title
stringlengths
7
500
content
stringlengths
3
32.1k
⌀
url
stringlengths
1
33.7k
⌀
date
stringlengths
1
25.9k
⌀
(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် မတ် ၂၃။(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။။ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။။အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် မတ်(၂၃)ရက် ရောက်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ သဘာဝဘေးအန္တရာယ်လျော့ပါရေး ကြိုတင်သတိပေးမှုနှင့် တုံပြန်ဆောင်ရွက်မှု ကို မြှင့်တင်ပေး၊   (Early Warning and Early Action. Hydrometeorological and Climate Information for Disaster Risk Reduction’’) ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်အဖြစ်အပျက်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာခဲ့ရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံး ဒေသများဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း သိသိသာသာ ခံစားနေရပါကြောင်း၊ မုတ်သုံ အဝင်နောက်ကျခြင်း၊ အထွက်စောခြင်းတို့ကြောင့် ပျမ်းမျှမုတ်သုံကာလများဟာ တိုတောင်းလာရာ ယခင်က မုတ်သုံကာလ (၁၄၄)ရက်ရှိခဲ့ရာမှ၊ ယခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ (၃)ပတ်ကျော်လျော့ နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အနေဖြင့် မြန်မာ့ပင်လယ်ပြင်မှာ ဖြစ်ပေါ်သွားတဲ့ မုန်တိုင်းဟာ နှစ်ပေါင်း (၁၀၀)ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း ပြောကြားသည်။ ။ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာကို ဗွီဒီယိုဖြင့်ပြသသည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်ပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်း ပြသထားသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသော ခေတ်မီပစ္စည်း ကိရိယာများနှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။ မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင် ဘာသာရပ်ဆိုင်ရာ စာတမ်းများကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဖက်ဌာနများ ဖြစ်သော ကျိုင်းတုံတက္ကသိုလ် (ပထဝီဝင်ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုးတက္ကသိုလ် (ဓါတုဗေဒဌာန)နှင့် နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဌာန(ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ကို (၁၉၅၁) ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၆၁)ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/23389
2022-03-23
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၃။(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် Virtual Online Conference စနစ်ဖြင့် ကျင်းပသည်။။အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံ ဆရာ ဝန်အသင်း သည် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဆေးပညာရှင် များ ကျင့်ဝတ် ဂုဏ်သိက္ခာများ နှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကာ မြန်မာနိုင်ငံဆေးပညာလောကကို အကျိုးပြုလျက်ရှိသည့် ဆရာဝန်ထုကြီး၏ အားထားရာ အဓိကအသင်းကြီးဖြစ်ပါကြောင်း၊ အသင်းတွင် ဆေးပညာဘာသာရပ်အဖွဲ့ (၄၆)ခုနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲများရှိကာ အင်အားတောင့်တင်း၍ လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း ဝန်ကြီးဌာနနှင့်ပူး ပေါင်းကာ COVID-19  Call Center ၊ ကိုဗစ်-၁၉ ဆေးကုသရေးဌာန များနှင့် အခြားကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာပါဝင် ဆောင်ရွက် လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း။။မိမိအနေဖြင့် နိုင်ငံတွင်းရှိဆရာဝန်တိုင်းအား မြန်မာနိုင်ငံဆရာဝန်အသင်းသို့ ဝင်ရောက် စေလိုပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် အသင်း၏ လုပ်ငန်းများပိုမိုကောင်း မွန်တိုးတက်စေရေးအတွက် အကြံပြုချက်များရရှိစေရန် နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များထံမှ စစ်တမ်းပုံစံဖြင့် အကြံပြုချက်များ ကောက်ယူစေလိုပါကြောင်း၊ ထိုသို့ကောက်ယူရာတွင် ကိုဗစ်-၁၉ ကာလ၌ လျင်မြန်စွာ အဖြေများရရှိစေရန် မြန်မာနိုင်ငံဆရာဝန်အသင်း၏ အင်တာနက် စာမျက်နှာပေါ်မှတစ်ဆင့် အွန်လိုင်းစစ်တမ်းပုံစံဖြင့် ကောက်ယူစေလိုပါကြောင်း၊  ပညာရှင်ကြီး များ၏ အကြံပြုချက်များ၊ စစ်တမ်းတွေ့ရှိချက်များအပေါ်မူတည်၍ အသင်း တွင်ရှိသော အရင်းအမြစ်အခြေအနေများနှင့် ကိုက်ညီချိန်ဆကာ လက်တွေ့ကျသောလမ်းပြ မြေပုံနှင့် လုပ်ငန်းစဉ်များချမှတ်ကာ ရေရှည်တွင် အသင်းကြီး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်း။။ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲပြုစုရာတွင် အသင်းကြီးရှိ ဆေးပညာဘာသာရပ်အဖွဲ့ (society) များ၏ အကြံဉာဏ်များကို ဆက်လက်ရ ယူရန်လိုအပ်သဖြင့် သက်ဆိုင်ရာအဖွဲ့များက ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပညာ ရပ်သည် အမြဲမပြတ်တိုးတက်မှုများရှိနေကာ တွေ့ရှိချက်အသစ်များနှင့် ကုထုံးအသစ်များ အမြဲတမ်းပေါ်ပေါက်လျက်ရှိသဖြင့် ဆေးပညာရှင်များအနေဖြင့် နောက်ဆုံးပေါ်ကုထုံးနှင့် တွေ့ရှိချက်များအား မျက်ခြေမပြတ်သိရှိလေ့လာနေရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အင်တာနက်စာမျက်နှာ၌လည်း ထုတ်လွှင့်ထားရန် အရေးကြီးပါကြောင်း။။အသင်းကြီးမှ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးအစီအစဉ်များဖြင့် မွမ်းမံသင် တန်းအမျိုးမျိုးကို ပြုလုပ်လျက်ရှိရာ ထိုသို့သော သင်တန်းတက်ရောက်သူ ဆရာဝန်များအား လေ့လာသင်ယူမှုအမှတ်/ အဆင့်(credit) များ သတ်မှတ်ပေးအပ်ရမည်ဖြစ်ပါကြောင်း၊ ဆရာဝန်များ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးရာတွင် အဆိုပါ အမှတ်/ အဆင့် (credit) များအား ထည့်သွင်းစဉ်းစားပြီးမှသာ သက်တမ်းတိုးပေးခြင်းဖြင့် ဆေးပညာရှင်များ၏ အရည် အသွေးသည် အမြဲတမ်းမြင့်မားနေမည် ဖြစ်ပါကြောင်း၊ ထိုသို့သော စနစ်မျိုး (၂၀၂၁) ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် (၂၀၂၂) ခုနှစ်၊ နှစ်ဦးပိုင်းခန့်တွင်စတင်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ ဆေးတက္ကသိုလ်များရှိ ပါမောက္ခ/ဌာနမှူးများနှင့် ဆက်လက်တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။။ကုသမှုပညာနှင့် စွမ်းဆောင်ရည်တို့ကို အခြေပြုအကဲဖြတ်၍ သက်ဆိုင်ရာ ဆေးပညာ ဘာသာရပ်အလိုက် ပညာရှင်များပါဝင်ဖွဲ့စည်းထားသော ဘုတ်အဖွဲ့များမှ ဆေးပညာ ဘာသာ ရပ်အလိုက် အသိအမှတ်ပြု ဆရာဝန်များ အဖြစ်သတ်မှတ်နိုင်ရေးကိုလည်း မြန်မာနိုင်ငံဆရာ ဝန်အသင်းရှိ ဆေးပညာဘာသာရပ်အဖွဲ့များမှ ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဝိုင်းဝန်းဆွေးနွေး ပြီး ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပညာဘာသာရပ်အဖွဲ့များအနက် အထွေထွေ ရောဂါကုဆရာဝန်များအဖွဲ့သည် အဖွဲ့ဝင်အများဆုံးဖြစ်ပြီး အထွေထွေ ရောဂါကုဆရာဝန်များ သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နေသဖြင့် လူတိုင်းလက်လှမ်း မီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ပန်းတိုင်များရရှိစေ ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များ၏ ရည်အသွေး ပိုမိုမြင့်မားလာစေရေးကို ဤအသင်းကြီးမှ စဉ်းစားဆောင်ရွက်ပေးရန်လိုပါ ကြောင်း။။မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်များအသင်း၊ မြန်မာနိုင်ငံဆေး ဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်းစသည့် ဆေးပညာနှီးနွှယ်အသင်းများနှင့် ပိုမိုပူး ပေါင်းချိတ်ဆက် ဆောင်ရွက်ပါက နိုင်ငံ၏  ကျန်းမာရေး စောင့်ရှောက်မှု စနစ်နှင့်လုပ်ငန်းများ ပိုမိုကောင်းမွန်တိုး တက်လာမည်ဖြစ်ပါကြောင်း၊ ရှေ့အနာဂတ်ကိုမျှော်တွေးကာ အသင်းကြီး အနေဖြင့် ခေတ်မီ အင်တာနက်ကွန်ရက် အသုံးပြု သင်တန်းများ၊ ဒီဂျစ်တယ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတွင်ကျယ် လာစေရေး စဉ်းစားကြံဆကာဆောင်ရွက်စေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ညီလာခံတွင် ဆွေးနွေးတင်ပြသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် စာတမ်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တိုးတက်လာ သည်ကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများအားလုံးနှင့် ဆွေးနွေးတင်ပြသူများအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း၊ အသင်းကြီးအနေဖြင့် ဆရာဝန်ကျင့်ဝတ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတကာအသင်း အဖွဲ့များနှင့် ဆက်သွယ်ပြီး ဆေးပညာ အဆင့်အတန်းမြင့်မားရေးကိစ္စများ ဆောင်ရွက်နေသည်များ ကို ပိုမိုအရှိန်အဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ယခုထက် အသင်းဝင်များ ပိုမိုများပြားကာဆရာဝန်ထုတစ်ရပ်လုံးက ပိုမိုအားကိုးရ သောအသင်းကြီး တစ်ခုဖြစ်လာပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ဆက်လက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။။ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထင်အောင်စောက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။။ယင်းနောက်  ညီလာခံတွင် နှီးနှော ဆွေးနွေးဖလှယ်မှု အစီအစဉ်များ၊ စာတမ်းဖတ်ကြား ရှင်းလင်းမှု အစီအစဉ်များကို ဆက်လက်ပြုလုပ်သည်။။ညီလာခံကို Virtual Online Conference စနစ်ဖြင့် ဇန်နဝါရီ (၂၅) ရက်အထိ ပြုလုပ် သွားမည် ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/10898
2021-01-23
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ အကြို ကိုဗစ်-၁၉ နှင့် ပတ်သက်သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၁။(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ အကြို COVID-19 နှင့် ပတ်သက် သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများဆွေးနွေးပွဲ (67th Myanmar Medical Conference Pre-Conference Symposium on COVID-19) ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။။ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု၊ ကုသမှု၊ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ စားပွဲဝိုင်း လေ့ကျင့်ခန်းများ၊ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ အစည်းအဝေးများ ပြုလုပ်ခြင်းသည် ယခုကျင့်သုံးလျက် ရှိသော ကုသရေးကုထုံးများ ပိုမိုကောင်းမွန်စေရေး၊ လူနာပြုစုမှုပိုမိုစနစ်ကျစေရေး၊ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများ ပိုမိုထိရောက်စေရေး၊ ရောဂါရှာဖွေစစ်ဆေးမှု နည်းစနစ်များ ပိုမိုလျင်မြန်တိကျ၍ ကောင်းမွန် တိုးတက်စေရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးမှုစနစ် ပိုမိုကောင်းမွန်စေရေးတို့ အတွက် များစွာအကျိုးရှိသည့်အတွက် မိမိတို့ ပြုလုပ်လျက်ရှိပါကြောင်း။။မျိုးဗီဇပြောင်းလဲလျက်ရှိသည့် ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါသည် ရောဂါသစ်ဖြစ်ပြီး ရောဂါ၏ သဘောသဘာဝဖြစ်စဉ် (natural history of disease) ကို အလုံးစုံသိရှိခြင်း မရှိသေးသဖြင့် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကုသရေးကိစ္စရပ်များ၌ လည်းကောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးကိစ္စရပ်များ၌လည်းကောင်း ယခုကဲ့သို့သော ဆွေးနွေးပွဲများ၊ ညီလာခံများ၊ စားပွဲဝိုင်း လေ့ကျင့်ခန်းများမှ ထွက်ပေါ်လာသော အကြံပြုချက်များနှင့် ပြောင်းလဲလာသော ကပ်ရောဂါဗေဒအခြေ အနေ အရပ်ရပ်တို့နှင့်အညီ နည်းဗျူဟာများ မွမ်းမံ ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။။နိုင်ငံတကာနှင့် ပြည်တွင်းတွင် ရောဂါကူးစက်ပျံ့နှံမှု ပုံသဏ္ဍာန်နှင့် အတိုင်းအတာများ၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာသော အခြေအနေများအပေါ်မူတည်၍ ရောဂါကာကွယ် ထိန်းချုပ်မှု နည်းဗျူဟာများကို မိမိတို့ မွမ်းမံပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကုသမှုနည်းစနစ်များနှင့် ကုထုံးများသည်လည်း အသစ်အသစ်များ ပေါ်ပေါက်ပြောင်းလဲလျက်ရှိသဖြင့် မိမိတို့သည် မျက်ခြေမပြတ်ဘဲလေ့လာ၍ လိုအပ်သလို မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ဓာတ်ခွဲမှုနည်းစနစ်များ၊ ဓာတ်ခွဲကိရိယာများသည်လည်း ပြောင်းလဲပေါ်ပေါက်လျက်ရှိသဖြင့် ဓာတ်ခွဲမှုနည်းလမ်းနှင့် နည်းစနစ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ မွမ်းမံဆောင်ရွက်ရပါကြောင်း။။ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲအဖြစ် အဆုတ်၊ နှလုံး၊ သွေး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် ပတ်သက် သော နောက်ဆက်တွဲပြဿနာများကို လေ့လာဆန်းစစ်ရန် ဆေးရုံမှဆင်းပြီးသည့် ကိုဗစ်-၁၉ လူနာဟောင်း များ ထံမှ အချက်အလက်များရယူကာ အသုံးချသုတေသနပုံစံဖြင့် အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံသည် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ၊ နိုင်ငံနေပြည်သူများ၏ အခြေခံ ကျန်းမာရေးအခြေအနေ၊ နိုင်ငံတွင်ရှိသော အရင်းအမြစ် အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံများ၏ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စသည်ဖြင့် အခြေအနေအရပ်ရပ်သည် တူညီမှုမရှိသဖြင့် ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်း နည်းဗျူဟာများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူကျ တူညီ၍ မရပါကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် နည်းဗျူဟာများဖြင့်သာ ဆောင်ရွက်ရသည်ဆိုသည့် အချက်ကို နောက်ခံထားကာ မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း။။ယနေ့ ဆွေးနွေးပွဲတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်တို့မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ အတွေ့အကြုံများနှင့် တွေ့ရှိချက်သစ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက် လာသူများက မေးမြန်းမှုများအပေါ် လက်တွေ့မြေပြင်အခြေအနေကိုထင်ဟပ်မည့်  ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သဖြင့် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပါဝင်ဆွေးနွေးမည့် ပညာရှင်များ သည် အတွေ့အ ကြုံမြင့်မားသည့် အငြိမ်းစားဆေးပညာရှင်များ၊ ဆေးပညာဘာသာရပ်အသီးသီးမှ ပညာရှင် များပါဝင်သည် ဖြစ်သဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စုံလင်စွာဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လမ်းညွှန်မှု၊ အကြံပြုမှုတို့အပေါ်မူတည်၍ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထိန်းချုပ်မှုလုပ်ငန်းများကို ပြောင်းလဲလာသော ရောဂါကူးစက်မှု၊ ဖြစ်ပွားမှုအခြေအနေအပေါ်မူ တည်ပြီး မိမိတို့ အတတ်နိုင်ဆုံး အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။။ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်သော စာရင်းဇယားများ ရရှိမှသာလျှင် မိမိတို့သည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေသည် ယခင်လများထက် ကျဆင်းလာသည်ဆိုပြီး ပြည်သူများအနေဖြင့် (လုံးဝ) ပေါ့ဆ၍မရပါကြောင်း၊ ပေါ့ဆပါက ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ ကူးစက်မှုများ ရုတ်ချည်းမြင့် တက်နိုင်သည် ဆိုသည့်အချက်ကို ပြည်သူများအားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ယခု ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ပိုးသည် ကူးစက်မြန်သည့်မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိကို မိမိတို့ အမြဲတမ်းဓာတ်ခွဲ လေ့လာသုံးသပ်လျက်ရှိပြီး ယခုအချိန်အထိ ပြောင်းလဲမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း။။ဗိုင်းရပ်စ်ပိုး၏ပုံမှန် သဘောသဘာဝအရ ပွားများအခါတိုင်း မျိုးဗီဇလက္ခဏာ ပြောင်းလဲနိုင်သည် ဆိုသည့်အချက်ကို နှလုံးမှု၍ အချိန်တိုအတွင်း ကူးစက်မှု ပမာဏများပြားသည့် မြို့နယ်များမှ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲနမူနာများရယူ၍ မိမိတို့ အစဉ်မပြတ်လေ့လာသုံးသပ်လျက်ရှိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မှုအချိန်ကာလ တိုတောင်းမည် (သို့မဟုတ်) ကြာရှည်မည်နှင့် ကူးစက်ပျံ့နှံ့မှုအတိုင်းအတာ နည်းပါးမည် (သို့မဟုတ်) များပြားလာမည်ဆိုသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုအတိုင်းအတာအပေါ်မူတည်နေပါကြောင်း။။ထိုသို့ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိလိုက်နာစေရန်အတွက် ဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) မဖြစ်မနေတပ်ဆင် ရေး လူထုလှုပ်ရှားစီမံချက်ကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာ (၁၅) ရက်တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရပ်တန့်ရေးအဝါရောင်လှုပ်ရှားမှု ကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာ (၂၅) ရက်တွင်လည်းကောင်း၊ တစ်နိုင်ငံ လုံးတွင် တစ်ဦးကို တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း မိသားစု စီမံချက် ကို ယခုနှစ်၊ ဇန်နဝါရီလတွင် စတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံး သူများ ၏ (၉၀) ရာခိုင်နှုန်းခန့်မှာ ရောဂါအခံရှိသူများ ဖြစ်သဖြင့် ၎င်းတို့ ကိုဗစ်-၁၉ ရောဂါ မရရှိစေရေးအတွက် အထူးစီမံချက်ကို ရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ပါကြောင်း။။ဤရောဂါ၏ ကူးစက်ပျံ့နှံ့မှုကို ဖြတ်တောက်နိုင်ရန် ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့သော ဆွေးနွေးပွဲများတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနများမှ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးအကြံပြုမှုများကို ပြုလုပ်ရမည်ဖြစ်သည့်အပြင် ပြည်သူ့ကျန်းမာရေး နှင့်ဆိုင်သည့် အသုံးချသုတေသနများကို အချိန်နှင့် တစ်ပြေးညီပြုလုပ်ကာ တွေ့ရှိချက်များကို ဝန်ကြီးဌာနမှ ဤရောဂါထိန်းချုပ်မည့် ကိစ္စရပ်များ၌ အသုံးချမည်ဖြစ်ပါကြောင်း။။ယခု ကိုဗစ်-၁၉ မတိုင်မီက ဆားစ်ရောဂါ (Severe Acute Respiratory Syndrome (SARS))၊ မားစ်ရောဂါ (Middle East Respiratory Syndrome (MERS))၊ အီဘိုလာရောဂါ (Ebola virus disease (EVD)) တို့ကဲ့သို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်ခဲ့ပါကြောင်း၊  လာမည့်ကာလများတွင်လည်း ထိုသို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်လာဦးမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများဖြစ်သော ကျန်းမာရေးစနစ်အခြေခံအဆောက်အဦစနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ်များပိုမို ခိုင်မာအားကောင်းရေး၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများ အဆင့်မြင့်မားရေး၊ နှင့် ဓာတ်ခွဲခန်းများအကြား ကွန်ရက်ချိတ်ဆက်ကာ သတင်းအချက်အလက်များ အပြန်အလှန် ပေးပို့မှုအားကောင်းရေး၊ စွမ်းဆောင် ရည်မြှင့်သင်တန်းများနှင့် အသုံးချ သုတေသနများပိုမိုလုပ်ကိုင်ရေးတို့ကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါ ကြောင်း။။ကိုဗစ်-၁၉ ရောဂါ၏ ဖြစ်ပွားမှုပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအတိုင်းအတာအပြင် ရောဂါလက္ခဏာတို့သည်လည်း အမြဲပြောင်းလဲလျက်ရှိခြင်းရှိသဖြင့် ထိန်းချုပ်ကုသမှုသည် သိမ်မွေ့နက်နဲခြင်းကြောင့် ကပ်ရောဂါဗေဒ ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ အဏုဇီဝနှင့် ဗိုင်းရပ်စ်ပိုးပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ ဆေးရုံအုပ်ကြီးများနှင့် အမျိုးမျိုးသော ဆေးပညာဘာသာရပ်များမှ ပညာရှင်များအတွက် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရောဂါထိန်းချုပ်မှုဆိုင်ရာ အဟန့်အတားများကို ချက်ချင်းမလျှော့ချဘဲ တဖြည်းဖြည်းချင်းစီသာ အဆင့်လိုက်၊ အဆင့်လိုက်သာလျှော့ချလျက်ရှိပါကြောင်း။။ ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ သက်ဆိုင်ပတ်သက်သူများဖြစ်သည့် ဆေးနှင့်ဆေး ပညာနှီးနွှယ် ဘာသာရပ်ပေါင်းစုံ၊ ဝန်ကြီးဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်နေသဖြင့် သာမာန်ပေါင်းစပ်ညှိနှိုင်းမှုဖြင့်မရဘဲ ဟန်ချက်ညီချိန်သားကိုက် ပူးပေါင်းလက်တွဲ ၍ဆောင်ရွက်ရပါကြောင်း၊ ရေရှည်တွင် ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပိုမို ကောင်းမွန်တိုးတက်စေရန်အတွက် ဆေးနှင့်ဆေးပညာ နှီးနွှယ်ပညာရှင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။။ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာတိုးသီရိအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ ဥက္ကဋ္ဌ ဒေါက်တာထင်အောင်စော၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ဆေးတက္ကသိုလ် (၂)၊ အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာစံပယ်ဖြူ၊  အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးစမ်းနှင့် ယခင်က မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ပါမောက္ခ ဒေါက်တာရဲမြတို့က ဘာသာရပ်နယ်ပယ်အလိုက် ဆွေးနွေးတင်ပြကြရာ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် လာကြသူများက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/10799
2021-01-21
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများခင်းကျင်းပြသ
ဘားအံ နိုဝင်ဘာ ၁၁။(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာ ပြခန်းများအား ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်းတွင် ခင်းကျင်းပြသသည်။။အဆိုပါ ပြခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများအဖြစ် ကရင်စာပေနှင့်ယဉ်ကျေးမှုပြခန်း၊ တိုင်းရင်းသား ရေးရာပြခန်း၊ စည်ပင်သာယာရေးအဖွဲ့ပြခန်း၊ နတလပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၊ လမ်းဦးစီးဌာန ပြခန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ စာပေအနုပညာပြခန်း၊ ကျေးလက်လမ်းနှင့် ကျေးလက်ဦးစီးဌာန ပြခန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ပညာရေးပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းပြခန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြခန်း၊ သိပ္ပံနှင့်နည်းပညာပြခန်း၊ ပတ်ဝန်းကျင်/ သစ်တော/ သတ္တုပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်း၊ စားသုံးသူရေးရာ ပြခန်း၊ ကုန်သွယ်မှုမြှင့်တင်ရေးပြခန်း၊ အသေးစား အလတ်စား စီးပွားရေးပြခန်း၊ သမဝါယမပြခန်း၊ လျှပ်စစ်ပြခန်းများနှင့် ဒေသတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ဒေသထွက်ကုန်ပြခန်းများလည်း ပြသခဲ့ကြောင်း သိရသည်။။အဆိုပါ ပြခန်းများကို နိုဝင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ပြသခဲ့ပြီး (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ပြခန်းများ ခင်းကျင်းပြသခြင်းအပြင် ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ ။ သတင်းစဉ်
https://www.moi.gov.mm/news/32235
2022-11-12
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲအတွက် ဆုများ ပေးအပ်ချီးမြှင့်
လွိုင်ကော်  ဇန်နဝါရီ  ၁၄။(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ဆုရအသင်းများမှ ပြန်လည်ဖျော်ဖြေ တင်ဆက်ခြင်းကို ယမန်နေ့ ည (၇) နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော်ကျင်းပရာကွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ စင်မြင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။။ဆက်လက်၍ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အကအဖွဲ့များမှ ပထမဆုကို ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ တဖူးဒီးကူအကဖြင့် လည်းကောင်း၊ ဒုတိယဆုကို ဆောင်ကန်း (ကယား) ကျေးရွာ (လွိုင်ကော်) အသင်းမှ ကိုယ်စီအလှနှင့် ကယန်းမြေအကဖြင့် လည်းကောင်း၊ တတိယဆုကို ကယောစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ လူမူလိထိုး (ရောင်နီသန်းလာပြီ) အကနှင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အသင်းမှ ဂေဘား ရိုးရာ စုပေါင်းအကဖြင့် လည်းကောင်း ၊ အထူးဆု များအနေဖြင့် ဝီသဲကူး(မြောက်) ကျေးရွာ (ဒီးမော့ဆို)အသင်း၊ လင်ဖုံလေး အထက်ကျေးရွာ (လွိုင်ကော်) အသင်း၊ ဘုရားဖြူကျေးရွာ (ဒီးမော့ဆို) အသင်း၊ တော်ခူ (နန်းဖဲ) ကျေးရွာ (ဖရူဆို) အသင်း၊ ဒေါဆန်းဘွန်း ကျေးရွာ(လွိုင်ကော်) အသင်းနှင့် ဒေါတငူ ရှေ့ကျေးရွာ (ဒီးမော့ဆို) အသင်းတို့မှ အသီးသီးရရှိခဲ့ကြသည်။။အဆိုပါ ဆုရရှိကြသည့် အကအဖွဲ့ဝင်များအား ကယားပြည်နယ်ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှို၊  ကယား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ဦးလှထွေးနှင့် တာဝန်ရှိသူတို့က ဆုများသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရှိရသည်။ ယင်းနောက် ဆုရရှိခဲ့သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များက ပြန်လည်ကပြ ဖျော်ဖြေခြင်း ဒေသခံ တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်ခြင်းများ အားကြည့်ရှုအားပေး ခဲ့ကြသည်။။၂၀၂၀ ခုနှစ်၊ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင် ပွဲသို့ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများနှင့် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၃၉) သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့်အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။။ထွန်းလေး
https://www.moi.gov.mm/news/458
2020-04-22
(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန တစ်ထပ်မြှင့်အဆောက်အဦဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ
ဘားအံ အောက်တိုဘာ ၂၆။၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက အဆိုပါ Centre တည်နေရာ၌ ကျင်းပသည်။။ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်တို့က ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တစ်ထပ်မြှင့် အဆောက် အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့၏ ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။။တိုက်တွန်းမှာကြား။ထို့နောက် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါ Centre အပေါ်ထပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တိုင်းရင်းသားလူငယ်လူရွယ်များအတွက် အသိပညာပေးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ကို ဘားအံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝင်းအတွင်း ဖွင့်လှစ်ထားရှိ ပြီးဖြစ်သော်လည်း ယခင်ထက်ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အအုံကို အပေါ်တစ်ထပ်မြှင့်ပြီး ဘက်စုံသုံးခန်းမ ဖြစ်အောင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၅၅၀ ပံ့ပိုးမှုဖြင့် ထပ်မံအဆင့်မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ဘားအံခရိုင် Community Centre ကို ပြည်သူများ အမှန် တကယ်ရင်းနှီးကျွမ်းဝင်ပြီး ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ အသိပညာဆည်းပူးရာနေရာ၊ သတင်း အချက်အလက်များရယူရာနေရာ၊ ကျောင်းသား လူငယ်များ အတတ်ပညာရှာမှီးရာနေရာအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းပြီး ရေရှည်တည်တံ့ အောင် ထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။။ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ လူထုအခြေပြုဗဟိုဌာန (Community Centre)နှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး သုတ၊ ရသ စာအုပ်များ ဝယ်ယူရန် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အသုံးပြုရန် ဆောင်းဘောက်နှင့် အမ်ပလီဖိုင်ယာတစ်စုံအတွက် ငွေကျပ် ၇ သိန်းကို ထောက်ပံ့ပေးအပ်ရာ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။။တေးသီချင်းဖြင့် ဖျော်ဖြေ။ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ဒေသအကျိုးပြု အစဉ်ရှေးရှု လူထုအခြေပြု သီချင်းအား ရေးစပ်သီကုံးပေးသော တေးရေးဆရာ ဦးအောင်မြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ညွှန်ကြားရေးမှူး ဦးမောင်မောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ဒေသအကျိုးပြု အစဉ်ရှေးရှုလူထုအခြေပြု တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဘားအံခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အပေါ်ထပ်အစည်းအဝေးခန်းကို ကြည့်ရှုစစ်ဆေးကာ မြေညီထပ်ရှိ စာအုပ်သိုလှောင်ခန်းအတွင်း စာအုပ်စာစောင်များ သိုလှောင်ထားရှိမှု အခြေအနေ၊ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှု အခြေအနေ၊ Community Centre လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြကာ တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ ။စောမျိုးမင်းသိန်း (ပြန်/ဆက်)
https://www.moi.gov.mm/news/46483
2023-10-27
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုလက်မှတ်ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
လွိုင်ကော်    ဇန်နဝါရီ     ၃။(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေနှင့်  ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူ (၆၅) ဦး တို့အား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။။ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လက်ရှိ တည်ဆဲမူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက်ပေးသင့်သည့်အရာများကို  ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ပြီး ဌာနအကြီးအကဲများ၏ တင်ပြချက်များနှင့်အညီ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဌာနများတွင် ထူးချွန်ထက်မြက်သည့် ဝန်ထမ်းများရှိပြီး ယင်းအခြေအနေများကို အချို့သောဌာနအကြီးအကဲများအနေနှင့် တင်ပြမှုများ အားနည်းနေသည်ကို တွေ့မြင်ရပါကြောင်း၊ ဌာန အကြီးအကဲများအနေနှင့် ယင်းကဲ့သို့တင်ပြပေးရန် အတွက် တွန့်ဆုတ်နေသည်ကို တွေ့မြင်ရပြီး ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုပေးနိုင်ရန်အတွက် အလေးထားတင်ပြပေးစေလိုကြောင်း၊ မိမိအနေနှင့် ယခုလက်ရှိ ဆုချီးမြှင့်မည့် သူများကို ထိုက်တန်သူများအဖြစ် မှတ်ယူ၍ ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။။ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုလက်မှတ်လက်ခံရရှိသည့် နိုင်ငံ့ဝန်ထမ်းများ ကိုယ်စား ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ် ဦးစီးမှူးမှ လည်းကောင်း၊ ပြည်သူများကိုယ်စား ဦးတင်လှမှ လည်းကောင်း ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။။အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။။ထွန်းလေး(လွိုင်ကော်)
https://www.moi.gov.mm/news/135
2020-03-18
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ၊ ဇန်နဝါရီ ၁၃။၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၁၅) ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာရဝတီ ပွဲတော်ကွင်းတွင် ဇန်နဝါရီ (၁၅) ရက် နံနက် (၈) နာရီ၊ မိနစ် (၅၀) တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။။အဆိုပါအခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MITV ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC)၊ မြန်မာ့အသံ ရေဒီယို အစီအစဉ်၊ Myanmar State Counsellor Office Facebook Page၊ NRPC Facebook Page၊ Ministry of Information Facebook Page၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် ယင်းနေ့ နံနက် (၈) နာရီ မိနစ် (၃၀) အချိန်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း သိရသည်။။( သတင်းစဉ်)
https://www.moi.gov.mm/news/446
2020-04-22
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ စတင် ကျင်းပ
လွိုင်ကော်  ဇန်နဝါရီ  ၁၁။(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အက ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည (၇) နာရီတွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က တက်ရောက် အားပေးကြသည်။။ပြိုင်ပွဲ ပထမနေ့အနေဖြင့် လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့ (၁၆) ဖွဲ့ တို့မှ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြသည်။။အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများကို ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ အထိကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲအပြီးတွင် ဒေသခံတေးဂီတအဖွဲ့ တို့က ဆက်လက်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။။ထွန်းလေး
https://www.moi.gov.mm/news/381
2020-04-22
(၇) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး (7th AMRI+3)သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်
