title
stringlengths
1
100
text
stringlengths
14
646k
ဍ
ဍ (အသံထွက် ဒရင်ကောက်) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်သုံးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ Category:မြန်မာအက္ခရာ
ဎ
ဎ (အသံထွက် ဒရေမှုတ်) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်လေးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ Category:မြန်မာအက္ခရာ
ဏ
ဏ (အသံထွက် နကြီး)သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်ငါးလုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ Category:မြန်မာအက္ခရာ
ဒ
ဒ (အသံထွက် ဒဒွေး) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် တစ်ဆယ့်ရှစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ Category:မြန်မာအက္ခရာ
ဠ
ဠ (အသံထွက် လကြီး) သည် မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် သုံးဆယ့်တစ်လုံးမြောက် ဗျည်းအက္ခရာ ဖြစ်သည်။ Category:မြန်မာအက္ခရာ
ဤ
ဤ အက္ခရာကို မြန်မာသဒ္ဒါတွင် အညွှန်းနာမ်စား၊အညွှန်းနာမဝိသေသန အဖြစ်သုံးလေ့ရှိသည်။ ဝါကျရေးထုံး ဤအရပ်တွင်ကျားရဲပေါ်သည်။ (အညွှန်းနာမဝိသေသန) ဤသို့သွားပါ။ (အညွှန်းနာမ်စား) Category:မြန်မာအက္ခရာ ဥပမာ - ဤနေ့၊ ဤအချိန်အခါ။
ဥ (တိရစ္ဆာန်)
ငှက်ဥများနှင့် တိရစ္ဆာန်ဥများ |right| | ငှက်အားလုံးသည် ဥများကို ဥကြ၏။ သို့သော် လူအများ နှစ်သက်သော အစာဖြစ်သည့် ကြက်ဥနှင့် ဘဲဥတို့ကိုသာ လူသိများသည်။ ငှက်များသာမက ငါး၊ တွားသွားသတ္တဝါများ၊ ပိုးကောင်များနှင့် ဝက်မ၊ နွားမ စသော နို့တိုက်သတ္တဝါများ အပါအဝင် များစွာသော အခြားတိရစ္ဆာန်များ၌လည်း သားငယ်ကလေးများသည် ဥများမှတစ်ဆင့် ပေါက်ဖွားကြခြင်းသာ ဖြစ်လေသည်။ ဥ၏ အဓိကလုပ်ငန်းမှာ သားငယ်ကို ပေါက်ဖွားပေးရန် ဖြစ်သည်။ ဥတွင် အစဉ်သဖြင့် သားကောင်၏ အသက်မျိုးစေ့နှင့် သားကောင်အတွက် အာဟာရဓာတ် ဖြစ်စေသောအနှစ်ကို အကာအကွယ်ပေးထားသည့် အခွံ့ပါစမြဲဖြစ်သည်။ ငှက်၏ဥသည် နို့တိုက်သတ္တဝါ၏ ဥထက်ကြီး၏။ ထိုသို့ ဖြစ်ခြင်းမှာ ငှက်မ၏ ခန္ဓာ ကိုယ်အတွင်းမှ ထွက်လာသော ဥအတွင်း၌ ကြီးထွားလာမည့် ငှက်ငယ်အတွက် အစာပါရှိခြင်းကြောင့် ဖြစ်သည်။ နို့တိုက်သတ္တဝါငယ်များကမူများသောအားဖြင့် မိခင်၏ ခန္ဓာကိုယ်အတွင်း၌သာ ကြီးထွားလာကြ ပြီးလျှင် မွေးဖွားမည့်အချိန်အထိ မိခင်ထံမှ အစာအာဟာရကို ရရှိနေလေသည်။ ငှက်များ၊ ပိုးကောင်းများ၊ တွားသွားသတ္တဝါများနှင့် များသောအားဖြင့် ငါးများသည် အမိ၏ခန္ဓာကိုယ် အတွင်းမှ ပြည့်ဝသော ဥများကို ဥပေးကြသည်။ ထိုဥများကို လိုအပ် သည့်အချိန်အထိ သင့်လျော်စွာ ထားလျှင် ဥများအတွင်း၌ အမိအဘနှင့်တူသော သားငယ်များ ကြီးထွားလာကြလေသည်။ နို့တိုက်သတ္တဝါ အားလုံးလိုလိုတွင်မူ ဥသည် မိခင်၏ခန္ဓာ ကိုယ်အတွင်း၌သာ ကြီးထွားပြီးလျှင် အချိန့်စေ့သောအခါ သားငယ်ကို ဖွားလေသည်။ ဥအမျိုးမျိုးရှိရာ တီကောင်များသည် အာဟာရဓာတ်ပါရှိ သော အိတ်များနှင့်ဥများကို ဥပေးကြသည်။ လိပ်ပြာနှင့် ပိုးကောင်တို့၏ ဥများသည် လွန်စွာ သေးငယ်ကြပြီးလျှင် အရောင်အမျိုးမျိုးရှိကြသကဲ့သို့ ပုံသဏ္ဌာန်တွင်လည်း အမျိုးမျိုး ရှိကြသည်။ ထိုဥများကို အတွဲလိုက် မြေကြီးပေါ်၌ဖြစ်စေ၊ သစ်ရွက်ပေါ်၌ ဖြစ်စေ၊ ရေပေါ်၌ဖြစ်စေ ဥကြသည်။ ကမာသည် တစ်နှစ်လျှင် ဥပေါင်း ၆ဝဝဝဝဝဝဝဝ မက ဥလေသည်။ ထိုသို့ များပြားစွာ ဥခြင်းမှာ ရေထဲ၌ ဥပေါင်း မြောက်မြားစွာ ပျောက်ဆုံးလေ့ရှိသဖြင့် သားငယ်များအဖြစ် ပေါက်စေမည့် ဥများ အဖတ်တင် ကျန်ရစ်စေရန် ဖြစ်သည်။ ငါးများကလည်း များသောအားဖြင့် ဥအမြောက်အမြားကို ဥပေးလေ့ ရှိကြသည်။ အချို့ငါးမျိုး၏ ဥများသည် လေးလံကြ သဖြင့် ချောင်း၊ ရေအိုင်၊ သို့မဟုတ် ပင်လယ်၏ အောက်ခြေ အထိ နစ်မြုပ်သွားကြ၏။ အချို့ ငါးမျိုး၏ ဥများကမူ ပေါ့ပြီး လျှင် အလင်းပေါက်များ ဖြစ်ကြ သည်။ ထိုငါးဥမျိုးသည် အတွဲလိုက် ရေမျက်နှာပြင်ပေါ်တွင် မျောနေလေသည်။ သာမန် ဖားပြုပ်မတစ်ကောင်သည် တစ်ခါဥလျှင် ဥပေါင်း ၆ဝဝဝ အထိ ဥတတ်ပြီးလျှင် အတန်း နှစ်တန်းဖြင့် ဥလေ့ ရှိသည်။ သာမန် ဖားမတစ်ကောင်ကမူ ပလောပီနံဥကို ပြုတ် ထားသကဲ့သို့ ကော်ကဲ့သို့ သော ဥများကို ဥလေ့ရှိသည်။ တွားသွားသတ္တဝါများသည် ယင်းတို့၏ဥများကို များသော အားဖြင့် မြေကြီး၏ အပူဓာတ်ဖြင့် ပေါက်စေ လေ့ရှိကြသည်။ အချို့ မြွေမျိုးများကမူ မိမိတို့၏ဥများကို မိမိတို့၏ ခန္ဓာကိုယ် ဖြင့် ခွေပတ်ကာ စောင့်ရှောက် လေ့ရှိကြသည်။ နို့တိုက်သတ္တဝါများအနက် ဥဥလေ့ရှိသောသတ္တဝါမှာ ဘဲတူ ဖျံတူနှင့်ဆူးရှိသော ပရွက်စားကောင် တို့ ဖြစ်သည်။ အချို့ မြွေမျိုး၊ ဖွတ်ပုတတ်မျိုးနှင့် ငါးမျိုးများသည် သားကောင် ကလေးများကို မွေးဖွားသော်လည်း များသောအားဖြင့်ကား ဥများကိုသာ ဥကြလေသည်။ ဘဲတူဖျံတူရှိသော ဩစတြေး လီးယားတိုက်တွင် တွားသွားသတ္တဝါများ ဥသကဲ့သို့ ဥသော ငှက်မျိုးများလည်း ရှိသည်။ ထိုငှက်မျိုးသည် ယင်းတို့၏ ဥများကို ဝပ်ပေးလေ့ မရှိကြချေ။ အချို့ပိုးကောင်များသည် ယင်းတို့၏ ဥများကို နည်းအမျိုး မျိုးဖြင့် အကာအကွယ်ပေးကြသည်။ ပျားနှင့် နကျယ်ကောင် များသည် ယင်းတို့၏ဥများကို အထူးစီမံထားသောအိမ်များတွင် ဥကြလေသည်။ ပင့်ကူများကမူ ယင်းတို့၏ဥများကို ပိုးမျှင် ကဲ့သို့သော အိတ်ငယ်ကလေးများဖြင့် ရစ်ပတ်၍ ထားလေ့ရှိကြ ပြီးလျှင် ထိုအိတ် ငယ်ကလေးများကို လုံခြုံသည့်တစ်နေရာရာ တွင် ဖြစ်စေ၊ မိမိနှင့်တစ်ပါတည်း သယ်ဆောင်၍ဖြစ်စေ သွား လေ့ ရှိကြသည်။ ခြင်များသည် ယင်းတို့၏ ဥများကို ရေသေများ၏ မျက်နှာပြင်ပေါ်၌ ဖောင်ကလေးများသဖွယ် ဥလေ့ရှိ ကြသည်။ ကြက်ဥနှင့်ဘဲဥများအပြင် လူများ စားသောက်သော အခြား ဥများလည်း ရှိသေးသည်။ မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်း ဒေသများတွင် လိပ်ဥများကို ကြက်ဥနှင့်ဘဲဥများသဖွယ် စားသောက်လေ့ ရှိကြသည်။ အထူးသဖြင့် ကမ်းရိုးတန်း ဒေသ နေလူများသည် ထိုလိပ်ဥများကို ဟင်းလျာအဖြစ် စားသောက် ကြသည်။ ငါးဥ၊ ပုစွန်ဥများကိုလည်း ဟင်းလျာအဖြစ် စား သောက်တတ်ကြလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) ပုံများ ကိုးကား Category:တိရစ္ဆာန် တို့၏ သဘာဝ
ဧ
ဧသည် မြန်မာသင်ပုန်းကြီးဝင် အက္ခရာ တစ်လုံး ဖြစ်သည်။ အသံထွက် အေဟု ရှည်ရှည်ဆွဲ ဖတ်ရသည်။ အေးဟု မဖတ်ရချေ။ အေးဟု ဖတ်လို ရေးလို သောအခါ၊ ဝစ္စနှစ်လုံးပေါက် ထည့်ကာ၊ ဧးဟု ရေးရသည်။ ဧဝံ မေ သုတံ ဧကံ သမယံကို ဖတ်ရာ၌ အေးဝံ မေ သုတံ အေးကံ သမယံဟု ဖတ်သူများ ရှိရာ၊ အေဝံ မေ သုတံ အေကံ သမယံဟု ဖတ်မှသာ အမှန် ဖြစ်လေသည်။ ရှေးအခါက အေးမြသည်ကို ဧမြသည်ဟု ရေးလေ့ရှိခဲ့ပြီး၊ ယခုအခါ ဤကဲ့သို့ အသုံးမပြုတော့ချေ။ Category:မြန်မာအက္ခရာ
ဩ
ဩ သည် မြန်မာဘာသာ၌ အခြေခံသရ (၁၁) လုံး နှင့် သင်ရိုးသရ (၁၂) လုံး ထဲမှ သရတစ်ခုဖြစ်သည်။ ထို့အပြင် အသံပိုင်းဆိုင်ရာအရ "ဩ" သရသည် "အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ ဪ၊ အို" ကဲ့သို့ သံရှည်သရ (သို့) ဒီဃသရ တစ်မျိုးဖြစ်၍ "အော" ဟူသော အသံရှိသည်။ "ဩ" သည် လုံးချင်းသရ တစ်ခုဖြစ်၏။ ဗျည်းအက္ခရာ "သ" ကို " ြ" ဖြင့်ပေါင်းစပ်ထားခြင်းမဟုတ်ပေ။ ထိုသို့ ပေါင်းစပ်သည့် ဩ (သ+ြ) ကို "သရ" ဟု ထွက်ရှိမည် ဖြစ်သည်။ ကိုသိမ်းမြတ် (အလင်္ကာပုလဲပန်း)၊ ဘီဘီစီ၊ အလင်္ကာပုလဲပန်း၊ ၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ မှတ်စု ကိုးကား Category:မြန်မာအက္ခရာ
ဪ
ဪဟူသည် မြန်မာ သဒ္ဒါတွင် သာမက အင်္ဂလိပ်သဒ္ဒါတွင်လည်း ပါဝင်သော အာမေဍိတ်သံဖြစ်သည်။ လူတစ်ဦးတစ်ယောက်အား အဖြစ်အပျက်တစ်ခုကို ပြောပြပါက ထိုသူသည် အံ့ဩခြင်း၊ ဝမ်းနည်းခြင်း၊ မယုံကြည်နိုင်ခြင်းတို့ကြောင့် ထွက်ပေါ်လာသော အာမေဍိတ်သံဖြစ်သည်။ Category:သဒ္ဒါ
ဂီတာ
မြန်မာဂီတာ ဂစ်တာ၏ တိကျခိုင်မာသော သမိုင်းကြောင်းအား ၁၃ ရာစု စပိန်နိုင်ငံမှ မူးဝါးလူမျိုးများ၏ သီဆိုဖျော်ဖြေပွဲများမှ စတင်ပေါ်ပေါက်လာခဲ့သည် ဆိုလေသည်။ နှစ်ပေါင်း ၃၀ဝမျှ ကြာညောင်းပြီး နောက် ၁၆ ရာစု စပိန်နိုင်ငံ၌ တီးခတ်မှု ပုံစံသစ်၊ ဟန်သစ်များ အပြိုင်အဆိုင်တိုးတက်လာပြီး ဂစ်တာအမျိုးအစားအနေဖြင့် အနည်းဆုံး ၃ မျိုးမျှ ခေတ်စားခဲ့သည်။ ထိုအရာများမှာ ကြိုး ၆ စုံ စုစုပေါင်း ၁၂ ကြိုးတပ် ဗီဟူလာ (VIHVELA) ထိုတူရိယာနှင့် တွဲဖက်တီးခတ်ရန်အတွင် သင်္ကေတဇယားဖြင့် ရေးသားထားသော နှစ်ယောက်တွဲတီးလုံး၊ သီချင်း၊ အကသီချင်းများ အပါအဝင် စုစုပေါင်း စာအုပ် ၇ အုပ် ထုတ်ဝေခဲ့သည်။ ကြိုး၅စုံ၊ စုစုပေါင်း ၁ဝ ကြိုးတပ် ဂစ်တာရာအက်စပါနိုလာ(GUITRRA ESPANOLA) ၁၆ ရာစု နောက်ပိုင်းမှနေ၍ ၁၇ ရာစုတလျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ်(LUTE) တူရိယာ၏ နေရာတွင် အစားထိုး အသုံးပြုခဲ့သည်။ ဂစ်တာရာအက်စပါနိုလာကော့ဒ်နှင့် တီးရန်အတွက်ပင် အသုံးပြုခဲ့ပြီး၊ ၁၇ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင်ပျံနံ့ သွားခဲ့သည်။ ကြိုး ၄ စုံ၊ စုစုပေါင်း ကြိုး ၈ ချောင်းတပ် ဂစ်တာရာ (GUITARRA) တို့ဖြစ်သည်။ ၁၇ ရာစုနှစ် ဂစ်တာအား ရူးသွပ်မှု ၁၇ ရာစုတွင် ဂစ်တာ၏အခန်းကဏ္ဍသည် အရှိန်အဟုန်နှင့် ပြန့်ပွားဖို့ အစပျိုးသည့် ကာလ တခုပင် ဖြစ်သည်။ ကော့ဒ်ဖြင့် တီးသည့် စနစ်များမှ အနုစိတ်ပိုမိုချဲ့ထွင်ကာ ပို၍စိတ်ဝင်စားဖို့ ကောင်းသော လက်ချောင်းများဖြင့် တီးခတ်ရသည့် ဂန္ထဝင်ဂစ်တာ(CLASSICAL) တီးခတ်ဟန်များ အစားထိုးဝင်ရောက်ခဲ့သည်။ ၁၈ ရာစုမှာတွင်မူ ပြောင်မြောက်ထူးချွန်သော ဂစ်တာပညာရှင်များ ပေါ်ထွန်းလာခဲ့ကြပြီး ဂီတပညာရှင်ကြီး ပါဂါနီနီ (NICCOLO PAGANINI 1788-1840) သည် တယောသာမက ဂစ်တာကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် ပါရမီရှင်တဦး ဖြစ်ခဲ့သည်။ သံစုံတီးဝိုင်းကြီးများ၏ ဂီတခေါင်းဆောင်တွေဖြစ်ကြသော ဟေဒင် (FRANZ JOSEPH HAYDN 1732-1809)၊ ရူးဘတ်၊ (FRANZ SCHUBERT 1797-1828)၊ ဝက်ဘာ (CARL MARIA VON WEBER 1786-1926)၊ ရိုဆိုနီ (GIOACHINO ROSSINI 1792-1868) တို့သည် ဂစ်တာအတွက် ဂီတသင်္ကေတ များကို ရေးစပ်တီထွင် ပေးခဲ့ကြသည်။ ထိပ်တန်းလက်မှု ပညာရှင်ကြီးဖြစ်သော စထရာဒီဗားရီးယပ်သည် သူ့ရဲ့နာမည်ကျော် တယောတွေနည်းတူ ဂစ်တာတွေကိုလည်း အထူးပြုလုပ်ပေးခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှာ စပိန်နိုင်ငံသား ဖာနန်ဒိုဆော (FERNANDO-SOR 1778-1839) ဟာ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာအထိ ကျော်ကြားအောင်မြင်ခဲ့တဲ့ ဂစ်တာပညာရှင်တဦး ဖြစ်ခဲ့ပြီး သူနဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြတဲ့ ဒီယွန်ဆီယိုအာကွေဒို (DIONISIO AQUADO)၊ မဲတီအိုကာကက်ဆီ (MATTEOCARCASSI)၊ ဖာဒီနန်ကာရူလီ (FERDINAND CARULLI)၊ မူရိုဂျူလီယန်နီ (MAURO GIULIANI) တို့ဟာလည်း နာမည်ကျော် ဂစ်တာပညာရှင်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ဖာနန်ဒိုဆောနဲ့ သူ၏ ခေတ်ပြိုင်တွေဟာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပို့ချခြင်း၊ ဂီတပွဲတွေ တင်ဆက်ခြင်း စတဲ့ကြိုးပမ်းမှူတွေနဲ့ ဂစ်တာပညာကို ပြန့်ပွားဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဖရန်စစ်စကိုတားရက်ဂါ (FRANCISCO TARREGA 1852-1909) ဟာ အထူးချွန်ဆုံး ဂစ်တာသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မျက်မှောက်ခေတ် ဂန္ထဝင် ဂစ်တာသမား များကို ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဂစ်တာ စည်ပင်တိုးတက်လာကာစ အမေရိကန်၌ စွန့်စားသွားလာသူများ၊ နယ်မြေသစ်ရှာဖွေသူများ စသူတို့သည် လှည်းတန်းရှည်ကြီးတွေနှင့် လှည့်လည်သွားလာကြပြီး စခန်းချ အပန်းဖြေသည့်အခါတွင် မီးပုံဘေး၌ ဂစ်တာတီး၍ အမောဖြေ ကြသည်။ ဤသို့ဖြင့် ဂစ်တာဟူသော တူရိယာသည်လည်း အမေရိကန်၏ နေရာ အနှံ့အပြား လိုက်ပါခဲ့ရပြီး ၁၉ရာစု အကုန် ၁၉၀ဝပြည့်နှစ် တစ်ဝိုက်တွင်မူ အမေရိကန်လူမည်း၏ ရင်တွင်းခံစားချက်များမှ ပေါက်ဖွားလာသော အာဖရိကနွယ်သည့် ရက်ဂေးနဲ့ ဘလူးစ် အမျိုးအစား ဂီတများ အစပျိုးအားယူနေပြီဖြစ်သည်။ ကျေးလက်တောနေသူများ၏ ပျော်ပွဲရွှင်ပွဲတွေတိုင်း၌လည်း ဂစ်တာနှင့် တယောသည် မပါမဖြစ် အသုံးပြုနေကြပါပြီ ဖြစ်သည်။ ဖာနန်ဒိုဆော မှ စတင်ပြန့်ပွားခဲ့သည့် ဂန္ထဝင်ဂစ်တာ တီးဟန်တွေများသည်လည်း အဆင့်ဆင့်တိုးတက်လာခဲ့ပြီး စပိန်လူမျိုး အဲန်ဒရက်ဇရိုးဘီးယား (ANDRES SEGOVIA 1893-1987)၏ ၁၉၂၈ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ဂန္ထဝင်ဂီတပွဲ မှစပြီး ဂစ်တာကို ကမ္ဘာက အာရုံစိုက် လာကြသည်။ ဇရိုးဘီးယားဟာ သူ့ဘဝလျောက်လုံး ဂစ်တာကို အမြတ်တနိုး တီးခတ်ခဲ့ပြီး ဂစ်တာဂန္ထဝင် တေးသီချင်းပေါင်း များစွာကို ဖွဲ့ဆိုရေးစပ် ခဲ့သည်။ သူ့ရဲ့ဂစ်တာ လေ့ကျင့်ခန်းများကို အမေရိကန်တွင်ရှိသော ကျောင်းပေါင်း ၁၆၀၁ ကျောင်းမှာ သင်ကြားပို့ချနေဆဲ ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစတွင် ဂစ်တာရဲ့ ဖြစ်ပေါ်ပြောင်းလဲမူကို တဟုန်ထိုးတိုးတက်စေခဲ့သည့် ဖြစ်ရပ်တခုမှာ ရှာလီခရစ်စတငသည် ဂစ်တာရဲ့အသံကို ပစ်ကပ် (PICK UP) တပ်ဆင်ပြီး အထူးချဲ့ထွင်ပေးတဲ့ အသံချဲ့စက်နဲ့ တွဲဖက်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်မှ စပြီး ဂစ်တာသံ၏ အတိုးအကျယ်ကို လိုအပ်သလို လုပ်နိုင်သော အနေအထားကို တဆင့်ပြီးတဆင့် ပြောင်းလဲတိုးတက်ရောက်ရှိ လာသည်။ ဗြိတိန် ဂစ်တာအကျော်အမော်များ၏ ကြိုးပမ်းမှု ရော့ခ်အင်ရိုး (ROCK AND ROLL) လူငယ်အဆိုတော် ပရက်စလေသည် ၁၉၅၆ မေလမှာ ထုတ်ဝေခဲ့သည့် (HEARTBREAK HOTEL) ဓာတ်ပြားနှင့် ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ဂစ်တာလွယ်ပြီး သီချင်းဆိုဟန်များကြောင့် လူငယ်ထုကြားမှာ ဂစ်တာသည် အရှိန်အဟုန်နဲ့ ပြန့်ပွားခဲ့သည်။ ၁၉၆ဝ နှစ်များတွင် ရိုးရာဘလူးစ် (TRADITIONAL BLUES)နှင့် ခေတ်ပေါ်ဂီတ (WHITE POP MUSIC) ရောမွှေထားသော (RHYTHM AND BLUES (or) R n B) ဂီတ အမျိုးအစား ခေတ်စားလာခဲ့ပြီး လူမည်း ဂစ်တာသမား ချပ်ဘာရီ (CHUCK BERRY)၏ လက်သံများသည် အင်္ဂလိပ်ခေတ်ပေါ် ဂီတစာအုပ်များ အပေါ်တွင် ဩဇာလွှမ်းမိုး သက်ရောက်ခဲ့သည်။ ပရက်စလေ၏ သီချင်းတွေကြားတွင် ကြီးပြင်းသည့် လူငယ်များမှနေ၍ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သော အင်္ဂလိပ်ပေါ့နဲ့ ရော့အဖွဲ့ ဖြစ်ကြသည့် (BEATLES 1960) သည် ကမ္ဘာတွင် အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂစ်တာကို ခေတ်ပေါ်ဂီတ၏ အဓိကမဏ္ဍိုင် တူရိယာ အဖြစ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ကြပြန်သည်။ (COUNTRY) နဲ့ (JAZZ) ဂစ်တာအကျော်အမော် တွေဖြစ်ကြသော ချက်အက်ကင် (CHET ATKINS)၊ မာ့ခ်နော်ဖလာ (MARK KNOPFLER)နှင့် ရွိုင်းကလာစ် (ROY CLARK) တို့နှင့်အတူ ကမ္ဘာကျော် ဂစ်တာတီးဝိုင်း VENTURES တို့၏ ဂစ်တာလက်သံများသည် ဂစ်တာဝါသနာရှင်အများအပြားကို ဖြစ်ပေါ်စေခဲ့ပြန်သည်။ ယနေ့ ကမ္ဘာပေါ်တွင် အင်အားကောင်းနေသော ROCK ဂီတ၏ Distortion အသံ၊ Feedback အသံ၊ wah wah effect စသည်တို့၏ ဖခင်ကြီးတဦးမှာ လူမည်းဂစ်တာသမား ဂျင်မီဟန်းဒရပ် (JIMMI HENDRIX 1942-1970) ပင် ဖြစ်တော့သည်။ သူ၏ဘယ်ဖက်ဖြင့် ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်ခဲ့သည့် ဟန်ပန်များဟာလည်း လူငယ်ပရိသတ်တွေကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ |မြောက်အမေရိက၌ ထင်ရှားခဲ့သော ဂစ်တာသမား ဩဂတ်စင် ဘောရို့စ် ဂီတ ပုံစံသစ်များ ထပ်မံတိုးချဲ့ခြင်းဖြင့် ဂစ်တာအား ရူးသွပ်ပုံ ကမ္ဘာကျော် ဂစ်တာကုမ္ပဏီကြီးများ ဖြစ်ကြသော ဂစ်ဘဆင် (GIBSON)၊ ဖန်ဒါ (FENDER) တို့ဟာလည်း ဂစ်တာအမျိုးအစား အမျိုးမျိုးကို ပုံစံပေါင်းမြောက်မြားစွာဖြင့် ထုတ်လုပ်ခဲ့ကြပြန်သည်။ ယနေ့ခေတ် အချိန်အခါတွင် လျှပ်စစ်ဂစ်တာ (ELECTRIC GUITAR) များ၏ အသံကို အမျိုးမျိုးပြောင်းနိုင်သော စက်(GUITAR EFFECT PROCESSOR )၊ အသံချဲ့စက် (AMPLIFIER) များအား တဆင့်ထက်တဆင့် ပိုမိုကောင်းမွန် တိုးတက်လာအောင် တီထွင်ဖန်တီး အသုံးပြုနေကြသည်။ ယနေ့ ဂီတအမျိုးအစားများ ဖြစ်ကြသည့် ဂန္ထဝင်ဂီတ (CLASSICAL)၊ စပိန်ဖလန်မန်ကို (FLAMINCO)၊ ဘလူးစစ် (BLUES)၊ ဂျက်ဇ် (JAZZ)၊ ကလပ်စစ်ရော့ခ် (CLASSIC ROCK)၊ ရော့ခ်အဲန်ရိုး (ROCK n ROLL)၊ ရစ်သန်အဲန်ဘလူးစ် (R n B)၊ ကျေးလက်ရော့ခ် (COUNTRY ROCK)၊ ဟာ့ဒ်ရော့ခ် (HARD ROCK)၊ ဟဲဗီးရော့ခ် (HEAVY ROCK)၊မယ်တယ်ရော့ခ် (METAL ROCK)၊ လိုက်ရော့ခ် (LIGHT ROCK)၊ အော်တာရော့ခ် (ALTERNATIVE ROCK)၊ အင်ဒီရော့ခ် (ANDI ROCK) စသည့် အမျိုးအစားများစွာတို့တွင် ဂစ်တာကို လုံးဝမပါမဖြစ် တီးခတ်ကြရပြီး ဂစ်တာနှင့် ပတ်သတ်သည့် စက်ပစ္စည်း အစိတ်အပိုင်းများ အားလုံး ကိုလည်း အပြိုင်အဆိုင် ဆက်လက်တီထွင် ထုတ်လုပ် တီးခတ် နေကြသည့်အတွက် ဂစ်တာတူရိယာ၏ အခန်းကဏ္ဍမှာလည်း နောင်နှစ်ပေါင်းများစွာ တိုင်အောင်ဆက်လက် ရှင်သန်နေဦးမည်ပင် ဖြစ်သည်။ဂစ်တာဆိုတာ… Posted by Mr.guitar on Dec-18-2008 under History ကိုးကား Category:ကြိုးတပ် တူရိယာများ
ဆင်
ရှေးပဝေသဏီအခါက ကမ္ဘာမြောက်ဘက်ခြမ်း၌ ဆင်ကြီးများ ကျက်စားခဲ့ကြသည်။ ယခုအခါ ထိုဆင်ကြီးမျိုးမှ ဆင်းသက်သော ဆင်အမျိုးနှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်။ ယင်းတို့မှာ 'အဲလီဖတ် အာဖရိကန်နပ်'ခေါ် အာဖရိက ဆင်မျိုးနှင့် 'အဲလီဖတ် အာရှတိကပ်'ခေါ် အာရှဆင်မျိုးတို့ဖြစ်သည်။ အဆိုပါဆင်မျိုးနှစ်မျိုးတွင် အနွယ်အများအပြားပါဝင်သည်။ ဆင်သည် ကုန်းသတ္တဝါအပေါင်းတို့တွင် ကိုယ်ထည်အကြီးဆုံးဖြစ်သည်။ ခွန်အားလည်း အကြီးဆုံးဖြစ်၏။ လူတို့က ဖမ်းဆီးချုပ်နှောင်၍ စေခိုင်းသည်ကို ခံရသောအခါ အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်ရှည်၏။ သင်ရလွယ်၏။ စေခိုင်းသည်ကို လွယ်ကူစွာပင် နာခံတတ်သည်။ ပုံပန်းသွင်ပြင် အာဖရိကဆင်သည် အာရှဆင်ထက် ပို၍ကြီးမားသည်။ တစ်ခါတစ်ရံ ၁၁ပေမျှအထိပင် မြင့်သည်။ အာရှဆင်မျိုးသည် အရပ် ၁ဝ ပေထက် မကျော်ပေ။ အာဖရိကဆင်မျိုးသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ အာရှဆင်မျိုးသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ အာဖရိကဆင်မျိုး၏နှာမောင်း၌ ညီညာသော အရစ်များပါရှိသည်။ ထိုနှာမောင်းများတွင် လက်ညှိုးလုံးလောက်ရှိသော နှုတ်ခမ်းနှစ်ခုလည်းရှိ၏။ အာရှဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍အဖျားသို့ တစ်ဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာ ရှိသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင် အခြားကွာခြားချက် များစွာရှိသေး၏။ ထိုကွာခြားချက်များကြောင့် ဇီဝဗေဒပညာကျော်များသည် ထိုဆင်များကို မျိုးစိတ်ခွဲ၍ သီးခြားနာမည်ပေးထားကြသည်။ နေထိုင်ကျက်စားရာ ဒေသများ အာဖရိကဆင်မျိုးသည် အာဖရိကတိုက် အတွင်းဘက်ကျသော တောနက်ကြီးများထဲတွင်သာ ကျက်စားလေ့ ရှိသည်။ အာရှဆင်မျိုးကို အိန္ဒိယဆင်မျိုးဟူ၍လည်း ခေါ်ကြသေး၏။ သို့သော်လည်း ထိုဆင်မျိုးကို အိန္ဒိယနိုင်ငံ၌သာမဟုတ်၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဆူမတြားကျွန်း၊မလေးရှားကျွန်းဆွယ် စသော အရပ်တို့တွင်လည်း အနှံ့အပြားတွေ့ရပေသည်။ နေထိုင်ပြုမူပုံ အလေ့အထများ ထိုဆင်နှစ်မျိုးသည်အကျင့်စာဂအားဖြင့် အလွန်တူညီသည်။ ဆင်ဟူသရွေ့သည်အပေါင်းအသင်းကိုကြိုက်သည်။ အချုပ်အနှောင် မခံရဘဲ၊ လွတ်လွတ်လပ်လပ်နေရလျှင်အစုအအုပ်နှင့်သာ သွားလာကျက်စားတတ်သည်။ ဆင်အုပ်တစ်အုပ်တွင်အကောင် ၁ဝ ကောင်မှ အကောင် ၁ဝဝ အထိ ရှိတတ်သည်။ အများအားဖြင့် ဆင်မကြီးက ဦးစီးခေါင်းဆောင်ပြုလေ့ရှိ၏။ ဆင်များကို တောထဲတွင် စမ်းချောင်းများအနီးအပါး၌ တစ်စုတစ်ရုံးကြီးတွေ့ရတတ်၏။ မိုးရာသီတွင် လွင်တီးခေါင်သို့၎င်း၊ တစ်ခါတရံ တောင်ပေါ်သို့၎င်း ပြောင်းရွှေ့သွားလေ့ရှိသည်။ ဆင်ထီးများသည် မုန်ယိုတတ်သည်။ မုန်ယိုနေသောအခိုက်တွင် ဆင်အုပ်ထဲမှ ခွဲ၍နေတတ်သည်။ မုန်ယိုသော ဆင်သည် လူကို ရန်မူတတ်၏။ ဆင်သည် အများအားဖြင့် ရာသီအပြောင်းအလဲကိုလိုက်၍ အစာရှာရန် ကောင်းမည့်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။ ဆင်သည် မြင်းကဲ့သို့ မတ်တတ်သော်လည်းကောင်း၊ ဝပ်လျက်သော်လည်းကောင်း အိပ်နေနိုင်သည်။ ညသန်းကောင်အချိန်နှင့် အပူပြင်းသည့်နေ့ဖက် အချိန်တို့တွင်သာ အများအားဖြင့် အိပ်လေ့ရှိသည်။ လူတို့၏ အချုပ်အနှောင်ကို ခံနေရသည့် အချိန်တွင် ဆင်သည် ရက်သတ္တပတ်ပေါင်းများစွာ မလဲမလျောင်းဘဲ နေတတ်သည်။ ငါးနှစ်မျှ မလဲလျောင်းဘဲနေနိုင်သောဆင်များရှိသည်ဟုသိရသည်။ ဆင်သည် ရေကူးကျင်လျင်သည်။ ပေ ၃ဝ ကျော်မျှနက်သော ရေထဲတွင် ၆ နာရီမျှ နေနိုင်ကြောင်းအမှတ်အသားများရှိသည်။ ဆင်သည်ခြေ ၄ ချောင်းစလုံး မြေကြီးမှကြွအောင် မခုန်နိုင်ချေ။ သို့သော်လည်းပြေးလွှားရာတွင်အံ့ဩဖွယ်ကောင်း လောက်အောင် မြန်ဆန်ပေသည်။ လူသားများနှင့် အခန်းကဏ္ဍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆင်ကို လေးလံသော ဝန်ကို သယ်ဆောင်ရသည့် အလုပ်များလုပ်ကိုင်စေရန်ရွေးချယ်၍ ခိုင်းစေသည်။ ခိုင်းစေသောအလုပ်တွင် ဆင်သည် တာဝန်ကျေပြွန်အောင် ဆောင်ရွက်နိုင်သည်။ ဆင်ကို သစ်တုံးများ ဆွဲစေရန်၎င်း၊ လေးလံသော ဝန်တို့ကိုမတင်သယ်ဆောင်စေရန်၎င်း အသုံးပြုသည်။ မျက်နှာပြင် ညီညာသောအရပ်ဒေသများတွင် ဆင်သည် အလေးချိန်တတန်ခွဲမျှကိုသက်သာလွယ်ကူစွာသယ်ဆောင်သွားနိုင်ပေသည်။ အလွန်လေးလံသောဝန်ကို ဆွဲရန်အတွက် ဆင်လည်ပင်းတွင် သားရေကြိုးပြားကြီးရစ်ပတ်ပေးရသည်။ ထိုသားရေကြိုးပြား၌ ဝန်ကိုဆွဲယူရန် လွန်ကြိုးတစ်ချောင်း တပ်ထားရသည်။ အချို့ဒေသတို့၌ ဆင်ကို သစ်ဆွဲရန်သာမဟုတ်ဘဲ၊ တစ်ခါတစ်ရံ လယ်ထွန်ရန်၊ တစ်ခါတစ်ရံ ကုန်တွဲကြီးများ ဆွဲဆောင်ရန် စေခိုင်းကြသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် ဆင်မပါလျှင်မပြီးနိုင်သလောက်ပင် ဖြစ်သည်။ ဆင်ကို ယာဉ်အဖြစ်ဖြင့်လည်း အသုံးချနိုင်သေးသည်။ ဆင်၏ ကျောက်ကုန်းပေါ်တွင် ကုန်းနှီးတွဲကိုတပ်ဆင်ရ၏။ ထိုကုန်းနှီးတွဲပေါ်တွင် လူစီးနင်းလိုက်ပါနိုင်ရန်လေးဖက်လေးတန် အကာအရံပါသော ထိုင်စရာကို လုပ်ပေးရသည်။ ဆင်ဦးစီးသည် ဆင်၏လည်ပင်းပေါ်တွင်ထိုင်လျက်လိုက်တတ်သည်။ အိန္ဒိယနိုင်ငံ၌ မဟာရာဇာများသည်ကျားပစ်ထွက်သောအခါ ဆင်စီး၍ တောကစားကြသည်။ ရှေးအခါက စစ်တိုက်ရာတွင် ဆင်ကို များစွာအသုံးပြုသည်။ မြန်မာသမိုင်းတွင် ကျော်ကြားသော စီးချင်းတိုက်ပွဲများ ရှိခဲ့သည်။ ဆင်ကိုအိန္ဒိယ၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများ၌ မင်းခမ်းမင်းနားများတွင် ရှေးကသုံးခဲ့သည်။ အများအားဖြင့် ဆင်မှာ မည်းညိုသော အရောင်ရှိသော်လည်း၊ ဆင်ဖြူများရှိသေး၏။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဆင်ဖြူကို အတွေ့ရများသည်။ ဆင်ဖြူကို ဆင်မည်းနှင့် တန်းတူမထားဘဲ၊ မြင့်မြတ်သည်ဟူ၍ ယူဆယုံကြည်ကြသည်။ 'မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆင်ဖြူကို အထွတ်အမြတ်ထားကြသည်။ မြန်မာဘုရင်တို့သည်ဆင်ဖြူရှင်ဟူသော ဘွဲ့ကို အလွန်နှစ်သက် လိုလားကြသည်။ ထို့ကြောင့် မြန်မာမင်းတို့၏ ရာဇဝင်၌ ဆင်ဖြူတော်ကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားကြသည်များ ရှိ၏။ ဆင်သည် သူ့နဂိုသဘာဝအတိုင်း နေရလျှင် ရုတ်တစ်ရက် မသေဘဲ၊ အတော်ပင်အသက်ရှည်သည်။ နှစ်တစ်ရာကျော်လောက်အထိ နေနိုင်သည်။ ဆင်မသည်သားမွေးလျှင်အရေအတွက် ခပ်နည်းနည်းမွေးသည်။ ထို့ကြောင့် ဖမ်းဆီးခံရသော ဆင်တို့ အသေအဆုံးများလာလျှင် အစားထိုးရန် ၁ဝ နှစ် တစ်ကြိမ်၊ သို့မဟုတ် ၁၂ နှစ်တစ်ကြိမ်ခန့် ထပ်မံ၍ဖမ်းဆီးရန်စီစဉ်ရသည်။ ဆင်ဖမ်းမည့်လူစုသည် ဆင်များကိုမဖမ်းဆီးမီ ရက်သတ္တပတ်ပေါင်း များစွာကပင်ကြိုတင်၍တောနက်ထဲတွင် လှည့်လည်ကာ ဆင်များကို လိုအပ်သည့်နေရာသို့ရောက်အောင်ကြံဆောင်၍ မောင်းယူကြရသည်။ နောက်ဆုံး၌ ကျုံးသွင်းရန် အဆင်သင့်ဖြစ်သောအခါ ဆင်များကို ရုတ်တစ်ရက် လန့်ဖျပ်သွားအောင် ကျယ်လောင်စွာ ငြာသံပေး၍၊ လိုသောနေရာသို့စုရုံးရောက်ရှိစေရသည်၊ မကြာမီပင် ဆင်ရိုင်းကြီးများသည် ချောင်ထဲပိတ်မိနေ၍ ကြိုးကြီးများဖြင့် အချည်အနှောင်ခံကြရသည်။ ဤနည်းဖြင့် ဆင်ရိုင်းကြီးများကို ဖမ်းဆီးပြီးနောက်၊ ဆင်ယဉ်များဖြင့် ရောပြွမ်းထားကာ တစ်ဖြည်းဖြည်း ယဉ်ပါးလာအောင် လုပ်ယူကြသည်။ ထိန်းသိမ်းစောင့်ရှောက်ရေး ရှေးအခါကတည်းကပင် ဆင်များကို ဆင်စွယ်အလို့ငှာ အများအားဖြင့် သတ်ဖြတ်ခဲ့ကြသည်။ မကြာသေးမီအချိန်လောက်အထိ၊ အာဖရိကဆင်များကို တစ်နှစ်လျှင်အကောင် ၄ဝဝဝဝ ကျော်မျှ သတ်ဖြတ်ခဲ့ကြသည်။ ယခုအခါ၌မူ ဆိုင်ရာနိုင်ငံအစိုးရတို့သည် ဆင်များအား စည်းကမ်းမဲ့သတ်ဖြတ်ခြင်းကို တားမြစ်ထားကြသည်။ ကျမ်းဂန်လာ ဆင်များ မြန်မာကျမ်းဂန်တို့တွင် ဆင်များကို အစွယ်ပေါက်ပုံသို့ လိုက်၍ - အစွယ် လုံးဝမရှိသော ဟိုင်းမျိုး၊ သေးသွယ်သောအစွယ်၊ တိုသောအစွယ်ရှိသည့် ဟံမျိုး၊ အစွယ် တစ်ချောင်းသာရှိသော တည်မျိုး၊ အစွယ် နှစ်ချောင်းစုံရှိသော တံမျိုးဟူ၍ အမည်လေးပါးဖြင့် ခွဲခြားထားသည်။ ထို့ပြင် ဗလအား ခြားနားပုံသို့ လိုက်၍လည်း ဆယ်မျိုးခွဲခြားခေါ်ဝေါ် ပြန်လေသည်။ ယင်းတို့မှာ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားရှိလေရာ - လူဆယ်ယောက်အားရှိ၍၊ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုးဖြစ်သည့် ကာဠာဝကဆင်၊ ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြ သည့် ဂင်္ဂေယျဆင်၊ ဝါဖျော့ဖျော့ အရောင်ရှိသောပဏ္ဍရ ဆင်၊ ကြေးနီရောင်အဆင်းရှိသော တမ္ဗဆင်၊ ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင်၊ အနံ့မွှေးသောဂန္ဓဆင်၊ တင့်တယ်စွာ သွားတတ်သော မင်္ဂလဆင်၊ ရွှေရောင် အဆင်းရှိသော ဟေမဆင်၊ ဖြူသောအဆင်းရှိ၍၊နှာမောင်း အမြီး လှပရှည်သွယ်ပြီးလျှင် ကောင်းကင်၌ကျက်စားတတ်သော ဥပေါသထဆင်၊ ဘော်ငွေအဆင်းရှိပြီးလျှင် ညီညွှတ်သော အစွယ်နှစ်ချောင်းမှ ရောင်ခြည်ခြောက်မျိုးထွက်ကာ အမြီးဦးခေါင်းရှည်သွယ်၊ အလုံးစုံသော ကြန်အင်လက္ခဏာနှင့် ပြည့်စုံလျက် ကောင်းကင်၌လည်း ပျံသွားနိုင်သည့် ဆဒ္ဒန်ဆင်၊ ဟူ၍ ဖြစ်လေသည်။ ဆဒ္ဒန်ဆင်မင်း ဆဒ္ဒန်ဆင်သည် ဆင်တကာတို့၏ အထွတ်အမြတ် ဖြစ်သည်။ မြန်မာစာပေတွင်ဆဒ္ဒန်ဆင်ကို စာဖွဲ့လေ့ရှိသည်။ အထူးသဖြင့် ငါးရာငါးဆယ်နိပါတ်တော်လာ အလောင်းတော် ဆဒ္ဒန်ဆင်မင်း၏ အကြောင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်သောကြောင့် မြန်မာတို့ နှစ်ခြိုက်ကြသည်။ ယင်းဇာတ်ဝတ္ထုကို စလေဦးပုည စာပေဂုဏ်မြောက်စွာ ဖွဲ့နွဲ့ရေးသားလိုက်သောအခါ ပိုမိုကြည် နူးလွမ်းဆွတ်ဖွယ်ရာ ဖြစ်လာပြီးလျှင် မြန်မာစာပေ လိုက်စားသူတိုင်းသည် ယင်းဝတ္ထုကို အထူးကြိုက်နှစ်သက်ကြလေသည်။ ဆဒ္ဒန်ဆင်မင်းအကြောင်းကား ဤသို့ဖြစ်၏ - ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင် စဉ်ခုနစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာ တွင် တဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်၏။ ထိုဆဒ္ဒန်ဆင်မင်း၏ အရပ်ကား တဆယ့်ရှစ်တောင်၊ အလျားကား အတောင်တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့်ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ ခြေဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲ့သို့ နီမြန်း၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင်ခြောက်ပါးနှင့် ပြည့်စုံ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူတတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုအောက်၌ ခိုလှုံရပ်နားနေခိုက်၊ လက်ျာတော်လေအောက်က မဟာသုဘဒ္ဒါ၊ လက်ဝဲတော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက်၊ အင်ကြင်းပင်ကို ဦးကင်းဖြင့်ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက်ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်တိုင်းကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့်ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်းအရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီဟု သဘောထားကာ အငြိုးကြီးစွာ ထားလေ၏။ တစ်ဖန် အိုင်အတွင်းသို့ သက်ဆင်း၍ ရေကစားသည်တွင် ပဒုမ္မာကြာမှုန်တို့၏ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍၊ ကြွင်းသောကြာပန်းတို့ကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သဖြင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆက်ကပ်လှူဒါန်း၍ 'အကျွန်ုသည် ယခုဘဝမှ စုတေခဲ့သော်၊ ဧကရာဇ်မင်း၏ ရှုမငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိဿရဉာဏ်ကိုလည်း ရပါစေသော။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ်တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသော' ဟု ဆုတောင်း၏။ ထို့နောက် အစာရေစာ မစားဘဲ၊ အားပြတ် စုတေ့လေသော်၊ ဆုယူသည့်အတိုင်း မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ ထိုသမီးတော် အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဘုရားဖြစ်လာ၏။ မိဘုရားလည်း မိမိ၏ အတိတ်ဘဝကို အောက်မေ့၍ မိမိဆုတောင်းခဲ့သည့်အတိုင်း ဖြစ်မြောက်စေရန် ညှိုးငယ်သော အသွင်ကိုဆောင်၍နေလေ၏။ ထိုအခြင်းအရာကို မြင်လတ်သော် မင်းကြီးက မေးမြန်းလေ၏။ မိဘုရားလည်း မင်းကြီးအား ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကို နားတောင်းအဖြစ် ပန်ဆင်လို သည်ဟု တင်လျှောက်လတ်သော်၊ မင်းကြီးသည် ဆဒ္ဒန်ဆင်မင်းကို ရှာဖွေစေရန် သောနုတ္တရမုဆိုးကို ဆင့်ဆိုတော်မူ၏။ မိဘုရားလည်း ထိုမုဆိုးအား မိမိကိုယ်တိုင်လမ်းညွှန်၍ ဆင်မင်းကို အဆိပ်လူးသောများဖြင့် ပစ်သတ်လျက် အစွယ်တော်ကိုဖြတ်ယူခဲ့ရန် စေလွှတ်လေ၏။ မုဆိုးလည်း ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်ကြာမှ ဆဒ္ဒန်ဆင်အိုင်သို့ ရောက်လေ၏။ ထို့နောက် ဆင်မင်း၏နေရာ အသွားအလာလမ်းများကို မှတ်သား၍ ဆင်မင်းရပ်တည်မည့်နေရာ တည့်တည့်၌ ဥမင်တူးကာ၊ ဆင်မင်း၏ ချက်နှင့်ချိန်လျက် မြားပစ်ရန် အပေါက်ဖေါက်ထား၏။ မိမိကိုယ်ကိုလည်း သင်္ကန်းဝတ်ရုံထားလေသည်။ နောက်တစ်နေ့ ဆင်မင်းနှင့် ဆင်မိဘုရားတို့ ယင်းအရပ်၌ ရေစစ်ရန် ရပ်တန့်ခိုက်တွင်ပင် မုဆိုးက ဆိပ်လူးမြားဖြင့်ပစ်လတ်သော် ဆင်မင်းသည် တောတောင်အလုံး ပဲ့တင်ဟီးမျှ သုံးကြိမ် ဟစ်အော်ညည်းညူတော်မူရာ၌ ဆင်အပေါင်းကလည်း ရန်သူကို ချေမှုန်းပစ်အံ့ဟု တောတောင်ပတ်လည် လှည့်လည်ရှာဖွေကြ၏။ ဘုရားလောင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားသို့ ဖယ်ရှားစိမ့်သောငှါ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေလေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ ခွာတော်နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက် နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်းကိုမြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်ထားလေရာ၊ ဘုရားလောင်းဆင်မင်းသည် မိမိ၏အစွယ်ကို မိမိဖြတ်၍၊ သဗ္ဗညုတဉာဏ်၏ ရရာရကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက်၊ မုဆိုးအားပေးလှူပြီးသော် 'အဆွေတော် သောနုတ္တိုရ်၊ မောင်မင်းသခင်၊ ပလ္လင်ညာရံ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင်၊ မြိုင်သာခေါင်တွင်၊ ငွေတောင်ကြီးသွင်၊ ခင်မလင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော်ဓာတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေခင်ဖြတ်လှီး၍၊ သွေးစီးသံထွက်၊ နာကျင်စွာနှိပ်စက်ပြီးမှ၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို ရွှေဘုံသူ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် သပါမည်။ အားရစိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊မုဆိုးတစ်ပိုင်း၊မိန်းမရိုင်းကြီးကို၊ငါမှာ တိုင်းပြောပါလေ' ဟု မှာကြားလေ၏။ ထို့နောက် ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မယားဟောင်းလက်ချက်နှင့် အသက်ဆုံးတော်မူလေသတည်း။ မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် 'စကားရှေ့နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရနီခိုင်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လုလျက်၊ ကယုကယင်၊ ချစ်တုံ့တင်သဖြင့်၊ ကြင်ကြင်လည်လည်၊ ပျော်ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ဝေ၊ လှိုင်းဘောင်ဘင်မွှေသောကြောင့်၊ မဖြေနိုင်မဆည်နိုင်၊ သည်းဆိုင်မှာလောင်ခြစ်၍၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ်တော်ဖေါက်လဲ၍၊ ဗာရာမင့်လည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။ မြန်မာ့ဆင်‌ ဆင်နှင့် မြန်မာ့သမိုင်း ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ မြေဒူးမင်း စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။ ဆင်နှင့်သစ်ထုတ်လုပ်ငန်း ဆင်ကို အသုံးချ၍ သစ်တုံးရွှေ့နေဟန် ရေဆေးပန်းချီ ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။ ဆင်အမျိုးအစားများ အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။ ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။ ဆင် ( ၁၀ ) မျိုး မုံရွေးဇေတဝန် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။ ကာဠာ၀ကဆင်။ ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောက်ျား (၁၀) ဦး၏ အားအစွမ်းနှင့် ညီမျှသော အားရှိသည်။ ဂင်္ဂေယျဆင်။ ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ ယင်းဆင်သည် သရက်ရွက်နုနု အဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့် မွေ့လျှော်တက်သောကြောင့်လည်းကောင်း၊ ဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်သေး၏။ ကာဠာ၀ကဆင် (၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။ ပဏ္ဍရဆင်။ သစ်ရွက်ရော်အဆင်းရှိ၏ (ဝါဖန့်ဖန့် အရောင်အဆင်းရှိသည်)။ ဂင်္ဂေယျဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။ တမ္ပဆင်။ ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိသည်။ ပဏ္ဍရဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။ ပိင်္ဂလဆင်။ ဖြူနီရောင် စသည်တို့နှင့် ရောပြွန်းကြောင်ကြားနေသော အဆင်းရှိသည်။ တမ္ပဆင်(၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။ ဂန္ဓဆင်။ မွေးကြိုင်သင်းပျံ့ ကောင်းသောရနံ့ရှိသောရှိသောဆင်၊ အရောင်သည် အပြာရောင်၊ အဖြူရောင်ရောသော နှမ်းဆွတ်ဆုပ် အဆင်းနှင့် တူသော အဆင်းရှိသည်ဟု လောကီကျမ်းအချို့၌ အဆိုရှိသည်။ ပိင်္ဂလဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။ မင်္ဂလဆင်။ တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ သွားလာတတ်သော ဆင်၊ နက်မှောင်သော အဆင်းရှိလျှက် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည်ဟု လောကီကျမ်းတို့၌ အဆိုရှိသည်။ ဂန္ဓဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။ ဟေမဆင်။ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသည်။ မင်္ဂလဆင်(၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။ ဥပေါသထဆင်။ ဥပေါသထဆင်မျိုး၌ ဖြစ်သောကြောင့်လည်းကောင်း ဆန့်ကျင်ဘက် ရန်သူတို့ကို နိုင်စေတက်သည်။ လျှောက်ပတ်သောအရပ်၌ ချဉ်းကပ်နေထိုင်တတ်သောကြောင့်လည်းကောင်း ဥပေါသထဆင်ဟုခေါ်သည်။ ရှည်သွယ်ညီညွတ်သော အစွယ်လဲရှိသည်။ ဟေမဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။ ဆဒ္ဒန်ဆင်။ အစွယ်၌ အရောင် ၆ မျိုးရှိသည်(အစွယ်မှ အရောင်ခြောက်မျိုးထွက်သည်)။ ဥပေါသထဆင်နှင့် ဆဒ္ဒန်ဆင်တို့၏ အရောင်သည် ဘော်သားအတူ ဖြူဖြူဖွေးကြသည်။ ဥပေါသထဆင် (၁၀)စီးအားနှင့် ညီမျှသည်။ ကိုးကား ကဏ္ဍ:ဆင်များ ကဏ္ဍ:နို့တိုက်သတ္တဝါများ ကဏ္ဍ:အသုံးများသော နို့တိုက်သတ္တဝါ အမည်များ
ဈေး
454x454px|လမ်းဘေးဈေး 300px|thumbnail|စင်္ကာပူနိုင်ငံရှိ သားငါးဈေးတစ်ခုဖြစ်သည်။ရန်ကုန်မြို့တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းဈေးဖြစ်သည်။|401x401px ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း(အပေါ်ဘလောက်)ရှိ ၃၈ လမ်းပျံကျဈေးဟုအမည်ရသော လမ်းဘေးဈေး မြင်ကွင်းဖြစ်သည်။ ဈေးဆိုသည်မှာ စားသုံးကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းဝယ် ဖောက်ကားရာဌာန ဖြစ်သည်။ ရှေးအခါက ဈေးကို နေရာ အတည်တကျ သတ်မှတ်ထားခြင်းမရှိချေ။ ထိုအခါက လမ်းပန်း ဆက်သွယ် သယ်ယူပို့ဆောင်ရေးမှာ မလွယ်ကူသေးသည့် အလျောက်၊ တည်ခင်းရောင်းချသော ဈေးဟူ၍လည်း မရှိခဲ့ချေ။ ကုန်ရောင်းလိုသူတစ်ဦးအဖို့ မိမိ၏ကုန်စည်များကို တစ် နေရာတည်းတွင်ထား၍ ရောင်းချသောအခါ၊ မိမိအတွက်လည်း သက်သာ၊ ကုန်ဝယ်လိုသူအဖို့လည်း လိုက်လံရှာဖွေ၍ မနေရဘဲ၊ အလွယ်တကူ လာရောက်ဝယ် ယူနိုင်သည်ကိုတွေ့ရ၏။ ဤ နည်းနှင်နှင်ပင် အခြားကုန်သည်များကလည်း ထိုသူ၏ အနီး တွင် တည်ခင်းရောင်းချ၏။ ဤသို့အားဖြင့် ရောင်းသူဝယ်သူ များပြားလာပြီးလျှင် ထိုနေရာသည် ဈေးဖြစ်လာတော့၏။ ဤကဲ့သို့ဖြစ်ပေါ်လာသောဈေးမှာ အမြဲတမ်း မဟုတ်သေး ချေ။ ရာသီအလိုက်ပေါ်သော စပါး၊ နှမ်း၊ ပြောင်း၊ ဆီ၊ ဆေး စသည်တို့မှာ သိုမှီးထားရှိနိုင်သော ကုန်ပစ္စည်းများဖြစ်သော ကြောင့် တစ်နှစ်လျှင် တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ အရောင်းအဝယ်ပြုကြသည့်အားလျော်စွာ ထိုဈေးများမှာ ရောင်း ဝယ်ချိန် လွန်မြောက်ပါက ဈေးအဖြစ် ဆက်လက်၍မတည်ရှိ တော့ချေ။ သို့သော် သိုလှောင်သိမ်းဆည်း၍ မထားနိုင်သော နေ့စဉ်သုံး စားနပ်ရိက္ခာများအတွက် နေ့စဉ်ရောင်းချရန် ဈေးလို ၏။ လူနေမှုစနစ် တရွေ့ရွေ့ပြောင်းလဲလာသည့်အလျောက်၊ ရောင်းဝယ်ဖောက်ကားမှုစနစ်သည်လည်း ရှေးကနှင့်မတူဘဲ ကွဲပြားလာလေသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ရေးများမှာလည်း ရှေးကထက် ပိုမိုလျင်မြန် တိုးတက် လာလေရာ၊ ရာသီအခါမရွေး ဖွင့်လှစ်ထားရှိသော ဈေးများ ပေါ်ပေါက်လာရပေသည်။ ကူးသန်းသွားလာရေး ခက်ခဲသော အချို့ဒေသများတွင် မူကား၊ ၅ ရက်တစ်ကြိမ်၊ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ရောင်းချကြသည့် ယာယီဈေးများရှိသေး၏။ ရေကြောင်းခရီး လမ်းသာရှိသော တောလက်ကျေးရွာများ၌ မူကား လှေသမ္ဗာန် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းသည်ပင် ဈေးဖြစ်တော့၏။ အချို့သော ရွာကလေးများမှာ အိမ်တွင်ပင် ဆိုင်ဖွင့်ထား၏။ အချို့ဈေးများမှာ အမိုးအကာဟူ၍ မရှိဘဲ၊ လမ်းဘေးတစ်ဖက် တစ်ချက်၌ နံနက်ပိုင်းတွင်သာဖြစ်စေ၊ ညနေပိုင်းတွင်သာဖြစ်စေ၊ တည်ခင်းရောင်းချသော ယာယီဈေးမျှဖြစ်ကြသည်။ အမြဲတမ်း ဈေးမှာမူ၊ မိုးကာထားသော ဆိုင်တန်းများရှိ၏။ ကုန်ပစ္စည်း အမျိုးမျိုးကို ရောထွေး၍မထားဘဲ၊ ကုန်တစ်မျိုးတည်းသာ သီးသန့်ရောင်းချသည့် ဈေးရုံများ ထားရှိ၏။ ဈေးသည် မြို့၏အင်္ဂါရပ်များတွင် အပါအဝင်ဖြစ်ပေသည်။ မြို့တိုင်းတွင်ဈေးရှိသည်။ မြို့အကျယ်အဝန်းကိုလိုက်၍ ဈေး တစ်ခု သို့မဟုတ် နှစ်ခု သုံးခု ရှိတတ်သည်။ ဈေးသည်များ သောအားဖြင့် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ပိုင်ဖြစ်၏။ ပုဂ္ဂလိက ပိုင်ဈေးများမှာ အနည်းအကျဉ်းမျှသာရှိပေသည်။ ဈေးခေါင်း ဈေးကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းကမ်း ဥပဒေများနှင့်အညီ အုပ်ချုပ်ရသည်။ ဈေးအုပ်ချုပ်ရေးအတွက် ဈေးခေါင်းတစ်ဦး ထားရှိရသည်။ ဈေးအတွင်း သန့်ရှင်းရေး၊ ဈေးဆိုင်များလုံခြုံရေး၊ ဈေးအတွင်းရှိ ဆိုင်များပေါ်တွင် အခွန် အခ များကောက်ခံရေး စသည်တို့ကို ဈေးခေါင်းကတာဝန်ယူ၍ ခန့်ခွဲစီမံရလေသည်။ ကုန်စည်ပြပွဲကြီးများ ယင်းသို့ရောင်းဝယ်သူတို့ လွယ်ကူစွာ ရောင်းဝယ်နိုင်မှု အတွက် အတည်တကျ သတ်မှတ်ကာရောင်းဝယ် လာကြသည့် ဈေးများဖြစ်ပေါ်လာပြီးနောက်၊ ကုန်သည်တို့က ဖန်တီးယူသော ဈေးများလည်း ပေါ်ပေါက်ခဲ့၏။ ထိုကုန်သည်တို့က ဖန်တီး သည့် ဈေးများမှာ ကုန်စည်ပြပွဲကြီးများပင် ဖြစ်သည်။ ယင်းသို့ ကုန်စည်ပြပွဲကြီးများကို ဖန်တီးခြင်းဖြင့် ကမ္ဘာ့အရပ်ရပ် ဒေသ အသီးသီးတို့မှ လူအများသည် ထိုပြပွဲတို့သို့လာရောက်ကြည့်လို စိတ်များပွားများလာခြင်း၊ လာရောက်ကြည့်သူများမှတစ်ဆင့် ကုန်ပစ္စည်းများကို ကြော်ငြာပြီးဖြစ်ခြင်းနှင့် ကုန်အရောင်းရ တွင်ကျယ်ခြင်း စသည့်အကျိုးသက်ရောက်မှုများရှိခဲ့လေသည်။ အထူးသဖြင့် ကုန်စည်ပြပွဲပြုလုပ်သောမြို့၏ ရောင်းဝယ်မှု တိုးတက်ခြင်းကား ယုံမှားဘွယ်မရှိချေ။ ၁၈၅၁ခုနှစ်၌ အင်္ဂလန် ပြည် လန်ဒန်မြို့ရှိ ဟိုက်ပတ်တွင် ကုန်စည်ပြပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။ ယင်းကုန်စည်ပြပွဲကို ဝိတိုရိယဘုရင်မကြီး၏ ကြင်ယာတော် အဲလဗတ်မင်းသားကြီး၏ အကြံပေးချက်အရ ကျင်းပခဲ့ခြင်းဖြစ်၏။ ထိုပြပွဲတွင် ကုန်ကြမ်းများ၊ စက်မှုပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ အနုပညာမြောက်သည့်ပစ္စည်းများ ဟူ၍ အပိုင်းကြီး ၄ ပိုင်းခွဲကာ ပြသထား၏။ ယင်းသို့ဖန်တီး လိုက်သော ဈေးသို့ ကမ္ဘာအရပ်ရပ်မှ လာရောက်ကြည့်ရှုကြလေ သည်။ ထိုသူတို့မှတစ်ဆင့် ကမ္ဘာသို့ကြော်ငြာပေးလိုက်သကဲ့သို့ ဖြစ်ပေသည်။ ထိုပြပွဲ အကျိုးကျေးဇူးကြောင့် ၁၈၅ဝ ပြည့်နှစ် တွင် ပေါင် ရ၁ သန်း၊ ၁၈၅၃ ခုနှစ်တွင် ပေါင် ၉၉ သန်း အထိ တိုးတက်လာခဲ့လေသည်။ ဗြိတိန်နိုင်ငံ၏ ကုန်စည်ပြပွဲ အောင်မြင်အကျိုးများမှုကို သိရှိလာကြသော နိုင်ငံအသီးသီးတို့ကလည်း ထိုပြပွဲများကို ပြုလုပ်ရန် စိတ်ထက်သန်လာကြလေသည်။ ထိုကြောင့်ပင်လျှင် ဗြိတိန်နိုင်ငံ၌ ၁၈၅၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော ပြပွဲကြီးမှာ ယခုခေတ်ကုန်စည်ပြပွဲကြီးများ ပေါ်ပေါက်လာရာတွင် တစ်ခု သောအဆင့်ဖြစ်သည် ဟုဆိုရပေမည်။ ကုန်စည်ပြပွဲကို ဒုတိယ ဖန်တီးသောနိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်၏။ ၁၈၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ ပြပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့လေသည်။ ထိုကုန်စည်ပြပွဲများ၏ အောင်မြင်မှုကြောင့် နောင်အခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုန်စည်ပြပွဲများကိုကျင်းပကာ၊ မိမိတို့ တိုင်းပြည်ထွက်ကုန်ပစ္စည်းများကို အရောင်းရတွင်ကျယ်စေရန် ပါဝင်ပြသလာကြလေသည်။ အရှေ့တိုင်းပြည်များတွင် ထိုကုန် စည်ပြပွဲများကို ဘာသာရေးပွဲတော်အချိန်များ၌ ကျင်းပလေ့ရှိကြ သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ကိုးကား Category:ဈေးတန်းများ
ဟာသ
ဟာသ သားမိုက် ဟိုးတုန်းက အိမ်တစ်အိမ်မှာ သားအမိ နှစ်ယောက် နေကြတယ်။ တစ်နေ့တော့ သားက အမေဖြစ်သူကို "အမေ့လက်စွပ်သားကိုပေး" ဆိုပြီးတောင်းပါလေရော။ အမေကလည်းဘယ်ပေးမလဲ။ အဲ့လိုနဲ့နှစ်ယောက်သားငြင်းကြရော။ အဲ့မှာသားက စိတ်မရှည်တော့ အမေရဲ့လက်သန်းက​ြွယ်ကို ဖြတ်ယူသွားလေရော။ နောက်တော့သားကလက်စွပ်ကို ရောင်းပြီး ချမ်းသာသွားတယ်။ တစ်နှစ်လောက်ကြာတော့ သားရဲ့အိမ်တံခါးကို အဖွားကြီးတစ်ယောက်လာခေါက်တယ်လေ "ဒေါက်ဒေါက်" "ဘယ်သူပါလဲ" "ရေပေးပါ" လို့လက်ဝါးဖြန်ပြီးတောင်းလိုက်တယ်။ အဲ့ဒီလက်ဝါးတစ်ဖက်မှာ လက်သန်းကြွယ်မရှိဘူး။ သားကဘာဖြစ်တာလဲလို့မေးတော့ အဖြတ်ခံရတာတဲ့။ သားက "ဒါနဲ့ဘယ်သူဖြတ်တာလဲ"။ အဖွားကြီးက "…မင်း" မှတ်ချက်။ ။ ဒီဇာတ်လမ်းကိုပြောတဲ့သူက တစ်ဖက်သားကိုစိတ်ဝင်စားအောင်ပြောရတယ်။ နောက်ဆုံး"…မင်း" ကိုလန့်အောင် ကျယ်ကျယ်လေးပြောရတယ်။
ကချင်လူမျိုး
ကချင်လူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ တရားဝင်အသိအမှတ်ပြု တိုင်းရင်းသားတွင်တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတောင်တန်းဒေသများ၊အဓိကအားဖြင့် ကချင်ပြည်နယ်အတွင်း တွင်အခြေချနေထိုင်သော တိဗက်-ဗမာအုပ်စု ဝင်လူမျိုးများဖြစ်သည်။ |ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ ကချင် တိုင်းရင်းသားအုပ်စုများ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်နှင့် အိန္ဒိယအနောက်မြောက်ပိုင်းတန်းများတွင် နေထိုင်ကြသော တိဗက်-ဗမာ(Tibeto-Burman) လူမျိုးများဖြစ်ကြသည်။ Jingpho (ဂျိန်းဖော့) ဂျိန်းဖော့ ဘာသာစကားသည် တရုတ်-တိဗက်ဘာသာစကား၏ တိဗက်-ဗမာအုပ်စုတွင်ပါဝင်သော jingpoic အုပ်စုအတွင်းမှ မူလအဖွဲ့ဖြစ်သည်။ မျိုးရိုးဗီဇ အရ ဂျိန်းဖော့များတွင် အာရှမြောက်ပိုင်းမှ မူလထွက် Sino-Tibetan-related Tibeto-Burman တိုင်းရင်းသားများနှင့် ဆက်စပ်မှုရှိပြီး Haplogroups O2a2b1a1 (M117), D1a1a, C2b တို့ဖြစ်သည်။ Zaiwa (ဇိုင်ဝါး) ဇိုင်ဝါးဘာသာစကား သည် Jingpoic အုပ်စုအတွင်းပါဝင်ပြီး ဂျိန်းဖောဘာသာစကားနှင့် နီးစပ်ဆုံးဘာသာဖြစ်သည်။ တချို့နေရာများတွင် Atsi နှင့်အတူ သုံးကြသည်။မျိုးရိုးဗီဇအရ ဂျိန်းဖော့နှင့် အတူတူသော Haplogroup များ (O2a2b, D1a1a) ပါဝင်သော်လည်း တရုတ်နိုင်ငံအနီးတွင် ဟန်တရုတ်ရောနှောမှု အနည်းငယ်ရှိသည်။ဇိုင်ဝါးဘာသာစကားသည်မူရင်း Jingpoic ဖြစ်သော်လည်း ဗမာဘာသာစကားနှင့် ဆက်သွယ်မှုအများအပြားရှိသည်။ Lachik (လာချိဒ်) လာချိဒ် ဘာသာစကားသည် ဂျိန်းဖောဘာသာစကား ၏ ဒေသိယစကားသံ တစ်ခုဖြစ်ပြီး ဇိုင်ဝါး နှင့် ဂျိန်းဖော့ နှစ်မျိုးလုံးနဲ့ နီးစပ်။ မျိုးရိုးဗီဇ တွင်ဂျိန်းဖော့နှင့် တူညီသော်လည်း ပြည်မဗမာလူမျိုးကဲ့သို့သော လိုလို-ဗမာအုပ်စုများနှင့် ရောနှောမှု ပိုများသည်။ Lisu (လီဆူ) လီဆူဘာသာစကားသည် တရုတ်-တိဗက်ဘာသာစကား၏ တိဗက်-ဗမာအုပ်စုမှ လိုလို-ဗမာကိုင်းခွဲတွင်ပါဝင်သော လိုလိုနွယ်ဘာသာစကားထဲတွင်ပါဝင်သည်။ မျိုးရိုးဗီဇ တွင် Haplogroup D1a1a, O2a2b1a တွေ့ပြီး ဂျိန်းဖော့ထက် လိုလို-ဗမာအုပ်စုဝင်များနှင့် ဆက်စပ်မှု ပိုရှိသည်။ Rawang (ရဝမ်) ရဝမ်ဘာသာစကားသည် တရုတ်-တိဗက်မိသားစု၏ တိဗက်-ဗမာအုပ်စုမှ နုံဘာသာစကားအုပ်စုတွင်ပါဝင်သည်။မျိုးရိုးဗီဇတွင် Haplogroups D1a1a1, O2a2b1a အများအပြားတွေ့ရပြီး တိဗက်နဲ့ မြန်မာမြောက်ပိုင်းတွင်ရှိသူများနဲ့ဆက်နွယ်နေသည်။ ဂျိန်းဖောနှင့် မဆက်သွယ်ဘဲ (နုံ)Nungish ဖြစ်သော်လည်း ကချင်အုပ်စုဝင်တိုင်းရင်းသားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Maru (မရူ) ခေတ်ဟောင်းဘာသာစကားတွင် လိုလို-ဗမာအုပ်စုများနှင့်တူညီသော်လည်း ဂျိန်းဖော့ဘာသာစကား၏ လွှမ်းမိုးမှုဖြင့် လော်ဝေါ် ဘာသာစကား သည်Jingpoic → Atsi-Maruphonic group အဖြစ်ထည့်သွင်းထားသည်။လော်ဝေါ်လူမျိုးများတွင် O1b1a ကဲ့သို့ဗမာဆန်သော မျိုးရိုးလိုင်းလည်းတွေ့ရသည်။ van Driem, George (2001). Languages of the Himalayas. Brill Academic Publishers. Li, Ying (2015). Genetic Structure of Tibeto-Burman Populations in Southwest China. Human Genetics. Ethnologue (2023). Language Family Trees – Sino-Tibetan. ကချင် အုပ်စုကွဲများ "ဂျင်းဖော (ဂျိန်းဖော/ဂျိန်းဖော့/ဂျိမ်းဖော)" ဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို "ခနာမ်(Hkap Nam)" ဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကြသည်။ ခခူး ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပာယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ဝချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ မရစ် လထော် လဖိုင် အင်ခွမ် နှင့် မရန် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၎င်းတို့ လူမျိုးစုထဲတွင် ဝါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ဝချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။ ကချင်တို့၏ မူလဇစ်မြစ် ကချင်လူမျိုးတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ရာဘွန်( Majoi Shingra Bum) ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ် အကြားရှိ ကုန်းမြင့်ဒေသဖြစ်မည်ဟု သုတေသနများတွင် ယူဆကြသည်။ နောင်တွင် မြန်မာနိုင်ငံမြောက်ပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာပြီး ယနေ့ကချင်ပြည်နယ်အတွင်း ရွေ့ပြောင်းအခြေချနေထိုင်လာခဲ့ကြသည်ဟု ယူဆရသည်။ ရွှေ့ပြောင်းနေထိုင်လာပုံ ကချင်မျိုးနွယ်တို့သည် တိဗက်-ဗမာ အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာ(ဗမာ)အများစုကဲ့သို့ အရှေ့ဘက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဘက် စစ်ကိုင်းတိုင်း အနောက်ဘက် ဒေသများမှ ဝင်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဘက်စူစူးမှ ဝင်ရောက်လာသည်ဟုဆိုကြသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများ ဆိုသလိုကွဲပြားခဲ့ကြရသည်။ ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင်သာသည့်အလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ်၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။ အမည် ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျိန်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ဂျင်ဖော့ဆူ ” ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ “ ဂျိန်းဖော့လူမျိုး” ဟု ရရှိသည်။ တောင်ထိပ်သား ဟု အဓိပ္ပာယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။သို့သော် မြန်မာဘုရင် အမရပူရ ပထမနန်းတည်မင်းလက်ထက် အိမ်ရှေ့မင်းကြီးကျောက်စာတွင် ပြည်မြန်မာ ရှိ တိုင်းငယ် ပြည်ငယ်တို့ကို မှတ်တမ်းတင်ခဲ့ရာ ယနေ့ ကချင်ပြည် ကို "ကိခိရဌတိုင်း" ဟုခေါ်ဆိုခဲ့ပြီး ကချင်လူမျိူးတို့ကို လည်း "သိန်းပေါ" "Theinbaw" ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ စစ်သူကြီး မဟာဗန္ဓုလ အာသံသို့ စစ်ချီတက်သော အခါ မိုးကောင်းအထက်မှ ‌‌‌တောင်စား စော်ဘွား ဒူဝါကြီးများကို ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူ က ဦဆောင်းပြီး အာသံဘုရင် ကို နှိမ်နင်းရာ၍ ပါဝင်ခဲ့သည်။ ဟူးကောင်းပြည် အပိုင်စား ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူမှာ မြန်မာသမိုင်းတွင် ‌ဖော်ပြခံရသော ဗိုလ်နေမျိုးသိန်းပရာဇာဖြစ်သည်။ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလန်(salang) ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလန် ကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူဝါဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလန် နှင့် ဒူဝါတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူဝါ တို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ခရစ်ယာန် သာသနာပြု ဆရာကြီး ဒေါက်တာအိုလာဟန်းဆန် ဆိုသူမှ ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို ရှမ်းစကားဖြင့်၎င်း တရုတ်စကားဖြင့်၎င်း‌ ခေါ်‌ကြသည်။ မနောပွဲ မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ မနောပွဲသည် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို နှစ်စဉ် ကချင်ပြည်နယ်တစ်ခုလုံးကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီးတို့သည် သံစဉ်အလိုက် စီးမျေားလှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။ အဆိုအကနှင့် တူရိယာများ ကချင်လူမျိုးများသည် ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွေးအကဟုလည်း ခေါ်ဆိုနိုင်ပေသည်။ ပြည်အက။ ၁၃၇။)၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့်အခါတွင်၎င်း၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့်မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီးတစ်ခုမှာ မနောပွဲ(Manau)ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း(Bau)၊ လင်းကွင်း(Shuksheng)၊ ဗုံရှည်(Htawng)နှင့် ပလွေ[ထူရန်(Htu Ren),ပေါင်(Pau),ဒွန်ဘာ(Dumba),ပီးလန်(Pilang)တို့ကို တီးမှုတ်လေ့ရှိသည်။ ကချင်အမျိုးသားတို့၏ ယဉ်ကျေးမှုတွင် ကချင်ဓါးနှင့်မောင်းသည် အလွန်အရေးပါသော အိမ်ထောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ကချင်မနောပွဲတွင် မောင်းသည် ကချင်အမျိုးသားတို့၏ ခြေလှမ်းညီအောင် စိတ်ထားတူအောင် ညီညွတ်ရေး စည်းကမ်းသင်ကြားပေးသကဲ့သို့ ကချင်အမျိုးသမီး၊ အမျိုးသားတို့ ထိမ်းမြားမင်္ဂလာ လက်ထပ်ရာတွင်လည်း မောင်းသည် လက်ဆောင်လက်ဖွဲ့ကောင်း တစ်ခုအဖြစ် ပါဝင်သည်။ မင်းသုဝဏ် ရေး နှင်းတောင်ပေါ်က ယဉ်ကျေးမှု ဆောင်းပါး၊ ဒို့ကျောင်းသား၊ အတွဲ-၄၊ အမှတ်-၆ (ဇွန် ၁၉၆၈) ဘာသာအယူဝါဒနှင့် စာပေ ဘာသာ ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည့်တိုင် မနောတိုင်မှာ ထင်ရှားသည့် ရိုးရာအမှတ်အသားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ အယူဝါဒ ကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓား၊ လှံ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။ စာပေ ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် လက်တင်အက္ခရာများ(Latin Alphabets)အသုံးပြုပြီး တီထွင်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။(Latin-based script)လက်တင်စာအခြေခံသော စာပေအမျိုးအစားဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။ မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုလာဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။ ထင်ရှားသော ကချင်လူမျိုးများ ဆရာကြီး‌ မရန်ရော်ဘင် - အင်္ဂလိပ်ခေတ်ပညာဝန်၊ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။ ပန်မူဒူဝါ လဖိုင်ဇော်တူး - အဂ်လိပ်ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။ ဆမားဒူးဝါး ဆင်ဝါးနောင် - သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်ခေါင်းဆောင်ကြီး/ဝန်ကြီး။ ဦးဒိန်ရတန် - သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်ခေါင်းဆောင်ကြီး။ ဖော်ယူးခါး - ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)ရ မြန်မာ့တပ်မတော်အရာရှိ၊ကချင်ပြည်နယ်ဥက္ကဋ္ဌ‌။ Brigadier Lazum Tang Ji - ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့်အတူ ပါဝင်တိုက်ပွဲတင်ခဲ့သည့် ကချင်စစ်သည်။ Howa Duwa ဦးခွန်ဖုန်း - ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူ၊ Kachin Substate လူထုခေါင်းဆောင်။ ဗိုလ်မှူးကြီးခွန်နောင် - မေမြို့စစ်တက္ကသိုလ်ကျောင်းအုပ်ဟောင်း၊ နိုင်ငံ့ဂုဏ်ရည်၊နိုင်ငံတော်ကောင်စီဝင်။ ဗိုလ်မှူးချုပ်အယ်လ်ကွန်ဖန် - မြောက်ပိုင်းတိုင်းစစ်တိုင်းမှူး။ မိတုန်နော် - မာရသွန် အရှေ့တောင်အာရှချန်ပီယံ ရှင်ဗွေဂမ် - မာရသွန် အရှေ့တောင်အာရှ ချန်ပီယံ အားဖူ - မာရသွန် မြန်မာ ချန်ပီယံ ကော့ဂျာ - ကမ္ဘာ့အိုလံပစ် အမျိုးသမီးဘောလုံးဒိုင်လူကြီး အောင်လအန်ဆန်း - MMAမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဦးတီခွန်မြတ် - ပြည်ထောင်စုလွှတ်တော် နာယက ဒေးဗစ်ထန်း - မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကွတ်ခိုင်ကျော်မောင် - စတူဒီယိုအဆိုတော် ဗိုလ်ချုပ်ကြီး အင်ဘန်လ -‌ KIA/KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော် - KIA ဒုတိယစစ်ဦးစီးချုပ် Lခွန်းရီ - အမျိုးသမီးစတူဒီယိုအဆိုတော် Lဆိုင်းဇီ - အမျိုးသမီးအဆိုတော် Lလွန်းဝါ - အမျိုးသားအဆိုတော် ကေဂျာနူး - အမျိုးသမီးအဆိုတော် ဂရေ့စ် ဒမ်ဒေါ - Hollywood Actress, Model and Singer JZဒေါင်လွဏ်း - စွယ်စုံရအနုပညာရှင် မရန်ဆိုင်းနော် - အ‌ဆိုတော် ၊ M entertainment ပဲ့ကိုင်ရှင် Z‌အဘောက် - သရုပ်ဆောင် မေစံပယ်ဖြူ - အမျိုးသမီးအ‌ရေး တက်ကြွလှုပ်ရှားသူ ရေဗက္ကာဝင်း - အမျိုးသမီးအဆိုတော် နောနော် - အမျိုးသားအဆိုတော် မွန်းအောင် - အမျိုးသားအဆိုတော် (Dennis) လဖိုင်ဆိုင်းရော် - The founder of Myanmar's largest civil society group , Metta Development Foundation Founder. She was awarded a Ramon Magsaysay Award . အက်စတာဇေနော - ကချင်လူမျိုး လူနည်းစုအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူနှင့် လူငယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းသူ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁) အပိုင်း (က) ကိုးကား Category:မြန်မာနိုင်ငံလူမျိုးများ
ကယားလူမျိုး
right|ကယန်းအမျိုးသား၊ အမျိုးသမီးနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံ ကယားလူမျိုးတို့သည် လူနှင့်ငှက်အမျိုးအနွယ်ဖြစ်သော ကိန္နရီ ကိန္နရာ တို့မှဆင်းသက်ပေါက်ပွားလာ သောလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရီ၊ ကိန္နရာတို့ပျော်မြူးရာဒေသဖြစ်သည့် ငွေတောင်ပြည်သို့ ရောက်ရှိရန်ဆုတောင်းခဲ့ကြသည်။ ကယားလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော ကယားပြည်နယ်၌အများဆုံးနေထိုင် ကြသူများဖြစ်ပေသည်။ ကယားလူမျိုးတို့ကို ပြည်နယ်၏ အရှေ့ပိုင်း လွိုင်ကော်မြို့ အရှေ့တောင်ဘက်ဒေသ ကန္တာရဝတီနယ်သံလွင်မြစ်ကမ်းနှစ်ဖက်တို့၌ အများဆုံး တွေ့ရသည်။ ၁၉၃၁ခုနှစ်သန်းခေါင်စာရင်း ကောက်ယူချက်အရ ကယားလူမျိုး (၃၁၅၀၀) ကျော်မျှရှိသည်ဟုသိရသည်။ ပြောဆိုသော စကားများ၏ နီးစပ်မှုကိုထောက်၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာစုဝင် ကရင်စုခွဲ၌ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်ဟု ဘာသန္တရပါရဂူတို့ကဆုံးဖြတ်ခဲ့ကြသည်။ ကယားပြည်နယ်ယဉ်ကျေးမှုပြတိုက်အတွင်းမှ တိုင်းရင်းသားလူမျိုးစု ဝတ်စားဆင်ယင်မှုများ ကယားနှင့် ကရင်နီ အခေါ်အဝေါ် ဝတ်ဆင်သော အဝတ်အထည်တို့၏ နီသော အရောင်အသွေးကို လိုက်၍ မြန်မာတို့က ကယားလူမျိုးတို့ကို ရှေးအခါက ကရင်နီဟု ခေါ်ဝေါ်ကြသည်။ အသားရောင်နီမြန်းခြင်းကြောင့် ကရင်နီဟု ခေါ်ဆိုခြင်းမဟုတ်ပါ။ ကယားလူမျိုးတို့ကမူ သူတို့ကိုယ်သူတို့ "ကယား" သို့မဟုတ် "ကယားလိ"ဟု ခေါ်ဝေါ်ကြသည်။ ကယားဟူသော အဓိပ္ပာယ်မှာ ကယားဘာသာစကားအရ "လူ"ဟု အဓိပါယ်ရ၍ ကယားလိဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ "လူနီ"ဟု အဓိပ္ပာယ်ရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇) နှစ်တွင် ကရင်ပြည်နယ် ဖွဲ့စည်းသောအခါ၌ ကရင်နီနယ်ကိုပါ ထည့်သွင်းရန် ရည်မှန်းချက်ရှိခဲ့သည္။၁၉၅၁ခုနှစ် အတွင်းက အမည်ပြောင်းလဲရေးနှင့် ကယားပြည်နယ် သီးသန့်တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေပြုလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လိုအပ်သော ပုဒ်မများကို ပြင်ဆင်ခွင့်ရရှိခဲ့သည်။ | ရန်ကုန်တိုင်းရင်းသားကျေးရွာတွင် တွေ့ရသော ကယားလူမျိုးစု ရုပ်တုများ ဝတ်စားဆင်ယင်ပုံ Karenni(Kayah) and Kayan Studies: ကကရင္နီ (ကယား) စုံတြဲ ကယားလူမျိုးများသည် အရပ်အမောင်း (5)ပေကျော်ခန့်ရှိပြီး မျက်လုံးမျက်ခုံ ကောင်း၍ ရိုးမြင့်သည့်နှာတံ အနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်အသားညိုသည် ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံပေါ်သည် ယောက်ျားများက ဆံထုံးထုံးကြ၍ အဖြူရောင် ခေါင်းပေါင်းကို ပေါင်းသည်။ အနီရောင်ဘောင်းဘီ နှင့်အင်္ကျီ ရင်ကွဲကိုဝတ်ကြသည်။ အမျိုးသမီးများက လည်း ဆံထုံးထုံး၍ အနီရောင်ပုဝါကိုပေါင်းသည်။ အနီ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီ များကိုဝတ်ဆင်၍အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည်လွှမ်းခြုံထားလေ့ရှိသည်။ (5)ပေခန့်ရှည်သည့် အဖြူရောင်ခေါင်းခါးစည်း ကိုလည်း စဉ်းစားကြလေ့ရှိသည် အနက်ရောင် သင်တိုင်းကိုဝတ်၍ ခြေသလုံးတွင်သစ်ဆေးသုတ်သောကြိုးခွေများ ပတ်လေ့ရှိသည်။ ငွေနားဆွဲ၊ နားတောင်းများကို ဆွဲကြသည်။ ငွေလက်ကောက်အလုံးများကိုဝတ်ဆင်ကြသည်။ ငွေဆံထိုး များကိုထိုးပြီး ခြေကျင်းဝတ်တွင် ပုတီစေ့များကိုစီတန်း၍ ဆွဲလေ့ရှိသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကယားတို့သည် ရိုးရာနတ်နှင့်ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ တံခွန်တိုင်နတ်ကွန်းသည်အဓိကဖြစ်သည်။ ရာသီပွဲများနေဖြင့် ကောက်ညှင်းထုပ်ပွဲ၊ ကေထိုးဘိုး (ခေါ် ) တံခွန်တိုင်ပွဲ၊ စပါးပုတ်ပွဲ၊ အိမ်တက်မင်္ဂလာပွဲ နှင့် တောလိုက်ပွဲများရှိကြသည်။ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ ပုလွေ၊ ဖားစည် စသည့်တူရိယာများကိုသုံးပြီး တံခွန်တိုင်အက၊ အိမ်တက်မင်္ဂလာအက၊ ဒီကူးအက၊ ဝါးညှပ်အက ဆွမ်းယင်အကနှင့် နိုင်ငံအကများ ကိုကလေ့ရှိကြသည်။ ကွယ်လွန်သူ၏ဦးခေါင်းကိုလည်း ငွေတောင်ပြည်ဘက်သို့ ဦးလှည့်၍ ထားတတ်ကြသည်။ ကယား ပြည်နယ်၏ထူးခြားသော အထိမ်းအမှတ်ပစ္စည်းဖြစ်သည့် ဖားစည် (ခေါ်) ကြေးနက်စည်ကြီးကိုလည်း ငွေတောင်ပြည်၌သွန်းလုပ်ခဲ့သည် ဟုဆိုသည်။ ကယားတို့သည် ရှေးယခင်က မြန်မာများနှင့်အတူ စစ်ရေးစစ်ရာတွင်အတူလက်တွဲ၍တိုက်ခိုက်ခဲ့ဖူးသည့် အထောက်အထားများကိုလည်းရှိပါသည်။ "ပျိုလေးတို့အိမ်မိုး ထိုးလာတဲ့ပေဖူးလွှာ၊ ဘာစာတဲ့ မေး။ မေးပါနဲ့အေ။ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလိုကရေ လွမ်းစာတဲ့လေ" ဟူသော ရှေးဟောင်းတွေ သားလေမှာစစ်သားဘဝ၏ချစ်ရေးချစ်ရာများကို လွမ်းစဖွယ်ကောင်းအောင် ဖော်ပြထားရုံမက ရှေးဟောင်းကာလကတည်းက ကယားလူမျိုးတို့သည် မြန်မာတို့နှင့် စစ်ရေးတွင်အတူလက်တွဲတိုက်ခိုက်ခဲ့ကြဖူးသည်ဆိုသော သာဓကကိုပါထင်ရှားစွာဖော်ပြထား ခြင်းဖြစ်သည်။ http://www.mwaf.org.mm/Developing%20Sector_mm/DevSector_mm/Details.asp?id=645 ရည်ညွှန်းကိုးကား Category:မြန်မာနိုင်ငံလူမျိုးများ Category:ကယားလူမျိုးစု
ကရင်လူမျိုး
ကရင်လူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားလူမျိုးများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီး တိဗက်-ဗမာအုပ်စုဝင်လူမျိုးများဖြစ်သည်။အဓိကအားဖြင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် နေထိုင်ကြပြီး ထိုင်းနိုင်ငံအနောက်ပိုင်း တောင်ပေါ်ဒေသများတွင်လည်းနေထိုင်ကြသည်။ကရင်မျိုးနွယ်စု (၇)မျိုးရှိသည်။ ကရင်လူမျိုး သမိုင်းကြောင်း ကရင်ဒဏ္ဍာရီအဆိုအရ "ထီးဆဲ့မဲ့ယွား (သို့) ထီဆေ့မေ့ယွား" ဒေသ၌ ကရင်လူမျိုးများ နေထိုင်ခဲ့ကြပြီး "သဲစီးသောချောင်း (သို့) ရေထိုးသဲစီး" ဟုအဓိပ္ပာယ်ရသည်။ ထိုကဲ့သို့ခေါ်ဆိုရခြင်းမှာ အလွန်ကျယ်ပြန့်သော သဲကန္တာရကြီးအား မြစ်ချောင်းများ ဖြတ်ကျော်စီးဆင်းရာတွင် ရေနှင့်သဲများ ရောပါစီးဆင်းသွားခြင်းကြောင့်ဖြစ်သည်။ ကရင်လူမျိုးအများစုသည် ဂိုဘီသဲကန္တာရကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ ထီးဆဲ့မဲ့ယွား ဒေသသို့သွားလျှင် ရှေးဦးစွာ "ထီးဆဲ့မဲ့ဘော" ဒေသသို့ရောက်ရှိမည်။ အဓိပ္ပာယ်မှာ "ရေထိုးသဲဝါ" ဟူ၍ဖြစ်ရာ တရုတ်နိုင်ငံ မြောက်ဘက်ရှိ မြစ်ဝါမြစ် တည်ရှိရာဒေသ ဖြစ်နိုင်သည်။ မြစ်ဝါမြစ်မှာ သဲနုန်းများသည် အဝါရောင်ရှိသောကြောင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။ကရင်၊ ကရင်လူမျိုးနှင့်ယင်းတို့၏ရိုးရာယဉ်ကျေးမှုဆိုင်ရာအချက်အလက်များတရုတ်-တိဗက်လူမျိုးများစတင်ရာဒေသလည်းဖြစ်နိုင်သည်။ တိဗက် – ဗမာနွယ်‌ဘာသာစကားပြော ကရင်လူမျိုးသည် ၃၀၀ - ၈၀၀ စီအီးတွင် မြန်မာနိုင်ငံ ရောက်ရှိလာကြသည်ဟု ဘာသာဗေဒပညာရှင် ဒေါက်တာလုစ်| နှင့် Lehman တို့က ခန့်မှန်းကြသည်။ ရှေးလင်္ကာဟောင်းများအရ "သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ" ဟုစပ်ဆိုထားသည်တွင် ကမ်းယံလူမျိုးသည် သံတွဲမှ တောင်စဉ် ၇ ခရိုင်တွင် နေထိုင်သောလူမျိုးဟု မှန်နန်းရာဇဝင်၌ဆိုကာ ရာဇဝင်ချုပ်ဆရာများကလည်း ပြည်မြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ နေထိုင်‌သောလူမျိုးဟုဆို၏။ ကရင်လူမျိုးသည် ကမ်းယံလူမျိုးမှ ပေါက်ဖွားလာသည်ဟု ယူဆနိုင်ပါသည်။မှန်နန်းရာဇဝင်ရာဇဝင်ချုပ်ဆရာများ ဗြိတိသျှ ဗြိတိသျှနှင့် အရှေ့အိန္ဒိယကုမ္ပဏီသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသကို သိမ်းပိုက်ခဲ့သည်။ ထိုဒေသသည် ကရင်လူမျိုးအများစု နေထိုင်သည့် ဒေသဖြစ်သည်။ ဗြိတိသျှသည် မြန်မာနိုင်ငံကို လက်‌အောက်ခံ ဗြိတိသျှဘားမားနိုင်ငံ အဖြစ်အုပ်ချုပ်ခဲ့ကာ ဗြိတိသျှလက်အောက်တွင် သာသနာပြုလုပ်ငန်းများကြောင့် ကရင်လူမျိုးသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလာခဲ့ပြီး ဗြိတိသျှအစိုးရ ဝန်ထမ်းများ လုပ်ကိုင်ကြသူများရှိ၏။ ဒုတိယကမ္ဘာစစ်တွင် ကရင်လူမျိုးများသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။https://my.m.wikipedia.org/wiki/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A_%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2 မြန်မာနိုင်ငံ ကရင်လူမျိုးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့သူများလည်း ဖြစ်ပြီး ထင်ရှားသော ပုဂ္ဂိုလ်များမှာ မန်းဘခိုင်၊ မန်းဝင်းမောင်တို့ ဖြစ်သည်။ ကရင်နိုင်ငံတော် လွတ်လပ်ရေးလှုပ်ရှားသူများ လည်းရှိပြီး ထင်ရှားသော ပုဂ္ဂိုလ်မှာ စောဘဦးကြီး ဖြစ်သည်။ စောဘဦးကြီးသည် ကရင် အမျိုးသား အစည်းအရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့တို့ကို တည်ထောင်ပြီး မြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ယခုအခါ ကိုယ်ပိုင်အုပ်ချုပ်နိုင်ရေးနှင် ဖက်ဒရယ်မူရရှိရေးအတွက် တိုင်ပွဲဝင်နေဆဲဖြစ်သည်။ ကပ္ပလီကျွန်း(အက်ဒမန်)ရှိကရင်လူမျိုး အိန္ဒိယပိုင်နက် ကပ္ပလီကျွန်း(အက်ဒမန်)တွင် ကရင်လူဦးရေ ၂,၅၀၀ ဦးရှိသည်။ မြန်မာ့ပင်လယ်ပိုင်နက် ကိုကိုးကျွန်းစုများအနီးရှိ ကရင်လူမျိုးအများစုမှာ အိန္ဒိယပိုင်နက် ကပ္ပလီကျွန်း(အက်ဒမန်ကျွန်း)နှင့် နီကိုဘာကျွန်းစုများ၏ ပြည်ထောင်စုပိုင်နက်အတွင်း မြောက်ပိုင်း ကပ္ပလီ ကျွန်းများ၏ မာယာဘွန်ဒါ တယ်ဆီးလ် တွင် ကန့်သတ်ထားသည်။ ၎င်းတို့အားလုံးနီးပါးသည် နှစ်ခြင်းပရိုတက်စတင့်ခရစ်ယာန်များဖြစ်သည်။ ၎င်းတို့သည် အသိုင်းအဝိုင်းအတွင်း ဆက်သွယ်ပြောဆိုရန်အတွက် ၎င်းတို့၏ဘာသာစကားကို ထိန်းသိမ်းထားသော်လည်း ကရင်မဟုတ်သော အိမ်နီးချင်းများနှင့် ဆက်သွယ်ရန်အတွက် ဒုတိယဘာသာစကားအဖြစ် ဟိန္ဒီဘာသာစကားကို အသုံးပြုကြသည်။ ဘာသာရေး ကရင်လူမျိုးအများစုသည် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ကရင်ရိုးရာကိုးကွယ်မှုကို ယုံကြည်သူများ၏။ ပိုးကရင်သည် ထေရဝါဒ ဗုဒ္ဓဘာသာကိုသာ ယုံကြည်သူများပြီး စကောကရင်သည် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ကရင်ရိုးရာကိုးကွယ်မှုတို့ကိုပါ ယုံကြည်ကြသူများသည်။ ၁၅-၃၀ ရာခိုင်နှုန်း‌သော ကရင်လူမျိုးတို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်းရှိပြီး မွတ်စလင်ဟု ခံယူကြသည်။ အများစုမှာ အိန္ဒိယလူမျိုးရောကြသည်။https://mnkaren.org/history-culture/karen-culture/religion/ မျိုးရိုးဗီဇ ကရင်လူမျိုးများသည် ဘာသာစကားအရ တရုတ်–တိဘက်ဘာသာမိသားစု၏ ကရင်နွယ်ဘာသာစကား အုပ်စုတွင် ပါဝင်သော်လည်း မျိုးရိုးဗီဇအားဖြင့် တိုင်းရင်းသားနွယ်စပ်မှုကွဲပြားမှုများ ရှိသည်။ Y-DNA လေ့လာမှုများအရ ကရင်အမျိုးသားများထဲတွင် Haplogroup O1b1a1a (O-M95) သည် အများစု (30–50% ခန့်) တွေ့ရပြီး၊ ဤနွယ်စပ်မှုသည် မွန်-ခမာလူမျိုးများ ကဲ့သို့ ဩစတြိုအေးရှားတစ် သမိုင်းဝင် မျိုးရိုးများနှင့် ဆက်နွယ်ကြောင်း ပြသသည်Li, Hui, et al. (2008). "Phylogeography of Y-chromosome haplogroup O3 in East Asia". Journal of Human Genetics. 53(2): 137–144.။ ထို့ကြောင့် ကရင်လူမျိုးများသည် ဗမာလူမျိုးများနှင့်နီးစပ်သော်လည်း ဗီဇအနက်တွင် တရုတ်-တိဘက်မိသားစုများထက် အရှေ့တောင်အာရှမျိုးရိုးဗီဇ ပိုမိုသယ်ဆောင်ထားကြသည်ဟု သုတေသနများတွင် ဖော်ပြထားသည်။ Haplogroup O2a (O-M324) သည် 15–25% ခန့် တွေ့ရပြီးတရုတ်တောင်ပိုင်းနှင့် တိဘက်ဒေသမှ တိုင်းရင်းသားများနှင့် သမိုင်းအဆက်အသွယ် ရှိကြောင်းကို ပြသသည်Karmin, M., et al. (2015). "A recent bottleneck of Y chromosome diversity coincides with a global change in culture". Genome Research. 25(4): 459–466.။အနည်းစုသောကရင်အုပ်စု တချို့တွင် Haplogroup D(တိဘက်နှင့် အရှေ့တောင်အာရှကျွန်းဆွယ်တောင်ပိုင်းတွင် တွေ့ရသည့် မူရင်းအာရှသမိုင်းဝင် မျိုးရိုး) ကိုလည်း တွေ့ရသည်He, Jun, et al. (2012). "Y Chromosome Evidence of Earliest Modern Human Settlement in East Asia and Multiple Origins of Tibetan and Japanese Populations". BMC Biology. 10: 82.။ Mitochondrial DNA (mtDNA) အရ ကရင်လူမျိုးများ၏ မိခင်မျိုးရိုးများတွင် Haplogroup B5a, F1a,M7b စသည်တို့ အများဆုံးဖြစ်ပြီး၊ ဤအမျိုးအစားများသည် တရုတ်တောင်ပိုင်း၊ မြန်မာနှင့် ထိုင်းဒေသခံ မိခင်မျိုးရိုးနှင့် နီးစပ်ကြောင်း ပြသသည်van Driem, G. (2020). The Tale of Genomic and Linguistic Co-Evolution in Mainland Southeast Asia. Brill.။ ကရင် မျိုးရိုးဗီဇသည် သမိုင်းတလျောက် ဧရာဝတီမြစ်ချိုင့်ဝှမ်း နှင့် သံလွင်မြစ် လမ်းကြောင်းများအဖြစ် အရှေ့တောင်အာရှဒေသအတွင်း လူမျိုးဆက်သွယ်မှုများနှင့် ထိတွေ့မှုများကြောင့် မျိုးရိုးဗီဇပေါင်းစည်းမှုရှိလာခဲ့သည်။ လူမျိုးစုများ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော ကရင်လူမျိုး (၁၁) မျိုးရှိသည်။ ၁။ ကရင်လူမျိုး ၂။ စကောကရင်လူမျိုး ၃။ ပိုးကရင်လူမျိုး ၄။ ပလေကီးလူမျိုး (ပလေချီး) ၅။ ဘွဲလူမျိုး ၆။ တလှေပွာလူမျိုး (တလှေပွား) ၇။ မောနေပွားလူမျိုး ၈။ မိုးပွလူမျိုး (မိုးပွား) ၉။ ပကူးလူမျိုး ၁၀။ကရင်ဖြူလူမျိုး (ဂေဘားကရင်) ၁၁။မွန်ကရင်လူမျိုး (စာဖြူ) ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂ စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ ကရင်မျိုးနွယ်စုတွင် အဓိကမျိုးနွယ်စုဖြစ်သော ပိုးကရင် (အရှေ့ပိုး နှင့် အနောက်ပိုးကရင်) နှင့် စကောကရင်သာမက ပကူးကရင်၊ ဘွဲကရင်၊ ဂေခိုကရင်၊ ဂေဘားကရင်၊ မောနေပွားကရင်၊ ကရင်ဖြူ၊ ထူးကလိဘောင်ကရင်၊ တလှေပွာကရင်၊ ပလေကီးကရင် စသည့်မျိုးနွယ်စုများသည်လည်း ကရင်လူမျိုးစုအုပ်စုဝင်ထဲတွင်ပါဝင်သည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် "စော" တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် "နော်" တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးအနက် အရှေ့ပိုးကရင်များ၏ အမည်ရှေ့တွင် အမျိုးသားဆိုပါက "စော" ထည့်၍ အမျိုးသမီး အမည်ရှေ့တွင် "နန်း" တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ အနောက်ပိုးကရင်များ၏ အမည်ရှေ့တွင်မူ အသက်အလိုက် အမျိုးသားဆိုပါက "စ" နှင့် "မန်း" ထည့်၍ ခေါ်ပြီး အမျိုးသမီး အမည်ရှေ့တွင် "နန့်" တပ်၍ ခေါ်‌လေ့ရှိကြသည်။ ယဉ်ကျေးမှု ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ "ဒေါကလု" ခေါ် ကရင်အမျိုးသားအစည်းအရုံး (Karen National Assoiation)သည် မြန်မာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကစ၍ ဒေါက်တာတီသံပြာ၊ ဦးလူနီ(ဆစ်ဒနီလူနီ၏ဖခင်)၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။ ဒေါက်တာတီသံပြာ (M.A.D.D.) သည် "ဒေါကလု"၏ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်၍ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာသွားသည်အထိ နောက်ဆုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်၏။ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများသည် ကရင်အမျိုးသားနေ့ကို တင်သွင်းတောင်းဆိုရာ အင်္ဂလိပ်အစိုးရက လက်ခံခွင့်ပြုခြင်းမရှိဘဲ အဆိုပါနေ့အစား အခြားနေ့တစ်နေ့ကို ဆက်လက်ထပ်မံတင်သွင်းပါရန် ပြန်လည်အဆိုပြုခဲ့သည်။ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများက သမိုင်းဝင်နေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြရာတွင် "ကရင်နှစ်သစ်ကူးနေ့"ကို တောင်းဆိုတင်သွင်းရန် သဘောတူညီခဲ့ကြသည်။ ထိုအချိန်၌ ကရင်အမျိုးသားတို့သည် နှစ်သစ်ကူးနှင့်ပတ်သက်၍ ကျင်းပခဲ့ကြသောနေ့၊ ရက်၊ လများသည် ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ တောင်ပေါ်ဒေသတွင် နေထိုင်သော ကရင်အမျိုးသားအချို့သည် တောင်ယာလုပ်ငန်း ပြီးဆုံးလျှင် ရိုးရာအရိုးကောက်ပွဲများ ကျင်းပပြုလုပ်ကြ၏။ ၎င်းနောက်တွင် ဆက်လက်၍ နှစ်သစ်ကူးပွဲကို ကျင်းပကြသည်။ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးတို့မှာ မြန်မာဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် သင်္ကြန်ကျပြီးနောက် နှစ်ဆန်းတစ်ရက်နေ့ကို နှစ်သစ်ကူးအဖြစ်လည်းကောင်း၊ လဲကယ်ဘာသာဝင် ကရင်တို့မှာမူ သီတင်းကျွတ်လအတွင်း စနေနေ့ တစ်ရက်ရက်တွင်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင် ကရင်များက ကမ္ဘာ့နှစ်ဆန်းတစ်ရက်ဖြစ်သော ဇန်နဝါရီလ တစ်ရက်နေ့တွင်လည်းကောင်း၊ မေတ္တာဗြဟ္မစိုရ်အသင်းဝင်ကရင်များနှင့် ယိုးဒယားနိုင်ငံရှိ အချို့သောကရင်များသည် နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်း တစ်ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် နေထိုင်ကြသော ကရင်များနှင့် ယိုးဒယားနိုင်ငံဘက်မှ နေထိုင်သော ကရင်အချို့တို့သည်လည်း ပြာသိုလဆန်း တစ်ရက်နေ့တွင်လည်းကောင်း နှစ်သစ်ကူးပွဲတော်ကို အသီးသီးကျင်းပကြသည်။ ထို့ကြောင့်ပင် သမိုင်းဝင်နေ့တစ်နေ့ရရှိရန် ကရင်နှစ်သစ်ကူးနေ့အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင်တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် ၁၅ ဦး၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်းသည် နေ့ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရ၏။ ထိုအခါ စောဂျွန်ဆင်ဒီဖိုးမင်းသည် တောင်ငူမြို့ရှိ ကရင်သက်ကြီး ဝါရင့်သူအချို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီး သရာမိုးလိုအား ဆက်လက်တာဝန် လွှဲအပ်ခဲ့ကြသည်။ သရာမိုးလိုသည် ကရင်အမျိုးသားတို့၏ ခုနှစ် သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့သည် မည်သည့်နေ့၊ လတွင် ဖြစ်ကြောင်းဟူသော အချက်နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသန လုပ်ခဲ့ပြီးနောက် ပြန်လည်တင်ပြခဲ့သည်။ အရှေ့တိုင်းသမိုင်းသုတေသီကြီးနှစ်ဦးဖြစ်သော ဂျီ၊အိပ်ခ်ျ၊လုစ်(G.H.Luce)နှင့် ဂျီ၊အီး၊ဟာဗီ(G.E.Harvey)တို့၏ မှတ်တမ်းပြုချက်များအရ လည်းကောင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျားရေးသားသော မြန်မာရာဇဝင်အရ လည်းကောင်း၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်ရောက်လာခဲ့ကြသည်မှာ ဘီစီ ၇၃၉ ခုနှစ်ကဖြစ်ကြောင်း သိရှိရပေသည်။ သို့ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည့် ထိုခုနှစ်မှအစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီစီ ၇၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပြီ ဖြစ်သည်။ တောင်ငူမြို့ရှိ သက်ကြီးဝါကြီးသူများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ရက် "သလေး လဆန်း ၁ ရက်"ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းသည့်အဆို (Bill) ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ရေးထိုးကာ အောက်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေး မှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါကလုဥက္ကဋ္ဌအထက်လွှတ်တော်အမတ် ဆရာစံဘော်က ဆက်လက်ဦးဆောင်၍ ဝန်ကြီးစောဖေသာနှင့် ညှိနှိုင်းပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့သို့တင်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ (Cabinet Executive Power)ဖြင့် ဘုရင်ခံထံသို့ တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်း အက်ဥပဒေ (Negotiable Instrument act.) အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။ အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)နေ့ဖြစ်ပြီး ၎င်းနေ့တွင် ဝတ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် "သာ့ပွာဖိုးလင်းတေး"ပြုစုရေးဆွဲသည့် ကရင်အမျိုးသားပြက္ခဒိန်အရ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီး ၅ ဦး ဖြစ်ကြသော စောစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့က ဩဝါဒသဝဏ်လွှာ ပေးပို့ခဲ့သည်။ ကရင်အမျိုးသားနေ့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ကရင်ပြည်ပြန်ပေးဖို့ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တစ်လအတွင်း ၁၉၄၈ ခုနှစ်၊ မတ်လ (၃) ရက်နေ့နောက်ဆုံးထားပြီး ဖဆပလ အစိုးရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့မဟုတ်) ကရင်ပြည်ပြန်ပေးဖို့ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတစ်လှမ်း တက်လှမ်းမည်ဟု ပါရှိသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ မြန်မာတစ်ပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်၍ ကရင်လူထုဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်တစ်ပြည်လုံးရှိ ကရင်အမျိုးသားများ မြို့ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပလေသည်။ အောက်မြန်မာပြည် ကရင်အများစုရှိရာ ဒေသများတွင်သာမက မြောက်ဘက်မြစ်ကြီးနားမှ တောင်ဘက် မြိတ်မြို့အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တစ်ပြည်လုံးတွင် ဆန္ဒပြကြသည်။ ဖဆပလ မှလည်း ခြိမ်းခြောက်နှောင့်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့သော် နှောင့်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တစ်မျိုးသားလုံး ၂ ရက်၊ ၃ ရက် ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားများသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ ကရင်အမျိုးသားအလံတော် |ကရင်အမျိုးသားအလံတော် ၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည် ကရင်နှစ်သစ်ကူးနေ့(ကရင်အမျိုးသားနေ့) ကရင်အမျိုးသားသီချင်း ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊ ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများထံ “ကရင်အမျိုးသားအလံ” ပုံစံများရေးဆွဲ၍ တင်ပို့ကြရန် မေတ္တာရပ်ခံခဲ့သည်။ ရောက်ရှိလာသော ကရင်အလံပုံစံ တစ်ရာအနက်မှ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံပုံစံကို အတည်ပြု ရွေးချယ်ခဲ့သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင် ဖြစ်သည်။ ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲ၍ စိုက်ထူကြသည်။ ကရင်အမျိုးသားသီချင်း ကရင်အမျိုးသားသီချင်းကို စောစံဘ နှင့် စောသာအေးကြီးတို့က ရေးသားတင်ပြရာ ကရင်အမျိုးသားအဖွဲ့ချုပ်မှ အတည်ပြုလက်ခံသဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာ၏။ သီချင်းကို ကရင်အမျိုးသားဆိုင်ရာအခမ်းအနားများ၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံပွဲ အခမ်းအနားများတွင် အဖွင့်သီချင်းနှင့် အမျိုးသားအလံတော်အလေးပြုရန် အမြတ်တနိုး တန်ဖိုးထား သီဆိုလေ့ရှိသည်။ စာပေနှင့် ဘာသာစကား ရှေးယခင်က လိတ်ဆန်ဝှေ့ (ကြက်ယက်စာ) များကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ထိုစာများကို တတ်မြောက်သူများ မရှိတော့ပေ။ မှတ်တမ်းများအရသာ သိရှိနိုင်တော့သည်။ အချို့ကို ပေစာများအဖြစ် စာကြည့်တိုက်အချို့တို့တွင် အလွန်နည်းပါးသော အရေအတွက်ဖြင့် ထိန်းသိမ်းထားသည်ကို တွေ့ရသည်။ ယခုအခါတွင် အသုံးပြုနေသော စာ‌ပေများမှာ စကောကရင်စာပေ (ဒေါက်တာဝိတ် -၁၈၃၀တွင် တီထွင်ခဲ့သည်။)၊ အနောက်ပိုးကရင်စာပေ (ဖူဆရာဘရိတ်တန်- ၁၈၄၀လောက်တွင်တီထွင်ခဲ့သည်။)၊ အရှေ့ပိုးကရင်စာပေ တို့ ဖြစ်ကြသည်။ သုံးနှုန်းသော ဘာသာစကားများသည် နေရာဒေသကိုလိုက်၍ ခြားနားမှုရှိသည်။ နေထိုင်ရာဒေသများ စကောကရင်- ရမည်းသင်းခရိုင်မှ တောင်ဘက် မြိတ်ခရိုင်အထိ အများဆုံးတွေ့ရသည်။ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း အနှံ့အပြားနေထိုင်ကြသည်။ ပိုးကရင် - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံးနေထိုင်ကြသည်။ ပအိုဝ်း(တောင်သူ) - ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အနောက်တောင်ပိုင်းတောင်ကုန်းဒေသများ နှင့် သထုံခရိုင်၊ ကျိုက္ခမီခရိုင်။ ကရင်နီ (ကယား) - ကယားပြည်နယ်အနှံ့အပြား။ ပဒေါင် - တောင်ငူအရှေ့ဘက်၊ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းစပ်ကြားဒေသ။ ပကူး - တောင်ငူခရိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း။ ပရဲ့(ပလကူး) - ကယားပြည်နယ် ဘော်လခဲနှင့် ကြယ်ဖိုးကြီးနယ်၊ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနယ်၊ တောင်ငူခရိုင်အရှေ့ဘက်နှင့် မြေလတ်တောင်ဘက်။ ဘွဲ - တောင်ငူခရိုင်၊ ရှမ်းပြည်တောင်ပိုင်း၊ကယားပြည်နယ်။ ကရင်ဖြူ - တောင်ငူခရိုင်၊ ရမည်းသင်းခရိုင်၊ ကယားပြည်နယ်၊ ပေါင်းလောင်းမြစ်ဝှမ်း၊ လွယ်လုံ၊ ပျဉ်းမနား။ ဇယိမ်း - ရှမ်းပြည်တောင်ပိုင်း လွယ်လုံ၊ မိုးဗြဲ။ ဂေခို - တောင်ငူ အရှေ့ဘက်၊ ရှမ်းပြည်တောင်ပိုင်း။ မိုးပွား - တောင်ငူခရိုင် သံတောင်။ ယင်းဘော် - တောင်ငူခရိုင် လိပ်သိုနှင့် ရှမ်းပြည်တောင်ပိုင်း။ ထင်ရှားသော ကရင်လူမျိုးများ ဒေါ်ခင်ကြည် - မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မန်းဘခိုင် - အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီး မန်းဝင်းမောင် - ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတ စမစ်ဒွန်း - မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စောဘဦးကြီး - ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ နော်လွီဇာ ဘင်ဆင် - မယ်ဗမာ ၂ထပ်ကွမ်း အောင်ဆန်းသူရိယ စောဘရီ အောင်ဆန်းသူရိယ စောမြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စံချိန်တင်ခဲ့သူအဆိုတော် ဗဒင် အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်း ကိုတည်ထောင်သူ စောဘွဲ့မှူး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း ဒေါက်တာ စင်သီယာမောင် - လူမှုကူညီရေးများအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုတိုင်အောင် ချီးမြှင့်ခံရသူ စိုးမြတ်မင်း - မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် ချစ်စမ်းမောင် - ဂစ်တာပညာရှင် မန်းဘခင် စောစံဘ စောသာအေးကြီး ကိုးကား Category:မြန်မာနိုင်ငံလူမျိုးများ Category:ကရင်လူမျိုးစု
ချင်းလူမျိုး
ချင်းလူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ တိုင်းရင်းသားလူမျိုးထဲမှတစ်ခုအပါအဝင်ဖြစ်သည်။တိဗက်-ဗမာအုပ်စုဝင်တိုင်းရင်းသားများဖြစ်ကြသည်။ ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ရာဇဝင်လာ ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇဝင်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူးကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ်သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူက အကိုဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင်တော့မှာ မဟုတ်ဟု ဆိုကာ ကချင်ပြည်တွင် နေရစ်ခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။ ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့် ဖွဲ့စည်းခဲ့ကြသည်။ အဓိပ္ပာယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက် ဖြစ်သည်။ စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ် ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆိုသည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ်ချင်းဖြစ်သည်ဟု ဆိုရာမှ ချင်းဖြစ်လာသည်ဟု ဆိုသည်။ ၁၅၅၄ ခုနှစ်၊ မဏိပူရ်မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည် တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပာယ်ရသည့် Jim or Jen ကို ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက် ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာများတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့သည့် အထောက်အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။ ၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။ အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍လည်းကောင်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်၊ ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစုသည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍လည်းကောင်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံးပြုခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာအုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။ ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciimnuai)ဒေသတွင် နေထိုင်ကြသူများကို ဇိုချင်း၊ Locom ဒေသတွင် နေထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြသည် ဟုရေးသားခဲ့သည်။ လက်ရှိ ချင်းလူမျိုးများအတွင်း ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ စသည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာရေးသားခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်းအဖွဲ့ဝင် ဖြစ်လာခဲ့သည်၊၊ သမိုင်းကြောင်း ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး၃စုဖြစ်သည့် မွန်-ခမာအနွယ်၊ တိဗက်-‌ဗမာအနွယ်နှင့်ခရာ-တိုင်း(ရှမ်း)အနွယ်တို့အနက်မှ တိဗက်-ဗမာအုပ်စုဝင်ဖြစ်သည့် အခြေခံ အားဖြင့် ချင်းလူမျိုးတို့လည်း မေထေးချင်းနှင့်ရိုး⁠ရိုးဟု ခွဲခြားထားသော်လည်း နေထိုင်ရာအရပ် ဒေသကိုခွဲ၍ လည်းကောင်းဒေသ အမည်ဖြင့် ခွဲခြားခေါ်ဝေါ်နေကြခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန်(တဲဒင်မ်)ချင်း၊ဖလမ်းချင်း၊ဟားခါချင်း၊မင်းတပ်ချင်း၊မတူပီချင်း၊ကန်ပတ်လက်ချင်း၊ပလက်ဝချင်းနှင့် မြေပြန့်ချင်း ဟူ၍ အမည်အမျိုးမျိုးရှိ၍နေ ခြင်းပင်ဖြစ်သည်။ ချင်းပြည်နယ်မှ လူမျိုးအုပ်စုနေဖြင့် များစွာကွဲပြားခြားနားနေကြသော်လည်း စကားအုပ်စုအနေဖြင့်မှု အနည်းငယ်သာ ခြားနားမှုရှိသည် ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာ အသုံးအနှုံးများ ဝေါဟာရများ နှင့် လေယူလေသိမ်း အသံထွက်အလေးအပေါ့သာ ကွဲပြားကြသည်။ right|ချင်းပြည်နယ်မြေပုံ |ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊မြို ၊အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြသော မျိုးနွယ်စုများ ၏ပင်ရင်းအမည်သည် “ချင်း”ပင် ဖြစ်သည်။ “မီး”(mi) ဟူသည် မြန်မာစကားတွင် “လူမျိုး” ဟု အဓိပ္ပာယ်ရသည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမသည် ပို၍လူသိများ လာပြီဖြစ်သည်။ ချင်းလူမျိုးတို့၏ မျိုးရိုးဗီဇသည် တိဗက်-ဗမာအုပ်စုဝင်များနှင့်အဓိက ဆက်စပ်နေပြီး တိဘက်နှင့် အိန္ဒိယ-မြန်မာနယ်ခြား တောင်ပေါ်ဒေသများမှ သမိုင်းတစ်လျှောက်ရွေ့ပြောင်းအခြေချခဲ့မှုများ ချိတ်ဆက်နေသည်။ ချင်းလူမျိုးများ၏ ဖခင်ဘက်မှ (Y-DNA) တွင် အဓိကအားဖြင့် **Haplogroup D-M174**, **Haplogroup O-M175** (အထူးသဖြင့် **O2a-M95** နှင့် **O3-M117**) တို့ တွေ့ရသည်။ ထို့ပြင် အနည်းငယ်အဖြစ် **Haplogroup C** နှင့် **Haplogroup F** အမျိုးအစားများကိုလည်း တွေ့ရသည်။ မိခင်ဘက် mitochondrial DNA (mtDNA) တွင် K, M, R, B, F စသည့် Haplogroup များ ပေါင်းစပ်နေသည်။ McColl, Hugh, et al. "The prehistoric peopling of Southeast Asia." *Science* 361.6397 (2018): 88-92. Li, Hui, et al. "Paternal genetic affinity between Western Austronesians and Daic populations." *BMC Evolutionary Biology* 8.1 (2008): 146. Wang, Chuan-Chao, et al. "Genomic insights into the formation of human populations in East Asia." *Nature* 591.7850 (2021): 413-419. ချင်းတို့မူရင်းဒေသ ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍လည်းကောင်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍လည်းကောင်း ယူဆခဲ့ကြသည်။ သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ဘီစီ (၂၀၀၀)ခန့်တွင် တရုတ်တို့သည် မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ်များမှာ၎င်း၊ တချို့မှာဟူးကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။ ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအနှစ်ရှာဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည် တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ်ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မူရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။ ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto- Burma အုပ်စုတွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာသော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စုတွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်၊ မီဇို၊ နာဂနှင့် ဇိုစသည်တို့ ပါဝင်ကြသည်။ နေထိုင်ရာဒေသ ချင်းလူမျိုးများနေထိုင်ရာ ဒေသကို အကြမ်းအားဖြင့်ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက်ဘက် စံမရနောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်း ရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက် ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဗင်္ဂလားအော် ရောက်လုနီးဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။ ချင်းလူမျိုးတို့ နေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ(၁၂၅ဝဝ) မြင့်သော စာရာမေတိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏။ ယင်း၏ အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်း ခေါ် မေထေးချင်းလူမျိုး တစ်မျိုး၏ ဒေသဖြစ်၏။ ထိုဒေသ၏ တောင်ဘက်၌သော် ချင်းတောင်စစ်စစ်ဟု ဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏တောင်ဘက်၌ (၁၀၄၀၀)မြင့်သော ဝီတိုရိယတောင်တဝိုက်ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်)ရှိသည်။ နောက်ဘက်၌ မြောက်ပိုင်း ရခိုင်တောင်တန်းဒေသ (ပလပ်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ မြောက်ဘက်ဒေသတို့ ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုး တို့ကို တွေ့ရပေသေးသည်။ထိုမျှမကသေး၊ ချင်းလူမျိုးများကို ရခိုင်ရိုးမတောင်၏ တောင်ဘက်ပိုင်းတလျှောက်နှင့် အရှေ့ဘက်မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များတွင် တွေ့ရသေး၏။ ထို ဒေသတို့နှင့် တဆက်တည်း ဖြစ်သော ပဲခူးရိုးမတောင်စွယ် တို့၌ပင် ချင်းရွာအချို့ ရှိနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံမှအပ ဘင်္ဂလားဒေရှ့်နှင့် အာသံပြည်နယ်တို့၌လည်း ချင်းလူမျိုးများ ရှိပေသေးသည်။ တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူ လူမျိုးအချို့ကို မြန်မာနိုင်ငံတွင်းသို့ ရွေ့ပြောင်း ဝင်ရောက်ကြရာတွင် ချင်းလူမျိုးတို့မှာ အရှေ့မြောက်ဘက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ၍ နောက်ဝင်လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် နောက်ရိုးမ တလျှောက်တွင် အခြေစိုက်လာခဲ့ကြဟန် တူပေသည်။ ထိုမှတဆင့် အနောက်ဘက်အာသံပြည်နယ် မဏိပူရပြည်နယ်နှင့် ဘင်္ဂလားဒေရှ့် ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်းနေထိုင်ခဲ့ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဘက် ဧရာဝတီမြစ် ဝှမ်း မြေပြန့်ဒေသသို့လည်းကောင်း၊ ရခိုင်တိုင်းဒေသများသို့လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်ကို တွေ့ရသည်။ ဘာသာစကားအလိုက် ချင်းအမျိုးကွဲပြားခြင်း ချင်းလူမျိုးတို့ ပြောဆိုသော ဘာသာစကားများကိုလိုက်၍ ကသည်းခေါ် မေထေးအမျိုးနှင့် ချင်းရိုး⁠ရိုးဟု အမျိုးခွဲခြား သတ်မှတ်ထား၏။ ချင်းအမျိုးကို တဖန် ရှေးကုကီ၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းဟု ခွဲခြားပြန်သည်။ ပြောဆိုသော ဘာသာစကားတို့မှာ ဘာသာတူ အသံကွဲ စကားမျိုးသာ ပါဝင်သည်သာမက အခြေခံ၌သာတူ၍ သီးခြား ဘာသာစကားများ ကွဲပြားနေသည်လည်း ရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ပင် ချင်းဘာသာစကား ၄၄ မျိုးမျှ ကွဲပြားနေပေသည်။ ၁၉၄၁ ခု မြန်မာနိုင်ငံသန်းခေါင် စာရင်းအရ ချင်းလူမျိုး ဦးရေမှာ ၃၅ဝ⁠ဝဝဝ ခန့် ရှိ၏။ ယင်းသို့ အမျိုးထွေပြားလှသော ချင်းလူမျိုးတို့အကြောင်းကို သိသာထင်ရှားအောင် ရေးသားချိန်မှာ ဘာသာစကားလိုက် ခွဲခြားသတ်မှတ်၍ ဖော်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။ ကသည်းချင်းများ ချင်းအမျိုးကို ၂ စားခွဲခြားထားရာတွင် ပထမအမျိုး ဖြစ်သော ကသည်းချင်း(ခေါ်) မေ့ထေးချင်း Meithei (Kathe) တို့၏ အကြောင်းကို ကသည်းလူမျိုးတွင် စုံလင်စွာ ဖော်ပြထားသည်ကို ကြည့်ပါ။ ချင်းရိုး⁠ရိုးများ အထက်ဖော်ပြထားသည့်အတိုင်း ချင်းရိုး⁠ရိုးများတွင် ပါဝင်သော ရှေးကုကီချင်း၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းတို့ကို အောက်တွင် ပိုမို၍ ရှင်းလင်းစွာ သိသာရန် တစ်မျိုးစီ သီးခြားဖော်ပြ ထားသည်။ ရှေးကုကီချင်းများ ရှေးကုကီချင်းတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက်ကတည်းကပင် အာသံနယ်လူရှေတောင်တန်းဒေသ၌ အခြေစိုက်လာခဲ့ဟန်တူသော်လည်း သာဒိုးချင်းများ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဘက်သို့ ရွေ့ပြောင်း ပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ်တို့တွင် ယခုတွေ့ရသည်။ ရှေးကုကီချင်းတို့၏ ဘာသာစကားမှာ အလယ်ပိုင်း ချင်းတို့၏ ဘာသာစကားနှင့် နီးစပ်သည်ဟု ဆို၏။ ဤချင်းမျိုးတွင် ပါဝင်သူတို့မှာ ကချာနယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံး တွေ့ရသည်။ ထို့အပြင်ရန်ခေါနှင့် လမ်များ၊ မဏိပူရနယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တဝိုက်ရှိ ကျော သို့မဟုတ် ချောများလည်း ပါဝင်သည်။ ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃ဝ⁠ဝ ကျော်အထက်က ရခိုင်မိဖုရားစောမဲကြီးသည် ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီးစကား သက်ငယ်ကြား ရှေးသူဟောင်းတို့၏ စကားတွင် ဖော်ပြထားသော လူမျိုးများ ဖြစ်သည်။ မြောက်ပိုင်းချင်းများ မြောက်ပိုင်းချင်းလူမျိုးတို့တွင်လည်း နီးစပ်ရာဘာသာ စကားအလိုက် (က) သာဒိုး(Thadou)ချင်းများနှင့် (ခ) စုတ်တေး (Sokte) ကမ်ဟောင် (Kamhau)နှင့် စီးယင်း (Siyin/ Sizang)ချင်းများဟု ၂ စုခွဲထားသည်။ သာဒိုး (၆ဝ⁠ဝဝ)နှင့် ယိုး (၁၄ဝဝ)တို့မှာ ယခင်က မြန်မာပြည်မတွင် နေခဲ့ကြဟန် တူ၏။ နှစ်ပေါင်း ၃ဝဝ၊ ၄ဝဝ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြသည်။ ယခုအခါတွင် တီးတိန်နယ်၏ မြောက်ဘက်အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။ စုတ်တေး (Sokte)၊ ကမ်ဟောင် (Kamhau)၊ စီးယင်း (Siyin/ Sizang) ၁၉၃၁ ခု သန်းခေါင်စာရင်းအရ စုတ်တေးချင်းဦးရေမှာ ၁၇ဝ⁠ဝဝ ကျော်၊ ကမ်ဟောင်ချင်း ၂ဝ⁠ဝဝ⁠ဝ ကျော်နှင့် စီးယင်း ချင်း ၃၅ဝ⁠ဝ ကျော်ရှိကြောင်း သိရ၏။ ယင်းတို့မှာ အကြမ်း အားဖြင့် တီးတိန်နယ်တွင် နေကြ၍ တီးတိန်ချင်းဟုလည်း ခေါ်ကြသည်။ စုတ်တေးချင်းတို့သည် တီးတိန်နယ်မြောက်ပိုင်း မဏိပူရမြစ် ကမ်းများပေါ်တွင် နေကြသည်။ အထက်မြန်မာ ပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကြိတ်အနယ် တိုက်ယူ ရသော ချင်းတို့မှာ စိယင်ချင်းများ ဖြစ်၏။ အမည်ရင်းမှာ ရှီယန်တေးဖြစ်၏။ မြန်မာတို့က သူတို့ကို စိယင်ဟု ခေါ်ကြ သည်။ စီးယင်းချင်းတို့မှာ လူဦးရေနည်း၍ ရွာကြီး ၈ ရွာလောက် တွင်သာ နေလင့်ကစား စစ်မှုထမ်းခြင်းတွင် လက်ဦးဖြစ်ခြင်း၊ တိုးတက်လိုခြင်းတို့ကြောင့် အရေးပါလှသူများ ဖြစ်၏။ ဒေသ အနှံ့အပြားသို့ ရောင်းဝယ် ဖောက်ကားလေ့ရှိသဖြင့် နေရာအနှံ့ အပြားသို့ ရောက်သည့်အတိုင်း သူတို့၏စကားကို တီးတိန်နယ် တွင် အများပြောဆိုနိုင်၍ ထိုနယ်၏ ရုံးသုံးစကားပင် ဖြစ်ခဲ့ပေ သည်။ စီးယင်းချင်းတို့သည် တီးတိန်၊ စုတ်တေးတို့၏ အရှေ့ ဘက် ဒေသတွင် နေထိုင်ကြသည်။ ပင်ပန်းခံကာ ကြိုးစားလုပ် ကိုင်၍ တတ်သိလိုစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲ လိုက်ခြင်းနှင့် စစ်တိုက်ခြင်း၌ ဝါသနာပါသည်။ အလုပ်ကြမ်း မှာမူ မိန်းမနှင့် ကျွန်တို့၏အလုပ် ဖြစ်သည်ဟု စီးယင်းချင်းတို့ ဆိုရိုးစကားရှိသည်။ တီးတိန်နယ်ချင်းတို့သည် ဖလမ်းချင်း (ဝှန်လငိုတို့မှတပါး) တို့နှင့်မတူဘဲ ဆံနောက်တွဲထုံးကြ သည်။ မဏိပူရပြည်နယ်သို့ သွားရာလမ်းမှာ ထိုချင်းတို့၏ ဒေသကို ဖြတ်သန်းသွားသဖြင့် ယဉ်ကျေးမှုတွင် များစွာ တိုးတက်လျက် ရှိကြသည်။ အလယ်ပိုင်းချင်းများ ဖလမ်းနှင့် ဟားခါးနယ်များတွင်နေကြသော ချင်းများသည် အလယ်ပိုင်းချင်းဖြစ်၏။ ဖလမ်းနယ်ရှိ ချင်းတို့တွင် ရှူန်က သို့မဟုတ် တရှုံချင်းများ (၃ဝ⁠ဝဝ)၊ ဇဟောင် သို့မဟုတ် ယဟောင်ချင်းများ (၉၅ဝဝ)၊ လိုင်ဇို သို့မဟုတ် လွန်စီအိုချင်း များ (၆၅ဝဝ)၊ ကွန်လီချင်းများ (၃၅ဝဝ)၊ ငွန် သို့မဟုတ် တပေါင်ချင်းများ (၃၅ဝဝ) နှင့် ဇင်ဂျက်ချင်းများ (၆ဝ⁠ဝဝ)တို့ ပါဝင်သည်။ ဤဒေသတွင် လိုင်ဇိုစကားကို အသုံးများသည်။ ချင်းတောင်အခြားဒေသနှင့် နှိုင်းစာလျှင် ထိုဒေသတွင် လူဦးရေများပြား၏။ အိမ်ခြေ ၄ဝဝ မျှရှိသော ရွာကြီးတို့ကို တောင်စောင်းများတွင် တည်ဆောက်နေကြသည်။ ပြောင်း၊ ဗူး၊ ဖရုံတို့မှာ အဓိကအစာ ဖြစ်ပေသည်။ ဝတ်စားဆင်ယင်မှု နည်းပါးလှသည်။ ကိုယ်လုံးကိုယ်ဖန်အားဖြင့် အခြားချင်းတို့ လောက် မတောင့်တင်း သော်လည်း ဆက်ဆံရေး၌ ပိုမို ကျွမ်းကျင်ကြ၍ မိတ်သင်္ဂဟပေါများကြသည်။ ယဟောင်တို့သည် မိမိတို့ဖာသာ တောင်ရိုးတစ်ခုတွင် နေကြ၏။ စုတ်တေးနှင့် ကမ်ဟောင်တို့မှာ မိမိတို့မှ ဆင်းသက် သူများဟု ယူဆကြသည်။ ဝှန်လငိုတို့ကား ကျန်ရစ်နေခဲ့သော လူရှေများဖြစ်ကြ၏။ တရှုံ တို့မှာ တောင်ဘက်ဆီမှ ဟားခါးတို့ တိုက်ခိုက်မှုကြောင့် ဖလမ်းသို့ ရွှေ့လာသူများ ဖြစ်၏။ ဤဒေသရှိ ချင်း အမျိုးစုတို့မှာ ရောနှောနေထိုင်ကြသည်။ ဒေသလိုက် အများသဘောတူ ရွေးကောက်တင်မြှောက်သော လူကြီး ၅ ဦး ပါဝင်သည့် အဖွဲ့က စီမံအုပ်ချုပ်ကြလေသည်။ ဟားခါးနယ်ရှိချင်းများတွင် ဟားခါးနယ်မြောက်ပိုင်းနေ လိုင်(ဟားခါး) ကလန်⁠ကလန်နှင့် ယိုကွ(ပေါင်း ၂၄ဝ⁠ဝဝ)၊ တောင်ပိုင်းနေ လောထု (၁ဝ⁠ဝဝဝ)၊ ဇိုတုန် (၉ဝ⁠ဝဝ)၊ ဆမ်တန် (၇ဝ⁠ဝဝ) တို့ ပါဝင်သည်။ ဗိုလ်မှူး အင်းရစ်က ဟားခါးစုစု ပေါင်း ၆၈ဝ⁠ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ချင်းတောင်သူပုန်ထစဉ်က ဗြိတိသျှတို့ လေးစားလောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းစွာနှင့် တော်လှန်တိုက်ခိုက်ကြ သည်။ စစ်ရည်စစ်သွေးရှိသူများ ဖြစ်၏။ အရပ်အမောင်း ကောင်း၍ သန်စွမ်းပင်ပန်းခံနိုင်သူများ ဖြစ်သည်။ အသိဉာဏ် ကောင်းသူများ ဖြစ်လင့်ကစား နေထိုင်ရာဒေသမှာ ရောက်ပေါက်ရန် ခဲယဉ်းခြင်းကြောင့် တိုးတက်သင့်သလောက် မတိုးတက်ကြပေ။ ဤဒေသတွင် (ဟားခါး)စကားကို အသုံးများကြ၏။ မိရိုးဖလာ ဆက်ခံလာသော အကြီးအကဲတို့က