title
stringlengths
1
100
text
stringlengths
14
646k
အာဆီယံစံတော်ချိန်
အာဆီယံစံတော်ချိန်သည် အာဆီယံပါဝင်နိုင်ငံများအသုံးပြုဖို့အတွက် အကြံဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အာဆီယံအသင်းဝင်နိုင်ငံများ၏ စံတော်ချိန်ဇုန်သည် UTC+၆:၃၀၊ UTC+၇၊ [[UTC+၈ နှင့် UTC+၉ ဖြစ်သည်။ UTC+၇, UTC+၈, UTC+၉ UTC+၈ UTC+၈ UTC+၈ UTC+၈ UTC+၇ UTC+၇ UTC+၇ UTC+၇ UTC+၆:၃၀ ပြင်ပလင့်များ Category:အရှေ့တောင်အာရှနိုင်ငံများအသင်း Category:အချိန်ဇုန်များ
အာဆီယံအလံတော်
အာဆီယံ အလံတော် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လက်ရှိအလံတော်သည် ၁၉၉၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုဖြင့် စတင်အတည်ပြုသတ်မှတ်သည်။ အလံ၏ဖွဲ့စည်းပုံမှာ အပြာရောင်နောက်ခံအပေါ်တွင် စပါးနှံ ၁၀ ချောင်းပါရှိသည်။ စပါးတံများသည် အဝိုင်းအနီ၏အလယ်တွင် ဆွဲသားထားသည်။ အာဆီယံ၏ အသင်းဝင်နိုင်ငံ ၁၀ နိုင်ငံကို ကိုယ်စားပြုသောအားဖြင့် စပါးနှံ ၁၀ ချောင်းထားရှိခြင်း ဖြစ်သည်။ အာဆီယံ၏ ယခင်က သုံးစွဲခဲ့သော အလံမှာ မျက်မှောက်ကာလ အလံနှင့် ဆင်တူသည်။ အာဆီယံကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံ ငါးနိုင်ငံနှင့် ထပ်တိုး အဖွဲ့ဝင် ဘရူနိုင်း နိုင်ငံ စုစုပေါင်း ၆ နိုင်ငံကို ကိုယ်စားပြုကာ စပါးနှံ ၆ ချောင်း ရေးဆွဲထားပြီး အင်္ဂလိပ်စာလုံး ASEAN ကို စပါးနှံများ၏ အောက်တွင် ရေးသားပါရှိသည်။ ယခင်အလံ၏ နောက်ခံအရောင်သည် အဖြူရောင်ဖြစ်ပြီး စက်ဝိုင်း၏ အနားသတ်အရောင်သည် အပြာစိမ်းအရောင်ဖြစ်ကာ စက်ဝိုင်းသည် တောက်ပသောအဝါရောင် ဖြစ်သည်။ စပါးများ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ ပြင်ပလင့်ခ်များ ASEAN - Official description of the flag Flag of the World - Description at FotW along with history Category:အရှေ့တောင်အာရှနိုင်ငံများအသင်း Category:အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အလံများ
အာဆီယံတေးသီချင်း
အာဆီယံတေးသီချင်း (အာဆီယံညီညွတ်ရေး တေးသီချင်း)သည် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ တေးသီချင်းဖြစ်သည်။ နီကာနော်တီအုန်းစုန်သည် စာသားရေးပြီး ရိုင်ယန်ကာယာဗျပ် စာစီသည်။ အာဆီယံတေးသီချင်းသည် ဖန်ဖို့လိုသေးသည်။ သီချင်းသား ASEAN, oh, ASEAN Our voices rise as one. From land to land, from sea to sea Reach out to everyone. ASEAN, oh, ASEAN, Let's link our arms and stand. Behold the sun has risen to The level of our eyes. အောက်ခြေမှတ်ချက်များ External links Download the song (from ASEAN Homepage) Category:အရှေ့တောင်အာရှနိုင်ငံများအသင်း
ပရိုဂရမ်
ပရိုဂရမ်သဒ္ဒါလည်းကြည့်။ ကွန်ပြူတာပရိုဂရမ် ဆိုသည်မှာ အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ရန်အတွက်ညွှန်ကြား ချက်များကိုစုစည်းထား သော ညွှန်ကြားချက် အစုအဝေးကို ခေါ်ဆိုသည်။ အဆိုပါညွှန်ကြားချက် အစုအဝေးများပေါင်း စုထားသော ပရိုဂရမ်အစုအဝေးကို ကွန်ပြူတာဆော့ဝဲဟု ခေါ်ဆိုသည်။ ကွန်ပြူတာပရိုဂရမ်များသည် ယခုအချိန်ဆိုလျှင် စတုတ္ထမျိုးဆက်သို့ တိုင်ရောက်လာခဲ့ပြီဖြစ်သည်။ ကွန်ပြူတာ ပရိုဂရမ်တစ်ခု အခုအလုပ်လုပ်နိုင်ရန်အတွက် စက်မှ နားလည်နိုင်ရန်အတွက် ပြောင်းလဲပေးသော ကြားခံပရိုဂရမ်တစ်ခု လိုအပ်ပြန်ပါသည်။ ပရိုဂရမ် ဆိုသည်မှာ အမိန့်စာကြောင်းများစွာ (Instructions) ပါဝင်သော (သို့)ကွန်ပျူတာကို ခိုင်းစေနိုင်သော အမိန့်စာကြောင်းများ ပါဝင်သော ကွန်ပျူတာက နားလည်နိုင်တဲ့ ဘာသာစကား တစ်မျိုး ဖြစ်သည်။ ကွန်ပျူတာရဲ့ လုပ်ဆောင်မှု အားလုံးကို ထိန်းချုပ်ကိုင်တွယ် ခိုင်းစေနိုင်စွမ်းရှိသော ဘာသာရပ် ဖြစ်သည်။ ကွန်ပျူတာနည်းပညာတွင် ပရိုဂရမ်ဘာသာရပ် မြောက်မြားစွာ ရှိသည်။ လူတစ်ယောက် ၏ တွေးခေါ်မှု ၊ စိတ်ပုံဖော်မှု များကို ကွန်ပျူတာ နားလည်နိုင်သော command word (or) instruction (အမိန့်စာကြောင်း) များဖြင့် ပုံဖော်ခြင်း နည်းပညာ ဖြစ်သည်။ သင်္ချာနည်းပညာ တွက်ချက်မှုများအား မဏ္ဍိုင်ထား၍ လုပ်ဆောင်မှု အမျိုးမျိုး၊ တွက်ချက်မှု အမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုး ကို ဖန်တီးနိုင်ခြင်းများ လုပ်ဆောင်နိုင်သော Language ဟုလည်း အကြမ်းအားဖြင့် သိရှိနိုင်သည်။ Programming of Computer ကို အသုံးပြုသည့်နယ်ပယ်များမှာ အမြောက်အမြား ရှိသည်။ မည်သည့်နယ်ပယ်တွင် အသုံးပြု သည် ကိုတော့ အောက်တွင် ဖော်ပြထားသော ကွန်ပျူတာ သိပ္ပံနယ်ပယ် မှ ရွေးထုတ် ဖော်ပြရမည် ဖြစ်သည်။ Theoretical computer science( သီအိုရီ ပိုင်းဆိုင်ရာ) Algorithms and data structures(သင်္ချာနည်းပညာများအား ပုံစံချ ရေးဆွဲခြင်း) Programming methodology and languages(ပရိုဂရမ် လုပ်ရိုးလုပ်စဉ် နှင့် ၎င်း တို့၏ ဘာသာရပ် များ) Computer elements and architecture(ကွန်ပျူတာ ၏ အီလက်ထရောနစ်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ) Numerical and symbolic computation(သင်္ချာဂဏန်း နှင့် သင်္ကေတများကို အသုံးပြုပြီး သိပ္ပံဘာသာရပ်များတွင် တွက်ချက်မှုစနစ် မှတဆင့် ပုံဖော်ရေးဆွဲခြင်း Applications(ကွန်ပျူတာတွင် အများပြည်သူသုံး အဖြစ် အသုံးချ ဆော့ဖ်ဝဲများ ရေးဆွဲတည်ဆောက်ခြင်း) အထက်ပါ နယ်ပယ်များ အားလုံး သည် field of Computer Science (ကွန်ပျူတာ သိပ္ပံနယ်ပယ်) ၌ ပါဝင် ပါသည်။ သို့ဖြစ်၍ ကွန်ပျူတာ ပရိုဂရမ်သမား တစ်ယောက်သည် အီလက်ထရောနစ် နည်းပညာ၊ ယုတ္တိ တန်သော တွေးခေါ်မှု ပိုင်းဆိုင်ရာ နှင့် သင်္ချာနည်းပညာ ကို အခြေခံ နှင့် အထက် တတ်မြောက်ထား မှ သာလျှင် အထစ်အငေါ့ မရှိ အဆင်ချော မည်သာ ဖြစ်သည်။ လူ၏ စိတ်ခံစားမှု စဉ်းစားတွေးခေါ်မှုများကို ပုံဖော်ခြင်း ဖြစ်သည့်အတွက် လူ့စိတ်ကဲ့ သို့ ပြောင်းလွယ် ပြင်လွယ် ဖြစ်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်အား စတင်လေ့လာ လိုက်စားသည်နှင့် တပြိုင်နက် မိမိသင်ထားသော အကြောင်းအရာများကို ပုံသေ မမှတ်စေလိုခြင်း ဖြစ်သည်။ ထပ်မံ၍ ရှင်းလင်းရသော် ဥပမာ။ ။ ပရိုဂရမ် တစ်ပုဒ် ၌ a=100; ဟု ရေးထားလျှင် a ၏ တန်ဖိုးသည် တစ်ရာ နှင့် ညီသည်။ သို့သော် a ၏ တန်ဖိုးသည် အမြဲတမ်း တစ်ရာ နှင့် မညီကြောင်း သိရှိထားရမည်။ a သည် ပထမ အခြေအနေတွင် တစ်ရာ နှင့် ညီထားသောလည်း ပရိုဂရမ်အရ ဒုတိယအခြေအနေတွင် တစ်ထောင် ၊တစ်သောင်း ၊တစ်သိန်း၊ တစ် စသည့် တန်ဖိုးများအဖြစ်လည်း ရောက်ရှိသွားနိုင်သည်။ ပရိုဂရမ် ၏ လိုလားချက် အရ ကိန်းရှင် ဖြစ်သော a ၏ တန်ဖိုးကို လိုအပ်သလို လှည့်စားပြောင်းလဲတွက်ချက်နိုင် ခြင်းကို ဆိုလိုသည်။ ရင်းမြစ် Myanmar Hero Category:နည်းပညာ az:Kompüter proqramları io:Programo is:Tölvuforrit lt:Programa (kompiuterio)
စွယ်စုံကျမ်း
၁၉၀၂ ခုနှစ် ထုတ်ဝေသော Brockhaus Konversations-Lexicon စွယ်စုံကျမ်းဆိုသည်မှာ အားလုံးသောဘာသာရပ်များကို ဖော်ပြရှင်းလင်းထားသော စာအုပ်အစုအဝေး တစ်ခုဖြစ်သည်။ အက္ခရာစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားသည်။ အေဒီ ၁ ရာစုမှ ဖလင်းနီးဆိုသူ ရောမမြို့သား ရေးသားခဲ့သော သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးသည် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကြသည်။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ အတွဲပေါင်း (၅၀၂၀)ပါဝင်သော အကြီးမားဆုံး စွယ်စုံကျမ်းကြီးမှာ တတိယအကြိမ် ပြုစုထားသော တရုတ်စွယ်စုံကျမ်းကြီး ဖြစ်သည်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားသော စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဓမ္မဆရာတစ်ဦး ဖြစ်သော ဂျွန်ဟာရစ်က ရေးသားခဲ့သည်။ စွယ်စုံကျမ်း အမည်မှာ တစ်လောကလုံးဆိုင်ရာ ဝိဇ္ဇာနှင့် သိပ္ပံ အင်္ဂလိပ် အဘိဓာန် ဖြစ်သည်။၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှေးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်သောကျမ်းကို စွယ်စုံကျမ်းဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြသည့်နည်းတူ ယခုခေတ်တွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်သော အင်္ဂလိပ်ဘာသာဖြင့် Encyclopedia ဟူသည့် ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။ ဗဟုသုတ အမျိုးမျိုးတို့ကို ဗဟုသုတရှာမှီးသူတို့ လွယ်လင့်တကူ ရှာဖွေဖတ်ရှု၍ အကိုးအကား ပြုနိုင်ကြစေခြင်းငှာ စုဆောင်းရေးသား ပြုစုထားသောကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် 'Encyclopedia'ဟု ခေါ်လေသည်။ လူတို့သည် မိမိနှင့် တကွ မိမိပတ်ဝန်းကျင်ကို သိလိုသောဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာတို့ကို ရှာဖွေစူးစမ်း၍ စာများကို ရေးသားကြလေသည်။ ဤ သည်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် လူတို့သိလိုသော ဗဟုသုတအချက်အလက်တို့ကို အလွယ်တကူ ရှာဖွေရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဗဟုသုတအမျိုးမျိုးနှင့် ဆိုင်ရာ အချက်အလက်များကို စုဆောင်း၍၊ လူတို့ လွယ်လင့်တကူဖတ်ရှု ကိုးကားနိုင်ကြစေရန် စွယ်စုံကျမ်းဟူသည်ကို ပြုစုကြရသည်။ စွယ်စုံကျမ်းသည် လူ တိရစ္ဆာန် အရာဝတ္ထုတို့နှင့် တကွ ယင်းတို့တည်ရှိရာ နေရာဒေသအကြောင်းတို့ကို ဖော်ပြပေးသည်။ ထို့ကြောင့် စွယ်စုံကျမ်း၏ အခြေခံသဘောကား လူတို့က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ မေးလိုက်သော မေးခွန်းတို့ကို အဖြေရှာပေးရသည့် သဘောပင်ဖြစ်၏။ စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း 'အင်စိုင်ကလိုပီးဒီးယား'ဟူသော စကားသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို သင်ကြားပေးခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည်။ ဤသဘောသည် ပညာဗဟုသုတအရာ၌ နှစ်ဖက်စွယ်စုံ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ မြန်မာ့ဂန္ထဝင်တွင် ကျည်းကန်ရွာ၌ သီတင်းသုံးသော အရှင်နန္ဒဓဇ သာမဏေသည် သက္ကရာဇ် ၁၁၅၈ခု နှစ်တွင် ပုစ္ဆာပေါင်းတစ်ထောင့်တစ်ရာပါဝင်သော စွယ်စုံကျော်ထင်အမည်ရှိ ပုစ္ဆာကျမ်းကို ပြုစုခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ကျည်းကန်ရှင်ကြီးဟု တွင်၏။ ဤသို့ရေးသားရာ၌ ဆရာတော်ဘုရားသည် 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာဏ်စွယ်စုံ ဖြစ်စေခြင်းငှာ'ဟူ၍ ရည်ရွယ်ချက်ကို ပြဆိုခဲ့သည်။ ထိုပြဆိုခဲ့သော ရည်ရွယ်ချက်အတိုင်း စွယ်စုံကျော်ထင်ကျမ်းမှာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတတို့ဖြင့် ပြည့်ဝလျက်ရှိပေသည်။ ရှေးရိုးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်းတို့၌ စွယ်စုံဗဟုသုတရှိအောင် ရည်ရွယ်ချက်ထားကြဘိသကဲ့သို့ အနောက်နိုင်ငံတွင်ရှိသော ဗဟုသုတလိုလားသူ ပညာရှင်တို့သည်လည်း သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ၌ စွယ်စုံဗဟုသုတရှိရန် ရည်ရွယ်ကြလေသည်။ ယခုခေတ်မြန်မာနိုင်ငံရှိ ဗဟုသုတရှာမှီးလိုသော ပုဂ္ဂိုလ်တို့သည်လည်း အနောက်တိုင်း နိုင်ငံသားတို့နှင့် အလားတူသိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များနှင့်ဆိုင်ရာ ဗဟုသုတအချက်အလက်ကို လေ့လာ ရှာမှီးလိုကြပေသည်။ ထို့ကြောင့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခဲ့သည်ကို အစွဲပြု၍၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်း၏ သဘောကိုယူပြီးလျှင်၊ 'အင်စိုင်ကလိုပီးဒီးယား' ဟူသော ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။ စွယ်စုံကျမ်းဂန္ထဝင် အနောက်နိုင်ငံသားတို့၏ အဆို၌၊ လောက၌ရှိသော ဗဟုသုတအရပ်ရပ်တို့ကို ကျမ်းစဉ်များဖြင့် ပထမဦးစွာရေးသားပြုစုသူမှာ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ဖြစ်သည်ဟု ဆိုသည်။ အရစ္စတိုတယ်ကို အနောက်တိုင်းသားတို့က 'စွယ်စုံကျမ်းတို့၏ဖခင်' ဟုသမုတ်ကြသည်။ သို့ရာတွင် ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ်နိုင်ငံ၌ ပြုစုကြသည်ဟု တရုတ်ယဉ်ကျေးမှု သုတေသီ ပုဂ္ဂိုလ်တို့က ဆိုကြသည်၊ အချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုသည်ဟုပင်ဆိုကြသေး၏။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ်ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော အဆိုပါစွယ်စုံကျမ်းမှာ ရှေးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ယနေ့တိုင်ထင်ရှားလျက်ရှိ သည်။ ယင်းကျမ်းတွင် ရှေးပညာရှိများ ပြုစုထားသော စာပေများမှ ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်တို့ကို ထုတ်နုတ်၍ စုပေါင်းရေးသားပြုစုထားသည်။ ထိုခေတ်အခါလောက် တွင်ပင် အိန္ဒိယပြည်၌ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့သည်။ ယင်းကျမ်းတို့မှာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလေသည်။ ဘီစီ ၁ဝဝဝ ခေတ်မတိုင်မီ ပေါ်ပေါက်သည်ဟု ပညာရှင်တို့ ခန့်မှန်းကြသည်။ ထိုဗေဒကျမ်းတို့တွင် ယဇ်ပူဇော်နည်း အကြောင်းများသာမက၊ ရှေးဂီတများနှင့် ထိုခေတ်က ထွန်းကားလျက်ရှိသော အယူအဆများလည်း ပါဝင်သည်။ ဗေဒကျမ်းတို့သည် လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းများဖြစ်၏။ ယခင်ကဆိုခဲ့သော အယ်ရစ္စတိုတယ်၏ စွယ်စုံကျမ်း၌မူ အာကာသကြောင်း၊ မိုးလေဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစသည့် သုတေသနပြုထားသော အချက် အလက်တို့ ပါဝင်ကြသည်။ စွယ်စုံကျမ်းစီစဉ်ပုံများ ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြု၍ စွယ်စုံကျမ်း၌ ဗဟုသုတအချက်အလက်တို့ကို အစီအစဉ်ဖြင့် စနစ် တကျရေးသားသည့် နည်းနိဿယတို့သည် တိုးတက်ကောင်းမွန်လာခဲ့သည်။ ပမာအားဖြင့်၊ ၁၄၈၁ ခုနှစ်တွင် ကက္ကစတန်ထုတ်ဝေသော စွယ်စုံကျမ်းမှာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်သည်။ စွယ်စုံကျမ်းတွင် ရုပ်ပုံများထည့်သွင်းလာသည်မှာ ဤကျမ်းသည် ပထမဖြစ်သည်ဟု ဆိုရမည်။ သို့သော် ၁၅၄၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဟူသော အသုံးအနှုန်းကို ပထမတွေ့ရသည်။ ၁၅ဝ၆ ခုနှစ်တွင် အီတလီ၌ ထုတ်ဝေသော ရက်ဖာအယ်လီ မတ်ဖဲ၏ စွယ်စုံကျမ်း၌ လူပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် အညွန်းစနစ်တို့ကို ပထမဦးစွာ တွေ့ရသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမှာ ဗဟုသုတ အဝဝတို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲ၍ပြဆိုရာတွင် ပထမဟုဆိုကြသည်။ ၁၇ဝ၄ ခုနှစ်၌ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနှင့် သိပ္ပံစွယ်စုံကျမ်း၌ကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနှင့် ညွှန်းသည့်အပြင်၊ ကျမ်းကိုးစာရင်းကိုလည်း ပြဆို၍၊ တတ်ကျွမ်းသူ ပညာရှင်တို့ ကိုယ်တိုင်ရေးသားပေးသော စာကိုယ်များပါဝင်လေသည်။ ၁၇ဝ၄ ခုနှစ်၌ပင် ဂျာမနီနိုင်ငံ၌ ပေါ်ပေါက်သော စွယ်စုံကျမ်းမှာကား၊ အကြောင်းရပ်တို့ကို ရေးသားသော ပညာရှင်အများတို့၏ ဆောင်းပါးချည်းသက်သက်ဖြင့် ရေးသားပြုစုသောကျမ်း ဖြစ်၍၊ ယင်းသို့ ဆောင်းပါးအများကို စွယ်စုံကျမ်းအဖြစ် ထုတ်ဝေသည်မှာ ပထမပင်ဖြစ်ပေသည်။ ၁၇၂၈ ခုနှစ်တွင် အိဖရိမ် ချိမ်းဗားက ထုတ်ဝေသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို ပထမဦးစွာ အသုံးပြုသည့်ကျမ်း ဖြစ်ပေသည်။ ဘာသာစကားအလိုက် စွယ်စုံကျမ်းများ လက်တင်ဘာသာစွယ်စုံကျမ်းများ ထို့နောက်၌ကား၊ ဘီစီ ၃ဝ ခန့်တွင် မားကပ် တယ်ရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ ပါဝင်သော စွယ်စုံကျမ်းကို အတွဲ ၉ တွဲဖြင့် ရေးသားစီရင်ခဲ့သည်။ အေဒီ၇ဝခုနှစ်ခန့်တွင် ပလင်နီသည် 'သဘာဝသမိုင်း' အမည်ရှိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းတို့ဖြင့် ရေးသားခဲ့သည်။ ၅ ရာစုအတွင်းတွင် မာတီယာနပ် ကပဲလားသည် စာသင်သားတို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့၍ စီရင်ခဲ့သည်။ ထိုကျမ်း၌ သဒ္ဒါနည်းမှစ၍၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်တို့ ပါဝင်သည်။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြားတွင် အိဇီဒို အမည်ရှိသော ခရစ်ယန်ဘုန်းတော်ကြီးသည် ဗဟုသုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ်တို့က မှီးယူကြရသည်။ ထို့နောက်၌လည်း ခရစ်ယန်ဘုန်းတော်ကြီးနှင့် လူပုဂ္ဂိုလ်များသည် စွယ်စုံကျမ်း သဘောသက်ရောက်သည့် ကျမ်းအမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည်။ သို့သော် ထိုကျမ်းများမှာ များသောအားဖြင့် လက်တင်ဘာသာနှင့်သာရှိသည်။ တစ်ခါတစ်ရံ ဂရိဘာသာဖြင့် ရေးသားသော ကျမ်းများပေါ်ပေါက်ခဲ့သည်။ သို့သော် အကြောင်းရပ်ဟူသမျှတို့ကို စနစ်တကျ အခန်းပိုင်းခြား၍ ရေးသားထားသည်မဟုတ်ချေ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ ရောက်သောအခါမှ၊ ဗင်းဆင့်ဆိုသူသည် 'ကြေးမုံပြင်ကြီး'ဟူသော ကျမ်းကို စနစ်တကျအခန်းခွဲ၍၊ လက်တင်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပအလယ်ခေတ်၌ ထွက်ပေါ်လာသော စွယ်စုံကျမ်းတို့မှာ လက်တင်ဘာသာဖြင့်သာများပေသည်။ တရုတ်စွယ်စုံကျမ်းများ ၁၄ ရာစုနှစ်အတွင်းတွင် တရုတ်ပြည်၌လည်း မာတွာလင် ဆိုသူ တရုတ်ပညာရှိသည် စွယ်စုံကျမ်းတစ်စောင်ကို ပြုစုသည်။ ၁၅ ရာစုနှစ်၌မူ၊ ယွန်လိုဧကရာဇ်ဘုရင်၏ အမိန့်တော်ဖြင့် တရုတ်ပညာရှိများသည် စွယ်စုံကျမ်းကို ပြုစုသည်။ ယွန်လို၏ ရည်ရွယ်ချက်မှာ ကွန်ဖူးဇီး၏ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ စသည် တို့ကို တစ်ပေါင်းတည်းပြုစုစေရန်ဖြစ်၏။ သို့သော် ထိုကျမ်းမှာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ရှိသည်ဖြစ်၍၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နိုင်ခဲ့ရာ၊ မင်မင်းဆက် ကုန်ဆုံးသောအခါ၊ နှစ်အုပ်မှာ ပျောက်ပျက်သွားပြီးလျှင် ဗောက်ဆာသူပုန် ထသောခေတ်၌ ကျန်တစ်အုပ်လည်း ပျောက်ပျက်သွားလေသည်။ ၁၈ ရာစုနှစ်ဦး၌ကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီး၏ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ရှိသော စွယ်စုံကျမ်းကိုပြုစု၍၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်တွင် ထုတ်ဝေသည်။ ထိုစွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ တို့ကို ဗြိတိသျှပြတိုက်တွင် ယနေ့တိုင်ပြထားလေသည်။ ပြင်သစ်စွယ်စုံကျမ်းများ ယခင်ကဖော်ပြခဲ့သော ချမ်းဗား၏ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်တို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ထိုစွယ်စုံကျမ်း နမူနာကိုယူ၍ ဒီးဒရိုးသည် ၁၇၅၁-၁၇၇၂ ခုနှစ်အတွင်း အတွဲပေါင်း ၂၈ တွဲရှိသော ပြင်သစ်စွယ်စုံကျမ်းကြီး ပေါ်ပေါက်လာသည်။ ၁၉၂၈ ခုနှစ်၌မူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဟူ၍ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လာသည်။ ဂျာမန်စွယ်စုံကျမ်းများ ဂျာမနီနိုင်ငံတွင် ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲရှိသော 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ဒလာဆိုသူပြုစုသည်။ ယင်းကျမ်းတွင် ထိုခေတ်က အသက်ထင်ရှား ရှိသူများ၏ အတ္ထုပ္ပတ္တိများ ပါဝင်သည်။ ထို့ပြင် ၁၇၉၆ ခုနှစ်၌လည်းကောင်း၊ ၁၈၈၁ ခုနှစ်၌လည်းကောင်း၊ ပညာရှင်အသီးသီးတို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကြသည်။ အင်္ဂလိပ်စွယ်စုံကျမ်းများ ယခင်ကပြဆိုခဲ့ပြီးသော အင်္ဂလိပ်စွယ်စုံကျမ်းများအပြင်၊ ယခုခေတ်တွင် အကိုးအကားပြုရန် ကျမ်းများအနက် အလွန်ထင်ရှားသော အင်္ဂလိပ်စွယ်စုံကျမ်းမှာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လေသည်။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်မှသည် ၁၇၇၁ ခုနှစ်အတွင်း အတွဲ ၃ တွဲဖြင့် ပထမဦးစွာ စကော့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့တွင် ရေးသားပြုစု ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ၁၇၇၈ ခုနှစ်မှသည် ၁၇၈၃ ခုနှစ် အတွင်း၊ ဒုတိယတည်းဖြတ်သော ပုံနှိပ်ထုတ်ဝေသည်။ အမေရိကန်စွယ်စုံကျမ်း အမေရိကန်ပြည်ထောင်စု၌ကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အတွင်း အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမေရိကားနား'ဟူသောအမည်ဖြင့် ပြုစုထုတ်ဝေခဲ့လေသည်။ ဆိုဗီယက်ရုရှစွယ်စုံကျမ်း ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်တိုင်တိုင်ပြုစုခဲ့သော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မှာ ယနေ့တိုင်များစွာထင်ရှားလေသည်။ ယခုအခါ နိုင်ငံအသီးသီးတွင် စွယ်စုံကျမ်းများကို အမည်အမျိုးမျိုးဖြင့် ထုတ်ဝေလျက် ရှိကြသည်။ အထူးသဖြင့် ကလေးများအတွက် ရည်ရွယ်၍၊ ရုပ်ပုံပေါင်းများစွာပါဝင်သည့် စွယ်စုံကျမ်းတို့မှာ များစွာ ခေတ်စားလျက်ရှိသည်။ လက်တင်မှ တိုင်းရင်းဘာသာများသို့ ဥရောပနိုင်ငံတွင် မူလက စွယ်စုံကျမ်းကို ပြုစုကြရာ၌ လက်တင်ဘာသာဖြင့်သာ ပြုစုကြသည်။ သို့သော် ၁၄ ရာစုနှစ်မှ လွန်လာသောခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းများကို ဥရောပနိုင်ငံ အသီးသီးတို့က မိမိတို့၏ တိုင်းရင်းဘာသာစကားဖြင့် ပြုစုလာကြ၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန်နိုင်ငံတွင် ဗာသော လိုမျူဒီ ဂလန်ဗီးသည် ၁၃၆ဝ ပြည့်နှစ်၌ စွယ်စုံကျမ်းတစ်ခုကို လက်တင်ဘာသာဖြင့် ပြုစုခဲ့သည်။ ယင်းကျမ်းကို ၁၃၉၈ ခုနှစ်တွင် ဂျွန်ထရေဗီဇာဆိုသူက အင်္ဂလိပ်ဘာသာ ပြန်ဆိုလေသည်။ မြန်မာ့စွယ်စုံကျမ်း မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်မှ ထုတ်ဝေသည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ပြုစုသည်။ မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါရှိသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၅ တွဲရှိသည်။ အခြားနိုင်ငံများ၏ စွယ်စုံကျမ်းများနှင့် ရင်ဘောင်တန်းနိုင်ရန် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားသည်။ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်များအပြင် မြန်မာနိုင်ငံ အကြောင်းအရာများစွာ ပါဝင်သည်။ ပညာရပ်အလိုက် ပညာရှင်များနှင့် အစိုးရဌာနများက တင်ပြခဲ့ကြသည်။ သက်ဆိုင်ရာ ပညာရှင်များကိုယ်တိုင် ရှာဖွေစုဆောင်း ရေးသားထားသည်။ ကလေးစွယ်စုံကျမ်း ယခုခေတ်၌ ကလေးလူငယ် လူရွယ်တို့၏ ပညာရေး အရေးကြီးပုံကို လူတို့သည် ပိုမိုလေးစားလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းကလေးလူငယ်တို့အဖို့လည်း စွယ်စုံကျမ်းသည် အရေးကြီးသည်ဟု သဘော ပေါက်ကြပြီးဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၉ဝ၈ ခုနှစ်ကအစပြု၍ 'ကလေးစွယ်စုံကျမ်း'ဟူ၍ ပေါ်ပေါက်ခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်နိုင်ငံမှနေ၍ 'ဗဟုသုတကျမ်း' ဟူသောအမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက်လာပြန်သည်။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်တွင် 'ကျောင်းသား စွယ်စုံကျမ်း' ဟူသောအမည် ဖြင့် အင်္ဂလန်တွင်ထုတ်ဝေခဲ့ရာ၊ ၁၉၂၂ ခုနှစ်၌ ယင်းကိုပင် 'ကွမ်ပတန်၏ ရုပ်စုံ စွယ်စုံကျမ်း'ဟူသောအမည်သစ်ဖြင့် ပြန်လည်တည်းဖြတ် ထုတ်ဝေခဲ့ပြန်သည်။ ယခုခေတ်တွင် ကလေး တို့အဖို့ စွယ်စုံကျမ်းတို့၌ ရုပ်ပုံ ဓာတ်ပုံစသည်တို့ မပါဘဲမရှိချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝေသူတို့သည် ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြု၍၊ ရုပ်ပုံဓာတ်ပုံတို့ပါဝင်သော ကလေးများအတွက် 'ဗြိတန္နိကား ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝေလျက်ရှိသည်။ အွန်လိုင်းစွယ်စုံကျမ်းများ စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ကို ပြုလုပ်ကြသည်။ ၂၀၂၀ အစောပိုင်းကာလအထိ အကြီးဆုံး အွန်လိုင်း စွယ်စုံကျမ်းများမှာ တရုတ်ဘာသာစကား၏ Baidu Baike (ဆောင်းပါး သန်း ၁၀-၂၀ ကြား) နှင့် Hudong Baike ( သန်း ၁၀-၂၀ ကြား) တို့ဖြစ်ကြပြီး ယင်းနောက်တွင် ဝီကီပီးဒီးယား၏ အင်္ဂလိပ်ဘာသာစကား (+၆ သန်း)၊ ဂျာမန်ဘာသာစကား (+၂ သန်း)၊ ပြင်သစ်ဘာသာစကား (+၂ သန်း) တို့ရှိကြသည်။ အခြားဘာသာစကားများဖြင့် ဝီကီပီးဒီးယား (၁၅) ခုတွင် ဆောင်းပါး အရည်အသွေးအမျိုးမျိုး၊ အတိုအရှည်အမျိုးမျိုးဖြင့် (၁) သန်းကျော်တည်ရှိသည်။ စွယ်စုံကျမ်း၏ အရွယ်အစားကို ဆောင်းပါး အရေအတွက်ဖြင့် တိုင်းတာခြင်းသည် မရေရာသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အထက်ဖော်ပြပါ တရုတ် စွယ်စုံကျမ်းများတွင် အကြောင်းအရာတစ်ခုတည်း၌ များစွာသော ဆောင်းပါးများရှိကြ၏။ တစ်ဖက်တွင် ဝီကီပီးဒီးယားများက အကြောင်းအရာတစ်ခုတွင် ဆောင်းပါးတစ်ခုကိုသာ လက်ခံသော်လည်း စာသားမရှိသလောက်နည်းပါးသည့် ဆောင်းပါးများကို ဖန်တီးခွင့်ပြုထားသည်။ ကိုးကား Category:စွယ်စုံကျမ်းများ
သော်တာဆွေ
သော်တာဆွေသည် ကျော်ကြားသော ဟာသစာရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကြင်ဆွေဖြစ်သည်။ ငယ်ဘဝ စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့်ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။ ၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာသက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ်သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင်ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်းတွင် ပညာဆက်လက် သင်ယူကာ ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုခေတ်က ဟိုက်ယားဂရိတ် ခေါ် အထက်တန်း မြန်မာစာ ဆရာဖြစ် သင်တန်းအောင်ခဲ့ပြီး စမ်းချောင်း မအူပင်လမ်းရှိ ဒေါ်မမ၏ ခေတ်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့သည်။ ထိုကျောင်းတွင် မောင်ကြင်ဆွေဟု အမည်ပြောင်းလိုက်သည်။ နှစ်⁠နှစ်မျှ အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။ အိမ်ထောင်ရေး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ကို ဂျပန်တို့ ဗုံးကြဲသဖြင့် ရန်ကုန်မှ ဇာတိရွာသို့ ပြန်လာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ဒေါ်နော်မာ နှင့် အိမ်ထောင်ကျကာ ဒေါ်ဦးဦးမေ၊ ဦးကျော်ကျော်၊ ဒေါက်တာ အောင်သော်၊ ဒေါ်မော်မော် နှင့် ဒေါ်သန်း⁠သန်းဆွေ စသည့် သားသမီးများ ထွန်းကားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်တွင် မြင်းလှည်းသမားဘဝဖြင့် အသက်မွေး ကျင်လည်ခဲ့ပြီး မဟာမိတ်တို့ရန်ကုန်ကို ပြန်လည်သိမ်းပိုက်ပြီး ကက်စဘီခေတ်တွင် ကြို့ပင်ရွာသို့ ပြန်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖခင်၏ စီစဉ်မှုဖြင့် ပေါင်းတည်မှ မန္တလေးသို့ ဆန်ကုန်ကူးခဲ့သည်။ ထိုနောက် ကသာ၊ မြစ်ကြီးနားမြို့များအထိ ဆန်ကုန်ကူးသည်။ အရင်းပြုတ်ပြီး ကသာတွင်ပင် မသူနှင့်ထပ်မံအိမ်ထောင်ကျသည်။ ၄ လခန့် ပေါင်းသင်းပြီး ဖခင်၏ ခေါ်ဆိုမှုကြောင့် မသူနှင့် ပေါင်းတည်သို့ ပြန်လာခဲ့သည်။ မသူနှင့်အိမ်ထောင်ပြုလာခဲ့သည်ကိုသိရှိသွားသော ဖခင်က ထိုခေတ်က ငွေ ၁၀၀ ကျပ်ပေးကာ အိမ်မှ ထပ်မံနှင်ချလိုက်သည်။ ထို့နောက် မသူနှင့် ကွာရှင်းခဲ့သည်။ ၁၉၅၅ တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုလိုက်သည်။ စာပေနယ်သို့ဝင်ရောက်ခြင်း ငယ်စဉ်ကပင် စာ၊ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီးညစ်ကာ ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။ ဘရန်ဒီတစ်ပုလင်း သည် အဦးဆုံးဝတ္ထုတို ဖြစ်သည်။ ယင်းနောက် ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက်ဝတ္ထုများ ရေးဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင်မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် အဟိ လစဉ် ဟာသမဂ္ဂဇင်းကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ right|ဆရာသော်တာဆွေ ရေးသားကျော်ကြားခဲ့သော စာအုပ်များ အနက်မှ “ကျွန်တော့်ဘဝဇာတ်ကြောင်း” အမည်ရှိ အခန်းဆက် ဝတ္ထုရှည် စာပေခရီး ၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေလေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်းသွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။ ဘဝနိဂုံး ၁၉⁠၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် (၂) တပ်မတော်ဆေးရုံကြီးတွင် အာရုံကြောရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ပထမအိမ်​ထောင်မှ သားနှစ်ဦး သမီးသုံးဦး တတိယ အိမ်ထောင်နှင့် သားသမီးမရရှိခဲ့ပါ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များ ဆရာသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲများ၊ ကြက်ဋီကာ (၁၉၇၉)၊ မဟာစံအိမ်တော်ကြီး (၁၉၇၆)၊ ဘွန္တော ကြက်သူခိုး (၁၉၇၂)၊ ပုဂံ သူရဲကောင်းများ (ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လိုရေးသားသည်ကို မြန်မာပြန်၊ ၁၉၇၃)၊ ဟာသ ဝတ္ထုတိုများ (အတွဲ ၁၊ ၂၊ ၁၉၇၇ နှင့် ၁၉၇၈)၊ ဘဝထိုထို (၁၉၆၁)၊ သတ္တဝါတို့ သံသရာ (၁၉၆၄)၊ ဤလောက မြေမဟီဝယ် (၁၉၇၀)၊ ရသ ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀⁠၀၀ ပြည့်နှစ်) နှင့် လောကလူ့ပြည် (၁၉၇၂) တို့ ဖြစ်ကြသည်။ ရေးသားခဲ့သည့် စာပေများ ၁၉၈၆ "ပိုးစုန်းကြူးနဲ့ ဖိုးလမင်း" ကဗျာ "ငယ်ကျွမ်းဆွေရယ်" "စေတနာမေတ္တာရှင်မလေး" "တစ္ဆေလား ... သူခိုးလား" "ရန်ကုန်မြို့၏ ညဘုရင်" "သားမိုက်အိမ်ပြန်" "အသွင်အပြင်နှင့် အထင်အမြင်" "အနှီရူပ" "နာတာရှည်ကြီးနှင့် ရုတ်တရက်ခေါက်ခနဲ" "နားဇိမ်ခံသူ" "ပြုံးရယ်ခြင်:" "သွားပိုးချ ဆရာကြီ:" "တောင်ကုတ်မြို့နယ် နှင့် မဉ္ဇူသကနတ်ပန်းပင်" "သူတို့ပြည် သူတို့ဓလေ့" "သေကံမရောက် သက်မပျောက်" "သည်နှစ် စာပေဟောပြောပွဲ" "အင်္ဂလိပ်ခေတ်က မြန်မာပြည်ပညာရေး" "ခေတ်နှင့် စာပေ" "စာပေရေးရာ အမေးအဖြေများ" "စာဖတ်နည်း စာရေးနည်း" "စာရေးဆရာ ဖြစ်ချင်လျှင်" "စာရေးရာတွင် ဘာအရေးအကြီးဆုံးလဲ" "ပန်းမြောက်မြေမှ စာပေဆွေးနွေးပွဲ" ၁၉၈၇ "ကြောင်ကြီ:စံနက်ကျော်" "ချစ်ကတိတော့ မပျက်ဘူး ကေသီ" "ခွေးကလေး နီးဘား" "ဇာယုနှင့် ဇော်ရဲ" "ထမုံဇောနှင့် အိုက်နွန်တို့ လင်မယား" "ဘုရားမှာ တစ်ခါဆုံတယ်" "အကြင် လင်မယားတို့သည်" "ရသေ့ကြီး သုံးပါး" (ဘာသာပြန်ဝတ္ထု) "ဖြူဝါပူစီ" "မျောက်ညိုနှင့် ညိုကြီး" "ဇရာအိုသော်" "မျက်စိတန်ဖိုး" "မြန်မာလူမျိုးနှင့် ငါးပိ" "အရက်ကြောင့်" "တို့ပြည်ထောင်စုသားတွေ" "ရောက်တတ်ရာရာ" "ခဝဲတစ်ပင်" "ကဗျာစာပေ" "ကျမ်းစကားနှင့် ဗန်းစကား" "ကျွန်တော်နှင့် မျှော်တလင့်လင့်" "နေ့ထူးရက်ထူးတစ်ရက်" "ယခုခေတ်ကဗျာ" "ရုပ်ရှင်မင်းသားရွှေဘမှ ဗီဒီယို" "အယ်ဒီတာနှင့် အဂတိ" ၁၉၈၈ "ချစ်တယ်ဆို ဒီလိုမှပေါ့" "နှစ်ဆန်းမှတ်တမ်းပဒေသာ" "ပတ္တမြားတစ်ပြည်" "မှောင်ထဲက လက်မည်းကြီး" "အရူးချစ်" "သားပျိုသမီးပျိုတို့ လှလိုလျှင်" "ကျွန်တော့်ဘဝ ဇာတ်ကြောင်း" "ညောင်တုန်းသို့ ခရီးတစ်ခေါက်" "ကျွန်တော် တရားထိုင်ခဲ့ဖူးပါ၏" "ကျွန်တော့်ဘဝ ဇာတ်ကြောင်း (၁၇၇)" "စာရေးဆရာနှင့် အယ်ဒီတာ" "ပုံပြင်လေးတစ်ပုဒ်" "ဟာသဝတ္ထုနှင့် အခြားဝတ္ထုများ" "ခေတ်ရေစီးကြောင်း" ၁၉၈၉ "ချစ်ချင်းမတူ" "နောင်တရသူ" "ဖဲထီးဆောရီ:" "ရှေးသရောအခါက" "ဝေးကမ္ဘာသူ" "ဪ သေသော်မှတည့်" "အိုဘယ့် အီကြာကွေး" "စာရေးဆရာနှင့် အရက်" "ဆေးတစ်ဖုံ ဓမ္မဒါန" "ငွေကြေးအသုံးအနှုန်း" "သေချာသော ငွေတစ်သိန်း" "ထူးထွေတည့်အံ့ရာသောဝ်" "အရွယ်နှင့် စာပေ" ၁၉၉၀ "ထန်းသမား ထေကြီး" "လှဂုဏ်မာန်" "သနားစရာ အဖိနှိပ်ခံသမက်များ" (ဘာသာပြန်ဝတ္ထု) "ချစ်၍ ခေါ်သည်" "စာပေ ဟောပြောပွဲ" "စာပေဟောပြောပွဲ အမှတ်(၂)" "စာရေးဆရာ စာရေးတဲ့အခါမှာ" ကလောင်အမည်ကွဲများ မိုးတိမ်တောင်(ပထမဆုံးကလောင်အမည်) ဦ:ကြင်ဆွေ ဝေလင်း အောင်နက် ရည်ညွှန်းကိုးကား သော်တာဆွေ စာစုစာရင်း (၁၉၈၆ − ၁၉၉၀)၊ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန်တက္ကသိုလ်။ ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ ကဏ္ဍ:မြန်မာ စာရေးဆရာများ
မဟာဘုတ်
မဟာဘုတ်သည် မြန်မာဗေဒင်ပညာ၏ အခြေခံဖြစ်သည်။ လူတစ်ဦး၏ မွေးဖွားသည့် မြန်မာသက္ကရာဇ်နှင့် မွေးဖွားသည့်နေ့ရက် (Day of the week) အပေါ်မူတည်၍ ကောင်းကျိုး ဆိုးပြစ်တို့အား ဝေဖန် အကြံပြုခြင်း ဖြစ်သည်။ ထို့အပြင် ရောက်ရှိနေသည့် မြန်မာသက္ကရာဇ် အပေါ်တွင် မူတည်၍လည်း Natal Mahabote အရ ယခုနှစ်တွင်း သက်ဆိုင်ရာ နေ့ရက်ဖွားတို့ အတွက် ဆောင်ရန် ရှောင်များကို ဝေဝေဆာဆာ အကြံပေးနိုင်သည်။ မဟာဘုတ်၏ အားသာချက် မှာ တွက်ချက်လိုသူ၏ မွေးဖွားချိန် သိရှိရန်မလိုအပ်ခြင်းပင် ဖြစ်သည်။ မဟာဘုက် ကို သမားတော်ကြီး ဇီဝက မှ စတင်ခဲ့သည်ဟု အဆိုရှိသည်။မဟာဘုက်တွင် ဆေးပညာ မဟာဘုက် နှင်​့ ဗေဒင် ပညာ မဟာဘုက် ဟူ၍ ၂မျိုး ၂စား ရှိသည်။မဟာဘုက်၏ အဓိပ္ပါယ်မှာ မဟာ..ကြီးမြတ်သော ဘူတ..ဘုက် ထို့ကြောင့် ကျယ်ဝန်း နက်ရှိုင်းသော အခြေခံ ဓာတ်ကြီးများ ဟု အဓိပ္ပါယ်ရသည်။မဟာဘုက်တွင် လျှို့ဝှတ်နက်နဲမှုများ မြှုက်ကွပ်များ များပြားစွာ ပါဝင်နေသည်။ မဟာဘုတ်အဖွား မည်သည့် ခုနစ်ရက် သားသမီးမဆို မဟာဘုတ် မွေးဖွားဇာတာ (၇) မျိုးထဲမှ ဇာတာတစ်ခုခုတွင် အကြုံးဝင်သည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဟူ၍ မဟာဘုတ် အိမ် (၇)မျိုးရှိသည်။ ထို့ကြောင့် ဖွားဇာတာ (၇) မျိုး x မဟာဘုတ် အိမ် (၇) မျိုး = ၄၉ မျိုးဟူ၍ ဉာဏ်ပညာ နုနယ်သူများ အနေဖြင့် မှတ်ယူနိုင်သည်။ပုတိဖွားဟု ဆိုရာ၌ ပုတိဖွားတွင် နေ့နံ ၇ မျိုး ရှိ၍ ပုတိဖွား တစ်မျိုး၌ပင် မဟာဘုက် ၇ မျိုး ထွက်ပေါ် လာသည်။ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ၇မျိုး ရှိ၍ ၄၉ မျိုး ဖြစ်ပေါ်လာသည်။ပုတိဖွားကို ၁ကြွင်း ၂ကြွင်း ၃ကြွင်း ၄ ကြွင်း ၅ ကြွင်း ၆ ကြွင်း ၀ ကြွင်း ဟူ၍ ခွဲခြားသည့် အပြင် လူနက္ခတ် ပုတိဖွား ၊နတ်နက္ခတ် ပုတိဖွား ၊ဘီလူး နက္ခတ် ပုတိဖွား ဟူ၍ ထပ်မံ ခွဲခြားနိုင်သည်။ထိုကဲ့သို့ ခွဲခြားသော အခါ ပုတိဖွား ၂၁မျိုး ဖြစ်ပေါ်လာသည်။ဖွားဇာတာတိုင်း၌ မရဏဖွား ဖြစ်စေ အဓိပတိ ဖွား ဖြစ်စေ၊ အားလုံး သည် ဖွားဇာတာ ၂၁ မျိုးစီ ဖြစ်ပေါ်လာရာ ထိုဖွားဇာတာ ၂၁မျိုးကို ဣဋ္ဌ စရိုက်၊ အနိဋ္ဌ စရိုက် ၊ရောနှောသော စရိုက် ဟု ၃ မျိုးဖြင့် မြှောက်ပွားသော် ၆၃ မျိုး ရရှိလာပါမည်။ထို ၆၃ မျိုးသည် ဖွားဇာတာ တစ်ခုစီ ၌ ဖြစ်ရာ ဖွားဇာတာ ၇ မျိုးဖြင့် မြှောက်ပါက ၄၄၁ မျိုး ဖြစ်ပေါ်လာသည်။မဟာဘုက်ကို စတုရန်း တိုင်ဟုလည်း ခေါ်ပါသည်။ဗေဒင် သုတ အဓိပတိ အထွန်း သိုက် ရာဇ မရဏ ဘင်္ဂ ပုတိ မဟာဘုတ် ပညာအား စတင်လေ့လာပါက ကသစ်မဟာဘုတ်၏ အခန်းကဏ္ဍကို အထူးဂရုပြု လေ့လာသင့်သည်။ 'ကသစ် မဟာဘုတ် လင်္ကာ" လှ ၊ တော၊ မြို့၊ သား၊ အ၊ ကြွား ၊ ဆင့် ၎င်း လင်္ကာအရ ကသစ်မဟာဘုတ်သည် အောက်ပါအတိုင်း မဟာဘုတ်ဇာတာခွင်တွင် တည်ရှိသည်။ ဆင့် မြို့ သား အ တော လှ ကြွား ဂဏန်းသင်္ချာဖြင့် ပြဆိုပါက ကသစ် မဟာဘုတ် ၃ ၅ ၆ ၁ ၀ ၄ ၂ မဟာဘုတ် တွက်ချက်နည်း မဟာဘုတ်ဇာတာ တည်ဆောက်ရန်အတွက် တွက်ချက်လိုသူ၏ မြန်မာမွေးနေ့သက္ကရာဇ်ကို (၇) ဂဏန်းဖြင့် စားရသည်။စာချိုးမှာ သက္ကရာဇ် တည်ကာထား ခုနှစ်စား အမှန်မူ အကြွင်းကို ချဖို့ တွက်ရယ် ဘင်္ဂကွပ်ယူ လက်ယာမူ ချလေကွဲ့ မလွဲ ဆရာ ထုက်တာက မဟာဘုက် အောင် လံ ထူနှင့် ပွဲ စစ် သူ ကြီး တို့ကိန်းကို မှတ်ကြ အမြဲ။ ။ အကြွင်းပေါ်မူတည်၍ ၁ကြွင်းပါက "အောင် , လံ, ထူ, စစ်, သူ, ကြီး, ပွဲ " လင်္ကာအတိုင်း ဘင်္ဂအိမ်မှ အစပြု၍ ၄ကြိမ်တိုးကိန်း (ဓာတ်ကြီး၄ပါး) ဖြင့် မဟာဘုတ်ဇာတာတွင် ထည့်သွင်းရသည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အစီအစဉ်အတိုင်း ဖြစ်သည်။ မဟာဘုတ်တွင် ရာဟုကို ထည့်သွင်း တွက်ချက်ခြင်း မရှိသော်လည်း အထူးခြွင်းချက်အနေဖြင့် ရာဟုသည် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂:ဝဝ နာရီကျော်ချိန် မွေးဖွားသူများအတွက် မဟာဘုတ်မှတစ်ဆင့် တွက်ချက်ယူသည့် အခြားသော ဟောပြောမှုများ၌ Birth Lord အတွက် ဆုံးဖြတ်ရာ၌ အသုံးပြုသည်။ 'အောင်လံထူစစ်သူကြီးပွဲ' ဆိုသည်မှာ အောင် = ၁ (တနင်္ဂနွေ) လံ =၄ (ဗုဒ္ဓဟူး) ထူ = ၀ (စနေ) စစ် = ၃ (အင်္ဂါ) သူ = ၆ (သောကြာ) ကြီး =၂ (တနင်္လာ) ပွဲ = ၅ (ကြာသပတေး) ကိုဆိုလိုသည်။ ၁ကြွင်းပါက အောင်လံထူစစ်သူကြီးပွဲ ၂ကြွင်းပါက ကြီးပွဲအောင်လံထူစစ်သူ ၃ကြွင်းပါက စစ်သူကြီးပွဲအောင်လံထူ ၄ကြွင်းရင် လံထူစစ်သူကြီးပွဲအောင် ၅ကြွင်းပါက ပွဲအောင်လံထူစစ်သူကြီး ၆ကြွင်းပါက သူကြီးပွဲအောင်လံထူစစ် ၀ကြွင်းပါက ထူစစ်သူကြီးပွဲအောင်လံ ဟူ၍ ဘင်္ဂအိမ်မှ စတင်၍ လက်ယာရစ် မရဏ အထွန်း သိုက် ရာဇ ပုတိ အဓိပတိ စသည်ဖြင့် ချသွာပါ။မိမိမွေးနံရှိရာ အိမ်သည် မိမိ၏ ဖွားဇာတာ ခွင် ဖြစ်သည်။ဥပမာပမာ မြန်မာမွေးသက္ကရာဇ် ၁၃၄၂ ခုနှစ်မွေးသညတနင်္လာသားသား ကျော်ဦးကို မဟာဘုတ်ဇာတွက် မည်ဆိုပါကပါက ၁၃၄၂ ကို (၇) ဖြင့် စားပါက (၅)ကြွင်းပါမည်။ (၅) ဆိုသည်မှာ ကြာသပတေး (ပွဲ)ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂအိမ်မှ စတင်ပြီး " ပွဲ - အောင် - လံ - ထူ - စစ် - သူ - ကြီး " ဟူ၍ တည်ဆောက်ရမည်။ ဘင်္ဂအိမ် တွင် " ပွဲ " , မရဏ အိမ်တွင်" အောင် ", အထွန်းအိမ် တွင် "လံ", သိုက်အိမ်တွင် "ထူ" ရာဇ အိမ်တွင် "စစ်" , ပုတိအိမ်တွင် "သူ", အဓိပတိအိမ်တွင် "ကြီး" ဖြစ်သောကြောင့် ၁၃၄၂ ခုနှစ်မွေး တနင်္လာသားသည် အဓိပတိဖွားဖြစ်သည်။ Moe Htet kyaw( astrology ) ၁ ကြွင်း မဟာဘုတ် ဇာတာ ၅ ၇ ၃ ၆ ၄ ၁ ၂ ၂ကြွင်း မဟာဘုတ် ဇာတာ ၆ ၁ ၄ ၇ ၅ ၂ ၃ ၃ကြွင်း မဟာဘုတ် ဇာတာ ၇ ၂ ၅ ၁ ၆ ၃ ၄ ၄ကြွင်း မဟာဘုတ် ဇာတာ ၁ ၃ ၆ ၂ ၇ ၄ ၅ ၅ကြွင်း မဟာဘုတ်ဇာတာ ၂ ၄ ၇ ၃ ၁ ၅ ၆ ၆ကြွင်း မဟာဘုတ် ဇာတာ ၃ ၅ ၁ ၄ ၂ ၆ ၇ ၀ကြွင်း မဟာဘုတ် ဇာတာ ၄ ၆ ၂ ၅ ၃ ၇ ၁ Category:ဗေဒင်
ငှက်
ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစုဝင် ငှက် [ မျိုးပေါင်း(မျိုးဂိုဏ်း) — Aves (အာဗဲစ်) ] သည် အမွှေးအတောင်ရှိ၍ အတောင်ပံ နှစ်ဖက်ရှိသော သွေးနွေးသတ္တဝါအမျိုးအစားများ ဖြစ်ကြသည်။ သို့သော် အားလုံး ပျံသန်းနိုင်စွမ်း မရှိကြပေ။ အချို့ငှက်များသည် အလွန်အပြေးသန်သူများဖြစ်ကြပြီး အချို့ကတော့ အလွန်ရေကူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ငှက်သည် ကျောရိုးရှိသတ္တဝါဖြစ်ပြီး ဥ,ဥတတ်သော သတ္တဝါအမျိုးအစားလည်း ဖြစ်သည်။ ဥက ပေါက်ဖွားလာသော ကလေးငယ်များကို စောင့်ရှောက်လေ့ ရှိကြသည်။ အသက်ရှင်နေထိုင်လျက် ရှိသော ငှက်အမျိုးကွဲပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ကျောရိုးရှိသတ္တဝါများတွင် မျိုးကွဲအများဆုံးရှိသော တက်ထရာပေါ့ဒ်(tetrapod) အမျိုးအစားလည်းဖြစ်သည်။ သူတို့သည် အာတိတ်မှ အန္တာတိတ်အထိ ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင် (ecosystems) အမျိုးမျိုးတွင် ပျံနှံ့နေထိုင်ကြသည်။ ငှက် များ၏ အရွယ်အစားမှာ ၅ စင်တီမီတာ(၂ လက်မ)မျှသာရှိသော ဘီးဟမ်းမင်းငှက် (Bee Hummingbird) မှသည် ၂.၇ မီတာ(၉ ပေ) အထိရှည်သော ငှက်ကုလားအုတ်အထိရှိသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများအရ ငှက်များသည် သယ်ယိုပေါ့ဒ် ဒိုင်နိုဆောများမှ ဂျူရက်ဆစ်အချိန်ကာလမှ စ၍ဆင်းသက်လာသည်ဟု ခန့်မှန်းနိုင်ပြီး နှစ်ပေါင်း သန်း ၁၅၀ မှ သန်း၂၀၀ ခန့်တွင်ဖြစ်သည်။ နိခါတကဗေဒပညာရှင်အများစုက ငှက်တို့သည် Cretaceous–Tertiary မျိုးတုံးခြင်း အဖြစ်အပျက်အတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဒိုင်နိုဆောတို့၏ တစ်ခုတည်းသော အဆက်အနွယ်များအဖြစ် ယူဆကြသည်။ Double-crested cormorant (Phalacrocorax auritus) ငှက်လောက ကျွန်ုပ်တို့သည် ငှက်များကို နေ့စဉ်တွေ့မြင်နေကြရသော်လည်း ငှက်၏အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မသိကြပေ။ အလွန်ရှေးကျသောခေတ်က ငှက်များသည် ဖွတ်၊ ပုတက်တို့ကဲ့သို့သော တွားသွားကောင်များနှင့် တူသည်ဟုဆိုလျှင် ယုံနိုင်ဖွယ်ရာ ရှိမည် မဟုတ်ချေ။ ထိုကြောင့် ငှက်အကြောင်းကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ငှက်လောက၏ စိတ်ဝင်စားဖွယ်ရာ၊ မှတ်သားဖွယ်ရာ အချက်များကိုပို၍ သိရှိလာနိုင်မည် ဖြစ်ပေသည်။ ငှက် ငှက်သည် အမွှေးအတောင်ရှိသော ကျောရိုးရှိသတ္တဝါဖြစ်၏။ သို့သော် အခြားကျောရိုးရှိသတ္တဝါများဖြစ်သော တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါတို့နှင့်ကား မတူချေ။ ထိုတွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့တွင် အရေပြား၌ အကြေးခွံနှင့် အမွှေးအမှင်တို့ ရှိကြသည်။ ငှက်မှာမူ လေထဲတွင် ပျံသန်းရသော တိရစ္ဆာန် ဖြစ်ခြင်းကြောင့် အရေပြားမှ အမွှေးအတောင်များ ဆန်းကြယ်စွာ ပေါက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ငှက်မျိုးပေါင်းမှာ ၁၃ဝဝဝ နှင့် ၁၄ဝဝဝ အကြားတွင် ရှိသည်။ ငှက်တို့ကို (မျိုးစိတ်၊ မျိုးစု၊ မျိုးရင်း၊ မျိုးစဉ်၊ မျိုးပေါင်း)ဟူ၍ အဆင့်ဆင့် ခွဲခြား ထားသည်။ ဤသို့ ခွဲခြား၍ကြည့်လိုက်သော်၊ ငှက်မျိုးပေါင်းသည် ကျောရိုးရှိ မျိုးပေါင်းစုတွင် အပါအဝင် ဖြစ်သည်ကို တွေ့ရလေသည်။ ငှက်အမျိုးပေါင်း(မျိုးစိတ်ပေါင်း) ၈၆၀၀-ကျော်အား မျိုးစု ၁၆၀၀-ခု၊ မျိုးရင်း ၁၅၅-ခု၊ မျိုးစဉ် ၂၇-ခု၊ မျိုးပေါင်း ၁-ခု အဖြစ် သတ်မှတ်ထားသည်။ တွားသွားရာမှ မိုးသို့ပျံခြင်း သို့ရာတွင် သိပ္ပံသုတေသီတို့၏အလို၌ ငှက်၏ မူလဘူတသည် တွားသွားသတ္တဝါတို့ပင် ဖြစ်မည်ဟုဆိုကြလေသည်။ ကမ္ဘာဦး ရှေးပဝေသဏီခေတ်က ရှိခဲ့ဘူးသော ငှက်၏ စကယ်လီတန်တို့ကို မြေအောက်မှ တူးဖော်ရရှိသောအခါ ထိုကမ္ဘာဦးငှက်များသည် တွားသွားတတ်သော ဖွတ်၊ ပုတတ်တို့၏ ပုံသဏ္ဌာန်ရှိသည်ကို တွေ့ရသည်။ ထိုငှက်တို့၏ နှုတ်သီး၌ သွားများပါရှိသည်။ တောင်ပံ၌လည်း လက်ချောင်းများရှိကြသည်။ ဤသည်ကို ထောက်ရှု၍ ယခုခေတ်ငှက်သည် တွားသွားသတ္တဝါနှင့်တူသည့် ရှေးခေတ် ငှက်ကြီးများမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယခုခေတ်ငှက်တို့၏ နေထားသွင်ပြင်တို့ ပြောင်းလဲလာရခြင်းများမှာ ငှက်တို့သည် အတောင်ကိုအသုံးပြု၍ လေထဲ၌ ပျံသန်းတက်လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။ ငှက်သည် အဘယ်ကြောင့် ပျံနိုင်သနည်း သဘာဝသည် ငှက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ကောင်းကင်၌ ပျံသန်းနိုင်စေရန် ဖန်တီးထား၏။ ငှက်၏ စကယ်လီတန်တို့ကို ကြည့်လေ။ ငှက်ရိုးတို့သည် ကျစ်လျစ်၏။ အခေါင်းရှိ၏။ ပေါ့ပါး၏။ ငှက်ကျောရိုး အဆစ်များသည် ပေါင်းစပ်နေသဖြင့် ကျောရိုးသည် မြီးထူးရိုးနှင့်လည်း နီးကပ်စွာ ဆက်စပ်တည်ရှိသည်။ ထို့ပြင် အခြားအရိုးတို့မှာ ငှက်၏ကိုယ်ထည်တစ်ခုလုံး အပေါ်၌ ပေါင်းကူးကဲ့သို့ အထပ်ထပ်ဖွဲ့၍ နေသဖြင့် ကိုယ်ထည်မှာ တောင့်တင်းခိုင်မာပါလျက်နှင့် ပေါ့ပါး၍ နေပေသည်။ လေယာဉ်ပျံတွင် လေးလံသော စက်ကိရိယာနှင့် ခရီးသည်တို့ကို ဟန်ချက်အနီးအနားတဝိုက်၌ ထားရှိရသည်။ ထို့အတူ ငှက်၏ လေးလံသော ခန္ဓာအစိတ်အပိုင်းပါသည့် ကိုယ်ထည်တစ်ခုလုံးသည် ဟန်ချက်တဝိုက်၌သာ တည်ရှိသည်။ ပေါ့ပါးသော အင်္ဂါများကို ဦးခေါင်း၊ အမြီး၊ အတောင်နှင့် ခြေထောက်တို့ကား ဟန်ချက်ဖြင့် ဝေးရာတွင် တည်ရှိပေသည်။ ထိုပေါ့ပါးသည့် အင်္ဂါများကို လှုပ်ရှားစေသော အသားစိုင်မှာ ကိုယ်ထည်နှင့်သာ ဆက်စပ်လျက်ရှိပေသည်။ အသားစိုင် အများဆုံးအပိုင်းမှာ ပေါင်ပိုင်းသာဖြစ်၍ ငှက်ကိုယ်ထည်၏ ဟန်ချက်နှင့် နီးကပ်စွာ တည်ရှိနေသည်။ ပေါင်အောက်ဘက်ရှိ ခြေတံမှာ သေးသွယ်ရှည်လျားသော အရိုးချောင်းဖြစ်သည်။ ထိုအရိုးနှင့် ခြေချောင်းကလေးများသည် ဆက်နေသည်။ ခြေပိုင်း၌ အများအားဖြင့် အမွှေးအတောင် မရှိချေ။ ငှက်တောင်မှာ စင်စစ်အားဖြင့် တွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့၏ ရှေ့လက်ဖျားများဖြစ်သည်ဟု ဆိုနိုင်သည်။ ပျံသန်းနိုင်ရန်အတွက် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေခြင်းသာ ဖြစ်၏။ တောင်ပံတို့ကို ခတ်နိုင်စေရန် ရင်အုပ်ရှိ ကြွက်သားတို့သည် ကြီးထွားလျက် ရှိ၏။ ထိုရင်အုပ်သားမှာလည်း ကိုယ်ထည်၏ ဟန်ချက်အနီး၌ပင် တည်ရှိသည်။ အသုံးမလိုသော လက်ကောက်ဝတ်ရိုးနှင့် လက်ဝါးရိုးတို့သည် ပူးပေါင်းလျက်၊ လက်ချောင်းတစ်ချောင်းသာလျှင် ထင်ရှားစွာ ကျန်ရစ်သည်။ ငှက်နှင့် တွားသွားသတ္တဝါတို့၏ ခြားနားချက် တွားသွားသတ္တဝါတို့သည် သွေးအေးသတ္တဝါများ ဖြစ်ကြ၏။ နို့တိုက်သတ္တဝါတို့မှာ သွေးနွေးသတ္တဝါများဖြစ်သည်။ သို့သော် ငှက်သည် တွားသွားရမည့်ဘဝမှ ကောင်းကင်၌ ပျံသန်းရသည့်ဘဝသို့ ရောက်လာသောအခါ နို့တိုက်သတ္တဝါကဲ့သို့ သွေးနွေးသတ္တဝါ ဖြစ်ခဲ့လေသည်။ သွေးနွေးသတ္တဝါတို့၌ အပူရှိန် တစ်သမတ်တည်း ရှိကြသည်။ သွေးအေးသတ္တဝါတို့ကား ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ အပူရှိန် ပြောင်းလဲတတ်သည်။ ဆောင်းတွင်း၌ သွေးအေးသတ္တဝါတို့သည် လေးလံ ထိုင်းမှိုင်းလာကြသည်။ ငှက်တို့ကား အစဉ်သဖြင့် ပျံသန်းလှုပ်ရှားရသူများဖြစ်၍ လေးလံထိုင်းမှိုင်းသော သဘာဝနှင့် သဟဇာတ မဖြစ်ချေ။ ငှက်တို့သည် သွေးနွေးသတ္တဝါများ ဖြစ်လာကြသဖြင့် သူတို့၏ အမူအကျင့် အလေ့အထလည်း ပြောင်းလဲလာရသည်။ ငှက်ဥနှင့် ငှက်ငယ်များအတွက် အပူချိန်သည် တစ်သမတ်တည်း ညီရမည်ဖြစ်၍ ငှက်တို့သည် အသိုက်လုပ်ရသည်။ ဥအုပြီးနောက် ဝပ်ရသည်။ သွေးနွေးသတ္တဝါ ဖြစ်သည့်အလျောက် ဆောင်းဥတု၌ နွေးသောဒေသသို့ ပြောင်းရွှေ့ရသည်။ ငှက်တို့၏ ကိုယ်တွင်း အပူသည် လူတို့၏ကိုယ်တွင်းအပူထက် ပြင်းသည်ဖြစ်၍ အစာအကြေမြန်သည်။ ထို့ကြောင့် မနေမနား အစာ ရှာရသည်။ ငှက်၏ ခေါင်းခွံမှာ ပါး၍ မေးရိုးမပါရှိချေ။ သွားလည်း မရှိချေ။ အစာကို ကြေညက်အောင် ဝါးရသည်ဟု မရှိသောကြောင့် ငှက်၏ ဝမ်းတွင်းရှိ အမြစ်သည် အစာချေဖျက်နိုင်ရန် အလုပ်ကို လုပ်ပေးရလေသည်။ ဆင့်ကဲပြောင်းလဲမှုအရ ကွဲပြားသွားသော ငှက်မျိုးစဉ်များ "Braun & Kimball (2021) " သုတေသနစာတမ်းအပေါ်အခြေခံ၍ မျိုးရိုးဆင်းသက်မှု ဆင့်ကဲပြောင်းလဲသွားပုံအရ မျိုးစိတ်တစ်ခုနှင့် တစ်ခုအကြား နီးစပ်သော မျိုးရိုးဆက်နွယ်မှုကို ပြထားသော မျိုးရိုးဇယားဖြစ်သည် - ငှက်မျက်စိ ငှက်တို့သည် အလွန်မျက်စိရှင်ကြ၏။ ကြည်လင်ထက်မြက် သော မျက်လုံးများသည် ခရီးဝေးကို မြင်နိုင်ကြသည်။ ထို့အပြင် လေထဲ၌ အဟုန်ပြင်းစွာ ပျံသန်းနေသည်ဖြစ်စေကာမူ အလားတူ လျင်မြန်စွာ ပျံသန်းနေသော ပိုးမွှားတို့ကို မျက်ခြည်မပြတ် မြင် နိုင်စွမ်းရှိ၏။ လင်းယုန်ငှက်နှင့် လင်းတငှက်ကဲ့သို့ ငှက်ရဲများ သည် အလွန်မြင့်သော ကောင်းကင်အရပ်၌ ပျံဝဲကာ နေရာမှ မြေပြင်ပေါ်တွင်ရှိသည့် သေးငယ်သော အစာကောင်ကို မြင် သည်နှင့်တစ်ပြိုင်နက် အဟုန်ပြင်းစွာနှင့် စိုက်ထိုး သုတ်ယူ တတ်ကြသည်။ ထို့အပြင် ဤငှက်ရဲတို့တွင် မျက်ခွံလွှာအပို တစ်ထပ်ပါရှိသဖြင့် မျက်စိကို အလင်းရောင် မစူးနိုင် အောင် မျက်ခွံလွှာကို လိုသလို ရှုံ့ချည်ပိတ်ချည် ပြုလုပ်နိုင်သည့်အပြင် တင်းတိမ်ဖြင့် ကာသကဲ့သို့လည်း ကာထားနိုင်၏။ ထိုမျက်ခွံလွှာ အပိုကို မှိတ်ထားစေကာမူ မြင်နိုင်သောအစွမ်း ရှိသည်။ ထို့အပြင် ခရီးဝေးနီးတို့ကိုလည်း ပြတ်သားစွာ မြင်နိုင်အောင် မျက်စိကို ချိန်နိုင်ကြသည်။ ငှက်၏ စီးပွားရေးအကူအညီ ငှက်သည် မနားမနေ အစာရှာဖွေ စားသောက်တတ်သော ကြောင့် ယင်းတို့၏ အစာဖြစ်သော ပိုးမွှားတို့ကို ဖျက်ဆီးပေး ခြင်းအားဖြင့် လူ၏ စီးပွားကို အကျိုးပြုသည်။ ပိုးမွှားတို့သည် လူတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ ကြီးမားသော ရန်သူ ဖြစ်သည်။ အားလူးပင်ဖျက် ပိုးတောင်မာသည် သဘာဝ အလျောက် သားပေါက်ချိန်တချိန်အတွင်း သန်းပေါင်း ၆ဝ မျှ သော သားစဉ် မြေးဆက် ပိုးကောင်တို့ကို ပေါက်ပွားစေနိုင် သည်။ အပင်များတွင် ကျတတ်သော ပျကောင်များသည် သက်တမ်းတိုသဖြင့် တနှစ်အတွင်း ၁၃ ကြိမ်မျှ မျိုးပေါက်ပွား ကြသည်။ ပျအမ တစ်ကောင်မှ အနည်းဆုံး သားငယ် အကောင်ပေါင်း ၅ဝ အထိ မွေးတတ်ရာ ၁၃ ဆက်မြောက်သို့ ရောက်သည့်အခါ ပျကောင် အရေအတွက်မှာ ၁ဝ နောက်တွင် သုည ၃၆ လုံးရှိသော ကိန်း သို့ပင် ရောက်မည်ဖြစ်၏။ အပွားမြန်သော ပိုးကောင်တို့သည် အနှောင့်အယှက် တစ်စုံ တစ်ရာ မရှိဘဲ လိုသမျှအစာကို ဝဝလင်လင် စားကြရမည် ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင် နှစ် အနည်းငယ်အတွင်း ပိုးမွှားတို့ဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။ ဤအချက် တစ်ရပ်နှင့်ပင် ပိုးမွှားတို့သည် လူ၏ ရန်သူဖြစ်သည်ကို သဘောပေါက်ကြပေလိမ့်မည်။ ထိုပိုမွှားတို့ကို ငှက်တို့သည် သုတ်သင်ပေးလေသည်။ စကားလက်တန်နဂျာ ခေါ် အမေရိကန်ငှက်တစ်မျိုးကို ပိုးဖလံ ကောင် အငယ်စားများ ကျရောက်၍ ဖျက်ဆီးနေသည့် အပင် တစ်ပင်၌ ကျက်စားနေစဉ် စောင့်၍ကြည့်ရာ ၁၈ မိနစ်အတွင်း ပေါက်ဖတ်အကောင်ပေါင်း ၆၃ဝ မျှကို စားပစ်ကြောင်း တွေ့ရ သည်။ တစ်ငှက် အဖိုနှင့်အမတစ်စုံကို စောင့်၍ ကြည့်ရာ၌ လည်း ပန်းသီးပင်များကို ဖျက်ဆီးတတ်သည့် ပိုးဖလံကောင် ပေါက်စ ပေါက်ဖတ်ကလေးများကို အသိုက်သို့ ကူသယ် ကောက်သယ်ချီယူနေသည်မှာ တစ်နာရီအတွင်း ၄၇ ခေါက်ရှိ၍ တစ်ကြိမ်တစ်ကြိမ်လျှင် ပေါက်ဖတ် နှစ်ကောင်သုံးကောင် ချီယူ သွားကြသည်။ အသိုက်တွင်း၌ သားငယ်များ ပေါက်ပွားနေချိန် တွင် မိုးလင်းမှ မိုးချုပ်အထိ သားငယ်တို့အား အစာရှာခွံလေ့ ရှိသဖြင့် တစ်နေ့လျှင် ပိုးကောင်ပေါင်း မည်မျှ ချီယူကြမည်ကို လွယ်ကူစွာ သဘောပေါက်နိုင်ပေ၏။ နှံပြီစုတ်ငှက်မတစ်ကောင် သည် သားငယ်တို့အား တစ်နာရီလျှင် ၃၈ ကြိမ်မျှ အစာခွံ့ သည်ကို တွေ့မြင်ရသည်။ ထိုငှက်မ ချီယူလာသော အစာများ တွင် သစ်ပင်များ၏ အရည်ကို စုတ်ယူတတ်သော ပျကောင် များ၊ အရွက်များကို ကိုတ်ဖြတ်တတ်သော ပေါက်ဖတ်များနှင့် ခြေတံရှည်ပိုးကောင်များ ပါဝင်လေသည်။ သီးနှံပင်နှင့် မြက်ပင်များ၏ အမြစ်များကို ကိုက်ဖြတ် ဖျက်ဆီးတတ်သော ခြေတံရှည် ပိုးကောင်ပေါက်စနှင့် ပိုး တောင်မာ ပေါက်စတို့ကဲ့သို့ သီးနှံဖျက်ပိုးများကို စားသောက် လေ့ရှိသော စတားလင်းခေါ် ငှက်တစ်မျိုးသည် တစ်နာရီလျှင် အကြိမ် ၃ဝ မျှ ထိုပိုးများကိုချီ၍ သားငယ်တို့အား အစာခွံ့ကြ သည်။ နှံပြီစုတ်ငှက်တစ်ကောင်သည် ၁၅ နာရီနှင့် ၄၅ မိနစ် အတွင်း သားကောင်ငယ်တို့အား ၁၂၁၇ ကြိမ်မျှ အစာခွံ ကျွေး သည်မှာ မှတ်သားဖွယ်ရာ အကောင်းဆုံးစံချိန်တစ်ရပ် ဖြစ် သည်။ ကောက်ပင်များ၏ အနှံတို့ကို ကိုက်ဖြတ်စားသောက် လေ့ရှိသော သာမန်စာကလေးများပင်လျှင် သားပေါက်ချိန်၌ သားငယ်တို့ကို ဆန်စေ့၊ စပါးများ မကျွေးမူ၍၊ ပေါက်ဖတ် များကို ရှာဖွေ ကျွေးမွေးတတ်ကြသည်။ ဤနည်းအားဖြင့် ငှက်တို့သည် တောင်သူလယ်သမားတို့အား ထိရောက်စွာ ကူညီကြပေသည်။ သိပ္ပံပညာစနစ်ဖြင့် စမ်းသပ်ကြည့်ရာတွင် ငှက်ငယ်များ ကြီးထွားလာရန်မှာ ယင်းကိုယ်ခန္ဓာ၏ အလေးချိန်ထက်ဝက်မှ အပြည့်အထိလေးသော အစာကို နေ့စဉ် စားသောက်ရမှ ကြီး ထွားနိုင်သည်ကို တွေ့ရသည်။ အချို့ငှက်တို့သည် လယ်ယာစိုက်ပျိုးမှုကို အနှောင့်အယှက် ပေးသည့် ပေါင်းပင် မျိုးစေ့များကို စားသောက်ကြခြင်းဖြင့်၊ တောင်သူလယ်သမားတို့ကို ကျေးဇူးပြုပေးသည်။ ပေါင်းပင် စေ့ကို စားသောက်သော ငှက်နှစ်မျိုး၏ စလုတ်မှ အစေ့ ပေါင်း ၁၇ဝဝ နှင့် ၅ဝဝဝ အသီးသီး ထုတ်ယူရရှိခဲ့ဘူး လေသည်။ ကြွက်ကဲ့သို့သော သီးနှံဖျက် တိရစ္ဆာန်တို့ကို ငှက်တို့က ဖမ်း၍ စားသောက်တတ်ကြသည်။ အကယ်၍ ကြွက်ဖိုမတစ်စုံမှ ပေါက်သောသားများ တစ်ကောင်မကျန် အဖတ်တင်သည်ဟု ဆိုငြားအံ့၊ ထိုသားအမိ သားအဖတစ်မြုံသည် ငါးနှစ်အတွင်း ကောင်ရေပေါင်း သန်းချီ၍ ပေါက်ပွားမည်ဖြစ်သည်။ သို့သော် ထိုအခြေအနေသို့ မရောက်စေရန် ဇီးကွက်နှင့် သိမ်းငှက်တို့သည် တောင်သူလယ်သမားဖက်မှနေ၍ ကူညီကြသည်။ ထိုမှတစ်ပါး ငှက်တို့သည် ဟင်းလျာအတွက်လည်း အသုံး ဝင်သည်။ ရစ်၊ ခါ၊ ချို၊ တောဘဲ၊ စစ်စလီ၊ ဘုမ္မတီး၊ တော ကြက် စသော ငှက်တို့မှာ မြန်မာနိုင်ငံတွင် ဟင်းလျာအတွက် ဖမ်းဆီးလေ့ရှိသော ငှက်မျိုးများ ဖြစ်ကြသည်။ ဥရောပနိုင်ငံ များ၌ ဂရောက်ရစ်၊ စနိုက်ငှက်၊ ရစ်၊ စနိုက်ကြီး၊ ကြက်ဆင်၊ တောဘဲနှင့် တောငန်းတို့ကို ဟင်းလျာအလို့ငှာ အမြတ်တနိုး ထားကြသည်။ လူ၏ ရန်သူငှက်များ လူတို့အတွက် ငှက်တို့သည် အသုံးဝင်သည် မှန်၏။ သို့သော် လူတို့ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော ငှက်တို့ လည်း ရှိသေး၏။ ငှက်တို့သည် ဆီးသီး၊ မာလကာသီး စသော အသီးငယ်များကို အလွန်ကြိုက်နှစ်သက်တတ်၏။ ဂျုံ၊ စပါး စသည့် ကောက်သီးကောက်နှံများကိုလည်း ကြိုက်နှစ်သက် တတ်၏။ အနောက်နိုင်ငံတွင် စထရော်ယယ်ရီ၊ ရပ်စဘေရီနှင့် ချယ်ရီသီးတို့ သီးချိန်တွင် ငှက်တို့၏ ရန်သူကို များစွာ စိုးရိမ် ရ၏။ မြန်မာနိုင်ငံ၌ စပါးမှည့်ချိန်တွင် တောငှက်နှင့် စာကလေးတို့၏ဘေးရန်ကို စိုးရိမ်ရသောကြောင့် လယ်ကွင်း များတွင် ခလောက်ဖြင့် အမြဲစာခြောက်ရသည်။ ထို့အပြင် ကြက် ငှက်မွေးမြူသူများ၏ ရန်သူတို့မှာ ကျီး၊ စွန်၊ သိမ်း စသော ငှက်များဖြစ်သည်။ ငှက်သုတေသီ ငှက်တို့၏ အကြောင်းခြင်းရာကို သုတေသနပြုသူ ပုဂ္ဂိုလ် အမြောက်အမြား ရှိလေသည်။ ငှက်တို့ကို တမင်သက်သက် အလှမွေးမြူသူတို့လည်း ရှိ၏။ ထိုပုဂ္ဂိုလ်တို့၏ ကျေးဇူးကြောင့် ငှက်အကြောင်းကို စနစ်တကျ ကျွန်ုပ်တို့ သိရှိရပေသည်။ ငှက် တို့၏ သီချင်းသံနှင့် အရောင်အဆင်းတို့ကို စူးစမ်းလေ့လာခြင်း အလုပ်သည် သဘာဝနှင့် နီးစပ်သော အလုပ်ဖြစ်၍ အလွန်စိတ် ကြည်လင်စေသော အလုပ်ဖြစ်သည်။ အိမ်ခြံဝင်းအတွင်း၌ သစ် ပင် ပန်းမာလ်များ စိုက်ပျိုးပေးထားခြင်း၊ ငှက်အိမ်များ ဆောက် လုပ်ပေးထားခြင်း စသည်ဖြင့် ငှက်အပေါင်းတို့ လာရောက် နေထိုင်စေရန် ငှက်မွေးမြူသူတို့က ဖန်တီးပေးလေ့ရှိသည်။ ငှက် သုတေသီတို့မှာ တောတောင်ရေမြေတို့ကိုလှည့်လည်၍ ငှက်တို့ ၏ အမူအကျင့်ကို လေ့လာကြသည်။ ငှက်အမျိုးအစားကိုလိုက်၍ ငှက်စားကျက် အမျိုးမျိုးရှိသည်။ အချို့ငှက်တို့သည် သစ်တော၊ ခြံကြီး၊ ဥယျာဉ်များကြီးထဲတွင် ကျက်စားသည်။ အချို့မှာ အင်းအိုင် ချောင်းမြောင်းအရပ်ကို မှီ၍ နေကြသည်။ အချို့ကားလယ်ကွင်းများ၊ မြက်ခင်းများ၌၎င်း၊ တောင်ကုန်းများ၌၎င်း အစာရှာဖွေကြသည်။ ငှက်ဒေသခြောက်ရပ် ငှက်သုတေသီတို့၏ အလိုအားဖြင့် ငှက်မျိုးများကို ဒေသ ခြောက်ပိုင်း ပိုင်း၍ တွေ့နိုင်သည်ဟု ဆိုကြသည်။ ထိုဒေသ ခြောက်ပိုင်းမှာ (၁) နယူးဇီလန်၊ (၂) ဩစတြေးလျ၊ (၃) အပူပိုင်းဇုန်သစ်(တောင်အမေရိက)၊ (၄) အိန္ဒိယ၊ (၅) အာဖရိကနှင့် (၆) အာတိတ်ဇုန်ဟောင်း(မြောက်အမေရိက၊ ဥရောပနှင့်အာရှမြောက်ပိုင်း) ဟူ၍ ဖြစ်ကြသည်။ ငှက်မျိုး အနည်းအငယ် တို့ကို ကမ္ဘာအရပ်ရပ်၌ အနှံ့အပြား တွေ့ရှိရ သော်ငြားလည်း ငှက်မျိုးစိတ်နှင့် မျိုးရင်းပေါင်း မြောက်မြားစွာ တို့ကိုမူ သူ့ဆိုင်ရာ ဒေသ၌သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် မြောက် အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ရှိ ငှက် တို့သည် မတူကြချေ။ ထို့အတူ အာဖရိကတိုက်ရှိ ငှက်တို့သည် ဥရောပတိုက်ရှိ ငှက်တို့နှင့် ခြားနားသည်။ သို့သော် မြောက် အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ငှက်တို့မှာ ဆင်တူဖြစ် သည်။ အရှေ့အိန္ဒိယကျွန်းစုရှိ ငှက်တို့ကို လေ့လာကြည့်လျှင် တစ်ကျွန်းတွင်ရှိသော ငှက်မျိုးသည် အခြားကျွန်းရှိငှက်နှင့် မတူကွဲပြားသည်ကို တွေ့ရသည်။ ဖြစ်ရသည်မှာ အချို့ငှက်တို့ သည် ဩစတြေးလျ အစုထဲတွင် ပါဝင်၍ အချို့မှာ အိန္ဒိယအစု ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။ သာဓက ပြရသော် ဗာလီကျွန်းနှင့် လွမ်းဗုတ်ကျွန်းတို့သည် တစ်ကျွန်းနှင့်တစ်ကျွန်း မိုင် ၂ဝ မျှသာ ကွာသည်။ သို့သော် ထိုကျွန်း နှစ်ကျွန်းရှိ ငှက် တို့ ခြားနားပုံမှာ အာဖရိကငှက်နှင့် တောင်အမေရိကငှက်တို့ ခြားနားသည့် ပုံအတိုင်းပင် ဖြစ်သည်။ ဤသည်ကို ထောက်ရူ လျှင် ထိုကျွန်းနှစ်ကျွန်းသည် ဘယ်သောအခါကမျှ တစပ်တည်း မတည်ခဲ့ကြောင်း ထင်ရှားသည်။ ထို နှစ်ကျွန်း၏ အကြားရှိ နက်ရှိုင်းသော ရေလက်ကြားသည် ဩစတြေးလျနှင့် အာရှကို ခွဲခြားပေးသော နယ်နိမိတ်ဖြစ်သည် ဟု ယူဆနိုင်သည်။ ဗာလီ ကျွန်းသည် အာရှ၌ အပါအဝင် ဖြစ်သော်လည်း လွမ်းဗုတ်ကျွန်း မှာ ဩစတြေးလျ ၌ အပါအဝင် ဖြစ်သည်။ ငှက်တို့ နေရာပြောင်းရွှေ့တတ်ခြင်း ငှက်တို့ကို ဒေသအလိုက် သတ်မှတ်ပေးရာ၌ ငှက်တို့ အသိုက်ဖွဲ့၍ သားမွေရာအရပ်ကို အခြေပြု၍ ငှက်၏ နေရင်း ဇာတိကို သိရသည်။ သို့သော် ငှက်မျိုးစိတ်ပေါင်းများစွာတို့မှာ ရာသီဥတုကိုလိုက်၍ တစ်နယ်မှတစ်နယ်သို့ ရွှေ့ပြောင်းနေထိုင် ကြသည်။ ဗြိတိန်တွင် အသိုက်ဖွဲ့၍ သားမွေးသောငှက်တို့သည် အာဖရိကတိုက်သို့ပြောင်းရွှေ့၍ ဆောင်းခိုလေ့ရှိသည်။ ဗြိတိန်မှ ပျံလွှားငှက်သည် ဆောင်းရာသီ၌ မိုင် ၅ဝဝဝ ဝေးသော တောင် အာဖရိကတိုက်သို့ ရွှေ့ပြောင်း နေထိုင်လေ့ရှိသည်။ ရွှေရောင် ငှက် တစ်လိုင်းမျိုးသည် လားဗရာဒေါနှင့် နိုဗာစကိုးရှား ပြည် နယ်များမှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ မနေမနား ပျံ သန်းကာ မိုင် ၂ဝဝဝ ဝေးသောတောင် အမေရိကတိုက်သို့ ဆောင်းခိုရန် ရွှေ့ပြောင်းကြသည်။ ထို့အတူပင် အနောက် ပစိဖိတ်ကမ်းခြေတွင်နေသော ငှက်တလိုင်းတို့သည် အလာ စတာ ပြည်နယ်မှ မိုင် ၂ဝဝဝ ဝေးသော ဟာဝိုင်းယန်းကျွန်းသို့ နှစ်ဉ် ကူးချည်သန်းချည်ပြုကြသည်။ သို့သော် သစ်တောက် ငှက်၊ တောစာနှင့် ရစ်စသော ငှက်တို့သည် ဗြိတိန်မှ ထွက်ခွာ သွားလေ့ မရှိချေ။ ပျံလွှားငှက်၊ တောဘဲ၊ ပုစဉ်းထိုးနှင့် မြေလူး ငှက် စသည်တို့သာ နှစ်စဉ်နေရာပြောင်းကြသည်။ နွေဦးပေါက်သို့ ရောက်လာတိုင်း ကမ္ဘာမြောက်ပိုင်းရှိ ငှက် တို့သည် မြောက်ဘက်သို့ နေရာပြောင်း၍ တောင်ပိုင်းရှိ ငှက် တို့သည် တောင်ဘက်သို့ နေရာပြောင်းကြသည်။ နွေးရာအရပ် များသို့ ရွှေ့ပြောင်းခြင်းပင် ဖြစ်၏။ နေရာပြောင်းရာ၌ ငှက်ဖို တို့သည် ဦးစွာ ရွှေ့ပြောင်းကြသည်။ ငှက်ဖိုတို့က အသိုက်လုပ် ရန် နေရာကောင်းကို ရှာဖွေပြီးလျှင် အပြိုင်အဆိုင် လုကြသော အခြားငှက်တို့ကို မောင်းနှင်ဖယ်ရှားပြီးသည့်နောက်မှ ငှက်မ တို့က ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခြားပြီး ရောက်လာကြသည်။ ထိုအခါ ငှက်ဖိုတို့က ငှက်မများကို အတူနေကြရန် သွေး ဆောင်ကြသည်။ ငှက် 'လူပျိုလှည့်'ပုံ ငှက်တို့သည် သာမန်အားဖြင့် အဖိုတစ်ကောင်လျှင် အမ တစ်ကောင်နှင့်သာ တစ်နှစ်အတွင်း စုံဖက်ပေါင်းသင်း၍ နေလေ့ ရှိသည်။ သို့သော် ကြက်မျိုးတွင်အပါအဝင်ဖြစ်သည့် ကြက်ဆင်၊ ရစ် စသည့်ငှက်တို့သည် အဖိုတစ်ကောင်လျှင် အမများစွာနှင့် ပေါင်းသင်းသည်။ ဤကဲ့သို့ အမပေါင်းများစွာတို့နှင့် ဆက်ဆံ လေ့ ရှိသော အခြားငှက်မျိုးများမှာ နှံပြီစုတ်နှင့် ဗလက်ဗတ် ခေါ် ငှက်မည်းများ ဖြစ်လေသည်။ ဥဩငှက်တိုသည် အခြား ငှက်သိုက်များ၌ အု၍ ထိုဥများမှ ပေါက်ပွားလာသော သားငယ် များကိုလည် ထိန်းသိမ်းစောင့်ရှောက်လေ့ မရှိကြသဖြင့် တစ်နှစ် တစ်ရာသီအတွင်း၌ပင် အဖော်အလဲလဲဖြင့် ပေါင်းဖက် ကြလေ သည်။ အမေရိကတိုက် အပူပိုင်းဒေသများတွင် တွေ့ရသော အန်နစ်ခေါ် ငှက်တစ်မျိုးသည် ငှက်မများစွာ ဥအုနိုင်ရန် အသိုက် တစ်ခုတည်းကို ဝိုင်းဝန်းကူညီ ဆောက်လုပ်လျက် ပေါက်လာ သမျှသော သားငယ်တို့ကိုလည်း အားလုံးဝိုင်း၍ စောင့်ရှောက် ကြလေသည်။ ငှက်ဖိုများသည် မိတ်ဖက်ရှာသည့်အခါ၌ မိမိအား စိတ်ညွတ် လေအောင် ငှက်မများကို 'လူပျိုလှည့်'လေ့ ရှိကြသည်။ ထို အချိန်အတောအတွင်း၌ ငှက်ဖိုများသည် သာယာသောအသံများ ကျူးရင့်ခြင်းဖြင့်ဖြစ်စေ၊ အမွှေးအတောင်များ အလှပြ၍ ဖြစ်စေ၊ ငှက်မများရှေ့တွင် သူ့ထက်ငါထင်ပေါ်ရအောင် အပြိုင်အဆိုင် ပြုလုပ်တတ်ကြသဖြင့် ငှက်များ၏ အသံသာယာဆုံးနှင့် အမွှေး အတောင်များ အလှအပဆုံးအချိန် ဖြစ်ပေသည်။ သို့သော် ငှက်တိုင်း ဘာသာသဘာဝ သီဆို အော် မြည်ကြသည် မဟုတ်ချေ။ ငှက်ကြီးဝံပိုနှင့် ငှက်ကျားတို့မှာ အရွယ်ကြီး ရင့်လာသောအခါ အသံမမြည်နိုင်ကြရှာချေ။ ငှက်ဖိုများ လူပျိုလှည့်သည့်အခါ ဆန်းပြားထွေထူးသော ကိုယ်ဟန် အမူအရာ ပြုလုပ်ကြပုံမှာ ငှက်တို့၏ အသံကို လေ့လာရသည်ထက်ပင် စိတ်ပါဝင်စားဖွယ် ကောင်းပေသည်။ ဥဒေါင်း၊ ကြက်ဆင်နှင့် လူတို့ မွေးမြူထားသည့် အိမ်ကြက် များသည် အမများရှေ့တွင် ဟန်ရေး အမျိုးမျိုး ပြကြပုံကို လူတိုင်းတွေ့ဘူးမြင်ဘူးကြပေမည်။ ငှက်ကလေးများသည်လည်း ငှက်မတို့ရှေ့တွင် ဟန်ရေးပြ လေ့ ရှိကြသည်။ စလုတ်ပွခိုကဲ့သို့ ငှက်မျိုးတို့တွင် ကိုယ်တွင်း ၌ ဆန်းကြယ်သည့် လေအိတ်များကို အမကို မြှူသည့်အခါ ထိုလေအိတ်ကို ဖောင်းပွလာစေခြင်းဖြင့် အချိုးမကျသော ကိုယ် ဟန်အမူအရာကို ဆောင်တတ်ကြသည်။ မိုးစွေငှက် ခေါ် ပျံလွှားငှက် တို့သည် ငှက်မတို့ကို လေထဲတွင် ကျင်လည်စွာ အမျိုးမျိုး ပျံ၍ ပြကြသည်။ ထိုငှက်များသည် အထက်သို့ လူတို့ မျက်ခြည် ပြတ်လု ခမန်းအထိ ပျံတက်၍ အပေါ်တွင် ရစ်ဝဲကာ အသံ ကျူးရင့်ပြီးနောက် ရုတ်တရက် အတောင်နှစ်ဖက်တို့ကို ရုပ် သိမ်းပြီးလျှင် မိုးပေါ်မှ ကျောက်တုံးကျောက်ခဲများကို ပစ်ချ လိုက်သကဲ့သို့ မြေပေါ်သို့ ထိုးဆင်းလာသည်။ ထိုနောက် ငှက်သည် မြေပြင်နှင့် ရိုက်မိတော့မည်ကဲ့သို့ရှိစဉ် အတောင် နှစ်ဖက်တို့ကို တစ်ဖန် ဖြန့်ကား၍ လိုရာအရပ်တွင် အသာ အယာသက်ဆင်း နားနေလိုက်လေသည်။ ပင်လယ်ဇင်ယော် မျာနှင့် ကြိုးကြာငှက်များမှာမူ ခြေစုံထောက်၍ ခုန်သည်က တစ်ဖုံ၊ ခြေတစ်ချောင်း တည်ထောက်၍ ခုတ်သည်ကတစ်နည်း၊ လည်တံကို ကိုင်းညွတ်သည်က တစ်သွယ်အားဖြင့် ဟန်ရေးပြ တတ်ကြသည်။ ဩစတြေးလျတိုက်နှင့် နယူးဂင်းနီကျွန်းတို့တွင် တွေ့ရှိ ရသော ဗိုးဝါးငှက်မျိုးမှာကား မြေပြင်ပေါ်တွင် သစ်ခက်များ ဖြင့် အဆောက်အအုံကလေးများ ပြုလုပ်ကြ၍ ယင်းတို့ကို နီရဲရဲသစ်သီးများ၊ အကြေးခွံများနှင့် ပန်းပွင့်များဖြင့် မွမ်းမံ ခြယ်လှယ်ထားလေ့ရှိကြသည်။ ဗိုးဝါးခေါ် ငှက်မျိုးပေါင်းများစွာ ရှိသည့်အနက် တစ်မျိုးမှာ သစ်ကိုင်းသစ်ခက်တို့ဖြင့် အမြင့် ရှစ်ပေအထိရှိသော အဆောက်အအုံများကို ဆောက်လုပ်၍ အတွင်း၌ အခန်းငယ်များ ကန့်ထားပြီးလျှင် ငှက်ဖိုသည် ထို အခန်းများတွင် ဝင်ချည်ထွက်ချည်နှင့် နေတတ်ကြသည်။ အချို့ ဗိုးဝါးငှက်တို့ကလည်း အဆောက်အအုံကို အရောင်တောက် ပြောင်နေသော ငှက်မွှေး၊ ငှက်တောင်များ၊ လိပ်ပြာကောင်များ နှင့် ပိုးမွှားများဖြင့် မွမ်းမံထားတတ်ကြသည်။ ထိုအဆောက် အအုံများကို တန်ဆာဆင်ထားသည့် သစ်သီး၊ ပန်းပွင့်ကဲ့သို့ သော အရာများ ညှိုးနွမ်းရိရော်လာသည့်အခါ အသစ်ထပ်မံ ရှာဖွေ၍ လဲလှယ်ထားလေ့ရှိသည်။ ဤသစ်ခက်အဆောက်အအုံ ထဲမှ ဗိုးဝါးငှက်ဖိုတို့သည် ငှက်မများအား ဟန်ရေး အမျိုးမျိုး ပြတတ်ကြသည်။ ငှက်၏ တေးသံ ငှက်တို့တွင် အသံထွက်အင်္ဂါ အစိတ်အပိုင်း တည်ရာသည် လူတို့တွင် ထိုကဲ့သို့သော အစိတ်အပိုင်းတည်ရာနှင့် ကွာခြား သည်။ လူတို့တွင် လေပြွန်အထက်ဖျား၌ သံစုံထွက်နိုင်သည့် အကြောစုများ တည်ရှိသော်လည်း ငှက်များ၌မူ အသံထွက် အမြှေးများမှာ လေပြွန်၏ အောက်စွန်းတွင် တည်ရှိသည်။ ထိုအမြှေးစု အသွင်အပြင်နှင့် အမြှေးစုကို ချုပ်တည်းထားသော အကြောများမှာ ငှက်တစ်မျိုးနှင့် တစ်မျိုးတွင် ကွဲပြားနေသည် ဖြစ်၍ အသံတစ်မျိုးစီ ထွက်ကြသည်။ ငှက်တို့သည် တေးသီဆိုသည့်အပြင် အခြားအသံများကို လည်း အော်မြည်တတ်ကြသည်။ သစ်တောက်ငှက်များသည် မာသော နှုတ်သီးဖြင့် သစ်ခေါက်ကို ထိုးခေါက်နေသည့်အခါ ပလုပ်တုတ်အသံမျိုးကို ကြားရ၏။ ဂရောက်ရစ်ငှက်တို့ကလည်း လေကို အတောင်ပံများဖြင့် ပြင်းပြင်းရိုက်ခတ်၍ စည်တီးသံမျိုး ကို ထွက်ပေါ်လာစေသည်။ စနိုက်ငှက်မျိုးသည် လေထဲသို့ မြင့်စွာ ပျံတက်၍ အောက်သို့ ထိုးစိုက်လိုက်သည့်အခါ အမြီး ၏ အပြင်ဘက် အတောင်နှစ်ခုမှာ အရှိန်ကြောင့် လှုပ်ခါသွား သဖြင့် အသံဖြစ်ပေါ်သည်။ အသိုက် ငှက်တို့သည် တွားသွားသတ္တဝါအဖြစ်သို့ ပြောင်းလဲလာခါ စတွင် လိပ်နှင့် ဖွတ်တို့ကဲ့သို့ ဥကို မြေပြင်၌အု၍ သဲဖုံး၍ ဖြစ်စေ၊ သစ်ခေါင်းတွင်ထည့်၍ဖြစ်စေ ထားကြသည်ဟု အဆို ရှိသည်။ သို့သော် သွေးအေးသတ္တဝါမှ သွေးနွေးသတ္တဝါ အဖြစ် သို့ ပြောင်းလဲသောအခါ၌မူကား၊ သားကောင် ပေါက်ပွားစေရန် ဥကို အပူရှိန် တစ်သမတ်တည်းပေးဖို့ လိုလာသည်။ ထို့ကြောင့် ဥကို ဝပ်ပေးရန် အသိုက်လိုလာလေသည်။ ဦးစွာ၌ ငှက်တို့သည် အဆင်သင့်ရာမြေပေါ်၌ ဥအုကြသည်။ ဝပ်ကြသည်။ နောင်အခါ၌ ဥများမြေကြီးပေါ်တွင် လိမ့်မသွားစေရန် မြေကိုယက်ဖော်၍၎င်း၊ မြေချိုင်တွင်း၌ သစ်ခက်သစ်ရွက်ဖို့၍ ၎င်း အသိုက်လုပ်ပြီးမှ ဥအုတတ်ကြသည်။ တစ်ဖန်မြေကြီးသည် အပူအအေး အစိုအခြောက်ဟူ၍ ခဏခဏ ပြောင်းလဲတတ် သောကြောင့်တစ်ကြောင်း၊ ကုန်းသတ္တဝါများက အန္တရာယ်ပေး တတ်ကြသောကြောင့် တကြောင်း မြေပြင်မှ မြင့်ရာအရပ်တို့တွင် ငှက်တို့အသိုက်ဖွဲ့လာကြပြန်သည်။ ဤသဘောအတိုင်း ငှက်သိုက်တို့၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာကြပုံကို ယနေ့ မြင်တွေ့ကြရသော အသိုက်များကို လေ့လာခြင်းဖြင့် သိအပ်သည်။ ဗျိုင်းနှင့် ခိုတို့သည် အသိုက်ကို တုတ်တံငယ်ဖြင့် ပြီးစ လွယ်လုပ်ကြသည်။ ကျီးနှင့် သိမ်းငှက်တို့သည် အသိုက်ထဲ၌ ဥကျင်းနက်နက်ကို အတွင်းသားနုနုတထပ်ခံ၍ တည်ကြ သည်။ အသိုက်လုပ်ပုံ အဆင့်အတန်း မြင့်သောငှက်မှာ စာဗူးတောင်းများဖြစ်သည်။ စာဗူးတောင်းသိုက်များမှ ဗူးတောင်းကို စောက်ထိုးထားဘိသကဲ့သို့ ရှိသည်။ မြက်ခြောက်၊ လျှော် စသည်တို့ဖြင့် သိုက်မြိုက်စွာ အသိုက်လုပ်တတ်သည်။ အသိုက်လုပ်ရာ၌ ငှက်ဖိုသည် အသိုက်လုပ်ရန်သင့်သော အရပ်ကို ရွေးသည်။ ငှက်မသည် အသိုက်လုပ်ရန်နေရာ အတိအကျကို ရွေးသည်။ ထိုနောက် ငှက်ဖိုနှင့် ငှက်မတို့သည် အသိုက် လုပ်ရန် မြက်၊ သစ်ရွက်၊ သစ်ကိုင်း အမွှေးအတောင်၊ ကျူပင်၊ ကျူရိုး စသည်တို့ကို ရပ်ဝေးရပ်နီးမှ လိုက်လံ၍ စုဆောင်းသည်။ ငှက်မအသိုက်ဖွဲ့သည့်အခါ ငှက်ဖိုသည်ရန်သူ မလာစေရန် ကာကွယ်ပေးရသည်။ ငှက်ဥများ ငှက်တို့၏ ဥများသည် အဖြူရောင်မှ အမည်းရောင်အထိ အမျိုးမျိုးရှိကြသည်။ များစွာသော ငှက်ဥတို့မှာ မြေကြီးရောင် ရှိ၍ အရောင်ရင့်ရင့်အစက်နှင့် အစင်းများရှိကြသည်။ ဤကဲ့သို့ ဥများတွင် အရောင်ရှိနေရခြင်းနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိလေသည်။ ဥများတွင် အရောင်ရှိခြင်းကြောင့် ဥများကို ထင်ရှားစွာ မမြင်နိုင်စေရန် ဖြစ်ကောင်းဖြစ်ပေမည်။ ပုံစံပြရလျှင် သစ်တောက်ငှက်နှင့် ပိန်ညင်းငှက်တို့သည် မှောင် မည်းနေသည့် သစ်ခေါင်းများအတွင်း၌ အစဉ် ဥအုလေ့ရှိသဖြင့် ဥများကို အရောင်ဖြင့် ဖျောက်ထားရန် မလိုသောကြောင့် ထိုငှက်တို့၏ ဥများမှာ ဆွတ်ဆွတ်ဖြူနေသည်။ ငှက်တလိုင်းနှင့် မြစ်တွေးခေါ် ဇင်ရော်ငှက်ငယ်မျိုးတို့သည် အသိုက်အအုံမရှိဘဲ မြေပြင်ပေါ်၌ လွတ်လပ်စွာ ဥအုချထားတတ်ကြသဖြင့် ထိုငှက် တို့၏ ဥများသည် မြေကြီးရောင် သို့မဟုတ် ကျောက်စရစ်ခဲ ရောင်နှင့် ထပ်တူထပ်မျှ ဖြစ်နေရာ ရုတ်တရက် တွေ့နိုင်ရန် ခဲယဉ်းလှသည်။ အသိုက်များအတွင်း၌ အုထားသောငှက်ဥတို့မှာ များသောအားဖြင့် အဖြူရောင်နှင့်ဖြစ်စေ၊ မြေကြီးရောင် ဖျော့ ဖျော့နှင့်ဖြစ်စေ ထင်ရှားပေါ်လွင်သော အဆင်းအရောင်များ ဖြင့်သာ တွေ့ရတတ်သည်။ ငှက်တို့သည် တစ်နေ့လျှင် ဥတစ်လုံးကျ ဥအုစမြဲဖြစ်သည်။ ဤသို့လျှင် ငှက်မျိုးအလိုက် ဥရသော အရေအတွက်ပြည့်သည် အထိ အုလေ့ရှိသည်။ သို့ရာတွင် ဥများနှင့် ထိုဥများမှ ပေါက် ပွားလာသည့် ငှက်ကလေးတို့အား ရန်ရှာဖျက်ဆီးမည့် ဘေး အန္တရာယ်အနည်းအများကိုလိုက်၍ အရေအတွက်မှာ တစ်သမတ် တည်း မရှိတတ်ချေ။ အလွန်မြင့်မားသော ကျောက်တောင် စောက်များတွင် ဥအုလေ့ရှိကြသည့် ပင်လယ်ငှက်များစွာတို့သည် တစ်မြုံတွင် တစ်လုံးချင်းသာ အုလေ့ရှိကြ၍ လူတို့ လိုက်လံ ပစ်ခတ်လေ့ရှိသော ရေကြက်ကဲ့သို့ ငှက်မျိုးတို့တွင် ဖျက်ဆီး မည့် ရန်သူပေါများသဖြင့် တစ်မြုံလျှင် ဥပေါင်း ၁ဝ လုံးမှ အလုံး ၂ဝ အထိ ဥအုတတ်ကြသည်။ ငှက်များစွာတို့တွင် တစ်မြုံလျှင် ဥ ၃ လုံးမှ ၅ လုံးအထိ ဥအုတတ်ကြသည်။ ငှက်တို့၏ ဥအရွယ်အစားမှာ ပဲစေ့ထက်ယောင်ယောင်မျှ ကြီးသော ပိတုန်းငှက်ဥအရွယ်မှသည် အချင်းအားဖြင့် ၅ လက်မနှင့် ၆ လက်မကြားရှိ ငှက်ကုလားအုပ်ဥအရွယ်ထိ ရှိ လေသည်။ အလွန်အရွယ်အိုနေသော အိမ်ကြက်မများသည်၎င်း၊ ဥအုချိန် ကုန်ဆုံးခါနီးတွင် အုသောငှက်တို့သည်၎င်း အလွန် သေးငယ်သော ဥများကို အုတတ်ကြပေမည်။ ရံဖန်ရံခါ ဥခွံ တစ်ခုထဲတွင် ဥ ၂ လုံးစာ ၃ လုံးစာ၊ အနှစ်များ စုဝေး တည်ရှိနေသည်ကို တွေ့ရသည်။ ထိုဥများကို အမြွှာပူးဥများဟု ခေါ်ကြသည်။ ယေဘုယျအားဖြင့် ငှက်ကောင်ကြီးလျှင် ဥများ လည်း ကြီး၍ ငှက်ကောင်ငယ်လျှင် ဥလည်း ငယ်လေသည်။ သို့သော် ပေါက်ခါစတွင် မျက်စိမပွင့်၍ မလှုပ်ရှားနိုင်သော ငှက်မျိုး၏ ဥများသည် ပေါက်ခါစတွင် လှုပ်ရှားသွားလာ နိုင်သော ငှက်မျိုး၏ ဥထက် ငယ်တတ်၏။ အများအားဖြင့် ငှက်တို့သည် နောက်ဆုံးဥကို အုပြီးနောက် အသိုက်ထဲတွင် ဝပ်ရတော့သည်။ ဇီးကွက်ကဲ့သို့ အချို့ ငှက် တို့မှာ ပထမဆုံးဥကို အုပြီးသည်နှင့်စ၍ ဝပ်ကြသဖြင့် ဥများမှ အကောင်ငယ်တို့၊ ရက်ခြားပေါက်လာကြသည်။ ငှက်တို့တွင် အကောင်ငယ်များ ပေါက်လာသည်အထိ ဝပ်ရသည့် အချိန်မှာ ဥအရွယ် အကြီးအသေးကိုလိုက်၍ ရက်ကြာသည်။ သို့သော် အရွယ်ပင်ငယ်သော်လည်း အရွယ်ကြီးသော အချို့ငှက်ဥများ ထက် အချိန်ကြာကြာဝပ်ပေးမှ အကောင်ငယ်များ ပေါက်လာ သည်လည်း ရှိသေးသည်။ လည်ဖြူရစ်ငှက်ဥများသည် ၁၂ ရက်၊ သပိတ်လွယ်ဥများသည် ၁၄ ရက်၊ ပိတုန်းငှက် ဥများ သည် ၁၅ ရက်၊ ကြက်ဥများသည် ၂၁ ရက်၊ ဝမ်းဘဲဥများ သည် ၂၇ ရက်၊ ငန်းဥများသည် ၃၅ ရက် စသည်ဖြင့် အကောင်ပေါက်ရန် ကြာမြင့်လေသည်။ ငှက်ကလေးများ ပေါက်ဖွားလာရန်အတွက် ဥများကို ငှက်ကြီး၏ ကိုယ်ငွေ့ဖြင့် အပူရှိန် တစ်သမတ်တည်း ရှိစေရမည့်အပြင် ဥများကို မှန်မှန် လှန်လှောပေးရသည်။ ထို့ပြင် အတွင်း၌ရှိသော သန္ဓေသား အသက်ရှူနိုင်ရန် ဥခွံကို စိုထိုင်းထိုင်းဖြစ်အောင် မကြာခဏ ပြုလုပ်ပေးရသည်။ သို့မှသာ ဥခွံတွင်ရှိသော အပေါက်ငယ်များ ပွင့်နေမည်ဖြစ်၍ ပြင်ပမှလေနှင့် အစိုဓာတ်သည် အတွင်း အမြှေးထပ်သို့ ရောက်ရှိနိုင်ပေမည်။ ငှက်တို့တွင် ငှက်မများ သာ ဥများကို ဝပ်လေ့ရှိသည်။ သို့သော် အချို့ငှက်များတွင် များသေားအားဖြင့် အမများကဲ့သို့ အရောင်အဆင်းမွဲသော ငှက်ဖိုတို့သည် ငှက်မများနှင့် တွဲဖက်၍ ဥဝပ်သည့်တာဝန်ကို ယူကြသည်။ ငှက်မတို့ထက် ငှက်ဖိုများက အချိန်များစွာပို၍ ဝပ်ပေးရသော ငှက်မျိုးလည်း အနည်းငယ်မျှ ရှိသေးသည်။ ငှက်ပေါက်စ ဥမှပေါက်သောငှက်တို့တွင် အချို့သည် အသိုက်တွင်း၌ မိဖတို့၏ ကျွေးမွေးသုတ်သင်ခြင်းကိုခံ၍ အတန်ကြာမျှ ကြီး ကောင်ဝင်အောင် အားမွေးကြရသည်။ အချို့မှာမူ ဥမှ ပေါက် သည်နှင့် တစ်ပြိုင်နက် ဟိုဟိုသည်သည် ပြေးလွှားသွားနိုင်ကြ သည်။ ပထမငှက်မျိုး၌ အကောင်ပေါက်စတွင် မျက်စိမပွင့် သေးချေ။ ကိုယ်ပေါ်၌ အမွှေးနုပါးပါးသာရှိသည်။ ထိုငှက်မျိုး မွေးဖွားရာ အသိုက်မှာ ခိုင်ခံ့လုံခြုံအောင်ဖွဲ့ထားရသော အသိုက် များဖြစ်သည်။ မြေပြင်၌ အသိုက်လုပ်တတ်သော မိုးစွေငှက်၏ သားငယ်တို့သည် အမိက ရက်သတ္တတစ်ပါတ်မျှ ထိန်းသိမ်း ကျွေးမွေးခြင်းကိုခံရသည်။ လင်းတနှင့် ဇင်ရော်ငှက်ပေါက်စ များကိုမူ အမိကတစ်နှစ်ခန့်အထိ စောင့်ရှောက်မွေးမြူရသည်။ ဒုတိယငှက်အမျိုးအစားတွင် သာဓကမှာ ငှက်၊ ဘဲ၊ ငန်း စသော သတ္တဝါများဖြစ်သည်။ အစာခွံ့ပုံ အသိုက်ထဲတွင် ရက်ကြာကြာ ကျွေးမွေးသုတ်သင်ခြင်းကို ခံယူသော ငှက်ပေါက်စကလေးများကို ငှက်ဖို၊ ငှက်မနှစ်ဦး စ လုံးက မိမိတို့၏ စလုတ်ထဲတွင် တစ်ဝက်တစ်ပျက် ချေဖျက် ထားသော အစာကို ခွံ့ပေးရသည်။ သို့သော် များသောအားဖြင့် ငှက်တို့သည် သားသမီးများကို အစိမ်းတိုင်း အစာကျွေးလေ့ ရှိသည်။ အစာကို နှုတ်သီးဖြင့်ဖြစ်စေ၊ ခြေသည်းဖြင့်ဖြစ်စေ သယ်ယူလာတတ်ကြသည်။ ငှက်တို့ အစာခွံ့ပုံမှာ ငှက်ပေါက်စတို့က ဖွင့်ပေးသော ပါးစပ်ပေါက်ထဲသို့ ငှက်ကြီးတို့က နှုတ်သီးဖြင့် ထိုး၍ ခွံ့ပေးလေ့ ရှိသည်။ လည်ချောင်းထဲသို့ အစာဆင်းနိုင်ရန် အာခေါင်တွင်းသို့ ရောက်အောင် အစာကို ထည့်ပေးသည်။ သို့သော် ခိုပေါက်စကလေးများမှာမူ မိဖတို့ကဖွင့်ပေးသော ပါးစပ်ပေါက်ထဲမှ အစာကို နှိုက်၍ စားတတ်ကြသည်။ ခို၏ စလုတ်ထဲ၌ နို့ရည်ကဲ့သို့ အစာရည်ကို စုတ်ယူစားသောက်ကြ သည်။ တင်ကူးငှက်တို့၏ စလုတ်တွင်း၌ တစ်ဝက်တစ်ပျက် ချေဖျက်ထားသော ငါးအပိုင်းအစတို့ ရှိကြသည်။ ထိုအစာကို တင်ကျီးပေါက်စသည် ခိုပေါက်စကဲ့သို့ နှိုက်၍ စားသောက် တတ်ကြသည်။ ပထမ၌ ငှက်ငယ်များသည် ပိုးကောင်မွှားကောင်တို့ကို စားသည်။ အနည်းငယ်ကြီးလာသော် သစ်သီး၊ ကောက်ပင်၊ ကောက်ဆန် စသည်တို့ကို စားသောက်နိုင်ကြသည်။ ငှက်ငယ် တို့သည် အစာကို ပါးစပ်ထဲသို့ ထည့်ပေးရုံနှင့် မျိုမချနိုင်၊ မိဖတို့က အာခေါင်အာရင်းသို့ရောက်အောင် အစာကို သွင်း ပေးနိုင်မှသာ လည်ချောင်းမှ ကြွက်သားများ လှုပ်ရှားမှုဖြင့် အစာသည် ဝမ်းတွင်းသို့ လျှောဆင်းနိုင်သည်။ ငှက်တို့ကို ဝမ်းနှင့်တန်ရုံချင့်၍ အစာကျွေးရသည်။ အစာပိုကျွေး၍ မဖြစ် နိုင်အောင် လည်ချောင်းကြွက်သားကို နာဗ်ကြောတို့က ထိန်း ထားသည်။ အစာပို၍ ကျွေးမိလျှင် ကြွက်သားများ မလှုပ်ရှား နိုင်တော့ချေ။ ငှက်ငယ်များ ကြီးထွားလာစေရန် တစ်နေ့ တစ်နေ့လျှင် ငှက်ငယ်၏ ကိုယ်အလေးချိန် တစ်ဝက်မှသည် ကိုယ်အလေးချိန် ဆတူအထိ အစာကျွေးရသည်။ ငှက်အမွေးအတောင် ငှက်ပေါက်စတို့၌ ကျောပြင်နှင့် ဦးခေါင်းထိပ်တွင် မွှေးနု များ ပါလာတတ်ကြသည်။ သို့သော် ပိန်ညင်းငှက်နှင့် ပျံလွှား ပေါက်စတို့မှာ ဦးပြည်းများသာ ဖြစ်သည်။ ငှက်တို့သည် ၇ ရက်မှ ၁ဝ ရက်အတွင်း အမွှေးအတောင် စုံတတ်သည်။ ၁ဝ ရက်မှ ၁၄ ရက်အတွင်း ပျံသန်းတတ်လာသည်။ လင်းတနှင့် ပင်လယ်ဇင်ရော်ငှက်တို့ကား တစ်နှစ်သားရှိမှ ပျံနိုင်ကြ၏။ ငှက်မွှေးများကို သုံးစားခွဲခြားပေးနိုင်သည်။ ပထမမှာ သား ရေပေါ်တွင် ကပ်၍ပေါက်သော မွှေးနုများဖြစ်သည်။ ထိုမွှေးနု များမှာ အချမ်းလုံစေသော မွှေးနုများဖြစ်တည်း။ ထိုမွှေးနု အပေါ်ထပ်တွင် မိုးရေခံငှက်မွှေးများ ဒုတိယအထပ်အနေနှင့် ပေါက်နေသည်။ တောင်ပံနှင့် အမြီးတို့တွင်ကား တတိယ အမျိုးအစားဖြစ်သော ငှက်တောင်များဖြစ်သည်။ ထိုငှက်တောင် တို့သည် ပျံသန်းရာတွင် အသုံးဝင်သည်။ ငှက်မွှေးလဲခြင်း ငှက်တို့သည် တနှစ်လျှင် နှစ်ကြိမ် အမွှေးအတောင်လဲကြ သည်။ နွေဦးပေါက်၌တစ်ကြိမ်၊ ဆောင်းဦးပေါက်၌တစ်ကြိမ် အမွှေးလဲတတ်သည်။ ဤသို့ အမွှေးလဲသည်မှာ အစီအစဉ် ရှိသည်။ ဦးစွာ၌ အတွင်းကျသောအမွှေးကို ပထမလဲသည်။ ထို အမွှေးတစ်ဝက်ခန့်ရှည်သောအခါ ပြင်ဖက်ကျသော အမွှေး ကျွတ်လေသည်။ အမွှေးကျွတ်၍ တစ်ဝက်ခန့်ပြန်ရှည်လာလျှင် ထိုထက်ပြင်ဖက်ကျသော အမွှေးသည် ကျွတ်ပြန်သည်။ ဤအစီ အစဉ်အတိုင်း အမွှေးလဲသည့် တောဘဲ စသည့်ငှက်တို့သည် တစ်ခါတစ်ရံမျှသာ တောင်ပံကိုအသုံးပြု၍ ပျံသန်းကြသည်။ ထိုငှက်မျိုး၌ အမွှေးလဲသည့်အခါ တစ်ကြိမ်တည်းနှင့် အပြီးလဲ တတ်ကြသည်။ နွေဥတု အမွှေးလဲချိန်၌ ငှက်တို့သည် တွေ့နေ မြင်နေကျ နေရာတွင် မတွေ့မမြင်ရတော့ချေ။ တစ်နေရာရာတွင် ပုန်းအောင်းနေလေ့ရှိသည်။ ငှက်၏ အသွေးအရောင် အချို့ငှက်တို့သည် အမွှေးအတောင် မလဲကြဘဲ အရောင် အသွေး ပြောင်းတတ်ကြသည်။ ဆောင်းဥတု၌ ဘလက်ဗတ်ခေါ် ငှက်မည်းတို့၏ အမွှေးအတောင်မှာ သံချေးရောင် ဖြစ်သည်။ နွေးဦးပေါက်သို့ ရောက်သော် တဖြည်းဖြည်း ညိုမှောင်လာ၍ ဥဥချိန်တွင် ပိတုန်းရောင်ကဲ့သို့ နက်ပြောင်ပြောင် ဖြစ်လာ သည်။ ငှက်မွှေးတွင် အရောင်ဆဲလ်များ၏ အခြေခံအရောင်မှာ အမည်း၊ အညို၊ အနီနှင့်အဝါသာ ဖြစ်သည်။ သို့သော် အာဖရိကတိုက်၌ တွေ့ရသော ငှက်တို့တွင် အစိမ်းရောင်ရှိသည်။ သို့သော် အစိမ်းရောင်၊ အပြာရောင် စသည်တို့မှာ အရောင်ဆဲလ် ကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်၊ အမွှေးအတောင်တို့ကို အလင်း ရောင် လာဟပ်ရာမှ ထွက်ပေါ်လာသည့် အရောင်များသာ ဖြစ် သည်။ တစ်ခါတစ်ရံ အရောင်ဆဲမဲ့သော ငှက်မျိုးကိုလည်း တွေ့ရတတ်သည်။ ထိုငှက်တို့သည် အဖြူ သို့မဟုတ် အပြောက် ပြောက် ရှိတတ်သည်။ အချို့ငှက်မျိုးတွင် အနီရောင် လွန်ကဲ၍ နေတတ်သည်။ ငှက်မျိုးတစ်မျိုးထဲတွင် အဖိုအမ အသွေးအရောင် ကွဲပြား ခြားနားခြင်းရှိလျှင် ငှက်ဖို၏ အရောင်အဆင်းသည် ငှက်မထက် ပို၍ တောက်ပြောင်တတ်သည်။ တစ်ငှက်နှင့် ဖင့်စာတို့၌ ထင်ရှားသော အသွေးအရောင်များရှိသည်။ ထိုကြောင့် လွယ် လင့်တကူ မြင်ရသည်။ သို့သော် ပတ်ဝန်းကျင်အရောင်နှင့် ရောနေတတ်သော စာကလေးများနှင့် ပင်လယ်ကမ်းရိုးတန်းရှိ ငှက်မျိုးတို့ကိုမူ ရုတ်တရက် သဲကွဲစွာ မြင်ရမည်မဟုတ်ချေ။ အသွေးအရောင် ထင်ထင်ရှားရှားရှိသော ငှက်မျိုးတို့သည် သာမန်အားဖြင့်ဆိုလျှင် ထိတ်လန့်လွယ်သည့်ငှက်များဖြစ်၍ အနီးအပါးသို့ ချဉ်းကပ်၍မရတတ်ချေ။ သို့ရာတွင် အရောင် ဖျောက်ဖျက်ထားနိုင်သော ငှက်များ၏အနီးအပါးသို့မူကား ချဉ်းကပ်မည်ဆိုက ချဉ်းကပ်နိုင်လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ကိုးကား Category:ဒိုင်နိုဆောများ ကဏ္ဍ:ကျောရိုးရှိသတ္တဝါများ ကဏ္ဍ:တိရစ္ဆာန် မျိုးပေါင်းများ
ဝက်
ဝက်သည် ခြေချောင်းတွင် ခွာတစ်စုံစီ ရှိသည့် ခြေလေးချောင်းရှိ နို့တိုက်သတ္တဝါများဖြစ်သည်။ ဝက်ကို စီးပွားဖြစ် မွေးမြူကြသည်။ ဝက်တို့သည် အစုံစား သတ္တဝါများ ဖြစ်ကြသည်။ ဝက်ကို လူတိုင်းမြင်ဖူးကြမည်ဖြစ်သော်လည်း ဝက်မျိုး၏မူရင်းအစကို သိရှိသူကား နည်းပါးလှပေမည်။ ယခု ကမ္ဘာအနှံ့အပြားတွင် တွေ့ရှိနေရသော ဝက်များမှာ တောဝက်များကို ယဉ်ပါးအောင် အိမ်တွင် မွေးမြူကြရာမှ တဖြည်းဖြည်းပေါက်ဖွားလာသော ဝက်များဖြစ်ကြသည်။ မြေတွင်မြုပ်၍ ကျောက်သားဖြစ်နေသော ဝက်ရိုးအကြွင်းအကျန်များကို တူးဖော်တွေ့ရှိရခြင်းဖြင့် ရှေးဝက်ရိုင်းများကို ဥရောပတိုက်နှင့် အာရှတိုက်တွင်တွေ့ရကြောင်း သိရလေသည်။ အမေရိကတိုက်တွင်ကား မတွေ့ရချေ။ ယခု ဝက်များသည် ဥရောပတိုက်နှင့် အာရှတိုက်ရှိ တောဝက်ရိုင်းများမှ ဆင်းသက် ပေါက်ပွားလာကြသော ဝက်များဖြစ်ကြသည်။ ဘီစီ ၂၉ဝဝ နှစ်လောက်မှစ၍ တရုတ်တို့သည် ဝက်များကို ယဉ်ပါးအောင် မွေးမြူလာကြသည်ဟုဆိုသည်။ ဝက်များသည် ညစ်ပတ်၍ မသန့်ဟု အယူရှိကာ အချို့သောလူမျိုးတို့က ဝက်သားကို မစားကြသော်လည်း အခြားလူမျိုးများ အထူးသဖြင့် တရုတ်လူမျိုးသည် ဝက်သားကို အလွန်နှစ်သက်ကြလေသည်။ အမှန်မှာ ဝက်သည် ထင်သလောက် ညစ်ပတ်ပေကျံသော တိရစ္ဆာန် မဟုတ်ပေ။ သဘာဝအလျောက် ဝက်သည် အခြားသန့်ရှင်းသော တိရစ္ဆာန်များကဲ့သို့ပင် သန့်ရှင်းသော တိရစ္ဆာန်ဖြစ်သည်။ မညစ်ပတ်သည်သာမက ဝက်မွေးမြူသူတို့သည် ဝက်ကို သန့်ရှင်းစွာသာထားနိုင်ပါက အထူးပင်စင်ကြယ်သောတိရစ္ဆာန်ဖြစ်နိုင်သည်။ မွေးမြူသူတို့၏ ညစ်ပတ်စွာ ထားရှိမှုကြောင့်သာ ဝက်များကို ညစ်ပတ်သည်ဟု ထင်မှတ်ကြလေသည်။ ဝက်မွေးမြူရာ၌ သန့်ရှင်းစင်ကြယ်စွာ ကျန်းမာရေးနှင့်ကိုက်ညီအောင် ထားနိုင်လျှင် ကြီးလွယ်၍ ဝက်ဦးရေ များစွာတိုးပွားနိုင်လေသည်။ ကျန်းမာသန်စွမ်းသော ဝက်သိုးတစ်ကောင်သည် အသက် ရှစ်လအရွယ်မှစ၍ မိတ်လိုက်နိုင်စွမ်းရှိ၍ ဝက်မတန်းများမှာလည်း အသက်ရှစ်လ၊ ရှစ်လခွဲအရွယ်မှစ၍ မိတ်လိုက်နိုင်ပြီးလျှင် တစ်နှစ်အရွယ်တွင် ပထမသားများ မွေးကြလေသည်။ ထိုသို့မွေးပြီးနောက် တစ်နှစ်လျှင် နှစ်သားပေါက်သည်။ တစ်သားတစ်သားလျှင် ဝက်ရိုင်းဖြစ်ပါက ဝက်ကလေး လေးကောင်မှ ခြောက်ကောင်အထိမွေး၍ အိမ်မွေးဝက်မှာကား ရှစ်ကောင်မှ ဆယ်ကောင်အထိ မွေးလေသည်။ ဝက်ကလေးများသည် ရက်သတ္တခြောက်ပတ်မှ ဆယ်ပတ်အတွင်းတွင် မိခင်ဝက်မကြီးမှ သားခွဲလေသည်။ ဝက်သည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်သော ဝက်ကာလဝမ်းရောဂါ အထူးသဖြင့် စွဲကပ်တတ်၏။ ထိုရောဂါ စွဲကပ်သောဝက်၏ အဆုတ်နှင့် နှာခေါင်းတို့သည် ရောင်လာပြီးလျှင် များသောအားဖြင့် ထိုရောဂါကြောင့် သေတတ်သည်။ ထိုကြောင့် ဝက်မွေးမြူသူများသည် ဝက်ကလေးများ ရက်သတ္တပတ်အနည်းငယ် ကြီးပြင်းလာသောအခါတွင် ထိုကာလဝမ်းရောဂါ မကျရောက်စေရန် ဆေးထိုးပေးလေ့ရှိကြသည်။ အကယ်၍ ဝက်တွင် ကာလဝမ်းရောဂါကျရောက်လာလျှင် ဝက်အားလုံးကိုသတ်ပြီးလျှင် ထိုသတ်ပြီးဝက်များကို မီးရှို့ပစ်ရပေမည်။ ဝက်များနေထိုင်သည့် နေရာများကိုလည်း ပိုးများသေကုန်သည်အထိ ပိုးသတ်ဆေးများဖြင့် သုတ်သင်ရှင်းပစ်ရပေမည်။ ဝက်တစ်ကောင်လုံးသည် အသုံးဝင်၏။ အသားကိုစားရ၍ အဆီကို အိမ်သုံးဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ပြီးလျှင် အမွေးကို ဝက်မှင်ဘီး ပြုလုပ်ရာ၌လည်းကောင်း၊ ဝက်ရေကို မြင်းကုန်းနှီး၊ ပိုက်ဆံအိတ် စသည်တို့ကို ပြုလုပ်ရာ၌လည်းကောင်း၊ အသုံးပြုကြ၏။ ဝက်သည် အစာအကျွေးရနည်းပြီးလျှင် အသားအများဆုံးဖြစ်သော တိရစ္ဆာန်မျိုးဖြစ်၏။ ယင်းတို့ စားသောက်ရသော အစားအစာတို့၏ ၂ဝ သို့မဟုတ် ၂၅ ရာခိုင်နှုန်းမျှကို အသားဖြစ်စေနိုင်ကြသည်။ ပုံပမာ - ကောင်းမွန်သော အစာလေးပိဿာ သို့မဟုတ် ငါးပိဿာ ကျွေးတိုင်းကျွေးတိုင်း ဝက်တို့သည် အသားတင် ဝက်သားတစ်ပိဿာကျ ထွက်နိုင်ကြသည်။ နွားများမှာကား ၁ဝ ပိဿာ၊ ၁၂ ပိဿာကျွေးမှ အသားတင် နွားသားတစ်ပိဿာ ထွက်နိုင်သည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်တွင်လည်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ယင်းတို့၏ အစာများ၌ပါဝင်ရန် အရေးကြီးလေသည်။ ဝက်သည် ဓာတ်သတ္တုများချို့တဲ့သည့် ကောက်နှံ အများအပြားကို စားသောက်၏။ ထိုကြောင့် ယင်း၏အစာတွင် ဓာတ်သတ္တု ထည့်ပေးရပေမည်။ အခြေအနေကိုလိုက်၍ ဝက်၏အစာကို ပြောင်းလဲပေးသင့်သည်။ ထင်ရှားအောင် ဖော်ပြရလျှင် ကိုယ်ဝန်ဆောင်ဝက်မကို သားငယ်များ၏ ခန္ဓာကိုယ်ထွားကျိုင်းစေမည့်အစာကို ကျွေးသင့်၍ အသားအတွက် ရောင်းစားမည့်ဝက်ကိုမူ အလေးချိန်လျင်မြန်စွာ တိုးတက်စေမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီများကို ကျွေးသင့်သည်။ ကိုယ်ဝန်ဆောင် ဝက်မများကို တစ်ခါတစ်ရံ အိုင်အိုဒင်းပါသော အစာများကို ကျွေးသင့်၏။ သို့မှသာ မွေးဖွားလာမည့် သားငယ်များတွင် အမွေးများ လုံလောက်စွာ ပါလာ နိုင်ပေလိမ့်မည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင်များကို လုံလောက်စွာမရရှိလျှင် ဒုက္ခရောက်နိုင်လေသည်။ ဝက်အတွက် အထူးအရေးကြီးသော ဗီတာမင်များမှာ ဗီတာမင် အေ နှင့် ဒီတို့ ဖြစ်သည်။ လူကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် ဒီကိုသာ လုံလောက်စွာမရရှိလျှင် ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။ ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် အမေရိကန်ပြည်ထောင်စုတွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက်သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ ရှိကားဂိုးမြို့၊ ကင်းဆပ်မြို့နှင့် အိုမာဟာမြို့တို့ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုးများမှာ ယော့ရှိုင်ယားနယ်ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင်ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြသည်။ ပါဏဗေဒအလိုအားဖြင့် ဝက်သည် ဆူအီဒီးမျိုးရင်းတွင် ပါဝင်၏။ ယခုအခါ၌ တွေ့မြင်နေကြရသော အိမ်မွေးဝက်များ များသောအားဖြင့် ဆင်းသက်ပေါက်ဖွားလာသည့် ရိုးရိုးဥရောပတိုက် တောဝက်သည် ဆပ်စဆကရိုဖာဖြစ်၍ တရုတ်ဝက်သည် ဆပ်စအင်ဒိကပ်ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား ကဏ္ဍ:ခွာစုံပါသော တိရစ္ဆာန်များ Category:အိမ်မွေး တိရစ္ဆာန်များ Category:ဝက်မွေးမြူခြင်း Category:ဝက်သား Category:မွေးမြူရေး
နွား
နွားကို ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား လယ်ထွန်စက်ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။ မှောင်ခိုကို နှိမ်နင်းလိုသည့်သဘောဖြင့်၂၀၁၇ အောက်တိုဘာမှစ၍ ကျွဲနွားအရှင်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုသည်။ ခွာပါမျိုး ဖြစ်သော နွားများကို မွေးမြူ၍ ရသည်။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်သည်။ ၂၀၁၁ မှ အနီးစပ်ဆုံး ခန့်မှန်းချက်အရ၊ ကမ္ဘာတွင် နွားပေါင်း ၁.၄ ဘီလျံ ရှိသည်။ နွားသည် လူတစ်ယောက် ကြွယ်ဝချမ်းသာမှု ပြယုဂ် ဖြစ်သည်။ ရှေးခေတ်က နွားများများ ပိုင်ဆိုင်သူကို ကြည့်၍ မည်ရွေ့မည်မျှ ချမ်းသာသည်ကို သိနိုင်သည်။ ကျွဲကို ရေတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တရှဉ်းဟု ရေတွက်သည်။ နွားလည်ပင်းမှာ ဆွဲပေးထားသော ချူ (cowbell) ကို ခလောက်ဟုလည်း ခေါ်သည်။ နွားညီနောင် လေးချိုးကဗျာတွင် နွားကို ကြော့ရှင်းစွာ ကထားသော လှည်းယဉ်အကြောင်း စပ်ဆိုထားသည်။ မြင်းကသော လှည်းကို မြင်းရထား၊ မြင်းလှည်းဟု ခေါ်နိုင်သော်လည်း၊ နွားကသော လှည်းကို နွားရထားဟု မခေါ်ဘဲ နွားလှည်း ဟုသာ ခေါ်သည်။ ထိုလှည်းကို အလှမောင်းရန် တန်ဆာဆင်သော် လှည်းယဉ်ဟု ခေါ်သည်။ အဓိကအားဖြင့် မြက်နှင့် ကောက်ရိုး ကြိုက်သော နွားကို အသားနှင့် နို့အလို့ငှာ ခြံ၊ မြက်ခင်းပြင်များတွင် မွေးမြူကြသည်။ နို့စားနွားခြံ ဟူ၍ ရှိသည်။ နိုင်ငံခြားတွင် နွားနို့ကို အများနည်းတူ သမားရိုးကျ လက်ဖြင့် ညှစ်သည်လည်း ရှိသကဲ့သို့ စီးပွားဖြစ် နွားရုံများမှာ စက်ဖြင့် အလိုအလျောက် ညှစ်ယူ၍ သန့်စင်ပြီး၊ ပြန်လည် ရောင်းချကြသည်။ နို့စားနွားမသည် တရက်လျှင် ရေ ၉၀ ပိဿာထိ သောက်သုံးရပါက သားပေါက်နှုန်းနှင့် နို့ထွက်နှုန်း ကောင်းမွန်စေသည်။ နွားချေးသည် မြေဩဇာနှင့် လောင်စာအတွက် အသုံးဝင်သည်။ နွားသားရေကို အဝတ် ချုပ်ခြင်း မဟုတ်ပါက စာအုပ်ဖုံး ချုပ်ရာတွင် သုံးသည်။ နွားရှင်သည် မိမိနွားကို အငှားကျောင်းပေးရန် နွားကျောင်းသား cowboy ကို အလုပ်ပေးနိုင်သည်။ သိုးထိန်းခွေး ရှိသကဲ့သို့ နွားထိန်းခွေးလည်း ရှိသည်။ မြန်မာတင်မက ကမ္ဘာ့တိုင်းပြည်များ၌ နွားနှင့် ပတ်သက်သော ဆိုရိုးစကား များစွာရှိသည်။ နွားကြန် ဥရောပပြောင်နှင့် နွား မျိုးစပ်လိုက်ရာမှ ထွက်လာသော ဇူဘရွန် နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားသည်။ Bos taurus; Bos indicus နှင့် မျိုးတုံးသွားပြီဖြစ်သော Bos primigenius တို့ ဖြစ်သည်။ Bos taurus မှာ ဥရောပနွားမျိုးဖြစ်ပြီး၊ အာရှနှင့် အာဖရိကမှ အလားတူနွားမျိုးလည်း ပါဝင်သည်။ Bos indicus မှာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်သည်။ ဘင်္ဂလားနွားသည် ဘို့ပါသော အိန္ဒိယနွားလည်း ဟုတ်သည်။ Bos primigenius မှာ အော်ရို့စ် နွား ဖြစ်သည်။ အော်ရို့စ်သည် ဇီဘူနှင့် တော်ရင်းနွားတို့၏ ဘိုးအေ ဖြစ်သည်။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ယခုအခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲတို့အဖြစ် ပြန်ခွဲခြားထားလိုက်သည်။ အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနှင့် အာရှ အတော်များများတလျှောက် တည်ရှိသည်။ သမိုင်းတလျှောက် တဖြည်းဖြည်းနှင့် ဥရောပတိုက်တွင်သာ တွေ့ရှိရတော့သည်။ နောက်ဆုံးကျန်သော အကောင်ဟု သိရသော နွားမှာ ၁၆၂၇ ခုနှစ်လောက်တွင် ပိုလန်၊ မဇိုဗီယာ၌ သေဆုံးသွားသည်။Van Vuure, C.T. 2003. De Oeros – Het spoor terug (in Dutch), Cis van Vuure, Wageningen University and Research Centrum: quoted by The Extinction Website: Bos primigenius primigenius. သားဖောက်သူများသည် အော်ရို့နွားနှင့် ဆင်တူသော နွားမျိုးရအောင် အခြား ရိုးရာမွေးမြူရေးနွားများကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နွားများ Heck cattle ဖွားမြင် ပေါ်ပေါက်လာသည်။ အမည်သညာ နွားမ (အချို့ဒေသများဝယ် နမဟုဖတ်) ကို cow, နွားထီးကို bull, နွားကို ခြုံ၍ ခေါ်လျှင် cattle ဖြစ်သည်။ cattle သည် ကျွဲနွား အစုကို ရည်ညွှန်းသည်။ နွားကို တရုတ်လို 牛 niú နျို၊ ဂျပန်လို うし, ushi, အုရှိ၊ ကိုရီးယားလို 가축 ဂါချု ထိုင်းလို วัว ဝွော၊ မလေးလို lembu လင်းဘူ၊ ဟင်ဒီလို पशु ပရှူး ဟု ခေါ်သည်။ စကားလုံးရင်းမြစ် နာမ် cattle သည် အများကိန်း ဖြစ်ကာ၊ အနည်းကိန်းမဟုတ်ချေ။ အထီးအမ လိင်နှစ်မျိုးစလုံး ပါဝင်သည်။ အနည်းကိန်းအနေနှင့် cow သည် နွားမ ဖြစ်ကာ၊ bull သည် နွားထီးကို ဆိုလိုသည်။ အများကိန်း cows သည် အရပ်ပြောတွင် နွားအုပ်ထဲ၌ ရှိသော နွားထီးနွားမ အားလုံးကို ခြုံညွှန်းသည်။ ထို့ကြောင့် ပြောဆိုသူက အမများကိုသာ ညွှန်းဆိုလိုသည့်အခါ လွဲမှားမှု ဖြစ်လာသည်။ Cattle သည် bovine ဆိုသော အခေါ်မှ ဆင်းသက်မလာချေ။ ၎င်းကို အင်ဂလို-နော်မန် catel မှ ယူငင်သည်။ ထို catel သည်လည်း အလယ်ခေတ် လက်တင် capitale (ငွေပေါင်း)မှ လာသည်။ capitale သည်လည်း ခေါင်းဆိုသော caput မှ လာသည်။ Cattle ၏ မူရင်းအဓိပ္ပာယ်သည် ရွှေ့ပြောင်းနိုင်သော တကိုယ်ရေဥစ္စာ၊ အထူးသဖြင့် ကျွဲနွားသိုးဆိတ်ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကာ၊ အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်သော မြေယာ၊ ကြက် (ကြက်သည် မြေ၏ တစိတ်တပိုင်းအဖြစ် ရောင်းနိုင်သောကြောင့် အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်) တို့နှင့် ဆန့်ကျင်ဘက် ယူသည်။ Chattel (ပိုင်ဆိုင်မှု ယူနစ်) ၏ မူကွဲ ဖြစ်ကာ၊ စီးပွားရေးအမြင်အရ capitale နှင့် ပိုနီးစပ်သည်။ အင်္ဂလိပ်ဟောင်းတွင် feoh (cattle, property) နှင့် အစားထိုးခဲ့ပြီး၊ ယနေ့အခါ fee ဖြစ်လာသည်။ Cow စကားလုံးသည် အများသုံး အင်ဒို-ဥရောပ gous မှ၊ အင်္ဂလို-ဆက်ဆွန် cu (အများကိန်း cy)မှတဆင့် လာသည်။ ပါရှန်း gav သက္ကတ go- ဝေလ် buwch တို့နှင့် နှိုင်းယှဉ်နိုင်သည်။ အများကိန်း cy သည် အလယ်ခေတ်အင်္ဂလိပ်တွင် ki or kie ဖြစ်လာကာ၊ အများကိန်း အဆုံးသတ်အပိုကို ထည့်ပေါင်းကြရာမှ kine, kien, kies, kuin စသဖြင့် ပွားလာသည်။ ဤသည်မှာ ယခုပေါရာဏအင်္ဂလိပ် kine ၏ မူလအစ ဖြစ်လေသည်။ စကော့ဘာသာ အနည်းကိန်းမှာ coo or cou ဖြစ်ကာ၊ အများကိန်းမှာ kye ဟူ၏။ သမ္မာကျမ်းစာ၏ ဂျိမ်းဘုရင်ဗားရှင်းကဲ့သို့ ပိုရှေးကျသော အင်္ဂလိပ်စာအရင်းမြစ်တွင် cattle သည် မွေးမြူရေးနွားများကို ညွှန်းကာ၊ အရိုင်းကို ညွှန်းသော သမင်နှင့် ဆန့်ကျင်ဘက် သတ်မှတ်သည်။ Wild cattle သည် ငယ်မွေးခြံပေါက်မဟုတ်သည့် Bos အုပ်စုဝင် နွားရိုင်းများကို ညွှန်းပေမည်။ ယနေ့အခါ မည်သည့် မျိုးပြပစ္စည်းမှ မသုံးသောအခါ၊ cattle ၏ ခေတ်ပေါ်အဓိပ္ပာယ်သည် ခြံမွေးနွား bovines များကို အများအားဖြင့် ညွှန်းလေသည်။ ဝေါဟာရ အသုံးအနှုန်း သင်းပြီး နွားကို နွားပြီး ခေါ်သည်။ သင်းကွပ်ရာ မအောင်မြင်သော နွားကို နွားသင်းကြောင် ဝါ နွားသိုးကြောင် ခေါ်သည်။ နွားမပျိုကို နွားမတမ်းဟုလည်း ခေါ်သည်။ နွားကလေးကို နွားပေါက်စဟု ခေါ်သည်။ နွားကသော လှည်းကို နွားလှည်း ဝါ လှည်းယဉ် ခေါ်သည်။ နွားလည်တွင် ဆွဲသော ချူကို ခလောက် ဝါ ချူလုံးဟု ခေါ်သည်။ အရိုင်းဘဝ ရှိသော နွားကို နွားရိုင်း ခေါ်သည်။ မွေးမြူထားသော နွားရိုင်းကို နွားနောက် ခေါ်သည်။ နွားအများမွေးသော ခြံကို နွားခြံ၊ နို့စားနွားခြံ ခေါ်သည်။ ခြံ ငယ်လျှင် နွားတင်းကုပ်၊ တကောင်တည်းမွေးထားလျှင် နွားတဲ ဖြစ်သည်။ နွားနှာခေါင်း၌ ဖောက်ချည်ထားသော ကြိုးကို နဖားကြိုး ခေါ်သည်။ နွားလံကြိုးမှာ မြက်ခင်း စားကျက်တွင် ရှည်ရှည် လှန်ထားသော ငုတ်ဖြင့် စိုက်ထားသည့် ကြိုး ဖြစ်သည်။ ကျွဲနွားများ လှန်ထားသော မြက်ခင်းပြင် သို့မဟုတ် လွင်ပြင်သည် စားကျက် ဖြစ်သည်။ စားသော အစာခွက်သည် စားကျင်း ဝါ နွားစာခွက် ဖြစ်သည်။ မသန်စွမ်းသော နွားကို တုတ်နွား ခေါ်သည်။ နွား၏ ကျောကုန်းပေါ် ထိုးထွက်နေသော အလုံးကို လဘို့၊ နွားလဘို့၊ နွားဘို့၊ ဘို့ ခေါ်သည်။ နွား၏ ခြေသည်းကို ခွာဟု ခေါ်သည်။ အလွန်သန်မာ ထွားကျိုင်း၍ နွားအုပ်ကို ဦးဆောင်နိုင်သော နွားသည် ရာဇဝင်တွင် နွားလားဥသဘ ဝါ ဥသဘနွား ခေါ်သည်။ နွားများ တကောင်နှင့် တကောင် ချိုဖြင့် တိုက်ခိုက်လျှင် ဝှေ့သည် ခေါ်သည်။မြန်မာစာအဖွဲ့၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းiAbidan, အင်္ဂလိပ်-မြန်မာ အဘိဓာန် ဝေါဟာရဗေဒ ဟတ်ဖီးတောအုပ်မှ နွားမတမ်း heifer အထီးအမ နွားပေါက်စကလေးကို နို့မဖြတ်ခင်ထိ calves ခေါ်သည်။ အချို့ဒေသမှာ နို့ဖြတ်ပြီးသော်လည်း တနှစ်အရွယ်ထိ ခေါ်သည်။ အချို့အချို့မှာမူ အမဲပေါ်၍ ရသော နွားထီးပေါက်စကိုသာ ခေါ်သည်။ သို့ ခေါ်လျှင် feeder calves သို့ feeders ဟု အလွယ် ခေါ်သည်။ ထို့နောက် တနှစ်မှ နှစ်နှစ်ကြားကို တနှစ်သားကလေး yearlings သို့မဟုတ် stirks ဟု ညွှန်းသည်။McIntosh, E., The Concise Oxford Dictionary of Current English, Clarendon Press, 1967 သင်းကွပ်ပြီး အထီး (နွားပြီး) ကို အမေရိကန်တွင် စတီးရ် steer ခေါ်သည်။ သင်းကွပ်နွားအိုများကို ကမ္ဘာ့အချို့နေရာများတွင် ဘူးလတ် bullocks ဟု မကြာခဏ ခေါ်သည်။Delbridge, A, et al., Macquarie Dictionary, The Book Printer, Australia, 1991 သို့သော် မြောက်အမေရိကတွင် ထိုဝေါဟာရမှာ နွားထီးအငယ်ကို ညွှန်းသည်။ Piker bullocks ဆိုသည်မှာ ဖမ်းမိပြီး၊ သင်းကွပ်ပြီးနောက် ပြန်ပျောက်ဆုံးသွားသော micky bulls ပင် ဖြစ်သည်။ micky bulls မှာ သင်းမကွပ်ရသေးသော နွားထီးငယ် ဖြစ်သည်။ ဩစတြေးလျတွင် ဂျပန်နွား Japanese ox မှာ ဂျပန်အမဲသားရောင်းဝယ်ရေးအတွက် သီးသန့်မွေးမြူသော ကီလို ၅၀၀ မှ ၆၅၀ အလေးချိန်ကြားရှိသည့် ပြောင်းဆန်ကျွေး steers ကို ခေါ်သည်။ မြောက်အမေရိကတွင် လေးနှစ်အောက် draft cattle ကို working steers ခေါ်သည်။ မသင့်လျော်သော သို့မဟုတ် နောက်ကျမှ သင်းကွပ်ခံရသော နွားထီးမှာ ဩစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တွင် stag ဟု ထင်ရှားကာ၊ ကမူးရှူးထိုးနိုင်သော ကြမ်းတမ်းသည့် နွားသိုး ကြောင် ဖြစ်လာသည်။ အချို့နိုင်ငံများတွင် အပြည့်အဝ သင်းမကွပ်မိသည့် အထီး (နွားသင်းကြောင်)ကို rig ဟုလည်း သိကြသည်။ ခိုင်းရန် သို့ စီးနင်းရန် ရည်ရွယ်မွေးထားသော သင်းကွပ်ပြီးအထီး ကို ox (အများကိန်း oxen) ဟု ခေါ်သည်။ ox ဆိုသော စကားလုံးသည် နွားသေကိုလည်း ညွှန်းသည်။ ဥပမာ နွားသားရေ ox-hide, နွားသွေး ox-blood, နွားမြီး oxtail, နွားအသည်း ox-liver။ Springer သည် နွားပေါက်နှင့် နီးစပ်သော cow သို့မဟုတ် heifer ဖြစ်သည်။FAQs: What is meant by springer cows and heifers? , Dr. Rick Rasby, Professor of Animal Science, University of Nebraska – Lincoln, 6 September 2005. Retrieved: 12 August 2010. နွားမျိုးစိတ်အားလုံးတွင် နွားထီးတကောင်၏ အမြွှာ နွားမသည် မြုံတတ်လေ့ ရှိကာ၊ ဖရီးမာတင် freemartin ခေါ်သည်။ Neatsfood oil ဟူ၍ ဆင်းသက်လာသည့် ချိုနွား Neat, နွားငယ်ကို ဆိုသည့် beef နှင့် သားသတ်ရန် သင့်လျော်သည့် တိရစ္ဆာန်ငယ်များကို ဆိုသည့် beefing တို့သည် အသုံးမရှိတော့သော ဝေါဟာရများ ဖြစ်သော်လည်း၊ poll, pollard နှင့် polled cattle တို့မှာ သဘာဝအားဖြင့် ချိုမဲ့ တိရစ္ဆာန်များကို ယခုထက်ထိ ခေါ်တွင်နေသော အသုံးများ ဖြစ်သည်။ အချို့ဒေသများတွင် ချိုတိထားသော၊ ချိုနုတ်ထားသော အကောင်များကိုလည်း ခေါ်သည်။ လူတို့စားသုံးရန်အတွက် မွေးမြူထားသော နွားများကို သားစားနွား beef cattle ဟု ခေါ်သည်။ အမေရိကန် သားစားနွားမွေးမြူရေးလောကဝယ်၊ အမဲသား beef (အများကိန်း beeves)ဟူသော အခေါ်ဟောင်းသည် အထီးအမမရွေး တိရစ္ဆာန်တကောင်ကို ရည်ညွှန်းလိုသည့်အခါတွင် အသုံးပြုနေဆဲ ဖြစ်သည်။ ဩစတြေးလျန်း၊ ကနေဒီယန်း၊ နယူးဇီလန်နှင့် ဗြိတိန်က လူများကမူ ထိုသို့ ညွှန်းလိုသည့်အခါ သားရဲ beast ဝေါဟာရကို သုံးသည်။UK Daily Mirror article 5 Jan 2015 Retrieved on 6 November 2016 နို့ထုတ်လုပ်ရန်အတွက် အထူးတလည် သားဖောက်သော နွားကို နို့ညှစ်နွား milking ဝါ နို့စားနွား dairy cattle ဟု ခေါ်သည်။ မိသားစုတစုတည်း နို့ရရှိရန် မွေးမြူထားသော နွားမကို အိမ်နွားမ house cow or milker ဟု ခေါ်ချင် ခေါ်မည်။ Fresh cow ဆိုသည်မှာ လောလောလတ်လတ် ပူပူနွေးနွေး မီးဖွားပြီးသော သားဦးဖွား နွားမကို ခေါ်သည့် ဝေါဟာရ ဖြစ်သည်။ ယေဘုယျအားဖြင့် နွားများကို ညွှန်းလိုသည့် နာမဝိသေသနမှာ bovine - နွားနှင့်ဆိုင်သော ဖြစ်သည်။ Bull, cow နှင့် calf တို့ကို ဝေလငါး၊ ရေမြင်း၊ ကုလားအုတ်၊ သမင်ကြီးနှင့် ဆင်အပါအဝင် အခြား သတ္တဝါကြီးများ၏ လိင် သို့မဟုတ် အသက်ကို ညွှန်ပြရန် ဖြန့်ကျက်၍လည်း သုံးသည်။ နွားစကားပုံ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး သမီးတကောင် နွားတထောင် အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ခြံဝင် နွားပါ ငါ့စကား နွားရ ကျားသနားမှ နွားချမ်းသာ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကျောင်း အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား နွားပိန်ထူ လူဝှေ့ အချိန်တန်တော့ နွားပိန်ကန်လိမ့် လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ ဆုံမတတ်ဘဲ နှမ်းဖတ်ကြိုက် ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုတ် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ကိုးကား အခြားကြည့်ရန် Bhattacharya, S. 2003. Cattle ownership makes it a man's world . Newscientist.com. Retrieved 26 December 2006. Cattle Today (CT). 2006. Website. Breeds of cattle. Cattle Today. Retrieved 26 December 2006 Clay, J. 2004. World Agriculture and the Environment: A Commodity-by-Commodity Guide to Impacts and Practices. Washington, DC: Island Press. . Clutton-Brock, J. 1999. A Natural History of Domesticated Mammals. Cambridge: Cambridge University Press. . – A visual textbook containing History/Origin, Phenotype & Statistics of 45 breeds. ကဏ္ဍ:ခွာစုံပါသော တိရစ္ဆာန်များ
