမှု ကလည်း ကရင်နှင့် ပူးပေါင်းသည်။ ပအိုဝ်းနှင့် ရှမ်းများကလည်း ခွဲထွက်ရေးနှင့် သူပုန်ထကြသည်။ ကရင် ရိုင်ဖယ် တပ်များ အပါအဝင် အခြား ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်နှင့် ဗိုလ်ရဲထွဋ်စသည့် ကွန်မြူနစ် စစ်ဗိုလ်များက ဦးဆောင်သည့် အစိုးရ တပ်မတော် ဗမာ ရိုင်ဖယ် တပ် တပ်ရင်း ၃ရင်းကလည်း ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းရန် တောခိုကုန်ကြသည်။ ကွန်မြူနစ်ပါတီ၏ ပြည်တွင်းစစ်အတွင်း လှုပ်ရှားမှု သခင်စိုး၏ အလံနီ ကွန်မြူနစ် ပါတီက ရုရှ မတ်စ်-လီနင် ဝါဒ ဗမာပြည် ကွန်မြူနစ်ပါတီသည် ထိုအချိန်တွင် ဥက္ကဋ္ဌ မော်စီတုန်း၏ တရုတ် ကွန်မြူနစ် လမ်းစဉ်ကို လက်ခံထားကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက မော်ဝါဒီများ ဦးဆောင်၍ ကျေးရွာများတွင် ပြောက်ကျား အခြေခံ စခန်းများ တည်ဆောက်ကာ ကျေးရွာများကို အခြေပြု၍ မြို့တော်များကို သိမ်းမည် ဟု ပြင်ဆင်သည်။ ကွန်မြူနစ်ပါတီက ထောက်ခံထားသော မြေပေါ် လက်ဝဲပါတီဖြစ်သည့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဖြစ်ကြသော သခင်လွင်နှင့် သခင် ချစ်မောင် တို့ ဦးဆောင်သည့် ဆင်းရဲသား ပါတီကိုလည်း ရန်ကုန် သတင်းစာ များက လျှို့ဝှက်-ကွန်မြူနစ်၊ ဆိုရှယ်လစ် အနီ စသဖြင့် အမည်တပ်ကြသည်။ ၁၉၅၆ တွင် လက်ဝဲနိုင်ငံရေး အင်အားစုများက အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်သော်လည်း ၃၅% သာ နိုင်၍ နေရာအနည်းငယ်သာ ရရှိခဲ့သည်။ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို၏ ပါတီ၏ ရပ်တည်မှုအတွက် တိုက်ခိုက်မည် ဟူသော ဆုံးဖြတ်ချက်ကို ဗဟို ကော်မတီ၏ ၁၉၄၈ ခုနှစ် ဧပြီလတွင် ဖြူးမြို့တွင် တွင် ကျင်းပသော အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ်ကို ပျဉ်းမနား-ရမည်းသင်း ဧရိယာ၊ စစ်တောင်းမြစ် အနီးရှိ တောတွင်းတွင် ဆက်တိုက် ရွှေ့ပြောင်း ခဲ့ကြသည်။ တခါတရံတွင် မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံတို့၏ အကြားတွင် ရှိခဲ့သည်။ လယ်သမားများ၏ အကြွေးများကို လျှော်ပစ်ခြင်း၊ လယ်ယာ ပြန်လည် ဝေခြမ်းရေး ပြုလုပ်ခြင်းတို့ကို သိမ်းပိုက်ထား နိုင်ခဲ့သည့် နယ်မြေများတွင် ပြုလုပ်ခဲ့သည်။ တောခိုခဲ့သည့် ၁ နှစ်အတွင်း ရွှေ့ပြောင်းနိုင်သည့် ပြောက်ကျား တပ်များနှင့် ပြည်သူ့စစ်ကို ဗဟိုပြု၍ စစ်ရေးမှူး၊ နိုင်ငံရေးမှူးများဖြင့် စုံလင် ညီမျှစွာ ဖွဲ့စည်းထားသည့် မော်ဝါဒီ လက်နက်ကိုင်တပ် တစ်ခုအဖြစ် စည်းရုံးနိုင်ခဲ့သည်။ ၁၉၅၀ စက်တင်ဘာတွင် ပြည်သူ့ တပ်မတော် (ကွန်မြူနစ် တပ်မတော်ဖြစ်သည်) ကို အစိုးရ တပ်မတော်မှ တောခိုလာသည့် လက်နက်ကိုင် တပ်များနှင့် ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည်။ ထို ပြည်သူ့ တပ်မတော်သည် လက်နက် တပ်ဆင် ထားသော လူ ၁၀၀၀ စီ ပါရှိသည့် အဓိက တပ်မကြီး လေးခုနှင့် ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းစစ် အခြေအနေ ပြည်တွင်းစစ်ကြီးတွင် ပါဝင်နေသော အဖွဲ့များကို ဖဆပလ အစိုးရ၊ ကွန်မြူနစ်နှင့်-ပြည်သူ့ ရဲဘော်များ နှင့် တိုင်းရင်းသားများ ဟူ၍ ခွဲခြားထားနိုင်သည်။ ကရင်အမျိုးသားများ ဦးဆောင်သော တပ်သည် ရန်ကုန်မြို့ အင်းစိန်အထိ သိမ်းပိုက် နိုင်ခဲ့၍ နိုင်ငံတော်၏ မြို့တော် ရန်ကုန်ကိုပါ ခြိမ်းခြောက်နိုင်ခဲ့သည်။ ၁၉၅၂ တွင် ဦးနုအစိုးရ၏ ခန့်မှန်းချက်အရ အစိုးရ တပ်မတော် တစ်ခု တည်းမှာပင် ၁၃၅၂ဦး သေဆုံး၍ ပြည်တွင်းစစ်ကြောင့် ခန့်မှန်းခြေ ၃၄၂၄ ဦး သေဆုံးသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ကွန်မြူနစ် ပါတီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၁၉၅၅ တွင် အရှိန်ကျလာကာ ဗမာပြည် ကွန်မြူနစ် ပါတီက ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး လမ်းစဉ်ကို ရှေးရှုလာခဲ့သည်။ ထို ငြိမ်းချမ်းရေး လှုပ်ရှားမှုသည် မြေပေါ်မှ ဗမာပြည် ကွန်မြူနစ် ပါတီကို ထောက်ခံသူများ၊ ကူညီသူများနှင့် သခင်သန်းထွန်း၏ ၁၉၅၆ တွင် ဖဆပလ အစိုးရကို တောင်းဆိုချက်ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ စစ်ပန်းမှုသည် မညီညွတ်သော လက်ဝဲပါတီ နှစ်ခုလုံးနှင့် ရှေးရိုးစွဲဝါဒီ များကိုပါ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီသည် ၁၉၅၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စား အစိုးရနှင့် စကားပြောရန် အခွင့်အရေးရခဲ့သည်။ ထို့နောက် ၁၉၅၆ ရွေးကောက်ပွဲ ရလဒ် အရ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု လည်း ငြိမ်းချမ်းရေး အတွက်၊ ဖဆပလနှင့် ကွန်မြူနစ် ရင်ကြားစေ့ရေးအတွက် အတော်အတန် လုပ်နိုင်ခဲ့သည်။ နိုင်ငံတကာ အခြေအနေတွင် တရုတ်ပြည်၌ မော်စီတုန်း၏ ကွန်မြူနစ်များ အနိုင်ရသည့်အခါ အမေရိကန်ကူညီ ထောက်ပံ့သည့် အတိုက်အခံ ကူမင်တန်တရုတ်တပ်များသည် နှစ်ဖက်ညှပ်၍ ပြည်မကြီးကို ပြန်လည် သိမ်းယူရန် ရည်ရွယ်ချက်ဖြင့် ယူနန်နယ်ကို ဖြတ်၍ မြန်မာပြည်၏ အရှေ့မြောက်ပိုင်း အတွင်း ခိုဝင် လာကြသည်ကြောင့် မြန်မာပြည်သည် အရှေ့တောင်အာရှ စာချုပ်အဖွဲ့ကို မဝင်ဖြစ်ခဲ့ပေ။ ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည် အာဏာရ ကွန်မြူနစ်ပါတီ ဆက်သွယ်မှု မရှိကြောင်း သေချာစေရန် ဦးနု လည်း တစ်ခေါက် သွားရောက် လည်ပတ်ကာ၊ ဒုတိယ တစ်ခေါက် ဗိုလ်ချုပ် နေဝင်း ကိုယ်တိုင် သံတမန်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်၍ တရုတ်ပြည် သွားရောက်ကာ ဥက္ကဋ္ဌမော်နှင့် သွားရောက် တွေ့ဆုံသည်။ ဒီဇင်ဘာ ၁၉၅၅ ရုရှားခေါင်းဆောင် ခရူးရှက်ဖ်က ဗမာပြည်ကို တတိယ ကမ္ဘာမှ နိုင်ငံများ ထဲတွင် တိုးတက်မှုရှိသော စံပြနိုင်ငံ တစ်ခုအဖြစ် ထောက်ခံပေးခဲ့သည်။ ဒီမိုကရေစီအတွက် လက်နက်ကိုင်ခြင်းနှင့် ဖဆပလ၏ အောင်ပွဲ ဦးနုက ကွန်မြူနစ် ပါတီ၏ ငြိမ်းချမ်းရေးကို တိုက်စစ်ဆင်မှုအဖြစ် ပြောင်းလဲကာ ဒီမိုကရေစီ အတွက် လက်နက်ကိုင်ခြင်း မူကို သူ၏ အကျိုးအမြတ် အတွက် အောင်မြင်စွာ အသုံးချ နိုင်ခဲ့သည်။ တပ်မတော်ကို အသုံးချ၍ ၁၉၅၆ တွင် ပခုက္ကူနယ်မြေ၌ အောင်သူရ စစ်ဆင်ရေး၊ ပုသိမ်တွင် အောင်တေဇ စစ်ဆင်ရေး တို့ကို အတော်အတန် အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့သည်။ ၁၉၅၈ တွင် ရခိုင် အမျိုးသား သူပုန်များ လက်နက်ချသည်။ ထို့နောက် ပအိုဝ်း၊ မွန်နှင့် ရှမ်းကွန်မြူနစ်များ လက်နက်ချသည်။ အစိုးရ ထုတ်ပြန်ကြေညာချက် အရ စစ်တွေနယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်စွဲထားသော ဗမာပြည် ကွန်မြူနစ်ပါတီမှ ၈၀၀ ခန့်အပါအဝင် စုစုပေါင်း ၅၅၀၀ ခန့် အလင်းဝင်ခဲ့သည် ဟု ကြေညာသည်။ ဖဆပလ နှစ်ပိုင်းကွဲခြင်းနှင့် အိမ်စောင့်အစိုးရ ၁၉၅၈ တွင် ဖဆပလသည် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သော သန့်ရှင်းဖဆပလ နှင့် ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော တည်မြဲဖဆပလ ဟူ၍ နှစ်ပိုင်း ကွဲထွက်သွားသည်။ ထို့နောက် တရားဝင် အတိုက်အခံ ပါတီ ဖွဲ့စည်းခွင့်ကိုပါ ခွင်ပြုခဲ့ကြရာ ပြည်သူ့ရဲဘော် ပါတီလည်း တရားဝင် ပေါ်ပေါက်လာသည်။ ဦးနုသည် ငြိမ်းချမ်းရေးဝါဒကို လက်ကိုင်စွဲ၍ လူထုထောက်ခံမှု ရရှိနေသော်လည်း တစ်ဖက်က တပ်မတော် အကြီးအကဲ များနှင့် အတူ ဗမာပြည် ကွန်မြူနစ် ပါတီ ပင်မ နိုင်ငံရေး အတွင်းသို့ ဝင်ရောက်လာမှုကို စိုးရိမ်နေကြသည်။ ထိုစိုးရိမ်မှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်း အား အိမ်စောင့် အစိုးရ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ကာ ရန်ကုန် တက္ကသိုလ်ကျောင်းသား ဆန္ဒပြမှုများနှင့် ကွန်မြူနစ် ပြဿနာကို ဖြေရှင်းစေခဲ့ရာ ကွန်မြူနစ် ထောက်ခံသူ ၄၀၀ ခန့် အဖမ်းဆီးခံခဲ့ရကာ ၁၅၃ ဦးမှာ ဘင်္ဂလား ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့ဆောင် ထိမ်းသိမ်းထားခြင်း ခံရသည်။ ဗိုလ်တထောင် သတင်းစာ၊ ကြေးမုံ သတင်းစာနှင့် ရန်ကုန်နေ့စဉ် သတင်းစာ တို့လည်း အပိတ်ခံလိုက်ရသည်။ တပ်မတော်က ကွန်မြူနစ်များသည် ဗုဒ္ဓဘာသာ၏ ရန်သူ ဟူ၍ ဓမ္မန္တရာယ်ဟု အမည်ရသည့် စာအုပ် ထုတ်ဝေ၍ ဗမာပြည် ကွန်မြူနစ် ပါတီကို စိတ်ဓာတ် စစ်ဆင်ရေးတိုက်ပွဲများလည်း မပြတ် ဆင်နွှဲခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာ ဗုဒ္ဓဝါဒနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ကို အားပေးသယောင် ဟန်ဆောင်သည့် မျက်နှာဖုံးကို ခွာချရန် ဟူသည့် ဝါဒဖြန့် ပန်းဖလက်များဖြင့် တိုက်ခိုက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ သို့သော်လည်း တပ်မတော်အတွက်မူ စိတ်ဓာတ် စစ်ဆင်ရေးများထက် ၁၉၅၈ နှင့် ၁၉၆၀ အတွင်း စစ်မြေပြင် ထိုးစစ်များက ပိုမို အောင်မြင်မှု ရစေခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ၁၉၄၉ မတ်လတွင် ဖဆပလကို ဖြုတ်ချရန် ပြည့်သူ့ ဒီမိုကရက်တစ် တပ်ဦးကို ဗမာပြည် ကွန်မြူနစ် ပါတီ၊ ပြည်သူ့ ရဲဘော်များနှင့် တော်လှန်သော ဗမာ့ တပ်မတော် (တောခို တပ်မတော်သားများ) သုံးပွင့်ဆိုင် သိမ်းပိုက်ထားသော ပြည်မြို့တွင် ဖွဲ့စည်းသည်။ သုံးပွင့်ဆိုင် မဟာမိတ် ဖွဲ့စည်းခြင်း စာချုပ်ကို သခင်သန်းထွန်း၊ သခင်စိုးနှင့် ဗိုလ်ဖိုးကွန်း တို့က မုံရွာမြို့အနီးရှိ အလောင်းတော် ကဿပရွာ တွင် လက်မှတ်ရေးထိုးသည်။ သဘောတူညီချက်တွင် နယ်မြေ ပိုင်းခြားမှုနှင့် လက်တွဲ တိုက်ပွဲဝင်ရေးသာ အဓိက ပါဝင်ခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ၁၉၅၂ ခုနှစ် နိုဝင်ဘာလတွင် သခင်ဇင်နှင့် မန်းဘဇံ တို့၏ သဘောတူညီချက် အရ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ကရင် အမျိုးသား ယူနီယံတို့ အပစ်အခတ် ရပ်စဲသည်။ သို့သော် ၁၉၅၉ ခုနှစ်၏ မေလမှ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ဖွဲ့စည်းမှ စစ်ပိုင်းဆိုင်ရာ မဟာမိတ် အဖြစ်ကို ရောက်ရှိသည်။ ထို့နောက် ကရင် အမျိုးသား ယူနီယံတွင် မန်းဘဇံ ဦးဆောင်သော မော်ဝါဒီ ကရင် အမျိုးသား ညီညွတ်ရေး ပါတီဟု ပေါ်ထွက်လာသည်။ လက်ဝဲ ကရင် အမျိုးသား များသည် ခရစ်ယာန်ဘာသာ ဦးဆောင်သော ကွန်မြူနစ် ဝါဒကို ဆန့်ကျင်သည့် ပင်မ ကရင် အမျိုးသား ယူနီယံနှင့် ကင်းကွာကာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပိုမို နီးနီးကပ်ကပ် တိုက်ပွဲဝင်ခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုတွင် မွန် ပြည်သူ့ တပ်ဦး အလင်းဝင်သွား ပြီးနောက် အသစ် ဖွဲ့စည်းသည့် နိုင်ရွှေကျင် ဦးဆောင်သောမွန်ပြည်သစ် ပါတီ၊ မတ်လ ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းသော ချင်းအမျိုးသား ဦးဆောင် ပါတီနှင့် ၁၉၅၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့ ပါဝင်သည်။ ထို တပ်ပေါင်းစုသည် ၁၉၇၆ ခုနှစ်တွင် ကရင် အမျိုးသား ယူနီယံက အမျိုးသား ဒီမိုကရက်တစ် တပ်ဦး တည်ထောင်ရန် အလို့ငှာ ခွဲထွက်သွားသည် အထိ တည်တံ့ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အာဏာရယူရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်ဖြင့် နိုင်ငံရေး ဝါဒ ကွဲပြားခြားနား မှုများကိုမူ ညှိနှိုင်း၊ ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ပေ။ တပ်မတော် အာဏာသိမ်းခြင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရမှာ ၁၉၆၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ပါတီ (ပထစ) ဟု အမည် ပြောင်းလဲထားသည့် သန့်ရှင်း ဖဆပလကို ခေါင်းဆောင်သော ဦးနုကို အာဏာပြန်အပ်သည်။ ဦးနုနှင့် ပထစ ပါတီသည် လူများစု၏ ထောက်ခံမှုကို ရရှိခဲ့သဖြင့် ပထစ အစိုးရ ဟူ၍ အာဏာရရှိသည်။ ပါလီမန် ဒီမိုကရေစီခေတ်သည် ရှမ်းစော်ဘွား တစ်ဦးဖြစ်သော လွပ်လပ်သည့် မြန်မာပြည်၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် ဦးဆောင်သည့် ဖက်ဒရယ် လှုပ်ရှားမှုကို တိုင်းပြည်အား တစ်စစီ ဖြိုခွဲရန် ကြိုးပမ်းသည်ဟု ထောက်ပြ၍ မြန်မာ့တပ်မတော်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာ သိမ်းသည်အထိ စုစုပေါင်း (၂)နှစ်သာ ကြာမြင့်ခဲ့ပေသည်။ မြေပေါ် နိုင်ငံရေးအဖွဲ့များ၏ ဆန္ဒပြမှုကြီးများလည်း နောက်က ဆက်တိုက် လိုက်ပါလာကြသည်။ ဖဆပလ ခေါင်းဆောင်များနှင့်၊ တိုင်းရင်းသား ခေါင်းဆောင်များအား ထောင်သွင်း အကျဉ်းချခြင်းလည်း ပြုလုပ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုလည်း လက်နက်နှင့် အကြမ်းဖက် ဖြိုခွဲကာ ကျောင်းသား ၁၀၀ ကျော် သေဆုံးခြင်းဖြင့် တပ်မတော်၏ ထိမ်းချုပ်မှု အောက်မှ မြန်မာပြည် သမိုင်းကို စတင်ခဲ့တော့သည်။ တော်လှန်ရေး ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲများ ၁၉၆၃ တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေး ကောင်စီအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုကို ဧပြီလ ၁ရက်နေ့မှ စတင် ကမ်းလှမ်းသည်။ ရဲဘော် သုံးကျိပ်ဝင်နှင့်၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဗဟို စစ်ရေး ကော်မတီဝင် ဖြစ်သော ဗိုလ်ရဲထွဋ်သည် ဖဆပလ မပြိုကွဲခင် ၁၉၅၈ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတည်းက ရန်ကုန်သို့ သွားရောက်ခဲ့သူ ဖြစ်သည်။ သူသည် ဗိုလ်ရဲမောင်၊ ဗိုလ်စိန်တင် တို့နှင့်အတူ ဆွေးနွေးပွဲကို လက်ခံသည်။ ကရင် အမျိုးသား ယူနီယံလည်း စောဟန်တာသာမွှေး ဦးဆောင်သော ကရင့် တော်လှန်ရေး ကောင်စီနှင့် ကွဲထွက်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပထမဆုံး လာရောက်သော အုပ်စုမှာ ဩဂုတ်လတွင် ရခိုင်ပြည်နယ်မှ လာသော သခင်စိုး၏ အလံနီ ကွန်မြူနစ် ပါတီဖြစ်သည်။ တွေ့ဆုံပွဲ ၃ ပွဲ အပြီးတွင် တော်လှန်ရေး ကောင်စီဖက်မှ ဆွေးနွေးပွဲကို ရပ်တန့်လိုက် သဖြင့် အလံနီများ ဩဂုတ် ၂၀ ရက်နေ့တွင် စစ်တွေသို့ ပြန်သွား ကြလေတော့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ် အဖွဲ့ ၃ ဖွဲ့မှာ ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် တရုတ်ပြည်မှ လေယဉ်နှင့် ဆိုက်ရောက်သည်။ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် သခင်ဗသိန်းတင် တို့ ပါဝင်သည်။ ပေကျင်းပြန် ပါတီဝင်များသည် ၁၅ နှစ်တာ သက်တမ်း၌ ပြန်လည် စည်းလုံးကာ ပါတီ၏ ဌာနချုပ် ဖြစ်သော ပေါက်ခေါင်းမြို့အနီး ပဲခူးရိုးမ၌ ကျင်းပသည့် ဗဟို ကော်မတီဝင် များ၏ သမိုင်းဝင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ကြသည်။ တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့တွင် ရဲဘော်ဌေး ဦးဆောင်သည့် အဖွဲ့က စတင် ဆွေးနွေးသည်။ ပြည်သူ့ တပ်မတော် (ကွန်မြူနစ်) အုပ်ချုပ်ရေးမှ ဗိုလ်ဇေယျသည် ဩဂုတ် ၂၈ ရက်နေ့တွင် ဆိုက်ရောက်သည်။ ဒုတိယ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို သခင်ဇင်၊ ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့က အဖွဲ့ တစ်ဖွဲ့ အနေနှင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် စုပေါင်း ဆွေးနွေးကြသည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့နှင့် ဆွေးနွေးပွဲများသည် ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား တပ်များနှင့် ဆွေးနွေးပွဲများကို လွှမ်းမိုးခဲ့သည်။ မအောင်မြင်ရခြင်း အကြောင်းအရင်း ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၁၄ရက်နေ့တွင် တော်လှန်ရေး ကောင်စီက အောက်ပါအချက် လေးချက်ကို တောင်းဆိုခဲ့ရာ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ပဲ ရပ်တန့်သွားသည်။ လက်နက်ကိုင် တပ်များအားလုံး သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။ အခွင့်မရှိပဲ သတ်မှတ်နယ်မြေမှ ထွက်ပိုင်ခွင့်မရှိ။ အဖွဲ့အစည်း၏ လုပ်ကိုင်နေသော လုပ်ငန်းစဉ်အားလုံးကို ရပ်တန့်ရမည်။ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စီးပွားရေး လုပ်ငန်းများ အားလုံးကို ရပ်တန့်ရမည်။ ဆွေးနွေးပွဲ ကာလအတွင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ဦး မှဖွဲ့စည်း၍ သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့က ထောက်ခံသော ပြည်သူ့ ငြိမ်းချမ်းရေး ကော်မတီက နိုဝင်ဘာ လဆန်းတွင် မင်းလှမှ ရန်ကုန်အထိ ချီတက်သော ခြောက်ခရိုင် ငြိမ်းချမ်းရေး ချီတက်ပွဲကြီး ဖြစ်ပေါ်အောင် စည်းရုံးနိုင်ခဲ့သည်။ ချီတက်သူများသည် အစိုးရကို ဆန့်ကျင်သော ဆောင်ပုဒ်များကို ကြွေးကျော်ခဲ့ကြသည်။ အစား အသောက်များကိုမူ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ တာဝန်ယူ ကောက်ခံပေး ခဲ့သည်။ အဆိုပါ လူဦးရေ ၂၀၀၀၀၀ ခန့် ပါဝင်သော ချီတက်သည့် လူထုများ ရန်ကုန် မြို့တော်ခန်းမသို့ ရောက်ရှိသောအခါ တရားဟောသူများက အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုကို ပွင့်ပွင့်လင်းလင်း ထောက်ခံ၍ နယ်မြေနှင့် လက်နက်များကို ရှိရင်းစွဲအတိုင်း ဆက်လက် ကိုင်စွဲထားရန် ပြောခဲ့ကြသည်။ ဤငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ လာခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့မှ ကိုယ့်စားလှယ်များက ဆွေးနွေးပွဲ အောင်မြင်မည်မဟုတ်ဟု ဆွေးနွေးပွဲ မတိုင်မည်ကတည်းက ယုံကြည်ခဲ့ကြသည်။ ရန်ကုန်မြို့တော်သို့ ရောက်ပြီး အနည်းငယ် ဆွေးနွေးပြီးသည်နှင့် ထိုဆွေးနွေးပွဲမှာ အဖြစ် ရုပ်ပြ ပြုလုပ်ခြင်းသာ ဖြစ်သည် ဟု နားလည်ခဲ့ကြသည်။ သို့သော်လည်း မိသားစုများနှင့် မိတ်ဆွေများအား ပြန်လည်တွေ့ဆုံ ဆက်သွယ်ရန် အခွင့်အရေးတော့ ရပေသည်ဟု အဆိုးထဲမှ အကောင်းကို ထုတ်ယူခဲ့ကြသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကာလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ခြင်း၊ စစ်ရေး တိုက်ခိုက်မှုများနှင့် ပူးပေါင်းထားသော ပြင်းထန်သည့် နိုင်ငံရေးအရ တိုက်ခိုက်မှုများနှင့် တပ်မတော် အစိုးရ၏ ဗမာ့နည်း ဗမာ့ဟန် ဆိုရှယ်လစ်ဝါဒ ကြေညာချက်ကို လက်ကိုင်ထားကာ ကွန်မြူနစ်ဟောင်းများ၏ အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သည်။ ထိုအခါ ဂိုရှယ်၊ ရဲဘော်ထွေး၊ ဗိုလ်ရန်အောင် တို့က လက်နက်ကိုင် တော်လှန်ရေး၏ လိုအပ်မှုကို ပြန်လည် မေးခွန်း ထုတ်လာကြသည် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် နှင့် ဗိုလ်ဇေယျ တို့က ရဲဘော်အောင်ကြီး ဦးဆောင်သော "ပေကျင်းပြန်" များ၏ အထောက်အပံ့ ရရှိ၍ ဗဟို ကော်မတီ၏ အစည်းအဝေးကို နတ္တလင်း မြို့တွင် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ၁၉၆၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။ ဆိုဗီယက်၏ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ် စတင်ခြင်း ထို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၀ တွင် ၁၁ ဦးသာ တက်ရောက်နိုင်ခဲ့သည်။ ဗမာပြည်အား တစိတ်တစ်ပိုင်း ကိုလိုနီ စနစ်ဖြင့် အုပ်စိုးခံနေရသည်ဟု သတ်မှတ်၍ ဗိုလ်ချုပ်ကြီးနေဝင်းအား လက်နက်ကိုင် တော်လှန်ရေး ဗဟိုပြုသော တော်လှန်ရေးကြီး ဆက်လုပ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်နိုင်ခဲ့ကြကာ မျိုးချစ်များနှင့် ဆင်းရဲသားများ ညီညွတ်ရေး တပ်ပေါင်းစု ကြီးကို စုပေါင်း မဟာမိတ် အဖွဲ့ကြီးအဖြစ် တည်ထောင်ခဲ့သည်။ ဆိုဗီယက်နှင့် တရုတ်သဘောထား ကွဲလွဲမှုတွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၅၅ ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေး ဝါဒကို ကျောခိုင်းကာ တရုတ်ပြည် ကွန်မြူနစ် ပါတီကို ထောက်ခံ၍ ရပ်တည်ခဲ့သည်။ ဘော်ရှီဗစ်တို့၏ တော်လှန်ရေးကြီး နှစ် ၅၀ ပြည့်တွင် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ပါတီက ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ် စံနစ် တည်ထောင်နေသော မြန်မာနိုင်ငံအား ထောက်ခံ ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ဆိုဗီယက်ကို ကျောခိုင်း၍ တရုတ်နှင့် ပူးပေါင်းခြင်း ထိုအချိန်က ဗမာပြည် တောခို လက်နက်ကိုင် တပ်များဖြစ်ကြသော ကွန်မြူနစ်များနှင့် တိုင်းရင်းသား တပ်များသည် ဝါဒရေးရာအရ မလေ့လာသည်များ ရှိသော်လည်း နည်းဗျူဟာပိုင်းတွင် တရုတ်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌမော်၏ ပြောက်ကျားစစ်ကျမ်းကို လေ့လာ တိုက်ခိုက်နေရ သူချည်းသာဖြစ်သည်။ ယခုအခါတွင်မူ နည်းဗျူဟာပိုင်းတွင် လေ့လာယုံ မကပဲ တရုတ်ပြည် ကွန်မြူနစ် ပါတီသည် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်၊ ရန်ကုန်မြို့နေ တရုတ် လူမျိုးများ၏ အသက် အိုးအိမ် စည်းစိမ် များစွာ ဆုံးရှုံးခဲ့ရသော တရုတ်-ဗမာ အရေးအခင်းတွင် တရုတ် ဆန့်ကျင်ရေးကို အစိုးရမှ ထိရောက်စွာ မတားမြစ်ခဲ့သည့် နောက်ပိုင်း အတိုက်အခံ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပို၍ နီးနီးကပ်ကပ် ပူးပေါင်းထားသော မဟာမိတ်များ ဖြစ်လာကြသည်။ မတ်စ်-လီနင် ကိုလည်း မပစ်ပယ်၊ မော်ဝါဒကိုလည်း လေ့လာ ဗမာပြည် ကွန်မြူနစ်ပါတီသည် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီကို မထောက်ခံသော်လည်း မတ်စ်-လီနင် ဝါဒကိုမူ ပစ်ပယ်ခြင်း မပြုခဲ့ပဲ မတ်စ်-လီနင် ဝါဒနှင့် မော်စီတုံး အတွေးအခေါ် ကို ပါတီ၏ အတွေးအခေါ်အဖြစ် ထားရှိကာ အနီရောင် နယ်မြေများအဖြစ် ကျေးလက်တောရွာများကို အခြေပြုကာ မြို့ပြကို သိမ်းပိုက်သော ဝါဒကို ပြန်လည် ကျင့်သုံးခဲ့ပြန်သည်။ အဆိုပါ ဝါဒကို ဖြန့်ဝေရန် နိုင်ငံရေး ပထမဆုံး နိုင်ငံရေး သင်တန်းကို ၁၉၆၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စနိုင်ခဲ့သည်။ ၁၉၆၆၊ ဩဂုတ် ၁၆ အစည်းအဝေးအရ တရုတ်ပြည် ကွန်မြူနစ်ပါတီ လမ်းစဉ်ကို လိုက်၍ တပ်နီလူငယ် များကို ဖွဲ့စည်း၍ တက္ကသိုလ်နှင့် အထက်တန်းအောင် ကျောင်းသား လူငယ်များကို ပါတီ ဌာနချုပ်တွင် ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ယဉ်ကျေးမှု တော်လှန်ရေး ၁၉၆၇ တွင် ပါတီဥက္ကဋ္ဌကြီး သခင်သန်းထွန်းသည် တရုပ်ပြည်၏ လမ်းစဉ်ကို လိုက်ကာ ဖောက်ပြန်ရေး သမားများအား ဖြုတ်ချရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးတစ်ခု ဖန်တီးခဲ့လေသည်။ ယဉ်ကျေးမှု တော်လှန်ရေးအား အများစုက ဖြုတ်၊ထုတ်၊သတ် လမ်းစဉ် ဟု ခေါ်တွင်သည်။ ဆုံးရှုံးမှုများ ၁၉၆၇ ခုနှစ်၏ ဧပရယ် ၂၇ တွင် ဂိုရှယ်နှင့် ရဲဘော်ဌေးကို ပေါလစ်ဗျူရိုမှ ထုတ်ပယ်ကာ ဂိုရှယ်ကို ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ်ပေး၍ ရဲဘော်ဌေးကိုလည်း သူ၏ သား ကိုယ်တိုင် ပါဝင်သော ရှင်းလင်းရေး အဖွဲ့နှင့် သေဒဏ် ပေးစေခဲ့သည်။ ထိုအခါ ရဲဘော်ဘခက် ကဲ့သို့ ကွန်မြူနစ် ပါတီ၏ အဆင့်မြင့် ရာထူးမှ ပါတီဝင်များမှာ သခင်သန်းထွန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ အန္တရာယ် အငွေ့အသက်ကို ရရှိလာပြီ ဖြစ်သောကြောင့် ပါတီကို စွန့်ခွာကုန်ကြသည်။ သခင်သန်းထွန်းသည် ဆက်လက်၍ ဒီဇင်ဘာ ၁၅ တွင် ပါတီအတွင်းစည်း တော်လှန်ရေး ဆုံးဖြတ်ချက်ကို ချမှတ်ကာ နိုင်ငံ တစ်ဝှန်းလုံးရှိ ပါတီဝင်များအား မိမိတို့ နယ်မြေအလိုက် ဖြုတ်၊ ထုတ်၊ သတ်များ ဆောင်ရွက်ကြရန် အမိန့်ပေးလိုက်သည်။ ဤသို့ဖြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် သည်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သားကောင် ဖြစ်သွားခဲ့လေတော့သည်။ အထက်ပါ ပါတီဝင်များကို သေဒဏ်ပေးရာ၌ တပ်နီလူငယ်များကို ဦးဆောင်၍ ရှင်းလင်းရေးကို အကောင်အထည် ဖော်ခဲ့သော ဗိုလ်ထွန်းငြိမ်းမှာလည်း ပါတီ စင်ပြိုင်ထောင်ရန် ကြိုးပမ်းမှုဖြင့် သေဒဏ်ပေးခံရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ရန်အောင်၏ တူ အောင်သိန်းနိုင်၊ လူထု ဦးလှနှင့် လူထု ဒေါ်အမာတို့၏ သား၊ လက်ရှိ ပါတီခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်း၏ အစ်ကို စိုးဝင်းတို့သည်လည်း ဗိုလ်ထွန်းငြိမ်းပြီး နောက်တစ်လတွင် ရှင်းလင်းခံလိုက်ရ လေသည်။ ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ ဂယက်ရိုက်မှု တပ်မတော်ကလည်း ပါတီအတွင်း ရှုပ်ထွေးမှု အခွင့်အရေးကို ယူ၍ ထိုးစစ်များ ဆင်ရာ ၁၉၆၈ ၏ ဧပြီလ ၁၆ ရက်နေ့တွင် ကွန်မြူနစ် ပါတီမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျသည် ပြည်-သာယာဝတီ နှစ်ခုကြားတွင် တာဝန်ထမ်းဆောင်ရင် ကျဆုံးခဲ့လေတော့သည်။ ဂိုရှယ် ကဲ့သို့ အိန္ဒိယသား ပါတီတည်ထောင် ကတည်းက ပါလာသူ တစ်ဦးဖြစ်သော ဒေါက်တာနတ် မှာလည်း ၁၉၆၈ ၌ပင် ဖြူးမြို့နားရှိ ပဲခူးရိုးမ တောထဲတွင် ကျဆုံးခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့သည်၊ ၁၉၆၃ နောက်ပိုင်းမှ တောခိုလာသည့် ကျောင်းသား ခေါင်းဆောင်များကိုပါ သေဒဏ်ပေး ခဲ့သည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီမှာ လူထု ရှေ့တွင် နာမည် ပျက်ခဲ့လေတော့သည်။ ထို့ကြောင့် အစိုးရကို လက်မခံနိုင်သည့် ကျောင်းသား လူငယ်များမှာ ဗမာပြည် ကွန်မြူနစ် ပါတီကို သွားရောက် ခိုဝင်သင့်သည့် အဖွဲ့အစည်းဟု အယုံအကြည် မရှိကြတော့ပဲ တိုင်းရင်းသား နယ်မြေများကိုသာ သွားရောက်ခဲ့ကြ သည်ကို ၈၈၈၈ အရေးအခင်းမှ တောခို ကျောင်းသားများ၏ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ကွန်မြူနစ် ပါတီ ကိုယ်၌လည်း အဆိုပါ လမ်းစဉ်ကြောင့် အမာခံ ပါတီဝင် ၁၀၀ ခန့် ဆုံးရှုံးခဲ့ရလေသည်။ သခင်သန်းထွန်း ကျဆုံးခြင်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ၏ ၂၄ ရက်နေ့တွင် တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးများကို ခုခံ ဆုတ်ခွာရင်း (နောင်အခါ တပ်မတော်သို့ အလင်းဝင်သွားသော) သူ့ ကိုယ်ရံတော် မြကြီး၏ လုပ်ကြံမှုကို ခံလိုက်ရသည်။ ထိုသို့လုပ်ကြံသူ မြကြီးသည် အစိုးရကစေလွှတ်ထားသော ထောက်လှမ်းရေးဟု ပြောဆိုမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ မြန်မာ့သမိုင်းတွင် အထူးချွန်ဆုံး နိုင်ငံရေးသမားများ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်၍ အကြီးကျယ်ဆုံး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနီးပါးမျှ နိုင်ငံရေး နယ်ပယ်တွင် လွှမ်းမိုးနိုင်ခဲ့သော သခင်သန်းထွန်းသည် လွပ်လပ်ရေး တိုက်ပွဲ အဆင့်တိုင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်း တွင် သူ၏ ပုံရိပ်များ ချန်ထားခဲ့ကာ အသက် ၅၇ နှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ စတုတ္ထမြောက် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေရင်း ကျဆုံးသွားခဲ့သည်။ အရှေ့မြောက်တိုင်း စစ်ဒေသ တရုတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တို့၏ ဆက်ဆံရေး အဆင်မပြေမှုက တရုတ် အစိုးရအား ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီ အာဏာမရခင် ကတည်းက ကွန်မြူနစ် ပါတီချင်း ကူညီရေး မူကို ပြန်လည် ဖော်ဆောင်၍ အတိအလင်း ကူညီလာစေရန် ဖန်တီးလာခဲ့သည်။ ရလဒ်အဖြစ် ကူညီရန် သဘောတူကြပြီး နောက်နှစ်တွင် ကရင့် တော်လှန်ရေးနှင့် ပူးပေါင်းခဲ့သော အစိုးရ ကချင် ရိုင်ဖယ် တပ်ရင်း ၁ ၏ ဗိုလ်မှူး နော်ဆိုင်းနှင့် သူ၏ တပ်သား ၃၀၀ သည် တရုတ်ပြည်တွင်း ခိုဝင်ခဲ့ကြသည်။ နယ်မြေချဲ့ထွင်ခြင်း ထို့နောက် ၁၉၆၈ ခုနှစ်၏ နှစ်သစ်ကူးနေ့တွင် ရှမ်းပြည်နယ်သို့ ပြန်ဝင်လာခဲ့ကာ နယ်မြေအချို့ကို သိမ်းပိုက်၍ အရှေ့မြောက် စစ်ဌာန၏ စစ်ဒေသ ၃၀၃ ဟု သတ်မှတ်လိုက်သည်။ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်မှလည်း နယ်မြေများ တိုက်ခိုက် သိမ်းပိုက်၍ စစ်ဒေသ ၄၀၄ ကိုလည်း ဆက်လက် တည်ထောင်ခဲ့ပြန်သည်။ မြောက်ဘက်တွင်မူ စစ်ဒေသ ၂၀၂ကို ရွှေလီမြစ် တလျှောက်တွင် သတ်မှတ်လိုက်သည်။ သို့သော် စစ်ဒေသ ၁၀၁ အဖြစ် တိုင်ရင်း နှင့် ဇလမ်းတို့ကို ကချင် လွတ်မြောက်ရေး အဖွဲ့ ကွဲထွက်သောအခါ ခက်ခဲစွာ သိမ်းယူ ရရှိသည်။ ထို့နောက် တောင်ဘက် နယ်စပ်အတိုင်း တောက်လျှောက် ဆက်လက် သိမ်းပိုက်ရာ ၁၉၇၀ ၏ မလတ် ၂၈ ရက်နေ့၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တော်လှန်ခြင်း နှစ်ပတ်လည် နေ့တွင် ကြူကုတ်ကို သိမ်းယူရရှိပြန်သည်။ ထို့နောက် ၀ တောင်တန်း၏ မြောက်ဘက်ခြမ်းမှ မောင်းမူ ကို မေလ ၁ ရက်နေ့တွင် ရရှိသည်။ လူထုအုံကြွမှု၏ နှစ်ပတ်လည် ၁၉၇၁၏ မတ်လတွင် ပြည်သူ့အသံ ကို တရုတ်နိုင်ငံ အတွင်းမှ စတင် ထုတ်လွှင့်နိုင်ခဲ့သည်။ စင်ပြိုင် ပေါ်ပေါက်လာသော တပ်များ ထို့နောက် အခြား စင်ပြိုင် တပ်များ အနေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထောက်ခံကူညီသော စစ်ဘုရင် လော်ဆစ်ဟန် နှင့် သူ၏ ကာကွယ်ရေး တပ်၊ ရှမ်းပြည်နယ် တပ်မတော်မှ ထောက်ခံ ကူညီသော စော်ဘွား မိသားစုမှ ဂျင်မီရန်း ခေါင်းဆောင်သော တပ်တို့ အလျှိုလျှို ပေါ်လာကြသည်။ နောက်ပိုင်းတွင် သုံးနှစ် အထိမ်းသိမ်းခံထားရ ရာမှ လွတ်မြောက် လာသော ဦးနုတို့ ၁၉၆၉ တွင် ထိုင်းနိုင်ငံ၌ တည်ထောင်သော ပါလီမန် ဒီမိုကရေစီ ပါတီမှ ပံ့ပိုးသော ပြည်ချစ် တပ်များလည်း ပေါ်ပေါက် လာကြပြန်သည်။ တိုင်းရင်းသား ပြဿနာ ဗမာပြည် ကွန်မြူနစ် ပါတီအတွက်မူ အခြား ဗမာလူမျိုးများသာ ဦးဆောင်သော ဖဆပလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ကဲ့သို့ တိုင်းရင်းသား များနှင့် ပတ်သက်၍ လူမျိုးရေး ပြဿနာများ ရှိနေခဲ့သည်။ ပါတီသည် ပါတီ၏ တော်လှန်ရေးအား အမျိုးသား ဒီမိုကရက်တစ် တော်လှန်ရေးကြီး တစ်ခုအဖြစ် မြေရှင်စနစ်၏ ဖိနှိုပ်မှု၊ နယ်ချဲ့စံနစ်နှင့် တပ်မတော် ဗျူရိုကရက်တစ်အရင်းရှင် စံနစ်တို့ကို လက်နက်ကိုင် တော်လှန်၍ ပြည်သူ့ ဒီမိုကရေစီကို ရရှိရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။ အခြား တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည်လည်း အလုပ်သမားနှင့် ဆင်းရဲသား မဟာမိတ်များနှင့် ပူးပေါင်းကာ အခြေခံလူတန်းစား ပစ္စည်းမဲ့ ခေါင်းဆောင်မှု ရှိသော ဗမာပြန် ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင်မှု အောက်တွင် ကြိုးပမ်းရမည်ဟု ယုံကြည်သည်။ တိုင်းရင်းသား တော်လှန်သူများမှာ ဖက်ဒရယ် စနစ်ကို ရှေ့တန်းမတင်သော ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းနေရခြင်းကို မေးခွန်းထုတ်လာ ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ၁၉၆၈ မှစတင်ကာ တရုတ်ပြည်ကို သွား၍ အကူအညီ အထောက်အပံ့များ တောင်းဆိုသော အခါ တရုတ် အစိုးရမှ အတင်း ဖိအားပေး၍ ကွန်မြူနစ် ပုန်ကန်မှုနှင့်သာ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။ အကူအညီ အထောက်အပံ့များသည် ဗမာပြည် ကွန်မြူနစ် ပါတီမှသာ တစ်ဆင့် ရခဲ့ကြပြီး စစ်သင်တန်းများပါ ပေးခဲ့သောအခါ အယူဝါဒပိုင်း ဆိုင်ရာတွင်လည်း လွှမ်းမိုးမှုများ ရှိလာခဲ့သည်။ နောက်ပိုင်းတွင် တိုင်းရင်းသား တပ်များထဲ၌ ကွန်မြူနစ် ထောက်ခံသော တပ်များနှင့် ကွန်မြူနစ် ဆန့်ကျင်သော တပ်များဟူ၍ ကွဲထွက်လာကြသည်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၁၉၇၃ တွင်မူ ၀ နယ်မြေမှ ပန်ဆန်း နယ်စပ်ရွာတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တည်ထောင်သည်။ လာအို နိုင်ငံနှင့် ကပ်လျက်ရှိသော နယ်မြေအား ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ၈၁၅ စစ်ဒေသဟု အမည်ပေးခဲ့သည်။ ရှမ်းပြည်နယ် တပ်မတော်၏ အင်အား ၁၀၀၀ မျှ ရှိသော ဗိုလ်ခွန်မြင့် ဦးဆောင်သည့် တပ်က လာရောက် ပူးပေါင်း၍ ကျိုင်းတုံ နယ်မြေတွင် တပ်မ ၁၇၈ ကို တည်ထောင်သည်။ တောင်ကြီး၏ မြောက်ဘက်ကို စစ်ဒေသ ၁၀၈ အဖြစ် ထိမ်းချုပ်ထားရန် စီမံကိန်းတွင်တော့ တပ်မတော်၏ ၁၉၆၉-၇၀ တိုက်စစ်များကြောင့် ရှမ်းပြည်နယ် တပ်မတော် ဗိုလ်မှူး စိုးမောင်နှင့် ပြည်သူ့ရဲဘော် အဖွဲ့ဝင် သခင်တင်ထွန်းတို့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည်။ ဖြတ်လေးဖြတ် အရှေ့မြောက်တိုင်း စစ်ဌာန၏ အခြေခံ နည်းဗျူဟာပိုင်းဆိုင်ရာ ရည်ရွယ်ချက်မှာ ပါတီ၏ ပင်မ ဌာနချုပ် ဖြစ်သည့် မြန်မာပြည် အလယ်ပိုင်းနှင့် တရုတ် နိုင်ငံနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်မည့် မြန်မာပြည် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ကချင် လွပ်လပ်ရေး အဖွဲ့မှ ပုန်ကန်သည့် အစိတ်အပိုင်းများ၊ ရှမ်းပြည်နယ် တပ်မတော်မှ ပုန်ကန်သည့် အစိတ်အပိုင်းများ နှင့် မြန်မာ့ တပ်မတော်တို့၏ ထိုးစစ်များကြောင့် ဆက်သွယ်ထားရန် ခက်ခဲလာခဲ့ပေသည်။ သို့သော် ရရှိသော အထောက်အပံ့ဖြင့် ကွန်မြူနစ် ပါတီသည်၊ တိုက်တိုင်းအောင် တပ်ရင်း ၇ရင်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ပဲခူး ရိုးမ၊ အနောက်မြောက်တိုင်း စစ်ဌာနနှင့် ရခိုင် ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ တပ်မတော်က ထိုကဲ့သို့ ကွန်မြူနစ် ပါတီ၏ လူအင်အား ဖြည့်တင်းနေမှုများနှင့် အသစ်ပေါ်လာသော အရှေ့မြောက် စစ်ဒေသကို တုံ့ပြန်ရန် မြန်မာပြည် အလယ်ပိုင်းရှိ ကွန်မြူနစ်ပါတီကို ဗဟိုပြု၍ လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ များအား အစိုးရဖက်မှ စစ်ဆင်သော စစ်ဆင်ရေးကြီး ပြုလုပ်သည်။ ရိက္ခာဖြတ်၊ အထောက်အပံ့ဖြတ်၊ သတင်း အချက်အလက် ဖြတ်တောက်ရေးနှင့် လူသစ် စုဆောင်းရေး ကို မလုပ်နိုင်အောင် ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များအား လူထု၊ ကျေးရွာများနှင့် အဆက်ဖြတ်ပစ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ အနီရောင် နယ်မြေများမှ လွတ်မြောက်သွားသော အရပ်သားများတွင်လည်း အခြားနေရာသို့ ရွှေ့ပြောင်း ထွက်ခွာခွင့်၊ ပြန်လည် တိုက်ခိုက်ခွင့် (သို့) တပ်မတော်သို့ ဝင်ရောက်ခွင့်တို့ ရှိလာကြသည်။ တပ်မတော်၏ အစီအစဉ်သစ်များ နိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းများတွင်လည်း အဖြူရောင်၊ အညိုရောင်၊ အနက်ရောင် နယ်မြေဟူ၍ လက်နက်ကိုင် အတိုက်အခံများ ထိမ်းချုပ်မှု ပမာဏနှင့် သတ်မှတ်သည်။ ထို့နောက် အခြား နယ်မြေများတွင် သတ်မှတ်နယ်မြေပြင်ပ တွင် တွေ့ရှိရသော မည်သည့် ရွာသားကို မဆို အမေးအမြန်းမရှိ ပစ်ခတ်ခွင့်ရှိသည့် လုံခြုံရေး စည်းကျပ် နယ်မြေများ အဖြစ် တပ်မတော်က သတ်မှတ်ခဲ့သည်။ ကျေးရွာများတွင် ပြည်သူ့စစ် များကို ဖွဲ့စည်းထားကာ စစ်တပ်ကိုလည်း ရွာတိုင်းတွင် စခန်း ချထားသည်။ ထို့နောက် ကွန်ယက်သဖွယ် ကင်းစင်များ တည်ဆောက်ထားကာ မပြတ် ကင်းလှည့်နေစေသည်။ တပ်မတော်၏ အထက်ပါ အစီအစဉ်များသည် ဗမာပြည် ကွန်မြူနစ် ပါတီိအပေါ် အတော်အတန် ထိရောက်မှု ရှိခဲ့သည်။ အထောက်အပံ့နှင့် တပ်သားသစ်များ ပြတ်တောက်လျက် ရှိသော လက်နက်ကိုင် အတိုက်အခံများကို တိုက်ခိုက်ရန် တပ်မတော်မှ အထူး တိုက်ခိုက်ရေး တပ်စုသစ် အနေနှင့် နယ်မြေခံ တပ်ရင်းမဟုတ်သော စစ်ဌာနချုပ်မှ တိုက်ရိုက် ခန့်ခွဲသည့် ခြေမြန်တပ်မ (သို့) အပေါ့စား ခြေလျင်တပ် များကို အသုံးပြုခဲ့သည်။ ပထမဆုံး အသုံးပြု တိုက်ခိုက်မှု အနေနှင့် ၁၉၆၆ ခုနှစ်တွင် ခြေမြန်တပ်မ ၇၇၊ ထို့နောက် ၁၉၆၇-၆၈ တွင် ၈၈နှင့် ၉၉ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ မြန်မာပြည် အလယ်ပိုင်းမှ ဆုတ်ခွာခြင်း ၁၉၆၈၏ နှစ်သစ်ကူးနေ့တွင် ဖြတ်လေးဖြတ်၏ ပထမအဆင့် တိုက်ခိုက်မှုများကို ခြေမြန်တပ်မ ၈၈ ကို ဖြန့်ကျက်ခြင်းဖြင့် စတင်သည်။ ထို ၈ နှစ်အတွင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမမှ တပ်များမှာ များပြားစွာ ကျဆုံးခဲ့ကာ တောင်များတွင် လူ နေထိုင်မှု မရှိတော့သလောက် ဖြစ်သွားခဲ့သည်။ တပ်မတော် ဖြတ်လေးဖြတ်၏ နောက်ဆုံး စစ်ဆင်ရေး ဖြစ်သော အောင်စိုးမိုး စစ်ဆင်ရေး တွင် ဗမာပြည် ကွန်မြူနစ် ပါတီကို မြန်မာပြည် အလယ်ပိုင်းမှ လုံးဝ မောင်းထုတ် နိုင်ခဲ့လေတော့သည်။ ၁၉၇၅ ခုနှစ်၏ မတ်လ ၁၅ ရက်နေ့တွင် သခင်ဇင်နှင့် သခင်ချစ် တို့မှာ ခြေမြန်တပ်မ ၇၇ ၏ ဝိုင်းရံ ပိတ်ဆို့ခြင်း ခံနေရစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ၏ တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၆၀ ခန့်ရှိကြပြီ ဖြစ်သည်။ ပြန်လည် ဖွဲ့စည်းခြင်း ခေါင်းဆောင် အသစ်အနေနှင့် ၁၉၇၅ မေလတွင် ဥက္ကဋ္ဌအဖြစ် ၁၉၄၆ ခုနှစ်ကတည်းက ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့်၊ ဒုဥက္ကဋ္ဌ ဖြစ်နေခဲ့သော တရုတ် နိုင်ငံ အခြေပြု ခေါင်းဆောင် သခင်ဗသိန်းတင် ကို ခန့်အပ်သည်။ သခင်ဖေတင့်နှင့် မော်စကိုမှ သင်တန်းပေးထားသော ခင်မောင်ကြီးတို့ကို ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်သည်။ သခင်ဗသိန်းတင်ကလည်း ပြန်လည်ပြင်ဆင်ရေး ဝါဒကို ဆန့်ကျင်သည့် လမ်းစဉ်ကိုပင် ကြေညာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ပစ္စည်းမဲ့ တိုက်ပွဲ ဖြင့် နယ်ချဲ့ တစ်ပိုင်း ဖြစ်နေသော တိုင်းပြည်ကို ဆက်လက် တိုက်ခိုက်ရဦးမည်။ သို့သော် အလုပ်သမားနှင့် အခြေခံလူတန်းစား မဟာမိတ်များနှင့် မြို့နေဓနရှင်၊ အမျိုးသား အရင်းရှင် များ၊ တိုးတက်သော ဒီမိုကရက်များနှင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော မဟာမိတ်များနှင့် လက်တွဲ တိုက်သွားမည်ဟု ကြေညာသည်။ ဗိုလ်မှူးချုပ် ကျော်ဇော ကွန်မြူနစ် ပါတီနှင့် လာရောက် ပူးပေါင်း တောခိုခြင်း ၁၉၇၆ ၏ ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ အတွက် ထူးထူးခြားခြား တစ်ပန်းသာမည့် ဝါဒဖြန့်ချိရေး စစ်ဆင်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ တပ်မတော်၏ တရုတ်ဖြူနှင့် တိုက်ပွဲ၊ ကရင် အမျိုးသား ယူနီယံနှင့် တိုက်ပွဲတို့တွင် ထိပ်တန်း စစ်ဆင်ရေးမှူးကြီး ဖြစ်ခဲ့သော ဗိုလ်မှူးချုပ် ကျော်ဇော သည် သူ၏ မိသားစုနှင့်တကွ ပန်ဆန်းမြို့သို့ ထွက်ခွာလာကာ ပြည်သူ့အသံမှ ဗိုလ်ချုပ်ကြီးနေဝင်းအား အပြင်းအထန် တိုက်ခိုက်နိုင်လိုက်သော အသံလွှင့်ချက်ကို ဗမာ့ ပြည်သူ့အသံမှ အသံ လွှင့်နိုင်ခဲ့သည်။ ဗိုလ်မှူးချုပ် ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ဗမာ့ လွပ်လပ်ရေး တပ်မတော် ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးနေဝင်းအား တပ်မတော်မှ ထုတ်ပယ်ရန် စဉ်းစားခဲ့ကြသည့် အတွင်းရေးများကို ဖွင့်ချကာ တပ်မတော် စစ်သည်များအား... သင်တို့သည် "အာဏာရူး နေသည့် ဘုရင်ဗိုလ်နေဝင်း၏ လက်ပါးစေ လူသတ်သမားများသာ ဖြစ်နေသည်"ဟု ထောက်ပြခဲ့သည်။ ပြန်လည် ထိုးစစ်ဆင်ခြင်း အရှေ့မြောက်ပိုင်း ဒေသအပြင် ဗမာပြည် ကွန်မြူနစ် ပါတီသည် အနောက် မြောက်ပိုင်း ရခိုင်ပြည်နယ် နှင့် တောင်ပိုင်း တနင်္သာရီ တိုင်းတို့တွင် ထိမ်းချုပ်ထားနိုင်မှု ရှိနေသေးသည်။ သခင်ဗသိန်းတင်သည် အဆိုပါ ကျန်ရှိနေသော တပ်များရှိသည့် အနောက်ပိုင်းကို ဦးတည်တိုက်ကာ ရှမ်းကုန်းပြင်မြင့် အနောက်ဘက်စွန်းမှ ပြောက်ကျား စခန်းများနှင့် ဆက်စပ်မိ အောင် လုပ်ရန် "၇၅၁၀ အစီအစဉ်"ကို ၁၉၇၅ တွင် ရေးဆွဲသည်။ ပထမဆုံး တိုက်ခိုက်မှုသည် သံလွင်မြစ်မှ တန်ယန်းဒေသ အထိကို ဇွန်လတွင် ခြေမြန်တပ်မ ၉၉ မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်အင်အား အတော်များများ ကျဆုံးခဲ့သည် အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အောင်မြင်ခဲ့သည်။ ၁၉၇၅ နှောင်းပိုင်းတွင် ကွန်မြူနစ် ၈၁၅ တပ်မက တပ်မတော် ၈၈ ခြေမြန်တပ်မကို မိုင်းယောင်းနယ်တွင် လာအို နယ်စပ် တစ်လျှောက်ရှိ တောင်တန်းများကို ထိန်းချုပ်နိုင်ရန် အတွက် အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ နောက်နှစ်တွင် ရှမ်း တပ်သားများနှင့် တပ်မ ၇၆၈ကို ဖွဲ့စည်း၍ အရှေ့ ရှမ်းပြည်နယ် တပ်မတော်မှ စစ်နယ်မြေ တစ်ခုတွင် စခန်းချသည်။ အခြား တပ်မတစ်ခုမှာ ရွှေလီမြစ်ကို ဖြတ်၍ ရွှေဘို မြို့ကို ချီတက်ရန် ကြိုးစားသည်။ တပ်မ ၆၈၃မှာမူ တပ်မဟောင်း ၁၀၈ ရှိခဲ့ရာ မန္တလေး၏ မြောက်ဘက်ဒေသကို ဆက်လက် ထိုးဖောက်နေသည်။ တပ်မတော် တစ်ပန်းသာလာခြင်း ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ဖြတ်လေးဖြတ် စီမံကိန်းကို အနောက်မြောက် ဒေသနှင့် ရခိုင်ပြည်နယ်သို့ ဆက်လက် တိုးချဲ့ နေသည်။ ထိုအချိန်တွင် ဗမာ့ ရိုင်ဖယ် တပ်ရင်းအရာရှိဟောင်း ဗိုလ်သက်ထွန်းက ချင်းအမျိုးသား များနှင့် ဗမာ အမျိုးသားများ ပါဝင်သော ဗမာပြည် ကွန်မြူနစ် ပါတီ၏ အနောက်မြောက်တိုင်း စစ်ဌာနကို ကွပ်ကဲသည်။ ၁၉၈၀ ၏ ဇူလိုင်လတွင် ခြေမြန်တပ်မ ၆၆မှ တောင်တန်းများကို ဝင်ရောက်ရှင်းလင်း ပြီးသည့် နောက်ပိုင်းတွင် ဗိုလ်သက်ထွန်းနှင့် သူ၏ တပ် အကျွင်းအကျန်ကို ဖမ်းဆီရရှိကာ ဖိအားပေး အလင်းဝင်စေခြင်းဖြင့် အနောက်မြောက်တိုင်း စစ်ဌာန အဆုံးသတ်သည်။ တပ်မတော်၏ ပင်မ စစ်ဆင်ရေးကြီးသည် ၁၉၇၉ ခုနှစ်၏ နိုဝင်ဘာလတွင် သံလွင် အရှေ့ပိုင်းမှ ပန်ဆန်းမြို့ကို အပေါ်စီးမှ မြင်နေရသော ၃၀ ကီလိုမီတာ အဝေးမှ တောင်ကုန်းများကို သိမ်းပိုက်ခြင်းဖြင့် စတင်သည်။ ၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှာ အဓိက စစ်ဆင်ရေး နှစ်ခုနှင့် တွေ့ကြုံရကာ တောင်ပိုင်း ၂၅၀ မိုင်ခန့် အကွာမှ မူဆယ်နှင့် မုံယောင်း တို့ကို လက်လွှတ်ရသည်။ နှစ်ဖက်စလုံးမှ အကျအဆုံး များကြသော်လည်း တိကျသော အဖြေ မပေါ်ပဲ ဆက်လက် တောင့်ခံထား ကြသည်။ တရုတ် ကွန်မြူနစ် ပါတီ၏ အထောက်အပံ့ ရပ်တန့်ရန် နီးကပ်လာခြင်း ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီမှ ၁၀ နှစ်တာ ကူညီထောက်ပံ့သည့် ကွန်မြူနစ် ပါတီခြင်း ကူညီရေး သဘောတူညီမှု ကလည်း ကုန်ဆုံးချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သံလွင်၏ အနောက်ပိုင်းရှိ စခန်းများမှာ ထောက်ပံ့ရန် အလွန် အလှမ်း ကွာဝေးလွန်းသည်သာ မက ခုခံကာကွယ်ရန်လည်း ခက်ခဲလာသည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီမှာ စိတ်ဓာတ်သာ ရှိတော့သော်လည်း စစ်ရေးတွင်မူ ဗမာ့တပ်မတော်ကို ဆက်လက် ထိုးစစ်ဆင်ရန် ခက်ခဲလာ ပေတော့သည်။ အရှေ့မြောက် စစ်ဒေသရှိ ဘိန်းဘုရင်များ ကိုးကန့်နှင့် ဝနယ်များကိုသာ အဓိက အုပ်ချုပ်နေရ သောအခါ ဗမာပြည် ကွန်မြူနစ် ပါတီ သည် အစိုးရ အဆက်ဆက်က တွေ့ကြုံလာခဲ့သော ဘိန်းဖြူ ကူးသန်းရောင်းဝယ်မှု ပြဿနာနှင့် တိုက်ရိုက် တွေ့ကြုံလာရသည်။ လော်ဆစ်ဟန်နှင့် ခွန်ဆာတို့၏ မြန်မာ့ တပ်မတော်မှ ထောက်ပံ့အားပေး တည်ထောင်သော တပ်များလည်း ဘိန်းကုန်ကူးရာတွင် ပါဝင်ကြသည်။ ၁၉၇၀ အစပိုင်းတွင် ဗမပြည် ကွန်မြူနစ် ပါတီမှ ဘိန်းပင်များကို ဖျက်ဆီးသည့် စီမံကိန်းများ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘိန်းပင်များ၏ အမြတ်မှ ၂၀% အခွန်ကောက်၍ စည်းကမ်း တင်းကြပ်မှုကို လျှော့ချကာ တရုတ်ပြည်၏ အထောက်အပံ့မရရှိ တော့သောကြောင့် လျော့နည်းလာသော ပါတီ စရိတ်ကို ကျားကန်နိုင်ရန် ကြိုးပမ်းခဲ့ကြရသည်။ နယ်မြေခံ ဘိန်းဘုရင်များကို ထိမ်းချုပ်ထားကာ ပါတီကို အားပြု ထောက်ပံ့နေရခြင်းသည် မော် ဝါဒကို လက်ကိုင်ထားသော ပါတီ တစ်ခု အနေနှင့် နိုင်ငံရေးအရ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ၁၉၈၅ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တတိယ ကွန်ဂရက်တွင်မူ ဘိန်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက်သော ဥပဒေကို မိတ်ဆက်သည်။ ပါတီဝင်များ အနေနှင့် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်ခွင့် မရှိ၊ လက်ကား ရောင်းဝယ် ဖောက်ကားသော မူးယစ်ဆေး ရောင်းဝယ်သူ ကုန်သည်များကို သေဒဏ်ပေးမည်ဟူသည့် ဥပဒေဖြစ်သည်။ ထိုဥပဒေသည် ၁၉၈၉ တွင် ပါတီကို လုံးဝ မရပ်တည်နိုင် တော့သည်အထိ ဖြစ်ခဲ့သော တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့ရသည့် အကြောင်း တစ်ချက်ပင် ဖြစ်ခဲ့သည်။ ပါတီ လမ်းစဉ်သစ်များ ၁၉၇၈၏ နိုဝင်ဘာလတွင် ပန်ဆန်း၌ ကျင်းပသော ပေါလစ်ဗျူရို အစည်းအဝေးတွင် သခင်ဗသိန်းတင်က နိုင်ငံရေး အစီခံချက် ကို တင်ပြသည်။ ထို အစီရင်ခံချက်ကို ဗဟို ကော်မတီက ၁၉၇၉ တွင် အတည်ပြုသည်။ ထို အစီရင်ခံချက်သည် ပါတီ၏ ၁၉၈၅ ပါတီ၏ တတိယ ကွန်ဂရက်တွင် ထုတ်ပြန်သည့် ပါတီ၏ ရည်မှန်းချက်များ၏ အခြေခံပင် ဖြစ်သည်။ တတိယ ကွန်ဂရက်သည် ရန်ကုန်တွင် ကျင်းပခဲ့သော ပါတီဝင် ၅၀၀၀ ခန့်သာ ရှိနေစဉ်တွင် ၁၇၀ သာ တက်ရောက်ခဲ့သော ဒုတိယ ကွန်ဂရက်နှင့် နှစ် ၄၀ ခြားသည်။ ထို အစီရင်ခံချက်မှ အချက်များမှာ... ပါတီတွင် ပေါ်ပေါက်ခဲ့သော ၁၉၅၅ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်နှင့် ၁၉၆၄ ပါတီတွင်း တော်လှန်မှု လမ်းစဉ်တို့ကို ပါတီ၏ လမ်းစဉ် အမှားများ အဖြစ် တင်ပြသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အုပ်စိုးသော မြန်မာနိုင်ငံသည် နယ်ချဲ့၊ မြေရှင် ပဒေသရာဇ် နှင့် ဗျူရိုကရက်တစ် အရင်းရှင် နိုင်ငံ အဖြစ် သတ်မှတ်လိုက်သည်။ လက်နက်ကိုင် တော်လှန်ရေး၏ အဓိက အတွေးအခေါ်ကို မတ်စ်-လီနင်-မော် ဝါဒဟု ထားရှိရင်း တရုတ်ပြည်၏ အောင်မြင်မှုကို နမူနာယူမည်။ ဆိုဗီယက်တို့၏ ဆိုရှယ်လစ် နယ်ချဲ့ဝါဒနှင့် ဗီယက်နမ်နိုင်ငံ တို့၏ ဝါဒများမှာ အမေရိကန် နယ်ချဲ့ ဝါဒကို ခုခံနိုင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ခမာရု အစိုးရ တက်လာသည့်အခါတွင် ထောက်ခံခဲ့၍ ဗီယက်နမ် အစိုးရကိုပါ စာရေး၍ ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ပြည်ကို ဗမာပြည် ကွန်မြူနစ် ပါတီနှင့် မနီးစပ်စေရန် ဦးအောင် သွားရောက်ခဲ့သကဲ့သို့ ဖနွမ်းပင်ကို ခမာရုအစိုးရ လက်ထက်တွင် ပထမဆုံး သွားရောက် လည်ပတ်ခဲ့သည့် အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ အထွေထွေ လမ်းစဉ် ပါတီ၏ အထွေထွေလမ်းစဉ်ကို နှစ်၃၀ လက်နက်ကိုင် တော်လှန်ရေး၏ အတွေ့အကြုံကို အခြေခံ၍ ဆွဲသားနိုင်ခဲ့သည်။ တယူသန် အုပ်စုခွဲဝါဒ (sectarianism)၊ လက်ဝဲ နှင့် လက်ယာ သွေဖည်ရေးဝါဒ (leftist and rightist deviationism) တို့အား သတိပေးဆန့်ကျင်သည်။ ပါတီ၏ အခြေခံမူကို ကမ္ဘာ့ အခင်းအကျင်း ပြောင်းလဲမှုနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်သည်။ ပါတီ တည်ဆောက်မှု အသစ်၊ စစ်ရေးနှင့် စိုက်ပျိုးရေးတို့ကို သင်ယူရရှိသည်။ လျာထားချက် မပြည့်မှီမှုများ ပါတီဝင် စုဆောင်းရေး အနေနှင့် အနည်းဆုံး ရွာတစ်ရွာမှ ပါတီဝင် တစ်ဦးရရှိရန် စည်းရုံးမည် ဟူသည့် ၁၉၆၄ ဆုံးဖြတ်ချက်ကို ပြည့်မီအောင် မဖြည့်ှဆည်းနိုင်ခဲ့ခြေ။ ခံစစ်လိုင်း အသစ်သည် ဗျူဟာပိုင်းဆိုင်ရာ ကာကွယ်ရေး ဖြစ်သင့်ခဲ့သော်လည်း ပါတီက အားနည်း၍ ရန်သူက အင်အား ကြီးမားနေခဲ့သည်။ ဗမာပြည်သည် ခေတ်နောက်ပြန်ဆွဲသော ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်းနိုင်ငံ ဖြစ်သောကြောင့် မညီမျှသော နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများ ရှိနေခဲ့သည်။ ထို့ကြောင့် မြေယာတော်လှန်ရေး၏ လယ်လုပ်သူ လယ်ပိုင်ရေး ဆောင်ပုဒ်သည် ပြည်သူတို့၏ စစ်ပွဲ၌ အခြေခံ ဖြစ်နေသေး၍ အနီရောင် အုပ်စိုးသည့် နယ်မြေများက မြို့များကို ဝိုင်းထားနိုင်ရန် လိုအပ်သေးသည်။ ရုရှ အောက်တိုဘာ တော်လှန်ရေးကို နမူနာယူသည့် လမ်းစဉ်ကို နမူနာ မယူတော့ပဲ "သပိတ်စုံ သူပုန်ထ" လမ်းစဉ်ကိုသာ ဖန်တီးရန်ဖြစ်သည်။ လွတ်ငြိမ်းချမ်းသာခွင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဗမာပြည်သည် ၁၉၇၉ ဟာဗားနား ဆိုဗီယက်နှင့် ဗီယက်နမ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုမှ နုတ်ထွက်ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဟွန်ဟွာသည် ရန်ကုန် မြို့တော်သို့ လာရောက် လည်ပတ်သည်။ ဗိုလ်ချုပ်နေဝင်းက ၁၉၈၀ တွင် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ကြေညာခဲ့ရာ ထိုင်းနိုင်ငံ အခြေစိုက် ပြည်သူ့ ဒီမိုကရက်တစ် ပါတီမှ ဦးနုတို့ ပြန်ဝင်လာကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီကမူ မုံယောင်းမှ တိုက်ခိုက်မှု တစ်ခုနှင့် တုံ့ပြန်သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ဖျက်ပြီးနောက်မှ စက်တင်ဘာ လတွင် ဆွေးနွေးရန် သဘောတူသည်။ ပထမဆုံး ဆွေးနွေးပွဲမှာ ဘေဂျင်းတွင် ကျင်းပသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ကချင် လက်နက်ကိုင်များနှင့် ဆွေးနွေးမှု တစ်ဝက်တွင် တရုတ်ပြည်ကို ရန်ကုန်မှ ထွက်ခွာလာခဲ့ကာ သခင်ဗသိန်းတင်နှင့် လာရောက် ဆွေးနွေးသည်။ ဒုတိယ ဆွေးနွေးပွဲတွင်မူ ကွန်မြူနစ်အတွက် သခင်ဖေတင့်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဖက်မှ ဗိုလ်မှူးအေးကိုတို့က မေလတွင် လားရှိုးမြို့၌ ဆွေးနွေးခဲ့ကြသည်။ မဖြစ်နိုင်သော တောင်းဆိုချက်များ ဗိုလ်မှူးအေးကိုဖက်မှ တောင်းဆိုမှုများမှာ... ၁။ ဗမာပြည် ကွန်မြူနစ် ပါတီကို ဖျက်သိမ်းရမည်။ ၂။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင်တပ် ဖြစ်သော ပြည်သူ့ တပ်မတော်ကို ဖျက်သိမ်းရမည်။ ၃။ ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက်ထားသော လွတ်မြှောက်ဒေသများကို လက်လွှတ်ရမည်။ ဟူ၍ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဗမာပြည်အား တစ်ပါတီစံနစ်ဖြင့်သာ ဦးဆောင်မည် ဖြစ်သဖြင့် အခြား ပါတီ အားလုံး ဖျက်သိမ်းရမည် ဟူသည့် အပိုဒ် ၁၁ ကို ထောက်ပြ ပြောဆိုခြင်း ဖြစ်လေသည်။ ထို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည်လည်း မေလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဖက်မှ အဆုံးသတ်သည်။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့်အပစ်အခတ် ရပ်စဲရေး ကာလကို မေလ ၃၁ ရက်နေ့ အထိ သတ်မှတ်၍ ဗမာပြည် ကွန်မြူနစ် ပါတီနှင့်မူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရှိခဲ့ပါ။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ဗမာပြည် ကွန်မြူနစ် ပါတီ၏ ရေဒီယိုလိုင်း ပြည်သူ့အသံ ကမူ ပြည်တွင်းစစ်ကို ရပ်စဲ၍ ပြည်တွင်း စည်းလုံး ညီညွတ်မှုနှင့် ပါတီပြိုင် စံနစ်ကို ထောက်ခံကာ ဒီမိုကရေစီကို တည်ဆောက်သည့် ဖက်ကို စတင် ထုတ်လွှင့်စ ပြုလာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ထိုအချိန်တွင် အရှေ့မြောက်ဒေသတွင် အင်အား ၁၅၀၀၀ ခန့် ရှိနေသေးသည်။ တပ်မတော်ကလည်း ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်သည့် ထိုးစစ်ကြီး နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ပြန်လည် ထိုးစစ်များ ဆင်ရာ ကျိုင်းတုံ-တန်ယန်း ဧရိယာတွင် ရာပေါင်းများစွာ ကျဆုံးသည်။ သို့သော်လည်း ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက် နိုင်ခဲ့ခြင်းတော့ မရှိပေ။ ဗမာ ပါတီများ ဖြစ်သော တပ်မတော်၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ကွန်မြူနစ် ပါတီတို့ နှစ်ဖက်လုံးသည် ၁၉၇၆ တွင် တည်ထောင်သော အမျိုးသား ဒီမိုကရက်တစ် တပ်ဦး၏ ကြီးထွားလာမှု အပေါ်တွင် ထိပ်တိုက် စိမ်ခေါ်မှုများ ဖြစ်ပေါ်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗမာလူမျိုး များကို ထုတ်ပယ်ထား၍ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ ၀၊ နှင့် လားဟူတို့ အားလုံးသည် အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖြစ် စည်းလုံး ထားကြ သောကြောင့် ဖြစ်ရာ ဗမာ ပါတီများအတွက် အန္တရာယ် ရှိလာနိုင်သောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီတို့၏ ၁၉၈၃၊ မအောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ပိုမို အင်အားကောင်းလာခြင်း ဖြစ်သည်။ ထိုအချက်သည် နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး နှင့် ၁၉၈၆ တွင် သဘောတူညီချက် တစ်ခု ဖြစ်ပေါ်ရန် တွန်းအားပေးခဲ့လေသည်။ ၈၈၈၈ အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများ မြန်မာပြည်အား တိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ၁၉၈၇ ၌ ထည့်သွင်းသည်။ ၁၉၈၈ တွင် မြန်မာပြည် စီးပွားရေး အကျပ်အတည်းနှင့် အစိုးရက ငွေစက္ကူ တရားမဝင် ကြေညာမှုများမှ စတင်၍ ၁၉၈၈ အရေးအခင်းများ စတင် ဖြစ်ပေါ်သည်။ တစ်နိုင်ငံလုံး ပါဝင်လာသော အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများမှာ ဩဂုတ်လ ၈ ရက် ၁၉၈၈ တွင် စတင်ရာ တပ်မတော်မှ ကျောင်းသားနှင့် လုပ်သား ပြည်သူ ထောင်ပေါင်း များစွာတို့ကို ပစ်ခတ် သတ်ဖြတ် နှိုမ်နင်းခဲ့ကာ အဆိုပါ ၈၈၈၈ ဆန္ဒပြပွဲများသည် နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ဝါဒဖြန့်မှုကြောင့်သာ ဖြစ်သည် ဟု စွပ်စွဲခဲ့သည်။ ပေါလစ်ဗျူရို အဖွဲ့ဝင် ရဲဘော်ထွန်း ခေါ် ရဲဘော်ကြင်မောင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏မြေအောက် လှုပ်ရှားမှု အဖွဲ့ ၄၈၂၈ ပါတီကော်မတီကို ဦးစည်းလှုပ်ရှားခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ သားမက် ရဲဘော်သက်ခိုင် ပါဝင်သော အဆိုပါအဖွဲ့သည် မြို့များအတွင်း၌ လျှို့ဝှက်စွာ လှုပ်ရှားသည်။ သို့သော် တပ်မတော် ထောက်လှမ်းရေး၏ ထောက်လှမ်း သိရှိခြင်းနှင့် ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြေအောက် ၄၈၂၈ ပါတီကော်မတီတို့၏ အခန်းကဏ္ဍကြီးကြီးမားမားပါရှိကြောင်း အစိုးရတပ်မတော်ထောက်လှမ်းရေးက စွပ်စွဲခဲ့ကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်သူတချို့က တစွန်းတစ ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း အငြင်းပွားမှုများရှိခဲ့သည်။ ပြည်သူ၏ တောင်းဆိုမှုသာ ဖြစ်သည် ဗမာပြည် ကွန်မြူနစ် ပါတီသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရန် ပါတီစုံ စံနစ်နှင့် ရွေးကောက်ပွဲ တစ်ခုကိုသာ ကြွေးကျော် တောင်းဆို လာသည်။ သို့သော်လည်း ဒီမိုကရေစီ ဝါဒကို လက်ကိုင်ထားကြသော ဦးနုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှာမူ လက်တွဲ လုပ်ကိုင်ရန် အခက်အခဲ ရှိနေခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် အလံနီ ကွန်မြူနစ် ပါတီတို့မှ ကွန်မြူနစ် ဟောင်းကြီးများနှင့် လက်ဝဲဝါဒ ထောက်ခံသူများသည် ထို ဒီမိုကရေစီ လှုပ်ရှားမှုကြီးနှင့် သပိတ် ကော်မတီများကို အားပေး ကူညီ ထောက်ခံခဲ့ကြသည်။ ရဲဘော်ကြင်မောင် ကမူ ၈၈၈၈ လှုပ်ရှားမှုကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပါ။ ၁၉၈၉ ပါတီတွင်းသူပုန်ထမှုနှင့် မျက်မှောက်ခေတ် မြေအောက်လှုပ်ရှားမှု ၁၉၄၈ မှ ၁၉၈၉ အထိ ဗမာပြည် ကွန်မြူနစ် ပါတီမှာ လက်နက်ကိုင် တော်လှန်ရေးဖြင့် ပြည်သူ့ ဒီမိုကရေစီနှင့် ဆိုရှယ်လစ် လူ့ဘောင် တစ်ခုကို ရယူနိုင်ရန်အတွက် မြေအောက် နိုင်ငံရေး ပါတီ တစ်ခုအဖြစ် တိုက်ပွဲဝင်ခဲ့သည်။ ၁၉၈၉ တွင်မူ ပါတီတွင်း သူပုန်ထမှုများကြောင့် ပါတီ အင်အား အလွန့်အလွန် လျော့နည်းသွားရာ လက်နက်ကိုင် တော်လှန်ရေးကို ဘယ်လိုမှ ဆက်လက် ပြုလုပ်ရန် မဖြစ်နိုင်တော့ပဲ ခေါင်းဆောင်များပါ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ကြရပါတော့သည်။ ပြည်သူ့အာဏာနှင့် အရေးတော်ပုံဂျာနယ်များကို မြေအောက်စာစောင်များအဖြစ် ထုတ်ဝေလျက်ရှိသည်။ ဖော်ပြနိုင်သော ပါတီဝင်များမှာ စုစုပေါင်း ၃၀၀၀ ခန့်သာ ရှိတော့သည်။ ပါတီသည် အဝင်ခက်၊ အထွက်လွယ်သော စံနစ်ဖြင့် ပါတီဝင် အသစ်များကို ဆက်လက် လက်ခံလျက် ရှိသည်။ နိုင်ငံရေး ကျွမ်းကျင်သူ အချို့၏ ခန့်မှန်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် အနာဂတ်တွင် လာလတ္တံ့သော ကြီးမားသည့် ဆန္ဒပြပွဲကြီးများတွင် နောက်ခံ ကျောရိုးကြီး တစ်ခု အဖြစ် စစ်အာဏာရှင်တို့အား ကြီးမားစွာ ခြိမ်းချောက် လာနိုင်သည့် ပါတီအဖြစ် နောက် တစ်ဖန် ပြန်ဖြစ်လာဦးမည်ဟု ခန့်မှန်းသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြန်လည်ဦးမော့လာခြင်း alt=Flag of the People's Liberation Army (Myanmar)||ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အလံ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းလိုက်လေတော့သည်။ အာဏာသိမ်းလျှင်သိမ်းခြင်းပင် ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီမှ တိုက်ပွဲခေါ်သံအဖြစ် သဘောထားထုတ်ပြန်ချက်တစောင် ထုတ်ကာ တပ်မတော်ကို ရင်ဆိုင်ရန် ညီညွတ်ရေးတပ်ပေါင်းစုတရပ်ဖွဲ့စည်းရေးအား တိုက်တွန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင်မူ တရုတ်နိုင်ငံ၌ ခိုလှုံနေကြသော ပါတီကေဒါကြီးများ နယ်စပ်ကို ဖြတ်ကျော်ကာ ဗမာပြည်တွင်းသို့ ပြန်လည်ချဉ်းနင်းဝင်ရောက်လာခဲ့ပြီး ၅ လမျှ အကြာ ၂၀၂၁ ဩဂုတ်တွင် ပါတီသည် မပြီးဆုံးသေးသော ပစ္စည်းမဲ့လူတန်းစားတိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် အလို့ငှာ ပြန်လည်၍ လက်နက်တပ်ဆင်လိုက်ပြီး ပါတီ၏ တပ်မတော်သစ်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကို တည်ထောင်ကာ အာဏာသိမ်းစစ်ကောင်စီအား ပြည်သူ့တော်လှန်စစ် ဆင်နွှဲမည်ဖြစ်ကြောင်း ကြေညာသည်။ ကချင်လွတ်လပ်ရေးတပ်မတော် မှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် လက်နက်ပထမအသုတ်အား တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ များမကြာမီပင် ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေလတ်တနေရာ၌ ပြောက်ကျားလှုပ်ရှားနယ်မြေအဖြစ် အမှတ်(၁) စစ်ဒေသ ကို ထူထောင်လာနိုင်ခဲ့ပြီး မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် အတူတကွ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့သည်။ ညီနောင်မဟာမိတ် တို့၏ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း မဟာမိတ်အင်အားစုတရပ်အဖြစ် ပူးပေါင်းပါဝင်လျှက်ရှိပြီး သိန္နီ နှင့် ကွတ်ခိုင် မြို့သိမ်းတိုက်ပွဲများတွင် အမှတ် (၉) စစ်ဒေသ အဖြစ် ညီနောင်မဟာမိတ်တို့နှင့်အတူတကွ တိုက်ပွဲဆင်နွှဲခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မဟာမိတ်အင်အားစုများနှင့် ညီညွတ်မှုရယူပြီး ခြေကုပ်ယူရန် ကြိုးစားလျက် ရှိပါသည်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာမူ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များနှင့် အခြေခံ လူတန်းစားအတွက် တိုက်ပွဲဝင်နေဆဲသာ ဖြစ်လေသည်။ ရည်ညွှန်း ဗမာပြည် ကွန်မြူနစ် ပါတီ ဗမာပြည် ကွန်မြူနစ်ပါတီ (ပါတီ ပေါ်လစီ E-book) ရဲဘော်သုံးကျိပ် (မြဒေါင်းညို) တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် (ဗိုလ်မှူးကြီးဟောင်း တင်မောင်) တာတေစနေသား (ဦးနု) ပါတီ ပေါ်လစီ ပြည်ချစ်ဝါဒ လမ်းစဉ် ကြေညာချက် ကဏ္ဍ:မြန်မာ နိုင်ငံရေးပါတီဟောင်းများ
သန်းထွန်း (သခင်)
သခင် သန်းထွန်း သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ ဩဂုတ်လ ၁၅ ရက်၊ကြာသပတေးနေ့တွင်တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်၏။ မောင်နှမ ၈ ယောက်အနက် ၅ယောက်မြောက်သားဖြစ်သည်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ အင်္ဂလိပ်အစိုးရ ပထမဆုံးခန့်အပ်သော ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုထံတွင် နေထိုင်ခဲ့ပြီး တောင်ကြီး အေဘီအမ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သခင်သန်းထွန်းသည်ပျဉ်းမနားမြို့ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းမှ ၁၉၃၁ ခုတွင် ဆယ်တန်း(တက္ကသိုလ် ဝင်တန်း) အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြားတတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။ ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃၇ ခုနှစ်တွင်နဂါးနီစာအုပ်အသင်းကို စည်းရုံးတည်ထောင်ခဲ့၏။ တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်းတို့နှင့်အတူ အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့ တက်ရောက်ခဲ့၏။ ထိုအချိန်တွင်မြန်မာပြည်သို့ရောက်ရှိလာသော မတ်ခ်ဝါဒစာအုပ်များကိုဖတ်ရှုကာ သခင်သန်းထွန်းသည် ကွန်မြူနစ်ဝါဒကိုစိတ်ဝင်စားခဲ့ပေသည်။ ထိုနောက် အချို့သောလူငယ်များနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့၏။ 220px|ဝဲမှယာ − ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ ဗိုလ်ထွန်းလွင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ကွန်မြူနစ်ပါတီ (ဗမာပြည်) အထွေထွေအတွင်းရေးမှူး သခင်စိုး ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့သေးသည်။ ၁၉၄၂ ခုနှစ်၊ အောက်တိုဘာ ၁၁ရက်၊တနဂ်နွေနေ့တွင် မြောင်းမြမြို့ ဦးဘိုးညှင်း ဒေါ်ဖွားစု တို့၏သမီးကြီး သူနာပြုဆရာမ ဒေါ်ခင်ကြီး( ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်အမ) နှင့် လက်ထပ်ခဲ့ပြီး သမီး ဒေါ်ခင်မမ @ ဒေါ်ခင်ခင်ထွန်း၊ သားများ ဦးထွန်းအောင်(ကွယ်လွန်)နှင့် ဦးထွန်းဝင်း ( ငယ်စဉ် အဖေနောက် တောခိုခဲ့ပြီးကွယ်လွန်) တို့မွေးဖွားခဲ့သည်။ ဦးထွန်းအောင်မှ မောင်အေးနောင်ထွန်း ခေါ်သားတစ်ယောက်ရှိပြီး သခင်သန်းထွန်း၏ တစ်ဦးတည်းသောမြေးအရင်းဖြစ်ပါတယ်။ ၁၉၄၂ - ၄၄ ခုနှစ်၊ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးတာဝန်ခံအဖြစ်လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးပြင်ဆင်မှုကော်မီတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးအဖြစ်လည်းကောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထိုနောက် ဖတပလအဖွဲ့ကြီး(နောင် ဖဆပလအဖွဲ့) ကို စတင်ဖွဲ့စည်းဦးစီးအဖွဲ့ ပါဝင်ကာ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၏။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၄၆ ခုနှစ် မေလတွင်လည်း ဖဆပလအဖွဲ့၏လအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရလေသည်။ (၁၉၄၆ ခုနှစ်အောက်တိုဘာလ ၁ဝရက်နေ့တွင်သခင်သန်းထွန်းတို့ခေါင်းဆောင်သည့် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း ခံရလေသည်။) ၁၉၄၈ ခုနှစ်၊ မတ်လတွင် သခင်သန်းထွန်းသည်အစိုးရကို တော်လှန်ပုန်ကန်ကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီးလျှင် တောခိုခဲ့၏။ ထိုနောက် မြေအောက်ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့သည်။ ၁၉၆၈ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်၊အဂ်ါနေ့တွင် မြေအောက်ကွန်မြူနစ်ပါတီမှ တပ်သားတစ်ဦးဖြစ်သူ ကျုံတိတ်@ လုံတိတ်@ မြကြီးဆိုသူက အနီးကပ် လုပ်ကြံ သတ်ဖြတ်သဖြင့် သခင်သန်းထွန်းသည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အနောက်ခြမ်း၊ မြရာပင်ကြော၏အရှေ့ဘက်စောင်း၊ ကျောက်ချောင်းကမ်းပါးရှိ တောင်ကျောကလေးတွင် ကျဆုံးခဲ့၏။ သခင်သန်းထွန်းကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ကြီးနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပေသည်။ သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ၊ ဘာသာပြန်များရေးသားခဲ့သည်။ ၁၉၃၉ခုနှစ်က အရေးတော်ပုံအမည်ရှိ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ဝေခဲ့ဘူး၏။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် |သခင် သန်းထွန်း ၁၉၅၅ ခုနှစ်မှာ ဂျာနယ်ကျော်မမလေး စာပေဖြန့်ချိရေးက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ စာအုပ်၊ ပထမ နှိပ်ခြင်းကနေ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ (ကွယ်လွန်) ရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်တဲ့ ‘သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။ လူငယ်လည်း ဖြစ်ရမည်။ အဝတ်အစား ခပ်စုတ်စုတ်၊ ခပ်နွမ်းနွမ်းနှင့် (ဒါမှ ပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး)။ မော်တော်ကား ခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့် ကိတ်မုန့် စန္ဒရား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်။) အကြမ်းအတမ်း လက်နက်ကိုင် ထွက်မှုကို လိုလားသူ။ ယေဘုယျ လူအများက ကွန်မြူနစ် ဆိုလျှင် ဤသို့ပဲဟု အောက်မေ့လျက် ရှိကြသည်။ ကွန်မြူနစ် ဆိုသူမှာလည်း စင်စစ် သွေးနှင့် သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင် ဖြစ်သည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက် လိင်ကို တောင့်တသော သွေးစိတ် သားစိတ်၊ မိမိသာလျင် တွင်ကျယ်ချင်သော အတ္တစိတ်၊ အခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟ စိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာ ဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ “လူသည် မိမိသာ လူတွင်ကျယ် ဖြစ်ကြောင်း ပြလိုသည်” ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ် အတူတူချည်းပဲ ဖြစ်သည်။ သို့သော်၊ သို့သော် … လူတွေထဲမှာပဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေး ယှက်လိမ်လျက် ရှိနေပေသည်။ ကျွန်တော့် အဖို့ရာကား မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်းလူ၊ အခြား သူတွေလည်း လူပင် မဟုတ်လော။ ဒါကိုပဲ မြင်သည်။ သို့ရာတွင် ကွန်မြူနစ် ဆိုသူကား တခုကို ယုံကြည် ကိုးကွယ်သူ ဖြစ်သည်။ ကွန်မြူနစ် ဝါဒကို ယုံကြည် ကိုးကွယ်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု၊ နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦး ရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ် အထိ အဖြစ်အပျက်များကို သိရှိ နားလည် ရပေမည်။ ကွန်မြူနစ် ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ် နိုင်ငံရေး ဘောဂဗေဒ ပညာ၊ ပြင်သစ်တော်လှန်ရေး နိသျပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်နှင့် ပေါင်းစပ်၍ ကွန်မြူနစ် ဝါဒ ဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့အရင် ခေတ်ကလည်း လူ့အဖြစ်အပျက်များကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေ စူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာ တရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်လေသည်။ နောက် လီနင်က မာက်စ်၏ ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့ လုပ်လိုက်၏။ ရုရှားပြည်ကြီးကို ဆိုရှယ်လစ် နိုင်ငံတော် အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျကို ကြည့်ရှု ဆင်ခြင်ပြီး ‘လီနင်ဝါဒ’ ဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ် နိုင်ငံတော် တည်တံ့ ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် ‘စတာလင်ဝါဒ’ ဟု ခေါ်စပြုပေပြီ။ ကမ္ဘာဦး သမ္မတခေတ်က အနုမြူခေတ် အထိ လူ့နေထိုင်မှု စနစ်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ၊ မှန်ကန်စွာ လေ့လာ ရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လို လုပ်လျင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆ တွေးခေါ်ကာ ယုံကြည်ချက် အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။ လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များ ဖိတ်၍ နေ့လယ် စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် ၂ ပြားမျှ ပြည့်အောင် မရှိသူနှင့် အပို ရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင် အပ်ထားသူ စသည်ဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓာတ် ပညာ ထွန်းကားနေသည့် အကျိုးကို လူတိုင်း ခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့လောက ကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ် နိသျနှင့် သွားတွေ့ကြပေသည်။ ဥပမာ - တိုင်းပြည်တွင် လူ ၁ဝဝ ရှိသည် ဆိုကြပါစို့၊ ထိုပြည်၏ တနေ့ ဝင်ငွေသည် ၁ဝဝ ကျပ် ဆိုကြပါစို့။ လူ ၁ဝ ယောက်မှာ ဓနရှင်များ ဖြစ်၍ သူ၏ အလုပ်သမား၊ လယ်သမားများကို လုပ်ခိုင်းရာမှ ၈ဝ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန်လူ ၉ဝ ၏ ဝင်ငွေမှာ ၂ဝ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏။) ဤကဲ့သို့ မညီမျှသော ၈ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁ဝဝ စလုံး အလုပ်လုပ်၍ ဝင်ငွေ ၁ဝဝ ရသည်ဆိုလျှင် တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကြိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဋ္ဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရ သကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။ တန်းတူ ညီမျှခြင်းကား မဖြစ်နိုင်ပေ၊ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြော၏။ “ဆိုရှယ်လစ် လုပ်ခြင်း ဆိုသည်မှာ မညီမညာ ရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နည်းနည်းနှိမ့်၊ ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ဖို့တင်၊ အဲဒါပါပဲ။ တပြေးတည်း ညီနေအောင် လုပ်တာ မဟုတ်ပါဘူး။” သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင်၊ ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ် လုပ်ခြင်းပင်ဖြစ်သည်။ ဆိုဗီယက်ရှိ ကွန်မြူနစ် ဆောင်ပုဒ် တခုမှာ “သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှု၊ ထိုင်မှု) ကို သူ့အား ပေးရမည်” ဟု ဖြစ်သည်။ စာချုပ်မှာ လူတိုင်း အလုပ် လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲသူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင်၊ နေနိုင်သော နေမှု၊ ထိုင်မှုကို ရရှိကြပေသည်။ ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ် ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရားများ ရှိသေး၏။ ဤ အတွေးအခေါ်များကို သိရှိ နားလည်ကာ ယုံကြည်နိုင်ရန် လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာ အခြေခံများ ရှိရပေမည်။ ဤအခြေခံ ရဖို့ တော်တော်တတ်သိ နားလည် ရပေမည်။ ထို့ကြောင့်ပင် အထက်တန်း ပညာ တတ်သူများသည် အများအားဖြင့် ကွန်မြူနစ် ဆန်ကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေး ဆရာကြီးများသည် ကွန်မြူနစ် ဆန်ကြပေ၏။ ကျွန်တော်အဖို့ရာကား ကွန်မြူနစ် ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ။ တကယ့် ပညာတတ်များကို မြင်နေ၏။ သခင် သန်းထွန်းဆိုလျှင် ပညာတတ် အဖြစ်သာ မြင်နေမိ၏။ သခင် သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဘဟိန်းက သခင် သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။ ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ် ရိပ်သာရှိ သထုံ ကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝနတို့ စုဝေး နေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင် သန်းထွန်းလည်း နေ၏။ “သခင် သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာက်စ် စာပေလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်းတယ်” ဟု ကျောင်းဆောင်သို့ ပြန်အရောက်တွင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးပဲ ဟုသာ အောက့်မေ့လိုက်၏။ တနေ့တွင် သခင် ဗဟိန်းနှင့် အတူ ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ် ဖြန့်ချိရေး ဌာနသို့ ရောက်သွားရာ သခင် သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင် သန်းထွန်းနှင့် အသိဖွဲ့ပေး၏။ “ဩ … ဩ…ခင်ဗျား အကြောင်းလဲ သခင် ဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ …” ဟု သခင် သန်းထွန်း က ပြုံးကာ ပြောလေသည်။ သူသည် မန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရ ပေမည်။ အသားက ဝါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏။ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။ အစက ထင်ထားသကဲ့သို့ အာပေါင် အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ် တော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။ နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ် ကျောင်းမှ ထွက်ကြောင်း။ သူသည် ၁ဝ တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ တဦး ဖြစ်ခဲ့၏။ ထိုစဉ် အခါက သူသည် ရန်ကုန် အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာ လုပ်လျက် ရှိလေသည်။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါး တစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်း တစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီး ဖြစ်စဉ်က သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ ယခု ဆိုရှယ်လစ် ဝန်ကြီး ကိုကျော်ငြိမ်းက “အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါပဲ” ဟု ချီးကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က၊ ဒို့ဗမာ အစည်းအရုံး မှ ကိုယ်စားလှယ် အဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက် အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင် အောင်ဆန်း၊ ကိုဘဟိန်း၊ သခင် သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများက သခင် အောင်ဆန်း၊ သခင် သန်းထွန်း တို့ကို မကြာခဏ ဖိတ်၍ စကား ပြောစေသည်ဟု သိရ၏။ သခင် သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။ ဂျပန်ခေတ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် လယ်ယာ စိုက်ပျိုးရေးကို လေ့လာ နားလည်ပြီး ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။ သခင်စိုး၏ “ဆိုရှယ်လစ် ဝါဒ” ကျမ်းစာအုပ်၏ အမှာကို သခင် သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပာယ် ပေါ်၏။ သတင်းစာ ဆန်၏။ ဖတ်သူ စွဲပြီး အနက် ပေါ်လွယ်၏။ အဖြတ် အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာ ဆရာ လုပ်လျှင် သတင်းစာ ဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။ သူသည် နဂါးနီ စာအုပ် အသင်းကို တည်ထောင်သူ တဦး ဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက်စ်ဝါဒ၊ ကွန်မြူနစ် ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍ ခံ့ညားသော စာကြီး ပေကြီး၊ ပိဋကတ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင် သန်းထွန်းကား ဆိုရှယ်လစ် ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပာယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။ ယခုခေတ် ကွန်မြူနစ် ဝါဒကို လေ့လာသူတိုင်း သခင် စိုး၊ သခင် သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။ ခက်သည်မှာ အတုအယောင်များက နိုင်နိုင် နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုး တွင်ကျယ်သဖြင့် လမ်းဦး စွန့်၍ တီထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။ သခင် စိုး၊ သခင် သန်းထွန်းတို့ စွန့်ကာ စလိုက်သော ကွန်မြူနစ် လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။ ကွန်မြူနစ် နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင် စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပာယ် ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။ တက္ကသိုလ် သမဂ္ဂ အမှုဆောင် အခန်းတွင် သခင် သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေနွေးလေ့ ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေး အပေါ်ဖုံး၊ မန္တလေး လုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။ ကိုဘဟိန်း အယ်ဒီတာချုပ် လုပ်သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံ ‘မျိုးညွှန့်’ မဂ္ဂဇင်း (၁၉၃၈) တွင် သခင် သန်းထွန်း၏ အရင်းရှင် ဆန့်ကျင်ရေး ဆောင်းပါးများကို ဖတ်မိ၏။ သူသည် ကိုလိုနီ တော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဝင်စား လာကြလေပြီ။ သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ ဓနရှင်လောက စာအုပ် အမှာတွင် သူသည် ကိုဘဟိန်း အကြောင်းပါ ရောဖက်ကာ ရေးထားရာ အတော်ဖတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။ အိုးဝေ မဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာ ဖြစ်စဉ်က သခင် သန်းထွန်း၊ သခင်စိုးတို့ ထံမှ ဆောင်းပါးများ တောင်းဖူး၏။ သခင် စိုး၏ ‘လွတ်လပ်ရေး တိုက်ပွဲ’ မှာ မထုတ်မီ ပြည်ထဲရေး ဌာနက ဆင်ဆာ လုပ်ရာတွင် ပါသွား၏။ သခင် သန်းထွန်း၏ ‘နိုင်ငံရေး လက်တွေ့ လုပ်လိုသူများအဖို့ စကားလက်ဆောင်’ ကား ပုံနှိပ်ဖြစ်၏။ ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင် လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင် နိုင်ငံရေးသမားများကို ပြောင်လှောင်၍ ထားသည်။ သရော်ချက် ပါ၏။ ဖတ်ရင်း ရယ်မောမိသည်။ ထိုဆောင်းပါး အိုးဝေ မဂ္ဂဇင်းတွင် ပါလာသော အခါ သခင် သန်းထွန်းမှာ နဂါးနီ စာအုပ်အသင်း လူကြီး။ ဒို့ဗမာ အစည်းအရုံးအမှုဆောင် အဖြစ်တွင် ထောင်ထဲ ရောက်နေပေပြီ။ နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့် တွေ့သောအခါ အိုးဝေမဂ္ဂဇင်း အကြောင်း စကားစပ် မိရာ …. “အဲဒီ ဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်” ဟု ကျွန်တော့်အား ပြောသည်။ “ကျွန်တော်လည်း အဲဒီတုန်းက မထည့်ဘူးလို့ နေသေးတာ။ သခင် သန်းထွန်း ဆောင်းပါး ဖတ်ပြီး သခင်တွေဟာ ဒီလိုပဲ နိုင်ငံရေးသမား လုပ်နေတာလို့ ထင်မှာ စိုးလို့ပဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာပဲ” ဟု ကျွန်တော်က ပြော၏။ သခင် သန်းထွန်းကား ပြုံးနေပေသည်။ သခင် သန်းထွန်းသည် တက္ကသိုလ် ကျောင်းသားများကို နိုင်ငံရေးဘက် ပါအောင်၊ နယ်ချဲ့ ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉ ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏ အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင် အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင် သန်းထွန်းနှင့် ဂိုရှယ် (ထိုအခါက ဘောဂဗေဒ ဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။ သခင် သန်းထွန်းတို့သည် ၁၉၃၉ ခုလောက် ကတည်းက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖွဲ့စည်း နေကြသည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ် ကျမ်းစာအုပ်များကို ပေးဖတ်စေပြီး ကွန်မြူနစ်ဘက် ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပို၍ ချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။ လျှို့ဝှက်၍ ထုတ်သော အရေးတော်ပုံ အမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဖတ်လိုက်ရလေ၏။ ထို ‘အရေးတော်ပုံ’ ကား ပဌမဆုံးသော ကွန်မြူနစ် ဂျာနယ် ဖြစ်ပေ၏။ ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်း အဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင် တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်ထို ရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မြွတ်ကြားနေ၏။ ခရမ်းပွင့်များ တွဲလွဲ ခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေး နှစ်လက် ဆင်ထား၏။ အိမ်ရှေ့ မျက်နှာစာရှိ မြက်ခင်းကား အနီ အဝါ အဖြူ စသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။ ဂျပန်ခေတ်က ထိုနေရာ တဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင်(ယခု သံအမတ်)၊ ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင် ကိုယ်တော်မှိုင်း စသူတို့သည် ဤ ပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။ ထို အမြောက်နှင့် အိမ်တွင် ပထမ ဗိုလ်ချုပ် အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသော အခါ သခင် သန်းထွန်း လာနေ၏။ သခင် သန်းထွန်းမှာ ထိုအခါက လူပျို ဖြစ်လေသည်။ ယခင်က အင်္ဂလိပ် အထက်တန်း အရာရှိကြီးများ နေသော တိုက်ဖြစ်၍ ခမ်းနား ထည်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ် ပန်းခက်တို့ဖြင့် ယှက်လိန်သော ဆိုဖာများသည် အဝါနု နံရံနှင့် အသွေးခြင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင် စားပွဲသည် တူရကီ ကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြူတင်းမှ အစိမ်းပုပ်ရောင် ဇာခန်းဆီးသည် အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်း ရွက်ညိုတို့ကို မှုန်ရေးရေး မြင်ရအောင် ကာရင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက် ရှိ၏။ သခင် သန်းမြိုင် သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းထောင့်တွင် ရှိပေသည်။ အပေါ်မှ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။ ဤ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး သခင် သန်းထွန်းသည် မာ့က်စ်၏ ‘အရင်း’ စာအုပ်ကို ဖတ်နေ၏။ သခင်တင်သည် ညနေဆိုလျှင် ရောက်လာကာ စန္ဒရားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပီကလာ တီးကြည့်တတ်၏။ တီးရင်း အသံပျောက်နေသဖြင့် “လုပ်ပါဦးဗျ … တီးစမ်းပါအုန်း” ဟု ဆိုကာ ကျွန်တော့်ဘက်သို့ လှည့်၍ ပြောတတ်၏။ သခင်လင်းကား ဆိုဖာပေါ်တွင် ကိုယ်တခြမ်း မြှုပ်ကာ ရယ်စရာ ပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ ဗိုလ်ချုပ် အောင်ဆန်းကား ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။ သခင် သန်းထွန်းသည် မာ့က်စ် စာအုပ်ကို ချလိုက်ပြီး “လုပ်ပါဦးဗျ၊ သီချင်း တပုဒ်လောက် … သက်ဝေ ဆိုတာလေ …” ဟု ပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် “သက်ဝေ” သီချင်းကို အလွန် နှစ်သက်၏။ ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒရားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင် သန်းမြိုင်သည် ဘေးမှရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။ လှသထက် လှမယ်ဆိုယင် ၊ ဆေးဘက်ဝင်ပါသလားလို့ ၊ မောင့်အသဲတွေ မောင့်အသွေးတွေ ၊ မောင့်နှလုံးတွေ ၊ အသုံးပြုပါလေ……. သခင်တင်သည် ဂီတသံဝယ် ငေးမော နေလေပြီ။ ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင် သန်းထွန်းနှင့် စကားပြောကြပြီး မကြာမီ ကားနှင့်အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။ ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူ နေရာ လူစုံတတ်သော သခင် သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ် နေတတ်၏။ ဤ စိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှာပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုံ့ဆော် စာတန်းများကို ရေးကြသည်။ ဤ ဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ် တယောက်သည် ‘ပုန်ကန် ထကြွလော့’ ဟူသော စာတမ်းများကို လွယ်အိတ်နှင့် ထည့်ကာ အိမ်ရှေ့ လမ်းပေါ်တွင် လမ်းသလားနေသော ဂျပန် စစ်သားကလေး တဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။ ဤအခန်းဆောင်တွင် အတူဆုံကြ၊ တွေ့ကြ၊ ရယ်စရာ မောစရာ ပြောခဲ့ကြသော သူများသည် ဖဆပလ ကို ဖွဲ့စည်းကာ တော်လှန်ရေး ပြုခဲ့ကြသည်။ ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင် အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။ ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစည်းနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလ အလံကို နှဲ့နေကြပေပြီ။ သူတို့ အားလုံးသည် လူပင် ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ်မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည် အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန့်ရှင်း ဖြူစင်ခြင်းတို့ဖြင့် ရောပြွမ်းကာ နေပေမည်။ သခင် သန်းထွန်းသည်လည်း သည်လူအများအလယ်မှ လူပင် ဖြစ်လေသည်။ ဂျပန်ခေတ်က ကျွန်တော်၏ ငါးရှဥ့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင် သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာဝတ်၏။ သခင် သန်းထွန်းသည် ထိုငါးရှဉ့်သွေး ဂျာကင်အင်္ကျီကို အတော် နှစ်သက်၏။ ချမ်းသည့် အခါတိုင်း ငါးရှဉ့်သွေး အင်္ကျီကို ဝတ်ကာ နေတတ်၏။ သူနှင့် အတူနေကြသော သခင် တင်ထွန်း၊ သခင် လှကွန်းတို့ကား သခင် သန်းထွန်း ရုံးမှအပြန် ကားဆိုက်လျှင် ဆိုက်ခြင်း အဝမှ ကြိုကာ ငါးရှဉ့်သွေး ဂျာကင်ကို ဆီးပေးပြီး … “သခင် သန်းထွန်း ဒီဟာလေး ဝတ်ထားပါ” ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။ ဒိုင်အိုကျောင်းရှိ ပြည်သူ့ ဆေးရုံ အပေါ်ထပ် အခန်းတွင် သခင် သန်းထွန်းသည် မကျန်းမာသဖြင့် ဆေးဝါး မှီဝဲ နေသည်။ နေ့လယ်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် ဆုံလှ၏။ ဆရာမ ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမ ဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။ “သောက်ပါအုံး” ကျွန်တော်က “ဟာ … ဒုက္ခရှာလို့” ဟု ဆိုကာ အားနာဟန် ပြုနေ၏။ “သခင် သန်းထွန်း ဧည့်သည်ဆိုရင် ကော်ဖီနဲ့ ဧည့်ခံတယ်” ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင် သန်းထွန်းကမူ ရှက်နေ၏။ နောက် တလခန့် ကြာသောအခါ သခင် သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝ ဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။ ဂျပန် တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ ဖဆပလ၏ သတင်းများကိုသာ နားထောင် နေရသည်။ ကွန်မြူနစ် ပါတီမှ ပြည်သူ့အာဏာ ဂျာနယ်ကို ဖတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့ သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင် သန်းထွန်း အမည်ကို နိုင်ငံခြား သတင်းစာများတွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေ အတွင်းရေးမှူး ဖြစ်လေ၏။ သူ ဖဆပလမှ ထွက်သောအခါ သူ့နေရာတွင် တွဲဖက်အတွင်းရေးမှူး ကိုကျော်ငြိမ်း ရောက်လာ၏။ တာရာ မဂ္ဂဇင်း ထွက်ခါစက သခင် သန်းထွန်းထံ ဆောင်းပါး တောင်းဖူး၏။ သို့သော် သူလည်း မရေးဖြစ်။ ကျွန်တော်လည်း မရောက်တော့။ နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ် တရားပွဲတွင် တူတံဇင် အလံနီကို နောက်ကျောခံလျက် ဓာတ်စက်ရှေ့တွင် တရားဟောနေသော သခင် သန်းထွန်းကို ပရိသတ် အလယ်မှ မြင်လိုက်ရ၏။ သခင် သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ ပြီးနောက် … တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးကာနီးတွင် သွေးကြွ လာစေသည်။ ဒါပဲ သိလိုက်သည်။ သူသည် ၃ နာရီမျှ မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆန်ဆန် စကားကြီး၊ စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်း နားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့ အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကား နှင့်တကွ ပြော၏။ လူအများသည် စိုက်ကာ နားထောင် နေကြ၏။ ဂျစ်ကားနှင့် အထက်တန်း အရာရှိဟု ထင်ရသောသူ တဦးက “တယ်တော်တဲ့လူပဲ။ အချက်အလက်တွေ ချည်းပဲ … ကျုပ် အစက လက်သီးလက်မောင်း တန်းပြီး ကြိမ်းမယ်၊ မောင်းမယ် ထင်နေတာ” ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။ ဓာတ်ခွက်မှ သခင် သန်းထွန်း၏ အသံသည် ညိုမှောင် မှိုင်းမြသော ညဥ့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။ ယခု ပြည်တွင်းစစ် ပြဿနာကိုကား ကျွန်တော် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာပဲပြောကြ၊ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါပဲ။ ကျွန်တော့် အဖို့ရာကား တော်သူတွေ နေရာကောင်းတွင် ရောက်နေစေချင်၏။ လက်တွဲ၍ တော်လှန်ရေး လုပ်လာသူတွေ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများ ဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းအကြပ် ပေးတာလည်း မကြိုက်။ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲ နေစေချင်၏။ တကယ့် အမြုတေများ ပါဝင်သော အမျိုးသား တပ်ပေါင်းချုပ် ပြည်သူ့ အစိုးရကို လိုချင်၏။။ ကိုးကားချက်။ ဒဂုန်တာရာ၊ ၁၉၄၈ ဇွန်လ'' ကဏ္ဍ:ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များ ကဏ္ဍ:မြန်မာ့နိုင်ငံရေးသမားများ
ဒီမိုကရေစီ
မဇ္ဈိမဒေသတိုင်းကြီး (၁၆) တိုင်းနှင့် သေးငယ်သော တိုင်းပြည်များ မဇ္ဈိမဒေသတွင် တိုင်းကြီး (၁၆) တိုင်းနှင့် သေးငယ်သော တိုင်းပြည်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ မဇ္ဈိမဒေသနှင့် ထိုသေးငယ်သော နိုင်ငံများတွင် သကျမျိုးနွယ်များ၊ ကောလိယမျိုးနွယ်များ၊ မာလမျိုးနွယ်များနှင့် လိစ္ဆဝီ မင်းမျိုးနွယ်များ၌ ရွေးကောက်တင်မြောက်သည့်စနစ် (အစိုးရ) ကို ကျင့်သုံးသည်။ လိစ္ဆဝီမျိုးနွယ်တွင် အခြေခံအားဖြင့် (၇,၀၇၇) မင်းများဖြင့်ဖြင့် အစိုးရအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်း ရှိကာ ထိုသူများမှာ အရေးပါသော မိသားစုများ၏ ခေါင်းဆောင်များဖြစ်ကြသည်။ အခြားတစ်ဖက်တွင်လည်း ဂေါတမဗုဒ္ဓလက်ထက်ဝန်းကျင်ခန့်၌ သကျ၊ ကောလိယ၊ မာလနှင် လိစ္ဆဝီ မျိုးနွယ်တို့သည် ဆင်းရဲ၊ ချမ်းသာ လူတန်းစားများအတွက် ညီလာခံ (လွှတ်တော်) တစ်ရပ်ကို ဖွင့်လှစ်ထားရှိပေးခဲ့သည်။ အစောပိုင်း သမ္မတစနစ်ကျင့်သုံးနိုင်ငံများ (ဂဏသံဃစနစ်) တွင် မာလတိုင်း၏ ကုသိနာဂါရ (သို့) ကုသိနာရုံမြို့မှ မာလမင်းများ၊ ဝဇ္ဇီတိုင်း လိစ္ဆဝီမင်းတို့၏ ဝေသာလီမြို့ များသည် ဘီစီခြောက်ရာအစောပိုင်းမှ အေဒီလေးရာစုအထိ တည်ရှိခဲ့သည်။Raychaudhuri Hemchandra (1972), Political History of Ancient India, Calcutta: University of Calcutta, p.107 ထိုမျိုးနွယ်စုများတွင် အထင်ရှားဆုံးမှာ ဝိဇ္ဇီတိုင်း၏ လိစ္ဆဝီမင်းများ ဖြစ်သည်။ ပညာရှင်များစွာက ဤဖော်ပြပါ အစိုးရစနစ်များကို အကောင်းဆုံး မည်သို့ဖော်ပြရမည်နည်း ဆိုသည့် ကိစ္စအပေါ် အယူအဆကွဲပြားကြသည်။ အချို့က လွှတ်တော်(ညီလာခံ) ရှိနေခြင်းကို အလေးထားကြပြီး ဒီမိုကရေစီဟူ၍ ဖော်ပြကြသည်။ အချို့မှာမူ အထက်တန်းလွှာများ (မိသားစု) ၏ အုပ်စိုးမှုနှင့် လွှတ်တော်(ညီလာခံ) ကို ဖြစ်နိုင်သမျှထိန်းချုပ်ထားခြင်း (တစ်စုတစ်ဖွဲ (သို့) အထက်တန်းလွှာ မိသားစု ကသာ အာဏာရှိခြင်း) ဟု အရေးပေးဖော်ပြကြသည်။ လွှတ်တော်သည် ထင်ရှားသော အာဏာရှိသော်လည်း အခက်အခဲအချို့မှာ ထိုလွှတ်တော်၏ ဖွဲ့စည်းပုံ၊ ပါဝင်ဆောင်ရွက်ခြင်း၊ အာဏာရရှိမှုသည် လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်ခြင်းရှိ မရှိကိုကား သက်သေထင်ရှားမဲ့နေခြင်းပင်ဖြစ်သည်။ ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကို ကိုယ်စားပြုသည်ဟု ဆိုသည်။ လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၎င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၎င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၎င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ နိုင်ငံရေးအဘိဓာန်၊ အတွဲ (၁)၊ NCGUB ဒီမိုကရေစီစံနှုန်းများ (၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည် ဒီမိုကရေစီစနစ်ဆိုသည်မှာ အများပိုင်ဆိုင်ရေးစနစ် ဖြစ်သည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများအား ကိုယ်စားပြု ဆောင်ရွက် ရန်အတွက် နိုင်ငံသားတိုင်း ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် သက်ဆိုင်ရာနိုင်ငံအလိုက်တွင် ဒီမိုကရေစီပုံစံဖြင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှု များကို ပြုလုပ်ကြရမည်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏ လုပ်ဆောင်ချက် များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊မရှိ ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ အကျိုးရှိစေမည့် အသံ (Voice of citizen) VOC ကိုနားထောင်ပြီး နိုင်ငံသားများအား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။ (၂) သာတူညီမျှ ရှိစေရမည် လူတိုင်းတွင် အနည်းနှင့်အများဆိုသလို အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်းပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေခံကြရမည် ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကိုမငဲ့ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင်လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည် ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည် သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ သည်းခံစိတ်သည် ယောနိသောမနသိကာရ ကျင့်စဉ်ဖြစ်သည်။ နိုင်ငံအရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကြယ်ပွင့် ဘက်တော်သားတိုင်းတွင် ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများမွေးမြူပြီး နိုင်ငံတော်အတွက် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ (၄) တာဝန်ယူမှု ရှိရမည် လူတစ်ဦးချင်းစီတွင် မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများအားပြီးမြောက်အောင်မြင်စေရန်၊ ရလဒ်များကောင်းမွန်အောင် လုပ်ဆောင်ကြရမည် စသည်တို့ကို သိရှိပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် တာဝန်ယူမှုများ ထားရှိရမည်ဖြစ်သည်။ တာဝန်ယူဆောင်ရွက်တတ်မှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေနိုင်မည် ဖြစ်သည်။ တာဝန်ယူဆောင်ရွက်နိုင်မှုရှိလေလေ အများယုံကြည်နိုင်မှု ပိုမိုရရှိနိုင်လေ ဖြစ်သည်။ (၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများတို့တွင် လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုလုပ်သူများနှင့် ဝန်ထမ်းများအကြား ထင်သာမြင်သာရှိစွာ ရိုးသားပွင့်လင်းမှု အပြန်အလှန်ရှိစေကြရမည်ဖြစ်သည်။ ထိုနည်းတူစွာ နိုင်ငံတိုင်းတွင်လည်း အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများနှင့် နိုင်ငံသားကိုယ်စားပြု အုပ်ချုပ်စီမံ ခန့်ခွဲကြရသူများအကြားတွင် ပွင့်လင်းမြင်သာမှု ထင်သာမြင်သာရှိစေမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး နိုင်ငံသားများနှင့် အစိုးရအကြားတွင် ယုံကြည်မှု မြဲမြံခိုင်မာစေမည် ဖြစ်သည်။ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည် ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကို လေးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြသည်။ ထိုကဲ့သို့သော ရွေးချယ်မှုမျိုးတွင် ပြည်သူလူထု၏ သဘောထား ဆန္ဒများအတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး တင်မြှောက်နိုင်ရမည်။ သတ်မှတ်ချိန်ကာလအတွင်း ဖွဲ့စည်းပုံအတိုင်း နေရာယူစေကာ အုပ်ချုပ်ပြီး သတ်မှတ်ချိန်ကုန်ဆုံးသွားသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကျင်းပကာ ပြည်သူလူထုမှ ကြိုက်နှစ်သက်သော ကိုယ်စားလှယ်အား ထပ်မံရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ (၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည် နိုင်ငံများတွင် စီးပွားရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရများသည် ထိန်းချုပ်မှုများပြုလုပ်သည့်အခါတွင် မလိုလားအပ်သော ကုန်ဈေးနှုန်းများတက်လာခြင်း၊ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြစ်ပေါ်နိုင်သည့် အတွက် ဒီမိုကရေစီနှင့် တွဲဖက်ပြီး ဖော်ဆောင်ရမည့် စီးပွားရေးစနစ်သည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ပင်ဖြစ်သည်။ လွတ်လပ်သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီကို ယှဉ်တွဲကျင့်သုံး နိုင်မှသာလျှင် နိုင်ငံတော်၏ စီးပွားရေး အဘက်ဘက်မှ တိုးတက်လာစေနိုင်မည်ဖြစ်သည်။ (၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည် အာဏာအသုံးချမှုလွဲမှားလျှင် ခြစားမှုများ၊ မတော်မတရားမှုများဖြစ်လာနိုင်တတ်သည်။ ဒီမိုကရေစီ စနစ်တွင် အောက်လွှတ်တော်၊ အထက်လွှတ်တော်များ၏ သဘောထားအတိုင်းသာ လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လူတစ်ဦး တစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုး မရှိသဖြင့် မတရားမှုများပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် လွှတ်တော်အဆင့်ဆင့်မှ ထိန်းချုပ်ရမည်ဖြစ်သည်။ ထိန်းချုပ်နိုင်စေရမည်ဖြစ်သည်။ (၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည် ဒီမိုကရေစီစနစ်တွင် မွေးရာပါ လူ့အခွင့်အရေးများ ပါရှိထားပြီးဖြစ်၍ ဒီမိုကရေစီ အစိုးရများသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းပေးရမည်ဖြစ်သည်။ ဒီမိုကရေစီ မကျင့်သုံးသော နိုင်ငံများတွင် သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၊ အုပ်ချုပ်သူ လူတန်းစားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်သည်။ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည် ဒီမိုကရေစီစနစ်နှင့် နိုင်ငံတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ ရွေးချယ်တင်မြှောက်သောပွဲများတွင် မဲဆန္ဒရှင် နိုင်ငံသားများ၏ယုံကြည်မှုပျက်ပြားစေနိုင်သော မဲလိမ်လည်မှု၊ မဲခိုးမှုစသည့် မသမာမှုများ မရှိရအောင် ကြီးကြပ်လုပ်ဆောင်ကြရမည်ဖြစ်သည်။ (၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည် လူသားတိုင်းတွင် မွေးရာပါ လူ့အခွင့်အရေးများ ပါလာပြီးဖြစ်သည်။ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့် အစရှိသည့် လူ့အခွင့်အရေးများအား ထိန်းသိမ်းကြရမည် ဖြစ်သည်။ (၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည် ဒီမိုကရေစီဆိုသည်မှာ ပြိုင်ဆိုင်မှုများရှိပါမှ တိုးတက်မှုများ ရှိနိုင်မည်ဖြစ်သည့်အလျောက် ရွေးကောက်ပွဲများတွင် ပါတီစုံ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိစေရမည်ဖြစ်သည်။ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် စည်းကမ်းလိုက်နာဘေးကင်းကွာဆိုသည့်အတိုင်း ဥပဒေက မည်သို့ပင်ဖြစ်စေကာမူ လုပ်ချင်သလို လုပ်မည်ဆိုလျှင် ဥပဒေကို မလေးစားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင်သာမက မည်သည့်စနစ်ပင်ဖြစ်စေ ဥပဒေကို လူတိုင်းလေးစား လိုက်နာကြရမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။ထွန်းထွန်းအောင် (စီးပွားရေး) ရေးသားသော ဇွန်လ၂၂ရက်၊၂၀၁၄ခုနှစ်ဆောင်းပါးမှ ဒီမိုကရေစီစနစ်အမျိုးအစားများ လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) နိုင်ငံလုံးဆိုင်ရာ အစိုးရသူများအတွက် သတ်မှတ်ထားသော စနစ်ဖြစ်သည်။ လူထုမှ မိမိနှစ်သက်သော ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခြင်းဖြစ်သည်။ ပုံမှန်၊ အဓိပ္ပာယ်ရှိစွာ၊ လွတ်လပ်၍ တရားမျှတစွာ ရွေချယ်နိုင်သော လွတ်လပ်သော ရွေးကောက်ပွဲများ လိုအပ်သည်။ အရည်အသွေးမြင့် ဒီမိုကရေစီတွင် အများစု နိုင်ဟုဆိုသော Majority Rule ကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ Minority Right လူနည်းစု၏ အခွင့်အရေးကိုလဲ ထိန်းသိမ်းပေးသော စနစ်တစ်ခု ဖြစ်ရမည်။ ဆက်စပ်ဖတ်ရှုရန် ဒီမိုကရေစီနည်းကျဖြစ်စေခြင်း ဒီမိုကရေစီသမိုင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကိုးကား Category:ဒီမိုကရေစီ Category:ဂရိ တီထွင်မှုများ Category:ရွေးကောက်ပွဲများ
ငွေစက္ကူ
ငွေစက္ကူဆိုသည်မှာ ဘဏ် သို့မဟုတ် အခြားလိုင်စင်ရ အာဏာပိုင်အဖွဲ့မှ ထုတ်ဝေထားသော စက္ကူဖြင့် ရိုက်နှိပ်ထားသော ငွေကြေးဖြစ်ကာ ကိုင်ဆောင်သူမှ ပြန်လည်တောင်းခံသည့် အခါ ညီမျှသော ပမာဏကို ပြန်လည် ပေးအပ်ရသည်။ မူလပထမက ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ငွေစက္ကူကို ရွှေဒင်္ဂါး သို့မဟုတ် ငွေဒင်္ဂါးများ အစားထုတ်ပေးခဲ့ပြီး ကိုင်ဆောင်သူမှ ဘဏ်သို့ ပြန်လည်ယူဆောင်လာသည့် အခါတွင် ဘဏ်မှ ဒင်္ဂါးဖြင့် ပြန်လည် လဲလှယ်ပေးရသည်။ Category:စီပွားရေးပညာ Category:ငွေကြေး
အစိုးရ
အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။ အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည့် အချက်များ အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ အုပ်ချုပ်ခံ ပြည်သူရှိခြင်း သံတမန် ဆက်သွယ်မှုရှိခြင်း ပြည်သူတို့က ရွေးကောက် တင်မြှောက်ထားခြင်း နှင့် အမိန့်ပေးနိုင်သည့် အာဏာရှိခြင်းတို့ ဖြစ်သည်။ အစိုးရ နှစ်မျိုး တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ခံ အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ကိုင်အစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။ အာဏာ လက်ကိုင် အစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြသည်။ အာဏာ လက်ခံအစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြသည်။ အစိုးရ၏ တာဝန် အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖော်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။ အစိုးရအဖွဲ့ အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ်‎ တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။ အစိုးရဟူသောအသုံးအနှုန်း၏အဓိပ္ပယ်ဖွင့်ဆိုချက် လူမှုရေးသိပ္ပံ တွင် အစိုးရ ဟူသည့် အသုံးအနှုန်းမှာ ပေးထားသော အချိန်ကာလတစ်ခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံ တစ်ခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ် အရ ဖွဲ့စည်းထားသော သီးသန့် လူအသင်းအဖွဲ့ တစ်ခုနှင့် ထိုသူတို့မှ ဖွဲ့စည်းတည်ဆောက်ထားသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြုမူပုံများကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အစိုးရဟူသည် နိုင်ငံတော်၏ စွမ်းအားများကို အသုံးချနိုင်သည့် နည်းလမ်းများ ဖြစ်သည်။ စဉ်ဆက်မပြတ် ဆက်ခံလာသော အစိုးရ အမျိုးမျိုးတို့မှ ပြည်ထောင်စု နိုင်ငံတော်တို့ ၏ တာဝန်များအား ထမ်းဆောင်လာကြသည်။ ဆက်ခံလာသော အစိုးရတစ်ခုအား နိုင်ငံရေးဆုံးဖြတ်ချက်ချရန် သီးသန့် အထူးဆောင်ရွက်သော၊ အထူးအခွင့်အရေးခံ ပုဂ္ဂိုလ်များအား လူထုတစ်ရပ်လုံးမှ ရာထူးအခြေအနေ၊ အဖွဲ့အစည်းများဖြင့် ခွဲခြား၍ ဖွဲ့စည်းထားရှိသည်။ ထိုသူတို့၏ လုပ်ငန်းဆောင်တာတို့မှာ တည်ရှိသော ဥပဒေတို့ အား အာဏာတည်စေရန်၊ ဥပဒေသစ်တို့ကို ပြဋ္ဌာန်းရန် နှင့် အကြမ်းဖက်မှုများ အပေါ်တွင် တစ်ဦးတည်းချုပ်ကိုင်မှုဖြင့် ပဋိပက္ခ များကို ကြားဝင်စေ့စပ်ပေးရန် ဖြစ်သည်။ အချို ့ သော လူ့အဖွဲ့အစည်းများတွင် ထိုအုပ်စုမှာ ကိုယ်ပိုင်ရပ်တည်သူ သို့မဟုတ် အမွေဆက်ခံသူများ ဖြစ်ကြသည်။ အခြား လူ့အဖွဲ့အစည်းများတွင် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများ တွင် နိုင်ငံရေးအခန်းကဏ္ဍ ရှိသေးသော်လည်း ထိုရာထူးများကို အမှန်တကယ်ဆောင်ရွက်ထမ်းဆောင်သော လူများမှာ မကြာခဏ ပြောင်းလဲလေ့ရှိသည်။ အစိုးရနှင့်နိုင်ငံတော် အနောက်နိုင်ငံ လူ့အဖွဲ့အစည်း အများစုတွင် အစိုးရ နှင့် နိုင်ငံတော်အကြားတွင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ရှိလှသည်။ ပြည်သူလူထုမှ လက်မခံသော ထိုအစိုးရ (ဥပမာဖြင့်ဆိုရလျှင် တာဝန်ထမ်းဆောင်ဆဲတွင် ပြန်လည် ရွေးချယ်မှုမရှိခြင်း) အနေနှင့် နိုင်ငံတော်ကိုယ်တိုင်၏ လက်မခံမှုကို ကိုယ်စားပြုခြင်းမရှိပေ (ဆိုလိုသည်မှာ ယင်းသည် အစိုးရ၏ သီးသန့် မူဘောင်ပုံသဏ္ဍန်ပင် ဖြစ်သည်)။ သို့သော်လည်း အချို့သော အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရတို့တွင် အစိုးရစနစ် နှင့် နိုင်ငံတော်အကြားတွင် ရှင်းလင်းစွာ ခွဲခြားထားခြင်းမရှိပေ။ စင်စစ်အားဖြင့် ထိုစနစ်မျိုးရှိ ခေါင်းဆောင်များသည် အစိုးရပုံစံနှင့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး သူတို့တစ်ကိုယ်ကောင်း အကျိုးအမြတ်အတွက် တစ်ပေါင်းတည်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိနှင့် အစိုးရစနစ် နှင့် နိုင်ငံတော်အကြား မကွဲပြားစေရန် မှုန်ဝါးဝါးထားကြသည်။ အိုင်ဘင် ခါဒန်၏ဖွင့်ဆိုချက် ၁၄ ရာစု အာရပ် ပညာရှင် Ibn Khaldun (အိုင်ဘင် ခါဒန်) ကအစိုးရဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် "မတရားမှုများကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်မှုပြုသော အဖွဲ့အစည်း" ဟုဖွင့်ဆိုခဲ့သည်။ ဗြိတိန် အတွေးအခေါ် နှင့် မနုဿဗေဒ ပညာရှင် Ernest Gellner (အာနပ် ဂဲနာ) က Ibn Khaldun (အိုင်ဘင် ခါဒန်) ၏ ဖွင့်ဆိုချက်မှာ နိုင်ငံရေးသီအိုရီ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ခဲ့သည်။ Ibn Khaldun (အိုင်ဘင် ခါဒန်) အတွက်မူအစိုးရဟူသည်ထိန်းချုပ်မှုများပြုရာတွင် အနည်းဆုံးမလုပ်မဖြစ်ပြုရမည့် အရာမျိုးကိုသာ လိုအပ်သောအဆိုးတစ်ခုအနေဖြင့် ပြုသင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းမှာ လူသားအချင်းချင်း ချုပ်ချယ်မှုပင် ဖြစ်သည်။ အခြားဖတ်ရန် အစိုးရစနစ်များစာရင်း ကိုးကား Category:အုပ်ချုပ်ရေး Category:အုပ်ချုပ်ရေး ပုံစံများ ကဏ္ဍ:ပင်မ အကြောင်းအရာ ဆောင်းပါးများ
လာအိုနိုင်ငံ
လာအိုနိုင်ငံ သို့မဟုတ် လာဝ်နိုင်ငံ၊(, ;Oxford Dictionaries , UK pronunciationsOxford Dictionaries , US pronunciations , Lāo ) တရားဝင် အမည်အားဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သည် ဆိုရှယ်လစ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အလယ်တွင် တည်ရှိသော လာအိုနိုင်ငံသည် အနောက်မြောက်ဘက်တွင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ နှင့် အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဗီယင်ကျန်းမြို့ ဖြစ်သည်။ ယနေ့ခေတ် လာအိုနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသတို့ကို ၁၄ရာစုမှ ၁၈ ရာစု အထိ အရှေ့တောင်အာရှတွင် တည်ရှိခဲ့သော လင်းဇင်းပြည် သို့ ပြန်လည် ခြေရာကောက်နိုင်သည်။အရှေ့တောင်အာရှ အတွင်း ပထဝီအနေအထားအရ အလယ်ဗဟိုတွင် ကျရောက်သဖြင့် တိုင်းပြည်သည် ကုန်းတွင်း ကုန်သွယ်ရေး၏ ဗဟိုဌာန ဖြစ်ခဲ့ပြီး စီးပွားရေး အရအပြင် ယဉ်ကျေးမှု အရပါ ကြွယ်ဝခဲ့သည်။ ရံဖန်ရံခါ မြန်မာတို့၏ သစ္စာခံနိုင်ငံအဖြစ်တည်ရှိခဲ့ပြီး ယဉ်ကျေးမှုချင်း များစွာနီးစပ်ခဲ့သည်။ ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လင်းဇင်းပြည် သည် လွမ်ပရာဘွမ် ၊ ဗီယန်ကျင်း နှင့် ချမ်ပါဆက် တိုင်းပြည် ၃ ခု အဖြစ် ပြိုကွဲခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် ထိုနယ်မြေ ၃ ခုသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနယ်မြေ ဖြစ်လာခဲ့ပြီး ယခု လာအိုဟု သိကြသော တိုင်းပြည်အဖြစ် ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျပန်တို့၏ ကျူးကျော်မှု ပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် ခဏတာမျှ လွတ်လပ်ရေး ရခဲ့သော်လည်း ပြင်သစ်တို့က ကိုလိုနီ အဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။ လာအိုနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ဆီဆာဗန် ဗောင်း၏ လက်အောက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ် စတင်ခဲ့ပြီး ကွန်မြူနစ်တို့မှ ဆိုဗီယက်ပြည်ထောင်စု၏ အထောက်အပံ့ အဖြင့် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ အထောက်အပံ့ပေးထားထားသော စစ်အစိုးရဖြစ်လာသည့် ဘုရင် ကို တိုက်ခိုက်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဗီယက်နမ် စစ်ပွဲ ပြီးဆုံးပြီးနောက် ဒိုဝိုပါဘူညာ ကွန်မြူနစ် ပသက် လာအို အဖွဲ့ အာဏာရရှိလာခဲ့ပြီး ပြည်တွင်းစစ် ပြီးဆုံးခဲ့သည်။ လာအိုသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် အချိန် အထိ စစ်ရေး နှင့် စီးပွားရေး အထောက်အပံ့များ ဆိုဗီယက်မှ ရယူခဲ့သည်။ လာအိုနိုင်ငံသည် အာရှပစိဖိတ် ကုန်သွယ်ရေးသဘောတူညီချက် အဖွဲ့၊ အာဆီယံ၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ လာဖရန်ကိုဖုန်းနီအဖွဲ့ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ လာအိုသည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အပြည့်အဝ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ လာအိုနိုင်ငံသည် တစ်ပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ် သမ္မတနိုင်ငံဖြစ်ပြီး မာ့စ်ခ်ဝါဒ နှင့် လီနင်ဝါဒကို ကျင့်သုံးကာ လာအိုပြည်သူ့တော်လှန်ရေးပါတီက အုပ်ချုပ်ပြီး ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အမြဲဆိုသလိုပင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာရှိသည်ဟု မှတ်ချက်ပြုကြပြီး ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူတို့၏ လွတ်လပ်မှုကို ကန့်သတ်ခြင်း နှင့် လူမျိုးစုငယ်များကို ဖိနှိပ်အုပ်ချုပ်ခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံရေးအရနှင့် ယဉ်ကျေးမှုအရ ကြီးစိုးသော လာအိုလူမျိုးတို့သည် လူဦးရေ၏ ၅၃.၂% မျှရှိပြီး အများအားဖြင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည်။ မွန်-ခမာလူမျိုးစုများ၊ မုန်းလူမျိုးများ နှင့် အခြားသော ဒေသခံ တောင်ပေါ်တိုင်းရင်းသားများသည် တောင်ခြေနှင့် တောင်တန်းများပေါ်တွင် နေထိုင်ကြသည်။ လာအို၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ မြစ်များမှ လျှပ်စစ်ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သို့ ရောင်းချခြင်း ပေါ်တွင် အခြေခံပြီး ကုန်းတွင်း ဆက်သွယ်ရေးနိုင်ငံ ဖြစ်လာစေရန်လည်း စတင်လုပ်ဆောင်နေကြောင်း လာအိုနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဆက်သွယ်ထားသော မီးရထားလမ်း ၄ ခု ဆောက်လုပ်နေခြင်းက သက်သေပြနေသည်။ လာအိုနိုင်ငံအား အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ့ဘဏ်မှ ရည်ညွှန်းလေ့ရှိပြီး နှစ်စဉ် ဂျီဒီပီ တိုးတက်နှုန်းမှု ၂၀၀၉ ခုနှစ်မှစ၍ ပျမ်းမျှ ၇.