ဒါနန်း စက်တင်ဘာ ၂၃။(၇) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏  အစည်းအဝေး(7th AMRI+3)ကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ယနေ့တွင် ကျင်းပရာ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကြသည်။။ အစည်းအဝေးတွင် AMRI ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung ၊ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံကောင်စီပြန်ကြားရေးဝန်ကြီး Mr. SUN YELI ၊ ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nomura Eigo နှင့် ကိုရီးယားသမ္မတနိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Mr. Nam Chanwoo တို့က အမှာစကား ပြောကြားကြသည်။။ဆွေးနွေးသဘောတူ။ဆက်လက်ပြီး အိမ်ရှင် ဗီယက်နမ်နိုင်ငံ က သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် အာဆီယံ + ၃ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၃ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို တင်ပြရာ အဆိုပါလုပ်ငန်းစီမံချက်များအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးနိုင်ရန် တက်ရောက်လာသည့် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံများမှ ဝန်ကြီးများက ဆွေးနွေးသဘောတူခဲ့ကြသည်။။ထို့နောက် (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ (AMRI) ၏ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် ပတ်သက်သည့် ပူးတွဲမီဒီယာ ထုတ်ပြန်ချက်မူကြမ်းနှင့် အထွေထွေကိစ္စရပ်များအပေါ် သဘောတူခဲ့ကြသည်။။အာဆီယံဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးများ မြှင့်တင်ပေးရန်၊ မီဒီယာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရန်နှင့် New Media အပါအဝင် မီဒီယာကွန်ရက်ချိတ်ဆက်မှုများတိုးမြှင့် ဆောင်ရွက်ရန်တို့အတွက် မဟာဗျူဟာများချမှတ်၍ လက်ရှိလုပ်ငန်းစီမံချက်ကို ၂၀၂၅ အထိ သက်တမ်းတိုးရန် အတည်ပြု ကြသည်။။ဆက်လက်ပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဘရူနိုင်းနိုင်ငံက (၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး (8th AMRI+3) ကျင်းပမည့် နေ့ရက်နှင့်အချိန်အား အသိပေးတင်ပြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။။သွားရောက်လည်ပတ်။ခရီးစဉ်အတွင်း အိမ်ရှင်ဗီယက်နမ် နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်များသည် ဒါနန်း မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာတွင်ရှိသော BaNa တောင်ပေါ် သို့ မီတာ ၅၈၀၀ ကျော်ရှည်လျားသည့် ကေဘယ်ကားဖြင့် သွားရောက်လည်ပတ်ခဲ့သည်။။တောင်အောက်ခြေမှ မီတာ ၁၃၆၈ အမြင့်ထိ တက်နိုင်သဖြင့် အမြင့်ဆုံး တက်နိုင်သည့် Cable Car လည်း ဖြစ် သည်။ BaNa တောင်ပေါ်တွင် ပြင်သစ် ဘုရင်မကြီး၏ နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့သောနေရာဖြစ်သည့် Old French Villas အား ဒေသခံခရီးသွားအဖွဲ့ အစည်းမှ ခရီးသွားများ လည်ပတ်စရာ နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခုအခါ တောင်ပေါ်အပန်းဖြေစခန်းအဖြစ် လည်းကောင်း၊ ဟိုတယ်အဖြစ် လည်းကောင်း ဖွင့်လှစ်ထားရှိပြီး အေးမြသည့် ရာသီဥတုကို ခံစားရင်း ရဲတိုက်အဆောက်အဦများ၊ ပန်းခင်းများဖြင့် ပုံဖော်စိုက်ပျိုးထားသည့် သာယာလှပသော ရှုခင်းများ နှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အလှဓာတ်ပုံများရိုက်ရန် အကောင်းဆုံး နေရာလည်းဖြစ်သော မီတာ ၁၅၀ ရှည်လျားသည့် Golden Bridge (ခေါ်) လက်ချောင်းတံတားနှင့် ပန်းဥယျာဉ်သို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခဲ့သည်။ ဒါနန်းမြို့သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လေ့လာလေ့ရှိသည့် အထင် ကရနေရာတစ်ခုလည်း ဖြစ်ကြောင်းလည်း သိရသည်။။ညနေပိုင်းတွင် AMRI ၊ SOMRI နှင့် ဆက်စပ်အစည်းအဝေးများသို့  တက်ရောက်လာကြသည့် အာဆီယံကိုယ်စားလှယ်များအား ဒါနန်းမြို့ အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။။ သတင်းစဉ်
https://www.moi.gov.mm/news/44871
2023-09-24
(၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခုရရှိခဲ့သည့် အောင်ပွဲရမြန်မာဗိုဗီနမ်အားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို
နေပြည်တော် ဒီဇင်ဘာ ၄။ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိကြသည်။။အဆိုပါ အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အမှုဆောင်များ၊ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။။ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ မြန်မာ ဗိုဗီနမ်အားကစားအဖွဲ့မှ Pair Machete Form Male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ ၅၁ ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင် နှင်းသက်ဝေက ရွှေတံဆိပ် တစ်ခု၊ Four Element Staff Form ပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ်တစ်ခု၊ 3 Male
3 Female ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နှင့် အိန္ဒြေဖူးတို့အတွဲက ငွေတံဆိပ်တစ်ခု၊ Ying Yang Sword Form Female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ငွေတံဆိပ်တစ်ခု၊ ၅၄ ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင် မင်းမင်းထိုက်က ကြေးတံဆိပ် တစ်ခု၊ Female Self Defense (အပြ) ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Pair Sword Form Male ပြိုင်ပွဲ တွင် တင်ထူးဇော်နှင့် ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေးတံဆိပ်တစ်ခု၊ Male Ying Yang Sword Form Team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Male multiple training -01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင် နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်တစ်ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော် နှင့်ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး မြန်မာဗိုဗီနမ်အသင်းအနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။။ သတင်းစဉ်
https://www.moi.gov.mm/news/48563
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့ မြန်မာပြခန်းများဆက်လက်ပြသပြီး စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး
နေပြည်တော် ဩဂုတ် ၂၀။တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပပြုလုပ်နေသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် မြန်မာနိုင်ငံ ပြခန်းများ ဆက်လက်ပါဝင်ပြသရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ ။မြန်မာပြခန်းသို့ လာရောက်ကြသူများကို မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြာက်၊ ဆီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက် ကျွေးမွေး၍ ဈေးကွက်ရရှိရေးဆောင်ရွက်ခဲ့ကြသည်။ ပြခန်းဆောင်အတွင်းပြသထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ခရီးသွားနေရာများကိုလည်း ပြခန်းသို့ လာရောက်သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုကြသည်။ ။ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသာ မြန်မာကုမ္ပဏီ/အသင်းအဖွဲ့များဖြစ်သည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co.
Ltd၊ Global Earth Agro and Aqua International Co.
Ltd တို့သည် ဂုဏ်ထူးဆောင် နိုင်ငံပြခန်းဆောင်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့အခြေစိုက် ကုမ္ပဏီလေးခုတို့နှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်သည့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။။သတင်းစဉ်
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/သွင်း ကုန်ကုန်စည်ပြပွဲစတုတ္ထနေ့ မြန်မာနိုင်ငံမှဆက်လက်ပါဝင်ပြသ
နေပြည်တော် ဩဂုတ် ၁၉။တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ် မြောက်တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ စတုတ္ထနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြခန်းဆောင်၌ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက မြန်မာနိုင်ငံ၏သမိုင်းကြောင်း၊ လှပသောသဘာဝရှုခင်းများနှင့် မြန်မာ့ထွက်ကုန် ပစ္စည်းများအကြောင်းကို မိတ်ဆက်ပြောကြားပြီး ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ ကြည့်ရှုသူပရိသတ်များ၊ ပြခန်းဆောင် အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများ ကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။ ။ထို့အတူ မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက်ကြ၍ ဝယ်ယူသူများဖြင့်စည်ကားလျက်ရှိသကဲ့သို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး မြန်မာနှင့်တရုတ် လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများ တင်ပို့တင်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြသည်။။ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင်များသည် ကူမင်းမြို့ရှိ China South Asia Southeast Asia Cross Border e-commerce Industry Center သို့ သွားရောက် လေ့လာခဲ့ကြသည်။ အဆိုပါ Center သည် တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များ ကို Live Sale ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်ပစ္စည်း နမူနာများကို ပါဝင်ပြသကြသည်။ Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်ကို လေ့လာခဲ့ကြကြောင်း သိရသည်။        ။သတင်းစဉ်
https://www.moi.gov.mm/news/43094
2023-08-20
(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိ
နေပြည်တော် ဇူလိုင် ၃။မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith၊ ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai နှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bui Thanh Son တို့သည် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုဂံမြို့ရှိ ညောင်ဦးလေဆိပ်သို့ ရောက်ရှိကြရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုကြသည်။။ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။။ညစာစားပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။။သတင်းစဉ်
https://www.moi.gov.mm/news/27320
2022-07-04
(၇)ကြိမ်မြောက် အာဆီယံကျန်းမာသောနေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ
နေပြည်တော် ဇန်နဝါရီ ၃၁။(၇)ကြိမ်မြောက် အာဆီယံကျန်းမာသောလူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၈) နာရီခွဲတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ ။ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ASEAN Senior Officials' Meeting on Health Development (SOMHD)၏ မြန်မာနိုင်ငံဆိုင်ရာသဘာပတိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် (၂၀၂၃)ခုနှစ်နှင့် (၂၀၂၄)ခုနှစ် (၂)နှစ်တာကာလအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း၍ အာဆီယံကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ ကို မြန်မာနိုင်ငံမှ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ ပါ လုပ်ငန်းရပ်များကို မဟာဗျူဟာစီမံကိန်းနှင့် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့၏ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ် (ASEAN Post-2015 Health Development Agenda - APHDA) အရ အာဆီယံအသိုင်းအဝိုင်းအတွင်း ကျန်းမာသောနေထိုင်မှုစနစ်ရရှိစေရန် ချမှတ်ထားသောရည်မှန်းချက်ပန်းတိုင်များ၊ ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျန်းမာရေးစနစ်မြှင့်တင်ရန်လိုအပ်ချက်များအား လုပ်ငန်းစီမံချက်တွင်ပါရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဆောင်ရွက်မှုလုပ်ငန်းစဉ်အသစ်များနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံအချင်းချင်းမျှဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။ ။ယင်းနောက် အာဆီယံကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ (ASEAN Health Cluster 1) ကို (၂၀၂၃)ခုနှစ်နှင့် (၂၀၂၄)ခုနှစ်အတွက် (၂)နှစ်တာတာဝန်ယူဆောင်ရွက်ရန် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာပတိတာဝန်လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံက လက်ခံရယူသည်။ ။ထို့နောက် အစည်းအဝေးကို မြန်မာနိုင်ငံက သဘာပတိအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ ပူးတွဲသဘာပတိအဖြစ်လည်းကောင်း တာဝန်ယူ၍ ဆက်လက်ကျင်းပသည်။ အစည်းအဝေးတွင် မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေး၊ အရက်သောက်သုံးမှုထိန်းချုပ်ရေး၊ ထိခိုက်မှုအန္တရာယ်ကာကွယ်ရေး၊ စိတ်ကျန်းမာရေး၊ လုပ်ငန်းခွင်ကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် ကျန်းမာသောအစားအသောက်များ ရွေးချယ်စားသုံးနိုင်ရေး စသည်တို့နှင့်ပတ်သက်၍ အာဆီယံအဖွဲ့၏ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (ASEAN Post-2015 Health Development Agenda - APHDA) အရ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ဆွေးနွေးမည်ဖြစ်ပြီး ဇန်နဝါရီ(၃၁)ရက်မှ ဖေဖော်ဝါရီ(၂)ရက်အထိ အစည်းအဝေးကို သုံးရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။။အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ ASEAN Health Cluster 1 ဆိုင်ရာ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/35041
2023-01-31
(၇၁) နှစ်မြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၁။(၇၁) နှစ်မြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။။အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။ ။ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက တပ်ကုန်းမြို့ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာယူ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။။ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကိုဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၇၁)နှစ်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရာတွင် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အကျိုးရှိရှိအောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မှန်ကန်သောမူဝါဒများချမှတ်နိုင်ရန် လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်း၍ တိုးတက်လာသော Digital Platform များ၊ စီးပွားရေးမူဘောင်များနှင့်အညီ အချိန်နှင့်တပြေးညီ မြန်ဆန်စွာပံ့ပိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ထမ်းဆောင်ကြရသောတာဝန်အလိုက် နိုင်ငံတကာအဆင့်မီ သက်ဆိုင်ရာပညာရပ်များကို Professional Level တတ်ကျွမ်းကြရန်လိုအပ်ကြောင်း၊ မိမိတို့၏ Specialize ပညာရပ်များကို ပိုမိုတိုးတက်လာအောင် မျက်ခြေမပြတ်နည်းလမ်းမျိုးစုံဖြင့် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံးကျရာတာဝန်ကို ကျေပွန်အောင် ကြိုးပမ်းကြရမည်ဖြစ်ပြီး ချစ်ခင်ညီညွတ်စွာဖြင့်စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။။ဆက်လက်၍ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သော ဗဟိုဘဏ်အကြီးအကဲများ၊ အငြိမ်းစားအရာထမ်းကြီးများ ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအငြိမ်းစားများ ဖြစ်ကြသည့် ဦးကြည်အေးနှင့် ဦးသန်းညိန်းတို့က ဩဝါဒအမှာစကားပြောကြားသည်။။ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက (၇၁) နှစ်မြောက်နှစ်ပတ်လည်နေ့အမှတ်တရ ဝန်ထမ်းများနှင့်မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ၏ ပညာသင်ထောက်ပံ့ကြေးငွေများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝန်ထမ်းဟောင်းများအသင်းသို့ ထောက်ပံ့သည့် လှူဒါန်းငွေများကို တာဝန်ရှိသူများထံပေးအပ်ပြီး သုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်း ထူးချွန်ဆုရရှိသူ၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် (၃) ဘာသာ ဂုဏ်ထူးရရှိခဲ့သူ၊ Myanmar Pay Logo Award ဆု ရရှိသူတို့ကို ဂုဏ်ပြုဆုများ  ပေးအပ်ချီးမြှင့်သည်။။ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အလယ်အလတ်အဆင့် အရာထမ်းသင်တန်းတွင် သင်တန်းသားစံပြဆုရရှိသူ၊ ဒုတိယဆုရရှိခဲ့သူ၊ Incident Handling Intrusion Detection သင်တန်းတွင် ဒုတိယဆုရရှိသူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင်ထူးချွန်ဆု ရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဝန်ထမ်းများအားကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/40883
2023-07-01
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်
နေပြည်တော် ဇန်နဝါရီ ၈။ ။(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့  စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဇန်နဝါရီ (၁၀) ရက် နံနက် ၉ နာရီတွင် ကျင်းပ သွားမည်ဖြစ်သည်။။ ။အဆိုပါအခမ်းအနား ကျင်းပပုံများကို  မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်(MRTV) ၊ MITV ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (NRC) ၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ Myanmar State Counsellor Office Facebook page ၊  NRPC Facebook Page၊ Ministry of information Facebook Page ၊  MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ် မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/292
2020-04-21
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၄။ ။ ။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က တည်ခင်းဧည့်ခံသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။။ ။ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဦးကျော်တင်နှင့် ၎င်းတို့၏ဇနီးများက ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာ ကြသူများကို ကြိုဆိုနှုတ်ဆက်ကြသည်။။ ။ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ည ၇ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်သို့ ရောက်ရှိကြပြီး ညစာစားပွဲသို့ တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။။ ။ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူအပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သံအမတ်ကြီးများ၊ နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ဇနီးများ၊ ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူနှင့် ၎င်း၏မိသားစုများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ ။(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြပြီး ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသံ သာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည်။။ ။ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/189
2020-04-21
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၄။ ။၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။။အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍပြုပြင် ပြောင်းလဲရေးတို့ကို ဦးစားပေးလုပ်ဆောင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်သွေးမြင့်မားလာစေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြင့် ငြိမ်းချမ်း၍ သာယာ၀ပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။။ရှေးဦးစွာနံနက် ၄ နာရီမိနစ် ၂၀ တွင် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ အလံတင် တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။။ထို့နောက် နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် သတ်မှတ်စုရပ်အသီးသီးမှ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။။ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ချီတက်နေရာယူကြသည်။။ထို့နောက် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။။ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။။ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။။ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားသည်။။ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/186
2020-04-21
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပ
နေပြည်တော်  ဇန်နဝါရီ  ၄။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒိ္ဓရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းတို့၌ ကျင်းပသည်။။ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိသူများအား  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/174
2020-04-21
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများ ပျော်ရွှင်စွာ ဆင်နွှဲ
နေပြည်တော် ဇန်နဝါရီ ၄။ ။၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများကျင်းပ၍ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။။နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုတို့ စုပေါင်း၍ ပျော်ပွဲရွှင်ပွဲများအဖြစ် အာလူးကောက်ပြိုင်ပွဲ၊ အာလူးဇွန်းကိုက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ဝက်မျက်လုံးတပ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခါးလှည့်ကြိမ်ကွင်း ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများကို အစုအဖွဲ့အလိုက်၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကစားကြသည်။။ထို့နောက် အားကစားနည်းအလိုက် ဆုရရှိသူများကို  ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဆုများချီးမြှင့်ကြသည်။။အလားတူ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အသီးသီးတွင်လည်း အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များ ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲအလိုက် ဆုရရှိသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမ များနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။။ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနတွင်း ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပကြပြီး (၇၂)နှစ်ပြည့် လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/187
2020-04-21
(၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် (၁)ပါးပေါ်ထွန်း
နေပြည်တော်  ဇန်နဝါရီ  ၂၉။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သ​​ဘောရေးဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၂၄)ဝါသည် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ထပ်မံပေါ်ထွန်းခဲ့သည်။။(၆၉)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တဝီရိယာနန္ဒ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း (၃)နှစ်ကြာမှသာ ယခုနှစ် (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင်မှ တစ်ပါးထပ်မံပေါ်ထွန်းခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/992
2020-04-24
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချပေးသွားမည်
နေပြည်တော်  ဇန်နဝါရီ  ၂။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ၂၀၀/- ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက် (စနေနေ့)၊ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။။အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ (၄)ရက်တွင် ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/106
2020-03-14
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချပေးသွားမည်
ရန်ကုန်  ဇန်နဝါရီ  ၂။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် (ဒုတိယနေ့) ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။။ယနေ့ ညပိုင်းတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ က ``တိုင်းရေး ပြည်ရေး မျှော်တွေးခြင်းအကြောင်းတရား ဒေသနာတော်´´ ကို ဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တရားနာပရိသတ် တစ်သိန်းခန့် တက်ရောက် နာယူကြည်ညို ကြသည်။။တောင်ဥက္ကလာပမြို့နယ်မှ ဒေါ်ခင်မာလာ က `` အခမဲ့စီစဉ်ပေးထားတဲ့ ယာဉ်နဲ့ မိသားစုတွေ၊ အိမ်နီးချင်းတွေနဲ့အတူ စုပေါင်းပြီးလာကြတာပါ။ နှစ်သစ်ကို စိတ်ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းရတဲ့အတွက် ဒီနှစ်သစ်ကူး တရားပွဲက ထူးခြားပါတယ်။ သွားရေးလာရေး အတွက်လည်း စီစဉ်ပေးထားသူတွေနဲ့ အလှူရှင်တွေရဲ့ စေတနာ တွေကို တွေ့ရတာ အားကျကြည်နူးဖို့ကောင်းတယ်။ တရားနာပရိသတ် တွေလည်း အများကြီးလာတဲ့ အတွက် ထူးခြားတဲ့ ပွဲကြီးပါ´´ ဟုပြောသည်။။စမ်းချောင်းမြို့နယ်မှ ဒေါ်မြင့်မြင့်ခိုင်က ``ကိုယ့် အစီအစဉ်နဲ့ကိုယ် မိသားစုနဲ့ လာခဲ့တာပါ။ နှစ်သစ်ကူးတရားပွဲကို နှစ်တိုင်းလာဖြစ်ပါတယ်။ အခုဆိုရင် လေးနှစ် မြောက်ရှိပါပြီ။ နှစ်ဦးမှာ ဆရာတော်ကြီးတွေရဲ့ တရားထူးတွေကိုနာယူကြည်ညိုရတဲ့ အတွက် အများကြီးအကျိုးရှိပါတယ်။ ကလေးတွေလည်း ဘာသာတရားကို ပိုပြီး သိလာအောင်၊ ယုံကြည်ကိုင်းရှိုင်းမှု ရှိလာအောင် အခုလိုတရားနာဖို့ ခေါ်လာခဲ့တာပါ။  ဒီလိုတရားပွဲတွေကို မကြာခဏ ကျင်းပပေးရင်ပိုကောင်းပါတယ်´´ ဟုပြောသည်။။နှစ်သစ်ကူး တရားပွဲတော်တွင် စေတနာရှင်များ ကလည်း စတုဒိသာ လှူဒါန်းမှုများကို ပြုလုပ်ကြသည့်အပြင်  တရားနာ ပရိသတ်များအတွက် ကျန်းမာရေး စောင့်ရောက်မှုများကို  ပုဂ္ဂလိက ဆေးရုံများ၊ လူမှုရေး အသင်း အဖွဲ့များကလည်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။။ကိုလှမြတ်သူက ``စတုဒိသာကျွေးတဲ့ မဏ္ဍပ်မှာ လာရောက်တဲ့ တရားနာ ပရိသတ်ကိုသူငယ်ချင်းတွေနဲ့  ကြိုဆို ဧည့်ခံမှုတွေ လုပ်ပေးကြတာပါ။ အားလုံး အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးတာပါ။ အလှူရှင်တွေက အစားအသောက် တွေ၊ ဆေးဝါးတွေလှူဒါန်းကြပါတယ်။ ဒီတရားပွဲကြီးက တရားဒေသနာတွေ နာယူ ရသလို အလှူရှင်တွေ တရားနာပရိသတ်တွေ အတွက်လည်း ထူးခြားတဲ့ ပွဲကြီးလို့ ပြောလို့ရပါတယ်´´ ဟုပြောသည်။။ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားပွဲသို့လာရောက် နာယူကြည်ညိုကြမည့် တရားနာ ပရိသတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ မော်တော်ယာဉ်များကို သက်ဆိုင်ရာ စုရပ်များအလိုက် စီစဉ်ပေးထားသည့် အပြင် စေတနာရှင် ပြည်သူတို့ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများအတွင်းမှ စုပေါင်း၍ လည်းကောင်း၊ စေတနာရှင် အငှားယာဉ်မောင်းများကလည်း  တရားနာ ပရိသတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ လိုက်ပါပို့ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။။အဆိုပါ နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပလျက်ရှိပြီး ပထမနေ့တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ကတရားတော်များကို ဟောကြားခဲ့ပြီး တတိယနေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က နှစ်သစ်ကူးတရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။။သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး
https://www.moi.gov.mm/news/121
2020-03-14
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
မြစ်ကြီးနား     ဇန်နဝါရီ ၃။(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စေတနာ့သွေးသန့်သွေးလှူရှင် များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပပြုလုပ်သည်။။စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သွေးလှူဒါန်းပွဲအတွက် အလှူငွေကျပ် (၅) သိန်းကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းကာ သံဃာတော်များ အပါအဝင် စေတနာ့သွေးအလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းနိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်း၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်တို့နှင့်အတူ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းနှင့် တပ်ဖွဲ့ဝင်များ၊သူနာပြုဆရာမများ ၏ကူညီဆောင်ရွက်ပေးနေမှုတို့နှင့် သွေးလှူဒါန်းရှင်များ၏ သွေးဖောက်ထုတ်လှူဒါန်းမှုတို့ကို အားပေးကြည့်ရှုခဲ့ကြပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။။ ။မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)
https://www.moi.gov.mm/news/134
2020-03-18
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၃။၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြသည်။။ကြည့်ရှုအားပေး။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။။ယနေ့ယှဉ်ပြိုင်ကစားသော တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းမှ ငါးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ညနေ ၃ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်း နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ ထပ်မံသရေကျသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။။ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်။ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု ရရှိသော ဟိန်းဇေယျာကျော် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအသင်း)၊ အကောင်းဆုံး နောက်တန်း အားကစားသမားဆုရရှိသော အေးမင်းစိုး (ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအသင်း)နှင့် အကောင်းဆုံး အလယ်တန်း အားကစားသမားဆုရရှိသော လွင်ဦး (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်း)တို့ အား ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသော အောင်ကိုမင်း (ကာကွယ်ရေးဝန်ကြီးဌာနအသင်း)နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော ကျော်သူရ (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်း)တို့ အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ စတုတ္ထဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က လည်းကောင်း၊ တတိယဆုရရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် က လည်းကောင်း၊ ပထမဆုရရှိသော စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနအသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/165
2020-04-21
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ
ဟားခါး  ဇန်နဝါရီ  ၄။(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၌  ကျင်းပပြုလုပ်ရာ ရှေးဦးစွာ  နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စစ်ဗျူဟာ အခြေချ (ဟားခါး) ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ကြပြီး နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။။ဆက်လက်ပြီး နံနက်၇ နာရီအချိန်တွင် ဟားခါးမြို့ မြို့တော်ခန်းမ၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားသည်။        ။ထို့နောက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလီ ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို  ပြည်နယ် ဝန်ကြီး ချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်ဦးဝင်းမြင့်ကျော်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။။အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။။မြင့်နိုင်စိုး (ပြန်/ဆက်)
https://www.moi.gov.mm/news/167
2020-04-21
(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းခန်းမဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
ဘားအံ  ဇန်နဝါရီ  ၅။ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းခန်းမဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေး၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။။ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက အောင်ဆန်းခန်းမ အဆင့်မြှင့်ပြုပြင်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖ ဦးသာဒင်က ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ယူတည်ဆောက်သော ထူးမြတ်ဂုဏ်ကုမ္ပဏီမှ တည်ဆောက်ရေးဆိုင်ရာ အချက်အလက်မှတ်တမ်းများအား စည်ပင်သာယာရေးဦးစီးဌာနသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။။ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည်  လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသသို့ရောက်ရှိပြီး သာသနဥယျာဉ်ခြံကျောင်း ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ စစ်ဘေးရှောင် ပြည်သူများ၏ ရေရှည်အတွက် နောင်ရေးကာလ အဆင်ပြေစေရန် လျှောက်ထားညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေး ရှောင်ပြည်သူများနှင့် သွားရောက် တွေ့ဆုံကာ  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေး၊ ရေရှည်အတွက် မိသားစုအလိုက် အတည်တကျနေထိုင် သွားနိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ကြပြီး အသားတု၊ ပဲ အစရှိသော စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆိုလာလက်ဆွဲမီးအိမ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။။နေမျိုးလွင်(ပြန်/ဆက်)
https://www.moi.gov.mm/news/204
2020-04-21
(၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) ဩဝါဒါစရိယအဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ
ရန်ကုန် မေ၁၈။တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ ဆရာတော် ကြီးများ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား အလှူရှင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သုံးထပ်ဆွမ်းစား ကျောင်းဆောင်၌  ယနေ့ နံနက် ၁၀ နာရီခွဲတွင်  ကျင်းပသည်။ ။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြပြီး တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ)ထံမှ အနုမောဒနာ တရား နာယူကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေးဝေခဲ့သည်။။နံနက်ပိုင်းတွင်လည်း အလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က လှူဒါန်းသည့် အရုဏ်ဆွမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့်ဇနီး တို့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ ၆ ပါး၊ အဘိဓမ္မာ(နောက်ပိုင်း)စာဖြေသံဃာ ၆ ပါး၊ ဝိနည်း(ရှေ့ပိုင်း) စာဖြေသံဃာ ၆၅ ပါး စုစုပေါင်းစာဖြေသံဃာ ၇၇ ပါးတို့အား ဖူးမြော်ကြည်ညိုသည်။။အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို မေ ၁၇ ရက်မှ မေ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေ သံဃာ ၁၇၁ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြတိုက်တာဝန်ခံက လိုက်လံရှင်း လင်းပြသရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာ စကားပြောကြားရာတွင် ယနေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဖြစ်ပါကြောင်း၊  ပြတိုက်လုပ်ငန်းသည် ပြည်သူကို အသိပညာပေး ဆောင်ရွက်ရသည့် ဝန်ဆောင်မှုပေးသည့် အားလျော်စွာ ပြသပစ္စည်းများကို မိမိတို့ကိုယ်တိုင်က ကြေညက်စွာသိရှိနားလည်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပြတိုက်ပညာရပ်များကိုလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့  လိုအပ်ကြောင်း၊ နိုင်ငံ တကာ ပြတိုက်များနှင့် ချိတ်ဆက်၍ မိမိနိုင်ငံ၏ပြတိုက်ပစ္စည်းများကို နိုင်ငံတကာတွင် အထူးပြပွဲများ ပြသနိုင်ရေးစီစဉ်ရန် လိုအပ်ကြောင်း၊ ပြတိုက်များသည် အများပြည်သူများ အသိပညာ ပြန့်ပွားစေရုံမကဘဲ မျိုးဆက်သစ် ကျောင်းသား လူငယ်များကိုလည်း မိမိတို့၏ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသိရှိစေရန် သက်ဆိုင်ရာနှင့် ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြတိုက်နှင့်စပ်လျဉ်းသည့် စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ရေးစီစဉ်ရန်  မှာကြားသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/13517