ဒေသလိုက် အုပ်ချုပ်ကြသည်။ ကမ္ဘာကို ရေလွှမ်းမိုးပြီးနောက် ကျန်နေသောဇနီးမောင်နှံမှ ပေါက်ဖွားလာသည်ဟု ဟားခါးချင်းတို့ ယုံကြည်ကြသည်။ အကြီးအကဲတို့မှာ ပိုးဖြင့် လှပဆန်းကြယ်စွာရက်လုပ်ထားသော လွှာချင်းများကို ရုံကြသည်။ ဝှန်လငိုချင်းတို့မှအပ ဤအလယ်ပိုင်း ချင်းတို့သည် မိမိတို့ဆံကို ဦးခေါင်းထိပ်၌ သို့မဟုတ် နဖူးပေါ်၌ ထုံးရစ်ကြသည်။ သို့ဖြစ်၍ မြန်မာတို့က ယင်းတို့အား ဗောင်းရှည်ဟု ခေါ်ဝေါ်ကြသည်။ လူရှေနှင့် လခါ အလယ်ပိုင်းချင်းတို့တွင် လူရှေနှင့် လခါချင်းတို့ကိုပါ ထည့်သွင်းရပေမည်။ မြန်မာနိုင်ငံမှ အာသံ ပြည်နယ်ဘက်သို့ ရွေ့ပြောင်းခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ထိုလူများကို အနည်းငယ်သာ တွေ့နိုင်ပေသည်။ လူအများစုမှာမူ နိုင်ငံပ၌ နေထိုင်ကြ၏။ ရခိုင်တောင်တန်းနယ်မြောက်ပိုင်းတွင် လခါ များ ရှိသေးရာ ထိုဒေသ၌ ယင်းတို့ကို ရခိုင်တို့က ရှမ်းတုဟု ခေါ်ကြသည်။ တောင်ပိုင်းချင်းများ တောင်ပိုင်းချင်းများတွင် ပါဝင်သူတို့မှာ ပခုက္ကူ တောင် တန်းဒေသ ချင်းတောင်နှင့် ရခိုင်တောင်တန်းဒေသ တို့ဆုံရာ ခေါင်လှသည့်ဒေသတွင် ေနေထိုင်ကြသည်။ ဝေလောင်ချင်းများ၊ တမန်း(၈)များ (၈ဝ⁠ဝဝ)၊ မိရမ်များ (၅ဝ⁠ဝဝ)၊ ဇိုလမ်နီများ (၂၅ဝဝ) နှင့် မဂန်ခေါ် ကြိမ်ပတ်ချင်းများ (၃ဝ⁠ဝဝ)တို့အပြင် ပခုက္ကူတောင်တန်းဒေသနေ ချင်းများ၊ မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များနှင့် ရခိုင်တိုင်းနေချင်းများ ပါဝင်ကြသည်။ ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ) ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁ဝ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂ဝ⁠ဝဝဝ) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့်အခြားတစ်ချောင်း တွင် ယင်ဒူးတို့ (၄၅ဝဝ)နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထို ချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈ဝ⁠ဝဝ)တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက် မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂ဝ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များ ကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများ ဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာ မရှိကြပေ။ ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြ သည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေး နက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူလှပေ။ မင်းတပ်၊ ကန်ပက်လက်တဝိုက်ရှိ ချင်းပုတ်တို့မှာ တောလိုက်ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တု အဖျားတပ်ထားသော မြားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ် လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ်အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်း များကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ်စွာ ရက်လုပ်ထားပေသည်။ မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟု ခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။ တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာ တွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကို လိုက်၍ ကွဲပြား၏။ အသက် ၇ နှစ် ၈ နှစ်လောက်မှစ၍ နှစ်စဉ် နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုန်းတို့မှာ ဗုဒ္ဓအယူဝါဒကို အများအပြား သက်ဝင်ယုံကြည်ကြသည်။ ချင်းတောင်၏ အရှေ့ဘက်တောင်ခြေရင်းတွင် များစွာ မြန်မာဆန်လှသော တောင်သားများ (၁⁠၁ဝ⁠ဝဝ)သည် တကောင်းပန်းဘဲမောင်တင့်တယ်မှ ဆင်းသက်ခဲ့၍ တချိန်က ပုပ္ပါးတောင်တွင် နေခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ချင်းများသည် မြန်မာများနှင့် အိမ်ထောင်ပြုခြင်း မရှိကြချေ။ ပိုးများကို မွေးမြူ၍ ယောပုဆိုးများကို ရက်လုပ်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်း တွင် လူဦးရေပေါင်း ၆ဝ⁠ဝဝ⁠ဝ ကျော်ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅ဝ⁠ဝ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြား ဖော်ပြခြင်း မရှိသောချင်းလူမျိုးဦးရေ ၉ဝ⁠ဝဝဝ ရှိသည့်အနက် ၄ဝ⁠ဝဝ⁠ဝ ကျော်မှာ မကွေးတိုင်း အတွင်း၌ ဖော်ပြထားပေသည်။ ရခိုင်ပြည်နယ် ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတို့တွင် လူဦးရေအများဆုံးမှာ မြို ( ခမိ ) သို့မဟုတ် မြို ( ဝါကုန်း) လူမျိုးဖြစ်၏။ လူဦးရေ ၁၂ဝ⁠ဝဝဝ မျှရှိ၍ စစ်တွေခရိုင်တွင် ၃ ပုံ ၂ပုံ၊ ရခိုင်တောင်တန်းဒေသတွင် ၃ ပုံ ၁ ပုံ ပျံ့နှံ့လျက် ရှိသည်။ အခြားချင်းလူမျိုးများမှာ ပခုက္ကူ တောင်တန်းနယ်ရှိ ချင်းပုန်း၊ ယင်ဒူးတို့နှင့် နွယ်သော ပို၊ မုံယင်၊ ကို၊ ကယင်တို့ ဖြစ်သည်။ ယင်းတို့ကို ကျောက်ဖြူနှင့် စစ်တွေခရိုင်တွင် တွေ့ရ၏။ ခမွီ သို့မဟုတ် ခမွေတို့ကို ရခိုင် တောင်တန်းဒေသ၊ စစ်တစ်ကောင်းခရိုင် တောင်ကုန်းဒေသတို့ တွင် တွေ့ရ၏။ အရိုင်းနှင့် အဝဟု ၂ မျိုး ကွဲသေးသည်။ အရိုင်းခမွီတို့အား တစ်နည်းအားဖြင့် အဖျားခမွီဟုလည်း အချို့ တို့က ခေါ်သည်။ အခြားချင်းအမျိုးများမှာ ရခိုင်တောင်တန်းဒေသရှိ တောင်ဆို (၁ဝ⁠ဝဝ)၊ စစ်တွေခရိုင်ရှိ ကောကဒန် (၃ဝဝ)၊ မြောက်ဦးခရိုင်တွင် အများဆုံးတွေ့ရသော လေးတူ(၁၅၀ဝဝ)၊ စစ်တု (၅ဝ⁠ဝဝ)၊ မတု (၁၅ဝ)နှင့် ချောင်းကြီးချင်း (၃၆) တို့အပြင် ကျောက်ဖြူနယ်အတွင်းတွင် အများဆုံး အခြေတည် နေထိုင်၍ သံတွဲနယ်အတွင်းတွင် အနည်းအကျဉ်းသာ နေထိုင် သည်ကို တွေ့ရသော စိုင်ဘောင်ချင်း (၈ဝ⁠ဝဝ)တို့ ဖြစ်လေ သည်။ အထူးသဖြင့် တီးတိန်နယ်မှ ချင်းတို့သည် ကုန်းဘောင် ခေတ် မြန်မာဘုရင်များလက်ထက် စော်ဘွားနယ်အဖြစ် ဖွဲ့စည်း ထား၍ ခေါင်းဆောင်တို့မှာ စော်ဘွားအဖြစ် ချီးမြှင့်ခြင်းခံခဲ့ ရသော လူမျိုးများဖြစ်ပေသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံ၏ အရေးတွင် ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသား များ ဖြစ်၏။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး နောက် ချင်းတောင်တွင် အုပ်ချုပ်မှုအခြေစိုက်ရန် ကြိုးစားရာ တွင် ၁၈⁠၈၈ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ဗြိတိသျွတို့ကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက်အုပ်ချုပ်မိသည့်တိုင်အောင် ၁၉၁၇၊ ၁၈ ခုနှစ်တွင် ဟားခါးနှင့် ကုကီချင်းတို့က ၂ နှစ် ကြာမျှ တော်လှန်တိုက်ခိုက်ခဲ့ကြ၏။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်က ချင်းအမျိုးသား ၁ဝ⁠ဝဝ ခန့်ကို အလုပ်သမားတပ်အဖြစ် ပြင်သစ်နိုင်ငံသို့ ဗြိတိ သျှတို့က ပို့ခဲ့လေသည်။ ၁၉၂၁ ခုနှစ်တွင် အမှတ် ၄/၂ဝ ချင်းသေနတ်ကိုင်တပ်ကို ဖွဲ့ခဲ့၏။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်နှင့် မြန်မာပြည် ခွဲခွာပြီးသည့်နောက်သော် မြန်မာသေနတ်ကိုင်တပ်များ ဖွဲ့စည်းရာတွင် တပ်တိုင်း၌လိုလိုပင် ချင်းအမျိုး သားတို့ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်သိရှိရပေသည်။ လွတ်လပ်ရေးရပြီးသည့်နောက် ချင်းအမျိုးသားတို့မှာ များစွာ နိုးကြားတိုးတက်လာ၏။ တောင်တန်း ဗုဒ္ဓသာသနာပြု အဖွဲ့၏ ကြိုးစားမှုကြောင့် ချင်းအချို့တိုသည် ဗုဒ္ဓအယူဝါဒကို စတင်ယုံကြည်လာကြလေပြီ။ အုပ်ချုပ်မှုဘက်တွင် ချင်းဝိသေသတိုင်းဟု သတ်မှတ်ကာ ဝန်ကြီးတစ်ဦးက ဦးဆောင်၍ အုပ်ချုပ်လေရာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး နှင့် ကျန်းမာရေးတို့ဖက်တွင် ထူးခြားစွာ တိုးတက်လာသည်နှင့် အမျှ ချင်းဝိသေသတိုင်းသည် ယခုအခါ ပြည်ထောင်စုအတွင်း၌ ခေတ်နှင့်ယင်ပေါင်တန်းလိုက်နိုင်အောင် ကြိုးစား တိုးတက် လျက် ရှိပေသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ချင်းအမျိုး သားနေ့ဟု ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားလေ သည်။ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ချင်းလူမျိုးတို့ကိုရှေးဟောင်းအာသံ စကားဖြင့် လည်းကောင်း ဘင်္ဂါလီဘာသာ ဖြင့်လည်းကောင်းကုကီလူမျိုးဟုလည်းခေါ်သည်။ ပုဂံရှေးဟောင်း ကျောက်စာများတွင် အနောက်ဘက်ဒေသများ ချင်းတောင်အချို့ နေရာများတွင် ယေဘုယျအားဖြင့် စောင်အဖြူတစ်ကို ဘယ်ဖက်ပခုံးပေါ်တွင်တင်ပြီး ကျန်တစ်စကို ယာဖက်ချိုင်းအောက်မှ ပတ်၍ ဘယ်ဖက်ပခုံးထက်သို့ ပြန် ၍သိုင်းခြုံဝတ် ဆင်လေ့ ရှိသည်။ ပွဲလမ်းသဘင်များတွင် ပွင့်ဒူးမ ခေါ် အနက်စိမ်းအနီရွှေပွင့်ရောင်စောင်ကြားများကိုဝတ်ဆင်လေ့ရှိသည်။ ရှေးခေတ်အမျိုးသားများ သည် မြန်မာအမျိုးသားများကဲ့သို့ ဆံပင်ရှည်များထားလေ့ရှိသည် ယခုထက်တိုင် အချို့ဆံပင်ရှည်များထားဆဲဖြစ်သည်။ အမျိုးသမီးများသည်အကျီလက်ရှည်ခါးအောက်တင်ပါးဖုံးသည်အထိဝတ်ဆင်ကြသည်။ အကျီလက်ပြင်တွင်အပွင့်ကြောင်း၊ချိုင်းကြား ခါးအောက်တင်ပါးအထိအနီရစ်သုံးရစ်နှစ်ဖက်စလုံးပါရှိသည်။ ထဘီကိုမူဒူးအထိနှစ်နှံစပ်၊အနီအနက်ကြားသို့မဟုတ်အနက်နှင့်နက်ပြာရောင်ဝတ်ဆင်သည်။ သာမန်အချိန်အခါများတွင် ကိုယ်ပေါ်တွင်စောင်ဖြူများဝတ်ထားတတ်သည်။ ပွဲလမ်းသဘင်များရှိလျှင်ပွင့်ဒူမစောင်သို့ မဟုတ်တင်းတိမ်များ ဝတ်ဆင်ကြလေသည် အမျိုးသမီးများသည်ဆံပင်ကို သုံးစုခွဲပြီးဘေးနှစ်ဘက် နောက်ဘါက်တွင်ရစ်၍ ချထားသည်အချို့ကကျစ်ဆံမြီးသုံးခုထိုးထားသည် ရှေးကမျက်နှာတွင်ပရဲဆေးမင်ကြောင်ထိုးသည့် ဓလေ့ရှိခဲ့သည်။ ဇိုမီးခွါဒိုပွဲတော် ဇိုမီး ခွါဒိုပွဲတော် ဟူသော ဝေါဟာရသည် ဇိုမင်းဆက် (1046-256 BC) အတွင်း ပေါ်ပေါက်လာသော ပွဲတော်များဖြစ်သည့် Qingming ပွဲတော်၊ ဆောင်းဦးပေါက်ပွဲတော် သို့မဟုတ် Chunshe၊ ဘိုးဘေးဘီဘင်များကို ဂုဏ်ပြုသောအားဖြင့်၊ ကောက်ရိတ်သိမ်းပွဲကျင်းပခြင်းနှင့် နွေဦးရာသီများကို အလေးထားသော ဇိုမီး ရိုးရာပွဲဖြစ်သည်။ ဤပွဲတော်များသည် အချိန်ကြာလာသည်နှင့်အမျှ သိသာထင်ရှားစွာ ပြောင်းလဲလာသော်လည်း ဤကာလအတွင်း ဖြစ်ပေါ်လာသည့် ပွဲတမျိုးဖြစ်သည်။ ဇိုမင်းဆက်မှ အဓိကပွဲတော်များမှာ (၁) Qingming ပွဲတော် (သင်္ချိုင်း-သုတ်သင်နေ့) ဤပွဲတော်သည် ဇိုမင်းဆက်တွင် အရင်းခံရှိပြီး ဘိုးဘွားများအား အလေးအမြတ်ပြုသည့် ဓလေ့ထုံးစံများရှိသည်။ ယခုအချိန်သည် ဘိုးဘေးများ၏ သင်္ချိုင်းဂူများကို ဂုဏ်ပြုခြင်းနှင့် သန့်ရှင်းရေးအတွက် တရားဝင် အားလပ်ရက်ဖြစ်ပြီး၊ နွေဦးရာသီတွင် စွန်လွှတ်ခြင်းကဲ့သို့သော လှုပ်ရှားမှုများ ပါဝင်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။ (၂) ဆောင်းဦးပေါက်ပွဲတော် ဤရိတ်သိမ်းပွဲတော်၏ မူလအစမှာ ဧကရာဇ်မင်းများက ရိတ်သိမ်းမှုအတွက် လကို ကျေးဇူးတင်ကြောင်း ပြောသောအခါ ဇိုမင်းဆက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ မိသားစုပြန်ဆုံပွဲ၊ လဝတ်ပြုခြင်း၊ လမုန့်စားခြင်းတို့အတွက် အချိန်ကျန်သေးသည်။ (၃) Chunshe (နွေဦးလူထုနေ့) ဤရိုးရာပွဲတော်သည် Shang နှင့် Western ဇိုမင်းဆက်များအတွင်း မြေဆီလွှာ၏ ဘုရားသခင်ကို ဂုဏ်ပြုရန်အတွက် ပွဲတော်နှင့် ရိုးရာဓလေ့တစ်ခုအဖြစ် စတင်ခဲ့သည်။ သတ်မှတ်ထားသောရက်စွဲကွဲပြားသော်လည်း၊ ၎င်းသည် ယဇ်ပူဇော်ခြင်းနှင့် ရပ်ရွာစုရုံးချိန်ဖြစ်သည်။ (၄) ရှန်စီပွဲတော် ဇိုမင်းဆက်အတွင်း အလောင်းများကို သန့်စင်ရန်နှင့် သန့်စင်ရန် မူလက မြစ်ရေချိုးသည့် ဓလေ့ဖြစ်ပြီး၊ ဤပွဲတော်သည် ဟန်မင်းဆက်၏ နှစ်ထပ်မြောက် တတိယနေ့သို့ ပြောင်းလဲလာသည်။ ပွဲတော်များအတွက် ဇိုမင်းဆက်သည် (ဘီစီ ၁၀၄၆-၂၅၆) တွင် တရုတ်ယဉ်ကျေးမှုနှင့် ဘာသာတရားအတွက် ဖော်ညွှန်းသောကာလဖြစ်သည်။ တည်မြဲသောယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ပွဲတော်များစွာသည် ဤခေတ်၏ ထုံးတမ်းဓလေ့များနှင့် ဓလေ့ထုံးတမ်းများမှ မူလအစဖြစ်သည်။ ဤခေတ်မှ မှတ်တမ်းတင်ထားသော သမိုင်းသည် ဘိုးဘေးကိုးကွယ်မှုနှင့် ကောက်ရိတ်သိမ်းပွဲများ ဖွံ့ဖြိုးတိုးတက်လာကာ နောက်ပိုင်း ဇိုမီးများရဲ့ ရိုးရာဓလေ့ အခြေခံဖြစ်လာခဲ့သည်ကို ပြသသည်။( festivals originating during the Zhou Dynasty (1046–256 BC)) မြန်မာနိုင်ငံတွင် ဇိုမီး အမျိုးသားတို့၏ ရိုးရာပွဲတော်ဖြစ်သော ခွာဒိုပွဲတော်ကို အေဒီ ၁၄၀၀ တွင်လဲ ထန်ဟော (Thangho) နှင့် လျန်းဒို (Liando) ခေတ်ကတည်းက နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပနေကြသည်။ ထန်ဟော(Thangho) နှင့် လျန်းဒို (Liando) သီချင်း- (a) Gual in kumkhua do na lingling, Do na lingling e Gual in kumkhua do na lingling e. (b) Gual in kumkhua do na lingling e, do hang ah naubang vakap ing e. ဟုဆိုသည်။ မြန်မာနိုင်ငံ ချင်းပြည်နယ် တီးတိန်ခရိုင် ထဲက ဇိုမီးဘာသာနဲ့ ခွါဒိုလို့ ခေါ်တဲ့ ကောက်သစ်စားပွဲတော်ဟာ ဇိုမီး လူမျိုး တွေရဲ့ ရိုးရာဓလေ့တခုဖြစ်သည်၊ ဇိုမီး လူမျိုးတွေဟာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတာကြောင့် တောင်ယာ ရိတ်သိမ်းတဲ့ ဒီရာသီ ရောက်ပြီ ဆိုရင်တော့ တောင်ယာနီးချင်း ဆွေမျိုးတွေနဲ့ စုပေါင်းစားသောက် ကြရင်း နောက်လာမယ့် ရာသီမှာ သီးနှံတွေ အောင်မြင်ဖို့ ရိုးရာနတ်ပူဇာ်ပသတာတွေ လုပ်လေ့ရှိပါသည်။ ဒီပွဲတော်မှာ ဇိုမီး လူမျိုးတွေရဲ့ ရှေးဘိုးဘေးတွေကို ပင့်ဖိတ်ကန်တော့တာတွေအပြင် ရွာတွင်းမှာ ရှိတဲ့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တာတွေလည်း လုပ်ကြပါတယ်။ ရိုးရာခွာဒိုပွဲဟာ နှစ်သစ်ကူးပွဲတော် တစ်မျိုးဖြစ်ပြီး အောက်တိုဘာလမှာ အများဆုံး လုပ်ကြပါတယ်။ ခွာဒိုပွဲတော်သည် ဇိုမီး တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည်။ ခွာဒိုပွဲတော်သည် ဇိုမီး လူမျိုးတို့၏ ရိုးရာပွဲတော်များအနက် အထူးအရေးပါဆုံးနှင့် အမြင့်မြတ်ဆုံးပွဲတော်ဖြစ်သည်။ ခွာဒိုပွဲတော်ကို ရွာလုံးကျွတ် စုပေါင်းကျင်းပလေ့ရှိသည်။ အဆင့်အတန်းမရွေး၊ ဘာသာမရွေး စုပေါင်းတာဝန်ယူကာ စုပေါင်းကျင်းပလေ့ရှိသည်။ ရိုးရာ ခွါဒို (khuado) ပွဲတော်ကို ကျေးလက်ဒေသများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်တစ်ကြိမ် ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။ ချင်းပြည်နယ်ရေးရာဦးစီးအဖွဲ့မှ ၃-၈-၁၉၆၄ ရက်နေ့တွင် ရွေးချယ်သတ်မှတ်ခဲ့သည်။ ချင်းပြည်နယ်ရေးရာ ဦးစီးအဖွဲ့သည် ၂၇-၁၀-၁၉၆၄ ရက်နေ့တွင် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ စုစုပေါင်း သုံးရက်ကို ချင်းပြည်နယ်အတွင်း ဇိုမီး တိုင်းရင်းသား ခွာဒိုပွဲတော်ကို အစိုးရ ရုံးပိတ်ရက် အဖြစ်သတ်မှတ်ခဲ့သည်။ တောင်ယာသီးနှံများ တစ်နှစ်တာ ရိတ်သိမ်းပြီးစီးမှုအောင်ပွဲ၊ ရွာသူရွာသားများ ကျန်းမာပျော်ရွှင်ရေးနှင့် အနာရောဂါဘယ ကင်းဝေးစေရန်၊ ရာသီဥတု ကောင်းမွန်မှန်ကန်ပြီး တောင်ယာသီးနှံများ အထွက်တိုး အောင်မြင်စေရန်၊ ရွာတွင်းမှ မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို နှင်ထုတ်ပြီး၊ အန္တရာယ်ကင်းဝေးစေရန်၊ အေးချမ်းသာယာစွာ နေထိုင်စားသောက်နိုင်ရန်နှင့် စိတ်သစ်ကိုယ်သစ်ဖြင့် ပျော်ရွှင်စွာ နှစ်သစ်သို့ ကူးပြောင်းရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြခြင်း လည်းဖြစ်ပါသည်။ ပွဲတော်ကျင်းပချိန်(ခွာဒိုရာသီကာလ) ခွာဒိုပွဲတော်ကျင်းပချိန်သည် ကျေးရွာဒေသ တစ်နေရာနှင့်တစ်နေရာ မတူပါ။ ဆပ်ဆန်၊ ပြောင်းဖူးစိုက်ပျိုးသည့် ကျေးရွာများ၌ စက်တင်ဘာလတွင် စတင်ကျင်းပပြီး စပါးစိုက်ပျိုးသော ကျေးရွာဒေသများ၌ ခွာဒိုပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ ခွာဒိုပွဲတော်ကို နေရာဒေသ အသီးသီးတွင် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများ၌ အသီးသီးကျင်းပခဲ့ကြသည်။ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလကို ခွာဒို ရာသီကာလဟုခေါ်သည်။ တစ်ရွာနှင့် တစ်ရွာ အပြန်အလှန်ဖိတ်ကြားကာ စုပေါင်း ကျင်းပခဲ့ကြသည်။ ဇိုမီးရိုးရာ ခွါဒိုပွဲတော်ကို ဒေသအလိုက် အမျိုးမျိုး ခေါ်ဆိုသုံးစွဲကြသည်။ ကွမ်ခင့် (Kum Khen)၊ တုမ်တွန့် (Tuk Tun)၊ ခွာဒို (Khua Do) ဤကဲ့သို့ ဒေသအလိုက် အသုံးအနှုန်းများ၊ ကွဲပြားမှုရှိသော်လည်း ခွာဒိုပွဲတော်၏ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် ပွဲတော်ကျင်းပရခြင်း၏ အကြောင်းရင်းတို့မှာမူ ကွဲပြားခြားနားခြင်းမရှိကြပေ။ ဇိုမီး လူမျိုးများသည် ဒေသအလိုက် ဓလေ့ ထုံးစံနှင့် ယုံကြည်မှု အယူဝါဒများသည် တူညီမှုရှိကြသည်။ ဇိုမီး ရိုးရာခွါဒိုပွဲတော် (ခေါ်) နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိက တောင်ယာသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ရာသီဥတု၊ ရေမြေ သဘာဝ၊ ပထဝီ အခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန်သည် တစ်နေရာနှင့် တစ်နေရာ မတူညီကြချေ။ ထို့ကြောင့် ခွာဒိုပွဲတော်ကို အစောဆုံး စက်တင်ဘာလမှ နောက်အကျဆုံး ဒီဇင်ဘာလအထိ နေရာ ကျေးရွာအလိုက် ကျင်းပလေ့ရှိကြသည်။ ယခုအချိန်တွင် အစိုးရုံးပိတ်ရက် ဟုသတ်မှတ်ထားသော သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့ မှ လပြည့်ကျော် ၁ ရက်နေ့ အထိတွင်သာ ကျင်းပကြသည်။ ခွါဒို၏အနက်အဓိပ္ပာယ် ရှေးအခါက ဇိုမီးလူမျိုးများသည် ဤစကြဝဠာတစ်ခုလုံးကို ကောင်းကင်ဘုံ (Vantung) ၊ လူ့ကမ္ဘာ့ဘုံ (Leitung) နှင့် မြေအောက်ဘုံ (Leinuai) ဟူ၍ လောကကြီးကို ဘုံသုံးဆင့်ဖြင့် တည်ဆောက်ထားသည်ဟု ယူဆကြသည်။ လူ့ပြည်၊ လူ့ရွာ၊ လူ့ကမ္ဘာဘုံကို ခွာ (khua)ဟု ခေါ်ဆိုသည်။ တန်ခိုးရှင်ဘုရားများနှင့် ကွယ်လွန်သူများ၏ ဝိညာဉ်များက စောင့်ရှောက်ကြသည်ဟု ယုံကြည်သည်။ ဒို (DO) ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရှိသည်။ ဒို (DO)၏ အနက်အဓိပ္ပာယ်တစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေး ဧည့်ခံပြုစုခြင်း၊ ရပ်နီးရပ်ဝေးမှ ဧည့်သည် လက်ခံ၍ ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းဖြစ်ပြီး ဒို(Do) ၏အနက်အဓိပ္ပာယ်တစ်မျိုးမှာ တိုက်ခိုက် ချေမှုန်းခြင်း၊ နှင်ထုတ်ခြင်း၊ ကြံ့ကြံ့ခံ၍ ခုခံခြင်း ပင်ဖြစ်သည်။ ခွါဒိုပွဲတော်၏ အနက်အဓိပ္ပာယ်မှာ တောင်ယာသီးနှံများ အောင်မြင်စွာ ရိတ်သိမ်းပွဲတော်တွင် စားဖွယ် သောက်ဖွယ်ရာများဖြင့် ကွယ်လွန်သူများ၏ ဝိညာဉ်များကို ပူဇော်ဆက်ကပ်ခြင်း၊ တန်ခိုးရှင်ဘုရားများအား ပူဇော်ပသခြင်း၊ ဆုတောင်းမေတ္တာ ပို့ခြင်း၊ ရွာထဲမှ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နှစ်သစ်တွင် ကျန်းမာပျော်ရွှင်ရေး၊ ရာသီဥတု ကောင်းမွန်မှန်ကန်၍ တောင်ယာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်များ ဧည့်ခံပြုစု ကျွေးမွေးရေးတို့အတွက် အလှူမင်္ဂလာ ဆုတောင်းပွဲတော်ကြီးကို အဆို၊ အကများဖြင့် တစ်ရွာလုံးတပျော် တပါး စုပေါင်းကျင်းပခြင်းကို ဆိုလိုပေသည်။ ပွဲတော်ရက်သတ်မှတ်ခြင်း၊ ခွာဒိုပွဲတော်တွင် ပွဲတော်ကျင်းပမည့်ရက်ကို အနည်းဆုံး တစ်ပတ်ခန့် ကြိုတင်သတ်မှတ်၍ ကြေညာသည်။ ပွဲတော်ရက်သတ်မှတ်ရန်အတွက် ရွာသူကြီး (Hausa)(သို့မဟုတ်) နတ်ဆရာ (Siampu) အိမ်တွင် ရွာလူကြီးများ စုဝေးတိုင်ပင်ပြီး နေ့ရက်သတ်မှတ်ခဲ့ကြသည်။ ယင်းနေ့ရက်ကို ရွာသူကြီး (Hausa)(သို့မဟုတ်) နတ်ဆရာ (Siampu)မှ ကြေညာပေးသည်။ တချို့သော နေရာဒေသများတွင် (Tulpi)ခေါ် ဆွေမျိုးစု နတ်ဆရာအကြီးအကဲ၏ သဘောတူခွင့်ပြုသည့် ရက်များ၌သာ ကျင်းပသည်။ ရွာသားများသည် ပွဲတော်ကာလတွင် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြသည်။ ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တာဝန်ခွဲဝေမှု ခွာဒိုပွဲတော်သည် ရွာလုံးကျွတ်ပွဲတော်ဖြစ်သဖြင့် တစ်ရွာလုံးမှ စုပေါင်းတာဝန်ယူကြရသည်။ ပွဲတော်အတွက် လိုအပ်သော ဆန်၊ ဆပ်ဆန်၊ အောင်လောက်၊ လူး၊ ဆပ်၊ ကောက်ညှင်းဆန်၊ ခေါင်ရည်၊ ကြက်၊ ဝက်၊ နွား ၊ နွားနောက် စသည်တို့ကို တစ်ရွာလုံးမှာ စုပေါင်းရှာဖွေကြသည်။ ပွဲတော်အတွက် ကြက်၊ ဝက်၊ နွား၊နွားနောက်များ မွေးထားကြသည်။ အမျိုးသမီးများသည် ထင်းရှာခြင်း၊ ရေခပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဧည့်ဝတ်ပြုခြင်းတို့၌ တာဝန်ယူကြရသည်။ ယောက်ျားများက မဏ္ဍပ်ဆောက်ခြင်း၊ အတီး အမှုတ် တူရိယာပစ္စည်းများ၌ တာဝန်ယူကြသည်။ ပွဲတော်ရက် နီးကပ်လာသည့်အခါတွင် ရေတွင်းရေကန်များ၊ လမ်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသည်။ ထင်းရှူးဆီသားများကို ရှာဖွေစုဆောင်းထားသည်။ ရွာတွင်းရှိ နတ်ကွန်းများနှင့် ရွာပြင်ရှိ နတ်ကွန်း (khua mual)များကို သန့်ရှင်းရေး ပြုလုပ်ကြသည်။ ပွဲတော်အမျိုးအစား တချို့ဒေသများတွင် ခွာဒိုပွဲတော်ကို ဒိုနို ပွဲတော် (Dono Pawi) နှင့် ဒိုပီးပွဲတော် (Dopi Pawi)ဟူ၍ နှစ်မျိုးရှိသည်။ ဒိုပီးပွဲတော်ကို သုံးနှစ်တစ်ကြိမ် ကျင်းပသည်။ လေးရက်ကြာ ကျင်းပသည်။ ပထမနေ့တွင် ပျားအုံဖွပ်ခြင်း မပြုလုပ်ဘဲ၊ ဒုတိယနေ့တွင် ပျားအုံဖွပ်ရသည်။ တတိယနေ့တွင် ရွာလယ်နတ်ကွန်း၌ လက်ဆုံစားသောက်ကြသည်။ နတ်ဆိုးများ မောင်းထုတ်သည့်ညတွင် ရွာလယ်နတ်ကွန်း (Khuatual) သို့ဖြစ်စေ၊ ဒုတိယမြောက်နေ့တွင် ပျားအုံများ ယူဆောင်ကာ ရွာဦးနတ်ကွန်း (Khuamual) သို့ သွားရာတွင်ဖြစ်စေ၊ အမျိုးသမီးများ လိုက်သွားခွင့်ရှိသည်။ ဒိုပီး(Dopi) ပွဲတွင် ကျား၊ မ မရွေး အားလုံးသည် နတ်ဆရာအိမ်မှ စုရုံးပြီး၊ အတီး အမှုတ်၊ အကအခုန်ဖြင့် နတ်ကွန်းသို့သွားကြပြီး နတ်ဆိုးများကို မောင်းထုတ်ကြရလေသည်။ နတ်ကွန်း၌ တစ်ညလုံး သီဆိုကခုန်ကြသည်။ ရွာလယ်နတ်ကွန်းတွင် ခုနှစ်ည သီဆိုကခုန်ကြ သည်။ ဒိုနိုပွဲ (Dono Pawi) ကို သုံးရက်ကြာ ကျင်းပသည်။ အမျိုးသမီးများ ပါဝင်ခွင့်မရှိပါ။ ပွဲတော် ပထမနေ့ညတွင် လူငယ်များသည် ပျားအုံဖွပ်ရန် သွားကြလေသည်။ ရွာလယ် နတ်ကွန်းတွင် သုံးညသီဆိုကခုန်ကြလေသည်။ အသုံးပြုသည့် ရိုးရာတူရိယာပစ္စည်းများ ခွာဒိုပွဲတော်ကျင်းပသည့် ရက်ကာလများတွင် သံစုံဝါးပုလွေ (Phitt) ၊ ဗုံ (Khuang) မောင်း (Zam)၊ နွားနောက်ဦးချို(Sialkii) မောင်းစုံတွဲ (Daakbu) များကို တီးမှုတ်ကာ သီဆိုကခုန်ကြသည်။ ခွာဒိုပွဲတော်တွင် ရှေးရိုးရာ သီချင်းများဖြစ်ကြသည့် ခွာဒိုပွဲတော်သီချင်းများ လူကြီးသူမ ဆုံးမစာ သီချင်းများ ပုလွေမှုတ် (Phit Laam) အက၊ ပျားအုံအက၊ စုပေါင်းအက (Laam Vui)၊ ဒတ်လမ်း (Daak Laam) အကစသည့် အက မျိုးစုံဖြင့် ပျော်ပျော်ပါးပါး သီဆိုကခုန်ကြသကဲ့သို့ ပွဲတော်၏ နေ့လယ်နေ့ခင်းများတွင် ပျော်ပွဲ ရွှင်ပွဲများအဖြစ် လွန်ဆွဲပွဲ၊ နပန်းပွဲများ၊ ကျောက်တုံးပစ်ပွဲများ တပျော်တပါး ကျင်းပလျက်ရှိသည်။ ခွာဒိုပွဲကျင်းပရန် တစ်ပတ်ခန့် အလိုတွင် သံစုံဝါးပုလွေ (Phitt)များကို ပြုလုပ်ကာ နတ်ဆရာအိမ် (သို့မဟုတ်) လူငယ်ဂေဟာ ပိုင်ရှင်အိမ် (sawm inn)၌ မှုတ်၍ လေ့ကျင့်ကြသည်။ သံစုံဝါးပုလွေတစ်စုံတွင် အနည်းဆုံး ဝါးပုလွေ ရှစ်ခုရှိပြီး အသံလေးမျိုးဖြင့် ပြုလုပ်ထားသည်။ လူဦးရေပေါ်မူတည်၍ ဝါးပုလွေကို သုံးစုံအထိ ပြုလုပ်ထားသည်။ ပျားအုံ သယ်ယူရာတွင်လည်း ဝါးပုလွေသံစုံများကို ဗုံ (Khuang)နွားနောက်ချို (Sialkii)တို့နှင့်တွဲ၍ တီးမှုတ် သီဆိုကာ ဖစ်လမ်းအက (Phitlam) ကခုန်ပြီး ရွာနတ်ကွန်းသို့ ပြန်လာကြပါသည်။ ခွါဒိုပွဲတော်ကို ဒေသအခြေအနေနှင့် စီးပွားရေးအခြေအနေအရ အနည်းဆုံး နှစ်ရက်မှ အများဆုံး ခုနှစ်ရက်အထိ ကျင်းပကြသည်။ အများစုသည် ခွာဒိုပွဲတော်ကို တစ်မျိုးတည်းသာ ကျင်းပလေ့ရှိသည်။ ပထမနေ့တွင် အိမ်နီးနားချင်းအလိုက်ဖြစ်စေ၊ ဆွေမျိုးစုအလိုက်ဖြစ်စေ ကြက်၊ ဝက်၊ နွား စသည်တို့ဖြင့် စုပေါင်းစား သောက်ပွဲများ ကျင်းပကြသည်။ စားသောက်ပွဲ ပြီးသွားသည့်အခါ အတီးအမှုတ်များ၊ သီဆို ကခုန်မှုများကို တပျော်တပါး ကျင်းပကြသည်။ ဇိုမီးတိုင်းရင်းသားတို့၏ ရာသီပွဲများအနက် ခွာဒိုပွဲတော်သည် ပျော်ရွှင်မှု အရှိဆုံးပွဲတော် ဖြစ်သည်။ ခွာဒိုပွဲတော် ကျင်းပသော အစီအစဉ်တွင် ပျားအုံယူပွဲလည်း ပါဝင်သည်။ ရွာရှိ လူပျို၊ လူရွယ်တို့သည် တောအတွင်းသို့ ဝင်၍ ပျားအုံရှာဖွေကြရသည်။ ပျားအုံရရှိသော အခါ အိုးစည်၊ ဗုံမောင်းတီး၍ အဆိုအကများဖြင့် တပျော်တပါး မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ရွာသို့ ဝင်လာကြသည်။ အချို့သေနတ်ရှိသော ရွာများတွင် သေနတ်ပစ်ဖောက်၍ ပျားအုံကို သယ်ဆောင်လာကြသည်။ ပျားအုံသယ်ဆောင်လာသော လူပျို၊ လူရွယ်များကို ရွာရှိအပျိုအရွယ်များက ရွာအဝင်ရှိ မွာလ် (ခေါ်) နားနေစခန်းမှ ခေါင်ရည်ဖြင့် ကြိုဆို တိုက်ကျွေးကြသည်။ ရွာလယ်နတ်ကွန်း (သို့) ပွဲကျင်းပရာအိမ်သို့ ရောက်သောအခါ တိုင်တစ်တိုင်ပေါ်၌ ပျားအုံ ကိုချိန်ဆွဲ၍ နတ်ဆရာသည် ပျားများကဲ့သို့ ရွာသူ ရွာသားများ ညီညီညွတ်ညွတ်နှင့် စုစုစည်းစည်း အလုပ်လုပ်နိုင်ကြစေရန် ဆုတောင်းကြသည်။ ထို့နောက် ပျားအုံကိုကြည့်၍ နိမိတ် ဟောသည်။ ခွာဒိုပွဲတော်ကိုဝက်၊ နွား၊ နွားနောက် စသော တတ်နိုင်သည့် အတိုင်းအတာဖြင့် ကျင်းပသည်။ ကွယ်လွန်ပြီးသူများအတွက် အထူးဟင်းလျာများအဖြစ် သားကောင်၏ ဝမ်းတွင်းသားများကို ချက်ပြုတ်ကာ ကွယ်လွန်သူတို့၏ သင်္ချိုင်းဂူများသို့ သွားရောက်ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ကွယ်လွန်သူများကို ပူဇော်ကန်တော့ပြီးမှသာ စားသောက်ပွဲများကျင်းပ နိုင်သည်။ ခွါဒိုပွဲတော်ကို အစားအသောက်၊ အဆိုအက၊ အတီးအမှုတ်များဖြင့် တစ်နေကုန် တစ်ညလုံး ကျင်းပသည်။ ခွာဒိုပွဲကျင်းပသည့် ပထမနေ့ညတွင် နတ်ဆိုးများကို ရွာတွင်းမှ မောင်းထုတ်ပွဲ ပြုလုပ်ကြသည်။ ခွာဒိုပွဲတော် သီချင်းများကို သီဆိုတီးမှုတ်ရင်း သုံးရက်မှ ခုနစ်ရက်အထိ ကျင်းပသည်။ ဆွေမျိုးများ၏ သင်္ချိုင်းသို့သွားရောက်ဂါရဝပြုခြင်း ပွဲတော်၏ပထမနေ့တွင် ကွယ်လွန်သူ ဆွေမျိုးများအတွက် ပွဲတော်၌အသုံးပြုသည့် ဝက်၊ နွား၊ နွားနောက်စသော သားကောင်၏ ဝမ်းတွင်းသားများကို အထူးဟင်းလျာအဖြစ် ချက်ပြုတ်ကာ ၎င်းဟင်းမျိုးစုံနှင့် စားသောက်ဖွယ်ရာများအား ယူဆောင်ပြီး တစ်နှစ်တာ ကာလအတွင်း ကွယ်လွန်သူ ဆွေမျိုးများ၏ သင်္ချိုင်းများသို့ သွားရောက်ဂါရဝပြု ပူဇော် ကန်တော့ကြသည်။ ကွယ်လွန်သူဆွေမျိုးများ ကို ဦးစွာရှိခိုးဦးချဂါရဝပြု ကန်တော့ပြီးမှသာ စားသောက်ပွဲများ ကျင်းပနိုင်သည်။ နတ်ဆိုးများကို နှင်ထုတ်ခြင်း ပထမနေ့စားသောက်ပွဲပြီး၍ ညနေ မှောင်စပြုလာသည့်အချိန်တွင် နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်ကာ နတ်ဆိုးများ မောင်းထုတ်ကြသည်။ နတ်ဆရာက သေနတ် တစ်ချက်ဖောက်၍ အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ရွာလုံးအိမ်တိုင်းစေ့ နတ်ဆိုးများစတင်ကာ နှင်ထုတ်ကြလေသည်။ နတ်ဆိုးများကို နှင်ထုတ်ရာတွင် အမျိုးသားများသည် ထင်းရှူးမီးနှင့် ပုဆိန်ရိုးတို့ကို လက်တစ်ဖက်စီတွင်ကိုင်လျက် အိမ်ဦးတိုင်မှစ၍ တိုင်များနှင့် နံရံများကို ပုဆိန်ရိုးဖြင့် ရိုက်ထုကြလေသည်။ ထိုသို့ရိုက်ထုနေစဉ် “ဝိညာဉ်ဆိုး၊ နတ်ဆိုးများ ထွက်သွားကြကုန်လော့၊ နတ်ဆိုးများ၏ အချိန် နေ့ရက်ကာလများ ကုန်လွန်ခဲ့ပါပြီ၊ နတ်ပြည် နတ်ရွာသို့ ပြန်သွားကြပါကုန်လော့၊ ရွာ၌ ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဘေးဒုက္ခများ ကင်းဝေးသွားပါစေ၊ ကျန်းမာချမ်းသာ အေးငြိမ်းကြပါစေ” ဟူ၍ အော်ဟစ်ကြွေးကြော်ကြသည်။ အိမ်ဦးခန်းမှစ၍ အိမ်ရှေ့သို့ ရောက်လာသည့် အခါ လက်တွင်ကိုင်ထားသော ပုဆိန်ရိုးကို အိမ်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ လက်တစ်ဖက်တွင် ကိုင်ထားသော ထင်းရှူး မီးကိုနှစ်ခုခွဲ၍၊ ခြံစည်းရိုးတံခါး ဘေးတစ်ဖက်တစ်ချက်စီတွင် ထွန်းထားခဲ့သည်။ ၎င်းနောက် နတ်ဆရာအိမ်သို့ သွားရောက်စုရုံးကြပါသည်။ နတ်ဆရာအိမ်မှတစ်ဖန် ထင်းရှူးမီးကိုယ်စီ ဆွဲကိုင်လျက် ရွာလယ်နတ်ကွန်းသို့ သွားရောက်စုရုံးကြပြန်လေသည်။ ။ ရွာရှိ လူပျိုဆောင်(Lawm Inn)များမှ လူပျိုများသည်လည်း ထင်းရှူးမီးကိုယ်စီကိုင်လျက် နတ်ကွန်း (Tual)သို့ စုရုံးကြသည်။ အဖွဲ့အားလုံး ဆုံမိသည့်အခါတွင် နတ်ကွန်းကို စုပေါင်း၍ တစ်ပတ်ရစ် ပတ်သွားရင်း “နတ်ဆရာများ၊ ဝိညာဉ်ဆိုးများ ထွက်သွားကြပါ ”ဟူ၍ ယခင် နည်းအတိုင်း အော်ဟစ်ကြွေးကြော်ကာ နတ်ကွန်းမှနတ်ဆိုးများ မောင်းထုတ်ကြပြန်ပါသည်။ နတ်ကွန်းများမှ နတ်ဆိုးများ မောင်းထုတ်ပြီးနောက် နတ်ဆရာအိမ်သို့အား လုံးသွားရောက်စုရုံးကြပြန်သည်။ အိမ်တိုင်းမှ ကြိုတင်စုထားသည့် ခေါင်ရည်အိုးကိုတည်ပြီး ခေါင်ရည်ကို ရေဘူးတွင်ထည့်ထားသည်။ လူပျိုလူရွယ်များသည် ခေါင်ရည်ထည့်ထား သောရေဘူးများကိုယူ၍ ပျားဖွပ်ရန်တောထဲသို့ သွားကြလေသည်။ တစ်ချို့ရွာများတွင် ပျားအုံကို ကြိုတင်ရှာဖွေကာအိမ်၌မွေးထားကြသည်။ နတ်ဆိုးများမောင်းထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ဟောင်းကာလ၌ မိမိနေအိမ်နှင့် ရွာနတ်ကွန်းတွင် ခိုအောင်းနေထိုင်ခဲ့ကြသည်ဟုယူဆသော မကောင်းဆိုးဝါးဟူသမျှကို မောင်းထုတ် ဖယ်ရှားကာ၊ ရွာကိုသန့်ရှင်း စင်ကြယ်စေခြင်းဖြင့် နှစ်သစ်တွင် ဘေးအန္တရာယ်နှင့် အနာရောဂါဘယကင်းဝေး၍ အေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်ကြစေရန်ဖြစ်ပါသည်။ နတ်ဆိုးနှင်ထုတ်သော ရိုးရာတေး သီချင်းတစ်ပုဒ်ရှိပါသည်။ ၎င်းမှာ (a) Kum ki khen e, sol kha dang e, zinn in vang khua lam gonghen aw e. (b) Ziin in vang khua lam zonghen la, siansung tui bang siang hen lawm aw e.ဟူ၍ ဖြစ်သည်။ ပျားအုံယူခြင်းဓလေ့ ပထမနေ့ညဘက်တွင် ပျားအုံရှာရန်အတွက် လူငယ်လူရွယ်များသည် တောထဲသို့ သွားကြလေသည်။ ပျားအုံတွေ့သည့်နေရာတွင် ပျားအုံယူရင်း သီဆိုတီးမှုတ်ကာ ညအိပ်ကြသည်။ ဒုတိယနေ့ နံနက်စောစောတွင် ပျားအုံကို သယ်ဆောင်လာပြီး ခွါမွောလ် (Khua mual) ခေါ် ရွာဦးနတ်ကွန်းသို့ ပြန်လာကြသည်။ ဇိုမီး နတ်ဘာသာဓလေ့အရ ရွာလယ်နတ်ကွန်းနှင့် ရွာပြင်ရှုခင်းသာယာသော နေရာတွင် နတ်ကွန်းတစ်ခုထားရှိသည်။ ရွာပြင်ရှိ ရွာဦး နတ်ကွန်း (Khua mual) တွင် စုဝေးစားသောက်ကြသည်။ တစ်နေကုန် တီးမှုတ်သီဆို ကခုန်ကြသည်။ ရွာဦးနတ်ကွန်းတွင် ဇောလ်(Zawl)ခေါ် အချစ်ဆုံးသူငယ်ချင်းနှင့်အတူ စားသုံးကြသည်။ ရွာရှိ လူပျိုလူရွယ်များကလည်း စားသောက်ဖွယ်ရာများကို လာပို့ကြသည်။ ညနေပိုင်းတွင် ပျားအုံကို အဝတ်စများဖြင့် ထုပ်ပြီးလျှင် တုတ်တစ်ချောင်းလျှို၍ လူနှစ်ဦးမှထမ်းကာ အတီးအမှုတ် အဆိုအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရွာလယ်နတ်ကွန်းသို့ ပြန်လာကြသည်။ ထိုသို့ပြန်လာရာတွင် ရှေ့ဆုံးမှ ပျားအုံထမ်းသူနှစ်ဦးနှင့် ထင်းရှူးမီးကိုင်သူ နှစ်ဦး တန်းစီသည်။ ၎င်းတို့၏နောက်တွင် မောင်းတီးသူများ၊ ဗုံးတီးသူများ၊ ဝါးပလွေ မှုတ်သူများ (တူရိယာတီးမှုတ်အဖွဲ့) ဆက်၍ တန်းစီသည်။ ၎င်းတို့၏နောက်မှ သေနတ်ကိုင် သူတစ်ဦး၊ ၎င်းနောက်မှ ထင်းရှူးမီးကိုင်သူတစ်ဦး၊ ၎င်းနောက် သေနတ်ကိုင်သူတစ်ဦး စသည်ဖြင့် တန်းစီရပြန်သည်။ ၎င်းတို့ပြီးမှ အမျိုးသားနှင့် အမျိုးသမီးများသည် ထင်းရှူးမီး ကိုယ်စီဖြင့် ဆက်လက်တန်းစီလေသည်။ တန်းစီရာတွင် အတန်းမပျက်စေရန်အတွက် ကြိုးတစ်ချောင်းကို ကိုင်စေ၍ ထိန်းထားလေသည်။ တန်းစီမှုပြီးလျှင်သီချင်းများ သီဆိုတီး မှုတ်ကခုန်ရင်း ရွာဦးနတ်ကွန်းကို သုံးပတ်လှည့် သည်။ သုံးပတ်ပြည့်လျှင် ရွာလယ်နတ်ကွန်း (Khuatual)သို့ တန်းစီ၍ တီးမှုတ်ကခုန် လျက်နှင့် ပြန်လာကြသည်။ ခွါမွာလ်တွင် သေနတ်ကိုင်သူမှ သေနတ်တစ်ချက် ပစ်ဖောက်ပြီးနောက် ခြေလှမ်းညီညီ၊ စည်းချက်ကျကျ လှမ်းကြသည်။ ဘယ်ခြေရှေ့သို့လှမ်းစဉ် ကိုင်ဆောင်ထားသော ထင်းရှူးမီးတိုင်ကို အောက်သို့ နှိမ့်ချလိုက်သည်။ ညာခြေရှေ့သို့ လှမ်းသောအခါ ထင်းရှူးမီးတိုင်များကို ပခုံး ထက်သို့မြှောက်၍ ကိုင်ကြသည်။ ခြေလှမ်းညီညီ၊ စည်းချက်ကျကျလှမ်း၍ ပြန်လာကြသော ပျားအုံယူသူများ ရွာလယ်နတ်ကွန်းအနီးသို့ ရောက်လာသောအခါ အသင့်စောင့်ကြိုနေကြသည့် အမျိုးသမီးများသည် ခေါင်ရည်ဘူး၊ အချိုရည်ကိုယ်စီဖြင့် ကြိုဆိုခဲ့ကြရာ ခေါင်ရည်၊ အချိုရည်များကိုတိုက်ကျွေး ကြပါသည်။ ရွာလယ်နတ်ကွန်းတွင် ရွာသူ ရွာသားများနှင့် သက်ကြီးရွယ်အိုများမှ “ပျားအုံ ဖြစ်လျှင်မလာပါနဲ့၊ သီးနှံဖြစ်မှ ဝင်လာပါ”ဟု သီဆိုကာ ကြိုဆိုကြသည်။ ပျားအုံယူလာသူ များကလည်း “ပျားအုံမဟုတ်ပါ။ သီးနှံများသာ”ဖြစ်ကြောင်း ဖွဲ့နွဲ့သီဆိုကာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် စည်းချက်ညီညီ သီဆို ကခုန်ကြလေသည်။ ပျားအုံသယ်ယူလာသူများ နှင့်ကြိုဆိုကြသော အဖွဲ့နှစ်ခုဆုံကြသည့်အခါ စုပေါင်းပြီး ရွာလယ်နတ်ကွန်းကို တစ်ပတ်ရစ် ပတ်ရင်း သီဆိုကခုန်ခဲ့ကြလေသည်။ ၎င်းနောက် သက်ကြီးရွယ်အိုများ၊ နတ်ဆရာများက ပျားအုံကိုယူ၍ ခွဲဖျက်ကြည့်ကာ နိမိတ်ဖတ်ကြလေသည်။ ၎င်းညတွင် Khuatual ၌ စားသောက်ပွဲများ ပြုလုပ်ကာ တစ်ညလုံး အမျိုးသားများနှင့် အမျိုးသမီးများသည် လက်ချင်းတွဲ၍ တစ်ညတာပတ်လုံး သီဆိုတီးမှုတ်ကြလေသည်။ ပျားအုံနိမိတ်ဖတ်ခြင်း ပျားအုံများတွင် ပျားသလက်ကောင်များသည် ကွက်လပ်မရှိပြည့်လျက် ညီညီညာညာရှိနေကြလျှင် လာမည့်နှစ်တွင် ရပ်ရွာအေးချမ်းသာယာ၍ ဘေးအန္တရာယ်နှင့် ရောဂါဘယကင်းဝေးမည်။ အသီးအနှံဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမည်။ ပျားသလက်ကောင်များ မပြည့်ဘဲ မညီမညာဖြင့် ပျက်စီးသေကျေနေလျှင် သီးနှံအထွက်မကောင်းသည့်အပြင် အနာရောဂါများ ကျရောက်၍ ရွာတွင် အသေအပျောက်များရှိမည်ဟု ယူဆကြသည်။ ။ ခွာဒိုပွဲတော်နောက်ဆုံးနေ့(တတိယမြောက်နေ့) ခွါဒိုပွဲတော်ကျင်းပပြီး သုံးရက်မြောက်သောနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေး ပြုလုပ်သည်။ Tual တွင် စားသောက်ပွဲများ မရှိတော့ပေ။ မိမိတို့၏ ဆွေမျိုးစုအလိုက်ဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ အိမ်နီးနားခြင်းအလိုက်ဖြစ်စေ၊ နီးစပ်ရာ ရပ်ကွက်အလိုက်ဖြစ်စေ၊ ဝိုင်းဖွဲ့၍ လက်ဆုံစားသောက်ပွဲများ၊ သီချင်း သီဆို တီးမှုတ် ကခုန်မှုများကို တပျော်တပါး ဆက်လက်ပြုလုပ်ကြသည်။ လူပျိုလူရွယ်များမှာ ရွာလယ်နတ်ကွန်း၌ပင် ဆက်လက်စုဝေး၍ တီးမှုတ်သီဆို ကခုန်ခြင်းဖြင့် ပွဲတော်ကိုပျော်ရွှင်စွာ ဆက်လက်ပါဝင် ဆင်နွှဲကြလေသည်။ ဤသို့ဖြင့် ခွာဒိုပွဲတော်ကို သုံးရက်တိုင်တိုင် စုပေါင်းစားသောက်ပွဲများ၊ အတီးအမှုတ်အဆိုအကများဖြင့် ဝမ်းသာပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ နှစ်သစ်ကူးနေ့(နှစ်ဆန်းတစ်ရက်) ခွါဒိုပွဲတော်သည် တစ်နှစ်တာကာလအတွင်း စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် တောင်ယာသီးနှံများ ရိတ်သိမ်းပြီးနောက် အားလပ်ရက် အနားယူချိန်တွင် ပျော်ရွှင်စွာစုပေါင်း ကျင်းပသည့် ရာသီပွဲတော်ဖြစ်သည်။ တစ်နှစ်တာဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရသော လုပ်ငန်းသည် အပြီးသတ်သည့်နည်းတူ တစ်နှစ်တာ ကာလသည်လည်း ကုန်ဆုံး သွားလေတော့သည်။ ထို့ကြောင့် နှစ်ဟောင်း ကို နှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသည့် ပွဲတော်လည်းဖြစ်သည်။ ဇိုမီး ဓလေ့ဘာသာအရ ခွါဒိုပွဲတော်ကျင်းပသည့်နေ့ရက်တွင် နှစ်ဟောင်းကုန်သည်ဟု မှတ်ယူကြပြီး နောက်တစ်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ခွာဒိုပွဲတော်ကို နှစ်သစ်ကူးပွဲတော်ဟု လည်းခေါ်ဆိုကြသည်။ ။ ခွါဒိုပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှေစ် (Intangible Culture Heritage - ICH) တစ်ခုဖြစ်သည်။ တိုးတက်လာသော ခေတ်စနစ် အခြေအနေများကြောင့် ခွာဒိုပွဲတော် ထိန်းသိမ်းမြှင့်တင်ရာတွင် ခွာဒိုပွဲတော် ကျင်းပနေခြင်းသည် အမျိုးသားစည်းလုံးညီညွတ်မှု၊ မေတ္တာစေတနာ ပွားများလာမှု၊ ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင်တတ်မှု စသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှု အနှစ်သာရ ကြွယ်ဝသည့် အမျိုးသား ပွဲတော်ကြီးပင် ဖြစ်ပေသည်။ ခွါဒိုပွဲသည် ဇိုမီးများရဲ့ ရိုးရာ၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနေ ခြင်းဖြစ်ပါသည်။ ခွာဒိုပွဲတော်သည် ဇိုမီးအမျိုးသားများ၏ စည်းလုံးညီညွတ်မှု၊ မေတ္တာ စေတနာနှင့် ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင် တတ်မှုစသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှုအနှစ်သာရ ကြွယ်ဝသည့် ဇိုမီး ရိုးရာပွဲတော်ကြီးတစ်ခု ဖြစ်ပါသည်။ တော်လှန်ရေးများ ချင်းတို့သည်ကုန်းဘောင်ခေတ်မြန်မာဘုရင်များလက်ထက်စော်ဘွားနယ်အဖြစ်ဖွဲ့စည်းထား၍ခေါင်းဆောင်တို့မှာစော်ဘွား အဖြစ်ချီးမြှောက်ခြင်းခံရသောလူမျိုးများ ဖြစ်ပေသည်။ ထိုစဉ်က တည်းက ပင်မြန်မာနိုင်ငံရေး၏ အရေးတွင်ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသားများ ဖြစ်၏ အထက်မြန်မာပြည် ကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ချင်းတောင်တွင် အုပ်ချုပ်မှု အခြေစိုက်ရန် ကြိုးစားခဲ့ရာ တွင်၁၈⁠၈၈ခုနှစ်အထိဗြိတိသျှတို့ကိုခုခံတိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက်အုပ်ချုပ်မိသည့်တိုင်၁၉၁၇နှင့်၁၉၈၁တို့တွင်ဟားခါးနှင့်ကုကီချင်းတို့ (၂)နှစ်ကြာမျှတော်လှန်တိုက်ခိုက်ခဲ့ကြသေးသည်။ ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ) ချင်းအမျိုးသမီးတို့ ပါးရဲထိုးခြင်းမှာ ဓလေ့ဖြစ်သော်လည်း ယခုနောက်ပိုင်း ယင်းဓလေ့တို့ ပျောက်ကွယ်လုပြီဖြစ်သည်။ ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂၀⁠၀၀၀) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့် အခြားတချောင်းတွင် ယင်ဒူးတို့ (၄၅၀၀) နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထိုချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈၀⁠၀၀) တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက်မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂၀ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာမရှိကြပေ။ ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြသည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေးနက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြုလိုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူပေ။ မင်းတပ်၊ ကန်ပက်လက်တဝိုက်ရှိ ချင်းပုတ် တို့မှာ တောလိုက်ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တုအဖျားတပ်ထားသောမြှားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ်လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ် အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်းများကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ်စွာ ရက်လုပ်ထားပေသည်။ မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟုခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။ တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာတွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကိုလိုက်၍ ကွဲပြား၏။ အသက် ၇ နှစ်၈ နှစ်လောက်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုတ်တို့မှာ ဗုဒ္ဓအယူဝါဒကို အများအပြားသက်ဝင်ယုံကြည်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်းတွင် လူဦးရေပေါင်း ၆၀⁠၀၀⁠၀ ကျော် ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅၀⁠၀ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြားဖော်ပြခြင်း မရှိသော ချင်းလူမျိုးဦးရေ ၉၀⁠၀၀၀ ရှိသည့်အနက် ၄၀⁠၀၀⁠၀ ကျော်မှာ မကွေးတိုင်းအတွင်း၌ ဖော်ပြထားပေသည်။ ထင်ရှားသော ချင်းလူမျိုးများ ဗိုလ်ကြွမ်ဘိ(ခေါ်) ဗိုလ်ဆွန်ပက် - ဗြိတိသျှတော်လှန်ရေးခေါင်းဆောင် ဗိုလ်ခိုင်ကမ်း - ဗြိတိသျှတော်လှန်ရေးခေါင်းဆောင် တပ်မှူးခေါ်ကျင့် (ခေါ် ) တိုက်သူကြီး ခေါ်ကျင့် - ဗြိတိသျှတော်လှန်ရေးခေါင်းဆောင် တိုက်သူကြီး ဦးကမ်းဟောက်- ကမ်းဟောက်ဥပဒေကို အေဒီ ၁၈၄၈ ခုနှစ်မှ စတင်ကျင့်သုံးပြီး ယခု ၂၀၂၀-ခုနစ်တွင်လည်း တီးတိန်မြို့၌ ကျင့်သုံးသည်။ စည်သူ ဒေါက်တာ ဝမ်းကိုဟော - ဖက်ဆစ်ဂျပန်တော်လှန်ရေးခေါင်းဆောင် သတိုး မဟာသရေစည်သူ ဦးဝမ္မ သူးမောင် (လွတ်လပ်ရေး မော်ကွန်းဝင်) မြန်မာပြည် သူရဲကောင်းတံဆိပ်ရ ဗိုလ်မှူးကြီး ဟရန်သီဟို အောင်ဆန်းသူရိယ တိုက်ချွန်း ဆလိုင်းတင်မောင်ဦး(ကျောင်းသားအာဇာနည်) မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူ တေးရေးတေးဆို ဆလိုင်း ဆွန်ကျဲအို အကယ်ဒမီ သက်မွန်မြင့် အဆိုတော် ဆုန်သင်းပါရ် ခင်မောင်သန့် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင် ဒေးဗစ်ထန် - မြန်မာ့လက်ရွေးစင်ဘောလုံးသမား၊ ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရည်ညွှန်းကိုးကား မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ - အပိုင်း (ခ) http://sweetdream.ning.com/ Category:မြန်မာနိုင်ငံလူမျိုးများ
မွန်လူမျိုး
မွန်လူမျိုး ()သည် မွန်-ခမာအုပ်စု တွင်ပါဝင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သမိုင်းတွင် ဘုန်းတန်ခိုးအာဏာနှင့်ယဉ်ကျေးမှုကြီးမားခဲ့သောလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံသို့အစောဆုံးဝင်ရောက်ခဲ့သော လူမျိုးများထဲတွင်ပါဝင်သည်။တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာသနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။Professor G.H.Luce ၏ Old Burma, Early Pagan (1969) နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။ မျိုးရိုးဗီဇ မွန် လူမျိုးများသည် မျိုးရိုးဗီဇတွင် မွန်-ခမာအုပ်စုနှင့် အဓိက ဆက်နွယ်ထားပြီး Y-DNA သုတေသနများအရ မွန်များတွင် Haplogroup O1b1a1a (O-M95) သည် အများဆုံးတွေ့ရသည်Karmin, M., et al. (2015). "A recent bottleneck of Y chromosome diversity coincides with a global change in culture". Genome Research. 25(4): 459–466.။ ထို့အပြင် မွန်လူမျိုးတချို့တွင် O-M122 ကဲ့သို့သော် တိဗက်-ဗမာ မျိုးရိုးဗီဇများကိုလည်းတွေ့ရပြီး သမိုင်းတလျောက်ပင်လယ်ရေကြောင်းကုန်သွယ်မှုများမှ R1a, R1b, J စသည့် အိန္ဒိယတိုက်ငယ်မှမျိုးရိုးဗီဇများ နှင့် အနောက်အာရှမှ မျိုးရိုးဗီဇများ ပါဝင်ခြင်းကိုလည်း သုတေသနများက ဖော်ပြထားသည်Trejaut, J.A., et al. (2014). "Genetic legacy of the Austroasiatic expansion in Southeast Asia". Molecular Biology and Evolution. 31(5): 1016–1035.။ မွန်လူမျိုးများသည် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားအုပ်စုများနှင့် မျိုးရိုးဗီဇစီးဆင်းမှုများ ရှိသော်လည်း အဓိကမျိုးရိုးဗီဇအခြေခံမှာ ဩစထြိုအေးရှားတစ် ဖြစ်ပြီး၊ ဗမာတို့၏ တရုတ်-တိဗက်(တိဗက်-ဗမာ) နှင့် ရှမ်းတို့၏ ခရာ-ဒိုင် အခြေခံများနှင့် ကွာခြားသည်။ မွန်-ခမာ အုပ်စုဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ "မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလွိုက် အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလွိုက်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်" ဟု ဆိုထားသည်။ မွန်ရာဇဝင်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိအမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း)ခမာတို့နှင့်အတူကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်" ဟုဆိုသည်။ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတလျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက် ဨကရာဇ်မန် သၞောဝ်သ္တောဝ်သၟိၚ်ဝါရေဝ်ရောဝ် ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ဦးဘသန်းရေး၏ မြန်မာ့ရာဇဝင် ရှေးဟောင်းမွန်လူမျိုးများ ရှေးဟောင်း ပျူလူမျိုးများ ထက်စောစွာ မြန်မာနိုင်ငံ မှ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ရရှိသောလူမျိုး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ဝင်ရောက်လာသည့် မွန်ဂိုလွိုက်အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တရုတ်-တိဗက်၊ ခရာ-တိုင် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရိုအေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန်ခမာလူမျိုးများအား သတ်မှတ်ကြသည်။ အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖော်ပြသည် ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကိုလက်ခံကျင့်သုံးခဲ့ကြသည်။ ၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏နိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။ ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖော်ပြထားသည်။ ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် မွန်ဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။ရှေးဟောင်း မွန်လူမျိုးများသည် ထိုင်းနိုင်ငံဒွါရဝတီကို ရောက်ရှိလာပြီး ရာစုနှစ် အနည်းငယ်အတွင်း ပြန့်နှံ့သွားကြသည်။ ၁၄ ရာစုခန့်တွင် မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ဗြဟ္မဏနှင့် မဟာယနများ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများနှင့် ရောနှော တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ မွန်တို့ရဲ့ ကိုယ်ပိုင်နည်းပညာဖြင့် သက္ကတစာပေကို အခြေခံယူ၍ ကိုယ်ပိုင်အက္ခရာဖန်တီးကာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ ရာဇဓိရာဇ် အရေးတော်ပုံ။ ဗညားဒလ အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅ မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅) မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ မွန်လူမျိုးတို့သည် ကိုယ်ပိုင် ထီးနန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေကြသူများဖြစ်သည်။ ကနုတ်များဖြင့် ချယ်လှယ် ထားသော ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြသည်။ ကိုးကွယ်ယုံကြည်မှု မွန်လူမျိုး ၉၈ % သည် ထေရဝါဒဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ ၂ % ခရစ်ယာန်လူမျိုးများဖြစ်သည်။ စာပေ မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမည်(မန်) ဟုရေးသားသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး၊ သရ (၁၂) လုံး ရှိသည်။ မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။ မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။ မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့် အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခု ဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူသော်လည်း အရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ နှစ်သန်းကျော်သောသူများက ပြောဆိုလျက်ရှိကြသည်။ ကုန်းဘောင်ခေတ်မှ စကာ ယခုခေတ်အထိ အစိုးရအဆက်ဆက်၏ ဗမာလူမျိုးကြီးဝါဒအခြေခံ ပိတ်ပင်တားဆီးမှုများကြောင့် မကြာသေးမီနှစ်များက မွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့သည်။ ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်သည်။ ထို့အပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။ အနုပညာ ယဉ်ကျေးမှု မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။ တူရိယာ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။ ထင်ရှားသော မွန်လူမျိုးများ ရှၚ်ဗုဒ္ဓဃောသ(ရာမညပုတ္တော ဗုဒ္ဓဃောသော) - ပိဋကတ်သုံးပုံကို သီဟိုဠ်ဘာသာမှ ပါဠိသို့ဘာသာပြန်သူ ရှင်အရဟံ - ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ မနူဟာမင်း (ခေါ်) မကုဋ- သုဝဏ္ဏဘူမိ သထုံမွန်မင်းဆက်၏ ၂၅ဆက်မြောက်မင်း ရာဇာဓိရာဇ် (ခေါ်) ဗညားနွဲ့ - ဟံသာဝတီမွန်မင်းဆက်၏ ၉ဆက်မြောက်မင်း၊ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထင်ကရစစ်ဘုရင် အမတ်ဒိန် - ရာဇာဓိရာဇ်ဘုရင်၏ အတိုင်ပင်ခံအမတ်ကြီး လဂွန်းအိန် (မဟာစော) - ဟံသာဝတီဘုရင့်တပ်တော်၏ ရှေ့ဖျားချီစစ်မှူး ၊ အနှစ်လေးဆယ်စစ်၏ထင်ရှားသော မွန်သူရဲကောင်း ရှင်စောပု - မွန်ဘုရင်မကြီး ဓမ္မစေတီမင်း (ခေါ်) ရာမာဓိပတိ- ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ထင်ရှားသော မွန်ဘုရင် သမိန်ဗရမ်း - မွန်သူရဲကောင်း အမတ်ကြီး ဗညားဒလ - ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘုရင့်နောင်၏ အတိုင်ပင်ခံဝန်ကြီးချုပ်၊ အဂ္ဂမဟာသေနာပတိ ရှင်မဟာရဋ္ဌသာရ - အင်းဝခေတ်စာဆိုတော်ရဟန်း ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူဘုရင်https://www.bbc.com/burmese/in-depth-47977744 အမရိန္ဒြာ - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ ရာမ(၁)ဘုရင်၏ မိဖုရားခေါင်ကြီး၊ ရာမ(၂)ဘုရင်၏ မယ်​တော် ဗညားဒလ - ဒုတိယဟံသာဝတီမင်းဆက်၏ နောက်ဆုံး ဘုရင် မိတလထော - ဟံသာဝတီ တိဿရာဇာမင်းမိဖုရား မကုဋ (ခေါ်) မောင်းကွတ် - ထိုင်းဘုရင့်နိုင်ငံ ချက္ကရီမင်းဆက်၏ ၄ဆက်မြောက်မင်း၊ ထိုင်းနိုင်ငံကိုခေတ်မှီအောင်အစပြုခဲ့သူ မောင်ထော်လေး - စစ်ကဲ ဦးနာအောက် - ကိုလိုနီခေတ် မီးသင်္ဘောသူဋ္ဌေး ဆာဦးသွင် - ကိုလိုနီခေတ် သူဌေးကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကို စတင်တည်ထောင်သူ ဆာဂျေအေမောင်ကြီး - ကိုလိုနီခေတ် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ မြန်မာ့ ပထမဆုံး အနောက်တိုင်းဆရာဝန် ဒေါက်တာရှောလူး မြန်မာနိုင်ငံ၏ ပထမဆုံး ကာယဗလလေ့ကျင့်သူ ဒေါက်တာဝေါ်လတာချစ်ထွန်း မြန်မာနိုင်ငံ၏ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ မင်းသုဝဏ် ( မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်၏ ဖခင်) အပါစရာ ဟံသာကုလ - မယ်စကြဝဠာ ၁၉၆၅ ဇာဂနာ - ရုပ်ရှင်နှင့် သဘင်ပညာရှင် ထူးအိမ်သင် - တေးရေးတေးဆို ထုံချိုင်း မက်အင်တိုင်ယာ - ထိုင်း အဆိုတော် နှင့် ရုပ်ရှင်သရုပ်ဆောင် ကေအေတီ - တေးရေးဆရာ မျိုးကျော့မြိုင် - တေးရေးတေးဆို၊ မြန်မာ့ ဟစ်ဟော့လောကကို စတင်ခဲ့သူ ဗညားနိုင် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင် မင်းကိုနိုင် - ကျောင်းသားခေါင်းဆောင် ဦးမြင့်ဆွေ - ဒုတိယ သမ္မတ အာနန်ပန်ယာချွန် - ထိုင်းဝန်ကြီးချုပ် နန္ဒာလှိုင် - မြန်မာရုပ်ရှင်မင်းသမီး နက်သာပွန်တီမီရက် - ထိုင်းရုပ်ရှင်မင်းသမီး၊ Taew ဟု နိုင်ငံတကာတွင်ကျော်ကြားသူ အိချောပို - သရုပ်ဆောင်၊ မော်ဒယ် ပပဝင်းခင် - သရုပ်ဆောင်၊ မော်ဒယ် သင်ဇာဝင့်ကျော် - သရုပ်ဆောင်၊ မော်ဒယ် အာဘွိုင်း - ဟစ်ဟော့အဆိုတော် မိစန္ဒီ - အမျိုးသမီးဟစ်ဟော့အဆိုတော် ထွန်းမင်းနိုင် - ဝမ်းချန်ပီယံရှစ်လက်ဝှေ့ချန်ပီယံ ခိုင်သဇင်ငုဝါ - သရုပ်ဆောင်၊ မော်ဒယ် ဗညာဘုန်းပြည့်-သရုပ်ဆောင်၊ မော်ဒယ် Lily Pantila Win - ထိုင်းရုပ်ရှင်မင်းသမီး၊ မော်ဒယ် မွန်အလံများ () မှတ်စုများ ကိုးကား ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူး Category:မွန်လူမျိုးများ Category:မြန်မာနိုင်ငံလူမျိုးများ
ရခိုင်လူမျိုး
ရခိုင်လူမျိုး (ရက္ခိုင်လူမျိုး) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုး (၁၃၅) မျိုးထဲတွင် ပါဝင်သည်။ အစိုးရမှ ရခိုင်တိုင်းရင်းသား (၇) မျိုး ဟုသတ်မှတ် ထားသည်။ ယင်းတို့မှ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများဖြစ်သည်။ ရခိုင်လူမျိုးများသည် ရခိုင်ဘာသာစကားကို အများစု ပြောဆို အသုံးပြု ကြသည်။ ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် ၄% ရှိသည်။https://www.cia.gov/the-world-factbook/countries/burma/ ရခိုင်လူမျိုးသည် ခေတ်လေးခေတ်ဖြင့် ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချုပ်‌ နေထိုင်ခဲ့ကြသည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၁၄၁-၁၄၇ အမျိုးတူသည်ကို လိုက်၍ လူမျိုးစုတို့ကို သတ်မှတ်ခွဲခြားသည့် ဘာသန္တရ သုတေသနနည်း အရဆိုလျှင် ရခိုင်လူမျိုးတို့သည် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများတွင် ပါဝင်သည်။ သို့သော် မြန်မာအစုဝင် တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ ဓနု၊ ရခိုင်နှင့် ယော စကားများသည် မြန်မာစကားနှင့် အလွန်နီးစပ်လေသည်။ရှေးရခိုင်တို့သည် မိမိတို့ကိုကို မရမာကြီးဟု သုံးနှုန်းကြသည်။(မရမာ ဟုသည်ကား အမျိုးနှင့်သီလကိုစောင့်ရှောက်သော လူမျိုးဟုဆိုလိုသည်။)မြန်မာနှင့်ရခိုင်ကိုမျိုးနွယ်တူဟုလည်းသတ်မှတ်နိုင်၍မိမိကိုယ်ကိုသာဂီမျိုးဟုဂုဏ်ယူပြောတတ်ကြသည်။ မြန်မာနိုင်ငံပြည်မနှင့် ရခိုင်ပြည်အကြားတွင် ရခိုင်ရိုးမ(ခေါ်)အနောက်ရိုးမတောင်တန်းတည်ရှိသည်။ ရခိုင်ပြည်သည် ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ရှိသောကြောင့် နိုင်ငံခြားနှင့် အဆက်အသွယ် အရောက်အပေါက်ပိုလွယ်သည်။ ရခိုင်ရာဇဝင်၌ မင်းဆက်ပေါင်းများစွာ ရှိသည်။ ရခိုင်၌ တွေ့ရသော ရှေးကျောက်စာများအနက် အာနန္ဒစန္ဒြ ကျောက်စာ၌ ဘီစီ၅၁၈ မှစ၍ အေဒီ ၇၂ဝ တိုင်အောင် မင်းစဉ်မင်းဆက်ကို ဖော်ပြထားသည်ကို တွေ့ရ၏။ စောလွန်းသော မင်းတို့ကို ဧကန်မှန် သည်ဟု ယူဆလိုလျှင် ဖြစ်နိုင်သော်လည်း ရခိုင်တွင် မြို့တည်၍ စာပေအရေးအသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ရှိသူတို့သည် ခရစ်နှစ်ဦးမှစ၍ ရှိနေကြသည်ဟုသော အဆိုမှာမှားယွင်းနေသည်။အမှန်ကား ဗုဒ္ဓမပွင့်ပေါ်မီ ကာလာကပင် ဗြာဟ္မဏဝါဒီနှင့် နေထိုင်သူများသာ ဖြစ်လေသည်။ ယင်းတို့သည် ငွေဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူတို့ထက်‌ ခေတ်စောဖြစ်လေသည်။ ထိုစဉ်ကပေါ်ပေါက်ခဲ့သော မင်းတို့ အုပ်ချုပ်သော ပြည်သူတို့ကား ဘရမာအမျိုးဖြစ်၍ အသောမင်း၏ ဘိုးဘေးများဖြစ်ကြ၍ ရခိုင်၌ အခြေစိုက်လျက် ပြည်ရွာထူထောင်သည်ကိုမူ အစောဆုံးတွေ့ရှိရသည်။ မည်သို့ဖြစ်စေ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်သော ရခိုင်လူမျိုးသည် ရှေးနှစ်ပေါင်း များစွာကပင် မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စာပေယဉ်ကျေးမှုဖြင့် အခြေစိုက် တိုးတက်လာသော လူမျိုးဖြစ်ပေသည်။ ရခိုင်စာပေ ယဉ်ကျေးမှုသည် သီးခြားလွတ်လပ်စွာ ထွန်းပြောင်ခဲ့ပေသည်။ ရခိုင်စာပေနှင့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်းစာများကို ဓညဝတီခေတ် (ဘီစီ ၅ ရာစုမှ အေဒီ ၄ ရာစု)မှ စ၍ ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။ ရခိုင်ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်းတို့ကိုလည်း ဝေသာလီခေတ် (အေဒီ ၁၅ ရာစုမှ ၁၈ ရာစု)တို့၌ အခိုင်အမာ တွေ့ရှိရလေသည်။ သို့သော် ရခိုင်စာပေသည် အေဒီ ၁၇၈၄ ခုနှစ် မြန်မာတို့နှင့် စစ်ဖြစ်ပြီးသော အချိန်နှင့် အေဒီ ၁၈၂၄-၂၆ ခုနှစ် ဗြိတိသျှနယ်ချဲ့တို့လက်အောက်ကို ကျရောက်သော အချိန်မှအစပြု၍ တဖြည်း ဖြည်း မှေးမှိန်ခဲ့ရလေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁) နေထိုင်သည့် နေရာ ရခိုင်လူမျိုးသည် ရခိုင်ပြည်နယ်တွင် အများစု နေထိုင် ကြပြီး။ မြန်မာနိုင်ငံရှိ ဒေသ အနှံအပြားတွင် အနည်းနည်း နေထိုင်ကြသည်။ အထူးသဖြင့်ချင်း ပြည်နယ် ပလက်ဝခရိုင်နှင့် ရန်ကုန်မြို့ ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊အမ်းခရိုင်၊ပေါက်တောခရိုင်၊သံတွဲခရိုင်၊ တောင်ကုတ်ခရိုင်၊ ကျောက်ဖြူခရိုင်တွင် အများဆုံး နေထိုင် သည်။ မြန်မာနိုင်ငံတွင် ၃,၁၀၇,၀၀၀ လူဦရေး ၄% နေထိုင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိန်းမြို့ ရခိုင်လူမျိုး အနည်းနည်းနေထိုင်သည်။ စုစုပေါင်း လူဦရေး ၂၀၀၀၀ ကျော် နေထိုင်သည်။ အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး စုစုပေါင်း လူဦရေး ၃၂,၀၀၀ ကျော် နေထိုင်သည်။ အခေါ်အဝေါ် ရခိုင်လူမျိုးများအား ရခိုင်၊ ရက္ခိုင်၊ အာရကန်၊ မောဂ် စသဖြင့်ခေါ်ဝေါ်မှုများလည်းရှိကြသည်။ ရခိုင် ဆိုသောစကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ)ဟု အဓိပ္ပာယ်ရသည်။ ရခိုင်လူမျိုးအချိုသည့် ရက္ခိုင် ဟု ခေါ်ဆိုသည့်ကို နှစ်သက်ကြသည်။ ရခိုင်=ရက္ခိုင် အသံထွက် တူသည့် အဓိပ္ပာယ်အရလည်းတူသည်။ အာရကန် ဆိုသောစကားသည် ပါဠိ စကား အာရက္ခမှ ဆင်းသက်လာခြင်းဖြစ်ပြီး မိမိကိုယ်ကိုလည်းကောင်း ပတ်ဝန်းကျင်နိုင်ငံများကိုလည်းကောင်း စောင့်ရှောက်ခြင်း စောင့်ရှောက်သည့်လူမျိုးဟု အဓိပ္ပာယ်ရသည်။ အထူးသဖြင့် အနောက်တိုင်း စာပေများတွင် အသုံးများသည်ကို တွေ့ရသည်။ မောဂ်ဟူသော အခေါ်အဝေါ်မှာ ဘင်္ဂလီစာပေများတွင် ရခိုင်လူမျိုးများအား ခေါ်ဝေါ်သုံးစွဲသော စကားလုံးဖြစ်သည်။ ရခိုင်တို့သည် ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူရာ အိန္ဒိယပြည်မြောက်ပိုင်းမှ မဂဓတိုင်းသားများဖြစ်ကြသည်။ ယင်းမှ ဆင်းသက်လာသော အနွယ်တော်များ ဖြစ်သောကြောင့် မဂဓတိုင်းသားများ မောဂ် ဟုခေါ်ဝေါ်သုံးစွဲခဲ့ခြင်းဖြစ်သည်။ ပေါ်ပေါက်လာပုံ ရခိုင်လူမျိုးသည် နှစ်ပေါင်း ၂၀၀၀ သိုမဟုတ် ထို့ထက် စောသောအချိန်က အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ ဘက်မှ ဝင်ရောက်လာကြသည် အာရီယာန်လူမျိုး နှင့် မွန်ဂိုလွိုက်(တိဗက်-ပျူ ကမ်းယံ)၊ ရခိုင်ပြည်၌ မူလရှိနေသူများ သွေးချင်း ရောနှောရာမှ ရခိုင်လူမျိုး ဖြစ်လာသည့်ဟု တချို့သော သမိုင်းပညာရှင်များက ဆိုကြသည်။ ရခိုင်ပြည်၌ မူလနေထိုင်သူများသည့် မည်သည့်လူမျိုး ဟု၍တိတိကျကျမသိရပေ။ ရခိုင်ပြည်၌ ကျောက်လက်နက် ကိရိယာများကို တွေ့ရှိရသဖြင့် မူလနေထိုင်သူများသည် ကျောက်ခေတ်လူမျိုးတို့ ဖြစ်နိုင်သည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၃၃-၃၆ အာရီယာန်နွယ်ဖွား ရခိုင်လူမျိုးသည် သကျ ဒေသမှ ဝင်လာသော အာရီယာန်လူမျိုး ဖြစ်သည့်ဟု ဆိုကြသည်။ သို့သော ဖြစ်နိုင်ချေ နည်းသည်။ ရခိုင်လူမျိုးသည် အာရီယာန် သွေးရော သည်သာ ဖြစ်နိုင်သည်။ တချို့သမိုင်းစာအုပ်များတွင် ရေးသားသည့်ကို တွေ့ရသည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၃၃-၃၆ တိဗက်-ဗမာမျိုးနွယ်စု ရခိုင်လူမျိုးများ ပြောဆိုသော ရခိုင်ဘာသာစကားသည်တိဗက်–ဗမာစကားမှ ဖြစ်လာသည်။ရခိုင်လူမျိုးသည် ဗမာလူမျိုးနှင့် မျက်နှာပုံစံ၊ အသားအရေ၊ မျက်လုံး၊ ခန္ဓာကိုယ်ကအစ တူကြသည်။ မျိုးရိုးဗီဇ ရခိုင်လူမျိုးများ၏ မျိုးရိုးဗီဇသည် တိဗက်-ဗမာမျိုးရိုးအုပ်စုနှင့် အင်ဒို-အာရိယန် အုပ်စုများမှ ဖြစ်ပေါ်လာသည်ဟု သုတေသနများအများစုက ဆိုကြသည်။ သုတေသနများအရ ရခိုင်တို့တွင် တိဗက်-ဗမာနွယ်အုပ်စုတွင် တွေ့ရသော အဖမျိုးရိုး Y-DNA haplogroups ဖြစ်သည့် O-M122 နှင့် D-M174 တို့ အများအပြားပါဝင်နေပြီး၊ အိန္ဒိယတိုက်ငယ်မှ အိန္ဒို-အာရိယန်နွယ် Haplogroup R1a နှင့် H-M69 တို့ကိုလည်း အချို့တွင် တွေ့ရသည်။ ဤအချက်အလက်များသည် ရခိုင်တို့သည် အရှေ့တောင်အာရှနှင့် တောင်အာရှ တစ်လျှောက်ရှိ လူမျိုးအုပ်စုများနှင့် မျိုးရိုးဗီဇအရသက်ဆိုင်မှုရှိကြောင်း ပြသနေသည်။Kayser, M. et al. (2006). "The Genetic Legacy of the Austronesian Expansion". American Journal of Human Genetics 79(3): 581–593.Thangaraj, K. et al. (2005). "Reconstructing the Origin of Andaman Islanders". Science 308(5724): 996.van Driem, George (2014). The Tale of Two Rakhines: Genetic and Linguistic Perspectives on the Peoples of Western Burma. Leiden University Press. သမိုင်းကြောင်း ဓညဝတီခေတ် ရခိုင်လူမျိုးသည် ခေတ်လေးခေတ်ဖြင့် ကိုယ့်ထီး ကိုယ့်နန်း ကိုအုပ်ချုပ်ခဲသည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသား ဖော်ပြထားသည်မှာ ဗုဒ္ဓ ပွင့်တော်မမူမှီ နှစ်ပေါင်း ၅၀ဝ၀ ကျော်မှစ၍ မာရယုမင်းသည့် ဓညဝတီကို တည်ထောင်သူဖြစ်သည်။ ပထမ ဓညဝတီ (၃၃၂၅-၁၅၀၇ဘီစီ)ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ စိုးစံခဲ့ကြောင်း၊ ဒုတိယ ဓညဝတီ (၁၅၀၇-၅၈၀ဘီစီ)ကို တည်ထောင်သည့် ကံရာဇာကြီး မင်းဆက် ၂၉ ဆက် စိုးစံခဲ့ကြောင်း၊ကံရာဇာကြီးသည် ရခိုင်မင်းဆက်ကိုတည်ထောင်ခဲ့ကြောင်းကံရာဇာငယ်သည် မြန်မာမင်းဆက်ကိုတည်ထောင်ခဲ့သည် ၊ တတိယ ဓညဝတီ (၅၈၀-၃၂၇ဘီစီ)ကို တည်ထောင်သည့် စန္ဒသူရိယ မင်းဆက် ၂၅ ဆက် စိုးစံခဲ့ကြောင်း၊ စန္ဒသူရိယမင်သည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြကြသည်။ သို့သော် ဓညဝတီခေတ်တွင် မဂဓလူမျိုးများ နေထိုင်၍ ရခိုင်ပြည်၌ စိုးစံတော်မှုသည်ကို့ လူတိုင်း စာပေပညာရှင်တိုင်း မသိရှိပေ။ ဝေသာလီခေတ် ဝေသာလီခေတ် ကျောက်လှေကားခေတ် (၃၂၇-၈၁၈အေဒီ)ကို မင်းဆက် ၁၂ ဆက် စိုးစံခဲ့ကြသည်။ ဝေသာလီခေတ်တွင် ရခိုင်စာပေ ထွန်းကား ခဲသည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၁၄၃-၁၄၄ လေးမြို့ခေတ် လေးမြို့ခေတ် (၈၁၈-၁၄၀၆အေဒီ) ပဉ္စာမြို့ (၈၁၈-၁၁၀၃)၊ ပထမပရိန်မြို့ (၁၁၀၃-၁၁၂၃)၊ ဒုတိယပရိန်မြို့ (၁၁၂၃-၁၂၅၀)၊ လောင်းကြက် (၁၂၅၀-၁၄၃၀) စသည့်မြို့လေးမြို့ကို မြို့တော်ပြု၍ အုပ်ချုပ်ခဲကြသည့် ခေတ်ကို လေးမြို့ခေတ်ဟု ခေါ်တွင်သည်။ ပုဂံလက်အောက်ခံ အဖြစ် ပထမ ပရိန် ခေတ် တွင်ဖြစ်ခဲ့ပြီ။ အင်းဝလက်အောက်ခံ (၁၄၀၆-၁၄၂၉) ဖြစ်ခဲသည့် သိုသော ရခိုင်တောင်ပိုင်သည့် သီးခြားကင်းလွတ်ခဲ့သည်။ ရခိုင်တောင်ပိုင်သည့် ၁၃ ရာစုခန့်အထိ သီးခြားကင်းလွတ်ခဲ့သည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၁၄၄-၁၄၅ မြောက်ဦးခေတ် မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄)ကို နန်းကြဘုရင် မင်းစောမွန်သည် အင်းဝကို ဘင်္ဂလား အကူအညီဖြင့် ပြန်လည်သိမ်ယူခဲ့ပြီး မြောက်ဦးခေတ်ကို တည်ထောင် ခဲ့သည်။ ဘင်္ဂလား လက်အောက်ခံ အဖြစ်ရှိခဲ့သည့် မင်းခရီ(ခ)အလီခင် ရခိုင်ဘုရင် လက်ထက်တွင် ဘင်္ဂလား ကို တွန်းလှန်ခဲ့သည်။ မြောက်ဦးခေတ် အစောပိုင်းနှင့် အလယ်ပိုင်း နှစ်များတွင် စီးပွားရေး စစ်ရေး အုပ်ချုပ်ရေး ကောင်းမွန်ခဲ့သည်။ နောက်ပိုင်းတွင်မူ မြောက်ဦး (ရခိုင်ပြည်)ကို အုပ်ချုပ်ရင် ကျိုစခဲရသည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၁၄၆-၁၄၇ ကုန်းဘောင်ခေတ် မဟာသမ္မတရာဇာ ရခိုင်ဘုရင် လက်ထက် ၁၇၈၆ ခုနှစ်တွင် မြောက်ဦး‌‌နေပြည်တော် (ရခိုင်ပြည်၊ရခိုင်နိုင်ငံ)ကို ဘိုးတော်ဘုရားမှ လွှတ်သည် သတိုးမင်းစော ဦးဆောင်သော တပ်များမှ တိုက်ခိုင်ခြင်ကြောင်း ရခိုင်နိုင်ငံ ပြိုကွဲခဲသည်။ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော် သည် ရခိုင်ပြည်ကို ၁၈၂၆ ခုနှစ်အထိ နှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲသည်။https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8 ဗြိတိသျှခေတ် ပထမ အင်္ဂလိပ်-မြန်မာ စစ် ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ ဗြိတိသျှ လက်အောက်သို့ ရခိုင်ပြည်ကြရောက်သွားသည်။ ဗြတိသျှသည့် ရခိုင်ပြည်ကို ရခိုင်တိုင်း အဖြစ် အုပ်ချုပ် ခဲသည်။ ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ်တွင် ရခိုင်ပြည်သည် ဂျပန်တို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် မဟာမိတ်တပ်များ အကူအညီဖြင့် ဗြိတိသျှတပ်များ ရခိုင်ပြည်ကို ရရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးသည့်နောက် ရခိုင်ပြည်သည် မြန်မာနိုင်ငံ၏ ဒေသ အဖြစ် တည်ရှိခဲသည်။https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8 မြန်မာနိုင်ငံ ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ လွှတ်လပ်ရေးအတွက် စွမ်းစွမ်းတမန် ဆောက်ရွက် ပေခဲသည်။ ထင်ရှားသော ပုဂ္ဂိုလ်များမှ ဆရာတော် ဦးဥတ္တမနှင့် ဦးအောင်ဇံဝေ၊ ဦးမေအောင် တိုဖြစ်သည်။ မြန်မာနိုင်ငံအစိုးရသည် ရခိုင်လူမျိုးကို လူမျိုးစုအဖြစ် အသိအမှတ်ပြုသည်။ သိုပေမယ့် ရခိုင်ပြည်နယ်မရရှိပေ ၁၉၇၄ ခုနှစ် ဦနေဝင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှ အခြေခံဥပဒေအရ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ရခိုင်လူမျိုးအများစု‌ နေထိုင်သည် ရခိုင်ပြည်တွင် ခွဲထွက်ရေးလှုပ်ရှားမှုများကို ၁၉၆၇ ခုနှစ်မှစ၍ ယခုအထိ တွေရသည်။https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/47-rke-day.html ဘာသာစကားနှင့် စာပေ ရခိုင်လူမျိုးများသည် တိဗက်-ဗမာအုပ်စုအောက်ရှိ လိုလို-ဗမာအုပ်စု တွင်ပါဝင်ပြီး၊ ဗမာ၊ အင်းသား နှင့် တောင်ရိုး တို့နှင့် မျိုးရိုးစပ်ဆိုင်မှုရှိကြသည်။ သို့သော် ရခိုင်တို့၏ ဘာသာစကားနှင့်ယဉ်ကျေးမှုသည် ပင်မဗမာအုပ်စုများထက် အင်ဒို-အာရိယန် လွှမ်းမိုးမှုများ ရှိနေသည်ဟု သုတေသနများက ဖော်ပြထားသည်။ ရခိုင်ဘာသာသည် ဗမာဘာသာနှင့်အတူ လိုလို-ဗမာအုပ်စုမှ ဗမာနွယ်ဘာသာစကားတစ်ခုဖြစ်သော်လည်း၊ အသံအနေအထားနှင့် အချို့သော ဝေါဟာရများအပေါ်တွင် ပင်မဗမာဘာသာထက် ပိုမိုဟောင်းသော လက္ခဏာများ ထိန်းသိမ်းထားစဲဖြစ်သည့်အပြင်Okell, John (1995). Three Lectures on Burmese Speech, Grammar and Writing. SOAS University of London.Bradley, David (2007). Language Endangerment and Language Maintenance in the Tibeto-Burman Languages. Pacific Linguistics.van Driem, George (2014). Languages of the Himalayas: An Ethnolinguistic Handbook. Brill.တခြားဗမာနွယ်များဖြစ်သည့် အင်းသားနှင့် ဓနုတို့မှာ ဗမာအင်ပါယာများနှင့် ပိုဆက်နွယ် သဖြင့် ယဉ်ကျေးမှုအရ ဗမာနှင့်ပိုမိုဆင်တူသော်လည်း၊ ရခိုင်တို့တွင် တောင်အာရှနှင့် အိန္ဒိယသက်ရောက်မှုများ ပိုမိုသိသာသည်။ ထို့ကြောင့် ရခိုင်တို့ကို လိုလို-ဗမာအုပ်စုအတွင်းရှိ တောင်ဘက်သို့ ဆင်းသက်သည့် ဘာသာစကားနှင့် ယဉ်ကျေးမှုခွဲအနေနဲ့ သတ်မှတ်နိုင်သည်။Lieberman, Victor (2003). Strange Parallels: Southeast Asia in Global Context, c.800–1830. Cambridge University Press. ဘာသာစကား ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး ပြောဆိုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားသည် အတော်များများတူပြီး ရသံ /r/ နှင့် ဂျသံ /j/ ထွက်ကွာသည်။ ဒေသအလိုက် ရခိုင်ဘာသာစကား အနည်းငယ် ကွဲသည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၂၈နှင့် ၃၆ စာပေ ရခိုင်စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်က စတင် ထွန်းကားခဲ့ကြောင်းအထောက်အထား တွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို တွေ့ရသည်။ ဝေသာလီခေတ်တွင် ကျောက်စာသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ ရခိုင်လူမျိုးများ၏ စာပေမှာ သင်္သက္ကရိုက် စာပေဖြစ်ကြောင်း သိရသည်။ 300px|အေဒီ ၄ ရာစုမှ ၆ ရာစုအထိ အသုံးပြုခဲ့သော ရခိုင်ပြည်သုံး အက္ခရာရခိုင့္အေတြးအေခၚ: Arakanese Font launched ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ရခိုင်ရိုးရာယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင်ကိုင်ခြင်းအားကစားနှင့် ဆီမီးခွက်အကတို့သည် ထင်ရှားသည်။ ရခိုင်အမျိုးသားသင်္ကေတ ရခိုင်လူမျိုးများ လက်ခံသော အမျိုးသားသင်္ကေတ ၃ သင်္ကေတ ရှိသည်။ ထို့သင်္ကေတများမှ အောက်ပါအတိုင် ဖော်ပြထားသည်။ နဝရူပ ဗျာလ သတ္တဝါ ၉ မျိုး၏ ရုပ်အဆင်းရှိသော ဒဏ္ဍာရီဆန်‌သော သတ္တဝါ ဖြစ်သည်။ ဗျာလသည် နဝရူပ ရုပ်တုတစ်ခုဖြစ်သည်။ ဗျာလရုပ်တုများကို ဝေသာလီခေတ် သာသနိက အဆောက်အအုံများတွင် စတင်တွေ့ ရှိရသည်။https://my.m.wikipedia.org/wiki/%E1%80%94%E1%80%9D%E1%80%9B%E1%80%B0%E1%80%95 | နဝရူပ ဗျာလ စစ်တွေမြို့ ဗျူးပွိုင့် ရခိုင်အမျိုးသားအလံတော် (ရခိုင်ပြည်နယ်အလံတော်) (ခ)အောက်အလံကို ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်လူမျိုးများ အသုံပြုကြသည်။ အပေါ်ပိုင်းအဖြူရောင် အောက်ပိုင်း အနီရောင် အလယ်တွင် ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံအဖြူ‌ရောင်ကို အပြာရောင်ဝိုင်ထား သည်။ ရခိုင်အမျိုးသား တံဆိပ် (ရခိုင်ပြည်နယ် တံဆိပ်)သည် ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံ ဖြစ်သည်။ ရခိုင်အမျိုးသားအလံတော် (ရခိုင်ပြည်နယ်အလံ) အလယ်တွင်လည် တွေရသည်။https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA_%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA_%E1%80%A1%E1%80%9C%E1%80%B6 250px| အမေရိကန်နိုင်ငံ နယူရောက်မြို့၌ ရခိုင်ရိုးရာသင်္ကြန်တွင် တွေရသည် ရခိုင်ရိုးရာစည်တော် ရခိုင်ရိုးရာအကများ ဗုဒ္ဓပူဇနိယအက (ဆီမီးခွက်အက) ငစွေအက သျှင်ဒိုင်အက ပိုးဝါမင်းသမီးအက ယိမ်းအက ရထားပန်းယိုင်အက ပင့်ကူအက ရခိုင်ခေတ်များ ပထမဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BC အထိ၊ ဒုတိယဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BC အထိ၊ တတိယဓညဝတီခေတ် သက္ကရာဇ် ၅၈၀ မှ ၃၂၇ BC အထိ၊ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိ၊ လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၀၆ AD အထိ၊ရခိုင် ရာဇဝင်ဟောင်း မြောက်ဦးခေတ် သက္ကရာဇ် ၁၄၂၉ မှ ၁၇၈၅ AD အထိ၊တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ရခိုင် ၁၉၇၆ စာမျက်နှာ ၁၄၁-၁၄၇ရခိုင် ရာဇဝင်ဟောင်း ရခိုင်(၇)မျိုး ရခိုင် ကမန် ခမီ ဒိုင်းနက် မရမာကြီး မြိုလူမျိုး သက် ထပ်မံကြည့်ရှုစရာ ရခိုင်မင်းဆက် ရခိုင်ပြည်နယ် ရခိုင်ပြည်နယ်အလံ ထင်ရှားသော ရခိုင်လူမျိုးများ {{columns-list|width=30em| ဆရာတော် ဦးဥတ္တမ ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ညိုထွန်းအောင် – ရက္ခိုင့်တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဦးဦးသာထွန်း - ရခိုင်-မြန်မာ ပဏ္ဍိတ် သမိုင်းပညာရှင် Blogger ဦးမေအောင် - ကိုလိုနီခေတ်ပြည်ထဲရေး ဝန်ကြီး ဦးရဲကျော်သူ - မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဆုံးစတင်ခဲ့သူ ကိုလိုနီခေတ်သူဋ္ဌေးကြီး ဆရာကြီး ဦးရွေဇံအောင် - ပထမဆုံး ဗုဒ္ဓအဘိဓမ္မာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူ ဦးစံရွှေ - သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီးဆရာကြီး ဦးအောင်ဇံဝေ - ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ဖြစ်မြောက်ရေး အကြံပေးအဖွဲ့ဝင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ ဝန်ကြီး ဦးချန်ထွန်း - ဥပဒေပါရဂူ ဒေါက်တာအေးမောင် - ရခိုင်အမျိုးသားပါတီ လွတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင် - ပြည်ထောင်စု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အေးကျော် - သမိုင်းပညာရှင် မင်းထီး - ရခိုင်ဘုရင် မင်းစောမွန် - ရခိုင်ဘုရင် မင်းရာဇာကြီး - ရခိုင်ဘုရင် မင်းဗာကြီး - ရခိုင်ဘုရင် မဟာသမ္မတ - နောက်ဆုံး ရခိုင်ဘုရင် ဒေါက်တာအေးချမ်း - သမိုင်းပညာရှင် ကိုင်ဇာ - အဆိုတော် Adjustor - အဆိုတော် နေထက်လင်း - ရုပ်ရှင်သရုပ်ဆောင် ဖော်ကာ - အဆိုတော် နေတိုး - (ရုပ်ရှင်သရုပ်ဆောင်) အောင်လွင် - ရုပ်ရုင်သရုပ်ဆောင်၊ ဒါရိုက်တာ ရတနာမိုင် - အဆိုတော် ခြူးလေး - ရုပ်ရှင်သရုပ်ဆောင် ဇွန်သံစဉ် - Miss Myanmar ပြိုင်ပွဲဝင် ညီမင်းခိုင် - အဆိုတော်၊ တေးရေးဆရာ မင်းသွေး - ရုပ်ရှင်သရုပ်ဆောင် သားငယ် - Myanmar Idol သရုပ်ဆောင် ခန့်စည်သူ - ရုပ်ရှင်သရုပ်ဆောင် ဦးဖေမြင့် - စာရေးဆရာ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညီပု - ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခိုင်ရာဇာ - ရခိုင်တော်လှန်ရေးခေါင်းဆောင် ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံလူမျိုးများ * ကဏ္ဍ:ရခိုင်ပြည်နယ်
ဆား
ဆား ဆား၏ပုံဆောင်ခဲ (NaCl) ဆား သည်လူသားတို့အတွက် လိုအပ်သော သတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး သတ္တဝါတို့၏ ရှင်သန်မှုအတွက် အရေးကြီးပြီး အပင်တို့အတွက်မူ အဆိပ်ဖြစ်စေသော ဆိုဒီယမ်ကလိုရိုဒ်ဓာတ်ဖြင့် အဓိကအားဖြင့်ဖွဲ့စည်းထားသည်။ ဆားငန်အရသာသည် အခြေခံအရသာတစ်မျိုးဖြစ်ပြီး ဆားသည် အစားအစာတို့၏ အရသာတွင် ထင်ရှားသော ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ပြင်ဆားသည် အစားအသောက်များကြာရှည်ခံရန်အတွက် အရေးပါသောပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။ လူတို့စားသုံးရန်အတွက် ဆားကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ဆားကြမ်း (ဥပမာ - ပင်လယ်ဆား)၊ ဆားနု (ဥပမာ - စားပွဲတင်ဆား) နှင့် အိုင်အိုဒင်းဆားတို့ဖြစ်သည်။ ဆားသည် ကြည်လင်နေသော အစိုင်အခဲဖြစ်ပြီး အဖြူရောင်၊ ပန်းနုရောင် နှင့် မီးခိုးနုရောင်တို့ ရှိတတ်ပြီး ပုံမှန်အားဖြင့် ပင်လယ်ရေ သို့မဟုတ် ကျောက်စိုင်များတွင် တင်ကျန်နေခြင်းမှ ရရှိသည်။ စားသုံးနိုင်သော ကျောက်ဆားများမှာ သတ္တုဓာတ်ပါဝင်မှုကြောင့် မီးခိုးရောင်အနည်းငယ်သန်းသည်။ ဆားတွင် အဓိကပါဝင်သည့် ဓာတ် ၂မျိုးဖြစ်သည့် ကလိုရိုဒ်နှင့် ဆိုဒီယမ် အိုင်းယွန်းများမှာ လူအပါအဝင် သက်ရှိသတ္တဝါတို့ ၏ ဆက်လက်အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သည်။ ဆားသည် ခန္ဓာကိုယ်အတွင်း ရေတို့လည်ပတ်ရန် (fluid balance) ပြုမူရာတွင် ပါဝင်သည်။ ဆားဓာတ်ကို တောင့်တခြင်းသည် သတ္တုဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် ဆိုဒီယမ်ကလိုရိုဒ် မလုံလောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဆားဓာတ်ကို အလွန်အကျွံစားသုံးပါက သွေးတိုးခြင်းအပါအဝင် ကျန်းမာရေးပြဿနာများဖြစ်ပေါ်ရန် အန္တရာယ်ရှိသည်။ ကျွန်ုပ်တို့နေ့စဉ် သုံးစွဲလျက်ရှိသော ဟင်းခတ်ဆားကို သိပ္ပံဝေါဟာရအလိုအားဖြင့် ဆိုဒီယမ် ကလိုရိုဒ် (Sodium Chloride) ဟု ခေါ်၏။ ဆိုဒီယမ်ကလိုရိုဒ်၏ ဓာတုသင်္ကေတမှာ NaCl ဖြစ်သည်။ ဆားကို ကမ္ဘာမြေပေါ်တွင် အနှံ့အပြားတွေ့ရ၏။ ပင်လယ်ရေ တွင် ဆားပါရှိမှန်းလူတိုင်သိ၏။ ထိုသို့ပါရှိရခြင်းမှာ မိုးရေ သည် မြေတွင်ရှိသော ဆားကိုပျော်ဝင်စေပြီးလျှင် ပင်လယ်ထဲသို့ ဆောင်ယူသွားသောကြောင့်ဖြစ်၏။ ပင်လယ်မှရေသည် နေ၏ အပူကြောင့် အငွေ့ပျံတက်သွားပြီးလျှင် မိုးရေအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ဖန်မိုးရေသည်မြေသို့‌ရောက်ရှိ ၍ မြေမှဆားကို ထပ်မံယူဆောင်သွားပြန်သည်။ ထိုသို့ဖြစ်နေ သည်မှာ နှစ်ပေါင်းသန်းပေါင်းများစွာရှိပြီးဖြစ်သောကြောင့် ယခုအခါ ပင်လယ်ရေတစ်ဂါလံတွင် ပျမ်းမျှခြင်းအားဖြင့် ဆား ၄ အောင်စခန့် ပါရှိနေ။ အပူပိုင်းဒေသပင်လယ်တွင် အခြားအရပ် ဒေသရှိ ပင်လယ်များထက် ရေငွေ့အလွန်များစွာ ပျံတက်လျက် ရှိသဖြင့် ဆားပိုမိုပါရှိလေသည်။ ပင်လယ်သမုဒ္ဒရာတွင် ပျော်ဝင် ပါရှိသည့် ဆားကို ဖြန့်လိုက်လျှင် အမေရိကန်ပြည်ထောင်စု ကဲ့သို့ ကျယ်ပြောသော မြေနေရာကွက်ကြီးပေါ်တွင် တစ်မိုင်ခန့် ထူထက်လာနိုင်ပေသည်။ ယူးတားပြည်နယ်ရှိ ရေငန်အိုင်ကြီးနှင့် ဒက်ဆီးပင်လယ်(ပင်လယ်သေ) တို့တွင် ဆားအများပါရှိ၏။ ထိုအိုင်ကြီးနှင့် ပင်လယ်တို့သည် သမုဒ္ဒရာနှင့် ဆက်စပ်လျက်မတည်ရှိသောကြောင့် ဆား၏ အတိုင်းအဆမှာ အလွန်များ လေသည်။ ပျော်ဝင်ပါရှိသည့်ဆား၏အတိုင်းအဆမှာ အလွန်များသောကြောင့် ထိုရေငန်အိုင် နှင့် ပင်လယ်ထဲတွင် လူ၏ ကိုယ်ခန္ဓာကို နစ်မြုပ်အောင်ပြု လုပ်သော်လည်း မနစ်မြုပ်နိုင်ချေ။ အထူးသဖြင့် ဒက်ဆီး ပင်လယ်(ပင်လယ်သေ) တွင် ဆားများလွန်းသဖြင့် ရေထဲတွင် ငါးများမနေနိုင် ကြချေ။ ကမ်းခြေအနီးတွင်လည်း အပင်များ မပေါက်နိုင်ပေ။ ထိုပင်လယ်ရှိရေသည် သမုဒ္ဒရာရေထက် ရှစ်ဆမျှ အလေးချိန်စီး သည်။ ပင်လယ်နှင့် ဆားငန်အိုင်တို့အပြင် မြေအောက်တွင် ရှိသောရေ၌လည်း ဆားပါရှိတတ်သည်။ ဤဆားရေ အစုမှာ ဆားလွှာမှရေများ ယိုစိမ့်ထွက်လာသောကြောင့် ဖြစ်လာဟန် တူသည်။ တစ်ခါတစ်ရံ ပင်လယ်လက်ကြား တစ်ခုသည် ပင်လယ်နှင့် အဆက်ပြတ်၍ ခန်းခြောက်သွားတတ်သည်။ တစ်ခါတစ်ရံဆားအိုင်များသည် တစ်ဖြည်းဖြည်းခန်းခြောက်၍ ဆားလွှာများ အနည်ထိုင်၍ ကျန်ရစ်တတ်သည်။ ဤကဲ့သို့ ရှေးနှစ်ပေါင်း သန်းပေါင်းများစွာ ဖြစ်ပျက်ခဲ့၍ ကာလကြာမြင့် သောအခါ အထက်မှ မြေနှင့်ရွံ့များ တစ်ဖြည်းဖြည်းပို့လာသဖြင့် မြေအောက်တွင် ဆားလွှာများနစ်မြုပ်လျက်ရှိနေတော့သည်။ ထိုသို့ ခန်းခြောက်၍ ဆားလွှာ ဖြစ်သွားသော ဆားမျိုးကို သိန္ဓောဆားဟု ခေါ်လေ့ရှိ၏။ နယူယောက်မြို့၊ မစ်ရှီဂန်ပြည်နယ်၊ လူဝီးဇီယန္နား ပြည်နယ်၊ ပိုလန်နိုင်ငံတို့တွင် တွေ့ရှိကြရသော သိန္ဓောဆားများမှာ ဤနည်းဖြင့်ဖြစ်ခဲ့ကြဟန်တူသည်။ ကမ္ဘာ ပေါ်တွင် အကြီးဆုံး ဆားတွင်းများကို ပိုလန်နိုင်ငံတွင်တွေ့ရ၏။ ထိုနိုင်ငံရှိ ဆားလွှာတစ်ခုသည် မိုင် ၅ဝဝ ခန့်ရှည်၍၊ မိုင် ၂ဝ ခန့်ကျယ်ပြီးလျှင်၊ ပေ ၁၂ဝဝ ခန့်ထူသည်။ အထူးသဖြင့် ဗျေလိကခေါ်အရပ်တွင် ၁၃ ရာစုကတည်းကပင် ဆားကိုတူး ဖော်ယူခဲ့သည်၊ ထိုအရပ်တွင် ဆားလုပ်ငန်းအတွက် တည် ဆောက်ထားသော အလွန်ထူးဆန်း၍လှပသည့် မြေအောက်မြို့ ကြီးတစ်မြို့ရှိ၏။ မြို့အတွင်း၌ရှိသော မီးရထားဘူတာရုံ၊ လူနေ အိမ်၊ ဘုရားရှိခိုးကျောင်းအစရှိသည့် အဆောက်အအုံအားလုံးကို သိန္ဓောဆားဖြင့် တည်ဆောက်ထားသည်။ ထိုမြို့ရှိလူအချို့တို့မှာ မွေးဖွားသည့်အချိန်မှ သေသည်အထိ မြေပြင်ပေါ်သို့ တခေါက် တစ်ခါမျှပင် မရောက်ဘူးကြချေ။ ဆားလွှာရှိသော အရပ်ဒေသများတွင် ဆားကိုမြေအောက်မှ ကျောက်မီးသွေးတူးသကဲ့သို့ တူးဖော်ယူကြရသည်။ အခြားအရပ် ဒေသများတွင် ဆားကိုပင်လယ်ရေမှ ထုတ်ယူကြသည်။ အပူ ပိုင်းဒေသများပ ဆားငန်ရေမှ ဆားထုတ်ယူပုံနည်း တစ်နည်းမှာ နေဖြင့် ရေကို အခြောက်ခံယူသည့်နည်းပင်ဖြစ်၏။ အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့တွင် ခြောက်သွေ့လျက်ရှိသော မားယု အိုင်မှ ဆားကို ဤနည်းဖြင့်ထုတ်ယူသည်။ ဆားထုတ်ယူရာ၌ ပထမဆုံး အိုင်ထဲတွင် တိုင်များကို အနှံ့အပြားစိုက်ရသည်။ ထို့နောက် ရေသွင်းပေးရသည်။ ရေသည် အိုင်ထဲ၌တင်လျက် ရှိသော ဆားကို ပျော်ဝင်စေ၍ ဆားရည်အဖြစ်သို့ ပြောင်းလဲ သွားစေသည်။ ထိုပျော်ဝင်ရည်သည် နေပူကြောင့်ခန်းခြောက် သွားသောအခါ ဆားသည် တိုင်များပတ်လည်၌ ခဲ၍ကျန်ရစ် သည်။ ထိုဆားကို ပေါက်ချွန်းဖြင့် ပေါက်ယူကြရသည်။ ဤ နည်းအားဖြင့် တစ်နှစ်လျှင် မားယုအိုင် တစ်ခုတည်းမှ ဆား တန်ချိန် ၁ဝဝဝဝဝ ခန့်ကို ထုတ်ယူနိုင်သည်။ အခြားတိုင်း ပြည်တို့၌မူ ဆားရည်ကို မီးဖြင့်ချက်၍ ထုတ်ယူကြသည်။ မြန်မာနိုင်ငံတွင် ဆားထုတ်ယူသောနည်းမှာ ပထမ၌ ဆား ရည်ကို အသင့်အတင့် ခန်းခြောက်သွားသည်အထိ မြေတွင်းများ တွင်နေလှန်း၍၊ ထိုဆားရည်ကိုတစ်ဖန် မီးဖြင့်ချက်ယူကြသည်။ အချို့သော အရပ်ဒေသ များတွင်မူကား၊ ဆားရေတွင် နစ်မြုပ် လျက်ရှိသော သစ်ဆွေးတုံးများကို ဆယ်တင်၍ အခြောက်ခံထား ပြီးလျှင် မီးတိုက်ပေးသည်။ ကျန်ရစ်သောပြာကို ဆားပြာဟုခေါ် ၍၊ ထိုပြာတွင် ဆားအမြောက်အမြား ပါရှိလေသည်။ ဆားပြာ ကို တစ်ဖန် ပင်လယ်ရေတွင်ဖျော်၍ ထိုရေငန်ကို မီးဖြင့်ချက်ယူ ကြလေသည်။ ဆားကို အဓိကတင်ပို့ရောင်းချသော တိုင်းပြည် များသည်ကား အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံများဖြစ်ကြ သည်။ ထိုသို့ တင်ပို့ရောင်းချသော ဆားအနက် အချို့မှာ ပင်လယ်ရေကိုချက်၍ ရရှိသည့် ဆားဖြစ်သည်။ ကျွန်ုပ်တို့နှင့်တကွ သက်ရှိသတ္တဝါဟူသမျှတို့သည် အသက်တည်တံ့နေနိုင်ရန်အတွက် ဆားကို လို၏။ ပမာအားဖြင့် ကျွန်ုပ်တို့သည် စားသောက်သည့် အစာကိုချေချက်ရန် ဟိုက်ဒရိုကလိုရစ်အက်ဆစ်(HCl)ကို လိုသည်ဖြစ်ရာ၊ ထိုလိုသော အက် ဆစ်ကို ဆားမှရရှိကြ၏။ ကျွန်ုပ်တို့၏ အစားအစာတွင် ကိုယ် ခန္ဓာ၌ လိုအပ်သောဆား လုံလုံလောက်လောက်မပါ တတ်သောကြောင့် ဆားကိုဖြည့်စွက်၍ သုံးဆောင်ကြရသည်။ သမင်၊ ဒရယ်နှင့် အခြားသားရဲ တိရစ္ဆာန်တို့မှာမူကား မိမိတို့လိုသည့် ဆားကို ဆားကျင်းမှဖြစ်စေ၊ ဆားငန်ရည်ထွက်သော စမ်းမှ ဖြစ်စေ၊ ရရှိကြသည်။ တစ်ခါတစ်ရံ တောထဲ၌နေထိုင်သူတို့သည် မိမိတို့၏ဆားကို ညအချိန်တွင် လုံခြုံစွာသိမ်းဆည်း မထားမိသဖြင့် တောတိရစ္ဆာန်များက ဝင်ရောက်စားသောက် သွားသည်ကို တွေ့ကြရသည်။ ရှေးအခါက ပင်လယ်ကမ်းမှ ဝေးလံသော အရပ်ဒေသ၌ နေထိုင်သူတို့တွင် ဆားရရှိရန်မလွယ်ကူချေ။ ထိုလူများသည် ဆားကို ဆားငန်ရည်စမ်းများမှ ရကြ၏။ တစ်ခါတစ်ရံ ဤစမ်း များကို သူပိုင်သည် ငါပိုင်သည်ဟု အငြင်းအခုံဖြစ်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး အလွန်ရက်စက်စွာ သတ်ဖြတ်လေ့ရှိခဲ့ဘူးလေ သည်။ သဲကန္တာရများတွင် ရှေးအခါက ဆားကို အိုအေစစ် များမှ ရရှိခဲ့ကြ၏။ ယခုလည်း အချို့သဲကန္တာရရှိ အရပ်ဒေသ များတွင် အိုအေစစ်မှထွက်သည့် ဆားကို မှီခိုကြရလျက်ပင် ရှိသေးသည်။ သဲကန္တာရများတွင် ဝန်တင်ကုန်သည်စုမျာ အသုံး ပြုလျက်ရှိသော လမ်းများမှာလည်း အလွန်ပူပြင်းသည့် သဲပြင် ပေါ်တွင် မနေမနား ဆားရှာထွက်ခဲ့သောလူများ သတ်မှတ်ထား ခဲ့ကြသည့် လမ်းများဖြစ်သည်။ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး လမ်းများတွင် အချို့လမ်းများမှာ ဆားသယ်ယူရန်အတွက် ဖောက်လုပ်ခဲ့ကြသောလမ်းများဖြစ်၏။ အီတလီနိုင်ငံရှိ ဆား လမ်းဟု အဓိပ္ပာယ်ရသော ဗိုင်ယာဆာလဲရီးယား(ခေါ်) လမ်းမကြီးသည် ထိုသို့အသုံး ပြုရန်ဖောက်လုပ်ခဲ့သော လမ်းဖြစ်သည်။ လမ်းပန်းအဆက်အသွယ် ခက်ခဲမှုကြောင့် လူသူ အရောက်အပေါက် နည်းသည့်ကမ္ဘာပေါ်ရှိ အချို့အရပ်ဒေသများတွင် ယခု ထက်တိုင်အောင်ပင် ဆားအလွန်ရှားပါးလျက် ရှိသေးသည်။ အာဖရိကတိုက်ရှိ အချို့လူရိုင်းများသည် ဆားကိုမရရှိနိုင်သည့် အတွက် မျက်နှာဖြူလူမျိုး ခရီးသည်များထံမှ ဆားကိုတွေ့လျှင် ငမ်းငမ်းတက် လက်ဖြင့် ကျုံးယူစားသောက်တတ်ကြသည်။ ဆားကို အစားအသောက်၌ အသုံးပြုသည့်အပြင် အစား အစာများကို တာရှည်ခံအောင် စီမံရာ၌လည်း အသုံးပြုကြ၏။ ဆားနယ်ထားသော အသား သို့မဟုတ် ငါးသည် ပုပ်သိုးခြင်း ကိုဖြစ်စေသည့် ဘက်တီးရီးယားများမှကင်းနိုင်သဖြင့် မပုပ်သိုးဘဲ တာရှည်ခံ၏။ ရောဂါပိုးများကို သေစေ နိုင်သောကြောင့် လည်ချောင်းနာသည့် အခါ၌ဖြစ်စေ၊ သွားနာ သည့်အခါ၌ဖြစ်စေ ဆားရည်ဖြင့် အာခလောက်ပေးရ၏။ ရေခဲ ပေါ်တွင် ဆားဖြူးပေးသောအခါ ရေခဲမှာ အရည်ပျော်၍၊ ထို အရည်သည် ရေခဲထက်ပို၍ အေးသည်။ ကြွေရည်သုတ်ခြင်း၊ ဖန်ချက်ခြင်း၊ ဆပ်ပြာချက်ခြင်းနှင့် ဓာတ်မြေဩဇာ ပြုလုပ်ခြင်း စသော လုပ်ငန်းတို့တွင် ဆားကို အသုံးပြုရသည်။ ရှေးအထက်ကျော်ကာလကပင် ဆားသည် လူတို့၏ ကျန်းမာမှုနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးကြီးကြောင်း သိရှိခဲ့ကြသဖြင့် ဆားနှင့်စပ်လျဉ်း၍ အလေ့အထနှင့် အသုံး အနှုန်းများစွာပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရတွင် လစာငွေဟု အဓိပ္ပာယ်ထွက်သော စကားလုံးသည် လက်တင် ဝေါဟာရ ဆာလာရီယမ် ဟုခေါ်သော စကားမှဆင်းသက်ခဲ့ သည်။ ဆာလာရီယမ်မှာ ဆားဝယ်ငွေဟု အဓိပ္ပာယ်ရ၍၊ ရောမ နိုင်ငံ ကောင်းစားစဉ်က စစ်သည်တော်များအား ဆားဝယ်ရန် ပေးကမ်းချီးမြှင့်သော ငွေကို ခေါ်သည့်စကားဖြစ်၏။ မြန်မာ လူမျိုးများတွင် နေရာတိုင်း၌ မပါလျှင်မပြီးသူကို ပဲခူးဆား ဟူ၍လည်းကောင်း၊ ပေါ့သောအဓိပ္ပာယ်ကို ပြောလိုလျှင် ဆားမပါသော ဟင်းလျာကဲ့သို့ဟူ၍ လည်းကောင်း ပြောဆိုလေ့ရှိကြ၏။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ဆက်စပ်ဖတ်ရှုရန် အငွေ့ပျံခြင်း ကိုးကား Category:ဆားများ Category:အစားအစာ
ဆိတ်
ဆိတ်နှစ်ကောင် ခေါင်းဆောင်နေရာလုရန်အတွက် ခေါင်းချင်းဆိုင် ဝှေ့နေစဉ် ဆိတ်သည် ပါဏဗေဒအလိုအရ 'ကက်ပရာ'မျိုးစုဝင် စားမြုံ့ပြန်ကောင်ဖြစ်သည်။ သိုးနှင့် ဆိတ်တို့သည် ပုံပန်းချင်း အလွန်ဆင်တူလေသည်။ သားမွေးအတွက် မွေးမြူသော သိုးတစ်မျိုးမှာ ဆိတ်နှင့် ခွဲ၍မရေအောင် ဆင်တူနေသဖြင့် တိရစ္ဆာန်အကြောင်း မကျွမ်းကျင်သူများအဖို့ အမြီးအနေ အထားကို ကြည့်၍သာလျှင် ခွဲခြားနိုင်ပေမည်။ ဆိတ်၏အမြီးမှာ အပေါ်သို့ထောင်နေ၍ သိုး၏အမြီးမှာ အောက်သို့ကုပ် ကျနေသည်။ သိုးနှင့်ဆိတ် ခွဲခြား၍သိနိုင်သည့် အခြားတချက်မှာ ဆိတ်၏ကိုယ်လုံး ကိုယ်ဖန်သည် သိုးထက် ငယ်သည့်အပြင်၊ ဆိတ်အမွေးမှာ ပိုရှည်သည်။ ပိုဖြောင့်သည်။ ဆိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀-ကျော်ခန့်မှစ၍ မွေးမြူခဲ့သည်ဟု အထောက်အထားများအရ သိရသည်။ ဆိတ်သည်လည်း လူတို့အတွက် အလွန်အသုံးဝင်သော အဖိုးတန်တိရစ္ဆာန်တမျိုးပင် ဖြစ်သည်။ ဆိတ်များကို အသားစားရန်အတွက်သာမက ဆိတ်နို့အလို့ငှါလည်း မွေးမြူကြသည်။ အသားနှင့်နို့အပြင် ဆိတ်သားရေသည်လည်း အသုံးဝင်ပေသည်။ အချို့ဒေသများတွင် ဆိတ်သားရေဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ စသည်တို့ကို ပြုလုပ်သုံးစွဲကြသည်။ အချို့ဒေသများတွင် ဆိတ်များကို ပေါ့ပါးသော ပစ္စည်းတင်လှည်းဆွဲရန်အထိ သုံးနိုင်သည်ဟု သိရသည်။ သို့သော် ယခုအခါ အချို့နိုင်ငံများတွင် ဆိတ်ပေါက်ဖွားနှုန်း အလွန်မြင့်မားနေသောကြောင့် ခြံဖြင့် စနစ်တကျ မမွေးမြူနိုင်တော့ဘဲ သဘာဝအတိုင်း လွှတ်ကျောင်းထားရသည်။ ထိုဆိတ်များသည် ၎င်းတို့စားကျက်ရရှိရန် သဘာဝတောရိုင်းပင်များကို ဖျက်ဆီးစားသောက်ကြသည်ကို ကြုံတွေ့နေရသည်။ ဆိတ်ရိုင်းများကို ဥရောပတိုက်၊ အာဖရိကမြောက်ပိုင်းနှင့် ဟိမဝန္တာတောင်များပေါ်၌ တွေ့ရသည်။ လူတို့မွေးမြူကြသော ဆိတ်ယဉ်တို့မှာ ပါးရှားနိုင်ငံရှိ ဆိတ်ရိုင်းများမှ ဆင်းသက်လာကြသည်ဟု ယူဆရသည်။ ရှေးပဝေသဏီကာလမှစ၍ ကမ္ဘာပေါ်ရှိ အရပ်ရပ်တွင် ဆိတ်ကိုမွေးမြူခဲ့ကြသည်။ အာရှမိုင်းနားရှိ အန်ဂိုးရားမြို့ကို အစွဲပြု၍ အန်ဂိုးရားဆိတ်ဟု အမည်တွင်သော ဆိတ်မျိုးမှာ ဓမ္မဟောင်းကျမ်းစာခေတ်မှစ၍ ထင်ရှားခဲ့သည်။ အန်ဂိုးရားဆိတ်သည် အရှေ့တိဗက်နိုင်ငံမှ ပေါက်ပွားလာသည်။ အန်ဂိုးရားဆိတ်တွင် ရှည်လျား၍ ပိုးသားကဲ့သို့သားမွေးများ တစ်ကိုယ်လုံးကို ဖုံးအုပ်လျက်ရှိသည်။ ထိုသားမွေးများဖြင့် မိုးဟဲခေါ် ဆိတ်မွေးထည်ကို ရက်လုပ်သည်။ အန်ဂိုးရားဆိတ် မျိုးပေါင်း များစွာရှိရာ၊ အာဖရိကတိုက်တောင်ပိုင်း၊ ဩစတြေးလျတိုက်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဤဆိတ်မျိုးကို သားမွေးအတွက် မွေးမြူကြသည်။ သားမွေးအတွက်မွေးမြူကြသော အခြားဆိတ်တစ်မျိုးမှာ ကသ္မီရဆိတ်မျိုးဖြစ်သည်။ ကသ္မီရဆိတ်သည် သာမန်ဆိတ်နှင့်ပို၍တူသည်။ အန်ဂိုးရားဆိတ်မှာ သိုးနှင့်ပို၍ ဆင်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသော ကသ္မီရရှောစောင်ကို ထိုကသ္မီရဆိတ်မှရသော သားမွေးဖြင့် ရက်လုပ်လေသည်။ ကသ္မီရဆိတ်၏ အတွင်းထပ် သားမွေးကို ရှောစောင်အဖြစ် ရက်လုပ်သည်။ အပြင် အမွေးများရှည် လေလေ၊ အတွင်းဘက် သားမွေးထပ်မှာ ထူထဲပေါများလာလေလေ ဖြစ်သည်။ အလျားနှင့်အနံ တစ်ကိုက်ခွဲစီရှိသော ရှောစောင်ရရှိရန်အတွက် ဆိတ်ဆယ်ကောင်မှ သားမွေးများကို လိုလေသည်။ ထို့ပြင် လက်ဖြင့်သာ ရက်လုပ်သောကြောင့်၊ စောင်တစ်ထည်ပြီးမြောက်ရန် တစ်နှစ်ခန့်မျှကြာသည်။ ထိုကြောင့် ကသ္မီရ ရှောင်စောင်သည် အလွန်အဖိုးထိုက်တန်၏။ အဆင်ဆန်း ရှောစောင်တစ်ထည်ကို တစ်ခါတစ်ရံ ပေါင် ၃ဝဝ မျှ ပေးရသည်။ အန်ဂိုရားဆိတ်နှင့် ကသ္မီရဆိတ်နှစ်မျိုးလုံးမှာ အရွယ်ငယ်၍၊ နားရွက်များတွဲလျားကျသည့်အပြင် ဦးချိုများ လိမ်နေသည်။ တရုတ်နိုင်ငံ၊ ဂရိတ်ဗြိတိန်နိုင်ငံ၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် ဆိတ်များကို နို့စားရန်အတွက် မွေးမြူကြသည်။ နို့စားဆိတ်မျိုးတွင် ဆွစ်ဇာလန်နိုင်ငံမှ တော်ဂင်ဗုနှင့် ဆာနင်မျိုးများမှာ အကောင်းဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဆိတ်မျိုးတွင် စူရတ်မြို့မှ စူရတီဆိတ်မျိုးသည် ထင်ရှား၏။ အများအားဖြင့် အရောင်ဖြူသည်။ သားမွေးအတွက်နှင့် ဆိတ်နို့အတွက်သာလျှင် ဆိတ်ကို မွေးမြူကြသည်မဟုတ်ပေ။ အသားစားရန်အတွက် ဖြစ်စေ၊ သားရေအတွက်ဖြစ်စေ၊ ဆိတ်ကို မွေးမြူကြသေးသည်။ ဆိတ်ကလေး သားရေကို လက်အိတ်နှင့် ဖိနပ်ချုပ်ရာ၌ အသုံးများသည်။ သို့သော် ယခုအချိန်တွင် ကြွက်သားရေနှင့် ခွေးသားရေတို့ကို ဆိတ်ကလေး သားရေတုများပြုလုပ်၍ ရောင်းချလျက်ရှိကြသည်။ ဖိနပ်များ၊ စာရွက်စာတမ်းများထည့်ရန် လက်ဆွဲအိတ်၊ စာအုပ်များအတွက် မိုရော့ကို သားရေဖုံးနှင့် အခြားပစ္စည်းများကို ဆိတ်ရေဖြင့် ချုပ်လုပ်ကြသည်။ သားမွေး စောင်နှင့် သားမွေး ကိုယ်ရုံထည်များ ချုပ်လုပ်ရန် အင်ဂိုးရားဆိတ်ရေကို သားမွေးများမပယ်ဘဲ အသုံးပြုကြသည်။ သို့ဖြစ်၍ လူတို့အတွက် ဆိတ်သည် များစွာအသုံးဝင်သည်ဟု ဆိုရပေမည်။ ထို့ပြင် ဆိတ်သည် အလွန်ကြံ့ခိုင်သဖြင့် ရောဂါရုတ်တရက်မကူးစက်တတ်ချေ။ ဆိတ်သည် ရွက်ကြမ်း ရွက်နုမရှောင်၊ သစ်ပင်တို့၏ အခေါက်ကိုခွာစား၍ အသက်ရှင် နေနိုင်သည့် သတ္တဝါမျိုးဖြစ်သည်။ ထို့ကြောင့် အခြားတိရစ္ဆာန်များကို မွေးမြူ၍မဖြစ်နိုင်အောင် အစာရေစာ အလွန်ရှားသော အရပ်မျိုးတွင် ဆိတ်ကိုမွေးမြူနိုင်၏။ ဆိတ်၏ သာမန်သက်တမ်းမှာ ၈ နှစ်မှ ၁၂ နှစ်ထိဖြစ်သည်။ ဆိတ်မတို့သည် တစ်ကြိမ်လျှင် ဆိတ်ကလေးနှစ်ကောင် သုံးကောင်မျှ မွေးဖွားလေ့ရှိသည်။ တစ်ခါတစ်ရံ တစ်ကြိမ်လျှင်ဆိတ်ကလေး လေးကောင်မှ ငါးကောင်အထိလည်း မွေးတတ်သည်။ ဆိတ်မတွင် ဇီးကပ်၍၊ ၂၁ သီတင်း၊ ၂၂ သီတင်းအတွင်းသို့ရောက်မှ သားဖွားတတ်သည်။ ဆိတ်မ၏ အသက် ၁၅ လကျော်မှ မျိုးစပ်ပေးသင့်လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ကိုးကား ကဏ္ဍ:ခွာစုံပါသော တိရစ္ဆာန်များ ကဏ္ဍ:ဆိတ်များ ကဏ္ဍ:မွေးမြူရေး
တူ
မြန်မာဘာသာတွင် တူအမည်ဖြင့် အမျိုးအစားများစွားရှိသည်။ အောက်ပါတို့မှ လိုအပ်သည်များကို ရွေးချယ်လေ့လာနိုင်ပါသည်။ တူ(ကိရိယာ) တူ(ဆွေမျိုး) တူ(ဗေဒင်) တူ(ထမင်းစားတူ)
ဖား
သစ်ပင်ဖြူဖား (Litoria caerulea) ဖား သည် ကုန်းနေရေနေသတ္တဝါဖြစ်သည်။ ရှည်လျားသော နောက်ခြေ၊ တိုတောင်းသောခန္ဓာကိုယ်၊ ဆက်စပ်နေလောလက်ချောင်းနှင့် ခြေချောင်းများ၊ ပြူးကျယ်နေသောမျက်လုံးနှင့် အမြီးမရှိခြင်းတို့ သည် ဖား၏ ထင်ရှားသော လက္ခဏာများဖြစ်သည်။ ဖားများသည် ရေတစ်ဝက် ကုန်းတစ်ဝက်နေတတ်သော သဘာဝရှိပြီး ကုန်းပေါ်တွင် ခုန်ခြင်း တွယ်ကပ်ခြင်းတို့ဖြင့် ရွေ့လျားသွားလာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် ဥများကို ရေအိုင်ငယ်လေးများ၊ ရေအိုင်များနှင့် ကန်များတွင် ဥတတ်ကြသည်။ သူတို့၏ အကောင်လောင်း(larvae) များကို ဖားလောင်းများ(tadpoles) ဟုခေါ်ကြပြီး ပါးဟက်များရှိကာ ရေထဲတွင် ကြီးထွားကြသည်။ ဖားအကောင်ကြီးများသည် အသားစားသတ္တဝါများဖြစ်ပြီး သူတို့၏ အစာမှာ arthropods, annelids နှင့် gastropods တို့ဖြစ်သည်။ ဖားများကို နေ့ဖြစ်စေ ညဖြစ်စေ သူတို့၏အသံဖြင့် သတိပြု နိုင်ပြီး အထူးသဖြင့် မိတ်လိုက်သည့်ရာသီတွင် ပို၍ ကြားရလေ့ရှိသည်။ ဖားမျိုးစိတ်အသစ် ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသော ဖားမျိုးစိတ် အသစ်နှစ်မျိုးကို ပခုက္ကူမြို့နယ်၊ ပေါက်အင်းရွာနှင့် ရေစကြိုမြို့နယ်၊ ကန်ပေါက်ရွာတို့မှ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်အသေးစိတ်ကို International peer review journal(Zoological Research-ZR - journal) Volume 40 Issue 4 တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်‌နေ့က ဖော်ပြကာ အသိအမှတ်ပြုခဲ့သည်။ အဆိုပါ မျိုးစိတ်အသစ်များကို ပခုက္ကု ဧရာဝတီမြစ်ကူးတံတားအနီး ပေါက်အင်းမှာ တွေ့ရှိခဲ့၍ မျိုးစိတ်အသစ်အမည်ကို Microhyla Irrawaddy ဟုလည်းကောင်း၊ ကန်ပေါက်ရွာအနီးမှ တွေ့ရှိခဲ့သော မျိုးစိတ်သစ်ကို Microhyla fodiens ဟုလည်းကောင်းအသီးသီးအမည်ပေးခဲ့လေသည်။ တွင်းအောင်းသဲဖားအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ လက်သည်းခွန် အရွယ်အစားမျှ ဖြစ်ပြီး အရွယ်ရောက်အကောင်သည် ၅ စင်တီမီတာခန့်သာရှိ၍ ခြေလေးချောင်း သတ္တဝါများတွင် အရွယ်သေးငယ်လွန်းသည်ဟု သိရသည်။ ဒေသအခေါ်အဝေါ်မှာ ဖလတက်၊ ဖလက်နီဟု အမျိုးမျိုး ခေါ်ကြသည်။မန္တလေးနေ့စဉ်သတင်းစာ၊ ၁၂-၁၀-၂၀၁၉၊ စာ-၂၄ ကိုးကား ကဏ္ဍ:ဖားများ
ဘဲ
ဘဲခေါင်းစိမ်း မောင်နှံနှစ်ဖော် ကိုးကား ကဏ္ဍ:အများသုံးနာမည်အလိုက် ငှက်များ ကဏ္ဍ:ဘဲမျိုးရင်းဝင် ငှက်များ
လား (တိရစ္ဆာန်)
လား (E. asinus + caballus) သည် မြည်းအထီး နှင့် မြင်းအမ ပေါင်း၍မွေးလာသော တိရစ္ဆာန်ဖြစ်သည်။ မြင်းအထီးနှင့် မြည်းအမ ပေါင်းမွေးတိရစ္ဆာန် ဟင်နီခေါ်သည်။ မြည်းအထီးနှင့် မြင်းအမကို မျိုးစပ်ပေးလိုက်လျှင် လား''' (Mule) ဟုခေါ်သော တိရစ္ဆာန်အစပ်မျိုးကို ရရှိလေသည်။ မြင်းအထီးနှင့်မြည်းအမ စပ်၍ ပေါက်ပွားလာ သော လား ကဲ့သို့ မျိုးစပ်တိရစ္ဆာန်လည်း ရှိပေသေးသည်။ သို့ရာတွင် ပထမဖော်ပြထားသော မျိုးဖက်အစုံမှ ပေါက်ပွားလာသည့် လားအစစ်လောက် အသုံးမဝင်သဖြင့် မြင်းအထီးနှင့် မြည်းအမများကို တမင်သက်သက် မျိုးစပ်ပေးလေ့မရှိ ကြချေ။ လားတို့တွင် အညို၊ သို့မဟုတ် ညိုနီရောင် အသွေး အဆင်း ရှိကြသည်သာများ၏။ မြည်းနှင့်လားကို ပုံသဏ္ဌာန် ခွဲခြား၍ အမြန်သိနိုင်ရန် မှာ ထိုတိရစ္ဆာန်တို့၏ နားရွက်ကို ကြည့်ရှုရပေသည်။ လားတွင် မြင်းထက် ရှည်ဖားသော နားရွက် များရှိသည်။ လားသည် အမိအဘနှစ်ဘက်လုံးမှ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဆက်ခံရယူထားသော သတ္တဝါမျိုးဖြစ်ရာ စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ စိတ်တည်ငြိမ်ခြင်းနှင့် လက်ခြေ မြဲမြံခြင်း စသော အင်္ဂါ ရပ်တို့ကို ဖခင်ဖြစ်သော မြည်းအထီးထံမှ ဆက်ခံထား၍ ခွန်အားဗလနှင့် သတ္တိကိုမူ မိခင်ဖြစ်သော မြင်းအမ ထံမှ ရရှိထားလေသည်။ ဝန်တင်ရန်ဖြစ်စေ၊ ခိုင်းစေရာ၌ဖြစ်စေ၊ လားသည် မြင်းထက်ပို၍စိတ်ချရသော တိရစ္ဆာန်ဖြစ်သည်။ မြင်းကို ခိုင်းစေ သည့်အခါ တင်နေကျ ဝန်ထက်ပို၍ တင်မိလျှင် ပေကတ်ကတ် လုပ်တတ်သောအလေ့ရှိ၏။ လားမှာမူ မြင်းထက်ပို၍ စိတ်ရှည် နိုင်သည်။ လား၏သားရေမှာ မြင်းထက်ပို၍ မာကျောသဖြင့် နေပူ မိုးရွာ မရှောင် ခိုင်းစေနိုင်သည်။ ထိုကြောင့် လူတို့သည် လားကို ရှေးကျသော ခေတ်အခါမှစ၍ ဝန်တင်ရန်၊ ဝန်ဆွဲရန်အတွက် အသုံးချခဲ့ကြသည်။ ပြင်သစ်နိုင်ငံတွင်မျိုးစပ်၍ လားအမြောက်အမြားကို မွေးမြူကြသည်။ ဥရောပတိုက် တောင်ပိုင်း၌ လားကို အသုံးများသည်။ ယခု ခေတ်တွင် စစ် ဘက်သယ်ယူပို့ဆောင်ရေး၌ လားကို လေးလံသော ဝန်များဆွဲရန်အတွက် အသုံးပြုကြသည်။ လားသည် ကိုယ်အရွယ် အစားနှင့်မမျှအောင် လေးလံသော ဝန်ကို ဆွဲနိုင်စွမ်းရှိသည့်အပြင် မြင်းထက်ကိုယ်ဟန်ကြော့ရှင်း၍ ဖျတ်လတ် သဖြင့် ဤကဲ့သို့ စစ်ဘက်တွင် အသုံးများသည်။ လားအချင်းချင်းကိုဖြစ်စေ၊ လားနှင့်မြည်း သို့မဟုတ် လားနှင့်မြင်းတို့ကိုဖြစ်စေ မျိုးတင်အောင် စပ်ပေး ၍မရချေ။ လားများကို မျိုးစပ်၍ တစ်ခါ နှစ်ခါ အောင်မြင်ခဲ့ကြောင်း ကြား သိရဖူးရုံမျှရှိသည်။ အခြေအမြစ် ခိုင်လုံသည်ဟူ၍ကား မဆိုနိုင်ပေ။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) ကိုးကား ကဏ္ဍ:ခွာမစုံသော တိရစ္ဆာန်များ
ကျား