ခြင်္သေ့
Video of a lioness and her cubs in Phinda Reserve ခြင်္သေ့သည် ပင်သီရာ လီအို မျိုးစိတ်(Panthera Leo) ဖြစ်၍ ကြောင်ကြီးမျိုးဖြစ်ပြီး၊ ကြောင်မျိုးရင်းဝင်များထဲ၌ ကျားပြီးလျှင် ဒုတိယအကြီးဆုံး ကြောင်မျိုးရင်းဝင်လည်းဖြစ်သည်။ ယခင်က အာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသော်လည်း အရေအတွက်လျင်မြန်စွာ တိုးပွားလာသော ကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ ပြောင်းရွှေ့သွားကြသည်ဟု ယူဆရသည်။ ယခုအခါ အာဖရိကတိုက်တွင်သာ တွေ့နိုင်တော့သည်။ ခြင်္သေ့သည် ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံး ခြင်္သေ့သည် အကြီးဆုံး ကျားထက် သေးငယ်သည်။ ခြင်္သေ့သည် တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည် လွင်ပြင်တွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိပြီး ကျားမှာမူ တောနက်ထဲတွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိသည်။ ကျား နှင့် ခြင်္သေ့သည် မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖက ကျား၊ အမိက ခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ ဟုခေါ်ပြီး အဖက ခြင်္သေ့၊ အမိက ကျားဖြစ်လျှင် ခြင်္သေ့ကျားဟု ခေါ်သည်။ညီလင်းဆက် ဘလောခ့်မှ သိပ္ပံနည်းကျ မျိုးရိုးခွဲခြားထားမှု အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။ ကိုးကား Category:ဗေဒင် ကဏ္ဍ:ကြောင်ကြီးမျိုးစုဝင် တိရစ္ဆာန်များ ကဏ္ဍ:ထိပ်တန်းသားရဲတိရစ္ဆာန်များ
သစ်ကျုတ်
left|300x300px သစ်ကျုတ်များသည် ဤကဲ့သို့သော အမြန်နှုန်းဖြင့်ပြေးနိုင်ရခြင်းမှာလည်း ၎င်းတို့၏ ပေါ့ပါးကျစ်လျစ်သော ခန္ဓာကိုယ်တည်ဆောက်မှု၊ သွယ်ပြီးရှည်လျားသော ခြေတံများနှင့် ပြေးသည့်အချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးသော အမြီးရှည်များ ပါဝင်သောကြောင့် ဖြစ်လေ၏။ သွင်ပြင်ပုံသဏ္ဌာန် ၎င်း၏ ဦးခေါင်းသည် သေးငယ်၍လုံးဝန်းကာ နှာတံတိုပြီး မျက်နှာတစ်ဖက် တစ်ချက်စီတွင် မျက်လုံးရှေ့မှ နှာတံတလျှောက် အနက်ရောင်အစင်းကြောင်းပါရှိသည်။ ခန္ဓာကိုယ်၏ အရောင်အသွေးသည် များသောအားဖြင့် ခရင်မ်ဖြူ (သို့) နီညိုရောင် ခပ်ဖျော့ဖျော့ရှိပြီး ၎င်းအရောင်များဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင် အနက်ရောင်အစက်အပြောက်များဖြင့် အညီအမျှ ဖုံးအုပ်ထားသည်။ ဇီဝမျိုးရိုးခွဲခြားမှု link=https://en.wikipedia.org/wiki/File:Cheetah_Kruger.jpg|alt=ချီတာတစ်ကောင်အား အနီးကပ်ရိုက်ကူးထားသော ဓာတ်ပုံ။|250x250px ကိုးကား ကဏ္ဍ:ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ကဏ္ဍ:နို့တိုက်သတ္တဝါ မျိုးစုများ
ကြောင် (တိရစ္ဆာန်)
ရန်ကုန်မြို့မှ ကြောင်တစ်ကောင် ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များသည် လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များ၏ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များအဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကိုချစ်လျှင်ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှအတင်းအကြပ်စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်⁠လပ်နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များရဲ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။ စာရေးဆရာ ဆာဝေါလ်တာစကော့တ်က “ကြောင်များဟာ လှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါများဖြစ်ကြပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ လိုအပ်ချက်တွေ အများအပြားရှိနေ တယ်လို့ ယူဆရတာကြောင့် ကျွန်တော်တို့လူသားတွေဟာ ကြောင်များကို ကိုင်တွယ် မွေးမြူတဲ့အခါမှာ သတိရှိရပါမယ်” လို့ပြောခဲ့ပါတယ်။ ကြောင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀ ကျော်လောက်ကတည်းက ရှိခဲ့ကြပါတယ်။ ကြောင်အကြီးစားများဖြစ်ကြတဲ့ ကျား ၊ ခြင်္သေ့ များဟာ မီရာဆစ် (Miacids) အသားစားသတ္တဝါမျိုးနွယ်မှ ဆင်းသက်လာကြတာဖြစ်ပါတယ်။ ယနေ့ခေတ်ကြောင်ရိုင်းများကို မျိုးစိတ်အရ ဥရောပကြောင်ရိုင်း ၊ အာဖရိကကြောင်ရိုင်း ၊ အာရှကန္တာရကြောင်ရိုင်းဟု အမျိုးအစား (၃) မျိုးခွဲခြားထားပါတယ်။ ကြောင်မ (ဝဲဘက်) နှင့် သူမ၏ ကြောင် ၃ ကောင် အတူတူအိပ်စက်နေကြစဉ် အီဂျစ်လူမျိုးများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀⁠၀၀ ကျော်လောက်ကတည်းက ကြောင်များကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးများက ကြောင်များကို သီးသန့်နေရာပေးအလေးထားကာ မွေးမြူခဲ့ကြပါတယ်။ ကြောင်ဦးခေါင်း နဲ့ လူခန္ဓာကိုယ်ရှိသော နတ်ဘုရား Bast ကိုကိုးကွယ်ခဲ့ကြပါတယ်။ ကြောင်ကိုအီဂျစ်ဘာသာဖြင့် mau ဟုခေါ်ပြီး သိမြင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နေ့အချိန်မှာ ကြောင်တွေရဲ့ မျက်လုံးတွေထဲမှာ နေအလင်းရောင်ကိုသိမ်းဆည်းထားကာ ညအချိန်မှာ လူသားတွေကိုဘေးရန်ကင်းရှင်းအောင် အလင်းရောင်ပြပေးတယ် လို့အယူရှိခဲ့ကြပါတယ်။ အိမ်မှာမွေးထားတဲ့ကြောင်တစ်ကောင်သေဆုံးသွားခဲ့လျှင် အိမ်မှာရှိတဲ့မိသားစုဝင်များ အားလုံးက မိမိတို့ရဲ့ မျက်ခုံးမွေးများကိုအပြောင်ရိတ်ပြီး ဝမ်းနည်းပူဆွေးမှုကို ပြသတဲ့ဓလေ့ရှိခဲ့ပါ တယ်။ အဲ ဒီခေတ်အခါက အီဂျစ်နိုင်ငံမှာ ကြောင်တစ်ကောင်ကို သတ်လျှင် သေဒဏ် ပေးတဲ့ ဥပဒေ ရှိခဲ့ပါတယ်။ ထိုအချိန်အခါက ကြောင်များဟာ အခွင့်ထူးခံ အိမ်မွေးတိရစ္ဆာန်များ ဖြစ်ကြပါတယ်။ အလယ်ခေတ်ကိုရောက်တဲ့အခါမှာတော့ ကြောင်များရဲ့ကံကြမ္မာ ဟာ အစစ အရာရာ ပြောင်းလဲသွားပါတယ်။ ကြောင်များအတွက် အဆိုးဝါးဆုံးကံကြမ္မာဖြစ်ခဲ့ပါတယ်။ ကြောင်များဟာ စုန်း ၊ တစ္ဆေ များရဲ့ အပေါင်းအဖော်များဖြစ်ကြပြီး စုန်း တစ္ဆေ များရဲ့ ကျိန်စာသင့်နေတဲ့တိရစ္ဆာန်များ ဖြစ်ကြတယ်လို့ အယူသီးခဲ့ကြပါတယ်။ စုန်း ၊ တစ္ဆေ များက သူတို့ ကိုယ်သူတို့ ကြောင်များအယောင်ဆောင်ထားပြီး လူတွေကိုလှည့်စား နေခဲ့ကြတယ်လို့ အယူရှိခဲ့ကြပါတယ်။ အထူးသဖြင့်အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများဖြစ်တယ် လို့အယူရှိကြပြီး ကြောင်အနက်များကို သတ်ပစ်လေ့ရှိခဲ့ကြပါတယ်။ စိန့်ဂျွန်ပွဲတော် (Saint John Festival) မှာအနက်ရောင်ကြောင်များကို အရှင်လတ်လတ်မီးရှို့သတ်တဲ့ ဓလေ့ရှိခဲ့ပါတယ်။ အဲ ဒီနေ့ခေတ်အချိန်အခါကစပြီး အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများ လို့ အချို့သောလူများက ဆက်လက်အယူသီးနေကြဆဲဖြစ်ပါတယ်။ ဥရောပတိုက်မှာ ကြောင်များကိုညှင်းဆဲသတ်ဖြစ်နေတဲ့အချိန်အခါမှာပဲ အရှေ့အလယ်ပိုင်းဒေသမှာတော့ ကြောင်များဟာ နှစ်သက်ဖွယ်ရာ အိမ်မွေးအကောင်လေးများ ဖြစ်နေခဲ့ပါတယ်။ ၁၈ ရာစုအရောက်မှာတော့ ဥရောပမှာကြောင်များရဲ့ကံကြမ္မာ ပြောင်းလဲလာခဲ့ပါတယ်။ ကြောင်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ်မွေးမြူလာခဲ့ကြပြီး လူအများရဲ့ နှစ်သက်ချစ်ခင်ခြင်းကို ကြောင်များရရှိခဲ့ကြပါတယ်။ ၁၈၇၁ ခုနှစ်မှာ United Kingdom ရဲ့ Central Palace မှာ ကြောင်ပြပွဲကို ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ကြောင်များကိုခွေးထက်ပို မွေးမြူလာကြပြီး ကြောင်များဟာ လူတွေရဲ့ အချစ်တော် လေးများအဖြစ် ရေပန်းစား လျက်ရှိနေပါတယ်။ သိပ္ပံနည်းကျစမ်းသပ်လေ့လာမှုတွေအရ ကြောင်များကိုအိမ်မှာမွေးမြူထားခြင်းဖြင့် ကြောင်ပိုင်ရှင်လူတို့အတွက် စိတ်တင်းကြပ်မှု ၊ စိတ်ဖိစီးမှု နဲ့ သွေးတိုးရောဂါများ ကို လျော့ပါး သက်သာစေတယ်လို့ ဆိုပါတယ်။ ကြောင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူ ထားခြင်းဖြင့် စိတ်ဖိစီးမှုရောဂါကို လျော့ပါးသက်သာစေတာ ကိုစမ်းသပ်မှု တွေအရ အထင်အရှား တွေ့ရပါတယ်။ လူကြိုက်အများဆုံး[[အိမ်မွေးကြောင်အမျိုးအစားကတော့ အဖြူရောင် နဲ့အနက်ရောင် နှစ်ရောင်စပ်တဲ့ (Moggie) ကြောင်မျိုးဖြစ်ပါတယ်။ အနက်ရောင်ကြောင် နဲ့တက်ဘီကြောင် (Tabby Cat) အမျိုးအစားများကလည်း ကမ္ဘာတဝှမ်းမှာ နာမည်ကြီးနေပါတယ်။ Siamese လို့ခေါ်တဲ့ ယိုးဒယားကြောင်အမျိုးအစားက ၁၉၈၀ ပြည့်နှစ်လောက်မှာ လူသိများလာပါတယ်။ ဝေါ့လ်ဒစ္စနီရဲ့ ကာတွန်းရုပ်ရှင်ဖြစ်တဲ့ The Lady and the Tramp မှာ Siamese ကြောင်များဟာ ဗီလိန်ဇာတ်ဆောင်များအဖြစ်ပါဝင်နေတာကြောင့် ကြောင်ချစ်သူများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ကြောင်များဟာ အသိဉာဏ်မြင့်မားပြီး စူးစမ်းလေ့လာတတ်တဲ့သဘာဝရှိပါတယ်။ ပြင်သစ်စာရေးဆရာမ Collette က သူမရဲ့အချစ်တော်ကြောင်လေးအကြောင်းကို - ကျွန်မရဲ့ ကြောင်လေးက သူ့ကို ကျွန်မက တလေးတစား ဆက်ဆံပြောဆိုသလိုမျိုး ကျွန်မကိုပြန်လည်မဆက်ဆံပါဘူး- လို့ ပြောခဲ့ပါတယ်။ ကြောင်တွေဟာမိန်းမတွေအတွက်ချစ်ခင်စရာဖြစ်ပြီး ခွေးများဟာ ယောက်ျားများချစ်ခင်တဲ့ အိမ်မွေး တိရစ္ဆာန်များဖြစ်တယ်ဆိုတဲ့ အင်္ဂလိပ်ရှေးဟောင်းဆိုရိုးစကားရှိပေမယ့်လည်း ဆာဝင်စတန်ချာချီ ၊ မာ့ခ်တွိင် ၊ ဆာအိုင်းဇက်နယူတန် ၊ သမ္မတကြီး အေဗရာဟမ်လင်ကွန်း စတဲ့ ကမ္ဘာကျော်အမျိုးသားများဟာ ကြောင်ချစ်သူများဖြစ်ကြပါတယ်။ အလက်ဇန်းဒါးသည်ဂရိတ် ၊ ဂျူးလိယပ်စ်ဆီဇာ ၊ ဂျင်ဂစ်ခန် ၊ နပိုလီယန်ဘိုနာပါတ် နဲ့ အဒေါ့ဟစ်တလာ တို့ကတော့ ကြောင်မုန်းတီးသူများဖြစ်ကြပါတယ်။ ထိုသို့သော ပုဂ္ဂိုလ်များကတော့ ကမ္ဘာကြီးကို ပိုင်စိုးလို သူ များဖြစ်ကြပြီး အင်မတန်ခေါင်းမာကြသူများဖြစ်ကြပါတယ်။ ကြောင်တွေရဲ့ ဆန္ဒတွေကို ဘယ်တော့မှခွင့်မပြုသူများဖြစ်ကြပါတယ်။ ကြောင်တွေကလည်းကြောင်ချစ်သူများကိုသာချစ်ခင်တတ်ကြပါတယ်။ ကြောင်ချစ်သူများ ကလွဲလို့ကြောင်များရဲ့ ချစ်ခင်မှုကိုမရနိုင်ကြပါဘူး။ ကမ္ဘာကျော်အင်္ဂလိပ်လူမျိုးစာရေးဆရာကြီး ချားလ်စ်ဒစ်ကန်က ကြောင်တစ်ကောင်ကို ချစ်ရတာလောက် ကြီးမားတဲ့ဆုလာဘ်ကြီးမရှိပါဘူး လို့ပြောခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြောင်များနဲ့လူများ အကြားမေတ္တာကို တွေ့နိုင်ပါတယ်။ ကြောင်ချစ်သူများဟာ စိတ်နှလုံးသိမ်မွေးနူးညံ့တတ်ကြပြီး စာပေ ၊ အနုပညာကို နှစ်သက် တတ်သူများဖြစ်တယ် လို့ယူဆလို့ရနိုင်ပါတယ်။ ကြောင်သည် ခွေးကဲ့သို့ လူနှင့် ရင်းရင်းနှီးနှီး နေထိုင်သော အိမ်မွေးတိရစ္ဆာန်ဖြစ်သည်။ သို့သော် ခွေးနှင့်ကြောင်တို့၏ အပြုအမူများမှာ လုံးဝမတူကြချေ။ ခွေးသည် မိမိအရှင်သခင်၏ ပစ္စည်းဥစ္စာကို အသက်စွန့်၍ စောင့်ရှောက်ကာကွယ်တတ်သည်။ သခင်အပါးမှ ထက်ကြပ်မကွာ လိုက်တတ်သည်။ သခင်အားအမြီးနန့်လျက် အားရဝမ်းသာ ခရီးဦးကြိုလည်း ပြုတတ်သည်။ ထိုသို့ ကျေးဇူးသိတတ်မှုကြောင့် လူတို့၏ ခင်မင်အားကိုးခြင်းကို ခံယူရပေသည်။ ကြောင်မှာမူ သခင်အပါးသို့ မချဉ်းကပ်၊ အမြီးနန့်ခြင်း၊ ကြိုဆိုခြင်းလည်း မလုပ်တတ်ပေ။ ကြောင်သည် ကျွန်ုပ်တို့နှင့်အတူ အိမ်တွင်နေထိုင်ခြင်းမှာ လူတို့၏အယုအယကို ခံယူလိုသောကြောင့်ပင် ဖြစ်၏။ အိမ်တွင်နေသည့်အခါ များသောအားဖြင့် နွေးသောနေရာမျိုးတွင် ချောင်ကုပ်၍ နေတတ်သည်။ လူတို့နှင့် များစွာရင်းနှီး ရောနှောခြင်းမရှိ။ အကယ်၍ ရောနှောနေပြန်ကလည်း ခင်မင်မှုကြောင့် မဟုတ်ဘဲ များသောအားဖြင့် စားစရာတစ်ခု⁠ခုကို အလိုရှိ၍သော်လည်းကောင်း၊ လူတို့၏ကိုယ်ငွေ့ကို ခံယူလို၍သော်လည်းကောင်း၊ နေခြင်းသာ ဖြစ်သည်။ လူတို့ကို ကျေးဇူးတုံ့ပြန်ခြင်း မရှိလှပေ။ ကြောင်သည် အိမ်တွင် နှောင့်ယှက်ဖျက်ဆီးနေသော ကြွက်များကို ဖမ်းဆီးတတ်သည်။ သို့သော် သူ့ဆန္ဒအလျောက် ဖမ်းယူခြင်းမျှသာ ဖြစ်၏။ ထို့ကြောင့်ပင် 'ခွေးသည် လူကိုခင်၍၊ ကြောင်မှာ အိမ်ကိုသာ ခင်သည်'ဟု ဆိုစမှတ်ပြုကြ ပေသည်။ ကြောင်ကား သားရဲတိရစ္ဆာန် မျိုးရင်းကြီးထဲကဖြစ်၏။ ခြင်္သေ့နှင့် ကျားတို့မှာ ကြောင်၏ မျိုးရင်းဝင်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ကြောင်သည် ဣန္ဒြေကြီးလှလျက် မိမိ၏ဇာတိမာန်ကိုလည်း မဖျောက်နိုင်ဘဲ၊ အခွင့်ကြုံမည့်အခါများတွင် အစွမ်းပြလေ့ရှိသည်။ ကြောင်၏မျိုးရိုးစဉ်ဆက်မှာ အထူးသဖြင့် အမဲလိုက် ကောင်းလေသည်။ ကြောင်၏ပုံသဏ္ဌာန်ကို ကြည့်လျှင်လည်း အမဲလိုက်ရာ၌ လျင်မြန်ပေါ့ပါးအောင် သဘာဝကဖန်တီးပေးထားပုံကို တွေ့နိုင်သည်။ ကြောင်၏ကိုယ်ခန္ဓာကို လေ့လာလျှင် လုံးသောဦးခေါင်း၊ ရှည်လျားသေးသွယ်သောကိုယ်၊ တိုတုတ် သန်မာသော ခြေလက်၊ အဖျားသွယ်သော အမြီးတို့ကို တွေ့ရပေမည်။ ခြေဖဝါးအောက်တွင် လမ်းလျှောက်သည့်အခါ အသံမကြားရအောင် ပျော့ပျောင်းသောအသားဖု ခံထားလျက်ရှိသည်။ ကြောင်လက်သည်းများမှာ ထက်မြက်မာကြော၍ အသုံးမလိုသည့်အခါ ဝှက်ထားနိုင်သည်။ ကြောင်တစ်ကိုယ်လုံးတွင် အထူးမှတ်သားဖွယ်ကောင်းသည်မှာ မျက်စိဖြစ်၏။ မျက်စိအတွင်းရှိ သူငယ်အိမ်သည် နေ့ခင်းဖက် အလင်းရောင်အားကြီးသည့်အချိန်၌ မျှင်⁠မျှင်ကလေး သေးသွယ်သွယ် ကျဉ်းမြောင်းသွား၏။ ညဖက်မှောင်မိုက်သည့်အချိန်တွင်မူ ကျယ်ဝန်းကြီးမားကာ ဝိုင်းစက်လာသည်။ ထို့ကြောင့် ကြောင်သည် ညဖက်တွင် အရာဝတ္ထုများကို ကောင်းစွာမြင်နိုင်သည်။ သို့သော် လုံးဝမှောင် မဲနေသည့်နေရာ၌ကား မြင်နိုင်စွမ်း မရှိချေ။ ကြောင်၏နှုတ်ခမ်းမွေးများမှာ အတွေ့အထိကို စမ်းသပ်နိုင်သည့် အင်္ဂါတစ်မျိုးပင် ဖြစ်လေသည်။ ကြောင်သည် ခွေးနည်းအတူ ခြေဖျားထောက်၍ လမ်း လျှောက်လေ့ရှိသည်။ သို့သော် ခွေးကဲ့သို့ အပြေးမသန်လှ။ အပြေးမသန်လှသော်လည်း ရန်သူလိုက်၍ ပြေးရသော အချိန်မျိုးတွင် သစ်ပင်ပေါ်သို့ တက်ပြေးခြင်းဖြင့်၊ နံရံတံတိုင်းတစ်ခု⁠ခုပေါ်သို့ ခုန်တက်ခြင်းဖြင့်၎င်း၊ လွတ်အောင် ရှောင်တိမ်းနိုင်သည်။ အလွန်ပေါ့ပါး လျင်မြန်သောခွေးပင်လျှင် ကြောင်ကို တော်ရုံလောက်နှင့် မိအောင် မလိုက်နိုင်ပေ။ ကြောင်သည် ခွေးလောက် သင်လွယ်တတ်လွယ်လှသော တိရစ္ဆာန်မဟုတ်သော်လည်း လိမ်မာပါးနပ်၏။ ငယ်ရွယ်စဉ်ကစ၍ စိတ်ရှည်လက်ရှည်နှင့် သင်ကြားလေ့ကျင့်ပေးလျှင် ကြီး ပြင်းလာသည့်တိုင်အောင် ကောင်းစွာ မှတ်သားလိုက်နာတတ်လေသည်။ ကြောင်တွင် အထူးသဖြင့် အမြင်၊ အတွေ့၊ အကြားအာရုံများ အလွန်ထက်သန်၍ ဝေး⁠ဝေးက ကြွက်၏ခြေသံကို ကောင်းစွာကြားနိုင်၏။ ကြောင်မျိုးရင်းထဲတွင် ကျား၊ ကျားသစ်၊ ခြင်္သေ့၊ တောကြောင် စသည်တို့ ပါဝင်ကြသည်။ ယင်းတို့အနက် အချို့၌ အမြီးတိုသည်။ အချို့မှာ အမြီးလုံးဝ မပါသည်ကို တွေ့ရသည်။ သို့ရာတွင် ကြောင်အနွယ်ဝင် တိရစ္ဆာန်အားလုံးတို့၏ အမူအကျင့်တို့မှာ အတူတူပင် ဖြစ်ကြသည်။ ကျားနှင့် ခြင်္သေ့တို့မှလွဲလျှင် ကြောင်မျိုးရင်ဝင် အားလုံးသည် သစ်ပင်အတက် ကောင်းသည်သာ များသည်။ ကြောင်မျိုးရင်းဝင် အားလုံးသည် ညအချိန်၌ အစာရှာရန် ပိုမိုနှစ်သက်ကြ၍၊ သားကောင်ကို ပုန်းကွယ်ကာ ရုတ်တရက် ခုန်အုပ်ပြီး ဖမ်းလေ့ရှိသည်၊ အစာရှာ ထွက်ရာ၌ အဖော်မပါဘဲ တစ်ကောင်တည်း ထွက်တတ်သည်။ အိမ်ကြောင်များနှင့် အမျိုးတော်စပ်သော တောကြောင်ရိုင်း များကို ဩစတြေးလျတိုက်မှလွဲလျှင် ကမ္ဘာပေါ်ရှိ တိုက်အသီးသီး၌ပင် အနှံ့အပြားတွေ့ရသည်။ ကြောင်အမျိုးဝင် တိရစ္ဆာန်တို့သည် သားတစ်ခါမွေးလျှင် အမျိုးအစားကိုလိုက်၍ ၂ ကောင်မှ ၇ ကောင်အထိ မွေးတတ်သည်။ ခြင်္သေ့များကား တစ်ကြိမ်မွေးလျှင် ၂ ကောင် ၃ ကောင်ထက် ပို၍ မမွေးတတ်ကြပေ။ အကောင်ကလေးများသည် အချို့အမျိုးတို့တွင် မျက်စိပွင့်လျက်သား မွေးကြ၍၊ အချို့အမျိုးမှာမူကား ၉ ရက်ခန့်ကြာမှ မျက်စိ ပွင့်လာကြသည်။ ကျွန်ုပ်တို့နှင့် ယဉ်ပါးသော အိမ်ကြောင်များ၏ ဇာစ်မြစ်ကို စိစစ်ရာတွင် သိပ္ပံကဝိအများပင် အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် သဘောအယူအဆ မတူညီကြပေ။ ထိုကြောင်များ၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ရှေးအကျဆုံးသော အထောက်အထားကို အီဂျစ်နိုင်ငံ၌ ကြောင်များသည် ရှေးနှစ်ပေါင်း ၃ဝ⁠ဝဝ ခန့်ကပင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကြောင်အမျိုးအနွယ်ကို အာဖရိကတိုက်တွင် ယခုတိုင် တွေ့ရှိနိုင်သေးသည်။ ရှေးခေတ်အီဂျစ်လူမျိုးတို့သည် ကြောင်ကို အစွဲအလမ်းအလျောက် ထူးဆန်းစွာ ကြောက်ရွံ့ လေးစားကြသည်။ ကြောင်ကို အိမ်သားတစ်ယောက်ပမာ ပြုစုယုယကြ၏။ ရှေးခေတ်အီဂျစ် အဆောက်အအုံပျက်များအောက်တွင် ဆေးစိမ်ထားသောကြောင်အလောင်းများကို မကြာခဏ တွေ့ရလေသည်။ ရှေးခေတ် ခရစ်ယာန်တို့သည်လည်း စုန်းနှင့် ကြောင်နက်ရုပ်ပုံဖြင့် ဖော်ပြလေ့ရှိကြသည်။ ယဉ်ကျေးသော တိုင်းပြည်ကြီးများမှာပင် ကြောင်နှင့် စပ်လျဉ်းသည့် ထူးဆန်းသော အစွဲအလမ်းများ ယနေ့အထိ ရှိကြသေးသည်။ မြန်မာနိုင်ငံ၌မူ ကြောင်တစ်ကောင်လုံး နက်လျှင် ကာယသိဒ္ဓိအတွက် ကောင်းသည်ဟု အဆိုရှိသည်။ အိမ်ကြောင်အမျိုးမျိုးတွင် ယိုးဒယားကြောင်မှာ အရှားပါးဆုံးနှင့် အဖိုးအတန်ဆုံး ဖြစ်သည်။ ယင်း၏ မျက်နှာ ခြေလက်နှင့် အမြီးတို့မှာ အညိုရောင်ဖြစ်၍၊ ကိုယ်မှာ ဆွတ်ဆွတ်ဖြူလျက်၊ မျက်စိမှာ ပြာလဲ့လဲ့အရောင် သန်းလျက်ရှိသည်။ အန်ဂိုးရား သို့မဟုတ် ပါးရှင်းကြောင်မျိုးသည် အရွယ်ကြီးမားသောကြောင့်၎င်း၊ ရှည်လျား၍ သိုးမွေးကဲ့သို့သော အမွှေးများရှိသောကြောင့်၎င်း၊ အသားရောင်ရှိသော နှုတ်ခမ်းနှင့် ခြေဖဝါးလက်ဖဝါးများ ရှိသောကြောင့်၎င်း ထင်ရှားသည်။ စပိန်နိုင်ငံတွင် လိပ်ခွံကွက်ကြောင်မျိုးကို အသိဉာဏ်ကောင်းသောကြောင့် အလွန်လူကြိုက်များသည်။ ကြောင်ထဲတွင် အိုင်းအော့မန်းကျွန်းမှ မန့်ကြောင်မျိုးမှာ အမြီး လုံးဝမရှိသည့်အတွက် အကျည်းတန်ဆုံး ဖြစ်၏။ ကြောင်သည် ရေကိုကြောက်၏။ သို့သော် တိရစ္ဆာန်အပေါင်းတွင် ကြောင်လောက် သန့်ရှင်းသော အမျိုးမှာ မရှိသလောက်ရှားသည်။ ကြောင်သည် မိမိ၏အမွေးအမျှင်များကို လျှာဖြင့် အထပ်ထပ်လျက်၍ သန့်ရှင်းစင်ကြယ်စေသည်။ အကယ်၍ ကြောင်တစ်ကောင်တွင် အမွေးအမျှင်များ သပ်ယပ်စင်ကြယ်ခြင်း မရှိလျှင် ထိုကြောင်ကို မကျန်းမမာဖြစ်နေပြီဟု သိအပ်၏။ မိခင်ဖြစ်သော ကြောင်မကြီးသည် မိမိ၏ သားငယ်များကို လျှာဖြင့် မရမက လျက်ပေးခြင်းဖြင့် သန့်ရှင်းစင်ကြယ်စေတတ်သည်။ အထူးသဖြင့် ကြောင်ကလေးများကို လှပသောကြောင့် တစ်ကြောင်း၊ အမြဲမပြတ် မြူးတူးခုန်ပေါက်၍ ဆော့နေတတ်သောကြောင့် တစ်ကြောင်း၊ လူတိုင်းပင် ချစ်နှစ်သက်ကြသည်။ ယင်းတို့သည် ငယ်စဉ်မှ စ၍ သားကောင်ချောင်းဖမ်းသောအကျင့်ကို အလိုအလျောက် ရရှိလာကြသည်။ ကြောင်တို့သည် မွေးရှည်၊ မွေးတို၊ အဖြူ၊ အနက်၊ မြီးရှည်၊ မြီးတို စသည်ဖြင့် အမျိုးများပြားကြသည်။ အချို့ကြောင်များမှာ ၂ မျိုး ၃ မျိုး ရောစပ်ထားသော ကြောင်မျိုးစပ်များ ဖြစ်ကြ၏။ ယင်းတို့အနက် အမွေးတိုသော ကြောင်မျိုးမှာ အကြမ်းခံနိုင်ရည် အရှိဆုံးနှင့် ကြွက်လိုက်အ နိုးကြားထကြွနေတတ်ကြသော် လည်း၊ ညဘက်တွင် အနည်းငယ်ပို၍ နိုးကြားနေလေ့ရှိသည်။ ကြောင်များ၏ လှုပ်ရှားမှုအချိန်သည် အပြောင်းအလဲအမျိုးမျိုး ရှိပြီး၊ ကွဲပြားမှုများလည်း ရှိနိုင်သည်ဖြစ်ရာ၊ အိမ်မွေးကြောင်များသည် လူများ လှုပ်ရှားသွားလာမှု ရှိသည့် မနက်ပိုင်းနှင့် ညပိုင်းများတွင် ပို၍ နိုးကြားနေတတ်ကြသည်။ သူတို့သည် ၎င်း၏ အိမ်ပတ်ဝန်းကျင်တွေသာ နေထိုင်တတ်သော်လည်း၊ အချို့ အိမ်မွေးကြောင်များသည် ၎င်းအိမ်အား ဗဟိုချက်မထားလျှင် ၇ ဟက်တာမှ ၂၈ ဟက်တာအထိ ကျယ်ပြန့်သော နယ်မြေပိုင်းခြားမှုများ ရှိတတ်သည်။ ကြောင်များသည် အခြားသော တိရစ္ဆာန်များထက်ပို၍ အိပ်စက်ခြင်းဖြင့် စွမ်းအင်ကို ထိန်းသိမ်းပြီး၊ အထူးသဖြင့် အသက်ကြီးလာသည့်အခါ ပို၍ အိပ်စက်လေ့ရှိသည်။ တစ်နေ့ အိပ်စက်ချိန်သည် များသောအားဖြင် ၁၂ - ၁၆ နာရီကြား အမျိုးမျိုးရှိပြီး၊ ပျမ်းမျှ အိပ်စက်ချိန်သည် ၁၃ - ၁၄ နာရီ ရှိသည်။ ဆက်သွယ်မှု အိမ်မွေးကြောင်များသည် ဆက်သွယ်မှုအတွက် အသံအမျိုးမျိုးပြုကြပြီး၊ ညည်းသံပေးခြင်း၊ အသံတုန်ခါခြင်း၊ မာန်ဖီခြင်း၊ မသဲမကွဲအော်ခြင်းနှင့် ပုံစံအမျိုးမျိုးဖြင့် တစ်ညောင်ညောင်အော်ခြင်း တို့ဖြင့် ဆက်သွယ်မှု ပြုလုပ်ကြသည်။ နားရွက်နှင့် အမြီး အထားအသို၊ ခန္ဓာကိုယ် တစ်ခုလုံးအား ဖြေလျှော့နေခြင်း၊ ခြေချောင်းများကို ဆုပ်နယ်နေခြင်း စသည်တို့သည် သူတို့၏ စိတ်ခံစားမှုများကို ဖော်ပြနေခြင်း ဖြစ်သည်။ ကြောင်များသည် ခွေးများနှင့် သဘာဝအရ မတည့်ကြဟု ထင်မှတ်ထားကြသော်လည်း၊ အတူနေပုံ မှန်ကန်လျှင် အတူတူနေထိုင်နိုင်စွမ်း ရှိသည်။ ကြောင်များသည် ငယ်ငယ်လေးကတည်းက သူတို့၏ သခင်နှင့် ရင်းနှီးချစ်ခင်စွာ နေလာကြခဲ့လျှင် သူတို့၏ သခင်အား လွန်စွာ ခင်တွယ်တတ်ကြသည်။ လူသား သခင်များသည် ကြောင်များအတွက် မွေးစားအမေကဲ့သို့ ဆောင်ရွက်ပေးသည်ဖြစ်သောကြောင့် ကြောင်များသည် ကြောင်ပေါက်စလေးများကဲ့သို့ပင် ဆက်လက်ပြုမူနေထိုင်တတ်ကြသည်။ အချို့ သီအိုရီများအရ အချို့ကြောင်များ၏ အသံမြင့်ဖြင့် အစာတောင်းရန် အော်ခြင်းသည် လူသား ကလေးငယ်များ ဗိုက်ဆာ၍ ငိုနေသည့် အသံနှင့် တူသောကြောင့်၊ လူသားများမှ သူတို့အား ဂရုမပြုပဲ မနေနိုင်ဖြစ်စေသည်ဟု ဆိုကြသည်။ ကိုးကား ကဏ္ဍ:ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ *
ကြောင်ကတိုး
ကြောင်ကတိုး ()သည် အာရှတိုက် အပူပိုင်းဒေသ နှင့် အာဖရိကတိုက်တွင် အထူးသဖြင့် အပူပိုင်းသစ်တောများ၌ နေထိုင်ကျက်စားသည့် ညဉ့်တိရစ္ဆာန်(ညအချိန်၌သာ လှုပ်ရှား၊ သွားလာ၊ အစာရှာခြင်း များသောအားဖြင့် ပြုလုပ်လေ့ရှိသော တိရစ္ဆာန်) နို့တိုက်သတ္တဝါများ ဖြစ်သည်။ ဘုံအမည် ကြောင်ကတိုး ဟူသော ဝေါဟာရသည် နို့တိုက်သတ္တဝါ မျိုးစိတ်ကွဲ တစ်ဒါဇင်ကျော်နှင့်သက်ဆိုင်သော ဘုံအမည်နာမဖြစ်သည်။ ၎င်း၏ မျိုးစိတ်ကွဲအများစုကို အရှေ့တောင်အာရှတွင်တွေ့ရသည်။ လူသိများသော ကြောင်ကတိုးမျိုးစိတ်မှာ အာဖရိကကြောင်ကတိုးကြီး ()ဖြစ်ပြီး မွှေးကြိုင်သောရနံ့အား အသုံးပြုရန်အလို့ငှါ အဓိကရယူခဲ့သည့် မျိုးစိတ်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရသိရှိရသည်။ ဆင်းသက်လာသော မျိုးရိုးများ မတူညီခြင်း “ကတိုး” ဟူသောစကားလုံးသည် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် ထူးခြားသော ရနံ့တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ထိုအမည်ပါသော တိရစ္ဆာန်များသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးစုများမှ ရွေး၍ စုဖွဲ့ထားသော အုပ်စုတစ်ခုအား ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။ ကြောင်ကတိုးကို ကြောင်နံ့သာဟုလည်း ခေါ်ကြသည်။ ရှားပါးသတ္တဝါစာရင်းဝင် ဖြစ်သည်။ ပါဏဗေဒ အလိုအရ ခွဲခြားကြည့်ခြင်း ကြောင်ကတိုးဟူသော အမည်နာမနှင့် သက်ဆိုင်သော တိရစ္ဆာန်များမှာ အများအားဖြင့် အသားစားနို့တိုက်သတ္တဝါ Viverridae မျိုးရင်းဝင် မျိုးစိတ်များဖြစ်သည်။ အာဖရိကအုန်းကြောင်ကတိုး (Nandinia binotata)မှာ မတူညီသော မျိုးရိုးဗီဇရှိပြီး ၎င်း၏ကိုယ်ပိုင် monotypic မျိုးရင်းဝင် Nandiniidae မျိုးစုမှ ဖြစ်သည်။ ကြောင်ကတိုးအား ၊ ၊ ဟုခေါ်ဝေါ်ကြသည်။ စာရေးသားသူအချို့သည် Civettictis၊ Viverra နှင့် Viverricula civets များ အားလုံးကို ကြောင်ကတိုး()ဟုသာ ရည်ညွှန်းသုံးစွဲကြသည်။Gaubert, P., Cordeiro-Estrela, P. (2006). Phylogenetic systematics and tempo of evolution of the Viverrinae (Mammalia, Carnivora, Viverridae) within feliformians: Implications for faunal exchanges between Asia and Africa . Molecular Phylogenetics and Evolution 41: 266–278. ထို့အပြင် အင်္ဂလိပ်ဘာသာစကားတွင် ထိုအမည်နာမသည် Chrotogale၊ Cynogale, Diplogale, Hemigalus, Arctogalidia, Macrogalidia, Paguma နှင့် Paradoxurus civets အားလုံးကို ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။ ကိုးကား ဆက်စပ်ကြည့်ရန် ကြောင်ကတိုး ကော်ဖီ ကဏ္ဍ:ဝံပိုင့်များ ကဏ္ဍ:အသုံးများသော နို့တိုက်သတ္တဝါ အမည်များ
ခွေး
ခွေး() သည် လူသားတို့၏ ယဉ်ပါးအောင် မွေးမြူခြင်းခံရသည့် ပထမဆုံး အိမ်မွေး တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ လူတို့၏ မိတ်ဆွေစစ် ရှေးကျောက်ခေတ်ကတည်းက လူတို့သည် ခွေးကို မွေးမြူခဲ့ကြသည်။ ခွေးသည် သခင်ကို သစ္စာဖောက်၍ စွန့်ပစ်လေ့မရှိချေ။ သခင်အတွက် အသက်ကိုပင် စွန့်တတ်သည်။ ကမ္ဘာပေါ်တွင် ခွေးအမျိုးမျိုးရှိရာ ယင်းတို့သည် ပါးနပ်စွာအသုံးချတတ်လျင် တစ်မျိုးစီအသုံးကျပေသည်။ လူတို့မွေးမြူအသုံးပြုသော တိရစ္ဆာန်များအနက် ခွေးသည် အားအကိုးရဆုံးသော မိတ်ဆွေ၊ သစ္စာ အရှိဆုံးသော ကျေးကျွန် မည်ပေသည်။ ရှေးကျောက်ခေတ်က လူတို့နေထိုင်ရာ ဂူလိုဏ်များကို တူးဖော်ကြည့်ရာတွင် လူရိုးနှင့် ခွေးရိုးများ အတူတကွ တွေ့ရှိခြင်းကို ထောက်ရှုသော် သမိုင်းမတင်မီ ခေတ်အခါကပင် ခွေးသည် လူတို့အတွက် ယဉ်ပါးလာသောတိရစ္ဆာန် ဖြစ်၏ဟု ဆိုရပေမည်။ အိမ်ခွေးတို့သည် ဝံပုလွေနှင့် ခွေးအများ အထူးသဖြင့် ဝံပုလွေများမှ တစ်စတစ်စ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ယူဆကြသည်။ ယင်းသိပ္ပံသုတေသီတို့၏ အဆိုအရ ရှေးခေတ်လူတို့သည် ရှေးဦးစွာ မိမိတို့ဒေသ ပတ်ဝန်းကျင်ရှိ ဝံပုလွေအရိုင်းများကို အမဲလိုက်ရာတွင် အသုံးပြုရန် မွေးမြူကြသည်။ ထို့နောက် လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်း တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အမဲလိုက်ရန်တစ်ခုတည်းအတွက် မဟုတ်ဘဲ သီးခြားကိစ္စအလိုက် မွေးမြူလေ့ကျင့်ပေးခဲ့ရာမှ အိမ်ခွေးအမျိုးမျိုး ပေါ်ပေါက်လာသည်ဟု ဆိုသည်။ အိမ်ခွေးများသည် လူတို့နှင့်အတူ နေထိုင်ယဉ်ပါးနေပြီဟု ဆိုရသော်လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက်မှ မျိုးရိုးဇာတိစရိုက် အချို့ကိုမူ ယနေ့တိုင်အောင် မဖျောက်နိုင်ကြသေးပေ။ ခွေးသည် မွေးစအရွယ်မှစ၍ အမဲလိုက်ရန် ဝါသနာထုံခဲ့သည့်အတိုင်း အငယ်ဆုံးသော ခွေးကလေးမျိုးပင်ဖြစ်စေကာမူ ပြေးလွှားနေ သည့်ကြက်၊ ငှက်၊ ကြွက်၊ ကြောင်မှစ၍ ယုန်၊ သိုး၊ ဆိတ်၊ ဝက်၊ သမင်၊ ဒရယ်၊ ချေ၊ ဆတ် စသည်တို့ကို မြင်ရုံနှင့် အပြေးလိုက်တတ်သည်။ ခွေးသည် အိပ်ခါနီး နှစ်ပတ် သုံးပတ်လှည့်ပြီးမှ အိပ်တတ်သည်။ ဤအကျင့်မှာ ရှေ့တွင်ဖော်ပြခဲ့သော မျိုးရိုးဇာတိစရိုက်ပင် ဖြစ်၏။ မယဉ်ပါးသေးသော အချိန်က ခွေးရိုင်းများသည် လုံခြုံသော ကိုင်းတော မြက်တောများ၌ အိပ်ရန်ကြံသောအခါ အိပ်မည့်နေရာရှိ မြက်နှင့် သစ်ရွက်များကို ပထမ သုံး၊ လေးပတ်မျှ လှည့်၍ နင်းပေးပြီး အိပ်ရာနေရာကို ပြင်လေ့ရှိသည်။ ညဖက်တွင် ခွေးများအူတတ်သည့် အကျင့်မှာလည်း ယင်းတို့၏ မျိုးရိုးဖြစ်သော ဝံပုလွေများသည် အစာရှာထွက်ချိန်၌ ဝံပုလွေအုပ်ကို အူ၍ ခေါ်သော အလေ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အိမ်ခွေးများသည် မည်သည့်ရန်သူမျှ မရှိစေကာမူ မိမိတို့၏ အစာဖြစ်သော အရိုးများကို ဝှက်ထားတတ်သည်။ ဤအကျင့်မှာလည်း ရှေးခွေးရိုင်းများသည် မိမိတို့၏အစာကို ရန်သူ မတွေ့နိုင်အောင် ဝှက်ထားတတ်သည့် အလေ့မှ ဆင်းသက်ခဲ့ပေသည်။ ထိုမှတစ်ပါး အနံ့ခံ ကောင်းခြင်း၊ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ ချွန်ထက်သော သွားများရှိခြင်း၊ ပြေးလွှားနိုင်ရန် သန်စွမ်းသော ခြေထောက်များရှိခြင်း၊ ကိုယ်တွင် အမွေးကြမ်းများ ဖုံးလွှမ်းပါရှိခြင်း၊ သေးသွယ်၍ ကြံ့ခိုင်တောင့်တင်း သောကိုယ် ရှိခြင်း စသည်တို့မှာလည်း မုဆိုးများနှင့်အတူ အမဲလိုက်ရာ၌ သင့်တော်အောင် သဘာဝက ဖန်တီးပေးခဲ့သော ရှေးခွေးရိုင်းများမှ ဆက်ခံခဲ့သည့် မျိုးရိုးဇာတိအမွေများပေတည်း။ ခွေးတို့သည် လူသားတို့လက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်းခံရသည့် တစ်ခုတည်းသော မျိုးစိပ်ပင် ဖြစ်သည်။ Cosmos: A Spacetime Odyssey 2014 အာရှနှင့် အာဖရိကတိုက်ရှိ အမဲလိုက်ခွေးရိုင်းများနှင့် ယဉ်ပါးနေသော အိမ်ခွေးများ၏ ခြားနားချက် တစ်ခုမှာကား များသောအားဖြင့် အိမ်ခွေးများက ဟောင်တတ်၍ ခွေးရိုင်းများက အူရုံသာ အူတတ်ခြင်းပင် ဖြစ်သည်။ အမေရိကတိုက်ရှိ ဝံပုလွေနှင့်တူသောခွေးများသည် တစ်ခါတစ်ရံသာ ဟောင်တတ်သည်။ အက်စကီးမိုး လူမျိုးတို့ မွေးမြူထားသော 'ဟပ်စကီ' ခေါ် ခွေးများကမူ လုံးဝမဟောင်တတ်ချေ။ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးအားလုံးတွင် ခွေးတစ်မျိုးတည်းသာ ကမ္ဘာအရပ်ရပ်သို့ လူနှင့်အမြဲ လိုက်ပါကာ အမျိုးမျိုးသော ရာသီဥတုကို ခံနိုင်၍ လူအား ကူအညီပေးနိုင်သော တိရစ္ဆာန်ဖြစ်သည်။ အချို့သောခွေးမျိုးသည် ရဲရင့်သည်။ အချို့မှာ သိမ်မွေ့၏။ အချို့ကား လိမ်မာ၏။ အချို့ကား ထိုင်းမှိုင်း၏။ ဆိုးပေ၏။ သို့သော် အားလုံးသော တိရစ္ဆာန်များအနက် ခွေးသည် လူ၏သဘောကို နားအလည်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ ခွေးသည် ဝံပုလွေမှ ဆင်းသက်လာသည်ဟု ယုံကြည်ဖွယ် ရာ အကြောင်း ရှိလေသည်။ မြောက်အမေရိကတိုက် မြောက် ပိုင်းရှိ အက်စကီးလူမျိုးတို့၏ခွေးများသည် ဝံပုလွေနှင့် အလွန် တူသည်။ ပကတိဝံပုလွေနှင့် တူလှသောကြောင့် မကြာခဏပင် ခရီးသည်များ အထင်မှားကြရသည်။ ဖလော်ရီဒါပြည်နယ်ရှိ ခွေးအချို့မှာလည်း ဝံပုလွေနှင့် ရွေးမရအောင် တူသည်။ အာရှ၊ အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံများရှိ အိမ်ခွေးများမှာမူ ခွေးအတို့၏ အဆက်အနွယ်များ ဖြစ်သည်ဟု ယူဆရသည်။ အမေရိကနှင့် ဥရောပတိုက်မြောက်ပိုင်းရှိ အက်စကီးမိုး ခွေးများကို ရေခဲပြင်ပေါ်၌ စွတ်ဖားဆွဲရန် အသုံးပြုကြသည်။ ဝင်ရိုးစွန်းရှာဖွေသူတို့သည် ဤခွေးများ၏အကူအညီကို များစွာ ရရှိကြသည်။ ယင်းတို့သည် အလွန်အမင်း အေးသောဒဏ်ကို ခံနိုင်၍ အစာအာဟာရ အနည်းငယ်ဖြင့် အသက်ရှင်နေနိုင်ကြ သည်။ အားကောင်းသော ဤခွေးမျိုးတစ်စုသည် ခရီးလမ်း ကောင်းမွန်ပါက ရေခဲပြင်ပေါ်၌ ပေါင်ချိန် ၃၆၀ ရှိသောဝန်ကို တစ်နေ့လျှင် မိုင် ၄၀ ခန့် ခရီးပေါက်အောင် လွယ်ကူစွာ ဆွဲဆောင်နိုင်သည်။ ဗဲလဂျီယမ်နှင့် ဟော်လန်နိုင်ငံများတွင် လက်တွန်းလှည်း၊ ဟင်းသီးဟင်းရွက်လှည်းနှင့် နွားနို့လှည်းကလေးများကို သန်စွမ်းသောခွေးများအား ဆွဲစေသည်။ စကော့တလန်ပြည်၌ အလွန်စိတ်ချ အသုံးဝင်သော သိုးကျောင်းခွေးများ ရှိသည်။ ချွန်သောနှုတ်သီးနှင့် အမွေး ထူထပ်သော ကိုယ်ရှိပြီးလျှင် လည်ပင်းနှင့် အမြီးတွင် လည် အမွေးဖွားဖွား ပါရှိသဖြင့် အထူးပင် လှပသည်။ ဤခွေးများသည် မျက်စိလည် လမ်းမှား၍ အုပ်ကွဲသွားသောသိုးများကို သိုးအုပ်ရှိရာသို့ ပြန်ပို့ပေးခြင်း၊ နေဝင်ချိန်၌ သိုးများကို စုရုံး၍ ခြံသွင်းခြင်း စသည့် သိုးကျောင်းအလုပ်များကို လူနှင့်မခြား ဆောင်ရွက်နိုင်သည်။ အနံ့ခံလည်းကောင်းလှသဖြင့် အုပ်ကွဲနေ သောသိုးများကို ဆီးနှင်းမုန်တိုင်းများကြားထဲမှပင် မရမနေ တွေ့အောင် ရှာဖွေနိုင်ကြသည်။ အမဲလိုက်ခွေးမျးသည် အမဲကောင်ကို အနံ့ခံ၍ မျက်ခြည် မပြတ်အောင် လိုက်နိုင်သည်။ သွေးစက်ကို အနံ့ခံလိုက်၍ ထိမှန်သွားသောအမဲကောင်များကို တွေ့အောင် ရှာနိုင်သည်။ ခြေရာခံခွေးကြီးများသည် ထွက်ပြေး လွတ်မြောက်သွားသော ရာဇဝတ်သားများကို ခြေရာခံ၍ လိုက်လံဖမ်းဆီးပေးနိုင်သည်။ ဥရောပတိုက်အလယ်ပိုင်းရှိ မြင့်မား၍ ဆီးနှင်းများ ဖုံးအုပ် နေသည့် အဲ့လပတောင်တန်းများပေါ်တွင် သွားလာကြသော ခရီးသည်များသည် တစ်ခါတစ်ရံ မျက်စိလည်လမ်းမှား၍ ဖြစ်စေ၊ ဆီးနှင်းမုန်တိုင်းမိ၍ ဖြစ်စေ၊ ခြေကုန်လက်ပမ်းကျကာ အတိဒုက္ခရောက်နေတတ်သည်။ ထိုဒုက္ခသည်များအား လိုက်လံ ရှာဖွေ ကယ်ဆယ်ရန်အတွက် 'စိန်ဗားနတ်'ခေါ် ခွေးကြီးများကို တောင်ခြေရှိ ဘုန်းကြီးကျောင်းများ၌ မွေးမြူ လေ့ကျင့်ပေးထားကြသည်။ ရာသီဥတု ဆိုးရွားသောနေ့များတွင် ဤခွေးကြီးများကို လည်ပင်း၌ ခေါင်းလောင်း ကလေးများဆွဲကာ ဒုက္ခ သည်များအား ရှာဖွေရန် စေလွှတ်လိုက်သည်။ အများအားဖြင့် နှစ်ကောင်တွဲ စေလွှတ်လေ့ ရှိ၏။ ဒုက္ခသည် တစ်ဦး တစ်ယောက်ကို တွေ့သောအခါ တစ်ကောင်က အကူအညီ ပေးရရန် ဘုန်းကြီးများထံ ပြန်ပြေး၍ ကျန်တစ်ကောင်က ဒုက္ခသည်အား ဖုံးနေသော နှင်းခဲများကို ဖယ်ရှားပေးခြင်း၊ အနွေးဓာတ်ရစေရန် မျက်နှာနှင့် ခြေလက်များကို လျှာဖြင့် လျက်ပေးခြင်းဖြင့် စောင့်ရှောက်ကာ ကျန်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ပထမကမ္ဘာစစ်ကြီးအတွင်းက စိန်ဗားနတ်နှင့် အခြားခွေး မျိုးများအပါအဝင် ခွေးပေါင်း ၁၀၀၀၀ ကျော်တို့သည် စစ် မြေပြင်၌ အရေးကြီးသော အလုပ်များကို ဆောင်ရွက်ပေးခဲ့ကြ လေသည်။ တယ်ရီယာ ခွေးငယ်ကလေးများက မြေကတုတ် အတွင်းရှိ ကြွက်များကို နှိမ်နင်းပေးခဲ့သည်။ သန်မာထွားကျိုင်း သော ခွေးကြီးများက ကင်းစောင့်စစ်သားများထံ ပူနွေးသော စားသောက်ဖွယ်တို့ကို ပို့ဆောင်ပေးခဲ့သည်။ လူမသွားနိုင် လောက်အောင် ဘေးရန်ပေါသော နေရာများသို့ စစ်သတင်းများ ကို ပို့ဆောင်ပေးခဲ့သည်။ သူနာပြုခွေးများက ကြက်ခြေနီ သူနာပြုတပ်သားများအား ဒဏ်ရာဖြင့်လဲနေသော စစ်သား များထံသို့ ရောက်အောင် လမ်းပြပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်း အထက်ပါကိစ္စများ အပြင် ကင်းစောင့်ခြင်း၊ စစ်ပစ္စည်း စစ်စခန်းများ စောင့်ထိန်း ခြင်း၊ မြေမြှုပ်ဗုံးများ ရှာဖွေခြင်း စသည့် ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ခွေးပေါင်းမြောက်မြားစွာကို လေ့ကျင့် အသုံးချခဲ့ကြသည်။ အထူးသဖြင့် ကင်းစောင့်ခွေးများသည် စစ်သားတို့ထက် ဦးအောင် ချဉ်းကပ်လာသော ရန်သူကို အနံ့ဖြင့် သိရှိကြသည်။ အက်စကီးမိုးတို့၏ ဟပ်စကီခွေးမျိုးနည်းတူပင် အိမ်စောင့် ရာ၌ အထူးအားကိုးရသည့် 'ဂရိတ်ဒိန်း'ခေါ် ခွေးကြီးမျိုးနှင့် 'ခွေးဘီလူး'များလည်း ရှိသေးသည်။ ခွေးဘီလူးသည် မက်စတစ်မျိုးတွင် ပါဝင်၍ အရုပ်ဆိုးသလောက် စည်းကမ်း သေဝပ်ပြီးလျှင် သစ္စာရှိပေသည်။ သတ္တိအလွန်ကောင်း၍ ကိုက်မိလျှင် မလွှတ်တမ်း ခဲထားလေ့ရှိသဖြင့် ခွေးဘီလူးများကို ရှေးအခါက တောဝက်လိုက်ရာ၌၎င်း၊ ခွေးနှင့်နွား တိုက်ပွဲများ ၌၎င်း အသုံးပြုခဲ့ဘူးသည်။ ခွေးများသည် အနံ့ခံအကောင်းဆုံးခွေးမှာ အမဲလိုက်ခွေး များပင် ဖြစ်၏။ အမဲလိုက်ခွေးမျိုးတို့သည် အပြေးမြန်သည်။ အထူးသဖြင့် ခွေးသမင်မျိုးမှာ အပြေးအလွန်မြန်၏။ မြေခွေး လိုက်ရာတွင် အသုံးပြုသည့် ခွေးမျိုးမှာလည်း အလွန်လှပ၍ ယင်းတို့ကို အင်္ဂလန်ပြည်၌ အုပ်လိုက် မွေးမြူကာ အသုံးပြုလေ့ ရှိကြသည်။ ကမ္ဘာတွင် ယဉ်ပါးနေသော ခွေးမျိုးသန့်သန့်ပေါင်း ၂၂၅ မျိုးခန့်ရှိ၍ ယင်းတို့အနက် ၂၅ မျိုးခန့်မှာ အကြီးမျိုးထဲက ဖြစ်သည်။ ထိုသို့ အသိအမှတ်ပြုထားသော ခွေးများကို တစ်ဖန် အမျိုးအစားအလိုက် ၆ စု ခွဲထားပြန်သည်။ ပထမအစုမှာ ဝံပုလွေနှင့်တူသည့် ခွေးဝံပုလွေမျိုး ဖြစ်၍ ဤအစုတွင် အက်စကီးမိုးတို့၏ ခွေးများ၊ အမေရိကတိုက်မှ ခွေးဝံပုလွေများ၊ သိုးကျောင်းခွေးများ၊ တရုတ်တို့၏ 'ချောင်ချောင်'ခေါ် ခွေးများ နှင့် အထက်ကျော်ကာလက ဗဲလဂျီယမ်နိုင်ငံ၌ လှေများကို စောင့်ပေးသော အမြီးမပါသည့် 'စခစ်ပါကီ' ခွေးမျိုးများ ပါဝင်သည်။ ဒုတိယအစုမှာ ခွေးသမင်မျိုးဖြစ်၍ ဤအစုတွင် နိုင်ငံ အရပ်ရပ်မှ ခွေးသမင်အမျိုးမျိုး၊ အိုင်ရစ်နှင့် ရုရှဝံပုလွေခွေး သမင်များအပြင်၊ တောင်အမေရိကတိုက်၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံရှိ အမွေးမပါသည့် ထူးခြားသော ခွေးသမင်မျိုးတို့ အားလုံးပါဝင်သည်။ တတိယအစုမှာ စပန်နီယယ်ခေါ် သင်္ဘောခွေးမွေးရှည်မျိုး ဖြစ်၍ ဤခွေးမျိုးတွင် အမွေးရှည်ခြင်း၊ ခေါင်းကြီးခြင်း၊ နားရွက်ဖားခြင်းတို့၌ အခြားခွေးမျိုးများနှင့် ကွဲပြားသည်။ ဤအစုတွင် 'နယူးဖောင်းလန်း'ခွေးများ၊ တရုတ်နိုင်ငံမှ 'ပီကင်းဂိ'ခွေးမျိုးနှင့်တကွ ငှက်ပစ်ထွက်ရာတွင် လိုက်လေ့ ရှိသော တောလိုက်ခွေးအမျိုးမျိုး ပါဝင်သည်။ စတုတ္ထအစုမှာ အမဲလိုက်ခွေးမျိုး ဖြစ်၍ ဤအစုတွင် မြေခွေးလိုက်ခွေး၊ ဖျံလိုက်ခွေး၊ ဆတ်လိုက်ခွေး စသော အမဲလိုက်ခွေးအမျိုးမျိုး ပါဝင်သည်။ ပဉ္စမအစုမှာ မက်စတစ်ခေါ် အိမ်စောင့်ခွေးကြီးမျိုးဖြစ်၍ ဤအစုတွင် ဂရိတ်ဒိန်း ခွေးကြီးမျိုး၊ စိန်ဗား နတ်ခွေးကြီး မျိုးနှင့် ခွေးဘီလူးများ ပါဝင်သည်။ ယင်းတို့သည် သစ္စာရှိ၍ သတ္တိကောင်းသဖြင့် အလွန်စိတ်ချရ၏။ တယ်ရီယာခေါ် မြေတူးခွေးမျိုး ဖြစ်သည်။ မြေတူးခွေးမျိုးဟု ခေါ်ရခြင်းမှာ ကြွက်စသော တွင်းအောင်း သတ္တဝါများကို လိုက်လံဖော်ယူတတ်သောအလေ့ ရှိသောကြောင့် ဖြစ်၏။ ဤခွေးမျိုးသည် ဉာဏ်ကောင်းသည်။ လိမ်မာသည်။ လှလည်းလှသဖြင့် အလှမွေးခွေးလိမ္မာများအဖြစ်ဖြင့် လူကြိုက် များသည်။ ဤခွေးမျိုးတွင် စကော့တယ်ရီယား အိုင်ရစ်တယ် ရီယာ၊ အဲယားဒေးတယ်ရီယာ၊ ယော့ရှိုင်ယာတယ်ရီယာ၊ စံကိုင်း တယ်ရီယာ စသော တယ်ရီယာအမျိုးမျိုးအပြင် 'ပူးဒဲ'ခေါ် အလိမ်မာဆုံးဖြစ်သည့် ခွေးလည်ဆံရှည်မျိုးလည်း ပါဝင်သည်။ အထက်ပါ ခွေးမျိုးသန့်များအပြင် အလိုရှိသောခွေးမျိုးရ အောင် မျိုးကွဲချင်း စပ်ထားသော ခွေးမျိုးစပ်များလည်း ရှိ သေးသည်။ ခွေးမျိုးစပ်(ဝါ)ဗန္ဓတ်ခွေးတို့သည် ခွေးမျိုးသန့် တို့လောက် တန်ဖိုးမများပေ။ သို့သော် များသောအားဖြင့် အလွန်လိမ္မာ ဉာဏ်ကောင်းတတ်၍ ယင်းတို့၏သခင်များအဖို့ အဖော်လည်း ရတတ်သည်။ ခွေးဝင်စား နောက်ဆုံးတွင် မည်သူကမှ မပိုင်၊ တန်ဖိုးလည်းမထား သော ခွေးဝင်စားခေါ် အလေ့ပေါက်ခွေးများ ရှိသည်။ ယင်းတို့ ကို အထူးသဖြင့် ဥရောပတိုက်အရှေ့ပိုင်း၊ အာရှနှင့် အာဖရိက တိုက်တို့၌ ပေါများစွာ တွေ့ရသည်။ အိမ်ကြိုအိမ်ကြားများ တွင် နေထိုင်ကာ တွေ့ရာကို ရှာဖွေစားသောက်ကြ၏။ ဤ ခွေးလေများကြောင့် ကူးစက်တတ်သောရောဂါများ ပြန့်ပွားလေ့ ရှိသည့်အတိုင်း နိုင်ငံကြီးများ၌ ခွေးပိုင်ရှင်တို့သည် ခွေးများကို အစိုးရထံ အခွန်ဆောင်ရသော လိုင်စင်ဖြင့်သာ မွေးမြူနိုင်ပေ သည်။ ခွေးမှ ကူးစက်တတ်သောရောဂါများအနက် အထူးသဖြင့် ခွေးရူးပြန်ရောဂါမှာ ကြောက်မက်ဖွယ်အကောင်းဆုံးပင် ဖြစ်သည်။ သို့ဖြစ်၍ ခွေးဝင်စားများ၊ လမ်းဘေးခွေးများကိုအမြစ်ဖြုတ်သုတ်သင်ရှင်းလင်းရန်မှာ ကျန်းမာရေး၊ သန့်ရှင်းရေးရှုထောင့်များအရ လွန်စွာအရေးပါလှပေသည်။ မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများ မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများမှာ ခွေးဝင်စားများ ဖြစ်ကြသည်။ ထိုခွေးဝင်စားများအပြင် နိုင်ငံခြားခွေးမျိုးများကိုလည်း မွေးမြူတတ်ကြ၏။ နိုင်ငံခြားခွေးများနှင့် မြန်မာခွေးများ စပ်ရာမှ ပေါက်ပွားလာသော ခွေးဗန္ဓတ်မျိုးများလည်း ရှိသေးသည်။ မြန်မာတို့ မွေးမြူလေ့ရှိသော ခွေးမျိုးများမှာ သင်္ဘောခွေး၊ အင်းခွေး၊ ကမာဘီ၊ ခွေးသမင်၊ ပွေလီ၊ ခွေးဘီလူး စသည်တို့ ဖြစ်ကြသည်။ ထို့ပြင် ချင်းခွေးမျိုးဖြစ်သော ခွေးပုကလေးများကိုလည်း အလှမွေးမြူတတ်ကြသည်။ အင်္ဂလန်၊ အမေရိကန်နှင့် ဥရောပတိုက်ရှိ အချို့နိုင်ငံများတွင် ခွေးများကို ဂရုတစိုက် မွေးမြူကြသည်။ အသင်းအပင်းများ ဖွဲ့စည်း၍ ပြပွဲပြိုင်ပွဲများ ကျင်းပကာ အမျိုးမျိုး အားပေးကြသည်။ ခွေးသမင်အပြေးပြိုင်ပွဲမှာ အချို့နိုင်ငံ၌ မြင်းပွဲတစ်မျှပင် ခေတ်စားလျက်ရှိပေသည်။ ခွေးသည် အလွန်အားကိုးရသည်။ အလွန်လိမ်မာသည်ဟုဆိုသော်လည်း ကျွေးမွေးထားရုံနှင့် မလိမ်မာချေ။ ခွေးမွေးလိုသူတို့သည် ရှေးဦးစွာ မိမိတို့အလိုရှိသော ခွေးမျိုးသန့်သန့်ကို ရွေးချယ်၍ လသားအရွယ်က စတင်မွေးမြူသင့်သည်။ ထို့နောက် ဂရုတစိုက်စောင့်ရှောက်ပြုစု၍ ပြောစကား နားလည်စေရန်၊ ခိုင်းသည့်အတိုင်း လုပ်စေရန်၊ စည်းကမ်းရှိစေရန် စသည်တို့ကို စံနစ်တကျ စိတ်ရှည်လက်ရှည် လေ့ကျင့်သင်ကြားပေးရန် လိုပေသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) ခွေးများ စားတတ်သည်နှင့် မစားတတ်သည့် အစာများ ဆောင်ရန် ပန်းသီး ငှက်ပျောသီး ဘလူးဘယ်ရီ သခွားမွေး မုန်လာဥ ချိစ်(ပုံမှန်) ကြက်သား ဥများ ပဲစိမ်း (Green beans) ပျားရည် ကီဝီသီး သရက်သီး ပြောင်းဆန် မက်မွန်သီး ပဲထောပတ် သစ်တော်သီး နာနတ်သီး အာလူး (အခွံခွာပြီး ပြုတ်ထားသော) ရွှေဖရုံသီး ထမင်း ကန်စွန်းဥ ဒိန်ချဉ် ရှောင်ရန် အရက် ဩဇာသီး ကဖိန်းဓာတ် ချောကလက် ကော်ဖီ အဆီအခေါက်ဖတ်များ ကြက်သွန်ဖြူ ပီကေ စပျစ်သီး သစ်တောက်စေ့ (Macadamia nuts) နို့ မှို အသီးမှ ရသော အစေ့အဆံများ အာလူးခွံနှင့် အာလူးစိမ်း စပျစ်သီးခြောက် ရူဘားပင် (Rhubarb) ဆား မတရားငန်သော အစာများ လက်ဖက်ရည် သစ်ကြားသီး ဆေးသကြား (Xylitol) တဆေးနှင့် မုန့်ခြောက် (Dough)35 Healthy Dinner Recipes Ready in 30 Minutes | Infographic, Dog and Food ခွေးသက်တမ်း +ခွေးအရွယ်ငယ်လတ်ကြီးပေါင် ၂၀ သို့မဟုတ် အောက်လျော့နည်းသော ခွေးများ၂၁ ပေါင်မှ ပေါင် ၅၀ ထိ ခွေးများပေါင် ၅၀ ထက် ကြီးသော ခွေးများခွေးသက်တမ်းလူသက်တမ်းဖြင့် နှိုင်းယှဉ်လျှင် ရောက်ရှိနေသည့် အသက်များ၁၁၅၁၅၁၅၂၂၄၂၄၂၄၃၂၈၂၈၂၈၄၃၂၃၂၃၂၅၃၆၃၆၃၆၆၄၀၄၂၄၅၇၄၄၄၇၅၀၈၄၈၅၁၅၅၉၅၂၅၆၆၁၁၀၅၆၆၀၆၆၁၁၆၀၆၅၇၂၁၂၆၄၆၉၇၇၁၃၆၈၇၄၈၂၁၄၇၂၇၈၈၈၁၅၇၆၈၃၉၃၁၆၈၀၈၇၁၂၀Your Dog's Age In Human Years: A Conversion Chart | Year calculator, Dog years and Calculator ကိုးကား ကဏ္ဍ:ပံ့သကူသားစား တိရစ္ဆာန်များ ကဏ္ဍ:ဝံပုလွေများ
ကျေး
Male and female parakeet at Vedanthangal, India. ကျေးဆိုသည့် ငှက်များမှာ မြန်မာအလိုအရ ကြက်တူရွေးကို ခေါ်ဆိုရင်း ဖြစ်သည်။ မြန်မာမျိုးရင်းကြက်တူရွေး (၇)မျိုး နှင့် မြန်မာမျိုးရင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသလောက်ရှားနေပြီဖြစ်သော ကြက်တူရွေး ၂ မျိုးလည်း ရှိပါသေးသည်။ မြန်မာမျိုးရင်းကြက်တူရွေး (၇)မျိုး ကြက်တော(ခ)ကျေးဖောင်းကား(ခ)ကြက်ပေါင်ခ alexandrine parakeet ကျေးကျုတ်(ခ) Rose-ringed Parakeet (ခ) Indian Ringneck Parakeet ကျေးတမာ(ခ)Plum/Blossom-Headed Parakeet ကျေးကုလား(ခ)Grey Headed Parakeet ကျေးကုလားမ(ခ) Red-Breasted Parakeet ကျေးသန္တာ (vernal Hanging Parrot) မလေးကြက်တူရွေး (Blue-Crowned Hanging Parrot) မြန်မာမျိုးရင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသလောက်ရှားနေပြီဖြစ်သော ကြက်တူရွေး ၂ မျိုး။ ကျေးမြီးပြာ (Blue-Rumped Parrot) အမြီးရှည်ကြက်တူရွေး (Long-Tailed Parakeet) ကိုးကား ကဏ္ဍ:ကျေးများ
ကြက်တူရွေး
ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။ ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ဥ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။ 'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။Kicau Mania . "Bird singing information" မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ ကြက်တော၊ ကျေးကျုတ်၊ ကျေးတမာ၊ ကျေးကုလား၊ ကျေးကုလားမ၊ ကျေးသန္တာ၊ ကျေးမြီးပြာ (ခ) ကျေးသန္တာခေါင်းပြာ၊ မလေးကြက်တူရွေး (ခ)ကျေးသန္တာထိပ်ကွက်နှင့် အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ ဖေါင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးကျုတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) ကိုးကား ကဏ္ဍ:ကြက်တူရွေးများ
ဇီးကွက်
ဇီးကွက်များသည် စတြစ်ဂျီဖောမိစ်-မျိုးစဉ်၌ ပါဝင်သော မျိုးစိတ်ပေါင်း ၂၀၀ ကျော်မှ ငှက်များဖြစ်သည်။ ဇီးကွက်များတွင် ခန္ဓာကိုယ် တည့်မတ်စွာရပ်နိုင်ခြင်း၊ ကြီးမားကျယ်ပြန့်သော ဦးခေါင်းရှိခြင်း၊ မှန်ဘီလူးဖြင့် ချဲ့၍မြင်ရသကဲ့သို့သော စူးရှကောင်းမွန်သည့် အမြင်အာရုံရှိခြင်း၊ ဒွိသဘာဝရှိသည့် အကြားအာရုံပါရှိခြင်း၊ ချွန်ထက်သည့် ခြေသည်း (သို့) အတက်များပါသော ခြေချောင်းများရှိခြင်းနှင့် တိတ်ဆိတ်စွာ ပျံသန်းရန် လိုက်လျောညီထွေရှိသော အမွှေးများဖြင့်ဖွဲ့စည်းထားသည့် တောင်ပံများပါရှိခြင်း၊ တစ်ကောင်တည်း ထီးတည်းနေလေ့ရှိခြင်း အစရှိသည့် သွင်ပြင်လက္ခဏာများပါရှိသော သားရဲညဉ့်ငှက်များ ဖြစ်သည်။ ညဉ့်ငှက်များဟု ဆိုရာတွင် နေ့အချိန် ကျက်စားသော မြောက်ပိုင်းဒေသမှ သိမ်းဇီးကွက်နှင့် လူသိများသော မြေအောင်းဇီးကွက်တို့မှာ ချွင်းချက်ဖြစ်သည်။ အများအားဖြင့် ဇီးကွက်များသည် နို့တိုက်သတ္တဝါငယ်များ၊ အင်းဆက်များနှင့် အခြားငှက်များကို အမဲလိုက်လေ့ရှိသည်။ သို့ရာတွင် အချို့မျိုးစိတ်များသည် ငါးကိုအမဲလိုက်ရာ၌ အထူးကျွမ်းကျင်ကြသည်။ သူတို့ကို ဝင်ရိုးစွန်းရေခဲဒေသများနှင့် အချို့သော ဝေးလံသည့်ကျွန်းများ မှလွဲလျှင် ကမ္ဘာဒေသအားလုံး၌ တွေ့ရှိနိုင်သည်။ ဇီးကွက်များ၏ မူလဇာစ်မြစ် တူညီစွာ ဆင်းသက်လာမှုနှင့် မျိုးရိုးဗီဇဆက်နွယ်မှုစသည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားမှုများအပေါ် မူတည်ကာ စတြစ်ဂျီဒီ-မျိုးရင်း (Strigidae) နှင့် တိုက်တွန်းနစ်ဒီး-မျိုးရင်း (Tytonidae) ဟူ၍ မျိုးရင်း(၂)ခု ခွဲခြားထားသည်။ ဇီးကွက် အစုအဖွဲ့တစ်ခုကို "ပါလီမန် (parliament)" ဟုခေါ်ကြသည်။ ခန္ဓာဗေဒ ဇီးကွက်များသည် ရှေ့သို့တူရှုနေသည့် ကြီးမားသော မျက်လုံးများနှင့် နားပေါက်များ၊ သိမ်းငှက်ကဲ့သို့ ချွန်သော နှုတ်သီး၊ ပြားချပ်သောမျက်နှာရှိပြီး အများစု၌ မျက်နှာနှင့် မျက်လုံးတဝိုက်သည် ထင်ရှားသော အရောင်အသွေးရှိသည့် အမွှေးအတောင်များဖြင့် စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်သည်။ သားရဲငှက်အများစု၏ မျက်လုံးများသည် ဦးခေါင်း၏ ဘေးနှစ်ဖက်တွင်ရှိကြသည်။ သို့သော် ဇီးကွက်၏ ရှေ့မူနေသော မျက်လုံးများသည် အလင်းရောင်အားနည်းချိန်တွင် သားကောင်ရှာဖွေရန် လိုအပ်သည့် နက်ရှိုင်းသော အမြင်အာရုံကို ရရှိစေသည်။ ဇီးကွက်များသည် မြင်ကွင်း ပုံရိပ်ချဲ့နိုင်စွမ်းရှိသည့်အလျောက် ၎င်းတို့၏ ကြီးမားသော မျက်လုံးကြီးများသည် အခြားသော အလားတူ ငှက်များကဲ့သို့ပင် မျက်ခွက်အတွင်း၌ အံဝင်ခွင်ကျ ရှိနေလေသည်။ ထို့ကဲ့သို့ လှုပ်ရှား၍မရသော မျက်စိများကြောင့် မြင်ကွင်းပြောင်းလဲကြည့်ရှုရာ၌ ဦးခေါင်းတစ်ခုလုံး လှုပ်ရှား လှည့်လည်ရလေသည်။ ဇီးကွက်များသည် အဝေးမြင်ဖြစ်သောကြောင့် ၎င်းတို့၏မျက်လုံးမှ စင်တီမီတာအနည်းငယ်အတွင်း ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်ရပေ။ ၎င်းတို့ဖမ်းမိသော သားကောင်များကို နှုတ်သီးနှင့် ခြေဖဝါးများပေါ်ရှိ ဆံပင်ကဲ့သို့သော အမွေးများအား “သိမြင်ခံစားနိုင်မှု”အဖြစ် အသုံးပြု၍ သိရှိလေသည်။ ဇီးကွက်၏ အဝေးသို့ မြင်နိုင်စွမ်းသည် အလင်းရောင်နည်းချိန်တွင်သာ အလွန်ကောင်းမွန်သည်။ 289x289px ဇီးကွက်၏ကိုယ်သည် တို၍တုတ်သည်။ နုတ်သီးကောက်သည်။ ခြေထောက်သန်၏။ ခြေသည်းထက်သည်။ အချို့ဇီးကွက်၏ ဦးခေါင်းပေါ်တွင် အမွှေးများစု၍ နေတတ်သည်။ ဇီးကွက်၌ ထူထပ်သော အမွှေးအတောင်များရှိသည်။ ထိုကြောင့် ဇီးကွက်သည် ကိုယ်ကြီးပုံရလေသည်။ ဇီးကွက်သည် မြန်မြန်ပျံသန်းနိုင်သော်လည်း အမွှေးနုများ ထူထပ်စွာရှိသဖြင့် အခြားငှက်များကဲ့သို့ ပျံသန်းသောအခါတွင် အသံမမြည်ချေ။ သားကောင်ကို အသံမကြားစေဘဲ ထိုးသုတ်နိုင်သည်။ များစွာသော ဇီးကွက်မျိုးတို့သည် နေ့အချိန်၌ မြင်နိုင်သော်လည်း အမြင်မသန်ချေ။ |The snowy owl has effective snow camouflage ဇီးကွက်သည် အသိုက်လုပ်ရာ၌ မကျွမ်းကျင်ချေ။ အများအားဖြင့် သစ်ခေါင်းများ၌ဖြစ်စေ၊ လိုဏ်ခေါင်းများ၌ဖြစ်စေ၊ မြေအောက်တွင်းများ၌ဖြစ်စေ၊ လူမနေဘဲ စွန့်ပစ်ထားသော အိမ်များ၌ဖြစ်စေ၊ ကျီများ၌ဖြစ်စေ၊ သိမ်းနှင့်ကျီးတို့၏ အသိုက်ဟောင်းများ၌ဖြစ်စေ အသိုက်ကို ဖြစ်ကတတ်ဆန်းလုပ်လေ့ရှိသည်။ ဇီးကွက်ဥသည် အဖြူရောင်တွင် အဝါရောင်သော်လည်းကောင်း၊ အပြာရောင်သော်လည်းကောင်း သန်းနေတတ်သည်။ အများအားဖြင့် ၃ ဥ၊ ၄ ဥ အုတတ်သော်လည်း အချို့ဇီးကွက်တို့သည် ၁၂ ဥထိ အုတတ်သည်။ အသိုက်ကို အဖိုနှင့် အမ နှစ်ဦးစလုံးက စောင့်ရှောက်သည်။ ဇီးကွက်ကြီးသည် အသိုက်ကိုလာ၍နှောင့်ယှက်သော ရန်သူများအား ရဲရင့်စွာကာကွယ်သည်။ ဇီးကွက်ကလေးများသည် ထူထဲသော မွေးနုဖြူများရှိ၍ ချစ်စဖွယ်ကောင်းသည်။ ထိုအကောင်ကလေးများသည် အခြားငှက်ငယ်များထက် ပို၍ကြာရှည်စွာ အသိုက်တွင်း၌ နေကြသည်။ မြန်မာနိုင်ငံရှိ ဇီးကွက်သည် ၈ လက်မခန့်ရှိသည်။ ထိုဇီးကွက်မျိုး၏ နားရွက်၌ အမွှေးစုများမရှိချေ။ မြန်မာနိုင်ငံအလယ်ပိုင်း၌ ဇီးကွက်ကို အတွေ့ရများသည်။ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ ဟင်္သာတမြို့၊ ပဲခူးမြို့ တို့တွင်လည်း အတွေ့ရများသည်။ ခင်ပုပ် သို့မဟုတ် မြီးဝန်ငှက်၊ တောလုံ၊ တီးတုတ်(ဒီးဒုတ်)၊ ကုပ်ကလူး၊ လင်ကောင်ပိုး(ဝါ) ငှက်ဆိုးတို့သည် ဇီးကွက်မျိုးတွင် ပါဝင်ကြသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ဆိုရိုး ဇီးကွက် သည် ရှေးဆိုရိုးဖြစ်သော မသူတော်ခုနစ်ပါး ဟုခေါ်သည့် တိရစ္ဆာန် ခုနစ်မျိုးတွင် အပါအဝင်ဖြစ်သည်။ ကိုးကား ကဏ္ဍ:အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ ကဏ္ဍ:တောင်အာရှတွင် တွေ့ရှိရသော ငှက်များ ကဏ္ဍ:ငှက်မျိုးစဉ်များ
မြွေ
မြွေသည် ရက်ပတီလီယာ မျိုးပေါင်းတွင် စကွာမေတာမျိုးစဉ် ဆာပင်တီး မျိုးစဉ်ခွဲ၌ ပါဝင်၏။ မြွေကို ကိုင်ကြည့်လျှင် အေးခြင်းမှာ ယင်းသည် သွေးအေး သတ္တဝါဖြစ်ခြင်းကြောင့် ဖြစ်သည်။ လူတို့သည် မြွေကို များသောအားဖြင့် ကြောက်၏။ ထိုအချက်ကြောင့်ပင် မြွေကို ကြောက်စိတ်မရှိသူများအဖို့နှင့် ကြောက်စိတ်ကို ကျော်လွန်နိုင်သူများအဖို့ မြွေသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာလေသည်။ မြွေကို လူသည် မွေးကတည်းက ကြောက်မလာချေ။ ကလေးသည် မြွေကို ကြောက်စိတ်နှင့် ကြည့်သည့်ထက် စိတ်ဝင်စားစွာ ကြည့်သည်က များသည်။ 220x124px|alt=Python|မြန်မာစပါးကြီးမြွေ ခြေထောက် မရှိသော တွားသွားသတ္တဝါများတွင် မြွေကို လူသိအများဆုံးဖြစ်သည်။ မြွေကို အခြားဒေသများတွင် တွေ့ရသည်ထက် မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်းဒေသများတွင် ပို၍ တွေ့ရသည်။ အကြီးဆုံး မြွေများကိုလည်း အပူပိုင်း ဒေသများတွင်သာ ပို၍ တွေ့ရသည်။ အချို့မြွေများသည် ပေ ၃ဝ အထိ ရှည်တတ်ကြသကဲ့သို့ ငါးလက်မထက်ပို၍ မရှည်သော မြွေကလေးများကိုလည်း တွေ့ရသည်။ နယူးဇီယန်၊ အိုင်ယာလန် နှင့် ဟာဝိုင်းယန်းကျွန်းများတွင် မြွေကို မတွေ့ရချေ။ ဟာဝိုင်းယန်းကျွန်းတွင်မူ နောင်အခါ၌ ဘေးမပြုသော မြွေများကို ယူဆောင်သွားကြသဖြင့် တွေ့ရလေသည်။ မျိုးစိတ်ပေါင်း ၂၃ဝဝ ခန့်ရှိသော မြွေများကို အနည်းငယ်မျှသော ကျွန်းများနှင့် အလွန်အေးသည့် ဒေသများမှအပ ကျန်ဒေသများတွင် တွေ့နိုင်သည်။ အပူပိုင်းဒေသရှိ အလွန်ထူထပ်သော တောများမှအစ၊ သဲကန္တာရများ၊ တောင်ထိပ်များနှင့် မြေကြီးအောက်ရှိ တွင်းများအဆုံးထိ တွေ့နိုင်၏။ အချို့သော မြွေများကို သစ်ပင်များပေါ်တွင် အနေများသည်။ အချို့ကို စိမ့်များ၊ ရေချိုအိုင်များနှင့် မြစ်များတွင် တွေ့ရသည်။ အချို့ကိုမူ ပင်လယ်များအတွင်း၌ တွေ့ရလေသည်။ ထိုပင်လယ်မြွေများကို အာရှတိုက်၊ အာဖရိကတိုက်နှင့် ထိစပ်လျက်ရှိသော အပူပိုင်းဒေသ ပင်လယ်များတွင် အတွေ့ရများသည်။ ပင်လယ်မြွေများ၏ နံဘေးသည် ပြားနေကြသဖြင့် ရေကူးရာ၌ လွန်စွာ သန်ကြသော်လည်း ကုန်းပေါ်တွင်မူ ကောင်းစွာ မသွားနိုင်ကြချေ။ ပင်လယ်မြွေများသည် မျိုးစိတ်အားဖြင့် ၅ဝ ခန့် ရှိ၍ အားလုံးသည် လွန်စွာ အဆိပ်ပြင်းကြလေသည်။ ယင်းတို့၌ အဆုတ်ကြီးများရှိသဖြင့် ရေနက်များတွင် နေနိုင်ကြ၍ စားရန် ငါးများကို လိုက်ဖမ်းကြလေသည်။ 220x124px|alt=.|အန်ဒါမန်ကျွန်း၌တွေ့ရသော ရေမြွေ မြွေများ၌ မျက်ခွံများ မရှိကြချေ။ ထိုကြောင့် မည်သည့်အခါမျှ မျက်စိကို မမှိတ်ကြချေ။ မျက်စိများကို ကာကွယ်ရန် ပျဉ်းတွဲသော အလင်းပေါက်အမြှေးရှိသည်။ ထိုသို့သော မျက်စိမျိုးရှိခြင်းကြောင့် ယင်းအား သားကောင်ကို ညှို့နိုင်စွမ်းရှိသည်ဟု အများက ထင်ကြခြင်းဖြစ်သည်။ မြွေသည် ယင်း၌ အခြားတိရစ္ဆာန်များမှာကဲ့သို့ ခြေထောက်များ မရှိသဖြင့် နံရိုးများဖြင့်သာ သွားရသည်။ မြွေ၌ နံရိုးအမြောက်အမြားရှိ၍ တစ်ခုစီသည် ကျောရိုးအစိတ်အပိုင်းနှင့် ဆက်နေ၏။ ထိုသို့ ဆက်သည်မှာ လှုပ်ရှားမှု အများဆုံးကို ပေးနိုင်အောင် ဆက်နေကြသဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်လေသည်။ 220x124px|alt=.|မြွေသည် ကြွက်အား မြိုနေပုံ မြွေ၏ အစာများတွင် ပိုးကောင်များ၊ ငါး၊ ဖား၊ ဖွတ် ပုတတ်များ၊ ငှက်နှင့် ငှက်ဥ၊ မြေကြွက်နှင့် ကြွက်ဝမ်းဖြူ၊ တွင်းယုန်နှင့် အခြားနို့တိုက်သတ္တဝါငယ်များ ပါဝင်သည်။ မြွေအုပ်စု တစ်ခုကမူ အခြားမြွေမျိုးစိတ် များလောက်ကိုသာ စားသောက်ကြသည်။ စပါးကြီးမြွေနှင့် စပါးအုံးမြွေများကဲ့သို့သော အချို့ မြွေမျိုးစိတ်တို့သည် သားကောင်ကို ရစ်ပတ်၍ ချေပြီးမှ မျိုလေ့ရှိကြသည်။ အချို့ မျိုးစိတ်ကမူ သားကောင်ကို အဆိပ်ဖြင့် ပေါက်ပြှီး မျိုလေ့ရှိကြသည်။ သားကောင်ကို ရစ်ပတ်၍ ညှစ်လေ့ရှိသော မြွေမျိုးစိတ်သည် အကောင်တွင် ကြီးမားသော်လည်း လူကို အခြားမြွေမျိုးစိတ်များလောက် ဘေးအန္တရာယ် မပြုလှချေ။ အချို့မျိုးစိတ်သည် သားကောင်ကို ပထမ မသတ်ဘဲ အရှင်လိုက် မျိုချလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ မြွေအမျိုခံရသည့် သားကောင်များသည် မြွေ၏ ဝမ်းပိုက်အတွင်းသို့ ရောက်သွားသောအခါ ပျောက်ကွယ်သွားရလေသည်။ မြွေသည် မိမိထက် ကြီးမားသော သားကောင်များကို မျိုနိုင်ခြင်းမှာ မြွေ၏ ပါးစောင်ရိုး အနေအထားနှင့် အခြားပါးစပ်နှင့် လည်ချောင်းတို့၏ ပတ်ဝန်းကျင်ရှိ အရိုးအစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် လျော့လျည်းလျည်း ဆက်နေကြခြင်းကြောင့်ဖြစ်သည်။ အစာကို မျိုချလိုက်ရာတွင် ပါးစောင်းရိုးသည် မနာမကျင်ဘဲ ပြုတ်သွားလေသည်။ ထိုကြောင့် အရှည်တွင် နှစ်ပေမျှသာရှိ၍ လုံးပတ်တွင် လူ၏ လက်ချောင်းထက် ပို၍ မကြီးသော တောင်အာဖရိကတိုက်ရှိ မြွေတစ်မျိုးသည် ကြက်ဥတစ်လုံးကို အခွံမကွဲစေဘဲ မျိုချနိုင်ခြင်းဖြစ်သည်။ သို့သော် ဥသည် မြွေ၏ လည်ချောင်းအလွန်လောက်သို့ ရောက်သွားသောအခါ ကျောရိုးမှ စွန်းထွက်နေသော အရိုးစွန်းနှင့် တိုက်မိပြီး ကွဲသွားလေသည်။ ထိုအခါတွင် ဥအခွံ၏ အစအနများသည် ထွက်လာကြလေသည်။ 220x124px|alt=.|အဆိပ်ပြင်းထန်သော မြွေဟောက် အဆိပ်အပြင်းထန်ဆုံး မြွေများမှာ မြွေဟောက် မျိုးရင်းဝင် မြွေများနှင့် မြွေပွေး မျိုးရင်းဝင် မြွေများ ဖြစ်ကြသည်။ မြွေဟောက်များ အကိုက် (အပေါက်)ခံရလျှင် မိနစ် အနည်းငယ်အတွင်း စကားမပြောနိုင်တော့ချေ။ အဆိပ်ပြင်းထန်သော မြွေမျိုးများရှိသကဲ့သို့ လုံးဝ ဘေးအန္တရာယ် မဖြစ်စေတတ်သော မြွေမျိုး အချို့လည်း ရှိသေးသည်။ အချို့ဒေသများတွင် ထိုကဲ့သို့ မြွေမျိုးကို ကြွက်ဝမ်းဖြူနှင့် မြွေကြွက်များ ဖမ်းယူစေရန် အိမ်၌ ချစ်စနိုး တိရစ္ဆာန်များအဖြစ်ပင် မွေးမြူထားကြလေသည်။ မြွေသည် များသောအားဖြင့် ဥအုလေ့ရှိသည်။ သို့သော် မြွေပွေးနှင့် ပင်လယ်မြွေမျိုးသည် အကောင်လိုက် မွေးဖွားတတ်ကြသည်။ အမိဝမ်းမှ ကျွတ်လာသော မြွေကလေးများသည် အမိ၊ အဖ၏ စောင့်ရှောက် ကျွေးမွေးမှုကို မခံယူဘဲ ဘာသာဘာဝ အစာများကို ရှာဖွေစားသောက်ကြလေသည်။ မြွေသည် တစ်နှစ်အတွင်း အရေခွံကို ကြိမ်ဖန်များစွာ လဲနိုင်၏။ ထိုသို့ လဲရာတွင် အရေခွံ၏ အတွင်းဘက်ကို အပြင်သို့ရောက်အောင် ထုတ်ပစ်ခဲ့ကြသည်။ မြွေသည် အစာကို တစ်နှစ်၊ သို့မဟုတ် တစ်နှစ်မက မစားဘဲ နေနိုင်သော်လည်း အချိန်မှန်မှန်နှင့် မကြာခဏ စားသောက်တတ်သည်။ ထိုသို့စား၍ ပိုသောအစာများကို အဆီအဖြစ်ဖြင့် ကိုယ်တွင်း၌ သိုလှောင်ထားတတ်သည်။ ရှေးခေတ်က လူများသည် မြွေကို ဥစ္စာဓနနှင့် ဉာဏ်ပညာကို ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကာ ကိုးကွယ်ခဲ့ကြ၏။ အလယ်ခေတ်လောက်တွင်မူ စုန်းကဝေများနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ခဲ့ကြလေသည်။ ထို့ပြင် ဂူများအတွင်း ဥစ္စာများကို စောင့်ရှောက်နေကြသော ဥစ္စာစောင့်မြွေကြီးများ၏ ဒဏ္ဍာရီများကိုလည်း မကြာခဏ ကြားကြရပေသည်။ ကိုးကား ကဏ္ဍ:တွားသွားသတ္တဝါများ
ကုပ်ကလူမည်း
ကပ်ကလူးငှက် (Dusky Eagle-owl) သည် ဇီးကွက် မျိုးစိတ်ဝင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့တွင် တွေ့ရလေ့ ရှိသည်။ အသိုက်ဆောက်ချိန်မှာ နိုဝင်ဘာလမှ ဧပြီလ အတွင်း ဖြစ်သည်။ အသိုက်ကို သစ်ကိုင်းခြောက်များဖြင့် ဆောက်လုပ်လေ့ ရှိပြီး သစ်ပင်ကြီးများ၏ ပင်စည် ခွကြား အထူးသဖြင့် ရေရှိရာနှင့် နီးစပ်သော နေရာများ နှင့် လူတို့နေထိုင်ရာ ဒေသပတ်ဝန်းကျင်တွင် ဆောက်လုပ်လေ့ ရှိသည်။ ကိုးကား ကဏ္ဍ:ဇီးကွက်
နေ့နံ
တနင်္ဂနွေဂြိုဟ်တိုင်အောက်မှာ ဂဠုန်ရုပ်တုရှိသည်။ မြန်မာ့ရိုးရာ အယူအဆတွင် ညသန်းခေါင်ကျော်လျှင်နေ့ကူးသည်ဟု မယူဆပဲ မနက်အာရုဏ်တက်မှသာ နေ့ကူးသည် ဟု ယူဆသည်။ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် (နေ့လယ် ၁၂နာရီခန့်) မှ ကြာသပတေးနေ့ အာရုဏ်တက်ချိန်အထိကို ရာဟု ဟု သတ်မှတ်သည်။ ဂြိုဟ်အမည် ဂဏန်း သက်ဆိုင်သော အက္ခရာများ အရပ်မျက်နှာ ဂြိုဟ်သက် (နှစ်) သက်ဆိုင်သော သတ္တဝါ တနင်္ဂနွေ ၁ အ ဣ ဥ ဧ ဩ အရှေ့မြောက် ၆ ဂဠုန် တနင်္လာ ၂ က ခ ဂ ဃ င အရှေ့ ၁၅ ကျား အင်္ဂါ ၃ စ ဆ ဇ ဈ ည အရှေ့တောင် ၈ ခြင်္သေ့ ဗုဒ္ဓဟူး ၄ လ ဝ တောင် ၁၇ ဆင် ကြာသပတေး ၅ ပ ဖ ဘ ဗ မ အနောက် ၁၉ ကြွက် သောကြာ ၆ သ ဟ မြောက် ၂၁ ပူး စနေ ၇ (သို့) ၀ တ ထ ဒ ဓ န အနောက်တောင် ၁၀ နဂါး ရာဟု ၈ ယ ရ အနောက်မြောက် ၁၂ ဟိုင်းဆင် မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် မတည့်သော မိတ်ဓာတ်နှင့် ရန်ဓာတ်များ ကို အောက်ဖော်ပြပါ နေရာတွင် အတိုအမည်နာမ မှတ်သား ထားလေ့ ရှိကြသည်။ မိတ် - အောင်ပ ကုလား ဆွေသား တော်ရင်း ရန် - ဦးညို ခေမာ သုတ ဝေရီ အိမ်ထောင်မိတ် - ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ အိမ်ထောင်ရန် - ဓမ္မာ သောက အင်း၀ ရာဇာ ဓာတ်မိတ် - အန္တော ဂဗ္ဘေ စရေ ဝံသေ ဓာတ်ရန် - ဦးဝေ စံကူး ရေဘူး တောသူ Category:ဗေဒင်
ကြွက် (တိရစ္ဆာန်)
ကြွက်သည် အိမ်ထောင်ပစ္စည်း စသည်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ခြေလေးချောင်း သတ္တဝါငယ်ဖြစ်သည်။ လူအများပင် ကြွက်ကို စက်ဆုပ်ရွံရှာကြလေသည်။ သို့ရာတွင် ကြွက်ကို လုံးဝပျောက်ကွယ်သွားအောင်ကား ယနေ့တိုင်အောင် မဆောင်ရွက်နိုင်သေးပေ။ ကြွက်သည် လူ့အသုံးအဆောင်ပစ္စည်းများကိုသာ ဖျက်ဆီးတတ်သည်မဟုတ်ချေ။ ပလိပ်ရောဂါကိုလည်း ကူးစက်ပြန့်ပွားစေကာ နှစ်စဉ်နှစ်တိုင်း အသက်ပေါင်းများစွာကို ဆုံးရှုံးစေသည်။ လူတို့ မွေးမြူထားသော တိရစ္ဆာန်များပင်လျှင် ကြွက်တို့ကြောင့် မမာမကျန်း ဖြစ်ရတတ်သည်။ ကြွက်မျိုးများ ကြွက်တွင် အမျိုးကွဲများ ရှိသော်လည်း အရင်းခံအားဖြင့် ကြွက်ကြီးမျိုး၊ ကြွက်ငယ်မျိုး ဟူ၍ နှစ်မျိုးသာ ရှိသည်။ ကြွက်ကြီးမျိုးသည် မြေတွင်နေလေ့ရှိ၍ ကြွက်ငယ်မျိုးသည် အိမ်စသော အဆောင်အဦးများတွင် နေလေ့ရှိသည်။ ကြွက်ကြီးမျိုးတွင် ကြွက်ညိုနှင့် ကြွက်နက်ဟူ၍ နှစ်မျိုးရှိသည်။ ကြွက်ညို၏ မူလဒေသမှာ အာရှတိုက်အလယ်ပိုင်းဖြစ်သည်။ ယခုအခါ ကြွက်ညိုကို ကမ္ဘာအနှံ့အပြားတွင် တွေ့ရလေသည်။ ကြွက်နက်၏ မူလဒေသမှာ အိန္ဒိယနိုင်ငံဖြစ်၍ ထိုနိုင်ငံမှတဆင့် ကမ္ဘာသို့ ပြန့်ပွားသွားသည်ဟု ဆိုသည်။ ကြွက်နက်သည် ကြွက်ညိုထက် အရွယ်ငယ်သော်လည်း အမြီးပို၍ ရှည်သည်။ ဤကြွက်နှစ်မျိုးစလုံးပင် မျိုးပွားမြန်၍ အဖျက်အဆီးသန်ကြသဖြင့် ယင်းတို့ကို မည်သည့်နိုင်ငံကမှ လက်မခံလိုကြပေ။ ထိုကြွက်တို့သည် တနိုင်ငံမှ တနိုင်ငံသို့ သင်္ဘောများဖြင့်လိုက်ပါသွားတတ်ကြသည်။ ထို့ကြောင့် သင်္ဘောများဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ကုန်းပေါ်မှ ကြွက်များ တက်မလာနိုင်စေရန် သင်္ဘောကြိုးများ၌ ကတော့ပုံ သံပြားဝိုင်းများ စွပ်ထားလေ့ ရှိကြသည်။ ကြွက်ငယ်မျိုးသည် အိမ်များတွင် အသိုက်ဖွဲ့ကာ နေလေ့ရှိသောကြောင့် ထိုကြွက်မျိုးကို အိမ်ကြွက်ဟူ၍ လူသိများသည်။ ကြွက်ဝမ်းဖြူ၊ ကြွက်စုတ် စသည်တို့မှာ အိမ်ကြွက်မျိုး ဖြစ်သည်။ ကြွက်ကယ်လောင်း သို့မဟုတ် ကြွက်ဖလောင်းဟုခေါ်သော ကြွက်ငယ်မျိုး တချို့သည် လယ်ကွင်းများနှင့် တောခြေတောင်ခြေများတွင် နေလေ့ရှိကြသည်။ ကြွက်ငယ်မျိုးသည် တစ်နှစ်လျှင် ၆ ကြိမ်မျှ သားပေါက်လေ့ ရှိ၍ ၁ ကြိမ်လျှင် ၆ကောင်ခန့် မွေးတတ်သည်။ ထိုကြွက်တို့ ၄ လ သားအရွယ်သို့ ရောက်သောအခါ တဖန်ဆက်၍ မျိုးပွားကြပြန်သည်။ ဤသို့ဖြင့် ကြွက်ဖိုကြွက်မ တစ်စုံသည် တစ်နှစ်အတွင် ကြွက်ကောင်ရေ ၃၀၀မှ ၄၀၀ အထိ တိုးပွားလာနိုင်သည်။ ထို့ပြင် ကြွက်ဖြူမျိုးများလည်း ရှိပြီး ကြွက်ငယ်မျိုးဝင်ကြသည်။ ၎င်းကြွက်ဖြူမျိုးများအား ပဋိဇီဝ ဆေးဝါးများ ထုတ်လုပ်ရာတွင်သော်လည်းကောင်း၊ ဓာတုဗေဒဆိုင်ရှာ ဓာတ်ခွဲခန်းများတွင်သော်လည်းကောင်း၊ ၎င်းတို့ တီထွင်ထားသည့် အရာများအား စမ်းသပ်ရန်အတွက် ကြွက်ဖြူများကို အသုံးချနေကြသည်။ ပြန့်ပွားမှုနှင့် ၎င်းတို့၏ ပြဿနာများ ကြွက်ငယ်မျိုး၏ မူလဒေသမှာ ကြွက်ကြီးမျိုးကဲ့သို့ အာရှတိုက်ပင် ဖြစ်သော်လည်း တစ်ရပ်မှ တရပ်သို့ မီးရထား၊ သင်္ဘောတို့ဖြင့် တစတစ ပြန့်ပွားသွားသောကြောင့်၊ ယခုအခါ ကမ္ဘာပေါ်တွင် လူတို့နေထိုင်ရာ အရပ်ဟူသမျှအရပ်မှာပင် ယင်းတို့ကို တွေ့ရတတ်သည်။ အိမ်ကြွက်များသည် အိမ်ရှင်တို့၏ အစားအစာ၊ အဝတ်အစား အိမ်ထောင်ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးကြသည့်နည်းတူ၊ လယ်ကွင်း ခြံစည်းရိုးနှင့် တောခြေတို့တွင် နေ့လေ့ရှိကြသော ကြွက်ငယ်တမျိုးတို့သည်လည်း လူတို့ကို များစွာ အနှောင့်အယှက်ပေးကြသည်။ ယင်းတို့သည် တောင်သူလယ်သမားတို့ ပြုစုထားသော ကောက်ပဲသီးနှံတို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်ကြရုံသာမက လယ်မြေယာမြေနှင့် လယ်ကန်သင်းတို့တွင်လည်း ကျင်းများတူးကာ မြေဆီလွှာကို ညံ့ဖျင်းအောင် ပြုတတ်ကြသည်။ ကြွက်သည် အလွန်မျိုးပွားမြန်သည့်အတိုင်း အိမ်၌ဖြစ်စေ၊ လယ်၌ဖြစ်စေ နေမိလျှင် ယင်းတို့ကို လုံးဝပျောက်အောင် သုတ်သင်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပေသည်။ သို့ရာတွင် ကြောင်၊ ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ဘီလူး၊ မြွေပါစသော ကြွက်တို့၏ သဘာဝရန်သူများကြောင့် ကြွက်တို့၏ အရေအတွက်မှာ ရှိသင့်သည်ထက် များစွာ ယုတ်လျော့၍ နေသည်။ ထိုသို့သဘာဝရန်သူများ မရှိပါက နေရာတကာ၌ ကြွက်တို့ လွှမ်းမိုးနေမည်မှာ မလွဲပေ။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၂၊ အပိုင်း-ခ၊ နှာ- ၂၄၁ ကိုးကား ကဏ္ဍ:ကိုက်ဖြတ် သတ္တဝါများ
ဂဠုန်
ဗိဿနိုးနှင့် လက်ချ်မီးတို့အား သယ်ဆောင်လာသောဂဠုန်ငှက် ဖန်ဆင်းရှင်ဗရဟ်မာ သည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှ ပေါက်ဖွားလာသော သားမှာ ဂဠုန်ဖြစ်ပြီး၊ ကဒရူမှ ပေါက်ဖွားလာသူများမှာ နဂါးများ ဖြစ်ကြသည်။ ဂဠုန်သည် ဥမှစပေါက်စဉ်တွင် ကမ္ဘာပျက်စဉ် ကောင်းကင်၌ ကျသောလောင်မီး ကဲ့သို့ အလျှံညီးညီး မီးလျှံကြီးဖြစ်သည် ဟုဆိုသည်။ နတ်သိကြားများမှ တောင်းပန်သောကြောင့် ၎င်း၏ အရွယ်အစားနှင့် ခွန်အားကို လျော့ချပေးသည် ဟုဆိုသည်။ ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ်ကာ ကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေးရည် ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ထိုမသေဆေးပျားရည်အား နတ်များမှ အစောင့်အကြတ် အစီအမံ ယန္တရား များဖြင့် ကာကွယ်ထားသည်။ ဂဠုန်သည် နတ်ပြည်သို့တက်၍ စစ်ခင်းရာ နတ်များနေရာအနှံအပြားသို့ ထွက်ပြေးကြရသည်။ ထို့နောက် ကိုယ်ခန္ဓာအား သေးငယ်အောင်ကြုံ၍ စက်ယန္တရား မျာကြားမှ ဖြတ်ကာ နောက်ဆုံးတွင် အစောင့်မြွေကြီးနှစ်ကောင်အား တိုက်ခိုက်အောင်မြင်သည်။ နတ်ပျားရည်အား နှုတ်သီးဖြင့် ဆောင်ယူရင်း နဂါးတို့ထံ ပြန်အလာ လမ်းတွင် ဗိဿနိုးဘုရားနှင့် ဆုံတွေ့သည်။ ထိုအခါ ဗိဿနိုးက ဂဠုန်အား နတ်ပျားရည် သောက်သုံးရန်မလိုပဲ ထာဝရအသက်ကို ပေးသနားလိုက်သည်။ ကျေးဇူးတုံ့ပြန်သောအားဖြင့် ဗိဿနိုး၏ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံ မည်ဖြစ်ကြောင့် ဂဠုန်က ကတိစကားဆိုသည်။ ထို့နောက် ဆက်လက်ထွက်ခွါလာရာ လမ်းတွင် အိန္ဒြာသိကြားမင်း (indra) နှင့် ဆုံတွေ့ ပြန်သည်။ အသက်ရှည်ဆေးရည်အား နဂါးတို့အသုံးပြုပြီး ပါက နတ်ပြည်သို့ ပြန်ပေးရန် တောင်းဆိုရာ ဂဠုန်က သဘောတူ ကြောင်းဆိုသည်။ ထို့ကြောင့် သိကြားမင်းက ငှက်တို့၏ ဘုရင်အဖြစ် ဘွဲ့ပေးကာ၊ နဂါးအားလည်း အစာအဖြစ် အသုံးပြုရန် ခွင့်ပေးသည်။ နဂါးတို့ထံ ပြန်လည်ရောက်ရှိသော် မိခင်ဖြစ်သူအား နတ်ပျားရည်ဖြင့် ပြန်လည်ရွေးချယ်၍ ကျွန်အဖြစ်မှ လွတ်စေပြီး နဂါးတို့အားလည်း မသောက်သုံးမည် ပူဇော်မှု အခမ်းအနား ကျင်းပရန် လှည့်ဖျားတိုက်တွန်း လေသည်။ နဂါးတို့ အခမ်းအနား ဆောင်ရွက်နေချိန်တွင် အိန္ဒြာသိကြားမှ ပျားရည်အိုးအား နတ်ပြည်သို့ ပြည်လည် ဆောင်ယူသွားလေသည်။ ထိုနေ့မှ အစပြု၍ ဂဠုန်သည် နတ်ဘုရားတို့၏ ဘက်တော်သားဖြစ်ပြီး၊ ဗိဿနိုး၏ စီးတော်ယာဉ်ဖြစ်လာသည်။ နဂါးတို့၏ ရန်သူသာမက အလျင်းသင့်သလို စားသောက်သည် ဟုဆိုသည်။ ဂဠုန်နှင့် မြန်မာနိုင်ငံရေး ခရစ် ၁၉၃၀ ပြည့် နှစ်၌ မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအား ပုန်ကန်တော်လှန်သော ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ ခေါ် လယ်သမားသူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ဖူးသည်။ စနေနံ(နဂါးဏ္ဍုပ်)ဖြစ်သော အင်္ဂလိပ်ကိုအောင်နိုင်စေခြင်းငှာ ဆရာစံသည် သုပဏ္ဏက ဂဠုနရာဇာ (ဂဠုန်မင်း)ဘွဲ့ကို ခံယူခဲ့သည်။ မြန်မာစာပေလာ ဂဠုန် မြန်မာစာပေတို့တွင် ဂဠုန်အကြောင်းကို ဤသို့တွေ့ရသည်။ `ဂဠုန်နဂါး ပုံမခြား စုံများတဲ့ဏ္ဍုပ်ကောင်၊ မှန်စွာဖွေရှာ သေချာမှန်းထင်ကြည့်၊ လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ´ ဟူ၍ စိန်ခြယ်ဖြာရောင်လင်း ကြိုးသီချင်းတွင် တိမ်ကို တင်စားနှိုင်းဖွဲ့ခဲ့သည်။ မြန်မာစာပေလောကတွင် စာဆိုအကျော်အမော်တစ်ပါးဖြစ်သော ရှင်ဥတ္တမကျော်၏ တောလားရတုတွင်လည်း `တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဖက်၍၊ တိမ်သက်တံ့ရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တစ်မျိုး၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဖက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးဏ္ဍုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့´ ဟူ၍ တိမ်ကိုပင် သက်ဝင်လှုပ်ရှား ဂဠုန်ငှက်အလား တင်စားနှုန်းဖွဲ့ခဲ့သည်။ “တောင်ဟုန်ပြင်းလျက်၊ ဂဠုန်စက်” “တနင်္ဂနွေဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ” “ဂဠုန်နဂါး၊ ပုံမခြား၊ စုံများတဲ့ရုပ်ကောင်၊ မှန်စွာဖွေရှာ၊ သေချာမှန်းထင်ကြည့်၊ လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ” ဆက်စပ်သောဝေါဟာရ မြန်မာတို့ ဝေါဟာရ အသုံးအနှုန်းတွင် စစ်ဆင်စစ်တက်ရာ၌ ဂဠုန်တောင်ပံဖြန့်သည် ဟူ၍လည်းကောင်း၊ ဏ္ဍုန်းရင်းဆန်ခတ်ဖြစ်သည်ကို နဂါး ဂဠုန် လိုက်သည် ဟူ၍လည်းကောင်း၊ ဆေးပင်ဝါးပင်များတွင် ဂဠုန်လက်သည်းပင်ဟူ၍လည်းကောင်း၊ ဂဠုန်ဆိုသောငှက်ကို အထူးတင်စား၍ ဆိုလေ့ရှိကြသည်။ ပသီပုံပြင်များတွင်လည်း ဂဠုန်ကဲ့သို့ကြီးမားသောငှက်များရှိကြောင်း ဖော်ပြပါရှိလေသည်။ အခြားအာရှနိုင်ငံများမှဂဠုန်ငှက် ဂဠုန်ငှက်နှင့်ပတ်သက်သည့် ပုံပြင်၊ ဒဏ္ဍာရီ၊ ဆိုရိုးနှင့် အနုပညာလက်ရာများကို ဟိန္ဒူနှင့် ဗုဒ္ဓဘာသာပြန့်ပွားခဲ့ဖူးရာ ဒေသများတွင် အမည်အမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ဂဠုန်ငှက်အား (ครุฑ krut) ဟုခေါ်ဆိုပြီး နိုင်ငံတော်အမှတ်တံဆိပ် အဖြစ် အသုံးပြုသည်။ ထိုင်းဘုရင့် မိသားစု၏အမှတ်တံဆိပ် အဖြစ်အသုံးပြုသော ဂဠုန်ငှက် ပုံသဏ္ဍန်မှာ (Krut Pha) ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ တွင်လည်း ဂဠုန်ငှက်အား နိုင်ငံတော် အမှတ်တံဆိပ်အဖြစ်ပင် အသုံးပြုသည်။ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံပိုင် လေကြောင်းလိုင်းမှာလည်း ဂရုဓလေကြောင်း (Garuda Airways)ဖြစ်သည်။ မွန်ဂိုးလီးယား နိုင်ငံတွင် (Khangarid) ဟုခေါ်ဆိုပြီး မြို့တော် Ulan Bator၏တရားဝင် အမှတ်တံဆိပ် ဖြစ်သည်။ ဂျပန်ဘာသာဖြင့်မူ Karura ဟုခေါ်ကြသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ကိုးကား Category:စာပေ Category:ယဉ်ကျေးမှု Category:ဒဏ္ဍာရီလာ သတ္တဝါများ
ကိန္နရာ
| ထိုင်းနိုင်ငံရှိ ကိန္နရာ မောင်နှံရုပ်တု ကိန္နရာဆိုသည်မှာ အဘိဓာန် ဋီကာတွင် "အဿမုခ, နယသဒိသတ္တာ၊ ဣစ္ဆိတော နရော၊ နယသဒိသ သရီရတာဝါ ကိန္နရော၊ ဧတာဒေဝ ယောယောနိယော"ဟု ဖွင့်သည်။အဘိဓာန် ဋီကာအဓိပ္ပာယ်မှာ မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော သတ္တဝါဟူ၍ဖြစ်သည်။ မြင်း၏မျက်နှာ၊ လူ၏ကိုယ်ရှိသကဲ့သို့ လူမျက်နှာ မြင်း၏ကိုယ်ရှိသော ကိန္နရာလည်းရှိသည်ဟုဆိုသည်။ပေမူ၊ မုံရွေးဆရာတော်မှတ်စု။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများနှင့်အတူ ပေါ်ပေါက်လာသော ကိန္နရာဟူသော သတ္တဝါတစ်မျိုးသည် ဗုဒ္ဓဘာသာပျံ့နှံ့သွားခြင်းနှင့်အတူ နိုင်ငံအသီးသီးသို့ ရောက်ရှိသွားရာ ထိုနိုင်ငံများသည် မိမိနိုင်ငံ၏ ဓလေ့စရိုက်နှင့်ကိုက်ညီအောင် ကိန္နရာကို ပြန်လည်ဖန်တီးကြသည်။ နိုင်ငံယဉ်ကျေးမှုနှင့်လိုက်အောင် အနုပညာလက်ရာဖြင့် မွမ်းမံကြရာမှ ကိန္နရာဟန်အသီးသီးဖြစ်လာသည်။ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၆၄။ ကိန္နရာရှစ်မျိုး ၁။ ဒေဝကိန္နရာ ၂။ စန္ဒကိန္နရာ ၃။ ဒုမကိန္နရာ ၄။ ဒဏ္ဍမာဏဝိကကိန္နရာ ၅။ ကောန္တကိန္နရာ ၆။ သကုဏကိန္နရာ ၇။ ကဏ္ဏပါဝုရဏကိန္နရာ ၈။ ကိမ္ပုရိသကိန္နရာ ဟူ၍ ကိန္နရာရှစ်မျိုးရှိသည်။အသီတိနိပါတ်၊ မဟာကုဏာလဇာတ် အသွင်သဏ္ဌာန် ကိမ္ပုရိသကိန္နရာသည် မြင်း၏မျက်နှာနှင့်တူသောမျက်နှာ၊ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော စိုးစဉ်းလူနှင့်တူသော ကိန္နရာမျိုးဖြစ်သည်။ ထိုကိန္နရာမျိုးသည် နတ်မျိုးဖြစ်သောကြောင့် ဒေဝကိန္နရာဟုလည်းခေါ်ကြသည်။ ဒုမကိန္နရာ၊ စန္ဒကိန္နရာတို့၏ ရုပ်သဏ္ဌာန်သည် ရွှေဖြင့်ပြီးသော ဘယက်၊ လည်မာ၊ ဒွါဒရာ၊ ခါးကြိုး၊ ခြူးမျိုးရှက်ဆိုင်း၊ သင်တိုင်း၊ နားတောင်းအစရှိသော တန်ဆာတို့ဖြင့် တင့်တယ်စွာ ဆင်ထားသော ငှက်ကိုယ်၊ လူ့ဦးခေါင်းမျက်နှာဖြင့် ကိန္နရာမျိုးဖြစ်သည်။ ဒေသ၊ သက်တမ်းနှင့် ဓလေ့စရိုက် ကိန္နရာတို့ကို ဟိမဝန္တာဒေသအနီးအနားရှိ တောကြီးများတွင် တွေ့ရလေ့ရှိသည်ဟု ဆိုသည်။ဘလ္လာတိယဇာတ်တက္ကာရိယဇာတ်အဌသဒ္ဒဇာတ်စန္ဒကိန္နရာဇာတ်လူတို့ အနှစ်တစ်ရာသက်တမ်းတွင် ကိန္နရာတို့သည် အနှစ်တစ်ထောင်သက်တမ်းရှိသည်ဟုဆိုသည်။ ကိန္နရာတို့သည် လူစကားပြောတတ်သည်ဟု ယူဆရသည်။ သို့သော် အရာမရောက်က စကားမဆိုဘဲ နှုတ်ဆိတ်၍သာနေကြသည်။စွယ်စုံကျော်ထင်ကျမ်း၊ ပုစ္ဆာအမှတ် ၄၁၁။အင်္ဂုတ္ထိုဒုက နိပါတ်၊ အဌကထာ။ ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ မြစ်၊ ချောင်း၊မြောင်းများ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်ဟု ဆိုကြသည်။မဟာဝင် စာပေကျမ်းဂန်များမှ ကိန္နရီ၊ ကိန္နရာ ဝေဿဝဏ္ဏ(ကုဝေရ)နတ်မင်းကြီးစံရာ အာဠကမန္ဒာ၊ ဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏဝိကကိန္နရာမျိုး တို့ရှိကြသည်။အာဋာနာဒိယသုတ် ပါဋလိပုတ်ပြည်သား တောသွားမုဆိုးတို့သည် ကိန္နရီကို လက်ရဖမ်းမိဖူးသည်။သာရတ္ထ ဒီပနီဋီကာထို ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။ တိဿရဟန္တာ(ကောန္တပုတ္တတိဿထေရ်)သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံသည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက်၊ တလား၊ အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်းဘုန်းကြီးပျံများတွင် လောင်တိုက်၊တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။ မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် တွင် `ဟေမာလယ၊ တောမြိုင်ဝက၊ ဒေဝစန္ဒ၊ သကုဏနှင့်၊ ဒုမကောန္တ၊ ထိုပြီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွှေးတောင်ပေါက်၊ ရွယ်မဖောက်ဘဲ´စသည်ဖြင့် စပ်ဆိုထားသည်။ ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်းလက်ထက် အနောက်သလ္လာဝတီမြစ်၌ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်ဟု ဆိုသည်။ ထိုသဘောကို လက်ဝဲ သုန္ဒရ အမတ်က ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ နိဂုံး၌ ""နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ၊"" စသည်ဖြင့် ရေးစပ်ထားသည်ကိုတွေ့ရသည်။ ထိုမင်းလက်ထက် တောင်ဖီလာဆရာတော် ရေးသားသည့် ရာဇမနိ စူလာ ကျောက်စာတွင် "အသောကမင်းကြီးသည် ကိန္နရာတို့၏ ကခြင်း၊ သီခြင်းတို့ကို ကြည့်နာတော်မူလိုသည်ဖြစ်၍ ဟိမဝန္တာတောသို့ လက်စွပ်တော်ကို လွတ်တော်မူလျင်၊ မင်း၏အာဏာကြောင့် လာ၍ က လာကုန်သော ပက္ခိကိန္နရာ( ကိန္နရာရှစ်မျိုးတွင် မပါဝင်သော အခြားအမျိုးအစားတစ်မျိုးဟု ယူဆရကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၆၆။)တို့၏ အရုပ် သဏ္ဌာန်သည် ရွှေအတိပြီးသော အမြီးအတောင် ဘယက်တို့ဖြင့် ဆင်ယင်၍ ကစေ၏။"ဟု ပါရှိသည်။ရာဇမနိ စူလာကျောက်စာ မြန်မာနှင့် ကိန္နရာ ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊ ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊ ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့် မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။ မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။ ကယားလူမျိုးများသည် ကိန္နရာ၊ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု မိမိတို့ကိုယ်ကို ယူဆကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ မွန်ဘာသာဖြင့် ကိန္နရာကို ကောန်နှောင် ဟုခေါ်သည်။ အနုပညာလက်ရာဟန် အိန္ဒိယဟန် အဇန္တလိုဏ်ဂူမှ ပန်းချီပုံများအရ အိန္ဒိယကိန္နရာသည် ကိုယ်အထက်ပိုင်းတွင် လူပကတိအတိုင်း အဆင်တန်ဆာများကို ဆင်မြန်းထား၍ ပေါင်နှင့် ခြေထောက်မှာ ငှက်ပေါင်၊ ငှက်ခြေဖြစ်သည်။ အမြီးမှာ ဖောင်းဖောင်းပွပွနှင့် ဥဒေါင်းမြီးကဲ့သို့ရှိသည်။ ပျံဝဲနိုင်လောက်သော အတောင်နှစ်ဖက်ရှိသည်။ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၀။ ယိုးဒယားဟန် ယိုးဒယားဟန်သည် အိန္ဒိယဟန်နှင့်မတူ ကွဲပြားသည်။ မျက်နှာသွင်ပြင် ချပ်ဝတ်တန်ဆာကအစ ယိုးဒယားဆန်သည့် ယိုးဒယားပန်းခက် ပန်းနွယ်တို့ဖြင့်အလှဆင်ထားသည်။ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၁။ အခြားဟန်အမျိုးမျိုး တရုတ်၊ ဂျပန်၊ ကမ္ဗောဇ ရှမ်း၊ တိဗက်၊ မွန် ဟန်အမျိုးမျိုးရှိသည်။ မြန်မာဟန် မြန်မာဟန် ကိန္နရာမှာ ငှက်ကိန္နရာအမျိုးအစားသာဖြစ်သည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများအရ ကိန္နရာနှစ်မျိုးနှစ်စားကို တွေ့ရသော်လည်း မြန်မာ့မျက်စိဖြင့် အစပ်တည့်သည့် ငှက်ကိန္နရာအမျိုးအစားကိုသာ အသုံးများခဲ့သည်ကို တွေ့ရသည်။ မြန်မာသက္ကရာဇ် ၁၁၀၅ခုနှစ်၊ ဟံသာဝတီရောက်မင်းလက်ထက်တွင် ဂေါ်ရခေါင်မြို့၌ စာရေးကြီး လမ္ဘာဒရနှင့် ပညာရှိ ကဝိစန္ဒရ ပုဏ္ဏားတို့က ဘင်္ဂါလီဘာသာဖြင့် ရုပ်ပုံစာတမ်း ရေးသားပြုစုခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထိုရုပ်ပုံစာတမ်းများကို အလျား ၁-တောင် ၂-မိုက်ခန့်၊ အနံ ၁-ထွာခန့်ရှိသော ကရမက်သစ်ခေါက်ပုရပိုဒ်ပေါ်တွင် ရေး၍ ဆက်သလာသည်။ ထိုပုရပိုဒ်တွင်ပါရှိသည့် ကိန္နရာပုံစံမှာ ငှက် သဏ္ဌာန်ရေးပြီးလျင် လူဦးခေါင်းမျက်နှာတပ်သည့် သကုဏကိန္နရာမျိုးတစ်ပုံ၊ လူရုပ်တွင် မြင်း၏မျက်နှာကဲ့သို့ ရှည်သောမျက်နှာတပ်၍ရေးသော ကိမ္ပုရိသအမျိုးတစ်ပုံ နှစ်မျိုးဖြစ်သည်။ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၂။ ကျမ်းကိုး ကဏ္ဍ:ဒဏ္ဍာရီလာငှက်များ Category:၃၁-ဘုံ Category:ယဉ်ကျေးမှု Category:ဘာသာရေး
နဂါး
အနန္တစကြာနဂါး၊ ဗိဿနိုး၊ လက်ချ်မီး နှင့်ကြာပန်းမှမွေးသည့် ဗြဟ္မာ နဂါး (Nāga) ဆိုသည်မှာ သက္ကတနှင့် ပါဠိဘာသာ စကားဖြစ်ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ ဖြစ်သည်။ ၎င်းအစွမ်းကြောင့် မျက်စောင်းထိုး၍ ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား ခေါ်တပ်သည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးနှင့် ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ဝေါ်ကြသည်။ ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက် နဂါး ပုံသဏ္ဌာန် နဂါးခေါင်းသည် ဒရယ်ချိုကဲ့သို့ ချိုရှိသည်။ နဂါးခေါင်းသည် ကုလားအုပ်ခေါင်းနှင့်တူသည်။ နဂါးမျက်လုံးသည် နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။ နဂါးလည်ပင်းသည် မြွေနှင့် တူသည်။ နဂါးဝမ်းပိုက်သည် ခုံးခွံနှင့်တူသည်။ နဂါးအကြေးသည် ငါးကြင်းအကြေးခွံနှင့် တူသည်။ နဂါးလက်သည်းသည် လင်းယုန်ငှက်လက်သည်းနှင့် တူသည်။ နဂါးဖဝါးသည် ကျားဖဝါးနှင့် တူသည်။ နဂါးနားရွက်သည် နွားနားရွက်နှင့် တူသည်။ နဂါးအမျိုးမျိုး ကဌမုခ နဂါး = (ထိုနဂါး ကိုက်လျင် အဆစ်အမျက်များ မကွေးမဆန့်နိုင်တော့ဘဲ သံတံကျင်လို ခိုင်ခံ့မာကျောသွားသည်။) ပုတိမုခ နဂါး = (ထိုနဂါး ကိုက်လျင် ပိန္နဲပုပ်လို အသားထဲမှ အရည်များ ယိုထွက်ကျလာသည်။) အဂ္ဂိမုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မီးလောင်သလို အက်ကွဲလာသည်။) သတ္တသုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မိုးကြိုးပစ်သကဲ့သို့ ကွဲပြတ် ပျက်စီးသွားသည်။) အထက်ပါ လေးမျိုးထဲမှ တစ်မျိုးစီတွင် ဒဌဝိသ နဂါး =( ကိုက်မှ အဆိပ်သင့်စေတတ်သည်။) ဒိဌဝိသ နဂါး =( ကြည့်ရုံနှင့် အဆိပ်သင့်စေတတ်သည်။) ဖုဌဝိသ နဂါး =( ထိရုံနှင့် အဆိပ်သင့်စေတတ်သည်။) ဝါတဝိသ နဂါး =( နှာခေါင်းမှ လေမှုတ်ရုံနှင့် အဆိပ်သင့်စေတတ်သည်။) ကွဲသည်။ ပေါင်း(၁၆)မျိုး ထဲမှ တစ်မျိုးစီတွင် အဆိပ်မြန်ပြီး အဆိပ်မပြင်းသည့် အာဂတ ဝိသန လေဘရ ဝိသ နဂါးမျိုး၊ အဆိပ်ပြင်းပြီး အဆိပ်မမြန်သည့် ဃောရဝိသန အာဂတ ဝိသ နဂါးမျိုး၊ အဆိပ်လဲပြင်း အဆိပ်လဲမြန်သည့် အာဂတ ဝိသ ဃောရဝိသ နဂါးမျိုး၊ အဆိပ်လဲမပြင်း အဆိပ်လဲမမြန်သည့် နအာဂတဝိသန ဃောရဝိသ နဂါးမျိုး၊ ကွဲပြန်သည်။ ထိုနဂါးမျိုး(၆၄)မျိုးထဲမှာ တစ်မျိုးစီတွင် ဥကပေါက်သည့် အဏ္ဍဇ နဂါးမျိုး၊ ဝမ်းပိုက်ကမွေးဖွားသည့် ဇလာဗုဇ နဂါးမျိုး၊ အညှိကဖြစ်လာသည့် သံသေဒဇ နဂါးမျိုး၊ ကိုယ်ထင်ရှား အလိုလိုဖြစ်လာသည့် ဩပပါတိက နဂါးမျိုး၊ လေးမျိုးစီ ကွဲပြန်သည်။ ထိုနဂါးမျိုး(၂၅၆)မျိုးထဲမှာ တစ်မျိုးစီတွင် ရေ၌ဖြစ်သော ဇလဇ နဂါးမျိုး၊ ကုန်းမှာဖြစ်သော ထလဇ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။ အထက်ပါ(၅၁၂)မျိုးထဲမှာ တစ်မျိုးစီတွင် ကာမဂုဏ်ခံစားသည့် ကာမရူပီ နဂါးမျိုး၊ ကာမဂုဏ်မခံစားသည့် အကာမရူပီ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။ နဂါးမျိုးပေါင်း တစ်ထောင့်နှစ်ဆယ့်လေး (၁၀၂၄) မျိုး ရှိသည်။ ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးမျိုး ၇-ပါး ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တစ်မျိုး၊ ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါး တို့လည်းတစ်မျိုး၊ ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင် တို့လည်းတစ်မျိုး၊ သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါး တို့လည်းတစ်မျိုး၊ ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါး တို့လည်းတစ်မျိုး၊ ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါး တို့လည်းတစ်မျိုး၊ ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါး တို့လည်းတစ်မျိုး။ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၂ဝ၂။ဋ္ဌ။၃၁၉။ အပဒါန်။ဋ္ဌ။ ပအုပ်၂၆၇။ သုတ္တနိပါတ်။ ပါ။ ၂၇၉။ဋ္ဌ။ ပ-အုပ်။၁၂- ဘူရိဒတ္တနဂါးမင်း လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးများကို ဘူရိဒတ္တနဂါးများ ဟုခေါ်သည်။ ဘူရိဒတ္တနဂါးမင်းများသည် လူမိန်းမများနှင့် အတူနေလျှင် နဂါးမှန်းမသိအောင် နဂါးသဏ္ဌာန်နှင့် မနေဘဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာနှင့် နေကြသည်။ ထိုနဂါးတို့သည် အမြဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နေလို့မရပါ။ ၁။ နဂါးမများ ကိုယ်ဝန်ရှိလာသောအခါ၊ ၂။ အရေလဲချိန်ကျသောအခါ၊ ၃။ ဇာတ်တူသော နဂါးချင်း မေထုန်မှီဝဲသောအခါ၊ ၄။ ကိုယ်လွတ်လက်လွတ် အိပ်ပျော်နေသောအခါ၊ ၅။ သေသောအခါ များတွင် နဂို နဂါးရုပ် ပြန်ပေါ်လာသည်။ ဓမ္မပဒ ဒုအုပ်။ ၁၅၂၊၁၅၃။ ဝိနည်းမဟာဝါ။ ပါ။ ၁၂၁။ဋ္ဌ။ ၃ဝ၄။ သုတ္တနိပါတ်။ ပါ။ ၂၇၉။ဋ္ဌ။ ပ-အုပ်၊ ၁၂-၁၃။ နဂါးဌာနေ နဂါးများသည် - အိုင်ကြီးများ၊ သမုဒ္ဒရာကြီးများ၊ တောင်ကြီးများ၏ အောက်မှာလည်း နေတတ်သည်။ ဝေဘာရတောင်၏ အောက်တွင် မြေနေနဂါးများနေသည် ယူဇနာ(၅၀၀)ရှိသော နဂါးပြည် ရှိသည်။ ဟိမဝန္တာတော ဒဒ္ဒရတောင်ခြေတွင် မြေနေနဂါးများနေသည် နဂါးပြည် ရှိသည်။ မြင်းမိုရ်တောင် ခြေရင်းတွင် ရေနေနဂါးများနေသည်။ အနဝတတ်အိုင်တွင် ပဏ္ဏကနဂါးနေသည်။ မုစလိန္ဒအိုင်တွင် မုစလိန္ဒနဂါးနေသည်။ ဥရုဝေလမြစ်မှာ ဥရုဝေလနဂါးနေသည်။ ဂယာမြစ်မှာ အဂ္ဂိဒဎုနဂါးနေသည်။ နေရဉ္ဇရာမြစ်မှာ ကာလနဂါးနေသည်။ ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက် မဟာဗြရတ္တကျမ်းပါနဂါး ဟိန္ဒူဘာသာတွင် နဂါးသည် အနှုတ်လက္ခဏာ ဆောင်သော သတ္တဝါဖြစ်ပြီး မြွေနဂါးယစ်ပူဇော် စတေးမှုနှင့် ဂဠုန်၏အစား ခံထိုက်သူများ အဖြစ် ဖော်ပြကြသည်။ ထို့အတူ ကျမ်းဂန်တွင် အလွန်အရေးပါသော ဇာတ်ကောင်များဖြစ်ကာ တခါတရံတွင် နတ်ဘုရားတို့၏ ဘက်တော်သားများလည်း ဖြစ်ကြ ပြန်သည်။ ဥပမာ နဂါးမင်းသား အနန္တ စကြာ (Ananta-Shesha)သည် မိမိကိုယ်ကို လူအသွင်ဖန်ဆင်း၍ ကောင်းသောဆံထုံး နှင့် သင်္ကန်း ဝတ်ဆင်က မြင့်မြတ်သော ရသေ့အကျင့်ကို ကျင့်၏။ ထိုအခါ ဗြဟ္မာမှ လွန်စွာ နှစ်သက်သဖြင့် ကမ္ဘာမြေကြီးအား သယ်ဆောင် ထမ်းပိုးရန် တာဝန်ပေး လိုက်သည် ဟုဆိုသည်။ နဂါးမင်းသားလည်း နဂါးအသွင်ဖြင့် တွင်းနက်ကြီး အတိုင်း မြေအဆုံးထိ ဆင်းကာ ကမ္ဘာကြီးအား ခေါင်းပေါ် တင်ထားလေသည်။ ထို့ကြောင့် ကမ္ဘာပျက်သည့် အချိန်ကျရောက်တိုင်းတွင် ထိုနဂါးမှာ အသက်ဘေးမှ လွတ်ကင်းကာ အတိုင်းအဆမရှိ အသက်ရှည်သူ "အနန္တ" ဟူသောဘွဲ့ကို ရသည်ဟု ဆိုထားသည်။ မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖော်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်မြားစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွားလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။ ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခမ်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စဉ်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာ၀ရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။ မြန်မာ့နဂါး သမိုင်း ဗုဒ္ဓကျမ်းဂန်လာ ကာဠနဂါး (ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည်။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏။) ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ၊ ယံ တဿ ကပ္ပါယုကတာ ဝုတ္တာ။” “ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည်။ ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း။ ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏။ (ဘုရားငါးဆူထက်ပို၍ ပွင့်သောကမ္ဘာဟူ၍လည်းမရှိ။) ထိုမျှအအိပ်ကြီးသော သတ္တဝါဟူ၍ မကြားမသိရပါ။ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။ မဟာဗုဒ္ဓဝင်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏။ ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ဝဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏။ ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ”ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထဝီမြေကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့သို့ ဖြစ်ရှိနေပေ၏။) ( မဟာဗုဒ္ဓ္ဓဝင်၊ ဒု၊၂၇၈ ) (ကာဠ နာဂရာဇံ သုပန္တံ ဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓဝံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ၏။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏။) ကာလနဂါး၏ သက်တမ်းကား တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုသည်။ ကာဠနဂါး၏ အရွယ်ပမာဏကို ကျမ်းဂန်တို့၌ မတွေ့မိပါ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ နဂါးချင်း မေထုန်မှီဝဲသောအခါ စိတ်ချလက်ချ အိပ်ပျော်သော အခါ ပဋိသန္ဓေနေစဉ်အခါ အရေဟောင်းကို စွန့်သောအခါ စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏။ မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏။ သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်းအဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မေဉ္ဖရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါ၀ဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ်။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ်။ ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ။ စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရသည်။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏။ အရှင်ကောဝိဒ (ယော)၏ မြတ်ပန်းရဂုံ ဘလောဂ့်မှ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းကြီး စသော ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်ကပင် နဂါးရုပ်များ ရှိခဲ့သည်။ ပျူလူမျိုးတို့ ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာများတွင် နဂါးရုပ်များပါဝင်ပေသည်။ လက်ကောက်၊ ခြေကျင်း စသော ပန်းထိမ်လက်ရာများတွင် နဂါးခေါင်း၌ အချွန်အမောက်များ ပါရှိပြီး ကိုယ်ထည်တွင် ရွှေနန်းလိမ်များဖြင့် ကျစ်ကာ ဖော်ထားသည်။ တကောင်းခေတ် မင်းခမ်းတော် ပစ္စည်းများတွင် နဂါးကွမ်းအစ်၊ ကလပ်တို့အပြင် နဂါးရုပ်တုသည်လည်း ထီးသုံးနန်းသုံး အဆောင်အယောင်ပစ္စည်း တစ်ခုဖြစ်ပေသည်။ ပုဂံခေတ်တွင် နဂါးစသော အနုပညာအရုပ်များသည် မြန်မာဆန်ပြီး မြန်မာဟန် ပေါ်လွင်လာသည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်များတွင်လည်း တံကဲများနှင့် သာသနိက အဆောက်အဦများ၌ နဂါး၊ နယားရုပ်များဖြင့် မွမ်းမံမှုများ ပေါကြွယ်လာသည်။ ကုန်းဘောင်ခေတ်တွင် ကနုတ်ပန်းနှင့် ယှဉ်တွဲကာ နဂါးရုပ်များကို သစ်ထွင်းပန်းပုများ ထွင်းထုလာကြသည်။ ခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဘုဇင်္ဂါသန(မုစလိန္ဒာသန) ပုံတော်များတွင် နဂါးရုပ်တုများ သုံးခဲ့ကြသည်။ မုစလိန္ဒာအိုင်တွင် ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ်က နဂါးမင်းက ပါးပျဉ်းမိုး၍ ထားပုံများကို ပြုလုပ် ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နေ့နံအလိုက် ရုပ်ပုံရုပ်တုများ ထုလုပ်ခဲ့ရာ စနေနံကို နဂါးရုပ်ဖြင့် အမှတ်အသားပြုကြသည်။ မြန်မာတို့သည် နဂါးကြီး၏ ဦးခေါင်းလှည့်ပုံ`နဂါးလှည့်´ အယူအဆအရ သုံးလတစ်ကြိမ် ဦးခေါင်းပြုရာအရပ် ပြောင်းသည့် ယုံကြည်ချက်ဖြင့် (တော်၊ ကျွတ်၊ မုန်း = ရှေ့) ( နတ်၊ ပြာ၊ တွဲ = တောင်) ( ပေါင်း၊ ခူး၊ ဆုန် = နောက်) ( န၊ ဝါ၊ ဝါ = မြောက်) ဟူ၍ပင် သတ်မှတ်ကြသည်။ မြန်မာ့နက္ခတ်ပညာရှင်တို့ကလည်း ရောဟဏီနက္ခတ် နှင့် သွာတိနက္ခတ် တို့ကို မြွေဦးခေါင်း ဟူ၍လည်းကောင်း၊ ဇေဋ္ဌနက္ခတ်ကို နဂါးချက်ဟူ၍လည်းကောင်း ဖော်ညွှန်းကြသည်။ နဂါးသည် ဗေဒင်ပညာအရ စနေဂြိုဟ်၏ အမှတ်အသား ဖြစ်သည်။ ဂြိုဟ်သက် (၁၀)နှစ် ဖြစ်သည်။ အရပ်မျက်နှာမှာ အနောက်တောင် အရပ်ဖြစ်သည်။ ကမ္ဘာဦးအစက မြွေနဂါးကို ကိုးကွယ်မှုရှိခဲ့သည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီ ပုဂံခေတ်ကြိုကာလ သက္ကရာဇ် (၂၇၉)ခုနှစ်၊ ပုဂံခေတ် တောင်သူကြီးမင်းလက်ထက်တွင် နဂါးကိုးကွယ်မှုရှိခဲ့သည်။ နဂါးရုပ်တုကြီးကို စိတ်တိုင်းကျ ထုလုပ်စေပြီး ကိုးကွယ်ခဲ့သည် ဟုဆိုသည်။ ပါရာဇိကဏ်အဌကထာ၊ စတုတ္ထပါရာဇိက၊ တပေါဒါဝတ္တု ဒဒ္ဒရဇာတ် ဇိနလင်္ကာရဋီကာနှင့် လောကဒီပနီကျမ်း ဓမ္မပဒ အဌကထာ တရုတ်စာရေးဆရာကြီး ဝန်ဖူး အခြားအာရှနိုင်ငံများမှနဂါး အင်ဒိုနှင့်မလေးကျွန်းဆွယ် နဂါးကို အင်ဒိုနီးရှားနိုင်ငံတွင် နာဂါဟုခေါ်ပြီး၊ ဂျားဗားကျွန်းတွင် နိုဂိုဟုလည်း ခေါ်ကြသည်။ မလေးရှားသင်္ဘောသား ဒဏ္ဍာရီများတွင် နဂါးသည် ခေါင်းများစွာရှိသည် ဟုဆိုသည်။ မလေးရှားနိုင်ငံ ပါဟန်း(Pahang)ပြည်နည်ရှိ Chinniရေကန်ကြီးတွင် သီရိဂုမာမ်(Sri Gumum) အမည်ရှိ နဂါး နေထိုင်သည်ဟု ယုံကြည်ကြသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ကိုမိုဒို၊ ရင်ကာ၊ ဖလောရက်စ် နှင့် ဂီလီမိုတန်း နှင့် ပါဒါကျွန်းများပေါ်တွင် နေထိုင် ကျက်စားသော အဆိပ်အလွန်ပြင်းထန်သည့် ဖွတ်ကြီးတစ်မျိုးကိုလည်း ကိုမိုဒိုနဂါးဟု ခေါ်သည်။ ထိုဖွတ်များကိုတိရိစ္ဆာန်ရုံနှင့်ထိန်းသိမ်းရေးခြံများတွင်အလွယ်တကူ မြင်တွေ့နိုင်သည်။ အိန္ဒိယ အိန္ဒိယနိုင်ငံတွင် နဂါးသည် မြစ်၊ချောင်း၊ အင်းအိုင် နှင့် ရေတွင်း၊ ရေကန် များကို စောင့်ကြပ်သည်ဟု အယူရှိကြသည်။ ထို့အပြင် မိုးခေါ်ပေးသူများ လည်းဖြစ်သဖြင့် ကောက်ပဲသီးနှံများ ကိုအထွက်တိုးစေသူ ဟုလည်း ယုံကြည်ကြသည်။ သို့သော် ရေကြီး၊ ရေလျံခြင်း စသည့် သဘာ၀ ဘေးအန္တရာယ်များပါ ဆောင်ယူတတ်သည် ဟုလည်း ဆိုသည်။ ဒဏ္ဍာရီများ အရ နဂါးတို့မှာ လူသားတို့ မရိုမသေ ပြုသော အခါတွင်သာ အမျက်ထွက် တတ်ကြသည်။ အိန္ဒိယတောင်ပိုင်းတွင် သီးနှံများအောင်မြင်ရန်နှင့် ကြီးပွား တိုးတက်စေရန် နဂါးမန္တလ (Nagamandala) ဟူသော နဂါးပူဇော်ပွဲ များကျင်းပလေ့ရှိကြသည်။ ကမ္ဘောဒီးယား ခမာဘာသာဖြင့် နဂါးကို (neak) ဟုခေါ်ကြပြီး ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် နဂါးပြည် ရှိသည်ဟု ယုံကြည်ကြသည်။ နဂါးမင်းသမီးနှင့် ဗြဟ္မဏလုလင်တို့ ပေါင်းဖက်၍ ခမာလူမျိုးများ မွေးဖွားလာသောကြောင့် နဂါးအနွယ်များ ဖြစ်ကြသည်ဟုလည်း ယနေ့တိုင် ဆိုကြသည်။ အန်ကောဝတ် ကဲ့သို့ ဘုရားများတွင် ခေါင်းခုနှစ်လုံးပါ နဂါး ရုပ်တုများ တွေ့ရပြီး နဂါးမျိုးနွယ်ခုနှစ်မျိုးသာမက သက်တန့်ရောင်စဉ် ခုနှစ်သွယ်ကိုလည်း ကိုယ်စားပြုသည် ဟုဆိုသည်။ ကမ္ဘောဒီးယား နဂါး ယုံကြည် မှုများတွင် ခေါင်းမဂဏန်း အရေအတွက် ရှိသော နဂါးမှာ အဖိုဓာတ် ဆောင်ပြီး ခေါင်းစုံဂဏန်း အရေအတွက် ရှိသော နဂါးမှာ အမဓာတ် ဆောင်သည်ဟု ဖော်ပြထားသည်။ မဲခေါင်ဒေသ မဲခေါင်မြစ် တစ်လျှောက်ရှိ လာအိုနှင့်ထိုင်း လူမျိုးများတွင်လည်း ရိုးရာ နဂါးယုံကြည်မှု ပေါင်းများစွာ ရှိကြသည်။ ထိုဒေသ ခံများသည် မြစ်ချောင်းများအား နဂါးမင်း ပိုင်စိုးသည် ဟုယုံကြည် သောကြောင့် အထွဋ်အမြတ် ထားကြသည်။ နှစ်စဉ် ငါးနှင့်လှေသင်္ဘော လုပ်ငန်းများ လုပ်ကို်င်သော ကျေးရွာများတွင် အစဉ်အလာအရ နဂါးပူဇော်ပွဲ များကျင်းပ လေ့ရှိပြီး ရေလမ်းခရီးအား ဘေးအန္တရာယ် ကင်းရှင်းစေသည်ဟု ယုံကြည်ကြသည်။ အနောက်တိုင်းအယူအဆ အနောက်တိုင်းအယူအဆတွင်လည်း နဂါးရှိခဲ့သည်။ ရှေးယခင်အချိန်က နဂါးနှင့်လူတို့တိုက်ပွဲများဖြစ်ခဲ့ခြင်းနှင့် နဂါးစီးသူရဲကောင်းများအကြောင်း ဒဏ္ဍာရီများရှိသည်။ အနောက်တိုင်းအယူအဆအရ နဂါး၏ပုံသဏ္ဌန်မှာ ကြီးမားသော ဒိုင်နိုဆောကဲ့သို့ ခန္ဓာကိုယ်နှင့် အတောင်ပံပါဝင်သည်။ မြန်မာအယူအဆတွင် နဂါးပုံသဏ္ဍန်ကို မြွေခန္ဓာကိုယ်နှင့် ဦးခေါင်းတွင်အမောက်ပါရှိပြီး အမြီးမှာ ငါးကဲ့သို့ဖြစ်သည်ဟု ယူဆကြသည် … နဂါးရုပ်တုများပြုလုပ်ရာတွင်ပင် ထိုကဲ့သို့ပြုလုပ်ကြသည်။ နဂါးများသည် မီးမှုတ်နိုင်ခြင်း အမြုတေပိုင်ဆိုင်ခြင်း အဆိပ်ပြင်းခြင်း မျက်စောင်းထိုးလျှင် အရာဝတ္ထုများပြာကျနိုင်ခြင်းစသည့် အစွမ်းများရှိသည်ဟု အရှေ့တိုင်းတွင်သာမက အနောက်တိုင်းတွင်ပါယူဆကြသည်။ ကျမ်းကိုး Category:၃၁-ဘုံ Category:ယဉ်ကျေးမှု Category:ဒဏ္ဍာရီလာ သတ္တဝါများ
မကန်း