၄% မျှ ရှိသည်။ အမည်ရင်းမြစ် အင်္ဂလိပ်အမည် "လာအို" ကို ပြင်သစ်တို့က ပေးခဲ့ပြီး ၎င်းတို့သည် ၁၈၉၃ ခုနှစ်တွင် လာအိုပြည် ၃ ခုကို စုပေါင်း၍ ပြင်သစ်အင်ဒိုချိုင်းနား အောက်သို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ အမည်ကို နိုင်ငံအတွင်း အဓိကအကျဆုံး နှင့် အထင်ရှားဆုံး လူမျိုးဖြစ်သော လာအိုလူမျိုးများ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကားတွင် 's' အသံကို မဖျောက်ပဲ အသံထွက်တွင် ထည့်သွင်းရွတ်ဆိုကြသည်။လာအိုဘာသာစကားတွင် နိုင်ငံ၏ အမည်ကို မွမ်လာအို သို့မဟုတ် ပသက် လာအို ဟု ခေါ်ကြပြီး နှစ်ခုစလုံးမှာ လာအိုနိုင်ငံဟု အဓိပ္ပာယ်ရသည်။ သမိုင်း သမိုင်းမတင်မီခေတ် နှင့် အစောပိုင်း သမိုင်း ပြင်သစ်ကိုလိုနီ အစောင့်အဖြစ် တွေ့ရသော လာအိုစစ်သားများ ၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက်တပ်တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် ကို ကယ်တင်ခဲ့ပြီး လွမ်ပရာဘွမ်အား ပြင်သစ်အင်ဒိုချိုင်းနား၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ထည့်သွင်းခဲ့သည်။ မကြာမီမှာပင် ချမ်ပါဆက်ပြည်နှင့် ဗီယင်ကျန်းနယ်မြေတို့ကိုပါ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် ထည့်သွင်းခဲ့သည်။ လွမ်ပရာဘွမ် ဘုရင် ဆီ‌ဆာဗန်ဗောင်သည် ပြန်လည်စုစည်းထားသော လာအိုနိုင်ငံ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့ပြီး ဗီယင်ကျန်းသည် မြို့တော် တဖန်ပြန်လည် ဖြစ်လာခဲ့သည်။ Carine Hahn, Le Laos, Karthala, 1999, pp. 69–72 လာအိုသည် ပြင်သစ်တို့အတွက် မည်သည့်အခါမျှ အရေးပါသော နေရာ မဖြစ်ခဲ့ပေ။ ထိုင်းနိုင်ငံနှင့် စီးပွားရေး အရ အရေးပါသော အန်နန်းနယ်နှင့် တုံကင်းနယ်တို့ကြားတွင် ကြားခံနယ်မျှသာ ဖြစ်ခဲ့သည်။ လာအိုနိုင်ငံသည် ခဲမဖြူ၊ ရာဘာနှင့် ကော်ဖီတို့တွက်ရှိသော်လည်း ပြင်သစ်အင်ဒိုချိုင်းနားမှ ပို့ကုန်၏ ၁ ရာခိုင်နှုန်းထက် မပိုခဲ့ပေ။ ၁၉၄၀ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား ၆၀၀ ခန့်မျှ လာအိုတွင် နေထိုင်ကြသည်။ ပြင်သစ်တို့၏ အုပ်ချုပ်မှုအောက်တွင် ဗီယက်နမ်တို့အား လာအိုသို့ ပြောင်းရွှေ့ရန် တိုက်တွန်းကြပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ ပြင်သစ်ကိုလိုနီပြုသူများအတွက် အင်ဒိုချိုင်းနားတစ်ခုလုံးစာ ကျယ်ပြန့်သော ကိုလိုနီနယ်မြေ ကွက်ကွက်ကလေးအတွင်း အလုပ်သမား မလုံလောက်မှုကို ဖြေရှင်းရန် ဓမ္မဓိဌာန်ကျသော အဖြေ အဖြစ် ရှုမြင်ကြသည်။ ၁၉၄၃ ခုနှစ်သို့ ရောက်သော အခါ ဗီယက်နမ် ဦးရေမှာ ၄၀,၀၀၀ ခန့်မျှ အထိရှိလာပြီး လာအိုရှိ မြို့ကြီးများတွင် အဓိက ဖြစ်လာကာ ကိုယ်ပိုင်ခေါင်းဆောင် ရွေးချယ်နိုင်ခွင့်ကို ခံစားရရှိသည် အထိ ဖြစ်လာသည်။Stuart-Fox, Martin (1997). A History of Laos . Cambridge University Press, p. 51. . ရလဒ်အနေဖြင့် ဗီယင်ကျန်း လူဦးရေ၏ ၅၃% ၊ သာခက်မြို့ လူဦးရေ၏ ၈၅% နှင့် ပါ့ခ်စီမြို့ လူဦးရေ၏ ၆၂% မှာ ဗီယက်နမ် လူမျိုးများ ဖြစ်လာခဲ့ကာ ခြွင်းချက်အနေနှင့် လွမ်ပရာဘွမ်မြို့ တစ်မြို့တည်းသာ လာအိုလူမျိုးများ အများဆုံး လူဦးရေ အဖြစ် ရှိနေခဲ့သည်။ ၁၉၄၅ ခုနှစ်အထိပင် ပြင်သစ်တို့သည် အဓိကဒေသ သုံးခုဖြစ်သော ဗီယင်ကျန်းလွင်ပြင်၊ ဆာဗန်နာခက်ဒေသ နှင့် ဘိုလာဗန်ကုန်းမြေမြင့် သို့ ဗီယက်နမ် လူမျိုးအများအပြားကို ပိုမိုရွှေ့ပြောင်းရန်အတွက် အစီအစဉ်ကြီးတစ်ခုကို ချမှတ်ခဲ့ပြီး ဂျပန်တို့၏ အင်ဒိုချိုင်းနားအား ကျူးကျော်မှုကြောင့်သာ အစီအစဉ် ပြောင်းသွားခဲ့ရသည်။ မာတင် စတူးဝပ်ဖောက်၏ အဆိုအရ ထိုသို့ မဟုတ်ပါက လာအိုတို့ အနေနှင့် သူတို့တိုင်းပြည်အား ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗိုင်ချီပြင်သစ်၊ ထိုင်း၊ ဂျပန် နှင့် လွတ်လပ်သောပြင်သစ် တို့က လာအိုနိုင်ငံအား သိမ်းပိုက်ခဲ့သည်။Paul Lévy, Histoire du Laos, PUF, 1974. ၁၉၄၅ ခုနှစ် မတ်လ ၉ ရက်တွင် မျိုးချစ်အဖွဲ့က လာအိုနိုင်ငံအား တဖန် လွတ်လပ်ရေး ရပြီဟု ကြေညာခဲ့ကာ လွမ်ပရာဘွမ်အား မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၄၅ ခုနှစ် ဧပြီလ ၇ ရက်တွင် ဂျပန် တပ်မ ၂ ခုမှ မြို့တော်အား ဝင်ရောက်သိမ်းပိုက်ခဲ့သည်။Savada, Andrea Matles (editor) (1994) "Events in 1945" A Country Study: Laos Federal Research Division, Library of Congress ဂျပန်တို့က လွမ်ပရာဘွမ်၏ ဘုရင်ဖြစ်သော ဆီဆာဗန်ဗောင်အား ဖိအားပေး၍ လာအိုနိုင်ငံ လွတ်လပ်ရေးကို ကြေညာစေခဲ့သော်လည်း ဧပြီလ ၈ ရက်တွင် သူက လာအိုသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ မဟုတ်တော့ကြောင်းသာ ကြေညာခဲ့သည်။ ထို့နောက် ဘုရင်သည် ကင်းဒါဗောင်မင်းသား အား မဟာမိတ်တပ်တို့ထံသို့ ကိုယ်စားလှယ်အဖြစ် လျှို့ဝှက်စေလွှတ်ခဲ့ပြီး ဆီဆာဗန် မင်းသားအား ဂျပန်တို့ထံသို့ ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ ဂျပန်တို့ လက်နက်ချပြီးနောက် အချို့သော လာအို မျိုးချစ်ပုဂ္ဂိုလ်များ (ဖတ်စာရတ်မင်းသား အပါအဝင်) သည် လာအို၏ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော်လည်း ၁၉၄၆ ခုနှစ် အစောပိုင်းတွင် ပြင်သစ်တပ်များက နိုင်ငံတွင်း ပြန်လည်ကျူးကျော်ခဲ့ပြီး လာအိုတို့အား အကန့်အသတ်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးခဲ့သည်။ ပထမ အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီမှာ ပါသတ်လာအို လွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပါသတ်လာအိုသည် ပြင်သစ်ကိုလိုနီတပ်တို့အား ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲကို ဗီယက်နမ်လွတ်မြောက်ရေးအဖွဲ့ဖြစ်သော ဗီယက်မင်းတို့၏ အကူအညီဖြင့် စတင်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ပြင်သစ်တို့ အနေနှင့် လာအိုအား ပြင်သစ်ပြည်ထောင်စုအတွင်း "တွဲဖက်တိုင်းပြည်" အနေနှင့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးခဲ့ရသည်။ ပြင်သစ်တို့သည် အမည်ခံအားဖြင့် အုပ်ချုပ်သူ အဖြစ်ရှိနေသည်မှာ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လာအိုတို့ အနေနှင့် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အပြည့်အဝ လွတ်လပ်ရေး ရသည့်အချိန်အထိ ဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ်နှင့် ကွန်မြူနစ်အုပ်ချုပ်ခြင်း (၁၉၅၃-ယခု) [ဗီယန်ကျင်းတွင် တွေ့ရသော ပါသတ် လာအိုစစ်သားများ၊ ၁၉၇၂ ၁၉၇၅ ခုနှစ်တွင် ပါသတ်လာအိုတို့သည် ဘုရင်ကိုသစ္စာခံသော အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၉၇၅ ဒီဇင်ဘာ ၂ ရက်တွင် ဆာဗန် ဗတ်သာနာ ဘုရင်ကို ဖိအားပေး၍ နန်းစွန့်စေခဲ့သည်။ သူသည် ပြန်လည်ပညာပေးစခန်းတွင် မသင်္ကာစရာ ကောင်းသော အခြေအနေတစ်ခုဖြင့် သေဆုံးခဲ့သည်။ ပြည်တွင်းစစ်အတွင်းတွင် လာအိုပြည်သူ ၂၀,၀၀၀ မှ ၆၀,၀၀၀ ကြား သေဆုံးခဲ့သည်။ See Table 3. ဘုရင်ကိုသစ္စာခံသူတို့သည် အမေရိကန်ပြည်ထောင်စုတွင် ပြည်ပရောက် အစိုးရတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နိုင်ငံကို ထိန်းချုပ်နိုင်ပြီးနောက် ကေဆုန် ဖုန်ဗီဟိန်း ဦးဆောင်သော ပါသတ်လာအို အစိုးရသည် နိုင်ငံအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဖြစ် နာမည် ပြောင်းလဲခဲ့ပြီး ဗီယက်နမ် စစ်တပ်များကို လာအိုနိုင်ငံအတွင်း အခြေချခွင့်နှင့် နိုင်ငံကို အုပ်ချုပ်ရာတွင် ကူညီရန်အတွက် ဗီယက်နမ် အကြံပေးများ ထားရှိခွင့်တို့အတွက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်ကြောင့် လာအိုနှင့် ဗီယက်နမ်တို့၏ နီးကပ်မှုကို တရားဝင် ဖြစ်စေခဲ့ပြီး ထိုစာချုပ်သည် လာအိုတို့၏ နိုင်ငံခြားရေးမူဝါဒများအတွက် လမ်းညွှန်ချက်ပေးသည်သာမက ဗီယက်နမ်တို့အား လာအိုတို့၏ နိုင်ငံရေးနှင့် စီးပွားရေးဘဝတို့အတွင် အဆင့်ဆင့်တို့၌ ဝင်ရောက်ပတ်သက်ခွင့်အတွက် အခြေခံ ဖြစ်စေခဲ့သည်။Stuart-Fox, Martin (1980). LAOS: The Vietnamese Connection . In Suryadinata, L (Ed.), Southeast Asian Affairs 1980. Singapore: Institute of Southeast Asian Stuides, p. 191. ၁၉၇၉ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက် လာအိုတို့အား ဗီယက်နမ်တို့မှ တောင်းဆိုခဲ့သဖြင့် တရုတ်၊ အမေရိကန်ပြည်ထောင်စု နှင့် အခြားနိုင်ငံတို့နှင့် ကုန်သွယ်ရေးပြတ်တောက်ကာ သင်းကွဲဖြစ်ရန်အတွက် လမ်းစ ဖြစ်စေခဲ့သည်။Kingsbury, Damien (2016). Politics in Contemporary Southeast Asia: Authority, Democracy and Political Change . Taylor & Francis, p. 50. ၁၉၇၉ ခုနှစ်တွင် လာအိုနိုင်ငံ၌ ဗီယက်နမ် တပ်သားပေါင်း ၅၀,၀၀၀ ကျော် တပ်စွဲထားခဲ့ပြီး ဗီယက်နမ် အရပ်သား အရာရှိ ၆,၀၀၀ အထိ ရှိကာ ဗီယန်ကျင်းရှိ ဝန်ကြီးဌာနများတွင် တိုက်ရိုက်တွဲဖက်တာဝန်ပေးထားသော အရာရှိ ၁,၀၀၀ ပါဝင်သည်။ Savada, Andrea M. (1995). Laos: a country study . Federal Research Division, Library of Congress, p. 271. Prayaga, M. (2005). Renovation in Vietnam since 1988 a study in political, economic and social change (PhD thesis). Sri Venkateswara University. Chapter IV: The Metamorphosed Foreign Relations, p. 154. မုန်သူပုန်တို့နှင့် ပဋိပက္ခမှာ အဓိကဒေသများတွင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဗီယင်ကျန်းပြည်နယ် အနီးရှိ ဆေဆာဗောင်း ကန့်သတ် စစ်ဇုံနှင့် ဇိုင်ဆမ်ဗောင်း ကန့်သတ်စစ်ဇုံ တို့အပြင် ရှန်ခိုအန်းပြည်နယ်တို့ ပါဝင်သည်။ ၁၉၇၅ မှ ၁၉၉၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံမှ လာအိုဒုက္ခသည် ၂၅၀,၀၀၀ ကို ပြန်လည်နေရာချထားပေးခဲ့ပြီး မုန်လူမျိုး ၁၃၀,၀၀၀ အပါအဝင်ဖြစ်သည်။Laos (04/09) . U.S. Department of State. ပထဝီဝင် လာအိုနိုင်ငံရှိစပါးခင်းများ လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ မြောက်လတ္တီကျု ၁၄° နှင့် ၂၃° အကြား (၁၄° ၏ တောင်ပိုင်းတွင် နယ်မြေအနည်းငယ်မျှပါဝင်သည်။) အရှေ့လောင်ဂျီကျု ၁၀၀° နှင့် ၁၀၈° အကြားတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားမှာ သစ်တောထူထပ်ပြီး ကြမ်းတမ်းမြင့်မားသော တောင်ကုန်းများရှိကာ အမြင့်ဆုံး နေရာမှာ ဖိုဘီယာတောင် ဖြစ်၍ မြင့်သည်။ မဲခေါင်မြစ်သည် နိုင်ငံ၏ အနောက်ဘက်တွင် ထိုင်းနိုင်ငံ နှင့် နယ်နိမိတ်အဖြစ် နေရာအတော်များများတွင် တည်ရှိနေပြီး အရှေ့ဘက်တွင် အန်နာမိုက်တောင်တန်းသည် ဗီယက်နမ်နှင့် နယ်ခြားအဖြစ် တည်ရှိကာ လွမ်ပရာဘွမ်တောင်တန်းသည် ထိုင်းကုန်းမြေမြင့်နှင့် အနောက်မြောက်နယ်စပ် အဖြစ် တည်ရှိသည်။ မြောက်ဘက်တွင် ရှန်ခိုအန်းကုန်းမြေမြင့် နှင့် တောင်ပိုင်းတွင် ဘိုလာဗန်ကုန်းမြေမြင့် ဟူ၍ ကုန်းမြေမြင့် ၂ ခု ရှိသည်။ လာအိုနိုင်ငံကို ပထဝီဝင်အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။ လာအိုသည် ၂၀၁၉ ခုနှစ် သစ်တောမြင်ကွင်းရှင်းလင်းမှုညွှန်းကိန်းအရ ပျမ်းမျှအမှတ်အနေနှင့် ၅.၅၉/၁၀ ရရှိပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၉၈ ရှိသည်။ ၁၉၉၃ ခုနှစ်တွင် လာအိုအစိုးရမှ နိုင်ငံ၏ မြေဧရိယာ ၂၁% ကို တောရိုင်းတိရစ္ဆာန် စားကျက်မြေ ထိန်းသိမ်းရေးအတွက် ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ လာအိုနိုင်ငံသည် "ရွှေတြိဂံ" ဟု ခေါ်ဆိုကြသော ဘိန်းစိုက်ပျိုးရာ ဒေသအတွင်း နိုင်ငံ ၄ ခုမှ တစ်ခု အပါအဝင် ဖြစ်သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး အချက်အလက်စာအုပ်ဖြစ်သည့် "အရှေ့တောင်အာရှရှိ ဘိန်းစိုက်ပျိုးမှု" စာအုပ်တွင် ဘိန်းစိုက်ပျိုးသည့် ဧရိယာမှာ ဖြစ်သဖြင့် ၂၀၀၆ ခုနှစ် မှ ကျဆင်းသွားခဲ့သည်။ ရာသီဥတု none|upright=1.75 အစိုးရ နှင့် နိုင်ငံရေး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို အတိအလင်း ထောက်ခံသောနိုင်ငံ ဖြစ်သည်။ တစ်ခုတည်းသော တရားဝင် နိုင်ငံရေးပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဖြစ်သည်။ လာအိုသည် တစ်ပါတီနိုင်ငံ ဖြစ်သဖြင့် အထွေထွေအတွင်းရေးမှူး (ပါတီခေါင်းဆောင်) သည် နိုင်ငံနှင့် အစိုးရ အပေါ်တွင် အဆုံးစွန်ဆုံး အာဏာနှင့် အုပ်ချုပ်ပိုင်ခွင့် ယူထားပြီး ထိပ်တန်းခေါင်းဆောင် အဖြစ် ဆောင်ရွက်သည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ သမ္မတ သောင်လွန်း ဆီဆိုလစ် ဖြစ်သည်။ သူသည် လာအိုပြည်သူ့တော်လှန်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သဖြင့် သူ့အား လာအိုနိုင်ငံ၏ အလိုအလျောက် ခေါင်းဆောင်အဖြစ် ၂၀၂၁ ဇန်နဝါရီလမှ စတင် သတ်မှတ်ပြီး ဖြစ်သည်။ အစိုးရ၏ ပေါ်လစီများကို အာဏာအရှိဆုံး အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ပေါလစ်ဗျူရို နှင့် အဖွဲ့ဝင် ၆၁ ဦးပါဝင်သော လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီမှ ဆုံးဖြတ်သည်။ လာအိုနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သစ်ဘာသာဖြင့် ရေးထားပြီး ၁၉၄၇ခုနှစ် မေလ ၁၁ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ပြင်သစ်ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်တစ်ခု အဖြစ်ကြေညာခဲ့သည်။ ၁၉၅၇ ခုနှစ် မေလ ၁၁ ရက်တွင် ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်သစ်ပြည်ထောင်စု အား ရည်ညွှန်းချက်ကို ဖြုတ်ပစ်ခဲ့သော်လည်း ယခင် ကိုလိုနီအုပ်ချုပ်သူနှင့် ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာ အရ ဆက်ဆံမှုများမှာ နီးကပ်စွာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ၁၉၅၇ ဥပဒေကို ၁၉၇၅ ဒီဇင်ဘာတွင် ကွန်မြူနစ် ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ကြေညာသောအခါတွင် ရုပ်သိမ်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ၁၉၉၁ တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။ အုပ်ချုပ်သူ လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ အလံ နိုင်ငံခြားဆက်ဆံရေး မုံ မိန်းကလေးများကို လာအိုတွင် တွေ့ရပုံ၊ ၁၉၇၃ ၁၉၉၃ ခုနှစ်တွင် ယခင်က မုံ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အကြီးဆုံး မုံ ဒုက္ခသည်စခန်း၏ ခေါင်းဆောင်ဖြစ်သော ဗူးမိုင် အား ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ နေရပ်ပြန်လည်စေလွှတ်ခြင်း အစီအစဉ် အောင်မြင်ကြောင်း ပြသရန် အတွက် လာအိုသို့ ပြန်သွားရန် တာဝန်ပေးခြင်းခံရပြီးနောက် ဗီယန်ကျင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ အမေရိကန် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သူ့အား လာအို လုံခြုံရေးတပ်များမှ ဖမ်းဆီးသွားပြီး နောက်တစ်ဖန် ပြန်မတွေ့ရတော့ပေ။ ဗူးမိုင်၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် လာအိုသို့ မုံလူမျိုးများ နေရပ်ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ အငြင်းအခုံများ အလွန်ပင် ရေချိန်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ကာ အမေရိကန်တွင် ကွန်ဆာဗေးတစ်များနှင့် အချို့သော လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၃ ခုနှစ်တွင် နေရှင်နယ်ရီဗြူး မဂ္ဂဇင်းတွင် ပါရှိသော ယခင် ဟယ်ရီတေ့ချ်ဖောင်ဒေးရှင်း၏ နိုင်ငံခြားရေးရာ ပေါ်လစီကျွမ်းကျင်သူနှင့် ရီပတ်ဘလစ်ကင် အိမ်ဖြူတော် အကူ ဖြစ်ခဲ့သူ မိုက်ကယ်ဂျွန်၏ ဆောင်းပါးတွင် ကလင်တန် အစိုးရ၏ မုံ နေရပ်ပြန်လည်ပို့ဆောင်ရေး ပေါ်လစီကို သစ္စာဖောက်မှု အဖြစ် တံဆိပ်ကပ်ပြီး မုံလူမျိုးများအား "အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်ရင်း သွေးမြေကျသူများ" ဟု ဖော်ပြခဲ့သည်။ Johns, Michael (23 October 1995) "Acts of Betrayal: Persecution of Hmong". National Review. ထိုပြဿနာနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများ အလျှင်အမြန်ပင် အရှိန်တက်လာခဲ့ပြီး ရီပတ်ဘလစ်ကင် ဦးဆောင်သော အမေရိကန် ဆီးနိတ်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးမှ ထိုင်းနိုင်ငံအခြေစိုက် မုံလူမျိုးများကို အမေရိကန်ပြည်ထောင်စုတွင် အလျှင်အမြန် နေရာချထားပေးရန် ဘဏ္ဍာငွေကို ချပေးခဲ့သည်။ ကလင်တန်ကမူ ထိုဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ဖျက်မည်ဟု တုံ့ပြန်ခဲ့သည်။ နေရပ်ပြန်ပို့မည့် အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင် ကွန်ဂရက်လွှတ်တော် အမတ်တို့သည် လာအိုတို့၏ အစိုးရအနေနှင့် မုံလူမျိုးတို့၏ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်း မဟုတ်ဆိုသည့် ကလင်တန်အစိုးရ၏ ရပ်တည်မှုကို စိမ်ခေါ်ခဲ့ကြသည်။ အမေရိကန် ကိုယ်စားလှယ် စတိဗ်ဂန်းဒါဆင် က ဥပမာ အနေနှင့် မုံတို့ စုဝေးရာတွင် ပြောကြားခဲ့သည်မှာ "ကျွန်တော့် အနေနဲ့ ကျွန်တော်တို့အစိုးရကို ဆန့်ကျင်ပြီး ခင်ဗျားတို့ အမှန်အတိုင်း မပြောဘူး ဆိုတာ ပြောနေရတာကို ပျော်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားနဲ့ တရားမျှတမှုကို ခုခံကာကွယ်ဖို့ လိုအပ်တယ် ဆိုရင်တော့ လုပ်ရမှာပဲ။" ဟူ၍ ဖြစ်သည်။ ရီပတ်ဘလစ်ကင် တို့အနေနှင့် မုံလူမျိုးတို့ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲချက်များကို ကွန်ဂရက်ကြားနာမှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး မုံလူမျိုးတို့ကို နေရပ်သို့ပြန်ပို့သည်ကို သူတို့အနေနှင့် ဆန့်ကျင်ရာတွင် ထောက်ခံမှုများ ပိုမိုရရှိစေရန် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။ အချို့သော ဖိအားပေး၍ နေရပ်ပြန်ပို့သည့် စွပ်စွဲချက်များမှာ ငြင်းပယ်ခဲ့သော်လည်းReports on results of investigations of allegations concerning the welfare of Hmong refugees and asylum seekers in Thailand and Laos Refugee and Migration Affairs Unit, United States Embassy (Thailand), 1992. Retrieved 27 July 2007 မုံလူမျိုး ထောင်ပေါင်းများစွာသည် လာအိုသည် ပြန်ရန် ငြင်းဆန်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းရန် နောက်ဆုံးရက်သို့ ချဉ်းကပ်လာသည့် အခါတွင် ပိုမိုမြင့်တက်လာသော နိုင်ငံရေးဆိုင်ရာ ဖိအားအောက်တွင် အမေရိကန်ပြည်ထောင်စု အနေနှင့် စစ်ဆေးမှုလုပ်ငန်းစဉ် အသစ်ကို အောင်မြင်သော မုံ ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် သဘောတူညီခဲ့ရသည်။Reports on results of investigations of allegations concerning the welfare of Hmong refugees and asylum seekers in Thailand and Laos Refugee and Migration Affairs Unit, United States Embassy (Thailand), 1992. Retrieved 27 July 2007 ဒုက္ခသည်စခန်း ပိတ်သိမ်းချိန်တွင် ပြန်လည်နေရာချထားခြင်း မပြုရသေးသော မုံလူမျိုး ၅,၀၀၀ ခန့်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခု ဖြစ်သော ဝပ်သမ်ခရာဘောက် တွင် ခိုလှုံခွင့် တောင်းခံခဲ့ပြီး ထိုနေရာတွင် မုံလူမျိုး ဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိနှင့်နေပြီး ဖြစ်သည်။ ထိုင်းအစိုးရမှ ထိုဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ကြိုးစားသော်လည်း ဝပ်သမ်ခရာဘောက်ရှိ မုံလူမျိုးများမှ ထွက်ခွာရန် ငြင်းဆန်ကြပြီး လာအိုအစိုးရမှလည်း သူတို့အား တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုတွင် ပါဝင်သည် ဆိုသော အချက်နှင့် လာအိုမှ လူများမဟုတ်ဟူသော အကြောင်းပြချက်များဖြင့် ပြန်လည်လက်ခံရန် ငြင်းဆန်ခဲ့သည်။ "Laos refuses to take back Thai-based Hmong refugees", Deutsche Presse-Agentur, 20 August 1998. သူတို့အား အင်အားသုံး၍ ဖယ်ရှားမည်ဆိုသော ထိုင်းအစိုးရ၏ ခြိမ်းခြောက်မှု အပြီးတွင် မုံတို့၏ သိသာသော အောင်ပွဲအနေနှင့် အမေရိကန်ပြည်ထောင်စုမှ ဒုက္ခသည် ၁၅,၀၀၀ ကို လက်ခံရန် သဘောတူညီခဲ့သည်။"Refugee Admissions Program for East Asia" Bureau of Population, Refugees, and Migration, 16 January 2004, archived 17 January 2009 from the original ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးအချို့မှာ သူတို့အား အမေရိကန်အစိုးရမှ ပြန်လည်အခြေချရန် လက်မခံပါက လာအိုသို့ အတင်းအကြပ် ပြန်ပို့မည်ကို ကြောက်ရွံ့ကြသဖြင့် ဒုက္ခသည် စခန်းမှ ထွက်ပြေးပြီး ၁၉ရာစုမှစ၍ မုံလူမျိုးများ သိသာသော ပမာဏရှိနေသော ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် သွားရောက်နေထိုင်ကြသည်။ . ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးများသည် လာအို၏ တောနက်များအတွင်းမှ ထိုင်းနိုင်ငံ ဖက်ချာဘွန် ပြည်နယ်တွင်ရှိသော ယာယီ ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့ကြသည်။ လာအိုအစိုးရ အနေနှင့် မုံလူမျိုးတို့အား ဖိနှိပ်အုပ်ချုပ်သည်ဆိုသော အစောပိုင်းအဆိုကို ထပ်မံထောက်ခံမှု ပြသည့်အနေနှင့် ရုပ်ရှင်ရိုက်ကူးသူ ရဘက်ကာ ဆမ်းမားမှ သူ၏ မှတ်တမ်းရုပ်ရှင်ဖြစ်သော "တိရစ္ဆာန်ကဲ့သို့ အမဲလိုက်ခံရသူများ" တွင် ကိုယ်တိုင်ကြုံတွေ့သူများမှ ပြောပြချက်များကို မှတ်တမ်းတင်ခဲ့ပြီး Hunted like animals Rebecca Sommer Film Clips ဒုက္ခသည်တို့၏ ပြောဆိုချက်များ အကျဉ်းချုပ်ပါဝင်သော အသေးစိတ် အစီရင်ခံစာကို ကုလသမဂ္ဂသို့ ၂၀၀၆ ခုနှစ် မေလတွင် တင်သွင်းခဲ့သည်။Report on the situation in the Xaysomboun Special Zone and 1100 Hmong-Lao refugees who escaped to Petchabun, Thailand during 2004–2005 Rebecca Sommer, May 2006 ဥရောပသမဂ္ဂ Thailand: EU Presidency Declaration on the situation of Hmong refugees EU@UN (1 February 2007)၊ ယူအင်န်အိတ်ချ်စီအာရ် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထိုအချိန်မှစ၍ အတင်းအကြပ် နေရပ်ပြန်စေမှုအား ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ "Deportation of Hmong Lao refugees stopped in last minute ", Gesellschaft für bedrohte Völker, 30 January 2007"Hmong: UNHCR Protests Refugee Deportation ", Unrepresented Nations and Peoples Organization, 5 February 2007 ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောဆိုသည်မှာ မုံလူမျိုးတို့အား ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပြန်လည်အခြေချပေးရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အချိန်၌ ၎င်းတို့အနေနှင့် နောင်ခိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော မုံဒုက္ခသည်များကို ပြန်ပို့ခြင်းအား ရပ်တန့်ထားမည် ဟူ၍ ဖြစ်သည်။ မုံဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထားမည့် အစီအစဉ်မှာ သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်၏ မျိုးချစ်ဥပဒေနှင့် အိုင်ဒီအစစ်အမှန် ဥပဒေတို့ကြောင့် ရပ်တန့်နေခဲ့ရပြီး ထိုဥပဒေများကြောင့် လျှို့ဝှက်စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုဘေးမှ ရပ်တည်၍ တိုက်ခိုက်ခဲ့သော မုံစစ်မှုထမ်းဟောင်းများ အား လက်နက်ကိုင်တိုက်ပွဲများအတွင်း သမိုင်းကြောင်းအရ ပါဝင်မှုကြောင့် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ လူ့အခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုသည် လာအိုနိုင်ငံအတွက် သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ရာကိစ္စတစ်ခု ဖြစ်သည်။ အီကော်နောမစ် မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် ဒီမိုကရေစီ ညွှန်းကိန်းတွင် လာအိုနိုင်ငံအား "အာဏာရှင် အစိုးရ" ဟု သတ်မှတ်ထားပြီး လေ့လာမှုတွင် ပါဝင်သည့် အာဆီယံ ကိုးနိုင်ငံတွင် အနိမ့်ဆုံးအဆင့် အဖြစ်သတ်မှတ်ဖော်ပြထားသည်။ ထင်ရှားသော အရပ်ဖက်လူ့အဖွဲ့အစည်းများမှ အကြံပေးများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ နိုင်ငံရေးနှင့် ဘာသာရေး ဆန့်ကျင်လှုပ်ရှားသူများ နှင့် မုံဒုက္ခသည်များသည် လာအို စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လက်တွင် ပျောက်ဆုံးသွားခဲ့ခြင်းများ ရှိသည်။Smith, Philip, Washington, D.C. (12 December 2014) CPPA – Center for Public Policy Analysis အတိအလင်းပြဋ္ဌာန်းပြီး တကယ်မဟုတ်သည်မှာ ၁၉၉၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော လာအို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၎င်းကို ပြင်ဆင်သော ၂၀၀၃ ဥပဒေတို့တွင် လူ့အခွင့်အရေးအတွက် အဓိက ကာကွယ်ထားမှုများ ပါဝင်သည်။ ဥပမာအားဖြင့် ပုဒ်မ ၈ တွင် လာအိုသည် လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်ပြီး လူမျိုးစုများအကြား တန်းတူညီမျှမှုကို အာမခံချက်ပေးသည် ဟု ထင်ရှားစွာ ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျားမ ညီမျှမှု၊ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းစာ လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့အတွက် ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ တွင် လာအိုနိုင်ငံသည် နိုင်ငံတကာ ပြည်သူ့ဆိုင်ရာ နှင့် နိုင်ငံရေး အခွင့်အရေးများ သဘောတူညီချက် တရားဝင်သဘောတူခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးပြီး ကိုးနှစ်အကြာတွင် ဖြစ်သည်။ လာအို အစိုးရနှင့် နိုင်ငံတကာ လှူဒါန်းသူများ၏ ဖော်ပြထားသော ပေါ်လစီ ရည်ရွယ်ချက်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်မည့် စီးပွားရေးဖွံ့ဖြိုးမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နှင့် ဆင်းရဲမွဲတေမှုကို လျော့ချရန်တို့အပေါ် ဆက်လက်၍ အာရုံစိုက် ဦးတည်ချက်ထားဆဲ ဖြစ်သည်။ သို့သော်လည်း လာအိုအစိုးရသည် သူတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှင့် တရားဥပဒေစိုးမိုးမှုကို ကိုယ်တိုင်ချိုးဖောက်လေ့ ရှိပြီး တရားရေးဝန်ထမ်းများနှင့် တရားသူကြီးများမှ အုပ်ချုပ်သူ ကွန်မြူနစ်ပါတီမှ ခန့်အပ်ထားခြင်း ဖြစ်သည်။ သီးခြားရပ်တည်ပြီး အကျိုးအမြတ်အတွက် အလုပ်လုပ်ခြင်း မဟုတ်သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ဖြစ်သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ စသည့် အဖွဲ့များ၊ ပြည်သူ့ရေးရာ အခွင့်အရေးအတွက် ကာကွယ်ရပ်တည်သူများ တို့နှင့် အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တို့၏ အဆိုအရ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့် လက်လွတ်စပါယ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပျောက်ကွယ်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အကျဉ်းထောင်အတွင်း မတရားမှုများ ပြုလုပ်ခြင်း နှင့် အခြားသော ချိုးဖောက်မှုများမှာ ဆက်လက်ရှိနေဆဲ ပြဿနာများ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လာအိုအစိုးရ၏ လူ့အခွင့်အရေးစံနှုန်းအပေါ် လိုက်နာကျင့်သုံးမှု မှတ်တမ်း နှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး လုပ်ငန်းစဉ် နှင့် ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း နှစ်ခုစလုံးသည် လူ့အခွင့်အရေးအပေါ် မကောင်းသော သက်ရောက်ရိုက်ခတ်မှု ရှိသည်ဟု သူတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအဖွဲ့အစည်းမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အကျဉ်းထောင်အတွင်း ဆိုးရွားသော အခြေအနေများ၊ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ခြင်း၊ ဒုက္ခသည်နှင့် ခိုလှုံခွင့် လျှောက်ထားသူများကို ဆက်ဆံခြင်း နှင့် သေဒဏ်ပေးမှုတို့ အပေါ်တွင်လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလတွင် လူငယ် အယောက် ၃၀ သည် လာအိုနိုင်ငံတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ငြိမ်းချမ်းစွာ ပြောင်းလဲရန် တောင်းဆိုသော ပိုစတာများ ကိုင်ဆောင်ပြသရန် ကြိုးစားသည့်အတွက် အထိန်းသိမ်းခံ ခဲ့ရသည်။ သူတို့ထဲမှ လူငယ် ၅ ယောက်မှာ အဖမ်းခံခဲ့ရပြီး နောက်ဆက်တွဲ အနေနှင့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ သူတို့အား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ပြန်လည် လွှတ်ပေးရမည် ဖြစ်သော်လည်း သူတို့ ဘယ်ရောက်နေသည်ကို မည်သူမျှ မသိပေ။ နောက်ပိုင်း သတင်းများသည် ထိုအချက်နှင့် ဆန့်ကျင်နေပြီး သူတို့အား ထောင်ဒဏ် အနှစ် ၂၀ အပြစ်ပေးခဲ့သည် ဟု ဆိုသည်။ ၂၀၁၇ ဖေဖော်ဝါရီ နှောင်းပိုင်းတွင် သူတို့ထဲမှ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး ၁၇ နှစ်ကျော် ကြာမြင့်ခဲ့သည်။ အမေရိကန် အခြေစိုက် အစိုးရမဟုတ်သော ပြည်သူ့ရေးရာ မူဝါဒ သုတေသန အဖွဲ့ဖြစ်သည့် ပြည်သူ့ရေးရာ မူဝါဒ ခွဲခြမ်းစိတ်ဖြာရေး ဌာန ၏ အဆိုအရ လာအိုနှင့် ဗီယက်နမ် စစ်တပ်များသည် ၂၀၁၁ ခုနှစ်၌ ရှန်ခိုအန်းပြည်နယ်တွင် ခရစ်ယာန် မုံလူမျိုး အမျိုးသမီးများကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဟု ဆိုပြီး အခြားသော ခရစ်ယာန်၊ လွတ်လပ်သော ဗုဒ္ဓဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်မှု ယုံကြည်သူတို့မှာလည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံကြရသည်ဟု ဆိုသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော ဗန်ပေါ့ဇပ်၊ ကယ်ရီ နှင့်ကေ ဒိန်း နှင့် အခြားသူများတို့မှလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ခြင်း တို့အပြင် နိုင်ငံခြား အကျဉ်းသားများကို ဗီယင်ကျန်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဖုန်သောင်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်များတွင် ချုပ်နှောင်ခြင်း စသည်တို့နှင့် ပတ်သက်၍ စိုးရိမ်မကင်းမှုများကို ထုတ်ဖော်ခဲ့ကြသည်။ ခန့်မှန်းချက်များအရ လူပေါင်း ၃၀၀,၀၀၀ ခန့်သည် အစိုးရ၏ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲတွင် မုံလူမျိုး ၁၀၀,၀၀၀ ပါဝင်ပြီး မုံလူဦးရေ စုစုပေါင်း၏ ၃၀% မျှ ဖြစ်ကာ ၉၀% မျှသော လာအိုရှိ ပညာရှင်၊ အထူးပြုကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိများ ဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၃၀,၀၀၀ သေဆုံးခဲ့ရသည်။ လာအိုသည် လိင်ကုန်ကူးခံရသူများ မြစ်ဖျားခံရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူမျိုးစု အမျိုးမျိုးမှ အမျိုးသမီးနှင့် မိန်းကလေးများ ဖြစ်ကြသော လာအိုနိုင်ငံသားများသည် လာအိုတွင် လိင်ကုန်ကူးခြင်း၏ သားကောင် ဖြစ်ခဲ့ကြရသည်။ စီးပွားရေး ဗီယင်ကျန်းရှိ နံနက်ခင်းဈေး လာအိုနိုင်ငံသည် သတ္တုတွင်းထွက် ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားမှ တင်သွင်းရသည်။ သတ္တုလုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်ပြီး အစိုးရအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ များပြားလှစွာသော ကျောက်မီးသွေး၊ ရွှေ၊ ဘောက်ဆိုက်၊ ခဲမဖြူ၊ ကြေးနီနှင့် အခြားသော အဖိုးတန်သတ္တုများကို တူးဖော်နိုင်ရန် မျှော်လင့်လျက် ရှိသည်။ ထိုကဏ္ဍသည် လာအိုနိုင်ငံ၏ စီးပွားရေးအခြေအနေပေါ်တွင် အထင်ရှားဆုံး အထောက်အကူပေးနေသည်။ ရွှေ၊ကြေးနီ၊ ဇင့်၊ ခဲနှင့် အခြားသတ္တုများကို နေရာ ၅၄၀ ကျော်မျှ ရှာဖွေတွေ့ရှိစမ်းသပ်၍ တူးဖော်ထုတ်လုပ်လျက် ရှိသည်။ ထိုမျှသာမက နိုင်ငံအတွင်း ရေအရင်းအမြစ်ပေါများ၍ တောင်ကုန်းထူထပ်သော မြေမျက်နှာပြင် အနေအထားအရ ရေအားလျှပ်စစ် စွမ်းအင် ပမာဏအများအပြားကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်သည်။ ဖြစ်တန်စွမ်းရှိသော ပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈,၀၀၀ မဂ္ဂါဝပ် ဖြစ်ပြီး ၈,၀၀၀ မဂ္ဂါဝပ်ခန့်ကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်း ဈေးချိုသော ရေအားလျှပ်စစ် ရရှိနိုင်သော်လည်း လာအိုနိုင်ငံအနေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေးကို ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေး အတွက် ဆက်လက်မှီခိုနေဆဲပင် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံသည် လူထုဖွံ့ဖြိုးရေးညွှန်းကိန်းတွင် အဆင့် ၁၃၉ မျှ ရှိသဖြင့် အလယ်အလတ်ဖွံ့ဖြိုးမှုကို ပြသနေသည်။ ကမ္ဘာ့ ဆာလောင်မှုညွှန်းကိန်း (၂၀၁၈) အရ လာအိုသည် အဆိုးဆုံး ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရသည့် နိုင်ငံ ၅၂ နိုင်ငံတွင် အဆင့် ၃၆ မျှ ရှိသည်။2015 Global Hunger Index , International Food Policy Research Institute(IFPRI) ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ်လာရောက်ခဲ့ပြီး သူ၏ တွေ့ရှိချက်အရ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် နိုင်ငံ၏ အထက်မှ အောက်သို့သွားသော ပုံစံသည် "အမြဲလိုပင် အလုပ်မဖြစ်ဘဲ၊ ဆင်းရဲခြင်းသို့ ဦးတည်နေကာ ဆင်းရဲသားတို့၏ အခွင့်အရေးကို ဦးတည် ခြိမ်းခြောက်နေသည်။" ဟု ဆိုခဲ့သည်။ နိုင်ငံ၏ လူသိများ အထင်ရှားဆုံးထုတ်ကုန်မှာ ဘီယာလာအို ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့ရောင်းချခဲ့သည်။ ၎င်းအား လာအိုဘီယာချက်ကုမ္ပဏီ မှ ထုတ်လုပ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗတ်ဖိုး ဘုရားကျောင်း အစုအဝေး၏ အပေါ်ပိုင်းရှိ ထိန်းသိမ်းရေး နယ်မြေအနား။ မဲခေါင်မြစ်သို့ နောက်ပြန်ကြည့်နေပုံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အလျှင်အမြန် တိုးတက်လျက် ရှိပြီး ၁၉၉၀ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည်ပေါင်း ၈၀,၀၀၀ မျှ ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၁.၈၇၆သန်း အထိ တိုးတက်လာခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ခရီးသည်ဦးရေ ၁.၅၈၅၇ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်အကိုင် ၁၁ ခုတိုင်းတွင် တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ဖြစ်သည်။ နိုင်ငံတကာခရီးသွားများထံမှ ပို့ကုန်အတွက်ရငွေ နှင့် ခရီးသွားလုပ်ငန်း လက်ဆောင်ပစ္စည်းများမှ ရရှိငွေသည် ၂၀၁၀ ခုနှစ်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၆% သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၇၀.၃ သန်း ရရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၄.၂ သန်း (စုစုပေါင်း၏ ၁၂.၅%) အထိ တိုးတက်လာမည် ဖြစ်သည်။ ဥရောပ ကုန်သွယ်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကောင်စီက ၂၀၁၃ ခုနှစ်တွင် လာအိုနိုင်ငံအား ဗိသုကာပညာနှင့် သမိုင်းအတွက် "ကမ္ဘာပေါ်တွင် အကောင်းဆုံး ခရီးသွား နေရာ" အဖြစ် ဆုချီးမြှင့်ခဲ့သည်။European Council On Tourism And Trade Delegation Visit To Laos-World Best Tourist Destination – European Council On Tourism And Trade . Ectt.webs.com. Retrieved on 5 July 2015. လွမ်ပရာဘွမ်မြို့နှင့် ဗတ်ဖိုးတိုသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ ဒေသများ ဖြစ်သည်။ အဓိက ပွဲတော်များတွင် ဧပြီလ ၁၃ မှ ၁၅ ခန့်တွင် ဆင်နွှဲသော လာအိုနှစ်သစ်ကူးပွဲ ရေသဘင်ပွဲ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် တူသော်လည်း ပိုမိုပျော့ပြောင်းသည်။ လာအို၏ အမျိုးသား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့၊ ၎င်းနှင့် ပတ်သက်သော အစိုးရ အေဂျင်စီများနှင့် ပုဂ္ဂလိက ကဏ္ဍတို့သည် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အမျိုးသား ဂေဟခရီးသွားလုပ်ငန်း မဟာဗျူဟာနှင့် လုပ်ဆောင်ရန် အစီအစဉ်များအတွင်း မျှော်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြသည်။ ၎င်းတို့တွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုက်ခတ်မှုများကို လျှော့ချခြင်း၊ လူမျိုးစုများ နှင့် ဇီဝမျိုးကွဲများ၏ အရေးပါမှုကို ပိုမိုသိရှိနိုင်ရန် ကြိုးပမ်းခြင်း၊ လာအို၏ ထိန်းသိမ်းထားသော နယ်မြေကွန်ယက် နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်နေရာတို့ကို ထိန်းသိမ်းရန်၊ အစဉ်တဆက် ထိန်းသိမ်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် ငွေကြေး အရင်းအမြစ်ကို ပံ့ပိုးပေးခြင်း၊ ကမ္ဘာလှည့်ခရီးသွားဇုန် သတ်မှတ်ရန် လိုအပ်ခြင်းကို အာရုံစိုက် လုပ်ဆောင်ခြင်း၊ ဇီဝခရီးသွားလုပ်ငန်း နေရာအဖြစ် ဖော်ဆောင်မည့် နေရာများအတွက် စီမံခန့်ခွဲမှု အစီအစဉ်များ လိုအပ်ခြင်း တို့ ပါဝင်သည်။ အခြေခံအဆောက်အအုံ ဗီယင်ကျန်းရှိ ဖာ့သတ်လွမ်။ ဗုဒ္ဓဘာသာဘုရားသည် လာအို၏ နိုင်ငံတော် ပြယုဂ် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် လာအိုနိုင်ငံသား ၆၆ ရာခိုင်နှုန်းမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် များ ဖြစ်ပြီး ခရစ်ယာန် ၁.၅ ရာခိုင်နှုန်း၊ မွတ်စလင် ၀.၁ ရာခိုင်နှုန်း၊ ဂျူးဘာသာ ကိုးကွယ်သူ ၀.၁ ရာခိုင်နှုန်းနှင့် အခြားသော ၃၂.၃ ရာခိုင်နှုန်းမှာ အခြားဘာသာဝင်များ သို့မဟုတ် ရိုးရာနတ်ကိုးကွယ်သူများ (အများစုမှာ ဖီသာသနာ ခေါ် ထိုင်းရိုးရာနတ်ကိုးကွယ်မှု)ဖြစ်ကြသည်။ ဗုဒ္ဓဘာသာသည် လာအိုနိုင်ငံရှိ အရေးပါသော လူမှုရေးဆိုင်ရာအားတစ်ခု ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာသည် နိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ဖီသာသနာ နှင့် အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ၍ အတူရှိနေခဲ့သည်။ ကျန်းမာရေး ဗီယင်ကျန်းမြို့ရှိ လာအိုအမျိုးသားတက္ကသိုလ် ၂၀၁၇ ခုနှစ်တွင် လူကြီးများ စာတတ်မြောက်မှုနှုန်းမှာ အမျိုးသမီးများအတွက် ၆၂.၉% ဖြစ်ပြီး အမျိုးသားများအတွက် ၇၈.၁% ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် မူလတန်း ကျောင်းအပ်မှုနှုန်း စုစုပေါင်းမှာ ၈၄% ဖြစ်သည်။ လာအိုအမျိုးသားတက္ကသိုလ်သည် လာအိုနိုင်ငံ၏ ပြည်သူပိုင် တက္ကသိုလ်ဖြစ်သည်။ ဝင်ငွေနည်းပါးသော နိုင်ငံဖြစ်သဖြင့် ပညာတတ် အများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် လာအိုနိုင်ငံသည် ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ခန့်မှန်းခြေအားဖြင့် ပညာတတ် လာအိုနိုင်ငံသား ၃၇% သည် နိုင်ငံပြင်ပတွင် နေထိုင်ကြသည်။ Fielding, Tony (2015). Asian Migrations: Social and Geographical Mobilities in Southeast, East, and Northeast Asia . Routledge, p. 77. . လာအိုနိုင်ငံသည် ၂၀၂၀ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်းကိန်းတွင် အဆင့် ၁၁၃ ရှိသည်။ ယဉ်ကျေးမှု လာအိုအမျိုးသမီးများ ဆင်းဝတ်စုံကို ဝတ်ဆင်ထားပုံ |နှစ်သစ်ကူးပွဲတော်တွင် တွေ့ရသော လာအိုကချေသည်များ ထေရဝါဒ ဗုဒ္ဓဘာသာသည် လာအိုယဉ်ကျေးမှုတွင် ကြီးစွာသော လွှမ်းမိုးမှု ရှိသည်။ ထိုသက်သေများကို နိုင်ငံတဝှမ်းလုံးတွင် တွေ့ရပြီး ဘာသာစကား၊ ဘုရားပုထိုးများ ၊ အနုပညာ နှင့် စာပေတို့ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ လာအိုယဉ်ကျေးမှု၏ အစိတ်အပိုင်း အများအပြားသည် ဗုဒ္ဓဘာသာ မတိုင်ခင်က ပေါ်ထွန်းခဲ့သည်များ ရှိသည်။ လာအို ဂီတအား အမျိုးသား တူရိယာ ဖြစ်သော ခန်း တူရိယာက လွှမ်းမိုးထားပြီး ၎င်းမှာ လေမှုတ်တူရိယာဖြစ်ကာ သမိုင်းမတင်မီ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ခန်းအား မော်လမ် ဟု ခေါ်သော အဆိုတော်ဖြင့် တွဲဖက်ဖျော်ဖြေပြီး ကျေးလက်ရိုးရာဂီတ၏ ထင်ရှားသော စတိုင်လ် ဖြစ်သည်။ ကောက်ညှင်းသည် အဓိကစားစရာ ဖြစ်ပြီး လာအိုလူမျိုးတို့အတွက် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါမှု ရှိသည်။ ကောက်ညှင်းအား သာမန်ဆန်ထက် ပို၍ နှစ်သက်ကြပြီး ကောက်ညှင်းစိုက်ပျိုးခြင်းသည် လာအိုနိုင်ငံတွင် စတင်သည်ဟု ယူဆကြသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ လူမျိုးစုအများကြားနှင့် ကွဲပြားခြားနားသော ပတ်ဝန်းကျင်တို့ကြားတွင် များပြားလှစွာသော ရိုးရာနှင့် ရိုးရာလုပ်ထုံးများ ရှိကြသည်။ ဥပမာအားဖြင့် လွမ်ပရာဘွမ်ရှိ ခမ်မူး လယ်သမားများသည် ခေါင်ခမ် ဆန်အမျိုးအစားကို လယ်တောအိမ်၏ အနီးတွင် ကွယ်လွန်ပြီးသော မိဘများအား သတိရခြင်း အနေနှင့် အနည်းငယ် စိုက်ပျိုးလေ့ ရှိပြီး စပါးခင်း၏ အစပ်တွင် စိုက်ပျိုးသည် ဆိုပါက မိဘများ အသက်ရှင်ဆဲဟု အဓိပ္ပာယ်ရသည်။ ဆင်း ဝတ်စုံသည် လာအိုအမျိုးသမီးတို့ နေ့စဉ် ဝတ်ဆင်သော ရိုးရာအဝတ်အစား ဖြစ်သည်။ ၎င်းသည် လက်ဖြင့် ယက်လုပ်သော ပိုးထည်ထမီ ဖြစ်ပြီး အမျိုးသမီးတို့၏ ဝတ်ဆင်ပုံကိုလိုက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။ ရုပ်ရှင် ၁၉၇၅ ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံကို စတင်တည်ထောင်သည့် အချိန်မှစ၍ လာအိုနိုင်ငံတွင် ထုတ်လုပ်သော ရုပ်ရှင် အနည်းငယ်မျှသာ ရှိသည်။ Bounchao Pichit, "Laos Cinema," in David Hanan, ed., Film in South East Asia: Views from the Region, Hanoi, Vietnam Film Institute, 2001, 83–91. ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ပထမဆုံး ရိုက်ကူးထုတ်လုပ်သော ဇာတ်ကားရှည် ရုပ်ရှင်မှာ "ဂျားလွင်ပြင်မှ သေနတ်သံများ" ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ဆွမ်ချစ် ဖိုလ်စီနာ က ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း ဆင်ဆာဘုတ်အဖွဲ့မှ ထုတ်ဝေ ဖြန့်ဖြူးခြင်းကို တားမြစ်ခဲ့သည်။ ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ဇာတ်လမ်းရှည်မှာ ၂၀၀၈ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော "ဆဘိုင်းဒီး လွမ် ပရာဘွမ်" ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော ဇာတ်လမ်းရုပ်ရှင် "သွေးလမ်းမ" မှာ လာအိုတွင် လာအိုအစိုးရ၏ အကူအညီဖြင့် ရိုက်ကူးထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် သတင်းနှင့် မှတ်တမ်း အမ်မီဆု ချီးမြှင့်ခြင်း ခံရသည်။ ဩစတြေးလျ ရုပ်ရှင်ရိုက်ကူးသူ ကင်မ် မော်ဒေါင့်၏ ပထမဆုံး ရုပ်ရှင်အား လာအိုတွင် ရိုက်ကူးပြီး မိခင်ဘာသာစကား ပြောကြားသော လာအိုသရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည်။ ဇာတ်လမ်း၏ အမည်မှာ "ရော့ကက်" ဖြစ်ပြီး မဲလ်ဘုန်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ၂၀၁၃ ခုနှစ်၌ စတင်ပြသကာ ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဆု ၃ ခု ရရှိခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ရိုက်ကူးပြီး လာအိုအား အသားပေးရိုက်ကူးသော ရုပ်ရှင်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ လာအိုနယူးဝေ့ဗ်စီနီမာ ကုမ္ပဏီ၏ အန်နီဆေး ကရိုလာ ရိုက်ကူးပြီး အုဇ်အာရှ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော "မိုးကုတ်စက်ဝိုင်း၌" ရုပ်ရှင် နှင့် လာအို အာ့တ်မီဒီယာ ကုမ္ပဏီ၏ မက်တီဒေါင် ရိုက်ကူးပြီး ၂၀၁၃ ခုနှစ် ဖန်တက်စတစ်ဖတ်ဇ် ပွဲတော်တွင် ပြသခဲ့သော "ချန်သာလီ" တို့ဖြစ်ကြသည်။ ၂၀၁၇ စက်တင်ဘာလတွင် မက်တီဒေါင်၏ ဒုတိယ ရုပ်ရှင်ဖြစ်သော "အချစ်ရဆုံးသော ညီအစ်မ" ရုပ်ရှင်အား ၉၀ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲ (အော်စကာပွဲ) သို့ အကောင်းဆုံးနိုင်ငံခြားဘာသာစကား ရုပ်ရှင် အဖြစ် ရွေးချယ်မှုအတွက် စဉ်းစားနိုင်ရန် တင်သွင်းခဲ့သဖြင့် နိုင်ငံ၏ ပထမဆုံး အော်စကာဆုသို့ တင်သွင်းခြင်းအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံ၌ ရုပ်ရှင်ပြသရန် သီးသန့်ရည်ရွယ် လုပ်ငန်းလည်ပတ်နေသော ရုပ်ရှင်ရုံ ၃ ခု ရှိသည်။ ပွဲတော်များ လာအိုနိုင်ငံတွင် အများပြည်သူ ရုံးပိတ်ရက်၊ ပွဲတော်နှင့် အခမ်းအနား အချို့ ရှိသည်။ မုံနှစ်သစ်ကူးပွဲ (နိုပီဂျောင်) ဘန်ဖာဝက် မာဂါ ပူဂျာ တရုတ်နှစ်သစ်ကူး ဘွန်ခွန်ခေါင်း ဘွန်ပီမိုင်း ဗီဆာခါ ပူဂျာ ပီမိုင်း/ ဆုံခရမ် (လာအိုနှစ်သစ်ကူးပွဲ) ခေါင် ဖန်ဆာ ဟော ခေါင် ပါဒပ်ဒင် အော့ခ် ဖန်ဆာ ဘန်နမ်း လာအို အမျိုးသားနေ့ (ဒီဇင်ဘာ ၂) မီဒီယာ နိုင်ငံခြား ဘာသာဖြင့် ထုတ်ဝေသော သတင်းစာနှစ်စောင်ဖြစ်သော နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ "ဗီယင်ကျန်းတိုင်းမ်" သတင်းစာ နှင့် အပတ်စဉ်ထုတ် ပြင်သစ်ဘာသာ "လီ ရီနိုဗေတီယာ" အပါအဝင် သတင်းစာ အားလုံးကို အစိုးရမှ ထုတ်ဝေသည်။ ထို့ပြင် နိုင်ငံ၏ တရားဝင်သတင်းဌာန ဖြစ်သော ခေါင်ဆန်ပါသတ်လာအို သည် သူတို၏ နာမည်ပေးထားသော သတင်းစာများကို အင်္ဂလိပ်ဘာသာ ပြင်သစ်ဘာသာတို့ဖြင့် ထုတ်ဝေကြသည်။ လာအိုနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ ၉ စောင်၊ မဂ္ဂဇင်း ၉၀ ခု၊ ရေဒီယိုစတေရှင် ၄၃ ခု၊ တီဗွီစတေရှင် ၃၂ ခု တို့ နိုင်ငံတစ်ဝန်းတွင် လည်ပတ်လျက် ရှိသည်။ ၂၀၁၁ခုနှစ် အထိ ဗီယက်နမ်၏ "နမ်ဒန်" ('ပြည်သူ') နှင့် စင်ဟွာသတင်းဌာနတို့သည် လာအိုတွင် ရုံးဖွင့်ခွင့်ရှိသော နိုင်ငံခြားသတင်းဌာနများ ဖြစ်ပြီး နှစ်ခုစလုံးသည် ဗီယင်ကျန်းတွင် ၂၀၁၁ ခုနှစ်၌ သတင်းဗြူရိုကို စတင်ဖွင့်လှစ်ခဲ့သည်။ လာအိုအစိုးရသည် ၎င်းတို့၏ လုပ်ဆောင်မှုများကို ဝေဖန်ခြင်းအား ဟန့်တားနိုင်ရန် မီဒီယာ ထုတ်လွှင့်မှုဟူသမျှကို ထိန်းချုပ်ထားသည်။ လာအိုအစိုးရအား ဝေဖန်သော လာအိုနိုင်ငံသားများသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်း၊ တရားမစွဲဘဲ ဖမ်းဆီးခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရခြင်း များ ရှိသည်။ အိမ်ထောင်ဖက် အများအပြားရှိခြင်း အိမ်ထောင်ဖက် အများအပြားရှိခြင်းသည် လာအိုနိုင်ငံ၌ ရာဇဝတ်မှု ဖြစ်သော်လည်း ပြစ်ဒဏ်မှာ အသေးအမွှားမျှသာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မိသားစု စည်းမျဉ်းတို့မှ အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းအား တရားဝင် သတ်မှတ်ခြင်းမှ တားမြစ်ထားပြီး တစ်လင်တစ်မယားစနစ်မှာ နိုင်ငံအတွင်း အိမ်ထောင်ပြုခြင်း၏ အဓိကပုံစံ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော်လည်း အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းမှာ မုံလူမျိုးများကြားတွင် ထုံးတမ်းစဉ်လာ အဖြစ် ရှိနေဆဲ ဖြစ်သည်။ ၂၀၁၇ ခုနှစ်စာရင်း အရ အမျိုးသမီးများ၏ ၃.၅% နှင့် အမျိုးသားများ၏ ၂.၁% တို့တွင် အိမ်ထောင်ဖက် တစ်ဦးထပ်ပို၍ ရှိသော အိမ်ထောင်များတွင် ပါဝင်ပတ်သက်နေကြသည်။ အားကစား အမျိုးသားအားကစားမှာ ကိုယ်ခံပညာတစ်ခုဖြစ်သော မြွေလာအို ဖြစ်ပြီး ထိုင်းတို့၏ မြွေထိုင်း၊ မြန်မာ့လက်ဝှေ့ နှင့် ကမ္ဘောဒီးယားတို့၏ ပရာဒယ် ဆီရေး တို့နှင့် ဆင်တူသော ကစ်ဘောက်ဆင် တစ်မျိုး ဖြစ်သည်။ ဘောလုံးကစားခြင်းသည် လာအိုတွင် ရေပန်းစား လူကြိုက်အများဆုံး အားကစားနည်း ဖြစ်သည်။ လာအိုလိဂ်သည် နိုင်ငံအတွင်း ဘောလုံးကလပ်များ၏ ထိပ်ဆုံး ပရော်ဖက်ရှင်နယ် လိဂ် ကစားပွဲ ဖြစ်သည်။ လိဂ်ကစားပွဲစတင်သည့် အချိန်မှစ၍ လာအိုအာမီ အက်ဖ် စီ အသင်းသည် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဖလား ၈ ကြိမ် ရရှိကာ ချန်ပီယံဆု အများဆုံး ရရှိခြင်း ဖြစ်သည်။ လာအိုနိုင်ငံတွင် အဖွဲ့လိုက် အားကစားများနှင့် ပတ်သက်၍ အခြား ရိုးရာ မရှိပေ။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံသည် ဆီးဂိမ်းသို့ ပထမဦးဆုံး အကြိမ် အဖြစ် အသင်းတစ်သင်း စေလွှတ်ခဲ့သည်။ လာအို အမျိုးသား ဘတ်စကက်ဘော အသင်းသည် ၂၀၁၇ ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းကိုသာ အနိုင်ရကာ ပြိုင်ပွဲတွင် အဆင့် ၈ ရရှိခဲ့သည်။ FIBA LiveStats , FIBA.com, accessed 24 August 2017. ဆက်စပ်ကြည့်ရှုရန် ကိုးကား ပြင်ပလင့်ခ်များ ကဏ္ဍ:လာအိုနိုင်ငံ ကဏ္ဍ:အာဆီယံအသင်းဝင်နိုင်ငံများ ကဏ္ဍ:အရှေ့တောင်အာရှရှိ နိုင်ငံများ ကဏ္ဍ:အာရှတိုက်ရှိ နိုင်ငံများ ကဏ္ဍ:ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကဏ္ဍ:ကုန်းတွင်းပိတ်နိုင်ငံများ ကဏ္ဍ:ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ ကဏ္ဍ:ကွန်မြူနစ် နိုင်ငံများ
