title
stringlengths
7
500
content
stringlengths
3
32.1k
⌀
url
stringlengths
1
33.7k
⌀
date
stringlengths
1
25.9k
⌀
(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေး၊ မိသားစုပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ် စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၇။(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်း ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။ ။အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ IOM(Myanmar)၊ UNICEF၊  World Vision၊ Save the Children၊ JICA (Myanmar)၊ IJM(Myanmar)တို့မှ တာဝန်ရှိသူများပါဝင်သည့် မြန်မာကိုယ်စားလှယ် (၁၈)ဦးနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် (၂၇) ဦး တက်ရောက်ကြသည်။ ။အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် Ms. Ramrung Worawat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။။ယင်းနောက် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံ စောင့်ရှောက်ထားသော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများနှင့် စပ်လျဉ်း၍ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားစဉ် ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အမြန်ဆုံးနှင့် လုံခြုံစိတ်ချမှုရှိစွာ ပြန်လည် လွှဲပြောင်း လက်ခံပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအတွင်း အတားအဆီးများကြား၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူး ခံရသူများ၏ အခွင့်အရေးများကို လူကုန်ကူးခံရသူ အခြေပြုနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံ အခက်အခဲများ အား အတူတကွ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်း လူကုန် ကူးခံရသူများ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ၎င်းတို့ရသင့်ရထိုက်သည့် လျော်ကြေးငွေများ ရရှိရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြ ကာ နှစ်နိုင်ငံရှေ့ဆက် အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အစည်းဝေး ဆုံးဖြတ်ချက် (၁၁)ချက်ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည်။ ။အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးများကို ၂၀၀၈ ခုနှစ်မှစတင်၍ အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ယခုကျင်းပဆောင်ရွက်သည့် (၂၅)ကြိမ်မြောက် အစည်းအဝေးသည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကာ ယင်းသို့ အစည်းအဝေးများကို နှစ်နိုင်ငံ ပုံမှန်ကျင်းပဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံသား လူကုန် ကူးခံရသူများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့်အပြင် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ယူရေး လုပ်ငန်းများကိုလည်း လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။။၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၁၀၇)ဦးအား ဇွန်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် (၂)ကြိမ်တိုင်တိုင် ပြန်လည်လွှဲပြောင်း လက်ခံခဲ့ ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/9345
2020-12-17
(၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၂၂။ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြသည်။ ။အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက Strengthening Partnership and Camaraderie Towards Regional Stabilityခေါင်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။။ရင်းနှီးပွင့်လင်းစွာဆွေးနွေး။မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော် လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan၊ ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulai-man တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ။လက်ဆောင်ပစ္စည်းပေးအပ်။တွေ့ဆုံဆွေးနွေးပွဲများအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။။ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း‌၊ ရေ၊ လေ) နှင့် ဇနီးတို့သည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြပြီး ညစာ သုံးဆောင်ပြီးချိန်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း‌၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/64227
2024-11-23
(၂၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော် မတ် ၇။(၂၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (25th ASEAN Senior Level Committee- SLC on Financial Integration)ကို ယနေ့မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။။ ဦးစွာ ပူးတွဲသဘာပတိများဖြစ်ကြသည့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့မှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လာအိုနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက အဖွင့်အမှာစကားများပြောကြားကြပြီး အာဆီယံ +၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO)နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)တို့က လတ်တလော မေခရိုစီးပွားရေး အခြေအနေများ၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြကြသည်။ ။ဆက်လက်၍ အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက် အပြန်အလှန်ချိတ်ဆက်နိုင်သောမူဘောင် (ASEAN Interoperable Data Frame-work) နှင့် အာဆီယံနိုင်ငံများအချင်းချင်း ငွေပေးချေမှုစနစ်များ ချိတ်ဆက်မှုအစီအစဉ် (ASEAN Multilateral Payments Connectivity Initiative) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို သက်ဆိုင်သည့်လုပ်ငန်းကော်မတီများက ရှင်းလင်းတင်ပြကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုးတက်မှုအခြေအနေများနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Eco-nomic Community - AEC) လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ။မွန်းလွဲပိုင်းတွင် အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEAN Banking Integration Framework- ABIF)၊ ငွေလုံးငွေရင်း စာရင်းပိုမိုလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization-CAL)၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development-CMD)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion-FINC)၊ ငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး (Financial Services Liberali-zation-FSL)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ စွမ်းရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering Committee on Capacity Building - SCCB)တို့နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုအခြေအနေများကို လုပ်ငန်းကော်မတီအသီးသီးက ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုခဲ့ကြသည်။။ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအထောက်အကူပြုဘဏ္ဍာငွေ(Sustainable Finance)နှင့် စပ်လျဉ်း၍လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေး ဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များမျှဝေခြင်း အစီအစဉ် (ASEAN Cyberse-curity Resilience and Infor-mation Sharing Platform- CRISP)နှင့် စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံ ငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement)နှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် လုပ်ငန်းအဖွဲ့အစည်းအဝေး၏ အချက်အလက်အကျဉ်းချုပ်အား ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်ကလည်းကောင်း ရှင်းလင်းတင်ပြသည်။။ဆက်လက်၍ အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေးအဆင့်မြင့်ကော်မတီဆိုင်ရာအချက်များ (Terms of Reference -TOR) နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များအား စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ကလည်းကောင်း၊ ဒုတိယအကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အာဆီယံလုပ်ငန်းကော်မတီများပေါင်းစည်းရေးကိစ္စရပ်များကို အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာစကားများ ပြောကြားသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/36292
2023-03-08
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား MRTV က တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် အောက်တိုဘာ ၂၁။၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။။အဆိုပါအခမ်းအနားကျင်းပပုံများကို အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV – Parliament
MRTV-NRC
MWD–HD
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော် အောက်တိုဘာ ၂၃။(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာအကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကြိုဆိုကြသည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာပြီးစီးရေးအတွက် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မေတ္တာ၊ စေတနာအပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ ဗဟို၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ပြုကျင်းပသည့် အခမ်းအနားပင်ဖြစ်ကြောင်း။။ယခုပြိုင်ပွဲကြီးများကို နှစ်စဉ်အစဉ်အလာမပြတ်အသွင်သဏ္ဌာန်သာမက အနှစ်သာရပါပိုမိုပြည့်စုံပြီး အမျိုးသားရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြိုင်ပွဲကြီး၏ရည်ရွယ်ချက်များ တိုးတက်အကောင်အထည်ပေါ်လာစေရေး အလေးထားကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကြီးများတွင် ပညာရှင်ကြီးများအားလုံးက တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်ဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကို နိုင်ငံတော်၏ကိုယ်စား အလေးအနက်ထား ပြောကြားလိုကြောင်း။။မိမိတို့ အမျိုးသားယဉ်ကျေးမှုသည် အဖက်ဖက်က ခိုင်မာတောင့်တင်းနေရန်လိုအပ်ကြောင်း၊ သို့မှသာတိုင်းတစ်ပါးယဉ်ကျေးမှုများထဲမှ မြန်မာတို့၏ အမျိုးဘာသာသာသနာ ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေဖြစ်သည့်အချက်များကိုယူပြီး မိမိလူမျိုးတို့နှင့်ကိုက်ညီသည့် အမျိုးသားယဉ်ကျေးမှု အသွင်သဏ္ဌာန်များကို ပြုပြင်ပြောင်းလဲနိုင်ကြမည် ဖြစ်ကြောင်း။။ယခုကဲ့သို့အချိန်အခါမျိုးတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့် အမြဲတမ်းစေ့ဆော်မြှင့်တင်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း။။မြန်မာ့အနုပညာသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ခေတ်အဆက်ဆက် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများ၏ ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့သည့် ကျေးဇူးတရားများကြောင့် ယနေ့သက်ရှိထင်ရှားရှိနေကြသည့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများသည် အဖိုးထိုက်တန်သည့် မြန်မာ့ယဉ်ကျေးမှုအနုပညာဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားသူများအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း။။ထို့ကြောင့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ကြသည့် ဆရာသခင်အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်း၊ အလေ့အကျင့်ကောင်းများကဲ့သို့ အမွေခံထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီးများကို ပိုမိုခိုင်ခံ့ဝင့်ကြွားတန်ဖိုးကြီးမားလာစေအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအမွေ လက်ဆင့်ကမ်းပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း။။ယခု ငွေရတုပြိုင်ပွဲမှသည် နောင်လာမည့် ရွှေရတု၊ စိန်ရတု ရတုအဆက်ဆက်တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးပေါင်းများစွာအတွက် ယဉ်ကျေးမှုအနုပညာအမွေများကို လက်ဆင့်ကမ်းပေးဝေပြီး နိုင်ငံနှင့်လူမျိုး၏အကျိုးကို ထမ်းရွက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးမောင်မောင်လတ်နှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်ကိန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်တွင် ပထမအကြိမ်မှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အထိ အကဲဖြတ်ပညာရှင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် စည်သူဒေါ်ထား၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာသံစုံတီးဝိုင်းဂီတမှူးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်၊ အဆိုပြိုင်ပွဲ၌ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် အသက်အကြီးဆုံးပြိုင်ပွဲဝင် ဦးတင်အုန်း၊ အကပြိုင်ပွဲ၌ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အသက်အငယ်ဆုံးပြိုင်ပွဲဝင် မောင်ဟိန်းလင်းမာန်သွေး၊ ဇာတ်တော်ကြီးပြိုင်ပွဲအတွက် ကူညီပံ့ပိုးသူ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအုပ်ချုပ်သူများနှင့် အခမ်းအနားမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။။ထို့နောက် အကဲဖြတ်ပညာရှင် စည်သူဒေါ်ထားက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။။ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။။ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/63212
2024-10-23
(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး ကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၈ ။(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။။အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ကြသည်။။အစည်းအဝေးများကို    (Promoting   ASEAN   Workers   for Competitiveness
Resilience
and Agility on The Future of Work) အနာဂတ်အလုပ်အကိုင်အတွက် အာဆီယံ အလုပ်သမားများ၏ ယှဉ်ပြိုင် နိုင်စွမ်း၊ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုကို မြှင့်တင်ရေးဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး World Economic Forum အစီရင်ခံစာအရ အာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းအဆင့် မညီမျှဘဲ ထုတ်လုပ်နိုင်စွမ်း ကွာဟမှုကြီးမားနေသဖြင့် အာဆီယံလုပ်သားထုကို ကျွမ်းကျင်မှု အရည်အသွေးတိုးတက်ပြီး ယှဉ်ပြိုင်နိုင် စွမ်းရှိစေရန်၊ ကပ်ရောဂါနှင့်  သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ အခြားအကျပ်အတည်းများကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကိုခံနိုင်ရည် ရှိစေရန်နှင့် ပြောင်းလဲလာမည့် အနာဂတ်အလုပ်အကိုင် လောက အတွက် လိုအပ်လာမည့် ကျွမ်းကျင်မှု များအတွက် ပြင်ဆင်ထားရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဆီယံဝန်ကြီးများက အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။။အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် 26th ALMM အာဘော် Promoting ASEAN Workers for Competitiveness
(၂၇) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၃။(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်အားကစားရုံ(နဝဒေး)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။။ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်အဖြစ် ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။။အဆိုပါ(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၀ သင်းဖြင့် နိုဝင်ဘာ ၁၇ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/47336
2023-11-14
(၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေးကျင်းပ
နေပြည်တော်    မတ်   ၃၀။၂၀၂၂ ခုနှစ်၊  အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့်    ကမ္ဘောဒီးယားနိုင်ငံမှ  ကြီးမှူး၍ (၂၇) ကြိမ် မြောက်  အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ  အစည်းအဝေးကို  ယနေ့နံနက်ပိုင်းက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။  ။အစည်းအဝေးသို့   မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်   ကိုယ်စားလှယ်အဖွဲ့တို့က    သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအမှတ် (၃၅)  နေပြည်တော် မှ တက်ရောက်ကြသည်။။အာဆီယံ  လူမှုရေး - ယဉ်ကျေးမှု   အသိုက်အဝန်း ဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို  ကမ္ဘောဒီးယား နိုင်ငံ  ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ကမ္ဘောဒီးယားနိုင်ငံ  အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ် ၂၀၂၂ ခုနှစ်အတွင်း  ချမှတ်ထား သော Theme ဖြစ်သည့် ASEAN A.C.T: Addressing Challenges Together ဟူသည့်  ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်မှုနှင့်  စီးပွားရေးချိတ်ဆက်မှုတို့ကို လက်ကိုင်ထား၍ အာဆီယံတန်ဖိုး များဆီသို့ လက်တွဲ ဆောင်ရွက်ရန်   ယုံကြည်မှုရှိပါကြောင်း၊   ASCC ၏ ဦးစားပေးမှုများ၊ ပဏာမခြေလှမ်းများနှင့် ယခုနှစ် တွင် ဆောင်ရွက်နိုင်မှုတို့သည် ဘုံရည်မှန်းချက်ဆီသို့ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊  လာမည့် အကြိမ် (၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက်  အာဆီယံ ထိပ်သီးအစည်းအဝေးများတွင်   အတည်ပြုလက်ခံ မည့်    ရလဒ်မှတ်တမ်းမှတ်ရာများသည်   အာဆီယံ လူမှုရေး-ယဉ်ကျေးမှု    အသိုက်အဝန်းကောင်စီ၏ ရည်မှန်းချက်များနှင့်  အောင်မြင်မှုများကို ထင်ဟပ် နေပါကြောင်း၊       ပဏာမခြေလှမ်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေး   အရေးပေါ်အခြေအနေများ၊ သဘာဝဘေး အန္တရာယ်များ၊  လက်ရှိနှင့် ကိုဗစ်-၁၉ ရောဂါအလွန် ပတ်ဝန်းကျင်တွင် သာတူညီမျှအရည် အသွေးရှိသော ပညာရေးရရှိရေး၊ စွမ်းအင်နှင့် စားနပ် ရိက္ခာဖူလုံရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာ လုံခြုံရေးပြဿနာများအပါအဝင် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို   တုံ့ပြန်မည်ဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။။ အဆိုပါ   အစည်းအဝေး၌   ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊    လူငယ်နှင့် အားကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီး H.E.  Dr.  Dy  Khamboly က  (၃၂) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ   အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကို တင်ပြသည်။။(၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး၌ ၂၀၂၂ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ အတွင်း ဆောင်ရွက်မည့် ဦးစား ပေးနယ်ပယ်များဖြစ်သည့် အာဆီယံ၏ စံတန်ဖိုးများ၊ အသိအမြင်နှင့်  စရိုက်လက္ခဏာများကို မြှင့်တင်ခြင်း၊ လူ့စွမ်း အားအရင်း အမြစ်      ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်ပေးရေး၊ အာဆီယံပြည်သူများ၏ ကျန်းမာရေး၊ ကြွယ်ဝပြည့်စုံရေးနှင့်     လူမှုကာကွယ် စောင့်ရှောက်ရေးတို့ကို တိုးမြှင့်စေရေး၊     အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း၏  အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် နှင့် ထိရောက်မှု တို့ကို အားကောင်းစေရေး တို့အတွက် လည်းကောင်း၊   အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အကြိမ်(၄၀)မြောက်နှင့် (၄၁) ကြိမ် မြောက်     အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့်   အစီရင်ခံစာများအား   အတည်ပြုခြင်း၊ (၂၇) ကြိမ်မြောက်    အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏     ပူးတွဲကြေညာချက် (မူကြမ်း)ကို အတည်ပြုခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအတွက်    စတင်ဆောင်ရွက်မည့်   Reopen
Recover
and Resilience in Education နှင့် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာ များ  ကိုးခုကို  အတည်ပြုရန်အတွက် လည်းကောင်း၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ ၂၃ ခု  တို့၏ အခြေအနေများ၊      လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊    (၂၇) ကြိမ်မြောက်    အာဆီယံ လူမှုရေး-ယဉ်ကျေးမှု   အသိုက်အဝန်း ကောင်စီ၏   မှတ်တမ်း အကျဉ်းချုပ်အား အတည်ပြုရန်အတွက် လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။။ထို့နောက်   မြန်မာနိုင်ငံ    အာဆီယံ  လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီး သာသနာ ရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက ၂၀၂၂ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရသည့်  ကမ္ဘောဒီးယား နိုင်ငံ ကြိုးပမ်းမှုများနှင့်   အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊  ASCC အတွက် တိကျသည့် မဟာဗျူဟာကို ဖော်ဆောင်ရန်  ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင် ရွက်မှုများနှင့် တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့် မိပါကြောင်း၊     အာဆီယံစည်းမျဉ်း စည်းကမ်း၊ နည်းလမ်းများနှင့်အညီ  မိမိတို့အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊    အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့်    မိမိတို့သည် ၂၀၂၅ ခုနှစ်   အာဆီယံအသိုက်အဝန်းသို့ သွားရောက် နေသည့် လမ်းကြောင်းတစ်ဝက်တွင်   ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြု စေနိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများအားလုံးနှင့်  ကမ္ဘောဒီးယား နိုင်ငံ   အာဆီယံဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း    ဆောင်ရွက်ရန်  ချမှတ်ထားသော ဦးစားပေးနယ် ပယ်များနှင့်      အစီအစဉ်များအား ထောက်ခံပါကြောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း၏   အဖွဲ့အစည်းဆိုင်ရာ  စွမ်းဆောင် ရည်နှင့်   ထိရောက်မှုတို့ကို   အားကောင်းစေမှု အား ကြိုဆိုပါကြောင်း၊  ထို့ပြင် အကြိမ် (၄၀) မြောက်နှင့် (၄၁)ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေး များ တွင်   တင်သွင်းမည့်    ကြေညာစာ တမ်းများကိုလည်း မြန်မာနိုင်ငံမှ      ထောက်ခံပါကြောင်း   ဆွေးနွေး ပြောကြားသည်။                    ။သတင်းစဉ်
(၂၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၁၉။(၂၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပသည်။။အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ စဝ်စိုင်းငင်း (RCSS)၊ ပဒိုစောတာဒိုမူး(KNU)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း(PNLO)နှင့် နိုင်အောင်မငေး(NMSP)၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွှန့်(SNLD)၊ တာလှဖေ(တအာင်း (ပလောင်))၊ ဦးသိန်းထွန်း(NUP)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကိစ္စ၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန်အဆင့် လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ(ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်၊ ညီလာခံဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ညီလာခံတတိယနေ့ အစီအစဉ်၊ ညီလာခံတွင် လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသူများ၊ အသိသက်သေများ၊ အကြိမ် ၂၀ မြောက် UPDJC အစည်းအဝေး အစီအစဉ်နှင့်  အထွေထွေကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။   ။(သတင်းစဉ်)
https://www.moi.gov.mm/news/4352
2020-08-19
(၂၉) ကြိမ်မြောက် စုပေါင်းသွေးလှူပွဲ ကျင်းပမည်