ကျားများသည် ယေဘုယျအားဖြင့် ၁၁ ပေခန့် ရှည်လျား၍ အလေးချိန်အားဖြင့် ၃၃၀ ကီလိုဂရမ် (၆၆၀ ပေါင်) ခန့်ရှိကြသည်။ ကျားတစ်ကောင်၏ အစွယ်သည် ယေဘုယျအားဖြင့် ၄ လက်မခန့် ရှည်သည်။ အချို့ကျားများသည် ၎င်းထက်ပင် ပို၍ ရှည်လျားကြသည်။ တောတွင်း သဘာဝပတ်ဝန်းကျင်တွင် အသက်အားဖြင့် ၁၀ နှစ်မှ ၁၅ နှစ်ခန့်ထိ နေထိုင်နိုင်ကြသည်။ ၎င်းကို ချုပ်လှောင်မွေးမြူထားပါက အသက် ၂၀ ထိ ရှည်နိုင်ကြသည်ကိုတွေ့ရသည်။ ခြင်္သေ့သည် အာဖရိကတိုက်များတွင် စိုးမိုးနေသည်ကို တွေ့ရသကဲ့သို့ ကျားသည်လည်း အာရှတိုက်တစ်ခွင်တွင် သားကောင်များပေါ်၌ မင်းမူလျက်ရှိသည်ကို တွေ့ရသည်။ အကယ်စင်စစ်ကျားမှာ ကျားဆရာကြောင်ဟုသော ဆိုရိုးစကားအတိုင်း ကြောင်မျိုးရင်း တွင်ပါဝင်သည်။ အိမ်တွင်လက်သတ်မွေးထားသော ကြောင်နှင့်နိုင်းစာကြည့်ပါက အရွယ်အစားကြီးမားခြင်းမှလွဲ၍ ခြားနားမှုများစွာ မရှိလှသည်ကို တွေ့ရသည်။ left|ကျားတစ်ကောင်၏ပါးစပ် ကျားသည် တောက်ပြောင်လှပသော အသွေးအမွေး၊ အချိုးအစားကျနပြေပြစ်သော ကိုယ်လုံးကိုယ်ထည်၊ ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန်တို့ကြောင့်၊ ကြောင်မျိုးဝင် တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံးဖြစ်သည်။ အာရှတိုက်တစ်ခွင်လုံးတွင် ကျားအမျိုးမျိုး ရှိသည့်အနက် ဘင်္ဂလားကျားမျိုးမှာ လူသိအများဆုံးဖြစ်သည်။ အခြားအတော်အသင့် လူသိများသော ကျားမျိုးတို့မှာ မန်ချူးရီးယားကျား၊ ကော်ကေးရှားကျားနှင့် ပသျှူးကျားမျိုးတို့ ဖြစ်သည်။ လူသိအများဆုံး ဘင်္ဂလားကျား၏အသွေးအမွေးမှာ အခြားကျားများနှင့် မတူ၊ နီဝါဝါအရောင် ရှိပြီးလျှင် တစ်ကိုယ်လုံးတွင် အနက်ရောင် အစင်းကြီးများဖြင့် လှပစွာရှိသည်။ ကျားကို သဘာဝက ဤကဲ့သို့ မြေကြီးနှင့် ခွဲမရအောင် ရောင်စုံခြယ်၍ ပေးထားသောကြောင့် တောချုံ ပိတ်ပေါင်းများအကြား သို့မဟုတ် မြက်ရှည်တောကြီးများ၏ အလယ်တွင် ရှိနေလျှင်၊ ကျားမှန်း ရုတ်တရက် ခွဲခြားသိရှိနိုင်ရန် ခဲယဉ်းသည်။ ကြောင်မျိုးတွင် ပါဝင်သော တိရစ္ဆာန်များမှာ ရေနှင့် များစွာမနီးစပ်ကြချေ။ သို့သော် ကျားမှာ ဤသို့မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ထူး နေသည်ကို တွေ့ရသည်။ ကျားသည် ရေကူး ကျင်လည်၏။ ထိုမျှသာမက အလွန့်အလွန်အခက်အခဲ အကျဉ်းအကျပ်နှင့်တွေ့သည့်အခါများတွင် သစ်ပင်ကိုပင် တက်နိုင်သေးသည်။ ကြောင်ကဲ့သို့ ညည့်အချိန်တွင် ပို၍ မျက်စိစူးသဖြင့် နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိသည်။ အစာရှာထွက်သည့်အခါတွင် အမဲကောင်ကို မှောင်ခိုပုန်းလျိုး၍ အုပ်ဖမ်းသတ်ဖြတ်စားသောက်တတ်သည်။ သားကောင်လိုက်ရာတွင် အလွန်ပင် ရဲစွမ်းသတ္တိရှိ၍ မည်သည့် သတ္တဝါမျိုးကိုမဆို အယဉ် အရိုင်းမရွေး တွေ့မရှောင် ကိုက်သတ်လေ့ရှိသည်။ ကျားသည် လူကို အလိုအလျောက် ရန်ပြုခဲသည်။ လူကို သတ်ဖြတ်စားသောက်ရန် အပတ်တကုတ် ကြိုးပမ်းအားထုတ်လေ့မရှိပေ။ သို့ရာတွင် လူ၏အသားကို တစ်ကြိမ်တစ်ခါမျှ မြိုးမြိုးမြက်မြက် စားလိုက်ရဖူးသော ကျားသည် လူကိုပင်လိုက်လံ သတ်ဖြတ်စားသောက်တတ်သည်။ ယခင်က စားခဲ့ဖူးသော အခြားအသားအားလုံးကို ပစ်ပယ်၍၊ လူ၏ အသားကိုသာ တန်းတန်းစွဲ တပ်မက်၍ နေသော ကျားမှာ အမှန်ပင် ကြောက်စရာကောင်းပေသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ရှိ တောထူထပ်သောနေရာများတွင် ကျားကို အလွန်တရာကြောက်ရွံ့ကြသည်။ အထူးသဖြင့် အိန္ဒိယတိုင်းရင်းသားများသည် ကျားကို လွန်စွာကြောက်ရွံ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်ဒေသများတွင် တစ်နှစ်တစ်နှစ်လျှင် ကျားကြောင့် လူတစ်ထောင်မျှ သေဆုံးကြရသောကြောင့်ဖြစ်သည်။ အသက်အရွယ်ငယ်သေးသော ကျားပျိုများသည် သန်စွမ်းရဲရင့်ကြသဖြင့် ကျားအိုများထက် ပို၍ကြောက်စရာကောင်းသည်။ ဆင်ဖြင့် ကျားဖမ်းပုံ|leftအမဲလိုက်သမားများသည် ကျားပစ်ထွက်ရာ၌ အသက်ဆံဖျား စွန့်စားရသည်။ အချို့ကျားပစ်သမားများသည် ကျားကို ဆင်ပေါ်မှ အကာအကွယ်ယူ၍ ပစ်လေ့ရှိကြ၏။ အချို့မှာလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မကြခဏတွေ့ရသည့်အတိုင်းပင် လင့်စင်ထိုးကာ ပစ်လေ့ရှိသည်။ ထိုသို့ပစ်သည့်အခါတွင် မိမိတို့အလိုရှိသည့် နေရာသို့ ကျားရောက်လာစေရန် ပစ်ကွင်းတွင် အမဲသေတစ်ကောင်ဖြင့် မျှားခေါ်ရသည်။ သို့သော် ကျားကို ပစ်ခတ်ဖမ်းယူရန်မှာ ထင်သလောက်မလွယ်ကူချေ။ အဘယ့်ကြောင့်ဆိုသော် ကျားသည် အကောင်ပင်ကြီးသော်ငြားလည်း အလွန်ပေါ့ပါးဖျတ်လတ်သောကြောင့် ဖြစ်သည်။ ကျားမှာ အစာကို ရှာဖွေရာ၌သော် လည်းကောင်း၊ အစာရှာဖွေရာတွင် တွေ့ရသော အန္တရာယ်များကို ရှောင်ကွင်းရာ၌သော်လည်းကောင်း၊ အံ့ဩဖွယ်ကောင်းလောက်အောင် ပါးနပ်လျင်မြန်ရုံသာမက၊ ရဲလည်း ရဲရင့်ပေသည်။ ကျားမှာ သူဇာတိတောရိုင်းဒေသနယ်တွင်ဖြစ်မူ အသွေးအသားကို လိုချင်မက်မောသော သတ္တဝါဖြစ်သည်။ လွတ်လွတ်လပ်လပ် မနေရဘဲ ချုပ်နှောင်ခံနေရသောအခါ ကျားသည် မည်သူ့ကိုမဆို သစ္စာဖောက်ဖျက်လျက် အသက်ကို ရန်မူရန် အခွင့်အရေးကို အမြဲတမ်း ရှာဖွေနေတတ်သည်။ ထို့ကြောင့် တိရစ္ဆာန်ရုံများသို့ အလည်အပတ်သွားသည့်အခါတွင် ကျားကို သွားမစဘဲ စည်းကမ်းသေဝပ်စွာ ကြည့်ရှုရန် သတိပြုရမည်။ အမဲလိုက်ခြင်း များသောအားဖြင့် ကျားများသည် တောတွင်းတွင် အကြီးစားသတ္တဝါများနှင့် အလတ်စားသတ္တဝါများ (ပေါင် ၂၀၀ ဝန်းကျင်ခန့်ရှိသော) ကို အမဲလိုက်စားသောက်လေ့ ရှိသည်။ ယေဘုယျအားဖြင့် ကျားများသည် အလွန်ကြီးမားသော အရွယ်ရောက်ပြီး အာရှဆင်များနှင့် အိန္ဒိယကြံများကို အမဲလိုက်လေ့ မရှိပေ။ မျိုးပွားခြင်း နှင့် မျိုးစပ်ခြင်း ကျားတစ်ကောင်၏ အတွင်းပိုင်း အရိုးဖွဲ့စည်းပုံကျားအမသည် တစ်ကြိမ်လျှင် ၂ ကောင်မှ ၅ ကောင်အထိ သားပေါက်တတ်၏။ မွေးဖွားပြီးစတွင် ကျားကလေးသည် မိခင်ကျားမကြီးနှင့် အချိန်အတန် ကြာသည့်တိုင်အောင် အတူတကွ နေထိုင်လေ့ရှိ၏။ အသက်သုံးနှစ်အရွယ်ခန့်တွင် သားကောင်လိုက်ပုံလိုက်နည်းကို မိခင်ကျားမကြီးက သေချာစွာ သင်ကြားပြသပေးသည်။ ထို့နောက်မှ မိမိဘာသာအလျောက် တသီးတခြားသားကောင် လိုက်ထွက်နိုင်သည်။ တိရစ္ဆာန်ရုံများတွင် ယခုအခါ [[ခြင်္သေ့နှင့် ကျားကို အတူတကွ မျိုးစပ်ပေါက်ဖွားစေနိုင်သည်ကို တွေ့ရ၏။ ဖခင်က ကျား၊ မိခင်ကခြင်္သေ့မဖြစ်လျှင် ကျားခြင်္သေ့ဟု ခေါ်၍ မိခင်ကကျားမ၊ ဖခင်က ခြင်္သေ့ဖြစ်လျှင် ခြင်္သေ့ကျားဟုခေါ်ကြလေသည်။ မျိုးသုဉ်းမှုအန္တရာယ်နှင့် ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ + တောရိုင်းသဘာဝ၌ တွေ့ရှိရသော ကမ္ဘာလုံးဆိုင်ရာ ကျား အရေအတွက်နိုင်ငံခုနှစ်ခန့်မှန်း ဦးရေ အိန္ဒိယ၂၀၁၉ ၂,၆၀၃~၃,၃၄၆ ရုရှား၂၀၁၆ ၄၃၃ တရုတ်၂၀၁၆ ၃၄ ဗီယက်နမ်၂၀၁၆ ၅ အောက် လာအို၂၀၁၆ ၁၄ ကမ္ဘောဒီးယား၂၀၁၆ ၀ ထိုင်း၂၀၁၆ ၁၈၉ မလေးရှား၂၀၁၄ ၂၅၀~၃၄၀ မြန်မာ၂၀၁၄ ၈၅ ဘင်္ဂလားဒေ့ရှ်၂၀၁၄ ၃၀၀~၅၀၀ ဘူတန်၂၀၁၅ ၈၉~၁၂၄ နီပေါ၂၀၁၈ ၂၂၀~၂၇၄ အင်ဒိုနီးရှား၂၀၁၆ ၃၇၁၄၅၉၃~၅၅၁၅ ၂၀၁၀ခုနှစ်သည် တရုတ်ရိုးရာပြက္ခဒိန်အရ ကျားနှစ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပညာရှင်များ၏ ကွင်းဆင်းလေ့လာထားသော စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် ကျားမျိုးကောင်ရေ (၃၆၀၀)ခန့်သာကျန်ရှိတော့သဖြင့် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ပညာရှင်တို့၏ မှတ်တမ်းများအရ လွန်ခဲ့သော နှစ်(၁၀၀)ခန့်က ကမ္ဘာပေါ်တွင် ကျားကောင်ရေစုစုပေါင်း တစ်သိန်းခန့်ရှိခဲ့ပြီး နှစ်တစ်ရာကာလအတွင်း ဤမျှအထိလျော့ကျသွားခြင်းဖြစ်သည်။ ရုရှားနိုင်ငံဝန်ကြီးချုပ် ဗလာဒီမီယာပူတင်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မစ္စတာ ရောဘတ်ဇိုးလစ် (Robert Zoellick) တို့၏ ဦးဆောင်စီစဉ်မှုဖြင့် "အပြည်ပြည်ဆိုင်ရာ ကျားမျိုး ထိန်းသိမ်းစောင့်ရှောက်ရေး ဖိုရမ်" ကို ၂၀၁၀ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့တ်မြို့တွင် ကျင်းပရန်ရှိသည်။ ကျားကောင်ရေလက်ကျန်ရှိနေသေးသော နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ် စုစုပေါင်း (၁၃)နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ ထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုပဲ ယခုအတိုင်းသာ ထားလိုက်ပါက လာမည့်နှစ်တွင် ကျားကောင်ရေ ၂၀၂၂ကောင်ခန့် ထပ်မံကွယ်ပျောက်နိုင်ကြောင်း ထောက်ပြထားကြသည်။ ရုရှားနိုင်ငံတွင် ဆိုက်ဘေးရီးယားကျားမျိုး ကောင်ရေ (၄၀၀)ခန့် ကျန်ရှိနေသေးပြီး၊ မြန်မာနိုင်ငံတွင်လည်း ကျားကောင်ရေ (၁၅၀)ကျော် ကျန်ရှိသေးကြောင်း သိရသည်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( World Wildlife Fund - WWF) ၏ စစ်တမ်းကောက်လေ့လာချက်အရ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျားကောင်ရေ (၁၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။ တစ်နှစ်လျှင်ပျမ်းမျှ (၁၀၄)ကောင်မှ (၁၁၉)ကောင်နှုန်းဖြင့် ပျောက်ကွယ်နေရသည်။ ကမ္ဘာ့ကျားကောင်ရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် အိန္ဒိယနိုင်ငံတွင် ရှိနေပြီး တရုတ်နိုင်ငံသည် ကျားကို ဆေးဖော်ရန်အတွက် အသုံးချသော နိုင်ငံဖြစ်သည်။ တရုတ်အာဏာပိုင်များအနေဖြင့်လည်း နှစ်ပေါင်းထောင်ကျော်မျှ အရိုးစွဲလာခဲ့သော ရိုးရာ အစဉ်အလာဖြစ်နေသည့် အတွက် အဆိုပါ ကိစ္စကို ကိုင်တွယ်ရ ခက်ခဲနေသည်။ Putin, Wen, other leaders in bid to save the tiger | Reuters Tiger summit aims to double numbers - BBC News AFP: World leaders scramble for funds to save the tiger မြန်မာနိုင်ငံမှ ကျားကောင်ရေ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ဝန်းကျင်အောက်သာ ကျန်ရှိတော့သောကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာနက ဆက်လက်ပြုလုပ်သွားရန် ရှိသည်။ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည့် ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေးဒေသတွင် ကျားကောင်ရေ (၅၀) ကျော်သာ ရှိတော့ကြောင်း သိရှိရသည်။ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း (Wildlife Conservation Society-WCS) ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်သည်။Home - Eleven Media Group ဇီဝမျိုးရိုးခွဲခြားမှု အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။ မျိုးစိတ်ခွဲများ |ဆိုက်ဘေးရီးယန်းကျားမျိုး ကြောင်မျိုးရင်းတွေထဲမှ Panthera လို့ခေါ်တဲ့ ကြောင်မျိုးရင်းခွဲတွင် နှင်းကျားသစ် (Snow Leopard)၊ ကျားသစ် (Leopard)၊ ဂျိုက်ဂွါး (Jagaur)၊ ခြင်္သေ့ (Lion)၊ ကျား (Tiger)စသည့်တို့ ပါဝင်ပြီး ကြောင်မျိုးရင်း အားလုံးထဲတွင် ကျားသည်အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သည်။ ကြောင်မျိုးရင်းထဲတွင် အကြီးဆုံးသတ္တဝါဖြစ်သောကျားတို့သည် ဘင်္ဂလား ၊ မန်ချူးရီးယား၊ စူမတြား ၊ အင်ဒိုချိုင်းနား စသဖြင့် ကျားမျိုးစိတ်ပေါင်းများစွာရှိပြီး ထိုအထဲမှာ ဆိုက်ဘေးရီးယားကျားက အကြီးဆုံးဖြစ်ပါတယ်။ ကျားတွေကို အာရှတိုက်တစ်တိုက်လုံးမှာ တွေ့ရလေ့ရှိပါတယ်။ ခြင်္သေ့တွေအာဖရိက ကိုရောက်သွားရခြင်းမှာ ရှေ့ယခင်ကအာရှတွင် ကျားတွေအဆမတန်ပေါလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျားမျိုးစိတ်ထဲမှာ အရှားပါးဆုံးကတော့ ရွှေရောင်ကျားဖြစ်ပါတယ်။ လူသိအများဆုံး ဘင်္ဂလားကျား၏အသွေးအမွေးမှာ အခြားကျားများနှင့် မတူ၊ နီဝါဝါအရောင် ရှိပြီးလျှင် တစ်ကိုယ်လုံးတွင် အနက်ရောင် အစင်းကြီးများဖြင့် လှပစွာရှိနေတတ်ပါတယ်။ လက်ခံအသိအမှတ်ပြုထားသော ကျား မျိုးစိတ်ခွဲ (၁၁) မျိုးရှိသည်။ ယင်းတို့အနက် နှစ်မျိုးဖြစ်သည့် ထရီနီးနှင့် ဂျပန်ကျားများသည် သမိုင်းမတင်မီ ခေတ်ကတည်းကပင် မျိုးသုဉ်းသွားခဲ့ကြပြီး ဖြစ်သည်။PBDB. www.paleobiodb.org. Retrieved 2017-03-03. ကျန်မျိုးစိတ်ခွဲများ အားလုံးသည် အနည်းဆုံး ၂၀ ရာစု အလယ်ပိုင်းအထိ ရှင်ကျန်ခဲ့ကြပြီး ယင်းတို့အနက် သုံးမျိုးကို မျိုးသုဉ်းသွားခဲ့ပြီဟု သတ်မှတ်ခဲ့ကြပြန်သည်။ တောင်အာရှ (အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်)၊ အရှေ့အာရှ (တရုတ်၊ မွန်ဂိုးလီးယား၊ မြောက်ကိုရီးယား၊ ဆိုက်ဘေးရီးယား၊ တောင်ကိုရီးယား) နှင့် အင်ဒိုနီးရှား ကျွန်း သုံးကျွန်း အပါအဝင် အရှေ့တောင်အာရှ ဒေသများတွင် ကျားများ၏ အဓိက သမိုင်းအစဉ်အလာကြီးသော နယ်မြေများသည် အလွန်အမင်း ကျုံ့လာနေပြီး ပင်လယ်နက် (အီရန်၊ ဂျော်ဂျီယာ၊ တောင်ပိုင်း ရုရှား၊ တူရကီ) နှင့် ဗဟို အာရှ (ကာဇက်စတန်၊ တက္ကမန်နစ္စတန်၊ ဥဇဘက်ကစ္စတန်) ဒေသများတွင် မျိုးသုဉ်းသွားပြီ ဖြစ်သည်။ ရှင်သန်ဆဲတည်ရှိဆဲ မျိုးစိတ်ခွဲများ ယနေ့ခေတ်တိုင် ကျန်ရှိနေသေးသည့် မျိုးစိတ်ခွဲများမှာ အောက်ပါအတိုင်းဖြစ်သည် - ဘင်္ဂလား ကျား ဆိုက်ဘေးရီးယား ကျား တောင်တရုတ် ကျား အင်ဒိုချိုင်းနား ကျား မလ္လာယု ကျား ဆူမတြား ကျား မျိုးသုဉ်းသွားသော မျိုးစိတ်ခွဲများ အောက်ဖော်ပြပါ ကျား အမျိုးအစားများမှာ မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်ခွဲများ ဖြစ်သည် - †ကက်စ္စပီရံ ကျား †ဂျာဗား ကျား †ဘာလီ ကျား ကိုးကား ကဏ္ဍ:ကြောင်ကြီးမျိုးစုဝင် တိရစ္ဆာန်များ ကဏ္ဍ:ထိပ်တန်းသားရဲတိရစ္ဆာန်များ
ယုန်
ယုန်ကို သာမန်အားဖြင့်သာ သိသူများသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန် (၂)မျိုးရှိရာ တစ်မျိုးမှာ ကွင်းယုန် () ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် () ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန် နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လက်ပိုရီဒီး (Leporidae) မျိုးရင်းဝင်များဖြစ်ကြပြီး လက်ဂိုမော်ဖား (Lagomorpha) မျိုးစဉ်အောက်၌ ပါဝင်ကြလေသည်။ ကွင်းယုန် ကွင်းယုန်သည် ယင်း၏ အမွှေးထူခြင်း၊ နားရွက်ရှည်ခြင်းနှင့် လျင်မြန်ခြင်းတို့ကြောင့် လူသိများသည်။ အမှန်မှာ ကွင်းယုန်သည် အလျင်မြန်ဆုံး တိရစ္ဆာန်ငယ်များတွင် ပါဝင်လေသည်။ ဘေးအန္တရာယ်နှင့် တွေ့ကြုံလျှင် ကွင်းယုန်သည် ယင်း၏ လျင်မြန်ခြင်းကိုသာ အားကိုးလေသည်။ ထိုနည်းဖြင့် ကွင်းယုန်သည် ရန်သူများ၏ဘေးမှ လွတ်ကင်းနိုင်လေသည်။ အမေရိကန်နိုင်ငံတွင် ကွင်းယုန်များကို တွင်းယုန်များအဖြစ် ပြောဆိုနေခြင်းသည် စင်စစ်အားဖြင့် မှားလေသည်။ ကွင်းယုန်ကို ကမ္ဘာအနှံ့အပြား၌လိုလိုပင် တွေ့နိုင်သော်လည်း တွင်းယုန်ကိုမူ ဥရောပတိုက်တွင်သာ စ၍ တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် တွင်းယုန်များကို အခြားတိုင်းပြည်များသို့ သယ်ဆောင်သွားကြလေသည်။ တွင်းယုန်သည် ကွင်းယုန်ထက် ကိုယ်ထည်သေးသည့်အပြင် ခြေထောက်များနှင့် နားရွက်များသည်လည်း ကွင်းယုန်လောက်မရှည်ကြချေ။ ကွင်းယုန်သည် မြေပြင်ပေါ်၌ နေထိုင်သော်လည်း တွင်းယုန်ကမူ မြေတွင် တွင်းများတူး၍ နေထိုင်လေသည်။ တွင်းယုန်သည် ကွင်းယုန်ကဲ့သို့ ပြေးရာတွင် မမြန်ချေ။ ထိုသို့ ဖြစ်ရသည်မှာ ရန်သူများဘေးမှ လွတ်ကင်းစေရန် ဝေးဝေးမပြေးရဘဲ၊ ယင်းတို့နေထိုင်ရာ တွင်းများအထိသာ ပြေးရန်လိုခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် တွင်းယုန်သည် မွေးဖွားရာ၌ ကွင်းယုန်ကဲ့သို့ မဟုတ်ဘဲ မျက်စိမမြင်ဘဲနှင့် အမွှေး လုံးဝနီးပါးမရှိဘဲ မွေးဖွားသည်။ ကွင်းယုန်များသည် ၁၇ လက်မမှ ၂၅ လက်မအထိ ရှည်တတ်သည်၊ အမြီးသည် တို၍ အမွှေးများပြီးလျှင် အပေါ်သို့ ထောင်လျက်ရှိသည်။ ကွင်းယုန်သည် မြေပြင်တွင် ခုန်လွှား၍ ပြေးသွားသောအခါတွင် ယင်း၏ ဖြူဖွေးသောအမြီးအောက်ပိုင်းကို ထင်ရှားစွာ မြင်နိုင်ပေသည်။ နားရွက်များကို ထောင်လိုက်သောအခါတွင် အမည်းအမှတ်အသားများကို မြင်ရသည်။ ကွင်းယုန်တစ်ကောင် မြေကြီးပေါ်၌ ရပ်နေသောအခါတွင် ယင်း၏အရောင်နှင့် ပတ်ဝန်းကျင်အရောင်တို့သည် တူလှသဖြင့် ကွင်းယုန်ကို မြင်နိုင်ရန် ခဲယဉ်းသည်။ ကွင်းယုန်၏ အသက်ရှူမှုနှင့်ပါးမုန်းမွှေးများ၏ လှုပ်ရှားနေမှုကြောင့်သာ ကွင်းယုန်ရှိနေကြောင်း သိနိုင်လေသည်။ ကွင်းယုန်၏ အပေါ်နှုတ်ခမ်းသည် ကွဲနေ၏။ နှာခေါင်းနှင့် နှုတ်ခမ်းတို့သည်လည်း အစဉ်လှုပ်ရှားနေသည်ဟု ထင်ရလေသည်။ အထူးသဖြင့် ကွင်းယုန်ကလေးများတွင် ထိုသို့ ဖြစ်တတ်သည်။ ရှေ့ခြေထောက်တွင် ခြေချောင်းကလေးများ ငါးချောင်းစီရှိ၍ နောက်ခြေထောက်များတွင်မူ လေးချောင်းစီသာရှိသည်။ ကွင်းယုန်သည် မလွှဲသာ၍ ရန်သူကို ခုခံရလျှင် ယင်း၏နောက်ခြေများနှင့် ရန်သူကို နာကျင်အောင် ကန်ကျောက်နိုင်လေသည်။ ကွင်းယုန်သည် ယင်း၏နောက်ခြေများကြောင့် အတော်အလှမ်းကျယ်စွာ ခုန်လွှားနိုင်သည်။ ယင်း၏ ရှေ့ခြေထောက်များကို ရှဉ့်များကဲ့သို့ အစာစားရာတွင် အသုံးမပြုနိုင်ချေ။ ကွင်းယုန်နှင့် တွင်းယုန်နှစ်မျိုးစလုံးသည် ကြောက်တတ်သော်လည်း မလွှဲသာ၍ သားငယ်ကလေးများအတွက် ခုခံရန် လိုသောအခါတွင် ရဲရင့်စွာ ခုခံတတ်ကြသည်။ ခုခံရာတွင် ယင်းတို့၏ သန်မာသော နောက်ခြေထောက်များကို အသုံးပြုကြသည်။ တစ်ခါက မြွေပါမြီးတို တစ်ကောင်နှင့် မြွေတစ်ကောင်အား သတ်ထားသည်ကို တွေ့ရဖူးသည်။ အိမ်တွင် မွေးမြူထားသည့် တွင်းယုန်များသည် ယေဘုယျအားဖြင့် ကြောင်များနှင့် သင့်မြတ်အောင် နေထိုင်လေ့ရှိကြသော်လည်း မလွှဲသာ၍ မသင့်မမြတ် ဖြစ်ကြသောအခါတွင် နိုင်အောင်တိုက်ခိုက်လေ့ ရှိကြသည်။ ရန်သူ၏ဘေးမှ တိမ်းရှောင်ကြရာတွင် လွန်စွာပါးနပ်ကြသည်။ လေ့လာသူအချို့ကမူ ရန်သူကို တိမ်းရှောင်ကြရာ၌ ယုန်များသည် မြေခွေးတို့ကဲ့သို့ပင် ပါးနပ်ကြသည်ဟု ဆိုလေသည်။ ရန်သူက ယုန်ကို လိုက်သောအခါတွင် ယုန်သည် အားကုန်ပြေးပြီးလျှင် ရုပ်တရက် ရပ်လိုက်တတ်သည်။ ထိုသို့ ရပ်လိုက်ပြီးလျှင် အခြားတစ်ဖက်သို့ အလွန်လျင်မြန်စွာ ထွက်ပြေးသွားတတ်လေသည်။ ကွင်းယုန်နှင့် တွင်းယုန်တို့သည် ဟင်းသီးဟင်းရွက်စား တိရစ္ဆာန်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို သိပ္ပံပညာရှင်များက ရွက်စားသတ္တဝါများဟု ခေါ်ကြသည်။ အထူးသဖြင့် ဂေါ်ဘီထုပ် (မုန်လာထုပ်)၊ ပြောင်း၊ ဂျုံ၊ စပါး စသည့် အသီးအနှံများနှင့် သစ်ခေါက်များကို စားကြသည်။ ယုန်တို့သည် များသောအားဖြင့် ညဉ့်ဘက်တွင် လှည့်လည်၍ အစာကို ရှာဖွေစားသောက်ကြသည်။ နံနက်အရုဏ်တက်ချိန်တွင် နေထိုင်ရာ မြက်ခင်းအတွင်းရှိ တွင်းများ၊ သို့မဟုတ် ကျောက်တုံးကြီးများ အနီးရှိ တွင်းများသို့ ပြန်လာကြသည်။ ညဉ့်အချိန် တွင်းယုန်များ အစာရှာထွက်ကြသောအခါတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်များနှင့် လယ်ခင်းများသည် မကြာခဏ ပျက်စီးတတ်ကြသည်။ ကွင်းယုန်များသည် မကြာခဏ သားဖွားတတ်ကြသဖြင့် အပွားမြန်သည်။ ခြောက်လအရွယ်သို့ ရောက်လျှင် မိတ်လိုက်နိုင်သည်။ တစ်နှစ်တွင် နှစ်ကြိမ် သုံးကြိမ် သားမွေးနိုင်သည်။ မိခင်သည် ကိုယ်ဝန်ကို တစ်လသာ လွယ်သည်။ တစ်ကြိမ်မွေးလျှင် ယုန်ကလေး နှစ်ကောင်မှ ငါးကောင်အထိ မွေးတတ်သည်။ တစ်လ၊ သို့မဟုတ် နှစ်လကြာအပြီးတွင် ယုန်ကလေးများသည် ဘာသာဘာဝ နေထိုင်စားသောက်ကြသည်။ အချို့နေရာများတွင် ကွင်းယုန်တို့၏ သဘာဝရန်သူများဖြစ်သော မြေခွေး၊ မြွေပါမြီးတို၊ လင်းယုန်၊ သိမ်းနှင့် ခွေးတူဝက်တူများကို လူများက ရှင်းလင်းသုတ်သင်ပေးကြသဖြင့် ကွင်းယုန်များသည် အတိုးပွား မြန်လာပြီးလျှင် စိုက်ခင်းများကိုပင် ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် အချို့နေရာများတွင် စိုက်ခင်းများ အတွင်းသို့ ကွင်းယုန်များ မဝင်နိုင်အောင် ခြံများကိုပင် ကာထားကြရလေသည်။ ဩစတြေလီးယားတိုက်ကဲ့သို့သော ကွင်းယုန်၏ အနှောင့်အယှက်ကို ခံကြရသည့် နေရာများတွင်မူ ကွင်းယုန်များကို ကျော့ကွင်းများ၊ ခွေးများနှင့် သေနတ်များ အသုံးပြုကာ ကာကွယ်ပေးကြရသည်။ ထိုသို့ ပြုလုပ်ရုံမျှနှင့် မရသေးလျှင် အချိန်မှန်မှန် ခရိုင်တစ်ခရိုင်အတွင်းရှိ ယောက်ျားကြီးငယ်များနှင့် တစ်ခါတစ်ရံတွင် မိန်းမကြီးငယ်များသည် ကွင်းယုန်များ နေထိုင်သော နေရာများကို စတုရန်းတစ်မိုင်ခန့် တိုင်း၍ ကွင်းယုန်များကို ဝင်းခြံတစ်ခု အတွင်းသို့ မောင်းသွင်းပြီးလျှင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြရလေသည်။ ထိုကဲ့သို့သောအခါမျိုးတွင် တစ်နေ့တည်း၌ပင် ကွင်းယုန်ပေါင်း ၂ဝဝဝဝ ခန့်ကို ရိုက်သတ်နိုင်ကြလေသည်။ ကွင်းယုန်သားသည် ခပ်ထပ်ထပ်ဖြစ်သော်လည်း ထူးခြားသည့် အနံ့ရှိသဖြင့် လူကြိုက်များသည်။ ယုန်၏ အမွှေးများကို အထူးသဖြင့် ဆောင်းရာသီ၌ အရောင်ပြောင်းသည့် အမွှေးများကို အဖိုးတန်သည့် သားမွှေးတုအနေဖြင့် အသုံးများသည်။ တွင်းယုန်တွင် အရိုင်းနှင့် အယဉ်ဟု နှစ်မျိုးရှိသည်။ တွင်းယုန် တွင်းယုန်တွင် သားမွှေးများ ရှိသည့်ပြင် နားရွက်ရှည်များလည်း ရှိသည်။ ကွင်းယုန်လောက် မလျင်မြန်သော်လည်း လျင်မြန်စွာကား ပြေးနိုင်လေသည်။ လူ့အတွက် ကွင်းယုန်နှင့် တွင်းယုန်များက အဝတ်နှင့် အစာကို ဖြည့်တင်းပေးကြသည်။ အိမ်၌ မွေးထားလေ့ရှိသော တွင်းယုန်များသည် လူ၏ ချစ်စနိုး တိရစ္ဆာန်များ ဖြစ်ကြလေသည်။ မြောက်အမေရိကတိုက်တွင် ကွင်းယုန်နှင့် တွင်းယုန်အတော်များများ နေထိုင်ကြလေသည်။ ဘီစီ ၅၅၁ မှ ၄၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ထင်ရှားခဲ့သော ကွန်ဖူးဇီးခေတ်တွင် တွင်းယုန်များကို အယူဝါဒဆိုင်ရာ ပွဲလမ်းများတွင် အသုံးပြုခဲ့ကြသည်။ ရှေးခေတ် သဘာဝပညာရှင်များက တွင်းယုန် အကြောင်းကို ရေးကြရာ၌ ကွင်းယုန်နှင့် တွင်းယုန်ကိုပါ ရောနှော၍ ရေးသားခဲ့ကြသဖြင့် ယခုအခါတွင် အချို့တွင်းယုန်များကို ကွင်းယုန်များဟု ခေါ်နေကြလေသည်။ တွင်းယုန်စစ်စစ်များသည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင်တူးထားသည့်တွင်းများအတွင်း၌ သားများကို မွေးဖွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင်မူ ခွေးတူဝက်တူ၊ သို့မဟုတ် အခြားမြေတွင်းနေတိရစ္ဆာန်တို့၏ တွင်းများတွင် မွေးဖွားလေ့ရှိသည်။ မွေးစတွင် တွင်းယုန်ကလေးများသည် မျက်စိမှိတ်ထားကြပြီးလျှင် ယင်းတို့၌ အမွှေးများ မရှိကြချေ။ ဤအချက်တွင် ကွင်းယုန်နှင့် ခြားနားသည်။ ကွင်းယုန်သည် သားကို တွင်းထဲ၌ မမွေးချေ။ ထို့ပြင် မွေးစကွင်းယုန်ကလေးများ၏ မျက်စိများသည် ပွင့်လျက်ရှိကြသည့်ပြင် အမွှေးများလည်း ပါကြသည်။ တွင်းယုန်များသည် နေ့အချိန်တွင် အစာရှာထွက်လေ့ မရှိသော်လည်း ယင်းတို့ကို မကြာခဏ နေ့အချိန်၌ တွေ့ရတတ်သည်။ ယင်းတို့သည် ညဉ့်အချိန်တွင်သာ ထွက်၍ အစာကို ရှာစားလေ့ ရှိကြသည်။ တွင်းယုန်များသည် တစ်ကြိမ်လျှင် နှစ်ကောင်မှ ခြောက်ကောင်အထိ မွေးဖွားတတ်၍ တစ်နှစ်အတွင်း ကြိမ်ဖန်များစွာ မွေးဖွားတတ်သည်။ တွင်းယုန်များတွင် ရောဂါကျရောက်တတ်ပြီးလျှင် ယင်းတို့ မှတစ်ဆင့် လူများကို ကူးစက်စေတတ်သည်။ ထိုသို့ကူးစက်ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ၊ သို့မဟုတ် လပေါင်းအတော်ကြာသည်အထိ ခံရတတ်သည်။ ထိုရောဂါ ရောက်လာလျှင် လူတစ်ရာလျှင် သုံးယောက်မှ ငါးယောက်အထိ သေတတ်သည်။ မုဆိုးများ တောလိုက်ရာတွင် တွင်းယုန်ရိုင်းများကိုလည်း လိုက်လံဖမ်းဆီးလေ့ရှိကြသည်။ ထိုအခါတွင် ခွေးများကိုအသုံးပြုကြသည်။ အမေရိကန် တိုင်းရင်းသားများသည်လည်း ရှေးအခါကပင် တွင်းယုန်များကို ဖမ်းဆီးလေ့ရှိကြသည်။ ထိုသို့ တိုင်းရင်းသားများက ဖမ်းဆီးကြရာတွင် တွင်းယုန် အမြောက်အမြားရှိသော နေရာတစ်ဝိုက်တွင် လူအမြောက်အမြားက အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန်ဖြင့် ဝိုင်းထားပြီးလျှင် လူများသည် တဖြည်းဖြည်း မျက်နှာချင်းဆိုင်ဘက်သို့ ရွေ့လာကြကာ တွင်းယုန်များ၏ နေရာကိုကျဉ်းမြောင်းသွားစေပြီးလျှင် နောက်ဆုံးတွင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြလေသည်။ အမေရိကန်ပြည်ထောင်စုအတွင်း ရှိရင်းစွဲတွင်းယုန်များ၏ အမွှေးများသည် နူးညံ့၍ သေးပြီးလျှင် အညိုရောင်လိုလိုသာ ရှိသည်။ အချို့တွင်းယုန်များ၏ အမွှေးများသည် ဆောင်းအခါ၌ ပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောစေရန် အဖြူရောင်အဖြစ်သို့ ပြောင်းသွားတတ်သည်။ ထိုအခါတွင် ယင်းတို့ကို ပတ်ဝန်းကျင်တွင် မြင်နိုင်ခဲသည်။ တွင်းယုန်၏ အမွှေးများကို အထည်များ၏ အနားကွပ်ရာတွင်ဖြစ်စေ၊ ဦးထုပ်ပြုလုပ်ရန် သက္ကလပ်ကြမ်းအဖြစ် ပြုလုပ်ရာတွင်ဖြစ်စေ အသုံးပြုကြသည်။ အမွှေးချွတ်ပြီးသောတွင်းယုန်များကို ကော်များ ပြုလုပ်ရာတွင် အသုံးပြုကြလေသည်။ ပထမကမ္ဘာစစ် အတွင်းတွင် ယုန်သားသည် အတော်ပင် နာမည်ကျော်ကြားခဲ့လေသည်။ ထိုသို့ နာမည်ကျော်ကြားမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်အတော်များများသို့ တွင်းယုန်မွေးမြူခြင်းသည် ပျံ့နှံ့သွားခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကလည်း တွင်းယုန်သားကို အတော်ပင်လူကြိုက်များခဲ့လေသည်။ အချို့နေရာများတွင် ထိုအသားကို လိုသလောက်မပေးနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ တွင်းယုန်ကို လူကြိုက်များရာတွင် အကြောင်းနှစ်မျိုးရှိ၏။ ပထမအကြောင်းမှာ တွင်းယုန်အမွှေးများကို သက္ကလပ်ကြမ်း ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်၍၊ ဒုတိယအကြောင်းမှာ ယင်းတို့ကို အဖိုးတန်သည့် အမွှေးများနှင့်တူအောင် ဆေးဆိုးယူနိုင်ခြင်းကြောင့် ဖြစ်သည်။ တွင်းယုန်များကို မွေးမြူရာတွင် အစာကို ဂရုစိုက်၍ ကျွေးမွေးရန် လိုအပ်ပေသည်။ ရေကောင်းရေသန့် များများနှင့် ဆားအနည်းငယ်ကိုပါ နေ့စဉ် ကျွေးသင့်သည်။ ယင်းတို့ကိုထားရာ အိမ်များကို မွေးမြူသည့် တိုင်းပြည်၏ ရာသီဥတုနှင့် ကိုက်ညီစွာ ဆောက်လုပ်ရန် လိုပေသည်။ သန့်သန့်ရှင်းရှင်း လည်း ထားရမည်။ နေ့စဉ် ယုန်များ၏ နေရာများကို ရှင်းလင်းပေးပြီးလျှင် ကောက်ရိုး၊ သို့မဟုတ် သစ်ရွက်များကို အသစ်လဲပေးသင့်သည်။ ထို့ပြင် လေကောင်းလေသန့်နှင့် နေရောင်ကိုလည်း ရရှိစေရန် ဖန်တီးပေးရမည်။ သို့မဟုတ်လျှင် တွင်းယုန်များတွင် ရောဂါကျရောက်တတ်လေသည်။ ဒဏ္ဍာရီပုံရိပ် လယုန်ဒဏ္ဍာရီသည် တရုတ်နိုင်ငံမှ စတင်ခဲ့သည်။ တရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော Chu Ci အရ လပေါ်တွင် ယုန် (hare) ရှိသည်ဟု မှတ်ချက်ချသည်။ ဆက်လက်လေ့လာရန် ယုန်းမွးဖ‌ွားပုံ ကိုးကား ကဏ္ဍ:အသုံးများသော နို့တိုက်သတ္တဝါ အမည်များ
ငုံး
ငှက်သိုက်၏ ငုံးဥများ ငုံး (Quail) သည် အလယ်အလပ်ရစ်ငှက်မျိုးကွဲ (Phasianidae) အများ၏အမည်ဖြစ်သည်။ ပါဏဗေဒအရ ငုံးသည် ဒေါင်း၊ တောကြက်၊ ရစ်တို့နှင့်အတူ ဂယ်လီဖောမီး မျိုးစဉ်တွင် ပါဝင်လေသည်။ 'ကိုတာနစ် ချိုင်းနန်းဆစ်' အမည်ရှိ ငုံးသည် အလျား ၆ လက်မရှိ၍ သေးငယ်ကျစ်လျစ်သည်။ ငုံးဖိုနှင့် ငုံးမတို့မှာ အရောင်အဆင်းချင်းမတူကြချေ။ ငုံးဖိုသည် ကျောဖက်၌ အမည်းပြောက်နှင့် သံချေးရောင် အပြောက်များရှိသည်။ ခြေထောက်ဝါသည်။ မြက်တောထဲမှ ထ၍ ပျံသောအခါ ငုံးဖိုသည် သာမန်ငှက်မည်းများ ဖြစ်သည်ဟု ထင်မှတ်ရသည်။ ငုံးမသည် ငုံးဖိုထက် အရောင်ဖျော့သည်။ ကိုယ်တွင် ဝမ်းနှင့် ရင်ဖက်၌ ညိုဝါရင့်ရောင်ရှိသည့်ပြင် ရင်ပိုင်းနှင့် နံဘေးဖက်တွင် အမည်းကန့် လန့်စင်းများ ပါရှိသည်။ ငုံးမသည် သာယာသောအသံကို ပြုတတ်သည်။ ငုံးကို ကောက်ရိုးပြတ်နှင့် မြက်တောပေါများရာ လွင်ပြင်များတွင် အနှံ့အပြား တွေ့ရသည်။ ကိုက်အနည်းငယ်မျှ လျင်မြန်စွာ ပျံသန်းပြီးလျှင် ချုံဖုတ်ထဲသို့ဝင်၍ ခိုအောင်းနေတတ် သည်။ ခရီးဝေး မပျံသန်းနိုင်ချေ။ မြန်မာနိုင်ငံတွင် မိုးဥတု၌ အများအားဖြင့် ဥဥသည်။ ဇန်နဝါရီလတွင်လည်း အချို့ငုံးများ ဥဥသည်ကို တွေ့ရသည်။ တစ်မြုံလျှင် ဥ ၄ လုံးမှ ၇ လုံးခန့်ရှိ၍ အဝါရောင်၊ အညိုရင့်ရောင် စသည်ဖြင့် ကွဲပြား ခြားနားကြသည်။ အချို့တွင် အပြောက်ပါရှိသည်။ ဤငုံးအမျိုးမျိုးကို အာဖရိကတိုက်၊ ဩစတြေးလျတိုက်၊ မြန်မာနိုင်ငံရှိ လွင်ပြင်များနှင့် ရှမ်းကုန်းပြင်မြင့်တွင် အနှံ့အပြားတွေ့ရသည်။ ငုံးအမျိုးမျိုးရှိကြရာ ထင်ရှားသော အခြားငုံး ၂ မျိုးမှာ 'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'နှင့် 'ကိုတာနစ် ကိုတာနစ်' ဖြစ်သည်။ 'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'ငုံး 'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'ငုံးသည် အလျား ၇ လက်မ ရှိသည်။ အဝေးမှကြည့်လျှင် ယင်းကို အခြားငုံးနှင့် ခွဲခြားရန် အလွန်ခဲယဉ်းသည်။ သို့သော် ခြားနားချက်မှာ အရွယ်ငယ်ခြင်း၊ အသံကွဲပြားခြင်းပင် ဖြစ်သည်။ ငုံးဖို၏ ရင်ပိုင်းသည် သိသာ ထင်ရှားစွာ မည်းနက်သည်။ ငုံးမမှာ ဤသို့မည်းနက်ခြင်း မရှိချေ။ ဤငုံးသည် ကျယ်လောင်စွာ အော်မြည်တတ်လေသည်။ ဇူလိုင်လမှ အောက်တိုဘာလအတွင်း ထိုငုံး၏ အော်သံကို အများအားဖြင့် ကြားရသည်။ ရွာအနီးအနားတွင် ပေါက်ရောက်သော မြက်တောနှင့် စိုက်ခင်းများတွင် ကျက်စားလေ့ရှိသည်။ အကောင်ပေါက်ချိန်တွင် ဖိုမတွဲ၍ နေတတ်သည်။ အခြားအချိန်တွင် တစ်ကောင်ချင်း သို့မဟုတ် အအုပ်အသင်းဖြင့် နေလေ့ရှိသည်။ တစ်နေရာထဲတွင် အမြဲတစေ ကျက်စားလေ့ရှိသည်။ သို့သော် ရာသီအလိုက် ဒေသပြောင်းရွှေ့၍ ကျက်စားသည်လည်း ရှိသေး၏။ ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း အကောင်ပေါက်သည်။ မြေပေါ်တွင် ဥကျင်းတူး၍ ဥ ၄ လုံးမှ ၁၁ လုံးထိ ဥအုတတ်သည်။ ဥအရောင်မှာ အမျိုးမျိုး ဖြစ်သည်။ အချို့တွင် အပြောက်ပါရှိ၍ အချို့တွင် မပါရှိချေ။ ဤငုံးမျိုးကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့တွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှား ရပ်ဝန်းနှင့်ရှမ်း ကုန်းပြင်မြင့်တွင် အများအားဖြင့် တွေ့ရသည်။ 'ကိုတာနစ် ကိုတာနစ်' ငုံး 'ကိုတာနစ် ကိုတာနစ်' ငုံး၏အရွယ်မှာ ၁၅ ရက်သား ကြက်ငယ်ကလေးမျှ ရှိသည်။ အလျား ၇ လက်မ ၈ လက်မ အထိ ရှိသည်။ အမြီးမပါရှိချေ။ ဦးခေါင်းတွင် သဲရောင်အစင်းကြောင်းများနှင့် အဖြူရောင် အတန့်အရစ်များ ပါရှိသည်။ ကိုယ်ပေါ်တွင် ညိုဝါရောင်အစင်းများ ပါရှိသည်။ ကျောဖက်တွင် မည်းနက်သည့်အပြင် ညိုဝါရောင်ကွက်များ မညီမညာပါရှိသည်။ ငုံးဖို၏ လည်ချောင်းတွင် ကျောက်ဆူးသဏ္ဌာန် အမည်းမှတ် ရှိသည်။ ဤငုံးသည်လည်း ကျက်စားနေကျဒေသတွင် အမြဲနေ၍ ရာသီအလိုက်သာလျှင် ဒေသပြောင်း၍ ကျက်စားတတ်သည်။ လွင်ပြင်များတွင်၎င်း၊ မြက်တောနှင့် စိုက်ခင်းများတွင်၎င်း အများအားဖြင့် တွေ့ရသည်။ ဖိုမတွဲလျက် သို့မဟုတ် အအုပ် အသင်းဖွဲ့လျက် နေတတ်သည်။ ဤငုံးပျံသန်းသောအခါ ပျံခါစတွင် အတောင်ခတ်သံကိုပေး၍ အော်မြည်တတ်သည်။ တစ်ဟုန်ထိုး လျင်မြန်စွာ ပျံတက်စေကာမူ ခရီးဝေးမပျံနိုင်ချေ။ ကောက်ပဲသီးနှံ၊ မြက်၊ မျိုးစေ့များကို၎င်း၊ ခြနှင့် အခြား အင်းဆက်ပိုးကောင်များကို၎င်း စားသောက်တတ်သည်။ ငုံးများကို ပိုက်ကွန်ဖြင့်ထောင်၍ ဖမ်းဆီးယူရသည်။ ဤငုံးမျိုး သားပေါက်သောအချိန်မှာ မတ်လမှ မေလအတွင်း ဖြစ်သည်။ အသိုက်များကို စိုက်ခင်းကြားနှင့် မြက်ခင်းကြားတွင် ပြုလုပ်ထားတတ်သည်။ တစ်မြုံလျှင် ဥ ၆ လုံးမှ ၁၄ လုံးခန့်ရှိသည်။ ဥများမှာ နီဝါရောင် သို့မဟုတ် နီကြန့်ကြန့်ရောင်ရှိ၍ အညိုရင့် အပြောက်များလည်း ပါရှိ၏။ ဤငုံးကို အာဖရိကတိုက်၊ ဥရောပတိုက်နှင့် အာရှတိုက် အနှံ့အပြားတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီ၌ တစ်ခါတစ်ရံ တွေ့ရသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ကိုးကား ကဏ္ဍ:ငုံးများ ကဏ္ဍ:အများသုံးနာမည်အလိုက် ငှက်များ
ခို၊ ချိုးနှင့် အလားတူငှက်များ
ခို၊ ချိုးနှင့် အလားတူငှက်များသည် မျိုးစဉ် Columbidae () တွင်ရှိသော ငှက်မျိုးရင်းဖြစ်သည်။ မျိုးရင်းတစ်ခုတည်းတွင် ပါဝင်သည့်အတိုင်း ချိုးနှင့် ခို သည် အလေ့အကျင့်နှင့် ပုံပန်းသဏ္ဌာန်တွင် ဆင်တူကြသည်။ သို့သော် ချိုးတွင် အမျိုးပေါင်းများစွာ ရှိသည့် အတွက် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြားသိရန်မှာ များစွာ မလွယ်ကူလှချေ။ ရှေးခေတ် ဟီဗြူလူမျိုးတို့သည် သိုးငယ်များကို ယဇ်ပူဇော်လေ့ရှိကြရာ၊ မတတ်နိုင်သော ဆင်းရဲသားဖြစ်က သိုးအစား ချိုးကို အစားထိုး၍ ပူဇော်ပသနိုင်ခွင့် ရှိလေသည်။ သမ္မာကျမ်းစာတွင် ချိုးကို အပြစ်ကင်းသောငှက်ဟု ဖော်ပြထားသည့် အတိုင်း၊ ထိုစဉ်က ဟီဗြူလူမျိုးတို့သည် ချိုးကို အမြတ်တနိုးထားခဲ့ကြောင်း သိသာနိုင်သည်။ ယခုခေတ်တွင်လည်း ကမ္ဘာ အရပ်ရပ်၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်ဖြင့် ချိုးငှက်ကိုပင် ပုံဆောင်ပြကြလေသည်။ မြန်မာနိုင်ငံတွင် ကျက်စားသော ချိုးအမျိုးမျိုးအနက် ထင်ရှားသောချိုးမျိုးများမှာ ချိုးစိမ်း၊ ချိုးပိန်တူး၊ ချိုးလင်းပြာ၊ ချိုးလည်ပြောက်နှင့် ချိုးနီပု သို့မဟုတ် ချိုးနီတိုများ ဖြစ်ကြသည်။ ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုးဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင်ပါဝင်၍ တစ်ကမ္ဘာလုံး၌ ယခုအခါ ခိုနှင့် ချိုးမျိုးစိတ်ပေါင်း ၃၄၄ ခုရှိပြီး မျိုးစု ၅၀ အဖြစ် ပိုင်းခြားထားသည်။ မျိုးစိတ်ပေါင်း ၁၃ ခုမှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ အရွယ်အားဖြင့်ကား၊ ခိုက ချိုးထက်ကြီးလေသည်။ အင်္ဂလိပ်ဘာသာစကားတွင်လည်း သေးငယ်သောမျိုးစိတ်ကို ချိုးဟုခေါ်ပြီး ပိုကြီးသောမျိုးစိတ်ကို ခိုဟုခေါ်ဆိုသည်။ ဝင်ရိုးစွန်းဒေသများမှလွဲလျှင် ကမ္ဘာအရပ်ရပ်၌ ခိုကို တွေ့နိုင်၍ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပေါများသည်။ မြန်မာနိုင်ငံတွင်မူ အမြို့မြို့ အရွာရွာမှာပင် ခိုကို တွေ့ရသည်။ ခိုတွင် အမျိုးများသလောက် အဆင်းသဏ္ဌာန်တွင်လည်း အနည်းနှင့်အများ ကွဲပြားကြသည်။ သို့သော် အပြာရောင်ကို အများဆုံးတွေ့ရ၏။ ယေဘူယျအားဖြင့် ခိုအားလုံးသည် အမြီးကော့၍၊ ခြေထောက်နီသည်။ အလျား ၁၃ လက်မခန့် ရှိ၍ ကိုယ်ကာယ တုတ်ခိုင်သည်။ ထူးခြားချက်ကား ခိုနှင့် ချိုးတို့သည် ရေသောက်ရာတွင် အခြားငှက်များကဲ့သို့ ခေါင်းမမော့ဘဲ တစ်ဆက်တည်း သောက်လေ့ရှိကြသည်။ ခိုသည် သဘာဝအားဖြင့် တောတွင်းကျက်စားသော ငှက်ဖြစ်သော်လည်း အလွန်ယဉ်ပါးလွယ်သည်။ ခိုရိုင်းများကို ရှေးနှစ်ပေါင်း ၅ဝဝဝ လောက်ကစ၍ မွေးမြူခဲ့ကြောင်း အမှတ်အသားများ တွေ့ရသည်။ ခိုသည် သစ်သီးနှင့် သစ်စေ့များကို စားတတ်သည်။ အဖိုနှင့်အမ တစ်စုသည် ရာသက်ပန် ပေါင်းသင်း၍ စုံတွဲသော်လည်းကောင်း၊ သင်းဖွဲ့၍သော်လည်းကောင်း နေတတ်သည်။ ခိုသည် နေရာမြဲ၍ ကျက်စားရာ ဒေသကို များစွာခင်တွယ်သည့်အတိုင်း မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ နေရင်းဌာနသို့ ရောက်အောင် ပြန်လာတတ်သည်။ ထို့ကြောင့် ရှေးဂရိနှင့် ရောမလူမျိုးတို့ လက်ထက်မှစ၍ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအထိ ခိုမျိုး အချို့ကို သတင်းပို့ ခိုများအဖြစ်နှင့် မွေးမြူအသုံးပြုခဲ့ကြရာ၊ ယင်းတို့၏ စွမ်းဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့ဩချီးကျူးခဲ့ကြရပေသည်။ သတင်းပို့ခိုတို့သည် တစ်နာရီ လျှင် ပျှမ်းမျှမိုင် ၄ဝ နှုန်း ပျံသန်းနိုင် ခဲ့ကြသည်ဟု အဆိုရှိလေသည်။ ခိုသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်၍၊ အသိုက်များကို သစ်ပင်သစ်ကိုင်းထက်နှင့်တကွ အိမ်၊ တန်ဆောင်း၊ကျောင်းစသည့် ခေါင်မိုးများပေါ်တွင် သစ်ခက်၊ အမွှေးအတောင်တို့ဖြင့် ဆောက်လုပ်ကြသည်။ တစ်မြုံလျှင် ၂ ဥ ရှိတတ်၍ အသိုက်လုပ်ရာ၌လည်းကောင်း၊ သားငယ်သမီးငယ်များကို စောင့်ရှောက်ရာ၌ လည်းကောင်း၊ အဖိုနှင့် အမ ၂ ကောင်စလုံးပင် တာဝန်ယူလေ့ရှိသည်ကို တွေ့ရသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) မှတ်စု ကိုးကား ကဏ္ဍ:ငှက်မျိုးရင်းများ ကဏ္ဍ:ငှက်မျိုးစဉ်များ ကဏ္ဍ:ဂျပန်နိုင်ငံတွင် တွေ့ရှိရသော ငှက်များ ကဏ္ဍ:ဂီနီနိုင်ငံ၏ အမျိုးသားသင်္ကေတများ ကဏ္ဍ:ဆိုက်ပရပ်စ်နိုင်ငံ၏ အမျိုးသားသင်္ကေတများ ကဏ္ဍ:ဖီဂျီနိုင်ငံ၏ အမျိုးသားသင်္ကေတများ ကဏ္ဍ:တုံဂါနိုင်ငံ၏ အမျိုးသားသင်္ကေတများ
ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအောက်ပိုင်းတွင်တည်ရှိသည်။ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ မြောက်ဘက်တွင် ပြည်ထောင်စုနယ်မြေနှင့် မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊တောင်ဘက်တွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့နှင့် ထိစပ်နေသည်။ မြို့တော်မှာ ပဲခူးမြို့ဖြစ်သည်။ သမိုင်းကြောင်း ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး ၁၈၅၃-ခု၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ် အပြီးအပိုင် သိမ်းပိုက်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ကိုလိုနီအုပ်ချုပ်ရေး စနစ်အရ ပဲခူးတိုင်းကို စတင်ဖွဲ့စည်းခဲ့သည်။ ပဲခူးတိုင်းတွင် မြန်မာသမိုင်းကြောင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော်ဟောင်းများ ပါဝင်နေပေသည်။ အရှေ့မြောက်ပိုင်းတွင် ကေတုမတီ အမည်ဖြင့် ကျော်ကြားခဲ့သော မြန်မာဧကရာဇ်တို့၏ နေပြည်တော်ဟောင်း တောင်ငူမြို့တည်ရှိပေသည်။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခဲ့သော ပျူလူမျိုးတို့၏ မြို့တော် သရေခေတ္တရာမြို့ဟောင်း ရှိပေသည်။ ပဲခူးတိုင်း၏ မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ခဲ့ရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ပေသည်။ ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့သည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခဲ့သည်။ (၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန် တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့်မြို့နယ်(၂၈)မြို့နယ် ကျန်ရှိ ခဲ့သည်။ ထို့နောက် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃.၈.၁၉၇၂) ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏ တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ထိုစဉ်က ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၅၂)မြို့၊ ရပ်ကွက်(၃၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၄)အုပ်စု၊ ကျေးရွာ (၆၂၈၇)ရွာဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းခံရခြင်း ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တတ်လာပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင် သာယာဝတီခရိုင် တို့အပြင် ညောင်လေးပင်ခရိုင် နှင့် နတ်တလင်းခရိုင် ဟူ၍ ခရိုင်သစ်နှစ်ခုထပ်မံဖွဲ့စည်းကာ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၆) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၅၂)မြို့၊ ရပ်ကွက်(၃၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၄)အုပ်စု၊ ကျေးရွာ (၆၂၈၇)ရွာဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။ တည်နေရာနှင့် အကျယ်အဝန်း ပဲခူးတိုင်း​ဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်မှ ၁၉ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၃၅ မိနစ်မှ ၉၇ ဒီဂရီ ၁၀ မိနစ် အတွင်းကျရောက်ပြီး ဧရိယာအားဖြင့် ၉၇၃၇၀၄၃ဧက၊ စတုရန်းမိုင်အားဖြင့် ၁၅၂၁၄.၁၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ ရာသီဥတု ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းဒေသများသည် အကြမ်းအားဖြင့် စိုစွတ်သော မုတ်သုံရာသီဥတုရရှိကာ မြောက်ပိုင်းဒေသများမှာမူ ခြောက်သွေ့သည့် ရာသီဥတုရှိသည်။ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့များတွင် နွေဥတု အပူဆုံးကာလများတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်သည်။ ပျှမ်းမျှအားဖြင့် တိုင်းဒေသကြီးတစ်ခုလုံး၏ အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အမြင့်ဆုံးအားဖြင့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ရှိခဲ့ဖူးသကဲ့သို့ အနိမ့်ဆုံးအားဖြင့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရရှိခဲ့ဖူးသည်။ အုပ်ချုပ်ရေး မြို့တော် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်မှာ ပဲခူးမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ပဲခူးတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ပဲခူးမြို့တွင် အခြေစိုက်သည်။ ပဲခူးတိုင်း၏ နယ်မြေအခြေအနေအရ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပိုမိုအချက်အချာကျသည့် တောင်ငူမြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပြည်မြို့၌ လည်းကောင်း အသီးသီး ရုံးစိုက်သည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ပဲခူးတိုင်း တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၃)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၂၈)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ |ခရိုင်၆ခုမြေပုံ ခရိုင်များ ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင် သာယာဝတီခရိုင် ညောင်လေးပင်ခရိုင် နတ်တလင်းခရိုင် ခရိုင် (၆)ခုအား မြို့နယ် ၂၈မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်ရှိ မြို့နယ် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ပဲခူးခရိုင်ပဲခူးမြို့နယ်ကဝမြို့နယ်သနပ်ပင်မြို့နယ်ဝေါမြို့နယ်ညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ဒိုက်ဦးမြို့နယ်ရွှေကျင်မြို့နယ်ကျောက်တံခါးမြို့နယ်ကျောက်ကြီးမြို့နယ်တောင်ငူခရိုင်တောင်ငူမြို့နယ်အုတ်တွင်းမြို့နယ်ထန်းတပင်မြို့နယ်ရေတာရှည်မြို့နယ်ဖြူးမြို့နယ် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်ပြည်မြို့နယ်ပေါက်ခေါင်းမြို့နယ်ရွှေတောင်မြို့နယ်ပန်းတောင်းမြို့နယ်သာယာဝတီခရိုင်သာယာဝတီမြို့နယ်လက်ပံတန်းမြို့နယ်မင်းလှမြို့နယ်မိုးညိုမြို့နယ်အုတ်ဖိုမြို့နယ် ကြို့ပင်ကောက်မြို့နယ်နတ်တလင်းခရိုင်နတ်တလင်းမြို့နယ်ဇီးကုန်းမြို့နယ်သဲကုန်းမြို့နယ်ပေါင်းတည်မြို့နယ် လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄.၈သန်းရှိသည်။ တစ်နိုင်ငံလုံးတွင် လူဦးရေ ဆဌမမြောက် အများဆုံးနေရာတွင်ရှိသည်။ အမျိုးသား ၂.၃သန်းနှင့် အမျိုးသမီး ၂.၅သန်းရှိသည်။ လူဦးရေသိပ်သည်းဆမှာ စတုရန်းတစ်ကီလိုမီတာလျှင် (၁၂၃.၅)ဦးရှိသည်။ ပဲခူးတိုင်းဒေသကြီးတွင် လူ(၁၀၀)လျှင် ၇၈ဦး ကျေးလက်တွင် နေထိုင်ကြသည်။ ပညာ​ရေး ကွန်ပျူတာတက္ကသိုလ်(ပြည်) ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) တောင်ငူတက္ကသိုလ် တောင်ငူပညာရေးကောလိပ် နည်းပညာတက္ကသိုလ်(တောင်ငူ) ပဲခူးတက္ကသိုလ် ပြည်တက္ကသိုလ် ပြည်နည်းပညာတက္ကသိုလ် ပြည်ပညာရေးဒီဂရီကောလိပ် ထင်ရှားသည့်နေရာများ ကမ္ဘောဇသာဒီ နန်းတော် ကျိုက်ပွန်ဘုရား ရွှေမော်ဓောဘုရား(ပဲခူး) မဟာစေတီဘုရား ကလျာဏီသိမ် ရွှေသာလျောင်း ရုပ်ပွားတော်ကြီး စိန်သာလျောင်း ရုပ်ပွားတော်ကြီး မြသာလျောင်း ရုပ်ပွားတော်ကြီး လုဒ်(စ်)မယ်တော်သခင်မကျောင်း(ညောင်လေးပင်မြို့) ရွှေဆံတော်ဘုရား (ပြည်) ဆယ်ထပ်ကြီးဘုရား(ပြည်မြို့) သရေခေတ္တရာမြို့ဟောင်း(ပြည်) ရွှေမျက်မှန်ဘုရားကြီး ရွှေနတ်တောင်စေတီတော်(ရွှေတောင်) ရဟန္တာရှစ်ဆယ်သိမ်တော်(ရွှေတောင်) ရွှေဆံတော်ဘုရား (တောင်ငူ) မြတ်စောညီနောင်ဘုရား (တောင်ငူ) ကောင်းမှုတော်ဘုရား (တောင်ငူ)ူ ဘောဘောကြီးစေတီတော် ဘုရားကြီး စေတီတော် ရည်ညွှန်းကိုးကား Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ
ချင်
ချင်သည် အောက်ပါတို့အနက် တစ်ခုခုကို ရည်ညွှန်းသည်။ ချင် (ကြိယာနောက်ဆက်ပစ္စည်း) ချင်မင်းဆက် - တရုတ်နိုင်ငံ
စက်မှု
Schematic of the actuator mechanism for an aircraft landing gear အင်ဂျင်နီယာပညာရပ်တွင် မက္ကင်းနစ် (mechanism) ဆိုသည်မှာ ထည့်သွင်းလိုက်သော အားများနှင့် ရွေ့လျားမှုကို လိုအပ်သော အထွက်အားများနှင့် ရွေ့လျားမှုအစုအဝေးတစ်ခုအဖြစ်သို့ ပြောင်းလဲပေးသည့် ကိရိယာ တစ်ခုဖြစ်သည်။ မက္ကင်းနစ်များတွင် ယေဘုယျအားဖြင့် ရွေ့လျားနေသော အစိတ်အပိုင်းများ ပါဝင်ပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်- ဂီယာများနှင့် ဂီယာတွဲများ ဘတ်ကြိုးများနှင့် သံကြိုးဒရိုက်များ ကင်မ်များနှင့် လိုက်ဘီးများ ချိတ်ဆက်တံများ ဘရိတ် သို့မဟုတ် ကလပ်များကဲ့သို့သော ပွတ်မှုတုံ့ပြန်ကိရိယာများ ဖရိန်၊ ချိတ်ဆက်ပစ္စည်းများ၊ ဘယ်ရင်များ၊ စပရင်များ သို့မဟုတ် ချောဆီများကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ အစိတ်အပိုင်းများ splines၊ ပင်များ သို့မဟုတ် သော့များကဲ့သို့သော အမျိုးမျိုးသော စက်ပစ္စည်းအစိတ်အပိုင်းများ။ ဂျာမန်သိပ္ပံပညာရှင် ဖရန့်ဇ် ရူးလိုး က စက် ကို "သဘာဝ၏စက်မှုစွမ်းအားများကို အတိအကျသတ်မှတ်ထားသော ရွေ့လျားမှုတစ်ခုနှင့်အတူ အလုပ်လုပ်ဆောင်စေရန် စီစဉ်ထားသော ခံနိုင်ရည်ရှိသည့် အရာဝတ္ထုများ၏ ပေါင်းစပ်မှုတစ်ခု" ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဤအခြေအနေတွင် သူ၏ စက် ဟူသော အသုံးအနှုန်းကို ယေဘုယျအားဖြင့် မက္ကင်းနစ် ဟု အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိသည်။ အားနှင့် ရွေ့လျားမှုတို့၏ ပေါင်းစပ်မှုက စွမ်းအား ကို ဖြစ်စေပြီး၊ မက္ကင်းနစ်တစ်ခုသည် လိုအပ်သော အားများနှင့် ရွေ့လျားမှုအစုအဝေးကို ရရှိရန် စွမ်းအားကို စီမံခန့်ခွဲသည်။ မက္ကင်းနစ်တစ်ခုသည် များသောအားဖြင့် စက်မှုစနစ် (mechanical system) သို့မဟုတ် စက် (machine) ဟုခေါ်သော ပိုမိုကြီးမားသည့် လုပ်ငန်းစဉ်တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် စက်တစ်ခုလုံးကို မက္ကင်းနစ်ဟု ရည်ညွှန်းနိုင်သည်။ ဥပမာများမှာ ကားတစ်စီးရှိ စတီယာရင်မက္ကင်းနစ် (steering mechanism) သို့မဟုတ် လက်ပတ်နာရီတစ်လုံး၏ သော့ပေးမက္ကင်းနစ် (winding mechanism) တို့ ဖြစ်ကြသည်။ သို့သော် ပုံမှန်အားဖြင့် မက္ကင်းနစ်အများအပြား၏ အစုအဝေးကို စက်ဟု ခေါ်သည်။ ကဏ္ဍ:စက်များ ကဏ္ဍ:စက်ယန္တရားများ (အင်ဂျင်နီယာ ဘာသာရပ်)
ဌာန
ဌာန ဆိုသည်မှာ အချို့သောနိုင်ငံများတွင် အုပ်ချုပ်ရေးဒေသများကို သုံးနှုန်းသော အခေါ်ဝေါ်ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ပထမဆုံး သုံးစွဲခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံ၌ သုံးစွဲလျက်ရှိသည်။ အမေရိကန်၌ အလာဆကာ ပြည်နယ်အား အလာဆကာ ဌာနဟု သုံးစွဲခဲ့ဖူးသည်။ Category:ဌာနများ
ကွန်ပျူတာ
ကွန်ပျူတာ () ဆိုသည်မှာ ထည့်သွင်းထားသော ပရိုဂရမ် သို့မဟုတ် အစီအစဉ်တကျ ညွှန်ကြားချက်များအတိုင်း အချက်အလက်များကို စီမံခန့်ခွဲပေးသော ကိရိယာဖြစ်သည်။ ကွန်ပျူတာများသည် ညွှန်ကြားချက်များပေါ် မူတည်၍ ဂဏန်းသင်္ချာနှင့်ယုတ္တိဗေဒ ဆိုင်ရာတွက်ချက်မှုများကို အစီအစဉ်တကျ အလိုအလျောက် စွမ်းဆောင်နိုင်သည်။ ကွန်ပျူတာတစ်ခုတွင် အခြေခံအားဖြင့် အချက်အလက်များကို သိမ်းဆည်းရန် မှတ်ဉာဏ်၊ ဂဏန်းသင်္ချာနှင့် ယုတ္တိဆိုင်ရာ တွက်ချက်မှုများ ပြုလုပ်သော အစိတ်အပိုင်းတစ်ခုနှင့် ထိုသို့တွက်ချက်မှုများကို မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားသော ညွှန်ကြားချက်များအတိုင်း စီစဉ်ကွပ်ကဲပေးသော အစိတ်အပိုင်းတစ်ခု ပါဝင်သည်။ ကွန်ပျူတာအတွင်းသို့ အချက်အလက်များ ထည့်သွင်းရန်နှင့် ကွန်ပျူတာမှ တွက်ချက်ပေးလိုက်သော အချက်အလက်များကို သိမ်းဆည်းရန် ကွန်ပျူတာ အရံပစ္စည်းများကို အသုံးပြုသည်။ ကွန်ပျူတာ၏ အတွက်အချက် အစိတ်အပိုင်းသည် အချက်အလက်များကို ဖတ်ယူ၊ တွက်ချက်၊ သိမ်းဆည်းရန် ညွှန်ကြားချက်များကို အစီအစဉ်တကျ တစ်ခုပြီးတစ်ခု ဆောင်ရွက်သည်။ အခြေအနေထိန်း ညွှန်ကြားချက်များက ထိုညွှန်ကြားချက်များ၏ ဆောင်ရွက်ပုံ အစီအစဉ်ကို ပြောင်းလဲနိုင်သည်။ပထမဆုံးသော အီလက်ထရောနစ် ကွန်ပျူတာများသည် ၂၀ ရာစု အလယ်ပိုင်းက စတင်ပေါ်ထွန်းခဲ့သည်။ ထိုရှေးဦးကွန်ပျူတာများမှာ အခန်းတစ်ခန်းစာမျှ ကြီးမားပြီး ခေတ်ပေါ်တစ်ကိုယ်ရေသုံး ကွန်ပျူတာ (personal computer-PC) ရာပေါင်းများစွာနှင့် ညီမျှသောစွမ်းအားကို သုံးစွဲခဲ့သည်။ ယနေ့ခေတ်ပေါ် ကွန်ပျူတာများမှာမူ ထိုရှေးဦး ကွန်ပျူတာများနှင့် နှိုင်းယှဉ်ပါက အဆ သန်းပေါင်းများစွာ ပို၍ တွက်ချက်စွမ်းဆောင်နိုင်သည့်အပြင် အရွယ်အစား ပမာဏလည်း အဆပေါင်းများစွာ သေးငယ်သည်။ အချို့ ကွန်ပျူတာများသည် အိတ်ဆောင် သယ်ယူသွားနိုင်လောက်အောက် သေးငယ်ပြီး အားဖြည့်သွင်းရာ၌လည်း ဓာတ်ခဲအသေးစားများကိုပင် အသုံးပြုနိုင်သည်။ နည်းပညာခေတ်၏ ပြယုဂ်များဖြစ်သည့် သဏ္ဌာန်အမျိုးမျိုးရှိသော တစ်ကိုယ်ရေသုံး ကွန်ပျူတာများကို လူအများစုက ကွန်ပျူတာဟု ခြုံငုံမှတ်ယူ ခေါ်ဝေါ်နေသော်လည်း အိတ်ဆောင်သီချင်းဖွင့်စက်များမှစ၍ တိုက်ခိုက်ရေးလေယာဉ်များ အထိသော်လည်းကောင်း၊ ကစားစရာအရုပ်များမှ စတင်ကာ စက်ရုပ် (Robot) များ အဆုံးသော်လည်းကောင်း ကွန်ပျူတာများကို ထည့်သွင်းမြုပ်နှံထားသည်ကို တွေ့ရသည်။ သမိုင်း Jacquard၏ ပထမဆုံး အစီစဉ်ဖြင့်စေခိုင်းသော စက်ပစ္စည်းဟုဆိုနိုင်သော ယက်ကန်းစက် ရှေးယခင်က ကွန်ပျူတာကို အမည်တစ်ခု သတ်မှတ်ရန်အလွန် ခက်ခဲခဲ့သည်။ ယခုအချိန်တွင် ကွန်ပျူတာကို အမည်အမျိုးမျိုးဖြင့် သတ်မှတ်‌ခေါ်ဝေါ်ကြသည်။ အစောဆုံးတွက်ချက်မှုပစ္စည်းသည် အရိုးထွင်းစာပုံစံဖြစ်နိုင်ခြေရှိပြီး နောက်ပိုင်း မြေဆီဩဇာကောင်းခဲ့သော လခြမ်းဒေသ(ယခု- အီရန်၊အီရတ်၊တူရကီ၊ဆီးရီးယားစသည့်ဒေသတဝိုက်)က မှတ်တမ်းများတွင် အိမ်မွေးတိရစ္ဆာန်များ၊ မျိုးစေ့များ စသည်တို့ကိုရေတွက်မှတ်တမ်းပြုရာ၌သုံးသော ရွှံ့စေးလုံးလေးများ၊ ရွှံ့စေးဒုချွန်လေးများပါဝင်ကြပြီး ထိုပစ္စည်းလေးများကို မဖုတ်ရသေးသော ရွှံ့ဘူးများတွင်အလုံပိတ်ထည့်ထားကြသည်။ According to , these clay containers contained tokens, the total of which were the count of objects being transferred. The containers thus served as something of a bill of lading or an accounts book. In order to avoid breaking open the containers, first, clay impressions of the tokens were placed on the outside of the containers, for the count; the shapes of the impressions were abstracted into stylized marks; finally, the abstract marks were systematically used as numerals; these numerals were finally formalized as numbers. Eventually (Schmandt-Besserat estimates it took 4000 years ) the marks on the outside of the containers were all that were needed to convey the count, and the clay containers evolved into clay tablets with marks for the count.. p. 5: calculi were in use in Iraq for primitive accounting systems as early as 3200–3000 BCE, with commodity-specific counting representation systems. Balanced accounting was in use by 3000–2350 BCE, and a sexagesimal number system was in use 2350–2000 BCE. တရုတ်ပြည်ကဲ့သို့ အရှေ့အာရှ၌ ရေတွက်ရာတွင်သုံးသော မျည်းဖျောင့်တိုဖြင့်ဆွဲခြစ်မှတ်သားခြင်း(နမူနာ- File:Counting rod v1.pngFile:Counting rod v8.png, File:Counting rod h8.pngFile:Counting rod v1.png, File:Counting rod h4.pngFile:Counting rod v5.png)သည်လည်း တွက်ချက်မှုသဘော ဥပမာတစ်ခုဖြစ်၏။ တွက်ချက်မှုပိုင်းအတွက် မူလအစက တွက်ချက်ပေသီး(Abacus)များကို အသုံးပြုခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက်ပင်ဖြစ်သည်။ ရိုမန်ပုံစံ ထိုတွက်ချက်ပေသီးစက်မျိုးကို ဘီစီ ၂၄၀၀ခန့်က ဘာဘီလုံခေတ်(Babylonia)တွင်သုံးသော ပစ္စည်းများမှတဆင့်တီထွင်ခဲ့ကြသည်။ ဂရိပုံစံပေသီးတွက်စက်ကို ဘီစီ ငါးရာစုခန့်၊ တရုတ်ပုံစံပေသီးတွက်စက်ကို ဘီစီ နှစ်ရာစုခန့်၌ သုံးခဲ့ကြောင်း သက်သေအထောက်အထားများမှတစ်ဆင့် သိရသည်။ အလယ်ခေတ်အရောက်တွင် ဥရောပ သင်္ချာ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။ သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို (Calculators) ဟုခေါ်ဆို၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကိရိယာသည် Programme ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ၏ ယက်ကန်းစက်ကို အလိုအ‌​လျောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက်တွင် US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့သည်။ ၁၉ ရာစု အကုန်အရောက်တွင် IBMများသည် အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ၎င်းသည် လူတို့အတွက်လိုအပ်လျက်ရှိ‌နေသည်ကို သက်သေပြလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra], The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေ ပေါ်ပေါက်လာခဲ့သောကြောင့်ဖြစ်သည်။ ၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း ၎င်း Analog Computer များသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital များ၏ တိကျသော စွမ်းဆောင်ရည်များလည်း ပါဝင်ခြင်းမရှိသေးပေ။ ပရိုဂရမ် ခေတ်ပေါ်ကွန်ပျူတာများနှင့် အခြားသော စက်ကိရိယာများ၏ အဓိကကွာခြားချက်မှာ ခေတ်ပေါ် ကွန်ပျူတာများ၏ ညွှန်ကြားချက်များကို လိုအပ်သလို ပြောင်းလဲပြင်ဆင် ရေးသားနိုင်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် (ခေတ်ပေါ်)ကွန်ပျူတာများကို စိတ်ကြိုက် ညွှန်ကြားချက်များ ပေး၍ လိုရာကို ဆောင်ရွက်စေနိုင်သည်။ ဗွန်နူမန် (von Neumann) တည်ဆောက်ပုံစနစ်ကို အခြေခံသော ခေတ်ပေါ်ကွန်ပျူတာ အများစုတွင် ကွန်ပျူတာ ညွှန်ကြားချက်များကို ကွန်ပျူတာ ဘာသာစကားများသုံး၍ ရေးသားခိုင်းစေနိုင်သည်။ ကွန်ပျူတာပရိုဂရမ်ဆိုသည်မှာ အမှန်တော့ ညွှန်ကြားချက်များ အစုအဝေးကြီးမျှသာ ဖြစ်သည်။ အချို့ပရိုဂရမ်များတွင် ညွှန်ကြားချက် အနည်းငယ်မျှသာ ပါဝင်နေနိုင်သလို browser၊ စာစီစာရိုက် စသည့်ကဲ့သို့ ပရိုဂရမ်များတွင် ညွှန်ကြားချက်ပေါင်း သန်းချီ၍လည်း ပါဝင်နေနိုင်သည်။ ခေတ်ပေါ်ကွန်ပျူတာများသည် စက္ကန့်ပိုင်းမျှအချိန်အတွင်း ညွှန်ကြားချက်များ သန်းထောင်ချီ၍ ဆောင်ရွက်တွက်ချက်နိုင်ပြီး အမှားအယွင်းလည်း မရှိသလောက်ပင် ဖြစ်သည်။ ညွှန်ကြားချက်များ သန်းပေါင်းများစွာ ပါရှိသည့် ပရိုဂရမ် အကြီးစားများကို ပရိုဂရမ်မာ မြောက်မြားစွာသုံး၍ နှစ်ပေါင်းများစွာ အချိန်ယူကာ ရေးသားရပြီး ဆောင်ရွက်ရမည့် လုပ်ငန်း၏ ရှုပ်ထွေးမှုပေါ် မူတည်၍ အမှားအယွင်းများ ပါစမြဲပင် ဖြစ်သည်။ ပရိုဂရမ် တည်ဆောက်ပုံ ပုံမှန်အားဖြင့် ကွန်ပျူတာညွှန်ကြားချက်များမှာ ရိုးရှင်းပါသည်။ ဥပမာ ဂဏန်းတစ်ခုနှင့် တစ်ခုပေါင်းခြင်း၊ အချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ခြင်း၊ ကွန်ပျူတာနှင့် တွဲဖက်သုံးကိရိယာများကို အချက်ပြခြင်းတို့ ဖြစ်သည်။ ထိုညွှန်ကြားချက်များကို ကွန်ပျူတာ၏ မှတ်ဉာဏ်မှ ဖတ်ယူပြီး ဖတ်ယူရရှိသည့် အစဉ်အတိုင်း အတွက်အချက် အစိတ်အပိုင်းက တစ်ခုပြီးတစ်ခု ဆောင်ရွက်သည်။ သို့သော် အထူးညွှန်ကြားချက်များကို သုံး၍ ရှေ့သို့ ကျော်၍သော်လည်းကောင်း၊ နောက်သို့ ဆုတ်၍သော်လည်းကောင်း ပရိုဂရမ်အတွင်းရှိ အခြားနေရာများကို ဆောင်ရွက်ရန် ခိုင်းစေနိုင်သည်။ ထိုသို့သော် ညွှန်ကြားချက်များကို အခုန်ညွှန်ကြားချက်များဟု ခေါ်သည်။ အခုန်ညွှန်ကြားချက်များကို သူ့မတိုင်မှီအရင် ညွှန်ကြားချက်များကို တွက်ချက်ရရှိထားသည့် ရလဒ်များပေါ်မူတည်၍ အခြေအနေအလိုက် ခုန်ကျော်ရန်လည်း ခိုင်းစေနိုင်သည်။ Many computers directly support subroutines by providing a type of jump that "remembers" the location it jumped from and another instruction to return to the instruction following that jump instruction. တစ်နည်းအားဖြင့် ပရိုဂရမ်များကို တွက်ချက်ဆောင်ရွက်ခြင်းသည် စာအုပ်တစ်အုပ်ကို ဖတ်သည်နှင့် တူသည်။ ပုံမှန်အားဖြင့် စာအုပ်တွင်းရှိ စာလုံး၊ စာကြောင်းများကို အစီအစဉ်တကျ ဖတ်လေ့ရှိကြသော်လည်း တစ်ခါတစ်ရံတွင် နောက်သို့ ပြန်လှန်ဖတ်ခြင်း၊ စိတ်မဝင်စားသည့် စာပိုဒ်များကိုလည်း ကျော်ဖတ်ခြင်းများကို ပြုလုပ်တတ်ကြသည်။ ထိုနည်းတူစွာ ကွန်ပျူတာများသည်လည်း တစ်ခါတစ်ရံ ညွှန်ကြားချက်များကို အခြေအနေပေါ်မူတည်၍ ရှေ့ကျော်၊ နောက်ကျော် ထပ်ကာတလဲလဲ ဆောင်ရွက်တတ်သည်။ ဤသည်ကို ပရိုဂရမ်ဆောင်ရွက်မှု စီးဆင်းပုံ (flow of control) ဟုခေါ်သည်။ ထိုသို့ ခုန်ပြန်ကျော်လွှားပြီး ညွှန်ကြားချက်များကို ထပ်ကာတလဲလဲ ဆောင်ရွက်နိုင်ခြင်းကြောင့် ကွန်ပျူတာများသည် လူသားများ၏ ထိန်းကွပ်မှုမပါပဲ အလိုအလျောက် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် အိတ်ဆောင်ဂဏန်းတွက်စက်ကို သုံး၍ ဂဏန်းနှစ်ခု ပေါင်းခြင်းစသည့် အခြေခံဂဏန်းသင်္ချာများကို ခလုပ်တစ်ခု၊ နှစ်ခု နှိပ်၍ လွယ်လင့်တကူ တွက်ချက်နိုင်သည်။ သို့သော် ၁မှ ၁၀⁠၀၀ကြားတွင်းရှိ ဂဏန်းအားလုံးကို ဂဏန်းတွက်စက်ဖြင့် ပေါင်းလိုပါက ခလုပ်များကို အကြိမ်ပေါင်းများစွာနှိပ်ရန် လိုအပ်ပြီး ခလုပ်များ မှားယွင်းနှိပ်မိခြင်းများ ဖြစ်နိုင်သလို အချိန်ကုန်လူပင်ပန်းစရာပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ကွန်ပျူတာများကို ထိုသို့ပေါင်းရန်ကို ညွှန်ကြားချက် အနည်းငယ်မျှသုံး၍ လွယ်လင့်တကူ ခိုင်းစေနိုင်သည်။ mov #0, sum ; sum ကို သုညလို့ သတ်မှတ်ပါ။ mov #1, num ; num ကို တစ်လို့ သတ်မှတ်ပါ။ loop: add num, sum ; num ကို sum ထဲ ပေါင်းထည့်ပါ။ add #1, num ; num ကို တစ်ပေါင်းပါ။ cmp num, #1000 ; num နှင့် ၁၀⁠၀၀ ကို နှိုင်းယှဉ်ပါ။ ble loop ; num <= 1000, 'loop' သို့ နောက်ပြန်သွားပါ။ halt ; ပရိုဂရမ်ကို ရပ်ပါ။ အထက်ပါ ပရိုဂရမ်ကို စတင်လိုက်ပါက ကွန်ပျူတာက ထပ်တလဲလဲ ပေါင်းတွက်ရမည့် အပိုင်းကို လူအကူအညီ ကွပ်ကဲမှု မပါပဲ အလိုအလျောက် တွက်ချက်ပေးပါမည်။ ထိုတွက်ချက်မှုသည် အမှားအယွင်းကင်းသလို ခေတ်ပေါ်ကွန်ပျူတာအများစုသည် ထိုတွက်ချက်မှုကို တစ်စက္ကန့်၏ အပုံတစ်သန်းပုံ တစ်ပုံမျှအတွင်း ဆောင်ရွက်နိုင်ပါလိမ့်မည်။This program was written similarly to those for the PDP-11 minicomputer and shows some typical things a computer can do. All the text after the semicolons are comments for the benefit of human readers. These have no significance to the computer and are ignored. အလုပ်လုပ်ပုံများ ယေဘုယျသုံး တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဉာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၎င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။ ထိန်းချုပ် ဌာန ထိန်းချုပ် ဌာန (control unit, often called a control system or Central Processing Unit CPU) သို့မဟုတ် စီပီယူ သည် ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၎င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှု ပြီး အဓိပ္ပာယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော များတွင် ၎င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှု ခြင်း လုပ်လေ့ရှိသည်။ ထိန်းချုပ်ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်ကြားချက် ကို ဘယ်နေရာမှ ဖက်ရှုမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။ | 400px | MIPS architecture ၏ ညွှန်ကြားချက် ကို ထိန်းချူပ် ဌာနမှ ဖတ်ရှုပုံ ဖော်ပြသော ပုံကြမ်း ထိန်းချုပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။ ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖတ်ပါ။ ၎င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပာယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။ ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။ ညွှန်ကြားချက် ပါလျှင် မှတ်ဉာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖတ်ပါ။ များသောအားဖြင့် ၎င်းဖက်ရှုရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထဲမှာပင် သိမ်းဆည်းလေ့ရှိသည်။ ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၎င်းစက်အား မောင်းနှင်ပါ။ အေအယ်လ်ယူမှ အဖြေကို မှတ်ဉာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ် ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။ အစ အဆင့် (၁) သို့ ပြန်သွားပါ။ ဂဏန်းသင်္ချာ နှင့် လော့ဂျစ်ဌာန ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေအယ်လ်ယူ သည် ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။ ဂဏန်း သင်္ချာ လုပ်ဆောင်မှုတွင် ALU သည် အခြေခံများဖြစ်သည့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချို့သော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များတိုးတာ လုပ်ဆောင်နိုင်ပြီး အချို့မှာ တိကျမှု လျော့ကျနိုင်သော်လည်း ဒဿမ ကိန်း (floating point) မှ ကိန်းစစ် (real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် မဆို မည်မျှပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလဲစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့် မဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၎င်း၏ အေယ်လ်ယူ က တိုက်ရိုက် ဖြေရှင်း၍မရပါက သွယ်ဝိုက်သောနည်းဖြင့် ဖြေရှင်းနိုင်သည်။ အေယ်လ်ယူသည် ဂဏန်းများကို နှိုင်းယှဉ်ပြီး အဖြေကို လော့ဂျစ်များဖြစ်သည့် မှားမှန် တန်ဖိုး အဖြစ်လည်း အဖြေထုတ်နိုင်သည်။ လော့ဂျစ် လုပ်ဆောင်မှုများမှာ AND၊ OR၊ XOR နှင့် NOT တို့ဖြစ်သည်။ ၎င်းတို့သည် ခက်ခဲသော စဉ်းစား ဆင်ခြင်မှုများ နှင့် လော့ဂျစ် လုပ်ဆောင်မှုများ အတွက် အသုံးဝင်သည်။ စူပါ ကွန်ပျူတာများသည် အေအယ်လ်ယူ များစွာပါပြီး တစ်ပြိုင်နက်တည်း များစွာသော ညွှန်ကြားချက်များကို လုပ်ဆောင်နိုင်သည်။ ကွန်ပျူတာတွင် SIMD နှင့် MIMD များပါလျှင် ဂျီပီယူ ခေါ် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများတွင် အေယ်လ်ယူက ဗက်တာ နှင့် မတ်ထရစ် တို့အတွက် ဂဏန်းသင်္ချာနည်းအဖြစ် ကူညီလုပ်ဆောင်ပေးသည်။ မှတ်ဉာဏ်(Memory Device) | 250px | သံလိုက် ချက်မ မီမိုရီ မှာ ၁၉၆၀ များအထိ တစ်ချိန်က ကျော်ကြားခဲ့သော အဓိက ကွန်ပျူတာ မှတ်ဉာဏ်(Memory Device) ဖြစ်ပြီး ယခုခေတ်တွင် ဆီမီးကွန်ဓာတ်တာ မှတ်ဉာဏ် အဖြစ် ပြောင်းသုံးသည် ကွန်ပျူတာ မှတ်ဉာဏ် တစ်ခုကို ဂဏန်းများ ပို့သွင်း သို့မဟုတ် ဖတ်ရှုနိုင်သည့် အခန်းငယ် အတန်းများ အဖြစ် မြင်နိုင်သည်။ အခန်းတိုင်းတွင် လိပ်စာ (address) တစ်ခု ရှိပြီး ဂဏန်းတစ်လုံးသာ မှတ်ယူနိုင်သည်။ ကွန်ပျူတာကို အခန်းနံပါတ် ၁၃၅၇ တွင် ဂဏန်း ၁၂၃ ရေးပါဟုလည်းကောင်း၊ အခန်းနံပါတ် ၁၃၅၇ မှဂဏန်းကို အခန်းနံပါတ် ၂၄၅၆ မှဂဏန်း ဖြင့်ပေါင်း၍ အခန်းနံပါတ် ၁၅၉၅ သို့ ရေးပါဟုလည်းကောင်း ညွှန်ကြားနိုင်သည်။ ၎င်းဂဏန်းမှာ လက်တွေ့အားဖြင့် မည်သည့်ကိုမဆို ရည်ညွှန်းနိုင်သည်။ ဂဏန်းနံပါတ်များသာမက ကွန်ပျူတာ ညွှန်ကြားချက် များပင် ဂဏန်း အဖြစ် အလွယ်တကူ မှတ်ယူနိုင်သည်။ စီပီယူ အနေဖြင့် ၎င်းဂဏန်းမှာ မည်သည့် အကြောင်းဖြစ်သည်ဟု မခွဲခြားသောကြောင့် ပရိုဂရမ်ရေးသူ အနေဖြင့် မှတ်ဉာဏ် ကို ဂဏန်းအဖြစ်ထားပြီး စွယ်စုံ သုံးနိုင်သည်။ ခေတ်ပေါ် ကွန်ပျုတာ အားလုံးနီးပါးသည်မှတ်ဉာဏ်အခန်းများ၏ ရှစ်ခုပါ ဘစ် (bit) များကို ဘိုက် (byte) ခေါ် အစုအဖြစ် ထားရှိသိမ်းပေးသည်။ ဘိုက် တစ်ခုသည် ၀မှ ၂၅၅ အထိ၎င်း သို့မဟုတ် -၁၂၈ မှ +၁၂၇ အထိ၎င်း ၂၅၆ မျိုး မှတ်ယူနိုင်သည်။ ပို၍ကြီးသော ဂဏန်းများ ကိုမှတ်ယူရန် နောက် ဘိုက် တစ်ခု ထပ်ယူနိုင်သည်။ များသောအားဖြင့် ၂ ခု၊ ၄ ခု သို့မဟုတ် ၈ ခု တို့ဖြစ်ကြသည်။ အနှုတ် ဂဏန်းများကို မှတ်ယူရန် Two's complement သင်္ကေတ ကို အသုံးပြုရန်လိုအပ်သည်။ ကွန်ပျုတာ တစ်ခုသည် မည်သည့် အကြောင်းအရာမဆို ကိန်း ဖြစ်သာဖော်ပြ၍ရပါက သိမ်းပေးထားနိုင်သည်။ ခေတ်ပေါ် ကွန်ပျုတာများသည် မီမိုရီ ဘိုက်ပေါင်း ဘီလီရမ် သို့မဟုတ် ထရီလီရမ် အထိပင် ရှိကြသည်။ စီပီယူတွင် အထူးပြုလုပ်ထားသော ပင်မ မီမိုရီထက် များစွာ လျင်မြန်စွာ ရေးဖတ်နိုင်သော ရီဂျစ်စတာ မီမိုရီ ပါရှိသည်။ များသောအားဖြင့် စီပီယူ အမျိုးအစားပေါ် မှုတည်၍ ရီဂျစ်စတာ မီမိုရီပေါင်း တစ်ရာမှ နှစ်ရာ အထိ ပါရှိသည်။ ရီဂျစ်စတာ မီမိုရီကို မကြာခဏ အသုံးပြုသော ဒေတာ များကို ပင်မ မီမိုရီ သုံးရန်မလိုပဲ ဖတ်ရှုရန် သုံးသည်။ ကွန်ပျုတာ မီမိုရီတွင် အဓိက နှစ်မျိုးတို့မှာ random access memory ခေါ် RAM နှင့် read-only memory ခေါ် ROM တို့ ဖြစ်ကြသည်။ RAM ကို စီပီယူ အနေဖြင့် လိုအပ်သလို ရေးနိုင်ဖတ်နိုင်သော်လည်း ROM သည် အပြီးရေးသွင်းထားပြီး စီပီယူ အနေဖြင့် မရေးသားနိုင်ပဲ ဖတ်ရုံသာ ဖတ်နိုင်သည်။ များသောအားဖြင့် RAM ရှိ မှတ်သားထားသည်များကို ကွန်ပျုတာပိတ်သည်နှင့် ပျက်သွားသည်။ ROM ရှိ မှတ်သားထားသည်များမှာ ဆက်လက်ကျန်ရှိသည်။ ကွန်ပျုတာတွင် ROM သည် BIOS ခေါ် အထူး ပရိုဂရမ် မှ စက်မောင်းစနစ် ကို hard disk drive မှ RAM ပေါ်သို့ တင်ရန် ကွန်ပျုတာဖွင့်တိုင်း သုံးသည်။ အသွင်းအထုတ် ကိရိယာများ (Input/ Output) I/O ခေါ် အသွင်း အထုတ် ကိရိယာများ သည် ပြင်ပ အရာများနှင့် ကွန်ပျူတာ တို့ သတင်း အချက်အလက် အပြန်အလှန် သယ်ယူရာ အစိတ်အပိုင်း ဖြစ်သည်။ ကွန်ပျူတာ၏ အသွင်း အထုတ် ပြုရာ ကိရိယာ ကို peripheral ဟု ခေါ်သည်။ တစ်ယောက်သုံး ကွန်ပျူတာ တစ်ခုတွင် အသွင်း ကိရိယာများ ဖြစ်သော ကီးဘုတ်၊ မောက်စ် နှင့် အထုတ် ကိရိယာများ ဖြစ်သော မော်နီတာ၊ ပရင်တာ တို့ ထုံးစံအားဖြင့် ပါသည်။ အခြား အကြောင်းအရာများ Hardware Computer ရဲ့ထိတွေ့ကိုင်တွယ်နိုင်သော အစိတ်အပိုင်းများသည် Computer Hardware များဖြစ်သည်။ ဆော့ဖ်ဝဲလ် NissanclaperComputer Hardware များကိုအလုပ် ခိုင်းစေနိုင်ရန်အတွက် စီစဉ်ဖန်တီးထားသော ညွှန်ကြားချက်များ (Instructions) အမိန့်များ (Commands) သည် ကွန်ပျူတာ ဆော့ဖ်ဝဲလ် များဖြစ်ကြသည်။ ဥပမာတစ်ခုပြရလျှင် စီဒီချပ်သည် အမာထည်(Hardware) ဖြစ်ပြီး၊ ယင်းစီဒီထဲရှိ သီချင်းများ၊ ရုပ်ရှင်များသည် အပျော့ထည်(Software) များဖြစ်ကြသည်။ +Computer software Operating System Unix/BSD UNIX System V, AIX, HP-UX, Solaris (SunOS), IRIX, List of BSD operating systems GNU/Linux List of Linux distributions, Comparison of Linux distributions Microsoft Windows Windows 95, Windows 98, Windows NT, Windows 2000, Windows XP, Windows Vista,Windows 7, Windows CE, Windows 8, Windows 10 DOS 86-DOS (QDOS), PC-DOS, MS-DOS, FreeDOS Mac OS Mac OS classic, Mac OS X Embedded and real-time List of embedded operating systems Experimental Amoeba, Oberon/Bluebottle, Plan 9 from Bell Labs Library Multimedia DirectX, OpenGL, OpenAL Programming library C standard library, Standard template library Data Protocol TCP/IP, Kermit, FTP, HTTP, SMTP File format HTML, XML, JPEG, MPEG, PNG User interface Graphical user interface (WIMP) Microsoft Windows, GNOME, KDE, QNX Photon, CDE, GEM Text user interface Command line interface, shells Application Office suite Word processing, Desktop publishing, Presentation program, Database management system, Scheduling & Time management, Spreadsheet, Accounting software Internet Access Browser, E-mail client, Web server, Mail transfer agent, Instant messaging Design and manufacturing Computer-aided design, Computer-aided manufacturing, Plant management, Robotic manufacturing, Supply chain management Graphics Raster graphics editor, Vector graphics editor, 3D modeler, Animation editor, 3D computer graphics, Video editing, Image processing Audio Digital audio editor, Audio playback, Mixing, Audio synthesis, Computer music Software Engineering Compiler, Assembler, Interpreter, Debugger, Text Editor, Integrated development environment, Performance analysis, Revision control, Software configuration management Educational Edutainment, Educational game, Serious game, Flight simulator Games Strategy, Arcade, Puzzle, Simulation, First-person shooter, Platform, Massively multiplayer, Interactive fiction Misc Artificial intelligence, Antivirus software, Malware scanner, Installer/Package management systems, File manager ကွန်ပျူတာ၏ အစိတ်အပိုင်းများ Firmware Firmware သည် ပထမဦးစွာ Hardware များကို သက်ဝင်လှုပ်ရှားစေပြီး Software များကအလုပ်စေခိုင်းစေနိုင်ရန် ကြားခံ ဆောင်ရွက်ပေးသော ညွှန်ကြားချက်များ (Instructions) ဖြစ်သည်။ Firmware သည် Hardware နှင့် Software ကြားမှ Interface တစ်ခုဖြစ်သည်။ ကွန်ပျူတာများ အလုပ်လုပ်ပုံ အခြေခံအားဖြင့် ကွန်ပျူတာများသည် အောက်ပါ အခြေခံ အဆင့်(၆)ချက်ကို လုပ်ဆောင်ပြီး အသုံးပြုရန် အဆင်သင့်အနေအထားသို့ ရောက်ရှိသည် - အဆင့်(၁)-PSU - Power Supply Unit (PSU) မှ AC (Alternating Current) Voltage ကိုလက်ခံရယူပြီး DC (Direct Current) Voltage (၅)မျိုးကို ထုတ်ပေးသည်။ အဆင့်(၂) Motherboard - Motherboard သည် PSU မှ ထုတ်ပေးသော Voltage ကို + (or) - 5% Error ရှိ/မရှိ စစ်ဆေးပြီး 4.7 V နှင့် 5.25 V အတွင်းရှိမှသာ PSU သို့ PG (Power Good Signal) ပြန်ပို့သည်။ PG မရရှိပါက ထိုအဆင့်မှ ဆက်မတက်တော့ပါ။ အဆင့်(၃)Crystal - ဝင်လာသည့်ဗို့အားကြောင့် Motherboard ရှိ Crystal (လှိုင်းထုတ်ကရိယာ)အတွင်းရှိ သလင်းကျောက်ပြား တုန်ခါမှုဖြစ်ပေါ်လာပြီး Analog လှိုင်း 14.31 MHz ထုတ်ပေးသည်။ အဆင့်(၄)-Clock Generator – Crystal မှ ထုတ်ပေးသည့် Analog လှိုင်းအား Clock Generator IC မှ Digital Clock အဖြစ်ပြောင်းပေးသည်။ အဆင့်(၅)-Digital Clock- Digital Clock အား သက်ဆိုင်ရာ Frequency များသို့ အဆတင်၍ Motherboard ပေါ်ရှိ IC, Memory, Processor, ROM-BIOS, Chip set စသည့်အစိတ်အပိုင်း အသီးသီးသို့ ပေးပို့သည်။ အဆင့်(၆)-ROM-BIOS (က) POST (ခ)Boot Strapping (ဂ) Low Level Interfaces (က) POST – Power On Self Test - ကွန်ပျူတာမီးဖွင့်ချိန်မှစ၍ ကွန်ပျူတာစနစ်တစ်ခုလုံးတွင် တပ်ဆင်ထားသည့် Standard Devices များအား စတင်စစ်ဆေးပါသည်။ (Memory, Monitor, Keyboard, Hard Disk, CPU, Chip Set,…) (ခ) Boot Strapping - ကွန်ပျူတာအား အဆင်သင့်ဖြစ်စေရန် OS (Operating System)အား Memory ပေါ်သို့ တင်ပေးခြင်းကို ဆောင်ရွက်သည်။ (ကွန်ပျူတာစနစ်အား Boot လုပ်ရန် Drive A (System Disk)မှ Boot Record ၏ ပထမ Track, ပထမ Sector တွင်ရှိသော Master Boot Record မှ Boot Strap Program Code ကို Memory ပေါ်သို့တင်ပေးပြီး ၎င်းတွင်ပါရှိသည့် Instruction များအား CPU က ဆက်လက်လုပ်ဆောင်သည်။) (ဂ) Low Level Interfaces- BIOS သည် Hardware Devices များအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆောင်မှုကို OS နှင့်အတူ ကူညီပံ့ပိုးပေးသည်။ (Memory မှ Hard Disk၊ Hard Disk မှ Memory သို့ Data များ အပြန်အလှန် ပေးပို့ဆက်သွယ်ခြင်းများကို ကူညီပံ့ပိုးပေးသည်) ကျမ်းကိုးစာရင်းများ
စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)
စဝ်ရွှေသိုက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ငယ်ဘဝ သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။ ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမားရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။ သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။ သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။ ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွားကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှနယ်ချဲ့အရင်းရှင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ တိုင်းရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစုလွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆ဝ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အုပ်ချုပ်သော နယ်မြေအတွင်း အသုံးလုံးကြေ (အရေး၊ အဖတ်၊ အတွက်) တတ်မြောက်ရန် မိသားစုအတွင်းရှိ အသက် (၆) နှစ်ပြည့်ပြီးသည့် ကလေးတိုင်း ကျောင်းမထားဘဲ မနေရဟု နားလည်ထားသည့် စက္ကူစိမ်းအမိန့်ကို ထုတ်ပြန်ထားသည်။ ထိုစက္ကူစိမ်းအမိန့်သည် ကျောင်းမထားပါက မိဘအုပ်ထိန်းသူကို အရေးယူမည့် ဥပဒေဖြစ်သည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။ လူတိုင်း စာတတ်မြောက်စေချင်သည့် စော်ဘွားကြီး၏ စေတနာဆန္ဒကို ပြသခြင်းဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ရေးသားတော်မူခဲ့သော (တိပိဋကဓရ၏ အမျှဝေစကားစဉ်) စာအုပ်၌လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ပြီးစ ပထမနှစ်၌ ပထမဆုံးအကြိမ် ကျင်းပသည့် "တိပိဋကရွှေးချယ်ပွဲ" အခမ်းအနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဖွင့်လှစ်ပေးခဲ့သည်။ သမ္မတကြီးသည် ကားပေါ်မှ ဆင်းသည်မှ ဖွင့်လှစ်နေဆဲအချိန် ၂ နာရီကျော်ကျော်ခန့်မှာ မချသောလက်အုပ်ဖြင့် အမြဲတစေချီနေခဲ့ရာ သတိထားမိသော ဆရာတော်က "တိပိဋကဓရ ရှာပုံတော်လက်အုပ်" ဟု တင်စားခဲ့သည်။ ထို့အတွက် တိပိဋကဓရဘွဲ့တော်ကို ရယူခြင်းဖြင့် သမ္မတကြီး၏ တိပိဋကဓရ ရှာပုံတော် လက်အုပ်ကြွေးကို ဆပ်မည်ဟု စိတ်က ဆောက်တည်လိုက်ပြီး ၃ နှစ်မြှောက်ရွှေးချယ်ပွဲ၌ မင်းကွန်းဆရာတော်သည် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူသဖြင့် နိုင်ငံတော်သမ္မတကြီး၏ တိပိဋကဓရရှာပုံတော် လက်အုပ်ကြွေးကို ဘုရားတပည့်တော် ယနေ့ပြေလည်စွာ ဆပ်မိပါပြီဘုရား ဟု သမ္မတကြီး၏ ဘာသာရေး စိတ်ထက်သန်ပုံကို မှတ်တမ်းပြုခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့်စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဘဝနိဂုံး အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီစောဝ်နန်းဟိန်ခမ်နှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။ ဓာတ်ပုံများ ကိုးကား Category:ပထမ မြန်မာများ Category:မြန်မာနိုင်ငံ၏ သမ္မတများ
မြန်မာသရုပ်ဆောင်များစာရင်း
အောက်တွင် မြန်မာနိုင်ငံမှ အမျိုးသားအမျိုးသမီးသရုပ်ဆောင်များ၏အမည်များကို အက္ခရာစဉ်အလိုက်ဖော်ပြထားသည်။ + အမျိုးသမီးသရုပ်ဆောင်များ က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အ + အမျိုးသားသရုပ်ဆောင်များ က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အ အမျိုးသားသရုပ်ဆောင်များ က ကျော်ကျော်ဘို ဦးကျောက်လုံး (၁၉၁၇–၁၉၈၂) ကျော်ငြိမ်း(ရုပ်ရှင်သရုပ်ဆောင်) ကျော်စိုး (၁၉၁၀–၁၉၃၀) ကျော်ဆွေ (၁၉၂၄–၁၉၈၂) ကျော်ထက်ဇော် ကျော်ထက်အောင် ကျော်ရဲအောင် ကျော်ဟိုး (၁၉၀၃-၁၉၇၈) ကျော်ဟိုးလေး(၁၉၂၂-၁၉၇၃) ဦးကျော်ဝင်း (၁၉၁၈–၁၉၉၃) ကျော်သူ ​ကျော်သက် ကျော်သောင်း ကျော်ဟိန်း (၁၉၄၇–၂၀၂၀) ကျော်ညွန့် ကျော်မိုး ကျော်အေး ကင်းကောင် (၁၉၆၄–၂၀၁၉) ကွမ်းသီး ကိုကိုလင်းမောင် ကျော်‌ထက်ဇော် ခ ခင်မောင် ခင်မောင်ချင်း ခင်မောင်ဇင် ခင်မောင်ရင် ခန့်စည်သူ ချင်းစိန် ဝေါ်လတာချစ်ထွန်း ချစ်သူ ချစ်စရာ ချစ်ရွှေ ချစ်ဖွယ် ချမ်းသာ ခါရာ ဂ ဂျော်လီဆွေ ဂျွန်ဂို (၁၉၈၇–၂၀၁၄) ဂျွန်နိုင်းအောင် စ စည်ဖြိုး စိန်ချစ် စိန်မြင့် စုတ်ဖွား လူရွင်တော် သရုပ်ဆောင် (၁၉၈၄–၁၉၉၂) စပ်စု စိုးသူ စိုင်းစိုင်းခမ်းလှိုင် ဦးစိန်ရိုး (ဟာသလူရွင်တော်) (၁၉၃၄–၂၀၂၁) ဇ ဇင်ဝိုင်း ဇေရဲထက် (ရုပ်ရှင်သရုပ်ဆောင်) ဇေယျ (၁၉၁၆–၁၉၉၆) ဇေယျာ ဇော်လင်း ဇော်လွင် ဇော်ဝမ်း ဇော်ဦး ဇာဂနာ ဇော်ရဲထက် ဇဏ်ခီ ဇင်မျိုး ည ညွန့်ဝင်း ညွန့်မောင် ဦးညီပု (၁၉၀၀–၁၉၉၆) ညီဂျော် တ အေဝမ်း ဦးတင်မောင် ရုပ်ရှင်စတန့် မင်းသား ဦးတင်ငွေ တင်ဆွေ တေဇလင်းရောင် ထ ရွှေမန်းထွန်းတင် ထွန်းဝေ ထွန်းထွန်း ထွန်းထွန်းနိုင် ထွန်းထွန်းဝင်း ထွန်းလွင်အောင် ထူးကျော် ထူးသာ ထက်သျှား ဒ ဒွေး (၁၉၆၆–၂၀၀၇) န နေအောင် ကောလိပ်ဂျင်နေဝင်း နေတိုး နိုင်နိုင်း နေထူးနိုင် ပ ပြေဇင် ပြေငြိမ်း ပြေတီဦး ပြုံးမောင်မောင် ဖ ဖိုးချစ် ဖိုးသောကြာ ဖိုးပါကြီး ဖိုးပါလေး ဖိုးဖြူ ဖြိုးငွေစိုး ဗ ဗေလုဝ ဗိုလ်ဗကို ဘ ဦးဘကလေး ဘတင့် ဘမြင့် မ မောင် မင်းထက်ကျော်ဇင် မင်းခေတ် မင်းမော်ကွန်း မင်းသွေး (၁၉၈၆–၂၀၁၈) မြင့်မြတ် မြင့်ဖေ မြင့်အောင် (၁၉၃၁–၁၉၉၆) မြတ်လေး မြတ်သစ် မိုးမိုး၊ အဆိုတော် မိုးကျော်ကျော် မိုးအောင်ရင် မိုးဒီ မော့စ် (၁၉၅၄–၂၀၁၃) မောင်မောင်စိုး မောင်မောင်လေး မောင်မောင်အေး မေတ္တာ (လူရွှင်တော်) မိုးစက် (စတန့်) ယ မောင်ယဉ်ထွေး (ရှုမဝ) ရ ရဝေအောင် ရာဇာနေဝင်း ရန်အောင် ရဲကိုကို ရဲအောင် ရဲရင့်အောင် ရဲတိုက် ရန်နောင် ရှိုင်းအောင် ရူပ ရွဲ့ကြီး(ခေါ်)ကြယ်တံခွန် ရှင်မွေလ ရသမောင် ရွှေဘ ရွှေရိုး ရှိန်းတင့်ထူး လ လင်းထင် လင်းအောင် လူမင်း လွင်မိုး လျှမ်းထက် လင်းအောင်ခေတ် ဝ ဝင်းဘို ဝင်းဦး (၁၉၃၅–၁၉၈၈) ဝင်းညွန့် ဝါဇင် ဝိုင်း မောင်ဝဏ္ဏ ဝေဠုကျော် သ မောင်သင် တွံတေးသိန်းတန် (၁၉၄၁–၁၉၉၉) သုမောင် (၁၉၅၁–၂၀၁၀) သာဂေါင် သာဆန်း သားညီ သန်းထွဋ် သန်းနွဲ့ သန်းနွဲ့လေး သန်းဖေလေး ဦးသိန်းမောင် မောင်သန်းဝင်း သီဟတင်စိုး (၁၉၆၇/၆၈–၂၀၂၃) သူထူးစံ သျှားညို ဟ ဟန်လင်းသန့် ဟိန်းစိုး ဟိန်းမင်း ဟိန်းဝေယံ ဠ (ဠင်း) – if you have names here, list them အ အရိုင်း အရှည်ကြီး အလင်းရောင် အံ့ကျော် အေးကြူ အောင်ခိုင် အောင်ပိုင် အောင်လွင် အောင်သူ ဗဂျီအောင်စိုး အောင်ထွန်းလေး အောင်မင်းခန့် အောင်ရေချမ်း အောင်ရဲလင်း အောင်အောင်(မြင်စိုင်းသား) + အက္ခရာအလိုက် ရွေးချယ်ရန် အမျိုးသမီးသရုပ်ဆောင်များ က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အ အမျိုးသမီးသရုပ်ဆောင်များ က ကေသွယ်မိုး ကေသီမြင့်အောင် ကေကေမိုးမြင့် ကြည်ကြည်ဌေး ကြည်လဲ့လဲ့ဦး ကြူကြူသင်း ကစ်ကစ် ခ ခင်ခင်ကြည် ခင်ခင်ကြီး ခင်ခင်စု ခင်ခင်စိန် ခင်ခင်နု ခင်ခင်မြင့် ခင်ခင်ရီ ခင်ခင်အေး ခင်ခင်ဥ ခင်ခင်တင့် ခင်တင့် ခင်စန်း ခင်ဇာခြည်ကျော် စန္ဒယားခင်နုနု ခင်နှင်းရီ ခင်ပပလှိုင် ခင်မို့မို့ ခင်မာအောင် ခင်မို့မို့အေး ခင်မီမီဇော် ခင်မေကြီး ခင်မေကလေး ခင်မေရီ ခင်မေလေး ခင်မြရင် ခင်မဉ္ဇူခိုင် ခင်ယုမေ ခင်လေးဆွေ ခင်လေးနွယ် ခင်သီတာထွန်း ခင်သန်းနု ခင်သန်းနွယ် ခင်လေးနွယ် ခင်စိုးပိုင် ခင်ဝင့်ဝါ ခင်ရူပ ခိုင်သင်းကြည် ခိုင်ဝါ ခိုင်မာအောင် ခိုင်မင်းမင်းသွယ် ခိုင်ခင်ဦး ခိုင်နှင်းဝေ ခိုင်ဇင်သော် ချိုပြုံး ချစ်ချစ်ဇော် ချစ်စနိုးဦး ချစ်သုဝေ ချစ်စုဟိန်း ချောရတနာ ချောစုခင် ခွန်းဆင့်နေခြည် ခရစ္စတီးနား ချမ်းမီမီကို ချမ်းချမ်း ခွန်းလဲ့သံသာ ခြူးလေး ဂ ဂန္ထဝင် ဂျူးဂျူးကေ ဂွမ်းပုံကြီး တက္ကသိုလ်ဂွမ်းပုံ ဂျင်းနီ ဒေါ်ဂျမ်းစိန် ဂျူလီယာပါဝါ င အင်္ဂလန်စိန် ငြိမ်းငြိမ်းအိ ငွေမှုံရတီ စ စန္ဒာ စန္ဒီမြင့်လွင် စိန်ခင် စံရှားတင် စံပယ်မိုး စံရတီမိုးမြင့် စုမြတ်ရွှေစင် စုမြတ်နိုင် စုလှိုင်နှင်း စုဒါလီ စုလင်းရှိန် စိုးပြည့်သဇင် စိုးမြတ်ကလျာ စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးနန္ဒာကျော် စိုးစန္ဒာထွန်း စိုးရတနာ စိုးမိုးကြည် စမ်းစမ်အေး(ရှုမဝ) စမ်းစမ်းဝင်း ဒေါ်စိန်ဂွက်ထော် စောမြတ်သန္တာ စောယုနန္ဒာ စမိုင်းလ် စင်သီယာ စူဇီနိုက် ဆ ဆွေဇင်ထိုက် ဆုပန်ထွာ ဆုရွှန်းလဲ့ ဆုအိမ့်စံ ဆုမြတ်နိုးဦး ဆုထက်ကုဋေ ဆုပိုပိုအောင် ဆုဆုစန္ဒီ ဆုကဗျာ ဆုနဒီ ဆောင်းအိန္ဒြေထွန်း ဆွိဝတ်ရည်သောင်း ဆိုဖီယာ အဲဗားရက်စ် ဇ ဇင်မာဦး ဇင်ဇင်ဇော်မြင့် ဇင်ဇင်မင်းထက် ဇင်မာအောင် ဇူးဇူးမောင် ဇွန်သံစဉ် တ တင်တင်ညို တင်တင်နွဲ့ တင်တင်မူ တင်တင်မြ တင်တင်လှ တင်တင်အေး တင်နီလာဝင်း တင့်တင့်ထွန်း တင်ဇာဝင်းပြည့် တိုးတိုးလွင် မတူး ထ ထက်ထက်မိုးဦး ထွန်းအိန္ဒြာဗို ထူးမွန် ထက်ထက်ထွန်း ထားအဥ္ဇလီ ထိုက်နန္ဒာကျော် ဒ ဒေစီကျော်ဝင်း ဒေါ်ခင်စိန် ဒေါ်မြလေး ဒိန်းပိုပိုဒေါင် န နွဲ့နွဲ့မူ နှင်းဆီ နန္ဒာလှိုင် နွေးနွေးလှိုင် နဝရတ် နဒီဝင့်နိုင် နိုဘယ်ကျော်ကျော် နန်းဆုရတီစိုး နင်းဝတ်ရည် နွဲ့နွဲ့စန်း နွယ်ဒါလီထွန်း နန်းကလျာလှိုင် နန်းခင်ဇေယျာ နန်းမြတ်ဖြိုးသင်း နန်းဆုဦး နန်းသူဇာ နန်းရွှေရည် (နန်းဒေဝီ) နန်းခမ်းဝါ နော်လီဇာ နှင်းဝတ်ရည်သောင်း နှင်းသွေးယုအောင် နော်ဖောအယ်ထား နီနီခင်ဇော် ပ ပုလဲ ပုလဲဝင်း ပက်ထရစ်ရှာ ပန်းဖြူ ပန်းရောင်ခြယ် ပန်းကဗျာကျော် ပန်းသော်တာ ပန်းအိဇွန် ပန်သူချစ် ပွင့် ပွင့်ရတနာကျော် ပပလင်း ပပဝင်းခင် ပပစိုးကြည် ပြည့်ဖူးခိုင် ပြည့်ပြည့်သော် ပိုင်ဖြိုးသု ပိုးအိအိခန့် ပိုးကြာဖြူခင် ပိုးဝတီစံ ပိုပို ဘ ဘေဘီနွဲ့ ဘေဘီမောင် ဘိုမ Bobby Soxer ဖ ဖွေးဖွေး ဖူးစုံ ဖူးဖူး ဖူးပွင့်သခင် ဖြိုးရတနာသွယ် ဖြူစင်ဝင်းရှိန် မ မသန်းရွှေ (ဟာသမယ်) မာမာအေး မို့မို့မြင့်အောင် မျိုးစန္ဒီကျော် မျိုးသီရိကျော် မျိုးသန္တာထွန်း မျိုးမျိုးခိုင် မယ်လိုဒီ မိုးဟေကို မိုးယုစံ မိုးပြည့်ပြည့်မောင် မိုးဟေမာန်ခင် မိုးစက်ဝိုင် မိုခမ်း မိုမိုကို မေ မေကဗျာ မေပန်းချီ မေမြင့်မိုရ် မြတ်သူသူ မေတိုးခိုင် မေဆွိ မေနွ့် မေချစ် မေကြည် မေခလာ (ရုပ်ရှင်သရုပ်ဆောင်) မေမီကိုကို မေဘရဏီသော် မေမေဝင်း မေမြင့် မေရှင် မေသက်ခိုင် မေသစ် မေသန်း မေသန်းနု မေဦးခင် မေသဉ္ဇာဦး မေလှ မေလွင် မေရီမြင့် မေရီမြ မေဝင်းမောင် မေထွဋ်ခေါင် မေနန်းခေါင် မေရဲ မေဖူးနိုင် မေသင်္ကြန် မြယာ မြနှင်းရည်လွင် မြသဥ္ဇာလီ မြသင်းချယ် မြမျက်ချယ် မြတ် မြတ်ကေသီအောင် မြတ်မွန် မြင့်မြင့် မြင့်မြင့်ခင် မြင့်မြင့်ခိုင် မိုးပြည့်ပြည့်မောင် မိစန္ဒီ မေဂရေ့စ် မာရီကိုးလ် မွန်းဆန်း မှူးသ ခင် မုဏ်း ယ ယဉ်ယဉ်အေး ယဉ်လတ် ယုနန္ဒာမြင့် ယုသန္တာတင် ယွန်းရွှေရည် ယွန်းဝတီလွင်မိုး ယွန်းယွန်း ယမင်းကိုကို ရ ရတနာခင် ရတနာပုံ (သရုပ်ဆောင်) ရတနာမိုင် ရတနာဘို ရတနာခိုင် ရတနာဖြူဖြူအောင် ရေဗက္ကာဝင်း ရွှေသမီး ရွှေပိုးအိမ် ရွှေမှုံရတီ ရွှေသွန်းရူပါ ရွှေယမင်းဟန် ရီရီပွင့်ဖြူ ရွှန်းလဲ့မေ ရှင်မိုးဦး လ လှလှမိုး လဲ့လဲ့ဝင်းလှိုင် လင်းလက် လင်းဇာနည်ဇော် လှအဥ္ဇလီတင့် လှမျိုးသဥ္ဇာနွယ် လမင်းကဗျာ လှိုင်ဖြူဖြူထွန်း လှိုင်ရွှေစင်ထွဋ် လွန်းပိုးအိမ် လိုင်လာခန်း ဝ ဝါဆိုမိုးဦး ဝါဝါဝင်းရွှေ ဝါဝါမေမောင် ဝါဝါအောင် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝင်းမင်းသန်း (1993) ဝင်းမင်းသန်း (ဗီဒီယိုသရုပ်ဆောင်) ဝင်းလဲ့ရွှေရည် ဝင့်ယမုံနိုင် ဝေလာရီ သ သက်မွန်မြင့် သီသီ သီတာသိမ့် သီရိဝင်းရွှေ သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သင်ဇာမြင့်မိုရ် သန်းသန်းစိုး သန်းသန်းဆင့် သိင်္ဂီထွန်း သဇင် သဇင်သင်း သျှင်ဒီစော သွန်းဆက် သန္တာဗိုလ် သင်းသင်းယုလှိုင် သု‌‌‌န္ဒြေဦး သင်းသင်းမြတ် သံသာမိုးသိမ့် သူဇာပွင့် သဲစုညိမ်း ဟ ဟေမာန်အောင်အောင် ဟန်နီထွန်း ဟန်သီ အ အိန္ဒြာကျော်ဇင် ဒေါ်အေးကြည် အေးအေးသင်း အေးမြတ်သူ အေးဝတ်ရည်သောင်း အိချောပို အယ်လ်ဆိုင်းဇီ အယ်လ်ဂျာတောင် အယ်လ်ဘောက်နူး အာကာမြင့်အောင် အေသင်ချိုဆွေ အေဏီဇော် အဝေရာကြည် အေးမြဖြူ အမွန်း အေးသီတာ အေးအေးခိုင် အိမ့်ကြာဖြူ အထွယ့် ဧ ဧငြိမ်းဖြူ Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ
ဝင်းမောင်
ဝင်းမောင် ဆိုသည်မှာ အောက်ပါ အမည်တို့မှ တစ်ခုခု ဖြစ်နိုင်သည်။ မန်းဝင်းမောင် (နိုင်ငံတော် သမ္မတဟောင်း) တမ္ပဝတီ ဦးဝင်းမောင် (မြန်မာမှုဗိသုကာပညာရှင်) ကာတွန်းဝင်းမောင် (ကာတွန်းဆရာ) Category:သံတူကြောင်းကွဲ
ဘမြင့် (ရုပ်ရှင်သရုပ်ဆောင်)
ဘမြင့် (၁၉၀၈-၁၉၈၂) သည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ ဘမြင့်သည် ၁၉၀၈ ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းသုံးခွမြို့နယ်၊ ဣဿရရွာ၌ အဖဦးဘရှင်၊ အမိဒေါ်ဖွားရှိတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်သည်။ ရန်ကုန်မြို့ ရေကျော်ရပ် မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် (၂၅) နှစ်အရွယ် ပဲရော့ရုပ်ရှင်နှင့် ဆက်သွယ်ပြီး ရုပ်ရှင်စတင်ရိုက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့ဆိပ်ကမ်းရုံး၌ စာရေးအဖြစ် ခေတ္တမျှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ဆက်လက်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်လုပ်ရင်း ရန်ကုန်ရုပ်ရှင်ကုမ္ပဏီတွင် ကားငှားမန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၁-၃-၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွန်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ညွန့်နှင့် သားသမီးငါးယောက် ကျန်ရစ်ခဲ့သည်။ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများ ရှင်ဥပဂုတ် ဒဂုံဆံတော်ရှင် (ရွှေတိဂုံဘုရားသမိုင်း) ဗုဒ္ဓရာဇာ ကျွန်းညိုရှင် ရွှေဖျဉ်းညီနောင် တောင်တော်သခင်မ ရွှေမန်းတောင် မိန်းမလှ ဘုရင်မ ဧကရီ ချစ်သမီး အမိုက်မ လွမ်းပိုအောင် မယ်နော်လ မိန်ရာသီ ဝေဘာဂီ ချစ်ရေစင် ပြဒါးရှင် သုဓမ္မစာရီ Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
ဇေယျ (ရုပ်ရှင်သရုပ်ဆောင်)
‌‌မင်းသားကြီး ဇေယျ (အရှင်ဝဇီရာနန္ဒ) ဇေယျ (၁၉၁၆ - ၂၀၁၀) သည် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ငယ်ဘဝ ၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘများသည် ရွှေလှောင်စက္ကူ (ဘုရားတွင်ရွှေချသော ရွှေဆိုင်းများကို ကပ်သော စက္ကူ) လုပ်ငန်းလုပ်ရင်း ခြံထွက်သီးနှံ ရောင်းချလုပ်ကိုင်သူများ ဖြစ်ကြသည်။ ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်း နောက်မူလတန်း ကျောင်းပြောင်းရွှေ့၊ ပညာသင်ခဲ့ ရှစ်နှစ်သားတွင် မိခင်ကွယ်လွန် မိသားစု တကွဲတပြား ဖြစ်ပြီး မောင်လှမောင် တစ်ဦးသာ ဖခင်နှင့်ကျန်ခဲ့သည်။ သုံးတန်း အရောက်ကျောင်းထွက်ကာ ဖခင်ကို ခြံထွက်သီးနှံ ရောင်းကာ လုပ်ကိုင်ခဲ့သည်။ ၁၉၂၇-တွင်စစ်ကိုင်းတံတားတည်ဆောက်ရာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက် လေးငါးလကြာ မန္တလေးမှ ကြီးတော် တစ်ဝမ်းကွဲဒေါ်အေးမြက ရှင်ပြု ပေးမည် ဆိုသဖြင့် စစ်ကိုင်းတောင်ရိုးတော် ရှင်ပင်နံကိုင်းချောင် ဆရာတော်ထံတွင် ကိုရင်ဘဝဖြင့် စာဆက်သင်ခဲ့သည်။ မေတ္တာရေး တစ်နှစ်ခန့် ရှိသည့်အခါ ဒေါ်အေးမြက လာခေါ်သဖြင့် ကိုရင်ထွက်၍ မန္တလေးသို့ လိုက်သွားရသည်။ သင်္ဘောပေါ်တွင် ဈေးရောင်း အလုပ်ဝိုင်းလုပ်ကာ အဒေါ်နှင့် နေထိုင် လုပ်ကိုင်နေရင်း ဈေးချိုသူ၊ မန္တလေး၊ ကျောက်သွေးတန်းမှ မသန်းတင်နှင့် မေတ္တာမျှသဖြင့် ဒေါ်အေးမြနှင့် မသန်းတင်၏ အမေမှာ ဆွေမျိုး မကင်းသူများ ဖြစ်သည့်အတိုင်း အိမ်ထောင်ချပေးခဲ့ကြသည်။ မောင်လှမောင်မှာ အဒေါ်အိမ်တွင်နေ၊ လခ မရ၊ သမီးလေး(၂)ယေက်ရချိန် ယောက္ခမကလာခေါ်သည်။ တစ်နှစ်မပြည့်မီ နောက်ကလေးထပ်ရပြန်သည်။ ကျောက်သွေးပညာသင်ကြားနေစဉ် (၆)လကြာခန့် ဆရာက တစ်လငွေ (၂၀၀)ပေး ထားသည်။ မောင်လှမောင်မှဇေယျာမောင်ဘဝ ၁၉၃၆-တွင်မန္တလေးသို့ ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ် ရာက်လာကာ လူငယ်များ ကာယဗလ လိုက်စား သင့်ကြောင်း ဟောပြောသဖြင့် ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ခဲ့သည်။၁၉၄၂-တွင် ဂျပန်က မန္တလေးကို ဗုံးကြဲပြန်သောအခါ မောင်လှမောင်တို့မိသားစု စစ်ကိုင်းသို့စစ်ပြေးခဲ့ရ ပြန်သည်။ နောက်ဂျပန် အဆုတ်တွင် မန္တလေးသို့ပြန်ခဲ့သော်လည်း အင်္ဂလိပ်ဗုံးကြဲပြန် သောကြောင့် စစ်ကိုင်းသို့ ပြန်ပြေးခဲ့ရပြန်သည်။ မောင်လှမောင်သည် စစ်ကိုင်းထွက်ဆေးလိပ်များ လားရှိုးတတ်ရောင်းရာမှ ငှက်ဖျားမိကာ ချည့်နဲ့သွားခဲ့သည်။ ပုံမှန် ပြန်ကောင်းလာရန် အပြင်းအထန်ပြန်လေ့ကျင့်ခဲ့ရသည်။ ၁၉၄၃-ခုတွင် ဂျပန်က လွတ်လပ်ရေးပေးသည့်အချိန် စစ်ကိုင်းတွင် မောင်ရွေးပွဲ ကျင်းပရာ မောင်လှမောင် ဝင်ပြိုင်ပြီး စစ်ကိုင်းတိုင်းမောင်(ခေါ်) ဇေယျာမောင်ဘွဲ့ဆွတ်ခူးခဲ့သည်။ ထိုအချိန်တွင် အသက် ၂၇-နှစ်အရွယ်သာ ရှိသေးသည်။ ရွှေမန်းမောင် ဖက်ဆစ်တော်လှန်ရေး ပြီး၍ စစ်ကိုင်းမှ မန္တလေးပြန်ပြောင်းခဲ့သည်။ ၁၉၄၆-တွင် မန္တလေး ၌ ကာယဗလမောင်ဝင်ပြိုင်ရာ ရွှေမန်းမောင် ဘွဲ့ရခဲ့ ပြန်သည်။ ထိုအချိန်တွင် အေဝမ်းက စစ်ပြီးခေတ် ပထမဆုံးရုပ်ရှင်ကား ရိုက်ရန် စိုင်းပြင်းနေချိန်ဖြစ်ပြီး ဒါရိုက်တာ ဦးဘရှင်က မောင်လှမောင်အား ကမ်းလှမ်းသဖြင့် ရုပ်ရှင်စရိုက်ဖြစ်ခဲ့သည်။ ခေတ်သစ် ဖာတစ်လုံး ခေါင်းကျားရုပ်ရှင် ဇာတ်ကား (မောင်လှမောင် မေထွေး၊ မေမြ၊ သာဂေါင်ကြီး၊ မျိုးမြင့်၊ သန်းနွဲ့ ပါဝင်သရုပ်ဆောင်) မန္တလေး၊ ပုသိမ်၊ စစ်ကိုင်း၊ မော်လမြိုင်၊ ရန်ကုန်တွင် ပြခဲ့ရာ အထူးအောင်မြင်ခဲ့သည်။ အသံတိတ်ခေတ်မှ မင်းသားဇေယျ နောက် အေဝမ်းကပင် ဘာမထီနှင့် အောင်ဆုပန်၊ အသံတိတ်ဇာတ်ကားနှစ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးရပြန်သည်။ ထိုဇာတ်ကားနှစ်ကား မှစ၍ ဇေယျ အမည်ခံယူခဲ့သည်။ နောက် ဗြိတိသျှ ဘားမားရုပ်ရှင်မှပင် မုဒုံမယ် တင်တင်မူနှင့် တွဲပြီး လင်နဲ့ အပျို ဇာတ်ကား ရိုက်ကူးပါဝင်ခဲ့သည်။ စစ်ပြီးခေတ် ပထမဆုံးအသံထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ နောက် မင်းသမီး မေမေဝင်းနှင့် မိုးကြယ်မို့လား၊ ဖြူနှင်းမာလာ စသည့် ဇာတ်ကားများရိုက်ကူးခဲ့ရသည်။ မင်းသား ဇေယျ အဖြစ် ရုပ်ရှင် ၆ ကားရှိပြီ ဖြစ်သော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်သေးပေ။ ထို့ကြောင့် မန္တလေး ကျောက်သွေးတန်း၌ ကျောက်သွေးဆရာ ပြန်လုပ်ရပြန်သည်။ ခုနှစ်အလိုက်ထင်ရှားသောရုပ်ရှင်ဇာတ်ကားများ တစ်နှစ်ခန့်ကြာ ၁၉၅၁-တွင် အေဝမ်းဦးတင်မောင်ထံမှ အခေါ်စာရောက် လာသဖြင့် ဇေယျရန်ကုန်ပြန်ဆင်းခဲ့ပြန်သည်။ မြဲတဲ့သစ္စာ ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ရသည်။ မင်းသမီး မေသစ်၊ မြင့်မြင့်ခင်တို့ပါဝင်သော ထိုကားမှာ အောင်မြင်သည်။ ဇေယျနှင့် မေသစ်တွဲဆိုခဲ့သော လင်ဖုန်းမိုသီချင်း ထိုအချိန်က အလွန် ခေတ်စားသည်။ ထိုကားမှစ၍ ကုမဏီများ ဒါရိုက်တာများက ဇေယျအား မင်းသားအဖြစ် ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြရာ ဇေယျသည် ကျောက်သွေးဆရာ အလုပ်ကိုစွန့်ပြီး ကားတစ်ကား ပြီးတစ်ကား ရိုက်ခဲ့ရသည်။ မြဲတဲ့သစ္စာ ကားရုံတင်ပြီး ခြောက်လ အကြာ ဇနီးမသန်းတင်သည် သားသမီးများနှင့် ရန်ကုန်လိုက်လာသည်။ သာဂေါင်အိမ်တွင် တည်းပြီးမှ အိမ်ရှာကြရာ ဇေယျ အိမ်ရသွားသည်။ အိမ်ရသည်နှင့်ယောက္ခမများနှင့်ဖခင်ကြီးကိုခေါ်ကာ အိမ်ဦးခန်းတွင်ထားပြီး လုပ်ကျွေးခဲ့သည်။ မြဲတဲ့သစ္စာ ကားအပြီး ဦးသုခက ဇေယျအား ပြဇာတ်မင်းသား အဖြစ်စတင်ရိုက်ခဲ့သည်။ တေးချိုချို ပြဇာတ်တွင် မေချစ်နှင့်တွဲ ပြီး သရုပ်ဆောင်ရာ အောင်မြင်ခဲ့သည်။ ၁၉၅၃ တွင်ဒါရိုက်တာ သုခက သည်ဆောင်းဟေမာန် ကားရိုက်ကူးသည်။ ဇေယျ၊ ကျော်ဆွေ၊ မေသစ်တို့ပါဝင်ကာ အထူးအောင်မြင်ခဲ့သော ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။ ဇေယျသည် လက်မလည်အောင်ရုပ်ရှင်ရိုက်ရသည့်ကြားမှ ပြဇာတ်အနုပညာများကိုကူညီ အားပေးသည့် အနေဖြင့် ပြဇာတ်အချို့ ၌ပါဝင်ကပြခဲ့သည်။ ၁၉၅၅ ခုနှစ် ဝင်းဝင်းပြဇာတ် ခေတ်ဆုံးသည့် အခါ ဗိုလ်ကလေးတင့်အောင် မေတ္တာရပ်ခံချက်အရ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး၊ နှင့်ဘိုကလေးမြို့ များသို့ ပြဇာတ်လိုက်ကပေးခဲ့သည်။ အခြားဒါရိုက်တာများ နှင့်လည်း ဇာတ်ကားများစွာရိုက်ခဲ့သည်။ ရန်သူ့ရင်သွေး၊ အသွင်မတူ၊ ချစ်ငွေ့ဝေဝေ၊ နှင်းဝေဝေ၊ စွန့်ဝံ့သူ စသည့်ဖြင့် ရုပ်ရှင်ကား အများအပြား ရိုက်ကူးခဲ့ရာ ၁၉၅၄-၅၅-၅၆ ခုနှစ်များသည် အများဆုံး ဇာတ်ကားရိုက်ရသောနှစ်များဖြစ်သလို အအောင်မြင်ဆုံး အချိန်ပင် ဖြစ်သည်။ ထိုအချိန်က ဇေယျ အသက်မှာ ၃၉-၄၀ ရွယ်ရှိပြီဖြစ်သည်။ ၁၉၅၄-ခုနှစ် တစ်နှစ်တည်းတွင် ရုပ်ရှင် ၁၁ ကားရိုက်ကူးခဲ့ရာ ထိုအထဲမှ ဒါရိုက်တာဦးချစ်ခင်ရိုက်သည့် ချစ်ပန်းသဇင် (ဇေယျ၊ မြင့်မြင့်ခင်) ကားသည် ရုရှား သို့စတာလင်ပေါင် နှစ်ထောင် ဖြင့်ရောင်းချခဲ့ရသည်။ ဦးသုခ ရိုက်သည့် ဩော်မိန်းမ (ဇေယျ၊ မြင့်မြင့်ခင်၊ ဖိုးပါကြီး) ကားလည်း အထူးအောင်မြင်ခဲ့သည်။ ၁၉၅၅ တွင် ဇာတ်ကား ၁၀ကား၊ ၁၉၅၆ တွင် ၁၂ ကား ရိုက်ကူးခဲ့ရသည်။ ထိုအထဲမှ ဒါရိုက်တာ သုခ ရိုက်သည့် ဘဝသံသရာ ကားတွင် ဇေယျ အကယ်ဒမီရခဲ့ သည်။ ဒါရိုက်တာလည်း ထိုကားအတွက် အကယ်ဒမီရခဲ့သည်။ ဝင်ငွေအကောင်းဆုံးကားလည်း ဖြစ်ခဲ့သည်။ ၁၉၅၇ တွင်ထိုကားကို တရုတ်ပြည်သို့ စတာလင်ပေါင် သုံးထောင်ဖြင့် ရောင်းချခဲ့ရသည်။ ဇေယျသည် ထိုခေတ်နာမည်ကြီး မင်းသမီးမျိုးစုံနှင့်တွဲခဲ့သည်။ မေရီမြင့်နှင့်အများဆုံးတွဲ ဖက်သရုပ်ဆောင်ခဲ့သည်။ ၁၉၅၇ တွင်အသက် ၄၁ နှစ်အရွယ်တွင် တစ်နှစ်တည်း ၁၅ ကားထိရိုက်ခဲ့ရသည်။ ၁၉၅၈ တွင် ၁၄-ကား၊ ၁၉၆၀ တွင် ၁၂-ကား ရိုက်ကူးခဲ့ရသည်။ ၁၉၅၈ တွင်မိသားစုပိုင် ဇေယျာရွှေပြည် ရုပ်ရှင်ထုတ်လုပ်ရေး ကိုတည်ထောင်ကာ ဇာတ်ကားအချို့ရိုက်ခဲ့ သား နှစ်ယောက်အား ခမ်းနားစွာ ရှင်ပြုခဲ့သည်။ ဒေါ်သန်းတင်နှင့် သားသမီး ကိုးယောက်အထိ ထွန်းကားခဲ့သည်။ ၁၉၆၁ မှ ၁၉၆၃(၄၇နှစ်အရွယ်) အထိ ၁၅ ကားရိုက်ခဲ့ပြီး ထိုအချိန်မှ စ၍ စွန်းလွန်းနည်းဖြင့် တရား အား ထုတ်ခဲ့သည်။ ၁၉၆၃ မှ ၁၉၇၁ (၅၅)နှစ်အရွယ်အထိ (၁၆)ကား ရိုက်ခဲ့သည်။ ဇေယျာရွှေပြည် မှ သား ယာမိုးနှင့်ဇော်မိုးကို မင်းသားတင်ကာ ဇာတ်ကားများ ရိုက်ခဲ့သည်။ ဇေယျသည် မချစ်လဲပြုံး ချစ်လဲပြုံး ဇာတ်ကားရိုက်ပြီး အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဘဝသံသရာ၊ သည်ဆောင်းဟေမာန်၊ ဪမိန်းမ စသောဇာတ်ကားများမှာ အထူးထင်ရှားသည်။ ရဟန်းဘဝ ၂၇.၇.၁၉၈၁ တွင် ရဟန်းဝတ်ခဲ့ပြီး ရိုးရိုးကြီး ဇေယျ ဘဝမှ အရှင်ဝဇီရာနန္ဒ ဘဝရောက်ခဲ့သည်။ ပျံလွန်တော်မူခဲ့သောသက်တော် ၂၀၁၀-ခုနှစ် စက်တင်ဘာလ ၄-ရက်နေ့ သန်းကောင်ကျော်တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော် ၈၆ ဝါတော် ၂၃ ဝါရချိန် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့်နှင့် ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။ ကျမ်းကိုး Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
ညီပု
ဦးညီပု (၁၉၁၅ - ၁၉၉၆) သည် မြန်မာသရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်သည်။ သူ၏ညီအငယ်ဆုံး တင်မောင်သည် အအောင်မြင်ဆုံး ဒါရိုက်တာတစ်ဦး ဖြစ်သည်။ အတ္ထုပတ္တိ သူသည် ၁၉၀၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ အဖဦးဘညွန့် အမိ ဒေါ်ညိမ်းရှင်တို့မှ ဒုတိယမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ဦးမောင်မောင်နှင့် ပူးပေါင်းမိရာမှ မြန့်မာရုပ်ရှင်ကို တီထွင် ကြံဆရိုက်ကူးရန် ကြိုးစားနေသော ဦးအုန်းမောင်အားလူအား၊ ငွေအား၊ ဉာဏ်အားဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ မေတ္တာနှင့် သူရာ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး မြန်မာရုပ်ရှင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်အတ္ထုပ္ပတ္တိ ဦးညီပု ပထမဆုံး သရုပ်ဆောင်ခဲ့သော မေတ္တာနှင့်သူရာ ဇာတ်ကား၏ ကြော်ငြာစာတမ်း မေတ္တာ နှင့် သူရာ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၀ ကျေးတောသူမနု (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၁ တောမြိုင်စွန်းကလွမ်းအောင်ဖန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၃ တစ်ခိုင်လုံးရွှေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၄ မှိုင်းဝေဝေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၅ သမိုင်းညွှန့်ပေါင်း (ရုပ်ရှင်သရုပ်ဆောင်) ၁၉၃၃ ဆုထူးပန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၂၉ ရွှေနှင်းဆီ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၃၁ ဂျပန့်ရင်သွေး (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅ ကျားသစ်မယ် ၁၉၂၃ ပလုပ်တုတ်တုတ် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅ စင်္ကြာရှင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅ ရွှေမင်းဝံ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၆ မြသဘက် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၇ မြအေးရင် ၁၉၂၇ မြိုင်နန်းစံ ၁၉၂၆ ချစ်သွေးညီညီ ၁၉၃၁ ချစ်ရေစင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅ ပန်သစ္စာ ၁၉၅၄ သံခမောက် ၁၉၃၅ စမ်းရေယဉ် ၁၉၃၆ ချစ်လူယုံ ၁၉၃၈ (အသံထွက်ရုပ်ရှင်) ကိုယ့်ရင်သွေး ၁၉၅၅ ချစ်သံသရာ ၁၉၅၇ ၅၂၈ ၊ ၁၉၅၈ နန်းထက်ကပန်းတစ်ခက် ၁၉၆၃ မမှောင်သောအလင်း ၁၉၆၅ သမန်းကျား ၁၉၇၀ ကိုးကား ပြင်ပလင့်ခ်များ THE STORY OF MOVIE-MAKING IN MYANMAR Category:ပထမ မြန်မာများ Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ Category:မြန်မာ ရုပ်ရှင် ဒါရိုက်တာများ
I love Trouble (ရုပ်ရှင်)
ပီတာဘရတ်ကတ်သည် ခရိုနစ်ကယ်သတင်းစာတိုက်မှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး ဆာဘရီးနားပီတာဆင်သည် ဂလုတ်ဘ်သတင်းစာတိုက်၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။ သူတို့ နှစ်ယောက်သည် ရထားအမှတ် ၄၁၇ မှောက်သော သတင်းကို အပြိုင်အဆိုင်လိုက်ကြရာမှ မမျှော်လင့်ဘဲ ရထားမှောက်မှုမှ မတော်တဆမဟုတ်ဘဲ ချက်စ်ဓာတုလုပ်ငန်းကြီး၏အကြီးအကဲ ဝီလီချက်စ်၏ လက်ချက်မှန်းသိခဲ့ရသည်။ ချက်စ်ကလည်း နည်းမျိုးစုံဖြင့် သူတို့စုံတွဲကို သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံကို ရိုက်ကူးထားသော သတင်းထောက်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်သည်။ ကိုးကား Category:၁၉၉၄ ရုပ်ရှင်ဇာတ်ကားများ Category:အမေရိကန် ရုပ်ရှင်ဇာတ်ကားများ Category:အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ
ဝီကီ
upright=1.5|စာမျက်နှာတစ်ခု၏ ပြန်လည်ပြင်ဆင်မှုနှစ်ခုကြားရှိ အပြောင်းအလဲများကို မီးမောင်းထိုးပြသည့်မှတ်တမ်း နှိုင်းယှဉ်အစီရင်ခံစာများ။ ဝီကီများ သည် ယေဘုယျအားဖြင့် အမှားများ သို့မဟုတ် အန္တရာယ်ရှိသော အပြောင်းအလဲများကို ပြင်ရန် လွယ်ကူသော ပျော့ပျောင်းသော လုံခြုံရေး အတွေးအခေါ်ဖြင့် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ၎င်းတို့ကို ပထမနေရာမှ တားဆီးရန် ကြိုးစားခြင်းထက် ၎င်းသည် စာမျက်နှာများ၏ ကိုယ်ထည်တွင် မကြာသေးမီက ပေါင်းထည့်မှုများ၏ တရားဝင်မှုကို အတည်ပြုရန် နည်းလမ်းများကို ပံ့ပိုးပေးစဉ်တွင် ၎င်းတို့အား အလွန်ပွင့်လင်းစေသည်။ ဝီကီအများစုသည် မကြာသေးမီက တည်းဖြတ်မှုများ သို့မဟုတ် သတ်မှတ်အချိန်ဘောင်အတွင်း ပြုလုပ်ခဲ့သော တည်းဖြတ်မှုများစာရင်းကို ပြသသည့် မကြာသေးမီက အပြောင်းအလဲ စာမျက်နှာကို ပေးဆောင်သည်။ အချို့သော ဝီကီ များသည် "အသေးစား" အဖြစ် အသုံးပြုသူများ အလံတင်ထားသော တည်းဖြတ်မှုများနှင့် အလိုအလျောက် တည်းဖြတ်မှုများကို ဖယ်ရှားရန် စာရင်းကို စစ်ထုတ်နိုင်ပါသည်။ ဗားရှင်းမှတ်တမ်းအင်္ဂါရပ်သည် အန္တရာယ်ရှိသော အပြောင်းအလဲများကို လျင်မြန်လွယ်ကူစွာ ပြန်ပြောင်းနိုင်စေပါသည်။ အချို့သော ဝီကီ အင်ဂျင်များသည် အရည်အသွေးကို ထိန်းသိမ်းထားရန် စာမျက်နှာတစ်ခု၏ အဝေးမှ စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို ခွင့်ပြုသည့် အပိုအကြောင်းအရာထိန်းချုပ်မှုကို ပေးပါသည်။ စာမျက်နှာများကို ထိန်းသိမ်းလိုသူတစ်ဦးသည် ၎င်းတို့အား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် သတိပေးမည်ဖြစ်ပြီး အသစ်ထုတ်ဝေမှုများ၏ တရားဝင်မှုကို လျင်မြန်စွာ အတည်ပြုနိုင်စေမည်ဖြစ်သည်။ ထိုသို့သောအင်္ဂါရပ်ကို စောင့်ကြည့်စာရင်း ဟု မကြာခဏခေါ်သည်။ အချို့သော ဝီကီများသည် လိုအပ်သောအထောက်အထားများဖြင့် တည်းဖြတ်သူများသည် တည်းဖြတ်မှုများကိုတရားဝင်ကြောင်း အမှတ်အသားပြုထားသည့် ကင်းလှည့်ထားသော တည်းဖြတ်မှုများကိုလည်း လုပ်ဆောင်ပါသည်။ အလံပြထားသည့် တည်းဖြတ်မှု စနစ်သည် တည်းဖြတ်မှုများကို ပြန်လည်သုံးသပ်ခြင်းမပြုမချင်း တိုက်ရိုက်ထုတ်လွှင့်မှုကို တားဆီးနိုင်သည်။ Wikis သည် ဝဘ်ပေါ်ရှိ မည်သူမဆို ၎င်းတို့၏ အကြောင်းအရာကို ဆိုက်ပေါ်တွင် အကောင့်တစ်ခု မှတ်ပုံတင်ရန် ပထမဆုံး (အမည်မသိ တည်းဖြတ်ခြင်း) မလိုအပ်ဘဲ ၎င်းတို့၏ အကြောင်းအရာများကို တည်းဖြတ်ရန် ခွင့်ပြုနိုင်သည် သို့မဟုတ် ပါဝင်မှုအခြေအနေအရ မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အက်ဒမင်တစ်ဦးမှ စာမျက်နှာတစ်ခု သို့မဟုတ် စာမျက်နှာအုပ်စုတစ်စုကို အသုံးပြုသူအုပ်စုတစ်ခုသို့ တည်းဖြတ်ခြင်းကို ကန့်သတ်နိုင်သည့် အကောင်အထည်ဖော်မှုများတွင်၊ ၎င်းတို့တွင် စာရင်းသွင်းအသုံးပြုသူများအတွက် ၎င်းအား မှတ်ပုံတင်ခွင့်ပြုစဉ် အမည်မသိတည်းဖြတ်ခြင်းကို တားဆီးရန် ရွေးချယ်ခွင့်ရှိသည်။ အကြောင်းအရာများ၏ ယုံကြည်စိတ်ချရမှုနှင့် ယုံကြည်စိတ်ချရမှု လူသိရှင်ကြား တည်းဖြတ်နိုင်သော ဝီကီများကို ဝေဖန်သူများက ၎င်းတို့ကို ဆိုးဆိုးရွားရွား ပုဂ္ဂိုလ်များက အလွယ်တကူ သို့မဟုတ် အကြောင်းအရာထဲသို့ အမှားများကို မိတ်ဆက်သည့် ကောင်းစွာ အဓိပါယ်ရှိသော်လည်း ကျွမ်းကျင်မှုမရှိသော သုံးစွဲသူများကပင် ၎င်းတို့ကို အလွယ်တကူ အသုံးချနိုင်ကြောင်း ငြင်းခုံကြသည်။ အဆိုပါပြဿနာများကို wiki ၏အသုံးပြုသူအသိုင်းအဝိုင်းမှဖမ်းမိပြီး ပြင်ပေးမည်ဖြစ်ကြောင်း ထောက်ခံသူများက ဆက်လက်ထိန်းသိမ်းထားသည်။ အသုံးပြုသူများသည် ပုံမှန်အားဖြင့် သက်တူရွယ်တူ သုံးသပ်ထားသော ဂျာနယ်များ သို့မဟုတ် တက္ကသိုလ်ဖတ်စာအုပ်များကို အရင်းအမြစ်များအဖြစ် အသုံးပြုသည့် ဆေးပညာနှင့် ကျန်းမာရေးသိပ္ပံဆောင်းပါးများတွင် မြင့်မားသော တည်းဖြတ်မှုစံနှုန်းများက ကျွမ်းကျင်သူ-အကဲဖြတ်ထားသော ဝီကီအယူအဆကို ဖြစ်ပေါ်စေသည်။ Wiki မှ ဆောင်းပါးများ၏ သီးခြားဗားရှင်းများသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ထိန်းသိမ်းခြင်းနှင့် အကောင်အထည်ဖော်ခြင်းများသည် ကျွမ်းကျင်သူ မျိုးတူ သုံးသပ်သူများကို ၎င်းတို့ခွဲခြမ်းစိတ်ဖြာထားသော ဆောင်းပါးများ၏ ယုံကြည်စိတ်ချရသောဗားရှင်းသို့ လင့်ခ်များကို ပံ့ပိုးပေးခြင်းဖြင့် သိပ္ပံပညာအသိုင်းအဝိုင်းအတွက် အသုံးဝင်ပါသည်။ လုံခြုံရေး အကြောင်းအရာကို တမင်တကာ မှားယွင်းနေသည် သို့မဟုတ် လိမ်လည်လှည့်ဖြားမှု ၊ ရိုင်းစိုင်းသော အကြောင်းအရာ သို့မဟုတ် အဓိပ္ပါယ်မရှိသော အကြောင်းအရာကို ပေါင်းထည့်ထားသည် သို့မဟုတ် ညစ်ညမ်းစွာ ဖယ်ရှားခံရသည့် အကြောင်းအရာကို ဝီကီတွင် လိမ်လည်လှည့်ဖြားခြင်း နှင့် ဆိုက်ဘာဖောက်ပြန်ခြင်းများသည် အဓိကပြဿနာတစ်ခုဖြစ်နိုင်သည်။ ပိုကြီးသော ဝီကီဆိုက်များတွင် ထိုသို့သောပြောင်းလဲမှုများသည် ကာလကြာရှည်စွာ သတိမပြုမိစေရန် ဖြစ်နိုင်သည်။ ၎င်းတို့ကိုကာကွယ်ရန်အတွက် ပျော့ပျောင်းသောလုံခြုံရေးနည်းလမ်းကို အသုံးပြုခြင်းအပြင်၊ ကြီးမားသော wiki များသည် ဖျက်ဆီးမှုများကို အလိုအလျောက်ဖော်ထုတ်ပြီး ပြန်ပြောင်းပေးသည့် ဘော့တ်များကဲ့သို့သော ခေတ်မီဆန်းပြားသောနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့်၊ Wikipedia တွင်၊ bot ClueBot NG သည် အန္တရာယ်ဖြစ်နိုင်သောပြောင်းလဲမှုများကိုခွဲခြားသတ်မှတ်ရန် စက်သင်ယူမှု ကိုအသုံးပြုပြီး ယင်းအပြောင်းအလဲများကို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းအတွင်းပင် ပြန်ပြောင်းပေးသည်။ စာမျက်နှာများ၏ အကြောင်းအရာ သို့မဟုတ် အသွင်အပြင်နှင့်ပတ်သက်၍ အသုံးပြုသူများအကြား သဘောထားကွဲလွဲမှုများသည် တည်းဖြတ်မှုစစ်ပွဲများကို ဖြစ်စေနိုင်ပြီး၊ ပြိုင်ဖက်အသုံးပြုသူများသည် စာမျက်နှာတစ်ခုကို ၎င်းတို့နှစ်သက်သည့်ဗားရှင်းသို့ ပြန်ပြောင်းကာ ထပ်ခါတလဲလဲ ပြောင်းလဲလေ့ရှိသည်။ အချို့သော wiki ဆော့ဖ်ဝဲလ်သည် စာမျက်နှာများ၏ အသင့်လျော်ဆုံးဖြစ်မည့် စာမျက်နှာများကို ဆုံးဖြတ်ချက်မချမချင်း စာမျက်နှာများကို တည်းဖြတ်နိုင်ခြင်းမရှိစေရန် စီမံခန့်ခွဲသူများကို တားဆီးနိုင်စေပါသည်။ အချို့သော ဝီကီများသည် စနစ်သို့ဝင်ရောက်ခွင့်ရှိသူများ၏ အပြုအမူများကို ကိုင်တွယ်ဖြေရှင်းသည့် ပြင်ပဖွဲ့စည်းပုံများ၊ ဥပမာ ပညာရပ်ဆိုင်ရာ အကြောင်းအရာများတွင် ဖြစ်နိုင်ပါသည်။ အန္တရာယ်ရှိသော ပြင်ပလင့်ခ်များ ဝီကီအများစုသည် အခြားဆိုက်များနှင့် ဝန်ဆောင်မှုများသို့ ဟိုက်ပါလင့်ခ်များ ဖန်တီးခြင်းကို ခွင့်ပြုထားသောကြောင့် malware ကူးစက်ခံထားရသည့် ဆိုက်များကဲ့သို့သော အန္တရာယ်ရှိသော ဟိုင်ပါလင့်ခ်များ ထပ်တိုးခြင်းသည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ ဥပမာအားဖြင့်၊ 2006 တွင် Blaster Worm အကြောင်း ဂျာမန် Wikipedia ဆောင်းပါးကို အန္တရာယ်ရှိသော ဝဘ်ဆိုက်သို့ ဟိုက်ပါလင့်ခ်တစ်ခု ထည့်သွင်းရန် တည်းဖြတ်ခဲ့ပြီး လင့်ခ်ကို လိုက်နာသော အားနည်းသော Microsoft Windows စနစ်အသုံးပြုသူများသည် ၎င်းတို့၏စနစ်များ ပိုးကူးစက်ခံထားရသည်။ အချို့သော wiki အင်ဂျင်များသည် အသုံးပြုသူများအား wiki ၏ စီမံခန့်ခွဲသူများစာရင်းတွင် ထည့်သွင်းထားသော သီးခြားဆိုက်များသို့ ဟိုက်ပါလင့်ခ်များထည့်ခြင်းမှ တားဆီးပေးသည့် blacklist လုပ်ဆောင်ချက်ကို ပေးဆောင်ထားပါသည်။ ကိုးကား