2021-05-18
(၇၃) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် ရှမ်းစာပေသင်ကြားပေးခဲ့သော ဆရာ/ဆရာမ များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပိန်းချစ်ကျေးရွာတွင် ကျင်းပ
လွိုင်ကော်    ဖေဖော်ဝါရီ ၇။ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ စာပေနှင့်ဓလေ့ထုံးတမ်းများအား မပျောက်ပျက်အောင် ပြုစုပျိုးထောင်နိုင်ရေး တိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိရေးအတွက် အထူး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ယနေ့  နံနက် ၉ နာရီအချိန်က လွိုင်ကော်ခရိုင် ၊ လွိုင်လင်း လေးမြို့ ပိန်းချစ်ကျေးရွာ၌ ပြုလုပ်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းသော (၇၃) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သည့် ရှမ်း ဆရာ/မများအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။။ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပိန်းချစ်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ထံမှ သြဝါဒများ ခံယူကြသည်။ ယင်းနောက် ကယာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက (၇၃)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့နှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သော ရှမ်းဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားများပြောကြားပြီး ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ပတ်သက်၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယာက ဆရာမောင်မှ ရှင်းလင်း တင်ပြခဲ့သည်။။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကယားပြည်နယ်အတွင်း ရှမ်းစာပေယဉ်ကျေးမှု နှင့်ပတ်သက်၍ ဦးစီးဆောင်ရွက်ပေးခဲ့ကြသော ရှမ်းဆရာကြီးများ ၊ (၂၀၁၈-၂၀၁၉) ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သော ရှမ်းဆရာ/ဆရာမ(၃၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။။ထို့နောက် တက်ရောက်လာကြသည့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများက ပိန်းချစ် ကျေးရွာတွင် တပေါင်းပွဲ ကျင်းပပြုလုပ်ပြီး နှစ်စဉ်ဆွမ်း လောင်းလှူပွဲကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ဆွမ်းလောင်းပွဲတော်အား မကျင်းပနိုင်တော့သဖြင့် ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် လိုအပ်သည်များ ကူညီ ပံ့ပိုးပေးစေလိုကြောင်း၊ ထို့အပြင်ပိန်းချစ် ကျေးရွာ ရွာအဝင်လမ်းအား ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒီးမော့ဆိုမြို့နယ်မှငွေတောင်ကျေးရွာနေ ရှမ်းတိုင်းရင်းသားများ အနည်းငယ်သာရှိ၍ ယင်းတို့ အတွက် ဓမ္မာရုံမြေနေရာရရှိရေး ပံ့ပိုးကူညီဆောင်ရွက် ပေးစေလိုပါ ကြောင်း၊ ပိန်းချစ်ကျေးရွာ လျှပ်စစ် မီးတိုင်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသောမီးလိုင်းများ ဆောင်ရွက်ပေးနိုင်ရေး ပံ့ပိုးပေးစေ လိုကြောင်း၊ ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးဖိုဆောင်အဆင်မပြေဖြစ်နေသဖြင့် အဆင်ပြေစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒီးမော့ဆိုမြို့ နယ်၊ ဝမ့်လထွားကျေရွာ အရှေ့ပိုင်း မီးအား လုံလောက်မှုမရှိ၍ မီးအားပြည့်မီစွာ ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ နားဆုံကွေ့ရွာအဝင်လမ်း ကျောက်ချောလမ်း(၁)မိုင် ရရှိရေးဆောင် ရွက် ပေးစေလိုကြောင်း၊ သျှမ်းရိုးရာ ယဉ်ကျေးမှုပွဲတော် များကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြေနေရာရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာသည်ပညာရေး၊ စီးပွားရေး၊ လူမှုရေး နောက်ကျနေပြီး အနာဂတ်လူငယ်များအတွက် စိုးရိမ် နေမိပါကြောင်း၊ ထို့အပြင် ရွာလယ် လမ်းကောင်းမွန်စွာ မရှိသဖြင့် ကျောက်ချောလမ်းရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ရွာ၏နိမ့်ကျနေသည့် အခြေအနေများကို မြှင့်တင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးနိုင်မည့်အဖွဲ့အစည်းများစေလွှတ်ပေးစေ လိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကျိုင်းတုံကျေးရွာ ရွာလမ်းမကြီး ဘေးတစ်လျှောက် လမ်းမီးရရှိရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ပိန်းချစ် ရှေးဟောင်း စေတီတော် သန့်ရှင်းသပ်ယပ်စေရေး ပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း၊ ကွန်နားကျေးရွာ ရွာအလယ်လမ်း ပေ(၁၂၀၀)ပေ ကိုယ်ထူကိုယ်ထ ကွန်ကရစ် ခင်းထားပြီး (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ လိုအပ်သော ရန်ပုံငွေများကို ပံ့ပိုးပေးစေ လိုကြောင်း၊ ထို့အပြင်ကွန်နားအပေါ်ရွာလမ်းရရှိပြီး အောက်ရွာလမ်းမရရှိသဖြင့် ဆောင်ရွက် ပေးစေ လိုကြောင်း၊ ကွန်နားရွာဆည် ရေလွှဲမြောင်းများ အားကွင်းဆင်းစိစစ်ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အသီးသီး တင်ပြခဲ့ကြသည်။။တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ရန်ပုံငွေများ လျာထား ဆောင်ရွက် ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။။ယင်းနောက် ရှမ်းအမျိုးသားနေ့ဖြစ်မြောက်ရေးနှင့် ကယားပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဖြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လွိုင်လင်လေးဒေသ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများအတွက် ရန်ပုံငွေကျပ် (၃) သိန်း တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။။အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ရှပ်းစာပေသင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများနှင့် ပိန်းချစ်ကျေးရွာမှ တိုင်းရင်း ပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။။ထွန်းလေး
https://www.moi.gov.mm/news/1311
2020-04-28
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကျင်းပ
လွိုင်ကော် ဇန်နဝါရီ ၁၅။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအဖွဲ့ အကြံပေးအဖွဲ့ဝင် စောဒန်နီယယ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ။ထို့နောက် အခမ်းအနားကို ပြည်နယ်ခန်းမ၌ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များ ရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုကြသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်း အမှတ်သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ။ဆက်လက်၍ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှပေးအပ်သည့် 50 KW ဆိုလာအစုံ ၁၀၀ နှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် ၁၅၁ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သည့် DTH စလောင်းအစုံ ၅၀ နှင့် Set Top Box အစုံ ၁၀၀ တို့ကိုလည်းကောင်းပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြသည်။။ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ကျင်းပသည့် ကယားရိုးရာစပါး ထောင်း၊ ကယား၊ ကယန်းရိုးရာ နပန်းအပါအဝင် ရိုးရာအားကစားပွဲများနှင့် မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။။ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ဆုရရှိကြသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။။ယမန်နေ့ကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘူတာလမ်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ လမ်းသစ်ကိုဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။။ယင်းနောက် လွိုင်ကော်မြို့ တည်ဆောက်ဆဲသီရိမင်္ဂလာ ဈေးသစ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဈေးသစ်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားသည်။။ဆက်လက်၍ လွိုင်ကော်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။။ထို့နောက် ဖျားနာဆောင်နှင့်သားဖွားမီးယပ်ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအားကြည့်ရှုအားပေးကာ လူနာများအတွက် အာဟာရဖြည့်စွက်စာ နှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ကျောက်ကပ်တု သန့်စင်ဌာန၊ ရောဂါရှာဖွေရေးဌာန၊ ကွန်ပျူတာဓာတ်မှန်ဌာနနှင့် ဆေးသိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုသည်။ ။မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်၌ကျင်းပသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား စသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။။ယင်းနောက် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသောသာသနိကအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သန်း ၂၃၉ ဒသမ ၀၆၀ နှင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဦးရွှေကြိမ်းတို့ကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။ ။ဆက်လက်၍ ရွှေတောင်ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်ခဲ့မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် အဝတ်အထည်အရောင်းဆိုင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/66093
2025-01-16
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ ဘားအံမြို့တွင်ပြုလုပ်
ဘားအံ နိုဝင်ဘာ ၅။ ။ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။။ဖွင့်ပွဲတွင် ကရင်ပြည်နယ်စိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်ဉပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်းနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပြခန်းများအား တက်ရောက် လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။။အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် နန်းတော်ဝင်စာပေ၊ နိုင်ဝင်းထက်စာပေ၊ ဟန်သာဆုစာပေများက စာအုပ်အရောင်းဆိုင် (၁၀) ခန်းခန့် ပါဝင်ပြီး ဖေဖော်ဝါရီလ (၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထိ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအတွင်း တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း လျှော့ဈေးဖြင့်  ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။။နေမျိုးလွင်(ပြန်/ဆက်)
https://www.moi.gov.mm/news/1219
2020-05-10
(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ပုသိမ်  ဒီဇင်ဘာ ၃။၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်း အနားအား Social distancing နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။။အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြား ရာတွင် ယခင်ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားများနည်းတူ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ယခင်နှစ် များက လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် အဆိုပါ အားကစား ပွဲများ၊ ပြိုင်ပွဲများ ကျင်းပခြင်းမပြုလုပ်ရန် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ စစ်ရေးပြ ဆောင်ရွက်မှုကိုလည်း အင်အားလျော့ချပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလေးပြုခြင်း အခမ်းအနား ကျင်းပချိန်ကိုလည်းလျော့ချ၍ တတ်နိုင် သမျှ အကျဉ်းချုံး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။။ထို့နောက် တက်ရောက်လာကြသော ဦးစီးကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းတစ်ရပ်ချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအသေးစိတ် ဆွေးနွေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင် များ၊တိုင်း/ခရိုင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။။မောင်မောင်မြင့် (ပြန်/ဆက်)
https://www.moi.gov.mm/news/8576
2020-12-03
(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေး ဖြေ) စာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် မေ ၁၇(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေး ဖြေ) စာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၈) ခွဲ က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာ ဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။အခမ်းအနားတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့၊ ဩဝါဒါစရိယ ဥက္ကဋ္ဌဆရာတော် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ပညိဿရာဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဝဋံသကာပါဠိသိရောမဏိ)က သာရဏီယ ဩဝါဒကထာကို မိန့်ကြားတော်မူသည်။ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာပါဠိသိရောမဏိ) ၏သာရဏီယ ဩဝါဒ ကထာကို သီးခြားဖော်ပြထားပါသည်)ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ရွေးချယ်ပွဲကြီးကို ၁၃၁၀ ပြည့်နှစ်၊ ပထမအကြိမ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခု ၁၃၈၃ ခုနှစ်တွင် (၇၃)ကြိမ်မြောက်တိုင် ရောက်ရှိခဲ့ ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သော (၇၂)ကြိမ်မြောက် စာမေးပွဲကြီးထိ ၇၂ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်ကြီး ၁၅ ပါး၊ တိပိဋကဓရ ပိဋကသုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်ကြီး ၇ ပါးတို့ ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် သာသနာ တော်ကြီး၏ ရေသောက်မြစ် ရှင်သန်အောင်ပြုစုရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ ယခုနှစ်ကျင်းပသော (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ကျရောက်နေသော အချိန်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိ သော်လည်း တိပိဋကဓရ သြဝါဒါစရိယဆရာတော်များ၏လျှောက်ထားချက်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏သဘောတူညီချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် သဘောရေးဖြေသက်သက် ကျင်းပပြုလုပ်ရသော စာမေးပွဲကြီးဖြစ်သောကြောင့် ထူးခြား သော မှတ်တိုင်တစ်ခုဟုဆိုရမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းပထမပြန်စာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက်(၁၀) နာရီခွဲတွင် ကမ္ဘာအေးကုန်းမြေ သုံးထပ် ဆွမ်းစား ဆောင်၌ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော် များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာ တော်များအား အလှူရှင် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) မဟာသရေစည်သူ ဦးရဲမြင့်နှင့်ဇနီး ဒေါက်တာ ဒေါ်တင်လေးမြင့် မိသားစု တို့နှင့်အတူ နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပြီး တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါ စရိယ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ)ထံမှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေးဝေသည်။မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီး ၁၀ ပါးတို့အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေကျပ် ၃ သိန်းစီကို ဆက်ကပ်လှူဒါန်းသည်။ထို့နောက် (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ ၆ ပါး၊ အဘိဓမ္မာ(နောက်ပိုင်း) စာဖြေသံဃာ ၆ ပါး၊ ဒီဃနိကာယ် စာဖြေ သံဃာ ၂၄ ပါး၊ ဝိနည်း(ရှေ့ပိုင်း) ၆၅ ပါး စုစုပေါင်း စာဖြေသံဃာတော် ၁၀၁ ပါးတို့အား ဖူးမြော် ကြည်ညိုသည်။အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ကမ္ဘာအေးကုန်းမြေ မဟာပါ သာဏလိုဏ်ဂူ သိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်ကာ စာဖြေသံဃာ ၁၇၁ ပါး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။ (သတင်းစဉ်)
https://www.moi.gov.mm/news/13469
2021-05-17
(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီဝင်များ ဖူးမြော်ကြည်ညို
ရန်ကုန် မေ ၂၁။ ။ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များသည် သာသနာ ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာ တော်ကြီး ၁၀ ပါး၊ ကြီးကြပ်ရေး ဆရာတော်ကြီး လေးပါး၊ ပုစ္ဆကဆရာတော် လေးပါး နှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေး)စာမေးပွဲ ဖြေဆိုလျက် ရှိကြသော စာဖြေသံဃာ ၇၈ ပါးတို့အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။။ ။ဝင်ရောက်ဖြေဆို။ ။ယနေ့ကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘော ရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ(နောက်ပိုင်း) စာဖြေ သံဃာ ခြောက်ပါး၊ အဘိဓမ္မာ (ရှေ့ပိုင်း)စာဖြေသံဃာ ခြောက်ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ ၂၄ ပါး၊ ဝိနည်း (နောက်ပိုင်း) စာဖြေသံဃာ ၄၂ပါး စုစုပေါင်း စာဖြေသံဃာ ၇၈ ပါး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။။ ။တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ဗုဒ္ဓဘာသာသာသနာတော်၌ ဘုန်းကံ ပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူး တို့ကို ဖော်ထုတ်ရေး၊ ပရိယတ္တိ သာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး၊ သာသနာတော်၌ ဓမ္မစေတီထိုက် သော ပိဋကနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ် ပူဇော်ရေးဟူသော ရည်ရွယ်ချက်တို့ဖြင့် ၁၃၁၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယခုကျင်းပသော စာမေးပွဲကြီးသည် (၇၃)ကြိမ်တိုင် အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။။ ။၅ ရက်တိုင်တိုင် ကျင်းပ။ ။အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲ ကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ မေ၁၇ ရက် မှ ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ရာ ယနေ့ သည် စာမေးပွဲနောက်ဆုံးရက်ဖြစ်ကြောင်း သိရသည်။။ ။သတင်းစဉ်
https://www.moi.gov.mm/news/13603
2021-05-22
(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေး ဖြေအောင်မြင်တော်မူ ကြသည့် သာသနာ့ အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များ ဆက်ကပ်
နေပြည်တော် ဇွန် ၂၆။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ တွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့်  ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံ  ဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြု လုပ်သည်။။ ။အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ် ရေးအဖွဲ့၏ဩဝါဒစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာ ဂါရိက တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော် များ၊ ပင့်သံဃာ တော်များ၊ (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေး ချယ်ရေး စာမေးပွဲတွင် သဘောရေးဖြေအောင်မြင် တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယ ကောဝိဒနှင့်ဥဘ တောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ဦးမောင်းဟာနှင့်ဇနီး၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာ့နုဂ္ဂဟဘွဲ့ရ အလှူရှင်များ၊ စာမေးပွဲကျင်းပစဉ် လှူဒါန်းသည့် ဆွမ်းအလှူရှင်များ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။။ ။ဦးစွာ အနုပညာအထက်တန်းကျောင်းက ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ဖြင့် သီကျူးပူဇော်ကြပြီး လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်း လောင်း ၁၀၈ လုံး ကို တစ်ပြိုင်တည်း ၉ ကြိမ် ထိုးခတ် ပူဇော်သည်။ ယင်းနောက် တိပိဋကဓရ တိပိဋကကောဝိဒ၊ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့် ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြသည်။။ ။ထို့နောက် နိုင်ငံတော်သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့် တော်မူသည်။ ။ ။ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သာသ နာရေးဆိုင်ရာများ ကိုလျှောက် ထားသည်။။ ။ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သဘောရေး ဖြေအောင်မြင်တော် မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များဆက်ကပ်ရာ ဒီဃနိကာယ် သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်း မှ အရှင်ဝိသုဒ္ဓနှင့် စစ်ကိုင်းမြို့၊ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းမှ အရှင် ပဏ္ဍဝါလင်္ကာရ တို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ အားဆက်ကပ်သည်။။ ။ထို့နောက် ဒီဃနိကာယ်သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံ ဆိပ်တော်ရ စစ်ကိုင်းမြို့၊မင်းကွန်း တိပိဋကနိကာယကျောင်းမှ အရှင် အာနန္ဒပဏ္ဍိတာ လင်္ကာရ၊  ဝိနည်းဒုတိယပိုင်း သုံးကျမ်း သဘောရေးဖြေအောင် ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်း တိပိဋကနိကာယကျောင်းမှ အရှင်မင်္ဂလာစာရ၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်း မှ အရှင်နန္ဒိမာလင်္ကာရနှင့် အရှင် သုမင်္ဂလ၊  ဝိနည်းပထမပိုင်းနှစ်ကျမ်း သဘောရေးဖြေ အောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်း တိပိဋကနိ ကာယကျောင်းမှ အရှင်ဩဘာသ(ဝက်လက်)၊ အရှင်ပညာသိရီ(ဆီဆိုင်)၊ အရှင်မဏ္ဍလာလင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ် ကျောင်း မှ အရှင်စန္ဒိမာလင်္ကာရနှင့် အရှင်ပညာသာမီလင်္ကာရ တို့ထံ ကောင်စီဝင် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ် တော်နှင့်အောင်လတ်မှတ်များဆက်ကပ်ကြသည်။။ ။ယင်းနောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်း ကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်အပေါင်းက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု တို့ အတွက်ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး စာအောင် သံဃာတော်များအား လှူဖွယ် ဝတ္ထု ပစ္စည်းများ လောင်းလှူကြသည်။။ ။တိပိဋကဓရ တိပဋကကောဝိဒ ရွေးချယ်စာမေးပွဲကြီးပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋကတ် သုံးပုံအာဂုံဆောင်သည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် စတင်ပေါ် ပေါက်လာခြင်းဖြစ်ပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ကြောင်း၊ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တော် ရရှိရန်အတွက် အာဂုံဖြေဆိုအောင်မြင်ပြီးမှ သဘောရေးဖြေစာမေးပွဲကို ဖြေဆိုရကြောင်း၊ ရဟန်းတော်များနှင့် သာမဏေ များသာ ဖြေဆိုခွင့်ရပြီး ပါဠိပထမ ပြန်စာမေးပွဲ ပထမကြီး တန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေ ကျော် တတိယ ဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင် တန်းကိုဖြစ်စေ တစ်ခုခုအောင် မြင်ပြီးသူ ဖြစ်ရ ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် (၇၃)ကြိမ် အတွင်း ပထမဦးဆုံးသော တိပိဋကဓရ ဓမ္မ ဘဏ္ဍာ ဂါရိက မင်းကွန်း ဆရာတော်ကြီး အရှင် ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးပေါ်ထွန်းထားကြောင်း၊ သက်ရှိထင်ရှား တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တော်ရ ဆရာတော် ၁၁ ပါးရှိကြောင်းနှင့် တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည်အရှင်သူမြတ် ၇ ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုးလျက်ရှိကြောင်း သတင်းရရှိသည်။ ။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/14733
2021-06-26
(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပပြုလုပ်
နေပြည်တော် မတ် ၁၆။(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး ဦးခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။။ဦးစွာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သဝဏ်လွှာများကို ဖတ်ကြားကြသည်။ ထို့နောက် ပအိုဝ်း အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီးမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ က ဖတ်ကြားသည်။။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ပွဲတော်ဖြစ် မြောက်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/23117
2022-03-16
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၇။၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။။လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။။ရှေးဦးစွာ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း အမှာ စကား ပြော ကြားသည်။။ယင်းနောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ၊ ဆပ်ကော်မတီ အသီးသီး တို့နှင့် ဆက်သွယ်ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်း တင်ပြသည်။။ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့်အဖွဲ့ဝင်များက လုံခြုံရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေးနှင့်နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အလံတင်အခမ်းအနားစီစဉ်ရေး၊ မြေစိုက် ပိုစတာများ စိုက်ထူရေး၊ ညစာစားပွဲဖျော်ဖြေရေး၊ ကျန်းမာရေး၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေး၊ စာရင်း စစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပြီးစီးမှု များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။။ထို့နောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၀ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ များက ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/258
2020-04-21
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
လွိုင်ကော် ဖေဖော်ဝါရီ ၄  ။၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။။(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ယမန်နှစ်များကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အနှစ်သာရပြည့်ဝစွာဆောင်ရွက်နိုင် ရေးသည် အဓိကကျပါကြောင်း၊ ကော်မတီများ၊ ဆပ်ကော်မတီများမှ လိုအပ်သည်များကို တင်ပြပေးရန်ဖြစ်ပြီး လိုအပ်သည်များ အကြံပြု ဆွေးနွေးနိုင်ရန်လိုပါကြောင်း၊ ယခင်နှစ်များက ကျင်းပခဲ့သည့် အခမ်းအနားများထက် ပိုမို ကောင်းမွန်စေရေးအတွက် အစည်းဝေးသို့ တက်ရောက်လာကြသူများက အကောင်းဆုံးဆောင်ရွက်နိုင်ရန် တင်ပြဆွေးနွေးစေလိုကြောင်း ကယားပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။။ဆက်လက်၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ထားသည့် အခြေအနေများ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ဆပ်ကော်မတီများအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။။ထို့နောက် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ လုပ်ငန်း ကော်မတီ၏ ကော်မတီဝင်များနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်း၊ ဆပ်ကော်မတီအသီးသီးမှ မိမိတို့ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များအား ကော်မတီများ အလိုက် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။။(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် လှေလှော်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊   ပိုက်ကျော်ခြင်းပြိုင်၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းပြုလုပ်သွားမည့်အပြင် Union Day Peace Run (5) Kilometre အပြေးပြိုင်ပွဲကို အထူးပြိုင်ပွဲတစ်ရပ်အနေဖြင့် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။။ထွန်းလေး(ပြန်/ဆက်)
https://www.moi.gov.mm/news/1207
2020-04-28
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်
ဘားအံ   ဖေဖော်ဝါရီ   ၁။ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်သည်။။ဦးစွာ ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက်အား ကရင်ပြည်နယ်ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်း ၊ဘားအံမြို့နယ် ပညာရေးမှူး ဦးသန်းထိုက်ဦး၊ ကျောင်းအုပ်ဆရာကြီးဦးမင်းဉာဏ်ကျော်ခိုင်၊ ကျောင်းအကျိုးတော်ဆောင် များဖြစ်သည့် ဦးယုနွယ်နှင့် ဦးငွေစိုးတို့က ဖဲကြိုးဖြတ်ဖွင်လှစ်ပေးကြသည်။။ဆက်လက်၍ အခမ်းအနားအားကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး ပညာဒီပကျောင်းစာကြည့်တိုက်အား တက်ရောက်လာကြသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။ ။အဆိုပါ ဖွင့်လှစ်လိုက်သော ကျောင်းဝင်းကွန်ကရစ်လမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘိလပ်မြေအိတ်(၈၄၄)အိတ်ထောက်ပံ့ပေးပြီး ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ၏လှူဒါန်းမှု စုစုပေါင်း ကုန်ကျငွေ (၂၃၅)သိန်းဖြင့် အရှည်ပေ(၁၁၀၅)ပေ၊ အကျယ် (၁၆)ပေ ရှိသောကွန်ကရစ်လမ်း ဖြစ်ကြောင်း သိရသည်။။နေမျိုးလွင်(ပြန်/ဆက်)
https://www.moi.gov.mm/news/1479
2020-05-04
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲ မုံရွာမြို့တွင် ကျင်းပမည်
မုံရွာ ဖေဖော်ဝါရီ ၅။၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲအား စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ(ရွှေလိမ္မော်ကျွန်း)၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ  ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။။သစ်သီးဝလံနဲ့ပန်းမန်ပြိုင်ပွဲကို (၃)ရက်ကြာကျင်းပမှာဖြစ်ပါတယ်၊ မိမိတို့ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တဲ့ သီးနှံတွေကို ထုတ်ဖော်ပြသခွင့်ရပြီး တောင်သူအချင်းချင်းလည်းလေ့လာနိုင်ဖို့အတွက်ကျင်းပတာပါ၊ အခုနှစ်ပြိုင်ပွဲမှာလည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ပြိုင်ပွဲဝင်တောင်သူများနေနဲ့ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပြည်တွင်းမျိုးတွေ၊ နိုင်ငံခြားမျိုးတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်၊ ထူးခြားတဲ့ အသီး၊ အပွင့်၊ အရွက်၊ အပင်နဲ့ ဥတွေ ကိုလည်း လာရောက်ပြသနိုင်ပါတယ်၊ ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပြခန်းမှာ ကျင်းပသွားမှာပါဟု စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။။မုံရွာမြို့ ကန်သာယာ(ရွှေလိမ္မော်ကျွန်း) အတွင်းကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် သစ်သီးဝလံ နှင့်ပန်းမန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တောင်သူများအနေဖြင့် သစ်သီးဝလံပြိုင်ပွဲတွင် မိမိတို့ကိုယ်တိုင်စိုက်ပျိုးထားသော ဘူးသီး၊ ဖရုံသီး၊ သခွားသီး စိတ်ကြိုက် တစ်လုံးစီ၊ မုံလာပွင့် တစ်ပွင့်၊ ဂေါ်ဖီထုပ်စိတ်ကြိုက်တစ်ထုပ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ နိုကိုဥနှင့် ခရမ်းသီး တို့ကို ငါးလုံးနှုန်း၊ နဂါးမောက်သီးနှင့် သင်္ဘောသီးတို့ကိုသုံးလုံးနှုန်း၊ သံပုရာသီးနှင့်ရှောက်သီးတို့ကို ငါးလုံးပါ အတွဲတစ်တွဲနှုန်း၊ ငရုတ်သီး (၁၀)တောင့်၊ ဆီးသီးနှင့် ခရမ်းချဉ်သီး(၁၀)လုံးနှုန်းဖြင့်လည်းကောင်း၊ အာလူး၊ပိန်းဥနှင့် ဝဥတို့ကို(၅) လုံးနှုန်း၊ ငှက်ပျောသီး၊ အုန်းသီးနှင့်ကွမ်းသီးတို့ကိုတစ်ခိုင်နှုန်း၊ ပန်းမန်ပြိုင်ပွဲတွင်(ပန်းအလှ၊ အရွက်အလှ) အတွက် ပန်းအိုးတစ်အိုးနှုန်းဖြင့် လည်းကောင်း ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့ညနေ (၅)နာရီ နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပြခန်းသို့ လာရောက်ပေးပို့ရမည်ဖြစ်ကြောင်း  သိရသည်။။ဝင်းဦး(ဇေယျာတိုင်း)
https://www.moi.gov.mm/news/1222
2020-04-28
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် (၃)မျိုး ရောင်းချပေးမည်
နေပြည်တော် ဒီဇင်ဘာ ၃၀။ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၃)မျိုးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော် (၆)ရက် (တနင်္လာနေ့)၊ နံနက်(၉)နာရီခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက် များတွင် ရောင်းချပေးသွား မည် ဖြစ်သည်။။အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ(၄)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။။ (သတင်းစဉ်)
https://www.moi.gov.mm/news/10066
2020-12-30
(၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်တိုက်ခိုက်ရေးရေငုပ် သင်္ဘောစစ်ရေယာဉ်(မင်းရဲသိင်္ခသူ)အပါအဝင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၄။တပ်မတော်(ရေ)၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင် ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။။ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အိန္ဒိယ တပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ရေငုပ်သင်္ဘောလွှဲပြောင်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်သည်။ ။ယင်းနောက် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ) အပါအဝင် ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် ၂ စီး၊  ၄၉ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၁ စီး၊  ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီးနှင့် ၂၆ မီတာ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတို့အား လှည့်လည်ကြည့်ရှုကြသည်။။ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ် (မုတ္တမ)ပေါ်ရှိ အလေးပြုခံ စင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ။ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန် တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/9792
2020-12-24