ရန်ကုန် ဇန်နဝါရီ ၁၀။စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၂၉) ကြိမ်မြောက်  စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသား သွေးလှူဘဏ်) ၌ ဇန်နဝါရီ  (၂၃၊ ၂၄၊ ၃၀၊ ၃၁)  ရက်များတွင်  နံနက်  ၇ နာရီခွဲမှ  ညနေ ၅ နာရီအထိ ကိုဗစ်-၁၉  စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်သဖြင့်   မည်သူမဆို သွေးလှူဒါန်း နိုင်ကြောင်းနှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင် စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်းက အမှတ်တရ လက်ဆောင်များ UV ကာကွယ်ထီးကြီး၊   ခရီးဆောင်လက်ဆွဲအိတ်၊ အင်္ကျီ၊  ကြက်ဥ  ၁ဝ   လုံး၊    လက်သန့်ဆေးရည်နှစ်ဘူး၊ ခုရေ  ၅ဝ ပါ နှာခေါင်းစည်းတစ်ဘူး  ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့် သူများအနေဖြင့် စန်းမောင်မြင့်သွေးလှူ ကုသိုလ်ဖောင်ဒေးရှင်း ၀၉-၄၄၉၂၅၃၇၆၇၊ ၀၉-၆၉၅၁၃၅ ၅၁၅၊ ဇန်နဝါရီ  ၂၃၊ ၂၄ ရက်များအတွက် (၂၀-၁- ၂၀၂၁)၊   ၃၀၊    ၃၁ ရက်များအတွက် ၂၇ - ၁ - ၂၀၂၁ နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန်   မေတ္တာရပ်ခံထားကြောင်း  သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/10409
2021-01-11
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် မေ ၁၁။(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။။နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် ၁၃၈ ဦးနှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) တွင် ၃၇၉ ဦး စုစုပေါင်း ၅၁၇ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၇၂၈ ဦး တက်ရောက်ကြသည်။။ယနေ့တွင် Clinicopathological Conference၊ Special Talk၇ ခု၊ Debate Sessionနှင့် Symposium များအဖြစ် COVID-19 Pandemic Driven New Chapter for Medicolegal Practices in Military Hospitals ၊ Acute Stroke: What’s New in Management? ၊ Digital Learning in Health Professions Education၊ New Normal Dental Care in COVID-19 Pandemic၊ New Era in Heart Failure၊ The Old Herb with New Trick in COVID-19: Andrographis paniculata (Hsay-Khar-Gyi)၊ The Emerging Spectrum of COVID-19 Neurology၊ Fostering Professionalism: Assessing Unprofessional Behaviours of Students in Medical Schoolနှင့် Care of Adult Cancer Patient at the End of Lifeတို့ကို ဆွေးနွေးကြသည်။။၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ခွဲစိတ်ပညာ၊ ကလေးကျန်းမာပညာ၊ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ မှုခင်းဆေးပညာ၊ ရောဂါဗေဒ  စသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၁၁ စောင်တို့ကို ပါဝင်ဖတ်ကြား တင်သွင်းကြသည်။။ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့က အကောင်းဆုံး သုတေသနစာတမ်းနှင့် ပိုစတာဆုများအတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် Young Researcher Award ရရှိခဲ့သည့် သုတေသန စာတမ်း၊ ပိုစတာဆုရှင်များအား ကြေညာပြီး တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားကာ (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/25152
2022-05-12
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် မေ ၉။(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။။ ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးသည်။။ထို့နောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပရာ Symposium of the Conference အဖြစ် Building Resilience for Healthcare: Sharing Success Story and Challenges from COVID-19 Pandemic ကိုလည်းကောင်း ၊ Symposium များအဖြစ် Con-sequences of COVID-19 Pandemic: Cognitive
Affective and Mental Health ၊ COVID-19 and Acute Kidney Injury ၊ COVID-19 Infection in Children: Practice Essentials၊ Role of Surgery in Chronic Liver Diseases: Where are We Now?၊ Current and Future Place of Radiology in the COVID-19 Management ၊ Peculiar Presentations of Diabetes Mellitus ၊ Long COVID Syndrome: Impact၊ Recent Update in Orthopaedic Surgery: Military Perspective နှင့် Special Talk သုံးခုတို့ကို ဆွေးနွေးကြသည်။။၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သားဖွားနှင့် မီးယပ်ရောဂါပညာ၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသမှုပညာ၊ ခွဲစိတ်ပညာ၊ သူနာပြုပညာ၊ အဏုဇီဝဗေဒစသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၂၀ တို့ကို ပါဝင်ဖတ်ကြားတင်သွင်းကြသည်။။နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ၁၅၅ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀)တွင် ၂၃၁ ဦး စုစုပေါင်း ၃၈၆ ဦးတက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၅၄၇ ဦး တက်ရောက်ကြသည်။။အဆိုပါ (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မေ ၁၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/25061
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် မေ ၁၀။(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်းဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ။ယနေ့တွင် Major Symposium အဖြစ် Developmentand ChangesWeNeed: Medical EducationandImpact ofthe COVID-19၊Clinical Session ကို လည်းကောင်း၊ အခြား Symposium များအဖြစ်Nurses’ Resilience inMyanmarMilitaryinthe FaceofCOVID-19 ၊ Optimising PulmonaryFunctionby Rehabilitation ၊QualityCare in Anaesthesia: Nurturing the Culture inCOVID-19 Era ၊ COVID-19andPatients with CKDon Maintenance Haemodialysis ၊ Impact of Recent ChangesinCOVID-19 Pandemic from Women’s Health Perspective ၊Mistakes in Gastro- enterologyand Hepatology ၊COVID-19: ChallengesforPhysicians၊ Medicolegal Issuesin Obstetrics and Gynaecology ၊ Building Shared Vision in Myanmar Military Medical Practice နှင့် SpecialTalk ၃ ခု တို့ကို Auditorium၄ နေရာ၌ ဆွေးနွေးကြသည်။။ထို့အပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ စိတ်ရောဂါပညာ၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးပညာသင်ကြားရေး၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ သူနာပြုပညာ၊ မေ့ဆေးပညာ၊ အရိုးရောဂါကုပညာ စသည့် ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းစုစုပေါင်း ၄၅ စောင် တို့ကို Auditorium ၄ နေရာတွင် ပါဝင်ဖတ်ကြား တင်သွင်းကြသည်။။ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို ညနေပိုင်းတွင် ရပ်နား၍ မေလ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။။နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများ အနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) တွင် ၁၁၃ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး(ခုတင်- ၅၀၀) တွင် ၂၂၄ ဦး စုစုပေါင်း ၃၃၇ ဦး တက်ရောက်ခဲ့ပြီးOnline မှ တက်ရောက်သူများအနေဖြင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု (အရာရှိ)နှင့်သူနာပြု စုစုပေါင်း ၅၀၈ ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/25111
2022-05-11
(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး ကျင်းပ
နေပြည်တော် မတ် ၁၄။(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေး (29th ASEAN Senior Level Committee Meeting for Financial Integration) ကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။ ။ဦးစွာ အစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်ကြသည့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားများပြောကြားကြပြီး မလေးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုပ်အချက်အလက်များကို မလေးရှားနိုင်ငံဗဟိုဘဏ် တာဝန်ရှိသူက ရှင်းလင်းတင်ပြကာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ+၃ မေခရို စီးပွားရေးသုတေသနရုံးတို့မှ တာဝန်ရှိသူများက ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသော မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။။ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းစဉ်များအောက်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အေအီးစီမဟာဗျူဟာမြောက်လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) နှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍအလိုက်စီမံချက် (၂၀၂၆-၂၀၃၀) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။။ထို့နောက် အနာဂတ်ကာလတွင် ဗဟိုဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုစင်္ကြံများ ထူထောင်ရေးဆိုင်ရာ မူဘောင်အတွက် သဘောတရားစာတမ်းနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များကို မလေးရှားနိုင်ငံဗဟိုဘဏ်မှရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌများထံမှ အတည်ပြုထောက်ခံချက်များ ရယူခဲ့သည်။။ယင်းနောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၏ ပူးတွဲသဘာပတိများသည် အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင်၊ ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး၊ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကြီးကြပ် ထိန်းကျောင်းမှုကော်မတီတို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုအခြေအနေများ ရှင်းလင်းတင်ပြကြသည်။။အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေး ပူးတွဲသဘာပတိများသည် အာဆီယံဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှတင်ပြသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အပေါ် စောင့်ကြည့်လေ့လာမှုပုံစံကိုအခြေခံ၍ ရေးဆွဲထားသည့် အစီရင်ခံစာကို ရှင်းလင်းတင်ပြကြသည်။။ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မလေးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံမှုရှိရေး၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးနှင့် သတင်းအချက်အလက်များအားမျှဝေသည့် စင်္ကြံတည်ထောင်ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများနှင့် တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်မှ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် ပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် အတွင်း အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေး အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။။ယင်းနောက် အာဆီယံဘဏ်လုပ်ငန်းရှင်များအသင်းက အာဆီယံနိုင်ငံများအကြား အချက်အလက်များ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်ရေးမူဘောင်နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများ ပြုလုပ်ကြသည်။ ။ထို့နောက် ထိုင်းနိုင်ငံဗဟိုဘဏ်က လုံခြုံစိတ်ချရပြီးအားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဆိုင်ရာ သဘောတရားနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး (၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်သည့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်တို့မှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/68348
2025-03-15
(၂၉) နှစ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ရန်ကုန် မေ ၃။မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူး၍ (၂၉) နှစ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးခန်းမ၌ ကျင်းပသည်။။အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Video Message ပေးပို့၍(ယာပုံ) အမှာစကားပြောကြားရာ၌ ယခုနှစ် World Press Freedom Day ဆောင်ပုဒ် ဖြစ်သည့် ဒစ်ဂျစ်တယ်ထိုးနှက်မှုအောက်မှ ဂျာနယ်လစ်ဇင်ဆိုရာမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏ ဘေးကင်းမှု၊ သတင်းရယူခွင့် နှင့် ကိုယ်ရေးကိုယ်တာအပေါ် ဒစ်ဂျစ်တယ်ခေတ်၏ သက်ရောက်မှုများသည် အရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါကြောင်း၊ အချက် အလက် ခိုင်မာတိကျမှုမရှိသည့် သတင်းမှားများ၊ လုပ်ကြံသတင်းများ၊ သက်ဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ရေးသားထုတ်လွှင့်မှုများ သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်း လွတ်လပ်ခွင့်တို့၏ အခြေခံလွတ်လပ်ခွင့်နှင့် အရေးပါ မှုကို များစွာထိခိုက်စေသည့် အကြောင်းအရာများ ြစ်ပါကြောင်း။။သတင်းလွတ်လပ်ခွင့်ဟုဆိုရာတွင် နည်းမှန် လမ်းမှန်နှင့် အခြေခံလူ့အခွင့်အရေးကို အလွဲသုံးမှု မပြုဘဲ မှန်ကန်သည့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင် ပီသစွာ ရပ်တည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်သည် စာနယ်ဇင်းလောကသားများ၏ တာဝန်ပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လွတ်လပ်သည့် ပုဂ္ဂလိကမီဒီယာ များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍ သည် အမြဲအရေးကြီးသည်ဆိုခြင်းကို ခြွင်းချက်မရှိ အလေးအမြတ်ပြုပြီးဖြစ်ပါကြောင်း။။ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာ နိုင်ငံအတွင်းရှိ သတင်းမီဒီယာအသီးသီးမှ စာနယ်ဇင်း ဆရာ ဆရာမများအားလုံး၊ မီဒီယာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအားလုံး ကျန်းမာရွှင်လန်းပြီး မီဒီယာလုပ်ငန်းများကို ဆတက်ထမ်းပိုး ရွက်ဆောင်ရင်း တည်ဆဲ ဥပဒေများနှင့်အညီ စတုတ္ထ မဏ္ဍိုင်ပီသသည့် စာနယ်ဇင်းသမားကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာနယ်ဇင်းသမားတို့က မိမိတို့၏ အခန်း ကဏ္ဍမှ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။။ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၏ အမှာစကားကို ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)က ဖတ်ကြားသည်။။ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ကောင်စီဝင်များ ဖြစ်ကြသည့် ပါမောက္ခဒေါက်တာမြသိန်းဟန်၊ ဒေါက်တာဇော်သန်း၊ ဒေါက်တာအေးမင်း (ဒေါက်တာ အောင်ထက် - ဆေး(၁)) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က သတင်းအမှန် ပြည်သူ့ထံခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။။ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)က ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/24828
2022-05-04
(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် မေ ၅။(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲအကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို ယနေ့နံနက်ပိုင်း တွင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ကျင်းပသည်။။အဆိုပါ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တပ်မှူးဗိုလ်မှူးချုပ်ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့်ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနဆေးတက္ကသိုလ်များမှ အရိုးရောဂါ ဆေးပညာဌာန ပါမောက္ခဌာနမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြ သည်။။ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-conference Workshop)ကို AOPRINCIPlE OF FRACTURE FIXATION BASIC COURSEခေါင်းစဉ်ဖြင့်ပြုလုပ်သည်။ ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူး များကနံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင် ဆွေးနွေးကြပြီးနေ့လယ်ပိုင်းတွင် သင်တန်းသားများ ကအုပ်စုခွဲလေ့ကျင့်ခန်းပြုလုပ်ကာအုပ်စုအလိုက် Presentation များ တင်ပြကြသည်။။အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ် အပိုင်းတစ်ရပ်ဖြစ်သည့်AO PRINCIPLE OF FRACTURE FIXATION နှင့် စပ်လျဉ်းပြီး အသိအမြင် ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို မိမိတို့ သက်ဆိုင် ရာနယ်ပယ်အသီးသီးတွင် ထိရောက်စွာအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။။ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ IMPLEMENTING APPROPRIATE STANDARD SETTING IN DSMAခေါင်းစဉ်ဖြင့် မေ ၆ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) တို့၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Hybird စနစ်ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်ရှိ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အခြားတပ်မတော်ဆေးရုံ/ ဆေးတပ်များမှ Online စနစ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/24914
2022-05-06
(၂၉)ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပ
ရန်ကုန် ဩဂုတ် ၁၉။(၂၉)ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ရန်ကုန်မြို့မှ ပါဝင်၍ အာဆီယံအကောက်ခွန် သဘာပတိအဖြစ် ဆောင်ရွက်သည်။။အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးကော်မတီ၊ အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းအဖွဲ့၊ အကောက်ခွန်ဥပဒေစိုးမိုးရေးနှင့် လိုက်နာဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့၊ အကောက်ခွန် စွမ်းဆောင်ရည် ပျိုးထောင်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့၊ အာဆီယံပြတင်း တစ်ပေါက်စနစ်ဆိုင်ရာ ဦးဆောင် ကော်မတီများ၏ (၂၀၁၉-၂၀၂၀) အစီရင်ခံစာများ၊ အကောက်ခွန် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၆ - ၂၀၂၀) ပြီးစီးမှု သုံးသပ်ချက် များနှင့် လုပ်ငန်းအဖွဲ့များမှ နောင်ငါးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အကောက်ခွန်ခေတ်မီဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၂၁-၂၀၂၅) တို့အား ဆွေးနွေးအတည်ပြုခဲ့ကြသည်။။ ယနေ့ ဒုတိယနေ့အစည်းအဝေးတွင် ကမ္ဘာ့အကောက်ခွန်အဖွဲ့မှ အတွင်းရေးမှူးချုပ် Dr. Kunio Mikuriya တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန် ကိစ္စရပ်များအပေါ် ဆွေးနွေးသည်။။ထို့ပြင် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ဩစတြေးလျ၊ ကိုရီးယားနိုင်ငံတို့မှ အကောက်ခွန်ကိုယ်စားလှယ်များနှင့် Covid-19 တုံ့ပြန်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော် E-commerce ဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍဖြစ်သော USABC၊ EUABC မှ ကိုယ်စားလှယ်များနှင့် Customs Automation၊ Advanced Rulings၊ ASEAN Wide MRA on AEO ၊ E-commerce Trusted Traders Programme ၊ Collaboration on Anti-illicit Trade ၊ ASEAN Low Value Shipment ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။။ (၂၉) ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်တိုင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပြီး အစည်းအဝေးပထမနေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကောက်ခွန် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/4358
2020-08-20
(၂၉)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၉။(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။။ယနေ့နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်ကိုယ်စားပြုအသင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲ ကိုယ်စားပြုအသင်း၊ တြိဂံဒေသ တိုင်းဌာနချုပ် အမှတ်(၁)တပ်ခွဲကိုယ်စားပြုအသင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အမှတ်(၂)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂)တပ်ခွဲ ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။။ထိုပြင်ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများဆက်လက်ကျင်းပရာ အမှတ် (၃၃)ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြုအသင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)ကိုယ်စားပြုအသင်း၊ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု အသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။။အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီး ဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထိန်လင်း၊ တပ်မတော် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိသည်။
https://www.moi.gov.mm/news/35756
2023-02-19
(၃)ကြိမ်မြောက်Goa Maritime Conclave-(GMC)သို့ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၆။အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင်ပြုလုပ်မည့် (၃)ကြိမ်မြောက် Goa Maritime Conclave-(GMC) သို့တက်ရောက်ရန်နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာကြသည်။။ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိနိ္ဒယနိုင်ငံ စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/18785
2021-11-07
(၃/ ၂၀၂၃) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၆ ခုကိုခွင့်ပြု
နေပြည်တော် အောက်တိုဘာ ၂။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။။အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင်  လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ငွေကျပ် ၃၁၄
၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။။၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/45282
(၃၀) ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ - ၂၂။(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။။ယနေ့နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချူပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ် (၁) စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ နေပြည်တော်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချူပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။။ထို့ပြင် ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများဆက်လက်ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။။အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပ ရေးကော်မတီဥက္ကဋ္ဌ၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်‌ရွှေ၊ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/52576
2024-02-22
(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၃။ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။ အဆိုပါအဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။။မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြသည်။။(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/31928
2022-11-04
(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့
နေပြည်တော် နိုဝင်ဘာ ၁၃။(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-30)ကို နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။။မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် လာအိုတပ်မတော်မှ သေနတ်ပစ် အသင်းအနေဖြင့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းနည်းတူ ဆုတံဆိပ်ရရှိမှုများ တူညီခဲ့သော်လည်း ရိုင်ဖယ်ပစ်ခတ်စဉ် ပြိုင်ပွဲအမှတ်ပေးပွဲစဉ်(၁)တွင် မြန်မာအသင်းမှ ရမှတ်ပေါင်း ၃၃၅.၁၄ မှတ်ရရှိခဲ့ပြီး လာအိုအသင်းမှ ရမှတ်ပေါင်း ၂၂၀.၀၅ မှတ်သာ ရရှိခဲ့ခြင်းကြောင့် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။။အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/32296
2022-11-13