ဂင်္ဂါနတ်ဘုရားမ မကန်း၏ကျောပေါ်၌ ထိုင်နေပုံကို ရေးဆွဲထားသော ရုပ်ပုံ မကန်း ။ ။ အော်-ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုစွန်ရိုး အစ ချီသည့် ဦးကြင်ဥရေး ပဒေသာသီချင်းမှ တန်ခူးလဘွဲ့တွင် တိမ်များသည် မကန်းကောင်၏ အကြေးကွက်များသဖွယ် အထပ်ထပ် အကွက်ကွက် ထနေသည်ဟု ဆိုထားသည် တစ်ကြောင်း၊ မင်းပူးဆရာတော် ဦးဩဘာသရေး မဟာဇနကဇာတ်တော်ကြီးတွင် သင်္ဘောသား ခုနှစ်ရာတို့သည် ငါးလိပ် မကန်းတို့၏ အစာဖြစ်လေကုန်၏ဟု ဆိုထားသည် တစ်ကြောင်း၊ ပြာသိုလ မကာရရာသီခွင်တွင် မကန်းကောင် အရုပ်ရှိသည်ဟု ဆိုထားသည် တစ်ကြောင်းတို့ကြောင့် မကန်းသည် ရေသတ္တဝါ တစ်ကောင်ဖြစ်ကြောင်း သိနိုင်လေသည်။ မကန်းသည် ပါဠိ မကရ၊ သံသကြိုဋ် မကရ၊ မြန်မာ မကာရ ဟူသောစကားမှလာသည်။ ပေါရာဏ ကထာ အဘိဓာန်တွင် ပင်လယ် ငါးကြီးတစ်မျိုးဟု ဖော်ပြထား၍ အဘိဓာန်ဋီကာ ပါဌ်တွင် လက်နှင့်ဖမ်းလျှင် ပါးစပ်ဟတတ်သော ငါးဟူ၍လည်း ဖော်ပြထားသည်။ အချို့သော ဟိန္ဒူဘာသာ ကျမ်းများ၌ မကန်းကို ဝါရုဏမည်သော နတ်မင်း၏ စီးတော်ယာဉ်ဟု ဆိုထား၏။ အချို့ကျမ်းများတွင် ဂင်္ဂါမြစ်စောင့် နတ်သမီး၏ စီးတော်ယာဉ်ဟူ၍ ဆိုထားပြန်သည်။ ပုံသဏ္ဌာန်ကို ဖော်ပြရာ၌ ခြေလက်တို့သည် မြင်း၏ ခြေလက်ကဲ့သို့ရှိပြီးလျှင် ခွာမှာ ကွဲသောခွာရှိသည်။ သွားများသည် ကျား ခြင်္သေ့ကဲ့သို့ချွန်ထက်သည်။ ဆင်၏ နှာမောင်းရှိသည်။ ကိုယ်၏အမြီးပိုင်းသည် ငါး၏ ကိုယ်ကာယကဲ့သို့ရှိ၍ အမြီးမှာ ငါး၏ အမြီးကဲ့သို့ဖြစ်သည်။ ဝက်နားရွက်ရှိသည်။ ပါးစပ်အမြဲဖြဲထားသည်ဟု ဖော်ပြထားသည်။ အချို့က မကန်းကောင်၏ ဦးခေါင်းနှင့် နှာမောင်းမှာ ဆင်၏ နှာမောင်းနှင့် ဆင်၏ ဦးခေါင်းဖြစ်ပြီးလျှင် မျောက်၏ သွားကဲ့သို့သော သွားရှိသည်။ ခြင်္သေ့၏ ခြေလက်ကဲ့သို့သော ခြေလက်နှင့် ခြေသည်း လက်သည်းများရှိသည်။ ကိုယ်ကာယမှာ ငါး၏ ကိုယ်ကာယဖြစ်၍ အမြီးမှာ ဥဒေါင်း၏ အမြီး ကဲ့သို့ဖြစ်သည်ဟု ဖော်ပြထားပြန်သည်။ ထို့ကြောင့် အချို့က မကန်းကောင်သည် အကယ်ရှိသော သတ္တဝါမဟုတ်၊ ဒဏ္ဍာရီ ပုံပြင် စကားတွင်ပါသော စိတ်ကူးယဉ် ဖန်တီးယူသည့် ရေသတ္တဝါမျိုးသာ ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင် အမျိုးမျိုးတွေးသော ရေးသားကြစေကာမူ မကန်းဟုခေါ်သည့် ရေသတ္တဝါမျိုး ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။ မကန်းများသည် ပငလယ်သမုဒ္ဒရာအောက်ရှိ ရွှံ့ညွန် မြေပျော့များအတွင်း လိုဏ်ခေါင်းကြီး တူးဖော်၍ လျှို့ဝှက်စွာ နေကြသည်။ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်မျက်နှာရှိ ဗင်္ဂလားပင်လယ်အော်ဖြစ်သော မြိတ်ခရိုင် မြိတ်ကျွန်းစု ပင်လယ်ရွှံ့ကုန်းများ အတွင်းဝယ် ၃ လက်မ အရွယ်မှသည် တစ်ပေထက် မကြီးလွန်းသော မကန်းများကို တံငါသည်များ ဖမ်းယူရရှိကြသည်။ ယင်းတို့အား ပင်လယ်ကျားပါးစပ်တိုက်၌ လည်းကောင်း၊ ငါးပိလုပ်ရန်အတွက် ပုစွန်ဆိတ်ကလေးများကို ခွဖြင့်ထိုး၍ ဖမ်းသည့်အခါ၌ လည်းကောင်း၊ တစ်ကောင်စ၊ နှစ်ကောင်စ ဖမ်းဆီးရမိတတ်သည်။ အမြောက်အမြားကိုမူ ရွှံ့ကုန်းများအတွင်းမှ ပင်လယ်ဒီရေကျသော အချိန်တွင် လိုက်လံဖမ်းဆီးရသည်။ အလွန်ချိုသော အရသာရှိသဖြင့် သူဌေးများ ဈေးကြီးပေး၍ ဝယ်ယူစားသောက်တတ်ကြသည်။ မကန်းများသည် တစ်ကောင်ချင်း ပင်လယ်ရေအောက်၌ တွင်းဖော်နေတတ်ကြရာ ထိုတွင်းများသည် လိုဏ်ခေါင်းကြီးသဏ္ဌာန် ရှိ၏။ တွင်းပေါက်ဝမှာ တစ်ကောင်ဝင်ရုံသာ ဖောက်လုပ်ထားလျှက် အတွင်း၌ကား အကျယ်ကြီး ထားကာ လိုဏ်ခေါင်းများနှင့် လျှို့ဝှက်ဂူများလည်း ထားရှိကြသည်။ ယင်းတို့သည် ပင်လယ်ရေ အမြဲရှိသော နေရာ၌သာ နေထိုင်ကြသည်။ ပင်လယ်ရေမမီသော အရပ်တွင် မနေကြချေ။ ပင်လယ် ဒီရေကျသွားသည်တိုင်အောင် ထိုပင်လယ် ဒီရေများကို လိုဏ်ခေါင်းအတွင်း အလုံအလောက် ယူသွင်းထားကြသည်။ လိုဏ်ခေါင်းတွင်းကြီးများမှာ ၆ လက်မ အရွယ်ရှိ မကန်းလိုဏ်ခေါင်းအနက်ကို ၃ ပေမှ ၄ ပေအထိ တူးထားကြပြီးလျှင် တစ်ဖက်မှလည်း ထွက်ပေါက် လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ထားသေးသည်။ တစ်ပေ အရွယ်မျှရှိသော မကန်းကြီးများအတွက်မူကား ၄ ပေမှသည် ၆ ပေအထိ တွင်းနက်ကြီးများကို တူးလျက် ထွက်ပေါက် ဝင်ပေါက် လုပ်ထားကြလေသည်။ တွင်း၏ အဝကို ကြည့်ကာ အကောင်ကြီးသည် ငယ်သည်ကို ခန့်မှန်းနိုင်ကြသည့်ပြင် တွင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ကြသည်။ တွင်းထဲတွင် ယင်းတို့ရှိသည် မရှိသည်ကိုလည်း သိနိုင်ပေသည်။ ယင်းတို့ရှိသော တွင်းတွင် သွင်းထားသောရေသည် ကြည်လင် သန့်ရှင်းနေ၏။ ယင်းတို့မရှိက ရေမှာ နောက်ကျိနေသည်။ ယင်းတို့သည် တွင်းတစ်တွင်းတွင် ကြာရှည်မနေဘဲ ၁၅ ရက်မှ တစ်လ အကြာဆုံးသော နေတတ်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့နေတတ်ကြသည်။ လူလောက်ကြီးသော မကန်းကြီးများနှင့် လူထက် ကြီးမားသော မကန်းကြီးများကား ပင်လယ်သမုဒ္ဒရာ နက်ကြီးအတွင်း၌ ရှိကြောင်း သိရသည်။ ထိုသတ္တဝါကြီးများသည် ပင်လယ်ထဲ၌ ငါးကလေးများ၊ ပင်လယ်ပိုးများနှင့် ပင်လယ် ရွှံ့စေးတစ်မျိုး ကို စားသောက်ကြသည်။ မကန်း၏ အသားသည် ကင်းနှင့် ပုစွန်တို့၏ အသားနှင့် တူသော်လည်း ပုံသဏ္ဌာန်မှာ အလွန်ကွာခြား၏။ ပျော့ပျောင်းသော ကိုယ်ရေကို မာကျောသော အခွံဖြင့် ဖုံးအုပ် ထားရာတွင် အခွံလွှာမှာ အထပ်လိုက် ဖြစ်နေ အထပ်တိုင်းတွင် ချွန်ထက်သော ဆူးများရှိ၏။ စိမ်းပြာညိုရောင်နှင့် ခရမ်းရောင် အသွင်လည်းရှိကာ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲဆိုသော စာဆိုအတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ ယင်းတို့၏ အကွက်အကြေးများအတိုင်း တန်ခူးလရာသီများတွင် ကြည်လင် တောက်ပသော မိုးသားတိမ်တိုက်များ၌ တွေ့ရတတ်သည်။ မကန်းကောင်၏ အခွံမှာ အဆက်လိုက် အဆက်လိုက် ပေါ်နေလျက် အမြီးပိုင်း၌ ကြီးလာသည်။ အမြီးပိုင်းမှာ ဝိုင်းပု၍ ကားနေသော ချွန်ထက်သော ဆူးများဖြင့် ဇောင်းတွန့်၍ ရှိနေသည်။ ထိုအမြီးများ၏ အနားတွင် လက်နှစ်ဖက်ကဲ့သို့သော လက်မနှစ်ခုရှိရာ ယင်းဖြင့် သွားလိုရာ ခရီးကို လှော်ခတ်သွားနိုင်သည့်ပြင် ပဲ့ကိုင်ပေးသေးသည်။ ဦးခေါင်းမှာ ပုလင်းတစ်လုံး၏ ဘူး၏ထိပ်သဏ္ဌာန်ကဲ့သို့ရှိပြီးလျှင် ခေါင်း၏အောက်၊ ပခုံး နေရာနားတွင် တစ်ဖက်လျှင် လက် ၃ ခုစီ၊ ၆ ခုထွက်နေ၏။ ထိုလက်များသည် ရေထဲ၌ ကူးခတ်နိုင်သည့်ပြင် ရွှံ့ပြင်ပေါ်၌လည်း တွား၍ပြေးနိုင်၏။ ကိုယ်ခန္ဓာအောက်ပိုင်း ဝမ်းပိုက်နေရာတွင် တစ်ဖက်လျှင် ဆူးတောင် ၈ ခုစီ၊ ပေါင်း ၁၆ ခုစီရှိရာ ပင်လယ်ထဲ၌ အလွန် လျင်မြန်စွာ ကူးနိုင်သော သတ္တဝါဖြစ်သည်။ ဦးခေါင်းထိပ်တွင် မျက်လုံး ၂ လုံးကို ကာကွယ်ပေးသည့် လက်ကဲ့သို့သော ဆူးတောင် ၂ ခု ရှိသေး သည်။ မျက်လုံး ၂ လုံးသည် ပုစွန်မျက်လုံးကဲ့သို့ တောက်ပြောင်ကာ ရှေ့သို့ပြူးထွက်နေသည်။ ထိုမျက်လုံးများရှေ့၌ ရန်သူကို ဖယ်ရှားနိုင်သည့် လက်သေးကလေး ၄ ချောင်းနှင့် တူသော အမွေးတန်း ၄ ပင်ရှိသည်။ ထိုအမွေးတန်း ၄ ပင်သည်လည်း မာကျော ပြီးလျှင် မျက်လုံးကိုပင် အကာအကွယ် ပြုထားလေသည်။ မျက်လုံး၏ အောက်အခွံရေအတွင်းဝယ် ပါးစပ်ပေါက်၊ ဦးနှောက်၊ ဦးနှောက်အိမ် စသည် အကုန်လုံးသည် ပုစွန်ဦးခေါင်းအတွင်း စုပေါင်းနေသကဲ့သို့ စုပေါင်းနေ၏။ ဦးခေါင်း၏ တစ်ဖက်တစ်ချက်တွင် အလွန်ခိုင်မာ ထက်မြက်သော မကန်းလက်ခေါ် လက်ကြီး ၂ ခုရှိသည်။ ထိုလက်ကြီး ၂ ခုမှာ အလွန်ကြီးမား၍ အခြားလက်များထက် ရှည်လည်းရှည်၏။ ထိုလက်ကြီး တစ်ဖက်စီတွင် မာကျောပြီးလျှင် အလွန်ထက်သန်၍ ချွန်မြနေသော ဆူးများအချောင်း ၂ဝ မျှရှိရာ၊ မကန်းတွင် ထိုလက် ကြီး ၂ ခုသည် ကြောက်မက် ဖွယ်ရာ အကောင်းဆုံး ဖြစ်တော့သည်။ အားလည်း အလွန်ကောင်းလျက် ထိုလက် ကြီးများဖြင့် ခုတ်မိလျှင် ပြတ်ပါသွားဖွယ်ရာ အကြောင်းရှိပြီးသော် အလွန်တက်သော ရောဂါ တစ်မျိုးကို ခံစားရ တတ်လေသည်။ မကန်းသည် ရန်ပြုမည်ဆိုလျှင် မိမိကိုယ်ကို ကွေးလိုက်ပြီးသည့်နောက်မှ တစ်ချက်တည်းဆန့်၍ ရန်သူထံ ပစ်သွင်းလိုက်လေသည်။ ထိုအကွေးကို အထူသတိထားရသည်။ ရေသတ္တဝါတိုင်းသည် ယင်းမကန်းကို ကြောက်ကြ၏။ အော့တိုပတ်ခေး ဘဝဲကောင်ပင် ယင်းကိုကြောက်ရသည်။ မကန်းကောင်ကို အခြောက်လှန်း၍ အိမ်၌ထားလျှင် တစ္ဆေသူရဲ မိစ္ဆာ မကောင်းဆိုးဝါးများ မချဉ်းကပ်နိုင်ဟု ရှေးလူများ အယူရှိကြသည်။ ကလေးပုခက်များတွင်လည်း မကန်းကောင် အခြောက်များကို ဆွဲပေးထားတတ်ကြသည်။ မကန်း၏ ထူးခြားသော အချက်တစ်ချက်မှာ အရွယ်နှင့် မမျှအောင် လေမှုတ်အား ကြီးခြင်းပင်ဖြစ်သည်။ မကန်းတွင်း တစ်တွင်းကို ခဏချင်းလေဖြင့်မှုတ်၍ ဖော်ပြီးသော် လိုဏ်ခေါင်းကြီးကိုလည်း လေဖြင့်ပင်မှုတ်ကာ ရွှံ့စေးများကို အပေါ်သို့မှုတ်ထုတ်လေသည်။ အတွင်းပိုင်းရှိ ရှည်လျားသော လိုဏ်ဂူ အရပ်ရပ်ကိုလည်း နာရီပိုင်းအတွင်း ဖောက်လုပ်နိုင်သော အစွမ်းသတ္တိရှိသည်။ မကန်းကို ဟင်းချိုပြုတ်၍ သောက်ရန်သာ ကောင်း၏။ အရှင်လတ်လတ်ကို ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ထည့်ပြီးမှ အရည်ကိုသောက်လျှင် အလွန်ချို၏။ အသားကို စားလျှင်လည်း အလွန်ချိုမြသော ရသာထူးတစ်မျိုးကို ခံစားရသည်။ သေမှ ဟင်းချက်လျှင် အတွင်း၌ အချိုရည်ကို မရတော့သည့်ပြင် အသားလည်း မကျန်တတ်တော့ခြင်း ကြောင့် အရှင်ချက်စားတတ်ကြသည်။ မကန်းကို ဖမ်းရာ၌ ဖမ်းယူတတ်မှ ရသည်ဖြစ်၏။ သို့မဟုတ်ပါက ဖမ်းသူ၏ လက်မှာ မကန်းတွင်းအထဲ၌ အမှန်ကျန်ရစ်ခဲ့မည် ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) ဟိန္ဒူ ဒဏ္ဍာရီအရ မကန်း ဆိုသည်မှာ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောက်ဖြစ်ြပီး ဂင်္ဂါနတ်ဘုရားမနှင့် ဗာရုန နတ်ဘုရားတို့၏ ဗဟာဏ(စီးတော်ယာဉ်) ဖြစ်သည်။ ထို့ပြင် အချစ်နှင့်ရမ္မက်တို့နှင့်ဆိုင်သော ဟိန္ဒူနတ်ဘုရား ကာမဒေဝ၏ အမှတ်တံဆိပ်လည်းဖြစ်ပြီး ကာမဒေဝ၏ အလံ(ဒွာရ) ကို ကာကဗာရ ဟုလည်း သိကြပြီး ထိုအလံမှာ မကန်းတံဆိပ်ရိုက်နှိပ်ထားသော အလံဖြစ်သည်။ ရိုးရာအယူအဆအရ မကန်းကို ရေနေသတ္တဝါအဖြစ်ယူဆပြီး အချို့ ရိုးရာပုံပြင်တို့တွင် မိကျောင်းအဖြစ်သတ်မှတ်ကြပြီး အချို့က လင်းပိုင်အဖြစ်သတ်မှတ်ကြသည်။ အချို့ကလည်း ငါးကိုယ်နှင့် ဆင်ခေါင်းရှိသော သတ္တဝါဟု ပုံဖော်ကြသည်။ ရိုးရာအစဉ်အလာတွင် မကန်းကို အားလုံး၏ ရှင်သန်ကြီးထွားခြင်းနှင့် အသက်ရှင်ခြင်းတို့၏ အရင်းအမြစ်ဖြစ်သော ရေနှင့်တွဲ၍ မှတ်ယူကြသည်။ နက္ခတ္တဗေဒင်ပညာတွင် ဇိုးဒီးယိတ် ရာသီစက်ဝိုင်း၏ အမှတ်အသားတစ်ခုဖြစ်သော မကာရ (Capricorn) ၏ အမှတ်တံဆိပ်ဖြစ်သည်။ အိန္ဒိယပန်းချီပညာတွင် မကာရကို ထပ်တလဲလဲရေးဆွဲသော အရုပ်များ(motifs) အဖြစ်သုံးကြပြီး အောက်ပါနေရာ တို့အပါအဝင်စတိုင်လ်အမျိုးမျိုးဖြင့်ရေးဆွဲကြသည်။ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတို့၏ အဝင်ဝ (ကမ္ဘာ့ယဉ်ကျေးမှုအမွေခံနေရာတစ်ခုဖြစ်သော စန်ချီရှိ စတူပါ အပါအအဝင်) တော်ဝင်ပုလ္လင်များ Category:ဒဏ္ဍာရီလာ သတ္တဝါများ ကိုးကား
မြင်း
မြင်း (Equus ferus caballus) သည် လူ၏ မိတ်ဆွေစစ် ဖြစ်သည်ဟု ဆိုရပေမည် ။ တိုင်းပြည် အေးချမ်းသာယာနေချိန်တွင် အနောက်နိုင်ငံများတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ မြင်းကို အသုံးပြုရသလို စစ်မက်ဖြစ်ပွားလာသည့်အခါ၌လည်း မြင်းတပ်များ ဖွဲ့စည်းကာ ရန်သူကို တွန်းလှန် ချေမှုန်းခဲ့ ရလေသည်။ မြင်း၊ မြည်းနှင့် မြင်းကျားတို့သည် မျိုးတူသတ္တဝါများဖြစ်ကြ၍ ထို တိရစ္ဆာန် သုံးမျိုး၏ အတိတ်ရာဇဝင်မှာ ထူးဆန်းသဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။ မြင်း၏ ဇာတိအရပ်မှာ အာရှတိုက် ဖြစ်ဟန်တူသော်လည်း ကာလရွေ့လျောလာသဖြင့် မြင်း၏ ပုံပန်းသဏ္ဌာန် အဆင့်ဆင့် ပြောင်းလဲလာပုံကို အမေရိကတိုက်တွင် မြေအောက်မှ တူးဖော်ရရှိ သော ကျောက်ဖြစ်နေသည့် မြင်းရိုးတို့ကို တွေ့ရှိရခြင်းအားဖြင့် ပို၍ စုံလင်စွာသိရသည်။ ရှေးနှစ် သန်းပေါင်းငါးဆယ် အထက်က ကြောင်၏ အရွယ်မျှသာရှိ၍ ရှေ့တစ်ဖက်စီတွင် ခြေချောင်း ငါးချောင်းနှင့် နောက်ခြေတွင် ခြေချောင်း လေးချောင်းစီပါသော တိရစ္ဆာန်များ ရှိခဲ့ဘူးလေသည်။ ယခုခေတ် လူတို့၏ အမြင်အားဖြင့် ဆိုရလျှင် ထိုသတ္တဝါကလေးမှာ ထူဆန်းသော မြင်းကလေးမျှသာ ဖြစ်သော်လည်း ထိုသေးငယ်သော ကမ္ဘာဦးမြင်း မှ ယခု တွေ့မြင်ရသော မြင်းကြီးများ ပေါက်ပွားလာကြလေသည်။ ထိုကမ္ဘာဦး မြင်းကလေး များသည် ရန်သူ၏ ဘေးရန်မှ လွတ်မြောက်အောင် ပြေးလွှားရသည့် အခါတွင်ခြေဖျားထောက်၍ ပြေးမှ ပို၍ လျင်မြန်နိုင်မည်ဖြစ်ရာ တဖြည်းဖြည်းနှင့် အလယ်ခြေချောင်း ကိုသာ အသုံးများလာလေသည်။ နှစ်ပေါင်းများစွာ ကြာ လတ်သော် အသုံးများသော ခြေချောင်းသာလျှင် သန်သန် စွမ်းစွမ်းရှိ၍ အသုံး မချရသော ခြေချောင်းကလေးများသည် တဖြည်းဖြည်း သေးသိမ်လာပြီးလျှင် နောက်ဆုံး၌ လုံးဝကွယ် ပျောက်သွားလေသည်။ ထို့ကြောင့် ယခုခေတ်၌ တွေ့မြင် ရသောမြင်းတွင် မြင်းခွာအတွင်း၌ ခြေချောင်းတစ်ခုသာလျှင် ကျန်ရှိနေတော့သည်။ ခြေချောင်းများ တရွေ့ရွေ့ ပြောင်းလဲလာသည့်နည်းတူ မြင်း၏ ကိုယ်လုံးကိုယ်ထည်နှင့် ခြေတံလက်တံတို့သည်လည်း ကြီးထွားသန်စွမ်း၍လာသည်။ မြင်းသည် အချိုးအစားကျသော တိရစ္ဆာန်ဖြစ်သည်။ မြင်းတွင် သန်စွမ်းသော ခြေလက်တို့ ရှိသည့်အပြင် ရှည်လျားသော ဦးခေါင်းနှင့် တောက်ပသော မျက်လုံးများရှိသည်။ အဖျားချွန်၍ အဘက်ဘက်သို့ လှုပ်ရှား နိုင်သော နားရွက်များနှင့် ကျယ်၍ပွသော နှာခေါင်းပေါက် များ ရှိသည်။ အသားပြည့်၍ လုံးသောကိုယ်နှင့် ရှည်လျား သော လည်တံရှိသည်။ အမွှေးမှာ ကိုယ်နှင့်ကပ်၍ ပေါက် သည်။ မြင်းနှင့် မြင်းကျားတို့တွင် အမြီးဖျား၌သာ အမွှေးရှည်များရှိသည်။ ထိုကြောင့် မြင်း၏ လည်ဆံနှင့် အမြီးရှည်တို့သည် မြင်းကို အခြားတိရစ္ဆာန်တို့ထက် ပို၍ လှပတင့်တယ်စေသည်ဟု ဆိုရပေမည်။ မြင်းသည် မြက်နှင့်ကောက်ပင် ၊ ကောက်သီးများကို စားသော တိရစ္ဆာန်ဖြစ်သော်လည်း စားမြုံ့မပြန်တတ်ချေ။ သွား ၃၆ ချောင်းမှ အချောင်း ၄ဝ အထိရှိ၍ အထက်နှင့်အောက် ရှေ့သွား ၃ ချောင်းစီနှင့် အံသွား ၆ ချောင်းစီရှိသည်။ မြင်းအံသွားများ၏ ထူးခြားချက်တစ်ရပ်မှာ သွားအဖျားများ တိုသွားသည်နှင့်အမျှ သွားအရင်းမှ ရှည်ထွက်၍ လိုက်လာ သည်။ မြင်းထီးများတွင် အထက်ပါသွားများအပြင် ခွေးစွယ် ၄ ချောင်း အပိုပါသေးသည်။ ဤခွေးစွယ်များနှင့် အံသွားများအကြားရှိ နေရာလပ်တွင် မြင်းဇက်ကို ခွံ့ရသည်။ ကြမ်းတမ်းသော မြင်းကို ဇက် ခွံ့ထားမှသာ စီးသည့်အခါ ချုပ်ထိန်းနိုင်သည်။ မြင်း၏ သက်တမ်းမှာ ၁၈ နှစ်မှ အနှစ် ၂ဝ အထိ ဖြစ်သည်။ မြင်းကလေး မွေးသည့်အခါ မျက်စိ စုံလုံးပွင့်လျက် ကိုယ်တွင်လည်း အမွှေးများ အပြည့်ရှိသည်။ မွေးပြီး၍ ခဏခြင်းတွင်မြင်းကလေးသည် မတ်တတ်ထ၍ ပြေးလေ့ ရှိသည်။ မြင်းကလေး အသက် ရက်သတ္တနှစ်ပတ် အကြာတွင် ရှေ့သွားများ ထွက်လာသည်။ အသက် ၆ လခန့်ရှိလျှင် ငယ်သွားများ စုံလာသည်။ အသက် ၃ နှစ်အတွင်း ငယ်သွားများလဲသည်။ မြင်းထီး အသက် ၄ နှစ်ရှိလာလျှင် ခွေးစွယ်များ ပေါ်လာသည်။ မြင်းအသက် ၅ နှစ်တွင် သွားများစုံသည်။ အသက် ၁ဝ နှစ်အထိ သွားထွက်ပုံနှင့် သွားပြောင်း လဲပုံတို့မှာ တသမတ်တည်း ရှိသဖြင့် သွားများကို ကြည့်ရှု စစ်ဆေး၍မြင်း၏ အသက်ကို တွက်မည်ဆိုက တွက်နိုင်စရာ အကြောင်းရှိသည်။ ၂ နှစ်သား အရွယ်တွင် မြင်းကလေးသည် ငယ်မွှေးလဲသဖြင့် မွေးစက ပါသော ကောက်ကွေးကွေး အမွှေးများ ပျောက်၍ ပြောင်လက်သော အမွှေးများပေါ်ထွက် လာသည်။ လည်ဆံမွှေးနှင့် အမြီးမှတစ်ပါး ကိုယ်တွင်ရှိသော အခြားအမွှေးများမှာ နှစ်စဉ် အသစ်လဲသည်။ ရှေးအထက်ကျော် ကာရီက ဆိုက်ဗီးရီးယားနှင့် အလာစကာပြည်တို့သည် ကုန်းချင်း ဆက်စပ်လျက်ရှိသဖြင့် မြင်းရိုင်းများသည် အာရှတိုက်၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် တစ်တိုက်နှင့်တစ်တိုက် ကူးလူးကျက်စားလျက်နေကြ၏။ ထိုကြောင့် ယနေ့ထက်တိုင် အာရှတိုက်၊ ဥရောပတိုက်နှင့် နှင့် အမေရိကတိုက်များတွင် မြင်းရိုင်းအုပ်ကြီးများကို တွေ့မြင်ရသေးသည်။ မြင်းရိုင်းများ သည် ကြီးမား၍ သန်စွမ်းသော တိရစ္ဆာန်များ ဖြစ်ကြ သော်လည်း ရန်သူကို ခွာစောင်းဖြင့် ကန်ကျောက်ရုံမှတစ်ပါး အခြားခုခံရန် နည်းများမရှိသဖြင့် ဝံပုလွေ၊ ကျားစသော သားရဲများနှင့် ရင်ဆိုင်တွေ့လျှင် အသက်ဘေးမှ လွတ်ရန် ခွာစုံပေါက် ပြေးလေ့ရှိသည်။ ထိုသားရဲများ၏ ရန်အပြင် နောက်ထပ် တိုးလာသော ရန်သူမှာ မြင်းရိုင်းများကို အသားစားရန်အတွက် လိုက်လံဖမ်းဆီးသတ်ဖြတ်သော ရှေးခေတ်လူများပင် ဖြစ်သည်။ နှစ်ပေါင်းသုံးသောင်းကျော် အထက် ကျောက်ခေတ်တွင် ဥရောပတိုက် တောင်ပိုင်း၌ ဂူများဖြင့်နေထိုင်ကြသော လူတို့၏ နေရာ ရပ်ကွက်များမှ မြင်းရိုးများကို တူးဖော် ရရှိခြင်းအားဖြင့် မြင်းရိုင်းများကို ရှေးခေတ် လူတို့ သတ်ဖြတ်စားသောက်ကြကြောင်း သိသာ ထင်ရှားလေသည်။ ထိုသူများ နေထိုင်ရာ ဂူများအတွင်း၌ အမဲလိုက်ရာ၌ အသုံးပြုကြသော အမဲရိုး၊ ကျောက်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ဓား၊ လှံစသော လက်နက်တို့ကိုလည်း တွေ့ရှိရသည်။ သို့သော် ထိုအရာများထက် စိတ်ဝင်စားဖွယ် ဖြစ်သည်တို့မှာ ရှေးခေတ် လူတို့၏ ပုံများနှင့် တိရစ္ဆာန်ပုံများကို ခြစ်ဆွဲ၍ဖြစ်စေ၊ ကျောက်၊ သစ်သားတို့ဖြင့် ထုလုပ်ထား၍ဖြစ်စေ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။ ယင်းကဲ့သို့ အရိုးများ၊ ကျောက်များပေါ်တွင် ထုထွင်းခဲ့သော ပုံများတွင် မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည်။ အချို့ မြင်းပုံများတွင်မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည်။ အချို့မြင်းပုံများတွင် မြင်း၏ ပါးစပ်၌ ဇက်ခွံ့၍ ဇက်ကြိုးများတပ်ဆင်ထားသည်ကိုပင် တွေ့ရှိရ သဖြင့် ထိုခေတ် ထိုအခါမှစ၍ လူတို့သည် မြင်းကို ချုပ်ထိန်းနိုင်စွမ်းရှိသည့် အလျောက် အလိုကျအသုံးပြုခဲ့ကြောင်း ထင်ရှားလေသည်။ ကက်စပျန် ပင်လယ်နှင့် ပင်လယ်နက် မြောက်ဘက်ရှိ မြက်ခင်းကြီးများ၌ လှည့်လည် ကျက်စားကုန်သော အာရိယန်လူမျိုးတို့သည် မြင်းကို ပထမဆုံး ယဉ်ပါးလာအောင် လေ့ကျင့်ပေးသည့် လူများ ဖြစ်လေသည်။ ဦးစွာ၌ မြင်းကို စစ်တိုက်ခိုက်ရာ၌သာ အသုံးများ၏။ နွားနှင့် မြည်းများကို ဝန်တင်တိရစ္ဆာန်အဖြစ်ဖြင့် အသုံးချကြသည်။ ဂရိလူမျိုးနှင့် ရောမလူမျိုးများ ကြီးစိုးစဉ်အခါက ဘုရင်များ၊ မင်းညီ မင်းသားများနှင့် စစ်ဗိုလ်ကြီးများသည် မြင်း ၂ ကောင်၊ သို့မဟုတ် တခါတရံ မြင်း ၃ ကောင် က သော စစ်တိုက် ထွက်ရထားများကို စီးနင်း၍ စစ်မြေပြင်သို့ ထွက်လေ့ရှိကြ သည်။ ထိုနောက်မှ မြင်းကို လူကိုယ်တိုင်စီး၍ စစ်ပွဲဝင်သည့် ခေတ်သို့ ရောက်ရှိလာသည်။ အာရှတိုက် အလယ်ပိုင်းတွင် မြည်းနှင့် ဆင်တူရိုးမှား တိရစ္ဆာန်ရိုင်းများကို ယနေ့တိုင် တွေ့မြင်ရသည်။ သို့သော် မြင်းရိုင်းစစ်စစ်ကို မွန်ဂိုးလီးယားပြည် အနောက်ပိုင်း၌သာ ယခုအချိန်တွင် တွေ့မြင်နိုင်သည်။ ထိုမြင်းရိုင်းများမှာ စင်စစ် မြင်းပုကလေးများသာ ဖြစ်သည့်အပြင်၊ အမြီးမှာ မြည်း၏ အမြီးကဲ့သို့ရှိသည်။ ယင်းတို့သည် ၅ ကောင် မှ ၁၅ ကောင် အထိ အအုပ်အသင်းဖွဲ့၍ နေတတ်သည်။ တစ်အုပ်လျှင် မြင်းလားအိုကြီး တစ်ကောင်စီ ခေါင်းဆောင် သည်။ ၁၈၇၉ ခုနှစ်တွင် ရုရှားလူမျိုးထဲမှ ဒေသသစ် ရှာဖွေသော ပါဇီဗားလစကီး ဆိုသူထံသို့ အထက်ထက်က မည်သူတစ်စုံတစ်ယောက်မျှ မတွေ့မြင်ဘူးသေးသော ဤမြင်းရိုင်းမျိုးရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်ကို အစွဲပြု၍ ဤမြင်းရိုင်းများကို ပါဇီဗားလစကီးမြင်းဟု ခေါ်ကြသည်။ အာဖရိကတိုက်၊ ဆီးရီးယားနှင့် ပါးရှားနိုင်ငံရှိ သဲကန္တာရများနှင့် အိန္ဒိယ နိုင်ငံအလယ်ပိုင်းရှိ လွင်ပြင်များတွင် မြင်းကျားနှင့် မြည်းရိုင်းများကို တွေ့ရှိနိုင်သည်။ မြင်းနှင့် မြည်းကို လူတို့နှင့် ယဉ်ပါးလာအောင် ပြုပြင်ရာ၌ အောင်မြင်လျက်ရှိပြီး ဖြစ်သော်လည်း မြင်းကျားမှာမူ ယနေ့ထက်တိုင် အရိုင်းသက်သက်ပင် ရှိနေသေး၏။ ဥရောပတိုက်မှ မျက်နှာဖြူ လူမျိုးများ အမေရိကတိုက်သို့ ပထမဦးဆုံးအကြိမ် သွားရောက်ကြစဉ်က ထိုတိုက်တွင် ရှိကြ သော တိုင်းရင်းသားတို့သည် မြင်းကို မမြင်ဘူး မကြားဘူးကြ ချေ။ ယခုအခါ၌ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက် အနောက်ပိုင်းတို့တွင် တွေ့ရှိရသော မြင်းရိုင်းများမှာ ၁၆ ရာစုနှစ်အတွင်း စပိန်လူမျိုး တို့ ယူဆောင်လာသော မြင်းယဉ်များထဲမှ တောဝင်သွားသော မြင်းများ၏ အဆက်အနွယ်များသာ စင်စစ်ဖြစ်ချေသည်။ ရှေးအခါက စစ်တိုက်ရာ၌သာ မြင်းကို အသုံးချခဲ့ကြ သော်လည်း လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ တဖြည်းဖြည်း တိုးတက်လာသည့်အလျောက် ဝန်တင်လှည်းများ ဆွဲရာတွင်လည်းကောင်း၊ လယ်မြေများကို ထွန်ယက် ပြုပြင်ရာတွင်လည်းကောင်း မြင်းကို အသုံးချလာကြသည်။ မီးရထားနှင့် မော်တော်ကားများ မပေါ်မီ ၁၉ ရာစုနှစ် အလယ်အထိ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ၌ မြင်းများ မရှိလျှင် မဖြစ်သလောက် အသုံးဝင်လာလေသည်။ ယခုခေတ်မှ ဆိုလျှင် ရေနွေးငွေ့အား၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ဆီအားတို့ကို သယ်ယူပို့ဆောင်ရေးဖက်တွင် ဖြစ်စေ၊ စိုက်ပျိုးရေးဖက်တွင် ဖြစ်စေ၊ အခြားလေးလံသော အရာဝတ္ထုတို့ကို သယ်ယူချီမရာတွင်ဖြစ်စေ တွင်ကျယ်စွာ အသုံးချလာပြီ ဖြစ်သောကြောင့် မြင်းကို အသုံးနည်း လာပြီဟု ဆိုရချေမည် ။ သို့ရာတွင် ဤမျှ စက်မှု ထွန်းကား တိုးတက်လာသော ခေတ်၌ ပင် မြင်းကို လုံးဝစွန့်ပယ်ရန် မဖြစ်နိုင်သေးချေ။ လူတို့သည် မြင်းကို အဘက်ဘက်တွင် တိုးတက် ကောင်းမွန်လာရအောင် ပြုပြင်၍ လာခဲ့ကြသဖြင့် အရွယ် အစားစားရှိသော မြင်းမျိုးများ ပေါ်ပေါက်လာခဲ့ပေသည်။ အချို့မြင်းများမှာ ဒေါက် ၆ ပေမှ ၇ ပေအထိ ရှိ၍ လှည်းဆွဲရာ၌ အသုံးပြုကြသည်။ အချို့မြင်းများမှာ ဒေါက်အလွန်ငယ်သော မြင်းပုကလေးများ ဖြစ်ကြသည်။ မြင်း ၃ မျိုး ၃ စားရှိသည်။ ပထမတစ်မျိုးမှာ လှည်းထွန်တုံး ထွန်သန်စသော လေးလံသည့် အရာတို့ကို ဆွဲရာ၌ အသုံးပြုနိုင်သော ခွန်အားကောင်းသည့် မြင်းကြီးမျိုး၊ ဒုတိယ မြင်းမျိုးမှာ ခြေတံလက်တံများ အလွန် ထွားကျိုင်း၍ အမွှေးရှည်များရှိသော မြင်းမျိုးနှင့် တတိယမြင်းမျိုးမှာ ခြေတံလက်တံနှင့် ကိုယ်လုံးကိုယ်ဖန် သေးသွယ်၍ အပြေးလျင်မြန်သော ပြိုင်မြင်းမျိုးတို့ ဖြစ်သည်။ ပထမနှင့်ဒုတိယ မြင်းမျိုးတို့မှာ ရှေးအခါက စစ်တိုက်ရာတွင် အသုံးပြုသော မြင်းများမှ ဆင်းသက်လာကြ သည်။ ရှေးခေတ်သူရဲကောင်းတို့သည် အလွန် လေးလံသော သံချပ် အင်္ကျီများကို ကိုယ်တွင် ဝတ်ဆင်ထားကြသဖြင့် ထိုစစ်သူရဲတို့ စီးနင်းမည့် မြင်းများသည် ခွန်အား အလွန်ရှိသော မြင်းများဖြစ်ရပေမည်။ ပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ်နှင့် ဂျာမနီ နိုင်ငံများမှ မြင်းကြီးမျိုးများကို မျိုးစပ်လိုက်သဖြင့် ဗဲလဂျီယန်မျိုး၊ ရှိုင်ယာမျိုး၏ ကလိုက် ဇဒေးမျိုး၊ ဆပ်ဖို့မျိုးနှင့် ပါရှရွန်မျိုး ဟူ၍ မြင်းမျိုးကောင်းများ ပေါ်ထွက်လာခဲ့လေသည်။ ထိုမြင်းမျိုးများ အနက် ရှိုင်ယာမြင်းမျိုးသည် ကိုယ်အလေးချိန် အားဖြင့် တတန်ကျော်ကျော်ရှိ၍ ခြေတံလက်တံနှင့် ခွာအိုးတို့မှာ အလွန် ထွားကျိုင်းသည်။ ခြေတစ်လက်ဆစ်တို့၏ အထက်နားမှ ရှည်လျားသော အမွှေးမှင်များ ကျလျက်ရှိသည်။ ဤ မြင်းမျိုးသည် သူတို့၏ ကိုယ်အလေးချိန် ၃ ဆမျှ ရှိသော ဝန်ကို ဆွဲနိုင်စွမ်းရှိသည်။ အင်္ဂလန်နိုင်ငံတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ ရှိုင်ယာမြင်းမျိုးကို အသုံးများသည်။ ကနဦး အစတွင် ဤမြင်းမျိုးကို အနက်ရောင်ဖြင့်သာ တွေ့ရသော်လည်း ယခုအချိန်၌မူ အညိုရောင်နှင့် နီညိုရောင် မြင်းများကို အတွေ့ရများသည်။ မြင်းပုမျိုးထဲတွင် စကော့တလန်ပြည် မြောက်ဘက် ရှက်တလန်ကျွန်းစုမှ မြင်းမျိုးမှာ ထင်ရှားသည်။ ဤရှက်တလန်မြင်းပုမျိုးသည် အရွယ်ပင် ငယ်သော်လည်း ခွန်အားရှိသော မြင်းမျိုးဖြစ်သည့်အပြင် အစာမရွေးတတ်ချေ။ စိတ်ရှည်၍ သိမ်မွေ့သော မြင်းမျိုးဖြစ်သဖြင့် ခိုင်းစေရာ၌ ဒုက္ခပေးလေ့မရှိ။ ဤမြင်းမျိုး ပေါက်ပွားသည့် ကျွန်းစုမှာ ရာသီဥတုအလွန်အေးသော အပိုင်းတွင် တည်ရှိသဖြင့် သဘာဝ အခြေအနေကြောင့် ကြီးမားသင့်သလောက် မကြီးမား ဘဲ ပုကွကွဖြစ်နေသည်ဟု ဆိုရပေမည် ။ ရှက်တလန် မြင်းမျိုးတွင် ရှည်ဖားဖား လည်ဆံမွှေးကြမ်းနှင့် ထူထဲသော အမြီးရှိသည်။ အချို့ မြင်းပုများ၏ ဒေါက်မှာ ၃ ပေမျှပင် မရှိကြချေ။ စီးမြင်းများတွင် အာရပ်မြင်းမျိုးသည် စံထား လောက်အောင်ပင် အချိုးအစားကျ၍ အပြေး လျင်မြန်သည်။ ထိုမျှမက အာရပ်မြင်းသည် ပါးနပ်လိမ်မာ၍ အသင်ရလည်း လွယ်ကူသည်။ အာရေဗျ သဲကန္တာရထဲတွင် လှည့်လည် ကျက်စားကုန်သော ဗက်ဒူးအင်း အာရပ်တို့သည် သူတို့၏ မြင်းများကို အလွန် မြတ်နိုးကြ၏။ အစားအစာပြတ်၍ ငတ်မတတ်ဖြစ်ရမည့် အခြေသို့ ဆိုက်ရောက်စေကာ မူ သူတို့၏ မြင်းများကို စွန့်ပစ်ရောင်းချလေ့မရှိကြ။ အာရပ်တို့သည် သူတို့၏ သားသမီးများကို ခင်မင်သကဲ့သို့ မိမိတို့၏ မြင်းများကို ခင်တွယ်ကြသည်။ အာရပ် အိမ်သူအိမ်သားတို့သည် မြင်းများနှင့်အတူ တဲတစ်ခုတည်း၌ နေတတ်ကြသည်။ အာရပ်မြင်းဟု အမည်တွင်လျက်ရှိသော်လည်း စင်စစ်အားဖြင့် အာရေဗျနိုင်ငံတွင် မူလက ပေါက်ပွား လာခဲ့သော မြင်းမျိုးဟုမဆိုသာချေ။ အီဂျစ်လူမျိုးတို့သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅ဝဝ မှ စ၍ မြင်းကို အသုံးချခဲ့ကြ ၏။ သို့သော် အာရပ်တို့သည် ခရစ်ပေါ်ပြီးမှ မြင်းကို အသုံးပြု ကြကြောင်း သိရသည်။ အာရပ်မြင်းတို့၏ ပုံပန်းသဏ္ဌာန် သည် ထိုစဉ်အခါက အီဂျစ်တို့၏ မြင်းများနှင့် ဆင်ဆင်မျှ တူဟန်ရှိသည်။ ရှေးခေတ် နိုင်ငံများဖြစ်သော ဗက်ဗီလုံးနီးယား၊ ပယ်လက်စတိုင်နှင့် ဂရိတို့တွင် တွေ့ရှိရသော မြင်းများမှာ အမြင်အားဖြင့် ကြမ်းတမ်းထွားကျိုင်း၍ အာရပ်မြင်း ကဲ့သို့ ကြော့ကြော့ရှင်းရှင်း မရှိကြချေ။ ထို့ပြင် ရှေးဟောင်း စာပေများ၌ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်တွင် အာဖရိကတိုက် မြောက်ပိုင်းမှ မြင်းများသည် မြေထဲပင်လယ် တစ်ဝှန်းတွင် ကျော်ကြားခဲ့ကြောင်း ရေးသားထားချက်များကို ထောက်ရှုခြင်းအားဖြင့် ကမ္ဘာကျော် အာရပ်မြင်းများသည် အာဖရိကတိုက် မြောက်ပိုင်းမှ ပေါက်ပွားလာသော မျိုးဆက်များဖြစ်သည်ဟု ဆိုရပေမည် ။ အာဖရိကတိုက်မြောက်ဘက်ရှိ မိုရော့ကိုနယ်မှ ဗပ်မြင်းမျိုးသည် အာရပ်မြင်းကဲ့သို့ပင် ထင်ရှားသော မြင်းမျိုးဖြစ်လေသည်။ အာရပ်မြင်းမျိုးနှင့် ဗပ်မြင်းမျိုးတို့မှ ပြိုင်မြင်းများ ပေါက်ပွားလာသည်။ စီးမြင်း၊ အမဲလိုက်မြင်းနှင့် ပြိုင်မြင်း တို့ကို မျိုးစစ်သည်ထက် ပို၍ စစ်လာရအောင် အသုံးချနည်းကို လိုက်၍ ရွေးချယ် စိစစ်ပြီးလျှင် ဂရုတစိုက် မွေးမြူထားကြ ရသည်။ ထို့ပြင်စီးမြင်းကို လိုအပ်သော အရည်အချင်းများနှင့် ပြည်စုံရန် အလေ့အကျင်များ ပြုလုပ်ပေးရသည်။ ထိုနည်းအတူ အမဲလိုက်မြင်းနှင့် ပြိုင်မြင်းတို့ကိုလည်း ဆိုင်ရာ အရည်အချင်း များနှင့် ပြည်စုံနိုင်သမျှ ပြည့်စုံရန် စံနစ်တကျ လေ့ကျင့် ပေးရသည်။ ယင်းကဲ့သို့ ဂရုတစိုက်နှင့် မွေးမြူလာရသော မျိုးစစ် မြင်းများမှာ တန်ဖိုးအလွန်ရှိလေသည်။ ပုံစံဆိုလျှင် အင်္ဂလန် နိုင်ငံ၌ အလွန်နာမည်ကြီးသော ဒါဗီမြင်း ပြိုင်ပွဲနှင့် အလားတူ ထင်ရှားသော မြင်းပြိုင်ပွဲများတွင် အနိုင်ရသော မြင်းမှ ပေါက်ပွားလာသော မြင်းကလေးများကို တန်ဖိုးအလွန် ကြီးမြင့်စွာ ထားလျက် ရောင်းချလေ့ရှိသည်။ ထိုကြောင့် ပြိုင်မြင်းတို့၏ မှတ်တမ်းစဉ်တွင် နိုင်မြင်းတို့၏ သားစဉ် မြေးဆက်တို့သည် အဓွန့်ရှည်စွာ သတင်းပြောင်ခဲ့ ကြောင်း တွေ့ရှိရလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) ကိုးကား ကဏ္ဍ:မြင်းများ ကဏ္ဍ:မွေးမြူရေး ကဏ္ဍ:ခွာမစုံသော တိရစ္ဆာန်များ
ကြက်
ကြက် သည် ငှက် တိရစ္ဆာန် တမျိုး ဖြစ်ပြီး ထပ်မံအမျိုးခွဲခြားလျှင် တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟု အစားစား ရှိသေးသည်။ ကြက်သည် ငှက်အမျိုးအစားထဲတွင် ပါဝင်သည့်အလျောက် ဥဥသော တိရစ္ဆာန် ဖြစ်ကာ အစောဆုံးသော အိမ်မွေးတိရစ္ဆာန် တစ်မျိုးအဖြစ် လူတို့မွေးမြူခဲ့သည့် အထောက်အထားများကို တွေ့ရသည်။ ကဏ္ဍ:ကြက် ကဏ္ဍ:မွေးမြူရေး ကဏ္ဍ:တောကြက်များ
မျောက်
မျောက် များသည် နို့တိုက်သတ္တဝါများဖြစ်ကြပြီး ပရိုင်းမိတ်ဟု ခေါ်ဆိုသည့် အုပ်စုထဲတွင် ပါဝင်သည်။ လူဝံသည် မျောက်မျိုးနွယ်စုတွင် မပါဝင်ပေ။ မျောက်များသည် တတ်သိနားလည်၍ ယဉ်ပါးသော သတ္တဝါများဖြစ်ကြပြီး သစ်ပင်များကို လျင်မြန်စွာ တက်နိုင်သည့်အချက်ကြောင့် လူသိများသည်။ မျောက်တိုင်း လိုလိုတွင် အလွန်တိုသော အမြီးမျှ ဖြစ်စေ ပါရှိတတ်သည်။ မျောက်အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အချို့မျောက်များသည် သစ်ပင်ပေါ်တွင် နေထိုင်ကြပြီး အချို့မှာ မြေကြီးပေါ်တွင် နေထိုင်ကြသည်။ ကွဲပြားခြားနားသော ပရိုင်းမိတ် မိသားစုဝင်များမှ မျောက်မျိုးကွဲများသည် အစားအစာ အမျိုးမျိုးကို စားသုံးလေ့ ရှိကြသည်။ ထိုအစားအစာများတွင် သစ်သီးများ၊ သစ်ရွက်များ၊ အင်းဆက်များ၊ ပန်းပွင့်များ၊ အသေးစား နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ၊ ကဏန်းများ ပါဝင်ပြီး အခြားမျောက်များကိုပင် စားသုံးသော မျောက်မျိုးကွဲများ ရှိသည်။ အချို့က မျောက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလေ့ ရှိကြသော်လည်း သူတို့၏ ဉာဏ်ရည် ထက်မြက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု ပိုမို လိုအပ်ခြင်းတို့ကြောင့် မမွေးသင့်ပေ။ မျောက်များသည် သစ်တောများ၊ ဆာဗားနား မြက်ခင်းများ၊ သဲကန္တာရများတွင် နေထိုင်လေ့ ရှိကြပြီး ရေခဲနေသော တောင်များပေါ်တွင် နေထိုင်သော မျောက်များပင် ရှိသည်။ မျောက်ပြ၍ ဆန်တောင်းသည်၊ မျောက်အုန်းသီးရသလို၊ မျောက်မထားသည် ၊ မျေက်သားစားချင် မျောက်မျက်နှာ မကြည့်နှင့်၊ မျောက်ရှုံးသည့်ကလေးစသည်ဖြင့် မျောက်နှင့် ခိုင်းနှိုင်းသည့်စကားပုံများစွာပင် မြန်မာလူမျိုးတို့ ပြောဆိုခဲ့သည် ကိုထောက်၍ မျောက်များသည် လူတို့နှင့် မည်မျှ နီးစပ် ဆက်သွယ်နေကြောင်း သိသာနိုင်ပေသည်။ သက်ရှိ သတ္တဝါ တို့တွင် မျောက်သည် လူနှင့် အတူဆုံးတိရစ္ဆာန်ဖြစ်သဖြင့် အင်္ဂလိပ်လူမျိုး သိပ္ပံဆရာကြီး ဒါဝင်က လူများသည် မျောက်များမှ အဆင့်ဆင့်ယဉ်ကျေး တိုးတက်လာသူများ ဖြစ်သည်ဟုပင် ရေးသားဖော်ပြခဲ့လေသည်။ မျောက်များသည် လူတို့ ပြုလုပ်သမျှကို ခဏနှင့်ပင် အတုခိုး၍ လုပ်နိုင်သော သတ္တဝါမျိုးဖြစ်၏။ လူတို့က မဲ့ရွဲ့ပြလျှင် ပြန်၍ မဲ့ရွဲ့ပြတတ်၏။ လူတို့ လုပ်ခိုင်းသမျှ လုပ်တတ်၏။ နေထိုင်စားသောက်ပုံမှစ၍ လူတို့နှင့်အလွန်တူလေသည်။ မျောက်သည် လူကဲ့သို့ပင် လက်ချောင်းများ လက်မများပါရှိ၍ ကိုင်တွယ်သွားလာနိုင်သော သတ္တဝါဖြစ်၏။ သို့ရာတွင် လူတို့ကဲ့သို့ ခြေနှစ်ချောင်းနှင့် လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးကား မဟုတ်ပေ။ မျောက်သည် မြေပြင်တွင် သွားသောအခါ လေးဖက်သွားတတ်သဖြင့် ခြေလေးချောင်းရှိသော သတ္တဝါမျိုးဟုလည်း ထင်ကောင်းထင်ကြပေမည်။ အမှန်တွင်မူ မျောက်သည် ခြေလေးချောင်းရှိသော သတ္တဝါမျိုးလည်း မဟုတ်၊ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိသော သတ္တဝါမျိုးလည်း မဟုတ်ချေ။ သူတို့၏နောက်ခြေဟု ထင်ရသည့် အချောင်း နှစ်ချောင်းမှာ လက်များကဲ့သို့ပင် မည်သည့် အရာဝတ္ထုကိုမဆို ဆုပ်နိုင်ကိုင်နိုင်ခြင်း၊ သစ်ကိုင်းစသော ကိုင်တွယ်စရာတို့ကို ဆုပ်ကိုင်ကာ ကိုယ်ကို စောက်ထိုးတွဲလဲပြုနိုင်ခြင်းစသည်တို့ကြောင့် ခြေမဟုတ် လက်များသာဖြစ်ကြသဖြင့် မျောက်သည် လက်လေးဖက်ရှိသောသတ္တဝါဖြစ်သည်ဟု ဆိုရပေမည် ။ ရှေ့လက်နှစ်ချောင်းကား နောက်လက်နှစ်ချောင်းထက် ပို၍ ရှည်ကြ၏။ မျောက်သည် လက်လေးဖက်ရှိသည့်အတိုင်း မြေပေါ်တွင် သွားသောအခါ လက်များကို ဆုပ်လျက်လက်ဖနောင့်ဖြင့်သာ သွားကြ၏။ သို့ရာတွင် သစ်ပင်များပေါ်တွင်လည်းကောင်း လှောင်အိမ်တွင်းရှိ တန်းများပေါ်တွင်လည်းကောင်း ပေါ့ပါးလျင်မြန်စွာ ခုန်ပေါက်ပြေးလွှား နိုင်ကြလေသည်။ မျောက်သည် အလွန်ပင်ပေါ့ပါးလျင်မြန် ဖျတ်လတ်၍ လိမ္မာမှုလည်းရှိသည်။ အစားအစာကိုပစ်ပေးက မြေသို့ မကျမီ ဖမ်းယူနိုင်ကြ၏။ မျောက်သည် အချိန်ရှိသရွေ့ အငြိမ်မနေ လှုပ်ရှားပြေးလွှားကစားနေတတ်သော သတ္တဝါမျိုး ဖြစ်လေသည်။ မျောက်ဆိုလျှင် လူအများမြင်ဘူးကြသော ခွေးငယ်အရွယ် အမွှေးဖွားဖွား အမြီးရှည်ရှည်နှင့် လူနှင့်အလွန်တူသော သတ္တဝါလေးများကိုသာ ထင်မြင်ကြပေမည် ။ အမှန်မှာ ကမ္ဘာပေါ်တွင် မျိုးပေါင်း မရေမတွက်နိုင်လောက်အောင် ကွဲပြား မြောက်မြားလှသဖြင့် ရုပ်ဆင်းသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ မျောက်အမျိုးတိုင်း၌ လက်လေးဖက်ရှိသည်မှလွဲ၍ အခြား ရုပ်ဆင်းသဏ္ဌာန်တို့ကား တူညီကြသည်မဟုတ်ပေ။ အချို့ မျောက်များသည် ရှဉ့်ကလေး အရွယ်မျှသာရှိ၍ အချို့ကား ခွေးအကြီးစား အရွယ်ခန့်ပင် ရှိ၏။ အချို့ မျောက်များ၏အမြီးတို့သည် ဖွား၍ အချို့ကား သာမန်အနေမျှသာ အမွှေးရှိသည်။ အချို့ကား အမြီးရှည်ဖြစ်ပြီးလျှင်၊ အချို့ကား အမြီးတိုဖြစ်ကြသည်။ အချို့ မျောက်မျိုး၏ မျက်နှာတွင် အမွှေးရှည် ဖုံးအုပ်နေ၍ အချို့ မျောက်မျိုး၏ မျက်နှာတွင် လုံးဝ အမွှေးမရှိချေ ။ ထိုမျှသာမကသေး၊ မျက်နှာပုံချင်းလည်း မတူကြချေ။ အချို့မှာ ခွေးနှင့်တူ၍၊ အချို့မှာ ဝက်နှင့်တူသည်၊ အချို့မှာ အမယ်အိုနှင့်ပင် တူကြသည်။ ထို့အပြင် နှာနီသောအမျိုး၊ ပါးစောင်နီသောအမျိုး၊ နှာခေါင်းလန်သောအမျိုး၊ ပါးမုန်းမွှေးရှိသော အမျိုး၊ လက်တံအလွန်ရှည်သော အမျိုးဟူ၍လည်းအမျိုးကွဲကြသေးသည်။ ထိုသို့ အိင်္ဂါရုပ် အမျိုးမျိုးကွဲပြားရုံမျှမက အမွှေးရောင်လည်း အမျိုးမျိုးရှိကြသည်။ အချို့မျောက်တို့၏ အမွှေး သည် နက်၏။ အချို့မှာ မီးခိုးရောင်ဖြစ်သည်။ အချို့မှာ ညို၍ အချို့မှာ အဖြူရောင်၊ အစိမ်းပုပ်ရောင်၊ လိမ်မော်ရောင်စသည် ရှိကြသည်။ မျောက်များသည် ပူအိုက်စွတ်စိုသော ဒေသများ၌ အထူး ပေါများကြသည်။ မြန်မာနိုင်ငံ သစ်တောကြီးများတွင် မျောက်အုပ်ကြီးများ ရှိကြရာ၊ အချို့ လူများသည် မျောက်သားစားရန် လိုက်လံပစ်ခတ်လေ့ ရှိကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပါးတောင်နှင့်မုံရွာမြို့ အနောက်ဘက်ရှိ ဖိုးဝန်းတောင်တို့၌ မျောက်များစွာ ရှိရာ၊ ဘုရားဖူးလာသူများ၏ လက်တွင်းမှ သစ်သီးဝလံ အစားအစာများကိုပင် ယူငင် စားသောက်တတ်ကြလျက် ယဉ်ပါးနေကြလေသည်။ အာရိကတိုက်၊ အာရှတိုက် တောင်ပိုင်းနှင့် တောင်အမေရိကတိုက်ရှိ ပူအိုက်စွတ်စိုသည့် အရပ်များတွင် မျောက်အမျိုးမျိုး ရှိကြသော်လည်း မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အလွန်အေးသောဒေသများတွင်မူ မျောက်ကို မတွေ့ရချေ။ မြောက်အမေရိကတိုက်တွင် မက္ကဆီကိုနယ်၌ လည်းကောင်း၊ ဥရောပတိုက်တွင် ဂျီဘရော်လ်တာ တောတောင်ဒေသများ၌ လည်းကောင်း မျောက်များကို အနည်းအကျဉ်းမျှသာ တွေ့ရှိရသည်။ မျောက်သည် အပူကြိုက်သော သတ္တဝါမျိုးဖြစ်သဖြင့် အေးမြသောဒေသများတွင် မနေနိုင်ကြချေ။ တောင်အမေရိကတိုက်ရှိ မျောက်မျိုးနှင့် အာဖရိကတိုက်၊ အာရှတိုက် တောင်ပိုင်းရှိ မျောက်မျိုးများမှာ အလွန် ကွဲပြား ခြားနားကြသည့်အလျောက် မျောက်တို့ကို မည်သည့် ဌာနေများ ဖြစ်ကြောင်း လွယ်ကူစွာပင် ခွဲခြားပြောပြနိုင်လေသည်။ အာဖရိကတိုက်နှင့် အာရှတိုက်ရှိ မျောက်များထက် တောင်အမေရိကတိုက်ရှိ မျောက်များသည် အမြီးကို လက်သဖွယ် အသုံးပြုနိုင်ကြသည် အမြီးဖြင့် သစ်ကိုင်းများကို ရစ်ပတ်ကာ ကိုယ်ကို တွဲလဲပြု၍ ကစားခုန်လွှားနိုင်ကြသည်။ အာရှ၊ အာဖရိက စသောဒေသများရှိ မျောက်များကား သူတို့၏ အမြီးကို ထိုသို့ အသုံးမပြုနိုင်ကြချေ။ တောင်အမေရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းမှာ ခပ်ပြားပြားဖြစ်၍ နှာခေါင်းပေါက်ချင်းလည်း ဝေးသည်။ အာရှ၊ အဖရိကတိုက်ရှိ မျောက်တို့၏ နှာခေါင်းပေါက်ချင်း အကွာအဝေးမှာ တောင်အမေရိကမျောက်တို့လောက် မဝေးလှချေ။ အာရှတိုက်နှင့် အာဖရိကတိုက်ရှိ မျောက်များ၏ ပါးစောင်တွင် အိတ်များပါရှိသဖြင့် အစားအစာများကို ထိုပါးစောင်အိတ်တွင် ထည့်ယူလျက် အလိုရှိမှ ထုတ်ယူ စားသုံးနိုင်ကြသည်။ သို့ရာတွင် တောင်အမေရိက မျောက်များ၌ကား ထိုကဲ့သို့ ပါးစောင်အိတ်များ မပါကြချေ။ အခြား ကွဲပြားချက် တစ်ခုကား အာရှ၊ အာဖရိကတိုက်တို့၌ နေထိုင်ကြသော မျောက်မျိုးတို့တွင် အမွှေးမပေါက်သည့် အရေထူ တင်ပါးအသားမာ ဖတ်ကြီးများရှိကြသဖြင့် သစ်ကိုင်းများပေါ်တွင် လွယ်ကူသက်သာစွာ ထိုင်လျက် စားသောက်နိုင်ကြလေသည်။ တောင်အမေရိက မျောက်များ၌ကားထိုကဲ့သို့ မပါရှိကြချေ။ အာရှနှင့် အာဖရိကတိုက်ရှိ မျောက်များသည် တောင်အမေရိကတိုက်ရှိ မျောက်များထက် အမွှေးရောင် မျိုးစုံလေသည်။ မျောက်များသည် သစ်တော်ထူထပ်ရာအရပ်တွင် နေထိုင်လျက် အများအားဖြင့် သစ်ဥသစ်သီးများကို စားသောက်ကြသည်။ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ဆူညံစွာ ဟစ်အော်လျက် သွားလာနေထိုင်ကြသဖြင့် မျောက်ရှိသောနေရာကို အဝေးကပင် သိနိုင်ကြသည်။ နေထွက်ချိန်နှင့် နေဝင်ချိန်တို့မှာ မျောက်တို့ အစာစားချိန်ဖြစ်သဖြင့် အဆူညံဆုံး ဖြစ်လေသည်။ မျောက်တို့သည် တောတွင်း ချောင်းကမ်းစပ်ရှိ သစ်ပင်များ၌ အထူးသဖြင့် နေထိုင်တတ်ကြသည်။ မျောက်အုပ်တိုင်းတွင် အကြီးအမှူးခေါင်းဆောင် တစ်ကောင်စီ ရှိမြဲဖြစ်သည်။ မျောက်ခေါင်းဆောင်သည် လိမ်မာပါးနပ်၍ သတ္တိရှိပြီးလျှင် မျောက်အပေါင်းတို့၏ ဘေးအန္တရာယ်ကို အမြဲပင် ဂရုစိုက် စောင့်ရှောက်တတ်သည်။ ထို ခေါင်းဆောင်အား မျောက်အုပ်တွင်းရှိ မျောက်တိုင်းကပင် ရိုသေလေးစားကြသည်။ ရန်သူနှင့် တွေ့သောအခါ ခေါင်းဆောင်ဖြစ်သော မျောက်သည် ကျယ်လောင်စွာ ဟစ်အော်ခြင်းဖြင့် မျောက်အုပ်အား သတိပေးလိုက်လျှင် မျောက်အပေါင်းတို့သည် ရုတ်တရက် အသံဆိတ်စွာနေထိုင်ကြလျက်ရန်သူမမြင်နိုင်စေရန် ငြိမ်နေတတ်ကြသည်။ မျောက်အုပ်တိုင်းပင် ကိုယ်ပိုင်ဟု သီးသန့်သတ်မှတ်ထားသော နယ်ပယ်အတွင်း၌သာ အစာရှာခြင်း၊ ကစားခြင်း၊ အိပ်ခြင်းပြုလုပ်လေ့ရှိသည်။ ယင်းတို့ အမြဲနေသော နေရာကိုသာ ယင်းတို့ပိုင်သည်ဟု ယူဆကြသည်။ တစ်ခါတစ်ရံ အခြားဖက်မှ မျောက်များသည် ထိုနယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သော် ဝိုင်းဝန်းတိုက်ခိုက်၍ မောင်းနှင် ထုတ်တတ်ကြသည်။ တစ်ခါတစ်ရံ မျောက်တစ်အုပ်နှင့်တစ်အုပ် အပြင်းအထန် တိုက်ခိုက်တတ်ကြ၍ နိုင်သည့် မျောက်အုပ်သည် ရှုံးသော မျောက်အုပ်ကိုမောင်းထုတ်ကာ ထိုနယ်ကို ကြီးစိုး လိုက်လေသည်။ မျောက်များသည် တောတောင်ရှိ သစ်သီး သစ်ဥများကိုသာ မှီဝဲစားသောက်ကြသော်လည်း အစားအစာ ရှားပါး၍ ငတ်မွတ်လာသောအခါ လူတို့စိုက်ပျိုးထားသော တောင်ယာပဲခင်းများသို့ ဝင်ရောက်၍ စားသောက် ဖျက်ဆီးတတ်ကြသည်။ ယင်းသို့ ဝင်ရောက်စားသောက်သည့် အခါလည်း ခေါင်းဆောင်မျောက်ကပင် ဦးဆောင်၍ သွားလေ့ရှိလေသည်။ အသီးအနှံများကို ယာတွင်း၌ မစားကြဘဲသူတို့၏ ပါးစောင်အိတ်များ၌ အပြည့်ထည့်ကာ ခေါင်းဆောင်နှင့်အတူ နေရင်းအရပ်သို့ပင် ပြန်သွားလေ့ရှိကြသည်။ မျောက်တိုင်းပင် သစ်ပင်ပေါ်၌ ခုန်လွှားပြေးသွားရာတွင် ကျင်လျင်လေသည်။ မျောက်မများသည် သားငယ်တို့ကို ပိုက်၍ ခုန်လွှားနိုင်ကြ၏။ တောင်အမေရိကတိုက်ရှိ မျောက်များသည် အခုန်အလွှားတွင် အခြားတိုင်းပြည်များရှိမျောက်များထက်ပို၍ ကျင်လျင်ကြသည်။ အမြီးကို လက်သဖွယ် သစ်ကိုင်းများတွင် ရစ်ပတ်၍ တွဲလဲပြုကာ အရှိန်ဖြင့် လွှဲလျက် တစ်ပင်မှတစ်ပင်သို့ ခုန်နိုင်ကြ၏။ မြေကြီးမှ ပေ ၄ဝ အမြင့်တို့၌ပင် ထိုသို့ လွှဲခုန်ကာ သွားလာ နေတတ်ကြသည်။ သစ်ပင်ပေါ်မှ ဆင်းသက်ခဲလှ၍ ရေသောက်သောအခါ၌ပင် အမြီးဖြင့် သစ်ကိုင်းကို ရစ်ပတ်ကာ တွဲလဲပြု၍ ရေသောက်တတ်ကြသည်။ တောင်အမေရိကတိုက်ရှိ မျောက်များသည်လူတို့၏ တောင်ယာပဲခင်းများကို ဝင်ရောက် စားသောက်ဖျက်ဆီးလေ့ မရှိကြချေ။ သို့ရာတွင် သူတို့၏ အသားနှင့် အမွှေးများအတွက်လိုက်လံဖမ်းဆီးခြင်း ခံကြရလေသည်။ ကမ္ဘာပေါ်တွင် မျက်နှာရှုံ့ မျောက်မျိုးထဲမှ အငယ်ဆုံးဖြစ်သော မျောက်မျိုးနှစ်မျိုးသည် အာဖရိကတိုက်]] တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရှိကြသည်။ ထိုမျောက်မျိုးသည် အကောင်ရေများပြားစွာ အုပ်ဖွဲ့၍ နေတတ်ကြပြီးလျှင် အလွန်သတိရှိ၍ ပါးနပ်ကြသည်။ ယင်းတို့နယ်တွင်းသို့ သူစိမ်းတရံစာ လူသတ္တဝါတို့ရောက်လာလျှင် လုံးဝ အသံတိတ်လျက် မလှုပ်မယှက် ငြိမ်သက်စွာ နေတတ်ကြသဖြင့် ယင်းတို့ကို တွေ့ရန် ခက်လှပေသည်။ ထိုမျောက်မျိုး၏ မျက်နှာနှင့် လက်များသည် မည်းနေသည့်ပြင် ကိုယ်ရှိ အမွှေးမှာ အစိမ်း ရောင်သန်းသော မီးခိုးရောင်ဖြစ်သဖြင့် သစ်ရွက်များနှင့် ခွဲခြား၍ မရအောင် ရှိကြသည်။ အချို့ မျောက်များ၏ အမွှေးမှာ ရေညှိအစိမ်းပုပ်ရောင်ရှိ၍ အချို့ မျောက်တို့၏ မေးဖျားနှင့် ပါးမုန်းမွှေးတို့မှာ ဖြူနေကြသည်။ မျက်နှာရှုံ့ မျောက်မျိုးထဲမှ အကြီးဆုံးနှင့် အရဲရင့်ဆုံးသော မျောက်နီမျိုးကို အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသည်။ ထိုမျောက်နီမျိုးသည်လည်း အုပ်ဖွဲ့ကာ နေထိုင်တတ်ကြ၏။ သို့ရာတွင် ရန်သူတစ်စုံတစ်ယောက်သည် ယင်းတို့ နယ်အတွင်း ချဉ်းနင်းဝင်ရောက်လာလျှင် အခြား မျောက်တို့ကဲ့သို့ ငြိမ်သက်စွာ ပုန်းအောင်းမနေဘဲ ကျူးကျော်ဝင်ရောက်လာသော ရန်သူတို့အား ယင်းတို့လက်လှမ်းမှီရာ သစ်သီးများ၊ တုတ်ချောင်းများ၊ သစ်ကိုင်းသစ်ခွများနှင့်ပစ်ခတ်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ယင်းတို့နေထိုင်ရာ သစ်တောကို ဖြတ်သန်းစီးဆင်းသော မြစ်ချောင်းများအတွင်း၌ သွားလာသည့် လှေသမားများကိုပင် မျောက်နီ အုပ်ကြီးသည် မိုင်ပေါင်းများစွာ သစ်ပင်ခေါင်ဖျားမှလိုက်၍ အမျိုးမျိုး ပစ်ခတ်တတ်ကြသည်။ အာဖရိကတိုက်ရှိ မျက်ကွင်းဖြူ မျောက်ငယ်မျိုးများမှာမူ မျောက်နီများကဲ့သို့ ဆိုးသွမ်း ကြမ်းကြုတ်ခြင်းမရှိဘဲ၊ နှုးညံ့ သိမ်မွေ့သဖြင့် လူတို့မွေးမြူလေ့ ရှိကြသည်။ ထိုမျောက်မျိုးတို့ကို တိရစ္ဆာန်ရုံများတွင် တွေ့ရှိနိုင်သည်။ သင်ပြ၍ အလွန် တတ်လွယ်ကြသည်။ အချို့ မျက်ကွင်းဖြူ မျောက်များ၏ အမွှေးမှာ ရှည်၍ အရောင်မှာ မည်းနက်ကာ သပိတ်ရောင်ထနေသည်။ အချို့ မျောက်တို့၏ အမွှေးများမှာ အမည်းရောင်ပေါ်တွင် ဆွတ်ဆွတ်ဖြူ လည်ဆံမွှေးနှင့် အမြီးမွှေးတို့က ကျားလျက်ရှိသည်။ ယင်းတို့၏ အရေကို အဖိုးတန်သားမွှေးထည်များ ပြုလုပ်ရန်အတွက် မုဆိုးများသည် ထိုမျောက်များကို လိုက်လံဖမ်းဆီးကြလေသည်။ အီသီယိုးပီးယားနိုင်ငံမှ စစ်ဗိုလ်ကြီးများသည် ရာထူးအလိုက် ယင်းတို့၏ ဒိုင်းများကို ထိုမျောက်မွှေးရှည်များဖြင့် တန်ဆာဆင်ထားလေ့ရှိကြ၏။ ဥရောပနှင့် အမေရိကတိုက်တို့တွင် ခေတ်ဆန်သော အမျိုးသမီးများသည် ထိုမျောက်မွှေးရှည်များကို ယင်းတို့၏ အင်္ကျီရှည် အနားတစ်လျှောက်တွင် ကွပ်လျက် ဝတ်ဆင်လေ့ရှိကြသည်။ အမွှေးအဖြူများရှိသော မျောက်ကလေးများတွင် လက်မ မပါဘဲ၊ လက်ချောင်း ၄ ချောင်းသာပါသည်။ လက်မမှာအရာသာသာ ငုတ်တိုလေးမျှသာ ဖြစ်သဖြင့် ဆုပ်ကိုင်ရာ၌ အသုံးမပြုနိုင်ပေ။ သို့ရာတွင် ထိုမျောက်ကလေးများသည် အခြားမျောက်များကဲ့သို့ပင် လွယ်ကူစွာ သွားလာခုန်လွှားနိုင်ကြလေသည်။ မျောက်အပေါင်းတို့တွင် အိန္ဒိယနိုင်ငံရှိ ဟနုမန်ခေါ် မျောက်မျိုးတို့ကဲ့သို့ မည်သည့် မျောက်မျိုးမှ ကံမကောင်းနိုင်ချေ။ ဟနုမန် မျောက်များကို ဟိန္ဒူ လူမျိုးများသည် အထွတ်အမြတ် ထားကြ၏။ အနည်းငယ်မျှပင် နာကျဉ်အောက် မရိုက်ဝံ့ကြချေ။ ဟနုမန်မျောက်မျိုးမှာ အတော်အတန် ကြီးမားသည်။ ကိုယ်တွင်ညိုသော်လည်း၊ မျက်နှာနှင့်လက်များမှာ မည်းနေသည်။ အမြီးမှာ သေးသွယ်ရှည်လျားသည်။ ယင်းတို့သည် သစ်တောကြီးများတွင် နေသည်မှာ မှန်၏။ သို့ရာတွင် ယင်းတို့နေထိုင်ရာ အနီးရှိ တောလက်ကျေးရွာများသို့ အစုလိုက် အအုပ်လိုက် လာရောက်ကြလျက် ရွာတွင်းရှိ ပစ္စည်းများကို သူတို့ပိုင်သကဲ့သို့ ထင်သလိုပြုလုပ်တတ်ကြသည်။ ရွာဈေးများအတွင်းသို့ အုပ်လိုက်ဝင်ရောက်လျက် မုန့်များ၊ သစ်သီးများ၊ ထမင်းဟင်းများကို လုယူစားသောက်ကာ ပြန်သွားတတ်ကြသည်။ သို့ရာတွင် ဟိန္ဒူတို့သည် ထိုမျောက်များကို အထွတ်အမြတ် ထားကြသူများ ဖြစ်သဖြင့် မျောက်တို့လုပ်သမျှ ကြည့်နေ၍ အပျက်အစီးအဆုံးအရှုံးခံကြသည်။ တစ်ခါတစ်ရံ ထိုမျောက်တို့သည် ရွာတွင်းသို့ ဝင်၍ အိမ်ခေါင်မိုးများပေါ်သို့ တက်ကာ အိမ်များအတွင်းရှိ လိုရာပစ္စည်းမျာကို ဆွဲယူထွက်ပြေးတတ်ကြသည်။ တစ်ခါတစ်ရံ အမိုးများကို ဖျက်ဆီးပစ်ခဲ့ကြသဖြင့် မိုးအခါတွင် များစွာ ဒုက္ခရောက်ကြရသည်။ သို့ရာတွင် ဟနုမန်မျောက်မျိုးကား ဘေးမဲ့ထားခြင်းခံရသဖြင့် ထိုသို့သော နှောင့်ရှက်ဖျက်ဆီးမှုတို့ကြောင့် လူတို့၏ ရိုက်ပုတ်ညှဉ်းပန်းခြင်းကို မခံယူကြရပေ။ လူနှင့် ဝေးလှသော တောကြီးများတွင် နေကြသော ဟနုမန် မျောက်များပင်လျှင် လူကို တွေ့ရှိက မှတ်မိသည့် မိတ်ဆွေကဲ့သို့ပင် သစ်ပင်များပေါ်မှလာ၍ ဝမ်းသာအားရ နှုတ်ဆက်တတ်ကြလေသည်။ ကျား၊ ကျားသစ် စသော ရန်သူတို့နှင့် တွေ့သောအခါမူ လက်ညှိုးတထိုးထိုးပြုလျက် စူးရှစွာ ဟစ်အော်တတ်ကြသည်။ ဟနုမန်မျောက်များ၌ ပါးစောင်အိတ် မရှိကြချေ။ အခုန်သန်သည့် ဟနုမန်တို့ကဲ့သို့ အခုန်သန်သော မျောက်များသည် ပူအိုက်စွတ်စိုသော သစ်တောကြီးများတွင်သာ နေတတ်ကြသော်လည်း အချို့ အမျိုးတို့သည် ဟိမဝန္တာတောင်ပေါ်ရှိ ဆီးနှင်းလွှမ်းတတ်သည့် ထင်းရှူးတောများတွင် နေထိုင်တတ်ကြသေးသည်။ တရုတ် နိုင်ငံတွင်လည်း ထိုကဲ့သို့ ဆီးနှင်းရှိရာ မြင့်မားသော တောင်တန်းကြီးများတွင် နေနိုင်ကြသည့် မျောက်မျိုးရှိလေသည်။ တောင်အမေရိကတိုက်တွင် ရှဉ့်ထက် အနည်းငယ်မျှသာ ကြီး၍ အမွှေးရှည်သော အလွန်လှသည့် မျောက်ကလေးမျိုးရှိ၏။ ယင်းသည် ၈ လက်မခန့် ရှည်၏။ သူ၏ အမြီးမူကား တစ်ပေခန့် ရှည်၍ အမွှေးဖွားသည်။ ယင်း၏ ချွန်နေသော နားရွက်ကလေး၊ လူမျက်နှာနှင့် တူသော မျက်ခွက်နှင့် လက်များကြောင့်သာ မျောက်ဟုသိရသော်လည်း ရုတ်တရက်မူ ရှဉ့်ကလေးဟူ၍သာ အထင်မှားတတ်ပေသည်။ ထို့ကြောင့် ယင်းမျောက်ကလေးများကို ရှဉ့်မျောက်ဟု ခေါ်ကြသည်။ မိုးသည်းထန်စွာ ရွာသွန်းသောအခါ ဤရှဉ့်မျောက်ကလေး များသည် အနီးအနားရှိ အရွက်အထူဆုံး သစ်ပင်ကြီး တစ်ပင်ပေါ်တွင် တစ်စုတည်းနေလျက် တစ်ကောင်၏ လည်ပင်းပေါ်တွင် တစ်ကောင်၏ အမြီးကို ပတ်ထားကာ အချင်းချင်း မှီလျက်နေခြင်းဖြင့် အအေးဒဏ်မှ ကာကွယ်ကြသည်။ တောင်အမေရိကတိုက်ရှိ တောကြီးများတွင် ဆူညံစူးရှစွာ အူတတ်သော မျောက်တစ်မျိုးလည်း ရှိသေးသည်။ ထိုမျောက်မျိုးတွင်အသံကို ဖြစ်စေသော လေအိတ် ၆ ခုစီပါရှိသဖြင့် ယင်းတို့၏ အသံမှာ အထူးပင် ကြယ်လောင်စူးရှလှပေသည်။ တောင်အမေရိကတိုက်တွင် အခြား ထူးဆန်းသည့် မျောက်တစ်မျိုးမှာ ပင့်ကူမျောက်ပင်ဖြစ်သည်။ ကျောပေါ်တွင် အမွှေးထူထဲစွာ ပေါက်နေ၍ အမြီးနှင့် လက်တံများသည် သေးသွယ်ရှည်လျားရကား ရုတ်တရက်သော် ပင့်ကူကြီးနှင့်တူလှ၏။ ထို့အပြင် ကျောမွှေးနီရှိသော မျောက်မျိုးရှိသေး၏။ ထိုမျောက်မျိုးသည် လူတို့ကဲ့သို့ပင် ရေသောက်သောအခါ လက်ခုပ်ဖြင့်ယူ၍ သောက်တတ်ကြသည်။ ယင်းတို့သည် လွန်စွာနူးညံ့သဖြင့် လှောင်အိမ်နှင့် မွေး၍ မရသောကြောင့် တိရစ္ဆာန်ရုံများ၌ပင်မတွေ့မြင်ရချေ။ မြန်မာနိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် ဝက်မြီးကဲ့သို့ အမြီးလုံးရှိသော မျောက်မျိုးလည်း ရှိသေးသည်။ ဤမျောက်မျိုးသည် ကြီးသည့်အခါ လွန်စွာ ရက်စက်ကြမ်းကြုတ်သော အမျိုးဖြစ်၏။ သို့ရာတွင် ထိုမျောက်မျိုးကို ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေးမြူလျက် အုန်းပင်တက်၍ ရင့်မှည့်သောအသီးများကို ဆွတ်ခူးရန် သင်ပေးကာ အချို့လူတို့က အသုံးချကြသည်။ ခြင်္သေ့၏အမြီးကဲ့သို့ အဖျားစွန်း၌အမွှေးဖွား ပါရှိသော မျောက်တစ်မျိုးကိုလည်း သီရိလင်္ကာနိုင်ငံ၌ တွေ့ရှိ၏။ အာဖရိကတိုက် အနောက်ပိုင်းတွင် တွေ့ရသော မျောက်မောင်းမမျိုးမှ အကြီးဆုံးနှင့် အဆိုးဆုံးမှာ မန်ဒရီးခေါ် မျောက်မျိုးဖြစ်သည်။ မျက်နှာပုံမှာ ခွေးနှင့် ဆင်ဆင်တူသည့် အပြင် ချွန်ထွက်နေသော အစွယ်များကြောင့် အတော်ပင်အရုပ်ဆိုးသည်။ အမြီးမှာနှစ်လက်မခန့်မျှ ရှည်သော အငုတ်ကလေးဖြစ်၏။ မြေပြင်ပေါ်တွင် လေးဖက်လျင်မြန်စွာ ပြေးနိုင်သော်လည်း သစ်ပင်တက်ရာတွင်လွယ်ကူစွာ မတက်နိုင်ချေ။ သစ်သီး သစ်ဥများအပြင် ပိုးမွှားများနှင့် တိရစ္ဆာန်ငယ်များကိုပါ စားသောက်တတ်ကြသည်။ တစ်ခါတစ်ရံ လူတို့ စိုက်ပျိုးထားသော တောင်ယာ ပဲခင်းများကို ဝင်ရောက်ဖျက်ဆီးတတ်ကြသည်။ အာရေဗျနိုင်ငံနှင့် အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ မျောက်မောင်းမ တစ်မျိုးသည်လည်း ခွေးနှင့် ခပ်ဆင်ဆင် တူ၏။ ယင်းတို့ကို ရှေးအီဂျစ်လူမျိုးတို့ ကိုးကွယ်ရှိခိုးခဲ့ကြသည်။ တောင်အာဖရိကရှိ မျောက်ဝံထက် အနည်းငယ်ကြီးသော မျောက်တစ်မျိုးကို သိုးများထိန်းကျောင်းရန် ငယ်စဉ်ကပင် ယဉ်ကျေးအောင်မွေး၍ သင်ကြားပြသကာ အသုံးပြုကြသည်။ ယင်းတို့သည် ရဲရင့်၍ သစ္စာရှိသည်။ သိုးတို့အား ရန်မူလာသော မြွေကြီးများ၊ ကျား၊ ကျားသစ်စသည့် သတ္တဝါနှင့် လူများကိုပင် ရဲရင့်စွာ ခုခံတိုက်ခိုက်ကြသည်။ လူတို့လောက်ပင် သက်တမ်းရှည်သဖြင့် များစွာ အသုံးဝင်သော မျောက်မျိုး ဖြစ်သည်။ အာရှတိုက် အရှေ့တောင်ဘက်ရှိ ဘော်နီယိုကျွန်းတွင် ထူးဆန်းသော နှာတံရှည်မျောက်တစ်မျိုးရှိသေးသည်။ မျောက်ထီးကြီး၏ နှာတံမှာ ဆင်၏ နှာမောင်းကဲ့သို့ ရှေ့သို့ထိုးထွက်နေလျက် တစ်မိုက်ခန့်ရှည်ကာ ဆင်နှာမောင်းကဲ့သို့ ဘယ်ညာ အထက်အောက် ရွှေ့ပြောင်းလှုပ်ရှားနိုင်သည့်အပြင် အတိုအရှည် အလိုရှိသလို ရှုံ့နိုင် ဆန့်နိုင်သည်။ အပြည်ပြည်တွင် မိမိတို့ဆိုင်ရာ မျောက်နှင့် စပ်ဆိုင်သည့် ဝတ္ထုပုံပြင်များ ရှိကြလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) ကိုးကား ကဏ္ဍ:ပရိုင်းမိတ်များ
ပူး
ပူး တို့သည် သေးငယ်သော သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် နို့တိုက်သတ္တဝါများ ဖြစ်ကြပြီး သူတို့၏ သိပ္ပံအမည်မှာ Cavia porcellus ဖြစ်သည်။ လက်တင်ဘာသာစကား အရ ဝက်အကောင်ငယ်ကလေးများ ဟု အဓိပ္ပာယ်ရသည်။ သို့သော်လည်း ပူးတို့သည် ဝက်နှင့် အမျိုးတူ မဟုတ်ကြပေ။ ကိုးကား ကဏ္ဍ:ကိုက်ဖြတ် သတ္တဝါများ
လိပ်
လိပ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ခန့် က ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင် နှစ် သန်းပေါင်း ၃၉၅ မှ ၂၂၅ ပလီအို ဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ် သန်းပေါင်း ၂၉၀ ခန့်က ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles)မှတစ်ဆင့် ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သောနှစ်သန်းပေါင်း ၂၆၀ ခန့်က ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြသည်။ ဒိုင်နိုဆောများ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့သော်လည်း လိပ်များသည် ယနေ့ထက်တိုင် ကမ္ဘာမြေပေါ်တွင် ရှင်သန်နေထိုင်နေရသည့် အကြောင်းရင်းမှာ ယင်းတို့၏ ထူးခြားသော ခန္ဓာကိုယ် သွင်ပြင်လက္ခဏာများ နှင့် လျှို့ဝှက်စွာနေထိုင်တတ်သည့် အပြုအမူ၊ အလေ့အထများကြောင့် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ထင်မြင်ယူဆကြသည်။ သဏ္ဌာန် လိပ်များမှာ ထုံထိုင်းသော သတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး မာကျောသော အရိုးခွံဖြင့် ဖုံးအုပ်နေသဖြင့် ပုံပန်းသဏ္ဌာန်ရော အနေအထိုင် အသွားအလာပါ ထူးဆန်းသော သတ္တဝါ မျိုးဖြစ်သည်။ အချို့သည် ကုန်းပေါ်၌နေကြ၍ အချို့သည် ရေထဲ၌သာ နေကြသည်။ လိပ်တစ်ကောင်လုံးသည် မာကျော၍ ဦးချိုကဲ့သို့ထူသော အရိုးခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ထိုအရိုးခွံကြီးသည် သံချပ်ကာကားသဖွယ် ရန်သူ့ ဘေးမှ ကာကွယ်ပေးသည်။ အခွံမှာ တိရစ္ဆာန်၏ ဦးချိုသဖွယ်မာကျော၍ အတွင်းမှအသားနှင့် ဆက်စပ်လျက်ရှိနေရကား အကောင်သည် အခွံတွင်းမှ သက်သက်ထွက်၍ မလာနိုင်ချေ။ လိပ်၏ကျောရိုးမှာ အိမ်၏ဝန်ကို ထမ်းထားသော ခေါင်မကြီးကဲ့သို့လည်းကောင်း၊ နံရိုးများမှာ ထုတ်လျောက် ဒိုင်းမြားများကဲ့သို့လည်းကောင်း၊ အပေါ်ခွံနှင့်ကပ်နေသည့် အရိုးချပ်များမှာ အိမ် မိုးကိုခံထားသည့် မြားတန်းများသဖွယ်လည်းကောင်းရှိရာ အိမ်ကိုမပျက်စေဘဲ အမိုးကို သက်သက်ခွာထုတ်၍ မရသကဲ့သို့ပင်ရှိသည်။ လိပ်၏အောက်ပိုင်း၌ အခွံသည် ရင်ပတ်ရိုးနှင့် ပူးတွဲဆက်စပ် လျက်ရှိ၏။ ကုန်းလိပ်များ၌ အပေါ်ခွံနှင့် အောက်ခွံဆက်စပ်ရာတွင် ရှေ့ နောက်အပေါက်နှစ်ပေါက်ရှိရာ ရှေ့အပေါက်မှာ ဦးခေါင်းနှင့် လက်များဝင်ရန်ဖြစ်၍ နောက်အပေါက်မှာ အမြီးနှင့် ခြေထောက်ဝင်ရန်ဖြစ်သည်။ လိပ်သည် အခွံတွင်းသို့ ဦးခေါင်း၊ အမြီးနှင့် ခြေလက်တို့သွင်းမိ သောအခါ သံချပ်ကာကားအတွင်းသို့ ရောက်နေသူသည် ရန်သူကို အမှု မထားသကဲ့သို့ပင် ရှိချေသည်။ ဦးခေါင်းနှင့် ခြေလက်များ၌လည်း ဦးချိုနှင့် တူသည့် အလွန်မာကျောသော အကြေးများဖြင့် ဖုံးအုပ်နေပြီးလျှင် ကျား လက်သည်း၊ စွန်လက်သည်းများကဲ့သို့ သန်မာသော လက်သည်းများလည်း ရှိလေသည်။ အခွံမှာ အမျိုးကိုလိုက်၍ ပုံအမျိုးမျိုး၊ အကွက်အမျိုးမျိုးရှိပြီးလျှင် များသောအားဖြင့် ခုံးဝိုင်းခြမ်းသဏ္ဌာန်ရှိ၏။ အရောင်မှာ ညိုမွဲသောအရောင် ဖြစ်သည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော်လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်းယူနိုင်လေသည်။ မျိုးရင်း လိပ်သည် မြေပေါ်တွင် တွားသွားကောင် မျိုးစဉ်တွင်ပါဝင်၍ မြွေ၊ အိမ်မြှောင် အစရှိသော တွားသွားတိရစ္ဆာန်တို့နှင့် မျိုးစဉ်တစ်ခုတည်းဖြစ်၏။ ကုန်းလိပ်၊ ပင်လယ်လိပ်ဟူ၍ မျိုးစဉ်နှစ်ခု ခွဲခြားထားသည့်အနက်၊ ကုန်းမြေပြင်နှင့် ရေချိုများတွင်တွေ့ရသည့် လိပ်မျိုးများကို ကုန်းလိပ်ဟု အမည်ပေးထားပြီးလျှင်၊ ပင်လယ်၌တွေ့ရသော လိပ်မျိုးများကို ပင်လယ်လိပ် ဟု အမည်ပေးထားသည်။ ထိုရေချိုလိပ်မျိုးမှာ ကုန်းတွင်ပျော်မွေ့ကြ၍ ကုန်းလိပ်ပင် ဆိုရ လင့်ကစား နွံအိုင်များ၊ ပွက်များ၊ ရေစပ်စပ်ရှိသော နေရာများတွင် မည် သည့်အခါမျှမတွေ့ရချေ။ သူတို့၏ နောက်ခြေများ၌ ရေကူးနိုင်ရန် ဘဲခြေထောက်မှာကဲ့သို့ ခြေချောင်းအကြားတွင် ဆက်စပ်နေသည့် အရေပြားမျိုးရှိသည်။ ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင်လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင်လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော်လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်းယူနိုင်လေသည်။ သဘာဝပတ်ဝန်းကျင်တွင် ပင်လယ်လိပ်များ၏ အရေးပါမှု ပင်လယ်လိပ်များသည် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများတွင် ပေါက်ရောက်လျက်ရှိသော ပင်လယ်မြက်၊ ရေညှိ၊ ရေမှော်များကို စားသုံး၍ ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများမှ ဩဇာဓာတ်များဖြစ်ပေါ်ကာ ငါး၊ ပုစွန် အစရှိသည့် ရေနေသက်ရှိ သတ္တဝါမျိုးစိပ်များစွာတို့သည် ထိုဩဇာဓာတ်များကို စားသုံးခြင်းဖြင့် ပေါက်ပွားရှင်သန်ရန် ပင်လယ်လိပ်များမှ ဖန်တီးပေးသကဲ့သို့ ဖြစ်သည်။ ပင်လယ်လိပ်များသည် ပင်လယ်ပြင် ဂေဟစနစ် (Marine Ecosystem) တွင် ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) တစ်ခုအဖြစ်ပါဝင်သည့်အလျှောက် အစာကွင်းဆက် (Food Chain)နှင့် အစာကွန်ယက် (Food Web)တွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပင်လယ်လိပ်များသည် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide)ဖြစ်ပေါ်စေနိုင်သော မျှောလှေးများဖြစ်သည့် Dinoflagellates နှင့် Diatoms များကို စားသုံးသည့် မျိုးစိပ်များဖြစ်သည့်အပြင် ပင်လယ်ပြင်ဂေဟစနစ် (Marine Ecosystem) ဆက်စပ်မှုတွင် အရေးပါအရာရောက်သည့် သတ္တဝါဖြစ်သည်။ ထို့ကြောင့် ပင်လယ်၌ နေထိုင်ကျက်စားသော အခြားရေနေသတ္တဝါမျိုးစိပ်များ အသက်ရှင်သန်ကြီးထွားမျိုးပွားရေးအတွက် အရေးပါသော သတ္တဝါပင်ဖြစ်သည်။ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန(လက်ကမ်းစာစောင်) ကုန်းလိပ် နှင့် ရေလိပ် ရေလိပ်ခွံမာ လိပ် ပင်လယ်လိပ်ဥများအား တွေ့ရပုံ ပင်လယ်လိပ်များ၌ အထီးများသည်ရေနှင့် မခွဲခွာဘဲ နေကြသော်လည်း လိပ်မများမှာမူ သဲပေါသော ကမ်းစပ်၌ဖြစ်စေ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကို အုရန်လာရောက်ကြ၏။ ဤသို့လာသည့်အခါများ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့်ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။ ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက်ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို အတန်နက်စွာ တူးပြီးနောက် ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုအုသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ ဖုံးထား၏။ နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝအတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်။ သို့သော် အချို့မှာ ကုန်းပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်။ ကုန်းလိပ်နှင့် ပင်လယ်လိပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင်လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင်လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်။ အစားအစာ ကုန်းလိပ်မျိုးစဉ်အစစ်များမှာ ခြောက်သွေ့သော မြေပေါ်၌လည်းကောင်း၊ သဲစပ်သောင်ပြင်နှင့် သဲကန္တာရအစွန်အဖျားတို့၌လည်းကောင်း ကျစ်စာတွင်းကလေးများ တူးယက်ကာနေကြ၏။ သူတို့သည် နေ့အချိန်တွင် ထိုတွင်းကလေးများ၌ အောင်းကာညဉ့်အချိန်များ၌ တရွေ့ရွေ့ အစာရှာထွက်တတ်သည်။ သူတို့စားသော အစာမှာလည်း ဆူးရှိသောရှားစောင်းပင်များ၊ မြက်ခြောက်များ၊ နွယ်ပင်ကလေးများဖြစ်၏။ ရေချို၌နေသည့် လိပ်များမှာမူ တွေ့မြင်ရာ အကောင်ကလေးများကို စားသောက်တတ်၍ ထိုအစာများမှာ ခရု၊ ဖားလောင်း၊ ဖား၊ ငါးကလေးများနှင့် ပုစွန်များဖြစ်သည်။ ဟင်းသီးဟင်းရွက်သာစားသော လိပ်များလည်း ရှိသေးသည်။ မြန်မာဘုရင်များလက်ထက် မြန်မာဘုရင်များလက်ထက်က လိပ်တိုက်ပွဲဟူ၍ အပျော်အပါး ကျင်းပခဲ့ဖူးလေသည်။ ကျဉ်းမြောင်း သော ရေမြောင်းကလေးများထဲတွင် လိပ်များကို ရင်ဆိုင်ချကာ လိပ်တိုက်ပွဲများကို ရံဖန်ရံခါ ကျင်းပခဲ့ဖူးလေသည်။ မြန်မာ့လိပ်မျိုးစိတ်များ ကုန်းလိပ်များ - လိပ်ဝါ(Indotestudo elongata)၊ ကြယ်လိပ်(Geochelone platynota)၊ တောင်လိပ်ကြီး(Manouria impressa)၊ လိပ်မောင်း(Manouria emys phayrei)။ ရေချိုလိပ်များ - လိပ်ကြက်တူရွေး(Platysternon megacephalum peguense)၊ တောင်ပိုင်းသောင်လိပ်(Batagur affinis affinis)၊ မြောက်ပိုင်းသောင်လိပ်(Batagur baska)၊ တိုက်လိပ်(Batagur trivittata)၊ လိပ်ရင်ကျိုး(Cuora lineata/ Cuora couro kamaroma)၊ ကံလိပ်(Cuora mouhotii mouhotii)၊ ဖက်လိပ်(Cyclemys fusca/ Cyclemys oldhamii)၊ ဆောက်လိပ်(Morenia ocellata)၊ ရခိုင်တောင်လိပ်(Heosemys depressa)၊ သင်ပေါင်းလိပ်(Heosemys grandis)၊ နေကြာပန်းလိပ်(Heosemys spinosa)၊ လိပ်ချေးပန်း(Melanochelys trijuga edeniana)၊ ခေါင်းကျားလိပ်(Malayemys macrocephala)၊ လိပ်မည်း(Siebenrockiella crassicollis)၊ လိပ်ဘီးဝန်း(Amyda ornata phayrei/ Amyda cartilaginea)၊ လိပ်ခေါင်းသေး(Pelochelys cantorii)၊ လိပ်ဖရဲ(Chitra vandijki)၊ လေးကွက်လိပ်(Nilssonia formosa) ပင်လယ်လိပ်များ - လိပ်ခွေး(Caretta caretta)၊ ပြင်သာလိပ်(Chelonia mydas)၊ စောင်းလျားလိပ်(Dermochelys coriacea)၊ လိပ်စွန်/လိပ်ကြက်တူရွေး(Eretmochelys imbricata)၊ လိပ်လှောင်း(Lepidochelys olivacea)။ (မြန်မာ့လိပ်မျိုးစိတ်များအမျိုးအစားခွဲခြားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖွဲ့အစည်း Turtles & Tortoises of Myanmar Facebook Group မှ ကူးယူတင်ပြသည်။) ကိုးကား ကဏ္ဍ:တွားသွားသတ္တဝါများ
ကျွဲ
ကျွဲ () (Bubalus bubalis) သည် အာရှတိုက်တွင် အလွန်ပေါများသော သတ္တဝါဖြစ်ပြီး တောင်အမေရိက၊ ဥရောပတောင်ပိုင်းနှင့် အခြားဒေသများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ကျွဲသည် ungulate ခေါ် ကြီးမားပြီး ခွာတပ်ခံရသော သတ္တဝါအမျိုးအစားတွင် ပါဝင်ပြီး bovine မျိုးရင်းသေးတွင်လည်း ပါဝင်သည်။ ဩစတြေးလျ မြောက်ဘက်ပိုင်းတွင် feral ခေါ် အယဉ်မှ အရိုင်းပြန်ဖြစ်သွားသော ကျွဲများ အခြေတကျနေထိုင်နေကြပြီး အရှေ့တောင်အာရှတွင်မူ ကျွဲရိုင်းအမြောက်အမြားရှိသေးသည်။ ယဉ်ပါးသော ကျွဲအမျိုးမျိုးတို့သည် တူညီသော ဘိုးဘွားများမှ ဆင်းသက်လာကြပြီး ဘိုးစဉ်ဘောင်ဆက်တွင် အခုအခါ မျိုးတုံးပျောက်ကွယ်လုနီး ဖြစ်နေသော ကျွဲရိုင်း(wild Asian water buffalo) အပါအဝင် ဖြစ်သည်။ သူ၏ သဘာဝ ထို့ပြင် ကျွဲသည် ရွံ့ညွန်ရေကွက်တွင် လူးတတ်‌သောခြေလေးချောင်း တိရစ္ဆာန်ဖြစ်သည်။ ကျွဲသည် စားမြုံ့ပြန်နေတတ်သည်။ ကျွဲသည် နွားထက် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်း၍ ခွန်အားဗလ ပိုမိုကြီးမားသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် လယ်ထွန်ယက်ရာ၌ လည်းကောင်း၊ လေးလံသော သစ်လုံးကြီးများကို ဆွဲရာ၌ လည်းကောင်း ကျွဲယဉ်ကို အသုံးပြုကြသည်။ ကျွဲယဉ်များကို ခိုင်းစေလျက် ရှိနေကြပြီဖြစ်သော်လည်း အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တောနက်များတွင် ကျွဲရိုင်းအုပ်များကို ယနေ့တိုင် တွေ့မြင်ကြရသေးသည်။ အာဖရိကကျွဲရိုင်း အာဖရိကတိုက်၌ရှိသော အာဖရိကကျွဲရိုင်းတို့သည် အလွန်သန်စွမ်း ရဲရင့်ကြသဖြင့် မည်သည့်တိရစ္ဆာန်ကိုမျှ မကြောက်ရွံ့ချေ။ အာဖရိကတိုက်သို့ သွားရောက်၍ တိရစ္တာန်များကို အပျော်လိုက်လံ ပစ်ခတ်သူတို့ပင် ဤကျွဲရိုင်းများကို သေနတ်အားကိုးနှင့် မထီလေးစား မပြုလုပ်ရဲကြပေ။ ယင်းတို့ကို မြင်းပေါ်မှဖြစ်စေ၊ သစ်ပင်ထက်မှ ဖြစ်စေ၊ ပစ်ခတ်မှသာလျှင် အသက်ဘေးအတွက် စိတ်ချရသည်။ အဆိုပါ ကျွဲရိုင်းသည် တစ်ကောင်တည်းဖြစ်စေကာမူ ခြင်္သေ့ ၂ကောင် ၃ကောင်တို့နှင့် ဖက်ပြိုင်ရန်ပြုဝံ့သည်။ ထို့ကြောင့် ခြင်္သေ့တို့သည် ကျွဲရိုင်းအထီးများကို ရန်မူလေ့ မရှိကြချေ။ ကျွဲရိုင်းတို့သည် အနံ့ခံကောင်း၍ နားကင်းလည်း ပါးကြသည်။ ယင်းတို့သည် အုပ်စုဖွဲ့၍ နေတတ်ကြရာ အုပ်ထဲမှ ကွဲထွက်သွားသော ကျွဲတကောင်တလေကိုသာ ခြင်္သေ့တို့ သတ်ဖြတ် စားသောက်နိုင်ကြသည်။ ကျွဲရိုင်း၏ သားရေမှာ အလွန်ခိုင်မာသည့်အလျောက် အာဖရိကတိုင်းရင်းသား ကက်ဖာလူမျိုးတို့သည် ထိုကျွဲသားရေဖြင့် ဒိုင်းလွှားများ ပြုလုပ်ကြသည်။ အာရှကျွဲ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရှိသော ကျွဲရိုင်းများသည် အာဖရိကတိုက် တောင်ပိုင်း၌ တွေ့ရသော ကျွဲရိုင်းများကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ကျွဲသိုးကြီးများသည် ၆ ပေမျှ မြင့်၍ ဦးချိုများသည် ၆ ပေခန့်ပင်ရှည်လျားသည်။ ကျားများပင် ထိုကျွဲသိုးတို့ကို ရှောင်သွားတတ်ကြသည်။ ကျွဲယဉ်တို့သည် နွားတို့ထက် ခွန်အားပိုကြီးသည် မှန်သော်လည်း နွားတို့ကဲ့သို့ ကျိုးကျိုးနွံနွံ မရှိလှချေ။ ဝန်စည်ကို သယ်ဆောင်စေကာမူ ရေအိုင်မြင်လျှင် အတင်းဆင်းသွားတတ်သည်။ အသုံးဝင်ပုံ မြန်မာနိုင်ငံနှင့် အိန္ဒိယတို့တွင် နို့စားကျွဲမများကို မွေးမြူထားကြသည်။ မြန်မာနိုင်ငံတွင် ဗင်္ဂလားကျွဲခေါ် ချိုလိမ်ကျွဲများကို နို့စားရန်အတွက် မွေးမြူကြသည်။ ကျွဲသားရေကို ကျိုသော် ကျွဲကော်ရသည်။ ကျွဲ၏မစင်ကို မြေဩဇာအဖြစ် သုံးလေ့ရှိကြပြီး ခြောက်သွေ့သွားသောအခါတွင် လောင်စာအဖြစ်သုံးကြသည်။ ထိုင်းနိုင်ငံ ချောင်ဘူရီ (Chonburi, Thailand) နှင့် အိန္ဒိယနိုင်ငံ ကရာလာနယ် မလာဘာတောင်ပိုင်း (South Malabar Region in Kerala, India) ဒေသတို့တွင် နှစ်စဉ် ကျွဲပြိုင်ပွဲများရှိသည်။ အချို့သော ကျွဲများကို ဝန်တင်ကျွဲအဖြစ် အသုံးပြုကြသည်မှာ အထူးတပ်ဖွဲ့များပင် အပါအဝင်ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂၊နှာ-၂၂၉ ကိုးကား ကဏ္ဍ:ကျွဲ ကဏ္ဍ:မွေးမြူရေး ကဏ္ဍ:အရှေ့တောင်အာရှတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:အိန္ဒိယနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:မလေးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:နီပေါနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:ပါကစ္စတန်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:ထိုင်းနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:ဗီယက်နမ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ ကဏ္ဍ:ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
သိုး
သိုး (Ovis aries) သည် ခြေ ၄ ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် ပါဝင်သောသတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံ့ပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင် ခွာနှစ်ခုရှိသည်။ အင်္ဂလိပ်ဘာသာစကားတွင် Sheep ကို သတ္တဝါမျိုးကွဲပေါင်းများစွာကို ရည်ညွှန်းခေါ်ဆိုလေ့ရှိသော်လည်း ပုံမှန်အားဖြင့် အိုဗစ် အေရီးစ်(Ovis aries) ခေါ် အိမ်မွေးသိုးကိုသာ အများအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည်။ အိမ်မွေးသိုးများသည် သူတို့နှင့် မျိုးစုတူသတ္တဝါများတွင် အရေအတွက်အများဆုံးဖြစ်ပြီး ကောင်ရေ ၁ ဘီလီယံကျော်မျှရှိမည်ဟု ယူဆရပြီး ဥရောပ နှင့် အာရှရှိ မိုဖလွန် (Mouflon) တောင်ဆိတ်ရိုင်း များမှ ဆင်းသက်သည်ဟု ယူဆကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံးယဉ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် အပါအဝင်ဖြစ်ပြီး၊ သိုးများ၏ အသားနှင့် သိုးမွှေး တို့သည် လူတို့အတွက်အကျိုးရှိသည်။ တိရစ္ဆာန်များမှ ရသောပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံး သုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သိုးငယ်များမှ ရသော အသားကို (Lamb) ဟု ခေါ်ကြပြီး၊ သိုးကြီးများမှရသော အသားကို (Mutton) ဟုခေါ်ကြသည်။ သိုးများသည် သူတို့၏ အသားနှင့် အမွှေးများအတွက် ယနေ့တိုင် အရေးကြီးဆဲဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် သိုးရေခွံ၊ နို့ထွက်ပစ္စည်းနှင့် သိပ္ပံဆိုင်ရာလေ့လာမှု တို့အတွက်လည်း မွေးမြူကြသည်။ သိုးရိုင်းများကိုအာရှတိုက်၊ အာဖရိကတိုက်၊ ဥရောပတိုက်နှင့်မြောက်အမေရိကတိုက်များတွင် ယနေ့တိုင် တွေ့မြင်ရသေးသည်။ သိုးရိုင်းများသည် တောင်ထူထပ်သော ကုန်းမြင့်ပိုင်းများပေါ်၌သာ နေတတ်ကြသဖြင့် မြေပြန့်တွင် မတွေ့နိုင်ချေ။ သိုးနှင့်ဆိတ်တို့သည် မျိုးချင်းအလွန် နီးစပ်ကြသဖြင့် သိုးရိုင်းအချို့တို့သည် ဆိတ်နှင့်ဆင်ဆင်တူကြ သည်။ သိုးကိုအလွယ်တကူနှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်သည်ဟု ဆိုလျှင်ဆိုနိုင်သည်။ သို့ရာတွင် မည်သည့်တိုင်းပြည်ကစ၍ သိုးကိုယဉ်ပါးလာ အောင်ပြုလုပ် မွေးမြူခဲ့သည်ဟူ၍ကားမသိရချေ။ ယခုလူတို့မွေးမြူထားကြသော သိုးယဉ်များနှင့် အထက်တွင်ဖော်ပြခဲ့သော တိုင်းပြည်များ၌ တွေ့မြင်ရသည့်သိုးရိုင်းတို့မှာ ပုံပန်းသဏ္ဌာန်ခြင်းဆင်တူကြသည် ဟုမဆိုသာချေ။ ပုံစံဆိုလျှင် သိုးရိုင်းများတွင် ဦးချိုများထွက်လျက်ရှိကြသော်လည်း သိုးယဉ်များ၌ ဦးချို မပါသော သိုးမျိုးများစွာရှိလေသည်။ သိုးရိုင်းများတွင် အမွှေးကြမ်းရှိ၍ သိုးယဉ်တို့၌မူ သိုးမွှေးခေါ်အမွှေးနုများရှိကြသည်။ လူတို့သည် စာမရေးတတ်မီ ခေတ်မှစ၍ သိုးမွှေးဖြင့် ခြည်ငင်၍ အထည်အဝတ်များ ရက်လုပ် ခဲ့ကြသည်ကို ထောက်ရှုသောအားဖြင့် သိုးသည် လူတို့ ပထမဆုံးယဉ်ပါးလာအောင် ပြုလုပ်မွေးမြူကြသောတိရစ္ဆာန်ပင် ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ အမွှေးကြမ်းများသာရှိသော သိုးရိုင်းများကို အသုံးကျသော သိုးမွှေးနုများရှိသည့် သိုးယဉ်များ ဖြစ်လာစေရန် နှစ်ရာပေါင်းများစွာ လူတို့ပြုပြင် မွေးမြူလာခဲ့သည်ကိုကား ယုံမှားဖွယ်ရာ မရှိချေ။ ယနေ့ မြင်တွေ့နေရသော သိုးမွှေးအထွက်ကောင်းသည်ဆိုသော သိုးတစ်ကောင်မှ ရရှိသော သိုးမွှေးချိန်သည် လွန်ခဲ့သောအနှစ် ၅ဝ ကသိုးတစ်ကောင်မှထွက်သည့် သိုးမွှေးချိန်ထက် သုံးပုံတစ်ပုံမျှ ပိုကြောင်း သိရ၏။ ရောမစစ်သူကြီးဂျူးလယပ်ဆီဇာ အင်္ဂလန်နိုင်ငံသို့ သွားရောက်ချိန်တွင် အင်္ဂလန်ပြည်သားတို့သည် သိုးကို မွေးမြူလျက်ရှိကြပြီးဖြစ်၍ ရောမလူမျိုးများသည် ထိုတိုင်းပြည်၌ သိုးမွှေးရက်သည့်လုပ်ငန်း ကို စတင်တည်ထောင်ပေးခဲ့ကြသည်။ ထိုခေတ်အခါမှစ၍ ယနေ့ထက်တိုင် အင်္ဂလန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု တစ်ရပ်သည် သိုးမွေးမြူခြင်းနှင့် သိုးမွှေးရက်လုပ်ခြင်းလုပ်ငန်းများတွင် တည်လျက်ရှိပေသည်။ အင်္ဂလန်နိုင်ငံ၏သမိုင်းသည် စင်စစ်အားဖြင့် သိုးမွှေးလုပ်ငန်းစဉ်သမိုင်းမျှဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ထိုကဲ့သို့ အင်္ဂလန်နိုင်ငံ၏ သမိုင်းတွင် သိုးမွှေးလုပ်ငန်းသည် အလွန်အရေးပါအရာရောက်သော အချက်တစ်ရပ် ဖြစ်သည့်အလျောက် ပါလီမန် အထက်လွှတ်တော် ဥက္ကဋ္ဌသည် သိုးမွှေးထိုင်ဖုံပေါ်တွင် ထိုင်လေ့ရှိသည့် ထုံးတမ်းစဉ်လာမှာ ယခုထက်တိုင် တည်လျက်ရှိနေလေသည်။ အမွှေးတိုသိုးမျိုးများတွင် ဆောက်ဒေါင်းသိုးမျိုးနှင့် ရှယော့ရှိုင်ယာသိုးမျိုးတို့သည် အသားအတွက်ထင်ရှားသည်။ ကျန်သိုးများမှာ ဟမ္ပရှိုင်ယာ၊ ဆပ်ဖိုနှင့်ဒေါဆက်ဟွန်းတို့ဖြစ်ကြ၍ ဒေါဆက် ဟွန်းသိုးမျိုးတွင် အထီးနှင့်အမ နှစ်မျိုးစလုံး၌ ဦးချိုများပါရှိသည်။ တောင်ကုန်းဒေသများတွင် ချဲဗီယော့ မျိုး၊ စကော့တစ်ဗလက်ဖေ့မျိုး၊ အက်စမိုးမျိုးနှင့် ဒတ်မိုးမျိုးတို့ကို မွေးမြူကြသည်။ ဝေလသိုးမျိုးမှာ အသားအတွက်ထင်ရှားသည်။ အင်္ဂလိပ်လူမျိုးတို့သည် သိုးမျိုးကောင်းများကို နှစ်ပေါင်းရှည် ကြာစွာမွေး မြူခဲ့ကြသည်ဖြစ်ရာ အင်္ဂလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သိုးမွှေးထည်အကောင်းဆုံး ရက်လုပ်နိုင်သော တိုင်းပြည်ဖြစ်သည်။ သိုးမွေးမြူသည့် လုပ်ငန်းကြီးကျယ် ထွန်းကားလျက် ရှိသောတိုင်းနိုင်ငံတို့မှာ ဩစတြေးလီးယား၊ နယူးဇီလန်၊ အာဂျင်တီးနား၊ အူရူဂွေး၊ ဗြိတိသျှကျွန်းစုနှင့်အမေရိကန် ပြည်ထောင်စုတို့ဖြစ်သည်။ ထိုတိုင်းနိုင်ငံများအနက် ဩစတြေးလီးယားနှင့်နယူးဇီလန်နိုင်ငံများသည် ယခုအချိန်တွင် ကမ္ဘာပေါ်၌သိုးမွှေးအများဆုံးထွက်သော တိုင်းပြည်များဖြစ်ကြ သည်။ ဩစတြေးလီးယားနိုင်ငံသည် အထူးသဖြင့် သိုး မွေးမြူရေးအတွက် သင့်တော်သည့် တိုင်းပြည်ဖြစ်ရာ သိုးမွေးမြူသည့် ဌာနတစ်ခုလျှင်မြေဧကပေါင်း ၁ဝဝဝဝဝ မျှပင် ကျယ်ဝန်းလေသည်။ ဩစတြေးလီးယားနိုင်ငံသည် သဘာဝအလျောက်သိုးစားကျက်ကြီး သဖွယ်ဖြစ်နေသည့်အပြင် ရာသီဥတုအခြေအနေမှာလည်း သိုးများအတွက် သင့်လျော်သဖြင့် ထိုတိုင်းပြည်တွင် ကောက်ပဲသီးနှံစိုက်ပျိုးရေးထက် သိုး မွေးမြူရေးက ပို၍အကျိုးဖြစ်ထွန်းပေသည်။ သိုးများသည် အအုပ်အသင်းဖွဲ့ကာ နေတတ်ကြ၍ ခေါင်းဆောင် သိုး ရှေ့ဆောင်ရာသို့သာ စုပြုံလျက် လိုက်တတ် လေသည်။ ရှေ့ဆောင်လမ်းပြသည့် သိုးမှာအသက်အရွယ် ကြီးရင့်သော သိုးထီးဖြစ်သည်။ သိုးသည် အလွန် ကြောက်အားပိုတတ်သော သတ္တဝါဖြစ်သဖြင့် ရန်သူနှင့် ရင်ဆိုင်မိလျှင်ရှောင်ဖယ်ပြေးတတ်၏။ သို့သော် မလွှဲမရှောင်သာသည့် အခါမျိုးနှင့်ကြုံလျှင် သိုးထီး များသာမက သိုးမများကပါ ရန်သူကိုခုခံတွန်းလှန်ပစ်ကြသည်။ တစ်ခါတစ်ရံမပြေးသာသည့်အခါ ရန်သူနှင့်တွေ့လျှင် တစ်ကောင်နှင့်တစ်ကောင်တိုးဝှေ့ကာစု၍ နေလေ့ရှိကြသည်။ သိုးများတစ်နေရာမှတစ်နေရာသို့သွားကြသည့် အခါ၌လည်းကောင်း၊ တစ်ကောင်ချင်း မဟုတ်ဘဲ အချင်းချင်း တိုးဝှေ့လျင် ခြေများရှုပ်ရှက်ခတ်မျှ ပူးတွဲ၍သွားလာတတ် ကြသည်။ သိုးများတွင် ယင်းကဲ့သို့အချင်းချင်းတိုးဝှေ့ပူးတွဲကာ နေတတ်သော အလေ့အထမျိုးရှိတတ်သဖြင့် သားရဲတိရစ္ဆာန် များသတ်ဖြတ်ကိုက်ဖြတ်စားရန် လွယ်ကူလေသည်။ ထို့ကြောင့်သာလျှင် ရှေးအခါမှစ၍ သိုးထိန်းသမား တို့သည် သူတို့၏သိုးစုကို ထိန်းကျောင်းရသည့်တာဝန်မှာ အလွန်ကြီးလေးလှပေ၏။ အဘက်ဘက်တွင်တိုး တက်လျက်ရှိသော ဤခေတ်၌ပင် သိုးထိန်းသမားတို့သည် တောသားရဲတို့၏ ရန်မှသော်လည်းကောင်း၊ သိုးသူခိုး များ၏အန္တရာယ်မှ သော်လည်းကောင်း၊ ကာကွယ်စောင့်ရှောက် ပေးရလေသည်။ ခွေးများသည် သိုးထိန်းသမားတို့၏ အားကိုး လောက်သောကူဖော်လောင်ဖက်များဖြစ်ကြသည်။ သိုးထိန်း သမားတို့သည် သိုးများကို ဂရုတစိုက်မွေးမြူကြသကဲ့သို့ သိုးစောင့်ခွေးမျိုးကိုလည်း လက်သပ်မွေးထားကြသည်။ သိုးများတွင်တစ်ကြိမ်လျှင်သားတစ်ကောင်၊ သို့မဟုတ် နှစ်ကောင်ကျစီပေါက်ဖွားတတ်ကြသည်။ သိုးကလေးများသည် ပေါက်ဖွား၍မကြာမီအတွင်း မိခင်နောက်သို့ တကောက်ကောက် လိုက်နေတတ်၏။ ဥရောပတိုက်တွင်ကော်စီကားနှင့် ဆာဒင်းနီးယားကျွန်းများ၌ မိုဖလွန်ခေါ်သိုးရိုင်းမျိုးကို တွေ့ရှိရသည်။ အာဖရိကတိုက်မြောက်ပိုင်း အက်တလပ်တောင်များတွင် ဦးဒတ်ခေါ်သိုးမျိုးများရှိသည်။ ထိုဦးဒတ်သိုးမျိုးမှာ အကောင်ကြီး၍ ဆိတ်နှင့်ဆင်ဆင်တူသည်။ ရင်အုပ်နှင့်ရှေ့လက်နှစ်ဘက်တွင် အမွှေးရှည်များရှိ၍ ဦးချို များမှာဆိတ်ချိုနှင့်ဆင်သည်။ တိဗက်နိုင်ငံတွင်ရှိသော အာဂလီ သိုးမျိုး၌ ချိုကားကြီးများရှိသည်။ သိုးရိုင်းများတွင် မာကိုပိုလိုသိုးမျိုးသည် အကောင်အထည်အကြီးဆုံးသိုး မျိုးဖြစ်၍ မြေပြင်အမြင့် ပေပေါင်း ၁၆ဝဝဝမျှရှိသော ပါမီယာကုန်းမြင့်ပေါ်၌ တွေ့ရှိရသည်။ ဤသိုးမျိုး တွင်အောက်သို့ ကုပ်ကျလျက် အပြင်ဘက်သို့ အဖျားကွေးလန်နေသော ဦးချိုကြီးများရှိသည်။ မြောက်အ မေရိကတိုက်တွင် ရော့ကီးတောင်ပေါ်ရှိ သိုးရိုင်းများမှာ ထင်ရှားသည်။ အာရှတိုက်နှင့်အာဖရိကတိုက်တို့တွင် အမြီး၌ အဆီဘူးများပါသော သိုးများရှိရာ ထိုအဆီကိုလူတို့ စားသုံးကြ သည်။ ထို့အပြင် အာရှတိုက်တွင်ရှိသော အက်စထရာခန်သိုးနှင့် ကရာကူသိုးတို့၏မွေးပြီးစ သိုးငယ်များမှ အလွန်နု၍အထက်သို့ လိမ်တွန့်နေသော သိုးမွှေးအကောင်းစားကိုရရှိလေသည်။ ထို သိုးမွှေးမျိုးမှာ ရတောင့်ရခဲသဖြင့် အလွန်အဖိုးထိုက်တန်သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ကိုးကား ကဏ္ဍ:ခွာစုံပါသော တိရစ္ဆာန်များ
ဝက်ဝံ
ဝက်ဝံ (မျိုးရင်း Ursidae) သည် နို့တိုက်သတ္တဝါဖြစ်ပြီး Carnivora မျိုးစစ်တွင် ပါဝင်သည်။ ဝက်ဝံများကို ခွေးနှင့်တူသော အသားစားသတ္တဝါ (caniforms) အဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ပြီး ပင်နီပက်ဒ် (pinnipeds) အမျိုးအစား ပင်လယ်ဖျံများသည် သူတို့နှင့် အနီးစပ်ဆုံးဆင်တူသော သတ္တဝါဖြစ်သည်။ ဝက်ဝံအမျိုးကွဲပေါင်း ၈ မျိုးမျှသာရှိသော်လည်း နေရာအနှံ့အပြားတွင် နေထိုင်ကြပြီး မြောက်ဘက်ကမ္ဘာခြမ်းရှိ နေရာဒေသအနှံ့အပြားနှင့် တောင်ဘက်ကမ္ဘာခြမ်းရှိ အချို့နေရာတို့တွင် တွေ့ရသည်။ ဝက်ဝံနှင့်သက်ဆိုင်သော အရာများကို အင်္ဂလိပ်ဘာသာတွင် ursine ဟုခေါ်သည်။ ဝက်ဝံများကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်တို့တွင်တွေ့ရသည်။ ဝက်ဝံ၏ ထင်ရှားသော လက္ခဏာများမှာ ကြီးမားသော ခန္ဓာကိုယ်နှင့် တုတ်ခိုင်သော ခြေထောက်များ၊ ရှေ့သို့ချွန်ထွက်နေသော နှာခေါင်း၊ စုတ်ဖွားနေသော အမွှေးများ၊ မတ်တပ်ရပ်၍ လမ်းလျှောက်နိုင်သော ခြေချောင်းများနှင့် အတွင်းသို့ ကုတ်မသွင်းနိုင်သော ခြေသည်းများ၊ တိုသောအမြီးတို့ဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံ သို့မဟုတ် ပိုလာဘဲ များမှာ အသားကို အဓိကစားသော သတ္တဝါများဖြစ်သော်လည်း ပန်ဒါဝက်ဝံကြီးများမှာ ဝါးပင်ကိုသာ အဓိကစားသုံးကြသည်။ အခြားသော အမျိုးကွဲ ၈ မျိုးမှာ အစုံစားသတ္တဝါများဖြစ်ပြီး အပင်များနှင့် တိရစ္ဆာန်များပါဝင်ပြီး အလွန်ပင်ကွဲပြားခြားနားသော အစားအစာများကို စားသုံးကြသည်။ မိတ်လိုက်နေသော ဝက်ဝံများနှင့် ကလေးငယ်ရှိသော မိခင်ဝက်ဝံများမှ လွဲ၍ ဝက်ဝံများမှာ တကောင်တည်းနေထိုင်တတ်သော သတ္တဝါများဖြစ်သည်။ ဝက်ဝံများသည် တစ်ခါတစ်ရံတွင် diurnal ခေါ် ညအိပ်နေ့စား အလေ့အကျင့်ရှိသော်လည်း ပုံမှန်အားဖြင့် ညဖက် သို့ မလင်းတလင်းအချိန်တွင် သွားလာလှုပ်ရှားတတ်သည်။ ဝက်ဝံများသည် ခန္ဓာကိုယ်ကြီးမားပြီး ကိုးရိုးကားယား သွားလာတတ်သော်လည်း သူတို့၏ အလွန်အနံ့ခံကောင်းခြင်း က အထောက်အကူပေးသည်။ သူတို့သည် အလွန်အပြေးမြန်ပြီး အတက်အဆင်းပြုခြင်းနှင့် ရေကူးခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဝက်ဝံများသည် ဂူများ နှင့် မြေတွင်းများကို သူတို့၏ နေထိုင်စရာအဖြစ် သုံးလေ့ရှိပြီး ဆောင်းတွင်းအခါတွင် ဆောင်းခိုခြင်း (hibernation)နှင့် တူသော ကာလကြာရှည်အိပ်စက်ခြင်း ကို ထိုနေရာများတွင် ပြုတတ်ကြသည်။ ဝက်ဝံများသည် သူတို့၏ အသားနှင့် အရေခွံအတွက် သမိုင်းမတင်မီအချိန်ကာလကပင် အမဲလိုက်ခြင်းခံခဲ့ရသည်။ ယနေ့တိုင်အောင်ပင် သူတို့သည် အနုပညာ၊ ဒဏ္ဍာရီနှင့် လူ့အဖွဲ့အစည်း၏ အခြားသောယဉ်ကျေးမှု ဆိုင်ရာနေရာများတွင် အထင်ကရနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။ ခေတ်သစ်အချိန်ကာလများတွင် ဝက်ဝံတို့၏ နေထိုင်ကျက်စားရာ နေရာများ ပျောက်ကွယ်မှုနှင့် အာရှရှိ ဝက်ဝံသည်းခြေဈေးကွက်အပါအဝင် ဝက်ဝံနှင့် ဝက်ဝံမှရသော ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တို့ကြောင့် ဝက်ဝံတို့ ဆက်လက်ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်ခြင်း ခံနေရပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမ္မဂ္ဂမှ ဝက်ဝံမျိုးစိတ် ၆ မျိုးကို မျိုးတုံးပျောက်ကွယ်ရန် စိုးရိမ်ရသည်ဟု သတ်မှတ်ထားသော်လည်း စိုးရိမ်မှုအနည်းဆုံးအဆင့် သတ်မှတ်ထားသော ဝက်ဝံညိုများသည်ပင်လျှင် အချို့နိုင်ငံများတွင် ဒေသအလိုက် မျိုးတုံးပျောက်ကွယ်မှုအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။ ထိုသို့ခြိမ်းခြောက်ခံနေရသော ဝက်ဝံများအတွက် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် ရောင်းဝယ်ဖောက်ကားမှု တို့ကို ပိတ်ပင်ထားသော်လည်း ပြုလုပ်နေကြဆဲပင်ဖြစ်သည်။ ဝက်ဝံမျိုးကွဲများ ဝက်ဝံညို အမေရိကန် ဝက်ဝံနက် အာရှ ဝက်ဝံနက် ပန်ဒါဝက်ဝံကြီး ဝင်ရိုးစွန်းဝက်ဝံ ပျားဖွတ်ဝက်ဝံ ဥရောပ၊ အာရှနှင့် မြောက်အမေရိကတိုက်များတွင်သာမက မြောက်အာဖရိကတိုက်ရှိ အချို့ဒေသများ၌လည်း ဝက်ဝံသည် ပျံ့နှံ့လျက်ရှိ၏။ တောင်အမေရိကတိုက်တွင်မူ ဝက်ဝံမျိုးတစ်မျိုးတည်းသာ ရှိသည်ကို တွေ့ရသည်။ သဘာဝအားဖြင့် ဝက်ဝံသည် ကြောက်တတ်၍ သဘောကောင်းပြီးလျှင် ရန်မမူတတ်ချေ။ လူကိုစားလိုသဖြင့် တိုက်ခိုက်ရန်ဝေးစွ၊ ဝက်ဝံသည် လူကိုရှောင်နိုင်သမျှ ရှောင်ကြဉ်လေ့ရှိသည်။ ထိုသို့ပြုလုပ်သည်မှာ သူရဲဘောနည်း၍ကားမဟုတ်၊ လိုအပ်လျှင် သူ့ကိုယ်ကိုသူ ကာကွယ်ရာ၌ ကြမ်းကြုတ်စွာပင် တိုက်ခိုက်တက်လေသည်။ အမြင်အားဖြင့် ဝက်ဝံသည် အချိုးအစားမကျချေ။ ကျောကုန်း၏ အလယ်သည် ဝက်ဝံ၏ တစ်ကိုယ်လုံးတွင် အမြင့်ဆုံးအစိတ်အပိုင်းဖြစ်သည်။ လည်တံတို၍ ဦးခေါင်းလုံးပြီးလျှင် နှာတံချွန်၏။ မျက်စိများမှာလည်း သေးငယ်ကြလေသည်။ ဝက်ဝံ၌ ခိုင်ခံသည့် ခြေထောက်များရှိရာ လမ်းလျှောက်ရာတွင် ခြေပြားချ၍လျှောက်သည်။ ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံမျိုးမှအပ အခြားဝက်ဝံမျိုးများတွင် ခြေဖဝါးများ၌ အမွေးများမရှိကြချေ။ ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံမျိုးတွင်မူ ရေခဲပြင်များပေါ်၌ လမ်းလျှောက်သောအခါ မချောစေရန် ခြေဖဝါးများ၌ အမွှေးများရှိသည်။ ခြေထောက်လေးဖက်၌ ခြေချောင်းကလေး ငါးချောင်းစီရှိရာ ယင်းတို့၌ သန်မာသည့် ခြေသည်းများ ရှိကြလေသည်။ ကြောင်၌လည်း ခြေချောင်းများတွင် ခြေသည်းများရှိပြီးလျှင် ယင်းတို့ကို မလိုသည့်အခါများ၌ ဝှက်ထားနိုင်လေသည်။ ဝက်ဝံတွင်မူရှိသည့် ခြေသည်းများကို ဝှက်မထားနိုင်ချေ။ ဝက်ဝံ၏အမွှေးများသည် ရှည်၍ ကြမ်းတမ်းကြ၏။ ထိုအမွှေးများကို နှစ်တိုင်း လဲလှယ်လေသည်။ ဝက်ဝံ၌ အမြီးရှိသော်လည်း ထိုအမြီးသည် လွန်စွာတို၏။ ဝက်ဝံသည် ဥဿုံစားကောင် ဖြစ်သည့်အတိုင်း ယင်း၏ သွားများသည်လည်း အလိုက်သင့်ရှိနေကြလေသည်။ ဝက်ဝံသည် လမ်းလျှောက်ရာ၌ မလျှောက်ချင် လျှောက်ချင်ဖြင့် ခြေနှစ်ချောင်းလုံးကို တစ်ပြိုင်တည်းမကာ လျှောက်လေ့ရှိသည်။ သို့သော် အရေးကြုံလာသောအခါတွင် အလျှင်အမြန်ဆုံးပြေးနိုင်သော လူတစ်ယောက်ကိုပင် မှီအောင်လိုက်နိုင်ရုံမက မြင်းတစ်ကောင်ကိုပင် မိနစ်အနည်းငယ်အတွင်း၌ မှီအောင်ပြေးနိုင်လေသည်။ ရန်သူကို တိုက်ခိုက်ရာ၌ ဝက်ဝံသည် များသောအားဖြင့် ပတက်ရပ်ပြီးလျှင် ရှေ့ခြေနှစ်ချောင်းနှင့် သွားများကို အသုံးပြုလေ့ရှိသည်။ ဝက်ဝံသည် အနံ့နှင့် အကြားတွင် သန်သော်လည်း ရှိသည့်မျက်စိများသည် သေးငယ်သဖြင့် ကောင်းမွန်စွာမမြင်နိုင်ချေ။ ဝက်ဝံအများအပြားသည် ယင်းတို့၌ရှိသော အမွှေးကြမ်းရှည်ကြီးများကြောင့် ယင်းတို့၏ ကိုယ်ထည်များသည် အမှန်ရှိသည်ထက် ပို၍ကြီးနေပုံရသည်။ ယင်းတို့၏ အရေပြားများသည်လည်း တင်းတင်းကျပ်ကျပ် မရှိချေ။ ဝက်ဝံမျိုး အမြောက်အမြားရှိသည့်အနက် အကြီးဆုံးဝက်ဝံမျိုးတွင် ဆယ်ပေကျော်သည်အထိ ကြီးနိုင်သည့်အပြင် ပေါင် ၁၅ဝဝ အထိ လေးနိုင်ပေသည်။ ဝက်ဝံတွင် ခြေသည်းရှည်ကြီးများရှိခြင်းကြောင့် တွင်းတူးခြင်း၊ သစ်ပင်တက်ခြင်းနှင့် မညီ ညာသော ကျောက်တောင်များပေါ်တွင် သွားလာခြင်းများကိုပြုလုပ်နိုင်သည်။ တိရစ္ဆာန်ရုံများရှိ ဝက်ဝံများသည် ဆောင်းခိုလေ့မရှိကြချေ။ သို့သော် ဝက်ဝံရိုင်းများကား နွေးသောဒေသများ၌ပင် အစာသာ တစ်နှစ်ပတ်လုံးပေါများလျှင် တစ်နှစ်တွင် နှစ်လမှ ခြောက်လတိုင်အောင် ဆောင်းခိုလေ့ရှိကြသည်။ ဆောင်းရာသီ နီးလာသောအခါတွင် ဝက်ဝံသည် ဆောင်းတွင်း၌ နေထိုင်ရန်သင့်လျော်မည့်နေရာကို ရွေးချယ်လေတော့သည်။ တစ်ခါတစ်ရံတွင် လဲနေသော သစ်ပင်ရင်းရှိ အမြစ်များ၏ အောက်ဘက်တွင်းကို ရွေးချယ်၍ တစ်ခါတစ်ရံတွင် သစ်ပင်ရှိအခေါင်းကို ရွေးချယ်တတ်သည်။ တစ်ခါတစ်ရံတွင်မူ သင့်လျော်မည့်နေရာတစ်ခုကို ရွေးချယ်ပြီးလျှင် တွင်းတူးလေ့ရှိသည်။ တွင်းတူးပြီးသောအခါတွင် အတွင်းသို့ဝင်ပြီးလျှင် ကိုယ်ကို သစ်ရွက်များ၊ မြက်များ သို့မဟုတ် မြေမှုန့်များဖြင့်ဖုံး၍ နေလေ့ရှိ၍ အသက်ရှူနိုင်ရန်အပေါက်သာ ချန်ထားလေ့ရှိသည်။ ထိုသို့နေသောအခါတွင် အစဉ်သဖြင့်ကား အိပ်၍မနေချေ။ အစာနှင့် ရေကိုသာ လုံးဝရှောင်ကြဉ်၍ နေလေသည်။ ထိုသို့ ငြိမ်သက်စွာနေစဉ်အတွင်း ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေ့ရှိသည်။ ဝက်ဝံကလေးများကိုမွေးဖွားရာတွင် များသောအားဖြင့် နှစ်ကောင်သာ မွေးလေ့ရှိသည်။ မွေးစဝက်ဝံကလေးများသည် သေးငယ်ကြပြီးလျှင် ဝက်ဝံကြီးများနှင့် လုံးဝ မတူကြချေ။ အမွှေးများမှာလည်း မရှိသလောက်ဖြစ်၍ မိခင်ဖြစ်သော ဝက်ဝံမကြီး၏ အပြုအစု အစောင့်အရှောက်ကို လအတော်ကြာသည် အထိခံယူကြရသည်။ မိခင်ဖြစ်သော ဝက်ဝံမကလည်း သားငယ်များအား အသက်ကို ပဓာနမထားဘဲ ပြုစုစောင့်ရှောက်ပေးလေသည်။ ဝက်ဝံကို သားစားကောင်ဟု ခွဲခြားသတ်မှတ်လေ့ ရှိသော်လည်း ဝက်ဝံအများအပြားသည် ဟင်းရွက်ဟင်းသီးများကို များသောအားဖြင့် စား၍ နေလေ့ရှိကြသည်။ ဝက်ဝံသည် ပျားရည်ကို လွန်စွာကြိုက်နှစ်သက် လေသည်။ ခြများနှင့် ပရွက်ဆိတ် များကိုလည်းကြိုက်နှစ်သက်ကြသည်။ ဝက်ဝံသည် အမှန်အားဖြင့် ဥဿုံစားကောင် ဖြစ်သည့်အတိုင်း မြက်၊ ကောက်နှံ၊ သစ်မြစ်၊ ခွံမာသီး၊ သစ်သီး၊ ဗယ်ရီသီး၊ ပိုးကောင်၊ ဖား၊ မြွေ၊ ကြွက်၊ ခရု၊ ပက်ကျိ၊ ကြက်ဥ၊ ငှက်ဥ၊ ငါးနှင့် ငှက်များကို စားသောက်လေသည်။ ထို့ ပြင်ဖမ်း၍ရသမျှနှင့် ကောင်းမွန်သေးသော ရသမျှသားကောင် အသေးများကိုလည်း စားသောက်လေသည်။ မြောက်အမေရိကတိုက်တွင် တွေ့ရသော ဝက်ဝံမျိုးများအနက် ဝက်ဝံမည်းသည် ဝက်ဝံမျိုးတွင် အတွေ့ရအများဆုံးအမျိုးဖြစ်သည်။ တိရစ္ဆာန်ရုံများတွင် ထိုဝက်ဝံမျိုးကိုထားလေ့ရှိကြသည်။ ဘေးအန္တရာယ်မကင်းဟု ဆိုကြသော်လည်း လူတို့သည် ထိုဝက်ဝံမည်းမျိုးကလေးများကို ချစ်စနိုးတိရစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြသည်။ ထိုဝက်ဝံမျိုးသည် ကတတ်၊ ကင်းမြီးကောက်ထောင်တတ် ၊ ဖင်ချ၍ထိုင်တတ်ရုံမက လူကဲ့သို့ လက်များကို ဆန့်တန်းကာ အစာကို တောင်းတက်လေသည်။ ဆောင်းရာသီ၌ ဝက်ဝံမည်း၏ အမွှေးများသည် အကောင်းဆုံးဖြစ်သည်။ ဘေးဖြစ်စေနိုင်မည့် အသံနှင့်အနံ့ကို ကြားရရုံမျှနှင့် ဝက်ဝံမည်းကို မတွေ့နိုင်တော့ချေ။ တောကျွမ်းကျင်သည့် မုဆိုးသည်ပင် ဝက်ဝံမည်းမျိုးကို ရိုင်ဖယ်သေနတ်နှင့် ပစ်နိုင်အောင် ရှာရန်ခဲယဉ်းလေသည်။ ဝက်ဝံမည်းသည် ပေါင် ၅ဝဝ နှင့် ပေါင် ၅ဝဝ ကျော်အထိ ကြီးနိုင်သော်လည်း များသောအားဖြင့် ထိုမျှမကြီးချေ။ ဂရစ်ဇလီ ဝက်ဝံခေါ် မွဲပြာရောင်ရှိသည့် ဝက်ဝံမျိုးကိုလည်း မြောက်အမေရိကတိုက်တွင် တွေ့နိုင်သေးသည်။ ထိုဝက်ဝံမျိုးသည် အထက်ဖော်ပြပါ ဝက်ဝံမည်းခန့်သာကြီးလေ့ရှိသည်။ သို့သော် ဆယ်ပေ အထိကြီးသော ဂရစ်ဇလီဝက်ဝံမျိုးကို တွေ့ရပြီးလျှင် ထိုဝက်ဝံသည် ပေါင်ပေါင်း ၁၅ဝဝ အထိပင်လေးသည်ကိုတွေ့ရလေသည်။ ထိုဝက်ဝံကြီးသည် မြင်းကလေးများနှင့် ကျွဲနွားများကိုပင် သယ်ဆောင်သွားနိုင်လေသည်။ အမေရိကန်နိုင်ငံရှိ အင်ဒီးယန်းခေါ် တိုင်းရင်းသားများသည် ထိုဝက်ဝံမျိုးကို လွန်စွာကြောက်ရွံကြလေသည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမည်းမျိုးထက်ပို၍ ဉာဏ်ရှိပြီးလျှင် ဒဏ်ရာရသောအခါ၌ဖြစ်စေ၊ အကျဉ်းအကြပ်တွေ့သောအခါ၌ဖြစ်စေ လွန်စွာကြောက်မက်ဖွယ်ကောင်းလေသည်။ အလာစကာဝက်ဝံညိုမျိုးကို အလာစကာ ကျွန်းဆွယ်တွင်သာတွေ့ နိုင်သည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမျိုးတွင်သာ အကြီးဆုံးမဟုတ်သေး၊ ကုန်းပေါ်ရှိ သားစားတိရစ္ဆာန်များတွင်လည်း အကြီးဆုံး ဖြစ်သည်။ ထိုဝက်ဝံမျိုးရှိကြောင်းကို ၁၈၉၈ ခုနှစ်မတိုင်မီကမသိခဲ့ကြချေ။ ထိုဝက်ဝံမျိုးသည် လူကို ကြောက်တတ်ပြီးလျှင် ဝေးရာသို့ ရှောင်သွားတတ်သည်။ သို့သော် ဒဏ်ရာရလျှင်ဖြစ်စေ၊ လူနှင့်နီးနီးကပ်ကပ်တွေ့ရသောအခါမျိုးတွင်ဖြစ်စေ၊ လူကို ပြင်းထန်စွာ တိုက်ခိုက်တတ်လေသည်။ ထိုဝက်ဝံမျိုးသည် တိရစ္ဆာန်ငယ်ကလေးများနှင့် ကြွက်များကို ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေတတ်သည်။ ကြွက်များကို ယင်းတို့၏ တွင်းများကို တူး၍ဖမ်းယူလေ့ရှိသည်။ ငါးများအုရန် မြစ်အတွင်းမှတက်လာကြသောအခါ ငါးများကိုဖမ်း၍ စားသောက်သည်။ နွေရာသီအလယ်နှင့် ဆောင်းကူးရာသီအတွင်း၌မူ ကျွဲ၊ နွားများကဲ့သို့ မြက်များကိုစားသောက်လေသည်။ အာရှတိုက်တွင် အီရန်နိုင်ငံမှ ဂျပန်ကျွန်းများအထိ ဟိမဝန္တာ ဝက်ဝံမျိုးကို တွေ့နိုင်လေသည်။ ထိုဝက်ဝံမျိုးသည် အရွယ်၊ အရောင်နှင့် အလေ့အကျင့်များတွင် ဝက်ဝံမည်းမျိုးနှင့် တူလေသည်။ ဥရောပတိုက်ရှိ ဝက်ဝံညိုမျိုးသည် ဂရစ်ဇလီဝက်ဝံမျိုးနှင့်တူ၍ ဝက်ဝံမည်းမျိုးထက်ပို၍ကြီးသည်။ ထို့ပြင် ထိုဝက်ဝံမျိုးသည် လူအဖို့ အခြားဝက်ဝံမျိုးများထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ သို့သော် ထိုဝက်ဝံမျိုးသည် အမျက်ထွက်သောအခါမျိုးနှင့် လွန်စွာဆာလောင်မွတ်သိပ်နေသောအခါမျိုးတို့တွင်သာ လူကိုရန်မူတက်လေသည်။ ထိုဝက်ဝံမျိုးသည် နွားတစ်ကောင်ကိုသတ်ပြီးလျှင် လက်နှစ်ဖက်ဖြင့်ကိုင်ကာ ချောင်းငယ်တစ်ခုကို ဖြတ်ကျော်၍သွားနိုင်သဖြင့် ယင်း၏အင်အားသည် မယုံကြည်နိုင်လောက်အောင်ပင်ကြီးမားလေသည်။ ထို့ပြင် တွင်းတစ်တွင်းမှပေါင် ၆ဝဝ လေးသော သမင်တစ်ကောင်ကို ပေပေါင်းသုံးလေးထောင်ခန့်ဝေးသည်အထိ ဆွဲသွားနိုင်သည်ကိုလည်း တွေ့ရလေသည်။ မလ္လာယုကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုများအနက် ကျွန်းကြီးများတွင် တွေ့ရသောဝက်ဝံမျိုးကို မလ္လာယုဝက်ဝံမျိုး၊ သို့မဟုတ် ပျားရည် ဝက်ဝံမျိုးဟုခေါ်သည်။ ထိုသို့ခေါ်ခြင်းမှာ ထိုဝက်ဝံမျိုးသည် ပျားရည်ကို လွန်စွာနှစ်ခြိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုဝက်ဝံမျိုး၌ အလွန်ရှည်လျားပြီးလျှင် ပျော့ပျောင်းသည့်လျှာရှိသည်။ ထိုလျှာရှည်ကြီးဖြင့် သစ်ခေါင်းများအတွင်းရှိ ပျားသလက်များကိုဆွဲယူ၍ စားလေ့ရှိသည်။ ထိုဝက်ဝံမျိုးသည် ဟိမဝန္တာဝက်ဝံမျိုးထက် ပို၍သေးငယ်သည်။ ဝင်ရိုးစွန်းဒေသရှိဝက်ဝံမျိုးတွင် ပတ်ဝန်းကျင်အရောင်နှင့် ကိုက်ညီသော အဖြူရောင်အမွှေးများရှိသည်။ ထိုဝက်ဝံများ၌ အမွှေးများသည် နေရာအနှံ့အပြားတွင်ရှိကြလေသည်။ ထိုဒေသနေဝက်ဝံဖိုသည် ရှည်လျားသောဆောင်းရာသီညဉ့်များ၌ အစာကိုလိုက်လံရှာဖွေ၍နေလေသည်။ ငါး၊ ပင်လယ်ဖျံ၊ ဝါးလရပ်ဖျံနှင့် ရရာအစာများကိုစားသောက်လေသည်။ အစာရှာ၍မရနိုင်သည့်အဆုံးတွင် လူကိုပင်သတ်စားလေ့ရှိသည်။ အက်စကီးမိုးလူမျိုးအမြောက်အမြားသည် ဝင်ရိုးစွန်းဒေသရှိဝက်ဝံများ၏ အသတ်အဖြတ် အစားအသောက်ကို ခံကြရလေသည်။ အစာပေါများသော နွေရာသီ၌မူ ဝက်ဝံသည် လူကို သူ့ကိုယ်သူကာကွယ်ရန်မှတစ်ပါး မတိုက်ခိုက်ချေ။ ထိုဒေသနေဝက်ဝံမများကမူ ဆောင်းရာသီ၌ဆောင်းခိုကြလေသည်။ ထိုသို့ ဆောင်းခိုရာ၌ ရေခဲအောက်ရှိတွင်းကို အသုံးပြုလေ့ရှိသည်။ ထိုအခါ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေသည်။ ရေခဲများ အရည်ပျော်သွားသောအခါတွင် ဝက်ဝံကလေးများကို ပထမစ၍အပြင်သို့ထွက်စေသည်။ ထိုအခါသည် ထိုဒေသ၌ အလွန်အေးသည်မှာမှန်၏။ သို့သော် ထိုအချိန်တွင် ဝက်ဝံကလေးများ၌ အမွှေးထူများရှိနေလေပြီ။ မိခင်ဖြစ်သော ဝက်ဝံမသည် ထိုအခါ၌ ဆောင်းရာသီက အစာမစားရသဖြင့်ပိန်ကြုံ၍နေလေ ပြီ။ ထိုသို့ကြုံလှီ၍ပင် နေသော်လည်းမိခင်ဖြစ်သည့်အလျောက် သားငယ်များ အားနို့ချိုကို တိုက်ကျွေးလျက်ပင်ရှိသေးသည်။ ထို့ပြင်ရသမျှသော အစာများကိုလည်း မိမိစားသည်ထက် သားငယ်များအား ခွဲဝေ၍ပေးသည်က များလေသည်။ ထို့နောက် မကြာမီအတွင်းတွင် မိခင်ဝက်ဝံမသည် သားငယ်များအား အစာရှာနည်းကိုသင်ကြားပေးသည်။ ရေခဲပြင်ပေါ်၌ ပင်လယ်ဖျံများရှိရာသို့ မည်ကဲ့သို့ချောင်းမြောင်း၍သွားရပုံနှင့် နွေကူးရာသီ၌ ကျောက်ဆောင်များသို့ ဥ အုရန်လာကြသော ငှက်အုပ်ကြီးများအား မည်ကဲ့သို့လက်ဝါးဖြင့် ရိုက်ပုတ်ရပုံများကို သင်ကြား၍ပေးသည်။ ထိုမျှမကသေး ၊ရေခဲတစ်မျှ အေးလှသောရေတွင် ရေချိုးရန်ကိုလည်း သင်ကြားပေးသေးသည်။ ရေထဲသို့ ဆင်းရန်ငြင်းဆန်နေသော ဝက်ဝံငယ်အားလက်ဖြင့်ရိုက်တန်ရိုက်၊ ရေထဲသို့ တွန်းချတန်တွန်းချပြီးလျှင် ရဲရင့်လာစေသည်။ ကြောက်ရွံ့သော ဝက်ဝံငယ်ကိုမူ ရေထဲသို့ ချပြီးလျှင် ကမ်းနှင့်အတော်ဝေးဝေးသို့ ဆွဲခေါ်သွားလေ့ရှိသည်။ ထိုအခါမျိုးတွင် ဝက်ဝံငယ်ကလေးသည် မိခင်၏အမြီးကို သူ၏သွားများ ဖြင့်ကိုက်ကာ ပါသွားလေ့ရှိသည်။ ထိုနည်းဖြင့် ဝက်ဝံငယ်များအား ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်စေရန် သင်ကြားပေးသည်မှာ ဝက်ဝံငယ်ကလေးများကြီးပြင်းလာ၍ ကိုယ်တိုင်အစာရှာထွက်နိုင်သည်အထိ ဖြစ်လေသည်။ ဖခင်ဖြစ်သော ဝက်ဝံဖိုကမူ သားသမီးဖြစ်သော ဝက်ဝံငယ် ကလေးများအား ဂရုစိုက်လေ့မရှိချေ။ ပါဏဗေဒ အလိုအားဖြင့် ဝက်ဝံသည် အာဆီဒီးမျိုးရင်း၌ ပါဝင်လေသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား ကဏ္ဍ:သားရဲတိရစ္ဆာန်များ ကဏ္ဍ:ဝက်ဝံများ ကဏ္ဍ:နို့တိုက်သတ္တဝါ မျိုးရင်းများ
ခြင်
ခြင် (Mosquito) ဆိုသည် စပိန်ဘာသာစကားမှ ဆင်းသက်လာပြီး ယင်ကောင်အသေးစားလေးဟု အဓိပ္ပာယ်ရသည်။ ခြင်မျိုးစိတ်ပေါင်း ၃၆၀၀ နီးပါးခန့်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်လေသည်။ မျိုးပွားဖို့ရန် ထုံးစံအတိုင်း ခြင်မများကသာ တာဝန်ယူရပြီး ခြင်မများကသာ လူသွေးကို စုပ်သည်။ ခြင်ထီးများက ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိသည်။ အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ အနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါ၊ အသားဝါရောဂါ၊ ဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။220x124px|alt=.|ခြင်ကျား ခြင်သွေးစုပ်ပုံ ခြင်မနှင့် ခြင်ထီးတွင် ခြင်ထီးက ပန်းဝတ်ရည်ကိုသာ စုပ်ယူသည်။ ခြင်မကမူ ပန်းဝတ်ရည်ကိုစွမ်းအင်အဖြစ် အသုံးချရန် စုပ်ယူပြီးသွေးကိုမူဥများအကောင်ပေါက်ရန်လိုအပ်သည့်ပရိုတိန်းဓာတ် ရရှိရန် စုပ်ယူသည်။ ခြင်မသည် သွေးကို လူထံမှသာစုပ်ယူခြင်း မဟုတ်ပါ။ ဆင်၊ ကြွက် စသောတိရစ္ဆာန်များမှလည်း စုပ်ယူသည်။ နယူးဂျာစီရှိ ခြင်တစ်မျိုးသည် လိပ်ခွံကိုဖောက်၍ပင် သွေးစုပ်သည်။ အာဖရိကတိုက်ရှိ ခြင်တစ်မျိုးမှာမူပုရွက်ဆိတ်ထံမှ ပျားရည်ကဲ့သို့သော အချိုရည်ကို စုပ်ယူကြသည်။ ခြင်များသွေးစုပ်သည့်အချိန်သည် တစ်ကောင်နှင့် တစ်ကောင် မတူညီကြပေ။ ခြင်အမျိုးအစားပေါင်း (၃၅၀၀) ကျော် ရှိသည့်အနက် အများစုသော ခြင်တို့သည် နေဝင်ချိန်နှင့် ညဘက်တွင် စုပ်ယူကြသည်။ ၎င်းတို့ သည် နေ့ဘက်တွင် အေးမြသောနေရာတွင် ခိုနားကြသည်။ အချို့သောခြင်များ (ဥပမာ - အာရှခြင်ကျား Asian tiger mosquito) သည် နေ့ဘက်တွင် အစာရှာကြသည်။ ခြင်သည် သူသွေးစုပ်မည့် သားကောင်ကိုရှာဖွေရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်တနောလ် (1-octen-3-ol)၊လက်တစ်အက်ဆစ် စသောအောဂဲနစ်ဓာတ်ပေါင်းများ၊ စိုထိုင်းမှု၊ အပူချိန်၊ လှုပ်ရှားမှုတို့ကိုခြေရာခံ၍ ရှာဖွေသည်။ ၎င်းသည် သားကောင်အနီးတွင် တဝီဝီမြည်ကာ ပျံသန်းလျက် ထိုသားကောင်၏ အနံ့၊ ကိုယ်ငွေ့တို့ကိုခံယူကြည့်သည်။ အနံ့နှင့် ကိုယ်ငွေ့ကိုအနီးကပ်လေ့လာပြီး နှစ်သက်မှသာသွေးစုပ်ရန်ပြင် သည်။ သားကောင်၏ ခန္ဓာကိုယ် ဓာတုဖွဲ့စည်းပုံကိုမူတည်ကာဆုံးဖြတ်ခြင်း ဖြစ်သည်။ ခြင်၏စုပ်တံသည် တစ်ချောင်းတည်းမဟုတ်ပေ။ အချောင်း (၆) ချောင်းကိုစုထားခြင်း ဖြစ်သည်။ mandible ဟုခေါ်သောစုပ်တံ နှစ်ခု၊ maxillae ဟုခေါ်သောစုပ်တံ နှစ်ခု၊ အာခံတွင်းနောက်ဘက်စုပ်တံ (hypopharynx) တစ်ခုနှင့် labrum ဟုခေါ်သောစုပ်တံတစ်ခုတို့ဖြစ်သည်။ ရေတံလျှောက်သဏ္ဌာန် အမြှေးပါးအိတ်တစ်ခုကထိုပြွန်တံများအလျားအဆုံးထိလုံခြုံအောင် ဖုံးအုပ်ထားလေသည်။ နောက်ဆုံးတွင် ထိုအမြှေးပါးအိတ်နှင့် ကပ်လျက်ရှိသောညှပ်တစ်ခုကထိုပြွန်ချောင်းခြောက်ခုကိုစု၍ အထုပ်သဖွယ် ဆုပ်ညှပ်ထားသည်။ ဤကိရိယာတို့ဖြင့် ခြင်သည် သွေးစုပ်လေသည်။ ခြင်သည် သွေးစုပ်သောအခါ ၎င်း၏ ပြွန်ချောင်းခြောက်ခုလုံးကိုသားကောင်၏ အသားအတွင်းသို့ ထိုးသွင်းလိုက်၏။ ထိုပြွန်ချောင်းများသည် ဆံချည်မျှင် သွေးကြောများထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် ခြင်သည် တံတွေးပြွန်မှတစ်ဆင့် တံတွေးထွေးချလိုက်သည်။ ထိုတံတွေးသည် သွေးမခဲအောင် ပြုလုပ်ပေးသည်။ သွေးစုပ်ရာတွင် ချောချောမောမောစုပ်ယူနိုင်ရန်လည်းကူညီပေးသည်။ ပြီးနောက် သွေးကို ပြွန်ချောင်းအကြီးမှတဆင့် စုပ်ယူလေသည်။ ခြင်စုပ်ယူသောသွေးသည် အလွန်ပင် နည်းသည်။ ၎င်းသွေး၏ ၁၅ဆ/ ၂၀ဆ မှသာမျက်စဉ်းစုပ်တံမှ ညှစ်ချလိုက်သော မျက်စဉ်းတစ်စက်နှင့် ညီမျှသည်။ သွေးစုပ်ပြီးနောက် ယားယံသော ဝေဒနာကို ခံစားရခြင်းမှာ အရေပြားအောက်တွင် ကျန်ရစ်ခဲ့သော တံတွေးကြောင့် ဖြစ်သည်။ ခြင်မျိုးပွားပုံ ခြင်သည် လိင်ရှိမျိုးပွားနည်း (sexual reproduction) ဖြင့် မျိုးပွားသည်။ ခြင်မသည် သွေးမစုပ်မီ ၎င်း၏ တောင်ပံခတ်သံနှင့် ခြင်ဖိုတစ်ကောင်အား သွေးဆောင်ကာမိတ်လိုက်သည်။ တကြိမ်ဆက်ဆံပြီးရုံနှင့် သက်တမ်းတလျှောက်လုံး ဥဥနိုင်သည်။ မျိုးအောင်ပြီး ဖြစ်လာသော ဥလေးများကို ခြင်မက စိတ်ချရသည့် နေရာတွင် ဥရသည်။ ခြင်မျိုးစိတ်ပေါ်မူတည်ပြီး ခြင်ဥဥသည့် နေရာလည်း ကွဲပြားသွားသည်။ တချို့ခြင်များက ရေဆိုးရေညစ်ကို ကြိုက်သလို တချို့ခြင်များက ရေသန့်မှာမှ အသက်ရှင်ပေါက်ဖွားနိုင်ကြတာပါသည်။ ဥပေါက်ပြီး ချက်ချင်း ခြင် ဖြစ်မလာပါ။ ခြင်အားလုံးသည် ဥ၊ ပိုးလောင်း (larva)၊ ပိုးရုပ်ဖုံး (pupa)၊ အရွယ်ရောက်ခြင်ကောင် (adult or imago) ဟူသော ဘဝအဆင့် လေးဆင့်ကို ဖြတ်ကျော်ရသည်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲမှ ပရိုတင်းဓာတ်ရဖို့ လိုအပ်၍ ခြင်မများသည် လူသွေးစုပ်ရခြင်း ဖြစ်သည်။ ခြင်ဥအားလုံးသည် ရေလိုအပ်သည်။ ဥမှ အရွယ်ရောက်သည်အထိ ကြာချိန်သည် မျိုးစိတ် (species) အပေါ်မူတည်၍ ကွဲပြားကြသည်။ ထို့ပြင် ပတ်ဝန်းကျင် အပူချိန်ပေါ်တွင်လည်း မူတည်သည်။ အချို့သောမျိုးစိတ်များသည် ဥမှ အရွယ်ရောက် ခြင်ကောင်ဖြစ်သည်အထိ ၅ရက်အတွင်း ဖွံ့ဖြိုးကြသည်။ အပူပိုင်းဒေသရှိ ခြင်အများစုမှာ ရက်၄၀ သို့မဟုတ် ထို့ထက် ပိုကြာသည့် အချိန်အတွင်း ဖွံ့ဖြိုးကြသည်။ မြစ်ရေချောင်းရေတွင် ဥထားသောဥများသည် ရေကျပြီးခြောက်သွေ့သွားသော်လည်းမပျက်စီးပေ။ ငါးနှစ်အထိခံသည်။ ရေပြန်တက်လာလျှင် ထိုဥမှ အကောင်ပေါက်ကြလေသည်။ ထို့ကြောင့် မိုးရာသီတွင် ခြင် အလွန်ပေါခြင်း ဖြစ်သည်။ ကြောက်စရာအကောင်းဆုံး ခြင် အနောဖိလစ်ဟုခေါ်သည့် ငှက်ဖျားရောဂါကို ဖြစ်ပွားစေသော ခြင်သည် ကြောက်စရာအကောင်းဆုံး ခြင်အဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ကြီး၌ ဖော်ပြထားသည်။ ထိုခြင်ကြောင့် ကျောက်ခေတ်မှ ယနေ့ခေတ်အထိ လူ ၁၀၀-လျှင် အယောက် ၅၀-ခန့်သည် ငှက်ဖျားရောဂါဖြင့် သေဆုံးနေရသည်။ အာဖရိကရှိ ဆာဟာရဆင်ခြေဖုံး အရပ်ဒေသများတွင်မူ တနှစ်လျှင် ၁.၄ သန်းမှ ၂.၈-သန်းအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြသည်။ ယင်းအာဖရိကနိုင်ငံများအတွက် ငှက်ဖျားရောဂါကုသစရိတ်အဖြစ် တနှစ်လျှင် ဒေါ်လာ ၁၂-ဘီလျံဖိုးခန့် သုံးစွဲနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ခြင်သည် လူသားနှင့်တကွ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသောသက်ရောက်မှု ရှိသည်။ ခြင်ထီးများသည် ပန်းဝတ်ရည်ကို စုပ်ယူစားသုံးခြင်းဖြင့် အပင်များမျိုးပွားနိုင်အောင် ကူညီသည်။ လူသားတို့အပေါ် ခြင်၏ သက်ရောက်မှုသည်လည်း ကြီးမားသည်။ ခေတ်အဆက်ဆက်ပင် ခြင် များသည် လူများအတွက် သာမန်အနှောင့်အယှက် ဖြစ်စေရုံသာမက သေစေနိုင်သော ရောဂါပိုးများကိုလည်း ကူးစက်ပျံ့နှံ့စေသည်။ ခြင်မှတဆင့် ကူးစက်သောရောဂါများမှာအောက်ပါတို့ ဖြစ်ကြသည်။ အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အစရှိသောဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ရောဂါများ။ ။ဤ ရောဂါများကိုAedesaegypti ခြင်မျိုးစိတ်ကအဓိကကူးစက်ပြန့်ပွားစေသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ကာရေဘီရန်၊ အလယ်အမေရိက၊ တောင်ဘက် အလယ်အာရှတို့တွင် အဖြစ်များသည်။ ထိုရောဂါသည် လူလူချင်းမကူးစက်နိုင်ပေ။ ခြင်မှတဆင့်သာကူးစက်နိုင်သည်။ ပြင်းထန်သောသွေးလွန်တုပ်ကွေးရောဂါသည် အသက်ကိုသေစေနိုင်သည်။ သို့သော် ကောင်းမွန်သောကုသမှုကိုခံယူပါက ၉၉%ကျော်သည် အသက်ရှင်ကြသည်။ ငှက်ဖျားရောဂါ။ ။ Plasmodium ပရိုတိုဇိုးဝါးကြောင့် ဤရောဂါဖြစ်ခြင်းဖြစ်သည်။ ထိုပိုးမွှားကို Anopheles ခြင်မျိုးရင်းက ကူးစက်သည်။ ဆင်ခြေထောက်ရောဂါ။ ။ ဤရောဂါကိုများစွာသော ခြင်မျိုးစိတ်တို့ကကူးစက်ပြန့်ပွားသည်။ West Nile ဗိုင်းရပ်စ်။ ။ဤဗိုင်းရပ်စ်ကိုအမေရိကန်ပြည်ထောင်စု၌သာတွေ့ရလေ့ရှိသည်။ Eastern Equine Enceephalitis ဗိုင်းရပ်စ်။ ။ ၎င်းသည်လည်း အရှေ့ပိုင်းအမေရိကန်ပြည်ထောင်စုတွင် သာတွေ့ရလေ့ရှိသောဗိုင်းရပ်စ် ဖြစ်သည်။ Tularemia ရောဂါ။ ။Francisellatularensis ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။Guiress World Records(2007)သန့်စင်လတ် (ပညာရေး) ၏ ကျန်းမာဝန်းကျင် ကျောင်းတစ်ခွင် ခြင်၊ အမှိုက်ရှင်း၊ ဆေးလိပ်ကင်း။ ကြေးမုံ၊ စက်တင်ဘာ ၂၀ ရည်ညွှန်းကိုးကား Category:အင်းဆက်များ ကဏ္ဍ:ယင်ကောင်များ
မြသန်းတင့်