သာသနဝံသ
သာသနဝံသကျောင်းတိုက်သည် ရတနာသီရိလမ်း၊ ပင်လုံလမ်း၊ စံပြလမ်းတို့၏ အကြားတွင်လည်းကောင်း၊ မြို့သစ်ရပ်ကွက် နှင့် ကြည်စုရပ်ကွက်တို့၏ အကြားတွင်လည်းကောင်း တည်ရှိ၍ ဒေါပုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည်။ ကျောင်းထိုင် ဆရာတော်မှာ ဘဒ္ဒန္တ မာနိတာဘိဝံသ (မဟာဂန္ထဝါစက ပဏ္ဍိတ၊ စေတီယင်္ဂဏ ဓမ္မာစရိယ၊ အစိုးရ ဓမ္မာစရိယ၊ ကမ္ဘာအေး န ပ သ ကထိက-အဘိဓမ္မာဌာန) ဖြစ်သည်။ ကျောင်းတိုက်တွင် ဝါဆိုသံဃာမှာ နှစ်စဉ် ၇၀/၈၀ခန့် ရှိသည်။ ကိုးကား Category:ရန်ကုန်တိုင်းဒေသကြီး Category:မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများ
ချင်းပြည်နယ်
ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ချင်းပြည်နယ်သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။ ရာသီဥတု တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်သည်။ ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။ အုပ်ချုပ်ရေး မြို့တော် ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်ကာ ချင်းပြည်နယ်ကို ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ချင်းပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ |ချင်းပြည်နယ်ရှိ ခရိုင်များ ခရိုင်ရှိမြို့နယ်များ ဟားခါးခရိုင်100pxဟားခါးမြို့နယ်ထန်တလန်မြို့နယ်ဖလမ်းခရိုင်100pxဖလမ်းမြို့နယ်တီးတိန်ခရိုင်100pxတီးတိန်မြို့နယ်တွန်းဇံမြို့နယ်မင်းတပ်ခရိုင်100pxမင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီခရိုင်100pxမတူပီမြို့နယ်ပလက်ဝခရိုင်100pxပလက်ဝမြို့နယ် မြို့​ပေါ်ရပ်ကွက်များ မြို့နယ်မြို့ရပ်ကွက်ကန်ပက်လက်မြို့နယ်ကန်ပက်လက်မြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်ကျင်ဒွေးမြို့ကျင်ဒွေးရပ်ကွက်ထန်းကုန်းရပ်ကွက်ဖုံးတွီကျင်းရပ်ကွက်ဟုတ်ပုံကျင်းရပ်ကွက်တွန်းဇန်မြို့နယ်ကျီခါးမြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်တွန်းဇန်မြို့ခေါလိုင် / ဂိုးဇန်ရပ်ကွက်ခေါဝုန် / လေးဆန်ရပ်ကွက်တီးတိန်မြို့နယ်ခိုင်ကမ်းမြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်အမှတ် (၃) ရပ်ကွက်အမှတ် (၄) ရပ်ကွက်တီးတိန်မြို့စကောလမ်းရပ်ကွက်မြို့မရပ်ကွက်လွယ်ဘွားလ်ရပ်ကွက်လေးလုမ်းရပ်ကွက်ထန်တလန်မြို့နယ်ထန်တလန်မြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်အမှတ် (၃) ရပ်ကွက်နှာဟရိန်မြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်ပလက်ဝမြို့နယ်ဆမီးမြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်အမှတ် (၃) ရပ်ကွက်ပလက်ဝမြို့ကင်ဝရပ်ကွက်မြို့မရပ်ကွက်ရွာမရပ်ကွက်ရိက္ခာရပ်ကွက်ဖလမ်းမြို့နယ်ဖလမ်းမြို့ကျင်မွာလ်ရပ်ကွက်ဇာလိုင်ရပ်ကွက်တလန်လိုရပ်ကွက်ဖာရ်ထောက်ရပ်ကွက်ဗလိုင်ရပ်ကွက်လိုင်ဇိုးရပ်ကွက်လိုင်လွန်ရပ်ကွက်လုံပီးရပ်ကွက်ရိခေါ်ဒါရ်မြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်ဝေဘူလမြို့ကျန်ဘာရီရပ်ကွက်မြို့မရပ်ကွက်မွာလ်ဇောလ်ရပ်ကွက်လုံးသပ်ရပ်ကွက်မင်းတပ်မြို့နယ်မကွီအိမ်နူးမြို့ကြုံလောင်းရပ်ကွက်ထိန်ပြုံးရပ်ကွက်ဗွီနူးရပ်ကွက်မကွီအိမ်နူးရပ်ကွက်မင်းတပ်မြို့စံပြရပ်ကွက်ဘဝသစ်ရပ်ကွက်အနောက်ရပ်ကွက်အရှေ့ ပြင်ရပ်ကွက်မတူပီမြို့နယ်မတူပီမြို့ခွာဘွေးရပ်ကွက်ငလားရပ်ကွက်စိန်ဘောင်ရပ်ကွက်လောင်ဗန်းရပ်ကွက်ရေဇွာမြို့မြို့မရပ်ကွက်မွာပီးရပ်ကွက်လောင်းရဲရပ်ကွက်အင်ရောရပ်ကွက်လိုင်လင်းပီမြို့အမှတ် (၁) ရပ်ကွက်အမှတ် (၂) ရပ်ကွက်ဟားခါးမြို့နယ်ဆူရ်ခွားမြို့ဆလုံပူးရပ်ကွက်ဆိုင်လိုသာရ်ရပ်ကွက်ဟားခါးမြို့ကျောဘုတ်ရပ်ကွက်ဈေးသစ်ရပ်ကွက်ဈေးဟောင်းရပ်ကွက်ပြည်တော်သာရပ်ကွက်မြို့သစ်ရပ်ကွက်မြို့ဟောင်းရပ်ကွက်ဟားခါးထာရ် (၁) ရပ်ကွက်ဟားခါးထာရ် (၂) ရပ်ကွက် မြို့နယ်(၉)ခု၊ မြို့ (၁၈)မြို့၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စု နှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိသည်။ အခြား မြို့ရွာများ လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၄.၇သိန်း နေထိုင်သည်။ ကယားပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေ အနည်းဆုံးပြည်နယ်ဖြစ်သည်။ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ (၁၃.၃)ဦးဖြစ်သည်။ လူ (၁၀၀)လျှင် (၇၉)ဦးမှာ ကျေးလက်တွင် နေထိုင်သည်။ ပညာရေး ၂၀၁၆ခုနှစ် နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သော ဟားခါးကောလိပ်အား ၂၀၂၀ပြည့်နှစ်တွင် တက္ကသိုလ်အဆက့် မြှင့်တင်ခဲ့သဖြင့် ပြည်နယ်၏ ပထမဆုံးသော တက္ကသိုလ်ဖြစ်လာသည်။၂၀၁၇ခုနှစ်တွင် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)လည်း တည်ရှိပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး)ကိုလည်း တည်ဆောက်လျက်ရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်) ခေါ်နူးစုမ်တောင်ထိပ် အသည်းပုံ ရိဒ်ရေကန် (Rih Lake)D.P.S. MYANMAR GUIDE MAP. 2000. မတူပီမြို့နယ် ဘုံတလာရေတံခွန် ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီဆင်စခန်း ကနေဒီတောင် အွေကျီး တနောင်းရေအိုင် Buanneel(ခေါ်)လင်မယားတောင် ဆက်သွယ်ရေး စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ဒေသထွက်ကုန်များ ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲ တွင်းထွက်များ အောက်ပါတို့မှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ချင်းပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။ စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက် ၁ စိုက်ပျိုးမြေဧရိယာ ဧက ၃၃၁၉၅၃ ၂ ဆည်တမံ ခု ၁ ၃ ကြိုးဝိုင်းတော စတုရန်းမိုင် ၆၄၅.၁၀ ၄ ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၁၃၃၅.၂၀ ၅ ကားလမ်း မိုင် ၁၆၇၀ ၆ပေ ၁၈၀အထက် တံတား စင်း ၅ ၇ စာတိုက်စခန်း ခု ၅၂ ၈ ကြေးနန်းရုံး ရုံး ၂၄ ၉ တယ်လီဖုန်းရုံး ရုံး ၃၀ ၁၀ မိုက္ကရိုဝေ့ဖ်စခန်း ခု ၆ ၁၁ ရေအားလျှပ်စစ်စက်ရုံ ရုံ ၁၀ ၁၂ တက္ကသိုလ်/ကောလိပ် ခု ၁ ၁၃ နည်းပညာတက္ကသိုလ် ခု ၁ ၁၄ ကွန်ပျူတာတက္ကသိုလ် ခု ၁ ၁၅ ပညာရေးကောလိပ်ခု၁ ၁၆ အခြေခံပညာကျောင်း ကျောင်း ၁၁၈၃ ၁၇ စက်မှုလက်မှုသိပ္ပံကျောင်း ကျောင်း ၁ ၁၈ ဆေးရုံ ရုံ ၂၄ ကိုးကား မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ် Category:မြန်မာနိုင်ငံပြည်နယ်များ
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် သည် ရခိုင်လူမျိုး တို့ အစဉ်တစ်စိုက်‌နေထိုင်သော ပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသည်။ သမိုင်း​​ကြောင်း ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ ဧရာဝတီ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။ ရခိုင်ပြည်နယ်အလံ 300px|thumbnail|right|ရခိုင်ပြည်နယ်အလံ ရခိုင်ပြည်နယ်အလံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့သည်၊၊ အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်သည်။ အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်သည်။ ရခိုင်ပြည်နယ်တံဆိပ် ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားသည်။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဘက်တွင် "ရခိုင်ပြည်နယ်"ဟု ရေးသားဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားသည်။ တည်နေရာနှင့် အကျယ်အဝန်း ရခိုင်ပြည်နယ်‌သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေးရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နှင့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။ ပထဝီဝင်အနေအထား ​မြေမျက်နှာသွင်ပြင် ရခိုင်ရိုးမတောင်တန်းသည် ပေ၃၀၀၀မြင့်ကာ ကမ်းရိုးတန်းနှင့်အပြိုင် သွယ်တန်းလာပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားသည်။ စွန်တောင်သည် ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ နတ်မြစ်၊ မယူမြစ်၊ကုလားတန်မြစ်၊ လေးမြို့မြစ်တို့ စီးဆင်းနေသည်။ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများနှင့် ကျွန်းငယ်များစွာ တည်ရှိသည်။ ရာသီဥတု ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄° ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇၀° ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁ လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆ လက်မ၊ စစ်တွေမြို့တွင် ၂၀၃ လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။ စစ်တွေမြို့ အုပ်ချုပ်​ရေး မြို့တော် ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ |ရခိုင်ပြည်နယ်၏ ခရိုင်များ စစ်တွေခရိုင် မောင်တောခရိုင် ကျောက်ဖြူခရိုင် သံတွဲခရိုင် မြောက်ဦးခရိုင် အမ်းခရိုင် တောင်ကုတ်ခရိုင် မြို့နယ်များ စစ်တွေခရိုင်စစ်တွေမြို့နယ်ပုဏ္ဏားကျွန်းမြို့နယ်ပေါက်တောမြို့နယ်ရသေ့တောင်မြို့နယ်မောင်တောခရိုင်မောင်တောမြို့နယ်ဘူးသီးတောင်မြို့နယ်ကျောက်ဖြူခရိုင်ကျောက်ဖြူမြို့နယ်ရမ်းဗြဲမြို့နယ်အမ်းခရိုင်အမ်းမြို့နယ်တောင်ကုတ်ခရိုင်တောင်ကုတ်မြို့နယ်မာန်အောင်မြို့နယ်သံတွဲခရိုင်သံတွဲမြို့နယ်ဂွမြို့နယ်မြောက်ဦးခရိုင်မြောက်ဦးမြို့နယ်ကျောက်တော်မြို့နယ်မင်းပြားမြို့နယ်မြေပုံမြို့နယ် မြို့များ မောင်တောမြို့နယ်တွင် မောင်တောမြို့၊ တောင်ပြိုလက်ဝဲမြို့၊ ခမောင်းဆိပ်မြို့နှင့် မြင်းလွှတ်မြို့တို့ ပါဝင် အမ်းမြို့နယ် ပါဝင်သော မြို့များမှာ အမ်းမြို့နှင့် တပ်တောင်မြို့တို့ ပါဝင် တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်မြို့၊ မအီမြို့ နှင့် တန်းလွဲရာမမြို့တို့ ပါဝင်ပြီး ဂွမြို့နယ်တွင် ဂွမြို့နှင့် ကျိန္တလီမြို့တို့ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင် ခရိုင် (၇)ခု၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၆) မြို့၊ ရပ်ကွက် (၁၇၀)၊ ကျေးရွာအုပ်စု (၁၀၃၅)။ ရွာပေါင်း (၃၇၃၈) ရှိသည်။ နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆) လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၁သန်း နေထိုင်ကြသည်။ ရခိုင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၈၆.၇ဦးဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူ၁၀၀လျှင် ၈၃ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ဘာသာတရား ရခိုင်ပြည်နယ်တွင်အကြီးဆုံးဘာသာတရားသည်ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးရခိုင်ပြည်နယ်လူဦးရေ၏၉၀%ကိုးကွယ်သည်။အစ္စလာမ်၇%ထို့ပြင်ခရစ်ယာန်၁.၅%၊ဟိန္ဒူ၀.၅%၊နတ်ကိုးကွယ်၀.၁%၊ဘာသာမဲ့သို့မဟုတ် အခြား၁%တို့ကိုလည်းကိုးကွယ်ကြသည်။ရခိုင်ပြည်နယ်တွင်အစ္စလာမ်ဘာသာကို ကမန်လူမျိုးတို့ကအဓိကကိုးကွယ်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ရခိုင်ပြည်နယ်၏ကုန်းလမ်းဆက်သွယ်ရေးမှာလွန်စွာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည်။ ကုန်းလမ်းဆက်သွယ်ရေးမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း နှင့် မာန်အောင် တို့တွင် လေယာဉ်ကွင်းရှိသည်။ စစ်တွေ-ရန်ကုန် ကားလမ်းမှာနှစ်လမ်းသွားကွန်ဂရစ်လမ်းကျဉ်းဖြစ်ပြီးမိုးရာသီရောက်လျှင်ကားဘီးများချော်သည်၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမှာလည်းထိုနည်းတူဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် တစ်နှစ်ထက်တစ်နှစ် အနည်းငယ်စီ တိုးတက်လာလျက် ရှိသည်ဆိုသော်လည်း တခြားပြည်နယ် တိုင်းဒေသကြီးနဲ့ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုလွန်စွာနောက်ကျနေဆဲဖြစ်သည်။ စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စာပေ ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်သည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။ မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏- အောက်အာကာဗွီ၊ ဝါယောထွီ၍ ရီထက်ကားမြီ၊ မြီထက်လီနှင့် ပထဝီဟု၊ ထူထု နှစ်သိန်း၊ လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ ညီစွာဝန်းလည်၊ ကျောက်တိတည်ကား ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။ ယဉ်ကျေးမှု မယိမ်တက် ရခိုင်သမက်တက် ရိုးရာဓလေ့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ကုန်းပြိုင်လောင်းပြိုင်ပွဲ သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ ပန်းရထားဆွဲပွဲ တလားပွဲတော် ရခိုင်ရိုးရာနတ်ပွဲများ ပညာ​ရေး တက္ကသိုလ်နှင့် ကောလိပ်များ စစ်တွေတက္ကသိုလ် စစ်တွေနည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကျောက်ဖြူပညာရေးဒီဂရီ နည်းပညာတက္ကသိုလ် (ကျောက်ဖြူ) အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) တောင်ကုတ်တက္ကသိုလ် နည်းပညာကောလိပ်(တောင်ကုတ်)ဆောက်လုပ်ဆဲ သူနာပြုတက္ကသိုလ်(တောင်ကုတ်)ဆောက်လုပ်ဆဲ အစိုးရစိုက်ပျိုးရေးတက္ကသိုလ်(ဆောက်လုပ်ဆဲ) စီးပွား​ရေး ဒေသထွက်ကုန်များ ရခိုင်ကမ်းလွန်တွင် သဘာဝ ဓာတ်ငွေ့ထွက်ပြီး Shell၊ Total၊ Daewoo၊ Woodside အစရှိသည် နိုင်ငံခြားကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်။ ရခိုင်ပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံး၏ စွမ်းအင်တူးဖော်ထုတ်လုပ်မှုမှရရှိသော အခွန်ဘဏ္ဍာငွေ၏ အရင်းအမြစ်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု နှုန်း ၄၁.၆ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ ဓနီ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။ တွင်းထွက် ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ ရှိသည်။ ရမ်းဗြဲကျွန်းနှင့် မိုးစည်ကျွန်းတို့တွင် ရေနံအနည်းငယ်ထွက်သည်။ တောင်ကုတ်မြို့နယ် နေပူတောင်မှ စကျင်ကျောက် ထွက်သည်။ စိတ်ဝင်စားဖွယ် နေရာများ မြောက်ဦးနန်းတော်ရာ နှင့် ဘုရားပုထိုးများ ငပလီကမ်းခြေ အပန်းဖြေစခန်း နှင့် ကမ်းသာယာကမ်းခြေ ဦးရာဇ်တော်ဓာတ်စေတီ ဓညဝတီမြို့ဟောင်းနှင့် ကျောက်တော်မဟာမုနိဘုရား ဝေသာလီဘုရားကြီး နှင့် ဝေသာလီမြို့ဟောင်း ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း(စစ်တွေ) မြေပုံမြို့နယ် အငူကမ်းခြေ မြေငူကျွန်းရှိဆံတော်ရှင်စေတီနှင့် ကမ်းခြေ လေးချမ်းတောင်(မီးပြတိုက်) ငှက်ခေါင်းတောင် ပန်းနံ့သာကျွန်း မအီစက်တော်ရာ ပုဏ္ဏားကျွန်းမြို့ရှိဂူဝဘုရား ပေါက်တောမြို့ရှိဘုရားကြီး၊တောင်းဖူး၊တောင်ညို နတ်ကန်ကျွန်းရှိ ငှက်ဆင်တောင်ဘုရား သံတွဲမြို့ရှိ ဆံတော်တောင်၊နံတော်တောင်၊အံတော် တောင်ဘုရားများ သံတွဲ(ဇလွန်မြို့)ရှိနှစ်ဆူမြှောက်ဖြစ်သော ရွှေသားအတိဖြစ်တော်မူသော ဆရာတော်ဘုရားကြီးများ၏ မသေနိုင်သော ရုပ်ကလာပ်များ တန်းလွဲရွာမမြို့ရှိ ပေါ်တော်မှု ရုပ်ပွားတော်မြတ် တောင်ကုတ်မြို့နယ်ရှိ ပန်းမြောက်တောင်ဘုရား တောင်ကုတ်မြို့နယ်ရှိ ကွင်းစမ်းရေတံခွန် ကုလားရောင်ကမ်းခြေ ခေါင်းလောင်းတူကမ်းခြေ ပန်းတင်ကမ်းခြေ မြပြင်ကမ်းခြေ ရခိုင်ပြည်နယ်ရှိ ကျွန်းများ ဖရုံကာကျွန်းများ ရမ်းဗြဲကျွန်း မာန်အောင်ကျွန်း ပန်းထော်ကျွန်း စကုကျွန်း ပဒင်းကျွန်း ကုလရောင်ကျွန်း ဖောင်းခါးကျွန်း မကျည်းကျွန်း ရဲကျွန်း တိုက်ကျွန်း ခရိုင်ကျွန်း နတ်ကန်ကျွန်း သူဌေးကျွန်း ပုလဲကျွန်း လှံတပစ်ကျွန်း အုန်းကျွန်း ကိုးကား Category:မြန်မာနိုင်ငံပြည်နယ်များ
ကရင်ပြည်နယ်
ကရင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခု ဖြစ်သည်။မြို့တော် မှာ ဘားအံမြို့ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။ သမိုင်းကြောင်း ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။ ပထဝီဝင်အနေအထား မြေမျက်နှာသွင်ပြင် ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ ဘားအံမြို့နယ်တွင်မူ ဇွဲကပင်စသော တောင်တန်းများတည်ရှိရာ ဒေသမှတပါး ကျန်ရှိသော မြေမျက်နှာပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ မြစ်ချောင်းများ စီးဆင်းရာဒေသ ဖြစ်သည်။ ကရင်ပြည်နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။ ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေဖြစ်၍ ကရင်ပြည်နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ဘားအံမြို့နယ်ဖြစ်သည်။ ရာသီဥတု ပူပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။ အုပ်ချုပ်ရေး မြို့တော် ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဝန်ကြီးချုပ်ရုံးသည် ဘားအံမြို့တွင် ရုံးစိုက်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဟူ၍ အမည်ထပ်မံပြောင်းလဲလိုက်သည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ စ၍ ကရင်ပြည်နယ်၏ ဥပဒေပြုရေးအာဏာကို နစက မှ ထိန်းချုပ်လိုက်သည်။ တရားစီရင်ရေး ကရင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ခရိုင်များ ကရင်ပြည်နယ်တွင် ခရိုင်(၆)ခု ရှိသည်။ ကရင်ပြည်နယ်အတွင်းရှိ တရားဝင်တည်ဆဲ မြို့ပေါင်း(၁၈)မြို့၏ တည်နေရာများ ဘားအံမြို့ မြဝတီမြို့ ကော့ကရိတ်မြို့ ဖာပွန်မြို့ သံတောင်ကြီးမြို့ လှိုင်းဘွဲ့မြို့ ကြာအင်းဆိပ်ကြီးမြို့ သံတောင်မြို့ လိပ်သိုမြို့ ဘောဂလိမြို့ ပိုင်ကျုံမြို့ ရှမ်းရွာသစ်မြို့ စုကလိမြို့ ဝေါလေမြိုင်မြို့ ကျုံဒိုးမြို့ ဘုရားသုံးဆူမြို့ ကျိုက်ဒုံမြို့ ကမမောင်းမြို့ ၂၀၂၁ခုနှစ်တွင် ကရင်ပြည်နယ်၌ မြို့နယ် (၇)မြို့နယ်၊ မြို့ (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၈၆) ကွက်၊ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ရွာပေါင်း (၂၀၉၇) ရွာ ရှိသည်။ နောင်မြလွဲရွာ( ဏိင့်မျလွဲတွါန်) လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ ၃.၅သန်း နေထိုင်ကြသည်။ ကရင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၅၁.၈ဦးဖြစ်သည်။ လူမျိုး ကရင်တိုင်းရင်းသား ဒေသခံလူမျိုးများမှာ အရှေ့ပိုးကရင်၊ စကောကရင်၊ ပလေချီး (ပလေကီး)၊ တလေပွာကရင် (တလှေပွာ)၊ ပကူးကရင်၊ ဘွဲကရင်၊ မောနေပွာကရင်၊ ကရင်ဖြူ၊ အနောက်ပိုးကရင်၊ ထိုကလိဘောင်ကရင် တို့ ဖြစ်ကြသည်။ ဘာသာ​ရေး ကရင်ပြည်နယ်တွင် အများဆုံး ကိုးကွယ်သည့်ဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ ဖြစ်သည်။ ကရင်အမျိုးသားများသည် ယုံကြည်ကိုးကွယ်မှုတွင် နတ်သည် အဓိကနေရာမှ ပါဝင်သည်။ ဘာသာရေးအယူဝါဒအနေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည်တို့ကို ယုံကြည်ကိုးကွယ်ကြသော်လည်း ရိုးရာနတ် အယူဝါဒကို စွဲမြဲယုံကြည်ကြသည်။ နတ်စားကရင် အမျိုးသားတို့က မြစ်၊ ချောင်း၊ တော၊ တောင်၊ သစ်ပင်၊ မုန်တိုင်း၊ မိုးကြိုး၊ နေ၊ လ စသော အရာများသည် မြင့်မြတ်ကြီးကျယ်သော တန်ခိုးတော် များကို ပိုင်ဆိုင်ကြပြီး တန်ခိုးရှိသော နတ်တို့၏ မှီခိုရာဖြစ်သည်ဟု ယူဆကြသည်။ ယင်းတို့က လူတို့၏ ပူဇော်ပသမှုကို နှစ်သက်ခံယူလိုကြသည် ဟူ၍လည်း ယုံကြည်ကြသည်။ ကရင်အမျိုးသားများ၌ ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်လာခဲ့သော ရိုးရာနတ်များရှိသည်။ ယင်း တို့မှာ ဒူဝေရိုးရာနတ်၊ 'အောင်ခွဲ (အန်ဃှိုင်း)ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်းဇို ကလပ်)ခေါ် ပန်းရိုးရာနတ်သို့မဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်)ခေါ် ဘိုးဘိုးကြီးနတ်နှင့် ဒေသဆိုင်ရာနတ် ဟုခေါ်သော ရုက္ခစိုးနတ်စသည်တို့ဖြစ်ကြသည်။ ဘာသာစကား၊စာပေ ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်၊ ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။ ဝတ်စားဆင်ယင်မှု right | | ကရင်အမျိုးသမီးများ ကရင်လူမျိုးတို့သည် မိရိုးဖလာရိုးရာအဝတ်အစားကိုစွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကြသည်။ မျက်မှောက်အခါတွင်လည်း အချို့ဒေသတွင် နေ့စဉ်ဓူဝ ဝတ်ဆင်ကြသေးသည်ကိုလည်း တွေ့ရသည်။ မကြာသေးသော နှစ်ကာလအတွင်းက အနောက်ပိုးကရင်ဝတ်စုံများကဲ့သို့ သင်တိုင်းဝတ်စုံရှည် အဝတ်အစားကို ပွဲတော်ရက်များတွင် ဝတ်ဆင်လာကြသည်> ပညာရေး ကွန်ပျူတာတက္ကသိုလ်(ဘားအံ) နည်းပညာတက္ကသိုလ်(ဘားအံ) ဘားအံပညာရေးဒီဂရီကောလိပ် ဘားအံတက္ကသိုလ် စိုက်ပျိူးရေးသိပ္ပံ (ဇွဲကပင်) အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ကရင်ဆေးကောလိပ် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း စီးပွားရေး ဒေသထွက်ကုန်များ ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊ကော်ဖီ၊လက်ဖက်၊ပြောင်း ထွက်ရှိသည်။ ဖွံ့ဖြိုးမှု အချက်အလက်များ အောက်ပါတို့မှ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ကရင်ပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။ စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက် ၁ စိုက်ပျိုးမြေဧရိယာ ဧက ၉၉၁, ၃၁၅ ၂ မြစ်ရေတင်လုပ်ငန်း ခု ၇ ၃ ကြိုးဝိုင်းတော စတုရန်းမိုင် ၁၇၅၂.၃၂ ၄ ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၁၇၃၃.၄၇ ၅ ကားလမ်း မိုင် ၃၁၂၉ မိုင် ၆ ပေ ၁၈၀အထက် တံတား စင်း ၁၇ ၇ စာတိုက်စခန်း ခု ၃၇ ၈ ကြေးနန်းရုံး ရုံး ၁၅ ၉ မိုက္ကရိုဝေ့ဗ်စခန်း ခု ၈ ၁၀ အသေးစားရေအားလျှပ်စစ် ရုံ ၈၉ ၁၁ နိုင်ငံပိုင်စက်ရုံ ရုံ ၇ ၁၂ ပုဂ္ဂလိကစက်ရုံ ရုံ ၅၈၆ ၁၃ အခြေခံပညာကျောင်း ကျောင်း ၁၃၃၈ ၁၄ တက္ကသိုလ်၊ ကောလိပ် ခု ၂ ၁၅ နည်းပညာတက္ကသိုလ် ခု ၁ ၁၆ ကျွန်ပျူတာတက္ကသိုလ် ခု ၁ ၁၇ ဆေးရုံ ရုံ ၂၆ ၁၈ တယ်လီဖုန်းရုံး ရုံး ၂၄ စိတ်ဝင်စားဖွယ်နေရာများ ဇွဲကပင်တောင် ဇွဲကပင်ဆံတော်ရှင်စေတီတော် ဆဒ္ဒန်ဂူ ဘုရင့်ညီဂူ ကော့ဂွန်းဂူ ကော့ကသောင်ဂူ ရသေ့ပျံဂူ နောင်ခလိုင်ဂူ ကြောင့်ကမ်လာဘ်စေတီတော် တောင်ဝိုင်းတောင် ကြာအင်းတောင် ဖားပုတောင် ချစ်သူမြိုင်ပန်းခြံ ဘားအံ သံတောင်ကြီး ပသိချောင်း နော်ဘူဘောဆုတောင်းတောင် သံတောင်ကြီးရေပူစမ်း ပသိဆည် ပဒုံဂူ၊ လှိုင်းဘွဲ့ ကျုံထော်ရေတံခွန် ရေဘုတ်ဆည်၊ လှိုင်းဘွဲ ပရေကြေတိုရေတံခွန်၊ ရှမ်းရွာသစ် D.P.S. MYANMAR GUIDE MAP. 2000. စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာ ကရင်လူမျိုးများတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ကိုယ်ပိုင်စာပေဖြင့် ရှေးယခင်ကတည်းကနေထိုင်လာသည့်လူမျိုးဖြစ်သည်။ ကရင်လူမျိုးများ၏ အထိမ်းအမှတ်သင်္ကေတမှာ - "ဖားစည်" ဖြစ်သည်။ "ဒုံးအက" သည် ကရင်လူမျိုး၏ ယဉ်ကျေးမှုအကတစ်ခုဖြစ်ပါသည်။ |Karen Traditional Done Danceဖၠုံဆိုဒ်ဖေါဟ်တုံႋဆ်ုၰီ့လာဆ်ုထုင်းလီႋအါင်တုံႋ ဝါခေါင်လတွင် ကရင်လူမျိုးများ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော "ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲ (သို့မဟုတ်)ခြည်ဖြူဖွဲ့မင်္ဂလာ" ကို ကရင်ပြည်နယ်ရှိနေရာတိုင်းတွင်ကျင်းပကြပါသည်။ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်လူမျိူးများ၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့၊ နှစ်သစ် မင်္ဂလာ"ကောက်သစ်စားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကျသည်။ နိုဝင်ဘာလ (၇) ရက်နေ့သည် "ကရင်ပြည်နယ်နေ့" ဖြစ်ပြီး ကရင်ပြည်နယ် "ဘားအံမြို့" သီရီကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကျပြီး ဈေးရောင်းပွဲတော်များ၊ပြခန်းများ၊ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ကရင့်ရိုးရာယဥ်ကျေးမှုဒုံးအကပြိုင်ပွဲများကို နိုဝင်ဘာလ (၅) (၆) (၇) (၈)(၉) (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့သည် ကရင်အမျိုးသားနေ့ ဖြစ်ပါသည်။ကရင် သြဂုတ်လ (၁၂) ရက်နေ့သည် ကရင်အမျိုးသားအာဇာနည်နေ့ ဖြစ်ပါသည်။ တွင်းထွက်များ ကိုးကား Category:မြန်မာနိုင်ငံပြည်နယ်များ
မွန်ပြည်နယ်
မွန်ပြည်နယ် () သည် မြန်မာနိုင်ငံရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ပြည်နယ်၏ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အနည်းငယ် ထိစပ်လျက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။ သမိုင်းကြောင်း မွန်ပြည်နယ် ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် ၆ မြို့နယ်ဖြင့် လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် ၄ မြို့နယ်ဖြင့် လည်းကောင်း တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၂ အဖြစ်လည်းကောင်း သတ်မှတ် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ကောင်စီ ကာလ ၁၉၇၄ ခုနှစ်တွင် တနင်္သာရီတိုင်းအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ တည်နေရာ နှင့် အကျယ်အဝန်း မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂မိနစ် နှင့် ၁၇ ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁မိနစ် နှင့် ၉၈ ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။ MODiNS [ Myanmar Online Information ] အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၄၇၄၇.၇၆)၊ ဧကအားဖြင့် (၃၀၃၈၅၆၄) ကျယ်ဝန်းသည်။ အရှေ့အနောက် (၁၂၇)မိုင် ကျယ်ဝန်းပြီး တောင်မြောက်(၁၄၁.၈၈)မိုင်ရှည်လျားသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော မွန်ပြည်နယ်၏ အနောက်ဘက် နယ်နိမိတ်ကို ကပ္ပလီပင်လယ်၊ မြောက်ဘက်ကို ပဲခူး၊ အရှေ့ဘက်ကို ကရင် နှင့် တောင်ဘက်ကို တနင်္သာရီတို့က ဝိုင်းရံလျက်ရှိသည်။ မွန်ပြည်နယ်သည် စတုရန်းကီလိုမီတာ ၁၂၂၉ ကျယ်ဝန်းပြီး၊ မြို့နယ် ၁ဝ မြို့နယ်ပါဝင်ကာ၊ မော်လမြိုင်သည် မြို့တော်ဖြစ်သည်။ လူဦးရေမှာ ၂.၁၂ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ စတုရန်း ၁ ကီလိုမီတာလျှင် လူဦးရေ သိပ်သည်းမှုနှုန်း ၁၇၂ ဦးရှိသည်။ လူဦးရေ၏ ၂၃% သည် မြို့ပြ ဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၇% မှာ ကျေးလက် ဒေသများတွင် နေထိုင်ကြသည်။ Myanmar Information Management Unit (MIMU) အုပ်ချုပ်ရေး မြို့တော် မွန်ပြည်နယ်၏မြို့တော်မှာ မော်လမြိုင်မြို့ဖြစ်သည်။ကားလမ်း ရေကြောင်းလမ်း လေကြောင်းလမ်း မီးရထားလမ်းများဆုံရာမြိူ့ ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်ကာ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်နယ်အား အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး မွန်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ခရိုင်များ 391x391px မွန်ပြည်နယ်တွင် ခရိုင် (၄)ခု ရှိသည်။ သထုံခရိုင် မော်လမြိုင်ခရိုင် ရေးခရိုင် ကျိုက်ထိုခရိုင် မြို့နယ်များ မော်လမြိုင်ခရိုင်မော်လမြိုင်မြို့နယ်ကျိုက်မရောမြို့နယ်ချောင်းဆုံမြို့နယ်သံဖြူဇရပ်မြို့နယ်မုဒုံမြို့နယ်ရေးခရိုင်ရေးမြို့နယ်သထုံခရိုင်သထုံမြို့နယ်ပေါင်မြို့နယ်ကျိုက်ထိုခရိုင်ကျိုက်ထိုမြို့နယ်ဘီးလင်းမြို့နယ် မြို့များ ရေးမြို့နယ်တွင် ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့ တို့ပါဝင် ပေါင်မြို့နယ်တွင် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့တို့ ပါဝင် မွန်ပြည်နယ်တွင် ခရိုင် (၄)ခု၊မြို့နယ် (၁၀) ခု၊ မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။ နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆) လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေ ၂သန်း နေထိုင်ကြသည်။မွန်လူမျိုး၃၈.၆%၊ဗမာလူမျိုး၃၅.၇%၊ကရင်လူမျိုး၁၄.၂%၊အခြား၇.၂%အသီးသီးနေထိုင်ကြပါသည်။မော်လမြိုင်ခရိုင်သည်မွန်လူမျိုးအများဆုံးနေထိုင်ပြီး၊သထုံခရိုင်သည် ဗမာလူမျိုးအများဆုံးနေထိုင်သည်ကိုတွေ့ရသည်။မွန်ပြည်နယ်မြောက်ပိုင်းသည် ဗမာလူမျိုးအများဆုံးနေထိုင်ကြသည်။ဘီးလင်းမြို့နယ်သည် ဗမာလူမျိုးအများဆုံးမြို့နယ်ဖြစ်ပြီးရေးမြို့နယ်သည်လည်း မွန်လူမျိုးအများဆုံးဖြစ်သည်။မွန်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၆၇ဦးဖြစ်သည်။ ရန်ကုန်၊မန္တလေးနှင့် ဧရာဝတီတိုင်းတို့ပြီးလျှင် စတုတ္ထမြောက် လူဦးရေ အသိပ်သည်းဆုံးဖြစ်သည်။ မွန်ပြည်နယ်တွင် လူ၁၀၀လျှင် ၇၂ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ပညာရေး မော်လမြိုင်တက္ကသိုလ် နည်းပညာတက္ကသိုလ်(မော်လမြိုင်) မော်လမြိုင်ပညာရေးကောလိပ် ကွန်ပျူတာတက္ကသိုလ်(သထုံ) အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) စိုက်ပျိုးရေးသိပ္ပံ(သထုံ) ဆက်သွယ်ရေး နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။ |အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုန်းများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝန်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ ခုတိတိ ရှိသည်။ မွန်ပြည်နယ်တွင် ဆက်သွယ်ရေးအတွက် မိုဘိုင်းအသုံးပြုနိုင်သော ကွန်ရက်များမှာ MPT, Telenor, Ooredoo, Mytel, MEC တို့ဖြစ်ကြသည်။ ထို့အပြင် အင်တာနက်ဆက်သွယ်ရေးအတွက် MPT, Telenor နှင့် Ooredoo တို့မှလည်း အင်တာနက်ဆက်သွယ်ရေးကို FTTH လိုင်းသာမက Wireless Broadband များဖြင့်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။ စီးပွားရေး ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပင်လယ်ပြင်ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် နှစ်ရှည်သစ်တောထွက် သီးနှံပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။ ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊ ဘီးလင်း တာယာစက်ရုံ၊ သံဖြူဇရပ်ရာဘာစက်ရုံ၊ သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။ တွင်းထွက်များ ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖော်ရရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ ကျိုက်ထီးရိုးဘုရား ကျိုက်ထို ကျိုက္ခမီရေလယ်ဘုရား သံဖြူဇရပ် ကျိုက်သံလန်စေတီတော်မော်လမြိုင် စက်စဲကမ်းခြေ အပန်းဖြေစခန်းသံဖြူဇရပ် သံဖြူဇရပ် စစ်သင်္ချိုင်း သေမင်းတမန် ရထားလမ်း ကဗျာဝကမ်းခြေရေးမြို့နယ် ချောင်းနှစ်ခွ အပန်းဖြေစခန်း ဝဲကလိရေပူစမ်း ဗျိုင်းနှစ်ကောင် ပေါ်တော်မူဘုရား ရွာလွတ် ကမ္ဘာ့အကြီးဆုံးဆေးတံ အလံတစ်ရာစေတီတော် သထုံ မဲလံ ဆံတော်ရှင် ဘီးလင်း မြသပိတ်တောင် စေတီတော် သထုံ Water World ရေလှိုင်းကမ္ဘာ ရွှေစာရံစေတီတော် သထုံ ကိုးကား Category:မြန်မာနိုင်ငံပြည်နယ်များ
ရှမ်းပြည်နယ်
ရှမ်းပြည်နယ် () သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး) ပြည်နယ်ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်ခဲ့သော နယ်များအား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ ပေါက်ဖွားလာသောအခါ ပြည်ထောင်စု အခြေခံဥပဒေအပိုဒ် ၅ အရ အဆိုပါ နယ်များတွင် "ဝ"နယ်များကို ပူးပေါင်း၍ ရှမ်းပြည်နယ်ဟု သတ်မှတ်ပိုင်းခြားခဲ့သော နယ်များကို ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိ၍ အကြီးဆုံးပြည်နယ်လည်း ဖြစ်၏။ ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း တောင်စခန်းတို့ဖြင့် သာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ မှ ၂၂ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၆မိနစ် မှ ၉၈ ဒီဂရီ ၄၇မိနစ် အတွင်းတည်ရှိသည်။ ထိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိပြီးလျှင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပြည်မ၏အရှေ့ဘက်၌ရှိသော ထိုပြည်နယ်သည် အကြမ်းဖျင်းအားဖြင့် ပဉ္စဂံပုံ ရှိလေရာ အနောက်ဘက်ရှိ ပြည်မ၏ လွင်ပြင်ဒေသများကို ပဉ္စဂံ၏ အခြေပြုထားကာ အရှေ့ဘက်ရှိ မဲခေါင်မြစ် (လာအိုနိုင်ငံ) ပေါ်တွင် ပဉ္စဂံ၏ ထိပ်ဖျားကျရောက်နေလေသည်။ ရှမ်းပြည်နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဘက်တွင် ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ဖြင့် ဝိုင်းရံလျက် ရှိသည်။ ထိုပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂ဝ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် နှင့် ၁ဝ၁ ဒီဂရီ ၉ မိနစ်တို့၏ အကြား၌ တည်ရှိလေသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၇၀ရာခိုင်နှုန်းကို မူဆယ်မြို့နယ် မှ ရရှိသည်။ ပထဝီဝင် မြေမျက်နှာသွင်ပြင် ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း၊ တောင်စခန်းတို့ဖြင့် သာတောင့်သာယာ ရှိပေသည်။ ဧရာဝတီမြစ်ရိုး တစ်ခုဆီမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်ဟု အများခေါ်ဆိုကြသော တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ရှမ်းရိုးမတောင်ဟု ခေါ်ဆိုနေကြသော်လည်း စင်စစ် ရှမ်းပြည်နယ်တစ်ခုလုံးသည် ကုန်းပြင်မြင့် ဖြစ်လေသည်။ ရှမ်းကုန်းပြင်မြင့်သည် ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်မှ ပေ ၃ဝဝဝ-၄ဝဝဝ ကျော်အထိ မြင့်ပြီးလျှင် နေရာ ဒေသများစွာတို့၌ မြေမျက်နှာပြင်သည် လှိုင်းအိထိုးနေဘိသကဲ့သို့ နိမ့်တုံမြင့်တုံ ဖြစ်နေလေသည်။ အရှေ့ဘက်ပိုင်း ကုန်းမြေမြင့်သည် အနောက်ဘက်ပိုင်းထက် ပို၍မြင့်သည်။ အမြင့်ဆုံးအပိုင်းသည် လားရှိုး၏ အနောက်တောင်ဘက်ပိုင်း ဖြစ်သည်။ ကုန်းမြေမြင့်မျက်နှာပြင်သည် သိန္နီနယ်၏ အလယ်ပိုင်းခန့်မှ စ၍ မန္တလေးခရိုင် အထက်နားရှိ တောင်ကုန်းဒေသသို့တိုင်အောင် ကျယ်ပြန့်သွားသော်လည်း မိုးနဲနယ်နှင့် မောက်မယ်နယ်စပ်သို့ အရောက်တွင်မူ ကျဉ်းမြောင်းသွားလေသည်။ တောင်ရိုးတောင်တန်းတို့သည် ရှမ်းပြည်မြောက်ပိုင်း အချို့ ဒေသများတွင် အရှေ့နှင့်အနောက်တန်းလျက် ရှိသည်မှ လွဲ၍ ပြည်နယ်တစ်ခုလုံး၌ များသောအားဖြင့် တောင်နှင့်မြောက် တန်းလျက်ရှိကြလေသည်။ တောင်ထိပ်များသည် ပေ ၆ဝဝဝ မှ ၈ဝဝဝ ကျော်အထိ မြင့်ကြ၍ အမြင့်ဆုံးတောင်ထွတ်သည် တောင်သိန္နီနယ် အတွင်းရှိ ပေပေါင်း ၈၇၇၇ မြင့်သော လွယ်လိန်းတောင်ထွတ်ဖြစ်သည်။ အခြားမြင့်မားသော တောင်ထွတ်များမှာ မြောက်သိန္နီနယ်အတွင်းရှိ လျန်ရှန်၊ ကျိုင်းတုံနယ်အရှေ့ပိုင်းရှိ လွယ်ပန်နောင်၊ မိုင်းကိုင်နယ်အတွင်း ရှိ လွယ်စန့်နှင့် လွယ်လမ် စသည်တို့ ဖြစ်ကြ၍ ပေ ၈ဝဝဝ ကျော် မြင့်ကြပေသည်။ ပင်းတယနယ်အတွင်းမှ မဲနယ်တောင်တန်းရှိ အရှေ့မြင် အနောက်မြင်တောင်ထွတ်သည် ၇၆၇၈ ပေ မြင့်သည်။ ထို့ပြင် နမ့်တမ်ဖတ် ချောင်းဝှမ်းနှင့် နမ့်ပွန်ချောင်းဝှမ်းကို ခြားလျက်ရှိသော လွယ်မောနှင့် လွယ်မောင်ဟု ခေါ်သည့် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်ရှိသော တောင်မြင့်ကြီးများလည်း ရှိပေသေးသည်။ ကလောမြို့အနီးရှိ ဆင်တောင်နှင့် မြင်းမထိတောင်တို့သည် ပေ ၅ဝဝဝ ကျော် မြင့်ကြလေသည်။ မြစ်ချောင်း ရှမ်းပြည်နယ်၏ မြစ်ချောင်းတို့သည် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်စီးဆင်းရသဖြင့် မြစ်ကမ်းပါးတို့သည် များသောအားဖြင့် ကျဉ်းမြောင်းမတ်စောက်ကြသည်။ မြစ်ချောင်းတို့အကြား၌ တောင်နှာမောင်းတို့သည် မြစ်ချောင်းများ ဆုံးသည့် တိုင်အောင် တည်ရှိကြလေသည်။ ရှမ်းပြည်နယ်တွင် သံလွင်မြစ်သည် အကြီးဆုံးဖြစ်သည်။ ထိုမြစ်ကို ရှမ်းဘာသာဖြင့် နမ့်ခုန်းမြစ်ဟု ခေါ်သည်။ ယင်းသည် ရှမ်းပြည်နယ်တစ်ခုလုံးကို မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းရာ အကြမ်းဖျဉ်းအားဖြင့် ပြည်နယ်ကို အရှေ့နှင့်အနောက် ပိုင်းခြားထားသကဲ့သို့ ရှိသည်။ မြစ်ရိုးတစ်လျှောက် ဧရာဝတီမြစ်ကဲ့သို့ မြေပြင် ပြန့်ဖြူးခြင်းမရှိဘဲ နက်ရှိုင်းမတ်စောက်သော ကမ်းပါးစောက်ကြီးများကို ဖြစ်ပေါ်စေလျက် အရှိန်ပြင်းစွာဖြင့် စီးဆင်းလေသည်။ သံလွင့်မြစ်အထက်ပိုင်း ဖြတ်သန်းစီးဆင်းရာ ရှမ်းပြည် မြောက်ပိုင်းသည် တောင်ထူထပ်၍ ပေ ၆ဝဝဝ ကျော် ၇ဝဝဝ နီးပါးမြင့်သော တောင်တန်းကြီးများ ရှိသည်။ ထိုတောင်တန်းကြီးများသည် တံတိုင်းကြီးများသဖွယ် ကာဆီးလျက်ရှိခြင်းကြောင့် ရှေးအခါက မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ရန် မလွယ်ကူခဲ့ခြင်း ဖြစ်ပေသည်။ တောင်ရိုးတောင်တန်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ထပ်ဆင့်နေလေရာ မြေပြန့် မြေကျယ်များစွာ မရှိချေ။ ထိုကြောင့် ထိုအပိုင်းတွင် လူနေအိမ်ခြေလည်း နည်းပါးလေသည်။ အလယ်ပိုင်းနှင့် အောက်ပိုင်းတစ်လျောက် သံလွင်မြစ် ဖြတ်သန်း စီးဆင်းလာသောအခါ အနောက်ဘက်တွင် တောင်တန်းများသည် နီးကပ်စွာ ထပ်ဆင့်ခြင်းမရှိဘဲ နီးတစ်လှည့် ဝေးတစ်ခါရှိနေကြလေရာ တောင်တန်းတစ်ခုနှင့် တစ်ခုအကြားတွင် မြေပြန့်မြေကျယ်များကို တွေ့ရသည်။ ထိုမြေပြန့်မြေကျယ်များတွင် မြို့ရွာများကို တည်ထားကြလေသည်။ ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ထဲသို့ စီးဝင်သော မြစ်လက်တက်များမှာ လက်ဝဲဘက်ကမ်းမှ စီးဝင်သော နမ့်တင်(နမ့်တိန်း)၊ နမ့်မ၊ နမ့်ဆင် စသည်တို့လည်းကောင်း၊ လက်ယာဘက်ကမ်းမှ စီးဝင်သောနမ့်နင်း၊ နမ့်ပန်နှင့် နမ့်တန်စသည်တို့လည်းကောင်း ဖြစ်ကြလေသည်။ ရှမ်းပြည်နယ်၏ အခြားမြစ်ကြီးတစ်မြစ်သည် မဲခေါင်မြစ် ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်နယ်နိမိတ်နှင့် လာအိုနိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ထားသည့် မိုင်ပေါင်း ၁၂ဝ ခန့်မျှသာ ထိုမြစ်ကြီးသည် ရှမ်းပြည်နယ်နှင့် သက်ဆိုင်လေသည်။ နမ္မတူ၊ မြစ်ငယ်၊ ဒုဋ္ဌဝတီဟူသော သုံးမည်ရ နမ္မတူမြစ်သည် ရှမ်းပြည်နယ်၏ ထင်ရှားသောမြစ်တစ်သွယ် ဖြစ်သည်။ ပြည်နယ်အတွင်း တစ်စိတ်တစ်ဒေသမျှသာ ဖြတ်သန်းသွားသော်လည်း မဖော်ပြဘဲ မနေအပ်သော မြစ်တစ်သွယ်မှာ နမ့်မင်းဟုလည်း ခေါ်သော ရွှေလီမြစ်ပေတည်း။ ထိုမြစ်၏ မြစ်ဖျား လက်ယာဘက်ကမ်းရှိ မိုင်းမောဒေသမှ စ၍ ရှမ်းပြည်ထောင် အများ ပေါ်ပေါက်ပြန့်ပွားခဲ့သည်ဟု ဆိုကြလေသည်။ ဖော်ပြခဲ့သော မြစ်များအပြင် ရှမ်းပြည်နယ်အလယ်ပိုင်း မြေလပ်ဒေသ၌ မြစ်ဖျားခံပြီးလျှင် ရပ်စောက်နယ်၊ ဘော်နယ်တို့ကို ဖြတ်ကျော်ကာ ပြည်မရှိ ကျောက်ဆည်ခရိုင်မှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော ဇော်ဂျီမြစ်၊ ဟိုပုန်းမြို့နယ် နမ့်ခုတ်မြို့ငယ်လေး၏အနောက်ဘက်တွင် မြစ်ဖျားခံသော နမ့်တမ်ဖတ်ချောင်း၊ မြေလပ်ဒေသတစ်ဝိုက် စီးဆင်းကာ အင်းလေးထဲသို့ အနောက်ဘက်မှ စီးဝင်၍ တောင်ဘက်မှတစ်ဖန် ပြန်ထွက်ပြီးလျှင် ကယားပြည်နယ်အတွင်းသို့ စီးဝင်သော နမ့်ဘီလူးချောင်း၊ လဲချားနယ်တောင်ကုန်းများ၌ မြစ်ဖျားခံပြီးလျှင် တောင်ဘက်ကယား ပြည်နယ်အတွင်းသို့ စီးဝင်ပြီးနောက် သံလွင်မြစ်အတွင်းသို့ နမ့်ပွန်ချောင်း စသည်တို့လည်း ရှိပေသေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း မြစ်ရိုးချောင်းရိုး မြေပြန့် လွင်ပြင်များတွင် မြို့ရွာများကို များသောအားဖြင့် ရှမ်းလူမျိုးတို့က တည်ထောင်ထားကြရာ မြောက်ပိုင်း နမ္မတူမြစ်ရိုး မြေပြန့်တွင် သိန္နီနယ်၊ သီပေါနယ်တို့ကို တွေ့ရသည်။ ရပ်စောက်၊ ရေဦး၊ ရွာငံ၊ ပင်းတယ၊ ပွေးလှနယ်တို့သည် ဇော်ဂျီမြစ်ရိုး မြေပြန့်တစ်လျောက် တည်ထားသော မြို့ရွာများဖြစ်ကြသည်။ နမ့်ပွန်ချောင်းရိုးမြေပြန့်တွင် မိုင်းပွန်နယ်ကိုလည်းကောင်း နမ့်တမ်ဘက်ချောင်းရိုး မြေပြန့်တွင် ဟိုပုန်း၊ နမ့်ခုတ် ဘန်းယဉ်၊ ဆီဆိုင်(သထုံ) နယ်တို့ကိုလည်းကောင်း တွေ့ကြရလေသည်။ မြစ်ချောင်းများသည် တောင်စဉ် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းကြသဖြင့် ရှမ်းပြည်နယ်တွင် ရေတံခွန်စိမ့်စမ်းများအနှံ့အပြား ရှိသည်။ သီပေါနှင့် လာရှိုးအကြားရှိ မန့်ဆမ်ရေတံခွန်ကြီးသည် အမြင့်ပေ ၁၅ဝဝ ကျော် ၂ဝဝဝ ခန့်မှ တောင်ခန့်မှ တောင်ခါးပန်းအဆင့်ဆင့်ကို စီးဆင်းလာခဲ့ရာ ကြည့်၍ မငြီးဖွယ်ရာ ဖြစ်ပေသည်။ ထိုရေတံခွန်ကြီးမှ ရေအားကို အသုံးပြု၍ နမ္မတူမြို့ရှိ ဘားမားကော်ပိုရေးရှင်း လီမီတက်၏ သတ္တုတွင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အခြားရေတံခွန်များလည်း အများအပြားရှိရာ ယင်းတို့မှ ရေအားကိုလည်း အသုံးချနိုင်ရန် ပြည်ထောင်စု အစိုးရက လေ့လာ စမ်းသပ်စေခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းတွင် စက်မှုလုပ်ငန်း ဓာတ်အားပေးရေးအတွက် အလားအလာရှိသော ရေတံခွန်တို့မှာ မိုင်းပွန်မြို့အနီးရှိ ရေတံခွန်သုံးခု၊ ရပ်စောက်မြို့မှ ၁ဝ မိုင်ခန့်ကွာ အင်းတော်သွားလမ်းရှိ ဇော်ဂျီရေတံခွန်(မိုးဟင်းရေတံခွန်)၊ ညောင်ရွှေမြို့အနီးရှိ ရေတံခွန်ငယ်နှစ်ခုနှင့် လဲချားနယ်မှ နမ့်တွပ်ရေတံခွန်တို့ ဖြစ်ကြသည်။ ကျိုင်းတောင်း စီရင်စုအတွင်းရှိ နမ့်တိန်းရေတံခွန်မှ ရေအားကို ယူ၍ မြန်မာနိုင်ငံ၌ အကြီးဆုံးသော ရေအားလျှပ်စစ်ရုံကြီးတစ်ခု တည်ဆောက်နိုင်မည်ဟုလည်း ခန့်မှန်းထားကြလေသည်။ မြစ်ချောင်း ရေတံခွန်များအပြင် အင်းအိုင်များလည်း ရှိသေးရာ ယင်းတို့အနက် ညောင်ရွှေနယ်ရှိ အင်းလေးသည် အကြီးဆုံး အကျော်ကြားဆုံးဖြစ်သည်။ ရေထွက် ၂၀၁၆ ခုနှစ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကောက်ယူခဲ့သော စာရင်းအရ ရှမ်းပြည်နယ် (အထူးဒေသများမပါ) တွင် ရေထွက်ပေါင်း ၃,၇၀၀ ကျော် ရှိသည်။ ထို့ပြင် ဆိုင်ရာမြို့နယ်လူထုအတွက်ဆယ့်နှစ်ရာသီ မပြတ်သုံးစွဲရန် ရေရနိုင်သော ရေထွက်ခေါ် စမ်းရေပေါက်များလည်း ရှိသေးသည်။ ဟိုပုန်းရေထွက်၊ ဘော်ဆိုင်းရေထွက်၊ ရပ်စောက်ရေထွက် (ဗထူးစမ်း)၊ ကရင်မရေထွက် (တောင်ကြီး)တို့သည် လူသိ များသော စမ်းရေပေါက်များပေတည်း။ ရှမ်းပြည်နယ်၏ အောက်ခံကျောက်မြေသည် များသောအားဖြင့် ထုံးကျောက်များဖြစ်လေရာ ရွာချသော မိုးရေသည် မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ ထိုစိမ့်ဝင်သွားသော ရေများသည် အချို့နေရာများတွင် စမ်းရေပေါက်များဖြစ်ကာ မြေပြင်သို့ ပြန်ထွက်လာကြရာ ယင်းတို့ကို ရေ ထွက်များဟု ခေါ်ဝေါ်ကြသည်။ မြစ်ချောင်းနှင့်လည်း မနီး၊ ရေထွက်များလည်း မရှိသော ဒေသများလည်း ရှိသေးရာ ထိုဒေသများတွင် ရေရှားပါးသဖြင့် မြေတွင်း သယံဇာတ ပစ္စည်းများဖြင့် ပေါများသည့်တိုင်အောင် စက်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ရှိလေသည်။ ရေထွက် သို့မဟုတ် စမ်းရေပေါက်များအပြင် ရေပူစမ်းများလည်း ပေါများသည်။ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် မြေလွှာကျွံခြင်း၊ သို့မဟုတ် မြေကြောအံလွှဲခြင်းများ ရှိပေရာ ထိုနေရာများတွင် ရေပူစမ်းများ ဖြစ်ပေါ်သည်။ သီပေါ၊ လားရှိုး၊ သိန္နီ၊ လင်းခေး၊ ကျိုင်းတုံ၊ အင်းလေးဒေသရှိ ခေါင်တိုင်ရွာ စသည်တို့တွင် ထိုကဲ့သို့သော ရေပူစမ်းများရှိလေသည်။ အောက်ခံမြေနှင့် ကျောက်အမျိုးမျိုး ရှမ်းပြည်နယ်၏ ဘူမိဗေဒကို သေချာစွာ စေ့ငုလေ့လာ၍ သုတေသန မပြုရသေးချေ။ အောက်ခံကျောက်မြေနှင့် စပ်လျဉ်း၍ ပြည်နယ်တစ်ခုလုံးကို ချုံ၍ဆိုရလျှင် ရှမ်းကုန်းပြင်မြင့်သည် များသောအားဖြင့် ထုံးကျောက်မြေ အောက်ခံဖြစ်သည်။ သို့သော် အာစီယန်ခေတ် (ရှေးအကျဆုံးခေတ်) ကျောက်များ၊ ပထမကပ်ကျောက်များ၊ ဒုတိယ ကပ်ကျောက်များနှင့် တတိယကပ် ကျောက်များ စသော ခေတ်အမျိုးမျိုးမှ ကျောက်များကိုလည်း ကြိုကြား ကြိုကြား တွေ့ရပေသည်။ ဘူမိဗေဒ ထုံးကျောက်ခေတ်ကာလက ရှမ်းပြည်နယ်သည် မြန်မာပြည်မနည်းတူ ပင်လယ်ရေတိမ်အောက်တွင် ကျရောက်နေခဲ့ရာ မြစ်များမှ သဲများ၊ ပင်လယ်ပိုးကောင်သေများ၊ ရေညှိရေမှော်ပုပ်များ စသည်တို့သည် တဖြည်းဖြည်း စုပုံလာပြီးလျှင် ပင်လယ်အောက် မြေသားသည် တဖြည်းဖြည်း ပို့တက်လာသည်။ ထိုကြောင့် ထိုခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများကို ထုံးကျောက်မြေများအကြား၌ ညှပ်လျက်တွေ့ကြရသည်။ ထုံးကျောက်ခေတ် ကုန်ဆုံးလုနီးကာလ၊ သို့မဟုတ် တတိယကပ် အစလောက်တွင် မြန်မာနိုင်ငံ၌ အပေါ်ယံ မြေလွှာပုံပြောင်းစေသော မြေလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရာ ရှမ်းကုန်းပြင်မြင့်နှင့်ဆက်လျက်တောင်ဘက်သို့ မြန်မာနိုင်ငံ အောက်ပိုင်းအထိ တောင်ရိုးတောင်တန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် မြေကြောများပြတ်၍ အချို့နေရာများတွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်ကာ မြေလွှာကျွံခြင်း၊ သို့မဟုတ် အံလွှဲများ ဖြစ်ပေါ်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း၌ သီပေါနယ် ဂုတ်ထိပ်ချိုင့်ဝှမ်းမှသည် သံလွင်မြစ်ကမ်းပေါ်ရှိ ကွမ်းလုံကူးတို့ဆိပ်တိုင်အောင် အရှေ့နှင့်အနောက် ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီးတစ်ခုကို တွေ့ရ၍ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် ထူးခြားပေါ်လွင်သော ဘူမိဗေဒလက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ညောင်ရွှေနှင့် ရွှေညောင်မြောက်ဘက်မှ အင်းလေး တောင်ဘက်အထိလည်း ကြီးမား၍ တောင်နှင့်မြောက်ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီး တစ်ခုရှိလေသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ခေတ်အမျိုးမျိုးမှ သက်ရင့်ကျောက်များကို ရှမ်းပြည်နယ် အနှံ့အပြား၌ တွေ့ကြရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် မိုးကုတ်နယ် ပတ္တမြားမြေ၏ လိပ်သည်းကျောက်မြေနှင့် ဆက်စပ်လျက် ဝေဘူကျောက်မြေမျိုးကိုတွေ့ကြရသည်။ ထိုမှ တောင်ဘက်သို့ ရွေ့လာခဲ့သော် ကမ်ဗရီယမ်ခေတ် ကျောက်မျိုးဖြစ်သော သလင်းကျောက်၊ သင်ပုန်းကျောက် စသည်တို့ကို တွေ့ရသည်။ သီပေါမြို့၏ အရှေ့ဘက်မှ ကျောက်မြေများသည် ထုံးကျောက်များတွင် သဲကျောက်နီများ ညှပ်လျက်ပါသောမြေမျိုးဖြစ်လေသည်။ လားရှိုးမှ မြောက်ဘက်ငါးမိုင်ကွာသော နမ့်ယော်မြစ်ဝှမ်းတွင်လည်းကောင်း၊ တောင်ဘက်နမ့်မမြစ်ဝှမ်းတွင်လည်းကောင်း ကျောက်မီးသွေးကြောများ ပါရှိသော တတိယကျောက်ခေတ်မှ မြေစေးနှင့် သံကျောက်များကို တွေ့ရလေသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ဆိုင်ယင်နိုက်နှင့် နှမ်းဖတ်ကျောက်မျိုးတို့ ပါဝင်သော လိပ်သည်းကျောက်မြေမျိုးသည် ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် နှုတ်ခမ်းသားအစွန်းများအဖြစ်ဖြင့် ပေါ်နေကြသည်။ သီပေါနှင့် လားရှိုးအကြား၌ တွေ့ရသော ဒုတိယကျောက်ခေတ်၏ ခရမ်းပြာသဲကျောက် တို့သည် ထုံးကျောက်များအကြား၌ ညပ်လျက်ရှိသည်။ ထုံးကျောက်တောင်တန်းများအကြား၌ သက်တမ်းမရင့်သေးသော စရစ်ဖြုန်း သဲကျောက်နှင့် နုံးမြေများသည် အလျားလိုက် အမြှောင်းလိုက် ဖြစ်ပေါ်နေကြသည်။ ယင်းတို့မှလွဲလျှင် ရှမ်းပြည်တောင်ပိုင်း၌လည်း များသောအားဖြင့် ထုံးကျောက်မြေများသာလျှင်ဖြစ်သည်။ မြစ်ဝှမ်းချောင်းဝှမ်းများ၌ တတိယကပ်ကျောက်များ ချထားစုပုံ၍ ယင်းတို့အတွင်း၌ ကျောက်မီးသွေးနုများလည်းရှိရာ ထိုချိုင့်ဝှမ်း မြစ်ဝှမ်းချောင်း ဝှမ်းတို့၌ နုံးမြေများဖြင့် ဖုံးအုပ်လျက် ရှိလေသည်။ တွင်းထွက်ပစ္စည်းများ နမ္မတူ သတ္တုတွင်းမှ ဘော်၊ ခဲ၊ ရွှေ နှင့် အခြားဓာတ်သတ္တုအနည်းငယ်တို့ထွက်ရှိသည်။ တီကျစ် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများထုတ်လုပ်ပြီး တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လောင်စာကုန်ကြမ်း ထောက်ပံ့လျက်ရှိသည်။ အထူးထင်ရှားသည့် မြန်မာ့ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာများကို မိုင်းရှူး နှင့် နမ့်ယားဆိမ့် ဒေသများမှ တူးဖော်ထုတ်ယူနိုင်သည်။ ဘူမိဗေဒအရဆိုလျှင် ရှမ်းပြည်နယ်သည် များသောအားဖြင့် သက်ရင့်ကျောက်မြေ ဖြစ်သည်။ ထိုကြောင့် ရေနံမှတပါး သတ္တု မျိုးစုံကို တွေ့ရသည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်း နမ္မတူနှင့် ဘော်တွင်းရှိ ဘားမားကော်ပိုရေးရှင်းလီမီတက်၏ သတ္တုတွင်း လုပ်ငန်းသာလျှင် ကြီးကြီးကျယ်ကျယ် ဆောင်ရွက် နေသော လုပ်ငန်းကြီး ဖြစ်သည်။ အခြားသတ္တုလုပ်ငန်းများကို တိုင်းရင်း သားများက တတ်အားသမျှ ငွေအင်အား လူအင်အားတို့ဖြင့်သာ ဆောင်ရွက်နေကြခြင်း ဖြစ်၍ ကြီးကြီးကျယ်ကျယ် မရှိလှချေ။ ၁၉၆ဝ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်ထွက် သတ္တုများမှာ ခဲတန်ချိန် ၃၁,၆ဝဝ (တန်ဖိုးငွေကျပ် ၁၆,၅၂၉,ဝဝဝ)၊ သွပ်တန်ချိန် ၁၇,၇၄၃ (တန်ဖိုးငွေကျပ် ၁,၁၁၅,ဝဝဝ)၊ ကြေးနီတန်ချိန် ၅ဝ ခန့် (တန်ဖိုး ငွေကျပ် ၃၆၆,ဝဝဝ)၊ ခနောက်စိမ်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၁၅,၆၇ဝ (တန်ဖိုးကျပ် ငွေ ၈၆၂,ဝဝဝ)၊ ငွေသတ္တု ၂,ဝ၄၁,၃၉၅ အောင်စ (တန်ဖိုးငွေ ကျပ် ၈,၂၈၉,ဝဝဝ) တို့အပြင် အခြားထွက်ရှိသော သတ္တုများမှာ တန်ချိန် ၄၁ဝ ခန့် ဖြစ်လေသည်။ နမ္မတူသတ္တုတွင်း၊ သို့မဟုတ် ဘော်တွင်းသည် ခဲ၊ သွပ်၊ ဘော် အများဆုံးထွက်သော ကမ္ဘာကျော် သတ္တုတွင်းပေတည်း။ နမ္မတူသတ္တုတွင်းမှလွဲလျှင် ဘော်ဆိုင်းသတ္တုတွင်းသည် အကျိုးအခံစားရဆုံးဟု ဆိုကြ သည်။ ဘော်ဆိုင်းသတ္တုကြောကြီးသည် မိုင် ၄ဝ ခန့် ရှည်လျား၍ ဟဲဟိုးတောင်ဘက် မဲနယ်တောင်မှ ရပ်စောက်နယ် အထိ ရောက်သည်ဟု သိရသည်။ ထိုသတ္တုကြော၏ အနောက်စူးစူး ကလောနှင့် မိတ္ထီလာခရိုင်အစပ်ရှိ မင်း ပလောင် တောင်တန်း၌လည်း ခဲအမြောက်အမြား ရနိုင်သည်ဟု ဆိုကြသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပင်းတယနယ် မြောက်ပိုင်းနှင့် မြင်ကြာဒိုးနယ်ရှိ တောင်မင်းကြီး၌လည်း ခဲများ တူးဖော်ရရှိလေသည်။ သွပ်ထွက်စံချိန်တွင် ဘော်တွင်းကို ချိုးနိုင်မည့် သွပ်သတ္တု တွင်းသည် မိုင်းပွန်မြို့၏ တောင်ဘက်မိုင် ၃ဝ ခန့်တွင် ရှိသော လုံချိန်သတ္တုတွင်း ဖြစ်သည်။ နမ့်တင်းရေတံခွန်နှင့်လည်း မဝေးလှသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ကိုင်နိုင်ရန် မဖြစ်သေးပေ။ ခနောက်စိမ်း သတ္တုများကို ရှမ်းပြည်နယ် နေရာအနှံ့ အပြား၌ တွေ့ရှိရသည်။ သို့သော် ဈေးကောင်းမရ၍ လုပ်ကိုင်သူ နည်းသည်။ ရွှေအနည်းငယ် ရောနှောပါသော ကြေးနီတူးဖော်ခြင်းကို ဟဲဟိုးနယ်အတွင်း၌ လုပ်ကိုင်ကြသည်။ သို့သော် ရေအခက်အခဲရှိ၍ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ကြချေ။ စံကားနှင့် လင်းခေးစီရင်စုတို့၌လည်း ကြေးနီများ တွေ့ရှိရသည်ဟု သိရလေသည်။ ဝင်ငွေဖြောင့်သော သတ္တုတစ်မျိုးသည် မန်းဂနီးဖြစ်၍ ဟိုပုန်းနယ်၌ တူးဖော်လုပ်ကိုင်ကြသည်။ ဘော်တွင်းနှင့် ဘော်ဆိုင်းနယ်များအပြင် ဝနယ်အချို့ဒေသများ၌လည်း ငွေသတ္တုကို တူးဖော်ရရှိလေသည်။ ကျောက်မီးသွေးကို လားရှိုး၊ သီပေါ၊ တောင်ကြီးနယ်များအနီး၌ တွေ့ရသော်လည်း အမျိုးအစား မကောင်းချေ။ သာစည် ကလော မီးရထားလမ်းအနီး မင်းပလောင်တောင်တန်းမှ တွေ့ရှိရသော ကျောက်မီးသွေးသည် အမျိုးအစားမညံ့လှသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တူးဖော်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။ ရှေးက မောက်မယ်နယ်မှ အလွန်ကောင်းသော သံများ တူးဖော်ရရှိ၍ မောက်မယ်နယ်ထွက် ဓားများသည် ကျော်ကြားလှသည်။ ကျိုင်းတုံနယ်နှင့် ကျိုင်းခမ်းစီရင်စုတို့မှလည်းကောင်း၊ ဝနယ်များမှလည်းကောင်း သံထွက်သည်ဟု ဆိုကြလေသည်။ မကြာသေးမီက (၁၉၆၃ ခုနှစ်) တောင်ကြီးမြို့အနီး ပင်းပက်တွင် သံတန်ချိန် ၆၃ သန်းခန့် ထွက်နိုင်မည့် သံတွင်းတစ်တွင်းကို တွေ့ရှိခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးလည်း မခက်ခဲသဖြင့် အလားအလာရှိသော သံရိုင်းတွင်းပေတည်း။ ရှမ်းပြည်နယ်အတွင်း၌ မလေ့လာ မတူးဖော်ရသေးသော သတ္တုရိုင်းအမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။ ရာသီဥတု တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။ မိုးဥတုတွင် မိုးရေချိန်များလေ့လည်းရှိသည်။ အပူချိန်မှာ အအေးဆုံးလများဖြစ်သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် ၇၀ဒီဂရီ ဖာရင်ဟိုက် နှင့် ၈၀ဒီဂရီ ဖာရင်ဟိုက် ကြားတွင်သာရှိသည်။ အပူဆုံးအချိန်များတွင် ၁၀ဝ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ရှိသည်။ ကပ္ပလီပင်လယ်မှ အနောက်တောင်မုတ်သုံလေကြောင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ တခါတရံဝင်ရောက်လာတတ်သည့် မိုးသက်မုန်တိုင်းများ၊ လေကြောင်းများကြောင့် လည်းကောင်း မိုးများသည့် ဒေသအဖြစ် တည်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၄၀လက်မ ဝန်းကျင်ရွာသွန်းလေ့ရှိသည်။ ရှမ်းပြည်နယ်သည် ကုန်းပြင်မြင့်ဖြစ်၍ ယေဘူယျအားဖြင့် ဥတုသပ္ပါယ အေးချမ်းမျှတသည်။ နေရာ ဒေသ များစွာတို့တွင် အင်္ဂလန်ပြည်ကဲ့သို့ ဥရောပတိုက် ရေမြေအနေအထား ရာသီဥတုမျိုးဆန်ဆန် ရှိလေသည်။ သို့သော် ယခုအခါ တောရိပ်တောင်ရိပ်နည်းပါးလာ၍ အပူရှိန် အနည်းငယ်တက်လာသည်။ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့် တစ်နေရာ ရာသီဥတုအေးမြ၍ ထင်းရှူးပင်တို့ဖြင့် ဝေဆာနေ သော်လည်း ယင်းတို့နှင့် နီးကပ်ပါလျက် မြေနိမ့်ပိုင်းတွင်ရှိကြသော ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်စသော ဒေသများတွင် ရာသီဥတု ပူအိုက်ကာ မန်ကျည်းပင်၊ အုန်းပင်၊ သရက်ပင်တို့ ဖြစ်ထွန်းသည်ကို တွေ့ရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် သီပေါနယ် ချိုင့်ဝှမ်းသည် အပူချိန်အများဆုံးတက်သော ဒေသဖြစ်သည်။ ဧပြီ လအတွင်း နေ့အခါ ဖာရင်ဟိုက် ၉၆ ဒီဂရီထက်ပင် ကျော်လွန်သော်လည်း ညဉ့်ဘက်တွင် ၆၅ ဒီဂရီအထိ ကျဆင်းသွားတတ်ပြန်သည်။ ဆောင်းရာသီတွင် နေထွက်ပြီး၍ နာရီအနည်းငယ်ကြာသည့် တိုင်အောင် မြူများ ဆိုင်းနေတတ်သည်။ လားရှိုးမြို့တွင်(၁၈၉၆ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ)အပူဆုံး အချိန် ဧပြီလ၌ မဇ္ဈိမ အပူချိန် ၉၁ ဒီဂရီ ရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန်တွင် မဇ္ဈိမအပူချိန် ၅၉.၉ ဒီဂရီရှိလေသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် (၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၈၄.၅ ဒီဂရီရှိ၍ ဇန်နဝါရီလတွင် မဇ္ဈိမ အပူချိန် ၅၈.၂ ဒီဂရီ ရှိလေသည်။ ကျိုင်းတုံမြို့တွင် (၁၉၅၁ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၉၂.၅ ဒီဂရီရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန် တွင် မဇ္ဈိမအပူချိန် ၆၂.၆ ဒီဂရီရှိကြောင်း တွေ့ရလေသည်။ တောင်ပေါ်ဒေသများ၌ကား အအေးဓာတ် ပိုမိုလွန်ကဲလေသည်။ ရှမ်းပြည်နယ်တွင် မိုးသည်းထန်သည်ဟု မဆိုနိုင်သော် လည်း မိုးသည် တစိမ့်စိမ့်စွေ၍ ရွာနေတတ်လေသည်။ ပျှမ်းမျှ မိုးရေချိန်သည် တောင်ကြီးမြို့၌(၁၉၅ဝ-၆ဝ ပြည့်နှစ်များအတွင်း) ၅၇.ဝ၅ လက်မ၊ ကျိုင်းတုံ မြို့၌ (၁၉၅ဝ-၆ဝ ပြည့် နှစ်များအတွင်း) ၄၆.ဝ၅ လက်မ၊ လားရှိုးမြို့၌ (၁၈၉၆-၁၉၄ဝ ပြည့်နှစ်အတွင်း) ၆၁.၈၆ ဖြစ်ရာ ပြည်နယ်တစ်ခုလုံး ချုံ၍ဆိုရလျှင် ပျမ်းမျှမိုးရေချိန်သည် လက်မ ၇ဝ မှ ၉ဝ အတွင်းသာရှိသည်။ ယင်းသို့မိုးရေချိန်သည် မများလှသော်လည်း တောရိပ်တောင်ရိပ်ရှိသဖြင့် မိုးရာသီအခါတွင်စိုစွတ် ထိုင်းမှိုင်းပြီးလျှင် အေးစိမ့်နေတတ်လေသည်။ သစ်တော ဝါးတောများ ရာသီဥတု အေးချမ်းစိုစွတ်ပြီးလျှင် မြစ်ချောင်း၊ စိမ့်စမ်းများပြားသဖြင့် ရှမ်းပြည်နယ်တွင် ရှေးအခါက သစ်တော ဝါး တောကြီးများ ညို့မှိုင်းထူထပ်ခဲ့လေသည်။ နောင်အခါ တောင်ယာ ခုတ်ထွင် လုပ်ကိုင်ကြသည့် စံနစ်ကြောင့်၎င်း၊ မြို့ရွာ အိမ်ခြေ တိုးချဲ့လာကြသဖြင့်၎င်း၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ကြ ခြင်းကြောင့်၎င်း သစ်တော ဝါးတောများ ယခုအခါ နည်းပါးနေချေပြီ။ မြေနိမ့်ပိုင်းတွင် ကျွန်း၊ အင်၊ ပျဉ်းမ စသော အပူပိုင်း သစ်တောများ၊ ပေ ၄ဝဝဝ မှ ၆ဝဝဝ ကျော်သော အမြင့်ပိုင်းတွင် ဝါးတောများ၊ ထင်းရှုးတောများ ပေါက်ရောက်သည်။ ပင်ရင်းပေါက်သော အပင်များကို ခုတ်ထွင် ရှင်းလင်းခဲ့သော နေရာများ၌ မြက်ခင်းပြင်များကို တွေ့ရလေသည်။ ရှမ်းပြည်နယ်အတွင်း သစ်တောခရိုင်များကို မိုးမိတ်သစ် တောခရိုင်၊ ရှမ်းပြည်မြောက်ပိုင်း သစ်တောခရိုင်၊ ရှမ်းပြည် တောင်ပိုင်း သစ်တောခရိုင်ဟူ၍ သုံးပိုင်းခွဲခြားထားသည်။ ကြိုးဝိုင်းသစ်တောများ၏ အကျယ်အဝန်းသည် စုစုပေါင်း ၇,၁၃၇ စတုရန်းမိုင်ရှိလေရာ မိုးမိတ်နယ်၌ ၁,၁၁၄ စတုရန်းမိုင်၊ ရှမ်းပြည်မြောက် ပိုင်း၌ ၄၇၁ စတုရန်းမိုင်၊ တောင်ပိုင်း၌ ၁,၅၆၃ စတုရန်းမိုင် ဖြစ်သည်။ ကြိုးဝိုင်းပြင်၌ သစ်တောများ၏ အကျယ်အဝန်းသည် စုစုပေါင်း ၁၅,၉၆၈ စတုရန်းမိုင်ရှိလေရာ မိုးမိတ်နယ်၌ ၁,၅၆၃ စတုရန်းမိုင်၊ ရှမ်းပြည် မြောက်ပိုင်း၌ ၄,၃၉၆ စတုရန်းမိုင်၊ တောင်ပိုင်း၌ ၁ဝ,ဝ၁၁ စတုရန်းမိုင် ဖြစ်လေသည်။ သစ်တောဌာန အုပ်ချုပ်ခြင်းမှ လွတ်ကင်းသော သစ်တောများသည်မူ စုစုပေါင်း ၄၁,၆၇၉ စတုရန်းမိုင် ကျယ်ဝန်းလေသည်။ ရှမ်းပြည်နယ်၌ အဖိုးတန်ကျွန်းသစ်၊ အင်ကြင်း စသည့် သစ်တောများ မများလှချေ။ ထင်းရှူးပင်နှင့် အခြား သစ်ရိုင်းများက ပို၍ များပြားသည်။ ရှမ်းလူမျိုးများသည် ထင်းရှူးသားကို အသုံးများကြသည်။ ကြီးကျယ်သော ကျွန်းတောကြီးများ ရှိသည့်ဒေသများမှာ မိုးမိတ်၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ၊ ကျိုင်းတောင်းအကြားရှိ ကျွန်းတောကြီးများသည် အပင်များ နုသေးသော်လည်း မိုင်ပေါင်း ၂ဝ ကျော်ခန့် ရှည်လျားသဖြင့် အနာဂတ်ကာလအတွက် အဖိုးတန်သစ်တောကြီးပေတည်း။ မိုင်းကိုင်နယ်ရှိ တုံလောဒေသတွင်လည်း ကျွန်းနှင့် အခြား သစ်ရိုင်းတောများကို တွေ့ရလေသည်။ ကျွန်းစသော သစ်များကို ခုတ်ယူပြီးနောက် သံလွင်မြစ်နှင့် ယင်း၏လက်တက်များ ဖြစ်ကြသည့် သစ်မျှောချောင်းများအားဖြင့် မော်လမြိုင် ဆိပ်ကမ်းအရောက် မျှောချရသည်။ သာမိုင်း ခမ်းနယ်မှ၎င်း၊ မြန်မာပြည်မရှိ ကြိုးဝိုင်းများနှင့် ဆက်စပ်လျက် ရှိသော ကလောအနောက်ဘက်ရှိ မကွေးကြိုးဝိုင်းမှ၎င်း ခုတ်ယူ သော သစ်များကိုမူ မီးရထားဖြင့် ပြည်မသို့ တင်ပို့ရလေသည်။ ရှမ်းပြည်နယ်အတွင်း သစ်တောများမှ သစ်စေး၊ ရှားစေး၊ ချိပ်၊ အင်တွဲ စသည့် သစ်တောထွက်ပစ္စည်း များလည်း ရရှိသည်။ ထင်းရှူးသားမှ စက္ကူထုတ်လုပ်၍ ဖြစ်မဖြစ်ကို စမ်းသပ်ကြည့်ခဲ့ရာ ကုန်ထုတ်စက္ကူညိုများ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိ ရသည်။ ထို့ပြင် ထီးရှူးဆီကို စံနစ်တကျ ထုတ်ယူရန်လည်း စမ်းသပ်လေ့လာလျက် ရှိသည်။ စမ်းသပ်မှုများ အောင်မြင်ပါက သစ်တောထွက်ပစ္စည်း အမျိုးအမည် တိုးလာဖွယ်ရှိသည်။ ရှမ်း ပြည်နယ် သစ်တောဌာန၏ ဝင်ငွေသည် ၁၉၅၉-၆ဝ ပြည့်နှစ် အတွက် စုစုပေါင်း ကျပ် ၃,၂၉၃,၅၉၃ ဖြစ်ရာ တစ်နှစ်ထက် တစ်နှစ် တိုးလာနိုင်မည်ဟု မြှော်လင့်ချက် ရှိပေသည်။ အကျယ်အဝန်းနှင့် လူဦးရေ တောတောင် လျှိုမြောင် စိမ့်စမ်းတို့ဖြင့် သာမောဖွယ် ကောင်းလှသော ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အကျယ်ဝန်းဆုံး ပြည်နယ်ဟု ဆိုခဲ့ပေသည်။ ထိုပြည်နယ်၏ အကျယ်အဝန်း သည် ၆၁,၁၂၃ စတုရန်းမိုင် ဖြစ်၍ ၁၉၆၇ ခုနှစ် နောက်ဆုံးစာရင်းအရ လူဦးရေသည် ၂,၄၉၇,ဝဝဝ ယောက်မျှသာ ဖြစ်ရာ စတုရန်းတစ်မိုင်လျှင် ပျမ်းမျှခြင်း လူ ၄၈ ယောက်နှုန်းမျှသာ နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူနေအိမ်မြေ ကျဲလှပေသည်။ ပြည်နယ်၏ အကျယ်အဝန်းနှင့် နှိုင်းစာလျှင် လူဦးရေ နည်းပါးလှသော်လည်း ရှမ်းပြည်နယ်တွင် တိုင်းရင်းသား တောင်ပေါ်သား လူမျိုးစုအစုံအလင်ဆုံး တွေ့ရပေသည်။ လူမျိုး ပေါင်းစုံ ရောနှောနေထိုင်ရာ လူမျိုးစုံ ဟင်းလေးအိုးဒေသဟု ခေါ်ဆိုရပေမည်။ တွေ့ရှိရသော လူမျိုးစုများကို မူလဆင်းသက် ဆက်နွယ်လာသော လူမျိုးကြီးများနှင့် ယင်းတို့မှ ခွဲထွက်လာသော လူမျိုးအုပ်စုအလိုက် ဖော်ပြရမည်ဆိုသော်- ၁။ တိဗက်-ဗမာအနွယ်၊ ဗမာအုပ်စုဝင် ဖြစ်ကြသော ဓနု၊ အင်းသား၊ တောင်ရိုး၊ အဇီး၊ လရှီ၊ မရူ၊ မိုင်းသာလူမျိုးစုတို့သည်၎င်း ၂။ တိဗက်-ဗမာအနွယ်၊ လိုလိုအုပ်စုဝင်များဖြစ်ကြသော လီဆူ၊ လားဟူ၊ အာခါ (ကော်)၊ နုံ (ဒရူး) လူမျိုးစုတို့သည်လည်းကောင်း၊ ၃။ တိဗက်-ဗမာအနွယ်၊ ကချင်အုပ်စုဝင် ကချင် သို့မဟုတ် ဂျိန်းဖော့ တို့သည်လည်းကောင်း၊ ၄။ တိုင်အနွယ် ၊ တိုင်အုပ်စုဝင်များဖြစ်ကြသော ရှမ်းကြီး (တိုင်လုံ)၊ ရှမ်းတရုတ် (တိုင်လေ) ဒရယ်၊ ဂုံ (တိုင်ခွန်) လူး (တိုင်းလိ)၊ ယွန်း (မြောက်ပိုင်းထိုင်း) မောရှမ်း (တိုင်းမောဝ်) လူမျိုးစုတို့သည်လည်းကောင်း၊ ၅။ တိဗက်-ဗမာအနွယ်၊ ကရင်အုပ်စုဝင်များ ဖြစ်ကြ သော ပအိုဝ်း (တောင်သူ) လူမျိုးစုသည်လည်းကောင်း၊ ၆။ တရုတ်-တိဗက်အနွယ်၊ တရုတ်အုပ်စုဝင်ဖြစ်သော ကိုးကန့်လူမျိုးနှင့် ယူနန်လူမျိုးစုတို့သည်လည်းကောင်း၊ ၇။ မွန်-ခမာအနွယ်၊ ပလောင်-ဝအုပ်စုဝင်များ ဖြစ်ကြသော လွယ်လ၊ ဝ၊ ထနော့၊ ခမူ၊ တိုင်းလွိုင်၊ ယင်းနက်၊ ယင်းကျား၊ ယင်းဆက်ဟူသော ယင်းသုံးမျိုး၊ ပလောင်၊ ပလေး လူမျိုးစုတို့သည်လည်းကောင်း ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိကြပေသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် နေထိုင်ကြသော လူမျိုးစုတို့၏ အုပ်စုအလိုက် လူဦးရေနှင့် နေထိုင်ရာဒေသတို့မှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ အောက်ပါအတိုင်း ဖြစ်သည်။ လူမျိုးအစု မြောက်ပိုင်း တောင်ပိုင်း နှစ်ရပ်ပေါင်းဗမာ အစု ၄၇,၄၇၄ ၁၄၃,၉၂၆ ၁၉၁,၄ဝဝလိုလိုအစု ၉,၅၄၅ ၇၄,၇၈၁ ၈၄,၃၂၆ကချင်အစု ၆၃,၆၈၅ ၆၆၇ ၆၄,၃၅၂တိုင် အစု ၂၈၉,၁၃၂ ၄ဝ၈,၇ဝ၆ ၆၉၇,၈၃၈ပလောင်ဝအစု ၁၂၂,၉၃၁ ၄၇,၈ဝ၆ ၁၇ဝ,၇၃၇ကရင်အစု ၅၄၄ ၁၇၇,၉၃၅ ၁၇၈,၄၇၉တရုတ် ၆ဝ,၂၈၃ ၃,၉၈၅ ၆၄,၂၆၈အိန္ဒိယ ၂၁,၂၂၁ ၁၁,၆၃၈ ၃၂,၈၅၉စုစုပေါင်း ၆၁၆,၄၅၈ ၈၇ဝ,၂၃ဝ ၁,၄၈၆,၆၈၈ အထက်ဖော်ပြရာတို့အပြင် အရေအတွက်အားဖြင့် မများပြား လတ္တံသော လူမျိုးစုငယ်များလည်း ရှိသေးသည်။ အချို့မှာမျိုးပျောက်လုမတတ်ပင် ရှိနေသည်။ ရှမ်းလူမျိုးများကို မြစ်ဝှမ်း မြေနိမ့်ဒေသများ၌ အများဆုံး တွေ့ကြရ၍ အင်းလေးဒေသမှ အင်းသားလူမျိုးများကလွဲလျှင် အခြားတိုင်းရင်းသား လူမျိုးစုတို့သည် များသောအားဖြင့် တောင်ပေါ်သားများ ဖြစ်ကြသည်။ ဗမာလူမျိုးများနှင့် နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ စသော လူမျိုးတို့ကို မြို့များ၌သာ အနှံ့အပြား တွေ့ရလေသည်။ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများ ရှမ်းပြည် နယ်သူနယ်သားတို့၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ငါးဒဿမခုနစ် (၅.၇)သန်းခန့် ရှိသည့်အနက် ဧက နှစ်သန်းခန့်သာ စိုက်ပျိုးလုပ်ကိုင်ကြ၍ ကျန်ဧက သုံးသန်းခွဲကျော်သည် ကောလျက်ရှိသည်။ လူဦးရေကျဲသော ဒေသများဖြစ်သောကြောင့် တစ်ကြောင်း၊ လက်ရှိစိုက်ပျိုး ရေးစံနစ်များကြောင့်တစ်ကြောင်း စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သဖြင့် ရှမ်းပြည်နယ် ဦးစီးအဖွဲ့သည် စက်ယန္တရားဖြင့် စိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်ရန် စီမံကြိုးပမ်းလျက်ရှိလေသည်။ ဆန်စပါး စိုက်ပျိုးရေးတွင် ဒုတိယကမ္ဘာစစ်မတိုင်မီကာလက ရှမ်းပြည်နယ်မှပင် ပြည်မသို့ ဆန်တင် ပို့နိုင်လောက်အောင် ဆန်စပါး ပိုပိုလျှံလျှံထွက်ခဲ့သော်လည်း ယခုအခါ ပြည်မမှပင် ရှမ်းပြည်သို့ ဆန်တင် သွင်းခဲ့ရလေသည်။ ယခင်က အင်းလေး ဒေသသည် ဆန်စပါးအထွက် များခဲ့သော်လည်း ယခုအခါ လယ်များ အပျက်အစီးများသဖြင့် စပါးထွက် ယုတ်လျော့ခဲ့ လေသည်။ ရှမ်းပြည်နယ်တွင် စပါးကို နည်းသုံးမျိုးဖြင့် စိုက်ပျိုးကြသည်။ ရှမ်းလူမျိုးတို့သည် မြေနိမ့်ဒေသများ၌ စိုက်ပျိုးကြရာ၊ ကန်သင်းဖို့၍ လယ်ကွက်အတွင်း ရေသွင်းစိုက်ပျိုးကြသည်။ သိန္နီ၊ လဲချား၊ မောက်မယ်နှင့် ကျိုင်းတုံနယ်များ၏ မြစ်ဝှမ်း ချောင်းဝှမ်း မြေနိမ့်ဒေသများ၌ ထိုနည်းဖြင့် စိုက်ပျိုးကြသည်။ ထိုဒေသများမှ စပါးအထွက်များ၍ လူနေအိမ်ခြေလည်း များပြားလေသည်။ ဒုတိယနည်းသည် တောင်ယာစပါး စိုက်ပျိုးရေး ဖြစ်၍ ထိုနည်းကို ပအိုဝ်း (တောင်သူ)လူမျိုးများနှင့် အခြားယင်းနက်၊ လွယ်လ၊ ပလောင်၊ ပလေး၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ ဓနော့၊ လီဆူ စသော တောင်ပေါ်သားတို့ လုပ်ကိုင်ကြသည်။ စိုက်ပျိုးမည့် တောင်ကုန်းဆင်ခြေလျှောရှိ သစ်တော ဝါးတောများကို ခုတ်ထွင် မီးရှို့၍ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြစ်ရာ ပထမသုံးနှစ်တွင် စပါးအထွက်ကောင်းသော်လည်း နောင်အခါ မြေဩဇာ ခန်း ခြောက်လာသဖြင့် နေရာပြောင်း၍ စိုက်ပျိုးလုပ်ကိုင်ကြပြန်သည်။ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိ၍ ကောနေသော မြေဧကများတွင် ထိုကဲ့သို့ စွန့်ပစ်ခဲ့သော တောင်ယာများလည်း ပါဝင်လေသည်။ တတိယနည်းသည် လှေကားထစ် စိုက်ပျိုးနည်း ဖြစ်၍တောင်ပေါ်သားတို့ အသုံးပြုသည့် နည်းတစ်နည်းလည်း ဖြစ်သည်။ ထိုစိုက်ပျိုးနည်းအတွက် တောင်ပေါ်မှ စီးကျလာသော ချောင်းရေကို အမှီပြုရသည်။ လယ်ကွက်နှင့်စိုက်ခင်းများကိုတောင်စောင်းဆင်ခြေလျှော၌ လှေကားထစ်သဖွယ် အဆင့်ဆင့် ပြုလုပ်ထားပြီးလျှင် တောင်ပေါ်ချောင်းမှ ရေကို အဆင့်ဆင့် ရေသွယ်ယူကြရသည်။ ထိုစိုက်ပျိုးနည်းဖြင့် အချို့သော အရပ် ဒေသများတွင် သီးထပ်ပင် စိုက်ပျိုးနိုင်လေသည်။ အာလူး၊ ပဲ စသည်တို့ကို စိုက်ပျိုးရာ၌လည်း တောင်ယာစံနစ်၊ လှေကားထစ် စံနစ်မျိုးတို့ဖြင့် စိုက်ပျိုးကြလေသည်။ ရှမ်းပြည်နယ်၏ ကြီးကျယ်သော စိုက်ပျိုးရေးထွက်ကုန်တစ်ရပ်မှာ လက်ဖက်ဖြစ်၍ ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းနယ်မှ အများဆုံး ထွက်သည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်နယ်၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး မန်စံ၊ ပင်လောင်နှင့် ဘော်ဆိုင်းနယ်တို့မှလည်း ထွက်သည်။ စင်စစ် လက်ဖက်ပင်သည် ရှမ်းပြည်နယ်၌ ဖြစ်ထွန်းလွယ်သော အပင်မျိုးဖြစ်သည်။ တောင်ပိုင်းနယ်တွင် လက်ဖက်လုပ်ငန်း လုပ်ကိုင်သူများသည် များသော အားဖြင့် ပလောင်လူမျိုးများ ဖြစ်သည်။ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း လက်ဖက်အစိုအခြောက် အချိုအခါးမှ ရရှိသော ခန့်မှန်းခြေဝင်ငွေသည် သိန်း ၂ဝဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်တောင်ပိုင်း၏ အဓိကလုပ်ငန်းတစ်ရပ်သည် သနပ်ဖက်လုပ်ငန်း ဖြစ်သည်။ ပင်လုံအနောက်ဘက် တောင်တန်း၊ မိုင်းကိုင်၊ လဲချား၊ ရွာငံ၊ ရေဦး၊ ပင်လောင်းနယ်များနှင့် မဲနယ်တောင်တန်းတို့တွင် သနပ်ဖက်ခြံများ ရှိသည်။ ၁၉၅၉- ၆ဝ ပြည့်နှစ်အတွင်း သနပ်ဖက်လုပ်ငန်းမှ ရရှိသော ဝင်ငွေ ခန့်မှန်းခြေ ဝင်ငွေသည် သိန်း ၁၄ဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်နယ်၏ ကျော်ကြားသော စိုက်ပျိုးရေးလုပ်ငန်း တစ်ရပ်မှာ အာလူးစိုက်ပျိုးရေး ဖြစ်သည်။ အထူးသဖြင့် မြေလပ်ပိုင်းဖြစ်သော ပင်းတယ၊ ပွေးလှ၊ အောင်ပန်း၊ သီဂျစ် စသည့် ဒေသများတွင် အားလူးစိုက်ပျိုးရေးသည် အဓိက လုပ်ငန်းတစ်ရပ်ပေတည်း။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးမှထွက်သော အာလူး ၈၅ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်မှ ထွက်၍ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း အာလူးတန်ချိန် ၁၄,၈၂၈ ထွက်ရှိရာ သင့်ငွေတန်ဖိုးသည် သိန်း ၃ဝ နီးပါး ဖြစ်လေသည်။ မြေပဲစိုက်ပျိုးရေးမှ သိန်းပေါင်း ၅ဝ ကျော် ဝင်ငွေရှိ၍ ပြည်နယ်ဦးစီးအဖွဲ့သည် မြေပဲတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကြက်သွန်ဖြူမှ ဝင်ငွေ ၃၇ သိန်းကျော် ရှိ၍ ဂျုံ၊ ကာဖီစေ့၊ ဗာဂျီးနီးယားဆေးတို့မှလည်း သိန်းနှင့်ချီ၍ ဝင်ငွေရရှိလေသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်နှင့် တောင်ပိုင်းမှ ရပ်စောက်နှင့် မိုင်းကိုင်နယ်တို့မှ လိမ္မော်သီး အများအပြားထွက်သည်။ ရပ်စောက်နယ်ထွက် လိမ္မော်သီး အကြီးအကျယ် ထွက်သည်။ ရပ်စောက်နယ်ထွက် လိမ္မော်ကို ပြည်မ၌ အောင်ပန်း လိမ္မော်ဟု ခေါ်ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက သီပေါသည် ရပ်စောက်ထက် လိမ္မော်ထွက် ပိုသည်။ ယခု ရှမ်းပြည်နယ်မှထွက်သော လိမ္မော်သည် တန်ချိန် ၉ဝဝဝ ကျော်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် သစ်သော့ခြံများကို တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက် စသော နယ်များတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအခါ ပြည်မသို့ အများအပြား တင်ပို့လျက်ရှိပေပြီ။ သံလွင်မြစ်၏ အရှေ့ဘက်နယ်ခြားဒေသတစ်လျောက် ဘိန်းပင်များကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော် လည်း ဘိန်းသည် တိုင်းရင်းသားများ၏ စာရိတ္တနှင့် ကျန်းမာသန်စွမ်းရေးကို အကြီးအကျယ် ထိခိုက်စေသဖြင့် ဘိန်းပင်စိုက်ပျိုးမှု ပပျောက်စေရန် သက်ဆိုင်ရာအာဏာပိုင်များက ကြိုးပမ်းလျက်ရှိလေသည်။ အင်းလေးရှိ ကျွန်းမျောများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည်။ ကျွန်းမျောများပေါ်တွင် စိုက်ပျိုးရေးသည် သက်သာလွယ်ကူသည် မဟုတ်ပေ။ အင်းသားတို့၏ ချီးကျူးဖွယ်ကောင်းသော ဇွဲသတ္တိနှင့် လုံ့လဝီရိယတို့ကြောင့် ဖြစ်ထွန်းခြင်းပင်တည်း။ စိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်းများလည်း ရှမ်းပြည်နယ်တွင် ဆောင်ရွက်လျက် ရှိကြသေးသည်။ အင်းလေးဒေသမှ ပိုးထည်လုပ်ငန်းသည် ကြီးကျယ်ကျော်ကြားလှပေသည်။ ပိုးထည် အများဆုံးလုပ်ကိုင်သော ရွာမှာ အင်းပေါခုံဖြစ်၍ နန်းပန်၊ သာလေးရွာများသည် ဒုတိယအများဆုံး လုပ်ကိုင်သည်။ ဟဲလုံး၊ ရွာကန့်လန့်၊ ပြားပင်၊ ကျွန်းကြီးရွာများတွင် ဖျင်ဖြူ၊ ဖျင်နီများ ရက်လုပ်ကြသည်။ ညောင်ရွှေမြို့ပေါ်တွင်လည်း ပိုးထည်များကို ရက်လုပ်ကြလေသည်။ အထည်ရက်လုပ်သော လုပ်ငန်းများအပြင် လဲချားနယ်မှ ယွန်းထည်လုပ်ငန်း၊ မိုင်းကိုင်နယ်မှ ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ) လုပ်ငန်းနှင့် အိုးခွက်လုပ်ငန်း၊ မိုင်းနောင်နယ်ထွက် ဝါးရက်ပစ္စည်း လုပ်ငန်းတို့လည်း ရှိပေသေးသည်။ ငွေထည်ပစ္စည်းများကိုလည်း ရှမ်းပြည်နယ် အနှံ့အပြား၌ လုပ်ကိုင်ကြသည်။ ဖော်ပြပါ လုပ်ငန်းများကို ရှေးသမားရိုးကျအတိုင်းပင် လုပ်ကိုင်နေကြ၍ အချို့သည် တွင်ကျယ်သင့်သလောက် မတွင်ကျယ်နိုင်ခြေ။ လမ်းပန်းဆက်သွယ်ရေး ခရီးလမ်းပန်းဆက်သွယ်ရေးအနေဖြင့် မြို့ကြီးများအတွက် အဆင်ပြေလွယ်ကူ သကဲ့သို့ အတန်ငယ်ခက်ခဲသည့် အစွန်အဖျားဒေသများလည်းရှိသည်။ လေကြောင်းဖြင့် တောင်ကြီးမြို့နှင့် ၂၄ မိုင်အကွာရှိ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်လေဆိပ်သို့ သွားရောက်နိုင်သည်။ ရထားဖြင့် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့သို့ သွားရောက်နိုင်သည်။ ရှမ်းပြည်နယ်တွင် မြစ်ချောင်းများ ပေါများသော်လည်း ရေစီးမြန်ခြင်း၊ ရေတံခွန်များ ရှိခြင်းတို့ကြောင့် ရေလမ်းခရီးကို အသုံးနည်းသည်။ အင်းလေးတွင်မူ လှေများ၊ စက်တပ်လှေများဖြင့် တစ်နေရာမှတစ်နေရာ၊ တစ်ရွာမှ တစ်ရွာသို့ သွားလာကူးသန်းကြသည်။ အင်းလေးမှ အင်းသားတို့ ခြေဖြင့် လှေလှော်နည်းသည် ကမ္ဘာကျော် ဓလေ့ဆန်းတစ်ရပ် ဖြစ်ပေသည်။ ရှမ်းပြည်နယ်တွင် တောင်ကတုံးများ၊ ကုန်းမြင့်လွင်ပြင်များ တောင်ကြားလွင်ပြင်များသည် မြေမျက်နှာပြင်ကို နိမ့်တုံ မြင့်တုံ ဖြစ်စေလျက် ကျယ်လွင့်များပြားစွာ ရှိသဖြင့် မီးရထားလမ်းနှင့် မော်တော်ကားလမ်းများကို ဖောက်လုပ်ပြီးလျှင် ကုန်းလမ်းခရီးကို အသုံးများကြလေသည်။ ပြည်မနှင့်လည်းကောင်း၊ အခြားပြည်နယ်များ နှင့်လည်းကောင်း လေကြောင်းမှ လွဲလျှင် ကုန်းလမ်းခရီးဖြင့်သာ ဆက်သွယ်ကြရလေသည်။ မီးရထားလမ်းရှည်ကြီးများသည် ရှမ်းပြည်မြောက်ပိုင်းတွင် တစ်လမ်း၊ တောင်ပိုင်းတွင် တစ်လမ်း အသီးသီးရှိသည်။ မြောက်ပိုင်းလမ်းဖြစ်သော မန္တလေး-လားရှိုး (၁၇၁ မိုင်) လမ်းသည်လည်းကောင်း၊ တောင်ပိုင်းလမ်း ဖြစ်သော သာစည်-ရွှေညောင် (၉၈ မိုင်) မီးရထားလမ်းသည်လည်းကောင်း များသောအားဖြင့် မော်တော်ကားလမ်းနှင့် ယှဉ်ပြိုင်လျက်ရှိသည်။ မန္တလေး - လားရှိုး မီးရထားလမ်းကို ၁၉ဝ၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သာစည် -ရွှေညောင် မီးရထားလမ်းကိုမူ တစ်ဆင့်ပြီးတစ်ဆင့် ဖောက်လုပ်ခဲ့ရာ သာစည်-ကလောလမ်းကို ၁၉၁၅ ခုနှစ်တွင်လည်းကောင်း၊ ကလော-ဟဲဟိုးလမ်းကို ၁၉၂၁ ခုနှစ်တွင်လည်းကောင်း၊ ဟဲဟိုး- ရွှေညောင်လမ်းကို ၁၉၂၈ ခုနှစ်တွင်လည်းကောင်း၊ အသီးအသီး ဖွင့်လှစ် ခဲ့သည်။ မန္တလေး-လားရှိုးလမ်းသည် နမ့်ယော်တွင် နမ္မတူနှင့် ဘော်တွင်းသို့ လမ်းခွဲရှိသည်။ ထိုလမ်းခွဲကို ဘားမားကော်ပိုရေးရှင်း လီမီတက်က ဖောက်လုပ်ထားသဖြင့် ကုမ္ပဏီပိုင်ဖြစ်ပြီးလျှင် လမ်းကျဉ်းလေသည်။ ရှမ်းပြည်နယ်၏ မီးရထားလမ်းများကို တောအထပ်ထပ်၊ တောင်အလျှိုလျှိုကို ကျော်လွှား၍လည်းကောင်း၊ ဥမင်လိုဏ်ခေါင်းများကို ဖောက်ထွင်း၍လည်းကောင်း၊ တောင်ခါးပန်းများကို ရစ်ပတ်၍လည်းကောင်း၊ လျှိုမြောင်များကို ဖြတ်သန်း၍လည်းကောင်း ခဲရာခဲဆစ် ဖောက်လုပ်ထားသဖြင့် အချို့နေရာများတွင် သည်းထိတ်ရင်ဖိုဖွယ်ရာ သွားလာကြရသည်။ သို့သော် ဘေးတစ်ဖက်တစ်ချက်မှ တောစခန်း၊ တောင်စခန်း ရှုခင်း ရှုကွက်များကလည်း သာယာရှုမောဖွယ် ရာ ဖြစ်၍ နှစ်သိမ့်ကြည်နူးမှုကိုလည်း ခံစားကြရပေသည်။ မန္တလေး-လားရှိုးရထားလမ်းရှိ ဂုတ်ထိပ်တံတားသည် လှပထင်ရှားသော ကမ္ဘာကျော် တံတားပေတည်း။ မီးရထားလမ်းများဖြင့် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်မထားပေ။ မော်တော်ကားလမ်းအားဖြင့်မူ အဆက် အသွယ်ရှိပေသည်။ မော်တော်ကားလမ်း အများအပြားရှိရာ အချို့နေရာများတွင် ထိုလမ်းတို့သည် မီးရထားလမ်းနည်းတူ တောင်ခါးပန်းများကို ရစ်ပတ်ကွေ့ဝိုက်လျက် ဖောက်လုပ်ထား လေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် မန္တလေးမှသည် မြန်မာ- တရုတ်နယ်ခြား မြို့ကလေးဖြစ်သော ကြူကုတ်အရောက် တောက်လျှောက်သွားနိုင်သော မော်တော်ကားလမ်း ရှိသည်။ ထိုလမ်းသည် ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယုတို့ကို ဖြတ်သန်းသွား၍ မန္တလေးမှ မိုင်းယုအထိ ၂၇၇ မိုင် ရှိလေသည်။ မိုင်းယုမှ အနောက်တောင်ဘက်ရှိ မူဆယ် သို့လည်းကောင်း၊ မူဆယ်မှတစ်ဖန် အနောက်တောင်ယွန်းယွန်းရှိ နမ်းခမ်းမြို့သို့လည်ကောင်း လမ်းခွဲရှိသည်။ နမ်းခမ်းမြို့မှတစ်ဆင့် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအိုအထိ သွားနိုင်လေသည်။ မန္တလေးမှ တရုတ်နယ်စပ်အရောက် ထိုမော်တော်ကားလမ်း တစ်လျှောက်တွင် လမ်းခွဲများရှိသေးရာ ကျောက်မဲမှ မိုးကုတ်၊ မိုးမိတ် သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ဗန်းမော်၊ မြစ်ကြီးနား သို့လည်းကောင်း၊ မိုးကုတ်မှတစ်ဆင့် သပိတ်ကျင်းသို့လည်းကောင်း သွားရောက်နိုင်သည်။ သီပေါမှ နမ့်ဆန်သို့၎င်း၊ နမ္မတူနှင့် ဘော်တွင်း သို့လည်းကောင်း၊ လားရှိုးမှ နမ္မတူနှင့် ဘော်တွင်းသို့လည်းကောင်း လမ်းခွဲများ ရှိပေသေးသည်။ ရှမ်းပြည်တောင်ပိုင်းတွင် သာစည်မှ ယိုးဒယားနယ်စပ်ရှိ တာချီလိပ်သို့အရောက် ၄၈၅ မိုင်ခန့် ရှည်လျားသော မော်တော် ကားလမ်းရှည်ကြီးဖြင့် တောက်လျှောက်သွားနိုင်သည်။ ဖြတ်သန်းသွားသော မြို့များမှာ ကလော၊ တောင်ကြီး၊ဟိုပုံး/ လွိုင်လင်၊ ကွန်ဟိန်း၊ တာကော်၊ ကျိုင်းတုံ စသည်တို့ ဖြစ်သည်။ တာကော်တွင် သံလွင်မြစ်ကို ဖြတ်ကူးသော ပေ ၇၈ဝ ရှိ တာကော် ယာယီတံတားကို ၁၉၆၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖွင့် လှစ်ခဲ့၏။ ထိုမော်တော်ကားလမ်း ရှည်ကြီးမှလည်း လမ်းခွဲများရှိလေရာ ကလောမှ ခြောက်မိုင်ဝေးသော အောင်ပန်းတွင် ပင်းတယ (၂၄ မိုင်) သို့ လမ်းခွဲရှိသေးသည်၊ ပင်းတယမှ တစ်ဖန် ၃၂ မိုင် ဝေးကွာသောရပ်စောက်သို့ ဆက်လက်သွားလာနိုင်၍ ရပ်စောက်တွင် ဗထူးတပ်မြို့ ရှိလေသည်။ ဟဲဟိုးမြို့မှလည်း သတ္တုတွင်းများ ရှိသော ဘော်ဆိုင်းသို့ လမ်းခွဲရှိ၍ ၁၉ မိုင်မျှ ရှည်လျားသည်။ တောင်ကြီး မရောက်မီ ရွှေညောင်တွင် ညောင်ရွှေမြို့ (၇ မိုင်) သို့လည်း လမ်းခွဲရှိလေသည်။ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသော မော်တော်ကားလမ်းများမှာ လွိုင်လင်-သီပေါ-လားရှိုး ၁၈၅ မိုင် တစ်လမ်းနှင့် လွိုင်လင်-ကျေးသီးမန်စံ-လားရှိုး ၂ဝ၂ မိုင် တစ်လမ်းတို့ ဖြစ်သည်။ ထိုလမ်းရှည်ကြီးများမှ လမ်းခွဲတိုများလည်း ရှိသေးသည်။ လွိုင်လင်အနီးရှိ နမ့်စန်မှ မိုးနဲ၊ လင်းခေး၊ မိုင်းပန်တို့သို့ ရောက်ရှိနိုင်သော လမ်းခွဲတစ်ခု ရှိသေးသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကို ဆက်သွယ်နိုင်သော မော်တော်ကားလမ်းနှစ်လမ်းမှာ (၁) ဟိုပုံး မှ ကယားမြို့တော် လွိုင်ကော်သို့ အရောက် ၈၅ မိုင် ရှည်လျားသောလမ်း၊ (၂) အောင်ပန်းမှ လွိုင်ကော်သို့ အရောက် ၁ဝ၅ မိုင်ရှည်လျားသော လမ်းတို့ဖြစ်၍ အောင်ပန်း လွိုင်ကော်လမ်းသည် ပို၍ ကောင်းလေသည်။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့မကူးမီ တရုတ်-မြန်မာ လမ်းမကြီးသည် တရုတ်နိုင်ငံအား 'နောက်ဖေးပေါက်'မှ လက်နက်ခဲယမ်းမီးကျောက်များ တင်ပို့ရေးအတွက် အသက်သွေးကြောကြီး ဖြစ်ခဲ့သည်။ ထိုလမ်းမ ကြီးသည် မြန်မာဘက်မှ လားရှိုးနှင့် တရုတ်ဘက်မှ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တို့ကို ဆက်သွယ်ထား၍ မိုင်ပေါင်း ၆၉ဝ ရှည်လျားသည်။ မြန်မာပြည်ဘက်မှ ကြူကုတ်သည် နယ်ခြားစခန်း ဖြစ်၍ တရုတ် တို့ဘက်မှ နယ်ခြားစခန်းသည် ဝမ်တိန် ဖြစ်လေသည်။ ထိုတရုတ်-မြန်မာလမ်းမကြီးကို ချန်ကေရှိတ်အစိုးရသည် ခေတ်မီစက်ကရိယာပစ္စည်း မသုံးဘဲ ရာထောင်မကသော တရုတ်-မြန်မာ အလုပ်သမားတို့၏ အသက်ကို စတေးကာ တောင်အထပ်ထပ်၊ လျှိုမြောင်အသွယ်သွယ်ကို ကျော်ဖြတ်ဝိုက် ပတ်လျက် ခဲယဉ်းပင်ပန်းလှစွာ ဆောက်လုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စတင်ဆောက်လုပ်ရာ ၁၆ လအတွင်း ပြီးစီး၍ ကမ္ဘာ့ သမိုင်းတွင် မှတ်တမ်းတင်ရသော လမ်းမကြီး ဖြစ်ပေသည်။ လက်နက်ပစ္စည်းများကို ရန်ကုန်မှ လားရှိုးအထိ မီးရထားဖြင့် သယ်ယူရလေရာ တရုတ်-မြန်မာလမ်းမကြီး၏ ကြမ်းတမ်း ခက်ခဲမှုကြောင့် မော်တော်ကားများ အလွန် အပျက်အစီးများခဲ့သဖြင့် ထိုလမ်းမကြီးသည် 'မော်တော်ကားသင်္ချိုင်း' ဟုပင် အမည်တွင်ခဲ့လေသည်။ စစ်မီးသည် မြန်မာပြည်သို့ ကူးစက်လာ၍ ၁၉၄၂ ခုနှစ် တွင် ဂျပန်တပ်များက လားရှိုးကို သိမ်းပိုက်လိုက်သောအခါ ထိုလမ်းမကြီးကို အသုံးမပြုနိုင်တော့သဖြင့် အာသံပြည်နယ်ရှိ လီဒိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်တို့သို့ ပေါက်ရောက်သော စတီးဝဲ၊ သို့မဟုတ် လီဒိုလမ်းမကြီးကို ဖောက်လုပ် အသုံးပြုခဲ့ရလေသည်။ ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ယိုးဒယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိရာ ထိုနိုင်ငံများသို့ ပေါက်ရောက်သည့် တောင်ကြားလမ်းပေါက်များရှိသည်။ သို့သော် အသွားအလာလွယ်ကူသော လမ်းပေါက်များ မဟုတ်ချေ။ မြောက်ပိုင်း၌ ရွှေလီမြစ်ကြောင်းကို လိုက်၍ တရုတ်နယ် နိမိတ်တွင်းသို့ ရောက်နိုင်သော တောင်ကြားလမ်းရှိ၍ ရွှေလီလမ်းဟု ခေါ်သည်။ သံလွင်မြစ်တစ်ဖက်ကမ်း ကွမ်းလုံ ကူးတို့ဆိပ်မြို့ကလေးမှလည်း တရုတ်နယ်နိမိတ်အတွင်း ရောက်နိုင်ရာ ကွမ်းလုံမှ သံလွင်မြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထား၍ ၈၉၈ ပေ ရှည်သော ကွမ်းလုံကြိုးတံတားကို ၁၉၆၅ ခုနှစ်တ ဒီဇင် ဘာလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့၏။ တောင်ပိုင်းတွင် တာချီလိပ်မှ မဲခေါင်မြစ်တစ်ဖက်ကမ်းကူးလျှင် ယိုးဒယားနယ်နိမိတ်အတွင်းသို့ ရောက်နိုင်သည်။ ထို့ပြင် ကျိုင်းတုံနယ်အတွင်းမှ တရုတ်၊ ယိုးဒယား၊ လာအိုနိုင်ငံ နယ်နိမိတ်များအတွင်းသို့ ကုန်းလမ်းခရီးဖြင့် ပေါက်ရောက်နိုင်သော လမ်းပေါက်များ ရှိသော်လည်း ခဲခဲယဉ်းယဉ်း သွားရောက်ရ၍ အသုံးပြုခြင်း နည်းပါးလှလေသည်။ ရှမ်းပြည်နယ်သည် ပြည်မနှင့် လေကြောင်းခရီး အဆက်အသွယ်လည်း ရှိသည်။ ရှမ်းပြည်မြောက်ပိုင်း၌ လားရှိုး၊ မိုးမိတ်၊ နမ့်ဆန်မြို့များတွင်လည်းကောင်း၊ တောင်ပိုင်းတွင် ဟဲဟိုး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့တို့တွင်လည်းကောင်း လေဆိပ်များ ရှိသည်။ စေတီပုထိုးများ ရှမ်းပြည်နယ်တွင် ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားကြသည့်အလျောက် စေတီပုထိုး၊ ကျောင်းကန် ဘုရားများလည်း ပေါများလှသည်။ ရွှေရောင်တဝင်းဝင်း၊ ထုံးဖြူတဖွေးဖွေးနှင့် စေတီပုထိုးများ၊ တိုင်တစ်ရာကျော် ရှိသော ဘုန်းကြီးကျောင်းများကို နေရာအနှံ့အပြား၌ ကြည်ညိုဖွယ်ရာ တွေ့ရသည်။ များသောအားဖြင့် ရှမ်းပြည်နယ်ရှိ တန်ခိုးကြီးစေတီပုထိုး အများအပြားကို မူလအိန္ဒိယနိုင်ငံ မဂဓတိုင်းရှင် သီရိဓမ္မာ သောကမင်း၏ ကုသိုလ်တော် စေတီပေါင်း ၈၄,ဝဝဝ တွင် ပါဝင်ခဲ့သည့် စေတီများဟူ၍လည်းကောင်း၊ အလောင်းစည်သူမင်း တိုင်းခမ်းလှည့်စဉ်က တည်ထားသော စေတီပုထိုးများဟူ၍လည်းကောင်း ယုံကြည်ကြသည်။ စေတီပုထိုးများကို ရှမ်းပြည်နယ်၌ မွေတော် ဟု များသောအားဖြင့် ခေါ်ဝေါ်ကြလေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ကျော်ကြားသော စေတီသည် ဘော်ကြိုရွာကြီးအနီးရှိ ဘော်ကြိုစေတီဖြစ်သည်။ တောင်ပိုင်နယ်၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် တည်ထားသော လွယ်ဆိုင်စေတီကို ပလောင်တို့ အထူးကြည်ညိုကြသည်။ ထိုစေတီအနီးတွင် တောင်ပိုင်နယ်အတွင်း ပထမဆုံး ပေါက်ခဲ့သည်ဟု ပလောင်တို့ ယူဆခဲ့ကြသော လက်ဖက်ပင်ကြီး ရှိလေသည်။ မြေလပ်ပိုင်းတွင် ပင်းတယမြို့၏ ရွှေဥမင်ဘုရားသည် ကျော်ကြားလှပေသည်။ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးညောင်ရွှေနယ်ရှိ စေတီပုထိုးများအနက် ဖောင်တော်ဦးဘုရား ငါးဆူသည် ရှမ်းပြည်နယ် တစ်ခုလုံးတွင်သာမက မြန်မာပြည်မ ဘက်၌ပါ ကျော်ကြားလှသော တန်ခိုးကြီးဘုရားများ ဖြစ်ပေသည်။ အချို့နယ်ရှင် စော်ဘွားများသည် မန္တလေးမြို့ရှိ မဟာမြတ်မုနိပုံတော်ပွားများကို သွန်းလုပ်စေ၍ ပူဇော်ကြသည်။ ညောင်ရွှေမြို့ရှိ စော်ဘွားကြီး ဆာစဝ်မောင်၏ ကုသိုလ်တော်ဖြစ်သော ရတနာမာန်အောင် စေတီသည် ရှမ်းပြည်နယ်တွင် ကြီးကျယ်ခမ်းနားသော ဘုရားတစ်ဆူဖြစ်၍ ဂန္ဓကုဋီတိုက် အတွင်း၌ ဉာဏ်တော်ကြီးမားသော ကြေးသွန်းရုပ်ပွားတော်ကြီး ကိန်းဝပ်စံပယ်လျက် ရှိလေသည်။ ၁၉၂၄ ခုနှစ် ရှမ်းပြည်လောင်းကစားဥပေဒအရ စော်ဘွားများသည် ဘုရားပွဲများ ကျင်းပသည့်အခါ လောင်းကစားဝိုင်းများ ထည့်သွင်းခွင့်ပြုသည်။ တစ်ကြိမ်လျှင် ခြောက်ရက် ကျင်းပခွင့်ရသည်။ ထည့်သွင်း ခွင့်ပြုသည့် အကြောင်းပြချက်မှာ ရှမ်းပြည်တွင် ပျော်ပွဲရွှင်ပွဲများ အလွန်နည်းသဖြင့် လူထုပျော်ရွှင်ခွင့် ရစေရန် ဖန်တီးရသည်ဟု ဆိုသည်။ စင်စစ်သော် စော်ဘွားများသည် ထိုကစားဝိုင်းများမှ ကစားဝိုင်းခွန်များ အမြောက်အမြား ရရှိသောကြောင့် ဖြစ်လေသည်။ ယင်းသို့ ဘုရားပွဲများ၌ ကစားဝိုင်းများ ထည့်သွင်းခြင်းသည် လူထု၏ စာရိတ္တရေး၊ စီးပွားရေးကို အလွန်တရာ ထိခိုက်စေခဲ့သဖြင့် ၁၉၆၂ ခုနှစ် မတ်လတွင် တော်လှန်ရေး အစိုးရ တက်လာသောအခါ ဘုရားပွဲများ၌ လောင်းကစားခွင့်ကို ပိတ်ပင်ခဲ့လေသည်။ ရှမ်းပြည်နယ်၏ မြို့ကြီးများတွင် နေ့စဉ် ဈေးမစည်ဘဲ ငါးရက်တစ်ဈေးများ ကျင်းပလေ့ရှိသည်။ ဈေးသည်များသည် တစ်ဈေးမှ တစ်ဈေးသို့ ဘတ်စကားများဖြင့် လှည့်လည်ရောင်းချကြသည်။ ဈေးရက်များမှာ စော်ဘွားနယ်များတွင် အောက်ပါမြို့များ၌ တစ်ပြိုင်နက်ဈေး ဖြစ်လေသည်။ ရှမ်းအခေါ်ဖြင့် ကတ်ဝိန်းဟူ၏။ (၁) ရပ်စောက်၊ (၂) ပင်းတယ၊ (၃) ညောင်ရွှေ၊ (၄) ဟိုပုန်း၊ (၅) မိုးနဲ၊ (၆) လဲချား၊ (၇) မိုင်းကိုင်၊ (၈) မိုင်းယွန်း၊ (၉) ဆီဆိုင် (သထုံ)တို့ ဖြစ်ကြသည်။ ထိုဈေးများ ပြီးသည့်အခါ (၁) ဟဲဟိုး၊ (၂) တောင်ကြီး၊ (၃) နန်းပန်၊ (၄) နောင်မွန်၊ (၅) လွိုင်လင်၊ (၆) အောင်ပန်း၊ (၇) ဘန်းယဉ်၊ (၈) ကလောမြို့တို့တွင် ဈေးဖြစ်ပြန်လေသည်။ အကြီးဆုံးဈေးများမှာ ပင်းတယနှင့် နန်းပန်တို့ ဖြစ်သည်။ ဈေးနေ့များတွင် ယောက်ျား မိန်းမ ကလေး လူကြီးမကျန် ဈေးသို့သွားလေ့ရှိကြသည်။ ယင်းတို့သည် ဈေးနေ့တွင် အခြားကိစ္စများကို မဆောင်ရွက်လိုကြချေ။ ရပ်ရွာကိစ္စ သာမှု နာမှု ကိစ္စများတွေ့ဆုံ တိုင်ပင်သည့် နေရာတစ်ခုဟု မှတ်ယူနိုင်သည်။ သမိုင်းကြောင်း ရှမ်းပြည်နယ်၏ အစောပိုင်းသမိုင်းသည် မြန်မာနိုင်ငံအစောပိုင်း သမိုင်းကဲ့သို့ ပုံပြင်ဒဏ္ဍာရီဆန်ကာ နတ်၊ နဂါး၊ ကျားများပါ ပါဝင် ရောနှောနေသည်။ယင်းသို့ ဒဏ္ဍာရီဆန် သော အချက်အလက်များကို ချန်လှပ်၍ မြန်မာရာဇဝင်သမိုင်းများ ကုန်းဘောင်သီပေါ ရာဇဝင်များအရ ဖော်ပြရလျှင် ရှမ်းပြည်ထောင်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကရာဇ်မင်းဟု ဆိုလေသည်။ ထိုကြောင့် ရှမ်းမင်းအစ၊ ဘိန္နက ဟုပင် ရေးသားခဲ့ကြ လေသည်။ ထိုရာဇဝင်အရ တကောင်းမင်း အဘိရာဇာ၏ အဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာလာပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက် မလယ်အရပ်၌ စံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသော ဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကို ခေါင်းဆောင်သော ထိုမင်း၏ ညီတော် ဘိန္နာကရာဇ်သည် ရွှေလီမြစ်အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာ ဘက်ကမ်းတွင် မိုင်းမောဟု ခေါ်တွင်သောဒေသ၌ အခြေချကာ ရှမ်းတစ်ဆဲ့ကိုးခရိုင်ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ထိုကြောင့် ရှမ်းပြည်ထောင်အစ၊ မိုင်းမောက ဟုလည်း ဆိုရိုးပြုခဲ့ကြလေသည်။ သမိုင်းသုတေသီများ အထောက်အထား အခိုင်အလုံတွေ့ရသော ပဓာနအချက်အလက်များနှင့် ညီညွတ်သည့် အဆိုများအရမူ ရှမ်းလူမျိုးတို့သည် နန်ချောင် (နန်းကျောက်) ပြည်ကြီးမတည်ဆောက်မီ ခရစ်နှစ် တစ်ရာစု အစပိုင်းလောက်မှ စတင်၍ တရုတ်နိုင်ငံတောင်ပိုင်းဒေသများမှ တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်ဒေသများသို့ တရွေ့ရွေ့ရွေ့ပြောင်း လာခဲ့ရာ နန်ချောင်ပြည်ကြီး စည်ပင်ဖွံ့ဖြိုးနေသည့် ခုနစ် ရာစု လောက်တွင် မိုင်းမောဒေသမှ စတင်၍ ရှမ်းပြည်ထောင်များကို တစ်စတစ်စ တိုးချဲ့တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်မတိုင်မီအထိ မိုင်းမောသည် နန်ချောင်အား ပဏ္ဏာဆက်သနေခဲ့ရသည်။ အနော်ရထာမင်းသည် နန်ချောင်၏မြို့တော် ယခု ယူနန်ပြည်နယ်ရှိ တာလီဖူသို့အရောက် ရဲမက် စစ်သည် အလုံးအရင်းနှင့် ချီတက်လာသောအခါ နန်ချောင်ပြည့်ရှင်သည် မြန်မာမင်းအား ခန့်ညားခဲ့ရသည်။ ထိုကြောင့် အပြန်ခရီးတွင် မိုင်းမောပြည့်ရှင်သည်လည်း အနော်ရထာမင်းအား သမီးတော် စောမွန်လှကို ဆက်သပြီးလျှင် ခန့်ညားဝပ်စင်းခဲ့လေသည်။ အနော်ရထာမင်း၏ လက်ထက်မှစ၍ စည်ပင်တိုးတက်လာသော ပုဂံပြည်သည် ခရစ်နှစ် ၁၃ ရာစု အလယ်ပိုင်းတွင် တိုင်းပြည်အား အုပ်ချုပ်မင်းလုပ်ကြသော ကျစွာမင်း၊ ဥဇနာမင်း၊ နရသီဟပတေ့မင်းတို့၏ လက်ထက်၌ ထိုမင်းတို့ အရည်အချင်းညံ့သဖြင့် ပုဂံပြည်ကြီး ယိမ်းယိုင်လာလေသည်။ ထိုအခါ မော ရှမ်းမင်းတို့သည် မြန်မာမင်းတို့အား မခန့်မညားတော့ချေ။ မြန်မာမင်းက မြို့စားရွာစား ခန့်ထားသော စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းစား ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံပြည်၏ နိုင်ငံရေးအင်အားကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့နှင့် ယင်းတို့၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ လွှမ်းမိုးကြီး စိုးနေခဲ့ကြလေသည်။ တောင်ပိုင် ရှမ်းပြည်နယ်ဟု ယခုခေါ်ဆိုကြသော ရှမ်းနယ် များသို့ ရှမ်းလူမျိုးများ မပျံ့နှံ့လာမီက ထိုဒေသများ၏ မူလ တိုင်းရင်းသားများသည် ကရင်အနွယ်များဟု ယူဆကြရ၍ ဝ၊ ပလောင်၊ ယင်းသုံးမျိုး (ယင်းနက်၊ ယင်းဆက်၊ ယင်းကျား)၊ တောင်သူနှင့် ပဒေါင်လူမျိုးစုများလည်း ရှိနေသည်။ ထိုနယ်များ ၏ အစောပိုင်း သမိုင်းတွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စကြာဖြင့် တိုင်းခမ်းလှည့်လည်စဉ်က အကြောင်းများလည်း ပါရှိ၍ မြန်မာနိုင်ငံအစောပိုင်း သမိုင်းနှင့် ဒွေးရောယှက်တင် ရှိနေခဲ့လေသည်။ အသေအချာ လေ့လာစိစစ်သည့်အခါ အထက်မြန်မာနိုင်ငံ၌ မောရှမ်းဆက်များ ဖြစ်ကြသော မိုး ကောင်း၊ မိုးညှင်း၊ ကလေးစားတို့ လွှမ်းမိုးနေစဉ် သမယမှ စတင်၍ မြောက်ပိုင်းနယ်များမှ စော်ဘွားအဆက်အနွယ်များကို ပင့် ခေါ်ပြီးလျှင် တောင်ပိုင်းနယ်များ၌ စိုးမိုးစေခဲ့သည်ဟု ယူဆရလေသည်။ မြေလပ်နယ်များရှိ လူမျိုးများဖြစ်ကြသော အင်းသား၊ ဓနု၊ တောင်သူ၊ တောင်ရိုးတို့သည် ထိုဒေသ၏ မူလတိုင်းရင်းသား များ မဟုတ်ချေ။ ယင်းတို့သည် မြန်မာအစုဝင် လူမျိုးများ ဖြစ်ကြပြီးလျှင် အခြားဒေသမှ ကြောင်းကြောင်းတို့ကြောင့် ထိုဒေသများသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။ သို့သော် မြေလပ်နယ်များသည် ပထဝီဝင်အရ ရှမ်းနယ်များနှင့် ပို၍နီးစပ်သဖြင့် မြန်မာတို့သည် ယင်းနယ်များအား ရှမ်းနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့လေသည်။ မြေလပ်နယ်များမှ မြန်မာများကို ငွေပဏ္ဏာ ဆက်သွင်းရသဖြင့် ထိုနယ်ရှင်များအား ငွေခွန်မှူးများဟု ခေါ်ဆိုကြလေသည်။ စစ်ကိုင်း၊ ပင်းယတို့၌ မင်းပြုစိုးမိုးနေခဲ့ကြသော ရှမ်းညီနောင် သုံးဦးတို့၏အဆက်အနွယ်များသည် နောင်အခါ အချင်းချင်း မညီညွတ်သဖြင့် ပင်းယမင်းသည် စစ်ကိုင်းကို တိုက်ရန် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဖျားတွင် အင်အားကြီးမားလျက် ရှိသော မောရှမ်းတို့ကို ဖိတ်ခေါ်သည်။ မောရှမ်းတို့သည် စစ်ကိုင်းကို သာမက ပင်းယကိုပါ တိုက်သဖြင့် နှစ်မြို့လုံးပျက်ရလေသည်။ ၁၃၆၄ ခုနှစ်တွင် စစ်ကိုင်းနှင့် ပင်းယပျက်ပြီးနောက်၌ စစ်ကိုင်းမင်း အသင်္ခယာစောယွန်း၏ မြေးတော်သတိုးမင်းဖျားသည် စစ်ကိုင်းနှင့် ပင်းယကို သိမ်းယူ၍ အင်းဝကို တည်ကာ မင်းပြုသည်။ ထိုမင်းလက်ထက်နှင့် ထိုမင်းအားဆက်ခံသော မင်းကြီးစွာစော်ကဲ၏လက်ထက်တွင် မောရှမ်းတို့နောက်ထပ်တိုက်ခိုက်လာခြင်းကို ဟန့်တားနိုင်ခဲ့သော်လည်းနောက် ဆက်ခံသော မင်းများလက်ထက်တွင်မူ ရှမ်းမင်းတို့ သည် အင်းဝကို ရံဖန်ရံခါ တိုက်လာသည်။ တရုတ်နိုင်ငံ ကိုလည်း သွားရောက်ထိပါးသည်။ အချင်းချင်းလည်း တိုက်ခိုက်ကြလေသည်။ တောင်ငူခေတ်တွင် မြန်မာတို့ ပြန်၍ အင်အားတောင့်လာသည်။ ထိုအချိန်၌ အင်းဝတွင် ရှမ်းမင်းခုံမှိုင်းငယ် (ခွန်မိုင်းငယ်) စိုးစံနေသည်။ မြန်မာတို့သည် ရှမ်းတို့၏ စိုးမိုးမှုကို တွန်းလှန်ရန် ကြိုးပမ်းလာသည်။ မြန်မာသက္ကရာဇ် ၉ဝ၆ ခုနှစ် (ခရစ် ၁၅၄၄ ခုနှစ်) တွင် တောင်ငူဘုရင် တပင်ရွှေထီးနှင့် ယောက်ဖတော် ဘုရင့်နောင်တို့ ခေါင်းဆောင်သော မွန်-မြန်မာများနှင့် သီပေါစော်ဘွား၊ အင်းဝခုံမှိုင်းငယ်၊ ဗန်းမော်စော်ဘွား၊ မိုးညှင်း စော်ဘွားတို့၏ တပ်များသည် ပြည်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ စော်ဘွားတို့ အရေးနိမ့်ကြလေသည်။ တပင်ရွှေထီးလွန်သောအခါ ဘုရင့်နောင်သည် ဟံသာဝတီ ထီးနန်းကို ဆက်ခံ၍ အင်းဝကို တိုက်ခိုက် အောင်နိုင်ပြီးသည့် နောက်တွင် မြန်မာသက္ကရာဇ် ၉၁၉ ခုနှစ် (ခရစ် ၁၅၅၅-၅၆) မှ စတင်ပြီးလျှင် မြောက်ပိုင်း ရှမ်းပြည်ထောင်တို့ကို သိမ်းသွင်းခဲ့ရာ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသော စော်ဘွားတို့သည် မြန်မာမင်း၏ သစ္စာကို ခံယူကြရသည်။ ထိုနယ်တို့နှင့် အင်းဝကို တရုတ် အစိုးရက မိမိတို့လက်အောက်ခံနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့သဖြင့် ထိုကဲ့သို့ ဘုရင့်နောင်က တိုက်ခိုက် သိမ်းသွင်းသော အခါ တရုတ်အစိုးရနှင့် အရေးပေါ်ခဲ့လေသည်။ ထိုကြောင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ် တောင်ပိုင်းသို့ တိုင်အောင် ချဉ်းနင်းတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့လေသည်။ နောက်တစ်နှစ်တွင် ဘုရင့်နောင်၏ တပ်တို့သည် သံလွင်မြစ် အနောက်ဘက်ရှိ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက် စသော စော်ဘွားနယ်များနှင့် ရွာငံ၊ စကား၊ လဲချား၊ သာမိုင်း ခမ်း စသော မြို့စားနယ်များကို သိမ်းသွင်းသည်။ နောက်နှစ်တွင် ဇင်းမယ်၊ လပုန်း၊ ဗြဲ၊ ကျိုင်းရဲနယ်တို့ကို တိုက်ခိုက်သိမ်းပိုက်သည်။ ယင်းသို့ဖြင့် ခရစ်နှစ် ၁၅၅၆ မှသည် ၁၅၅၈ ခုနှစ်များ အတွင်း ဘုရင့်နောင်သည် မြန်မာနိုင်ငံမြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ဖြစ်သော ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်များ၊ ယိုးဒယားနိုင်ငံ မြောက်ပိုင်းနယ်များကို မြန်မာနိုင်ငံ တော်အတွင်းသို့ ပေါင်းစည်းနိုင်ခဲ့လေသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏လက်နက်နိုင်ငံတော်တွင် ပါဝင်သော ရှမ်းပြည်ထောင်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ယခုအခါ တရုတ်နယ်စပ်ဘက်သို့ ကျရောက်၍ ရှမ်း တရုတ် နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ စည်ခွင်ဟူသော မြောက်ရှမ်းရှစ် ပြည်ထောင်၊ ထိုနယ်များတွင် ဘုရင့်နောင်၏ မြန်မာရဲမက်များ တည်ထားခဲ့သော စေတီပုထိုးများ အထင်အရှားရှိခဲ့သည်ဟု ရာဇဝင်များ၌ ဖော်ပြသည်။ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မိုးနဲ၊ သိန္နီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ ကလေး (သောင်သွပ်) နယ်တို့ကို ရှမ်းကိုး စော်ဘွားနယ်များဟု သီးခြားထားပြီးလျှင် ထိုနယ်ရှင် စော်ဘွား များကို စော်ဘွားကြီးများ၏ အစီးအနင်း အဆောင်အရွက်ပေးသည်။ မြန်မာမင်းအဆက်ဆက်တို့ကလည်း ထီးရံ နန်းရံ လက်နက်နိုင်ငံ များအဖြစ် အသိအမှတ်ပြုလေသည်။ ယင်းတို့အပြင် မှန်နန်းရာဇဝင်၌ ဟံသာဝတီ ဆင်ဖြူများရှင်မင်း၏ လက်နက်နိုင်ငံတွင် ပါဝင်သော ပြည်များအဖြစ် အောက်ပါ ရှမ်းနယ်နှင့် ရှမ်းအနွယ် နယ်များကိုလည်း ဖော်ပြသည်။ (၁) ဗန်းမော်၊ (၂) မိုင်းလျဉ်း၊ (၃) မိုင်းကိုင်၊ (၄) မိုင်းပတ်၊ (၅) ရပ်စောက်၊ (၆) နောင်မွန်၊ (၇) ကျိုင်းတုံ၊ (၈) ကျိုင်းရုံး၊ (၉) ကျိုင်းသေဉ်၊ (၁ဝ) မိုင်းလုံခပင်း၊ (၁၁) ဇင်းမယ်၊ (၁၂) လင်းဇင်း၊ (၁၃) မိုင်းစံ၊ (၁၄) အကျော်၊ သို့ မဟုတ် ကျော်ပုဂံ၊ (၁၅) လဝိုက်၊ (၁၆) မျက်နှာမည်း၊ (၁၇) သောက္ကတဲ၊ (၁၈) ပိဿလောက်တို့အပြင် ကလေးနှင့်ကသည်း ဟုန်း ရှမ်းစော်ဘွားတို့၏ မဏိပူရကသည်းပြည်လည်း ပါဝင်လေသည်။ ဘုရင့်နောင်၏ သားတော် နန္ဒဘုရင်လက်ထက်တွင် လက်နက်နိုင်ငံတော် ပြိုအက်၍လာရာ ရှမ်းပြည် နယ်တို့လည်း သီးခြားခွဲထွက်ကြသည်။ သို့သော် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းလက်ထက်တွင် ရှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းနယ်များကို ပြန်လည် သိမ်းသွင်းခဲ့လေသည်။ ညောင်ရမ်းမင်း၏သားတော် အနောက်ဘက်လွန်မင်းနှင့် ထိုမင်း၏ညီတော် သာလွန်မင်းတို့၏ လက်ထက်လွန်ပြီးနောက်တွင် မြန်မာမင်းတို့ အရည်အချင်း ပျော့ညံ့လာသဖြင့် နိုင်ငံတော် ယိမ်းယိုင်လာသည်။ အင်းဝမြို့တွင် မင်းပြုသော ဟံသာဝတီရောက်မင်းဟုလည်း ခေါ်သည့် မဟာဓမ္မရာဇာမင်း လက်ထက်တွင် မွန်တို့အင်အား တောင့်လာ၍ အင်းဝကို တိုက်လာသဖြင့် အင်းဝပျက်သည်။ ထိုအခါ ရှမ်းပြည်နယ်များသည် အင်းဝ၏ဩဇာကို မခံတော့ပေ။ ဇင်းမယ်နယ်သည်လည်း သီးခြားခွဲထွက်လေသည်။ ယိုးဒယားနှင့် မဏိပူရတို့ လည်း မြန်မာနိုင်ငံတွင်းသို့ပင် ဝင်ရောက်တိုက်ခိုက် လုယက်ခြင်း ပြုလေသည်။ ယင်းသို့သော အပြိုပြိုအကွဲကွဲ ဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးအမည်ခံ ဦးအောင်ဇေယျသည် ပြန်လည်စုစည်းခဲ့ရာ ရှမ်းပြည်နယ်ကို ပြန်လည်တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။ ယင်းသည်မှစ၍ ကုန်းဘောင်ခေတ်အတွင်းတွင် ရှမ်းပြည်နယ်များ၏လှုပ်ရှားမှုသည် နည်းပါးသွားလေသည်။ ကုန်းဘောင်ခေတ်အတွင်းမြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်က အင်းဝ ဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် လက်နက်နိုင်ငံတော်ကို တိုင်း ၁၆ တိုင်း ခွဲ၍ ပြထားရာ၌ ရှမ်းနယ်နှင့်ရှမ်းအနွယ်နယ်များကို ဤသို့ ပိုင်းခြား ဖော်ပြထားလေသည်။ ၁။ တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက္ကတဲ စသော ၇၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂျွမ်း ယိုးဒယားတို့နေရာ ဒွာရဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (ယိုးဒယား) ၂။ ဗြဲ၊ အနန်း၊ ပရော၊ ကျိုင်းသေည်၊ လပုန်း စသော ၅၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ယွန်း လူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရီဘုဉ္စတိုင်း၊ (ဇင်းမယ်) ၃။ မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာဝရတိုင်း၊ ၄။ မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း၊ ၅။ မိုင်းလုံး၊ မိုင်းကွန်း၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံငယ် စသော ၁ဝဝ သော မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော လင်းဇင်းလူမျိုးတို့နေရာ စန္ဒပူရိ ဟူသော လဝရဋ္ဌတိုင်း၊ (လော နိုင်ငံ) ၆။ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္နီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ သုံးဆယ်ဟူသော မြို့ကြီး အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့နေရာ ဖြစ်သည့် ကမ္ဗောဇတိုင်း၊ ၇။ မိုးတာ၊ မိုးစစ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီ၊ တက် ခေါင်၊ မိုင်းလုံဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ် သည့် ၃ဝ သော ရှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠဝီတိုင်း၊ ၈။ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း စသောမြို့ကြီး ကိုးမြို့ဖြင့် တန်ဆာဆင်အပ်သော ရှမ်း တရုတ်လူမျိုးတို့နေရာ၊ မောကိုးခွင်ဟူသော မောရိယတိုင်း၊ ၉။ ကတို၊ ဝိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဗန်းမော် ရှမ်းစော်ဘွားတို့နေရာဖြစ်သော စိန့်တိုင်း၊ ၁ဝ။ မိုးကုတ်၊ ကျတ်ပြင်၊ ရေလျှံ စသော မြို့လတ်ရွာငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စို့သူကြီးတို့နေရာ ဖြစ်သော မဟိံသကတိုင်း၊ ၁၁။ မွေးရည်၊ မည်ကယ်၊ ငစင်ကျယ်စသော မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ကသည်းကုလားဟုန်း စော်ဘွားတို့နေရာ ဖြစ်သော မဏိပူရတိုင်း၊ ၁၂။ ကလေး၊ သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်းစသော ၂၇ မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်းဟူ၍ ဖြစ်ပေသည်။ မင်းတုန်းမင်းတရား နတ်ရွာစံပြီးနောက်တွင် ယခု တရုတ်နိုင်ငံအတွင်းရှိ ချေလီခေါ် ကျိုင်းရုံးကြီးနယ်၏ စော်ဘွားခန့် အပ်သည့်အရေးနှင့်စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားသည် စိတ်ဝမ်းကွဲပြားကာ မြန်မာဘုရင် သီပေါမင်းအား ထောင်ထားခြားနားသည်။ ထိုအရေးတွင် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက်စော်ဘွားတို့သည် ကျိုင်းတုံစော်ဘွားနှင့် တစ်စိတ်တစ်ဝမ်းတည်းပြု၍ ပါဝင်ကူညီကြသည်။ ထိုစော်ဘွားစုတို့သည် မင်းတုန်းမင်း၏ တူတော်တစ်ပါးဖြစ်သော လင်းပင်းမင်းသားအား နန်းတင်ရန် ရည်မှန်းခဲ့ကြသည်။ နောင်အခါ မြေလတ် နယ်အချို့ကလည်း