(၃၁) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၀။(၃၁)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ Unicef မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi ၊ ကလေး  သူငယ်အခွင့် အရေးများ ဆိုင်ရာအမျိုးသား ကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးမူဝါဒ ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးအဖွဲ့ ဝင်များ၊ ဆယ်ကျော်သက်ကလေးသူငယ် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။။အခမ်းအနားတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးသူငယ်များ၏ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြှင့်တင်ဆောင်ရွက် ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ (၂၀)ရက်တွင် ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေ‌ထွေညီလာခံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ ပါ ကြောင်း၊ ထိုရက်ကို  ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် နိုဝင်ဘာ(၂၀) ရက်ကို World Children’s Day (ကမ္ဘာ့ကလေးများနေ့)အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ လျက်ရှိကြရာ ယခုနှစ်သည် (၃၁) ကြိမ်မြောက် ဖြစ်ကြောင်း။။မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည် ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ်၊ သြဂုတ် (၁၅) ရက်တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကလေးသူငယ်များနှင့် ပတ်သက်၍ အခြားနိုင်ငံများနည်းတူ ကမ္ဘာ့ကလေး များနေ့အခမ်းအနားများကို  ကျင်းပလျက်ရှိသည့်အပြင် ဖေဖော်ဝါရီ (၁၃)ရက်၊ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကို မြန်မာ့ကလေးများနေ့ဟု သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကလေးသူငယ် များအတွက် နိုင်ငံတစ်ဝှမ်းမှာ အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။။မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မွေးစမှ(၈)နှစ် အရွယ် အထိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းအစီအစဉ်များ၊ တိုင်းတာ စစ်ဆေးမှု များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။။၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်တွင် ကလေးသူငယ်အား ရောင်းချခြင်းနှင့် ညစ်ညမ်းရုပ်ပုံ များဆိုင်ရာနောက်ဆက်တွဲ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာ (၂၇)ရက်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ် သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း။။ထို့အပြင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ဥပဒေများကို လိုအပ်သလို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံမှ ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေကို ၂၀၁၉ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်အဖြစ် ရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ခဲ့ပါကြောင်း။။ထိုကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်တွင် ပိုမိုထိရောက်စွာ ကာကွယ် စောင့်ရှောက်နိုင်ရန်၊ ကလေးသူငယ် ဆိုင်ရာအခွင့်အရေးများကို ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှု ကင်းပြီး တန်းတူညီမျှစွာ လက်လှမ်းမီခံစားရရှိရန် ပြုပြင် ပြောင်းလဲမှု များဆောင်ရွက်ထားရှိပါ ကြောင်း၊ ထို့အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တိကျသော နည်းဥပဒေ ပြဋ္ဌာန်းချက်များ ပေါ်ပေါက်လာစေရန် ဆက်လက်‌ဆောင်ရွက်လျက်ရှိပါကြောင်း။။ကလေးသူငယ် တစ်ဦးချင်းစီအတွက် ကလေးသူငယ်အခွင့်အရေးများနှင့်အညီ နည်းလမ်းမှန် များဖြင့် ပြုစုကာကွယ်စောင့် ရှောက်နိုင်ရန် စနစ်ကျသော မူဝါဒတစ်ရပ်လည်း လိုအပ်လျက်ရှိရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်တွေ့ကျ၍ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ဖြစ်ပေါ်စေရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့က အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူရေးဆွဲ လျက်ရှိကြောင်း။။မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ     ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် ကော်မတီသို့ (၅)နှစ်တစ်ကြိမ် အစီရင် ခံစာတင်သွင်းရန်တာဝန်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် တင်သွင်းနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် ကလေးသူငယ်များအတွက် အခွင့်အရေးများ ကိုဖော်ဆောင်ရာတွင် ဒီမိုကရေစီ စံနှုန်းများကို မြှင့်တင်နိုင်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ပြီး အခြေခံအုတ်မြစ် ကောင်း များကို ချမှတ်နိုင်သော နှစ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေး များနေ့အတွက် ချမှတ် ပေးထားသည့်ဆောင်ပုဒ်မှာ A Day to reimagine a better future for every childကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့ဖြစ်ကြောင်း၊ ယခု အချိန်ခါသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ဆဲ ကာလ ဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေး များဖော်ဆောင်ပေးရာမှာ အခက် အခဲများ ကြုံတွေ့ နေရသော်လည်း လတ်တလော ဖြေရှင်း ဆောင်ရွက်ပေးခြင်းမပြုပါက ကလေးငယ်များ၏ ဘဝတစ်သက်တာလုံးအတွက် ထိခိုက် စေနိုင် မည်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များ အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင် ရွက် ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်ကြောင်း။။မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းကလေး သူငယ်များ၊ အလုပ်လုပ်နေရသော ကလေးများ၊ ရွှေ့ပြောင်းကလေးများ၊ တိုက်ပွဲရှောင် ကလေးများ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ ကလေးများ၊ လမ်းပေါ်နေကလေးများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေ နှင့်ရင်ဆိုင်နေရသောကလေးများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက် ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုလည်း သက်ဆိုင် ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ယူနီဆက် (မြန်မာ) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ လိုအပ်ချက်များ ဖော်ထုတ်ကာ အစီအမံများ  ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည် ကြိုးပမ်းလျက်ရှိရာမှာ တိုင်းရင်းသားဒေသရှိ ကလေးသူငယ်များ အပါအ၀င် ပြည်သူများ တစ်ဦးချင်း စီ အား လူမျိုးဘာသာ မခွဲခြားဘဲ၊ တစ်ဦးတစ်ယောက်မျှ မချန်လှပ်ဘဲ သာတူညီမျှခံစားရရှိရေး၊ မဖြစ်မ နေအကောင်ဖော်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း။။နိဂုံးချုပ်အနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေး သူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိရန်နှင့် ကလေး တိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် ကလေးသူငယ်များ၏ အသံများကိုပါ နားထောင်ပြီး ကလေးသူငယ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများက အစွမ်းကုန် ဆောင်ရွက် ပေးကြပါ ရန်နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီး ကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။။ဆက်လက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသောသဝဏ်လွှာအား UNICEF Myanmar မှ ဌာနေ ကိုယ်စားလှယ် Ms. June Kunugi  က ဖတ်ကြားသည်။။ယင်းနောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အတွက် ကလေးသူငယ်များ၏ အခွင့် အရေးများ နှင့်စပ်လျဉ်းသော ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး ကလေးကိုယ်စားလှယ် တစ်ဦးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိ သူများထံ တင်ပြတောင်းဆိုခဲ့ပြီး  အခမ်းအနားကို  ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/8057
2020-11-20
(၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၄။နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပသည်။။အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့်ခွန်းပြောကြားသည်။။ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ သရုပ်ပြ တီးခတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်း အဖွဲ့အားဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။။အဆိုပါ နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/67194
2025-02-15
(၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲစတုတ္ထနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၈။နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။။(က) အဆင့်ပြိုင်ပွဲတွင် စစ်တက္ကသိုလ် စစ်တီးဝိုင်းအသင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။။အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/67345
2025-02-18
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကာယဗလကာယအလှအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဝူရှူး(ထောက်လု)အားကစားနည်းမှငွေ(၁)ခု၊ Rowing အားကစားနည်းမှ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ် မေ ၁၄။ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ။အဆိုပါပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပလျက်ရှိသော ကာယဗလ ကာယအလှအားကစားပြိုင်ပွဲ (+70) kg တွင် မောင်ရဲထွန်းနောင်က ပထမဆု ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန်ဖြင့် ဆွတ်ခူးရရှိခဲ့ပြီး၊ (+80) kg တွင် မောင်မင်းဇော်ဦးနှင့် (+85) kg တွင် မောင်ခင်မောင်ကျော်တို့က ဒုတိယဆု ငွေတံဆိပ်တစ်ခုစီကိုလည်းကာင်း၊  Trinh Hoai Duc  Gymnasium ၌ ကျင်းပလျက်ရှိသော ဝူရှူး(ထောက်လု) အားကစားနည်းမှ  အမျိုးသမီးတစ်ဦးချင်း (ချန်းစု)ပြိုင်ပွဲတွင် မစန္ဒီဦးက ဒုတိယဆု ငွေတံဆိပ်ကိုလည်းကောင်း၊ Hai Phong  ၌ ကျင်းပလျက်ရှိသော အနောက်တိုင်းလှေလှော်ပြိုင်ပွဲ အမျိုးသမီး (၂)တက် လှော်ပြိုင်ပွဲတွင် နီလာဝင်းနှင့် ရွှေစင်လတ်၊ အမျိုးသမီး (၄)တက်လှော်ပြိုင်ပွဲတွင် မအိဖြူ၊ မစန္ဒာရွှေ၊ မချစ်ဖူးငုံနှင့် မဝင်းသူဇာသိန်း တို့က တတိယဆု ကြေးတံဆိပ်တစ်ခုစီကိုလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။။အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။။(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၄)ခု နှင့် ကြေးတံဆိပ် (7)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ်(၁၄)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(7) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/25268
2022-05-14
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ် မေ ၁၅။ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun(နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက်ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ‌ကိုယ်စားပေးအပ်ချီးမြှင့်သည်။။ဆက်လက်ပြီး မွန်းလွဲပိုင်းပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းမှ ငွေတံဆိပ် (၁) ခု၊ (52 kg) ပြိုင်ပွဲတွင် မချယ်ရီသန်းနှင့် (70 kg) ပြိုင်ပွဲတွင် မောင်မျိုးမင်းထက်တို့မှ ကြေးတံဆိပ်(၁) ခုစီကိုလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။ ။ထို့နောက် ညနေပိုင်းတွင် Phu Tho မြို့ရှိ Viet Tri ဘောလုံးအားကစားကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို (၁) ဂိုး (၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ Cam Pha ဘောလုံးအားကစားကွင်း၌ အမျိုးသမီးဘောလုံး အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ စင်္ကာပူအသင်းကို (၁) ဂိုး ဂိုး(မရှိ)ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။။ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ မြားပစ်၊ ဘိလိယက်၊ စစ်တုရင်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်၊ ဘော်လီဘော၊ ဝူရှူးနှင့် ကာယဗလကာယအလှ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေးသည်။။(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၅)ခု နှင့် ကြေးတံဆိပ် (၉)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၁၈)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/25301
2022-05-16
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော် ဇွန် ၄။ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော ပိုက်ကျော်ခြင်းကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပသည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏(အကြံပေး)အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ အာရှပိုက်ကျော်ခြင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းဥက္ကဋ္ဌဦးစိုးနိုင်နှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားမောင်/မယ်များ တက်ရောက် ကြသည်။။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng phang နော်တောင်က (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း နည်းပြများ၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများ၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသည့် ပိုက်ကျော်ခြင်းအားကစားသမားများနှင့် ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအားကစား သမားများကို လည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အာကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။။(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်း အမျိုးသားအားကစားသမား ၁၀ ဦး၊ အမျိုးသမီးအားကစားသမား ကိုးဦး၊ အုပ်ချုပ်သူ၊ နည်းပြငါးဦး စုစုပေါင်း ၂၄ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခု၊ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုနှင့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်လေးခု ရရှိခဲ့ကြောင်းသိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/26072
2022-06-05
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်
နေပြည်တော် ဇွန် ၆ ။ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သော (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။။တက်ရောက်။အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အရာရှိကြီးများ၊ ဆုရ အားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမား များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်လူကြီးများ တက်ရောက်ကြသည်။။ဂုဏ်ပြုဆုများချီးမြှင့်။အဆိုပါ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမား ၃၆ ဦး၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်လူကြီးများအပါအဝင် စုစုပေါင်း ၄၈ ဦးက အားကစားနည်း ၁၂ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ ဂျူဒိုနှင့် တိုက်ကွမ်ဒို အားကစားနည်းငါးမျိုးတွင် အားကစားသမား ကိုးဦးက ရွှေတံဆိပ်လေးဆု၊ ငွေတံဆိပ်သုံးဆု၊ ကြေးတံဆိပ်ငါးဆု စုစုပေါင်း ဆုတံဆိပ် ၁၂ ဆုရရှိခဲ့ကြပြီး ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ)တွင် ရွှေတံဆိပ်ဆုရရှိသည့် ဒုတိယ ရဲမှူး ဖြူဖြူသန်းနှင့် ရဲတပ်ကြပ်ကြီး ခင်နှင်းဝေ၊ ဗိုဗီနမ် (နှစ်ယောက်တွဲ)တွင် ရွှေတံဆိပ်ဆု ရရှိသည့် ရဲတပ်ကြပ် မေဟန်နီအောင်လွင်၊ ဗိုဗီနမ် (လေးယောက်တွဲအပြ)တွင် ရွှေတံဆိပ်ဆုရရှိသည့် ရဲတပ်ကြပ် အိုက်စိုးလင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကလည်းကောင်း၊ ဗိုဗီနမ် (တစ်ကိုယ်တော် ဓားတစ်လက် အပြ) တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲတပ်ကြပ် မေဟန်နီအောင်လွင်၊ ပြေးခုန်ပစ် (၂၀ - ကီလို မီတာ လမ်းလျှောက်) တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ဇင်မေထက်၊ ဂျူဒို(၆၃-ကီလိုတန်း)တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် နွယ်နီပွင့်လှိုင်တို့ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကလည်းကောင်း၊ တိုက်ကွမ်ဒို (၆၃-ကီလိုတန်း) တွင် ကြေးတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ဇော်လင်းထက်၊ တိုက်ကွမ်ဒို(၈၇-ကီလို တန်း)တွင် ကြေးတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ကျော်မင်းနိုင်၊ ပိုက်ကျော်ခြင်း (လေးယောက်တွဲ)တွင် ကြေးတံဆိပ်ဆုရရှိသည့် ဒုတိယရဲမှူးဖြူဖြူသန်း၊ ရဲတပ်ကြပ်ကြီး ခင်နှင်းဝေနှင့် ရဲတပ်ကြပ်ကြီး နန်းစုမြတ်စံ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်များကို အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။။နိုင်ငံ့ဂုဏ်ဆောင်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အဖွဲ့ဝင်များသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီး ဌာနဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/26130
2022-06-07
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်း စတုတ္ထအသုတ်ဆက်လက်ထွက်ခွာ
ရန်ကုန် မေ ၁၃ ။ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင် ရန်အတွက် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်သည် ယနေ့နံနက် ၇ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာသွားသည်။ ။(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်တွင် လက်ဝှေ့အားကစား နည်းမှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ သေနတ်ပစ် အားကစားနည်းမှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦး၊ တိုက်ကွမ်ဒို အားကစားနည်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး‌ ခြောက်ဦး၊ ကနူး/ကယက်လှေ လှော် အားကစားနည်းမှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ငါးဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ အဖွဲ့တို့ လိုက်ပါသွားသည်။။အဆိုပါ အားကစားအဖွဲ့များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ပို့ဆောင်နှုတ်ဆက်ကြသည်။။ကျွန်မတို့ ၁၆ ရက်နေ့မှာ ကကွက်ပြိုင်ပွဲအကုန်လုံး ဖိုင်နယ်အထိပြိုင်မယ်။ တစ်ခါတည်း အဖြေထွက်မယ်ပေါ့။ အတိုက် ပြိုင်ပွဲကတော့ မေ ၁၇ ရက် စတင်မှာပါ။ ဆုတံဆိပ်မျှော်မှန်းမှု အနေနဲ့တော့ လောလောဆယ်မှာ ကကွက်တစ်ခု၊ အတိုက်တစ်ခုတော့ မှန်းထားပါတယ်ဟု မြန်မာတိုက်ကွမ်ဒို အားကစား အဖွဲ့မှ အုပ်ချုပ်သူ ဒေါ်ဝါဝါထွန်း က ပြောသည်။။အဆိုပါ တိုက်ကွမ်ဒိုအားကစား ကကွက်ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ကကွက်ပြိုင်ပွဲ၊ အမျိုး သားတစ်ဦးချင်း ကကွက်ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲ၊ အတိုက်ပြိုင်ပွဲတွင် အမျိုးသား - ၆၃ ၊ -၆၈၊ -၇၄၊ - ၈၀၊ -၈၇ ကီလို တန်းများတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။။အာကာစိုး
https://www.moi.gov.mm/news/25246
2022-05-14
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်အားကြိုဆို
ရန်ကုန် မေ ၂၀။၂၀၂၂ ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။။အဆိုပါ အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။။ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အတူ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်အားကစားနည်းမှ ခင်မာဆယ် (မီတာ ၁၀၀၀၀)၊ ဇင်မေထက် (လမ်းလျှောက်)၊ ဂျူဒိုအားကစားနည်းမှ နွယ်နီပွင့်လှိုင် (-၆၃) ကီလို၊ တိုက်ကွမ်ဒို အားကစားနည်းမှ ဒေစီဦးဂျူလီယက် (-၄၉) ကီလို နှင့် ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ပီတန်းအားကစားနည်း (Mixed Triple) ပြိုင်ပွဲမှ ထွေးကိုကို၊ တင်တင်ဝေ၊ ကံ့ကော်သန့်ဇင်၊ တိုက်ကွမ်ဒိုအားကစားနည်းမှှ ဇော်လင်းထက် (-၆၃) ကီလို၊ ထက်ဇော်လင်း (-၈၀) ကီလို၊ ကျော်မင်းနိုင် (-၈၇)ကီလို၊ ဗိုဗီနမ်အားကစားနည်းမှ ဇင်မာခိုင် (-၆၅) ကီလို၊ နှင်းသက်ဝေ (-၅၅)ကီလို၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အောင်မျိုးနိုင် (Double Men) ၊ မြားပစ် အားကစားနည်း ပြည့်စုံနှင်း၊ သီတာနွယ်၊ ယမင်းသူ (Recurve  Women Team ) တို့နှင့် အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊  Kurash ၊ လှေလှော်၊ ပီတန်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ မြားပစ်၊ သေနတ်ပစ်၊ ဗိုဗီနမ်၊ အလေးမ၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာတို့မှ အားကစားအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/25494
2022-05-20
(၃၁) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းထိုင်းနိုင်ငံသို့ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၁၆။ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက် ပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြရာ အဆိုပါအဖွဲ့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများက နေပြည်တော်လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။။မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ် အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြသည်။။(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက် မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ကာဘိုင်အသင်း၊ ရိုင်ဖယ်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/47573
2023-11-17
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ
နေပြည်တော် မေ ၂၂။ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males
Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့က (၉)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မရွှေသက်ထားက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Bac Ninh Gymnasium အားကစားရုံ၌ လက်ဝှေ့အားကစားနည်းမှ (-57)ကီလိုတန်းပွဲစဉ်၌ မောင်နိုင်လတ်က ငွေတံဆိပ်ဆုကို လည်းကောင်း ထပ်မံဆွတ်ခူး ရရှိခဲ့ကြသည်။။ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Hanoi National Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ Hanoi Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် အလေးမအားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ညနေပိုင်းတွင် Bac Ninh Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် လက်ဝှေ့အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့်သည်။။ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခုတို့ ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် (၆၂)ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့် (၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/25569
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိ
ရန်ကုန် မေ ၁၉ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန် အတွက် မြန်မာအားကစားအဖွဲ့များအား ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။ မြန်မာအားကစား အဖွဲ့များ လေ့ကျင့်နေမှုကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး တို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မေ ၁၇ ရက် က ရန်ကုန်မြို့ရှိ အားကစားစခန်းများ သို့လိုက်လံကြည့်ရှုအားပေးစကား ပြောကြားသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် အင်းလျားလမ်းရှိ လှေလှော် အားကစား လေ့ကျင့်ရေးစခန်းသို့ လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သေနတ်ပစ် အားကစား လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် သေနတ်ပစ် အားကစားသမား များအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းက လေ့ကျင့်မှုအစီအစဉ် များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက် ၍ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့တော်စည်ပင် အားကစားဝင်းအတွင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်သို့ ရောက်ရှိပြီး အားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် စခန်းဝင်ရောက်မှု အခြေအနေများကို လည်းကောင်း၊ အောင်ဆန်းအားကစား ပြိုင်ဝင်း အတွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အစဉ်အလာ ကောင်းခဲ့သော အားကစားနည်းဖြစ်သည့် အားလျော်စွာ အစွမ်းကုန် လေ့ကျင့်သွား ရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။ အာကာလင်း ဓာတ်ပုံ - အာကာစိုး
