Dataset Viewer
Auto-converted to Parquet
title
stringlengths
7
500
content
stringlengths
3
32.1k
⌀
url
stringlengths
1
33.7k
⌀
date
stringlengths
1
25.9k
⌀
(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက်စရိတ် တစ်ရက်စာ လှူဒါန်း
နေပြည်တော် မတ် ၁၉။အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက်စရိတ်တစ်ရက်စာကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လှူဒါန်းခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်၊ နံနက် ၀၉၃၀ နာရီချိန် ပြည်ထောင်စုလွှတ်တော် (D)ဆောင် နာယကနားနေခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။။အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ်တစ်ရက်စာ ၈၅၈၀၀၀၀ိ/-ကို လည်းကောင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦး၏ နေ့တွက်စရိတ်တစ်ရက်စာ ၄၃၀၀၀၀၀ိ/- ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၁) အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က အသီးသီးလက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။။အစည်းအဝေးအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီ၊ အစုအဖွဲ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ ယင်းအခမ်းအနားသို့ လွှတ်တော်ရုံး (၃)ရုံးမှ ညွှန်ကြားရေးမှူးချုပ်များလည်း တက်ရောက်ခဲ့သည်။။Ref; Pyidaungsu Hluttaw
https://www.moi.gov.mm/news/2623
2020-05-10
(COVID-19)ရောဂါကို ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား ၁၄ ရက်ကြာ ယာယီပိတ်မည်
ရန်ကုန် မတ် ၂၀။လတ်တလောဖြစ်ပွားနေသည့် (COVID-19)ရောဂါကို ထိရောက်စွာထိန်းချုပ် ဆောင်ရွက်မှုများပြုလုပ်သွားနိုင်ရန် ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို မတ် ၂၁ ရက်မှစ၍ ၁၄ ရက်ကြာ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကရင်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးသန့်ဇင်အောင် ထံမှသိရသည်။။ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ``မနက်ဖြန်က စတင်ပြီး ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည် ရေးတံတားကို ၁၄ ရက်ယာယီပိတ်သွား မယ်လို့သိရတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါ အခြေအနေပေါ်မူတည်ပြီး အချိန်ထပ်ပြီးတော့လည်း တိုးသွားနိုင်တယ်။ လူဝင်၊ လူထွက်နဲ့ ဖြတ်သန်းသွား လာမှုကိုတော့ အခုလက်ရှိကာလမှာ သုံးနေတဲ့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာလိုပဲ အမှတ်(၂) ချစ်ကြည်ရေးတံတားမှာဖြတ်သန်းခွင့်ပြုသွားမယ်။ ယာယီ နယ်စပ် ဖြတ်သန်း ခွင့်လက်မှတ် (Temporary Border Pass)၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) နဲ့ သွားတဲ့ အတိုင်းပဲခွင့်ပြုသွားမယ်။ တံတား တစ်ခုကိုပိတ်လိုက်တာ ပဲရှိပါတယ်´´ ဟုပြောသည်။။ဆက်လက်၍ ၎င်းက `` အမှတ်(၂) ချစ်ကြည်ရေးတံတားမှာ ကားနဲ့တင်မဟုတ်ဘဲ လူဖြတ်သန်းလို့လဲရတယ်။ COVID-19 ရောဂါကို နေရာတစ်ခုတည်းကပဲ အာရုံစိုက်ပြီး စောင့်ကြည့်ချင်တဲ့သဘောပါ။ ကုန်စည်စီးဆင်းမှုကလည်း ကုန်စည်စီးဆင်း သွားလာနေတဲ့ အမှတ်(၂) တံတားကို ဖွင့်ထားမှာ ဆိုတော့ ပုံမှန်အတိုင်းရှိနေမှာပါ´´ ဟု ပြောသည်။။ထိုသို့ ပိတ်သိမ်းမှုကို ထိုင်းနိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အမှတ်(၁) ချစ်ကြည်ရေးတံတား ယာယီ ပိတ်သိမ်းထားသောကာလတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာလိုပါက သက်ဆိုင်ရာ၏ ကျန်းမာရေး စိစစ်မှုများကိုခံယူကာ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass)၊ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ် (Border Pass) တို့ဖြင့်  အမှတ်(၂) ချစ်ကြည်ရေးတံတား မှတဆင့် ခွင့်ပြုသွားမည်ဖြစ်သည်။။မြဝတီမြို့ဒေသခံ ရဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလှဝင်းက အခြေခံလူတန်း စားတွေအနေနဲ့ အမှတ်(၁) ချစ်ကြည်ရေး တံတားကို အားကိုးပြီး Border Pass နဲ့ နေ့တိုင်း သွားလာပြီး အလုပ်လုပ်နေကြရတယ်။ အခုလို ပိတ်လိုက်တော့ အခက်အခဲ တွေတော့ ဖြစ်ကြလိမ့်မယ်။ တံတားအမှတ် (၂) က တံတားပေါ်မှာ လမ်းလျောက်လို့မရဘူး။ ကားနဲ့ပဲ သွားလို့ရတာ။ တံတား အမှတ် (၁) လိုပဲ လမ်းလျောက်ခွင့်ရရင်တော့ ကောင်းပါတယ်။ အမှတ်(၂) တံတားက နည်းနည်းဝေးတော့ သွားလာမှု အပိုင်းမှာ အခက်အခဲ ရှိသွားမယ်´´ ဟုပြောသည်။။အဆိုပါ နယ်စပ်ဖြတ်ကျော်ဂိတ် မှဝင်ရောက်လာသူများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွား၊လာနေထိုင်မှုဆိုင်ရာ အချက်အလက်မှတ်တမ်းများ ကောက်ယူခြင်း များပြုလုပ်ကာ ဖြတ်သန်း ဝင်ရောက်ခွင့်ပြုမည်ဖြစ် ကြောင်းသိရသည်။။``အခုလိုလုပ်လိုက်တဲ့ အတွက် COVID-19 ထိန်းချုပ်အပိုင်းမှာ အနည်းငယ်ထိရောက်မှု ရှိမယ်လို့တော့ မြင်တယ်။ မြန်မာဘက်ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာတွေရှိတယ်။ ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လည်း ကုန်သည်ကြီးများ အသင်းက ထိန်းချုပ်ပေးသွားမယ်လို့ သိရတယ်´´ ဟု မြဝတီမြို့ဒေသခံ ရဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလှဝင်းက ပြောသည်။။ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတား မပိတ်သိမ်းမီ ယနေ့ ညနေ ၅ နာရီအထိ အဆိုပါတံတားမှနေ၍ ဖြတ်သန်းဝင်ရောက်လာသူ ၂၅၅၁ ဦးရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ထံမှသိရသည်။။သတင်း-ရဲခေါင်၊ ဇော်ကြီး
https://www.moi.gov.mm/news/2673
2020-05-10
(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး သိမ်းဆည်းရမိ
နေပြည်တော် မေ ၂၅။တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် Light Truck (RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၁၄၆၈၈)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။အလားတူ မေ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၁၁၀၃၈၃) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့အတူ မေ ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်အတွင်း တရားမဝင်ကျွန်းခွဲသား ၀ ဒသမ ၅၈၁၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၃၄၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ။သို့ဖြစ်ပါ၍ မေ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်း အမှုတွဲ ၃၀၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၂၅၀၈၅၃၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/25675
2022-05-26
(၁/၂၀၂၃)ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကိုခွင့်ပြု
နေပြည်တော် ဖေဖော်ဝါရီ ၁၃။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ကြသည်။ ။အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၆၃၄ သန်းနှင့် ငွေကျပ်(၉၈၀၇၈ ဒသမ ၀၉၄) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၇၄ ခုကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ယနေ့အစည်းအဝေးကခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။။၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/35563
2023-02-14
(၁ဝ၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန် အောက်တိုဘာ ၁၃။(၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့၊ (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။။အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီး အနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အကယ်ဒမီခန့်စည်သူတို့က (၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများက ရာပြည့်ရင်ပြင်နှင့် ရုပ်ရှင်ဖခင်ကြီးများရုပ်တုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ် ဖွင့်လှစ်ထားသည့် ဈေးဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။။ဆက်လက်၍ (၄၇) ကြိမ်မြောက် ရုပ်ရှင်အနုပညာရှင်သက်ကြီးပူဇော်ပွဲကိုကျင်းပရာ ရုပ်ရှင်သက်ကြီးအနုပညာရှင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် အလှူငွေများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကပေးအပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင်က လက်ခံရယူသည်။။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် အလှူငွေများနှင့် အလှူရှင်များက အလှူငွေများအသီးသီး ပေးအပ်လှူဒါန်းကြသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မုဒိတာစကားများပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ရုပ်ရှင်သက်ကြီးပညာရှင်များအား ပူဇော်ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများပေးအပ်ရာ ရုပ်ရှင်သက်ကြီးပညာရှင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက ဆုတောင်းမေတ္တာစကားပြောကြားသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရုပ်ရှင်သက်ကြီး ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/62908