ဗြိတိသျှပြတိုက်
ဗြိတိသျှပြတိုက်သည် လန်ဒန်မြို့တွင် တည်ရှိပြီး လူ့သမိုင်းနှင့် ယဉ်ကျေးမှု ပြတိုက်တခု ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ စုဆောင်းသိမ်းဆည်းထားသည့် မှတ်တမ်းများ၊ ရုပ်ပုံများ အပါအဝင် ရှေးဟောင်း အနုပညာလက်ရာ ပစ္စည်းအရေအတွက်ပေါင်း ၇ သန်းခန့်ရှိပြီး သမိုင်းဦးခေတ်မှ မျက်မှောက်ခေတ်ကာလအထိ ဖြစ်ပျက်ခဲ့သည့် လူ့ယဉ်ကျေးမှု သမိုင်းအကြောင်းကို ကျယ်ကျယ်ပျံ့ပျံ့ မှော်ကွန်းတင် ပြသထားသည့် ကမ္ဘာ့အကြီးမားဆုံး စာရင်းဝင် ပြတိုက်တခုလည်းဖြစ်သည်။ ဗြိတိသျှပြတိုက်ကို ဆာဘွဲ့ရ သမားတော်ကြီး ဟန်းစ်စလုံး (Sir Hans Sloane) စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများဖြင့် အခြေခံ၍ ၁၇၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၇၅၉ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် လက်ရှိပြတိုက် အဆောက်အဦးတည်ရှိရာ ဘလွန်းစ်ဘာရီရှိ မွန်တေဂူဂေဟာတွင် ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၅၀ အတွင်း တိုးချဲ့ဆောက်လုပ်မှုကြောင့် ဌာနခွဲများစွာ ရှိလာရသည်။ ၁၈၈၇ ခုနှစ်တွင် ပထမဦးဆုံး တောင်ဘက်ကန်ဆင်တန်ရှိ သဘာ၀သမိုင်းပြတိုက်အား တိုးချဲ့ခဲ့သည်။ ဗြိတိသျှပြတိုက်၏ စာဖတ်ခန်းကို ၁၉၉၇ ခုနှစ်တွင် လက်ရှိဗြိတိသျှစာကြည့်တိုက်ဖြင့် အစားထိုးပြီးချိန်တွင် ဗြိတိသျှပြတိုက်သည် ရှေးဟောင်းပစ္စည်းများနှင့် စာကြည့်တိုက်အား အဆောက်အဦးတခုတည်းတွင် ထားရှိသည့် ပြတိုက်တခု ဖြစ်လာသည်။ ဗြိတိသျှပြတိုက်သည် အစိုးရမဟုတ်သည့် ပြည်သူပိုင်ဌာနဖြစ်ပြီး လက်ရှိတွင် ဗြိတိန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ယူ ပံ့ပိုးထားသည်။ ဗြိတိန်ရှိ အခြားအမျိုးသားပြတိုက်များနှင့် အနုပညာပြခန်းများကဲ့သို့ ဗြိတိသျှပြတိုက်သို့ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည်။ သို့သော်လည်း အထူးပြပွဲတချို့အတွက် ဝင်ကြေးပေးရန်လိုသည်။ ၂၀၀၁ ခုနှစ်မှစ၍ ပြတိုက်၏ ညွှန်ကြားရေးမှူးမှာ မစ္စတာ နေးလ် မဂ္ဂရက်ဂါ (Neil MacGregor) ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီအထိ ဖွင့်လှစ်ထားသည်။ ပြခန်းများ Building Floor Plans Museum Galleries ရှေးဟောင်းအီဂျစ်နှင့် ဆူဒန် ရှေးဟောင်း အရှေ့တိုင်း(အနီး) ဂရိနှင့် ရောမခေတ် ပြပွဲများ ပျောက်ဆုံးနေသော အင်ပါယာပြပွဲ (၂၀၀၅ အောက်တိုဘာ - ၂၀၀၆ ဇန္နဝါရီ) ကိုးကား ပြင်ပလင့်ခ်များ တရားဝင်ဝက်ဘ်ဆိုဒ် 360° panoramas and images from 14 rooms in the British Museum The British Museum from The Survey of London British Museum elevation Category:အင်္ဂလန်နိုင်ငံရှိ ပြတိုက်များ Category:လန်ဒန်မြို့
ရွှေတိုင်ညွန့်
“ရွှေတိုင်ညွန့်က စာကိုစီ တေးသီချင်းနဲ့ ဘေးကင်းကြတော့မည်” စသည်ဖြင့် စာဆိုတော် ရွှေတိုင်ညွန့်သည် သူစပ်သော သီချင်း အတော်များများတွင် သူ့နာမည် ထည့်၍ စပ်လေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က ထင်ရှားသော သီချင်းခပ်များများသည် စာဆိုတော် ရွှေတိုင်ညွန့်၏ လက်ရာများ ဖြစ်သည်။ ဆရာရွှေတိုင်ညွန့်​ရေးစပ်ခဲ့​သော နဂါးနီသီချင်း(ခင်​မောင်ရင်သီဆို)မှာ ယ​နေ့တိုင် နိုင်ငံတစ်ဝန်း ​​​​ကျော်ကြားလျက်ရှိ​သည်။ တပ်မ​တော်အင်အားသီချင်းမှာလည်း ဆရာ၏လက်ရာပင်ဖြစ်သည်။ ငယ်ဘဝ ရွှေတိုင်ညွန့်ကို အဖ နိုင်ငံကျော် လူရွှင်တော် အနုပညာရှင်ကြီး ဦးကျင်ခဲ၊ အမိ ဒေါ်အေးမျှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် တန်ခူးလတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက် ရှိသည့်အနက် ရွှေတိုင်ညွန့်သည် သားငယ်ဖြစ်၍ အစ်ကိုဖြစ်သူ မောင်အုန်းလှိုင်မှာ နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင်ဖြစ်သည်။ ရွှေတိုင်ညွန့်၏ အမည်ရင်းမှာ ကိုအုန်းဆိုင် ဖြစ်သည်။ ကိုအုန်းဆိုင်သည် ဘမျိုးဘိုးတူ၊ ဝါသနာကလည်း ထုံသူဖြစ်သည့် အလျောက် ပတ္တလား၊ တရော၊ ဘင်ဂျို၊ မင်ဒလင်၊ ဆိုင်းဝိုင်း၊ စန္ဒရားစသည့် တူရိယာမျိုးစုံတို့ကို နိုင်နိုင်နင်းနင်း တီးတတ်သည့် အပြင်၊ သီချင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆိုတတ်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မြန်မာမှု ကဗျာစုကို လေ့လာရန် ဝါသနာရှိသော ကိုအုန်းဆိုင်သည် ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုဖြင့် သူကိုယ်တိုင်ပင် အငြိမ့် ဇာတ်ပွဲများ အတွက် သီချင်းများစပ်၊ သူကိုယ်တိုင် ဝင်၍ မောင်းတီး၊ တယောထိုး၊ ပတ္တလားခေါက်ယင်း ဇာတ်သဘင် လောကထဲသို့ ပဌမဆုံး ခြေစုံပစ် ဝင်ခဲ့သည်။ သီချင်းများ စ၍စပ်ဆိုကာစ ဝစန ဆရာဆိုင်ဟူသည့် နာမည်နှင့် စပ်ခဲ့လေသည်။ အငြိမ့်များအတွက် သီချင်းများ စပ်ဆို ရေးသားပေးခဲ့ရုံမက အငြိမ့်မင်းသမီးများကိုလည်း သီဆိုနည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့လေသည်။ အငြိမ့်မင်းသမီး ယူနီဘာစီတီမြသန်းကြည်၊ ဝိဇ္ဇာမယ်၊ လေဘာတီ မမြရင်တို့သည် ကိုအုန်းဆိုင်၏ သီချင်းများဖြင့် နာမည်ကျော်ခဲ့သူများ ဖြစ်ကြသည်။ ရွှေတိုင်ညွန့်သည် အတန်းပညာ (၄) တန်းသာ အောင်မြင်ခဲ့သည် ဆိုသော်လည်း သူရေးသော သီချင်းစာသားများကို လေ့လာကြည့်လျင် သူသည် ဗမာစာ၊ ပါဠိ၊ ရာဇဝင်၊ နိပါတ်တော်များကို အင်မတန် နှံ့စပ် ကျွမ်းကျင်သူ တစ်ဦးဆိုသည်မှာ ထင်ရှားပါသည်။ အထူးသဖြင့် ရှေးမြန်မာဇာတ်သဘင်ဟန် ပါသော စာများ၊ နဘေ ထပ်များကို သူ့သီချင်းများမှာ လှိုင်လှိုင်ကြီး တွေ့နိုင်သည်။ ဖခင် ဦးကျင်ခဲထံက အမွေဆက်ခံပြီး သူ့ဂီတနှင့် ပေါင်း စပ်လိုက်ခြင်း ဖြစ်သည်။ သူ့သီချင်းများက အကြောင်းအရာအနေနှင့်လည်း အလွန်ခံ့ငြားပြီး အသံနေ အသံထားမှာလည်း ဗမာဆန် ပြေပြစ်လှပါသည်။ သူ့ရုပ်သွင် ရွှေတိုင်ညွန့်သည် လူပုံ ခပ်ပျပ်ပျပ်၊ အသားညိုညိုနှင့် ဗမာဆန်ဆန် နှစ်လိုဘွယ် မျက်နှာကျနှင့်ပါ။ တိုက်ပုံ အကျအနဝတ်၍ ဆံပင်ကို ပိနေအောင် ဖီးထားပြီး အသားညိုညိုမှာ ပေါင်ဒါ ဖုံဖုံ လိမ်းထားတတ်သည်။ ရှုးဖိနပ်ကိုလည်း ပြောင်နေအောင် တိုက်ပြီး စီးလေ့ရှိသည်ဟု ကြားသိရဘူး၏။ ရွှေတိုင်ညွန့်ဟာ အလွန် စိတ်ရင်းကောင်းသူ စိတ်ရှည်သူ ဆရာတစ်ဦးဖြစ်သည်။ စွယ်စုံတော်သည့် ဂီတပါရမီရှင် genius တစ်ဦးဖြစ်သည်။ ဂျပန်ခေတ်တွင် ဆင်းဆင်းရဲရဲနှင့် သေသွားတာကို သူ အလွန် စိတ်မကောင်း ဖြစ်မိတယ်ဟု အဆိုတော်ကြီး ဘိလပ်ပြန်သန်း က သူ့စာမှာ ဖော်ပြထားသည်။ လေဘာတီမမြရင် အငြိမ့်တွင် နောက်ဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် မောင်အုန်းဆိုင်သည် အဆိုတော် မကြည်အောင်အတွက် သီချင်းများ ရေးစပ်ပေးရာမှ ထိုခေတ်က ထိပ်တန်း ဖြစ်ခဲ့သော ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီကို ပဌမဆုံးဝင်ရောက် သီချင်းရေးလာခဲ့သည်။ ဗမရည်ဝပြီး အမြော်အမြင်ရှိတဲ့ ကိုလံဘီယာက မန်နေဂျာ မစ္စတာ ကိသ် က ရွှေတိုင်ညွန့်ကို ကုမ္ပဏီ၏ ပင်တိုင် စာရေးဆရာ ခန့်လိုက်သည်။ မကြည်အောင်ကပဲ ရွှေတိုင်ညွန့်ဆိုသော နာမည်ပြောင်းပေးပြီး ထိုနာမည်နှင့် တရှိန်ထိုး ကျော်ကြားလာခဲ့သည်။ “နေရာတကာ ရောက်ပါတယ်၊ ပေတရာမှာ လျှောက်ခါလည်” အစ ရှိသော မန္တလာမြင့်သီဆိုသည့် လယ်သမားသီချင်းဖြင့် ပွဲဦးထွက် သူ၏သီချင်းကို ဓာတ်ပြားသွင်းခဲ့ရာ လူကြိုက်များခဲ့သည်။ ထိုသီချင်းမှစ၍ ရွှေတိုင်ညွန့် ဟူသော အမည်ဖြင့် ရေးသားခဲ့သည်။ `လယ်သမား'သီချင်းကို လူကြိုက် များသလောက် စပ်ဆိုရေးသားသူ ရွှေတိုင်ညွှန့်ကိုလည်း လူသိများခဲ့လေသည်။ ကိုလံဘီယာမှာပဲ မကြည်အောင်၊ မအေးမိ၊ စိန်ပါတီ၊ ဥဩဘသောင်၊ မန္တလာမြင့်၊ ဂီတ စိမ်းမောင်၊ ဘိလပ်ပြန် သန်း အစရှိသော နာမည်ကြီး အဆိုတော်များအတွက် ဓာတ်ပြား သီချင်းပေါင်း များစွာ ရေးပေးခဲ့သည်။ ထိုသီချင်းများသည် ယနေ့ထက်တိုင် မြန်မာ ပြည်သူများ၏ အသည်းစွဲ ခေတ်ဟောင်းတေးများအဖြစ် တည်တံနေခဲ့ပေသည်။ ရွှေတိုင်ညွန့် ရေးသား စပ်ဆိုခဲ့သော သီချင်းများမှာ များလှသည်။ စပ်ဆိုခဲ့သည့် သီချင်းများမှာ မြန်မာနိုင်ငံ၏ ကျက်သရေမင်္ဂလာနှင့် သဘာဝပစ္စည်း ပြည့်စုံပုံ အကြောင်း၊ သဘာဝရှုခင်း လှပပုံအကြောင်း၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ နောင်လာနောင်သားတို့ မှတ်သားဖွယ်ရာ အကြောင်းများ အထူးသဖြင့် ပါဝင်သည်။ ရွှေတိုင်ညွန့်၏ သီချင်းများအနက် သူ၏ လက်စွမ်းပြ ဟု ဆိုရမည့် သီချင်းများမှာ ဝိစိတြာနှင့် မိဘမေတ္တာတို့ ဖြစ်သည်။ ထိုသီချင်း နှစ်ပုဒ်စလုံးပင် မည်သည့် ခေတ်တွင်မှ မရိုးဘဲ၊ လူကြီးရော ကလေးပါ လက်ခံနိုင်သည့် သီချင်းများဖြစ်လေသည်။ မြန်မာနိုင်ငံ၏ သဘာဝပစ္စည်း ကြွယ်ဝချမ်းသာပုံ၊ အေးချမ်းသာယာမည့် နိမိတ်လက္ခာဏာ ရှိပုံတို့ကိုလည်း ဆရာရွှေတိုင်ညွန့်သည် အိုးဝေဝေနှင့် သီတာရတနာ သီချင်းများဖြင့် စပ်ဆိုထားလေသည်။ တောကျေးလက် သဘာဝ လှပပုံသရုပ်ပေါ် အောင်လည်း သူ၏ ဇာတိနွယ်နှင့် စုံတောမြိုင် သီချင်းများ၌ စပ်ဆိုထားသည်။ အမျိုးသားစိတ်ဓာတ် နို်းကြားရန် တိုင်းပြည်ကိုချစ်ရန် လှုံ့ဆော်သည့် နေရာ၌ ဆရာရွှေတိုင်ညွန့်၏ သခင်မျိုးဟေ့ တို့ဗမာ၊ နဂါးနီ၊ အိုလံပစ်သွားမဲ့မောင် စသော သီချင်းများသည် ထိပ်တန်းက လိုက်လေသည်။ ရွှေတိုင်ညွန့်သည် ရာဇဝင်နိပါတ်လာ အကြောင်းရပ်များကို သီချင်းစပ်ရာ၌ ပို၍ သန်သည် ဟု ဆိုသည်။ သူ၏ ဗောဓိပင်နှင့် ရွှေပလ္လင်၊ ဓာတ်တော်ဝေခန်း၊ စွယ်တော်ခိုးခန်း၊ ဓမ္မစကြာ၊ မိဂဒါဂုန်၊ တေ-ဇ-သု-နေ-မ၊ နေရဉ္ဇရာ၊ ကောသလအိပ်မက်၊ မာတင်္ဂ၊ မင်းကုသ၊ မိဖုရားမစော၊ ပါတော်မူစသော သီချင်းများသည် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ ထုတ်နုတ်ချက် သီချင်းများ ဖြစ်သည်။ “သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်၊ သေရည်ကို သောက်ယင် အပါယ်ငရဲကျမည်၊ ရေကြည်ကို နှောက်ယင် အနယ်ကလဲ ထမည်” ဆိုသော ရှေးစကားပုံကို တေးသွား ဖြစ်အောင် ရွှေတိုင်ညွန့်သည် သူ၏ ဦးနု စကားပုံသီချင်းတွင် စပ်ဆိုထားလေသည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးကာလတွင် မြန်မာလူထုသည် လူမျိုးခြား အုပ်ချုပ်မှု နှောင်ကြိုးအတွင်းမှ ရုန်းထွက်လိုသောစိတ် ပြင်းထန်နေချိန် ဖြစ်သည်။ ထိုကြောင့် အချို့က မျိုးခြား အစိုးရကို တွန်းလှန်ရန် တောင့်တကြသည်။ အချို့ကမူ စကြာမင်းပေါ် နိုးနိုး၊ ဘိုးဘိုးအောင်မတော့ မယောင်ယောင်နှင့် သိုက်တဘောင်စနည်းတို့ကို ရွတ်၍ တမ်းတနေကြလေသည်။ ယင်းသို့သော ခေတ်တွင် ရွှေတိုင်ညွန့်သည် ခေတ်နှင့် လိုက်အောင် လူတို့အား မြှော်လင့်ချက်ပေး၍ အားတက်စေမည့်သီချင်းများကို စပ်ခဲ့သည်၊ ဘိုးဘိုးအောင်၊ စကြာတိုက်၊ သိကြားသာသနာ စသော သီချင်းများသည် ရွှေတိုင်ညွန့်၏ တပေါင်၊ စနည်းဆိုင်ရာ နာမည်ကျော်သီချင်းများ ဖြစ်သည်။ ဘိုးဘိုးအောင်နှင့် စကြာသိုက် သီချင်း ဓာတ်ပြားများကို ဗြိတိသျှအစိုးရတို့က ထုတ်မရောင်းရန်ပင် ပဌမ ပိတ်ပင်ခြင်း ခံရသည်။ ဂျပန်ခေတ်ကလည်း ရွှေတိုင်ညွန့်သည် သူ့ခေတ်နှင့်သူ လိုက်အောင် အာဏာရှင် သီချင်းကို စပ်ဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် ရာဇဝင်၊ နိပါတ်၊ သိုက်၊ တပေါင်ဆိုင်ရာ သီချင်းများ၌သာ သန်သည် မဟုတ်၊ အချစ်နှင့် စပ်လျဉ်းသော သီချင်းများကိုလည်း ပိုင်နိုင်သူ ဖြစ်သည်။ “ခခွေးယပင့် စသတ် ချစ်တော့ အနှစ်သာရလို့ ဆိုမလေ” ဟူသည့် အချစ်ဒီပနီသီချင်းသည် ရွှေတိုင်ညွန့်စပ်ဆိုသည့် ပြောင်မြောက်လှသော အချစ်သီချင်း ဖြစ်၏။ ရွှေတိုင်ညွန့်သည် သီချင်းများကို ရေးစပ်ရာ၌ မြန်မာအသံနှင့်သာ မဟုတ်၊ အနောက်တိုင်း သီချင်းသံနှင့်လည်း တော်တော်များများ စပ်ဆိုနိုင်ခဲ့သည်။ ‘ရှေးရေစက်’၊ ‘လှေကလေး’၊ ‘ဟေဝန်နန်း’၊ ‘မိန်းမမြတ်’ စသော သီချင်းများကို အနောက်တိုင်း သီချင်းသံဖြင့် စပ်ဆိုထားသည်။ ရွှေတိုင်ညွန့်၏ နာမည်ကျော် သီချင်းများ ဖြစ်ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ဓာတ်ပြားသီချင်း အများဆုံး စပ်ဆိုခဲ့ရာ တစ်ဦးဖြစ်သူ ရွှေတိုင်ညွန့်သည် မြန်မာ သက္ကရာဇ် ၁၃ဝ၆ ခုနှစ် မိုးရာသီ ကုန်ခါနီးခန့်တွင် နာမကျန်းဖြစ်လာသဖြင့် ဆေးရုံသို့ တက်ရောက်ကုသသော်လည်း နာလှန်မထူတော့ဘဲ ၁၃၁၆ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်ရှိ နေအိမ်၌ပင် ကွယ်လွန်လေသည်။ မကွယ်လွန်မီ ဆေးရုံတက်နေစဉ် အစာကောင်းစွာ မဝင်သော အချိန်၌ပင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာ့တပ်မတော် အရာရှိကြီးများ၏ တောင်းပန်ချက်အရ “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့အပ်ပေသည်” အစချီသော တပ်မတော်အင်အား သီချင်းကို စပ်ဆိုပေးခဲ့ရလေသည်။ ဤသီချင်းကား ရွှေတိုင်ညွန့်၏ နောက်ဆုံး လက်ရာ ဖြစ်လေသည်။ ၁၃ဝ၆ ခုနှစ် တန်းခူးလဆန်း ၁၅ ရက် (၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်) နေ့တွင် ဖက်ဆစ်ဂျပန်အား တော်လှန်ရန် မြန်မာ့တပ်မတော်ကြီး ချီတက်သွားစဉ်က ရွှေတိုင်ညွန့်၏ တပ်မတော်သီချင်းနှင့်ပင် အောင်နိမိတ်ဖြင့် အောင်သံကြွေးခဲ့လေသည်။ ရွှေတိုင်ညွန့် မကွယ်လွန်မီ သုံးလခန့်တွင် ထိုအချိန်က စစ်အတွင်းအစိုးရ နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်က ရွှေတိုင်ညွန့်အား `စာဆိုတော်ဘွဲ့´ ချီးမြှင့်ခဲ့လေသည်။ ရွှေတိုင်ညွန့်သည် တစ်နှစ်လျှင် သီချင်းအပုဒ်ပေါင်း ၈ဝ ကျော် ရေးသား စပ်ဆိုခဲ့သည်ဟု ဆိုသည်။ သီချင်းစပ် အလွန်မြန်သူ အဖြစ်လည်း ကျော်ကြားသည်။ အကြောင်းကိစ္စပေါ်တိုင်း ဦးအုံးခင်၊ ဦးနု (ထိုအချိန်က နဂါးနီစာအုပ် အသင်းလူကြီးများ)၊ တပ်မတော် အရာရှိများ စသည်တို့သည် ရွှေတိုင်ညွန့်ထံ ချဉ်းကပ်၍ သူနှင့် အလွန်ရင်းနှီးသူ စောင်းဦးဘသန်းက တီးကာ သီချင်းကို အကောင်အထည် ဖော်ပေးလေ့ရှိသည်။ ရွှေတိုင်ညွန့် ရေးစပ်သော သီချင်းများကို အဆိုကျော် မကြည်အောင်၊ မဧမိ၊ စိန်ပါတီ၊ နဂရာမယ်မြင့်၊ ဗိလပ်ပြန်သန်း၊ ဥဩဘသောင်၊ ဂီတာစိမ်းမောင်တို့ များသောအားဖြင့် သီဆို၍ ယင်းတို့အနက် မကြည်အောင်က အများဆုံး သီဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် မှီငြမ်းပြု စပ်ဆိုရာ၌ ထူးချွန်သူဖြစ်သည်သာမက တေးသွား အဟောင်းကို မှီး၍ စကားသစ်တွင် ထည့်ရေးရာ၌လည်းကောင်း၊ စကားအဟောင်းကို တေးသွားသစ်တွင် သွင်းရာ၌လည်းကောင်း ထူးချွန်သူ ဖြစ်လေသည်။ ရွှေတိုင်ညွန့်၏ လက်ရာအမြောက်ဆုံး တေးများမှာ ဘာသာရေးနှင့် ဆိုင်သော တေးများပင် ဖြစ်သည်။ ရွှေတိုင်ညွန့်၏ နောက် ထူးခြားမူ တစ်ခုက သူ့သီချင်းတိုင်းလိုလိုတွင် သူ့နာမည်ကို ထည့်စပ်လေ့ ရှိခြင်း ဖြစ်သည်။ သီချင်းထဲတွင် နာမည် ထည့်လေ့ရှိသည့် သီချင်းရေးဆရာတွေထဲတွင် ရွှေတိုင်ညွန့်နှင့် နန်းတော်ရှေ့ ဆရာတင် တို့က အထင်ရှားဆုံး ဖြစ်သည်။ ရွှေတိုင်ညွန့်သည် မြန်မာမှုပြုသည့် တေးများတွင် အင်မတန်ကျွမ်းကျင်စွာ ပြုထား၍ မူလ အနောက်တိုင်းဟန် ပျောက်ပြီး ကော်ပီသီချင်းမှန်းတောင် မသိရပါ။ ဘဝနိဂုံး ၁၉၄၁-ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်မီး ကူးလာသောအခါ ဆရာ ရွှေတိုင်ညွန့်သည် မြောင်းမြသို့ ပြောင်းရွေ့နေထိုင်သည်။ ဂျပန်ခေတ် တစ်လျှောက်တွင် တစတစ ကျန်းမာရေး ချို့ယွင်းလာကာ ၁၉၄၅-ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အသက်(၃၆)နှစ် အရွယ်တွင် အဆုပ်ရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ရွှေတိုင်ညွန့် ကွယ်လွန်သောအခါ ဇနီး ဒေါ်သောင်းစိန်၊ ဒေါ်တင်စိန်နှင့် သားအဆိုကျော် သီချင်းရေးဆရာ မောင်မျိုးဆက်၊ သမီး မမြရင်၊ သား မောင်တိုင်းကျော်(လူရွှင်တော်)၊ သမီး ခင်မျိုးနွယ်(အဆိုကျော်ထား)တို့ ကျန်ခဲ့သည်။ ရွှေတိုင်ညွန့်သည် အပေးအကမ်း ရက်ရောသူ တစ်ဦး ဖြစ်သည်။ မိမိတွင်ရှိသမျှ ပေးချင်စိတ် ပေါက်လျှင် အကုန်ပေး၊ အကုန်ကျွေး တတ်သူဖြစ်သည်။ ငယ်စဉ်မှစ၍ ကွယ်လွန်သည့်တိုင် ဂီတ အနုပညာဖြင့်ပင် အမြတ်တနိုး အသက်မွေး ဝမ်းကျောင်းသွားသူ ဖြစ်လေသည်။ ရေးသီခဲ့သော သီချင်းများ (၁)ဘာသာရေး တေးများ ဗောဓိပင်နှင့် ရွှေပလ္လင် (မကြည်အောင်)၊ နီးအောင်ပင် လှမ်း (မကြည်အောင်)၊ မိဘမေတ္တာ(မကြည်အောင်)၊ ဝိစိတြ (မကြည်အောင်)၊ သင်္ကန်းဂုဏ်ရည်(မကြည်အောင်)၊ စိတြဂီဝါ(မကြည်အောင်)၊ အင်္ဂုလိမာလ(မကြည်အောင်)၊ တေဇသုနေမ (မကြည်အောင်)၊ သာသနာ့အမွေခံ (မကြည်အောင်)၊ ပဉ္စင်းအမ(မကြည်အောင်)၊ ကထိန်သင်္ကန်း(စိန်ပါတီ)၊ ရောင်တော်ဖွင့်(စိန်ပါတီ)၊ မင်္ဂလာ တစ်ဆယ့်နှစ်ပါး(စိန်ပါတီ)၊ သုမေဓာ ရှင်ရသေ့(စိန်ပါတီ)၊ ကောသလ အိပ်မက်(စိန်ပါတီ)၊ သုဝဏ္ဏသာမ(စိန်ပါတီ)၊ ပဒုမ ဒေဝီ(စိန်ပါတီ)၊ မဟာဒုက်(ဥဩဘသောင်)၊ အန္တရာယ်ကင်း(ဂီတာစိမ်းမောင်) ဘာသာတရား (မန္တလာမြင့်) ဗိမ္မသာရ (မန္တလာမြင့်) ဝေဿန္တရာ (မန္တလာမြင့်) (၂)ရာဇဝင်နဲ့ ဇာတိမာန်တေးများ တပင်ရွှေထီး(မကြည်အောင်)၊ သုံးရောင်ချယ်(မကြည်အောင်)၊ ဗမာ့သွေး (မကြည်အောင်)၊ ပါတော်မူ(စိန်ပါတီ)၊ ဇာတိမာန်(ဥဩဘသောင်)၊ မိဖုရားစော(ဘိလပ်ပြန်သန်း) (၃)သဘာဝ ရာသီ တောတောင်ဘွဲ့တေးများ သပြေခက်နဲ့ ရေပက်(မကြည်အောင်)၊ သဲငွေသောင်(မအေးမိ)၊ မြညှင်းလေပြေ (မအေးမိ)၊ ဟေဝန်နန်း (ဘိလပ်ပြန်သန်း)၊ လှေကလေး(ဘိလပ်ပြန်သန်း)၊ မိုးဒေဝါ (ဘိလပ်ပြန်သန်း)၊ မြကြာယံ (ဘိလပ်ပြန်သန်း)၊ မြဝတ်မှုန် (ဘိလပ်ပြန်သန်း)၊ ဆောင်းကတ္တီပါ (ဘိလပ်ပြန်သန်း)၊ လာသတဲ့ည (ဘိလပ်ပြန်သန်း)၊ တောဓလေ့ (ဘိလပ်ပြန်သန်း)၊ ငှက်မောင်နှံ (ဘိလပ်ပြန်သန်း)၊ လယ်တောသူ (စိန်ပါတီ) အညာသားစုံတွဲ (ဥဩဘသောင်နှင့်မန္တလာမြင့်) (၄) မေတ္တာဘွဲ့၊ မယ်ဘွဲ့ တေးများ မေတ္တာအရင်းခံ (မအေးမိ)၊ မောင့်အချစ်တော် (မအေးမိ)၊ ယောဆရာကြီး (မအေးမိ)၊ လယ်သမား (မန္တလာမြင့်) တော်ဝင်သူ (ဥဩဘသောင်)၊ အချစ်ဒီပနီ(မောင်ဘချစ်)၊ မောင့်သက်လှယ် (ဂီတာစိမ်းမောင်)၊ စံပယ်တင်မှဲ့ (စိန်ပါတီ)၊ အပျိုကြီး စိတ်ကူး (စိန်ပါတီ)၊ မချစ်ဘဲ မနေနိုင် (မကြည်အောင်)၊ စွဲတဲ့မေတ္တာ (ဘိလပ်ပြန်သန်း)၊ ချစ်ရောင်ခြည် (ဘိလပ်ပြန်သန်း) ဘောလည်သံဆန်း (မန္တလာမြင့်) အပျော်ဆုံးနေ့ (မန္တလာမြင့်) ကိန္နရီ မောင်နှံ (မန္တလာမြင့်) (၅) အနောက်တိုင်းဟန် ခေတ်ပေါ်တေးများ ဘိလပ်ပြန်သန်း သီချင်းများ ဦးလှဘူး မှီငြမ်း ကိုးကား ရွှေတိုင်ညွန့် - နန်းညွန်ဆွေ စစ်ကြိုခေတ် အနုပညာရှင်များ - ကိုသန်းလှိုင် ခေတ်ဟောင်း သီချင်းပေါင်းချုပ် - ကိုသန်းလှိုင် မြန်မာ့ ဂီတ ရေးစီကြောင်း - စန္ဒရားလှထွတ် ပြည်သူချစ်သော အနုပညာသည်များ - လူထုဒေါ်အမာ ဘိလပ်ပြန်သန်း ပြောပြချက်များ Category:မြန်မာ တေးရေးဆရာများ
ပါဏာတိပါတ
ပါဏာတိပါတ အင်္ဂါ ၅-ပါး သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။ (၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) ပါဏသညိတ- သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊ (၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ- လုံ့လဥပခြင်း၊ (၅) မရဏ- ထိုလုံ့လကြောင့် သေခြင်း။ ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ — (၁) ဥဒိဿ ပယောဂ-သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊ (၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊ (၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊ (၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊ (၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား၊ လှံ၊ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊ (၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း၊ ဆေးဝါး အစီအရင်ထားခြင်းç စသည့် အရာမျိုး၊ (၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်ပြုခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။ ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။ (၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ (၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊ (၃) နုံနှေးလေးဖင့်ခြင်း၊ (၄) ခြေ၊ လက်၊ ဖဝါး မညီခြင်း၊ (၅) မလှပ မတင့်တယ်ခြင်း၊ (၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊ (၇) အသားအရေ ကြမ်းတမ်းခြင်း၊ (၈) ကြောက်ရွံ့တတ်ခြင်း၊ (၉) ခွန်အားဗလ မရှိခြင်း၊ (၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊ (၁၁) ချစ်ခင်သူ မရှိခြင်း၊ (၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊ (၁၃) ထိတ်လန့်တတ်ခြင်း၊ (၁၄) လက်နက်၊ အဆိပ်ဘေး သင့်တတ်ခြင်း၊ (၁၅) သူများ ပယောဂကြောင့် သေရခြင်း၊ (၁၆) တွေဝေမိုက်မဲခြင်း၊ (၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊ (၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊ (၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊ (၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊ (၂၁) ဘေးရန် များခြင်း၊ (၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊ (၂၃) အသက်တိုခြင်း။ သူတစ်ပါးအသက်ကို သတ်ဖြတ်သောသူသည် သေလွန်သောအခါ အပါယ်လေးဘုံသို့ ကျရောက်ပြီး ဒုက္ခများ ခံစားရသည်။ ထို့ပြင် ရှေးကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ကာ လူ့ဘဝကို ရရှိခဲ့ပါကလည်း အောက်ပါဆိုးကျိုးများကို ခံစားရနိုင်သည်။ (၁) အသက်တိုခြင်း၊ (၂) အနာရောဂါများကာ ကျန်းမာမှုအားနည်းခြင်း၊ (၃) အားအင်မရှိခြင်း၊ (၄) ကြောက်ရွံ့တတ်ခြင်း၊ (၅) စိုးရိမ်ပူပန်စိတ်များခြင်း၊ (၆) သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း၊ (၇) သူတစ်ပါးသတ်၍ သော်လည်းကောင်း၊ မိမိကိုယ်တိုင် ပြန်၍ သတ်၍သော်လည်းကောင်း သေရခြင်း၊ (၈) ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ (၉) ခန္ဓာကိုယ် ပြေပြစ်မှု မရှိခြင်း၊ (၁၀) မိမိချစ်ခင်နှစ်သက်သော သူများနှင့် ကွေကွင်းရခြင်း။ စောင့်ထိန်းရကျိုး ပါဏာတိပါတကံ မကျူးလွန်အောင် စောင့်ထိန်းသော သူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုး (၁၀) မျိုးတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ချမ်းသာသုခတို့ကို ခံစားရသည်။ ကိုးကား Category:ဗုဒ္ဓဘာသာ
ပါတိမောက်
(က) အမြတ်ဆုံးဖြစ်သောသီလ။ (ခ) အမြတ်ဆုံးဖြစ်သော ပါတိမောက္ခ မည်သော သီလကို ထွန်းပြတတ်သောကျမ်း။ ပါတိမောက္ခ (န) [ပ+အတိမောက္ခ] ပါတိမောက်၊ (က) ပါတိမောက္ခုံ ဥဒ္ဒိသေယျ။ ကင်္ခါ၊၁။ ပါတိ-မောက္ခန္တိ ပအတိမောက္ခံ အတိပမောက္ခံ အတိသေဋ္ဌံ အတိဥတ္တမန္တိ အတ္ထော။ ကင်္ခါ၊၈၄။ ပါတိမောက္ခေ(ဒီ၊၂၊၄၂)တိ ယံ တံ ပအတိမောက္ခံ အတိပမောက္ခံ ဥတ္တမသီလံ။ ဒီ၊ဋ္ဌ၊၂၊၇၀။ ဥဘယာနိ ခေါ ပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ ဟောန္တိ။ ဝိ၊၃၊၉၃၊ ၉၇-၈၊ ၁၁၃-၄။ ဂန္ထော ပန တဿ ပါတိမောက္ခဿ ဇောတကတ္တာ ပါတိမောက္ခန္တိ ဝုစ္စတိ။ ကင်္ခါ၊၈၄။ ပါတိမောက် ၂-မျိုး အလွန်မြတ်သည်ကို ပါတိမောက် ဟု ခေါ်သည်။ ထိုပါတိမောက်သည် သီလပါတိမောက်နှင့် ဂန္ထပါတိမောက် ဟု ၂-မျိုးရှိသည်၊ မိမိကို စောင့်ရှောက်သူကို အပါယ်စသော ဆင်းရဲနှင့် အတ္တာနုဝါဒ စသော ဘေးတို့မှ လွတ်စေနိုင်သောကြောင့် သီလသည် ပါတိမောက်မည်သည်၊ ထိုသီလကိုပြသော ဂန္ထကျမ်းဂန်သည်လည်း ဌာနျူပစာရ([ဌာနီ+ဥပစာရ] ဌာနျူပစာရ = ဌာနီ၏အနီး ဌာန၌ဖြစ်ခြင်း၊ ဌာနီ၏အနီး ဌာနကို ဟောခြင်း၊ ဌာနီ၏အမည်ကို ဌာန၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲခြင်း)အားဖြင့် ပါတိမောက်မည်သည်။ ပါတိမောက် အပြား ဂန္ထပါတိမောက်သည်လည်း ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက် ဟူ၍ ၂-မျိုးပြားသည်။ ဘိက္ခုပါတိမောက်၌ နိဒါနုဒ္ဒေသ၊ ပါရာဇိကုဒ္ဒေသ၊ သံဃာဒိသေသုဒ္ဒေသ၊ အနိယတုဒ္ဒေသ၊ ဝိတ္ထာရုဒ္ဒေသ ဟု ဥဒ္ဒေသ ၅-ပါးရှိသည်၊ ဘိက္ခုနီပါတိမောက်၌ နိဒါနုဒ္ဒေသ၊ ပါရာဇိကုဒ္ဒေသ၊ သံဃာဒိသေသုဒ္ဒေသ၊ ဝိတ္ထာရုဒ္ဒေသ ဟု ဥဒ္ဒေသ ၄-ပါးရှိသည်။ ကင်္ခါ၊၈၄-၅။ အံ၊ဋ္ဌ၊၂၊၆၅။ ထို့နောက် ဩဝါဒပါတိမောက်၊ အာဏာပါတိမောက်ဟု ၂-မျိုးရှိသည်။ ထိုတွင် "ခန္တီပရမံ တပေါ တိတိက္ခာ" စသော ၃-ဂါထာသည် ဩဝါဒပါတိမောက် မည်သည်။ ထိုဩဝါဒပါတိမောက်ကို ဘုရားရှင်တို့ကိုယ်တိုင်သာ ပြသည်။ "သုဏာတု မေ ဘန္တေ သံဃော" စသည်ဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသော သိက္ခာပုဒ် ဥပဒေတော်များကို အာဏာပါတိမောက် ဟု ခေါ်မည်သည်။ ထိုအာဏာပါတိမောက်က သာဝကတို့ကိုသာ ပြသည်။ "ပါတိမောက္ခံ ဥဒ္ဒိသေယျ"၌ ပါတိမောက်သည် အာဏာပါတိမောက် ဖြစ်သည်။ ကင်္ခါ၊၉၄။ အခြား အဓိပ္ပါယ်များ (က) မိမိစောင့်ထိန်းသူကို အာပါယိကဒုက္ခစသည်မှ စောင့်ရှောက်တတ်သော သီလ။ (က) ပါတိမောက္ခေ(ဒီ၊၂၊၄၂)တိ... ပါတိ ဝါ အဂတိဝိသေသေဟိ မောက္ခတိ ဒုဂ္ဂတိဘယေဟိ၊ ယော ဝါ နံ ပါတိ၊ တံ မောက္ခေတီတိ ပါတိမောက္ခန္တိ ဝုစ္စတိ၊ တသ္မိံ ပါတိမောက္ခ စ သံဝရော။ ဒီ၊ဋ္ဌ၊၂၊၇၀။ သီလံ ယော နံ ပါတိ ရက္ခတိ၊ တံ မောက္ခတိ မောစယတီတိ အာပါယိကာဒီဟိ ဒုက္ခဟိ အတ္တာနုဝါဒါဒီဟိ ဝါ ဘယေဟီတိ ပါတိမောက္ခံ။ ကင်္ခါ၊၈၄။ ပါတိမောက္ခသံဝရ သံဝုတ-လည်းကြည့်။ (ခ) အဝိဇ္ဇာစသည်ကြောင့် သံသရာ၌ ဖြစ်တတ်သော သတ္တဝါတို့ကို တဏှာစသော သံကိလေသာမှ လွတ်မြောက်စေသော သီလ။ (ခ) အဝိဇ္ဇာဒိနာ ဟေတုနာ သံသာရေ ပတတိ ဂစ္ဆတိ ပဝတ္တတီတိ ပါတိ။ ... တဿ ပါတိနော သတ္တဿ တဏှာဒိသံကိလေသတ္တယတော မောက္ခော ဧတေနာတိ ပါတိမောက္ခော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၁။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၅။ အံ၊ဋီ၊၃၊၂၇၁။ အနုဋီ၊၂၊၁၇၈။ (ဂ) ဆင်းရဲ၌ ပျက်စီး၍ ကျတတ်သော စိတ်ကို ဆင်းရဲမှ လွတ်မြောက်စေသော သီလ။ (ဂ) ပါတေတိ ဝိနိပါတေတိ ဒုက္ခတိ ပါတိ၊ စိတ္တံ။ ... တဿ ပါတိနော မောက္ခော ဧတေနာတိ ပါတိမောက္ခော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၁။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၅။ အံ၊ဋီ၊၃၊၂၇၂။ အနုဋီ၊၂၊၁၇၈-၉။ (ဃ) အပါယ်ဆင်းရဲ သံသရာ ဆင်းရဲ၌ ကျရောက်ကြောင်းဖြစ်သော တဏှာ စသော သံကိလေသာမှ လွတ်မြောက်တတ်သော သီလ။ (ဃ) ပတတိ ဧတေန အပါယဒုက္ခေ သံသာရဒုက္ခေ စာတိ ပါတိ၊ တဏှာဒိသံကိလေသော။ ... တတော ပါတိတော မောက္ခောတိ ပါတိမောက္ခော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၁။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၅။ အံ၊ဋီ၊၃၊၂၇၂။ အနုဋီ၊၂၊၁၇၉။ (င) ကျရောက်ရာ အာယတနမှ လွတ်မြောက်တတ်သော သီလ။ (င) ပတတိ ဧတ္ထာတိ ပါတိ၊ ဆ အဇ္ဈတ္တိကာနိ ဗာဟိရာနိ စ အာယတနာနိ။ ... တတော... ပါတိတော မောက္ခောတိ ပါတိမောက္ခော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၁။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၆။ အံ၊ဋီ၊၃၊၂၇၂။ အနုဋီ၊၂၊၁၇၉။ (စ) အပါယ်၌ ကျရောက်လေ့ရှိသော ပုထုဇဉ်ကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေတတ်သော သီလ။ (စ) ကိလေသာနံ ဗလဝဘာဝတော ပါပကိရိယာယ သုကရဘာဝတော ပုညကိရိယာယ စ ဒုက္ကရဘာဝတော ဗဟုက္ခတ္တံ အပါယေသု ပတနသီလောတိ ပါတီ၊ ပုထုဇ္ဇနော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၀။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၅။ အံ၊ဋီ၊၃၊၂၇၁။ အနုဋီ၊၂၊၁၇၈။ (ဆ) မရပ်မတည် ခြာခြာလည်၍ သွားရောက်လေ့ရှိသောစိတ်ကို သံသရာဆင်းရဲမှ လွတ်မြောက်စေတတ်သော သီလ။ (ဇ) ထိုထိုဘုံဘဝ၌ အတ္တဘောကို ကျစေခြင်းအလေ့ရှိသောစိတ်ကို သံသရာဆင်းရဲမှ လွတ်မြောက်စေတတ်သော သီလ။ (ဆ) (ဇ) အနိစ္စတာယ ဝါ ဘဝါဒီသု ကမ္မဝေဂက္ခိတ္တော ဃဋိယန္တံ ဝိယ အနဝဋ္ဌာနေန ပရိဗ္ဘမနတော ဂမနသီလောတိ ပါတီ၊ မရဏဝသေန ဝါ တမှိ တမှိ သတ္တနိကာယေ အတ္တဘာဝဿ ပါတနသီလောတိ ပါတီ၊ သတ္တသန္တာနော၊ စိတ္တမေဝ ဝါ၊ တံ ပါတိ နံ သံသာရဒုက္ခတော မောက္ခေတီတိ ပါတိမောက္ခော။ စိတ္တဿ ဟိ ဝိမောက္ခေန သတ္တော ဝိမုတ္တော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၀။ သာရတ္ထ၊၂၊၅၉။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၅။ အံ၊ဋီ၊၃၊၂၇၁။ အနုဋီ၊၂၊၁၇၈။ (ဈ) ပျက်စီး၍ ကျရောက်ခြင်းရှိသောသံသရာမှ လွတ်မြောက်စေတတ်သော သီလ။ (ဈ) ပါတော ဝိနိပါတော အဿ အတ္တီတိ ပါတီ၊ သံသာရော။ တတော မောက္ခာတိ ပါတိမောက္ခော။ ဣတိဝုတ်၊ဋ္ဌ၊၂၉၁။ သာရတ္ထ၊၂၊၆၀။ မ၊ဋီ၊၁၊၂၅၇။ အံ၊ဋီ၊၂၊၃၆။ အံ၊ဋီ၊၃၊၂၇၂။ အနုဋီ၊၂၊၁၇၉။ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃ ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ
ပါပဂြိုလ်
ပါပဂြိုဟ် ၄-လုံး ဆိုးသွမ်း ယုတ်မာသော ဂြိုဟ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုဟ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် 'ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏' ဟုဆိုထားလေပြီ။ (၁) တနင်္ဂနွေဂြိုဟ်၊ (၂) အင်္ဂါဂြိုဟ်၊ (၃) စနေဂြိုဟ်၊ (၄) ရာဟုဂြိုဟ်။ ကိုးကား Category:ဗေဒင်
ပါရာဇိက
အောက်ပါအချက် (၃)မျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိက ခေါ်သည်။လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း ပါရာဇိကအဓိပ္ပာယ် (၃) မျိုး ၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) - သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။ ၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) - ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။ ၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) - လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။ ပါရာဇိက (၂၄) ပါး မေထုနပါရာဇိက, အဒိန္နာဒါနပါရာဇိက, မနုဿဝိဂ္ဂဟပါရာဇိက, ဥတ္တရိမနုဿဓမ္မပါရာဇိကအားဖြင့် ဘိက္ခု၌လာသော ပါရာဇိက ၄-ပါး၊ ဘိက္ခုနီ၌ ထိုလေးပါးနှင့် တကွ ဥဗ္ဗဇာဏုမဏ္ဍလိကာပါရာဇိက, ဝဇ္ဇပဋိစ္ဆာဒိကာပါရာဇိက, ဥက္ခိတ္တာနုဝတ္တိကာ ပါရာဇိက, အဋ္ဌဝတ္ထုကာပါရာဇိကဟု အသာဓာရဏပါရာဇိက ၄-ပါး-ပေါင်း (၈) ပါး။ ပဏ္ဍက, ထေယျသံဝါသက, တိတ္ထိယပက္ကန္တက, တိရစ္ဆာနဂတ, မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတက, လောဟိတုပ္ပါဒက, သံဃဘေဒက, ဘိက္ခုနီဒူသက, ဥဘတောဗျဉ္ဇနကအားဖြင့် ရဟန်းမခံရန် တားမြစ်ထားသော ပါရာဇိက ၁၁-ပါး။ လူ့အသွင်အပြင်ကို နှစ်သက်၍ လူဝတ်လဲသော ဘိက္ခုနီ ပါရာဇိက ၁-ပါး၊ လမ္ဗီ, မုဒုပိဋ္ဌိက, သူတပါးအင်္ဂါဇာတ်ကို စုပ်သူ, သူတပါး အင်္ဂါဇာတ်ပေါ် ရှေးရှု့ထိုင် သူအားဖြင့် အနုလောမ ပါရာဇိက ၄-ပါး၊ ပေါင်း ပါရာဇိက ၂၄-ပါးရှိသည်။ ရဟန်းပါရာဇိက (၄) ပါး ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ်တွင် တစ်ခုခု၌ ကိုယ်တိုင် မေထုန်မှီဝဲသောရဟန်း, မိမိမဂ်တို့၌ သူတပါးတို့မေထုန်မှီဝဲသည်ကို သာယာနှစ်သက်သော ရဟန်းသည် မေထုနသိက္ခာပုဒ်ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ အနည်းဆုံး တမတ်, တမတ် ထိုက်တန်သော ဥစ္စာကို ၂၅-ပါးသော ခိုးနည်းတို့တွင်တစ်ခုခုဖြင့် ခိုးသော ရဟန်းသည် အဒိန္နာဒါနသိက္ခာပုဒ်ကို ကျူး လွန်သဖြင့် ပါရာဇိကကျ၏။ လူကို ကိုယ် နှုတ် စသည်ဖြင့် လုံ့လပြု၍ သေစေသော ရဟန်းသည် မနုဿဝိဂ္ဂဟသိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိကကျ၏။ ဈာန်, သမာပတ်, မဂ်, ဖိုလ်တရားကို မရပါပဲလျက် ရ၏ ဟု ပလွှားဝါကြွားပြောဆိုသော ရဟန်းသည် ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ ဘိက္ခုနီ ပါရာဇိက (၈)ပါး ရဟန်းမတို့၌လည်း ထို့အတူတည်း။ ကာယသံသဂ္ဂ ရာဂစိတ်ရှိသောယောက်ျားက ကာယသံသဂ္ဂ ရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအောက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အထက်အရပ်တို့၌ လက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြင့် ကိုင်တွယ်သုံးသပ်ခြင်းကို သာယာနှစ်သက်သောရဟန်းမသည် ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။ အခြားတပါးသော ဘိက္ခုနီမ၏ ပါရာဇိကအာပတ်ကို သိလျက် ဖုံးကွယ်သော ရဟန်းမသည် ဝဇ္ဇပဋိစ္ဆာဒိကာ ပါရာဇိက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။ ညီညွတ်သောသံဃာသည် နှင်ထုတ်အပ်သော ဥက္ခိတ္တကရဟန်း၏အယူကို အတုလိုက်ကျင့်သဖြင့် သမနုဘာသနကံ ပြု၍ ဆိုဆုံးမအပ်ပါသော်လည်း အယူကို မစွန့်လွှတ်သော ရဟန်းမသည် ဥက္ခိတ္တာနုဝတ္တိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။ ကာယသံသဂ္ဂရာဂစိတ်ရှိသော ယောက်ျားက ကာယသံသဂ္ဂရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအထက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အောက်အရပ်၌ ကိုင်တွယ် သုံးသပ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်ဝတ်အပေါ်ရုံ၌ ကိုင်တွယ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်လက်နှီးနှောမှု (ကာယသံသဂ္ဂ)ကို ပြုခြင်းငှါ ယောက်ျား၏ နှစ်တောင်ထွာ အတွင်း၌ ရပ်ခြင်း, စကားပြောဆိုခြင်း, ချိန်းချက်ရာအရပ်သို့ သွားခြင်း, ယောက်ျား၏လာခြင်းကို သာယာနှစ်သက်ခြင်း, ဖုံးကွယ်ရာအရပ်သို့ ဝင်ခြင်း, နှစ်တောင့်ထွာအတွင်း၌ တည်၍ ကိုယ်ကို ယောက်ျားအနီးသို့ ဆောင်ခြင်း၊ ဤ ဝတ္ထု ရှစ်မျိုးလုံးကို ပြည့်အောင် ပြုကျင့်သော ရဟန်းမသည် အဋ္ဌဝတ္ထုက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိက ကျ၏။ ဦးခေါင်း ပြတ်ပြီးသောသူသည် ကိုယ်နှင့် ဦးခေါင်းကို တဖန်ပြန်ဆက်၍ အသက်မရှင် သကဲ့သို့, အညှာမှကြွေကျသော သစ်ရွက်ရော်သည် နောက်ထပ်တဖန် ပြန်၍ စိမ်းရှင် မလာသကဲ့သို့ နှစ်ခြမ်းကွဲသော ကျောက်ဖျာကြီးသည် တဖန်စပ်သော်လည်း ပကတိ အတိုင်း မဖြစ်သကဲ့သို့ လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တဖန် ပြန်၍ အခက် အရွက်တို့ဖြင့် မစည်ပင်သကဲ့သို့ ပါရာဇိကကျသော ရဟန်း ရဟန်းမသည် သာသနာတော်မှဆုံး ရှုံး၏။ နောက် တဖန် ရဟန်းအဖြစ် မရတော့။ (ဝိ၊၁၊၃၄၊ ၅၈၊ ၉၃၊ ၁၁၈။ ဝိ၊ဋ္ဌ၊၂၊၂၂၇။) လူဝတ်လဲ ဘိက္ခုနီ လူထွက်လိုသည်ဖြစ်၍ သင်္ကန်းကိုဖြစ်စေ, လူတို့အဝတ်တန်ဆာကိုဖြစ်စေ, လူတို့ ဝတ်ဆင်ပုံအတိုင်း ဝတ်ဆင်သော ရဟန်းမသည် ပါရာဇိကကျ၏။ (ဝိ၊၃၊၁၃၄။ ဝိ၊၄၊၄၇၄။ ဝိ၊ဋ္ဌ၊၂၊၁၀၃။ ကင်္ခါ၊၁၂၆။ သာရတ္ထ၊၂၊၂၉၈။ ကင်္ခါ၊ဋီ၊သစ်၊၂၂၃။) ရဟန်းမခံရန် တားမြစ်ထားသော ပါရာဇိက ၁၁-ပါး ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်းတို့သည် ရှင်ရဟန်းပြုပေးခြင်း၏ တည်ရာ အကြောင်း ဝတ္ထု မဟုတ်သောကြောင့် လည်းကောင်း, “န ဘိက္ခဝေ ပဏ္ဍုကော ပဗ္ဗာဇေတဗ္ဗော-စသည်ဖြင့် ရှင်ရဟန်းပြု၍ မပေးရ” ဟု တားမြစ်ထားသောကြောင့်လည်းကောင်း ရှင်, ရဟန်းပြုခွင့် မရကြ။ ထေယျသံဝါသက စသော ရှစ်ယောက်, ရဟန်းအသွင်ကိုခိုးသူ, တိတ္ထိဘောင်သို့ ပြောင်းသူတို့သည် ရဟန်းပြု ခွင့်မရသဖြင့် ပါရာဇိကကျသော ရဟန်းနှင့် တူ၏။ ဝိ၊ဋ္ဌ၊၂၊၁၀၃။ အနုလောမ ပါရာဇိက ၄-ပါး အင်္ဂါဇာတ်ရှည်သူသည် “လမ္ဗီ”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်သို့သွင်းသော် ပါရာဇိက ကျ၏။ နူးညံ့ပျော့ပြောင်းသော ခါးရှိသူသည် “မုဒုပိဋ္ဌိက”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါ ဇာတ်ကို မိမိ၏ခံတွင်းဖြင့် စုပ်သော် ပါရာဇိက ကျ၏။ သူတပါး အင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုတ်သူ, သူတပါး၏ အင်္ဂါဇာတ်ပေါ်၌ဖိထိုင် သူတို့လည်း ပါရာဇိကကျသည်။ အနုလောမ ပါရာဇိကကျသူတို့ မည်ကုန်၏။ ဝိ၊ဋ္ဌ၊၂၊၁၀၃။ သာရတ္ထ၊၂၊၂၉၈။ ကင်္ခါ၊ဋီ၊သစ်၊၂၂၃။တိပိဋကအဘိဓာန် အတွဲ-၁၄-အပိုင်း-ဂ ကိုးကား Category:ဗုဒ္ဓဘာသာ Category:ရဟန်းဝိနည်းများ