https://www.moi.gov.mm/news/13570
2021-05-20
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင်သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၂၄။(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားကွင်း၌ ကျင်းပသည်။။အဆိုပါ ပြိုင်ပွဲသို့ တိုင်းဒေသကြီး အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်၍ အမျိုးသမီး (၂၅) မီတာအားကစား ပစ္စတိုပြိုင်ပွဲနှင့် အမျိုးသား မီတာ (၅၀) စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြသည်။။ဆက်လက်၍ ဆုပေးပွဲအခမ်းနား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်း က အမျိုးသား(၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ ရဲထွန်းနောင်၊  ဒုတိယဆုရ ကျော်စွာဝင်း ၊ တတိယဆုရ  ဟန်မင်းထက် တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေအကြံပေး ဒေါက်တာထွန်းထွန်းဝင်း  က အမျိုးသား (၁၀)မီတာလေရိုင်ဖယ်ပြိုင်ပွဲတွင် ပထမဆုရ ကောင်းမြတ်စံ  ရမှတ် ၊ ဒုတိယဆုရ မင်းဆက်ပိုင် ၊ တတိယဆုရ  အောင်မိုးနိုင် တို့ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က အမျိုးသား (၂၅)မီတာစံချိန်မီ ပစ္စတိုပြိုင်ပွဲတွင်  တတိယဆုရ  ဟန်မင်းထက်  နှင့် အမျိုးသား မီတာ (၅၀) စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲတွင် ပထမဆုရ လှိုင်ဝင်းစိုး  ၊ ဒုတိယဆုရ ရဲထွန်းနောင် နှင့် တတိယဆုရ  ကျော်စွာဝင်း တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က အမျိုးသမီး (၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး  ၊ ဒုတိယဆုရ ချစ်စိုးနွယ်နှင့် တတိယ ဆုရ သင်းသင်းဆွေ တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က အမျိုးသမီး (၁၀) မီတာလေရိုင်ဖယ် ပြိုင်ပွဲတွင် ပထမဆုရ ဧမြတ်ရတနာဦး၊ ဒုတိယဆုရ ဥမ္မာခိုင်၊ တတိယဆုရ ကေဇင်ဝါဝါကို တို့ကို လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က အမျိုးသမီး(၂၅)မီတာ အားကစားပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး ရမှတ်၊ ဒုတိယဆုရ သင်းသင်းဆွေ နှင့် တတိယဆုရ  နီနီဝင်း တို့ကိုလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/20304
2021-12-24
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ
ရန်ကုန် မေ ၁၀။ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။ ။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။။ယနေ့ထွက်ခွာသည့် မြန်မာအားကစားအဖွဲ့တွင် အားကစားအုပ်ချုပ်မှုအဖွဲ့ဝင် ၃၅ ဦး၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဘော်လီဘောအသင်းသား ၁၆ ဦး၊ မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းမှ အမျိုးသားခြောက်ဦး၊ အမျိုးသမီးခုနစ်ဦး၊ E-Sportsမှ အမျိုးသား အားကစားသမားတစ်ဦး၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးတို့ လိုက်ပါသွားကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/25112
2022-05-11
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
နေပြည်တော် ဇွန် ၃။ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုများ ဖြစ်ပါကြောင်း။။အလားတူ အားကစားသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကို စွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် စိတ်ဓာတ်၊ ခိုင်မာသည့် စိတ်ဓာတ်များကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဆိုသည်ကို၊ အားလုံးအသိပင်ဖြစ်ကြောင်း။။တစ်နည်းအားဖြင့် မိမိနိုင်ငံပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသအတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်း အားထုတ်နေကြသည်ကို တွေ့မြင်နေရကြောင်း။။(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲမသွားမီ နိုင်ငံတော်အလံအပ်နှင်းပွဲတွင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြရန်၊ မိမိနိုင်ငံအလံလွှင့်တင် ဂုဏ်ပြုရသည်အထိ ကြိုးစားကြရန် မှာကြားခဲ့ပါကြောင်း၊ အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့ကြောင်း။။အားကစားပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးရိုးသားသား ကြိုးစား ပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာ အလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများ အပါ အဝင် နိုင်ငံ့ ဂုဏ်ဆောင်အားကစား မောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း။။(၃၁) ကြိမ်တိုင် ပြုလုပ်ခဲ့သည့် SEA Game ပြိုင်ပွဲတိုင်းကို မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်ခဲ့ရာတွင် ပြီးခဲ့သည့် (၂၉)ကြိမ်မြောက်တွင် အားကစားနည်း ၂၉ နည်း၊ အားက စားသမား ၃၈၂ ဦး၊ ဆုတံဆိပ် ရွှေ ၇ ခုအပါအဝင် ဆုတံဆိပ် ၃၇ ခု၊ (၃၀)ကြိမ်မြောက်တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦး၊ ဆုတံဆိပ် ရွှေ ၄ ခုအပါ အဝင် ဆုတံဆိပ် ၇၃ ခု၊ ယခု (၃၁)ကြိမ်မြောက် ပြိုင်ပွဲတွင် အားကစားနည်း ၂၀ ၊ အား  ကစားသမား ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရွှေ ၉ ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းများအရ တိုးတက်အောင်မြင်မှု ရခဲ့သည် ကိုမငြင်းနိုင်ကြောင်း၊ သို့သော်လည်း ယခုယှဉ်ပြုင်သည့် အားကစားနည်းများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲ နောက်ဆုတ်ခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပတွင် လေ့ကျင့်ချိန်များစွာရခဲ့ကြောင်း၊ လေ့ကျင့်ခဲ့သည့်အချိန်တွင် ရခဲ့သည့် အကောင်းဆုံး စံချိန်များ ယခုရခဲ့သလား ဆိုသည်ကို ဆန်းစစ်ရန်လိုကြောင်း၊ မိမိအနေဖြင့် ရုပ်သံနှင့် You Tube က ကြည့်ခဲ့ရသည့် အချို့သော အားကစားပွဲများသည် နည်းစနစ်အရ၊ သက်လုံအရ၊  ကြံ့ခိုင်မှုအရ လိုအပ်ချက်ရှိနေသည်ကို တွေ့ရကြောင်း၊ အင်ပြည့်အားပြည့် ကစားရန် လိုနေသေးသည်ဟု သုံးသပ်ရကြောင်း၊ အားကစားပြိုင်ပွဲပြီးတိုင်း လေ့လာ သုံးသပ်ပြီး ပြုပြင်ကြသော်လည်း မည်သည့်အတွက်ကြောင့် တိုးတက်သင့်သလောက် မတိုးတက်သည်ကို ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ယခု(၃၁)ကြိမ်မြောက်ပြိုင်ပွတွင် မိမိတို့ထက် လူဦးရေနည်းပြီး နိုင်ငံငယ်သည့် နိုင်ငံများက ဆုတံဆိပ်ရရှိမှုတွင် မိမိတို့အထက်၌ ရှိနေသည်ကို တွေ့ရကြောင်း၊ ပြိုင်ပွဲဝင်သည့် လူဦးရေအရေအတွက်နှင့် အားကစားနည်း နည်းသည့်အတွက်ကြောင့် သို့မဟုတ် စံချိန် ၊ ကြံ့ခိုင်မှု၊ နည်းစနစ်စသည့် အချက်များ ကွာခြားခြင်းကြောင့်လားဟု မေးစရာရှိကြောင်း။။အားကစားနှင့် စီးပွားရေး(ငွေကြေး)၊ နိုင်ငံရေးရော၍မရကြောင်း၊ မိမိတို့နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းသည် အိုလံပစ်ပြိုင်ပွဲ အဆင့်ဆင့်သာဖြစ်ပါကြောင်း၊ SEA Game တွင်သာမဟုတ်ဘဲ အာရှအဆင့်အထိ သွားရမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့အဆင့်အထိ သွားရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အပြည့်အဝအားပေးရန်အသင့်ရှိကြောင်း၊ အဆင့်မီသည့် အားကစားသမားတိုင်းသည် နိုင်ငံကိုယ်စားပြုချင်သည့် စိတ်လည်းရှိရန်လိုကြောင်း၊ ယင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ ဖြစ်ကြောင်း။။ယခုပြိုင်ပွဲတွင်မိမိတို့နိုင်ငံအနေဖြင့် အားကစားသမားများ အရေအတွက် နည်းနည်းဖြင့် ပြိုင်ပွဲအမျိုးအစား တစ်ဝက်လောက်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြ သော်လည်း နိုင်ငံအလိုက်အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန် ရယူပေးခဲ့ကြသည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်များနှင့် အောင်မြင်မှုကို မှတ်တမ်းတင် ဂုဏ်ပြုကြရမည်ဖြစ်ကြောင်း။။ထို့ပြင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ မြန်မာအားကစား မောင်/မယ်များ အနေဖြင့် အားကစားစည်းမျဉ်း၊ စည်းကမ်းဥပဒေဘောင်များအတွင်းကနေ အားကစားစိတ်ဓာတ် အပြည့်ဖြင့် တရားနည်းလမ်းကျစွာယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း။။ယခုဂုဏ်ပြုပွဲတွင် ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေး ကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း ၁၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင် ငွေကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို မိမိတို့ အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀နှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိသည့် အုပ်ချုပ်မှု အဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုချီးမြှင့်ငွေများသည် အားကစားနှင့် သက်ဆိုင်သူများအတွက် သင့်တော်သည့် လူမှုဘဝတိုးတက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ အားကစားသမားများက နိုင်ငံ့ဂုဏ်ဆောင်ရန် အားသွန်ခွန်စိုက် ကြိုးစားသကဲ့သို့ နိုင်ငံတော်ပိုင်းကလည်း လိုအပ်သည့် ပံ့ပိုးမှုများ ရရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။။ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူ စေတနာရှင်များ၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ အားပေး ချီးမြှောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသကဲ့သို့ နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အားကစားသမားများအနေဖြင့် မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်း လိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များနှင့် ပေါင်းစပ်ပြီး ယခုထက်ပိုမို အောင်နိုင်ရေးအတွက် အလေးအနက်ထား ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။။အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့် တင်ပေးခဲ့ကြသည့် အားကစားသမားများနှင့် တာဝန်ရှိသူအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အားကစားမောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ မေ ၅ ရက် မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုအောင်မြင်မှု ရရှိရေး မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်း ပြင်ဆင်သွားကြရန် အလေးအနက် တိုက်တွန်း မှာကြားလိုကြောင်း။။လူငယ်လူရွယ်တိုင်း အားကစားကိုစိတ်ပါဝင်စားပြီး ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများ၊ အားကစားထူးချွန်သည့် မောင်မယ်များအဖြစ် သက်ဆိုင်ရာ ဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုသူများ အဆင့်ကနေ အရှေ့တောင်အာရှမှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးပမ်းပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်နိုင်မှုများ ယခုထက် ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ကြပါစေဟု တိုက်တွန်းပြောကြားသည်။။ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ။ထို့နောက် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ဗိုဗီနမ် အားကစားနည်းမှ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်း၊ မောင်ဇော်ဇော်၊ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုး အောင်၊ မခိုင်ဝါဖူး၊ မမေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ မခင်နှင်းဝေ၊ မဖြူဖြူသန်း၊ မယမုံဇင်၊ ဝူရှူး အားကစားနည်းမှ မောင်သိန်းသန်းဦး၊ Kurash အားကစားနည်းမှ မအေးအေးအောင်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းမှ မောင်ရဲထွန်းနောင်၊ ပီတန်း အားကစားနည်းမှ မခင်ချယ်ရီသက်၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းမှ ဦးပေါက်စ တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ငွေတံဆိပ်ဆု ရရှိခဲ့ကြသည့် လှေလှော်အားကစားနည်း ကူနူး/ကယက် လေးယောက် တွဲပြိုင်ပွဲမှ မောင်မြင့်ကိုကို၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင်၊ မောင်ထွန်းမင်းသန့်၊ မောင်အောင်မျိုးသူ၊ ဘိလိယက်နှင့် စနူကာ အားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲမှ မောင်ပေါက်စ၊ မောင်မင်းစည်သူထွန်း၊ သေနတ်ပစ် အားကစားနည်းနှစ်ယောက်တွဲ ပြိုင်ပွဲမှ မောင်ရဲထွန်းနောင်၊ မချစ်စိုးနွယ်၊ ဝူရှူး အားကစားနည်းမှ မစန္ဒီဦးနှင့် မစုလှိုင်ဝင်း တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jang Phange နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် တပ်မတော်အရာရှိကြီးများက ဗိုဗီနမ်အားကစားနည်း၊  ဝူရှူးအားကစား နည်း၊ ကာယဗလ အားကစားနည်း၊ Kurash အားကစားနည်း၊ ဘိလိယက်/စနူကာ အားကစား နည်း၊ ပိုက်ကျော်ခြင်း အားကစားနည်း၊ ပီတန်းအားကစားနည်း၊ ဂျူဒိုအားကစားနည်း၊ ပြေးခုန်ပစ်အားကစားနည်း၊ သေနတ်ပစ် အားကစားနည်း၊ ကူနူး/ကယက် အားကစား နည်း၊ တိုက်ကွမ်ဒို အားကစားနည်း၊ လက်ဝှေ့အားကစားနည်း၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း၊ မြားပစ်အားကစားနည်း၊ အလေးမအားကစားနည်းတို့တွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။။ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုရရှိသော ဗိုဗီနမ် အားကစားသမား မမေဟန်နီအောင်လွင် က ကျေးဇူးတင် ပြန်လည်စကားပြောကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။။နိုင်ငံတော်အနေဖြင့်လည်း ပြိုင်ပွဲဝင်အားကစားသမားများ၏ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လေ့ကျင့်နေစဉ် ကာလအတွင်း တာဝန်ရှိသူများက မကြာခဏ ကြည့်ရှုအားပေးခဲ့သကဲ့သို့ ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံအပ်နှင်းသည့် အခမ်းအနားတွင်လည်း အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ပြီး အားကစား သမားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ ထို့ပြင် ထပ်ဆောင်းချီးမြှင့်မှု အဖြစ် အားကစားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများ တွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူများကို အားကစား သမားတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ် ရရှိခဲ့ကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြ သူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းတို့ကိုလည်း ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/26029
2022-06-03
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်းမှ ရွှေတစ်ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတစ်ခု၊ ပီတန်းအားကစားနည်းမှ ကြေးတစ်ခုနှင့် ကနူးလှေလှော်အားကစားနည်းမှ ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ် မေ ၁၇။ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စက ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ဆုနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား မစ္စတာပီတာ ဂေးခရစ်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်စား ပေးအပ်ချီးမြှင့်သည်။။မြန်မာအားကစားသမား ပေါက်စသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲ - တစ်ပွဲဖြင့် ထိုင်းအားကစားသမားကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ။အလားတူ ယနေ့ပြိုင်ပွဲများအဖြစ် Hanoi National Sport Training Center ၌ ကျင်းပလျက်ရှိသော သေနတ်ပစ်အားကစားနည်း မီတာ (၅၀) Free Pistol ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ် အားကစားသမား မောင်ရဲထွန်းနောင်က ငွေတံဆိပ်ဆုကို လည်း ကောင်း၊ ပီတန်းအားကစားနည်း (Mixed Triple) သုံးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Hai Phong မြို့၌ ကနူးလှေလှော်ပြိုင်ပွဲတွင် မီတာ ၁၀၀၀ အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြရာ မြန်မာအားကစားသမား မသက်ဖြိုးနိုင်က ကြေးတံဆိပ်ဆုကို လည်းကောင်း မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပြီး မီတာ ၁၀၀၀ ကယက်လှေလှော် အားကစားနည်း (အမျိုးသား) တစ်ဦးချင်း ပြိုင်ပွဲတွင် မောင်အောင်မျိုးသူနှင့် (အမျိုးသား) လေးတက်လှော်ပြိုင်ပွဲတွင် မောင်ထွန်းမင်းသန့်၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင်နှင့် မောင်မြင့်ကိုကိုတို့က လည်းကောင်း၊ ကနူးလှေလှော် အားကစားနည်း မီတာ ၁၀၀၀ (အမျိုးသား) လေးတက်လှော် ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်စိုင်းမင်းဝေ၊ မောင်မင်းနိုင်၊ မောင်သန့်ဇင်ဦးတို့က ဗိုလ်လုပွဲများသို့ တက်ရောက်သွားခဲ့သည်။ ကနူး/ကယက်လှေလှော်ပြိုင်ပွဲကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်သည်။။ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မြားပစ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူးလှေလှော်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ E-Sports၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ ၁၈ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူး၊ E-sports၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ်၊ လက်ဝှေ့နှင့် ဘောလုံး (အမျိုးသမီး) အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။။(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် ၁၁ ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၂၂ ခုဖြင့် နိုင်ငံအလိုက် အဆင့် (၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/25394
2022-05-18
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ပီတန်းအသင်း လက်ရည်စမ်းပြိုင်ပွဲ ကျင်းပ
နေပြည်တော် မတ် ၂၇ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း အားကစားအသင်း ပထမအကြိမ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆုများချီးမြှင့်သည်။ပြိုင်ပွဲတွင် ပီတန်းအားကစားသမား (၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ အမျိုးအစားအဖြစ် Shooting အားကစားပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဝင်းသူရှိန်ထွန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က လည်းကောင်း၊ ဒုတိယဆုရရှိသော မခင်ချယ်ရီသက်အား အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ တတိယဆုရရှိသော မအေးအေးငြိမ်းအား အားကစားနှင့် ကာယပညာဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း ဆုများပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)
https://www.moi.gov.mm/news/12547
2021-03-27
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ် ဆက်လက်ထွက်ခွာ
ရန်ကုန် မေ ၁၆။ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်သည် ယနေ့နံနက် ၁၀ နာရီတွင်  မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကြရာ  အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ ။မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်တွင် ဂျူဒိုအားကစားနည်းမှ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၄)ဦး၊ ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၈)ဦး၊ အလေးမ အားကစားနည်းမှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦးတို့ ပါဝင်ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/25333
2022-05-16
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ ရွှေတံဆိပ်(၉)ဆု၊ ငွေတံဆိပ်(၁၈)ဆု၊ ကြေးတံဆိပ် (၃၅)ဆုတို့ဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု (၇)ရရှိ
ရန်ကုန် မေ ၂၄။ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြသည့် မြန်မာအားကစားသမားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။။မြန်မာအားကစားသမားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများနှင့် မိဘပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။။ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် Kurash အားကစားနည်း (+၈၇)ကီလိုမှ အေးအေးအောင်၊ ဘိလိယက် အားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စ၊ ဗိုဗီနမ် အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ လက်နက်မဲ့အပြပြိုင်ပွဲမှ ခိုင်ဝါဖူး၊ မေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း Double Women ပြိုင်ပွဲမှ ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ယမုံဇင်၊ ဗိုဗီနမ် အားကစားနည်း လေးယောက်တွဲ အပြပြိုင်ပွဲမှ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း၊ ဇော်ဇော်၊ ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲအပြပြိုင်ပွဲမှရာဇာထွန်း၊ အောင်ခိုင်လင်း၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊  ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် သေနတ်ပစ်အားကစားနည်း အမျိုသားမီတာ(၅၀) Pistol ပြိုင်ပွဲမှ ရဲထွန်းနောင်၊ မီတာ(၁၀) Air Pistol  Mixed Team မှ ရဲထွန်းနောင်၊ ချစ်စိုးနွယ်၊ လှေလှော် အားကစားနည်း အမျိုးသား လေးယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲမှ မြင့်ကိုကို၊ ထက်ဝေလွင်၊ စောမိုးအောင်၊ ထွန်းမင်းသန့်၊ အောင်မျိုးသူ၊ ဂျူဒိုအားကစားနည် (-57) Kg မှ ခြူးမြတ်နိုးဝေ၊ ဗိုဗီနမ် အားကစားနည်း တစ်ကိုယ်တော် လက်သိုင်းအပြ ပြိုင်ပွဲမှ ခိုင်ဝါဖူး၊ တစ်ကိုယ်တော် ဓါးရှည်အပြ ပြိုင်ပွဲမှ မေဟန်နီအောင်လွင်၊ တုတ်ရှည်အပြပြိုင်ပွဲမှ တင်ထူးဇော်၊ ဘိလိယက်အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲမှ ပေါက်စ၊ မင်းစည်သူထွန်း၊ လက်ဝှေ့ အားကစားနည်း (-57)Kg ပြိုင်ပွဲမှ နိုင်လတ်၊ ကြေးတံဆိပ်ဆုများရရှိခဲ့ကြသည့် လှေ​လှော် အားကစားနည်း အမျိုးသမီးကနူး တစ်ယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲ၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲ၊ အမျိုးသား ကယက်နှစ်ယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲ၊ အမျိုးသားကနူး လေးယောက်လှော် မီတာ(၅၀၀) ပြိုင်ပွဲ၊ အမျိုးသမီးကနူးတစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသမီး ကနူးလေးယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတို့မှ သက်ဖြိုးနိုင်၊ ဝင်းထိုက်၊ စိုင်းမင်းဝေ၊ သန့်ဇင်ဦး၊ မင်းနိုင်၊ အောင်ဖြိုးဟိန်း၊ ထက်ဝေလွင်၊ မြင့်ကိုကို၊ အောင်မျိုးသူ၊ မျိုးလှိုင်ဝင်း၊ စုဝေဖြိုး၊ မြင့်မြင့်စိုး၊ မိုးမမ၊ စုစုလွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတို့မှ ဝေလင်းအောင်၊ ကျော်ဇင်လတ်၊ အောင်မျိုးနိုင်၊ အောင်မျိုးဆွေ၊ ဇင်ကိုကို၊ အောင်ရဲဇော်၊ အောင်သူမင်း၊ ယမုံဇင်၊ ခင်နှင်းဝေ၊ နန်းစုမြတ်စံ၊ အေးအေးသန်း၊ ဖြူဖြူသန်း၊ နမ့်ယဉ်ယဉ်မြင့်၊ ဗိုဗီနမ်အားကစားနည်း (-65)Kg အတိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲအပြပြိုင်ပွဲ၊ (-55) Kg အတိုက်ပြိုင်ပွဲ၊ (60)Kg အတိုက်ပြိုင်ပွဲတို့မှ ဝေသူလွင်၊ ရာဇာထွန်း၊ တင်ထူးဇော်၊ ကျော်ကိုကို၊ ရွှေသက်ထား၊ လက်ဝှေ့အားကစားနည်း (-52)Kg ပြိုင်ပွဲမှ လင်းထွဋ်ပိုင်၊ (-48) Kg ပြိုင်ပွဲမှ အေးငြိမ်းထူး၊ ဂျူဒိုအားကစားနည်း (-52)Kg ပြိုင်ပွဲမှ အေးမာလာ၊ (-45)Kg ပြိုင်ပွဲမှ စဲလ်ဝှီး၊ အလေးမ အားကစား နည်း (59)Kg ပြိုင်ပွဲမှ နော်တဘိုးရာ၊ စနူကာ အားကစားနည်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှ အောင်ဖြိုးတို့နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာ ကြသည်။။နိုင်ငံတော်မှ(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ ကြသော အားကစားသမားများအား ရွှေတံဆိပ်တစ်ဆုလျှင် ငွေကျပ်သိန်း(၃၀၀)၊ ငွေတံဆိပ် တစ်ဆုလျှင် ငွေကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ်တစ်ဆုလျှင် ငွေကျပ်သိန်း(၁၀၀) နှုန်းဖြင့်လည်း ကောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့သော နည်းပြများအား သတ်မှတ် ဆုကြေးငွေများ ကိုလည်းကောင်း ဂုဏ်ပြုအခမ်းအနားဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ ကာလအတွင်းတွင်လည်း ထပ်ဆောင်းချီးမြှင့်ငွေအဖြစ် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ (၃၀၀၀)၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ(၂၀၀၀)၊ ကြေးတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ(၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိပါက အမေရိကန်ဒေါ်လာ (၇၅၀)နှုန်းဖြင့် လည်းကောင်း၊ ကြေးတံ ဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ (၅၀၀)နှုန်းဖြင့် လည်းကောင်း ချီးမြှင့်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/25632