(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့တွင်အင်းစိန်မီးရထားခုံးကျော်(မင်းကြီးလမ်းဘက်ခြမ်း)တံတားသစ် ဖွင့်လှစ်မည်
ရန်ကုန်   ဒီဇင်ဘာ   ၂၅။ရန်ကုန်တိုင်းဒေသကြီး   အင်းစိန်မြို့နယ်တွင်    လက်ရှိ အသုံးပြုလျက်ရှိသော     ရထားလမ်းခုံးကျော်တံတား အမှတ်(၂) အင်းစိန်နှင့်ဆက်သွယ်ကာ ခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း)ရာနှုန်းပြည့်ပြီးစီးနေပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း တံတား တည်ဆောက်ရေးစီမံကိန်းတာဝန်ခံရုံးမှ သိရသည်။။အဆိုပါတံတားလက်တက်သည်    ယခင်အင်းစိန် မီးရထားခုံးကျော်တံတားကြီးအားဆက်သွယ်ကာ ခုံးကျော် တံတား အဖြစ်    ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်း အတိုင်း  ဆက်စပ်ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။ စီမံကိန်း သည် အောက်ခံ Bored Pile Foundation ဖြစ်ကာ RC Girder နှင့် Steel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတားအရှည် ၁၂၃ ပေ ရှိသည်။ အကျယ် သည်  ဘေးတစ်ဖက်တစ်ချက်  လူသွားလမ်း  ပလက်ဖောင်း ပါဝင်ကာ  ကားအဆင်းတစ်လမ်းသွား အကျယ် ၁၆ ပေ ရှိပြီး တံတားအမြင့်သည်   ကားလမ်းအလွတ်  အမြင့်ဆုံး နေရာ၌ ၁၈ ပေမြင့်သည်။ စီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀   အကုန်အကျခံ  တည်ဆောက်ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်း  တာဝန်ခံရုံးမှ သိရ သည်။။ကျွန်တော်တို့ ဒီခုံးကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းတွေက အခု အခြေအနေမှာ အလုံးစုံပြီးစီးနေပါပြီ။ ကျန်တဲ့ တံတားရဲ့အချောသပ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့အဆင်းလမ်းတွေက  အခုလုပ်နေတယ်။ ကတ္တရာ လည်းလောင်း၊ ကွန်ကရစ်လည်းခင်းပြီးပါပြီ။  လာမယ့် ၂၀၂၁ ခုနှစ်  ဇန်နဝါရီ  ၄  ရက်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဒီတံတားကိုဖွင့်လှစ်သွားပါမယ်။ တံတားကြီး ပြီးစီးသွားရင်တော့ မော်တော်ယာဉ်တွေက အင်းစိန် စျေးကနေ မင်းကြီးလမ်းဘက် ခြမ်းမှာရှိတဲ့  ဆေးရုံတို့၊  အုပ်ချုပ်ရေးမှူးရုံးတို့၊  အင်းစိန်(GTI) ကျောင်း တို့ကို တောက်လျှောက် တံတားလက်တက်ခုံးကျော်ကနေသွားနိုင်တော့မှာပါ။ အခုက တော့    အဲဒီဘက် တွေကို  ပတ်သွားနေရတာပေါ့ဟု     မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင် အလုပ်ရုံ(မလွှကုန်း)မှ အင်ဂျင် နီယာမှူး ဦးမောင်ချို က ပြောသည်။။ယင်းအင်းစိန်ခုံးကျော်တံတား မင်းကြီးလမ်းဘက်ခြမ်းလက်တက်တံတား ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင် နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း)၏ဘတ်ဂျက်ဖြင့် ဆောင်ရွက် ခြင်း ဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေ ခြင်းဖြစ်သည်။ Steel Box Girder များကို JNM ကုမ္ပဏီမှ ထုတ်လုပ်ဆောင်ရွက် ကြောင်း တံတား တည်ဆောက်ရေး စီမံကိန်းတာဝန်ခံရုံးမှ သိရသည်။။ မြင့်မောင်
https://www.moi.gov.mm/news/9831
2020-12-26
(၇၄) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်မှူးဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော် ဒီဇင်ဘာ ၁၉ ။(၇၄) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။။ဂုဏ်ပြုဆုချီးမြှင့် ဦးစွာ ဌာနချုပ်မှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆု ရရှိသောအသင်းတို့ကို ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ၊ ပေးအပ်ချီးမြှင့်ကြသည်။။ယှဉ်ပြိုင်ကစား အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ခြောက်သင်းဖြင့် ဒီဇင်ဘာ ၇ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20158
2021-12-20
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပုသိမ်  ဇန်နဝါရီ  ၁၅။ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။။တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အနှစ်သာရရှိစွာ ကျင်းပမှာဖြစ်ပြီး၊ ယခင်နှစ်များနည်းတူ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ပြန်လည်ဖွဲ့စည်းသွားမည့် အခြေအနေနှင့်  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သည့်အတွက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအရ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကျင်းပခြင်းမပြုလုပ်ရေး၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေးနှင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ပူးပေါင်းဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားသည်။။ထို့နောက် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကော်မတီ ဝင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။။အစည်းအဝေးသို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပုသိမ်မြို့၊ ကန်သာယာ (ပြည်ထောင်စုကွင်း) ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စည်းကမ်းသတ်မှတ်ချက်/ လမ်းညွှန်ချက်များနှင့် အညီ အောင်မြင်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။။မောင်မောင်မြင့်
https://www.moi.gov.mm/news/10542
2021-01-15
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချမည်
နေပြည်တော် ဇန်နဝါရီ ၂ ။ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် သုံးမျိုးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်(အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့တွင် ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ်ပေး မည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20606
2022-01-03
(၇၄) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့် ထူရန်နှင့် ဥဩဆွဲရန် ညွှန်ကြားထား
နေပြည်တော် ဇူလိုင် ၁၃ ။၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက် (တနင်္လာနေ့ ) ( ၇၄) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက် ဌာန အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက် ညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက အစိုးရရုံးဌာနအားလုံးသို့ ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/15330
2021-07-14
(၇၄) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၁၀။(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခါသမယဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက လူသားအားလုံးအတွက် လူ့အခွင့်အရေးစံများပါဝင်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။။မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးမကြာမီ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကိုဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိနိုင်ငံအသီးသီး၌ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြပါကြောင်း။။ကမ္ဘာ့လူ့အခွင့်အရေး‌ကြေညာစာတမ်း၌ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြသည်ဟု ဖော်ပြပါရှိသကဲ့သို့ လူသားအားလုံးအနေဖြင့် မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို အသိမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့သည်လည်း လူ့အခွင့်အရေး၏ အရေးပါသည့်အနှစ်သာရများပင် ဖြစ်ပါကြောင်း။။ထို့ပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြရာတွင်လည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးရမည်ဟုလည်း ယင်းကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြရာတွင် မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း။။ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်ပါရှိသည့် လူ့အခွင့်အရေးစံများကို လေးစားသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် ၎င်းတို့၏ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် အဆိုပါစံများကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း၊ အလားတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း။။မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဓိကသဘောတူစာချုပ်များ ဖြစ်ကြသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစာချုပ်များနှင့်ဆက်စပ်နေသည့် နောက်ဆက်တွဲ သဘောတူစာချုပ်တစ်ချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း။။နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးတွင်လည်း အဓိကကျပါကြောင်း၊ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။။မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၏ ပင်ကိုယ်စရိုက်လက္ခဏာများအရလည်း လူသားအချင်းချင်း လေးစားမှုနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားမှုရှိသည့် နိုင်ငံနှင့် လူမျိုးများလည်းဖြစ်ပါကြောင်း၊ လူသားများ၏ကောင်းကျိုးအတွက် လူတို့လိုက်နာအပ်သည့် အကြောင်းတရား၊ အမူအကျင့်၊ အပြောအဆို၊ အနေအထိုင်စသည့် လမ်းညွှန်ဆုံးမ စကားများ၊ တစ်နည်းအားဖြင့် နီတိတို့သည်လည်းကောင်း၊ လူမှုရေးရာနှင့် ပတ်သက်သည့် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ နာယကဂုဏ်အစရှိသည့် ပေါင်းသင်းဆက်ဆံမှု နယ်ပယ်အလိုက် လိုက်နာစောင့်ထိန်းအပ်သည့် ဝတ္တရားများ၊ တစ်နည်းအားဖြင့် ကျင့်ဝတ်တို့သည်လည်းကောင်း၊ လူသားများ၏ကောင်းကျိုးပွားရာ ဆောင်ကြဉ်းအပ်သည့်၊ လိုက်နာအပ်သည့် မင်္ဂလာတရားများဖြစ်သော ၃၈ ဖြာမင်္ဂလာ၊ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြားရေးမင်္ဂလာ၊ ပြုစုလုပ်ကျွေးရေး မင်္ဂလာ၊ ကူညီဆောင်ရွက်ရေးမင်္ဂလာ၊ ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ၊ စိတ်ထားဖြူစင် မြင့်မားရေးမင်္ဂလာ၊ သည်းခံခြင်းမင်္ဂလာ၊ ခြိုးခြံခြင်းမင်္ဂလာ၊ စိတ်ထားခိုင်မာရေးမင်္ဂလာ စသည့်မြတ်မင်္ဂလာတို့သည်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ခံကျင့်သုံးကြသည့် ဓလေ့ထုံးတမ်းဥပဒေအဖြစ် လူအများစုက လက်ခံလိုက်နာ လုပ်ဆောင်နေကြသော ကောင်းကျိုးတရားများဆိုသည်ကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။။ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်မှာ (၇၅) နှစ်ပြည့်မြောက်မည်ဖြစ်သည့်အတွက် ယနေ့(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှစပြီး လာမည့်နှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိ တစ်နှစ်တာကာလပတ်လုံးကို လူသားအားလုံးအတွက် အရေးပါသည့် အမွေအနှစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေးထင်ဟပ် ဖော်ညွှန်းဂုဏ်ပြုသည့် လှုပ်ရှားဆောင်ရွက်ချက်များဖြင့် လေးစားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။။ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ပြည်သူအားလုံးက ပိုမိုသိရှိနားလည် သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ်ပတ်သက်သည့် အပြုသဘောဆောင်သော သဘောထားအမြင်များ၊ ခံယူလိုက်နာကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်းလာရေးအတွက် အသိပညာပေး လှုပ်ရှားမှုများနှင့်အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ဖြင့်ပြောကြားသည်။။ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော Video Clip ကိုကြည့်ရှုကြသည်။။ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။။ယင်းနောက် Myanmar National Human Rights Commission (MNHRC) Application ကိုမိတ်ဆက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အားလုံးအတွက်လူ့အခွင့်အရေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/33302
2022-12-10
(၇၄)နှစ် လွတ်လပ်ရေးနေ့ အတွေးအမြင်
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။။ ။မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ရာမှ တစ်မျိုးသားလုံး အသက်သွေး၊ ချွေးများ ပေးဆပ်ရင်းနှီးပြီး တို့ဗမာအစည်းအရုံးနှင့် ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။။ ။ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာ အပါအဝင် အာရှနိုင်ငံအများစုသည် မရှေးမနှောင်း ကိုယ်စီကိုယ်စီ လွတ်လပ် ရေးရရှိခဲ့ကြသည်။ အိမ်နီးချင်း  အိန္ဒိယနိုင်ငံကြီးသည် မြန်မာထက် လေးလခွဲမျှ  စောသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယကွန်ဂရက်ပါတီ၏ ဦးဆောင်မှုဖြင့် နယ်ချဲ့ဗြိတိသျှတို့ လက်မှ မားသားအိန္ဒိယကို လွတ်လပ်ရေး ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။။ ။အိမ်နီးချင်း  တရုတ်နိုင်ငံကြီး ကတော့  မြန်မာထက်  တစ်နှစ်ကျော်  နှစ်နှစ်နီးပါး နောက်ကျခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌကြီးမော် ဦးဆောင်သော တရုတ် ပြည်သူ့ကွန်မြူနစ်ပါတီက ဖက်ဆစ်ဂျပန်နှင့် နိုင်ငံရေးပြိုင်ဘက် ကွန်မင်တန် တပ်များကို     တွန်းလှန်တိုက်ခိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။။ ။မြန်မာ၊ တရုတ်၊ အိန္ဒိယ  သုံးနိုင်ငံ သည် လူဦးရေနှင့် နယ်မြေအမျိုးအစား အရ  ကွာဟမှုရှိခဲ့သော်လည်း  အာရှ၌  မဟာဗျူဟာ အချက်အချာကျသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မြန်မာနိုင်ငံနှင့်     အိန္ဒိယတို့က ပို၍ ကျောချင်းကပ်ခဲ့ကြသည်။ အိန္ဒိယ ကွန်ဂရက်ပါတီ ခေါင်းဆောင်    ဂျဝါဟာလာပဏ္ဍစ်နေရူးနှင့် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း စသည့် မြန်မာခေါင်းဆောင် တို့သည်  နိုင်ငံရေး အရသာမက ပုဂ္ဂိုလ်ရေးအရပါ  ရင်းနှီးသည်။။ ။လွတ်လပ်ရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံ ဘယ်သူအရင် လွတ်လပ်ရေးရယူဆွတ်ခူး နိုင်မလဲ မေးခွန်းကို နေရူးနှင့် ဗိုလ်ချုပ် အောင်ဆန်းတို့ ခန့်မှန်းသုံးသပ်လေ့ ရှိကြသည်။ နေရူးက    အိန္ဒိယသည် မြန်မာထက်စောပြီး လွတ်လပ်ရေးရမည်ဟု ခန့်မှန်းသည်။။ ။ကံတူအကျိုးပေး မြန်မာ၊ တရုတ်၊  အိန္ဒိယ သုံးနိုင်ငံသည် ကိုလိုနီနယ်ချဲ့ လက်အောက်တွင်    အဘက်ဘက်မှ ယိုယွင်းပျက်စီးခဲ့ကြရသည်။ သို့ကြောင့်မို့ နိုင်ငံခေါင်းဆောင်များသည် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေး၊  အင်အားတောင့်တင်းရေးတို့အတွက်  ကိုယ်စီကိုယ်စီ မျှော်မှန်းချက်များ ထားရှိခဲ့ကြသည်။။ ။မြန်မာပြည်က အရေးပါ။ ။မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ဟာ ငယ်ပေမယ့် သူ့အလျောက် တန်ဖိုးရှိတယ်။ ရှေးကတော့ မရှိဘူး၊ ယခု မြန်မာပြည်ဟာ ဥရောပတိုက်မှာ      ဘယ်လ်ဂျီယံပြည်နဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဟာ အိန္ဒိယပြည်နဲ့ တရုတ်ပြည်ကြီး  နှစ်ပြည် ကြားမှာရှိပြီး အင်မတန်စစ်ဘက်က အရေးပါအရာရောက် အကွက်ကျတဲ့ အချက်အချာ နိုင်ငံဖြစ်နေတယ်။ စစ်နဲ့ ပတ်သက်ပြီး စစ်ပစ္စည်းတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီးမှာ မြန်မာပြည်ဟာ ဘယ်လောက်အရေး ပါတယ်ဆိုတာ အပြင်ဘက်လူတွေ ကိုယ်တိုင်  မြင်သလောက် မြင်ကြတယ်။ ကျွန်တော်တို့ကတော့ အတွင်းကျကျ လုပ်ခဲ့လို့သိတယ်။ နိုင်ငံတကာအရေးကိစ္စ တွေ    ပေါ်ပေါက်လာတဲ့ အချိန်ကျမှ နောက်ကဝင်ပြီး မြန်မာနိုင်ငံက ခြေထိုးနိုင်တယ်။ အဲဒီလို မြန်မာပြည်က အရေးပါတဲ့ အခြေအနေကို ရောက်နေတယ်။။ ။မြန်မာပြည် လွတ်လပ်တဲ့အချိန်အခါမှာ ဘယ်သူလာပြီး ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ကျုပ်မလန့်ဘူး။ မြန်မာပြည် လူထုညီညွတ်ဖို့ လိုတယ်။ နိုင်ငံရေး စားဖားတွေ ညီညွတ်ဖို့မလိုဘူး။ ဘယ်သူတွေ ညီညွတ်ရမယ်ဆိုရင် တက်ခေတ် မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ် နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာပြည်ညီညွတ်မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီမညွတ်ဖြစ်နေရင် အချုပ်အခြာအာဏာပိုင်အဖြစ် ရောက်နိုင်မှာ မဟုတ်ဘူးဟု ၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နိုင်ငံရေး ရှင်းလင်းပွဲမိန့်ခွန်း၌ ညီညွတ်ရေးနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။။ ။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့   ရန်ကုန်မြို့တော်ခန်းမ၌ မြွက်ကြားခဲ့သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးရှင်းလင်း ပွဲကြီးတွင်မူ  လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား၊ တူရကီလို ဖြစ်ချင်သလား၊ အိုင်ယာလန်လိုဖြစ်ချင်သလား၊ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလား။   မြန်မာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည်ထူထောင်ရေး  စီမံကိန်းများကို အမျိုးမျိုးသော နည်းများနဲ့လုပ်မှ၊  ခပ်ရိုင်းရိုင်း မြန်မာစကားပြောရရင် အတော့်ကိုပြဲအောင် ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ ကျော်လောက်ကြာမှ မြန်မာပြည် တော်ရုံရောက်မယ်။ မလုပ်လို့ရှိရင် ယိုးဒယားတောင်မီမှာ မဟုတ်ဘူး။ အခြား လွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကျမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာလည်း မျက်နှာချို သွေးရ၊ ဒီလူလာလည်း  မျက်နှာချိုသွေးရနဲ့ ဖာသည်’နိုင်ငံ ဖြစ်မှာပဲ။။ ။လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွတ်မှုတွေကို ထိန်းထားပါ။  ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာ ကိစ္စအတွက်      အလုပ်လုပ်တဲ့နေရာမှာ  စည်းကမ်းရှိဖို့၊    ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့   ခင်ဗျားတို့   စောက်ကျင့်တွေ ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်ဟူ၍ ဗိုလ်ချုပ်က နောက်ဆုံးမိန့်ခွန်းအဖြစ်        မြန်မာပြည်သူလူထုကို ခပ်ကြမ်းကြမ်း သတိပေးနှိုးဆော်သွားခဲ့ရှာသည်။။ ။အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး နေရူး ကမူ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက် နှင့် ၁၅ ရက်နေ့  သန်းခေါင်ယံအချိန်၌ နယူးဒေလီမြို့တော်ရှိ ပါလီမန် လွှတ်တော်အဆောက်အအုံ ဗဟိုခန်းမကြီးထဲ၌ ဥဒါန်းတွင်ရစ်မည့် လွတ်လပ်ရေးနေ့ မိန့်ခွန်းအဖြစ်   ကျွန်ုပ်တို့သည်  နှစ်ပေါင်းများစွာအကြာမှစ၍ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြရာ  ယခု ကျွန်ုပ်တို့၏  ကြိုးပမ်းချက်မှာ အကောင်အထည် ပေါ်လာပြီဖြစ်သည်။။ ။ဝမ်းမြောက်ဂုဏ်ယူ။ ။သန်းခေါင်ယံအချိန် လူ့လောက တစ်ခွင်လုံးအိပ်မောကျနေစဉ် အိန္ဒိယပြည်သည် အသက်ဝင် လှုပ်ရှားကာ လွတ်လပ်ရေး ပန်းတိုင်အရောက် ချီတက်ပေတော့မည်။ အဟောင်းမှ  အသစ်သို့ လည်းကောင်း၊ အဖိနှိပ်ခံ ဘဝမှ လွတ်လပ်ခြင်းသို့လည်းကောင်း ကူးပြောင်းပေတော့မည်ဟူ၍ မျှော်လင့်ချက်အပြည့်၊ ဝမ်းမြောက်ဂုဏ်ယူမှု အပြည့်ဖြင့် ပြောကြားခဲ့ပေသည်။။ ။သို့ရာတွင် နေရူးသည်  တစ်ဖက်က လည်း မားသားအိန္ဒိယ၏ကြီးလေးသော  တာဝန်များကို   ကြိုတင်၍  ခန့်မှန်း တွက်ချက်ထားခဲ့သည်။ သမီးဖြစ်သူ အင်ဒီရာဂန္ဒီထံ ထောင်တွင်းမှ ရေးသားပေးပို့ခဲ့သည့်    သမီးထံသို့ပေးစာများ’ ထဲတွင်   လွတ်လပ်ရေးကို   ဖေဖေတို့  အမှန်တကယ်လိုချင်တယ်။   ဒါပေမဲ့ လွတ်လပ်ရုံနဲ့မပြီးသေးဘူး။  အမိနိုင်ငံ မှာ ရှိနေတဲ့ ဖုန်မှုန့်အညစ်အကြေးတွေ၊  ဆင်းရဲငတ်ပြတ်မှုတွေ၊    ဒုက္ခတွေကို ဖယ်ရှားပစ်နိုင်ဖို့ လိုသေးတယ်။ ပြီးတော့ လူတွေရဲ့စိတ်ဓာတ်မြင့်မား လာအောင် လုပ်ရဦးမယ်။ အစွမ်းကုန်  ဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်း ဆောင်ရွက်စရာတွေလည်း ရှိတယ်။ တိုင်းသူပြည်သားတွေရဲ့ ခံယူချက် မြင့်မားမလာရင် လုပ်စွမ်းနိုင်မှာ မဟုတ်ဘူး။ အခုလိုလုပ်ဖို့ရာ  တာဝန် ကြီးလှတယ်။ အချိန်တွေ အများအပြား လိုမယ်။ အနည်းဆုံး  အစပြုကြိုးစား ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်သမီး’ ဟု ရေးသားခဲ့သည်။။ ။၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထျန်းအန်းမင်ရင်ပြင်တွင် လူ နှစ်သိန်း၊ သုံးသိန်းခန့်  စုဝေးနေကြသည်။ အနီရောင်အလံများကလည်း  ရဲရဲတောက်နေသည်။ ဥက္ကဋ္ဌကြီး မော်စီတုံးက   တရုတ်ပြည်သူ့သမ္မတ နိုင်ငံကြီး၏ ဗဟိုပြည်သူ့အစိုးရကို ယခု  တည်ထောင်လိုက်ပါပြီ။  ကျွန်တော်တို့ တရုတ်ပြည်သူတွေ ကိုယ့်ခြေထောက် ပေါ်ကိုယ် မတ်မတ်ရပ်နိုင်ခဲ့ပြီဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်။။ ။ဒေသတွင်း ကံတူအကျိုးပေး မြန်မာ၊ တရုတ်၊ အိန္ဒိယတို့၏  လွတ်လပ်ရေး ကြိုးပမ်းမှု ခြေလှမ်းများကား သိပ်မကွာ လှ၍ လွတ်လပ်ရေး အောင်ပန်းကို ရယူ ဆွတ်ခူးရာတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ    ရှေ့ဆင့်နောက်ဆင့်မျှသာ ကွာခြားခဲ့ကြသည်။။ ။သို့တစေ လွတ်လပ်ပြီးခေတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင်မူ   များစွာကွာဟ သွားခဲ့လေသည်။ တရုတ်နှင့် အိန္ဒိယ တို့သည် အင်အားကြီးနိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်ငြား  မြန်မာကား ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေး အဆင့်မျှသာ။။ ။အခက်အခဲများစွာ ကြုံတွေ့။ ။တရုတ်၊ အိန္ဒိယ၊ မြန်မာသုံးနိုင်ငံ စလုံးသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေများနှင့်     လွတ်လပ်စနိုင်ငံများ၏ သဘာဝအတိုင်း အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။။ ။အိန္ဒိယပြည်ကြီးက လွတ်လပ်ရေး ရပြီးနောက် ပါကစ္စတန်၏ခွဲထွက်မှု၊ အိန္ဒိယ-တရုတ်စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့်  ဇာတ်နိမ့်ဇာတ်မြင့် လူတန်းစားခွဲခြားမှု၊ ဟိန္ဒူ-မွတ်စလင် ဘာသာရေးပဋိပက္ခများ  စသည့်စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။။ ။တရုတ်ပြည်ကြီးက မြေယာပြုပြင် ပြောင်းလဲရေး၊ မဟာခုန်ပျံကျော်လွှားမှုကြီး၊ ယဉ်ကျေးမှု တော်လှန်ရေးစသည့် ပေါ်လစီအမှားများကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။။ ။မြန်မာပြည်က ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့် ပေါ်ပေါက်လာသော  လွတ်လပ်ရေး၏ ဖွားဖက်တော် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်ပဋိပက္ခများ စသည့် ဝဲဩဃထဲတွင် ချာချာလည်ခဲ့ရသည်။။ ။သို့ရာတွင် တရုတ်နှင့် အိန္ဒိယတို့သည် အတိတ်က အမှားအယွင်းများကို သင်ခန်းစာ  ရယူတတ်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေးများကို လုပ်ဆောင်ခဲ့ကြသည်။ အမှားကို  ဆင်ခြင်သည်။ အမှန်ကို ရှေးရှုသည်။ ရဲဝံ့စွာ လျှောက်လှမ်းသည်။။ ။တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ၁၉၇၈ ခုနှစ် (၁၁)ကြိမ်မြောက် ဗဟိုကော်မတီ တတိယစုံညီ အစည်းအဝေးအတွင်း ရေးဆွဲခဲ့သော ပေါ်လစီများအတွင်း တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးသည် အခြေခံနိုင်ငံတော်ဝါဒပေါ်လစီ ဖြစ်လာခဲ့သည်။ တရုတ်ပြည်၏ ကံကြမ္မာသည် ထိုအချိန်ကစတင်ပြီး  မိုးမြေသိမ့်သိမ့်တုန်မျှ  အပြောင်းအလဲကြီးများ ဖြစ်ပေါ်ခဲ့သည်။။ ။မှီငြမ်းကိုးကားရာမှာ သတိထားဖို့လို။ ။တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး ဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ် စက်တင်ဘာလက       ကျင်းပခဲ့သော တရုတ်ပြည် ကွန်မြူနစ်ပါတီ (၁၂)ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကွန်ဂရက် ဖွင့်ပွဲအခမ်းအနားတွင် ကျွန်တော်တို့ရဲ့  ခေတ်မီတည်ဆောက်ရေးဟာ လက်တွေ့က အစချီရမယ်။ တော်လှန်ရေးပဲဖြစ်ဖြစ်၊   တည်ဆောက်ရေးပဲဖြစ်ဖြစ် တိုင်းတစ်ပါး ရဲ့  အတွေ့အကြုံကို လေ့လာရာနဲ့ မှီငြမ်း  ကိုးကားရာမှာ သတိထားဖို့လိုပါတယ်။ ဒါပေမယ့် တခြားနိုင်ငံရဲ့အတွေ့အကြုံ ဖြစ်ဖြစ်၊ ပုံစံဖြစ်ဖြစ်၊ ပုံတူကူးချတာဖြစ်ဖြစ်  အတုံးလိုက်  အတစ်လိုက် ပုံတူကူးချခြင်းဟာ ဘယ်တော့မှ အောင်မြင်မှာ  မဟုတ် ပါဘူး။ ဒီဘက်မှာ  မနည်းလှတဲ့သင်ခန်းစာ တွေ   ကျွန်တော်တို့မှာ  ရှိခဲ့ပြီးပါပြီဟု  ပြောကြားခဲ့သည်။။ ။မြန်မာနိုင်ငံကမူ သက်တမ်းအားဖြင့် (၇၄)နှစ်ရှိခဲ့ချေပြီ။  သို့တစေ  ပစ္စက္ခတိုင် အတိတ်သင်ခန်းစာများကို  ရယူနိုင်ခဲ့ခြင်း မရှိသေးချေ။ လက်ရှိကာလတွင်လည်း ပြည်ပအားကိုး ပုဆိန်ရိုးများသည် ပြည်ပဩဇာခံ၍ အမိမြန်မာနိုင်ငံတော်ကို ကျရှုံးနိုင်ငံဖြစ်ရန် တစိုက်မတ်မတ်ကြံစည် လုပ်ဆောင်လျက် ရှိကြပြန်သည်။ ။ ။ယခင်က အေးချမ်းသာယာခဲ့သော ဒေသအချို့သည် မီးဟုန်းဟုန်း တောက်လောင်လျက်ရှိသည်။  ဒေသခံ ပြည်သူအချို့သည် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကုန်သည်။ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြိုင်ဘက် ပါတီဝင်များစွာတို့သည် အကြမ်းဖက် သမားတို့၏ ပစ်မှတ်ဖြစ်လာပြီး လုပ်ကြံ သတ်ဖြတ်ခြင်း ခံနေကြရသည်။။ ။အကြီးမားဆုံးခြေလှမ်းတစ်ရပ်။ ။ဆိုရလျှင် မြန်မာသည် ရှေ့သို့လှမ်းရမည့်အစား နောက်ပြန်လှမ်းနေသည်။ ဒေသတွင်း      အာဆီယံနိုင်ငံများကမူ ရှေ့သို့ ခပ်သုတ်သုတ်လှမ်းနေကြသည်။ အိမ်နီးချင်း လာအိုက  ယခုရက်ပိုင်း အတွင်းမှာပင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ တန်ဖိုးရှိ လာအို-တရုတ် ကျည်ဆန်ရထား လမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော်ဗီယန်ကျင်းအထိ  ကီလို မီတာပေါင်း ၁၀၀၀ ကျော်ရှည်လျားသည့် အဆိုပါ  ရထားလမ်းကို   တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လာအိုက သူတို့၏  ပထမဆုံးကျည်ဆန် ရထားကို လန်ချန်းဟု အမည်ပေးထားသည်။ အာရှ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံတစ်နိုင်ငံ အနေဖြင့် ခေတ်မီကမ္ဘာကို လှမ်းခုန်ရောက်ရှိသွားသည့်   အကြီးမားဆုံး ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။။ ။ဗီယက်နမ်နိုင်ငံဘက် မျက်နှာမူ လှည့်ကြည့်ပြန်တော့ ဟနွိုင်းမြို့တော်၌ ဆယ်နှစ်ကြာ     တည်ဆောက်ခဲ့သော  မြို့ပတ်ရထားလမ်း စီမံကိန်းပြီးစီးသွား၍  နိုဝင်ဘာလ ၆  ရက်တွင်  စတင်ပြေးဆွဲ နေသည်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။    ခရီးစဉ် အစအဆုံးမှာ  ၁၃  ကီလိုမီတာရှိသည်။ ဘူတာ  ၁၂  ခုပါဝင်ပြီး  ၂၃  မိနစ်သာ ကြာမြင့်သည်။  အမေရိကန်ဒေါ်လာ ၈၆၈  သန်း အကုန်အကျခံ  တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။။ ။ကမ္ဘောဒီးယားနိုင်ငံက  နိုဝင်ဘာလ ၂၄ ရက်တွင် အရှည် ၁၁၃၁ မီတာနှင့်  အကျယ် ၁၃ ဒသမ  ၅ မီတာရှိ မဲခေါင် မြစ်ကူးတံတားဖွင့်ပွဲကို   ကျင်းပခဲ့သည်။ ရှစ်စင်းမြောက်  မဲခေါင်မြစ်ကူးတံတားဟု ဆိုသည်။။ ။ထိုနေ့တစ်ရက်တည်းမှာပင် ကုလသမဂ္ဂအထွေထွေညီလာခံက ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် နီပေါနိုင်ငံ တို့ကို ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCS) အဆင့်မှ လွတ်မြောက်သွားခဲ့ကြောင်း အတည်ပြုလိုက်သည်။။ ။၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သော (၄၂) နှစ်မြောက် ကုလသမဂ္ဂ  အထွေထွေညီလာခံ၏ (၉၆) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံကတော့ လက်ရှိ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး  စာရင်း ဝင်နိုင်ငံပေါင်း ၄၆ နိုင်ငံထဲတွင် ကျန်ရှိနေဆဲ။။ ။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်သော (၄၇)နှစ်မြောက်   ရခိုင်ပြည်နယ် နေ့တွင်    ပေးပို့သည့်သဝဏ်လွှာ၌ တိုင်းပြည်၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို  အခြေခံသည့် ရိုက်ခတ်မှုကြောင့် တိုင်းရင်းသား  ညီအစ်ကိုအချင်းချင်းအကြား  နိုင်ငံရေး ဝါဒမတူညီမှု၊  အယူအဆ မတူညီမှုများနှင့် သံသယများ တိုးပွားစေပြီး လက်နက်ကိုင် ပဋိပက္ခများကိုဖြစ်ပေါ် စေခဲ့ပါသည်။ ထိုပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်  နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု  နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။။ ။စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို  တရားမျှတမှု အပြည့် ကျင့်သုံးပြီး    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံး အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် ပေးကြရမည် ဖြစ်ပါသည်ဟု  ဖော်ပြခဲ့သည်။။ ။သန္နိဋ္ဌာန်တစ်ရပ်ရှိဖို့သာလိုအပ်။ ။သို့ဆိုလျှင် မြန်မာသည် မြန်မာနှင့် အတူ  မရှေးမနှောင်း  လွတ်လပ်ရေး ရရှိခဲ့ကြသည့် တရုတ်၊ အိန္ဒိယနိုင်ငံကြီးများကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ချမ်းသာကြွယ်ဝအောင် အတိတ် သင်ခန်းစာများကို   အလေးအနက် ဆင်ခြင်သုံးသပ်ကြရပါတော့မည်။ နိုင်ငံ တစ်နိုင်ငံ၏ (၇၄)   နှစ်သက်တမ်း ဆိုသည်မှာ ဘာမျှမရှိသေးပါ။ အချိန် ရှိပါသေးသည်။ ပစ္စက္ခ (၇၄)နှစ်မြောက်  လွတ်လပ်ရေးမှသည် အနာဂတ် ဖွံ့ဖြိုးရေးဆီသို့ဟူသည့် လေးနက် ခိုင်ကျည်သော သန္နိဋ္ဌာန်တစ်ရပ်ရှိဖို့သာ  လိုအပ်ပါသည်။။ ။အနာဂတ်  မျိုးဆက်များအတွက် ကျွန်တော်တို့   လက်တွဲမဖြုတ်စတမ်း ကြိုးပမ်းကြပါစို့။      ။။ ။စာချစ်သူ
https://www.moi.gov.mm/article/20331
2021-25-12
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာဖတ်ကြားခြင်း၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
နေပြည်တော်  ဇန်နဝါရီ  ၁၀။(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။ ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။။ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကချင်ရိုးရာ မနောပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား များက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ များမှဖွင့်လှစ်သည့် ပြခန်းများနှင့် အရောင်းပြခန်းများကို အသီးသီးလိုက်လံကြည့်ရှုခဲ့ကြသည်။။ဆက်လက်၍ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာ သိုင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာသိုင်းအခြေခံသင် တန်းဆင်းပွဲ အခမ်းအနားသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများက သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြဖျော်ဖြေခဲ့ကြသည်။။ဆက်လက်၍ နေ့လယ်ပိုင်းတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်း များနှင့်မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုပထမအဆင့်(၈)ဦး၊ ဒုတိယအဆင့်(၁၆)ဦး၊ တတိယအဆင့်(၂၂)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု ဒုတိယအဆင့်(၅)ဦး၊ တတိယအဆင့်(၁)ဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် (၆)ဦး၊ ဒုတိယအဆင့်(၁၁)ဦး၊ တတိယအဆင့်(၉)ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူ(၁၉၃)ဦး၊ စုစုပေါင်း(၂၇၁)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော် မြတ်ကြီး၊ မြစ်ကြီးနားမြို့ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အောင်တော်မူသကျမာရဇိန် အံတော်ရှင် စေတီတော် မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/20859
2022-01-10
(၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၂၄။၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုသည်။။အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ် စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။။လွှဲပြောင်းပေးအပ်။အခမ်းအနား အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။။ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက် တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။။လှည့်လည်ကြည့်ရှုလေ့လာ။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲကျော်ထင်)၏ အမည်ကမ္ပည်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲကျော်ထင်)အား လှည့်လည်ကြည့်ရှုလေ့လာကာ စစ်ရေယာဉ်မှူးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။။၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင် များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်) အပါအဝင် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွား ကင်းလှည့် ရေယာဉ် ၂ စီးနှင့် မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီး တို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်း ပြသကြသည်။။ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်) တို့မှ အမြောက်(၂၁)ချက် ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြု ကြသည်။ ၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီဂိတ် စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွားကင်းလှည့်ရေယာဉ်များမှ Diamond Formation ပုံပြု ပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုကြသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့်  ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင် အဖြစ်  ဂါရဝပြုပေးအပ်သည်။ ။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုအထိမ်း အမှတ်တံဆိပ်နှင့် လက်ဆောင် ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။။၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အခမ်း အနားသည် တပ်မတော်(ရေ)၏ (၇၄)နှစ်မြောက် အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော် (ရေ)အတွက် ဒုတိယမြောက်ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားဖြစ်ပြီး တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းတစ်ရပ်ကို ထပ်မံဖြည့်တင်းပေးသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောစစ်ရေယာဉ်နှင့် အတူ တပ်မတော်(ရေ) မှကိုယ်တိုင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များ ဖြစ်သည့် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၂ စီးနှင့် မြစ်တွင်း အမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီး တို့ကိုလည်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း။။အဆင့်မြှင့်တင် တည်ဆောက်။နိုင်ငံတော်၏အချုပ်အခြာအာဏာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေး အင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့အဆင့်မြှင့်တင်တည် ဆောက် ရာတွင် တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပင် သီးသန့် စီးပွားရေးဇုန်အထိအပြည်အဝကာကွယ်ပေးနိုင်ရေးအတွက် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းပြီး တည်ဆောက်ပေးရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ဆောက်ပေးနိုင်ရန်၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းနိုင်ရန်၊ လူသား အရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင်လည်း အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာအတွက် စဉ်းစား၍ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။။အရည်အသွေးများ ပိုမိုတိုးတက်။ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ဆောက်ရေးအတွက် ယခင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက လူသားအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့လက်တွေ့တည်ဆောက်ရာတွင် အသင့်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်လည်း ရေတပ်သင်္ဘောကျင်းများအား အဆင့်ဆင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ရေတပ်သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် ၈၈ စီးကိုတပ်တော်ဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးယနေ့ တပ်တော်ဝင်သည့် စစ်ရေယာဉ်များနှင့်ဆိုပါက ၉၄ စီးကို တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တည်ဆောက်လျက်ရှိကြောင်း၊ ထို့သို့တည်ဆောက်ခဲ့ရာ တွင်လည်း စစ်ရေယာဉ်များ တည်ဆောက်မှု အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း။။ထို့အတူစွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေယာဉ်များဖြစ်စေရေး စစ်ရေ ယာဉ်တစ်စင်းချင်းစီ၏ စွမ်းဆောင်နိုင်မှု (Capability) များတိုးတက်ကောင်းမွန်လာစေ ရေးဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့စစ်ရေယာဉ်များ အနေဖြင့် တစ်စီးချင်းတိုက်ပွဲဝင်ရာတွင် Capability ပိုကောင်းသည့် တိုက်ပွဲဝင် စစ်ရေယာဉ်များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။။လူသားအရင်းအမြစ်များ မွေးထုတ်ပေးမှုနှင့် ပတ်သက်၍ တပ်မတော်(ရေ) အတွက် Deck officer များ Deck Crew များ၊ သင်္ဘောအင်ဂျင်ခန်းတွင် တာဝန်ထမ်း ဆောင်မည့်သူများကို လေ့ကျင့်မွေးမြူပေးလျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း သင်္ဘော တည်ဆောက်ရေးနှင့်ပတ်သက်ပြီးလည်း ဒီဇိုင်းနှင့်ပတ်သက်သည့် Navy Architect နှင့်ပတ်သက်သည်များ၊ Ship Construction နှင့်ပတ်သက်သည့် လူသားအရင်းအမြစ်များ အတွက် ပညာတော်သင်များ ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်းနှင့် လက်တွေ့ လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေး၍ အရည်အသွေးများတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့လူသား အရင်းအမြစ် တည်ဆောက်ရေးသည်တပ်ဖွဲ့ တစ်ခု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ကြောင်း၊ လူသား အရင်းအမြစ်များကို ကြိုတင်တည်ဆောက်ထားခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ။ခေတ်မီ ရေတပ်မတော်ဖြစ်စေရေး။ကြည်၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးများ တပ်ဖွဲ့များအလိုက် စစ်ဆင်ရေးများနှင့် ပြည်ပနိုင်ငံများနှင့် ပူးတွဲလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများနှင့် ရေတပ်ဖွဲ့ချင်း ချစ်ကြည်ရင်းနှီးမှု ရရှိသကဲ့သို့ ရေတပ်ဖွဲ့၏ အရည်အသွေး၊ ပင်လယ်ပင်တွင် တာဝန်ထမ်းဆောင်မှု အတွေ့အကြုံ၊ သမုဒ္ဒရာကိုဖြတ်ကျော်ရသည့် အတွေ့အကြုံများကို ရရှိကြောင်း၊ တပ်မတော်(ရေ)တွင် အမျိုးသားစစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များ ကိုလည်း လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးအရာရှိများကိုလည်း စစ်ရေယာဉ်များ တွင်တာဝန်ပေးပြီးလိုက်ပါဆောင်ရွက်နိုင်ခဲ့သဖြင့် လူသားအရင်းအမြစ်များ အထိုက်အလျောက် ပြည့်စုံတိုးတက်လာပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကိုမျှော်မှန်း၍ နိုင်ငံ၏ ကာကွယ်ရေးစနစ်ကို ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ရေတပ်ဖွဲ့စည်းမှုအား ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခေတ်မီရေတပ်မတော် ဖြစ်စေရေးအဆင့်မြှင့်တင် ရာတွင် မိမိတို့အနေဖြင့် များစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။။မိမိတို့ တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီ ဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ရေးသည် အထူးအရေးကြီးကြောင်း၊ သာမာန်အချိန် သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်ချိန်တွင် အလေ့အကျင့်များသည် ပင်လယ်ပြင်တွင် ခရီးသွားတာဝန် ထမ်းဆောင်ရာ၌ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊  ထိုသို့ မိမိ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ပုံမှန်လေ့ကျင့်ခန်းများကို လေ့ကျင့် ပေးထားမှသာလျင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာအောင်နေထိုင်ပြီး ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ရန် အထူး မှာကြားလိုကြောင်း၊ နောက်တန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်နေစဉ် ကြံ့ခိုင်မှု မပြည့်ဝခြင်းသည် မသိသာသော်လည်း ပင်လယ်ပြင်တာဝန်များကို ထမ်းဆောင်ချိန် တွင် ကျန်းမာရေးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ၌ အထူး ကျန်းမာ ကြံ့ခိုင်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုများကို  မထိခိုက်စေရန် မိမိကိုယ်ကို ကျန်းမာ ကြံ့ခိုင်အောင် နေထိုင်သွားကြရန် မှာကြားလိုကြောင်း။။အသိအမှတ်ပြု ချီးကျူး။ကျန်းမာရေးနှင့်ပတ်သက်၍ တစ်ဆက်တည်း မှာကြားလိုသည်မှာ တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့လက်တွဲပြီး  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တပ်မတော်(ရေ) မှ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာ့ကမ်းရိုးတန်း တစ်လျောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသ များရှိ သွားလာရေး ခက်ခဲပြီး ရေလမ်းခရီးကိုသာ အားပြုနေထိုင်နေရသည့် အရပ် ဒေသမှ တိုင်းရင်းသား ပြည်သူများအတွက် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင် အပါအဝင် အခြားလိုအပ်သည့် ပစ္စည်းများကို စစ်ရေယာဉ် များနှင့် သယ်ယူ ပို့ဆောင်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက်လည်း အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း တပ်မတော်၏ ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် မှတ်ကျောက်တင်နိုင်မည့် ဆောင်ရွက်ချက်များပင်ဖြစ်ပြီး တပ်မတော်(ရေ)မှ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းသွားမည့် ရောဂါမျိုး မဟုတ်သဖြင့် ထပ်မံ ကြုံတွေ့လာမည့် အခြေအနေများကိုလည်း ရင်ဆိုင်ကူညီနိုင်ရန် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားလိုကြောင်း။။အထက်အောက် အပြန်အလှန်လေးစား။တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကိုကာကွယ်မည်ဟူသည့် မွန်မြတ်သောစိတ်ဆန္ဒနှင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ဝင်ရောက်အမှုထမ်းကြသူများဖြစ်ကြောင်း၊ မိမိတို့ ထမ်းဆောင်နေသည့် တာဝန်အပေါ် ယုံကြည်ချက်၊ ခံယူချက် နက်နက်ရှိုင်းရှိုင်းနှင့် တာဝန်ထမ်းဆောင် သွားကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန် လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ်မွေးမြူပြီး တပ်မတော်သားကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ကြောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်ရန် စစ်သားစိတ် အပြည့်အဝရှိရန် သတိ၊ အသိတရားများဖြင့် တာဝန်ထမ်းဆောင် သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ သွားလာနေထိုင်ပြောဆိုမှု လုံခြုံရေး၊ မိမိတာဝန် ထမ်းဆောင်နေသည့် တပ်၏ လုံခြုံရေး၊ တပ်မတော်၏ လုံခြုံရေးတို့ကို သတိပြုရမည်ဖြစ်ပြီး ရှင်သန်ရပ်တည်နေထိုင် နေကြရသည့် နိုင်ငံတော်၏ လုံခြုံရေးကိုပါ တစ်ဦးချင်း အသိစိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော် ထိခိုက်မည့် လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပေါ်စေရန် ဂရုပြုရန်လိုအပ်မည်ဖြစ်ကြောင်း၊ တို့တာဝန် အရေးသုံးပါသည် အမျိုးသားရေး တာဝန်ဖြစ်သော်လည်း လက်ရှိနိုင်ငံတော်၏ လိုအပ် ချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။။မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင် နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များစောင့်ရှောက် ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော် လာမည့် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိက တာဝန်ပင် ဖြစ်ကြောင်း။။နိုင်ငံ၏ပိုင်နက်ရေပြင် ကာကွယ်ရေး။ယနေ့တပ်တော်ဝင်သည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) ကို လေ့ကျင့်ရေးဆောင်ရွက်ရန် အဓိကထားသည်ဖြစ်သော်လည်း လိုအပ်ပါက စစ်ဆင်ရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့်ရေးတာဝန်များအပြင် နိုင်ငံ၏ ပိုင်နက် ရေပြင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချသွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ မင်းရဲဆိုသည်မှာ အလွန်ရဲရင့်သည့်သူရဲကောင်းဟုအဓိပ္ပါယ်ရကြောင်း၊ ကျော်ထင်ဆိုသည်မှာ ကျော်ကြားထင်ရှားခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ ရှေးမြန်မာမင်း များလက်ထက် ရန်အပေါင်းကို ရင်ဆိုင်ချေမှုန်းခဲ့သည့် အလွန်ရဲရင့်ကျော်ကြား ထင်ရှား သည့် သူရဲကောင်းများကို ပေးလေ့ရှိသည့် ဘွဲ့အမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်လာမည့် မည်သည့် ကျူးကျော်မှုကိုမဆို ရဲရဲရင့်ရင့်ဖြင့် ရင်ဆိုင်ချေမှုန်းနိုင်ရန်ရည်ရွယ်ပြီး အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း။။မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ်များကိုလည်း မြစ်တွင်းသယ်ပို့တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ဘက်စုံသုံးရေယာဉ်အဖြစ်အသုံးပြုနိုင်သည့်အပြင် မြစ်တွင်း စစ်ဆင်ရေးများတွင် လျင်မြန်စွာလှုပ်ရှားနိုင်ပြီး ပစ်အားနှင့်စစ်ကစားနိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့ကြောင်း၊ ဟန်ချက်ညီရေတပ်တစ်ခု တည်ဆောက်သည့် နေရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များ အပါအဝင် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ်များကိုပါ အချိုးအစားမျှတစွာ ထမ်းဆောင်ရမည့် တာဝန်နှင့် လိုက်လျောညီထွေရှိအောင် စနစ်တကျ တည်ဆောက် ပေးလျက်ရှိကြောင်း။။ထိုကဲ့သို့ စစ်ရေယာဉ်များကို တည်ဆောက်နိုင်ရေး၊ တာဝန်ထမ်းဆောင်နိုင်ရေးတို့အတွက် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ) မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အားလုံး ကို ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။။ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ်ဆိပ်ခံ တံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ) ဖြင့် ထွက်ခွာကြသည်။။အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီး။ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီးခြင်းအားဆောင်ရွက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံဆိပ်များအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။။ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်း ဌာနချုပ်အလိုက် ခင်းကျင်း ပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် တပ်မတော် (ရေ)စစ်တီးဝိုင်း တပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသား ရိုးရာ တေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုများအားကြည့်ရှု အားပေးပြီး ဂုဏ်ပြု ဆုငွေ များပေးအပ်သည်။။အဆိုပါ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ပြခန်းများတွင် ရေတပ်သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်းများနှင့် ရေယာဉ် ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် မြန်မာ့ရိုးရာ အစားအစာများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/20314
2021-12-25
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဇန်နဝါရီ ၇။ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်  သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။ရှေးဦးစွာ ၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ မှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။။ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ များ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။။ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြား ရေးနှင့်နေရာချထားရေး၊ အလံတင်အခမ်းအနားစီစဉ်ကျင်းပရေး၊ မြေစိုက်ပိုစတာများ စိုက်ထူရေး၊ ကျန်းမာရေး၊ စာရင်း စစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။။ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ က (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးတို့မှ မိမိတို့ဆပ်ကော်မတီ အလိုက် တာဝန်ယူ ဆောင်ရွက် ရမည့် လုပ်ငန်းများကို လိုအပ်ချက် မရှိအောင် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/10328
2021-01-07
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ
နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးတွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝတာဝန်ရှိ။ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့အား ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။။မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်းအစဉ်အလာ ကောင်းများရှိခဲ့သည့်အပြင် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့ အလယ်တွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည်ခဲ့ကြပါသည်။ ။သို့ရာတွင် ကမ္ဘာတစ်ဝန်းလွှမ်းမိုးကြီးစိုးလာသော ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည်လည်း အချို့သောနိုင်ငံများကဲ့သို့ (၁၉)ရာစု နှောင်းပိုင်းမှစ၍ ကိုလိုနီနယ်ချဲ့တို့၏ မတရား ကျူးကျော်  သိမ်းပိုက်ခြင်းခံခဲ့ရပြီး နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။။အေးအတူပူအမျှအတူတကွယှဉ်တွဲနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို သက်စွန့်ကြိုးပမ်း တွန်းလှန် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ယခုအခါ (၇၄)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။။နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့်လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါသည်။ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှု မရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးတွင် ထိန်းသိမ်းစောင့်ရှောက်ရန်  အပြည့်အဝ တာဝန်ရှိပါသည်။ ။မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်ခဲ့သည့် တောင်တန်းမြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမ အချင်းချင်းတို့အကြား ယုံကြည်မှုလျော့နည်းခဲ့ပြီး သံသယစိတ်ဓာတ်များဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာကာ ပြည်တွင်းငြိမ်းချမ်းရေးအား ထိပါးလာခဲ့ပါသည်။ ထိုအချိန်တွင် ဖဆပလအဖွဲ့သည် နိုင်ငံ၌ အားအကောင်းဆုံးသော နိုင်ငံရေးအဖွဲ့ကြီးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းဆောင်များအတွင်း သဘောထား  ကွဲလွဲမှုများကြောင့် နိုင်ငံအခြေအနေများ ယိမ်းယိုင်ခဲ့ရပါသည်။  ဖဆပလအတွင်း ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်အစရှိသော နိုင်ငံရေးခံယူချက်မတူသည့် အဖွဲ့အစည်းများဖြင့် စုစည်းတည် ဆောက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစုအဖွဲ့လိုက် သဘောထားကွဲပြားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ တည်ဆောက်မှုတို့ကြောင့် စည်းရုံးရေးပြိုကွဲခဲ့ရသည်။ အကျိုးဆက်အားဖြင့် ဖဆပလအတွင်း သူတစ်လူ၊ ငါတစ်မင်း အုပ်စုကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် ဘေးကျပ်နံကျပ်ဖြစ်စေခဲ့ပါသည်။။နောက်ပိုင်းတွင်လည်း ထိုကဲ့သို့နိုင်ငံရေးအယူအဆနှင့် အယူဝါဒ ကွဲပြားမှုအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခတို့ကြောင့် နိုင်ငံတော်၏ တည်ငြိမ်ရေးပါ ထိပါးလာခဲ့သည့်အပြင် လွတ်လပ်ရေးရရှိပြီး ၇၄ နှစ်ရှိပြီဖြစ်သော်လည်း ထိုပဋိပက္ခများအား ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ ဖြိုးတိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ။တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး၏ ခါးသီးသော အတိတ်သမိုင်း အတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မတရားသွေးထိုး လှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမြဲသတိပြုကြရန် လိုအပ်ပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်သွားနိုင်မည် ဖြစ်ပါသည်။။စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား  အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် ပေးကြရမည်ဖြစ်ပါသည်။ ။ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။။ထိုသို့ဆောင်ရွက်ရာ၌ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်း ကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများနှင့် သက်ဆိုင်ရာ  အဖွဲ့အစည်းများအားလုံးက တစ်သွေးတည်း၊ တစ်သားတည်း  ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြပါသည်။ ကျွန်ုပ်တို့ နိုင်ငံသည်တည်နေရာ၊ ရာသီဥတုကောင်းနှင့် ရေခံမြေခံကောင်းရှိသော နိုင်ငံတစ်ခုပင် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ ရှိပြီးသား ၎င်းကဲ့သို့ သဘာဝအခြေခံကောင်းများကို လူသားအရင်းအမြစ်နှင့် ပေါင်းစပ်၍ စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်၍ ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့အား အားတက်သရော ဆောင်ရွက်နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အဖြစ် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ဦးတည်ဆောင်ရွက်နေပါသည်။ နိုင်ငံတော်သာယာဝပြောရေးဆိုရာ၌ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည်ဖြစ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသည့် ကျင့်သုံးရန်ရည်မှန်းထားသည့် နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးယဉ်ကျေးမှုတို့ (Political Culture) သဟဇာတဖြစ်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ကျင့်သုံးနေသည့် ကျင့်သုံးရန် ရည်မှန်းထားသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပါသည်။။ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင်များ အားကောင်းရန် လိုအပ်ပါသည်။ အားလုံးပါဝင်နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ်တည်ဆောက်မှု  လိုအပ်ပါသည်။ ၎င်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်လျက် ရှိပါသည်။။ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုထိခိုက်စေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လှုပ်ရှားမှုများအားလည်း ထိရောက်စွာဟန့်တားနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။။မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားရေးအကျိုးစီးပွားပင် ဖြစ်ပါသည်။ ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြား၍  ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို ၎င်းတို့ လိုသလိုခြယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် အယူအဆ၊  အယူဝါဒကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါသည်။။မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူ့လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်စားရေရိက္ခာဖူလုံရေးအား ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ၌ စားရေရိက္ခာသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူသားထုအသက်ရှင်နေထိုင်ရေးအတွက် နေ့စဉ်သုံးစွဲနေရသဖြင့် လိုအပ်ချက် အမြဲရှိနေသော ပစ္စည်းများဖြစ်ပါသည်။။စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များသုံး၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေး၊ စက်မှုလယ်ယာဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး ရည်မှန်းချက်များကို အင်တိုက်အားတိုက် လက်တွဲညီညီ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ထိုဖွံ့ဖြိုး တိုးတက်ရေးလမ်းစဉ်သည် နိုင်ငံတော်၏ ပကတိအရှိတရား လိုအပ်ချက်ပင်ဖြစ်ပါသည်။ ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူ  တစ်ရပ်လုံး ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကြုံတွေ့နေရသော ကာလဖြစ်ပါသည်။။ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးပမ်း ရင်း တိုင်းပြည်၏ပကတိအရှိတရား လိုအပ်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ချစ်ခင်ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် အထူးအရေးကြီး လိုအပ်ပါသည်။။စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ဆက်လက်အကောင်အထည် ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်ပါသည်။ သို့မှသာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ်ထွန်းလာစေမည် ဖြစ်ပါသည်။။ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသည်သာ၊ အခရာဖြစ်လျက်ရှိပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအနေဖြင့် ပညာကို အခြေပြု၍ နိုင်ငံတော်တည်ဆောက်ရေး (State Building) နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ဆောင်ရွက်နိုင်မှ ခေတ်နှင့်အညီ၊ ကမ္ဘာနှင့်အမီ ရင်ပေါင်တန်းလျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၆၆ ၌ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ် ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြား ပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။ဟု ပြဋ္ဌာန်းထားပါသည်။။နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း Kg+9 (အခြေခံပညာအလယ်တန်းအဆင့်) အဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက် လျက်ရှိပါသည်။ ၎င်း Kg+9 အဆင့်အထိ အခြေခံပညာရေး ပြီးဆုံးမှသာ အသက်မွေးဝမ်းကျောင်းပညာများကို အနည်းဆုံးဆက်လက် သင်ယူနိုင်မည်ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံ့အနာဂတ်ကို ရှေးရှုပြီး တက်ကြွစွာ ဝိုင်းဝန်းအားပေးကြပါရန် နှိုးဆော်လိုပါသည်။ ။ပညာရေးသည် လောကဓံကို ကြုံတွေ့ကြရသည့်အခါ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန် လိုအပ်သော စိတ်နှင့် ရုပ်လက္ခဏာများ တည်ဆောက်ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာတတ်လျှင် ကျန်းမာအောင်နေတတ်လာလိမ့်မည်။ ပညာတတ်လျှင် ချမ်းသာအောင် နေတတ်လာလိမ့်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝရေး၊ ပညာကိုအခြေခံသည့် အသိပညာ၊ အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ဆက်လက်ဆောင်ရွက်ကြပါမည်။ မိမိတို့ ပြည်သူပြည်သားများ၏ စွမ်းပကားဖြင့် နိုင်ငံတော်တိုးတက်အောင် ဆက်လက်စွမ်းဆောင်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။။သို့ဖြစ်၍ ။- ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေး၊ ။-           စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့် အောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရေး၊ ။-           နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားအားလုံးစည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ။-           ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသော ။၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်ကို အလေးအနက်ခံယူပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါရန် မိမိတို့သည်သမိုင်းတစ်ကွေ့တွင် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ခြင်း၊ အင်အားတောင့်တင်းသည့် အမြဲတမ်း တပ်မတော်တစ်ရပ်မရှိခဲ့ခြင်းတို့ကြောင့် သူ့ကျွန်ဘဝနှင့် ရှင်သန်ခဲ့ရသည့် ဘိုးဘွားဘီဘင်များ၏ဖြစ်စဉ်များကို သင်ခန်းစာယူလျက် လွတ်လပ်ရေး၏တန်ဖိုးကို သိရှိနားလည်ကြပါရန် မျိုးဆက်သစ်များအနေဖြင့် အတိတ်မှဖြစ်စဉ်များအပေါ်ဆင်ခြင်တုံတရားထားလျက် မိမိတို့ရရှိထားသော လွတ်လပ်ခြင်း၏တန်ဖိုးကို သိရှိနားလည်ကာ အမိနိုင်ငံတော်၏အကျိုးကို စွမ်းဆောင်နိုင်သလောက် ကိုယ်စီကိုယ်စီ စွမ်းဆောင်သွားကြစေရေး တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။နိုင်ငံတော်ဝန်ကြီးချုပ် ။ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
https://www.moi.gov.mm/news/20634
2022-01-04
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လှပသာယာ ပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲ ရက်တိုးမြှင့်ဖိတ်ခေါ်
နေပြည်တော် အောက်တိုဘာ ၂၆ ။၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား လှပသာယာ ပြည်မြန်မာခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေး ကြိုးပမ်း မှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ။ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကိုတစ်ပါတည်းပူးတွဲပေးပို့ရမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲပေးပို့ရမည်။။ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားမှုအစား ရက်တိုးမြှင့်သတ်မှတ် ၍ ၃၀-၁၁-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဦးမြင့်ဆွေ၊ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ (ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊  ၀၁-၈၂၀၁၉၃၆ တို့သို့ဆက်သွယ်ပေး ပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံ အဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/18452
2021-10-27
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၆ ။(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် အားကစားနည်း ခြောက်နည်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ရက်အထိနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း / အားကစားရုံ များတွင် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ကျင်းပလျက်ရှိသော (အမျိုးသား ၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးရဲနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။။ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပလျက်ရှိသော (အမျိုးသား/  အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက် ရှိသောပွဲစဉ်များကို လည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသော ပွဲစဉ်များကို လည်း ကောင်း ကြည့်ရှုအားပေးသည်။ ။ဆက်လက်၍ ဒီဇင်ဘာ ၂၇ ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဘော်လီဘော (အမျိုးသား အမျိုးသမီး) ပြိုင်ပွဲများကို လည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20402
2021-12-27
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ဇန်နဝါရီ  ၃။၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။။အဆိုပါပြိုင်ပွဲများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။။ယင်းနောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတို့တွင် အကောင်းဆုံး စပေးဘော ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုပ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံး ခုခံဆယ်မဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို  ဆုတံဆိပ်နှင့် ဆုငွေကျပ်(၁)သိန်းစီ ချီးမြှင့်သည်။။ဆက်လက်၍  ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲ ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ဘော်လီဘော  (အမျိုးသား)ပြိုင်ပွဲ ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ပထမဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများချီးမြှင့်သည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့  ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ပထမဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ဆုများချီးမြှင့်သည်။။ထို့နောက် ဖူဆယ်အားကစားရုံ၌  ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က ဆုများချီးမြှင့်သည်။။ဇန်နဝါရီ ၄ ရက်တွင် နံနက် (၇) နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အပြေး(ကျား/မ) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ လွန်ဆွဲ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ် အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။။ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အသင်းတို့မှလည်းကောင်း၊ (ဗိုလ်လုပွဲ) ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/20627
2022-01-03
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ
နေပြည်တော်  ဇန်နဝါရီ  ၄။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။။ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဇနီးများက အခမ်းအနားသို့ တက်ရောက်လာကြသူများ အား ကြိုဆိုနှုတ်ဆက်ကြသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ညစာစားပွဲအခမ်းအနား ကျင်းပရာနေရာသို့ ရောက် ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများက ကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့နှင့်အတူ ဥပစာမြက်ခင်းပြင်သို့ရောက်ရှိပြီး နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေး အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် မီးရှူးမီးပန်းများပစ်ဖောက် ဂုဏ်ပြုကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ သည် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေ စဉ်အတွင်း မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။။ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20658
2022-01-05
(၇၄)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား အွန်လိုင်းမှပြသရန် စီစဉ်
ရန်ကုန် ဇူလိုင် ၄။ ။ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို (၇၄)နှစ်မြောက် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိဖွင့်လှစ်ပြသ ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် အား အွန်လိုင်းမှပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။။ ။ယမန်နှစ်က ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုနှစ်တွင် ဖွင့်လှစ်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် ခဲ့သော်လည်း ယမန်နှစ်ကကဲ့သို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ် တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ရေး ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သည့်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ပြသရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။။ ။ဖော်ပြထား ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်)ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သည် အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၌ တည်ရှိသည်။ ဘဲဥပုံသဏ္ဌာန် မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ ၂ ဒသမ ၄၂၃ ဧက ရှိသည်။ ၁၉၂၁ ခုနှစ်တွင် အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်းရှိသော ၁၈ ပေမြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထား ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၌ ဖော်ပြထားသည်။ ပြတိုက်၌ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်မှစ၍ ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုဘဝနှင့် ဖြတ်သန်းမှုပုံရိပ်များ အပါအဝင် ဈာပနအခမ်းအနား မှတ်တမ်းဓာတ်ပုံမြောက်မြားစွာလည်း ရှိနေကြောင်း လည်း သိရသည်။။ ။ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိသားစု ဆက်လက်နေထိုင်ခဲ့၍ ၁၉၅၃ ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိ ရေကန်၌ သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီး နောက် အဆိုပါနေအိမ်တွင် မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ၁၉၅၅( ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပထမဆုံးသော ညွှန်ကြားရေးဝန် ဦးသာမြတ်၊ အမျိုးသားပြတိုက်၊ ပြတိုက်မှူးကြီးဒေါ်ညွန့်ဟန်နှင့် အကြံပေးအရာရှိ Dr.Niharan Rays တို့မှဗိုလ်ချုပ် အောင်ဆန်းပြတိုက် နေအိမ်အား အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။။ ။ထို့နောက် ၁၉၅၇ ခုနှစ် စက်တင်ဘာ ၉ ၂ ရက်တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသ ထားရှိရန် ပရိဘောဂပစ္စည်း ၅၃ မျိုးနှင့်အခြားပစ္စည်း များကို စုဆောင်းနိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေးတပ်မှ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်အား မွမ်းမံပြင်ဆင် ခဲ့ကာ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကာ ၁၉၆၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အထိ ၁၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်း အနားနှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ အခမဲ့ဖွင့်လှစ်ပြသခဲ့ကြောင်းလည်း သိရသည်။။ ။အကြီးစားပြင်ဆင်ထိန်းသိမ်း ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၇ ရက်မှစတင်၍ ပြတိုက်ကို အကြီးစားပြင်ဆင်ထိန်းသိမ်းခဲ့ ပြီးနောက် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းအရပ်ရပ် အတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း ၃၀၀ ကျခံသုံးစွဲ ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက် အအုံမှာ မူလက သံကူကွန်ကရစ်မဟုတ်ဘဲ သစ်သားထည် အုတ်ရိုးစီ အဆောက်အအုံသာဖြစ်ပြီး အကြီးစားပြင်ဆင်သည့်အခါ မူလလက်ရာမပျက် စေဘဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံထိန်းသိမ်းခဲ့ကာ ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။။ ။သတင်း-ပွင့်သစ္စာ ဓာတ်ပုံ- စိုးမြင့်အောင်