မြသန်းတင့် (၂၃ မေ ၁၉၂၉ - ၁၈ ဖေဖော်ဝါရီ ၁၉၉၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဘာသာပြန်ဆိုရေးသားသူတဦး ဖြစ်သည်။ မြသန်းတင့်သည် မြန်မာစာပေလောကအပေါ်တွင် ဩဇာအရှိဆုံးစာရေးဆရာများထဲက တစ်ယောက်ဖြစ်ပြီး သူ၏ စာပေဖြတ်သန်းမှု၊ စာပေရေးသားမှုနှင့် ပတ်သက်၍ နှောင်းလူတို့ ပြောစမှတ်တွင်လျက်ရှိသည်။ ကမ္ဘာ့ဂန္ထဝင်စာပေများကို စဉ်ဆက်မပြတ် ပြန်ဆိုရေးသားသူအဖြစ် နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဦးမြသန်း ခေါ် စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားသည်။ မွေးချင်းခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ် ၁၉၄၃ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄-ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၆-ခုနှစ်တွင် ဥပဒေဘွဲ့တို့ကို ရရှိခဲ့သည်။ ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ် အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျခြင်း ခံခဲ့ရသည်။ မြင်းခြံခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေထုတ်ခဲ့သည်။ အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ-ပြည့်နှစ်တွင် စာပေသည် ပြည်သူ့ အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁-ခုနှစ် တွင် ဂေါ်ကီ၏ 'မာလ်ဗာနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာ အဖြစ်၎င်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်၎င်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။ ၁၉၅၅-ခုနှစ်က သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၇-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဌာနချုပ်တည်ရှိသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့သည်။ ၁၉၆ဝ-ပြည့်နှစ်တွင် ရေးသားသော 'နွံထဲကကြာ' ဝတ္ထုမှစ၍ ကလောင်အမည် ကိုမြသန်းမှ မြသန်းတင့်သို့ ပြောင်းခဲ့သည်။ ထိုဝတ္ထုကို စာရေးဆရာ သိန်းဖေမြင့်နှင့် ပူးတွဲရေးသား၍ ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက် ဖော်ပြရာ နှစ်နှစ်နီးပါး ဖော်ပြခဲ့ရသည်။ ၁၉၆၁-ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စကော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီများ ၏ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့ နှင့်အတူ သွားရောက်ခဲ့သည်။ မြသန်းတင့်၏ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင် တို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်)ကိုလည်း ရေးသားခဲ့သည်။ စာပေဝေဖန်ရေးအဖြစ် 'ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ'နှင့် 'မြန်မာကျေးတောနေတို့၏ ကဗျာများ'၊ ခရီးသွားဆောင်းပါးအဖြစ် 'အရှေ့လေတိုက်သော အခါ' ၊ ' ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုဗေးနှင့် အီကွေတာညများ' စသည်တို့ကို ရေးသားခဲ့သည်။ ဘာသာပြန်လက်ရာများမှာ အထူး ထင်ရှားခဲ့ရာ နိုင်ငံရေးစာအုပ် ခြောက်အုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်၊ သမိုင်း၊ ဒဿနိကဗေဒနှင့် အထွေထွေ ၁၄ အုပ်၊ ဝတ္ထု၃ဝ ကျော် ပြန်ဆိုခဲ့သည်။ ဘာသာပြန်များတွင် ပါရီကျဆုံးခန်း၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သောယွန်းခင်ခင် စသည်တို့မှာလည်း ထင်ရှားခဲ့သည်။ နိုင်ငံတကာ ကဗျာများကိုလည်း ဘာသာပြန် ရေးသားခဲ့ရာ ရာဗင်ဒြာနတ်တဂိုး၏ကဗျာများအပါအဝင် စုစုပေါင်း ၁၄ အုပ်မျှ ထုတ်ဝေခဲ့သည်။ ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈-ခုနှစ်တွင် မြသန်းတင့် သည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီးနောက် ဒဿနိက၊ နိုင်ငံရေးသိပ္ပံနှင့် အင်္ဂလိပ် အနုစာပေ စသော ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့သည်။ တာရာ မဂ္ဂဇင်း (အမှတ်စဉ် ၂၁၊ အတွဲ ၃၊ ၁၉၄၉) ၌ “ဒုက္ခသည်” ဟူသော သူ၏ ပထမဦးဆုံး ဝတ္ထုတိုဖြင့် မြသန်းတင့်သည် စာပေနယ်သို့ ၁၉၄၉-တွင် စတင်ဝင်ရောက် ခဲ့ပြီး သူ၏ စာရေးသက်အနှစ် ၅၀ အတွင်း ဝတ္ထုတိုနှင့် ဝတ္ထုရှည်များ၊ မှတ်တမ်းမှတ်ရာ များစွာ နှင့် ဘာသာပြန် ဆိုရေးသား မှုများကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၃ တွင် ရေးသားခဲ့သော ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဟူသော ဝတ္ထု သည် သူ၏ အကြီးကျယ်ဆုံး သော ပြောင်မြောက်သည့်လက်ရာဟုယူဆပြီး သူသည် “တောင်သမန် ရွှေအင်းကလေညင်းဆော်တော့” ကဲ့သို့သော သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ များကိုပါ ရေးသားခဲ့သည်။ အနောက်တိုင်း စာပေများစွာကို မြန်မာဘာသာသို့ အရေးသွက်သွက်ဖြင့် ဘာသာပြန်ဆို ရေး သားသူဖြစ်သည့်အလျောက် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင်စာအုပ်များနှင့်သူ၏ စာဖတ်ပရိသတ် များကို မိတ်ဆက်ပေးခဲ့ သည်။ မြသန်းတင့်သည် ၁၉၆၂-ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း ၏ စစ်အစိုးရ လက်ထက်တွင် ၁၉၆၃-ခုနှစ်မှ ၁၉၇၂-ခုနှစ်ထိ အကျဉ်းကျခံရသည်။ ကနဦး ရန်ကုန် အင်းစိန်ထောင်တွင် နေခဲ့ရပြီး ၁၉၆၉-ခုနှစ်မှ ၎င်းလွတ်မြောက်သည့်အချိန်ကာလအထိ အိန္ဒိယသမုဒ္ဒရာရှိ ပြစ်ဒဏ်ပေးခြင်းခံရသူများကို တစ်နေရာတည်းတွင်ထားရှိသည့် ကိုးကိုးကျွန်းတွင် ၃-နှစ်ကြာနေထိုင်ခဲ့ရသည်။ ဘဝနိဂုံး ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ː၁၅ တွင် ဦးနှောက်၌ သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဆုံးပါးချိန်တွင် ဇနီး ဒေါ်ခင်မမ နှင့် သားသမီးလေးဦး ကျန်ရစ်သည်။ ရေးသားလက်စ စာအုပ်များ ကွန်လွန်ချိန်၌ အောက်ပါစာအုပ်များမှာ ရေးသားဆဲ ဖြစ်သည် − ဒေါက်တာ မမိုးသူ အရှေ့တစ်ခွင်လုံး နီ မင်းပုန်းတောင်သိုင်းသမား အင်္ဂလိပ်လူနာ ကလောင် အမည်ကွဲများ မြသန်းတင့် ဇောတိက ထက်အောင် မေမေလှိုင် မင်းနန္ဒာ မြသန်း စောယွမ်း ရဲအောင်ဇေ မောင်သစ်တည် အုတ်လှငယ် ဝတ္ထုများ မြသန်းတင့်ရေးသားခဲ့သည့် ကျော်ကြားသော မြန်မာဝတ္ထုများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် (၁၉၇၃) အမှောင်ရိပ်ဝယ် (၁၉၆၀) အညတရ ရုပ်ပုံလွှာများ လိုက်ခဲ့တော့ မြနန္ဒာ (၁၉၆၀) ခေတ်ပြိုင်ရုပ်ပုံလွှာများ ပုံတောင်ပုံညာတောလား တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (၁၉၉၉) မမ သူ၏ ဝတ္ထုတိုများကို စုစည်းထုတ်ဝေသော အညတရရုပ်ပုံလွှာများ (သာမန်လူတို့၏ ပုံရိပ်များ) အမည်ရှိ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို On the Road to Mandalay: Tales of Ordinary People ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ရေးသားထုတ်ဝေခဲ့သောစာအုပ်များ မြသန်းတင့် ရေးသားခဲ့သည့် စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။သန်းထွန်းအောင်၊ အောင်မြင့်နိုင်၊ "မြသန်းတင့်ရေးခဲ့သော စာစုစာရင်း"၊ အမှတ်တရစာအုပ်တိုက်၊ မန္တလေး။ယနေ့မန္တလေး စာတည်းအဖွဲ့၊ "စာပဒေသာဥယျာဉ်မှူးကြီး မြသန်းတင့် အမှတ်တရ" စဉ် မြန်မာအမည် မူရင်းဝတ္ထု မူရင်းစာရေးဆရာ မှတ်ချက် ၁ စစ်နှင့်ငြိမ်းချမ်းရေး War and Peace လီယိုတော်စတွိုင်း ၁၉၇၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု ၂ လေရူးသုန်သုန် Gone with the Wind မာဂရက် မစ်ချယ် ၁၉၇၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု ၃ ခန်းဆောင်နီ အိပ်မက်Dream of the Red Chamber Cao Xueqin ၁၉၈၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု ၄ သုခမြို့တော်City of Joy Dominique Lapierre ၁၉၉၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု ၅ အချစ်မိုးကောင်းကင်Beyond Love Dominique Lapierre ၁၉၉၅ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု ၆ ရွှေပြည်တော်မျှော်တိုင်းဝေးThe Far Pavillions M. M. Kaye(ဘာသာပြန်) ၇ လေလွင့်သူThe Catcher in the Rye J. D. Salinger ၈ မိန်းမတို့ အကြောင်းThe Second Sex ဆိုင်မွန်ဒီ ဗျူးဗွား၉မိန်းမအလှဋီကာကျမ်းWomen & BeautySophia Loren ၁၀ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ The Class Erich Segal ၁၁ ပါရီကျဆုံးခန်းThe Fall of Paris အိလျ အာရင်ဘတ် ၁၂ လူများ၊ သက္ကရာဇ်များ - ဘဝPeople, Years, Life၁၃မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိThe Life of the Automobile ၁၄ ဧကရီဖွားစော She Was a Queen Maurice Collis ၁၅ ချစ်သောယွန်းခင်ခင်The Lacquer Lady F. Tennyson Jesse ၁၆ အရွယ်မတိုင်မီThe Childhood of Maxim Gorky Maxim Gorky ၁၇ ဘုံလေ့တခွင် My Apprenticeship ၁၈ ဘဝတက္ကသိုလ်My Universities၁၉မက္ကဇင်းဂေါ်ကီ၏ အတ္ထုပ္ပတ္တိThe Life of Maxim GorkyA. Roskin၂၀ခေတ်သစ် ပုတ္တောဝါဒA Father's Book of WisdomH. Jackson Brown Jr.၂၁ဂျူပီတာဖိုက်၂၂အိမ်ကြီးမာယာ၂၃မိုးတောင်ကချုန်း၂၄သိပ္ပံပညာယဇ်ပလ္လင်နှင့် အခြားအနာဂါတ်ဆန်းကြယ်သိပ္ပံဝတ္ထုတိုများ၂၅ရှားလော့ဟုမ်း၏ စွန့်စားခန်းများThe Adventures of Sherlock Holmesအာသာ ကိုနန် ဒွိုင်းလ်၂၆ရှားလော့ဟုမ်း၏ မှတ်တမ်းများThe Memoirs of Sherlock Holmes၂၇ရှားလော့ဟုမ်းပြန်လာပြီThe Return of Sherlock Holmes၂၈ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်းHis Last Bow၂၉ရှားလော့ဟုမ်း၏ အမှုတွဲများThe Case-Book of Sherlock Holmes၃၀ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖိုThe Exploits of Sherlock HolmesAdrian Conan Doyle, John Dickson Carr၃၁စာရေးခြင်း အတတ်ပညာThe Art of WritingAndre Maurois၃၂တဂိုးဝတ္ထုတိုများRabindranath Tagore၃၃ဘဝနေနည်း အနုပညာThe Art of LivingAndrew Maurois၃၄မှောင်မိုက်မှာ ငိုThe Man Who Was Afraidမက္ကဇင် ဂေါ်ကီ၃၅မက္ကဇင်(မ)ဂေါ်ကီ၏ မာလ်ဗာနှင့် ဝတ္ထုတိုများ၃၆အလကားလူThe Life of a Useless Man၃၇သူလျှိုဖမ်းသူSpycatcherLt Col Oreste Pinto ၃၈မှော်ရုံတောမှာ မောလှပြီThe Gold of Their BodiesCharles O. Gorham၃၉ရေပွက်ပမာA Very Easy DeathSimone de Beauvoir၄၀နိုင်ငံတကာဥပဒေ၄၁ပစိဖိတ်နှုတ်ခမ်းပေါ်က ပျားရည်စက်...၄၂လက်ဖက်ရည်ဆိုင်TeahouseLao She၄၃အန်ဒါဆင်၏ ဒဏ္ဍာရီများThe Tales of Hans Christian AndersenHans Christian Andersen၄၄သမိုင်းကြေးမုံ၄၅လာခြင်းကောင်းသောအရှင်The Lord ComesRobert Payne၄၆လူကလေးသို့ ပေးစာများLord Chesterfield's Letters to His Son and OthersEarl of Philip Dormer Stanhope Chesterfield၄၇အကြာဆုံးစစ်ပွဲ မြန်မာပြည် (၁၉၄၁-၁၉၄၅)Burma: The Longest War, 1941-1945Louis Allen၄၈မာ့က်စ်ဝါဒနှင့် တွေးခေါ်မျှော်မြင်ရေးTheory of KnowledgeMaurice Cornforth၄၉ပြိုကွဲသွားသော သိုက်မြုံကလေးနှင့် အမေ့သားThe Broken Nest and Rashmani's Sonရာဘင်ဒြာနတ် တဂိုး၅၀သမိုင်းဆိုင်ရာရုပ်ဝါဒHistorical Materialism Maurice Cornforth၅၁အနုပဋိလောမ ရုပ်ဝါဒ [အလုပ်သမားလူတန်းစား အဘိဓမ္မာ] (၁၉၆၃)Dialectic Materialism and Science (1949) Materialism and the Dialectical Method (1953)Maurice Cornforth၅၂ခေတ်သစ်သမိုင်းဋီကာWhat is History?E.H.Carr၅၃မိုးအဆုံး မြေအဆုံးChinghing AitmatovJamila၅၄မရဏအိပ်မက်တစ်ခု၏ မှတ်တမ်းChronicle of a Death ForetoldGabriel García Márquez၅၅တောင်များ၏ တောင်ဘက်မှ ပင်လယ်များ၏ မြောက်ဘက်သို့The Long Revolutionအဂ္ဂါ စနိုး၅၆မီးလောင်မြေScorched Earthအဂ္ဂါ စနိုး၅၇စက်ဘီးသူခိုးများBicycle ThievesVittorio De Sica၅၈သမိုင်းထဲက ပုဂံ၊ ပုဂံထဲက သမိုင်းMandalay and Other Cities of the Past in Burma V. C. Scott Oconnor၅၉သမိုင်းထဲက မန္တလေး၊ မန္တလေးထဲက သမိုင်းMandalay and Other Cities of the Past in Burma ၆၀ဂူအောင်းခေတ်ဇနီးသို့ပေးစာနှင့် နိုင်ငံတကာဝတ္ထုတိုများ၆၁တတိယမြစ်ကမ်းပါးနှင့် နိုင်ငံတကာဝတ္ထုတိုများ၆၂နိုင်ငံတကာခေတ်သစ်ဂန္ထဝင်ဝတ္ထုတိုများ (၁၊ ၂၊ ၃၊ ၄)၆၃နိုင်ငံတကာ ရသစာတမ်းငယ်များ(၁၊ ၂၊ ၃၊ ၄)၆၄မြန်မာပြန်ရသစာတမ်းများ၆၅နှစ်တစ်ရာကမ္ဘာ့စုံထောက်ဝတ္ထုတိုများ ပေါင်းချုပ်၆၆၂၀ ရာစုနှစ်ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတိုများ၆၇ဩဂုတ်တစ္ဆေနှင့် အခြားဝတ္ထုတိုများ၆၈ကမ္ဘာ့ရှု့ခင်း(ထက်အောင်) အမည်ဖြင့်၊ (ဘာသာပြန်)၆၉သမိုင်းစကားပန်းစကားနှင့် အခြားရသစာတမ်းများ(ထက်အောင်) အမည်ဖြင့်၊ (ဘာသာပြန်)(ပင်ကိုရေး)၇၀ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ်(ဘာသာပြန်)၇၁ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၇၂ခရမ်းလွန်နွေဦး၌ ဗျစ်ဆိုင်များကွယ်လွင့်ခြင်းနှင့် သမိုင်းပုံရိပ်အက်ဆေးများ(ထက်အောင်) အမည်ဖြင့်၊ (ဘာသာပြန်)(ပင်ကိုရေး)၇၃သမိုင်းစကားပန်းစကား(ဘာသာပြန်)(ပင်ကိုရေး)၇၄တော်စတွိုင်း၏ ဘဝအမြင်နှင့် သမိုင်းအမြင်(ဘာသာပြန်)၇၅ဒီရေမြင့်သစ် (သို့) မော်စီတုန်းနှင့် တရုတ်တော်လှန်ရေးThe Morning Deluge: Mao Tsetung and the Chinese RevolutionHan Suyin၇၆တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း(မောင်သာမည နှင့် တွဲဖက်) (ဘာသာပြန်)၇၇စကြဝဠာ တိုက်တစ်သောင်းJames Jeans(ဘာသာပြန်)၇၈ဧရာဝတီသို့အပြန်Return to the IrrawaddyFrank Kingdon-Ward(ဆုံးခန်းမတိုင်ခဲ့)၇၉မင်းပုန်းတောင်သိုင်းသမားWater MarginShi Nai'an၈၀အင်္ဂလိပ်လူနာThe English PatientMichael Ondaatje၈၁တပ်မှူးများThe CommandersBob Woodward၈၂အချစ် နေဝင်ချိန်The Last TycoonF. Scott Fitzgerald၈၃ဆန်းစသော်တာCrescent Moon ရာဘင်ဒြာနတ် တဂိုး (ဘာသာပြန်)၈၄ချစ်သူ့လက်ဆောင်Lover's Gift၈၅ဂီတဉ္စလီGitanjali၈၆ပိုးစုန်းကြူးFireflies၈၇တိမ်းရှောင်သူThe Fugitive၈၈သစ်သီးခူးFruit Gathering၈၉ဥယျာဉ်မှူးThe Gardener၉၀ကူးတို့Crossing၉၁ရွှေလှေThe Golden Boat၉၂လေလွင့်ငှက်ငယ်များStray Birds၉၃တောငန်းများပျံသောအခါA Flight of Swans၉၄နွေဦးတမန်The Heralf of Spring၉၅တဂိုးကဗျာပေါင်းချုပ် (ပ၊ ဒု)၉၆နှစ်ဆယ်ရာစုနိုင်ငံရပ်ခြားကဗျာမောင်သစ်တည် အမည်ဖြင့်၊ (ဘာသာပြန်)၉၇ခေတ်ပေါ်နိုင်ငံတကာကဗျာရှည် ၃ ပုဒ်Zima Junction, Song Of Lawino,Let The Rail Splitter Awake Pablo Neruda, Yevtushenko And Okot P'Bitek၉၈မော်ဒန်ကဗျာနှင့်ပတ်သက်၍၉၉မြန်မာကျေးတောနေတို့၏ ကဗျာများ(ပင်ကိုရေး)၁၀၀ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်(ပင်ကိုရေး)၁၀၁နွံထဲကကြာ(သိန်းဖေမြင့် နှင့် တွဲဖက်) (မှီငြမ်း)၁၀၂ထားကျွန်မလင်(ပင်ကိုရေး)၁၀၃ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း၁၀၄ဇာခန်းဆီး လေညှင်းနှင့်လရောင်၁၀၅တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့၁၀၆လက်ဖက်ရည်ဆိုင်၁၀၇ခေတ်ပြိုင်ရုပ်ပုံလွှာများ၁၀၈အညတရရုပ်ပုံလွှာများ၁၀၉အမှောင်ရိပ်ဝယ်၁၁၀နှင်းနု၁၁၁မမ၁၁၂ကံကောင်း၁၁၃ဝတ္ထုတိုပေါင်းချုပ် - ၁၁၁၄ဝတ္ထုတိုပေါင်းချုပ်၁၁၅ဝတ္ထုတိုပေါင်းချုပ် ၂၁၁၆ဝတ္ထုတိုပေါင်းချုပ် ၃၁၁၇မျက်ရည်မြူမှုန်များကြားမှ အလွမ်းကြယ်ပွင့်များ နှင့် အခြားဝတ္ထုတိုများ၁၁၈မနော်နှင့် အခြားဝတ္ထုတိုများ၁၁၉ပန်းတစ်ပွင့်၏လူသတ်ခန်း ဝတ္ထုတိုများ၁၂၀ကြေးနီရောင်အချစ်နှင့် ဝတ္ထုတိုများ၁၂၁ဇာခန်းဆီး လေညှင်းနှင့် လရောင် ဝတ္ထုတိုများ၁၂၂မယ့်တစ်ကိုယ်နှင့်အခြားမဂ္ဂဇင်းဝတ္ထုတိုများ၁၂၃မေတ္တာအသင်္ချေ၁၂၄လိုက်ခဲ့တော့မြနန္ဒာ၁၂၅နေထွက်သောည(ပြဇာတ်)၁၂၆အကျဉ်းသမားပြဇာတ်များ နှင့် နွားတစ်ထောင်၁၂၇မြောက်ဘက်တောင်ကုန်း ဒေသမှအပြန်(ခရီးသွားစာပေ)၁၂၈လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဠဝတီ၊ ရွှေလီရုပ်ပုံလွှာ၁၂၉ပုံတောင်ပုံညာသွားတောလား၁၃၀ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုဗေးနှင့် အီကွေတာညများ၁၃၁အရှေ့လေတိုက်သောအခါ၁၃၂သေသူ့ထံမှပေးစာများ ၁၃၃ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေး(စာပေရေးရာဆောင်းပါးများ)၁၃၄ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း၁၃၅ကျွန်တော်နှင့်မလေးလုံ၁၃၆လမင်းကို ထရံပေါက်မှကြည့်ခြင်း၁၃၇ကြာညိုနံ့သင်းသောရေဝတီမ၁၃၈အပြာရောင်ညနေဆည်းဆာများ၁၃၉သူတို့ပြည်နှင့် ကျွန်တော်တို့ပြည်၁၄၀မိဂျက်စီနှင့် စာပေါင်းစုလက်ရာများ၁၄၁ဧကရီ၊ ပန်းသည်မနှင့် ကျွန်တော်၁၄၂နိုင်ငံတကာစာပေရှုခင်း၁၄၃ဒုတိယအသံကဝေဖန်ခြင်း၁၄၄ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း၁၄၅မြသန်းတင့်၏ စာပေါင်းစု၁၄၆ပီကာဆို၏ ပဉ္စလက်မီးအိမ်၁၄၇ပွင့်တူရွက်တူ နှင်းမြူတောင်ခိုးနှင့် နေကြာပွင့်ရိုင်းများ၁၄၈ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ(ဝေဖန်ရေး)၁၄၉သုခမြို့တော်ထဲက စိတ်သတ္တိ(အင်တာဗျုး)၁၅၀ကမ္ဘာကိုကိုင်လှုပ်သောတရုတ်ပြည်China Shakes the WorldJack Belden(ဘာသာပြန်) ရေးသားပြုစုခဲ့သောဇာတ်လမ်းတွဲများ ရှားလော့ဟုမ်း(စ်) ဇာတ်လမ်းတွဲကို အတွဲ ၅ တွဲ ရေးသားပြုစုခဲ့သည်- ရှားလော့ဟုမ်း(စ်)၏ စွန့်စားခန်းများ ရှားလော့ဟုမ်း(စ်)၏ ကိုယ်တွေ့မှတ်တမ်းများ ရှားလော့ဟုမ်း(စ်) ပြန်လာပြီ ရှားလော့ဟုမ်း(စ်)၏ နောက်ဆုံးဦးညွှတ်ခြင်း ရှားလော့ဟုမ်း(စ်)၏ အမှုမှတ်တမ်း ကိုးကားချက်များ ပြင်ပလင့်ခ်များ Book review: On the Road to Mandalay On the Road to Mandalay: Tales of Ordinary People www.myanmarisp.com/Writer-Biography/myathantint ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ့နိုင်ငံရေးသမားများ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ ကဏ္ဍ:မြန်မာ စာရေးဆရာများ
ရွှေဥဒေါင်း
ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်ပြီး ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာ မျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခုနစ်တွင် သုတပဒေသာဆုများ ရရှိခဲ့သည်။၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀၊ သီဟရတနာအုပ် ၁ဝဝပြည့် အထူးထုတ် ငယ်ဘဝ ဆရာကြီး ရွှေဥဒေါင်းသည် ၁၂၅၁ ခု၊ တန်ဆောင်မုန်းလဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်တွင် ဖွားမြင်၍ မိဘနှစ်ပါးမှာ ဦးဧရာနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဖေသိန်း ဖြစ်သည်။ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' က ရွှေဥဒေါင်း (၁၂၅၁ - ၁၃၃၅) အကြောင်း - မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ဖခင် ဦးဧရာသည် သီပေါမင်းလက်ထက်တွင် လွှတ်တော်စာရေးအဖြစ် အမှုထမ်းခဲ့ဖူးသည်။ ကိုလိုနီခေတ်တွင် ဖိနပ်ထောင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။ မိခင် ဒေါ်ရွှေသည်လည်း သီပေါမင်း လက်ထက်တွင် စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူး၍ တနင်္ကသီ ရွာစားဘွဲ့ပင် ရခဲ့ဖူးသည်။ သီပေါမင်း ပါတော်မူပြီးနောက် ဦးဧရာနှင့် ဒေါ်ရွှေတို့ ဖူးစာဆုံပြီး ဆရာကြီးကို ဖွားမြင်ခြင်း ဖြစ်သည်။ ပညာရေး ဆရာကြီးသည် မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် လူကျောင်း၊ မန္တလေးမြို့ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်း၊ အေဘီအမ်ကျောင်းတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်သည်။ ခရစ်သက္ကရာဇ် ၁၉ဝ၈ ခုတွင် ကာလကတ္တား တက္ကသိုလ် အသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်သည်။ ထို့နောက် မန္တလေး ဗုဒ္ဓဘာသာကျောင်းနှင့် အေဘီအမ်ကျောင်းတို့တွင် ကျောင်းဆရာ လုပ်သည်။ ထို့နောက် ရွှေဘိုအရေးပိုင်ရုံး၊ သစ်တောရုံး တို့၌ စာရေးလုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာစိုက်ပျိုးခြင်းနှင့် သမဝါယမမင်းကြီးရုံး၌ တောလိုက်စာရေး ဝင်လုပ်ပြန်သည်။ တောလိုက်စာရေးဘဝ အသက် ၂၁ နှစ်တွင် ပထမအကြိမ် အိမ်ထောင်ကျသည်။ ၃ နှစ်ခန့် ပေါင်းသင်းပြီးနောက် အိမ်ထောင်နှင့်ကွဲသည်။ ၁၉၁၄ ခုနှစ်တွင် အလုပ်မှနုတ်ထွက်ပြီးနောက် ဒုတိယအိမ်ထောင်နှင့် ဖူးစာဆုံသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒုတိယ အိမ်ထောင်နှင့် ကွဲပြန်သည်။ ထို့နောက် ကသာခရိုင် မြတောင်ရွာရှိ မိတ်ဆွေတဦးထံ အလည်အပတ်သွားရောက်ရာမှ မြတောင်သူ ဒေါ်စိုးနှင့် တွေ့ကာ တတိယအကြိမ် အိမ်ထောင် ကျသည်။ ဆရာကြီးမှာ ဒေါ်စိုးနှင့်ကျမှ အိမ်ထောင်ရေးဘဝ စွဲမြဲတည်ငြိမ် သွားလေတော့သည်။ ဆရာကြီးသည် အေဘီအမ်ကျောင်းတွင် ပညာဆည်းပူးနေစဉ် ၈ တန်းတွင် စာဖတ်ဝါသနာ မျိုးစေ့ကိုရခဲ့ပြီး ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများကို ဖတ်ရှုနိုင်သည့် အခြေသို့ရောက်ခဲ့သည်။ စွဲစွဲမြဲမြဲလည်း ဖတ်ရှု ခဲ့သည်။ စာဖတ်သက် ရင့်ကျက်လာသည်နှင့်အမျှ ဘဝအတွေ့အကြုံလည်း များလာပြီ ဖြစ်သော ဆရာကြီးသည် ဝတ္ထုရေးလိုစိတ် ထက်သန်လာသည့် အလျောက် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင်ရေးသားသည်။ ရန်ကြီးအောင်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသောဝတ္ထု ဖြစ်သည်။ သို့သော် ဇာတ်လိုက် မနှင်းမြိုင်အား ကာလသား ၄ ယောက် အလောင်းအစားပြုကာ လူပျိုလှည့်သည့် အခန်းကိုမူ ရေးနိုး (Raynolds)၏ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုမှ ယူခြင်း ဖြစ်သည်။ ရန်ကြီးအောင်ဝတ္ထုကို သူရိယသတင်းစာတိုက်က ပုံနှိပ်ထုတ်ဝေရန် ရွေးချယ်ပြီး ဉာဏ်ပူဇော်ခ ငွေတရာပေးသည်။ ဤသို့ဖြင့် ဆရာကြီးသည် စာရေးဆရာ ဖြစ်လာတော့သည်။ ထို့နောက် သူရိယဦးဘဘေ၏ တိုက်တွန်းချက်အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ၏ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြမ်းပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားသည်။ ထိုဝတ္ထု နှစ်ပုဒ်ကို အကြောင်းပြု၍ ဆရာကြီးကို သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာခန့်လိုက်သည့်အတွက် စာပေလောကထဲသို့ ဝင်ရောက်ကျင်လည် ရတော့သည်။ ဆရာကြီးကို စာပေလောကထဲသို့ ပို့ဆောင်ပေးခဲ့သော ‘သူရိယ’ (နေ) ၏ အထိမ်းအမှတ်ဖြစ်သော ‘ဒေါင်း’ ကို အစွဲပြု၍ ‘ရွှေဥဒေါင်း’ ဟူသော ကလောင်အမည်ကို ခံယူသည်။ အလုပ်အကိုင် ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်နေစဉ် မြန်မာဂျာနယ်သမိုင်းတွင် ပထမဆုံးဂျာနယ် ဖြစ်သော ‘မြန်မာ့ဗျူဟာဂျာနယ်’ ကို မိတ်ဆွေတဦးနှင့်ပေါင်း၍ ထုတ်ဝေခဲ့သေးသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့်ဖြစ်ကာ အလုပ်မှ နုတ်ပယ်ခံရသည်။ ဒေါ်စိုးနှင့် ဖူးစာဆုံပြီးနောက် ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာ တွင် အင်္ဂလိပ်ကျောင်းဆရာအလုပ်ကို ၂ နှစ်မျှ လုပ်သေးသည်။ တရားအားထုတ်ရင်း အသက် ၃၆ နှစ်တွင် ရဟန်းဘောင်သို့ ဝင်သည်။ ရဟန်းအဖြစ် အရိုးထုတ်ရန် ကြံရွယ်သော်လည်း ငှက်ဖျားမိကာ အသည်းအသန် နာမကျန်း ဖြစ်သည့်အတွက် လူဝတ်လဲရသည်။ ဆရာကြီးသည် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း လခစားအလုပ်ကို ကြိုကြားကြိုကြား လုပ်ခဲ့သည်။ ၁၉၂၆ ခုတွင် နယူးဘားမားသတင်းစာတိုက်တွင် စက္ကရီထေရီအဖြစ် ခေတ္တဆောင်ရွက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့ ခရစ်ယာန်စာပေအသင်း၌ ဘာသာပြန်ဆရာအဖြစ် ၃ နှစ်မျှ ဝင်လုပ်ကာ စာအုပ်ပေါင်း ၂ဝ ကျော်ခန့် ဘာသာပြန်ပေးခဲ့သည်။ ၁၉၃၆ ခုတွင် သူရိယက ပြန်ခေါ်ပြီး ဆရာကြီးကို သူရိယသတင်းစာတွင် အယ်ဒီတာခန့်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဆရာကြီးသည် ဆင်းရဲပင်ပန်းစွာ လှုပ်ရှားရုန်းကန်ရသည်။ စစ်ပြီးခေတ်တွင် ဆရာကြီး၏ဘဝသည် အထူးပြောင်းလဲခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၏ စိတ္တာဝိပဿနာကို ကျနစွာ ကျင့်သုံးသည်။ လက်ဝဲစာပေ အမြောက်အမြားကိုလည်း ဖတ်ရှုသည်။ မန္တလေးရှိ လူထုသတင်းစာတိုက်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ် ၅ လ နီးပါးခန့် ဖဆပလအစိုးရ၏ အကျဉ်းချခြင်းကို ခံရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးအစိုးရလက်ထက်တွင် ဆရာကြီးသည် ‘လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ’ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစားယူသည်။ ဆရာကြီးသည် အနောက်တိုင်းဝတ္ထုများကို ဆီလျော်အောင် မှီငြမ်း ပြုခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက် ဘာသာပြန်ခြင်းဖြင့် လည်းကောင်း မြန်မာစာပေ နယ်ပယ်ထဲသို့ ပို့ဆောင်ပေးသူ ဖြစ်သည်။ ရိုက်ဒါဟက်ဂတ် (Rider Haggard) ၏ ရှီ (She) ကို မှီငြမ်း ပြုသော ရူပနန္ဒီဝတ္ထု၊ ကိုနင်ဒွိုင်း (Conan Doyle) ၏ ရှားလော့ဟုမ်း (Sherlock Holmes) ကို မှီငြမ်း ပြုသော စုံထောက်မောင်စံရှားဝတ္ထုတို့သည် အထူး ထင်ရှားပြီး မှီငြမ်းပြုပုံ မြန်မာဆန်သည့်အတွက် အများနှစ်သက်ကြသည်။ အချို့ဆိုလျှင် မှီငြမ်းပြုမှန်းပင် မသိကြပေ။ ‘ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေ၊ ပြည်ပေါက္ကံ၊ ဂျမဒါကိုကိုကြီး၊ ရူပကလျာဏီ၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ‘ရတနာသိုက်၊ ဗတ်စကာဗျီခွေးကြီး၊ သူရဲကောင်းသုံးယောက်၊ အန္နာကရီနီနာ၊ မျှော်တလင့်လင့်၊ ကိုယ်ရံတော်၊ စိတ်ထားဝတိံ၊ သွေးစုပ်မြေ’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော တိုက်ရိုက်ဘာသာပြန်ဝတ္ထုများ ဖြစ်သည်။ ‘မြတ်သက်မော်’ နှင့် ‘ဆုကြီးပန်’ တို့မှာမူ ဆရာကြီး၏ ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ဆရာကြီးသည် ဝတ္ထုရှည် ၅ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ကျော်ကို မှီငြမ်းပြု၍လည်းကောင်း၊ တိုက်ရိုက် မြန်မာပြန်၍လည်းကောင်း ရေးသားခဲ့ကြောင်း သိရသည်။ ‘အာဟာရဖြင့်ကျန်းမာနည်း’၊ ‘အကြံဉာဏ်ဖြင့် ကြီးပွားရေး’ တို့ကိုလည်း မြန်မာ ပြန်ခဲ့သည်။ ‘ကိုယ်တွေ့တရုတ်ပြည်သစ်’ အမည်ဖြင့် ခရီးသွားမှတ်တမ်း၊ ‘တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ရေးသားခဲ့သည်။ သတင်းစာခေါင်းကြီးများ၊ ဆွေးနွေးခန်းဆောင်းပါးများ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ အပါအဝင် လောကုတ္တရာဆောင်းပါးများ၊ စာပေ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ဆရာကြီးသည် ချားလ်ဒစ်ကင်း (Charles Dicken) ၏ Great Expectation ကို မြန်မာပြန်သော မျှော်တလင့်လင့်ဝတ္ထုဖြင့် ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကိုလည်းကောင်း၊ အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ၏ The Jungle ဝတ္ထုကို မြန်မာပြန်သော သွေးစုပ်မြေဝတ္ထုဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကို လည်းကောင်း၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးသည်။ (လုပ်သားသတင်းစာအယ်ဒီတာကို ဗန်းမော်တင်အောင်နှင့် ဗိုလ်သခင်ဆရာ တားသည့်ကြားလုပ်ခဲ့`ဗိုလ်သ္ခင်ဆရာ31st Jan2009။ `ဆရာကြီးကဒါမျိုးလုပ်ချင်တာတဲ့´ဆရာသော်တာဆွေ) ဘဝနိဂုံး ဆရာကြီးသည် ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (ခရစ်သက္ကရာဇ် ၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ။ တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ။ စာ ၁၇၇ - ၂ဝ၂ မလိခ။ မြန်မာဝတ္ထု အညွှန်း ၂။ စာ ၁၃ - ၁၇။ ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၁ - ၄၂။ ရွှေဥဒေါင်း။ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ။ လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ။ ၆ - ၈ - ၇၃။ ။ ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း {| class="wikitable sortable" |- ! စဉ် !! အမည် !! ထုတ်ဝေနှစ် !! မှတ်ချက် |- | ၁||ပထမံဆရာသိန်း||၁၉၄၉|| |- | ၂||ကိုယ်ရံတော် ||၁၉၅ဝ||(ဘာသာပြန်) |- | ၃||အိုင်ဗိုရီချိုင်း||၁၉၅၂|| |- | ၄||ရွှေဥဒေါင်း||၁၉၅၃|| |- | ၅||ရတနာပုံဝတ္ထု||၁၉၅၃|| |- | ၆||သွေးစုပ်မြေ||၁၉၅၅|| |- | ၇||စန္ဒာဒေဝီ||၁၉၆ဝ|| |- | ၈||ဒိဋ္ဌေဒိဋ္ဌမတ္တံလက်တွေ့ကျင့်စဉ်||၁၉၆ဝ|| |- | ၉||စွန့်ဝံ့သူ့||၁၉၆၁|| |- | ၁၀||ရူပနန္ဒီ||၁၉၆၁|| |- | ၁၁||ရန်ကြီးအေင်||၁၉၆၁|| |- | ၁၂||တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ||၁၉၆၁|| |- | ၁၃||စုံထောက်မောင်စံရှား||၁၉၆၁|| |- | ၁၄||ဂမုန်းနက် ||၁၉၆၁||(ဘာသာပြန်) |- | ၁၅||စစ်ရှုံးသူ||၁၉၆၁|| |- | ၁၆||ရူပကလျာဏီ||၁၉၆၁|| |- | ၁၇||ဂျမဒါကိုကိုကြီး||၁၉၆၂|| |- | ၁၈||ဆွေးနွေးခန်း||၁၉၆၂|| |- | ၁၉||ဒဂုန်တင့်||၁၉၆၂|| |- | ၂၀||မြန်မာ့စွမ်းရည်||၁၉၆၂|| |- | ၂၁||ဒေါက်တာသောင်းထိုက်||၁၉၆၂|| |- | ၂၂||အကြံဉာဏ်ဖြင့် ကြီးပွားရေး||၁၉၆၂|| |- | ၂၃||ဘာစကာဗျိစ်ခွေးကြီး ||၁၉၆၂||(ဘာသာပြန်) |- | ၂၄||စာပဒေသာ|||| |- | ၂၅||ကိုယ်တွေ့ တရုတ်ပြည်သစ်|||| |- | ၂၆||ကိုယ်တွေ့ အာဟာရနှင့် ကျန်းမာရေး||၁၉၆၃|| |- | ၂၇||ဂဠုန်နက်ဂိုဏ်း||၁၉၆၃|| |- | ၂၈||သိန်းထိုက်||၁၉၆၄|| |- | ၂၉||ဝသုံးလုံး||၁၉၆၄|| |- | ၃၀||ဝင်္ကန္တ||၁၉၆၄|| |- | ၃၁||ရတနာသိုက် ||၁၉၆၄||(ဘာသာပြန်) |- | ၃၂||လူစွန့်စား||၁၉၆၅|| |- | ၃၃||သူတော်စိန်||၁၉၆၅|| |- | ၃၄||ဆုကြီးပန်နှင့် အခြားဝတ္ထုတိုများ||၁၉၆၅|| |- | ၃၅||စော်လမွန်သိုက်||၁၉၆၅|| |- | ၃၆||ကလယန္တရား||၁၉၆၅|| |- | ၃၇||ချစ်ပန်းပွင့်||၁၉၆၅|| |- | ၃၈||စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုများ||၁၉၆၅|| |- | ၃၉||ဇော်ဟိတ်||၁၉၆၅|| |- | ၄၀||ဘာသာရေး ခံယူချက်||၁၉၆၅|| |- | ၄၁||ထိပ်ထိပ်ကြဲ လျှို့ဝှက်သည်းဖို ဝတ္ထုများ||၁၉၆၆|| |- | ၄၂||ဒေါင်ဒေါင်မြည် လျှို့ဝှက်သည်းဖို ဝတ္ထုတိုများ||၁၉၆၆|| |- | ၄၃||ဇတ်ဇတ်ကြဲဂိုဏ်း||၁၉၆၆|| |- | ၄၄||ဟစ်တလာ လုပ်ခဲ့သမျှ ||၁၉၆၈||(ဘာသာပြန်) |- | ၄၅||မျှော်တလင့်လင့် ||၁၉၆၉||(ဘာသာပြန်) |- | ၄၆||စာရေးနည်း လမ်းညွှန်||၁၉ရဝ|| |- | ၄၇||လွမ်းအောင်ဖန်||၁၉ရဝ|| |- | ၄၈||စိတ်ထားဝတိံနှင့် မြန်မာ့စွမ်းရည်||၁၉၇၅|| |- | ၄၉||က် ဦးစံရှား ပေါင်းချုပ်||၁၉၇၇|| |- | ၅၀||စိတ်ထားတော် ||||(ဘာသာပြန်) |- | ၅၁||ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ|||| |- | ၅၂||မြသက်မော်||၁၉၅၁|| |- | ၅၃||ရှိတ်စပီးယား ပြဇာတ် ဝတ္ထုများ ||||(ဘာသာပြန်) |- | ၅၄||လောကုတ္တရားရာ ဆွေးနွေးခန်းများ||၁၉၆၉|| |- | ၅၅||လက်တွေ့လျှိုစစ်||၁၉၆၅|| |- | ၅၆||လက်ထက်တော်ကြီး|||| |- | ၅၇||လင်ကွန်း|||| |- | ၅၈||လျှမ်းလျှမ်းတောက် လျှို့ဝှက်သည်းဖို ဝတ္ထုများ|||| |- | ၅၉||သူရဲကောင်း သုံးယောက် ||||(ဘာသာပြန်) |- | ၆၀||အတွေးအခေါ် ဟင်းလေးအိုးကြီး|||| ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း (မူကွဲ စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက် ၁ရတနာပုံဝတ္ထု ၁၉၁၇သူရိယသတင်းစာတိုက် ၂ရူပနန္ဒီ ၁၉၁၉သူရိယသတင်းစာတိုက် ၃ရန်ကြီးအောင် ၁၉၅၂သူရိယသတင်းစာတိုက်၄ဝင်္ကန္တဝတ္ထု ၁၉၂၆သူရိယသတင်းစာတိုက်၅သိန်းထိုက်ဝတ္ထု ၁၉၂၆သူရိယသတင်းစာပုံနှိပ်တိုက် ၆ဂျမဒါကိုကိုကြီး ပထမတွဲ ၁၉၃၈ဒေါ်အုန်းသင်နှင့်သားများ၇ရူပကလျာဏီ ၁၉၃၈လောကံာကုမ္ပဏီလီမီတက် ၈အဘရဟမ်လင်းကွန်း ၁၉၃၉နဂါးနီ၉ဝသုံးလုံး(၁၉၃၉-၄၀)ကြီးပွားရေး ၁၀ဟစ်တလာလုပ်ခဲ့သမျှ (၁၉၃၉-၄၀)နဂါးနီစာအုပ်တိုက် ၁၁ရန်ကုန်မင်္ဂလာနှင့် သူတော်ကောင်းကြီး ၁၉၄၁ဂျာနယ်ကျော် ၁၂စွန့်ဝံ့သူ (ပထမပိုင်း)၁၉၄၅ကြီးပွားရေး၁၃အာဟာရဖြင့် ကျန်းမာနည်း ကုသနည်းများ၁၉၄၉ကြီးပွားရေး၁၄မြတ်သက်မော် ၁၉၅၁သွေးသောက်တိုက် ၁၅ကိုယ်တွေ့ တရုတ်ပြည်သစ် ၁၉၅၃မန္တလေးကြီးပွားရေး ၁၆ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် ပ-နှိပ် ၁၉၆၀ရှုမဝတိုက် ၁၇ရွှေဥဒေါင်း ၁၉၅၃ကြီးပွားရေး ၁၈စစ်ရှုံးသူ ၁၉၆၁မာလာမြိုင်ပုံနိုပ်တိုက်၁၉တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ပထမတွဲ ၁၉၆၁ကြီးပွားရေး ၂၀တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ဒုတိယတွဲ ၁၉၆၁ကြီးပွားရေး ၂၁တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ တတိယတွဲ ၁၉၆၁ကြီးပွားရေး ၂၂တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စတုထ္ထယတွဲ ၁၉၆၂ကြီးပွားရေး ၂၃ဆွေးနွေးခန်း၁၉၆၂မိုးဦးပန်းစာပေ၂၄ဒဂုံတင့် သော်တာစာပေ ၁၉၆၂၂၅၂၅။ မြန်မာ့စွမ်းရည် မြန်မာပြည် ၁၉၆၂၂၆ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ ထပ်မံတင်ပြချက် ချိုးဖြူစာပေ ၁၉၆၃၂၇၂၇။ ကာလယန္တရား အလိမ္မာစာပေ ၂၈။ ချစ်ပန်းပွင့် အလိမ္မာစာပေ ၁၉၆၅ ၂၉။ စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုများ အလိမ္မာစာပေ ၁၉၆၅ ၃၀။ ဆုကြီးပန်း အလိမ္မာစာပေ ၁၉၆၅ ၃၁။ ဇော်ဟိတ် နှလုံးလှစာပေ ၁၉၆၅ ၃၂။ ဘာသာရေး ခံယူချက် ပုဂံစာအုပ်တိုက် ၁၉၆၅ ၃၃။ လူစွန့်စား အောင်မြင့်စာပေ ၁၉၆၅ ၃၄။ သူတော်စိန် နှလုံးလှစာပေ ၁၉၆၅ ၃၅။ ဇာတ်ဇာတ်ကြဲဂိုဏ်း ရန်အောင်မင်္ဂလာ အလိမ္မာစာပေ ၁၉၆၆ ၃၆။ လောကုတ္တရာရေးရာဆွေးနွေးခန်းများ (ဘာသာရေးခံယူချက်ကို ဒုကြိမ်ရိုက်) ပင်းယစာပေတိုက် ၁၉၆၇ ၃၇။ စာပဒေသာ ခြင်္သေ့စာပေ ၁၉၆၇ ၃၈။ ရူပနန္ဒီ-ရူပကလျာဏီ အလိမ္မာစာပေ ၁၉၆၉ ၃၉။ စာရေးနည်းလမ်းညွန် စာနိုင်ငံစာပေတိုက် ၁၉၇၀ ၄၀။ ဇာတ်ဇာတ်ကြဲဂိုဏ်း ဒု-နိုပ် မိုးစပယ်စာပေ ၁၉၇၀ ၄၁။ လွမ်းအောင်ဖန် ဒု-နိုပ် စိမ်းမြအနုပညာစာပေ ၁၉၇၀ ၄၂။ စိတ်ထားဝတိံနှင့် မြန်မာ့စွမ်းရည်( တ-နှိပ် ) ပန်းချီစာပေ ၁၉၇၅ ၄၃။ သုံးပေါက်ချွန်းနှင့် ဝတ္ထုတိုများ ရာပြည့်စာအုပ်တိုက် ၂၀၀၂ ၄၄။ ယောက်ျားဘသား ဖူးပွင့်ဝေဝေ ၂၀၀၃ ၄၅။ အတွေးအမြင်နှင့် ရှုထောင့် စိတ်ကူးချိုချို ၂၀၀၄ ၄၆။ ကြမ်းလိုက်တဲ့တောနှင့် အခြားတစ္တေပုံပြင်များ ခွန်းနှင့်ရွှန်း စာပေ ၂၀၀၅ ၄၇။ လူဖြစ်ရကျိုးနပ်ပါစေနှင့် အခြား အတွေးအမြင်ဆောင်းပါးများ စိတ်ကူးချိုး ၂၀၀၅ ၄၈။ ဝတ္ထုတိုပေါင်းချုပ် ပထမတွဲ စိတ်ကူးချိုချို ၂၀၀၆ ၄၉။ ဝတ္ထုတိုပေါင်းချုပ် ဒုတိယတွဲ စိတ်ကူးချိုချို ၂၀၀၆ ၅၀။ ဝတ္ထုတိုပေါင်းချုပ် တတိယတွဲ စိတ်ကူးချိုချို ၂၀၀၆ ၅၁။ ဝတ္ထုတိုပေါင်းချုပ် စတုတ္ထတွဲ စိတ်ကူးချိုချို ၂၀၀၆ ၅၂။ ဝတ္ထုတိုပေါင်းချုပ် ပဥ္စမတွဲ စိတ်ကူးချိုချို ၂၀၀၆ ၅၃။ ဝတ္ထုတိုပေါင်းချုပ် ဆဋ္ဌမတွဲ စိတ်ကူးချိုချို ၂၀၀၆ ၅၄။ ဝတ္ထုတိုပေါင်းချုပ် သတ္တမတွဲ စိတ်ကူးချိုချို ၂၀၀၇ ၅၅။ ဝတ္ထုတိုပေါင်းချုပ် အဋ္ဌမတွဲ စိတ်ကူးချိုချို ၂၀၀၇ ၅၆။ စစ်ကိုယ်တွေ့ အတွေ့အကြုံနှင့် အတွေးအခေါ်ဆောင်းပါးများ စိတ်ကူးချိုချို ၂၀၀၈ ၅၇။ ဖူးစာနှစ်ခိုင်၊ အသစ်စုံထောက်၊ စွန့်ဝံ့သူ၊ စန္ဒာဒေဝီ စိတ်ကူးချိုချို ၂၀၀၈ ၅၈။ ကျွန်ုပ်တွေ့သော စိတ်သဘာဝ စိတ်ကူးချိုချို ၂၀၀၈ ၅၉။ ဝတ္ထုတိုပေါင်းချုပ် နဝမတွဲ စိတ်ကူးချိုချို ၂၀၀၉ ၆၀။ ဂြိုဟ်မွှေးတဲ့ငွေ မြန်မာ့ရုပ်ရှင်စာပုံနှိပ်တိုက်(နေ့စွဲမပါ) ၆၁။ ဗုဒ္ဓဝါဒနှင့် တွေးခေါ်မြော်မြင်ရေး ချိုးဖြူစာပေ (နေ့စွဲမပါ) ၆၂။ ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ ဂျိုးဖြူစာပေ (နေ့စွဲမပါ) ၆၃။ ပထမံ- ဆရာသိန်း (ပ-တွဲ) ကြီးပွားရေး (နေ့စွဲမပါ)၁၉၄၀? ၆၄။ ပထမံ- ဆရာသိန်း (ဒု-တွဲ) ကြီးပွားရေး (နေ့စွဲမပါ)၁၉၄၁? ၆၅။ အတွေးအခေါ်ဟင်းလေးအိုးကြီး နေပြည်တော် (ခုနှစ်မပါ) ၆၆။ လမ်းနှစ်သွယ် ၆၇။ ခင်စက်မေ ၆၈။ စန္ဒာဒေဝီ ၆၉။ ရတနာပူရ ၇၀။ ရူပနန္ဒီနှင့် ဘိုးဘိုးအောင် ၁၉၆၅၂၈၂၉၃၀၃၁(ဘာသာပြန်)၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄(ဘာသာပြန်)၄၅(ဘာသာပြန်)၄၆၄၇၄၈၄၉၅၀(ဘာသာပြန်)၅၁၅၂၅၃(ဘာသာပြန်)၅၄၅၅၅၆၅၇၅၈၅၉(ဘာသာပြန်)၆၀ ဘာသာပြန်စာအုပ်များ စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်၁၁။ စုံထောက်မောင်စံရှား ဒုတိယအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၃၉ ၂။ စုံထောက်မောင်စံရှား တတိယအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၄၀ ၃။ ဒေါက်တာသောင်းထိုက် နဂါးနီ ၁၉၄၀ ၄။ ရတနာသိုက် ပထမတွဲ ဒဂုန်ခင်ခင်လေး ၁၉၄၀ ၅။ ရတနာသိုက် ဒုတိယတွဲ ဒဂုန်ခင်ခင်လေး ၁၉၄၀ ၆။ စုံထောက်မောင်စံရှား စတုတ္ထအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၄၁ ၇။ စောလမုန်သိုက် တိုင်းပြည်ပြုပုံနှိပ်တိုက် ၁၉၄၁ ၈။ အကြံဉာဏ်ဖြင့် ကြီးပွားရေး ပထမပိုင်း ကြီးပွားရေး ၁၉၄၅ ၉။ ဂမုန်းနက် ကြီးပွားရေး စာအုပ်တိုက် ၁၉၄၇ ၁၀။ ဘတ်စကာဗျီလ်ခွေးကြီး ကြီးပွားရေး ၁၉၄၇ ၁၁။ ဂဠုန်နက်ဂိုဏ်း ရှုမဝတိုက် (ခုနှစ်မပါ) ၁၂။ သူရဲကောင်းသုံးယောက် ဒုတိယတွဲ ကြီးပွားရေး ၁၉၄၈ ၁၃။ ကိုယ်ရံတော် ပြည်သူ့အလင်းစာပေ ၁၉၅၀ ၁၄။ မြှော်တလင့်လင့် ရှုမဝ ၁၉၅၀ ၁၅။ စိတ်ထားဝတိံ ကြီးပွားရေး ၁၉၅၁ ၁၆။ အိုင်ဗိုရီချိုင်းလ် ထွန်းရင်ပုံနှိပ်အလုပ်ဌာန ၁၉၅၂ ၁၇။ သွေးစုတ်မြေ ရှုမဝစာအုပ်တိုက် ၁၉၅၅ ၁၈။ အိုင်ဗင်ဟို ဟံသာဝတီပုံနှိပ်တိုက် ၁၉၅၅ ၁၉။ ဆင်စွယ်မင်းသမီး ဒု-နှိပ် မြန်မာပြည်ပုံနှိပ်တိုက် ၁၉၆၂ ၂၀။ စုံထောက်မောင်စံရှား ပထမအုပ် ဒု-နှိပ် မြန်မာပြည် ၁၉၆၀ ၂၁။ စုံထောက်မောင်စံရှား ပဥ္စမအုပ် ဒု-နှိပ် မြန်မာပြည် ၁၉၆၀ ၂၂။ လက်ထက်တော်ကြီး ရဲရင့်စာပေ ၁၉၆၀ ၂၃။ စုံထောက်မောင်စံရှား ဆဋ္ဌမအုပ် မြန်မာပြည် ၁၉၆၁ ၂၄။ စုံထောက်မောင်စံရှား သတ္တမအုပ် မြန်မာပြည် ၁၉၆၁ ၂၅။ စုံထောက်မောင်စံရှား အဋ္ဌမအုပ် မြန်မာပြည် ၁၉၆၁ ၂၆။ စုံထောက်မောင်စံရှား ဒဿမအုပ် မြန်မာပြည် ၁၉၆၁ ၂၇။ စုံထောက်မောင်စံရှား ဧကာဒဿမအုပ် မြန်မာပြည် ၁၉၆၁ ၂၈။ စုံထောက်မောင်စံရှား ဒွါဒဿမအုပ် မြန်မာပြည် ၁၉၆၁ ၂၉။ စုံထောက်ဦးစံရှား ပထမအုပ် အလိမ္မာစာပေ ၁၉၆၆ ၃၀။ စုံထောက်ဦးစံရှား ဒုတိယအုပ် နှလုံးလှစာပေ ၁၉၆၆ ၃၁။ စုံထောက်ဦးစံရှား တတိယအုပ် အလိမ္မာစာပေ ၁၉၆၇ ၃၂။ စုံထောက်ဦးစံရှား စတုတ္ထအုပ် သစ္စာမွန်စာပေ ၁၉၆၇ ၃၃။ စုံထောက်ဦးစံရှား ပဥ္စမအုပ် သစ္စာမွန်စာပေ ၁၉၆၇ ၃၄။ စုံထောက်ဦးစံရှား ဆဋ္ဌမအုပ် သစ္စာမွန်စာပေ ၁၉၆၈ ၃၅။ စုံထောက်ဦးစံရှားပေါင်းချုပ် ပုဂံစာအုပ်တိုက် ၁၉၇၄ ၃၆။ စုံထောက်မောင်စံရှား ပေါင်းချုပ် ယနေ့မန္တလေးစာအုပ်တိုက် ၂၀၀၀ ၃၇။ ဦးစံရှား ဖြေရှင်းခဲ့သော ဒိတ်ဒိတ်ကြဲ မှုခင်းကြီးများ ဖူလုံးစာပေ ၂၀၀၅ ၃၈။ စုံထောက်မောင်စံရှား- ရန်ကိုရန်ချင်း မြန်မာ့ရှပ်ရှင်ဝတ္ထုတိုက် (နေ့စွဲမပါ) ၃၉။ ရှိုတ်စပီးယား၏ ပြဇာတ်ဝတ္ထုများ သွေးသောက်တိုက် (နေ့စွဲမပါ) ၄၀။ စုံထောက်မောင်စံရှား ပွေလီအင်းခွေးကြီးအမှု ၄၁။ စုံထောက်မောင်စံရှား-ဘောင်ဒရီလမ်းလူသတ်မှု ၂၃ ရွှေဥဒေါင်းစာမူကိစ္စ ဆရာကြီး၏ ဇနီးဖြစ်သူ ဒေါ်စိုး မသေခင် ရွှေဥဒေါင်းစာမူကိစ္စနှင့် ပတ်သက်၍ သေတမ်းစာရေးခဲ့သည်။ သေတမ်းစာအရ စာမူများအတွက် ရသောငွေများကို- ဒါရိုက်တာဦးသုခ လူထုဦးလှ စာရေးဆရာ သော်တာဆွေ ဟံသာဝတီ ဦးဝင်းတင် တို့လေးဦး တိုင်ပင်ပြီး သင့်တော်သည့် လူငယ်စာရေးဆရာများအား သင့်တော်သလို စဉ်းစားပြီး သင့်တော်သည့် စာပေဆုများပေးဖို့ ကျွန်မက တာဝန်လွှဲအပ်ခဲ့သည်။ (ဒေါ်ကြီးစိုး၊ ကမ်းနီရွာ၊ ထီးချိုင့်မြို့နယ်၊ ကသာခရိုင်) သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄)မှ ဓာတ်ပုံများ ကျမ်းကိုး ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
တာရာမင်းဝေ
တာရာမင်းဝေ သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်ဘဝ သူငယ်တန်း မှ စတုတ္ထတန်း အထိ အ.မ.က(၁ဝ)တောင်ဥက္ကလာ တွင်လည်းကောင်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ အ.ထ.က(၂)ရန်ကင်း တွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။ ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောကတည်းကို ခြေစုံပစ် ဝင်ရောက် ခဲ့သည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန်၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ ဖြစ်သည်။ ၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့သည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် ပန်းခေတ်က လမင်း ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့သည်။ ၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်လည်းကောင်း၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် လည်းကောင်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့သည်။ မီးခိုးဖြူ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့သည်။ ၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အာလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့သည်။ စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။ တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။ တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော ကောင်းကင်အကြွေ ကောက်တဲ့လက်၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားသော တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေးတို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော မြင်းစီးထွက်သော အိပ်မက်များ ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။ ၁၄ - ၂ - ၉၈ မှာ မခင်မေဝင်း (စာရေးဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့သည်။ ဘဝနိဂုံး လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ် ကဗျာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဖြစ်သူ စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေတို့ ကျန်ရစ်ခဲ့သည်။ တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ ကိုးမရှိတဲ့နဝင်း ကောင်းကင်အကြွေ ကောက်တဲ့လက်၊ (ဇန်နဝါရီ ၂ဝဝ၆) ကိုယ်ရေးကိုယ်တာ ပုရပိုက်၊ (ဖေဖော်ဝါရီ ၂ဝဝ၇) ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း၊ (အောက်တိုဘာ ၂ဝဝ၂) ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း၊ (စက်တင်ဘာ ၂ဝဝ၅) ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝရ) ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု၊ ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ၊ ကျွန်တော်နှင့် ဧဒင်ကချေသည်၊ ကျွန်းတော်မှ အပြန်၊ (ဩဂုတ် ၂ဝဝ၆) ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော်၊ (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ် နတ်ပျိုမအတွက် ပန်း၊ (ဒီဇင်ဘာ ၂ဝဝဝ) ပန်းခေတ်က လမင်း၊ ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်လေး ပြာ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ၊ (ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ် ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင်၊ (ဇွန် ၂ဝဝ၆) မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ၊ မိုးခေါင်လို့ တီးတဲ့ဗုံသံ၊ (ဇူလိုင် ၂ဝဝ၄) မြင်းစီးထွက်သော အိပ်မက်များ၊ (နိုဝင်ဘာ ၂ဝဝ၆) မှော်ဆရာရဲ့ ကျောင်းစာအုပ်၊ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး၊ (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ် လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်၊ ဝင်္ကပါကို ဖွင့်တဲ့သော့၊ (စက်တင်ဘာ ၂ဝဝ၆) သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ၊ (ဇူလှိုင် ၂ဝဝ၇) သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်၊ (ဇွန် ၂ဝဝ၇) တတိယ အကြိမ် အရှေ့မြို့ရိုးမှ မိုးရေစက်များ၊ အလံမထူခဲ့သော လက်များ၊ (မေ ၂ဝဝ၇) အာလာဒင်မသိလိုက်တဲ့ မီးခွက်၊ (ဇူလိုင် ၂ဝဝ၆) လူနံပါတ် (၁၃) ရည်ညွှန်း တာရာမင်းဝေ၏ ဈာပနာတွင် ဖြန့်ဝေသော အတ္ထုပ္ပတ္တိ လက်ကမ်း စာစောင်များ။ ပြင်ပအင်တာနက်စာမျက်နှာများ တာရာမင်းဝေ အမှတ်တရဘလော့ခ် ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ ကဏ္ဍ:မြန်မာ စာရေးဆရာများ
ဂျူး (စာရေးဆရာမ)
ဂျူးသည် မြန်မာစာရေးဆရာမ ဖြစ်သည်။ ဝေဖန်မှုများစွာနှင့် ရေးသားလာခဲ့ရသော အမျိုးသမီးစာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ကိုယ်ရေးဖြစ်စဉ် ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ တင်⁠တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။ ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသောစာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်အခြေချနိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်သော *အမှတ်တရ* ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သောစာရေးဆရာမ ဖြစ်လာခဲ့သည်။ မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ ဆရာမဂျူး ရေးသား ခဲ့သော စာအုပ်များအနက် *ကြာတော့သည်လည်း မောင့်စကား* ၊ *ကြေမွသွားသော တိမ်တိုက်များ အကြောင်း* ၊ *ပင်လယ်နှင့်တူသော မိန်းမများ* ၊ *မရှိမဖြစ်မိုး* ၊ *မြစ်တို့၏ မာယာ* ၊ *ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ* *မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်*စသည် ဝတ္ထုများကို ရုပ်ရှင်ကားများအဖြစ် ရိုက်ကူးခဲ့ရသည်။ စာပေရေးရာ စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ မူလရည်ရွယ်ချက်မှာ တက္ကသိုလ်တွင် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာမ ဖြစ်ရန်ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန် ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ *ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့* ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝ ရုပ်စုံမဂ္ဂဇင်းပါ *သက်ငင်ချစ် *(ချစ်ကိုယ်တွေ့) ဝတ္ထုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် *အမှတ်တရ* ဝတ္ထုဖြင့် အောင်မြင်သော စာရေးဆရာ (ဝေဖန်ခံရသော စာအုပ်) ဖြစ်လာသည်။ ၁၉⁠၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး ဂျူးစာပေတိုက်ကို တည်ထောင် ခဲ့သည်။ *အရောင်များနှင့်ကစားခြင်း* ဝတ္တတိုပေါင်းချုပ်အပါအဝင် ဝတ္တတိုပေါင်းချုပ် (၇)အုပ် *ကျွန်မချစ်သော မြို့တမြို့*၊ *ကျွန်မချစ်သောနိုင်ငံ*၊ *ကျွန်မချစ်သောကမ္ဘာမြေ* နှင့် *အစိမ်းရောင် အမွေအနှစ်* သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ စာအုပ်(၄)အုပ် ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာစာပေနှင့် နိုင်ငံတကာစာပေအကြောင်းကို *ကျွန်မဖတ်ခဲ့သော စာအုပ်များ* အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာရေးရာ နှင့်ပတ်သက်၍ *အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ*၊ *အောက်ခြေသန်းတထောင်* စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဂျူး ရေးသား ခဲ့သော စာအုပ်များ အနက် *ကြာတော့သည်လည်း မောင့်စကား*၊ *ကြေမွသွားသော တိမ်တိုက်များ အကြောင်း*၊ *ပင်လယ်နှင့်တူသော မိန်းမများ*၊ *မရှိမဖြစ်မိုး*၊ *မြစ်တို့၏ မာယာ* စသည် တို့ကို ရုပ်ရှင် ရိုက်ကူး ခဲ့ရသည်။ *တစ်ဦးတည်းသော သား* ဝတ္ထုကို (၁၉⁠၉၀) ပြည့်နှစ်တွင် ဗီဒီယို ရိုက်ကူးခဲ့သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် *ရိုမန်တစ် တစ္ဆေ* (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ *အဝေးကြည့် မှန်ပြောင်း * (နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ယခုနောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ ၂၀၁၈ခုနှစ် ဇူလိုင်လထုတ် *သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ* ဖြစ်၍ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံရသည်။ ဆရာမဂျူးသည် ယခုအခါ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ အမှတ်တရ (၁၉၈၇) မြစ်တို့၏ မာယာ (၁၉⁠၉၀) ကြေမွသွားသော တိမ်တိုက်များအကြောင်း (၁၉⁠၉၁) ကောင်းကင်မပါသော ညနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၁) မရှိမဖြစ်မိုး (၁၉⁠၉၂) နံရံ၏ အခြားတဖက် (၁၉⁠၉၃) မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ချစ်ခြင်း၏ အနုပညာနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၄) ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉⁠၉၅) မြစ်တစင်းကို ဖြတ်ကျော်ခြင်း (၁၉⁠၉၆) ပင်လယ်နှင့်တူသော မိန်းမများ (၁၉⁠၉၆) ရေမျောသီး (၁၉⁠၉၇) ကြာတော့သည်လည်း မောင့်စကား (၁၉⁠၉၇) ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၇) ကျွန်မ၏ သစ်ပင် (၁၉⁠၉၇) ကျွန်မဖတ်ခဲ့သော စာအုပ်များ (၁၉⁠၉၈) ဆရာဝန်တယောက်၏ မှတ်စုများ (၁၉⁠၉၉) ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၂၀၀၀) နိုဝင်ဘာမိုး (၂၀၀၁) ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ (၂၀၀၂) လရောင်အောက်ဘက် မိုင်အဝေးမှာ (၂၀၀၂) ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၂) တိမ်နဲ့ချည်တဲ့ကြိုး (၂၀၀၄) စောင့်နေမယ်လို့ မပြောလိုက်ဘူး (၂၀၀၆) ကြယ်ကြွေတို့ရဲ့ အတောင်ပံ (၂၀၀၆) သူမင်းကို ဘယ်တော့မှ (၂၀၀၈) ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ (၂၀၁၁) ဆုံနေရက်နဲ့လွမ်းလေခြင်း (၂၀၁၃) သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ (၂၀၁၈) ကျွန်မဘဝခရီးမှ စာအုပ်များ (၂၀၂၀) ခုချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲနှင့် အခြားဝတ္ထုတိုများ (၂၀၂၀) အဝေးကြည့်မှန်ပြောင်းနှင့် အခြားဝတ္ထုတိုများ အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ အရောင်များနှင့်ကစားခြင်းနှင့် အခြားဝတ္ထုတိုများ ကျွန်မချစ်သော ယောက်ျားများနှင့် အခြားဝတ္ထုတိုများ အောက်ခြေသန်းတစ်ထောင် အခြား စာရေးဆရာများနှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ ချစ်တယ် ကြိုက်တယ် ဆိုတာ ဘယ်လိုဟာမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောပြစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုများ (၁၉⁠၉၉) စာဆိုနှင့် စာ (ဆောင်းပါးပေါင်းချုပ်) ပျောက်ဆုံးနေသော (၁၉⁠၉၇) မြန်မာဝတ္ထုတို အဖွင့် အပိုင်း (၁) (၁၉⁠၉၈) ရာစုသစ်သို့ ပျံသန်းခြင်း (ဝတ္ထုတိုစု) အရောင်များနှင့် ကစားခြင်း ဥတ္တရလမင်း ခံစားသူအကြိုက် ဝတ္ထုတိုများ (၁၉⁠၉၉) ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်) မေမေ့ဥယျာဉ်သို့လွမ်းရိပ် ဝတ္ထုတိုများ (ဂျူး၊ ဝိုင်) (၂၀၂၀) ပျောက်ဆုံးသွားသောမိန်းမ (ဂျူး၊ ဒေါက်တာမြင့်ဇော်) ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ် (ဂျူး၊ ကိုတာ၊ မောင်ဇော်မြင့်) ကိုးကား ကဏ္ဍ:မြန်မာ အမျိုးသမီး စာရေးဆရာများ ကဏ္ဍ:အမျိုးသားစာပေဆုရှင်များ ကဏ္ဍ:မြန်မာ စာရေးဆရာများ
တနင်္ဂနွေနေ့
တနင်္ဂနွေ သည် စနေနှင့် တနင်္လာကြားဖြစ်ပြီး ဂရီဂိုရီပြက္ခဒိန် အရ အမေရိကနှင့် ခရစ်ယာန်နိုင်ငံများတွင် ပထမဆုံးနေ့စွဲဖြစ်သည်။ ရာဇမတ္တဏ်ကျမ်း၌ တနင်္ဂနွေဟူသော အမည်သည် တနင်္ဂနွေဂြိုဟ်ကို စွဲ၍ မှည့်ခေါ်သောအမည်ဖြစ်သည်။ တနင်္ဂနွေ ဂြိုဟ်သည် အင်္ဂတိုင်းသား ကဿပရသေ့၏ ဇနီး၊ အဒိတိတွင်မြင်သော သားဖြစ်သည်။ ဒိနင်္ကရ ဟူသောပါဠိမှ ပုဒ်ပျက်၍ တနင်္ဂနွေ ဖြစ်လာသည်။ အလားတူပင် တနင်္လာဟူသော အမည်မှာ ပါဠိလို သသ လဉ္စနောမှ အဆင့်ဆင့် ပုဒ်ပျက်၍ ယဝနတိုင်းရှိ ခီရောဒခေါ် နို့ရည်သမုဒ္ဒရာမှ ဖြစ်ထွန်းသော တနင်္လာဂြိုဟ် ကို အစွဲပြု၍ ခေါ်သော အမည် ဖြစ်၏ဟု ဆိုသည်။ ဦးဖိုးလတ်ကမူ ပုဂံကျောက်စာ အရေးအသား၌ "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ" ဟု ရှိသည်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပာယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပာယ် ရသည်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောသည်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပာယ် ရသည်။ နေမင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၆)နှစ်၊ ဂဠုန်၊ အရှေ့မြောက်အရပ်၊ ပါပဂြိုဟ်၊ အနီ၊ အညို၊ အနီရောသောအဆင်း၊ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဂျွန်းလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
တနင်္လာနေ့
တနင်္လာသည် ရဟူဒီ(ဂျူးဝစ်)-ခရစ်ယာန်ပြက္ခဒိန်၏ ဒုတိယနေ့စွဲ၍ တနင်္ဂနွေနှင့် အင်္ဂါကြားဖြစ်သည်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင်တည်း။ "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၅)နှစ်၊ ကျား၊ အရှေ့အရပ်၊ သောမဂြိုဟ်၊ အဖြူ၊ အဝါ၊ အဖြူရောသော အဆင်း၊ က၊ ခ၊ ဂ၊ ဃ၊ ရှမ်းလူမျိုး၊ ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
အင်္ဂါနေ့
အင်္ဂါသည် တနင်္လာနှင့် ဗုဒ္ဓဟူးကြားဖြစ်ပြီး အမေရိကနှင့် ခရစ်ယာန်နိုင်ငံများ၏ ပြက္ခဒိန်များတွင် တတိယနေ့စွဲဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာတို့မှလွဲ၍ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါသည်။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရသည်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်"အင်္ဂါ" ဟူသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပာယ်ရသည်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆို၏။ "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၈)နှစ်၊ ခြင်္သေ့၊ အရှေ့တောင်အရပ်၊ ပါပဂြိုဟ်၊ အနီ၊ အဖြူ၊ အနီသောအဆင်း၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ တလိုင်းလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
စနေနေ့
စနေ ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ်၊ တနင်္ဂနွေဂြိုဟ်မင်း၏ မယား ဖွားမြင်သောသားလ "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည်။ ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ၐနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပာယ်မှာ "ဖြည်းညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်နှင့်လည်း နှိုင်းယှဉ်ကြည့်နိုင်သည်။"မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၀)နှစ်၊ နဂါး၊ အနောက်တောင်အရပ်၊ ပါပဂြိုဟ်၊ မည်းသောအဆင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟိန္ဒူလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
ကြာသပတေးနေ့
ကြာသပတေး ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသ္ပတိ" မှ သော်လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (ဝါ) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်၏။"မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၉)နှစ်၊ ကြွက်၊ အနောက်အရပ်၊ သောမဂြိုဟ်၊ အဝါ၊ အနက်၊ အဖြူရောသောအဆင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ မြန်မာလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
သောကြာနေ့
သောကြာ တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည်။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပာယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏။"မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၂၁)နှစ်၊ ပူး၊ မြောက်အရပ်၊ သောမဂြိုဟ်၊ အဖြူ၊ အဖြူပျောက် ကျားသောအဆင်း၊ သ၊ ဟ၊ ကသဲလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
ဗုဒ္ဓဟူးနေ့
ဗုဒ္ဓဟူး ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်သည်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။ ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကိုလှီးလွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင်သည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် ၏။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပာယ်ကောက်သည်။"မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၇)နှစ်၊ ဆင်၊ တောင်အရပ်၊ သောမဂြိုဟ်၊ အစိမ်း၊ အညို၊ အစိမ်းရောသောအဆင်း၊ လ၊ ဝ၊ ယ၊ ရ ကဒူးလူမျိုး ကိုးကား Category:ရက်သတ္တပတ်၏ နေ့များ
ရာဟု
ရာဟု ဆိုသည်မှာ မြန်မာ အယူအဆအရ ဗုဒ္ဓဟူးနေ့ မွန်းလွဲကျော်နှင့် ညကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဗေဒင်ပညာတွင် ရာဟုဂြိုဟ်ခွင်၏ အမှတ်အသားမှာ ဟိုင်းဆင် ဖြစ်ပြီး ဂြိုဟ်သက်မှာ ၁၂ နှစ်ဖြစ်သည်။ ရာဟုထောင့်သည် ဘုရားစေတီများ၏ အနောက်မြောက်ဘက်ထောင့်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဂြိုဟ်အဆင်းအရောင် ဂြိုဟ်သက် (၁၂)နှစ်၊ ဟိုင်းဆင်၊ အနောက်မြောက်အရပ်၊ ပါပဂြိုဟ်၊
ပြက္ခဒိန်
ကက်သလစ် ဘုရားကျောင်းအတွက် ခေတ်ပေါ် အင်ဒိုနီးရှား ဂရီဂေါရီးယန်း ပြက္ခဒိန် ၁၈၅၁ ခုနှစ်က ဗြိတိသျှ ပြက္ခဒိန် ပြက္ခဒိန်ဆိုသည်မှာ နေ့ရက်များကို စီစဉ်ပေးသည့် စနစ်တစ်ခုဖြစ်သည်။ ၎င်းကို ပုံမှန်အားဖြင့် ရက်၊ ရက်သတ္တပတ်၊ လနှင့် နှစ် စသည့် အချိန်ကာလများကို အမည်ပေးခြင်းဖြင့် လုပ်ဆောင်သည်။ ရက်စွဲဆိုသည်မှာ ဤစနစ်အတွင်း တစ်ရက်တည်းနှင့် သီးခြားသတ်မှတ်ထားသော နေ့စွဲတစ်ခုဖြစ်သည်။ ပြက္ခဒိန်သည် ထိုကဲ့သို့သော စနစ်၏ ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်း (များသောအားဖြင့် စာရွက်) တစ်ခုလည်း ဖြစ်သည်။ နှစ်များနှင့် လများကဲ့သို့သော ပြက္ခဒိန်တစ်ခုရှိ ကာလများသည် များသောအားဖြင့် နေ သို့မဟုတ် လ၏ စက်ဝန်းနှင့် ထပ်တူကျသည်ဟု မဆိုလိုသော်လည်း၊ ခေတ်ပေါ်ပြက္ခဒိန်၏ အသုံးအများဆုံး အမျိုးအစားမှာ ကာလကြာရှည်စွာ နေနှစ်နှင့် တပြိုင်တည်းရှိနေရန် ရံဖန်ရံခါ လတစ်လ ထပ်ထည့်သည့် lunisolar ပြက္ခဒိန်ဖြစ်သည်။ သမိုင်းကြောင်း နေနှင့်လ၏ လမ်းကြောင်းသည် အချိန်ထိန်းညှိခြင်းအတွက် အသုံးဝင်သော ပုံမှန်ပြန်ဖြစ်လေ့ရှိသော ထင်ရှားသည့် သဘာဝဖြစ်ရပ်များဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ခေတ်မီသော လူ့အဖွဲ့အစည်းများတွင် လနှင့်နှစ်ကို အချိန်ယူနစ်အဖြစ် အများဆုံးအသုံးပြုခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရောမပြက္ခဒိန်တွင် အလွန်ရှေးကျသော Etruscan မတိုင်မီ နေနှစ် ၁၀ လ ၏ အကြွင်းအကျန်များပါဝင်နေသည်။"Religion in the Etruscan Period" in Roman Religion in the Encyclopædia Britannica ရှေးခေတ်အရှေ့နားနီးဒေသ၏ အရေးအသား ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ ပထမဆုံးမှတ်တမ်းတင်ထားသော ပြက္ခဒိန်များမှာ ကြေးခေတ် အီဂျစ်နှင့် ဆူမာရီယန်ပြက္ခဒိန်များဖြစ်သည်။ ဝေဒခေတ်အတွင်း အိန္ဒိယသည် ဝေဒထုံးတမ်းစဉ်လာများအတွက် ခေတ်မီသော အချိန်ထိန်းနည်းစနစ်နှင့် ပြက္ခဒိန်များကို တီထွင်ခဲ့သည်။ Yukio Ohashi ၏ အဆိုအရ ရှေးအိန္ဒိယရှိ ဝေဒဂ ပြက္ခဒိန်သည် ဝေဒခေတ်အတွင်း နက္ခတ်ဗေဒဆိုင်ရာ လေ့လာမှုများအပေါ် အခြေခံထားခြင်း ဖြစ်ပြီး အခြားယဉ်ကျေးမှုများမှ ဆင်းသက်လာခြင်းမဟုတ်ပေ။ ရှေးခေတ် အရှေ့နားနီးဒေသရှိ ပြက္ခဒိန်စနစ် အများအပြားသည် သံခေတ်မှ စတင်ခဲ့သော ဘေဘီလုံပြက္ခဒိန်ကို အခြေခံထားခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ ပါရှန်အင်ပါယာ၏ ပြက္ခဒိန်စနစ်၊ ယင်းတို့အနက်မှ Zoroastrian ပြက္ခဒိန်နှင့် ဟီဘရူးပြက္ခဒိန်တို့ကို ဖြစ်ပေါ်စေသည်။ ဟယ်လီနစ်ပြက္ခဒိန် အများအပြားကို ရှေးဂရိကာလတွင် တီထွင်ခဲ့ပြီး ဟယ်လင်နစ်ခေတ်ကာလတွင် ၎င်းတို့သည် ရှေးရောမပြက္ခဒိန်နှင့် ဟိန္ဒူပြက္ခဒိန်အမျိုးမျိုးတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ရောမပြက္ခဒိန်ကို ဘီစီ ၄၆ တွင် ဂျူးလိယက်ဆီဇာ မှ ပြင်ဆင်ပြောင်းလဲခဲ့သည်။ သူ၏ "ဂျူလီယန်" ပြက္ခဒိန်သည် လဆန်းကို စောင့်ကြည့်ခြင်းအပေါ်တွင် မှီခိုခြင်းမရှိတော့ဘဲ လေးနှစ်တစ်ကြိမ် ရက်ထပ်ကိန်းတစ်ခုကို ထည့်ပေါင်းသည့် အယ်လဂိုရီသမ်ကို လိုက်နာခဲ့သည်။ ၁၅၈၂ ခုနှစ်တွင် မိတ်ဆက်ခဲ့သော ဂရီဂေါရီးယန်း ပြက္ခဒိန်သည် ဂျူလီယန်ပြက္ခဒိန်နှင့် နေနှစ်အကြား ကျန်ကွာခြားချက်အများစုကို ပြင်ဆင်ပေးခဲ့သည်။ အစ္စလာမ်ပြက္ခဒိန်သည် 9 Dhu al-Hijjah AH 10 (ဂျူလီယန်နေ့စွဲ ၆ မတ် ၆၃၂) နေ့စွဲဖြင့် အစ္စလာမ့်ထုံးတမ်းစဉ်လာအရ မိုဟာမက် တားမြစ်ချက် (နာစီ) အပေါ် အခြေခံထားသည်။ ယင်းကြောင့် နေနှစ်၏ ရာသီများနှင့် နှိုင်းယှဉ်ပါက စောင့်ကြည့်မှုကို အခြေခံသော လပြက္ခဒိန်ကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့ပြက္ခဒိန်၊ နိုင်ငံတကာ ပုံသေပြက္ခဒိန်၊ Holocene ပြက္ခဒိန်နှင့် Hanke-Henry အမြဲတမ်းပြက္ခဒိန်ကဲ့သို့သော ခေတ်သစ်ပြက္ခဒိန်ကို ပြုပြင်ပြောင်းလဲရန်အတွက် ခေတ်မီသော အဆိုပြုချက်များစွာရှိသည်။ ထိုသို့သော အယူအဆများကို အခါအားလျော်စွာ လှုံ့ဆော်ပေးသော်လည်း အဆက်ပြတ်သွားခြင်းနှင့် ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် ပါဝင်မည့် ကြီးမားသော အုံကြွမှုများအပြင် ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် အကျိုးသက်ရောက်မှုများကြောင့် မအောင်မြင်ခဲ့ပေ။ စနစ်များ 350px||မတူညီသော ပြက္ခဒိန်များကို စုပေါင်းထားသည့် လောကလုံးဆိုင်ရာ ပြက္ခဒိန် ပြက္ခဒိန်စနစ် အပြည့်အစုံတွင် နေ့စဉ်အတွက် မတူညီသော ပြက္ခဒိန်ရက်စွဲတစ်ခု ရှိသည်။ ထို့ကြောင့် ရက်သတ္တပတ်စက်ဝန်းသည် ပြက္ခဒိန်စနစ် အပြည့်အစုံမဟုတ်ပေ။ နှစ်များကို ခွဲခြားသတ်မှတ်သည့်စနစ်မရှိဘဲ တစ်နှစ်အတွင်း နေ့ရက်များကို အမည်ပေးသည့်စနစ်လည်း မဟုတ်ပါ။ အရိုးရှင်းဆုံးပြက္ခဒိန်စနစ်သည် ရည်ညွှန်းရက်စွဲမှ အချိန်ကာလများကို ရေတွက်ရုံသာဖြစ်သည်။ ၎င်းသည် ဂျူလီယန် နေ့ သို့မဟုတ် Unix အချိန်အတွက် အကျုံးဝင်သည်။ ဖြစ်နိုင်ချေ တစ်ခုတည်းသော ကွဲလွဲမှုမှာ ကိန်းဂဏန်းများကို သေးငယ်စေရန်အတွက်၊ အထူးသဖြင့်၊ ယခင်က ဝေးကွာသော တစ်ခုတည်းသော ကိန်းဂဏန်းများကို မတူညီသော ရည်ညွှန်းရက်စွဲကို အသုံးပြုခြင်းဖြစ်သည်။ ဤစနစ်များတွင် တွက်ချက်မှုများသည် ပေါင်းခြင်းနှင့် အနုတ်ကိစ္စများသာဖြစ်သည်။ အခြားပြက္ခဒိန်များတွင် အချိန်ယူနစ်တစ်ခု (သို့မဟုတ် အများအပြား) ရှိသည်။ သံသရာစက်ဝန်းအဆင့်တစ်ခုပါရှိသော ပြက္ခဒိန်များ- ရက်သတ္တပတ်နှင့် အပတ်စဉ်- ဤစနစ် (ခုနှစ်မရှိဘဲ၊ ရက်သတ္တပတ်အရေအတွက် တိုးလာနေခြင်း) သည် အသုံးနည်းသည်။ ခုနှစ်နှင့် ခုနှစ်အတွင်း ပုံမှန်ရက်စွဲ၊ ဥပမာ၊ ISO 8601 ပုံမှန်ရက်စွဲစနစ် သံသရာစက်ဝန်းအဆင့်နှစ်ခုပါရှိသော ပြက္ခဒိန်များ- နှစ်၊ လနှင့် နေ့ - ဂရီဂေါရီးယန်းပြက္ခဒိန် (နှင့် အလွန်ဆင်တူသော ရှေ့တော်ဆက်၊ ဂျူလီယန်ပြက္ခဒိန်)၊ အစ္စလာမ့်ပြက္ခဒိန်၊ နေရောင်ခြည် ဟီဂျရီပြက္ခဒိန်နှင့် ဟေဗြဲပြက္ခဒိန်အပါအဝင် စနစ်အများစု နှစ်၊ ရက်သတ္တပတ်၊ နှင့် ရက်သတ္တပတ်များ - ဥပမာ၊ ISO အပတ်ရက်စွဲ နှစ်၊ လနှင့် နေ့ – ဂရီဂေါရီးယန်းပြက္ခဒိန် (နှင့် အလွန်ဆင်တူသော ရှေ့ပြေးများ၊ ဂျူလီယန်ပြက္ခဒိန်)၊ အစ္စလာမ်ပြက္ခဒိန်၊ နေရောင်ခြည် ဟီဂျရီပြက္ခဒိန်နှင့် ဟီဘရူးပြက္ခဒိန်အပါအဝင် စနစ်အများစု နှစ်၊ ရက်သတ္တပတ်၊ နှင့် ရက်သတ္တပတ်စဉ်များ – ဥပမာ ISO week date သံသရာစက်ဝန်းများသည် အချိန်အခါအလိုက် ဖြစ်စဉ်များနှင့် ထပ်တူချိန်ညှိသည်- လပြက္ခဒိန်များကို လ၏ရွေ့လျားမှု (လအဆင့်များ) နှင့် ထပ်တူပြုပါသည်။ ဥပမာ အစ္စလာမ်ပြက္ခဒိန်ဖြစ်သည်။ နေပြက္ခဒိန်များသည် နေ၏ ထင်ရှားသောရွေ့လျားမှုနှင့် ထပ်တူပြု၍ ရာသီအလိုက် ပြောင်းလဲမှုများကို ခံစားသိရှိနိုင်မှုအပေါ် အခြေခံထားသည်။ ဥပမာ ပါရှန်းပြက္ခဒိန်ဖြစ်သည်။ Lunisolar ပြက္ခဒိန်များသည် နေနှင့် လ တွက်ချက်မှု နှစ်ခုလုံး၏ ပေါင်းစပ်မှုအပေါ် အခြေခံထားသည်။ ဥပမာများတွင် တရုတ်ရိုးရာပြက္ခဒိန်၊ အိန္ဒိယနှင့် နီပေါရှိ ဟိန္ဒူပြက္ခဒိန်နှင့် ဟီဘရူးပြက္ခဒိန်တို့ ပါဝင်သည်။ များသောအားဖြင့် ပြက္ခဒိန်တစ်ခုတွင် စက်ဝန်းအမျိုးအစားတစ်ခုထက်ပို၍ ပါဝင်ခြင်း သို့မဟုတ် စက်ဝန်းနှင့် စက်ဝန်းမဟုတ်သော အရင်းအမြစ် နှစ်မျိုးလုံးပါရှိခြင်း ဖြစ်နိုင်သည်။ ပြက္ခဒိန်အများစုသည် ပိုမိုရှုပ်ထွေးသော စက်ဝန်းများကို ပေါင်းစပ်ထားသည်။ ဥပမာအားဖြင့်၊ ၎င်းတို့အများစုသည် နှစ်၊ လ၊ ရက်သတ္တပတ်များနှင့် ရက်များကို ခြေရာခံထားသည်။ ခုနစ်ရက်ကြာ ရက်သတ္တပတ်သည် လက်တွေ့တွင် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော်လည်း ၎င်း၏အသုံးပြုမှုပုံစံမှာ ကွဲပြားသည်။ ယင်းသည် ထောင်စုနှစ်များအတွင်း အဆက်မပြတ် လည်ပတ်နေခဲ့သည်။ သူရိယ နေပြက္ခဒိန်များသည် နေရောင်ခြည် နေ့ရက်တိုင်းအတွက် ရက်စွဲကို သတ်မှတ်ပေးသည်။ နေ့တစ်နေ့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြားကာလ၊ နောက်ဆက်တွဲ ညအချိန်နှင့်အတူ၊ သို့မဟုတ် နေဝင်ချိန် နှစ်ခုကဲ့သို့သော အဖြစ်အပျက်များ ဆက်တိုက်ကြားကာလဖြစ်နိုင်သည်။ ထိုကဲ့သို့သော ဆက်တိုက်ဖြစ်ရပ်နှစ်ခုကြားရှိ ကြားကာလ၏ကြာချိန်သည် တစ်နှစ်တာအတွင်း အနည်းငယ်ကွဲပြားနိုင်သည်၊ သို့မဟုတ် ၎င်းကို ပျမ်းမျှသူရိယနေ့ အဖြစ် သတ်မှတ်နိုင်သည်။ အခြားသော ပြက္ခဒိန် အမျိုးအစားများမှာလည်း နေရောင်ခြည်ကို အသုံးပြုနိုင်သည်။ စန္ဒြာ ပြက္ခဒိန်အားလုံးသည် နေရောင်ခြည်နှစ်ကို ယူနစ်တစ်ခုအဖြစ် အသုံးမပြုပါ။ လပြက္ခဒိန်ဆိုသည်မှာ လ၏အဆင့်စက်ဝန်းတစ်ခုစီအတွင်း နေ့ရက်များကို ရေတွက်သည့်နေ့များဖြစ်သည်။ စန္ဒြာမာသ ခေါ် lunar month ၏အရှည်သည် အပူပိုင်းဒေသနှစ် အရှည်၏ တစ်စိတ်တစ်ပိုင်းမျှပင်မဟုတ်သောကြောင့်၊ သီးသန့်ဖြစ်သော လပြက္ခဒိန်သည် အီကွေတာအနီးတွင် ကွဲပြားမှုများစွာမရှိသော်လည်း ရာသီများနှင့်ဆန့်ကျင်ဘက်သို့ ရွေ့လျားစေသည်။ သို့ရာတွင်၊ အထူးသဖြင့် ဤအချင်းအရာသည် အခြားဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အမြဲမပြတ်ရှိနေသည်။ ဥပမာတစ်ခုမှာ အစ္စလာမ်ပြက္ခဒိန် ဖြစ်သည်။။ အငြင်းပွားဖွယ်ဖတ်ရှုမှုတစ်ခုတွင် Alexander Marshack သည်James Elkins, Our beautiful, dry, and distant texts (1998) 63ff. ဘီစီ ၂၅,၀၀၀ ခန့် သက်တမ်းရှိ အရိုးအမှတ်အသားတစ်ခုသည် လပြက္ခဒိန်တစ်နှစ်ကို ကိုယ်စားပြုသည်ဟု ယုံကြည်ခဲ့သည်။ အခြားမှတ်သားထားသော အရိုးများသည် လပြက္ခဒိန်များကို ကိုယ်စားပြုနိုင်သည်။ အလားတူပင်၊ Michael Rappenglueck က နှစ် ၁၅,၀၀၀ သက်တမ်းရှိ ဂူပန်းချီတွင် အမှတ်အသားများသည် လပြက္ခဒိန်တစ်နှစ်ကို ကိုယ်စားပြုသည်ဟု ယုံကြည်သည်။ Lunisolar lunisolar ပြက္ခဒိန်သည် လများကို ရာသီများနှင့် ပြန်လည်ချိန်ညှိရန် လိုအပ်သလို အပိုလပေါင်းထည့်ခြင်းဖြင့် ချိန်ညှိသော လပြက္ခဒိန်တစ်ခုဖြစ်သည်။ Lunisolar ပြက္ခဒိန်၏ ထင်ရှားသော ဥပမာများမှာ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် ရေပန်းစားသော ဟိန္ဒူပြက္ခဒိန်နှင့် ဗုဒ္ဓဘာသာ ပြက္ခဒိန်များဖြစ်သည်။ အခြားဥပမာမှာ ၁၉ နှစ်စက်ဝန်းကို အသုံးပြုသည့် ဟီဘရူးပြက္ခဒိန်ဖြစ်သည်။ ကိုးကား ကဏ္ဍ:အချိန်၏ ယူနစ်များ
ဗြဟ္မာ
(ပု)ဗြဟ္မ (ပု၊ န) [ဗြူဟ+မ။ ဗဟ+မ။ ဗြဟ+မ။ နီတိ၊ ဓာ။ ၁၉၈။ ရူ၊ နှာ။ ၄၀၆။ ဓာန်၊ဋီ၊၁၅။] (၁) ဗြဟ္မာ၊ ဗြဟ္မာမင်း။ (ပု) [၁) ဗြဟ္မာ၊ ဗြဟ္မာမင်း။ ဗြဟ္မံ ဗြဟ္မတော သဉ္ဇာနာတိ။ မ၊၁၊၂။ (ဣတိဝုတ်၊၂၀၅။ ထေရ၊၃၁၀။ သံ၊ဋ္ဌ၊၁၊၁၉၂။) ဗြဟ္မံ ဗြဟ္မတောတိ ဧတ္ထ ဗြူဟိတော တေဟိ တေဟိ ဂုဏဝိသေသေဟီတိ ဗြဟ္မာ။ မ၊ဋ္ဌ၊၁၊၃၆။ (ဣတိဝုတ်၊ဋ္ဌ၊၇၂။ ထေရ၊ဋ္ဌ၊၂၊၂၂၇။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၃။ သံ၊ဋီ၊၁၊၂၄၂။ ဝိဘာဝိနီ၊၁၆၃။) (၂) ဘုရား။ (၂) ဘုရား။ ဗြဟ္မာတိ ခေါ ဘိက္ခဝေ တထာဂတဿေတံ အဓိဝစနံ။ မ၊ဋ္ဌ၊၁၊၃၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄။ (၃) ပုဏ္ဏား။ (၃) ပုဏ္ဏား။ သစ္စဝှယော ဗြဟ္မေ ဥပါသိတော မေ။ သုတ္တနိ၊၄၅၀။ (ထေရီ၊၄၀၆။ ဇာ၊ဋ္ဌ၊၇၊၃၀၇။) ဗြဟ္မေတိ တံ ဗြာဟ္မဏံ အာလပတိ။ သုတ္တနိ၊ဋ္ဌ၊၂၊၃၂၁။ (ထေရီ၊ဋ္ဌ၊၂၁၂။) (၄) မိဘ။ (၄) မိဘ။ “ဗြဟ္မာ”တိ မာဘာပိတရော၊ ပုဗ္ဗစရိယာတိ ဝုစ္စရေ။ အံ၊၁၊၁၃၁။ ခုဒ္ဒက၊ဋ္ဌ၊၁၁၅။ ဗြဟ္မာတိမာတာပိတရော တိ သေဋ္ဌာဓိဝစနံ... ဣမိနာကာရဏေန “ဗြဟ္မာတိ မာတာပိတရော”တိ ဝုတ္တံ။ အံ၊ဋ္ဌ၊၂၊၉၉။ (၅) ဂဠုန်။ (၅) ဂဠုန်။ ဗြဟ္မေ (ဇာ၊၁၊၃၈၈) တိ သုပဏ္ဏံ အာလပတိ။ ဇာ၊ဋ္ဌ၊၅၊၈၁။ (၆) မဂ်တရား။ (၆) မဂ်တရား။ ဗြဟ္မဘူတ-ကြည့်၊ (၇) ဗြဟ္မာ့ပြည်။ (၈) ဗြဟ္မဝိဟာရတရား။ (၇) ဗြဟ္မာ့ပြည်။ (၈) ဗြဟ္မဝိဟာရ တရား၊ ဗြဟ္မပထ-ကြည့်။ (န) (၉) ဗေဒင်၊ (န) (၉) ဗေဒင်၊ ဗြဟ္မံ အဏတီတိဧတ္ထ ဗြဟ္မသဒ္ဒေန ဝေဒေါ ဝုစ္စတိ။ ဝိမတိ၊၁၊၄၂။ (မ၊ဋီ၊၃၊၂၀၁။) (၁၀) အကျင့်သီလ။ (၁၀) အကျင့်သီလ။ ပိတာမဟေ ဇိနေ-သေဋ္ဌ-ဗြာဟ္မဏေစ ပိတူသွပိ။ ဗြဟ္မာ ဝုတ္တော တထာဗြဟ္မံ၊ ဝေဒေ တပသိဝုစ္စတေ။ တပသိ သီလေ။ ဓာန်။ ဓာန်၊ဋီ၊၈၁၂။ (တိ) (၁၁) အမြတ်၊ မြတ်သော၊ တိုးပွားသော၊ ဖြူစင်သန့်ရှင်းသော။ (တိ)(၁၁) အမြတ်၊ မြတ်သော၊ တိုးပွါး သော၊ ဖြူစင်သန့်ရှင်းသော။ ဗြဟ္မံ ပုညံ ပသဝတိ။ ဝိ၊၄၊၃၆၀။ ဝိ၊ဋ္ဌ၊၂၊၁၉၂။ ဗြဟ္မံ ပုညန္တိ သေဋ္ဌံ ပုညံ။ ဝိ၊ဋ္ဌ၊၄၊၁၁၁။ သာရတ္ထ၊၂၊၃၆၀။ ဗြဟ္မစရိယ-လည်းကြည့်။ (၁၂) ပွားများအပ်ပြီးသော ဂုဏ်ရှိသော၊ သူ။ (ဘုရားလောင်း၊ ဗြဟ္မာမင်း)။ (၁၂) ပွါးများအပ်ပြီးသောဂုဏ်ရှိသော၊ သူ။ (ဘုရားလောင်း၊ ဗြဟ္မာမင်း။) ဗြဟ္မာနောတိ ဝါ သကလဗုဒ္ဓဂုဏ ဟေတုဘူတာနံ ဒါနပါရမိတာဒီနံ ဗုဒ္ဓကရဓမ္မာနံ ပရိပူရဏဝသေန ဗြူဟိတဂုဏာ မဟာသတ္တာ ဗောဓိသတ္တာ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၈၄။ ဗြဟ္မာ ၄-မျိုး (ပု) (၁) ဗြဟ္မာ၊ ဗြဟ္မာမင်း။ (ဗြဟ္မာသည် ပုဏ္ဏားဟူသော သမ္မုတိဗြဟ္မာ။ ရူပအရူပဟူသော ဥပပတ္တိဗြဟ္မာ။ အရိယာ ပုဂ္ဂိုလ်ဟူသော ဝိသုဒ္ဓိဗြဟ္မာ။ ဘုရားရှင် ဟူသော ဥတ္တမဗြဟ္မာအားဖြင့် ၄-မျိုးရှိ၏) မ၊ဋ္ဌ၊၁၊၃၆။ နီတိ၊ဓာ။ ၁၉၉။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၃၇၇-၈၌ သမ္မုတိဗြဟ္မာ, ဥပပတ္တိဗြဟ္မာ, ဝိသုဒ္ဓိဗြဟ္မာဟု ၃-မျိုးလာ၏။) ဘုံအားဖြင့် ဗြဟ္မာ ၂-မျိုး ထိုတွင် ဥပပတ္တိဗြဟ္မာသည် သာမညဘုံ၏ အစွမ်းဖြင့် ရူပဗြဟ္မာ, အရူပဗြဟ္မာဟု ၂-မျိုး ရှိသည်။ ပဋိသန္ဓေအားဖြင့် ဗြဟ္မာ ၂-မျိုး ရူပဗြဟ္မာသည် ပဋိသန္ဓေ၏ အစွမ်းဖြင့် အဟိတ်ဗြဟ္မာ, တိဟိတ်ဗြဟ္မာဟု ၂-မျိုး ရှိပြန်သည်။ အသညသတ် ဗြဟ္မာများသည် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသောကြောင့် အဟိတ်ဗြဟ္မာမည်၏။ (အသညသတ္တ ကြည့်။) အသညသတ်ကြဉ် ရူပ ၁၅-ဘုံ ဗြဟ္မာများသည် ရူပဝိပါက် တိဟိတ်စိတ်စေတသိက် စက္ခုသောတဝတ္ထုဒသကကလာပ် ဇီဝိတနဝကကလာပ်များဖြင့် ပဋိသန္ဓေတည်နေကြသောကြောင့် ပဋိသန္ဓေစိတ်ကို အစွဲပြု၍ တိဟိတ်ဗြဟ္မာမည်၏။ ဈာန်ဘုံအားဖြင့် ဗြဟ္မာ ၄-မျိုး ယင်းဗြဟ္မာများသည် ပဌမဈာန်ဘုံ ဗြဟ္မာ, ဒုတိယဈာန်ဘုံ ဗြဟ္မာ, တတိယဈာန်ဘုံ ဗြဟ္မာ, စတုတ္ထဈာန်ဘုံ ဗြဟ္မာ ဟု ၄-မျိုးရှိပြန်သည်။ ပဌမဈာန် ၃-ဘုံအနက် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာများသည် အသင်္ချေယျကပ် ၃-ဖို့တဖို့, ဗြဟ္မပုရောဟိတာ ဗြဟ္မာများသည် အသင်္ချေယျကပ်ထက်ဝက်, မဟာဗြဟ္မာများသည် အသင်္ချေယျကပ် တကပ်သက်တမ်း ရှည်ကြသည်။ ဒုတိယဈာန် ၃-ဘုံအနက် ပရိတ္တာဘာဗြဟ္မာများသည် မဟာကပ် ၂-ကပ်, အပ္ပမာဏာဘာဗြဟ္မာများသည် မဟာကပ် ၄-ကပ်, အာဘဿရာဗြဟ္မာများသည် မဟာကပ် ၈-ကပ် သက်တမ်းရှည်ကြသည်။ တတိယဈာန် ၃-ဘုံ အနက် ပရိတ္တသုဘာဗြဟ္မာများသည် မဟာကပ် ၁၆-ကပ်, အပ္ပမာဏသုဘာဗြဟ္မာများသည် မဟာကပ် ၃၂-ကပ်, သုဘကိဏှာဗြဟ္မာများသည် မဟာကပ် ၆၄-ကပ် သက်တမ်း ရှည်ကြသည်။ စတုတ္ထဈာန် ၇-ဘုံအနက် ဝေဟပ္ဖိုလ်, အသညသတ်ဗြဟ္မာများသည် မဟာကပ် ၅၀၀, အဝိဟာဗြဟ္မာများသည် မဟာကပ် ၁၀၀၀, အတပ္ပါဗြဟ္မာများသည် မဟာကပ် ၂၀၀၀, သုဒဿာဗြဟ္မာများသည် မဟာကပ် ၄၀၀၀, သုဒဿီဗြဟ္မာများသည် မဟာကပ် ၈ဝ၀၀, အကနိဋ္ဌာဗြဟ္မာများသည် မဟာကပ် ၁၆၀၀၀-သက်တမ်း ရှည်ကြသည်။ အရူပဗြဟ္မာများအနက် အာကာသာနဉ္စာယတနဗြဟ္မာများသည် မဟာကပ် ၂၀၀၀၀, ဝိညာဏဉ္စဗြဟ္မာများသည် မဟာပ် ၄၀၀၀၀, အာကိဉ္စညဗြဟ္မာများသည် မဟာကပ် ၆၀၀၀၀, နေဝသညာဗြဟ္မာများသည် မဟာကပ် ၈၄၀၀၀-သက်တမ်း ရှည်ကြသည်။ (အသင်္ချေယျကပ် ယူပုံမဟာကပ် ယူပုံကို အသင်္ချေယျကပ္ပပုဒ်ကြည့်၊ အဘိ၊ဝိ၊၄၃၉-၄၀-အဘိ၊ဋ္ဌ၊၂၊၅၀၃-၄)။ အခြား ဗြဟ္မာအမျိုးအစားများ ထို့ပြင် စကြဝဠာတိုက် တထောင်ကို မြင်နိုင်စိုးအုပ်နိုင်သည့် သဟဿီဗြဟ္မာ၊ စကြဝဠာတိုက်နှစ်ဆောင်ကို မြင်နိုင် စိုးအုပ်နိုင်သည့် ဒွိသဟဿီဗြဟ္မာ၊ စကြဝဠာတိုက် သုံးထောင်ကို မြင်နိုင် စိုးအုပ်နိုင်သည့် စတုသဟဿီဗြဟ္မာ၊ စကြဝဠာတိုက် ငါးထောင်ကိုကို မြင်နိုင် စိုးအုပ်နိုင်သည့် ပဉ္စသဟဿီ ဗြဟ္မာ၊ စကြဝဠာတိုက် တသောင်းကို မြင်နိုင်စိုးအုပ် နိုင်သည့် ဒသသဟဿီဗြဟ္မာ၊ စကြဝဠာတိုက် တသိန်းကို မြင်နိုင် စိုးအုပ်နိုင်သည့် သတသဟဿီဗြဟ္မာစသည်ဖြင့် များစွာ ရှိသေး၏၊ ဗြဟ္မာတို့၏ စွမ်းရည် ဗြဟ္မာတို့၏ ပကတိခန္ဓာကိုယ်သည် သိမ်မွေ့၏၊ အခြားသူတို့ မမြင်နိုင်၊ အခြား သူတို့ မြင်နိုင်ရန် ဖန်ဆင်းထားသော ခန္ဓာကိုယ်ဖြင့် တည်နေကြသည်၊ လက်တချောင်းဖြင့် စကြာဠာတိုက်ပေါင်းတထောင်, လက်ဆယ်ချောင်းဖြင့် စကြဝဠာတိုက်ပေါင်း တသောင်းကို အလင်းရောင်ပျံ့နှံ့နိုင်စွမ်း ရှိကြသည်။ ဗြဟ္မာများသည် မြေသို့ သက်ဆင်းသည့်အခါ ခန္ဓာကိုယ်ကို သော်လည်း ကြမ်းတမ်းအောင် ဖန်ဆင်းရသည်။ ဗြဟ္မာခန္ဓာကိုယ်ကို ခံနိုင်အောင် မြေကြီးကိုပင်သော်လည်း ကြမ်းတမ်းအောင် ဖန်ဆင်းရသည်။ မာရ်နတ်သည် အလုပ်အကျွေး ဗြဟ္မာ (ဗြဟ္မပါရိသဇ္ဇဗြဟ္မာ)များ ကိုယ်၌ ပူးကပ်ဝင်ရောက်နိုင်၏။ မဟာဗြဟ္မာ, ဗြဟ္မပုရောဟိတာဗြဟ္မာများ၌ကား မပူးဝင်မကပ် ရောက်နိုင်။ မ၊၁၊၄၀၁-၇။ မ၊၃၊၁၄၂-၄။ ဒီ၊ဋ္ဌ၊၂၊၂၈၆။ မ၊ဋ္ဌ၊၂၊၃၀၂-၃၁၂။ အံ၊ဋ္ဌ၊၂၊၂၄၀။ ဗြဟ္မာအကြောင်း သိကောင်းစရာများ ဗြဟ္မာတို့အား ဘာဝရုပ်နှစ်ပါး မရသောကြောင့် မိန်းမယောက်ျားဟူ၍ ကွဲပြားမှုမရှိ၊ သို့ရာတွင် ယေက်ျားအသွင် သဏ္ဌာန်ဖြင့်သာ ဖြစ်ကြသည်။ မိန်းမများသည် ဈာန်တရားအားထုတ်၍ ဈာန်မလျှော့ပဲ သေဆုံးပါမှ ဗြဟ္မပါရိသဇ္ဇာ (= အလုပ်အကျွေး)ဗြဟ္မာသာ ဖြစ်နိုင်ကြသည်၊ မဟာဗြဟ္မာမဖြစ်နိုင်ကြ။ မ၊ဋ္ဌ၊၄၊၈၆။ အံ၊ဋ္ဌ၊၁၊၃၆၃။ အဘိ၊ဋ္ဌ၊၂၊၄၁၉။ ဝိဘာဝိနီ၊၁၈၆။ မထေရ်ကြီးတို့အား ဘဏ္ဍာစိုးရှိသကဲ့သို့ ဗြဟ္မာတို့အားလည်း အလုပ်အကျွေး ဗြဟ္မာများ ရှိကြသည်။ သံ၊ဋ္ဌ၊၁၊၁၉၅၊ သီဟိုဠ်ကျွန်း လောဟပါသာဒပြာသာဒ်၌ ဘုံခုနစ်ဆင့်ခန့် (တောင်ထွတ်ခန့်။ သျာ၊မှုကွဲ) ပမာဏရှိသော ကျောက်တုံးကြီးကို ဗြဟ္မာပြည်မှ အောက်သို့ ပစ်ချလိုက်လျှင် လူတို့အရေအတွက်အားဖြင့် လေးလကြာမှ မြေအပြင်သို့ ရောက်နိုင်၏။ သံ၊ဋ္ဌ၊၁၊၇၁။ ဘုရားရှင် ပွင့်တော်မမူမီနှင့် ပွင့်တော်မူပြီးစ အချိန်၌ သတ္တဝါတို့သည် ဗြဟ္မာကို အထွတ် အမြတ်ထား၍ လေးစားကြ၏၊ ထို့ကြောင့် သတ္တဝါတို့ လေစားသော ဗြဟ္မာကလာ၍ တောင်းပန်အောင် ဘုရားရှင်တို့သည် တရားဟောမှု၌ အပ္ပေါသုက္က ဖြစ်တော်မူကြသည်။ မ၊၁၊၂၂၄-၅။ ဒီ၊ဋ္ဌ၊၂၊၅၈။ မ၊ဋ္ဌ၊၂၊၈၂-၄။ ဗြဟ္မာများသည် ဘုရားရှင်အား ရှိခိုးသောအခါ လက်ျာပုဆစ်ဒူးကို မြေသို့ ထောက်၍ ရှိခိုးကြသည်။ သံ၊၁၊၁၃၉။ ရဟန္တာနှင့် ဗြဟ္မာတို့အား သမ္ဘဝရုပ် (သုက်သွေး) မရှိဟု အနုဋီ၊၁၊၁၅၅၌ ဆို၏။ ဗြဟ္မာများအား ပြင်ပမှ မျိုးအပ် စားသောက်အပ်သော ကဗဠီကာရာဟာရမရှိ။ ဝိဘာဝိနီ၊၂၁၅၊ ပီတိသည်ပင် ဗြဟ္မာတို့၏ အစာအာဟာရဖြစ်သည်။ အာယုက္ခယ (သက်တမ်း ကုန်ဆုံးခြင်း) ပုညက္ခယ (= ကောင်းမှုကံ ကုန်ဆုံးခြင်း) နှစ်မျိုးစလုံးကြောင့်၎င်း၊ တစ်မျိုးမျိုးကြောင့်၎င်း ဗြဟ္မာပြည်မှ စုတေကြသည်။ ဒီ၊၁၊၁၆-၇။ ဒီ၊ဋ္ဌ၊၁၊၁၀၂-၃။ သီ၊ဋီ၊သစ်၊၁၊၄၁၇-၈။ ဗြဟ္မာများသည် ဗိမာန်ပဒေသာပင် အဆင်တန်ဆာတို့၌ တပ်မက်မှု ဆန္ဒရာဂ ဖြစ်ကြ၏၊ ယင်းဆန္ဒရာဂကား ကာမာသဝ မဟုတ်။ အဘိ၊ဋ္ဌ၊၁၊၄၀၃။ ထင်ရှားသော ဗြဟ္မာများ ပိဋကစာပေ၌ သဟမ္ပတိဗြဟ္မာနှင့် ဗကဗြဟ္မာ, ဃဋိကာရဗြဟ္မာ, ဟတ္တကဗြဟ္မာတို့ ထင်ရှားကြသည်၊ သဟမ္ပတိ ဗြဟ္မာသည် တရားဦး ဟောရန် တောင်းပန်သူ ဖြစ်၍ ထင်ရှားသည်။ ဗကဗြဟ္မာသည် ဘုရားရှင်၏ အနိစ္စဝါဒကို နိစ္စ ဝါဒဟု ဖဲ့တိုက်သူအဖြစ် ထင်ရှားသည်။ ယင်း ဗြဟ္မာနှစ်ဦးစလုံး ပထမဈာန်ဘုံသားများ ဖြစ်ကြသည်။ သဟမ္ပတိဗြဟ္မာအကြောင်းကို သဟမ္ပတိပုဒ်၌ ကြည့်။ ဗကဗြဟ္မာအကြောင်းကို ဗကဗြဟ္မပုဒ်၌ ကြည့်။ ဃဋိကာရဗြဟ္မာသည် ကြာသင်္ကန်းကပ်သူ ဖြစ်၍ ထင်ရှား သည်(ဃဋိကာရပုဒ်-ကြည့်)။ ဟတ္ထကဗြဟ္မာသည် တရားဟောဓမ္မကထိကအဖြစ် ထင်ရှားသည်၊ ဟတ္ထကပုဒ် (အံ၊၁၊၂၈၂-၃။ အံ၊ဋ္ဌ၊၂၊၂၃၈-၂၄၀။) ကြည့်။ တိပိဋကအဘိဓာန် အတွဲ-၁ ဗြဟ္မာ(ဗရဟ်မာ)၏ ဒေဝီအမျိုးသမီးသည် ဆရဆွတိဖြစ်သည်။ ဟိန္ဒူအယူအဆ ဗြဟ္မာ ဗြဟ္မာ (Brahma)သည် ဟိန္ဒူဘာသာ၏ ဖန်ဆင်းရှင်ဘုရားတစ်ပါး ဖြစ်သည်။ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သူ ဗစ်ရှ်နူးဘုရား(ဟိန္ဒူ)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ (သိဝ)ဘုရား ဟူ၍ ဟိန္ဒူဘာသာတွင် တန်ခိုးအကြီးဆုံး ဘုရား(၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ကမ်ဘာလောကကိုအသစ်တည်တော့အခါ ဟိန္ဒူအယူဝါဒတွင် သိဝသည် စတင်ဖြစ်ပေါ်တည်ရှိပြီးမှာ ဗိဿနိုးနတ်နှင့်ဗြဟ္မာကို ဖန်ဆင်းသည်ဟု ယုံကြည်ကြသည်။ ဆက်စပ်ဖတ်ရှုရန် ကိုးကား Category:ဟိန္ဒူဘာသာ Category:ဗုဒ္ဓဘာသာ ကဏ္ဍ:ပါဠိဝေါဟာရများ
သူရဿတီ
ရန်ကုန် ကျောက်တော်ကြီးဘုရားရှိ သူရဿတီရုပ်တု သူရဿတီ သည် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုးကွယ်မှုရှိ နတ်သမီးတစ်ပါးဖြစ်သည်။ သူသည် နတ်စာရင်းဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ကျမ်းစာများကို ကာကွယ်စောင့်ရှောက်သူဖြစ်ကာ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ကြသည်။ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ စာမေးပွဲမတိုင်မီတွင် သူရဿတီနတ်သမီးအား ပူဇော်ပသမှုများ ပြုလုပ်လေ့ရှိကြသည်။ သူရဿတီ၏ မူလရင်းမြစ်မှာ ဟိန္ဒူဘာသာရှိ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ အမည်ရင်းမြစ် သူရဿတီ ဟူသောအမည်မှာ သက္ကတဘာသာ စကား၊ သရသွတိ ကိုပါဠိမှပြန်ကာ မြန်မာအသံဖြင့် ခေါ်ဝေါ်ထားသော အမည် ဖြစ်သည်။ သက္ကတပုဒ်သရကို သရသ်နှင့်ဝတိဟူ၍ ပုဒ်ခွဲနိုင်သည်။ အချို့ပညာရှင်တို့က သရသ်၌ “သ”သည်အတူတကွဖြစ်ခြင်း၊ “ရသ်”သည် ရေဟူသောအနက် ချိုမြိန်ခြင်းဟူသော အနက်ဖြစ်သည်။“ဝတိ”မှာရှိသည်။ ပိုင်ဆိုင်သူဟူသောအနက်ဖြစ်သည်။ ထို့ကြောင့် သရသွတိ ကို “ရေနှင့်အတူတကွရှိသော”နတ်သမီး၊ ချိုသာစွာ ပြောဆိုလေ့ရှိသော နတ်သမီးဟု မှတ်ဖွယ်ရှိသည်။ သရသွတိသည် ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ ဆရဆွတိမြစ်ကို စောင့်သောနတ်ဖြစ်သည် ဟု အချို့ကယူဆကြသည်။ ရှေးဦးကမြစ်စောင့်နတ် ဖြစ်ခဲ့သည့် သရသွတိကို ဝေဒခေတ်၌ ဖန်ဆင်းရှင် ဣဿရ၏ သမီးတော် ဖြစ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ ဝေဒခေတ်နှောင်း ဗြဟ္မဏကျမ်းစာများ ထွန်းကားချိန်တွင် ဣဿရကို ဗြဟ္မာအဖြစ် ပြောင်းလဲသုံးနှုန်းလာခဲ့ကြသည်။ ကိုးကွယ်မှု မြန်မာဗုဒ္ဓဘာသာဝင်အချို့၏ဘုရားစင်တွင်၎င်း၊ အချို့ဘုရားရင်ပြင်ပေါ်တွင်၎င်း တည်ထားကိုးကွယ်ကြသည်။ ကိုးကွယ်သူများက ပိဋကတ်သုံးပုံ စောင့်နတ်သမီး၊ ပညာရေးကို စောင့်သောနတ်သမီး ဟု အယူရှိကြသည်။ သရသွတိသည် ဖန်ဆင်းရှင် ဗြဟ္မာ၏ ကြင်ယာတော်နတ်သမီး တစ်ပါး ဖြစ်သည်ဟု ခံယူလာကြသည်။ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ခဲ့ကြသည်။ မြန်မာတို့၏ ကိုးကွယ်မှုတွင်ကား၊ သူရဿတီသည် တန္တရဝါဒီ မဟာယာနဂိုဏ်းသား တို့မှ တစ်ဆင့် ပုဂံခေတ်ကတည်းက နေရာရလာခဲ့သော နတ်သမီးဖြစ်သည်။ ပုဂံခေတ်အနော်ရထာ လက်ထက်၌ ရွှေစည်းခုံဘုရား တံတိုင်းအတွင်းတွင် နတ်ရုပ်အချို့ ထားရှိသည်။ ထိုခေတ် လူတို့ ယုံကြည်ကိုးကွယ်သော နတ်များသည် ဗုဒ္မမြတ်စွာကို ရိုကျိုးရှိခိုးသူများဖြစ်သည်။ စောင့်ရှောက်ရသူများ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပေါက်အောင် အနော်ရထာက ကြံဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရွှေစည်းခုံဘုရား၏ တံတိုင်းအတွင်း ထားသောနတ်ရုပ်(၃၇)ခု အနက် သူရဿတီသည် အမှတ်စဉ်(၉)တွင်ပါဝင်သည်။ နတ်ဝတ်တန်ဆာဆင်ကာ ဟင်္သာငှက်ပေါ်တွင် ထိုင်၍ လက်နှစ်ဘက်၌ ကြာပန်းကိုကိုင်နေဟန်ဖြင့် သူရဿတီကိုထုလုပ်ထားသည်။ ဟင်္သာငှက်သည် ရေတွင် ကျက်စားသော ငှက်ဖြစ်ခြင်းကြောင့် ရေကိုပိုင်သူ မြစ်စောင့်နတ်၊ သူရဿတီ ၏စီးတော်ယာဉ် အဖြစ်သတ်မှတ်ထားခြင်းဖြစ်ဟန် တူသည်။ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို မြန်မာတို့က သူရဿတီ ဟုအသံထွက်ပြောင်းလဲခေါ်ဝေါ်ကာ ပိဋကတ်သုံးပုံစောင့် နတ်သမီးဟုယူဆကိုးကွယ်ကြသည်။ သူရဿတီသည် အတတ်ပညာ ကျက်သရေမင်္ဂလာ တို့ကိုပေးနိုင်သည် ဟုယုံကြည်ကြသည်။ သူရဿတီ ဂါထာ၊ သူရဿတီ မန္တန်၊ သူရဿတီ အင်း၊ သူရဿတီမှော် စသည်ဖြင့် အစီအရင် အမျိုးမျိုးပြုလုပ် ဆောင်ရွက်ကြသည်။ (မြန်မာစွယ်စုံကျမ်း အတွဲ (၁၃)စာ-၁၆၈-၁၆၉) သူရဿတီကို လောကီအတတ်များအတွက်သာ အသုံးပြုကြောင်း သတိပြုသင့်ပေသည်။ ဗုဒ္ဓဘာသာတန္တရဝါဒီ တို့သည် ဗြဟ္မဏတို့၏ ဘုရားအဆူဆူဝါဒကို သဘောကျကာ၊ မဟာယာန ဗုဒ္ဓဘာသာအတွင်းသို့ ဘုရားအဆူဆူ၊ ဘုရားလောင်းအမျိုးမျိုးကို သွတ်သွင်းခဲ့ကြ သည်။ အလားတူပင် ဗြာဟ္မဏဝါဒ တစ်ဖြစ်လဲ ဟိန္ဒူဘာသာက လက်ခံထားသည့် နတ်ဘုရားတို့၏ ကြင်ယာတော် နတ်ဘုရားမ(နတ်သမီး)များကို ကိုးကွယ်မှုကိုလည်း မဟာယာန ဗုဒ္ဓဘာသာတွင် ပုံတူကူးချကာ တာရာဒေဝီ၊ မဟာဒေဝီ၊ ပရဝတီ၊ စသည်ဖြင့်နတ်ဘုရားမ အမျိုးမျိုး ကိုဖန်တီးလက်ခံ ခဲ့ကြသည်။ မြန်မာတန္တရဝါဒီတို့ကား၊ အိန္ဒိယတန္တရဝါဒီ တို့ထက်ပင် လက်သွက်ကာဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို သူရဿတီအဖြစ် မြန်မာမှုပြုခဲ့ကြသည်။ ပိဋကတ်သုံးပုံစောင့်သူအဖြစ် ဖန်တီးခဲ့ကြသည်။ ဤသို့ဖြင့် သူရသွတိသည် ပုဂံခေတ် ကတည်းကပင် အတွင်း (၃၇) မင်းစာရင်းဝင် ဖြစ်လာခဲ့ရပေသည်။ နတ်သမီးကိုးကွယ်မှုအစဉ်အလာကို အိန္ဒိယသားတို့သည် ဝေဒခေတ်မတိုင်မီက ကမ္ဘာဦး စိုက်ပျိုးရေးသမားများ ဘဝကတည်းက လက်ခံကျင့်သုံးခဲ့ကြသည်။ ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ အိန္ဒုမြစ်ဝှမ်းတွင်ခရစ်ကြိုနှစ် နှစ်ထောင်ကျော်ခန့်က ထွန်းကားခဲ့သော အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ် ကတည်းက ကိုးကွယ်ခဲ့ကြသည့် ကြေးသွန်းနတ်သမီးရုပ်တုများကို ရှေးဟောင်း သုတေသီတို့ တွေ့ရှိကြရသည်။ ထိုနတ်သမီး ရုပ်တုတို့ကို အိန္ဒူမြစ်ဝှမ်းသားတို့က မည်သို့ခေါ်ဝေါ်ခဲ့သည်ကို အတိအကျ မသိရသော်လည်း၊ သုတေသီများကမူ မိခင်နတ်သမီး ဟုလည်းကောင်း၊ ရွာရှင်နတ်သမီး ဟုလည်းကောင်း မယ်တော်ကြီး ဟုလည်းကောင်း ခေါ်ဝေါ် ထားသည်။ အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက နတ်သမီးကိုးကွယ်မှုကို လက်ခံခဲ့သော အိန္ဒိယသားတို့သည် ဝေဒခေတ်၌လည်း အလားတူ နတ်သမီး ကိုးကွယ်မှုကို လက်ခံကျင့်သုံးခဲ့ကြသည်။ ဝေဒခေတ်အတွေးအခေါ် ယဉ်ကျေးမှုများကို ဗြာဟ္မဏဝါဒဟု ခေါ်ဝေါ်ထားရာ ဗြာဟ္မဏဝါဒ ၌လည်း နတ်သမီးများကို ဆက်လက်ကိုးကွယ်ခဲ့ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ၌မူ ဖန်ဆင်းရှင်ဗြဟ္မာ ကိုပယ်ပြီးဖြစ်ရာ ဗြဟ္မာ၏ ကြင်ရာတော်နတ်သမီးနှင့် တကွအခြား နတ်သမီးများ၊ နတ်ဘုရားများကို ကိုးကွယ်ရန်မလိုတော့ချေ။ သင်္ဂမင်းဆက်၊ ကုသျှန် မင်းဆက်တို့လက်ထက်ရောက်သောအခါ ဗြဟ္မဏဝါဒ ပြန်လည် အားကောင်းလာပြီး၊ ဗုဒ္ဓဘာသာကို နှိမ်နင်းလာသည်။ ထိုအခါ မိမိတို့ရပ်တည်ရေးအတွက် ဗုဒ္ဓဘာသာ အတွေးအမြင် ကျင့်စဉ်များကို ဗြာဟ္မဏတို့အလိုကျ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးခဲ့ ကြရသည်။ ထိုသို့ကျင့်သုံးရာမှ ပေါ်ပေါက်လာသော မဟာယာနဗုဒ္မဘာသာ၌မူ နတ်ဘုရား အမျိုးမျိုးကိုပါ လက်ခံကိုးကွယ်လာခဲ့သည်။ အိန္ဒိယမှ ဗုဒ္မဘာသာတန္တရဝါဒီတို့သည် ဘင်္ဂေါပြည်နယ်မှတစ်ဆင့် အထက်မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင် ဝင်ရောက်ခြေကုပ်ယူခဲ့ကြသည်။ ထိုသို့ခြေကုပ်ယူခဲ့ကြောင်း သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ)မှတူးဖော်တွေ့ရှိရသော ဘုရားလောင်းပုံပါရှိသော အုတ်ခွက် အမျိုးမျိုးများနှင့်ရှေးဟောင်း ပစ္စည်းများကသက်သေ ခံနေပေသည်။ တန္တရဝါဒီတို့၏ အတွေး အခေါ်များနှင့်ကျင့်စဉ်များသည် ပုဂံခေတ်တွင်လည်း တွင်ကျယ်လေရာ၊ အနော်ရထာမင်းက သာသနာသန့်ရှင်း၊ ထေရဝါဒ ဗုဒ္မဘာသာထွန်းကားရေး ပြုလုပ်သောအခါ၊ အသွင်အမျိုးမျိုး ဆောင်ကာ တိမ်းရှောင်ထွက်သွားခဲ့ကြသည်။ ထိုသို့ တိမ်းရှောင်ထွက်သွားကြရာ၌ သူရဿတီ သည် တိမ်မြုပ်ပျောက်ကွယ် မသွားဘဲ၊ ရွှေစည်းခုံတံတိုင်းအတွင်း၌ ပုံတော်နှင့်တကွနေရာရ သွားခဲ့သည်။ အိန္ဒိယသားတို့သည် နတ်သမီးများကိုပထဝီမာတာ (မြေစောင့်မယ်တော်)၊ မဟာမာတာ (မယ်တော်ကြီး)စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ထိုအခေါ်အဝေါ်များကိုလိုက်၍ မြန်မာတို့ သည် ယခုအခါ မယ်တော်၊ မယ်တော်ကြီး စသည်ဖြင့်သုံးနှုန်းနေကြသည်။ ဤသို့ သုံးနှုန်းကြပါက သူရဿတီသည် ရှေးဦးမယ်တော်ကြီး တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ အတွင်း(၃၇) မင်း အမှတ်စဉ်(၈) တွင်ဖော်ပြထားသည့် စဏီနတ်သမီးမှာလည်း သူရဿတီကဲ့သို့ပင် မြန်မာတို့ ရှေးဦးလက်ခံခဲ့သော မယ်တော်ကြီးတစ်ပါးဖြစ်သည်။ www.ashinkumara.com ကျမ်းကိုး Category:မြန်မာ့ ဓလေ့ထုံးစံ ကဏ္ဍ:နတ် ကဏ္ဍ:မြန်မာနိုင်ငံရှိ ကိုးကွယ်ရာဘာသာများ
ဣန္ဒာ
အင်ဒြ (; Indā; ) ကို မြန်မာဝေါဟာရဖြင့် သိကြားမင်းဟု ခေါ်ဆိုသည်။မြန်မာစာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဟိန္ဒူဘာသာ၌လည်း ရှေးဟောင်းနတ်ဒေဝါတစ်ပါးဖြစ်ကာ စစ်နှင့် ရာသီဥတုဆိုင်ရာ နတ်မင်းဒေဝါမင်းဖြစ်၏။ | အင်ဒြခေါ်ကန္နာ၏ပုံ ဒဏ္ဍာရီ အင်ဒြ(Indra)နတ်သည် မုတ်သုံမိုးမုန်တိုင်းကို ကိုယ်စားပြုသည်။ သူသည် နတ်တို့၏ အကြီးအကဲလည်း ဖြစ်သည်။ သူ့ကို ကိုးကွယ်ကြသော သူများ၏စိတ်ထဲတွင် သူ၏ပုံသဏ္ဌာသည် အလွန်ကြီးမားသည်။ ဆံပင်အရှည်ကြီး ဖားလျား ချထားသည်။ လေပင့်ထားသော မုတ်ဆိတ် ရှိသည်။ သူသည် ထိုမုတ်ဆိတ်ကိုဖြုတ်၍ ကျယ်လောင်သောအသံ(မိုးခြိမ်းသံ)ကို ပြုသည်ဟု ယူဆကြသည်။ သူ့လက်ထဲတွင် ရန်သူကို ချေဖျက်တက်သော ဝရဇိန်လက်နက် မိုးကြိုးစက်ကို ကိုင်ထားသည်။ သူသည် လယ်ကွင်းများကို မဟာမိတ်များ၊ အာရိယန်တို့၏ အသက်မွေးမြူရန် ပစ္စည်းဥစ္စာပေးသူအဖြစ် သဘောထားသည်။ သူ၏နှစ်စဉ်ပြုမြဲ ထူးခြားသော အပြုအမူမှာ မိုးကိုခေါင်စေသောနဂါး(Vritra)ကို ထုတ်သတ်သည်။ ထိုနတ်နဂါးက မိုးကို ခေါင်သည်ဟု အယူရှိကြသည်။ ဤအန္တရာယ်ကြီးမားသော လုပ်ဆောင်ချက်ဖြင့် သူသည် သူ့ကိုယ်သူ အာရိယန်လူမျိုးတို့၏သူရဲကောင်းအဖြစ်ကို ခိုင်မာစွာ ပြသခဲ့ပေသည်။ 'သုံးခွသောသောမ' အရက်ခွက်များဖြင့် သူသည် သေရည်များကို သောက်သုံးသည်။ ထို့နောက် သူ၏ ဝရဇိန်လက်နက် မိုးကြိုးစက်ဖြင့် တောင်များပေါ်တွင်နေသော မိုးကိုခေါင်စေသည့် မြွေနဂါးကို ပစ်ခတ် သတ်ဖြတ်လေသည်။ သို့ဖြင့် ထိုနဂါးကထိန်းချုပ်ထားသောရေများကို မြစ်ချောင်းများမှတဆင့် သမုဒ္ဒရာထဲသို့ လျင်မြန်စွာ စီးဆင်းသွားစေသည်။ အင်ဒြနတ်မင်းကို ကိုးကွယ်သူများသည် သူ့ကိုများစွာ ချီးမွမ်းကြသည်။ ဣရုဝေဒကျမ်း(Rig Veda)ထဲတွင် အင်ဒြအား ချီးမွမ်းသောဂါထာများစွာ ပါသည်။ ကိုးကား
သိဝ
သိဝကျောက်ရုပ် သိ၀ သို့ ၐိဝ သည် ဟိန္ဒူဘာသာ၏ အဓိကဘုရားတစ်ပါးဖြစ်သည်။ ဘုရားရှင်သီ၀ကို မဟာဒေ၀ (Mahadeva) ဘုရားရှင်ဟုလည်း သမုတ်ကြသည်၊ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သူ ဗစ်ရှ်နူး(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ သျှီဝ (ၐီဝ) (သီဝ) ဟူ၍ ဟိန္ဒူဘာသာတွင် တန်ခိုးအကြီးဆုံး ဘုရား (၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ သိဝ၏ ကြင်ယာတော်မှာ ပါရ်ဗသီး (ပရ်ဝတီ Parvati)မယ်တော် ဖြစ်သည်။ ပါရ်ဗသီးမယ်တော် ကို မြန်မာနိုင်ငံတွင် ကာလီမယ်တော်ဟုလည်း လူသိများသည်။ မှတ်စု ကိုးကား ကဏ္ဍ:ဟိန္ဒူဘာသာ
ဗိဿနိုးနတ်
ဝိဏှုဘုရားရှင်နှင့် မယ်တော် လက္ခမီ သည် သေသနဂါးမင်း ပေါ်တွင် ထိုင်နေသည်။ ဗစ်ရှ်နူးဘုရား (Vishnu, ဗိဿနိုး။ သက္ကတ ဝိၑ္ဏု) သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗစ်ရှ်နူးဘုရား (God Vishnu) ၏ အ၀တာရ (လူဝင်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗစ်ရှ်နူးဘုရား(ဗိဿနိုး)သည် ယခုထက်တိုင် တည်ရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။ သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။ သို့ရာတွင် ယနေ့ခတ်ဟိန္ဒူဘာသာဝင်တို့သည် ဗိဿနိုး၏ နဝမအသွင်မှာ ‌ ဂေါတမဗုဒ္ဓ မဟုတ်ဘဲ သုဂတဗုဒ္ဓဖြစ်သည်ဟု ‌ ထောက်ပြလာကြသည်။ပုရာဏကျမ်းများတွင် သုဂတဗုဒ္ဓဖြစ်ကြောင်း ဖော်ပြသည်ဟု ‌ ထောက်ပြလာကြသည်။ ဗုဒ္ဓဟူသည့်စကားလုံး၏ အနက်မှာ နိုးကြားလာသူ / သိမြင်သူ ဟုအဓိပ္ပာယ်ရ၍ ဗိဿနိုး၏ နဝမအသွင်မှာ ဂေါတမဗုဒ္ဓမဟုတ်ဘဲ နိုးကြားသိမြင်လာသူတစ်ဦးအဖြစ် ‌ လောကသို့လူဝင်စားအဖြစ် ပေါ်ပေါက်လာမည့် သုတဂဗုဒ္ဓ ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ ထို နဝမမြောက်အသွင်မှာ လောက ကို ဓမ္မဘက်သို့ပြန်လည်တည့်မတ်ရန်နှင့် မကောင်းမှုပြုသူတို့၏ လှည့်ကွက်များကြား ဝင်စားလိမ့်မည်ဟု ယုံကြည်ကြသည်။ ကိုးကား Category:ဟိန္ဒူဘာသာ
မဟာပိန္နဲ
250px ဂနေရှ့် (သို့) မဟာပိန္နဲသည် ဟိန္ဒူဘာသာဝင်များ အများဆုံး ကိုးကွယ်ကြသည့်ဘုရားတစ်ပါးဖြစ်သည်။ ဟိန္ဒူဘုရားတစ်ပါး ဖြစ်၍ ဆင်ဦးခေါင်းဖြင့် အမှတ်အသားပြုသည်။ အခက်အခဲများကို ပယ်ရှားနိုင်သည်ဟု ယူဆ၍ အလုပ်အကိုင် တစ်ခုခု မစတင်မီ ပူဇော်လေ့ ရှိသည်။ ဂနေရှ့်ဘုရားသည် လူကိုယ်နှင့် ဆင်ခေါင်း‌ရှိသည်။ ဘုရားရှင်ဆင်းတုတော်များကို အိန္ဒိယနှင့် နီပေါနိုင်ငံတဝန်းတွင် တွေ့ရှိရသည်။ ထို့အပြင် ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တိဘက်ရှိ ဗုဒ္ဓဘာသာဝင်များကလည်း ကိုးကွယ်ကြပြီး မောက္ခပေးနိုင်စေသည်ဟု ယုံကြည်ကြသည်။ ကိုးကား ကဏ္ဍ:ဟိန္ဒူ နတ်ဘုရားများ ကဏ္ဍ:မဟာပိန္နဲ
ဟိန္ဒူဘာသာ