2024-10-13
(၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒဆိုင်ရာညီလာခံ၏ ရေသည် အနာဂတ်၏ အဓိကအရင်းအမြစ်ဟူသော စကားဝိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် မေ ၂၅။(၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒ ဆိုင်ရာညီလာခံကို မေ ၂၅ ရက်မှ ၂၆ ရက်အထိ ရုရှားနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကျင်းပသည့် အဆိုပါ ညီလာခံ၏ ရေသည် အနာဂတ်၏ အဓိက အရင်းအမြစ်ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ခုမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ မြို့တော်ဝန်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။ ။ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး အာရှရေချိုအရင်းအမြစ်၏ ၁၂ ရာခိုင်နှုန်း၊ အာဆီယံ ရေချိုအရင်းအမြစ်၏၁၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊ ယနေ့ခေတ် ရာသီဥတု ပြောင်းလဲမှုကြောင့် နိုင်ငံအသီးသီးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရေပြဿနာများကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရေမူဝါဒ၊ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက် လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ဘက်စုံရေအရင်း အမြစ် စီမံခန့်ခွဲမှုတို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီနှင့် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ကို ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။။ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝစမ်းရေတွင်းများ၊ ရေထွက်များနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပလတ်စတစ်ညစ်ညမ်း မှုများသည် မြစ်ချောင်းများနှင့် အဏ္ဏဝါပင်လယ်ပြင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများအပေါ် သက်ရောက်မှု ရှိပြီး အဏ္ဏဝါပလတ်စတစ် အမှိုက်များကို လျှော့ချနိုင်ရေး အတွက် အမျိုးသားအဆင့် ပလတ်စတစ် လုပ်ငန်းအစီအစဉ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘက်စုံရေအရင်း အမြစ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။။ဆက်လက်၍ နိုင်ငံအသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များက စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၏ အခြေခံတစ်ခုဖြစ်သည့် ရေနှင့်ရေအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ရေအရည်အသွေးနှင့် သန့်စင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး၊ ကမ်းရိုးတန်းခရီးသွားလုပ်ငန်း၊ ရေအရင်းအမြစ် အသုံးချမှုနှင့် ဆက်နွှယ်သည့် ဘဏ္ဍာငွေ ထောက်ပံ့မှု၊ ရေဂေဟစနစ်ဆိုင်ရာ အသိအမြင် မြှင့်တင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ကြကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/39306
2023-05-26
(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နေပြည်တော်၌ လက်ခံကျင်းပ
နေပြည်တော် နိုဝင်ဘာ ၃။မြန်မာနိုင်ငံက (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။။အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ နိုဝင်ဘာ ၂ ရက်ညနေပိုင်းက ရောက်ရှိကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက ကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော် ရှိ Jasmine Naypyitaw ဟိုတယ်၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ညစာစားပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။။(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Jasmine Naypyitaw ဟိုတယ် သံလွင်ခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်နှင့် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။။အစည်းအဝေးသို့  ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Meas Kim Heng ၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Somboun Sihanath ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သံအမတ်ကြီး Ms. Pinsuda Jayanama နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Nguyen Thi Bich Thuy တို့ ပါဝင်တက်ရောက်ကြသည်။ ။အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနှင့် တရုတ်နိုင်ငံတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်ကာ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။။ထို့နောက် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနှင့်တရုတ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့က နိဂုံးချုပ်စကားများပြောကြားကာ အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်ကအစည်းအဝေးသို့ တက်ရောက်လာကြသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များအား အဆိုပါဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် ယင်းနေ့ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။။မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သောစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/46790
2023-11-04
(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကျင်းပ
နေပြည်တော် မေ ၂၅။(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (10th Meeting on Cooperation to Combat Trafficking in Persons bet-ween Myanmar Police Force and Royal Thai Police) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် Pol. Gen. Surachate Hakparn ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။။အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ၊ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော လူကုန်ကူးမှု ကျူးလွန်သူတရားခံများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူခံရပြီး ထွက်ပြေးတိမ်း ရှောင်နေသည့် တရားခံများအား စုံစမ်းဖမ်းဆီး လွှဲပြောင်းပေးနိုင်ရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်/ထွက် သွားလာမှုများကို ပူးပေါင်း တားဆီးကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/39293
2023-05-26
(၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာ
နေပြည်တော်    နိုဝင်ဘာ   ၁၇ ။ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၀)ကြိမ် မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့သည်။ ။အဆိုပါ အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး(၂)  H.E. Dato Dr. Amin Liew Abdullah နှင့် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ ပို့ကုန်မြင့်တင်ရေးနှင့် အငယ်စားစီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး  The Honourable Mary Ng တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနှင့် ကနေဒါနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူး ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ။အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် အဆိုပါသက်ရောက်မှုများကို လျော့နည်းစေရန် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာ ချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ကနေဒါနိုင်ငံက ထောက်ပံ့ပေးမည့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များနှင့် ကနေဒါ-အာဆီယံ စီးပွားရေးကောင်စီမှ တင်ပြလာသော စီးပွားရေးဆိုင်ရာ အကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။။အဆိုပါ အစည်းအဝေး၌ အနာဂတ် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်အတွက် အပြီးသတ်ကိုးကားစာတမ်းကို ဝန်ကြီးများက အတည်ပြုခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာရာတွင် မြန်မာနိုင်ငံက ပါဝင်ထောက်ခံဆွေးနွေးခဲ့သည်။ ။၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ကနေဒါမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိခဲ့သည်။ ကနေဒါနိုင်ငံမှ အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် နှစ်စဉ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ဆောင်ရွက်ခြင်းအားဖြင့် ကနေဒါနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အဆိုပါသဘောတူစာချုပ်တွင်ပါဝင်ခြင်းဖြင့် ကနေဒါနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာပြီး ကနေဒါဈေးကွက်သို့ မြန်မာ့ပို့ကုန်များ တင်ပို့နိုင်သည့်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ ။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးပြန်လည် ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ပြန်လည်စတင်ရေးနှင့် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်ရေး၏ အရေးပါမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစတင်၍ ခရီးသွားကဏ္ဍများ ပြန်လည် ဖွင့်လှစ်ပေးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ကိစ္စများကို ပါဝင်ဆွေးနွေးခဲ့သည်။။အစည်းအဝေး၌ (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ ကြသည်။။အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/19109
2021-11-17
(၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများစာရင်း
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြား ထားပြီး ဖြစ်ပါသည်။။(၁၀-၈-၂၀၂၀) ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။။သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါ ကူးစက် ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက် သူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အသိပေးနှိုးဆော်ပန်ကြားချက်တွင် ဖော်ပြပါရှိသည်။။ ။သတင်းစဉ်
https://www.moi.gov.mm/news/4952
2020-08-31
(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၁၃။(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။။အခမ်းအနားများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။။အမှာစကားပြောကြား။ရှေးဦးစွာ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက အမှာစကားပြောကြားရာတွင် မြန်မာ့ရုပ်ရှင်နေ့အား မေတ္တာနှင့်သူရာရုပ်ရှင်ဇာတ်ကားရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို ဂုဏ်ပြုသတ်မှတ်ခဲ့သည့်အတွက် ယနေ့ဆိုလျှင် နှစ်ပေါင်း (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးခြား လေးနက်သည့် နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာ့ရုပ်ရှင်လောကနှင့် ရုပ်ရှင်လောကသား များအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရုပ်ရှင်အနုပညာရှင်ကြီးနှစ်ဦးကို နိုင်ငံတော်က ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ချီးမြှင့်ပေးမည်ဖြစ်သဖြင့် လွန်စွာမင်္ဂလာရှိသည်ဟု ပြောကြားလိုပါကြောင်း၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူများနှင့် ရုပ်ရှင်သက်ကြီးအနုပညာရှင်များသည် ရုပ်ရှင်လောကသက်တမ်းတစ်လျှောက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ကြသူများဟု မိမိတို့အားလုံးက အသိအမှတ်ပြုထားပါကြောင်း။။နိုင်ငံတော်အကြီးအကဲက စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များကို ပညာရှင်များအဖြစ် လေးစားတန်ဖိုးထားကြရန်နှင့် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးရန် အမြဲလမ်းညွှန်မှာကြားပါကြောင်း၊ ယခု ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကိုချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်များသည် အသက် ၈၀ နှင့်အထက်ရှိသူများဖြစ်ပြီး ရုပ်ရှင်လောကတွင် ကျင်လည်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် သက်တမ်းနှစ် ၅၀ ရှိကြသူများဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လောကနှင့် အဆက်အသွယ်မပြတ်ဘဲ နိုင်ငံတော်အဆင့်ဂုဏ်ထူးဆု (သို့မဟုတ်) ရုပ်ရှင်ထူးချွန်ဆုရရှိသူ၊ အနုပညာကောင်းသတင်းဖြင့် ကျော်ကြားသူများဖြစ်ပြီး ရုပ်ရှင်လောကသားများ၏ဆန္ဒဖြင့် ရွေးချယ်ထားသူများဖြစ်ပါကြောင်း။။ယခင်က ရုပ်ရှင်တစ်သက်တာဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်တာဦးတင်ယုအားလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စည်သူဗိုလ်ကလေးတင့်အောင်အားလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အကယ်ဒမီဒေါ်မြင့်မြင့်ခင်အားလည်းကောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အစီအစဉ်ဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင် ရွှေစင်ငါးကျပ်သားရှိရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် အနုပညာစွမ်းပကားဖြင့်အကျိုးဆောင်ခဲ့ကြသော အနုပညာရှင်ကြီးများကို ယခုကဲ့သို့ ချီးမြှင့်ခွင့်ရရှိခြင်းအပေါ် ရုပ်ရှင်လောကသားအားလုံးက မုဒိတာပွားနေကြမည်ဟု ယုံကြည်ပါကြောင်း။။ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်လောကအကျိုးဆောင်ရွက်နိုင်ရေးအတွက် ဝဇီရာရုပ်ရှင်ရုံကြီးကိုဂုဏ်ပြုခံက ဇာတ်ရုံအဖြစ် အကောင်အထည်ဖော်နေသကဲ့သို့ အမျိုးသားဖလင်မော်ကွန်းတိုက်ကြီးတစ်ခုတည်ဆောက်ပြီး ရုပ်ရှင် ဖလင်များ၊ မှတ်တမ်းရုပ်ရှင်ဖလင်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကြီးကိုလည်း အနုပညာရှင်များ စုပေါင်းပါဝင်တင်ဆက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အားဖြင့် သမိုင်းအစဉ်အလာကောင်းခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို ရုပ်ရှင်အနုပညာရှင်အားလုံးက လက်ဆင့်ကမ်းထိန်းသိမ်းသယ်ပိုးပေးကြပါရန်နှင့် မြန်မာ့ရုပ်ရှင် တစ်ခေတ်ဆန်းသစ်လာအောင် စည်းလုံးညီညွတ်စွာ စုပေါင်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။။ပေးအပ်ချီးမြှင့်။ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူဦးကြည်စိုးထွန်းက ရုပ်ရှင်တစ်သက်တာဆုပေးအပ်ရခြင်းနှင့် ဆုများရွေးချယ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီညွန့်ဝင်းအား ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင် စည်သူဒေါ်မြင့်မြင့်ခင်ကလည်းကောင်း၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီအောင်လွင်အား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်သည်။။ယင်းနောက် ရုပ်ရှင်တစ်သက်တာဆုရ အကယ်ဒမီအောင်လွင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။။လှည့်လည်ကြည့်ရှု။ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် နာယကများက မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြတိုက်ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။။ထို့နောက် (၁၀၂)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က နှုတ်ခွန်းဆက်စကားနှင့် မုဒိတာစကားများပြောကြားကြပြီး သက်ကြီးရုပ်ရှင် အနုပညာရှင်များအား ပူဇော်ကန်တော့ကြသည်။။ဆက်လက်၍ သက်ကြီးအနုပညာရှင်များအတွက် အလှူငွေပေးအပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ်သိန်း ၃၀ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အလှူရှင်များက ကျပ်သိန်း ၁၅၀ နှင့် Forever Group Co.
Ltd က ငွေကျပ် ၇၃၅၀၀၀၀ တို့ကို လှူဒါန်းရာ နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ပထမဆုံးမြန်မာ့ရုပ်ရှင်ဇာတ်ကား မေတ္တာနှင့်သူရာကို ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားများကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့်အတူ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ဖွင့်ပွဲတို့ကိုပါ ဂုဏ်ယူစွာကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။။ဆွေးနွေးဆောင်ရွက်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယကဦးကျော်ဆန်း၊ ဥက္ကဋ္ဌဦးညွန့်ဆွေနှင့် အလုပ်အမှုဆောင်များအားတွေ့ဆုံ၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရ အကယ်ဒမီဦးအောင်လွင်နှင့် ရုပ်ရှင်အနုပညာရှင်များအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/31183
(၁၀၃)  နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၆)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ
ရန်ကုန် အောက်တိုဘာ ၁၃။(၁၀၃) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၆)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။။အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီး အနုပညာရှင်များနှင့် ရုပ်ရှင်အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။။ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း တို့က (၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝန်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ်ဖွင့်လှစ်သည့် ဈေးဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။။ယင်းနောက် (၄၆)ကြိမ်မြောက် ရုပ်ရှင်အနုပညာရှင် သက်ကြီးပူဇော်ပွဲကို ကျင်းပရာ  ရုပ်ရှင်သက်ကြီးအနုပညာရှင်များအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက    အလှူငွေ ကျပ်သိန်း  ၁၀၀ ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက  ငွေကျပ်သိန်း ၂၀ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလှူရှင်များက ငွေကျပ်သိန်း  ၁၅၀ ၊ Forever Group Co.
Ltd က ငွေကျပ် သိန်း  ၇၀ ၊ ရွှေသံလွင်မီဒီယာ(Sky Net) မိသားစုက စုစုပေါင်းတန်ဖိုးငွေကျပ်  ၁၆၃ သိန်းရှိ Sky Net DTH ကြည့်ရှုခွင့်  ၆ လစာနှင့် DTH စက် တစ်စုံ၊  ရုပ်ရှင်ရုံလုပ်ငန်းမိသားစုများက ငွေကျပ်   ၁၇ သိန်းတို့ကို  ပေးအပ်လှူဒါန်းပြီး  နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြားရာတွင် အခမ်းအနားသို့ အနုပညာရှင်များအားလုံးနီးပါး စုံညီစွာ တက်ရောက်ကြသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊  ယနေ့တွင် ပူဇော်ကန်တော့ခံ အနုပညာရှင်များသည် နိုင်ငံ့အကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးကို အနုပညာစွမ်းအားဖြင့် စွမ်းဆောင်ခဲ့သူများဖြစ်၍   ရိုသေလေးစားစွာ ဂါဝရပြုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို ဆောင်ရွက်ရန်ရှိပြီး   ယမန်နှစ်ကကဲ့သို့ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ညှိုနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။။အနုပညာကို နိုင်ငံတော်နှင့် ပြည်သူက ချစ်မြတ်နိုးလျက်ရှိပြီး ပြီးခဲ့သည့်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ လာမည့်အနာဂတ်တွင်  သစ်လွင်သောအနုပညာရပ်များ ပေါ်ထွန်းလာရေးအတွက်   အနုပညာစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန်  တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။။ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြားသည်။   ။ထို့နောက် တက်ရောက်လာကြသော ရုပ်ရှင်သက်ကြီးပညာရှင်များအား နွေးထွေးလှိုက်လှဲစွာ မိတ်ဆက်ဂါဝရပြုပြီး   လှူဒါန်းပစ္စည်းများ ပေးအပ်ကာ စုပေါင်းဂါရဝပြု ကန်တော့ကြသည်။။ယင်းနောက် ရုပ်ရှင်သက်ကြီးပညာရှင် ဦးအောင်လွင်က ကျေးဇူးတင်ဝမ်းမြောက်ပီတိစကား ပြန်လည်ပြောကြားသည်။။မြန်မာနိုင်ငံ၌ ပထမဆုံးမြန်မာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မေတ္တာနှင့် သူရာဇာတ်ကားကို ပြသခဲ့ပြီး ထိုနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ်သတ်မှတ်၍ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၆) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
https://www.moi.gov.mm/news/45834
(၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၈။ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့ (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ် နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ စံကျောင်းတော်တပ်တွင်းဓမ္မာရုံ၌ ကျင်းပသည်။။တက်ရောက်။အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။။ပေးအပ်လှူဒါန်း။အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ ကြွချီလှည့်လည်ပူဇော်ပွဲအတွက် နေပြည်တော်ကောင်စီမှလှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလှူငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။။ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး။ထို့နောက် (၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းကြသည်။။နေပြည်တော် ပျဉ်းမနားမြို့တွင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲသည် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးရှိ ပြည်သူအများမှ လာရောက် ဖူးမြော်ကြည်ညိုကြသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ကာ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲကို ရုပ်ပွားတော်များ ပင့်ဆောင်အပူဇော်ခံမည့် အလှပြယာဉ်များတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ပြီး မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/63087
2024-10-19
(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ သံဃာတော် ၂၁၇ ပါး ရေးဖြေ ဖြေဆို
ရန်ကုန် ဒီဇင်ဘာ ၁၁။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်နေမှု၊ တောင်ဘက်တန်ဆောင်းရှိ Pagoda Digital Directory Control Center ထားရှိမည့်နေရာ၊ တောင်ဘက်တန်ဆောင်းလှေကားများ ပြုပြင်မှုနှင့် ပုညကုသလဗဟုကရအသင်းစောင်းတန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။။ဖူးမြော်ကြည်ညို။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပနေသည့် (၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် ကြီးကြပ်ဆောင်ရွက်တော်မူကြသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲရေးဖြေ ဖြေဆိုနေကြသည့် သီးခြား စာချတန်း ၃၈ ပါး၊ သီးခြားစာသင်တန်း ၁၇၉ ပါး စုစုပေါင်း ၂၁၇ ပါး ဖြေဆိုနေမှုကို လှည့်လည်ဖူးမြော် ကြည်ညိုသည်။။စေတိယင်္ဂဏအသင်းကြီးကို ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စာလျှောက်မေးပွဲကြီးအား ၁၉၁၈ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ပရိယတ္တိစာမေးပွဲများကျင်းပ၍ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲများကျင်းပ ဆောင်ရွက်ပေးခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က အသင်းကြီးထံမှလွှဲပြောင်း တာဝန်ယူ၍ ၁၉၈၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိယခင် ရှေးအစဉ်လာများအတိုင်း စာလျှောက်မေးပွဲကြီးကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်းဟူ၍ နှစ်မျိုးရှိရာ သီးခြားစာသင်တန်းဖြေသံဃာများကို အသက် ၃၀ အတွင်းသာ ဖြေဆိုခွင့်ပြုပြီး သီးခြား စာသင်တန်းအောင်ပြီး သီးခြားစာချတန်းကို အသက် ၃၅ နှစ်အတွင်းသာ ဖြေဆိုခွင့်ရှိကြောင်း သိရသည်။။ယခင်(၁၀၄)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ စာဖြေသံဃာတော် လေးပါးနှင့် သီးခြားစာသင်တန်းမှ ရေးဖြေသံဃာတော် ၁၁ ပါး စုစုပေါင်း သံဃာတော် ၁၅ ပါးတို့ အောင်မြင်တော်မူခဲ့ပြီး ယခုနှစ် (၁၀၅)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း၌ သံဃာတော် ၃၈ ပါး၊ သီခြားစာသင်တန်း၌ သံဃာတော် ၁၇၉ ပါး စုစုပေါင်း သံဃာတော် ၂၁၇ ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/48929
2023-12-12
(၁၁) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက်အာဆီယံ +၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၄။(၁၁)  ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th ASEAN Senior Officials Meeting on Youth) နှင့် (၁၀) ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) တို့ကို စက်တင်ဘာ ၂၃ မှ ၂၄ အထိ မလေးရှားနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။။ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ (SOMY) အစည်းအဝေး၏ ပူးတွဲသဘာပတိအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။။ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် လက်ရှိ အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အိမ်ရှင်ဖြစ်သည့် မလေးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ H.E Ms. Ramona Mohd Razali နှင့် ပူးတွဲသဘာပတိအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးတို့က ဆောင်ရွက်ကြပြီး အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) နှင့် အာဆီယံ လူငယ်ဆိုင်ရာ အညွှန်းကိန်းများ အစီအစဉ်(၂)၏ ဆောင်ရွက်ပြီးစီးမှုများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တာဝန် ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြသည်။။ဆက်လက်၍ အာဆီယံလူငယ်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများအလိုက် လက်ရှိဆောင်ရွက်ထားရှိမှုကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အာဆီယံ လူငယ်ဆိုင်ရာ ရန်ပုံငွေ ထည့်သွင်းထားရှိမှုများနှင့် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများ အစည်း အဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပြီး (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာတို့ကို ပြင်ဆင်ခဲ့ကြ သည်။။(၁၀) ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) ကို စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပရာ အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံတို့၏ လူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အာဆီယံ+၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ+၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် လူငယ်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/17365
2021-09-24