ပါလီကွေး
ပါလီကွေး ၄၅။ ။ ၎င်း ဝေါဟာရ သင်္ချာကို မှော်ပညာကျမ်းတို့၌ "ဥုံ ဘုရားဟူက မောက္ကလူ ၂၄၊ တရားဟူက ပါလီကွေး ၄၅၊ သံဃာဟူက သံချပ်ဝတ် ၃၇" စသည်ဖြင့် မိမိကိုယ်ကို အကွယ်အကာယူရာ၌ အသုံးချနည်းများအတွက် တွေ့ဘူး၏။ မှတ်ချက်။ ။ ဘုရင့်နောင် စသော စစ်သူကြီးတို့ ဆောင်းသည့်ဦးထုပ်ကို မောက္ကလူ ခေါ်၏၊ ၎င်းင်း မောက္ကလူ သဖွယ် လုံခြုံသော ၂၄-ပစ္စည်းနှင့် ကိုယ်၌စည်းချသည်ကို " မောက္ကလူ ၂၄" ဟုဆိုသည်၊ ထိုအတူ ၄၅-ဝါ ကာလပတ်လုံး ဟောတော်မူ သော တရားတော်များနှင့် ပါလီကွေး သဖွယ် ကိုယ်၌ ဆင်မြန်း ကာရံသည်ကို "ပါလီကွေး ၄၅" ဟုဆိုသည်၊ ထို့အတူ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် သံချပ်ဝတ်သဖွယ် ကိုယ်၌ ဝတ်ဆင်ထားမှုကိုပင် "သံချပ်ဝတ် ၃၇" ဟုသိလေ။ Category:မြန်မာဝေါဟာရများ
ပိသုဏဝါစာ
ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။ (၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊ (၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊ (၃) ဝါယမ- လုံ့လပြုခြင်း၊ ရန်တိုက်ခြင်း၊ (၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။ ပိသုဏဝါစာ ကံ၏ မကောင်းကျိုး (၇)ပါး ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။ (၁) အပါယ်လေးပါးသို့ လားရခြင်း၊ (၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊ (၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊ (၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊ (၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊ (၆) လူများ၏ အမုန်းကိုခံရခြင်း၊ (၇) စိတ်ညစ်ညူးစိုးရိမ်ရခြင်း။ ကိုးကား Category:ဗုဒ္ဓဘာသာ
ပီတိ
ပီတိ (ထီ) [ပီ+တိ။ ပိနယတိ ကာယစိတ္တံ တ‌ပ္ပေတိ ဝဍ္ဎေတီတိ ဝါ ပီတိ။ ဝိဘာဝိနီ၊၉၂။ နှစ်သက်ဝမ်းမြောက်သော-ရောင့်ရဲစေ-တိုး ပွားစေ-သော ပီတိ။ ပမုဒိတဿ ပီတိ ဇာယတိ။ ဒီ၊၁၊၆၉။ တတိယံ ဈာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ။ ဒီ၊၃၊၂၂၁။ ပီဏယတီတိ ပီတိ၊ သာ ဖရဏလက္ခဏာ၊ တုဋ္ဌိလက္ခဏာ ဝါ၊ ကာယစိတ္တာနံ ပီဏနရသာ၊ တေသံယေဝ ဩဒဂျပစ္စုပဋ္ဌာနာ။ မ၊ဋ္ဌ၊၁၊၈၇။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၇။) ပီနယတီတိ ပီတိ။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ ပဋိသံ၊ဋ္ဌ၊၁၊၉၀။ ပီဏေတိ ကာယံ စိတ္တံ စ သန္တပ္ပေတီတိ ပီတိ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၅။ ပီတိ (၃၂၇)န္တိ ဟဒယတုဋ္ဌိံ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၂။ ပီတပ္ပနကန္တီသု၊ ပိဏာတီတိ ပီတိ။ ပီဏနံ ပီတိ၊ တပ္ပနံ ကန္တိ။ ပိဏယတီတိ ပီတိ၊ တပွေတီတိ အတ္ထော။ နီတိ၊ဓာ၊၂၅၂-၃။ နှစ်သက်စေတတ် ပွားစေတတ်သော တရားသည် ပီတိမည်၏၊ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃ လက္ခဏာ, ရသစသည် နှစ်သက်ခြင်း, အာရုံကိုအသင့်အားဖြင့်ယူခြင်းလက္ခဏာ ရှိ၏၊ ကိုယ်စိတ်ကိုပွားစေခြင်း, မွန်မြတ် သောစိတ္တဇရုပ်တို့ဖြင့်ကိုယ်ကာယကို နှံစေခြင်းကိစ္စရှိ၏၊ တက်ကြွသော ကိုယ်စိတ် ဖြစ်ကြောင်းတရားဟူ၍ ဉာဏ်၌ထင်လာ၏၊ ပီတိ ငါးမျိုး ထိုပီတိသည်- (၁) မွှေးညှင်းထရုံသာပြု တတ်သော ခုဒ္ဒကာပီတိ၊ (၂) လျှပ်စစ်ပြက် သကဲ့သို့ အကြိမ်ကြိမ်များစွာဖြစ်သော ခဏိကာပီတိ၊ (၃) ကမ်းပေါ်သို့ တက်လာ၍ ပျက်ပျက်သွားသော ပင်လယ်လှိုင်းတံပိုးကဲ့သို့ ကိုယ်သို့တက်ရောက်၍ ပျက်သွားသော ဩက္ကန္တိကာပီတိ၊ (၄) ကိုယ်ကို ပေါ့ပါးကြွတက်စေနိုင်လောက်အောင် အားကောင်းသော ဥဗ္ဗေဂါပီတိ၊ (၅) လေပြည့်သောပူစီပေါင်းကဲ့သို့ တကိုယ်လုံးပျံ့နှံနေ သောဖရဏာပီတိ-ဟု ငါးမျိုးရှိသည်။ ပီတိကြောင့် ဖြစ်သော တရား ထို ပီတိငါးမျိုး ဖြစ်လတ် ရင့်လတ်သော် ကိုယ်စိတ်ငြိမ်းအေးခြင်းဟူသော ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့ ဖြစ်လာသည်။ ပီတိ၏သားကား ပဿဒ္ဓိ၊ ပဿဒ္ဓိ၏သားကား သုခဖြစ်သည်။ အဘိ၊ဋ္ဌ၊၁။၁၅၈။ ဝိပဿနုပက္ကိလေသ (၁၀)ပါး၌ လာသော ပီတိ အရ ဝိပဿနာစိတ်နှင့်တကွဖြစ်သော ပီတိငါးပါးကိုယူရသည်။ ဝိဘာဝိနီ။၂၇၁။ ပီတိပါဝင်သော ဈာန်ချမ်းသာ နှစ်မျိုး ၁။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ဝိတက်နှင့် တကွဖြစ်သော, သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ပထမဈာန်၊ ၂။ ဝိတက်, ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု သမာဓိကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ဒုတိယဈာန်၊ ပီတိကို ထင်ထင်ရှားရှားသိခြင်း ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေ-ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၏၊(သမထပိုင်းတည်း။) ယင်းပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၍ ယင်းဈာန်မှ ထ၍ ယင်းဈာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း – ပီတိကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန် ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ (ဝိပဿနာပိုင်းတည်း။) အာနာပါနဿတိသုတ် ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး ၁။ မြတ်စွာဘုရားသည်လည်းကောင်း သီတင်းသုံးဖော် တို့သည်လည်းကောင်း ရဟန်းအား တရားဟော၏၊ တရားတော်၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်ရ၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏။ ၂။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးကို ဟော၏၊ ။ပ။ ၃။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ။ပ။ ၄။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူ၍ နှလုံးသွင်း၏၊ ၅။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူနှလုံးသွင်း ခြင်းကြောင့် ။ပ။ (ဒီ၊၃၊၂၀၀-၂၀၁။) (ဒီ၊၃၊၂၃၄။) (အံ၊၂၊၁၇။) (ဒီ၊မြန်၊၃။၂၂၃-၂၂၄။) (ဒီ၊မြန်၊၃။၂၅၇။) (အံ၊မြန်၊၂။၂၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် ချမ်းသာနှစ်မျိုး ပီတိနှင့်တကွဖြစ်သော ‘သပ္ပီတိကသုခ’ ချမ်းသာ၊ ၂။ ပီတိကင်းသော ‘နိပ္ပီတိကသုခ’ ချမ်းသာ၊ (တစ်နည်း) ပီတိနှင့်တကွဖြစ်သော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သပ္ပီတိကာရမ္မဏသုခ’ ချမ်းသာ၊ ၂။ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘နိပ္ပီတိကာရမ္မဏသုခ’ချမ်းသာ၊ (အံ၊၁၊၇၉-၈၀။) (အံ၊မြန်၊၁။၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် ပီတိ၏ အပြစ်များ စိတ်၏ ညစ်နွမ်းကြောင်းတရား ၁၁ ပါးတွင် ဥပ္ပိလဝ- ဗူးတောင်းအသွင် ပေါ်လွင်သော ပီတိဖြစ်ခြင်းလည်း ပါဝင်သည်။(ဝိ၊ဋ္ဌ၊၁၊၁၃၂။) နှစ်သက်မှု ပီတိသည် တတိယဈာန်၏ ဆူးငြောင့်ဖြစ်သည်။ (အံ၊၃၊၃၆၃။) ပီတိ၏ အကျိုးတရား ၅ ပါး ၁။ ကာမဂုဏ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊ ၂။ ကာမဂုဏ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊ ၃။ အကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊ ၄။ အကုသိုလ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊ ၅။ ကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း။ (အံ၊၂၊၁၈၂။) (အံ၊မြန်၊၂။၂၃၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် ပီတိကို ကောင်းစွာ သိခြင်း ၂ မျိုး ၁။ ဈာန်ရခြင်းကြောင့် အာရုံအားဖြင့် ကောင်းစွာ သိခြင်း၊ ၂။ ဝိပဿနာရှုသော အခါ လက္ခဏာကို ထိုးထွင်း၍ သိခြင်းကြောင့် မတွေဝေသောအားဖြင့် ကောင်းစွာ သိခြင်း။ (သံ၊ဋ္ဌ၊၃၊၃၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား ၁၁ ပါး ၁။ အရဟံ အစရှိသော ဘုရားရှင် ဂုဏ်တော် ကိုးပါးကို အဖန်ဖန် အောက်မေ့ခြင်း၊ ၂။ တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ၃။ သံဃာ့ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ၄။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ၅။ မိမိ၏ စွန့်ကြဲခဲ့သော ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း၊ ၆။ သဒ္ဓါစသော ဂုဏ်နှင့် ပြည့်စုံသော နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့သဒ္ဓါ အစရှိသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ၇။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ ၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊ ၉။ သိမ်မွေ့ နူးညံ့သော ပုဂ္ဂိုလ်ကို မှီဝဲသူ ဖြစ်ခြင်း၊ ၁၀။ ကြည်ညိုဖွယ်ရှိသော သုတ်ကို ဆင်ခြင်သူ ဖြစ်ခြင်း၊ ၁၁။ ထိုပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်း၌ ညွတ်သော စိတ်ရှိသူ ဖြစ်ခြင်း။ (မ၊ဋ္ဌ၊၁၊၃၀၀။) (သံ၊ဋ္ဌ၊၃၊၁၉၈။) (အံ၊ဋ္ဌ၊၁၊၃၉၉။) (အဘိ၊ဋ္ဌ၊၁၊၁၁၇။) (အဘိ၊ဋ္ဌ၊၂၊၂၆၉။) (ဝိသုဒ္ဓိ၊၁၊၁၂၉။) (သာရတ္ထ၊ဋီ၊၂။၂၂၈။) (ဒီ၊ဋီ၊၂၊၁၃၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ ကဏ္ဍ:သင်္သကရိုက်ဝေါဟာရများ Category:ဝိပဿနာ
ဗုံ
သတ္တဝါတို့ နေရာဘုံ ၃၁-ကို အကြောင်းပြုကာ ဆိုင်းဝိုင်း၌ ဗုံ ၃၁-လုံးကို ပြုလုပ်စီမံကြောင်းနှင့် မှတ်သားမိဘူး၏၊ ဤ၌ လေတူရိယာ၏ သံမှန် ၂၁-ပေါက်ကို မူလအခြေခံထား၍ ဆိုင်းဝိုင်း၌ ဗုံ ၂၁-လုံး သွင်းစီကာ ဝိုင်းအပြင်၌ ၁၀-လုံးထားလျက် ပေါင်း ၃၁-လုံးဟု မှတ်ရာသည်၊ ၎င်းတို့အမည်များမှာ- (၁) တပေါက်ကဲမှ (၇) ၇-ပေါက်ကဲ အထိ ၇-လုံး၊ (၈) တေးလုံး၊ (၉) တျောလုံး၊ (၁၀) ဒူးလုံး၊ (၁၁) ဒုန်းလုံး၊ ၎င်း ၄-လုံးကို ပကတိ ၄-လုံးခေါ်၏၊ ဤ ၄-လုံးကိုပင် ဗယ်ညာအားဖြင့် (၁၂) ဗယ်တေး၊ (၁၃) ညာတေး၊ (၁၄) ဗယ်တျော၊ (၁၅) ညာတျော၊ (၁၆) ဗယ်ဒူး၊ (၁၇) ညာဒူး၊ (၁၈) ဗယ်ဒုန်း၊ (၁၉) ညာဒုန်းအားဖြင့် ၈-လုံး ပြထားပြီးနောက် (၂၀) အံထပ် သံမှန်၊ (၂၁) မြင်းစိုင်း၊ ၎င်း ၂၁-လုံးကို ဆိုင်းဝိုင်း၌ သွင်း၍တီးစဉ်၊ ဝေဘန်ဉာဏ် ကျယ်လာပြန်ကာ ဘုံ ၃၁-နှင့် အသံတူပြုပြီး ၆-လုံးပတ်, စည်တို, စခွန့်, ပတ်မကြီး, ပတ်တော, ဤ ဆယ်လုံးကို ထွင်ပြန်၍ ပေါင်း ဗုံ ၃၁-လုံး ဖြစ်လာသည် ဟူ၏။ Category:တူရိယာ
ပုဏ္ဏမီနက္ခတ်
ဤ၌ အင်္ဂုတ္တိုရ် အဋ္ဌကထာလာ ၁၃-ပါး သရုပ်ကိုသာရည်၍ ၁၃-လုံးဟု ပြသည်၊ အခြား ရာဇမတ္တဏ်ကျမ်းလာ နက္ခတ်စု စသည်လည်း များစွာ ရှိသေး၏၊ ပြည့်ဖြိုးဝန်းစက်သော လပြည့်နေ့ညဉ့် လမင်းနှင့်ယှဉ်သော နက္ခတ်ကို ခေါ်သည်။ (၁) စိတြနက္ခတ်- တန်ခူးလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်၊ (၂) ဝိသာခါနက္ခတ်- ကဆုန်လပြည့်နေ့ညဉ့် ၎င်း၊ (၃) (၄) ဇေဋ္ဌနက္ခတ်- မူလနက္ခတ် ၂-လုံး-နယုန်လပြည့်နေ့ညဉ့် ၎င်း၊ (၅) ဥတ္တရာသဠ် နက္ခတ်- ဝါဆိုလပြည့်နေ့ညဉ့် ၎င်း၊ (၆) သရဝဏ် နက္ခတ်- ဝါခေါင်လပြည့်နေ့ညဉ့် ၎င်း၊ (၇) ဘဒြနကနက္ခတ်- တော်သလင်းလပြည့်နေ့ညဉ့် ၎င်း၊ (၈) အဿဝဏီနက္ခတ်- သီတင်းကျွတ်လပြည့်နေ့ညဉ့် ၎င်း၊ (၉) ကြတ္တိကာနက္ခတ်- တန်ဆောင်မုန်းလပြည့်နေ့ညဉ့် ၎င်း၊ (၁၀) မိဂသီနက္ခတ်- နတ္တော်လပြည့်နေ့ညဉ့် ၎င်း၊ (၁၁) ဖုသျှနက္ခတ်- ပြာသိုလပြည့်နေ့ညဉ့် ၎င်း၊ (၁၂) မာဃနက္ခတ်-တပို့တွဲလပြည့်နေ့ညဉ့် ၎င်း၊ (၁၃) ဖဂ္ဂုနီနက္ခတ်-တပေါင်းလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်။ ကိုးကား Category:မြန်မာ့ရိုးရာ နက္ခတ်များ
ပုထုဇဉ်
ပုထုဇ္ဇန (ပု) [ပုထု+ဇန+အ၊ ပုထု+ဇန။ ပဒ ထဂ္ဇန-သံ) ပုထုဇဉ်။ (၁) အထူးထူး အပြာပြား များကုန်သော ကိလေသာတို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်မည်၏။ပုထုဇ္ဇနာတိ ကေနဋ္ဌေန ပုထုဇ္ဇနာ။ (၁) ပုထု ကိလေသေ ဇနေန္တီတိ ပုထုဇ္ဇနာ၊ (၂) မပယ်အပ်သေးသော သက္ကာယဒိဋ္ဌိ များစွာရှိသောကြောင့်(သက္ကာယဒိဋ္ဌိစသည်ကို ဖြစ်စေတတ်သည်ဖြစ်သောကြောင့်) ပုထုဇဉ် မည်၏။ (၂) ပုထု အဝိဟတသက္ကာယဒိဋ္ဌိကာတိ ပုထုဇ္ဇနာ၊ (၃) များစွာသောဆရာတို့၏ မျက်နှာကို မော်ကြည့်တတ်၊ ဖူးမျှော်တတ်သောကြောင့် ပုထုဇဉ်မည်၏။ (၃) ပုထု သတ္ထာရာနံ မုခုလောကိကာတိ ပုထုဇ္ဇနာ၊ (၄) များစွာသော အလုံးစုံသော ဂတိတို့မှ မထသောကြောင့် ပုထုဇဉ် မည်၏။ (၄) ပုထု သဗ္ဗဂတီဟိ အဝုဋ္ဌိတာတိ ပုထုဇ္ဇနာ၊ (၅) အမျိုးမျိုးသော အဘိသင်္ခါရတရား(ပြုစီမံတတ်သောတရား)တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုထုဇဉ် မည်၏။ (၅) ပုထု နာနာဘိသင်္ခါရေ အဘိသင်္ခရောန္တီတိ ပုထုဇ္ဇနာ၊ (၆) အမျိုးမျိုးသော ဩဃတို့သည် မျှောအပ်သောကြောင့် ပုထုဇဉ်မည်၏။ (၆) ပုထု နာနာဩဃေဟိ ဂုယှန္တီတိ ပုထုဇ္ဇနာ၊ (၇) အမျိုးမျိုးသော ပူပန်စေတတ်သော တရားတို့ဖြင့် ပူပန်ကုန်သောကြောင့်(ပူပန်စေတတ်သော တရားတို့သည် ပူပန်စေအပ်သောကြောင့်) ပုထုဇဉ် မည်၏။ (၇) ပုထု နာနာသန္တာပေဟိ သန္တပ(ပ္ပ)န္တီတိ ပုထုဇ္ဇနာ၊ (၈) များစွာသော အထူးထူးသော လောင်ကျွမ်းစေတတ်သော တရားတို့သည် လောင်ကျွမ်းအပ်သောကြောင့် ပုထုဇဉ် မည်၏။ (၈) ပုထု နာနာပရိဠာဟေဟိ ပရိဒယှန္တီတိ ပုထုဇ္ဇနာ၊ (၉) များစွာသော ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ကုန်သောကြောင့် ပုထုဇဉ် မည်၏။ (၉) ပုထု ပဉ္စသု ကာမဂုဏေသု ရတ္တာ ဂိဒ္ဓေါ ဂဓိတာ မုစ္ဆိတာ အဇ္ဈာသန္နာ လဂ္ဂါ လဂ္ဂိတာ ပလိဗုဒ္ဓါတိ ပုထုဇ္ဇနာ၊ (၁၀) များစွာသော နီဝရဏငါးပါးတို့သည် ပိတ်ဆို့အပ်သောကြောင့် ပုထုဇဉ် မည်၏။ (၁၀) ပုထု ပဉ္စဟိ နီဝရဏေဟိ အာဝုတာ နိဝုတာ ဩဝုတာ ပိဟိတာ ပဋိစ္ဆန္နာ ပဋိကုဇ္ဇိတာတိ ပုထုဇ္ဇနာ။ မဟာနိ၊၁၁၃-၄။ (မ၊ဋ္ဌ၊၁၊၂၁။ အ ဘိ၊ဋ္ဌ၊၁၊၃၈၃။ ပဋိသံ၊ဋ္ဌ၊၂၊၅၀။ စူဠနိ၊ဋ္ဌ၊၆၉။ မူလဋီ၊၁၊၁၆၁။) တတ္ထ ပုထုဇ္ဇနာတိ—ပုနံ ဇနနာဒီဟိ၊ ကာရဏေဟိ ပုထုဇ္ဇနော။ ပုထုဇ္ဇနန္တောဂဓတ္တာ၊ ပုထုဝါယံ ဇနော ဣတိ ... အထ ဝါ (၁၁) များစွာသော ယုတ်ညံ့သောတရားကို ကျင့်သူတို့၌ အတွင်းဝင်သောကြောင့် ပုထုဇဉ်မည်၏။ (၁၁) ပုထုနံ ဝါ ဂဏနပထမတီတာနံ အရိယဓမ္မပရမ္မုခါနံ နီစဓမ္မသမာစာရာနံ ဇနာနံ အန္တောဂဓတ္တာပိ ပုထုဇ္ဇနာ။ (၁၂) အရိယာတို့မှ အသီးအခြားဖြစ်သောကြောင့် ပုထုဇဉ် မည်၏။ (၁၂) ပုထု ဝါ အယံ ဝိသုံယေဝ သင်္ခံဂတော, ဝိသံသဋ္ဌော သီလသုတာဒိဂုဏယုတ္တေဟိ အရိယေဟိ ဇနောတိပိ ပုထုဇ္ဇနော။ မဟာနိ၊ဋ္ဌ၊၂၃၅-၆။ (မ၊ဋ္ဌ၊၁၊၂၁။ သံ၊ဋ္ဌ၊၂၊၉၀။ အဘိ၊ဋ္ဌ၊၁၊၃၈၃။ ပဋိသံ၊ဋ္ဌ၊၂၊၅၀။ စူဠနိ၊ဋ္ဌ၊၆၉။ နေတ္တိ၊ဋ္ဌ၊၁၅၇။)(၂) ပုထုနံ သက္ကာယဒိဋ္ဌိနံ အဝိဟတတ္တာ တာ ဇနေန္တိ၊ တာဟိ ဝါ ဇနိတာတိ ပုထုဇ္ဇနာ။ အဝိဟတတ္ထမေဝ ဝါ ပုထုဇ္ဇနသဒ္ဒေါ ဝဒတိ။ (၃) ပုထု သတ္ထာရသင်္ခါတာ ဇနာ ဧတေသန္တိ ပုထုဇ္ဇနာ။ (၄) ဇနေတဗ္ဗာ၊ ဇာယန္တိ ဧတ္ထာတိ ဝါ ဇနာ၊ ဂတိယော။ ပုထူဇနာ ဧတေသန္တိ ပုထုဇ္ဇနာ။ (၅) (၆) (၇) (၈) ဇာယန္တိ ဧတေဟီတိ ဇနာ အဘိသင်္ခါရာဒယော၊ တေ ဧတေသံ ဝိဇ္ဇန္တီတိ ပုထုဇ္ဇနာ။ အဘိသင်္ခရဏာဒိအတ္ထော ဧဝ ဝ ဝါ ဇနသဒ္ဒေါ ဒဋ္ဌဗ္ဗော။ (၉) ဇာယတီတိ ဇနော၊ ရာဂေါ ဂေဓာတိ ဧဝမာဒိကော။ ပုထု ဇနော ဧတေသန္တိ ပုထုဇ္ဇနာ။ ပုထူသု ဇာတာ ရတ္တာတိ ဧဝံ ရာဂါဒိအတ္ထော ဧဝ ဝါ ဇနသဒ္ဒေါ ဒဋ္ဌဗ္ဗာ။ ပဋိသံ၊ဂံ၊၁၇၈။ ပုထုဇ္ဇနော ဝယော သန္တော၊ န ကိလေသဝသော အဟု။ အပ၊၂၊၁၅၉။ (ဒီ၊၁၊၃။ အဘိ၊ပု၊၁၁၆။ အဘိက။ ၉၂၊ ၃၆၇၊ ၄၃၀။ ပဋိသံ၊၂၂၃။ ဝိ၊ဋ္ဌ၊၁၊၆။ ဝိ၊ဋ္ဌ၊၃၊၄၁၀။ ဒီ၊ဋ္ဌ၊၂၊၁၇၅။ ဒီ၊ဋ္ဌ၊၃၊၇၁။ မ၊ဋ္ဌ၊၃၊၁၁၉၊ ၂၄၆။ အံ၊ဋ္ဌ၊၁၊၁၄၃၊ ၃၅၅။ အဘိ၊ဋ္ဌ၊၃၊၉၄၊ ၁၄၈။ ပဋိသံ၊ဋ္ဌ၊၁၊၆၊ ၁၀၆။ ပဋိသံ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၁၊၂၂၁။ ဝိသုဒ္ဓိ၊၂၊၃၄၁။ ခုဒ္ဒက၊ဋ္ဌ၊၇၈။ ဥဒါန၊ဋ္ဌ၊၉၊ ၃၁။ ဣတိဝုတ်၊ဋ္ဌ၊၄၊၁၉၊ ၂၁၃။ ဇာ၊ဋ္ဌ၊၅၊၂၆၈။ ဝဇိရ၊၁၆၇၊ ၃၉၉။ သာရတ္ထ၊၁၊၄၅။ သာရတ္ထ၊၂၊၅၁၊ ၂၆၀။ ဝိမတိ၊၂၊၉၂။ ကင်္ခါ၊ဋီ၊သစ်၊၃၅၄။ ဒီ၊ဋီ၊၁၊၃၆။ သီ၊ဋီ၊သစ်၊၁၊၅၆၊ ၁၁၅၊ ၁၄၅၊ ၁၈၃။ ဒီ၊ဋီ၊၂၊၇၁၊ ၁၃၄၊ ၂၄၄။ မ၊ဋီ၊၂၊၇၊ ၁၈။ မ၊ဋီ၊၃၊၁၆၄၊ ၁၆၆၊ ၄၄၂။ သံ၊ဋီ၊၂၊၂၀၃။ အံ၊ဋီ၊၁၊၂၅၊ ၁၀၉၊ ၂၇၇။ အံ၊ဋီ၊၃၊၅၉၊ ၃၄၆။ မူလဋီ၊၁၊၇၊ ၁၁၁။ မူလ၊ဋီ၊၃၊၃၁။ အနုဋီ၊၁၊၁၀၈။) စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ မ၊၃၊၂၆၁။ ဒီ၊ဋီ၊၁၊၂၄၃။ ပါဠိယံ ပုဗ္ဗေ “ပုထုဇ္ဇနဿာ”တိ ဝတွာ ပုန “အဿုတဝတော ပုထုဇ္ဇနဿာတိ ဝစနံ အန္ဓပုထုဇ္ဇနဿာယံ ဥပေက္ခာ။ န ကလျာဏပုထုဇ္ဇနဿာတိဒဿနတ္ထံ။ မ၊ဋီ၊၃၊၃၈၄။ (မ၊၁၊၁၊ ၁၈၈၊ ၃၀၂၊ ၃၇၄။ မ၊၂၊၅၅၊ ၉၇။ မ၊၃၊၆၇၊ ၂၂၇၊ ၂၇၀။ သံ၊၁၊၃၁၉၊ ၃၂၁။ သံ၊၂၊၃၊ ၆၇။ သံ၊၃၊၃၁၆။ အံ၊၁၊၉၊ ၄၄၁။ အံ၊၂၊၄၈။ အံ၊၃၊၈။ အဘိ၊ပု၊၁၁၅။ ပဋိသံ၊၁၄၇၊ ၁၅၆။ ဓမ္မ၊၂၁။ သုတ္တနိ၊၄၂၃။ ထေရ၊၃၅၇။ ထေရီ၊၃၈၃။ မဟာနိ၊၁၁၂။ ဇာ၊၂၊၁၇၁။ နေတ္တိ၊၇၇။ ဒီ၊ဋ္ဌ၊၂၊၃၂၃။ ဒီ၊ဋ္ဌ၊၃၊၈၀။ မ၊ဋ္ဌ၊၁၊၂၅။ မ၊ဋ္ဌ၊၂၊၆၂။ သံ၊ဋ္ဌ၊၃၊၃၄၊ ၁၂၃။ အံ၊ဋ္ဌ၊၁၊၄၆၊ ၃၅၃။ အဘိ၊ဋ္ဌ၊၁၊၂၃၉။ အဘိ၊ဋ္ဌ၊၂၊၄၀၆။ အဘိ၊ဋ္ဌ၊၃၊၃၅။ ပဋိသံ၊ဋ္ဌ၊၂၊၇၊ ၅၁၊ ၂၅၁။ ဥဒါန၊ဋ္ဌ၊၂၄၅။ ဣတိဝုတ်၊ဋ္ဌ၊၆၆။ ထေရ၊ဋ္ဌ၊၁၊၁၇၇။ ထေရ၊ဋ္ဌ၊၂၊၅၃၊ ၁၂၁။ ထေရီ၊ဋ္ဌ၊၄၃၊ ၂၄၆။ အပ၊ဋ္ဌ၊၁၊၁၉၇။ မဟာနိ၊ဋ္ဌ၊၂၃၆၊ ၃၇၁။ စူဠနိ၊ဋ္ဌ၊၆၉၊ ၇၀။ ဇာ၊ဋ္ဌ၊၆၊၇၄။ ဒီ၊ဋီ၊၁၊၂၈၀။ သီ၊ဋီ၊သစ်၊၁၊၉၉။ ဒီ၊ဋီ၊၂၊၂၆၇။ ဒီ၊ဋီ၊၃၊၈၀။ မ၊ဋီ၊၁၊၆၇၊ ၂၃၇။ မ၊ဋီ၊၂၊၆၀၊ ၇၃။ မ၊ဋီ၊၃၊၂၂၃။ သံ၊ဋီ၊၁၊၁၇၁။ သံ၊ဋီ၊၂၊၄၇၊ ၁၀၆၊ ၄၅၈။ အံ၊ဋီ၊၃၊၂၈၄။ မူလဋီ၊၂၊၈၇။ မူလဋီ၊၃၊၁၁၁။ အနုဋီ၊၂၊၁၇၈။ နေတ္တိ၊ ဝိဘာ။ ၃၁၀။) ဒွေ ပုဂ္ဂလာ ဘဗ္ဗာ သဉ္စိစ္စ အာပတ္တိ အာပဇ္ဇိတုံ ဘိက္ခု စ ဘိက္ခုနိယော စ ပုထုဇ္ဇနာ။ ဝိ၊၅၊၂၁၄။) တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃ ကလျာဏပုထုဇဉ်၊ အန္ဓပုထုဇဉ်-စသဖြင့် ပြားသည်။ ထောမနိဓိ၌ ယုတ်ညံ့သူ, ပညာနည်းသူ, ကြမ်းတမ်းသူ ဟူသော အနက်တို့လည်း လာသည်။ ပုထုဇဉ် ၂-မျိုး အကန်းနှင့် အကောင်း ခြားနားမှု။ (၁) ကလျာဏပုထုဇဉ် - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့ကို သိ၍ ကောင်းသော ပုထုဇဉ် တစ်မျိုး၊ (၂) အန္ဓပုထုဇဉ် - ခန္ဓာ၊ အာယတန ဓာတ်၊ သစ္စာတို့ကို မသိမူ၍ အကန်းနှင့်တူသော ပုထုဇဉ် ဟူ၍ ၂-မျိုး မှတ်ရာသည်။ နိဒါနဝဂ္ဂ သံယုတ်။ဋ္ဌ။၉၀-၌ အကျယ်ရှု။(အန္ဓပုထုဇဉ်၊ ကလျာဏပုထုဇဉ်)၊ နိဒါန-သံ-ဋ္ဌ-၉၀၊ နိဒါန-သံ-ပါ-၃၁၉။ ။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၁၈၉၊ ၂၄၅၊ ပဋိသံ-ပါ-၄၁။ ။ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၅၁။ ။ စူဠနိ-ဋ္ဌ-၇၀။ မဟာနိ-ဋ္ဌ-၂၃၆။ ။ အဘိ-၁-ဋ္ဌ-၃၈၄၊ အဘိ-၁-ပါ-၂၀၈။ ။ အံ-၁-ဋ္ဌ-၄၇၊ အံ-၁-ပါ-၉။ ဒီဃ-၁-ဋ္ဌ-၅၈၊ ဒီဃ-၁-ပါ-၃။ ။ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကို သေက္ခတွင် သွင်းယူပုံ၊ ဣတိ-ဋ္ဌ-၂၃၆၊ ပုထုဇ္ဇနကလျာဏကောပိ သေခေါတွေဝ ဝေဒိတဗ္ဗာ။ ။ ဧတ္ထစ သီလဝန္တပုထုဇ္ဇနောပိ သောတာပန္နေနော သင်္ဂဟိတော၊ အံ-၂-ဋ္ဌ-၂၉။ ။ သေခေါတိ ပုထုဇ္ဇန ကလျာဏကေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေခါ၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၂၀၇။ ပုထုဇဉ်ကို လက်ညှိုးညွှန်ပြရသည့်ကာလ၊ နိဒါန-သံ-ဋ္ဌ-၂၁၂။ ။ အကြားအမြင်မရှိသော ပုထုဇဉ်တို့မှာ မိမိကိုယ်တိုင်လည်း အို-နာ-သေမျိုးဖြစ်ပါလျက် သူတပါးတို့ အို-နာ-သေရာ၌မူ စက်ဆုပ် ရွံရှာဘတ်ကြောင်း ဟောထားသော သုခုမာလသုတ်၊ အံ-၃-ပါ-၁၄၄၊ အံ-၃-ဋ္ဌ-၁၂၉၊ မှတ်သားဖွယ် ဂါထာများပါ၏။ အသုတဝါ ပုထုဇဉ် ပုဂ္ဂိုလ်နှင့် သုတဝါ ပုထုဇဉ်ပုဂ္ဂိုလ်တို့ ဝေဒနာခံစားရာ၌ စိတ်ထားပုံခြင်း မတူကြကြောင်း ဟောထားသော သလ္လသုတ်၊ သဠာ-သံ-ပါ-၄၀၉၊ သဠာ-သံ-ဋ္ဌ-၁၁၇။ ပုထုဇဉ် ၄-ယောက် အရိယာမှ သီးခြားဖြစ်သူ၊ ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက်။ (၁) ဒုဂ္ဂတိအဟိတ် ပုထုဇဉ် - အပါယ် ၄-ဘုံသားများ၊ (၂) သုဂတိအဟိတ် ပုထုဇဉ် - လူ့ဘုံ၌ မွေးရာတွင် မျက်စိကန်းသောသူ, စွံ့အသောသူ, နားမကြား နားထိုင်းသူများ၊ (၃) ဒွိဟိတ် ပုထုဇဉ်- ကာမသုဂတိ ၇-ဘုံသားများ၊ (၄) တိဟိတ် ပုထုဇန်- မွေးရာတွင် အမောဟ၊ အဒေါသ၊ အလောဘ ဟူသော ဟိတ် ၃-ပါးပါရှိသည့် အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။ ပုထုဇဉ် ဝေါဟာရမျိုး ၄-ပါး။ ။ သံဂီတိသုတ်၌ ပါရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။ ပိဋကတ်လမ်းညွှန်၌ ပါသော ပုထုဇဉ် ပဋိလာဘသုတ်-သံ၊ သဒ္ဓိန္ဒြေ စသည် ၅-ပါးကို အကျယ် ဟောထား၏။ ၎င်း ၅-ပါးမရှိလျှင် ပုထုဇဉ်ဘဝ၌ပင် တည်ကြောင်းဟောသော ပဋိပန္နသုတ်-သံ။ အာနေဉ္ဇသုတ်၌ အံ-၃-ပါ-၂၇၀၊ အံ-၃-ဋ္ဌ-၂၃၃၊ ပုထုဇဉ်တို့မှာ အရူပဘုံသို့ ရောက်ရသော်လည်း သက်တန်းစေ့လျှင် အပါယ်လေးဘုံသို့ ရောက်ရတတ်သေးကြောင်း။ ယဝကလာပီသုတ်၌ သဠာ-သံ-ပါ-၄၀၄၊ သဠာ-သံ-ဋ္ဌ-၁၁၃၊ အဿုတဝါ ပုထုဇဉ်တို့ ဘဝကို တောင့်တကြပုံကို ထင်ရှားစေရန် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းရန် (မုယောစပါးစည်း ဥပမာတို့ဖြင့်) ဟောထားတော်မူ၏။ အရိယာနှင့် ပုထုဇဉ်တို့အထူး ပဌမနာနာကရဏသုတ်၊ အံ-၄-ပါ-၄၄၁၊ အံ-၄-ဋ္ဌ-၃၃၁၊ ဗြဟ္မာပြည် ရောက်ပြီးသော ပုထုဇဉ်တို့မှာ ဈာန်အချိန်ကုန်က အပါယ်လေးပါးသို့ လားကြရတတ်ကြောင်း၊ အရိယာတို့ကား ထိုဗြဟ္မာပြည်မှာပင် ပရိနိဗ္ဗာန်စံကြရကြောင်း ဟောထား၏။ ။ ဝေဒနာ ခံစားရပုံချင်း တူသော်လည်း သောကဖြစ်မဖြစ် ကွာခြားပုံကို ဟောသော သလ္လသုတ်-သံ။ သဠာ-သံ-ပါ-၄၀၉၊ သဠာ-သံ-ဋ္ဌ-၁၁၇၊။ အာရုံ ၆-ပါး၌ အရိယာနှင့် ပုထုဇဉ်တို့ အမြင်ချင်းမတူကြကြောင်း ဂါထာများ မှတ်သားဖွယ်၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၆၃-၆၄။ ။ ကာမဂုဏ် ခံစာရာ၌ စိတ်ထားချင်း မတူကြပုံ၊ ပေဋက-ပါ-၂၇၁။ ။ အရိယာနှင့် ပုထုဇဉ်တို့ ရှာမှီးချင်း မတူကြပုံ၊ ပရိယေသနာ-၂-မျိုး အရိယာ (ပရိယေသနာ အရိယာ)တို့ ရှာမှီးခြင်း၊ အနရိယာ (ပရိယေသနာ ပုထုဇဉ်)တို့ ရှာမှီးခြင်း။ ပါသရာသိသုတ် ပဏ်-၁-ပါ-၂၁၇-ဋ္ဌ-ဒု-အုပ်-၇၅၊ အကျယ်ဟောထား၏။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဓမ္မ တို့နှင့် တစ်ဖန်တွေ့ဆုံရအောင် ပြောဆိုလုပ်ကိုင် ကြံစည်ခြင်းသည် ပုထုဇဉ်တို့၏ ရှာမှီးခြင်းမည်၏။ ၎င်းတို့နှင့် တစ်ဖန် မတွေ့မဆုံရအောင် ပြောဆိုလုပ်ကိုင်ကြံစည်ခြင်းသည် အရိယာတို့၏ ရှာမှီးခြင်းမည်၏။ ပရိယေသနာသုတ် အံ-၄-ပါ-၅၇၀။ ။ ဒီဃ-၂-ပါ-၂၂၃၊ ဒီဃ-၂-ဋ္ဌ-၃၂၅။ ။ နေတ္တိ-ပါ-၁၆၂၊ နေတ္တိ-ဋ္ဌ-၂၆၆။ ဤ၌ သေဝိတဗ္ဗ၊ အသေဝိတဗ္ဗ ပရိယေသနာ-၂-မျိုးကို ဟောထား၏၊ အရိယာပုဂ္ဂိုလ်တို့သာ ရှေ့အနုဿတိ ၆-ပါး ပြည့်စုံကြကြောင်း၊ သို့သော် ပုထုဇဉ်တို့လည်း နှလုံးသွင်းသင့်ကြောင်း။ ဝိသုဒ္ဓိ-ပ-အုပ်-၂၂၀-၂၂၁။ ပါတာလသုတ်၌ သဠာ-သံ-ပါ-၄၀၈၊ သဠာ-သံ-ဋ္ဌ-၁၁၆, အန္ဓဗာလပုထုဇဉ်တို့မှာ ဝေဒနာကို သည်းမခံနိုင်ကြကြောင်း၊ သောတာပန် ပုဂ္ဂိုလ်နှင့် ဗလဝဝိပဿက ပုဂ္ဂိုလ်တို့ကား သည်းခံနိုင်ကြကြောင်း ဟောထား၏၊ ၃-ဂါထာပါ၏။ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၁၀၈။ ။ မိလိန္ဒ-ပါ-၂၈၇-၂၈၉၊ သုပိနပဥှအကျယ်။ ။ အဘိ-၂-ဋ္ဌ-၃၉၀။ ။ အိပ်မက်မက်သော ပုဂ္ဂိုလ်မှာ ဝိပလ္လာသ ၁၂-ပါးကို မပယ်နိုင်သေးသော ပုထုဇဉ် သေက္ခ ပုဂ္ဂိုလ်တို့သာတည်း၊ ၎င်း ၁၂-ပါးကို လုံးဝပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်တို့ကား အိပ်မက် မမက်ကြတော့ပေ၊ အံ-၅-ဋ္ဌ-၇၂။ အဘိ-၁-ဋ္ဌ-၄၄၀၊ အဘိ-၁-ပါ-၂၇၁။ ။ အဘိ-၂-ဋ္ဌ-၃၅၆။ ။ အံ-၃-ဋ္ဌ-၁၅၃။ ။ ပဋိသံ-ပါ-၁၀၉၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၃၁၆။ ။ ဒီဃ-၃-ပါ-၈၆၊ ဒီဃ-၃-ဋ္ဌ-၇၁။ ။ ဝိသုဒ္ဓိ-ဒု-အုပ်-၆၁၊ ပုထုဇဉ်တို့မှာ ပရစိတ္တဝိဇာနနအဘိညာဉ် ရသော်လည်း သောတာပန်ပုဂ္ဂိုလ်၏ စိတ်ကို မသိနိုင်ပေ။ သောတာပန်ပုဂ္ဂိုလ်သည် သကဒါဂါမ်ပုဂ္ဂိုလ်၏စိတ်ကို မသိနိုင်၊ ကြွင်းနည်းတူ သိပါလေ။ ကတမောဒကတိဿသုတ်၊ သဂါထာ-သံ-ပါ-၁၅၀၊ သဂါထာ-သံ-ဋ္ဌ-၁၉၇၊ ကာလိကသုတ်၊ သဂါထာ-သံ-ပါ-၁၅၀၊ သဂါထာ-သံ-ဋ္ဌ-၁၉၆။ ။ ဥဒါန-ပါ-၁၅၆၊ ဥဒါန-ဋ္ဌ-၃၀၁။ ရဟန္တာအရှင်တို့၏ သီလ၊ သမာဓိ၊ ပညာကို ရဟန္တာပုဂ္ဂိုလ်ချင်းသာ သိနိုင်ကြောင်း၊ ပုထုဇဉ်ကမူ မသိနိုင်ကြကြောင်းဂါထာ။ နေတ္တိ-ပါ-၁၁၁၊ နေတ္တိ-ဋ္ဌ-၂၂၆။ ။ ဒါရုကမ္မိကသုတ်၊ အံ-၆-ပါ-၃၄၃၊ အံ-၆-ဋ္ဌ-၁၃၁။ လောကဓမ္မသုတ်(ပ-ဒု)၊ အံ-၈-ပါ-၇၊ အံ-၈-ဋ္ဌ-၁၉၅။ ။ အံ-၄-ပါ-၅၀၉။ ဒုတိယလောကဓမ္မသုတ်၌ ပုထုဇဉ်တို့မှာ လောကဓံ ၈-ပါး၌ လက္ခဏာရေးသုံးပါး တင်၍ မရှုနိုင်ကြကြောင်း၊ အရိယာပုဂ္ဂိုလ်တို့ကား ရှုနိုင်ကြကြောင်း ဟောထား၏။ ဝေါဟာရပထသုတ်၌ အံ-၄-ပါ-၅၄၉၊ ပုထုဇဉ်နှင့် အရိယာတို့၏ ပြောဆိုပုံကို ခွဲပြထား၏၊ ဝေါဟာရသုတ်။ အံ-၈-ပါ-၁၂၇၊ အံ-၈-ဋ္ဌ-၂၄၆၊ သုခုမာလသုတ်၌ အံ-၃-ပါ-၁၄၃၊ အံ-၃-ဋ္ဌ-၁၂၄၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဘဝက ခံစားခဲ့ရပုံနှင့် အဿတဝါ ပုထုဇဉ်ပုဂ္ဂိုလ်တို့မှာ ကိုယ်တိုင်ကလည်း အို-နာ-သေရမည် ဖြစ်ပါလျက် သူတစ်ပါးတို့ အို-သေ-နာခြင်း၌ စက်ဆုတ်တတ်ကြကြောင်း ဟောထား၏။ ပါဠိ၌ မှတ်သားဖွယ် ဂါထာများ ပါ၏။ အရိယာ နတ်၊ ဗြဟ္မာများမှတစ်ပါး ကျန်သောပုထုဇဉ် နတ်၊ ဗြဟ္မာတို့မှာ (လူတို့ စိတ်ဝမ်းကွဲလျှင် ကိုယ်စောင့်နတ်တို့လည်း စိတ်ဝမ်းကွဲကြ၍) အဆင့်ဆင့် အားလုံး စိတ်ဝမ်းကွဲကြကြောင်း မိန့်ဆိုထားပုံ။ ပဏ်-၃-ပါ-၃၃၊ ပဏ်-၃-ဋ္ဌ-၂၄။ ။ အံ-၆-ဋ္ဌ-၁၀၇။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၅။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၄၆၂။ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၂၄၊ ပဋိသံ-ပါ-၁၂၄။ ။ ဒီဃ-၃-ပါ-၂၀၄၊ ဒီဃ-၃-ဋ္ဌ-၂၁၈။ ဝိ-၅-ပါ-၂၉၂၊ ဝိ-၅-ဋ္ဌ-၂၁၀။ ပုထုဇဉ်ဘဝ၏ ကြောက်စရာကောင်းလှပုံ ပဏ်-၃-ဋ္ဌ-၂၁၁။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂။ ။ အံ-၃-ပါ-၂၇၀၊ အံ-၃-ဋ္ဌ-၂၃၃၊ အာနေဉ္ဇသုတ်၌ ဈာန် အရှိန်ကြောင့် ဗြဟ္မာပြည်၌ ဖြစ်ရသော်လည်း ဈာန်အရှိန်ကုန်က အောက်သို့ ပြန်ဆင်းရကြောင်း ဟောထား၏။ ပဌမမေတ္တာသုတ်၊ အံ-၄-ပါ-၄၄၃၊ ၄၄၄၊ အံ-၄-ဋ္ဌ-၃၃၃၊ အဘိ-၂-ပါ-၄၄၁၊ ဂါထာ၊ ဥက္ခိတ္တ ပုညတေဇေန-စသော ဂါထာ၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၃၀။ ။ အံ-၄-ပါ-၄၄၁၊ အံ-၄-ဋ္ဌ-၃၃၂ ပဌမနာနာကရဏသုတ်၊ အဘိ-၂-ဋ္ဌ-၄၀၆။ ပုထုဇဉ်တို့၏ အပြစ်ကို အကျယ်ဟောထားသော တိဿမေတ္တေယျသုတ်၌ သုတ္တ-ပါ-၄၀၆၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၄၉။ ဣတိ-ဋ္ဌ-၂၆၅။ ။ မဟာနိ-ပါ-၁၀၇၊ မဟာနိ-ဋ္ဌ-၂၂၆၊ မေထုန်မှီဝဲမှုအပြစ်ကို ဟောထား၏။ ထေရ-ပါ-၃၄၅၊ ထေရ-ဋ္ဌ-ဒု-အုပ်-၄၀၄ မတည်ငြိမ်လှပုံ။ နေတ္တိ-ပါ-၇၇၊ နေတ္တိ-ဋ္ဌ-၁၅၇။ ။ စရိယာ-ဋ္ဌ-၂၃၃၊ ပုထုဇ္ဇနဿနာမ ဂတိ အနိဗဒ္ဓါ၊ အဘိ-၄-ဋ္ဌ-၉၇၊ အဘိ-၄-ပါ-၁၇၃။ ။ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၅။ ပုထုဇဉ်တို့၏ သဘောမှာ ကဲ့ရဲ့သင့်သူကို ချီးမွမ်းတတ်ကြောင်း၊ ချီးမွမ်းသင့်သူကို ကဲ့ရဲ့တတ်ကြောင်း မိန့်ဆိုထားပုံ။ ထေရ-ဋ္ဌ-ပ-အုပ်-၃၅၉၊ ထေရ-ပါ-၂၅၂။ ပုထုဇဉ်တို့ ဂတိမြဲစေသော ကုသိုလ်များ၊ အံ-၉-ဋ္ဌ-၂၆၅၊ မှတ်သားဖွယ် ကောင်းလှ၏။ ပဏ်-၃-ပါ-၁၄၀၊ ပဏ်-၃-ဋ္ဌ-၁၀၄၊ သင်္ခါရုပပတ္တိသုတ်၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဟူသော ၅-ပါးနှင့် ပြည့်စုံစေပြီးလျှင် သုဂတိဘဝတွင် ရောက်လိုရာဘဝကို တောင့်တရန် ညွှန်ကြားထား၏။ ဗာလပဏ္ဍိတသုတ်၌ ပဏ်-၃-ပါ-၂၀၁၊ ပဏ်-၃-ဋ္ဌ-၁၄၉၊ ၎င်းတို့၏ အပြစ်နှင့် အကျိုးကို အကျယ်ဟောထား၏၊ မှတ်သားဖွယ် ကောင်းလှ၏။ ဗာလပဏ္ဍိတယူပုံ၊ ဗာလပဏ္ဍိတသုတ်၊ ပုထုဇဉ်မှန်သမျှကို ဗာလ၊ ရဟန္တာကို ပဏ္ဍိတ-ဟု ဖွင့်ပြထား၏။ နိဒါန-သံ-ပါ-၂၆၂၊ နိဒါန-သံ-ဋ္ဌ-၃၆။ အံ-၂-ပါ-၈၂၊ အံ-၂-ဋ္ဌ-၅၅။ ။ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၁၊ သုတ္တ-ပါ-၃၁၉။ ဘယူပရတနိဒ္ဒေသ၌ အဘိ-၄-ပါ-၁၁၆၊ အဘိ-၄-ဋ္ဌ-၃၅၊ ဘေးကြီးလေးပါးဖြစ်သည့် ဒုဂ္ဂတိဘယ၊ ဝဋ္ဋ၊ ကိလေသ၊ ဥပဝါဒဘယ ၄-ပါးကို ပုထုဇဉ်တို့ ကြောက်၍ သေက္ခပုဂ္ဂိုလ်တို့မှာ ဘေးကြီးလေးပါးကို ကြောက်ရွံ့သည့် မကောင်းမှုမှ ရှောင်ကြဉ်ကြကြောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့ကား ၎င်းဘေးကြီးလေးပါးကို အကြွင်းမရှိ ပယ်ပြီးဖြစ်၍ မကြောက်တော့ကြောင်း ဟောထား၏။ ပုထုဇဉ်တို့ ပြောဆိုသောစကားများ ဒီဃ-၃-ပါ-၁၉၃၊ ဋ္ဌ-၂၀၇။ အနရိယဝေါဟာရသုတ်များ၊ အံ-၄ ဝေါဟာရသုတ်၊ အံ-၈-ပါ-၁၂၇၊ ဋ္ဌ-၂၄၆။ ။ ဝိ-၂-ပါ၊ ဋ္ဌ-၂၊ ဋ္ဌ-၂၊ ဤ၌ ၈-ပါး၊ ဝိ-၅-ပါ-၂၂၄။ ။ အဘိ-၂-ပါ-၃၉၀-၄၀၁၊ ဋ္ဌ-၄၈၄။ ။ အနရိယဝေါဟာရ ၁၂-ချက်။ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဝါစာ ဤ ၄-ချက်မှာ သိသာလှသည်။ အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ၊ (မမြင်သည်ကို မြင်၏ ဟု ပြောဆိုခြင်း။) အသုတေ သုတဝါဒိတာ၊ (မကြားသည်ကို ကြား၏ ဟု ပြောဆိုခြင်း။) အမုတေ မုတဝါဒိတာ၊ (မတွေ့သည်ကို တွေ့၏ ဟု ပြောဆိုခြင်း။) (ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံကို မုတ ဟုမှတ်) အဝိညာတေ ဝိညာတဝါဒိတာ၊ (မသိသည်ကို သိ၏ ဟု ပြောဆိုခြင်း။) ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ၊ (မြင်သည်ကို မမြင် ဟု ပြောဆိုခြင်း။) သုတေ အဿုတဝါဒိတာ၊ (ကြားသည်ကို မကြားဟု ပြောဆိုခြင်း။) မုတေ အမုတဝါဒိတာ၊ (တွေ့သည်ကို မတွေ့ ဟု ပြောဆိုခြင်း။) ဝိညာတေ အဝိညာတဝါဒိတာ၊ (သိသည်ကို မသိ ဟု ပြောဆိုခြင်း။) အခြားအကြောင်းအရာများ သေဋ္ဌဓမ္မပဥှ၌ မိလိန္ဒ-ပါ-၁၆၃၊ လူအရိယာပုဂ္ဂိုလ်တို့က ပုထုဇဉ် ရဟန်း၊ သာမဏေတို့အား ရှိခိုးရပုံကို ရှင်းပြခန်း။ ပုထုဇဉ်တို့၏ သဒ္ဓါတရားတွင် အဇာတသတ်မင်း၏ သဒ္ဓါတရားနှင့်တူသော သဒ္ဓါတရားရှိသူ မရှိကြောင်းမိန့်ဆိုထားပုံ။ ဒီဃ-၂-ဋ္ဌ-၁၉၈-၂၀၂။ ဂတိနိမိတ်ထင်လာမှ ပုထုဇဉ်မှန်း သိပြီး အားထုတ်လိုက်ရာ သမသီသိရဟန္တာဖြစ်သွားသော ဆန္ဒထေရ် အကြောင်း၊ ဆန္နသုတ်။ သဠာ-သံ-ပါ-၂၈၁၊ သဠာ-သံ-ဋ္ဌ-၁၈။ ရဟန္တာသာမဏေတို့က ပုထုဇဉ်ရဟန်းတို့အပေါ်၌ ဝတ်ကြီးဝတ်ငယ် ပြုကြရသည်သာ ဖြစ်ကြောင်း။ ဒီဃ-၁-ပါ-၉၄၊ ဒီဃ-၁-ဋ္ဌ-၂၄၀ ပုထုဇဉ်ရဟန်းတော်တို့၏ ဂုဏ်ပုဒ် ၂၀-ကို ရေတွက်ပြပုံ။ မိလိန္ဒ-ပါ-၁၆၃၊ သေဋ္ဌဓမ္မပဥှ။ ကိုးကား Category:ဗုဒ္ဓဘာသာ ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ ကဏ္ဍ:ပါဠိဝေါဟာရများ
ပုဏ္ဏား
လူတို့တွင် အမျိုးလေးပါး ရှိသည့်အနက် ပုဏ္ဏားသည် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကမ္ဘာဦး အစက လူတစ်မျိုးတည်း ရှိရာမှ ဥက္ကဋ္ဌဇာတိ အမြတ်မျိုးနှင့် ဟိနဇာတိ အယုတ်မျိုးဟူ၍ နှစ်မျိုး ကွဲလာ၏။ ထိုနှစ်မျိုးမှ တဖန် ခတ္တိယဂေါတ္တ ခေါ် မင်းမျိုး ၊ ဗြဟ္မဏ ဂေါတ္တ ခေါ် ပုဏ္ဏားမျိုး ၊ ဝေဿဂေါတ္တခေါ် ကုန်သွယ် လယ်လုပ်မျိုး နှင့် ဒလိဒ္ဒဂေါတ္တ ခေါ် သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါး ကွဲလာပြန်သည်။ ထိုအမျိ်ုးလေးပါးတို့တွင် ပုဏ္ဏားမျိုးသည် မကောင်းမှုကို မပြုပဲ တောတွင်နေထိုင်ပြီး မြတ်သောအကျင့်ကို ကျင့်ကာ ဆွမ်းခံဝတ်ဖြင့် အသက်မွေး၍ ဈာန် ကို ဖြစ်စေသူ ၊ အကယ်၍ ဈာန်မရနိုင်လျှင် မြို့ရွာအနီး၌ နေ၍ ဗေဒင်သင်ကြား သားမယားမယူပဲ နေသူတို့က စတင် ပေါက်ဖွားလာသည်ဟု ဆိုကြသည်။ ရခိုင်ရာဇဝင်၌မူ ဆေး ၊ မန္တာန် ၊ ယတြာ ဗေဒင်တို့ကို မသင်ပဲ ဗြဟ္မစရိယ အကျင့်မြဲလျက် မင်းများထံ ဘိသိက်ဆက်ရသူဟု အဆိုရှိလေသည်။ သက္ကတကျမ်းများတွင်မူ ဗြဟ္မာမင်း၏ ခံတွင်းလေးမျိုးမှ လူများ ပေါက်ဖွားရာ၌ ပုဏ္ဏားသည် ခံတွင်းအဖြူမှ ပေါက်ဖွားသူဟု ယူဆကြလေသည်။ ပုဏ္ဏားကို အမျိုးမျိုး ခွဲကြလေသည်။ သာသနာတော် ကျမ်းများ၌ ပုဏ္ဏား ဆယ်မျိုးကွဲ၍ သက္ကတ ကျမ်းများ၌ ပုဏ္ဏား လေးမျိုး ကွဲလေသည်။ သက္ကတကျမ်းများအရ မင်းမှီစိုးကပ်ခြင်း မပြု ၊ ကုန်စည်မသွယ် ၊ လယ်ယာမလုပ် ၊ အစေအပါးမခံ ၊ အလှူခံခြင်း ဟောပြောခြင်းဖြင့်သာ အသက်မွေးသော ဗြဟ္မဏ ပုဏ္ဏားမျိုး ၊ မင်းမှီစိုးကပ် သူရဲသူခက် အလုပ်ဖြင့် အသက်မွေးသော ခေတြပုဏ္ဏားမျိုး ၊ လယ်ယာ လုပ်ဆောင်ခြင်း ၊ ကုန်သွယ်ခြင်းဖြင့် အသက်မွေးသော ဗိသျှပုဏ္ဏားမျိုး နှင့် အစေအပါးခံ၍ အသက်မွေးသော သုဒြပုဏ္ဏားမျိုး ဟူ၍ လေးမျိုး ခွဲထားလေသည်။ ပုဏ္ဏားမျိုး ၄-ပါး ဒေါနသုတ် နိပါတ်တော်လာ၊ ၎င်းတို့၏ အနက်အဓိပ္ပာယ်ကို အောက်ပါ "မာဃဒေဝလင်္ကာသစ်" စကားဖြင့် ထင်ရှားစေအံ့၊ (၂-၉ ပိုဒ်)၊ "ထိုမှတသွန်၊ ကြာမြင့်လွန်၍၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလအခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင်တခု၊ ကျမ်းစာပြု၍၊ သုတိတပေါ၊ ယောနိ တောသား၊ တယောအင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာမခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင်မြတ်လှ၊ (၁) ဗြာဟ္မဏရိုး၊ ရဲကိုးရဲကား၊ ရဲခွန်အားနှင့်၊ ခစားမင်းထံ၊ မင်းကြံမင်းတု၊ မင်းမှုကိစ္စ၊ ရွက်ဆောင်ကြသား၊ (၂) ခတြရိုး၊ ရောင်းမျိုးဝယ်မှု၊ ယာလယ်စုနှင့်၊ လုပ်ဥပကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊ (၃) ဗိသျှအရိုး၊ နွမ်းညှိုးဝမ်းစာ၊ ဆင်းရဲစွာနှင့်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊ (၄) သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှပွား၍၊ ထင်ရှားလူဝယ်၊ ဆင်စလွယ်နှင့်၊ စင်ကြယ်ကျင့်ဝတ် သိက္ခာတည်း။" (၂၇၁ ပိုဒ်၌) "အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်" ဟုမိန့်ဆိုထားလေသည်။ ပုဏ္ဏားမျိုး ၉-ပါး ၎င်း သရုပ် အဓိပ္ပာယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။ (၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊ (၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊ (၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊ (၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊ (၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊ (၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊ (၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊ (၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊ (၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။ နိမိတ်ဖတ် ပုဏ္ဏားတော် ၈-ယောက် အလောင်းတော်မင်းသား ဖွားမြင်ရာ၌ လက္ခဏာတော်နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက် ရှိသည်။ ရာမပုဏ္ဏား၊ ဓဇ၊ လက္ခဏ၊ မန္တိ၊ ကောဏ္ဍည၊ ဘောဇ၊ သုယာမ၊ သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။ဗုဒ္ဓဝံသအဋ္ဌကထာ ကိုးကား Category:ဘာသာရေး Category:ယဉ်ကျေးမှု
ပုဒ်
ပုဒ် ၃-ပါး စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။ (၁) ဧကက္ခရပုဒ်- အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊ (၂) အနေကက္ခရပုဒ်-အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊ (၃) အနေက ပဒပုဒ်- ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊ ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။ Category:မြန်မာစာ Category:သဒ္ဒါ
ပံ့သကူ