ပူးပေါင်းပါဝင်သည်။ လင်းပင်အဖွဲ့သည် မိမိတို့နှင့် စိတ်ဝမ်း မညီသော ညောင်ရွှေကျေးသီး မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်ကြသည်။ မြန်မာတပ်များကလည်း ထောင်ထား ခြားနားမှုကို လိုက်လံနှိပ်ကွပ်သော်လည်း များစွာ အရေးမလှခဲ့ပေ။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်လိုက်လေသည်။ နောင်အခါ လင်းပင်းအဖွဲ့သည်လည်း အားနည်းလာ၍ လင်းပင်မင်းသားကိုယ်တိုင် အညံ့ခံရသည်။ ခရစ် ၁၈၈၇ ခုနှစ်တွင် သံလွင်မြစ်အနောက်ဘက်ရှိ စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြရသည်။ သံလွင်မြစ် အရှေ့ဘက်ရှိ နယ်တစ်နယ်ဖြစ်သော ကျိုင်းတုံသည် ၁၈၉ဝ ပြည့်နှစ်တွင်မှ လက်နက်ချလေသည်။ မောက်မယ်၊ မိုင်းပန်နှင့် ကရင်နီနယ်များနှင့် စပ်လျဉ်း၍ ယိုးဒယားအစိုးရနှင့် ပြဿနာများ ပေါ်သည်။ ၁၈၈၉-၉ဝ ပြည့်နှစ်တွင် အင်္ဂလိပ်နှင့် ယိုးဒယား နှစ်ဦးနှစ်ဘက် အဖွဲ့ဝင်များ ပါဝင်သော ကော်မီရှင်တစ်ခုကို ဖွဲ့စည်း၍ ထိုနယ်များ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ကာ ယိုးဒယားမပိုင်တော့သော အပိုင်းမှ ယိုးဒယား တပ်များကို ရုပ်သိမ်းစေသည်။ ၁၈၉၄-၄၅ ခုနှစ်တွင်လည်း ပြင်သစ်ပိုင် အင်ဒိုချိုင်းနားပြည်နှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကာ ကျိုင်းချိုင်းနယ်အား မဲခေါင်မြစ်ကို နယ်ခြားအဖြစ် ထားပြီးလျှင် မဲခေါင်မြစ်အနောက် ဘက်ကမ်းအပိုင်းကို ကျိုင်းတုံနယ်အတွင်းသို့ သွတ်သွင်း၍ အရှေ့ဘက် ကမ်းအပိုင်းကို အင်ဒိုချိုင်းနားအတွင်းသို့ သွတ်သွင်းသည်။ ကျိုင်းတုံနယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်များကို ၁၈၈၉-၉ဝ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေး ကော်မီရှင်က ပိုင်းခြားသတ်မှတ်ခဲ့လေသည်။ အုပ်ချုပ်ရေး ရှမ်းပြည်နယ်များသည် မြန်မာမင်းတို့၏ သစ္စာတော်ခံနယ်များ ဖြစ်ခဲ့သော်လည်း အစောပိုင်းတွင် စံနစ်တကျ အုပ်ချုပ်ခြင်းကိုမူ မခံခဲ့ရပေ။ သို့သော် ရှမ်းနယ်များက မြန်မာမင်းတို့အား အခွန်ပဏ္ဏာများကိုမူ ဆက်သခဲ့ရရာ ဆက်သမြဲအခွန်ပဏ္ဏာ များကို ရွှေ၊ ငွေ၊ အသန့်သစ်စေး၊မြင်း၊ သိုး၊ ကတိုး၊အောင်း၊ ဖဲ၊ ဇာပယင်း၊ မော်ယော၊ ကတ္တီပါ မှိုင်းလုံး၊ ခဲမ၊ ဖယောင်း၊ ဆင်စွယ်၊ ကြေး၊ သံ၊ ကျောက်မျိုး၊ ထည်မျိုး၊ အုပ်မျိုးတို့အပြင်၊ သစ်သီး၊ ပန်းကံ့ကော်၊ သဇင်ပန်းမျိုးတို့ကိုလည်း အချို့နယ်များက ဆက်သကြရလေသည်။ သာလွန်မင်းတရားလက်ထက် ခရစ်နှစ် ၁၆၃၇ ခုတွင် နိုင်ငံတော်၏ လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်သီးနှံ၊ ပေးဆောင်ရသည့် အခွန်အတုတ်တို့ကို စစ်ဆေးမှတ်တမ်းတင်ရာ ရှမ်းနယ်များကလည်း စစ်တမ်းများ ပေးရသည်။ ကုန်းဘောင်မင်းဆက် မင်းများတွင် အလောင်းမင်း တရားလက်ထက်မှတစ်ပါး အခြားမင်းများလက်ထက်တွင်လည်း စစ်တမ်းများကို အရေးယူဆောင်ရွက်ကြလေသည်။ အမရပူရ ပထမမြို့တည် နန်းတည် မင်းတရားကြီး (ဘိုးတော်ဘုရား) လက်ထက်တွင် ရှမ်းနယ်များကို အုပ်ချုပ်ပုံမှာ ရှမ်းနယ်ကြီးများတွင် စော်ဘွားထားသည်။ နယ်လတ်များတွင် မြို့စား၊ နယ်ငယ်များတွင် ငွေခွန်မှူးများထားသည်။ မြန်မာနယ်ကြီးများကို အုပ်ချုပ်ရသော ဘုရင်ခံများနှင့် စော်ဘွားအလား တူသည်။ ရှမ်းမြို့စားနှင့် မြန်မာမြို့စား အလားတူလေသည်။ သီပေါမင်းလက်ထက်တွင် ရှမ်းနယ်များအတွက် တပ်ရုံး သုံးရုံးထား၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ရာ ထိုတပ်ရုံးများမှာ သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး မိုးဗြဲတပ်ရုံးဟူ၍ ဖြစ်သည်။ ထိုတပ်ရုံး သုံးရုံးပိုင်နယ်များတွင် စော်ဘွား၊ မြို့စား၊ မြို့ဝန်၊ မြို့အုပ်တို့အပေါ် မြန်မာအရာရှိကြီး သုံးဦးထား၍ အုပ်ချုပ်စေသည်။ ထိုအရာရှိကြီးများသည် စစ်ဗိုလ်များဖြစ်စေ၊ ဝန်ကြီး၊ ဝန်မှူး၊ ဝန်ထောက်ဖြစ်စေ၊ ယင်းတို့နှင့် အဆင့်အတန်းတူ အရာရှိများ ဖြစ်စေ ခန့်ထား၍ ခန့်ထားခံရသူသည် ဆိုင်ရာတပ်ရုံးသို့ သွားရောက်နေထိုင်ရသည်။ မြန်မာ လက်အောက်ခံ ရှမ်းနယ်များ အတော်ကလေးကျယ်သေးစဉ်က ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းသည်ကြီး၊ မိုင်းလျဉ်းကြီးများတွင် တပ်ရုံး၊ တပ်ဦးချုပ် သီးခြားထား၍ အုပ်ချုပ်ခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် မဲခေါင်မြစ် အရှေ့ဘက်ကို လက်လွတ်ရုံမက သံလွင်မြစ် အနောက်ဘက် ရှမ်းနယ်များတွင် တပ်ရုံးများ မထားတော့ချေ။ မန္တလေးမြို့တည် မင်းတုန်းမင်းတရားလက်ထက်တိုင်အောင် ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းချိုင်းနယ်တို့က သုံးနှစ် တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အခွန်ပဏ္ဏာများ ဆက်သမြဲဆက်သခဲ့သော်လည်း သီပေါမင်း လက်ထက်တွင်မူ မဆက်သတော့ချေ။ အထက်တွင် ဖော်ပြခဲ့သော တပ်ရုံးသုံးရုံးသည် မြန်မာမင်းဩဇာခံ ရှမ်းနယ်အားလုံးကို အုပ်ချုပ်ရသည်မဟုတ်ပေ။ တောင်ပိုင်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ကလေးမြို့များတွင် စော်ဘွားထားသော်လည်း ဦးတိုက်ထမ်းမှတ်သား၍ သီးခြားဆင့်ဆို အုပ်ချုပ်သည်။ စော်ဘွား၊ မထားတော့သော မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စသောမြို့များကို မြန်မာမြို့ရွာများတွင် အပါအဝင်ပြု၍ အဝေးမြို့ဝန်များ ခန့်ထားအုပ်ချုပ်လေသည်။ တပ်ရုံးများတွင် သွားရောက်နေထိုင် အုပ်ချုပ်ရသောမြန်မာ အရာရှိကြီးများကို စစ်ကဲတော်ကြီးဟု ခေါ်သည်။ ထိုစစ်ကဲတော်ကြီးများကို ဗိုလ်မှူးတစ်ဦးက တစ်ဖန် အုပ်ချုပ်ရသည်။ ထိုဗိုလ်မှူးများ အုပ်ချုပ်ရာတွင် မင်းညီမင်းသား ဝန်ထောက် များကို ခန့်ထားလေ့ရှိသဖြင့် ဗိုလ်မှူး မင်းသားဟု ခေါ်သည်။ ထိုဗိုလ်မှူး မင်းသားသည် အချက်အချာကျသော မိုးနဲမြို့တွင် ရုံးစိုက်လေသည်။ ဗိုလ်မှူးမင်းသားလက်အောက်တွင် တပ်သား ၁ဝဝဝ ခန့်ပါသော တပ်ရှိ၍ ထိုတပ်ကို စစ်ကဲတော်ကြီး၊ နားခံကြီး၊ ဗိုလ်ဓားရဲ စသော အရာရှိများက ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်ရလေသည်။ စော်ဘွားများလည်း ဓားပိုင်သည်ဖြစ်၍ အမိန့်တော်မခံဘဲ လူသတ်နိုင်သည်။ သို့သော် ဗိုလ်မှူးမင်းသားသည် စော်ဘွားများအထက်က ဖြစ်လေသည်။ စော်ဘွားဟူသည်မှာ ရှမ်းဘာသာဖြင့် 'စဝ်'နှင့် 'ဖ' ဟူသော စကားနှစ်လုံးပေါင်းစပ်ထားခြင်းမှ ဆင်းသက်လာသည်။ 'စဝ်' သည် ပိုင်ဆိုင်သူဟု အဓိပ္ပာယ်ရသည်။ 'စပ်' နှင့် 'ဖ'ကို ပေါင်းစပ်သောအခါ မိုးကောင်းကင်တမျှ မြင့်မြတ်သော ပိုင်ဆိုင်ခြင်း (ပိုင်ရှင်)ဟူ၍ အဓိပ္ပာယ်ဆောင်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ကောင်းကင်တမျှ ပိုင်ဆိုင်သူ (အရှင်)ဟူ၍ ဖြစ်ပေသည်။ မြန်မာမင်းများက စော်ဘွားများအား ပဒေသရာဇ်မင်းငယ်များ အနေနှင့် ခွင့်ပြုခဲ့သဖြင့် စော်ဘွားတို့သည် ပဒေသရာဇ် မင်းငယ်များ၏ အဆောင်အယောင် အစီးအနင်းများကို အသုံးပြုနိုင်ကြပြီးလျှင် ပဒေသရာဇ်မင်းငယ်များကဲ့သို့ ပြုမူနေထိုင်ခဲ့ကြသည်။ စော်ဘွားတို့သည် မိမိတို့၏ရိုက်ရာကို ဆက်ခံရန် သားတော်၊ ညီတော်၊ တူတော်များအနက်မှ သင့်လျော်ရာတစ်ဦးဦးကို ထီးရံနန်းရံအဖြစ် ရွေးချယ်ထား၍ ယင်းကို ကျမိုင်းဟု ခေါ်သည်။ ဗြိတိသျှအစိုးရလက်ထက်တွင်မူ ကျမိုင်းအဖြစ် ရွေးချယ်ထားသူကို ဝန်ရှင်တော်မင်းကြီးနှင့် ဘုရင်ခံတို့ သဘောတူညီချက် ရပြီးမှသာလျှင် ခန့်ထားနိုင်လေသည်။ မြန်မာနိုင်ငံသား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ရှမ်းနယ်များအား အိန္ဒိယပြည်နယ် အဖြစ် သိမ်းပိုက်ကြောင်း ဗြိတိသျှအစိုးရ ကျေညာသည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းနယ်များအား အောက်ပါအတိုင်း ပိုင်းခြား အုပ်ချုပ်သည်။ ၁။ ရှမ်းပြည်မြောက်ပိုင်း (ရှမ်းပြည် ဥတ္တရတိုင်းဝန်ရှင် တော်မင်းကြီး လက်အောက်ခံ) ၂။ ရှမ်းပြည်တောင်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်ဝန်နှင့် နိုင်ငံရေးအရာရှိ လက်အောက်ခံ) ၃။ မြေလပ်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်နှင့် နိုင်ငံရေး အရာရှိ လက်အောက်ခံ)ဟူ၍ ဖြစ်လေသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းနယ်များကို ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်စေရန် ဘုရင်ခံချုပ်က ထုတ်ပြန်ကျေညာသည်။ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မြေလပ်ပဒေသရာဇ် ရှမ်းနယ်များဟူ၍ အောက်ပါအတိုင်း ခွဲခြားပြီးလျှင် နယ်၏အကျယ်အဝန်းကို လိုက်၍ စော်ဘွားမြို့စား၊ နယ်စားများအား အသီးအသီး အုပ်ချုပ်စေသည်။ မြောက်ပိုင်း၌ စော်ဘွားအုပ်ချုပ်သော နယ်များမှာ- (၁) သီပေါနယ် (၄) တောင်သိန္နီနယ် (၂) တောင်ပိုင်နယ် (၅) မိုးမိတ်နယ် (၃) မြောက်သိန္နီနယ် (၆) မိုင်းလွန်းနယ် တို့ဖြစ်ကြလေသည်။ တောင်ပိုင်း၌ စော်ဘွားနယ်များမှာ (၁) ကျိုင်းတုံနယ် (၇) မောက်မယ်နယ် (၂) မိုးနဲနယ် (၈) မိုင်းပန်နယ် (၃) ညောင်ရွှေနယ် (၉) မိုင်းပွန်နယ် (၄) မိုးဗြဲနယ် (၁ဝ) စံကားနယ် (၅) ရပ်စောက်နယ် (၁၁) မိုင်းကိုင်နယ် (၆) လဲချားနယ် တို့ ဖြစ်ကြသည်။ စော်ဘွားနယ်များမှာ နှစ်စားရှိသည်။ စော်ဘွားကြီးနှင့် စော်ဘွားဟု ခွဲထားခြားပြီးလျှင် မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စံကားနယ်နှင့် မိုင်းကိုင်နယ်များသည် ဟော်နန်းမပိုင် ရာဇပလ္လင်နှင့် စော်ဘွားရာထူး ရရှိကြသည်။ အောက်ပါမြို့စားနယ်များသည် တောင်ပိုင်း၌ ပါဝင်ကြလေသည်။ (၁) နန်းခုတ်နောင်မွန်ငယ် (၇) ဘန်းယဉ်နယ် (၂) မိုင်းနောင်နယ် (၈) ဟိုပုန်းနယ် (၃) ဘော်နယ် (၉) စကွယ်နယ် (၄) ကျေးသီးမန်စံနယ် (၁ဝ) သာမိုင်းခမ်းနယ် (၅) ပင်လောင်း (လွယ်လုံနယ်) (၁၁) မိုင်းရှူးနယ် (၆) သထုံ (ဆီဆိုင်နယ်) (၁၂) ပွေးလှနယ် မြေလပ်ပိုင်းတွင် ရှိကြသော ရွာငံ၊ ပင်းတယ၊ ပင်မှီ၊ ကျုံးနယ်တို့သည် ငွေခွန်မှူးများ အုပ်ချုပ်သောနယ်များ ဖြစ်ကြလေသည် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်နယ်သည် မြို့စားနယ်ဖြစ်သည်။ ယခင်က သိန္နီစော်ဘွား လက်အောက်ခံနယ် ဖြစ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ် မတိုင်မီကာလတွင် အကြောင်းကြောင်းတို့ကြောင့် ဗြိတိသျှအစိုးရ မြောက်သိန္နီ စော်ဘွားအား ထိုနယ်ကို အုပ်ချုပ်ခွင့် မပြုတော့ပေ။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင်မူ သီးခြားမြို့စား နယ်တစ်နယ်အဖြစ် ထားရှိခဲ့သည်။ နယ်သူနယ်သားများသည် များသောအားဖြင့် တရုတ်လူမျိုးများသာလျှင် ဖြစ်ကြ၍ မြို့စားသည် ရှမ်းတရုတ်အနွယ် ဖြစ်လေသည်။ နယ်များ၏ အကျယ်အဝန်းသည် အမျိုးမျိုး အစားစားဖြစ်ရာ ကျိုင်းတုံနယ်သည် အကြီးဆုံးဖြစ်၍ စတုရန်းမိုင် ၁၂,ဝဝဝ ကျော် ကျယ်ဝန်းသော်လည်း အငယ်ဆုံးဖြစ်သော ကျုံးနယ်သည် ၂၄ စတုရန်းမိုင်မျှသာ ရှိလေသည်။ ဗြိတိသျှအစိုးရတို့၏ မြောက်ပိုင်းဌာနချုပ်ရုံးစိုက်မြို့ ဖြစ် သော လားရှိုး၊ တောင်ပိုင်း ဌာနချုပ်ရုံးစိုက်မြို့ ဖြစ်သော တောင်ကြီး၊ နွေရာသီစခန်းမြို့များဖြစ်သော တောင်ပိုင်းမှ ကလောနှင့် လွိုင်လင်မြို့များသည် ပဒေသရာဇ် ရှမ်းနယ်များ အတွင်း တည်ရှိသော်လည်း ဗြိတိသျှအစိုးရ အရာရှိကြီးငယ်များ နေထိုင်ရာမြို့များ ဖြစ်သဖြင့် စော်ဘွား၊ မြို့စားတို့ အုပ်ချုပ်ပိုင်ခွင့် မရှိချေ။ ပြည်မရှိ မြို့ကြီးများကဲ့သို့ မြို့၏ စည်ပင်သာယာရေးကို မြို့ပြကော်မီတီများက အုပ်ချုပ်သည်။ ထိုမြို့များ၏မျူနီစီပယ် ဧရိယာအတွင်း၌ ပြည်မ၏ ရာဇဝတ် ကျင့်ထုံး ဥပဒေများ၊တရားမဥပဒေများဖြင့် ဆိုင်ရာအရာရှိတို့က အုပ်ချုပ်သကဲ့သို့ ကျန်ပဒေသရာဇ်နယ်များတွင် နယ်ရှင်စော်ဘွားနှင့် မြို့စားတို့က ဆိုင်ရာနယ်များ၌ ပြည်မ၏ ရာဇဝတ်ကျင့်ထုံး ဥပဒေများ၊ တရားမ ဥပဒေများအပြင် ရှမ်းပြည်ဓလေ့ ဥပဒေများဖြင့် အသီးအသီး စိုးမိုးခဲ့ကြသည်။ မြို့စားနှင့် ငွေခွန်မှူးများသည် တရားမနှင့် ရာဇဝတ် တရားစီရင်ရေး အခွင့်အာဏာတွင် ဒုတိယတန်း တရားသူကြီး အဆင့်အတန်းမျှသာ ရှိသည်။ အချို့စော်ဘွားနယ်ကြီးများတွင် ဆိုင်ရာနယ်ရှင်ကို ကူညီရန် အမတ်ချုပ်ကြီး (ရာဇဝတ်မှု- တရားမအပါအဝင်)၊ တရားရေးရာဌာနအမတ်၊ အခွန်တော် ဌာနအမတ်၊ နယ်ဝန်၊ ငွေတိုက်ဝန် စသည်ဖြင့် လစာရိက္ခာစား အရာရှိများ ခန့်ထားသည်။ ထို့ပြင် ရိုးရာအစဉ်အဆက်အားဖြင့် ခန့် ထားရသည့် ဟိန်၊ ထမုံ၊ ကျယ် စသော သူကြီးအဆင့် အတန်းမျိုး ရှိသည့် ကျေးလက်ပိုင်းမှ အုပ်ချုပ်သူအကြီးအကဲ များလည်း ရှိပေသေးသည်။ ၁၉၂၂ ခုနှစ်တွင် ပဒေသရာဇ် ရှမ်းပြည်နယ်စုကို ဖွဲ့စည်း ပြီးနောက် ပဒေသရာဇ်ကောင်စီအဖွဲ့ကို တည်ထောင်သည်။ ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌသည် တောင်ပိုင်းရှမ်းပြည်နယ်၏ ဌာနချုပ်ဝန်ဖြစ်သော ဝန်ရှင်တော်မင်းကြီးဖြစ်၍ ဒုတိယဥက္ကဋ္ဌ သည် မြောက်ပိုင်းဌာနချုပ်ဝန် ဖြစ်သည်။ ယင်းတို့သည် ဗြိတိသျှအစိုးရကို ကိုယ်စားပြုသော အကြီးမြင့်ဆုံး ဗြိတိသျှ အရာရှိကြီးများ ဖြစ်သည်။ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးများ သည် ထိုအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြလေသည်။ မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေးစံနစ်ဖြင့် ပြောင်းလဲအုပ်ချုပ်သောအခါ ဗြိတိသျှအစိုးရသည် ပဒေသရာဇ် ရှမ်းနယ်များအား မတိုးတက်သေးသော နယ်များအဖြစ် ဆက်လက်ထား ရှိကာ မြန်မာပြည်တွင်းသို့ မသွတ်သွင်းခဲ့ပေ။ သို့သော် ရှမ်းနယ်များ အုပ်ချုပ်ရေးအတွက် ပြည်မ၌ ၉၁ ဌာန အုပ်ချုပ်ရေး ရရှိလာသည်အထိ ပြည်မ၏ ငွေကြေးအထောက်အပံ့ကို အမှီ ပြုခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းသောအခါ ရှမ်းအမျိုးသားတို့သည်လည်း မြန်မာပြည်ဘွား အခြားတိုင်းရင်းသားများနည်းတူ သွေးစည်း ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေး ရအံ့ဆဲဆဲတွင် မသမာသူတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံး ရာ၌ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားကြီးလည်း ပါဝင်ခဲ့လေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်များ ပါဝင်သော ရှမ်းပြည်နယ်ကောင်စီအဖြစ်သို့ ကူးပြောင်းသောအချိန်ကာလ သတ်မှတ်နိုင်ခဲ့သော နေ့ထူး နေ့မြတ်ကြီးကို ရှမ်းအမျိုးသား နေ့ဟု ခေါ်တွင်ခဲ့သည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်ရန် စတင်ပန္နက်ချသော နေရာသည် ရှမ်းပြည်တောင်ပိုင်း၊ လဲချားနယ်ရှိ ပင်လုံမြို့ကလေး ဖြစ်ပေသည်။ ပြည်မခေါင်းဆောင်များနှင့် တောင်တန်းဒေသ ခေါင်းဆောင်များသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် ညီလာခံကျင်းပပြီးလျှင် လွတ်လပ်သော ပြည်ထောင်စုမှမြန်မာနိုင်ငံတော်ကြီး ထူထောင်ရန် သဘောတူကြောင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ လက်မှတ်ရေးထိုးခဲ့ကြရာ ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ခဲ့သည့် ထိုနေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာသောအခါ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထွတ်အထိပ် ပထမဆုံးသမ္မတ အဖြစ် တင်မြှောက်ခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ပြီးသည့်နောက်တွင် အုပ်ချုပ်ပုံစံနစ် ပြောင်းလဲခဲ့ရာ ရှမ်းနယ်များ အုပ်ချုပ်ရေးလည်း ပုံစံပြောင်းခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်နယ်ဟု မခေါ်တွင်တော့ဘဲ ရှမ်းနယ်များတွင် ဝနယ်များကိုပါ ပူးပေါင်းထည့်သွင်းကာ ရှမ်းပြည်နယ်ဟု ခေါ်တွင်စေပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်တစ်ခု အဖြစ်ဖြင့် အခြေခံဥပဒေ အပိုဒ် ၅ အရ သတ်မှတ်ပေးလိုက် လေသည်။ ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်လာပြီးသည့်နောက်တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးအတွက် ရှမ်းပြည်နယ်ကောင်စီ ဟူ၍ ဖွဲ့စည်းကာ အုပ်ချုပ်ရေးအသွင်ပြောင်းလိုက်သည်။ ထိုကောင်စီသည် ပြည်နယ်၏ ပါလီမန်ကလေး ဖြစ်သည်။ ယင်းတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော လူမျိုးစုလွှတ်တော် အမတ် ၂၅ ဦး နှင့် ရှမ်းပြည်နယ်၏ လူဦးရေအလိုက် ပြည်သူ့ လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသော အမတ် ၂၅ ဦး ပါဝင်သည်။ ကောင်စီ၏ ဥက္ကဋ္ဌ၊ သို့မဟုတ် ရှမ်းပြည်နယ် ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်ကောင်စီနှင့် တိုင်ပင်၍ ခန့်အပ်သည်။ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်ထောင်စု အစိုးရအဖွဲ့တွင် ရှမ်းပြည်နယ်ဆိုင်ရာ ဝန်ကြီး ဖြစ်လေသည်။ ပြည်နယ်ကောင်စီသည် ပြည်နယ်ဆိုင်ရာ ဥပဒေများကို ပြုစု၍ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စသည်တို့ကို ဆောင်ရွက်ရသည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကိုမူ ပြည်ထောင်စုအစိုးရက ဆောင်ရွက်လေသည်။ ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲစဉ်က ရှမ်းစော်ဘွားများ၏ ပဒေသရာဇ်အာဏာအခွင့်အရေးနှင့် အုပ်ချုပ်ရေးနယ် အပိုင်းအခြားတို့ကို ဗြိတိသျှလက်ထက်ကအတိုင်း ထားရှိခဲ့သည်။ လူမျိုးစုလွှတ်တော်သို့ တင်မြှောက်သော ရှမ်းပြည် အမတ်များကို စော်ဘွားအချင်းချင်း ရွေးကောက်တင်မြှောက်ခွင့်ပြုခဲ့လေသည်။ ထိုကြောင့် ရှမ်းပြည်နယ် အုပ်ချုပ်ရေးသည် နယ်ရှင်စော်ဘွားများသာလျှင် လွှမ်းမိုးကြီးစိုးရာ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးမရမီကလေးတွင် စော်ဘွားကြီးများက ခေါင်းဆောင်၍ စော်ဘွားအသင်းဟူ၍ တည်ထောင်ပြီးလျှင် မြို့စားများ၊ ငွေခွန်မှူးများကိုပါ စော်ဘွားအဆင့်အတန်းသို့ သိမ်းသွင်းခြင်းအလို့ငှာ နယ်ရှင်အားလုံး 'စဝ်ဖလုံ' ဟု ခေါ်တွင်စေရန် သတ်မှတ်ခဲ့လေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်မ၌ ဒီမိုကရေစီနည်းအရ အုပ်ချုပ်လျက်ရှိနေစဉ် ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ် တည်တံ့နေခြင်းသည် ခေတ်နှင့်မလျော်ညီခဲ့ပေ။ ထိုကြောင့် ရှမ်းပြည်နယ်၌ ဒီမိုကရေစီစံနစ်ကို သွတ်သွင်းရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ဆွေးနွေးလာခဲ့ရာ ၁၉၅၂ ခုနှစ် တွင် နယ်ရှင်စော်ဘွားများက အုပ်ချုပ်ရေးအာဏာကို စွန့်လွှတ်ရန် သဘောတူညီခဲ့ကြသော်လည်း အကြောင်းကြောင်းတို့ ကြောင့် အာဏာစွန့်လွှတ်ရေးသည် အကောင်အထည် မပေါ်ခဲ့ပေ။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက်၌ နယ်ရှင်စော်ဘွားများသည် အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ကြောင်းကို ထိုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်ကောင်စီက အတည်ပြုလိုက်ခြင်းကြောင့် ပြည်နယ်တွင် ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော ပဒေသရာဇ်စံနစ်ကို ဖြတ်တောက်၍ ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ကို စိုက်ထူလိုက်ကြလေသည်။ ယင်းသို့ စော်ဘွားများ အာဏာစွန့်လွှတ်ပြီးနောက်တွင် အောက်ပါအတိုင်း ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များဟူ၍ ပိုင်းခြားပြီးလျှင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစံနစ်များ ထွင်လိုက်လေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် အောက်ပါတို့ ပါဝင်သည်။ ၁။ လားရှိုးခရိုင် (၁) မြောက်သိန္နီနယ် (ရုံးစိုက်-လားရှိုးမြို့) (၂) တောင်သိန္နီနယ် ၂။ ကျောက်မဲခရိုင် (၁) သီပေါနယ် (ရုံးစိုက်-ကျောက်မဲမြို့) (၂) တောင်ပိုင်းနယ် (၃) မိုးမိတ်နယ် ၃။ ရှမ်းပြည်အရှေ့မြောက် (၁) ကိုးကန့်နယ် အထူးခရိုင် (၂) မိုင်းလွန်းနယ် (၃) ဝနယ်များ၊ လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်း ပြည်မြောက်ပိုင်းတိုင်းဟူ၍ သတ်မှတ်ကာ အထူးတိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင် စသော အုပ်ချုပ်ရေးအရာရှိများဖြင့် ကြပ်မတ်အုပ်ချုပ်သည်။ လားရှိုးမြို့သည် အထူးတိုင်းမင်းကြီး၏ ရုံးစိုက်မြို့ ဖြစ်လေသည်။ ရှမ်းပြည်တောင်ပိုင်း၏ ခရိုင်နှင့်နယ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ၁။ တောင်ကြီးခရိုင် (၁) ညောင်ရွှေနယ် (ရုံးစိုက်-တော်ကြီးမြို့) (၂) ရပ်စောက်နယ် (၃) မိုင်းပွန်နယ် (၄) စံကားနယ် (၅) နန်းခုတ်နယ် (၆) နောင်မွန်နယ် (၇) လွယ်လုံနယ် (၈) သထုံနယ် (ဆီဆိုင်) (၉) ဘန်းယဉ်နယ် (၁ဝ) စကွယ်နယ် (၁၁) ဟိုပုန်းနယ် (၁၂) သာမိုင်းခမ်းနယ် (၁၃) ပွေးလှနယ် (၁၄) ဘော်နယ် (၁၅) ရွာငံနယ် (၁၆) ပင်းတယနယ် (၁၇) ပင်မှီနယ် (၁၈) ကျုံးနယ် ၂။ လွိုင်လင်ခရိုင် (ရုံးစိုက်-လွိုင်လင်မြို့) (၁) မိုးနဲနယ် (၂) မိုင်းပန်နယ် (၃) မောက်မယ်နယ် (၄) မိုင်းကိုင်နယ် (၅) မိုင်းနောင်နယ် (၆) မိုင်းရှုနယ် (၇) ကျေးသီးမန်စံနယ် (၈) လဲချူးနယ် (၉) ရေဦးနယ် ၃။ ရှမ်းပြည်အရှေ့ပိုင်းခရိုင် (၁) ကျိုင်းတုံနယ်ဟူ၍ဖြစ်သည်။ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်းပြည်တောင်ပိုင်းတိုင်းဟု သတ်မှတ်ကာ တိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာလက်အောက်ခံအရာရှိများနှင့် ကြပ်မတ် အုပ်ချုပ်သည်။ တိုင်းမင်းကြီး၏ရုံးစိုက်မြို့သည် တောင်ကြီး မြို့ဖြစ်၍ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တစ်ခုလုံး၏ မြို့တော်လည်း ဖြစ်လေသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လူမှုရေးတွင် အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ ဝနယ်များ၊ ကိုးကန့်နယ်၊ မိုင်းလွန်းနယ်၊ ပန်းဆန်းဒိုင် မြို့စားနယ်တို့ကို နယ်သူ နယ်သားများ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ပြည်ထောင်စုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော နယ်ခြားဒေသအုပ်ချုပ်ရေးသို့ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ လ ၂ ရက်နေ့တွင် ထည့်သွင်းသည်၊ ထိုနည်းတူစွာ ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ (တော်လှန်ရေးကောင်စီ အစိုးရလက်ထက်) တွင် ရှမ်းပြည်အရှေ့ ပိုင်းခရိုင် ကျိုင်းတုံနယ်ကို လည်း နယ်ခြားဒေသ အုပ်ချုပ်ရေးသို့ လွှဲအပ်ပြီးလျှင် ကျိုင်းတုံ ခရိုင်၊ မိုင်းတုံခရိုင်နှင့် တာချီလိပ်ခရိုင်ဟူ၍ ပိုင်းခြားလိုက်လေသည်။ ၁၉၆၁ ခုနှစ် နောက်ပိုင်းမှစ၍ ရှမ်းစော်ဘွား အများစုနှင့် ကယားခေါင်းဆောင်များသည် ပြည်မကိုလည်း ပြည်နယ်တစ်ခု အဖြစ် ထားရှိပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်အားလုံးအား တန်းတူအုပ်ချုပ်ပေးရန်ဟူသော 'ဖက်ဒရေးရှင်း' မူကို တောင်းဆိုလာကြသည်။ ထိုမူကို ပြည်ထောင်စုအစိုးရ လက်မခံပါက ရှမ်း ပြည်နယ်သည် ပြည်ထောင်စုအတွင်းမှ ခွဲထွက်ရန် ခြိမ်းခြောက် အရေးဆိုလာကြပြီးလျှင် ရှမ်းပြည်နယ်အတွင်း ထကြွပုန်ကန်မှု၊ ဆူပူလှုပ်ရှားမှုများကိုလည်း လှုံ့ဆော်အားပေးလာကြသည်။ ထိုသို့ ပြည်ထောင်စုကြီး ယိမ်းယိုင်ပြိုကွဲမည့်အခြေအနေဆိုးကို ထိန်းသိမ်းရန် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာကို သိမ်းယူလိုက်သည်။ တော်လှန်ရေးကောင်စီအစိုးရသည် သမ္မတကြီးနှင့်တကွ ဝန်ကြီး ချုပ် အမှူးပြုသော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု အား ထိန်းသိမ်းလိုက်သည့်နည်းတူ 'ဖက်ဒရေးရှင်းမူ' ကို ထောက်ခံသော ရှမ်းစော်ဘွား ၃ဝ ကျော်တို့ကိုလည်း ထိန်းသိမ်းလိုက်သည်။ ရှမ်းပြည်နယ်ကောင်စီကို မတ်လ ၃ ရက်နေ့ တွင် ဖျက်သိမ်းပြီးလျှင် ဦးစီးအဖွဲ့ဝင် ငါးဦးပါဝင်သော ရှမ်း ပြည်နယ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း လိုက်သည်။ ထိုဦးစီးအဖွဲ့သည် ရှမ်းပြည်နယ်ကောင်စီနည်းတူ ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး အဝဝကို ဆောင်ရွက်ရ၍ ထိုအဖွဲ့၏ ဥက္ကဋ္ဌအား ယခင်က ပြည်နယ်ဥက္ကဋ္ဌ၏ အခွင့်အာဏာများကို အပ်နှင်းလိုက်လေသည်။ တော်လှန်ရေးကောင်စီ အစိုးရသည် ပဒေသရာဇ် ရှမ်းပြည်နယ်အဖြစ်မှ ပြည်သူ့ရှမ်းပြည်နယ် ဖြစ်လာရေးအတွက် ရှမ်းပြည်နယ် ကျေးလက်များအထိ ပြည်မနည်းတူ တရားဥပဒေ စိုးမိုးနိုင်ရန် တရားရုံးများ၊တရားသူကြီးများ ခန့်ထားရေး၊ အုပ်ချုပ်ရေးနယ်မြေပိုင်းခြားမှု ပြန်လည် စိစစ်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။ ယခင်က နယ်ပိုင်နယ်၊ မြို့ပိုင်နယ် ဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သော အချို့နယ်များသည် ကျေးရွာသာသာမျှ ရှိသဖြင့် စော်ဘွားတို့အလိုကျ မလိုအပ်ဘဲ ပိုင်းခြားခဲ့ခြင်း ဖြစ်ပေရာ အုပ်ချုပ်ရေးလွယ်ကူစေရန်နှင့် အုပ်ချုပ်ရေး စရိတ်ကျဉ်းစေရန် အချို့နယ်များကို ပူးပေါင်းခြင်း၊ ပြန်လည်ပိုင်းခြား ခြင်းပြုရန် ပြန်လည် စိစစ်ဆောင်ရွက်နေဆဲ ဖြစ်လေသည်။ မြန်မာ-တရုတ်-နယ်နိမိတ်အပြောင်းအလဲ ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံး ဆက်စပ်လျက်ရှိရာ ၁၉၆ဝ-၆၁ ခုနှစ်အတွင်း မြန်မာ-တရုတ် နယ်နိမိတ်ကို သမိုင်းဝင် မှတ်တမ်းတင်လောက်အောင် နှစ်ပြည်ထောင်အစိုးရတို့ သဘောတူ ပိုင်းခြားသတ်မှတ်လိုက်ပြီးနောက်တွင် ရှမ်းပြည်နယ်၏ နယ်နိမိတ်၌ အပြောင်းအလဲ အနည်းငယ်ရှိခဲ့လေသည်။ မြန်မာ-တရုတ်နယ်နိမိတ် သဘောတူစာချုပ်များအရ ခိုင်လုံသော သက်သေအထောက်အထားများရှိသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသများကို တရုတ်အစိုးရ ပိုင်ကြောင်း မြန်မာအစိုးရက အသိအမှတ်ပြုရသည်။ မိုင်းမောကြီး တြိဂံဒေသအတွက်မူ ထိုဒေသအား တရုတ်တို့က ပြန်၍ သိမ်းလိုက်ပါက ထိုနယ်ကို ဖြတ်သန်းသွားသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ကူးလူးဆက်ဆံမှု လမ်းမကြီးကို အကြောင်းပြု၍ ထိုပြည်နယ်များအား ထိခိုက်ဖွယ်ရာ ရှိသဖြင့် ထိုတြိဂံဒေသကို တရုတ်အစိုးရက မြန်မာအစိုးရသို့ အပြီးအပိုင် လွှဲပြောင်းပေးသည်။ သို့သော် ထိုဒေသနှင့် လဲလှယ်သောအားဖြင့် ရှမ်းပြည်နယ်တွင်ပါဝင်သော ဝနယ်အတွင်းရှိ ပန်းဟုံးနှင့် ပန်းလောင်းဒေသတို့အား မြန်မာအစိုးရက တရုတ်အစိုးရ သို့ လွှဲအပ်ရလေသည်။ နှစ်ပြည်ထောင်အစိုးရတို့ အပြန်အလှန် အလဲအလှယ်ပြုကြသော နယ်မြေများကို ပိုင်းခြားသတ်မှတ်လိုက်ရာ မြန်မာ အစိုးရက ရရှိလိုက်သော မိုင်းမောတြိဂံဒေသ၏ အကျယ်အဝန်းသည် ၈၅ စတုရန်းမိုင်၊ ထိုဒေသနှင့် အလဲအလှယ်ပြုကာ တရုတ်အစိုးရသို့ လွဲအပ်လိုက်ရသော ပန်းဟုံး၊ ပန်လောင်း ဒေသမျာ၏ အကျယ်အဝန်းသည် ၇၃ စတုရန်းမိုင် စသဖြင့် အသီးသီး ဖြစ်ကြလေသည်။ ပန်ဟုံးနှင့် ပန်လောင်းဒေသတို့ကို အလဲအလှယ် ပြုလိုက်ရသဖြင့် ထိုနေရာတွင် ရှမ်းပြည်နယ် နယ် နိမိတ်မျဉ်းကြောင်းသည် အတန်ငယ် ပြောင်းလဲခဲ့သည်။ မိမိတို့၏ နယ်မြေကို တစ်လက်မမျှ အလျှော့မခံလိုသော်လည်း ရှမ်းအမျိုးသားတို့သည် နှစ်ပြည်ထောင်ချစ်ကြည်မှုကို ရှေ့ရှုကာ လွှဲအပ်ရန် သဘောတူညီခဲ့ကြသည်။ မိုင်းမောတြိဂံဒေသသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နှစ်ခုလုံး၌ ပါဝင်နေရာ ဆိုင်ရာအစိတ်အပိုင်းကို ဆိုင်ရာပြည်နယ်က အုပ်ချုပ်လျက် ရှိပေသည်။ တရုတ်အစိုးရသို့ လွှဲအပ်၍ အလဲအလှယ်ပြုကြသောဒေသများမှ တိုင်းရင်းသားလူမျိုးတို့က ထိုဒေသများကို စွန့်ခွာကာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌သာ နေလိုကြသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသရှိ လူမျိုးစုများနည်းတူ ပန်ဟုံးနှင့်ပန်လောင်းဒေသများမှ လူမျိုးစုများကိုလည်း ယင်းတို့၏ ဆန္ဒအတိုင်း ပြည်ထောင်စုအစိုးရသည် နယ်စပ်အနီး၌ ကျေးရွာအိုးအိမ်များကို သိုက်မြိုက်စွာ ထူထောင်ပေး ရပြီးလျှင် ယင်းတို့၏ အသက်မွေးမှု ဖူလုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးရလေသည်။ ပညာရေး ရှေးအခါက ရှမ်းပြည်နယ်၏ပညာရေးစံနစ်သည် စော်ဘွားများ၏ လက်ထဲတွင်သာ ရှိခဲ့သည်။ နယ်များတွင် စော်ဘွားများ သဘောအရ နယ်မှရရှိသော အခွန်တော်ငွေထဲမှ အကုန်အကျခံ၍ ဖွင့်လှစ်ထားသော မူလတန်း မြန်မာစာသင်ကျောင်းများသာ ရှိသည်။ ဘုန်းကြီးကျောင်းများကိုလည်း စော်ဘွားများက စာသင်ကျောင်းအဖြစ် အသိအမှတ်ပြုသည်။ ဗြိတိသျှခေတ် တစ်ခေတ်လုံးတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်ရပ်လုံး၌ အစိုးရအသိအမှတ်ပြုသော အထက်တန်းကျောင်းဟူ၍ တောင်ကြီး၌ ဖွင့်လှစ်ထားသော ရှမ်းစော်ဘွားသားများကျောင်းနှင့် အမေရိကန် သာသနာပြုကျောင်းဟူ၍ နှစ်ကျောင်းသာ ရှိသည်။ အင်္ဂလိပ်စာသင်ကျောင်းနှင့် အင်္ဂလိပ်-မြန်မာ စာသင်ကျောင်းများ နည်းပါး၍ တောင်ကြီးမှလွဲလျှင် ကလော၊ လွိုင်လင်၊ လားရှိုး၊ နမ္မတူ၊ သီပေါနှင့် မိုးနဲတို့တွင်သာ အလယ်တန်းကျောင်းများ ရှိသည်။ ၁၉၂၃-၂၄ ခုနှစ်အထိ ဖော်ပြခဲ့သော ကျောင်းများမှလွဲလျှင် ရှမ်းပြည်နယ်တစ်ခုလုံး၌ မြန်မာအလယ်တန်း ၁၉ ကျောင်းနှင့် မူလတန်းကျောင်း ၁ဝ၈ ကျောင်းရှိသည်။ အထူးကျောင်းများမှာ တောင်ကြီးမြို့ရှိ တိရစ္ဆာန် အတတ်သင်ကျောင်း၊ လားရှိုး၊ ညောင်ရွှေမြို့တို့တွင် ဖွင့်လှစ်ထားသော အောက်တန်းဆရာဖြစ် သင်တန်းကျောင်းနှစ်ကျောင်း ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ကာလတွင် ကျောင်းပေါင်း ၁၉ဝ ကျော်အထိ တိုးတက်လာ၍ ကျောင်းသားဦးရေ တစ်သောင်းနီးပါးအထိ ရှိလာသော်လည်း ပြည်နယ်တစ်ခုလုံး၏ လူဦးရေနှင့် နှိုင်းစာသော် စာတတ်သူများ ရာခိုင်နှုန်း အလွန်နိမ့်ကျနေခဲ့လေသည်။ ပြည်ထောင်စုခေတ်တွင် ပညာရေးစံနစ်သစ်အရ ရှမ်းပြည်နယ်တွင် တစ်နှစ်ထက် တစ်နှစ် ကျောင်းများကို တိုးတက် ဖွင့်လှစ်ပေးခဲ့သည်။ စော်ဘွားမြို့တိုင်း၌ အထက်တန်းကျောင်း တစ်ကျောင်းရှိစေရန်နှင့် လူဦးရေ ၁ဝဝဝ လျှင် စာသင်ကျောင်းတစ်ကျောင်းရှိစေရန် ရည်မှန်းခဲ့ကြသော်လည်း ပြည်နယ်၏ငွေ အင်အား နည်းပါးသေးသဖြင့် ခပ်ဆိုင်းဆိုင်း ဆောင်ရွက်ခဲ့ကြရသည်။ ၁၉၆ဝ-၆၁ ခုနှစ် နောက်ဆုံးစာရင်းအရ ရှမ်းပြည်နယ်၌ ဖွင့်လှစ်ပြီးသောကျောင်းများနှင့် ကျောင်းသားဦးရေစာရင်းမှာ-- ကျောင်းဦးရေ ကျောင်းသားဦးရေ ၁။ အထက်တန်းကျောင်း ၃၇ ၂၃၈၄၅ ၂။ အလယ်တန်းကျောင်း ၅၃ ၁၅၈၉၇ ၃။ မူလတန်းကျောင်း ၅၂၅ ၄၁၈၅၄ -------------- ၆၁၅ ၈၁၅၉၆ တောင်ကြီးမြို့တွင် ဥပစာကောလိပ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့၍ စော်ဘွားသားများ အထက်တန်းကျောင်းကိုလည်း စစ်ပြီးခေတ်တွင် စော်ဘွားအမျိုးအနွယ်များအတွက်သာ ကန့်သတ်ထားရှိခြင်းမှ ပြည်သူ့ကျောင်း တစ်ကျောင်းအဖြစ်သို့ ပြောင်းလဲစေခဲ့လေသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁) အုပ်ချုပ်ရေး မြို့တော် ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ဖြစ်သည်။ သို့သော် ၁၉၈၈နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး လွယ်ကူအဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ်ကို မြောက်ပိုင်း၊ တောင်ပိုင်း နှင့် အရှေ့ပိုင်း ဟု စစ်တိုင်းဌာနချုပ်များရှိသည့် အတိုင်း ခွဲခြားလိုက်ပြီး မြောက်ပိုင်း၏ မြို့တော်အဖြစ် လားရှိုးမြို့၊ အရှေ့ပိုင်း၏မြို့တော်အဖြစ် ကျိုင်းတုံမြို့ နှင့် တောင်ပိုင်း၏ မြို့တော်အဖြစ် လက်ရှိမြို့တော် တောင်ကြီးမြို့ အဖြစ် အသီးသီး သတ်မှတ်ခဲ့သည်။ သို့သော် တရားဝင်အားဖြင့် ရှမ်းပြည်နယ်၏မြို့တော်မှာ တောင်ကြီးမြို့သာဖြစ်သည်။ ပြည်နယ်အစိုးရအဖွဲ့ရုံး ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ ရှမ်းပြည်နယ် ခရိုင်များ (၂၁ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)ခု) ခရိုင်ရှိ မြို့နယ် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်ကျိုင်းတုံမြို့နယ်မိုင်းခတ်မြို့နယ်မိုင်းပြင်းမြို့နယ်မိုင်းယန်းခရိုင်မိုင်းယန်းမြို့နယ်မိုင်းလားခရိုင်မိုင်းလားမြို့နယ်မိုင်းဆတ်ခရိုင်မိုင်းဆတ်မြို့နယ်မိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တာချီလိတ်ခရိုင်တာချီလိတ်မြို့နယ်မိုင်းဖြတ်မြို့နယ်မိုင်းယောင်းခရိုင်မိုင်းယောင်းမြို့နယ် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင်လားရှိုးမြို့နယ်သိန္နီမြို့နယ်ကွမ်းလုံမြို့နယ်တန့်ယန်းခရိုင်တန့်ယန်းမြို့နယ်မိုင်းရယ်မြို့နယ်လောက်ကိုင်ခရိုင်လောက်ကိုင်မြို့နယ်ကုန်းကြမ်းမြို့နယ်မူဆယ်ခရိုင်မူဆယ်မြို့နယ်နမ့်ခမ်းမြို့နယ်ကွတ်ခိုင်ခရိုင်ကွတ်ခိုင်မြို့နယ်ကျောက်မဲခရိုင်ကျောက်မဲမြို့နယ်နောင်ချိုမြို့နယ်သီပေါမြို့နယ်နမ္မတူမြို့နယ်မိုးမိတ်ခရိုင်မိုးမိတ်မြို့နယ်မဘိမ်းမြို့နယ်မက်မန်းခရိုင်မက်မန်းမြို့နယ်ပန်ဆန်းမြို့နယ်နားဖန်းမြို့နယ်ဟိုပန်ခရိုင်ဟိုပန်မြို့နယ်ပန်ဝိုင်မြို့နယ်မိုင်းမောမြို့နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်မန်တုံမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တောင်ကြီးမြို့နယ်ရပ်စောက်မြို့နယ်ကလောခရိုင်ကလောမြို့နယ်ညောင်ရွှေမြို့နယ်ဖယ်ခုံမြို့နယ်လွိုင်လင်ခရိုင်လွိုင်လင်မြို့နယ်လဲချားမြို့နယ်မိုင်းကိုင်မြို့နယ်နမ့်စန်ခရိုင်နမ့်စန်မြို့နယ်ကွန်ဟိန်းမြို့နယ်မိုးနဲမြို့နယ်မိုင်းရှူးခရိုင်မိုင်းရှူးမြို့နယ်ကျေးသီးမြို့နယ်လင်းခေးခရိုင်လင်းခေးမြို့နယ်မိုင်းပန်မြို့နယ်မောက်မယ်မြို့နယ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်ဆီဆိုင်မြို့နယ်ပင်လောင်းမြို့နယ်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်ရွာငံမြို့နယ် နေထိုင်သောလူမျိုးများ ရှမ်း၊ ဓနု၊ တောင်ရိုး၊ အာခါ၊ လားဟူ၊ အင်းသား၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ဝ ၊ ယင်းကျား၊ ယင်းနက်၊ ကွီ၊ မုံ၊ အဲန်၊ ဗမာ၊ ကယန်း၊ ကချင်၊ လီဆူ၊ ကယား၊ ဂေါ်ရခါး၊ တရုတ်၊ ပန်းသေး။ စိတ်ဝင်စားဖွယ်နေရာများ အင်းလေးကန် အင်းလေး ဖောင်တော်ဦးဘုရား ဂုတ်ထိပ်တံတား သီပေါ ဘော်ကြိုဘုရား ပင်းတယဂူ ပြဒါးလင်းဂူ မွေတော်ကက္ကူ ထမ်ဆမ်းဂူ D.P.S. MYANMAR GUIDE MAP. 2000. စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ရှမ်းပြည်နယ်သည် ရှမ်းလူမျိုးများသာမက အခြားတိုင်းရင်းသားများ၊တရုတ်၊အိန္ဒိယလူမျိုးများပါရောနှောနေထိုင်သည့်အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ များပြားသည်။ သို့သော် တိုင်းရင်းသားအများစု မှာရှမ်းစကားကိုအသုံးပြုကာ ဆက်ဆံလေ့ရှိသည်။ အောက်ပါဇယားမှာ ရှမ်းပြည်နယ်၏ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်၍ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။ စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက် ၁ စိုက်ပျိုးမြေဧရိယာ ဧက ၃၆၂၀၄၂၂ ၂ ဆည်တမံ(အကြီး/အသေး) ခု ၈၁၇ ၃ မြစ်ရေတင်လုပ်ငန်း ခု ၆ ၄ ကြိုးဝိုင်းတော စတုရန်းမိုင် ၉၂၈၃ ၅ ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၆၀၂ ၆ ရထားလမ်း မိုင် ၄၉၆ ၇ ကားလမ်း မိုင် ၈၆၉၈ ၈ ပေ ၅၀⁠၀၀ အထက်လေယာဉ်ပြေးလမ်း လမ်း ၃ ၉ ပေ ၁၈၀ အထက် တံတား စင်း ၄၈ ၁၀ စာတိုက်စခန်း ခု ၁၆၅ ၁၁ ကြေးနန်းရုံး ရုံး ၉၁ ၁၂ တယ်လီဖုန်းရုံး ရုံး ၁၆၃ ၁၃ မိုက္ကရိုဝေ့ဖ်စခန်း ခု ၅၅ ၁၄ ရေအားလျှပ်စစ်စက်ရုံ ရုံ ၁၅ ၁၅ နိုင်ငံပိုင်စက်ရုံ ရုံ ၂ ၁၆ ပုဂ္ဂလိကစက်ရုံ ရုံ ၃၅⁠၅၀ ၁၇ အခြေခံပညာကျောင်း ကျောင်း ၄၇၂၈ ၁၈ တက္ကသိုလ်၊ကောလိပ် ခု ၅ ၁၉ နည်းပညာတက္ကသိုလ်၊ ကောလိပ် ခု ၄ ၂၀ ကွန်ပျူတာက္ကသိုလ် ခု ၄ ၂၁ ဆေးရုံများ ရုံ ၁၄၅ ဒေသထွက်ကုန်များ အဓိကအားဖြင့် ကော်ဖီ၊ သစ်၊ လက်ဖက်နှင့် ရာဘာ အပါအဝင် သီးနှံများဖြစ်သော ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနှင့် လူကြိုက်များသည့် အခြားသီးနှံများလည်း ထွက်ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ ရှမ်းပြည်နယ်အစိုးရဝက်ဘ်ဆိုဒ် Category:မြန်မာနိုင်ငံပြည်နယ်များ
မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။ သမိုင်းကြောင်း မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရသည်။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ဗြိတိသျှခေတ်က မန္တလေးတိုင်းဒေသကြီးကို မန္တလေးပြည်နယ်နှင့်မိတ္ထီလာပြည်နယ်ဟူ၍ ပြည်နယ်(၂)ခုအဖြစ်အုပ်ချုပ်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် မိတ္ထီလာပြည်နယ်ကိုဖျက်သိမ်း၍ မန္တလေးတိုင်းအဖြစ်ပေါင်းစည်းခဲ့သည်။ ၁၉၅၅ခုနှစ်တွင်ချောက်မြို့ကို မိတ္ထီလာပြည်နယ်၊မြင်းခြံခရိုင်၊ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊မကွေးခရိုင် ၊ရေနံချောင်းစီရင်စုလက်အောက်သို့ပြောင်းရွှေ့ခဲ့သည်။ လက်ရှိ လွှတ်​တော်အ​ဆောက်အအုံ တရားစီရင်​ရေး မန္တ​လေးတိုင်း​ဒေသကြီးတရားလွှတ်​တော်လက်​​အောက်တွင် မန္တ​လေး၊​ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊​ ညောင်ဦး၊ ရမည်းသင်းနှင့် ဒက္ခိဏ ခရိုင်တရားရုံး (၈)ရုံးရှိသည်။ ပြည်​ထောင်စုနယ်​မြေအပါအဝင် မြို့နယ်တရားရုံး (၃၅)ရုံး၊ ​မော်​တော်ယာဉ်ဆိုင်ရာတရားရုံး၊ စည်ပင်တရားရုံး၊ က​လေးသူငယ်ဆိုင်ရာတရားရုံး စသည့် အထူးတရားရုံး (၅)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခု ရှိသည်။ ၂၀၁၀ပြည့်နှစ်မတိုင်မီက မန္တ​လေးတိုင်းတွင် ခရိုင် (၈)ခု ရှိခဲ့သည်။ ​​နောက်ပိုင်းတွင် ပျဉ်းမနားခရိုင်မှာ ပြည်ထောင်စုနယ်မြေအတွင်း ပါဝင်သွားခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခရိုင်အထိ ရှိလာခဲ့သည်။ မန္တ​လေးတိုင်းအတွင်းရှိ တရားဝင်တည်ဆဲမြို့​ပေါင်း (၃၀)၏ တည်​နေရာများ မန္တလေးမြို့ ကျောက်ဆည်မြို့ ပြင်ဦးလွင်မြို့ မိတ္ထီလာမြို့ မြင်းခြံမြို့ ညောင်ဦးမြို့ ရမည်းသင်းမြို့ အမရပူရမြို့ ပုသိမ်ကြီးမြို့ မြစ်ငယ်မြို့ စဥ့်ကိုင်မြို့ တံတားဦးမြို့ မြစ်သားမြို့ မိုးကုတ်မြို့ မတ္တရာမြို့ စဉ့်ကူးမြို့ သပိတ်ကျင်းမြို့ ဝမ်းတွင်းမြို့ သာစည်မြို့ မလှိုင်မြို့ ငါန်းဇွန်မြို့ နွားထိုးကြီးမြို့ တောင်သာမြို့ ကျောက်ပန်းတောင်းမြို့ ပျော်ဘွယ်မြို့ ကူမဲမြို့ တကောင်းမြို့ ဆီမီးခုံမြို့ ပုဂံမြို့ ငါ့သရောက်မြို့ ၂၀၂၁ခုနှစ်တွင် မန္တ​လေးတိုင်း​ဒေသကြီး၌ မြို့ပေါင်း (၃၀) မြို့၊ ရပ်ကွက်ပေါင်း (၂၈၀) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၉၉) ရွာ ရှိသည်။ လူဦးရေ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ မြန်မာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။ ၂၀၁၄ခုနှစ် သန်း​ခေါင်စာရင်းအရ မန္တ​လေးတိုင်း​ဒေသကြီး၏ လူဦး​ရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦး​ရေ ၂၉၂၈၃၆၇ မဦး​ရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။ မြန်မာနိုင်ငံလူဦး​ရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်ဒေသကြီးနှင့် ဧရာဝတီတိုင်း‌ဒေသကြီးပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တ​လေးတိုင်းသည် ၁၉၇၃ခုနှစ် သန်း​ခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦး နှင့် ၁၉၈၃ခုနှစ် သန်း​ခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦး​ရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အ​ကြောင်းမှာ ပြည်​ထောင်စုနယ်​မြေအား မန္တ​လေးတိုင်းမှခွဲထုတ်၍ ​ရေတွက်ထား​သော​ကြောင့်ဖြစ်သည်။ မန္တ​လေးတိုင်းသည် ၁၉၇၃သန်း​ခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်း​ခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦး​ရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အ​ကြောင်းမှာ ပြည်​ထောင်စုနယ်​မြေအား မန္တ​လေးတိုင်းမှခွဲထုတ်၍ ​ရေတွက်ထား​သော​ကြောင့်ဖြစ်သည်။ ခရိုင်အလိုက် လူဦး​ရေ ရာခိုင်နှုန်း မန္တ​လေးတိုင်း၏ လူဦး​ရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မား​နေသည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယ​မြောက် လူဦး​ရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။ ၁၉၇၃တွင် ၉၉ဦး၊ ၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။ တိုင်း​ဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ​ကျေးလက်၌ ​နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် ​နေထိုင်ကြသည်။ မြို့ပြဦး​​ရေ ၇၀%ရှိ​သော ရန်ကုန်တိုင်းနှင့် ၃၆%ရှိ​သော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ မြန်မာလူမျိုးများဖြစ်သည်။ သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။ အိန္ဒိယလူမျိုးများလည်း နေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။ |တိုင်း​ဒေသကြီး၏ ကျား၊မ လူဦး​ရေအချိုး ပညာရေး မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။ အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။ အဆင့်မြင့်ပညာ အရေအတွက် တက္ကသိုလ်၁၈ ကောလိပ်၂သိပ္ပံကျောင်း၂ အခြေခံပညာအရေအတွက်အထက၂၄၂အလက၃၀၁အမက၂၄၉၄အထက(ခွဲ)၁၈၃အလက(ခွဲ)၃၆၁အမက(ခွဲ)၇၅မူလွန်၅၂၉ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအရေအတွက်မူလတန်း၂၅၂အလယ်တန်း၇၁အထက်တန်း၂ပုဂ္ဂလိကကျောင်း၁၄၉ အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန မန္တလေးနည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(မန္တလေး) နည်းပညာတက္ကသိုလ်(ကျောက်ဆည်) နည်းပညာတက္ကသိုလ်(ရမည်းသင်း) မန္တလေးကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ) ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန မိတ္ထီလာပညာရေးကောလိပ် မန္တလေးပညာရေးကောလိပ် စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အစိုးရနည်းပညာကောလိပ်(မြင်းခြံ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (မန္တလေး) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တ​လေး) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး) သူနာပြုတက္ကသိုလ် (မန္တလေး) ဆေးဝါးတက္ကသိုလ် (မန္တ​လေး) သားဖွားသင်တန်းကျောင်း ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) သူနာပြုသင်တန်း​ကျောင်း (မန္တ​လေး) သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ) တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်းရင်း​ဆေးတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (မန္တ​လေး) အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ယွန်းပညာကောလိပ် (ပုဂံ) ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) သမဝါယမဦးစီးဌာန သမဝါယမကောလိပ် (မန္တလေး) စိတ်ဝင်စားဖွယ်နေရာများ D.P.S. MYANMAR GUIDE MAP. 2000. စီးပွား​ရေး ဒေသထွက်ကုန်များ ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။ တွင်းထွက်များ တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင်၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။ ကိုးကား ပြင်ပလင့်ခ်များ Official Website Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး (၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံးတံတား ဖြစ်သည်။မြန်မာနိုင်ငံ၏ အဓိကဆီအိုးကြီးလည်း ဖြစ်ပါသည်။ တည်နေရာနှင့် အကျယ်အဝန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ သမိုင်းကြောင်း မြန်မာဘုရင်များလက်ထက်က ယခုမကွေးတိုင်းဒေသကြီးကို ပုခန်းနယ်စား၊ ရေနံချောင်းနယ်စားနှင့် မင်းဘူးနယ်စားဟူ၍ နယ်စားမင်းများခန့်ထား အုပ်ချုပ်စေခဲ့သည်။ ကိုလိုနီခေတ်- ဗြိတိသျှအစိုးရလက်ထက် (၁၈၉၆) ခုနှစ်တွင် ပြည်နယ် (၂) ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ မင်းဘူးပြည်နယ်နှင့် ပခုက္ကူပြည်နယ်တို့ဖြစ်သည်။ မင်းဘူးပြည်နယ်ကို မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားပြီး မြို့တော်မှာ ရေနံချောင်းမြို့ဖြစ်သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့်ဖွဲ့စည်းထားပြီး မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပခုက္ကူပြည်နယ်ကို မြောက်ပိုင်းချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ ကချာနှင့်ဂျိန်းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်း၍ ပခုက္ကူတောင်တန်းဒေသများပြည်နယ်အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ပြည်နယ်မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၃၆ခုနှစ်တွင် ပခုက္ကူပြည်နယ်၌ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ်ပူပေါင်းရေးနှင့် ဗမာပြည်မနဲ့ပူးပေါင်းရေး တွဲရေး၊ ခွဲရေးမဲခွဲရာ အိန္ဒိယနိုင်ငံနှင့်တွဲရန်ဘက်က မဲအသာစီးရခဲ့သော်လည်း ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းမှခေါင်းဆောင်များက ဗမာပြည်မနှင့်သာတွဲရန်တောင်းဆိုသဖြင့် ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းများကို ဗြိတိသျှဗမာပြည်၏ အစိတ်အပိုင်းများအဖြစ် ၁၉၃၇ ခုနှစ်တွင် ပါဝင်ဖွဲ့စည်းလိုက်သည်။ သို့သော် လူရှိုင်းတောင်တန်းဒေသမှ ချင်းခေါင်းဆောင်များကမူ အိန္ဒိယနိုင်ငံနှင့်သာပူးပေါင်းရန်ဆုံးဖြတ်ခဲ့သဖြင့် နောင်အခါ မီဇိုရမ်ပြည်နယ်ဟူ၍ ဖြစ်လာခဲ့သည်။ ကချာ၊ ဂျိန်းတိယ၊ မဏိပူရနှင့် အက္ကပတ်အပါအဝင် ကျန်ဒေသများမှာမူ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများသာဖြစ်လာခဲ့သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်၊ ဖလမ်းခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၃၈ ခုနှစ်တွင် မင်းဘူးခရိုင်တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့် ရေနံချောင်းစီရင်စုတို့ကို မကွေးခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီး မင်းဘူးပြည်နယ်ကို ခရိုင် (၃) ခုဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗြိတိသျှအစိုးရမှ အမိန့်ဒီဂရီထုတ်ပြန်ပြီး မကွေးတိုင်းဟု အမည်ပြောင်းလဲ သတ်မှတ်သည်။ တိုင်းမြို့တော်မှာမူ ရေနံချောင်းမြို့အဖြစ်သာ ဆက်လက်တည်ရှိသည်။ လွတ်လပ်ရေးခေတ်- ၁၉၄၉ခုနှစ်တွင် ပခုက္ကူပြည်နယ်မှ ဖလမ်းခရိုင်ကိုရခိုင်တောင်တန်းဒေသမှ ပလက်ဝမြို့နှင့်တွဲဖက်၍ ချင်းဝိသေသတိုင်းအဖြစ်ပြောင်းလဲဖွဲ့စည်းရာ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင် (၂) ခုဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၂.၃.၁၉၄၉ တွင် မတူပီမြို့ကိုကန်ပက်လက်ခရိုင်၌ တည်ထောင်လိုက်သောအခါ ပခုက္ကူပြည်နယ်တွင် မြို့နယ် (၁၁) ခု ပါဝင်လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ချောက်မြို့ကို နောင်အခါ မန္တလေးတိုင်းတွင်ပါဝင်လာမည့် မိတ္ထီလာပြည်နယ်၊ မြင်းခြံခရိုင်၊ ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းစီရင်စုလက်အောက်သို့ ပြောင်းရွှေ့လိုက်သည်။ ၁၉၅၈ ခုနှစ်တွင် ကန်ပက်လက်ခရိုင်ရုံးများကို မင်းတပ်မြို့သို့ ပြောင်းရွှေ့လိုက်ပြီး မင်းတပ်ခရိုင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်သည်။ ယင်းနှစ်တွင်ပင် သရက်ခရိုင်မှ မြေထဲမြို့ကို အောင်လံမြို့ဟု အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ၁၉၇၄ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအရ နိုင်ငံတဝန်းရှိ ခရိုင်များနှင့်စီရင်စုများအားလုံးကို ဖျက်သိမ်းလိုက်သည်။မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့တို့ကို ချင်းဝိသေသတိုင်းကို ပြောင်းလဲဖွဲ့စည်းသော ချင်းပြည်နယ်အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ပခုက္ကူပြည်နယ်ကိုဖျက်သိမ်းပြီး ပခုက္ကူခရိုင်အတွင်းမှ မြို့နယ် (၈) ခုကို မကွေးတိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ရေနံချောင်းမြို့မှ တိုင်းရုံးများကို မကွေးမြို့သို့ ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက်တွင် မကွေးတိုင်းကို ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်ဟူ၍ ခရိုင်(၄)ခု၊ မြို့နယ် (၂၅) ခုဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်မှစ၍ မကွေးခရိုင်ရုံးများသည် ရေနံချောင်းမြို့မှ မကွေးမြို့သို့ ပြောင်းရွှေ့သွားသည်။ တိုင်းမြို့တော်မှာမကွေးမြို့ဖြစ်သည်။ ၁၉၉၈ခုနှစ်တွင် နအဖအစိုးရမှ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့ကို ပခုက္ကူခရိုင်မှဆွဲထုတ်၍ ဂန့်ဂေါခရိုင်အဖြစ်ဖွဲ့စည်းလိုက်သောအခါ မကွေးတိုင်းတွင်ခရိုင်(၅)ခု ဖြစ်လာခဲ့သည်။ ၂၀၀၆ခုနှစ်တွင် မြန်မာနိုင်ငံရှိအခြားတိုင်းမြို့များကဲ့သို့ မကွေးမြို့ရှိတိုင်းရုံးများကို တိုင်းအတွင်းရှိအခြားမြို့တစ်ခုသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ ၂၀၁၀ခုနှစ်တွင် (၂၀၀၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မကွေးတိုင်းဟူသောအမည်ကို မကွေးတိုင်းဒေသကြီးဟူ၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။ ပထဝီဝင်အ​နေအထား မြေမျက်နှာသွင်ပြင် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းတို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ ဆင်ဖြူကျွန်းချောင်းခေါ် စလင်းချောင်း ၊ မုန်းချောင်း၊ မန်းချောင်း၊ ပနီချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။ ရာသီဥတု မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။ အုပ်ချုပ်ရေး မြို့တော် မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပခုက္ကူမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ တောင်တွင်းကြီးမြို့၊ ချောက်မြို့ များမှာ အဓိကအရေးပါသောမြို့များ ဖြစ်ကြသည်။ အုပ်ချုပ်ရေး ၂၀၁၁ ခုနှစ်မှ စတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရရုံးသည် မကွေးမြို့တွင်တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ |မကွေးတိုင်း၏ ခရိုင်များ မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခု ရှိသည်။ မကွေးခရိုင် ချောက်ခရိုင် သရက်ခရိုင် အောင်လံခရိုင် မင်းဘူးခရိုင် ပခုက္ကူခရိုင် ဂန့်ဂေါခရိုင် ခရိုင်ရှိမြို့နယ် မကွေးခရိုင် မကွေးမြို့နယ် တောင်တွင်းကြီးမြို့နယ် မြို့သစ်မြို့နယ် နတ်မောက်မြို့နယ်ချောက်ခရိုင် ချောက်မြို့နယ် ရေနံချောင်းမြို့နယ်သရက်ခရိုင် သရက်မြို့နယ် ကံမမြို့နယ် မင်းတုန်းမြို့နယ် မင်းလှမြို့နယ်အောင်လံခရိုင်အောင်လံမြို့နယ် ဆင်ပေါင်ဝဲမြို့နယ်မင်းဘူးခရိုင် မင်းဘူးမြို့နယ်ပွင့်ဖြူမြို့နယ်စလင်းမြို့နယ်ငဖဲမြို့နယ်စေတုတ္တရာမြို့နယ်ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်ဆိပ်ဖြူမြို့နယ်ရေစကြိုမြို့နယ်မြိုင်မြို့နယ်ပေါက်မြို့နယ်ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်ထီးလင်းမြို့နယ်ဆောမြို့နယ် အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ မကွေးတိုင်းဒေသကြီးကို ခရိုင် ၇ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း ၃၂ မြို့ ရပ်ကွက်ပေါင်း ၁၉၉ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နှင့် ကျေးရွာပေါင်း ၄၇၈၈ ရွာ ပါဝင်သည်။ လူဦး​ရေ ၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉သန်း နေထိုင်ကြသည်။ မကွေးတိုင်းတွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၇၆ ဦး ဖြစ်သည်။ မကွေးတိုင်းတွင် လူ ၁၀၀လျှင် ၈၅ ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ မြို့နေလူဦးရေ ၂၀၂၀ ပြည့်နှစ်ခန့်မှန်းလူဦးရေစာရင်းအရ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ မြို့နေလူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ငဖဲမြို့သည် မြို့နေလူဦးရေအနည်းပါးဆုံးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၏ မြို့နေလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၂၀၂၀ အဆင့် မြို့ ၁၉၈၃ သန်းခေါင်စာရင်း ၂၀၁၄ သန်းခေါင်စာရင်း (၂၀၂၀ ခန့်မှန်း) ခရိုင် ၁။ ပခုက္ကူမြို့ ၉၀,၇၈၃ ၁၀၇,၈၉၀ ပခုက္ကူခရိုင် ၂။ မကွေးမြို့ ၇၂,၃၈၈ ၈၄,၂၁၄ မကွေးခရိုင် ၃။ အောင်လံမြို့ ၄၃,၂၂၃ ၅၂,၄၃၁ သရက်ခရိုင် ၄။ ရေနံချောင်းမြို့ ၉၀,၈၄၅ ၄၉,၉၃၈ မကွေးခရိုင် ၅။ တောင်တွင်းကြီးမြို့ ၅၂,၃၃၅ ၄၇,၇၃၉ မကွေးခရိုင် ၆။ ချောက်မြို့ ၆၇,၈၄၅ ၄၇၅,၆၈ မကွေးခရိုင် ၇။ မင်းဘူးမြို့ ၃၂,၉၉၄ ၄၀,၃၀၄ မင်းဘူးခရိုင် ၈။ ရေစကြိုမြို့ ၂၃,၃၂၉ ၂၄,၄၃၈ ပခုက္ကူခရိုင် ၉။ စလင်းမြို့ ၃၅,၁၅၈ ၂၀,၃၂၉ မင်းဘူးခရိုင် ၁၀။ သရက်မြို့ ၄၆,၃၆၁ ၂၀,၁၈၂ သရက်ခရိုင် ၁၁။ နတ်မောက်မြို့ ၁၄,၇၃၇ ၁၄,၅၂၃ မကွေးခရိုင် ၁၂။ ဂန့်ဂေါမြို့ ၁၃,၉၅၅ ၁၂,၈၂၉ ဂန့်ဂေါခရိုင် ၁၃။ မင်းလှမြို့ ၁၂,၅၁၀ ၁၂,၅၇၇ သရက်ခရိုင် ၁၄။ မြို့သစ်မြို့ ၈,၀၈၀ ၉,၁၉၇ မကွေးခရိုင် ၁၅။ ဆိပ်ဖြူမြို့ ၉,၀၈၁ ၉,၁၆၅ ပခုက္ကူခရိုင် ၁၆။ မြိုင်မြို့ ၇,၇၀၆ ၈,၃၂၈ ပခုက္ကူခရိုင် ၁၇။ ပေါက်မြို့ ၇,၂၈၆ ၈,၀၄၈ ပခုက္ကူခရိုင် ၁၈။ ပွင့်ဖြူမြို့ ၅,၃၅၀ ၆,၅၇၅ မင်းဘူးခရိုင် ၁၉။ ဆောမြို့ ၇,၀၇၈ ၅,၉၄၄ ဂန့်ဂေါခရိုင် ၂၀။ စေတုတ္တရာမြို့ ၆,၅၁၄ ၅,၈၆၂ မင်းဘူးခရိုင် ၂၁။ မင်းတုန်းမြို့ ၅,၀၉၈ ၅,၄၀၁ သရက်ခရိုင် ၂၂။ ကံမမြို့ ၅,၂၀၂ ၅,၁၄၆ သရက်ခရိုင် ၂၃။ ဆင်ပေါင်ဝဲမြို့ ၄,၉၉၆ ၅,၀၂၅ သရက်ခရိုင် ၂၄။ ထီးလင်းမြို့ ၄,၃၄၈ ၄,၈၁၀ ဂန့်ဂေါခရိုင် ၂၅။ ငဖဲမြို့ ၆,၅၁၄ ၄,၂၂၃ သရက်ခရိုင် ၂၆။ ဆင်ဖြူကျွန်းမြို့ ၅,၁၅၈ ၂၀,၃၂၉ မင်းဘူးခရိုင် ထင်ရှားသောပုဂ္ဂိုလ်များ ပညာ​ရေး မကွေးတက္ကသိုလ် မကွေးဆေးတက္ကသိုလ် မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ် နည်းပညာတက္ကသိုလ်(မကွေး) ကွန်ပျူတာတက္ကသိုလ်(မကွေး) မကွေးပညာရေးကောလိပ် ပခုက္ကူတက္ကသိုလ် ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) ရေနံချောင်းတက္ကသိုလ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်) အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်) အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) အစိုးရစက်မှုလက်မှုသိပ္ပံ (ပခုက္ကူ) စီးပွား​ရေး တွင်းထွက်များ မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။ ချောက်ရေနံမြေ ရေနံချောင်းရေနံမြေ ထောက်ရှာပင်ရေနံမြေ မင်းဘူးရေနံမြေ မန်းရေနံမြေ ကျောက်ခွက်လက်ပံတိုရေနံမြေ ဒေသထွက်ကုန်များ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး ဆင်ဖြူကျွန်းအာလူး စက်မှုလုပ်ငန်းများ ပခုက္ကူ စက်မှုဇုံ ရေနံချောင်း စက်မှုဇုံ ချောက် ရေနံချက်စက်ရုံ မန်းသံပရာကန် ရေနံချက်စက်ရုံ မန်း ရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ စလေ ဓာတ်မြေဩဇာစက်ရုံ သရက်ဘိလပ်မြေစက်ရုံ ပခုက္ကူ ဗာဂျီးနီးယားဆေးပေါင်းစက်ရုံ ပွင့်ဖြူ ချည်မျှင်စက်ရုံ မကွေး ဆပ်ပြာစက်ရုံ စိတ်ဝင်စားဖွယ်နေရာများ ထေရဝါဒဗုဒ္ဓဘာသာတို့အထွဋ်အမြတ်ထားရာနေရာများ ကံ့ကော်တစ်ထောင်ဘုရား(မကွေး) ငါးမျက်နှာစေတီနှင့်ငါးမျက်နှာကန် ဆင်ဖြူကျွန်းမြို့ စလေ ရုပ်စုံကျောင်း မန်းရွှေစက်တော်ရာဘုရား စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဆုတောင်းပြည့်ဘုရားဆင်ဖြူကျွန်းမြို့ တိပိဋကတ်စုံကျောက်စာရုံတော်ကြီး(ရေနံချောင်းမြို့) တန့်ကြည့်တောင်စေတီ မင်းဘူးနဂါးပွက်တောင် ပခုက္ကူမြို့ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာ အများဆုံးစာသင်တိုက်ကြီး) ပင်းစက္ကလံပစေတီတော်(ရေနံချောင်းမြို့) ပဉ္စလောဟာပြ​ည်တော်ပြန်ဘုရားကြီးဆင်ဖြူကျွန်းမြို့ ဖောင်တော်ဦးဘုရားဆင်ဖြူကျွန်းမြို့ မြသလွန်စေတီ ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်(ပခုက္ကူမြို့) ရှင်ပင်မုနိမဟာရံသီဘုရားကြီးဆင်ဖြူကျွန်း သီဟိုဠ်ရှင်ဘုရား(ပခုက္ကူမြို့) အခြားထင်ရှားသောနေရာများ ဂွေးချောင်းခံတပ် စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။) ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)D.P.S. MYANMAR GUIDE MAP. 2000. ဗိဿနိုးမြို့ဟောင်း မင်းလှခံတပ် ယောဒေသ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ထင်ရှားသောတံတားများ အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ) ဧရာဝတီတံတား (မကွေး) (မကွေး-မင်းဘူး) ပခုက္ကူတံတား (ပခုက္ကူ-ပုဂံ) မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော) မန်းချောင်းတံတား (စကု) ယင်းချောင်းတံတား (မကွေး) ပင်းချောင်းတံတား (ရေနံချောင်း) နွယ်တမယ်တံတား ဆင်ဖြူကျွန်းမြို့ ဒေါင်းနေချောင်းတံတား (ရေနံချောင်း) ဆားပွက်ချောင်းတံတား (မင်းဘူး) မုန်းချောင်းတံတား (မဲဇလီ) စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။ ဆင်ဖြူကျွန်းဒေသ ကျပင်းမြို့ဟောင်းရှိ ပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည်။ ယင်းရှေးဟောင်းပစ္စည်းများအား ဆင်ဖြူကျွန်းပြတိုက်တွင် ပြသထားသည်။ ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံတိုင်းဒေသကြီးများ
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၁၇၉.၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ မုံရွာမြို့ ဖြစ်သည်။ ရာသီဥတု တောင်တန်းဒေသများရှိရာ အနောက်မြောက်ဘက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။ ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။ မြောက်ဘက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။ အုပ်ချုပ်ရေး မြို့တော် စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သော်လည်း ၁၉၈၀ နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီး၏ အချက်အချာဖြစ်ခြင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်းတို့ပေါင်းဆုံရာ ဗဟိုအချက်အချာဖြစ်ခြင်း၊ တိုင်းဒေသကြီး၏ စီပွားရေး ဗဟိုချက်ဖြစ်နေခြင်း၊ အထက်အညာကျေးရွာများ၏ မှီခိုအားထားရာဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အရပ်ဒေသဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့ သည် လူဦးရေးနှင့် စီပွားရေး တဟုန်ထိုး တိုးတက်လာသည့်အခါ စစ်ကိုင်းတိုင်း၏ စီပွားရေးမြို့တော်အဖြစ် မြန်မာတစ်နိုင်ငံလုံးမှ အသိမှတ်ပြုလာခဲ့ကြသည်။ ၂၀၀၆ ခုနှစ်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် စစ်ကိုင်းမြို့တွင် ရှိခဲ့သော်လည်း မန္တလေးတိုင်းနှင့်နီးကပ်စွာရှိနေခြင်းကြောင့် တိုင်းမြို့သည် မန္တလေးအားမှီခိုအားထားနေရခြင်း၊ တိုင်းနယ်နိမိတ်စည်း၏ အစွန်အဖျားတွင် ရှိနေခြင်းကြောင့် အုပ်ချုပ်မူကိစ္စများတွင် နှောင်နှေးရခြင်း၊ စစ်ကိုင်းအထက်ပိုင်းဒေသအား ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ခြင်း၊ လေကြောင်းခရီးအတိုင်းအတာအရ မန္တလေးနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် လေကြောင်းခရီးမပေါက်ခြင်း၊ မြို့ပေါ်နေ လူဦးရေတိုးတက်နူန်းနှေးကွေးခြင်းနှင့် စစ်ကိုင်းမြို့စီပွားရေးသည် မန္တလေး၏လက်ဝေခံဖြစ်နေခြင်း စသည့် ဆိုးကျိုးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် တိုင်းဒေသကြီးဗဟိုအချက်အချာဖြစ်ရာ မုံရွာမြို့ သို့ ပြောင်းရွေ့လာခဲ့ကြသည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မုံရွာမြို့အား မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းမှ လွယ်ကူချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်သည်။ ၂၀၀၂ ခုနှစ် မုံရွာမြို့ အနီးတွင် ဖွင့်လှစ်လိုက်သော ချင်းတွင်းတံတားသည် အနောက်ဘက်ချင်းတွင်းဒေသမှ ကုန်စည်စီးဆင်းများ ပိုမိုအားကောင်းသွားစေခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် မြို့တော်မြို့များမှ စစ်ဌာနချုပ်များရှိသော မြို့များသို့ ပြောင်းရွေ့ထားခဲ့ကြသော တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာတိုင်းမြို့များသို့ ပြန်လည်ပြောင်းရွေ့ သတ်မှတ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ စစ်ကိုင်းမြို့၌ မည်သည့်တိုင်းအဆင့်ရုံးမှ ပြန်လည်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြဘဲ မုံရွာမြို့တွင်သာ တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာအဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း မြန်မာ့မီးရထား တိုင်းအမှတ်(၂) သည် စစ်ကိုင်းမြို့တွင် တည်ရှိနေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စတုတ္ထတန်း ပထဝီဖတ်စာတွင် စစ်ကိုင်းတိုင်း၏ မြို့တော်အား မုံရွာမြို့၊ မြန်မာနိုင်ငံမြေပုံများတွင်လည်းမုံရွာမြို့ အဖြစ်တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ ပညာရေးဒုတိယဝန်ကြီးမှ အများသိရှိလက်ခံနေသောကြောင့် ပြဋ္ဌာန်းထားသည်ဟုသာ ပြောကြားခဲ့သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် မုံရွာမြို့၌ တည်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသတရားရုံး၊ မြို့နယ်တရားရုံးများရှိသည်။ လက်ရှိအခြေအနေ စစ်ကိုင်းတိုင်းဒေသကြီးသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ ၃၃ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ အပြင်းထန်ဆုံး ဒေသ လည်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားပြီး အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာမှာ မြို့ကြီးတချို့တွင်သာရှိတော့ပြီး အချို့နေရာများတွင် အာဏာလေဟာနယ်ဖြစ်နေသည်။ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်း၏ ၃၀ ရာနှုန်းကို ပြည်သူ့အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ်များ တည်ဆောက်နေသည်။ လက်ရှိ စစ်ကိုင်းတိုင်းတွင် စစ်ပွဲများကြောင့် စစ်ရှောင်လူဦးရေ သိန်းချီရှိနေပြီး အိမ်ခြေပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။လက်ရှိတွင်လည်းအကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကျေးရွာများမီးရှို့ဖျက်ဆီးခြင်း လေယာဉ်နဲ့ဗုံးကျဲခြင်း ဆေးရုံနှင့်စာသင်​ကျောင်းများ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့အုပ်ချုပ်ရေးနယ်မြေများကို ဗုံးကျဲခြင်း ဝင်ရောက်စီးနင်းခြင်းများအမြဲမပြတ်ပြုလုပ်လျက်ရှိသည်။ ကျေးရွာများစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းများ ဗုံးကျဲခြင်းများကို အကြမ်းဖက်စစ်တပ်မှ အမြဲပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ဦးရေများတိုးသထက်တိုးလားခြင်း စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးလာခြင်းနှင့်အတူ ကပ်ဘေးများဆိုက်ရောက်နေခဲ့သည်။ နမခ နှင့် အစိုးရတိုင်းရုံးများရှိရာ မုံရွာမြို့၏ ပတ်ပတ်လည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေများဝန်းရံထားသကဲ့သို့ စစ်ကိုင်းတိုင်း၏ အဓိကပင်မလမ်းမကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များစိုးမိုးထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်တပ်များ၏ တိုက်ခိုက်မူကြောင့် စစ်ကောင်စီ၏ ခရိုင်ရုံးစိုက်ရာ ကောလင်းခရိုင် ကောလင်းမြို့ အား လေးရက်တာတိုက်ပွဲအတွင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီမှ လက်လွှတ်လိုက်ရပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း၏ မြို့များဖြစ်သော မော်လူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေးနှင် ပင်လည်ဘူးမြို့များကို တော်လှန်ရေးတပ်ပေါင်းစုက ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ အင်းတော်၊ ကောလင်း၊ ကနီ၊ ဒီပဲယင်းနှင့် ပုလဲမြို့များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူရန်ကြိုးစားနေသည်။ စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပသုံးလုံးယန္တယား၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်အင်အားစုများက ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၊ စစ်ရှောင်ကူညီရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင် (၁၃)ခရိုင်၊ ခရိုင်နှင့်အဆင့်တူညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု တည်ရှိသည်။ ထိုခရိုင်များကို မြို့နယ် (၃၈)မြို့နယ်ဖြင့် ထပ်မံပိုင်းခြားသည်။ မြို့ပေါင်း (၅၀)မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စုနှင့် ရွာပေါင်း (၅၉၉၁) ရွာ တည်ရှိသည်။တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉) ခရိုင်ရှိမြို့နယ် မုံရွာခရိုင်မုံရွာမြို့နယ်အရာတော်မြို့နယ်ဘုတလင်မြို့နယ်ချောင်းဦးမြို့နယ်စစ်ကိုင်းခရိုင်150pxစစ်ကိုင်းမြို့နယ်မြင်းမူမြို့နယ်မြောင်မြို့နယ်ရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ခင်ဦးမြို့နယ်ဝက်လက်မြို့နယ်ရေဦးခရိုင်ရေဦးမြို့နယ်တန့်ဆည်မြို့နယ်ဒီပဲယင်းမြို့နယ်ခန္တီးခရိုင်ခန္တီးမြို့နယ်ဟုမ္မလင်းခရိုင်ဟုမ္မလင်းမြို့နယ်ကလေးခရိုင်150pxကလေးမြို့နယ်ကလေးဝမြို့နယ်မင်းကင်းမြို့နယ်ကသာခရိုင်150pxကသာမြို့နယ်ထီးချိုင့်မြို့နယ်ဗန်းမောက်မြို့နယ်အင်းတော်မြို့နယ်ကောလင်းခရိုင်150pxကောလင်းမြို့နယ်ဝန်းသိုမြို့နယ်ပင်လည်ဘူးမြို့နယ်ကန့်ဘလူခရိုင်150pxကန့်ဘလူမြို့နယ်ကျွန်းလှမြို့နယ်တမူးခရိုင်150pxတမူးမြို့နယ်မော်လိုက်ခရိုင်150pxမော်လိုက်မြို့နယ်ဖောင်းပြင်မြို့နယ်ယင်းမာပင်ခရိုင်150pxယင်းမာပင်မြို့နယ်ကနီမြို့နယ်ဆားလင်းကြီးမြို့နယ်ပုလဲမြို့နယ်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ150pxလဟယ်မြို့နယ်လေရှီးမြို့နယ်နန်းယွန်းမြို့နယ် အခြား မြို့ရွာများ .ပုတီး စိတ်ဝင်စားဖွယ်နေရာများ မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး) ကျောက္ကာရွှေဂူနီဘုရားကြီး မိုးညှင်းသမ္ဗုဒေဘုရား လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီး တွင်းတောင် အလောင်းတော် ကဿဖ နာဂနှစ်သစ်ကူးပွဲ ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ) (လင်းနို့ဂူ)(ကန့်ဘလူမြို့ ဇင်းရွာ) ဆွမ်းဦးပုညရှင် (စစ်ကိုင်းတောင်ရိုး) ဉမင်သုံးဆယ် (စစ်ကိုင်းတောင်ရိုး) ဉမင်ကိုးဆယ် (စစ်ကိုင်းတောင်ရိုး) ရွှေတောင်ဦးမော် (စစ်ကိုင်းတောင်ရိုး) ရွှေဘိုမြို့ထောင့်စေတီ (ရွှေဘိုမြို့) ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဟန်လင်းပျူမြို့ဟောင်း D.P.S. MYANMAR GUIDE MAP. 2000. ဒေသထွက်ကုန်များ ပဲပြောင်း နှမ်းဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိသည်။ စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။ တွင်းထွက်များ ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊ ကျောက်စိမ်း(ခန္တီးမြို့) ရေနံ(ပန်းသာ၊ အင်းတော်ဒေသ) ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော) မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်သည်။ ကိုးကား Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး (၊ သို့မဟုတ် ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁ ဖြစ်သည်။ တည်နေရာနှင့် အကျယ်အဝန်း တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။ ပထဝီဝင်အ​နေအထား ​​မြေမျက်နှာသွင်ပြင် တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊တောင်တန်း၊ တောင်စွယ် ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုး တန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည်ကမ်းရိုးတန်းနှင့်အပြိုင် တည်ရှိသည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏ ရေဝေကုန်းတန်း (Water Sheet)အဖြစ် တည်ရှိပြီး ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း အမြင့်ပေ(၅၀)အောက် နိမ့်ဆင်းသွားသော လွင်ပြင်များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀) ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြားရှိသည်။ ရာသီဥတု ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိသည်။ အုပ်ချုပ်ရေး မြို့တော် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ထားဝယ်မြို့၌ တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တနင်္သာရီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၃)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။ |တနင်္သာရီတိုင်းဒေသကြီး၏ခရိုင်များ ခရိုင်ရှိမြို့နယ် မြို့နယ်ပေါင်း (၁၀) ခု ဖြင့် ဖွဲ့စည်းထားသည်။ ထားဝယ်ခရိုင်ထားဝယ်မြို့နယ်လောင်းလုံမြို့နယ်သရက်ချောင်းမြို့နယ်ရေဖြူမြို့နယ်မြိတ်ခရိုင်ကျွန်းစုမြို့နယ်မြိတ်မြို့နယ်ပုလောမြို့နယ်တနင်္သာရီမြို့နယ်ကော့သောင်းခရိုင်ကော့သောင်းမြို့နယ်ခမောက်ကြီးမြို့ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့နယ် မြို့ပေါင်း (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၉၀) ကွက်၊ ကျေးရွာအုပ်စု (၂၆၇) အုပ်စုနှင့် ရွာပေါင်း (၁၂၃၈)ရွာ ရှိသည်။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉) အခြား မြို့ရွာများ လူဦးရေ ၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁.၄သန်း နေထိုင်ကြသည်။ တိုင်းဒေသကြီးအတွင်း မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၃၂.၅ဦးဖြစ်သည်။ တနင်္သာရီတိုင်းတွင် လူ၁၀၀လျှင် ၇၆ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ ပညာ​ရေး ထားဝယ်တက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ကွန်ပျူတာတက္ကသိုလ်(မြိတ်) နည်းပညာတက္ကသိုလ်(ထားဝယ်) နည်းပညာတက္ကသိုလ်(မြိတ်) ထားဝယ်ပညာရေးဒီဂရီကောလိပ် မြိတ်တက္ကသိုလ် အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်) စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ထင်ရှားသောနေရာများ မြိတ်ကျွန်းစု မောင်းမကန်ကမ်းခြေ ဆင်ခြေထောက်ကမ်းခြေ ဖိုးဖိုးကျောက်ကမ်းခြေ ကမ်းပနီကမ်းခြေ မျှော်ရစ်ကမ်းခြေ မြင်းခွာအော်ကမ်းခြေ ရှင်ကိုးရှင်ဘုရားဖူး Bamboo Garden မလိကျွန်းဘေးမဲ့တော သူဌေးကျွန်း (အက်ဒမန်ကလပ်) ဝိတိုရိယ အငူ လေးကျွန်းဆီမီးသိမ်တော်ကြီး ရွှေသာလျောင်း ဗူးဘုရား (မြိတ်) ကမ္ဘာလုံးစေတီ ကမ္ဘာ့အကြီးဆုံးနှီးဘုရား (တည်ဆဲ) ပေါ်တော်မူစေတီ မဟာသိဒ္ဓိဇယစေတီ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် မြိတ်ကျွန်းစု ပါဒစက်တော်ရာ နဘုလယ်ဗုဒ္ဓခြေတော်ရာ (လဲရှောင်) စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စာပေ ထားဝယ်လူမျိုး၊ မြိတ်လူမျိုး ၊ ဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ ထားဝယ်၊ ဆလုံ လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။ ရေအိုးရွက်အကနှင့်ဒိန်းယိမ်းအကသည် ထားဝယ်လူမျိုး များ၏ထင်ရှားသောရိုးရာအကများဖြစ်သည်။ စီးပွား​ရေး ဒေသထွက်ကုန်များ ဆန်-စပါး ရာဘာ ပုလဲ ဆီအုန်း ကွမ်းသီး ခဲမဖြူ အဖြိုက်နက် ငါး ပုဇွန် ငါးပိ ငါးခြောက် သစ်နှင့်သစ်တောထွက်ပစ္စည်း ဒူးရင်းသီး မင်းဂွတ်သီး ကြက်မောက်သီး ကျွဲကောသီး ငှက်သိုက် ကမ်းဇော်ဆီ တွင်းထွက်များ ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။ ကိုးကား Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ
ကဏ္ဍ:Pages not in Unicode 5.1
Category:ဝီကီပီးဒီးယား စီမံခန့်ခွဲရေး
ငွေကြေး
အလှူခံပုံးထဲမှာကျပ်ငွေများ ငွေကြေးဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် သို့မဟုတ် အကြွေးများကို ပြန်လည်ပေးဆပ်ရန်အတွက် ပေးချေမှုပြုနိုင်သော အရာဟူသမျှကို ခေါ်သည်။ ငွေကြေး၏ အဓိက အသုံးပြုမှုမှာ ကြားခံလဲလှယ်ရေးပစ္စည်း၊ စာရင်းတစ်ခု၏ ယူနစ်ပမာဏ နှင့် တန်ဖိုးသိုလှောင်သိမ်းဆည်းခြင်းတို့ ဖြစ်သည်။ အချို့သောသူများသည် ငွေကြေးကို ဆိုင်းငံပေးချေမှုအတွက် စံအဖြစ်လည်း သတ်မှတ်ကြသည်။ ပိုက်ဆံသည် ယေဘုယျအားဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုနှင့် တိုင်းပြည်အချို့ သို့မဟုတ် လူမှုစီးပွားအခြေအနေတွင် အကြွေးပြန်ဆပ်ရန် အသုံးပြုသောပစ္စည်း ဖြစ်သည်။ ပိုက်ဆံ၏ အဓိက လုပ်ငန်းဆောင်တာများအဖြစ် လဲလှယ်မှုကြားခံအဖြစ် အသုံးပြုခြင်း၊ အကောင့်တစ်ခု၏ ယူနစ် သို့မဟုတ် ငွေပေးချေမှု၏ စံသတ်မှတ်ချက် အဖြစ် အသုံးပြုကြသည်။ ဤလုပ်ဆောင်ချက်များ ပြည့်စုံသော မည်သည့်ပစ္စည်းကိုမဆို ပိုက်ဆံဟု စဉ်းစားသတ်မှတ်နိုင်သည်။ ပိုက်ဆံကို သမိုင်းကြောင်းအရ ပြန်ကြည့်ပါက ကုန်ပစ္စည်းတစ်ခုအတွက် တည်ထောင်ခဲ့သော ဈေးကွက် ဖြစ်ရပ်ဆန်းတစ်ခုပင် ဖြစ်သည်။ သို့သော် ခေတ်ပြိုင်ပိုက်ဆံစနစ်များ အားလုံးနီးပါးသည် အမိန့်အာဏာထုတ်ပြန်ခြင်း အပေါ်တွင် အခြေခံထားသည်။ ပိုက်ဆံသည် နိုင်ငံအတွင်း၌ လည်ပတ်နေသော အကြွေ နှင့် အကြွေစေ့များ အပါအဝင် ငွေကြေးအကုန် နှင့် ဘဏ်တွင်ရှိသော ငွေစု အကောင့်များလည်း ဘဏ်ပိုက်ဆံအဖြစ် ပါဝင်သည်။ ဘဏ်ပိုက်ဆံတွင် ကွန်ပျူတာစနစ်သုံး ဘဏ်လုပ်ငန်းများမှ အချက်အလက်သာ ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ငွေကြေးမှာ ကျပ်ငွေဖြစ်သည်။ Category:ငွေကြေး
ဇန်နဝါရီ
ဂျပန်ပြည်၏ဇန်နဝါရီလအမှတ်တံဆိပ်သည် တရုပ်ဖယောင်းပန်း ပွဲနေ့များ နှစ်ဆန်းတစ်ရက်နေ့ - ဇန်နဝါရီ ၁ ရက်နေ့ လွတ်လပ်ရေးနေ့ (မြန်မာပြည်) - ဇန်နဝါရီ ၄ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ - ဇန်နဝါရီ ၅ ရက်နေ့ ခေါ့တစ်ခရစ်ယာန်ခရစ္စမတ်နေ့ - ဇန်နဝါရီ ၇ ရက်နေ့ ဩစတြေလီအာနေ့ - ဇန်နဝါရီ ၂၆ ရက်နေ့ သမတမင်းနေ့ (အိန္ဒိယနိုင်ငံ) - ဇန်နဝါရီ ၂၆ ရက်နေ့ Category:လများ Category:ဇန်နဝါရီ
တန်ခူးလ
တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလ၏ အမည်ကို စိတ္တမာသ ဟုလည်း ခေါ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ ပျို့၊ ကဗျာတို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။ သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသောအသုံးအနှုန်းနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။ တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။ ထို့ကြောင့် တာကူးလသည် နှစ်ကူးသောလ ဟုအဓိပ္ပာယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန်(ဝါ) တန်းသည် ပါဠိ တာလနှင့်အနက်တူသောထန်းဖြစ်သည်။ ခူး ကားဆွတ်ခူး သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။ တန်ခူးလသည် နှစ်၏အစ၊ နှစ်ဦးလဖြစ်သည်။ သို့ရာတွင် မြန်မာနှစ်ဆန်းတစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာကျရောက်သည်မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလတို့၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလ၏ရက်တို့ကို ဦးရက်ဟုသတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျရောက်တတ်သည်။ ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရသည်။ ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ ရဟန်းဆောင်၊ ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊ အဆောက်အဦး၊ ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။ ကိုးကား Category:မြန်မာလများ Category:လများ
ဖေဖော်ဝါရီ
ဖေဖော်ဝါရီသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ ပွဲနေ့များ ရှမ်းအမျိုးသားနေ့ (မြန်မာနိုင်ငံ) - ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်ထောင်စုနေ့ (မြန်မာပြည်) - ဖေဖော်ဝါရီ ၁၂ ရက်နေ့ သမ္မတနေ့ (အမေရိကနိုင်ငံ) - တတိယ တနင်္လာ အဖရိကလူမျိုး၏သမိုင်းလ (အမေရိကနိုင်ငံ) Category:လများ
မတ်
မတ်သည် Gregorian နှင့် Julian ပြက္ခဒိန်၏တတိယလဖြစ်သည်။ ပွဲနေ့များ တောင်သူလယ်သမားနေ့ (မြန်မာပြည်) - မတ် ၂ ရက်နေ့ တန်ပေါင်းလပြည့်နေ့ (မြန်မာပြည်) - မတ် ၂၁ ရက်နေ့ တပ်မတော်နေ့ (မြန်မာပြည်) - မတ် ၂၇ ရက်နေ့ Category:လများ
ဧပြီ
ဧပြီသည် Gregorian နှင့် Julian ပြက္ခဒိန်၏ စတုတ္ထလဖြစ်သည်။ ပွဲနေ့များ မဟာသင်္ကြန် (ကမ္ဘောဒီးယားနိုင်ငံ) - ဧပြီ ၁၃ ရက်နေ့ သင်္ကြန် (မြန်မာပြည်၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ) - ဧပြီ ၁၁ - ၁၆ ရက်နေ့ နှစ်ဆန်းတရက်နေ့ (မြန်မာပြည်) - ဧပြီ ၁၇ - ၁၈ ရက်နေ့ Category:လများ
မေ
မေသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ပဉ္စမမြောက်လဖြစ်သည်။ ပွဲနေ့များ မေဒေး (နိုင်ငံများ) - မေ ၁ ရက်နေ့ အလုပ်သမားနေ့ (မြန်မာပြည်) - မေ ၁ ရက်နေ့ ကလေးနေ့ (ဂျပန်နှင့်ကိုရီယား) - မေ ၅ ရက်နေ့ ကဆုန်လပြည့်နေ့ (မြန်မာပြည်) - မေ ၁၉ ရက်နေ့ အမေနေ့ (အမေရိကနိုင်ငံ) - ဒုတိယ တနင်္ဂနွေ Category:လများ
ဇွန်
ဇွန်သည် Gregorian နှင့် Julian ပြက္ခဒိန်၏ဆဌမ (၆) မြောက်လဖြစ်သည်။ ပွဲနေ့များ အဖေနေ့ (အမေရိကနိုင်ငံ) - တတိယ တနင်္ဂနွေ Category:လများ
ဇူလိုင်
ဇူလိုင်သည် Gregorian နှင့် Julian ပြက္ခဒိန်၏သတ္တမလဖြစ်သည်။ ပွဲနေ့များ လွတ်လပ်ရေးနေ့ (အမေရိကနိုင်ငံ) - ဇူလိုင် ၁ ရက်နေ့ တာနာဗတာ (ဂျပန်နိုင်ငံ) - ဇူလိုင် ၇ ရက်နေ့ ဗောင်ပွဲတော် (ဂျပန်နိုင်ငံ) - ဇူလိုင် ၁၃ - ၁၆ ရက်နေ့ ဝါဆိုလပြည့်နေ့ (မြန်မာပြည်) - ဇူလိုင် ၁၇ ရက်နေ့ အာဇာနည်နေ့ (မြန်မာပြည်) - ဇူလိုင် ၁၉ ရက်နေ့ Category:ဇူလိုင် Category:လများ
ဩဂုတ်
ဩဂုတ်သည် Gregorian နှင့် Julian ပြက္ခဒိန်၏အဋ္ဌမလဖြစ်သည်။ ပွဲနေ့များ Category:လများ
စက်တင်ဘာ
စက်တင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏နဝမလဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် September၊ အတိုကောက်အားဖြင့် Sep သို့မဟုတ် Sept ဟုသုံးနှုန်းကြသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာလ သည် မိုးရာသီ ကုန်ဆုံးရာ လတစ်လဖြစ်ပြီး မြန်မာပြက္ခဒိန် အရ တော်သလင်းလတွင်လည်း ကျရောက်သည်။ ပွဲနေ့များ လပြည့်နေ့/ဆောင်းဦးအလယ်ပွဲတော် (တရုတ်ပြည်၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံ) စက်တင်ဘာလတွင်ကျင်းပသော ပွဲတော်များ စက်တင်ဘာလတွင် ပွင့်သောပန်းများ စက်တင်ဘာလတွင် မွေးဖွားသော ပုဂ္ဂိုလ်များ Category:လများ
အောက်တိုဘာ
အောက်တိုဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏ ဒဿမမြောက် လဖြစ်သည်။ အောက်တိုဘာလတွင် ၃၁ ရက် ရှိသည်။ မြန်မာနိုင်ငံတွင် မိုးရာသီ အကုန်၊ ဆောင်းရာသီ အစ ဖြစ်သည်။ ပွဲနေ့များ သီတင်းကျွတ် လပြည့် မီးထွန်းပွဲ (မြန်မာပြည်) - ၁၄ အောက်တိုဘာ ရက်နေ့ ဒီပါဝလီ (အိန္ဒိယနိုင်ငံ) Category:လများ
နိုဝင်ဘာ
နိုဝင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏ဧကာဒသမလဖြစ်သည်။ ပွဲနေ့များ တန်ဆောင်မုန်းလ‌ပြည့်နေ့ (မြန်မာပြည်) - ၁၂ နိုဝင်ဘာ ရက်နေ့ အမျိုးသားနေ့ (မြန်မာပြည်) - ၂၂ နိုဝင်ဘာ ရက်နေ့ Category:လများ
ဒီဇင်ဘာ
ဒီဇင်ဘာသည် Gregorian နှင့် Julian ပြက္ခဒိန်၏လဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီဖြစ်သည်။ ဒီဇင်ဘာ” ဆိုသည် ‘လက်တင်’ စာလုံး Decem နေလာတာဖြစ်သည်။ အဓိပ္ပာယ်က (၁ဝ)၊ အရင်ပေါ်ကာစ ပြက္ခဒိန်မှာ (၁ဝ) လသာပါ၍ ဖြစ်သည်။ နှစ်ပါတ်လည်နေ့များနဲ့ ဆောင်ပုဒ်များ ဒီဇင်ဘာ ၁ = ကမ္ဘာ့ World AIDS Day နေ့။ ပေါ်တူကီ လွတ်လပ်ရေးပြန်ရခြင်းနေ့၊ ရူမေးနီးယား ပြည်ထောင်စုနေ့၊ Eat a Red Apple Day ပန်းသီးအနီတလုံးစားပါ။ ဒီဇင်ဘာ ၂ = ‘ယူအေအီး’ နိုင်ငံ အမျိုးသားနေ့။ ဒီဇင်ဘာ ၃ = International Day of People with Disability နိုင်ငံတကာ မသန်စွမ်းသူများနေ့။ ဒီဇင်ဘာ ၄ = World Wildlife Conservation Day ကမာ္ဘ့ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရေးနေ့။ အိန္ဒိယ ရေတပ်မတော်နေ့။ ဒီဇင်ဘာ ၅ = Volunteer Day စေတနာ့ဝန်ထမ်းနေ့။ ထိုင်းနိုင်ငံ ဘုရင့်မွေးနေ့ (ဖခင်နေ့)။ ဒီဇင်ဘာ ၆ = ဖင်လန်နိုင်ငံ လွတ်လပ်ရေးနေ့။ စပိန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။ ဒီဇင်ဘာ ၇ = Pearl Harbor Day အမေရိကန် ပုလဲဆိပ်ကမ်းနေ့။ ဒီဇင်ဘာ ၈ = Christmas Card Day ခရစ္စမတ်ကပ်နေ့။ ဒီဇင်ဘာ ၈ = ပနားမားနိုင်ငံ မိခင်နေ့။ ရိုမေးနီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။ ဒီဇင်ဘာ ၁၀ = နိုဗယ်ဆုပေးတဲ့နေ့ (Alfred Nobel ကွယ်လွန်တဲ့နေ့)။ လူ့အခွင့်အရေးများနေ့။ ဒီဇင်ဘာ ၁၁ = Mountain Day တောင်များနေ့။ ဒီဇင်ဘာ ၁၂ = ကင်ညာနိုင်ငံ လွတ်လပ်ရေးနေ့။ ဒီဇင်ဘာ ၁၄ = Monkey Day မျောက်နေ့။ ဒီဇင်ဘာ ၁၆ = ဘာရိန်းဘုရင့်နိုင်ငံ အမျိုးသားနေ့။ ဘင်္ဂလားဒေ့ရှ် အောင်ပွဲနေ့။ တောင်အာဖရိကနိုင်ငံ ပြန်လည်သင့်မြတ်ရေးနေ့။ Beethoven's Birthday ဂီပညာရှင် "ဗီသိုဗင်" မွေးနေ့။ ဒီဇင်ဘာ ၁၇ = Maple Syrup Day မေပယ်အချိုရည်နေ့။ ဒီဇင်ဘာ ၂၅ = ခရစ္စမတ်နေ့။ ဒီဇင်ဘာ ၂၆ = Boxing Day အိမ်စေများ၊ တပည့်များအား လက်ဆောင်ပေးသည့်နေ့။ ဆလိုဗေးနီးယားနိုင်ငံ လွတ်လပ်ရေးနေ့။ ဒီဇင်ဘာ ၂၇ = Visit the Zoo Day တိရစ္ဆာန်ရုံလည်ပါ။ ဒီဇင်ဘာ ၂၈ = ဩစတေးလျတောင်ပိုင်း Proclamation Day နေ့။ Chocolate Day ချောကလက်နေ့။ ဒီဇင်ဘာ ၃၁ = New Year's Eve နှစ်သစ်ကူး အဖိတ်နေ့။ ဆောင်ရွက်ရန်များ World Aids Month ကမ္ဘာ့ အေအိုင်ဒီအက်စ်လ။ National Drunk & Drugged Driving Prevention Month မူးယစ်ဆေးနဲ့အရက်သုံးပြီး ကားမောင်းခြင်း ကာကွယ်ရေး အမျိုးသားလ။ Vegetables and Exotic Fruits Month အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလ။ Safe Toys and Gifts Month ကလေးကစားရများနှင့် လက်ဆောင်ပစ္စည်းများစိတ်ချရမှုလ။ Spiritual Literacy Month ဝိညာဉ်ဆိုင်ရာစာပေလ။ Tomato and Winter Squash Month ခရမ်းချဉ်သီးနှင့် ဆောင်းဖယုံသီးလ။ Worldwide Food Service Safety Month ကမ္ဘာလုံးဆိုင်ရာ အစားအသောက်ဝန်ဆောင်မှု စိတ်ချရမှုလ။ အခြားနှစ်ပါတ်လည်နေ့များ ၁၈-၁၂-၁၉၉ဝ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းသည့်နေ့။ ဒီဇင်ဘာ (၁၂) = ကူကီးတော်လှန်ရေးနေ့။ ဒီဇင်ဘာ(၃၁) = ရခိုင်ဘုရင့်နိုင်ငံကျဆုံးသည့်နေ့။ ၂၁-၁၂-၁၉၉ဝ ပုလဲမြို့နယ်က NLD ပါတီဝင်များ အိန္ဒိယကိုရောက်ကြတဲ့နေ့။ သင်္ကေတ နိုင်ငံတကာ ဒီဇင်ဘာပန်း = Narcissus ပန်း (မြန်မာလိုမသိပါ)၊ မြန်မာ ဒီဇင်ဘာပန်း = (နတ်တော်လ = ဂမုန်းပန်း၊ သဇင်ပန်း၊ ပြာသိုလ = ခွာညိုပန်း)၊ ဒီဇင်ဘာ ဆယ့်နှစ်ရာသီခွင် = Sagittarius = ဓနု (၂၁ ရက်အထိ)၊ Capricorn = ဆိတ် (၂၂ မှစ၍) ဒီဇင်ဘာ အဖိုးတန်ကျောက်များ = Turquoise, Zircon, Tanzanite စိမ်းပြာကျောက်များ၊ (ဒေါက်တာတင့်ဆွေ) ပွဲနေ့များ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ - ဒီဇင်ဘာ ၁ ရက်နေ့ ခရစ္စမတ်နေ့ (နိုင်ငံများ) - ဒီဇင်ဘာ ၂၅ ရက်နေ့ အစ်နေ့ (မူဆလင်နိုင်ငံများ) ပညာရေးစုံညီပွဲတော် (မြန်မာနိုင်ငံ) Category:လများ
ခရစ်ယာန်ဘာသာ
ခရစ်ယာန်ဘာသာဝင်များ ယုံကြည်ကိုးကွယ်ကြသည့် ယေရှူခရစ်တော်ကို လူများက အထင်နှင့် ရေးဆွဲထားသောပုံ ခရစ်ယာန်သာသနာ (ဂရိ စာလုံး Xριστός မှ၊ ခရစ်စတို့စ်၊ “ယေရှု”၊ စာပေအရ “ ဘိသိက်ခံသောသူ”) သည်တွ သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသော နာဇရက်မြို့သား ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်မှုများအပေါ် အခြေခံသော တစ်ဆူတည်းသော ထာဝရဘုရားကို ယုံကြည်သော ဘာသာရေး ဖြစ်သည်။ ခရစ်ယာန်များသည် ယေရှုကို ထာဝရဘုရားသခင်၏ သားတော်၊ လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်နှင့် လူသားတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှုကို ခရစ်တော် သို့မဟုတ် မေရှိယဟု ယုံကြည် လက်ခံကြသည်။ ခရစ်ယာန်များဟု လူသိများသော ခရစ်ယာန်အယူဝါဒကို ထောက်ခံသော သူတို့က ယေရှုသည် ဟီဘရူးကျမ်းစာ (ခရစ်ယာန်သာသနာနှင့် ဂျူးဘာသာအယူဝါဒတို့တွင် တူညီသော သမ္မာကျမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး ခရစ်ယာန်သာသနာတွင် "ဓမ္မဟောင်းကျမ်း"ဟု ရည်ညွှန်းသည်) တွင် နိမိတ်ဖတ်ထားသော မေရှိယဟု ယုံကြည်သည်။ ခရစ်ယာန်ယုံကြည်မှုကို သက်ဝင်လိုက်လျှောက်သူများက ကျယ်ပြန့်စွာ လက်ခံထားသော အချက်အလက်များပါရှိသည်ဟုဆိုသော ရှေးဦး ခရစ်ယာန်သာသနာ တစ်ရပ်လုံးနှင့်ဆိုင်သည့် အယူဝါဒများတွင် ခရစ်ယာန် ယုံကြည်မှုနှင့်ဆိုင်သော အခြေခံအုတ်မြစ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ဤဖွင့်ဟထုတ်ဖော်ချက်များတွင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိကိုယ်ကို အသက်နှုတ်ယူခဲ့ပြီး အသေခံခဲ့ကာ မြှုပ်နှံခြင်းကို ခံခဲ့ရသည်။ ထို့နောက်မှ ယုံကြည်သူတို့အတွက် အပြစ်မှခွင့်လွှတ်ပြီး (ကယ်တင်ခြင်း) ကောင်းကင်ဘုံတံခါးဖွင့်ပေးရန် ပြန်လည် ရှင်ပြန်ထမြောက်ခဲ့သည်ဟုဖော်ပြသည်။ ၎င်းတို့က ယေရှုသည် ခမည်းတော်ထာဝရဘုရားသခင်၏ လက်ယာဖက်တွင် အုပ်ချုပ် စိုးစံသည့် ကောင်းကင်ဘုံသို့ ခန္ဓာကိုယ်နှင့်တကွ တက်ကြွသွားခဲ့သည်ဟု ယုံကြည်ဆုပ်ကိုင်ထားကြသည်။ ဧဝံဂေလိတရား ခရစ်ယာန်ဂိုဏ်းခွဲအများစုက ယေရှုသည် သက်ရှိ နှင့် သေလွန်ပြီးသောလူသားအားလုံးကို တရားစီရင်ရန်နှင့် ယေရှုကို ယုံကြည်လက်ခံသူများအား ထာဝရအသက်တာပေးရန်တစ်ဖန်ပြန်လည်ကြွလာဦးမည်ဖြစ် ကြောင်း သွန်သင်ကြသည်။ ယေရှုကို မြတ်သောအကျင့်သီလ နှင့် ပြည့်စုံသည့် ဘဝအသက်တာ၏ စံပြပုဂ္ဂိုလ်အဖြစ်သာမက ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖော်ပြသောသူ၊ ဘုရားသခင်မှ လူ့ဇာတိအဖြစ်ခံယူသောသူ ဟူ၍လည်းမှတ်ယူကြသည်။ ခရစ်ယာန်များက ယေရှုခရစ်တော်၏တရားဒေသနာများကိုဧဝံဂေလိတရား(“သတင်းကောင်း”)ဟုခေါ်ဆိုသောကြောင့် ရှေးအကျဆုံးရေးသားဖော်ပြချက်များတွင် သူ၏ သာသနာပြု ခြင်းကို ဧဝံဂေလိတရားများအဖြစ် ရည်ညွှန်းသည်။ ခရစ်ယာန်သာသနာသည် ဂျူးဘာသာအယူဝါဒ ဂိုဏ်းခွဲတစ်ခုအဖြစ် စတင်ခဲ့ပြီး အာဗြဟံဘာသာတရား ဟုသတ်မှတ်ခွဲခြားထားသည်။ အရှေ့မက်ဒီတာရေးနီးယမ်းတွင်အစပြုပြီးဆယ်စုနှစ်အနည်းငယ် အတွင်း လျင်မြန်စွာ ကြီးထွားလာပြီး ဩဇာလွှမ်းမိုးလာခဲ့သည်။ ၄ ရာစုတွင် ရောမအင်ပါယာအတွင်း၌ အဓိကလွှမ်းမိုးကြီးစိုးသော ဘာသာတရား ဖြစ်လာခဲ့သည်။ အလယ်ခေတ်တွင် ဥရောပတိုက်၌ ကျန်ရှိသောနိုင်ငံ အများစုကို ခရစ်ယာန်သာသနာ အုပ်စိုးခဲ့သည်။ အရှေ့အလယ်ပိုင်း၊မြောက်အာဖရိကနှင့်အိန္ဒိယနိုင်ငံ၏အချို့ဒေသများတွင်လည်း ခရစ်ယာန်အနည်းစု(တစ်ခါတစ်ရံများသည်လည်းရှိသည်) ရှိလာသည်။ စတင်တွေ့ရှိရာနှစ်များနောက်တွင် သာသနာပြုလုပ်ငန်းနှင့် လက်အောက်ခံ ကိုလိုနီအဖြစ် သိမ်းယူခြင်းတို့မှတဆင့် ခရစ်ယာန်သာသနာသည် အမေရိကနိုင်ငံများ၊ ဩစထရေလာဆီးယားနှင့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့သွားသောကြောင့် ခရစ်ယာန်သာသနာသည် အနောက်တိုင်း ယဉ်ကျေးမှုကို ပုံသွင်းရာတွင် အဓိက လွှမ်းမိုးရာ ဖြစ်ခဲ့သည်။ ၂၁ ရာစုအစောပိုင်းအထိ ခရစ်ယာန်ဘာသာ ယုံကြည်သူ သန်းထောင်ပေါင်း ၂.၂ ပတ်ဝန်းကျင်ခန့် ရှိနေခဲ့သည်။ ခရစ်ယာန်သာသနာသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကျယ်ပြန့်ဆုံး ဘာသာတရား ဖြစ်သည်။ ထို့အပြင် ခရစ်ယာန်သာသနာသည် နိုင်ငံအတော်အများစု၏ နိုင်ငံတော်ဘာသာလည်းဖြစ်သည်။ ခရစ်ယာန်သာသနာကို အဓိကအားဖြင့်သုံးအုပ်စုခွဲခြားနိုင်သည်။ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ နှင့် အော်သိုဒေါ့က်စ် တို့ဖြစ်သည်။ ယေရှု ခရစ်တော် ခရစ်ယာန်များ၏ ယုံကြည်မှုမှာ ယေရှုကို ထာဝရဘုရားသခင်၏သားတော် အဖြစ်နှင့် မေရှိယ (ခရစ်တော်) အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ “မေရှိယ” ဟူသော ဘွဲ့အမည်သည် ဟီဘရူးစာလုံး מָשִׁיחַ (māšiáħ) မှ ဆင်းသက်လာပြီး ဗျာဒိတ်ခံသောသူ ဟုအဓိပ္ပာယ်ရသည်။ ဂရိဘာသာပြန် Χριστός (Christos) သည် အင်္ဂလိပ်စာလုံး “Christ” ၏ အရင်းအမြစ်ဖြစ်သည်။ သူငယ်တော်ယေရှုကို မိခင် မာရိနှင့်အတူ သရုပ်ဖော်ပုံ၊ ဗလာဒီမာ၏ သီယိုတိုကို့စ် (၁၂ ရာစု) ခရစ်ယာန်များက မေရှိယ ဖြစ်သော ယေရှုသည် လူသားများ၏ ကယ်တင်ရှင်အဖြစ် အဖဘုရားသခင်က ဗျာဒိတ်ပေးထားသောသူဖြစ်သည်ဟု ယုံကြည်ကြပြီး ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်များကို ပြည့်စုံစေခြင်းငှာ လာသည်ဟု ယူဆကြသည်။ ခရစ်ယာန်တို့၏ မေရှိယ နှင့်ပတ်သက်သော အယူအဆသည် ခေတ်ပြိုင်ဖြစ်သော ဂျူးတို့၏ အယူအဆနှင့် သိသာထင်ရှားစွာ ကွဲပြားသည်။ ခရစ်ယာန်တို့၏ အဓိက ယုံကြည်မှုမှာ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ အပြစ်များသော လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ခွင့်ရနိုင်ပြီး၊ ထိုအကြောင်းကြောင့် ဘုရားသခင်ကပေးသည့် ထာဝရအသက်တာအတွက် ကယ်တင်ခြင်း ဆုကျေးဇူးနှင့် ကတိတော်ကိုလည်းကောင်း ယုံကြည်လက်ခံခြင်း ဖြစ်သည်။ သမ္မာကျမ်း ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ဓမ္မသစ်ကျမ်း (၂၇ကျမ်း)နှင့် ဓမ္မဟောင်းကျမ်း (၃၉ကျမ်း)၊ စုစုပေါင်း ၆၆ ကျမ်းအား ပေါင်းစုထားပြီး ထာဝရဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်။ ရှင်ဘုရင်မှအစ တံငါသည်အထိ လူ၊ ကျမ်းတတ်ဆရာ၊ ပရောဖက်ပေါင်းများစွာ ရေးသားထားသည့် ကျမ်းစာဖြစ်သည်။ ခရစ်ယာန်များ၏ အခြေပြုကျမ်းစာဖြစ်သည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ စာအုပ်များစွာ အခမဲ့ သမ္မာကျမ်းစာများကို ရယူနိင်သည်။ တရားစီရင်ခြင်းနှင့် ဘုရားသခင် ခရစ်ယာန် သမိုင်းကြောင်း၏ အစောဆုံးရာစုနှစ်များတွင် ယေရှု၏ သဘာဝနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ မြောက်မြားစွာရှိနေစဉ် အချိန်ကာလတွင် ခရစ်ယာန်များက ယေရှုသည် လူ့ဇာတိကို ခံယူသောဘုရားသခင်နှင့် “စစ်မှန်သော ဘုရားသခင်နှင့် စစ်မှန်သော လူသား” (သို့မဟုတ် တစ်ချိန်တည်းတွင် ဘုရားသခင်စစ်စစ်နှင့် လူစစ်စစ်ဖြစ်ခြင်း) ဖြစ်သည်ဟု အများအားဖြင့် ယူဆကြသည်။ ယေရှုသည် လူသားအဖြစ်လုံးလုံးရောက်ရှိပြီး သေမျိုးဖြစ်သော လူသားတို့ကဲ့သို့ နာကျင်မှုဝေဒနာ နှင့် သွေးဆောင်မှုတို့ကို ခံစားခဲ့ရသော်လည်း အပြစ်မှကင်းစင်သူ ဖြစ်သည်။ ဘုရားသခင်အဖြစ်ဖြင့် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သမ္မာကျမ်းစာအရ “ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့သည်”၊ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ “ခမည်းတော်၏ လက်ယာဘက်၌ ထိုင်နေတော်မူသည်”၊ ကျန်ရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်ဖြစ်သည့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးသော တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။ ရှင်မဿဲနှင့် ရှင်လုကာ ကျမ်းတို့အရ၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူ၍ အပျိုစင်မာရိ မှ ဖွားမြင်ခဲ့သည်။ ယေရှု၏ ငယ်စဉ်ဘဝကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ရှေးယခင်ကာလများတွင် ငယ်စဉ်ဘဝအကြောင်း ကျမ်းစာများမှာ လူသိများခဲ့သည်။ နှိုင်းယှဉ်ရလျှင် ယေရှု၏ အရွယ်ရောက်ပြီးဘဝ၊ အထူးသဖြင့် မသေဆုံးမီ ရက်သတ္တပတ် တစ်ပတ်အတွင်း သူ၏ဘဝကို ဓမ္မသစ်ကျမ်းရှိ ကျမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းစာကိုးကားချက်များအရ ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းများတွင် သူ၏ ဗတ္တိဇံခံယူခြင်း၊ သူပြုသော အံ့ဩဘွယ်ရာအမှုများ၊ ဒေသနာတော် ဟောကြားခြင်း၊ သွန်သင်ခြင်းနှင့် လုပ်ဆောင်ချက်များ ပါဝင်သည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ခရစ်ယာန်တို့က ယေရှု၏ သေလွန်ပြီးမှ ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ၎င်းတို့ယုံကြည်ခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ပြီး (၁ ကောရိန္သု ဩဝါဒစာ ပဌမစောင် အခန်းကြီး ၁၅ တွင်ရှု) လူ့သမိုင်းကြောင်းတွင် အရေးအကြီးဆုံး ဖြစ်ရပ် ဖြစ်သည်ဟု မှတ်ယူကြသည်။ ခရစ်ယာန်ယုံကြည်မှုများထဲတွင် ယေရှု၏ အသေခံခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ခရစ်ယာန် အယူဝါဒနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတို့ တွင်အခြေခံကျသော အဓိက ဖြစ်ရပ်နှစ်ခု ဖြစ်သည်။ ဓမ္မသစ်ကျမ်းအရ ယေရှုသည် လက်ဝါးကပ်တိုင်တွင် တင်၍ အသတ်ခံခဲ့ရပြီး ခန္ဓာကိုယ်အားဖြင့် သေဆုံးခဲ့သည်၊ သင်္ချိုင်းတွင် မြှပ်နှံခံခဲ့ပြီးမှ သုံးရက်အကြာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင်၊ အခန်းကြီး ၁၉း၃၀-၃၁ နှင့် ရှင်မာကုခရစ်ဝင် ၁၆:၁-၆ ၌ ယေရှု ကောင်းကင်သို့ တက်ကြွခြင်း မတိုင်မီ အချိန်အမျိုးမျိုးတွင် “တစ်ပြိုင်နက်ညီအစ်ကိုငါးရာမက” အပါအဝင် ကောတို့နှင့် နောက်လိုက်များအား ယေရှု ရှင်ပြန်ထမြောက်ပြီးမှ ကြိမ်ဖန်များစွာ ကိုယ်ထင်ရှားပြခြင်းအကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ခရစ်ယာန်တို့က ဝတ်ပြုကိုးကွယ်ခြင်းအားလုံးတွင် အမှတ်ရကျင်းပသည်။ အထူးသဖြင့် မင်္ဂလာသောကြာနှင့် အီစတာတနင်္ဂနွေ အပါအဝင် သန့်ရှင်းသော ရက်သတ္တပတ် အတောအတွင်းတွင် ကျင်းပကြသည်။ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ခရစ်ယာန် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွင် အရေးအကြီးဆုံးသော ဖြစ်ရပ်နှစ်ခုဟု အများအားဖြင့် ယူဆကြသည်။ ဤဖြစ်ရပ်တို့သည် ယေရှုတွင် အသက်ရှင်ခြင်းနှင့် သေခြင်းအပေါ် ပိုင်စိုးသောအစွမ်းရှိပြီး ထို့အတွက်ကြောင့် လူသားများကိုလည်း ထာဝရအသက်တာကို ပေးရန် အာဏာနှင့်အစွမ်း ရှိသည်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ခရစ်ယာန် အသင်းတော်များသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြပါရှိသော ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ချွင်းချက် အနည်းငယ်မျှနှင့် လက်ခံပြီး သွန်သင်ကြသည်။ အချို့ ခေတ်သစ်ပညာရှင်များက ယေရှုနောက်လိုက်များ၏ ယုံကြည်ချက်ဖြစ်သော သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဝင် ယေရှုကို ဆက်လက်တည်ရှိစေခြင်းနှင့် ရှေးကနဦး အသင်းတော်များ၏ကြေညာချက်များကိုဖယ်ရှားမှုအချက်တစ်ခုအဖြစ်အသုံးပြုသည်။ အချို့လွတ်လပ်ခွင့်ကို လိုလားသောခရစ်ယာန်များသည် ကိုယ်ခန္ဓာနှင့်တကွပြန်လည်ရှင်ပြန်ထမြောက်သည်ကို လက်မခံကြပေ။ ထိုအဖြစ်အပျက်ကို အလွန်သင်္ကေတဆန်ပြီး ဝိညာဉ်ရေးရာ အားပေးသော ဒဏ္ဍာရီအဖြစ် ရှုမြင်ကြသည်။ သေလွန်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်၍ ပြောဆိုမှုများအပေါ် အငြင်းပွားမှုများသည် ဘာသာရေးဆိုင်ရာ စကားရည်လုပွဲများနှင့် ဘာသာရေးနှီးနှောဖလှယ်ပွဲများ အများအပြားတွင် ဖြစ်ပွားကြသည်။ ရှေးဦး ခရစ်ယာန်ပြောင်းလဲသူနှင့် သာသနာပြုဖြစ်သော တမန်တော် ရှင်ပေါလုက “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” ဟုရေးသားခဲ့သည်။ ဓမ္မမင်္ဂလာအမှုများ ပွဲတော်မင်္ဂလာ ခရစ်ယာန်ယုံကြည်မှုနှင့် အကျင့်တွင် ဓမ္မမင်္ဂလာအမှုသည် ခရစ်တော်က စတင်ခဲ့သော ဘုရားဝတ်ပြုခြင်းတစ်ခု ဖြစ်သည်။ ကျေးဇူးတော်နှင့် အထွတ်အမြတ်ထားသော ထူးခြားဆန်းကြယ်မှုကို ကိုယ်စားပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤဝေါဟာရသည် လက်တင်စကားလုံး sacramentum မှ ဆင်းသက်လာပြီး ထူးခြားဆန်းကြယ်မှု ဟူသော စကားလုံးကို ဂရိသို့ ဘာသာပြန်ရန် အသုံးပြုလေ့ ရှိသည်။ မည်သည့် ဘုရားဝတ်ပြုခြင်းများသည် မင်္ဂလာရှိသည် ဆိုသည်နှင့် ၎င်းသည် မင်္ဂလာရှိစေရန် မည်သည့် လုပ်ရပ်ကို ဆိုလိုသည်ဟူသော နှစ်ရပ်စလုံးအပေါ် ရှုမြင်မှုများသည် ခရစ်ယာန် ဂိုဏ်းများနှင့် ဓလေ့ထုံးစံများအကြားတွင် ကွဲပြားမှုရှိသည်။ ဓလေ့ထုံးစံအရ အများဆုံးပြုလုပ်သော ဓမ္မမင်္ဂလာအမှုတစ်ခု၏ လုပ်ဆောင်မှုဆိုင်ရာအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ခရစ်တော်က စတင်ခဲ့သော အပြင်ပန်း အမှတ်အသားတစ်ခု ဖြစ်ပြီး အတွင်းကျသော အဓိပ္ပာယ်အားဖြင့် ခရစ်တော်မှတဆင့် ခံစားရရှိသော ဝိညာဉ်တော်ဆုကျေးဇူး ဖြစ်သည်။ အကျယ်ပြန့်ဆုံး လက်ခံထားသော ဓမ္မမင်္ဂလာအမှုနှစ်ခုမှာ ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်း ဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်အများစုသည် ဓမ္မမင်္ဂလာအမှု သို့မဟုတ် မွန်မြတ်သော အံ့ဖွယ်ရာ ခုနစ်ခုကို အသိအမှတ်ပြုကြသည်- ဗတ္တိဇံခံခြင်း၊ အတည်ပြုခြင်း(အော်သိုဒေါ့က်စ် ဓလေ့တွင် ခရစ်ယာန်ဘာသာဝင်ခြင်း)၊နှင့် ပွဲတော်မင်္ဂလာယူခြင်း၊ သန့်ရှင်းသော အမိန့်တော်များ၊ အာပတ်ဖြေခြင်း (အပြစ်ဝန်ခံခြင်း)၊ နာမကျန်းသူကို ဆီမွှေးသုတ်လိမ်း၍ ဘိသိက်ပေးခြင်း၊ နှင့် လက်ထပ်မင်္ဂလာပြုခြင်းတို့ ဖြစ်သည်။ အတူအကွအားဖြင့် ၎င်းတို့သည် အင်္ဂလီကန်ရိုးရာ အသင်းတော်များဖြစ်သည့်- ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အရှေ့တိုင်း အော်သိုဒေါ့က်စ်၊ လွတ်လပ်သော ကက်သလစ်၊ ကက်သလစ်ဟောင်းနှင့် အင်္ဂလိကန်အချို့တို့က အသိအမှတ်ပြုထားသော ဓမ္မမင်္ဂလာအမှု ခုနစ်ခုဖြစ်သည်။ အခြားသော ဂိုဏ်းခွဲများနှင့် အစဉ်အလာ အများစုသည် ပုံမှန်အားဖြင့် ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်းကိုသာ ဓမ္မမင်္ဂလာအမှုဟု အတည်ပြုကြသည်။ ကွေ့ကားစ်(Quakers) ကဲ့သို့ အချို့ ပရိုတက်စတင့်အုပ်စုများက ဓမ္မမင်္ဂလာအမှုဆိုင်ရာ ဘာသာရေးအယူဝါဒကို ငြင်းပယ်ကြသည်။ဤဓမ္မမင်္ဂလာအမှုတို့သည် ကျေးဇူးတော်တရားနှင့် ပတ်သက်မှုမရှိဟု ယုံကြည်သော အချို့ခရစ်ယာန် ဂိုဏ်းခွဲများက ၎င်းတို့ကို ဓလေ့ထုံးစံများဟု ခေါ်ရန် နှစ်သက်ကြသည်။ နိုင်ငံအလိုက် ခရစ်ယာန်သာသနာ နိုင်ငံတစ်ခုစီတွင် ခရစ်ယာန်သာသနာကို လူဦးရေ၏ ရာခိုင်နှုန်းဖြင့် ဖော်ပြချက် |alt=Periodic chart 02 ခရစ်ယာန်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသောနိုင်ငံများ အော်သိုဒေါ့က်စ်၊ ပရိုတက်စတင့်ဘာသာနှင့် ရိုမန်ကက်သလစ်ဘာသာ ဟူသော အဓိက ဂိုဏ်းခွဲ ၃ အုပ်စုကွဲပြားနေသည့် ယုံကြည်သူ ခန့်မှန်းအရေအတွက်ဖြစ်သော သန်းထောင်ပေါင်း ၂.၁ ခန့် ကြောင့်ခရစ်ယာန်သာသနာသည် ကမ္ဘာ့အကြီးဆုံး ဘာသာတရား ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ခရစ်ယာန်များသည် ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းနှင့် ရပ်တည်နေခဲ့သည်။ ၎င်းသည် ခရစ်ယာန် ယုံကြည်သူလူဦးရေကို အဓိက ပြောင်းလဲစေခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် (တစ်နေ့လျှင် ၂၃၀၀၀ ခန့်) ကျယ်ပြန့်စွာ ပွားများလာမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလွန်အမင်းကျဆင်းမှုနှင့် အတူတွဲလျက် ဖြစ်ပေါ်နေသည်။ အဓိကအားဖြင့် ဥရောပနှင့် မြောက်အမေရိက (တစ်နေ့လျှင် ၇၆၀၀ ခန့်) တွင် အများဆုံး ဖြစ်သည်။ ၎င်းသည် ဥရောပ၊ အမေရိကနိုင်ငံများ၊ ဖိလိပိုင်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့တွင် အဓိကကိုးကွယ်သည့်ဘာသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်း၊ သမုဒ္ဒရာပိုင်းဒေသများ (ဩစတြေးလျနှင့် နယူးဇီလန်)၊ ဥရောပမြောက်ပိုင်း (ဂရိတ်ဗြိတိန်၊စကင်ဒီနေဗီးယားနှင့် အခြားနေရာများ အပါအဝင်)၊ ပြင်သစ်၊ ဂျာမနီ၊ အွန်တေးရီးယို၏ ကနေဒီးယန်း ပြည်နယ်များ၊ ဗြိတိသျှကိုလံဘီယာနှင့် ကွိဘက်နှင့် အာရှ၏အချို့အစိတ်အပိုင်းများ (အထူးသဖြင့် အရှေ့အလယ်ပိုင်း၊တောင်ကိုရီးယား၊ထိုင်ဝမ်နှင့် မကာအို) အပါအဝင် နေရာအများအပြားတွင် လျော့ပါးလာလျက် ရှိသည်။ ခရစ်ယာန်သာသနာကိုအခြေခံဘာသာရေးအဖြစ်ထားရှိသောနိုင်ငံများ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံအများစုတွင် ပြီးခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ခရစ်ယာန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်သူများအထဲမှ ခရစ်ယာန်ဟု မိမိကိုယ်မိမိ သတ်မှတ်သောသူများ လျော့ကျလျက် ရှိသည်။ အခြားသူများက ယေဘုယျအားဖြင့် ဘာသာရေး၏ အရေးကြီးမှုကို ယုံကြည်ခြင်းကို ငြင်းပယ်ခြင်း လက္ခဏာများနှင့် ဆက်စပ်ပြောဆိုကြ စဉ်တွင်အချို့အရင်းအမြစ်များက ၎င်းကို မိရိုးဖလာ အသင်းဝင်မှုမှ ဝေးလွင့်ခြင်း၏ တစ်စိတ်တစ်ဒေသသက်သက်သာ ဖြစ်သည်ဟု ရှုမြင်ကြသည်။ ခရစ်ယာန်သာသနာသည် အောက်ပါနိုင်ငံများ၏ နိုင်ငံတော် ကိုးကွယ်မှု အခြေခံ ဘာသာရေးအဖြစ် ပုံစံ တစ်မျိုးသို့မဟုတ်တစ်မျိုးဖြင့် တည်ရှိသည်- အာမေးနီးယား(အာမေးနီးယန်း အပိုစတော်လစ်)၊ဘိုလီးဗီးယား (ရိုမန်ကက်သလစ်)၊ကော်စတာရီကာ (ရိုမန်ကက်သလစ်)၊ဒိန်းမတ် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊အယ်လ်ဆာဗေဒေါ (ရိုမန်ကက်သလစ်)၊အင်္ဂလန် (အင်္ဂလိကန်)၊ဖင်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်းနှင့် အော်သိုဒေါ့က်စ်)၊ဂျော်ဂျီယာ(ဂျော်ဂျီယန် အော်သိုဒေါ့က်စ်)၊ဂရိ (ဂရိ အော်သိုဒေါ့က်စ်)၊အိုက်စ်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊လိချ်တန်စတိုင်း (ရိုမန်ကက်သလစ်)၊မဲလ်တာ (ရိုမန်ကက်သလစ်)၊မိုနာကို (ရိုမန်ကက်သလစ်)၊နော်ဝေ (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊ ဆွစ်ဇာလန်(ရိုမန်ကက်သလစ်၊ ရှေးရိုးကက်သလစ်၊သို့မဟုတ် ပရိုတက်စတင့်- ပြည်နယ်အလိုက် ပြောင်းလဲမှုရှိသော ဘာသာရေးဂိုဏ်းခွဲ) နှင့် ဗာတီကန်စီးတီး (ရိုမန်ကက်သလစ်) တို့ဖြစ်သည်။ တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်း တစ်ခုမျှ မရှိသော်လည်း တစ်ခုသော ခရစ်ယာန်ဘာသာရေးဂိုဏ်းအဖြစ် တရားဝင် အသိအမှတ်ပြုထားဆဲ ဖြစ်သည့် ဆိုက်ပရပ်စ်ကဲ့သို့သော အခြားနိုင်ငံများစွာလည်း ရှိသည်။ ခရစ်ယာန်သာသနာ၏ အဓိက ဂိုဏ်းခွဲများ ခရစ်ယာန်သာသနာ၏ အဓိက အစိတ်အပိုင်း သုံးမျိုးမှာ ရိုမန်ကက်သလစ်အသင်းတော်၊ အော်သိုဒေါ့က်စ်အသင်းတော် နှင့် ပရိုတက်စတင့်အသင်းတော်တို့ ဖြစ်သည်။ ပရိုတက်စတင့် အသင်းတော်သည် မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော်ဟူ၍ ခေါ်ဆိုသည်။ ဤအမျိုးအစား သုံးခုထဲမှ တစ်ခုခုနှင့် မကိုက်ညီသော အခြား ခရစ်ယာန် အုပ်စုများရှိသည်။ နိုင်စင်းခရိဒ် (Nicene Creed) ကို “ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အင်္ဂလိကန် နှင့် အဓိက ပရိုတက်စတင့် အသင်းတော်များက ခိုင်လုံမှုရှိ၍ ယုံကြည်ထိုက်သည်ဟု လက်ခံထားသည်”။ ၎င်းတို့ကိုယ်ကို ၎င်းတို့ ခရစ်ယာန်ဟု ခေါ်ဆိုသော အုပ်စုများအကြား ခြားနားသော အယူဝါဒများနှင့် အလေ့အကျင့်များ ရှိသည်။ ဘာသာရေးဆိုင်ရာ အယူအဆများအရ အုပ်စုအများအပြားသည် ဤအမျိုးအစားခွဲခြားမှုစနစ်ကို ငြင်းပယ်သည်ဟု သုံးသပ်သော်လည်း ဤအုပ်စုများကို တစ်ခါတစ်ရံ ခရစ်ယာန်ဂိုဏ်းခွဲများအောက်တွင် သတ်မှတ်သည်။ အခြားကွဲပြားမှုမှာ အရှေ့ပိုင်း ခရစ်ယာန်သာသနာနှင့် အနောက်ပိုင်း ခရစ်ယာန်သာသနာအကြား အာရုံစိုက်စရာများ ရှိခြင်းဖြစ်သည်။ ယနေ့ခေတ်တွင်း ပါရာချာပ် ( ဂိုဏ်းကြီးများမှ ခွဲထွက်) ဟူသော အသင်းတော်ငယ်လေးများလည်း ပေါ်ပေါက်ပြီး သာသနာပြန့်ပွားရေးကို ဆောင်ရွက်နေကြသည်။ ထိုအသင်းတော်လေးများသည် မည်သည့်ဂိုဏ်းဟု တိကျစွာ မရှိပေ။ မြန်မာနိုင်ငံရှိ ခရစ်ယာန် အသင်းအဖွဲ့များ မြန်မာနိုင်ငံ ခရစ်ယာန် လူငယ်အဖွဲ့အစည်း YMCA မြန်မာ့နိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ MCC ဒေသအလိုက် ခရစ်ယာန် အသင်းချုပ်များ အခြားကြည့်ရန် မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ ရည်ညွှန်းကိုးကား Category:ခရစ်ယာန်ဘာသာ