2022-05-24
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မေ၇။ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။။အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။။ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က         (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ(၂၁)ရက်မှ ဒီဇင်ဘာ (၂)ရက်အထိ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး(၁၂)တွင် အားကစားနည်း(၄၀)ဖြင့် လက်ခံကျင်း ပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း(၁၈)နည်းသာ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပါကြောင်း၊ ယခုအချိန် ပြိုင်ပွဲဝင်ကာလ (၁၉၉)ရက်သာ ကျန်ရှိပြီး ကြိုတင် ပြင်ဆင်လေ့ကျင့်မှုကာလ နီးကပ်နေပြီဖြစ်ပါကြောင်း၊ အားကစားသမားများသည် နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်မည့်သူများ ဖြစ်သောကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဓိကထားပြီး မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အားကစားသမားအားလုံးကို စေတနာထား နားလည်စိတ်ဖြင့် မိမိသားသမီး များသဖွယ် ဆက်ဆံအားပေးရန်လိုအပ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်း လေ့ကျင့်မှု ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထိန်းသိမ်းတည့်မတ်ကာ အားကစားသမားများ၏ မမြင်နိုင်သော စိတ်စွမ်းရည်များကို ဖော်ထုတ်ပြီး အုပ်ချုပ်စီမံသွားမှသာ အောင်မြင်မှု ရရှိမည်ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအနေဖြင့် အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြများ ငှားရမ်းအသုံးပြုရာတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် နိုင်ငံခြား နည်းပြများ လာရောက်တာဝန် ထမ်းဆောင် ရာတွင် မြန်မာနည်းပြများအနေနှင့် သင်ကြားမှုပိုင်း နည်းပညာပိုင်းဆိုင်ရာများ မှတ်သားလေ့လာထားရှိပြီး ပညာဆည်းပူးကာ နောင်တစ်ချိန် ပြန်လည်အသုံးချရန် လိုအပ်ပါကြောင်း၊ ထိုမှသာ မြန်မာနည်းပြများ အရည်အချင်း တိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ။ထို့နောက် ယှဉ်ပြိုင်လေ့ကျင့်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး ဒုတိယ ညွှန်ကြားရေး ချုပ်(၃) ဦးကျော်ဦးတို့က  ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြသည်။။ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ်က အားကစားအဖွဲ့ချုပ်များ ပူးပေါင်း ဆောင်ရွက်မှု များ၊ အားကစားနည်းအလိုက် မျိူးဆက်သစ်လူငယ်များ ဆက်လက် လေ့ကျင့်ပျိူးထောင် ထားရှိရန် စီစဉ်ထားရှိမှုများ၊ Joint Training သွားရောက်ရန် လေ့ကျင့်ရေးကာလအတွင်း အထောက်အကူပစ္စည်းများ၊ ဝတ်စုံများ ပံ့ပိုးထားရှိမှုများ၊ လေ့ကျင့်ရေးကာလတိုးတက်မှု၊ စည်းကမ်းကောင်းမွန်မှုရှိစေရေး၊ တရုတ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ၊ လေ့ကျင့်ရေး အထောက်အကူပြုစည်းများ၊ ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ အရည်အသွေးမီ စံချိန်စံညွှန်း ကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေး ပူးပေါင်း ဆောင်ရွက်ကြရန်  မှာကြားသည်။။ဒုတိယဝန်ကြီးသည် ယနေ့နံနက်(၉)နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အလေးမ ပဏာမ အားကစားသမားများ ပြိုင်ပွဲအကြိုဆန်းစစ်ပြိုင်ပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။ ။ပြိုင်ပွဲကို ပဏာမရွေးချယ်ထားသော မြန်မာ့လက်ရွေးစင် အမျိုးသမီး အားကစားသမားများမှ စံချိန်ပြုတစ်ဦးချင်းပြိုင်ပွဲအဖြစ် အမြန်မ၊ အနှေးမ (၂)မျိုးပေါင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိကြသူများကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး၊ ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြား ရေးမှူးချုပ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိ သူများက ဆုများ ချီးမြှင့်ကြသည်။ ။ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယပိုင်းဖြင့် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသား အားကစား သမားများမှ အလေးမပြိုင်ပွဲကို အမြန်မ၊ အနှေးမ (၂)မျိုးပေါင်းဖြင့် စံချိန်ပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိသူများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/13177
2021-05-07
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ကြေး(၁)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ငွေ(၁)ခု၊ လက်ဝှေ့အားကစားနည်း မှ ကြေး(၂)ခု၊ ကနူး/ကယက်လှေလှော် အားကစားနည်းမှ ကြေး(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ် မေ ၂၀။ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပသည်။ ။ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ် အားကစားနည်းမှ Male Multiple Weapon practice: againts 03 other with weapon (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်းနှင့် မောင်ဇော်ဇော်တို့က မြန်မာနိုင်ငံအတွက် (၈)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး၊ Female Single Hand partice: Dragon Tiger form (တစ်ကိုယ်တော် လက်သိုင်း) အပြပွဲစဉ်၌ မခိုင်ဝါဖူးက ငွေတံဆိပ်ဆုကိုလည်းကောင်း၊ Female Single Weapon partice: Ying Yang sword form (တစ်ကိုယ်တော်ဓားရှည်)အပြပွဲစဉ်၌ မမေဟန်နီနွေအောင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (-65) ကီလိုတန်း(အတိုက်)ပြိုင်ပွဲတွင် မဝေသူလွင်မှ ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ English Billiards Double ပြိုင်ပွဲတွင် မောင်ပေါက်စနှင့် မောင်မင်းစည်သူထွန်းတို့က ငွေတံဆိပ်ဆုကို လည်းကောင်း၊ ကနူးလှေလှော် မီတာ (၅၀၀) (C4 W) ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်မင်းနိုင်၊ မောင်မျိုးလှိုင်ဝင်း၊ မောင်သန့်ဇင်ဦးတို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ လက်ဝှေ့ အားကစားနည်းမှ (-52) ကီလိုတန်းတွင် မောင်လင်းထွဋ်ပိုင်နှင့် (-48) ကီလိုတန်းတွင် မောင်အေးငြိမ်းထူးတို့က ကြေးတံဆိပ်(1)ခုစီကိုလည်းကောင်း၊ ဂျူဒိုအားကစား နည်းမှ (-52) ကီလိုတန်းတွင် မအေးမာလာက ကြေးတံဆိပ်(၁)ခုကိုလည်းကောင်း၊ အလေးမ အားကစားနည်းမှ (59) ကီလိုတန်းတွင် နော်တဘိုးရာက ကြေးတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူးရရှိကြသည်။။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် မြန်မာအားကစားအဖွဲ့မှ Grand Vista Hanoi Hotel ၌ နေထိုင်သည့် ဂျူဒိုအားကစားသမား များနှင့် Grand Phonelx Hotel ၌ နေထိုင်သည့် လက်ဝှေ့ အားကစားသမားများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အားကစားသမားများကို ပြိုင်ပွဲပြီး ဆုံးသည့်နောက်ဆုံးအချိန်အထိ မြန်မာတို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ် တို့ဖြင့် ကြိုးစားအားထုတ်မှုကို ပြသ၍ယှဉ်ပြိုင် သွားကြရန်၊ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် အောင်မြင်မှုရရှိသည်နှင့် အမျှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက စောင့်မျှော် အားပေးဂုဏ်ပြုကြမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်မှ ထပ်‌ဆောင်းချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ရွှေတံဆိပ်ဆု (၃)ထောင်၊ ငွေတံဆိပ်ဆု (၂)ထောင်၊ ကြေးတံဆိပ်ဆု (၁)ထောင်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားပြိုင်ပွဲမှ မြန်မာ အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှ င့် အဖွဲ့သည် ဟနွိုင်းမြို့ရှိ Ha Dong Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးသည်။။ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘိလိယက်၊ E-Sports၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့ အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (2၁.5.2022) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူး၊ ပိုက်ကျော်ခြင်း၊ Esports၊ အမျိုးသမီး(ဘောလုံး)၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ဆက်လက် ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။။(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၁၅)ခု နှင့် ကြေးတံဆိပ် (၂၆)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၄၉)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/25506
2022-05-20
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲ ကျင်းပ
နေပြည်တော် မတ် ၂၂။ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။။အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။။ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံပြီး  ကျန်းမာရေးသည်  အထူးအရေးကြီးကြောင်း၊  ကျန်းမာရေးကောင်းမွန်မှ မိမိတို့၏ အရည်အသွေး၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ သွားလာနေထိုင်စား သောက်မှုများကို  အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင်ထိခိုက် ဒဏ်ရာမရရှိစေရန်နှင့် လေ့ကျင့်မှုလွန်ကဲခြင်းများ မဖြစ်စေရန် နည်းပြများ၏ သင်ကြားပြသ လေ့ကျင့် ပေးမှုအတိုင်း စနစ်တကျ လိုက်နာလေ့ကျင့်သွားကြ ရန်လိုကြောင်း၊ နည်းပြများအ နေဖြင့်လည်း အားကစား သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမား ကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန်တိုက်တွန်း ပါကြောင်းပြောကြားသည်။။(လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်း အလိုက် အမျိုးသားပွဲစဉ်များအဖြစ် ၅၁/၅၄ ကီလို တန်း၊ ၅၇/၆၀ ကီလိုတန်း၊ ၆၃ ဒသမ ၅ ကီလိုတန်း၊ ၆၇/၈၀ ကီလိုတန်း ပွဲစဉ်လေးပွဲနှင့် အမျိုးသမီးပွဲစဉ် ၅၄/၅၇ ကီလိုတန်းတို့တွင် အားကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတစ်ဆင့် အားကစားသမားများ၏   စွမ်းရည်ပေါ်မူတည်၍လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက်နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/36874
2023-03-23
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ
ရန်ကုန် မေ ၁၄။(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။။ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Olympic Taekwondo Hall ၌ ယမန်နေ့က ကျင်းပသည့် အလေးမအားကစားနည်း အမျိုးသမီး(၄၅ ကီလို)ပြိုင်ပွဲတွင် (မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မဇင်မေဦးက ပထမ (ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ Perk Kampot
Kampot City
Kampot Province ၌ ကျင်းပသည့် ရိုးရာလှေလှော်အားကစားနည်း အသက်(၂၄)နှစ်အောက် အမျိုးသား ၅ တက်လှော်(၂၅၀ မီတာ) ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်ခန့်ဇော်အောင်၊ မောင်ပြည့်စုံအောင်၊ မောင်သက်ပိုင်ဖြိုး၊ မောင်စောနိုင်လင်းကျော်၊ မောင်တင်ကိုကို၊ မောင်အောင်ဖြိုးဟိန်းနှင့် မောင်မျိုးဆွေတို့အတွဲက ပထမ (ရွှေတံဆိပ်ဆု)နှင့် အသက် (၂၄)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ၁၂ တက်လှော် (၂၅၀ မီတာ)ပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်မြတ်မင်းထွန်း၊ မောင်မျိုးလှိုင်ဝင်း၊ မောင်မျိုးဆွေ၊ မောင်ပြည့်ဖြိုးသန့်၊ မောင်စောကောင်းကောင်းစံ၊ မောင်ဇော်ဇော်ထွန်း၊ မောင်အောင်ဖြိုးဟိန်း၊ မောင်ရှိုင်းဝေလင်း၊ မဖြူဖြူအောင်၊ မစိုးစန္ဒာ၊ မစုစုလွင်၊ မသီတာဦး၊ မဖြိုးဝေလွင်နှင့် မစိုးစိုးကျော်တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Basketball Hall NSTC ၌ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသား)နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် (အင်ဒိုနီးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်အောင်မျိုးဆွေ၊ မောင်သန့်ဇင်ဦး၊ မောင်အောင်မျိုးနိုင်၊ မောင်ဝေလင်းအောင်၊ မောင်ဇင်ကိုကို၊ မောင်ရှိန်းဝဏ္ဏဇော်၊ မောင်စစ်လင်းထွဋ်၊ မောင်သန်းဇော်ဦးနှင့် မောင်အောင်ဇော်တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း ရရှိခဲ့ကြသည်။။မေ ၁၃ ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ်ပိုက်ကျော်ခြင်း၊ E-sports၊ ကြက်တောင်၊ ဘိလိယက်၊ ရိုးရာလှေ၊ အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် ဘောလုံးအားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ထပ်မံရရှိခဲ့သည်။။မေ ၁၄ ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရိုးရာလှေ၊ E-Sports၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ ဘော်လီဘော၊ ဂျူဒို၊ ဘိလိယက်၊ အလေးမ၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ် (အားနစ်) အားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၇ခု၊ ငွေတံဆိပ် ၁၆ခုနှင့် ကြေးတံဆိပ် ၄၈ခု စုစုပေါင်း ဆုတံဆိပ် ၈၁ ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။။(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။ ။သတင်းစဉ်
(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့
နေပြည်တော် နိုဝင်ဘာ ၂၃။ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။။မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဦးချင်းအမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၆ ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
https://www.moi.gov.mm/news/64250
2024-11-23
(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၂၂။ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့ သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O Donnell ရှိ လက်နက်ငယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။။ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းအနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။။ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် Camp O’Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ်ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည်ခင်းဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့သည်။။ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။။ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/64251
2024-11-23
(၃၃) ကြိမ်မြောက် အာဆီယံ - အမေရိကန်ဆွေးနွေးပွဲ Video Conference ဖြင့် ကျင်းပ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် ပါဝင်တက်ရောက်ဆွေးနွေး
နေပြည်တော် ဩဂုတ် ၅။(၃၃)ကြိမ်မြောက် အာဆီယံ-အမေရိကန်ဆွေးနွေးပွဲကို ယနေ့နံနက် ၇ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် နေပြည်တော်မှ ပါဝင် တက်ရောက်သည်။။အစည်းအဝေးကို အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Thongphane Savanphet နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. David R. Stilwell တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းမှ ဒုတိယအတွင်း ရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ကြသည်။။အစည်းအဝေးတွင် အဆင့်မြင့် အရာရှိကြီးများက အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကိုဗစ်- ၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး တုံ့ပြန်ဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။။အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် က ဒေသတွင်း၌ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာကျသည့် တည်ငြိမ်မှုကို ပိုမိုတိုးမြှင့်ရန်အတွက် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထား အမြင်တွင် ဖော်ပြပါရှိသည့် အာဆီယံ၏ အချက်အချာကျမှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှုနှင့် သဟဇာတ ဖြစ်မှုတို့သည် အဓိက ကျသည့်အချက်များ ဖြစ်ကြောင်း၊ အာဆီယံ-အမေရိကန် ပင်လယ် ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ပင်လယ်ရေကြောင်း ကူးလူးဆက်သွယ်ရေး၊ ပင်လယ်ပြင်ရှိ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားရေး၊ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့် ရှောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် အရေးကြီး ကြောင်း ထည့်သွင်းဆွေးနွေးသည်။။အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြ ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/3479
2020-08-06
(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း
နေပြည်တော် အောက်တိုဘာ ၂၃။၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ ဆောင်ရွက်ကြသည်။။ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအမျိုးသား/အမျိုးသမီး ၅၆ ဦးကို ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ။ထိုသို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/31576
2022-10-24
(၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ လှူဒါန်း
ရန်ကုန် အောက်တိုဘာ ၁၀။မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ စတင်ပေးအပ်လှူဒါန်းကြရာ ဒေါပုံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၈၃၀၀၀၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၅၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူးများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။။အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/45695
2023-10-11
(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခုထပ်မံဆွတ်ခူးရရှိ
နေပြည်တော် စက်တင်ဘာ ၇။ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိသည်။။မြန်မာအမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။။အဆိုပါပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ ဗီယက်နမ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကိုရီးယားအသင်းတို့က ပူးတွဲတတိယကြေးတံဆိပ်ရရှိခဲ့သည်။။ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ်သူ ခြောက်ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများအဖြစ် (Team
Quadrant
Mixregu
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ
နေပြည်တော်၊  သြဂုတ် ၂၄။(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်သည်။ ။အဆိုပါ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ASEAN Plan of Action for Energy Cooperation (APAEC)) တွင် ပါဝင်သည့်ကဏ္ဍခွဲ (၇) ခုဖြစ်သည့်  ASEAN Power Grid (APG)၊ Trans-ASEAN Gas Pipeline (TAGP)၊ Coal and Clean Coal Technology၊ Renewable Energy (RE)၊ Energy Efficiency and Conservation (EE&C)၊ Regional Energy Policy and Planning နှင့် Civilian Nuclear Energy တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်ဖြစ်သည့် APAEC Phase II (2021-2025)  ကို အတည်ပြုမည်ဖြစ်သည်။။အခြားဆက်စပ် အစည်းအ​​​​ဝေးများကို အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ အရှေ့အာရှနိုင်ငံများ၊ ASEAN+3 နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား၊ International Organizations &  Dialogue Partners များဖြစ်သည့် International Energy Agency (IEA)၊ International Renewable Energy Agency (IRENA) ၊  ဂျပန်နိုင်ငံ Ministry of Economy
Trade and Industry (METI) တို့နှင့် ကျင်းပခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ၏ စွမ်းအင်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အား ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည်။ ။အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ ASEAN+3 နိုင်ငံများမှ စွမ်းအင်ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်အနေဖြင့် စွမ်းအင်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များဖြစ်သော ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အစည်းအဝေး အစီအစဉ်အလိုက် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ ။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/4614
(၃၉) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၂၂ (၃၉) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေး (39th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တက်ရောက် သည်။အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူသည့် ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးအကောင်အထည်ဖော်‌ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ၊ အာဆီယံ ဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုအခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လမ်းပြမြေပုံကာလလယ် သုံးသပ်ချက် ဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၅ ခုနှစ် အလွန် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်၊ စတုတ္တ စက်မှုအသွင် ကူးပြောင်းရေး မူဘောင်အကောင်ထည်ဖော်ရန် ကိစ္စရပ်များ၊ အာဆီယံ အနေဖြင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့မည့် အစီအစဉ်၊ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ လုပ်ငန်း လမ်းညွှန်နှင့် ၂၀၂၁ နှစ် မတ် ၂ ရက်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြံပြုချက်များကို ဆွေးနွေးကြသည်။ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယခုအစည်းအဝေး ကျင်းပပေးသည့် အတွက် ဘရုနိုင်းနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ၊ ဘင်းစတက်နှင့် မဲခေါင်အဖွဲ့အစည်းများစသည့် ဒေသတွင်းနှင့် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာပါဝင်လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် နှစ်နိုင်ငံနှင့် နိုင်ငံစုံစာချုပ်များ ကိုလည်း ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။အစည်းအဝေးတွင် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Mr. Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။ (သတင်းစဉ်)
https://www.moi.gov.mm/news/11765