ပံ့သကူ (အသံထွက်: /ပန့်သှဂူ/ ) ကို ပါဠိဝေါဟာရဖြင့် ပံသုကူလပံသုကူလ (န) [ပံသုကူလ+အ။ ပံသု+ကု+ဥလ+အ] ရထိကသုသာနသင်္ကာရကူဋာဒီနံ ယတ္ထ ကတ္ထစိ ပံသူနံ ဥပရိ ဌိတတ္တာ အဗ္ဘုဂ္ဂတဋ္ဌေန တေသု တေသု ပံသုကူလမိဝါတိ ပံသုကူလံ၊ အထ ဝါ ပံသု ဝိယ ကုစ္ဆိတဘာဝံ ဥလတီတိ ပံသုကူလံ၊ ကုစ္ဆိတဘာဝံ ဂစ္ဆတီတိ ဝုတ္တံ ဟောတိ။ ဝိသုဒ္ဓိ၊၁၊၅၇။ ပံသု ဝိယ ကုစ္ဆိတံ ဥလတိ ပဝတ္တတီတိ ဝါ ပံသုကူလံ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၈၉။ ပံသုကူလိကင်္ဂလည်း ကြည့်။] ဟုခေါ်ဆိုကာ စွန့်ပစ်ထားသည့် သင်္ဃန်း ဟူ၍ အနက်ရရှိသည်။Burmese Orthography, Myanmar Language Commission, 1993. (၁) မြေ၌ စွန့်ပစ်ထားအပ်သော အဝတ်။ (၁) ပံသုကူလာနိပိဓာရေတိ။ ဒီ၊၁၊၁၅၇။ ဒီ၊၃၊၃၄။ မ၊၁၊၃၈၂။ မ၊၂၊၆၊ ၃၆၈။ အံ၊၁၊၅၂၇။ အဘိ၊ ပု။ ၁၆၄။ ပံသုကူလာနီတိ ပထဝိယံ ဆဍ္ဍိတနန္တကာနိ။ ဒီ၊ဋ္ဌ၊၁၊၂၉၃။ မ၊ဋ္ဌ၊၁၊၃၅၀။အံ၊ဋ္ဌ၊၂၊၂၂၁။ အဘိ၊ဋ္ဌ၊၃၊၈၃။ (မ၊၁၊၁၁၁။ အံ၊၁၊၂၄၂။ ပေတ၊ဋ္ဌ၊၁၃၄။) (၂) အရှင်မရှိသောပစ္စည်းဝတ္ထု။ (၂) သစေ ပန သင်္ကာရကူဋာဒီသု ဌပေတိ “ပံသုကူလံ ဂဏှိဿန္တီ”တိ၊ ပံသုကူလဲ အဓိဋ္ဌဟိတွာ ဂဟေတုံ ဝဋ္ဋတိ။ ဝိ၊ဋ္ဌ၊၂၊၂၄၄။ အသာမိကဉှိ ပံသုကူလန္တိ ဝုစ္စတိ။ ပံသုကူလံ အဓိဋ္ဌဟိတွာတိ “အသာမိကံ ဣဒံ”န္တိ သညံ ဥပ္ပါဒေတွာ။ သာရတ္ထ၊၂၊၄၀၁။ (ဝိ၊၁၊၇၂- ၃၊ ၃၀၄။ ဝိ၊၃၊၃၉၄-၅။ ဇာ၊၂၊၁၆၈။ ဝိ၊ဋ္ဌ၊၁၊၃၂၉။ ဝိ၊ဋ္ဌ၊၂၊၂၃၉၊ ၂၄၄၊ ၂၇၁။ ဝိ၊ဋ္ဌ၊၄၊၄၈။ ကင်္ခါ၊၁၆၅။ ဝိ၊သင်္ဂဟ၊၆၆။ ၄၂၂။ ဒီ၊ဋ္ဌ၊၁၊၁၂၀။ ဒီ၊ဋ္ဌ၊၃၊၁၉၉။ ဓမ္မ၊ဋ္ဌ၊၂၊၄၂၀။ ဇာ၊ဋ္ဌ၊၆၊၆၄။ ၇၈။ ဝဇိရ၊၂၃၉၊ ၄၇၁။ သာရတ္ထ၊၂၊၃၁၉။ သာရတ္ထ၊၃၊၉၈။ ဝိမတိ၊၂၊၅၄။ ကင်္ခါ၊ဋီ၊ဟောင်း။၈၄။ ကင်္ခါ၊ဋီ၊သစ်၊၂၀၉၊ ၃၀၄။ သီ၊ဋီ၊သစ်၊၁၊၄၇၄။ အံ၊ဋီ၊၃၊၂၆၂။) (၃) ပံသုကူသင်္ကန်း။ (၃) ဒွေ စီဝရာနိ ဂဟပတိကဉ္စ ပံသုကူလဉ္စ။ ဝိ၊၅၊၂၁၄။ ပံသုကူလံ ဇာနိတဗ္ဗံ။ ဒီ၊ဋ္ဌ၊၃၊၁၉၂၊ အံ၊ဋ္ဌ၊၂၊၂၇၇။ ပံသုကူလန္တိ ပံသုကူလစီဝရံ၊ ပံသုကူလလက္ခဏပ္ပတ္တံ စီဝရံ ဇာနိတဗ္ဗန္တိ အတ္ထော။ ဒီ၊ဋီ၊၃၊၂၂၃။ အံ၊ဋီ၊၂၊၂၆၆။ (ဝိ၊၁၊၃၃၇။ ဝိ၊၃၊၃၇၊ ၃၉၄၊ ၄၀၄။ ဝိ၊၅၊၂၄၇။ သံ၊၁၊၄၀၅၊ ၄၂၀။ အံ၊၁၊၃၃၅။ ဣတိဝုတ်၊၂၆၄။ ထေရ၊ ၂၄၈၊ ၃၃၆၊ ၃၅၀-၂။ ထေရီ၊ ၄၁၅။ အပ၊၁၊၁၃၃၊ ၂၃၄။ အပ၊၂၊၅၅-၇၊ ၇၄-၆။ ဝိ၊ဋ္ဌ၊၂၊၂၆၅။ ဝိ၊ဋ္ဌ၊၃၊၃၉၃၊ ၄၀၂။ ဝိ၊ဋ္ဌ၊၄၊၁၈၂။ ဝိ၊သင်္ဂဟ၊၂၅၃။ ဒီ၊ဋ္ဌ၊၁၊၄၁၊ ၃၀၁။ ဒီ၊ဋ္ဌ၊၃၊၁၅၅။ မ၊ဋ္ဌ၊၁၊၁၀၇။ မ၊ဋ္ဌ၊၂၊၇၄။ မ၊ဋ္ဌ၊၃၊၁၅။ သံ၊ဋ္ဌ၊၂၊၁၅၉၊ ၁၈၄-၅၊ ၂၇၃-၄။ အံ၊ဋ္ဌ၊၁၊၁၄၃။ ၂၅၆။ အံ၊ဋ္ဌ၊၂၊၂၇၇-၈။ အံ၊ဋ္ဌ၊၃၊၂၂၇။ ဝိသုဒ္ဓိ၊၁၊၆၁-၂။ ဣတိဝုတ်၊ဋ္ဌ၊၃၀၈။ ထေရ၊ဋ္ဌ၊၁၊၆၈၊ ၃၁၇၊ ၃၄၄-၆။ ထေရ၊ဋ္ဌ၊၂၊၄၄၄-၇-၉။ ထေရီ၊ဋ္ဌ၊၂၄၀။ အပ၊ဋ္ဌ၊၁၊၂၉၆။ အပ၊ဋ္ဌ၊၂၊၆၁၊ ၉၉၊ ၂၈၀။ စူဠနိ၊ဋ္ဌ၊၁၁၀။ ဇာ၊ဋ္ဌ၊၂၊၃၉၈၊ ၄၀၇။ ဝဇိရ၊၂၂၂၊ ၂၇၆၊ ၄၁၃၊ ၄၉၁။ သာရတ္ထ၊၁၊၃၄-၆။ သာရတ္ထ၊၃၊၂၀၇။ ဝိမတိ၊၁၊၁၂။ သီ၊ဋီ၊သစ်၊၁၊၄၆-၇။ သီ၊ဋီ၊သစ်၊၂၊၉၈၊ ၁၁၃။ မ၊ဋီ၊၃၊၁၁၄။ အံ၊ဋီ၊၂၊၂၆၃။ အံ၊ဋီ၊၃၊၁၂၀။ ယင်း သင်္ကန်းကို- လမ်း, သုသာန်, အမှိုက်ပုံ စသည်တို့တွင် တစ်စုံတစ်ခုသော အရပ်ဝယ် မြေမှုန့်တို့၏ မြင့်မောက်ခြင်းကဲ့သို့ မို့မောက်မြင့်တက်စွာ တည်ရှိသောကြောင့်၎င်း, မြေမှုန့်ကဲ့သို့ စက် ဆုပ်ဖွယ် ဖြစ်သောကြောင့်၎င်း “ပံသုကုလ = ပံသုကူ”ဟု ခေါ်ဆိုရသည် (ဝိသုဒ္ဓိ၊၁၊၅၇)၊ ပံသုကူသင်္ကန်းသည် တန်ဖိုးနည်းခြင်း ရလွယ်ခြင်း အပြစ်ကင်းခြင်း ဂုဏ်တို့နှင့် ပြည့်စုံသည် (အံ၊၁၊၃၃၅။ ဣတိဝုတ်၊၂၆၄)။ တိပိဋကအဘိဓာန် အတွဲ-၁၃ ပံသုကူသင်္ကန်း ပြုလုပ်ကောင်းသော အဝတ်များ (၁) သင်းချိုင်း၌ စွန့်ပစ်ထားသော အဝတ်၊ (၂) ဈေးတံခါး၌ စွန့်ပစ် ကျရစ်သော အဝတ်၊ (၃) ကုသိုလ်ကောင်းမှု လိုလားသူတို့ လမ်း၌ စွန့်ပစ်ထားသော အဝတ်၊ (၄) အမှိုက်ပုံ၌ စွန့်ပစ်ထားသော အဝတ်၊ (၅) ကိုယ်ဝန်ဆောင်တို့ သားဖွားသောအခါ ကိုယ်ဝန်အညစ်အကြေးကိုသုတ်၍ ပစ်ထားသော အဝတ်၊ (၆) ဘုတ်ဆေး သမားတို့သည် (မကျန်းမာသောသူကို) ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော် “ကျက်သရေမဲ့သော အဝတ်ဟု သဘောထားကာ စွန့်ပစ် ထားသော အဝတ်၊ (၇) ရေချိုးဆိပ်၌ စွန့်ပစ်ထားသော အဝတ်၊ (၈) အသုဘ လိုက်ပို့သောအခါ ဝတ်ဆင်သောအဝတ်ကို “အမင်္ဂလာအဝတ်”ဟု အမှတ်ပြုကာ စွန့်ပစ်ထားသော အဝတ်၊ (သူသေကောင်ကို ဖုံးလွှမ်းထားသည့် သုသာန်မှ ပြန်ယူအပ်သော အဝတ်။ ဒီ၊ဋ္ဌ၊၃၊အံ၊ဋ္ဌ၊၂။) (၉) မီးလောင်စု ရှိ၍ စွန့်ပစ်ထားသော အဝတ်၊ (၁၀) နွား ဝါးရာ ရှိ၍ စွန်ပစ်ထားသော အဝတ်၊ (၁၁) ခြစားရာရှိ၍ စွန့်ပစ်ထားသော အဝတ်၊ (၁၂) ကြွက်ကိုက်ရာရှိ၍ စွန့်ပစ်ထားသော အဝတ်၊ (၁၃) အနားပြတ်၍ စွန့်ပစ်ထားသော အဝတ်၊ (၁၄) အမြိတ်အဆာပြတ်၍ စွန့်ပစ် ထားသော အဝတ်၊ (၁၅) လှေသင်္ဘောဖြင့် သွားသူတို့ ဆိပ်ကမ်း၌ စိုက်ထူဖွဲ့ချည်ထားသော အလံတမ်းခွန်၊ စစ်တိုက်သူတို့ စစ်မြေ ပြင်၌ စိုက်ထူဖွဲ့ချည်ထားသော အလံတမ်းခွန်၊ (၁၆) တောင်ပို့ကိုပတ်၍ ယစ်ပူဇော်ထားသော အဝတ်၊ (၁၇) ရဟန်းတို့ စွန့်ပစ် ထားသော အဝတ်သင်္ကန်း၊ (၁၈) မင်း ဘိသိက်ခံရာ အရပ်၌ စွန့်ပစ်ထားသော အဝတ်၊ (၁၉) တန်းခိုးဖြင့်ပြီးသော “ဧဟိ-ဘိက္ခု”သင်္ကန်း၊ (၂၀) လမ်း၌ကျရစ်သော အဝတ်၊ (ခရီးသွားသောသူတို့သည် သူခိုး ဓားပြဘေးကြောင့် ဝတ်ရုံပြီး စွန့်ပစ်ထားသော သင်္ကန်း။ ဒီ၊ဋ္ဌ၊၃၊အံ၊ဋ္ဌ၊၂။) (၂၁) လေတိုက်ခတ်၍ အဝေးသို့လွင့်ပါ လာသော အဝတ်၊ (၂၂) နတ် လှူဒါန်းသော အဝတ် သင်္ကန်း၊ (၂၃) သမုဒြာလှိုင်းတံပိုးကြောင့် ကမ်း၌တင်နေသော အဝတ်-တို့ ဖြစ်ပေသည်။ (ဒီ၊ဋ္ဌ၊၃၊၁၉၂။ အံ၊ဋ္ဌ၊၂၊၂၇၈။ ဝိသုဒ္ဓိ၊၁၊၆၀)။ ပံသုကူဓုတင်ဆောင်ပုံ ပံသုကူဓုတင်ဆောင် ပုဂ္ဂိုလ်သည် ပြဆိုပြီး ၂၃-မျိုးသော အဝတ်သင်္ကန်းတို့တွင် တစ်မျိုးမျိုးကို ကောက်ယူပြီး ဆွေးမြေ့သည့် အပိုင်းကို ပယ်, ခိုင်ခံ့သည့်အပိုင်းကို ဖွပ်လျှော်ကာ သင်္ကန်းချုပ်၍ ဝတ်ရုံသုံးဆောင် ရသည် (ဝိသုဒ္ဓိ၊၁၊၆၀)။ ပံသုကူဓုတင်ဆောင်လိုသော ပုဂ္ဂိုလ်သည် “ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ = ဒါယကာလက်ရောက် လှူသောသင်္ကန်းကို ပယ်ပါ၏၊ ပံသုကူသင်္ကန်းကို ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ “စေတနာ”ကို ဆောက်တည်ပါ၏”ဟု ဆောက်တည်ရသည်။ စကား ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့်လည်း ဆောက်တည်ကောင်းသည် (ဝိသုဒ္ဓိ၊၁၊၅၉၊ ၆၀)။ ပံသုကူဓုတင်အမျိုးအစားများ ပံသုကူဓုတင်ဆောင်ပုဂ္ဂိုလ်သည် အမြတ်စား “ဥက္ကဋ္ဌ” ပုဂ္ဂိုလ်၊ အလယ် အလတ် စား “မဇ္ဈိ”ပုဂ္ဂိုလ်၊ အနိမ့်အညံ့စား “မုဒု” ပုဂ္ဂိုလ်ဟု ၃-မျိုး ၃-စား ရှိသည်။ သင်းချိုင်း စသည်၌ ရည်ညွှန်းငဲ့ကွက်မှုမရှိ “နိရာပေက္ခ” စွန့်ပစ်ထားသည်ကို ကောက်ယူသုံးဆောင်သော ပုဂ္ဂိုလ်သည် ဥက္ကဋ္ဌဓုတင်ဆောင်ပုဂ္ဂိုလ် မည်၏၊ “ရဟန်းများ ကောက်ယူကြလတ္တံ့”ဟု ရည်ရွယ်ကာ စွန့်ပစ်ထားသည်ကို ကောက်ယူ သုံးဆောင်သော ပုဂ္ဂိုလ်သည် မဇ္ဈိမဓုတင်ဆောင် ပုဂ္ဂိုလ်မည်၏၊ မိမိကို ရည်ရွယ်ကာ ခြေရင်း၌ သဒ္ဓါကြည်ဖြူ ပေးလှူစွန့်ပစ်ထားသည်ကို ကောက်ယူသုံးဆောင်သော ပုဂ္ဂိုလ်သည် မုဒုဓုတင်ဆောင် ပုဂ္ဂိုလ်မည်၏ (ဝိသုဒ္ဓိ၊၁၊၆၁)။ ဘုရားရှင်ကိုယ်တိုင် ပံသုကူကောက် မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဌမ ဝါကပ်တော်မူပြီးနောက် ဒေသစာရီ ကြွချီတော်မူရာ ဥရုဝေလတော အရောက်တွင် တစ်နေ့သောအခါ သေနာနိဂုံးသူ ပုဏ္ဏာ မည်သောကျွန်မ ကွယ်လွန်အနိစ္စရောက်၍ ပိုက်ဆံလျော်ဖြင့် ရက်အပ်သောအဝတ်ဖြင့် ရစ်ပတ်လျက် သုသာန်၌ပစ်ထားရာ ကိုယ်တော်တိုင် တပြည်သားခန့်ရှိသော ပိုးလောက်တို့ကို ဖယ်ရှားက ပိုက်ဆံလျော်အဝတ်ကို ပံသုကူ သင်္ကန်းအဖြစ် ကောက်ယူတော်မူသည်(ဝိ၊၃၊၃၇။ သံ၊ဋ္ဌ၊၂၊၁၈၄။ ဝိမတိ၊၂၊၉၇)။ ဝါတော် ၂၀တိုင် ပံသုကူသင်္ကန်းသာ အသုံးပြု ဘုရားဖြစ်သည်မှ စ၍ ဝါတော် ၂၀-တိုင်အောင် ဘုရားရှင်နှင့်တကွ ရဟန်းတော်များသည် “ပံသုကူသင်္ကန်း”ကိုသာ ဝတ်ရုံသုံးဆောင်တော်မူကြသည်၊ ဝါတော် ၂၀-ကျော် မှ ဆရာဇီဝက၏ တောင်းပန်လျှောက်ထားမှုကြောင့် “ဂဟပတိစီဝရ”ခေါ် ဒါယကာတို့ လှူဒါန်းသောသင်္ကန်းကို ဝတ်ရုံသုံးဆောင်တော်မူကြသည် (ဝိ၊၃၊၃၉၂။ ဝိ၊ဋ္ဌ၊၃၊၄၀၁။ သာရတ္ထ၊၂၊၆)။ ပံသုကူဓုတင် ဆောင်ခြင်းကြောင့် ရရှိသောအကျိုးများ (၁) “ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာဟူသော ဘုရားရှင်၏ ဩဝါဒ စကားနှင့်အညီ သင်္ကန်းဟူသောမှီရာနိဿယနှင့် လျော်သောအကျင့် ပဋိပတ်ရှိခြင်း၊ (၂) သင်္ကန်း၌ ရောင့်ရဲခြင်းဟူသော “ပဌမအရိယ ဝံသ”တရား၌ တည်သည်မည်ခြင်း၊ (၃) စောင့်ရှောက်မှု ဒုက္ခမရှိခြင်း၊ (၄) သူတစ်ပါး နှင့် မဆက်စပ်သော အသက်မွေးမှုရှိခြင်း၊ (၅) သူခိုးဘေး မစိုးရိမ်ရခြင်း၊ (၆) ဝတ်ရုံသုံးဆောင်ရာ၌ တပ်မက်မှု “တဏှာ”မဖြစ်ခြင်း၊ (၇) ရဟန်းတို့အား လျောက်ပတ်သော ပရိက္ခရာရှိခြင်း၊ (၈) မြတ်စွာဘုရား ချီးမွမ်းအပ်သော ပစ္စည်းရှိခြင်း၊ (၉) ကြည်ညိုဖွယ်ကို ဆောင်ခြင်း၊ (၁၀) အလိုနည်းခြင်း “အပ္ပိစ္ဆတာ”စသော အကျိုးတရား ဖြစ်ပေါ် လာခြင်း၊ (၁၁) သမထ သမထ ဝိပဿနာ ဟူသော အကျင့်မြတ်ကို တိုးပွါးစေခြင်း၊ (၁၂) နောက်လာနောက်ပါး တပည့်သားတို့ အတု ယူစေခြင်းတို့ဖြစ်သည် (ဝိသုဒ္ဓိ၊၁၊၆၁)။ ယခုခေတ် ပံသုကူပစ်ခြင်း ဓလေ့ ပံ့သကူပစ်ခြင်းဟု ဆိုရာ၌ ငွေ၊ သင်္ကန်း၊ အဝတ်စသည်ကို ထိုက်သူယူစေရန်၊ အမှိုက်ပုံလမ်းဘေးတို့၌ စွန့်ပစ်ထားသည် ဟုဆိုလိုပေသည်။ ပုံမှန်အားဖြင့် ပံ့သကူပစ်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ည၌ ပြုလုပ်ကြသည်။ ကိုးကား ကဏ္ဍ:ဗုဒ္ဓဘာသာ ဝေါဟာရများ Category:မြန်မာ့ ဓလေ့ထုံးစံ Category:ရဟန်းဝိနည်းများ
စိန်
ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိန်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။ ထူးခြားသည့် တောက်ပလင်းလက်မှု ကင်ဘာလိုက်မိုင်းတွင်း ၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။ ဤသတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူတို့သည် စိန်ဖြင့် စီးပွားရှာရန် စိတ်ဝင်စားလာကြပြီးလျှင် အာဖရိကတိုက်သို့ လာရောက်၍ စိန်တွင်းများကို ရှာဖွေကြ၏။ ထိုအချိန်မှစ၍ တောင်အာဖရိက စိန်တွင်းများသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။ စိန် အသုံးဝင်မှု လူတို့သည် စိန်ကို ကျောက်မျက်ရတနာအဖြစ် အသုံးပြုကြသည်သာမက အလွန်မာကျောသောကြောင့် စက်မှုလုပ်ငန်းများတွင်ပါ အသုံးပြုလာကြသည်။ စိန်ကို ဖန်၊ မှန်၊ ကြွေထည်များကို ဖြတ်တောက်ရာတွင်လည်းကောင်း၊ သွားပေါက်ဖာရာတွင် အသုံးပြုသည့် စက်များတွင်လည်းကောင်း၊ နာရီအတွင်းရှိ ဘယ်ရင်များတွင်လည်းကောင်း၊ ရေနံတွင်းများ တူးသည့်အခါ လွန်များအဖြစ်လည်းကောင်း၊ အရောင်တင်ရာတွင်လည်ကောင်း အသုံးပြုကြသည်။ ထို့ပြင် စိန်ကို အခြားသော နေရာအများအပြား၌လည်း အကျိုးရှိစွာ အသုံးချနေသည်။ သောကြာဂြိုဟ် (Venus) ကို စူးစမ်းရာ၌ ကမ္ဘာပေါ်တွင်ထက် အဆတစ်ရာများသော ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှရှိသော အပူဒဏ်ကို ခံနိုင်ရန်အတွက် အာကာသယာဉ်၏ ပြတင်းပေါက်ကို စိန်ဖြင့် ပြုလုပ်ခဲ့ရသည်။ ခွဲစိတ်ကိရိယာများကို စိန်ဖြင့်ပြုလုပ်ပါက အသားမျှင်များအား လိုသည်ထက် ပို၍ မပေါက်ပြဲစေခြင်း၊ နှုတ်ခမ်းသားများမှာ ဖွာလန်ကြဲမနေဘဲ တိတိရိရိ ရှိခြင်းတို့ကြောင့် မျက်လုံးအတွင်း တိမ်ကိုခွဲရာတွင် စိန်ထိပ်ဖူးတပ် ခွဲစိတ်ကိရိယာများကို သုံးကြသည်။ စိန်၏ အခြား သတ္တိထူးတစ်မျိုးမှာ အပူဓာတ်တို့ကို ကောင်းစွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြယ်များ၏ အပူချိန်ကို တိုင်းတာရာ၌ စိန်ကို အသုံးချရသည်။ စိန်ပြတင်းပေါက် တပ်ထားသော နက္ခတ်ကြည့်မှန်ပြောင်းကို လေယာဉ်ဖြင့် သယ်ဆောင်ပြီး အမြင့်ပိုင်းသို့ ရောက်သောအခါ ကြယ်အလင်းရောင်ကို မှန်ပြောင်းအတွင်းရှိ စိန်ပြတင်းပေါက်ကို ဖြတ်သန်းစေရမည်။ ကြယ်အလင်းရောင်၏ အပူဓာတ်မှာ အလွန်တရာမှ အားလျော့လှသော်လည်း ယင်းအပူဓာတ်ကိုပင် စိန်က စုပ်ယူကာ အပူချိန်တိုင်းတာရေး ကိရိယာသို့ ပို့လွှတ်ပေးခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။ ထို့ပြင် လေယာဉ်ပြေးလမ်းများ ချောမွတ်နေပါက လေယာဉ်ဘီးချော် ပျက်စီးနိုင်သဖြင့် လမ်းတစ်လျှောက် မြောင်းငယ်များဖော်ပေးသော ကိရိယာများ၌ မာကျောသော သတ္တိပိုင်ရှင် စိန်ကို မသုံးလျှင်မဖြစ်ချေ။ အရည်အသွေးကိုတိုင်းတာပုံ စိန်၏အရည်အသွေးကို အင်္ဂလိပ်အက္ခရာ ဖြစ်သော စီ(C)လေးလုံးဖြင့် မှတ်သားကြသည်။ ၎င်းတို့မှာ အရောင်(Colour) ကာရတ်ချိန်(Carat weight) သန့်စင်မှု(Clarity) သွေးကွက်(Cut) တို့ဖြစ်ကြသည်။ အရောင် စိန်၏ အရည်အသွေးကို တိုင်းတာသည့်စံနှုန်းများအနက် အချက်တစ်ချက်ဖြစ်သည့်အရောင်ကိုဦးစွာရှင်းလိုသည်။ စိန်၏အရောင်ကို အင်္ဂလိပ် အင်္က္ခရာများဖြင့် သတ်မှတ်ကြပြီး အင်္က္ခရာ ဒီ(D) မှ ဇတ်(Z) အထိဖြစ်သည်။ အဆင့် ဒီ(D)ဖြစ်သည့် အရောင်မှာ အရောင်မဲ့ဖြစ်ပြီး အဆင့် ဇတ်(Z) မှာအဝါဖြစ်ကာ အလှဝတ်ထက် ဖန်စီဝတ်အဖြစ်သာ သုံးစွဲတတ်ကြသည်။ အရောင်ပါဝင်ရခြင်းမှာ စတင်ဖွဲ့စည်းဖြစ်တည်စဉ်ကတည်းက ကာဗွန်ဒြပ်စင်တွင် အခြားသောဒြပ်များ ရောနှောပါဝင် လာခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင်ဒြပ်စင် အနည်းငယ်ပါဝင်ခဲ့လျှင် အဝါရောင်သန်းပြီး၊ ဘိုရွန်ဒြပ်စင်ပါဝင်လျှင် အပြာရောင်သန်းသွားသည်။ ထိုကဲ့သို့ ဒြပ်စင်များသာမကပဲ အခြား ကျောက်အစိုင်အခဲလိုက် ပါအောင်း ဝင်ဧည့်ကျောက် အဖြစ်ပါဝင်သည်ကို လဲရှားပါးစွာ တွေ့ရတတ်သေးသည်။ အထူးသဖြင့် စိန်အတွင်းတွင် ပါဝင်လေ့ရှိသည့် အစိုင်အခဲမှာ ကျောက်မျက်တန်း မဝင်သော်လည်း အတန်အသင့်လူကြိုက်များသည့် ဇာဂွန် (Zircon) ဖြစ်တတ်သည်။ ကာရတ်ချိန် စိန်၏တန်ဖိုးကို သတ်မှတ်ပေးသည့်အခြားအချက်မှာ အလေးစီးချိန်ပင်ဖြစ်သည်။ မြန်မာ့ဈေးကွက်တွင် ၄ လုံးစီး၊ ၈လုံးစီး အစရှိသဖြင့် နားရည်၀ကြသည်။ အမှန်တွင် ကမ္ဘာသုံးသော စိန်၏အလေးယူနစ်မှာ ကာရတ်(Carat) (1 Carat = 0.2 g; 0.007055 oz) ဖြစ်သည်။ ကာရတ်ချိန်များသည်နှင့်အမျှ ဈေးနှုံးမှာလည်း စပွားမြင့်တက်သွားလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ကာရတ်အလေးရှိသည့်စိန်တစ်ပွင့်၏ တန်ဖိုးမှာ ဒေါ်လာ တစ်ထောင်ဖြစ်လျှင် ၎င်းနှင့် အရည်အသွေးတူသည့် အလေးချိန် နှစ်ကာရတ်စိန်၏တန်ဖိုးမှာ ဒေါ်လာ သုံးထောင်ကျော်သွားသည်။ သန့်စင်မှု သန့်စင်မှုမှာလည်း စိန်၏ဈေးနှုန်းကို သတ်မှတ်သည့်အချက်တွင်အပါအဝင်ဖြစ်သည်။ အတွင်းနှင့်အပြင် မျက်နှာပြင်များပါ အပြစ်အနာကင်းပြီး အရည်အသွေး အကောင်းဆုံး စိန်မှာ ရှားပါးလှသည် ဖြစ်ရာတန်ဖိုးထားသည်မှာ မဆန်းပေ။ စိန်၏အတွင်းတွင် အောင်းဝင်သည့် လေပူပေါင်းလေးများ၊ အပ်ဖျားတစ်ထောက်စာအနာလေးများ၊ အမျှင်တန်းလေးများအစရှိသည့် အချက်များ အပါအဝင် မျက်နှာပြင်များပေါ်တွင်လည်း မလိုလားအပ်သည့် အနာအစာ၊ ခြစ်ရာများအစရှိသည်တို့ကို အသေးစိတ်ရှာဖွေပြီးမှသာ သင့်တော်သည့်တန်ဖိုးကို သတ်မှတ်ကြခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် အသုံးပြုသည့် စမ်းသပ်ကိရိယာမှာ ၁၀ဆချဲ့ လက်ကိုင်အိတ်ဆောင်မှန်ဘီလူး (10xLens)(Loap) ဖြစ်သည်။ အကယ်၍ အဆိုပါ အိတ်ဆောင်မှန်ဘီလူးငယ်ဖြင့် စစ်ဆေးကာ အပြစ်အနာကင်းလျှင် ထိုစိန်ကို အပြစ်အနာကင်းသောစိန် (Loapclean သို့မဟုတ် 10xclean) ဟုသတ်မှတ်သည်။ ဓာတ်ခွဲစမ်းသတ်ခန်းများတွင်မူ ထိုအဆင့်မျှမကပဲ အနုစိတ်မှန်ဘီလူး (Microscope) ဖြင့်အသေးစိတ် စစ်ဆေးပါသည်။ သွေးကွက် သွေးကွက်မှာလည်းအလွန်အရေးပါသည့် အချက်ဖြစ်သည်။ အရောင်တောက်ပသည့်စိန်အတွက် အတောက်ပဆုံးသော အလင်းပြန်မှုမျိုးကိုရရှိပြီးဆွဲဆောင်အားကောင်းနိုင်ရန် သွေးကွက်က ထိန်းချုပ်ပုံဖော်ပေးသည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသွေးကွက်မှာ ဘယ်လ်ဂျီယံသွေးကွက် ခေါ် ဘယ်လီရီးယမ့်သွေးကွက်(Brilliant cut)ဖြစ်သည်။ ထိုသွေးကွက်အပြင်ရရှိသည့်စိန်အရိုင်းတုံး၏ အရွယ်နှင့် ပုံသဏ္ထန်အနေအထား၊ ဖောက်သည်၏အကြိုက်တို့ကိုလိုက်၍သွေးဖြတ်ကြပါသေးသည်။ တွေ့ရှိရတတ်သည့် သွေးကွက်ပုံများမှာ မျက်ရည်စက်ပုံ(pear shape)၊ လှေပုံ(သို့မဟုတ်)ကျစုသီးပုံ(Boat / marquise shape cut)၊ မင်းသမီးပုံ(စတုရန်းကွက်ပေါ်အခြေခံသည့်ပုံ)(Princess cut)၊ ဘဲဥပုံ(Oval shape)၊ အသဲပုံ(Heart shape) အစရှိသည်တို့ဖြစ်ကြသည်။ ကိုးကား Category:စိန် Category:ပုံဆောင်ခဲများ Category:ဖောက်ထွင်းမြင် ပစ္စည်းများ
ဝါရီရူးမင်း
1400CE Mon kingdom မဂဒူးမင်းဆက် (သို့) ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူးမင်း (၁၂၅၃–၁၃၀၇) (မြန်မာသက္ကရာဇ် ၆၁၄–၆၆၈)သည် မင်းမျိုးမင်းနွယ် မဟုတ်ပဲ ဆင်းရဲသားဘဝမှ ကြံရည်၊ ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ် မင်းအဖြစ်သို့ ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိသည်။ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ဘဝအစ သက္ကရာဇ် ၆၁၄ နှောင်း တန်ခူးလဆုတ် ၄ ရက်တွင် (၂၀ မတ် ၁၂၅၃) ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်⁠ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက် စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်းတွင် အထမ်းသမားတစ်ဦး နာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်ဖြစ်သူ မဂဒူးထမ်းရသည်။ တောင်ထိပ်တစ်ခုသို့ ရောက်လျှင် အခါမဟုတ် မိုးများအုံ့ဆိုင်းပြီး မဂဒူး ထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။ မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့အရပ်တွင် အရောင်အလျံတောက်ပသည့် နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြာသာဒ်၏ အရောင်ကြောင့် အနောက်ဘက်တွင်လည်း နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြန်သည်။ ထိုအခါ မဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင်မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင်ပို့ပေါ်တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။ ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ ဉာဏ်စွမ်းကို အသိအမှတ်ပြု၍ အရှေ့ဘက်တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဘက်ရှိ ဘုန်းကြီးသည့် မင်း၏အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။ သို့ဖြင့် မဂဒူးသည် အရှေ့ဘက်ရှိ အကြီးဆုံး သတ္တဝါဆိုသည့်အတိုင်း သောက္ကတဲမင်း၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကတဲမင်း ဗြရောင်လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ်ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်းအပြင်ကို စောင့်ကျပ်ရသည့် ဝင်းမှူးဖြစ်လာတော့သည်။ ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးလှသောကြောင့် "စောဍိဍံရည်" ဟူသောဘွဲ့ကိုလည်းပေးသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။ ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။ မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက်သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် "မေနှင်းသွယ်တာ”(မေဏင်သောဲဍာ)ရာဇဓိရာဇ်အရေးတော်ပုံကျမ်း။ ဒေါက်တာနိုင်ပန်းလှ နှင့် ငြိစွန်းရည်ငံ မိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှတစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာ ရတနာများနှင့်တကွ ဆင်ထက်တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀⁠၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ ပြန်ပြေးလေသည်။ နောက် တကော့ဝန်းသို့ ရောက်လျှင် မြို့တည်လျက် မင်းပြုနေသည်။ မုတ္တမကိုသိမ်းယူခြင်း မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထားသည့် အလိမ်မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်းထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ်မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရွန်အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမ သို့ပြောင်းရွေ့သိမ်းပိုက်၍မင်းပြုလေသည်။ မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့်၊ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။ သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော်မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူး ဟုသာ ခေါ်ကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ်သူနှင့် ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာသို့ ရောက်လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်းထဲသို့တွန်းချကာ ကြဌာန်းတိုင် ထူကြသည်။ မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး ၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှ သေသည်။ ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း ၈ ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ အနောက်ဘက်သို့သွားကာ လွန်မည်ဟု နိမိတ်ဖတ်ကြသည်။ မုတ္တမ နှင့် မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့်သတင်းကိုကြားလျှင် နောက်လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ်များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော်အမျက်ပြင်းစွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့်အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဘက် မုတ္တမ တစ်လွှားတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။ ပဲခူးအားသိမ်းပိုက်ခြင်း ထိုစဉ်ကပဲခူးမှာပုဂံလက်အောက်ခံသာရှိနေသေးသည်။ သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင်အခွန်ကောက်အရာရှိဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုးပမ်းတော့သည်။ ထိုအခါ ပုဂံမင်း(တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲအောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ်တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန်ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီးရုပ်ကို မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။ စေတသူကြီးလည်း ယုံမှတ်ကာ ၎င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာ တို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။ ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူ ကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ်သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူ နန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲမွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြုချိန်နှင့်တစ်ချိန်တည်းတွင်ဖြစ်သည်။ သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြုကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။ မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်းရန် စေလွှတ်လေသည်။ တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူးအား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့စစ်ကူရန်ချီတက်လေသည်။ ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန် တပ်ကိုသာမက ဟင်္သာတ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ်အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင်အင်းလျားသို့ရောက်သော် အကောက်ကြံလိုသော တရဖျားက မဂဒူးအား အောင်ပွဲကြီးခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီးစီစဉ်မည့်အကြောင်း၊မဂဒူးအား မြို့ပြင်တွင်စခန်းချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။ နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီး မဂဒူးတပ်ချသည့်နေရာသို့တိုက်ရန်ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိသ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။ သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမ မှအနောက်ဘက် ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိသည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များတောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။ သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။ တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစားစေသည်။ ဆင်ဖြူတော်ရောက်ခြင်း များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်းသည့်အိပ်မက်ကိုမက်မြင်သည်။ ထိုအိပ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္ကတဲတွင် မနေလို၊နေပါက မင်းကြီးအတွက် ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမ သို့ခေါ်ဆောင်လာစေသည်။ သို့ဖြင့် ဆင်ဖြူရှင်အဖြစ်သို့ရောက်လေသည်။ မဂဒူးမင်းဘဝဇာတ်သိမ်း ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုးသည် ငါတို့အဖ (တရဖျား) ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင်နှစ်ယောက် ဓားဖြင့်ဝိုင်းထိုးရာ မဂဒူးမင်း နတ်ရွာစံလေသည်။ မဂဒူးလွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ခွန်လော
ခွန်လောမင်း(၁၃၀၇-၁၃၁၁) သည် မဂဒူးမင်း၏ ညီဖြစ်သည်။ နောင်တော် မဂဒူး နတ်ရွာစံသော် မုတ္တမနန်းကို စိုးစံသည်။ သောက္ကတဲမင်း ဗြရောင်ထံ သံစေလွတ်ပြီး မိမိနန်းတက်သည်ကိုလျှောက်တင်စေပြီး ဘွဲ့အမည်ပေးသနားရန်တောင်းခံသည်။ သောက္ကတဲမင်းလည်း မိမိသားမက်၏ ညီဖြစ်သည့်အတွက်ချီးမြှောက်သောအားဖြင့် “စောရမ်းပရကွတ်” ဟူသောဘွဲ့ကိုပေးသည်။ စစ်တောင်း နှင့် ဒုန်ဝန်းမြို့သစ်များကိုတည်ပြီး ညီရံမောလမွန်ကိုစားစေသည်။ အရည်အချင်းမရှိ၊ဉာဏ်ပညာဖြင့်မပြည့်စုံသည့်အတွက် တိုင်းပြည်ကိုကောင်းစွာမအုပ်ချုပ်နိုင်ပေ။ နိုင်ငံနယ်စပ်များဖြစ်သည့် ဒုန်ဝန်းကို ဇင်းမယ်ရှမ်းတို့က လာရောက်တိုက်ခိုက်သည့်အတွက်ညီရံမောလမွန်ကျသည်။ ပြည်ရွာလည်းမအေးမချမ်းဖြစ်ရလေသည်။ ထို့ကြောင့် ညီမဖြစ်သူ နှင်းဥရိုင် နှင့်ယောက်ဖဖြစ်သူ သမိန်မြောင်းမြ တို့ကအကြံဖြင့် မော်လမြိုင်ဖက်တွင် ထူးခြားသည့် ဆင်တော်ပေါ်ကြောင်း၊အစွယ်သုံးချောင်းပါပြီး တစ်ချောင်းမှာ ဦးကင်းမှ ထွက်ကြောင်း မှူးမတ်တို့ကို လျှောက်တင်စေသည်။ ဉာဏ်နည်းသည့် ခွန်လောလည်း စဉ်းစားဆင်ခြင်ခြင်းအလျဉ်းမရှိ ယုံမှတ်ကာ ဆင်ရံထွက်လေသည်။ ခွန်လော နန်းမှခွာသည်နှင့် သမိန်မြောင်းမြ ကမြို့ကိုသိမ်းလေသည်။ ခွန်လောလည်း ထိုသတင်းကို ကြားလျှင် မပြန်ဝံ့။ တောတွင်း၌သာပုန်းကာနေရသည်။ မကြာမှီတွင် သမိန်မြောင်းမြက တပ်များဖြင့် ထွက်တိုက်သဖြင့် ခွန်လောလွန်လေသည်။ ခွန်လောလွန်လျှင် သမိန်မြောင်းမြ နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က အသက်အရွယ်ကြီးရင့်ပြီဟုအကြောင်းပြတားမြစ်ကာ သားဖြစ်သူ စောသင်မောင်(ခေါ်)စောအော အားမုတ္တမထီးနန်းအား စိုးစံစေသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
စောသင်မောင်
ခွန်လောအား ယောက်ဖဖြစ်သူ သမိန်မြောင်းမြသတ်ဖြတ်ပြီးနောက် ကိုယ်တိုင်နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က တားမြစ်သဖြင့် သားဖြစ်သူ စောအောအားနန်းတင်လေသည်။ သောက္ကတဲမင်း ဗြရီထံသံစေကာ မင်းပြောင်းမင်းလွဲဖြစ်ကြောင်း လျှောက်တင်ပြီး ဘွဲ့အမည်တောင်းခံလေသည်။ သောက္ကတဲမင်းလည်း အဆွေအမျိုးမကင်းသည်ကိုထောက်၍ စောသင်မောင် (၁၃၁၁-၁၃၂၃) ဟူသောဘွဲ့ပေးသည့်အပြင် သမီးတော် မေနှင်းထပီ ကိုလည်းပေးသနားသည်။ သို့ဖြင့် စောသင်မောင်နန်းတက်သည်အထိ သောက္ကတဲနှင့်မုတ္တမ ဆက်ဆံရေးမှာ မဟာမိတ်ချစ်ကြည်ရေး ခိုင်မြဲနေဆဲပင်ဖြစ်သည်။ သားဖြစ်သူ စောသင်မောင်အုပ်ချုပ်သည်ဆိုသော်လည်း ဖခင်ဖြစ်သူ သမိန်မြောင်းမြဦးဆောင်ကာ ပြည်ရေးရပ်ရာများကိုစီမံသဖြင့် တိုင်းပြည်အရေးမှာတောင့်တင်း၏။ ထားဝယ်နှင့် တနင်္သာရီမြို့များကိုတိုက်ခိုက်အနိုင်ယူသည်။ ထို့ပြင်အနောက်ဘက်ရှိ မြောင်းမြ၊ပုသိမ်၊ဒဂုံ၊ဒလ မြို့များကိုလည်းသိမ်းယူသည်။ သားတော် စောအဲကံကောင်း နှင့် သမီးတော် တစ်ပါးကိုမြင်သည်။ မြေးနှစ်ဦးရပြီးလျှင် သမိန်မြောင်းမြနှင့် နှင်းဥရိုင်တို့လည်း အသီးသီးကွယ်လွန်သည်။ နန်းသက်ရှစ်နှစ်အတွင်း အပြင်ရန်စစ်မရှိသဖြင့် ငြိမ်းချမ်းမှုရရှိခဲ့သည့်အပြင် နိုင်ငံကိုလည်း မွန်ဒေသအားလုံးနီးပါး သိမ်းယူချဲ့ထွင်နိုင်ခဲ့သည်။ စောသင်မောင် လွန်လျှင် ညီဖြစ်သူ စောဇိတ် မင်းပြုသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
စောဇိတ်
စောဇိတ်သည် လေးဆက်မြောက်မဂဒူးမင်းအဖြစ် နောင်တော် စောသင်မောင်ထံမှ ထီးနန်းဆက်ခံသည်။ နန်းတက်လျှင် ဦးရီးတော်ခွန်လော၏သမီးဖြစ်သူကို မိဖုရားမြှောက်ကာ စန္ဒာမင်းလှဘွဲ့ပေးသည်။ မရီးဖြစ်သူ မေနှင်းထပီကိုလည်း မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွင် ဆက်လက်ကာမိဖုရားမြှောက်သည်။ နန်းတက်ပြီးလျှင် တူတော်သူ စောအဲကံကောင်း အားထားဝယ်နှင့် တနင်္သာရီတို့ကိုတိုက်စေသည်။ နိုင်ပြီးပြန်လာသော်လည်း မှူးမတ်တို့က ကုန်းတိုက်သည်ကို ယုံကာ အမျက်ရှသဖြင့် ပဲခူးတွင် သံခြေချင်းခတ်ကာ ထားသည်။ သားတော်တစ်ပါးနှင့် သမီးတော် တစ်ပါး ဖွားမြင်ရာ ဗညားဦး၊မဟာဒေဝီ ဟုအမည်ပေးသည်။ နောင် သားတော်တစ်ပါးထပ်ရသော် မင်းလင်္ကာဟု ခေါ်စေသည်။ ဗြတ်ရှမ်းသား ၅၀၀ ကကျွန်ခံလာရာ အချီတော်ဇိတ်ပွန်ကို အုပ်ချုပ်စေသည်။ ဇိတ်ပွန်လည်း မိမိတွင် ရှမ်း ၅၀၀ ရှိသဖြင့်မသင့်သောအကြံကိုကြံလေသည်။ မိမိအိမ် ဥယျာဉ်အတွင်း အိမ်သစ်ဆောက်ကာ အိမ်ကို ကျုံးဖြင့်ပတ်ထားစေသည်။ နောက် စောဇိတ်အား အိမ်သစ်တက်မင်္ဂလာကျင်းပဟန်ပြုပြီး ဖိတ်ကြားသည်။ စောဇိတ်ရောက်လျှင် လက်အောက်ရှိ ရှမ်း ၅၀၀ ဖြင့် ဖမ်းကာသတ်သဖြင့် စောဇိတ်လွန်ပြီး ဇိတ်ပွန် မင်းပြုသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဇိတ်ပွန်
ဇိတ်ပွန်သည် စောဇိတ်အား သတ်ဖြတ်ကာ မုတ္တမနန်းကို သိမ်းပိုက်သည်။ သို့သော် မင်းမျိုးမင်းနွယ်မဟုတ်ပဲ တစ်ပါးမင်းဖြစ်သည့်အတွက် အများကမကြည်ဖြူပေ။ ၇ ရက်အရောက်တွင် မိဖုရားစန္ဒာမင်းလှက ဦးဆောင်ကာ မှူးမတ်၊ဗိုလ်ပါများနှင့် နန်းတွင်းသို့အခစားဝင်ဟန်ပြုပြီး ဇိတ်ပွန်ကိုသတ်ဖြတ်နန်းချကြသည်။ နောက် ပဲခူးတွင် သံခြေချင်းဖြင့်ထားသည့် စောအဲကံကောင်းကို ခေါ်ကာ မုတ္တမနန်းကိုအပ်သည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဗညားအဲလော
ဗညားအဲလောသည် မုတ္တမသို့မင်းပြုရန် ခေါ်ဆောင်ခြင်းခံရလျှင် မိဖုရားစန္ဒာမင်းလှ၏ငြူစူတတ်သည့် သဘောကိုသိသဖြင့် ကိုယ်လုပ်မောင်းမများကို ပဲခူးတွင်သာချန်ထားခဲ့ပြီး သားတော်အဲလောင်ကိုသာခေါ်လာသည်။ မုတ္တမနန်းတွင် စန္ဒာမင်းလှကိုပင် မိဖုရားမြောက်ကာ မင်းပြုသည်။ နန်းတက်ပြီးမကြာမှီတွင် သောက္ကတဲမင်းက မိမိအမျိုးဖြစ်သည့် စောအဲကံကောင်းအား သတ်ဖြတ်သည်သတင်းကို ကြားသိရသဖြင့်မုတ္တမကိုတိုက်ရန်ချီတက်လာသည်။ မုတ္တမသို့ချီတက်လာရာ လမ်းတစ်လျှောက်ရှိ မွန်ကျေးရွာ၊မြို့ ရှိသမျှကို ဖျက်ဆီးလာခဲ့သည်။ မုတ္တမသားတို့လည်း ရှမ်းစစ်ကိုကြောက်လှသဖြင့် ကြံရာမရဖြစ်နေစဉ် ဗညားအဲလောအားဆင်ဖြူတော် စစ်အောင်နိုင်ရေးအတွက် မိမိတာဝန်ယူကြောင်း အိပ်မက်ပေးသည်။ ဗညားအဲလောလည်း မိမိဆင်ဖြူတော်အိပ်မက်ပေးသည့်အတိုင်း စစ်တိုက်ရာ ရှမ်းတို့တပ်ပျက်ပြီး မုတ္တမသာမက အခြားမွန်ဒေသများပါ စစ်ဘေးမှ ဝေးလေသည်။ သို့ဖြင့် ဗညားအဲလောသည် မုတ္တမထီးနန်းကို ဆက်လက်စိုးစံပြီး သောက္ကတဲ နှင့် မုတ္တမ နှစ်ပြည်ထောင်မဟာမိတ်လည်း ပျက်စီးတော့သည်။ ဗညားအဲလော အသက်ကြီးလာသော် အရွယ်ရောက်လာပြီဖြစ်သည့် သားတော် အဲလောင် နှင့်တူဖြစ်သူ ဗညားဦး တို့ကိုကြည့်ကာ"ငါ့သား အဲလောင်နှင့် ငါ့တူဗညားဦးတို့မှာ အရည်တူဖြစ်သည် ဟုဆိုသည်။ ငါမရှိလျှင် သင်းတို့နှစ်ဦးအနက် မည်သူမင်းဖြစ်မည်ကို ငါစမ်းသပ်ရမည်။"ဟုစဉ်းစားကာ နာမကျန်းဖြစ်ဟန်ပြုပြီး မည်သူကိုမျှ အခစားအဝင်မခံပဲနေလေသည်။ ထိုသတင်းကိုကြားလျှင် အဲလောင်လည်း ဗညားဦးကိုသတ်ရန် နောက်လိုက်ကျွန်များနှင့် ဗညားဦးစံအိမ်သို့လာ၏။ ဗညားဦးလည်း ကြိုသိနှင့်သဖြင့် မိမိကျွန်များဖြင့် ထွက်တိုက်၏။ ထိုအခါ ဗညားအဲလောက စစ်သည်ဗိုလ်ပါများဖြင့်လာကာ "ဟယ်..ဟယ်..နင်တို့နှစ်ယောက်၊ငါရှိနေပါလျှက်နှင့် မည်သို့ပြုနေကြသနည်း။"ဟုဆိုရာ အဲလောင်နှင့် ဗညားဦး တို့နှစ်ဦးပြေးလေသည်။ သို့သော် မကြာမှီပင် အဲလောင် ကျောက်ပေါက်ကာ သေသဖြင့် ဗညားဦးသာ ကျန်တော့သည်။ ဗညားအဲလော လွန်လျှင် ဗညားဦးလွယ်ကူစွာဖြင့် မုတ္တမနန်းကို ရတော့သည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
စောအဲကံကောင်း
စောအဲကံကောင်းသည် မုတ္တမနန်းကို မမျှော်လင့်ပဲရရှိပြီး မင်းဖြစ်လျှင် အဒေါ်ဖြစ်သူ စန္ဒာမင်းလှအား မိဖုရား အဖြစ်ဆက်လက်ထားသည်။ အစတွင် စန္ဒာမင်းလှကို ကျေးဇူးရှိဖူးသည်ဟု အောက်မေ့ကာ အလေးအမြတ်ထားပြီး ဆက်ဆံသည်။ သို့သော် အချိန်ကြာသည်နှင့်အမျှ အခြားသောမောင်းမမိဿံများနှင့်သာ ပျော်ပါးနေသဖြင့် စန္ဒာမင်းလှ မကျေမနပ်ဖြစ်လေသည်။ ထို့ကြောင့် စောအဲကံကောင်းအား အဆိပ်ခတ်လုပ်ကြံသဖြင့် စောအဲကံကောင်း နန်းသက် ၄၉တွင် လွန်ရလေသည်။ စောအဲကံကောင်းလွန်လျှင် ပဲခူးစား ဗညားအဲလောကို မုတ္တမသို့ခေါ်ပြီး နန်းတင်သည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဗညားဓမ္မရာဇာ
ရာဇာဓိရာဇ်လွန်လျှင် သားတော်ကြီးဖြစ်သည့် ဗညားဓမ္မရာဇာက ဟံသာ၀တီနန်းကို စိုးစံသည်။ သို့သော် ညီတော်များဖြစ်သည့် ဗညားရံ၊ ဗညားကျန်း တို့ ပုန်ကန်သည့်အတွက် ပဲခူးနှင့် ဒဂုံ၊ သန်လျှင်မြို့များ အကြားညီညွတ်မှုမရပဲ အင်း၀ဘုရင်သီဟသူ၏ တိုက်ခိုက်ခြင်းကိုပါခံခဲ့ရသည်။ ထိုသို့သီဟသူ ဒဂုံကိုလာရောက် ဝိုင်းရံသဖြင့် ဗညားရံလည်း မိမိနှမဖြစ်သူ ရှင်စောပု ကိုဆက်သပြီး စစ်ပြေငြိမ်းရန် စကားဆိုရသည်။ သီဟသူပြန်လည်ဆုတ်ခွာအပြီး ဗညားဓမ္မရာဇာ နန်းသက် ၃ နှစ်အရောက်တွင် ညီတော်နှစ်ပါးနန်းချသည့်အတွက် ဗညားဓမ္မရာဇာ လွန်သည်။ ၎င်းနောက် ညီတော် ဗညားရံနန်းတက်သည်။ ထူးခြားသည်မှာ မြန်မာမူတွင် ဗညားဓမ္မရာဇာသည် မင်းသားဗညားပုသိမ်ဟုဆိုသည်။ သို့သော် မွန်မူတွင် ဗညားကျန်းသာ ဗညားဓမ္မရာဇာဖြစ်သည်ဟု အခိုင်အမာဆိုသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ပထမဗညားရံ
နောင်တော် ဗညားဓမ္မရာဇာ အားအနိုင်ယူပြီးလျှင် ဗညားရံ ကမဂဒူးမင်းဆက်၏ ၁၁ ဆက်မင်းအဖြစ် ဟံသာ၀တီနန်းကို စိုးစံသည်။ မြန်မာ့သမိုင်းတွင် နုတ်ရေးဖြင့် စစ်ပွဲများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သူအဖြစ် အလွန်ကြော်ကြားသည်။ ၎င်းလက်ဆက်တွင် အင်း၀မှ ကလေးတောင်ညိုမင်း၊ မိုးညှင်းသတိုးအစရှိသည့် အင်း၀မင်းများနှင့် စစ်ဆက်ခင်းခဲ့သည်။နန်းသက် ၁၉ နှစ်တွင် နတ်ရွာစံသည်။နတ်ရွာစံလျှင် တူတော်သူ ဗညားဗရူး(ရှင်စောပု၏သားတော်)ထီးနန်းဆက်ခံသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဗညားဗရူး
ဗညားဗရူး(ဗညားဖရူးဟုလည်းမူကွဲရှိ)သည် မဂဒူး မင်းဆက်၏ ၁၂ ဆက်မြောက်မင်းအဖြစ် နန်းတက်သည်။ မိခင်ဖြစ်သူ ရှင်စောပုထက်စောကာ မင်းဖြစ်ခဲ့သူဖြစ်သည်။ရွှေတိဂုံ စေတီတော် ကိုပြုပြင်ပြီး ရွှေချကာပူဇော်သည်။ နန်းသက် ၃ နှစ်တွင်ပင် ဦးရီးတော်သူ ဗညားကျန်းထော ကအဆိပ်ခတ်လုပ်ကြံသဖြင့် နတ်ရွာစံသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
ဗညားကျန်းထော
ဗညားဗရူးအားသတ်ဖြတ်နန်းချပြီး ဗညားကျန်းထောနန်းတက်သည်။ ဗညားဓမ္မရာဇာ ၏ သားတော်ဖြစ်သည်ဟုဆိုသည်။ နန်းသက်၅နှစ် တွင် ဝမ်းကွဲညီနောင်ဖြစ်သူ လိပ်မွတ်ထောကလုပ်ကြံသဖြင့် ကံကုန်သည်။ ၎င်းနောက်တွင် လိပ်မွတ်ထော ဟံသာ၀တီ နန်းကိုသိမ်းပိုက်စိုးစံသည်။၎င်းလက်ထက်တွင် ရွှေတိဂုံ စေတီတော်ကို ဉာဏ်တော်တိုးမြှင့်ပူဇော်ရာ ဉာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။ အချို့သောမူများတွင် ဗညားကျန်းထောမှာ အင်း၀တွင် သွားရောက်ခိုလှုံနေပြီးမှ ဗညားဗရူးလွန်သဖြင့် အင်း၀ဘုရင် နရပတိကလာရောက် နန်းတင်ပေးခဲ့သည်ဟုဆိုသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
လိပ်မွတ်ထော
ဗညားကျန်းထော အားလုပ်ကြံပြီးလျှင် ဗညားရံ ၏သားဖြစ်သူ လိပ်မွတ်ထော နန်းတက်သည်။လိပ်မွတ်ထော၏မိခင်သည် အင်းဝမင်းသမီးဖြစ်သောကြောင့် လိပ်မွတ်ထောသည် အင်းဝဘက်သို့ ယိမ်းသောဘုရင်ဖြစ်သည်ဆိုကာ မင်းကျင့်တရားနှင့်မညီဟူသော စွပ်စွဲချက်ဖြင့် ၇ လအကြာတွင် မူးမတ်များက လုပ်ကြံနန်းချပြီး အင်း၀မှ ပြန်လည်ရောက်ရှိလာသည့် ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့်ဟံသာ၀တီနန်းကို စိုးစံရန် တင်မြောက်ကြသည်။ Category:မဂဒူး မင်းဆက် Category:မွန်လူမျိုးများ
လွှတ်တော်