(၁၁) ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၄။(၁၁)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။။အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးတွင် အလေ့အကျင့် ကောင်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့စေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားလည်း ပိုမိုမြင့်မားလာကာ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်း လုပ်ငန်းစဉ်အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်းအရေ အတွက် ၇၅၆ ခုကို အတည်ပြု ချမှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။။ဆက်လက်၍ အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary General Mr Sergio Mujica ၏ အမှာစကားနှင့် ISO ၏ World Standards Day (2023)ဆိုင်ရာ ဗီဒီယိုပြသပြီး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပညာရှင်များနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်အရည် အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ တက်ရောက်သူများက ပြောကြားချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ယင်းနောက်   ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက panelist များကို ဂုဏ်ပြုမှတ် တမ်းလွှာများ ချီးမြှင့်သည်။အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဝင်များ၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်‌ရောက်ကြသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/45913
2023-10-15
(၁၁) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမအကြိမ် Resumed အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ
နေပြည်တော်  စက်တင်ဘာ ၄ ။(၁၁)ကြိမ်မြောက် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမ အကြိမ် Resumed အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး နှင့် စပ်လျဉ်း၍ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လည်း ကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ်မြောက် Intersessional အစည်းအဝေးကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ လည်းကောင်း Virtual Format ဖြင့် ကျင်းပသည်။။အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေး မှူး ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်တို့ တက်ရောက်ခဲ့ကြသည်။။အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ် မြောက် Intersessional အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းအစီအမံများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့ ဆောင် ရွက်ချက်များ ခိုင်မာအားကောင်းစေရေး၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ အားကောင်း လာစေရေး၊ အပြန် အလှန်နည်းပညာ အကူအညီပေးအပ်နိုင်ရေး နှင့်အဂတိလိုက်စားမှုများကို တားဆီး ကာကွယ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ပိုင်ဆိုင်မှုများ ပြန်လည် ရယူရေးတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေးစသည်တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ အထူး အစည်း အဝေး ၂၀၂၁ (UNGASS- 2021) ကျင်းပ ပြီး ထုတ်ပြန်မည့် အဖွဲ့ဝင်နိုင်ငံအချို့ နှင့် စီးပွားရေးပေါင်းစည်းမှု အဖွဲ့ အစည်းများက ပြုစုရေးဆွဲထား သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကြေညာစာတမ်း (Political Declaration) မူကြမ်းအပေါ် ဆွေးနွေးအကြံပြုကြသည်။ ။ကော်မရှင်သည် အဆိုပါ နိုင်ငံရေးကြေညာစာတမ်း မူကြမ်းပြုစု ရေးဆွဲခြင်းကို ကြိုဆို ကြောင်းနှင့်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး နှင့် တိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး ကမ္ဘာလုံးဆိုင်ရာ ၂၀၃၀ ရေရှည် ဖွံဖြိုးတိုးတက်မှု အစီအစဉ်၊ ဖွံဖြိုး တိုးတက်မှု ပန်းတိုင်များ ( SDG ) နှင့် ချိန်ညှိပြီး ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP)ပါ ရည်မှန်းချက် ပန်းတိုင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ နှစ်အလိုက် ရှေ့လုပ်ငန်းအစီအစဉ်များနှင့် ဒေသတွင်းနှင့် ဒေသပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကိုဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/5389
2020-09-04
(၁၁) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့်စည်းဝေး
နေပြည်တော် နိုဝင်ဘာ ၃၀ ။(၁၁) ကြိမ်မြောက် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို ယနေ့တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Online စနစ်ဖြင့် ကျင်းပသည်။။အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialised Meteorological Centre-ASMC)မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။။မြန်မာနိုင်ငံမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဆက်စပ်ဦးစီးဌာနများဖြစ်သည့် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာထမ်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ။အဆိုပါ အစည်းအဝေးကို မဲခေါင်ဒေသတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollu-tion-AATHP) ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးတွင် ထိုင်းနိုင်ငံသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Thalearnsak Petchusuwan မှ Chair အဖြစ်ဆောင်ရွက်ကာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ Video Message ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ။ထို့နောက် အစည်းအဝေးအစီအစဉ်အရ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာနမှ ၂၀၂၂ ခုနှစ်တွင် မဲခေါင်ဒေသမီးလောင်ကျွမ်းမှု (Fire Hotspot)နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု၊ ရာသီဥတုအခြေအနေများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလမ်းပြမြေပုံအသစ် (၂၀၂၂-၂၀၃၀) ရေးဆွဲမှု၊ အာဆီယံသစ်ဆွေးမြေစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာအသစ် (၂၀၂၂-၂၀၃၀) ရေးဆွဲမှု၊ ယမန်နေ့ကကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် မဲခေါင်နိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုး၍ ဆက်လက်အကောင်အထည်ဖော်ရေးအတွက် Fire Hotspot အရေအတွက် လျှော့ချရမည့်အညွှန်းကိန်းများ၊ ဒေသတွင်းနိုင်ငံများ၏ မီးခိုးမြူငွေ့ ထိန်းချုပ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တိုးတက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းမီးခိုး မြူငွေ့လျှော့ချရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကိုဆွေးနွေးတင်ပြပြီး ဒေသ တွင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒေသတွင်းမီးခိုး မြူငွေ့လျှော့ချရေးဆိုင်ရာ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/32949
2022-12-01
(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၂၂။(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။။အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ယနေ့ကန်တော့ခံ သက်ကြီးပညာရှင်များသည် မိမိတို့ငယ်စဉ်ကတည်းက လေးစား တန်ဖိုးထားရသည့် အနုပညာရှင်ကြီးများဖြစ်ပြီး ဂီတလောကသက်တမ်းတစ်လျှောက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးခဲ့သော အစဉ်အလာရှိခဲ့သူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနကလည်း အနုပညာသမားများအားလုံးကို အလေးထားဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံနှင့် လူမျိုးအကျိုးကို စည်းလုံးညီညွတ်စွာဖြင့် သယ်ပိုးထမ်းရွက် နိုင်ကြပါစေကြောင်း၊ ကန်တော့ခံ သက်ကြီးဂီတအနုပညာရှင်များ သက်ရှည်ကျန်းမာကြပြီး နောင်နှစ်ပေါင်းများစွာတိုင်ဆက်၍ ကန်တော့ခံနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အမှာစကားပြောကြားသည်။။ယင်းနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သက်ကြီးဂီတပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) သို့ လှူဒါန်းငွေကျပ်သိန်း ၅၀ တို့ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့် ကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ။ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) 08 Forever Group Company Limited လှူဒါန်းငွေကျပ် ငါးသိန်းနှင့် ဦးကျော်နိုင်-ဒေါ်ရှုယဉ် (77 Cake) က လှူဒါန်းငွေကျပ် ငါးသိန်းတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တွဲဖက်အတွင်းရေးမှူး (၁) ဦးမြတ်မင်းနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဓညဝတီ ဦးကျော်ဝင်းတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။။ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဂီတပညာရှင်များအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ အမှုဆောင်များက ကန်တော့ခံဂီတသက်ကြီး ပညာရှင် များအား လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြုရာ ကန်တော့ခံဂီတသက်ကြီး ပညာရှင်များ (ကိုယ်စား) တေးသံရှင် ဦးထွန်းရွှေ က ဩဝါဒစကားပြောကြားသည်။ ။(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက် ၈ဝ နှစ်အထက် သက်ကြီးဂီတပညာရှင် ၇၈ ဦးအား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်း၊ အသက် ၈ဝ နှစ်အောက် ကန်တော့ခံ ဂီတသက်ကြီးပညာရှင် ၆၈ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။။ယနေ့ (၁၁)ကြိမ်မြောက် သက်ကြီးဂီတပညာ ရှင်များအား ပူဇော်ပွဲတွင် ကန်တော့ခံ သက်ကြီး ပညာရှင် ၁၄ ဦး တက်ရောက်ကန်တော့ခံခဲ့ကြောင်း၊ သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20257