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာဝရဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို သနာတနဓမ္မ (ထာဝရ တည်မြဲနေသော ဘာသာတရား)ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ထာဝရ တည်မြဲနေသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။ ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ် တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည် ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။ အမှန် စင်စစ် ဟိန္ဒူ ဆိုသည့် စကားလုံးကို မည်သည့် ဝေဒကျမ်း နှင့် အခြား ကျမ်းစာတွင်မျှ တွေ့ရှိရမည် မဟုတ်ပါ။ အိန္ဒူ မြစ်၏ တစ်ဖက်ကမ်းတွင် နေသူများကို ဟိုဘက်မှ သူများက ခေါ်ဆိုရာမှ ဟိန္ဒူ ဟု ဖြစ်တည် ခဲ့ခြင်း ဖြစ်သည် ဟု သမိုင်းပညာရှင် အချို့ဆိုကြသည်။ ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင် မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒသည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်းပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့် အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊ ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊ အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။ ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊ ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။ ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့် ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။ ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။ ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။ သံခယာ ဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။ သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။ ယောဂဒဿနကို စတင်သူမှာ ဇေမိနီ မဟာရသေ့ ဖြစ်သည်။ မီမံသာကို ပုဗ္ဗမီမံသာဟုလည်း ခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။ ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။ အတ္တမာ ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထို့ပြင် ဤမျက်မှောက် ကမ္ဘာလောကသည် မာယာ (အထင်အမှတ် မှားနေခြင်း)မျှသာ ဖြစ်သည်၊ မလွဲမသွေ ပျက်စီးသွားရမည်။ မသိအပ်သည့်၊ မသိရသည့် ပရမတ္တမာခေါ် ဘုရားသခင်သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသောအရာ ဖြစ်သည်။ ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို ယုံကြည်ကြသူများ ဖြစ်၏။ ဟိန္ဒူအယူဝါဒအရ အတ္တမာသည် ကံတရား၏ အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှောပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့်ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌ အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။ ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေသည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ်ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အတ္တမာ (ဝိဉာဉ်)သည် မောက္ခ (လွတ်ငြိမ်းမှု)ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝအသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့်မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာမဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိနိုင်သည့်အရာ ဖြစ်သည်။ ကိုးကွယ်သည့် ဘုရား နှင့် နတ်ဒေဝါများ ဟိန္ဒူ အယူဝါဒတွင် လွတ်လပ်စွာ ကိုးကွယ်ခြင်း ကို ခွင့်ပြုထားသည်။ သံသရာမှ လွတ်လိုသူများ သည် ဘုရားရှင်ကို ကိုးကွယ်နိုင်သည်။ ရုပ်လောကတွင် အကူအညီ လိုသူများ ဒေဝါနတ်များကို ကိုးကွယ်နိုင်သည်။ ဘုရားကိုးကွယ်ခြင်း တွင် ၃ မျိုးရှိသည်။ ဘုရားရှင်အား ဘဂဝါးန် ပုဂ္ဂိုလ်ဟု ကိုးကွယ်ခြင်း၊ ဘုရားရှင်၏ နီရာကားရ ရုပ်နာမ် ချုပ်ငြိမ်းခြင်း သဘာဝကို ကိုးကွယ်ခြင်း နှင့် သက်ရှိတိုင်းတွင် တည်ရှိသော ဘုရားရှင် ၏ ပရမားသ်မား မဟာဝိညာဉ် တော် ကို ကိုးကွယ်ခြင်း ဟူ၍ ဖြစ်သည်။ ဟိန္ဒူအယူဝါဒ၌ နတ်ဘုရားများကို ကိုးကွယ်သည့် အလေ့အထလည်းရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။ ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ အပြီးသတ်အချိန်တွင် ပြန်သွားရသည့် နောက်ဆုံး အိမ်ဂေဟာလည်း ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည် တရိမုရတိခေါ်သည့် ဘုရားသုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ ဘုရား သုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ ဘုရားသုံးပါးကား လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗိရှနု(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ (သိဝ)တို့ ဖြစ်ကြသည်။ ယင်းဘုရားသုံးပါးအနက် ဗြဟ္မကို ပူဇော်ပသသည့် ဓလေ့ထုံးစံ အလွန် နည်းသည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗြဟ္မာကို ရည်စူး၍ ဆောက်လုပ်ထားသည့် ဘုရားကျောင်း အရေအတွက်သည် အလွန်တရာ နည်းပါးသည်။ ဗိဿနိုး နှင့် သိဝကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။ ဟိန္ဒူလူမျိုးတို့သည် နွားမကိုလည်း အလေးအမြတ် ပြုကြလေသည်။ ဟိန္ဒူ အယူဝါဒလောက၌ သိဝကို ကိုးကွယ်သူ (ရှိုက်ဝ)နှင့် ဗိဿနိုးကို ကိုးကွယ်သူ (ဗိုက်ရှနဝ)တို့သည် မူဝါဒ အခြေခံအရ နှစ်ဂိုဏ်းကွဲနေသည်။ သိဝ ကိုးကွယ်သူများကို ရှံကရက ဦးဆောင်ပြီးလျှင် ဗိဿနိုးကိုးကွယ်သူများကို ရာမနုဇက ဦးဆောင်သည်။ ရှံကရ (အေဒီ ၁၉ ရာစု)သည် ဗြဟ္မဏတို့၏ ရှေး ဟောင်း ဝေဒန္တ ဒဿနကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဓိပ္ပာယ်ဖွင့်လျက် သိဝ ကိုးကွယ်မှု ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခဲ့သည်။ သိဝ ကိုးကွယ်သူများက ရှံကရအား သူတို့နတ်ဘုရား၏ ကိုယ်ပွားဖြစ်သူ လူသားဟု ထင်မှတ်ယူဆကြသည်။ ရှံကရသည် အသိပညာကို အောက်တန်းအသိပညာနှင့် အထက်တန်း အသိပညာဟူ၍ နှစ်မျိုးခွဲခြား ပြထားသည်။ အောက်တန်းအသိပညာသည် ဤကမ္ဘာလောကအား တကယ်အမှန် (ပရမတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာကမူ ဤကမ္ဘာလောကအား မာယာ(ပညတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာအဆင့်သို့ ရောက်ရှိရေး အတွက် ဝေဒကို သင်အံလေ့လာခြင်း၊ ဘာဝနာ ပွားများအားထုတ်ခြင်း လိုအပ်သည်ဟု ဆိုထားသည်။ ရှံကရသည် ဗုဒ္ဓ၏ နည်းနိသျည်းကို အတုယူပြီးလျှင် ဟိန္ဒူ အယူဝါဒဆိုင်ရာ ဘုန်းကြီးလောကနှင့် ဘုန်းကြီးကျောင်းများကို အိန္ဒိယအနှံ့အပြားတွင် တည်ထောင်ခဲ့သည်။ ရှံကရ၏ဂိုဏ်းသည် သိဝ ကိုးကွယ်သည့် ဂိုဏ်းဖြစ်သည်။ အခြားဂိုဏ်းတစ်ခုကား ဗိဿနိုးကို ကိုးကွယ်ပူဇော်သည့်ဂိုဏ်း ဖြစ်သည်။ လူ့ပြည်လူ့လောကသို့ လူသားအဖြစ် ဆင်းသက်လာသော ဗိဿနိုး၏ ကိုးပွားများအနက် ကရိရှနသည် အထင်ရှားဆုံး ဖြစ်သည်။ ဗိဿနိုးဝါဒကို ဖြန့်ဖြူးသူကား ရာမနုဇ (အေဒီ ၁၃ ရာစု) ဖြစ်သည်။ ရာမနုဇကို ဆက်ခံသူများအနက် မာဓဝ (အေဒီ ၁၃ ရာစု)၊ ရာမနန္ဒ (အေဒီ ၁၄ ရာစု)တို့သည် ထင်ရှားသူများ ဖြစ်ကြသည်။ ယင်းဂိုဏ်းကြီးနှစ်ဂိုဏ်းကား ဟိန္ဒူ အယူဝါဒ၏ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ဖြစ်လေသည်။ ဟိန္ဒူအယူဝါဒ၌ အခမ်းအနား ကျင်းပမှုနှင့် ပူဇော်ဝတ်ပြုမှုများကို ဗြဟ္မဏ(ပုဏ္ဏား)များက ဦးဆောင် ပြုလုပ်ကြသည်။ ဟိန္ဒူလူမျိုးတို့၏ အယူဝါဒနှင့် ပတ်သက်ဆက်နွှယ်နေသော အခမ်းအနားများကို ဆံဆ ကာရ်ဟု ခေါ်သည်။ အခမ်း အနားများအနက် အချို့မှာ ဗြဟ္မဏ၊ ခတ္တိယ အမျိုးဇာတ်များနှင့်သာ သက်ဆိုင်ပြီးလျှင် အချို့ကား အားလုံးနှင့် သက်ဆိုင်သည်။ မမွေးဖွားခင် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေစဉ်က စပြီးလျှင် ကွယ်လွန်ပြီးသည့်နောက်အထိ အခမ်းအနား အမျိုးမျိုးကို ကျင်းပပြုလုပ်ကြသည်။ ယင်းအခမ်း အနားထဲတွင် နာမည်ပေး အခမ်းအနား၊ စလွယ်ချည်ကြိုးသိုင်း အခမ်းအနား၊ လက်ထပ်မင်္ဂလာအခမ်းအနား စသည်တို့ ပါဝင်သည်။ နှစ်စဉ် ကျင်းပသည့် အယူဝါဒရေးရာ ပွဲသဘင်များလည်း ရှိသည်။ ယင်းပွဲသဘင်များအနက် သီတင်းကျွတ်လကွယ်နေ့၌ ကျင်းပသော ဒီဝါလီ(ဒီပါ၀လီ)၊ သို့မဟုတ် ဒီပါဝလီခေါ် မီးထွန်းပွဲသည် ထင်ရှားသော ပွဲသဘင်တစ်ခု ဖြစ်သည်။ ဒီဝါလီပွဲသည် လက်ရှ်မီးမယ်တော် ကို ပူဇော်သည့် ပွဲသဘင် ဖြစ်သည်။ မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။ ဘုရားများကို ပူဇော်ပသရာ၌ ပူဇော်ဖွယ်ပစ္စည်းများမှာ များသောအားဖြင့် ပန်း၊ သစ်သီး၊ သစ်ရွက် စသည်တို့ ဖြစ်ကြသည်။ ကျမ်းစာများ ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့် ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည် ယင်းကျမ်းဂန်များအနက် ဝေဒကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြသည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည် ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း ဖြစ်သည်။ ဝေဒကျမ်းများ၌ သံဟိတာ၊ ဗြာဟ္မဏ၊ အာရညက၊ ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့် စာပေလောက၌ ထင်ရှားကျော်ကြားသော မဟာကဗျာကျမ်းကြီးနှစ်စောင် ဖြစ်သည်။ ရာမယဏကို ဝါလမိကိ(ဝမ္မိကိ)ရသေ့က ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသားသည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏ သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာအဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော်တစ်ရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏ အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့် လေးစားမြတ်နိုးအပ်သည့် ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) လည်း ပါရှိလေသည်။ ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန် ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။ ဘုရား ( အီသျွှရ) လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။ သက်ရှီ (ဇီဝ) သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။ ပ်ရ ကရိသီး ( သဘာဝတရား) ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုဟ်တုများ ကွန်ပြုတာများ စမတ်ဖုန်းများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော၊ အသိဉာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရနိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်နိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။ ကာလ ( အချိန်) ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖော်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန်၊ နတ်အချိန်၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။ ကရ်မ ( ကံနှင့် ကံ၏အကျိုး) ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။ အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိုးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။ ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်သည်) ရိုးရာအစဉ်အလာ ရှေးဟောင်းစဉ်လာအရ ဟိန္ဒူလူမျိုးတို့သည် မိမိတို့၏ ဘဝကို လေးပိုင်း ခွဲထားကြလေသည်။ ယင်း လေးပိုင်းကို အာရှရမ်ဟု ခေါ်သည်။ ပထမပိုင်းမှာ ဗြဟ္မကျရယဟု ခေါ်ပြီးလျှင် သူငယ်ဘဝကစသည်။ ယင်းအရွယ်အတွင်း သူငယ်သည် ဗြဟ္မစာရီဂုရု၏ သင်္ခမ်းကျောင်းတွင် သွားရောက်ပြီးသော် ပညာကို သင်ကြားဆည်းပူးသည်။ အသက် ၂၄ နှစ် ပြည့်သောအခါ လက်ထပ် ထိမ်းမြားသည်။ ထိုအချိန်မှ ဒုတိယပိုင်းဖြစ်သည့် ဂရိဟတ်ဆထအရွယ် စသည်။ ယင်းအရွယ်၏ အဓိကတာဝန်မှာ အိမ်ထောင်ရေးတာဝန်ကို ထမ်းရွက်ရန် ဖြစ်သည်။ အသက် ၅ဝ အရွယ်ရောက်သောအခါ အိမ်ထောင်၏ တာဝန်ကို မိမိ၏သားအပေါ် လွှဲပြောင်းပေးပြီးလျှင် တရားအကျင့်ကျင့်ရန် တောထွက်လေသည်။ ယင်းအပိုင်းကို ဝနပရဆထဟု ခေါ် သည်။ တစ်ခါတစ်ရံတွင် မိန်းမများလည်း မိမိ၏ ယောက်ျားနှင့်အတူ လိုက်ပြီးလျှင် တရားအကျင့်ကို ကျင့်ကြလေသေည်။ အသက် ၇၅ နှစ်အရွယ်ရောက်သောအခါ၌ကား ဆန်နျာဆီခေါ် ရသေ့ရဟန်း ဝတ်ရ လေသည်။ ယင်းအပိုင်းကိုဆံနျာဆဟု ခေါ်သည်။ ရသေ့ရဟန်း ဝတ်ပြီးသောသူသည် တစ်နေရာတည်းတွင် မနေတော့ဘဲ အရပ်တကာလည်ပြီးနောက် ဆွမ်းခံစားသောက်လေသည်။ လူအပေါင်းတို့အားလည်း တရား အဆုံးအမ ညွှန်ကြား ဟောပြလေသည်။ ဟိန္ဒူလူမျိုးတို့၏ အတွင်း၌ အဓိကအားဖြင့် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒဟူ၍ ဇာတ်လေးမျိုး ကွဲပြား ခြားနား နေသည်။ ယင်းလေးမျိုးအနက် ဗြဟ္မဏ အမျိုးဇာတ်ကို အမြတ်ဆုံးဟု ယူဆပြီးလျှင် သုဒ္ဒရာကို အနိမ့်ဆုံးဟု ယူဆကြသည်။ ဗြဟ္မဏ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ ယဇ်ပူဇော်မှုကို ဦးဆောင်ရန်နှင့် တရားဓမ္မကို ဟောကြားရန် ဖြစ်သည်။ ခတ္တိယ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် ဖြစ်သည်။ ဝေဿအမျိုးဇာတ်၏ အလုပ်တာဝန်မှာ ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးမှု ဖြစ်သည်။ သုဒ္ဒ၏ အလုပ်ကား အထက် အမျိုးဇာတ်များ စေခိုင်းသည့်တာဝန်ကို လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။ ဟိန္ဒူ လူမျိုးတို့၏ အတွင်း၌ အမြစ်တွယ်လာခဲ့သော ယင်းဇာတ်စံနစ်၊ ဇာတ်ထုံးစံသည် နောက်ပိုင်းတွင် မဟတ္တမဂန္ဓီ စသော အယူဝါဒရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တို့၏ ကြိုးပမ်းမှုကြောင့် အထိုက်အလျောက် လျော့ပါးအားနည်းသွားခဲ့လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) အခြေခံ ယုံကြည်ချက်များ ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝက ဖျက်ဆီးသည်။ ဗရဟ်မာ၏ ကြင်ယာတော်က ဆရဆွတိ၊ ဗိဿနိုး (ဗစ်ရှ်နူး) ၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။ ဗြဟ္မာ ဆိုသည်မှာ ပရမတ္တမ ပင် ဖြစ်သည်။ ပရမတ္တမ သည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အာသ်မာ သည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။ ဖန်ဆင်းရှင် အတ္တကို ပရမတ္တမ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။ (မြန်မာလူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအာသ်မာ ဟု ခေါ်ခြင်းပင်။) အာသ်မာသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အာသ်မာက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အာသ်မာသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အာသ်မာ ကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အာသ်မာ ကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ ရှီဗားဘုရား (သီ၀) ၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ခေါ်သည့် သမထအလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အာသ်မာ မှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အာသ်မာ သည် ဖြူစင် တောက်ပြောင်လားပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမတ္တမနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။ ရှေးကနှင့်မတူတော့ ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။ တစ်ဆူတည်းမှ ကိုယ်ပွားသုံးဆူ ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွားသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။ ဘုရားဝင်စား အဝတာရများ ဗိဿနိုး ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၁၀ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဗုဒ္ဓ ကိုလည်း နဝမ အဝတာရ ဟု ဟိန္ဒူတို့ကယုံကြည်ကြ၏။ မပြောင်းလဲသေးသော တရား ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။ ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြသည်။ ကိုးကား Category:ဟိန္ဒူဘာသာ
ဒီဂျစ်တယ်စနစ်
ဒီဂျစ်တယ်စနစ် (Digital System) ဆိုသည်မှာ ပြတ်သားသောအရေအတွက်ရှိသည့်(တစ်ဆက်တည်းမဟုတ်သော) ဂဏန်းများကို အသုံးပြု၍ Input, Processing သိုလှောင်သိမ်းဆည်းမှု နှင့် ထုတ်လွှင့်မှု သတင်းအချက်အလက်များကို ဖော်ပြသောစနစ်ဖြစ်သည်။ နှိုင်းယှဉ်၍ ကြည့်မည်ဆိုလျှင် ဒီဂျစ်တယ်မဟုတ်သော(ဥပမာ အင်နာလော့)စနစ်များ သည်တစ်ဆက်တည်းရှိသော ဂဏန်းများကို အသုံးပြု၍ သတင်းအချက်အလက်များကို ဖော်ပြကြသည်။ Category:အီလက်ထရွန်းနစ်
ကြိုးမဲ့ဆက်သွယ်ရေး
ကြိုးမဲ့ဆက်သွယ်ရေးစနစ် () ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး (ဥပမာ တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုးကဲ့သို့ မီတာအနည်းငယ်သာရှိသော အကွာအဝေး) သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး (မိုင်ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသည့် ရေဒီယိုဆက်သွယ်ရေး ပြုလုပ်သည့် အကွာအဝေး) ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊ အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို (two-ways Radio) ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ (PDA) နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင်း(Wireless Networking) တို့ပါဝင်ပတ်သက်နေသည်။ ကြိုးမဲ့ဆက်သွယ်ရေး၏ အခြားသော ဥပမာများမှာ ဂျီပီအက်စ်ကိရိယာများ၊ အဝေးထိန်းဂိုဒေါင်တံခါးဖွင့် စနစ်များ၊ ကွန်ပျူတာတွင် သုံးသော ကြိုးမဲ့ မောက်စ်များ၊ ကြိုးမဲ့ကီးဘုတ်များ၊ ဂြိုဟ်တု တယ်လီဗွီးရှင်းစနစ်နှင့် ကော့ဒ်လတ်စ်ဖုန်း (Cordless Phone)တို့ဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေးမိတ်ဆက် ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုခြင်းအားဖြင့် ပုံမှန်အားဖြင့် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆက်သွယ်ရန် လက်တွေ့မကျသော သို့မဟုတ် မဖြစ်နိုင်သော လုပ်ငန်းဆောင်တာများကို ဖြစ်မြောက်စေနိုင်သည်။ ထိုအသုံးအနှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၌ စွမ်းအင်တစ်မျိုးမျိုး (ဥပမာ ရေဒီယိုကြိမ်နှုန်း၊ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ မြင်နိုင်သော အလင်းတန်း၊ အသံစွမ်းအင် အစရှိသော စွမ်းအင်များ)ကိုထုတ်လွှတ်သော ဆက်သွယ်ရေးစနစ်များ (ဥပမာ - ရေဒီယိုထုတ်လွှင့်စက် နှင့် အသံဖမ်းစက်၊ အဝေးထိန်းကိရိယာများ၊ ကွန်ပြူတာကွန်ယက်များ၊ ကွန်ယက်၏ terminal များ) ကို အသုံးပြု၍ သတင်းအချက်အလက်များကို ဝိုင်ယာကြိုးမပါပဲ လွှဲပြောင်းခြင်းကို ဆိုလိုသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များကို အနီး သို့ ဝေးလံသော နေရာများသို့ လွှဲပြောင်း ပေးအပ်နိုင်သည်။ သမိုင်းကြောင်း ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းရိုက်နည်း သို့မဟုတ် ကြိုးမဲ့အချက်ပြ သတင်းပို့နည်းကို တွေ့ရှိခြင်းမှာ တစ်နေ့ တခြား တိုးတက်လျက်ရှိသည့် သိပ္ပံပညာ၏ အံ့ဖွယ်အကောင်းဆုံးသော အောင်မြင်ချက်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ဝိုင်ယာလက်မပေါ်မီက တစ်နေရာနှင့် တစ်နေရာကြေးနန်းကြိုးအဆက်အသွယ်ရှိမှသာ ကြေးနန်း သတင်း ပေးပို့နိုင်ခဲ့သည်။ သို့ရာတွင် ဝိုင်ယာလက်ပေါ်လာသောအခါ ကြေးနန်းကြိုး ဆက်သွယ်နေစရာမလိုတော့ဘဲ ဝိုင်ယာလက် အသံလွှင့်စက်နှင့် အသံဖမ်းစက်များ လုံလောက်စွာရှိလာ၍ အတိုင်းတိုင်း အပြည်ပြည်မှ စစ်သင်္ဘောများမှာနေ့ချင်းညချင်းပင် ဝိုင်ယာလက်စက် များဖြင့် တပ်ဆင်ပြီးသား ဖြစ်သွားလေသည်။ ၁၉ဝ၄ ခုနှစ် ရုရှ-ဂျပန် စစ်ပွဲတွင် ရေကြောင်းစစ်ဆင်ရေးကိစ္စများ၌ ဝိုင်ယာလက်သည် အရေးပါစွာဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ်တွင် ဝိုင်ယာလက် စတင်ပေါ်ပေါက်၍ ၁၈၉၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပင်လယ်ပြင်ရှိနစ်မြုပ်ဆဲ သင်္ဘောတစ်စင်းမှ ပထမအကြိမ် အကူတောင်းသော ဝိုင်ယာလက်သတင်းကြောင့် ကမ်းတွင်ဆိုက်ကပ်ထားသော လှေများကို အချိန်မီစေလွှတ်ပြီးလျှင် ကယ်ဆယ်နိုင်ခဲ့သည်။ မကြာမီပင် ပင်လယ်ကူးသင်္ဘောတိုင်းလိုလို၌လည်း ဝိုင်ယာလက်စက်များ တပ်ဆင်ပြီးသားဖြစ်သွားပြီးလျှင် ပင်လယ်ပြင်မှာနေရင်း ကမ္ဘာ့သတင်းများကို ကြားရစပြုလာလေသည်။ အစကနဦး ကြိုးမဲ့ကွန်ယက်များ ၁၉ဝ၄ ခုနှစ်သို့ ရောက်သောအခါ ပင်လယ်ကူးသင်္ဘော ကြီးများပေါ်၌ ဝိုင်ယာလက်ဖြင့်ရသော နေ့စဉ်သတင်းများကိုပင် သတင်းစာများအဖြစ် ရိုက်နှိပ်ထုတ်ဝေလာကြသည်။ ၁၉ဝ၇ ခုနှစ်သို့ရောက်သော် ပင်လယ်၊သမုဒ္ဒရာကို ကျော်ဖြတ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝိုင်ယာလက်သတင်းများကို ရိုက်ကြားပေးပို့နေကြလေပြီ။ ဤမျှဆန်းကြယ်၍ အသုံးကျသော ဝိုင်ယာလက်စက်အကြောင်းကို စဉ်းစားလိုက်တိုင်း ကျွန်ုပ်တို့သည် ဝိုင်ယာလက် ဖြစ်မြောက်အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်လာခဲ့ကြသော သိပ္ပံပညာရှင်ကြီးများအနက် အောက်ပါ ပုဂ္ဂိုလ်ကြီးလေးဦးကို မည်သည့်အခါမျှ မမေ့အပ်ပေ။ ထိုပုဂ္ဂိုလ်ကြီးလေးဦးမှာ ဂျိမ်း ကလပ်မက္ကဆွဲ၊ ဂျော့ ဖရန်စစ် ဖစ်ဇဂျရယ်၊ ဟိုင်းနရစ် ရုဒေါ့ ဟက်ဇနှင့် ဂူလျဲမိုး မာကိုနီတို့ ဖြစ်လေသည်။ လျှပ်စစ်ဓာတ်သည် မည်ကဲ့သို့ လှိုင်းထ၍ ရွေ့လျားသွားလာပုံကို မက္ကဆွဲက မိမိ၏ လျှပ်စစ်သံလိုက်ဓာတ်သီအိုရီ ဖြင့် ၁၈၇၃ ခုနှစ်တွင် ပြသပြီးလျှင် နောင်တွင်ရေဒီယိုလှိုင်းများကို တွေ့ရှိလာရမည်ဟူ၍ပင် ကြိုတင်၍ အဟောထုတ် ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဖစ်ဇ်ဂျရယ်က အာကာသ(space) အတွင်း၌ လျှပ်စစ်သံလိုက်လှိုင်းများ လွှတ်နိုင်သောနည်းကို တွေ့ရှိသည်။ ၁၈၈၇ ခုနှစ်တွင် ဟက်ဇ်က အဆိုပါလှိုင်းတို့၏ လှိုင်းအလျားနှင့် တုန်ကြိမ်တို့သည် မည်သို့ရှိကြ၍ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်းတို့နှင့် တစ်မျိုးတစ်စားတည်းဖြစ်ကြောင်း ပြဆိုခဲ့သည်။ အချက်ပြဆက်သွယ်ခြင်း ၁၈၉၆ ခုနှစ်တွင် မာကိုနီက လျှပ်စစ်သံလိုက်လှိုင်းများဖြင့် အချက်ပြသတင်းပေးပို့သော ကိရိယာကို ပထမဦးစွာ တီထွင်ခဲ့လေသည်။ မာကိုနီသည် လျှပ်စစ်သံလိုက်လှိုင်းများကို အာကာသ(space) ထဲသို့ လွှတ်နိုင်ရန် အင်ဒပ်ရှင်းကွိုင် (induction coil) ခေါ် ညို့ခွေတစ်ခုကို အသုံးပြုသည်။ ထိုညို့ခွေကို အေရီယယ်ခေါ် ကောင်းကင်ကြိုး(antenna)နှင့် ဆက်သွယ်ထားသည်။ ညို့ခွေတွင် လျှပ်စစ်မီးပွားများ ဖြစ်ပေါ်စေသော နေရာပါရှိသည်။ လျှပ်စစ်ဓာတ်ကို စီးဖြတ်စေခြင်းဖြင့် ညို့ခွေ၌ လျှပ်စစ်မီးပွားများဖြစ်ပေါ်သောအခါ လျှပ်စစ်သံလိုက်လှိုင်းတို့သည်ကောင်းကင်ကြိုး(antenna)မှ ပတ်ဝန်းကျင်အရပ်မျက်နှာ အားလုံးသို့ ပျံ့ထွက်သွားသည်။ သတင်းပို့သောအခါ မော့တီထွင်ခဲ့သောအချက်ပြ အမှတ်အသားများကို အသုံးပြုကာ အလိုရှိသော အက္ခရာနှင့် ဂဏန်းများအလိုက် လျှပ်စစ်သံလိုက်လှိုင်းများကို ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်စေသည်။ ဤလျှပ်စစ်သံလိုက် လှိုင်းများကို အခြားတစ်နေရာမှ ဖမ်းယူသောအခါ ထိုနေရာရှိ ကောင်းကင်ကြိုးထဲသို့ ထိုလှိုင်းများဝင်ခြင်းဖြင့် လျှပ်စစ်ဓာတ်စီးကြောင်း ဖြစ်ပေါ်လာသည်။ ထိုလျှပ်စစ်ဓာတ်စီးကြောင်းကို မာကိုနီက အသံမြည်စေသောကိရိယာဖြင့် အသံဖြစ်ပေါ်လာအောင် ပြန်ဖော်ယူသည်။ ထိုအခါ မူလလွှင့်လိုက်သော အချက်ပြအမှတ်အသားများအတိုင်း အသံများ ဖြစ်ပေါ်လာသည့်အားလျော်စွာ အသံ လွှင့်စက်မှ ပေးပို့သောသတင်းကို အသံဖမ်းစက်မှ ဖမ်းယူ ရရှိလေသည်။ ဤသို့ ကြေးနန်းကြိုးကို မသုံးဘဲ လျှပ်စစ်သံလိုက်လှိုင်းများအားဖြင့် သတင်းပို့နိုင်သောကြောင့် ဤနည်းကို ဝိုင်ယာလက်(wireless) သို့မဟုတ် ကြိုးမဲ့အချက်ပြသတင်းပို့နည်း(wireless signals) ဟု ခေါ်တွင်လေသည်။ အစပထမတွင် ဤနည်းကို ခရီးတိုများအတွက်သာ အသုံးပြုနိုင်သေးသည်။ ၁၈၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့်အင်္ဂလန်တို့သို့ အသွားအပြန် ဝိုင်ယာလက်သတင်းများပို့နိုင်သည့် ရုံနှစ်ရုံပေါ်ပေါက်လာသည်။ ၁၉ဝ၁ ခုနှစ်တွင် မိုင်၂ဝဝ အထိ သတင်းပို့ရန် အောင်မြင်လာသည်။ ထို့နောက် မာကိုနီသည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုပင် ကျော်ဖြတ်ကာ အင်္ဂလန်နှင့် အမေရိကတိုက်ကိုအသံလွှင့် ဆက်သွယ်ရန် ဧရာမအကြံကြီးကို ကြံစည်အားထုတ်ပြန်လေသည်။ ထိုအတွက် မာကိုနီသည် ရှေးဦးစွာ အင်္ဂလန်ပြည် အနောက်ဘက်ကမ်းခြေရှိ ကွန်းဝေါနယ်တွင် အားကောင်းသော ဝိုင်ယာလက် အသံလွှင့်ရုံတစ်ရုံကို ဆောက်လုပ်သည်။ ထို့နောက် ထိုအသံ လွှင့်ရုံမှ နေ့စဉ် သတ်မှတ်ထားသောအချိန်တွင် အင်္ဂလိပ်အက္ခရာ အက်စ(S) အသံလွှင့်ရန် မှာထားပြီးလျှင် အမေရိကတိုက် နျူးဖောင်းလန်းကျွန်းသို့ ထွက်သွားသည်။ ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မာကိုနီသည် သူ၏အသံဖမ်းစက်မှ အက်စ(S) အက္ခရာကို ပထမအကြိမ်ဖမ်းမိပြီးလျှင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်၍ သတင်းပေးပို့နိုင်သူဟုတစ်ကမ္ဘာလုံးသို့ ကျော်ကြားသွားလေသည်။ ရေဒီယိုထုတ်လွှင့်ခြင်း ရေဒီယိုဖြစ်ပေါ်လာပုံ ဝိုင်ယာလက်ပေါ်ပေါက်လာခြင်းမှာ ကမ္ဘာကြီးကို တစ်ခေတ်ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ဝိုင်ယာလက်မှာ ထိုစဉ်က အချက်ပြသတင်းပို့သည့် အဆင့်တွင်သာရှိသေး၍ ကြေးနန်းရိုက်သည်နှင့် ဘာမျှမခြားပေ။ ၁၉၁၈ ခုနှစ်တိုင်အောင်ပင် ပြည် တွင်းပြည်ပ သတင်းအမျိုးမျိုးနှင့် သာယာနာပျော်ဖွယ် တီးသံမှုတ်သံအမျိုးမျိုးကို အိမ်တိုင်ယာရောက် သယ်ပို့ပေးမည့် ရေဒီယိုများ မပေါ်ပေါက်သေးချေ။ ဝိုင်ယာလက်မှ ရေဒီယိုဖြစ်ပေါ်လာပုံမှာ တယ်လီဂရပ် (ခေါ်) အချက်ပြကြေးနန်းရိုက်ခြင်းမှ တယ်လီဖုန်းခေါ် စကားပြောကြေးနန်းအဆင့်သို့ တိုးတက်လာသည့် ပြောင်းလဲမှုမျိုးပင် ဖြစ်သည်။ ရေဒီယို ပေါ်ပေါက်လာရခြင်းမှာ အောက်ပါအသုံးအဆောင်နှစ်ခုကို တီထွင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအသုံးအဆောင်နှစ်ခုမှာ ဗက်ကျူအမ်ကျူခေါ် လေဟာပြွန်နှင့် မိုက္ကရိုဖုန်းခေါ် စကားပြောခွက်တို့ဖြစ်သည်။ စကားပြောခွက်ကို အသံဖြစ်ပေါ်စေရာတွင် အသုံးပြု၍ လေဟာပြွန်ကို အသံလွှင့် အသံဖမ်းရာတွင် အသုံးပြုသည်။ ၁၉ဝ၄ ခုနှစ်တွင် ဂျွန်အမ်ဗရို့ ဖလင်းမင်းခေါ် အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီးက လေဟာပြွန်ကိုတီထွင်၍ထိုပြွန်ကို လီဒါဖောရက်ဆိုသူ အမေရိကန် သိပ္ပံပညာရှင်တစ်ဦးက ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ယူလေသည်။ ထိုအချိန်တွင် သေသပ်ကောင်းမွန်သော စကားပြောခွက်များ ဖြစ်ထွန်းနေပြီဖြစ်၍ ၁၉ဝ၈ ခုနှစ်တွင် ရောမမြို့နှင့် စစ္စလီကျွန်းကို ရေဒီယိုဖြင့် စကားပြောလာနိုင်လေသည်။ တစ်ဖြည်းဖြည်းနှင့် ကိရိယာတန်ဆာပလာများ တိုးတက်ကောင်းမွန်လာသည်နှင့် အညီ ၁၉၁၅ ခုနှစ်သို့ ရောက်သောအခါ လေဟာပြွန်ပေါင်း ၃ဝဝ မျှကို အသုံးပြုခြင်းဖြင့် မိုင်ပေါင်း ၃,ဝဝဝ ကျော်အထိပင် ရေဒီယိုဖြင့် စကားပြောနိုင်လာကြသည်။ ယခုမူ ကမ္ဘာ အရပ်ရပ်မှ လွှင့်လိုက်သောအသံများကို ဖမ်းယူနားထောင်နိုင်သည့် ရေဒီယို များမှာ အိမ်တိုင်းစေ့မဟုတ်သည့်တိုင်အောင် မြို့တိုင်း ရွာတိုင်းမှာပင် မှိုပေါက်သလောက် ပေါများ၍နေပေပြီ။ အင်္ဂလန် - အမေရိကန်ကဲ့သို့သော ရှေ့တန်းနိုင်ငံကြီးများမှာ တယ်လီဗစ်ရှင်းခေါ် ရုပ်မြင်သံကြား ကိရိယာများပင် ပေါ်ပေါက်နေလေပြီ။ ခေတ်မီရေဒီယိုဖြစ်ပေါ်လာပုံ ရေဒီယို ခေတ်စားလာသည်မှာ ၁၉၂ဝ ပြည့်နှစ်လောက်ကစ၍ဖြစ်သည်။ ဥရောပနှင့် အမေရိကတိုက်တို့တွင် အပျော်တမ်းအသံဖမ်းရုံများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ထို့နောက် မကြာမီပင် အစီအစဉ်နှင့်လွှင့်သော အသံလွှင့်ရုံများ ပေါ်ပေါက်လာလေသည်။ ငွေကြေးတတ်နိုင်သူတို့က အသံဖမ်းစက်များကို ဝယ်ယူကြ၍ အချို့ဝါသနာပါသူများကလည်း မိမိတို့ဘာသာ လုပ်ယူကြသည်။ ရေဒီယိုခေတ်စားစအချိန်၌ လေထဲတွင်ပျံ့လွင့်နေသော ရေဒီယိုလှိုင်းများမှာ မများလှသေး၍ အသံဖမ်းရာတွင် တစ်စတစ်စ ပေါများလာသောအခါ အသံလွှင့်အစီအစဉ်များ အချင်းချင်း တစ်ခုနှင့်တစ်ခု တိုက်ဆိုင်လာသည့်အတွက်အသံတစ်ခုကို ကြည်လင်ပြတ်သားစွာ ဖမ်း၍မရလောက်အောင် ရှုပ်ထွေးလာတော့သည်။ ထိုအခါ အသံချင်း ရောထွေးယှက်တင် မဖြစ်ရလေအောင် အသံလွှင့်ရုံအသီးအသီးတို့အား ကွဲပြားသောလှိုင်းလျားတို့ဖြင့် အသံလွှင့်ကြရန် ကန့်သတ်ခွဲဝေ၍ ပေးလာရလေသည်။ အသံဖမ်းစက်များတွင်လည်း မိမိလိုရာ အသံတစ်ခုတည်းကို ရွေးချယ်နားထောင်နိုင်ရန်အတွက် လိုရာလှိုင်းလျားတစ်ခုတည်းကို သီးသန့်ဖမ်းယူနိုင်သည့် ကိရိယာများ တပ်ဆင်ထားသဖြင့် အသံဖမ်းရာတွင် အခက်အခဲ မတွေ့ရတော့ပေ။ ရေဒီယိုနားထောင်သော ပရိသတ်ကားများလှပေသည်။ အထူးသဖြင့် အာရုံဖြေမှုအတွက် တေးသံ ဂီတသံများကို နားထောင်သူ သောတရှင်ပရိသတ်မှာ အများဆုံးဖြစ်သည်။ သို့ရာတွင် ရေဒီယို ထိရောက်စွာအသုံးချနိုင်သည့်ကိစ္စများမှာ မနည်းလှချေ။ ယခင်က ကျွန်ုပ်တို့သည် ကမ္ဘာအရပ် ရပ်သတင်းများအတွက် သတင်းစာများကိုသာ အားကိုးခဲ့ရသည်။ ယခု ရေဒီယိုများ ပေါ်လာသောအခါ အရေးကြီးသည့် အဖြစ်အပျက်များကို ဖြစ်ပျက်ပြီးလျှင်ပြီးခြင်း၊ တစ်ခါတစ်ရံ ဖြစ်ပျက်ဆဲအချိန်မှာပင် သိခွင့်ကြားခွင့်ရလာသည်။ အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းများကို သတင်းစာတွင် တစ်ဆင့်ခံဖတ်ရခြင်းထက် မိန့်ခွန်းစကားကို နားနှင့်ဆတ်ဆတ် ကြားရခြင်းမှာလည်း အရသာပိုရှိပြီးလျှင် ပို၍လည်းပြည့်စုံ သေချာလေသည်။ ကုန်သည်ကြီးများအဖို့တွင် နေ့စဉ်ကုန်ဈေးနှုန်း အခြေအနေကို အလုပ်စားပွဲ၌ ထိုင်နေရင်းမှာပင် သိနိုင်ကြသည်။ ရဲဘက်တွင် ရဲဌာနအသီးအသီးနှင့် ရေဒီယိုကား (ဝိုင်ယာလက်ကား) များသို့ အကြောင်းကြားခြင်းဖြင့် ရာဇဝတ်ပြေး တရားခံများကို လွယ်ကူလျင်မြန်စွာ စောင့်ကြပ်ဖမ်းဆီးနိုင်သည်။ မိုးလေဝသဌာနမှ လေ၊ မိုးဘေးရန်များကို ကြိုတင်သတိပေးခြင်းဖြင့် အသက်ပေါင်းများ စွာကို ကယ်ဆယ်နိုင်ခဲ့သည်။ ရေဒီယိုဖြင့် ဘာသာရေးတရားဟောနိုင်သည်။ ပညာရပ်အလိုက် ဟောပြောခြင်း၊ သင်တန်းပေးခြင်းဖြင့် ပညာရေးဘက်တွင် တိုးတက်လာသည်။ ဒုက္ခတွေ့နေသော သင်္ဘော၊ လေယာဉ်ပျံတို့မှ ရေဒီယိုဖြင့် အကူတောင်းနိုင်သည်။ အထူးသဖြင့် ယခုခေတ်စစ်ပွဲများတွင် ရေဒီယိုမှာ မပါလျှင်မဖြစ်လေက်အောင် ခရီးရောက်လျက်ရှိပေသည်။ ရေဒီယိုမှတစ်ဆင့်တက်၍ ရေဒါ ခေါ် မှောင်ထဲ၌မြင်နိုင်သည့် လမ်းညွှန်ကိရိယာကိုပင် ပြီးခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ တီထွင်အသုံးပြုခဲ့သည်ကို တွေ့ရလေ သည်။ (ရေဒါ - ရှု။) ရေဒီယိုများကို သူ့ထက်ငါသာ အပြိုင်အဆိုင် ပြုလုပ်ရောင်းချသည့်အတွက်လည်း ပုံသစ်ပုံဆန်းအမျိုးမျိုးတွင် ထွက်ပေါ်လာ ရုံမက ခရီးဆောင် အိတ်ဆောင်ရေဒီယို အသေးစား ကလေးများပင် ပေါ်ပေါက်လျက်ရှိပေပြီ။ အသံလွှင့်ရုံအတွင်း ရေဒီယိုနှင့်စပ်လျဉ်း၍ အသံလွှင်ရုံအတွင်း ပြုလုပ်စီစဉ်ထားပုံ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ သိထားထိုက်ပေသည်။ အသံလွှင့်ရုံတစ်ရုံတွင် အသံခွက် (မိုက္ကရို)ဖုန်း လေး၊ ငါး၊ ဆယ် ခုထက်မနည်းရှိတတ်သည်။ တူရိယာတီးဝိုင်းမှ တီးမှုတ်သီဆိုသံမျိုးကို အသံလွှင့်ရာတွင် အသံခွက်သည် အခရာဖြစ်သည်။ အသံခွက်သည် ခွက်နှင့်တည့် တည့်ဝင်လာသော အသံကိုသာလက်ခံ၍ ခွက်ထဲသို့မဝင်သော အသံလှိုင်းများကိုပယ်သည်။ ထို့ကြောင့် တူရိယာသံစုံညီညွတ်ပြေပြစ်အောင် တူရိယာ ဂီတပညာသည်တို့သည် အသံခွက်အနီးတွင် သင့်တော်သော နေရာများ၌နေ၍ သီဆိုတီးမှုတ်ကြရသည်။ အသံလွှင့်နေစဉ် အခြားအသံများ အသံခွက်အတွင်းသို့ မရောက်ရန် အရေးကြီးသည်။ ထို့ပြင် စကားပြောသံသီဆိုတီးမှုတ်သံတွင် ပဲ့တင်သံများမပါရှိစေရန်အတွက် နံရံများတွင် ထူထဲသောကန့်လန့်ကာများ ဆွဲချိတ်ထားရသည် သို့မဟုတ် အသံလှိုင်းများကို စုတ်ယူနိုင်သော ကတ်ထူချပ်ပြားများကို တပ်ဆင်ထားရသည်။ မြို့ကြီးများတွင် အသွားအလာရှုပ်ထွေးသော နေရာများ၌ အသံလွှင့်ရုံများဆောက်လုပ်လျှင် ပြင်ပအသံများ အသံခွက်ထဲသို့မဝင်အောင် ပြုလုပ်ရန်အရေးကြီးပြန်သည်။ အပြင်မှ အသံတို့သည် နံရံများမှဖောက်ဝင်၍ အသံခွက်ထဲသို့ ရောပြွမ်းဝင်ရောက်တတ်သည်။ သို့အတွက် အသံလွှင့်သောအခန်းကို အခြားအခန်းများနှင့် ဆက်မနေစေဘဲ ကြားတွင် လေခံ၍နေစေရန် နံရံနှစ်ထပ်ဖြင့် ဆောက်လုပ်ရသည်။ တစ်ဖန် အသံလွှင့်ခန်းတွင်းရှိလူများ မူးမေ့၍မသွားအောင် အခန်းတွင်းသို့ လေကောင်းလေသန့်ကို အမြဲသွင်းပေးရ၍ ရေးသားထားသော စာများကို ကောင်းစွာဖတ်နိုင်ရန် ဓာတ်မီးများကိုလည်း လုံလောက်အောင် တပ်ဆင်ပေးထားရန်လိုသည်။ အသံလွှင့်ခန်းတွင် အသံလုံရသည့်အလျောက် ပြတင်းပေါက်မရှိတတ်ပေ။ လူဝင် လူထွက်တံခါးသာရှိ၍ ထိုတံခါးကို နှစ်ထပ်လုပ်ထား သည်။ အသံလွှင့်နေစဉ် တစ်ဦးတစ်ယောက်သည် ပထမတံခါးကို ဖွင့်၍ဝင်လာသောအခါ ပြင်ပမှအသံတို့သည် အတွင်းသို့ ရုတ်တရက်မဝင်နိုင်ပေ။ မဝင်နိုင်ခြင်းမှာ ဒုတိယတံခါး ပိတ်လျက်ရှိနေသော ကြောင့်ဖြစ်သည်။ ပထမတံခါးကို ပြန်လည်ပိတ်ပြီးမှ ဒုတိယတံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဝင်လာနိုင်သည်။ သို့သော် ထိုကဲ့သို့ပြုလုပ်ရုံနှင့် စကားပြောခွက်ထဲသို့ ပြင်ပ အသံများ မဝင်နိုင်ဟု မဆိုသာသေးသည့်အတွက် အသံလွှင့်ရုံတွင် အသံလွှင့်လျက်ရှိစဉ် အခြားလူများ ဆူဆူညံညံ မပြုလုပ်စေရန် သတိပေးဆိုင်းဘုတ်များ တပ်ထားလေ့ရှိသည်။ အသံလွှင့်ရာတွင် အသံကို စမ်းသပ်ပြုပြင်ပေးရသော အသံညှိခန်းတစ်ခန်းရှိသည်။ အသံလွှင့်ခန်းမှ တူရိယာသံစုံသည် ပြင်ပသို့ရောက်မသွားမီအင်ဂျင်နီယာ တစ်ဦးကြီးကြပ်သော အသံညှိခန်းသို့ ပထမရောက်လာသည်။ အင်ဂျင်နီယာသည် ထိုအသံကိုနားထောင်၍ ခလုတ်များအားဖြင့် အသံကို အလိုရှိသလို အတိုးအကျယ်ညှိပြီးမှ ကမ္ဘာအရပ်ရပ်သို့ တစ်ဆင့်လွှင့်လေသည်။ လျှပ်စစ်သံလိုက်လှိုင်းပျံ့နှံ့ခြင်း (Electromagnetic Radiation) ရေဒီယိုလှိုင်း အသံလွှင့်ရုံမှ လွှင့်လိုက်သော အသံတို့သည် ထိုရုံမှ ကမ္ဘာ အရပ်ရပ်သို့ တိုက်ရိုက်ပျံ့နှံ့၍မသွားပေ၊ စကားပြောခွက်ထဲသို့ ဝင်ရောက်လာသော တီးသံမှုတ်သံ စကားသံတို့သည် လျှပ်စစ်ဓာတ်၏သတ္တိကြောင့် လျှပ် စစ်သံလိုက်လှိုင်းအဖြစ်သို့ ပြောင်းသွားကာ ကောင်းကင် ကြိုးမှတစ်ဆင့်ထွက်သွားသည်။ ထို့ကြောင့် ထိုလှိုင်းတို့သည် အမှန်စင်စစ် အသံများမဟုတ်၊ လျှပ်စစ်စွမ်းအင်လှိုင်းများသာ ဖြစ်လေသည်။ ထိုလျှပ်စစ်သံလိုက်လှိုင်းတို့သည် အလင်းလှိုင်းနည်းတူ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,ဝဝဝ (သို့မဟုတ် မီတာ ၃ဝဝ,ဝဝဝ,ဝဝဝ) ခန့်ပြေးသည်။ အသံလှိုင်းတို့သည် လေရှိသောအရပ် သို့မဟုတ် သယ်ဆောင်ပို့ပေးနိုင်သော ကြားခံပစ္စည်းတစ်ခုခုရှိသည့် နေရာများတွင်သာ သွားလာနိုင်ကြသည်။ သို့သော် လျှပ်စစ်သံလိုက်လှိုင်းတို့မှာမူ လေနှင့် အခြားကြားခံပစ္စည်းများကို များစွာအားကိုးစရာ မလိုသည့်အတိုင်း အာကာသ(space) အတွင်း၌ လွတ်လပ်စွာပြေးနိုင်သည်။ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်း၊ အိက်စရေးလှိုင်း၊ ကော့စမစ်လှိုင်းများနှင့် တစ်မျိုးတစ်စားတည်းဖြစ်၍ လှိုင်းလျားအတိုအရှည်တွင်သာ တစ်ခုနှင့်တစ်ခု ခြားနားလေသည်။ (ရေဒီယေးရှင်း ။) လျှပ်စစ်သံလိုက်လှိုင်း သို့မဟုတ် ရေဒီယိုလှိုင်းတို့သည် မြေပြင်တစ်လျှောက် ပြေးသောအခါ လမ်းနှစ်သွယ်ပြေးတတ်သည်။ တစ်လမ်းမှာ မြေပြင်အနီးတစ်လျှောက်ဖြစ်၍ ကျန်တစ်လမ်းမှာ မြေပြင်မှအထက်သို့ မြင့်မားစွာတက်သွားသည်။ မြေပြင်ကို လျှပ်၍ပြေးလျှင် ခရီးရှည်မသွားနိုင်ပေ။ မြေပြင်မှအထက်သို့ တက်သွားသောအခါတွင်မူ ခရီးမိုင်ပေါင်းများစွာပြေးနိုင်သည်။ သို့သော် အနှောင့်အယှက်နှင့်ကားမကင်းပေ။ မြေပြင်မှ အထက်မိုင် ၇ဝ မှ ၂ဝဝ ခန့်အတွင်းတွင် နေမှထွက်လာသော အာလတြာ ဝိုင်အိုလက် ရောင်ခြည်တို့ကြောင့် လျှပ်စစ်ဓာတ်ဝင်လျက်ရှိသည့် လေလွှာတစ်လွှာရှိသည်။ ထိုလေလွှာနှင့် စပ်လျဉ်းသည့်ယူဆချက်ကို ကင်နယ်လီ ခေါ် အမေရိကန်လူမျိုး လျှပ်စစ်အင်ဂျင်နီယာ နှင့် ဟဲဗီးဆိုက် ခေါ် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်တို့က တစ်ဦးစီ သီးခြားထုတ်ဖော်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ထိုလေလွှာကို ကင်နယ်လီဟဲဗီးဆိုက် လေလွှာဟု ခေါ်ဆိုကြသည်။ အထက်သို့တက်သွားသော ရေဒီယိုလှိုင်းတို့သည် ထိုလေလွှာနှင့်တွေ့သောအခါ မြေပြင်ရှိရာသို့ပြန်၍ဟပ်ကြသည်။ ညဉ့်ဘက်တွင် အဆိုပါလေလွှာသည် နှစ်ခြမ်းကွဲသွားသည်။ ထိုအခါမျိုးတွင် ရေဒီယိုလှိုင်း တို့သည် တစ်ခါတစ်ရံ အောက်ဘက်အလွှာကို ထိုးဖောက် သွားပြီးနောက် အထက်နှင့်အောက်ကွဲနေသည့် အလွှာနှစ်ခု အတွင်း၌ တက်ချည် ဆင်းချည်ဖြင့် ခရီးအတော်အတန် ပြေးပြီးနောက်မှ အောက်ဘက်အလွှာကို တစ်ဖန်ထိုးဖောက်ကာ မြေပြင်ရှိရာသို့ သက်ဆင်းလာတတ်သည်။ ထိုသို့ဖြစ်သောအခါ ရေဒီယိုလှိုင်းများအတက်နှင့် အဆင်းကြားခုလတ်တွင် ရောက်နေသော ရေဒီယိုများမှာ အသံဖမ်း၍မမိဘဲ ဖြစ်နေတတ်သည်။ ကင်နယ်လီဟဲဗီးဆိုက်လေလွှာမှ ပြန်ဟပ်ပြီး ဆင်းလာစေကာမူ မြေပြင်သို့ အရောက်နောက်ကျသည့်အတွက် မြေပြင်ကို လျှပ်၍ပြေးနေသည့် ရေဒီယိုလှိုင်းများကို အချိန်မီ အားမဖြည့်နိုင်ပြန်လျှင်လည်း ဖမ်းမိသည့်အသံသည် တိုး၍သွားတတ်ပြန်သည်။ တစ်ဖန် လျှပ်စစ်မိုတာ တစ်ခုခုလည်လျက်ရှိချိန်၊ ဓာတ်မီးခလုတ်ကိုဖွင့်လိုက်ချိန်၊ မိုးချုန်း ရွာသွန်းချိန်များတွင် လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါကြရာ ထိုအချိန်မျိုးတွင် ရေဒီယိုကို ဖွင့်ထားမိပါက ရေဒီယိုလှိုင်းနှင့် မျိုးချင်းနီးစပ်သော ထိုလှိုင်းတို့၏ နှောင့်ယှက်မှုကြောင့် မလိုလားအပ်သော အသံများကို ကြားရတတ်လေသည်။ အသံလွှင့်ခြင်း ရေဒီယိုအသံလွှင့်ခြင်း အသံဖမ်းခြင်းတို့ကို နားလည်လိုလျှင် လျှပ်စစ်ဓာတ်အကြောင်းကို အတော်အတန် နားလည်ရန်လိုအပ်ပေသည်။ နန်းကြိုးတစ်ပင်ကို လျှပ်စစ်ဓာတ် စီးဖြတ်စေသောအခါ ထိုနန်းကြိုးမှ သန်းပေါင်းများစွာသော အီလက်ထရွန်တို့သည် လှုပ်ရှားသွားကြသည်။ နန်းကြိုး တစ်လျှောက်ကို စီးသော လျှပ်စစ်ဓာတ်အားတွင် အေစီကားရင့် (Alternating Current) ခေါ် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးနှင့် ဒီစီကားရင့် (Direct Current) ခေါ် တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုသောအခါ အီလက်ထရွန်တို့သည် အလွန်လျင်မြန်စွာ ရှေ့တိုး နောက်ငင်ဖြစ်နေသည်။ တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဖြစ်ခဲ့သော် အီလက်ထရွန်တို့သည် တစ်ဖက်သတ်တည်းသာ ငြိမ်သက်စွာ စီးကြ သည်။ ရေဒီယို အသံလွှင့်ရာတွင် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေါ်လာစေရန် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုရသည်။ လျှပ်စစ်ဓာတ်အပြန်အလှန်စီးနေချိန်တွင် အီလက်ထရွန်တို့သည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ လှုပ်ရှားကြသော်လည်း ဤသို့ အီလက်ထရွန်တို့ လှုပ်ရှားတိုင်း လျှပ်စစ်သံလိုက်လှိုင်းများ မဖြစ်ပေါ်နိုင်ပေ။ အောက်ထစ် တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှု အကြိမ်ပေါင်း တစ်သိန်းရှိမှသာ ရေဒီယိုလှိုင်းများ ဖြစ်ပေါ်နိုင်လေသည်။ ဤသို့ လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှုကို အော်စီလေးရှင်းဟုခေါ်၍ အပြန်အလှန်စီးသည့် အကြိမ်အရေအတွက်ကိုမူ ဆိုင်ကယ်နှင့်ပြဆိုလေ့ရှိသည်။ ဆိုင်ကယ်တစ်ထောင်ကို ကီလို ဆိုင်ကယ်ဟုခေါ်၍ ကီလိုဆိုင်ကယ်တစ်ထာင်ကို မက်ဂဆိုင်ကယ်ဟုခေါ်ပြန်သည်။ တစ်စက္ကန့်အတွင်း လှုပ်ရှားသည့်အကြိမ်ပေါင်းကို ဖရီကွင်စီ (တုန်ကြိမ်)ဟု ဆိုကြသည်။ ထို့ကြောင့် အသံလွှင့်ရုံတစ်ရုံသည် ၁. ၆ မက်ဂဆိုင်ကယ်ရှိသောဖရီကွင်စီဖြင့် အသံလွှင့်နေသည်ဟုဆိုခဲ့သော် ထိုရုံမှ တစ်စက္ကန့်လျှင်အကြိမ်ပေါင်း ၁,၆ဝဝ ကီလိုဆိုင်ကယ် သို့မဟုတ် အကြိမ်ပေါင်း ၁,၆ဝဝ,ဝဝဝ တုန်လှုပ်သည့် ရေဒီယိုလှိုင်းများကို လွှင့်နေသည်ဟုသိရာသည်။ အီလက်ထရွန်တို့၏ ရှေ့တိုးနောက်ငင် လှုပ်ရှားမှုကို လျင်မြန်လာအောင် ပြုလုပ်ပေးနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ဤကိစ္စအတွက် ယခင်က စပတ်ကွိုင်ခေါ် လျှပ်စစ်မီးပွားများကို ဖြစ်ပေါ်စေသော မီးခတ်ခွေကိုလည်းကောင်း၊ တုန်ကြိမ် (တစ်စက္ကန့်အတွင်း တုန်လှုပ်ကြိမ်ပေါင်း) များစွာရှိသည့် လျှပ်စစ်ဓာတ်စီးကို ဖြစ်ထွန်းစေသော လျှပ်စစ်ဓာတ်စက်ကိုလည်း ကောင်း အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ယခုအခါ၌မူ ထိုအသုံးအဆောင်တို့ အစား ဗက်ကျူအမ်ကျူ (လေဟာပြွန်)ကို အသုံးပြုကြတော့သည်။ အသံလွှင့် ရာတွင် အသုံးပြုသော လေဟာပြွန်မှာ ရေဒီယို အသံဖမ်းစက်ရှိ လေဟာပြွန်နှင့် ဆင်တူယိုးမှားပင်ဖြစ်သည်။ အသံလွှင့်ရာ၌ အသုံးပြုသော လေဟာပြွန်က အသံဖမ်းရာတွင် အသုံးပြုသောလေဟာပြွန်ထက်ပိုကြီး၍ အားလည်းပိုရှိခြင်းသာလျှင် ထူးခြားလေသည်၊ စပတ်ကွိုင်ကို အသုံးပြုသောအခါ ဖြစ်ပေါ်လာသောလှိုင်းတို့သည် အမြင့်အနိမ့် ညီညာခြင်းမရှိသည့်အပြင် တဖြည်းဖြည်းနိမ့်ကျသွားပြီးနောက် အရှိန်သေသွားကြသည်။ ထို့ကြောင့် ဤလှိုင်းမျိုးကို ဝိုင်ယာလက်ကြေးနန်း ရိုက်ရာတွင်သာအသုံးပြုနိုင်၍ ရေဒီယိုအသံလွှင့်ရန်အတွက် မသင့်တော်ပေ။ လေဟာပြွန်ကို အသုံးပြုသောအခါတွင်မူ တစ်သမတ်တည်း ညီညာသော လှိုင်းများကိုရရှိလေသည်။ ဤလှိုင်းတို့သည် အသံလွှင့်ရာတွင် လွှင့်လိုက်သည့်အသံလှိုင်းများကို သယ်ဆောင်သွားကြသဖြင့် ယင်းတို့ကို ကယ်ရီယာလှိုင်း(သယ်ဆောင်လှိုင်း)များ ဟုခေါ်ကြသည်။ တုန်ကြိမ်အလွန်များသော ကယ်ရီယာ လှိုင်းများကိုဖြစ်ထွန်းစေသည့် ကားရင့်(လျှပ်စစ်ဓာတ်စီး)များကိုမှ ရေဒီယိုဖရီကွင်စီကားရင့်များဟုခေါ်ကြသည်။ ရေဒီယိုဖရီ ကွင်စီ ကားရင့်များကို လေဟာပြွန်များဖြင့် ဖန်တီးထိန်း သိမ်းပေးနိုင်လေသည်။ ရေဒီယိုအသံလွှင့်ရာတွင် ရေဒီယိုဖရီကွင်စီကားရင့်ကို အသုံးပြုခြင်းဖြင့် ကယ်ရီယာလှိုင်းများကို ဖန်တီးပေးနိုင်သည်။ အသံခွက်ထဲသို့ မည်သည့်အသံမှမဝင်မချင်း ရေဒီယိုဖရီကွင်စီကားရင့်ကြောင့် ကယ်ရီယာလှိုင်းများသာ ဖြစ်ပေါ်လျက်ရှိသည်။ ကယ်ရီယာလှိုင်းများမှာ လှိုင်းလုံးအရွယ်ချင်း ညီတူကြ၍တုန်ကြိမ်များလွန်းသည့်အတွက် ဤလှိုင်းများကို အသံဖမ်းစက်မှ မကြားရပေ။ အသံခွက်တွင် စကားပြောသံ၊ တီးသံ၊ မှုတ်သံတို့ကို သွင်းလိုက်သောအခါ အသံလှိုင်းများသည် အော်ဒီယိုဖရီကွင်စီခေါ် တုန်ကြိမ်နည်းသော ကားရင့်(လျှပ်စစ်ဓာတ်စီး)များအဖြစ်သို့ ပြောင်းသွားကြသည်။ အော်ဒီ ယိုဖရီကွင်စီကားရင့်နှင့် ရေဒီယိုဖရီကွင်စီကားရင့် နှစ်မျိုးရောစပ်သွားရာမှ ဖြစ်ပေါ်လာသော တတိယကားရင့်ကို မော်ဒျူလိတ်တက် ကားရင့်(ပြုပြင်ပြီး လျှပ်စစ်ဓာတ်စီး)ဟူ၍ခေါ်သည်။ ထိုမော်ဒျူလိတ်တက်ကားရင့်ကို အေရီယယ်(ကောင်ကင်ကြိုး) သို့ပို့၍ အေရီယယ်မှတစ်ဆင့် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးသို့ ရေဒီယိုလှိုင်းများအဖြစ် ပျံ့နှံ့သွားစေသည်။ ရေဒီယိုလှိုင်းများကို မလွှင့်မီ လိုအပ်သောတုန်ကြိမ်နှင့် လှိုင်းလျားများရှိစေရန် လေဟာပြွန်များဖြင့် လိုသလိုချဲ့ထွင်ပေးရလေသည်။ ရေဒီယိုလှိုင်းများမှာ တုန်ကြိမ်အနည်းအများကိုလိုက်၍ လှိုင်းလျား ရှည်ကြတိုကြသည်။ အသွားနှုန်းမှာမူ အားလုံးအတူတူပင် ဖြစ်သည်။ဤ အသံလွှင့်ရုံမှ ရေဒီယိုလှိုင်းများလွှင့်ရာတွင် လှိုင်းလျားများကို သုံးမျိုးသုံးစားခွဲပြီး လွှင့်ကြသည်။ လှိုင်းရှည်အစားတွင် မီတာ ၁,ဝဝဝ မှ ၂,ဝဝဝ အထိ လှိုင်း များသည်လည်းကောင်း၊ လှိုင်းလတ်အစားတွင် မီတာ ၂ဝဝ မှ ၅ဝဝ အ တွင်းရှိ လှိုင်းများသည်လည်း ကောင်း၊ လှိုင်းတိုအစားတွင် မီတာ ၁၆ မှ ၅ဝ အတွင်းရှိ လှိုင်းများသည်လည်းကောင်း ပါဝင်ကြလေသည်။ အသံဖမ်းခြင်း အသံဖမ်းခြင်းမှာ အသံလွှင့်ရာတွင် အသံမှ ရေဒီယိုလှိုင်းအဖြစ် သို့ အဆင့်ဆင့်ပြောင်းလဲပေးသည့် အစီအစဉ်များကို ပြောင်းပြန်ပြုလုပ်ပေး ခြင်းပင်ဖြစ်၍ ဤသို့ပြောင်းပြန်ပြု လုပ်ပေးသည့်အစီအစဉ်မှာ အောက်ပါအ တိုင်းဖြစ်သည်။ (၁) ရေဒီယိုလှိုင်းမျာကို အေရိယယ် ကောင်းကင်ကြိုးဖြင့်ဖမ်းယူခြင်း၊ (၂) အလိုရှိသောအသံကို ရစေရန်အတွက် အလိုရှိသော လှိုင်းကို ညှိယူခြင်း၊ (၃) ဖြစ်ပေါ်လာသော တုန်ကြိမ်များသည့် မော်ဒျူလိတ်တက်ကားရင့်(ပြုပြင်ပြီးလျှပ်စစ်ဓာတ်စီး)ကို တုန်ကြိမ်နည်းသည့် အော်ဒီယို ဖရီကွင်စီကားရင့်သို့ ပြောင်းပေးခြင်း၊ (၄) လျှပ်စစ်ဓာတ် လှုပ်ရှားမှုမှ အသံဖြစ်လာအောင် ဖော်ယူခြင်း၊အသံလွှင့်ရုံ အသီးအသီးမှလွှင့်လိုက်သော ရေဒီယိုလှိုင်းများကို ရှေးဦးစွာ အသံဖမ်းရုံအသံဖမ်းစက်ရှိ အေရီယယ်ကဖမ်းယူသည်။ အေရီယယ် ကို ရေဒီယိုလှိုင်းများလာ၍ ထိသောအခါ မူလအသံလွှင့်ရုံ၌ ဖြစ်ပွားသည့်လျှပ်စစ်ဓာတ်လှုပ်ရှားမှု အော်စီလေးရှင်းများအတိုင်း အေရိယယ်တွင် လျှပ် စစ်ဓာတ်လှုပ်ရှားသည်။ အေရီယယ်ကို အန်တင်နာဟုလည်းခေါ်ကြသည်။ အသံတစ်ခုတည်းကို ပီပီသသဖမ်းနိုင်ရန်မှာ အေရိယယ်သို့ရောက်လာသည့် ရေဒီယိုလှိုင်းများအနက်မှ တစ်မျိုးတည်းသောလှိုင်းကို ရွေးထုတ်ရန် တစ်နည်း ညှိပေးရန်လိုပေသည်။ ထိုသို့ လှိုင်းညှိပေးရန်အတွက် အသံဖမ်းစက်တွင် အင်ဒပ်တန့်ကွိုင်ခေါ် ဓာတ်ညှိခွေတစ်ခုနှင့် ကွန်ဒင်ဆာခေါ် လျှပ်စစ်လှောင် ကိရိယာတစ်ခုရှိသည်။ ဤကိရိယာနှစ်ခုကို လိုသလို ပြုပြင်ပေးခြင်းဖြင့် မိမိအလိုရှိသော လျှပ်စစ်ဓာတ်လှု့ပ်ရှားမှုကို ဖြစ်စေ၍ အလိုရှိသော လှိုင်းကို ဖမ်းယူနိုင်ပေသည်။ အင်ဒပ်တန့်ကွိုင်ကို အန်တင်နာကွိုင်ဟုလည်းခေါ်သည်။ အေရီယယ်သို့ ရောက်လာသော ရေဒီယိုလှိုင်းများမှာ အား နည်း၍နေရာ အားကြီးလာအောင် အန်တင်နာကွိုင်က ရှေးဦးစါာ ချဲ့ပေးသည်။ အန်တင်နာကွိုင်တွင် ပရိုင်မာရီခွေနှင့် စကင်ဒရီ(အညှို့ခံ)ခွေဟူ၍ နန်းကြိုးနှစ်ခွေရှိ၍ ပရိုင်မာရီခွေကို မြေကြီးနှင့် ဆက်ထားသည်။ အေရီယယ်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်စီးသည် ပရိုင်မာရီခွေမှ ဖြတ်၍ မြေကြီးသို့ ဆင်းပြီး ပြန်တက်လာခြင်းဖြင့် စကင်ဒရီ(အညှို့ခံ)ခွေတွင် အား ကောင်းသော လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ စကင်ဒရီ(အညှို့ခံ)ခွေကို ကွန်ဒင်းဆားနှင့် တဖန်တက်ထားသည်။ ကွန်ဒင်းဆားတွင်လျှပ်စစ်ဓာတ်ကို သိုလှောင်ပြီးမှ စီးဖြတ်ခွင့် ပေးသည်။ ကွန်ဒင်းဆား၏ လျှပ်စစ်ဓာတ် သိုလှောင်နိုင်သော စွမ်းရည်ကို ပြုပြင်ပေးခြင်းဖြင့် အလိုရှိသော လှိုင်းကို ညှိယူရလေသည်။ ရေဒီယိုလှိုင်းများကို ညှိယူရုံဖြင့် အသံမထွက်သေးချေ။ မော်ဒျူလိတ်တက်ကားရင့်မှ အော်ဒီယို ဖရီကွင်စီ ကားရင့် ဖြစ်စေရန် တုန်ကြိမ်းများစွာနှင့် အပြန်အလှန် စီးလျက်ရှိသည့်ကားရင့်ကို တုန်ကြိမ်နည်းနည်းနှင့် တစ်ဖက်သတ်စီးသော ကားရင့်ဖြစ်အောင် ပြုလုပ်ပေးရသည်။ ဤကိစ္စအတွက် ယခင်က ဂလီးနားခေါ် လက်ဆာလဖိုက်(ဒ်) ခရစ္စတယ်ကို အသုံးပြုခဲ့ကြသော်လည်း အဆိုပါ ခရစ္စတယ်မှာ အမြဲတမ်း စိတ်တိုင်းကျ မဖြစ်သည့်အတွက် ယခုအခါ ထိုသလင်းပွင့်အစား သာမျွန်းနစ်ဗာ့၊ သို့မဟုတ် ရေဒီယိုဗာ့ခေါ် လေဟာပြွန်များကို အသုံးပြုလက် ရှိကြသည်။ ဆိုခဲ့သော လှိုင်းပြောင်းကိရိယာကို ဒီတက်တားဟုခေါ်သည်။ ဒီတက်တားများအနက် ရေဒီယိုဗာ့သည် အကောင်းဆုံး စိတ်အချရဆုံးဖြစ်သည်။ ရေဒီယိုဗာ့ပေါ်လာခြင်းကြောင့်သာလျှင် ရေဒီယိုပညာသည် ယခုလောက် အဆင့်အတန်းမြင့်လာရခြင်း ဖြစ်ပေသည်။ ဂလီးနားခရစ္စတယ်နှင့်တကွ ရေဒီယိုဗာ့စသော ဒီတက်တားတို့၏ သဘောမှာ အသွးအပြန် သွားရသောလမ်းကို တဖက်တည်းသာ သွားရသော လမ်းအဖြစ်သို့ ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ ရေဒီယိုဗာ့များတွင် ဒိုင်အော့နှင့် ထရိုင်အော့ဟူ၍ လေဟာပြွန် နှစ်မျိုးရှိ၍ ထိုလေဟာပြွန်တို့သည် ဓာတ်မီးလုံး(ဓာတ်မီး ဖန်သီး) များနှင့် သဏ္ဌာန်တူသည်။ ဒိုင်အော့တွင် ဓာတ်လိုက်သတ္တုပြား တစ်ခုနှင့် သတ္တုမျှင်ဖြင့် ပြုလုပ်ထားသော မီးစာခွေတစ်ခု ပါသည်။ ထရိုင်အော့တွင်မူ အဆိုပါဓာတ်လိုက် သတ္တုပြားနှင့် မီးစာခွေ စပ် ကြား၌ ဂရစ်ခေါ် ဓာတ်လိုက်ဆန်ခါတစ်ခု အပိုပါသည်။ မီးစာအတွင်းသို့ လျှပ်စစ်ဓာတ် စီးဖြတ်သောအခါ မီးစာသည် ပူလာ၍ အီလက်ထရွန်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဓာတ်လိုက်သတ္တုပြားကို လျှပ်စစ်အဖိုဓာတ် ပေးထားပါက အီလက်ထရွန်တို့သည် အဖိုဓာတ်ရှိရာ သတ္တုပြားသို့ သွားကြသဖြင့် မီးစာနှင့် သတ္တုပြားစပ်ကြားတွင် လျှပ်စစ်ကားရင့် မဖြစ်ပေါ်ပေ။ ထို့ကြောင့် ဒိုင်အော့အတွင်းသို့ အပြန်အလှန် စီးသည့်ကားရင့် (အေစီကားရင့်) စီးဖြတ်သောအခါ သတ္တုပြားနှင့် မီးစာတွင် လျှပ်စစ်ဓာတ် အဖိုတစ်လှည့် အမတစ်လှည့် ဖြစ်ပေါ်နေချိန်တွင် သတ္တုပြား၌ အဖိုဓာတ် ရှိ၍ မီးစာ၌ အမဓာတ်ရှိချိန်တွင်သာလျှင် ထိုပစ္စည်းနှစ်ခု စပ်ကြား၌ လျှပ်စစ်ဓာတ်စီးဖြတ်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒိုင်အော့သည် အပြန်အလှန် စီးသည့် ကားရင့် (အေစီကားရင့်)ကို တစ်ဖက် သတ် စီးသည့်ကားရင့် (ဒီစီကားရင့်)အဖြစ်သို့ ပြောင်းလဲစေသည်။ ထရိုင်အော့၌ အထက်တွင် ပြောခဲ့သည့်အတိုင်း ဂရစ်တစ်ခု အပိုပါသည်။ ဂရစ်ကို လျှပ်စစ်အဖိုဓာတ် ပေးသောအခါ မီးစာမှ ထွက်လာသော အီလက်ထရွန်တို့ကို ဂရစ်က ပို၍ ဆွဲသဖြင့် သတ္တုပြားသို့ အီလထရွန် အရောက်များသည်။ ဂရစ်မှာ အလွန် သေးငယ်သော နန်းကြိုးကလေးများဖြင့် ဆန်ခါပမာ ပြုလုပ်ထားသောကြောင့် သတ္တုပြားရှိရာသို့ သွားသော အီလက်ထရွန်တို့အတွက် အဆီးအတားမဖြစ်လှပေ။ အကယ်၍ ဂရစ်ကို လျှပ်စစ်အမဓာတ်ပေးပါက ဓာတ်တူချင်း တွန်းဖယ်သည့်အတွက် သတ္တုပြားသို့ အီလက်ထရွန်အရောက်နည်းသွားသည်။ ထို့ပြင် အီလက်ထရွန် များ အလျင်း မရောက်နိုင်ပဲလည်း ဖြစ်နိုင်သည်။ သဘောမှာ ထရိုင်အော့သည် မီးစာနှင့် သတ္တုပြားစပ်ကြား၌ ဖြစ်ပေါ်စီးဖြတ် သည့် လျှပ်စစ်ကားရင့်ကို ဒိုင်အော့မှာထက် ပို၍ အားကြီး စေသည့်။ ထို့ကြောင့် ထရိုင်းအော့ကို အသံဖမ်းစက်များတွင် အမ်ပလီဖိုင်းယား(လှိုင်းချဲ့ကိရိယာ)အဖြစ် အသုံးပြုကြလေသည်။ ရေဒီယိုလှိုင်းများကို အထက်ဖော်ပြပါ ကိရိယာတို့ဖြင့် လိုသလို ညှိယူချဲ့ထွင် ပြောင်းလဲပေးပြီးသောအခါ အသံ ဖော်ရန် တစ်ခုသာ ကျန်တော့သည်။ ယခင်ကဆိုလျှင် နောက်ဆုံးပြောင်းလဲပြီး လှိုင်းကို နားကြပ်ဖြင့် အသံလှိုင်း ဖြစ်အောင် ပြုလုပ်ကြသည်။ နားကြပ်မှာ တယ်လီဖုန်း စကားပြော ကိရိယာရှိ နားထောင်သည့် ခွက်ကဲ့သို့ ဖြစ်၍ ထိုခွက်သည် လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် အော်ဒီယို ဖရီကွင်စီ ကားရင့်ကို အသံအဖြစ်သို့ ပြောင်းပေးသည့် ကိရိယာဖြစ်သည်။ သို့သော် နားကြပ်ကို သုံးလျှင် အသံမှာ တိုး၍ ဤအသံကို နားကြပ်၍ နားထောင်သူသာ ကြားရ သည်။ အခြားလူအများ ကြားနိုင်ရလေအောင် အသံဖမ်း စက်များတွင် နားကြပ်အစား အသံချဲ့ကိရိယာကို တပ်ဆင် ပေရပြန်သည်။ အသံချဲ့ကိရိယာကို တပ်ဆင်ပေးရပြန်သည်။ အသံချဲ့ကိရိယာတွင် နားကြပ်နည်းတူ လျှပ်စစ်သံလိုက်ဓာတ် ၏ အစွမ်းကိုပင် အသုံးချထားသည်။ သို့သော် အသံချဲ့ ကိရိယာက အသံလှိုင်းတို့ကို အားကြီးစေသည့် အတွက် အလွန်ကျယ် သော အသံကို ထွက်ပေါ်စေသည်။ အထက်ပါတို့မှာ ဝိုင်ယာလက် ရေဒီယိုဆိုင်ရာ အဓိက အစိတ်အပိုင်းများသာ ဖြစ်၍ ဤပညာမှတစ်ဆင့် ယခုအခါ တယ်လီဗေးရှင်း၊ ရေဒါ စသည်တို့ ပေါ်လာသည်ကိုထောက်လျှင် ရှေ့ကိုလည်း တိုးတက်စရာလမ်း အများကြီး ရှိသေးသည်ဟု မျော်မှန်းရပေသည်။ လျှပ်စစ်သံလိုက် ဖြာထွက်ရောင်ခြည် (The Electromagnetic Spectrum) ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးချခြင်း လုံခြုံရေးစနစ်များ ကြိုးမဲ့ဆက်သွယ်ရေးကို အကောင်အထည်ဖော်ခြင်း ကြိုးမဲ့ဆက်သွယ်ရေး စံနှုန်းများ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ ဝိုင်ဖိုင် (WiFi) ဆယ်လူလာတယ်လီဖုန်းဆက်သွယ်ရေး (ဖုန်းနှင့် မိုဒမ်) တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုး သက်ဆိုင်သောဆောင်းပါးများ ဆက်သွယ်ရေးစနစ် အင်တင်နာ ဂျီအက်စ်အမ် စီဒီအမ်အေ ဂြိုဟ်တုဆက်သွယ်ရေး မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး ဝိုင်မက် ( WiMAX ) Category:ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ
ဂျီအက်စ်အမ်
ဂျီအက်စ်အမ် လိုဂိုသည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသော လက်ကိုင်ဖုန်းများနှင့် ကိရိယာများကို လွယ်ကူစွာ သိရှိနိုင်သော သက်သေသက္ကာယပင်ဖြစ်သည်။ ဂျီအက်စ်အမ် () ဆိုသည်မှာ ရွေ့လျားဆက်သွယ်ရေးအတွက် တကမ္ဘာလုံးနှင့်သက်ဆိုင်သောစနစ် (Global System for Mobile Communication) ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစနစ်သည် ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းများနှင့် ပတ်သက်၍ လူကြိုက်အများဆုံးစနစ်ဖြစ်သည်။ ထိုစနစ်၏ သုံးစွဲမှု ကို မြှင့်တင်သည့်အဖွဲ့ဖြစ်သော ဂျီအက်စ်အမ် အဖွဲ့ (GSM Association) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လက်ကိုင်ဖုန်းဈေးကွက်၏ ၈၂ ရာခိုင်နှုန်းသည် ဂျီအက်စ်အမ်စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။ ဂျီအက်စ်အမ်ကို နိုင်ငံနှင့် နယ်မြေ ၂၁၂ခုနှင့်အထက်တွင် လူပေါင်း ၃ ဘီလီယံကျော်က သုံးစွဲနေကြသည်။ သူ၏နေရာတကာတွင် ရှိနေမှုကြောင့် လက်ကိုင်ဖုန်း အော်ပရေတာ ကုမ္ပဏီများတွင် နိုင်ငံတကာကွန်ယက်များအတွင်းလှည့်လည် အသုံးပြုခြင်း(international roaming) သည် အလွန်တွင်ကျယ်လာကာ ဖုန်းဝန်ဆောင်မှု ကို ရယူထားသူတို့ကို ကမ္ဘာ၏နေရာတော်တော်များများတွင် သုံးစွဲခွင့် ရရှိစေသည်။ ဂျီအက်စ်အမ်သည် သူ၏ရှေ့က စနစ်များနှင့် ကွာခြားမှုမှာ အချက်ပြလှိုင်း ထုတ်လွှတ်မှု (signalling)နှင့် စကားပြောချယ်နယ် (speech channels)မှာ ဒီဂျစ်တယ်စနစ်ကို သုံးထားခြင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဂျီအက်စ်အမ်အား ဒုတိယမျိုးဆက် ရွေ့လျားဖုန်းစနစ် (2G) ဟုသတ်မှတ်ကြသည်။ အချက်အလက်ဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း စနစ်အပေါ်တွင် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်စေသည်။ ဂNo more fortnite စံသတ်မှတ်မှု၏ ဗားရှင်းအသစ်များသည် နဂိုမူလ ဂျီအက်စ်အမ်ဖုန်းများဖြင့် ဆီလျော်ကိုက်ညီမှုရှိသည်။ ဥပမာအားဖြင့် ၉၇ခုနှစ် ထုတ်ဝေသော စံသတ်မှတ်မှုတွင် ပက်ကက် အချက်အလက်များကို အထွေထွေ ပက်ကက် ရေဒီယိုစနစ် (General Packet Radio Service (GPRS)) ကို အသုံးပြု၍ ဆောင်ရွက်နိုင်ရန် ထည့်သွင်းခဲ့ပြီး ၉၉ခုနှစ် စံသတ်မှတ်မှုတွင် ပိုမို၍ မြန်ဆက်သော အချက်အလက်ထုတ်လွှတ်မှု ကို ဂျီအက်စ်အမ် ဆင့်ကဲဖြစ်ပေါ်လာမှုအတွက် တိုးတက်ပြောင်းလဲထားသော အချက်အလက်ထုတ်လွှတ်မှုနှုန်း (Enhanced Data Rates for GSM Evolution (EDGE)) ကို စတင်မိတ်ဆက်ပေးခဲ့သည်။ သမိုင်းကြောင်း ၁၉၈၂ ခုနှစ်တွင် ဥရောပဆိုင်ရာ စာတိုက်နှင့် ဆက်သွယ်ရေး စီမံခန့်ခွဲမှု ကွန်ဖရင့် (European Conference of Postal and Telecommunications Administrations (CEPT)) မှ Groupe Spécial Mobile (GSM) အဖွဲ့ကို ဥရောပတခွင်လုံးတွင် အသုံးပြု နိုင်မည့် စံသတ်မှတ်မှု ကို အကောင်အထည်ဖော်ရန်အတွက် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် တူညီသော ဆယ်လူလာ တယ်လီဖုန်းစနစ်ကို ဥရောပတခွင်တွင် အသုံးပြု နိုင်ရေးကို အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၃ နိုင်ငံ မှ အပြန်အလှန်နားလည်မှု ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဂျီအက်စ်အမ်၏ တာဝန်ဝတ္တရားများကို ဥရောပ ဆက်သွယ်ရေး စံသတ်မှုတ်မှု အဖွဲ့အစည်း (European Telecommunications Standards Institute (ETSI)) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂျီအက်စ်အမ်စနစ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၏ ပထမအဆင့်ကို ၁၉၉၀ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ ပထမဆုံး ဂျီအက်စ်အမ် ကွန်ယက်ကို ဖင်လန်နိုင်ငံ ရေဒီယိုလင်ဂျာ (Radiolinja)တွင် စတင်အသုံးပြုခဲ့ပြီး နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ်ကို အဲရစ်ဆင် (Ericsson) မှ တွဲဖက်ထိန်းသိမ်းရေး လုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်အကုန်သို့ ရောက်သောအခါတွင် အသုံးပြုသူ ၁ သန်းသည် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကွန်ယက်ဖုန်းလိုင်း ၇၀ မှ စီမံလုပ်ဆောင်သော ဂျီအက်စ်အမ်ဖုန်းကွန်ယက်များတွင် အသုံးပြုနေကြပြီဖြစ်သည်။ နည်းပညာဆိုင်ရာ အသေးစိတ်အချက်များ ဂျီအက်စ်အမ်သည် ဆယ်လူလာကွန်ယက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ရွေ့လျားတယ်လီဖုန်းသည် အနီးဆုံးပတ်ဝန်းကျင်ရှိ ဆဲလ် များကို ရှာဖွေခြင်းဖြင့် ကွန်ယက်သို့ ဆက်သွယ်ခြင်းဖြစ်သည်။ ဂျီအက်စ်အမ် ကွန်ယက်များမှာ ကြိမ်နှုန်း အတန်းအစား ၄ မျိုးကို အသုံးချထုတ်လွှင့်သည်။ ဂျီအက်စ်အမ်ကွန်ယက် အများစုမှာ ၉၀၀ မက်ဂါဟတ်ဇ် သို့မဟုတ် ၁၈၀၀ မက်ဂါဟတ်ဇ် လှိုင်းမီတာ ကို အသုံးပြုလေ့ရှိကြသည်။ ကနေဒါနှင့် အမေရိကန် အပါအဝင်အချို့ နိုင်ငံများတွင်မူ ထိုလှိုင်းမီတာများကို ခွဲတမ်းချပြီး ဖြစ်သဖြင့် ၈၅၀ မက်ဂါဟတ်ဇ် နှင့် ၁၉၀၀ မက်ဂါဟတ်ဇ်များကို အသုံးပြုကြသည်။ စကင်ဒီနေးဗီးယား ကဲ့သို့သော အချို့နိုင်ငံများတွင် ပထမမျိုးဆက် စနစ်များတွင် အသုံးပြုသော ၄၀၀ မက်ဂါဟတ်ဇ် နှင့် ၄၅၀ မက်ဂါဟတ်ဇ် လှိုင်းမီတာများကို အသုံးပြုနေသည်ကို ရှားရှားပါးပါး တွေ့နိုင်သည်။ Category:မိုဘိုင်းဆက်သွယ်ရေး နည်းပညာ
စီဒီအမ်အေ
စီဒီအမ်အေ (CDMA or Code Division Multiple Access) ဆိုသည်မှာ အမျိုးမျိုးသော ရေဒီယိုဆက်သွယ်ရေး နည်းပညာများတွင် အသုံးပြုသော ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်း တစ်ခု(Channel Access Method) ဖြစ်သည်။ လက်ကိုင်တယ်လီဖုန်းများတွင် အသုံးပြုသောသော CDMAOne နှင့် CDMA2000 စံနှုန်းများကို စီဒီအမ်အေဟု ခေါ်ဝေါ်လေ့ရှိကြသော်လည်း အမှန်မှာ ထိုစံနှုန်းများ၌ စီဒီအမ်အေ ဝင်ရောက်သုံးစွဲနည်းကို အောက်ခံအနေဖြင့် အသုံးပြုထားခြင်းမျှသာဖြစ်သည်။ အချက်အလက်ဆက်သွယ်ရေး (Data Communication)၏ အခြေခံသဘောတရားတစ်ခုမှာ ထုတ်လွှင့်စက် အချို့ကို ဆက်သွယ်ရေးချယ်နယ်တစ်ခုအတွင်းတွင် တစ်ပြိုင်တည်းထုတ်လွှင့်ခွင့်ပေးခြင်းဖြစ်သည်။ဤသဘောတရားကို အသုံးချခြင်းအားဖြင့် အသုံးပြုသူအချို့အနေဖြင့် ဆက်သွယ်ရေးချယ်နယ်အတွင်း ရရှိနိုင်သော ကြိမ်နှုန်းများ ၏ လေလှိုင်းပမာဏ (Bandwidth) ကို ဝေမျှသုံးစွဲနိုင်သည်။ Category:မိုဘိုင်းဆက်သွယ်ရေး နည်းပညာ
အိုအက်ဖ်ဒီအမ်
အိုအက်ဖ်ဒီအမ် (OFDM) ဆိုသည်မှာ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနည်းပညာတွင် အသုံးပြုသော မော်ဒျူလေးရှင်း နည်းစနစ် တစ်မျိုးဖြစ်သည်။ ဘရော့ဒ်ဘန်း (Broadband) အင်တာနက် ဆက်သွယ်ရေးတွင် အိုအက်ဖ်ဒီအမ် မော်ဒျူလေးရှင်း နည်းစနစ်ကို အသုံးပြုလေ့ ရှိကြသည်။ Category:ဆက်သွယ်ရေး
သတင်းအချက်အလက် သီအိုရီ
သတင်းအချက်အလက် သီအိုရီ (Information Theory) ဆိုသည်မှာ အသုံးချ သင်္ချာနှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သတင်းအချက်အလက်များ၏ ပမာဏနှင့် ဆက်စပ် ပတ်သက်နေသည်။ သတင်းအချက်အလက် သီအိုရီကို ကလော့ဒ် အီး ရှန်နွန်က စတင်ဖော်ထုတ်ခဲ့ပြီး ဒေတာများကို ချုံ့ခြင်းနှင့် ဒေတာများကို စိတ်ချယုံကြည်စွာ သိမ်းဆည်းခြင်း၊ ဆက်သွယ်ခြင်း အစရှိသည့် ဆစ်ဂနယ်များကို ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းများတွင် အခြေခံ အကန့်အသတ်ကို သိရှိနိုင်ရန် အတွက် ဖြစ်သည်။ ထို သီအိုရီကို စတင်ဖော်ထုတ်သည့် အချိန်မှ အစပြု၍ အခြားသော နယ်ပယ်များတွင်လည်း အသုံးချလာကြသည်။ Category:ဆက်သွယ်ရေး
မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး
မိုက်ခရိုဝေ့ဖ် ရေဒီယိုလှိုင်းများ ထုတ်လွှင့်သည့် မျှော်စင် မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးသည် လှိုင်းအလျား ၃၀ စင်တီမီတာမှ ၁ စင်တီမီတာ အကြားရှိ ရေဒီယိုလှိုင်းကို အသုံးပြုကာ အချက်အလက်များကို လွှင့်ထုတ် ဆက်သွယ်သည့် နည်းပညာတစ်ရပ် ဖြစ်သည်။ ယင်းလှိုင်းနှုန်းမှာ 1.0 GHz မှ 30 GHz အကြားတွင် ရှိသည်။ မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးကို ကမ္ဘာ့မျက်နှာပြင်အပေါ်ရှိ ဆက်သွယ်ရေးများ၊ ဂြိုဟ်တု ဆက်သွယ်ရေးများနှင့် ပင်လယ်နက်အတွင်း ဆက်သွယ်ရေးများတွင် အသုံးများသည်။ အခြားအပိုင်းရှိ ရေဒီယိုလှိုင်းခွင်များကိုမူ ရေဒါစနစ်၊ ရေဒီယို လမ်းပြစနစ်၊ အာရုံခံစနစ်နှင့် အာကာသ လေ့လာရေးများတွင် အသုံးပြုကြသည်။ Category:ဆက်သွယ်ရေး
ဝန်ဆောင်မှုများစုစည်းထားသော ဒီဂျစ်တယ်ကွန်ယက်
ISDN တယ်လီဖုန်း Integrated Services Digital Network (ISDN) သည် စဉ်ဆက်မပြတ် ဒယ်ဂျစ်တယ် ထုတ်လွှင့်မှု၏ ဆက်သွယ်ရေးစံနှုန်းဖြစ်သည်။ ယင်းတို့တွင် အသံ၊ ဗီဒီယို၊ ဒေတာနှင့် အခြားကွန်ယက်ဝန်ဆောင်မှုများ ပါဝင်သည်။ ISDN အား ၁၉၈၈ ခုနှစ်တွင် ပထမဆုံး CCITT စာအုပ်၌ သတ်မှတ်ပေးခဲ့သည်။ ကိုးကား
ဆာဗာ (ကွန်ပျူတာ)
Category:ကွန်ပျူတာ ဆာဗာ(Server) ဆိုသည်မှာ အချက်အလက်(data) များအား စုစည်းထားသောနေရာ (ဝါ) တစုတစည်းတည်းရရှိနိုင်သောနေရာဖြစ်သည်။ ဆာဗာ(Server) များသည် များသောအားဖြင့် cloud based အချက်အလက် များသိုလှောင်ထားသောနေရာသာဖြစ်သည်။
အေဗီရွန်းနစ်
အေဗီရွန်းနစ် ဆိုသည်မှာ လေယာဉ်ပျံ၊ ဂြိုဟ်တု နှင့် အာကာသယာဉ် တို့၏ အီလက်ထရွန်းနစ် စနစ်ကို ရည်ညွှန်းခြင်း ဖြစ်ပြီး ခေတ်သစ် လေယာဉ်ပျံနှင့် အာကာသယာဉ်တို့ ပေါ်ရှိ ဆက်သွယ်ရေး ၊ လမ်းကြောင်း ရှာဖွေရေး၊ ထိန်းချုပ် မောင်းနှင်ရေး၊ ပြသခြင်း၊ လေကြောင်း စီမံခန့်ခွဲမှု စနစ်၊ အာရုံခံ ကိရိယာ နှင့် အချက်ပြကိရိယာများ၊ မိုးလေဝသ ရေဒါများ၊ လျှပ်စစ် စနစ်များ နှင့် ကွန်ပျူတာ အမျိုးမျိုး တို့အတွက် အသုံးပြုသည်။ အေဗီရွန်းနစ် ဆိုသည့် စကားလုံးမှာ အင်္ဂလိပ် စကားလုံး လေကြောင်း (Aviation) နှင့် အီလက်ထရွန်းနစ် (Electronics) ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ Category:လေကြောင်းနှင့်အာကာသပညာ Category:အီလက်ထရွန်းနစ်
ကိန်း
ကိန်းဆိုသည်မှာ ရေတွက်ရန်နှင့် တိုင်းတာရန် အတွက် အသုံးပြုသော သင်္ချာဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ သင်္ချာပညာတွင် ကိန်းဂဏန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တဖြည်းဖြည်း ချဲ့ကားလာခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် သုည၊ အနုတ်ကိန်းများ (negative numbers)၊ ရာရှင်နယ်ကိန်း (rational number) ခေါ် အပိုင်းကိန်းများ၊ အီရာရှင်နယ်ကိန်း (irrational number) ခေါ် အပိုင်းကိန်းမဟုတ်သောကိန်းများ နှင့် ကိန်းထွေး (complex number) များ စသည်ဖြင့် ပါဝင်လာကြသည်။ သင်္ချာဆိုင်ရာ တွက်ချက်မှုများ (mathematical operations) တွင် ဂဏန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂဏန်းများကို အဝင်ကိန်းအဖြစ် လက်ခံကြပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ပြန်ထုတ်ပေးသည်။ ယူနရီ တွက်ချက်မှု (unary operation) ခေါ် တစ်လုံးသွင်းတွက်ချက်မှုတွင် ဂဏန်းတစ်ခုကို အဝင်ကိန်း အဖြစ် လက်ခံပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ထုတ်ပေးသည်။ ဆပ်ဆက်ဆာ တွက်ချက်မှု ( successor operation) ခေါ် နောက်ဆက်တွဲတွက်ချက်မှုမှာ တစ်လုံးသွင်းတွက်ချက်မှု တစ်ခုဖြစ်သည်။ ယင်းတွက်ချက်မှုတွင် အဝင်ကိန်းတိုင်းကို ၁ ပေါင်းပေးရာ သာဓကဆိုသော် ၄ ထည့်လိုက်ပါက ၅ ပြန်ထွက်လာသည်။ ဘိုင်နရီ တွက်ချက်မှု (binary operation) ခေါ် နှစ်လုံးသွင်းတွက်ချက်မှုတွင် အဝင်ကိန်းနှစ်ခုကို လက်ခံပြီး အထွက်ကိန်းတစ်ခုကို ပြန်ထုတ်ပေးသည်။ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ပါဝါ (အထပ်ကိန်း) တင်ခြင်းတို့သည် ဘိုင်နရီ တွက်ချက်မှုများ ဖြစ်သည်။ ထိုသို့ အခြေခံဂဏန်းများ၏ တွက်ချက်မှုကို လေ့လာခြင်းအား အရစ်သ်မတစ် (arithmetic)၊ သို့မဟုတ် ဂဏန်းတွက်ခြင်း၊ သို့မဟုတ် ဂဏန်းသင်္ချာဟု ခေါ်သည်။ ကိန်းများတွင် အသုံးပြုသော သင်္ကေတများကို နျူမရယ် (numeral) သို့ နံပါတ်ဟု ခေါ်ကြသည်။ နံပါတ်များကို ရေတွက်ရန်နှင့် တိုင်းတာရန် အတွက်သာ မကဘဲ အမှတ်အသား ပြုလုပ်ရန် (ဖုန်းနံပါတ်)၊ စီစဉ်ရန် (နံပါတ်စဉ်) နှင့် ကုတ်ဒ်သင်္ကေတ (ISBN နံပါတ်) စသည် တို့အတွက်လည်း အသုံးပြုကြလေ့ ရှိသည်။ ကိန်းများကို အမျိုးအစားခွဲခြင်း ကိန်းများကို အမျိုးအစားအဖုံဖုံ ခွဲခြားနိုင်သည်။ အမျိုးတူကိန်းများအားလုံးကို စုဝေး၍ အစုများ (sets) အတွင်းသို့ ခွဲခြားထည့်သွင်းခြင်းဖြင့် ကိန်းစနစ်များ (number systems) ဖြစ်ပေါ်လာသည်။ ကိန်းတစ်ခုတည်းကိုပင် ရေးသားပုံတစ်မျိုးမကသုံး၍ ရေးနိုင်သည်။ သာဓကအားဖြင့် ကိန်းဂဏန်းရှစ်ကို ဟိန္ဒူ-အာရေဗျနံပါတ် (Hindu-Arabic numeral) သုံး၍ ၈ ဟုရေးနိုင်သလို၊ ရောမနံပါတ် (Roman numeral) သုံး၍ VIII ဟုလည်း ရေးနိုင်သည်။ + နံပါတ်စနစ် သဘာဝကိန်းများ ၀၊၁၊၂၊၃၊၄... သို့ ၁၊၂၊၃၊၄... ကိန်းပြည့်များ ... -၅၊-၄၊-၃၊-၂၊-၁၊၀၊၁၊၂၊၃၊၄၊၅... ရာရှင်နယ်ကိန်းများ (အတိပြကိန်းများ) သဏ္ဌာန်ရှိကိန်းများ၊ ( နှင့် သည် ကိန်းပြည့်များဖြစ်၍ သည် သုညနှင့် မညီသော အခြေအနေ) ကိန်းစစ်များ လားရာစုစည်းသော (convergent) ရာရှင်နယ်ကိန်းတန်း (sequence of rational numbers) တို့၏ လားရာဆုံမှတ်များ (limits) ကိန်းထွေးများ သဏ္ဌာန်ရှိကိန်းများ၊ ( နှင့် တို့သည် ကိန်းစစ်များဖြစ်၍ ဟူသော ကိန်းတေးသည် ၏ နှစ်ထပ်ကိန်းရင်း (square root) ဖြစ်သည့် အခြေအနေ) သဘာဝကိန်းများ (Natural numbers) လူတို့ နိစ္စဓူဝ ထိတွေ့ရင်းနှီးမှု အများဆုံး ကိန်းအမျိုးအစားမှာ သဘာဝကိန်းများ ဖြစ်သည်။ သဘာဝကိန်းများကို ရေတွက်ကိန်းများ (counting numbers) ဟုလည်း ခေါ်ကြသည်။ ဂဏန်း ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့မှာ သဘာဝကိန်းများ ဖြစ်ကြသည်။ အချို့သင်္ချာသမားနှင့် စာအုပ်စာတမ်းများ (သာဓက၊ ဘိုဘာကီ ၁၉၆၈Bourbaki, N. Elements of Mathematics: Theory of Sets. Paris, France: Hermann, 1968. နှင့် ဟဲမော့ ၁၉၇၄Halmos, P. R. Naive Set Theory. New York: Springer-Verlag, 1974. )Weisstein, Eric W. "Natural Number." From MathWorld--A Wolfram Web Resource.တွင် သုညကို သဘာဝကိန်းဟု သတ်မှတ်ပြီး ကျန်အချို့က သုညကို သဘာဝကိန်းအဖြစ် မထည့်သွင်းပါ။ မည်သို့ဖြစ်စေ သဘာဝကိန်းစု၏ အသုံးများသောသင်္ကေတမှာ ဖြစ်သည်။ သုညကို သဘာဝကိန်းအဖြစ် သတ်မှတ်/မသတ်မှတ် ရှင်းလင်းစေချင်သောအခါတွင် သင်္ကေတ နှင့် တို့ကို သုညပါသော သဘာဝကိန်းစုအတွက်လည်းကောင်း၊ သင်္ကေတ နှင့် တို့ကို သုညမပါသော သဘာဝကိန်းစုအတွက်လည်းကောင်း သုံးကြသည်။ ကိန်းပြည့်များ (Integers) တွက်ချက်၊ ရေတွက်၊ တိုင်းတာမှုများတွင် သဘာဝကိန်းများသက်သက်ဖြင့် မလုံလောက်သောအခါ ကိန်းပြည့်များကို သုံးရသည်။ သုညနှင့် အပေါင်းကိန်းများ ဖြစ်သည့် ၀၊ ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့အပြင် အနုတ်ကိန်းများ ဖြစ်သည့် -၁၊ -၂၊ -၃၊ -၄၊ ... စသည်တို့ကို စုပေါင်း၍ ကိန်းပြည့်များဟုခေါ်သည်။ အနုတ်ကိန်းများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ရှိရင်းစွဲဖြစ်သည့် သုညအပါအဝင် သဘာဝကိန်းများနှင့် နှစ်လုံးသွင်းတွက်ချက်မှုတစ်ခုဖြစ်သည့် ပေါင်းခြင်းကိုသုံး၍ သတ်မှတ်သည်။ သာဓကအနေဖြင့်၊ -၃ ဆိုသည်မှာ ၃နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ် သတ်မှတ်သည်၊ -၄ ဆိုသည်မှာ ၄နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်၊ ယေဘုယျဆိုရသော် -n ဆိုသည်မှာ n နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်။ ကိန်းပြည့်များ အဓိပ္ပာယ်သတ်မှတ်ချက်အရ သဘာဝကိန်းတိုင်းမှာ ကိန်းပြည့်ဖြစ်သော်လည်း၊ ကိန်းပြည့်တိုင်း သဘာဝကိန်းမဟုတ်ပေ။ (သာဓက၊ အနုတ်ကိန်းပြည့်များမှာ သဘာဝကိန်းများ မဟုတ်။) ကိန်းပြည့်အစုကို သင်္ကေတ သုံး၍ ရေးသည်။ ကိန်းဂဏန်းများဟု အနက်ရသည့် ဂျာမန်စာလုံး "Zahlen“ ကိုအရင်းပြု၍ သုံးခြင်းဖြစ်သည်။Dummit, D. and Foote, R., Abstract Algebra. John Wiley & Sons, Inc., p. 1, 2004. ရာရှင်နယ်ကိန်းများ (Rational Numbers) ရာရှင်နယ်ကိန်း (ခေါ်) အတိပြကိန်း ဆိုသည်မှာ (ဥပမာအားဖြင့် နှင့် ဟူသော) စုံလိုက်သင့်လျော်ရာ ကိန်းပြည့် ၂ခုဖြင့် ( ဟူသော) အပိုင်းကိန်းဖွဲ့ကာ ၎င်း၏ တန်ဖိုးကို အတိအပပြနိုင်သည့် ကိန်းများ ဖြစ်သည်။ သာဓကအားဖြင့် ၁/၃၊ ၇/၈၊ -၁/၂ စသည်တို့မှာ (ဤသို့ အပိုင်းကိန်းအဖြစ် ရေးသည်ဖြစ်စေ၊ ဒသမကိန်းအဖြစ် ချရေးသည်ဖြစ်စေ) ရာရှင်နယ် (ဝါ) အတိပြကိန်းများ ဖြစ်ကြသည်။ ပိုင်းခြေ သုညမဖြစ်ရခြင်းမှာ အရေးကြီးသည့် ကန့်သတ်ချက်ဖြစ်သည်၊ သို့မှသာ တန်ဖိုးပမာဏ သတ်မှတ်၍ ရသော သင်္ချာကိန်းအဖြစ် ရှိနေမည်။ မြန်မာဘာသာဖြင့် ရေရွတ်သောအခါ ၁/၃၊ ၇/၈ နှင့် -၁/၂ တို့ကို "သုံးပုံ၊ တစ်ပုံ၊" "ရှစ်ပုံ၊ ခုနစ်ပုံ၊" "အနုတ် နှစ်ပုံ၊ တစ်ပုံ၊" စသည်ဖြင့် ပိုင်းခြေကိန်းကို ဦးစွာ ရေရွတ်ရသည်။ ("ပုံ" အစား "ပိုင်း" ဟုလည်း သုံးကြသည်။) တစ်စုံတစ်ခုကို သုံးပုံ၊ သုံးပိုင်း အညီအမျှပိုင်းပြီးနောက် တစ်ပုံနှင့် ညီမျှသော ပမာဏ၊ စသည့်ဖြင့် အနက်ကောက်ယူနိုင်သည်။ ကိန်းတစ်ခုတည်းကို အပိုင်းကိန်းဖြင့်ရေးရာတွင် တစ်မျိုးထက်ပို၍ ရေးနိုင်သည်။ သာဓကအားဖြင့် ၂/၄ နှင့် ၁/၂ နှစ်မျိုးစလုံးမှာ ကိန်းတစ်ခုတည်းကို ကိုယ်စားပြုသည်။ ထို့အတူ -၁/၂ ကို အနေဖြင့်လည်းကောင်း၊ အနေဖြင့်လည်းကောင်း ရေးနိုင်သည်။ သို့ရာတွင် အနုတ်ကိန်းကို ပိုင်းဝေမှာထား၍ ရေးခြင်းက ပို၍တွင်ကျယ်သည်။ သဘာဝကိန်းတိုင်းမှာ ရာရှင်နယ်ကိန်းများ ဖြစ်သည်ကို သတိပြုသင့်သည်။ သာဓကဆိုသော် သဘာဝကိန်း ၅ ကို ၅/၁ ဟုရေး၍ ရသောကြောင့် ၅ မှာ ရာရှင်နယ်ကိန်းလည်း ဖြစ်သည်။ သို့သော် သဘာဝကိန်းမဟုတ်သော ရာရှင်နယ်ကိန်းများစွာရှိ၏။ သာဓက၊ ၁/၂၊ ၄/၅၊ -၁၃/၁၄။ ရာရှင်နယ်ကိန်းစုကို သင်္ကေတ သုံး၍ ရေးသည်။ အချိုး (ratio) ဟု အနက်ရသည့် “Quotient” ဆိုသည့် ဂျာမန်စာလုံးကို အရင်းပြုထားခြင်းဖြစ်သည်။ ဤသင်္ကေတကို ၁၉၆၀ ပြည့်လွန်နှစ်များဆီက ဘိုဘာကီရေး Algèbre တွင်စတင် အသုံးပြုသည်။Weisstein, Eric W. "Rational Number." From MathWorld--A Wolfram Web Resource. ကိန်းစစ်များ (Real Numbers) လက်တွေ့တိုင်းတာရာတွင် သုံးသည့်နံပါတ်များ၊ ကိန်းများအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ တစ်နည်းဆိုသော် ကိန်စစ်မျဉ်း (real number line) ပေါ်တွင် နေရာချထား၍ ရသောကိန်းအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ ကိန်းစစ်မျဉ်းဆိုသည်မှာ မျဉ်းဖြောင့်တစ်ခုပေါ်တွင် နံပါတ်များကို အညီအမျှတိုင်းတာ၍ မှတ်သားထားသော အလျားလိုက်မျဉ်းဖြစ်သည်။ လက်တွေ့ဥပမာအားဖြင့် ကျောင်းသုံးပေတံမှာ ကိန်းစစ်မျဉ်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ကိန်းပြည့်တစ်ခုနှင့် နောက်ကပ်လျက်ကိန်းတစ်ခု၏ အကွာအဝေးကို တစ်လက်မဟု သတ်မှတ်ပါလျှင်၊ တစ်ပေရှည်သော ပေတံသည် သုညနှင့် ၁၂အပါအဝင်နှင့် ယင်းကိန်းနှစ်ခုကြားရှိ ကိန်းစစ်များ အားလုံးကို ကိုယ်စားပြုနိုင်သည်။ သာဓကဆိုရသော် ၂.၅ ဆိုသည့်ကိန်းစစ်ကို ပေတံပေါ်ရှိ နှစ်လက်မ အမှတ်နှင့် သုံးလက်မ အမှတ်ကြားရှိ အလယ်တည့်တည့်အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ ၁/၃ ကို သုညနှင့် ၁လက်မ အမှတ်ကြား အကွာအဝေးကို သုံးပိုင်း အညီအမျှပိုင်းကာ သုညဘက်မှစ၍ ရေတွက်ပါက တစ်ပိုင်းမြောက် အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ သင်္ချာကိန်းသေ သည်လည်း ၃လက်မနှင့် ၄လက်မကြားရှိ တစ်နေရာတွင် ရှိပေလိမ့်မည်။ ကိန်းစစ်များကို ဒသမကိန်းစနစ်သုံး၍လည်း ရေးနိုင်သည်။ သာဓက၊ ၃.၅၊ -၆.၉၉၂၀၊ ၀.၃၃၃...၊ ၃.၁၄၁၅၉၂၆၅၄... အစရှိသဖြင့်။ ဒသမကိန်းတစ်ခုတွင် ဒသမပွိုင့် (decimal point) နောက်ပါ ဂဏန်းတွဲမှာ အဆုံးသတ်သည်လည်း ရှိသည်၊ အဆုံးမသတ်သည်လည်း ရှိသည်။ သာဓကဆိုသော် ရာရှင်နယ်ကိန်း ၁/၂ ကို ဒသမပုံစံဖြင့်ရေးပါက ၀.၅ ဖြစ်၍ အဆုံးသတ်သည့် ဒသမကိန်း (terminating decimal number) ဟုခေါ်သည့် ကိန်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်း ၁/၃ကို ဒသမပုံစံဖြင့်ရေးပါမူ ၀.၃၃၃... ဟူ၍ ဒသမနောက်တွဲ ၃ ဂဏန်းမှာ အဆုံးမရှိ ထပ်ကာထပ်ကာ ပေါ်နေရာ အဆုံးမသတ်သည့် ဒသမကိန်း (non-terminating decimal number) တစ်ခုဖြစ်သည်။ သို့သော် ၁/၃ ကို ဟူ၍ ပြန်ထပ်သည့် ဂဏန်းများအပေါ် မျဉ်းတိုတစ်ခုတင်၍ ရေးနိုင်သည်။ ၎င်းဒသမကိန်းမျိုးကို ပြန်ထပ်ဒသမကိန်း (recursive/repeating decimal number) ဟုခေါ်သည်။ နောက်ဆုံးအနေဖြင့် ၊ အစရှိသည့် ကိန်းများကို ဒသမကိန်းပုံစံဖြင့်ရေးပါက ၃.၁၄၁၅၉၂၆၅၄...၊ ၁.၄၁၄၂၁၃၅၆... ဟူ၍ ဂဏန်းတွဲမှာ ဆုံးလည်း မဆုံး၊ ပြန်လည်းမထပ် ဖြစ်နေရာ ၎င်းကိန်းအမျိုးအစားကို ပြန်မထပ်ဒသမကိန်း (non-recursive/non-repeating decimal number) ဟု ခေါ်သည်။ အဆုံးသတ်ဒသမကိန်း၊ ပြန်ထပ်ဒသမကိန်း၊ ပြန်မထပ်ဒသမကိန်း အားလုံးကို စုပေါင်း၍ ကိန်းစစ်များဟု ခေါ်သည်။ ကိန်းစစ်များကို ပို၍စနစ်တကျ အဓိပ္ပာယ်ဖွင့်လိုပါက ကဲကုလသင်္ချာမှ လားရာစုစည်းသည့် ကိန်းစဉ်တန်း (convergent sequence)၊ ကိန်းစဉ်တန်းတို့၏ လားရာဆုံချက် (limit) အစရှိသည့် သဘောတရားတို့ကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ရသော် ကိန်းစစ်တစ်ခု ဟူသည်မှာ ကိုရှီရာရှင်နယ်ကိန်းစဉ်တန်း (Cauchy sequence of rational numbers) တစ်ခု၏ လားရာဆုံချက် (limit) ဖြစ်သည်။ ယခုဖော်ပြပြီးဖြစ်သည့် ကိန်းစုများအနက် ကိန်းစစ်အစု သည် (ပြင်သစ်သင်္ချာပညာရှင် ကိုရှီကို ဂုဏ်ပြုမှည့်ဆိုထားသော) ကိုရှီကိန်းစဉ်တန်းတိုင်း၏ လားရာဆုံချက်အားလုံးပါဝင်သည့် အသေးဆုံးသော အစုဖြစ်သည်။ အပိုင်းကိန်းအားလုံးကို ဒသမပုံစံဖြင့်ရေး၍ ရသောကြောင့် ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်များဖြစ်သည်။ သို့သော် အပိုင်းကိန်းပုံစံဖြင့် ရေး၍မရသော ကိန်းစစ်များစွာရှိသည်။ သာဓက၊ ၊ အစရှိသဖြင့်။ ကိန်းစစ်အစုကို သင်္ကေတ သုံး၍ရေးသည်။ ကိန်းထွေးများ (Complex Numbers) သင်္ချာပညာ အဆင့်မြင့်လာသည်နှင့်အမျှ အချို့ကိစ္စများတွင် ကိန်းစစ်များဖြင့်သာ မလုံလောက်သည့် အခြေအနေကို ရောက်ရှိလာသည်။ သာဓကပြရသော် အချို့သော ပိုလီနိုမီရယ် ညီမျှခြင်းများ (polynomial equations) မှာ ကိန်းစစ်အဖြေမရှိပါ။ ပိုလီနိုမီရယ်ညီမျှခြင်း ကို အတွက်ဖြေရှင်းပါက ၁ နှင့် -၁ ဟူ၍ ကိန်းစစ်ကိန်းရင်းအဖြေ နှစ်ခုရှိသော်လည်း၊ ကို ဖြေရှင်းပါက ကိန်းစစ်ကိန်းရင်းအဖြေ (real root) တစ်ခုမျှမရှိသည်ကို တွေ့ရမည်။ (မည်သည့် ကိန်းစစ် ကိုမဆို နှစ်ထပ်ကိန်းတင်ပြီးပါက ၏တန်ဖိုးမှာ အနည်းဆုံး သုညဖြစ်ရာ တစ်သာထပ်ပေါင်းပါက ပေါင်းလဒ်မှာ သုညထက် အနည်းဆုံး တစ်ယူနစ်ပိုကြီးနေမည် ဖြစ်သည်။ ထို့ကြောင့် သည် သုညနှင့် မည်သို့မှ ညီမည်မဟုတ်ပါ။) ဤအခြေအနေမျိုးကို ကျော်လွှားနိုင်ရန် ကိန်းအသစ်များလိုအပ်လာသည်။ ထိုအခါ ၏ (ကိန်းစစ်မဖြစ်နိုင်သော) ကိန်းရင်းအဖြေတစ်ခုကို i ဟု သတ်မှတ်ကာ ၎င်းကို ကိန်းတေး (imaginary unit) ဟုခေါ်သည်။ (ဖော်ပြပါ ပိုလီနိုမီရယ်ညီမျှခြင်းကို ရှင်းပါက ဟုထွက်ရာ i ကို -၁ ၏ နှစ်ထပ်ကိန်းရင်း (square root) ဟုလည်း ခေါ်ကြသည်။ i သည် -၁၏ နှစ်ထပ်ကိန်းရင်း ဖြစ်ပါက -i သည်လည်း -၁၏ နှစ်ထပ်ကိန်းရင်း တစ်ခုဖြစ်ကြောင်း သတိချပ်သင့်သည်။) အချုပ်ဆိုရသော် i ဆိုသည်မှာ နှစ်ထပ်ကိန်းတင်ပါက -၁ ရသည့် ကိန်းသစ်တစ်ခုဟု အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ မည်သည့်ကိန်းစစ်မဆို နှစ်ထပ်ကိန်းတင်ပါက -၁ မရနိုင်ရာ i မှာ ကိန်းစစ်မဟုတ်သည့် ကိန်းအသစ်တစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။ အထက်ပါ ကိန်းတေးကို အသုံးပြု၍ ကိန်းထွေးများကို အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ကိန်းထွေးတစ်ခု ဆိုသည်မှာ a+bi သဏ္ဌာန်ရှိသည့် ကိန်းတစ်တွဲလုံးကို ဆိုသည်။ ဤတွင် a နှင့် b မှာ ကိန်းစစ်များဖြစ်သည်။ သာဓက၊ ။ ကိန်းထွေး -2+(1/3)i ၏ ကိန်းစစ်ပိုင်း (real part) မှာ -2 ဖြစ်ပြီး ကိန်းတေးပိုင်း (imaginary part) မှာ 1/3 ဖြစ်သည်။ ယေဘုယျဆိုရသော် ကိန်းထွေး a+bi ၏ ကိန်းစစ်ပိုင်းမှာ a ဖြစ်၍၊ ကိန်းတေးပိုင်းမှာ b ဖြစ်သည်။ ပိုမိုကျယ်ပြန့်သော အထွေထွေခြုံကြည့်မှု (generalization) အားဖြင့်မူ ကိန်းစစ်တိုင်းမှာ ကိန်းထွေးဖြစ်သည်။ အကြောင်းမှာ ကိန်းစစ် 4 ကို 4+0i ဟူ၍ ရေးနိုင်သောကြောင့် ကိန်းစစ် ၄မှာ ကိန်းစစ်ပိုင်း ၄ရှိပြီး ကိန်းတေးပိုင်း သုညရှိခြင်းဖြင့် ဖော်ဆောင်နေသည့် ကိန်းထွေးတစ်ခုဖြစ်သည်။ သို့သော် ကိန်းထွေးတိုင်း ကိန်းစစ်မဟုတ်ပါ။ ပို၍ တိတိကျကျ ဆိုရသော် ကိန်းတေးပိုင်း သုညမဟုတ်သည့် ကိန်းထွေးတိုင်းမှာ ကိန်းစစ်များအတွင်း မပါဝင်ကြတော့။ ကိန်းထွေးစုကို သင်္ကေတ သုံး၍ ရေးနိုင်သည်။ ကိန်းထွေးအစုကို ပို၍စနစ်ကျစွာ အဓိပ္ပာယ်သတ်မှတ် တည်ဆောက်လိုပါက သဘောနက် အက္ခရာသင်္ချာ (abstract algebra) ရှိ ကွင်း (ring) များ တိုးချဲ့တည်ဆောက်ခြင်းဟူသည့် သဘောတရားကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်လိုပါက ဆိုသည်မှာ အပေါ်တွင် ကိန်းရင်းများဖြင့် ထပ်ဖြည့်တည်ဆောက်ထားသည့်အစု (algebraic closure of ) ဖြစ်သည်။ ကိန်းအမျိုးအစားအသီးသီးတို့ ဆက်နွယ်ချက် သဘာဝကိန်းတိုင်း ကိန်းပြည့်ဖြစ်သည်၊ ဤအချက်ကြောင့် သဘာဝကိန်းအစု သည် ကိန်းပြည့်အစု ၏ အစုငယ် (subset) တစ်ခုဖြစ်သည်ဟု ပြောလေ့ရှိသည်။ သင်္ကေတအားဖြင့် ဟူ၍ ရေးနိုင်သည်။ သို့သော် ကိန်းပြည့်တိုင်း သဘာဝကိန်း ဖြစ်သည်ဟု မဆိုသာ၊ သဘာဝကိန်းမဟုတ်သော ကိန်းပြည့်များ ရှိ၍ဖြစ်သည်။ ထို့ကြောင့် သဘာဝကိန်းစုနှင့် ကိန်းပြည့်စုနှစ်ခုမှာ မတူညီ။ ဤသည်ကို ဟု ရေးနိုင်သည်။ ဤ နှင့် နှစ်ချက်ကို ပေါင်း၍ ဟူ၍ ရေးနိုင်သည်။ ထိုအခါ ကိန်းစုအမျိုးမျိုးကြား ဆက်နွယ်မှုကို ဟု သင်္ချာသင်္ကေတများသုံး၍ ရေးနိုင်သည်။ ကိန်းပြည့်အမျိုးအစားများ စုံကိန်းနှင့် မကိန်း (Even vs. Odd) ကိန်းပြည့်များထဲတွင် ...၊ -၄၊ -၂၊ ၀၊ ၂၊ ၄၊ ... အစရှိသည်တို့ကို စုံကိန်းများဟု ခေါ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့် စား၍ပြတ်သော (ဝါ) အကြွင်းမကျန်သော ကိန်းပြည့်ဟူသမျှကို စုံကိန်းများဟု ခေါ်သည်။ သုညကို ၂ ဖြင့်စားလျှင် အကြွင်းသုညသာ ကျန်သောကြောင့် သုညသည်လည်း စုံကိန်းတစ်ခုဖြစ်သည်။ နှစ်ခုတွဲ အစုံလိုက် အစုံလိုက် တွဲ၍ရသော ပမာဏများ ဖြစ်သောကြောင့် စုံ ဆိုသည့် ဝေါဟာရကို သုံးခြင်းဖြစ်သည်။ မြန်မာပြည် ကျေးလက်ဒေသအချို့တွင် တစ်စုံကို “တစ်ပြူ”မြကေတု။ “ကလေးမှတ်ဉာဏ် တစ်ပြူ တစ်လံ။” စာပေတန်ဆောင်။ ၁၉၆၇။ ဟုလည်း ခေါ်လေ့ရှိရာ ကိန်းပြည့် ၂ ကို မြန်မာလို တစ်ပြူဟု ခေါ်သည်လည်း ရှိသည်။ မြန်မာကျေးလက်ရှိ ကလေးများ ရေတွက်တတ်စေရန် ၂၊ ၄၊ ၆၊ ၈၊ ၁၀ စသည့် စုံကိန်းပြည့်များကို “တစ်ပြူ၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုး” ဟု စကားပုံဆောင်၍ မှတ်သည်လည်း ရှိသည်။စုချစ်။ “တစ်ပြူ၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး (အကျိုး/ချိုး)။” စုချစ်သူ။ ၂၀၁၂။ စုံကိန်းမဟုတ်သော ကိန်းပြည့်များကို မ ကိန်းဟုခေါ်သည်။ ...၊ -၃၊ -၁၊ ၁၊ ၃၊ ... စသည့် ကိန်းပြည့်များမှာ မကိန်းများဖြစ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့်စားသောအခါ အကြွင်း ၁ ကျန်သော ကိန်းပြည့်ဟူသမျှကို မကိန်းများဟု ခေါ်သည်။ စုံကိန်းစုနှင့် မကိန်းစုကို သင်္ကေတအဖုံဖုံ သုံး၍ကိုယ်စားပြုတတ်ကြသည်။ အုပ်စုသီအိုရီ (group theory) မှလာသည့် နှင့် ကို စုံကိန်းစုနှင့် မကိန်းစု အသီးသီးတို့ကို ဖော်ပြရန် သင်္ချာပညာရှင်များကြားတွင် သုံးလေ့ရှိသည်။ သုဒ္ဓကိန်းပြည့်များ (Prime Integers) တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်တစ်ခုသည် ၎င်းကိန်းပြည့်ကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားဆခွဲကိန်းမရှိပါက ၎င်းကိန်းပြည့်ကို သုဒ္ဓကိန်းပြည့်ဟု အများအားဖြင့် ခေါ်ကြသည်။ တစ်နည်းဆိုရသော် သုဒ္ဓကိန်းတစ်ခုကို ၎င်းကိန်းကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားမည်သည့် အပေါင်းကိန်းပြည့်နှင့်မှ စား၍မပြတ်ပါ။ သာဓကအားဖြင့် ဆိုရသော် ၂၊ ၃၊ ၅၊ ၇၊ ... အစရှိသည်တို့မှာ အပေါင်းသုဒ္ဓကိန်းပြည့်များ ဖြစ်ကြသည်။ သုဒ္ဓကိန်းများ၏ လူသိများသော အထက်ဖော်ပြပါ အဓိပ္ပာယ်သတ်မှတ်ချက်အပြင် ပို၍ယေဘုယျကျသော၊ ပို၍တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ကို ကွင်းသီအိုရီ (ring theorey) တွင်တွေ့နိုင်သည်။ ၎င်းအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ယူနစ် (unit) (ဆိုလိုသည်မှာ တစ်နှင့် အနှုတ်တစ်) မဟုတ်သည့် ကိန်းပြည့် သည် ကိန်းနှစ်ခု၏မြှောက်လဒ် ကို စား၍ပြတ်ပါက ၎င်းကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း စား၍ပြတ်မှသာ (ဆိုလိုသည်မှာ သည် ကိုသော်လည်းကောင်း၊ ကိုသော်လည်းကောင်း စား၍ပြတ်မှသာ) ထိုကိန်းပြည့် ကို သုဒ္ဓကိန်းဟုခေါ်သည်။ သာဓကအရ ကိန်းပြည့် ၂ ကိုကြည့်ပါ။ မည်သည့်ကိန်းနှစ်ခု၏ မြှောက်လဒ်ကိုမဆို ၂ ဖြင့်စား၍ပြတ်ပါက ထိုကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း ၂ ဖြင့်စား၍ ပြတ်သည်၊ ထို့ကြောင့် ၂ သည် သုဒ္ဓကိန်းတစ်ခုဖြစ်သည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ကိန်းပြည့်စုထဲရှိ -၂၊ -၃၊ -၅၊ -၇၊ ... စသည်တို့သည်လည်း သုဒ္ဓကိန်းများ ဖြစ်ကြသည်။ သုဒ္ဓကိန်းများကို သင်္ချာသန့်သန့်နယ်ပယ်တွင်သာမက အသုံးချသင်္ချာ၊ သိပ္ပံနှင့် နည်းပညာ စသည့် ဘာသာရပ် နယ်ပယ်အသီးအသီးတို့တွင် တွေ့နိုင်သည်။ သုဒ္ဓကိန်းတို့၏ ဂုဏ်သတ္တိ မြောက်မြားစွာအနက် အချို့မှာ လူသိများသည်။ ကိန်းပြည့် ၂ သည် တစ်ခုတည်းသော အပေါင်း စုံ သုဒ္ဓကိန်းဖြစ်ပြီး၊ ကျန် အပေါင်း သုဒ္ဓကိန်းများမှာ မကိန်းများဖြစ်သည်။ တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်များကို သုဒ္ဓကိန်းများသက်သက်သာ သုံး၍ ဆခွဲကိန်း ခွဲနိုင်သည်။ (ဤအချက်ကို ဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ် Fundamental Theorem of Arithmetic ဟုခေါ်သည်။) သုဒ္ဓကိန်းများနှင့် ပတ်သက်၍ သက်သေမပြရသေးသောအဆိုများ (conjectures) များလည်းရှိ၏။ ၎င်းတို့အနက် “နှစ်ထက်ကြီးသော စုံကိန်းများကို သုဒ္ဓကိန်းနှစ်ခု၏ ပေါင်းလဒ်အဖြစ် ဖော်ပြနိုင်သည်” ဆိုသည့် ဂိုးဘ၏ အဆို (Goldbach's conjecture) သည် ထင်ရှားသည်။ အခြားကိန်းပြည့်အမျိုးအစားများ အထက်ဖော်ပြပါ ကိန်းပြည့်များအပြင် သင်္ချာနှင့် အခြားပညာရှင်များ လေ့လာစူးစမ်းသည့် အခြားကိန်းပြည့်အမျိုးအစားများလည်း ရှိသည်။ ထင်ရှားသော သာဓကများမှာ ဖီဘိုနာချီကိန်းစဉ်တန်း (Fibonacci sequence) (OEIS ရှိ A000045) နှင့် ဆခွဲပေါင်းကိန်းဟု ခေါ်ဆိုနိုင်မည့် perfect number (OEIS ရှိ A000396) တို့ဖြစ်သည်။ ကျန်ရှိသော ကိန်းစဉ်တန်းအမျိုးအစားများကို On-Line Encyclopedia of Integer Sequences (OEIS) တွင် ကြည့်နိုင်သည်။ ကိန်းထွးအမျိုးအစားများ ကိန်းစစ်နှင့် ကိန်းတေး (Real vs. Imaginary) အထက်ပါ ကိန်းထွေး ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ ကိန်းစစ်များဖြင့် မလုံလောက်သောအခါ ကိန်းထွေးများကိုလည်း အသုံးပြုရန်လိုအပ်လာသည်။ ကိန်းစစ်စုနှင့် ကိန်းထွေးစုတို့အကြား ဆက်နွယ်ချက်မှာ ဖြစ်သည်။ တစ်နည်းဆိုရသော် ကိန်းစစ်တိုင်း ကိန်းထွေးဖြစ်သော်လည်း ကိန်းစစ်မဟုတ်သော ကိန်းထွေးများလည်း ရှိသည်။ ထိုသို့ ကိန်းစစ်မဟုတ်သော ကွန်ကိန်းထွေးများကို ကိန်းတေးသီးသန့်များ (pure imaginary numbers) ဟု ခေါ်ဆိုသည်။ ထိုကိန်းတေးများသည် bi ပုံသဏ္ဌာန် (ဤတွင် b မှာ ကိန်းစစ်တစ်ခု) ရှိကြသည်။ သာဓက၊ ။ ကိန်းစစ်များကို ကိန်းစစ်မျဉ်းတစ်ခုတည်းဖြင့် ဖော်ပြ၍ ရသော်လည်း ကိန်းထွေးများကိုမူ ကိန်းမျဉ်းနှစ်ခု (ကိန်းစစ်ပိုင်းအတွက် အလျားလိုက်ဝင်ရိုး၊ ကိန်းတေးပိုင်းအတွက် ထောင်လိုက်ဝင်ရိုး) သုံးမှ ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြသည့်စနစ်ကို ကိန်းထွေးပြင် (complex plane) ဟုခေါ်သည်။ ကိန်းစစ်များသည် ကိန်းထွေးပြင်တွင် အလျားလိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်ပြီး၊ ကိန်းတေးများသည် ထောင်လိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်သည်။ ကိန်းတေး(သီးသန့်) အစုကို ဟု သင်္ကေတပြု၍ ဖော်ပြနိုင်သည်။ ရာရှင်နယ်ကိန်းစစ်နှင့် အီရာရှင်နယ်ကိန်းစစ် (Rational vs. Irrational) ရာရှင်နယ်ကိန်းများခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်တိုင်း ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်ဖြစ်သော်လည်း ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များလည်းရှိသည်။ ထို ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များကို အီရာရှင်နယ်ကိန်း (irrational number) (ဝါ) အပိုင်းကိန်း အတိဖော်ပြမှု မရနိုင်သည့် ကိန်းစစ်များ ဟု ခေါ်သည်။ တစ်နည်းဆိုရသော် အဆုံးလည်းမသတ်၊ ပြန်လည်းမထပ်သည့် ဒသမကိန်းများမှာ အီရာရှင်နယ်ကိန်းများဖြစ်သည်။ သာဓကအားဖြင့် နှင့် တို့မှာ အီရာရှင်နယ် (အတိမပြ)ကိန်းစစ်များ ဖြစ်ကြသည်။ အစုသီအိုရီရှိ အစုအရွယ်အစား (cardinality of a set) သဘောအရဆိုလျှင် ကိန်းစစ်စုအတွင်းရှိ ကိန်း “အားလုံးနီးပါး” (almost all) မှာ အီရာရှင်နယ်ကိန်းများဖြစ်ကြသည်။ (ဤတွင် “အားလုံးနီးပါး” ဟူသောအသုံးမှာ သာမန်မြန်မာစာ အသုံးမဟုတ်ဘဲ အစုသီအိုရီနှင့် အတိုင်းအတာသီအိုရီ (measure theory) ဆိုင်ရာ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက် ရှိသည်။) အီရာရှင်နယ်ကိန်းစစ်အစုကို ဟုသင်္ကေတပြုနိုင်သည်။ ကိန်းရင်းနှင့် ကိန်းလွန် (Algebraic vs. Transcendental) ကွန်ပလက်စ်ကိန်းတစ်ခုကို ကိန်းပြည့်အမြှောက်ကိန်း (integer coefficient) များသာပါဝင်သည့် ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ ကိန်းရင်းအဖြေ (root) အဖြစ်ဖော်ပြနိုင်ပါက ၎င်းကွန်ပလက်ကိန်းကို ကိန်းရင်းဟု ခေါ်သည်။ သာဓကဆောင်ရသော် -၃ မှာ ၏ အဖြေတစ်ခုအဖြစ် ဖော်ပြနိုင်သောကြောင့် ကိန်းရင်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်းတိုင်းမှာ a/b (ဤတွင် b မှာ သုညမဟုတ်) သဏ္ဌာန်ရှိ၍ ပိုလီနိုမီရယ်ညီမျှခြင်း၏ အဖြေဖြစ်ရာ ရာရှင်နယ်ကိန်းတိုင်းမှာ ကိန်းရင်းများဖြစ်သည်။ ထို့အတူ နှင့် တို့မှာ အီရာရှင်နယ်ကိန်းနှင့် ကိန်းယောင်အသီးသီး ဖြစ်သော်လည်း နှင့် တို့၏ မသိကိန်းအဖြေများ အသီးသီးဖြစ်သောကြောင့် ၎င်းတို့မှာလည်း ကိန်းရင်းများ ဖြစ်ကြသည်။ ကိန်းရင်းမဟုတ်သော ကိန်းထွေးများကို ကိန်းလွန်များ (transcendental numbers) ဟုခေါ်သည်။ တစ်နည်းဆိုရသော် ကိန်းပြည့်အမြှောက်ကိန်းသက်သက်ပါ ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ အဖြေအဖြစ် ဖော်ပြ၍မရသော ကိန်းထွေးများကို ကိန်းလွန်များဟု ခေါ်သည်။ သာဓကဆိုရသော် ၊ အစရှိသည်တို့ဖြစ်သည်။ အခြားကိန်း အမျိုးအစားများ အထက်ဖော်ပြပါ ကိန်းအမျိုးအစားများအပြင် တွက်ချက်နိုင်သောကိန်းများ (computable numbers)၊ “p-အခြေခံကိန်းများ” ဟုခေါ်ဆိုနိုင်မည့် p-adic ကိန်းများ၊ ဟိုက်ပါကွန်ပလက်စ် (hypercomplex) ကိန်းများ၊ စံမဟုတ်သည့် ကိန်းများ (non-standard numbers) စသည်ဖြင့် ကိန်း၏သဘောတရားကို ချဲ့ထွင်ပြုပြင်ထားသော ကိန်းများစွာလည်းရှိသေးသည်။ သမိုင်းကြောင်း ကိန်းများစတင်အသုံးပြုလာခြင်း သမိုင်းဦးမတင်မီခေတ်ကပင် ကိန်းများကိုစတင်အသုံးပြုလာသော အထောက်အထားများရှိသည်။ တိရစ္ဆာန်အရိုးစသည့် ပစ္စည်းများတွင် ကိုက်ရာများဖြင့် တာလီမှတ်ခဲ့သည်ဟု ခန့်မှန်းကြသည်။Marshak, A. The Roots of Civilisation; Cognitive Beginnings of Man’s First Art, Symbol and Notation. London: Weidenfeld & Nicolson, 1972, pp. 81ff. သို့သော် တာလီစနစ်တွင် နေရာလိုက်တန်ဖိုး (positional value) သဘောကို အသုံးမပြုသောကြောင့် အကန့်အသတ်များ ရှိသည်။ ရှေးအကျဆုံးသော ကိန်းစနစ်များဖြစ်သည့် အီဂျစ်၊ ရောမ၊ ဟီဘရူးနှင့် ဂရိကိန်းစနစ်များတွင် နေရာလိုက်တန်ဖိုးကို အသုံးမပြုသော်လည်း၊ အခြားကိန်းစနစ်များဖြစ်သည့် ဘေဘီလုံ ကိန်းစနစ်၊ အိန္ဒိယကိန်းစနစ်တစ်မျိုး၊ တရုတ်ကိန်းစနစ်တစ်မျိုးနှင့် မာယာကိန်းစနစ်တို့တွင် နေရာကို အခြေခံ၍ တန်ဖိုးတွက်သည့် သဘောကိုတွေ့နိုင်သည်။“Numeral system”. Encyclopædia Britannica. Encyclopædia Britannica Online. Encyclopædia Britannica Inc., 2014. Web. 25 Dec. 2014 . သုညကို စတင်အသုံးပြုလာခြင်း သုညကို စတင်၍ အမှတ်အသားပြုသူတို့မှာ ဆူမယ်ရီယန် (Sumerian) များဖြစ်သည်ဟု ခန့်မှန်းရသည်။Wallin, N. “The History of Zero. ” From YaleGlobal Online--Web. 25 Dec 2014. သို့သော် သုည၏သဘောတရား၊ သုည၏နေရာလိုက်တန်ဖိုး စသည်တို့ကိုမူ ဆူမယ်ရီယန်တို့ အသေအချာ နားလည်ခဲ့ပုံမရချေ။ သင်္ချာအခြေခံများကို အီဂျစ်တို့ထံမှ သင်ယူခဲ့သည့် ဂရိပညာရှင်သည်လည်း ထိုသဘောကို နားလည်ကြောင်း အထောက်အထား အခိုင်အမာ မတွေ့ရပေ။ သုညကို သင်္ကေတအဖြစ်သာမကဘဲ သဘောတရားတစ်ခုအဖြစ်ပါ အသေအချာ စတင်အသုံးပြုခဲ့သူများမှာ အိန္ဒိယလူမျိုးများဖြစ်သည်။ အိန္ဒိယမှ ဗြာဟ္မဂုတ္တ (Brahmagupta) သည် ၆၅၀စီအီးတွင် သုညကိုသုံး၍ ဂဏန်းသင်္ချာတွက်ချက်ခြင်းကို စနစ်တကျလုပ်ဆောင်ခဲ့သည်။ သင်္ကရိုက် (Sanskrit) ဘာသာဖြင့် သုညကို “sunya” ဟုခေါ်ရာမှ မြန်မာဘာသာရှိ ပါဠိမွေးစားစကားလုံး “သုည” ဖြစ်လာဟန်ရှိသည်။ အာရပ်ကုန်သည်များသည် အိန္ဒိယမှ ဟင်းခတ်အမွှေးအကြိုင်နှင့် အခြားကုန်ပစ္စည်းအသစ်အဆန်းများအပြင် ဗြာဟ္မဂုတ္တ၏ သင်္ချာကျမ်းကိုပါ ပြန်လည်သယ်ဆောင်လာကြရာ ၇၇၃စီအီးသို့ရောက်သော် (ယခုခေတ် အီရတ်နိုင်ငံရှိ) ဘဂ္ဂဒက်မြို့သို့ သုည၏သဘောတရား ရောက်ရှိပြီးဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် သုည၏သဘောတရား ပြန့်ပွားစည်ပင်လာရာ ကိုးရာစုနှစ်သို့ ရောက်သောအခါ မိုဟာမက် အီဘင်မူဆာ အယ်ခိုဝါရစ်ဇမီ (Mohammed ibn-Musa al-Khowarizmi) သည် သုညပါ ညီမျှခြင်းများကို စတင်လေ့လာခဲ့ပြီး မြှောက်ခြင်းနှင့် စားခြင်းတို့ကို အမြန်တွက်နည်းတို့ကိုလည်း တီထွင်တွေ့ရှိခဲ့သည်။ အယ်ခိုဝါရစ်ဇမီက သုညကို “sifr” ဟုခေါ်ခဲ့သည်။ ခုနှစ် ၈၇၉စီအီးသို့ရောက်သော် သုညကို မျက်မှောက်ခေတ်ရေးသားပုံအတိုင်း ဘဲဥပုံဖြင့် ရေးသားလာကြသည်။ စပိန်ပြည်တောင်ပိုင်းကို မောတို့ (Moors) သိမ်းပိုက်ရာမှစပြီး တစ်ဆယ့်နှစ်ရာစုအလယ်ပိုင်းသို့ ရောက်သောအခါ အယ်ခိုဝါရစ်ဇမီ၏ကျမ်းကို ဘာသာပြန်ထားသောကျမ်းများသည် အင်္ဂလန်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ ကုန်သွယ်စီးပွားရေးရာများတွင် သုညသည် အလွန်အသုံးဝင်သော်လည်း သုညနှင့် နေရာလိုက်တန်ဖိုးကို အသုံးပြုရေးသားထားသော နံပါတ်များကို တုပပြင်ဆင်ရေးသားရန် လွယ်ကူလွန်းသည်ဟုဆိုကာ ဥရောပရှိ အစိုးရများက သုညနှင့် အာရေဗျ ကိန်းစနစ်ကို ပိတ်ပင်ခဲ့သည်များလည်းရှိသည်။ သို့သော် ကုန်သည်များက လျှို့ဝှက်သုံးစွဲခဲ့ရာမှာ “sifr” ခေါ်သုည၏ အာရေဗျအမည်မှ ရွေ့လျောလာသည့် “cipher” ဆိုသည့် မျက်မှောက်ခေတ်စကားလုံးမှာ ဝှက်စာ ဟု အဓိပ္ပာယ်ရလာသည်။ နောင်တွင် ရနေးဒေးကား (Rene Descartes) ၏ နာမည်ကျော် ကာတေးရှန်း ကိုဩဒိနိတ်စနစ်တွင် လည်းကောင်း၊ အခြားသင်္ချာပညာရှင်များဖြစ်သည့် နယူတန် (Newton) နှင့် လိုက်ဘနစ် (Leibniz) စသည်တို့၏ လေ့လာမှုများတွင် သုညကို အသုံးပြုခဲ့ပြီး ကဲကုလပ်နှင့် အခြားသင်္ချာဆိုင်ရာ တိုးတက်မှုများ ပေါ်ပေါက်ခဲ့ပေသည်။ အနုတ်ကိန်းများ စတင်အသုံးပြုလာခြင်း အနုတ်ကိန်းဟူသည့် သဘောတရားကို အစောဆုံး ၁၀၀ ဘီစီအီး နှင့် ၅၀ ဘီစီအီးအကြားတွင် တရုတ်လူမျိုးတို့ သိမြင်နားလည်ခဲ့ပုံရသည်။Smith, M. K. “History of Negative Numbers.” From M326K: Foundations of Number Systems--Web. 25 Dec 2014. “သင်္ချာအနုပညာနှင့် ပတ်သက်သည့် အခန်းကိုးခန်း” အမည်ရ တရုတ်ကျမ်းတွင် ပုံသဏ္ဌာန်အမျိုးမျိုး၏ ဧရိယာရှာပုံရှာနည်းကို ဖော်ပြရာတွင် အပေါင်းအမြှောက်ကိန်း (positive coefficient) များကို အနီရောင်အစက်ပြောက်များနှင့်လည်းကောင်း၊ အနုတ်အမြှောက်ကိန်း (negative coefficient) များကို အနက်ရောင်အစက်ပြောက်များနှင့်လည်းကောင်း ကိုယ်စားပြုရေးသားထားသည်။Staszkow, R. and Bradshaw R. The Mathematical Palette (3rd ed.). Thomson Brooks/Cole, p. 41, 2004. သုံးရာစုနှစ်အတွင်းသို့ ရောက်သောအခါ ဂရိပညာရှင် ဒိုင်အိုဖန်တပ် (Diophantus) ၏ Arithmetica ခေါ် ဂဏန်းသင်္ချာကျမ်းတွင် ဟူ၍ ယခုခေတ်ပုံစံဖြင့် ရေး၍ရမည့် ညီမျှခြင်းကို ဖြေရှင်းရာတွင် ရရှိသည့် အနုတ်ကိန်းအဖြေကို အဓိပ္ပာယ်မရှိဟု ကျမ်းပြုသူကိုယ်တိုင် မှတ်ချက်ချဖူးသည်။ ဒိုင်အိုဖန်တပ်သည် အနုတ်ဂဏန်းပါ တွက်ချက်မှုအချို့ကို ပြုလုပ်ခဲ့သော်လည်း အနုတ်၏ ယေဘုယျသဘောတရားအကြောင်းကို ရှင်းလင်းရေးသားခဲ့ခြင်းမရှိပေ။Smith, David E. History of Mathematics, Vol. 2. Dover, p. 258, 1958. စီအီး ခုနစ်ရာစုသို့ ရောက်သောအခါမှသာ အိန္ဒိယပညာရှင် ဗြာဟ္မဂုတ္တ၏ကျမ်းတွင် နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို အနုတ်ကိန်းများသုံး၍ ဖော်ပြခဲ့သည်။Cajori, Florian. History of Mathematics, 5th ed. New York: Chelsea, p. 94, 1991. အနုတ်ကိန်းသုံး၍ တွက်ချက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများကိုလည်း ရေးသားခဲ့သည်။Katz, Victor J. A History of Mathematics: An Introduction, 2nd edition, Reading, MA: Addison-Wesley, p. 226, 1998. နောက်ပိုင်းရာစုများတွင် အနုတ်ကိန်းအကြောင်းကို ကမ္ဘာအရပ်ရပ်မှ ပညာရှင်တို့ မှတ်ချက်ပြုရေးသားခဲ့သော်လည်း ဤအနုတ်သဘောကို အလွယ်တကူ လက်ခံခဲ့ခြင်းမရှိပေ။ စီအီး ကိုးရာစု အရှေ့အလယ်ပိုင်းမှ အယ်ခိုဝါရစ်ဇမီက အနုတ်ကိန်းများကို အသုံးမပြုဘဲ နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို ခြောက်မျိုးခွဲ၍ရေးသားခဲ့ပြီးKatz, Victor J. A History of Mathematics: An Introduction, 2nd edition, Reading, MA: Addison-Wesley, p. 245, 1998.၊ တစ်ဆယ့်နှစ်ရာစု အိန္ဒိယမှ ဘက်ရှ်ကာရာ (Bhaskara) က အနုတ်ကိန်းရင်းအဖြေကို “မပြည့်စုံ၍၊ လူတို့သဘောမတူ၍ ယူစရာမလို”Cajori, Florian. History of Mathematics, 5th ed. New York: Chelsea, p. 93, 1991. ဟုလည်းကောင်း၊ ဆယ့်ငါးရာစု ဥရောပမှ ရှူကေး (Chuquet) က “အဓိပ္ပာယ်မရှိသော နံပါတ်များ” ဟူ၍လည်းကောင်း၊ ဆယ့်ခြောက်ရာစု ဥရောပမှ ရှတီဖယ်က သုညထက်နည်းသည့် အတုအယောင်ကိန်း အဖြစ်လည်းကောင်း၊ ဆယ့်ခုနစ်ရာစု ဥရောပမှ ဒေးကားက အနှုတ်ကိန်းရင်းများသော အဖြေမှားများ အဖြစ်လည်းကောင်း အသီးသီး ရေးသားခဲ့ကြသည်။ သမိုင်းအဆက်ဆက်မှ ပညာရှင်အချို့က အနုတ်ကိန်းကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းမျှသာလည်းကောင်း လက်ခံခဲ့သည့် ဖြစ်ရပ်များ ရှိသော်လည်း ၁၉ရာစု နောက်ပိုင်းရောက်မှသာ အနုတ်ကိန်းများကို တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာဟန်ရှိသည်။ ကိုးကား Category:သင်္ချာ Category:သဒ္ဒါ ကဏ္ဍ:ကိန်းများ ကဏ္ဍ:Fontfix
အနော်ရထာ
အနော်ရထာမင်းစော သည် ပုဂံဧကရာဇ်နိုင်ငံတော်အား တည်ထောင်သူ ဖြစ်သည်။ ပုဂံဘုရင်ကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည်။မြန်မာရာဇဝင်များအရ စတုတ္ထပုဂံခေတ်တွင်မင်းဖြစ်၍ရေတွက်သော၄၂ဆက်မြောက်မင်းဖြစ်လေသည်။စုက္ကတေးမင်းနဲ့စီးချင်းထိုး၍ပုဂံထီးနန်းကိုရယူခဲ့ခြင်းဖြစ်သည်။စတုတ္ထပုဂံခေတ်တွင်မင်းဖြစ်၍ရေတွက်သော၄၂ဆက်မြောက်မင်းဖြစ်လေသည်။ ထီးနန်းရရှိပုံ အနော်ရထာမင်းသည် ပထမ ဧကရာဇ်မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းဟုလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရားမြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော်တစ်ဦး ဖြစ်သည်။ ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် စုက္ကတေးနှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင် အရလည်းကောင်း၊ ကျောက်စာ များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။ ကွမ်းဆော်ကြောင်ဖြူမင်း ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် စစ်အင်အား စုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် မြင်းကပါ အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။ တိုင်းပြည်အတွက် ကြိုးပမ်းပုံ အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မကွေး၊ စစ်ကိုင်း၊ ကသာ၊ ပခုက္ကူ၊ မင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။ အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် မြစ်ငယ်မြစ်၊ ပန်းလောင်မြစ်နှင့် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။ စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် ကျန်စစ်သားသည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသူဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ဗျတ္တနှင့် ရွှေဖျဉ်းညီနောင် စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။ မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခွင်၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ ဗန်းမော်၊ မြစ်ကြီးနားဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်စောမွန်လှအား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။ သာသနာပြုခြင်း အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါး နှင့် အရညဝါသီ‌ တောရပ်‌စောင့်တည်မှုများကိုလည်းကောင်း အလုံးစုံကို ရောနှော၍ ကိုးကွယ်နေကြလေသည်။ထိုအချိန်သည်ထေရဝါဒဗုဒ္ဓသာသနာသည်မြန်မာတွင်မဆိုထားနဲ့နိုင်ငံတိုင်းတွင်းလည်းအတက်အကျဖြစ်နေသောအချိန်လည်းဖြစ်ပြန်သည်။ အနော်ရထာမင်းသည် ထိုကဲ့သို့ အယူဝါဒများရောထွေးယှက်တင်လျက် သူတလူငါတစ်မင်း​​ပြောဟောနေသည်တို့အား ကိုးကွယ်နေရခြင်းကို မနှစ်သက်သဖြင့် ရှင်းလင်းတိကျပြီး နာယူကျင့်ကြံဖို့ သင့်တော်‌လျောက်ပတ်သောတရားကို ညွန်ပြကာ မည်သည်က ဓမ္မ မည်သည်က အဓမ္မ၊ မည်သည်က ဝိနယ၊ မည်သည်က အဝိနယ အဆုံးအဖြတ်ပေးနိုင်မည့် သူမျိုးနှင့် ထိုသူ၏ အဆုံးအမမျိုးကိုသာ တောင့်တနေခိုက် အောက်ပြည်သထုံကို ကြွမ်(ဂျွမ်း၊ ခမာ)တို့ စစ်ပြုလာသောကြောင့် စစ်ရှောင်ရန် ပုဂံဘက်သို့ ထွက်ကြွလာသော ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာစဉ် မထေရ်၏ အပြုအမူ အနေအထိုင် အပြောအဆိုတို့ကိုကြည့်ကာ သဘောကျသဖြင့် သူ၏ အဆုံးအမတိုင်းသာ လိုက်ရန် ဆုံးဖြတ်‌လေသည်။ ထိုသို့ ဆုံးဖြတ်ပြီးနောက် ပုဂံတွင် အရောရောအနှောနှော ဖြစ်လျက်ရှိသည့် အယူဝါဒပေါင်းစုံနှင့်တကွ တခြားတန္တရဝါဒများ ထေရဝါဒရဟန်းများကို ရှင်အရဟံမထေရ်၏ အကူအညီ ယူလျက် စစ်ဆေးကာ ခွဲထုတ်ပြီး အသောကမင်းလက်ထက်တွင် ပြုမူသကဲ့သို့ သာသနာတော်သန့်ရှင်းရေး ပြုပြီး မင်းနှင့် တကွ တပြည်လုံး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်သို့ ပြန်တည်ကြသည်။ မြန်မာနိုင်ငံတွင် ဗမာမင်းနှင့် ပြည်သူတို့သည် သရေခေတ္တရာခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခဲ့ကြသူများ မှန်သော်လည်း တခြားတန္တရဝါဒများ ရောက်မလာသေး၍လည်းကောင်း၊ ရောက်လာသော်လည်း အားမကောင်းသေး၍လည်းကောင်း၊ ဘာသာရေးကို ရှေ့တန်းမတင်လွန်းသေး၍လည်းကောင်း သာသနာသန့်ရှင်းရေး စသည့်အလုပ်များ လုပ်ဆောင်မှု မရှိခဲ့ကြဘဲ မိမိတို့ ယုံကြည်ရာကိုသာ အဆင်ပြေသလို ကိုးကွယ်ကြရင်း အခြားသော အယူဝါဒရှိသူများကိုလည်း လက်ခံထားရင်း ရောနှောကိုးကွယ်လာခဲ့ကြရာက သာသနာတော်သန့်ရှင်းရေး ပြုလုပ်ကာ တသီးတသန့် နိုင်ငံတော်ဘာသာသဘောမျိုး သတ်မှတ်ပြီး ကိုးကွယ်မှုကို ပြုလုပ်မှုမှာ အနော်ရထာမင်းသည် အစောဆုံးဟု ယူဆနိုင်သည်။ တနိုင်ငံလုံးနီးနီး ဗုဒ္ဓဘာသာဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့သူမှာလည်း အနော်ရထာမင်းပင် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်းက ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်းက စတင် သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဗမာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၇၆ ( ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၇၆ ) က ပထမ စတင် သတ်မှတ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ နိုင်ငံတော်အနှံ့ရှိ ပိဋကတ်တော်မူ မျိုးအစုံတို့ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည်စသည်တို့ကိုလည်း ပုဂံနေပြည်တော်သို့ ‌‌ခေါ်ယူလေသည်။ ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို သရေခေတ္တရာသုံး ဗမာအက္ခရာများနှင့် ရေးထားသည့် ရှေးပိဋကတ်ကျမ်းများနှင့်လည်းကောင်း၊ သထုံမှ ရလာသည့် တလိုင်းအက္ခရာသုံး ပိဋကတ်ကျမ်းများနှင့်လည်းကောင်း ရှင်အရဟံဦးဆောင်သော ရဟန်းတော်များအား စစ်ဆေးအတည်ပြုစေပြီး ရှေးဟောင်း သရေခေတ္တရာသုံး ဗမာအက္ခရာကိုပင် ပြုပြင်ထားသော ပုဂံခေတ်သုံး ဗမာအက္ခရာဖြင့် ပေထက် တင်စေပြီးလျှင် ပုဂံမြို့တွင် ပိဋကတ်တိုက် ဆောက်၍ လှူဒါန်းလေသည်။ ထိုသို့ ပိဋကတ်တို့ကို သုဓ်သင်၍ ပေထက်တင်မှုမှာ သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်သကဲ့သို့ပင် ဖြစ်လေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။ ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ မူလရခိုင်ဒေသအမည်တွင်သော ရခိုင်ပြည် မြောက်ပိုင်း စစ်ပွဲတွင် ဗမာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး ဗမာ့လက်အောက်ခံ တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းကို ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။ မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းခုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ပုဂံရွှေစည်းခုံဘုရား ပုဂံ အနော်ရထာနှင့် သထုံ စစ်ပွဲ ရှင်အရဟံ၏ ပြောကြားချက်အရ အနော်ရထာမင်းသည် သထုံပြည်၌ ဗုဒ္ဓ၏ အဆုံးအမများကို မှတ်တမ်းတင်ထား‌ သော ပိဋကတ် ၃ ပုံ ရှိကြောင်းသိလေ၏။ ထို့ကြောင့် လိမ္မာသော အမတ်တစ်ယောက်ကို လက်ဆောင်ပဏ္ဏာ များ ဖြစ်ဖြင့် သယာချေငံစွာပြောဆို တောင်းယူစေ၏။ သို့သော် သထုံ မင်းသည် မချေငံသောစကားဖြင့် ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကိုကြားရလတ်သော် အမျက်ရှ၍ စစ်သည်ဗိုလ်ပါများ သူရဲ သူခတ် များဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီလေ၏။ သူရဲကောင်း လေးဦး ဖြစ်သော ကျန်စစ်သား,ငထွေးရူး,ငလုံးလက်ဖက်,ညောင်ဦးဖီး တို့ ကို ရှေ့ဖျားချီစေ၍ အနော်ရထားကား နောက်တပ်မ ပြု၍လိုက်လေ၏။ မနူဟာမင်းလည်း အနော်ရထာမင်းစော သူရဲကောင်းလေးဦးနှင့် စစ်ချီလာသည်ကို သိလေသော် ကြောက်ရွံ့ပြင်းစွာဖြစ်လေ၏။ မြို့တံခါးကို လုံစွာပိတ်၍ ခုခံလေ၏။ စစ်သည်ကြီးလေးဦး သည် မြို့ကို ဖောက်လေ၏။ သို့သော် မြို့တွင်းသို့ပင် ဝင်မရချေ။ ပယောဂ စီရင်သဖြင့်ဟုဆို၏။ ဇော်ဂျီဖိုဝင်သားစားခဲ့ဖူးသော ကုလားညီနောင် နှစ်ဦးအနက် အစ်ကိုဖြစ်သူကိုသတ်၍ မြို့လေးဖက်လေးလံတွင် မြုပ်၍စီမံထားသည်ဟု ညီဖြစ်သူက ပြောလေ၏။ ထို့ကြောင့် မြုပ်ထားသည်ကို ဆောင်ယူစေ၍ သထုံပြည်ကို သိမ်းလေ၏ဟူ၍ ပြောစမှတ်ဆိုရိုးရှိကြသည်။ အနော်ရထာမင်း သထုံကို တိုက်ခိုက်ချိန်သည် ခရစ်နှစ် ၁၀၅၇-၅၈ ခုနှစ်တွင်ဖြစ်ကြောင်း ကလျာဏီကျောက်စာက အတိအလင်းဆို၏။ ။ ရာမာဓိပတိ၏ ကလျာဏီကျောက်စာကို အေဒီ (၁၄၈၀)တွင်ရေးထိုး၍ သထုံကို အနော်ရထာ တိုက်ခိုက်ခြင်းအကြောင်း အစောဆုံးမှတ်တမ်းဖြစ်သည်။ သို့ရာတွင် အခြားခေတ်ပြိုင်မှတ်တမ်းများမတွေ့ရှိရသောကြောင့် ခိုင်မာစွာကိုးကားရန် ခဲယဉ်းသည်။ တိုက်ခိုက်ခဲ့လျှင်လည်း ရာဇဝင်တို့၌ ဖော်ပြထားသော သာသနာရေးအကြောင်းပြချက် တစ်ခုတည်းအတွက် တိုက်ခိုက်စစ်ဖြစ်ခြင်းသည် အမှန်ယူဆရန်ခက်ခဲပေသည်။ အခြားသောအခြေအနေများဖြစ်သည့် ဥပမာအားဖြင့် ကြွမ်(ဂျွမ်း၊ ခမာ) တို့ရန်ရှာမှုဖြင့် အောက်အရပ်၌ ဒုက္ခရောက်စဉ် အခွင့်ယူ၍ တိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တ-အကြိမ်)၊ p.137 မြစ်ဝကျွန်းပေါ်ဒေသရှိ စည်ကားသော ကုန်သွယ်မြို့တို့ကို သိမ်းယူရန်ဆိုသည့် ရည်ရည်ချက်လည်းဖြစ်နိုင်သည်။ အခြားဖြစ်နိုင်သည့် ယူဆချက်တစ်ခုမှာ ရှမ်းယွန်းများနှင် မွန်တို့မသင့်မြတ်သောကြောင့် မွန်တို့က ဝင်ရောက်ဖျန်ဖြေညှိနှိုင်းရန် အကူညီတောင်းခံရာ အခွင့်ကောင်းယူ၍ အောက်မြန်မာနိုင်ငံကို သိမ်းယူခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိသည်။ဒေါက်တာသန်းထွန်း - အသစ်မြင် မြန်မာသမိုင်း(ဒု-အကြိမ်)၊ p.48-49၊ စိတ်ကူးချိုချိုစာပေ နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာနိုင်ငံအပါဖြစ်သော ယိုးဒယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတစ်နိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။ ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “မဟာဇေယျဘယမင်း”ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနားပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယားရာဇဝင် တစ်ဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။ ယင်းသို့ နိုင်ငံတော်ကို ချဲ့ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန် ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။ ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တစ်ရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် ဗမာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း (၄၃)မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။ အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသော ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်ကလိမ့်ကျကာ ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။ (လုပ်ကြံခံရခြင်းဖြစ်နိုင်သည်။ ခိုင်မာသောကျောက်စာအထောက်အထားများမတွေ့ရှိရသေးပါ။) သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို (၃၃)နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူးမင်း နန်းတက်သည်။ မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား…… အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။ အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။ မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။ အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။ အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။ အရှေ့ တောင်ထောင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။ ကိုးကား ဦးကုလား မဟာရာဇဝင်ကြီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ကဏ္ဍ:မြန်မာ ဘုရင်များ Category:ပုဂံခေတ်