မြန်မာဘာသာစကား
မြန်မာဘာသာ()သည် မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည်။ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်းသား များသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်Bradley, David (1997). Tibeto-Burman languages and classification. In: Bradley, D. (ed.), Papers in Southeast Asian Linguistics No.14: Tibeto-Burman Languages of the Himalayas, pp.1–71. Pacific Linguistics, Canberra.Ethnologue (2024). "Burmese". SIL International. Retrieved 2024-10-05.Okell, John (1969). A Reference Grammar of Colloquial Burmese. Oxford University Press.။ မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။ အတန်းအစားခွဲခြင်း မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစု ၏ တိဗက်-ဗမာဘာသာစကားအုပ်စုရှိ လိုလို-ဗမာဘာသာစကားများ တွင်ပါဝင်သော ဗမာနွယ်ဘာသာစကားများ (Burmish languages) မှ တစ်ခုဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုတ်နွယ် ဘာသာစကား (Sinitic) မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုတ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။ ဒေသိယစကားများ ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ တနင်္သာရီတိုင်းဒေသကြီး – ဘိတ်စကား၊ ထားဝယ်စကား၊ ပုလောစကား မကွေးတိုင်းဒေသကြီး – ယောစကား ရှမ်းပြည်နယ် – အင်းသားစကား၊ တောင်ရိုးစကား၊ ဓနုစကား ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုကြသည့် မရမာစကား များအား မြန်မာ ဒေသိယစကားများအဖြစ် ယူဆကြသလို တခါတရံ သီးခြားဘာသာစကား များအဖြစ်လည်း ယူဆကြသည်။ ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည် ( အသံသုံးသေးသည်)။ တနင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာသည် (ရှေးဟောင်းမြန်မာစာမှ အသုံးပြုသည်) အလယ်သုံးသေးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။ ဧရာတီမြစ်ဝှမ်းအတွင်း အသံထွက် ကွာခြားမှု အနည်းငယ် ရှိသည်။ ဥပမာ ရဟန်းသံဃာများကို ကပ်လှူသည့် ဆွမ်းကို အထက်မြန်မာပြည်က ဆွမ်း [sʰwáɴ] ဟု စာလုံးပေါင်းအတိုင်း အသံထွက်သော်လည်း အောက်မြန်မာပြည်တွင် ဆွန်း [sʰʊ́ɴ] ဟု အသံထွက်ပါသည်။ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို "ကျွန်တော်"ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက "ကျွန်မ"ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။ မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။ အောက်မြန်မာပြည်တွင် ဘာသာစကားပျံ့နှံ့မှု မြန်မာစကား ပြောသူများ၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝှမ်းတွင် နေထိုင်ကြသူများ ကြားတွင် အပြောစကားသည် မှတ်သားဖွယ်ရာပင် ညီညွတ်တူညီသည်။ အဓိကကျသော ပထမအကြောင်းအရင်းမှာ ရိုးရာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်ကြောင့် ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာရေးကို များစွာ အားပေးပြီး စကားအပြောအဆို အရေးအသားကောင်းမွန် ညီညွတ်အောင် အလေးထား သင်ကြားပေးသည်။ ဗြိတိသျှတို့သည် မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီး ငါးနှစ်အကြာတွင် တစ်ပြည်လုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကုန်းဘောင်မင်းဆက် နယ်မြေအတွင်း အမျိုးသားများ စာတတ်မြောက်မှုနှုန်းများ ထူးခြားစွာ မြင့်မားနေပြီး ၆၂.၅ ရာခိုင်နှုန်းအထိ ရှိသည်။ စာတတ်မြောက်မှု မရှိသေးသော လူနည်းစုလူမျိုးများရှိရာ တောင်ပေါ်ဒေသအချို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင် ထိုကိန်းဂဏန်းထက် ပိုမိုများမည်ဖြစ်ရာ ထိုခေတ်အခါအနေဖြင့် အလွန်မြင့်မားသော နှုန်းထားဖြစ်သည်။ အထက်မြန်မာပြည်မှ ဗမာမျိုးနွယ် ဗမာစကားပြောသူများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာ များစွာ မကြာသေးသော်လည်း အောက်မြန်မာပြည်တွက်လည်း ​ဗမာလူမျိုးများပျံ့နှံ့နေထိုက်ကြပြီး ၎င်းတို့ကို အောက်သားဟုခေါ်ကြသည်။ ၁၈ ရာစု အလယ်ပိုင်းအထိ အောက်မြန်မာပြည်တွင် မွန်လူမျိုး၊ ဗမာ နှင့် အခြားလူမျိုး များ နေထိုင်ကြပြီး ​ဗမာဘာသာစကားက လွှမ်းမိုးထားသည်။ ၁၇၅၇ ခုနှစ်တွင် မြန်မာစကားပြောသည့် ကုန်းဘောင်မင်းဆက်က ဟံသာဝတီပြည်ကို အနိုင်ရရှိပြီးနောက် စတင်၍ အောက်မြန်မာပြည်တွင် ဗမာစကားကိုသာ အဓိကထား သုံးစွဲလာကြသည်။ ၁၈၃၀ ခုနှစ်ရောက်သော အခါ ၎င်းဒေသတွင် နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် ဗမာ ဟု သတ်မှတ်ပြောဆိုကြသည်။ အကြောင်းရင်းမှာ အထက်မြန်မာပြည်မှ ဗမာများ ပြောင်း ရွေ့လာခြင်း၊ ယဉ်ကျေးမှုဓလေ့ ကူးပြောင်းခြင်း၊ မွန်လူမျိုးများ ယိုးဒယားသို့ရွှေ့ပြောင်းခြင်း၊ အပြန်အလှန်သွေးနှောခြင်းများကြောင့် ဖြစ်နိုင်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဆန်ထုတ်လုပ်မှု အရှိန်မြှင့်လာခြင်း၊ အထက်မြန်မာပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းများကြောင့် ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာခဲ့သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ၏ ပြင်ပ ဧရာဝတီမြစ်ဝှမ်းနှင့် ပိုမိုဝေးကွာလေ ဒေသိယစကားများသည် စံပြုမြန်မာဘာသာစကားနှင့် ပိုမိုဝေးကွာလေဖြစ်သည်။ ၎င်းတို့မှာ ယောစကား၊ ပလောစကား၊ ဘိတ်စကား၊ ထားဝယ်နှင့် အင်းသားစကားတို့ ဖြစ်သည်။ စကားအသုံးအနှုန်းနှင့် အသံထွက်ပုံတို့ များစွာ ကွဲပြားသော်လည်း ဒေသိယစကားများသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်လေ့လာနားလည်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် တနင်္သာရီ ဒေသရှိ စကားများသည် စံပြုမြန်မာစကားနှင့် နှိုင်းယှဉ်လျှင် ပို၍ ရှေးဆန်သည်။ ရှေးဟောင်း မြန်မာစကားတွင်သာ တွေ့ရသော (လဆွဲ – ဥပမာ – အ္လ ) သံသည် စံပြုမြန်မာစကားတွင် မရှိတော့သော်လည်း ထားဝယ်စကားနှင့် အင်းသားစကားများတွင် ကျန်ရှိနေသေးသည်။ ဘိတ်စကားပြောသူများမှာ ၂၅၀၀၀၀ ခန့်ရှိပြီး ထားဝယ်စကား ပြောသူများမှာ ၄၀၀၀၀၀ ခန့် ရှိသည်။ ရခိုင်စကားတွင် အထင်ရှားဆုံးမှာ ရှေးမြန်မာစကားမှ မပြောင်းလဲပဲ ကျန်ရှိနေသော "ရ" သံ [ɹ]ဖြစ်သည်။ ၎င်းအသံသည် ခေတ်ပေါ် စံပြုမြန်မာစကားတွင် "ယ" သံ [j] အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ နောက်တစ်ခုမှာ 'ဧ' သရသံနှင့် 'ဣ' သရသံတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် စံပြုမြန်မာစကားတွင် 'ခွေး' ဆိုသော အသံသည် ရခိုင်စကားသံအားဖြင့် "ခွီး" ဟု အသံထွက်ပါသည်။ အသုံးခွဲခြားခြင်း မြန်မာဘာသာစကားတွင် အသုံးမူကွဲ နှစ်မျိုးရှိသောကြောင့် စုံတွဲဘာသာစကား (Diglossia) ဖြစ်သည်။ စာပေဟန် – အမြင့်(မြန်မာစာ) → စာကြီးပေကြီးရေးသားခြင်း၊ သတင်းစာများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးစာများ၊ ရုပ်သံ ရေဒီယို သတင်းကြေညာခြင်း၊ မိန့်ခွန်းပြောခြင်း စသည်တို့တွင် သုံးနှုန်းသည့် ပုံစံ ဖြစ်သည်။ စကားပြောဟန် – အနိမ့် (မြန်မာစကား) → နေ့စဉ်သုံး စကားပြောဆိုသောပုံစံ၊ သာမန်ရုပ်သံအစီအစဉ်များ၊ ကာတွန်း/ဝတ္ထုများ စသည်တို့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် ပုံစံ ဖြစ်သည်။ မြန်မာ စာပေပုံစံသည် သာမန်အားဖြင့် အသုံးမရှိတော့သည့် ရှေးရိုးဆန်သော သဒ္ဒါဆိုင်ရာ စကားလုံးများ (ဥပမာ – ပစ္စည်း၊ဝိဘတ်၊ နာမ်စား၊ သမ္ဗန္ဓ) ကို ဆက်လက်ထိန်းသိမ်းသုံးစွဲလျက် ရှိသည်။ အများအားဖြင့် အရေးပုံစံတွင် သုံးနှုန်းနေသော သဒ္ဒါဆိုင်ရာ စာကားလုံး တို့သည် မြန်မာစကားပြောပုံစံတွင်ရှိသော သဒ္ဒါဆိုင်ရာ စာကားလုံးတို့ဖြင့် လုံးဝ ဆက်စပ်မှုမရှိပါ။ ဥပမာ – နာမ်စား – (မြန်မာစာ အသုံး) ဤ → (မြန်မာစကား အသုံး) ဒီ နာမ်စား – (မြန်မာစာ အသုံး) ထို → (မြန်မာစကား အသုံး) ဟို ဝိဘတ် – (မြန်မာစာ အသုံး) ၌ → (မြန်မာစကား အသုံး) မှာ ပစ္စည်း – (မြန်မာစာ အသုံး) များ → (မြန်မာစကား အသုံး) တွေ ပစ္စည်း – (မြန်မာစာ အသုံး) ၏ → (မြန်မာစကား အသုံး) ရဲ့ သမ္ဗန္ဒ – (မြန်မာစာ အသုံး) နှင့် → (မြန်မာစကား အသုံး) နဲ့ သမ္ဗန္ဒ – (မြန်မာစာ အသုံး) လျှင် → (မြန်မာစကား အသုံး) ရင် စကားပြောဟန်သည် လေးနက်မှု၊ အာဏာခွန်အားနှင့် ခန်းနားထည်ဝါမှု မရှိသောကြောင့် သမိုင်းကြောင်းအားဖြင့် စာရေးသားခြင်းအတွက် စာပေဟန်ကို ပို၍သုံးခဲ့ကြသည်။ ၁၉၆၀ ကျော်အလယ်ပိုင်းနှစ်များမှ စတင်၍ အချို့သော မြန်မာစာရေးဆရာများသည် စာပေဟန်ကို ဖျောက်ဖျက်ပြီး စကားပြောဟန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့ကြသည်။ မင်းလတ် ကဲ့သို့ မြန်မာ ဘာသာဗေဒပညာရှင် အချို့က စာပေဟန်မှ ခွဲထွက်ရန်အတွက် အဆိုပြုခဲ့ကြသည်။ စာရေးသားသည့်အခါမှာ စာပေဟန်ကို အတော်များများ အသုံးပြုနေကြ သော်လည်း များမကြာမီကစတင်ပြီး ဟိတ်ဟန်မလိုတဲ့ စာရေးသား ခြင်းကိစ္စတွေမှာ စကားပြောဟန်ကို အသုံးပြုခြင်းဟာ ခေတ်စားလာပြီ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ ရုပ်သံသတင်း၊ ရုပ်ပြစာအုပ်၊ ကြော်ငြာအရေးအသား စသည့် ကိစ္စတွေမှာ စကားပြောဟန် သို့မဟုတ် ပိုမိုရိုးရှင်းပြီး ပေါ့ပါးတဲ့ စာရေးဟန်တွေကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။ အပြောစကားမှ ယဉ်ကျေးသိမ်မွေ့မှု အဆင့်အလိုက် စကားလုံးသတ်မှတ်ချက်များနှင့် စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဆွေမျိုးတော်စပ်မှု စသည့် အနေအထားအရ အရိုအသေပြု ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ ရှိသည်။ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရန်အတွက် "ပါတယ်"၊ "ပါခင်ဗျ" စသည့် ဝိဘတ် များကို မကြာခဏ အသုံးပြုကြသည်။ နာမ်စားတွေမှာလည်း အသုံးပုံစံ အမျိုးမျိုးရှိသည်။ ဆရာ/ဆရာမ၊ အရာရှိ၊ အသက်ကြီးသူ စသည့်သူများအား ခေါ်ဝေါ်ရန်အတွက် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းပုံစံတွေ သတ်မှတ်ထားရှိသည်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး ပြောဆိုရေးသားတဲ့ အသုံးအနှုန်းများသည်လည်း သာမန် နေ့စဉ်သုံး စကားပြော အသုံးအနှုန်းများဖြင့် များစွာ ကွာခြားသည်။ ကြိယာနှင့် ကံပုဒ် ဆက်နွယ်ပုံ မြန်မာဘာသာစကားတွင် ကံပုဒ် လာပြီးမှ အနောက်တွင် ကြိယာပုဒ်လိုက်လေသည်။ ဥပမာအားဖြင့် - ထမင်းကို (ကံပုဒ်) + စားသည် (ကြိယာပုဒ်) ဥပမာအားဖြင့် ဂျပန်ဘာသာစကားနှင့် ဤစီရီမှုမျိုးတွင် တူညီသည်။ အင်္ဂလိပ်ဘာသာစကားနှင့် တရုတ်ဘာသာစကားစသည်တို့တွင်မူ ကြိယာပုဒ် လာပြီးမှ အနောက်တွင် ကံပုဒ် လိုက်လေသည်။ တက်ကျသံဘာသာစကား သွင်ပြင်လက္ခဏာတစ်ခုမှာ မြန်မာဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းလျှင် စကားလုံးအဓိပ္ပာယ်ပြောင်းခြင်း ဖြစ်သည်။ တက်ကျသံကို အင်္ဂလိပ်ဘာသာစကားတွင် tone ဟုခေါ်သည်။ က၊ ကာ၊ ကား၊ လု၊ လူ၊ လူး၊ ပန့်၊ ပန်၊ ပန်း စသည်ဖြင့် အသံအတက်အကျ ပြောင်းခြင်းသည် တက်ကျသံပြောင်းခြင်း ဖြစ်သည်။ က၊ ကာ၊ ကား ဟူသော စကားလုံးသုံးလုံးသည် ဗျည်းလည်းတူသည်၊ သရလည်းတူသည်၊ တက်ကျသံသာကွဲပြားသည်။ တက်ကျသံကွဲပြားသည်သာမက စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်လည်း ကွဲပြားသွားသည်။ သူကနေသည်။ သူကာနေသည်။ သူကားနေသည်။ အထက်ပါဝါကျများတွင်တွေ့ရသည့်အတိုင်း တက်ကျသံပြောင်းပြောရုံဖြင့် အဓိပ္ပာယ်များ ပြောင်းသွားသည်။ ဤဘာသာစကားမျိုးကို တက်ကျသံဘာသာစကားဟု ခေါ်သည်။ ထို့ကြောင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကားဖြစ်သည်။ စကားလုံးအသံထွက်များ ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ) များကိုအသုံးပြုထားခြင်းများပါဝသ်သည်။ ဗျည်းများ အောက်ပါတို့သည် ဗျည်းများဖြစ်ကြ၍ ဗျည်းစစ်စစ်ကို ပုံဖော်ရာ၌ "က်၊ ခ်၊ ဂ်..." ဟုရေးသားရသော်လည်း အမြင်ပိုင်းဆိုင်ရာနှင့် ဖတ်ရှုမှု လွယ်ကူစေရန် "က၊ ခ၊ ဂ..." ဟူ၍သာ ဇယားများထဲ၌ ဖော်ပြထားသည်။ +ဗျည်းသံရင်းများနှုတ်ခမ်းသွားသွားရင်းသွားရင်း-အာခေါင်/အာခေါင်မာအာခေါင်ပျော့လည်ချောင်းနှာသံ မ () န () ည () င () မှ () နှ () ညှ () ငှ ()ရပ်သံ ဘ () ဒ () ဂျ () ဂ () ပ () တ () ကျ () က () ပြစရာမရှိ၊ ရပ်သံကို ညွှန်းသည်။ () ဖ () ထ () ချ () ခ ()ပွတ်တိုက် ဿ () () ဇ () သ () () စ () ရှ () ဆ () ဟ ()သရရွေ့ (သရတစ်ပိုင်း ဗျည်းတစ်ပိုင်း) လ () ယ () ဝ () လှ () ဝှ () ဂျန်နီနှင့် စန်းစန်းနှင်းထွန်း () တို့အရ 'သ' ၏ သင်္ကေတဖြစ်သော θ နှင့် ð တို့သည် ပွတ်တိုက်ဗျည်းများ () များဖြစ်ကြ၍ ထိုသင်္ကေတများနေရာ၌ သွားဌာန်ရပ်သံများဖြစ်သော () ကိုသာသုံးသင့်သည်ဟု ဆိုသည်။ (သရရွေ့) သွားရင်းဗျည်း 'ရ်' () သည် မွေးစားစကားလုံးအချို့တွင် 'ယ်' နေရာ၌ အစားထိုး(တူညီသော) ဗျည်းဖြစ်နိုင်သည်။ ​နောက်ဆုံးနှာသံ သည် မူရင်းနောက်ဆုံးနှာသံ လေးခုဖြစ်သော , , , တို့နှင့် လျှာဖျားကော့ဗျည်း (ပါဠိစာလုံးများ၌သုံးစွဲ) အတွက် အစားထိုးရေးသားနိုင်ကာ နှာသံပြုသင်္ကေတ သေးသေးတင် (ံ) သည် က→ကံ ဟု နှာသံပြရာတွင်သုံးစွဲကြ၍ အများအားဖြင့် နှာသံလယ်နေရာကို အစားထိုးနိုင်လေသည်။ ဥပမာ တံခါး (တန်ခါး, tankhá) ၊ တံတား (တန်တား, tantá) တို့နှင့် ပါဠိနှင့် မူရင်းမြန်မာစကားရှိ ကိုလည်း အစားထိုးနိုင်သည်။ အထူးသဖြင့် ငံ (ငမ်, ngam) ၊ သုံး (သုမ်း, thóum) ၊ ဆုံး (ဆုံးမ်, sóum) တို့ဖြစ်ကြသည်။ သို့သော်လည်း 'ည်' နေရာကိုမူ အစားမထိုးနိုင်ပေ။ 'ည' ကို နှာသံအဖြစ် အသိအမှတ်မပြုထားသောကြောင့်ဖြစ်ကာ 'ည်' သည် အရှေ့အဖွင့်/ပွင့် သရများဖြစ်သော အီး ()၊ အဲ () (သို့) အေး () တို့နှင့် ပို၍ နီးစပ်သည်။ နောက်ဆုံးနှာသံကို သရ၏နှာသံအဖြစ် သတ်မှတ်ယူဆကြသည်။ သံရင်းမျိုးပြားအရ 'လေလမ်းကြောင်းပိတ်ရပ်သံများ'၏ အရှေ့တွင် နှာသံအဖြစ်တည်ရှိနိုင်သည်။ သာဓကပြရလျှင် မုန်တိုင်း (မုန်ဒိုင်း) ကို သဒ္ဒဗေဒပုံစံဖြင့် ဟုရေးသားထားသည်ကို အသံထွက်ကြသည်မှာ အဖြစ် အသံပြုကြလေသည်။ သရများ လုံးချင်းသရ သရတွဲ အရှေ့ အနောက် အရှေ့ သရတစ်ဝက် အနောက် သရတစ်ဝက် အပိတ် အီ () အူ () တစ်ဝက်ပိတ် အေ () အို () အေအီ () အိုအွတ် () အလယ် အ(ာ) () တစ်ဝက်ဖွင့် အယ် () အော () အဖွင့် အာ () အာအစ် () အာအွတ် () သရတွဲများကို ပြသရာ၌ တစ်လုံးချင်းစီ၏ အသံကို ရေးသားထားခြင်းဖြစ်သည်။ ထိုအသံနှစ်ခုသည် ပူးပေါင်း၍ လျင်မြန်စွာရွတ်ဆိုရသည်။ ဥပမာ : ဆိုလျှင် အိတ်/အိပ် ၊ ဆိုလျှင် အုတ်/အုပ် ၊ ဆိုလျှင် အောင် စသဖြင့်ဖြစ်၏ ။ လေးသံ မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံ၊ phonation၊ အသံအ‌ရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။ အသံနာမည် IPA အနက် နိမ့်သံ တက်သံ သက်သံ တိုင်သံ နမူနာမှာ ‌အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။ နိမ့်သံ (ခါ) တက်သံ (ခါး) သက်သံ (ခ) တိုင်သံ (ခတ်) ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။ နိမ့်သံ (ခံ) တက်သံ (ခန်း) သက်သံ (ခန့်) အက္ခရာ |မြန်မာအက္ခရာနမူနာများ ဝေါဟာရ မြန်မာဝေါဟာရ အများစုသည် တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) စကားမျိုးနွယ်ဝင်ဖြစ်ပြီး ဧကဝဏ္ဏစကားလုံး(monosyllabic) ဘာသာစကား ဖြစ်သည်။ ။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစားဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မွေးစားဝေါဟာရများမှာ များသောအားဖြင့် နာမ် ပုံစံနများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏ ကျမ်းစာပေ ဘာသာစကားဖြစ်သော ပါဠိဘာသာစကားသည် မြန်မာဘာသာစကားအပေါ် အထူးလွှမ်းမိုးမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းအား ဗုဒ္ဓဘာသာက အထူးလွှမ်းမိုးခြင်း၊ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားကြား ဆင်တူသည့် အသံထွက်စနစ် ရှိခြင်း၊ မြန်မာစာရေးစနစ် ကိုအသုံးပြု၍ ပါဠိဘာသာစကားကို လုံးဝတိတိကျကျ ရေးသားနိုင်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။ ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။ ပါဠိစကားလုံးများကို မွေးစားရာတွင် ပုံစံ လေးမျိုးဖြင့် မွေးစားသည်။ တိုက်ရိုက်မွေးစားခြင်း – ပါဠိစကားလုံးအား မူရင်း ပါဠိအတိုင်း ယူသုံးသည် ပါဠိဘာသာစကားဖြင့် "ဒေါသ" → မြန်မာဘာသာစကားဖြင့် "ဒေါသ" ပါဠိဘာသာစကားဖြင့် "လောဘ" → မြန်မာဘာသာစကားဖြင့် "လောဘ" အတိုကောက်မွေးစားခြင်း – ပါဠိစကားလုံးအား အတိုချုံ့၍ ယူသုံးသည် ပါဠိဘာသာစကားဖြင့် "ကမ္မ" → မြန်မာဘာသာစကားဖြင့် "ကံ" ပါဠိဘာသာစကားဖြင့် "အရုဏ" → မြန်မာဘာသာစကားဖြင့် "အာရုဏ်" ပါဠိဘာသာစကားဖြင့် "ကုသလ" → မြန်မာဘာသာစကားဖြင့် "ကုသိုလ်" နှစ်ခါမွေးစားခြင်း – မူရင်းပါဠိစကားလုံးအား မတူညီတဲ့ မြန်မာစကားလုံးနှစ်မျိုးအတွက် ယူသုံးသည် ပါဠိဘာသာစကားဖြင့် "မာန" → မြန်မာဘာသာစကားဖြင့် "မာန" နှင့် "မာန်" ပေါင်းစပ်မွေးစားခြင်း – မြန်မာစကားလုံးနှင့် ပါဠိစကားလုံးများအား ရောစပ်၍ စကားလုံးအသစ် တီထွင် အသုံးပြုသည် လေယာဉ်ပျံ – လေ←(မြန်မာစကားလုံး) + ယာဉ်←(ပါဠိစကားလုံး) + ပျံ←(မြန်မာစကားလုံး) အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။ မွန်ဘာသာသည် မြန်မာဘာသာအပေါ် လွှမ်းမိုးမှု မရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။ သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။ တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။ ဘာသာ နံပါတ် (မွေးစားစကာလုံ၊ နာမ်မှ) ပါဠိ ၁၅၃၁ အင်္ဂလိပ် ၅၇၅ သင်္သကရိုက် ၃၂၁ ဟိန္ဒီ ၁၅၈ မွန် ၉၆ တရုတ် ၃၁ အာရဗီ ၁၆ ထိုင်း ၁၅ ပသျှူး ၁၄ ရှမ်း ၁၂ ပြင်သစ် ၁၂ ကလယ် ၅ မြန်မာ-အင်္ဂလိပ်အဘိဓာန် (၁၉၉၃) သာဓက – ဒုက္ခ () – ပါဠိ "dukkha" ရေဒီယို () – အင်္ဂလိပ် "radio" စနစ် () – မွန် "စ္နတ်‌" ကော်ပြန့် () – အင်္ကျီတို (ဖူကျန့်) တရုတ် 潤餅 (jūn-piáⁿ) ဇနီး () – ဟိန္ဒီ पत्नी (jani) ခေါက်ဆွဲ () – ရှမ်း "ၶဝ်ႈသွႆး" ပေ () – ပေါ်တူဂယ် pé အလံ () – အာရပ် alam ပြင်ပလင့်ခ်များ Burmese/Myanmar script and pronunciation at Omniglot Myanmar Unicode Character Picker Myanmar Unicode Implementation Public Awareness Myanmar3 keyboard layout myWin2.2 Fonts supporting Burmese characters Burmese Wikipedia:Font page Burmese Unicode & NLP Research Centre Parabaik Myanmar Unicode Project GPLed and OFLed Myanmar-English Unicode dictionary ကျမ်းကိုး မြန်မာအဘိဓာန်
တောင်အမေရိက
တောင်အမေရိကသည် အမေရိကတိုက်ကြီး (supercontinent) ၏ တောင်ဘက်အပိုင်း တိုက်ဖြစ်သည်။ တောင်အမေရိက သည် အနောက်နှင့်တောင်ကမ္ဘာလုံးခြမ်း၌ ရှိသည်။ အနောက်၌ ပစိဖိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိပြီး အရှေ့နှင့်အမြောက်ဘက်၌ အတ္တလန္တိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။ အနောက်မြောက်ဘက်၌ ကာရစ်ဘီယံပင်လယ် သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။ ၁၅၀၇ခုနှစ်၌ ‌မြေပုံဆွဲပညာရှင်နှစ်ဦး မာတင် ဗလ်ဒ်စီးမြူလာ (Martin Waldseemüller er skikkelig hot) နှင့် မာထီးယားစ် ရင်းမာန်း (Matthias Ringmann er stygg) အမေရီဂို ဗက်စ်ပုချီ (Amerigo Vespucci er pedo) ၏အမည်သုံးပြီး တိုက်ကိုအမည်ပညတ်သည်။ တောင်အမေရိကတိုက်၏ဧရိယာ ၁၇.၈၄ သန်း စတုရန်းကီလိုမီတာ (၆.၈၉ သန်း စတုရန်းမိုင်) ရှိသည်။ ကမ္ဘာမြေ၏ ၃.၅% ရှိသည်။ ၂၀၀၉ ခုနှစ်တွင် လူဦးရေ ၃၈၅ သန်း ကျော် ရှိသည်။ တိုက်များထဲ၌ တောင်အမေရိက၏ ဧရိယာသည် စတုတ္ထအကြီးဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက တိုက်တို့၏ အနောက်မှ လိုက်သည်။ တိုက်များထဲ၌ တောင်အမေရိကတိုက် ၏လူဦးရေသည် ပဉ္စမမြောက်အများဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက တို့၏ အနောက်မှ လိုက်သည်။ တောင်အ‌မေရိကတိုက်သည် ကမ္ဘာသစ်တွင်ပါဝင်‌သော တိုက်ကြီး နှစ်တိုက်အနက် တစ်တိုက်ဖြစ်သည်။ အ‌နောက် ‌လောင်ဂျီကျုမျဉ်း‌ကြောင်း ၃၄ ဒီဂရီနှင့် ၈၂ ဒီဂရီစပ်ကြား တွင်လည်းကောင်း၊ ‌မြောက်လတ္တီကျုမျဉ်း‌ကြောင်း ၁၃ ဒီဂရီနှင့် ‌တောင် လတ္တီကျုမျဉ်း‌ကြောင်း ၅၅ ဒီဂရီစပ်ကြားတွင် လည်းကောင်း တည်ရှိ သည်။ ‌တောင်အ‌မေရိကတိုက်သည် အကြမ်းအားဖြင့် တြိဂံ ပုံသဏ္ဌာန်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆.၈၉ သန်းမိုင်ဖြစ်၍ ကမ္ဘာ‌ပေါ်တွင် စတုတ္ထအကြီးဆုံး တိုက်ကြီးဖြစ်သည်။ ထိုအကျယ်အဝန်းသည် ကမ္ဘာကြီးတစ်ခုလုံး အကျယ်အဝန်း၏ ၁၄ ရာခိုင်နှုန်းဖြစ်၏။ လူဦး‌ရေမှာ ၃၈၅သန်း ခန့်မျှ ဖြစ်သည်။ ‌တောင်အ‌မေရိကတိုက်ကို ‌မြောက်အ‌မေရိကတိုက်နှင့် ပနားမား ကျွန်းဆက်က ဆက်သွယ်ထား၏။ သို့ရာတွင် ၁၉၁၄ ခုနှစ် တွင် ပနားမား တူးမြောင်းကို ‌ဖောက်လုပ်ပြီးစီးသည့် အချိန်က စ၍ ‌တောင်အ‌မေရိကတိုက်သည် ‌မြောက် အ‌မေရိကတိုက်နှင့် တဆက်တည်း မဟုတ်‌တော့ဘဲ ကြီးမား‌သော ကျွန်းကြီးတကျွန်း အဖြစ် တစ်ဦးတခြား တည်ရှိ‌နေ‌တော့သည်။ ကိုလံဗပ်သည် ၁၄၉၈ ခုနှစ်တွင် အ‌နောက်အိန္ဒိယကျွန်းစု များကို ရှာ‌ဖွေ‌တွေ့ရှိပြီး‌နောက် ‌အော်ရင်နိုးကိုးမြစ်ဝသို့ ‌ရောက်ခဲ့ဖူး၏။ ထို‌နောက် ဥ‌ရောပတိုက်သား စပိန်နှင့် ‌ပေါ်တူဂီလူမျိုး များသည် ‌တောင်အ‌မေရိကတိုက်သို့ ‌ရောက်ခဲ့ကြ၏။ သူတို့သည် တောင်အမေရိက မြောက်ဘက်ကမ်း‌ခြေသို့ တက်ပြီးလျှင် ‌တောင်ဘက်သို့ တဖြည်းဖြည်း ‌ပြောင်း‌ရွှေ့‌နေထိုင်ခြင်းဖြင့် ပီးရူး၊ အာဂျင်တီးနား၊ ချီလီ အစရှိ‌သောနယ်များကို တည် ‌ထောင်နိုင်ကြ‌လေသည်။ ဘရာဇီးနိုင်ငံ တည်ရှိရာ‌ဒေသကို ၁၅၀၀ ပြည့်နှစ်တွင် ပေါ်တူဂီ လူမျိုးများက ရှေးဦးစွာ ‌တွေ့ရှိခဲ့ကြ၏။ ထိုဥ‌ရောပတိုက်သားများသည် မိမိတို့‌ရောက်‌လေရာ ပြည်နယ်တို့၌ ‌တွေ့ရှိသမျှ‌သော တိုင်းရင်းသားများကို နည်းအမျိုးမျိုးတို့ဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ထိုအခါက ထွန်းကားလျက် ရှိ‌သော တိုင်းရင်း သားယဉ်‌ကျေးမှုများကို ဖျက်ဆီးပစ်ကြ‌လေသည်။ ဘရာဇီး၊ ပီးရူးနှင့် ဘိုလီဗီးယားနိုင်ငံများသည် ‌ရွှေ၊‌ငွေ၊ စိန်၊ ‌ကြေးနီ၊ သံဖြူစ‌သော တွင်းထွက်သတ္တုတို့ဖြင့် ကြွယ်၀‌သောနိုင်ငံများဖြစ်ရကား မျက်နှာဖြူ ဥ‌ရောပတိုက်သားများ သည် ‌တောင်အ‌မေရိကတိုက်ကြီး၏ ‌နေရာတကာ၌ လှည့်ပတ်‌မွှေ‌နှောက် ရှာ‌ဖွေခဲ့ကြ‌လေသည်။ တိုင်းရင်းသား လူမျိုးများမှာ မူကား လွှမ်းမိုးလာသူ လူဖြူတို့၏‌စေခိုင်းသမျှကိုသာ လုပ်ကိုင်‌ပေးကြ ရလေသည်။ ‌တောင်အ‌မေရိကတိုက်၏ အသွင်အပြင် အ‌နေအထားသည် အချို့‌နေရာများတွင် ‌မြောက်အ‌မေရိကတိုက်နှင့် ဆင်ဆင်တူ၏။ ဤတိုက်ကြီးသည် ‌မြောက်အ‌မေရိကတိုက်ကဲ့သို့ပင် ‌မြောက်ပိုင်း၌ ကျယ်ပြန့်၍ ‌တောင်ပိုင်းသို့ တဖြည်းဖြည်း ‌သေးငယ် ကျဉ်း‌မြောင်း သွား‌လေသည်။ အ‌နောက်ပိုင်းဖြစ်‌သော ပစိဖိတ်ကမ်း‌ခြေဘက်၌ ‌တောင်နှင့်‌မြောက် စီတန်းလျက်တည်ရှိ‌သော မြင့်မား ရှည်လျားသည့် ‌တောင်တန်းကြီးတစ်ခုရှိ၏။ ထို‌တောင်တန်းကြီးကို အန်းဒီး‌တောင်တန်းကြီးဟု‌ခေါ်သည်။ ဤအန်းဒီး‌တောင်တန်းသည် အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာ‌တောင်တန်းကလွဲလျှင် ကမ္ဘာ‌ပေါ်တွင် အမြင့်ဆုံး‌တောင်တန်းဖြစ်သည်။ အန်းဒီး‌တောင်တန်းထဲတွင်ပါဝင်၍ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ နှစ်ခုစပ်ကြားတွင်တည်ရှိ‌သော အားကွန်ကားဂွါး‌တောင်ထိပ်သည် အမြင့်‌ပေ‌ပေါင်း ၂၂,၈၃၅ ‌ပေရှိ၍ ကမ္ဘာသစ်တွင် အမြင့်မားဆုံး တောင်ထိပ်ဖြစ်သည်။ အန်းဒီး‌တောင်တန်းတွင် မီး‌တောင်‌ပေါများ၏။ မီး‌တောင်များ မကြာခဏ ‌ပေါက်ကွဲမှု ကြောင့် လူ တိရစ္ဆာန်နှင့်တကွ မြို့ရွာအ‌ဆောက်အအုံများ ပျက်စီးကြရလေသည်။ ‌တောင်အ‌မေရိကတိုက်သည် ဥ‌ရောပတိုက်ထက် သုံးဆ‌ကျော်မျှ ပိုမိုကြီးမား‌သော်လည်း ပင်လယ်ကမ်းရိုး၏ အလျားမှာမူကား ဥ‌ရောပတိုက် ပင်လယ်ကမ်းရိုးတန်းထက် တို‌လေသည်။ ကမ်းရိုးတန်းသည် ‌တောင်ဘက်အစွန်းမှတစ်ပါး ကျန်‌နေရာများတွင် အ‌ကွေ့အ‌ကောက် နည်းပါး၏။ ပင်လယ်‌ကွေ့များလည် နည်းပါးသဖြင့် ဆိပ်ကမ်း‌ကောင်းဟူ၍ မရှိလှ‌ချေ။ ပကတိအသွင်အပြင် အ‌နေအထားအရ ‌တောင်အ‌မေရိက တိုက်ကို အပိုင်း ၄ ပိုင်း ခွဲခြားနိုင်၏။ ယင်းတို့မှာ (၁) ပစိဖိတ်ကမ်း‌မြောင်‌ဒေသ (၂) အန်းဒီး‌တောင်တန်း‌ဒေသ (၃) အလယ်ပိုင်းလွင်ပြင်‌ဒေသ (၄) အ‌ရှေ့ပိုင်း ‌တောင်ကုန်း‌ဒေသဟူ၍ ဖြစ်‌လေသည်။ ၁၉ ရာစုနှစ်စက ‌တောင်အ‌မေရိက တိုင်းရင်းသားလူမျိုး များသည် နှစ်‌ပေါင်းသုံးရာနီးပါးမျှ စိုးမိုးအုပ်ချုပ်ခဲ့‌သော နယ် ချဲ့သမား စပိန်နှင့် ‌ပေါ်တူဂီလူမျိုးတို့ကို အပြင်းအထန် ‌တော်လှန်တိုက်ခိုက်ကြပြီးလျှင် လွတ်လပ်‌သော သမ္မတနိုင်ငံ များကို တည်‌ထောင်ခဲ့ကြ‌လေသည်။ ထို‌ကြောင့် ယခုအခါ ‌တောင်အ‌မေရိကတိုက်တွင် သမ္မတနိုင်ငံ‌ပေါင်း ၁၀ နိုင်ငံရှိ‌လေ သည်။ ယင်းတို့မှာ ဗရာဇီး၊ ဗင်နီဇွီးလား၊ ကိုလုံးဘီးယား၊ အက်ကွာ‌ဒေါ၊ ပီရူး၊ ဗိုလစ်ဗီးယား၊ ချီလီ၊ အာဂျင်တီးနား၊ အုရူ‌ဂွေးနှင့် ပါရဂွေးတို့ဖြစ်၏။ ကိုလိုနီနယ်များဟူ၍လည်း ယခုထက်တိုင် ကျန်ရှိ‌နေ‌သေးရာ ယင်းတို့မှာ ဗြိတိသျှ၊ ပြင်သစ်နှင့် ဒပ်ချအစိုးရတို့က အသီးသီးပိုင်ဆိုင်‌သော ဂီယား နားနယ် သုံးနယ်ဖြစ်‌လေသည်။ ပစိဖိတ် ကမ်း‌မြောင်‌ဒေသသည် အီ‌ကွေတာမျဉ်း‌ကြောင်း ‌မြောက်ဘက်၌ စိုစွတ်ထိုင်းမှိုင်း၍ ပူအိုက်‌သော ရာသီအစွမ်း ‌ကြောင့် သစ်‌တောကြီးများ ဖုံးအုပ်‌နေ၏။ ပီးရူးနှင့် ချီလီနိုင်ငံ ‌မြောက်ပိုင်း‌ဒေသတို့တွင် မိုးနည်းပါးသည်။ ဗယ်လပရိုက်မြို့ ပတ်ဝန်းကျင်ရှိအရပ်ကိုကား ‌မြေထဲပင်လယ် ရာသီဥတု‌ဒေသ ဟု‌ခေါ်၏။ ထို‌ဒေသ၌ ဓာတ်သတ္တု အ‌မြောက်အမြားထွက်၍ သစ်သီးဝလံများကိုလည်း စိုက်ပျိုးကြ‌လေသည်။ ‌တောင်ဘက် အစွန်ဆုံးသို့ ‌ရောက်‌သောအခါ သမပိုင်း သစ်‌တော‌ဒေသကို ‌တွေ့ရ၏။ ဤ‌ဒေသ၌ တစ်နှစ်ပတ်လုံး မိုးရွာသွန်း၍ သစ်‌တော ထူထပ်‌သော‌ကြောင့် သစ်အမျိုးမျိုးထွက်သည်။ အခြားထွက်ကုန် များမှာ အမဲသား၊ ငါးနှင့် သိုး‌မွေးတို့ဖြစ်၏။ အန်းဒီး‌တောင်တန်း‌ဒေသကို ‌မြောက်ပိုင်း အလယ်ပိုင်းနှင့် ‌တောင်ပိုင်းဟူ၍ သုံးပိုင်းခွဲခြားနိုင်၏။ ‌မြောက်ပိုင်းနှင့် ‌တောင် ပိုင်းမှာ ‌ကောင်းမွန်‌သော ရာသီဥတုရှိ၍ ထွက်ကုန်‌ပေါများ၏။ ‌မြောက်ပိုင်း‌တောင်တန်းများမှာ အီ‌ကွေတာမျဉ်း‌ကြောင်းကို ဖြတ် သန်းတည်ရှိ‌သော‌ကြောင့် အီ‌ကွေတာတစ်‌လျှောက်ရှိ ‌ဒေသများ၌ ‌တွေ့၇‌သော ရာသီဥတုမျိုးရှိ‌သော်လည်း ကုန်းမြင့်‌သော‌ကြောင့် အ‌အေးဓာတ် ပိုများ၏။ မိုးများစွာရွာသွန်း၍ အထူးသဖြင့် အ‌နောက်ဘက်ကမ်း‌ခြေပိုင်းတွင် ပို၍စိုစွတ်သည်။ မူလက အန်း ဒီး‌မြောက်ပိုင်း‌ဒေသတွင် ထူထပ်‌သော သစ်‌တောများရှိခဲ့ရာ၊ ယခုအခါ ထိုသစ်‌တောများကို ခုတ်ထွင်ရှင်းလင်းပြီးလျှင် ကိုကိုးပင်၊ ငှက်‌ပျောပင် စသည်တို့ကို စိုက်ပျိုးကြ‌လေသည်။ မြင့်‌သော ‌တောင်‌ပေါ်‌ဒေသများတွင်ကား မြက်ခင်းများရှိ၍ ကျွဲနွား ‌မွေးမြူခြင်း သို့မဟုတ် ကာဖီစိုက်ပျိုးခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြ၏။ အက်ကွာ‌ဒေါနိုင်ငံ၏ ‌တောင်ပိုင်းတွင် ‌တောင်တန်းသုံးခု သည် ပီးရူးနိုင်ငံကိုဖြတ်၍ ‌တောင်ဘက်သို့ဆင်းသွား၏။ ထို ‌ဒေသတစ်ဝိုက်တွင် ဂျုံ၊ ဗာလီနှင့် အာလူးများကို စိုက်ပျိုးကြ ၏။ ‌ငွေ၊ ‌ကြေးနီစ‌သော ဓာတ်သတ္တုများလည်း ထွက်‌လေ သည်။ ဗိုလစ်ဗီးယားနိုင်ငံထဲတွင် အန်းဒီး‌တောင်တန်းသည် မိုင် ၄၀၀ မှ ၅၀၀ အထိကျယ်ပြန့်ရာ ဤ‌နေရာတွင် အကျယ်ပြန့် ဆုံးဖြစ်‌လေသည်။ အန်းဒီး‌တောင်ပိုင်း‌ဒေသသည် မိုးများ၍ သစ်‌တောထူထပ် ၏။ ချီလီနိုင်ငံ အလယ်ပိုင်းသည် အန်းဒီး‌တောင် တန်း‌ဒေသ တစ်‌လျှောက်တွင် လူဦး‌ရေ အများဆုံး‌နေရာဖြစ်၏။ ဗိုလစ်ဗီး ယားနိုင်ငံမှ လွန်‌သော် အန်းဒီးသည် ‌တောင်တန်းတစ်ခုလည်း ဖြစ်သွား၏။ အ‌မေရိကတိုက်တွင် အမြင့်ဆုံးဖြစ်‌သော အားကွန် ဂွါး‌တောင်ထိပ်သည် ဤ‌ဒေသ၌ တည်ရှိ၏။ ‌တောင်တန်းသည် ထို‌နေရာမှ ‌တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား‌လေ သည်။ အလယ်ပိုင်း လွင်ပြင်‌ဒေသတွင် မြစ်ဝှမ်းကြီး သုံးခုရှိ၏။ ယင်းတို့မှာ ‌အောင်ရင်နိုးကိုး မြစ်ဝှမ်း၊ အမ္မဇုန် မြစ်ဝှမ်းနှင့် ပလိတ်မြစ်ဝှမ်းတို့ဖြစ်သည်။ မြစ်ဝှမ်းတစ်ခုနှင့် တစ်ခုစပ်ကြား တွင် ကုန်းမြင့်တစ်ခုစီခြားလျက်ရှိ၏။ ‌အောင်ရင်နိုးကိုးမြစ်ဝှမ်း အ‌နောက်ပိုင်းသည် ကိုလုံးဗီးယားနိုင်ငံနှင့် ဗင်နီးဇွီးလားနိုင်ငံ နှစ်နိုင်ငံထဲသို့ ကျ‌ရောက်‌နေ၏။ ဤ‌ဒေသ၌ ပူအိုက်‌သော ရာသီဥတုရှိ၍ ကျယ်ပြန့်‌သော မြက်ခင်းကြီးများကို ‌တွေ့ရှိ နိုင်၏။ ထိုအရပ်၌ ‌နေထိုင်ကြ‌သောလူများသည် ကျွဲနွားသိုး ဆိတ်များ ‌မွေးမြူခြင်းဖြင့် ‌နေထိုင်စား‌သောက်ကြ၏။ ဤအပိုင်း မှာ လူ‌နေအလွန်နည်းပါး‌လေသည်။ ‌အော်ရင်နိုးကိုးမြစ်ဝှမ်း အ‌ရှေ့ပိုင်းမှာ စိုစွတ်၍ ရွှံ့‌စေး‌ပေါများပြီးလျှင် သစ်‌တောထူထပ် ‌လေသည်။ အမ္မဇုန်မြစ်ဝှမ်းသည် ဗရာဇီးနိုင်ငံ ‌မြောက်ပိုင်းတွင် တည် ရှိ၍ အ‌နောက်ဘက်သို့ အန်းဒီး‌တောင်တန်း‌ဒေသအထိ ကျယ် ပြန့်‌လေသည်။ ရာသီဥတုမှာ ပူအိုက်၍ ကျန်းမာခြင်းနှင့်မညီ ‌ချေ။ မိုးအ‌မြောက်အမြား ရွာသွန်း၏။ သစ်‌တောများ ထူထပ်စွာ ‌ပေါက်‌ရောက်၍ ရွှံ့နွံ‌ဒေသ‌ပေါများ‌လေသည်။ ဤ ‌ဒေသတွင်‌နေထိုင်ကြ‌သော လူမျိုးများမှာ ‌ရှေးကျ‌သော တိုင်း ရင်းသားလူမျိုးများဖြစ်၍ ‌ရှေးကျ‌သော လယ်ယာစိုက်ပျိုးခြင်း စံနစ်ကိုပင် အမှီပြုကာ ‌နေထိုင်စား‌သောက်ကြ‌လေသည်။ သစ်‌တောများတွင် အဖိုးတန်သစ်ပင်များ ရှိ‌သော်လည်း ခရီး လမ်း ခက်ခဲမှု‌ကြောင့် ထိုသစ်ပင်များကို ခုတ်လှဲ‌ရောင်းချခြင်း မပြုနိုင်‌ချေ။ လွင်ပြင်‌ဒေသ၏ တတိယအပိုင်းမှာ ပါရာနာ၊ ပါရဂွေးနှင့် အုရူ‌ဂွေး မြစ်ဝှမ်း‌ဒေသများပင်ဖြစ်၏။ ဤလွင်ပြင်‌ဒေသသည် အာဂျင်တီးနား၊ ပါရဂွေး၊ အူရူ‌ဂွေးနှင့် ဗရာဇီး‌တောင်ပိုင်း‌ဒေသ များကို လွှမ်းခြုံတည်ရှိ၏။ ‌မြေဩဇာထက်သန်​ကောင်းမွန်၍ ရှည်လျား‌သော မြက်ပင်များ ‌ပေါက်‌ရောက်‌လေသည်။ မိုးနည်း ပါးသည့်အပိုင်း၌ သာမန်မြက်ခင်းများရှိသည်။ အ‌ရှေ့‌တောင်ပိုင်း လွင်ပြင်‌ဒေသ၌ မိုး‌ကောင်း၍မျှတ၏။ သို့ရာတွင် အတွင်းဘက် အန်းဒီး‌တောင်တန်း၌မူကား မိုးနည်းပါးသည်။ ပါရဂွေးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ ‌မြောက်ပိုင်းတို့၌ ‌နွေရာသီတွင် အလွန်ပူ ပြင်း၏။ ၁၈၁၀ ပြည့်နှစ်မတိုင်မီက ဤလွင်ပြင်‌ဒေသများတွင် လူသူတစ်စုံ တစ်‌ယောက်မျှ မ‌နေထိုင်ခဲ့ကြ‌ချေ။ ထို‌နောက်မှသာ လူများလာ‌ရောက်‌နေထိုင်စ ပြုကြပြီးလျှင် လယ်ယာကိုင်းကျွန်း လုပ်ငန်းများကို လုပ်ကိုင်ကြ‌လေသည်။ မီးရထားလမ်းများကို ၁၈၇ဝ ပြည့်နှစ်တွင် စတင်‌ဆောက်လုပ်ခဲ့ကြရာ ယခုအခါ မီးရထားလမ်းများသည် ပိုက်ကွန်ကဲ့သို့ တစ်ခုနှင့်တစ်ခု ယှက် လျက်ပင် ရှိ‌နေ‌လေပြီ။ ဤ‌ဒေသ၌ နွား၊ သိုး၊ ဆိတ် ‌မွေးမြူခြင်းသည် အဓိက လုပ်ငန်းဖြစ်၏။ ပလိတ်မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် ဂျုံနှင့် ‌ပြောင်းဖူးကို အ‌မြောက်အမြား စိုက်ပျိုးလုပ်ကိုင်ကြ၏။ ‌မြောက် ပိုင်းဖြစ်‌သော ပါရာနာ မြစ်ကမ်းတစ်‌လျှောက်၌ကား ကြံခင်း များကို ‌တွေ့ရှိနိုင်‌ပေသည်။ အ‌ရှေ့ပိုင်း‌တောင်ကုန်း‌ဒေသ သို့မဟုတ် ဗရာဇီးကုန်းမြင့် ‌ဒေသတွင် ဗိုလစ်ဗီးယားနိုင်ငံအ‌နောက်ပိုင်းနှင့် ဗရာဇီးနိုင်ငံတို့ ပါဝင်ကြ၏။ ဤကုန်းပြင်မြင့်သည် အ‌ရှေ့ပိုင်း၌ ‌ပေ ၂၀၀၀ ‌ကျော်မြင့်၍၊ အတွင်းဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား ‌လေသည်။ ထို‌ဒေသသည် တြိဂံကဲ့သို့ ပုံသဏ္ဌာန်ရှိ၍ အတ္တ လန္တိတ်ကမ်း‌ခြေပိုင်း၌ အကျယ်ပြန့်ဆုံးဖြစ်၏။ ဗရာဇီးကုန်းမြင့်‌ဒေသသည် ပူအိုက်‌သော ရာသီဥတုရှိ၍ မိုးများ၏။ ပူအိုက်၍ ရွှံ့နွံ‌ပေါများ‌သော အရပ်များ၌ ‌တောထူ ထပ်‌သော်လည်း ဤ‌နေရာများတွင် မြက်ခင်းများနှင့် ‌သေးငယ် ‌သော သစ်‌တောများကိုသာ ‌တွေ့ရှိနိုင်‌လေသည်။ ဤ‌ဒေသ၏ ‌တောင်ပိုင်း၌ နွား‌မွေးမြူသည့် လုပ်ငန်းများကို လုပ်ကိုင်ကြ၏။ ကာဖီပင် စိုက်ပျိုးခြင်းသည် ဗရာဇီးနိုင်ငံ၏ အဓိကလုပ်ငန်းကြီး ပင် ဖြစ်‌လေသည်။ စန်‌ပေါ်လိုနှင့် ဝိတိုရိယမြို့ နှစ်မြို့စပ်ကြားရှိ ဆင်‌ခြေ‌လျှော ‌တောင်‌စောင်းများတွင် ကာဖီအများဆုံးစိုက်ပျိုး ၏။ ထို‌ဒေသ၏ ‌မြောက်ဘက်၌ သံထွက်‌သော‌နေရာများကို ‌တွေ့ရှိကြ၏။ သို့ရာတွင် တူး‌ဖော်ခြင်း မပြုလုပ်နိုင်‌သေး‌ချေ။ ဗရာဇီးနိုင်ငံအတွင်း၌ ယခုအခါ လူဦး‌ရေ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာ၏။ ကာဖီစိုက်ပျိုးခင်းများရှိသည့် ‌နေရာများတွင် လူအ‌နေများ၏။ အထူးသဖြင့် ရီးအိုဒါဇနဲရိုး မြို့တစ်ဝိုက်သည် ‌တောင်အ‌မေရိကတိုက်တွင် လူဦး‌ရေ အထူ ထပ်ဆုံးဖြစ်သည်။ ‌တောင်အ‌မေရိကတိုက်တွင် ပင်လယ်ဆိပ်ကမ်းမြို့ လွန်စွာ နည်းပါး၏။ ရှိသမျှ ဆိပ်ကမ်းမြို့များမှာလည်း အများအားဖြင့် အတ္တလန္တိတ် ကမ်း‌ခြေဘက်တွင်သာ တည်ရှိကြ‌လေသည်။ အဘယ်‌ကြောင့်ဆို‌သော် နိုင်ငံခြားသို့တင်ပို့၇‌သော အ‌ရေးကြီး သည့် ထွက်ကုန်များမှာ အဆိုပါ ကမ်း‌ခြေတစ်‌လျှောက်တွင်သာ အများအပြား ထွက်‌သော‌ကြောင့်တည်း။ ‌တောင်အ‌မေရိကတိုက်ရှိ မြစ်ကြီးများသည် ပြည်တွင်း သယ်ယူပို့‌ဆောင်‌ရေးလုပ်ငန်းတွင် များစွာ အ‌ထောက်အပံ့ရ သည်။ ပင်လယ်ကူး သ‌င်္ဘောကြီးများသည် အမ္မဇုန်မြစ်အတွင်း သို့ မိုင်‌ပေါင်း ၁၀၀၀ အထိ ခုတ်‌မောင်းနိုင်၍ သ‌င်္ဘောအငယ် စားများမှာ မြစ်ဝမှ မိုင် ၁၇ဝ၀ ကွာ‌ဝေး‌သော ပီးရူးနိုင်ငံ အတွင်းရှိ အီကီးတိုးမြို့အထိ ဆန်တက်နိုင်ကြ‌လေသည်။ ဤ‌ဒေသ၌ မီးရထားလမ်း အနည်းငယ်သာရှိ၍ ‌မော်‌တော်ကားလမ်းလည်း မများလှ‌ချေ။ ‌တော‌တောင်ထူထပ် ခြင်းသည် မီးရထားလမ်း ‌ဖောက်လုပ်‌ရေးလုပ်ငန်းကို ခက်ခဲ ‌စေ၏။ သို့ဖြစ်၍ တစ်နယ်မှတစ်နယ်သို့ ကူးသန်းသွားလာ‌ရေး အတွက် ‌လေ‌ကြောင်းခရီးကို အားကိုးပြုကြရလေသည်။ ‌တောင်အ‌မေရိကတိုက်စာ‌ပေ။။ ‌တောင်အ‌မေရိကတိုက်၌ လွှမ်းမိုး‌သော ဘာသာစကားသည် စပိန်စကားဖြစ်သည်။ ထို့‌ကြောင့် ‌တောင်အ‌မေရိကတိုက်စာ‌ပေ ဟူရာ၌ ‌တောင်အ‌မေရိကတိုက်တွင် သုံးစွဲ‌သော စပိန်စာ‌ပေကို ဆိုလို‌ပေသည်။ ထိုစာ‌ပေသည် လွန်ခဲ့‌သော နှစ်‌ပေါင်း ၄၀၀ အထက်တွင် ‌တောင်အ‌မေရိကတိုက်သို့ နယ်သစ်တည်၍ သာသနာပြုရန်လာ‌ရောက်ကြ‌သော စပိန်နှင့် ‌ပေါ်တူဂီလူမျိုး တို့က မိမိတို့၏ဇာတိဌာ‌နေသို့ ‌ရေးသားတင်သွင်း အစီရင်ခံကြ ‌သောစာများမှ အစပြု၍ ဖြစ်ထွန်းလာ‌သော စာ‌ပေဖြစ်သည်။ ၁၆ ရာစုနှစ် ကုန်ဆုံးခါနီး၌ မက္ကဆီကိုပြည်နယ်နှင့် ပီးရူးနိုင်ငံ ရှိ လီမာမြို့‌တော်တို့သည် ပညာဗဟုသုတအရာတို့၌ အချက် အခြာ‌ဒေသများ ဖြစ်ခဲ့‌လေရာ၊ ထို‌ခေတ်၌ ‌ပေသရို‌သေအိုညာ (ခရစ် ၁၅၇၁ ခုနှစ်)အမည်ရှိ ချီလီပြည်နယ်သား ကဗျာ ဆရာ၏ အဲပစ်ကဗျာသည် ၁၅၉၆ ခုနှစ်တွင် များစွာ ထင်‌ပေါ် ‌ကျော်‌စော လာခဲ့သည်။ ၁၇ ရာစုနှစ်၌မူ ပြဇာတ်များ ‌ခေတ်စား လာ၍၊ ဟွန်းရူးအီး‌သေအားလားကွန်းသည် ထင်ရှား‌သော ပြဇာတ်ဆရာကြီးဖြစ်ခဲ့သည်။ ထို့ပြင် ထို‌ခေတ်က အဓိပ္ပာယ် နက်နဲ‌သော ဂမ္ဘီရကဗျာများလည်း များစွာ တွင်ကျယ်ခဲ့‌လေ သည်။ ဝတ္ထုအ‌ရေး အသားမှာကား ၁၈ ရာစုနှစ်တွင် ထင်‌ပေါ် လာခဲ့‌လေသည်။ မက္ကဆီကိုပြည်သား ဝတ္ထု‌ရေးဆရာ ဖာနန်း‌ဒေး ‌သေ လီဆားသီ၏ဝတ္ထုသည် ‌တောင်အ‌မေရိကတိုက်စာ‌ပေတွင် ထူးခြား‌သော ဝတ္ထုဖြစ်သည်။ ၁၉ ရာစုနှစ်သို့ ‌ရောက်‌သော် ‌တော်လှန်‌ရေးအမျိုးမျိုးများ ဖြစ်ပွား‌နေသည့်အထဲတွင် နိုင်ငံနှင့်အမျိုးကိုချစ်‌သော ရသ‌ပေါ်‌အောင် ဖွဲ့နွဲ့သည့်ကဗျာများ ‌ပေါ်‌ပေါက်လာပြီးလျှင် ‌တော်လှန်‌ရေးများ ပြီးစီးသွား‌သောအခါ တိုင်းရင်းသားတို့သည် စပိန်နိုင်ငံနှင့်စပ်ဆိုင်‌သော အ‌ကြောင်း အရာတို့ကို ဖွဲ့နွဲ့စပ်ဆိုခြင်းကို ငြီး‌ငွေ့ရွံရှာလာကြပြီးလျှင် မိမိ တို့‌နေရပ်ဌာနီနှင့် စပ်ဆိုင်ရာအ‌ကြောင်းတို့ကို ဖွဲ့နွဲ့‌ရေးသားလာ ကြ‌လေသည်။ ၁၉ ရာစုနှစ်‌နောက်ပိုင်း၌ ‌တောင်အ‌မေရိကတိုက် ၏ဇာတိကို ‌ဖော်ပြရာဖြစ်‌သော မြင်းစီးသူရဲ နွား‌ကျောင်းသား ‌ဂေါင်ချိုတို့၏ဘဝကို ဖွဲ့နွဲ့သည့်ကဗျာများသည် အာဂျင်တိုင်းပြည် နယ်တွင် ထွန်းကားလာ‌လေသည်။ ထို‌ခေတ်တို့မှ လွန်လာ‌သောအခါ စာ‌ပေ‌လောကတွင် ကဗျာ ကို ပိုမို၍ တိုးတက်ဖွံ့ဖြိုး‌အောင်လုပ်‌သော ‌ခေတ်သစ်စာ‌ပေဂိုဏ်း နှင့် အမျိုးသားစိတ်ဓာတ်ကိုလှုံ့‌ဆော်‌ပေး‌သော အမျိုးသားစာ‌ပေ ဂိုဏ်းဟူ၍ နှစ်မျိုးထွန်းကားလာ‌လေသည်။ သို့‌သော် ဤ‌ခေတ် တွင် ထွန်းကား‌သော ‌တောင်အ‌မေရိကတိုက်စာ‌ပေမှာမူ ခရစ် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖြစ်‌ပေါ်ခဲ့‌သော မက္ကဆီကို‌တော်လှန် ‌ရေးမှ အစပြုသည်။ ထို‌တော်လှန်‌ရေးမှာ ဆင်းရဲသားလူထု၏ ‌မြေယာ‌တော်လှန်‌ရေးဖြစ်‌လေရကား မာရီယာနိုအာ‌ဇွေးလားနှင့် လို‌ပေ့အီဖွိန်း‌တေးဟူ‌သော စာ‌ရေးဆရာတို့သည် အဖိနှိပ်ခံ လူတန်းစားတို့၏အ‌ကြောင်းကို ‌ရေးသားလာကြ‌လေသည်။ ထိုမှသည် ‌တောင်အ‌မေရိ ကတိုက်အတွင်းရှိ လူထုအ‌ကြောင်း၊ ထိုလူထုတို့ မှီတင်း‌နေထိုင်ရာ‌ဒေသအ‌ကြောင်း စသည့်တို့နှင့် ဆိုင်‌သော ဝတ္ထုတို့ ‌မြောက်မြားစွာ ‌ပေါ်‌ပေါက်လာ‌လေရာ၊ မျက်‌မှောက်ကာလတွင် ဝတ္ထု‌ခေတ်သည် ဖွံ့ဖြိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ ‌တောင်အ‌မေရိကတိုက်နှင့် စပ်လျဉ်းသမျှကို ‌မြောက်အ‌မေရိကတိုက်နှင့် ခြားနား‌လေ‌အောင် လက်တင် အ‌မေရိကဟု ‌ခေါ်‌ဝေါ်‌လေ့ရှိသည့်အား‌လျော်စွာ ‌တောင် အ‌မေရိကတိုက်စာ‌ပေကို လက်တင်အ‌မေရိက စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်ကြသည်။ စပိန်လူမျိုးတို့၏ အနွယ်ဖြစ်၍ စပိန် ဘာသာကိုမူတည်‌သော အချက်‌ကြောင့်လည်း စပင်းနစ် အ‌မေရိကန်စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ နိုင်ငံများ နိုင်ငံနှင့် ဒေသအမည် ဧရိယာ လူဦးရေ(ဇူလိုင် ၂၀၀၉ မှန်းချက်) လူဦးရေသိပ်သည်းမှု(per km²) မြို့တော် ၂,၇၆၆,၈၉၀ ၄၀,၄၈၂,၀၀၀ ၁၄.၃ ဗျူနိုအေးရိစ်မြို့ ၁,၀၉၈,၅၈၀ ၉,၈၆၃,၀၀၀ ၈.၄ လာပါးစ်မြို့ နှင့် ဆူးခရဲ့မြို့ ၈,၅၁၄,၈၇၇ ၁၃၁,၂၄၁,၇၁၄ ၂၂ ဘရာစေးလေးယားမြို့ ၇၅၆,၉၅၀ ၁၆,၉၂၈,၈၇၃ ၂၂ ဆန်တီယာဂိုမြို့ ၁,၁၃၈,၉၁၀ ၄၅,၉၂၈,၉၇၀ ၄၀ ဘိုဂိုတာမြို့ ၂၈၃,၅၆၀ ၁၄,၅၇၃,၁၀၁ ၅၃.၈ ကွီတိုမြို့ ယူကေ ၁၂,၁၇၃ ၃၁၄၀ ၀.၂၆ စတန်းလီမြို့ ပြင်သစ် ၉၁,၀၀၀ ၂၂၁,၅၀၀ ၂.၇ ကာရန်းမြို့ ၂၁၄,၉၉၉ ၇၇၂,၂၉၈ ၃.၅ ဂျော့ရှ်တောင်းမြို့ ၄၀၆,၇၅၀ ၆,၈၃၁,၃၀၆ ၁၅.၆ အဆွန်စီယုန်းမြို့ ၁,၂၈၅,၂၂၀ ၂၉,၁၃၂,၀၁၃ ၂၂ လီမာမြို့ ယူကေ ၃၀၉၃ ၂၀ ၀ ဂရစ်ဗစ်ကန်မြို့ ၁၆၃,၂၇၀ ၄၇,၂၀၀ ၃ ပါရာမာရီဘိုမြို့ ၁၇၆,၂၂၀ ၃,၄၇၇,၇၈၀ ၁၉.၄ မွန်တီဗစ်ဒီအိုမြို့ ၉၁၂,၀၅၀ ၂၆,၈၁၄,၈၄၃ ၃၀.၂ ကရာကတ်စ်မြို့ စုစုပေါင်း ၁၇,၈၂၄,၅၂၃ ၃၈၅,၇၄၂,၅၅၄ ၂၁.၅ ကိုးကား Category:ပထဝီဝင် Category:တိုက်ကြီးများ
စနေဂြိုဟ်
စေတန် (စနေဂြိုဟ်) ()သည် နေမှခြောက်ခုမြောက်ဂြိုဟ် တစ်ခုဖြစ်ပြီး အစိုင်အခဲများထက် ဓာတ်ငွေ့ များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ စေတန်သည် နေအဖွဲ့အစည်းထဲတွင် ဂျူပီတာဂြိုဟ်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးဂြိုဟ် ဖြစ်သည်။ စေတန် (Saturn) ဟူသော နာမည်မှာ ရောမနတ်ဘုရား စေတန်နတ်မှ ဆင်းသက်လာပြီး ဂရိနတ်ဘုရား ကရိုနိုစ် (Chronos)နှင့် အတူတူပင်ဖြစ်သည်။ စေတန်ဂြိုဟ်၏ သင်္ကေတမှာ ♄ ဖြစ်ပြီး စေတန် နတ်တံစဉ်ပုံမှ ယူထားခြင်း ဖြစ်သည်။Sailormoon Terms and Information . Robin (1996). Retrieved on July 5, 2007.Crystal, Ellie. Saturn Mythology. Crystalinks.com. Retrieved on February 28, 2007. စေတန်ဂြိုဟ်တွင် ကျောက်ခဲ များ၊အမှုန် များ ပါဝင်သော ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးများ ပါဝင်သည်။ ၎င်းတို့ထဲမှ ၅၉လုံးမှာ လများဖြစ်ပြီး နောက်ထပ်၃လုံးမှာ ၂၀၀၇ခုနှစ်ထိ အတည်ပြုမစစ်ဆေး ရသေးပါ။ ၎င်းတို့ထဲမှ အကြီးဆုံးလ တိုက်တန် ဟူသော အစိတ်အပိုင်းသည်ပင် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီဂြိုဟ်) ထက် ကြီးမားသည်။ စနေဂြိုဟ် စနေဂြိုဟ်သည် နက္ခတ္တဗေဒအရ စေတန်ဂြိုဟ်ဖြစ်သည်။ နေစကြဝဠာတွင် ထိုဂြိုဟ်သည် ဂျူပီတာ(ကြာသပတေးဂြိုဟ်) မှလွဲလျှင် အကြီးဆုံးဂြိုဟ်ဖြစ်သည်။ စေတန်ဂြိုဟ်၏ မျက်နှာ ပြင်သည် ကမ္ဘာမြေမျက်နှာပြင်ထက် အဆပေါင်း ၈ဝ ခန့်ကြီး သည်။ စေတန်ဂြိုဟ်တွင် ကွင်းများ ပါရှိသဖြင့် အလွန် ထူးဆန်း အံ့ဩဖွယ်ကောင်းသည်။ စေတန်ဂြိုဟ်လုံး၏အချင်းမှာ မိုင်ပေါင်း ၇၃ဝဝဝ ရှိ၍ အကြီး ဆုံးကွင်း၏ အချင်းမှာ မိုင်ပေါင်း ၁၇ဝဝဝဝ ရှိသည်။ စေတန်ဂြိုဟ်သည် ကမ္ဘာ ဂြိုဟ်၏ ၈ ပုံ ၁ ပုံခန့်လောက်သာ သိပ်သည်း၏။ အကယ်၍ ထိုဂြိုဟ်ကို ရေထဲ၌ချ၍ရလျှင် ပေါလောပေါ်နေမည်ဖြစ်သည်။ စေတန်ဂြိုဟ်ပေါ်၌ သက်ရှိတို့ မနေနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်၏အပူချိန်သည် ဖာရင်ဟိုက်စကေးတွင် သုညဒီဂရီအောက် ၂၅ဝ လောက်ရှိသည်။ ယင်းကို ပတ် ထားသော လေထု၌လည်း သက်ရှိတို့ အသက်ရှင်နိုင်အောင် လုံလောက်သော အောက်ဆီဂျင် မပါရှိချေ။ စေတန်ဂြိုဟ်သည် နေနှင့်ကမ္ဘာတို့မှ အလွန်ဝေးကွာသည်။ နေမှ မိုင်ပေါင်း ၈၈၆ သန်းဝေး၍ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅ဝ ဝေးကွာသည်။ ထိုဂြိုဟ်သည် နေကို တစ်ပတ်လှည့်ပတ် ရန် ၂၉ ၁/၂ နှစ်ခန့် ကြာသည်။ စေတန်ဂြိုဟ်၌ တစ်နှစ် သည် ကမ္ဘာဂြိုဟ်၌ ၂၉ ၁/၂ နှစ်နှင့် ညီမျှသည်။ စေတန် ဂြိုဟ်၏ တစ်ရက်သည် ၁ဝ ၁/၄ နာရီခန့်သာရှိသည်။ စေတန်ဂြိုဟ်၌ ကွင်းပါရှိသည်ကို ခရစ် ၁၆၁ဝ ပြည့်နှစ်ကပင် သိပ္ပံပညာရှိ ဂယ်လီလေယိုက မြင်ခဲ့သည်။ ယခုတွင် စေတန်ဂြိုဟ်၌ ကွင်းသုံးကွင်း ပါရှိကြောင်း သိကြရပြီ။ ထိုကွင်းတို့သည် အလွန်သေးငယ်သော မြူမှုန်တို့ဖြင့် ပြည့် လျက် ရှိသည်။ ထိုမြူမှုန်တို့ကား စေတန်ဂြိုဟ်ကို အလွန် မြန်သော အလျင်နှင့် လှည့်ပတ်နေကြသည်။ စေတန်ဂြိုဟ်၌ အရံဂြိုဟ် ၉ လုံး ခြံရံလျက်ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ကမ္ဘာဂြိုဟ်နှင့် စနေဂြိုဟ်ကို အရွယ်အစားခြင်း ယှဉ်ပြထားသောပုံစနေဂြိုဟ်သည် ဝင်ရိုးစွန်းများတွင် ပြား၍ အီကွေတာတစ်လျှောက်တွင် လုံးပတ်ပိုကြီးသော oင်ရိုးစွန်းပြားစက်လုံးပုံ(oblate spheroid) ဖြစ်သည်။ အီကွေတာ အချင်းမှာ ၁၂၀,၅၃၆ ကီလိုမီတာ(၇၄,၈၆၇ မိုင်)ရှိပြီး၊ မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းအထိ အချင်းသည် ၁၀၈,၇၂၈ ကီလိုမီတာ(၆၇,၅၃၅ မိုင်) သာရှိပြီး၊ အီကွေတာ အချင်းထက် ၉ ရာခိုင်နှုန်းသေးသည်။ စနေဂြိုဟ်၏ ဝင်ရိုးစွန်းပြားစက်လုံးပုံဖြစ်ရခြင်း၏ အကြောင်းရင်းခံမှာ ၎င်း၏ အလွန်လျင်မြန်သော လည်ပတ်မှုကြောင့် ဖြစ်သည်။ ၁၀.၈ နာရီတွင် တစ်ပတ်ပြည့်သည်။ (ကမ္ဘာဂြိုဟ်တစ်ပတ်ပြည့်ရန် ၂၄ နာရီကြာသည်နှင့် ယှဉ်ကြည့်ပါ။) စနေဂြိုဟ်သည် နေအဖွဲ့အစည်း အတွင်း ရေထက်ပေါ့သော တစ်လုံးတည်းသောဂြိုဟ် ဖြစ်သည်။ ဂြိုဟ်၏အတွင်းသားသည် အလွန်ပင်သိပ်သည်းသော်လည်း ၎င်း၏ လွှမ်းခြုံထားသော ဓာတ်ငွေ့ထုကြောင့်၊ သူ၏ သိပ်သည်းဆ(specific density)မှာ ၀.၆၉ ဂရမ်/ကုဗစင်တီမီတာသာ ရှိသည်။ ရေ၏ သိပ်သည်းဆ ၁.၀ ဂရမ်/ကုဗစင်တီမီတာ ထက်နည်းသဖြင့် တင်စားပြီးပြောမည်ဆိုလျှင် ရေပေါ်တွင်ပေါ်နိုင်သည်။စနေဂြိုဟ် ဖွဲ့စည်းပုံပြ စကေးကိုက်ပုံ ပြင်ပလေထု စနေဂြိုဟ်၏ ပြင်ပလေထုကို ၉၆% ဟိုက်ဒရိုဂျင်၊ ၃% ဟီလီယမ်၊ ၀.၄% မီသိန်းနှင့် ၀.၀၁%အမိုးနီးယားတို့ဖြင့် ဖွဲ့စည်းထားသည်။ အက်ဆီတိုင်လီးန်(acetylene)၊ အီသိန်း(ethane)နှင့် ဖစဖီးန်(phosphine)တို့လည်း အနည်းငယ်စီ ပါဝင်သည်။ မြန်မာနက္ခတ်ဗေဒင်ပညာအယူ မြန်မာကျမ်းဂန်အရ စနေဂြိုဟ်သည် ဂြိုဟ်ကြီး ၉ လုံး တွင် ၇ ခုမြောက် ဂြိုဟ် ဖြစ်သည်။ လှေသင်အတွင်းဝန် စီရင်သော ဝေါဟာရလိနတ္ထဒီပနီတွင် စနေဂြိုဟ်ကို မှန်ပြောင်းဖြင့် ကြည့်၍ မြင်ရသည်ကို ဤသို့ မှတ်သားထားသည်။ 'ထိုစနေကြယ် ဗိမာန်ကား ၁င်္ဝ ခန့်ကြီးသည်။ အလယ်တွင် ပတ္တမြားလုံး သဏ္ဌာန် ရှိသည်။ အနားမှာ ဖြူစင်လှသောပိတ် ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ လက်ဝဲလက်ယာ ၂ ဖက်တွင် မည်းသောအဆင်းနှင့် တွင်းအပေါက်ကဲ့သို့ ထင်မြင်သည်။ အနီးအပါးတွင် အရံကြယ် ၅ လုံးရှိသည်။ အလုံးအဝန်းမဟုတ်၊ ကြက်ဥသဏ္ဌာန်ခပ်လျားလျား ထင်သည်။' စနေဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ်၏ ၇ ရက်မြောက် သောနေ့ကို စနေနေ့ဟုခေါ်သည်။ မြန်မာကျမ်းဂန်အရ ကဆုန်၊ တော်သလင်း၊ ပြာသိုလများတွင် စနေနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက် များဟူ၍ မှတ်ယူကြသည်။ စနေဂြိုဟ်နတ်မင်း စီးသော ဂြိုဟ်ကောင်မှာ နဂါးမင်း ဖြစ် သည်။ 'နောက်တောင် စနေ၊ နဂါးမြွေ၊ မှတ်လေဆယ်နှစ်ရ' ဟူသော ဂြိုဟ်လင်္ကာအရ စနေဂြိုဟ်သက်မှာ ၁ဝ နှစ်၊ တည်နေရာအရပ်မှာ အနောက်တောင်အရပ်ဖြစ်သည်။ ဗေဒင်အခေါ် အားဖြင့် စနေဂြိုဟ်ကို သောရိဟု ခေါ်၏။ မြန်မာအက္ခရာအားဖြင့် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟူသော ဋဝဂ်နှင့် တဝဂ် အက္ခရာများကို စနေနံအက္ခရာများဟုခေါ်သည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ဆက်စပ်ဖတ်ရှုရန် နက်ပကျွန်းဂြိုဟ် ဂျူပီတာဂြိုဟ် Oort Cloud ကိုးကား ပြင်ပလင့်ခ်များ Saturn at Space Wiki Saturn at ESA/Hubble Saturn Profile by NASA's Solar System Exploration Saturn - About Space NASA's Saturn fact sheet NASA's Cassini mission to Saturn Change of seasons on Saturn Theoretical description of the rings of Saturn Saturn Research News A Trip Into Space Description and photos of Saturn Planets - Saturn A kid's guide to Saturn. A WAV file of radio emissions from Saturn NASA's Cassini Images of Hexagon on Saturn Category:စနေဂြိုဟ် Category:နေအဖွဲ့အစည်း၏ ဂြိုဟ်များ ကဏ္ဍ:ဓာတ်ငွေ့ဂြိုဟ်ဘီလူးများ
ကယားပြည်နယ်
ကယားပြည်နယ် သို့မဟုတ် ကရင်နီပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်တွင် ကရင်ပြည်နယ်တို့ ဝန်းရံလျက်ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လတွင် ကယားပြည်နယ်၏ လူဦးရေမှာ ၂၉၉,၀၂၃ ဖြစ်သည်။ ကယားပြည်နယ်လူဦးရေ၏ ၆၀ရာခိုင်နှုန်းသည် ကရင်နီလူမျိုးဟု ခေါ်ဝေါ်သော ကယားလူမျိုး များဖြစ်ကြသည်။ သမိုင်းကြောင်း ကယားပြည်နယ်သည် ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက လူမျိုးနွယ်များ နေထိုင်ခဲ့သော ပြည်နယ်တစ်နယ်ဖြစ်သည်။ မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ခေတ်ကာလအတွင်း ကရင်နီပြည်နယ်၌ ကန္ဒရဝတီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး နှင့်နောင်ပုလဲ (ကြယ်ဖိုးကလေး)နယ်တို့တွင် နယ်မြေအလိုက် နယ်ရှင် စော်ဘွားများက အုပ်ချုပ်ခဲ့သည်။ နယ်ရှင်စော်ဘွား များ၏ ရုံးသုံးစာပေမှာ မြန်မာစာဖြစ်၍ (သစ်မခုတ်ရ/ဝါးမခုတ်ရ)စသည့် တားမြစ်စာများ ထုတ်ပြန် ရာ၌ မန္တလေးမင်းနေပြည်တော်တွင် ထုတ်ပြန်သည့်အတိုင်း ကျွန်းသားပေါ်၌ စာလုံးကိုထွင်း၍ ထုတ်ပြန်သည်ကို တွေ့ရှိရသည်။ ၁၈၈၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗြိတိသျှစစ်တပ်က အရှေ့ကရင်နီပြည်နယ် မြို့တော်စောလုံကို သိမ်းပိုက်ပြီးနောက် စော်ဘွားစဝ်လဝီအား ကန္ဒရဝတီ မြို့စားအဖြစ် ပြောင်းလဲ၍ အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြို့စားများ၏ ဆန္ဒသဘောအတိုင်း မဟုတ်ဘဲ (ဘာနဒ်)စာချွန်တော် အမိန့်ပါစာများအရသာ အုပ်ချုပ်စေခဲ့သည်။ ထိုဘာနဒ် စာချွန်တော်အမိန့်များကို (၁၈၉၀)ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ကန္ဒရဝတီမြို့စား စပ်လဝီထံ သို့လည်းကောင်း၊ (၁၈၉၁)ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့တွင် ဘောလခဲမြို့စားဖဘန်ထံသို့ လည်းကောင်း ထုတ်ပြန်ပေးအပ်ပြီး တောင်ကြီးမြို့၌ ရုံးစိုက်သော ရှမ်းပြည်နယ်မင်းကြီး၏ လက်အောက်တွင် အုပ်ချုပ်မှုကို ထားရှိ၍ လွိုင်ကော်မြို့နယ်၌ ရုံးစိုက်သည့် လက်ထောက် နိုင်ငံရေးအရာရှိ(Assistant Political Officer) နောင်အခါ နယ်ခြားဝန်ထောက်(Assistant Resident)၏ သဘောတူညီမှုဖြင့် မြို့စားများက ဆောင်ရွက်နိုင်သည်။ ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ် မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ် အမည်နှင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ လူထု ဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၌ ကယားပြည်နယ်အတွင်းရှိ နယ်ရှင်စော်ဘွားများ အာဏာစွန့်လွှတ်ပြီးသည့်အခါ အထွေထွေအုပ်ချုပ်ရေးကို ကယားပြည်နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲခြားကာ ပြုပြင်ဖွဲ့စည်းခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းတွင် လွိုင်ကော်နှင့် ရွာသစ်မြို့နယ်များပါဝင်ပြီး အနောက်ပိုင်းတွင် ဘောလခဲမြို့နယ်၊ ကြယ်ဖိုးကြီးနယ်နှင့် ဖားဆောင်းမြို့နယ် တို့ပါဝင်သည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် အုပ်ချုပ်ရေးမူသစ်အရ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွိုင်ကော်နယ်ပိုင်နယ်၊ ရှားတောနယ်ပိုင်နယ်နှင့် ဖားဆောင်းနယ်ပိုင်နယ်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တော်လှန်ရေး ကောင်စီကာလ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည် သတ်မှတ်ချက်အရ ကယားပြည်နယ်ကို ခရိုင်ခွဲ ၂ ခု၊ မြို့နယ် ၆ ခုနှင့် မြို့နယ်ခွဲ ၇ ခုတို့ဖြင့် ပြုပြင်ဖွဲ့စည်းခဲ့သည်။ ခရိုင်ခွဲ ၂ ခုမှာ လွိုင်ကော်ခရိုင်ခွဲနှင့် ဖားဆောင်းခရိုင်ခွဲတို့ ဖြစ်ပြီး မြို့နယ်ခွဲ ၇ ခုမှာ လွိုင်ကော်၊ ထီးစဲခါး၊ နန်းမယ်ခုံ၊ ကေကော၊ မော်ချီး၊ ရွာသစ်၊ မယ်စတယ် တို့ဖြစ်သည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ခေတ်ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၇၂ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ စာအမှတ်၊ ၁၀၅/၇/ စိတ် ၁-အရ မယ်စဲ့နန်မြို့နယ်အစား ဘောလခဲမြို့နယ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ပြည်နယ်/တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာတွင် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ် ၆ မြို့နယ်တို့ကို လွိုင်ကော်မြို့နယ်စု အဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့သည်။ လွိုင်ကော်မြို့နယ်စုကို ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဘောလခဲခရိုင်ကို ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲပါဝင်လျက် ဧရိယာ အကျယ်အဝန်း အားဖြင့် ၁၉၉၄.၇၆ စတုရန်းမိုင် ၁၂၇၆၆၅၃ ဧကဖြင့် သတ်မှတ်ပေးခဲ့သည်။ ​ဒေသတွင်းအုပ်ချုပ်​ရေး အိမ်ထောင်စုတွင် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားပြီး ဖခင်ကို ရိုသေ၍ ဩဇာခံယူသည့် နည်းတူ ရပ်ရွာတွင်လည်း သက်ရွယ်ကြီးသူ ကျေးရွာလူကြီးတို့၏ ဩဇာကို နာခံတတ်သည်။ ရပ်ရွာတွင်လည်း လူထုမှ လေးစားသော ကျေးရွာသက်ကြီးရွယ်အိုများက စီမံခန့်ခွဲ အုပ်ချုပ်မှုကို လိုက်နာသည်။ ယခုအခါတွင် ပြည်နယ်ဦးစီးအဖွဲ့နှင့် ကျေးရွာမြို့နယ် အဆင့်ဆင့် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မီတီများ ထားရှိသည်။ ဓလေ့ထုံးတမ်းများအရ လိုက်နာကြသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများ ကယားပြည်နယ်အား ၁၉၁၀ ခုနှစ်မှ ယနေ့အထိ အုပ်ချုပ်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။ ပါလီမန်အုပ်ချုပ်ရေးကာလ စဝ်ခွန်လီ (ကန္ဒရဝတီနယ်) - ၁၉၁၀ မှ ၁၉၃၀ ထိ ကရင်နီပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစဝ်ဝဏ္ဏ - ၁၉၄၈ မှ ၁၉၅၂ ထိ မဟာသရေစည်သူ ဦးစိန် (ပါလီမန်အတွင်းဝန်) - ၁၉၄၈ မှ ၁၉၆၀ ထိ စဝ်ငယ်ဒူး (ဘောလခဲနယ်) - ၁၉၅၂ မှ ၁၉၆၂ ထိ ကယားပြည်နယ်ကောင်စီနှင့်ဝန်ကြီး ဦးစဝ်ဝဏ္ဏ - ၁၉၅၆ မှ ၁၉၆၀ ထိ ကယားပြည်နယ်ဦးစီးအဖွဲ့ သီရိပျံချီ ဦးအေမြလေး - ၁၉၆၂ မှ ၁၉၇၄ ထိ ကယားပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးကျော်ဒင် - ၁၉၇၄ မှ ၁၉၈၈ ထိ ပြည်နယ်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့အုပ်ချုပ်ရေးကာလ ဗိုလ်မှူးချုပ် မောင်ကြည် - ၁၉၈၈ မှ ၁၆.၄.၁၉၉၆ ထိ ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်ရေးကာလ ဗိုလ်မှူးချုပ် ကျော်ဝင်း - ၂၃.၄.၁၉၉၆ မှ ၁၆.၄.၁၉၉၈ ထိ ဗိုလ်မှူးကြီး လှသောင်းမြင့် - ၁၉.၄.၁၉၉၈ မှ ၁၇.၁၂.၁၉၉၈ ထိ ဗိုလ်မှူးချုပ် မြင့်သိန်း - ၁၇.၁၂.၁၉၉၈ မှ ၂၃.၈.၁၉၉၉ ထိ ဗိုလ်မှူးချုပ် ညွှန့်လှိုင် - ၂၃.၈.၁၉၉၉ မှ ၁၄.၆.၂၀၀၂ ထိ ဗိုလ်မှူးကြီး သိန်းဆွေ - ၁၅.၆.၂၀၀၂ မှ ၃၀.၉.၂၀၀၃ ထိ ဗိုလ်မှူးကြီး မြင့်ဦး - ၁.၁၀.၂၀၀၃ မှ ၁၃. ၉. ၂၀၀၄ ထိ ဗိုလ်မှူးချုပ် လှမြင့်ရွှေ - ၈.၅.၂၀၀၅ မှ ၁၈.၈.၂၀၀၆ ထိ ဗိုလ်မှူးချုပ် ညွှန့်တင် - ၁၈.၈.၂၀၀၆ မှ ၂၂.၆.၂၀၀၈ ထိ ဗိုလ်မှူးချုပ် ဝင်းမြင့် - ၂၃.၆.၂၀၀၈ မှ ၃၀.၃. ၂၀၁၁ ထိ ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး - ၃၁.၃.၂၀၁၁ မှ ၃၀.၃. ၂၀၁၆ ထိ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို - ၃၁.၃.၂၀၁၆ မှ ၃.၉.၂၀၂၀ ထိ ယာယီဝန်ကြီးချုပ် ဦး​ဘော့စ်ကို - ၃.၉.၂၀၂၀ မှ ၁.၂.၂၀၂၁ ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီ အုပ်ချုပ်​ရေးကာလ ပြည်နယ်​ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး - ၂.၂.၂၀၂၁ မှ ၁.၈.၂၀၂၁ ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး - ၁.၈.၂၀၂၁ မှ ၃၁.၁.၂၀၂၂ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်မျိုးတင် - ၁.၂.၂၀၂၂ မှ လက်ရှိ တည်​နေရာနှင့် အကျယ်အဝန်း မြောက်လတ္တီတွဒ် ၁၈° ၀' နှင့် ၁၉° ၅၅' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄° ၄၀' နှင့် ၉၇° ၉၃' ကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၂၈မိုင်၊ တောင်မှမြောက်သို့ ၁၃၅မိုင်ရှိပြီး ကျယ်ဝန်းသည်။ ပြည်နယ်၇ခုအနက် အ​သေးဆုံး​သော ပြည်နယ်ဖြစ်သည်။ ကယားပြည်နယ်၏ အ​ရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ ​တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ အ​နောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်၊ ​မြောက်ဘက်တွင် ရှမ်းပြည်နယ်တို့ တည်ရှိသည်။ ကယားလူမျိုးများ အုပ်ချုပ်ရေး မြို့တော် ကယားပြည်နယ်၏မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ် အုပ်ချုပ်မှုအသစ်စတင်ချိန်မှစ၍ ကန္ဒရဝတီလမ်းပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးကို ဖွင့်လှစ်ကာ ကယားပြည်နယ်အစိုးရအဖွဲ့မှအုပ်ချုပ်သည်။ ပြည်နယ်လွှတ်တော် တရားစီရင်ရေး ကယားပြည်နယ်တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၂)ရုံး မြို့နယ်တရားရုံး (၇)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ ကယားပြည်နယ်အတွင်းရှိ တရားဝင်တည်ဆဲ မြို့ပေါင်း(၁၂)မြို့၏ တည်နေရာများ ၂၀၂၁ခုနှစ်တွင် ကယားပြည်နယ်၌ မြို့ပေါင်း (၁၂)မြို့၊ ရပ်ကွက် (၅၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄) အုပ်စု နှင့် ရွာပေါင်း( ၅၁၀)ရွာရှိသည်။ စီးပွား​ရေး ကယားပြည်နယ်သည် မြန်မာနိုင်ငံအတွင်း စီးပွား​ရေးဖွံ့ဖြိုးမှု ​နှေး​ကွေး​သော ပြည်နယ်ဖြစ်သည်။ ပြည်နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ ပြည်နယ်၏အဓိကထွက်ကုန်မှာ ​ပြောင်းနှင့် ပဲစင်းငုံတို့ဖြစ်ကာ မန္တ​လေးတိုင်းသို့ အဓိကတင်ပို့​ရောင်းချကြသည်။ အဓိကသီးနှံ(၁၀)မျိုး အဖြစ် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကြံနှင့် ဝါတို့ကို စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ငှက်ပျော၊ သရက်၊ ဇီး၊ လိမ္မော်၊ နဂါးမောက်၊ နာနတ်၊ ဒညှင်း၊ လိုင်ချီးနှင့် ထောပတ်ပင်တို့ကို စိုက်ပျိုးကြသည်။ စက်ရုံ ၁၁၅ရုံ၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၁ရုံ တည်ရှိသည်။ မယ်စဲ့မြို့တွင် နယ်စပ်ကုန်သွယ်​ရေးစခန်းကို ဖွင့်လှစ်ထား​သော်လည်း ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်​ရေးစခန်း တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသဖြင့် ကုနိသွယ်မှုမှာ မ​ကောင်းမွန်​​​ပေ။ တွင်းထွက်များ စီးပွားဖြစ်ထုတ်လုပ်နိုင်သော စကျင်ကျောက်များနှင့် ဘော်သတ္တုများ ထွက်ရှိသည်။ ဒေသထွက်ကုန်များ အဓိက စီးပွားရေးလုပ်ငန်းမှာ သစ်ထုတ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသောအားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများဖြစ်သော ရှား၊ ချိပ်၊ သစ်စေး စသည့်ပစ္စည်းများထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်ကြသည်။ တူးမြောင်းတို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။ ကယားတို့မှာ မိမိတို့ ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖာသာ ရက်လုပ်ကြသူများဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ် ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီး များကိုလည်း ငွေတောင်နယ်တွင် သွန်းလုပ်ခဲ့ကြသည်။ ယခုအခါတွင် နိုးကြားလာပြီဖြစ်သော ကယားပြည်နယ်အမျိုးသားများသည် နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီး ဝင်ရောက်အမှုထမ်းလျက်ရှိသည်။ အလှအပ အနုအယဉ်ကို အဆန်းအကြယ်တို့ဖြင့် တန်ဆာဆင်ကာ ဖော်ပြသော ရှေးမြန်မာ ပျို့ကဗျာအချို့တို့တွင် ကယားပြည်နယ် ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက်ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ မှန်စီရွှေချ၊ ရွှေဇဝါရေးခြင်း၊ သစ်စေးသားရိုးကိုင်းခြင်းစသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယားအမျိုးသား၊ အမျိုးသမီးတို့မှာ ခေတ်နှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိခဲ့ရာ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှုပေါ်တွင် အခြေတည်ကာ အရေးကြီးသော ယဉ်ကျေးမှုအချက်အလက်များ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲလျက်ရှိကြသည်။ အောက်ပါဇယားမှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညားထားသော ကယားပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာများအား ဖော်ပြထားခြင်းဖြစ်သည်။ စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက် ၁ စိုက်ပျိုးမြေဧရိယာ ဧက၁၇၇, ၉၁၂ ၂ ဆည်တမံ ခု ၃၂ ၃ မြစ်ရေတင်လုပ်ငန်း ခု ၃ ၄ ကြိုးဝိုင်းတော စတုရန်းမိုင် ၂၇၀ ၅ ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၂၁၈၀.၇၂ ၆ ရထားလမ်း မိုင် ၁၀၁.၉၂ ၇ ကားလမ်း မိုင် ၅၈၁ ၈ ပေ ၁၈၀အထက် တံထား စင်း ၈ ၉ စာတိုက်စခန်း ခု ၁၄ ၁၀ ကြေးနန်းရုံး ရုံး ၁၁ ၁၁ တယ်လီဖုန်းရုံး ရုံး ၁၂ ၁၂ မိုက္ကရိုဝေ့ဗ်စခန်း ခု ၂ ၁၃ အခြေခံပညာကျောင်း ကျောင်း ၃၉၁ ၁၄ တက္ကသိုလ်၊ ကောလိပ် ခု ၄ ၁၅ ဆေးရုံ/ကျန်းမာရေးဌာန ရုံ/ဌာန ၅၃မြန်မာ့စွယ်စုံကျမ်း* မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ် ပို့​ဆောင်ဆက်သွယ်​ရေး ကယားပြည်နယ်သည် ​တောင်ကုန်း၊​တောင်တန်း များပြား၍ ပြည်နယ်အတွင်းဆက်သွယ်​ရေး အနည်းငယ်ခက်ခဲသည်။ လွိုင်​ကော်မြို့တွင် ​လေဆိပ်ရှိကာ ရန်ကုန်မြို့နှင့် ​နေ့စဉ်​လေ​ကြောင်းခရီးစဉ်ရှိသည်။ ဘီလူး​ချောင်းကို လွိုင်​ကော်မြို့အထိ ​ရေ​ကြောင်းလမ်းခရီး သွားလာနိုင်သည်။ လွိုင်​ကော်မြို့တွင် ဘူတာရုံတစ်ခုရှိကာ သာစည်မြို့နှင့် ဆက်သွယ်ထားသည်။ ပြည်နယ်အတွင်းသို့ဝင်​ရောက်ရာ အဓိကလမ်းမများမှာ ​အောင်ပန်း-လွိုင်​ကော်လမ်း၊​တောင်ငူ-လိပ်သို-ယာဒို-လွိုင်​ကော်-ဟိုပုံးလမ်းတို့ဖြစ်သည်။ ကယားတိုင်းရင်းသားတို့၏ ရိုးရာတူရိယာများ ကယားပြည်နယ်အား သီရိမင်္ဂလာတောင်ပေါ်မှမြင်ရပုံ ယင်းဘော်ခေါ်ကယန်းကငံ အမျိုးသားများက ဘောင်းဘီတို နှင့် အင်္ကျီလက်စက ဝတ်၍ အမျိုးသမီးတို့က ထမီအနက်တို့ကို ဒူးဆစ်အထိ ဝတ်ဆင်ပြီး အင်္ကျီမှာ လက်စကလည်ဟိုက် ဖြစ်၏။ အတွင်းတွင် သင်တိုင်းတစကို လည်ပင်းနှင့် ပခုံးသိုင်း၍ ခါးပတ်ကြိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ အပေါ်မှ ခြုံသင်တိုင်း လွှမ်းသည်။ လွိုင်ကော်မြို့ - ကန္ဒာရ၀တီ: လွိုင်ကော်မြို့ပုံများ ယင်းတလဲ အမျိုးသားများမှာ ဘောင်းဘီအဖြူ အနီစကွပ်သော အင်္ကျီအဖြူဝတ်၍ အမျိုးသမီးက အဖြူရောင်အင်္ကျီ၊ အနီရောင်ကွက်ကျား ထမီဝတ်ဆင်သည်။(မှတ်ချက်။ ။ အမျိုးသားများမှာ အများဖြင့် ခေါင်းပေါင်း ပေါင်းထားလေ့ရှိပြီး အမျိုးသမီးများကလည်း ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်တွင် ဝတ်ဆင်လေ့ရှိကြသည်။ အပျိုအအိုခွဲသော ဝတ်ဆင်မှု ဒေသအလိုက် ကွဲပြားမှုရှိသည်။) ကယန်းလထာဇယိမ်ခေါ် ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကို ကိုယ်ပွအင်္ကျီ ဂျပ်ခုတ်ထမီ ဝတ်ပြီး ကျားမအားလုံး တိရစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ်များ အဖြစ် ဝတ်ဆင်လေ့ ရှိသည်။ ရိုးရာယဉ်ကျေးမှု စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေး တို့ကို ပူးပေါင်းဝိုင်းဝန်း လုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ရပ်ရွာစည်ပင်ရေးအတွက် နတ်ဆိုးများ တောထုတ်သည့် အလေ့ရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်းလုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ ဩဇာရှိသူများ ဖြစ်ကြသည်။ ထင်ရှား​သောနေရာများ တောင်ကွဲစေတီတော် 180px လောပိတ ရေတံခွန် 180px ကန်ခုနှစ်ဆင့် နှင့် ထီးပွင့်ဂူ ကြတ်ဂူ ငွေတောင်ဆည် 180px ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (လောပိတ) 180px D.P.S. MYANMAR GUIDE MAP. 2000. တောင်သုံးလုံး ဆင်ဖြူတောင် ထီးပရူနုလှိုဏ်ဂူ လွယ်တမူဂူ အောင်သပြေဂူ ‌ခြေတော်ရာဘုရား ထီးဝဲခါးရေတံခွန် ဟော်ကြီးကျောင်း လျောင်းတော်မူဘုရား ရွှေလက်ဝါးဘုရား ရေပြာကန်(ကယား) မယ်တော်ဂူ ကိုးကား Category:မြန်မာနိုင်ငံပြည်နယ်များ
ကချင်ပြည်နယ်
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရှိသည်။ ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အခြားသော အဓိကမြို့များမှာ ဗန်းမော်မြို့၊ မိုးညှင်းမြို့ တို့ဖြစ်သည်။ ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ ရှမ်းနီ နာဂ နှင့်‌ ဂေါ်ရခါး စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ပူးပေါင်းနေထိုင်ကြပြီး ပြည်ထောင်စုငယ်တစ်ခုအသွင် တည်ရှိနေသည်။ သမိုင်းကြောင်း ယခင်ကကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီများကိုပါ ယခုအချိန်တွင် တွဲဘက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓား၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။ ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များကို ပုဂံခေတ်မတိုင်မီကပင် ရှမ်းစော်ဘွားများက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ မိုးကောင်း၊ မိုးညှင်းမြို့များသည် အင်အားကောင်းပြီး ပြည်မ(အင်းဝ)ကို ထိပါးသည့်အခါထိပါးသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များ ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏အဓိကမြို့တော်ဖြစ်ခဲ့ပြီး တော်လှန်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။၁၈၈၆ခုနှစ်တွင် မြန်မာမင်းတို့လက်ထက်က အုပ်ချုပ်မှုနယ်မြေအပိုင်းအခြားများအား ဖျက်သိမ်းကာ ၁၈၈၆ခုနှစ် ဇွန်လမှစ၍ အထက်မြန်မာနိုင်ငံတစ်ခုလုံးကို ဒီဗီးရှင်း (Division) ခရိုင်ကြီး (၄)ခု၊ ဒိစတြိတ် (District) စီရင်စု (၁၇)စုဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သည်။ ထိုအထဲတွင် မြောက်ပိုင်းခရိုင်ကြီး၏ စီရင်စု (၅)ခု၌ ဗန်းမော်စီရင်စု ပါဝင်ကာ အရေးပိုင်ဟုခေါ်သော ဗြိတိသျှအရာရှိတစ်ဦးမှ အုပ်ချုပ်သည်။ အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ်တွင် မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။ ကချင်လူမျိုးတွေ၏ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဥပဒေ ပြဋ္ဌာန်းကာ ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက်ပိုင်းအထိ အမတ်ကြီး ဦးဖိုးစောဦးဆောင်သည့် တော်လှန်ရေးများဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ချီတက်သိမ်းပိုက်သည့် အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ ၁၈၉၁ခုနှစ်တွင် ဗန်း​မော်စီရင်စုအ​ရေးပိုင်က မြစ်ကြီးနားမြို့ကို တည်​ဆောက်ခဲ့သည်။၁၈၉၅တွင် မြစ်ကြီးနားဒေသအား ဗန်းမော်စီရင်စုမှ ခွဲထုတ်၍ မြစ်ကြီးနားစီရင်စုအဖြစ် တည်ထောင်ခဲ့ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ် ထူထောင်ကြသည်။ မန္တလေး-မိုးကောင်းရထားလမ်းအား မြစ်ကြီးနားအထိ တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၏ ရထားလမ်းဆုံးမြို့ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်များက တရုတ်ချန်ကေချိတ်အစိုးရအားထောက်ပံ့ရန် တရုတ်မြန်မာလမ်းမကြီးဖောက်လုပ်ရာတွင် လီဒိုမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိဖောက်လုပ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကြည်းတပ်၊ လေတပ်များအခြေချရာမှ မြစ်ကြီးနားမြို့သည့်အရေးပါလာသည်။၁၉၁၂တွင် ယခု ပူတာအိုဒေသဖြစ်သော ခန္တီးလုံဒေသအား သိမ်းပိုက်ကာ ၁၉၂၄တွင် လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့အား အခြေပြုကာ စီရင်စုအသစ် ဖွဲ့စည်းခဲ့သည်။ ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် N.K.L၊ V Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။ ၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။ အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။ စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ "အောင်ပွဲခံ မနော" (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် "နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။" ဟု ပြောခဲ့သည်။ တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။ ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား "Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်"ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက "တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။" ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း ပင်လုံစာချုပ် ကိုအခြေခံသည့် ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။ အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း "မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ကချင်ပြည်နယ် ဟုခေါ်ဆိုရမည်။" ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ၁၀.၁.၁၉၄၈တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကာ ထို​နေ့ကို ကချင်ပြည်နယ်​နေ့အဖြစ် သတ်မှတ်ကြသည်။ ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆° နှင့် ၉၈° ၄၇' ကြား၊ မြောက်လတ်တီတွဒ် ၂၃° ၃၇' နှင့် ၂၈° ၃၂' ကြားရှိပြီး ဧရိယာ စတုရန်း ၃၃,၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။ ၁၉၆၂နောက်ပိုင်းတွင် နယ်ခြားဒေသစနစ်ဖျက်သိမ်းပြီး ၈.၉.၁၉၆၅ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထဲရေးဌာန၏ အမိန့်စာတွင် ကချင်ပြည်နယ်ကို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို ခရိုင်များဖြင့် ဖွဲ့စည်းသည်။ န.အ.ဖအစိုးရလက်ထက် ၂၀၀၄ခုနှစ်တွင် မြစ်ကြီးနားခရိုင်မှ မိုးညှင်း၊မိုးကောင်း ဖားကန့်တို့အား ခွဲထုတ်၍ မိုးညှင်းခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၀ပြည့်နှစ်အထိတွင် ကချင်ပြည်နယ်၌ ခရိုင်(၄)ခု၊ မြို့နယ် (၁၈)ခုဖြင့် ပါဝင်ဖွဲ့စည်းထားရှိသည်။တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉) တည်နေရာနှင့် အကျယ်အဝန်း ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၃ ၂၇' နှင့် ၂၈ ၂၅' လောင်ဂျီတွဒ် ၉၆ ဝ' နှင့် ၉၈ ၄၄' ကြားတွင် တည်ရှိသည်။ ကချင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၃၄၃၇၉ ဒသမ ၂၂ ) ကျယ်ဝန်းသည်။ ပထဝီဝင်အနေအထား ရာသီဥတု ကချင်ပြည်နယ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၈°Cဖြစ်ပြီး အနိမ့်ဆုံးမှာ ၅.၆°Cဖြစ်သည်။ မြေမျက်နှာသွင်ပြင် ကချင်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သော ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ)နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိသည်။ အကျယ်ဆုံးလွင်ပြင်များမှာ ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြသည်။ မြစ်၊ချောင်းများ ပေါများပြီး ဧရာဝတီမြစ်၊ မေခမြစ်၊မလိခမြစ်၊ တာပိန်မြစ်နှင့် ဥရုချောင်းတို့မှာ ထင်ရှားသည်။ အုပ်ချုပ်ရေး မြို့တော် ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အုပ်ချုပ်ရေး ၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက် တပ်မတော်၏ အာဏာထိန်းသိမ်းမှုအပြီးတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး ၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေး ကချင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ခရိုင်များ ကချင်ပြည်နယ်တွင် ခရိုင် (၆) ခု ရှိသည်။ ဝါရှောင်ဆည် စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ဘာသာစကား ဘာသာစကားမှာ ဂျိန်ဖော့စကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး (၄) မျိုးရှိပြီး လရှီစကား နှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများ ဖြစ်သည်။ ဂျိန်ဖော့စကားကို လူသုံးများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယအများဆုံး ဖြစ်သည်။ ဝတ်စားဆင်ယင်မှု ကချင်တိုင်းရင်းသားများက အမည်းရောင်ဝတ်ပြီး ရဝမ်တိုင်းရင်းသားများက အဖြူရောင် ဝတ်သည်။ လရှီ၊ လီဆူ နှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထည်းထည်း ပေါင်းထုပ်သဘွယ် ပေါင်းကြ၍ ဂျိန်ဖော့နှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားများက လုံကွင်းကို ရှည်ရှည်ဝတ်ကြသည်။ ဘာသာ ကိုးကွယ်မှု ခရစ်ယာန်ဘာသာကိုးကွယ်သူများအဓိက ‌ေနထိုင်ပီးဗုဒ္ဓဘာသာကိုးကွယ်သူများ၊ အစ္စလာမ်ဘာသာ နင့် ဟိန္ဒူဘာသာဝင်တို့အနည်းငယ် ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာကိုးကွယ်သူ များပြားသည်။ ခရစ်ယာန်ဘာသာမှာ အဓိကဖြစ်သည်။ ရှေးယခင်ကနတ်ကိုးကွယ်မူများပြားသော်လည်းယခု‌တွင်မရှိသလောက်နည်းပါးသည်။ ယခင်နတ်ကိုးကွယ်မူ့ပုံစံမှာ နတ်များကြေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင်တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်း ထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်တုံးများဖြင့် ဝိုင်းရံထားခြင်း၊ ဝင်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများ ဆင့်ကဲ ချိတ်ဆွဲထားသည်ကို တွေ့ရပေမည်။ သို့သော် အနောက်တိုင်းမှခရစ်ယာန်သာသနာပြုသူများ လာရောက်သည့်နောက်မှ အစပြုကာ ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူ များအဖြစ်သို့‌ေပြာင်းလဲကုန်ကြ‌လလေသည်။ Dr. Ola Hanson သည်ကချင်စာပေကိုတီထွင်ပေးခဲ့ပြီးသမ္မာကျမ်းစာကိုကချင်ဘာသာစကားသို့ဘာသာပြန်ပေးခဲ့သောကြောင့်ကချင်လူမျိုးများသည်ကျေးဇူးရှင်ဖြစ်သတ်မှတ်ကြသည်။ ရိုးရာ ယဉ်ကျေးမှု လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာနတ်တို့အား ပူဇော်ပသ ရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကတော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နမိတ်ကောက်ခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟု ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် "မနောပွဲ"ကျင်းပကြသည်။ မနောပွဲ(Manau Poi) အရေးကြီးသော မနောပွဲ(၅)မျိုး ရှိသည်။ ပဒန်မနော(Padang Manau) - စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။ ဆွတ်မနော(Sut Manau) - ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။ ဂျူမနော(Ju Manau) - မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။ ဂွမ်ရမ်မနော( Gumran Manau) - အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။ ရှဒပ်မနော(Shadip Manau) - နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။ ယခုအခါတွင်မနောပွဲကိုရိုးရာပွဲအဖြစ်ကျင်းပကြလေသည်။ မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ကောက်သစ်စားပွဲ နှင့် ခရစ္စမတ်စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။ ဒေသထွက်ကုန်များ နာမည်ကျော် တိုင်းရင်းဆေး ဖြစ်သည့် ရှီးပဒီး သည် ကချင်ပြည်နယ် မြောက်ပိုင်း တောတောင်များမှ ထွက်ရှိသည်။ ကိုးကား Category:မြန်မာနိုင်ငံပြည်နယ်များ
နေ
နေ () သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။ အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဘက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။ ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။ နေအဖွဲ့အစည်းရှိ ဂြိုဟ်များအားလုံးနှင့်သော်လည်းကောင်း၊ ၎င်းထက်ပိုကြီးမားသော ကြယ်အချို့နှင့် သော်လည်းကောင်း နေအား အရွယ်အစား နှိုင်းယှဉ်ပြထားပုံ။ နေသည် ကီလိုမီတာပေါင်း ၁.၄ သန်း (၄.၆၄၃ အလင်း-စက္ကန့်) အကျယ်အဝန်းရှိပြီး ကမ္ဘာထက် ၁၀၉ ဆ ပိုကျယ်ကာ ကမ္ဘာ နှင့် လ ကြားအကွာအဝေး၏ လေးဆရှိပြီး နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိသည်။ နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်မြားလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို nuclear fusion ဟုခေါ်သည်။ နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။ အချင်းသည် ၆၉၅,၀၀၀ ကီလိုမီတာခန့် (၄၃၂,၀၀၀ မိုင်) ရှိ၍ နှိုင်းယှဉ်လျှင် ကမ္ဘာ့အချင်းထက် ၁၀၉ ဆ ရှိသည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့်ထုထည် ကြီးမားသည်။ လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။ နေဖြစ်ပေါ်လာပုံ နေသည် လွန်ခဲ့သော နှစ်ပေါင်း ၄.၆ ဘီလီယံလောက်က ကြီးမားသော မော်လီကျူးတိမ်တိုက်အတွင်း အာကာသအရာဝတ္ထုများ၏ ဒြပ်ဆွဲအားဆိုင်ရာပြိုကွဲခြင်း (Gravitational collapse)ကြောင့်ဖြစ်ပေါ်လာခဲ့သည်ဟု ယူဆထားကြသည်။ဒြပ်ဆွဲအားဆိုင်ရာ ပြိုကွဲခြင်း (Gravitational collapse)ကြောင့်အာကာသဝတ္ထုအများစုမှာအလယ်တွင်စုဝေးသွားကြပြီး ကျန်အရာများကို နေအဖွဲ့အစည်းဖြစ်လာမည့် ဝင်ရိုးပတ်လမ်းအချပ်ပြားအဖြစ်သို့ ပြန့်ကျဲသွားစေသည်။ အလယ်ဗဟို၌ရှိသောဒြပ်များသည် အလွန်ပူ၍သိပ်သည်းလာပြီး နောက်ဆုံးတွင် နယူကလိယပေါင်းစည်းမှု ဖြစ်ပေါ်လာပြီး နေစတင်ဖြစ်ပေါ်လာသည်။Sun - Wikipedia နေ၏ကံကြမ္မာ အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ကြယ်ပုဝါ (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားSun - Wikipediaသည်ထက်ကြီးမားလာပြီး ဧရာမ ကြယ်နီ (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ AU (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်းကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြဿနာပင်ဖြစ်သည်။ ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။ သို့သော် လေ့လာမှုအသစ်များတွင်မူ ဆွဲငင်မှု၏ ဒုတိယအား (tidal forces) များကြောင့် နေ၏ပမာဏ ကြီးထွားမလာခင်အချိန်ကပင် ဒြပ်ထုလျော့ကျသွားသော်လည်း ကမ္ဘာသည် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နေသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ကြယ်ဖြူပု (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြယ်ပုနက် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ ပရိုဆီမာ စင်တောရိဖြစ်သည်။ ကျမ်းကိုး ကဏ္ဍ:နေ Category:နေအဖွဲ့အစည်း ကဏ္ဍ:အလင်း ပင်ရင်းများ
ဗုဒ္ဓဟူးဂြိုဟ်
ဗုဒ္ဓဟူးဂြိုဟ် () သည် နေအဖွဲ့အစည်းအတွင်း၌ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် အလွန်သေးငယ်သော ဂြိုဟ်ဖြစ်ပြီး လကမ္ဘာကဲ့သို့ပင် မျက်နှာပြင်ပေါ်တွင် ချိုင့်ခွက်ကြီးများ ရှိသည်။ နေ့အခါတွင် အလွန်ပူပြီး ညအခါတွင် အလွန်အေးသည်။ အပြောင်းအလဲမှာ နေ့ဘက် ၄၂၇ ဒီဂရီ ဆဲဆီးယပ်စ်မှ ညဘက် အနုတ် ၁၇၃ ဆဲဆီးယပ်စ် ဖြစ်သည်။ ဝင်ရိုးစွန်းများမှာ အနုတ် ၉၃ ဒီဂရီ ဆဲဆီးယပ်စ်အောက်သို့ စဉ်ဆက်မပြတ် ရှိသည်။ မာကျူရီ၏ မြေမျက်နှာမှာ လကမ္ဘာကဲ့သို့ပင် ပေါ်လွင်သည်။ အလွန်ပြင်းထန်သော နေရောင်ခြည်တည်ရှိသော်လည်း မာကျူရီဂြိုဟ်ပေါ်တွင် နေရောင်ခြည်နှင့် မထိတွေ့သောနေရာ၌ ရေခဲတည်ရှိနိုင်သည်ဟု ရေစီးဆင်းသည့်ပုံစံများက ဖော်ပြနေသည်။ ၂ဝ၁၂ ခုနှစ်တွင် နာဆာ၏ MESSENGER အာကာသယာဉ်မှ ဝါရှင်တန်ဒီစီမြို့တော်နီးပါးခန့်ရှိသော ရေခဲလွှာကို မြောက်ဝင်ရိုးစွန်းတွင် ခြေရာခံမိသည်ဟု အတည်ပြုခဲ့သည်။ ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ ဗုဒ္ဓဟူးဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် နေကို အမြန်ဆုံး လှည့်ပတ်နေသော ဂြိုဟ်ဖြစ်သည်။ နေကို တစ်ပတ်ပတ်ရန် ကမ္ဘာမြေရက် (၈၇.၉၇) ရက်မျှသာကြာသည်။ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ သိပ်သည်းမှုအများဆုံးဂြိုဟ်ဖြစ်ပြီး ကမ္ဘာမှာ သိပ်သည်းမှု ဒုတိယအများဆုံးဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သည် သံသတ္တုများဖြင့်ဖွဲ့စည်းထားသဖြင့် အလွန်သိပ်သည်းမှုများသည်။ သို့သော် အလွန်အားနည်းသော သံလိုက်စက်ကွင်းရှိသည်။ ကမ္ဘာဂြိုဟ် သံလိုက်စက်ကွင်း၏ ၁.၁ ရာခိုင်နှုန်းသာ တည်ရှိသည်။ မက်ဆင်ဂျာ အာကာသယာဉ်မှ ညွန်ပြသည်မှာ သံလိုက်စက်ကွင်းသည် တည်ငြိမ်သည်ဟုဆိုသည်။ ဗုဒ္ဓဟူးဂြိုဟ်သို့ မရိန်နာ ၁၀ (Mariner 10) နှင့် မက်ဆင်ဂျာ (MESSENGER) ဆိုသော အာကာသယာဉ် ၂ စင်း ရောက်ရှိခဲ့သည်။ မက်ဆင်ဂျာ အာကာသယာဉ်သည် ဂြိုဟ်အနီးမှ ဖြတ်၍ တစ်ကြိမ် ပျံသန်းခဲ့ပြီးဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ ဂြိုဟ်ကို ၁ နှစ်ကြာမျှ လှည့်ပတ်ခဲ့သည်။ မက်ဆင်ဂျာ အာကာသယာဉ်သည် မာကျူရီဂြိုဟ်အား အကြိမ်ပေါင်း ၄၀၀၀ လှည့်ပတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပရယ်လ ၃၀ တွင် လောင်စာကုန်ခမ်းကာ ဂြိုဟ်ပေါ်သို့ ထိုးကျခဲ့သည်။ 600px|မက်ဆင်ဂျာ ပထမဆုံးဓာတ်ပုံ(၂ဝ၁၁ ခုနှစ် မတ်လ ၂၉) မှ နောက်ဆုံးပုံ (၂ဝ၁၅ ဧပရယ် ၃ဝ) ဗုဒ္ဓဟူးဂြိုဟ်၏ အင်္ဂလိပ်အမည် မာကျူရီကို ရောမဘုရား၏ အတောင်ပံပါသော တမန်တော် ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နေကို အလွန်လျင်မြန်စွာ လှည့်ပတ်သောကြောင့်ဖြစ်သည်။ မာကျူရီဂြိုဟ်အား မြေပြင်မှလေ့လာမယ်ဆိုပါက အလွန်ခက်ခဲမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မာကျူရီသည် နေနှင့် အလွန်နီးကပ်သောကြောင့် ဖြစ်သည်။ တရုတ်၊ ကိုရီးယားနှင့် ဂျပန်ယဉ်ကျေးမှု တို့၌ မာကျူရီဂြိုဟ်ကို ရေနှင့်ဆိုင်သောကြယ်ဟု ဖော်ပြကြသည်။ မာကျူရီဂြိုဟ်တွင် ဂြိုဟ်ရံလ မရှိပေ။ center|မာကျူရီဂြိုဟ်မှ အဘီဒင် မီးတောင်ပေါက်ဝ ကိုးကား အခြားဝက်ဆိုက်ဘ်များ SolarViews.Com MESSENGER Mission web site Mercury QuickMap from MESSENGER web site SolarViews.com – Mercury Astronomy Cast: Mercury ကဏ္ဍ:ဗုဒ္ဓဟူးဂြိုဟ် ကဏ္ဍ:နေအဖွဲ့အစည်း၏ ဂြိုဟ်များ
သောကြာဂြိုဟ်
သောကြာဂြိုဟ် ()သည် နေနှင့် ဒုတိယမြောက် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် ကမ္ဘာမြေ၏ အပူချိန်၌ အရည်အဖြစ် အသွင်သဏ္ဌာန် ရှိသော်လည်း သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ်တွင် လွန်စွာထူထပ်သော တိမ်ထုရှိသည့်အတွက် ဂြိုဟ်၏မျက်နှာပြင်ကို ကမ္ဘာမြေပေါ်မှ ရေဒါ အကူအညီမပါပဲ မမြင်နိုင်ပေ။ သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ ရှည်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄၀မျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေဝင်ပြီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် အဝေးကြည့်မှန်ပြောင်း ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၎င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။ အရုဏ်ကြယ် နေနှင့်ဒုတိယအနီးဆုံးကြယ်ကြီး၊ ကမ္ဘာထက်ပင် သောကြာဂြိုဟ်က နေကိုလှည့်ပတ်ရာ၌ပိုမြန်သည်။ လဆန်း လဆုတ် ပုံသဏ္ဌာန် ပြောင်းသကဲ့သို့ သောကြာ ဂြိုဟ်လည်းပုံသဏ္ဌာန်ပြောင်းသည်။ ယခုအခါ အာကသယာဉ်များပစ်လွှတ်၍ သောကြာဂြိုဟ်အကြောင်း စူးစမ်းမှုများ ပြုလုပ်လျက်ရှိသည်။ left|ကမ္ဘာနှင့် အရွယ်အစားနှိုင်းယှဉ်ထားပုံ နံနက်နေမထွက်မီ အရုဏ်တက်အချိန်တွင် အရှေ့ကောင်းကင်ယံသို့ ကြည့်လိုက်လျှင် အလွန်တောက်ပသော ဂြိုဟ်တစ်လုံးကို တွေ့ရပေသည်။ အလွန်ထွန်းလင်းတောက်ပ သောကြောင့် ယင်းကို ကောင်းကင်တွင်အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ ထိုဂြိုဟ်ကား အရုဏ်ကြယ်၊သို့မဟုတ် သောက်ရှူးကြယ်ဟု ခေါ်လေ့ရှိသော သောကြာဂြိုဟ်ပင်ဖြစ်သည်။ ယင်းကို နေဝင်ပြီးနောက် ဆည်းဆာအချိန်တွင် အနောက်ကောင်းကင်ယံ၌လည်း မြင်ရတတ်သေးသည်။ သောကြာဂြိုဟ်ကို ရှေးဂရိလူမျိုးတို့က ဗီးနပ်အမည်ရှိသော သူတို့၏ သူရဿတီနတ်သမီးကို အစွဲပြု၍ 'ဗီးနပ်'ဟု ခေါ်ကြသည်။ နေကိုဗဟိုပြု၍ လှည့်ပတ်နေကြသော နေစကြဝဠာ မိသားစုထဲရှိ ဂြိုဟ်ကြီးကိုးလုံးအနက် သောကြာဂြိုဟ်သည် နေနှင့်ဒုတိယအနီးဆုံးသောဂြိုဟ်ဖြစ်၍ နေမှပျမ်းမျှမိုင်ပေါင်း ၆၇၂ဝဝဝဝဝ မျှသာကွာဝေးသည်။ အကယ်၍ နေ၏ တစ်ဖက်တွင်ကမ္ဘာရှိ၍ နေ၏အခြားတစ်ဘက်တွင် သောကြာဂြိုဟ်ရှိနေလျှင်ကား ကမ္ဘာနှင့်သောကြာဂြိုဟ်တို့၏ အကွာအဝေးသည် မိုင်ပေါင်း ၁၆ဝဝဝဝဝဝဝ အထိရှိသည်။ နေနှင့်လတို့ကလွဲလျှင် သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့်ကျွန်ုပ်တို့ကမ္ဘာထက် နေကိုလှည့်ပတ်ရာ၌ မြန်သည်။ သောကြာဂြိုဟ်လုံး၏ အချင်းမှာမိုင် ၇၇ဝဝရှိသောကြောင့်အရွယ်အားဖြင့် ကျွန်ုပ်တို့ကမ္ဘာနီးပါးမျှရှိသည်။ လသည်လဆန်းလဆုတ်အလိုက် ပုံသဏ္ဌာန်မျိုးမျိုး ပြောင်းလဲသကဲ့သို့ သောကြာဂြိုဟ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲသည်။ နေ၏တစ်ဖက်တွင် ကမ္ဘာလုံးရှိနေ၍ နေ၏အခြားတစ်ဖက်တွင် သောကြာဂြိုဟ်ရှိနေသည့်အခါ ယင်းသည်ကမ္ဘာနှင့်အလွန်ဝေးသောကြောင့် အလွန်သေးငယ်စွာ မြင်ရသည်။ သို့သော် နေ၏အလင်းရောင်ကိုအပြည့်အဝ ရသောကြောင့် ယင်း၏ပုံသဏ္ဌာန်မှာ လပြည့်ဝန်း ကဲ့သို့ရှိပြီးလျှင် တောက်ပ၏။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့်နေအကြားတွင် တစ်တန်းတည်းဖြစ်၍ ကမ္ဘာနှင့်အနီးဆုံး ရှိနေသည့်အခါ ယင်းကိုသေးငယ်သော ဆန်းကာစလ ပုံသဏ္ဌာန်ကဲ့သို့ ရေးရေးလေးမျှသာမြင်ရသည်။ သို့သော် ဤသို့ကမ္ဘာနှင့်အနီးဆုံးနေရာသို့မရောက်မီ ၃၆ ရက်နှင့်ရောက်ပြီး ၃၆ ရက်အလွန်နေ့တို့၌သာသောကြာဂြိုဟ်၏ပုံသဏ္ဌာန်ကို ငါးရက်မြောက်လခြမ်းပုံအရွယ်အထိ ခပ်ကြီးကြီးမြင်ရပြီးလျှင် ထိုအချိန်ထိုအရွယ်တွင်သောကြာဂြိုဟ်သည် အထွန်းလင်းဆုံး ဖြစ်သည်။ နေ့ခင်းအချိန် တွင်ပင်ပကတိ မျက်စိဖြင့် မြင်နိုင်သည့်အပြင် နေဝင်ပြီးသည့်နောက်၌လည်း အရိပ် ပေါ်လောက်အောင် ထွန်းတောက်သည်။ သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ကြောင်း သိရသော်လည်း ယင်း၏ဝန်ရိုးပေါ်၌ တစ်ပတ်လည်ရန်မည်မျှကြာသည်ကိုကား အငြင်းပွားလျက်ရှိသည်။ အချို့နက္ခတ်ဆရာများက နေကို တစ်ပတ်ပြည့်အောင် ၂၂၅ရက်ကြာသလောက်ယင်း၏ ဝန်ရိုးပေါ်၌လည်း တစ်ပတ်လည်အောင် ၂၂၅ရက်ပင်ကြာသည်ဟု ယူဆကြသည်။ အချို့ကမူဤမျှကြာ သည်မဟုတ်ဘဲ ရက်သတ္တသုံးပတ်မှလေးပတ်အထိသာ ကြာသည်ဟုဆိုကြသည်။ သို့သော်မည်သူမျှ အတိအကျမသိရှိကြသေးချေ။ သောကြာဂြိုဟ်၏ပတ်ဝန်းကျင်၌ တိမ်တောင် တိမ်လိပ်များ အမြဲဖုံးအုပ်နေသောကြောင့်လေ ရှိကြောင်း သိရသည်။ သို့သော်ထိုလေမှာ အလွန်ထူထပ်သော လေထုဖြစ်သောကြောင့် မှန်ပြောင်းဖြင့်ကြည့်သည့်အခါ ဂြိုဟ်၏ မျက်နှာပြင်ကိုထင်ထင်ရှားရှားမမြင်ရချေ။ နေမှရရှိသောဂြိုဟ်၏ အပူရှိ်န်သည် လည်းသက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေထိုင်ရန်အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာအကြောင်းရှိ သည်။ သို့သော်လူတို့နေနိုင်ရန်အတွက် လိုအပ်သော ဓာတ်ငွေ့များလုံလောက်စွာရှိမရှိကိုမူကားမည် သူမျှသေချာစွာ မပြောနိုင်ချေ။ ယခု ကျွန်ုပ်တို့ခေတ်လူသားများသည် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာကြီး၏နေရာအနှံ့အပြားသို့ သွားလာရသည်ကို တင်းတိမ်ခြင်းမရှိတော့ချေ။ ထိုကြောင့်ယခုအခါ ကမ္ဘာ အပြင်ဘက်သို့ထွက်၍ အခြားဂြိုဟ်များသို့သွားရောက်ရန် ကြံစည်အားထုတ်လျက်ရှိနေကြလေသည်။ ယင်းသို့အားထုတ်ကြ ရာ၌ မရီးနား (၂) အာကာသယာဉ်ကိုအမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကင်နဒီအငူမှနေ၍ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂ရ ရက်နေ့တွင် အက်တလက်ဒုံးပျံကြီး၏ ထိပ်တွင်ထည့်၍ပစ်လွှတ်ခဲ့လေသည်။ မရီးနား (၂)၏ပန်းတိုင်မှာ သောကြာဂြိုဟ်ပင်ဖြစ်သည်။ သောကြာဂြိုဟ်အနီးမှ ဖြတ်သန်းသွားပြီးလျှင် အချက်အလက်များကို သိပ္ပံပညာရှင် များထံသို့ပို့ရမည်ဖြစ်သည်။ ယင်းတွင်ပါသွားသော ကရိယာများဖြင့် အာကာသကိုစူးစမ်းရှာဖွေသွားရပေမည်။ အမေရိကန်အာကာသယာဉ်မရီးနား(၂)သည် စီစဉ် ထားသည့်အတိုင်း ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့၌ သောကြာ ဂြိုဟ်အားမိုင်ပေါင်း ၂၁၅၉၄ အကွာမှနေ၍ ၄၂မိနစ် ကြာမျှဖြတ်သန်း စူးစမ်းခဲ့ပြီးနောက် နေကိုလှည့်ပတ်လျက် အဆုံးမရှိသောခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။ သောကြာဂြိုဟ် အနီးမှဖြတ်သန်းသွားခဲ့စဉ်မရီးနား (၂)ပေါ်တွင် ပါသွားသော သိပ္ပံပညာဆိုင်ရာ ကရိယာများ၏ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များထံသို့ပြန်လည်ပေးပို့ခဲ့သည်။ ထိုနောက်တွင် မရီးနား (၂) အာကသယာဉ်သည်ကမ္ဘာမှ တဖြည်းဖြည်းဝေးသည်ထက်ဝေးကွာသွားပြီးလျှင် မြေပြင်ရှိ စခန်းများနှင့်အဆက်အသွယ်လုံးဝမရှိတော့ပေ။ ဆိုဗီယက်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းမှုကို ၁၉၆၁ခုနှစ်မှစတင်ခဲ့သည်။ ယနေ့အထိ အာကာသယာဉ် ဆယ်စီးထက်မနည်းပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ၁၉၇၂ခုနှစ် ဇူလိုင်လအတွင်း သောကြာဂြိုဟ်ပေါ်သို့ ရုရှလုပ်ဗီးနပ်အာကာသယာဉ် (၈)အောင်မြင်စွာဆင်းသက်ခဲ့သည်။ ထိုအချိန်မှစ၍ မိနစ် ၅ဝကြာမျှ ကမ္ဘာသို့သောကြာဂြိုဟ်၏ စိတ်ဝင်စားဖွယ်သိပ္ပံသတင်းဆန်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ယခင်ဗီးနပ် (၇)ကိုပစ်လွှတ်ခဲ့စဉ်ကလည်း အလားတူပင် သက်ဆင်းနိုင်ခဲ့သော်လည်း ၂၃ မိနစ်မျှသာကမ္ဘာသို့ ပြန်လည်အသံလွှင့်ပေးနိုင်ခဲ့သည်။ သောကြာဂြိုဟ်ပေါ်ရှိ ဓာတ်ပစ္စည်းများမှာကမ္ဘာပေါ်ရှိ ဓာတ်ပစ္စည်းများနှင့်အလွန်တူသည်ဟုဆို၏။ သောကြာဂြိုဟ်၏ မျက်နှာပြင်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၈၈ဝမျှရှိသည်။ ထိုအပူချိန်သည် လူနေ၍ ရေခဲပင်အရေပျော်ဝင်နိုင်သော အပူချိန်ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် လွှတ်တင်ခဲ့သော မရီးနား (၂) အာကာသယာဉ် ဆိုဗီယက်သိပ္ပံပညာရှင်များ ခန့်မှန်းချက်အရသောကြာ ဂြိုဟ်ကြီးသည်ကမ္ဘာကဲ့သို့ပင် တစ်ချိန်က အရည်ပျော်ခဲ့ဖူး၍ နောင်မှတဖြည်းဖြည်းခဲကာ အပေါ်ယံမြေသားများ မာလာပြီးလျှင် ယခုမြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း ဖြစ်လာသည်ဟု ဆို၏။ ထို့ပြင် နေမှလာသော ရောင်ခြည်သုံးပုံနှစ်ပုံသာ သောကြာဂြိုဟ်၏ တိမ်ထုကိုဖောက်၍မျက်နှာပြင် ပေါ်သို့ ရောက်နိုင်ကြသည်။ သို့သော် ထိုတိမ်ထုကာဆီးထားသည့်အတွက်ပင် ထိုရသောရောင်ခြည်များ အာကာသ အတွင်းသို့ ပြန်လည်ထုတ်လွှင့်သောအခါ၌ အတားအဆီးဖြစ် နေပြီးလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးကဲ့သို့ သောကြာဂြိုဟ်ပေါ်တွင် သမသောအပူချိန်မရှိဘဲ အပူချိန်လွန်ကဲ၍နေသည်ဟုဆိုသည်။ သောကြာဂြိုဟ်၏တစ်နေ့တာမှာ ကမ္ဘာမှရက်ပေါင်း ၁၁၆ရက်နှင့်ညီမျှအောင် ရှည်လျားလှ၏။ ညဉ့်များသည်လည်း အလားတူပင်ရှည်ကြာလှသည်။ ထိုသို့ဖြစ်ရသည်မှာ သောကြာ ဂြိုဟ်သည်မိမိဝင်ရိုး ပေါ်တွင် ၂၄၃ ရက်တွင်မှ တစ်ပတ်ပတ်နိုင်သောကြောင့်ဖြစ်သည်ဟုဆို၏။ သောကြာဂြိုဟ် ပေါ်တွင်တိုက် ခတ်နေသည့်လေအရှိန်မှာလည်း မုန်တိုင်း ကျနေသည်ဟုထင်ရလောက်အောင် ပြင်းလှသည်ဟုဆိုလေသည်။ ကျမ်းဂန်လာ သောကြာဂြိုဟ် လှေသင်းအတွင်းဝန်မင်းကြီး မဟာဇေယသင်္ခယာ ရေးသားစီရင်အပ်သော ဝေါဟာရလီနတ္ထဒီပနီတွင် 'သောကြာ ဂြိုဟ်ဟုခေါ်ဝေါ်ရေးသားကြသည်မှ ရာဇမတ္တဏ်ကျမ်း ဂဟာဘိဓာနတွင် ဘဂုဇော· သောကြာ၊ ဒေစ္စမန္တိ·သောကြာ၊ ဒစ္စဈက္ခိ·သောကြာ၊ ပုရောဟိတော·သောကြာ၊ ဥသနော· သောကြာ၊ ဘဂ္ဂဝေါ·သောကြာ၊ သုက္ကောသောကြာ၊ ဘဂု·သောကြာ၊ ဒေစ္စဂုရု·သောကြာဟူ၍ ပရိယာယ်ကိုးပါး ပြသည်။ အဘိဓာန်ဋီကာတွင်လည်း သုက္ကံ·သောကြာဟူ၍ ဂြိုဟ်ကိုးပါးအဖွင့်တွင်ဆိုသည်။ ထိုပရိယယ်အစုတွင် မြန်မာဘာသာမှသုက္ကဟူသောပုဒ်နှင့်အညီပုဂံ၊ အင်းဝမင်းတို့ လက်ထက်ရေးမှတ်သည့် ကျောက်စာများတွင်ဥသရနှင့် 'သုကြာနေ့'ဟုရေးမှတ်ကြကုန်သည်။ ယခုအခါ 'သု'တွင်ရှိသော 'ဥ'သရကို'ဩ'ပြု၍ သင်္သကရိုဋ်အလို ကအက္ခရာမှာ ရရစ်နှင့်သောကြာဂြိုဟ်ဟု ခေါ်ဝေါ်ရေးသားကြလေသည်။ သက္ကသဒ္ဒါ၏အနက်ကား ဖြူသောအရောင်အဆင်းကို ဟောသည်။ သောကြာဂြိုဟ်မှာ လည်းဖြူသောအရောင်အဆင်း ရှိသောကြောင့် ကမ္ဘာဦးသူတို့သက္ကဟူ၍ အမည်သုမုတ် ခေါ်ဝေါ်ကုန်သည်။ 'ထိုသောကြာကြယ်ဥဒည်းမူသောအခါ၊ တက်သောအခါ ရှေးသူဟောင်းတို့ဆေးဝါးရှာယူသည်။ ထိုသောကြာကြယ်ကိုပင် ရှေးမြန်မာသူဟောင်းတို့သောက်ရှူး ကြယ်ခေါ်ဝေါ်ကြကုန်သည်။ ကြေးနီကျောင်း ဒုတိယ ကျော်အောင်စံထားဆရာတော်စီရင်သည့် ဝေါဟာရတ္ထ ပကာသနီမှာ ·သောက်ရောင်အချိန်တွင် မြူးသောအရောင် ထင်သည်ကိုအစွဲပြု၍ခေါ်သည်ဟု ဆုံးဖြတ်လေသည်။ ကမ္ဘာတန်းဆာရာဇမန္တဏ် ယောဂယာတြာနှစ်ကျမ်းတွင် ဘောဇကဋတိုင်းသားသေတဗျအမျိုး ဘဂုရ ရသေ့မယား သုဇိတာသား သောကြာဖြစ်ကြောင်း ကိုဆိုသည်။ သောကြာဂြိုဟ်ကို အစွဲပြု၍ရက်သတ္တပတ်၏ ခြောက်ရက်နေ့ကို သောကြာနေ့ဟု ခေါ်သည်။ သောကြာဂြိုဟ်နတ်မင်းစီးသော ဂြိုဟ်ကောင်သည် ပူးဖြစ်သည်။ 'သောကြာမှာပူး၊ မြောက်စူးစူး၊ အထူးနှစ်ဆယ် စွန်းကယ်တစ်နှစ်မျှ'ဟူသောဂြိုဟ်လင်္ကာအရ သောကြာဂြိုဟ် သက်မှာ ၂၁နှစ်ဖြစ်၍ တည်ရာအရပ်သည် မြောက်အရပ်ဖြစ်၏။ ဗေဒင်အခေါ်အားဖြင့် သ၊ ဟ ဟူသော အက္ခရာနှစ်လုံးကို သောကြာနံ အက္ခရာဟုခေါ်သည်။ ကိုးကား အခြားဝက်ဘ်ဆိုက်ဒ်များ Nine Planets: Venus The Planet Venus Images of Venus ကဏ္ဍ:သောကြာဂြိုဟ် ကဏ္ဍ:နေအဖွဲ့အစည်း၏ ဂြိုဟ်များ
ကမ္ဘာဂြိုဟ်