https://www.moi.gov.mm/news/15080
2021-07-05
(၇၅) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်‌ရေးစာမေးပွဲကျင်းပမည်
နေပြည်တော် နိုဝင်ဘာ ၂၄။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၅)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။။အဆိုပါ စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်(တနင်္လာနေ့)၊ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဆွမ်းပဒေသာပင်၊ စာအောင်ဆုပဒေသာပင်၊ တိပိဋက အထွေထွေရန်ပုံငွေများကို သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့၊ ၀၉-၄၃၀၆၇၁၆၈၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၉-၄၅၁၃၇၉၉၄၂၊ ၀၁-၆၆၃၃၂၅ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။။ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေး ဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော် ၂၁၄ ပါး၊ အာဂုံပြန် စာရင်းသွင်း သံဃာ ၂၅၀ ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ ၁၈၇ ပါး၊ စုစုပေါင်း ၆၇၂ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/32741
2022-11-25
(၇၅) ကြိမ်မြောက်စိန်ရတု တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၆။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော  (၇၅)ကြိမ်မြာက်စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ  ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။ ။အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော တိပိဋကဓရတိပိဋကကောဝိဒဩဝါဒါစရိယ အဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။ ။အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ။ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်က သာရဏီယဩဝါဒကထာဖတ်ကြားသည်။။ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။   ။ထို့နောက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး(၂)ပါးနှင့် တိပိဋကဓရ တိပိဋက ကောဝိဒဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ စာပြန်သံဃာနှင့်  သဘောရေးဖြေသံဃာတော်များအတွက် အလှူရှင်(၂၄)ဦးက စုစုပေါင်း လှူဒါန်းငွေ(၈၉၄၈၀၀၀ဝိ/-)ကို ပေးအပ်လှူဒါန်းကြရာ   ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊   ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများက လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။။ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုတော်မူကြသော စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။       ။ယနေ့ဆွမ်းအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုတို့က (၄)ကြိမ်မြောက် အရုဏ်ဆွမ်း/နေ့ဆွမ်းများကို လှူဒါန်းကြသည်။။ယနေ့ စတင်ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်မှ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီ(၂၇)ရက်အထိ (၃၃)ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာ(၄၂၆)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/33865
2022-12-26
(၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights
UDHR) ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင်ဖြင့် စိန်ရတု (၇၅) နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ကုလသမဂ္ဂ (United Nations) သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း (UN Charter) ဒုတိယအပိုဒ်တွင် to reaffirm faith in fundamental human rights
in the dignity and worth of the human person
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၇။(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သွေးချင်းတို့ရဲ့ပွဲတော်ဆီ(တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သွေးချင်းတို့ရဲ့ပွဲတော်ဆီ(တတိယ) အကြိမ်  ပွဲတော်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်မှ (၁၅) ရက်အထိ Virtual စနစ်ဖြင့်ကျင်းပရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ MRTV အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် တိုင်းရင်းသားများအတွက် ကြိုးစား လုပ်ဆောင်ချက်များအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာအသံနှင့် ရုပ်မြင် သံကြားအနေဖြင့် လက်ရှိ ဆောင်ရွက်ထားရှိမှုနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း၊ ပွဲတော်ကျင်းပရန် အချိန်နီးကပ် လာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ(တတိယ) အကြိမ်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် Virtual Celebration အဖြစ် ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားသည်။။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသမည့် နေ့ရက်၊  အချိန်နှင့် ဖျော်ဖြေရေး အစီအစဉ်တို့ကို  ရှင်းလင်းတင်ပြသည်။။ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်းဗညားစန်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းနိုင်တို့က တိုင်းရင်းသား ပြခန်းများ၊  တိုင်းရင်းသားဒေသထုတ်ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သောပြခန်းများကို Web Portal ဖြင့် ထုတ်လွှင့်ပြသနိုင်ရေး စီစဉ် ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် အောင်မြင်မှု များ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(တတိယ) အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပ ထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်မည် ဖြစ်သည့်အတွက် အခက်အခဲ စိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် မည်ဆိုပါက အောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/19703
2021-12-07
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံ
နေပြည်တော် ဇန်နဝါရီ ၃၁။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့တွင် ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။။ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံရာတွင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်  အုပ်စု (၅) နေရာခွဲ၍  ဆေးထိုးအဖွဲ့ (၁၀) ဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိသည်။  အသက် (၁၈) နှစ် ပြည့်ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံထားပြီးနောက် (၆) လ ပြည့်ပြီးသူများကို ထိုးနှံပေးခြင်း ဖြစ်သည်။။Booster Dose ထပ်ဆောင်း ကာကွယ်ဆေးကို လူ့ခန္တာကိုယ်တွင်ရှိသည့် ခုခံအား အနည်းငယ် ပြန်ကျလာသည့် အချိန်တွင် ခုခံအား ပြန်လည် တက်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/21511
2022-01-31
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၉။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများကို တွေ့ဆုံခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် နှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်သည့်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုကို လက်ဆုပ်လက်ကိုင်ပြုနိုင်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ဖြူစင်သောစိတ်ဓာတ်ထားရှိပြီး ကြိုးစားယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း။။နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ကျန်းမာကြံ့ခိုင်မှုအမြဲပြည့်ဝနေရန် လိုအပ်ပြီး ကျန်းမာကြံ့ခိုင်မှသာ မိမိတို့၏ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ဌာန၏ဂုဏ်ကို မြှင့်တင်ရာရောက်ပါကြောင်း၊ မိမိတို့ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများအလိုက် အောင်မြင်မှုများရရှိအောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းတကျ ကြိုးစားရမည်ဖြစ်ပါကြောင်း။။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလားဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲအသီးသီးမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြရန်၊ အားကစားသမားကောင်းပီသသည့် စိတ်ဓာတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစား သမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။။ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ် ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်း အလိုက် တာဝန်ရှိသူများက အားကစားပြိုင်ပွဲ ကြိုတင်လေ့ကျင့်နေမှုများနှင့် ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အောင်ပွဲဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကို အပ်နှင်းပေးအပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အားကစားအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးနှင့် အသင်းအုပ်ချုပ်သူများက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က အားကစားအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းများမှ အားကစားသမား ၇၈ ဦးသည် ဘော်လီဘော၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး စသည့် အားကစားနည်း ငါးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/33285
2022-12-10
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 ဆုပေးပွဲအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၅။ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားသည်။။ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်က တတိယဆုရရှိသည့် တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်ကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဒုတိယဆုရရှိသည့် ပြည်ခရိုင်ကိုယ်စားပြု ဒေါ်မြတ်ကေခိုင်ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသည့် ပဲခူးခရိုင်ကိုယ်စားပြု ဦးလျှမ်းထက်ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ။ယင်းနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများက ပြိုင်ပွဲဝင်သီချင်းများ၊ စိတ်ကြိုက်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တီးဝိုင်းပညာရှင်များ၊ သီဆိုဖျော်ဖြေခဲ့ကြသည့် အဆိုရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/29017
2022-08-16
(၇၅) နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ပြားကိုးပြား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၆။(၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အတွင်း ဘာသာသာသနာထွန်းကားမှုကို အထောက်အပံ့ဖြစ်စေရန်နှင့် အများပြည်သူများ ကြည်ညိုသပ္ပာယ်စွာဖူးမြော်ရန်၊ ကုသိုလ်တရားပွားများနိုင်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့်နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုဝင်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အတွက် ရွှေစင်ပြားကိုးပြား ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော် အရှေ့ဘက်မုခ်၌ ကျင်းပသည်။။ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်။ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်မည့် ရွှေစင်ပြားကိုးပြားအတွက် လှူဒါန်းငွေကျပ် ၁၄၄ သိန်းကို ဘုရားဂေါပကထံသို့ လှူဒါန်းပြီး ဘုရားဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။။သတင်စဉ်
https://www.moi.gov.mm/news/33548
2022-12-17
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ  ၃။(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။။အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခုအခါ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများအရှိန်အဟုန်ရနေပြီ ဖြစ်ပါကြောင်း၊ ဂုဏ်ပြုယာဉ်များအား မိမိတိုင်းဒေသကြီး / ပြည်နယ်အလိုက် ခမ်းနားထည်ဝါစွာ ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးစီးရန် လိုအပ်နေသေးသည်များကို ယခုရက်များအပြီး  ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ဂုဏ်ပြုအခမ်းအနား၌  ပါဝင်မည့်သူများ အားလုံးကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster များ ထိုးနှံပေးလျက်ရှိသည့်အတွက် ဆေးမထိုးရသေးသူများ  ဆေးထိုးနှံရေး၊ လေ့ကျင့်ရေး၊ ကျန်းမာ ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။။ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး /  ပြည်နယ်ဝန်ကြီးများ၊ တက်ရောက်လာသူများက ဂုဏ်ပြုယာဉ်များနေရာယူခြင်း၊ ချီတက်မောင်းနှင်ခြင်းနှင့် ယာယီရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဂုဏ်ပြုယာဉ်များနှင့်အတူ  တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုအကများနှင့် အနုပညာရှင်တို့မှ ဖျော်ဖြေတင်ဆက်မှု၊ ဇာတ်တိုက်လေ့ကျင့်နေမှုနှင့် ဂုဏ်ပြုညစာစားပွဲတွင် သီဆိုကပြ ဖျော်ဖြေမည့်အစီ အစဉ်များကို   ဆွေးနွေးတင်ပြကြသည်။ ။ယင်းနောက်  ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။  ။( သတင်းစဉ် )
https://www.moi.gov.mm/news/21628
2022-02-03
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၂။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။။ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း အား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဖတ်ကြားကြသည်။။ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုစသည့် ပြခန်းများ ကိုလည်းကောင်း၊ အားကစားပြိုင်ပွဲ များကိုလည်းကောင်း တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုအားပေးကြသည်။။ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။။၎င်းအပြင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လမ်း၊ တံတား၊ အဆောက်အဦများ၊ အားကစားကွင်းများနှင့် ဌာနဆိုင်ရာ ပြခန်းများအား ဖွင့်လှစ်ပေး ခဲ့ကြောင်းနှင့် ညပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ တို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/22043
2022-02-13
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များ ဖွင့်လှစ်
နေပြည်တော် ဖေဖော်ဝါရီ ၁။(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အဆောက်အအုံသစ်အား လိုက်လံကြည့်ရှုကြသည်။။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(၆)ခန်းတွဲ သုံးထပ်ဆောင် ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက်အအုံသစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်း အိမ်ရာ အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြပြီး ကန်ကြီးထောင့်နှင့် အိမ်မဲမြို့နယ်များမှ ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြသော ကရင်ဒုံးယိမ်းအကအဖွဲ့များအား ဆုငွေ များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/21578
2022-02-02
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းထမနဲ ထိုးပြိုင်ပွဲ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၈။(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) တွင် ယနေ့နံနက် ၉ နာရီက ဦးစီးဌာနများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကျင်းပသည်။။ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်ထွတ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး တာဝန်ရှိသူများနှင့် ဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်အားပေးခဲ့ကြသည်။။ပြိုင်ပွဲအပြီးတွင် အကဲဖြတ်ဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်အကဲဖြတ် အမှတ် ပေးခဲ့ကြပြီး ပထမဆုရ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း၊ ဒုတိယဆုရ ပြည်ထောင်စုဝန်ကြီးရုံးအသင်း ကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရကလည်းကောင်း၊ တတိယဆုရ သမဝါယမဦးစီးဌာနအသင်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်းကောင်း၊ နှစ်သိမ့်ဆုရ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအသင်းကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဒွန်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/21821
2022-02-08
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
နေပြည်တော် ဇန်နဝါရီ ၃ ။(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား  ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။။လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးထွန်းအံ့၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင်၊ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ချီတက်အလေးပြုခဲ့ကြ ။ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်၌ ဗိုလ်ရှုခံရင်ပြင်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတကြီး စဝ်ရွှေသိုက်၊ သမ္မတကြီး ဒေါက်တာ ဘဦးနှင့် သမ္မတကြီး မန်းဝင်းမောင်တို့ တာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်တမ်းကာလအတွင်း ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံအခမ်းအနားကို တစ်ဖန်ပြန်လည် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဂုဏ်ယူအလေးအနက်ထားသောအားဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း ပေါင်းစုံက နိုင်ငံတော်သမ္မတကြီးများအား ချီတက်အလေးပြုခဲ့ကြခြင်း ဖြစ်ပါကြောင်း။ ။။ယခုနှစ် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကိုလည်း ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က Virtual စနစ်ဖြင့် အစည်းအဝေးခေါ်ယူ ရှင်းလင်းပြောကြားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။။ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က အမှာစကား ပြောကြားကြသည်။။ရှင်းလင်းဆွေးနွေး ။ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ က ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဗိုလ်ရှုခံအခမ်းအနား မှတ်တမ်းဓာတ်ပုံ Powerpoint ကို ပြန်လည်ပြသကာ ယခုနှစ်တွင် ကျင်းပမည့် အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။။ထို့နောက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့် က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီဖွဲ့စည်းရန်လျာထားမှုနှင့် လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။။ကဏ္ဍအလိုက် ဆွေးနွေး ။ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ က ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းပြီး ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။။ဆွေးနွေးတင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။။သတင်းစဉ်
https://www.moi.gov.mm/news/20638
2022-01-04
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုပွဲတွင် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေဆင်နွှဲကြတော့မည့် တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များ၏ စကားသံများ
နေပြည်တော်   ဖေဖော်ဝါရီ   ၉ ။(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်း သား ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ။စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေကြမည့် ရိုးရာအကအလှတေးသီချင်း အကြောင်းအရာများကို ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းထား၍ ရေးသားဖော်ပြ လိုက်ရပါသည်။ ။နန်းဖြိုးဖြိုးစံ၊ အုပ်ချုပ်သူ၊ ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့။ကျွန်မတို့ ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ တက်ရောက်လာ ပါတယ်။ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ ဖွံ့ဖြိုးဝေစည်ဒို့ဌာနေသီချင်းကို ရိုးရာဒုံးအကနဲ့ တင်ဆက်ကပြသွားမှာ ဖြစ်ပါ တယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီသီချင်းနဲ့ ရိုးရာဒုံးအကကို အဆင်ပြေပြေ တင်ဆက်က ပြဖျော်ဖြေနိုင်ဖို့အတွက် တစ်လနီးပါးအချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။ ညီညီညာညာ တက်တက် ကြွကြွတင်ဆက် ကပြနိုင်ဖို့အတွက် အချိန်ယူပြင်ဆင်ခဲ့ကြပါတယ်။ ကျွန်မတို့ စိန်ရတု ပြည်ထောင်စုနေ့ကြီးကို ဆင်နွှဲကြရတော့မှာဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့လည်း တွေ့ဆုံရမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်မိပါတယ်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲရမှာဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ ။စောကျော်လွင်ထူး၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့ ။ကျွန်တော်တို့က ဖွံ့ဖြိုးဝေစည်ဒို့ဌာနေ သီချင်းနဲ့ ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ဒီအကကို အဆင်ပြေပြေကပြ ဖျော်ဖြေနိုင်ဖို့ တစ်လလောက်ထိ အချိန်ယူ လေ့ကျင့်ခဲ့ကြပါ တယ်။ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ကပြဖျော်ဖြေကြရတော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံရတယ်။ ရင်းနှီးခွင့်ရတယ်ဆိုတော့ တကယ်ကိုပဲ ဝမ်းသာမိပါတယ်။ နောင်နှစ် တွေမှာလည်း ထပ်ဆုံရဦးမယ်လို့ မျှော်လင့်မိပါတယ်။ ။ဒေါ်ဆာဆု၊ အုပ်ချုပ်သူ၊ ချင်းပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့။ကျွန်မတို့ ချင်းပြည်နယ်အကအဖွဲ့ အနေနဲ့ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ပါတယ်။ ကျွန်မတို့က ချင်းပြည်နယ်ကိုယ်စားပြု ချင်းယဉ်ကျေးမှုအကနဲ့ ဖျော်ဖြေသွား မှာဖြစ်ပါတယ်။ ကျွန်မတို့က ပလက်ဝမြို့က ချင်းရိုးရာ ယဉ်ကျေးမှုအကနဲ့ တင်ဆက်ကပြ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ သီချင်းနာမည်က ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ကျွန်မတို့ ပလက်ဝမြို့က နိုင်ငံတော်အဆင့်ပွဲတွေ မသွားရတာလည်းကြာပြီ။ ဒီတစ်နှစ်တော့ အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်မတို့ ပလက်ဝမြို့က လာရောက်ဖျော်ဖြေပါတယ်။ ကျွန်မတို့ကလည်း (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြုံတောင့်ကြုံခဲ ဆင်နွှဲရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ။မောင်ရှာမွေလ၊ ချင်းယဉ်ကျေးမှုအကအဖွဲ့။ကျွန်တော်တို့အဖွဲ့အနေနဲ့ ချင်းယဉ်ကျေးမှုအကနဲ့ ဖျော်ဖြေဖို့ တစ်လကျော်ကျော်လောက် အချိန်ယူ လေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုအခမ်းအနားမျိုးနဲ့ ပြည်ထောင်စုပွဲမျိုး ကို တစ်ခါမှ မပါဝင်ခဲ့ဖူးပါဘူး။ ဒီပွဲက ကျွန်တော့်အတွက် နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံး အကြိမ် ဖျော်ဖြေရတဲ့ပွဲလည်း ဖြစ်ပါတယ်။ အခုလို ပါဝင်ဖျော်ဖြေရမှာဖြစ်တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ပီတိလည်းဖြစ်မိပါတယ်။ ။ဒေါ်ခင်အေးချို၊ အကနည်းပြ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့။ကျွန်မတို့က ၁၉၈၁ ခုနှစ်က တင်ဆက်သွားတဲ့ ယိမ်းအကပါ။ ဒီဂန္ထဝင်ဆန်တဲ့သီချင်းကို အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ပြီးတော့ တင်ဆက်သွားမှာပါ။ သီချင်းရဲ့ နာမည်ကတော့ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ကပြဖျော်ဖြေမယ့်သူက ၂၄ ဦးပါ။ အတီးပိုင်း ပံ့ပိုးမယ့်သူက ခြောက်ဦးဖြစ်ပါတယ်။ အဆိုရှင်က နှစ်ဦး ဆိုတော့ စင်ပေါ် တက်ရောက်ဖျော်ဖြေမယ့်သူက ၃၂ ဦး ဖြစ်ပါတယ်။ ဒီနှစ်က အရင်နှစ်တွေ၊ နှစ်တွေကနဲ့မတူတဲ့ စိန်ရတု ပြည်ထောင်စုနေ့ လည်းဖြစ်တယ်။ အရင်နှစ်ကဆိုရင်လည်း ကိုဗစ်ရောဂါကြောင့်  တိုင်းရင်းသားတွေ မဆုံခဲ့ကြရဘူး။ အခုကျတော့ ဒီတစ်နှစ်မှာတော့ ဗိုလ်ရှုခံလည်းပါတယ်။ အလှပြယာဉ်တွေလည်းပါတယ်ဆိုတော့ ကျွန်မ တို့အတွက် ကြုံတောင့်ကြုံခဲပေါ့။ ။မဝင်းသန္တာလှိုင်၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့ဝင်။သမီးတို့အကအဖွဲ့က ရခိုင်ရိုးရာဓလေ့ကို ဖော်ပြထားတဲ့ ဆီမီး တစ်ထောင် ကြာသွပ်ပွဲဆိုတဲ့ သီချင်းနဲ့ ကပြဖျော်ဖြေသွားမှာဖြစ် ပါတယ်။ ဒီအကကို သမီးတို့အဖွဲ့အနေနဲ့ အချိန်ယူပြီး သေချာပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲရတော့ မယ်ဆို တော့ ပျော်ရွှင်မိပါတယ်။ ။ဒေါ်မိမြသန်း၊ အကနည်းပြ၊ မွန်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့။ကျွန်မတို့ မွန်ယဉ်ကျေးမှုအကအဖွဲ့ က လူဦးရေ ၂၆ ယောက်နဲ့  ကပြဖျော်ဖြေသွားမှာဖြစ်ပါ တယ်။ ကျွန်မတို့ကတဲ့ အကက ဟင်္သာတို့ပျော်စံရာမြေဆိုတဲ့ သီချင်းနဲ့ဖျော်ဖြေသွားမှာဖြစ်ပါ တယ်။ အခုလို ကျွန်မတို့အဖွဲ့ရဲ့ ကျန်းမာရေးကအစ လိုလေသေးမရှိအောင် ကူညီဆောင်ရွက် ပေးတဲ့အတွက် သက်ဆိုင်ရာအသီးသီးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုပွဲ အတွက် လာရောက်ကြတဲ့ တိုင်းရင်းသားတွေနဲ့တွေ့ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ ။မစန္ဒာလင်း၊ မွန်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့ ။မွန်ပြည်နယ်အကအဖွဲ့ အနေနဲ့ ဟင်္သာတို့ ပျော်စံရာမြေ ဆိုတဲ့ သီချင်းနဲ့ဖျော်ဖြေမှာပါ။ ကျွန်မတို့ အကအဖွဲ့ဆရာမကလည်း အခြေခံကအစ သေချာသင်ကြားပေးပါတယ်။ စိန်ရတု ပြည်ထောင်စုပွဲကြီးကို ဆင်နွှဲရတော့မယ်ဆိုတော့ အလွန်ပျော်ပါတယ်။ တစ်ခါမှလည်း နေပြည်တော်ကို မရောက်ဖူးဘူး။ အခုမှရောက်ဖူးတာပါ။ ပြည်ထောင်စု ပွဲကြီးကိုလည်း အခုမှ ပါဝင်ဆင်နွှဲဖူး တာပါ။ကျွန်မတို့အတွက် အတွေ့အကြုံသစ် တွေလည်းရတယ်။ နယ်မြေသစ်ကို ရောက်ဖူးတဲ့ အတွက် ဗဟုသုတတွေလည်းရတယ်။ နေပြည်တော်မှာရှိတဲ့ အထင်ကရနေရာတွေကိုလည်း သွားရောက်လေ့လာရတဲ့အတွက် ဗဟုသုတတွေလည်း ရပါတယ်။ ။ဒေါ်နီနီမင်းသိန်း၊ အုပ်ချုပ်သူ၊ ကယားပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့။ကျွန်မတို့ ကယားပြည်နယ်အကအဖွဲ့ အနေနဲ့ လူဦးရေ ၂၅ ဦးနဲ့ ကပြဖျော်ဖြေသွားမှာပါ။ ကမယ့်သီချင်းက ကယားကိုးမျိုးအကနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ကယား ကိုးမျိုးဆိုတာ ကတော့ ကယား မျိုးနွယ်စုကိုးမျိုးရဲ့ ရိုးရာအကတွေ ပေါင်းစပ်ပြီး ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ကယားပြည်နယ် ကိုယ်စားပြု ဖျော်ဖြေရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်မတို့ အခက်အခဲတွေကြားထဲက စုစည်းပြီးတော့မှ လာရောက်ရတဲ့ အတွက်လည်း ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ။ဦးအောင်သူလတ်၊ အကနည်းပြ၊ ကယားပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့။ကျွန်တော်တို့ ကယားပြည်နယ်အကအဖွဲ့အနေနဲ့ ကယားမျိုးနွယ်စု ကိုးမျိုးရဲ့ ရိုးရာတောင်ယာ လုပ်ငန်းတွေ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ဖော်ကျူးထားတဲ့ တေးသီချင်းနဲ့ သရုပ်ဖော် တင်ဆက်ကပြ သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အကကို လေ့ကျင့်လာခဲ့တာ  တစ်လလောက် ရှိနေပါပြီ။ တစ်လဆိုပေမယ့်လို့ အခက်အခဲတွေကြားထဲကနေ ကျွန်တော်တို့ လေ့ကျင့်ကြရ တာပါ။ စိန်ရတုပြည်ထောင်စုပွဲကြီးကို ဆင်နွှဲရတော့မယ်ဆိုတော့ အလွန်ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကြီးကို ဖော်ကျူးရမယ်ဆိုတော့ ပျော်တာပေါ့။ ။ဒေါရွယ်ဆိုင်း၊ အုပ်ချုပ်သူ၊ ကချင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့။ကျွန်မတို့ ကချင်ပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့ အနေနဲ့ ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည်လာပါ တေးသီချင်းနဲ့ သီဆိုကပြဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အကအဖွဲ့မှာ အမျိုးသမီး အမျိုးသား ၂၈ ဦးနဲ့ တင်ဆက်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ကျွန်မတို့ စိန်ရတုပြည်ထောင်စုနေ့ကို ပါဝင်ဆင်နွှဲရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။။ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့များသည် နေပြည်တော်သို့ ရောက်ရှိစဉ်ကာလ အတွင်း ဖေဖော်ဝါရီ ၆ ရက်တွင် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၊ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများ ဖေဖော်ဝါရီ ၇ ရက်တွင် ဥပ္ပါတသန္တိစေတီတော်  လွှတ်တော်အဆောက်အအုံ၊ ကျောက်မျက်ရတနာ ပြတိုက်၊ နေပြည်တော် ဗုဒ္ဓဂယာဘုရား၊ ရေပန်းဥယျာဉ်၊ Junction Centre တို့ကို သွားရောက်လေ့လာကြကြောင်း သိရသည်။။သတင်းနှင့်ဓာတ်ပုံ - စိုင်းထွန်းနေလှိုင် (ဒက္ခိဏ)
https://www.moi.gov.mm/news/21901
2022-02-10
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပစဉ်အတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိ
နေပြည်တော် ဒီဇင်ဘာ ၇။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧည့်သည်တော်များ တည်းခိုမည့်နေရာ၊ ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပမည့်နေရာ၊ ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပမည့်နေရာနှင့် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာဆိုင်ခန်းများ ခင်းကျင်းရောင်းချမည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။။ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်များ တည်းခိုနေထိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် 315 KVA ထရန်စဖော်မာအပြင် 200 KVA ထရန်စဖော်မာ ထပ်မံဖြည့်စွက်ဆောင်ရွက်ရန်နှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပမည့်နေရာများတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ရန်၊ အရန်မီးစက်များနှင့် ထရန်စဖော်မာ အနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ချုံနွယ်ပေါင်းပင်များအား ရှင်းလင်း ဆောင်ရွက်ရန်၊ အရန်မီးစက်များ Full Load ဖြင့် စမ်းသပ်မောင်းနှင်ခြင်း ပြုလုပ်ထားရန်နှင့် စနစ်တကျ တာဝန်ခွဲဝေပေးအပ်ထားရန်၊ အရန်မီးစက်များကို အမိုးအကာဖြင့် စနစ်တကျ ထားရှိရန်၊ ထရန်စဖော်မာ အဝင်အထွက်ကြိုးများ အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ထားရန်၊ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရန်ဓာတ်အားလိုင်းဖြင့် ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်နိုင်ရေး တာဝန်တိကျစွာချထားရန်နှင့် အခမ်းအနားမကျင်းပမီ ဒုတိယအကြိမ် ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်၍ မှာကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/33198
2022-12-08
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၅။၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။။အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးအောင်ကျော်ထွန်း၊ ဦးထွန်းအုံ၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသည် နိုင်ငံအတွက် အထွတ်အမြတ် အခမ်းအနားဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားနှင့် ဆက်စပ်၍ ဂုဏ်ပြုအစီအစဉ် နှင့် ဆက်စပ်အခမ်းအနားများကို ကျင်းပလျက်ရှိပါကြောင်း၊ နေ့ထူးနေ့မြတ် ကြုံတောင့်ကြုံခဲအခမ်း အနားဖြစ်သည့်အတွက် အချိန်နီးကပ်လာသည်နှင့်အမျှ ဆောင်ရွက်ရန် ကိစ္စရပ်များ များပြားပါ ကြောင်း၊ နိုင်ငံတော်၏ အမြင့်ဆုံး အခမ်းအနားဖြစ်သည့်အတွက် မိမိတို့ တာဝန်များကို အကောင်း ဆုံးဖြစ်အောင် စီမံဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ အခက်အခဲများနှင့် လိုအပ် ချက်များကို တင်ပြဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။ ။ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်းတွင် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ ထားရှိပြသနိုင်ရေး၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစား အသောက်ပြခန်းများ ဆောက် လုပ်ပြီးစီးမှုနှင့် အစားအသောက်များ စုံလင်စွာ ခင်းကျင်းပြသနိုင်ရေး၊ သမိုင်းမှတ်တမ်း ကျန်ရှိစေ ရေးအတွက် မှတ်တမ်းစာအုပ် ဆောင်ရွက်နိုင်ရေးနှင့် အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများဖြင့် စည်စည်ကားကားကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။။ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်မည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေမှု၊ ဖျော်ဖြေမည့် ယိမ်းအဖွဲ့များအတွက် သီချင်းရွေးချယ်ပေးထားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။။ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဂုဏ်ပြုယာဉ်များ ပါဝင်ဆောင်ရွက်မည့် အစီအစဉ်၊ ဂုဏ်ပြုတပ်ခွဲများ ချီတက်စဉ် သီဆိုမည့် တေးသီချင်းများ၊ ဂုဏ်ပြုယာဉ် ဆုချီးမြှင့်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။။ဆက်လက်၍ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တက်ရောက်လာကြသူများက ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်မည့်အဖွဲ့များ လျာထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှု၊ အခမ်းအနားပြင်ဆင်မှု၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်နေမှု၊ ရိုးရာအစားအသောက်ပြခန်းများ ခင်းကျင်းပြသရန် ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဆိုင်ရာ လျာထားမှု၊ ခွင့်ပြုချက်ရယူရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။။ထို့နောက် ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြု ဖတ်ကြားသည်။။ယင်းနောက် ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/33508
2022-12-16
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြု
နေပြည်တော် ဇန်နဝါရီ ၁၆။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြစစ်ကြောင်းတွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်ပေါ်/ ယာဉ်အောက် သရုပ်ပြပါဝင်ခဲ့သည့် ဝန်ထမ်းများနှင့် စစ်ကြောင်းအသီးသီးတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် တစ်သက်တွင်တစ်ခါကြုံရခဲသည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင်ပါဝင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဝန်ထမ်းများ အနေဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သော အတွေ့အကြုံကောင်းများရရှိပြီး နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်းဟူသော မင်္ဂလာတရားတော်နှင့်အညီ ယခုလို ဂုဏ်ပြုအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့သော အစဉ်အလာကောင်းများကိုထိန်းသိမ်း၍ နိုင်ငံအကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးဆောင်ရွက်ကြ စေလိုကြောင်းပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု အခမ်းအနား စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။။ယင်းနောက် ပြည်ထောင်စုဝန််ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်သည်။။သတင်းစဉ်