2021-12-23
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games - 2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd world cadet Games - 2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
နေပြည်တော် စက်တင်ဘာ ၃၀။(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သော တပ်မတော်မှအားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။။အဆိုပါ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့သည့် ကစားသမားများ တက်ရောက်ကြသည်။။နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်ရေးအတွက် ခေတ်မီတပ်မတော်များအဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် အားဖြည့်ရုံသာမကဘဲ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မလျော့သော ဇွဲ၊ လုံ့လ ရှိမှုများအပြင် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှုရှိစေရေးအတွက် အစဉ်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထိရောက်ထက်မြက်စွာ ထမ်းဆောင်နိုင်ရေး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေးရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။။တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုရာတွင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှကို ကာကွယ်စောင့်ရှောက်ရေးတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေနိုင်ကြောင်း၊ အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တပ်မတော်သားများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ကို အရင်းခံသည့် အားကစားစိတ်ဓာတ်နှင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း၊ တိုင်းပြည်ချစ်စိတ်ရှိမှလည်း တိုင်းပြည်ကို ကာကွယ်လိုစိတ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကာကွယ်လိုစိတ်အပေါ် အရင်းခံ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီးအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူကြောင်း။။ပြိုင်ပွဲများတွင် တပ်မတော်သားများအနေဖြင့် တပ်မတော်သားပီပီ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံတော်အကျိုးကို မည်သည့်နေရာကမဆို ဆက်လက်သယ်ပိုးလိုသည့်စိတ်ဓာတ်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မိမိတို့မြန်မာနိုင်ငံက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်နှင့် မသန်စွမ်းဘောလုံးအားကစားနည်းတို့တွင် စုစုပေါင်းဆုတံဆိပ် ၄၃ ခုရရှိခဲ့ပြီး ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက်အဆင့် ၆ တွင် ရပ်တည် နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရရှိသူများအနက် မိမိတို့ တပ်မတော်သား အားကစားသမား ၉ ဦးက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်းဆုတံဆိပ်မျိုးစုံ ၁၈ ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း။။အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲများကို ၂၀၁၁ ခုနှစ်ကစပြီး ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သားများသည်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆောင်ကြဉ်းပေးခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရှေ့နောင်တော်များ၏ အစဉ်အလာကောင်းများအပြင် မိမိတို့ရရှိခဲ့သည့် အောင်မြင်မှုများကို ဆက်လက် ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည့် အခြားတပ်မတော်သားများကိုလည်း မိမိတို့၏ကျန်းမာရေးအတွက်ပင်ဖြစ်ဖြစ် နိုင်ငံတော်နှင့်တပ်မတော်အကျိုးအတွက် အားကစားနှင့်မြှင့်တင်မည့်စိတ်ဖြင့် အားကစားကိုလေ့လာလိုက်စားကြရေး လှုံ့ဆော်ပေးသွားကြပါရန် တိုက်တွန်းမှာကြားလိုကြောင်း။။တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ရပ်တွင် ဒုတိယအချက်ဖြစ်သည့် လေ့ကျင့်ရေးတာဝန်နှင့် ပတ်သက်ပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် မိမိတို့သင်ကြားလေ့ကျင့်ထားသည့် စစ်ပညာများကို ကျွမ်းကျင်မှုရှိအောင် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်းများ၏ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေးအတွက် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ (International Army Games) ကို ၂၀၁၈   ခုနှစ်ကစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုဆိုလျှင် ၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် ဝင်ရောက်ယှဉ်ပြိုင်သည့် International Army Games ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံနှင့်အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ် ပစ်ခတ်ခြင်းပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း။။မိမိတို့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါအဝင် ၅ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄၊ ၂၀၂၁ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၃ ရရှိခဲ့ပြီး ယခုနှစ် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၁ ရရှိခဲ့ကြောင်း၊ တစ်ဆက်တည်း၌ပင် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ အသင်းလိုက်စွမ်းရည်ပြိုင်ပွဲ တတိယဆု၊ အမြန်ဆုံးလက်ဖြောင့်စစ်သည်ပြိုင်ပွဲတွင် တတိယဆုတို့ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် အဆင့် ၄ နေရာ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုရရှိခဲ့သည်ကို တွေ့ရကြောင်း။။ယခုနှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲလည်းပါဝင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲတွင် မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ဂီတကိုဖော်ကျူးနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး တီးခတ်မှု တူရိယာပြိုင်ပွဲတွင် ပထမဆု၊ ရုရှားသီချင်း စုံတွဲအဆိုပြိုင်ပွဲတွင် ပထမဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာအကပြိုင်ပွဲတွင် တတိယဆုတို့အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှု People's Choice Award ၌ ပထမဆု၊ ယဉ်ကျေးမှုပြခန်းပြိုင်ပွဲတွင် တတိယဆု၊ ယဉ်ကျေးမှုပြခန်းခင်းကျင်းမှု အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံး ပထမဆုနှင့် စစ်ဘက်ဆိုင်ရာချစ်ကြည် ရင်းနှီးမှု တည်တံ့စေမှုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ နိုင်ငံအနက် အဆင့် ၇ နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်ကို တွေ့ရကြောင်း။။ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games) တွင် အားကစားနည်း ၇ မျိုးအနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရိုင်ဖယ်သေနတ်ပစ် တစ်ဦးချင်းအမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပထမဆု၊ ရိုင်ဖယ်သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆု၊ ပစ္စတိုသေနတ်ပစ်တိကျပစ်ခတ်ခြင်း အသင်းလိုက် ပြိုင်ပွဲတွင် တတိယဆုနှင့် ပစ္စတိုသေနတ်ပစ် အသင်းလိုက်အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၈ နေရာ ရရှိခဲ့သည်ကိုတွေ့ရကြောင်း။။နိုင်ငံတော်နှင့်တပ်မတော် ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်။မိမိတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ၏ အောင်မြင်မှုရလဒ်များကို ပြန်လည်သုံးသပ်ကြည့်ပါက တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုမြင့်တက်လာ သည်ကိုတွေ့ရှိရသဖြင့် နိုင်ငံတော်နှင့်တပ်မတော်ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက် မိပါကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ အဆင့်တိုးတက်လာခြင်းသည် တစ်ဦးချင်း၏ လေ့ကျင့်သားပြည့်ဝမှုနှင့် စုစည်းညီညွတ်မှုရလဒ်များကြောင့်ပင်ဖြစ်ကြောင်း၊ မည်သည့်အားကစားမဆို ယှဉ်ပြိုင်ခြင်းသည် အဓိကဟု ဆိုသော်လည်း နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်ဟူသည့် ပြင်းပြသည့်ရည်မှန်းချက်ထားပြီး တပ်မတော်သားပီပီ နိုင်ငံတော်နှင့် တပ်မတော်အတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တပ်မတော်သားများတွင် ရှိပြီးသားကောင်းမွန်သည့် ယုံကြည်ချက်၊ ခံယူချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲမျိုးစုံတွင် အောင်မြင်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြခြင်းပင်ဖြစ်ကြောင်း။။အုပ်ချုပ်သူနှင့်နည်းပြများအနေဖြင့်လည်း ယခုကဲ့သို့ဆုများရရှိအောင် သင်ကြား ပြသပေးနိုင်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသလို ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မိမိတို့ ကစားသမားများ၏ အားနည်းချက်၊ အားသာချက်များအပြင် အခြားပြိုင်ပွဲဝင်နိုင်ငံများ၏ အားသာချက်များကိုသုံးသပ်ပြီး အောင်မြင်မှုများ ပိုမိုမြင့်မားလာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အားကစားသမားများကိုလည်း ရဲဘော်စိတ်ထားရှိပြီး အောင်ပွဲခံလိုစိတ်ဖြင့် ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားကြရန် ဖြည့်စွက်မှာကြားလိုကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို မှတ်ယူထားကြရမည်ဖြစ်ကြောင်း၊ ဆုရအားကစားသမား များအနေဖြင့် လက်ရှိရရှိထားသည့် အောင်မြင်မှုမှ လျော့ကျသွားခြင်းမရှိအောင်၊ လက်ရှိ ရရှိထားသည့် အောင်မြင်မှုထက်ပိုမိုသည့် နိုင်ငံ့ဂုဏ်ဆောင်နိုင်များဖြစ်အောင် မိမိကိုယ်မိမိ စဉ်ဆက်မပြတ် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အတွက် အမျိုးကိုချစ်စိတ်၊ နိုင်ငံ့ချစ်စိတ်ကို စဉ်ဆက်မပြတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် သွားကြရမည်ဖြစ်ကြောင်းနှင့် နောင်မျိုးဆက်သစ်လူငယ်များအတွက် ဂုဏ်ယူလေးစားဖွယ် စံနမူနာကောင်းများကို လက်ဆင့်ကမ်းဖြန့်ဝေသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။။ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်။ထို့နောက် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (မီတာ ၄၀၀) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ရွှေ တံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၄၀၀) (အသင်းလိုက်ပြိုင်ပွဲ) ၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၂၀၀) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် အရာခံဗိုလ် ကျော်ကျော်ဝင်း၊ ပြေးခုန်ပစ် (မီတာ ၁၀၀) နှင့် (မီတာ ၂၀၀) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ရွှေတံဆိပ်ဆု (၂) ဆု၊ ပြေးခုန် ပစ် လက်ဆင့်ကမ်း (မီတာ ၄၀၀) (အသင်းလိုက်ပြိုင်ပွဲ) ၌ ငွေတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် တပ်ကြပ် စိုးပေ၊ ပြေးခုန်ပစ် (သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ရွှေတံဆိပ်ဆု၊ (သံပြားပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ငွေတံဆိပ်ဆုတို့ကိုရရှိခဲ့သည့် တပ်ကြပ် ဇော်မင်းလွင်၊ (ပြေးခုန်ပစ်) (လှံတံပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ် (သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကိုရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ညိုတို့အားလည်းကောင်း၊ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Division (2) တွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အဖွဲ့ (၁) ကိုယ်စား ဗိုလ်ကြီးထင်အောင်ကျော်၊ အဖွဲ့ (၂) ကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင်၊ အဖွဲ့ (၃) ကိုယ်စား ဗိုလ်ကြီး ထွန်းတောက်နိုင် တို့အားလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်သည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၁၁) ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (သံလုံးပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ငွေ တံဆိပ်ဆု၊ (လှံတံပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆု၊ သံပြားပစ် (တစ်ဦးချင်း ပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကိုရရှိခဲ့သည့် ဒုတိယတပ်ကြပ် အောင်ထွန်းလင်း၊ ပြေးခုန်ပစ် (လှံတံပစ်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ် (အမြင့်ခုန်) (တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် ဒုတိယတပ်ကြပ် စိုးသန်း၊ နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ (International Army Games-2022) ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ အတီးပြိုင်ပွဲတွင် အသင်းလိုက်ပထမဆုရရှိခဲ့သည့် တပ်ကြပ်အောင်အောင်ထက်နှင့် တပ်သား (အစားခန့်) ပိုင်ကျော် ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ ရုရှားသီချင်းဆို ပြိုင်ပွဲတွင် စုံတွဲပထမဆု ရရှိခဲ့သည့် တပ်ကြပ်ကြီး (အစားခန့်) စိုးမင်းနိုင်၊ ရုရှားသီချင်းဆိုပြိုင်ပွဲ စုံတွဲပထမဆုနှင့် တစ်ဦးချင်း ဒုတိယဆုတို့ကိုရရှိခဲ့သည့် တပ်ကြပ်ကြီး (အစားခန့်) ထူးဣန္ဒာကျော် တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။။ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိအောင်စွမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများနှင့် ဆုရရှိအောင်နည်းပြပေးခဲ့ကြသည့် နည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။။ကျေးဇူးတင်စကားပြန်လည်ပြောကြား။ထို့နောက် ဆုရရှိသည့် အားကစားသမားများနှင့် နည်းပြများကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင် က (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်သား အားကစားသမားများ၏ ကြိုးစားအားထုတ်မှုများအပေါ် ယခုကဲ့သို့ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့် ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။။ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၊ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြား။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားဖြင့် တပ်မတော်ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများ၊ နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့မှလည်း တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်သည်။။အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့်နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသည့် တပ်မတော်သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/30719
2022-09-30
(၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th AMOM) ကျင်းပ
နေပြည်တော် မတ် ၁၀ (၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေး မှူးချုပ်များ အစည်းအဝေး 11th ASEAN Military Operation Meeting (11th AMOM) Online Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။။ပါဝင်ဆွေးနွေးအဆိုပါ Video Conferencing တွင် မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံမှ Brigadier General Haji Abdul Razak bin Haji Abdul Kadir နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Major General Pen Sokrethvithyea နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီရှားနိုင်ငံမှ Major General Tiopan Aritonang နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားနိုင်ငံမှ Major General Hashim bin Aman Shah နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Edgardo Y. De Leon နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူနိုင်ငံမှ Brigadier General Ho Kum Luem နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်နိုင်ငံမှ Major General Nguyen Duc Can နှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆွေးနွေးကြသည်။ဦးစွာ 11 ASEAN Military Operation Meeting (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အဖွင့်မိန့်ခွန်းပြောကြားသည်။ထို့နောက် စစ်ဘက်ဆိုင်ရာ စုစည်းပူးပေါင်းဆောင်ရွက်ရေးအတွက် ဂရုပြုပြင်ဆင်၊ အောင်ပွဲဝင် (We Care
We Prepare
We Prosper towards an Integrated ASEAN Military Cooperation)အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံတပ်မတော်များ၏ နှစ်နှစ်လုပ်ငန်း စီမံချက်အား ဆွေးနွေး အတည်ပြုခြင်း အပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးကြသည်။။လွှဲပြောင်းပေးအပ် ။ယင်းနောက် (11h AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အပိတ်မိန့်ခွန်းပြောကြားပြီး 12th ASEAN Military Operation Meeting (12th AMOM) D Dacypomi ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား တပ်မတော်မှ Major General Pen Sokrethvithyea con ဥက္ကဋ္ဌ တာဝန်များအား လွှဲပြောင်းပေးအပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
End of preview. Expand in Data Studio