2021-08-04
(၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး
နေပြည်တော်  အောက်တိုဘာ ၁၈ ။မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (39th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) နှင့် (Technical Workshop) များသို့ တက်ရောက်ခဲ့သည်။။တက်ရောက်။အောက်တိုဘာ ၁၆ ရက်က (၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးကြီးကြပ်မှုအေဂျင်စီမှ Chief Executive of Capital Market Supervisor Mr. Inarno Djajadi ကလည်းကောင်း၊ ပူးတွဲ သဘာပတိအဖြစ် လာအိုနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အထွေထွေအတွင်းရေးမှူး Mrs. Sengsourivong Fongchinda က လည်းကောင်း ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် ကြီးကြပ်ရေးကော်မရှင် အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် International Sustainability Standards Board (ISSB) မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ။ယင်းအစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွက် အာဆီယံစုပေါင်းရင်းနှီးမြှုပ်နှံမှုအစီအစဉ် (ASEAN Collective Investment Schemes - CIS နှင့် လုပ်ငန်းဆောင်ရွက်သူများနှင့် နိုင်ငံတကာရန်ပုံငွေ (Operators and Foreign sustainable and responsible funds - SRF) ဆိုင်ရာ လက်စွဲစာအုပ်နှင့် စပ်လျဉ်းသည့် နောက်ဆုံးအဆင့်ပြင်ဆင်မှုများ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် စွမ်းဆောင်ရည်  မြှင့်တင်ရေးအစီအစဉ်များ၊ Transition Finance Guidelines ထုတ်ပြန်မည့်ကိစ္စနှင့် Climate works Center (CWC) မှ ASEAN Voluntary Carbon Market Study နှင့်စပ်လျဉ်းသည့် အကြံပြုချက်များ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ်လမ်းပြမြေပုံအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအ‌နေများ၊ ASEAN Corporate Governance Scorecard ပြင်ဆင်မှုကိစ္စများ၊ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ စည်းမျဉ်းထိန်းကျောင်းရေး ဆောင်ရွက်ချက်များ၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစံသတ်မှတ်သည့်အဖွဲ့မှ ထုတ်ပြန်သည့် ရေရှည်တည်တံ့ခိုင်မာသော လုပ်ငန်းများ၏ ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများအပေါ် လက်ခံကျင့်သုံးနိုင်ရေး ဆောင်ရွက်သင့်သည့်အချက်များ၊ ACMF နှင့် IFRS Foundation အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေရရှိရေးအတွက် ထုတ်ဝေသည့် ငွေချေးစာချုပ်ကို ရင်းနှီးမြှုပ်နှံသူသတ်မှတ်ချက် Private Placement ဖြင့် ထုတ်ဝေခြင်းဆိုင်ရာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။။ ထို့နောက် ACMF နှင့် IFRS အကြား ပံ့ပိုးကူညီမှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ရန်၊ ACMF နှင့် IFRS အကြား သဘောတူ လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။           ။အောက်တိုဘာ ၁၇ ရက်က အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်  ဖွံ့ဖြိုးမှုတိုးမြှင့်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ  နှီးနှောဖလှယ်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးအေဂျင်စီမှ ကော်မရှင် ဥက္ကဋ္ဌ Mr. Mahendra Siregar နှင့် Chief Executive of Capital Market Supervisor Mr. Inarno Djajadi နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန၏ ဘဏ္ဍာရေးအကြီးတန်း ညွှန်ကြားရေးမှူး(Senior Director Finance) Ms. Christine Engstrom တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ။အဆိုပါနှီးနှောဖလှယ်ပွဲတွင် ASEAN Taxonomy Version 2 ဆိုင်ရာ ကိစ္စရပ်များ၊ ကာဗွန်စျေးကွက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ကာဗွန်နည်းသော စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကာဗွန် လျှော့ချမှုနှင့်စပ်လျဉ်းသည့်  ထုတ်ဖော်မှုဆိုင်ရာ အခြေခံမူများ၏ အရေးပါမှုများ၊ ASEAN Transition Finance Guidelines ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လေ့လာမှု၏ရလဒ်များ၊ IFRS Sustainability Disclosure Standards ဆိုင်ရာ အသိပညာများ မြှင့်တင်ရန်နှင့် ISSB စံချိန်စံညွှန်းများ၊ I SSB စံနှုန်းများကို အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အလားအလာများ၊ ASEAN Corporate Governance Scorecard (ACGS) ဆိုင်ရာ ကိစ္စရပ်များကို စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။။ရှင်းလင်းဆွေးနွေး။ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်ဥက္ကဋ္ဌများပါဝင်သော စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။။အောက်တိုဘာ ၁၈ ရက်​တွင် နိုင်ငံတကာဘဏ္ဍာ ရေးအစီရင်ခံခြင်းဆိုင်ရာစံများ  စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရန်ကုန်စတော့အိတ်ချိန်းနှင့် စာရင်းဝင်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။ ။ယခုဖိုရမ်တွင် ညှိနှိုင်းဆွေးနွေးမှုရလဒ်များကို အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်းနှင့် အာဆီယံ အရင်းအနှီးဈေးကွက်များဖိုရမ်သည် ဒေသတွင်းအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် စည်းမျဉ်းစည်းကမ်း  ထိန်းကျောင်းသူများ (Regulators)၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/46102
2023-10-19
(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား အနာဂတ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ ဆွေးနွေး
နေပြည်တော် ဇွန် ၁၄။ ။(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (39th Senior Officials Meeting en Energy (SOME) and Associated Meetings) ကို ယနေ့တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကြီးမှူးကျင်းပလျက် ရှိရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) (gdy လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။။စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်ဖြိုးခြံ ချွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy CooperationAPAEC Phasell (2021-2025)) အ ကောင်အထည် ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်| ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင် သော ကျောက်မီးသွေးသုံးစွဲရေးနည်းပညာဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံ လျှပ်စစ်စွမ်းအားဆိုင်ရာ ကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ဖြိုးခြံချွေတာရေး ကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယား စွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒချမှတ် သူများအဖွဲ့အစည်းကွန်ရက်နှင့် အာဆီယံစွမ်းအင် ဗဟိုဌာနအဆင့်မြှင့်တင်ရေးကဏ္ဍများနှင့် ပတ်သက် ၍ ရှေ့ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။။ ။ဆွေးနွေးအတည်ပြု အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိကြီး များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အာဆီယံ +၃ နိုင်ငံနှင့် အာဆီယံ နှင့် အရှေ့အာရှနိုင်ငံများအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုကြမည် ဖြစ်ကာ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကိုဇွန်၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။။ ။သတင်းစဉ်
https://www.moi.gov.mm/news/14245
2021-06-15
(၄/ ၂၀၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းသစ်(၁၃)ခုကိုခွင့်ပြု
နေပြည်တော် အောက်တိုဘာ ၂၁  ။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။။အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်အိမ်ရာအဆောက်အဦကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁၃)ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၉၈ ဒသမ ၀၁၇) သန်းနှင့်ငွေကျပ်(၁၆၇
၃၆၆ ဒသမ ၃၉၉)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း(၅
၆၈၅)ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့ သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။။၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။ ။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ။(သတင်းစဉ်)
(၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံတက်ရောက်ရေး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၆။၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ (41st AIPA General Assembly) သို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။ ။အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အာဆီယံပါလီမန်များ အထွေထွေညီလာခံတွင် ဆွေးနွေးကြမည့် အဆိုမူကြမ်းများအနေဖြင့် AIPA Secretariat ထံမှ နိုင်ငံရေးရာ ကော်မတီအတွက် အဆိုမူကြမ်း (၁) ခု၊ AIPA အုပ်ချုပ်မှုကော်မတီအတွက် အဆိုမူကြမ်း (၁၅) ခုနှင့် ကျန်ကော်မတီများ အတွက် အဆိုမူကြမ်းခေါင်းစဉ်များကို ရရှိထားပါကြောင်း၊ ယင်းအဆိုမူကြမ်းများအပေါ် မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က သဘောထားရပ်တည်ချက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီဝင်များက အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ။ဆက်လက်၍ AIPA National Secretariat မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဘုန်းကြည်အောင်က ရရှိထားသည့် အဆိုမူကြမ်းများအတွက် လိုအပ်သည့် သတင်းအချက် အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ရယူဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည်။ ထို့နောက် AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ နိုင်ငံရေးရာ ကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်၊  စီးပွားရေးရာကော်မတီ အဖွဲ့ခေါင်းဆောင် ဦးနိုင်ထူးအောင် ၊ အဖွဲ့ဝင် ဦးဘိုဘိုဦးနှင့် ဒေါ်ရွှေရွှေစိန်လတ်၊ လူမှုရေးရာကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ စံရွှေဝင်း၊ အမျိုးသမီးရေးရာ အဖွဲ့ခေါင်းဆောင် နော်လှလှစိုး၊ လူငယ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဒေါ်ဝင့်ဝါထွန်း၊ AIPA အုပ်ချုပ်မှုကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် တို့က အဆိုမူကြမ်း များအပေါ် မည်သို့ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။။ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လိုအပ်သည့် သတင်း အချက်အလက်များကို အချိန်မီရယူဆောင်ရွက်နိုင်ရန်နှင့် ညီလာခံမစတင်မီ  ကြိုတင်ပြင်ဆင်ရန် ကိစ္စများ အားလုံးအသင့်ဖြစ်ရေးကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။ ။(သတင်းစဉ်)
https://www.moi.gov.mm/news/3536
2020-08-06
(၄၁) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဦးဆောင်တက်ရောက်
နေပြည်တော်  အောက်တိုဘာ ၂၁။ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (41st ASEANAPOL Conference) သို့ တက်ရောက်ခဲ့ပါသည်။။အဆိုပါ (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ရုရှား၊ နယူးဇီလန်၊ တူကီယဲ၊ ဗြိတိန်၊ ဩစတြေးလျနှင့် အာဆီယံ အတွင်းရေးမှူးရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူနိုင်ငံ/အဖွဲ့အစည်းများ ဖြစ်ကြသော ကနေဒါ၊ ပြင်သစ်၊ ဖီဂျီ၊ တီမောလက်စတေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (IACP)၊ အမေရိကန် စုံစမ်းစစ်ဆေးရေးဗဟိုဌာန (FBI) တို့မှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါသည်။။ညီလာခံအစီအစဉ်အနေဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် (၁၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် (၄၁)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ်စုံ ညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဆွေးနွေးမှုဖိုရမ်၊ အာဆီယံရဲ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ ဆွေးနွေးမှု ဖိုရမ်နှင့် မှုခင်းအမျိုးအစားအလိုက်ဆွေးနွေးသည့်ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကို လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကော်မရှင် A ၊ B ၊ C ဒုတိယနေ့ အစည်းအဝေး များကိုလည်းကောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် (၄၁)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပိတ်ပွဲ အခမ်းအနားတို့ကို လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။။အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေးမှုခင်းများနှင့် ဘဏ်ငွေကြေးလိမ်လည်မှုများ၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းများအတုပြုလုပ်မှု၊ နိုင်ငံ ဖြတ်ကျော်လိမ်လည်မှု၊ အာဆီယံရဲအဖွဲ့၏ အီလက်ထရောနစ် Database စနစ်၊ ပြစ်မှုဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ အာဆီယံရဲအဖွဲ့၏မှုခင်းဆေးပညာ သိပ္ပံကွန်ရက် စသည့်မှုခင်း အမျိုးအစားများနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။။အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတို့က လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Sonexay Siphandone ထံ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ဒုတိယအကြိမ်စုံညီအစည်း အဝေးနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။။အဆိုပါ အခမ်းအနားတွင် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ် Kamkim Phouilamanyvong က (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ထံ အာဆီယံရဲအဖွဲ့အထိမ်းအမှတ်တံဆိပ်ကို လွှဲပြောင်းပေးရာ မြန်မာနိုင်ငံကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် က ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ရှုခင်းဗီဒီယိုကို အကြိုမိတ်ဆက်ပြသခဲ့ပါသည်။။ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ယင်းနေ့ဒေသ စံတော်ချိန် ည ၈ နာရီ ၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
https://www.moi.gov.mm/news/46237
2023-10-21
(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၁။(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ကျင်းပသည်။။အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန ဝန်ကြီး Veng Sakhon က သဘာပတိအဖြစ် ဆောင်ရွက်သည်။။အစည်းအဝေးသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ကြ၍ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တ ရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး တို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်နိုင်မှုတို့အပေါ် အာဆီယံ နိုင်ငံများက တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများ ကို ဆွေးနွေးခဲ့ကြသည်။။အစည်းအဝေး၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ မူဝါဒမူဘောင်အရ ဆောင်ရွက်ခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ အဆိုပြုချက်များကို ၂၀၂၀ပြည့်နှစ်၊ ဧပြီ (၁၅)ရက်တွင် သဘောတူထုတ်ပြန်ခဲ့ခြင်း၊ အာဆီယံစားနပ်ရိက္ခာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မျှော်မှန်းချက်နှင့် နည်းဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၀) အား ကာလတို ပြန်လည် သုံးသပ်ခြင်း၊ အပင်ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အကောင်အထည်ဖော်မှု အတွက် အာဆီယံဒေသဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြု ခြင်း၊ အသားကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြု ခြင်း၊ သီးနှံကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ ငါးကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ Fall Army Worm ဖျက်ပိုးအား ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) ကို အတည်ပြုခြင်း၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ရေရှည်တည်တံ့စေရေး အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်အား အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။။ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်မည့် Key deliverables များအနက် အသား ကဏ္ဍတွင် ဇီဝသတင်း အချက်အလက်၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုန်သွယ်မှုအစီအစဉ်များ၊ ဇီဝလုံခြုံမှုဆိုင်ရာ အစီအမံများနှင့် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာ ဒေသဆိုင်ရာရည်ညွှန်းဗဟိုဌာန တည်ထောင်ခြင်း၊ သီးနှံကဏ္ဍအတွက်  သီးနှံများ တင်သွင်းရာတွင် အာဆီယံအပင် ရောဂါပိုးမွှား ကင်းစင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ငါးကဏ္ဍအတွက် ရေချိုငါးမွေးမြူရေးတွင် AMR Anti-microbial Resistance နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အာဆီယံ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာမူဝါဒနှင့် နည်းဥပဒေ မူဘောင်အတွက် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင် ရေးတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။။အလားတူ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုတွင် ဩစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ရုရှားတို့နှင့် လည်းကောင်း၊ FAO
OIE
Grow Asia တို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။။အစည်းအဝေးတွင် (၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပြီး ၊ (၄၃) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သံအမတ်ကြီး ဦးအောင်ကိုနှင့် မြန်မာစွမ်းအင်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၇ ။(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (42nd ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လာအိုပြည်သူ့ဒီမိုကရက် တစ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပလျက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ် နိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။။အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာမှ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) ၏ပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ။အစည်းအဝေးများတွင် ဒေသတွင်းနိုင်ငံများအကြား ရေအောက်လျှပ်စစ်ဓာတ်အားလိုင်းများအပါအဝင် လျှပ်စစ်ဓာတ်အားကွန်ရက် စနစ်အဆင့်မြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်နှင့် LNG Terminal များ တိုးမြှင့် တည်ဆောက်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေးသုံးစွဲမှု နည်းပညာများအသုံးပြုရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ ပိုမိုတိုးမြှင့်သုံးစွဲရေး၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာနည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်း များအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Joint Ministerial Statement (JMS) of 42nd AMEM နှင့် Joint Ministerial Statement of 21st AMEM+3 တို့ကို ထုတ်ပြန်ကြေညာ ခဲ့သည်။။(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် (၂၁) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် ၃ နိုင်ငံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှနိုင်ငံများ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီတို့ အစည်းအဝေးများကိုလည်းကျင်းပခဲ့ပြီး ဒေသတွင်းစွမ်အင်မျှဝေသုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသော စွမ်းအင်အသုံးပြုရေးတို့နှင့်စပ်လျဉ်းသော အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။။အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်အတူ (၂၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ စီးပွားရေးဖိုရမ် (24th ASEAN Energy Business Forum – 24th AEBF) နှင့် အာဆီယံစွမ်းအင် ဆိုင်ရာ ဆုတံဆိပ်ချီးမြှင့်ပွဲတို့ကိုလည်း တစ်ပေါင်းတည်းကျင်းပပြုလုပ်ခဲ့ပြီး 8th ASEAN ENERGY OUTLOOK ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/62312
2024-09-28
(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်ဖွင့်လှစ်
နေပြည်တော် အောက်တိုဘာ ၂၂ ။မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တက်ရောက်ဖွင့်လှစ်ပေးသည်။။(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော် အပြည်ပြည်ဆိုင်ရာအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi । အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ။ညီလာခံဖွင့်ပွဲမတိုင်မီ အထူးဧည့်သည်တော် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဂုဏ်ထူးဆောင်ဧည့်သည်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁)ရှိ အခန်းအမှတ် (၂၀၀၄) ၌ ဂါရဝပြု တွေ့ဆုံကြသည်။။ညီလာခံဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီ ၂၀ မိနစ်မှ ၉ နာရီ ၃၅ မိနစ်အထိ ကျင်းပ ရာ အလံကိုင်အဖွဲ့ ဝင်ရောက်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံတော်သီချင်းနှင့် အာဆီယံရဲအဖွဲ့သီချင်းများ တီးမှုတ်ဂုဏ်ပြုခြင်း၊ တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအတွက် ဆုတောင်းစကားပြောကြားခြင်းနှင့် အမှတ်ရသောအားဖြင့် ၁ မိနစ် ငြိမ်သက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ် အစီအစဉ်ဖွင့်လှစ်ပေးခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်သည့်နေ့အထိမ်းအမှတ်အဖြစ် ၁၉၈၁ ခုနှစ်မှ ယနေ့အထိ အာဆီယံရဲအဖွဲ့၏ ဆောင်ရွက်ချက်များကို ဗီဒီယိုပြသခြင်း၊ အထူးဧည့်သည်တော်က အမှာစကားပြောကြားခြင်း၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်က ညီလာခံ အဖွင့်မိန့်ခွန်းပြောကြား၍ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တရားဝင်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။။ထို့နောက် ညီလာခံပထမနေ့အဖြစ်ယနေ့တွင် ပထမအကြိမ် စုံညီအစည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမှုဖိုရမ်၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များနှင့်ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများအကြား ဆွေးနွေးမှုဖိုရမ်တို့ကိုပြုလုပ်၍ ကော်မရှင်(အေ)၊ ကော်မရှင်(ဘီ)နှင့် ကော်မရှင်(စီ) အစည်းအဝေးများကို တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သည်။။ကော်မရှင်(အေ)နှင့် ကော်မရှင်(ဘီ) အစည်းအဝေးများတွင် နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များဖြစ်သော မူးယစ်ဆေးဝါး မှောင်ခိုမှု (Illicit Drug Trafficking)၊ အကြမ်းဖက်မှု (Terrorism)၊ လက်နက်မှောင်ခိုမှု (Arms Smuggling)၊ လူကုန်ကူးမှု (Trafficking in Person)၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာပြစ်မှု (Wildlife Crime)၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု (Maritime Fraud)၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိမ်လည်မှု (Commercial Crimes Bank Offences and Credit Card Fraud)၊ ဆိုက်ဘာရာဇဝတ်မှု (Cybercrime)၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု (Fraudulent Travel Document) နှင့် နိုင်ငံဖြတ်ကျော်လိမ်လည်မှု (Transnational Fraud)တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကော်မရှင်(စီ) အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား အီလက်ထရောနစ် Databaseစနစ် (e-ADS) အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များအကြား အပြန်အလှန်လေ့ကျင့်သင်တန်းပေးရေးနှင့် အာဆီယံရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်တည်ထောင်ရေးစသည့် အကြောင်းအရာ ၄ ရပ်ကို ဆွေးနွေးကြမည်ဖြစ်ပြီး ကောင်မရှင်များအလိုက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို စုစည်း၍ ပူးတွဲကြေညာချက်(မူကြမ်း)ပြုစုကြမည်ဖြစ်ကြောင်း သိရှိရသည်။။ထို့နောက် ဧည့်သည်တော်များ၏ ဇနီးသည်များသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ခြင်းနှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ကြသည်။။မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ၂ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်တွင် အကြိမ်(၂၀)မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ် (ယခု ရန်ကုန်ရှန်ဂရီလာဟိုတယ်) ၌ ပထမဆုံးအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ဒုတိယအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်းသိရသည်။။မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ နိုင်ငံဖြတ်ကျော်မှုခင်း များတိုက်ဖျက်ဖို့ ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာအားကောင်းရေးဆောင်ရွက်စို့ (Strengthening Regional and Global Partnerships to Combat Transnational Crime) ဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ်အစီအစဉ်သည် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် အာဆီယံရဲအဖွဲ့ စတင်ထူထောင်ခဲ့ပြီးနောက် ၄၃ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် လက်ခံကျင်းပပေးနိုင်ခဲ့သည့် ညီလာခံအစီအစဉ်တစ်ရပ်ဖြစ်ကြောင်းသိရှိရသည်။ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://www.moi.gov.mm/news/63189