အဘိဓမ္မာပိဋကတ်
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာ၀တိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက် အနောဓာတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီး လက်ယာရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ် ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ရသည့်အားလျော်စွာ ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး လင်းနို့သားငါးရာဖြစ်ဖူးသော တပည့်ရဟန်းတော်များကို ပြန်လည်ပို့ချခဲ့သည်။ လူ့ပြည်ရှိ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်သည်။ အဘိဓမ္မာ အဘိဓမ္မာသည် သတ္တလောက၊ ဩကာသလောက၊ သင်္ခါရရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့် နိဗ္ဗာန် အကြောင်းအရာများကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်သည်။ အဘိဓမ္မာ ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ဟောကြားရာတွင် နားလည်လွယ်သော ဝေါဟာရများကို အခြေမခံပဲ အရှိအရှိအတိုင်း အမှန်အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ဟောပြသောတရားတော်များကို အဘိဓမ္မာတရားတော်များ စုစည်းရာနေရာဖြစ်သည်။ အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်း သုံးမျိုးရှိသည်။ (က) မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူခြင်း။ (ခ) စန္ဒကူးနံ့သာတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။ (ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။ အဘိဓမ္မာပိဋက နက်နဲခြင်း လေးမျိုး - အဘိဓမ္မာပိဋက ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဖော်ပြခြင်းမပြုဘဲ ဓမ္မဓိဌာန်ကျကျ ဟောပြထားခြင်းဖြစ်ပြီး - စကားအစဉ်၏ နက်နဲခြင်း၊ - အနက်အဓိပ္ပာယ်၏ နက်နဲခြင်း၊ - ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊ - မှန်ကန်စွာ သိရှိနားလည်ရန် နက်နဲခြင်းစသော နက်နဲခြင်းလေးမျိုးနဲ့ ပြည့်စုံပါတယ်။ ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့် ကာလကြာ၍ ပရိယတ္တိသာသနာကွယ်ပရာတွင် အဘိဓမ္မာပိဋကတ်က စ၍ကွယ်လိမ့်မည်ဟု အဋ္ဌကထာဖွင့်ပြတော်မူခြင်းဖြစ်ပါတယ်။ သာသနာကွယ်ပခြင်း - သာသနာကွယ်ပရာတွင် (၁) ပရိယတ္တိသာသနာကွယ်ခြင်း (၂) ပဋိပတ္တိသာသနာကွယ်ခြင်း (၃) ပဋိဝေဓသာသနာကွယ်ခြင်း (၄) ရဟန်းအသွင်ကွယ်ခြင်း (၅) ဓာတ်တော်၊ မွေတော်ကွယ်ခြင်းဟူ၍ ငါးမျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ ပြဆိုထားပါတယ်။ - အဘိဓမ္မာပိဋကတ်တွင်လည်း ပဌာန်းကျမ်းကစ၍ ကွယ်မည်ဟု ဖွင့်ဆိုသောကြောင့် နိုင်ငံအနှံ့အသံမစဲ ပဌာန်ရွတ်ဆိုပွဲများ ကျင်းပခြင်းများကို တွေ့မြင်နိုင်ပါတယ်။ အဘိဓမ္မာ ကျမ်းခုနှစ်ကျမ်း အဘိဓမ္မာတရားတော်ကို ဟောကြားပုံနည်းအရ ကျမ်းခုနှစ်ကျမ်းခွဲခြားထားသည်။ (၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ) (၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ) (၅) ကထာဝတ္ထု (၆) ယမိုက် (ယမက) (၇) ပဋ္ဌာန်း (ပဋ္ဌာန) အဘိဓမ္မာပိဋကတ်တော်လာ (၁) ဓမ္မသင်္ဂဏီ ပါဠိတော် ဗုဒ္ဓမြတ်စွာက ၁၂ ရက်တိုင်တိုင်ဟောကြားတော်မူသည်။ ဓမ္မ- တရား၊ သင်္ဂဏီ- ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ပါတယ်။ - အရှင်နာရဒထေရ်က တရားဓမ္မများကို အမျိုးအစားခွဲခြားပြခြင်းဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက သဘာဝဓမ္မများကို အကျဉ်းချုပ် ဟောကြားချက်များဟု ဖွင့်ဆိုသည်။ - လန်ဒန်ပါဠိစာပေအသင်းကြီး၏ ဥက္ကဋ္ဌ Mrs. Rhys David က ဓမ္မသင်္ဂဏီပါဠိတော်ကို A Buddhist manual of psychological ethics or Buddhist Psychology, of the 4th Century B.C သို့ ပြန်ဆိုခဲ့သည်။ (၂) ဝိဘင်း ပါဠိတော် မြတ်စွာဘုရားက ၁၂ ရက်တိုင်တိုင် ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က တရားကို ခွဲခြမ်းပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက ခွဲခြားစိတ်ဖြာနည်းဖြင့် အကျယ်တဝင့်ဟောကြားချက်များဟု ဖွင့်ဆိုသည်။ - ယင်းကျမ်းများသည် ဓမ္မသင်္ဂဏီကျမ်းတွင် ဟောကြားပြီးဖြစ်သော တရားများကိုပင် ထပ်မံချဲ့ထွင် ခွဲခြမ်းစိတ်ဖြာဟောကြားထားခြင်းဖြစ်သည်။ ဓမ္မသင်္ဂဏီကျမ်းတွင် စုပေါင်းရေတွက်သည့် ပရမတ္တတရားများကို ၁၈ ပိုင်းခွဲပြီး နည်း ၃ နည်းဖြင့် အကျယ်ဝေဖန်ပြသည့် ကျမ်းဖြစ်သည်။ နည်း ၃ နည်းမှာ ၁။ တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တနဘာဇနိယနယ) ၂။ အထက်တန်းတရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ) ၃။ တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှပုစ္ဆကနယ) တို့ဖြစ်ပါတယ်။ - ဆရာတော်အရှင်သေဠိလက The Book of ANALYSIS ဖြင့် ပြန်ဆိုခဲ့သည်။ (၃) ဓာတုကထာ ပါဠိတော် - ခြောက်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က ဓာတ်များကို ဆွေးနွေးခြင်း၊ - ဘိက္ခုသကျလောကပဏ္ဍိတက ဓာတ်သဘောတို့ဖြင့် ဟောကြားချက်များ။ - ဆရာတော်အရှင်နာရဒက Discourse on Elements အမည်ဖြင့် ပြန်ဆိုခဲ့သည်။ (၄) ပုဂ္ဂလပညတ် ပါဠိတော် - ခုနှစ်ရက်တိုင်တိုင် ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က ပုဂ္ဂိုလ်အမျိုးမျိုးကို သရုပ်ဖော်ခြင်းကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက ပုဂ္ဂိုလ်အမျိုးမျိုးဖြင့် ဟောကြားချက်များ - A Designation of Human Types အမည်ဖြင့် Bimala Charan Law, M.A., B.L က၎င်း၊ - ဒေါ်မြတင် (မဟာဝိဇ္ဇာ) က Puggala Pannatti ဖြင့် ပြန်ဆိုခဲ့သည်။ (၅) ကထာဝတ္ထု ပါဠိတော် - ရှစ်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။ - အရှင်နာရဒထေရ်က ဗုဒ္ဓဝါဒနှင့် ပရဝါဒတို့ကို ရှင်းလင်းပြခြင်းဟု အနက်ဖွင့်ပြီး၊ - ဦးရွှေဇံအောင်နှင့် Mrs. Rhys David တို့က Points of Controversy or Subjects of Discourse ဖြင့် ပြန်ဆိုခဲ့သည်။ (၆) ယမိုက် ပါဠိတော် - ရက်ပေါင်း ၂၀ တိုင်တိုင် ဟောကြားခဲ့သည်။ - အရှင်နာရဒထေရ်က အစုံလိုက်ပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊ - ဘိက္ခုသကျလောကပဏ္ဍိတက စုံတွဲနည်းတို့ဖြင့် ဟောကြားချက်များဟု ဆိုပါတယ်။ - The Books on Pairs အဖြစ် ဆရာတော်ဦးနာရဒက ပြန်ဆိုပါတယ်။ - ယမိုက် ၁၀ မျိုးရှိပြီး မူလယမိုက်၊ ခန္ဓယမိုက်၊ အာယတနယမိုက်၊ ဓာတုယမိုက်၊ သစ္စယမိုက်၊ သင်္ခါရယမိုက်၊ အနုသယယမိုက်၊ စိတ္တယမိုက်၊ ဓမ္မယမိုက်၊ ဣနြ္ဒိယယမိုက်တို့ကို (မူ၊ ခန်၊ အာ၊ ဓါ၊ သစ်၊ သင်္ခါ၊ နုသယ၊ စိတ္တ၊ ဓမ္မ၊ ဣန္ဒြေ ဆယ်ထွေ) ဟု အတိုကောက်မှတ်သားနိုင်ပါတယ်။ (၇) ပဋ္ဌာန်း ပါဠိတော် - ၂၅ ရက်တိုင်တိုင် ဟောကြားခဲ့သည်။ - အလွန်ကျယ်ပြန့်သော တရားတော် (အတိဝိတ္ထာရဒေသနာ) - မကျယ်လွန်း၊ မကျဉ်းလွန်းသော တရားတော် (နာတိဝိတ္ထိရ နာတိသင်္ခေပဒေသနာ) - အလွန်ကျဉ်းသော တရားတော် (အတိသင်္ခေပဒေသနာ) - အရှင်နာရဒထေရ်က ကြောင်းကျိုးဆက်နွယ်မူ့ကိုပြသောကျမ်း - ဘိက္ခုသကျလောကပဏ္ဍိတက အကြောင်းအမျိုးမျိုးဆက်တို့ဖြင့် ဟောကြားချက်များ - ဆရာတော် ဦးနာရဒက Conditional Relations အမည်ဖြင့် ဘာသာပြန်ဆို - ပိဋကတ်သုံးပုံပါ ပဋ္ဌာန်းကျမ်းမှာ မကျဉ်းမကျယ်ဖြစ်ပါတယ်။ - ပဌာန်း ၂၄ ကျမ်း ဆိုသည်မှာ ကျမ်းလေးကျမ်း (၁) ဓမ္မနုလောမာ ပဋ္ဌာန်း၊ (၂) ဓမ္မပစ္စနီယ ပဋ္ဌာန်း၊ (၃) ဓမ္မနုလောမာ ပစ္စနီယပဋ္ဌာန်း၊ (၄) ဓမ္မပစ္စနီယနုလောမာ ပဋ္ဌာန်းတို့ပါဝင်ပြီး ကျမ်းတစ်ကျမ်းစီတွင် (၁) တိက၊ (၂) ဒုက (၃) ဒုကတိက (၄) တိကဒုက (၅) တိကတိက (၆) ဒုကဒုကဟူ၍ ကျမ်းငယ်ခြောက်စုံဆီပါ၍ ၂၄ ကျမ်း သို့ ၂၄ ပစ္စည်းဟုခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ ပြင်ပလင့်ခ်များ အဘိဓမ္မာ(မြန်မာပြန်) အဘိဓမ္မာ(အင်္ဂလိပ်) Category:အဘိဓမ္မာပိဋကတ်
ဓမ္မစေတီခေါင်းလောင်းကြီး
ဓမ္မစေတီ ခေါင်းလောင်းကြီး 200px|centerခေါင်လောင်းတော်ဘွဲ့ အဝိန္ဒဆောက် ခေါင်းလောင်းတော် အလေးချိန် ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀) အတိုင်းအတာ အဝ(၈)တောင်၊ စောက် (၁၂) တောင်သွန်းလုပ်သည့်နေ့ သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် သက္ကရာဇ် (၉၇၄)ခုနှစ်ကျော်ကြားမှု ပျောက်ဆုံးနေမှုကြောင့် | right| ယခု ရွှေတိဂုံ စေတီတော် ခေါင်းလောင်းကြီးမြုပ်နေသောနေရာ ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၎င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။ စဉ့်ကူးမင်းခေါင်းလောင်းတော် စဉ့်ကူးမင်း ခေါင်းလောင်းတော် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၄-ခုနှစ်တွင် ရွှေတိဂုံစေတီတော်မှ ယူဆောင်ရာ လှိုင်မြစ်တွင်း ကျနေရစ်ခဲ့သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှတ်ခဲ့သော် ၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက်သို့ ပြန်ပို့ခဲ့သည်။ ဗြိတိသျှတို့၏ ကြိုးပမ်းမှု ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထည့်ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၎င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။ မြန်မာအစိုးရ၏ ကြိုးပမ်းမှု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ရှာဖွေခွင့်လျှောက်ထားသူ ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ပါဝင်သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ၁၉၈၇-ခုနှစ်တွင်၎င်း၊ ၁၉၈၉-ခုနှစ် ဇူလိုင်လတွင်၎င်း၊ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရန် ဒေါပုံမြစ်ဝ မြစ်သုံးဆိုင် ရေပြင်ကျယ်၌ ကွင်းဆင်းဆည်ယူမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ခေတ်မီကိရိယာပစ္စည်းများ မပြည့်စုံ၍၎င်း၊ မြစ်ရေ၊ ဒီရေ အဟန့်အတားများကြောင့် ဩဂုတ်လတွင် ဆယ်ယူမှုလုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့သည်။ (ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ၁၉၈၇ ခုနှစ်တွင် ဦးကျော်ဦးဆောင်သော အဖွဲ့မှ လည်းကောင်း၊ ၁၉၈၉ တွင် ဦးသိန်းထွန်းနှင့် အဖွဲ့ကလည်းကောင်း ကြိုးစားခဲ့သည်ဟု သိရသည်။) ၁၉၉၅-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၇-ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်လူမျိုး ရေငုပ်သမား ဂျင်ဘလန့် (Jim Blunt)က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဆောင်ရွက်ခဲ့သည်။ (သုံးလအတွင်း ခေါင်းလောင်းရှာဖွေရန် ၁၁၅ ကြိမ် ရေငုပ်ခဲ့ဖူးသည်။ ခေါင်းလောင်းကြီးကို လက်ဖြင့် ထိတွေ့ခဲ့ပြီး ခေါင်းလောင်းအနီးတွင် သင်္ဘောပျက်ရှိကြောင်း ၁၆ ဒီဂရီ ၄၆ ဒသမ ဝ၀ဝ မိနစ်မြောက်နှင့် ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့တွင် တည်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။) ၁၉၉၆-ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြား အဖွဲ့အစည်းက ကမ်းလှမ်းချက်ကို လက်ခံပြီး ခေါင်းလောင်းကြီးကို ရှာဖွေခွင့်ပြုခဲ့ရာ ခေါင်းလောင်းတည်နေရာကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့သည်။ သို့သော် ခေါင်းလောင်းကြီး အပေါ်သို့ တင်ယူရေးအတွက် အခက်အခဲများ ရှိကြောင်း တင်ပြခဲ့သည်။ ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က မြန်မာနည်း၊ မြန်မာ့ဟန် မြန်မာ့အဆင့်မြင့် နည်းပညာဖြင့်အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာ ခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိခဲ့သည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀၀၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။ (အလားတူ ၁၉၉၇၊ ၉၈၊ ၉၉ ခုနှစ်များ ဦးစံလင်းမှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လည်းကောင်း၊ ၁၉၉၈ တွင် ဒေါ်အေးသိန်းနှင့် အဖွဲ့မှလည်းကောင်း ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခဲ့သည်။) frame | မိုက် ဟက်ခြာ မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့သည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၎င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့သည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရန်ပုံငွေရှာခဲ့သည်။ ၎င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၎င်း စွန့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖော်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။ ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၎င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။ မိုက် ဟက်ခြာ နှင့် ၎င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေညာချက်ကြောင့် လူအများ ၎င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သော်လည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝ၀ ဇူလိုင်လ တွင် ၎င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။လျှပ်တပြက်ဂျာနယ် ၂၀၁၀-ခုနှစ်၊ မတ်လ(၅)ရက်နေ့ထုတ် (၂၀၁၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံ မှတ်တမ်းသတင်းရိုက်ကူးသူနှင့် စူးစမ်းရှာဖွေသူ မစ္စတာ ဒါမီယန်လေးနှင့်အဖွဲ့ အသံလှိုင်း ပြန်ကိရိယာဖြင့် မြစ်ကြောင်းတစ်လျှောက် စကန်လုပ်ကြည့်သည့်အခါ ခေါင်းလောင်းပုံ နှင့်အလွန်တူသော ပုံရိပ်တစ်ခုကို ဖမ်းရသည့်တိုင် ခေါင်းလောင်း ဟုတ်မဟုတ် ကို မပြောနိုင်သေးကြောင်း ဆက်လက်ရှာဖွေရန် လိုအပ်ကြောင်းသာ ပြောကြားခဲ့သည်။) ဂြိုဟ်တုမှ တွေ့ရှိ ၂၀၁၂-ခု၊ မတ်လ(၁၆)ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။ ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။ “ဩစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။ Flower News Journal၂၀၁၂-ခု၊ မတ်လ(၁၆)ရက် လွှတ်တော် တင်ပြခြင်း ၂၀၁၂ ခုနှစ် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအံ့က ရှေးခေတ်မွန်လူမျိုးတို့၏ လက်ရာတစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက် စင်ကာပူနိုင်ငံ အက်စီမက်စ် အင်တာနေရှင်နယ်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အကုန်အကျခံ၍ သင်္ဘောများ ငှားရမ်းရှာဖွေရန် ကမ်းလှမ်းထားကြောင်းနှင့် နည်းပညာ၊ အတတ်ပညာ၊ ပညာရှင်အား၊ ငွေအင်အား လိုအပ်သော ပစ္စည်းကိရိယာများ ပြည့်စုံမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက် ရန်ရှိကြောင်း ဖြေကြားခဲ့သည်။ အလားတူပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအစည်းအဝေးတွင်လည်း ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြောင်းနှင့် ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ခေါင်းလောင်းဆယ်ယူရန် ကမ်းလှမ်းသည့် ကုမ္ပဏီ အနေဖြင့်လည်း ငွေကြေး၊ အတတ်ပညာပြည့်စုံပြီး အဆင်သင့်ဖြစ်သော ကုမ္ပဏီ မဖြစ်သည့်အပြင် ပွဲစားသဘောမျိုးသာ ကမ်းလှမ်းသည့်အတွက် ပျက်ပြယ်သွားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် ကျိုက်ထီးဆောင်းဆရာတော်နှင့် စင်ကာပူမှ ကုမ္ပဏီတို့က ကြိုးပမ်းကြသည်။ စတင်ဆယ်ယူ ၂၀၁၄-ခုနှစ်၊ ဩဂုတ်လ(၁၁) ရက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က စတင်ဆယ်ယူသည်။ ကျမ်းကိုး ပြင်ပအင်တာနက်စာမျက်နှာအညွှန်း ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းကြီး ၃ လုံး Category:မြန်မာ့ ယဉ်ကျေးမှု
ပဋ္ဌာန်း
စစ်ကိုင်း ရှင်ပင်နံကိုင်းစေတီတော်၊ "ပဋ္ဌာန်းအစ နံကိုင်းက" ဟူ​သောအဆိုမှာ စစ်ကိုင်း​တောင်၌ ပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲများြပဳလုပ်​လေ့ရိှပြီး ပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲကို ၁၃၃၉ ခုနှစ်တွင် ဇဗ္ဗူမဂ်လာ​ချောင်ဆရာ​တော်ဘုရားကြီးက စတင်ကျင်းပခဲ့သည်ကို မှတ်သား၍ ​ပေါ်​ပေါက်လာသည်ဟုဆိုကြသည်။ ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။ အမည်ရှင်းလင်းချက် ပဋ္ဌာန်း ဟူသည်မှာ ပ နှင့် ဌာန နှစ်ခုပေါင်းဖြစ်ကာ ပ ဆိုသည်မှာ အမျိုးမျိုးအစားစား များပြားသော၊ ဌာန ဆိုသည်မှာ အကြောင်း ဟု အသီးသီး အဓိပ္ပာယ်ရသည်။ အခြားအမည်တစ်မျိုးမှာ အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း ဖြစ်ကာ အနန္တနယ (အဆုံးမရှိသောကျမ်း) နှင့် သမန္တ (ထက်ဝန်းကျင် အဆုံးမရှိသောနည်းလမ်းတို့ဖြင့် တန်ဆာဆင်သော ထက်ဝန်းကျင်ပြည့်စုံသော ကျမ်း) ဟု ခေါ်ကြသည်။ ထို့ကြောင့် ပဋ္ဌာန်း ဟူသည်မှာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားသော တရားတော်ဖြစ်သည်။ အပိုင်းအခြား လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို ၃ မျိုးခွဲခြားကြသည်။ အတိဝိတ္ထာရ ဒေသနာ အတိ သင်္ခေပဒေသနာ နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဟူ၍ ဖြစ်သည်။ အတိဝိတ္ထာရ ဒေသနာ သည် မြတ်စွာဘုရား တာ၀တိံသာနတ်ပြည်၌ ဟောကြားသော အပြည့်အစုံပဋ္ဌာန်း ဖြစ်သည်။ အတိ သင်္ခေပဒေသနာ သည် နတ်ပြည်တွင် အသံမစဲ တရားဟောနေစဉ် နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဓာဝန်ဆောင်ဖို့ လူပြည်သို့ဆင်းကာ ဝတ်ပြုလာသော အရှင်သာရိပုတ္တရာကို ဟောကြားသည့် ဒေသနာတော် ဖြစ်သည်။ အလွန်အတိုချုပ်ဟောသော်လည်း အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနှင့် တန်ဆာဆင်ပြီး အကျယ်သိနိုင်သည်။ နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ သည် မကျဉ်းလွန်း၊ မကျယ်လွန်းသော တရားတော်ဟု အဓိပ္ပာယ်ရသည်။ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း ၅၀၀ ကို ပြန်ဟောသော တရားဖြစ်သည်။ လက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာတွင် သင်ကြားဟောပြောနေသော ပဋ္ဌာန်းတရားတော် ဖြစ်သည်။ ဘုရားရှင် ပဋ္ဌာန်းကို ဟောကြားရာတွင် ပုစ္ဆာဝါရ (အမေး)၊ ဝိသဇ္ဖနာဝါရ (အဖြေ) နှင့် သင်္ချာဝါရ (သရုပ်ခွဲ) ဟူ၍ သုံးမျိုးဟောကြားတော်မူသည်။ အမေးပုစ္ဆာပေါင်း ၄၀၄,၉၄၈,၅၃၃,၂၄၈ ရှိသည်ဟု ဆိုသည်။ ယင်းအတွက်ကြောင့် ပဋ္ဌာန်းကို မဟာ ပကရဏကျမ်း (ကြီးကျယ်ခမ်းနားသောကျမ်း) ဟူ၍လည်းခေါ်သည်။ ပဋ္ဌာန်းကို ၃ မျိုးအားဖြင့် ခွဲခြားဝေဖန်ကြသည်။ ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်းဝေဖန်ခြင်း ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ်ဝေဖန်ခြင်း ပရိနိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း။ ချုံ့ထားသည့် ပဋ္ဌာန်းမှာ ၅ ကျမ်းဖြစ်သည်။ စာမျက်နှာ ၂၆၄၀ ရှိပြီး ရွတ်ဖတ်ချိန် ၁၃၂ ခန့်ကြာမြင့်သည်။ ကျမ်းကြီးအနေဖြင့် ပဋ္ဌာန်းကျမ်းကြီး ၄ မျိုး ရှိသည်။ ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဟူ၍ ဟောပုံဟောနည်းအရ ကျမ်း ၄ မျိုးရှိသည်။ စုစုပေါင်း ၂၄ ကျမ်းဖြစ်သည်။ ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် အောက်ပါအတိုင်းပြန်ခွဲသည်။ ဓမ္မာနုလောမ တိက ၂၂ ကျမ်း၊ ဓမ္မာနုလောမ ဒုက ၁၀၀ ကျမ်း၊ ဓမ္မာနုလောမ ဒုက တိက ၆,၆၀၀ ကျမ်း၊ ဓမ္မာနုလောမ တိက ဒုက ၄,၄၀၀ ကျမ်း၊ ဓမ္မာနုလောမ တိကတိက ၁,၃၈၆ ကျမ်း၊ ဒုက ဒုက ၁၉,၈၀၀ ကျမ်း ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အကျယ်တွင် ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ ကျမ်း ဖြစ်သည်။ သို့အတွက် စုစုပေါင်း ၁၂၉,၂၃၂ ကျမ်းဖြစ်သည်။ ပဋ္ဌာန်းကို နက်နဲမှုအရ ၄ မျိုးခွဲနိုင်သည်။ ဂမ္ဘီရ ၄ မျိုးဟုလည်း ခေါ်သည်။ ဓမ္မ ဂမ္ဘီရ = ဝေါဟာရ စကားလုံးနက်နဲခြင်း အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပာယ် နက်နဲခြင်း ဒေသနာ ဂမ္ဘီရ = ဟောပုံဟောနည်း နက်နဲခြင်း ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်သည်။ ပစ္စယုဒ္ဒေသပါဠိ ဟေတုပစ္စယော အာရမ္မဏပစ္စယော အဓိပတိပစ္စယော အနန္တရပစ္စယော သမနန္တရပစ္စယော သဟဇာတပစ္စယော အညမညပစ္စယော နိဿယပစ္စယော ဥပနိဿယပစ္စယော ပုရေဇာတပစ္စယော ပစ္ဆာဇာတပစ္စယော အာသေဝနပစ္စယော ကမ္မပစ္စယော ဝိပါကပစ္စယော အာဟာရပစ္စယော ဣန္ဒြိယပစ္စယော ဈာနပစ္စယော မဂ္ဂပစ္စယော သမ္ပယုတ္တပစ္စယော ဝိပ္ပယုတ္တပစ္စယော အတ္ထိပစ္စယော နတ္ထိပစ္စယော ဝိဂတပစ္စယော အဝိဂတပစ္စယောတိ အဓိပ္ပာယ်များ မြန်မာပြန် အကျဉ်း ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ) အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ) အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ)) အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား အာသေဝနပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား ဝိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား သမ္ပယုတ္တပစ္စယော- တသားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား ဝိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား ဝိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား အဝိဂတပစ္စယောတိ- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား မြန်မာပြန် အကျယ် ဟေတုပစ္စယော ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေ ခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊ နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်မှုမရှိခြင်း၊ အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီးယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊ စေတသိတ်တရားတို့အား အလိုသို့လိုက်၍ဖြစ်စေခြင်းဖြင် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကို ဟောတော်မူသည်။ အာရမ္မဏပစ္စယော အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။ အဓိပတိပစ္စယော အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ စကြဝတေးမင်းသည် ပြိုင်ရဲသူပြိုင်သူမရှိလောက်အောင် ဇွဲ၊ လုံ့လအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊ အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊ လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊ အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကို ဟောတော်မူသည်။ အနန္တရပစ္စယော အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား စကြာဝတေးမင်းနတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊ နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။ သမနန္တရပစ္စယော ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းတောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကို ဟောတော်မူသည်။ သဟဇာတပစ္စယော တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဆီမီးသည် ညှိထွန်းသည်နှင့် တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ ပြုပြခြင်းသင်္ခါရ၊ အသိရှိမှု ဝိဉာဏ်ဟူသော နာမ်ခန္ဓာလေးပါးတို့ကို တပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကို ဟောတော်မူသည်။ အညမညပစ္စယော အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။ သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကို ဟောတော်မူသည်။ နိဿယပစ္စယော မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို ဟောတော်မူသည်။ ဥပနိဿယပစ္စယော အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊ လယ်ယာမြေ၊ တော၊ တောင်အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊ သမထ၊ ဝိပဿနာ၊ ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကို ဟောတော်မူသည်။ ပုရေဇာတပစ္စယော ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ ကမ္ဘာဦး၌ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊ လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကို ဟောတော်မူသည်။ ပစ္ဆာဇာတပစ္စယော နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သားကောင်း၊ သမီးကောင်းများသည် ဥစ္စာပညာပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့်သတ္တိက အရှင်ဗာကုလမထေရ်အားမသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ ရုပ်တရားတွေ လန်းဆန်းတည်တံ့နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကို ဟောတော်မူသည်။ အာသေဝနပစ္စယော အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက်အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊ အကုသိုလ်တရားများအတွက် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကို ဟောတော်မူသည်။ ကမ္မပစ္စယော ပြုလုပ်စီရင်ခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊ အညွန့်၊ အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကို ဟောတော်မူသည်။ ဝိပါကပစ္စယော အကျိုးရလဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုက်ခတ်လာသော လေပြေ၊ လေညှင်း၊ လေနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊ နတ်ဘုံတို့၌ခံစားရမည်။ အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊ တိရစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကို ဟောတော်မူသည်။ အာဟာရပစ္စယော ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ထောက်ကန်ထားသော အကူဒေါက်တိုင်သစ်သားသည် အိမ်အို၊ အိမ်ဟောင်းအား လေဒဏ်၊ မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် သုံးဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန်အတွက် ရုပ်အာဟာရ၊ နာမ်အာဟာရနှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။ ဣန္ဒြိယပစ္စယော အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊ မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်သကဲ့သို့ ဣန္ဒြေ(၂၂)ပါးရှိရာတွင် စက္ခုဣန္ဒြေဟူသော မြင်သိစိတ်သည် မြင်သိစိတ် အားသာသောတိန္ဒြေဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကို ဟောတော်မူသည်။ ဈာနပစ္စယော ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တောင်ထိပ်ဖျား၊ သစ်ပင်ဖျားသို့ တက်၍ကြည့်သောသူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ဈာန်ငါးပါး၊ ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊ အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကို ဟောတော်မူသည်။ မဂ္ဂပစ္စယော ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ ကူးတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊ သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။ သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊ သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊ သမ္မာသမာဓိ (ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည် ကောင်းသည့်အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိ ချမ်းသာစစ်ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကို ဟောတော်မူသည်။ သမ္ပယုတ္တပစ္စယော အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာရည်၊ (နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ ဟူသောခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။ ဝိပယုတ္တပစ္စယော အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။ အတ္ထိပစ္စယော ပစ္စုပ္ပန်၌ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊ သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အစားအသောက်အာဟာရကို ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကို တည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ ရေ၊ မီး၊ လေ ဟူသော မဟာဘုတ်တရားတို့သည် ထိုတရားကို ခြယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။ နတ္ထိပစ္စယော မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။ ဝိဂတပစ္စယော ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။ အဝိဂတပစ္စယော မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊ လိပ်တို့နှင့်မကင်း၊ မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက် ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။ ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်သည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ပစ္စယနိဒ္ဒေသပါဠိ ၁။ ဟေတုပစ္စယောတိစာ-၁၈-၃၁၊ အရှင်ဇနကာဘိဝံသ (၁၉၇၃)။ အခြေပြုပဋ္ဌာန်းတရားတော်။ http://www.buddhanet.net/pdf_file/patthana.pdf- ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ၂။ အာရမ္မဏပစ္စယောတိ- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ၃။ အဓိပတိပစ္စယောတိ- ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ယံယံ ဓမ္မံ ဂရုံ ကတွာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ၊ တေတေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိ ပစ္စယေန ပစ္စယော။ ၄။ အနန္တရပစ္စယောတိ- စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိ ကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ၅။ သမနန္တရပစ္စယောတိ- စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ ၆။ သဟဇာတပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။ ၇။ အညမညပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။ ၈။ နိဿယပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ သောတယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ၉။ ဥပနိဿယပစ္စယောတိ- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ ဥတု ဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ၁၀။ ပုရေဇာတပစ္စယောတိ- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။ ၁၁။ ပစ္ဆာဇာတပစ္စယောတိ- ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ၁၂။ အာသေဝနပစ္စယောတိ- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ ၁၃။ ကမ္မပစ္စယောတိ- ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ၁၄။ ဝိပါကပစ္စယောတိ- ဝိပါကာစတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။ ၁၅။ အာဟာရပစ္စယောတိ- ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ၁၆။ ဣန္ဒြိယပစ္စယောတိစာ-၅၈၊ သာသနာရေးဦးစီးဌာန(၂၀၀၈)။ ဝတ်ရွတ်စဉ်။- စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ၁၇။ ဈာနပစ္စယောတိ- ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။ ၁၈။ မဂ္ဂပစ္စယောတိ- မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ ၁၉။ သမ္ပယုတ္တပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ၂၀။ ဝိပ္ပယုတ္တပစ္စယောတိ- ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပယုတ္တပစ္စယေန ပစ္စယော။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပယုတ္တပစ္စယေန ပစ္စယော။ ၂၁။ အတ္ထိပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ၂၂။ နတ္တိပစ္စယောတိ- သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။ ၂၃။ ဝိဂတပစ္စယောတိ- သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။ ၂၄။ အဝိဂတပစ္စယောတိ- စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။ ကိုးကား ပြင်ပလင့်ခ်များ ပဋ္ဌာန်းဒေသနာတော် - တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ ဦးသုမင်္ဂလ ရွတ်ဖတ်တော်မူသော ပဋ္ဌာန်းဒေသနာတော် အသံဖိုင် ပဌာန်း(၂၄)ပစ္စည်းအကျယ် တရားတော်များ ပဌာန်း ၂၄ ပစ္စည်း သရုပ်ဖော်ပုံပြ ၂၄ ပစ္စည်း ရုပ်စုံရှင်းလင်းချက်များ Category:အဘိဓမ္မာပိဋကတ်
ကဏ္ဍ:လများ
Category:ပြက္ခဒိန် Category:သက္ကရာဇ်စဉ် Category:အချိန်၏ ယူနစ်များ
ဗမာလူမျိုး
ဗမာလူမျိုး () သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက် လူဦးရေအများဆုံးသော လူမျိုးစုဖြစ်သည်။တရုတ်-တိဗက် အုပ်စုခွဲ တိဗက်-ဗမာ စကားပြောအုပ်စု တွင်ပါဝင်သည်။ မြန်မာနိုင်ငံ လူဦးရေ ၏ ၆၈.၇၈% သို့မဟုတ် ၃၆ သန်းခန့်မျှရှိသည်။မြန်မာနိုင်ငံအလယ်ပိုင်းဧရာဝတီမြစ်ဝှမ်းတ‌လျှောက်တွင်အခြေချနေထိုင်သူများဖြစ်ကြသည်။တရုတ်-တိဗက်မိသားစုပြန့်နှံတည်ရှိမှု ဗမာလူမျိုးတို့သည် တိဗက်-ဗမာနွယ်(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်Meaning of Mongoloid | Infoplease ဟု မြန်မာသမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့် မိုးစွေကာလဟု ခေါ်ရသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့် တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်သည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ ရှုခင်းကား ဖြစ်မည် ထင်ရသည်။ မြန်မာတို့သည် ခရစ် ၁၁ရာစုနှစ်မှ စ၍ ဗုဒ္ဓသာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓသာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့သည်။ မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။ မနုဿသမိုင်းအရ ဗမာလူမျိုးစုတို့သည် ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်ဆီးပြီးချိန် မတိုင်မီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြသည်။ အေဒီ ၁၀ ရာစုမတိုင်မီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမီတွင် မြစ်သား ၆ ခရိုင်၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျှောက်တွင် မွန်ဂို၊ တရုတ်၊ ထိုင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ဒုတိယပြည်ထောင်စု(ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး)တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျှောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ အပြီးတွင် မဏိပူရ၊အာသံ၊တနင်္သာရီနှင့်ရခိုင် ဒေသများကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ ကျ‌ရောက်ခဲ့ပြီး ၁၉၃၇ ခုနှစ်အထိ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ နိုင်ငံတော်အစိုးရ ကိုအာဏာသိမ်း ပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီ ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၆ နှစ်အကြာ ၈၈၈၈အရေးခင်း ကြောင့် တစ်ပါတီစနစ်ပျက်သုဉ်းသော်လည်း စစ်တပ်မှ နောက်တစ်ကြိမ် အာဏာသိမ်းကာ ၂၀၁၀ထိ ၁၉ နှစ်ကြာ နဝတ နအဖ စသောကောင်စီအမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ပြီး ကုလသမဂ္ဂ‎၊ အာဆီယံ၊ WTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။ |ရန်ကုန်မြို့ရှိ နတ်စင်တစ်စင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း ၄,၀၀၀ ကျော်ခန့်အချိန်က ဗမာလူမျိုးတို့သည် တရုတ်နိုင်ငံ အနောက်မြောက်ဘက် ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ သက်သေအထောက်အထားအားဖြင့် ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။ တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံးအဆောင်များမှာ အတော်အတန်အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီး ခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန်ညီသောယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။ တရုတ်တို့၏အင်အားကြီးမားစွာနယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့် အဆိုပါလူမျိုးစုသည် တောင်ဘက်ဒေသများသို့ ရွှေ့ပြောင်းလာကြသည်။ ထိုသို့ လွတ်လပ်မှုအတွက် ရွှေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ အနှစ် ၃,၀၀၀ နီးပါးမျှတိမ်ကောခဲ့ရသည့်ယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှုကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ်ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပုဂံတွင်အခြေချသည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ်ကျေးမှုနှင့် ယှဉ်လျှင် များစွာကွာခြားခဲ့ပြီး ရောနှောထားသည့် ယဉ်ကျေးမှုများအား လိုတိုးပိုလျှော့ပြုလုပ်ခြင်းဖြင့် ပိုမိုသစ်လွင်ကောင်းမွန်သော ယဉ်ကျေးမှု အဆင့်အတန်းကို ဖန်တီးတီထွင်နိုင်ခဲ့ကြသည်။ သို့ဖြင့် ခရစ်နှစ်၇ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်းများတွင် မန်းမန် ဟုခေါ်သည့် လူရိုင်းအုပ်စုကြီးအဖြစ် တည်ရှိခဲ့သည်။ ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီးအကဲဖြစ်သူကို မင်း၊မင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင်သူများဖြစ်လာသည်။ သို့သော် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။ ထိုစဉ်ကပင် အိမ်ကြက်ကို မွေးမြူနေပြီဖြစ်သည်ဟု သိရှိရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်သည် ဟုဆိုသည်။ စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမက အမျိုးသမီးများပါ မြင်းကိုကျွမ်းကျင်စွာ စီးနင်းနိုင်သည်။ လေးမြားအတတ်တွင် ကျင်လည်ကာ အဆိပ်လူးမြားဖြင့်လည်း ရန်သူကိုတိုက်ခိုက်လေ့ရှိသည်။ ခြေတံရှည်အိမ်များတည်ဆောက်နေထိုင်သည်။ ဘောင်းဘီဝတ်ဆင်လေ့ရှိပြီး ခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။ ၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ် ၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။ စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံးပါဝင်ရလေ့ရှိသည်။ မန်းမန်စစ်သည်များသည် အလွန်သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား ဖမ်းဆီးရမိ၍ မည်သို့ပင်ရိုက်နှက်စစ်ဆေးစေကာမူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြောပြမည်မဟုတ်ဟု ဆိုသည်။ မျိုးရိုးဗီဇ ဗမာလူမျိုးများသည်မြန်မာမြေပေါ်သို့ ပြောင်းရွေ့အခြေချလာသော တရုတ်-တိဗက်အုပ်စု မျိုးရင်းဝင်များဖြစ်သဖြင့် ဗမာတို့၏အဖမျိုးရိုးဗီဇတွင် ပါဝင်သော O နှင့် C ကဲ့သို့သော haplogroup များအဓိက လွှမ်းမိုးထားကြသည်၊ ထိုမျိုးရိုးဗီဇသည် တရုတ်၊တိဗက် ဒေသများမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ပြောင်းရွေ့နေထိုင်မှုကို ထင်ဟပ်စေသည်။ ဗမာလူမျိုးများတွင်တွေ့ရသောY-DNA haplogroup များတွင် O-M175 haplogroup သည် ဗမာလူမျိုးများတွင်တွေ့ရအများဆုံး haplogroup ဖြစ်ပြီး ဗမာလူဦးရေတော်တော်များများကိုလွှမ်းမိုးထားသည်။ Wang, C.-C., et al. (2021). "The genomic formation of human populations in East Asia." Nature, 591(7850), 413–419. O-M175ကိုအုပ်စုခွဲခြားလျှင် အရှေ့အာရှသား(တရုတ်၊တိဗက်)လူမျိုးများတွင်တွေ့ရသည့် တရုတ်နွယ်နှင့်တိဗက်-ဗမာနွယ်တို့ကိုချိတ်ဆက်ထားသည့် ဗမာလူမျိုးတို့၏ မူလအဖမျိုးရိုး O2 (O-M122) နှင့် မွန်-ခမာအုပ်စု၊ခရာ-ဒိုင်အုပ်စုတို့ နှင့် ချိတ်ဆက်ထားသော O1b1a1a (O-M95)ကဲ့သို့သော haplogroup များကိုအဓိကတွေ့ရသည်။ Karafet, T. M., et al. (2005). "Y chromosome haplogroups and male lineage expansion in East Asia." American Journal of Human Genetics, 77(3), 437–451. Hallast, P., et al. (2021). "Human paternal and maternal demographic histories: insights from high-resolution Y chromosome and mtDNA sequences." iScience, 24(5), 102392. C-M217 haplogroup မျိုးရိုးဗီဇသည် ဗမာလူမျိုးများကြားတွင် တွေ့ရလေ့ရှိသည်။ ရှေးဟောင်းမွန်ဂိုလူမျိုးများနှင့် ဆက်နွယ်မှုများဖြစ်သည်။ ရှေးဟောင်း ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာသူများ သမိုင်းတလျှောက် မွန်ဂိုနှင့်တရုတ် နိုင်ငံများမှာ ကျူးကျော်မှုများ၊ ပြောင်းရွေ့နေထိုင်မှုများ ၏သက်ရောက်မှုများဖြစ်နိုင်သည်။ Underhill, P. A., et al. (2001). "The phylogeography of Y chromosome binary haplotypes and the origins of modern human populations." Annals of Human Genetics, 65(1), 43–62. Zhong, H., et al. (2010). "Global distribution of Y-chromosome haplogroup C reveals the prehistoric migration routes of African exodus and the peopling of East Asia." European Journal of Human Genetics, 18(9), 1047–1052. D-M174 haplogroup သည် ဗမာလူမျိုးများအတွင်းတွေ့ရနည်းသည်။ တိဗက်၊နာဂ နှင့် အက်ဒမန်ကျွန်းသားများတွင်တွေ့ရပြီး ဟိမဝန္တာတောင်တန်းများမှ ရွေ့ပြောင်းလာမှုများ၏ သက်ရောက်မှုဖြစ်သည်။ Gayden, T., et al. (2007). "Y-chromosomal evidence of a past migration from India to Australia." BMC Genetics, 8, 12. Q-M242 ကဲ့သို့သော အာရှတိုက် အလယ်ပိုင်းနှင့် ဆိုက်ဘေးရီးယားမှ haplogroup များကိုလည်း ~၁%-၂% ဗမာလူမျိုးများအကြားတွေ့နိုင်သည်။ ပြောင်းရွေ့လာသော တိဗက်-ဗမာအုပ်စုဝင်ဗမာလူမျိုး၏ဘိုးဘေး များသည် ယောက်ျားသားအများစုပါဝင်မည်ဟုယူဆပြီး ဒေသခံအမျိုးသမီးများနှင့်လက်ထပ်ခဲ့မည်ဟုယူဆနိုင်သည်။ haplogroup M နှင့် N(အထူးသဖြင့် M7၊ M21နှင့် N9) စသောအရှေ့အာရှနှင့်အရှေ့တောင်အာရှ တွင်တွေ့ရများသော မိခင်မျိုးရိုးများတွေ့ရများသည်။ Kivisild, T., et al. (2002). "The role of selection in the evolution of human mitochondrial genomes." Genetics, 158(1), 479–488. Li, H., et al. (2007). "Paternal genetic affinity between Western Austronesians and Daic populations." BMC Evolutionary Biology, 7, 47. ဗီယက်နမ်နှင့်ဟန်တရုတ်လူမျိုးများတွင်တွေ့ရသော Haplogroup F နှင့် ပစိဖတ်သမုဒ္ဒရာကျွန်းသားများ နှင့်အရှေ့အာရှ (တရုတ်၊ကိုရီးယား၊ဂျပန်၊မွန်ဂိုးလီးယား) ဒေသများတွင်တွေ့ရသော Haplogroup B၊ တောင်အာရှတွင်တွေ့ရသော Uနှင့်M2 မျိုးလည်းတစ်ခါတစ်ရံတွေ့ရသည်။ မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီးထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်လည်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊ နဂိုကပင်လွတ်လပ်မှုကို အလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ်နှစ် ၉ ရာစုမတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။ အရှေ့တောင်အာရှတစ်ခွင် နေရာဒေသအတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစ်မည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။ သို့ဖြင့် ပူပြင်းစိုစွတ်သော ငှက်ဖျားရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင်ရှားကာ မြန်မာနိုင်ငံ၏ ဗဟိုဒေသ၊ ပူအိုက်ခြောက်သွေ့ကာ ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေချလေတော့သည်။ မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အား ခုခံသူမရှိမည့် လမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ကို စုန်ဆင်းကာ မြောက်ပိုင်းရှမ်းပြည်နယ်ကို ဖြတ်သန်းကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက်သည်။ ထို့နောက် စိုက်ပျိုးမြေကောင်းမွန်သည့် ကျောက်ဆည်နှင့် မင်းဘူးဒေသများကို မွန်၊သက်၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟုဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့ လူဦးရေအတိုးအပွားပေါ်တွင် အခြေပြုကာ ဝါးမျိုခြင်းလည်း ရှိနိုင်သည်။) ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ် အလယ်ဗဟိုတွင်ရှိသည့် ပုဂံကိုထူထောင်သည်။ ထိုနောက် မိမိအရင်လူမျိုးများဖြစ်သည့် ပျူနှင့် မွန်တို့ထံမှ ဘာသာစကား၊ဘာသာရေး နှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲလာကြသည်။ ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့်ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့သည်။ ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ်ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာ စိုက်ပျိုးရေးကို အကြီးအကျယ်တိုးချဲ့သည်။ တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်သည်။ သို့ဖြင့် ရွှေဘို၊မုံရွာ၊ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလေးအစရှိသည့် ဒေသများတွင်လယ်စိုက်ပျိုးကြပြီး အခြားမြေဩဇာညံ့ဖျင်းသည့် အရပ်များတွင် ကွမ်း၊ထန်း အစရှိသည့် ဥယျာဉ်ခြံများကို လုပ်ကိုင်ကြသည်။ အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ ဤသို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသကြီးတစ်ခုလုံးအား စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခဲ့ခြင်းမှာ အလွန်ပင်ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသောအောင်မြင်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှု ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ပိုးချည်ဖောက်ထားသော ကွင်းလုံချည်ကို ဝတ်ဆင်၍ပခုံးတွင်ပဝါလွှား ရင်တစ်ဖက်တစ်ချက်တွင်ချထားသည်။ ဗမာအမျိုးသမီးများသည်ဆံ ပင်ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများမှာ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။ ဘာသာရေးနှင့်စာပေ ဘာသာရေး ဘာသာအယူဝါဒအားဖြင့် အစပထမတွင် မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရသည်။ အနော်ရထာမင်း လက်ထက်တွင် ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်းက ဟိနယာနဟုခေါ်သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။ သို့သော် သမိုင်းတစ်လျှောက်တွင် မဟာယာန နွယ်သော ပွဲကျောင်းအလေ့အထများ၊ ရိုးရာနတ်နှင့် ဟိန္ဒူဆိုင်ရာအလေ့အထများကို ညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ရသည်။ သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ်တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်သည့် ဗိဿနိုးနတ်ကို ပင့်ဖိတ်ပသခြင်း၊ တောင်ငူနန်းဆက်တွင်လည်း တောင်တွင်းရှင် မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဆက်များတွင် ဗားမဲ့၊ ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်း အစရှိသည်တို့ကိုတွေ့ရသည်။ စာပေ ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီး ရုံးသုံးစာအဖြစ်၊ မြန်မာစာအဖြစ် သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေးအသားတွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ဘဲ မွန်ဘာသာစကားပြောဆိုမှုကို မှီငြမ်းကာ အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှ ရယူခဲ့သော်ငြား ကိုယ်ပိုင်အက္ခရာကို တီထွင်ပြောဆိုရေးသားခဲ့ကြသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှု အဓိပ္ပာယ် ဖော်နိုင်ရန်ခက်ခဲနေရသည်။ ဗမာတို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှုကိုမှီငြမ်းပြု၍ သီးခြားယဉ်ကျေးမှု တည်ထောင်ရန် အားထုတ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင် စာ-၂၅ ၌ တွေ့ရသည်။ မြန်မာ့သမိုင်းဆရာတို့က မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟု ယူဆကြသည်။ ပျူစာမှဆင်းသက်ရိုးမှန်လျှင် ပျူစာမှသည် မြန်မာစာဖြစ်လာစေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး ရှိရမည်။ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာက သက်သေခံလျက် ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ မြန်မာ၊ ပျူ၊ မွန် ဟူ၍ စာပေလေးမျိုးဖြင့် တစ်ပြိုင်တည်း ရေးထိုးထားသည်ကိုတွေ့ရှိနိုင်သည်။ ယင်းကျောက်စာမှာ အကြောင်းအရာတစ်ခုတည်းကို စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟူသောအဆိုမှာ ခိုင်လုံသောအထောက်အထားမဟုတ်ချေ။ အလားတူစွာ မွန်စာမှဆင်းသက်လာသည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင် မွန်စာလည်း ပါရှိနေပြီးဖြစ်သောကြောင်းတည်း။ ယနေ့ထိ လူတို့သည် ပျူစာကိုကောင်းစွာ ရေရေလည်လည် ဖတ်တတ်သူဟူ၍ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့် မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်တည်း။ ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင်စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ရကြလျက် မွန်နှင့်ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျက် နောင်အခါ မြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကိုမှီလျက် ၁၁ ရာစုတွင် ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်ဟူ၍ ကောက်ချက်ချ ရေးသားခဲ့သည်။ အသစ်တွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် ရာဇကုမာရ်ကျောက်စာ ထက် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုသည်။ ဘာသာစကား ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံးပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူ၊ပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။သံလွင်: သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိစောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့ - BBC Burmese - မြန်မာ့ရေးရာ ရခိုင်စာ မပါဝင်ကြောင်း သိရသည်။ ထင်ရှားသောဗမာလူမျိုးများ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) မြန်မာစာပေပညာရှင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို သခင်စိုး သခင်သန်းထွန်း ဦးကျော်ငြိမ်း ဒေါက်တာဘမော် ကိုဗဟိန်း ဦးဗဆွေ ဦးမြင့်သိန်း ဗိုလ်မှူးချုပ် ကျော်ဇော ဗိုလ်မှူး စိန်မှန် မြို့မ-ဦးသန်းကြွယ် ဒေါက်တာသန်းထွန်း ဗိုလ်မှူးချုပ်အောင်ကြီး ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရ ဦးတင်ဦး နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် ဗိုလ်ချုပ်မှူးကြီးနေဝင်း ဗိုလ်ချုပ်မှူးကြီး စောမောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ လင်းယုန်နီ ချစ်ဦးညို မောင်စွမ်းရည် အောင်သင်း ဆရာစံ သခင်ဖိုးလှကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်စံဖဲ ဗမာလူမျိုးစု မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဗမာလူမျိုးစု (၉)စု ရှိသည်။ အက္ခရာစဉ်အတိုင်း စဉ်ထားသည်။ ကတူးလူမျိုး ကနန်းလူမျိုး ဆလုံလူမျိုး တောင်သားလူမျိုး ထားဝယ်လူမျိုး ဖွန်းလူမျိုး ဗမာလူမျိုး မြိတ်လူမျိုး ယောလူမျိုး ကျမ်းကိုး မြန်မာသမိုင်းပုံ- ဒေါက်တာသန်းထွန်း Category:မြန်မာနိုင်ငံလူမျိုးများ Category:ဗမာလူမျိုးစု
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သထုံလမ်း ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာ (JICA) ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိသည်။ လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာ ကျော်ရွှေ ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ဆောင်ပုဒ်မှာ ဥပဌာနံ အနုကမ္ပါ ဒယာ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ဆရာဝန်တစ်ဦးဖြစ်သောကျွန်ုပ်သည် ဝေဒနာရှင် လူနာအား ဥပဌာနံ = စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။ အနုကမ္ပါ = ကိုယ်ကျင့်တရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်။ ဒယာ = လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူ၍ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။ သမိုင်းကြောင်း မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။ ဦးဆောင်မှု ၁၉၆၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ပါမောက္ခချုပ်က ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ - ကာလ အမည်၁၉၆၄-၁၉၇၀ သီရိပျံချီ ပါမောက္ခ ဒေါက်တာ ဘသန်း၁၉၇၁-၁၉၇၂ ဒေါက်တာဖေကျင်၁၉၇၂-၁၉၈၄ ဒေါက်တာထွန်းမင်း၁၉၈၄-၁၉၈၇ ပါမောက္ခ ဒေါက်တာလှမြင့်၁၉၈၇-၁၉၈၈ ပါမောက္ခ ဒေါက်တာတင်အောင်စိုး၁၉၈၈-၁၉၉၁ ပါမောက္ခ ဒေါက်တာမောင်မောင်စိန်၁၉၉၁-၁၉၉၆ ပါမောက္ခ ဒေါက်တာမြဦး၁၉၉၆-၁၉၉၇ ပါမောက္ခ ဒေါက်တာကျော်မြင့်ထွန်း၁၉၉၇-၁၉၉၈ ပါမောက္ခ ဒေါက်တာကျော်မြင့်၁၉၉၈-၂၀၀၇ ပါမောက္ခ ဒေါက်တာမျိုးမြင့်၂၀၀၇-၂၀၀၉ ပါမောက္ခ ဒေါက်တာအေးမောင်ဟန်၂၀၀၉-၂၀၁၁ ပါမောက္ခ ဒေါက်တာဖေသက်ခင်၂၀၁၁-၂၀၁၃ ပါမောက္ခ ဒေါက်တာသန်းချို၂၀၁၃-၂၀၁၅ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၂၀၁၅-၂၀၂၁ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ၂၀၂၁ - လက်ရှိ ပါမောက္ခ ဒေါက်တာကျော်ရွှေ သင်ကြားမှုကာလ ပညာသင်နှစ် အချိန်ကာလပထမနှစ် ၁ နှစ်ဒုတိယနှစ် ၁ နှစ်ခွဲတတိယနှစ် ၁ နှစ်စတုတ္ထနှစ် ၁ နှစ်ပဉ္စမနှစ် ၁ နှစ်ခွဲအလုပ်သင်ဆရာဝန် ၁ နှစ်ပညာသင်နှစ်စုစုပေါင်း ၇ နှစ် ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ နှင့် စာရင်းအင်း ပညာ ရူပဗေဒ ဓာတုဗေဒ ဇီဝဗေဒ(ရုက္ခဗေဒနှင့် သတ္တဗေဒ) လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ လူသားခန္ဓာဗေဒ မိတ်ဆက် ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ တိုင်းရင်းဆေး ဒုတိယနှစ် အမ်ဘီဘီအက်စ် ခန္ဓာဗေဒ ဇီဝကမ္မဗေဒ ဇီဝဓာတုဗေဒ တတိယနှစ် အမ်ဘီဘီအက်စ် အထွေထွေ ရောဂါဗေဒ အဏုဇီဝဗေဒ ဆေးဝါးဗေဒ ဆေးပညာလက်တွေ့ ခွဲစိတ်ကုပညာလက်တွေ့ သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ် နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ် ဥပဒေရေးရာဆေးပညာ ဥပဒေရေးရာဆေးပညာ လက်တွေ့ကွင်းဆင်းလေ့လာရေး ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်) ရောဂါဗေဒ နှင့် သွေးပညာ ဆေးပညာ ခွဲစိတ်ကုပညာ သားဖွားနှင့်မီးယပ်ပညာ ကလေးကျန်းမာပညာ သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။ နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ် ကလေးကျန်းမာပညာ ဆေးပညာ သားဖွားနှင့် မီးယပ်ဆေးပညာ ခွဲစိတ်ကုပညာ အလုပ်သင်ဆရာဝန် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ- ဘာသာရပ် အချိန်ကာလ ကလေးကျန်းမာပညာ ၂ လခွဲ ပြည်သူ့အကျိုးပြု ဆေးပညာ ၂ ပတ် ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်) ၃ လ သားဖွားနှင့် မီးယပ်ဆေးပညာ ၃ လ ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်) ၃ လ အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ ဒေါက်တာဦးအေးမောင်ဟန် နာဂသိန်းလှိုင် ဒေါက်တာဖေသက်ခင် ဆက်စပ်ကြည့်ရှုရန် ဆေးတက္ကသိုလ်(၂) ရန်ကုန် ဆေးတက္ကသိုလ် (မန္တလေး) ဆေးတက္ကသိုလ် (မကွေး) ဆေးတက္ကသိုလ် (တောင်ကြီး) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ကိုးကား Category:ရန်ကုန်မြို့ Category:ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များ Category:ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ Category:ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ Category:မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ Category:မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များ
တက္ကသိုလ်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ။ တက္ကသိုလ် () ဆိုသည်မှာ အထက်တန်းပညာနှင့် ဗဟုသုတများကို စနစ်တကျပို့ချရာ ‌ကျောင်းကြီးများကို ခေါ်သည်။ ‌ရှေးယခင်က တက္ကသိုလ်များသည် စာ‌ပေပညာ၌ ဝါသနာပါသူတစ်စုက အထက်တန်းပညာရပ်များကို သင်ကြား‌ပေးရန် ဖွဲ့စည်းထား‌သော အဖွဲ့အစည်းများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌မူ နိုင်ငံ‌တော်အစိုးရ သို့မဟုတ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ဘုရင်မင်းမြတ်တို့က ချာတာ‌ခေါ် အထူးအခွင့်အ‌ရေး ‌ပေး‌သောစာချုပ်ဖြင့် တည်‌ထောင်ခွင့်ပြု‌သော အထက်တန်းပညာ ရပ်များကို သင်ကြားပို့ချ‌ပေးသည့် ‌ကျောင်းကြီးများကိုသာ တက္ကသိုလ်ဟု‌ခေါ်သည်။ ယင်းတို့သည် သတ်မှတ်ထား‌သော စည်းကမ်းနှင့် အဆင့်အတန်းပြည့်စုံသူများအား စာ‌မေးပွဲဖြင့် စစ်‌ဆေးပြီး‌နောက် ဘွဲ့ထူးဂုဏ်ထူးများ ‌ပေးအပ်နိုင်‌လေသည်။ ဘွဲ့ထူးဂုဏ်ထူးမ‌ပေးမီ တက္ကသိုလ်၌ တက်‌ရောက်သင်ကြားရန် နှစ်ပိုင်း၊ သင်တန်းတက်အချိန်‌ပေါင်း ‌ဖြေဆို ရမည့်စာ‌မေးပွဲများ ကို သတ်မှတ်ထား‌လေသည်။ တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာဖြင့် ယူနီဗာစီတီဟု ‌ခေါ်သည်။ ယင်းစကားသည် လက်တင်စကား "ယူနီဗာစီတပ်"မှ လာ၍ အဖွဲ့အစည်းဟူ‌သော အဓိပ္ပာယ်ရသည်။ ပညာလိုလားသူများနှင့် ဆရာများစု‌ပေါင်း၍ အဖွဲ့အစည်းကြီးများ တည်‌ထောင်ရာမှအစ ဥ‌ရောပတိုက်တွင် ယူနီဗာစီတီ‌ခေါ် တက္ကသိုလ်‌ကျောင်းကြီးများ ‌ပေါ်‌ပေါက်လာခြင်း‌ကြောင့်ဖြစ်သည်။ ယင်း အဖွဲ့အစည်းသို့ နိုင်ငံ‌ပေါင်းစုံမှ ပညာလိုလား‌သော ‌ကျောင်းသားတို့ လာ‌ရောက်ပညာသင်၍ ထိုသူတို့အား ဆရာတို့က ‌ထောက်ခံချက်လက်မှတ်များ ထုတ်‌ပေးသည့်အ‌လေ့ ‌ပေါ်လာသည်။ ‌နောင်‌သောအခါ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက‌သော်လည်းကောင်း၊ ဘုရင်များက‌သော်လည်းကောင်း၊ အခွင့်အမိန့်မ‌ပေးဘဲ ပညာ‌ရေးအဖွဲ့ကြီးများ မဖွဲရ၊ ဘွဲ့လက်မှတ်များ မ‌ပေးရဟူ‌သော ပညတ်ချက်များ‌ပေါ်လာကာ အထူးအခွင့်အ‌ရေးစာချုပ်ဖြင့် တည်‌ထောင်‌သော တက္ကသိုလ်များ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။ တက္ကသိုလ်များသည် အများအားဖြင့် စာ‌ပေပို့ချရာဌာနများ ဖြစ်သဖြင့် သက်ဆိုင်ရာဘာသာရပ်တစ်ခုစီအတွက် ပါ‌မောက္ခများ၊ ကထိကများနှင့် နည်းပြဆရာများရှိသည်။ ထိုသူများကစာ‌ပေပို့ချခြင်း၊ ညွှန်ကြား‌ပေးခြင်းများပြုသည်။ ဘာသာရပ် တစ်ခုစီကို ဌာနတစ်ခုစီခွဲ၍ ပါ‌မောက္ခတစ်ဦးစီက အုပ်ချုပ်သည်။ ယင်းဌာနများကိုပင် အသွင်တူရာဌာနချင်း‌ပေါင်း၍ မဟာဌာနဟု‌ခေါ်သည်။ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ‌ဆေးမဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ ပညာ‌ရေးမဟာဌာန စသည်ဖြင့်ရှိသည်။ မဟာဌာနများ အားလုံးကို စုစည်း၍ ပါမောက္ခချုပ်တစ်ဦးက အုပ်ချုပ်သည်။ အချို့တက္ကသိုလ်များ၌ ထိုပုဂ္ဂိုလ်ကို ဥက္ကဋ္ဌဟူ၍လည်းကောင်း၊ သဘာပတိဟူ၍လည်းကောင်း၊ အုပ်ချုပ်‌ရေးမှူးဟူ၍လည်းကောင်း‌ခေါ်သည်။ ပါ‌မောက္ခချုပ်သည် တက္ကသိုလ်တစ်ခု လုံး၏ အုပ်ချုပ်‌ရေးဆိုင်ရာ အမှု‌ဆောင်အရာရှိကြီးဖြစ်သည်။ တက္ကသိုလ်နှင့်သက်ဆိုင်သည့် ကိစ္စဟူသမျှကို ပါ‌မောက္ခချုပ်က အုပ်ချုပ်‌ရေး‌ကောင်စီသို့ဖြစ်‌စေ၊ ပညာ‌ရေးဆိုင်ရာ ဆီးနိတ်အဖွဲ့သို့ဖြစ်‌စေ အစီရင်ခံရသည်။ ယင်းတို့မှ သ‌ဘောတူ ချမှတ်‌ပေး‌သောလုပ်ငန်းမှန်သမျှကို ပါ‌မောက္ခချုပ်ကတာဝန်ယူ ‌ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံတက္ကသိုလ်၌ ‌ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်ဒုတိယအဓိပတိတစ်ဦး ခန့်ထားရသည်။ နိုင်ငံ‌တော်ဝန်ကြီးချုပ် သည် ရာထူးအရ တက္ကသိုလ်အဓိပတိဖြစ်သည်။ အခြားနိုင်ငံတက္ကသိုလ်များ၌မူ အုပ်ချုပ်ပုံစံနစ်သည် တူသည့်‌နေရာတူ၍ ကွဲသည့်‌နေရာ ကွဲသည်။ ‌ကျောင်းသားတို့အဖို့ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားခွင့်ရရန် လိုအပ်‌သော အရည်အချင်းများမှာလည်း တက္ကသိုလ် တစ်ခုနှင့်တစ်ခု အနည်းငယ်စီ ကွာခြားမှုရှိတတ်သည်။ ‌ယေဘုယျအားဖြင့် တူညီသည့် အချက်လည်းရှိသည်။ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားနိုင်ရန် စာ‌မေးပွဲဝင်‌ရောက် ‌ဖြေဆိုရသည်။ ယင်းစာ‌မေးပွဲကို တက္ကသိုလ်ဝင်စာ‌မေးပွဲဟု‌ခေါ်၍ စာ‌မေးပွဲ ‌အောင်သူများသာ တက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်သည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲဝင်သည်မှစ၍ ဘွဲ့မရသေးမီအတွင်း ဘွဲ့မရသေးသူဟု ‌ခေါ်၍ ဘွဲ့‌ပေးအပ်ခံရသည့်အခါမှ ဘွဲ့ရသူဟု‌ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲ မ‌ဖြေဆိုမီ အထက်တန်း‌ကျောင်း၌ ‌ယေဘုယျအားဖြင့် အနည်းဆုံး အဆင့် ၃ ဆင့်‌အောင်ရသည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်မြင်ပြီး‌နောက် ဘွဲ့ရရန် အနည်းဆုံး ‌လေးဆင့်‌ဖြေရသည်။ သို့ရာတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာ ဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဆရာဖြစ်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ‌ဆေးပညာဘွဲ့စသည်ဖြင့် ဘွဲ့အမျိုးမျိုးရှိရာ သင်ကြားရသည့် နှစ် အပိုင်းအခြားခြင်း မတူ‌ချေ။ အချို့ဘွဲ့ကို လေးဆင့်‌ဖြေရသော်လည်း အချို့ဘွဲ့ကို ခုနစ်ဆင့်‌ဖြေရသည်။ မျက်‌မှောက်‌ခေတ်တက္ကသိုလ်များသည် ‌ရှေးနှစ်ရာ‌ပေါင်းများစွာမှ စတင်‌ပေါ်‌ပေါက်ခဲ့‌လေသည်။ ‌ခေတ်အဆက်ဆက်၌ လူတို့သည် ပညာအရပ်ရပ်ကို နည်းအမျိုးမျိုးဖြင့် ရှာမှီးခဲ့ကြရ၏။ ဗုဒ္ဓရှင်‌တော်မြတ် မပွင့်မီကာလကပင် ယခု‌ခေတ် တက္ကသိုလ်များ၏ ‌ရှေ့‌ပြေးပညာ‌ပေးဗဟိုဌာနကြီးများဖြစ်‌သော တက္ကသိုလ် ပြည် ဒိသာပါ‌မောက္ခဆရာကြီးများထံတွင် ပညာများကို ဆည်း ပူးသည့်အ‌လေ့ရှိခဲ့သည်။ ထို့‌ကြောင့် ပညာဆည်းပူး ရာ‌ကျောင်းကြီးကို တက္ကသိုလ်ပြည်အားအစွဲပြု၍ တက္ကသိုလ်ဟု မှည့်‌ခေါ်ထားကြသည်။ ဘုရားပွင့်‌တော် မူပြီး‌နောက် ခရစ်နှစ် ၄၅၀ ခန့်တွင် ‌ပေါ်‌ပေါက်၍ထင်ရှား‌သော မဂဓတိုင်းမှ နလန္ဒ၊ ဝိက္ကမသီ လဩဒန္တပူရ ‌ကျောင်းကြီးများသည်၎င်း၊ အိန္ဒိယ‌တောင်ပိုင်းသီရိဓညကနုက ‌ကျောင်းတိုက်သည်၎င်း၊ ဗဂင်္လားနယ်မှ ဇဂဒ္ဒလ‌ကျောင်းတိုက်သည်၎င်း ‌ကျော်ကြား‌သော ဗုဒ္ဓတက္ကသိုလ်ကြီးများပင်ဖြစ်သည်။ ‌ရှေး‌ခေတ်ကမူ ယခု ‌ခေတ်ကဲ့သို့ တက္ကသိုလ်မ‌ပေါသဖြင့် ပညာလိုလားသူတို့သည် တက္ကသိုလ်ရှိရာသို့ အသက်ဆံဖျား သွား‌ရောက်ဆည်းပူးကြရသည်။ ခရစ်မ‌ပေါ်မီဖြစ်‌သော လွန်ခဲ့သည့် အနှစ် ၂၀၀၀ ခန့်က အီဂျစ်နိုင်ငံအလက်ဇန္ဒဒြီးယားမြို့ကြီး၌ သိပ္ပံပညာတက္ကသိုလ်ကြီး ‌ပေါ်‌ပေါက်ခဲ့သည်။ သင်္ချာ ဆရာကြီး ယူကလစ်၊ ကမ္ဘာ၏အရွယ်အစားကို ပထမဆုံးတိုင်းတာ‌သော ပညာရှင်ကြီး အီရာ‌တော့သနီး၊ ပထမဆုံး ကြယ်နက္ခတ်‌မြေပုံကို ပြုပြင်စီရင်‌သော နက္ခတ်ဆရာကြီး ဟိပါကတ်၊ သိပ္ပံပညာရှင်ကြီး အာခီမီဒီ စ‌သော ပါ‌မောက္ခကြီးတို့သည် အလက်ဇန္ဒဒြီးယား တက္ကသိုလ်ကြီး၌ စာ‌ပေပို့ချခဲ့သူများ ဖြစ်ကြသည်။ ယင်းတက္ကသိုလ်ကြီးကို ထိုအချိန်က တက္ကသိုလ်ဟုမ‌ခေါ်ဘဲ အလက်ဇန္ဒဒြီးယားပြတိုက်နှင့် ပိဋကတ်တိုက်ကြီးဟု ‌ခေါ်‌လေသည်။ ဥရောပ၏ ရှေးအကျဆုံးတက္ကသိုလ်နှင့် ၎င်း၏အနွယ်ဝင်များ ဥ‌ရောပတိုက်၏ ‌ရှေးအကျဆုံးတက္ကသိုလ်မှာ အီတလီနိုင်ငံ ဆလာနိုမြို့တွင် ခရစ်နှစ် ၈၀၀ ‌ကျော် ၉၀၀ တွင်း ‌ပေါ်‌ပေါက်လာ‌သောတက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ်သည် ‌ဆေးပညာ သင်ကြားမှုအတွက် အထူး‌ကျော်ကြားသည်။ ဖွင့်လှစ်စက ‌ကျောင်းသ‌ဘောဖြစ်၍ ၁၂၃၁ ခုနှစ်တွင်မှ ထုံးတမ်းစဉ်လာအရ တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၂ ရာစုနှစ် ကုန်ခါနီး‌လောက်တွင် ဗိုလိုညားတက္ကသိုလ် ‌ပေါ်‌ပေါက်လာသည်။ ယင်းတက္ကသိုလ်၌မူ ဆလာနိုတက္ကသိုလ်၌ကဲ့သို့ ‌ဆေးပညာ တစ်ခုတည်းကိုသာမဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေး‌သော တက္ကသိုလ်ဖြစ်သည်။ ဥပ‌ဒေပညာအတွက် အထူး‌ကျော်ကြား‌သော တက္ကသိုလ်ဖြစ်သည်။ ၁၂ ရာစုနှစ် ‌နောက်ပိုင်းမှ စနစ်တကျ တည်‌ထောင်လိုက်‌သော ပဲရစ်တက္ကသိုလ်သည် အလယ် ‌ခေတ် အထက်တန်းပညာ‌ပေးဌာနတို့တွင် အထင်ရှားဆုံးဖြစ်သည်။ ယင်းတက္ကသိုလ်သည် ဘုရားရှိခိုး ‌ကျောင်းရန်ပုံ‌ငွေဖြင့် ဖွင့်လှစ်‌သော‌ကျောင်းမှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ဥ‌ရောပ၏ စံပြတက္ကသိုလ်အဖြစ် ‌ကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် အား‌ပေးချီး‌မြှောက်ပြုခဲ့ရာ ကျန်းဂန်စာ‌ပေ ပို့ချရာ၌ အထူး‌ကျော်ကြားသည်။ ၁၂၅၇ ခုနှစ်တွင် ပဲရစ်တက္ကသိုလ်၌ ကမ္ဘာ‌ကျော် ‌ဆော်ဗန်း‌ကောလိပ်‌ကျောင်းကို တည်‌ထောင်သည်။ ပဲရစ်တက္ကသိုလ်ကြီးသို့ ခရစ်ယန်သာသနာဝင် နိုင်ငံများစွာမှ သွား‌ရောက်ဆည်းပူးကြသည်။ ၁၁၆ရ ခုနှစ်တွင် အင်္ဂလန်နှင့် ပြင်သစ်တို့ မသင့်မတင့်ဖြစ်‌သောအခါမှ အင်္ဂလိပ်တို့သည် ကိုယ်ပိုင်တက္ကသိုလ် တည်‌ထောင်ရန် စိုင်းပြင်းကြသည်။ ခရစ်နှစ် ၁၂၀၀ ‌ကျော်တွင် ‌အောက်စဖို့မြို့၌ ‌ကောလိပ်‌ကျောင်းတိုက် ‌ပေါင်းများစွာ တည်‌ထောင်၍ ၁၂၅၇ ခုနှစ်တွင် ယင်း‌ကောလိပ် ‌ကျောင်းများကို စု‌ပေါင်းကာ ‌အောက်စဖို့တက္ကသိုလ်ဟူ၍ ဖွင့် လှစ်သည်။ ပဲရစ်တက္ကသိုလ်‌နောက် အ‌ကျော်ကြားဆုံး‌သော တက္ကသိုလ်ဖြစ်သည်။ အလားတူထင်ရှား‌သော အခြားအင်္ဂလိပ် တက္ကသိုလ်တစ်ခုကား ကိန်းဘရစ်ချ် တက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ် ၂ ခုစလုံးပင် ခရစ်ယန်ကျမ်း စာသင်တိုက်ကြီးများ အဖြစ်မှ တိုးတက်လာခြင်းဖြစ်သည်။ ယခုအခါ ‌အောက်စဖို့တက္ကသိုလ်တွင် ‌ကောလိပ်‌ကျောင်းတိုက်‌ပေါင်း ၂၆ တိုက်ရှိ၍ ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ‌ကျောင်းတိုက်‌ပေါင်း ၂၀ ရှိသည်။ ယင်းအင်္ဂလိပ်တက္ကသိုလ်ကြီး ၂ ခုမှစ၍ ‌ကောလိပ်‌ကျောင်းစနစ် ‌ပေါ်‌ပေါက်ခဲ့‌လေသည်။ တက္ကသိုလ်နှင့် ‌ကောလိပ်‌ကျောင်းတို့တွင် ခြားနားချက်ရှိ သည်။ ‌ကောလိပ်‌ကျောင်းဆိုသည်မှာ ပညာတစ်ရပ်ကိုသာ အာရုံ စိုက်၍သင်‌သော အထက်တန်းပညာ‌ပေး‌ကျောင်းကြီးဖြစ်သည်။ အထက်တန်း ‌ဆေးပညာတစ်ခုကိုသာ သတ်မှတ်သင်‌ပေး‌သော ‌ဆေး‌ကောလိပ်၊ အထက်တန်းအင်ဂျင်နီယာပညာတစ်ခု ကိုသာ သတ်မှတ်သင်‌ပေး‌သော အင်ဂျင်နီယာ ‌ကောလိပ်တို့ ကဲ့သို့ပင်ဖြစ်သည်။ တက္ကသိုလ်၌မူ ပညာရပ်တစ်ခုကိုသာမ ဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေးသည်။ ‌ကောလိပ်‌ကျောင်း များသည် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌နေထိုင်မှုနှင့် ပညာရပ်သင်ကြားမှု‌လောက်သာ ‌ပေးစွမ်းနိုင်၍ တက္ကသိုလ်များကမူ ယင်းကိစ္စတို့အပြင် စာ‌မေးပွဲစစ်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူး‌ပေးအပ် ခြင်းတို့ကိုပါ ‌ဆောင်ရွက်သည်။ ‌ကောလိပ်‌ကျောင်း ‌ပေါင်းများစွာ စု‌ပေါင်းဖွဲ့စည်းထားခြင်းကို တက္ကသိုလ်ဟု‌ခေါ်သည်။ တစ်ခါတစ်ရံ ‌ကောလိပ်‌ကျောင်းများသည် တက္ကသိုလ်သို့ တက်‌ရောက်မသင်ကြားမီ အဆင်းအတန်းမှီ‌အောင် အသင့်ပြင်ရာ ပညာ‌ပေးဌာနများဖြစ်သည်။ ဗက်ပတစ်‌ကောလိပ်‌ကျောင်း၊ စိန်ဂျွန်း‌ကောလိပ်‌ကျောင်း စသည်တို့ကဲ့သို့ဖြစ်သည်။ ခရစ်နှစ် ၁၃၀၀ ‌ကျော်‌သောအခါ ဥ‌ရောပတိုက်ရှိ အခြား နိုင်ငံများ၌လည်း တက္ကသိုလ်များ စတင်ဖွင့်လှစ်ကြသည်။ ဂျာမနီနိုင်ငံမှ ပရပ်တက္ကသိုလ်၊ ဟိုက်ဒဲဗတ်တက္ကသိုလ်၊ ဘာလင်တက္ကသိုလ်၊ ပိုလန်နိုင်ငံမှ ကရာကိုတက္ကသိုလ်၊ ဗယ်လဂျီယံနိုင်ငံမှ လိုဗိန်းတက္ကသိုလ်၊ အိုင်ယာလန်နိုင်ငံမှ ဒဗ္ဗလင်တက္ကသိုလ်၊ ဩစတြီးယားနိုင်ငံမှ ဗီယင်းနားတက္ကသိုလ်၊ စ‌ကော့တလန်ပြည်မှ အီဒင်ဗရာတက္ကသိုလ်တို့သည် အလယ် ‌ခေတ်က‌ပေါ်‌ပေါက်၍ ယခုတိုင်ရှိ‌နေ‌သေး‌သော တက္ကသိုလ်ကြီးများဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ကမ္ဘာသစ်ဘက်၌မူ ပထမဆုံး တည်‌ထောင်‌သော တက္ကသိုလ်မှာ ၁၅၈၃ ခုနှစ်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖွင့်လှစ်‌သော တက္ကသိုလ်ဖြစ်သည်။ ၁၅၅၁ ခုနှစ်တွင် ပီရူးနိုင်ငံ လိုင်နာမြို့တွင် ဆန်မာ‌ကော့တက္ကသိုလ် တည်‌ထောင်သည်။ အ‌မေရိကန် ပြည်‌ထောင်စု၏ ပထမဆုံး‌သော တက္ကသိုလ်ကား ဗာဂျီးနီးယား ပြည်နယ်၌ ၁၆၁၉ ခုနှစ်တွင် တည်‌ထောင်‌သော ဟင်နရီကို ‌ပေါလစ်တက္ကသိုလ်ဖြစ်သည်။ သို့ရာတွင် ၁၆၂၂ ခုနှစ် ရက်အင်ဒီးယန်းအ‌ရေး‌တော်ပုံ‌ကြောင့် ယင်းတက္ကသိုလ်ကို ပိတ်လိုက်ရသဖြင့် ယခု‌ခေတ်တွင် အလွန်ရှား‌သော ဟားဗတ် တက္ကသိုလ်သည် အ‌မေရိကန်ပြည်‌ထောင်စု၏ ‌ရှေးအကျဆုံး တက္ကသိုလ် ဖြစ်လာသည်။ ဟားဗတ်တက္ကသိုလ်ကို ၁၆၃၆ ခုနှစ်တွင် နယူး ‌တောင်း‌ကောလိပ်‌ကျောင်းအဖြစ် စတင်တည်‌ထောင် ခဲ့ခြင်းဖြစ်သည်။ ‌နောက်မှ ဂျွန်ဟားဗတ်ဆိုသူ ရဟန်း‌တော်တစ်ပါးက ရန်ပုံ‌ငွေလှူဒါန်းသဖြင့် ဟားဗတ်တက္ကသိုလ်ဟုတွင်သည်။ အ‌မေရိကန်ပြည်‌ထောင်စု၏ အခြားထင်ရှား‌သော တက္ကသိုလ်များမှာ ‌ယေးတက္ကသိုလ်(၁၇ဝ၁ ခုနှစ်)၊ ပရင့်စတန်တက္ကသိုလ် (၁၇၄၆ ခုနှစ်)၊ ဝါရှင်တန်၌လည်း တက္ကသိုလ်(၁၇၄၉)၊ ပင်း ဆယ်လ‌ဗေးနီးယား တက္ကသိုလ်(၁၇၅၁)၊ ကိုလံဗီးယားတက္ကသိုလ် (၁၇၅၄)၊ ဗ‌ရောင်းတက္ကသိုလ် (၁၇၆၄)တို့ ဖြစ်ကြသည်။ ဆွစ်ဇာလန် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ဥ‌ရောပနိုင်ငံစုံမှ ပညာအ‌မွေကို ယူ၍ ၁၈၅၅ ခုနှစ်တွင်၊ ပြည်‌ထောင်စု စက်မှုလက်မှုသိပ္ပံ ‌ကျောင်း‌တော်ကြီး‌ခေါ် တက္ကသိုလ်ကြီးတစ်ခု တည်‌ထောင်‌လေသည်။ သိပ္ပံပညာ‌ကျော် အဲလဗတ်အိုင်းစတိုင်းသည် ယင်းတက္ကသိုလ်၌ ပညာရှာဘူး၍ အိပ်စ‌ရေး‌ရောင်ခြည်ကို စူးစမ်း‌တွေ့ရှိသူ ပညာရှင်ကြီး ရိုဝင်ဂျင်စသည့် သိပ္ပံပညာ‌ကျော် အချို့နှင့် နိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးရှစ်ဦးတို့သည် ဤတက္ကသိုလ် ထွက်များဖြစ်ကြသည်။ ရုရှနိုင်ငံနှင့် သူ၏တက္ကသိုလ်များ ရုရှနိုင်ငံ၌မူ ဆိုဗီယက်သမ္မတနိုင်ငံအဖြစ် တည်‌ထောင်ပြီးသည့်အချိန်မှစ၍ တက္ကသိုလ်‌ကျောင်းများ ‌ပေါများလာသည်။ ၁၉၁၄ ခုနှစ် ဇာဘုရင်လက်ထက်က တက္ကသိုလ်ဟူ၍ ၁၀ ‌ကျောင်းသာ ရှိ‌သော်လည်း ယခုအခါ၌မူ တက္ကသိုလ် ၃၂ ‌ကျောင်း‌ကျော်ရှိ‌နေ‌လေပြီ၊ ‌မော်စကို တက္ကသိုလ်ကို ၁၈ ရာစုနှစ်က စတင်တည်‌ထောင်‌သော်လည်း ၁၉၅၃ ခုနှစ်ကမှ အသစ် တစ်ဖန်ပြုပြင်၍ ယင်းတက္ကသိုလ်သစ်ကို ဖွင့်လှစ်သည်။ ပညာရပ် ၁၂ မျိုးပို့ချ၍ သိပ္ပံပညာသု‌တေသနလုပ်ငန်းတွင် အလွန်အထက်တန်းကျ‌သော တက္ကသိုလ်ဖြစ်သည်။ အခြားထင်ရှား‌သောရုရှတက္ကသိုလ်များမှာ လီနင်ဂရက်တက္ကသိုလ်၊ ‌ရော့စ‌တော့ တက္ကသိုလ်၊ ခါး‌ကော့တက္ကသိုလ် စသည်တို့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်‌ထောင်စုမြန်မာနိုင်ငံ၌မူ ယခင်က တက္ကသိုလ်ကြီး နှစ်‌ကျောင်းသာရှိ‌သေးသည်။ ၎င်းတို့မှာ ရန်ကုန်တက္ကသိုလ်နှင့် မန္တ‌လေး တက္ကသိုလ်တို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏အစသည် ၁၈၈၀ ပြည့်နှစ်က ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရတို့ ဖွင့်လှစ်‌သော ရန်ကုန်‌ကောလိပ်မှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ရန်ကုန် ‌ကောလိပ်ဘဝကမူ ကလကတ္တားတက္ကသိုလ် လက်‌အောက်ခံမျှသာ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင်မှ တက္ကသိုလ်အက်ဥပ‌ဒေပြဋ္ဌာန်း၍ ရန်ကုန်‌ကောလိပ်အစား ရန်ကုန်တက္ကသိုလ်ဟူ‌သော သီးခြားတက္ကသိုလ်တစ်ခုအဖြစ် တည်‌ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် တည်‌ထောင်ပြီး‌သောအခါတွင် လက်‌အောက်ခံ‌ကောလိပ်များ‌ပေါ်ထွက် လာသည်။ ၁၉၂၅ ခုနှစ်တွင် မန္တ‌လေးဥပစာ‌ကောလိပ်‌ကျောင်းကို ဖွင့်လှစ်သည်။ ယုဒသန်‌ကောလိပ်၊ ‌ဆေး‌ကောလိပ်၊ အင်ဂျင်နီ ယာ‌ကောလိပ်၊ ဆရာအတတ်သင်‌ကောလိပ်၊ မန္တ‌လေး စိုက်ပျိုး ‌ရေးသိပ္ပံ၊ ‌မော်လမြိုင်‌ကောလိပ်၊ ‌ကျောက်ဖြူ‌ကောလိပ်၊ ပုသိမ် ‌ကောလိပ်၊ မ‌ကွေး‌ကောလိပ်စသည်ဖြင့် လက်‌အောက်ခံ‌ကောလိပ် ‌ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ သည်။ ၁၉၅၉ ခုနှစ်တွင် မန္တ‌လေး ‌ကောလိပ်ကို မန္တ‌လေးတက္ကသိုလ်အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။ ကမ္ဘာစစ်ကြီး‌ကြောင့် နိုင်ငံအရပ်ရပ်တွင် တက္ကသိုလ်များ ပျက်စီးခဲ့‌သော်လည်း ကမ္ဘာစစ် ၂ ခုမှရရှိ‌သော အ‌တွေ့အကြုံ များအရ တက္ကသိုလ်ပညာသည် အလွန်အ‌ထောက်အပံ့ဖြစ်‌စေ သဖြင့် အစိုးရတို့သည် တက္ကသိုလ်များကို တိုး၍ဖွင့်လှစ်‌ပေး‌နေ ကြသည်။ ယခင်က တက္ကသိုလ်အဆောင်များ ထားရှိခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် တက္ကသိုလ် အဆောင်များကို ပိတ်သိမ်းခဲ့သည်။ ၂၀၁၁ ခုနှစ် နိုင်ငံတော် အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တက္ကသိုလ် အဆောင်များကို ပြန်လည်တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော်လည်း အစားအသောက် အပြင် အခြားသောကိစ္စရပ်များမှာ အဝတ်လျှော်မှု၊ နေမှုထိုင်မှု များမှာ ယခုအချိန်ထိ အဆင်မပြေသေးပေ။ မြန်မာနိုင်ငံတွင် ယူနီဗာစီတီ ဟူသော စကားလုံးအစား တက္ကသိုလ် ဟူသော ဝေါဟာရကို ဆရာကြီး ဦးဖေမောင်တင် က စတင်တီထွင်သုံးစွဲခဲ့သည် ဟု သိရသည်။ ကိုးကား မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) Category:ပညာရေး
၁၉၄၈
ဖြစ်ရပ်များ ဇန်နဝါရီလ ၁ ဇန်နဝါရီ ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်)တွင် ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ပြည်သူလူထု သုံးသောင်းခန့် လာရောက် အလေးပြု။ ရန်ကုန်မြို့ ရေကျော်ရပ်၌ သံတွဲခရိုင် အသင်းက အရေးပေါ် အစည်းအဝေး ကျင်းပကာ ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ ပြည်မနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်။ ၂ ဇန်နဝါရီ ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်းကပ်လှူ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။ ၃ ဇန်နဝါရီ တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။ ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။ ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။ ၄ ဇန်နဝါရီ နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုတ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။ ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။ ၅ ဇန်နဝါရီ လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။ ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။ ၆ ဇန်နဝါရီ လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။ မြန်မာပြည်အိုလံပစ်အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။ အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။ ၈ ဇန်နဝါရီ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။ ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။ သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။ (၁၀) ရက်။ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါသော ကချင်ပြည်နယ်ဖွဲ့။ (၁၄) ရက်။ မြစ်ကြီးနား၌ ကျင်းပသော ကချင် မနောပွဲ သို့ သမ္မတ စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် သခင်နုတို့ တက်။ (၁၇) ရက်။ ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။ (၁၈) ရက်။ ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။ (၂၀) ရက်။ ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။ (၂၂) ရက်။ ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။ (၂၄) ရက်။ ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။ အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။ အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင်လေးမောင် နေအိမ်တွင် အဖမ်းခံရ။ (၂၅) ရက်။ ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။ (၂၆) ရက်။ အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။ ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။ ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။ (၂၇) ရက်။ တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။ (၂၈) ရက်။ စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။ (၂၉) ရက်။ ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။ ဖေဖော်ဝါရီလ (၁) ရက်။ စောဘဦးကြီး။ သရာသာထိုနှင့် အဖွဲ့က သထုံ ရဲဌာနပိုင် အင်းဝိုင်းရွာ၌ ကရင်နယ် သီးခြား ရရှိရေး တရားဟော။ (၃) ရက်။ ပြည်ထောင်စုဘဏ် ဖွင့်။ ကေအင်ဒီအို သီးခြား ကရင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆို။ (၉) ရက်။ ဦးစော၏ အယူခံမှု စတင် ကြားနာ။ (၁၁) ရက်။ ကေအင်ဒီအိုက ဦးစီး၍ ကရင် အမျိုးသားများ အင်အားပြပွဲ အင်းစိန်၌ ကျင်းပ။ ကျိုက်ထိုမြို့ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း ကရင်လူထု အင်အားပြပွဲ ကျင်းပ။ (၁၂) ရက်။ ကေအင်ဒီအိုက ကြီးမှူး၍ ကရင် အမျိုးသား အင်အားပြပွဲများ ပုသိမ်နှင့် ညောင်တုန်း၌ ကျင်းပ။ ဟာဗနားမြို့၌ ကျင်းပသော ကူးသန်းရောင်းဝယ်ရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြသော ဦးလှမောင်၊ ဦးခင်မောင်ကလေးနှင့် ဦးစိန်ဘွားတို့ ရန်ကုန် ပြန်ရောက်။ (၁၇) ရက်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလက တည်ထောင်ခဲ့သော အမျိုးသား တက္ကသိုလ်ကို သက်ကြီး ပညာသင် တက္ကသိုလ် (University for Adult Education) ဟု အမည်ပြောင်း။ ဗမာပြည် သတင်းစာ ဆရာများ အသင်းတိုက်၌ အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုးနှင့် သတင်းစာ ဆရာများ တွေ့ဆုံ။ (၁၈) ရက်။ နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့ ဖလန်းမြို့ ရောက်။ ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့က ကြီးမှူး၍ ရွှေတိဂုံဘုရား အနောက်မုခ်၌ ကျင်းပသော စက်မှုလက်မှု ပြပွဲကို ဝန်ကြီးချုပ် သခင်နု ဖွင့်ပေး။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ သပိတ် စသည့် ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ပြီး အစိုးရ ဗျာများနေစဉ် အာဏာလုယူရန် လမ်းစဉ်ကို အတည်ပြု။ (၂၀) ရက်။ ပထမပတ် တောင်သူ လယ်သမား သင်တန်းသားများအား ဝန်ကြီးချုပ် သခင်နုက ဖဆပလအစိုးရ၏ စေတနာနှင့် လုပ်ငန်းစဉ်ကို ရှင်းပြ။ (၂၄) ရက်။ ဆိုဗီယက် ရုရှားနှင့် မြန်မာနိုင်ငံ သံတမန် လဲလှယ်ရန် သဘောတူချက် ကြေညာ။ (၂၆) ရက်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ဆိုရှယ်လစ် ဝါဒမှ တိမ်းစောင်းမည် မဟုတ်ကြောင်း သခင်နု ပြော။ (၂၇) ရက်။ ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင် ကစားဝိုင်း တိုက်ဖျက်ရေး အဖွဲ့က ကြီးမှူး၍ ဟိုပုန်းတွင် ကစားဝိုင်းများ ဖျက်သိမ်းရေး လူထု ဆန္ဒပြပွဲ လုပ်။ မတ်လ (၃) ရက်။ ကေအင်ဒီအို ပါတီက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။ မွန်တိုင်းရင်းသား အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ် တောင်းဆိုရန် ဆုံးဖြတ်။ ရာမညတိုင်း (The Ramennya Taing) သတင်းစာ မော်လမြိုင်မြို့၌ စထုတ်။ (၄) ရက်။ ဂျူဗလီဟော၌ ထားသော မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို ရှမ်းပြည်သို့ သယ်ဆောင်။ (၆) ရက်။ စစ်ရုံး ဖွဲ့စည်းပုံကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုး၍ ထုတ်ပြန်။ (၁၀) ရက်။ စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့ ဝန်ကြီးချုပ်ရုံး၌ သခင်နုနှင့် တွေ့၍ ကရင်ပြည်နယ် သီးခြားတောင်းသည့် ကိစ္စ ဆွေးနွေး။ အလံနီ ခေါင်းဆောင် သခင်စိုးအား နောက်ပါ လေးယောက်နှင့် အတူ ကြည့်မြင်တိုင် ဗားဂရာ၌ ဖမ်းမိ။ (၁၂) ရက်။ အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန်က သမ္မတ အိမ်တော်၌ သီဟာသနပလ္လင်တော်နှင့် သီပေါမင်း၏ စာရေးခုံကို အခမ်းအနားဖြင့် အပ်နှံ၊ ထို့နောက် ဂျူဗလီဟော၌ ထားသော အာဇာနည် ခေါင်းဆောင်ကြီးများ ရုပ်ကလာပ်တွင် ပန်းခွေချ။ ဆိုရှယ်လစ်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်များကို ဖျက်ဆီး။ "မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရားလက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်" ဟု သခင်နုက အသံလွှင့် မိန့်ခွန်းပြော။ (၁၃) ရက်။ အလံဖြူ ကွန်မြူနစ်များ ဦးစီး ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ၏ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ပျဉ်းမနား၌ ကျင်းပ။ မောင့်ဘက်တန်နှင့်အဖွဲ့ ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမြှော်။ (၁၄) ရက်။ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာပြည် ပုံနှိပ်တိုက်များ အသင်း အမှုဆောင်များ ပူးပေါင်း အစည်းအဝေးကို ပန်းဆိုးတန်းရှိ မြန်မာနိုင်ငံ သတင်းစာတိုက်များ ဖျက်ဆီးခံရသည့် ကိစ္စ ဆွေးနွေး။ (၁၅) ရက်။ ဗန္ဓုလပန်းခြံ၌ ကျင်းပသော တောင်သူ လယ်သမားထု အစည်းအဝေး၌ နယ်ချဲ့ အရင်းရှင်တို့၏ ပရိယာယ်ကို သတိပြုရန်နှင့် လူထုက လမ်းလွဲ မလိုက်မိရန် လိုအပ်ပုံကို သခင်နု ပြော။ ပျဉ်းမနားမြို့၌ တောင်သူ လယ်သမား ကွန်ဂရက် နောက်ဆုံးနေ့ ကျင်းပ။ ပြည်ထောင်စု နေ့စဉ် သတင်းစာ စထုတ်။ (၁၇) ရက်။ ဂျာနယ်ကျော် သတင်းစာထုတ်။ (၁၈) ရက်။ တနိုင်ငံလုံးမှ တက်ရောက်သော ပျဉ်းမနား တောင်သူ လယ်သမားထု အစည်းအဝေးက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။ (၁၉) ရက်။ ဗမာပြည်သူ ဘဏ်တိုက်ကို ပန်းဆိုးတန်းနှင့် ကုန်သည် လမ်းထောင့်၌ ဖွင့်။ (၂ဝ) ရက်။ မော်လမြိုင်၌ ကျင်းပသည့် မွန်အမျိုးသားများ ညီလာခံက မွန်သီးခြား ပြည်နယ် တောင်းဆို။ ရန်ကုန်မြို့ ၄၁ လမ်းရှိ အစိုးရ အမှုထမ်း ပေါင်းစုံ သမဂ္ဂ အသင်းတိုက်၌ အရေးပေါ် အစည်းအဝေး ကျင်းပကာ ဆိုရှယ်လစ်များက သတင်းစာ တိုက်သုံးတိုက်ကို ဖျက်ဆီးသည့် လုပ်ရပ်ကို ရှုတ်ချ။ ရှန်တိန်လုပ်သော မီးရထား ခေါင်းတွဲမှ မီးပွား ဘူတာရုံ အနီး တဲငယ်ပေါ် ကျရာမှ ပြည်မြို့ လေးပုံသုံးပုံခန့် မီးလောင်ခံရ။ (၂၂) ရက်။ လန်ဒန်တွင် ပညာရေး ကိစ္စများ လေ့လာရန် ဆရာကြီး ဦးဘလွင် ရန်ကုန်မှ ထွက်ခွာ။ သီဟိုဠ်မှ ပင့်ဆောင်လာသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလန်မထေရ်တို့၏ ဓာတ်တော်များ ရန်ကုန်ရောက်။ (၂၃) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့က သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းပေးရန် သမ္မတထံ စာတင်။ (၂၅) ရက်။ ဖဆဖလက လမ်းညွှန် သတင်းစာ ပြန်ထုတ်။ ဗကပ၏ အာဘော်ဖြစ်သော ပြည်သူ့ အာဏာ ဂျာနယ်တိုက် ချိပ်ပိတ်ခံရ။ (၂၆) ရက်။ ကွန်မြူနစ်များကို ဖမ်းဆီးရန် ဖဆပလ အစိုးရက ဆုံးဖြတ်။ ကွန်မြူနစ် နေ့စဉ် သတင်းစာ ရပ်စဲ။ ကွန်မြနစ်များနှင့် စေ့စပ်ရန် ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဆမားဒူဝါးဆင်ဝါးနောင်၊ ဦးဝမ်းသူးမောင်၊ မန်းဝင်းမောင်နှင့် ဦးညိုထွန်းတို့ ပါဝင်သော အဖွဲ့ဖွဲ့။ (၂၇) ရက်။ တော်လှန်ရေးနေ့ အစည်းအဝေး၌ သခင်နုက "ဒီကနေ့ ညနေ ၄ နာရီဟာ စေစပ်ရေး အတွက် နောက်ဆုံးပဲ" ဟု ကြေညာ။ ဗန္ဓုလ ပန်းခြံမှာ အလံဖြူ ကွန်မြူနစ်များ ကြီးမှူး (၂၈) ရက်။ အစိုးရက အလံဖြူ ကွန်မြူနစ်များကို ဖမ်းဆီးရာမှ ကွန်မြူနစ်များ တောခို။ (၂၉) ရက်။ အလံဖြူ ကွန်မြူနစ် ပါတီက ကြီးမှူး၍ ပုသိမ်ခရိုင်၊ မအူပင် ခရိုင်၊ မြင်းခြံ ခရိုင်နှင့် ဟံသာဝတီ ခရိုင်များတွင် ဆန်လုပွဲများ လုပ်။ ဧပြီလ (၁) ရက်။ ဝန်ထမ်း လစာနှင့် လုပ်ခများ ပြင်ဆင်သတ်မှတ်။ မြန်မာနိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ ဝင်။ (၂) ရက်။ ပဲခူးခရိုင် ပေါက်ကုန်းကြီးရွာ၌ တပ်မတော်နှင့် ကွန်မြူနစ်တပ်များ တိုက်ပွဲဖြစ်။ (၃) ရက်။ လက်နက်ကိုင် လမ်းစဉ်နှင့် ငြိမ်းချမ်းရေး လမ်းစဉ် အကြောင်း သခင်နုက အသံလွှင့် ပြောကြား။ ကျိန်တလီရွာမှ အစိုးရ ဝန်ထမ်းများ ဂွမြို့သို့ ဆုတ်ခွာပေးရ။ (၆) ရက်။ ပဲခူးခရိုင် ရစ်ကန်ကြီးရွာကို ကွန်မြူနစ်များ သိမ်း။ မြစ်ကျိုးရွာကို ကွန်မြူနစ်များလက်မှ တပ်မတော်က ပြန်သိမ်း။ (၇) ရက်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ ညီလာခံ ကျင်းပ။ (၈) ရက်။ သေဒဏ် အပြစ်ပေးနိုင်သော နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေ (High Treason Bill) ပြဋ္ဌာန်း။ (၁၁) ရက်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနာ အခမ်းအနား ကျင်းပ။ အာဇာနည်ကြီးများ၏ ရုပ်ကလာပ်များကို ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်း။ (၁၆) ရက်။ နှစ်သစ်ကူး အသံလွှင့် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တာဝန်ကျေမှ လွတ်လပ်ရေး အရသာ ခံစားရမည်ဟု သခင်နု ပြော။ တောင်သူလယ်သမား အသံ သတင်းစာ စထုတ်။ (၁၉) ရက်။ မြန်မာနိုင်ငံ (၅၈) နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်။ (၂၀) ရက်။ မြန်မာနိုင်ငံ အတွင်း အိန္ဒိယသားများ ဝင်ရောက်သည့် ကိစ္စဆိုင်ရာ အိန္ဒိယ မြန်မာ ဆွေးနွေးပွဲ နယူးဒေလီ၌ ကျင်းပ။ မန္တလေး၌ ပြည်သူ့ကြေးမုံ သတင်းစာ စထုတ်။ မြစ်ကျိုးရွာကို ကွန်မြူနစ်များ တိုက်ခိုက်။ (၂၅) ရက်။ တနိုင်ငံလုံး၌ ညရထားများ ပြေးဆွဲမှု ရပ်စဲ။ အမှတ် (၁) ခြေလျင် တပ်ရင်း ဖွဲ့။ (၂၇) ရက်။ ဦးစော၏ အယူခံကို ပယ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်။ (၂၈) ရက်။ အင်းစိန် အကျဉ်းထောင်၌ ဦးစောက ဇနီး ဒေါ်သန်းခင်၊ သမီး မေသန်းစောတို့နှင့်အတူ မိုးညှင်းသင်္ဂီ ကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစ္စ ထံမှောက်၌ လက္ခဏာရေး သုံးပါး တရားနာ။ (၂၉ - ၃၀) ရက်။ ရှမ်းပြည်နယ် ကောင်စီ ဒုတိယ ညီလာခံ ဒုတိယနှင့် တတိယနေ့ အစည်းအဝေးများ တိုင်းပြည်ပြု လွှတ်တော် ခန်းမ၌ ကျင်းပ။ မေလ (၁) ရက်။ ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် သခင်နု၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး ဦးဗဆွေနှင့် အလုပ်သမားဌာန ဝန်ကြီး မန်းဝင်းမောင်တို့ မိန့်ခွန်းပြော။ (၅) ရက်။ ပြည်တွင်းစစ် အမြန်ရပ်စဲရေး၊ လက်ဝဲ အင်အားစု ညီညွတ်ရေးနှင့် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး လုပ်ကြရန် ဗမာနိုင်ငံ ဒီမိုကရက်တစ် လူငယ်အဖွဲ့က ကြေညာချက် ထုတ်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ ခင်မောင်ရင် အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။ (၆) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ မောင်နီနှင့် သုခတို့ အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။ (၈) ရက်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ဦးစော၊ မောင်စိုး၊ မှုန်ကြီးနှင့် သက်နှင်းတို့အား အင်းစိန်ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန် ထောင်ကြီး အတွင်း၌ လည်းကောင်း တချိန်တည်း ကြိုးပေး။ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန ဖွင့်။ (၁၀) ရက်။ ဝန်ကြီးချုပ် သခင်နု ကရင်နီ (ယခုကယား) နှင့် ရှမ်းပြည်နယ်သို့ ခရီးထွက်။ (၁၂) ရက်။ ရတနာဂီရိမှ သီပေါမင်း၏ အရိုး ပြန်လည်ရရှိရေး သခင်ကိုယ်တော်မှိုင်းက ရန်ကုန်၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေး။ (၁၃) ရက်။ ကော်သူးလေး နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်ဖွဲ့။ (၁၅) ရက်။ ဦးခွန်စံမြတ်ကို ရှမ်းပြည်နယ် ကောင်စီ ဒုတိယ သဘာပတိ အဖြစ်မှ နုတ်ထွက်ခွင့်ပြု။ (၁၆) ရက်။ ညဘက် ရန်ကုန်၌ လေမုန်တိုင်းကျ။ တိုက်ပြို။ သစ်ပင်လဲ။ ဓာတ်ကြိုးပြတ်။ တုံကင်းမြုတ်။ လူသေ။ (၁၇) ရက်။ ကျည်တောင်ကန်နှင့် ဖြုတ်ခွဲ ဘူတာကြားရှိ ဘေဒါတံတားကို ကွန်မြူနစ် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီး။ (၁၉) ရက်။ ကရင်နီနယ် (ယခု ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ် ခရီးမှ သခင်နု ရန်ကုန် ပြန်ရောက်။ နယ်မြေ အခြေအနေ အသံလွှင့် ပြေားကြား။ (၂၀) ရက်။ ရွှေတိဂုံ ရင်ပြင်တော်ပေါ်၌ အိုးအိမ် တည်နေသူများ ရင်ပြင်တော်မှ ပြောင်းရွှေ့ကြ။ (၂၁) ရက်။ လက်ဝဲ ညီညွတ်ရေးမူနှင့် ပတ်သက်၍ သခင်နုနှင့် ပြည်သူ့ ရဲဘော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး။ (၂၅) ရက်။ လက်ဝဲ ညီညွတ်ရေးမူကို သခင်နုက ကြေညာ။ (၂၆) ရက်။ သခင်နုက သူ့အိမ်၌ သတင်းစာဆရာများနှင့် တွေ့၍ လက်ဝဲ ညီညွတ်ရေးမူ ရှင်းပြ။ (၂၇) ရက်။ စစ်ရုံးချုပ် ဖွင့်ပွဲ၌ သခင်နု မိန့်ခွန်းပြော။ ပန်းဆိုးတန်းရှိ သတင်းစာဆရာများ အသင်းတိုက်၌ ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း စစ်ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူကိစ္စ ရှင်းလင်း ပြောကြား။ ဇွန်လ (၁) ရက်။ ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီကို လျော်ကြေးပေး၍ ပြည်သူပိုင်သိမ်း။ ဗန္ဓုလ ပန်းခြံ၌ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေး ကိစ္စ ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ရှင်းလင်းပွဲလုပ်။ (၄) ရက်။ ဇေယျဝတီသကြားစက်ကို သူပုန် ၆၀ဝ ခန့် ဝိုင်းတိုက်။ (၅) ရက်။ မြို့တော်ခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ် အစည်းအရုံး တတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် သခင်နု မိန့်ခွန်းပြော။ (၆) ရက်။ ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းက ကြီးမှူး၍ အနောက်နိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေး အရာရှိကြီး ဒေါက်တာ ထင်အောင်အား ယုဒသန် ခမ်းမ၌ ဧည့်ခံပွဲတွင် ရန်ကုန် တက္ဗသိုလ်ကို အဆင့်မြှင့်ပေးမည်ဟု ဒေါက်တာထင်အောင် ပြော။ (၁၂) ရက်။ ဥက္ကံ ဓာတ်ချောင်းတောင်ရိုးရှိ သူပုန်စခန်းကို ဗမာ့ လေတပ်မတော်မှ လေယာဉ် သုံးစင်းဖြင့် တိုက်။ (၁၃) ရက်။ ဘီအေအေကွင်း၌ သခင်နုက လက်ဝဲ ညီညွတ်ရေးမူအကြောင်း ပြည်သူလူထုအား ရှင်းပြ။ (၁၆) ရက်။ မေမြို့ရှိ ဘီအီးအမ်အီးတပ် သူပုန်ဝင်စီး။ ရခိုင်ပြည်၏ အခြေအနေ ဆိုးဝါးနေပုံကို ရခိုင် အမျိုးသား ဦးစံလှထွန်းက ဗမာပြည် သတင်းစာဆရာ အသင်းတိုက်၌ ရှင်းလင်းပွဲလုပ်။ (၁၇) ရပ်။ ပျဉ်းမနားနှင့် လယ်ဝေးကြားရှိ ညိုပင် ချောင်းငယ်ကို ဖြတ်ကူးထားသည့် တံတားကို သူပုန်များ မိုင်းခွဲ။ ပြည်သူ့ရဲဘော် အချို့ တောခို။ (၁၅) ရက်။ ဖဆပလ အစိုးရက လူမျိုးရေး အဓိကရုဏ်းများ ရှောင်ရှားကြရန် မေတ္တာရပ်ခံချက် ထုတ်။ (၁၉) ရက်။ မော်ချီမိုင်းနှင့် နမ္မတူဘော်တွင်း မိုင်းများ အခြေအနေကို သွားရောက် လေ့လာကြသော ဝန်ကြီး မန်းဝင်းမောင်နှင့် ဦးထွန်းမြင့်တို့ ရန်ကုန်ပြန်ရောက်။ (၂၀) ရက်။ ပြည်သူ့ ရဲဘော်အဖွဲ့၏ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူ ကိစ္စ ရှင်းလင်းပွဲ မန္တလေး၌ ကျင်းပ။ (၂၁) ရက်။ စစ်သားနှင့် ပုလိပ် ယူနီဖောင်းမျိုး ဝတ်ဆင်သူများအား ပုဒ်မ (၆) ဖြင့် ဖမ်းစေဟု လက်ထောက် ပုလိပ်မင်းကြီး ဦးဘအေး(၁) က အမိန့်ထုတ်။ (၂၂) ရက်။ ကရင်ဗမာချစ်ကြည်ရေး တရားဟောရန် သခင်နု၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောသာဒင်၊ စောဘဦးကြီး၊ မန်းဂျိန်းထွန်းအောင်နှင့် ဦးဝမ်းသူမောင်တို့ မြစ်ဝကျွန်းပေါ်သို့ ခရီးထွက်။ ဝေါမြို့ကို သူပုန်သိမ်း။ မြစ်သား မီးရထား ဘူတာရုံ သူပုန်စီး။ (၂၃) ရက်။ ကမ္ဘာ့အိုလံပစ်နေ့ ဘီအေအေကွင်း၌ ကျင်းပ။ (၂၄) ရက်။ ဝေါမြို့ကို အစိုးရတပ်က ပြန်သိမ်း။ မေမြို့၌ ညမထွက်ရ အမိန့်ထုတ်။ (၂၅) ရက်။ ဖူးကြီးဘူတာနှင့် ရွာကို သောင်းကျန်းသူ ၁၀ဝ ကျော်က ဝင်စီး။ မန္တလေးမဟာမုနိ၏ အလှည့်ကျဂေါပကအဖွဲ့က ဘဏ္ဍာတိုက် စစ်ဆေး။ ညောင်လေးပင်အပိုင် ရွှေဘုံသာရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။ (၂၆) ရက်။ ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်းအရုံး ဦးစီး ညီလာခံ ကျင်းပ၍ လက်ရှိ နိုင်ငံရေး အခြေအနေ ဆွေးနွေး။ (၂၇) ရက်။ ရုပ်ရှင်နှင့် ပြဇာတ် ပညာသည်များ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ရေကျော်ရပ်ရှိ ဇော်ရုံ၌ ကျင်းပ။ (၂၈) ရက်။ ကရင် ဗမာ ချစ်ကြည်ရေး တရားဟော ထွက်ကြသော သခင်နုတို့အဖွဲ့ မြစ်ဝကျွန်းပေါ်မှ ရန်ကုန် ပြန်ရောက်။ (၂၉) ရက်။ တောင်ငူနှင့် သံတောင် နယ်မြေ အခြေအနေ လေ့လာရန် ကရင်ရေးရာ ဝန်ကြီး စောစံဘိုးသင် ရန်ကုန်မှ လေယာဉ်ဖြင့် ထွက်ခွာ။ သက်ကြီးတက္ဗသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေက သတင်းထောက်များ အသင်းတိုက်၌ ရှင်းလင်းပွဲ လုပ်ရာတွင် ဆရာများအား လစာ မပေးနိုင်၍ အစိုးရထံမှ အကူအညီ မျှော်လင့်နေကြောင်း ပြော။ (၃၀) ရက်။ ရန်ကုန် တက္ကသိုလ် ယုဒသန် ခမ်းမ၍ သခင်နုက တက္ကသိုလ် အဓိပတိ အနေဖြင့် ကျောင်းသားများအား ဩဝါဒ စကား ပြောကြားရာတွင် လက်ရှိ နိုင်ငံရေး အခြေအနေပြော။ နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့် အမိန့်ထွက်။ ဇူလိုင်လ (၁) ရက်။ ငါးရက်ကြာ ကျင်းပမည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ဂျူဗလီဟော၌ စတင် ကျင်းပ။ သခင်နုက နိုင်ငံရေး အခြေအနေ ရှင်း။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့သို့ မြန်မာနိုင်ငံဝင်။ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန ဝန်ကြီး ဦးကိုကိုကြီး နုတ်ထွက်လွှာ တင်။ (၂) ရက်။ ဂျူဗလီဟော၌ ဆိုရှယ်လစ် ပါတီဝင်များ၊ ပြည်သူ့ ရဲဘော်များ၊ ဖဆပလများ လက်ဝဲ ညီညွတ်ရေးမူကို ဆွေးနွေး။ သဘောတူညီမှု မရ။ အထူး တိုင်းမင်းကြီး အဖြစ် ဆောက်ရွက်မည့် တပ်မင်းကြီး စောကြာဒိုးက ပဲခူးမြို့ပေါ်မှ စစ်ဘက်၊ နယ်ဘက်နှင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေး။ (၃) ရက်။ ရန်ကုန်ခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့မှ ကြီးမှူး၍ ပြည်တွင်းစစ် ရပ်စဲရေး လူထုဆန္ဒပြပွဲ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ။ သထုံရှိ ကရင်စစ်ရဲများက သထုံသိမ်း။ (၄) ရက်။ လန်ဒန်၌ ၂၃ ဇူလိုင်တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် မြန်မာ အားကစားသမားများအား သမ္မတကြီးက ၎င်း၏ အိမ်တော်၍ နေ့လယ်စာဖြင့် ဧည့်ခံ။ (၅) ရက်။ ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ပါဝင်မည့် မြန်မာ အားကစားသမားများ ရန်ကုန်မှ ထွက်ခွာ။ (၇) ရက်။ သံလွင်ခရိုင်ရှိ ကော့ကရစ် ရဲစခန်းကို ကေအင်ဒီအိုများ ဝင်စီး။ မန္တလေးထောင် အတွင်းရှိ အလံနီများ ဆူ။ (၈) ရက်။ ဂျူဗလီ ခန်းမ၍ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ။ ဆိုရှယ်လစ် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတီအား အမည်ပြောင်းသင့် မသင့် ဆွေးနွေး။ (၁၀) ရက်။ အစိုးရ အဖွဲ့ဝင် ရဲဘော်ဖြူများ ဖဆပလ အဖွဲ့ချုပ်မှ နုတ်ထွက်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်။ နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ်က သခင်နုနှင့်အတူ ဇူလိုင် ၂ဝ တွင် ရာထူးမှ နုတ်ထွက်မည်ဟု ပြော။ (၁၂) ရက်။ ဦးဇော်ဝိတ် ခေါင်းဆောင်သော အားကစား လေ့လာရေး အဖွဲ့ ဥရောပ ရောက်။ (၁၃) ရက်။ သောင်းကျန်းသူများ ပုသိမ် ငွေတိုက်ဖောက်။ အောင်ဆန်းကစားကွင်း လူထုအစည်းအဝေးတွင် လက်ဝဲညီညွတ်ရေးမူကို အမျိုးသားလုပ်ငန်းစဉ်အဖြစ် သခင်နု ကြေညာ။ ရန်ကုန် တက္ကသိုလ် သထုံခရိုင် ကျောင်းသူ ကျောင်းသားများ အသင်းဖွဲ့။ ထားဝယ်ထောင်၌ အကျဉ်းသားများ ထောင်မှူး အပေါ် မကျေနပ်၌ အစာငတ်ခံ ဆန္ဒပြ။ (၁၅) ရက်။ နေ့လယ် ၂ နာရီတွင် သခင်နုနှင့် ဝန်ကြီး အဖွဲ့ နုတ်ထွက်။ ည ရ နာရီကျော်၌ ပြန်လည်၍ ကျမ်းသစွာကျိန်။ The Nation သတင်းစာ စထုတ်။ (၁၆) ရက်။ ဗိုလ်နေဝင်း ဥက္ကဋ္ဌနှင့် ဦးသိန်းဖေမြင့် အတွင်းရေးမှူး အဖြစ် ပါဝင်သော လက်ဝဲ ညီညွတ်ရေး ကောင်စီ ဖွဲ့။ ရဲဘော်ဖြူများ တောခို။ (၁၈) ရက်။ ကွန်မြူနစ်များအား ဖမ်းဆီးစဉ်က အဖမ်းခံခဲ့ကြရသော ဒီမိုကရက်တစ် လူငယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းနှင့် ဗိုလ်ရန်အောင်တို့ အင်းစိန်ထောင်မှ လွတ်လာ။ (၂၃) ရက်။ ရန်ကုန်၌ မိုးသည်းထန်စွာ ရွာ။ ကန်တော်ကြီး ရေလွှတ်ပေါက်မှ ရေလျှံသဖြင့် ကန်တော်ကြီး တဝိုက်ရှိ အိမ်များ ရေလွှမ်းသွား။ (၂၅) ရက်။ အကြမ်းဖက် ဝါဒနှင့် လက်နက်ကိုင် ဝါဒ လက်မခံနိုင်ဟု ကေအင်ဒီအိုက ကြေညာချက်ထုတ်။ (၂၇) ရက်။ လန်ဒန်ရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ် မြန်မာနိုင်ငံ အခြေအနေ ရှင်းလင်း ပြောကြား။ (၂၉) ရက်။ တပ်မင်းကြီး စောကြာဒိုး ရွှေကျင် ရောက်။ ရဲဘော်ဖြူများ တောခို။ လန်ဒန် ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဖွင့်ပွဲတွင် ဦးဇော်ဝိတ် ခေါင်းဆောင်သော မြန်မာအဖွဲ့ ပါဝင်ဆင်နွှဲ။ ဩဂုတ်လ (၁) ရက်။ ဗိုလ်ချုပ် နေဝင်း (နောင် ဗိုလ်ချုပ်ကြီး နေဝင်း) ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ တာဝန်ယူ။ အုတ်တွင်းမြို့ကို သောင်းကျန်းသူများ တိုက်။ (၃) ရက်။ သထုံခရိုင်ကို ကေအင်ဒီအို သိမ်း။ (၅) ရက်။ သခင်နုက ၎င်းအိမ်သို့ သတင်းစာ ဆရာများအား ဖိတ်ကြား၍ ငြိမ်ဝပ် ပိပြားရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု တည်တံ့ရေးတို့အတွက် ရှင်းလင်းပြောကြား။ (၇) ရက်။ မအူပင် ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ အိမ်မဲ ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ (၈) ရက်။ သရက်မြို့ရှိ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃) မှ ရဲဘော်အချို့ တောခို။ ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ (၁၀) ရက်။ ဆူပူ သောင်းကျန်းမှုများကြောင့် ရန်ကုန်၊ မန္တလေး မီးရတားနှင့် မြစ်ဝကျွန်းပေါ်သွား ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်း။ (၁၁) ရက်။ ရန်ကုန်မြို့နယ် နိမိတ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်။ (၁၂) ရက်။ ထုံးကြီးရွာကို သောင်းကျန်းသူများ မီးရှို့။ (၁၄) ရက်။ ကရင် စစ်ရဲများက တွံ့တေးကို သိမ်း။ (၁၅) ရက်။ မော်လမြိုင်ကျွန်းမြို့ကို သောင်းကျန်းသူများ တိုက်။ ဗားနတ် ပိဋကတ် စာကြည့်တိုက် ပြန်ဖွင့်။ (၁၆) ရက်။ ဦးတင်ထွတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်။ ၁၇ ဩဂုတ် - ကရင်နီပြည်တပ်မတော်ဟာ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ရဲဘော်(၇)ဖော်ဖြင့် စတင်တည်ထောင်ခဲ့သည်။ နယ် (၄) နယ်ကို အခြေခံပြီး တပ်ရင်း (၄) ရင်းဖြင့် ဖွဲ့စည်းခဲ့သည်။ (၁၈) ရက်။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) မှ ရဲဘော် ၁၀ဝ ခန့် တောခို။ (၁၉) ရက်။ မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဟု နိုင်ငံတော် သမ္မတက ကြေညာ။ (၂၀) ရက်။ မော်ချီးမိုင်းကို ကေအင်ဒီအိုများ သိမ်း။ သထုံ ခရိုင် တခုလုံး ကေအင်ဒီအိုများ လက်သို့ ကျရောက်။ (၂၁) ရက်။ သောင်းကျန်းသူများ စခန်းချ ခိုအောင်းနေသော ပဲခူးခရိုင် ဝေါမြို့နယ်၊ ညောင်ခါးရှည်နှင့် ဘုရားဖြူရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်။ သထုံနှင့် ကျိုက္ခမီရှိ ကရင်စစ်ရဲများ အတိအလင်း ပုန်ကုန်ကြ။ (၂၂) ရက်။ နိုင်ငံခြားရေး ဌာန ဝန်ကြီး စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ဘန်ကောက် ရောက်။ (၂၃) ရက်။ သခင်နုက တိုင်းပြည် အခြေအနေ အသံလွှင့် ပြောကြား။ (၂၄) ရက်။ ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး စတင်။ တွံ့တေးမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၂၅) ရက်။ ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တွင် မာရှယ်လော စစ်ဥပဒေ ထုတ်။ (၂၉) ရက်။ ကရင်ပြည်နယ်ရှိ နန်းဝဲကို အစိုးရတပ်က ပြန်သိမ်း။ (၃၀) ရက်။ စစ်တောင်း အရှေ့ဘက် ဒေသများနှင့် မုပ္ပလင်ကို ကေအင်ဒီအိုများ သိမ်း။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်ရဲတပ်မှ ကရင်စစ်ရဲများ တောခို။ စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ရန်ကုန် ပြန်ရောက်။ (၃၁) ရက်။ ကေအင်ဒီအိုများက သထုံနှင့် ကျိုက်ထို ရဲဌာနတို့ကို သိမ်း။ အစိုးရတပ်များက၊ ကလကဲကို ပြန်သိမ်း။ စက်တင်ဘာလ (၁) ရက်။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင်ဖွဲ့။ ကရင် စစ်ရဲများ မော်လမြိုင်သိမ်း။ မာရှယ်လော စစ်ဥပေဒကို ခြောက်လဆက် အတည်ပြုကြောင်း ကြေညာ။ ဖောင်တော်သီကို သောင်းကျန်းသူများ ဝင်တိုက်။ ပြည်ထောင်စု အရံတပ်ရင်း (ကချင်) နှင့် (ချင်း) များ စဖွဲ့။ (၂) ရက်။ ပါလီမန်တွင် သခင်နုက ဗကပသည် အိန္ဒိယ ကွန်မြူနစ် ပါတီ၏ ဩဇာခံ ဖြစ်နေပုံ ပြော။ ကွန်မြူနစ် သောင်းကျန်းသူများ ထန်းတပင်ကို ဝင်တိုက်။ ပဲခူး-မန္တလေး အစုန်အဆန် ရထားများ ပြန်စထွက်။ ကလောအနီး လယ်ပြင် ဘူတာကို ကေအင်ဒီအိုများ တိုက်။ (၄) ရက်။ ကရင်နီ ပြည်နယ် (ယခု ကယားပြည်နယ်) အတွင်း စစ်ဥပဒေ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်း။ နတ္တလင်းကို အစိုးရတပ်က ပြန်သိမ်း။ ပင်လောင်းနယ်၊ လုံပြင်တွင်အစိုးရတပ်နှင့် အေအင်ဒီအိုများ တိုက်ပွဲဖြစ်။ (၅) ရက်။ ကော့ကရိတ်ကို ကေအင်ဒီအိုများ သိမ်း။ (၆) ရက်။ ၁၉၄၈ - ၄၉ အတွက် ဘက်ဂျက်လိုငွေ ကျပ် ၁ဝ ကုဋေကျော်သည်ဟု ပါလီမန်၌ ဘဏ္ဍာရေး ဝန်ကြီး ပြော။ သောင်းကျန်းသူများနှင့် အစိုးရ ကိုယ်စားလှယ်တို့ မော်လမြိုင်ဆိပ်ကမ်း မေယု စစ်သင်္ဘောပေါ်၌ စေ့စပ် ဆွေးနွေးပွဲလုပ်။ (၇) ရက်။ ပေါင်းတည်ကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုများက ဖာပွန်သိမ်း။ (၈) ရက်။ တောင်ငူခရိုင် ကျောက်ကြီးကို ကေအင်ဒီအိုများ သိမ်း။ ငွေတိုက်ဖောက်။ ကညွတ်ကွင်း ဘာတာကို သောင်းကျန်းသူ ဝိုင်းတိုက်။ (၉) ရက်။ လယ်ယာ မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်း ကြေညာ။ ကေအင်ဒီအိုများ ရွှေကျင်ကို သိမ်း။ အစိုးရတပ်များက ပြည်မြို့ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ များကို ပြန်သိမ်း။ ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဂျင်နရယ် စမစ်ဒွန်းက ကရင် အမျိုးသားများသို့ အသံလွှင့် မိန့်ခွန်းပြော။ (၁၁) ရက်။ မြန်မာ့ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ စဖွင့်။ ကာမမြို့ကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုနှင့် အခြား သောင်းကျန်းသူများ ပေါင်း၍ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ကို ဝိုင်းတိုက်။ (၁၂) ရက်။ စောဘဦးကြီးနှင့် ကေအင်ဒီအို ခေါင်းဆောင်များ၏ စေ့စပ်ပေးမှုကြောင့် သထုံရှိ ကေအင်ဒီအိုများနှင့် အစိုးရ နားလည်မှုရ။ ပဲခူးရဲဌာနကို ကေအင်ဒီအိုများ စီးရင် ကြိုးစား။ (၁၃) ရက်။ ကရင်နီ ပြည်နယ်ရှိ ထူးချောင်းကို အစိုးရတပ်က ပြန်သိမ်း။ (၁၄) ရက်။ သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့။ ရွှေကျင်နှင့် ကျောက်ကြီးမြို့များကို ကေအင်ဒီအိုများက အစိုးရသို့ ပြန်အပ်။ (၁၅) ရက်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက ရှမ်းပြည်နယ် အခြေအနေ အသံလွှင့်ပြောကြား။ (၁၇) ရက်။ ထားဝယ်၌ ဗိုလ်မှူး အောင်နှင့် ဦးဗဆွေတို့ ကရင်-ဗမာ သွေးစည်းရေး တရားဟော။ ပုသိမ်၌ ကေအင်ဒီအိုက အရေးပေါ် ညီလာခံ ကျင်းပ၍ သီးခြား ကရင်နယ် တောင်းဆို။ လက်နက်ကိုင် သောင်းကျန်းမှုကို ရှုတ်ချကြောင်းနှင့် အဓိကရုဏ်း ဆန့်ကျင်ကြောင်းလည်း ကြေညာ။ မိတ္ထီလာခရိုင် ကွန်မြူနစ်ပါတီ ဌာနချုပ် ရုံးစိုက်ရာ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်း နယ်စပ်ရှိ သဲကုန်းရွာကို အစိုးရတပ်က သိမ်း။ စပတ်လမ်း၊ ရန်ကုန်ဂေဇက် အဆောက်အုံ အနီး ရပ်ထားသော တပ်မင်းကြီး ဦးတင်ထွတ်၏ မောင်တော်ကား အတွင်း ဗုံးပေါက်ကွဲ။ (၁၈) ရက်။ တပ်မင်းကြီး ဦးတင်ထွတ် ယမန်နေ့က ရသည့် ဗုံးပေါက်ကွဲမှု ဒဏ်ရာဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်။ ကေအင်ဒီအိုနှင့် ပတ်သက်သူ Daily Mail သတင်းထောက် မစ္စတာ အလက်ဇန်းဒါးကင်းဘဲ (လ်) ရန်ကုန်၌ အဖမ်းခံရ။ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့အပိုင်၊ လှဲဆိပ်ရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်။ ဒေါက်တာသန်းထွန်း ငါးသိုင်းချောင်း၊ ကွမ်းယားရွာနေ ဦးဘိုးမြိုင်၊ ဒေါ်စောမြတို့၏ သမီး ဒေါ်ခင်ရီ နှင့် အိမ်ထောင်ပြု။ (၁၉) ရက်။ ပြန်လည်ထူထောင်ရေးဝန်ကြီး ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့ မြိတ်မြို့ရောက်။ (၂၀) ရက်။ ပဲခူးခရိုင်၊ ဘုရားကလေး ရဲဌာနကို ရဲဘော်ဖြူများ တိုက်။ အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းကို အစိုးရတပ်က ပြန်သိမ်း။ (၂၁) ရက်။ တောင်ငူခရိုင်ရှိ ဆူးတပ်ရွာတွင် ကေအင်ဒီအိုများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။ ကရင်နီပြည်နယ်ရှိ ထူးချောင်းကို ကေအင်ဒီအိုများတိုက်။ (၂၂) ရက်။ ရွှေဘိုထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေး၍ တမြို့လုံး ထိတ်လန့် ချောက်ချားသွား။ (၂၃) ရက်။ လွိုင်ကော်ကို ကရင်စစ်ရဲများက သိမ်း။ (၂၄) ရက်။ တောင်ကြီးနှင့် လွယ်လင် ငွေတိုက်များကို ကေအင်ဒီအိုများ ဖောက်။ ကျိုက္ခမီခရိုင် လမိုင်းရဲဌာနကို အစိုးရတပ်က ပြန်သိမ်း။ (၂၅) ရက်။ တောင်ကြီးရှိ ပြည်ထောင်စု ကရင် စစ်ရဲတပ် ပုန်ကန်။ ပြည်ထောင်စု စစ်ရဲမှ လွိုင်ကော်သိမ်း။ မုံရွာခရိုင် အရာတော်ရဲဌာနကို ကေအင်ဒီအိုများ ဝိုင်းတိုက်။ ပြည်-တိုက်ကြီး ရထားများ ပြန်ထွက်။ (၂၆) ရက်။ မင်းလှကို အစိုးရတပ်က ပြန်သိမ်း။ (၂၇) ရက်။ ညောင်လေးပင်နှင့် ငါးထပ်ကြီး ဘူတာ အကြားရှိ တံတား အမှတ် ၁၂၅ ကို ကေအင်ဒီအိုများ မိုင်းခွဲ။ (၂၈) ရက်။ သာယာဝတီမြို့၌ စစ်မင်းကြီး ဗိုလ်စိန်မှန်က သောင်းကျန်းသူ နှိမ်နင်းရေးနှင့် ကရင် ဗမာ ချစ်ကြည်ရေး တရားဟော။ ပန်းတနော်ကို သိမ်းထားသော ရဲဘော်ဖြူများ ပန်းတနော်မှ ထွက်ခွာသွား။ (၂၉) ရက်။ မော်လမြိုင်ခရိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ။ (၃၀) ရက်။ သုံးခွနှင့် ပန်းတနော်ကို အစိုးရတပ်က ပြန်သိမ်း။ ကွမ်းခြံကုန်း မြို့နယ် လက်ခုတ်ကုန်းကို အလံနီများ ဝင်စီး။ မှော်ဘီအနီးရှိ ဇီးကွက် တံတားနှင့် တိုက်ကြီး အနီးရှိ မြယာကုန်း တံတားများကို သောင်းကျန်းသူများက ဗုံးခွဲ ဖျက်ဆီး၍ ရန်ကုန် - ပြည် ကားလမ်း ဆက်သွယ်ရေး ပြတ်။ အောက်တိုဘာလ (၁) ရက်။ ပဲခူး-ရန်ကုန် ရထားလမ်း ပြန်ဖွင့်။ အရံတပ်ဖွဲ့ရေး ဥပဒေ ပါလီမန်က အတည်ပြု။ (၂) ရက်။ သတင်းစာ ဆရာများအသင်းက ကြီးမှူး၍ အသင်းဗိမာန် တည်ဆောက်ရေး ရန်ပုံငွေအတွက် "မြန်မာနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စစ် မစစ်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ မြို့တော်ခန်းမ၌ ကျင်းပရာ - ဒီမိုကရေစီ အစိုးရဘက်မှ ရှေ့နေချုပ် ဦးချန်ထွန်း၊ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်တို့က ပြော၍ ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ဘက်မှ သုမန၊ ဇဝနနှင့် မိုးကြိုးတို့က ပြော။ ပန်းတနော်ကို သူပုန်ဝင်စီး။ ရန်ကုန်-သန်လျင်ကြား မော်တော် သမ္ဗာန်များ ပြန်လည် ပြေးဆွဲ။ (၃) ရက်။ ခရမ်းမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၅) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး။ ဗန္ဓုလပန်းခြံ၌ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် ဖွင့်ပွဲ ကျင်းပ။ (၅-၈) ရက်။ စစ်တွေ၌ လေမုန်တိုင်းတိုက်၍ သိန်း ၁၀ဝ ဖိုး ခန့်ဆုံးရှုံး။ (၆) ရက်။ ပြည်မြို့အနီး မှော်ဇာဘူတာကို သောင်းကျန်းသူများ ဝင်စီး။ ရေဦး ရဲဌာနကို သောင်းကျန်းသူများ တိုက်။ (၇) ရက်။ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွား။ မှော်ဘီ လေယာဉ်ကွင်းကို သောင်းကျန်းသူများ တိုက်။ (၈) ရက်။ နိုင်ငံတော် ဝန်ကြီးချုပ်အိမ်တွင် ကရင်ရေးရာ ကောင်စီဝင် အမတ်များနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရေး ဆွေးနွေး။ (၉) ရက်။ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု။ မိုးသည်းထန်စွာ ရွာ၍ မြစ်ငယ်တံတား ကျိုးပြီး ရေထဲ မျောပါသွား။ (၁၂) ရက်။ ဗြိတိသျှ-မြန်မာ ငွေရေးကြေးရေး စာချုပ်ချုပ်၊ ရန်ကုန် - မန္တလေး မီးရတားလမ်း၊ ကျွန်းကုန်းနှင့် ရေတာရှည်ကြားရှိ တံတားအမှတ် ၂၈၄ ကို သူပုန်များ ဖျက်။ ဘီအေအေကွင်း၌ ကျင်းပသော အိန္ဒိယ - မြန်မာ ဘောလုံးပွဲတွင် မြန်မာက ၅ ဂိုး - ဂိုးမရှိဖြင့် နိုင်။ (၁၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် တွေ့ဆုံ ဆွေးနွေး။ ဂျိုးဖြူရေပိုက်ကို သောင်းကျန်းသူများ ဖျက်။ (၁၄) ရက်။ လွတ်လပ်ရေး ကြေညာသည့်နေ့က နိုင်ငံတော် သမ္မတကြီး ပြောခဲ့သည့် ဝါဒသဘောထား အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ပါလီမန်၌ သခင်နုက ပြော။ (၁၅) ရက်။ လန်ဒန်မြို့ မြန်မာသံရုံး၌ စက်ဘက်အရာရှိ တာဝန်ယူမည့် ဦးထွန်းလှအောင် လန်ဒန်သို့ ထွက်ခွာ။ အုတ်ဖြတ်ရွာတွင် သောင်းကျန်းသူများနှင့် အစိုးရတပ်တို့ လေးနာရီကြာ တိုက်ပွဲဖြစ်။ (၁၉) ရက်။ ရန်ကုန်မြို့ သတင်းစာ ဆရာများက အသင်းတိုက်တွင် သတင်းစာ ဆရာမျးက စောဘဦးကြီး ခေါင်းဆောင်သော ကေအင်ဒီအို ခေါင်းဆောင်များအား မိတ်ဆက် လက်ဖက်ရည်ပွဲဖြင့် ချစ်ကြည်ရေးလုပ်။ (၂၀) ရက်။ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ။ ညောင်ဦး ရဲဌာနနှင့် ငွေတိုက် သောင်းကျန်းသူများ ဝင်စီး။ (၂၁) ရက်။ ပြန်ကြားရေး ဦးထွန်းဖေက သူ၏ ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု အခြေအနေ လျော့သွားကြောင်း ရှင်းပြ။ ရန်ကုန်မှ ဒေးဒရဲ၊ ကျိုက်လတ် ရေလမ်းခရီး ပြန်ဖွင့်။ (၂၂) ရက်။ မွန် - ကေအင်ဒီအိုများက သထုံခရိုင်၊ ပေါင်ရဲဌာနမှ လက်နက်များ သိမ်း။ ကမ္ဘာ့ ကုလသမဂ္ဂမှ ဓာတ်ပုံဘက်ဆိုင်ရာ ပါရဂူ တဦး မြန်မာနိုင်ငံ၏ အခြေအနေများ ဓာတ်ပုံရိုက်ရန်၊ ရန်ကုန်ရောက်။ (၂၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ပုသိမ်၌ ရဲဘော်ဖြူများနှင့် တွေ့ဆုံဆွေးနွေး။ မြောင်းမြမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် ရရှိရေးကို လူထုဆန္ဒနှင့် ဥပဒေနှင့် အညီ လုပ်ရန် ဆုံးဖြတ်။ (၂၄) ရက်။ ဗြိတိသျှ အစိုးရကို မြန်မာ့ ပြည်တွင်းရေး အခြေအနေ ရှင်းပြရန် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်ရောက်။ ဥရောပ အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် ကျန်းမာရေးနှင့် အားကစား လုပ်ငန်းများ လေ့လာခဲ့ကြသော ဦးဇော်ဝိတ်တို့ အဖွဲ့ ရန်ကုန် ပြန်ရောက်။ (၂၅) ရက်။ သခင်နုနှင့် လူနည်းစုရေးရာ ဝန်ကြီး ဦးညိုထွန်းတို့ သံတွဲ၌ တရားဟော။ ပုသိမ်၌ ကွန်မြူနစ် သောင်းကျန်းသူ ၆၃ ဦး အလင်းဝင်။ (၂၆) ရက်။ ကေအင်ဒီအိုနှင့် မွန်သူပုန်တို့က မတ္တမ ရဲဌာနရှိ လက်နက်များ သိမ်း။ ထန်းတပင်ကို သူပုန် ၄၀ဝ ခန့် ဝင်စီး။ (၂၈) ရက်။ မော်လမြိုင်၌ ရဲဘော်ဖြူ အချို့ လက်နက်ချ။ (၂၉) ရက်။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ။ ဖျာပုံခရိုင် မြင်းကကုန်းရွာကို အစိုးရတပ်က ပြန်သိမ်း။ ထောက်ကြန့် ရဲဌာနကို သောင်းကျန်းသူတို့ တိုက်။ ဦးတင်ထွတ်အား လုပ်ကြံသူကို ဖော်နိုင်သူ၊ ဆုငွေ ၁၀,၀၀ဝိ/- ပေးမည်ဟု ကြေညာ။ (၃၀) ရက်။ တွံ့တေးမြို့ကို ကေအင်ဒီအိုများ သိမ်း။ သခင်ဗစိန် နေအိမ်၌ သခင်ခေါင်းဆောင်များ တွေ့ဆုံ၍ တို့ဗမာ အစည်းအရုံး အမည် မသုံးဘဲ စိတ်သဘောတူသူများ ပါတီသစ်ဖွဲ့ရန် ဆုံးဖြတ်။ သရက်မြို့၌ မိနစ်ဝက်ခန့် ငလျင်လှုပ်။ နိုဝင်ဘာလ (၁) ရက်။ ပုသိမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းများ လူထု ထောက်ခံပွဲ လုပ်။ ဟင်္သာတတွင် ကရင် ဗမာ ချစ်ကြည်ရေး တရားပွဲ ကျင်းပ။ ဒေးဒရဲမြို့နယ် တော်လှကင်းဂါတ်ကို သောင်းကျန်းသူ ဝိုင်းပစ်။ သခင် သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီးကို ပျဉ်းမနားတွင် ဖမ်းမိ။ (၃) ရက်။ သတင်းစာဆရာများ အသင်းတိုက်၌ မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖယ်ယာဝယ်သာ ဦးဘအေးက ပြည်သူပိုင် လုပ်ငန်းကို အစိုးရ အလျင်စလို မလုပ်သင့်ကြောင်း ရှင်း။ (၄) ရက်။ အနောက်နိုင်ငံများတွင် ပညာရေး လုပ်ငန်းများ လေ့လာခဲ့သော မြို့မ ကျောင်းအုပ်ကြီး ဦးဘလွင် ရန်ကုန် ပြန်ရောက်။ အိန္ဒိယနှင့် မြန်မာ ဘောလုံးအသင်းတို့ ကစားကြရာ အိန္ဒိယ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် နိုင်။ ပေါင်းတည်မြို့ကို သူပုန်စီး။ (၅) ရက်။ ဆင်ပေါင်ဝဲကို အစိုးရတပ်က ပြန်သိမ်း။ (၆) ရက်။ ဗိုလ်သောင်းရွှေ ခေါင်းဆောင်သော သရက်ခရိုင်မှ သောင်းကျန်းသူ ၁၂ ယောက် လက်နက်များဖြင့် လာရောက် အဖမ်းခံ။ (၇) ရက်။ တိုက်ကြီးရဲဌာနကို သူပုန် ဝင်တိုက်။ ရန်ကုန်နှင့် ပြည်ကြား မီးရထားလမ်း တံတားများ ပြင်ဆင်ပြီး။ (၈) ရက်။ နိုင်ငံတော် ဆရာ အတတ်သင် သိပ္ပံကျောင်းတွင် ဆရာ ဆရာမများ တလ ဉာဏ်သစ်လောင်း သင်တန်း ဖွင့်ပွဲကို ပညာရေး ဝန်ကြီး ဦးဝင်းက ဖွင့်ပေး။ (၉) ရက်။ သာယာဝတီထောင်ရှိ စစ်ကိုင်းမြို့နယ် အတွင်းမှ ဖမ်းဆီးထားသော ပုဒ်မ ၅ အချို့ကို ပြန်လွှတ်။ (၁၀) ရက်။ အင်းစိန်ခရိုင် လှိုင်မြစ်ကမ်းပေါ်ရှိ ပျဉ်းမကုန်းရွာ၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။ ဓာတ်ဆီ တစ်ဂါလံ (၂)ကျပ်နှုန်း အစိုးရက သတ်မှတ်။ (၁၁) ရက်။ သံတွဲအသင်း စည်းရုံးရေးမှူး ဦးဘတင်က သံတွဲခရိုင်က မြန်မာပြည်မနှင့် မခွဲလိုကြောင်း ပန်းဆိုးတန်း သတင်းထောက်များ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ မုံရွာခရိုင်၊ အရာတော်မြို့ကို ကွန်မြူနစ် တပ်နီ ၂၀ဝ ခန့် ဝိုင်းတိုက်။ ဒိုက်ဦးမြို့အနီး မြို့ရိုးရွာကို သောင်းကျန်းသူ ၂၀ဝ ခန့် ဝင်စီး။ မောင်တော၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၂) ရက်။ ရန်ကုန်နှင့် နတ္တလင်းကြား မီးရထား ပြန်ထွက်။ ဗိုလ်အေးဖေအား သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်။ (၁၃) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန် ထောင်တွင်းရှိ ရဲဘော်ဖြူ ခေါင်းဆောင် ရှစ်ဦးနှင့် တွေ့ဆုံဆွေးနွေး။ ရခိုင်ပြည်နယ်က ပြည်ထောင်စု နိုင်ငံတော် အပါအဝင် ပြည်နယ် တခုအဖြစ် ပါဝင်လိုကြောင်း။ ဝတ်လုံတော်ရ ဦးထွန်းအောင်၊ ပင်စင်ရ စက်ရှင်မင်းကြီး ဦးထွန်းအောင်၊ ဦးဘိုးညွန့် (ကျောက်ဖြူ)၊ ဦးထွန်းကြိုင် (သံတွဲ)၊ ဦးလှထွန်းဖြူတို့က သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ (၁၄) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့၏ လုပ်ငန်းများ ထောက်ခံပွဲ ပုသိမ်၌ ကျင်းပ။ ပန်းတနော် ရဲဌာနကို သောင်းကျန်းသူများ ဝိုင်းတိုက်။ (၁၅) ရက်။ မဟာသံဃ အဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ ဝါရှင်တန် စာကြည့်တိုက်အတွက် ဗုဒ္ဓစာပေများ လှူဒါန်းပွဲ သမ္မတ အိမ်တော်၌ ကျင်းပ။ ကသာတွင် ငလျင်လှုပ်။ အပျက်အစီး မရှိ။ (၁၆) ရက်။ ရုံးချိန်များကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်။ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရန်ကုန်၌ ငလျင် အနည်းငယ်လှုပ်။ (၁၇) ရက်။ သရက်ခရိုင်၊ အင်းမရွာ၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၉) ရက်။ ရန်ကုန်မြို့ရှိ အာအီးတီ ကုမ္ပဏီပေါင်း ၁၁ ခုမှ အလုပ်သမား ၁,၀၀ဝ ခန့် ထိုင်သပိတ်မှောက်။ (၂၀) ရက်။ ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်မှ ရဲဘော်ဖြူ ၁၂ ယောက် အလင်းဝင်။ (၂၁) ရက်။ ငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများ ထောက်ခံပွဲ ဟင်္သာတ၌ ကျင်းပ။ သံတွဲခရိုင်၊ အလံနီ သောင်းကျန်းသူတို့၏ ဌာနချုပ် ရှိသော အင်းတိုင်ကြီးရွာကို အစိုးရတပ်က သိမ်း။ (၂၂) ရက်။ ဆာဦးသွင် နေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် တောခို ရဲဘော်ဖြူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး။ ဟင်္သာတ ထောင်ရှိ ပုဒ်မ ၅ အချို့လွှတ်။ ဆင်ပေါင်ဝဲမြို့ကို ခုနစ်နာရီကြာမျှ သောင်းကျန်းသူများ ဝိုင်းတိုက်။ (၂၃) ရက်။ သခင်နုနေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် ရဲဘော်ဖြူ ခေါင်းဆောင်များ မိတ်ဆက် တွေ့ဆုံပွဲလုပ်။ (၂၄) ရက်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ပါသည့် ကြေညာချက်ကို တောခို ရဲဘော်ဖြူများက ထုတ်ပြန်။ ပဲခူး - ဝေါ မီးရထား ပြန်ထွက်။ ကာမမြို့ကို သောင်းကျန်းသူများ ဝိုင်းတိုက်။ (၂၅) ရက်။ ပုသိမ်ထောင်မှ ပုဒ်မ ၅ သမား ၃၉ ဦးလွှတ်။ နောင်ပတ္တရား ဘူတာ အလွန် နံပါတ် ၁၃ မီးရထား တံတားကို ကွန်မြူနစ် သောင်းကျန်းသူများ ဖျက်။ (၂၆) ရက်။ စစ်ကိုင်းခရိုင် အမြင့်ရွာ အရှေ့ဘက်တွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၂၈) ရက်။ ကေအင်ဒီအိုများက အစိုးရကို တိုက်ရန် ကချင်များထံမှ စစ်ကူတောင်းကြောင်း ဆမားဒူးဝါး ဆင်ဝါးနောင်က သခင်နုထံ အစီရင်ခံ။ ရန်ကုန်မြို့ရှိ ဘတ်(စ်)ကားများ သပိတ်မှောက်။ ရန်ကုန်မှ ၁ဝ မိုင်ကွာရှိ တာဝဆိပ်ကမ်း၌ သူပုန်နှင့် အစိုးရတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်။ ပဲခူးခရိုင် ကမာစဲရွာကို အစိုးရတပ်က ပြန်သိမ်း။ ကေအင်ဒီအိုများက သထုံ ရဲဌာနမှ လက်နက်များ သိမ်းယူ။ အစိုးရက ဖမ်းထားသော ဒေးလီးမေး(လ်) သတင်းထောက် ကင်းဘဲလ်အား လန်ဒန် ပြန်လွှတ်။ (၂၉) ရက်။ အစိုးရနှင့် စေ့စပ်ရေး အောင်မြင်နိုင်မည့် အချက် ၁၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ထုတ်ပြန်။ (၃၀) ရက်။ ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်လရောင်က ဌာနချုပ်က ငြိမ်းချမ်းရေးကို လက်ခံလိုက်ပြီ ဖြစ်၍ ဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသံလွှင့်ပြော။ လွိုင်ကော်ကို အစိုးရတပ်က ပြန်သိမ်း။ ဒီဇင်ဘာလ (၁) ရက်။ ရန်ကုန်ထောင် အတွင်းမှ ပုဒ်မ ၅ အချို့ ပြန်လွှတ်။ တိုက်ကြီးမြို့ကို သူပုန် ဝင်စီးသော်လည်း မအောင်မြင်။ ဗမာပြည် ဒီမိုကရက်တစ် အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေးက ပြည်တွင်း ငြိမ်းချမ်းရေး ထူထောင်ရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်နှင့် ဒီမိုကရက်တစ် အခွင့်အရေးများ ပေးရန် တောင်းဆို။ (၃) ရက်။ လက်ရှိ ဗမာပြည်၏ အခြေအနေသည် ရင်လေးစရာ ဖြစ်နေသည်ဟု သခင်နု ပြော။ မုံရွာခရိုင် တောခို ရဲဘော်ဖြူများ၏ လက်နက်အပ်ပွဲ မုံရွာ တဘက်ကမ်းရှိ ညောင်ပင်ကြီး စခန်း၌ ကျင်းပ။ တိုက်ကြီးမြို့ မြောက်ဘက် တမိုင်ကွာရှိ ဂျိုးဖြူ တံတား၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ ၃ နာရီကြာ တိုက်ပွဲဖြစ်။ (၄) ရက်။ ကိုယ်ထင်ရာကိုယ် လျှောက်လုပ်နေကြသည့် နိုင်ငံရေးသမားများ ရပ်တန်းက ရပ်ကြပါဟု သခင်နုက အသံလွှင့် ပြောကြား။ ရန်ကုန်ထောင် တဝိုက်၊ အတွင်းဝန်ရုံး တဝိုက်နှင့် ရန်ကုန်မြစ် အတွင်းမှအပ။ ညမထွက်ရ အမိန့်ရုပ်သိမ်း။ မုံရွာ ထောင်တွင်းရှိ ပုဒ်မ ၅ ဖြင့် အဖမ်းခံထားရသော ရဲဘော်ဖြူ ရဝ ကျော်ကို လွှတ်။ (၅) ရက်။ ကန်တော်မင် ပန်းခြံ၌ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော အေးချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းများ ထောက်ခံပွဲ ကျင်းပ။ (၆) ရက်။ ကချင်ပြည်နယ် ဝန်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်က လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာပြည် အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။ ပုသိမ်မှ လာသော ဝါးကိုင်း သင်္ဘောကို ကဝက်ကင်းရွာ အနီး၌ ကေအင်ဒီအိုများက တိုက်။ လူရှစ်ဦး သေ။ ပစ္စည်း သုံးသိန်းဖိုး ပါသွား။ (၇) ရက်။ အင်းစိန်ခရိုင် ထန်းတပင် အနီး၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။ ဘားအံ့ - မော်လမြိုင်ကြား မော်တော်ဘုတ်များ သွားလာခြင်းကို ကေအင်ဒီအိုများက ပိတ်။ (၈) ရက်။ သခင်နု နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ လက်ငင်း နိုင်ငံရေး ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းရေး ဆွေးနွေး။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ပုသိမ်သွား။ ထားဝယ်၊ ကလိန်အောင် ရွာရှိ ပြည်ထောင်စု ရဲစခန်းကို ကေအင်ဒီအိုများ တိုက်။ (၉) ရက်။ မြန်မာနိုင်ငံ အခြေအနေကို ဗြိတိသျှ အစိုးရအား ရှင်းလင်း ပြောကြားခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း ရန်ကုန် ပြန်ရောက်။ ကရင်နှင့် ဗမာ အထင် မလွဲကြဘဲ မေတ္တာဖြင့် အလုပ်လုပ်ကြရန် ကေအင်ဒီအို ခေါင်းဆောင် စောသာဒင်နှင့် သရာသာထိုတို့က သတင်းစာ ဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။ ထားဝယ် ခရိုင်ရှိ ဝင်းဝနှင့် ကျောက်မဲဒေါင် ရဲစခန်းများကို ကေအင်ဒီအိုများ တိုက်။ (၁၀) ရက်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အထူး အစည်းအးဝေး၌ "နိုင်ငံ စီးပွားရေးကို လက်ဝဲနဲ့လဲ လုပ်မရနိုင်" ဟု သခင်နု ပြော။ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက သတင်းစာ ဆရာများ အသင်း အမှုဆောင် လူကြီးများနှင့် တွေ့၍ လူမျိုးရေး အထင်လွဲမှားမှုနှင့် နိုင်ငံခြား ဆက်ဆံရေး ထိခိုက်မည့် အရေးအသားများ ရှောင်ရှားကြရန် ပြော။ ကရင်ပြည်နယ် သီးခြား ထူထောင်ရေး ကန့်ကွက်ပွဲ ထားဝယ်၌ ကျင်းပ။ (၁၁) ရက်။ သောင်းကျန်းသူများ ဂျိုးဖြူ ရေလှောင်ကန် ဖျက်။ (၁၂) ရက်။ သခင်နုနေအိမ်၌ သခင်နုနှင့် ရှမ်းစော်ဘွား ရှစ်ဦး တွေ့ဆုံကြရာတွင် ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများ လက်တွဲ ကာကွယ် သွားကြရန် သဘောတူကြ။ (၁၃) ရက်။ မြန်မာပြည် သတင်းထောက်များ အသင်းတိုက်၌ "မြန်မာပြည် ရင်လေးစရာ မရှိပြီ" ဟု သခင်နု ပြော။ စော်ဘွားများ အသင်း ဒုတိယဥက္ကဋ္ဌ သာမိုင်းခမ်း စော်ဘွားက ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဟု သတင်းစာ ဆရာများအား ပြော။ ကမာရွတ်ကို လူဆိုး ၁၀ဝ ခန့် လက်နက်မျိုးစုံနှင့် ဝင်စီး။ သိမ်ဆိပ် ရဲစခန်းမှ လက်နက်များကို ကေအင်ဒီအိုများက သိမ်းယူ။ (၁၄) ရက်။ နယ်မြေ အခြေအနေ လေ့လာရန် သခင်နု မြစ်ကြီးနား ရောက်။ အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့ ကျောင်းသားများ ကွန်ဖရင့် တက်ရန်၊ ကိုညီညီ၊ ကိုစောလွင်နှင့် ကိုတင်ရွှေတို့ ရန်ကုန်မှ ထွက်ခွာ။ ဖျာပုံတွင် ကရင် - ဗမာ ညီညွတ်ရေး တရားပွဲ ကျင်းပ။ နတ္တလင်း အရှေ့ဘက် သုံးမိုင်ကွာရှိ တံတားကို သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး။ (၁၅) ရက်။ ရန်ကုန်ထောင်ရှိ ရဲဘော်ဖြူ ၄၈ ယောက်ကို လွှတ်။ ထားဝယ်၌ သောင်းကျန်းသူ ရှုတ်ချပွဲ ကျင်းပ။ မှော်ဘီတွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။ (၁၆) ရက်။ မြစ်ကြီးနား တရားပွဲ၌ မိုက်ရင် ကျွန်ပြန်ဖြစ်မည်ဟု သခင်နု ပြော။ (၁၇) ရက်။ ထားဝယ်ခရိုင် ကန်ဘောက်ရွာကို ကေအင်ဒီအိုများ သိမ်း။ မြိတ်ခရိုင် ပလောင်ရှိ သတ္တုတွင်းများကို ကေအင်ဒီအိုများက လည်းကောင်း၊ မော်လမြိုင်ခရိုင် ကတိုးရွာကို မွန်သောင်းကျန်းသူများက လည်းကောင်း တိုက်ကြ။ (၁၈) ရက်။ ကရင်ရေးရာ ဝန်ကြီး မန်းဘဆိုင်က သတင်းစာ ဆရာများ အသင်းတိုက်၌ ကရင်-ဗမာ ချစ်ကြည်ရေး ရှင်းလင်း ပြောကြား။ အလေးမ အသင်းကြီး ကြီးမှူး၍ အလေးမပြိုင်ပွဲနှင့် အငယ်တန်း မောင်ဗမာ ရွေးပွဲ ဘီအေအေကွင်း၌ ကျင်းပ။ တောင်ငူ ခရိုင်တွင်းမှ ဖမ်းထားသော ပုဒ်မ ၅ အကျဉ်းသမား ရ၉ ဦးလွှတ်။ (၁၉) ရက်။ ရန်ကုန်မြို့လုံးကျွတ် နယ်ချဲ့ ရှုတ်ချပွဲနှင့် နယ်ချဲ့သူလျှို နှင်ထုတ်ရေး လူထုစည်းဝေးပွဲ ကန်တော်မင် ပန်းခြံ၌ သတင်းစာ ဆရာများ အသင်းက ဦးစီး ကျင်းပ။ ပဲခူးမြို့နယ် ပြည်သူ့ ရဲဘော်ဖြူများ ညီလာခံက၊ ကေအင်ဒီအိုများ အားရှုတ်ချကြောင်း ဆုံးဖြတ်။ မြိတ်မှ ကရင် စစ်ရဲများ လက်နက်ချ။ (၂၀) ရက်။ တိုက်ကြီးမြို့၌ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲ ကျင်းပ။ ဟင်္သာတမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် မလိုချင်၊ ဗမာနဲ့ မခွဲချင်ဟု ဆုံးဖြတ်။ မြိတ်မြို့ လူထု အစည်းအဝေးပွဲက မြိတ်ခရိုင်သည် မြန်မာပြည်မနှင့် မခွဲလိုကြောင်း ဆုံးဖြတ်။ မြိတ်မြို့ရှိ ပြည်ထောင်စု စစ်ရဲအဖွဲ့မှ ကရင်များ လက်နက်ချက်။ ရမည်းသင်း ခရိုင်မှ သောင်းကျန်းသူ အချို့ လာရောက် အဖမ်းခံ။ ငဇွန်၊ ချောင်းဦးနှင့် စစ်ကိုင်းခရိုင်မှ ရဲဘော်ဖြူအချို့ အလင်းဝင်။ (၂၁) ရက်။ ရှမ်းရေးရာ ဝန်ကြီး စပ်ခွန်ချို၏ ရုံးခန်း၌ တောင်တန်းဒေသ ဆိုင်ရာ ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပ၌ အခြေအနေ ဆိုးဝါးနေသော ကရင်ပြည်နယ် ကိစ္စ ဆွေးနွေး။ သတင်းထောက်များ အသင်းတိုက်၌ အင်္ဂလန်နှင့် အမေရိကန်ပြည် ဦးဘလွင်က ပညာရေးလုပ်ငန်း အတွေ့အကြုံများ ရှင်းလင်း ပြောကြား။ ထားဝယ်ခရိုင်၊ ကလိန်အောင်ကို အစိုးရတပ်က ပြန်သိမ်း။ (၂၂) ရက်။ စစ်ကိုင်း သုဓမ္မာဂိုဏ်းချုပ် ဆရာတော် ဦးသုဇာတ၊ သက်တော် ၉၄ နှစ်၊ ဘဝနတ်ထံ ပျံလွန်တော်မူ။ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင် အဖွဲ့ဝင်များ ဟင်္သာတ ရောက်။ ရန်ကုန် တက္ကသိုလ် မြန်မာ အသင်းကြီး၏ နှစ်ပတ်လည် ဆုနှင်း သဘင်ပွဲ ယုဒသန် ခန်းမ၌ ကျင်းပ။ ထားဝယ်ခရိုင်၊ ကန်ဘောက်ကို အစိုးရတပ်က ပြန်သိမ်း။ (၂၃) ရက်။ တကသမှ ကြီးမှူး၍ ဂျပ်ဆင် ကောလိပ် ခန်းမတွင် နယ်ချဲ့သမားကို ရှုတ်ချသည့် ကျောင်းသားထု အစည်းအဝေး ကျင်းပ။ ဒတ်(ခ်ျ)သံရုံးကို အားလူး - ဘဲဥ - ခရမ်းချဉ်သီးများနှင့် ပေါက်၍ ဆန္ဒပြ။ ပုသိမ်၌ တောခို ရဲဘော်ဖြူ ၃၈၇ ယောက် အလင်းဝင်။ (၂၆) ရက်။ ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး၏ အထူးပြည်လုံးကျွတ် ညီလာခံက ဖဆပလမှ နုတ်ထွက်ရန် ဆုံးဖြတ်။ (၂၇) ရက်။ မအူပင်မြို့နယ်တွင် ကရင်-ဗမာ ညီညွတ်ရေး တရားဟောရန် ဝန်ကြီး မန်းဘဆိုင်နှင့် ဦးဝင်းတို့ မအူပင် သွား။ လူငယ် အစည်းအရုံး ဥက္ကဋ္ဌ ဦးဘဂျမ်းက ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဖဆပလ အဖွဲ့မှ လည်းကောင်း၊ နုတ်ထွက်လွှာ တင်။ (၂၉) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့က ညီညွတ်ရေး ရပြီဟု ကြေညာချက်ထုတ်။ ပျဉ်းမနားနယ် သစ်ဆိမ့်ပင်ရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်။ (၃၀) ရက်။ တောင်ငူ ငွေတိုက်နှင့် သာပေါင်း ငွေတိုက်တို့ကို ကေအင်ဒီအိုများ ဖောက်။ (၃၁) ရက်။ ပန်းတနော်ကို ကေအင်ဒီအိုများ တိုက်။ Category:၁၉၄၈ Category:၁၉၄၀ ဆယ်စုနှစ်
၁၉၀၉
၁၉၀၉ Category:၁၉၀၉ Category:၁၉၀၀ ဆယ်စုနှစ် nv:1901 – 1950
ကဏ္ဍ:၁၉၄၀ ဆယ်စုနှစ်
Category:၂၀ ရာစုနှစ် Category:ဆယ်စုနှစ်
ကဏ္ဍ:၁၉၀၀ ဆယ်စုနှစ်
Category:၂၀ ရာစုနှစ် Category:ဆယ်စုနှစ်
အမေရိက
အမေရိက ဟူသည် အနောက်ကမ္ဘာလုံးခြမ်းရှိ မြောက်အမေရိက နှင့် တောင်အမေရိက တိုက်နှစ်ခု၏ ကုန်းမြေများကို ပေါင်း၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ ကမ္ဘာသစ် ဟူ၍လည်း ခေါ်ကြသေးသည်။ ဆက်စပ်နေသော ကျွန်းစုများကိုပါ ထည့်သွင်းရေတွက်ပါက အမေရိက သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၈.၃% (ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၈.၄%) ကိုဖုံးလွှမ်းထားသည်။ သမိုင်းကြောင်း ဘီစီ ၄၀၀၀၀ နှင့် ဘီစီ ၁၅၀၀၀ အကြားလောက်တွင် အာရှမှ လူများ အမေရိကသို့ ရောက်ရှိ အခြေချခဲ့ကြသည်။ ဒုတိယမြောက် ပြောင်းရွေ့အခြေချသူများမှာ အာရှမှ နဒီနိုက်စကားပြောသူများ ဖြစ်ကြသည်။ ၃၅၀၀ ဘီစီဝန်းကျင်တွင် အင်နူရစ်လူမျိုးများ နီယိုအာတိတ် (မြောက်အမေရိကအာတိတ်ဒေသ) သို့ပြောင်းရွေ့နေထိုင်မှု၏ အကျိုးဆက်ကြောင့် အမေရိက၏ ဒေသခံလူမျိုးများ ဖြစ်ပေါ်လာခဲ့သည်။ အမေရိကသို့ ဥရောပမှ ဦးစွာအခြေချသူမှာ နော့စ်လူမျိုး နယ်သစ်ရှာဖွေသူ Leif Erikson ဖြစ်သည်။ သို့သော်လည်း နယ်ချဲ့မှုမှာ အတည်တကျဖြစ်မလာပဲ နောက်ပိုင်းတွင် စွန့်ခွာသွားခဲ့သည်။ ၁၄၉၂ မှ ၁၅၀၂ ခုနှစ်အကြား ခရစ္စတိုဖာ ကိုလံဘတ်၏ ရေကြောင်းခရီးက အမေရိကသို့ ဥရောပ၏တန်ခိုးအာဏာ လွှမ်းခြုံစေခဲ့သည်။ ဥရောပနှင့် အာဖရိကမှ ရောဂါများက ဒေသခံလူမျိုးများအား အကြီးအကျယ် ထိခိုက်ခဲ့သည်။ အလုပ်သမားမြောက်မြားစွာပါဝင်သော ဥရောပသားများ အကြီးအကျယ် ရွေ့ပြောင်းလာမှုနှင့် အာဖရိကကျွန်များအား အတင်းအကြပ် ရွေ့ပြောင်းစေမှုတို့က ဒေသခံလူမျိုးများနေရာကို အစားထိုးယူခဲ့သည်။ ၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးနှင့် ၁၇၉၁ ခုနှစ် ဟေရှန်တော်လှန်ရေးများက ဥရောပ၏ အမေရိက ကိုလိုနီများကို လက်လွှတ်ခဲ့ရသည်။ ယခုအချိန်တွင် အမေရိကမှ လူများမှာ လွတ်လပ်သောနိုင်ငံများတွင် နေထိုင်နေကြသော်လည်း ဥရောပသားများ၏ ပြောင်းရွေ့အခြေချမှုနှင့် ကိုလိုနီပြုမှုတို့က ဥရောပယဉ်ကျေးမှုများဖြစ်သည့် ခရစ်ယာန်ဘာသာ၊ အင်ဒိုယူရိုပီယန်ဘာသာစကားများ (အဓိကအားဖြင့် စပိန်ဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ပေါ်တူဂီဘာသာ) ကို အမေရိကသို့ ရောက်ရှိပြန့်နှံ့စေခဲ့သည်။ အမေရိကတွင် လူဦးရေ သန်းကိုးရာခန့် နေထိုင်လျက်ရှိကြသည်။ လူဦးရေအထူထပ်ဆုံးနိုင်ငံများမှ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများ ဖြစ်ကြပြီး လူဦးရေအထူထပ်ဆုံးမြို့များမှာ ဆောပိုလိုမြို့၊ မက္ကဆီကိုမြို့နှင့် နယူးယောက်မြို့တို့ ဖြစ်ကြသည်။ နိုင်ငံများနှင့် နယ်မြေဒေသများ နိုင်ငံ သို့ ဒေသ ဧရိယာ(km²)Unless otherwise noted, land area figures are taken from လူဦးရေ လူဦးရေသိပ်သည်းဆ(per km²) ဘာသာစကား (ရုံးသုံး − စာလုံးအထူ) မြို့တော် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) အမေရိကန်ဒေါ်လာ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ဘာသာ The Valley ကပြားစကား၊ အင်္ဂလိပ်ဘာသာ စိန့်ဂျွန်မြို့ စပိန်ဘာသာ ဗျူနိုအေးရိစ်မြို့ (နယ်သာလန်) Papiamentu၊ စပိန်ဘာသာ၊ ဒတ်ချ်ဘာသာ Oranjestad ကပြားစကား၊ အင်္ဂလိပ်ဘာသာ နာဆောမြို့ Bajan၊ အင်္ဂလိပ်ဘာသာ ဘရစ်ချ်တောင်းမြို့ စပိန်ဘာသာ၊ Kriol၊ အင်္ဂလိပ်ဘာသာ ဘယ်မိုပန်မြို့ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ဘာသာ ဟယ်မင်တန်မြို့ စပိန်ဘာသာ၊ Quechua၊ Aymara၊ ဒေသဘာသာစကား ၃၅ မျိုး La Paz နှင့် Sucre La Paz သည် ဘိုလီးဗီးယားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့ဖြစ်သည်။; (နယ်သာလန်) Papiamentu၊ စပိန်ဘာသာ၊ ဒတ်ချ်ဘာသာ Kralendijk ပေါ်တူဂီဘာသာ ဘရာဇီးလီးလားမြို့ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ဘာသာ ရုတ်တောင်းမြို့ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ အော့တဝါမြို့ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ဘာသာ ဂျော့ချ်တောင်းမြို့ Includes Easter Island in the Pacific Ocean, a Chile an territory frequently reckoned in Oceania. Santiago is the administrative capital of Chile; Valparaíso is the site of legislative meetings. စပိန်ဘာသာ ဆန်တီယာဂိုမြို့ (ပြင်သစ်) Land area figures taken from These population estimates are for 2010, and are taken from မရှိ — စပိန်ဘာသာ Bogotá စပိန်ဘာသာ ဆန်ဂျို့စ်မြို့ စပိန်ဘာသာ ဟာဗားနားမြို့ (နယ်သာလန်) Papiamentu၊ ဒတ်ချ်ဘာသာ Willemstad စပိန်ဒေသိယဘာသာ, အင်္ဂလိပ်ဘာသာ ရိုဆူးမြို့ စပိန်ဘာသာ ဆန်တိုဒိုမင်ဂိုမြို့ စပိန်ဘာသာ၊ Quechua ကွီတိုမြို့ စပိန်ဘာသာ ဆန်ဆာဗေဒိုမြို့ (ယူနိုက်တက်ကင်းဒမ်း)Claimed by အာဂျင်တီးနား. အင်္ဂလိပ်ဘာသာ Port Stanley (ပြင်သစ်နိုင်ငံ) ပြင်သစ်ဘာသာ Cayenne (ဒိန်းမတ်နိုင်ငံ) ဂရင်းလန်းဒစ်၊ ဒတ်ချ်ဘာသာ Nuuk (Godthåb) အင်္ဂလိပ်ဘာသာ စိန့်ဂျော့ရှ်မြို့ (ပြင်သစ်) ပြင်သစ်ဘာသာ Basse-Terre စပိန်ဘာသာ, Garifuna and 23 Mayan languages ဂွါတီမာလာမြို့ အင်္ဂလိပ်ဘာသာ ဂျော့ရှ်တောင်းမြို့ ကပြားစကား၊ ပြင်သစ်ဘာသာ ပေါ့တ်အော်ရ်ပရင့်စ်မြို့ စပိန်ဘာသာ တေဂူဆီဂါလ်ပါမြို့ ဒေသိယစကား၊ အင်္ဂလိပ်ဘာသာ ကင်းစတန်မြို့ (ပြင်သစ်) ဒေသိယစကား၊ ပြင်သစ်ဘာသာ Fort-de-France စပိန်ဘာသာနှင့် ဒေသဘာသာစကား ၆၈ မျိုး မက္ကဆီကိုမြို့ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ဘာသာ Plymouth; BradesDue to ongoing activity of the Soufriere Hills volcano beginning in July 1995, much of Plymouth was destroyed and government offices were relocated to Brades. Plymouth remains the de jure capital. (အမေရိကန်ပြည်ထောင်စု) မရှိ — စပိန်ဘာသာ မနာဂွါမြို့ စပိန်ဘာသာ ပနားမားမြို့ Guaraní၊ စပိန်ဘာသာ အဆွန်စီယုန်းမြို့ စပိန်ဘာသာ၊ Quechua၊ Aymara Lima (အမေရိကန်ပြည်ထောင်စု) စပိန်ဘာသာ၊ အင်္ဂလိပ်ဘာသာ San Juan (နယ်သာလန်) Population estimates are taken from the အင်္ဂလိပ်ဘာသာ၊ ဒတ်ချ်ဘာသာ The Bottom (ပြင်သစ်) ပြင်သစ်ဘာသာ Gustavia အင်္ဂလိပ်ဘာသာ Basseterre အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ကပြားဘာသာ ကက်စထရီမြို့ (ပြင်သစ်) ပြင်သစ်ဘာသာ Marigot 20px Saint Pierre and Miquelon (ပြင်သစ်) ပြင်သစ်ဘာသာ Saint-Pierre အင်္ဂလိပ်ဘာသာ Kingstown (နယ်သာလန်) ဒတ်ချ်ဘာသာ၊ အင်္ဂလိပ်ဘာသာ Oranjestad (နယ်သာလန်) အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ ဒတ်ချ်ဘာသာ Philipsburg (ယူနိုက်တက်ကင်းဒမ်း)Claimed by Argentina; the South Georgia and the South Sandwich Islands in the South Atlantic Ocean are commonly associated with Antarctica (due to proximity) and have no permanent population, only hosting a periodic contingent of about 100 researchers and visitors. အင်္ဂလိပ်ဘာသာ Grytviken ဒတ်ချ်ဘာသာ၊ Hindi-Urdu၊ Srana၊ Javanese၊ အင်္ဂလိပ်ကပြားဘာသာ ပါရာမာရီဘိုမြို့ အင်္ဂလိပ်ဘာသာ ပို့တ်အော့ဖ်စပိန်မြို့ (ယူနိုက်တက်ကင်းဒမ်း) အင်္ဂလိပ်ကပြားဘာသာ၊ အင်္ဂလိပ်ဘာသာ Cockburn Town Includes the US state of Hawaii, which is distant from the North American landmass in the Pacific Ocean and therefore more commonly associated with the other territories of Oceania.}} အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ ဝါရှင်တန်ဒီစီ (United States) အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ Charlotte Amalie စပိန်ဘာသာ မွန်တီဗစ်ဒီအိုမြို့ စပိန်ဘာသာနှင့် ဒေသဘာသာ ၄၀ မျိုး ကရာကတ်စ်မြို့ Total မှတ်ချက်များ ကိုးကား ကဏ္ဍ:တိုက်ကြီးများ ကဏ္ဍ:စူပါတိုက်ကြီးများ
ဝီကီပီးဒီးယား
ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပာယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။ တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။ ဖတ်ရှုရန် မြန်မာဝီကီပီးဒီးယား ကိုးကား ပြင်ပလင့်ခ်များ – multilingual portal (အခြားဘာသာစကားဆိုဒ်များသို့ လင့်ခ်များပါဝင်သည်) Category:စွယ်စုံကျမ်းများ Category:အခမဲ့ စွယ်စုံကျမ်းများ Category:အင်တာနက် စွယ်စုံကျမ်းများ Category:ဝီကီမီဒီယာ ပရောဂျက်များ Category:အမေရိကန် ဝဘ်ဆိုဒ်များ
အင်းလေးကန်
အင်းသားတို့၏ ငါးဖမ်းနေပုံ အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ် တွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိသည်။ ခြောက်သွေ့သော နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး ရေနက်သောနေရာတွင် ၁၂ ပေ (၃.၇မီတာ) ခန့်ရှိသည်။ မိုးရာသီတွင် ၅ ပေ (၁.၅) မီတာ ရေမျက်နှာ မြင့်တက်သည်။ အင်းလေးကန်သည် တောင်ပေါ်ရေအိုင် တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဘက်စွန်မှ စီးထွက်သွားသည်။ သမိုင်းကြောင်း အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဆို၏။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တနင်္သာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိသည်။ ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဓရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်းမြတ် ဖောင်စင်္ကြာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။ ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်းသားအထပ်ထပ် မြင်နိုင်သေးသောနေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေကြသည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြသည်။ နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော် သည်တော်နှင့် မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူ လှူတော်မူခဲ့သေးသည်။ အင်းသားတို့ကိုယ်၌က သူတို့အချင်းချင်း ဘုံပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။ နောက်ထပ် အငြင်းပွားသည့် ဒဏ္ဍာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာ ရှေးခေတ်မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင်ခဲ့ကြသည်မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒအလျောက်တင်လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္ဍာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြု စောဒနာခြင်း မပြုကြတော့ချေ။ လူမျိုး အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်အပါအဝင် ကျေးရွာတို့၌နေကြသူပေါင်းမှာ ၇ သောင်းဟု ခန့်မှန်းသည်။ အင်းသားလူမျိုး၊ ရှမ်း၊ ပအိုဝ်(တောင်သူ)၊ ဓနု စသည့် လူမျိုးများ နေထိုင်ကြသည်။ မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာ တံငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်းဖြင့် အသက်မွေးကြသည်။= ထင်ရှားသော ဘုရားပွဲများ ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း(၁)ရက်၊ နံနက် (၄:၀၀) နာရီခန့်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး နံနက် (၇:၀၀) နာရီ မှာစတင်က စံကျောင်းတော်ရှိ ဘုရားငါးဆူအနက် လေးဆူအား ဟင်္သာဖောင်ဖြင့် ကျေးပေါခုံရွာသို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက်တစ်ဖက်တည်းဖြစ် လှော်ခတ်ကာ (အင်းသားလူမျိုး ရိုးရာလှေလှော်ခတ်နည်း) ချိတ်ယူပင့်ဆောင်လာခဲ့သည်။ အင်းတိန်ရွာတွင် သီတင်းကျွတ်လဆန်း (၂)ရက် မှ (၃)ရက် နေ့အထိ ဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆန်း (၄)ရက်တွင် ရွာမရွာ၊ သီတင်းကျွတ်လဆန်း(၅)ရက်တွင် ငါးဖယ်ချောင်းရွာ၊ သီတင်းကျွတ်လဆန်း (၆)ရက် တွင် ကြေးစားကုန်းရွာ နှင့် ပွဲစားကုန်းရွာ စသဖြင့် အင်းလေးကန်အနီးရှိရွာအသီးသီးတွင် ဗုဒ္ဓပူဇနိယကျင်းပကြသည်။ ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက် သီတင်းကျွတ်လဆန်း (၇)ရက်မှ (၉)ရက်​နေ့အထိ စံကျောင်းတော်တွင် ကိန်းဝပ်က ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။ ထိုနောက် ညောင်ရွှေမြို့စံကျောင်းတော်မှ နံနက်(၇:၀၀)နာရီခန့်တွင် နန်းသဲရွာသို့ဆက်လက်ကြွချီကာ သီတင်းကျွတ်လဆန်း(၁၁)ရက်တွင် သလဲဦးရွာ၊ သီတင်းကျွတ်လဆန်း(၁၂)ရက်တွင် ဓကလာရွာ နှင့် ဇရပ်ကြီးရွာ၊ သီတင်းကျွတ်လဆန်း(၁၃)ရက်တွင် အလိုတော်ပေါက်နှင့် နန်းပန်ရွာ၊ ထိုနောက် မကျီးဆိပ်ရွာသို့လည်းကောင်း ကျိင်းခမ်းရွာသို့လည်းကောင်း သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကြွချီကာ ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်းကျွတ်လပြည်နေ့ ရောက်သော်အခါ မိုင်းပျိုးရွာ၊ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် နောင်တောရွာ၊ သီတင်းကျွတ်လဆုတ်(၂)ရက်နေ့တွင် အင်းပေါခုံရွာ နှင့် ရေးသာရွာသို့ ကြွချီကာဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆုတ်(၃)ရက်၊ နံနက်(၈)နာရီတွင် ဖောင်တော်ဦး စံကျောင်းတော်ကြီးသို့ရောက်ရှိလာသည် နှင့်အတူ ကျောင်းတော်ဝင်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။ ကျေးပေါခုန်ကျေးရွာအုပ်စု သမိုင်းဝင် အင်းတိန်ဘုရား ပွဲတော်သည် အစည်ကားဆုံးသော ပွဲတော်တစ်ခုဖြစ်သည်။ စီးပွားရေး အင်းလေးကန်ရှိ ငါးရှဉ့်ဖမ်းလုပ်ငန်း အင်းလေးနယ်တဝိုက် ကုန်သွယ်ထိုက်သည့်အရာတို့က လက်လုပ်ကုန်စည်အဖြစ်များ၍ လက်နက်တန်ဆာ၊ ကိရိယာပစ္စည်း ထွင်းထုထားသည့် အလှဆင်ဝတ္တုအဝတ်အထည်နှင့် ဖက်လိပ်ခေါ် ဆေးလိပ်တို့မှာ ဒေသသုံးသက်သက်လည်းရှိ ဒေသအပနှင့်လည်း ကူးလူးဖို့ပါရှိသည်။ ယင်းတို့အနက် အတော်များများ အလားတူတို့ကို မြန်မာပြည်အရပ်ရပ်၌လည်း ဝယ်၍ရနိုင်သည်။ နေ့စဉ် အရောင်းအဝယ်မှာ ဒေသဈေးတွင် တွင်ကျယ်စွာလုပ်နိုင်၏။ သို့သော် ပျံကျဈေးဖြစ်၍ ဈေးနေရာပြောင်းသည်ကို အစဉ်အလာသမားတို့အတွက် အခက်အခဲရှိသိကြပါ၏။ ထို့ကြောင့် ပဉ္စမဈေးနေ့တိုင်း နောက်တဈေး မည်သည့်နေရာမှာဆိုသည်ကို လှည့်လည်စဉ်ထားကာ ရေးဆွဲလိုက်နာကြပါ၏။ ဈေးနေ့ကျလျှင်ဖြင့် လှေငယ်ကိုယ်စီဖြင့် ရေပေါ်ဈေးအဖြစ် ကျန် ၄ ရက်ထက်ပိုမိုများပြားသည့် ပမာဏကို ခရီးသွားဧည့်သည်တို့အတွက် ရောင်းကြဝယ်ကြသည်။ အင်းလေးကန်သည် ရှေးရိုးစဉ်လာယက္ကန်းလုပ်ငန်းအတွက်လည်း ကျော်ကြားပါသည်။ ရှမ်းလွယ်အိတ်ခေါ် ပခုံးလွယ်အိတ်မှာ မြန်မာအများနေ့စဉ်သုံး၍ ဤဒေသတွင်အထွက်များပါသည်။ ပိုးထည်ယက်ခြင်းကလည်း အများကြိုက် အရေးပါလက်မှုစက်မှုပညာလုပ်ငန်းတစ်ခုဖြစ်၍ အင်းလေးနယ်အတွင်းသာမက နိုင်ငံတနံတလျား လူသိများကြသည်။ ယင်းအရပ်ကုန်ထွက်တို့က လက်ရာကသန့် အဆင့်ကမြင့် လက်နှင့်ယက်လျှင်ပိုလှသည့်အဆင်၊ အင်းလေးဆင်ဟုလည်း ခေါ်ကြ။ ကျားမ မဟူသူသူငါငါတိုင်း ရင်တန်ဆာအဖြစ် ဆင်မြန်းကြသည်။ ယခုဆိုလျှင် ပြည်တွင်းဧည့်သည်နှင့် နိုင်ငံခြားဧည့်သည်တို့က အလှပစ္စည်း ပဏ္ဏာပစ္စည်းလို အသီးသီးဝယ်သွားလေ့ရှိကြသည်။ ထင်ရှားသောနေရာများ ဖောင်တော်ဦးဘုရား ရွာမ ရေပေါ်ဈေး ငါးဖယ်ချောင်ကျောင်းတိုက် (ကြောင်ခုန်ကျောင်း ဟုလူသိများသည်။) ရွှေအင်းတိန် ဘုရား ဓာတ်ပုံများ ကိုးကား ပြင်ပလင့်ခ်များ Interesting Photos images from Inle Lake Trip to Burma YouTube Inle Lake YouTube The Cotton Weaving Industry of Inle inc. video Where Even Dead Flowers are Doomed Kyi Wai, The Irrawaddy, September 1, 2007 Poisoned Waters Kyi Wai, "The Irrawaddy", September 1, 2007 Category:ရှမ်းပြည်နယ် Category:မြန်မာနိုင်ငံရှိ ရေကန်များ Category:မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ
မုခ်ဝ:အတ္ထုပ္ပတ္တိ
နိုင်ငံရေး မြန်မာ ဗိုလ်မှူးချုပ်ကျော်ဇော သရေစည်သူဦးသန့် သိပ္ပံမောင်ဝ ကြေးမုံဦးသောင်း ဂျိမ်းစ်လှကျော် သခင်ကိုယ်တော်မှိုင်း ရွှေဥဒေါင်း ပီမိုးနင်း လူထုဦးလှ ဦးဖိုးကျား လူထုဒေါ်အမာ မောင်ထင် သိပ္ပံမောင်ဝ ဆရာဝန်တင်ရွှေ ကြေးမုံဦးသောင်း ဦးသက်ထွန်း တိုက်စိုး မင်းလူ သိန်းဖေမြင့် လင်္ကာရည်ကျော် စိုးလွင်၊ ဒေါက်တာ မောင်သာနိုး ဒဂုန်တာရာ မင်းသိင်္ခ သော်တာဆွေ အီကြာကွေး (စာရေးဆရာ) ဦးရွှေအောင် မှော်ဘီဆရာသိန်း ဂျာနယ်ကျော်မမလေး ခင်မျိုးချစ် မြသန်းတင့် မောင်ဆုရှင် ယုဝတီခင်ဦး ခင်နှင်းယု ငြိမ်းကျော် စမ်းစမ်းနွဲ့ (သာယာဝတီ) ချစ်ဦးညို ဂျူး တာရာမင်းဝေ နုနုရည် (အင်းဝ) မိုးမိုး (အင်းလျား) နီကိုရဲ အကြည်တော် မြင့်သန်း‌ ယောဂီ ဦးတင် ကထိက ဒေါ်မြင့်သန်း မြို့မ-မြင့်ကြွယ် ခင်မောင်အေး (မန္တလေး) နိုင်ငံတကာ ဝီလီယမ် ရှိတ်စပီးယား လီယိုတော်စတွိုင်း အင်တွန်ချက်ကော့ဗ် မက်ဇင်ဂေါ်ကီ ဖရန့်ဇ်ကဖ်ကာ အဲလ်ဘတ်ကမူး ယန်းပေါလ်ဆတ် ဂျိမ်းဂျွိုက်စ် ဂေဘရီယယ် ဂါစီယာ မားကွက်ဇ် ကဇူးအို အစ်ရှိဂူရိုး ကဗျာဆရာ မြန်မာ မာမာအေး ပြည်လှဖေ မေရှင် ဂီတနက်သန်ကိုစောငြိမ်း တယောကိုတင်ရီ စန္ဒရားလှထွတ် စန္ဒရားချစ်ဆွေ ကိုအံ့ကြီး မြင့်မြင့်ခင် တွံတေးသိန်းတန် ကိုတင်လှိုင် ကိုသန်းလှိုင် မာမာအေး ရီရီသန့် ဟင်္သာတထွန်းရင် လားရှိုးသိန်းအောင် (ဂျင်မီဂျက်) ဇော်ဝမ်း မင်းအောင် ခင်ဝမ်း ခင်မောင်တိုး စိုင်းထီးဆိုင် စိုင်းဆိုင်မောဝ် စိုးပိုင် မြန်မာပြည်သိန်းတန် ဂျေမောင်မောင် လွှမ်းမိုး ခိုင်ထူး ရာပြည့် ဂျေညီညီ မွန်းအောင် မေဆွိ စိုးလွင်လွင် အောင်နိုင် ကိုင်ဇာ ဗဒင် ထူးအိမ်သင် စံလင်း ရုပ်ရှင် မြန်မာဒါရိုက်တာ သုခ မောင်မောင်တာ ဝင်းဖေ အေဝမ်းသန်းထွဋ် ကျော်ဟိန်း နိုင်ငံတကာဒါရိုက်တာ ဟာယာအို မီယာဇာကီ သရုပ်ဆောင် ညီပု ဇေယျ ဘမြင့် သာဂေါင် ဖိုးပါကြီး ဦးကျောက်လုံး ဗိုလ်ဗကို ထွန်းဝေ ကောလိပ်ဂျင်နေဝင်း စံတင် ဇော်လွင် ဇော်ခင် ဝင်းဦး ခင်ယုမေ ဒေစီကျော်ဝင်း အောင်လွင် ညွန့်ဝင်း လင်းအောင် လင်းထင် အံ့ကျော် စိန်မြင့် ဇော်ဝမ်း ချိုပြုံး ဝါဝါဝင်းရွှေ ခင်သန်းနု ကျော်ဟိန်း ဆွေဇင်ထိုက် နေအောင် ခင်သီတာထွန်း ကျော်သူ ဝေဠုကျော် မေသန်းနု မေဝင်းမောင် အောင်ထွန်းလေး အပြောင်းအလဲများကို တွေးခေါ်ဖန်တီးသူများ ဟင်နရီ ဖို့ဒ် အက်ဒီ ရစ်ကင်ဘက်ကာ ဝီလျံ ရန်းဒေါ့ဖ် ဟတ်စ် ဝေါ့ ဒစ္စနေ ဂျွန် မေနတ် ကီးနက်စ် ဒေးဗစ် ဆာနော့ဖ် တက်ဒ် တန်နာ ဝပ်ဆင်စ် ဘီလ်ဂိတ် စတိဗ်ဂျော့စ် မာ့ခ် ဇက်ကာဘာ့ဂ် ဂျက်မ(အလီဘာဘာ) သိပ္ပံပညာရှင်များ အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ စတီဖင်ဟော့ကင်း မေရီ ကျူရီ ဝပ်ဆင် နှင့် ကရစ် လီကီး မိသားစု လီနပ်စ် ပေါလင်း မာဂရက် မိ(ဒ်) အလက်ဇန္ဒား ဖလင်းမင်း အက်ဒဝင် ဟတ်ဘဲလ် အဲလ်ဘတ် အိုင်းစတိုင်း အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ အင်ဂျင်နီယာများ |ရုဒေါ့ဖ် ဒီဇယ် ရုဒေါ့ဖ် ဒီဇယ် တွေးခေါ်ပညာရှင်များ ဆိုကရေးတီး ပလေးတိုး အရစ်စတိုတယ်လ် ဘာထရန်ရပ်ဆဲလ် ဇွန်လော့ခ် ကွန်ဖြူးရှပ် ဆွန်ဇူး နစ်ရှေး ဂျွန်ဒီး နိုဘယ်ဆုရှင်များ အောင်ဆန်းစုကြည် အဲလ်ဘတ်ကမူး Category:ဝီကီပီးဒီးယား သတင်းအချက်အလက် စာမျက်နှာများ
ကဏ္ဍ:ဒဏ္ဍာရီလာ သတ္တဝါများ
Category:ဒဏ္ဍာရီများ ကဏ္ဍ:ရှေးရိုးစဉ်လာ သတ္တဝါများ ကဏ္ဍ:ဒဏ္ဍာရီလာ ဇာတ်ကောင်များ
ကျားသစ်
ကျားသစ်| ကျားသစ်သည် ပင်သီရာပါဒပ်စ် မျိုးစိတ်ဖြစ်ပြီး ကြောင်မျိုးရင်းဝင်ဖြစ်သည်။ ကျားသစ်ကို တွေ့ရသည့် ဒေသသည် ကျား၊ ခြင်္သေ့ စသည့် အခြားမျိုးရင်းတူ တိရစ္ဆာန်များကို တွေ့ရှိသည့် ဒေသထက် ပိုမိုကျယ်ဝန်းသည်။ ပုံပန်းသဏ္ဌာန် ကျားသစ်များတွင် အဝါရောင် အမွှေးများနှင့် အနက်ရောင် အကွက်များ ရှိကြသည်။ ဝမ်းဗိုက်အောက်ပိုင်းမှာ အခြားနေရာများထက် အရောင်ပိုဖျော့သည်။ သို့သော်လည်း ကျားသစ်မျိုးကွဲ အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ တစ်ကိုယ်လုံးမည်းနက်နေသော ကျားသစ်မျိုးလည်းရှိပြီး ၎င်းကို ကျားသစ်နက် (သို့) သစ်နက် ဟုခေါ်သည်။ ကျားသစ်ထီးများသည် ကျားသစ်မများထက် ၃၀ရာခိုင်နှုန်းခန့် ပို၍ ကြီးမားကြသည်။ ကျက်စားရာနေရာများ မူလအစပိုင်းက ကျားသစ်များသည် အာဖရိက တဝှမ်းလုံး (ဆာဟာရ သဲကန္တာရ မှလွဲ၍) နှင့် အာရှတိုက် တောင်ပိုင်းတွင် နေထိုင်ကြသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကျားသစ်မျိုးကွဲများ အထူးသဖြင့် အာရှရှိ ကျားသစ်မျိုးကွဲများမှာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ ကျားသစ်များသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများ နေထိုင်ရာ ဒေသတိုင်း လိုလိုတွင် နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ကျားသစ်မျိုးကွဲ အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။ ကျားသစ်များသည် မိုးသစ်တောများ၊ သစ်တောများ၊ တောင်ကုန်းများနှင့် ဆာဗားနားမြက်ခင်းပြင်များစသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင် ကျက်စားကြသည်။ နေထိုင်မှုဘဝ ကျားသစ်များသည် အများအားဖြင့် ညဘက်တွင် ကျက်စားကြသည်။ သူတို့သည် သစ်ပင်ကောင်းစွာ တက်တတ်ကြပြီး အချိန်အများစုမှာ သစ်ပင်ထက်တွင် နေထိုင်ကြသည်။ သူတို့သည် အများအားဖြင့် နို့တိုက်သတ္တဝါ အကောင် အလတ်စားများကို များသောအားဖြင့် စားသုံးလေ့ ရှိကြသော်လည်း ငှက်များ၊ တွားသွားသတ္တဝါများနှင့် အင်းဆက်များကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် နေ့တစ်နေ့၏ အချိန်အပိုင်းအခြား အမျိုးမျိုးတွင် သားကောင်ရှာထွက်လေ့ ရှိကြပြီး သားကောင်ရှာဖွေရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုလေ့ ရှိကြသည်။ များသောအားဖြင့် ကျားသစ်များသည် သူတို့၏ သားကောင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်လေ့ ရှိကြပြီး အနီးသို့ ရောက်သောအခါတွင်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သို့မဟုတ်လျှင် ပုန်းအောင်း စောင့်ဆိုင်းနေပြီး အနီးသို့ ရောက်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သားကောင်ကို ဖမ်းဆီးပြီးသော အခါတွင် ကျားသစ်တို့သည် သားကောင်ကို သစ်ပင်ထက်သို့ ယူဆောင်သွားလေ့ ရှိပြီး တခါတရံတွင် ဖွက်ထားလေ့ ရှိကြသည်။ အခြား တိရစ္ဆာန်များက ခိုးယူမသွားနိုင်ရန် အတွက် ဖြစ်သည်။ ကျားသစ်များသည် အများအားဖြင့် တကောင်တည်း နေထိုင်လေ့ ရှိကြပြီး အခြားကျားသစ်များနှင့် တွေ့ဆုံလေ့ မရှိကြပေ။ မိတ်လိုက်သော အခါတွင်မှသာ တွေ့ဆုံလေ့ ရှိကြသည်။ ကျားသစ်ငယ်သည် သူ၏ အမေထံမှာ ၁၃ လ နှင့် ၁၈ လ အကြားတွင် ခွဲခွာသွားလေ့ ရှိကြသည်။ ကျားသစ်များသည် အများအားဖြင့် မျောက်များကို စားလေ့ ရှိကြသည်။ သို့သော်လည်း ရှဉ့်များ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ အင်းဆက်များ၊ ငှက်များနှင့် ငါးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် ပုံမှန်အားဖြင့် လူများကို စားလေ့ မရှိကြပေ။ အနာတရ ဖြစ်နေ၍ သို့မဟုတ် နာမကျန်း ဖြစ်နေ၍ စားစရာ အလုံအလောက် မရှိသော အခါတွင်မှသာ လူကို စားလေ့ ရှိကြသည်။ အိန္ဒိယနိုင်ငံ ရှိ ကျားသစ်တစ်ကောင်မှာ လူ ၁၂၅ ယောက်ကို စားခဲ့ဖူးသည်ဟု ယုံကြည်ရသည်။ ဇီဝမျိုးရိုးခွဲခြားခြင်း အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။ မျိုးစိတ်ခွဲများ ယနေ့တွင် ကျားသစ်မျိုးစိတ်ခွဲ (၉) မျိုးရှိသည်ဟု သတ်မှတ်ထားကြသည်။ အာဖရိကတွင် တစ်မျိုးနှင့် အာရှတွင် ရှစ်မျိုးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် - အာဖရိက ကျားသစ် (African leopard P.p pardus) အာမာ ကျားသစ် (Amur leopard P.p orientalis) အာရေဗျ ကျားသစ် (Arabian leopard P.p nimr) အိန္ဒိယ ကျားသစ် (Indian leopard P.p fusca) အင်ဒိုချိုင်းနား ကျားသစ် (Indo Chinese leopard P.p delacouri) ဂျာဗား ကျားသစ် (Javan leopard P.p melas) တရုတ်မြောက်ပိုင်း ကျားသစ် (North Chinese leopard P.p japonensis) ပါရှား ကျားသစ် ( Persian leopard P.p saxicolor) သီရိလင်္ကာ ကျားသစ် (Sri Lankan leopard P.p kotiya) အောင်ကောင်ခန့် ကဏ္ဍ:ကြောင်ကြီးမျိုးစုဝင် တိရစ္ဆာန်များ
သီပေါမင်း
သီပေါမင်း (ခရစ်နှစ် ၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည်။ ဘွဲ့တော်မှာသိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနစ်နှစ်ဖြစ်သည်။ မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်အလတ်ဖြစ်ပြီး နံတော်မှာ စနေသား၊ ငယ်အမည်မှာ မောင်‌ရေစက် ဖြစ်လေသည်။ သီပေါမင်းသည် သျှမ်းသွေးအနည်းငယ်ပါသည် အဘယ့်ကြောင့်ဆိုသော် မယ်တော်ဖက်က မြန်မာသျှမ်းကပြားဖြစ်သည်။သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေဝီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် (မြန်မာ)+ မိဖုရား နန်းမွေးခန်း(သီပေါသျှမ်းစော်ဘွားသမီး)တို့မှ မွေးဖွားခဲ့သောကြောင့် မင်းမျိုးပင်ဖြစ်သည်သီပေါစော်ဘွားမျိုးလည်းဟုတ်သည်။နန်းမွေးခန်းသည် သျှမ်းသီပေါစော်ဘွားကြီးစောမြတ်ဆန္ဓေရဲ့သမီးတော်ဖြစ်သည်။ ဦးမှေး(မြန်မာသျှမ်း)သည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။ လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ်ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင်သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။ သီပေါမင်းသည်မွေးချင်းနှစ်ဦးရှိပြီး အစ်မတော်ပခန်းကြီးစုဖုရားနှင့် ညီမတော် မိတ္ထီလာစုဖုရားတို့ဖြစ်သည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ အာဏာကို လက်ဝယ်ပိုင်စိုးလိုသောအလယ်နန်းမိဖုရား ဆင်ဖြူမရှင်နှင့်စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက မိမိတို့ကြိုးဆွဲရာကမည့် မင်းသားတစ်ပါးကို နန်းတင်ရန်ကြံစည်ကြရာ စာပေကျမ်းဂန်တို့ကို မြတ်နိုး၍ စိတ်သဘောထား နူးညံ့သိမ်မွေ့သော သီပေါမင်းသားကို မျက်စိကျပြီး နန်းလျာအဖြစ် လျာထားခဲ့ကြသဖြင့် အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ နန်းတက်စ အခြေအနေ ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေးအတွက် အစဉ်အလာအတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ ဩဇာအာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်းဥပဒေအရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သောအခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန် မလိုတော့ဘဲ အရာရှိ အရာခံ မှူးမတ်များကို ဘုရင့် သစ္စာတော်ခံ လုံးဝ ဖြစ်စေရေး အတွက် သစ္စာရေ တိုက်ရန်သာ အားသစ် နေကြသည်။ ရှော မူကား မကျေမနပ် ဖြစ်၍ မြန်မာ ထီးနန်းကို ဒေါမာန်ပွားကာ၊ မင်းညီမင်းသား ဆွေတော် မျိုးတော်တို့အား သတ်ဖြတ်ခြင်းကို အကြောင်းပြ၍ ထိုသတ်ဖြတ်မှုများကို မရပ်စဲလျှင် နေပြည်တော်မှ သူ ထွက်ခွာ သွားမည်ဟု ခြိမ်းခြောက်တော့သည်။ နိုင်ငံခြားသား ကုန်သည်စုကလည်း ရှောနှင့် တသံတည်း ထွက်ကြလေသည်။ အိန္ဒိယ နိုင်ငံရှိ ဘုရင်ခံချုပ် လတ်မင်းကြီး လစ်တန်သည် ဤပြဿနာကို ဖြေရှင်းဖို့ လိုသည်ဟု အင်္ဂလန်သို့ အကြောင်းကြား တိုက်တွန်း၍ မြန်မာ နယ်စပ်သို့ စစ်တပ်များ ပို့စေလေသည်။ left|သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် ၎င်း၏ အမတော် စုဖုရားကြီး(နိုဝင်ဘာလ၊ ၁၈၈၅ ခုနှစ်) left|သီပေါမင်း၏ ကရဝိတ်သဗ္ဗန်တော် သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္တလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တစာချုပ်ဖြစ်စေ၊ ရာသက်ပန် စာချုပ်ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။ စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်းတော်ကဲ့သို့ပင် မန္တလေး နန်းတော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။ ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက်ဖွံ့ဖြိုး ခဲ့လေသည်။ left|ဗြိတိသျှတို့သည် သီပေါဘုရင်အား ရတနာဂီရိသို့ ခေါ်ဆောင်၍ ဤတိုက်နန်းတော်တွင် ထားလေသည်။ သီပေါမင်း ( မြန်မာ၁၂၂ဝ-၁၂၇၈) ကုန်းဘောင်မင်းဆက်၏နောက်ဆုံးမင်းဖြစ်သော သီပေါမင်းသည် မင်းတုန်းမင်းကြီး နတ်ရွာစံပြီးနောက် နန်းတက်တော်မူသည်။ မာရ်အောင်ရတနာစေတီတော် တည်ထားကိုးကွယ်သောကြောင့် မာရ်အောင်ရတနာ ဒါယကာဘဝရှင်မင်းတရားဟူ၍၎င်း၊ ငယ်စဉ်က သီပေါမြို့ကို စားရသောကြောင့် သီပေါမင်းဟူ၍၎င်း၊ မန္တလေးရတနာပုံမြို့တွင် ဒုတိယနန်းစံသော မင်းဖြစ်သဖြင့် မန္တလေးရတနာပုံ ဒုတိယမြို့နန်းစံမင်းဟု၎င်း၊ အိန္ဒိယနိုင်ငံ မဒရပ် မြို့သို့ဗြိတိသျှတို့၏ ဆောင်ယူသွားခြင်း ခံရသဖြင့် မဒရပ်ပါမင်းဟူ၍၎င်း ထင်ရှားသည်။ သီပေါကို ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး နှင့်ဘထွေးတော် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးမင်းသား သမီးတော် သီရိမဟာမင်္ဂလာ သုပဘာဒေဝီဘွဲ့ခံ လောင်းရှည်မိဖုရား ( နန္ဒာဒေဝီ) တို့မှ မြန်မာ သက္ကရာဇ် ၁၂၂ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၅၉ ခုနှစ်) နတ်တော် လပြည့်ကျော် ၁၂ ရက် စနေနေ့တွင် ဖွားမြင်တော်မူလေသည်။ မယ်တော်လောင်းရှည်မိဖုရားအား မင်းတုန်းမင်းတရားကြီးက စိတ်အခန့်မသင့်ဖြစ်၍ အိမ်နိမ့်ချထားစဉ် သီပေါမင်းသားသည် တပယ်မင်းသား၏အိမ်တော်၌ ငြိုငြင်စွာနေရသည်။ ထို့နောက် အခြားသားတော်များနှင့်အတူ ဆရာမှတ်ကြီး၏ သံတဲကျောင်း၌ အင်္ဂလိပ်စာပေပညာသင်ကြားရလေသည်။ မြန်မာ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ခမည်းတော်မင်း တရားကြီးက ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်းခြီးမြှင့်တော်မူပြီးလျှင် မာလာလင်္ကာရသီရိဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ရ တောင်တော်ဆရာတော်ထံ အပ်နှံတော်မူခြင်းခံရသည်။ ထိုနှစ်တွင်ခမည်းတော်မင်းတရားကြီးက သားတော် သမီးတော်များ ပထမပြန်စာမေးပွဲဝင်ရမည် အမိန့်တော်မြတ် မှတ်တော်မူရာ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ်ခန့်တွင် သီပေါမင်းသား လူဝတ်လဲ၍ ပထမငယ် ပြန်ဆိုသည်။ ထိုနောက် ရှင်သာမဏေ ပြန်ဝတ်လေသည်။ ၁၂၃၈ ခုနှစ်တွင် ပထမလတ် စာပြန်ပွဲကို လူဝတ်လဲ၍ပြန်ဆိုပြီးနောက် ရှင်သာမဏေပြန် ဝတ်ပြန်သည်။ ၁၂၃၉ ခုနှစ်တွင် ပထမကြီးစာပြန်ပွဲကို အထက်နည်းအတိုင်း အောင်မြင်စွာပြန်ဆိုနိုင်ပြန်သည်။ သားတော်များထဲတွင် တဦးတည်းထူးချွန်စွာ ပထမပြန်ဆိုနိုင်သော သားတော်သီပေါ မင်းသားအား ခမည်းတော် မင်းတရားကြီးသည် အားရတော်မူလှသဖြင့် ညီလာခံလွှတ်တော်သို့ အခမ်းအနား ရထားဆင်ယင် တပ်ဝင်းခင်း ကျင်းကာဝင်စေသည်။ ထိုနောက် လူဝတ်လဲစေ၍ နန်းတော်အတွင်း တံခါးနီအပြင်လွှတ်တော်မြောက်ဘက်တွင် အိမ်တော်ဆောက်ပေးစံနေစေသည်။ မင်းတုန်းမင်းတရားကြီးသည် သာသနာတော်ကို အထူးလေးစားတော်မူသည့် အလျောက် ပထမပြန်စာမေးပွဲကို ပြန်ဆိုအောင်မြင်ခဲ့သော သားတော် သီပေါမင်းသားအား များစွာချစ်ခင်နှစ်သက်တော်မူသဖြင့် အပါးတော်၌ မပြတ်ထွက်ဝင်ခစားစေသည်။ ပထမပြန် အောင်ဆုသည်ပင်သီပေါမင်းသားအား မင်းအဖြစ် ရောက်သည်တိုင်အောင် ကျေးဇူးပြုသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ၁၂၄ဝ ပြည့်နှစ်ဝါခေါင်လတွင်မင်းတုန်းမင်းတရားကြီး မကျန်းမမာရှိတော်မူသောအခါ နန်းတော်အတွင်း၌ တန်ခိုးကြီး နေသော မင်းတုန်းမင်းကြီး၏ အလယ်နန်းမိဖုရား ဆင်ဖြူမရှင်နှင့်ကင်းဝန်မင်းကြီးစသော အလိုတူသည့် မှူးတော်မတ်တော်တို့ တိုင်ပင်ကြပြီးလျှင်သားတော် သီပေါမင်းသားအား အိမ်ရှေ့ဥပရာဇာ ဆောင်နှင်းရန် မင်းတရားကြီး အားတင်လျှောက်၍ ထိုနှစ် တော်သလင်းလပြည့်ကျော် ၉ ရက်နေ့တွင် အိမ်ရှေ့အပ်နှင်းလေသည်။ သားတော်ကြီးများဖြစ်သော သုံးဆယ်မင်းသား၊ ညောင်ရမ်းမင်းသား၊ မက္ခရာမင်းသားတို့ရှိပါလျက် သားတော်အငယ် သီပေါမင်းသားအား ကင်းဝန်မင်းကြီး စသော မှူးမတ်များက လိုလားရခြင်းမှာ စိတ်ထက်မြက်သော မင်းသားများဘုရင်ဖြစ်လျှင် နိုင်ငံအုပ်ချုပ်မှုနှင့် နိုင်ငံခြားဆက်သွယ်မှုများကို မိမိတို့သဘောကျ ဆောင်ရွက်နိုင်မည်မဟုတ်၊ အသက်ငယ်၍ သဘောနူးညံ့သော မင်းသားနှင့်မှ သဘောကျဆောင်ရွက်နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။ ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီထွန်းကားသော အနောက်နိုင်ငံများသို့ရောက်ရှိကာ မိမိနိုင်ငံတိုးတက်ရေး အတွက်ထိုနိုင်ငံများကဲ့သို့ ဘုရင်၏အာဏာကို ကန့်သတ်ကာဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲသွားနိုင်သည့် အုပ်ချုပ်ရေး စံနစ်သစ်ကို တီထွင်လိုသဖြင့် မိမိဩဇာညောင်းမည်ထင်သည့် သီပေါမင်းသားကို သဘောတူခြင်းဖြစ်လေသည်။ ဆင်ဖြူမရှင်မိဖုရားကြီး၌မူ မိမိ၌သားတော်မရှိသဖြင့် မိမိသမီးတော်နှင့်ရည်ငံရင်းစွဲရှိသော သီပေါမင်းသားအား သဘောတူညီခြင်းဖြစ်လေသည်။ သီပေါမင်းသား အိမ်ရှေ့အရာကိုရပြီးနောက် မင်းတုန်းမင်း၏အခြား သားတော်ကြီး များကိုဖမ်းဆီးချုပ်နှောင်ထားလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ရက်နေ့တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောထိုနေ့တွင်ပင် အိမ်ရှေ့စံ သီပေါမင်းသားသည်ထီးနန်းကိုသိမ်းပိုက်တော်မူသည်။ ၁၂၄၁ ခုနှစ်နယုန်လတွင် သီပေါမင်းတရားကြီးသည် သီရိပဝေသနာဘိသိက်ကိုသွန်းခံတော်မူ၍ ထီးဆောင်း မင်္ဂလာဥကင်သဖွင့်တော်မူပြီးလျှင်၊ သီရိပဝရာဒိတျရတိလောကဓိပတိပဏ္ဍိတမဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံ တော်ကို ခံတော်မူသည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်း မိဖုရားဆင်ဖြူမရှင်မှ ဖွားမြင်သော မြတောင်မြို့စား သီရိသုမင်္ဂလာရတနာဒေဝီဘွဲ့ခံ စုဖုရားလတ်အား သီရိပဝရမဟာရာဇိန္ဒာဘိသုဓမ္မရတနာဒေဝီ တံဆိပ်နာမံတော်ဖြင့် အရှင်နန်းမတော်မိဖုရားခေါင်ကြီးတင် မြှောက်တော်မူသည်။ မယ်တော်လောင်းရှည်မိဖုရားအားလည်း မြောက်ဥယျာဉ်တော်၌ အိမ်ဖြူတော်ဆောက်လုပ်ကာစံနေစေသည်။ နန်းတက်ပြီး မကြာမီပင် ခမည်းတော်နတ်ရွာမစံမီက အကျဉ်းချထားခြင်းခံရသော မင်းညီမင်းသား ၄ဝ ကျော်တို့အား ရွှေလွှတ်တော်မှ အမိန့်မပါရှိဘဲ လက်သုံးတော်တို့က ကွပ်မျက်လေသည်။ မင်းသားမင်းသမီးတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်ကိစ္စတွင် မင်းတရားကြီး တင်ကူး၍ မသိရှိရဟု အချို့ရာဇဝင်ဆရာတို့က ဆို၍အချို့ကမူ မင်းမိဖုရားနှစ်ပါးလုံး အလိုတူကြံစည်ရာပါကြောင်းဖြင့်ဆိုကြသည်။ ဤကိစ္စကြောင့်ပြည်သူအများတို့ စိတ်နှလုံး ပင်ပန်းညိုးငယ်ကြရသည်။ သီပေါမင်းတရား နန်းတက်ပြီးနောက် ချက်ချင်းလိုပင် တောင်ဥယျာဉ်၌ ကျင်းပသောအစည်းအဝေးတွင် နိုင်ငံအုပ်ချုပ်ရေးကို လယ်ယာ၊ လက်အလုပ်၊ ကုန်းကြောင်းစစ်ဘက်၊ ရေကြောင်း စစ်ဘက်၊ အကောက် ခွန်၊ သာသနာပညာ၊ ပူရိသမေဓ၊ (လူခွန်) ၊ သဿမေဓ(မြေခွန်) ၊ ရာဇဝတ်ဘက်၊ တရားဘက်၊ နိုင်ငံခြား၊ တွဲဘက်ရုံး၊ မြို့ရေးရွာမှု၊ စက်အလုပ်ဟူ၍ ဌာနကြီး ၁၄ ဌာန ခွဲခြားအုပ်ချုပ်ရန် အများသဘောတူ ပြဋ္ဌာန်းလိုက်ကြသည်။ သို့ရာတွင် ထိုနှစ် တပေါင်းလ၌ ဌာနဝေပုံပျက်သွားပြန်သည်။ ၁၂၄၂ ခုနှစ် ဝါခေါင်လတွင်တစ်ဖန် - နိုင်ငံခြားနှင့်သာသနာပညာရေး ၊ တရားရာဇဝတ်ဖက်၊ အကောက်အခွန်၊ သဿမေဓ၊ ကုန်းကြောင်းစစ်ဘက်၊ ရေကြောင်းစစ်ဘက်၊ အလုပ်ဘက်၊ လယ်ယာ၊ ဥပဒေဟူ၍ ကိုးဌာနခွဲခြားသတ်မှတ်ပြန်သည်။ ထိုဌာနကြီးကို ဌာနအုပ်ချုပ်ရေးလည်း မြန်မာ သက္ကရာဇ် ၁၂၄၂ ခုနှစ် နှောင်းတန်ခူးလတွင် ပျက်ပြန်သဖြင့်၊ ၁၂၄၅ ခုနှစ်တွင် တရားရာဇဝတ်ဌာနကို နှစ်ဌာနခွဲ၍ ဆယ်ဌာနခွဲခြားသတ်မှတ် အုပ်ချုပ်ပြန်သည်။ ယင်းသို့အုပ်ချုပ်ရေးအကြိမ်ကြိမ် ပျက်ရသည်မှာလည်း ရှေးကကဲ့သို့အခွန်တော်ငွေကို ရှင်ဘုရင် မိဖုရား သဘောအတိုင်းသုံးစွဲလိုသဖြင့်တကြောင်း၊ နိုင်ငံအုပ်ချုပ်မှုတွင်အိမ်တော်ပါ လူငယ်များကို ထည့်လိုသဖြင့် တစ်ကြောင်းကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုကြသည်။ သီပေါမင်းတရားလက်ထက်တွင် ကင်းဝန်မင်းကြီးစသော မှူးမတ်ကြီးများ၏အကြံပေးချက်အရ ပြည်သူတို့ အလိုရှိရာတင်လျှောက်ခွင့်ရရန် ရွှေမြို့တော်ဓာတ်တံခါး လေးဌာန၌ ရွှေသေတ္တာများထား၍ ယင်းရွှေသေတ္တာများကို ဘုရင့်ရှေ့တော်၌ ဖွင့်ဖတ်ရသည်။ ထိုရွှေသေတ္တာစံနစ်ကြောင့်ပင် သီပေါဘုရင်သည် မိမိလက်ထက် နိုင်ငံအခြေအနေကို သိရှိသတိရတန်သမျှရကာ နိုင်ငံအတွင်းလွှမ်းမိုးရမ်းကားနေသော ရနောင်မောင်မောင်တုတ်နှင့် အပေါင်းပါတို့အား ဖမ်းဆီး ချုပ်နှောင်နိုင်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် ယင်းသို့အုပ်ချုပ်ရေး ဖြောင့်မှန်အေးချမ်းတော့မည်ကဲ့သို့ဖြစ်လာစဉ် ဝန်ကြီး အချင်းချင်းသင်းကွဲကြပြန်သဖြင့် သီပေါမင်းလက်ထက် နိုင်ငံတော်တွင် မင်းတုန်းမင်းကြီးလက်ထက်ကကဲ့သို့ ငြိမ်းချမ်းခြင်းမရှိချေ။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်းတရားသည် ပြည်သူတို့ငွေကြေးပေါများ၍ နိုင်ငံတော်စည်ပင်ဝပြောစေရန် ရွှေမြို့တော်၌ ထီရုံတော်များဖွင့်လှစ်သည်။ ထီရုံဆယ်ရုံ၌ တနေ့လျှင်ဆယ်ကြိမ်ကျဖွင့်လှစ်ပေးရာ နိုင်ငံသူနိုင်ငံသားတို့သည် ထီကိုသာဂရုစိုက်နေကြ၍ စီးပွားရေးပျက်စီးသဖြင့် ရည်ရွယ်တော်မူရင်းအတိုင်းမရောက် သောကြောင့် ၁၂၄၃ ခုနှစ်တွင် ထီရုံများရုပ်သိမ်းတော်မူသည်။ ထီကြွေးတင်သူများအားလည်း ငွေတော်များထုတ်၍ ဆပ်ပေးတော်မူသည်။ နိုင်ငံတွင်းအုပ်ချုပ်မှုများ တိုးတက်ရန် ဆောင်ရွက်သည့်ကြားမှ ယင်းသို့ယိုယွင်းနေစဉ် နိုင်ငံခြားဆက်သွယ်ရေးကိုလည်း အကောင်းဆုံးဖြစ်လာစေရန် မင်းတရားကြီးသည် ကြိုးစားခဲ့သည်။ မင်းတရားကြီးသည် ခမည်းတော် အရိုက်အရာကိုဆက်ခံတော်မူကြောင်း ဗိလတ်ရှိဝိတိုရိယ ဘုရင်မကြီး ထံသဝဏ်လွှာပါးလိုက်သောအခါ ဘုရင်မကြီးထံ မှလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာရောက်ရှိလာသည်။ နိုင်ငံတွင်း အင်အားများကွဲနေသည်ကို သိသောနယ်ချဲ့ နိုင်ငံများသည် မြန်မာနိုင်ငံအားဝိုင်းအုံကာ အခွင့်အလမ်းရရှိဖို့ကြိုးပမ်းကြလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄၁ ခုနှစ်တွင်သီပေါဘုရင်သည် ဗြိတိန်နှင့် အသင့်အမြတ်ဆက်ဆံလေ၍ သံများစေလွှတ်ရာ ဗြိတိသျှပိုင်နက်မြေဒေသဖြစ်သော သရက်မြို့ကိုလွန်၍ သွားခွင့် မရသောကြောင့် ပြန်လာခဲ့ရလေသည်။ နောက်နှစ်တွင်မှ အိန္ဒိယဘုရင်ခံချုပ်နှင့် ဆင်းမလားမြို့တွင်တွေ့ဆုံခွင့်ရသည်။ သို့ရာတွင်မဟာမိတ် စာချုပ်အသစ်ချုပ်ဆိုရန် ပြောဆိုကြရာအကြောင်းမညီညွတ်ချေ။ ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီးလက်ထက် ချုပ်ဆိုပြီးရှိသည့်စာချုပ်အတိုင်း လိုက်နာရန် နှစ်ဦးသဘောတူပြောဆို၍ နေပြည်တော်သို့ပြန်လာခဲ့ရသည်။ ယင်းသို့အင်္ဂလိပ်နှင့်မြန်မာဆက်ဆံရေး ခပ်တန်းတန်းရှိနေသဖြင့် မြန်မာတို့သည် မိမိနှင့်လွယ်ကူစွာ သဟဇာတဖြစ်နိုင်သော ပြင်သစ်တို့နှင့်ဆက်ဆံကြလေသည်။ မြန်မာ သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင်ပြင်သစ်နိုင်ငံသို့ မြန်မာသံတော်များ စေလွှတ်၍ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မွန်ရှာဖေရီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်အရ မန္တလေးနေပြည်တော်သို့ ပြင်သစ်ကိုယ်စားလှယ် တစ်ဦးလာရောက်နေထိုင်သည်။ ပြင်သစ်လူမျိုး အင်ဂျင်နီယာ၊ စက်ဆရာ၊ ပိုးမွေးတတ်သူ၊ ဘဏ္ဍာရေး အတိုင်ပင်ခံစသည်တို့ မြန်မာမင်းထံလာ ရောက်အမှုထမ်းကြသည်။ မြန်မာရဲအဖွဲ့နှင့်စစ်တပ်ကိုလည်း အီတလီနှင့် ပြင်သစ်အရာရှိတို့က သင်ကြားဖွဲ့စည်းပေးကြသည်။ ထို့ပြင် မန္တလေးမြို့နှင့် ပြင်သစ်ပိုင်တုံကင်မြို့ကို မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်ရန် မန္တလေးမြို့၌ ပြင်သစ် ဘဏ်တိုက် တစ်တိုက်ဖွင့်ရန်၊ ထိုဘဏ်တိုက်သည် ကျောက်တွင်းလုပ်ငန်းနှင့် ရှမ်းပြည်လက်ဖက်လုပ်ငန်းကို တစ်ဦးတည်းပိုင် သဘောနှင့်ဆောင်ရွက်ရန်စသော အချက်များကိုသဘောတူခဲ့ကြပြီးဖြစ်သည်။ ယင်းအချက်များကြောင့် ပြင်သစ်တို့ မြန်မာနိုင်ငံ၌ အခြေစိုက်ပြီးဖြစ်သွားမည်ကို စိုးရွံ့သော အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ ပြင်သစ်တို့လက်သို့မရောက်မီ မိမိတို့က လက်ဦးရန်အချက်ကိုစောင့်နေကြသည်။ |ရန်ကုန်တွင် သုံ့ပန်းဘုရင် သီပေါကို ရေနွေးငွေ့ သင်္ဘော'သူးရာ' မှ 'ကလိဗ်သင်္ဘော' သို့ လွှဲပြောင်းစဉ် (ဒီဇင်ဘာ ၆ ရက်၊ ၁၈၈၅) ဤသို့သောအခြေအနေတွင် တောင်ငူမြို့၌ သစ်လုပ်ငန်းလုပ်နေသော ဘုံဘိုင်ဘားမားကုမ္ပဏီနှင့် သစ်လုံးခိုးမှုဖြင့် အရှုပ်အရှင်းဖြစ်ရပြန်သည်။ ကုမ္ပဏီနှင့် ဖြစ်ရသောအရေးအခင်းတွင် ဗြိတိသျှအစိုးရကဝင်ပါကာ နောက်ဆုံး မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၅ ခုနှစ်) တန်ဆောင်မုန်းလတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုစစ်တိုက်ရန် ချီတက်လာကြသည်။ မြန်မာတို့ ဘက်မှလည်း လက်နက်ခြင်းမမျှသဖြင့် ကောင်းစွာမခုမခံနေသောကြောင့် ဗြိတိသျှတို့အခက်အခဲမရှိ မန္တလေးသို့ရောက် ရှိလာပြီးလျှင် ထိုနှစ်တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းနှင့်တကွ တစ်မြို့လုံးကိုသိမ်း၍ မင်းမိဖုရား သားတော် သမီးတော်များအား အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ရှေးဦးစွာခေါ်သွားလေသည်။ ဆရာချုံ၏ ပါတော်မူပန်းချီကား ထို့နောက်ဘုံဘိုင်ပြည်နယ် ရတနာဂီရိမြို့တွင် ထားသည်။ သီပေါမင်းတရားသည် မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနှစ် (ခရစ်နှစ် ၁၉၁၆ ခုနှစ်) နတ်တော် လပြည့်ကျော် ၆ ရက်နေ့တွင် သက်တော် ၅၉ နှစ်၌ ရတနာဂီရိစံအိမ်တော်တွင် နတ်ရွာစံ​​တော်မူသဖြင့်အလောင်းတော်ကို ထိုမြို့၌ပင်သင်္ဂြိုဟ်လေသည်။ ၁၂၈၁ ခုနှစ်တွင် အရှင်မိဖုရားခေါင်ကြီးကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရာရန်ကုန်မြို့ဗဟန်းရပ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ တိုက်နန်းတော်၌ စံနေတော်မူသည်။ မြန်မာ သက္ကရာဇ် ၁၂၈၇ ခုနှစ် (ခရစ်နှစ် ၁၉၂၅ ခုနှစ်) နတ်တော်လဆန်း ၁ဝ ရက်နေ့တွင် သက်တော် ၆၆ နှစ်၌ မိဖုရားခေါင်ကြီးနတ်ရွာစံသည်။ အလောင်းတော်ကို ရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း ပန်းခြံတွင်း၌ ဂူသွင်းသင်္ဂြိုဟ်လေသည်။ သီပေါမင်းတရားကြီးနှင့်မိဖုရားခေါင်ကြီးတို့၌ သားတော်သမီးတော်ခုနစ်ပါးထွန်းကားရာ သားတော်ကြီးတစ်ပါးနှင့်သမီးတော်ကြီးနှစ်ပါးငယ်ကလွန်သဖြင့် သမီးတော် လေးပါးကျန်ခဲ့သည်။ မင်းတရားကြီးကား စိတ်သဘောထားနူးညံ့ပျော့ပျောင်း၍ ရိုးသားတော်မူလှသည်။ ထိုကြောင့် အလွန်စိတ်ထက် မြက်သော မိဖုရားကြီး၏ ဩဇာသည် မင်းတရားကြီး၏ဩဇာထက် နန်းတော်တွင်း၌ ညောင်းလေသည်။ မင်းတရားကြီး၏ကုသိုလ်တော်များကား မာန်အောင်စေတီတော်၊ မဟာစံလွှတ်ဝေယန်ကျောင်းတော်နှင့် အခြားဂူ ကျောင်းအများဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ပြခန်း ကိုးကား Category:ကုန်းဘောင်ခေတ် Category:ကုန်းဘောင် မင်းဆက် Category:မြန်မာ မင်းမျိုးမင်းနွယ်များ‎ Category:မင်းတုန်းမင်း၏သားတော်များ‎
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက် တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေThe Computer Science Development Law on LMIS အရ မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေးကောင်စီ အောက်တွင် ဖော်ပြပါအသင်းများဖြင့်စတင် ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်သူများ အင်တာနက် အသုံးပြုခွင့် ရရှိစေရန် ဤအသင်းမှ ပညာရှင် လုပ်ငန်းရှင်များက ဦးဆောင်ကြိုးပမ်းခဲ့ခြင်းကြောင့် အများလေးစားခြင်းခံရသည့် အစိုးရမဟုတ်သော၊Myanmar ICT Sector Wide Impact Assessment by Danish Institute of Human Rights အကျိုးအမြတ်မယူသော နည်းပညာအသင်းကြီး တစ်ခု ဖြစ်သည်။News mentioned by Freedom House ဖွဲ့စည်းပုံ အောက်ပါ အသင်း ၃ သင်းမှ ရွေးချယ်တင်မြှောက် ခံရသော ကိုယ်စားလှယ်များဖြင့် အချိုးညီစွာ အသင်းချုပ်ကို ဖွဲ့စည်းထားသည်။ Myanmar ICT Park တွင် ရုံးစိုက်ထားပြီး၊ ယင်းကဲ့သို့သော အိုင်တီဖွံ့ဖြိုးမှုဆိုင်ရာ ကြိုးပမ်းမှုများ၊Myanmar ICT Sector Wide Impact Assessment by The Myanmar Centre for Responsible Business အိုင်တီစက်မှုဇုံများ ဖြစ်လာစေရန် ကြိုးပမ်းခဲ့သည့် အသင်းဖြစ်သည်။MCF Profile presentation, 2020 edition Myanmar ICT Master Plan ကို ကူညီရေးဆွဲခဲ့ခြင်းများလည်း ရှိခဲ့ပြီး၊ နိုင်ငံတကာ အိုင်တီနည်းပညာ ဆိုင်ရာ အသင်းအဖွဲ့များDigital Strategies in Myanmar at CICC နှင့်လည်း လက်တွဲလုပ်ဆောင်သည့် လှုပ်ရှားမှုလည်း ရှိသည်။DIGITAL REVIEW of AsiaPacific 2009–2010 မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် တွင် ‌အောက်ပါအတိုင်း အသင်း ၃ သင်းပါဝင်သည်။ ပြည်နယ်တိုင်းဒေသကြီး အဆင့် အသင်းခွဲများလည်း ရှိသေးသည်။ မြန်မာ ကွန်ပျူတာ ပညာရှင် အသင်း(MCPA) မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း(MCIA) မြန်မာ ကွန်ပျူတာ ဝါသနာရှင် အသင်း (MCEA) မတူညီသော လုပ်ငန်း‌ဆောင်တာများအတွက် သီးသန့် ကော်မတီများList of EC Members assigned to different committees ခွဲပြီး တာဝန်ယူ ဆောင်ရွက်ကြကြောင်း သိရသည်။ eGovernment Committee Digital Economy Committee Capacity Building Committee Public relation, international relations, trade & investment facilitation Legal advocacy & Standardization Committee Administration & Finance Committee ပြင်ပလင့်များ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ၏ တရားဝင် ဝဗ်ဆိုက် မြန်မာ ကွန်ပျူတာ ပညာရှင် အသင်း (MCPA) မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း(MCIA) မြန်မာ ကွန်ပျူတာ ဝါသနာရှင် အသင်း (MCEA) Myanmar Unicode and NLP Research Center (Internet Wayback Machine ပေါ်ရှိ ၎င်း၏ ယခင် ဝဗ်ဆိုက် အဟောင်း) Kanaung Hub Incubation Center ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း
မြန်မာ ကွန်ပျူတာ ပညာရှင် အသင်း ကို ၁၉၉၈ ခုနှစ် မေလ ၁၇ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ ၂၀၀၄ခုနှစ်အထိ Myanmar Computer Scientists Association (MCSA) ဟုခေါ်ဆိုခဲ့ပြီး ယခုအခါ Myanmar Computer Professionals Association (MCPA) ဟု ပြောင်းလဲခေါ်ဝေါ်လျက်ရှိသည်။ ဥက္ကဋ္ဌများ ဦးသိန်းဦး (၁၉၉၈-၂၀၀၁) ဦးသောင်းတင် (၂၀၀၂-၂၀၀၅) ဦးခွန်ဦး (၂၀၀၆ - ၂၀၁၀) ဦးရဲရင့်ဝင်း ဦးထွန်းခိုင် ပြင်ပစာမျက်နှာ Myanmar Computer Professionals Association မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း ၏ တရားဝင် ဝဗ်ဆိုက် ကဏ္ဍ:မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ
အမ်စတာဒမ်မြို့
အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ အမ်စတာဒမ်သည် မြောက်ဟော်လန်ခရိုင် တွင် ပါဝင်ပြီး နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဇန်နဝါရီလ ၁ ရက် ၂၀၀၈ ခုနှစ် စာရင်းဇယားအရ လူဦးရေစုစုပေါင်း ၇၄၇,၂၉၀ ရှိသည်။ အမ်စတာဒမ်ဆိုသည့် အမည်မှာ အမ်စတယ် မြစ်ပေါ်တွင်ရှိသောဆည် ဆိုသည့် အဓိပ္ပာယ်ရှိသည်။ အမ်စတာဒမ်မြို့ တည်စကာလ ၁၂ရာစု နှောင်းပိုင်းတွင် တံငါရွာကလေး တစ်ရွာမျှသာ ဖြစ်သည်။ သို့သော် ဒတ်ခ်ျလူမျိုးတို့၏ ရွှေရောင်လွှမ်းသော ကာလများတွင် ကမ္ဘာပေါ်တွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေးနှင့် ပတ်သက်သော တီထွင်တိုးတက်မှုများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အမ်စတာဒမ်မှာ ငွေကြေးနှင့် စိန်လုပ်ငန်းများ၏ ဦးဆောင်ဦးရွက်ပြုရာ နေရာတစ်နေရာ ဖြစ်လာခဲ့သည်။ ၁၉ ရာစုနှင့် ၂၀ရာစု တို့တွင် မြို့တော်မှာ တို့းချဲ့ခဲ့ပြီး ဆင်ခြေဖုံးဒေသ နှင့် ရပ်ကွက် အမြောက်အမြား ဖြစ်လာခဲ့သည်။ အမ်စတာဒမ်သည် နယ်သာလန်နိုင်ငံ၏ ငွေကြေးနှင့် ယဉ်ကျေးမှု အချက်အချာနေရာဖြစ်သည်။ ကြီးမားသော ဒတ်ခ်ျကော်ပိုရေးရှင်းများနှင့် ဘဏ်များ ၏ ရုံးချုပ်များသည် အမ်စတာဒမ်တွင် တည်ရှိသည်။ Euronext ၏ အစိတ်အပိုင်းဖြစ်သော အမ်စတာဒမ် စတော့ဈေးကွက်သည် မြို့လယ်တွင် တည်ရှိသည်။ အမ်စတာဒမ်၏ အထင်ကရ နေရာများဖြစ်သော သမိုင်းဝင်ရေနုတ်မြောင်းများ ၊ မီးနီရပ်ကွက် ၊ ရစ်ဂျ်ပြတိုက် ၊ ဗန်ဂိုးပြတိုက် နှင့် အန်နာဖရန့် ပုန်းအောင်းခဲ့သောအိမ် အစရှိသည်တို့နှင့် ဘင်းဂန်ဂျာ (Cannabis) ရနိုင်သော ကော်ဖီဆိုင်များကြောင့် တစ်နှင့်လျှင် ကမ္ဘာလှည့် ခရီးသည် ၄.၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။ သမိုင်းကြောင်း အမ်စတာဒမ် ဆိုသည့်အမည်ကို ပထမဆုံးအသုံးပြုခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်မှာ အောက်တိုဘာလ ၂ရ ရက် ၁၂၇၅ ခုနှစ် ရက်စွဲဖြင့် စာရွက်စာတမ်းဖြစ်သည်။ မြို့စား ဖလောရစ် ၅ (Count Floris V) မှ ထိုဒေသအတွင်း နေထိုင်သူတို့ အမ်စတယ်မြစ်ပေါ်တွင် တံတား နှင့် ဆည်ကို တည်ဆောက်သည့် အတွက် တံတားဖြတ်ခ မှ ကင်းလွတ်ခွင့်ပြုကြောင်း လက်မှတ်ဖြစ်သည်။ ထိုလက်မှတ်မှ ထိုဒေသတွင်နေထိုင်သူတို့အား homines manentes apud Amestelledamme (Amestelledamme အနီးတွင် နေထိုင်သူ ပြည်သူများ) ဟု ဖော်ပြထားသည်။ ၁၃၂ရ ခုနှစ်သို့ရောက်သော အခါ ထိုအမည်မှာ Aemsterdam ဖြစ်လာခဲ့သည်။ ဒေသခံ ပါးစပ်ရာဇဝင်အရ အမ်စတာဒမ်ကို ငါးဖမ်းသမား ၂ ယောက်မှ စတင်တည်ထောင်ခဲ့ပြီး ထိုသူတို့မှာ အမ်စတယ် မြစ်ကမ်းပါးသို့ သူတို့၏ လှေငယ်လေးဖြင့် ခွေးတစ်ကောင်နှင့် အတူ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ အမ်စတာဒမ်မြို့ ကို တည်ထောင်ခြင်းသည် အခြား ဒတ်ခ်ျမြို့တော်များဖြစ်သော နစ်မီဂျန်(Nijmegen) ၊ ရော့တာဒမ်(Rotterdam) နှင့် အုထ်ရာချ် (Utrecht) တို့နှင့် နှိုင်းယှဉ်ပါက ပို၍ နောက်ကျသည်ဟု ဆိုနိုင်သည်။ လတ်တလော သတင်းဆောင်းပါးတစ်ပုဒ်တွင် သုတေသနပညာရှင် တစ်ယောက်၏ အစီရင်ခံချက်အရ အမ်စတယ်မြစ်၏ မြစ်ဝကျွန်းပေါ်တွင် ခုနှစ်သက္ကရာဇ် ၁၀၀၀ ခန့်မှ စ၍ နေထိုင်သူတို့ရှိရမည်ဟု ကောက်ချက်ချထားသည်။ ထို အစီရင်ခံစာတွင် ထိုသို့ အခြေချနေထိုင်ခြင်းနှင့်ဆိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို ပြဆိုထားခြင်းမရှိပေ။. ၁၅၃၈ တွင်ရေးဆွဲထားသော အမ်စတာဒမ် ပန်းချီကား အမ်စတာဒမ်ကို ၁၃၀၀ သို့မဟုတ် ၁၃၀၆ ခုနှစ်တွင် မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၄ ရာစုနှစ်မှစ၍ အမ်စတာဒမ်သည် အဓိကအားဖြင့် ဟမ်းဇတစ်အသင်းအဖွဲ့များ (Hanseatic League) နှင့် ကုန်သွယ်မှုကြောင့် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၃၄၅ ခုနှစ်တွင် ကယ်လ်ဗာစထရက် (Kalverstraat) လမ်းမပေါ်ရှိ အတူတကွ စားသောက်ပွဲနှင့် ဆိုင်သော ထူးဆန်းမှု (Eucharistic miracle) ကြောင့် အမ်စတာဒမ်အား ပရိုတက်စတင့်တို့၏ သက်ဝင်ယုံကြည်မှု အပြောင်းအလဲများ မဖြစ်ခင်အချိန်အထိ ခရစ်ယာန်ဘုရားဖူး များ၏ အရေးကြီးသော နေရာတစ်နေရာ ဖြစ်လာစေခဲ့သည်။ ယနေ့ခေတ်တွင် စတေး အွန်ဂမ် (Stille Omgang) ဟုခေါ်သော သာမန်လူတို့၏ အဝတ်အစားဖြင့် တိတ်ဆိတ်စွာ လှည့်လည်ခြင်းသည် ရှေးခေတ်ဘုရားဖူးအများအပြားရှိခဲ့သည့် သမိုင်းကြောင်း၏ ကြွင်းကျန်ရစ်ခဲ့သော အစဉ်အလာတစ်ခုဖြစ်သည်။ ၁၆ ရာစုနှစ်တွင် ဒတ်ခ်ျတို့သည် စပိန် ဖီးလစ် ၂ (Philip II of Spain) နှင့် သူ၏ ဆက်ခံသူတို့ကို ပုန်ကန်ကြသည်။ ထကြွရသည့် အဓိကအကြောင်းအရင်းမှာ ၁၀ ပဲနိဟု ခေါ်သည့် အခွန်အခ အသစ်များ ကောက်ခံခြင်းနှင့် ပရိုတက်စတင့် တို့၏ ဘာသာရေးယုံကြည်မှု ကို စပိန်တို့မှ အတင်းအကျပ် စစ်ဆေးမေးမြန်းခြင်းအားဖြင့် နှိပ်ကွပ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုပုန်ကန်ထကြွမှုမှ နှစ် ၈၀ စစ်အဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ဒတ်ခ်ျတို့ လွတ်လပ်ရေးရခဲ့သည်။ ဒတ်ခ်ျတို့၏ ပုန်ကန်မှုခေါင်းဆောင် ဆိုင်းလင့် ဝီလီယမ် (William the Silent) ၏ အပြင်းအထန် တွန်းအားပေးမှုကြောင့် ဒတ်ခ်ျသမ္မတနိုင်ငံသည် သူ၏ ဘာသာရေးနှင့် ပတ်သက်၍ အားလုံးအပေါ်သည်းညည်းခံမှုနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားလာသည်။ အိုင်းဘေးရီးယန်း ကျွန်းဆွယ်မှ ဂျူးလူမျိုးများ၊ ဟူဂူနော့ဟု ခေါ်သည့် ပြင်သစ်မှ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမားများ၊ ဖလန်ဒါဒေသမှ ကုန်သည်များနှင့် ပုံနှိပ်သူများ၊ စပိန်တို့ အုပ်စိုးထားသည့် မြေနိမ့်မြစ်ဝကျွန်းပေါ်နိုင်ငံများမှ စီးပွားရေး နှင့် ဘာသာရေး ဒုက္ခသည်များသည် သူတို့၏ လုံခြုံရေးအတွက် အမ်စတာဒမ်တွင် ခိုလှုံကြသည်။ ဖလန်ဒါ ပုံနှိပ်သူများ အများအပြား ဝင်ရောက်လာခြင်းနှင့် မြို့တော်၏ ပညာရပ်ဆိုင်ရာ သည်းခံမှု (intellectual tolerance) တို့ကြောင့် အမ်စတာဒမ်သည် ဥရောပသတင်းစာလွတ်လပ်မှု၏ အချက်အချာဖြစ်လာခဲ့သည်။ Case in point: After his trial and sentencing in Rome in 1633, Galileo chose Lodewijk Elzevir in Amsterdam to publish one of his finest works, Two New Sciences. See Wade Rowland (2003), Galileo's Mistake, A new look at the epic confrontation between Galileo and the Church, New York: Arcade Publishing, ISBN 1-55970-684-8, p. 260. Gerrit Adriaenszoon Berckheyde ၏ ပန်းချီကား၊ ၁၇ ရာစုနှောင်းပိုင်း ဒမ်စကွဲယား ၁၇ ရာစုတွင် အမ်စတာဒမ်သည် ကမ္ဘာပေါ်တွင် အချမ်းသာအကြွယ်ဝဆုံး မြို့ကြီးများတွင် တစ်မြို့အပါအဝင် ဖြစ်လာသဖြင့် အမ်စတာဒမ်၏ ရွှေရောင်နှစ်များဟု ယူဆနိုင်သည်။ အမ်စတာဒမ်မှ သင်္ဘောများသည် ဘောလ်တစ်ပင်လယ်၊ မြောက်အမေရိက နှင့် အာဖရိက တို့သာ မက ယနေ့ခေတ် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဘရာဇီး တို့သို့ ရွက်လွှင့်ရောက်ရှိခဲ့ပြီး ကမ္ဘာတဝှမ်းလုံး ကုန်သွယ်မှုကွန်ယက်၏ အခြေခံကို ဖြစ်ပေါ်စေခဲ့သည်။ အမ်စတာဒမ်မှ ကုန်သည်များသည် ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) နှင့် ဒတ်ခ်ျအနောက်အိန္ဒိယကုမ္ပဏီ (WIC) တို့တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ကြသည်။ အမ်စတာဒမ်သည် ဥရောပရှိကုန်စည်များ တင်ပို့ရေးအတွက် အရေးအပါဆုံးဒေသဖြစ်လာပြီး ကမ္ဘာပေါ်တွင် ငွေကြေးဈေးကွက်အတွက် အဓိကအချက်အချာ နေရာဖြစ်လာခဲ့သည်။ ၁၆၀၂ ခုနှစ်တွင် ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) ၏ အမ်စတာဒမ်ရုံးခွဲသည် သူ၏ ရှယ်ယာများကို ရောင်းချခြင်းအားဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံးသော စတော့အိတ်ချိန်း ဖြစ်လာခဲ့သည်။ အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် ၁၈ ရာစု နှင့် ၁၉ ရာစု အစောပိုင်းတွင် ဆုတ်ယုတ်လာခဲ့သည်။ ဒတ်ခ်ျသမ္မတနိုင်ငံ နှင့် အင်္ဂလန် နှင့် ပြင်သစ် တို့ဖြစ်သော စစ်ပွဲများသည် အမ်စတာဒမ် သို့ ဆိုးကျိုးများ သက်ရောက်စေသည်။ နပိုလီယန်စစ်ပွဲများ အတွင်းတွင် အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။ သို့သော် ၁၈၁၅ ခု နယ်သာလန် ဘုရင့်နယ်မြေ အစုအဝေးကို တည်ထောင်မှုသည် အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့သည်။ မြို့တော်ပုံစံထုတ်သူ ဆယ်မြူရယ် ဆာဖာတီ (Samuel Sarphati) အစရှိသူတို့၏ တည်ဆောက်မှု အသစ်များသည် ပဲရစ် ကို အတုယူခဲ့ကြသည်။ ၁၉၀၀ ခုနှစ် Munttoren တာဝါပေါ်မှမြင်ရပုံ ၁၉ ရာစုအကုန်ပိုင်းကို အမ်စတာဒမ်၏ ဒုတိယမြောက်ရွှေရောင်နှစ်များ အဖြစ် တခါတရံတွင် ရည်ညွှန်းခေါ်ဆိုကြသည်။ .ပြတိုက်အသစ်များ၊ ဘူတာရုံ နှင့် ကွန်ကရစ်ခန်းမ (Concertgebouw) တို့ကို တည်ဆောက်ခဲ့ပြီး ထိုအချိန်တွင်ပင် စက်မှုတော်လှန်ရေးသည် အမ်စတာဒမ်သို့ရောက်ရှိလာခဲ့သည်။ အမ်စတာဒမ်ကို ရိုင်းမြစ်နှင့် ဆက်သွယ်ရန်အတွက် အမ်စတာဒမ်-ရိုင်း တူးမြောင်း (Amsterdam-Rhine Canal) ကို တူးဖော်ခဲ့သည်။ မြောက်ပင်လယ်တူးမြောင်း (North Sea Canal)ကို တူးဖော်ခြင်းအားဖြင့် ဆိပ်ကမ်းနှင့် မြောက်ပင်လယ်ကြား ဆက်သွယ်မှု အကွာအဝေးကို တိုတောင်းစေခဲ့သည်။ ထို ပရော့ဂျက် ၂ ခုစလုံးသည် ကျန်ဥရောပဒေသအားလုံး နှင့် တကမ္ဘာလုံးသို့ ကုန်သွယ်ရေးကို သိသာစွာ တိုးတက်စေခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ပိုလန်စာရေးဆရာ ဂျိုးဇက် ကောန်ရတ်ဒ် (Joseph Conrad) က သူ၏ ဝတ္ထု ပင်လယ်၏ကြေးမုံပြင် (The Mirror of the Sea) တွင် အမ်စတာဒမ်အား ပင်လယ်ဖက်မှ မြင်ရပုံကို အနည်းငယ်မျှ ဖော်ပြခဲ့သည်။ ပထမကမ္ဘာစစ် မတိုင်မီ အချိန်တွင် မြို့တော်သည် စတင်တိုးချဲ့လာခဲ့ပြီး ဆင်ခြေဖုံးရပ်ကွက်အသစ်များ တည်ဆောက်ခဲ့သည်။ နယ်သာလန်နိုင်ငံသည် စစ်အတွင်း ကြားနေခဲ့သော်လည်း အမ်စတာဒမ်တွင် အစားအသောက်ရှားပါးမှု နှင့် အပူပေးရန် ဓာတ်ဆီရှားပါးမှု တို့၏ ဒဏ်ကို ခံခဲ့ရသည်။ ထိုရှားပါးမှုများမှတဆင့် အဓိကရုဏ်းများကို ဖြစ်ပေါ်စေခဲ့ပြီး လူအချို့သေဆုံးခဲ့သည်။ ထိုအဓိကရုဏ်းများကို Aardappeloproer (အာလူးပုန်ကန်မှု) ဟု အသိများ ကြသည်။ လူတို့သည် ကုန်ပစ္စည်းများ အထူးသဖြင့် စားသောက်ကုန်များ ရရှိရန်အတွက် စတိုးဆိုင်များနှင့် ကုန်လှောင်ရုံများကို လုယက်ကြသည်။ ၁၉၄၀ ခုနှစ် မေလ ၁၀ရက်တွင် ဂျာမနီတို့သည် နယ်သာလန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၅ ရက်ကြာ တိုက်ခိုက်မှု အပြီးတွင် နိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ဂျာမန်တို့သည် နာဇီအရပ်သားအစိုးရကို အမ်စတာဒမ်တွင် ခန့်ထားခဲ့ပြီး ဂျူးတို့ကို လိုက်လံဖမ်းဆီးရန်အတွက် ကူညီပေးရန်ဖြစ်သည်။ အချို့သော အမ်စတာဒမ်မြို့သားများသည် ဂျူးများကို အကာအကွယ်ပေးခဲ့ကြသဖြင့် သူတို့နှင့် သူတို့မိသားစုများ ထောင်ချခံရခြင်း နှင့် အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရခြင်းစသည့် အန္တရာယ်များအတွက် ကြီးစွားသော စွန့်စားမှုများကို ပြုခဲ့ရသည်။ ဒတ်ခ်ျ ဂျူးလူမျိုး ၁၀၀,၀၀၀ ကျော်တို့သည် အကျဉ်းစခန်းများသို့ တင်ပို့ခြင်းခံခဲ့ရသည်။ ထိုသူများအထဲမှ အထင်ရှားဆုံးမှာ ဘာဂျန်-ဘယ်လ်ဆန် (Bergen-Belsen) အကျဉ်းစခန်းတွင် သေဆုံးခဲ့သော ဂျာမန်မိန်းကလေး အန်နာဖရန့် ဖြစ်သည်။ ဒတ်ခ်ျ ဂျူးလူမျိုး ၅၀၀၀ ခန့်သာ စစ်အပြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တစ်နိုင်ငံလုံးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အစားအစာ နှင့် စက်သုံးဆီ ရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ မြို့သားအများအပြားသည် ကျေးလက်ဒေသများသို့ သွား၍ အစားအစာရှာဖွေကြသည်။ ခွေးများ၊ ကြောင်များ၊ sugar beets အကြမ်း များ နှင့် ပျော့ဖတ်ဖြစ်အောင် ချက်ပြုတ်ထားသော Tulip အဖူးများကို အသက်ရှင်နေထိုင်ရေးအတွက် စားသုံးကြရသည်။ အမ်စတာဒမ်ရှိ သစ်ပင်အများစုကို လောင်စာရရှိရန်ခုတ်လှဲခဲ့ရပြီး အကျဉ်းစခန်းသို့ တင်ပို့ခြင်းခံရသော ဂျူးတို့၏ အိမ်ခန်းများမှ သစ်သားများကို ရယူခဲ့ရသည်။ စစ်အပြီးတွင် ဒတ်ခ်ျ ၁၂၀,၀၀၀ ကျော်တို့သည် နာဇီတို့နှင့် ပူးပေါင်းခြင်းကြောင့် တရားစွဲဆို အရေးယူခြင်းခံခဲ့ရသည်။ မြေအောက်ရထားဘူတာရုံ Nieuwmarkt မှ သမိုင်းဝင် Nieuwmarktrellen ပုံများ ဒုတိယကမ္ဘာစစ်အပြီး နှစ်များတွင် အော့စ်ဒေါ့ပ် (Osdorp)၊ စလိုတာဗတ် (Slotervaart) ၊ စလိုတာမီးယား (Slotermeer) ၊ ဂူဇန်ဗယ် (Geuzenveld) စသည့် ဆင်ခြေဖုံးရပ်ကွက်အသစ်များကို တည်ဆောက်ခဲ့ကြသည်။ ဤဆင်ခြေဖုံးရပ်ကွက်များတွင် အများပြည်သူသုံး ပန်းခြံများနှင့် ကျယ်ပြန့်သော ကွင်းပြင်များ ပါဝင်ကြပြီး အဆောက်အအုံသစ်များတွင် ကျယ်ပြန့်ပြီး ပို၍ အလင်းရောင်ရသော အခန်းများ၊ ဥယျာဉ်များ နှင့် လသာဆောင်များဖြင့် နေထိုင်မှုအခြေအနေ ပိုမိုကောင်းမွန်စေသည်။ စစ်နှင့် ၂၀ရာစုအတွင်း အခြား အဖြစ်အပျက်များကြောင့် မြို့လယ်ခေါင်တစ်ခုံးလုံးသည် လုံးဝနီးပါး ပျက်စီးနေခဲ့သည်။ လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှပင် နိုင်ငံရေးသမားများနှင့် အခြား ဩဇာအာဏာရှိသူများက မြို့လယ်ခေါင်၏ အစိတ်အပိုင်းတော်တော်များများကို ပြန်လည်ပုံစံထုတ်တည်ဆောက်ရန် အစီအစဉ်ချကြသည်။ ရုံးအဆောက်အအုံများ တည်ဆောင်ရန် လိုအပ်လာပြီး သာမန်မြို့သားများ ကားသုံးစွဲမှု များလာသဖြင့်လမ်းမများ တည်ဆောက်ရန် လိုအပ်လာသည်။ မက်ထရိုရထားများည် ဆင်ခြေဖုံးအသစ်ဖြစ်သော ဘစ်ဂျ်မာ (Bijlmer) နှင့် အမ်စတာဒမ်မြို့လည်ခေါင်သို့ စတင်ပြေးဆွဲလာခဲ့သည်။ ဆက်လက် လုပ်ဆောင်မည့် စီမံကိန်းမှာ မက်ထရို၏ အပေါ်မှ ဟိုင်းဝေးလမ်းမ အသစ်ကို တည်ဆောက်၍ ဗဟို ဘူတာရုံနှင့် မြို့၏အခြားအပိုင်းများကို ဆက်သွယ်ရန်ဖြစ်သည်။ စုပေါင်းစီမံကိန်းဖြင့် အဆောက်အအုံအများအပြားကို ဖြိုဖျက်ခြင်းကို အမ်စတာဒမ်၏ ဂျူးတို့နေထိုင်ခဲ့သော ရပ်ကွက်ဟောင်းတွင် စတင်လုပ်ဆောင်ကြသည်။ ဂျိုဒန်ဘရီစထရက် (Jodenbreestraat) စသော လမ်းငယ်လေးများကို ချဲ့ထွင်ခဲ့ကြပြီး လမ်းတွင်းရှိအိမ်များအားလုံးလိုလို ဖြိုဖျက်ခံခဲ့ရသည်။ ဖြိုဖျက်မှု တို့ အားအကောင်းဆုံးအချိန်တွင် မြို့ကို ပြန်လည်ပုံဖော်ခြင်းကြောင့် ဖြိုဖျက်ခံရခြင်းအတွက် ပြည်သူများမှ ဒေါသထွက်လာကြသဖြင့် Nieuwmarktrellen (နျူးမက် (Nieuwmarkt ) အဓိကရုဏ်း) ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်း၏ ရလဒ်အနေနှင့် ဖြိုဖျက်ခြင်းများကို ရပ်ဆိုင်းခဲ့ပြီး ဟိုင်းဝေးလမ်းမကို တည်ဆောက်ခြင်း မရှိတော့ပဲ မက်ထရိုရထားလမ်းသာ ပြီးစီးခဲ့သည်။ လမ်းအနည်းငယ်သာ လမ်းကျယ်အဖြစ် ကျန်ရစ်တော့သည်။ ဖြိုဖျက်ခံရသော အဆောက်အအုံများနေရာတွင် ရပ်ကွက်တို့၏ အလယ်ခေတ်က လမ်းများ၏ ပုံသဏ္ဌန်အတိုင်း အဆောက်အအုံအသစ်များကို ပြန်လည် တည်ဆောက်ကြသည်။ လုံးဝနီးပါး ဖြိုဖျက်ပြီးသွားသော ဝါတာလူး ပလိန်း (Waterlooplein) ၏ နေရာတွင် မြို့တော်ခန်းမအသစ်ကို တည်ဆောက်ခဲ့ကြသည်။ ပထဝီဝင်နှင့် ရာသီဥတု အမ်စတာဒမ်သည် မြောက်ဟော်လန်ဒေသ၏ အစိတ်အပိုင်း ဖြစ်ပြီး နယ်သာလန်နိုင်ငံ၏ အနောက်ပိုင်း အုထရာ့ချ်နှင့် ဖလယ်ဗိုလန်း ဒေသတို့နှင့် ကပ်လျှက် တည်ရှိသည်။ အမ်စတယ်မြစ်သည် မြို့လည်ခေါင်တွင် အဆုံးသတ်ပြီး တူးမြောင်းပေါင်း မြောက်မြားစွာနှင့် ဆက်သွယ်၍ နောက်ဆုံးတွင် အိုင်ဂျေ ပင်လယ်အော်တွင် အဆုံးသတ်သည်။ အမ်စတာဒမ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃ မီတာတွင် တည်ရှိသည်။ ပတ်ဝန်းကျင်မြေကြီးသည် လူတို့လုပ်သော ရေကန်များ ပါဝင်ပြီး ပြန့်ပြူးနေသည်။ မြို့၏ အနောက်တောင်ဘက်တွင် သဘာဝအလျောက် မဟုတ်ဘဲ လူတို့ ဖန်တီးထားသည့် ဟတ်အမ်စတာဒမ်စီဘော့စ် ဟုခေါ်သည် သစ်တော ရှိသည်။ အမ်စတာဒမ်သည် ရှည်လျားသော မြောက်ပင်လယ်တူးမြောင်း မှတဆင့် မြောက်ပင်လယ်နှင့် ဆက်သွယ်ထားသည်။ အမ်စတာဒမ်နှင့် မြို့ကို ဝန်းရံထားသော မြို့ပြဧရိယာမှာ မြို့ပြဖြစ်ထွန်းမှု သိပ်သည်းစွာ ရှိသည်။ မြို့တည်နေပုံ နှင့် ဗိသုကာပညာ တူးမြောင်းများ အမ်စတာဒမ်ကို တိုးချဲ့ခြင်း ဗိသုကာပညာ အစိုးရ စီးပွားရေး လူဦးရေ ပျံ့နှံ့နေထိုင်ပုံ သယ်ယူပို့ဆောင်ရေး ပညာရေး အိမ်ရာများ ယဉ်ကျေးမှု ပြတိုက်များ သရုပ်ဆောင် အနုပညာ ညဖက်ပျော်စရာများ နှင့် ပွဲတော်များ ဖက်ရှင် မီးနီရပ်ကွက် အားကစား အမ္မစတာဒမ်မြို့ အမ္မစတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်၍ မြို့တော်လည်းဖြစ်သည်။ နယ်သာလန်အစိုးရ ၏ ရုံးစိုက်ရာသည် ဟိတ်မြို့ဖြစ်သော်လည်း အမ္မစတာဒမ်သည် ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ဖြင့် အလွန်ကြီးကျယ် စည်ကားလှသည်။ ထို့ပြင် အမ္မစတာဒမ်မြို့၏ ကျော်ကြားမှုမှာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကဲ့သို့ မြို့ခင်းမြို့ကွက်၏အလှအပကို တိုးစေပြီးလျှင် ကူးသန်းသွားလာရေးအတွက် ကြီးစွာသော အထောက်အပံ့ကိုဖြစ်စေသော တူးမြောင်းများ ကွေ့ကောက်ယှက် ဖြာလျက် ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။ မြို့၏တည်နေရာသည် ဟော်လန်နယ်အတွင်း၌ ရှိ၍ အမ္မစတယ်မြစ်နှင့် အိုင်းမြစ်နှစ်ခုတို့ ပေါင်းဆုံရာအရပ်၌ ဖြစ် သည်။ ဇွိုင်ဒါဇေးမှငါးမိုင်ခန့်ကွာသည်။ အမ္မစတာဒမ်မြို့၏ သင်္ဘောဆိပ်ကမ်းသည် ဇွိုင်းဒါဇေး၏ လက်တက်တစ်ခုဖြစ် သော အိုင်းမြစ်ပေါ်တွင်ရှိ၍ မြောက်ပင်လယ်နှင့်လည်း တူး မြောင်းတစ်ခုအားဖြင့် ဆက်သွယ်ထားသည်။ ထို့ပြင် ဇွိုင်ဒါဇေး ၏အဝင်ဝရှိ ဟယ်လဒါမြို့နှင့်လည်း တူးမြောင်းအားဖြင့်အဆက် အသွယ်ရှိလေသည်။ မြို့၏တည်နေပုံသည် ဆန်းစလ၏ ပုံသဏ္ဌာန်ဖြစ်၍ အလယ်တွင် ဒမ်ဟုခေါ်သော ရင်ပြင်ကျယ်ရှိသည်။ ထိုရင်ပြင် ကျယ်မှ လမ်းမကြီးငယ်နှင့် မြစ်ချောင်းအသွယ်သွယ်တို့သည် ယှက်ဖြာ၍ထွက်ကြသည်။ ကမ်းပါးတစ်ဖက်တစ်ချက်တွင် မြင့် မားသောသစ်ပင်ကြီးများနှင့် တိုက်တာအိမ်ခြေများရှိသော တူး မြောင်းများသည် အမ္မစတာဒမ်မြို့ကို ကျွန်းငယ်ပေါင်း ၉ဝ ခန့် အဖြစ်ရောက်ရှိအောင် ပိုင်းခြားထားလေသည်။ တူးမြောင်းကမ်း ဘေးမှ အဆောက်အအုံများကို ဗင်းနစ်မြို့၏အဆောက်အအုံများ ကဲ့သို့ တူးမြောင်း၏အောက်ခြေ သဲမြေထဲ၌ စိုက်ထူထားသော တိုင်များ ထောက်များပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ယင်းအဆောက်အအုံများတွင် ၁၇ ရာစုခေတ်က ဆောက်လုပ်ခဲ့ သော လှပခန့်ညားသည့် အဆောက်အအုံများ အများအပြား ပါဝင်၍ အမ္မစတာဒမ်မြို့သည် ဥရောပနိုင်ငံတွင် သာယာလှပ သော မြို့တစ်မြို့ဖြစ်ပေသည်။ တစ်ဆယ့်ခြောက်ရာစုတွင် အန့်တွပ်မြို့၏အခြေအနေ ဆုတ်ယုတ်လာသဖြင့်လည်းကောင်း၊ ရှဲ့မြစ်ကို ပိတ်လိုက်သဖြင့် လည်းကောင်း၊ ဖလင်းမစ်နယ်များမှ နယ်ပြောင်းသူများ ဝင် ရောက်လာသဖြင့်လည်းကောင်း အမ္မစတာဒမ်မြို့သည် တိုးတက် ဖွံ့ဖြိုးလာသည်။ ၁၆ဝ၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ပိုင်း၌ တန်ခိုး ထွားခဲ့သော ဒပ်ချအရှေ့အိန္ဒိယကုမ္ပဏီကြီးကို အမ္မစတာဒမ်မြို့၌ ပင် စတင်တည်ထောင်ခဲ့သည်။ အမ္မစတာဒမ်မြို့၏ အထွန်းကား ဆုံးအချိန်သည် ၁၇ ရာစုနှစ်ဖြစ်၍ ရေသစ်မြေသစ်ရှာအဖွဲ့များ ၏ သင်္ဘောကြီးငယ်များ အဝင်အထွက်များပြားကာ ဖွံ့ဖြိုး စည်ကားခဲ့သော သင်္ဘောဆိပ်မြို့ကြီးလည်းဖြစ်သည်။ မြောက် ပင်လယ်ဘက်သို့လည်းကောင်း တောင်ဘက် ရိုင်းမြစ်ဝှမ်းဒေသ သို့လည်းကောင်း၊ ကုန်စည်များတင်ပို့ရေး၌လည်း အမ္မစတာဒမ် သည် အချက်အချာဖြစ်ခဲ့သည်။ နောင်အခါ ရော့တဒမ်မြို့သည် သင်္ဘောဆိပ်မြို့အဖြစ် တိုးတက်စည်ကားလာသည့် တိုင်အောင် အမ္မစတာဒမ်သည် စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့ဖြင့် စည်ကားမြဲ စည်ကားလျက်ပင်ရှိသည်။ အမ္မစတာဒမ်မြို့၏ ကြီးကျယ်သောလုပ်ငန်းများအနက် စိန်သွေးလုပ်ငန်းသည် တစ်ရပ်အပါအဝင်ဖြစ်သည်။ ပင်လယ် ရပ်ခြား၌ ဒပ်ချတို့၏ကိုလိုနီများ ဖွံ့ဖြိုးစဉ်က အမ္မစတာဒမ်၌ စိန်သွေးလုပ်ငန်းသည် ယခင်လောက် မကြီးကျယ်တော့ပေ။ အခြားကြီးကျယ်သော လုပ်ငန်းကြီးများမှာ ဆေးလိပ်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ လင်နင်ထည်နှင့် ပိုးထည်လုပ်ငန်း၊ လက်ဝတ် ရတနာလုပ်ငန်း၊ အခြားကုန်ချောပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများဖြစ်သည်။ သို့သော် အမ္မစတာ ဒမ်မြို့သည် စက်မှုမြို့တစ်မြို့အဖြစ်ထက် ကုန်သွယ်မြို့တစ်မြို့ အဖြစ် ပို၍ကြီးကျယ်ထင်ရှားလေသည်။ အမ္မစတာဒမ်မြို့သည် ကမ္ဘာ၌ထင်ရှားသော အနုပညာ မြို့တော်တစ်ခုလည်းဖြစ်သည်။ ထိုမြို့၏ ပြတိုက်များ၌ အဖိုး ထိုက် အဖိုးတန် အနုပညာလက်ရာများရှိလေရာ၊ ယင်းတို့ကို စစ်ဘေးစစ်ဒဏ်ကြားမှပင် မပျက်စီးမဆုံးရှုံးရလေအောင် ထိန်း သိမ်းစောင့်ရှောက်ထားခဲ့သည်။ အထူးသဖြင့် ကမ္ဘာကျော်ပန်းချီ ဝိဇ္ဇာကြီး ရင်းဗရန့်၏ လက်ရာမွန်များကို ကျနစွာထိန်းသိမ်း ထားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပြတိုက်များတွင်ထားခဲ့ သော အဖိုးတန်အနုပညာပစ္စည်းများကို ဂူများထဲသို့ ပြောင်းရွှေ့ သိမ်းဆည်းထားခဲ့သဖြင့် စစ်ဘေးစစ်ဒဏ်မှ ကင်းလွတ်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အမ္မစတာဒမ်မြို့သည် စစ် ၏ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းအကျဉ်းမျှသာ ခံခဲ့ရ သော်လည်း မြို့သူမြို့သားများအနေဖြင့် စစ်၏ဒဏ်ကို အလူး အလဲခံခဲ့ကြရသည်။ လေးနှစ်ခန့်ကာလပတ်လုံး ရန်သူတပ်များ ၏လက်အောက်၌ အလွန်ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်ခဲ့ကြရ ၍ အငတ်ငတ်အပြတ်ပြတ် စားသောက်ခဲ့ရပြီးလျှင် ဆင်းရဲ ငတ်ပြတ်လွန်းသဖြင့် ရာနှင့်ထောင်နှင့်ချီ၍သေဆုံးကြသူများကို ပင် မမြှုပ်နှံနိုင်အောင် ဖြစ်ခဲ့ကြရလေသည်။ ၁၉၄၅ ခုနှစ်တွင်မှ သာ မဟာမိတ်တပ်များက အမ္မစတာဒမ်မြို့ကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့လေသည်။ မြို့၌ရှိ အဓိကရအဆောက်အအုံများမှာ နန်းတော်ကြီး၊ ဒပ်ချမင်းများ အစဉ်အဆက် ဘိသိက်ခံခဲ့ကြသော နယူးချပ်ခေါ် ဘုရားရှိခိုးကျောင်းကြီးတို့ဖြစ်သည်။ အမ္မစတာဒမ်၌ တက္ကသိုလ် ကြီးနှစ်ခုရှိသည်။ ယင်းတို့အပြင် အနုပညာလက်ရာမွန်များထား ရှိသော ရစ္စပြတိုက်ကြီးလည်းရှိသည်။ ရုက္ခဗေဒဥယျာဉ်ကြီး သည် ထင်ရှားကျော်ကြားလှ၍ အမ္မစတာဒမ်မြို့သည် တျူးလစ် ပန်းနှင်ဥတက်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာ၌ အချက် အခြာမြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့ကြီး၏ ရပ်ကွက်တစ်ခုတွင် လမ်းများကို ပန်းနာမည်များဖြင့် မှည့်ခေါ်ထားလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅) ရည်ညွှန်းချက်များ Category:နယ်သာလန်နိုင်ငံရှိ မြို့များ