Opening ceremony of the 1993 Parliament လွှတ်တော်အစ ပုဂံက ရတနာပုံခေတ် လွှတ်တော် နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ ဘကြီးတော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခတို့၏ ထီးနန်းစိုးစံစဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှု၊ လုပ်ကြံသတ်ဖြတ်မှုများကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နရပတိစည်သူမင်း မကွယ်လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။ နရပတိစည်သူတွင် သားတော်(၅)ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာများကို တစ်ဦးတည်း သိမ်းပိုက်ခြင်းမပြုဘဲ နောင်တော်ကြီး(၄)ဦး နှင့် ခွဲဝေ၍ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။ ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာကို ဘုရင်တစ်ဦးတည်းကသာလျှင် အုပ်ချုပ်သည်ကို ဖျက်သိမ်း၍ ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာ ခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခသည် ပုဂံထီးနန်းကိုသာလျှင် ဆက်ခံရသော်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အာဏာများမှာမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင်သာရှိသည်။ နရပတိစည်သူမင်း၏ အစီအစဉ်မှာ အမျှော်အမြင်နှင့် အလွန်ပြည့်စုံသည်။ ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည်အထိ မြန်မာရာဇဝင် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်းကြသည်ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ဝန်ကြီး(၄)ပါးခန့်၍ အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှအစပြု၍ အုပ်မြစ်ချခဲ့သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ လွတ်တော်အုပ်ချုပ်ရေး ရာဇဝင်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သောအခါများတွင် ဘုရင်၏ တန်ခိုးအာဏာကိုပင် ထိန်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှမက ဘုရင်ကို ရွေးချယ်နိုင်သည်အထိ လွှတ်တော်အာဏာရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံလွှတ်တော် အင်အားနည်းပါးချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေးသဖွယ် ဖြစ်လာခဲ့သည်။ ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇဝင် သုံးတွဲ အသေးစိတ် သိလိုလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စာအုပ်၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ် များကို ဖတ်ရှုလေ့လာ နိုင်သည်။ ဥပဒေပြုစာရင်း လွှတ်တော်က ဥပဒေပြုခွင့်ရှိသည့် ဥပဒေပြုစာရင်းပါ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်း (ပုဒ်မ၉၆ကို ရည်ညွှန်းသည်) တွင် ဖော်ပြထားသည်။ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကဏ္ဍ နိုင်ငံခြားရေး ကဏ္ဍ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ စီးပွားရေးကဏ္ဍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ စက်မှုလက်မှုကဏ္ဍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးကဏ္ဍ လူမှုရေးကဏ္ဍ စီမံခန့်ခွဲရေးကဏ္ဍ တရားစီရင်ရေးကဏ္ဍ တို့ကို ခွဲခြားဖော်ပြထားသည်။ လွှတ်တော်ဟူသော ဝေါဟာရသည် မြန်မာဘာသာ ဝေါဟာရဖြစ်၍ ရှင်ဘုရင်အမိန့်အာဏာတော် အတိုင်း လိုက်နာဆောင်ရွက်ရသော ဌာနကိုဆိုလိုသည်။ မြန်မာဘုရင် များလက်ထက်က လွှတ်တော်သည် နန်းတော်မှတစ်ပါး တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးနှင့်အကြီးဆုံးဌာနဖြစ်၍ လွှတ်တော်က ဆောင်ရွက်ရ၊ ဆင့်ဆိုရသော အရေးကိစ္စများမှာလည်း လွန်စွာ ကျယ်ဝန်းများပြားသည်။ လွှတ်တော်သည် သာသနာတော်ရေး နှင့် တိုင်းရေးပြည်ရေးရှိသမျှကို အုပ်ချုပ်ဆင့်ဆိုဆောင်ရွက်ရ သည်။ လွှတ်တော်ဟူသော ဝေါဟာရတွင် 'လွှတ်'ဆိုသော စကား သည် ဩဇာအာဏာလွှတ်ခြင်း၊ အမိန့်တော်၊ အမှာတော် လွှတ်ခြင်း၊ အခွင့်လွှတ်ခြင်း၊ ကိုယ်တိုင်ပိုင်နက်မှ လက်လွှတ် ခြင်း၊ ပြတ်ကင်းခြင်း၊ လှူခြင်း၊ ပေးခြင်းနှင့်သက်ဆိုင်သည်။ လွှတ်ဟူသောဌာနတွင် ဆင်းရဲသားပြည်သူတို့က မင်းဧကရာဇ် ထံ အခွန်အတုတ် လွှတ်မြဲ၊ ဆက်သမြဲဖြစ်သည်။ ထိုအခွန် အတုတ်များကို ကသောင်းမြောင်းတိုက်တော် (လွှတ်တော် ငွေတိုက်)၌ ထားရသည်။ သို့ဖြစ်၍ ဆင်းရဲသားပြည်သူ တို့ အခွန်အတုတ်လွှတ်ရာ၊ ဆက်သရာဌာနကို လွှတ်ဟူ၍ ခေါ်ဝေါ်သမုတ်သည်ဟုလည်း ဆိုသည်။ 'တော်'ဟူသော ဝေါဟာရသည် မြန်မာစကားဖြစ်၍ အရှင် ခေါ်ခြင်း၊ ဘုရားခေါ်ခြင်းများနှင့်ဆိုင်သည်။ ရှင်ဘုရင်နှင့် စပ် ဆိုင်သော အမှတ်အသားများမှာ 'တော်ကြီး'ဟူ၍ ရေးသားထိုး မှတ်လေ့ရှိသည်။ ထို့ကြောင့် 'နန်းတော်၊ ဥယျာဉ်တော်'ဟု ဆိုလျှင် ရှင်ဘုရင်နှင့်ဆိုင်ကြောင်းကို ပြသည်။ ရွှေဘုံနိဒါန်းကျမ်းတွင် ပုဂံ ပျူစောထီးမင်းလက်ထက်ကစ၍ လွှတ်တော်ပေါ်ကြောင်းနှင့် လွှတ်တော်ဟုခေါ်ကြောင်းများ ဖော် ပြပါရှိသည်။ ထိုကျမ်းအဆိုမှာ မဇ္ဈိမဒေသမှ ပုဂံသို့ရောက်လာ သော မင်းမျိုးလေးယောက်ကို ဘွဲ့ထီးအစီးအနင်း၊ မင်းခမ်း မင်းနား ပေးကမ်းချီးမြှင့်အရေးလွှဲအပ်လျှင် အဆောက်အဦသို့ အမတ်လေးယောက်တက်ရောက်၍ ပြည်ထဲရေးလေးမျက်နှာကို စီရင်စေရန် အခွင့်လွှတ်သောကြောင့် ထိုအဆောက်အဦကို လွှတ် ဟူ၍ခေါ်သည်။ ထို့ပြင် ပုဂံမင်းဆက် နရပတိစည်သူမင်းသည် ထီးနန်းကို သားတော်ကြီးလေးပါးသို့ မပေးအပ်ပဲ၊ မင်းပရိယာယ်ဖြင့် သားတော်ငယ် ဇေယျသိင်္ခမင်းသားကို ပေးအပ်ခဲ့သည်။ သို့ ရာတွင် တိုင်းရေးပြည်ရေးကို လေးပါးသောနောင်တော်တို့ နှင့် တိုင်ပင်ဆွေးနွေးပြီးလျှင် စီရင်ဆုံးဖြတ်ရမည်ဟု နတ်ရွာစံ ခါနီးဆဲဆဲ၌ မှာထားခဲ့သည်။ ဇေယျသိင်္ခမင်းသားသည် ထီးလို မင်းလိုမင်း ဘွဲ့ကိုခံ၍ ထီးနန်းဆက်ခံပြီးနောက် ခမည်းတော် မှာထားခဲ့သည့်အတိုင်း နောင်တော် မင်းသားလေးပါးအိမ်သို့ တစ်အိမ်စီ တစ်အိမ်စီ လှည့်လည်သွားရောက်ဝတ်ပြုရခြင်း၊ ဆွေးနွေးတိုင်ပင် စီရင်ဆုံးဖြတ်ရခြင်းကိုပြုလုပ်ရသည်။ ရှင်ဘုရင် ဖြစ်သူညီတော်သည် နောင်တော်များထံ လာရဖန်များသည့်အခါ နောင်တော်များက အားနာညှာတာပြီးလျှင် နန်းရင်ပြင်၌ အဆောက်အဦးကြီး တစ်ခုကို ဆောက်စေ၏ နောင်တော်လေးပါးတို့ ထိုအဆောက်အဦးကြီးသို့ သွားရောက်စုံညီသောအခါ ညီတော်ရှင်ဘုရင်လာ၍ ခစားဝတ်ပြုခြင်း၊ တိုင်းရေးပြည်ရေးများကို ဆွေးနွေးဆုံးဖြတ်ခြင်းပြုရန် ညီတော်ကို ခွင့်လွှတ်၍၊ ညီတော် ထီးလိုမင်းလိုမင်းကလည်း နောင်တော်တို့သည် ညီတော်ကိုယ်စား ပြည်ထဲရေးများကို ခန့်ထားစီရင်ဆုံးဖြတ်ပါတော့ဟု အရေးပေးသဖြင့် ခွင့်လွှတ်ပြန်သည်။ ထိုကဲ့သို့ အပြန်အလှန် ခွင့်လွှတ်သောအဆောက်အဦ နေရာကို 'လွှတ်'ဟုခေါ်သည် ဟူ၍လည်း ရာဇဝင်ကျမ်းများနှင့် ရွှေဘုံနိဒါန်းတွင်ဆိုသည်။ လွှတ်တော်အဆောက်အဦမှာ နှစ်ဆောင်တွဲဖြစ်သည်။ အနောက်ဘက်အဆောင်သည် သုံးထပ်လည်ပေါ်ဆောင်ဖြစ်၍ ဇေတဝန်ဆောင်ဟုခေါ်သည်။ ထိုဇေတဝန်ဆောင်သို့ ရှင်ဘုရင် လွှတ်တော်မြဲဖြစ်သောကြောင့် ရာဇပလ္လင်သည်လည်း မြေနန်းရာဇပလ္လင်ကဲ့သို့ပင် ယမနေသားဖြင့်လုပ်သော ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ဖြစ်သည်။ လွှတ်တော်ဇေတဝန်ဆောင်တွင် အကာမာရဘင်များ၊ တိုင်များ အပြောက်အမွမ်းများကို ရွှေပိန်းချရသည်။ လွှတ်တော်အရှေ့ဆောင်သည် နှစ်ထပ်လည်ပေါ်ဆောင်ဖြစ်၍ ဝန်ကြီးများနေသော ကွန်းစင်တိုင်ကြီး လေးလုံးကိုသာ ရွှေပိန်းချရသည်။ ထိုတိုင်ကြီးလေးလုံးမှတစ်ပါး သည်မသည်ရံစသော တိုင်များနှင့် အပြောက်အမွမ်းကို အနီတစ်စုရွှေနှစ်စုခြယ်လှယ်ရသည်။ လွှတ်တော်ကွန်းစင်အခန်းကြီးများအတွင်းသို့ မင်းသားများနှင့် ဝန်ကြီးများမှတစ်ပါး မည်သူမျှဝင်ခွင့်မရ။ အခြားလွှတ်တော်အရာရှိများအတွက် နေရာသီးခြားစီရှိကြသည်။ ထိုနေရာများတွင် ကွမ်းသွေးပေါက် တစ်ပေါက်စီ ဖောက်ထားသည်။ ဝန်ကြီးတို့ ဆေးတံသောက်ရှူသည့်အခါ လွှတ်အောက်ကနေ၍ ကွမ်းသွေးပေါက်တွင်းမှ အဆောင်ကိုင်တို့က ဆေးတံဝန်ထောက်လေးနေရာမှ ဝန်ကြီးမင်းများနေရသော ကွန်းစင်ပြင်ဖက်နားတွင် ကွမ်းသွေးပေါက်လေးပေါက် ဖောက်ထားသည်။ နားခံ၊ စာရေးတော်ကြီး၊ အမှာတော်ရေး၊ အသုံးစာရေး၊ အဝေးရောက် စသောအရာရှိများမှာလည်း ကွမ်းသွေးပေါက်လေးပေါက်စီ ရှိကြသည်။ ကွမ်းသွေးပေါက်ရသူများသာ ကွမ်းသွေးပေါက်အတွင်းဝင်ပြီးလျှင် ထိုင်ခွင့်ရသည်။ လွှတ်တော်အရာရှိများမှတစ်ပါး အခြားအရာရှိ၊ အဝေးအရာရှိတို့သည် ကွမ်းသွေးပေါက်အတွင်းဝင်ပြီးလျှင် ကွန်းစင်တိုင်ကိုမှီ၍ ထိုင်ခွင့်မရကြချေ။ သို့ရာတွင် နားခံတော်များသည် အမိန့်တော်ပြန်ရန်အတွက် ကွန်းစင်တိုင်တွင်းသို့ ခေတ္တဝင်၍ ရာဇပလ္လင်ရှေ့၌ အမိန့်တော်ပြန်ခွင့်ရသည်။ လွှတ်တော်ပေါ်တွင် ညဉ့်အိပ်သည်မှတစ်ပါး နေ့အခါ၌ မည်သည့် အရာရှိမျှ ဖျာ၊ သင်ဖြူးခင်း၍ ထိုင်ခွင့်မရ။ ထို့ပြင်မည်သူမျှ လွှတ်တော်ပေါ်သို့ အင်္ကျီမပါ၊ ခေါင်းပေါင်းဖြူမပါပဲ မတက်ရ။ လွှတ်တက်ဆဲအခါ၌လည်း မည်သူမျှ မြောက်လှေကားမှ မတက်ရ။ အမိန့်တော်ခန့်ဗိုလ်များမှတစ်ပါး အခြားမည်သူမျှ ခါးတောင်းကျိုက်၍ လွှတ်တော်ပေါ်သို့မတက်ရ။ လွှတ်တော်ပေါ်သို့ ဖိနပ်များကိုလည်း မတင်ရချေ။ လွှတ်တော်တည်ရာဌာနသည် နန်းတော်နယ်မြေတွင်သစ်တပ် အုတ်မြို့ရိုးကာထားသော နန်းတော်အတွင်း မြေနန်းတော်ရှေ့ တံခါးနီ၏ လကျာ်ဖက်ဖြစ်သော တောင်မျက်နှာ၌ တည်ရှိသည်။ တံငါနီပြင်ဖက်ကလည်း လွှတ်တော်ပေါ်သို့တက်ရန် လှေကား ရှိသည်။ လွှတ်တော်ဆိုင်ရာအရာရှိတို့သည် သီတင်းနေ့များမှတစ်ပါး အခြားနေ့များတွင် တစ်နေ့နှစ်ကြိမ် လွှတ်တော်သို့ တက်ရောက် ရမြဲဖြစ်သည်။ နံနက် တစ်ချက်မတီးမီ (စက်နာရီ၉နာရီ) လွှတ်တော် မြောက်နှရောင်မှာစု၍ (တရားရာဇဝတ်မှုမှတစ်ပါး) လျှောက်လွှာအသေးအဖွဲများကို လက်ခံသည်။ မြောက်နှရောင် ဆိုသည်မှာ လွှတ်တော်နှစ်ဆောင်အနက်အရှေ့ဆောင် မြောက် မျက်နှာကထိပ်ဝကို ဆိုလိုသည်။ နံနက်တစ်ချက်တီးလျှင် နန်းတော်သို့ဝင်၍ ရှင်ဘုရင်ရှေ့တော်မှာ အရာရှိအစုံအညီ ညီလာခံကြသည်။ နံနက်ညီလာခံသည် မွန်းမတည့်မီ ပြီးစီးလေ့ရှိသည်။ နံနက်ညီလာခံတွင် ရှင်ဘုရင်ရှေ့တော်သို့ ဝင်ရောက်ကြသည့်အခါ လက်နက်များကို လျှို့ဝှက်ယူဆောင်လာမည်စိုးရိမ်၍ အထူးခွင့်ပြုထားသူများမှတစ်ပါး မည်မျှလောက်ပင်ချမ်းလှသော်လည်း မည်သည့်အရာရှိမျှ စောင်၊ သက္ကလတ်၊ ညဉ့်ရုံခြုံတည် စသည်များ ခြုံရုံခစားခွင့်မရှိချေ။ နေ့နှစ်ချက်တီး (စက်နာရီ၁၂နာရီ) အချိန်တွင်လွှတ်တက် ကြပြန်သည်။ ထိုအခါ တရားရာဇဝတ်ဖက်ဆိုင်ရာလျှောက်လွှာများကို လက်ခံသည့်အပြင် အမှုများကိုလည်း စစ်ဆေးဆုံးဖြတ်သည်။ ညနေသုံးချက်တီး (စက်နာရီ၃နာရီ) အချိန်တွင် လွှတ်ဆင်းမြဲဆင်းသည်။ သို့ရာတွင် ဆုံးဖြတ်ရန် အဆုံးမသတ်သေးသော အမှုများကို အခြားနေရာသို့ရွေ့ပြောင်း၍ ဆက်လက်ဆောင်ရွက်ရသည်။ ရှင်ဘုရင်များသည် လွှတ်တော်သို့တက်၍ တရားဆုံးဖြတ်ရမြဲဖြစ်သည်။ ရှင်ဘုရင် လွှတ်တော်သို့မတက်သည့်အခါ အိမ်ရှေ့မင်းရှိလျှင် အိမ်ရှေ့မင်းကတက်ရသည်။ အိမ်ရှေ့မင်း မရှိလျှင် ရှင်ဘုရင်၏ညီတော်ကြီး၊ သားတော်ကြီးများက လွှတ်တက်စီရင်ရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားကြီးများ မရှိမသာလျှင် ဝန်ကြီးများတက်၍ စီရင်ရသည်။ လွှတ်တော်ကဆုံးဖြတ်ရသော အမှုများသည် အပိုင်းအခြားတန်ဖိုးမရှိ။ သို့ရာတွင် ငွေ ၅ဝဝဝိ(ငါးထောင်)တန်ထက်ပိုလျှင် ရှင်ဘုရင်ထံ အယူခံဝင်နိုင်သည်။ ရှင်ဘုရင်က ဆုံးဖြတ်ရသော အမှုများမှာ အပိုင်းအခြားတန်ဖိုးလည်းမရှိ၊ အယူခံခွင့်လည်းမရှိချေ။ အခြားရုံးများက စီရင်သော အမှုများသည် ငွေ ၅ဝဝဝိ (ငါးထောင်)တန်ထက် ပိုလျှင် လွှတ်တော်မှာ အယူခံဝင်နိုင်သည်။ ရှင်ဘုရင် လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရွှေဘဝါးတော်မြတ်အောက် ရှိခိုးသံတော်ဦး တင်ပါသည် ဘုရား ဆိုသော စကားကို အစအဆုံးမှာ ရေးသား ထည့်သွင်းရသည်။ အိမ်ရှေ့မင်းဖြစ်စေ၊ မင်းသားများ ဖြစ်စေ လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ဆိုသောစကားကို အစအဆုံးရေးသားထည့်သွင်းရသည်။ မင်းသားများ လွှတ်တက်သည့်အခါ မင်းသားများစားသော မြို့၏အမည်ကို အစွဲပြု၍ ရေးသားထည့်သွင်းရသည်။ ပုံစံအားဖြင့် မင်းသားသုံးပါးလွှတ်တက်သည့်အခါ ဟံသာဝတီမင်း ပြည်မင်း၊ တောင်ငူမင်းတို အမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု ထည့်သွင်းရေးသားရသည်။ မင်းသားတစ်ပါးတည်း လွှတ်တက်ရသည့်အခါဖြစ်လျှင် မည်သည့် မင်းအမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု ရေးသားရသည်။ ဝန်ကြီးများလွှတ်တက်သည့်အခါ ဝန်လေးပါး ရှိလျှင် ဝန်လေးပါးဘွဲ့အမည်ကို ရေးသား၍ ကြားရောက်သည်၊ ကြားလိုက်သည်၊ မှာလိုက်သည် အစရှိသဖြင့် ကြားစာ မှာစာ နှင့်သင့်လျော်အောင် ရေးသားထည့်သွင်းရသည်။ သို့ရာတွင် လွှတ်တော်ကဆင့်ဆိုသော စာချွန်များမှာ မည်သည့်အခါမဆို ဝန်မင်းများစာဟူ၍သာ စာလုံးကြီးကြီးနှင့် ဆင့်စာအောက်ခြေနားက ရေးသားထည့်သွင်းမြဲဖြစ်သည်။ လွှတ်တော်တံဆိပ်ကိုလည်းရိုက်နှိပ်လိုက်ရသည်။ လွှတ်တော်ဌာနတွင် ပါဝင်သော လွှတ်တော်အရာရှိတို့သည် နံနက်ညီလာခံအချိန်နှင့် နေ့လွှတ်တော်အချိန်များ၌ အင်္ကျီလက်ကျယ်၊ ရွှေစလွယ်ဆင်ရသည်။ အင်္ကျီလက်ကျယ်မှာ ပုံတစ်မျိုးတည်းကို ဝတ်ရသော်လည်း စလွယ်မှာ ရာထူးအဆင့် အတန်းအနိမ့်အမြင့်အလိုက် အောက်ဆုံးသုံးသွယ်မှ အမြင့်ဆုံး တဆယ့်ရှစ်သွယ်အထိ ဆင်ယင်ရသည်။ ထို့ပြင်ဝန်ကြီးများနှင့် ဝန်ထောက်များ သွားလာသည့်အခါ လက်ရတောင်ခေါ်သော အမှုထမ်းနှစ်ယောက်သည် ထိုအရာရှိများ ရှေ့ကအတောင် ၃ဝ (၄၅​ပေ)ကွာလောက်က မောက်တိုဆောင်းကာ ဝဲယာကြိမ်ကို ထောင်လျက် ကိုင်ဆောင်ရသည့်အပြင် ပုဆိုးခါးတောင်းကျိုက်၍ လိုက်ပါရသည်။ အင်္ကျီဖြူထိုင်မသိမ်းဝတ်ရသည် မောက်တိုကို တည့်တည့်ဆောင်းရသည်။ ထိုလက်ရတောင် အမှုထမ်းနှစ်ယောက်ကို လွှတ်တော်ရှေ့လိုက်ဟူ၍လည်း ခေါ်သည်။ ဝန်ကြီးများမှတစ်ပါး လွှတ်နှင့်ဆိုင်သော အရာရှိများသည် ဝဲယာ အလှည့်ခွဲလျက် တစ်ရက်ခြားတစ်ခါ လွှတ်မှာ လာရောက်အိပ်ကြရသည်။ မြေမြို့ရိုးအတွင်း မီးလောင်သည့်အခါ အိပ်ဖန်အလှည့်ကျမဟုတ်သော လွှတ်ဆိုင်ရာအရာရှိများသည် လွှတ်တော်သို့လာရောက်၍ စာရင်းချမှတ်ရသည်။ လွှတ်တက်ရန်ဖြစ်စေ၊ ရှင်ဘုရင်ရှေ့တော်သို့ဝင်ရန် ဖြစ်စေ နန်းတော်အတွင်းသို့ လာရောက်သည့်အခါ မင်းသားများမှတစ်ပါး အခြားအရာရှိ မည်သူမျှ ထီးဆောင်းခြင်း၊ သက်ရှိ သက်မဲ့ယာဉ် စီးခြင်း မပြုရ။ သို့ရာတွင် နန်းတော်လှေကားများနှင့် လွှတ်တော်လှေကားများသို့ ထိအောင်ရာထူးအလျောက် ခမောကများကိုဆောင်း၍ ဝင်ခွင့်ရသည်။ လွှတ်တော်တွင် ပါဝင်မြဲဖြစ်သော အရာရှိများမှာ ဝန်ကြီး ၄၊ မြင်းစုကြီးဝန် ၁၊ အသည်ဝန် ၁၊ မြေတိုင်အမတ် ၁၊ မြေတိုင် အမတ်ရာထူးကို စာရေးတော်ကြီးရာထူနှင့်တွဲဖက်ခန့်ထားလေ့ရှိသည်။ ဝန်ထောက် ၄၊ နားခံတော် ၄၊ စာရေးတော်ကြီး ၄၊ မြင်းစာရေးကြီး ၂၊ အမိန့်တော်ရေး ၄၊ အမှာတော်ရေး ၄၊ အသုံးစာရေး ၄၊ အဝေးရောက် ၄၊ မြန်မာသံခံ ၄၊ ရှံးသံခံ ၄၊ ယွန်းသံခံ ၄၊ ကသည်းစာပြန် ၂၊ တရုတ်စာပြန် ၁၊ အသည် စာရေး ၄၊ အမိန့်တော်ရ ၄၊ သစ္စာတော်ရေး ၁၊ ပြော့နေရာချ သွေးသောက်ကြီး ၁၊ လွှတ်စောင့်သွေးသောက်ကြီး ၁၊ လက်နက်တိုက်ဝန် ၁၊ ၎င်းတိုက်စိုး ၂၊ ကသောင်းမြောင်းတိုက်စိုး ၁၊ ၎င်းတိုက်စာရေး ၁၊ ခန့်ထားလေ့ရှိသည်။ သို့ရာတွင်ရှင်ဘုရင်များသဘောအတိုင်းပို၍ ခန့် ထားကြသည့်အခါလည်း ရှိသည်။ ထိုအရာရှိများတွင် မြင်းစုကြီးဝန်၊ ဝန်ထောက်တို့သာ ပြန်တမ်း ကြီးခံခွင့်ရသည်။ ပြန်တမ်းကြီးဆိုသည်မှာ တာဝန်ခံရသော ဝတ္တရားကိုပြဆိုသော အစီအစဉ်မာတိကာပင်ဖြစ်သည်။ လွှတ်စေလေးတန်းနှင့် လက်ရသုံးတန်းဟူသော လွှတ်တော်နှင့် ဆိုင်သည့် လက်အောက်အမှုထမ်းများကိုလည်းခန့်ထားမြဲဖြစ်သည်။ သာမညအမှုနှင့် လွှတ်တော်က ဆင့်ခေါ်ရန်၊ သာမညအမှုနှင့် လွှတ်တော်ချုပ်ထားရန် အလုပ်ဝတ်တရားများမှာ လွှတ်စေလေးတန်းက ဆင့်ခေါ် ချုပ်ထားရသည်။ လွှတ်စေလေးတန်း ဆိုသည်မှာ (၁) တည်တော၊ (၂) မြို့သစ်၊ (၃) ခင်ဦး၊ (၄) စည်ပုတ္တရာတန်း ဟူ၍ လေးမျိုးလေးဌာန ခွဲခြားထားသည်။ လွှတ်စေလေးတန်းကခေါ်ရန်မဟုတ်ပဲ၊ အကြပ်အတည်းခေါ်ရန် အမှုထမ်းများမှာ လက်ရသုံးတန်း အမှုထမ်းများက ဖမ်းဆီးချည်နှောင်ခေါ်ရသည်။ ထိုလက်ရသုံးတန်းအမှုထမ်းများသည် လူကိုအဆုံးစီရင်ရန်ရှိသည့်အခါ၌လည်းပါဝင်ရသည်။ ရာဇဌာနီအတွင်း၌ လွှတ်တော်အမိန့်မှတစ်ပါး အခြားရုံးများအမိန့်နှင့် ချည်နှောင်ခွင့်မရချေ။ တရားမရုံးက ချည်နှောင်တောင်းခံလိုလျှင် လွှတ်တော်သို့ အစီရင်ခံစာ တင်ပို့ရသည်။ လွှတ်တော်ဌာနကဆောင်ရွက်ရမြဲ အစဉ်အလာထုံးစံမှာ သာသနာတော်ရေးနှင့် တိုင်ရေးပြည်ရေး ရှိသမျှကို အုပ်ချုပ်ဆင့်ဆိုရသော ဌာနကြီးဖြစ်၍ ရှေးအခါက ဝေပုံဌာနအပိုင်းအခြားမှာ ကိုးဌာနသာရှိသည်။ ဘကြီးတော်ဘုရားလက်ထက်စ၍ နိုင်ငံခြားဌာန တစ်ဌာတိုးရသောကြောင့်ဆယ်ဌာနဖြစ်လာသည်။ ထိုဆယ်ဌာနတို့မှာ - (၁) အရာအထူးခန့်ထားခြင်း၊ နုတ်ပယ်ခြင်း၊ ၎င်းပြင်အရာအထူးအသစ်ခန့်ခြင်း၊ တိုးတက်ခြင်း ပေါ်လာသည့်အခါ သစ္စာတော်ပေးရတိုက်ရခြင်းများနှင့် စပ်လျဉ်းသမျှအမှု (၂) ဥပဒေစကားချပ်များမှာ မှတ်စာရေးသားခြင်း၊ ပြင်ဆင်ခြင်းနှင့်စပ်လျဉ်းသမျှအမှု။ (၃) ကျောက်စာ စာဟောင်းစာတမ်း၊ ပိဋကတ်၊ ရာဇဝင်၊ ဗေဒင်၊ ဝတ္ထုကံဘေးမဲ့ပေး၊ အရပ်ရပ်စာမေးပွဲ စာပြန်ပွဲ၊ အလှူအတန်း ပေးကမ်းထောက်ပံ့ခြင်းစသော သာသနာပညာများနှင့် စပ်လျဉ်းသမျှအမှု။ (၄) ကြည်းကြောင်း ရေကြောင်း အနီးအဝေး အစောင့်အရှောက်စသောစစ်ဖက်နှင့် စပ်လျဉ်းသမျှအမှု။ (၅) မျက်နှာညီမှု၊ လူလုမှု၊ ကြေးတွက်မှု၊ ရိုးရာလုမှု၊ စစ်တမ်း သွင်း စသောတရားရာဇဝင်နှင့် စပ်လျဉ်းသမျှအမှု။ (၆) ကင်းခွန်၊ သစ်တောခွန်၊ တွင်းထွက်ခွန်၊ ရွှေခွန်၊ ငွေခွန်၊ သစ်စေးခွန်၊ ဈေးခွန်၊ ကူးတို့ခွန် စသော အကောက်အခွန်နှင့် စပ်လျဉ်းသမျှအမှု။ (၇) မြေခွန်၊ ရေခွန်၊ ဥယျာဉ်ခွန် စသော လယ်ယာဌာနနှင့် စပ်လျဉ်းသမျှအမှု။ (၈) မြို့လုပ်၊ ကျုံးတာ၊ နန်းတော်အိမ်တော်၊ ကျောင်းဘုရား၊ ဆယ့်နှစ်ရာသီစသော အလုပ်အဆောင်နှင့် စပ်လျဉ်းသမျှအမှု။ ဆယ့်နှစ်ရာသီဆိုရာ၌ နေ့စဉ်လစဉ်နှစ်စဉ် လုပ်ဆောင်မြဲ အခမ်း အနားများနှင့် သေမှုရှင်ခမ်းစသော အကြောင်းများလည်း ပါဝင်သည်။ ထိုကဲ့သို့လုပ်ဆောင်ရန် အခမ်းအနားစာတမ်း များကို လွှတ်တော်က ရေးသားတင်သွင်းရသည်။ ဤကဲ့သို့ ရေးသွင်းသောစာတမ်းကို လွှတ်တော်သွင်းစာမှာတမ်းဟု ခေါ်သည်။ (၉) ခြေလျင်၊ လှေလျင်၊ မြင်းလျင်စသော စာပေးစာယူနှင့် စပ်လျဉ်းသမျှအမှု။ ကြေးနန်းအလုပ်မှာ ၁၂၃၆ခု (၁၈၇၄ခု) နှစ်လောက်စ၍ ပေါ်လာရာကြေးနန်းဝန်၊ ကြေးနန်းစာရေး၊ ကြေးနန်းအုပ်ဟူ၍ သီးခြားထားသည်။ သို့ရာတွင် ကြေးနန်းဌာနသည် စာပေးစာယူဌာနတွင် ပါဝင်သည်။ (၁ဝ) နိုင်ငံခြားနှင့်စပ်သောအမှုများ။ ဤဌာနသည်လည်း ရှေးအခါကမရှိ။ ၁၁၁၉ခု (၁၁၂၇ခု)နှစ်လောက်ကစ၍ ပေါ်ပေါက်လာပြီးလျှင် ဝန်ကြီးတစ်ဦးဦးက နိုင်ငံခြားဌာနကိုကြည့်ရှုရသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား Category:ဒီမိုကရေစီ Category:နိုင်ငံရေး Category:အုပ်ချုပ်ရေး ကဏ္ဍ:လွှတ်တော်များ
ပါလီမန် ဒီမိုကရေစီ စနစ်
ပါလီမန်ဒီမိုကရေစီစနစ် ဆိုသည်မှာ ဒီမိုကရေစီ စနစ်၏ အုပ်ချုပ်ရေး ပုံစံကွဲ (မူကွဲ) တစ်မျိုးဖြစ်သည်။ တိုင်းပြည် အတော်များများတွင် ကျင့်သုံးကြပြီး တည်ငြိမ်မှုရှိသည့် အုပ်ချုပ်ရေးအဖြစ် သတ်မှတ်လက်ခံကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဆိုသည်မှာ လွှတ်တော် ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် နိုင်ငံကို လွှတ်တော်မှတဆင့် တာဝန်ယူအုပ်ချုပ်သည့် စနစ်ဟု အကြမ်းအားဖြင့် ပြောနိုင်သည်။ တချိန်က မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ဖူးပြီး ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ် တာဝန်ယူခဲ့သည့် ဦးနု မှာ အလွန်ဩဇာကြီးသည့် နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် မှ အာဏာသိမ်းယူပြီး ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ |ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခါစ သမိုင်းကြောင်း မူလအဦးဆုံး ကျင့်သုံးသည့်နိုင်ငံမှာ ဂရိတ်ဗြိတိန် (အင်္ဂလန်)(ယူနိုက်တက် ကင်းဒမ်း) ဖြစ်သည်။ ခေတ်သစ် ဒီမိုကရေစီစနစ်နှင့်အတူ ပေါ်ထွန်းလာသည့် အုပ်ချုပ်ရေးစနစ်လည်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံအားဖြင့် လွှတ်တော် နှစ်ရပ်ရှိပြီး လွှတ်တော်အမတ် များမှာ ပြည်သူ တို့က တိုက်ရိုက် ရွေးကောက်သည့်နည်း ဖြင့်ရွေးကောက်ကြသည်။ သို့သော် ချွင်းချက်အားဖြင့် အချို့နိုင်ငံများတွင် ကန့်သတ်လွှတ်တော်အမတ် အရေအတွက်ကို ဥပဒေကြောင်းဖြင့် သတ်မှတ်သည့် အခါလည်းရှိသည်။ ဥပမာအားဖြင့် ဂရိတ်ဗြိတိန် (အင်္ဂလန်)နိုင်ငံတွင် အထက်လွတ်တော်၏ လွှတ်တော်အမတ် အချို့ကို နိုင်ငံ၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သည့် ဘုရင် (သို့) ဘုရင်မ မှ တိုက်ရိုက်ခန့်ထားခွင့်ရှိသည်။ ထိုသို့သော အမတ်များမှာ မြို့စား၊ နယ်စားဘွဲ့ ထူးဂုဏ်ထူး (ဥပမာ Lord,Sir) ရှိသူများ၊သူကောင်းမျိုးနွယ်များ ဖြစ်ကြသည်။ ကျန်လွှတ်တော်အမတ်များကိုမူ ပြည်သူတို့ကတိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ ဝန်ကြီးချုပ်ဖြစ်သူမှာ တိုင်းပြည်၏ အချုပ်အခြာအာဏာတွင်အုပ်ချုပ်ရေး အာဏာကို လက်ကိုင် ကျင့်သုံးရပြီး အစိုးရအဖွဲ့၏ အကြီးအကဲ အဖြစ်တာဝန်ယူရသည်။ အချို့ နိုင်ငံများတွင် အုပ်ချုပ်ရေးအာဏာ ကိုသာမက တရားစီရင်ရေးအာဏာ ကိုပါ သွယ်ဝိုက်သောအားဖြင့် ကိုင်တွယ်ကြသည်။ တရားစီရင်ရေးတွင် အကြီးဆုံး အခွင့်ရှိသူဖြစ်သည့် တရားသူကြီးချုပ်ကို ဝန်ကြီးချုပ်က စိတ်ကြိုက်ခန့်ထားခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခွင့်ပေးခြင်းဖြင့် ဩဇာလွှမ်းမိုးသောအားဖြင့် သွယ်ဝိုက်ကိုင်တွယ် ခြင်းဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင် ဝန်ကြီးချုပ်ဖြစ်သူ၏ ပါတီမှအမတ်ဦးရေက အများစုဖြစ်သည့်အတွက် ဥပဒေပြုရေး အာဏာကိုလည်း သွယ်ဝိုက်အားဖြင့် ရယူထားနိုင်သည်။ တိုင်းပြည် အကြီးအကဲအဖြစ် ဘုရင် (သို့) ဘုရင်မ (သို့) လွှတ်တော်မှ ရွေးကောက်တင်မြှောက်သည့် သမ္မတ စသည်တို့ထဲမှ တမျိုးမျိုးကို ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားပြီး တိုင်းပြည်အုပ်ချုပ်ရန် အာဏာကိုင်စွဲရခြင်း (သို့) အာဏာအပ်နှင်းခြင်း မရှိချေ။ ဥပမာအားဖြင့် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် ဂရိတ်ဗြိတိန်၊ ထိုင်း၊ ဂျပန် နိုင်ငံတို့တွင် ဘုရင် (သို့) ဘုရင်မ နှင့် ၎င်းတို့၏ တော်ဝင်မိသားစုမှာ တိုင်းပြည်အာဏာကို ကိုင်တွယ်ကျင့်သုံးရခြင်း မရှိဘဲ သက်ဆိုင်ရာ အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုသာ ဦးဆောင်ကျင်းပခြင်း၊ ပါဝင်ဆင်နွဲခြင်းတို့ကိုသာပြုလေ့ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် မရှိသည့် အိန္ဒိယတွင်မူ သမ္မတ တဦးကို လွှတ်တော်မှ သက်တမ်းကာလ တခုအတွက်ရွေးကောက်တင်မြှောက်ပြီး ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားသည်။ သို့သော် အမည်ခံ သမ္မတမျှသာဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အထက်တွင်ဖော်ပြထားသည့် ဘုရင်(သို့)ဘုရင်မ များ၏တာဝန်များနှင့် မကွာခြားလှပေ။ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က ဝန်ကြီးချုပ် ဦးနု မှာတိုင်းပြည်၏ အာဏာကို စွဲကိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ များကို လွှတ်တော်မှသာ ဂုဏ်ထူးဆောင်အဖြစ် ရွှေးချယ်ခန့်အပ်ခဲ့သည်။ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် မှာမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သည်။ ထို့အပြင် ကနေဒါ၊ ဩစတျေးလျ အစရှိသည့် နိုင်ငံများတွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော်လည်း နိုင်ငံ့အကြီးအကဲအဖြစ် ဗြိတိန်မှ ဘုရင်(သို့)ဘုရင်မ ကိုလက်ခံပြီး ထိုဘုရင် (သို့) ဘုရင်မ မှသက်ဆိုင်ရာ နိုင်ငံများအတွက် ဘုရင်ခံများကို သတ်မှတ်ခန့် အပ်ပေးသည်ကိုလည်း လက်ခံကြသည်။ တနည်းအားဖြင့် ထိုနိုင်ငံများသည် ဗြိတိန် လက်အောက်ခံနိုင်ငံ ဖြစ်ကြောင်းကို ကျေနပ်စွာ လက်ခံသည်ဟုလည်း ဆိုနိုင်သည်။ ဝန်ကြီးချုပ်ရာထူးအတွက်လိုအပ်ချက်နှင့် ရာထူးသက်တမ်း ဝန်ကြီးချုပ်ရာထူး အတွက် သတ်မှတ်ပုံမှာ အတန်ပင် လွယ်ကူရှင်းလင်းသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးပါတီများမှ လွှတ်တော်အတွင်း အနိုင်ရရေးအတွက် လွှတ်တော်အမတ် လောင်း(ကိုယ်စားလှယ်လောင်း)များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ လွှတ်တော်တွင် အမတ်နေရာ အများဆုံးရသည့် ပါတီ၏ ခေါင်းဆောင်မှာ ဝန်ကြီးချုပ်ရာထူးကို အလိုအလျှောက်ရခြင်းဖြစ်သည်။ လွှတ်တော်တွင် ပါတီတစ်ခုတည်းက ကြီးစိုးနိုင်ခြင်းမရှိလျှင် ပါတီများ ပေါင်းစည်းကာ ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး ၎င်းတို့အထဲမှ အင်အားအကြီးဆုံး ပါတီ၏ ခေါင်းဆောင်မှ ဝန်ကြီးချုပ်ရာထူးကို ရယူသည်။ ထိုသို့ အလိုအလျှောက် ရာထူးရယူခြင်းမဟုတ်ပဲ လွှတ်တော်တွင်းတွင်ရွေးကောက်ပွဲကျင်းပကာ ရွေးကောက်သည့်တိုင် ထိုပါတီခေါင်းဆောင်မှာ လွှတ်တော်အတွင်း မိမိ၏ပါတီမှ အမတ်အများစုဖြစ်ပြီးဖြစ်သည့်အတွက် အနိုင်ရမြဲဖြစ်သည်။ တခါတရံတွင်မူ ထိုပါတီခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ်ရာထူးကိုလက်ခံရန် အခက်အခဲရှိလျှင်သော်လည်းကောင်း၊ ဝန်ကြီးချုပ်ရာထူးကို လက်ခံရန်ဆန္ဒမရှိလျှင်သော်လည်းကောင်း ပါတီတွင်းမှ အရည်အချင်းရှိပြီးလက်ခံနိုင်သည့်သူတဦးဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်နိုင်သည်။ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အာဏာရပါတီဖြစ်သည့် ကွန်ဂရက်ပါတီမှခေါင်းဆောင်ဖြစ်သူ ဆိုနီယာဂန္ဒီက ရာထူးလက်ခံလိုခြင်းမရှိ၍ ပါတီတွင်းမှ မန်မိုဟန်ဆင်န်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့သည်။ သို့သော် အရေးကြီးသည့် အထက်ပါ အချက်မှလွဲလျှင် ဝန်ကြီးချုပ်ရာထူးအတွက် အခြားကန့်သတ်ချက်အချို့မှာ နိုင်ငံအလိုက် အနည်းနှင့်အများ ကွဲပြားလေ့ရှိပါသေးသည်။ ဝန်ကြီးချုပ်၏ ရာထူးသက်တမ်းမှာ ယေဘူယျအားဖြင့် တစ်ကြိမ်ကို ၄နှစ်၊ ၅နှစ် မှ ရနှစ်အထိ သတ်မှတ်လေ့ရှိပြီး အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ တာဝန်ယူနိုင်သည်။ ဝန်ကြီးချုပ်၏အခွင့်အာဏာ ဝန်ကြီးချုပ်သည် နိုင်ငံအုပ်ချုပ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဝန်ကြီးများ ခန့်အပ်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးတွင် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဋ္ဌာန်းသတ်မှတ်ရသည်။ သို့သော် ထိုဥပဒေသည် လွှတ်တော်တွင် အတည်ပြုချက်တောင်းခံရပြီး လွှတ်တော်မှ မဲခွဲဆုံးဖြတ်ကာ ကန့်ကွက်ခံရလျှင် ပျက်ပြယ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။ ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချခြင်း ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချရန် (သို့) ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲရန်အတွက် လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။ အဓိကအားဖြင့် တိုင်းပြည်၏ အရေးကိစ္စများကို ပြီးပြည့်စုံအောင် ဖြေရှင်းမပေးနိုင်ခြင်း၊ ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ နိုင်ငံရေးအရ အကျပ်အတည်းများကို ရှောင်လွှဲမရနိုင်တော့ခြင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း အစရှိသည်တို့အတွက် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် အယုံအကြည်မရှိ အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။ နောက်ယောင်ခံအစိုးရအဖွဲ့ တိုင်းပြည်အချို့တွင် အာဏာရပါတီ၏ အစိုးရလက်ထက်တွင် ၎င်းတို့၏ အမှားအယွင်းများနှင့် အားနည်းချက်များကို လေ့လာစောင့်ကြည့်ရန်၊ ဖော်ထုတ်ဝေဖန်ရန် အတွက် ပြိုင်ဖက် အတိုက်အခံပါတီများက နောက်ယောင်ခံ အစိုးရအဖွဲ့ ကိုဖွဲ့စည်းတတ်ကြသည်။ ဥပမာအားဖြင့် လက်ရှိဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် လေဘာပါတီ ခေါင်းဆောင်ဖြစ်ပြီး ယခင် ကွန်ဆာဗေးတစ်ပါတီ အစိုးရလက်ထက်တွင် လေဘာပါတီမှ ဖွဲ့စည်းသည့် နောက်ယောင်ခံ အစိုးရတွင် ဘဏ္ဏာရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ဖူးသည်။ ထိုသို့ ဖွဲ့စည်းခြင်းဖြင့် တိုင်းပြည်အုပ်ချုပ်သည့် အာဏာရပါတီ အနေဖြင့် ကျင့်ဝတ်ကောင်းရန်၊ လမ်းစဉ်မှန်ကန်မှုရှိရန်၊ မလျှော်ကန်သည့် အမှုမျိုးမလုပ်နိုင်ရန် ထိန်းကွပ်ပြီးသကဲ့သို့ ဖြစ်ပြီးသွားသည်။ သို့သော် ရင့်ကျက်မှုနည်း သည့်၊ ရန်လိုတတ်သည့်၊ ဆင်ခြင်တုံတရား နည်းသည့် အတိုက်အခံတို့နှင့် တွေ့လျှင် အစိုးရအနေဖြင့် အခက်အခဲတွေ့နိုင်သည့် အတွက် အစိုးရ၊ အတိုက်အခံ နှစ်ဖက်လုံးမှ မျှတပြီး ရင့်ကျက်ရန်၊ တိုင်းပြည်အကျိုးကို ဦးစားပေးရန်လိုသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခံယူချက် အားနည်းကာ ရင့်ကျက်မှု နည်းသည့်အတွက် မကြာခဏ စစ်တပ်မှ အာဏာသိမ်းခြင်း၊ ဝန်ကြီးချုပ် အပြောင်းအလဲများခြင်း၊ မကြာခဏ ဆူပူဆန္ဒပြခြင်းတို့ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။ ထင်ရှားသောပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများ ကမ္ဘာပေါ်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံ အများအပြားရှိသည့်အနက် ထင်ရှားသိသာသည့် နိုင်ငံအချို့မှာအောက်ပါတို့ဖြစ်သည်။ ဂျပန်(စည်းမျဉ်းခံဘုရင်စနစ်) ထိုင်း(စည်းမျဉ်းခံဘုရင်စနစ်) ဘူတန်(စည်းမျဉ်းခံဘုရင်စနစ်) ဂရိတ်ဗြိတိန်(စည်းမျဉ်းခံဘုရင်စနစ်) အိန္ဒိယ(ဂုဏ်ထူးဆောင်သမ္မတစနစ်) စင်္ကာပူ(ဂုဏ်ထူးဆောင်သမ္မတစနစ်) မလေးရှား(စည်းမျဉ်းခံဘုရင်စနစ်၊ပြည်နယ်ကိုးခုမှ စော်ဘွားများကိုဘုရင်အဖြစ်အလှည့်ကျတင်မြှောက်သည်။) ကမ္ဘောဒီးယား(စည်းမျဉ်းခံဘုရင်စနစ်) အစ္စရေး(ဂုဏ်ထူးဆောင်သမ္မတစနစ်) အီတလီ(ဂုဏ်ထူးဆောင်သမ္မတစနစ်) ဆွီဒင်(စည်းမျဉ်းခံဘုရင်စနစ်) ရှန် (ဂုဏ်ထူးဆောင် သမ္မတစနစ်) Category:ဒီမိုကရေစီ
သမ္မတစနစ်
သမ္မတ စနစ်မှာ တိုင်းပြည်တော်တော်များများတွင်ကျင့်သုံးနေပြီး ဒီမိုကရေစီ စနစ်သာမက အာဏာရှင်စနစ်၊တစ်ပါတီစနစ် (အီဂျစ်၊ဆီးရီးယား၊မြောက်ကိုရီးယား၊တရုတ်၊ဗီယက်နမ်)အစရှိသည့် နိုင်ငံများတွင်ပါကျင့်သုံးကြသည်။ သို့သော် ယခုဖော်ပြမည့် စနစ်မှာ ဒီမိုကရေစီ စနစ်ပေါ်တွင်အခြေခံသည့် သမ္မတစနစ်သာဖြစ်သည်။ နောက်ခံသမိုင်းကြောင်း သမိုင်းမှတ်တမ်းများအရ ခေတ်သစ်ကမ္ဘာတွင် သမ္မတစနစ်ကျင့်သုံးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အဦးဆုံးဖြစ်သည်။ ဗြိတိန်တို့၏ ကိုလိုနီပြုထားသည်ကိုတွန်းလှန်ပြီး ပြည်နယ် ၁၃ ခုဖြင့် ပြည်ထောင်စုဖွဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ သမ္မတစနစ်ဖြင့်အုပ်ချုပ်ရန် သဘောတူကြသည်။ ဂျော့ချ် ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံအားဖြင့် သမ္မတစနစ်၏ အုပ်ချုပ်ရေး အာဏာအပိုင်းတွင် ဖွဲ့စည်းပုံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သမ္မတမှ နိုင်ငံ၏ တာဝန်ကို အလုံးစုံတာဝန်ယူကာ ပြည်တွင်းပြည်ပ အရေးနှစ်ရပ်လုံးကို စီမံခန့်ခွဲသည်။ (ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။) ဒုတိယတစ်မျိုးမှာ သမ္မတက ပြည်ပရေးရာ၊ ကာကွယ်ရေးနှင့် အရေးပါသည့် ဝန်ကြီးဌာနများကို ကိုင်တွယ်ပြီး ပြည်တွင်းရေးရာ (လုံခြုံရေး၊ ပညာရေးနှင့် စီးပွားရေး အစရှိသည်)တို့တွင် ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်ပြီး ဦးဆောင်စေသည့်ပုံစံဖြစ်သည်။ သို့သော် ထိုဝန်ကြီးချုပ်မှာ ပါလီမန် ဒီမိုကရေစီ စနစ်၏ ဝန်ကြီးချုပ်များကဲ့သို့မဟုတ်ပဲ သမ္မတက အချိန်မရွေး ပြန်လည်ထုတ်ပယ်နိုင်သည်။ (ဥပမာအားဖြင့် ရုရှား၊ ပြင်သစ်၊ ထိုင်ဝမ်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။) ထို့အပြင်နိုင်ငံရေးအရ မိမိနှင့် မဟာမိတ်ပါတီမှ ခေါင်းဆောင်ကို အာဏာခွဲဝေပေးရန်အတွက်လည်း ဝန်ကြီးချုပ်ရာထူး ခန့်လေ့ရှိပြန်သည်။ (ဥပမာအားဖြင့်ယူကရိန်း) ထိုသို့ဝန်ကြီးချုပ်များခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်းဖြစ်သည်။ သမ္မတကို ရွေးကောက်တင်မြောက်ရာတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်စနစ်ကိုသာ အများဆုံး ကျင့်သုံးကြပြီး၊ ရံဖန်ရံခါ လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြောက်သည်လည်းရှိသည်။ ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြောက်ပုံမှာ လွယ်ကူရှင်းလင်းသည်။ လွှတ်တော်မှတစ်ဆင့် ရွေးကောက်ခြင်းသည် ပြည်တွင်းတည်ငြိမ်မှုရစေရန်အတွက်၊ ပြည်သူတို့ နိုင်ငံရေးတွင် မရင့်ကျက်သည့်အတွက် ဟူ၍အကြောင်းပြချက်များဖြင့် ပြည်သူတို့ကို နိုင်ငံရေးနယ်ပယ်မှဝေးကွာစေရန် ရည်ရွယ်ချက်ဖြင့်လည်း ပြုလုပ်ကြသည်။ (ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဖြစ်ပေါ်လာမည့် အနာဂတ် မြန်မာနိုင်ငံ) သမ္မတစနစ်တွင် အများအားဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူသည့် သမ္မတသည် ကျန်ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာများနှင့် သက်ဆိုင်ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတများသည် ဥပဒေပြုရေးအာဏာဖြစ်သည့် လွှတ်တော်သို့ ဖိတ်ခေါ်ခြင်းမရှိလျှင် သွားရောက်ခွင့်မရှိပေ။ ထို့ပြင် သမ္မတများသည် နိုင်ငံတော်တရားသူကြီးချုပ်ကို ခန့်ထားပိုင်ခွင့်သာရှိပြီး ရာထူးမှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် မရှိသည့်အတွက် တရားစီရင်ရေးအာဏာကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။ သို့သော် အချို့နိုင်ငံများ၌ သမ္မတတွင် တရားသူကြီးချုပ်များအား အကျိုးအကြောင်းပြကာ ပြန်လည်ဖြုတ်ချ ခွင့်ရှိကြသည်။ သမ္မတဖြစ်ရန်လိုအပ်ချက်များနှင့် ရာထူးသက်တမ်း သမ္မတတစ်ဦးဖြစ်ရန်အတွက် နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံနှုန်းများ ကွာခြားတတ်သည်။ သို့သော် နိုင်ငံသားဖြစ်ရမည်၊ ပါတီဝင်ဖြစ်ရမည် ဟူသည့်အချက်များမှာ ဥပဒေအဖြစ် အတိအလင်းပြဋ္ဌာန်းထားခြင်း မရှိသည့်တိုင် အများက နားလည်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် အမျိုးသားရေးဝါဒကို အသားပေးသည့်နိုင်ငံများတွင် သမ္မတ တစ်ဦးအတွက် သတ်မှတ်ချက် များလေ့ရှိပြီး ပွင့်လင်း လွတ်လပ်မှုကို အသားပေးသည့် နိုင်ငံများတွင်မူ သတ်မှတ်ချက် နည်းပါးတတ်သည်။ သမ္မတရာထူးသက်တမ်းမှာ နိုင်ငံအလိုက်ကွဲပြားတတ်သည်။ အများအားဖြင့် တစ်ကြိမ်လျှင် ၄ နှစ်နှုန်းဖြင့် နှစ်ကြိမ်အထိ ထမ်းဆောင် နိုင်သည်။ သို့သော် အာဏာရှင်စနစ်ကိုကြောက်ရွံပြီး တစ်ဦးတစ်ယောက်မှ အာဏာကိုရေရှည်ကိုင်တွယ်ကာ ဩဇာထူထောင်မည့် အဖြစ်ကိုရှောင်လွှဲရန်အတွက် ၄ နှစ်ထက်ပိုသောသက်တမ်း တစ်ကြိမ်ကိုသာထမ်းဆောင်ရန်သတ်မှတ်သည်လည်း ရှိတတ်သည်။ (ဥပမာအားဖြင့် တောင်ကိုးရီးယား သမ္မတများသည် ၅နှစ်သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည်။) သမ္မတ၏အခွင့်အာဏာ သမ္မတတစ်ဦးအနေဖြင့် လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေကို လက်မှတ်ထိုးကာ အတည်ပြုပေးရသည်။ သို့သော် အချိန်အကန့်အသတ် တစ်ခုအတွင်း အတည်မပြုပေးသည့်တိုင် ထိုဥပဒေအား လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းနိုင်သည်။ သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဋ္ဌာန်းနိုင်သည်။ သို့သော် ထိုသို့ပြဋ္ဌာန်းသည့် ဥပဒေသည် လွှတ်တော်၏ အတည်ပြုခြင်းကို ရယူရန်လိုအပ်ပြီး လွှတ်တော်မှ အတည်မပြုလျှင် ပျက်ပြယ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။ သမ္မတအားပြန်လည်ဖြုတ်ချခြင်း သမ္မတတစ်ဦးအား ပြန်လည်ဖြုတ်ချရန်မှာမူ ဖြစ်ခဲလှပါသည်။ အကြောင်းမှာ ပါလီမန် ဒီမိုကရေစီစနစ်ကဲ့သို့ မဟုတ်ပဲ အုပ်ချုပ်ရေး အကြီးအကဲ (သမ္မတ) သည် လွှတ်တော်နှင့် ပိုင်းခြားထားသည့်အတွက်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးသက်တမ်းပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် အာမခံပြဋ္ဌာန်းပေးထားသည်ကြောင့်လည်းကောင်း ဖြစ်လေ့ ရှိကြသည်။ သို့သော် အကျင့်စာရိတ္တပျက်ယွင်းသည့်အတွက် သက်သေအထောက်အထား ခိုင်လုံလျှင် လွှတ်တော်အတွင်း တရားစွဲဆိုမှုပြုနိုင်ရန် မဲခွဲဆုံးဖြတ်ပြီး တရားစွဲဆိုနိုင်သည်။ တရားစွဲဆိုခြင်းခံရပြီး အပြစ်ရှိကြောင်းထင်ရှားလျှင် တရားရုံး၏ အဆုံးအဖြတ်အတိုင်း ရာထူးမှ နုတ်ထွက်ရသည်။ ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ အမေရိကန်ပြည်ထောင်စု (သမ္မတ အာဏာပိုင်စနစ်) ပြင်သစ် (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) ရုရှား (သမ္မတအာဏာပိုင်၊ ဝန်ကြီးချုပ်ခန့်အပ်စနစ်) အင်ဒိုနီးရှား (သမ္မတ အာဏာပိုင်စနစ်) ဖိလစ်ပိုင် (သမ္မတ အာဏာပိုင်စနစ်) တောင်ကိုရီးယား (သမ္မတ အာဏာပိုင်စနစ်) တောင်အာဖရိက (သမ္မတ အာဏာပိုင်စနစ်) ယူကရိန်း (သမ္မတ၊ ဝန်ကြီးချုပ် အာဏာခွဲဝေစနစ်) တို့ဖြစ်ကြသည်။ အထူးသတိပြုရန် အချက်တစ်ချက်မှာ အချို့နိုင်ငံများ၏ တရားဝင်အမည်များတွင် "သမ္မတ"ဟူသည့်စကားလုံးကို သုံးစွဲထားသည့်တိုင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သည် မဟုတ်ချေ။ ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် စင်္ကာပူ (စင်္ကာပူသမ္မတနိုင်ငံ)၊ အိန္ဒိယ (အိန္ဒိယသမ္မတနိုင်ငံ)တို့ ရှိတတ်သည်။ ထို့ပြင် အာဏာရှင်နှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် အချို့နိုင်ငံများတွင်လည်း ထိုကဲ့သို့ သမ္မတ ဆိုသည့်အသုံးအနှုံးမျိုးကို သုံးစွဲတတ်သည်။ ကိုးကား Category:နိုင်ငံရေး စနစ်များ Category:အုပ်ချုပ်ရေး ပုံစံများ
အချုပ်အခြာအာဏာ
အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက်၎င်း လိုအပ်သည့်အာဏာမျိုးဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိတို့တိုင်းပြည်နှင့်လူမျိုး အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော တိုင်းပြည်တစ်ပြည်၏ အဓိက ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာ အာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။ထိုအရာကို အချုပ်အခြာ အာဏာဟုခေါ်သည်။ အုပ်ချုပ်ရေးအာဏာ အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ် အုပ်ချုပ်သည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတ များက အုပ်ချုပ်ရေး အကြီးအကဲအဖြစ်နှင့် ၎င်းအုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးသည်။ ဥပဒေပြုရေးအာဏာ ဥပဒေပြုရေးအာဏာ ကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိပဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ ထို လွှတ်တော်၏ တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့် ဥပဒေများကို အချိန်အခါ နှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြုမဲပေးခြင်းစနစ် ကို ကျင့်သုံးသည်။ တရားစီရင်ရေးအာဏာ တရားစီရင်ရေးအာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ် အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာ ကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှု နှင့် သက်ဆိုင်ရာ ဥပဒေသ များကိုကျေညက်စွာ နားလည်မှု တို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ရွေးကောက်ခြင်းဖြင့် ခန့်အပ်မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ၊ ဝန်ကြီးချုပ်) ကရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ရှိကြသည်။ Category:အချုပ်အခြာအာဏာ Category:နိုင်ငံရေး
မွတ်စလင်မ်
မွတ်စလင်မ် ပျံ့နှံ့နေထိုင်မှု မိုဟာမက်ကိုဘာသာရေးသာမက နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဘက်မှ ဆက်ဆန်းနစ်(Sassanids)တို့၏ ပါရှန်းအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဘက်မှ အရှေ့ရောမအင်ပါယာ(ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ကိန်းဂဏန်း၊လူဦးရေ အရနှိုင်းယှဉ်လျှင် အာရပ်နှင့် ထိုအင်ပါယာကြီးနှစ်ခုကြားတွင် အလွန့်အလွန်ကွာခြားသည်ဟုဆိုရမည်ဖြစ်သော်လည်း ဘာသာရေးယုံကြည်ချက်ဖြင့် နှိုးဆွထားသည့် အာရပ်တို့အတွက်မူ ထိုကွာခြားမှုတို့ကို မမှုတော့ပေ။ မိုဟာမက်နောက်ဆက်ခံသည့် အဘူဗကရ်နှင့် အုမရ်အိဗနေအယ်လ်ခတ်တဗ် (Umar ibn al-khattab)တို့လက်ထက်များတွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အလွန်သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ဖြစ်သည်။ အချိန်တိုအတွင်း မက်ဆိုပိုတေးမီးယား(Metsopoyamia)၊ ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသများကို သိမ်းသွင်းပြီး အယူဝါဒသစ်ကို ပြန့်ပွားရန် အားထုတ်ကြသည်။ ၆၄၂တွင် အီဂျစ်ကို ဘိုင်ဇန်တိုင်းအင်ပါယာ လက်မှဖဲ့ယူပြီး အရှေ့ဘက်မှ ပါရှားတပ်များကို ဒီစီယားစစ်ပွဲ(၆၃၇) နှင့် နေဟာဗင်စစ်ပွဲ(၆၄၂)များတွင် အပြီးသတ် အောင်နိုင်သည်။ဂျီဘရော်တာရေလက်ကြားကိုဖြတ်ကာ ဥရောပကုန်းမြေရှိ စပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ ဥရောပရှိ မူလခရစ်ယာန်နိုင်ငံများအားလုံး မူဆလင်တို့၏ သိမ်းသွင်းမှုခံရတော့မည့် အနေအထားသို့ ခြိမ်းခြောက်လာသည့်တိုင် ပြင်းထန်လှပေသည်။ သို့သော် ရ၃၂ ခု၊ ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး(Tours) စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ စပိန်အနေဖြင့် နောင်အနှစ် ရ၀၀ကျော်ရုန်းကန်ပြီးမှသာ မွတ်စလင်တို့လက်အောက်မှ လွတ်ထွက်ပြီး ခရစ်ယာန်နိုင်ငံအဖြစ် ပီပီပြင်ပြင်ပြန်လည်ရပ်တည်နိုင်သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းဒေသများလည်း ဆက်တိုက်ပင် အာရပ်တို့လက်အောက်မှလွတ်မြောက်သည် ဟုဆိုနိုင်သော်လည်း အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာ နှစ်မျိုးလုံးကိုပင် ဆက်လက်ပြီး လက်ခံကျင့်သုံးမြဲ၊ကျင့်သုံးဆဲပင်ဖြစ်သည်။ ရည်ညွှန်းကိုးကား Neatorama Wikipedia ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း မူရင်းရေးသားသူ - ဘိုးစိန် ရည်ညွှန်းကိုးကား - Neatorama, Wikipedia Category:ဘာသာရေး Category:အစ္စလာမ်ဘာသာ