2024-10-22
(၄၃) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်
နေပြည်တော် မတ် ၆။(၄၃) ကြိမ်မြောက် အာဆီယံစီးပွား ရေးပေါင်းစည်းမှုဆိုင်ရာအဆင့် မြင့်လုပ်ငန်းအဖွဲ့ (43rd Meeting of the High-level Task Force on ASEAN Economic Integrat-ion - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘေလီတန်ကျွန်း၌ မတ် ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ ။အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲမှု တွင် အာဆီယံစီးပွားရေးအသိုက် အဝန်းအနေဖြင့်ထည့်သွင်းလိုသည့် ကိစ္စရပ်များနှင့် အင်ဒိုနီးရှား နိုင်ငံအာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလ ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကို မှတ်တမ်းတင်ကြပြီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေးအတွက် ပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှု၊ ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံး ပြုမှုမြှင့်တင်ရေးနှင့် အာဆီယံ အဏ္ဏဝါစီးပွားရေး မူဘောင်ရေးဆွဲ မှုများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။။အစည်းအဝေးကာလအတွင်း ကောင်းမွန်သောလုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပြီး စတုတ္ထစက်မှုအသွင်ကူးပြောင်းမှုဆိုင်ရာ အာဆီယံမဟာဗျူဟာကို အကောင်အထည်ဖော်မှု၊ အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ ဘမ်ဒါဆီရီဘီဂါဝမ်လမ်းပြမြေပုံ အကောင်အထည်ဖော်မှုနှင့် အာဆီယံဘက်စုံ ပြန်လည် ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှု၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အောက် ၌ အာဆီယံတီထွင် ဆန်းသစ်သော စီးပွားရေးဆိုင်ရာလုပ်ငန်း အဖွဲ့တည်ထောင်ခြင်းနှင့်စပ်လျဉ်းသည့် အဆိုပြုချက်တို့အပေါ်မှတ်တမ်းတင်ကြကာ မတ်လတွင်ကျင်းပမည့်အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အကြံပြုချက်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ။အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်တွင် အဖွဲ့ဝင်နိုင်ငံများအကြား လူမှု-စီးပွား ဖွံ့ဖြိုးမှု ကွာဟချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးမှုသည်ဒေသတွင်း စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးမြှင့်ထုတ်လုပ်မှု ကွင်းဆက်များတွင် ချိတ်ဆက်ပါဝင်ရန် အလွန်အရေးပါကြောင်း၊ အဆိုပါ နည်းပညာဖွံ့ဖြိုးမှုနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပျံ့နှံ့စွာ အသုံးပြုနိုင်မှုသည် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ဒစ်ဂျစ်တယ်အဆောက်အအုံနှင့် နည်းပညာကွာခြားချက်ရှိသည်ကို အသိအမှတ်ပြု၍ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် လူသားအရင်းမြစ် ပြုစုပျိုးထောင်ရေးသည် များစွာအရေးကြီးကြောင်း၊ နည်းပညာ အသုံးချနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်း တိုးတက်ရန် များစွာအရေးပါသော်လည်း အရင်းအနှီးသုံးနိုင်သည့် နည်းပညာများသည် ဒေသတွင်းအလုပ် လက်မဲ့ကို ပိုမိုများပြားလာစေ နိုင်ကြောင်း၊ ဘက်ညီမျှစွာ ဆောင်ရွက်မှုနှင့်အတူ တီထွင် ဆန်းသစ်မှုနှင့်အလုပ်အကိုင်ဖန်တီးမှုများ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အောက်၌အာဆီယံ တီထွင်ဆန်းသစ်သော စီးပွားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းနှင့် စပ်လျဉ်း သည့် အဆိုပြုချက်ကို ကြိုဆိုပါ ကြောင်း။။ဒေသတွင်းလျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုအတွက် အာဆီယံလျှပ်စစ်မော်တော်ယာဉ် ဆိုင်ရာစီးပွားရေးစနစ် ပူးပေါင်းဆောင်ရွက်မှု ကြေညာချက် ထုတ်ပြန်ရန် ဆောင်ရွက်နေခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စွမ်းအင်အသွင် ကူးပြောင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် လျှပ်စစ်မော်တော်ယာဉ်မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေးမူဘောင်ရေးဆွဲရာတွင် ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် စွမ်းအင်အသွင်ကူးပြောင်းမှုနှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြား ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ။အစည်းအဝေးတွင် အင်ဒို နီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဒုတိယဝန်ကြီး H.E Edi Prio Pambudi က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ သည်။ ။အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ဖြစ်ပြီး အာဆီယံနိုင်ငံများက ဒုတိယဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။။ဒုတိယဝန်ကြီးသည် မတ် ၁ ရက်တွင်ကျင်းပခဲ့သည့် အာဆီယံအဏ္ဏဝါစီးပွားရေးမူဘောင်နှင့် စပ်လျဉ်းသည့် သက်ဆိုင်သူများနှင့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/36259
2023-03-08
(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
နေပြည်တော်    အောက်တိုဘာ    ၂၇။(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတို့ကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  တက်ရောက်ဆွေးနွေးသည်။။ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းသွင်းအားစု ဓါတ်မြေဩဇာဈေးနှုန်းနှင့် ကိုင်တွယ်စရိတ်၊ ကုန်သွယ်မှုစရိတ် ကြီးမြင့်လာခြင်းသည် စိုက်ပျိုး ထုတ်လုပ်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကုန်သွယ်မှုလမ်းကြောင်းများ ချောမွေ့ပွင့်လင်းစေရေးအတွက် အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံ အကြားပူးပေါင်းဆောင်ရွက်နိုင်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်တက်ကြွကြွ ပါဝင်သွား မည်ဖြစ်ကြောင်း ဆွေးနွေးသည်။။(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများ အစည်းအဝေးများအတွက် အဆင့်မြင့်အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်း အစည်းအဝေးများကို အောက်တိုဘာ (၂၆)ရက် နှင့် (၂၇)ရက် များတွင်  အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါအစည်း အဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။။(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ ဘက်စုံထူထောင် ရေးဆိုင်ရာ မူဘောင်၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုင်ရာထိခိုက်မှုများ ပြန်လည်ထူထောင်လာစေရေးနှင့် ကြံ့ကြံ့ခံနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့်အတွေ့အကြုံများကို ဖလှယ်ခြင်း၊ အာဆီယံ နိုင်ငံများရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒ မူဘောင်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို တင်ပြဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ်တွင် အဓိကရေးဆွဲပြီးစီးခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဆိုင်ရာ  လမ်းညွှန်ချက်များ ၊ သတ်မှတ်ချက် (၉)ခု နှင့် ၂၀၂၂ခုနှစ်တွင် အကောင်အထည်ဖော်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်(၂၇)ခုတို့ကို ဝန်ကြီးများ၏ အတည်ပြုချက်ရယူခြင်း၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်း၊ အာရှဒေသဖွံ့ဖြိုးရေးအဖွဲ့ အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အကောင်အထည်ဖော်နိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များအား  ဝန်ကြီးများက အတည်ပြုခဲ့ကြပြီး လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။။ ယင်းနောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးက ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြသည်။။(၂၁)ကြိမ်မြောက် ကျင်းပသည့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများအား ပြန်လည်ထူထောင်လာစေရေးနှင့် ကြံ့ကြံ့ခံနိုင် စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် အတွေ့အကြုံများအား ဖလှယ်ခြင်း၊ အကြိုညှိနှိုင်း အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက် များဖြစ်သည့် အာဆီယံ အပေါင်းသုံး နိုင်ငံများတွင် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၆−၂၀၂၅)၏ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီး ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက် ဆဲလုပ်ငန်းများ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် အရှေ့အာရှ နိုင်ငံများအတွက် စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့်  ကိုဗစ်−၁၉ ကပ်ရောဂါ ကျရောက်ပြီး နောက်ပိုင်း ကာလတွင် အာဆီယံ နိုင်ငံများရှိ စားသောက် ကုန်များ နှင့် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ တန်ဖိုးမြင့်မားစေရေးအတွက် စားသောက်ကုန် တန်ဖိုး ကွင်းဆက်များနှင့် အအေးခန်း ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက် စေရေးတွင် ဒီဂျစ်တယ် နည်းပညာများ အသုံးပြုခြင်း ဆိုင်ရာ သုတေသနစီမံကိန်းမှ ထွက်ပေါ်လာသည့် ရလဒ်များကို တင်ပြဆွေးနွေးခဲ့မှု အပေါ် ဝန်ကြီးများမှ အတည်ပြုခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။။ထို့နောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ (၂၁)ကြိမ်မြောက်အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည် ပြုခဲ့ကြသည်။ ၂၀၂၂ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံ လယ်ယာ စိုက်ပျိုး​ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ (၄၄)ကြိမ်မြောက် အစည်းအဝေး နှင့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပမည့် အချိန် နှင့် နေရာတို့ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/18485
2021-10-27
(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်း
ရန်ကုန် စက်တင်ဘာ ၂၃။ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ (၄၄)ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။။အဆိုပါ အလှူငွေများကို ပြန်ကြားရေးဝန်ကြီး ဌာနကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် အမှုဆောင်များက လက်ခံရ ယူကြပြီး နာယကကြီးများက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။ လှူဒါန်းရရှိသော ငွေကျပ်သိန်း ၁၀၀ ကို အသက် ၇၀ နှင့်အထက် သက်ကြီးရုပ်ရှင် ပညာရှင် ၁၄၉ ဦးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စီစဉ်မှုဖြင့် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။။ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဖြစ်သော အောက်တိုဘာ ၁၃ ရက်တွင် နှစ်စဉ်ကျင်းပ လျက်ရှိပြီး ယခုနှစ်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။။FDC
https://www.moi.gov.mm/news/17336
2021-09-24
(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
နေပြည်တော် ဇူလိုင် ၆။(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD) ကို မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။ ။ဦးစွာ ASEAN သီချင်းဖြင့် ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်ပြီး ASEAN နိုင်ငံများ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်များ Video Clip ကိုပြသသည်။။ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ တိုးတက်လာသည့် ခေတ်စနစ်အခြေအနေနှင့် နည်းပညာဆန်းသစ်မှုများအရ မူးယစ်ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းနှင့် မှောင်ခိုလုပ်ငန်းများသည် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်အရှိဆုံး ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုပုံစံနှင့် လမ်းကြောင်းများ ပြောင်းလဲသွားခြင်းသည် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအပေါ် စိန်ခေါ်မှု အခက်အခဲများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံအများစု၏ မျိုးဆက်သစ်လူငယ်များအကြားတွင်လည်း အလွယ်တကူဝယ်ယူရရှိနေသည့် လူလုပ်မူးယစ်ဆေးဝါးသုံးစွဲမှုများသည် များပြားလာကြောင်း၊ Happy Water ကဲ့သို့ စိတ်ပြောင်းဆေးဝါးအသစ်များသည်လည်း နေ့စဉ်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လျက်ရှိနေ ခြင်းကြောင့် အနာဂတ်ကာလ မူးယစ်ဆေးဝါးပြဿနာ၏ စိန်ခေါ်မှုအသစ်များနှင့် ဆက်လက် ရင်ဆိုင်နေရမည်ဖြစ်ကြောင်း။။မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အခြေအနေများနှင့် သယ်ဆောင်ရာလမ်းကြောင်း ပြောင်းလဲမှုများအပေါ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို စနစ်တကျစီမံချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း လာအို၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် Operation 1511 / 22 သည် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ လက်ရှိတွင်လည်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးစစ်ဆင်ရေး Operation 39 ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။။အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မျှဝေဖလှယ်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်အားလုံးကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်စိန်ခေါ်လျက်ရှိသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာဖြင့် အတူတကွပူးပေါင်းကာ တူညီသောဘုံရည်မှန်းချက်ဖြင့် နီးကပ်စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။။ယင်းနောက် (၄၃) ကြိမ်မြောက် ASOD အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ ASOD ခေါင်းဆောင်က (၄၄) ကြိမ်မြောက် ASOD အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ASOD ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်ထံ သဘာပတိ တာဝန်ကို လွှဲပြောင်းပေးအပ်သည်။။ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ASOD ခေါင်းဆောင်များဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)တို့မှ ကိုယ်စားလှယ်များသည် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခင်အစည်းအဝေးများ၏ ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင် (Commission on Narcotic Drug
CND) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေမှုနှင့် (၆၇) ကြိမ်မြောက် CND အစည်းအဝေးတွင် အာဆီယံ ကြေညာစာတမ်း တင်ပြနိုင်ရေးကိစ္စရပ်များ၊ 45th ASOD အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။။ဇူလိုင် ၅ ရက်တွင် 44th ASOD လုပ်ငန်းအဖွဲ့(၅)ဖွဲ့ဖြစ်သော ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့နှင့် သုတေသနလုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကာ အစည်းအဝေးတွင် ပြည်သူလူထုအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင်ရွက်နေမှုများ၊ ဆေးစွဲလူနာများကုသပေးမှု အခြေအနေများနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးဆောင်ရွက်နေမှုများ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း/ ဒေသပြင်ပ မူးယစ်ဆေးဝါးအခြေအနေများနှင့် ပရီကာဆာဓာတုပစ္စည်း ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ပိုမိုကြီးထွားလာသည့် လူလုပ်မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းနှင့် 44th ASOD အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဘက်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/41100
(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (သံတွဲ) အဆောက်အအုံသစ်ဖွင့်လှစ်
လူထုအခြေပြု ဗဟိုဌာနများသည် လူငယ်များတွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ် အနာဂတ် တွင် လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခုဖြစ်လာမည်ဟု ယုံကြည်။သံတွဲ ဒီဇင်ဘာ ၁၇ ။(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  တက်ရောက်ကြသည်။။အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးခေါင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် မြို့မိ မြို့ဖ ဦးဖိုးရီအောင်တို့ကလူထုအခြေပြု  ဗဟိုဌာန အဆောက်အအုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်  လှစ်ပေးပြီးစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ။လှည့်လည်ကြည့်ရှု အားပေး။ထို့နောက် လူထုအခြေပြု ဗဟိုဌာနအတွင်း ခင်းကျင်းပြသထားရှိသည့် ပြတိုက်ငယ်မှ ရခိုင် ပြည်နယ်အတွင်းရှိ ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ၊ ရိုးရာပွဲတော်များ၊ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် အထင်ကရ ဘုရားစေတီပုထိုးများ အပါအဝင် သာယာလှပသော ရှုခင်းနှင့် ကမ်းခြေများ၏ မှတ်တမ်းဓာတ်ပုံများ၊ ရခိုင်ပြည်နယ်၏ ဒေသထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှု အနုပညာ လက်ရာများအား ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်ကို လည်းကောင်း၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း၊ အနုပညာခန်းနှင့် ပြည်သူ့ စာကြည့်တိုက်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အားကစားခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဘက်စုံသုံး ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။ ။ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သံတွဲခရိုင်၊ လူထုအခြေပြု ဗဟိုဌာနသည် ရခိုင်ပြည်နယ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် လူထုအခြေပြု ဗဟိုဌာနဖြစ်၍ များစွာဂုဏ်ယူဝမ်းမြောက်မိ ကြောင်း၊ ရခိုင်ပြည်နယ်နေ့ အချိန်အခါသမယတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့်လည်း ရခိုင် ပြည်နယ်နေ့ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဟု  ဆိုနိုင်ပါကြောင်း။။ဒေသတစ်ခုတွင် ပြည်သူများ စုပေါင်းတွေ့ဆုံရာ၊ ဆွေးနွေးဖလှယ်ရာ၊ နှီးနှောတိုင်ပင်ရာ စသည့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်မှုများအတွက် လူထုအခြေပြု ဗဟိုဌာနများသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ဆွေးနွေးပွဲခန်းမ၊ ဘက်စုံသုံးခန်းမများ ပါဝင်သဖြင့် လူကြီး/လူငယ် မရွေး ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် စုပေါင်းတိုင်ပင်ဆွေးနွေးနိုင်သလို ကွန်ပျူတာသင်တန်းခန်းမနှင့် အနုပညာခန်းမများ ပါဝင် သဖြင့် လူငယ်များအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ သင်တန်းများ၊ ဘာသာစကား သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ အနုပညာသင်တန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး သင်ကြားတတ်မြောက်သည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိဒေသ အကျိုးစီးပွားကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ သံတွဲဒေသခံပြည်သူများနှင့် မြို့မိမြို့ဖ များအနေဖြင့်လည်း မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏စေတနာနှင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှု အပေါ်သိရှိပြီး ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း ပြောကြားသည်။။ပြုပြင်ပြောင်းလဲ  ဆောင်ရွက်ပေး။ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်း တာဝန်ကြီးသုံးရပ်ဖြစ်သည့် သတင်း အချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းဟူသည့် လုပ်ငန်းများကို ခေတ်မီသစ်လွင်သော အစီအစဉ်များဖြင့် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူ့စာကြည့်တိုက်များ ဖွင့်လှစ်၍ ပြည်သူများ သတင်းအချက်အလက် ရရှိနိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့စာကြည့်တိုက်များကို ပြည်သူများ အသိပညာရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာ၊ တိုင်းကျိုး ပြည်ကျိုး၊ ရပ်ကျိုး ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာ နေရာ၊ ပြည်သူများ အပန်းဖြေရာ နေရာများ ဖြစ်အောင် လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။ပေါင်းကူးတံတားတစ်ခု ။သံတွဲခရိုင်လူထုအခြေပြုဗဟို ဌာနအဆောက်အအုံကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၄၆၄ သန်း ကျော်ဖြင့် တည်ဆောက်ပေးခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၂၂၀ တန်ဖိုးရှိ ပစ္စည်းများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့သည့်အတွက် ယခုကဲ့သို့ ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ လူထုအခြေပြု ဗဟိုဌာနများသည် လူငယ်များတွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့်အမျှ စုစည်းညီညွတ်မှုနှင့် စုပေါင်း ဆောင်ရွက်မှု အားကောင်းကာ အနာဂတ်တွင် လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရနှင့်ပြည်သူများကြား  ပေါင်းကူးတံတား တစ်ခု ဖြစ်လာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။။ကျေးဇူးတင်စကားပြောကြား။ထို့နောက် ရခိုင်ပြည်နယ်  အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အမှာစကားပြောကြားပြီး သံတွဲမြို့ မြို့မိမြို့ဖ ဦးထွန်းသန့်ကျော်က ကျေးဇူးတင်စကား ပြောကြားသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ဖမ်းယူကြည့်ရှု နိုင်ရန်အတွက် MRTV DVB-T2 Set Top Box အလုံး ၅၀၀ ကို  ပေးအပ်လှူဒါန်းရာ သံတွဲခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းက လက်ခံရယူပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာစောင် များကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင် ဦးစီးမှူး က လက်ခံရယူသည်။။အခမဲ့အသုံးပြုနိုင်။ယခုဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသည် နိုင်ငံတော်ငွေဖြင့် တည်ဆောက်သည့် ဒုတိယမြောက် အဆောက်အအုံဖြစ်ပြီး ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း အနုပညာခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများ ပါဝင်ကာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် သံတွဲမြို့ သာသနာ့ဗိမာန်၌ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံတွဲမြို့ရှိ ဆံတော်၊ အံတော်၊ နံတော် စေတီတော် များအား လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး သံတွဲမြို့ရှိ  ရွှေဝတီရခိုင်လုံချည်နှင့် ဝါးစားပွဲခင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။။သတင်းစဉ်