ပန်းချီ
right||လှေသဘင်ပွဲ ကျင်းပနေဟန် ပန်းချီကား ဆေးရေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု (စက္ကူ၊ ကင်းဗတ်စ၊ သစ်သား၊ မှန်) ပေါ်တွင် ဆေးအရောင်များဖြင့် ‌ရေးခြယ်ခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပန်းချီကား ဖွဲ့စည်းခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။ ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဌာန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်သည်။ မြန်မာ့ရှေးရိုး တစ်ကြောင်းရေးပန်းချီ မှသည် ယခုခေတ် ပို့စ်မော်ဒန် အထိဖြစ်နိုင်သည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့်မင်းခမ်းမင်းနား မှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများဖြစ်သည်။ ခြုံငုံဖော်ပြချက် ပန်းချီရေးဆွဲရာတွင် အရောင် နှင့် တုန်း (Tone) ဟုခေါ်သည့် အသွေးနုရင့် ခွဲခြား အသုံးပြုမှု၊ အသုံးချကစားနိုင်မှုမှာ အရေးပါသည်။ ပန်းချီကျော်များတွင် သူတို့၏“ဟန်”ဟု ဆိုရမည့် အရောင်အသုံးပြုမှုများရှိသည်။ ပန်းချီရေးဆွဲမှုတွင် Theory သဘောအလိုက် များစွာကွဲပြားမှုရှိသည်။ ကျူဘစ်ဆင်၊ အင်ပရက်ရှင်၊ ပို့စ် အင်ပရက်ရှင်၊ အိပ်က်စ်ပရက်ရှင်၊ ဒါဒါရီဇင် စသည်ဖြင့်။ မော်ဒန် (Modern) နှင့် ခေတ်ပြိုင် ပန်းချီ (Contemporary Art) များသည် ရှေးရိုးအယူများမှ သိသိသာသာခွဲထွက်လာကြသည်။ ပန်းချီသမိုင်း ရှေးအကျဆုံးပန်းချီရုပ်ပုံကို ပြင်သစ်နိုင်ငံ Grotte Chauvet မှာ တွေ့ရသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၃၂,ဝ၀ဝ သက်တမ်းရှိပြဟုဆိုသည်။ ဂူနံရံပေါ်တွင် မြေစေးတစ်မျိုးကို သုံးပြီးရေးထားတာဖြစ်ပြီး ရုပ်ပုံကားချပ်ထဲတွင် မြင်း၊ ကြံ့၊ ခြင်္သေ့၊ ကျွဲ၊ ကမ္ဘာဦးဆင်ကြီးတွေနှင့် လူပုံများပါပြီး အများအားဖြင့် အမဲလိုက်နေကြသည်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြင်သစ်မှာကဲ့သို့ ဂူနံရံဆေးရေးပန်းချီများကို စပိန်၊ ပေါ်တူဂီ၊ တရုတ်၊ ဩစတြေးလျ နှင့် အိန္ဒိယတို့တွင်လည်း ရှိကြသည်။ အနောက်တိုင်းတွင် ဆီဆေး၊ ရေဆေး အသုံးပြုပြီး ပန်းချီရေးဆွဲမှုအတတ်သည် အသုံးလည်းများ၊ အလွန်လည်း ထွန်းကားလှသည်။ အရှေ့တိုင်းမှာတွင်မူ မှင်ကို အားပြုရေးဆွဲပြီးမှ ဖြစ်ပေါ်တိုးတက်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် တစ်ကြောင်းရေးပန်းချီ၊ ပရပိုက်ပန်းချီ၊ ယွန်းပန်းချီ စသည်ဖြင့် ဖြစ်သည်။ ရသသဘောနှင့် ပန်းချီသီအိုရီ အနုရသ (Aesthetics) ဆိုသည်မှာ “အလှတရားကို စနစ်တကျ ပုံဖော်တင်ပြမှု” (Science of Beauty) ဖြစ်သည်။ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်တွင် ဒဿနပညာရှင် ကန့်တ် (Kant) နှင့် ဟေဂယ် (Hegel) တို့က အထူးတလည် ဆွေးနွေး တင်ပြခဲ့ကြသည်။ ရှေးရိုးဂန္ထဝင်ဒဿနသမားကြီးများဖြစ်ကြသော ပလေတို နှင့် အရစ္စတိုတယ် တို့က အနုပညာနှင့် ပန်းချီအပေါ် ဖွင့်ဆိုခဲ့ကြခြင်းများ ရှိသည်။ ပလေတိုကမူ ပန်းချီဆရာများကိုရော၊ ပန်းပုဆရာမျာကိုပါ သူ၏ အတွေးအခေါ်တင်ပြချက်များထဲတွင် အကောင်းမပြောခဲ့ချေ။ ပန်းချီသည် ပကတိတရား (Truth) ကို မထင်ဟပ်နိုင်၊ အမှန်တရားကို တုပရုံမျှ (လောက တွေ့သိတတ်မှုကို အရိပ်ထင်ရုံမျှ) သာဟု ဆိုခဲ့သည်။ ပုံသွင်းအတတ်၊ ဖိနပ်ချုပ်အတတ်နှင့် သံပုံသွန်းတဲ့ အတတ်သာသာပဲဟုလည်း ပြောပါသေးသည်။ ပြောရမည်ဆိုလျင်လည်း ရှေးခေတ်ဂရိပန်းချီများသည် လီယိုနာဒို ဒါဗင်ချီတို့ ခေတ်ဘက်ပိုင်းကကဲ့သို့ သဘာဝကျကျ ရေးပြနိုင်ခြင်းတော့ မရှိသေးပါ။ လီယိုနာဒို ဒါဗင်ချီကမူ တမျိုးယူဆပါသည်။ "Pittura est cousa mentale" ဟုဆို၏။ အင်္ဂလိပ်လို "painting is a thing of the mind"ဖြစ်သည်။ “ပန်းချီရေးတာဟာ စိတ်အလုပ်ပါ၊ နာမ်ခံစားမှုနဲ့ သွားတာပါ”ဟု ဆိုသည်။ ဒဿနပညာရှင် ကန့်တ်က အလှတရား (Beauty) နှင့် သိမ်မွေ့နက်နဲမှု (Sublime) ကို ထပ်ပြီး ခွဲခြားပါသေးသည်။ Sublime ကို အသားပေးခဲ့သော်လည်း ကန့်တ်က ပန်းချီကို ညွှန်းဆိုခဲ့သည် မဟုတ်ပါ။ နောက်ပိုင်းတွင် ပန်းချီဆရာများဖြစ်သော တာနာ (Turner) နှင့် ကပ်စပါ ဒေးဗစ် ဖရက်ဒရစ် (Caspar David Friedrich) တို့က Sublime အယူကို ပန်းချီတွင် ရည်ညွှန်း သုံးစွဲလာခဲ့သည်။ ဟေဂယ်က “အလှတရား”ကို အားလုံးအလိုကျ ရေရေရာရာမဖွင့်ဆိုနိုင်ဟူ၍ အသိအမှတ်ပြုခဲ့သည်။ ရသဆိုင်ရာ သူ၏အက်ဆေးထဲတွင် လူ၏ အနုသယစိတ်ကို အနိုးထနိုင်ဆုံးအဖြစ် ပန်းချီကို ကဗျာ၊ ဂီတတို့နှင့် ယှဉ်တွဲဖော်ပြခဲ့သည်။ ပန်းချီကို သီဝရီသဘောဖွင့်ဆိုကြသည့် ပန်းချီဆရာများထဲတွင် ကန်ဒင်စကီ (kandinsky) နှင့် ပေါကလီး (Paul Klee) တို့ ပါဝင်သည်။ ကန်ဒန်စကီက သူ၏ အက်ဆေးထဲတွင် “ပန်းချီဟာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး (spiritual value) တွေပါတယ်”ဟု ရေးခဲ့သည်။ “အဓိကအရောင်တွေဟာ ခံစားမှုနဲ့ ထင်မြင်ယူဆမှုကို နိုးထစေတယ်”ဟု ဂိုထေး (Goethe) နှင့် အခြားစာရေးဆရာများနည်းတူ ဖော်ပြခဲ့သည်။ ပုံရုပ်တုကို လေ့လာအဓိပ္ပာယ်ဖော်သောပညာရပ် (Iconography) အနေနှင့်လည်း ပန်းချီကားတွင် ပါဝင်သည်များကို လေ့လာကြပါသေးသည်။ အာဝင် ပါနော့ဖ်စကီ (Erwin Panofsky) နှင့် အခြားသော ပန်းချီသမိုင်းပညာရှင်များသည် ပထမအဆင့်တွင် ပန်းချီကား၌ ဖော်ပြလိုသော ပါဝင်ဖွဲ့စည်းမှု၊ ထို့နောက် ကြည့်ရှုခံစားသူ၏ နားလည်ခံယူမှုနှင့် ထိုသူတို့၏ ကျယ်ပြန့်သော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှု အဓိပ္ပာယ်များကို သုံးသပ်စိစစ်ကြသည်။ ၁၉၈၀-ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ မောရိုက်စ် ဒင်းနစ် (Maurice Denis) က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ ဂျူလီယန် ဘဲလ် (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။ ပန်းချီကြားခံသုံးပစ္စည်းများ ခဲ အခရစ်လစ်(Acrylic) ခေါ် ဆီ၊ ရေ နှစ်မျိုးသုံးဆေး ဖယောင်း (Encaustic - wax) မှင် (Ink) ဆီဆေး (Oil) ရေနှင့် ရောသုံးနိုင်သော ဆီဆေး (Water miscible oil paints) ဖယောင်ခြောက် (Dry Pastel) ဖယောင်းစို (Oil Pastel) မှုတ်ဆေး (Spray) ရေဆေး (Water Color) မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ ဒြပ်မဲ့ပန်းချီ (Abstract) ဒြပ်မဲ့အိပ်က်စ်ပရက်ရှင် (Abstract Expression) ဒစ်ဂျစ်တယ်ပန်းချီ (Digital Art) ခေတ်ပြိုင်ပန်းချီ (Contemporary Art) (Graffiti Art) ကျူဘစ်ဆင် (Cubism) အိပ်က်စ်ပရက်ရှင်ဝါဒ (Expressionism) အင်ပရက်ရှင်ဝါဒ (Impressionism) မော်ဒန် (Modern Art) ပို့စ်မော်ဒန် (Post Modern) သရုပ်မှန် (Realism) ဆက်စပ်ဖတ်ရှုရန် မြန်မာပန်းချီ ရည်ညွှန်းကိုးကား ရိုးရာမှသည် ခေတ်သစ်ဆီသို့ - ဗဂျီအောင်စိုး Category:ပန်းချီ Category:အနုပညာ Category:ပန်းဆယ်မျိုး
အက္ခရာသင်္ချာ
အက္ခရာသင်္ချာ သည် သင်္ချာပညာရပ်၏ အဓိကဝင်ရိုး တစ်ခုဖြစ်သည်။ ဂဏန်းများ ပေါင်းခြင်း၊ နှုတ်ခြင်း စသည့်အခြေခံများအပြင် အပိုင်းကိန်းများ၊ ဒသမကိန်းများ၊ ပိုလီနိုမီရယ် ကိန်းတန်းများ အစရှိသည့် အခြေခံများကို စာရှုသူများအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် သင်ကြားလေ့လာပြီးဖြစ်သည်။ ယင်းတို့ကို အခြေခံအက္ခရာသင်္ချာ (Elementary Algebra) ဟုခေါ်သည်။ အက္ခရာသင်္ချာပညာရပ် သည် အခြေခံအက္ခရာသင်္ချာ ထက်ပိုမိုနက်နဲ သိမ်မွေ့ ကျယ်ပြန့်သည်။ ကိန်းရှင်များ၊ အစုများ၊ အက္ခရာများ ထည့်သွင်းကာ တွက်ချက်ရသည်။ အက္ခရာသင်္ချာ၏ အမျိုးအစားများ အခြေခံအက္ခရာသင်္ချာ ကိန်းစစ်များ (Real Numbers)၏ ကိန်းရှင်များ၊ ကိန်းသေများ ကို အက္ခရာများ ဖြင့်အစားထိုးကာ ညီမျှခြင်းများတွင် ထည့်သွင်းဖြေရှင်း ကြသည်။ များသောအားဖြင့် တန်းမြင့်များ နှင့် တက္ကသိုလ် အဆင့်တွင် သင်ကြားသည်မှာ အက္ခရာသင်္ချာ များဖြစ်သည်။ ခေတ်ပေါ်အက္ခရာသင်္ချာ (Abstract Algebra) သည် ခေတ်ပေါ်သင်္ချာပညာရပ်များဖြစ်သည့် Axioms, Groups, Rings များနှင့် Field များအသုံးပြကာ ဖြေရှင်းကြသည်။ လီနီယာ အက္ခရာသင်္ချာ (Linear Algebra) သည် ဗက်တာများ (Vectors)၊ မက်ထရစ်များ (Matrix) ဖြင့် တွက်ချက်ရသည့် သင်္ချာပညာ ဖြစ်သည်။ ကိန်းစဉ် အက္ခရာသင်္ချာ (Numeric Algebra) သည် ကိန်းများသီအိုရီ (Number Theory) အသုံးပြု ကာတွက်ချက်ရသည့် အက္ခရာသင်္ချာ ဖြစ်သည်။ အက္ခရာဂျီဩမေတြီသင်္ချာ (Algebraic Geometry) ဂျီဩမေတြီ နှင့် အက္ခရာသင်္ချာ ပေါင်းစပ်ကာ တွက်ချက်ရသည့် ပညာရပ်ဖြစ်သည်။ လက်တင်ဘာသာသို့ပြန်ဆိုထားသော ၁၆၂၁ ခုနှစ်ထတ် Diophantus ၏ Arithmetica ၁၈၀၀ ဘီစီ - quadratic elliptic equation ၏ ဖြေရှင်းနည်း ကို ရှေးဘေဘီလုံ လူမျိုးများက ရှာဖွေခြင်း။ ၁၆၀၀ ဘီစီ - ပိုက်သာဂိုရ သီအိုရမ် ကို ဘေဘီလုံ များကအသုံးပြုခဲ့ ကြောင်း ကျောက်စာများတွင် တွေ့ရှိရ။ ၈၀၀ ဘီစီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Baudhayana သည် မျဉ်းဖြောင့်ညီမျှခြင်း နှင့် နှစ်ထပ်ကိန်းညီမျှခြင်း များ၏ ပုံစံဖြစ်သော ax2 = c and ax2 + bx = c ကို Pythagorean triples သုံးကာ ဂျီဩမေတြီ ပုစာ များကိုရှာဖွေပြသခဲ့သည်။ ၆၀၀ ဘီစီ - အိန္ဒိယလူမျိုး သင်္ချာပညာရှင် Apastamba သည် မသိကိန်း ၅လုံးပါ general linear equation များကို Diophantus ၏ simultaneous Diophantine equations များအသုံးပြုကာ ဖြေရှင်းပြသခဲ့သည်။ ၃၀၀ ဘီစီ - အပေါင်းနှစ်ထပ်ကိန်းရင်းများကို Euclidean tools နှင့် geometric construction အသုံးပြုကာ ဖြေရှင်းနိုင်ကြောင်းကို ဂရိပညာရှင် Euclid သည် သူ၏ Book II of Euclid's Elements တွင်ဖော်ပြခဲ့သည်။ ၁၀၀ ဘီစီ - Rule of Double False Equations များကိုအသုံးပြုခြင်းဖြင့် Linear Equation များဖြေရှင်းနိုင် ကြောင်းကို တရုတ်သင်္ချာပညာရှင် Jiuzhang suanshu ၏ " The Nine Chapters on the Mathematical Art" တွင်စတင်တွေ့ရှိ ရသည်။ ၁၅၀ အေဒီ - ဂရိလူမျိုး အင်ဂျင်နီယာ Heron သည် Algebraic Equations များကို Three Volumes of Mathematics တွင်ထည့်သွင်းပြသခဲ့သည်။ ၂၀၀ အေဒီ - ဂရိလူမျိုးပညာရှင် Diophantus သည် အကရာသချာညီမျှခြင်းများ( Algebraic Equations) များ နှင့် ကိန်းဂဏန်းသီအိုရီ (Number Theory) ဖြေရှင်းပုံကို သူ၏ ဟအာရစ်သ်မတိက Arithmetica စာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။ ၄၉၉ အေဒီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Aryabthata သည် indeterminate linear equation များနှင့် simultaneous indeterminate linear equations များကိုဖြေရှင်းနိုင်သော general integral solution ကိုဖော်ပြခဲ့သည်။ ၆၂၅ အေဒီ - တရုတ်လူမျိုးပညာရှင် Wang Xiaotong သည် cubic equations များ၏ numerical solution များကို ရှာဖွေတွေ့ရှိခဲ့သည်။ ၆၂၈ အေဒီ - အိန္ဒိယလူမျိုးသင်္ချာပညာရှင် Brahmagupta သည် quadratic equations များ၊ Pell's equation ကိုဖြေရှင်းနိုင်သော chakravala method ကိုတီထွင်ခဲ့သည်။ ၈၂၀ အေဒီ - ပါရှန်းသင်္ချာပညာရှင် Muhammad ibn Mūsā al-khwārizmī သည် အရဘီဘာသာစာလုံး al-jabr ဟူသောစာလုံးနှင့်အတူ မျဉ်ဖြောင့်ညီမျှခြင်းများ၊ နှစ်ထပ်ကိန်းညီမျှခြင်းများကို ဖြေရှင်းနိုင်သည့် စနစ်ကျသော ဖြေရှင်းနည်းများ ကို Al-Kitab al-Jabr wa-l-Muqabala စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ကိုးကား Category:သင်္ချာ
စစ်ကိုင်းမြို့
စစ်ကိုင်းတောင် စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီးစစ်ကိုင်းခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ဇေယျာပူရ (သို့) ဇေယျာရွှေမြေအဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် ယခင်ကသတ်မှတ်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကို ခရိုင်ရုံးစိုက်ရာ မုံရွာမြို့သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။ ​​အကြောင်းမှာ နဝတ အစိုးရလက်ထက် မြို့တော်နှင့် စစ်ဌာနချုပ် တွဲရက်မတည်ရှိသော စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာ စစ်ဌာနချုပ် ရှိရာသို့ အုပ်ချုပ်မှု လွယ်ကူစေရန် ပြောင်းခဲ့ရသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ စတင်အာဏာသက်ရောက်သည့် ၂၀၁၀ခုနှစ်မှစ၍ သက်ဆိုင်ရာမြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းအား ချန်လပ်ထားခြင်း ခံရသည်။'သံတံတိုင်း စစ်ကိုင်းတည်'ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းမြို့ နေရာတွင် ဇေယျာပူရ(အောင်မြို့) အမည်ဖြင့် စတင် တည်ထောင်ခဲ့လေသည်။ အင်းဝခေတ်ကို တည်ထောင်ခဲ့သော သတိုးမင်းဖျားသည် စစ်ကိုင်းမြို့တွင် ဖွားမြင်ခဲ့သော အသင်္ခယာ စောယွန်း၏ မြေးတော်ဖြစ်သည်။ ကုန်းဘောင်မင်းဆက် ညီတော်များအလွန်ချစ်ခင်လေးစားရသော နောင်တော်ကြီးမင်းသည် စစ်ကိုင်းမြို့ကို မင်းနေပြည်တော်အဖြစ် အသုံးပြုခဲ့သည်။ စစ်ကိုင်းတောင်ရိုး တစ်ခုလုံးမှာ ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ၊ သီလရှင်များ၏ ချောင်များနှင့် တောင်ထွတ် တောင်ထိပ်တိုင်းတွင် တည်ထားသောစေတီများဖြင့် အလွန်ပင် ကြည်နူးဖွယ် ကောင်းပေသည်။ စစ်ကိုင်းမြို့သမိုင်း စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် ဩဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူမှ ဆင်းသက် သူ အသင်္ခယာ စောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သာတိုးတိုင်း စစ်ကိုင်းတည်ဟု မှတ်သားခဲ့ကြ သည်။ စစ်ကိုင်းမြို့တည်သက္ကရာဇ်ကို သာတိုးတိုင်း စစ်ကိုင်းတည်၊ သံတံတိုင်း စစ်ကိုင်းတည်၊ သောင်တော်ထွန်း စောယွမ်း စစ်ကိုင်းတည် (၆၇၇) ဟူ၍ လင်္ကာဖြင့် အမှတ်အသားပြုကြသည်။ သာယာဝိုင်း စစ်ကိုင်းတည်(၆၈၄-ခုနှစ်)သည် စစ်ကိုင်းမြို့တည်နှစ် မဟုတ်။ စစ်ကိုင်းမြို့တည်နန်းတည်မင်း အသင်္ခယာစောယွမ်း ၏ နတ်ရွာစံသက္ကရာဇ်သာ ဖြစ်ကြောင်း၊ သက္ကရာဇ် ၆၇၇ ခုနှစ်သာလျှင် စစ်ကိုင်းမြို့တည်နန်းတည်နှစ် ဖြစ်ကြောင်း စြင်္ကံန်ကျောင်းကျောက်စာကို အကိုးအကားပြု၍ မှန်နန်းရာဇဝင်ဆရာတို့က တည့်မတ်ပေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်(ခရစ်နှစ် ၂၀၁၅)တွင် စစ်ကိုင်းမြို့တည်နန်းတည် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို စစ်ကိုင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။ ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘိုမြို့ နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ ထို့ပြင် စဉ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော် များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။ စဉ့်ကူးမင်းလက်ထက်တွင် ဘထွေးတော် ဗဒုံမင်းသည် စစ်ကိုင်းမြို့၊ ထူပါရုံစေတီနှင့် တောင်တံခါးအကြား(ယခု အိမ်တော်ရာ- အောင်မြေလောကစေတီ- ကျောက်စေတီနေရာ)တွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။ ဗဒုံမင်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ စစ်ကိုင်းအိမ်တော်ရာနေရာတွင် ကျောက်အုတ်တို့ဖြင့် အောင်မြေလောကစည်းခုံတော်ကို တည်ထားခဲ့သည်။ စစ်ကိုင်းဟု ခေါ်တွင်လာပုံမှာ စူဠာသမ္ဘဝနှင့် မဟာသမ္ဘာဝ ဟူသော မျက်မမြင် အမြွှာမင်းသားနှစ်ပါး မသိုးထမင်း မသိုးဟင်းနှင့် ဖောင်မျောလာရာ စစ်ကိုင်း အရပ် အရောက်တွင် မြစ်အတွင်းကိုင်းပေါက်နေသော စစ်ပင်ကြီးကိုင်းနှင့် ငြိကာ ဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း(သို့မဟုတ်) စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ် စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ်အရှေ့နောက် စကိုင်းကာ စီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှသည် စစ်ကိုင်းဟု ခေါ်ဝေါ်ကြောင်း သုတေသနပညာရှင်များ၏ မှတ်တမ်းများတွင် လေ့လာတွေ့ရှိရသည်။ စစ်ကိုင်းဆိုသည်မှာ စေကျိုင်း(မန်ကျည်းပင်ပေါသည့်အရပ်)(ရှမ်းစကား)၊ စကိုင်း(မြင်းခြေနင်းကွင်းလုပ်သည့်အရပ်)(ရှမ်းစကား)မှ ရွှေ့လျားလာသည် ဟုလည်း ဆိုသည်။{3} မြို့တည်နန်းတည် ကိုးဌာန စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနမှာ ရွှေနန်းတော်၊ ရွှေမြို့တော်၊ အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ စေတီလှ၊ သောတာပန် နတ်ကွန်း၊ ဆင်ဖြူကန်တို့ပင် ဖြစ်သည်။ မန္တလေးနေ့စဉ်၊ ၁၄-၈-၂၀၁၈၊ စာ -၁၉ စစ်ကိုင်းအတ္ထုပ္ပတ္တိများအဆိုအရ ကိုးကိုးလီဖြစ်ကြောင်း စစ်ကိုင်းသမိုင်းဒုတိယပလ္လင်ခံတွင်မှတ်တမ်းတင်ထားသည်။ ၁။ မုဌော-၉ဆူ ၂။ ကူ(ဂူ)-၉လုံး ၃။ ကျင်း-၉ကျင်း ၄။ မှော်-၉မှော် ၅။ ချောင်း-၉ချောင်း ၆။ မြို့စောင့်နတ်ကြီး-၉ပါး ၇။ တောင်-၉တောင် ၈။ ရတနာ-၉ပါး ၉။ ကုန်း-၉ကုန်း စစ်ကိုင်းမြို့ ကို ၉-ကိုးနဝင်းဖြင့် ကိုးကိုးလီဟုအဆိုဖြင့် တည်ခဲ့ကြောင်းတွေ့ရှိရသည်။အရှင်ဩဘာသ ပြဿဒ်ကျောင်း ပေစာမှတ်တမ်း ၁။ မုဋ္ဌော ၉-ဆူ က ။(အတွင်းမုဋ္ဌော) ဇချမ်းမုဋ္ဌော ရွှေတောင်ဦးမုဋ္ဌော ခါဝဲတောင်မုဋ္ဌော တောင်ငယ်မုဋ္ဌော နံကိုင်းမုဋ္ဌော လမ်းဦးမုဋ္ဌော ကံအောက်မုဋ္ဌော ဇီးတောမုဋ္ဌော စေသာစေတီမုဋ္ဌော ခ။ (အပြင်မုဋ္ဌော) အပြင်ဇချမ်းမုဋ္ဌော ရန်အောင်မြင်မုဋ္ဌော သမန်းကြည်မုဋ္ဌော သမန်မုဋ္ဌော ငှက်မနားမုဋ္ဌော ရှားတောင်မုဋ္ဌော ချောက်ဘုရားမုဋ္ဌော ပဲပုံမုဋ္ဌော ပတ္တမြားမုဋ္ဌော ၂။ ကူ (ဂူ) ၉ လုံး ကူနီ ၅ လုံး ဆည်လည်းဘုရား ၁ လုံး လက်ဝဲကူ ၁ လုံး ရွှေကူကြီး ၁ လုံး ပုပ္ဖာရုံ ၁ လုံး ၃။ ကျင်း ၉- ကျင်း အတွင်း ကျင်းများ ရွှေလောင်းသာကျင်း ကြက်ဝက်ချေအင်ကျင်း စေဿစေတီဘုရားအရှေ့ ကျင်း စေဿစေတီဘုရားအနောက် ကျင်း ခါဝဲတောင်မြောက်ကျင်း တောင်ငယ်မြောက်ကျင်း ရေဝန်းကျင်း ကူနီဘုရားအနောက်ကျင်း လေးမျက်နှာဘုရားအရှေ့ ကျင်း အပြင် ကျင်းများ ကံငယ်ကျင်း ဆတ်ဒါန်ကျင်း လက်ပန်ကျင်း သမန်ကြည်ကျင်း ဆပ်ပြာကျင်း လက်ကသည်းကျင်း ဥယျာဉ်ကျင်း မုတ္တမဥယျာဉ်ကျင်း သစ်တုံအင်ကျင်း ၄။ မော် ၉-မော် (မှော်) ရင်းရဲမော် (ခ)ဝရုံလဲမော် အရှေ့စောယဉ်မော် (ခ) စကုမော် ပြဿဒ်ကျမော် (ခ) ပြဿဒ်လှမော် ရွှေတောင်ဦးမော် နံကိုင်းမော် (ခ) ကင်းမော် မဟာမော် (ခ)မဟမော် ဖဝါးဦးမော် (ခ) သပိတ်လည်းမော် တံခွန်တိုင်မော် (ခ) ဆုတောင်းပြည့် ငစဉ်စပ်မော် (ခ) ကျောင်းမော် ၅။ ချောင်း ၉- ချောင်း ဇချမ်းပင်ချောင်း (မဟာစေတီမြောက်ဘက်) ရေဝန်းချောင်း (ရွှေတောင်ဦးမြောက်ဘက်) သောတာပန်ချောင်း (နံကိုင်းမြောက်ဘက်) ဥပါလိချောင်း (မဟာမော်မြောက်) သရက်ချောင်း (တံခွန်တိုင်မော်တောင်ဘက်) မကျဉ်းချောင်း (ငစဉ်စပ်မော်တောင်ဘက်) ကင်းပွန်ချောင်း (ရှင်ဖြူရှင်လှတောင်ဘက်) ပုပ္ပါချောင်း (ရှင်ဖြူရှင်လှအနောက်ဘက်) မချောင်း (သရက်ကန်အနောက်ဘက်) ၆။ မြို့ စောင့်နတ်ကြီး ၉- ပါး ဥဿရော တာနော ကုမ္ဘာန် ယက္ခိုက် (ယက္ခ) တပင်တိုင် ဘုမ္မတီ ဝတ်ရုံနတ် အောင်စွာနတ် ငါးစီးရှင် ၇။ တာင် ၉- တောင် ရွှေတောင်ဦးတောင် ခါဝဲတောင် နံကိုင်းတောင် ဘီလူးတာင် ပဲပုံတောင် ငဖားတောင် ဗောဓိမဏ္ဍိုင်တောင် လေးကျွန်းဆီမီးတောင် ပတ္တမြားစေတီတောင် ၈။ ရတနာ ၉-ပါး ရတနာမဉ္ဇူ ရတနာဂီရီ ရတနာပင်စည် ရတနာပုံ ရတနာစံကျော် ရတနာစံဦး ရတနာမုနိ ရတနာထွဋ်ခေါင် ရတနာမြစည်ကုန် ၉။ ကုန်း ၉-ကုန်း အပြင်ကုန်းများ ရန်အောင်မြင် ဘုရားကုန်း သပန် ဘုရားကုန်း မိကျောင်းတက်ကုန်း သမန်ကြည်ကုန်း ပိတောက်ကုန်း မဲရိုင်းတောကုန်း မီးသွေးကုန်း ပေကုန်း ငမိုးကုန်း အတွင်း ကုန်းများ မုန့်သည်းမကုန်း လုလင်ကုန်း ကျောက်စရစ်ကုန်း ဓားသွေးကုန်း မြေနီကုန်း မြင်းသေကုန်း နွားတည်ကုန်း ကျက်တည်ကုန်း မရိုးကုန်း မြေမျက်နှာသွင်ပြင် စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။ စစ်ကိုင်းတောင်ရိုးသည် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးတို့ တစ်စုတစ်ဝေးတည်ရှိနေသောကြောင့် စစ်ကိုင်းမြို့၏ သဘာဝ ကျက်သရေဆောင် အဖြစ် တည်ရှိနေပေသည်။ စစ်ကိုင်းတောင်ရိုးတွင် စေတီ အများအပြား ရှိသည့် အနက် ပတ္တမြားတောင်စွယ်၌ တည်ထားသော ပတ္တမြားစေတီ၊ ပုညအမတ်ကြီး တည်ခဲ့ပြီး ဝါစဉ် ဆွမ်းကပ်မှုတွင် ဦးစွာ ကပ်လှူရသဖြင့် ဆွမ်းဦး ပုညရှင်ဟု အမည်တွင်သော စေတီ၊ ဥမင် သုံးဆယ်၊ ရှင်ပင်နံကိုင်းစေတီတို့မှာ လွန်စွာ ထင်ရှားလှ၍ နှစ်စဉ် ပွဲတော်များ ကျင်းပလေ့ရှိကြသည်။ စစ်ကိုင်းတောင်ရိုးပေါ်တွင် ဧရာဝတီမြစ်ဆီသို့ ရှုမျှော်လျင် စစ်ကိုင်းမြို့၏ အကွက်အကွင်းအပြင် သောင်ကမ်းနှင့် တောရိပ်၊ မြစ်ဆိပ်နှင့် ရေပြင်ကျယ်တို့က အတင့်အတယ် ရှိနေသဖြင့် မြို့မငြိမ်း၏ သီချင်းစာသား ထဲမှ မြစ်မင်းဧရာ ခွေကာဝိုင်းလို့၊ စစ်ကိုင်းအောက်ချာမြေ၊ ရေလှိုင်းကလေးတွေ နေရောင်မြှူးတော့ ငွေရောင်ဖြူးကာနေ ဟူသော အပိုဒ်ကို သတိရ၍ ဆိုညည်းမိကြသည်။ စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း၌ ပါရှိသော်လည်း ဤဒေသတစ်ဝိုက်ရှိ ဧရာဝတီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေအေးကြောင့် ရာသီဥတု မျှတ၍ နေချင့်စဖွယ်ရှိ၏။ တောရိပ် တောင်ရိပ်၊ ကသစ်ရိပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အေးချမ်းမှုအပြင် ဓမ္မရိပ်ကြောင့်လည်း နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ပါ ရရှိနိုင်ပေသည်။ စီပွားရေး ရိုးရာလုပ်ငန်းများဖြစ်သည့် အိုးလုပ်ငန်း မြန်မာ့ရိုးရာငွေထည်ကြေးထည်လုပ်ငန်းများ သာသနာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။ စစ်ကိုင်းစက်မှုဇုန် သည် တိုင်း​ဒေသကြီးတွင် အကြီးဆုံးဖြစ်သည်။ ဒေသထွက်ကုန်သီးနှံများဖြင့် အတန်အတင့်ကောင်းမွန်သည့် စီးပွားရေးဖြစ်ထွန်းသည်။​ ကျောက်စိမ်းပုတီး လုပ်ငန်းလည်း လုပ်ကိုင်ကြသည်။ ဆက်သွယ်ရေး မန္တလေးမြို့သို့ သွားသည့် မြစ်ကြီးနား-စစ်ကိုင်း မီးရထားလမ်းသည်လည်းကောင်း၊ မုံရွာ-စစ်ကိုင်းကားလမ်း၊ မြင်းခြံ-မန္တလေးကားလမ်း အစရှိသည့် မီးရထားလမ်းနှင့် ကားလမ်းများ ဖြတ်သန်းသွားလာရာ မြို့လည်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၏ လမ်းခွဲများရှိရာဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကို အမှီပြုကာ ရေကြောင်းသွားလာရေးလည်း လွယ်ကူသည်။ ဂျီအက်စ်အမ်(GSM)ဖုန်း နှင့် အော်တိုဖုန်းများကို ဆက်သွယ် အသုံးပြုနိုင်သည်။ ထို့ပြင် အေဒီအက်စ်အယ်လ်(ADSL) ဖြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီဖြစ်သည်။ ရှေးအခါက စစ်ကိုင်းမြို့အောက်ပိုင်းသည် ရေလွှမ်းမိုးခြင်း ခံခဲ့ရသော်လည်း ၁၈၈၉ ခုနှစ်တွင် ရေကာတာကြီးဆောက်လုပ်လိုက်သဖြင့် ယခုရေလွှမ်းမိုးခြင်းဘေးမှ သက်သာရာရရှိနေပေသည်။ မြို့၏စည်ပင်ရေးကို မျူနီစီပယ်အဖွဲ့က ဆောင်ရွက်သည်။ ၁၈၉၁ ခုနှစ်တွင် စစ်ကိုင်းမှ ရွှေဘိုမီးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်ကိုင်းမှ ကသာနှင့် မြစ်ကြီးနားသို့၎င်း၊ အနောက်ဘက်မုံရွာနှင့် ရေဦးမြို့သို့၎င်း၊ မီးရထားလမ်း များပေါက်နေလေပြီ။ စစ်ကိုင်းမှ ရွှေဘိုသိုလည်း မော်တော်ကားလမ်းရှိလေသည်။ ရှေးအခါက ရန်ကုန် မြစ်ကြီးနားမီးရထားလမ်းမှာ အမရပူရနှင့် စစ်ကိုင်းတွင် သင်္ဘောဖြင့် ကူးပြောင်း၍ စီးကြရသော်လည်း၊ ၁၉၃၄ ခုနှစ်တွင် ဧရာဝတီမြစ်ကို ဖြတ်၍ အင်းဝတံတားကြီးကို ဆောက်လုပ်ပြီးစီးခဲ့သဖြင့် တောက်လျှောက် ဖြတ်ကူးနိုင်ခဲ့လေသည်။ သို့ရာတွင် အင်းဝတံတားကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖျက်ဆီးခြင်းခံခဲ့ရသောကြောင့် မီးရထားဌာနက ၁၉၅၃ ခုနှစ်တွင် ပြန်၍ပြင်ဆင်ခဲ့ရာ ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ စစ်ကိုင်းပိုးထည်နှင့် စစ်ကိုင်းရေအိုးများမှာ အထူးကျော်ကြားသည်။ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်မြို့နှင့်အနီးအနားရွာများတွင် ဆားချက်လုပ်သည်။ စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်မှ ငွေထည်များမှာလည်း ထင်ရှားပေသည်။ စစ်ကိုင်းမြို့တွင် မြန်မာလူမျိုးများအပြင် မွတ်စလင်များ၊ ကသည်းလူမျိုးများ၊ ရှမ်းတရုတ်၊ ဟိန္ဒူ မဒရာစီ၊ အူရီယာ စသောလူမျိုးပေါင်းစုံနေထိုင်ကြသည်။ ၁၉၅၃ခုနှစ် သန်းကောင်စာရင်းအရ မြို့၏လူဦး ရေမှာ ၁၅၄၃၉ယောက် ရှိလေသည်။မြန်မာ့စွယ်စုံကျမ်း အတွဲ(၄) ၂၀၁၄-ခုနှစ် စာရင်းဇယားများအရ စစ်ကိုင်းမြို့ပေါ်(၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၁)အုပ်စု၊ ကျေးရွာပေါင်း(၂၀၆)ရွာ၊ အိမ်ခြေပေါင်း(၅၁၆၈၃)၊ အိမ်ထောင်စုပေါင်း(၅၆၄၅၆)၊ လူဦးရေပေါင်း(၂၇၉၁၄၆)ဦး(ကျား-၁၃၁၀၅၈+ မ-၁၄၈၀၈၈) ရှိသည်။ မြို့ပေါ်(၂၃)ရပ်ကွက်တွင် အိမ်ခြေ(၁၁၈၅၀)၊ အိမ်ထောင်စုပေါင်း(၁၃၃၆၅)၊ ရှိသည်။{3} မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။ ပညာရေး စစ်ကိုင်းမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှာ ကျန်းမာရေး စစ်ကိုင်းမြို့ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံ အာယုဒါန ဆေးရုံတော် အားကစား စစ်ကိုင်းမြို့အနှစ်(၇၀၀)ပြည်အားကစားကွင်း ယဉ်ကျေးမှု ထူးခြားသည့်ရိုးရာပွဲတော်အနေဖြင့် နှစ်စဉ်တပိုတွဲလပြည့်နေ့ညတွင် ကြေးဘုရားကြီးပွဲတော်၌ ဘဲဥထုပွဲကျင်းပလေ့ ရှိသည်။ အထင်ကရနေရာများ စေတီပုထိုးများ စစ်ကိုင်းမြို့တွင် တန်ခိုးကြီးဘုရားများ ပေါများလှရာ သာလွန်မင်းတရားကြီးတည်ခဲ့သော ကောင်းမှုတော်ဘုရား၊ ဘိုးတော်မင်းတရား တည်ခဲ့သော မင်းကွန်းဘုရား၊ ငါးထပ်ကြီးဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ ပုညရှင်၊ ဥမင်သုံးဆယ်၊ ပတ္တမြားစေတီ၊ ရှင်ပင်နံကိုင်းစေတီတို့မှာ အထူးပင်ထင်ရှားကြ၍ ပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ စစ်ကိုင်းမြို့တွင် နံရံဆေးရေးပန်းချီတည်ရှိသည့်စေတီဘုရားများမှာ တိလောကဂုရုလိုဏ်ဂူ လောကမှန်ကင်းလိုဏ်ဂူ အနန္တသူရိယမီးပေါက်ကြီးဘုရား ရွှေမင်းဝံပေါ်တော်မူဘုရား ယိုးဒယားမဟာသိမ်တော်ကြီး ရွာထောင်ရွာလယ်ဘုရား ခြင်္သေ့သုံးဆယ်ဘုရားအနီး ကျိုက်လပ်ချောင်ဘုရား အထက်ကျစွာချောင်ဘုရား ပျူကန်ကျောင်းအနီးစေတီ ကျောက်ဆစ်ဓာတ်ပေါင်းစုဘုရားအနီးစေတီငယ် ရွှေတောင်ဦးမော်ကုန်းခြေစေတီ ရွာသစ်ကြီးလောင်းဦးမော်ဘုရား ရွှေဆံတော်ဘုရားအတွင်းရှိအုတ်ကျောင်း ဓာတ်ပုံများ ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များ
ညောင်လေးပင်မြို့
ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ညောင်လေးပင်ခရိုင် ၏ ရုံးစိုက်ရာမြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၃ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး ( ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်း) မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိသည်။ ပဲခူးမြောက်ပိုင်း စပါးရောင်းဝယ်တင်ပို့ရာ ဗဟိုဌာနတစ်ခုဖြစ်၍ အတော်ပင်စည်ကားသည်။ မြို့၏လူဦးရေမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၂၁၉၂၉၃ ယောက်ခန့်ဖြစ်လေသည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ညောင်လေးပင်မြို့တွင် မြူနီစီပယ်အဖွဲ့ရှိ၍ မြို့တွင်းကိစ္စရပ်များတို့ကိုဆောင်ရွက်ရသည်။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်အနောက်မြို့နယ်(ကျောက်တံခါးမြို့နယ်)နှင့် ဒိုက်ဦးမြို့နယ်များ ပါဝင်လေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင် အပိုင်မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ညောင်လေးပင် အား ညောင်လေးပင်ခရိုင် အဖြစ် ပဲခူးခရိုင် မှ ခွဲထုတ်ပြီး မြို့နယ် (၅) ခု ပေါင်းစပ်၍ ခရိုင်ရုံးဆိုက်ရာမြို့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ညောင်လေးပင်အရှေ့မြို့နယ်တစ်ဝှမ်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာဖြစ်သည်။ ညောင်လေးပင်အနောက်မြို့နယ်မှာမူ၊ ကုန်းမြင့်ဒေသများ၊ တောင်တန်းများဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း၊ အနည်းငယ်မျှသာဖြစ်သည်။ ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲတစ်ခုရှိ၍၊ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ရွှေကျင်မြို့သို့ရောက်ရှိနိုင်လေသည်။ ညောင်လေးပင် မြို့မဈေး ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက်ရုံးစိုက်သော မြို့ဖြစ်သည့်အားလျော်စွာ အစိုရရုံးများ၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသော အဆောက်အအုံများဖြင့် စည်စည်ကားကားရှိသည်။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့်အပြင်၊ မီးရထားလမ်း၊ ကားလမ်းများရှိသောကြောင့် အရောင်းအဝယ်တွင်ကျယ်သည်။ ညောင်လေးပင်ခရိုင်၏ အကြီးဆုံးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၏ ပဉ္စမမြောက်အကြီးဆုံးမြို့ ဖြစ်သည်။ ညောင်လေးပင်မြို့သည် လုဒ်(စ်)မယ်တော်သခင်မကျောင်း ကြောင့်ထင်ရှားကျော်ကြားရသည်။ အထင်ကရ နေရာများ လုဒ်(စ်)မယ်တော်သခင်မကျောင်း ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ပဲခူးတိုင်းဒေသကြီးရှိ မြို့များ
စစ်တွေမြို့
စစ်တွေ၏ အဓိကလမ်း စစ်တွေမြို့ (အင်္ဂလိပ်: Sittwe )၊ (ရခိုင်: စိုက်တွေ)၊ (Akyab၊ အာကျပ်) သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ စစ်တွေမြို့သည့် မြန်မာနိုင်ငံရှိ လူဦးရေအများဆုံးမြို့အဖြစ် အဆင့် ၁၀ တွင်ရှိသည်။ သမိုင်းအကျဉ်း ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် (၁၈၂၆) ခုနှစ်တွင် ရခိုင်ဒေသကို သိမ်းပိုက် ပြီးနောက် မြောက်ဦးမြို့တွင် အုပ်ချုပ်ရေးအခြေပြုခဲ့ရာ ရာသီဥတုမညီမျှ၍ ရေမြေကောင်းမွန်ပြီး စစ်ရေးစစ်ရာအချက်အချာကျသော ကုလားတန်မြစ်ဝနေရာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။စွယ်စုံကျမ်း အတွဲ (၄)၊ အပိုင်း(က) ယခင်ဘုရင်များလက်ထက်က စစ်တပ်များချခဲ့ရာအရပ်ဖြစ်၍ မူလစစ်တဲဆိုသောဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟုပြောင်းလဲလာခြင်းဖြစ်ကြောင်းဆိုကြသည်။ တဖန် စစ်တွေမြို့၏ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် အံတော်ဓာတ်ကိန်းဝပ်သည့် စေတီတော်ရှိသည်။ အံတော်ဓာတ်စေတီကို အစွဲပြု၍ အံကျိန်းမှ အာကျိတ်၊ အာကျိတ်မှ အာကျပ်ဟု ပြောင်းလဲလာသည်ဟုဆိုကြသည်။ အင်္ဂလိပ်တို့က စစ်တွေမြို့ကို (Akyab) အာကျပ်ဟုခေါ်ခဲ့ကြသည်။ ရခိုင်တို့ကမူ စစ်တွေမြို့ဟုသာခေါ်ကြသည်။ ပထဝီဝင်အနေအထားနှင့် ရာသီဥတု စစ်တွေမြို့သည် မြောက်လတ္တီတွဒ် ၂၀° ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄' အကြားတည်ရှိသည်။ မြို့အကျယ်အဝန်းမှာ ၂၃၁.၆ စတုရန်းကီလိုမီတာ (၈၉.၄၂ စတုရန်းမိုင်) ဧကရှိသည်။ ရပ်ကွက် (၃၂)ခု ရှိသည်။ စစ်တွေမြို့၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့် ကုလားတန်မြစ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ရသေ့တောင်မြို့နယ်၊ မြောက်ဘက်တွင် ကြွီတဲမြစ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅)ပေမြင့်သည်။ တောင်ကုန်းများမရှိဘဲ မြစ်ချောင်း၊ အင်းအိုင်ပေါများကာ မြေမျက်နှာသွင်ပြင်ညီညာသည်။ ပင်လယ်ကမ်းခြေဒေသဖြစ်သည်။ စစ်တွေမြို့၏ ရာသီဥတုမှ အောက်ပါအတိုင်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ကုန်းလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများဖြင့် ဒေသအသီးသီးသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။ စစ်တွေလေဆိပ်သည် ရခိုင်ပြည်နယ်၏အဓိကလေဆိပ်ဖြစ်ပြီး ရန်ကုန်မြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ မ‌ကွေးမြို့၊မာန်အောင်မြို့တို့နှင့် လေကြောင်းခရီးဖြင့် ချိတ်ဆက်သွား လာနိုင်သည်။ ထို့ပြင်စစ်တွေလေဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ အဓိကဝင်ရောက်ရာလေဆိပ်လည်းဖြစ်သည်။ စစ်တွေ−ရန်ကုန်ကားလမ်းသည် (၅၃၄.၃)မိုင် ရှည်လျားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့များကို ဖြတ်သွားသည်။ ကတ္တရာလမ်းဖြစ်ပြီး ရာသီမရွေးသွားလာ နိုင်သည်။ အမ်း−မင်းဘူးမှတဆင့် ရိုးမအရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ သွားလာနိုင်သည်။ ထို့ပြင် အမ်းမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ သံတွဲ၊ ကျိန္တလီ၊ ဂွ နှင့် တောင်ကုတ်မြို့များ သို့သွားရောက်နိုင်သည်။ ရေကြောင်းခရီးဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အပါအဝင်မြို့နယ်အားလုံးသို့သွား ရောက်နိုင်သည်။ ကုလားတန်မြစ်ဝတွင်တည်ရှိ၍ စစ်တွေမြို့တွင် စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း၊ ဆတ်ရိုးကျဆိပ်ကမ်းများတည်ရှိသည်။ စစ်တွေဆိပ်ကမ်းမှာ နိုင်ငံတကာပင်လယ်ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံတကာကုန်တင်သင်္ဘောများ၊ ကမ်းရိုးတန်းသွား ခရီးသည်နှင့်ကုန်တင်သင်္ဘောများ ဆိုက်ကပ်ကြသည်။ ရွှေမင်းဂံဆိပ်ကမ်းမှာ နယ်စပ်ဒေသပို့ကုန်နှင့် သွင်းကုန်များတင်ပို့ရာဆိပ်ကမ်းဖြစ်သည်။ ဆတ်ရိုးကျချောင်း အတွင်းရှိ ဆိပ်ကမ်းများတွင် မြို့နယ်ဒေသအသီးသီးမှ ခရီးသည်နှင့်ကုန်တင် သင်္ဘေများလာရောက်ဆိုက်ကပ်ကြသည်။ ဆတ်ရိုးကျချောင်းအတွင်းတွင် စစ်တွေသင်္ဘောကျင်းတည်ရှိသည်။ လူနေထိုင်မှု စစ်တွေမြို့သည် မြန်မာနိုင်ငံရှိ လူဦးရေးအများဆုံးမြို့ အဖြစ် အဆင့် ၁၀ တွင်ရှိသည်။ စစ်တွေမြို့ရှိ လူဦးရေးမှ ၁၄၇,၈၉၉ ဖြစ်သည်။ အများစုမှ ရခိုင်လူမျိုး ဖြစ်ပြီး ဒုတိယ အများဆုံးမှ ရိုဟင်ဂျာလူမျိုး ဖြစ်သည် ဗမာ၊ ချင်၊ ကမန်၊ မရမာကြီးနှင့် အခြားသော လူမျိုးများ လည်း နေထိုင် ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ် ကြပြီး ဒုတိယအများဆုံးမှ အစ္စလာမ်ဘာသာ ဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများ လည်းရှိသည်။ စီးပွားရေး စစ်တွေမြို့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့်မြို့ဖြစ်ပြီး ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကုန်စည်များ ဝင်ရောက်ရာမြို့ဖြစ်သလို ကုန်စည်များစီးဆင်းရာမြို့လည်းဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စစ်တွေမြို့တွင် ဆန်စက်ကြီးများ၊ ငါး၊ ပုစွန် ကုန်ဝယ်ဒိုင်များ၊ အအေးခန်းစက်ရုံများ၊ ရေခဲစက်ရုံများတည်ရှိသည်။ ငါးပုစွန်များနှင့်လယ်ယာထွက်ကုန်များကို ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရေကြောင်းမှတိုက်ရိုက်တင်ပို့သည်။ ဘဏ်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ စီဘီဘဏ်များရှိပြီး ငွေကြေးဝန်ဆောင်မူလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေး စစ်တွေမြို့တွင် အခြေခံပညာရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တည်ရှိသည်။ အဆင့်မြင့်ပညာရေး အနေဖြင့် စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ် တို့တည်ရှိသည်။ ထို့ပြင် လက်မှုပညာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုရက္ကန်းကျောင်းများလည်းရှိသည်။ ကြေးမုံသတင်းစာ ကျန်းမာရေး စစ်တွေမြို့ရှိဆေးရုံများ စစ်တွေပြည်သူဆေးရုံ စစ်တွေ အထွေအထွေရောဂါကု ဆေးရုံကြီး ကုတင် (၅၀၀) တိုင်းရင်းဆေးရုံ(စစ်တွေ) အားကစား စစ်တွေမြို့တွင် လူဝင်ဆံ့မှု ၇,၀၀၀ ရှိသည့် ဓညဝတီ အားကစားကွင်းနှင့် ဝေသာလီ အားကစားကွင်း ရှိသည်။ မြို့ခံအသင် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းသည့် မြန်မာ နေရှင်နယ် လိဂ်တွင် ကစားနေသည့် အသင်း ဖြစ်ပြီး။ အိမ်ကွင်းမှ ဝေသာလီ အားကစားကွင်းဖြစ်သည်။ အထင်ကရနေရာများ ဦးဥတ္တမပန်းခြံ ယဉ်ကျေးမှုပြတိုက် ဗျူးပွိုင့် ရွှေစေတီ ဘုန်းကြီးကျောင်း လောကနန္ဒာစေတီ (စစ်တွေ) လက်ဝဲသလုံးတော်ဓာတ်စေတီ ဗုဒ္ဓပြတိုက် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ကမ္ဘာ့ဗုဒ္ဓသာသနာ့ အာဇာနည် ဂုရု ဂုရု မဟာဂုရု အသျှင် စနြွမဏိ ဗိမာန်တော် ရွှေနှလုံတော် ကက်သလစ်ဘုရားကျောင်း (စစ်တွေ) ဦးရဲကျော်သူကျောင်းတိုက် အင်္ဂလန်ဘုရင်မကြီးဆီက မွေးနေ့လက်ဆောင်၊ စစ်တွေနာရီစင် မြို့မဈေးကြီး စစ်တွေ စစ်တွေတက္ကသိုလ် ကျောင်းဝင်းဟောင်း အ.ထ.က(၂)စစ်တွေ ထင်ရှားသော ပုဂ္ဂိုလ်များ ဆရာတော် ဦးဥတ္တမ ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဦးချန်ထွန်း - ဥပဒေပါရဂူ ဦးမေအောင် - ကိုလိုနီခေတ်ပြည်ထဲရေး ဝန်ကြီး ဓာတ်ပုံများ ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ရခိုင်ပြည်နယ်ရှိ မြို့များ ကဏ္ဍ:စစ်တွေမြို့
တာချီလိတ်မြို့
တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတား တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့သည် ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြား မဲခေါင်မြစ်ဆုံ တြိဂံပုံထိစပ်နေသောကြောင့် ရွှေတြိဂံဟုခေါ်သည်။ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် မယ်ဆိုင်ချောင်းပေါ်တွင် နှစ်နိုင်ငံပေါင်းကူးဆက်သွယ်သွားလာ၍ ရသောချစ်ကြည်ရေးတံတားဖြင့် နှစ်နိုင်ငံကုန်စည်များ ကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ဝင်ထွက်ပေါက်မြို့လည်းဖြစ်သည်။ တာချီလိတ်မြို့တွင် ရှမ်းလူမျိုးများ၊ ယိုးဒယားစပ်ရှမ်းများနှင့် ဒေသခံ အာခါတိုင်းရင်းသားများ၊ လားဟူ၊ ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ တစ်ခေတ်တစ်ခါက လက်နက်ကိုင်များကြောင့် နယ်စပ်တိုက်ပွဲများ၊ ထိုင်းနှင့်နှစ်နိုင်ငံမှားယွင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားရာ မြို့တစ်မြို့ဖြစ်ခဲ့သည်။ တာချီလိတ် အမည် ဖြစ်ပေါ်လာပုံ တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ် ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့သည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့သည်။ နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့သည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် လူနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။ |တာချီလိတ်ရှိ ရွှေတိဂုံပုံတူစေတီတော် သယ်ယူပို့ဆောင်ရေး တာချီလိတ်မြို့တွင် လေဆိပ်တစ်ခုရှိသည်။ အဆိုပါ လေဆိပ်မှ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုး၊ ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် သို့ သွားလာနိုင်ပြီး၊ ကုန်းကြောင်းလမ်းအနေဖြင့် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ အဓိက သွားရောက်ပြီး၊ တောင်ကြီးမှ တဆင့် အနှံ့အပြားသို့ သွားရောက်နိုင်သည်။ နယ်စပ်ကုန်သွယ်ရေး တာချီလိတ်မြို့သည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်စပ်ဖြစ်သောကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်စည်များ ဖြတ်သန်းစီးဆင်းနိုင်ရန် ထိုင်းနဲ့မြန်မာနယ်စပ်ဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်ကိုနယ်စပ်ဂိတ်အဖြစ် တံတား(၁)၊ တံတား(၂)ဆိုပြီးတံတားနှစ်စင်းရှိသည်။ တံတား(၁)တွင် လူများ၊ ယာဉ်ငယ်များ၊ ကုန်စည်အသေးစားများ ဖြတ်သန်းသွားလာစေပြီး၊ တံတား(၂)တွင်နှစ်နိုင်ငံကုန်စည်များဖြတ်သန်းသွားလာနေပါသည်။ မြန်မာလာအိုနယ်စပ်တွင် ယခင်က ရေလမ်းခရီးကိုအသုံးပြုခဲ့ကြပြီးယခု ၂၀၁၅ခုနှစ် မေလမှစတင်ကာ မြန်မာဘက်ခြမ်း ကျိုင်းလပ်မြို့ မှ လာအိုဘက်ခြမ်းအထိ တံတားတစ်စင်းဆောက်လုပ်ပြီးစီးသောကြောင့်နှစ်နိုင်ငံကုန်သွယ်မှုပိုကောင်းမွန်လာနိုင်သည်။ ရာသီဥတု တာချီလိတ်မြို့ ၏ တစ်နှစ်ပတ်လုံးအပူချိန်မှာ ပျှမ်းမျှ ၃၀.၈ သာရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ပျှမ်းမျှ ၁၈.၇ သာရှိ၍ နေထိုင်၍ကောင်းမွန်သောအရပ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၁၅၅၇ လက်မရှိပြီး အမြဲတစေ ရေလွှမ်းမှုခံရလေ့ရှိသည်။ ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ရှမ်းပြည်နယ်ရှိ မြို့များ
ထားဝယ်မြို့
ထားဝယ်မြို့ () သည် မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်များ၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ထားဝယ် မြစ်ဝမှ မိုင် ၃ဝ ခန့်ကွာဝေး၍၊ ထားဝယ်မြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထားဝယ်မြို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ်သည့်အားလျော်စွာ အစိုးရဌာနအသီးသီး၏ တိုင်းဒေသကြီးရုံး၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရတန်းမြင့်ကျောင်း နှင့် ဈေးရုံများရှိ၍၊ စည်ကားသော မြို့ကြီးတစ်မြို့ဖြစ်သည်။ သမိုင်းကြောင်း ကောဇာသက္ကရာဇ် ၁၁၁၆ ခုနစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဥဩအော်သည် ထားဝယ်တည်ဟု ဆိုကြသည်။ မူလက ရှိခဲ့သည် သာဂရမြို့ဟောင်းမှာ နှစ်ပေါင်းများစွာ တည်တံ့ခဲ့ပြီးနောက် သာဂရမြို့စား၏ ၁၇ ဆက်မြောက် မင်းနဲလှ လက်ထက်တွင် လက်ရှိထားဝယ်မြို့ကို သာယာဝတီအမည်ဖြင့် တည်ခဲ့သည်။ ထားဝယ်လူမျိုး များရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့ဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ထားဝယ်လူမျိုး မူလစကတည်းကရှိခဲ့သောကြောင့် နေရာဌာန ထားဝယ်က ဒုတိယလိုက်ခဲ့ခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ်တလျှောက် ထားဝယ်မြို့တွင် မြို့ဝန်ရာထူး ထားရှိအုပ်ချုပ်ခဲ့ရာ၊ နောက်ဆုံး ထားဝယ်မြို့ဝန်က မင်းကြီး မင်းကျော်စည်သူ ဘွဲ့ခံ ဦးရွှေလုတ် ဖြစ်သည်။ ထားဝယ်မြို့ကို အာချီဘော်ကင်းဘဲ ဦးဆောင်သော ဗြိတိသျှတပ်များက ၁၈၂၄ ခုနစ် အောက်တိုဘာတွင် ဝင်ရောက်သိမ်း‌ပိုက်ခဲ့ပြီးနောက် ရန္တပိုစာချုပ်အရ ၁၈၂၆ တွင် ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့သည်။ ကိုလိုနီခေတ်တွင် မြို့လယ်၌ အစိုးရ အဆောက်အဦများ တည်ဆောက်က ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် လူငယ်များ မျိုးချစ်စိတ်ဓာတ် တက်ကြွခဲ့ကြရာ ထားဝယ်သည်လည်း နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗ‌ဆွေ၊ သခင်ဘိုးမှဲ့ စသူတို့မှာ ထင်ရှားသည်။ ဘီအိုင်အေ တပ်များ ချီတက်လာစဉ် ၁၉ ဇန်နဝါရီ ၁၉၄၂ တွင် ထားဝယ်ကို သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က ထားဝယ်နယ်သားများ အများအပြား ဘီအိုင်အေသို့ ဝင်ရောက်သည်။ ထားဝယ်မြို့တွင် မြို့မရပ်ကွက် (၁၅)ခုနင့် ရပ်ရွာအုပ်စုပေါင်း (၂၃)ခုတို့ပါဝင်သည်။ ထားဝယ်မြို့ရှိ မြို့မရပ်ကွက် (၁၅)ခုတွင် အိမ်ခြေ(၁၀၀၀၀)ကျော်၊ လူဦးရေ (၇၀၀၀၀)သောင်းကျော်နေထိုင်လျက်ရှိသည်။ ထားဝယ်မြို့သည် အကျယ်အဝန်းအားဖြင့် ၂၆၃၆.၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ လမ်းပန်းဆက်သွယ်ရေး right|ထားဝယ် လေဆိပ် ထားဝယ်မြို့၌ လေဆိပ်လည်းရှိသည်။ ထားဝယ်မြို့သည် မီးရထားလမ်းနှင့် ကွာဝေးသော မြို့တစ်မြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးတွင် မော်တော်ကားနှင့် သင်္ဘောများကိုသာ အားထားရသည်။ မော်လမြိုင်မှ မီးရထား လမ်းဆုံးဖြစ်ခဲ့သော ရေးမြို့နှင့် ကားလမ်းပေါက်သည်။ သို့သော် တောင်တက်တောင်ဆင်း ခရီးကြမ်းသဖြင့် အသွားအလာ မလွယ်ကူပေ။ ထားဝယ်ကားဆိပ်၌ ကုန်တင်မော်တော် ကား၊ လူစီးကားများစွာတို့ကို တွေ့မြင်ရသည်။ ထားဝယ် ဆိပ်ကမ်းမှာလည်း ဆိပ်ကမ်းကောင်းဖြစ်၍ အရောင်းအဝယ် စည်ကားသည်။ ထားဝယ်မြို့မှ မြန်မာနိုင်ငံခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းအဆက်အသွယ် အလွန်ကောင်းမွန်သည်။ အကယ်၍သာ ထားဝယ်ရေနက်ဆိပ်ကမ်းသာ အကောင်အထည်ဖြစ်ပေါ်လာရင် အရှေ့တောင်အာရှရဲ့ အရေးကြီးသော ဆိပ်ကမ်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး ယခုထက်ပိုမို၍များစွာ ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည်။ ရာသီဥတု ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုဖြစ်သည်။ ပညာရေး ပညာရေးအနေဖြင့် ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်း(၇၈) ကျောင်းတို့ ရှိကြသည်။ အထင်ကရနေရာများ ထားဝယ်မြို့အား လေ့လာရင်း လည်ပတ်နိင်သည့် နေရာများမှာ ဟိန္ဒားသတ္တုတွင်း၊ ရွှေတောင်စားစေတီတော်၊ လောကမာရဇိန်ဘုရားကြီးနှင့် ရှင်သာလျောင်းဘုရား၊ ရှင်ကိုးရှင် စေတီဘုရားများနင့် မောင်းမကန်ကမ်းခြေစသည့် နေရာဌာနများဖြစ်သည်။ ထိုရှင်ကိုးရှင် ဘုရားများမှာ- ရှင်တောက်ထိန်၊ ရှင်မုတ္ထီး၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဓာတ်ဝဲ၊ ရှင်တောင့်ပုံ၊ ရှင်ဥဩ၊ ရှင်ဆံတော်၊ ရှင်မျှော်တို့ ဖြစ်သည်။ ထို့အပြင် မြစေတီ၊ဇလွန်းတောင်ဘုရား၊ကနန်းတောင်ဘုရား၊ကြည့်မျှော်တောင် အစရှိသည့် တောင်ပေါ်တွင်တည်ထားကိုးကွယ်ထားသော စေတီတို့ကို လွယ်ကူစွာသွားရောက်ဖူးမြော်နိုင်နေပြီဖြစ်သည်။ စပါးတောင် စပါးတောင်သည် ထားဝယ်မြို့၏ အရှေ့တောင်ဘက်တွင်ရှိသည်။ ထားဝယ်မြို့ အရှေ့ဘက် ပေါက်တိုင်းတံတားမှ တောင်တက်လမ်းအစ တောင်ပွားဘုန်းကြီးကျောင်းတိုက်အထိ တစ်မိုင်ကျော်ကျော်ခန့်သာ ဝေးသဖြင့်၊ ကျန်းမာရေးအတွက် လမ်းလျှောက်သူများ၊ ခြေလျင်ခရီးထွက်သူများ (hikers) နှင့် စက်ဘီးစီးသူများအကြား ကျော်ကြားအသုံးများသောနေရာတစ်ခု ဖြစ်သည်။ မောင်းမကန်ကမ်းခြေစခန်း နာမည်ကျော်ကြားသော မောင်းမကန်ကမ်းခြေစခန်းသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက်ရှိ ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။ ထိုစခန်းသို့ ထားဝယ်မှနေ၍ မြစ်တစ်ဘက် သို့ကူးပြီးလျှင် ရှစ်မိုင်ခန့် မော်တော်ကားဖြင့်သွားရသည်။ မောင်းမကန်ကမ်းခြေမှ မိနစ်အနည်းငယ်မျှလမ်းလျှောက်ရုံဖြင့် ပန်းတင်အင်းကျေးရွာ ရေပူစမ်းသို့ရောက်နိင်ပါသည်။ မောင်းမကန် အနီးတွင် သုံးထပ်လမ်းမကြီးရှိသည်။ မောင်းမကန် ကမ်းခြေသည် မြန်မာနိုင်ငံတွင် အရှည်ဆုံးသော အဖြောင့်တန်းဆုံးကမ်းခြေ ဖြစ်သည်။ အ​ခြားထင်ရှားသောကမ်းခြေများမှာ ဖိုးဖိုးကျောက်၊ဆင်ထောင့်၊မြင်းခွာအော်၊ပညစ်၊myanmar paradise အစရှိသော ကမ်းခြေများဖြစ်ကြသည်။ အပူချိန်မြင့်မားသောရေပူစမ်းအဖြစ် ပလောက်မြို့နယ်ရှိ ပဲရေပူစမ်းမှာထင်ရှားလေသည်။ |​ရွှေ​တောင်စား​စေတီ​​တော် စီးပွားရေး ထားဝယ်ပိုးလုံချည်မှာ ထင်ရှားပြီး၊ ၁၉၀၃ ခုနှစ်က ထားဝယ်တွင် ရက်ကန်းစင်ပေါင်း ၉၉၅ စင်ရှိသည်။ ထားဝယ်လုံချည်များကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ တင်ပို့ရောင်းချရသည်။ ဒေသထွက်ကုန်များမှာ စပါး ၊ ရာဘာ၊ သစ်၊ ဆီအုန်း စသော သစ်တောထွက် ပစ္စည်းများအပြင် ခဲမဖြူ အဖြိုက်နက် စသည့် တွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် ဒေသဖြစ်သည်။ မြို့၏ကျောထောက် နောက်ခံဒေသများတွင် သတ္တုတွင်းများ၊ ရာဘာခြံများ၊ ကျွန်းသစ်တောများရှိ၍တကြောင်း၊ မြို့ပေါ်နှင့် ကမ်းခြေများတွင် ငါးပိ၊ ငါးခြောက်လုပ်ငန်း တွင်ကျယ်သောကြောင့်တကြောင်း၊ အရောင်းအဝယ် ဗဟိုဌာနတစ်ခုဖြစ်သည်။ ဆန်စက်နှင့် သစ်စက်များလည်းရှိ၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄ဝ၃၁၂ ယောက်ခန့်ရှိသည်။ ထားဝယ်မြို့ကို ခရစ် ၁၇၅၁?? ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မြို့တည်နေပုံမှာ လေးထောင့်ဖြစ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅) ထင်ရှားပုဂ္ဂိုလ် ထားဝယ်မြို့ ဇာတိ ထင်ရှားသော ပုဂ္ဂိုလ်များမှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်ကေလာသ ဦးငွေကိုင် ဗိုလ်ဂါမဏိ ဗိုလ်မှူးကြီး ဗထူး မီးပုံးပျံ ဦးကျော်ရင် မင်းတိုင်ပင်အမတ် စီစီခူး ဝန်ကြီးချုပ် ဦးဗဆွေ(အုန်းပင်ကွင်းရွာ၊ ရေဖြူမြို့) ကာတွန်း ကျော်ဆန်း ထားဝယ်ကျော်မင်း သာဂရ ငစိုး နဂါးနီ ဦးထွန်းအေး သံအမတ်ကြီး ဦးသန်းလှ ရွှေဝယ်ဧ မဏ္ဍိုင် ဦးထွန်းဝင်း သူရ မချစ်ပို စာရေးဆရာ ခင်ဂွမ်းဂွိ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ ဝင့်ယမုံနိုင် စာရေးဆရာ စိုးမှူး ( ဦးစိုးမြင့်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဘဏ္ဍာရေး သခင်လွန်းဘော် ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များ
မကွေးမြို့
မကွေးမြို့သည် မြန်မာပြည် အလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၏ မြို့တော် သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကြီးမားဖွံ့ဖြိုးသော မြို့ကြီးတစ်မြို့ဖြစ်သည်။ မြေလတ်ဒေသ၏ မြို့တော်ဟူ၍လည်း ထင်ရှားသည်။ လမ်းပန်းဆက်သွယ်ရေး ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မြို့မှ ၃၇၈ မိုင်ဝေးပြီး၊ မန္တလေးမြို့မှ အောက် ၁၁၉ မိုင်ဝေးသည်။ ကားလမ်းအားဖြင့်မူ ရန်ကုန်မြို့မှ မိုင် ၃၃ဝ ကွာဝေး၍ မြင်းခြံမြို့မှ ၁၂၆ မိုင်ဝေးသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးကားလမ်းနှင့် ဆက်မိသည်။ မကွေးမြို့သည် ပြည်မြို့၊ မြင်းခြံမြို့များသို့လည်းကောင်း၊ ခရိုင်တွင်းရှိ မြို့များဖြစ်သော နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များသို့လည်းကောင်း ကား လမ်းကောင်းများဖြင့် အဆက်အသွယ်ရှိသည်။ကုန်းလမ်းအားဖြင့် အောင်လံမြို့နှင့် ၁၀၈ မိုင်ကွာဝေးပြီး၊ ရေနံချောင်းမြို့နှင့် ၃၂ မိုင် ကွာဝေးသည်။ လေကြောင်းလမ်း အဆက်အသွယ်လည်း ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့နှင့် မျက်နှာချင်းဆိုင် ဆိုသလို ဖြစ်သည်။ ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်းပေါ်ရှိ နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များနှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။ သမိုင်းကြောင်း မကွေးမြို့ကို အေဒီ ၁၁၅၈ ကစတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသော်လည်း ထင်ရှားခြင်းမရှိခဲ့ပေ။ ဧရာဝတီမြစ်အကွေ့တွင် တည်ရှိသောကြောင့် ရှေးအခါက မြစ်ကွေ့မြို့ဟု ခေါ်တွင်ခဲ့သည်။ နောင်ကာလရွေ့လျောရာမှ မကွေးမြို့ဟု အမည်တွင်လာသည်။ မြန်မာမင်းများ အဆက်ဆက်တွင် မြို့ဝန်၊မြို့သူကြီး၊ မြို့စားများဖြင့်သာ အုပ်ချုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် (အေဒီ ၁၈၆၆) တွင် မကွေးမြို့သူကြီး ဦးကြိတ်ကြီးသည် မြင်းကွန်းမင်းသား ပုန်ကန်မှုအရေးတွင် ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ယုံမက ကွပ်မျက်ခြင်းခံခဲ့ရသည်။ မကွေးမြို့ကို ပုဂံခေတ် ၈ ဖေဖော်ဝါရီး ၁၁၅၉ တွင် တည်ထောင်ပြီး၊ မကွေးမြို့နှင့် ပတ်သက်သည့် မှတ်တမ်းများအနက် အစောဆုံးအဖြစ် ၃၁ မေ ၁၆၇၉ တွင် အင်းဝဘုရင် မင်းရဲကျော်ထင် ထုတ်ပြန်သော အမိန့်တော်ကို တွေ့ရှိသည်။ ယင်းအမိန့်တော်တွင် မကွေးဒေသမှ အသည်သားများကို အုပ်စုကြီး ၄ စု ခွဲကာ စာရင်းကို ရွှေတိုက်တွင် သိမ်းဆည်းရန် ဖော်ပြထားသည်။ ၉ ဧပြီ ၁၆၉၂ အမိန့်တော်တွင်လည်း မကွေးမြို့သူကြီး အုပ်ချုပ်ရာ နယ်နိမိတ်ကို ယခင်ခေတ် အဆက်ဆက် သတ်မှတ်ပုံအတိုင်း အတည်ပြုကြောင်း ဖော်ပြသည်။ မကွေးသည် မြစ်ကွေ့မှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဘိုးတော်ဘုရားလက်ထက် ၁ ဇူလိုင် ၁၈၀၂ တွင် မကွေးမြို့စစ်တမ်းကို မြေတိုင်သူကြီး ဦးဝန်ဖြူ (၅၄ နှစ်)က ဆက်သွင်းသည်။ ဘကြီးတော်လက်ထက်၌ မကွေးကို မြို့သူကြီး ဦးထွန်းပေါ်က အုပ်ချုပ်စီရင်သည်။ သာယာဝတီမင်းလက်ထက် မကွေးမြို့သူကြီးမှာ မင်းထင် မင်းလှကျော်ခေါင် ဖြစ်ပြီး၊ ၁၆ ဇူလိုင် ၁၈၄၆ တွင် မကွေး မြသလွန်ဘုရား ငလျင်ကြောင့် ပြိုပျက်သော် ဘုရင်ထံ အမိန့်တော်ခံပြီး ပြုပြင်သည်။ မြို့သူကြီး ဇနီးမောင်နှံသည် မကွေးမြသလွန်ဘုရားကို ၁၈ ဖေဖော်ဝါရီ ၁၈၄၈ တွင် အုတ်မြစ်တော် ချသည်။ မင်းတုန်းမင်းလက်ထက် မကွေးမြို့သူကြီး ဦးရွှေပြည့်သည် ၁၈၆၆ မြင်းကွန်း မြင်းခုန်တိုင် အရေးတွင် မင်းသားများဘက်မှ ပါဝင်ကူညီသည်။ လူမှုပထဝီဝင် မကွေးမြို့နယ်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၆၄၈ မိုင်၊ ကျေးရွာပေါင်း ၇၁ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၉၃၅၉၄ ယောက်ရှိသည်။ မကွေးမြို့နယ်သည် ရေနံချောင်းနယ်တွင် ပါဝင်သည်။ မကွေးမြို့နယ်တွင် အများစုမှာ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့ဖြစ်၏။ မကွေးမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ ၁၃၂၇ဝ ဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၈၁,၀၃၈ ဦး ဖြစ်သည်။ မကွေးမြို့သည် တိုင်း၊ ခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်နှင့်အညီ မကွေးမြို့တွင် အစိုးရရုံးကြီးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဈေး၊ ဆေးရုံ၊ စည်ပင်သာယာရုံး စသည်တို့အပြင်၊ ၁၉၅၅ ခုနှစ်က ဖွင့်လှစ်၍ မန္တလေး တက္ကသိုလ်တွင် ဖွဲ့စည်းပါဝင်ခဲ့သော မကွေးတက္ကသိုလ်လည်း ရှိသည်။ စီးပွားရေး မကွေးမြို့သည် စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တွင် တည်ရှိ၍ ရေလမ်း၊ကားလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိသောကြောင့် အချက်အချာ ဌာနတစ်ခု ဖြစ်၏။ ဆီစက်၊ သစ်စက်နှင့် အခြား စက်မှုလက်မှု လုပ်ငန်းများ စုဝေးရာဖြစ်၏။ မကွေးမှ ကွမ်းညှပ်၊ ဓား၊ ဖန်ခါးသီးတို့မှာလည်း နာမည်ရဖြစ်၏။ ဤသည်တို့အပြင် မကွေးမြို့သည် မြသလွန်ဘုရားကြောင့် မြန်မာပြည်တစ်ဝန်းတွင် ထင်ရှားပေသည်။ ဧရာဝတီမြစ်ကမ်း၏ တောင်ထိပ် ကုန်းတစ်ခုပေါ်တွင် တည်ရှိသော မြသလွန် ဘုရားသည်ကား မြန်မာနိုင်ငံတွင် တန်ခိုးကြီးဘုရား တစ်ဆူ ဖြစ်၏။ မြစ်လမ်းတစ်လျှောက် လှေ၊ သင်္ဘောစီးသွားသူသည် မြသလွန်ဘုရားနှင့် စောင်းတန်းများကို အဝေးမှပင် ဖူးမြော်နိုင်ပေသည်။ နှစ်စဉ် သီတင်းကျွတ်လ၌ ကျင်းပသော ဘုရားပွဲသို့မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများသွားကြပေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) |မြသလွန်ဘုရား ဒေသထွက်ကုန်များ အရောင်းအဝယ်ပါးသော မြို့ဖြစ်ပြီး အဓိကထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဖန်ခါးသီး အစရှိသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြသည်။ ကျန်းမာရေး၊ပညာရေး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံတို့ ရှိသည်။ အစိုးရအထက်တန်းကျောင်း (၄)ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ် ၆ ခု ရှိသည်။ ထင်ရှားမှု ထင်ရှားသော နေရာများ မကွေးမြို့ရှိ ထင်ရှားသော နေရာများမှာ- မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီ မကွေးတက္ကသိုလ် မကွေး ဆေးတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် (မကွေး) နည်းပညာတက္ကသိုလ်(မကွေး) အခြခံကျန်းမာရေးတက္ကသိုလ် ဧရာဝတီတံတား (မကွေး) ကန်သာကန်ဘောင် ဆုတောင်းပြည့်အေးစေတီ (ကန်သာကန်ဘောင်အနီး) ကောင်းမွန်စူပါမားကတ် အထင်ကရပုဂ္ဂိုလ် ပညာမင်းကြီးဦးချို တက္ကသိုလ်ဆုမြိုင် မကွေးဝင်းမြင့် မကွေးညိုစိမ့် ဟာသသရုပ်ဆောင် ကျော်ထူး ကိုးကား ပြင်ပလင့်ခ်များ Category:မြန်မာနိုင်ငံရှိ မြို့များ Category:မကွေးတိုင်းဒေသကြီးရှိ မြို့များ Category:မကွေးခရိုင်
ညောင်ရွှေမြို့
ရွှေရန်ပြည်ဘုံကြီးကျောင်း ညောင်ရွှေမြို့သည် မြန်မာပြည်ရှမ်းပြည်နယ်တွင် အင်းလေးကန်နားရှိသောမြို့ဖြစ်သည်။ ညောင်ရွှေမြို့နယ်အတွင်း၌ပါဝင်သည်။ ရှမ်းပြည်နယ်တွင် နိုင်ငံခြားသားများ နှင့် ပြည်တွင်းခရီးသွားများ အလာများသော ခရီးသွားမြို့ဖြစ်သည်။ ညောင်ရွှေမြို့ ကို အဓိကရပ်ကွက် (၈)ရပ်ကွက် ဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ နန္ဒဝန်ရပ်ကွက် ၊ မိုင်းလီရပ်ကွက် ၊ မင်္ဂလာရပ်ကွက် ၊ မြို့လည်ရပ်ကွက် ၊ သာစည်ရပ်ကွက် ၊ ဝင်းရပ်ကွက် ၊ နန်းပန်ရပ်ကွက် ၊ ကန်သာရပ်ကွက် (တိုးချဲ့ရပ်ကွက် မပါ)။ ရှမ်းပြည်နယ်၌ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟု သုံးပိုင်းရှိရာ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း (ယခင် တောင်ကြီးခရိုင်အတွင်း) ၌ပါဝင်၍ ယခုအခါ ညောင်ရွှေမြို့နယ်အဖြစ်တည်ရှိသည်။ ညောင်ရွှေမြို့နယ်သည် အင်းတိုင်းရင်းသား အများဆုံးနေထိုင်ပြီး အင်းလေးဒေသ၏ အဓိကမြို့လည်းဖြစ်သည်။ ရာဇဝင် ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယကုန်းတော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင်ပင် ပေါက်လျက်ရှိသည်။ မြို့တည်သောအခါ ညောင်ရွှေဟု ခေါ်တွင်ခဲ့သည်။ မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ ညောင်ရွှေမြို့သည် မူလတည်ထောင်ချိန်တွင် ရှမ်းအမျိုးသားများသာ နေထိုင်ခဲ့ကြသည်။ ညောင်ရွှေမြို့ကို ရှမ်းဘာသာဖြင့် ယွင်ႈႁူၺ်ႇ ဟုခေါ်ဆို၏။ အဓိပ္ပာယ်ကား ကျယ်ပြန့်သော ချိုင့်ဝှမ်း၌ တည်ရှိသောမြို့ဟူ၍ဖြစ်သည်။ ယင်းမှတစ်ဆင့် ညောင်ရွှေဟူ၍ အဆင့်ဆင့် ခေါ်ဆိုလာခဲ့၏။ ညောင်ရွှေမြို့သည် ပုဂံထက် မြို့တည်နှစ်စောသည်ကို တွေ့ရပေမည်။ ရှေးယခင်ကမူ ညောင်ရွှေသည် ရှမ်းပြည်ထောင်အစ မိုင်းမောကဟူသောစကားအရ ပုဂံခေတ်မှ ပထမအင်းဝခေတ်အထိ မိုင်းမောဒေသမှ အစပြု၍ တဇြည်းဖြည်း တိုးတက်ထွန်းကားလာခဲ့ သော မိုးကောင်းပြည်ကြီး မိုးမိတ်ပြည်ကြီး မိုးညှင်းပြည်ကြီး ကလေးရာဇဂြိုဟ်ပြည်ကြီး သိန္နီပြည်ကြီး အုန်းပေါင် သီဘောပြည်ကြီး မိုးနဲပြည်ကြီး မိုးဗြဲပြည်ကြီး ညောင်ရွှေပြည်ကြီး ဟူသော မောကိုးပြည်ထောင်စုတွင် ပါဝင်ခဲ့သည်သာမက တိုင်းကြီး ၁၆ တိုင်းတို့ဖြင့် ဖွဲ့စည်းသော နှေင်းတခေတ်၌လည်း ကမ္ဘောဇ တိုင်းကြီးတွင်ပါဝင်၍ အရန်မြို့ပေါင်း (၃၉) မြို့ ရှိ သောကြောင့် " (၃၉) -လုံးမှိုင်း ကမ္ဘောဇရဌ ညောင်ရွှေပြည်ကြီး " ဟုခေါ်ဝေါ်သမုတ်ခံလာခဲ့ရသည့် ဗဟိုမြို့ ကြီးတစ်မြို့လည်း ဖြစ်ခဲ့သည်။ အထက်ပါ မောကိုးပြည်ထောင်တို့၌ "ရှမ်းမင်းအစ ဘိန္နက " ဟူသော စကားအတိုင်း ဘိန္နကရာဇာမင်းမြတ်မှအစပြု၍ အစဉ်မပြတ် စိုးစံခဲ့ကြသော မဟာနွယ်သနင်း မောမင်းအပေါင်းတို့သည် ထီးဖြူရာဇပ လ္လင် ဥကင်ဖွင့်လှစ် ပဒေသရာဇ်မင်းအဖြစ်ဖြင့် စိုးစံအုပ်ချုပ်ခဲ့ကြလေသည်။ ပွဲတော်များ (တန်ခူးလ) နှစ်သစ်ကူး ရေကစားပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲ (ကဆုန်လ) ကဆုန်ဆွမ်းတော်ကြီးပွဲတော် (နယုန်လ) ရှမ်းပြည်နယ် လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ွဲတော်ကြီး (ဝါခေါင်လ) စာရေးတံမဲပွဲ (တော်သလင်း + သီတင်းကျွတ်) အင်းသားရိုးရာ လှေလှာ်ပြိုင်ပွဲ ဖောင်တော်ဦးဘုရားပွဲတော် (တန်ဆောင်မုန်းလ) အင်းသားအမျိုးသားနေ့ ပွဲတော် ကျော်ကြားမှု ဖောင်တော်ဦးဘုရား အင်းလေးကန် စဝ်ရွှေသိုက် (မြန်မာ့ ပထမဆုံး သမ္မတ) လေးဖြူ (အဆိုတော်) အင်းသားရိုးရာ လှေလှော်ခြင်း စီးပွားရေး (အဓိက) ခရီးသွား လုပ်ငန်း စိုက်ပျိုးရေး (ခရမ်းချဉ်သီး ၊ ကြံ ) (ဈေး) မင်္ဂလာဈေး ( ဇုန် ) ဟိုတယ်ဇုန် ရှမ်းရိုးမမွေးမြူရေးဇုန် ပညာရေး (အခြေခံပညာ ဦးစီးဌာန) အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၃ အခြေခံပညာအထက်တန်းကျောင် အလယ်တန်းကျောင်းများ နှင့် မူလတန်းကျောင်းများ ပုဂ္ဂလိက စာသင်ကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (နည်းပညာ နှင့် သက်မွေးပညာလေ့ကျင့်ရေးဌာန) ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) သင်ကြားပေးသောဘာသာရပ်များ အင်ဂျင်နီယာဆိုင်ရာဘာသာရပ် ပြင်ဆင် Basic Computer Training Basic House Wiring Motorcycle Repairing Single cylinder Diesel Engine Repairing Sewing ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ် ပြင်ဆင် Front Office Operations Housekeeping Operations Restaurant Operations Retail Operations ညောင်ရွှေမဖြစ်မီ ကောသမ္ဘီ။ မိုင်းမောဒေသ၌ ဘိန္နကရာဇာ မောမင်းတို့ အစဉ်အဆက် မင်းပြုအုပ်ချုပ်စိုးစံလျက်ရှိနေချိန်တွင် ထိုမင်တို့၏ အဆက်အ နွယ်ဖြစ်သော စော်ဘွားတစ်ဦးသည် ညောင်ရွှေဟူ၍ မဖြစ်ပေါ်မီ ယခုညောင်​ရွှေမြို့ ၏ မြောက်ဘက်လေးမိုင်ကျော်ရှိ ပေါရိသတ်စေတီတော်ကြီး၏အနီး ယင်းစေတီတော်ကြီး၏ မြေက်ဘက်တွင် မြို့ ကြီးတွင်းခေါ်အရပ်၌ ညောင်ရွှေမြို့သည် ရှမ်းပြည်တောင်ပိုင်း၏ဗဟိုတွင် တည် ရှိ၍၊ ညောင်ရွှေစော်ဘွားနယ်၏ မြို့တော်လည်းဖြစ်၏။ ရှေး ယခင်က ညောင်ရွှေနယ်၏ နယ်နိမိတ်မှာ အရှေ့ဘက်တွင် ပွန် ချောင်း၊ တောင်ဘက်တွင်သံလွင်မြစ်၊ မိုင်းပဲကြီး(မိုးဗြဲ) နယ်မြေ နှင့်အစပ်၊ အနောက်ဘက်တွင် စမုံကောက်ကောက်စင်းစင်း၊ မြောက်ဘက်တွင် ဒုတ္ထဝတီ(ဝါ) နန့်တူ (ဝါ) မြစ်ငယ်အထိဖြစ် ၏။ ယခုမူ အရှေ့ဘက်မှ သထုံ(ဆထုံ)နယ်၊ တောင်ဘက်မှ စကားနယ်၊ အနောက်ဘက်မှ မော်ဆုန်(ဘော်ဆိုင်း)၊ ပွေးလှသမ ခန်း၊ ပင်မှီစသည့်နယ်များ၊ မြောက်ဘက်မှ ယပ်စောက်နယ်နှင့် မိုင်းပန်နယ် စသည်တို့က နယ်နိမိတ်သတ်မှတ် ဝန်းရံလျက်ရှိ သည်။ ယခုအခါ မူလနယ်၏ အလယ်အချက်မျှသာရှိတော့၏။ စတုရန်းမိုင်ပေါင်း ၁၃၉၃ မိုင်ကျယ်ဝန်း၍၊ လူဦးရေ တသိန်းခွဲ ခန့်ရှိသည်။ ရှမ်းတောင်သူနှင့် ဓနုလူမျိုးအများဆုံးနေထိုင်ကြ သည်။ ညောင်ရွှေနယ်၏ အရှေ့ပိုင်းသည် တောင်ထူထပ်ပေါများ လေရာ၊ ထိုဒေသရှိ လွိုင်ဆင်တောင်တန်းသည် ပေ ၆ဝဝဝ မြင့်၏။ ညောင်ရွှေမြို့သည် အရှေ့နှင့်အနောက် တောင်တန်းကြီး နှစ်ခုအကြားရှိ မြေပြန့်တွင် နံ့ဘီလူးမြစ် (ဘီလူးမြစ်)နံဘေး၌ တည်ရှိ၍၊ ရှမ်းပြည်တောင်ပိုင်းမီးရထားလမ်းဆုံးမြို့ဖြစ်သော ရွှေညောင်မြို့နှင့် ၇ မိုင်ကွာဝေး၏။ ညောင်ရွှေနယ်တွင် မြင့် သောတောင်တန်းများ၌ တောင်ယာလုပ်ကိုင်လျက် ယာစပါးကို စိုက်ပျိုး၏။ တောင်ကုန်းဒေသတွင် မြေပဲစိုက်၍၊ မြေနိမ့်ဒေသ များတွင် ကြံပင်ကိုစိုက်ပျိုးကြ၏။ ညောင်ရွှေနယ်အတွင်း၌ ထင်ရှားသောဒေသမှာ အင်းလေး ကန်ဖြစ်သည်။ ညောင်ရွှေမြို့နှင့် ၆ မိုင်အကွာ၌ တည်ရှိ၏။ ကန်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၇ဝ ခန့်ဖြစ်၍၊ ကန် တွင်းရှိရေပေါ်ကျွန်းများတွင် ရွာများစွာတည်ရှိသည်။ အင်းလေး ကန်တစ်ဝိုက်တွင် ဆန်စပါးကို များစွာစိုက်ပျိုးကြသဖြင့် တစ်နယ်လုံးစားသုံးနိုင်၏။ ကန်အတွင်း ရေပေါ်ကျွန်းများပေါ်ရှိ ရွာများတွင် အများအားဖြင့် ပိုးထည်ရက်လုပ်ကြသည်။ မြန်မာ လူမျိုးတို့ အထူးကြိုက်နှစ်သက်သော အင်းလေးလုံချည်၊ ဇင်း မယ်လုံချည်၊ အင်းလေးဘန်ကောက်လုံချည်တို့သည် ထိုဒေသ မှထွက်သည်။ ဝါဂွမ်းကိုလည်း စိုက်ပျိုး၍၊ လက်ရက်ကန်းဖြင့် ပင် အိမ်သုံးထည်များကို ရက်လုပ်လေ့ရှိ၏။ တံငါလုပ်ငန်းကို လုပ်ကိုင်သူများလည်း ရှိသည်။ အင်းလေးတောင်ပိုင်းတွင်မူ ပုရပိုက်နှင့် ကြေးကွမ်းအစ်များ ကိုလုပ်ကိုင်ရောင်းချကြ၏။ ကြံသကာ၊ သနပ်ဖက်၊ ကြက်သွန်ဖြူ၊ ငပိကောင်များကို ရပ်ဝေးဒေသများသို့ တင်ပို့ရောင်းချကြသည်။ အင်းလေးကန် တွင် လှေကိုလက်ဖြင့်မလှော်ဘဲ၊ ခြေဖြင့်သာလှော်ခတ်ကြသဖြင့် ကမ္ဘာပေါ်တွင် အထူးအဆန်းတစ်မျိုးဖြစ်၏။ ညောင်ရွှေစော်ဘွား ကြီး ဆီဆိုင်ဖလက်ထက်တွင် ထားဝယ်မြို့မှ ငတောင်နှင့် ငနောင်ညီအစ်ကိုနှစ်ယောက်သည် စော်ဘွားကြီးထံလာရောက် အမှုထမ်းခဲ့ကြရာမှ စော်ဘွား၏ခွင့်ပြုချက်နှင့် ထားဝယ်မှ အိမ်ထောင် ၃ အိမ်ထောင်ကိုခေါ်ဆောင်၍၊ ညောင်ရွှေတွင် နေထိုင်စေခဲ့သည်။ ယင်းတို့၏ အဆက်အနွယ်များသည် အင်းသားများဖြစ်လာကြသည်ဟု ဆိုလေသည်။ ညောင်ရွှေမြို့ကို ခရစ် ၁၃၅၉ ခုနှစ်(မြန်မာ ၇၁၂ ခုနှစ်) တွင် စော်ဘွားဆီဆိုင်ဖကတည်ထောင်ခဲ့၏။ မြို့ပတ်လည်တွင် ကျုံး၊ မြို့ရိုး၊ တံခါးတိုင်၊ သူရဲပြေးစသည်တို့နှင့်ပြည့်စုံစွာ ဆောက်တည်ထားခဲ့သော်လည်း၊ ယခုအခါ အချို့နေရာများတွင် မြို့ရိုးမှာပျောက်ကွယ်ခဲ့ပြီဖြစ်၏။ မြို့တွင်း၌လည်း လွှတ်တော်၊ ဟော်နန်း၊ ဗဟိုရ်စင် စသည်တို့နှင့် ပြည့်စုံစေခဲ့၏။ စော်ဘွား အစဉ်အဆက် စိုးစံခဲ့သော ဟော်နန်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် မီးသင့်၍လောင်လေရာ၊ အလားတူဟော်နန်း တစ်ခုကို သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် စော်ဘွားဆာစဝ်မောင်က ထပ်မံဆောက်လုပ်ထားခဲ့၏။ ထိုဟော်နန်းသည်မင်္ဂလာလှေကား၊ မင်္ဂလာမုတ်ပေါက်၊ ဟော်ဦးဆောင်၊ ဟော်နန်းပြာဿ်ဆောင်၊ သုံးထပ်လယ်ပေါ် ဇေတဝန်ဆောင်မကြီး၊ တောင်ဓားဝယ်ဆောင်၊ မြောက်ဓားဝယ်ဆောင်၊ မြောက်ဆောင်တော်၊ တောင်ဆောင် တော် စသည်တို့ဖြင့် ခမ်းနားလှပေသည်။ ဟော်နန်းပြာဿာဒ် ဆောင်တွင် သီဟာသနပလ္လင်ထားရှိ၍၊ စော်ဘွားကြီးသည် တစ်နှစ်လျှင်နှစ်ကြိမ်မျှ မြို့စားရွာစားတို့၏ ပူဇော်မှုကို ထိုပလ္လင် မှနေ၍ ခံယူလေ့ရှိသည်။ အုပ်ချုပ်ရေးကို စော်ဘွားကြီးကပင် စီမံခန့်ခွဲသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အခါတွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ယာယီသမ္မတအဖြစ် ပထမ ဦးဆုံးရွေးကောက်တင်မြောက်ခြင်းခံရ၏။ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်အသီးသီး၏ ဟော်စိုက်ရာ မြို့များတွင် အကောင်းဆုံးမြို့တစ်မြို့ဖြစ်၏။ ညောင်ရွှေမြို့မှ မောလိသတ်(ပေါရိသတ်) မြို့သို့သွားသောလမ်းပေါ်တွင် စေတီ တစ်ဆူရှိသည်။ ထိုစေတီကို တည်ရခြင်းအကြောင်းသည်ကား၊ ဗြိတိသျှတို့ ရှမ်းပြည်သို့ ချီတက်သိမ်းပိုက်လာသည့်အခါ စော်ဘွားကြီး စဝ်အုံးသည် မိမိနှင့် ဗြိတိသျှတို့ ပထမတွေ့ဆုံရာ အရပ်ကို အထိမ်းအမှတ် ပြုလိုသောကြောင့် ထိုစေတီကိုတည်ခဲ့ သည်ဟုဆိုကြသည်။ ညောင်ရွှေမြို့ရှိ ရတနာမာရ်အောင် စေတီ တော်မှာကား စော်ဘွားကြီးဆာစဝ်မောင်လက်ထက်၌ မင်းတုန်း မင်းတရားကြီးချီးမြှင့်တော်မူခဲ့သော သီဟိုဠ်မှ ဓာတ်တော်များကို ဌပနာ၍ တည်ထားခြင်းဖြစ်သည်။ ညောင်ရွှေမြို့တွင် နှစ်စဉ် နယုန်လ၌ ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပ လေ့ ရှိလေသည်။ ထို့ပြင်လည်း နှစ်စဉ် သီတင်းကျွတ်လတိုင်း တွင် အင်းလေးကန်မှ ဖောင်တော်ဦးဘုရားကို လှေဖြင့် ပင့် ဆောင်၍ ဘုရားပွဲကျင်းပမြဲဖြစ်သည်။ ဖောင်တော်ဦးရုပ်ပွား တော်မြတ် ကိန်းဝပ်စံပယ်တော်မူရန် စံကျောင်းတော်အဖြစ် အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီကျောင်းတော်ကြီးကို စော်ဘွားကြီး ဆာစဝ်မောင်ပင်လျှင် ဆောက်လုပ်လှူဒန်းထားရှိလေသည်။ ညောင်ရွှေမြို့ရှိ အခြားတန်ခိုးကြီးဘုရားတို့မှာ ရွှေသံတောင်နှင့် ရွှေအင်းတိမ်ဘုရားများ ဖြစ်ကြသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ရှမ်းပြည်နယ်ရှိ မြို့များ
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှ​တောင်သို့ စီးဆင်းသည်။ မြစ်ကြီးနားမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၆ပေ တွင်တည်ရှိသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် နင့် ပူတာအိုမြို့မှ၂၁၈မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်ခန့်သာ ဝေးသည်။ သမိုင်းကြောင်း မြစ်ကြီးနားမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း -မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသောကြောင့်ဟု ဆိုသည်။ မိုးကောင်းနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်သည်။ မြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့မှတစ်ဆင့် တရုတ်ပြည်နှင့် ကုန်သွယ်ရာစခန်းတစ်ခု ဖြစ်ခဲ့သည်။ မြစ်ကြီးနားမြို့ကို တည်ထောင်သူသည် မင်းမယ်ရှင်ဟန် (Min Gyi Shin Hsin) ဖြစ်ပါသည်။ ဤမြို့ကို ၁၃၀၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု သိရှိရသည်။ မင်းမယ်ရှင်ဟန်သည် မြန်မာနိုင်ငံ၏ ကျောက်မဲခေတ်ကာလအတွင်း အာခီမုန်ဒုက္ခတော်ဖြစ်ပြီး မြစ်ကြီးနားကို မြို့ပြသို့ တည်ဆောက်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့ အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်- မြန်မာလမ်းမကြီးများဖောက်လုပ်ခြင်း၊ မဟာမိတ်တပ်များ စခန်းချခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည် ပို၍အရေးပါလာသည်။ လွတ်လပ်ရေးကာလတွင် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်ရှိ ပြည်သူတို့အား ပြည်မနှင့်ပူးပေါင်းမည်သို့မဟုတ် ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းမည်အား ဆန္ဒမဲကောက်ခံစေခဲ့သည်။ ပြည်မနှင့်ပူပေါင်းရန် မဲအသာရခဲ့သော်လည်း ဒေသခံအများစုမှာ ကချင်လူမျိုးများ ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ၎င်းခရိုင်နှစ်ခုအား ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းပေးရုံမက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်၏မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့သည်။ မြစ်ကြီးနားသည် ရှေးယခင်ကတည်းက တရုတ်နှင့် မြန်မာကြား အရေးပါသော ကုန်သွယ်မြို့ဖြစ်ခဲ့သည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု George J. Geis နှင့်သူ၏ဇနီးသည် 1890 ခုနှစ်များနှောင်းပိုင်းတွင်မြစ်ကြီးနားသို့ရောက်ရှိလာပြီး 1900 ခုနှစ်တွင်သူတို့သည်မြို့၌စံအိမ်ဆောက်ရန်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆောက်အအုံကို Geis Memorial Church ဟုခေါ်သည်။ ၎င်းသည် မြစ်ကြီးနားရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အသင်းတော်များထဲမှ တစ်ခုဖြစ်သည်။ ဂျပန်တပ်များသည် ဒုတိယကမ္ဘာစစ်အတွင်း မြို့နှင့်အနီးနားရှိ လေတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်ကြီး Joseph Stilwell လက်အောက်ရှိ မဟာမိတ်တပ်များက မြစ်ကြီးနားမြို့ကို မျိုးချစ်တရုတ်တပ်ခွဲများ၊ Chindits နှင့် Merrill ၏ မုဒိမ်းကျင့်မှုများကြားတွင် ကြာရှည်စွာ သိမ်းပိုက်ခံခဲ့ရသည်။ မြောက်ပိုင်းတိုက်ပွဲနယ်မြေကွပ်ကဲမှုနှင့် ဗိုလ်ချုပ်ကြီး Masaki Honda လက်အောက်ရှိ ၃၃ ခုမြောက် ဂျပန်စစ်တပ်၏ ဝိုင်းရံထားသော အစိတ်အပိုင်းများ။ မြို့သည် ဗျူဟာမြောက် အရေးပါသော ရထားလမ်း နှင့် ရေလမ်း ဖောက်လုပ်ခြင်း ကြောင့်သာမက ကျန်မြန်မာ နိုင်ငံ နှင့် လီဒို လမ်း ၏ လမ်းကြောင်း ပေါ်ရှိ ဖြစ်သောကြောင့် ဗျူဟာမြောက် အရေးပါ ပါသည်။ မြစ်ကြီးနားကို ယခင်က "Sina Gong" (စန်လဂေါင်) ဟုလည်း ခေါ်သည်) မှာ "လူကြီးလူကောင်း" ဟု အဓိပ္ပါယ်ရသည်။ ထင်ရှားသော သမိုင်းဝင် ယဉ်ကျေးမှုမြို့ဖြစ်သည့် မြစ်ကြီးနားတွင် နေရာတိုင်းတွင် စည်ကားသိုက်မြိုက်စွာ တည်ရှိနေသော ဘုရားပုထိုးများ၊ ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနားကို ဂျပန်စစ်တပ်နှင့် ဗမာကွန်မြူနစ်ပါတီ ဗိုလ်ချုပ်အောင်ဆန်းတို့ သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် မေလတွင် တရုတ်-အမေရိကန် မဟာမိတ်တပ်များ၏ လက်ထောက်တပ်မှူး ဗိုလ်ချုပ် စတီးဝဲလ်နှင့် ဒုတိယ စစ်သေနာပတိ Zheng Dongguo တို့၏ စီစဉ်မှုအောက်တွင် တရုတ်စူးစမ်းလေ့လာရေးတပ်ဖွဲ့သည် အိန္ဒိယမှ တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။ တပ်မ ၃၈ သစ်၊ ပထမကြည်းတပ်သစ် (၂၂) တပ်မသစ်၊ မြစ်ကြီးနားလေဆိပ်ရှိ Merrill Commando Airborne မှ စစ်သားများ၏ သုံးလကြာ သွေးထွက်သံယို ဝိုင်းရံမှု အပြီးတွင် ထောင်နှင့်ချီသော စစ်သားများ ကျဆုံးပြီး ဒဏ်ရာ ရရှိကာ နောက်ဆုံးတွင် မြို့လယ် မီးရထား ဘူတာရုံသို့ ဝင်ရောက် စီးနင်း ကာ စစ်ပွဲ ပြီးဆုံးခဲ့သည်။ ဂျပန်စစ်သား ၃၀၀၀ ကျော် အားလုံးနီးပါး ကျဆုံးခဲ့ပါတယ်။ အမေရိကန် စစ်သည် ၃၀၀၀ ကျော်တွင် ၂၇၂ ဦး သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် ၆၀၀၀ ကျော်ကို မြို့တော်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ သုသာန်များတွင် မြှုပ်နှံထားသည့် တရုတ်စစ်သည် ၆၀၀၀ ကျော် ရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ဇန်နဝါရီလ ၁ဝ ရက်နေ့၌ ကချင်ပြည်နယ်ဟုပေါ် ပေါက်လာသည့် အချိန်အခါမှစ၍ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ အစိုးရဌာနများ ကချင်ပြည်နယ် အစိုးရရုံးစိုက်ရာ အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင် သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည်။ မြန်မာပြည်မြောက်ဘက် နယ်နိမိတ်နှင့် နီးစပ်၍ ပြည်ထောင်စု လုံခြုံရေး အတွက်အရေးပါသော ဒေသတစ်ခု ဖြစ်သည့် အလျောက် စစ်စခန်းချရာမြို့လည်း ဖြစ်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ထားရှိသည်။ ရာသီဥတု အပူပိုင်းဆဗားနားရာသီဥတုဆန်‌သော အပူလျော့ပိုင်းစိုစွတ် (နွေမိုး) ရာသီဥ‌တုမျိုးရရှိသည်။ အအေးဆုံးလသည် ဇန်နဝါရီလဖြစ်ပြီး မဇ္ဈိမအပူချိန် ၆၄ ဒီဂရီဖာရင်ဟိုက်မျှရှိသည်။ မဇ္ဈိမအပူချိန်အမြင့်ဆုံးလသည် ဩဂုတ်လဖြစ်ကာ ၈၃ ဒီဂရီဖာရင်ဟိုက်ရှိသည်။ တစ်နှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်သည် ၇၇ ဒီဂရီဖာရင်ဟိုက်ခန့်ဖြစ်သည်။ သဘာဝ‌ပတ်ဝန်းကျင်ဂေဟစနစ်များပျက်စီးယိုယွင်းလာသောကြောင့် တစ်နစ်ထက်တစ်နစ်အပူချိန်မြင့်လာနေသည်။ လမ်းပန်းဆက်သွယ်ရေး မြစ်ကြီးနားမြို့သည် မီးရထားလမ်းဆုံး မြို့ ဖြစ်သည်။ မီးရထားလမ်းအတိုင်း မန္တလေးမြို့မှ ၃၃၇ မိုင် ဝေးကွာ၍၊ ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်းဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ်ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသင်္ဘောများ အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ်မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနားမြို့မှ မော်တော်ကား၊ မီးသင်္ဘောငယ်များ၊ မီးရထားနှင့်လေယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။ အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ တံခါးပေါက်မြို့လည်း ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စုအစိုးရ၏ ကြိုးစားဆောင်ရွက်ချက်ကြောင့် အိန္ဒိယနိုင်ငံသို့ လီဒိုလမ်းမကြီးမှ မော်တော်ကားဖြင့် သွားလာနိုင်ပြီးလျှင် ဗန်းမော်မြို့ကိုဖြတ်၍ ရှမ်းပြည် မြောက်ပိုင်းသို့ မော်တော်ကားလမ်း ခရီးပေါက်လေသည်။ ပြည်နယ်အတွင်း ဗန်းမော်၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ကာမိုင်း၊ မိုးကောင်း၊ဖားကန့်၊တနိုင်း စသည် မြို့များသို့ မော်တော်ကားလမ်းခရီးဖြင့် သွားလာနိုင်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ပျံကွင်း အများဆုံးရှိသော မြို့တစ်မြို့ဖြစ်၏။ စစ်အတွင်းက မဟာမိတ်တပ်များက လေယာဉ်ကွင်း ၆ ကွင်း ဆောက်လုပ် ခဲ့လေသည်။ ယခုအသုံးပြု‌ နေသောမြစ်ကြီးနားမြို့ လေယာဉ်ကွင်းမှာ အကြီးဆုံးသော ကွင်းဖြစ်သည်။ စီးပွားရေး မြန်မာနိုင်ငံ အရပ်ရပ်မှ မြစ်ကြီးနားမြို့သို့ ဂျုံ၊ ဓာတ်ဆီ၊ ရေနံဆီ၊ အထည်အလိပ်၊ သံကရိယာ၊ ဆားတို့ကို တင်ပို့လျက်၊ မြစ်ကြီးနားမှ သကြား၊ ဆန်စပါး၊ ကျောက်စိမ်း၊ ပယင်း အမျိုးမျိုး၊ ရွှေ၊ မြေပဲ၊ ကော်ဖီ၊ ကျွန်းသစ်၊ အသီးအနှံ မျိုးစုံတို့ကို မြန်မာနိုင်ငံပြည်မသို့ လည်းကောင်း၊ ပြည်နယ်အတွင်း အခြားဒေသများသို့ လည်းကောင်း တင်ပို့ ရောင်းချရလေသည်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများ အသုံးပြုလျက် ရှိသော ကုန်ပစ္စည်း၊ ဆေးဝါးအစရှိသည်တို့ကို မြစ်ကြီးနားမှတစ်ဆင့် ဝေငှဖြန့်ဖြူးလျက်ရှိသည်။ စီးပွား‌ရေး အချက်ခြာ ကျ‌သော မြို့ကြီးတစ်မြို့ ဖြစ်သည့်အလျောက် ကချင်လူမျိုးအပြင် လူမျိုးပေါင်းစုံမှလာ‌ရောက်‌နေထိုင်မှူ ရှိကြ၍ စည်းကားသော မြို့တစ်မြို့ လည်း ဖြစ်လေသည်။ မြစ်ကြီးနားမြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ဆုတောင်းပြည့်စေတီမှာ အလွန်ကြည်ညိုဖွယ်ကောင်း၍၊ နှစ်စဉ် ဘုရားပွဲတော် ကျင်းပလေ့ရှိသည်။ ယခုအခါတရုတ်အစိုးရအထောက်အပံ့ဖြင့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ မြစ်ကြီးနားသို့ လေးလမ်းသွား အမြန်လမ်းမကြီးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ ကျန်းမာရေး မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး မြစ်ကြီးနား မူးယစ်ဆေးဝါးကု ဆေးရုံ မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးဝါးကု ဆေးရုံ (Myitkyina Drug Rehabilitation Hospital) သည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအန္တရာယ်အပေါ် ဦးတည်စွာ ကုသမူဆောင်ရွက်ရာ ဆေးရုံတစ်ခုဖြစ်သည်။ ဤဆေးရုံသည် အထူးသဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်စဉ်ကို ကြုံတွေ့နေသော လူနာများအတွက် ကုသမှုများနှင့် ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိသည်။ ကိုးကား ၃။Kachinland School of Arts and Sciences – Truth, Leadership and Service". Archived from the original on 2019-09-13. Retrieved 2022-02-23. Category:မြန်မာနိုင်ငံရှိ မြို့များ Category:ကချင်ပြည်နယ်ရှိ မြို့များ
ဘားအံမြို့
ဘားအံမြို့မှ တွေ့ရသော သံလွင်တံတား(ဘားအံ) ဘားအံမြို့ (; ) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရသည်။ ဘားအံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။ ဇွဲကပင်တောင်၊ကြာအင်းတောအရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။တောင်ဝိုင်းတောင်၊ဖားပုတောင်တို့သည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဘားအံမြို့၏ ထင်ရှားသော ခရီးသွားတို့၏ဆွဲဆောင်ရာနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားမှုရှိနေသည့် ဒေသတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ဘားအံလေဆိပ် အဝေးပြေးကားများ ရေကြောင်းခရီး ကိုးကွယ်ယုံကြည်မှု အဓိက ကိုးကွယ်သည့် ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ လဲ(လယ်)ကယ်ဘာသာ၊ တလဂုဏ်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိသည်။ ကျန်းမာရေး ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး တောင်ကလေး စစ်ဆေးရုံ အားကစား ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။ ပညာရေး ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘားအံပညာရေးကောလိပ် ဘားအံတက္ကသိုလ် နည်းပညာတက္ကသိုလ်(ဘားအံ) အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကရင်ဆေးကောလိပ် ဘားအံ သူနာပြု လေ့ကျင့်ရေးကျောင်း ဘားအံ သားဖွားသင်တန်းကျောင်း အထင်ကရ ပုဂ္ဂိုလ်များ စည်သူ ဦးညွန့် - ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ တတိယဦးမြောက် အမှုဆောင်အတွင်းဝန် ပြခန်း ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:ကရင်ပြည်နယ်ရှိ မြို့များ
သထုံမြို့
သထုံမြို့သည် မြန်မာပြည် မွန်ပြည်နယ်တွင်ရှိသော မြို့တစ်မြို့ဖြစ်သည်။ သထုံခရိုင်၏ ရုံးစိုက်မြို့ဖြစ်သော သထုံမြို့သည် မုတ္တမကွေ့ကို မျက်နှာပြုလျက် မြသပိတ်ဘုရားနှင့် လဝတောင်ဘုရားတို့တည်ရှိသည့် သထုံတောင်တန်းကို နောက်ခံပြုထားလေသည်။ မြို့တည်နေပုံသည် သစ်ပင်တောအုပ်တို့ဖြင့် စိမ်းစိုသာယာသော တောင်စောင်းဆင်ခြေလျှောကို နောက်ခိုင်းကာ တောင်ကုန်းနှင့် မြေပြန့်အကြား၌ရှိလေရာ ရှုခင်းသာယာလှပသောမြို့ဖြစ်သည်။ထို့ကြောင့်ပင်လျှင်စာရေးဆရာကြီးမြသန်းတင့် က "လှသောကောင်းသောမြို့"ဟူ၍ သထုံမြို့အကြောင်းစာတစ်ပုဒ်ရေးခဲ့ဖူးသထုံမြို့သည်၊ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ စတင်ပွင့်လင်းရာ အရပ်တခုဖြစ်သည်။ပအိုဝ်းလူမျိုးတို့၏ မူလဇာတိမြို့ဖြစ်ပြီး ပအိုဝ်းလူမျိုးတို့၏ အ​ရေးပါ​သောမြို့တစ်မြို့ဖြစ်သည်။ သထုံမြို့သည် ပြန့်ပြူး၍ သစ်ပင်ကြီးငယ်များ ပေါများသည်။ အရှေ့ဘက်တွင် တောင်တန်းကြီးဖြင့် ကာဆီးနေသော်လည်း မြောက်ဘက်နှင့် အနောက်တောင်ဘက်တွင် လယ်ကွင်းများရှိသောကြောင့် ဆောင်းနှင့် မိုးအခါတွင် လေဒဏ်မိုးဒဏ်ကို ခံရသည်။ သို့သော် သထုံမြို့၏ ရာသီဥတုသည် အပူအအေး မျှတကောင်းမွန်သည်။ မိုးများသော်လည်း ရေဆင်းကောင်းသည်။ ဂဝံကျောက်မြေပေါ်တွင် တည်ထားသောမြို့ဖြစ်၍ ရေဝပ်ခြင်းကင်းကာ ရေလည်း အလွယ်တကူ လျှောကျသွားနိုင်လေသည်။ အပူချိန်သည် ၉၅ ဒီဂရီထက် ကျော်လွန်သည့်အခါ ကျော်လွန်သော်လည်း ပင်လယ်လေရနေသဖြင့် အပူရှိန်သက်သာသည်။ သထုံမြို့သည် ပင်လယ်မှ ၁၆ မိုင်ခန့်သာ ဝေးလေသည်။ သထုံမြို့သည် ခုနစ်စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိလူဦးရေမှာ ၅၅,၀၄၇ ဦး ဖြစ်သည်။ သထုံမြို့နယ်တွင် ကရင်လူမျိုးအများဆုံးနေထိုင်ပြီး၊ ဒုတိယအများဆုံးအနေဖြင့် ဗမာလူမျိုးများ ဆတူနီးပါးရှိပြီး၊ ပအိုဝ်းလူမျိုးများမှာ တတိယအများဆုံး နေထိုင်ကြသည်။ ရာခိုင်နှုန်း ၇၅ ခန့်မျှသော လူများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ခရစ်ယာန်များလည်းရှိကြပေသည်။ သထုံမြို့ မြူနီစီပယ်အဖွဲ့ကို ၁၈၈၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့၍ မြို့စည်ပင်သာယာရေးကို ဆောင်ရွက်ခဲ့သည်။ ခရိုင်စည်ပင်သာယာရေးအတွက် ဒေသန္တရအုပ်ချုပ်ရေးကောင်စီကို ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းသည်။ သထုံမြို့ပေါ်တွင် နေထိုင်ကြသော သူများသည် ကုန်သည်များ၊ အစိုးရအမှုထမ်းများနှင့် အေးချမ်းစွာ လာရောက်အခြေစိုက်နေထိုင်ကြသော ပင်စင်ရ အစိုးရအရာရှိဟောင်းများသာ များပြားလေသည်။ သထုံမြို့၏ မြောက်ဘက်တွင် ခရိုင်ဝန်ရုံး၊ ခရိုင်စက်ရှင်တရားသူကြီးရုံး၊ ခရိုင်ရဲဝန်ရုံး စသောအစိုးရရုံးအဆောက်အအုံများရှိသည်။ အစိုးရအထက်တန်ကျောင်း ၄ ကျောင်းနှင့် အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများလည်း သထုံမြို့ပေါ်တွင် ရှိလေသည်။ လမ်းပန်းဆက်သွယ်ရေး သထုံမြို့သည် ခရိုင်အတွင်း ကူးသန်းရောင်းဝယ်မှု အချက်အချာ ကျသောမြို့ဖြစ်သည်။ ရန်ကုန် - မော်လမြိုင် မီးရထားလမ်းသည်လည်းကောင်း၊ မော်တော်ကားလမ်းသည်လည်းကောင်း၊ သထုံမြို့ကို ဖြတ်သန်းသွားသဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသည်။ သမိုင်းကြောင်း သထုံမြို့သည် ရှေးပဝေဏီအခါက မထင်ရှားသော တံငါရွာ ကလေးများသာဖြစ်သည်။ ထိုစဉ်က လဝလူမျိုးများ နေထိုင်ကြသည်ဟုဆို သည်။ နောင်အခါ မွန်လူမျိုး၊ ပအိုဝ်းလူမျိုးတို့လည်း လာရောက်နေထိုင်ကြသည်။ ပင်လယ်ကမ်းနားတွင် တည်ရှိသည်ဖြင့် အိန္ဒိယတောင်ပိုင်းနိုင်ငံများနှင့် ပင်လယ်ခရီးဖြင့် ဆက်ဆံမှုရှိသဖြင့် သထုံသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာပြီးလျှင် မြို့ပြဖြစ်လာလေသည်။ အချို့ သမိုင်းဆရာတို့၏အဆိုမှာ သထုံသည် မွန်လူမျိုးတို့၏ ရှေးဦးစွာ တည်ထောင်သောမြို့ဖြစ်၍ မြတ်စွာဘုရား၏ ဘိုးတော်အဉ္စနမင်းကြီး ဖြိုကြွင်းသော သက္ကရာဇ် ၉၄ ခုနှစ်တွင် တည်ထောင်သည်ဟု ဆိုလေသည်။ တစတစနှင့် သထုံသည် မင်းနေပြည်တော်ဖြစ်လာ၍ မင်း ၅၉ ဆက် စိုးစံခဲ့သည်ဟုဆိုသည်။ သထုံကို မင်းနေပြည်တော်ပြု၍ ပထမဆုံး စိုးစံခဲ့သောမင်းသည် သီဟရာဇာဖြစ်လေသည်။ မင်းနေပြည်တော် ဖြစ်လာသည်အထိ ရှေးခေတ်သထုံတိုးတက်လာရခြင်း၏ အကြောင်းရင်း အထောက်အခံများရှိပေသည်။ မြို့၏နောက်ခံတောင်တန်း၏ အရှေ့ဘက်တွင် သံလွင် နှင့် ဒုံသမိမြစ်ဝှမ်းကိုသို့ သွားရောက်နိုင်သော လမ်းပေါက်များရှိသည်။ ယင်းတို့သည်ယခု ဒုံဝန်း၊ ကင်ပွန်းခြုံ၊ သိမ်ဆိပ်ရွာများရှိရာ အရှေ့ဘက်သို့သွားသောလမ်းများနှင့် သထုံအရှေ့ဘက်ရှိ ဈေးမသွယ်နှင့် ဒူးရင်းဆိပ်သို့ပေါက်သော ဘင်လှိုင်တောင်ကြားလမ်း တို့ဖြစ်သည်။ တောင်ဘက်၌လည်း ဝင်းစိန်ရွာ၏အရှေ့ဘက်၌ တောင်ကြားလမ်းရှိသေးသည်။ တောင်တန်းတစ်လျှောက်၌လည်း တောင်ပေါ်ဖြတ် လူသွားလမ်းများရှိလေသည်။ အဆိုပါ လမ်းပေါက်များရှိသဖြင့် ရှေးခေတ်သထုံတည်နေရာသည် သံလွင်မြစ်ဝှမ်းနှင့်အဆက်အသွယ်ရခြင်း၊ သံလွင်မြစ်ဝှမ်းမှ ထွက်ကုန် အထူးသဖြင့် ဆန်စပါးကို အားထားနိုင်ခြင်း၊ ထိုစဉ်က ကမ်းရိုးတန်းလွင်ပြင်သည် ကျဉ်းမြောင်း၍ ယခုကဲ့သို့ ဆန်ရေစပါး မပေါသေးသော်လည်း ဝင်းစိန်မြေပြန့်မှ ဆန်စပါးရနိုင်ခြင်း၊ ပင်လယ်ကိုမျက်နှာမူထားသော မြို့ဖြစ်သဖြင့် အနောက်ဘက်နိုင်ငံများ (အထူးသဖြင့် အိန္ဒိယ အရှေ့ကမ်းခြေဒေသ တိုင်းပြည်များ)နှင့် ကူးသန်းရောင်းဝယ်မှု ပြုနိုင်ခြင်းကြောင့် တိုးတက်စည်ကားလာခဲ့ခြင်း ဖြစ်ပေသည်။ ရှေးသထုံပြည်၏ မြို့တော်နေရာသည် ယခုခေတ် သထုံမြို့တည်ရာအရပ်ပင်ဖြစ်ကြောင်း သုတေသနအထောက်အထားများအရ သိရပေသည်။ အချို့သမိုင်းဆရာများကမူ ပါဠိဘာသာဖြင့် ပါဋ္ဌ မုတ္တိက နဂရခေါ် ကေလာသတောင်ခြေရင်းရှိ အရက်သည်မရွာနေရာဖြစ်သည့် တိုက်ကုလားမြို့ဟောင်းသည် ရှေးသထုံမြို့တည်ရာဟု ဆိုပြန်သည်။ အချို့ကလည်း သာသနာသက္ကရာဇ် ၁၃၇ ခုနှစ်တွင် သထုံပြည်ကို ရေလွှမ်းမိုး၍ ပျက်သည်နှင့် သက္ကရာဇ် ၁၄၄ ခုနှစ်တွင် သထုံမြို့ဟောင်းတောင်ဘက် ကေလာသတောင်အနီးတွင် မြို့သစ်တည်ရသည်။ မင်းဆယ်ဆက် စိုးစံပြီးမှ မြို့ဟောင်းသို့ပြန်ပြောင်းရသည်ဟု ဆိုပြန်လေသည်။ မည်သို့ပင်ဖြစ်စေ ရှေးခေတ်သထုံနှင့် ယခုခေတ်သည် မြေမျက်နှာသွင်ပြင် အနေအထားအားဖြင့် ခြားနားနေလေပြီ။ ရှေးခေတ်သထုံသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ပင်လယ်ရေပြင်သည် ယခုမုတ္တမတောင်တန်း ၏ အနောက်ဘက်ရှိ စိုက်ပျိုးဖြစ်ထွန်းသော မြေနိမ့်လွင်ပြင်ဒေသများကို ဖုံးလွှမ်းနေခဲ့သည်။ ယခု အရက်သည်မရွာတည်ရှိသော ကေလာသတောင်ခြေရင်းသို့တိုင်အောင် ပင်လယ်ရေရောက်ခဲ့သည်။ ထို့ကြောင့် အရက်သည်မရွာနှင့် သထုံမြို့မြေကြီးထဲမှ မင်းတုပ်သံချောင်းများ၊ ကျောက်ဆူးများ စသည့် နိုင်ငံခြားသင်္ဘောပစ္စည်းများဟု ယူဆရသော ပစ္စည်းအတိုအစများကို တူးဖော် ရရှိသည်။ နှစ်ကာလကြာမြင့်လေသော် ပင်လယ်ရေသည် တစ်ရွေ့ရွေ့ဆုတ်သွားတော့သဖြင့် အရက်သည်မရွာသည် ကုန်းခေါင်ခေါင်ဖြစ်သွားခဲ့သည်။ သထုံပြည်ကို အနော်ရထာတိုက်စဉ်ကပင် ယင်းသည် ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်တော့ချေ။ စစ်တောင်းမြစ်ဝတွင် သဲသောင်ပေါ်ထွန်း၍ ပင်လယ်ကမ်းခြေ ဆုတ်သွားသည်နှင့် သင်္ဘောဆိပ်အဖြစ် အသုံးမကျတော့ခြင်း ဖြစ်ပေသည်။ သထုံပြည်၏ နောက်ဆုံးမင်းသည် မနုဟာမင်းဖြစ်သည်။ အချို့ မွန်ကျောက်စာတို့၌ မကုဋမင်းဟုလည်းခေါ်သည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်း လာရောက်တိုက်ခိုက်သဖြင့် မနူဟာမင်းလည်း ပုဂံပြည်သို့ ပါသွားပြီးလျှင် သထုံပြည်လည်း ပျက်လေသည်။ အနော်ရထာမင်း သထုံပြည်သို့ ချီတက်တိုက်ခိုက်စဉ် အချိန်ကာလ၌ သထုံသည် သင်္ဘောဆိပ်ကမ်း မဟုတ်တော့ချေ။ သို့တိုင်အောင် ရန်သူတို့ ရုတ်တရက် ချဉ်းကပ်တိုက်ခိုက်ရန် မလွယ်ကူဘဲ မြို့အနေအထား ကောင်းမွန်ပေသည်။ သုတေသနပြုချက်များအရ သထုံမြို့တော်ဟောင်းသည် အရှေ့ဘက်၌ မတ်စောက်မြင့်မားသော ပေ ၇ဝဝ ကျော်ရှိသည့် တောင်တန်းများက ကာကွယ်ထားသည်။ အနောက်ဘက်၌ ပင်လယ်ရှိသည့်အပြင် ဒီရေရောက်သော ရေဖုံးသော ရွှံ့ပြင်များရှိသည်။ မြောက်ဘက်၌လည်း မြို့ရိုးလေးထပ် ခံတပ်ကြီးတစ်ထပ်ဖြင့် ကာကွယ်ထားသည်။ တောင်ဘက်၌ မြို့ရိုးနှစ်ထပ်အပြင် ခံတပ်တစ်ခု၊ ဘင်လှိုင်တောင်ကြားလမ်းကို တောင်ဘက်မှခံတပ်တစ်ခု၊ သို့ဖြင့် ခံတပ်နှစ်ခုဖြင့် ထိန်းထားခဲ့သည်။ သို့သော် ဆန်ရေစပါးပေါများသော သံလွင်မြစ်ဝှမ်းနှင့် ဝင်းစိန်မြေပြန့်ကို မြန်မာတို့ စီးမိထားပြီးလျှင် သထုံကို စားနပ်ရိက္ခာပြတ်လပ်စေကာ ဘင်လှိုင်တောင်ကြားလမ်းမှ မြန်မာတို့ သထုံမြို့တွင်းသို့ဝင်ရောက်၍ မြို့ကို စီးနင်းနိုင်ခဲ့သည်ဟု ယူဆရလေသည်။ သထုံမြို့ဟောင်း တည်ထားပုံသည် လေးထောင့်ဖြစ်သော်လည်း စတုဂံပုံ တည့်မတ်စွာမကျပေ။ မြို့၏နောက်ခံတောင်၏အနေအထားကိုလိုက်၍ တည်ထားခြင်းဖြစ်ပေရာ နောက်ခံတောင်တန်းအလိုက်ပင် အနောက်ဘက်သို့ ခပ်စောင်းစောင်း ဖြစ်နေခဲ့သည်။ မြို့သည် တောင်နှင့်မြောက် ရှည်လျား၍ အရှေ့နှင့်အနောက် အလျားတိုသည်။ မြို့ရိုးအတွင်းရှိ မြို့၏ အလျားအနံတို့သည် မြောက်ဘက်အပြင်မြို့ရိုးမှသည် တောင်ဘက်အပြင်မြို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား Category:မြန်မာနိုင်ငံရှိ မြို့များ Category:မွန်ပြည်နယ်ရှိ မြို့များ Category:မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