https://www.moi.gov.mm/news/34549
2023-01-16
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၁၃။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ပြုလုပ်သော အခမ်းအနားသည် သမိုင်းတွင် ကျန်ရစ်မည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးတွင် ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါ ကြောင်း၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်သည့်အတွက် ထူးခြားလေးနက်စွာ ဂုဏ်ပြုခြင်းဖြစ်သည့်အတွက် ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ကြသည့် ဝန်ထမ်းများအနေနှင့် ဂုဏ်ယူနေရမည့် အခမ်းအနားကြီးဖြစ်ပါ ကြောင်း၊ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကို ဝတ်စုံထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဦးစီးဌာနအလိုက် အလှည့်ကျ နံနက်စာနှင့် အင်အားဖြည့် အစားအသောက် ကျွေးမွေးခြင်းအပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ အနေနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ကြသည့်အတွက် စစ်ရေးပြလေ့ကျင့်ခြင်း မပြုလုပ်ရသည့် ရက်တွင် အနားပေးခြင်းနှင့် အခမ်းအနားပြီးစီးသည့်ရက်မှ ရက်သတ္တတစ်ပတ် အနားပေးခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများ အဆင်ပြေစေရေးအတွက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေးပြတပ်ခွဲတွင် ပါဝင်သည့် ဝန်ထမ်း ၁၆၅ ဦးအတွက် တစ်ဦးလျှင်ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျပ် ၁၆၅ သိန်း၊ ဂုဏ်ပြုယာဉ်တွင် ပါဝင်သည့် ဝန်ထမ်း ၅၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျပ် ၅၂ သိန်း စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၁၇ သိန်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း။။သမိုင်းတွင်ကျန်ရစ်မည့် အခမ်းအနားကြီး အောင်မြင်မှုရရှိစေရန် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းစိတ်ဓာတ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကိုရယူ၍ နိုင်ငံတော်ယန္တရားများ ပိုမိုကောင်းမွန်စွာ အရှိန်အဟုန် မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်း ၁၆၅ ဦးအတွက် ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြုယာဉ်အတွက် အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား အဖွဲ့ ခေါင်းဆောင်များက လက်ခံရယူကြသည်။ ။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြား ရေးမှူးချုပ်များသည် ဝန်ထမ်းစားရိပ်သာတွင် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ဝန်ကြီး ဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/34479
2023-01-14
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၉။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန အားကစားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန အားကစား ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ထံ ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကို အပ်နှင်းပေးအပ်သည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအတွက် ဂုဏ်ပြုထောက်ပံ့ ငွေများကို ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ်ရဲမှူးချုပ် ဝင်းထွန်းကအဆိုပါ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ၏ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ ။ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကြသည်။ ။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံအားကစားပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီး ဌာနကိုယ်စားပြု အားကစားသမား ၁၅၈ ဦးသည် ဘော်လီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် အပြေးပြိုင်ပွဲစသည့် အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/32912
2022-11-30
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၈။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ (တတိယနေ့) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။။ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု အားပေးကြသည်။။ပျော်ရွှင်စွာ သီဆိုကပြ။ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်နှင့်ဂီတတို့မှ အနုပညာရှင်များက ပဏာမဧည့်ခံ ဂီတသံ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်၊ တောသူအချစ်၊ မေတ္တာ နုနုစေလိုသူ၊ ရောင်စုံမမ၊ ဟေ့ အချစ်၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ပဏာမ တေးတစ်ပုဒ်ဖြစ်သည့် ပြည့်ရတနာ၊ ကံ့ကော်မျက်ရည်၊ မိတော့မိတယ်၊ မျက်လုံးချင်း စကားပြောနေပြီ၊ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်တေးသီချင်းတို့ဖြင့်လည်းကောင်း၊ ပြန်လည်ဆုံတွေ့ကြရာဝယ်နှစ်သံ တစ်ကိုယ်တင်ဆက်မှုဖြင့်လည်းကောင်း၊ ဗာရာဏသီတစ်ခန်းရပ် ပြဇာတ်ဖြင့်လည်းကောင်း၊ ပြန်ပေးပါရစေ အသည်းလေးတစ်မွှာ၊ အချိန်ရမှ နားထောင်ပါ၊ အချစ်နတ်ဆိုးလေး၊ ပြန်လာခဲ့၊ ကချင်မြေကိုလာပါ၊ ရုံးတော် လွှတ်တော်၊ တေးသီချင်းတို့ဖြင့်လည်းကောင်း၊ ရွှေစွန်ညိုတေးသရုပ်ဖော် ကပြဖျော်ဖြေမှုဖြင့် လည်းကောင်း၊ ဘယ်သူ ဆရာကြီးလဲပြဇာတ်ဖြင့်လည်းကောင်း၊ သောကတောင်တန်း၊ ယောသူတို့ရွာ၊ စနေထောင့်မှာ ပန်းလှူမယ်၊ အန်ကယ်ကတော့ No ပါတေးသီချင်းတို့ဖြင့်လည်းကောင်း၊ အညာမိသွားတဲ့ အညာသားလေးတေးသရုပ်ဖော်၊ ကရင်ပြည်နယ် ဒုံရောင်ဖူးကျော်ဇာတ်အဖွဲ့မှ နှစ်ပါးသွား ဖျော်ဖြေတင်ဆက်မှု၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအနား သတ် အစီအစဉ်တို့ဖြင့်လည်းကောင်း ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။ ။ကပြဖျော်ဖြေတင်ဆက်မည်။အဆိုပါ ပဒေသာကပွဲကို ပြည်သူများစိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်ရည်ရွယ်၍ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီး ကော်မတီကကြီးမှူးပြီး နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/32880
2022-11-29
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၉။၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ(စတုတ္ထနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက် ကျင်းပသည်။။ပဒေသာကပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်း မိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည့်ရှုအားပေးကြသည်။ ။သီဆိုကပြဖျော်ဖြေ။ပဒေသာကပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ အနုပညာရှင်များက အောင်ယိမ်း၊ ပြန်လည်ထူထောင်ရေး၊ ဗိုလ်ရှုသဘင်၊ စိန်ရတုလွတ်လပ်ရေးနေ့ယိမ်း၊ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မှန်လိုက်တာ ဆရာရယ် ပြဇာတ် ဖြင့်လည်းကောင်း၊ ဥမကွဲ သိုက်မပျက်၊ ပန်းပန်ရင် နန်းဆန်မယ် ကျေးလက်ယိမ်း၊ သူရဲကောင်း အဓိပ္ပာယ်များ၊ ငြိမ်းချမ်းရေး ပန်းခင်း၊ မနောကြည်ချိုမြ ဗြောစည်တိုအက၊ We are Soldier တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မျက်လှည့် အစီအစဉ်ဖြင့် လည်းကောင်း၊ ထာဝရလွတ်လပ်ရေး၊ အောင်မြင်ပါစေ မြန်မာပြည်၊ ပြည်ထောင်စု ကြီးငြိမ်းချမ်းပါစေ တိုင်းရင်းသားယိမ်း၊ ထာဝရသစ္စာ၊ မြန်မာ့ကြွေးကြော်သံ၊ သာတူညီမျှ တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မြဝတီအငြိမ့် အဖွဲ့၏ ဖျော်ဖြေမှုဖြင့် လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။။ဂုဏ်ပြုဆုငွေချီးမြှင့်။ဖျော်ဖြေတင်ဆက်မှု အပြီး တွင် အနုပညာရှင်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေ ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖျော်ဖြေရေးကို ကြည့်ရှုအားပေးကြသည့် မိဘပြည်သူများက ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို လည်း ကောင်း ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ။အဆိုပါ ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့ စေရန်နှင့်လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်၍ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီတို့က ကြီးမှူးပြီး နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ရက် အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/32908
2022-11-30
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၄။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။။အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။။ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်အတွက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေသည့် ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ် ကျင်းပသည့် အကြီးကျယ်ဆုံးပဒေသာကပွဲကြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ညှိနှိုင်းရန်ကိစ္စရပ်များရှိပါက ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားသည်။။လိုအပ်သည်များအသင့်ဖြစ်စေရေး ဆောင်ရွက်ထားမည် ။ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်ဖြစ်သော ပဒေသာကပွဲ အောင်အောင်မြင်မြင် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုနေရာချထားရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုမတိုင်မီ လိုအပ်သည်များ အသင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ပါကြောင်း ပြောကြားသည်။။ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။။သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ။ထို့နောက် တက်ရောက်လာကြသူများက ပဒေသာကပွဲတွင် ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ တင်ဆက်မည့်ပြဇာတ်များ၊ တေးဂီတ အစီအစဉ်များ၊ တည်းခိုနေထိုင်ရေးစီစဉ်ထားရှိမှု၊ အခမ်းအနားပြင်ဆင်ရေးအပါအဝင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျာထားချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ သည်။။ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အခမ်းအနားပြင်ဆင်ရေး၊ သွားလာနေထိုင် စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆပ်ကော်မတီအလိုက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။။ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။။အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြမည်။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော်မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ငါးရက်ကြာ ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ပထမသုံးရက်တွင် ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာရှင်များက လည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ အနုပညာရှင်များက လည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/32352
2022-11-15
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
https://www.moi.gov.mm/news/34085
2023-01-01
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၁။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။။အစည်းအဝေးသို့ စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်၍ လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူရမည့်အချက်များ၊ လုပ်ငန်းကော်မတီအတွင်း ညှိနှိုင်းဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များကို အစည်းအဝေးသို့ တက်ရောက် လာကြသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ စိန်ရတုလွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/32231
2022-11-12
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းများ၊ E-library
IT Center နှင့် ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားများ ကျင်းပ
နေပြည်တော်   ဒီဇင်ဘာ   ၂၈။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်      ပြည်ထောင်စု နယ်မြေ နေပြည်တော်  လယ်ဝေးမြို့နယ်  သော်မှော်ကုန်း ခေတ်မီစံပြ ကျေးရွာ၏   ကွန်ကရစ်လမ်းများ၊ E-library
IT Center ဖွင့်ပွဲအခမ်းအနားနှင့် ဇေယျာ သီရိခရိုင်  ပုဗ္ဗသီရိမြို့နယ်   ကျည်တောင်ကန်- ဇီးကုန်း-လေသာ-သရက်တောလမ်း ပေါ်ရှိ ဆင်သေ ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။။ရှေးဦးစွာ   နေပြည်တော်ကောင်စီနယ်မြေ  သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ်  လမ်းများနှင့် E-library
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၁၃။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်မှုဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၇၉၈ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၂၅၁ ဦးကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၆၆၆ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၁၉၁ ဦးကိုလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။။လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံ ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင် အာမခံ အလုပ်သမားပေါင်း ၁ ဒသမ၂၃ သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမာ ဆေးရုံကြီးသုံးရုံ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးခွဲပေါင်း ၉၉ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၇ ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း ၁၂ ခန်း၊ Capitation payment ဆေးခန်း ၂၅ ခန်း၊ သားဖွား မီးယပ်ဝန်ဆောင်မှု ဆေးခန်း ရှစ်ခန်းနှင့် တိုင်းရင်းဆေးကုခန်း တစ်ခန်းများအပြင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ။ဆက်လက်၍ ဒီဇင်ဘာ ၁၄ ရက်အထိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများရှိ အာမခံအလုပ်သမားများအတွက် ဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/33423
2022-12-14
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၈။တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာန ပေါင်းစုံအားကစား ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ပိုက်ကျော်ခြင်းအား ကစားသမား ကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ကျင်းပသည်။။အဆိုပါပွဲစဉ်များသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာ ရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။။ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင်  နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင်  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။။ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းကို လည်းကောင်း၊ တတိယဆုရရှိသော နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ဒုတိယ ဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်းကို လည်းကောင်း၊ ပထမဆု ရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀)နှင့် တံခွန်စိုက်ဆုဖလား ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။။၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာ (၁၉)ရက်မှ (၂၈)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီး မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၂၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/33950
2022-12-28
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ကျင်းပ
နေပြည်တော်  ဒီဇင်ဘာ  ၂၈။မြန်မာ့ဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာ စေရန်နှင့် ထူးချွန် ထက်မြက်သည့် ဘောလုံးအားကစားသမား ကောင်းများစွာ  ပေါ်ထွက်လာ စေရန်  ရည်ရွယ်၍   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)  နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ အသက်(၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲ  ပွဲစဉ်များကို  ယနေ့ မွန်းလွဲ ၃ နာရီမှ   စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း၌ ဆက်လက် ကျင်းပသည်။။အဆိုပါပွဲစဉ်များသို့  နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများ၊  တပ်မတော်မှ အရာရှိကြီး များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်  အရာထမ်း/အမှု ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအား ကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ကြသည်။ ။ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌    ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုး သား)  ဘောလုံးပြိုင်ပွဲ   အကြို ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး  ဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝ န်ကြီးဌာနအသင်းက နယ်စပ် ရေးရာ ဝန်ကြီးဌာနအသင်းကို  နှစ်ဂိုး - ဂိုးမရှိဖြင့်  လည်း ကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။။ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲကို  ဒီဇင်ဘာ ၂၉ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည် ဖြစ်ပြီး   ဒီဇင်ဘာ ၃ဝ ရက်တွင် ဝဏ္ဏသိဒ္ဓိ  ဘောလုံးအားကစား ကွင်း၌  နံနက် ၇ နာရီခွဲတွင် တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲ ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန အသင်း၊ မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး ဘောလုံး အားကစား ဝါသနာရှင်များမည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။   ။သတင်းစဉ်
https://www.moi.gov.mm/news/33964
2022-12-29
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၅။တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာ့ဘောလုံး အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။ ။ဘောလုံးပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးသည်။။ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။    ။သတင်းစဉ်
https://www.moi.gov.mm/news/33507
2022-12-16
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၃။အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။။အနိုင်ရရှိ။ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။။ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင်နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။ ။တံခွန်စိုက်ဒိုင်းဆုချီးမြှင့်။ထို့နောက် ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ငွေသားဆု ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ် သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။။ဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်။ဆက်လက်ပြီး ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ကရင်ပြည်နယ်အသင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ငွေသားဆုငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် သိန်း၂၀ကိုလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။။ကြည့်ရှုအားပေး။ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)အသက်(၁၈)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/33407
2022-12-14
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၃၀။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်ပဒေသာကပွဲ ပဉ္စမနေ့ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။။ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်မှအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ။ဖျော်ဖြေတင်ဆက်။ပဒေသာကပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဦးနန်းညွန့်ဆွေ (မန္တလေး) ဇာတ်ညွှန်းရေးဖွဲ့သည့် အသက်ထက်မြတ်သောဂုဏ်သိက္ခာဆိုသည့်ဖြစ်ရပ်မှန်သမိုင်းကို အခြေပြုတင်ဆက်ထားသည့် ပြဇာတ်ကြီးကို ဖျော်ဖြေတင်ဆက်ကြသည်။။အဆိုပါ ပြဇာတ်ကြီးကို မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့်အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကို နောက်ခံလျက်စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သော နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံတွင်းပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကိုအကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသောသမိုင်း နိဂုံးဖြင့်ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမှုစရာ သင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ပြသခြင်းဖြစ်သည်။။စီစဉ်ဆောင်ရွက်ထား။အဆိုပါ အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်ကြီးကို ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကြီး၌ အများပြည်သူများကို ဆက်လက်ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ ။ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့မှ ဂုဏ်ပြုပန်းခြင်း ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေများနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှလည်း ဂုဏ်ပြုဆုငွေများဖြင့် လည်းကောင်း အသီးသီးပေးအပ်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/32945
2022-12-01
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂၄။(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။။၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် လဟာပြင်ကဇာတ်ရုံ၌ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာ ကပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။။ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်များမှ အနုပညာရှင်များက ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။။ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြဇာတ်ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။။သတင်းစဉ်
https://www.moi.gov.mm/news/32747
2022-11-25
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပပြုလုပ်‌‌ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ဩဂုတ် ၂၈။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။။စုံစုံညီညီပါဝင်ဆင်နွှဲပေး။ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံအတွက် အလွန်ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်သကဲ့သို့ ကြုံတောင့်ကြုံခဲပါဝင်ဆောင်ရွက်ခွင့်ရမည်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဒေသာကပွဲအတွက်လိုအပ်သည့်လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်သဖြင့် မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ညှိနှိုင်းပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပဒေသာကပွဲတွင် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များဟူ၍ စနစ်တကျ ခွဲခြားရေးဆွဲ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး ပြည်သူများစိတ်လက်အပန်းပြေစေရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပဒေသာကပွဲအစီအစဉ်များတွင် ပြည်သူများအတွက် ပျော်ရွှင်စရာ၊ အပန်းပြေစရာများ ပါဝင်ရမည်ဖြစ်သကဲ့သို့ လွတ်လပ်ရေးနှင့်ပတ်သက်သည့် တွေးတော ဆင်ခြင်စရာများလည်း ပါဝင်စေချင်ပါကြောင်း၊ ပဒေသာကပွဲကြီးကို ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များ စုံစုံညီညီ ပါဝင်ဆင်နွှဲပေးစေချင်ကြောင်း၊ သို့ဖြစ်၍ တက်ရောက်လာသူ ပညာရှင်ကြီးများ၊ တာဝန်ရှိသူများက ပဒေသာကပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းများကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။။အကြံပြုဆွေးနွေး။ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ ကြသည်။။သတင်းစဉ်
https://www.moi.gov.mm/news/29524
2022-08-29
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် စိတ်ပါဝင်စားသည့်ပြည်သူများ လာရောက်လေ့လာဆင်နွှဲ
နေပြည်တော် ဒီဇင်ဘာ ၂၇။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲမည့်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသည်။ ။ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက်ဆန်းသစ်တီထွင်မှု ပြခန်းပြကွက်များဖြစ်သော လေကြောင်းမီး ထောက်လှမ်းရေးစနစ်ပြကွက်၊ ကျန်းမာရေးအတွက် အားကစား နည်းများကို အဖွဲ့လိုက်နှင့်တစ်ဦးချင်းတစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သော Indoor Gymnasium ပြကွက်၊ လယ်သမားများအတွက် တီထွင်ထားသော ကောက်ပဲသီးနှံများ၏အခြေအနေကို နေအိမ်မှ Smartphone (သို့) Laptopမှ တစ်ဆင့်စစ်ဆေးနိုင်သည့် နည်းပညာပြကွက်၊ ပစ္စည်းများရွှေ့ပြောင်းပေးခြင်း၊ အရောင်များကို ခွဲခြားပေးနိုင်သည့် ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပြကွက်နှင့်အပင်များကို မြေအသုံးမပြုဘဲ(မြေမဲ့)အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်း ပြကွက်များတွင်လူငယ်နှင့်ကျောင်းသား ကျောင်းသူများသာမက ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများပါ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှုကြသည်။ ။ထို့ပြင် လူနေမှုဘဝတိုးတက်မြင့်မားစေရန် ဒစ်ဂျစ်တယ် မြို့တော်တီထွင်ဖန်တီးမှုပြကွက်၊ လူနှင့်တိရစ္ဆာန်များအား Sensors များဖြင့် အပြန်အလှန်ဆက်သွယ်နိုင်သော နည်းပညာပြကွက်၊ တက်စလာကွိုင်ဖြင့် ကြိုးမဲ့ဓာတ်အားပို့ခြင်းပြကွက်၊ ရေနံချက်စက်ရုံပြကွက်၊ IT နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသမားများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းအချက်အလက်များပေးပို့သည့် Ayeyar Farming Solution ပြကွက်၊ Network များ ချိတ်ဆက်ဆောင်ရွက်ပုံပြကွက်၊ အလိုအလျောက်အရောင်ရောစပ်ခြင်းနှင့် ဖြည့်သွင်းပေးသည့်စက်ပြကွက်၊ ရေနံချက်စက်ရုံနှင့်စွမ်းအင် ပြောင်းလဲခြင်းပြကွက်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်ပြကွက်၊ လုံခြုံသည့်လူနေအိမ်တစ်ခုဖန်တီးနိုင်ရန် Smart Home နည်းပညာပြကွက်များ၌လည်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြပွဲသို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြသည့် ပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။။စာအုပ်စာပေဖတ်ရှုရန် စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များခင်းကျင်း ပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။။ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို သိရှိစေနိုင်မည့် အထူးဖျော်ဖြေရေးအစီအစဉ်များအဖြစ်ကြီးမြတ်သောမြန်မာ၊ သူ့ကျွန်မခံပြီနှင့် ငဘရုပ်ရှင်ကားများကိုလည်း အနုပညာဆိုင်ရာအစီအစဉ်တစ်ခုအဖြစ် နေ့ရက်အလိုက်ပြသဖျော်ဖြေမှုများ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ချစ်စဖွယ် တိုင်းရင်းသားရိုးရာကကွက်များကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက်ကြသူများကလည်း စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။။ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော ကြီးမြတ်သော မြန်မာ မှတ်တမ်းရသရုပ်ရှင် ဇာတ်ကားကြီးအောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာပစ္စည်းများ၊ ရိုက်ကွင်းကြိုတင် ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များကို ပြည်သူများ သိရှိနိုင်စေရန် ပြသထားပြီး သိရှိလိုသည်များကိုလည်း အနုပညာရှင်များက လိုက်လံရှင်းလင်း ပြသပေးကြသည်။မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုအဖြစ် ပြည်သူများတီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့် ပုံစံများကိုပြပွဲသို့ လာရောက်လေ့လာကြသူများကိုယ်တိုင်ဝင်ရောက် သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။ ။သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့်လည်းပြည်တွင်းနှင့် နိုင်ငံတကာရှိသတင်းထူး၊ သတင်းဦးများကို ဖော်ပြပေးနေသည့် နေ့စဉ်ထုတ်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို www.mdn.gov.mm website နှင့် Mobile Application မှ အချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ကြောင်းကို ပြခန်းဖွင့်လှစ်၍ ပြပွဲလာသူများသိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။ ။ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန် အစားအစာနှင့်အမှတ်တရပစ္စည်းအရောင်းပြခန်း၌လည်း ပုသိမ်ထီးလက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ် တစ်ခုအနေဖြင့်ပြသပြီး ဒေသထွက်အစားအစာများဖြစ်သော ပုသိမ်ဟလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောကြော်နှင့် ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ရာ လာရောက်အားပေးဝယ်ယူသူများဖြင့်လည်း စည်ကားခဲ့သည်။ ။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝ အဆင့်အတန်းမြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသော အခြေအနေများကို မှတ်တမ်းမှတ်ရာများဖြင့် ပြည်သူများသိရှိစေရန် ခင်းကျင်းပြသလျက်ရှိရာ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာကြသည်။ ။အဆိုပါ ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့်ကလေးငယ်များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာကစားနည်းများနှင့် ပဟေဠိကစားနည်းများကို အသိပညာပေးနည်းလမ်းများတွဲဖက်၍ ကစားစေသည့်အစီအစဉ်များကိုလည်း ထည့်သွင်းထားရာ ကျောင်းသား ကျောင်းသူများနှင့်လူငယ်များစိတ်အားထက်သန်စွာ ဝင်ရောက်ဆော့ ကစား၍ ကစားနည်းအလိုက်အနိုင်ရရှိသူများကိုလည်း ဆုများပြန်လည်ချီးမြှင့်ပေးခဲ့ရာ ပျော်ရွှင်စရာ အစီအစဉ်ကောင်းတစ်ခုအဖြစ် မြင်တွေ့ရသည်။။ထို့ပြင် မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့ဆောင်ပုဒ်ဖြင့်နေပြည်တော်ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက်မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးပြစ်မှုပြစ်ဒဏ်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။ ။ပြပွဲအတွင်း၌လည်း (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသထားလျက်ရှိရာ ဓာတ်ပုံချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာကြသည်။။အဆိုပါ ပြပွဲအားကျောင်းသား ကျောင်းသူများနှင့် လူငယ်များစာအုပ်စာစောင်များကိုတန်ဖိုး ထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကိုသိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ်မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများခင်းကျင်း ပြသမှုများမှတစ်ဆင့်ဝန်ကြီးဌာန အသီးသီးကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အလွယ်တကူသိမြင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။။ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ သိသင့်သိထိုက်သည့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေနှင့်အနုပညာဆိုင်ရာအကြောင်းအရာများကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ်ပြသမည့် လူငယ်နှင့်စာပေအနုပညာပြပွဲကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သောကြောင့် လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ။သတင်း - မျိုးဆက်သစ်။ဓာတ်ပုံ - ကိုထိန်၊ ကိုအေးသန်း
https://www.moi.gov.mm/news/33933
2022-12-28
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ စတင်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့်ကလေးငယ်များ စိတ်ပါဝင်စားစွာ တစ်ခဲနက်ပါဝင်ဆင်နွှဲ