MOI News & Article Dataset 🇲🇲

This dataset contains over 16,000 cleaned news articles and feature stories extracted from the official website of the Ministry of Information (MOI) of Myanmar: moi.gov.mm. It is intended for use in news title generation, text classification, and Myanmar NLP research.

The dataset is shared in the spirit of supporting freedom of information, language preservation, and the development of AI tools for the Burmese language (မြန်မာဘာသာ).


🗂️ Dataset Overview

  • Name: moi-news-articles-dataset
  • Language: Burmese (Myanmar)
  • Format: CSV
  • Rows: 16,248
  • Columns: title, content, url, date
  • Target: title (for generation tasks)

All rows with missing or blank titles have been removed to ensure clean, usable training data.


🧠 Use Cases

  • 📰 Generating headlines from article body text
  • 🏷️ Classifying news by topic or content
  • 🧪 NLP research and model fine-tuning for Burmese
  • 📚 Teaching text summarization or content retrieval

🔍 Dataset Fields

Column Description
title Title of the article or news post
content Full body of the article
url Original link to the news or article on the MOI website
date Published date as listed on the source

Example:

title,content,url,date
ရန်ကုန်ငါးဖမ်းလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်ကို ဘာသာရပ် ၁၅ ခုဖြင့် ဖွင့်လှစ်သင်ကြားမည်,ရန်ကုန်ငါးဖမ်းလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်ကို ဘာသာရပ် ၁၅ ခုဖြင့် ဖွင့်လှစ်သင်ကြားမည်,https://www.moi.gov.mm/news/21717,2022-02-05

⸝

⚠️ Ethical and Political Disclaimer

Important Note The source of this dataset, MOI Myanmar, is operated under the direct control of the Myanmar military regime, using public tax money. Many published pieces may represent state viewpoints or ideological messaging.

As such:

    •	🧠 The dataset may contain propaganda, nationalist, or anti-democracy narratives
    •	🧭 Users should apply critical analysis and ethical caution in usage
    •	📖 This dataset is provided for research transparency, language documentation, and AI training — not to support any political ideology

⸝

📜 License and Intent

While I do not claim copyright over the original articles, I compiled and cleaned this dataset from publicly accessible government websites as a global citizen, with the belief that:

    •	🧾 These contents were produced with taxpayer funding under state media
    •	🤝 The Myanmar public collectively owns the information, and it should be available for open access and critical use

✅ You may:

    •	Use, share, or adapt the dataset
    •	Apply it for academic, commercial, or research use
    •	Train AI or language models with it

❌ You may NOT:

    •	Misrepresent the source of the data
    •	Claim ownership over the original MOI content

This dataset is released “as-is”, with no guarantees. Please use it responsibly and respectfully.

⸝

💬 Author’s Note

I receive no financial benefit for this release. I made this dataset because I believe the Myanmar language deserves representation in the digital era. We need more open, accessible, and transparent resources for:

    •	🕊️ Information freedom
    •	🌐 Minority language inclusion
    •	🤖 Fair AI development

⸝

📫 Contact

Have questions, want to collaborate, or improve the dataset?

You can reach me at:

• 📧 Email: [email protected]
• 🤗 Hugging Face: https://huggingface.co/freococo

⸝

📚 Citation


@misc{moi2025newsdataset,
  title = {MOI News & Article Dataset},
  author = {freococo},
  year = {2025},
  howpublished = {\url{https://huggingface.co/datasets/freococo/moi-news-articles-dataset}},
  note = {Burmese-language news + article dataset from Myanmar Ministry of Information}
}
Downloads last month
9