"24px|🜨" ဖြင့် နက္ခတ္တဗေဒတွင် သင်္ကေတပြုရိုးရှိသည့် ကမ္ဘာဂြိုဟ် () သည် နဂါးငွေ့တန်း ကြယ်စုကြီး (Milky Way Galaxy) အတွင်း နေအဖွဲ့အစည်း ဟူသော ဂြိုဟ်စုရှိ ဗဟိုဒြပ်ထု နေလုံး မှ တတိယမြောက် ကွာလှမ်းကာ လှည့်ပတ်ပါဝင်နေသည့် မြေသားကျောက်သား ဂြိုဟ် (terrestrial planet) ဖြစ်သည်။ ရေထု၊ လေထုတို့လည်း ပါရှိ၍ နေမှ အကွာအဝေး မနီးလွန်းမဝေးလွန်း ဖြစ်နေရာမှ လူအပါအဝင် သက်ရှိများ ဖြစ်ပေါ်ရှင်သန် ထွန်းကားနိုင်သည့် ဂြိုဟ်တစ်လုံး ဖြစ်နေ၏။ ကမ္ဘာတွင် ဂြိုဟ်ရံလ တစ်စင်းသာ ရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး ၎င်းကိုပင် တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲဖြင့် သက်တမ်းဖော်ထုတ်နည်း (Radiometric dating) အရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာအား ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူခြင်း၊ လေတိုက်ခြင်း၊ မိုးရွာခြင်း၊ နှင်းကျခြင်း၊ မုန်တိုင်းတိုက်ခြင်း) အခြေအနေများ ဖြစ်ပေါ်လာသည်။ ကမ္ဘာတွင် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ ကမ္ဘာ၏ ဝင်ရိုးစွန်းဒေသများကို ရေခဲများဖြင့် ဖုံးလွှမ်းထားသည်။ အပူပိုင်းဒေသတွင် ဝင်ရိုးစွန်းဒေသထက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုရရှိပြီး လေထု၊ သမုဒ္ဒရာရေစီးကြောင်းများဖြင့် အပူကို ဖြန့်ဖြူးပေးသည်။ မှန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို ထိန်းသိမ်းပေးရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒေသတစ်ခု၏ ရာသီဥတုကို ဆုံးဖြတ်ရာ၌ လတ္တီကျုကိုသာမက ပင်လယ်ရေမျက်နှာပြင်အမြင့်၊ သမုဒ္ဒရာများနှင့် နီးကပ်မှု အစရှိသည်တို့ကိုပါ အသုံးပြုသည်။ အပူပိုင်း ဆိုင်ကလုန်းများ၊ မိုးကြိုးမုန်တိုင်းများ၊ အပူလှိုင်းဖြတ်ခြင်းစသော ပြင်းထန်သည့်ရာသီဥတုများသည် နေရာဒေသအများစုတွင် ဖြစ်ပေါ်လေ့ရှိပြီး သက်ရှိများအပေါ် ကြီးမားစွာ သက်ရောက်သည်။ ကမ္ဘာသည် နေအဖွဲ့အစည်းအတွင်း သက်ရှိများနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားက ကမ္ဘာကို ဥက္ကာပျံများနှင့် တိုက်မိနိုင်ချေမှ အတန်အသင့် အကာအကွယ်ပေးနေသည်ဟု ယူဆထားသည်။ ကမ္ဘာ ဖွဲ့တည်ပြီး ပထမ ဘီလီယံနှစ်များတွင် သက်ရှိဇီဝသည် ပင်လယ်သမုဒ္ဒရာ၌ စတင်ရှင်သန်ခဲ့ပြီး ကမ္ဘာ့လေထုနှင့် ကုန်းမြေများကို အကျိုးသက်ရောက်ခဲ့ကာ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံမှစ၍ သက်ရှိတို့ ရှင်သန်ပေါက်ဖွားခဲ့ဟန် ရှိသည်။ Early edition, published online before print. ကမ္ဘာမြေ၏သမိုင်းတွင် မျိုးသုဉ်းမှုဖြစ်ရပ်များကြောင့် သက်ရှိမျိုးစိတ် ၉၉ ရာခိုင်နှုန်း ပျက်စီးပျောက်ကွယ်ခဲ့ဖူးသည်။ ယနေ့တိုင် တည်ရှိသော ခန့်မှန်းခြေ မျိုးစိတ်များမှာ ကျယ်ပြန့်လှကာ မျိုးစိတ်အများစုကို သိပ္ပံနည်းကျ ဖော်ပြထားနိုင်ခြင်း မရှိသေးပေ။ ကမ္ဘာပေါ်တွင် လူသားများ ၈ ဘီလီယံနီးပါးခန့် နေထိုင်ကြပြီး အသက်ရှင်သန်ရေးအတွက် ကမ္ဘာ၏ ဇီဝအလွှာ (biosphere) နှင့် သဘာဝရင်းမြစ်များပေါ်တွင် မှီခိုကြရသည်။ သမိုင်းကြောင်း ဖွဲ့တည်ခြင်း အစောပိုင်းကာလ နေအဖွဲ့အစည်း၏ ဂြိုဟ်ချပ်ပြားအား စိတ်ကူးယဉ်ရေးဆွဲထားပုံ နေအဖွဲ့အစည်းရှိ သက်တမ်းအရင့်ဆုံးပစ္စည်းမှာ လွန်ခဲ့သော ၄.၅၆၇၂±၀.၀၀၀၆ ဘီလီယံနှစ်အကြာက ဖြစ်တည်သည်။ သီအိုရီအရ ကမ္ဘာသည် နေပေါက်ဖွားပြီး ယင်း၏အစိတ်အပိုင်းများမှ ဖွဲ့တည်ခြင်းဖြစ်သည်။ သုတေသနတစ်ခုအရ လွန်ခဲ့သောနှစ်​​ပေါင်း ၄.၅၃ ဘီလီယံအကြာက လကမ္ဘာ ဖြစ်တည်ခဲ့ဟုဆိုသည်။ အဆိုပြုချက်တစ်ခုအရမူ အင်္ဂါဂြိုဟ်အရွယ်အစားရှိ သီယာဟုခေါ်သည့် ဂြိုဟ်တစ်ခုက ကမ္ဘာမြေအား ဝင်တိုက်ခဲ့သေးသည်ဟုဆိုသည်။ ယင်းဂြိုဟ်သည် ကမ္ဘာ၏ ၁၀ ရာခိုင်နှုန်းသော အရွယ်အစားရှိသည်ဟုဆိုပြီး ထိတိုက်မှုကြောင့် ယင်း၏အစိတ်အပိုင်းအချို့သည် ကမ္ဘာမြေနှင့် ပေါင်းစပ်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံနှင့် ၃.၈ ဘီလီယံအတွင်း လကမ္ဘာအား ဥက္ကာခဲများစွာ ဝင်တိုက်ခဲ့မှုက လကမ္ဘာ၏ ယနေ့ခေတ် မြေမျက်နှာသွင်ပြင်များကို ထုဆစ်ပုံဖော်ခဲ့သည်ဟုဆိုသည်။ ဘူမိဗေဒဆိုင်ရာ သမိုင်း ကမ္ဘာ့လေထုနှင့် သမုဒ္ဒရာများကို မီးတောင်လှုပ်ရှားမှုနှင့် အေးခဲနေသောဓာတ်ငွေ့များ ကမ္ဘာမြေမျက်နှာပြင်သို့ ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသည်။ ယင်းရင်းမြစ်များမှ ရေငွေ့သည် သမုဒ္ဒရာများသို့ ငွေ့ရည်ဖွဲ့စုဖွဲ့ကြသည်။ ကြယ်တံခွန်၊ ဥက္ကာခဲများမှ ရေနှင့် ရေခဲများသည်လည်း သမုဒ္ဒရာများအတွင်းသို့ စုဝေးခဲ့ကြသည်။ ပင်လယ်များအတွက် လိုအပ်သောရေသည် ကမ္ဘာဖြစ်တည်ကတည်းက တည်ရှိခဲ့ဟန်ရှိသည်။ ဤစံနမူနာပုံစံတွင် နေသည် လက်ရှိတောက်ပမှု၏ ၇၀ ရာခိုင်နှုန်းမျှသာရှိသေးသောအချိန် လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့များသည် သမုဒ္ဒရာများကို အေးခဲမသွားစေရန် ထိန်းကျောင်းပေးခဲ့သည်။ ကမ္ဘာဖွဲ့တည်ပြီးနောက် နှစ်ပေါင်း ၃.၅ ဘီလီယံကြာသော် ကမ္ဘာ၏ သံလိုက်စက်ကွင်း ဖြစ်တည်လာခဲ့သည်။ ယင်းသံလိုက်စက်ကွင်းသည် လေထုကို နေလေ (solar wind) မှ နုတ်ယူမသွားစေရန် ကာကွယ်ပေးခဲ့သည်။ ကမ္ဘာ၏ အပြင်ဘက်ချော်ရည်အလွှာသည် အေးမြလာပြီး ပထမဆုံး အစိုင်အခဲလွှာကို ဖွဲ့တည်လာခဲ့သည်။ အနာဂတ် ကာဗွန်ဒိုင်အောက်ဆိုဒ် သည် လေထုထဲတွင် သက်တမ်းရှည်ကြာစွာ တည်ရှိနေနိုင်သောကြောင့် လူသားတို့၏ ထုတ်လွှတ်မှုသည် နောင်နှစ်ပေါင်း တစ်သိန်းတွင် ဖြစ်ပေါ်လာမည့် ရေခဲခေတ်တစ်ခုကို နှောင့်နှေးစေမည်ဖြစ်သည်။ ကမ္ဘာ၏ အနာဂတ်သည် နေနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၁.၁ ဘီလီယံတွင် နေ၏ တောက်ပမှုသည် ယခုလက်ရှိထက် ၁၀ ရာခိုင်နှုန်း၊ နှစ်ပေါင်း ၃.၅ ဘီလီယံတွင် ၄၀ ရာခိုင်နှုန်းသို့ တိုးလာမည်ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင် အပူချိန် တိုးပွားလာပြီး အင်အော်ဂဲနစ် ကာဗွန်သံသရာကို အရှိန်တင်စေကာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုစနစ်ကို လျှော့ကျစေမည်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ပါက နှစ်ပေါင်း ၅၀၀ မှ ၉၀၀ မီလီယံအတွင်း အပင်များအတွက် အလင်းမှီစုနည်းဖြင့် အစာချက်လုပ်ရန် မဖြစ်နိုင်တော့ပေ။ အပင်များ နည်းပါးလာခြင်းသည် လေထုထဲရှိ အောက်ဆီဂျင် ပမာဏကို နည်းပါးသွားစေမည်ဖြစ်ကာ တိရိစ္ဆာန်လောက ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ နောက်ထပ် နှစ်ပေါင်း ၁ ဘီလီယံကြာသော် မြေမျက်နှာပြင်ရှိ ရေအားလုံး ပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံး အပူချိန်သည် ၇၀ °C (၁၅၈ °F) သို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းအချိန်မှစ၍ နှစ်ပေါင်း ၅၀၀ မီလီယံခန့်အတွင်း ကမ္ဘာပေါ်တွင် သက်ရှိများ ရှင်သန်နိုင်သေးသည်ဟု ခန့်မှန်းထားသည်။ အကယ်၍ လေထုမှ နိုက်ထရိုဂျင်အား ဖယ်ထုတ်လိုက်ပါက နှစ်ပေါင်း ၂.၃ ဘီလီယံခန့်အတွင်း သက်ရှိများ ရှင်သန်နိုင်ကောင်းရှင်သန်နိုင်သေးသည်။ ထို့သို့မဟုတ်ဘဲ နေ၏အပူချိန်သည် တည်ငြိမ်မည်ဟု ယူဆပါကလည်း နှစ်ပေါင်း ၁ ဘီလီယံအတွင်း ခေတ်သစ်သမုဒ္ဒရာများမှ ၂၇ ရာခိုင်နှုန်းသော ရေထုတို့သည် ကမ္ဘာ့အတွင်းပိုင်းအလွှာသို့ ဆင်းသက်ကုန်မည်ဖြစ်သည်။ နေသည် နောင်နှစ်ပေါင်း ၅ ဘီလီယံကြာပါက ဧရာမ ကြယ်နီကြီးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်ပြီး ယခုလက်ရှိအရွယ်အစားထက် အဆပေါင်း ၂၅၀ သို့ ရောက်ရှိကာ ၁ AU (မိုင်ပေါင်း ၉၃ မီလီယံခန့်) ကြီးထွားလာမည်ဖြစ်သည်။ ကမ္ဘာ၏ ကံကြမ္မာသည် မသေချာပေ။ ဧရာမ ကြယ်နီတစ်စင်းအနေဖြင့် နေသည် ယင်း၏ထုထည် ပမာဏ ၃၀ ရာခိုင်နှုန်းအား ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ဒီရေအကျိုးသက်ရောက်မှု (tidal effect) မရှိပါက ကမ္ဘာပတ်လမ်းသည် နေမှ ၁.၇ AU အကွာသို့ ရွေ့သွားမည်ဖြစ်သည်။ သို့မဟုတ် ဒီရေအကျိုးသက်ရောက်မှု ရှိပါက ကမ္ဘာသည် နေ၏လေထုထဲသို့ တိုးဝင်ကာ အငွေ့ပျံသွားမည်ဖြစ်သည်။ နေ၏တောက်ပမှုသည် ယခုထက် အဆပေါင်း ၅၀၀ ပိုမိုတောက်ပလာမည်ဖြစ်ကာ ကမ္ဘာပေါ်ရှိ သက်ရှိများ အကုန်လုံး မဟုတ်သော်မှ အတော်များများကို လွန်ကဲသောအပူချိန်က ပျက်စီးစေမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော ပုံတူဖန်တီးမှန်းဆမှု (simulation) တစ်ခုက ကမ္ဘာသည် ဒီရေအကျိုးသက်ရောက်မှုကြောင့် နေ၏လေထုသို့ ဝင်ရောက်ကာ လောင်ကျွမ်းသွားမည်ဟုဆိုသည်။ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ပုံသဏ္ဌာန် ကမ္ဘာ၏ပုံသဏ္ဌာန်သည် ထိပ်နှစ်ဘက်ပြား၍ အလယ်တွင် လုံးဝိုင်းသည်။ ကမ္ဘာ၏ လည်ပတ်မှုကြောင့် ဝင်ရိုးစွန်းဒေသများတွင် ပြားချပ်ပြီး အီကွေတာတွင် ဖောင်းကားသည်။ အီကွေတာရှိ ကမ္ဘာ၏အချင်းသည် ၄၃ ကီလိုမီတာ (၂၇ မိုင်) ရှိပြီး ဝင်ရိုးစွန်း တစ်ခုမှတစ်ခုသို့ အချင်းထက် ပိုများသည်။ ဓာတုပစ္စည်း ပါဝင်မှု + ကမ္ဘာ့ကျောက်လွှာ၏ ဓာတုပစ္စည်း ပါဝင်မှုဒြပ်ပေါင်းဖော်မျူလာပါဝင်ပစ္စည်းကုန်းမြေသမုဒ္ဒရာဆီလီကာ60.2%48.6%အလူမီနာ15.2%16.5%ထုံးCaO5.5%12.3%မဂ္ဂနီဆီယာMgO3.1%6.8%iron(II) oxideFeO3.8%6.2%ဆိုဒီယမ် အောက်ဆိုဒ်3.0%2.6%ပိုတက်ဆီယမ် အောက်ဆိုဒ်2.8%0.4%iron(III) oxide2.5%2.3%ရေ1.4%1.1%ကာဗွန်ဒိုင်အောက်ဆိုဒ်1.2%1.4%တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ်0.7%1.4%phosphorus pentoxide0.2%0.3%စုစုပါင်း99.6%99.9% ကမ္ဘာ့ထုထည်သည် ၅.၉၇×၁၀၂၄ ကီလိုဂရမ် နီးပါးခန့်ရှိပြီး အများစုမှာ သံ (၃၂.၁%)၊ အောက်ဆီဂျင် (၃၀.၁%)၊ ဆီလီကွန် (၁၅.၁%)၊ မဂ္ဂနီစီယမ် (၁၃.၉%)၊ ဆာလဖာ (၂.၉%)၊ နီကယ် (၁.၈%)၊ ကယ်လစီယမ် (၁.၅%)၊ အလူမီနီယမ် (၁.၄%) နှင့် ကျန်သော ဒြပ်စင်များ ၁.၂% ပါဝင်သည်။ ပင်မအူတိုင်တွင် သံ ၈၈.၈%၊ နီကယ် ၅.၈%၊ ဆာလဖာ ၄.၅% တို့ဖြင့် ဖွဲ့စည်းထားသည်ဟု ခန့်မှန်းရသည်။ ကျောက်မာလွှာတွင် တွေ့ရသော ကျောက်ခဲအများစုသည် အောက်ဆိုဒ်များ ဖြစ်ကြသည်။ အဓိကအားဖြင့် ကလိုရင်း၊ ဆာလဖာနှင့် ဖလိုရင်းတို့ဖြစ်ကြသည်။ ကျောက်မာလွှာ၏ ၉၉ ရာခိုင်နှုန်းကိုမူ ဆီလီကာ၊ အလူမီနာ၊ အိုင်းယွန်း အောက်ဆိုဒ်၊ ထုံး၊ မဂ္ဂနီဆီယာ၊ ပိုတက်နှင့် ဆိုဒါတို့ဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင် ရေမပါရှိသော – လက်ရှိကမ္ဘာဂြိုဟ် (သုံးဘက်မြင် စက်ဝိုင်းလုံးပုံစံမြင်ရန် နှိပ်၍ချဲ့ကြည့်ပါ)။ ကမ္ဘာ့ မျက်နှာပြင် စုစုပေါင်း ဧရိယာသည် စတုရန်းမိုင်ပေါင်း ၁၉၇ မီလီယံ ရှိသည်။ ယင်း၏ ၇၀.၈ ရာခိုင်နှုန်း (စတုရန်းမိုင်ပေါင်း ၁၃၉.၄၃ မီလီယံ) မှာ ပင်လယ်ရေ မျက်နှာပြင်အောက်တွင် တည်ရှိပြီး ပင်လယ်ရေဖြင့် ဖုံးလွှမ်းထားသည်။ ရေဖြင့် ဖုံးလွှမ်းမထားသော လက်ကျန် ၂၉.၂% များမှာ တောင်တန်းများ၊ ကန္တာရများနှင့် အခြားသော ကုန်းမြေများဖြစ်သည်။ ကုန်းမြေမျက်နှာပြင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ အနိမ့်ဆုံးဖြစ်သော ပင်လယ်သေဒေသ၌ −၄၁၈ မီတာရှိပြီး အမြင့်ဆုံးဖြစ်သော ဧဝရတ်တောင်တွင် ၈၈၄၈ မီတာ ရှိသည်။ ကုန်းမြေ၏ ပင်လယ်ရေ မျက်နှာပြင်အမြင့် ပျမ်းမျှအမြင့်မှာ ၇၉၇ မီတာ ရှိသည်။ အနည်ကျကျောက်များသည် ကမ္ဘာ့အပြင်ဘက်ကျောက်လွှာ၏ ၅ ရာခိုင်နှုန်းသာ ပါဝင်ဖွဲ့စည်းထားသော်လည်း ကမ္ဘာ့တိုက်ကြီးများ၏ မျက်နှာပြင်ကိုမူ အနည်ကျကျောက်များက ၇၅ ရာခိုင်နှုန်း လွှမ်းမိုးထားသည်။ စုစုပေါင်း စိုက်ပျိုးနိုင်သောမြေသည် ကုန်းမြေ၏ ၁၀.၉ ရာခိုင်နှုန်းရှိပြီး ၁.၃ ရာခိုင်နှုန်းသည် အမြဲတမ်း စိုက်ပျိုးမြေများဖြစ်ကြသည်။ ကုန်းမြေမျက်နှာပြင်၏ ၄၀ ရာခိုင်နှုန်းအား စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုသည်။ ခန့်မှန်းခြေ သီးနှံပင်စိုက်ပျိုးရေးအတွက် စတုရန်းမိုင် ၆.၄ သန်း၊ မွေးမြူရေးအတွက် စတုရန်းမိုင် ၁၂.၉ သန်း အသီးသီး အသုံးချသည်။ ရေထု ကမ္ဘာမျက်နှာပြင်၌ ရေပေါများခြင်းသည် နေအဖွဲ့အစည်းရှိ အခြားသောဂြိုဟ်များထဲမှ ဂြိုဟ်ပြာ ဟု ခွဲခြားနိုင်ခြင်းဖြစ်သည်။ ကမ္ဘာ့ရေထုတွင် အဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာတို့ပါဝင်သည်။ သို့သော် နည်းစနစ်ကျကျဆိုပါက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကုန်းတွင်းပိုင်းပင်လယ်နှင့် မြေအောက်ရေတို့ ပါဝင်သည်။ အနက်ဆုံး မြေအောက်ရေ တည်ရှိရာမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီနာချောက် (Mariana Trench) ၏ ချန်လင်ဂျာဒီး (Challenger Deep) ဖြစ်ပြီး မီတာ ၁၀၉၁၁.၁ (ပေ ၃၅၇၉၉) ရှိသည်။ သမုဒ္ဒရာများ၏ ထုထည်သည် ၁.၃၅×၁၀၁၈ နီးပါးခန့် သို့မဟုတ် ကမ္ဘာမြေ ထုထည်၏ ၁/၄၄၀၀ ဖြစ်သည်။ သမုဒ္ဒရာများသည် ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၁၃၉.၇ မီလီယံရှိပြီး ပျမ်းမျှအနက်မှာ ၃၆၈၂ မီတာ (၁၂၀၈၀ ပေ) ရှိကာ ကမ္ဘာ့မျက်နှာပြင်သည် ချောမွေ့နေမည်ဆိုပါက ပျမ်းမျှအနက်သည် ၂.၇ မှ ၂.၈ ကီလိုမီတာ ရှိမည်ဖြစ်သည်။ ရေအားလုံး၏ ၉၇.၅ ရာခိုင်နှုန်းသည် ရေငန်များဖြစ်ပြီး ကျန် ၂.၅ ရာခိုင်နှုန်းမှာ ရေချိုဖြစ်ကာ ရေချို ၆၈.၇ ရာခိုင်နှုန်းသည် ရေခဲလွှာများ၌ တည်ရှိသည်။ ကမ္ဘာ၏ အအေးဆုံးဒေသများတွင် နှင်းများသည် ပုံစံမပျက် ရေခဲအဖြစ် တည်ရှိကြသည်။ ယင်းနှင်းများ၊ ရေခဲများသည် ကြာလာသော် ရေခဲလွှာများဖြစ်တည်လာကြသည်။ အာတိတ်ဒေသရှိ ရေခဲပင်လယ်သည် အမေရိကန်ပြည်ထောင်စုနီးပါးခန့် ကြီးမားလှသည်။ သို့သော် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် လျင်မြန်စွာ ဆုတ်ယုတ်လျက်ရှိသည်။ ကမ္ဘာ့သမုဒ္ဒရာများ၏ ပျမ်းမျှ ရေငန်နှုန်းမှာ ပင်လယ်ရေ ၁ ကီလိုဂရမ်တွင် ၃၅ ဂရမ်နှုန်း ဖြစ်သည်။ ဆားအများစုကို မီးတောင်ပေါက်ကွဲခြင်းမှ ထွက်လာသည်။ သမုဒ္ဒရာများသည် လေထုထဲရှိ ဓာတ်ငွေ့များကို ပျော်ဝင်သွားစေသည့် သိုလှောင်ကန်များဖြစ်ကြပြီး ယင်းသည် ပင်လယ်နေသတ္တဝါများ ရှင်သန်ရန် အရေးပါသည်။ ပင်လယ်ရေများသည် ကမ္ဘာ့ရာသီဥတုများပေါ်တွင် လွှမ်းမိုးမှုရှိပြီး သမုဒ္ဒရာများသည် အပူလှောင်ကန်အဖြစ် ပြုမူပေးသည်။ သမုဒ္ဒရာများရှိ အပူချိန်ပြောင်းလဲမှုများသည် အယ်လ်နီညိုကဲ့သို့ သိသာသော ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ လေထု 200px|လပြည့်ဝန်းအား မြောက်ကမ္ဘာခြမ်းမှ မြင်ရပုံ အချင်း ထုထည် ဆီမီးမေဂျာ ဝင်ရိုး ပတ်လမ်းကာလ လကမ္ဘာ၏ မူလဇာတ်မြစ်နှင့်ပတ်သက်၍ လူအများစု လက်ခံထားသော သီအိုရီအရ သီယာဟုခေါ်သော အင်္ဂါဂြိုဟ်အရွယ် ဂြိုဟ်ပေါက်စတစ်စင်းနှင့် အစောပိုင်းကာလ ကမ္ဘာတို့ ထိတိုက်မိရာမှ ပေါက်ဖွားလာသည်ဟုဆိုသည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်း ရှိပြီး ယင်းသည် ကမ္ဘ့ာအချင်း၏ လေးပုံတစ်ပုံခန့် အရွယ်အစားရှိသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပလူတို၏ ဂြိုဟ်ရံလတစ်စင်းဖြစ်သော ချာရွန်သည် မိခင်ဂြိုဟ်၏ အရွယ်အစားနှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားသော်လည်း အခြားဂြိုဟ်များ၏ ဂြိုဟ်ရံလများကိုလည်း ကမ္ဘာ၏ လကမ္ဘာကဲ့သို့ပင် "ဂြိုဟ်ရံလများ" ("moons") ဟု ရည်ညွှန်းသည်။ လကမ္ဘာသည် မိခင်ဂြိုဟ်၏ အရွယ်အစားဖြင့် နှိုင်းယှဉ်ပါက နေအဖွဲ့အစည်းတွင် အကြီးဆုံး လတစ်စင်းဖြစ်သည်။ ကမ္ဘာနှင့် လကမ္ဘာကြားရှိ ဒြပ်ဆွဲအားသည် ကမ္ဘာပေါ်၌ ဒီရေများကို ဖြစ်ပေါ်စေသည်။ လကမ္ဘာပေါ်၌လည်း ဒီရေ အလုံပိတ် (tidal locking) အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ယင်း၏ လည်ပတ်နှုန်းသည် ကမ္ဘာအား လှည့်ပတ်မှုနှင့် ထပ်တူကျစေသည်။ ရလဒ်အဖြစ် လ၏ မျက်နှာပြင်တစ်ခြမ်းသည် ကမ္ဘာသို့ အမြဲတမ်း မျက်နှာမူလျက်ရှိသည်။ လကမ္ဘာသည် ကမ္ဘာအားလည်ပတ်နေသောကြောင့် လကမ္ဘာ၏ မတူညီသောမျက်နှာပြင်များကို နေရောင်ထိုးသောအခါ လဆန်းခြင်း၊ လကွယ်ခြင်းများကို ဖြစ်စေသည်။ ကမ္ဘာနှင့်လတို့ကြား အပြန်အလှန် ဒီရေအကျိုးသက်ရောက်မှုကြောင့် လသည် တစ်နှစ်လျှင် ၁.၅ လက်မခန့် ကမ္ဘာနှင့် ဝေးကွာလျက်ရှိသည်။ လသည် ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တွင် တိမ်းစောင်းလျက် လည်ပတ်သောဖြစ်စဉ်အား တည်ငြိမ်စေသည်။ ကမ္ဘာမှ ကြည့်ပါက လကမ္ဘာကို နေ၏အရွယ်အစားကဲ့သို့ပင် မြင်ရသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ နေ၏အချင်းသည် လကမ္ဘာထက် အဆပေါင်း ၄၀၀ ပိုကြီးသော်လည်း အကွာဝေးမှာ အဆပေါင်း ၄၀၀ ပိုမိုဝေးကွာသောကြောင့်ဖြစ်သည်။ ယင်းသည် နှစ်စဉ်နှင့် နေအပြည့်ကြတ်ခြင်းကို ကမ္ဘာပေါ်၌ ဖြစ်စေသည်။ လကမ္ဘာသည် ကမ္ဘာ၏ ရာသီဥတုကို ထိန်းကျောင်းခြင်းဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိများ ဖြစ်ထွန်းမှုကို အထောက်အကူပြုခဲ့ကောင်းပြုခဲ့နိုင်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေများနှင့် ကွန်ပျူတာဖြင့် ပုံတူဖန်တီးမှန်းဆချက် (computer simulation) များက ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တိမ်းစောင်းမှုသည် လကမ္ဘာနှင့်အပြန်အလှန်ဆက်နွယ်မှုကြောင့် တည်ငြိမ်သည်ဟု ပြသနေသည်။ အချို့သော သီအိုရီအဆိုရှင်များက လကမ္ဘာမရှိပါက ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တိမ်းစောင်းလည်ပတ်မှုသည် အင်္ဂါဂြိဟ်၏ ဂြိုဟ်ရံလ ဖြစ်ရပ်ကဲ့သို့ ကမောက်ကမဖြစ်ကာ မတည်ငြိမ်မှု ဖြစ်သွားနိုင်သည်ဟုဆိုသည်။ သို့သော်လည်း ယင်းအား အပြန်အလှန် ငြင်းခုံနေကြဆဲဖြစ်သည်။ လူလုပ် ဂြိုဟ်တုများ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကမ္ဘာပတ်လမ်းထဲ၌ အလုပ်ဖြစ်နေဆဲ လူလုပ် ဂြိုဟ်တုများ ၂,၆၆၆ ခု ရှိသည်။ ယင်းတို့တွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့သည့် ဂြိုဟ်တုများလည်း ပါဝင်ပြီး နောက်ယောင်ခံလိုက်ထားသည် အာကာသ အမှိုက် (Space debris) ၁၆,၀၀၀ ခုကျော် ရှိသည်။ ကမ္ဘာ၏ အကြီးဆုံး လူလုပ် ဂြိုဟ်တုမှာ နိုင်ငံတကာ အာကာသ စခန်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိ |မှိုများသည် ကမ္ဘာပေါ်ရှိ သက်ရှိတစ်မျိုးဖြစ်သည်။ ဂြိုဟ်တစ်ခု၏ သက်ရှိပုံစံများသည် ဂေဟစနစ်တွင် နေထိုင်ကြပြီး ယင်း၏ပုံစံအားလုံးကို ဇီဝလွှာ (biosphere) ဟု ခေါ်ဆိုသည်။ ဇီဝလွှာကို ဇီဝအစုအဖွဲ့ (biomes) အဖြစ် ပိုင်းခြားပြီး အပင်နှင့် တိရစ္ဆာန်များ နေထိုင်ကြသည်။ မြေပြင်ပေါ်တွင် ဇီဝအစုအဖွဲ့များကို အဓိကအားဖြင့် ပင်လယ်ရေမျက်နှာပြင်အမြင့်နှင့် စိုထိုင်းဆတို့ဖြင့် ပိုင်းခြားထားသည်။ ကုန်းနေ ဇီဝအစုအဖွဲ့များသည် အာတိတ် သို့မဟုတ် အာတိတ်စက်ဝိုင်းအတွင်း တည်ရှိကြသည်။ မြင့်မားသောနေရာများ သို့မဟုတ် အင်မတန်ခြောက်သွေ့သောဒေသများတွင် အပင်နှင့် တိရစ္ဆာန်များ ကင်းမဲ့ကြသည်။ မျိုးစိတ် မူကွဲသည် စိုထိုင်းသောအနိမ့်ပိုင်းဒေသ အီကွေတာတွင် အများဆုံး ဖြစ်ထွန်းသည်။ ယနေ့ ကမ္ဘာပေါ်ရှိ ခန့်မှန်းခြေ မျိုးစိတ်အရေအတွက်သည် ပြောင်းလဲနေပြီး မျိုးစိတ်အများစုမှာ ဖော်ပြခြင်းမရှိသေးပေ။ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားခဲ့ဖူးသော မျိုးစိတ်အားလုံး၏ ၉၉ ရာခိုင်နှုန်းကျော်သည် မျိုးသုဉ်းခဲ့ပြီးဖြစ်သည်။ နေမှ ကမ္ဘာသို့ အကွာအဝေး၊ ဂြိုဟ်ပတ်လမ်းကြောင်း ဗဟိုကျမှု၊ လှည့်ပတ်နှုန်း၊ ဝင်ရိုးပေါ်တွင် တိမ်းစောင်းမှု၊ ပထဝီဝင်ဆိုင်ရာ ရာဇဝင်၊ ရေရှည်တည်တံ့သော လေထုနှင့် သံလိုက်စက်ကွင်း အစရှိသည့် အားလုံးသော ရာသီဥတုအခြေနေများသည် မြေမျက်နှာပြင်ပေါ်တွင် အကျိုးသက်ရောက်လျက်ရှိသည်။ ကမ္ဘာသည် အရည်အဖြစ်တည်ရှိသော ရေကို ထောက်ပံ့ပေးပြီး ယင်းသည် ရှုပ်ထွေးသော အော်ဂဲနစ် မော်လီကျူးများ ဖြစ်တည်လာစေရန်၊ ဇီဝကမ္မဖြစ်စဉ်များအတွက် လိုအပ်သောစွမ်းအင်ကို အလုံအလောက် ထောက်ပံ့ပေးသည်။ အပင်များသည် လေထု၊ မြေဆီလွှာနှင့် ရေမှ အာဟာရဓာတ်ကို ယူသုံးနိုင်ကြသည်။ ယင်းအာဟာရဓာတ်များသည် မတူညီသောမျိုးစိတ်များကြားတွင် သံသရာလည်လျက်ရှိသည်။ ဟာရီကိန်းမုန်တိုင်းများနှင့် တိုင်ဖွန်းမုန်တိုင်းများအပါအဝင် အပူပိုင်း ဆိုင်ကလုန်းများကဲ့သို့ ပြင်းထန်သော မိုးလေဝသအခြေအနေများသည် ကမ္ဘာမြေ၏ မျက်နှာပြင်တိုင်းတွင် ဖြစ်ပေါ်လေ့ရှိပြီး ယင်းဒေသရှိ သက်ရှိများအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။ ၁၉၈၀ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ယင်းဖြစ်ရပ်များသည် တစ်နှစ်လျှင် ပျမ်းမျှလူပေါင်း ၁၁၈၀၀ ဦးကို သေဆုံးစေခဲ့သည်။ အခြားနေရာများတွင် ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေလွှမ်းခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းနှင့် အခြားဘေးအန္တရာယ်များ ကျရောက်ရန် ရှိနေသည်။ လူသားတို့၏ ဆောင်ရွက်ချက်များကြောင့် တောရိုင်းတိရစ္ဆာန်များ ပျောက်ဆုံးခြင်း၊ မျိုးစိတ်များ မျိုးသုဉ်းခြင်း၊ မြေဆီလွှာ ခမ်းခြောက်ခြင်း၊ မြေတိုက်စားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လူသားတို့၏ အပြုအမူသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုထဲသို့ ရောက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေခဲ့သည်။ ရေခဲလွှာများ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မိုးခေါင်ရေရှားခြင်းနှင့် တောမီးလောင်မှုအန္တရာယ်ရှိလာခြင်းတို့သည် မျိုးစိတ်များကို ပိုမိုအေးမြသောဒေသသို့ ပြောင်းရွေ့နေထိုင်ရန် တွန်းအားပေးမှု ဖြစ်လာစေသည်။ လူသား ပထဝီဝင် ကမ္ဘာမြေရှိ လူဦးရေသည် ၂၀၁၀ ပြည့်လွန်နှစ်များတွင် ၇ ဘီလီယံ ကျော်သွားခဲ့ပြီး ၂၁ ရာစု ဒုတိယထက်ဝက်ခန့်တွင် အမြင့်ဆုံး ၁၀ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ လူဦးရေ တိုးပွားမှု အများဆုံးမှာ အာဖရိကတိုက်တွင် ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ လူဦးရေ သိပ်သည်းဆသည် ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားကြပြီး အများစုမှာ အာရှတိုက်တွင် နေထိုင်ကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများထက် မြို့ပြတွင် နေထိုင်ကြလိမ့်မည်ဟု မျှော်မှန်းရသည်။ မြောက်ကမ္ဘာလုံးခြမ်းတွင် ကမ္ဘာ့ကုန်းမြေထုထည်၏ ၆၈ ရာခိုင်နှုန်း ပါဝင်သည်။ ကုန်းမြေထုထည် များပြားသောအချက်ကြောင့်လည်း ၉၀ ရာခိုင်နှုန်းသော လူသားများသည် မြောက်ကမ္ဘာလုံးခြမ်းတွင် နေထိုင်ကြသည်။ ကမ္ဘာ့မျက်နှာပြင်၏ ၈ ပုံ ၁ ပုံသည် လူသားများနေထိုင်ရန် သင့်လျော်သည်ဟု ခန့်မှန်းချက်တစ်ခုက ဖော်ပြထားသည်။ ကမ္ဘာ့မျက်နှာပြင်၏ ၄ ပုံ ၃ ပုံကိုမူ သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းထားပြီး ကုန်းမြေမှာ ၄ ပုံ ၁ ပုံ ဖြစ်သည်။ ယင်းကုန်းမြေဧရိယာ၏ ထက်ဝက်ခန့်သည် ကန္တာရများ (၁၄ ရာခိုင်နှုန်း)၊ တောင်တန်းများ (၂၇ ရာခိုင်နှုန်း) သို့မဟုတ် နေထိုင်ရန် မသင့်လျော်သော ကုန်းမြေများ ဖြစ်ကြသည်။ နိုင်ငံများက အန္တာတိကတိုက်၏ အစိတ်အပိုင်းအချို့နှင့် အခြားဧရိယာအချို့မှလွဲ၍ ဂြိုဟ်တခုလုံး၏ ကုန်းမြေကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။ ကမ္ဘာတွင် ဂြိုဟ်တခုလုံးကို အုပ်ချုပ်သောအစိုးရ မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသော်လည်း ကမ္ဘာ့ကုလသမဂ္ဂသည် လက်ရှိတွင် ကမ္ဘာတဝှမ်းကို ဦးဆောင်နေသည့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာပတ်လမ်းကြောင်းသို့ ပထမဆုံး ရောက်ရှိသူမှာ ယူရီဂါဂါရင် ဖြစ်ပြီး ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ လူပေါင်း ၅၅၀ ယောက် အပြင်ဘက် အာကာသသို့ရောက်ရှိပြီး ယင်းတို့ထဲမှ ၁၂ ယောက်သည် လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။ ပုံမှန်အားဖြင့် လူသားများ အာကာသထဲတွင် ရောက်ရှိသည်ဆိုသည်မှာ နိုင်ငံတကာ အာကသ စခန်းတွင်ဖြစ်သည်။ အာကာသစခန်းတွင် နေထိုင်သော လူ ၆ ဦးသည် ပုံမှန်အားဖြင့် ခြောက်လကြာတိုင်း အလဲအလှယ် ပြုလုပ်ကြသည်။ လူသားများ ကမ္ဘာမြေမှ အဝေးဆုံး ခရီးသွားခဲ့သည့် အကွာအဝေးမှာ ၁၉၇၀ ခုနှစ် အပိုလို ၁၃ ၏ စီမံကိန်းအတွင်းဖြစ်ပြီး ၄၀၀,၁၇၁ ကီလိုမီတာ (၂၄၈,၆၅၅ မိုင်) ခရီးသွားခဲ့သည်။ ဆက်လက်ဖတ်ရှုရန် နေအဖွဲ့အစည်း ကမ္ဘာမြေ သိပ္ပံ မှတ်စု ကိုးကား ကဏ္ဍ:ကမ္ဘာဂြိုဟ် ကဏ္ဍ:နေအဖွဲ့အစည်း ကဏ္ဍ:သဘာဝသိပ္ပံ ကဏ္ဍ:နေအဖွဲ့အစည်း၏ ဂြိုဟ်များ
အင်္ဂါဂြိုဟ်
အင်္ဂါဂြိုဟ် ()သည် နေအဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေမှစတင်ရေတွက်လျင် ၄ ခုမြောက်ဂြိုဟ်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ အင်္ဂလိပ်အမည် မားစ်ကို ရောမတို့၏ စစ်ပွဲနှင့်ဆိုင်သော နတ်ဘုရား၏အမည်ကို ယူ၍ ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော အင်္ဂါဂြိုဟ်၏အရောင်မှာ အနီရောင်ဖြစ်ပြီး အနီရောင်မှာ သွေး၏အရောင်ဖြစ်သောကြောင့် ဂြိုဟ်နီကြီးဟုလည်း ခေါ်ဆိုကြသည်။ အင်္ဂါဂြိုဟ်၏သင်္ကေတသည် 25pxဖြစ်သည်။ ပုံပန်းသဏ္ဌာန် နေရာတကာတွင် ကျောက်သားတို့ဖြင့် ပြည့်နေသော မျက်နှာပြင်ဓာတ်ပုံ (ပတ်ဖိုင်ဒါအင်္ဂါဂြိုဟ်သွားယာဉ်) အင်္ဂါဂြိုဟ်တွင် ဖိုဘော့စ် (Phobos) နှင့် ဒေမော့စ် (Deimos) ဟု ခေါ်သော ဂြိုဟ်ရံလ ၂စင်းရှိသည်။ အင်္ဂါဂြိုဟ်ကို ကျောက်ဆိုင်ကျောက်သားတို့ဖြင့် တည်ဆောက်ထားသည်။ အင်္ဂါဂြိုဟ်၏ မြေကြီးအရောင် အနီရောင်ဖြစ်ရခြင်းမှာ ဖုံမှုန့်များနှင့် ကျောက်သားအတွင်းရှိ သံအောက်ဆိုက်ဒ်(သံချေး) တို့ကြောင့်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏လေထုမှာ သေးငယ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်တို့ဖြင့် လွှမ်းခြုံထားသည်။ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့တွင် ရေခဲအချို့ရှိပြီး ခဲနေသော ကာဘွန်ဒိုင်အောက်ဆိုဒ်များလည်းရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ယခုလက်ရှိအချိန်၌ ဝင်ရိုးစွန်းဒေသများမှအပ ရေမရှိပေ။ သို့သော် သိပ္ပံပညာရှင်တို့က တစ်ချိန်က ရေရှိခဲ့ဖူးသည် ဟု ယူဆကြသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို NASA က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။ အင်္ဂါဂြိုဟ်၏ အပေါ်ယံလွှာမြေသားသည် ပျမ်းမျှအားဖြင့် ၅၀ကီလိုမီတာ(၃၁မိုင်)မျှထူထပ်ပြီး အထူထပ်ဆုံးနေရာတွင် ၁၂၅ကီလိုမီတာ(၇၈မိုင်) မျှထူထပ်သည်။ ကမ္ဘာမြေ၏ အပေါ်ယံလွှာမြေသားမှာ ပျမ်းမျှအားဖြင့် ၄၀ကီလိုမီတာ(၂၅မိုင်)မျှထူထပ်သဖြင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာတို့၏အရွယ်အစားကို ထည့်တွက်နှိုင်းယှဉ်ပါက အင်္ဂါဂြိုဟ်မြေသားထက် ၃ ဆမျှသေးငယ်သည်။ အင်္ဂါဂြိုဟ်ရှိ သက်ရှိများ၊ ရာသီဥတု၊ ရေ နှင့် လေထု အင်္ဂါဂြိုဟ်သည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် လူသားတို့က သက်ရှိများရှိနိုင်မရှိနိုင် မေးခွန်းထုတ်ကြသည်။ နေအဖွဲ့အစည်းမှ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ရာသီဥတုများမှာ အတူဆုံးဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးပေါ်၌ တိမ်းစောင်းသော ဒီဂရီမှာလည်း ကမ္ဘာနှင့် အတူဆုံးဖြစ်သည်။ သို့သော် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် နေမှပိုဝေးသဖြင့် ရာသီဥတုများမှာ ကမ္ဘာထက်ပို၍ ရှည်ကြာသည်။ ရလဒ်အားဖြင့် အင်္ဂါဂြိုဟ်၏ နှစ်တစ်နှစ်မှာ ကမ္ဘာ၏နှစ်တစ်နှစ်ထက်ပို၍ ရှည်လျားသည်။ အင်္ဂါဂြိုဟ်၏လေထုမှာ ကမ္ဘာ၏လေထုထက်ပို၍ ပါးလွှာသည်။ အံဩစရာကောင်းလောက်အောင်ပင် အင်္ဂါဂြိုဟ်၏ အပူချိန်မှာ ဆောင်းရာသီတွင် ဝင်ရိုးစွန်းဒေသတို့တွင် အနှုတ် ၁၁၃ဒီဂရီဆဲလ်စီးယပ်မျှရှိပြီး နွေရာသီတွင် သုည ဒီဂရီဆဲလ်စီးယပ် မျှရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို နာဆာ (NASA) က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။ လူသိများသော ယဉ်ကျေးမှု အင်္ဂါဂြိုဟ်နှင့်ပတ်သက်၍ ဇာတ်လမ်းအချို့ကိုရေးခဲ့ကြသည်။ စာရေးဆရာများက အင်္ဂါဂြိုဟ်တွင်နေထိုင်သော အသိဉာဏ်ရှိသော သတ္တဝါများ "Martians" ဟုဖန်တီးရေးသားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် အိတ်ချ်ဂျီဝဲလ်(H. G. Wells) က အင်္ဂါဂြိုဟ်သားတို့ ကမ္ဘာကို တိုက်ခိုက်သည့်အကြောင်းကို The War of the Worlds ဟူသော အမည်ဖြင့် ဝတ္ထုရေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အော်ဆန် ဝဲလက်စ် (Orson Welles) က ထိုဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုတွင် ရေဒီယိုမှထုတ်လွှင့်ခဲ့ပြီး လူအများစုက တကယ်ဖြစ်ပျက်နေသည်ဟုထင်ကာ ကြောက်ရွံ့ကြသည်။ ၁၉၁၂ မှစ၍ အက်ဂ်ဂါရိုက်စ်ဘားရော့ဂ် (Edgar Rice Burroughs) က အင်္ဂါဂြိုဟ်ပေါ်ရှိ စွန့်စားခန်းများနှင့် ပတ်သတ်၍ ဝတ္ထုများရေးခဲ့သည်။ right|လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံခန့်အကြာက အင်္ဂါဂြိုဟ်၏အခြေနေအား အနုပညာရှင်မှ ပုံဖော်ထားပုံ ယနေ့အခြေအနေ ၂၀၀၈ ခုနှစ် မတ်လအချိန်ထိ သိပ္ပံပညာရှင်တို့ အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလက်ရှိနေထိုင်သော သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသော သက်ရှိဟူ၍ မတွေ့ရှိသေးပေ။ အချို့သော လူမပါသော အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်သို့ ရောက်ရှိလေ့လာခဲ့ပြီးဖြစ်သည်။ အချို့မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်သွားလာခဲ့ကြပြီး အချို့မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ဆင်းသက်ခဲ့ကြသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကို ရိုက်ကူးထားသော ဓာတ်ပုံများကို အချို့သော အာကာသယာဉ်တို့မှ ရိုက်ယူပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ထုတ်လွှတ်ပေးပို့ခဲ့ကြသည်။ အချို့သောလူများက အင်္ဂါဂြိုဟ်ပေါ်သို့ လူများစေလွှတ်ရန်စိတ်ဝင်စားကြသည်။ သို့သော် အာကာသယာဉ်မှူးများအနေဖြင့် အာကာသထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေရမည်ဖြစ်၍ ထိုအကြံအစည်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲသည်။ (၂ဝ၂ဝ) ခုနှစ်တွင် နာဆာမှ လူလိုက်ပါသော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများအားစေလွှတ်ရန် ရည်မှန်းထားသည်။ သို့​သော် (၂၀၂၁) ခုနှစ်အထိအ​ကောင်ထည်မ​ပေါ်​သေး​ပေ။NASA တွင်လက်ရှိတွင် (၂၀၂၀-၂၀၂၁) rovers နှစ်ခု (Curiosity and Perseverance)၊ Lander (InSight) နှင့် Mars (အင်္ဂါစပ်) တို့က Mars ၏မျက်နှာပြင်ကိုစူးစမ်းလေ့လာလျက်ရှိသည်။ ၂၀၂၁ ခုနှစ်မေလတွင်တရုတ်သည်၎င်း၏ Zhurong Mars rover ကိုထိမှန်သောအခါအင်္ဂါဂြိုဟ်ပေါ်တွင်အောင်မြင်စွာဆင်းသက်နိုင်သောဒုတိယမြောက်နိုင်ငံဖြစ်လာသည်။ ဆက်လက်ဖတ်ရှုရန် နေအဖွဲ့အစည်း ကမ္ဘာဂြိုဟ် ကျမ်းကိုး Category:အင်္ဂါဂြိုဟ် Category:နေအဖွဲ့အစည်း၏ ဂြိုဟ်များ
ကြာသပတေးဂြိုဟ်
ကြာသပတေးဂြိုဟ် ()သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်သည်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။ ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။ ထိုဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်မြားစွာ ကြီးမားသည်။ ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၈၀ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။ အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ အိုင်အို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ် (Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုဟ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။ တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင် ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။ ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ ၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည် ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့် နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။ ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်၊ တော်သလင်း၊ ပြာသို၊ တပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလများ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အရွယ်အစား အကြီးမားဆုံးသော ဂြိုဟ်ကြီးတစ်ခုပင် ဖြစ်သည်။ ဆွဲငင်အားလည်း အကြီးမားဆုံးဖြစ်ပြီး ဂြိုဟ်ရံလများလည်း အများဆုံးဖြစ်သည်။ ဂြိုဟ်ရံလပေါင်း (၆၇) စင်းရှိသည်။ ထို လများထဲတွင် ကြီးမားသော လမင်း (၁၆) စင်းရှိသည်။ ထိုအထဲမှာမှ အကြီးမားပြီး ထင်ရှားသော ဂြိုဟ်ရံလကြီး (၄) ခုရှိသည်။ ထို လများကို သိပ္ပံပညာရှင် ဂယ်လီလီယို မှ ၁၆၁၀ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး “ဂယ်လီလီယို၏ လများ”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ထိုလမင်းကြီး ၄ စင်းမှာ ဂန်မီဒီ၊ ကယ်လီစတို၊ အိုင်အို၊ ယူရိုပါ တိုဖြစ်ကြသည်။ ဂန်မီဒီ(သို့) နေအဖွဲ့အစည်း၏ အကြီးဆုံးသော ဂြိုဟ်ရံလ နေအဖွဲ့အစည်းမှာ အကြီးဆုံး လ ကတော့ ဂျူပီတာဂြိုဟ်ရဲ့ဂြိုဟ်ရံလ ဂန်မီဒီ (Ganymede) ပဲဖြစ်ပါတယ်။ အီကွေတာအချင်း ၅၂၆၈ ကီလိုမီတာရှိပြီး မာကျူရီဂြိုဟ် နဲ့ ပလူတိုဂြိုဟ်များထက် ကြီးမားပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့‘လ’ ထက် သုံးဆ ပိုကြီးပါတယ်။ နာဆာမှ ပြောပြချက်အရဆိုလျှင် ဂန်မီဒီ ကို ဂျူပီတာဂြိုဟ်ကသာ ဆွဲငင်မထားရင် သူ့ကို ဂြိုဟ်တစ်ခု အနေနဲ့တောင် သတ်မှတ်လို့ ရပါတယ်။ ဂန်မီဒီ အတွင်းပိုင်းကို သံမဏိ ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သံလိုက်စက်ကွင်းများလည်း ပစ်လွှတ်လျက် ရှိပါတယ်။ ၎င်းကိုယ်တွင်းပိုင်းကို ကျောက်သားများဖြင့် ထပ်မံဖုံးအုပ်ထားပြီး အပေါ်မှာတော့ ရေခဲနှင့် ကျောက်ဆောင်များ တည်ရှိပါတယ်။ ဟာဘယ် တယ်လီစကုပ်နှင့် ရိုက်ကူးထားသော ပုံများအရ ဂန်မီဒီ မှာ ပါးလွှာပြီး အောက်ဆီဂျင်ပါသော လေထုတစ်ခု ရှိပါတယ်။ ဒါပေမယ့် သက်ရှိတွေ နေနိုင်လောက်တဲ့အထိတော့ အထောက်အကူ မဖြစ်နိုင်ပါဘူး။ ဂန်မီဒီ ‘လ’ မှာ မြေအနေအထား နှစ်မျိုး ရှိပါတယ်။ လေးဆယ် ရာခိုင်နှုန်း လောက်က မဲနက်သော မြေသားနေရာများ ဖြစ်ပြီး၊ ကျန်မြေနေရာများမှာ သေးငယ်သော ချိုင့်မြောင်းများအဖြစ် တည်ရှိနေပါတယ်။ ဂန်မီဒီ ကို ၁၆၁၀ ခုနှစ် ဇန်နဝါရီလက ဂယ်လီလီယိုမှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကဲ့သို့ အခြားသော ဂြိုဟ်များမှာ ဂြိုဟ်ရံလရှိကြောင်း ပထမဆုံး တွေ့ရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။ ကယ်လီစတို (သို့) နေအဖွဲ့အစည်း၏ တတိယအကြီးဆုံးဂြိုဟ်ရံလ ဂျူပီတာဂြိုဟ်၏ ဒုတိယအကြီးဆုံး ဂြိုဟ်ရံလဖြစ်သော ကယ်လီစတို (Callisto) မှာ နေအဖွဲ့အစည်း၏ တတိယမြောက် အကြီးဆုံး ဂြိုဟ်ရံလလည်း ဖြစ်သည်။ မာကျူရီဂြိုဟ်နှင့် အရွယ်အစား ၉၉% တူညီပါသည်။ သို့သော် သိပ်သည်းဆမှာ မာကျူရီ၏ သုံးပုံ တစ်ပုံသာ ရှိသည်။ အတွင်းပိုင်းမှာ ဂန်မီဒီ ဂြိုဟ်ရံလကဲ့သို့ ကျောက်စိုင်ကျောက်သားများ တည်ရှိပြီး မျက်နှာပြင်မှာ အခြားသော ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများထက် ပိုပြီး မှောင်မိုက်သည်။ မည်သို့ပင်ဆိုစေ၊ ကျနော်တိုကမ္ဘာမှ လမင်းကြီးထက်တော့ နှစ်ဆ ပိုလင်းပါသေးသည်။ ကယ်လီစတိုသည် ဂြိုဟ်သေတစ်ခုလည်း ဖြစ်သည်။ ဂြိုဟ်၏သက်တမ်းမှာ နှစ်ပေါင်း ၄ ဘီလီယံခန့်ရှိပြီ ဖြစ်ပြီး နေအဖွဲ့အစည်းတွင်တော့ သက်တမ်းအရင့်ဆုံး ဂြိုဟ်ရံလ တစ်ခုပင် ဖြစ်ပေတော့သည်။ အိုင်အိုဂြိုဟ်ရံလ |ဘယ် မှညာသို့ ကြာသပတေး ဂြိုဟ်မှဝေးသော အကွားအဝေး အတိုင်း (အိုင်အို၊ ယူရိုပါ၊ကယ်လီစတို၊ ဂန်မီဒီ) အိုင်အိုဟာ ဂျူပီတာရဲ့ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့အစည်းမှာတော့ စတုတ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပါတယ်။ အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံလများထက် အတွင်းပိုင်းကျသော (ဂျူပီတာနှင့် ပိုမိုနီးကပ်သော) နေရာမှာ တည်ရှိပါတယ်။ အိုင်အိုမှာ မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိတယ်။ နေအဖွဲ့အစည်းမှာတော့ လှုပ်ရှားတုန်ခါမှု အများဆုံးဂြိုဟ်ရံလ တစ်ခုပါဘဲ။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပါတယ်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါတယ်။ အချို့တောင်များဟာ ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြပါတယ်။ ရေ တို့ ရေခဲတို့ မရှိပါဘူး။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်လို့ နေပါတယ်။ ဆာလဖာ၊ ချော်ရည်များ စီးဆင်းခြင်းကြောင့် အိုင်အို ရဲ့ အရောင်ဟာ အဝါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျက် နေကာ ဆေးရောင်ခြယ်ထားသလို ဖြစ်နေပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ဂယ်လီလီယို အာကာသယာဉ်ဟာ အိုင်အို အနီးကို ဖြတ်သန်းလို့ မှတ်တမ်းများ ရယူနိုင်ခဲ့ပါတယ်။ ယူရိုပါဂြိုဟ်ရံလ ယူရိုပါ ဂြိုဟ်ရံလသည် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) ၏ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုဖြစ်ပြီး ကမ္ဘာ၏ ဂြိုဟ်ရံလ (လမင်းကြီး) ထက် အနည်းငယ် သေးငယ်ပါသည်။ ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာတစ်ခုလည်း ရှိသည်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။ နေမှလည်း အလွန် ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျက် ရှိသည်။ ရေခဲပြင်များ၏ အောက်တွင်မူ ရေများ စီးဆင်းလျက် ရှိသည်။ သမုဒ္ဒရာကြီးသည် အနက် (၆၄) မိုင် အထိ ရှိသည်။ ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် ၎င်း၏ ဝင်ရိုးပေါ်တွင် လှည့်ပတ်နေခြင်း မရှိသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံ အတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍ မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်သည်။ ရေခဲပြင်အောက်တွင် ထိုကဲ့သို့ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓာတ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်း အနွေးဓာတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တဝါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်သည်။Curiosity Science magazine in Myanmar(Issue 002) သက်ဆိုင်သော ဆောင်းပါးများ နေအဖွဲ့အစည်း ကိုးကား Category:ဂျူပီတာ Category:နေအဖွဲ့အစည်း၏ ဂြိုဟ်များ ကဏ္ဍ:ဓာတ်ငွေ့ဂြိုဟ်ဘီလူးများ
ယူရေးနပ်စ်ဂြိုဟ်
ယူရေးနပ်စ်()သည် နေအဖွဲ့အစည်းအတွင်းတွင် နေမှစ၍ ၇ ခုမြောက် ဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ဧရာမဓာတ်ငွေ့အစိုင်အခဲ(gas giant) ကြီးတစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် တတိယမြောက်အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ရေခဲများ၊ ဓာတ်ငွေ့များ နှင့် သံရည်များဖြင့် ဖွဲ့စည်းထားသည်။ လေထုထဲတွင် ဟိုက်ဒရိုဂျင်၊ ဟီလီယမ်နှင့် မီသိန်းဓာတ်ငွေ့တို့ပါဝင်သည်။ ယူရေးနပ်စ်ဂြိုဟ်ပေါ်ရှိ အပူချိန်မှာ အနှုတ် ၁၉၇ ဒီဂရီ ဆဲလ်စီးယပ် သို့ ၇၉ ကယ်လ်ဗင် ဖြစ်သည်။ ဂြိုဟ်ရံလပေါင်း ၂၇ စင်း ရှိပြီး အကြီးဆုံးလ ၅ စင်းမှာ မီရန်ဒါ(Miranda)၊ အေရီယယ်(Ariel)၊ အမ်ဘရီယယ်(Umbriel)၊ တိုက်တေးနီးယား(Titania) နှင့် အော်ဘီယွန် (Oberon) တို့ဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်သည် သူ၏ ဝင်ရိုးပေါ်တွင် အလွန်ပင်တိမ်းစောင်းနေသဖြင့် ဒေါင်လိုက်လည်ပတ်နေသည့်ပမာပင် ဖြစ်သည်။ ယူရေးနပ်စ်သည် နေကိုတစ်ပတ်ပတ်နိုင်ရန်အတွက် ကမ္ဘာ၏နှစ်နှင့်တွက်လျှင် ၈၄ နှစ်မျှကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၁၇ နာရီ ၁၄ မိနစ်မျှသာ ကြာသည်။ ထို့ကြောင့် ယူရေးနပ်စ်ဂြိုဟ်၏ တစ်နှစ်တွင် ၄၂၀၀၀ ရက်မျှရှိသည်ဟု တွက်ချက်ရနိုင်သည်။ ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကြားရှိ အကွာအဝေးမှာ ၁.၆ ဘီလီယံ ကီလိုမီတာဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယူရေးနပ်စ်ဂြိုဟ်တွင် ခါးပတ် (ring) ပေါင်း ၁၁ ခုရှိသော်လည်း ကမ္ဘာမှမြင်နိုင်ရန် ခဲယဉ်းသည်။ ယူရေးနပ်စ်ဂြိုဟ် ယူရေးနပ်စ်သည် ကျွန်ုပ်တို့ နေစကြဝဠာအတွင်းရှိ ဂြိုဟ်တစ်လုံး ဖြစ်သည်။ နေမှစ၍ အစဉ် လိုက်ရေတွက်လျှင် ထိုဂြိုဟ်သည် ခုနစ်ခုမြောက်ဂြိုဟ်ဖြစ်သည်။ ထိုဂြိုဟ်ကို ဂျာမန်-အင်္ဂလိပ် သွေးစပ်သည့် ဝီလီယံ ဟာရှယ်ဆိုသူ ထင်ရှားသော နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ နက္ခတ်ကြည့် ကရိယာများကို မကျေနပ်သဖြင့် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ကြီးမား အားကောင်းသော နက္ခတ်ကြည့်မှန်ပြောင်းများကို ပြုလုပ်ခဲ့လေသည်။ ထိုသို့ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ရာ ထိုခေတ်ရှိ အဝေးကြည့်မှန်ပြောင်းများအနက် အကောင်းဆုံးကို ပြုလုပ်ပြီးသော ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ယူရေးနပ်စ်ကို ပထမဆုံး စတင်တွေ့ ခဲ့သည်။ စ၍ တွေ့စဉ်က ထိုဂြိုဟ်ကို ကြယ်တံခွန်တစ်ခုမျှ သာဖြစ်သည်ဟု ထင်မှတ်ခဲ့လေသည်။ upright|ယူရေးနပ်စ်ဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သူ ဝီလျံဟာရှယ် ထိုနောက် ညဉ့်တိုင်းဆက်၍ ထိုကြယ်တံခွန်ဟု ထင်ရသည့် အရာကို ကြည့်သောအခါတွင် ထိုအရာသည် ကြယ်များအကြား၌ နေရာရွှေ့လျက်ရှိသည်ကို တွေ့ခဲ့လေသည်။ ထိုသို့ မြင်ရ သည့်တိုင်အောင် သူမြင်ရသည့် အရာသည် ဂြိုဟ်တစ်လုံး ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။ ထိုသို့ မထင်မိခဲ့သဖြင့် သူ့အား အပြစ် မတင်ထိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအခါက အဝေးကြည့်မှန်ပြောင်းများကို တီထွင်လာနိုင်ကြသည်မှာ နှစ်ပေါင်း တစ်ရာငါးဆယ်ကျော်လာပြီဖြစ်၍ ထိုအဝေးကြည့် မှန်ပြောင်းများဖြင့် ကောင်းကင်ပြင်ကို ရှာဖွေခဲ့ကြရာ ဂြိုဟ် အတော်များများကို တွေ့ရှိထားပြီးဖြစ်သောကြောင့် ဖြစ်ပေသည်။ ထိုကြောင့် သူသည် ကြယ်တံခွန်တစ်ခုကို တွေ့ရှိထားသည့်အကြောင်း ရေးသားကာ ထုတ်ဝေလိုက်လေသည်။ ဥရောပတိုက်ရှိ အဓိက နက္ခတ်မျှော်စင်ကြီးများမှ ထိုကြယ်တံခွန်ဟု ထင်ရသောအရာကို ဂရုတစိုက်နှင့်ကြည့်ကြရာတွင် ကြယ်တံခွန်တစ်ခုက ပြုမူထိုက်သည်တို့ကို မပြုမူဘဲနေသည်ကို တွေ့ခဲ့ကြလေသည်။ ထိုနောက် နေ့စဉ်ရက်ဆက် ဇွဲဖြင့် ကြည့်ရှုသောအခါတွင် ထိုကြယ်တံခွန်ဟု ထင်ရသော အရာသည် လမ်းတစ်ခုတွင် သွားလျက်ရှိသည်ကို တွေ့ခဲ့ကြလေသည်။ ထိုကြောင့် ဟာရှယ်အား ထိုဂြိုဟ်ကို စတင်၍ တွေ့ရှိသူဖြစ်သည်ဟု ဆိုကြလေသည်။ ထိုအခါ ဟာရှယ်က ပထမတွင် သူ့အား စောင့်ရှောက်ထားသည့် အင်္ဂလန်ပြည့်ရှင် ဘုရင်ကို အမွှမ်းတင်လိုသဖြင့် သူတွေ့ရှိခဲ့သည့် ထိုဂြိုဟ်ကို ဂျော်ဂျီ ယန်ဆိဒပ်ဟု အမည်ပေးလိုက်လေသည်။ ထိုအမည်ကို နက္ခတ္တဗေဒ ပညာရှင်များက သဘောမကျကြချေ။ ထိုကြောင့် နာမည်အမျိုးမျိုးကို ပေးခဲ့ကြရာ နောက်ဆုံးတွင် ဂျာမန်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက ယူရေးနပ်စ်ဟူသော အမည်ကို အကြံပေး လိုက်လေသည်။ ထိုသို့ အကြံပေးရာတွင် ရှေးယခင်ဂြိုဟ်များအား အမည်ပေးရာတွင် အသုံးပြုသည့်နည်းကို အသုံးပြုထားသဖြင့် နက္ခတ္တေဒေ ပညာရှင်များက သဘောတူ လက်ခံလိုက်ကြလေသည်။ ရှေးပညာရှင်များကမူ အထူးသဖြင့် ဂရိလူမျိုးတို့က ယူရေးနပ်စ်မှာ ရှေးအကျဆုံးနတ်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထိုအမည်အရ ကောင်းကင်ပြင်ဟု အဓိပ္ပာယ်ရနေလေသည်။ ဂရိလူမျိုးတို့၏ ယုံကြည်ချက်အရ ထိုနတ်ကြီးက ကမ္ဘာမြေကြီးသို့ အပူ၊ အလင်းနှင့် မိုးများကို ပေးခဲ့သည်။ ယူရေးနပ်စ်သည် ဂျီယာအမည်ရှိသော ကမ္ဘာမြေကြီး နတ်သမီး၏ လင်ယောက်ျား ဖြစ်သည်။ သူသည် ဆိုင်းကလုပ်၊ တိုင်တန်နှင့် ရီးအ ဆိုသည့် လက်ပေါင်းတစ်ရာစီရှိသော ဘီလူးတို့၏ ဖခင်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ သားအငယ်ဆုံး ဆက်တန် (စနေဂြိုဟ်) က သူ၏ နန်းကို သိမ်းပိုက်ကာ သူ့အား သတ်ပစ်လိုက်သည်။ ဖျူရီးခေါ် ဒေါသတရားသည် ယူရေးနပ်စ်၏ သွေးမှ ဖြစ်ပေါ် လာခဲ့သည်။ ယူရေးနပ်ဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်အား နှိုင်းယှဉ်ပြထားပုံ ထိုဂြိုဟ်၏ လမ်းကြောင်း နက္ခတ္တဗေဒပညာရှင်များက ပြည့်စုံစွာ တွက်ချက်ပြီးသောအခါတွင် ထိုယူရေးနပ်ဂြိုဟ်ကို ယခင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ကြဘူးကြောင်း သိလာကြလေသည်။ သို့သော် ထိုစဉ်က ထို ဂြိုဟ်ကို တည်မြဲကြယ် တစ်လုံးမျှသာ ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။ ယူရေးနပ်စ်ဂြိုဟ်သည် နေနှင့်မိုင်ပေါင်း ၁၇၈၂ဝဝဝဝဝဝ မျှ ဝေးကွာပြီးလျှင် ကိုယ်ပိုင်ဝင်ရိုးပေါ်၌ ၁ဝ နာရီနှင့် မိနစ် ၅ဝ မျှအကြာတွင် တစ်ပတ်ပြည့်အောင် လည်လျက်ရှိလေသည်။ ထို့ပြင် နေကို ပတ်သွား ရာတွင်တစ်ပတ်ပတ်မိစေရန် ၈၄ နှစ် နှင့် ၈ ရက်ကြာလေသည်။ ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာသည် ယူရေးနပ်စ်နှင့် နေ၏အကြားသို့ ၃၆၉ ရက်နှင့် ၉ နာရီ အကြာတွင် တစ်ကြိမ်ရောက်ရှိသွားလေသည်။ ယူရေး နပ်ဂြိုဟ်၏ လမ်းတွင် ထူခြားချက်ကို တွေ့ရှိကြရာမှ နက်ပကျွန်းဂြိုဟ်ကို တွေ့ရှိလာကြလေသည်။ ထိုနက်ပကျွန်းဂြိုဟ်၏ ပြုပြင်ပေးမှုကြောင့် ယူရေးနပ်၏ လမ်းတွင် ထူးခြားချက် ရှိနေခြင်း ဖြစ်ပေသည်။ ယူရေးနပ်စ်ဂြိုဟ်၏ အချင်းမှာ မိုင်ပေါင်း ၃၂ဝဝဝ မျှ ရှိသည်ဟု ယုံကြည်ကြ၏။ တစ်နည်းဆိုလျှင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာ၏ အချင်းထက် လေးဆမျှပို၍ ကြီးလေသည်။ အချို့ နက္ခတ်ပညာရှင်များ ကမူ ထိုဂြိုဟ်၏အချင်းသည် မိုင်ပေါင်း ၂၈၅ဝဝ ရှိသည်ဟု ယုံကြည်ကြသည်။ ထိုဂြိုဟ်၏ ထုထည်သည် ကျွန်ုပ်တို့ ကမ္ဘာထက်အဆပေါင်း ၆၄ ဆမက ကြီးသည်။ ယင်း၏ ဒြဗ်ထုမှာ ကျွန်ုပ်တို့ ကမ္ဘာထက် ၁၄ ၁/၂ ဆမျှ ပို၍၊ သိပ်သည်းမှုတွင် ယင်းသည် ကမ္ဘာ၏ လေးချိုးတစ်ချိုးမျှသာ ရှိသည်။ ထိုဂြိုဟ်သည် ဓာတ်ငွေ့တစ်ဝက်တစ်ပျက်အခြေ၌သာ ရှိကောင်းရှိလိမ့်မည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ right|၂ဝဝ၅ ခုနှစ် ယူရေးနပ်စ်ဂြိုဟ်မှ ကွင်းများ၊ တောင်ဝင်ရိုးစွန်းခြမ်းတွင် တိမ်များကို မြင်နိုင်သည်။ ယူရေးနပ်စ်၌ လ၊ သို့မဟုတ် အရံဂြိုဟ် ၅ လုံးရှိသည်။ ထိုလများကို (၁) အေရီယမ်၊ (၂) အမ်ဗရီယယ်၊ (၃) တိုင်တန်းနီးယား၊ (၄) အိုဗရွန်နှင့် (၅) မီရန်ဒါဟု အမည် ပေးထားသည်။ နက္ခတ္တဗေဒပညာရှင်များက ခြောက်ခုမြောက် လတစ်လုံးပင် ရှိလိမ့်ဦးမည်ဟု ယူဆကြသည်။ ထိုအရန်ဂြိုဟ်ကလေးများသည် သေးငယ်လှသဖြင့် လွန်စွာ မိန်ကြသည်။ ယင်းတို့၏ လမ်းများမှာလည်း တစ်ခုနှင့်တစ်ခု နီးကပ်လျက် တည်ရှိနေကြသည်၊ ထိုအရန်ဂြိုဟ်များ၏ ထူးခြားချက်မှာ ယင်းတို့၏ ပြင်ညီသည် ယူရေးနပ်ဂြိုဟ်၏ ပြင်ညီတွင်၊ သို့မဟုတ် ပြင်ညီလောက်တွင် တည်ရှိမနေကြခြင်းဖြစ်သည်။ ထိုသို့ ယူရေးနပ်၏ ပြင်ညီတွင်မရှိဘဲ ထို့ပြင်ညီနှင့် မျဉ်းမတ်နီးနီးတွင် တည်ရှိနေကြသဖြင့် ထိုအရန်ဂြိုဟ်များသည် သွားလျက်ရှိသော ပြင်ညီများကို ကမ္ဘာမှ ကြည့်လျှင် တစ်ခါတစ်ရံတွင်မူ ပြားလိုက် မြင်ရလေသည်။ ထိုအရန်ဂြိုဟ်များ၏ လမ်းများသည် ၉၈ ဒီဂရီ မျှတွင် တည်ရှိကြသဖြင့် မျဉ်းမတ်ထက်ပင် ကျော်လွန်နေလေသည်။ ထိုကြောင့် ယူရေးနပ်၏ အရန်ဂြိုဟ်များသည် ယင်းတို့၏ လမ်းများကို သွားကြရာတွင် ပြောင်းပြန် သွားလျက်ရှိကြသည်ဟု ဆိုနိုင်သည်။ အခြားကြည့်ရန် အင်္ဂါဂြိုဟ် နက်ပကျွန်းဂြိုဟ် မှတ်စု ကိုးကား Category:ယူရေးနပ်စ်ဂြိုဟ် Category:နေအဖွဲ့အစည်း၏ ဂြိုဟ်များ ကဏ္ဍ:ရေခဲဂြိုဟ်ဘီလူးများ
နက်ပကျွန်းဂြိုဟ်
နက်ပကျွန်းဂြိုဟ်() သို့မဟုတ် ကေတုဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အဋ္ဌမမြောက် ဂြိုဟ်ဖြစ်ပြီး နေမှ အဝေးဆုံးဖြစ်သည်။ နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အမြားနှင့် ဖွဲ့စည်းထားသော ဂြိုဟ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုဟ်ဖြစ်သည်။ ကမ္ဘာထက် ၁၇ ဆမျှပိုလေးပြီး ယူရေးနပ်စ်ဂြိုဟ်ထက်အနည်းငယ်မျှ ပိုလေးသည်။ နက်ပကျွန်းဂြိုဟ်သည် ဂရိနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ 20px|Astronomical symbol for Neptune ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပို‌‌ေလးကာ ယူရေးနပ်စ်ဂြိုဟ်ထက် အနည်းငယ်ပိုကြီးသည်။ နေမှ ၃ဝ.၁ AU ကွာဝေးသည်။ နက်ပကျွန်းဂြိုဟ်သည် သာမန်မျက်စိနှင့် မမြင်ရပေ။ ယင်းအား ရှာဖွေလေ့လာမှုထက် သင်္ချာနည်းလမ်းအရ ကြိုတင်ခန့်မှန်းခြင်းဖြင့် တွေ့ရှိသည့် တစ်ခုတည်းသောဂြိုဟ်တစ်စင်းပင်ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်အား ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လည်ပတ်ခဲ့သည်။ နောက်ပိုင်းတွင် ဟာဘဲလ် အာကာသမှန်ပြောင်းနှင့် မြေပြင်အခြေစိုက် တယ်လီစကုပ်ကြီးများက အသေးစိတ်ကျသော လေ့လာမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။ ဖွဲ့စည်းပုံ ကမ္ဘာဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်အား အရွယ်အစားနှိုင်းယှဉ်ပြပုံ နက်ပကျွန်းဂြိုဟ်၏လေထု (ဂြိုဟ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုဟ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။ နက်ပကျွန်းဂြိုဟ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုဟ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုဟ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။ နက်ပကျွန်းဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည်ဟု တိုင်းတာရရှိသည်။ နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုမိုကြီးမားသော်လည်း ဂျူပီတာဂြိုဟ်၏ ၁၉ ပုံတစ်ပုံသာ ရှိသည်။ ရှာဖွေတွေ့ရှိမှု upright|left|နက်ပကျွန်းဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သူ အာဘိန်လီ ဗဲရီယာ အချို့သော အစောဆုံး မှတ်တမ်းများအား တယ်လီစကုပ်များမှ ပြုလုပ်ခဲ့သည်။ ၁၆၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂယ်လီလီယိုမှ မှတ်တမ်းတင်ခဲ့သည်။ သူသည် ကြယ်တစ်စင်းနှင့် နက်ပကျွန်းဂြိုဟ်အား မှားယွင်းခဲ့ဟန်တူသည်။ နက်ပကျွန်းဂြိုဟ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုဟ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုဟ်ဖြစ်သည်။ ဂြိုဟ်ရံလများ နက်ပကျွန်းဂြိုဟ်၏ ဂြိုဟ်ရံလ ပရိုသီယပ်စ် နက်ပကျွန်းဂြိုဟ်တွင် ဂြိုဟ်ရံလ ၁၄ စင်းရှိသည်။ Hubble Space Telescope discovers fourteenth tiny moon orbiting Neptune | Space, Military and Medicine. News.com.au (16 July 2013). Retrieved on 28 July 2013. ထရီတွန် (Triton)သည် အကြီးဆုံးဖြစ်ပြီး ထိုဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ဝီလီယံ ဟာရှယ်ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တချိန်တုန်းကမူ ကျူးပါး ခါးပတ်ထဲမှ ဂြိုဟ်သိမ်ဟု သတ်မှတ်ခဲ့နိုင်ကောင်းပါသည်။ ၁၉၈၉ ခုနှစ်တွင် ထရိုင်တွန်သည် ကမ္ဘာမြေနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိခဲ့သည်။ ထရိုင်တွန်သည် နောင်နှစ်ပေါင်း ၃.၆ ဘီလီယံအကြာတွင် ကျိုးကြေပျက်စီးသွားမည်ဖြစ်သည်။] ထရိုင်တွန်၏ ပတ်လမ်းမှာ အခြားသာမန်ဂြိုဟ်ရံလများနှင့်ဆန့်ကျင်ဘက် ပတ်လမ်းအတိုင်း ၂၃ ဒီဂရီတိမ်းစောင်းလျက် နက်ပကျွန်းဂြိုဟ်အား လှည့်ပတ်နေသည်။ ထရိုင်တန်သည် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရံလနှင့် ပလူတိုဂြိုဟ်သိမ်ထက်ပင် ကြီးမားသည်။ နက်ပကျွန်းဂြိုဟ်၏ အခြားဒုတိယအကြီးဆုံးဂြိုဟ်ရံလမှာ နီရီး (Nereid) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗွိင်ယေဂျာ ၂ မှ တွေ့ရှိခဲ့သည်။ နီးရီးဂြိုဟ်ရံလသည် ထရိုင်တွန်၏ ဝ.၂၅ ရာခိုင်နှုန်းသော ထုထည်သာ ရှိသည်။ အခြားသော ပုံစံမမှန်သော အတွင်းဘက်ဂြိုဟ်ရံလများအား ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးနှင့် အသေးငယ်ဆုံးသော ဂြိုဟ်ရံလကိုမူ ၂ဝ၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိအခြေနေ |နက်ပကျွန်းဂြိုဟ်၏ ခါးပတ်ကွင်းအား ဂျိန်စ်းဝဘ် အာကာသ တယ်လီစကုပ်မှ မြင်ရပုံ ယူရေးနပ်ဂြိုဟ်သည် သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်တစ်စင်းကသာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။ တစ်ခါတုန်းက နတ်ပကျွန်းမှာ အလွန်ကြီးမားတဲ့မုန်တိုင်း "မဟာမှောင်မဲသောအစက်"ဟု လူသိတဲ့မုန်တိုင်းကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်က ၁၉၈၉ ခုနှစ်မှာ တွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမှောင်စက်ကြီးအား ၁၉၉၄ ခုနှစ်တွင် မြင်ခဲ့ရသည် မဟုတ်ပါ။ ထိုအချိန်နောက်ပိုင်းကတည်းက အသစ်သော အစက်များကိုလည်း မြင်ခဲ့ရသည်။ အဘယ်ကြောင့် အမည်းစက် ပျောက်ကွယ်ခဲ့သည်ကိုမူ မသိရပေ။ နာဆာ၏ အနာဂတ်အာကာသယာဉ်များက နက်ပကျွန်းဂြိုဟ်အကြောင်း ပိုမိုသိရှိရန် အကြံပေးထားသည်။ ကိုးကားချက်များ အခြား ကြည့်ရန် ယူရေးနပ်စ်ဂြိုဟ် အင်္ဂါဂြိုဟ် ပြင်ပ လင့် NASA's Neptune fact sheet Neptune Profile by NASA's Solar System Exploration MPC's List Of Neptune Trojans Planets - Neptune A kid's guide to Neptune. Neptune and global warming Category:နက်ပကျွန်းဂြိုဟ် Category:နေအဖွဲ့အစည်း၏ ဂြိုဟ်များ ကဏ္ဍ:ရေခဲဂြိုဟ်ဘီလူးများ
ပလူတို
ပလူတို (; သင်္ကေတ: 16px|⯓ ၎င်း 16px|♇) သည် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်ပြီး ကျောက်သား နှင့် ရေခဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ပလူတိုဂြိုဟ်ပေါ်တွင် အလွန်အေးပြီး အပူချိန် အနှုတ် ၂၁၈ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၃၆၀ ဒီဂရီ ဖာရင်ဟိုက်) မှ အနှုတ် ၂၄၀ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိရှိသည်။ ပလူတိုသည် ၂၃၉၀ ကီလိုမီတာအချင်းရှိပြီး လကမ္ဘာ ၏ သုံးပုံ နှစ်ပုံမျှရှိကာ ကမ္ဘာ၏ ၅ ပုံ ၁ ပုံမျှရှိသည်။ ပလူတိုဂြိုဟ်၏ အလေးချိန်မှာ တန်ချိန် ၁၃ သန်းမျှရှိသည်။ ကမ္ဘာသည် ပလူတိုဂြိုဟ်၏ အဆ ၄၆၀ မျှလေးပြီး ကမ္ဘာရံလသည် ပလူတိုဂြိုဟ်ထက် ၅ ဆခွဲမျှလေးသည်။ အရီဇိုးနား ပြည်နယ် Flagstaff ရှိ Lowell observatory မှ နက္ခတ္တဗေဒပညာရှင် ကလိုက်တွမ်ဘော့ (Clyde Tombaugh) မှ ပလူတိုဂြိုဟ်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရောမငရဲနှင့်ဆိုင်သော နတ်ဘုရား ပလူတို၏ အမည်ကို ပေးခဲ့သည်။ ထိုအမည်ကို အကြံပြုခဲ့သူမှာ အင်္ဂလန်မှ ဗဲနက်တီယာ ဘာနေး (Venetia Burney) ဖြစ်ပြီး သူမသည် ထိုအချိန်က ၁၁ နှစ် သမီးမျှသာရှိသေးသည်။ ပလူတိုတွင် ချာရွန် (Charon)၊ စတိုက် (Styrx)၊ ကီးဘရော့စ် (Kerberos)၊ နစ်စ် (Nix) နှင့် ဟိုက်ဒရာ (Hydra) ဟူသော ဂြိုဟ်ရံလ ၅ ခု ရှိသည်။ ချာရွန်မှာ ၁၁၉၀ ကီလိုမီတာ အချင်းရှိပြီး ပလူတိုဂြိုဟ်၏ အချင်း၏ တစ်ဝက်မျှရှိသည်။ ပလူတိုနှင့် ချာရွန်တို့သည် တစ်ခုကို တစ်ခု အပြန်အလှန်လှည့်ပတ်နေကြပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ ခုပမာရှိသည်။ နစ်စ်နှင့် ဟိုက်ဒရာတို့မှာ ပိုမိုသေးငယ်ပြီး ၄၅ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ အတွင်းသာ ကျယ်ဝန်းသော အချင်းရှိပြီး ပလူတိုဂြိုဟ်မှ ၄၄၀၀၀ ကီလိုမီတာမျှ ကွာဝေးသည်။ ချာရွန်ကို ၁၉၇၈ ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နစ်စ်နှင့် ဟိုက်ဒရာကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။ နေအဖွဲ့အစည်း အတွင်းတွင် ဂြိုဟ် ၈ ခု ရှိသည်။ ပလူတိုသည် ထိုဂြိုဟ် ၈ ခုနှင့် လွန်စွာမှပင် ကွဲပြားခြားနား နေသည်။ ၎င်းသည် အခြားဂြိုဟ်များထက် သေးငယ်နေပြီး နေ၏ ပတ်လည်တွင် ပုံစံကွဲပြားသော လမ်းကြောင်းဖြင့် သွားလာနေသည်။ ပလူတိုသည် ၎င်း သွားလာသော လမ်းကြောင်းကြောင့် တစ်ခါတစ်ရံတွင် နက်ပကျွန်းဂြိုဟ်ထက် ပို၍ နေနှင့် နီးကပ်နေလေ့ ရှိသည်။ ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။ မာကျူရီဂြိုဟ်သည် ပလူတိုဂြိုဟ်ထက် ၂ ဆမျှ ပို၍ ကျယ်ဝန်းပြီး ဒြပ်ထု ပမာဏမှာ ပလူတိုထက် ၂၅ဆမျှ ပိုသည်။ ပလူတိုဂြိုဟ်အား ၉ ခုမြောက် ဂြိုဟ်အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ကျူးပါး ခါးပတ်မှ ပလူတိုထက် ပိုကြီးသောဂြိုဟ်များအား ထပ်မံတွေရှိခဲ့သောကြောင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာ အာကာသ အဖွဲ့အစည်းမှ ပလူတိုကို ဂြိုဟ်ဟု မသတ်မှတ်သင့်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပလူတိုအား ဂြိုဟ်သိမ်ဂြိုဟ်မွှား အဖြစ်သာ သတ်မှတ်ခေါ်ဝေါ်သင့်သည်ဟု သဘောတူညီခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ တွင် New Horizons အာကာသယာဉ်သည် ပလူတိုအနီးဖြတ်၍ပျံသန်းသည့် ပထမဆုံးယာဉ် ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ပျံသန်းစဉ် ပလူတိုအား အသေးစိတ် လေ့လာတိုင်းတာခဲ့သည်။ မှတ်စုများ ဆက်စပ်ဖတ်ရှုရန် နေအဖွဲ့အစည်း ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ကျူးပါး ခါးပတ် ကိုးကား Category:ပလူတို ကဏ္ဍ:နေအဖွဲ့အစည်း Category:ဂြိုဟ်ငယ်များ ကဏ္ဍ:ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
အဲရစ် (အင်္ဂလိပ်:136199 Eris ယခင်အခေါ်အဝေါ် "2003 UB 313"; သင်္ကေတ: 16px|⯰) သည် နေအဖွဲ့အစည်းအတွင်းတွင် ရှိပြီး နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းအပြင်ဘက်မှ သွားလာနေသော (trans-Neptunian object or TNO) ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်သည်။ အဲရစ်သည် ယခုအထိရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုဟ်ထက်ပင် ကြီးမားသည်။ အဲရစ်ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေအဖွဲ့အစည်း၏ ပြင်ပသို့ ရိုက်ကူးထားသော ပုံအဟောင်းများကို သေချာစွာကြည့်ရှုရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီးသော အချိန်တွင် အဲရစ်အား ဇီနာ(Xena)ဟုသာ တရားဝင်မဟုတ်သော အမည်နှင့် ညွှန်းဆိုခေါ်ဝေါ်ကြသည်။ တယ်လီဗီးရှင်း ဇာတ်လမ်းတွဲ စစ်မင်းသား ဇီနာ (Xena: Warrior Princess) မှ အဓိကဇာတ်ကောင်၏ အမည်ကိုပေးခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဂရိဒဏ္ဍာရီမှ နတ်ဘုရား၏အမည်ကို ယူ၍ အဲရစ်ဟု တရားဝင်အမည်ပေးခဲ့သည်။ အဲရစ်တွင် ဒစ်စ်နိုမီယာ (Dysnomia) အမည်ရှိသော ဂြိုဟ်ရံလ ၁စင်းရှိပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒစ်စ်နိုမီယာတွင် ဂါဘရီယယ် (Gabrielle) ဟူသော နာမည်ပြောင်တစ်ခုရှိပြီး ဇီနာဇာတ်လမ်းတွဲထဲမှ အခြားဇာတ်ကောင်တစ်ကောင်၏ အမည်ဖြစ်သည်။ ဒစ်နိုမီယာ ဆိုသော အမည်မှာ ဂရိဒဏ္ဍာရီထဲမှ အဲရစ်၏ သမီးတော်၏အမည်ဖြစ်သည်။ အဲရစ်နှင့် ဒစ်စ်နိုမီယာကို ဇီနာနှင့် ဂါဘရီယယ် ဟူ၍ အမည်မပေးနိုင်သည့် အကြောင်းမှာ နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းကြောင်းအပြင်ဘက်တွင် လှည့်ပတ်နေသမျှသော အရာဝတ္ထုတို့ကို ဖန်တီးမှုဒဏ္ဍာရီနှင့် သက်ဆိုင်သော အမည်ပေးရမည် ဟူသည့် ဥပဒေသရှိသောကြောင့်ဖြစ်သည်။ အစကနဦး သတင်းများတွင် အဲရစ်အား ၁၀ ခုမြောက်ဂြိုဟ်အဖြစ် တင်ပြကြပြီး နာဆာ(NASA) မှ အချို့သော နက္ခတ္တဗေဒပညာရှင်နှင့် သိပ္ပံပညာရှင်တို့က ထိအယူအဆကို ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော်အဲရစ်သည် ပလူတိုထက်ပို၍ကြီးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဲရစ်ကို မည်သည့်အခါကမှ ဂြိုဟ်အဖြစ် တရားဝင်သတ်မှတ်ခြင်းမရှိခဲ့ပေ။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဂြိုဟ်ဟူသော ဝေါဟာရကို ပြန်လည်သတ်မှတ် ပြီးသည့် အချိန်တွင် အဲရစ်အား ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား အသစ်တွင် ထည့်သွင်းခဲ့သည်။ ယနေ့တွင် သိပ္ပံပညာရှင်တို့သည် အဲရစ်နှင့် သူ၏ ဂြိုဟ်ရံလ ဒီဆနိုးမီးယားတို့၏ အကြောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လများ သို့မဟုတ် ခါးပတ်များ ဆက်လက်ရှိမရှိကိုလည်း ရှာဖွေနေကြသည်။ right|အဲရစ်ကို သူ၏ ပတ်လမ်းကြောင်းမှ မြင်ရပုံ အဲရစ်၏ နေပတ်လမ်းကြောင်း အဲရစ်သည် ပြန့်ကျဲအချပ်ပြား အရာဝတ္ထု ဖြစ်ပါတယ် ၎င်းအား နေစင်္ကြာဝဠာရဲ့ ကျူးပါး ခါးပတ် ပတ်ဝန်းကျင်နှင့် ပလူတို ဂြိုဟ်ပတ်လမ်းကြောင်းရဲ့အလွန်မှာ တည်ရှိပါတယ်။ ဒါကို "ပလူတွန်" လို့လည်း ခေါ်ပါသေးတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရွယ်အစား ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ တည်နေရာဟာ ပလူတိုနဲ့ ဆင်တူနေတာမို့ကြောင့်ပါပဲ။ အဲရစ်ဂြိုဟ်သိမ်ဟာ နေကို ကမ္ဘာနှစ် (၅၅၇) နှစ်လျင် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်ပါတယ်။ ယနေ့အချိန်မှာတော့ နေမင်းနဲ့ အဝေးဆုံးအနေအထားမှာ တည်ရှိနေပါတယ်။ ၎င်းဟာ ဘဲဥပုံ ဂြိုဟ်ပတ်လမ်းကြောင်း ဖြစ်ပါတယ် ဆိုလိုတာကတော့ စက်ဝိုင်းပုံပတ်လမ်း မဟုတ်ပါဘူး။ ၎င်းဟာ ထောင့် ၄၄ ဒီဂရီ တိမ်းစောင်းပါတယ်။ အဲရစ်ဟာ အချင်းအားဖြင့် ကီလိုမီတာ (၂၄၀၀) ရှိပြီး ပလူတိုထက် နည်းနည်းလေး ကြီးပါတယ်။ အခြားကြည့်ရန် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ပလူတို မှတ်စု ကိုးကား Category:ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
စီးရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
စီးရပ်စ် (သင်္ကေတ: 16px|⚳; ; ) သည် နေအဖွဲ့အစည်းအတွင်းမှ အသေးငယ်ဆုံးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်ပြီး ပင်မ ဥက္ကာခါးပတ် (asteroid belt) အတွင်းတွင် ရှိသော တစ်ခုတည်းသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်သည်။ အဲရစ်ကို ၁၈၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် Giuseppe Piazzi မှ ရှာဖွေတွေ့ရှိခဲ့သည်။ သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနှင့် မိခင်မေတ္တာနှင့်ဆိုင်သော ရောမနတ်ဘုရားမ စီးရပ်စ်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီး နှစ်ပေါင်း ၂၀၀ ခန့်မျှကြာသော အချိန်တွင် နိုင်ငံတကာ နက္ခတ္တ သမဂ္ဂ (International Astronomical Union) မှ အဲရစ်စ်အား ဥက္ကာခဲ သို့မဟုတ် အသေးစားဂြိုဟ် (asteroid or minor planet) အဖြစ်မှ ဂြိုဟ်သိမ်ဂြိုဟ်မွှားအဆင့် (dwarf planetary status) သို့ ၂၀၀၆ ခုနှစ်တွင် တိုးမြှင့်ပေးခဲ့သည်။ အချင်းအားဖြင့် ၉၅၀ ကီလိုမီတာသာ ရှိသဖြင့် စီးရပ်စ်သည် ဥက္ကာခါးပတ်အတွင်းမှ အကြီးဆုံးအရာဝတ္ထုတစ်ခုဖြစ်ပြီး ခါးပတ်တစ်ခုလုံး အလေးချိန်၏ သုံးပုံတစ်ပုံမျှရှိသည်။ လတ်တလော လေ့လာမှုများအရ စီးရပ်သည် ပုံသဏ္ဌန်မမှန်ပဲ ဆွဲငင်အားနည်းသော အသေးစားအရာဝတ္တုများကဲ့သို့မဟုတ်ပဲ လုံးဝန်းသော ပုံသဏ္ဍန်ရှိကြောင်းတွေ့ရှိရသည်။ သူ၏ အလင်းလက်ဆုံး အချိန်၌ပင်လျှင် သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန်မှုန်ဝါးနေသေးသည်။Ceres at Solarviews.com ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နာဆာမှ Dawn Mission အာကာသလေ့လာစူးစမ်းရေးယာဉ်ကို စီးရပ်စ် နှင့် ဗက်စ်တာ (Vesta) တို့ကို စူးစမ်းရန်အတွက် လွှတ်တင်ခဲ့သည်။ မှတ်စု ကိုးကားချက်များ Category:နေအဖွဲ့အစည်း Category:ဂြိုဟ်ငယ်များ Category:ဂြိုဟ်သိမ်ဂြိုဟ်မွှားများ
နေအဖွဲ့အစည်း
နေအဖွဲ့အစည်း၏ စကေးဓာတ်ပုံဖြစ်ပြီး ကမ္ဘာသည် နံပါတ် ၃ ဖြစ်သည် နေအဖွဲ့အစည်း () ဟု နက္ခတ္တဗေဒအမည်ရှိသည်မှာ ဤလူသားတို့နေထိုင်ရာ ဂြိုဟ်စု (planetary system) ဖြစ်ပြီး၊ ဗဟိုဒြပ်ထုအဖြစ် "နေ"ဟူသော ကြယ်က ရှိပြီး ဤကမ္ဘာဂြိုဟ်နှင့်တကွ အခြားသော ဂြိုဟ်ကြီး ၇ လုံးက (လကဲ့သို့သော) ဂြိုဟ်ရံဒြပ်ထုများ၊ (ပလူတိုကဲ့သို့သော) ဂြိုဟ်သိမ်၊ နေကို လှည့်ပတ်နေသည့် ဥက္ကာမျောများ စသည်တို့နှင့် တကွ ပါဝင်နေပေမည်။ ဒြပ်ဆွဲမှု၏ သက်ရောက်စီရင်မှုကြောင့်၊ ကမ္ဘာနှင့် အခြားဂြိုဟ်များက စက်ဝိုင်းအတိမှ သွေကာ ဘဲဥပုံ ကိုယ်စီ ယွင်းသော ဂြိုဟ်ပတ်လမ်းများအတိုင်း နေကို လှည့်ပတ်လျက် ရှိ၏။ အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို လူသားတို့၏ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် နက္ခတာရာကြည့်မှန်ပြောင်းတီထွင်နိုင်မှုသည် အရေးပါသည့် သိပ္ပံဆိုင်ရာ တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို ထပ်မံတွေ့ရှာဖွေတွေ့ရှိခြင်းမရှိတော့သည့်တိုင် နေအဖွဲ့အစည်းအတွင်းတွင် အခြားသောသေးငယ်သည့် အရာဝတ္တုများအား နှစ်စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိလျက်ပင်ရှိသည်။ ထိုသို့သောတွေ့ရှိမှုများအနက် သက်ဆိုင်ရာ ဂြိုဟ်များ၏ ဂြိုဟ်ရံလများလည်း အပါအဝင်ဖြစ်ပေသည်။ လက်ရှိချိန်အထိ တွေ့ရှိရသည့် ဂြိုဟ်ရံလမှာ အရေအတွက်အားဖြင့် ၄၆၈ စင်းထိပင်ရှိနေပြီဖြစ်သည်။ ဂြိုဟ်တို့၏ အစီအစဉ် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို နေမှ အကွာအဝေးကိုလိုက်၍ ရေတွက်လျှင် (၁) ဗုဒ္ဓဟူးဂြိုဟ် (၂) သောကြာဂြိုဟ် (၃) ကမ္ဘာဂြိုဟ် (၄) အင်္ဂါဂြိုဟ် စီးရက်စ် ဂြိုဟ်ပဲ့ခါးပတ် (၅) ကြာသပတေးဂြိုဟ် (၆) စနေဂြိုဟ် (၇) ယူရေးနပ်စ်ဂြိုဟ် (၈) နက်ပကျွန်းဂြိုဟ် ပလူတို အီရစ်(စ်) ကွီးပါးဂြိုဟ်သိမ်အစုအဝေး Oort Cloud ကြယ်တံခွန် များ ဖွဲ့စည်းပုံ နေအဖွဲ့အစည်း၏ အဓိကကျသည့် အစိတ်အပိုင်းများကို အပိုင်း နှစ်ပိုင်းခွဲခြားသတ်မှတ်ကြသည်။ နေနှင့် နီးသော လမ်းကြောင်းများတွင် လှည့်ပတ်နေသည့် ဗုဒ္ဓဟူးဂြိုဟ်၊သောကြာဂြိုဟ်၊ကမ္ဘာဂြိုဟ် နှင့် အင်္ဂါဂြိုဟ် တို့ကို အတွင်းပိုင်းဂြိုဟ်များဟု ခေါ်ဆိုသတ်မှတ်သည်။ ထိုဂြိုဟ်များ၏ မျက်နှာပြင်များမှာ ကျစ်လျစ်သည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားကြသည်။ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်အကြားတွင် ဂြိုဟ်ပဲ့ခါးပတ်က လှည့်ပတ်လျက်ရှိသည်။ ကြာသပတေးဂြိုဟ်၊စနေဂြိုဟ်၊ ယူရေးနတ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ်တို့မှာအပြင်ပိုင်းဂြိုဟ်များဖြစ်သည်။ ထိုဂြိုဟ်များသည် အရွယ်အစားအားဖြင့် ကမ္ဘာထက်ကြီးမားကာ နေအဖွဲ့အစည်းအတွင်း အကြီးဆုံးဂြိုဟ်များလည်းဖြစ်သည်။ ထို့ပြင် အဆိုပါဂြိုဟ်တို့၏ မျက်နှာပြင်များသည် ဓာတ်ငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ထိုဂြိုဟ်များ၏နောက်ဖက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ဥက္ကာပျံများ၊ကြယ်တံခွန်များ အမြောက်အမြားပါဝင်သည့် ကွီးပါးဂြိုဟ်သိမ်အစုအဝေး တည်ရှိသည်။ ထိုအုပ်စုအတွင်းတွင် ပလူတို၊ အဲရစ် စသည်တို့ပါဝင်သည်။ ထိုအစုအဝေး၏ အပြင်ဘက်တွင် ပိုမိုကြီးမားသော၊မြင်တွေ့နိုင်ရန်ခက်ခဲသော အစုအဝေးကြီးဖြစ်သည့် Oort Cloud တည်ရှိသည်။ ပလူတိုအား ဂြိုဟ်အဖြစ်မှ လျော့ချခြင်း ပလူတိုဂြိုဟ်အား ၁၉၃၀ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ၂၀ဝ၆ခုနှစ်တွင် နက္ခတဗေဒပညာရှင်များက ဂြိုဟ်စာရင်းမှ ပယ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ အရွယ်အစားသေးငယ်လွန်းခြင်း နှင့် ၎င်းနှင့် အနီးဆုံးတွင်တည်ရှိသည့် နံပါတ်(၈)ခုမြောက် နက်ပကျွန်းဂြိုဟ် နှင့်လှည့်ပတ်သွားလာသည့် လမ်းကြောင်းအနေအထားခြင်း မတူညီလှသောကြောင့် ဖြစ်သည်။ ယခုအခါ ပလူတိုသည် စီးရပ်စ် နှင့် အဲရစ် တို့ကဲ့သို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုအဖြစ်သာ စာရင်းဝင်တော့သည်။ ဂြိုဟ်များအား ရှာဖွေတွေ့ရှိခဲ့ခြင်း ယူရေးနပ်စ်ဂြိုဟ်ကို လူတို့ရှာဖွေမတွေ့ရှိသေးမှီ၊ ရှေးကျသည့် အချိန်များကတည်းကပင် လူတို့သည် နေအဖွဲ့အစည်းအတွင်းရှိ အချို့သော ထင်ရှားသည့် အရာဝတ္တုတို့ကို သိရှိပြီးဖြစ်သည်။ နေ၊ လ၊ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ဂျူပီတာဂြိုဟ် နှင့် စနေဂြိုဟ်တို့မှာ အစောပိုင်းရှေးဦးခေတ်နက္ခတဗေဒဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် ပါဝင်ခဲ့ပြီးဖြစ်ပေသည်။ သို့သော် လွှဲမှားနေသည့် အချက်မှာ နေဗဟိုပြုအနေအထားအစား ကမ္ဘာဗဟိုပြုအနေအထားကိုသာ လက်ခံတွေးဆခဲ့ခြင်းနှင့် သောကြာဂြိုဟ်ကို ကြယ်အဖြစ် အမှတ်မှားခဲ့ခြင်းတို့ဖြစ်သည်။ နေအဖွဲ့အစည်းသည် ကျွန်တော်တို့နေထိုင်ရာ မိခင်ဂယ်လက်ဆီတွင် သာမန်မျှဖြစ်သော အလယ်အလတ်တန်းစား ကြယ်တစ်စင်းသာဖြစ်သည်။ နောက်ပိုင်းခေတ်များ၏ ရှာဖွေတွေ့ရှိသောဂြိုဟ်များနှင့် တွေ့ရှိသည့် ခုနှစ်များမှာ- ယူရေးနပ်စ်ဂြိုဟ်- ၁၇၉၁ခုနှစ် ဆဲရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၁၈၀၁ခုနှစ်၊သို့သော် ၂၀ဝ၆ ခုနှစ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားအဖြစ် သတ်မှတ် နပ်ပကျွန်းဂြိုဟ်-၁၈၄၆ခုနှစ် ပလူတိုဂြိုဟ်-၁၉၃၀ခုနှစ် အီးရစ်(စ်) (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၂၀ဝ၅ခုနှစ် တို့ဖြစ်ကြသည်။ ပြင်ပစာမျက်နှာများ Views of the Solar System Your Weight on Other Worlds ကိုးကား Category:နက္ခတ္တဗေဒ Category:ဂြိုဟ်များ Category:နေအဖွဲ့အစည်း
နာဂစ်မုန်တိုင်း
နာဂစ်မုန်တိုင်း သည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။"80,000 dead in one Burma province" , The Australian, 9 May 2008 မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။ လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဖြစ်စဉ်အကျဉ်း ဧပြီလ ၂၈ ရက် တွင် နာဂစ်မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက်မှ ၎င်း၏ အနောက်မြောက် နှင့် အရှေ့တောင်ကြား ရှိနေစဉ်အတွင်း ငြိမ်သက်လုနီးပါး ရှိနေခဲ့သည်။ ထိုနေ့တွင် JTWC မှ လေပြင်းမုန်တိုင်း အဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြပြီး Saffir-Simpson hurricane scale ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်းစကေးအရ အသေးငယ်ဆုံး ဟာရီကိန်း အဆင့်နှင့် ညီမျှသည်။ ထိုတစ်ချိန်တည်းတွင် IMD မှ နာဂစ်မုန်တိုင်းအား လေပွေလေပြင်းမုန်တိုင်း အကြီးစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဆိုင်ကလုန်းသည် မုန်တိုင်း၏ ပြင်းအားပိုမိုကောင်းမွန်စေရန် အထောက် အကူပေးသည့် ရေနွေးများပါဝင်သော ဗဟိုတူ မျက်စိ အသွင်အပြင်ကို ဖြစ်ပေါ်စေပြီး ၎င်းသည် မုန်တိုင်း၏ အတွင်းဘက် အဓိကကျသော မျက်စိနံရံ အပြင်ဘက်တွင် ရှိသော မျက်စိနံရံ တစ်ခုဖြစ်သည် ဧပြီ ၂၉ ရက် အစောပိုင်းတွင် JTWC မှ ၎င်းအား ၁ နာရီ လျှင် ၁၆၀ ကီလိုမီတာ (၁ နာရီ လျှင် မိုင် ၁၀၀) လေတိုက် ခတ်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ပြီး တစ်ချိန်တည်းတွင် IMD မှလည်း အလွန်ပြင်းအားကြီးမည့် လေပွေမုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။ အစတွင် ၎င်းမှာ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းအား ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်းနောက်ပိုင်းတွင် ပို၍ ခြောက်သွေ့သော လေထုနှင့် ကျွံဝင်ခြင်း ကြောင့် ပြန့်ကျဲလာခဲ့ပြီး အားလျော့လာသည်။ အကျိုးဆက် အားဖြင့် ဗဟို တစ်ဝိုက်တွင် နက်ရှိုင်းသော အပူစီးကူးခြင်းသည် သိသိသာသာလျော့သွားခဲ့သည်။ ထိုတစ်ချိန်တည်းတွင် မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက် အဖျားပိုင်းတစ်ဝိုက်၏ အရှေ့မြောက်ဘက်မှ အရှေ့ တောင်ဘက်ဆီသို့ ရွေ့လျားမှု စတင်ဖြစ်ပွားခဲ့သည်။ Dvorak technique ဒီဗိုရက်ခ် နည်းပညာသုံးကာ ဂြိုဟ်တုပြင်းအား တိုင်းတာမှုအရ လေပွေမုန်တိုင်းသည် အပူပိုင်းဒေသ မုန်တိုင်းအဆင့်သို့ လျော့ကျသွားကြောင်း ဖော်ပြခဲ့သော်လည်း အပူစီး ကူးခြင်း လျော့ နည်းသွားသည့်တိုင်အောင် မုန်တိုင်းမှာ ဆက်လက်၍ အားပြင်းနေဆဲဖြစ်သည်။ ဧပြီ ၂၉ ရက် နောက်ပိုင်းတွင် ရုတ်တရက် မုန်တိုင်းပြင်းထန်မှုကို တိုးလာသော လေလမ်းကြောင်းများဖြင့် တားဆီး ထားသော်လည်း အပူစီးကူးခြင်း ပြန်လည် ဖြစ် ပေါ်လာခဲ့သည်။ နာဂစ်မုန်တိုင်းဝင်ရောက်လာပုံ မြန်မာနိုင်ငံ၏ ဘေးဒဏ်သင့် အခံရဆုံးနှင့် လူဦးရေ အထူထပ်ဆုံး တိုင်း၊ ဧရာဝတီ။ |နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံဗဟိုဘဏ်ကို တွေ့ရစဉ် ရန်ကုန်မြို့တော်မှ သံတမန်တစ်ဦးက အဖြစ်အပျက်ကို ရိုက်တာ သတင်းဋ္ဌာနသို့ ပြန်ပြောပြပါသည်။ မုန်တိုင်းသင့်ဒေသ တစ်ဝိုက်မှာ `စစ်မြေပြင်´ကဲ့သို့ ဖြစ်နေကြောင်းဖော်ပြထားခဲ့သည်။ မိလ္လာပိုက်လိုင်းများ ပေါက်ထွက်မှုကြောင့် မြေပြင်တစ်ခု လုံးတွင် အညစ်အကြေးမစင်များဖြင့် ပြည့်လျှံနေပြီး စပါးပင်များအား ပျက်စီးစေခဲ့သည်။ ကုလသမဂ္ဂ အရာရှိ တစ်ဦးက လည်း အဖြစ်အပျက်ဖြစ်ပွားနေသည့် အခြေအနေတွင် အနေအထား နှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့သည်။ " တကယ့် အခြေအနေဆိုးတစ်ရပ်ပါပဲ။ အိမ်တွေအားလုံးနီးပါးလည်း ဖျက်ဆီးခံလိုက်ရတယ်။ လူတွေလည်း တကယ့်ကို ထိတ် လန့်စရာ အခြေအနေကို ရောက်နေပြီဗျာ" ဟု ပြောကြားခဲ့သည်။ အခြား ကုသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးကလည်း " ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသဟာ လေ၊ မိုး သာမကပဲ နှင့် မုန်တိုင်းလုံးကြီး ဝင်ရောက်မှုကြောင့် တော်တော် ဒဏ်ခံလိုက်ရသည် " ဟု ပြောဆိုခဲ့သည်။ ယူကေ သတင်းစာ တစ်စောင်ဖြစ်သော ဒေးလီး တယ်လီဂရပ်(ဖ်) မှ လည်း ဤ ဘေးဒဏ် ဆိုးကြောင့် မြန်မာနိုင်ငံ၏ အစားအစာ ဈေးနှုန်းကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားခဲ့သည်။ ထိုင်းနိုင်ငံ သတင်းအချက်အလက် ဋ္ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Woradet Wirawekhin (th: วรเดช วีระเวคิน) (ဝိုရာဒက် ဝေရာဝီခင်) က ၂၀၀၈ ခုနှစ် မေလ ရ ရက် တွင် ထုတ်ပြန်ကြေညာသည်မှာ ရန်ကုန်ရှိ ထိုင်း သံအမတ်ဖြစ်သူ Bansan Bunnak (th: บรรสาน บุนนาค) (ဘန်ဆန် ဘန်နတ်) တင်ပြသော အစီရင်ခံစာအရ မြို့တော် တွင် ရှိသော အခြေအနေများသည် လည်ပတ်မှုမရှိပဲ စီးပွားရေး လုပ်ငန်းအများစုနှင့် ဈေးများ မှာ ပိတ်ထားရသည် ဟူ၍ ဖြစ်သည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှလည်း ဒေသခံများသည် အခြေခံ ဝမ်းရေး ဖူလုံမှုတွင် ပို၍ ဆိုးရွားသော အခြေအနေများကို တိုး၍ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နှင့် ပြည်တွင်း အစားအစာ ဈေးနှုန်းများသည် နှစ်ဆ သို့မဟုတ် သုံးဆ အထိ တက်ခဲ့ ကြောင်းကို အစီရင်ခံသည်။ အကူအညီအထောက်အပံ့များ နိုင်ငံအလိုက်ပစ္စည်းထောက်ပံ့မှုများ နိုင်ငံ ငွေ၊ ပစ္စည်း စသည့်ထောက်ပံ့မှု အာဆီယံ အကဲဖြတ်ရေး အဖွဲ့တစ်ဖွဲ့နှင့် တိုင်းပြည်တစ်ပြည်လျှင် ဆေးကု အလုပ်သမား ၃၀ ဦး ဩစတြေးလျ AUD ( ဩစတြေးလျ) ဒေါ်လာ ၂၅,၀၀၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၂၃,၅၀၀,၀၀၀ ) နှင့် အထောက်အပံ့ ၃၁ တန် ဘင်္ဂလားဒေ့ရှ် ဆေးနှင့် အစားအစာ ၂၀ တန် ဘယ်ဂျီယမ် ဖလမ်းဒါ(စ်) မှ EUR ၁၀၀,၀၀၀ နှင့် EUR ယူရို ၂၅၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၃၇၈,၀၀၀) ဘရူနိုင်း အကူအညီ ပစ္စည်းများကမ္ဘောဒီးယား အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကနေဒါ အရေးပေါ် ကယ်ဆယ်ရေး တွင် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ အထိ၊ ကြက်ခြေနီအသင်းအတွက် ဒေါ်လာ ၅၀၀,၀၀၀ ဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေးဆောင်ရွက်မှု အသင်း သည် နောက်ထပ် အကူ အညီပေးရန် အဆင်သင့် ရှိနေသည်။ တရုတ်ပြည် အမေရိကန် ဒေါ်လာ ၁၀, ၀၀၀ ,၀၀၀ တန်ဖိုးရှိ အကူအညီ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ (တစ်စီးလျှင် တန်ချိန် ၆၀ ပါဝင်သည့် အကူအညီများဖြင့် Jade Cargo (ဂျိတ် ပစ္စည်းတင်လေယာဉ် ) ကို အသုံးပြု၍ လေယာဉ် ၃ စီး အပါအဝင်) ချက် သမ္မတနိုင်ငံ အမေရိကန် ဒေါ်လာ ၁၅၄,၀၀၀ ဒိန်းမတ် အမေရိကန် ဒေါ်လာ ၂.၁ သန်း ဥရောပ သမဂ္ဂ အမေရိကန် ဒေါ်လာ ၃.၀ သန်း ဖင်လန် EUR ယူရို ၃၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၄၆၄ ,၀၀၀) ပြင်သစ် ဆေး၊အစာ နှင့် ရေ ၁,၅၀၀ တန် နှင့်အမေရိကန် ဒေါ်လာ ရ၇၅ ,၀၀၀ ဂျာမနီ အမေရိကန် ဒေါ်လာ ၃ သန်း ဂရိ အမေရိကန် ဒေါ်လာ ၂၀၀ ,၀၀၀၊ ဆေး နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီ ဟန်ဂေရီ အမေရိကန် ဒေါ်လာ ၃၀၀ ,၀၀၀၊ ဆေး၊ အစာ၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီ အိန္ဒိယ အကူအညီ ပစ္စည်း ၁၇၈ တန်ကျော်- တဲ၊ အစာ၊ ဆေး။ ဆေးကု အလုပ်သမား ၅၀ ဦး ပါဝင်သော အဖွဲ့ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဆေးရုံများ ဆောက်လုပ်ရန်ပို့ထားသည်။ အင်ဒိုနီးရှား အမေရိကန် ဒေါ်လာ ၁ သန်း နှင့် ဆေး နှင့် အစားအစာများ အိုင်ယာလန် EUR ယူရို ၁, ၀၀၀ ,၀၀၀ (အမေရိကန် ဒေါ်လာ ၁,၅၅၀,၀၀၀ )အစ္စရေး အမေရိကန် ဒေါ်လာ ၁၀၀ ,၀၀၀၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ အစားအစာ နှင့် ဆေးဝါး အထောက်အကူများ အီတလီ EUR ယူရို ၁, ၅၀၀ ,၀၀၀ (အမေရိကန် ဒေါ်လာ၂,၂၅၀ ,၀၀၀ ) ဂျပန် ဂျပန်ယန်း ၂၈ သန်း တန်ဖိုးရှိ (အမေရိကန် ဒေါ်လာ၂၆၇ ,၀၀၀ ) တဲ နှင့် ဂျင်နရေတာများ- ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် မှတစ်ဆင့် အမေရိကန် ဒေါ်လာ ၁၀ သန်း နှင့် အမေရိကန် ဒေါ်လာ ၅၇၀ ,၀၀၀ ကို အကူအညီအဖြစ် အာမခံထားသည် လာအို အမေရိကန် ဒေါ်လာ၂၀ ,၀၀၀ ပမာဏ ရှိ အစားအစာ လစ်သူဧနီးယား ကြက်ခြေနီ အသင်းအတွက် လစ်သူဧနီးယား အစိုးရမှ Lt ၂၀၀,၀၀၀ (ဒေါ်လာ ၉၀ ,၀၀၀) လှူဒါန်းသည်။ မလေးရှား အမေရိကန် ဒေါ်လာ ၄,၁၀၀ ,၀၀၀ မက်စီဒိုးနီးယား အမေရိကန် ဒေါ်လာ၅၀ ,၀၀၀ နယ်သာလန် EUR ယူရို ၁,၀၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁,၅၅၀ ,၀၀၀)နယူးဇီလန် နယူးဇီလန် ဒေါ်လာ ၃.၅ သန်း နော်ဝေး အမေရိကန် ဒေါ်လာ ၁.၉၆ သန်း အထိ ပါကစ္စတန် မြန်မာ အစိုးရ သဘောတူညီချက်ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထိခိုက်ခံရသည့် ဒေသတွင် ရွေ့လျား ဆေးရုံ စီစဉ်ပေးခြင်း ဖိလစ်ပိုင် ဆေးကု အလုပ်သမားများ နှင့် အမေရိကန် ဒေါ်လာ ၃,၀၀၀ ,၀၀၀ နှင့် ကယ်ဆယ်ရေး ကုန်ပစ္စည်းများ နှင့် အကူအညီ ပစ္စည်းများကို စီ- ၁၃၀ ဟာကျူလီ ဖြင့် သယ်ဆောင်ခြင်း ရုရှား တန် ၈၀ ပမာဏ ရှိသော ဆေး၊ ဂျင်နရေတာ၊ အစာ၊ တဲ၊ စောင် ဆန် မာရီနို EUR ယူရို ၃၀,၀၀၀ စင်ကာပူ အမေရိကန် ဒေါ်လာ ၂၀၀ ,၀၀၀ စပိန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် သို့ အမေရိကန် ဒေါ်လာ ရ၇၅,၀၀၀ သီရိလင်္ကာ အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ အပါအဝင် အစားအစာ နှင့် ဆေးကု အလုပ်သမားများ အထောက်အပ့ံ ဆွီဒင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ရေ သန့်စင်ခြင်း စနစ်များ ဆွစ်ဇာလန် အမေရိကန် ဒေါ်လာ ၄၇၅ ,၀၀၀ (အစကနဦး) ထိုင်ဝမ် (R.O.C ) အမေရိကန် ဒေါ်လာ ၂၀၀ ,၀၀၀ ထိုင်း အမေရိကန် ဒေါ်လာ ၁၀၀ ,၀၀၀၊ ဆေး၊ ဆေးပစ္စည်း(အစကနဦး) တာကီ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ အမေရိကန် ဒေါ်လာ ၁,၀၀၀ ,၀၀၀၊ တူရကီ လခြမ်းနီ မှ အမေရိကန် ဒေါ်လာ ၆၀,၀၀၀ ယူနိုက်တက် ကင်းဒမ်း ဂရိတ် ဗြိတိန်ပေါင် ပေါင် ၄၅ သန်း (၂၀၀၈ ခုနှစ် နိုဝင်ဘာလ ရ ရက် ငွေလဲလှယ်နှုန်း အရ အမေရိကန် ဒေါ်လာ ရ၃.၅ သန်း ) အိပ်ခ်ျအမ်အက်စ် ဝက်မင်စတာ အမေရိကန်ပြည်ထောင်စု အမေရိကန် ဒေါ်လာ ၄၇.၂၄၅ သန်း (၁၀ ရက် ဇူလိုင်လ ၂၀၀၈ အထိ) ဗီယက်နမ် အမေရိကန် ဒေါ်လာ၂၀၀,၀၀၀ အီတလီ အီတလီ မှ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း၏ လေကြောင်းလိုင်းဖြင့် ယူရို ၄၆၅,၀၀၀ (ဒေါ်လာ ၇၃၂,၂၈၂) တန်ဖိုးရှိ အရေး ပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တန်ချိန် ၃၀ အလေးချိန် ရှိသည့် လူနာထမ်းစင်များ၊ ဂျင်နရေတာများ နှင့် ရေသန့် စက်များ ထောက်ပံ့ခဲ့သည်။ ထိုလေယာဉ်မှာ မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းမှာ အနောက် နိုင်ငံများမှ ပထမဆုံး လေကြောင်းလိုင်း အကူအညီဖြစ်ပြီး ရှေ့ပိုင်းတွင် ထိုင်းနိုင်ငံမှသာ အကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် အီတလီ အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် ယူရို ၅၀၀,၀၀၀ နှင့် ကုလသမဂ္ဂ မှတစ်ဆင့် ကယ်ဆယ် ရေး အေဂျင်စီများ အား ရန်ပုံငွေ ထောက်ပံ့ရန် ယူရို ၅၀၀,၀၀၀ ပေးအပ်ခဲ့သည်။ နောက်ထပ် ယူရို ၁၂၃,၀၀၀ ကို ကြက်ခြေနီ အသင်းမှတစ်ဆင့် ပေးအပ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအတွက် ထောက်ပံ့ရန် ယူရို ၃၀၀,၀၀၀ ကို လည်းပေး အပ်ခဲ့သည်။ မလေးရှား မလေးရှားနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁ သန်း (ရင်းဂစ် ၃.၂ သန်း) ငွေကြေးထောက်ပံ့မှု ရရှိခဲ့သည့်အပြင် ရင်းဂစ် ၅၀၀,၀၀၀ ကိုလည်း လူသားချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအဖြစ် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည်။ လူသား ချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအား ဟာကျူလီ စီ ၁၃၀ ဖြင့် ပို့ဆောင်ခဲ့ပြီး စောင် ၅,၀၀၀၊ ရွက်ဖျင်တဲ ၃၀ နှင့် ရင်းဂစ် ၁၀၀,၀၀၀ တန်ဖိုးရှိ တီရှပ်များ၊ ပါတိတ် လုံချည်များ၊ ဘီစကစ်များ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများ ပါဝင်ခဲ့သည်။ မာစီ မလေးရှား သည် မလေးရှားနိုင်ငံရှိ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအသင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ် ခဲ့မှုကြောင့် အခြေအနေများကို စစ်ဆေးရန် အဖွဲ့ဝင် လေးဦး ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ရှေးဦးစွာ ခိုလှုံနိုင်သော အဆောက်အအုံနှင့် သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်း ရေးနှင့် အရေးပေါ် ဆေးဝါးကုသပေးနိုင်ရေးစသည့် ကဏ္ဍများကို စတင်စစ်ဆေးခဲ့သည်။ မာစီ မလေးရှား အဖွဲ့အစည်း သည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်ရန် ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆေးဝါးဆိုင်ရာအဖွဲ့ အစည်းများမှဆရာဝန်ပေါင်း၁၈၀ကိုလည်း လေ့ကျင့်ပေးခဲ့သည်။ စတားမြန်မာ ကယ်ဆယ်ရေး ရန်ပုံငွေ အဖွဲ့ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဆိုင်ကလုံး ဒုက္ခသည် များကို ကယ်ဆယ်ရန် ရင်းဂစ် ၁.၈ သန်း စုဆောင်းရရှိခဲ့ပြီး မာစီ မလေးရှား အလုပ်အမှုဆောင် ကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ အာမတ် ဖေဇယ် ပါဒက်(ဇ်) ထံသို့ လွှဲအပ်ခဲ့သည်။ ဒုတိယ မလေးရှားနိုင်ငံ လခြမ်းနီအသင်း (MRCS) ဘေး ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ကိုလည်း မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလ ၂၁ ရက်တွင် စေလွှတ်ခဲ့သည်။ MRCS မှ စောင် ၁,၀၀၀၊ ငါးဂါလံဆံ့ ဓာတ်ဆီပုံး ရေပုံး ၁,၀၀၀၊ ခြင်ထောင် ၁,၀၀၀၊ ဖျာ ၅၀၀၊ ရေဘူး ၇,၀၀၀ နှင့် ဆေးဘူး အိတ်ပေါင်း ၅၀၀ ပါဝင်သော ၂.၅ တန် ရှိ ကယ်ဆယ်ရေး ပစ္စည်းများကို သယ်ဆောင်လာမည်ဟု ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ၊ တန် သုံးဆယ်ရှိ ဆေးဝါးပစ္စည်းများ နှင့် ဆယ့်နှစ်တန် ရှိ အစားအသောက် ပစ္စည်းများကို ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့် ပို့ပေးခဲ့သည်။ ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Chaiya Sasomsap (ချိုင်ယာ ဆာဆွန်ဆပ်) မှလည်း ထိုင်းနိုင်ငံ အစိုးရသည် ဘတ် တစ်ကုဋေ (ဒေါ်လာ ၃၁.၃ သန်း) ကျော် တန် ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ခဲ့ပြီးကြောင်း ဖော်ပြထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ စစ်အစိုးရ၏ ခွင့်ပြုချက် အရ ဆေးဝါးအဖွဲ့ ၁၂ ဖွဲ့နှင့် ကူးစက်ရောဂါ အမြန်လျှော့ချရေးအဖွဲ့ ၂၀ ကို စေလွှတ်ခဲ့သည်။ Samak Sundaravej (ဆာမက်ခ် ဆွန်ဒါရေဗက်) က "မြန်မာနိုင်ငံကသာ ကျွန်တော်တို့ကို ကူညီခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေတပ် က စီ-၁၃၀ လေယာဉ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပို့ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ကမူးရှူးထိုး အလျင် စလို ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အစိုးရရဲ့ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်မှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ ၂၀၀၈ မေလ ၇ ရက် တွင် အထက်ဖော်ပြပါ အဖွဲ့များ၏ ကိုယ်ပိုင်လေယာဉ်များအား ရန်ကုန်သို့ ဆင်းသက်ခွင့်ပြုခဲ့ပြီး သောက်သုံး ရေများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာခဲ့သည်။ ဂရိတ် ဗြိတိန် အာမခံငွေ အများဆုံး လှူဒါန်းခဲ့သည့် နိုင်ငံမှာ ယူကေ ဖြစ်ပြီး ပေါင် ၁၇ သန်း ( အမေရိကန် ဒေါ်လာ ၃၃.၅ သန်းခန့်) လှူဒါန်း ခဲ့သည်။ ယူကေ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန မှလည်း အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့စေလွှတ်ခဲ့သည်။ ထိုဋ္ဌာနမှအခြားအသင်းမှာ မြန်မာနိုင်ငံအတွင်းရောက်ရှိပြီးဖြစ်သည်။ တော်ဝင်ရေတပ် မှလည်း (အိပ်ခ်ျအမ်အက်စ် ဝက်(စ်)မင်စတာ) အား စေလွှတ်ခဲ့သည်။ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုစနစ်အား အပြင်းအထန် ဝေဖန်နေဆဲဖြစ်ပြီး အကူအညီများပေးရန် လေကြောင်းပို့ဆောင်မှုများဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခဲ့ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စု အမေရိကန်၏ ကိုယ်ပိုင်လေတပ်မှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး အထောက်အပံ့များ ပေးအပ်ခဲ့သည်။ မေလ ၅ ရက်တွင် မြန်မာနိုင်ငံရှိ အမေရိကန် သံမှူး ရှရီဗေလာရိုဆာ က နာဂစ်မုန်တိုင်း၏ ကြမ္မာဒုက္ခဆိုးများ ကို ကြေညာခဲ့ သည်။ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID မှ ဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်မှု အသင်း (DART) ကို စေလွှတ်ခဲ့ပြီး အရေးပေါ် စားနပ်ရိက္ခာ ဖြည့်တင်းရေး၊ ရေ နှင့် သန့်ရှင်းရေး၊ အမိုးအကာ ထောက်ပံ့ရေးအတွက် ဒေါ်လာ ၂၅၁,၀၀၀ ကို UNICEF၊ WFP နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ချက်ချင်း ထောက်ပံ့ခဲ့သည်။ မေ ၆ တွင် USAID မှ အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့မှု များအတွက် ဒေါ်လာ ၃ သန်း အား အမေရိကန် ကြက်ခြေနီ အသင်းသို့ ဒေါ်လာ ၁ သန်း၊ NGO မိတ်ဖက်များ ထံသို့ ဒေါ်လာ ၂ သန်း ခွဲဝေပေးအပ်ခဲ့သည်။ မေ ၁၂ ရက်တွင် USAID အုပ်ချုပ်ရေးတာဝန်ခံ Henrietta H. Fore (ဟန်နရီတာ အိပ်ခ်ျ ဖိုး) က အစားအသောက် ထောက်ပံ့မှု နှင့် ပြန်လည်နေရာ ချထားရေး အတွက် ဒေါ်လာ ၁၃ သန်း အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း မှ တစ်ဆင့်ပေးအပ်ပြီးကြောင်း ကြေညာခဲ့သည်။ မေလ ၁၂ ရက်မှ ၂၀ အထိ၊ USAID နှင့် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဋ္ဌာန (DOD) တို့ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်သို့ ၃၆ DOD စီ-၁၃၀ လေယာဉ်များဖြင့် ဒေါ်လာ ၁.၂ သန်း နီးပါး တန်ဖိုးရှိ အမေရိကန်ပြည်ထောင်စု ကယ်ဆယ်ရေး လူ့အသုံး အဆောင်ပစ္စည်းများ ပေးဝေခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများသည် 113,000 ထက်ပိုသော အကျိုးခံစားခွင့်ရှိသူများထံသို့ အကူအညီများ ထောက်ပံ့ပေးလိမ့်မည်။ DOD ဦးတည်ကြိုးပမ်း ဆောင်ရွက်ချက် များသည် ပြုစုစောင့်ရှောက်သောတုံ့ပြန်မှုပူးတွဲအထူးလုပ်ငန်းအဖွဲ့ ၏ လမ်းညွှန်မှု အောက်တွင် ဖြစ်ခဲ့သည်။ ၂၀၀၈၊ ဇွန်လ ၂၆ အထိ အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့သည် စုစုပေါင်း ဒေါ်လာ ၄၁,၁၆၉,၇၆၉ ရှိခဲ့ပြီး ဆက်လက်ထောက်ပံ့မှုများသည် ထိုင်းနိုင်ငံတွင် အခြေစိုက်သော USAID DART မှ ညွန်ကြားခဲ့သည်။ မေလ ၁၅ ရက်တွင်၊ ကုလသမဂ္ဂ [OCHA] သည် မြန်မာ HIC ဝက်(ဘ်)ဆိုဒ် ကို စတင်ဆောင်ရွက်ခဲ့သည် (http://myanmar.humanitarianinfo.org)။ ဝက်(ဘ်)ဆိုဒ်၏ ရည်ရွယ်ချက်သည် သတင်းအချက်အလက်များ အလဲအလှယ် လုပ်ခြင်းကို တိုးတက်ကောင်းမွန်အောင်လုပ်ရန် နှင့် ဆိုင်ကလုန်း နာဂစ် သို့ တုံ့ပြန်နေသည့် လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီများ အကြား ပူးတွဲဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သည့် HIC သည် ရန်ကုန်ရှိ လူသား ချင်းစာနာထောက်ထားသော မိတ်ဖက် အသင်းအဖွဲ့ နှင့် အခြား လူသားချင်းစာနာထောက်ထားသော မိတ်ဖက်များ အပြင် ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သော အဖွဲ့အစည်းများကိုလည်း အထောက်အပံ့ပေးသည်။ ၂၀၀၈၊မေလ ၈ အထိ မြန်မာပြည်သူလူထု အတွက် ဖောင်ဒေးရှင်းသည် ရန်ကုန်၌ ကွင်းဆင်းဆောင်ရွက်နေသော အသင်း အဖွဲ့တစ်ခုရှိပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ကျော်လွန်၍ တိုက်ရိုက် အကူအညီ စီစဉ်ပေးနေသည်။ ဤအဖွဲ့အစည်းသည် ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းများမှ အုပ်ချုပ်ခဲ့ပြီး မြန်မာ အစိုးရ ထံမှ အပြန်အလှန်နားလည်မှု ခွင့်ပြုချက် ကို ရရှိပြီး ဖြစ်သဖြင့် လှူဒါန်းမှုများအားလုံးသည် အထောက်ပံ့ပစ္စည်းများအဖြစ် တိုက်ရိုက် ရောက်ရှိသည်။ မြန်မာ ပြည်သူလူထု အတွက် ဖောင်ဒေးရှင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် နှင့် လခြမ်းနီ လူ့ဘောင်အဖွဲ့အစည်း တို့သည် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၈၉,၀၀၀ ကို ကတိပြုခဲ့ကြသည်။ အဖွဲ့ချုပ်သည် နောက်ထပ် CHF ၅၀ သန်း ကို မေတ္တာရပ်ခံချက် တစ်ခုအနေဖြင့် စတင်ဆောင်ရွက်ပြီးခဲ့သည်။ ကြက်ခြေနီမှ ပြောရေးဆိုခွင့်ရှိသူ Matt Cochrane (မော့(တ်) ကော့ချရင်း) က ထို ဆိုင်ကလုန်းကြောင့် သေကံမရောက် သက်မပျောက်ဘဲ ကျန်ရစ်သူများသည် အလုံးစုံလိုအပ်သည်ဟု ပြောခဲ့သည်။ သူတို့ သည် အစားအစာ ထောက်ပံ့မှုများ အပါအဝင် သူတို့ကို ခြောက်သွေ့စွာ ထိန်းသိမ်းထားရန် အရေးပေါ် နားခိုရန် အဆောက် အအုံ လိုအပ်သည်။ ရေသေရေပုပ်များသည် ငှက်ဖျားခြင် အတွက် ပြည့်စုံကောင်းမွန်သော ပေါက်ဖွား ရာဒေသ တစ်ခု ဖြစ် သောကြောင့် ပိုးသတ်ဆေးဖြင့် စီရင်ထားသော ခြင်ထောင်များ သည် လိုအပ်သည် ဟု ၎င်းမှ ပြောကြားသည်။[၄၆] ငုပ်လျှိုး နေသော သစ်ပင်ကို တိုက်မိ သောအခါ လှေဖြင့် သယ်ဆောင်နေသော ထောက်ပံ့မှုများနစ်မြုပ်ခဲ့သော ကြောင့် ကြက်ခြေ နီသည် ဆုတ်ဆိုင်းမှုများနှင့် ကြုံခဲ့ရသည်။ လှေပေါ်ရှိလူတိုင်း အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ကုန်ပစ္စည်း အများစု ပျောက်ဆုံးခဲ့ သည်။ ကြက်ခြေနီ/လခြမ်းနီ ကယ်ဆယ်ရေး လေယာဉ် ဆယ်စီးသည် ဆေးကုသမှု နှင့် နားခိုရန် အဆောက်အအုံ ပစ္စည်းများကို သယ်ဆောင်လာပြီး၊ မေလ ၁၂ တွင် ရန်ကုန်သို့ ဆင်းသက်မည်။ Trocaire (ထရိုကိန်း) သည် ၁၉၉၅ ခုနှစ် ကတည်းက မြန်မာပြည်တွင် လှုပ်ရှားခဲ့ပြီး ဆိုင်ကလုံး နာဂစ် အပြီးတွင် ပထမဆုံး သော ဆက်သွယ်ရန် အခွင့်အလမ်း ရခဲ့သည့် အိုင်ယာလန် အကူအညီ အေဂျင်စီ ဖြစ်သည်။ ကယ်ဆယ်ရေး အလုပ်သည် အဓိကအားဖြင့် ပြည်တွင်း မိတ်ဖက်များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ Caritas (ကာရီတ(စ်)) အပြည် ပြည်ဆိုင်ရာ များမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။ Trocaire ထရိုကိန်း သည် များမကြာမီက တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သော ငလျင်ကြောင့် မြန်မာပြည်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ မဆုံးရှုံးစေရန် အာရုံစိုက်မှု အတွက် မေတ္တာ ရပ်ခံခဲ့သည်။ ကလေးငယ်များ ကယ်ဆယ်ရေး (Save the Children) အေဂျင်စီသည် မြန်မာပြည်တွင် အလုပ်လုပ်ရန် ခွင့်ပြုခံရသည့် အေဂျင်စီအနည်းစုမှ တစ်ခုဖြစ်ပြီး ဆုံးရှုံးမှုများသည် သီးခြားဖြစ်နေသော ဧရိယာများသို့ အကူအညီ ရောက်ရှိသည့်အခါ နောက်ထပ်ရက်များ အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ မေလ ၁၈ ရက်တွင်၊ အသက်ငါးနှစ်အောက် ကလေး သုံးသောင်းသည် အာဟာရချို့တဲ့ခြင်း နှင့် ရင်ဆိုင်နေရပြီး အကယ်၍ ၎င်းတို့ဆီသို့ အစားအစာများ မရောက်ရှိပါက တစ်လ အတွင်း အစာရေစာ ငတ်ပြတ်လိမ့်မည်ဖြစ်ကြောင်း ၎င်းမှ ယုံကြည်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နယ်စည်းမခြား ဆရာဝန်များ - MSF သည် ရန်ကုန်၌ တနင်္လာနေ့တွင် ကယ်ဆယ်ရေးနှင့် ဆေးဝါး အထောက်အပံ့ ပစ္စည်းများ တန် ၄၀ အပြည့်ပါသော လေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ကြသည်။ အကောက်ခွန်ရုံးနှင့် စာရင်းရှင်းလင်းပြီးသော အခါ အထောက်အပံ့ပစ္စည်းများကို ပြည်တွင်း MSF ကုန်လှောင်ရုံ သို့ ပြောင်းရွေ့ခဲ့ကြသည်။ ၎င်းတို့တွင် ထိုဒေသ၌် ခန့်မှန်းခြေ အလုပ်သမား ၂၀၀ ရှိပြီး အများစုသည် ရေရှည် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး ထိုဒေသ အတွင်းတွင် ရှိနေပြီး ဖြစ်သည်။ ဝေါလ်ဗွီးရှင်း သည် အမေရိကန်ဒေါ်လာ ၃ သန်း နှင့် စတင် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ အကူအညီ ရရှိရန် ကြိုးစားရှာဖွေနေသည်။ မြေပြင်ဝန်ထမ်းများသည် အစားအစာ၊ ရေ နှင့် အခြား အစား အစာ မဟုတ်သည့် အရာများကို ဖြန့်ဖြူးရန် လုပ်နေစဉ်တွင် WV မြန်မာမန်နေဂျာများသည် အဆိုးရွားဆုံး ထိခိုက်သည့် ဧရိယာများတွင် အလုပ်လုပ်ရန် နှင့် ပြင်ပမှ အကူအညီများ လာရောက်စေရန် အစိုးရထံမှ အတည်ပြုချက်ရရန် ကြိုးပမ်းနေသည်။ Avaaz.org (အားဗဇ် အဖွဲ့အစည်း) သည် ပုဂ္ဂလိကသီးခြား အလှူပစ္စည်းများ ၂၅,၀၆၂ ကျော်မှတစ်ဆင့် မြန်မာပြည်တွင် ကယ် ဆယ်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်မှုများအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကျော် မတည်ခဲ့သည်။ သူတို့သည် ဗုဒ္ဓ ဘာသာရဟန်းများသို့ ယုံကြည်စိတ်ချရသော ဝေငှခြင်းနှင့် အကူအညီ ပေးဝေခြင်း တို့ကို စစ်အစိုးရကို ရှောင်လွဲ၍ ပြုလုပ် ခဲ့သည်။ ဤ တစ်မူထူးခြားသော ချဉ်းကပ်နည်းကို အောင်မြင်စွာ သက်သေပြခဲ့သည်။ ၂၄-၅-၂၀၀၈ အထိ၊ အမေရိကန် ဒေါ်လာ ၅၅၀,၀၀၀ သည် ဘာသာရေး၊ သာသနာ့ဝန်ဆောင် ထူထောင်ခြင်းသို့ ပေးဝေခဲ့မှုကို အတည်ပြုခဲ့ပြီး အခြား အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ သည် ခရီး လမ်းတွင် ရှိနေဆဲ ဖြစ်သည်။ ပုဂ္ဂလိက အကူအညီများ သတင်းအချက်အလက်အသစ်အတွက် တူညီသောအခြေခံတစ်ခုအဖြစ်အသုံးပြုသော အချက်အလက်- သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်း သတင်းအချက်အလက်အသစ်အတွက်တူညီသောအခြေခံတစ်ခုအဖြစ် အသုံးပြုသောအချက်အလက် - မသင့်လျော်သော လေသံ များစွာသောအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံအတွင်း လုပ်ဆောင်ရန် သဘောတူခြင်းခံခဲ့ကြရပြီး (မတိုင်မီ သို့မဟုတ် ပြီးနောက်အပါအဝင်) သို့မဟုတ် တစ်နည်းအားဖြင်ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်မှုများကို ပံ့ပိုးပေးရန် - ဧဝံဂေလိ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကယ်ဆယ်ရေး အေဂျင်စီ (ADRA) သည် ပြင်းထန်စွာ ထိခိုက်မှုရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို အစားအစာ အကူအညီ၊ရေရရှိသုံးစွဲမှု၊ဆေးဝါးကုသရေးအကူ အညီ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကူညီရန် အခြားနည်းလမ်းများ ပေးခြင်းဖြင့် ကူညီသည်။ မြန်မာဆိုင်ကလုန်းရန်ပုံငွေသို့ လျာထားသော အလှူငွေ ရရှိနိုင်သည်။ အေ့မက်ထရစ် (အေ့မက်ထရစ်ဖောင်ဒေးရှင်း) သည် ကြိုးစားအားထုတ်မှုရှိသော လုပ်ငန်းခွင် ကိုစီစဉ်လိုခြင်း သို့မဟုတ် ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများ၊ ငွေကြေးထည့်ဝင်မှုများကို ပေးလိုသော ကုမ္ပဏီများ၊ အုပ်စုများနှင့် တစ်ဦးတစ်ယောက်ချင်းကို ဆက်သွယ်ပေးသည့် အွန်လိုင်း ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ခြင်း တစ်ခုကို ပေးသည်။ အမေရိကန် ဂျူး ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု သည် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော ဒေသခံအဖွဲ့အစည်းများကို အရေးပေါ်အထောက်အပံ့များပေးသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ လူသားချင်းစာနာမှု အတွက် ဗိသုကာ ပုံစံ သည် ရေရှည်တည်တံ့ခိုင်မြဲသော အိမ်များ၊ကျောင်းများ၊ ဆေးခန်းများ နှင့် အခြားအရေးပါသော အခြေခံ အဆောက်အအုံများကို ပြည်လည်တည်ဆောက်ရာတွင် ထောက်ပံ့ပေးသည်။ လူသားချင်းစာနာမှု အတွက် ဗိသုကာ ပုံစံ⁄ မြန်မာ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ကလေးသူငယ်များ၏ မျှော်လင့်ချက်ရောင်ခြည် တွင်အရေးပေါ် ထောက်ပံ့မှုများကို ပေးပို့သော အောက်ခြေတွင် ဆောင်ရွက်နေသည့် အဖွဲ့များနှင့် မိတ်ဖက်များ ရှိသည်။ ကဲလ် (Care) သည် ရန်ကုန်တွင် ရုံးများ ရှိ/ရှိခဲ့ပြီး ၎င်းတို့သည် ဖျက်ဆီးခြင်းခံရသော်လည်း လူအများမှာ ထိခိုက်မှုမရှိပါ။ ၎င်းတွင် အခြားအရင်းအမြစ်များ ရှိပြီး ဆောင်ရွက်ရန် အဆင်သင့်ရှိသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ (ချယ်(လ်) ဗီရွန်) ကော်ပိုရေးရှင်း သည် အမေရိကန်ဒေါ်လာ ၂ သန်း ထည့်ဝင်လှူဒါန်းပြီး၊ တစ်ဝက်မှာ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် အတွက်ဖြစ်ပြီး အခြားတစ်ဝက်မှာ တစ်ခြား အဖွဲ့အစည်း လေးခု အတွက် လျာထား သတ်မှတ်သည်- ရွှေ့ပြောင်းခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း၊ မာစီ ကော့(ပ်)(စ်)၊ ပက် နှင့် ကလေးသူငယ် များကို ကယ်ဆယ်ရေး အဖွဲ့အစည်း တို့ဖြစ်သည်။ ခရစ်ယာန်ဂိုဏ်းတော် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု သည် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုအတွက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ နှင့် အတူ လက်တွဲ ဆောင်ရွက်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ အပြည်ပြည်ဆိုင်ရာ တိုက်ရိုက်ကယ်ဆယ်ရေး သည် အောက်ခြေတွင် မြောက်မြားစွာသော အုပ်စုများ၊ အဖွဲ့အစည်းများ နှင့် လက်တွဲဆောင်ရွက်သည်။ ၁၀၀ ရာခိုင်နှုန်းအပြည့် အစီအစဉ်များအတွက်သာ ဖြစ်ပြီး စီမံအုပ်ချုပ်ရေးအတွက် မဟုတ်ပေသော ယေဘုယျ လှူဒါန်းမှုများ ရရှိနိုင်သည်။ နယ်စည်မခြား ဆရာဝန်များ⁄ Médecins Sans Frontières တွင် အောက်ခြေ ၌ တုံ့ပြန်ဆောင်ရွက်နေသော အကူအညီ ပေးရေး အလုပ်သမားပေါင်း ၂၀၀ ကျော် ရှိသည်။ လှူဒါန်းမှုအတွက် ယေဘုယျ သတင်းအချက်အလက်များ ရရှိနိုင်သည်။ ပိုးစုန်းကြူး မစ်ရှင် သည် အောက်ခြေတွင် ဘုန်းတော်ကြီးများ ပါဝင်သော အုပ်စုများနှင့် အခြားသော အစိုးရမဟုတ် သော ပြည်တွင်း အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သည်။ လှူဒါန်းမှုများ၏ ၁၀၀ ရာခိုင်နှုန်းသည် ဒုက္ခခံစားရ သော သူများထံသို့ တိုက်ရိုက်သွားသည်။ ပိုးစုန်းကြူး မစ်ရှင်သည် ယဉ်ကျေးမှု နှိုင်းယှဉ်ခြင်း အခြေခံ သဘောတရားကို ယုံကြည်သက်ဝင်သည့်အလျောက် လက်ခံရယူမည့် သူများကို ပြောင်းလဲရန် ကြိုးစားခြင်း ပြုနိုင် သည့် သို့မဟုတ် ဒေသခံ ယဉ်ကျေးမှု အင်အားကို လေးစားခြင်း မရှိသည့် လုပ်ငန်းဆောင်တာများတွင် ပါဝင် ပတ်သက်နိုင်သော စီမံကိန်းများ သို့မဟုတ် အဖွဲ့အစည်းများကို အထောက်အပံ့မပြုပေ။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ မြန်မာပြည်သူများအတွက် ဖောင်ဒေးရှင်း သည် တိုက်ရိုက် အကူအညီများကို ဖြည့်ဆည်းပေးပြီး ရန်ကုန်တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်သည်။ ၎င်းကို စေတနာ့ဝန်ထမ်းများက စီမံခန့်ခွဲပြီး အကူအညီအတွက် လှူဒါန်း မှုများကို ကြိုဆိုသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ပေးကမ်းခြင်း သည် မြန်မာနိုင်ငံတွင် အောက်ခြေ အဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေး စီမံကိန်း များစွာကို လျာထားဆောင်ရွက် လျက်ရှိပြီး ထိုအဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ ဆေးဝါးကုသရေး ဆိုင်ရာ အဖွဲ့များ၊ CHF အပြည်ပြည်ဆိုင်ရာ နှင့် IDE တို့ ပါဝင်သည်။ ဟန်ဂေရီ နှစ်ခြင်း ခရစ်ယာန် အကူအညီ သည် ကမ္ဘာလုံးဆိုင်ရာ နှစ်ခြင်းခရစ်ယာန် အကူအညီ၏ ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်း နှင့် ဆေးဝါးကုသရေးအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ လူသားချင်း စာနာထောက်ထားသော ကူညီကယ် ဆယ်မှုများ၊ ရေအထူးသန့်စင်ခြင်း နှင့် သန့်စင်သော ရေ ထုတ်ပိုးခြင်း (ရေအိတ်များ) ဋ္ဌာန တို့ကို စတင်ရန်လည်း အဆင်သင့်ရှိသည်။ Hewlett Packard (ဟောလက် ပက်ကတ်) ဖောင်ဒေးရှင်းသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ လှူဒါန်းခဲ့သည်။ Lutheran World Relief (လူသီရန် ကမ္ဘာ့ကယ်ဆယ်ရေး) သည် ခရစ်ယာန်အသင်းတော် ကမ္ဘာ့ဝန်ဆောင်မှု မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်သည်။ ၎င်းတို့တွင် မြန်မာ/ဗမာ ဆိုင်ကလုန်း ကြိုးပမ်းအားထုတ်မှုရှိသည်။ LDS ခရစ်ယာန် အသင်းတော်သည် အစားအစာ၊ စောင်များ နှင့် အခြားအထောက်အပံ့ တန်ပေါင်းများစွာ ကို ဝေငှခဲ့ပြီးဖြစ်သည်။ LIRNEasia (လာနီအာရှ) သည် အာရှပစိဖိတ်တွင် အခြေစိုက်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေး အဖွဲ့ဖြစ်ပြီး သိရိလင်္ကာရှိ အမရပူရ နိကာယ လင်္ကာ ဒီကရီ မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ မင်္ဂလာ ဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိခိုက်ခံရ သော နယ်မြေဧရိယာ ၉ ခုရှိ ၃၇၀၀၀ + လက်လှမ်းမမီသောလူများ (မိသားစု ရ၀၀၀ ခန့် ) ကို အစားအစာ၊ သန့် ရှင်းသော ရေ၊ အဆောက်အအုံ နှင့် ဆေးဝါးများကို နေ့စဉ် ဖြန့်ဝေခြင်းဖြင့် ကူညီပြီး အွန်လိုင်း လှူဒါန်းမှုများကို ဆန်မျူးကျွန်း ဟိုတယ်များ (အမေရိကန်/ထိုင်း) အကူအညီ ဖြင့် လက်ခံသည်။ မြန်မာကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာ ဖယ်ဒရေးရှင်း ဝက်(ဘ်)ဆိုဒ်မှ တစ်ဆင့် အကူအညီ တောင်းခံ ပြီး၊ အောက်ခြေတွင် ဆောင်ရွက်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ “ကျွနု်ပ်၏ ထည့်ဝင် လှူဒါန်းမှုကို သို့ပေးရန်” အောက်တွင်ရှိ “မြန်မာဆိုင်ကလုန်းနာဂစ်” ကို ရွေးချယ်ပါ။ ကလေးငယ်များကယ်ဆယ်ရေးအဖွဲ့ (Save the Children) သည် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အကြီးဆုံးဖြစ်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပြီး” ကယ်ဆယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု အတိုင်းအတာ အပြည့်အဝ ကို ပေးခဲ့သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ဆယ်ဝါ အပြည်ပြည်ဆိုင်ရာ သည် မုန်တိုင်းဒဏ်ခံရသည့် နေရာဒေသများတွင် လှုပ်ရှားနေသော စေတနာ့ဝန်ထမ်း များနှင့် မိတ်ဖက်အဖွဲ့အစည်းများတို့နှင့် ဆက်သွယ်မှုကွန်ရက်ရှိသည်။ လျာထားသော လှူဒါန်းမှုများသည် ၎င်း၏ အဖွဲ့ခွဲများရှိသော အမေရိကန်ပြည်ထောင်စု၊ ယူကေ သို့မဟုတ် ဩစတြေးလျ သို့ထည့်ဝင်ကြခြင်းဖြစ်သည်။ ရှယ်တာဘောက်(စ်) ဩစတြေးလျ နှင့် အခြား ရိုထရီ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများကူညီကြသည်။ ရှယ်တာဘောက်(စ်)သည် မေလ ၁၀ ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။ [၈၈] ယူနီဆက် (ဖ်) သည် တိုင်းပြည်အတွင်းတွင်ရှိပြီး ကယ်ဆယ်ရေးအထောက်အပံ့များကို ပေးပြီးဖြစ်သည်။ လျာထား သော လှူဒါန်းမှု ရရှိနိုင်သည်။ ယူနီတေးရီးရန်း ယူနီဗာဆယ်လစ် ဝန်ဆောင်မှု ကော်မတီ သည် ယူနီတေးရီးရန်း ယူနီဗာဆယ်လစ် အသင်းကြီး နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းဒဏ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများကို ကူညီရန် လူသားချင်း စာနာ ထောက်ထားသော ကယ်ဆယ်ရေး ရန်ပုံငွေ တစ်ရပ်ထူထောင်ခဲ့သည်။ UUSC ယူယူအက်စ်စီသည် ဘေးဒုက္ခကပ်များကို နည်းဗျူဟာဖြင့် တုံ့ပြန်ကူညီသည်၊ အထူးသဖြင့် အကူအညီ လိုအပ်သောသူများသည် သမားရိုးကျဖြစ်သော ကယ်ဆယ်ရေး နည်းလမ်းများဖြင့် သတိမမူမိခြင်း သို့မဟုတ် လျစ်လျူရှုခြင်း ခံရသော အခါတွင် ဖြစ်သည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ကမ္ဘာ့ ကယ်ဆယ်ရေး သည် ကမ္ဘာလုံးဆိုင်ရာ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုရှိ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ကာ မုန်တိုင်းအပြီးတွင် အကူအညီကို အလွန်အမင်းလိုအပ်နေသည့် ထောင်ပေါင်းများစွာသော လူတို့အတွက် အဓိကအကူအညီကိုပေးသည်။ လျာထားသော လှူဒါန်းမှု ရရှိနိုင်သည်။ ဝေါလ်ဗွီးရှင်း တွင် အောက်ခြေ၌ ဆောင်ရွက်နေသော ဝန်ထမ်းများရှိသည် (ဗွီဒီယိုတွင် ကြည့်ပါ)။ လျာထားသော လှူဒါန်းမှု ရရှိသည်။ [နာဂစ်အရေးယူဆောင်ရွက်ခြင်းအုပ်စု] မြန်မာအီးဂရက်စ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အပြင်းအထန် ပျက်စီးခဲ့သော မြို့နယ် ၄ ခုတွင် ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်မှုများ၌ လက်ရှိပါဝင် ဆောင်ရွက်နေသည်။ ဤနည်းအားဖြင့် မြန်မာ အီးဂရက်စ်သည် မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်ခံရသော နေရာဒေသအများအပြားတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အာဏာပိုင်များက ခွင့်ပြုထားသည့် စီးပွားရေးကုမ္ပဏီအချို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ မြန်မာ အီးဂရက်စ်သည် နာဂစ်အရေးယူဆောင်ရွက်ခြင်း အုပ်စု မြန်မာ ဟူသော အမည်အောက်တွင် ထိုဘေးအန္တရာယ်ကယ်ဆယ်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်သည်။ ၁၀၀ ခန့် သောကျွန်ုပ်တို့၏ သင်တန်းသား အချို့ သည် ထိုအလုပ်အတွက် ၎င်းတို့ဆောင်ရွက်မည်ဟု တင်ပြကြပြီး သဘာဝ ပတ်ဝန်း ကျင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် အရေးယူဆောင်ရွက်ခြင်းအုပ်စုမှ သင်တန်းများပေးခဲ့သည်။ ဆန်သိုလှောင်ရေးနှင့် စားနပ်ရိက္ခာထိခိုက်ရေး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါး စိုက်ပျိုးရေးအတွက် မြေဆီမြေဩဇာကောင်းမွန်သောဒေသဖြစ်သည့် အားလျော်စွာ ဗြိတိသျှအင်ပါယာ လက်ထက်ကတည်းက “ဆန်အိုးကြီး” ဟုသိခဲ့ကြသည်။ ထုတ်လုပ်မှုမှာ မြင့်မားသည်နှင့်အညီ မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံသားများအတွက် မြင့်မားသော ဆန်ပမာဏကို ထောက်ပံ့ နိုင်သည့်အပြင် (အာရှစံနှုန်းများအရ) လုံလောက်သော ပိုလျှံမှုကို ဈေးကွက်သို့ ရောင်းချနိုင်သည်။ နာဂစ် မုန်တိုင်းသည် စပါးရိတ်သိမ်းချိန်ဝန်းကျင်တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် ဆန်ရှားပါးမှုနှင့် အစားအစာ အလွန် အမင်းပြတ်လပ်မှုတို့ ဖြစ်ပေါ်နိုင်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး မှနေ၍ နာဂစ် မုန်တိုင်းသည် တိုင်းပြည်၏ စပါးစိုက်ခင်း ၆၅ ရာခိုင်နှုန်းကို ထိခိုက်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ အခြေအနေ သည် “ပျက်စီးနေသည်…… အကယ်၍ မကြာသေးမီက ဖြစ်ပွားသော ဘေးအန္တရာယ်သည် ဆန်အလွန်အမင်း မလုံလောက်မှုကို ဖြစ်ပေါ်စေခဲ့ပါက” ဟု ၎င်းတို့မှ ထင်မြင်ကြသည်။ ဤအရာသည် ဖြစ်ပွားနေပြီးဖြစ်သော ဘေးဒုက္ခကပ်ကို ပို၍ဆိုးရွားစေသော်လည်း အကယ်၍ ဆောင်းဦးနှင့် နွေနှောင်း စပါး ရိတ်သိမ်းချိန်တို့တွင် အထွက်နှုန်းကောင်းပါက ၎င်းကို တစ်စိတ်တစ်ဒေသ လျှော့ချနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါး စိုက်ပျိုးရန်အတွက် အကူအညီတောင်းခံခဲ့သည်မှာ ရာသီသီးနှံများမဆုံးရှုံးမီ မြန်မာလယ်သမားများအနေဖြင့် ရက်ပေါင်း ၄၀ မှ ၅၀ အထိသာ ကြားကာလအဖြစ် အခွင့်အလမ်းရှိသည့်အတွက် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိသည်ဟု ခန့်မှန်းသည်။ ဆန္ဒခံယူပွဲ မြန်မာ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊၂၀၀၈ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အကျိုးဆက်များ ခံစားနေရစဉ်အတွင်း မြန်မာ အတိုက်အခံပါတီများနှင့် နိုင်ငံခြား တိုင်းပြည်များမှ ကန့်ကွက်မှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် ယခင်က စီစဉ်ထားခဲ့သည့်အတိုင်း (၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ဆက်လက်ပြုလုပ်ခဲ့သည်။ မည်သို့ ပင်ဆိုစေကာမူ မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသော အခြားနေရာများနှင့် ရန်ကုန် တွင် မဲပေးခြင်းကို ၂၀၀၈ ခုနှစ် မေလ ၂၄ ရက် သို့ ရွှေ့ဆိုင်းခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ ၈ ရက် နေ့တွင် ဆန္ဒပြသူ ၃၀ ခန့်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာ ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးပြီး စစ်အစိုးရ အား ဆန္ဒခံယူပွဲအတွက် မဲပေးခြင်းကို ရွှေ့ဆိုင်းပေးရန်နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို ချက်ချင်းလက်ခံရန် တောင်းဆိုခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဆန္ဒပြသူများမှ "ဤအချိန်သည် နိုင်ငံရေးအတွက် အချိန်မဟုတ်ပါ၊ သို့သော် လူများ ကို ကယ်ဆယ်ရန် အချိန်ဖြစ်သည်" ဟု ဖော်ပြသော ကြေညာချက်ကို ထုတ်ပြန် ဝေငှခဲ့သည်။ အမေရိကန် ပြည်ထောင်စု အစိုးရ မှလည်း ကုလသမဂ္ဂ အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မထောက်ခံရန် တောင်းဆိုခဲ့သည်။မေလ ၁၀ ရက် နေ့ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ၅၀၀ ခန့် သည် ဆန္ဒပြခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ၎င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အား မဲဆန္ဒပေးခြင်းကို စတင်စေခဲ့ပြီးဖြစ်လင့်ကစား ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။ မြန်မာ သတင်းအေဂျင်စီ တစ်ခုဖြစ်သော မဇ္ဈိမ မှ မြန်မာ တစ်ပြည်လုံးတွင် ၂၀၀၈ ခုနှစ် မေလ ၉ ရက် နေ့တွင် ကောက်ခံခဲ့ သော လူထုဆန္ဒ စစ်တမ်းကောက်ယူခြင်း၌ ဖော်ပြသည်မှာ၊ စစ်တမ်းကောက်ယူခဲ့သူများ၏ ၆၄ ရာခိုင်နှုန်းသည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲထည့်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရ၁ ရာခိုင်နှုန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ မည်သည့်အရာ ဖြစ်ကြောင်းကို မသိကြပဲ ၅၂ ရာခိုင်နှုန်းမှာ ၎င်းတို့ ထိုအရာကို ထောက်ခံရမည် သို့မဟုတ် ကန့်ကွက်ရ မည်ကို မဆုံးဖြတ်ရသေးပဲရှိသည်။ အကူအညီ ဝေငှရေးဝိဝါဒများ ဘေးအန္တရာယ် ခံရသော သူများကို ထောက်ပံ့သော နိုင်ငံခြား အကူအညီကို စစ်အစိုးရမှ ပေးသည့် ပုံစံဖြစ်အောင် ပြုပြင်မွမ်းမံပြီး နိုင်ငံတော်မှ လွှင့်ထုတ်သော ရုပ်မြင်သံကြားမှ နေ၍ ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဘေးအန္တရာယ် ကယ်ဆယ် ရေး ပစ္စည်းများကို အခမ်းအနားများဖြင့် လွှဲပြောင်းပေးနေပုံကို အဆက်မပြတ် လွှင့်ထုတ်နေသည်ဟု အေပီ သတင်းများမှ ဖော်ပြသည်။ ဘေးအန္တရာယ်ပြီးနောက် တစ်ပတ်မကအချိန်ကြာမြင့်သည်အထိ အိုးမဲ့အိမ်မဲ့၊ ထိခိုက်ဒဏ်ရာရခြင်း၊ သို့မဟုတ် ရောဂါဘယနှင့် ငတ် မွတ်မှုတို့ ခြိမ်းခြောက်ခြင်းခံရသော လူ ၁၀ ဦး လျှင် တစ်ယောက်သာ အကူအညီ အမျိုးအစား အချို့ကို လက်ခံရရှိ ခဲ့သည်။ ရက်သတ္တပတ် နှစ်ပတ် ထက်ပိုသော နောက်ပိုင်းအထိ အမှန်တကယ်လိုအပ်သော လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ထံသို့သာ ကယ်ဆယ်ရေး အကူအညီများ ရောက်ရှိခဲ့သည်။ ဆိုင်ကလုန်း မုန်တိုင်းပြီးနောက် ကိုးရက်အကြာအထိ စစ်အစိုးရသည် အကူအညီပေးရေး လုပ်သားများကို ဗီဇာထုတ်ပေးရန် နှင့် မုန်တိုင်း ဒဏ်ခံရသော နေရာဒေသသို့ ဆက်သွယ် သွားရောက်ခွင့်ကို ငြင်းဆန်နေဆဲ ဖြစ်သည်။ အကူအညီ ပမာဏ အများအပြား ကို သယ်ဆောင်ရန် လေကြောင်း သို့မဟုတ် ပင်လယ်ရေကြောင်းလမ်းတစ်ခုကို ဖွင့်ပေးရန် ကုလသမဂ္ဂ သည် တောင်းဆိုခဲ့ပြီးအိပ်ခ်ျ အမ် အက်စ် ဝက်(စ်) မင်စတာ ကို ထိုနေရာဒေသသို့ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု စစ်တပ်ပိုင် လေယာဉ်များ၊ သင်္ဘောများနှင့်အတူ စေလွှတ်ခဲ့သည်။ အကူအညီများကို တားမြစ်ပိတ်ပင်ထားမှု အပေါ်တွင် တက်ကြွစွာ လှုပ်ရှားသူများ၏ တုံ့ပြန်မှု အသင်းဝင် ၁၀,၀၀၀ ပါဝင်သော ဗမာ ( မြန်မာ) ဆိုင်ကလုန်းဘေးအန္တရာယ် ခံစားကြသူများအတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ခြင်း ဟုခေါ်သည့် စာမျက်နှာသည် ၎င်း၏ အသင်းဝင်များကို အသုံးပြုပြီး မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ခြင်းနေ့ကို ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့ သည်။ မြန်မာ့အရေးဆိုင်ရာ ကမ္ဘာအနှံ့ အရေးယူဆောင်ရွက်မှုကွန်ရက်၊ မြန်မာ ကင်(န်)ပိန်း ယူကေ၊ မြန်မာ့ ကနေဒီ ယန် မိတ်ဆွေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန် ပြည်ထောင်စု ကင်(န်)ပိန်း၊ ဘာမင်နီ အင်ဖို နှင့် မရေမတွက်နိုင်သော ပြည်တွင်း မိတ်ဖက်များ၏ အကူအညီဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်းကို တောင်းဆို သည့် မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူခြင်းနေ့ကို ကမ္ဘာအနှံ့ရှိမြို့ကြီးများတွင် ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် ကျင်းပခဲ့သည်။ စစ်ခေါင်းဆောင် သန်းရွှေ နှင့် စစ်အစိုးရ၏ ဆိုင်ကလုန်း နာဂစ် ဒဏ်ခံရသော သူများအား အကူအညီပေးခြင်းကို တားမြစ်ခြင်းအား ထင်ရှားသော တုံ့ပြန်မှု တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများမှ နေ၍ မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံးရိုက်ခတ်ခြင်း ခံရသည့် နေရာဒေသများသို့ အကူအညီများ ရောက်ရှိစေရန် လူသားချင်း စာနာထောက်ထားသည့် ဝင်ရောက်စွက်ဖက်မှုတစ်ရပ်ကို တောင်းဆိုခဲ့သည်။ စာရင်း နာဂစ်မုန်တိုင်းသည် ၎င်းကြောင့် သေဆုံးခဲ့ရမှုများကို မှတ်တမ်းများစွာ ပြုလုပ်ခဲ့သည့်အပြင် အခြားမှတ်တမ်းများကိုလည်း ပြုစုခဲ့သည်။ ပထမဦးဆုံးအနေဖြင့် နာဂစ်သည် ပြင်းအား အဆင့် ၄ ရှိသော မုန်တိုင်းဖြစ်ခဲ့ပြီး မြန်မာ့ သမိုင်းတွင် ထို့ပြင်းအားဖြင့် တိုက်ခတ်ခဲ့သည့် တစ်ခုတည်းသော မုန်တိုင်းဖြစ်သည်။ ဒုတိယအားဖြင့် မေလ ၂ ရက်နေ့တွင် SSHS အက်စ်အက်စ်အိခ်ျပေါ်တွင် ၎င်းသည် အဆင့် ၄ သို့ ရောက်ရှိခဲ့သောအခါ ထိုမြစ်ဝှမ်းဒေသတွင် ၃ နှစ် ဆက်တိုက် တစ်ဆက်တည်းအတွက် အဆင့် ၄ မုန်တိုင်း တစ်ကြိမ် သာ ဖြစ်ပေါ်ခဲ့ကြောင်း အမှတ်အသားပြုခဲ့သည် (2006's Mala ၂၀၀၆ ခုနှစ်တွင် မာလာ နှင့် စတင်ခြင်း)၊ ပြီးနောက် ၂၀၀၇ ခုနှစ်တွင် Sidr ဆီဒါ နှင့် Gonu ဂိုနု ဖြစ်ပြီး နာဂစ်နှင့် အဆုံးသတ်ခဲ့သည်။ ရည်ညွှန်းကိုးကား ^ India Meteorological Department (2008). "Deep Depression over southeast and adjoining Southwest Bay of Bengal". https://web.archive.org/web/20080424134142/http://www.imd.ernet.in/section/nhac/dynamic/cwind.htm. Retrieved 2008-05-02. http://en.wikipedia.org/wiki/Cyclone_Nargis#cite_note-12 ကိုးကား ကဏ္ဍ:မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းများ ကဏ္ဍ:၂၀၀၈ သဘာဝဘေးအန္တရာယ်များ