နေပြည်တော် ဒီဇင်ဘာ ၂၆။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ စတင်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။။အဆိုပါပြပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေးပြခန်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ လွတ်လပ်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အလံလွှင့်တင် ခြင်းအခမ်းအနား မှတ်တမ်းမှတ်ရာ၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေး အသိအမှတ်ပြုစာတမ်း၊ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်၊ မြန်မာနိုင်ငံတော်အလံများနှင့် ၁၉၄၈ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်တို့ကို ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာအုပ်အရောင်းဆိုင်နှင့် ရွေ့လျားစာအုပ်အရောင်းဆိုင်များ၊ စာပေဗိမာန်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်း များကို ပြသထားသည်။။စည်ကားလျက်ရှိ။ထို့ပြင် ပြည်သူများ သိသင့်သိထိုက်သည့် သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် ကျောက်စာများပြခန်း၊ အမျိုးသားစာကြည့်တိုက်ပြခန်း၊ ရေကြောင်း၊ လေကြောင်း၊ မြန်မာ့မီးရထားနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးပြခန်း၊ သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်း၊ နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်းများ၊ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေးနှင့် ဆေးလိပ်/ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးပြခန်း၊ လူငယ်များသိသင့်သိထိုက်သည့် အားကစားနှင့်လူငယ်ရေးရာပြခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန် အစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်းစသည်ဖြင့် ပြခန်းပေါင်း ၆၀ ကျော်တို့ကို ခင်းကျင်းပြသထားသည်။ ။အလားတူ စာအုပ်စာပေဖတ်ရှုရန်စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ် များအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေး စီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။။ပြပွဲအတွင်း၌လည်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံ ပြပွဲနှင့် ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသထားရာ ဓာတ်ပုံချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြသည်။။ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး နိုင်ငံ၏ ဘာသာ၊ သာသနာ နှင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို သိရှိစေနိုင်မည့် အထူးဖျော်ဖြေရေး အစီအစဉ်များအဖြစ် ကြီးမြတ်သော မြန်မာ၊ သူ့ကျွန်မခံပြီနှင့် ငဘရုပ်ရှင်ကားများကိုလည်း အနုပညာဆိုင်ရာ အစီအစဉ်တစ်ခုအဖြစ် နေ့ရက်အလိုက် တင်ဆက် ပြသမှုများ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်းပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက် ကြသူများကလည်း စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။ ။ရှင်းလင်းပြသပေး။ထို့ပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သော ကြီးမြတ်သော မြန်မာမှတ်တမ်းရသရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာ ပစ္စည်းများ၊ ရိုက်ကွင်းကြိုတင်ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များကို ပြည်သူများသိရှိနိုင်စေရန် ပြသထားပြီး သိရှိလိုသည်များကိုလည်း အနုပညာရှင်များက ရှင်းလင်းပြသပေးကြသည်။။အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထီးရိုး စေတီတော်နှင့်အင်းလေးဖောင်တော်ဦး ဘုရားများပါဝင်ပြီး သာယာလှပသော တောတောင်ရှုခင်းများ၊ မြန်မာ့ရိုးရာ လက်မှုအတတ်ပညာများဖြစ်သော ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းတဉ်းအတတ်ပညာ၊ ရွှေချည်ထိုး၊ ရွှေဆိုင်းပြုလုပ်ပုံအဆင့်ဆင့် အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ပေါင်းစပ်ရိုက်ကူး တင်ဆက်ထားသည့်အတွက် လက်လွှတ်မခံဘဲ လာရောက်ကြည့်ရှုသင့်သည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။ ။မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခု အဖြစ်ပြည်သူများ တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယို အတွင်း သတင်းကြေညာသည့် ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင် ဝင်ရောက်သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။။သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့်လည်း ပြည်တွင်းနှင့်နိုင်ငံတကာရှိ သတင်းထူး၊ သတင်းဦးများကို ဖော်ပြပေးနေသည့် နေ့စဉ်ထုတ် သတင်းစာ များဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို www.mdn.gov.mm website နှင့် Mobile Application မှ အချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ကြောင်းကို ပြခန်းဖွင့်လှစ်၍ ပြပွဲလာသူများသိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။ ။ထို့ပြင် မူးယစ်ဆေးဝါး ကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့ဆောင်ပုဒ်ဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက် မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများ၊ လောင်းကစား ပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သော ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးပြစ်မှု ပြစ်ဒဏ်များကိုပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။ ။ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန်အစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်း၌လည်း ပုသိမ်ထီး လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ်တစ်ခုအနေဖြင့် ပြသပြီး ဒေသထွက်အစားအစာများဖြစ်သော ပုသိမ်ဟလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောကြော်နှင့် ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ပေးလျက်ရှိရာ လာရောက်အားပေးသူများဖြင့်လည်း စည်ကားခဲ့သည်။ ။အဆိုပါပွဲတော်ကြီးသို့ လာရောက် လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့်ကလေးငယ်များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများနှင့် ပဟေဠိကစားနည်းများကို အသိပညာပေး နည်းလမ်းများတွဲဖက်၍ ကစားစေပြီး ဆုများချီးမြှင့်သည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်ကိုတွေ့မြင်ရသည်။ ။နေရာအနှံ့ချိတ်ဆွဲ။ထို့ပြင်ပြပွဲသို့ လာရောက်ကြသူများ တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ် ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းထားကာ ပြပွဲဧရိယာအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေး ဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ချိတ်ဆွဲ ဖော်ပြပေးထား သည်။။အဆိုပါပြပွဲအား ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစာအုပ် စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုး ကျေးဇူးကို သိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာ ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက် ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့်ပြခန်းများ ခင်းကျင်း ပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။။ပါဝင်ဆင်နွှဲနိုင်။ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များသိသင့် သိထိုက်သည့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေနှင့်အနုပညာဆိုင်ရာ အကြောင်းအရာများကို ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ် ပြသမည့် လူငယ်နှင့်စာပေ အနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သောကြောင့် လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ။သတင်း - အောင်ရဲသွင်၊ အေးအေးသန့်။ဓာတ်ပုံ - ကိုထိန်
https://www.moi.gov.mm/news/33877
2022-12-27
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှပသာယာ ပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်
နေပြည်တော် စက်တင်ဘာ ၄။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲအား လှပသာယာ ပြည်မြန်မာဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့်လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်း ရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။။ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်း ပူးတွဲပေးပို့ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။။ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၂ ရက်နေ့ ညနေ၄နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/29759
2022-09-05
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေး ဆပ်ကော်မတီတို့ကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၅။(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေးဆပ်ကော်မတီတို့အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ပြခန်းများကွပ်ကဲရေးမှူးရုံး၌ ကျင်းပသည်။။ဦးစွာ (၇၅) နှစ်မြောက် အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် တည်ဆောက် ရေးဆပ်ကော်မတီကို ဂုဏ်ပြုယာဉ် အထူးဆုတံဆိပ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေး ဆပ်ကော်မတီနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပရေးဆပ်ကော်မတီကို ဂုဏ်ပြုဆုတံဆိပ်၊ အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် နေပြည်တော် ကိုယ်စားပြုဂုဏ်ပြုယာဉ် တည်ဆောက်ရေးဆပ်ကော်မတီအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဂုဏ်ပြုဆုငွေကျပ်သိန်း (၁၀၀)၊ အထိမ်း အမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် နေပြည်တော်ကိုယ်စားပြုဂုဏ်ပြုယာဉ် တည်ဆောက်ရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းတို့ကို ချီးမြှင့်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် နေပြည်တော် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းတို့က လက်ခံရယူကြသည်။။ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်း ချီးမြှင့်ရာ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော်က လည်းကောင်း၊ နေပြည်တော် ကိုယ်စားပြု ဂုဏ်ပြုပြခန်းများ အုပ်ချုပ်မှုနှင့် ပြခန်း/ ဂုဏ်ပြုယာဉ်များ နေရာစီစဉ်ချထားရေး ဆပ်ကော်မတီအား ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် နေပြည်တော် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းတို့က လည်းကောင်း၊ နေပြည်တော် အထိမ်းအမှတ် ပြခန်းနှင့် ရိုးရာအစားအစာပြခန်းများ စီစဉ်ဆောင်ရွက်ရေးဆပ်ကော်မတီအား ဂုဏ်ပြု ဆုတံဆိပ်ချီးမြှင့်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် နေပြည်တော်စက်မှု ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော် တို့ကလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တို့ကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ လုံခြုံရေးဆပ်ကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်းများ စီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကလည်းကောင်း လက်ခံရယူကြသည်။။ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်ကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                     ။သတင်းစဉ်
https://www.moi.gov.mm/news/34235
2023-01-06
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့် မိခင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၇။ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ မီးဖွားလူနာ ပြည်သူ ၂၆ ဦး နှင့် တပ်မတော်သားမိသားစုဝင် ၁၄ ဦး၊ စုစုပေါင်း ၄၀ ဦးတို့၏ ကလေးငယ်များကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။။တပ်မတော်ဆေးရုံများ၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့် မိခင်များအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြလှ တို့က ကလေးငယ်တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။။အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/34294
2023-01-07
(၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၃။(၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။။အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစားအမြောက် တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။။ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး။ထို့နောက် အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်အောင်တို့က (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့ နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့အထိမ်းအမှတ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။။ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆင်ဖြူရှင်ခန်းမအတွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် စိန်ရတုမှသည်ရတုအဆက်ဆက်ချီသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။။ဂုဏ်ပြုအမှာစကားပြောကြား။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့အထိမ်းအမှတ်ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်၏ အဓိကလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အမြောက်တပ်ဖွဲ့၏ သက်တမ်း (၇၅) နှစ်ပြည့်မြောက်သည့် စိန် ရတုနှစ်ပတ်လည်နေ့ အခါသမယပင်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များအပေါ် ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်ဆိုသည့် အမြောက်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။။အမြောက်တပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ဗမာ့ကာကွယ်ရေး တပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန်ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် မေလတွင် အမှတ် (၁) မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါအချိန်သည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အမှတ် (၁) မြေပြင်ပစ် အမြောက်တပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် အမှတ် (၆) ဗမာ့သေနတ် ကိုင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်ကို တွေ့ရကြောင်း။။စိန်ရတုကာလကိုရောက်ရှိ။၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ပြည်တွင်းလက်နက် ကိုင်ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ပြီး ရန်ကုန်အစိုးရဟု ခေါ်ရလောက်အောင် ခြိမ်းခြောက်လာခဲ့ကြောင်း၊ အင်းစိန်ကို ကရင်သူပုန်တို့ ဝင်ရောက် တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ကို ဗိုလ်ကြီးရဲထွန်းနှင့် စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ်နေဝင်းကိုယ်တိုင်အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကို အမြောက်တပ်ဖွဲ့၏ သန္ဓေတည်ပေါက်ဖွားရာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ယနေ့ဆိုပါက (၇၅) နှစ်ဆိုသည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။။အမြောက်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သည့် အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး ပေးအပ်သည့် အမိန့်အတိုင်းသုံးရက်အတွင်း ဖွဲ့စည်းပြင်ဆင်ကာ သမိုင်းဝင်အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေးတိုက်ပွဲဝင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း။။စွမ်းစွမ်းတမံဆောင်ရွက်နိုင်။နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေး တိုက်ပွဲများအထိ လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည်ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း။။အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏မူလတာဝန်များကိုသာမက တပ်မတော်၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းများ အပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။။ဂုဏ်ယူအသိအမှတ်ပြု။ထို့ပြင် ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိ အမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။။အမြောက်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့် အမြောက်တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပမှ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့တွင်ရှိပြီး အမြောက်ပညာရပ်များနှင့် ပေါင်းစပ်ပြီး အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိနားလည်အောင် သင်တန်းများဖွင့်လှစ်ပြီး ပြန်လည်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း။။လေ့ကျင့်ရေးပိုင်းတွင်လည်း တပ်မတော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးများ၊ (ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများတွင်လည်း အခြားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ပြီး အမြောက်တပ်ဖွဲ့၏ အဓိကဆောင်ရွက်ရမည့် တာဝန်များကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။။ဝင့်ကြွားထည်ဝါစွာရပ်တည်နိုင်။မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ်အမြဲတမ်းဖြစ်နေစေ ရေးတပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် မှာကြားလိုကြောင်း။။အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာ သည့်တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ကြသည်ကိုလည်း (၇၅)နှစ်တာ ခရီးတွင် အကြိမ်ကြိမ်သက်သေပြနိုင်ခဲ့ကြပြီး ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိသူ အရာရှိ၊ စစ်သည်၊ ရဲမေများ ပေါ်ထွက်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။။လက်ဆင့်ကမ်းထိန်းသိမ်း။မျိုးဆက်သစ်အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြောက်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းတာဝန်ယူထိန်းသိမ်းသွားကြပြီး အနာဂတ်တပ်မတော်နှင့် အမြောက်တပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေအဖြစ် ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့် မိမိတို့၏ တပ်ဖွဲ့ဆောင်ပုဒ်များ၊ ကြွေးကြော်သံများအတိုင်း ထိန်းသိမ်းဆောင်ရွက်ကြပြီးကျရာ တာဝန်များကို ကျေပွန်အောင်ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားရင်း (၇၅နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့မှသည် နောင်လာမည့် ရတုများစွာတိုင်အောင် စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။။ထို့နောက် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက တပ်ဖွဲ့သမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Videoကို ပြသသည်။ ။ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် The God of Warကို အမြောက်တပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။။ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးက (၇၅) နှစ် မြောက်စိန်ရတုအမြောက်တပ်ဖွဲ့ နေ့အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက်ဂါရဝပြုပေးအပ်သည်။။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အငြိမ်းစားဆက်သွယ်ရေးအမြောက်တပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/51640
2024-02-04
(၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၁၆။(၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။။အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့်ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပညာရှင်များ၊ တက္ကသိုလ်များမှ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ရောက်ရှိကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးမှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။။ထို့နောက် မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များက သမိုင်း တစ်ခေတ် တို့ဖွင့်လှစ်မည် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် မြန်မာ-ရုရှား ခေတ်အဆက်ဆက်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ဖိုရမ်ကြီးကို မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ကဏ္ဍပေါင်းစုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်သွယ် ထူထောင်မှုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင်(၇၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကိုပြန်ကြည့်ပါက ခေတ်အဆက်ဆက်တွင် ရင်းနှီးချစ်ခင်မှုခိုင်မြဲခဲ့သကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ယခင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရုံသာမက နှစ်နိုင်ငံတပ်မတော်အကြား၌လည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနည်းပညာ ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များသာမက အခြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း။။အထူးသဖြင့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက်စစ်ဘက် ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆက်ဆံရေး အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရေးဟူသည့် လုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း။။အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ပထဝီအနေအထားအရ သမုဒ္ဒရာကြီးများနှင့် တိုက်ကြီးများ ခြားထားသော်လည်း နှစ်နိုင်ငံအပြန်အလှန် နားလည်မှု၊ စီးပွားရေးအခွင့်အလမ်းနှင့် မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံပြီး နီးနီးကပ်ကပ်ရင်းနှီးချစ်ကြည်ဆက်ဆံလာ ခဲ့ကြသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။။ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက သံတမန်ဆက်ဆံခဲ့ကြခြင်းဖြစ်သဖြင့် ရင်းနှီးကျွမ်းဝင်မှုများ အခိုင်အမာရှိနေပြီဟု ပြောရမှာဖြစ်ပါတယ်။။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြေညာ စာတမ်းတွင် ငါတို့ လွတ်လပ်ရေးနှင့်ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း ဟု ရေးသားကြေညာ ခဲ့သည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။။ယင်းကြေညာစာတမ်းကိုကြည့်ပါက မိမိတို့မြန်မာနိုင်ငံသားများသည် လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးကို အလေးထားမှုများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိမှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။။ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်များ၏ ပြည်တွင်းရေးကိစ္စများတွင် အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီးဆောင်ရွက် နေကြပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့မြင်နေရပါကြောင်း။။အထူးသဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံငယ်တစ်ခုကို ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း သြဇာကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံနှင့် ဖိအားပေးအကျပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန် တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများကိုစဉ်ဆက်မပြတ် တစ်စိုက်မတ်မတ် အရှိန်ယူဆောင်ရွက်နေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။။ထိုကဲ့သို့ နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနှင့် အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့်ကြံဆောင်ရွက်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် မိတ်ကောင်းဆွေသဟာ ပီသစွာ အမြဲဖေးမကူညီရပ်တည်ပေးသည့် ရုရှားနိုင်ငံ၏ ခေါင်းဆောင်များနှင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများကို အထူးပင် ကျေးဇူး တင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။။မိမိတို့ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မြဲစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရုရှားနိုင်ငံကို မိတ်ကောင်းဆွေကောင်းအဖြစ် လေးစားတန်ဖိုးထားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းနိုင်အောင် ဘက်ပေါင်းစုံမှ ဖော်ဆောင်သွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံပြည်သူများ အချင်းချင်းရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်သွယ်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။။ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီးဆုံးလိုအပ်နေသည့် အရာသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ပါကြောင်း၊ ထိုအရာများသည် တစ်သီးခြားစီ ရပ်တည်၍မရဘဲ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေရသည့် အရာများပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုမရှိဘဲ တည်ငြိမ်မှုမရနိုင်သကဲ့သို့ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လို့မရ နိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များ ပြည့်စုံရေးအတွက် မိမိတို့အားလုံးသည် နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းလာစေရန် မဖြစ်မနေ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။။တစ်နည်းအားဖြင့် ကမ္ဘာ့မျက်နှာစာအသီးသီးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ပြည်သူတစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။။အားလုံးသိကြသည့်အတိုင်း ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးစ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံသည် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစပြီး ယနေ့အချိန်အထိ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂကြီးကို ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုရှိပြီး သာယာဝပြောသည့် ကမ္ဘာ့အသိုက်အဝန်းကြီး ဖြစ်ပေါ်လာရေးအတွက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။။သို့သော် အင်အားကြီးကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံငယ်များအပေါ် တစ်ဖက်သတ် ဝါစွဲဖြင့်မတူညီသည့် နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံနှင့်အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း အားလုံးကသတိပြုကြရန် လိုအပ်ပါကြောင်း၊ အဆိုးဆုံးမှာဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။။ယခုကဲ့သို့သော အခြေအနေတွင် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ကို လေးစားလိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံအနေဖြင့် တစ်ဖက်က နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ၏ သဘောထားရပ်တည်ချက်များအတိုင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြည့်အဝပါဝင်ဆောင်ရွက်လျက် ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။။မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသ၏ အချက်အချာနေရာတွင် တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ မြောက်ပိုင်းဒေသတွင် နှင်းဖုံးသည့် တောင်တန်းကြီးများ၊ အလယ်ပိုင်းတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေပြန့်လွင်ပြင်များနှင့် တောင်ဘက်ပိုင်းတွင် ပင်လယ်ပြင်နှင့် ကျွန်းစုများရှိ သည့်အတွက် ရေမြေရာသီဥတု လွန်စွာသာယာလှပသကဲ့သို့ စားရေရိက္ခာနှင့်သဘာဝတွင်းထွက်ပစ္စည်းများ ထွက်ရှိသည့်အတွက် သဘာဝကဖန်တီးပေးထားသည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော်ကြီးဖြစ်ပါကြောင်း။။ယခုကဲ့သို့တန်ဖိုးရှိသည့် ရေမြေရာသီဥတုနှင့် သဘာဝတရားများကို အကျိုးရှိစွာအသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူတို့၏အကျိုးကိုရှေးရှုပြီး ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဟူသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိပါကြောင်း။။ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး အကျိုးကိုရှေးရှုပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့် အခွင့်အလမ်းကောင်းများစွာရှိပြီး သားဖြစ်သည့်အတွက် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်သည့်အခါတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် လူ့သားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများကို အဓိကထားပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။။ထို့ပြင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအဖြစ် နှစ်နိုင်ငံကူးလူး ဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည့်အတွက် မိမိတို့ကျရာကဏ္ဍမှ အတူတကွပူးပေါင်းဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုပါကြောင်း။။မိမိအနေဖြင့် ရုရှားနိုင်ငံခရီးစဉ်များတွင် မြန်မာနိုင်ငံတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးကြရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် အခုအချိန်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကိုတွေ့ရပြီး မကြာခင်ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏အကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ကိုလည်း အသိပေးပြောကြားလိုပါကြောင်း။။မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကာလကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ချက်ကို အစဉ်တစိုက် လက်ခံကျင့်သုံး ဆောင်ရွက်နေသကဲ့သို့ လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်လျက် ရှိပါကြောင်း။။မိမိတို့ အစိုးရသက်တမ်းကာလတွင် အမျိုးမျိုးသောဖိအားများ၊ ဝေဖန်မှုများ၊ ပြစ်တင်မှုများကြားက မြန်မာနိုင်ငံ၏ ပကတိအခြေအနေများအပေါ် နားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည့် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံများနှင့်လူပုဂ္ဂိုလ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း။။ယနေ့ဖိုရမ်တွင် ဆွေးနွေးကြမည့် အကြောင်းအရာများ၊ ဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် ရုရှား- မြန်မာချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ အတွေးအမြင်များ၊ နည်းလမ်းများ ရှာဖွေဆွေးနွေးကြမည်ဖြစ်သဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက်လာသူအားလုံးက တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရနှစ်ပေါင်းများစွာ ဖြစ်တည်ရှည်ကြာခဲ့သည့် ရုရှား -မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ကြာတည်တံ့ပါစေ၊ ရုရှား-မြန်မာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ပါစေ၊ ရုရှား - မြန်မာနှစ်ပြည်ထောင် တိုးတက်ဖွံ့ဖြိုးပါစေဟု ဆုတောင်း ပါကြောင်းဖြင့် ပြောကြားသည်။။ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ပြောကြားရာတွင် ယနေ့မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား(၇၅)နှစ်မြောက် သံတမန်ဆက်သွယ် ထူထောင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အခမ်းအနားတွင် အမှာစကားပြောကြားခွင့် ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ပီတိ ဖြစ်မိပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာ များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့်အစဉ်အမြဲ လိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၏ Rossiya Vperod ရုရှား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။။ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြရာ မြန်မာ-ရုရှား ဆက်ဆံရေးမျက်မှောက်နှင့် အနာဂတ်ခရီး ခေါင်းစဉ်ကို သဘာပတိဦးကိုကို ဦးဆောင်၍ ဦးခင်မောင်ဇော်၊ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးကျော်လင်းဦးတို့က ဆွေးနွေးကြပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကြသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် မြန်မာ-ရုရှားဆက်ဆံရေးနှင့် မြန်မာ့လူမှုစီးပွားအပေါ် အကျိုးဖြစ်ထွန်းမှုများ ခေါင်းစဉ်ကို သဘာပတိ ဦးကိုကို ဦးဆောင်၍ ဒေါက်တာနန္ဒာမွှန်း၊ ဒေါက်တာမောင်သင်းနှင့် ဦးရဲမင်းအောင်တို့က ဆွေးနွေးကြပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကြသည်။။ထို့နောက် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းကို ဆောင်ရွက်ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက Nadejda သီချင်းဖြင့်သီဆိုဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/35654
2023-02-16
(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(တတိယ) အကြိမ်ပွဲတော် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၉။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်း သား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို  သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(တတိယ)အကြိမ် ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပထမအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကို  ၂၀၁၉ ခုနှစ်၊  ဇန်နဝါရီ ၂၅ ရက်မှ  ၃၀ ရက်အထိလည်းကောင်း၊ ဒုတိယ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက် အထိလည်းကောင်း ရန်ကုန် တိုင်းဒေသကြီး၊ ကျိုက္ကဆံ အားကစားကွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် Virtual Reality Festival အဖြစ်  MRTV
Web Portal များဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်အထိ ကျင်းပရန် လျာထားဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပ နိုင်ခြင်း မရှိသောကြောင့် လာမည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မြေပြင်၌ မပြု လုပ်နိုင်စေကာမူ တစ်မူဆန်းသစ်ပြီး Virtual Reality Festival ဖြင့် ပြုလုပ်ကျင်းပနိုင် ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း။။၂၀၂၁ ခုနှစ် အတွက် ပွဲတော်ကျင်းပရန် အချိန်ကာလအားဖြင့် (၁)လကျော်သာ ကျန်ရှိ တော့ပါကြောင်း၊ ကျင်းပဆောင်ရွက်နိုင်မည့် နေ့ရက်၊ အချိန်၊ ပါဝင်မည့်အစီအစဉ်များ၊ ဆောင်ရွက်နိုင်မည့် အချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ အစီအစဉ်တွင် တိုင်းရင်းသား ပေါင်းစုံ  ပါဝင်နိုင်စေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊  မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အချက်များ အားလုံးကို ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားမှ အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများနှင့်အညီ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ။ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကချင် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော် ဆီပွဲတော်ကို ကယားတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသလူမှု စီးပွားဘဝ အခြေအနေနှင့် ထွက်ကုန်တို့ကို  လေ့လာခွင့် ရရှိခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ ချစ်ခင်မှု၊  စည်းလုံးညီညွတ်မှုတို့ ပိုမိုရရှိ ခဲ့ပါကြောင်း၊ တတိယအကြိမ်ပြုလုပ်မည့် ပွဲတော်နှင့်ပတ်သက်၍ ကျင်းပမည့်နေ့ရက်၊  အချိန်နှင့် အစီအစဉ် တို့ကို ဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြားသည်။။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသ နိုင်မည့် နေ့ရက်၊  အချိန်နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို  ရှင်းလင်းတင်ပြသည်။ ။ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အတွင်းရေးမှူး ဦးမင်းဗညားစန်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များက အထွေထွေဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/18858