ရှင်တိုဘာသာ
ယောကျားရှင်တိုကျောင်း၌ ဘုရားရှိခိုးသည်။ ရှင်တိုဘာသာ (ဂျပန်ဘာသာ: 神道 Shintō) သို့မဟုတ် ကာမီ နို မီချီ (ဂျပန်ဘာသာ: 神の道 Kami-no-michi) သည် ဂျပန်နိုင်ငံ၌ ကိုးကွယ်ကြ​သော ဘာသာတစ်ခု ဖြစ်သည်။ ရှင်တို ဟူသည့် ​ဝေါဟာရမှာ ရှန်း​တောက် (Shéndào, 神道) ဟူသည့် တရုတ်​ဝေါဟာရမှ ဆင်းသက်လာပြီး နတ်ဘုရားတို့၏ လမ်းစဉ်ဟု အဓိပ္ပာယ်ရသည်။ ရှင်တိုဘာသာကို စတင်တည်​ထောင်ခဲ့သူ လူပုဂ္ဂိုလ် ဟူ၍ မရှိပါ။ ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို့၏ ​ရှေး​ဟောင်း ဒဏ္ဍာရီများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းအယူအဆများ၊ ရှေးအစဉ်အလာ ဓလေ့ထုံးတမ်းများမှ ဖြစ်တည်​ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သဘာဝတရားကို အခြေခံကာ ဖြစ်တည်​ပေါ်​ပေါက်လာ​သော ဘာသာတရားလည်း ဖြစ်​ပေသည်။ သမိုင်း​ကြောင်း ကာမီ (kami, 神) ​ခေါ် နတ်ဘုရားတို့ကို ယုံကြည်ကိုးကွယ်ပသမှုများမှာ ယာယိုးအီ (Yayoi) ​ခေတ် (300 BCE – 300 CE) ကတည်းက ရှိနေခဲ့သည်။ ယာယိုးအီ​ခေတ်ကုန်၍ ကိုဖွန် (Kofun) ​ခေတ် (300 to 538 CE) ကို ​ရောက်သောအခါ ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာ ​ရောက်လာပြီး ရှိရင်းစွဲ ရှင်တိုဘာသာကို လွှမ်းမိုးခဲ့သည်။ ယင်း​ခေတ်မှစ၍ ​နောက်ပိုင်းကာလများတွင် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာသည် ​ရော​ထွေးယှက်နွယ်လာခဲ့သည်။ ရှင်တိုဘာသာမှ ဂျပန်နတ်ဘုရားများကိုလည်း ဗုဒ္ဓဘာသာကျမ်းလာ ဘုရား​လောင်းများ၏ အသွင်​တော်များအဖြစ် ​ပြောင်းလဲကိုးကွယ်ခဲ့ကြသည်။ ဥပမာအားဖြင့် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) ကို မဟာယာနကျမ်းလာ ​ဝေ​ရောစန ဘုရားရှင်၏ အသွင်​တော်အဖြစ် ယူဆခဲ့ကြသည်။ မဲဂျီ (Meiji) ​ခေတ် (1868 – 1912 CE) သို့ ​ရောက်​သောအခါတွင်ကား ဂျပန်အစိုးရသည် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာ ​ရော​ထွေး​နေခြင်းကို ခွဲခြားဖယ်ထုတ်၍ ရှင်တိုဘာသာကို နိုင်ငံ​တော် ဘာသာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဂျပန် မျိုးချစ်စိတ်ဓာတ် တက်ကြွလာ​စေရန် နှင့် ဂျပန်ဧကရာဇ်အတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းကြ​စေရန် ရှင်တိုဘာသာကို အသုံးချခဲ့ကြသည်။ ရှင်တိုဘာသာ၏ ကျမ်းစာများအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထို့​ကြောင့် ဂျပန်ဧကရာဇ်သည်လည်း သက်ရှိထင်ရှား နတ်ဘုရားဖြစ်သည်ဟု ဆိုနိုင်သည်။ ရှင်တိုအယူအဆများ ရှင်တိုဘာသာ၏ အယူအဆအရ ​လောကတွင် ရှိသမျှ အရာတို့၌ ကာမီ (kami, 神) ဟု​ခေါ်​သော နတ်များ ရှိသည်။ ဥပမာအားဖြင့် ​တော၊​တောင်၊မြစ်၊​ချောင်း၊​ကျောက်တုံးကြီးများ၊​ကောက်ပဲသီးနှံတို့တွင် သူတို့နှင့် သက်ဆိုင်​သော နတ်ဘုရားများ ရှိ​နေကြသည်ဟု ယုံကြည်ကြသည်။ ယင်းနတ်ဘုရားများကို နတ်ကွန်း​ဆောက်၍ ပူ​ဇော်ကိုးကွယ်ကြသည်။ ထို့အပြင် တချို့သော လူပုဂ္ဂိုလ်များ ၊ စစ်သူကြီးများ၊သူရဲကောင်းများကိုလည်း နတ်ဘုရားအဖြစ် သတ်မှတ်၍ ကိုးကွယ်ကြပြန်သည်။ ဂျပန် ဒဏ္ဍာရီအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမမှ ဆင်းသက်​ပေါက်ဖွား​လော​သောသူ ဖြစ်သဖြင့် ဂျပန်လူမျိုးများအတွက် သက်ရှိထင်ရှား နတ်ဘုရားပင် ဖြစ်​လေသည်။ အချုပ်အားဖြင့် ဆို​သော် ရှင်တိုဘာသာသည် နတ်ဘုရားများကို ကိုးကွယ်ပူ​ဇော်ပသခြင်းပင် ဖြစ်လေသည်။ ဘာသာ​ရေး ကျမ်းစာများ ရှင်တိုဘာသာ၌ ဘာသာရေး ကျမ်းစာဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ကိုဂျီကီ (Kojiki) ​ခေါ် ရှေးဖြစ်မှတ်တမ်း နှင့် နီဟွန်းဂီ (Nihongi) (ဂျပန်ရာဇဝင်) ဟူ​သော ကျမ်းစာ နှစ်ခုမှာ ရှင်တိုဘာသာနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်​လေသည်။ ထိုကျမ်းစာနှစ်ခုမှာ ကမ္ဘာ​မြေနှင့် ​ကောင်းကင် ဖြစ်ပေါ်လာပုံ၊ နတ်ဘုရားများက ဂျပန်ကျွန်းများကို ဖန်ဆင်းပုံ၊ မရဏကမ္ဘာနှင့် သက်ရှိကမ္ဘာ ဖြစ်လာပုံ၊ ​နေ၊လနှင့်ပင်လယ် နတ်ဘုရားများ ​မွေးလာပုံ၊ ​နေနတ်ဘုရားမ အမတဲရာဆု (Amaterasu) ၏ မျိုးဆက်များက ဂျပန်ပြည်ကို ဧကရာဇ်အဖြစ် အုပ်ချုပ်ကြပုံ တို့ကို ​ရေးထားသည်။ ထိုကျမ်း နှစ်စောင်မှာ ​ရှေးကျပြီး ​အေဒီ ၈ရာစုက ​ရေးသားခဲ့ကြသည်။ နတ်ကွန်းများ ရှင်တိုဘာသာ၏ အ​ရေးကြီး​သော အစိတ်အပိုင်း တစ်ခုမှာ နတ်ကွန်းများ (Jinja, 神社) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် နတ်ကွန်းမရှိ​သော ​ဒေသမရှိ ဟု ဆိုနိုင်သည်အထိ နတ်ကွန်း​ပေါများလှသည်။ အဆိုပါ နတ်ကွန်းများမှာ နတ်များကို ပူ​ဇော်​သော ​နေရာများ ဖြစ်ကြပြီး ရှင်တိုဘုန်းကြီးများက နတ်ကွန်းကို ​စောင့်ရှောက်ကြသည်။ ရှင်တိုဘာသာဝင်များအဖို့ ထိုနတ်ကွန်းများသို့ သွား​ရောက်လည်ပတ်၍ ပူဇော်ခြင်းသည် ဓ​လေ့ထုံးစံတစ်ခု ဖြစ်သည်။ ရှင်တိုနတ်ကွန်း အများစုတွင် တိုရီး (Torii) ​ခေါ် မုခ်ဝ၊ တဲမီဇူယ (Temizuya) ​ခေါ် ကိုယ်လက် သန့်စင်ရန် ​ရေကန်ငယ်၊ ဟိုင်ဒဲန်း (Haiden) ​ခေါ် ပူဇော်​ဆောင်၊ ဟွန်ဒဲန်း (Honden) ​ခေါ် ဌာပနာဆောင်တို့ အဓိကပါဝင်ကြသည်။ တိုရီး (Torii) မုခ်ဝမှာ ရှင်တိုနတ်ကွန်းတို့၏ မပါမဖြစ် အစိတ်အပိုင်း ဖြစ်ပြီး ရှင်တိုဘာသာ၏ သင်္ကေတ တစ်ခုလည်း ဖြစ်​ပေသည်။ ရှင်တိုနတ်ကွန်းတိုင်းတွင် တဲမီဇူယ (Temizuya) ​ရေကန်ငယ်လည်း ပါရသည်။ နတ်ကွန်းသို့ အလည်ပတ်လာသူတိုင်း နတ်ကွန်းထဲမဝင်ခင် ကန်မှ​ရေဖြင့် လက်များကို သန့်စင်​ဆေး​ကြောရသည်။ အ​ကြောင်းမှာ ရှင်တိုနတ်ကွန်းများသည် သန့်စင်​သော ​နေရာများ ဖြစ်၍ မ​ကောင်းမှုများ ကပ်ပါမလာ​စေရန် ​ရေနှင့်​ဆေးကြောပစ်ရခြင်း ဖြစ်သည်။ ရှင်တိုနတ်ကွန်းများမှာ အရွယ်အစား အကြီး၊အငယ်၊အလယ်အလတ် အမျိုးမျိုး ရှိကြသည်။ နာမည်ကြီး၍ ထင်ရှား​ကျော်ကြားသည့် နတ်ကွန်းများမှာ ​အောက်ပါအတိုင်း ဖြစ်သည်။ အီဆဲ နတ်ကွန်းကြီး (Ise Grand Shrine) အီစုကုရှီးမား နတ်ကွန်း (Itsukushima Shrine) အီဇူမို နတ်ကွန်း Izumo Taisha Shrine ဖူရှိမိ အီနာရီနတ်ကွန်း (Fushimi Inari Shrine) ဆဲန်ဂဲန် ဂျင်ဂျာနတ်ကွန်း (Sengen Jinja Shrine) ဒါဇာအိဖု တန်းဂျင်း နတ်ကွန်း (Dazaifu Tenman-gū Shrine) ကီတာနို တန်းဂျင်း နတ်ကွန်း (Kitano Tenman-gū Shrine) အူဆာ ဂျင်းဂု နတ်ကွန်း (Usa Jingū Shrine) ရှင်တိုဘာသာဝင် လူဦး​ရေ ယ​နေ့​ခေတ်အချိန်တွင် ရှင်တိုဘာသာသည် ဂျပန်ပြည်တွင် အဓိက ထွန်းကားလျက် ရှိ​နေသည်။ ဂျပန်နိုင်ငံအတွင်း၌ ရှင်တိုနတ်ကွန်းပေါင်း ၈၁၀၀၀ ရှိ၍ ရှင်တိုဘုန်းကြီး ၈၅၀၀၀ ရှိသည်။ ရှင်တိုဘာသာ ကိုးကွယ်သူလူဦး​ရေ အတိအကျ မသိရ​သော်လည်း နိုင်ငံလူဦး​ရေ၏ ၈၀ရာခိုင်နှုန်းသည် ရှင်တိုဘာသာ ဓလေ့ထုံးစံကို လက်ခံယုံကြည်ကျင့်သုံးကြသည်။ သို့သော်လည်း ရှင်တိုဘာသာဝင်ဟု ခံယူသူမှာကား အလွန်နည်းပါး​လေသည်။ ဂျပန်နတ်ဘုရားများ ရှင်တိုဘာသာ​တွင် ကိုးကွယ်​သော နတ်ဘုရားများ အနက်မှ ထင်ရှား​သော နတ်ဘုရားများမှာ- အီဇာနာဂီ (သက်ရှိကမ္ဘာ၏ နတ်ဘုရား) အီဇူနာမီ (မရဏကမ္ဘာ၏ နတ်ဘုရားမ) အမတဲရာဆု (​နေနတ်ဘုရားမ) စုကုယိုမီ (လနတ်ဘုရား) ဆူဆာနိုအို (မုန်တိုင်းနှင့်ပင်လယ်ကို စိုးပိုင်သောနတ်ဘုရား) ဖူကျင်း (လေနတ်ဘုရား) ဟာချီမန် (စစ်နတ်ဘုရား) ရိုင်ကျင်း (မိုးကြိုးနတ်ဘုရား) ဆူအိကျင်း (ရေနတ်ဘုရား) အီနာရီ (ဆန်စပါး နတ်ဘုရား) ရူကျင်း (ပင်လယ်ကိုအစိုးရသောနဂါး) တန်းဂျင်း (ပညာရေးနတ်ဘုရား) အိုကူနီနုရှီ (နိုင်ငံတည်​ထောင်ခြင်း နတ်ဘုရား) ကံကြမ္မာနတ်ဘုရား ခုနစ်ပါး အာမဲ နို အူဇူမဲ (အာရုဏ်ဦး နတ်ဘုရားမ) တိုယိုတာမာ ဟီမဲ (နဂါးမင်းသမီး) နိနိဂီ (​နေနတ်ဘုရားမ၏ ​မြေး​တော်) ဆက်စပ်ကြည့်ရှုရန် ဂျပန်ဒဏ္ဍာရီ ကိုးကား Shinto from Britannica
ရန်ကုန်မြို့
ရန်ကုန်မြို့ () သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လမှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း လူဦးရေ ၅ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။ ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ ဝေါဟာရရင်းမြစ် ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ ဒဂုံဟူသော အမည်သည် မွန် ဝေါဟာရ ဒဂုင်(မြန်မာအသံထွက်-ဒဂုန်)၊ လဂုင်(မြန်မာအသံထွက်-လဂုန်) တို့က ဆင်းသက်လာပြီး ဒဂုံဖြစ်လာသည်ဟု ယူဆကြသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့မည်တော်ဖြစ်သည်။ ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျာ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပာယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တိဂုံ၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပာယ်ရသည်။ မောင်ခင်မင် (ဓနုဖြူ) ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ပြီဟုအဓိပ္ပာယ်ဖြင့် ရန်ကုန်မြို့ဟု အမည်ပေးခဲ့သည်။ တည်နေရာ မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁-မိုင်သာ ဝေးသည်။ ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာဌာနလည်း ဖြစ်လေသည်။ သမိုင်း ဒဏ္ဍာရီ ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀–၂၆၀၀ အထက်ကာလ (သို့) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၁) အဆိုအရ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဘီစီ (၅၈၈) ခရစ်နှစ်တွင် ဗုဒ္ဓဝင် ထဲတွင်ပါဝင်သည့် ဂေါတမဗုဒ္ဓ မြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ်များကို မွန်တိုင်းပြည်ဘုရင် ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ သိင်္ဂုတ္တရကုန်းပေါ်ရှိ ရွှေတိဂုံစေတီတော်တွင် တဖုဿနှင့် ဘလ္လိက ကုန်သယ်ညီနောင်မှာ ဌာပနာသည့်သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၁) စာမျက်နှာ ၁၃၁ ဟူ၍ မြန်မာတို့က ယုံကြည်ကြသော်လည်း အထောက်အထား တိတိကျကျမရှိပေ။ အတွင်းဝန်များရုံး (ခရစ်နှစ် ၁၉၁၀ခုနှစ်) ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာစစ် တွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ယခု ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် မြန်မာ၊ ကရင်၊ တရုတ်၊ အင်္ဂလိပ်-မြန်မာကပြားနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အချာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။ လက်ရှိ ရန်ကုန် (၁၉၄၈ မှ ယခု) ၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် မြန်မာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့အား နယ်ချဲ့အင်္ဂလိပ်တို့၏ အမည်နာမများကို အစွဲပြု၍ခေါ်ဝေါ်ထားသော မြန်မာအမည်များအဖြစ်ပြောင်းလဲခဲ့သည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း မြန်မာအမည်များသို့ ပြောင်းလဲခဲ့သည်။ right|ရန်ကုန်မြို့ပြဧရိယာရန်ကုန်မြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ကွာဝေးသည်။ ရာသီဥတု ရန်ကုန်မြို့ဟာ ကိုပင်၏ ဥတုရာသီ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းစနစ်အရ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း တည်ရှိသည်။ မြို့တော်တွင် မိုးရာသီကာလသည် ရှည်ကြာလေ့ရှိပြီး မေလမှ အောက်တိုဘာလအထိရှိတက်ကာ မိုးရေအများအပြား ရရှိသည်။ နိုဝင်ဘာလမှ ဧပြီလတိုင်အောင် ခြောက်သွေ့သောရာသီပင် မိုးဖွဲ့များ ကျတက်သေးသည်။ များသောအားဖြင့် ရန်ကုန်၌ မိုးများ သည်းထန်စွာရွာသွန်းခြင်းကို မုတ်သုံရာသီကာလအတွင်း တွေ့ရသည်။ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာသည်နှင့် ရန်ကုန်မြို့၏ အပူချိန်သည် အနည်းငယ်ခြားနားလာတက်ကာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ထိ ရှိတက်ပြီး ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ထိ ရှိတက်သည်။ မြို့တော်မြင်ကွင်း left|ရန်ကုန်မြို့တော်ခန်းမ ရန်ကုန်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee) (YCDC) မှ တာဝန်ယူဆောင်ရွက်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြစီမံကိန်းများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းကြောင်းဆောင်ရွက်သည်။ ရန်ကုန်မြို့တော်ကို ခရိုင်လေးခုအဖြစ် ခွဲခြားထားသည်။ ထိုခရိုင်လေးခုတွင် မြို့နယ်ပေါင်း ၃၃ ခု ပါဝင်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ဦးဗိုလ်ဌေးဖြစ်သည်။ (၂၀၂၁)ခုနှစ်အထိ ရန်ကုန်တိုင်း‌ဒေသကြီးအား ခရိုင် (၄)ခုခွဲ၍ အုပ်ချုပ်သည်။ (၂၀၂၂)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ပါအတိုင်း ခရိုင်အသစ်များခွဲကာ စီမံအုပ်ချုပ်လျက်ရှိသည်။ +ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များခရိုင် ပါဝင်သည့်မြို့နယ်thumbသင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် • တောင်ဥက္ကလာပမြို့နယ် • တာမွေမြို့နယ် • ရန်ကင်းမြို့နယ်thumbဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ် • ဒေါပုံမြို့နယ် • မင်္ဂလာတောင်ညွန့်မြို့နယ် • ပုဇွန်တောင်မြို့နယ် • သာကေတမြို့နယ်thumbဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် • ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် • ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် • ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်thumbကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ် • ပန်းဘဲတန်းမြို့နယ် • လမ်းမတော်မြို့နယ် • လသာမြို့နယ် • ဒဂုံမြို့နယ်thumbအလုံခရိုင် အလုံမြို့နယ် • ကြည့်မြင်တိုင်မြို့နယ် • စမ်းချောင်းမြို့နယ်thumbမရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် • လှိုင်မြို့နယ် • မြောက်ဥက္ကလာပမြို့နယ်thumbကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် • ဗဟန်းမြို့နယ်thumbမင်္ဂလာဒုံခရိုင်မင်္ဂလာဒုံမြို့နယ် • ရွှေပြည်သာမြို့နယ်thumbအင်းစိန်ခရိုင်အင်းစိန်မြို့နယ် • လှိုင်သာယာအရှေ့ပိုင်းမြို့နယ် • လှိုင်သာယာအနောက်ပိုင်းမြို့နယ် ကြေးမုံသတင်းစာ၊ မေ (၁) ၂၀၂၂ ပညာရေး သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း၊ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း၊ ပဒုမ္မာ အားကစားကွင်း၊ စလင်း အားကစားကွင်း တည်ရှိသည်။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် နှင့် ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း တွင် ကျင်းပခဲ့သည်။ မြို့ခံအသင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်သည်။ အိမ်ကွင်းမှ ရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ် ဖြစ်သည်။http://ygnutd.com အထင်ကရနေရာများ ရွှေတိဂုံစေတီ(ကမ္ဘာ့အံ့ဖွယ်တစ်ခု အပါအဝင်) တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) လှော်ကားသဘာဝဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းဈေး ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် အာဇာနည်ဗိမာန် လွတ်လပ်ရေးကျောက်တိုင် အမျိုးသားပြတိုက် ရန်ကုန်တက္ကသိုလ် ဆူးလေစေတီတော် ကျိုက်ခေါက်စေတီတော် ကမ္ဘာအေးစေတီ ဗိုလ်တစ်ထောင်ဘုရား ဝန်ကြီးများရုံး တိုင်းမ်စီးတီး ရန်ကုန်မြို့တော်ခန်းမ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားဇာတ်ရုံ (ရန်ကုန်) စိန့်မေရီဝတ်ပြုကျောင်းကြီး ကရဝိက် သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း အောင်ဆန်းအားကစားကွင်း မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဆေးတက္ကသိုလ် (၁) ရန်ကုန် ညီအစ်မမြို့တော် ယန်ကျိုး၊ ကျန်းစူး ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းနင်မြို့၊ ကွမ်ရှီးကျွမ်းပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုချီမင်းစီးတီး၊ ဗီယက်နမ်နိုင်ငံ ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံ တျူးရင်းမြို့၊ အီတလီနိုင်ငံ ဖူကူအိုကာမြို့၊ ဂျပန်နိုင်ငံ ကွီဇုန်မြို့၊ ဖိလစ်ပိုင်နိုင်ငံ ရန်ကုန်မြို့သစ် ရန်ကုန်မြို့သစ်စီမံကိန်း ( New Yangon City ) လှိုင်သာယာ-တွံတေး မြစ်ကြောင်းလမ်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အကြား ရန်ကုန်ဆိပ်ကမ်းမြို့သစ် ( New Yangon Port City ) ရန်ကုန်တိုင်းဒေသကြီး တောင်ဘက်အစွန်း ဒလမြို့သစ်စီမံကိန်း ( Yangon Eco City ) ဒလမြို့နယ် ရန်ကုန်မြို့၏ အမြင့်ဆုံး အဆောက်အအုံများ Time 108 city Diamond Inya places M Tower Golden City Time City ဓာတ်ပုံများ အခြားကြည့်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့) ကိုးကား ပြင်ပလင့်ခ်များ Yangon City Hall website Yangon Travel Guide Satellite picture by Google Maps * Category:မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ
ပသျှူးဘာသာစကား
ပသျှူးဘာသာစကား (Bahasa Melayu, بهاس ملايو)(မလေးဘာသာစကား) သည် ပသျှူးလူမျိုး၊ မလေးကျွန်းဆွယ်နေသူ၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ နှင့် ဘရူနိုင်းနိုင်ငံ ‌တို့တွင်အသုံးပြုသော ဘာသာစကားဖြစ်သည်။ ပသျှူးဘာသာစကား မလေးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့တီမောနိုင်ငံ ရုံးသုံးဘာသာဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံနှင့်အရှေ့တီမောနိုင်ငံ၌ ပသျှူးဘာသာကို ဘာဟာစား အင်ဒိုနီးရှား (Bahasa Indonesia) ခေါ်တွင်သည်။ မလေးရှားနိုင်ငံ၌ ဘာဟာစား မလေးရှား (Bahasa Malaysia) ခေါ်တွင်သည်။ ကိုးကား Category:ဘာသာစကား
စာလုံးပုံစံ
Helvetica Neue စာလုံးပုံစံ၏ စာလုံးအထူအပါးအမျိုးမျိုး စာလုံးပုံစံ () သည် ပုံစံ၊ အထူအပါးနှင့် အရွယ်အစား သတ်မှတ်ထားသော စာလုံးမျက်နှာ (typeface) တစ်ခု ဖြစ်သည်။ Category:စာစီခြင်း Category:ပုံနှိပ်ခြင်း
PHP
PHP ဆိုသည်မှာ reflective programming language ဖြစ်ပြီး dynamic web pages တွက် design လုပ်ကာ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ PHP ဆိုသည်မှာ Hypertext Preprocessor ဖြစ်သည်။ PHP ကို အဓိကအားဖြင့် အောက်ပါ နယ်ပယ် (၃)ခုတွင် အသုံးပြုကြသည်။ Server-side scripting - PHP ၏ အဓိက field ဖြစ်သည်။ Scripts များကို CGI (သို့) server module၊ web server နှင့် web browser တို့အား အသုံးပြု၍ run ခြင်းဖြစ်သည်။ Command line scripting - PHP script ကို server နှင့် browser အသုံးမပြုဘဲ PHP parser(CGI) တစ်ခုသာ သုံး၍ run ခြင်းဖြစ်သည်။ Writing desktop application - PHP ၏ အဆင့်မြင့် features များကို အသုံးပြုပြီး client-side applications များကို ဖန်တီးနိုင်သည်။ ဥပမာ - PHP-GTK ကဲ့သို့သော extension ကို သုံးပြီး client-side အပြင် cross-platform application များကိုပါ ရေးသားနိုင်သည်။ သို့သော် PHP-GTK သည် PHP ၏ main distribution တွင်မပါဝင်သဖြင့် အသုံးပြုရန်လိုအပ်လျှင် သီးခြား ထည့်သွင်းရမည် ဖြစ်သည်။ PHP ကို အဓိက Operating System များဖြစ်ကြသော မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်၊ Linux နှင့် Unix အမျိုးအစား Platform များ Mac OS X နှင့် တခြားသော RISC OS တို့တွင် အသုံးပြုနိုင်သည်။ PHP သည် လက်ရှိတွင် Apache နှင့် IIS တို့အပါအဝင် web server များစွာကို ထောက်ပံ့ပေးနေပြီး ဖြစ်သည်။ တကယ်တမ်းအားဖြင့် PHP သည် ၎င်း၏ lighthttpd, nginx စသည့် FastCGI binary ကို အသုံးပြုထားသော မည်သည့် web server ကို မဆို support လုပ်သည်။ PHP ကို သုံးပြီး HTML output များ၊ pdf file များ၊ ရုပ်ပုံများ၊ flash movies များကို ထုတ်လုပ်ပေးနိုင်သည်။ ထို့အပြင် text file များဖြစ်ကြသော XHTML နှင့် XML ဖိုင်များကိုလည်း auto generate လုပ်ပေးနိုင်သည်။ ထို့အပြင် PHP သည် Database အမျိုးမျိုးကို support လုပ်ပေးနိုင်သည်။ MySQL extension နှင့် ပေါင်းစပ်ပြီး database-enable web page များကိုလည်း ဖန်တီးနိုင်သည်။ PHP သည် HTTP, POP3, SNMP, IMAP, NNTP, LDAP စသည့် protocols များကို အသုံးပြုထားသော services များနှင့်လည်း communicate လုပ်နိုင်သည်။ PHP Group သည် PHP ကိုအဓိက implementation လုပ်ကာ PHP License ဖြင့် ထုတ်လုပ်ထားသည်။ နောက်ဆုံး version မှာ PHP 5.6.8 ဖြစ်ပြီး 16 April 2015 တွင်ထုတ်ခဲ့သည်။ သမိုင်း PHP ကို Common Gateway Interface (CGI) အဖြစ် C programming Language ကို အသုံးပြုပြီး Danish/Greenlandic programmer Rasmus Lerdorf က 1994 မှာ ရေးသားခဲ့ပြီး သူ့ရဲ့ personal homepage တွင် Perl scripts နေရာအား အစားထိုးကာ အသုံးပြုခဲ့သည်။ Lerdorf က data များကို စုစည်းရန်နှင့် သူ၏ page ၏ traffic ကို လက်ခံရန်အတွက် PHP ကိုအသုံးပြုကာ ပြသခဲ့သည်။ Personal Home Page Tools အဖြစ် 8 June 1995 က ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် Lerdorf က သူရဲ့ ကိုယ်ပိုင် Form Interperter ကို ဖန်တီးကာ PHP/FI (PHP version 2 ဖြစ်သည်) ကို ပြုလုပ်ခဲ့သည်။ Zeev Suraski နှင့် Andi Gutmas ဆိုသော Technion IIT မှ Israeli develpoer နှစ်ယောက်သည် 1997 တွင် parser ကိုပြန်လည်ရေးသားကာ PHP 3 ကို ပြုလုပ်ခဲ့သည်။ ထို Language ကို PHP: Hypertext Preprocessor ဟုခေါ်ဆိုခဲ့သည်။ Development team ဟာ PHP/FI2 ကို November 1997 တွင် beta အနေနဲ့ စမ်းသပ်ခဲ့သည်။ PHP3 Public testing ကိုတော့ June 1998 မှ official launch လုပ်ခဲ့သည်။ Suraski နှင့် Gutmas သည် စတင်ပြီး PHP ရဲ့ core ကို ပြန်လည်ရေးသားကာ Zend Engine ကို 1999 တွင်ထုတ်လုပ်နိုင်ခဲ့သည်။ သူတို့ဟာ Zend Technologies ကို Ramat Gan , Israel တွင် စတင်ပြီး လုပ်ဆောင်ခဲ့ပြီး PHP ကို development များကို တစိုက်မတ်မတ်လုပ်ခဲ့သည်။ May 2000 တွင် PHP4 ကို Zend Engine 1.0 စွမ်းအားဖြင့် released လုပ်ခဲ့သည်။ PHP Group သည် အစိတ်အပိုင်းတော်တော်များများကို PHP အဟောင်းကနေ update လုပ်ခဲ့ပြီး version 4 အနေနဲ့ branch များကို ထုတ်လုပ်ခဲ့ကာ October 2007 တွင် 4.4.7 အထိ ဆောင်ရွက်နိုင်ခဲ့သည်။ PHP4 ဟာ security update များကို 8 August, 2008 အထိဆောင်ရွက်ပေးပါသည်။ 13 July ,2004 တွင် PHP 5 ကို Zend Engine II စွမ်းအားဖြင့် ထုတ်ခဲ့သည်။ PHP 5 တွင် လုပ်ဆောင်ချက်အသစ်များစွာ ပါဝင်ခဲ့သည်။ အချို့မှာက object-oriented programming ကို တိုးတက်လုပ်ဆောင်နိုင်ခြင်း PHP Data Objects extension နှင့် ပေါ့ပါးမြန်ဆန်သော interface များဖြင့် လွယ်လွယ်ကူကူ database များကို ချိတ်ဆက်အသုံးပြုနိုင်ခြင်း လုပ်ဆောင်ချက်တိုးမြှင့်လုပ်ဆောင်ထားခြင်း MySQL နှင့် MSSQL တို့ကို ပိုမိုကောင်းမွန်စွာ support လုပ်ထားခြင်း SQLite ကို ထည့်သွင်း support လုပ်ခြင်း SOAP ကိုပါ integrated လုပ်ကာ support လုပ်ခြင်း Data iterators Error handling via exceptions များပါဝင်ခဲ့သည်။ ယခုအခါ PHP ကို 5.x နှင့် 4.4.x တို့ကို developed လုပ်နေပါသည်။ 13 July,2007 တွင် PHP group သည် PHP 4 ကို December 31,2007 အထိသာ development လုပ်တော့မည် ဖြစ်ကြောင်း ကြော်ငြာပြောကြားခဲ့သည်။ သို့သော်လည်းပဲ 8 August,2008 အထိ အရေးပေါ် security update များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။ PHP 6 ကိုထုပ်လုပ်ခြင်းမရှိပဲ PHP 7.0.0 Released: ကို 03 Dec 2015 တွင်ထုပ်လုပ်လိုက်ပါသည်။ ကိုးကား http://php.net/manual/en/intro-whatcando.php Category:နည်းပညာ Category:ကွန်ပျူတာ ကဏ္ဍ:ပရိုဂရမ်းမင်း ဘာသာစကား
ဂူဂယ်
ဂူဂဲလ် အယ်လ်အယ်လ်စီ (Google LLC) (အသံထွက်: /ˈɡuːɡəl/, ဂူးဂဲလ်) သည် အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘက်ပေါင်းစုံလုပ်ငန်းရှင် ကမ္ဘာကျော် ကော်ပိုရေးရှင်းနှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းသည် အွန်လိုင်းကြော်ငြာ (online advertising)၊ ရှာဖွေရေးအင်ဂျင် (search engine) နည်းပညာ၊ ကလောက် ကွန်ပြူတင်း (cloud computing)၊ ကွန်ပြူတာဆော့ဖ်ဝဲလ် (computer software)၊ ကွမ်တမ် ကွန်ပြူတင်း (quantum computing)၊ အီး-ကောမတ်စ် (e-commerce)၊ စားသုံးသူ အီလက်ထရောနစ်ပစ္စည်းများ (consumer electronics) နှင့် ဉာဏ်ရည်တု (artificial intelligence - AI)တို့ကို အဓိကထား၍ လုပ်ဆောင်သည်။ ဘီဘီစီ (BBC) က ၎င်းအား "ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ကုမ္ပဏီ" ဟု ရည်ညွှန်းခဲ့ပြီး ဈေးကွက်လွှမ်းမိုးမှု၊ ဒေတာစုဆောင်းမှု (data collection) နှင့် ဉာဏ်ရည်တုနယ်ပယ်ရှိ နည်းပညာဆိုင်ရာ အားသာချက်များကြောင့် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များ (most valuable brands) ထဲမှ တစ်ခုဖြစ်သည်။ အမေဇုန် (Amazon)၊ အက်ပဲလ် (Apple)၊ မေတာ (Meta) နှင့် မိုက်ခရိုဆော့ဖ် (Microsoft) တို့နှင့်အတူ ဂူဂဲလ်၏ မိခင်ကုမ္ပဏီဖြစ်သော အယ်လ်ဖာဘက် (Alphabet Inc.) သည် "နည်းပညာ ကြီးငါးကြီး" (Big Tech) ဟု ခေါ်ဆိုကြသော နည်းပညာကုမ္ပဏီကြီး ငါးခုအနက်မှ တစ်ခုဖြစ်သည်။ သမိုင်းကြောင်း ဂူဂယ်သည် ၁၉၉၆ ဇန်နဝါရီလတွင် လယ်ရီပေ့ချ် (Larry Page) နှင့် ဆာဂေး ဘရင် (Sergey Brin) ဟူသော စတန်းဖို့ဒ် တက္ကသိုလ်မှ ပီအိပ်ချ်ဒီ ကျောင်းသား ၂ ယောက် တင်သွင်းခဲ့သော Search Engine အကြောင်း ရေးသားထားတဲ့ စာတမ်းတစ်စောင်မှ စတင်ခဲ့သည်။ အစပိုင်းတွင် သူတို့၏ Search Engine ကို BackRub လို့ အမည်ပေးခဲ့သည်။ ဆိုဒ်တစ်ခု၏ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ယင်းမတိုင်မီက ထိုနည်းစနစ်ကို သုံးထားသော Rankdex အမည်ရှိ search engine တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက်သည် သီးစစ်လုပ်နေစဉ်အတွင်း ဂူဂယ် ဖြစ်လာမည့် search engine အတွက် အခြေခံများ တည်ဆောက်နိုင်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့ search engine ၏ လိပ်စာသည် စတန်းဖို့ဒ် တက္ကသိုလ်၏ subdomain တစ်ခုဖြစ်သော google.stanford.edu အနေဖြင့် စတင်ခဲ့သည်။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့တွင်မှ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက်နေ့တွင် Google Inc. ကို သူငယ်ချင်းတစ်ယောက်၏ ကားဂိုထောင်ထဲတွင် စတင်ခဲ့သည်။ ထိုကဲ့သို စတင်နိုင်ရန်အတွက် လိုအပ်သော ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ မတ်လ တွင် ဆီလီကွန် တောင်ကြားတွင် ရှိသော Palo Alto သို့ ကုမ္ပဏီကို ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောက်အဦးများကို ဂူဂယ်ပလက်စ်အဖြစ် လူသိများလာခဲ့သည်။ ဂူဂယ်သည် ရိုးစင်းသော ဒီဇိုင်းနှင့် လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြသည်။ ၂ဝဝဝ ခုနှစ်က စတင်ပြီး ဂူဂယ်တွင် Search Keywords တွေကို အခြေခံသော ကြော်ငြာများ စတင် ထည့်သွင်းလာခဲ့သည်။ ဂူဂယ် အမည် စတင်ဖြစ်ပေါ်လာပုံမှာ "googol" (၁ နောက်မှ သုည ၁၀၀ လုံး) ဟူသော စာလုံးကို "google" ဟု မှားပေါင်းရာက စလာခဲ့ခြင်းဖြစ်ကာ Merriam Webster Collegiate Dictionary နှင့် Oxford English Dictionary များတွင် google ၏ အဓိပ္ပာယ်ကို "အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် Search Engine ကို အသုံးပြုခြင်း" ဟု ၂၀၀၆ မှ စတင်ကာ ထည့်သွင်းခဲ့သည်။ အချက်အလက်စင်တာများ ၂၀၁၄ ခုနှစ်အထိ ဂူဂယ်သည် အမေရိကန်နိုင်ငံ တွင် အချက်အလက်စင်တာ ၆ ခု၊ ချီလီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ထိုင်ဝမ်တို့တွင် စင်တာ ၁ ခုထိ ထားရှိလည်ပတ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက နောက်ထပ် အာရှတိုက်တွင် အချက်အလက်စင်တာ ၃ ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ၎င်းအချက်အလက်စင်တာများကို စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ် သတင်းစာက ဂူဂယ်၏ အချက်အလက်စင်တာများကြား အချက်အလက်များပေးပို့မှုသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီမှ "MUSCULAR" ဟုခေါ်သော ပရိုဂရမ် နှင့် တားဆီးထားပြီး အချက်အလက်ပေးမှုများကြားတွင် မည်သို့မှ စာဝှက်ထားခြင်း (encrypt) မရှိကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အချက်အလက်ပေးပို့မှုများတွင် စာဝှက်ထားမှုများ ပြုလုပ်ခဲ့သည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဂူဂယ်၏ အဓိက ဆားဗစ်သည် Google web search engine ဖြစ်သော်လည်း အခြား ထင်ရှား လူကြိုက်များသော ဆားဗစ်များ ရှိသည်။ Google ၏အခြားဆားဗစ်တစ်ခုဖြစ်သော ဂျီမေးလ် သည်လည်း ထင်ရှားသော အီလက်ထရောနှစ် စာပို့စနစ်ဖြစ်သည်။ Google Reader၊ Google Document၊ Google Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြသည်။ အခမဲ့ ဆားဗစ်ဟုဆိုသော်လည်း ၎င်းတို့ သတ်မှတ်ပေးထားသော ၁၅ GB ပြည့်သွားပါက ငွေပေး၍ ဝယ်ယူအသုံးပြုနိုင်သည်။ Google Chrome သည်လည်း သွက်လက်ပေါ့ပါးသော Browser တစ်ခုဖြစ်သည်။ ဆော့ဖ်ဝဲများ ဂူဂယ်သည် သူ၏ Google Web Mail Service ထဲတွင် ဖုန်းဝန်ဆောင်မှုအသစ် ထပ်မံထည်သွင်းလိုက်သည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင့်ခံပြီး ဖုန်းနံပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာသည်။ နိုင်ငံကုဒ် ကိုလည်း တပါတည်း တွဲထည့်ပေးထားသည်။ ၎င်း feature အသစ်တွင် ခေါ်ဆိုမှု မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် အွန်လိုင်းမှ ငွေအလွယ်တကူခြေနိုင်သော လုပ်ဆောင်ချက်များ ထည့်ပေးထားသည်။ စီးပွားရေး ထုတ်ကုန်များ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဂူဂဲလ်ရှာဖွေရေးပစ္စည်း (Google Search Appliance) ဟု အမည်ရသော ပရိုဂရမ်ကို စတင်မိတ်ဆက်ခဲ့သည်။ ကြီးမားသော အဖွဲ့အစည်းများအတွက် နည်းပညာ ရှာဖွေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ၃ နှစ်ကြာသောအခါ သေးငယ်သော အဖွဲ့အစည်းများအတွက် ရည်ရွယ်သော မီနီဗားရှင်း ကိုမိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းတွင် စိတ်ကြိုက်ရှာဖွေရေး။ စီးပွားရေး အက်ဒီရှင် (Custom Search Business Edition) ကို စတင်ရောင်းချခဲ့သည်။ ယင်းသည် ဂူဂယ်ဝက်ဘ်ဆိုဒ်] ကို ကြော်ငြာများမပါဝင်ဘဲ အသုံးပြုနိုင်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဝန်ဆောင်မှုကို အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။ ဂူဂယ် အက်ပလီကေးရှင်း များကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဂျီမေးလ် နှင့် ဂူဂယ်ဒေါ့စ် တို့ကို ကိုယ်ပိုင်ဒိုမိန်းဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများကို Edition အမြောက်အမြား ထုတ်ဝေခဲ့သည်။ အခြေခံ အခမဲ့ (စံသတ်မှတ်ထားသော Edition)၊ စီးပွားရေး၊ ပညာရေး နှင့် အစိုးရအတွက် စသည်ဖြင့် အမျိုးမျိုးထုတ်ဝေခဲ့သည်။ ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှု ဖော်ကျွန်းမဂ္ဂဇင်း ၏ ဖော်ပြချက်အရ ဂူဂယ်ကုမ္ပဏီသည် ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့မှ အလုပ်လုပ်ရန်အတွက် အကောင်းဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၀ တွင် ဘွဲ့ရလူငယ်များအတွက် အလုပ်လုပ်ရန် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဂူဂယ်၏ လုပ်ငန်းရေးရာ ဆောင်ပုဒ်များမှာ "မကောင်းတာမလုပ်ဘဲ ပိုက်ဆံရနိုင်တယ်"၊ "သင်ဟာ တူညီဝတ်စုံမဝတ်ဘဲ လူအများလေးစားရသောလူဖြစ်နိုင်သည်"၊ "အလုပ်ကို စိန်ခေါ်ရမည်ဖြစ်ပြီး၊ စိန်ခေါ်မှုဟာ ပျော်စရာဖြစ်သင့်ပါတယ်" တို့ ဖြစ်သည်။ ၂၀၁၃ ခုနှစ် အချက်အလက်များအရ ဂူဂယ်တွင် ဝန်ထမ်း ၄၇၇၅၆ ဦး အလုပ်လုပ်နေကြကာ ဆော့ဝဲလ် ရေးသူ ၁ သောင်းကျော် ပါဝင်ပြီး ရုံးခွဲ ၄၀ ကျော်တွင် ရုံးစိုက်ထားသည်။ ကိုးကား Category:ဂူဂယ် Category:ကွန်ပျူတာ ကော်ပိုရေးရှင်းများ
နက်စ်ဒက်ခ်
နက်စ်ဒက်ခ် စတော့ဈေးကွက် (; ) ဆိုသည်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတော့ဈေးကွက်ဖြစ်သည်။ NASDAQ သည် အမေရိကန်ပြည်ထောင်စုရှိ အီလက်ထရွန်းနစ် ဖန်သားပြင်များဖြင့် စတော့ အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်များတွင် အကြီးဆုံးဖြစ်သည်။ စုစုပေါင်း ကုမ္ပဏီ ၃၂၀၀ ကျော်မျှ စာရင်းရှိပြီး ကမ္ဘာပေါ်ရှိ အခြား စတော့ဈေးကွက်များထက် ပိုများသောစာရင်းရှိပြီး တစ်နေ့တာအတွက် ကုန်သွယ်မှုပမာဏ(trading volume)မှာလည်း ပို၍ များပြားသည်။ NASDAQ ကို ၁၉၇၁ ခုနှစ်တွင် စတော့ရှယ်ယာရောင်းဝယ်သူများ အဖွဲ့ (National Association of Securities Dealers) (NASD) မှ စတင်ထည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီသည် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အတွင်း အပိုင်းပိုင်းခွဲ၍ မိမိဘာသာရောင်းချခဲ့သည်။ ယခုအခါ NASDAQ OMX Groupမှ ပိုင်ဆိုင်၍ လည်ပတ်မှုပြုနေပြီး ထိုကုမ္ပဏီ၏ ရှယ်ယာမှာ သူပိုင်ဆိုင်သော စတော့ဈေးကွက်တွင် ၂၀၀၂ ခုနှစ်မှ စတင်၍ ရောင်းချနေခဲ့ပြီး Securities and Exchange Commission (SEC) မှ ဈေးကွက်အတွင်း စတော့ရောင်းဝယ်မှုများကို စောင့်ကြပ်ကြည့်ရှုနေသည်။ ကိုးကား Category:စတော့ခ် အိတ်ချိန်း
ကဏ္ဍ:Ticker symbol templates
This category includes templates that uses a ticker symbol or stock symbol to create links to external resources. Category:Stock exchanges
ကဏ္ဍ:External link templates
This category includes templates that create links to external resources. Generally, templates should only be made for links to sites that are either: Primary sources (e.g. UK Intellectual Property Office) Highly reliable and covering the subject in greater detail than Wikipedia does (e.g. IMDb) Wikimedia sisterprojects (e.g. Wiktionary). These should be categorized in :Category:Interwiki link templates. See also Wikipedia:External links. Category:Link templates
ပီမိုးနင်း
ပီမိုးနင်း (၅ နိုဝင်ဘာ ၁၈၈၃ - ၆ ဇန်နဝါရီ ၁၉၄၀) သည် ထင်ရှားသော မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။ သူ၏ ရေးဟန်မှာ ထိုခေတ်အခါက အခြားစာရေးဟန်များနှင့် ကွဲပြားပြီး ရှင်းလင်းကျစ်လျစ်စွာ ရေးသားလေ့ရှိသည်။ ထို့ကြောင့် ပီမိုးနင်းအား မြန်မာဝတ္ထုတိုရေးသားခြင်း၏ ဖခင်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ အနောက်တိုင်းဘာသာစကားများမှ အထွေထွေဗဟုသုတ စာပေများစွာကို ဘာသာပြန်ခဲ့သူလည်း ဖြစ်သည်။ ဘဝဇာတ်ကြောင်း အစောပိုင်းဘဝ ပီမိုးနင်းကို ပဲခူးစီရင်စု၊ သုံးဆယ်မြို့ ရွာမရပ်တွင်၁၂၄၅ခုနှစ်တန်ဆောင်မုန်းလဆန်း၆ရက်၊တနလ်ာနေ့၊ခရစ်သက္ကရာဇ်(၅.၁၁.၁၈၈၃)ခုနှစ်တနလ်ာနေ့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မိုးနှင်း ဖြစ်၍ ဇာတာအမည်မှာမူ မောင်ကျော်ညွန့် ဖြစ်သည်။ အသက်ဆယ်နှစ်ခန့်အရွယ်တွင် အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေသင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ အကူအညီဖြင့် မော်လမြိုင်မြို့ရှိ ဆန်မင်နာရီကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းတွင် သင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ‘ဂျင်နရယ် ကောလိပ်' (General College) ခေါ် ပြင်သစ်ပြည် ပါရီ မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရကာ စကားပြောဆိုခြင်းအတတ်၊ ဒဿနနှင့် ယုတ္တိဗေဒ ပညာရပ်များကို သင်ကြားခဲ့သည်။ အသက် ၂၀ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာအဖြစ် ခန့်ထား ခံရသည်။ (နောက်ပိုင်းတွင် လယ်တီ ဆရာတော်ထံတွင် ရဟန်းခံခဲ့လေသည်။) ပုဂ္ဂိုလ်ရေးဘဝ ပီမိုးနင်းသည် စာအုပ်ရေးသားမှု များပြားသော်လည်း ငွေကြေးအရ မအောင်မြင်ခဲ့ပေ။ ဘဝတလျှောက်လုံး အနောက်တိုင်းဂန္ထဝင်နှင့် ဒေသန္တရ ဗဟုသုတ နှစ်မျိုးလုံးကို မြန်မာပရိသတ်များအား ပညာပေးလိုသော ဆန္ဒဖြင့် ရေးသားခဲ့သည်။ သူသည် လေးတန်းအထိ မြန်မာဘာသာစကား အနည်းငယ် လေ့လာခဲ့သည်။ သို့သော် ပထွေးဖြစ်သူ၏ စာကြည့်တိုက်နှင့် သင်ကြားမှုက ပိုမိုကောင်းမွန်သော စာပေလက်ရာများကို ရေးသားစေနိုင်ခဲ့သည်။ အဘိုးအဘွားများသည် ချမ်းသာသော်လည်း သူခိုးဓားပြများနှင့် ငှက်ပျောခင်းတွင် မီးရှို့ခံရပြီးနောက် ဆင်းရဲနွမ်းပါးလာသည်။ နောက်ပိုင်းမှာ သူတို့သည် ဆင်းရဲတွင်းမှ ထွက်မလာနိုင်တော့ပေ။ ဖခင်ဖြစ်သူမှာ လူရမ်းကားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူမှာ ကလေးများအတွက် အလုပ်လုပ်ကိုင်ခဲ့ရသည်။ ပီမိုးနင်းနှင့် သူ့ညီမတို့သည် RCM ရိုမန်ကက်သလစ်သာသနာပြုကျောင်းသို့ ထွက်ပြေးခဲ့ကြပြီး ကျောင်းအုပ်ကြီး Palwa က သူတို့ကို မွေးစားခဲ့သည်။ မိခင်မှာ စကားပြောကောင်းပြီး ထက်မြက်သူတစ်ဦး ဖြစ်ကာ ဟာသဉာဏ်ဖြင့် ပုံပြင်ကို မရပ်မနား ပြောနိုင်သူ တစ်ဦး ဖြစ်သည်။ ပီမိုးနင်း ကိုယ်တိုင်က သူ၏ တွေးခေါ်မှုနှင့် အရေးအသားသည် မိခင်ထံမှ အမွေဆက်ခံကြောင်း အသိအမှတ်ပြုခဲ့သည်။ ကိုယ်ရေးကိုယ်တာအကျပ်အတည်းများစွာသည် ပီမိုးနင်း၏မိသားစုထံ ရောက်ရှိလာသည်။ ဝင်ငွေကောင်းလာသောအခါ လောင်းကစားနှင့် မူးယစ်ဆေးဝါး အပါအဝင် အကောင်းအဆိုး အားလုံးတို့တွင် သုံးစွဲခဲ့သည်။ ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းအလုပ်ရှိသော်လည်း အလုပ်တစ်ခုကို ရေရှည်မလုပ်ခဲ့ပေ။ မိခင်၏ ဒုတိယအိမ်ထောင်မှာ မြန်မာစာပေတတ်မြောက်သူဖြစ်သည်။ ပီမိုးနင်း၏ သားအကြီးဖြစ်သူမှာ သရုပ်ဆောင် ကျော်စိုး ဖြစ်ပြီး ဓားထိုးခံရကာ ကွယ်လွန်ခဲ့သည်။ မျက်မမြင်ဇနီးသည်မှာလည်း သုံးလအကြာတွင် သေဆုံးသွားခဲ့သည်။ ပီမိုးနင်းသည်လည်း လေဖြတ်ခြင်းခံရပြီး ကျန်းမာရေး ဆိုးဝါးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ပီမိုးနင်းသည် ပွဲတော်တစ်ခုမှ အိမ်အပြန်လမ်းတွင် စက်ဘီးတိုက်ခံရပြီး ထိုဒဏ်ရာမှ ကျန်းမာရေးချို့တဲ့ကာ ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊စနေနေ့တွင် ကွယ်လွန်ခဲ့သည်။ အလုပ်အကိုင်များ ပီမိုးနင်းသည် စာရေးသားခြင်းအပြင် အခြားသော အလုပ်အကိုင်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ သုံးဆယ်မြို့ ဖာသာဝဲလဝါး၏ ကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ မြန်မာ့မိတ်ဆွေမဂ္ဂဇင်း ကို ထုတ်ဝေခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်းခ များလည်း အဆမတန် ကြီးလေးလာရသဖြင့် မဂ္ဂဇင်းထုတ်ဝေခြင်းကို ရပ်စဲပြီး ရန်ကုန်မြို့သို့ အလုပ်ရှာသွားခဲ့သည်။ အလုံမြို့ ကျမ်းစာကျောင်းတွင် လက်တင်ဘာသာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ အလုပ်လျှောက်စဉ်က သူ၏ ခရစ်ယာန်အမည် Phillip ဖီးလစ်မှ အစစာလုံး P ကို ယူကာ ငယ်အမည် မိုးနှင်း နှင့် ပေါင်းစပ်ပြီး ပီမိုးနင်းဟူသော အမည်ကို ယူခဲ့သည်။ ထိုအလုပ်မှ ထွက်သောအခါ သတင်းစာများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ သားဖြစ်သူ ကျော်စိုး သည် သရုပ်ဆောင်အဖြစ် ကျော်ကြားလာသည့်အခါ ဗြိတိသျှဘားမား ရုပ်ရှင်တွင် ဇာတ်ညွှန်းရေးသားသူအဖြစ်လည်း လုပ်ကိုင်ခဲ့သေးသည်။ ဘဝနိဂုံး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆူးလေဘုရားအနီး၌ စက်ဘီး တိုက်ခံသဖြင့် ဒူးဆစ်အထက်ပိုင်း သွင်သွင်ကျိုးသွားကာ ထိုဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသရလေသည်။ ထိုသို့ အတွင်းလူနာအဖြစ် ကုသနေဆဲတွင် အဆုတ်အအေးမိရောဂါကြောင့် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊စနေနေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်၊စနေနေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် ဘဝဇာတ်ထုပ် ချုပ်ငြိမ်းပျောက်ကွယ်သွားရရှာပါသတည်း။ ပီမိုးနင်း ရာပြည့်ပွဲ ၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပခဲ့သည်။ ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။ ထင်ရှားသောလက်ရာအချို့ ကမ္ဘာ့မင်တံကျမ်း၊ လက်တွေ့ကြီးပွားရေးကျမ်း၊ အပျိုစိတ်ကျမ်း၊ လူပျိုစိတ်ကျမ်း၊ အောင်စိတ်၊ သားဂုဏ်ရည် သမီးဂုဏ်ရည်၊ မိန်းမစိတ်ကျမ်း၊ ကာမသိဒ္ဓိကျမ်း၊ လောကီလမ်းညွှန်၊ အစ္စလာမ်အလင်းပြကျမ်း၊ ကမ္ဘာ့အလင်း ကျမ်း၊ ထွက်သက်ဝင်သက်ကျမ်း၊ သိသူဖော်စား မသိသူကျော်သွား၊ နိုင်ငံရေးကျမ်း ဂဏန်းဗေဒင်ကျမ်း ကုန်သည်အိတ်ဆောင်ကျမ်း ဝတ္ထုများ နေရီရီ၊ ပွဲစားကြီးသားအဖနှင့်မြမြ၊ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊ သဲမြညှာ၊ တစ်ကိုယ်တော်၊ နေညိုညို၊ ပင်လယ်ကူးဓာတ်ပုံ၊ သူရဲကောင်းသုံးယောက်(ဘာသာပြန်)မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ် ကျမ်းကိုး ပီမိုးနင်း၏ ပီမိုးနင်း။ တကိုယ်တော် ဝတ္ထုလာ ထုတ်ဝေသူ၏ နိဒါန်း။ ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၅၅ လာ ‘ဆရာဇေယျ’ ၏ ‘ဆရာ ပီမိုးနင်း’ ဆောင်းပါး။ ကဏ္ဍ:၁၈၈၃ မွေးဖွားသူများ ကဏ္ဍ:၁၉၄၀ ကွယ်လွန်သူများ ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ Category:မြန်မာ ရုပ်ရှင် ဒါရိုက်တာများ
ဒိုမိန်းအမည်
အဓိပ္ပါယ်ဖွင့်ဆိုချက် ဒိုမိန်းအမည်ဆိုတာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခု သို့မဟုတ် ကွန်ပျူတာအများကို ကိုယ်စားပြုတဲ့ အမည်တစ်ခုအနေနဲ့ ဆောင်ရွက်ပါတယ်။ ဒိုမိန်းအမည်ကို ဝဘ်ဆိုဒ်ရဲ့ URL မှာ တစ်စိတ်တစ်ပိုင်း ဖော်ပြပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကို Host name လို့လည်း ခေါ်ပါသေးတယ်။ ဒိုမိန်းတွေဟာ ဒိုမိန်းအမည် မှတ်ပုံတင်လုပ်ငန်း တွေက အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ ကုန်ပစ္စည်း (Product) တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကိုတော့ မှတ်ပုံတင်ပြီး ဒိုမိန်းအမည် (Registered domain name) လို့ ခေါ်နိုင်ပါတယ်။ 3.domain name အမည်ပေးစနစ် (Domain Name System - DNS) မှာ အခြားရည်ရွယ်ချက်တွေအတွက် လည်းသုံးပါတယ်။ဥပမာ e-mail လိပ်စာ တစ်ခုမှာ @ သင်္ကေတရဲ့ နောက်က အမည် နေရာမှာသုံးသလို .com လိုမျိုး Top-level domain name မှာလည်းသုံးပါတယ်။ Section Initiation Protocol (VoIP) တွေမှာလည်း သုံးပါတယ်။ DomainKeys တွေမှာလည်းသုံးပါတယ်။ 4.တစ်ခါတစ်လေမှာ domain name ကို web-address လို့လည်း အလွယ်တကူ နှုတ်ကျိုးပြီး ခေါ်လေ့ရှိပါတယ်။(တကယ်တော့ ဒီလိုခေါ်တာဟာ မမှန်ပါဘူး) နောက်ဖော်ပြမယ့် အကြောင်းအရာတွေဟာ မှတ်ပုံတင်ပြီး domain name များကိုပဲ အကျယ်တဝင့် ရှင်းထားတာဖြစ်ပါတယ်။ ခြုံငုံဖော်ပြချက်များ IP Address တွေကို ကိန်းဂဏန်းတွေနဲ့ ကိုယ်စားပြုပါတယ်။ IP Address တွေကိုပိုနားလည်နိုင်အောင် အမည်ပေးရာမှာdomain name များရဲ့ hostnames အမျိုးအစားကိုသုံးပါတယ်။ ဘယ်website ကိုမဆို Internet(သို့) Intranet အတွင်းက မတူညီတဲ့ IP Address ရှိတဲ့ တခြားနေရာတစ်ခုကို ကူးပြောင်းစေနိုင်ပါတယ်။ ကိန်းဂဏန်းတွေနဲ့ address အစား အက္ခရာများနဲ့ address ကိုသုံးခြင်းဖြင့် Internet သုံးစွဲသူများအနေနဲ့ website များနဲ့server-based ဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ domain name system ရဲ့ အလျော့အတင်းလုပ်ပေးနိုင်တဲ့ စွမ်းရည်ကြောင့် IP Address များစွာကိုdomain name တစ်ခုတည်းအဖြစ်အသုံးပြုနိုင်ပြီး domain name များစွာကိုလည်း IP Address တစ်ခုတည်းအတွက် သုံးနိုင်ပါတယ်။ ဒါ့ကြောင့် server တစ်ခုဟာ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်သလို (တစ်သီးပုဂ္ဂလ website များစွာကို host လုပ်နိုင်သလိုမျိုး) လုပ်ငန်းတစ်ခုတည်းကိုပဲ server များစွာ ဖြန်ေ့၀ခိုင်းစေနိုင်ပါတယ်။ IP Addressတစ်ခုတည်းကိုပဲ server များစွာကိုယ်စားပြုနိုင်ပါတယ်။ Host name များကိုASCIIစာလုံးများ -a မှ z (စာလုံးအကြီးအသေးမလို)၊ 0 မှ 9 ထိဂဏန်းများ၊ hyphen(-)စတာတွေနဲ့အသီးသီးဖြစ်စေ စုပေါင်းလျက်ဖြစ်စေ အမည်ပေးခွင့်ရှိပါတယ်။ မှတ်ပုံတင်လုပ်ငန်းတွေအနေနဲ့လည်း စည်းမျဉ်းများနဲ့ကိုက်ညီတဲ့ domain name များကိုသာ မှတ်ပုံတင်ပေးပါတယ်။ စည်းမျဉ်းမကိုက်ညီသော domain name တစ်ခုမှာ လုံး၀အသုံးမကျပါ။ နိုင်ငံတကာ domain name စနစ် (Internationalized Domain Name;IDN System) ကို host name များရှိ character အသုံးပြုခွင့် စည်းမျဉ်းများကို ကျော်လွှားနိုင်ဖို့ တီထွင်ထားပါတယ်။ domain name များကို domain ဟူ၍ တိုတိုတုတ်တုတ် ခေါ်လေ့ရှိပြီး domain name မှတ်ပုံတင်ဝယ်ယူသူများကို domain owner များဟုခေါ်ကြပါတယ်။ ယေဘူယျသဘောတရားအရ IP Address တစ်ခုနဲ့ server အမည်တစ်ခု အပြန်အလှန်ပြောင်းလဲနိုင်ပါတယ်။ Internet service တော်တော်များများမှာ sever တွေဟာ ဘယ်ဟာသုံးပြီးပြီလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် web ကိုစိတ်ဝင်စားမှု အဆမတန် တိုးပွားလာတာကို ကြည့်ခြင်းအားဖြင့် server တွေထက် website အရေအတွက် ပိုများနေတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကိုလိုက်လျောညီထွေဖြစ်စေဖို့ hypertext transfer protocol(HTTP) ကနေ client မှ server ကို ဘယ်အမည်ကတော့ဖြင့်သုံးပြီးပြီ ဖြစ်ကြောင်း သတင်းပေးပို့စေပါတယ်။ ဒါကြောင့် IP Address တစ်ခုရှိတဲ့ server တစ်ခုဟာ ကွဲပြားတဲ့ domain name တွေနဲ့ site များစွာကိုဆောင်ရွက်နိုင်ပါတယ်။ ဒီစွမ်းရည်ကို virtual hosting လို့သုံးနှုန်းပြီး web hosts များအသုံးများပါတယ်။ ဥပမာ 208.77.188.166 ဆိုတဲ့ IP Address ဟာ အောက်ပါ site တွေကို ကိုယ်စားပြုနိုင်ပါတယ်။ example.com www.example.com example.net www.example.net example.org www.example.org domain name တစ်ခုကို မှတ်ပုံတင်လိုက်တာနဲ့ host name နဲ့ သက်ဆိုင်တဲ့ data တွေကို user ဆီပို့ပေးပါတယ်။ Top-level domains domain name တိုင်း Top-level domain(TLD) name နဲ့ အဆုံးသတ်ရပါတယ်။TLD name များဟာ (character အနဲဆုံး 3 လုံးပါဝင်တဲ့) မျိုးတူ အမည်စာရင်းထဲက တစ်ခုဖြစ်နိုင်သလို ISO - 3166 ကို အခြေခံထားတဲ့ character နှစ်လုံးပါ territory code လည်းဖြစ်နိုင်ပါတယ်။ Top-level domain များကို first-level domain လို့လည်းတစ်ခါတစ်ရံခေါ်ကြပါတယ်။ other-level domains top-level domain အပြင် second-level domain(SLD) လည်းရှိပါသေးတယ်။ SLD တွေဟာ .com .net တို့လို TLD တွေရဲ့ ဘယ်ဘက်မှာရှိပါတယ်။ နောက် third-level domain တွေကို second-level domain တွေရဲ့ ဘယ်ဘက်မှာ ဖော်ပြလေ့ရှိပါတယ်။ fourth level fifth-level စသည် အကန့်အသတ်မရှိ ရှိနိုင်ပါသေးတယ်။ level တစ်ခုစီကို အစက် (dot) (သို့မဟုတ်) ပုဒ်ဖြတ်သင်္ကေတ (period symbol) တစ်ခုစီနဲ့ ခြားထားပါတယ်။ third-level နဲ့ သူ့ရဲ့အထက် level များကို sub domain လို့လည်းခေါ်ပါတယ်။ ဒါပေမယ့် sub domain ဆိုတဲ့ term ကို technical အရ level အားလုံးမှာ သုံးပါတယ်။ ဘာကြောင့်လဲဆိုရင် top-level domain ကိုယ်တိုင်ကိုယ်က root domain (zeroth-level domain လို့ ခေါ်ပြီး dot တစ်ခုတည်းနဲ့ သတ်မှတ်ထားပါတယ်) ရဲ့ sub domain ဖြစ်နေလို့ပါ။ Category:နည်းပညာ
ဘီလ် ဂိတ်
ဝီလျံ ဟင်နရီ “ဘီလ်” ဂိတ်စ် (သုံး) (၁၉၅၅ ခု၊ အောက်တိုဘာ ၂၈ ရက်တွင် မွေးဖွားခဲ့သူ) သည် အမေရိကန်၏ ဩဇာတိက္ကမ ကြီးမားသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ပရဟိတ လုပ်ငန်းများတွင်လည်း နာမည်ကြီးသူဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲ ကုမ္ပဏီ ကို ပေါလ် အယ်လန် Paul Allen နှင့်အတူ ပူးတွဲ တည်ထောင်ခဲ့သည်။ သူသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ပထမ နေရာ၌ ၁၉၉၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ( ၂၀၀၈ တွင်တတိယ အချမ်းသာဆုံးနေရာ ) အပြောင်းအလဲ မရှိဘဲ ရောက်ရှိနေခဲ့သည်။ မိုက်ခရိုဆော့ဖ်တွင်ရှိနေသည့် အချိန်တွင် ဂိတ်စ်သည် စီအီးအိုနှင့် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ရာထူးများ ရရှိခဲ့ပြီး၊ ဘုံရှယ်ယာဈေးကွက်၏ ၈% အထက် ပိုင်ဆိုင်သောကြောင့် တစ်ဦးချင်းရှယ်ယာပိုင်ဆိုင်သူအနေဖြင့် အမြင့်ဆုံးရှယ်ယာ ပိုင်ဆိုင်သူနေရာတွင် မပြောင်းမလဲပဲ ရှိနေခဲ့သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများနှင့် ပေါင်းစပ်၍လည်းကောင်း စာအုပ်ပေါင်းများစွာ ကိုလည်း ရေးသားခဲ့သည်။ ဂိတ်စ် သည် ကိုယ်ပိုင်ကွန်ပြူတာ ခေတ်ပြောင်းတော်လှန်ရေး၏ ထင်ရှားကြော်ကြားသော စွန့်ဦးတီထွင်သူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ အများသူငါတို့၏ လေးစားမှုကို ရရှိသော်လည်း၊ အချို့သော စက်ရုံအတွင်းဝန်ထမ်းများက ဂိတ်စ်၏ လုပ်နည်းလုပ်ဟန်များသည် အများနှင့်ယှဉ်ပြိုင် နိုင်ခြင်းမရှိဟု သုံးသပ်ဝေဖန်ကြသည်။ ၎င်းအမြင်သည် တရားရုံးများမှ တချို့သော ကိစ္စရပ်များတွင် တရားသေ ကိုင်စွဲထားသကဲ့သို့ အမြင်မျိုး ဖြစ်သည်။ နောက်ပိုင်းတွင် ဂိတ်စ်သည် ပရဟိတ လုပ်ငန်းများကို အားထည့် လုပ်ဆောင်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် Bill & Melinda Gates Foundation ကို အမျိုးမျိုးသော ပရဟိတ လုပ်ငန်းများနှင့် သိပ္ပံသုတေသန လုပ်ငန်းများအတွက် တည်ထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ ဘီလ်ဂိတ်စ်သည် မိုက်ခရိုဆော့ဖ်၏ စီအီးအို အဖြစ်သာ ဆက်လက် လုပ်ကိုင်တော့သည်။ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌ နေရာအဖြစ်ဆက်လက်နေပြီး၊ အဓိကဆော့ဖ်ဝဲ ဖန်တီးသူ နေရာကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့သည်။ ၂၀၀၆ ဇွန်လတွင် ဂိတ်စ် သည် မိုက်ခရိုဆော့ဖ်၏ အချိန်ပြည့်အလုပ်မှ အချိန်ပိုင်းအလုပ်သို့ ကူးပြောင်း ပြီး၊ Bill & Melinda Gates Foundation၏ အချိန်ပြည့် အလုပ်သို့ ကူးပြောင်းတော့မည်ဟု ကြေညာခဲ့သည်။ သူ၏ လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်များကို Ray Ozzie နှင့် Craig Mundie တို့အား တဖြည်းဖြည်းချင်း လွှဲပြောင်းပေးခဲ့သည်။ Ray Ozzieသည် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ဖြစ်ပြီး၊ Craig Mundieသည် သုတေသန အကြီးအကဲနှင့် နည်းဗျူဟာအရာရှိ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့သည် ဂိတ်စ်၏ မိုက်ခရိုဆော့ဖ်နှင့်ပက်သက်သည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်၏ တရားဝင်ရာထူး မဟုတ်သည့် ဥက္ကဋ္ဌ နေရာကို ဆက်လက် တာဝန်ယူပေးထားသည်။ သူရညီ ၏ ငယ်စဉ်ဘဝ ဘီလ်ဂိတ်စ် ကို Washington ရှိ Seattle တွင် အဖေ William H. Gates နှင့် Mary Maxwell Gates တို့ထံမှ ဖွားမြင်ခဲ့သည်။ အဖေ William H. Gates သည် အင်္ဂလိပ်-ဂျာမန် လူမျိုးတစ်ဦးဖြစ်ပြီး၊ Mary Maxwell Gates သည် စကော့တလန်-အိုင်းရစ်ချ် လူမျိုး တစ်ဦးဖြစ်သည်။ လူလတ်တန်းစားအထက်တန်းလွှာ မိသားစုဖြစ်ပြီး၊ အဖေလုပ်သူမှာ ထင်ရှားသော ရှေ့နေတစ်ဦးဖြစ်သည်။ အမေလုပ်သူမှာ First Interstate BancSystem နှင့် the United Way မှ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမ၏ အဖေ J. W. Maxwell မှာ အမျိုးသားဘဏ် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဂိတ်စ်တွင် Kristi (Kristianne) ဟုခေါ်သော အစ်မ တစ်ယောက်နှင့် Libby ဟုခေါ်သော ညီမ တစ်ယောက် ရှိသည်။ သူ၏ သူသည် ဂိတ်စ်မိသားစုတွင် လေးယောက်မြောက် နာမည်ဖြစ်သော်လည်း ဖခင်ဖြစ်သူ ထံ၌ နောက်ဆက်တွဲ အနေနှင့် III ပါရှိနေပြီး ဖြစ်သောကြောင့် William Gates III or "Trey" ဟုခေါ်ဆိုကြသည်။ အစောပိုင်းကာလ နှစ်များတွင် ဂိတ်စ်၏မိဘများမှာ အလယ်အလတ် တန်းစား ရုန်းကန်နေကြသူများ အဖြစ်သာ သူ၏ စိတ်ထဲတွင် မှတ်မိနေသည်။ ဘီလ်ဂိတ်စ်ကို အသက် ၁၃ နှစ်သားတွင် Lakeside မူလတန်းကြိုကျောင်း၌ စတင်အပ်နှံသည်။ ဘီလ်ဂိတ်စ် ကိုးတန်း (Eighth grade) ရောက်တော့ အမေများအသင်း မှ Lakeside ကျောင်းရှိ ကျောင်းသားများအတွက် အဆင့်မြင့် ပရင်တာတစ်မျိုးဖြစ်သည့် (ASR-33 teletype) (ဆာဗာထိုင်ထားသော ကွန်ပြုတာမှတဆင့် ပရင်တာလှမ်းထုတ်နိုင်သော) နှင့် ၎င်း၏ ဆက်စပ်ပစ္စည်းအဖြစ်သုံးရန် GE ကွန်ပြူတာ တစုံအား ဝယ်ယူရန် ရန်ပုံငွေရှာဖွေရေး ကျောင်းဈေးပွဲတော် ပြုလုပ်ခဲ့ကြသည်။ ဂိတ်စ်သည် GE စနစ်ကို ပရိုဂရမ်ရေးရန် အခြေခံမှစ၍ စိတ်ဝင်စားခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကို အကောင်အထည်ဖော်ရန် အတွက် သင်္ချာဘာသာ အတန်းများအား လွတ်ငြိမ်းခွင့် ရခဲ့သည်။ သူ၏ ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်အား ၎င်းစက်နှင့် ရေးခဲ့ခြင်းဖြစ်သည်။ ယင်း ပရိုဂရမ်မှာ ကွန်ပြုတာနှင့် ကစားရသော ဂိမ်းတစ်မျိုး (tic-tac-toe) ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ဂိတ်စ်သည် ယင်းစက်( ကွန်ပြူတာ )အား အတော်လေး စိတ်ဝင်စားခဲ့ပြီး၊ ဆော့ဖ်ဝဲ ကုတ်နံပါတ်များကို မည်ကဲ့သို့ ပြည့်စုံစွာ မှတ်ထားသနည်း ဆိုသည့်ကိစ္စအား အသည်းအသန် စိတ်ဝင်စားခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် သူမှတ်မိသွားသည့် အရာမှာ “ ဒီစက်နဲ့ပက်သက်ပြီး အထဲမှာ သေသေသပ်သပ် လုပ်ထားတဲ့ အရာတစ်ခုခု ရှိရမယ်” ဟူ၍ ဖြစ်သည်။ အမေများအသင်း၏ ရန်ပုံငွေ ပွဲ ပြီးသွားသောအခါ DEC PDP minicomputers (DEC PDP နည်းပညာ ကွန်ပြူတာငယ်လေးများ) အပါအဝင် ကွန်ပြူတာ၏ အချိန်နာရီ နှင့်ပက်သက်သည့် စနစ် များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းစနစ်များထဲမှ တစ်ခုမှာ ကွန်ပြူတာ ကုမ္ပဏီီ တစ်ခုဖြစ်သော Computer Center Corporation (CCC) ၏ PDP-10 နည်းပညာ ဖြစ်ပြီး၊ ထို ကုမ္ပဏီမှာ Lakeside ကျောင်းမှ ကျောင်းသားလေးယောက်ဖြစ်သော ဂိတ်စ်၊ ပေါလ် အယ်လမ်၊ ရစ် ဝီလန်း၊ နှင့် ကန့်တ်အီဗန်စ် တို့အား နွေရာသီ ကွန်ပြုတာ သင်တန်းတက်ရန် ပိတ်ပင်ထားသော ကုမ္ပဏီ ဖြစ်သည်။ ထိုပိတ်ပင်မှုမှာ ဂိတ်စ်တို့လေးယောက်၏ ပိုက်ဆံမပေးရဘဲ အသုံးပြုချိန် များများရစေရန် ကွန်ပြူတာ စနစ်တွေကို အဖျက်စနစ် ကလေးများထည့်သွင်းထားမှန်း သိရှိသွားချိန် မှစတင်ခဲ့သည်။ ထိုပိတ်ပင်မှု၏ အဆုံးတွင် ကျောင်းသားလေးယောက်က CCC ၏ဆော့ဖ်ဝဲ အတွင်းရှိ အဖျက်စနစ်ကလေးများ ကိုရှာပေးပြီး၊ အလဲအလှယ်အနေဖြင့် ကွန်ပြူတာ အသုံးပြုချိန် တိုးပေးခြင်း ကို ပြုလုပ်ခဲ့ရသည်။ တယ်လီနည်းပညာ (Teletype) မှတဆင့် သုံးခြင်းထက် ဂိတ်စ်တို့က CCC ရုံးခန်းများသို့ သွားရောက်၍ FORTRAN,LISP နှင့် အခြားစက်များ၏ စနစ်များ အပါအဝင် ထည့်သွင်း အသုံးပြုထားသော ပရိုဂရမ် အမျိုးမျိုး၏ ကုတ်အရင်းအမြစ်ကို လေ့လာခဲ့ကြသည်။ CCC ကုမ္ပဏီ နှင့် ပက်သက်ချိန်မှာ ၁၉၇၀ ခုနှစ် ထိ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ကုမ္ပဏီ သည် စီးပွားရေးလောက မှ ထွက်ခွါသွားခဲ့သည်။ နောက်တစ်နှစ်တွင် Information Sciences, Inc. မှ COBOL ဝန်ထမ်းများနှင့် ၎င်းတို့၏ လစာများကို ဖော်ပြရန်အတွက် ကွန်ပြူတာ ပရိုဂရမ် တစ်ခုကို ရေးပေးရန် ကွန်ပြူတာအသုံးပြုချိန်နှင့် အခြားသော အဆင့်မြင့် အထောက်အပံ့ ပစ္စည်းများပါပေး၍ ငှားရမ်းခဲ့သည်။ ဂိတ်စ်၏ ပရိုဂရမ်ရေးနိုင်သော အရည်အချင်းကို ကျောင်းစီမံအုပ်ချူပ်သည့် အဖွဲ့မှ သိရှိသွားပြီးနောက် ဂိတ်စ်က ကျောင်းသားများနှင့်၎င်းတို့၏ အတန်းများကို အချိန်ဇယား ပြုလုပ်ပေးသည့် ကွန်ပြူတာ ပရိုဂရမ်ကို ရေးပေးခဲ့သည်။ ဂိတ်စ်က ပရိုဂရမ်ရေးရာတွင် သူ့ စိတ်ကြိုက်ပြင်ပြီး ကျောင်းသူများများ ပါဝင်သော အတန်းချိန်များတွင် တက်ရောက်နိုင်ရန် ရေးခဲ့သည်။ နောက်ပိုင်းတွင် “စက်(ကွန်ပြူတာ) နဲ့အတူနေမှ အောင်မြင်မှုဆိုတာကို ရှင်းရှင်းလင်းလင်း ပြနိုင်မှာမို့ ငါတော့ စက်နဲ့ဝေးရာမှာ နေဖို့ တော်တော်လေး ခက်မှာပဲ” လို့ ဂိတ်စ် က ပြောပြခဲ့သည်။ အသက် ၁၇ နှစ်တွင် ဂိတ်စ်သည် အယ်လမ်နှင့်အတူ အောင်မြင်မှုတစ်ခုကို ဖော်ဆောင်နိုင်ခဲ့သည်။ ယင်းမှာ Intel 8008 processor တွင် traffic counters များ ပြုလုပ်နိုင်သည့် Traf-O-Data ကိုရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ အစောပိုင်းတွင် ဘီလ်ဂိတ်စ် သည် အမေရိကန် အောက်လွှတ်တော် အမတ်များအတွက် လွှတ်တော်နှင့်ပက်သက်သည့် ကိစ္စရပ်များ၌ လုပ်ပေးခဲ့သေးသည်။ ဂိတ်စ်သည် ၁၉၇၃ တွင် Lakeside School မှ ကျောင်းပြီးခဲ့သည်။ သူ၏ SAT စာမေးပွဲ ရမှတ်မှာ ၁၆၀၀ တွင် ၁၅၉၀ ရရှိပြီး၊ Harvard College ကျောင်းကို ၁၉၇၃ ခုနှစ် ဟားဒ်ဗတ်ကောလိပ်တွင် ကျောင်းတက်စဉ် ဂိတ်စ်အား နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ် ၏ စီအီးအို ဖြစ်လာစေရန် ပံ့ပိုးပေးသူ Steve Ballmer နှင့်တွေ့သည်။ ဒုတိယနှစ်ကျောင်းသားဘဝတွင် ဂိတ်စ်က algorithm for pancake ကို တီထွင်ခဲ့ပြီး၊ ၎င်းသည် ဖြေရှင်းမရသည့် ပြဿနာ စီးရီးထဲမှ တစ်ခုကို အဖြေထုတ်ပေးနိုင်ခဲ့သည်။ ယင်းကို သူ၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ Harry Lewis ၏ combinatorics ဘာသာရပ် အတန်းတစ်ချိန်တွင် ရှင်းလင်းတင်ပြခဲ့သည်။ ဂိတ်စ်၏ အဖြေကို နောက်ပိုင်းတွင် စနစ်တကျ ပြန်လည်ရေးသားပြီး ဟားဒ်ဗတ်ရှိ ကွန်ပြူတာ သိပ္ပံပညာရှင် Christos Papadimitriou ၏ စာတမ်းနှင့်တွဲ၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းသည် နှစ်သုံးဆယ်အတွင်း အမြန်ဆုံး ပုံစံတစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဂိတ်စ်သည် ဟားဒ်ဗတ်၌ ကျောင်းတက်စဉ်က ကျောင်းစာများအား အစီအစဉ်တကျ လေ့လာခဲ့သည် မဟုတ်ဘဲ အချိန်တော်တော်များများကို ကျောင်းရှိ ကွန်ပြူတာများနှင့်သာ ကုန်လွန်စေခဲ့ခြင်း ဖြစ်သည်။ သူသည် အယ်လမ် (Paul Allen) နှင့် အဆက်အသွယ် အမြဲရှိနေခဲ့ပြီး၊ ၁၉၇၄ နွေရာသီတွင် အယ်လမ်က Honeywell နည်းပညာ ကုမ္ပဏီ နှင့် ချိတ်ပေးခဲ့သည်။ နောက်ပိုင်းကပ်ရက် နှစ်တွင် Intel 8080 CPU တွင်အခြေခံသော MITS Altair 8800 နည်းပညာထွက်လာခဲ့သည်။ ဂိတ်စ် နှင့် အယ်လမ် (Paul Allen) တို့က ယင်းကို ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပြူတာ ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခု စတင်ထူထောင်ရန်အတွက် အခွင့်အလမ်းတစ်ခု အနေနှင့် မြင်နိုင်ခဲ့သည်။ ဂိတ်စ်ကသူ၏ ဆုံးဖြတ်ချက်ကို မိဘများနှင့် ပြောဆိုတိုင်ပင်ခဲ့သည်။ ဂိတ်စ် ၏ ကိုယ်ပိုင်ကွန်ပြူတာ ဆော့ဖ်ဝဲကုမ္ပဏီထောင်ရန်အတွက် ပြင်းပြသော စိတ်ရှိနေကြာင်း သိသွားသော အခါ များစွာ အထောက်အပံ့ ပေးခဲ့သည်။ မိုက်ခရိုဆော့ဖ် BASIC နည်းပညာဆိုင်ရာ ၁၉၇၅ ခုနှစ် ဇန်နဝါရီလ Altair 8800 အီလက်ထရောနစ် နည်းပညာများ ခေတ်စားလာချိန်တွင် ဂိတ်စ်သည် microcomputer ကိုတီထွင်ခဲ့သည့် မိုက်ခရိုရှိ Instrumentation and Telemetry Systems (MITS) သို့ လှမ်း၍ ချိတ်ဆက်ခဲ့သည်။ ကွန်ပြူတာနည်းစနစ်တစ်ခုအတွက် BASIC interpreter အဖြစ် သူနှင့် ကျန်အခြားသူများ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း လှမ်း၍ အသိပေးခြင်းဖြစ်သည်။ အမှန်တကယ်မှာ Altairကို ဂိတ်စ် နှင့် အယ်လမ် တို့ ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ၎င်းအတွက် ကုတ်နံပါတ်ကိုလည်း ရေးခဲ့ကြသည် မဟုတ်ပေ။ သူတို့ အနေနှင့် MITS ၏ စိတ်ဝင်စားမှုကို သာ ရရှိလိုခဲ့ကြခြင်း ဖြစ်သည်။ MITS ၏ ဥက္ကဋ္ဌ ဖြစ်သူ Ed Roberts က ဂိတ်စ်တို့၏ တီထွင်မှုအစမ်းသရုပ်ပြကိုကြည့်ရန် သဘောတူပြီး၊ ရက်သတ္တပတ် အနည်းငယ်ကြာသည့် သင်တန်းကာလ အတွင်းတွင် ဂိတ်စ်တို့က minicomputer တွင် ထည့်သွင်းအသုံးပြုနိုင်သည့် Altair နှင့် အလားတူ နည်းပညာ တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ထိုမှတဆင့် BASIC interpreter အဖြစ် အသုံးပြုနိုင်ခဲ့သည်။ Albuquerque ရှိ MITS ရုံးခန်းများတွင် ပြသခဲ့သော ဂိတ်စ်တို့၏ အစမ်းသရုပ်ပြမှုသည် အောင်မြင်ခဲ့ပြီး၊ ရလဒ်အနေနှင့် Altair BASIC အတွက် interpreter ကို တီထွင်ရန် MITS နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလတွင် ပေါလ် အလ်လန်ကို MITS မှ အလုပ်ခန့်ခဲ့ပြီး၊ ဂိတ်စ်သည် Albuquerque ရှိ MITS တွင် ပေါလ်နှင့်အလုပ်လုပ်ရန် Harvard မှ ခဏခွင့်ယူခဲ့သည်။ သူတို့၏ စပ်တူ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ကို “မိုက်ခရို-ဆော့ဖ်” ဟု အမည်ပေးခဲ့ပြီး၊ သူတို့၏ ပထမဆုံး ရုံးခန်းမှာ Albuquerque တွင် ဖြစ်သည်။ တစ်နှစ်အတွင်းတွင် hyphen ပြုတ်ကျသွားပြီး၊ ၁၉၇၆ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကုမ္ပဏီနာမည်ကို “မိုက်ခရိုဆော့ဖ်” အဖြစ် New Mexico ရှိပြည်နယ်လက်ထောက်ရုံးတွင် မှတ်ပုံတင်ခဲ့သည်။ ဂိတ်စ်သည်လည်း Harvard ကျောင်းသို့ ပြန်မသွားတော့ဘဲ ကျောင်းလည်းမပြီးဆုံးခဲ့ပေ။ အခြေခံ မိုက်ခရိုဆော့ဖ် (Microsoft's BASIC) သည် ကွန်ပြူတာ ဝါသနာရှင်များအကြား ရေပန်းစားခဲ့သည်။ သို့သော် ဈေးကွက်ထဲ မဖြန့်မီ ကော်ပီကို လူထုထံသို့ တိတ်တဆိတ် ဖြန့်လိုက်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို အမြောက်အမြား ကော်ပီကူးပြီး ဆက်လက် ဖြန့်ချိခဲ့ကြသည်။ ၁၉၇၆ ဖေဖော်ဝါရီလတွင် MITS newsletter မှတဆင့် ကွန်ပြူတာ ဝါသနာရှင်များထံသို့ စာရေးခဲ့သည်။ အဆိုပါစာတွင် MITS မှ ဆက်လက် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုပဲ တန်ရာတန်ကြေး ရသည်အထိ အဆင့်မြင့် ဆော့ဖ်ဝဲများကို ထိန်းသိမ်းထားမည် ဟု ဖော်ပြပါရှိသည်။ ယင်းစာမှာ ကွန်ပြူတာ ဝါသနာရှင်များအကြား သိပ်ပြီး ရေပန်းမစားခဲ့သော်လည်း ဂိတ်စ်ကတော့ ဆော့ဖ်ဝဲ တီထွင်ထုတ်လုပ်သူများသည် တန်ရာတန်ကြေး ပြန်ရသင့်သည် ဟူသော သူ၏ ယုံကြည်ချက်အတိုင်းသာ ဆက်လက်ပြုလုပ်ခဲ့သည်။ ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်သည် MITS ၏ အရိပ်အောက်မှ ထွက်ပြီး၊ အမျိုးမျိုးသော ဝင်းဒိုး စနစ်များ အတွက် ပရိုဂရမ်ဆော့ဖ်ဝဲ များကို ဆက်လက် ထုတ်လုပ်ခဲ့သည်။ ၁၉၇၉ ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကို Albuquerque မှ နေရာအသစ် ဖြစ်သော ဝါရှင်တန်ရှိ Bellevue သို့ ပြောင်းရွှေ့ခဲ့သည်။ မိုက်ခရိုဆော့ဖ် ၏ အစောပိုင်းနှစ်များတွင် ဝန်ထမ်းများအားလုံးသည် ကုမ္ပဏီ လုပ်ငန်းများအတွက် များပြားကျယ်ပြန့်လှသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခဲ့ကြရသည်။ ဂိတ်စ်က လုပ်ငန်းအသေးစိတ်ကို အပေါ်စီးမှ မြင်နိုင်ခဲ့ပြီး၊ ကုမ္ပဏီစည်းမျဉ်း စည်းကမ်းများကို ရေးဆွဲခဲ့သည်။ ပထမ ငါးနှစ်တွင် ဂိတ်စ်က တောက်လျှောက် အသုံးပြုခဲ့သော ကုမ္ပဏီစည်းမျဉ်း စည်းကမ်းများကို တစ်လိုင်းချင်းစီ ပြန်လည် သုံးသပ်ပြီး၊ သူမြင်သမျှ လိုအပ်ချက်တိုင်းကို ပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့သည်။ IBM ကုမ္ပဏီ နှင့် စပ်တူလုပ် ၁၉၈၀ တွင် IBM မှ ၎င်းအသစ်ထုတ်လုပ်မည့် IBM PC အတွက် လိုအပ်နေသော BASIC interpreter ရေးရန် မိုက်ခရိုဆော့ဖ်သို့ ချဉ်းကပ်ခဲ့သည်။ IBM ကိုယ်စားလှယ် များက Operating System လိုအပ်နေကြောင်း ပြောသောအခါ ဂိတ်စ်က CP/M Operating System များ၌ အသုံးပြုနေကြ ဖြစ်သော Digital Research ( DRI ) ကို ညွှန်းသည်။ IBM နှင့် DRI တို့ ဆွေးနွေးကြခြင်း၌ သိပ်အဆင်မပြေခဲ့ကြ၊ သဘောတူစာချူပ် ချူပ်ဆိုနိုင်ခြင်း မရှိခဲ့ကြပေ။ IBM ကိုယ်စားလှယ် Jack Sams မှ စာချူပ် ချူပ်ဆိုနိုင်ခြင်းမရှိသည့် အကြောင်းရင်းကို နောက်တစ်နေ့ ဂိတ်စ် နှင့် တွေ့ တွေ့ချင်းတွင် ပြောပြခဲ့သည်။ တဆက်တည်းပင် သင့်တော်သော Operating System တစ်ခု ကို ရှာပေးလိုက်ပါ ဟုလည်း ပြောခဲ့သည်။ ရက်သတ္တပတ် အနည်းငယ် ကျော်လွန် ပြီးနောက် ဂိတ်စ်က 86-DOS (QDOS) ကို အသုံးပြုဖို့ အဆိုပြုခဲ့သည်။ Seattle Computer Products (SCP) တွင်ရှိစဉ် Tim Paterson မှ PC ၏ Hardware ပိုင်းအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့သော စနစ်တစ်ခုဖြစ်ပြီး၊ CP/M နှင့် ခပ်ဆင်ဆင်တူသည့် Operating System တစ်ခုဖြစ်သည်။ မိုက်ခရိုဆော့ဖ်က SCP နှင့် ဆက်သွယ်ခဲ့ပြီး၊ SPC ၏ တစ်ခုတည်းသောလိုင်စင်ရ အေးဂျင့် အနေနှင့် လုပ်ကိုင်ခွင့် ရပြီး၊ နောက်ပိုင်းတွင် 86-DOS ၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။ PC အတွက် Operating System အထိုင်ကျပြီးနောက် မိုက်ခရိုဆော့ဖ်က IBM သို့ PC-DOS အဖြစ် ဒေါ်လာ ၅၀,၀၀၀ နှင့် အပြတ် ရောင်းချခဲ့သည်။ ဂိတ်စ်က Operating System တွင် ကော်ပီ မူပိုင်ခွင့် ကိုတော့ လွှဲပြောင်းမပေးခဲ့ပေ။ အကြောင်းရင်းမှာ အခြားသော Hardware ရောင်းချသူများမှ IBM ၏ System ကို အတုပြုလုပ်ကြမည်ကို စိုးရိမ်၍ ဖြစ်သည်။ MS-DOS ၏ ရောင်းအားသည် မိုက်ခရိုဆော့ဖ်ကို ဆော့ဖ်ဝဲ ထုတ်လုပ်မှုများ၏ အဓိက ကစားသမား နေရာရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ၁၉၈၁ ဇွန်လ ၂၅ ရက်နေ့တွင် ဂိတ်စ်က မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကို အစစအရာရာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ Washington ပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့ ရင်းနှီးမြှပ်နှံခဲ့ပြီး၊ ဂိတ်စ် မှ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌရာထူး နှင့်ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌရာထူးများဖြင့် ဆက်လက် လုပ်ကိုင်ခဲ့သည်။ Windows ၁၉၈၅ နိုဝင်ဘာ ၂၀ တွင် မိုက်ခရိုဆော့ဖ်ဝင်းဒိုး ကို ပထမဆုံး ဖြန့်ချိခဲ့သည်။ အခြားသော Operating System တစ်ခုဖြစ်သည့် OS/2 ကို ထုတ်လုပ်တော့မည် ဖြစ်၍ ဩဂုတ်လတွင်ပင် IBM နှင့် လက်တွဲ ဖြုတ်ခဲ့သည်။ ကုမ္ပဏီ နှစ်ခုစလုံးမှာ ပထမဆုံးသော System များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း တိုးပွားလာသော တီထွင်ကြံဆမှု ခြားနားချက်များက ၎င်းတို့အကြားရှိ မိတ်ဆွေဖြစ်မှုကို အနည်းငယ် ပျက်စီးစေခဲ့သည်။ ၁၉၉၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဂိတ်စ်က ကုမ္ပဏီ တွင်း မှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး၊ ၎င်းမှတ်တမ်းတွင် Operating System နှစ်ခု၏ အဆက်အစပ်မှာ ပြီးဆုံးပြီ ဖြစ်ကြောင်းနှင့် မိုက်ခရိုဆော့ဖ်သည် Windows NT kernel ထုတ်လုပ်ရန် အားထည့် လုပ်ဆောင်သွားမည် ဟု ကြေညာခဲ့သည်။ ဘီလ်ဂိတ်စ်၏ စီမံခန့်ခွဲမှု ပုံစံ မိုက်ခရိုဆော့ဖ် စတင်ခဲ့သည့်အချိန် ၁၉၇၅ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိတိုင်အောင် ဂိတ်စ်သည် ကုမ္ပဏီ၏ ထုတ်လုပ်မှု ဗျူဟာနှင့် ပက်သက်၍ အဓိက တာဝန်ယူထားသူ ဖြစ်သည်။ သူသည် ကုမ္ပဏီ၏ ထုတ်လုပ်မှုအတိုင်းအဆကို အလွန်အမင်း ချဲ့ထွင်ခဲ့ပြီး၊ မိုက်ခရိုဆော့ဖ်မှ ဩဇာကြီးမားသော အောင်မြင်မှုနေရာ တစ်နေရာ ရောက်တိုင်း ဂိတ်စ်က ဉာဏ်ကြီးကြီးနှင့် စောင့်ကြည့်ခဲ့သည်။ အုပ်ချုပ်ရေး အရာရှိ တစ်ယောက်အနေဖြင့် ဂိတ်စ်က မိုက်ခရိုဆော့ဖ်ရှိ အကြီးတန်း မန်နေဂျာများနှင့် ပရိုဂရမ် မန်နေဂျာများနှင့် မကြာခဏ ဆုံတွေ့တတ်သည်။ ၎င်း Meeting များမှ ပထမဆုံး ကောက်ချက်ချသည်များမှာ ဂိတ်စ်သည် မန်နေဂျာများ၏ လုပ်ငန်း ဗျူဟာများ၊ ရှေ့လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ လိုအပ်နေသည့် အပေါက်များကို ကုမ္ပဏီ၏ ရေရှည် အကျိုးအတွက် ထိခိုက်နိုင်သည် ဟုယူဆသည်နှင့် တပြိုင်နက်တည်း စကားစစ်ထိုးရန် အမြဲအဆင်သင့် ဖြစ်နေသူ ဟူ၍ ဖြစ်သည်။ သူသည် အစည်းအဝေးများ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များ နှင့်ပက်သက်၍ ထင်မြင်ချက်များ ပေးရာတွင် “အဲ့ဒါကတော့ ကျွန်တော်ကြားဖူး သမျှထဲမှာ အရူးသွပ်ဆုံး အရာပဲ” “ခင်ဗျားအနေနဲ့ လက်ရှိခင်ဗျားရဲ့နည်းလမ်းတွေကို ပစ်ချပြီး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းသင့်တယ်” စသဖြင့် ပြောလေ့ ရှိသည်။ ယင်းကဲ့သို့ မထိန်းနိုင်မသိမ်းနိုင် ပွင့်ထွက်လာသော ပြင်းထန်သည့် ဝေဖန်ချက်များကြောင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ရေးရာတွင် ဂိတ်စ် စိတ်တိုင်းကျသည် အထိ အသေးစိတ် ဂရုတစိုက် လုပ်ကြစေရန် ရည်ရွယ်ရင်းဖြစ်သည်။ သူ၏ အရေးပါသော လက်အောက်ဝန်ထမ်း များ အလုပ်လုပ်ရာတွင် အချိန်ဆွဲ နေတာကိုမြင်တိုင်း ဂိတ်စ် က ထေ့ထေ့ငေါ့ငေါ့ နှင့် ပြောတတ်သည်မှာ “ငါတော့ ဒီအပတ်ကုန်သွားတဲ့အထိ ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ရမယ်” မိုက်ခရိုဆော့ဖ် မှာ ဂိတ်စ်လုပ်ခဲ့သလောက် အဓိက ကဏ္ဍကတော့ အုပ်ချူပ်ရေး နှင့် စီမံခန့်ခွဲခြင်း ပါပဲ။ သို့သော် သူသည် အစောပိုင်းကာလများတွင် ဆော့ဖ်ဝဲတီထွင် ထုတ်လုပ်သူ အဖြစ် တက်တက်ကြွကြွ လုပ်ပေးခဲ့သည်။ အထူးသဖြင့် မိုက်ခရိုဆော့ဖ်၏ programming ဘာသာရပ်ဆိုင်ရာ ထုတ်လုပ်မှု များတွင် ဖြစ်သည်။ TRS-80 Model 100 line တွင် လုပ်နေစဉ် ကတည်းက ဂိတ်စ်သည် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေးရှု့သော အဖွဲ့ တစ်ခုကို တရားဝင် တည်ထောင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ၁၉၈၉ နောက်ပိုင်းတွင် ကုမ္ပဏီ၏ ထုတ်လုပ်မှုများနှင့် ပက်သက်၍ ဦးဆောင်မောင်းနှင်နိုင်မည့် Code ကို ရေးသားခဲ့သည်။၂၀၀၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဂိတ်စ် က ဒီလို နေ့စဉ် နေ့တိုင်း အလုပ်တွေ လုပ်မနေတော့ပဲ လာမည့် နှစ် နှစ်အတွင်းမှာ ပရဟိတ အလုပ်တွေအတွက်ပဲ အချိန်ပိုပေးတော့မယ် လို့ ကြေညာခဲ့သည်။ သူ၏ တာဝန်အများအပြားကို အားကိုးရတဲ့သူ နှစ်ဦးဖြစ်တဲ့ Ray Ozzie နဲ့ Craig Mundie တို့ကို ခွဲပေးခဲ့သည်။ Ray Ozzie အား နေ့စဉ် အလုပ်များ( ရေတို ) စီမံခန့်ခွဲသည့် အပိုင်းကို လွှဲပေးပြီး၊ Craig Mundie ကိုတော့ ရေရှည် ထုတ်လုပ်မှုဗျူဟာ ပိုင်းဆိုင်ရာ အပိုင်းကို လွှဲပေးခဲ့သည်။ တရားရေးဆိုင်ရာ ကိစ္စရပ်များ မိုက်ခရိုဆော့ဖ် လုပ်ငန်းများ၏ တရားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပက်သက်၍ ဂိတ်စ် ကသာလျှင် အဆုံးသတ် ဆုံးဖြတ်ချက်ကို ချသူဖြစ်သည်။ ၁၉၉၈ အမေရိကန်ပြည်ထောင်စု နှင့် မိုင်ခရိုဆော့ဖ် ပြဿနာတွင်မူ ဂျာနယ်သမားများက ၎င်းသည် တမင်သက်သက် ကို မရေမရာ ထွက်ဆိုချက်ပေးခဲ့သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။ ဂိတ်စ်က “ယှဉ်ပြိုင်ခြင်း”၊ “ပက်သက်ခြင်း” နှင့် “ကျွန်ုပ်တို့” ဟူသော ဝေါဟာရများ၏ အဓိက အဓိပ္ပာယ် နှင့်ပက်သက်၍ ဝေါဟာရ ဆရာ David Boies နှင့် အငြင်းပွားခဲ့သည်။ BusinessWeek ဂျာနယ်မှ ဖော်ပြသည်မှာ “ဂိတ်စ် ရဲ့ အစောပိုင်း သက်သေ ထွက်ဆိုချက် တွေမှာ “ကျွန်တော် မမှတ်မိတော့ဘူး” ဆိုတဲ့ ဇ ဝေဇဝါ အဖြေမျိုးကိုပဲ ပေးနေတဲ့အတွက် တရားသူကြီး အနေနဲ့တောင် ရယ်စရာဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက နည်းပညာ ခေါင်းဆောင်တွေရဲ့ ဥပဒေကို မသိလို့ပါ ဆိုပြီးငြင်းပယ်ချက်တွေပေးတဲ့ အချက်တွေကို ဂိတ်စ် ရဲ့ အဝင်အထွက် အီးမေးလ် တွေက ရတဲ့ သတင်းအချက်အလက် အတိုအထွာ တွေပေါ် မူတည်ပြီး ပြုလုပ်တဲ့ တရားစွဲဆိုချက်တွေ က ပြန်လည် ချေပပြီးသား ဖြစ်နေတယ်လေ” ဂိတ်စ်က နောက်ပိုင်းတွင် ပြောပြသည်မှာ သူ့ရဲ့စကားတွေ၊ အပြုအမူတွေကို ကြည့်ပြီး သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ဖို့ကြိုးစားတဲ့ ကောင်ကလေးတွေရဲ့ တိုက်ခိုက်မှုတွေကို ရိုးရိုးလေးပဲ တုံ့ပြန်ခဲ့သည် ဟူ၍ ဖြစ်သည်။ သက်သေထွက်ဆိုနေစဉ် သူ့ရဲ့ အမူအရာနဲ့ပက်သက်၍ ပြောခဲ့သည်မှာ “ကျွန်တော်ဟာ ကောင်ကလေးတွေကို ခုခံနေခဲ့ရတာလား၊”…… ရှေ့နေခေါ်ပြီး ပြန်ချေပဖို့ကိုတောင် အပြစ်ရှိသလိုခံစားရတယ် ဟူ၍ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် “ကောင်းစွာ အရွယ်မရောက်သေးတဲ့ ကောင်ကလေးတွေကို အကြမ်းဖက်မှု” ဆိုတဲ့ ပြစ်ဒဏ်ဟာ ကျွန်တော့်ကို တော်တော်လေး စည်းကျပ် ခဲ့တာပဲ။ ဘယ်လိုပဲ ဂိတ်စ်အနေနဲ့ ငြင်းဆိုခဲ့ပေမယ့် တရားသူကြီးကတော့ မိုက်ခရိုဆော့ဖ်ဟာ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ဆောင်ခဲ့ရုံသာမက ဈေးကွက် ယှဉ်ပြိုင်မှုကို ပိတ်ဆို့ခဲ့ပြီး၊ အဆိုပါ အချက် နှစ်ခုစလုံးဟာ ရှားမန်း အက်ဥပဒေ (Sherman Antitrust Act) ကို ချိုးဖောက်ထားသည် ဟု စီရင်ချက်ခဲ့သည်။ Appearance in ads ဂိတ်စ်သည် မိုက်ခရိုဆော့ဖ် ၂၀၀၈ ကို ကြော်ငြာရန် အတွက် ကြော်ငြာစီးရီး တစ်ခု ပြုလုပ်ခဲ့သည်။ ဂိတ်စ်အသုံးပြုခဲ့သည့် ပထမဆုံးသရုပ်ဆောင်မှာ Jerry Seinfeld ဖြစ်ပြီး ၎င်းနှင့် ဂိတ်စ်တို့သည် အစပိုင်းကသူစိမ်းများ ဖြစ်ကြပြီး၊သွားရင်းလာရင်း ရှော့ပင်းမောလ်တစ်ခုရှိ ဈေးလျှော့ထားသည့် ဖိနပ်ဆိုင်တစ်ဆိုင်ရှေ့တွင် ဖိနပ်ဝယ်ရန် ကြိုးစား နေသည့် ဂိတ်စ်ကို Jerry Seinfeld က သတိထားမိပြီး၊ စက္ကန့် ၉၀ကြာ စကားပြောပြီးနောက် ဂိတ်စ်နှင့် ပထမဆုံး မိုက်ခရိုဆော့ဖ် ကြော်ငြာခြင်း လုပ်ငန်း တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ တွေ့ဆုံချိန်မှာ ဖိနပ်ဆိုင်မှ ဝန်ထမ်းကောင်လေးသည် မစ္စတာဂိတ်စ်အား ဆိုဒ် တစ်ခုကြီးသည့် ဖိနပ်များကို ရောင်းချရန် ကြိုးစားနေသည့်အချိန် ဖြစ်သည်။ ဂိတ်စ်သည် ရှုးဖိနပ်များဝယ်ယူနေစဉ်တွင် သူ၏ Discount card ကို ကိုင်ဆောင်ထားခဲ့ပြီး၊ ယင်း Discount card ထဲမှ ဓာတ်ပုံမှာ ၁၉၇၇ ခုနှစ်က New Mexico ၌ ယဉ်တိုက်မှုနှင့် အဖမ်းခံရပြီးနောက် အနည်းငယ် ပြောင်းလဲထားခဲ့သော ပုံဖြစ်သည်။ သူတို့နှစ်ယောက် ရှော့ပင်းမော တစ်လျှောက်၌ လမ်းလျှောက်နေစဉ် Seinfeld က ဂိတ်စ် ကို ခင်ဗျားတခြားဆော့ဖ်ဝဲ တီထွင်ထုတ်လုပ်သူတွေကို စိတ်ဝင်စားပျော်ဝင်နေသလား လို့ မေးရာ ဂိတ်စ်က ဟုတ်ကဲ့ ဟု ဖြေသည်။ ထို့နောက် ထပ်မေးသည်မှာ “တကယ်လို့ သူတို့တွေက ကွန်ပြူတာတွေကို စားစရာတွေအဖြစ် ပြောင်းသွားအောင် လုပ်နေတယ်ဆိုရင်ရော” ဂိတ်စ်က ဟုတ်ကဲ့ ဟု ပဲ ဖြေပြန်သည်။ တချို့က Seinfeld ၏ တစ်ကိုယ်တော် ရှိုးပွဲဖြစ်သည့် “ဘာမှမရှိ (nothing)” နှင့်ပက်သက်၍ ဂါရဝပြုခြင်းတစ်မျိုး ဖြစ်သည် ဟု ပြောကြသည်။ ဒုတိယ အကြိမ် ကြော်ငြာစီးရီးတွင် ဂိတ်စ်နှင့် Seinfeld တို့သည် သာမန်မိသားစုတစ်စု၏ အိမ်လေးတွင် သာမန်လူတွေနှင့် အသားကျစေရန် ကြိုးစားနေသည့် အနေအထားဖြစ်သည်။ မိုက်ခရိုဆော့မှ နောက်ပိုင်းကာလ မိုက်ခရိုဆော့ဖ် မှ နားပြီးကတည်းကပင် ဂိတ်စ်သည် သူ၏ ပရဟိတ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ယင်းလုပ်ငန်းများထဲမှ တစ်ခုမှာ ယင်း ဗွီဒီယို အခွေများမှာ အများပြည်သူများအတွက် အွန်လိုင်း မှတဆင့် ကြည့်ချင်လျှင် မိုက်ခရိုဆော့ဖ်၏ Tuva ပရောဂျက် ၌သာ ကြည့် နိုင်ကြမည် ဖြစ်သည်။ ၂၀၁၀ ဧပြီလတွင် ဂိတ်စ် ကို Massachusetts Institute of Technology မှ လာရောက်လည်ပတ်၍ ကျောင်းသားများအား ဩဝါဒ စကားပြောကြားပေးရန် ဖိတ်ခေါ်ခဲ့သည်။ ဂိတ်စ်က ကျောင်းသားများအား အနာဂတ်တွင် ပေါ်ပေါက်လာမည့် ကမ္ဘာကြီး၏ အကျပ်အတည်းများ နှင့်ပက်သက်၍ မေးခွန်းထုတ်ခဲ့သည်။ ပုဂ္ဂိုလ်ရေး ဘဝ ဂိတ်စ်သည် Texas ရှိ Dallas တွင်နေထိုင်သော မလင်ဒါဖရက်ချ် နှင့် ၁၉၉၄ ခုနှစ် ဇန်နဝါရီလတွင် လက်ထပ်ခဲ့သည်။ သူတို့တွင် ကလေးသုံးယောက်ရှိပြီး၊ သမီးနှစ်ယောက်ဖြစ်သည့် အနက် Jennifer Katharine Gates ကို ၁၉၉၆ တွင် မွေး၍ Phoebe Adele Gates ကို ၂၀၀၂ တွင် မွေးခဲ့သည်။ သားဖြစ်သူ Rory John Gates ကိုတော့ ၁၉၉၉ တွင် မွေးဖွားခဲ့သည်။ ဂိတ်စ် မိသားစု အိမ်သည် သဘာဝပတ်ဝန်းကျင် နှင့် နီးစပ်သောအိမ်ကလေးဖြစ်ပြီး၊ Medina ရှိ Lake Washington ကို လှမ်းမြင်နိုင်သော တောင်တန်း ကလေးပေါ်၌ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဝါရှင်တန်၏ ပြည်နယ် အုပ်ချူပ်ရေးဌာနရှိ အများပြည်သူဆိုင်ရာ မှတ်တမ်းများအရ ၂၀၀၆ ခုနှစ် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု (အိမ်ရာ နှင့် လယ်မြေ) စုစုပေါင်း သည် ဒေါ်လာ၁၂၅ သန်း ရှိပြီး၊ တစ်နှစ်တာအတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ငွေ မှာ ၉၉၁,၀၀၀ ဒေါ်လာ ရှိသည်။ ဂိတ်စ်၏ ၆၆,၀၀၀ စတုရန်းပေ (၆၁၀၀ စတုရန်းမီတာ) ကျယ်သော မြေတွင် ပေ ၆၀ ( ၁၈ မီတာ) ကျယ်သော ရေအောက်တေးဂီတစနစ်ပါ ရေကူးကန်၊ စတုရန်းပေ ၂၅၀၀(၂၃၀ စတုရန်းမီတာ)ကျယ်သော အားကစားခန်းမ နှင့် စတုရန်းပေ ၁၀၀၀(၉၃ စတုရန်းမီတာ)ကျယ်သော ထမင်းစားခန်း တို့ ပါရှိသည်။ ဂိတ်စ် ၏ပုဂ္ဂလိက ရှာဖွေရရှိသော ချမ်းသာမှုများ တွင် ၁၉၉၄ ခုနှစ် လေလံပွဲမှ ဝယ်ယူခဲ့သော ဒေါ်လာ ၃၀.၈ သန်း တန် Codex Leicester အမည်ရှိ Leonardo da Vinci ၏ လက်ရာ လည်း အပါအဝင် ဖြစ်သည်။ ဂိတ်စ်သည် စွန့်စားခန်းဝထ္ထုကြိုက်သူလည်း ဖြစ်သည်။ သူ့အိမ်ရှိ စာကြည့်တိုက် အကြီးကြီး၏ မျက်နှာကျက်ကို The Great Gatsby ဝထ္ထုထဲက အတိုင်း ဂူပေါက် လိုမျိုးဖြစ်အောင် ဆောက်လုပ်ထားခဲ့သည်။ သူသည် ကဒ်ဖြင့်ကစားနည်းအမျိုးမျိုး၊ တင်းနစ် နှင့် ဂေါက် ရိုက်ခြင်းများတွင် ပျော်မွေ့သည်။ ဂိတ်စ်သည် Forbes ၄၀၀ တွင် နံပါတ် ၁ နေရာ၌ ၁၉၉၃ မှ ၂၀၀၇ ခုနှစ်အထိ ရှိနေခဲ့ပြီး၊ Forbes ၏ ကမ္ဘာ့ အချမ်းသာဆုံးလူများ စာရင်းတွင် နံပါတ် ၁ နေရာကို ၁၉၉၅ မှ ၂၀၀၇ ခုနှစ် အထိ နှင့် ၂၀၀၉ တွင်တစ်ကြိမ် ရှိနေခဲ့သည်။ ၁၉၉၉ တွင် ဂိတ်စ်၏ ပိုင်ဆိုင်မှုမှာ အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ အထိ ဖြစ်သွားခဲ့ရာ မီဒီယာများမှ “Centibillionaire” လို့ ခေါ်ဆိုခဲ့ကြသည်။ ၂၀၀၀ပြည့်နှစ်မှ ဒေါ့-ကွန်ပူဖောင်း ပေါက်ကွဲပြီး မိုက်ခရိုဆော့ဖ် စတော့ရှယ်ယာ ဈေးနှုန်းပြုတ်ကျချိန်နှင့် ပရဟိတ လုပ်ငန်းများစွာသို့ ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းအပြီး မိုက်ခရိုဆော့ဖ် အမည်ခံ အဆောက်အအုံများမှာ တန်ဖိုးများ ပြုတ်ကျခဲ့တော့သည်။ ၂၀၀၆ မေလ အင်တာဗျူးတစ်ခုတွင် ဂိတ်စ် က ပြောခဲ့သည်မှာ သူသည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် တစ်ယောက်မဖြစ်ခဲ့ရင်ကောင်းမှာပဲ ဘာလို့ဆိုတော့ အဲ့ဒီစာရင်းဝင် အဖြစ် လူအများအာရုံစိုက်မှုကို ဝယ်ယူခဲ့သလို ဖြစ်နေလို့ပဲ ဟူ၍ ဖြစ်သည်။ ဂိတ်စ်တွင် မိုက်ခရိုဆော့ဖ် အပြင် အခြားသောရင်းနှီးမြှုပ်နှံမှုများလည်း ရှိသေးသည်။ ထိုလုပ်ငန်းများမှ ၂၀၀၆ တွင် လစာငွေ ၆၁၆,၆၆၇ ဒေါ်လာနှင့် အပိုငွေ ၃၅ဝ,ဝဝဝဒေါ်လာ စုစုပေါင်း ၉၆၆,၆၆၇ ဒေါ်လာ ရှာပေးနိုင်ခဲ့သည်။ 1989 တွင် Corbis ဒီဂျစ်တယ် ဓာတ်ပုံ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ၂၀၀၄ တွင် ဂိတ်စ်သည် ရေရှည်လက်တွဲခဲ့သော သူငယ်ချင်းအရင်း ဖြစ်သူ Warren Buffett ဦးဆောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Berkshire Hathaway ၏ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့သည်။ ၂၀၁၀ မတ်လတွင် ဘီလ်ဂိတ်စ်သည် ကားလို့စ်စလင်းမ် ၏ အောက် ဒုတိယ ကမ္ဘာ့အချမ်းသာဆုံး နေရာသို့ ကျဆင်းခဲ့သည်။ ပရဟိတ လုပ်ငန်းတွေများများ လုပ်ခြင်းအားဖြင့် လူအများရဲ့ အာရုံစိုက်မှု မြင့်တက်လာမှန်းသိသွားသောအခါ တခြားသူအများရဲ့ သူ့အပေါ်ထားရှိသော မျှော်လင့်ချက်တွေကို စတင်သိရှိလာခဲ့သည်။ Andrew Carnegie နှင့် John D. Rockefeller တို့၏ လုပ်ရပ်များကို လေ့လာခဲ့ပြီး၊ ၁၉၉၄တွင် မိုက်ခရိုဆော့ဖ် ၏ စတော့ရှယ်ယာအချို့ကို ရောင်းချ၍ William H. Gates Foundation ကို တည်ထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဂိတ်စ်နှင့် ဇနီးသည်တို့ နှစ်ဦးပေါင်းစပ်၍ မိသားစုသုံးခုစာ Foundations များကို တစ်ခုတည်းသော Bill & Melinda Gates ပရဟိတ Foundation ကြီးတစ်ခု အဖြစ်တည်ထောင်ခဲ့ကြသည်။ ၎င်းသည် ကမ္ဘာ့ပေါ်တွင် ပွင့်လင်းမြင်သာမှု အရှိဆုံး လုပ်ကိုင်လျက်ရှိသည့် ပရဟိတ လုပ်ငန်း အဖွဲ့အစည်းကြီးတစ်ခု အဖြစ် ရှိသည်။ အခြားသော Wellcome Trust (U.K ရှိပရဟိတ အဖွဲ့အစည်း) ကဲ့သို့သော ပရဟိတ လှူဒါန်းသည့် အဖွဲ့အစည်းကြီးများနှင့် မတူသည်မှာ ဂိတ်စ်သည် ငွေကြေးလှူဒါန်းရာတွင် အသုံးပြုသူအနေနှင့် မည်သို့ အသုံးချမည်နည်း ဆိုသည့်အချက် ပေါ်တွင်သာ မူတည်၍ အလှူငွေကို ပေးခြင်းဖြစ်သည်။ David Rockefeller ၏ ရက်ရောမှုနှင့် မြောက်မြားလှစွာသော ပရဟိတ အလှူများက အဓိက လွှမ်းမိုးမှု အနေနှင့် ဂုဏ်ပြုမှတ်တမ်း တင်ခံခဲ့ရသည်။ ဂိတ်စ်နှင့်သူ့အဖေက Rockefeller နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံကြပြီး၊ Rockefeller မိသားစု၏ ပရဟိတလုပ်ရခြင်း ရည်ရွယ်ချက် ဖြစ်သော “အစိုးရတွေနဲ့ တခြားအဖွဲ့အစည်း တွေက မျက်ကွယ်ပြုထားကြတဲ့ ကမ္ဘာ့ ပြဿနာတွေနှင့် ပက်သက်၍ လှူဒါန်းခြင်း” ဟူသည့် ရည်ရွယ်ချက်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပုံစံချခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် Bill and Melinda Gates ဖောင်ဒေးရှင်းသည် အမေရိကန်ဒေါ်လာ၂၈ဘီလီယံ လှူခဲ့ပြီးဖြစ်၍ အမေရိက ၏ ဒုတိယ အရက်ရောဆုံး ပရဟိတ လုပ်ငန်း ကြီး ဖြစ်ခဲ့သည်။ ၎င်းဖောင်ဒေးရှင်းကြီးသည် ဝေဖန်မှုတချို့ကိုလည်း ခံယူခဲ့ရသေးသည်။ ယင်းဝေဖန်မှုမှာ ဤလှူဒါန်းငွေများမှာ ငွေအရင်းအနှီးအများအပြားကို ရင်းနှီးမြုပ်နှံခြင်း ဖြစ်ပြီး၊ ထိုရင်းနှီးမြုပ်နှံမှုမှာ အမြင့်ဆုံးသော အမြတ်ကိုပြန်လည်ရရှိခြင်း မရှိသေးပဲ ဖြစ်နေသည် ဟူ၍ ဖြစ်သည်။ ၎င်းအတွက် ဖြေရှင်းချက်အနေနှင့် ဖောင်ဒေးရှင်းမှ ဆင်းရဲခြင်းကို တိုက်ဖျက်ရန်အတွက် လျာထားသော ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ စီးပွားရေးကျဆင်းလာသည့် ကုမ္ပဏီ များတွင် ရင်းနှီးမတည်ပေးခြင်းကို ပြုလုပ်ခဲ့ရသည်။ ယင်း ကုမ္ပဏီများတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေသော ကုမ္ပဏီများနှင့် ဆေးဝါး ကုမ္ပဏီများ များပါဝင်ပြီး၊ ၎င်းတို့၏ထုတ်ကုန်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့နေခြင်း မဟုတ်ကြပေ။ သတင်းမီဒီယာလောက၏ ဝေဖန်မှုများကို တုံ့ပြန်သောအားဖြင့် ၂၀၀၇ ခုနှစ်တွင် ဖောင်ဒေးရှင်းမှ ၎င်း၏ ရင်းနှီးမတည်မှုများ၊ လှူဒါန်းမှုများအား လူမှုရေး တာဝန်ဝတ္တရားရှုထောင့်မှ ပြန်လည် ဆန်းစစ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များအား ဆုံးဖြတ်သလို မဲပေးစနစ်ဖြင့် ဆုံးဖြတ်လိုက်ပြီး သောအခါ ပြန်လည်ဆန်းစစ်ခြင်းအား ရပ်လိုက်ပြီး၊ ဖောင်ဒေးရှင်း၏ မူရင်းမူဝါဒဖြစ်သည့် အမြင့်ဆုံး အမြတ်အတွက် ရင်းနှီးမြုပ်နှံခြင်းမူဝါဒဖြင့်သာ ပြန်လည်ရပ်တည်ခဲ့သည်။ သူ၏ ကြွယ်ဝချမ်းသာမှုများအနက် ထက်ဝက်ကျော်ကို အာမခံ ရင်းနှီးမြုပ်နှံ ခြင်း၌ သာ ထည့်သွင်းခဲ့သည်။ အသိအမှတ်ပြုခံရမှုများ ၁၉၈၇ ခုနှစ် သူ၏၃၂နှစ်မြောက် မွေးနေ့ မတိုင်မီ နေ့အနည်းငယ် အလိုတွင် ဂိတ်စ်သည် Forbes' 400 ကမ္ဘာ့အချမ်းသာဆုံးစာရင်းစာမျက်နှာများတွင် ဘီလျံနာ တစ်ယောက်အဖြစ် တရားဝင်ဖော်ပြခံရသည်။ မိမိဘာသာ ကြိုးစား၍ အောင်မြင်ခဲ့သော ဘီလျံနာများအနက် ကမ္ဘာ့အသက်အငယ်ဆုံး တစ်ယောက်အဖြစ် ၁.၂၅ ဘီလီယံ ဒေါ်လာ ပိုင်ဆိုင်ပြီး အရင်နှစ်က ပိုင်ဆိုင်မှု ( ပထမဆုံးပွဲဦးထွက်စာရင်းဝင်သည့် အချိန်) ထက် ဒေါ်လာသန်း၉၀၀ ကျော် ပိုခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းမှ ဂိတ်စ်အား နှစ်ဆယ်ရာစုကို ကမ္ဘာ့လွှမ်းမိုးနိုင်ဆုံးသူ အယောက်တစ်ရာ အနက် တစ်ယောက် အဖြစ် သတ်မှတ်ထည့်သွင်းခဲ့ပြီး၊ ၂၀၀၄၊ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်များ အတွက်လည်း ကမ္ဘာ့လွှမ်းမိုးနိုင်ဆုံးသူ အယောက်တစ်ရာတွင် ပါဝင်ခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းမှဆက်လက်၍ ဂိတ်စ်၊ ဇနီးဖြစ်သူ Melindaနှင့် U2 အဖွဲ့၏ ခေါင်းဆောင် အဆိုတော် Bano တို့အား သူတို့ပြုလုပ်ခဲ့သော လူသားချင်း ညှာတာထောက်ထားသည့် ကိစ္စရပ်များအတွက် ၂၀၀၅ ခုနှစ်၏ တစ်နှစ်တာအတွင်း အထူးချွန်ဆုံးသူများ အဖြစ် တစုတစည်းတည်း သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “ငါတို့ခေတ်ရဲ့သူရဲကောင်းများ” စာရင်းတွင် နံပါတ် ၁၈ နေရာ တွင် မဲ အများဆုံးရသည်။၁၉၉၉ ခုနှစ် Sunday Times Power စာရင်းတွင် ပါဝင်ခဲ့ရ၊ စီအီးအိုမဂ္ဂဇင်း၏ ၁၉၉၄ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံး စီအီးအို အဖြစ်၊ ၁၉၉၈ တွင် တိုင်းမ်မဂ္ဂဇင်း၏ “ထိပ်သီး ဆိုက်ဘာ အီလစ် ၅၀” တွင် နံပါတ် တစ် နေရာ၊ ၁၉၉၉ တွင် “အဆင့်အမြင့်ဆုံးElite ၁၀၀” တွင် နံပါတ် နှစ် နေရာနှင့် Guardian သတင်းစာတွင် ၂၀၀၁ ခုနှစ်၏ “မီဒီယာတွင် လွှမ်းမိုးနိုင်ဆုံးသူ ထိပ်သီး ၁၀၀” များတွင် ရောက်ရှိနေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗြိတိန် ကွန်ပြူတာ အသိုင်းအဝိုင်း၏ နှစ်ဆယ်ယောက်မြောက် ထင်ရှားကျော်ကြားသော အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုခံရသည်။ ဂိတ်စ်သည် ပါရဂူဘွဲ့များကို ၂၀၀၀ ပြည့်နှစ်တွင် Nyenrode Business Universiteit, Breukelen, The Netherlands မှ၊ ၂၀၀၂ ခုနှစ်တွင် the Royal Institute of Technology, Stockholm, Sweden မှ၊ ၂၀၀၅ ခုနှစ်တွင် Waseda University, Tokyo, Japan မှ၊ ၂၀၀၇ ခုနှစ်တွင် Harvard University နှင့် Tsinghua University, Beijing, China မှ၊ ၂၀၀၈ ခုနှစ်တွင် the Karolinska Institutet, Stockholm မှ၊ နှင့် ၂၀၀၉ ဇွန်လ တွင် Cambridge University တို့မှ ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Peking University ၏ ယုံကြည်ရသော စေတနာ့ဝန်ထမ်း အကျိုးဆောင် အဖြစ် ဂုဏ်ပြုခံရသည်။ ၂၀၀၅ ခုနှစ်တွင် Queen Elizabeth II ဘုရင်မကြီး၏ အမိန့်နှင့် စေတနာ့ဝန်ထမ်း အကျိုးဆောင် သူရဲကောင်း ဘွဲ့ကို ပေးအပ်ခြင်းခံရသည်။ ထပ်မံ၍ အင်းဆက်ပိုးကောင်များလေ့လာသော ပညာရှင်များကို ဘီလ်ဂိတ်စ် ပန်းယဉ်ကောင်၊ အရစ်စတဲလစ် ဂိတ်စီ စသဖြင့် ဘီလ်ဂိတ်စ်နာမည် အစွဲပြု ခေါ်ဝေါ်စေခဲ့သည်။ ၂၀၀၆ နိုဝင်ဘာလတွင် ဂိတ်စ်သည် ၎င်းတို့ ၏ကမ္ဘာတဝှန်း ပြုလုပ်ခဲ့ကြသော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများ အတွက် Order of the Aztec Eagle ဆုကို ဇနီးဖြစ်သူနှင့် အတူ ရရှိခဲ့သည်။ အထူးသဖြင့် Mexico တွင်ပြုလုပ်ခဲ့သော Un país de lectores ပရိုဂရမ် အတွက် ဖြစ်သည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဂိတ်စ်သည် Franklin Institute ၏၂၀၁၀ Bower Award for Business Leadership ကို ၎င်း၏ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်မှုများနှင့် ပရဟိတ လုပ်ငန်းများအတွက် ချီးမြှင့်ခံရသည်။ ၂၀၁၀ တွင် အမေရိကန် ကင်းထောက် လူငယ်များ၏ Silver Buffalo Award ကို ရရှိသည်။ ၎င်းသည် အရွယ်ရောက်ပြီးလူငယ်များမှ လူငယ်များအတွက် အကျိုးဆောင်မှုအတွက် ချီးမြှင့်သော အမြင့်ဆုံးဆုဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ အမေရိကန် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ပေါင်းစပ်ရင်းနှီးမြှုပ်နှံမှု ပြုထားသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှင့် အကျိုးတူစုပေါင်း ကုမ္ပဏီတစ်ခုဖြစ်သည့် LLC တွင် အမြောက်အမြား ရင်းနှီးခဲ့သည်။ LLC သည် ဘီလ်ဂိတ်စ်၏ ထိန်းချူပ်မှုအောက်တွင် ရှိပြီး၊ ရုံးချူပ်မှာ အမေရိကန် အနောက်မြောက်အရပ်ရှိ Kirkland မြို့တော်တွင် တည်ရှိသည်။ (က) ဘီလ်ဂိတ်စ်မှ bgC3 အမည်ရှိ အစိုးရ အကြံပေး ပညာရှင်များ ကုမ္ပဏီကို စတင်ထူထောင်ခဲ့ (ခ) Corbis အမည်ရှိ ဒီဂျစ်တယ် ဓာတ်ပုံ ဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် လိုင်စင် အကျိုးဆောင် ကုမ္ပဏီ (ဂ) TerraPower အမည်ရှိ နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်း ကုမ္ပဏီ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဂိတ်စ် အကြောင်းရေးထားသော စာအုပ်၂အုပ်ရှိသည်: The Road Ahead (1995) Business @ the Speed of Thought (1999) ရုပ်ရှင်များ Gates has appeared in at least one film: Waiting For SupermanBill Gates Goes to Sundance, Offers an Education, ABC News, January 23, 2010 စာအုပ်များ ကိုးကား Category:ကမ္ဘာကျော် လုပ်ငန်းရှင်များ ကဏ္ဍ:အမေရိကန် ဘီလျံနာများ
ငွေထွန်း (Solveware Solution)
ငွေထွန်း (မွေးရက် - ၁၇ မေ ၁၉၇၆) သည် Solveware Solution ၏ စီအီးအိုဖြစ်သည်။ ဆောင်ရွက်မှုများ မြန်မာအန်အယ်လ်ပီတွင် ဦးဆောင်သူတစ်ဦးဖြစ်ပြီး မြန်မာယူနီကုဒ် လက်တွေ့အသုံးချနိုင်စေရန် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ယူနီကုဒ်ပွိုင့်များကို အသုံးပြုထားသည့် လက်တွေ့အသုံးချနိုင်သည့် မြစေတီဖောင့်ကို စတင်ထုတ်လုပ်သည်။ ၂၀၀၈ တွင် အခမဲ့လွတ်လပ်ယူနီကုဒ်ဖောင့်ဖြစ်သည့် ပုရပိုက်ဖောင့် ကို ထုတ်လုပ်သည်။ လက်ရှိတွင် မြန်မာဝီကီပီးဒီးယား၊ ယူနီကုဒ်အသုံးချမှုဖွံ့ဖြိုးရေးနှင့် မြန်မာဘာသာစကားဖြင့် ကွန်ပျူတာအသုံးချနိုင်ရန်တို့ကို ဆောင်ရွက်နေသည်။ မိသားစုဘဝ ဇနီးမှာ လေးလေးမြင့် ဖြစ်၍ သားတစ်ဦးရှိသည်။ သားဖြစ်သူအမည်မှာ ဇွဲနေလင်းထွန်းဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်သည်။ ကိုးကား Category:မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ‎