https://www.moi.gov.mm/news/20071
2021-12-18
(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၃။အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၄၇)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။ဦးစွာ ကာယဗလမောင် အသက်(၂၁)နှစ်အောက် ပဏာမလူရွေးချယ်ခြင်းကို ကျင်းပရာ ၆၀၊ ၆၅၊ ၇၀၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုအထက်ပြိုင်ပွဲများကို လည်းကောင်း၊ Men’s Sports Physique ၊ Men’s Athletic Physique ၊ Men’s Fitness Physique ပြိုင်ပွဲများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ ပဏာမလူရွေးချယ်ပွဲကို ကျင်းပရာ Women’s Model Physique ၊ Women’s Athletic Physique ၊ Women’s Fitness Physique ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့်ရွေးချယ်မှုတို့ကို လည်းကောင်း ကြည့်ရှု အားပေးကြသည်။။ထို့နောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာဝန်ကြီးချုပ်က တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/41933
2023-07-24
(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
မော်လမြိုင် မတ် ၁၉။၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာ ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။။ရှေးဦးစွာ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်စီးပွားရေးရာ၀န်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးခင်မောင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခင်းကျင်းပြသ ထားသော ပြခန်း (၅၃) ခန်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။။ထို့နောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိ အဖွဲ့ဝင်များအဖြစ် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်စီးပွားရေးရာ၀န်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးခင်မောင်ဦးနှင့် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆောင်ရွက်ကြပြီး၊ တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးက ဖတ်ကြားသည်။ ။ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများတို့က(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများဖြစ်သည့်   စီးပွားရေး ထူးချွန်ဆု၊ စက်မှုလက်မှု ထူးချွန်ဆု၊ မွေးမြူရေး ထူးချွန်ဆု၊ စိုက်ပျိုးရေး ထူးချွန်ဆု၊ စီမံခန့်ခွဲရေး ထူးချွန်ဆု၊ ၀န်ဆောင်မှု ထူးချွန်ဆု၊ ပညာရေးနှင့် မကျန်းမာရေးထူးချွန်ဆု၊ လူမှုရေး ထူးချွန်ဆု၊ သဘာ၀ ပတ်၀န်းကျင်ထူးချွန်ဆု၊ သုတေသနလုပ်ငန်း ထူးချွန်ဆု၊ လုံခြုံရေး အေးချမ်းသာယာရေး နှင့်ဥပဒေစိုးမိုးရေး ထူးချွန်ဆုရရှိသူ စုစုပေါင်း (၅၁) ဦးကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ။ယင်းနောက် နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေးလုပ်ငန်းတွင် အသုံးပြုရန်ဆိုလာ  အစုံ (၁၀၀) ကို ပေးအပ်ရာ ပြည်နယ်၀န်ကြီးချုပ်က လက်ခံရယူသည်။။ဆက်လက်၍ မုဒုံမြို့နယ် မွန်ယဉ်ကျေးမှုအဖွဲ့က မွန်တို့ အားမာန် (မွန်ဘာသာ) တေးသီချင်းဖြင့် လည်းကောင်း၊ ကျိုက်မရော မြို့နယ် ကရင်ယဉ်ကျေးမှုအဖွဲ့က စုပေါင်းညီညာအောင်ကြောင်းဖြာ (ကရင်ဘာသာ) တေးသီချင်းဖြင့်လည်းကောင်း၊ ပေါင်မြို့နယ် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့က ယဉ်ကျေးမှုကိုထိန်းသိမ်းပါ (ပအိုဝ်းဘာသာ) တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက် ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအက အဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။။မွန်ပြည်နယ်သည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိရေး၊ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/23239
2022-03-19
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
စစ်တွေ နိုဝင်ဘာ ၁၈။(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ။ရှေးဦးစွာ အခမ်းအနားကို စစ်တွေတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စစ်တွေတက္ကသိုလ်ဂုဏ်ရည်ကို သီကုံးဖွဲ့ဆိုထားသော ဘဝမီးအိမ် ထွန်းညှိရာမြေ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ။ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုနှစ်တွင် ထူးထူးခြားခြား အစီအစဉ်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲ (1st Regional Conference on Sustainable Development Rakhine State) RCSD ကို ပထမဆုံးအကြိမ် နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဟု သိရသည့်အတွက် ပွဲဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးသော ရခိုင်သဟာယအသင်းနှင့် လက်ခံကျင်းပသော စစ်တွေတက္ကသိုလ်အပါအဝင် ပံ့ပိုးဆောင်ရွက်သူအားလုံးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ဆန်းသစ်ကောင်းမွန်သည့် အသိပညာများရရှိပြီး ပြည်နယ်၏ အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်မျှော်မှန်းထားပါကြောင်းနှင့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ ဆရာမများ အနေဖြင့်လည်း အရည်အချင်းထက်မြက်လာပြီး ပိုမိုကောင်းမွန်အသုံးဝင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။။ဆက်လက်၍ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သုတေသန စာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်သဟာယအသင်းမှ ဒေါက်တာ ဇေယျဦးက သုတေသန စာတမ်းဖတ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။။ရခိုင်ပြည်နယ်အတွင်း၌ရှိသည့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ ဆရာမများအနေဖြင့် တက္ကသိုလ်အချင်းချင်း ချိတ်ဆက်ပြီး မိမိနှင့်သက်ဆိုင်သည့် ပညာရပ်နယ်ပယ်တွင် ပိုမိုဆန်းသစ် ကောင်းမွန်သော နည်းပညာများ ရရှိလာနိုင်စေရန်၊ ဆရာ ဆရာမများ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ရန်နှင့် သုတေသနလုပ်ငန်းများမှ ရရှိလာသည့် သုတေသနရလဒ်များကို ရခိုင်ပြည်နယ်အတွင်းရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။။အဆိုပါ စာတမ်းဖတ်ပွဲတွင် Key note Speaker ခြောက်ဦးက စာတမ်းခုနစ်စောင်၊ စစ်တွေတက္ကသိုလ်က စာတမ်း ၁၂ စောင်နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)က စာတမ်း ငါးစောင်တို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/32533
2022-11-19
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်
ရန်ကုန် နိုဝင်ဘာ ၂၈။အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီး ဌာနနှင့် IOM တို့ ပူးပေါင်းကျင်းပသော ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉) ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ။ကြိုးပမ်းဆောင်ရွက်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လုပ်သားစုဆောင်း စေလွှတ်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီလိုက်နာဆောင်ရွက်ကြရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် UMFCCI တွင် ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု(ASEAN-OSHNET Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဆုများ ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်အထိ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံငါးရုံ၊ Best Practices ဆု အတွက် စက်ရုံငါးရုံ စုစုပေါင်း စက်ရုံ ၁၀ ရုံအား ဆုချီးမြှင့်ပေးခဲ့ပြီး အာဆီယံဒေသတွင်း အဆင့် ယှဉ်ပြိုင်နိုင်စွမ်း ပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုရရှိသည့် စက်ရုံများအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက် စရာဖြစ်ပါကြောင်းပြောကြားပြီး (၅)ကြိမ်မြောက် ASEAN-OSHNET Excellence ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ ၁၀ ရုံနှင့် Best Practices ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံခြောက်ရုံတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။။ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၅) ကြိမ်မြောက် ASEAN-OSHNET ဆု ရွေးချယ်ရေး ကော်မတီဝင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆုနှင့် Best Practices ဆုရရှိခဲ့သည့် စက်ရုံများက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုများကို ပြသသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာမြို့နယ်အတွင်းမှ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ရုံးများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။။ကြည့်ရှုစစ်ဆေး။ထို့နောက် လှိုင်သာယာမြို့နယ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း (NOSHC) သို့ သွားရောက်ပြီး သင်တန်းခန်းမများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် သင်တန်းကျောင်း ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။ယင်းနောက် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ တိုင်းရင်း ဆေးကုခန်း၊ လူမှုဖူလုံရေးအဖွဲ့ ကဲဝဲလ်ဆေးခန်းတို့၏ ဆေးကုသ ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးကာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၊ မြောက်ပိုင်းခရိုင် လူမှုဖူလုံရေးအဖွဲ့ရုံး၊ လှိုင်သာယာ (အရှ့ပိုင်း) မြို့နယ် အလုပ်သမားဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီးရုံးနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/64467
2024-11-29
(၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်အစည်းအဝေး၊ (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ
နေပြည်တော် နိုဝင်ဘာ ၅ ။ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၊ ဘိုရေးအန်ကောဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။။ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိ မြို့သို့ရောက်ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ ကြိုဆိုဧည့်ခံ ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး Pub Street နှင့် Night Market ပြင်ဆင်ဖွင့်လှစ်မှုများနှင့် ခရီးသွားဧည့်သည်များလာရောက်နေမှုကို လေ့လာကြည့်ရှုကြသည်။။နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Dr. Thong Khon၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။။အဆိုပါ နံနက်ပိုင်းအစည်းအဝေးများမစတင်မီ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က ဗီဒီယိုမက်ဆေ့ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။။ထို့နောက် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ (၉)ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေး လမ်းညွှန်ချက်များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နေမှုနှင့် ခရီးသွားဧည့်သည်ရောက်ရှိမှုများ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာလည်ပတ်မှုများ၊ အက်ခ်မက်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်အပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာကွန်ရက်နှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးတို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် အက်ခ်မက်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆီရမ်ရိကြေညာစာတမ်းအပါအဝင် အက်ခ်မက်အရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။ ။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက် အက်ခ်မက်ခရီးသွားလုပ်ငန်းဝန်ကြီးများ သတင်းစာရှင်းလင်းပွဲသို့ ပါဝင်တက်ရောက်သည်။ ။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးနှင့် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ဝန်ကြီးများ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။။အဆိုပါ အစည်းအဝေးတွင် (၁၀)ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးလမ်းညွှန်ချက်များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၂)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ နှင့် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃- ၂၀၂၅) အရဒေသတွင်းခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသခံများနှင့် ပုဂ္ဂလိကကဏ္ဍပါဝင်စေရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးရှေ့လုပ်ငန်းစဉ်များအပါအဝင် စီအယ်လ်အမ်ဗွီ အရာရှိကြီးများအစည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။။အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်ဖွင့်လှစ်မှု၊ ဗီဇာခွင့်ပြုပေးမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းများ၏အရေးပါမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ နှင့်အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉အလွန်ကာလဒေသတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအစိုးရ၊ ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များအတွက် တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။။ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၂ ရက်တွင် (၅)ကြိမ်မြောက် အက်ခ်မက်နှင့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးများကိုကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။။အဆိုပါနေ့ ညနေပိုင်းတွင် အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများရှိ ခရီးသွားလုပ်ငန်းအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပညာရေးနယ်ပယ်မှ ပညာရှင်များပါဝင်သည့် အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ခရီးသွား လုပ်ငန်းဆွေးနွေးပွဲကိုကျင်းပရာ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/31990
2022-11-05
(၅/ ၂၀၂၃) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် လုပ်ငန်းသစ် ၃ ခုကိုခွင့်ပြု
နေပြည်တော် ဒီဇင်ဘာ ၁။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။။အစည်းအဝေးတွင် စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၃ ခု ကို ခွင့်ပြုပေးသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၀ဒသမ၁၈၀ သန်း နှင့် ငွေကျပ် ၃၁၃
၀၉၂ဒသမ၉၇၀ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၇၄၄ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဦးစားပေးဖိတ်ခေါ်ထားသည့် စိုက်ပျိူးရေးလုပ်ငန်း များလည်း ပါဝင်သည်။။၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ဒသမ၄၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ဒသမ၄၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို လည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/48373
(၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၃။(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။။ယှဉ်ပြိုင်ကစားနေမှု။ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား(မီတာ-၁၀၀) အပြေးပြိုင်ပွဲ (လူရွေးပွဲ)၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသမီးသုံးဆင့် ခုန်ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ (ဗိုလ်လုပွဲ)၊ အမျိုးသမီး (မီတာ-၁၀၀) အပြေးပြိုင်ပွဲ (လူရွေးပွဲ)၊ အမျိုးသား (မီတာ-၈၀၀) အပြေးပြိုင်ပွဲ(လူရွေးပွဲ)၊ အမျိုးသမီး(မီတာ-၈၀၀)အပြေးပြိုင်ပွဲ (လူရွေးပွဲ)ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။။အသင်း ၁၇ သင်းယှဉ်ပြိုင်။အဆိုပါ (၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာ ၂၀ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/47335
2023-11-14
(၅၁) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၂ ။(၅၁) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။ ။ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူတစ်ဦးချင်းစီ၏ ကုန်ထုတ်စွမ်းအားနှင့် တစ်ဧကချင်းစီ၏ သီးနှံထုတ်လုပ်မှု တိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ၊ ဝန်ထမ်းများပါဝင်သည့် နှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ၊ သုတေသီများက စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်နှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေးခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးကြကာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/62893
2024-10-13
(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် ဧပြီ ၂၇။(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်- ၂၀၂၃ တို့ကို ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည် နယ်ရှိ Independence Hotel ၌ လက်ခံကျင်းပရာ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ။ဧပြီ ၂၅ ရက်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကိုကျင်းပရာ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး မဲခေါင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုက်ပြန်လည်ထူထောင်ထားရှိမှု၊ လူမှုကွန်ရက်များမှ တစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ ဆောင်ရွက်နေမှု အခြေအနေ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင် မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးရေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးကို တရားဝင် ရပ်တည်မှုအဆင့်အတန်းရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ။ဧပြီ ၂၆ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၃ ကို Rethinking for Resilience and Digitalization​ ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာနိုင်ငံတကာနှင့် မဲခေါင်ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းရှင်များမှ မဲခေါင်ဒေသအတွင်း ခရီးသွားလုပ်ငန်းများ ခိုင်မာအားကောင်းရေးနှင့် ခရီးသွားလုပ်ငန်းတွင် ကဏ္ဍစုံပူးပေါင်းပါဝင်မှု မြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံအလိုက် အစားအစာအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခရီးသွားဧည့်သည်များ၏ ကြိုက်နှစ်သက်မှုများကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံ များ၏ ဒေသတွင်းရိုးရာ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် ဖန်တီးမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပိုမိုအဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ လေ့ကျင့်မွေးထုတ်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း အာဏာပိုင်များ ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ။မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ နှင့်ဆက်စပ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းဆွဲဆောင် မှုများနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများကို ခင်းကျင်းပြသသည့် အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပြခန်းနှစ်ခု ပါဝင်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ရိုးရာယဉ်ကျေးမှုများနှင့် အစား အသောက်များကို ခင်းကျင်းပြသပြီး အဆိုပါဖိုရမ်နှင့် ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ် ၂၅၀ ခန့် တက်ရောက်ကြသည်။။မြန်မာနိုင်ငံအနေဖြင့် (၅၂) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့ အစည်းအဝေးတို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား ရန်ရှိကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/38055
2023-04-28
(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )။အားလုံးမင်္ဂလာပါ-။ဒီနေ့ကျင်းပပြုလုပ်တဲ့ (၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်းဆုတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။။အခုလိုကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးကို ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ပညာရပ်များတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေဖို့နဲ့ သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမယ့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးပြီး အသိပညာဖလှယ်နိုင်စေဖို့စတဲ့ ရည်ရွယ်ချက်များချမှတ်ပြီး ကျင်းပတာဖြစ်ကြောင်းသိရှိရပါတယ်။။ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးကို ၁၉၆၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အစောပိုင်းနှစ်တွေမှာ သုတေသနစာတမ်းများအဖြစ်သာ တင်သွင်းဖတ်ကြားဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပေမယ့် ၁၉၉၁ ခုနှစ်ကစပြီး သုတေသနပိုစတာပြပွဲနဲ့ ၂၀၀၂ ခုနှစ်ကစပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium)တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါတယ်။ သုတေသီပညာရှင်များရဲ့ သုတေသနအရည်အသွေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး ကြိုးစားယှဉ်ပြိုင် မှုရှိလာစေရေးအတွက် စာတမ်းတွေကိုတင်ပြရာမှာ အလေးထား အားထုတ်မှု ရှိလာစေဖို့အတွက် ၁၉၉၃ ခုနှစ်ကစပြီး အကောင်းဆုံးစာတမ်း ဆုတွေ၊ အကောင်းဆုံးပိုစတာဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ မျိုးဆက်သစ် သုတေသီလူငယ်တွေကိုလည်း အားပေးဂုဏ်ပြုနိုင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်ကစလို့ လူငယ်သုတေသီဆုချီးမြှင့်ခြင်းကိုလည်း ထည့်သွင်းဆောင်ရွက် ခဲ့တယ်လို့လည်း သိရပါတယ်။။အခု(၅၁)ကြိမ်မြောက် သုတေသနညီလာခံကြီးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ (၅) ရက်ကျင်းပမှာ ဖြစ်ပြီးညီလာခံကြီးကို ပေးပို့လာတဲ့ သုတေသနစာတမ်းတွေအနက် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနဲ့ ကျန်းမာရေးစနစ် သုတေသနစာတမ်းနဲ့ သုတေသနပိုစတာတွေကို ညီလာခံမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက စနစ်တကျ စိစစ်ရွေးချယ်ဆောင်ရွက်ထားကြောင်းနဲ့ ပိုစတာပြသခြင်းကို In-person ပုံစံနဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။ ညီလာခံမှာ သုတေသနစာတမ်း(၅၈)စောင်၊ သုတေသနပိုစတာ(၃၄)စောင် တင်သွင်း ဖတ်ကြားပြသကြမှာဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၄)ခုကို ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ဆွေးနွေးကျင်းပမှာ ဖြစ်တယ် လို့လည်းသိရပါတယ်။ နိုင်ငံရဲ့ကျန်းမာရေးမြှင့်တင်မှုမှာ ထိရောက်မယ့် ဆောင်ရွက်ချက်များ ဖြစ်တဲ့အတွက် လေးစားဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။။ဒီနေ့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ အပါအဝင် အသစ်ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများ(Emerging Infectious Diseases)နဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemics)အများစုဟာ တိရစ္ဆာန်တွေကနေ စတင်အခြေပြု ဖြစ်ပေါ်လာတဲ့ ရောဂါများ(Zoonotic Diseases)ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ယခုနှစ်သုတေသနညီလာခံရဲ့ အဓိကသုတေသနဦးတည်ချက် ခေါင်းစဉ် (Theme) အဖြစ် The Fight Against Zoonotic Diseases: A One Health Approachတိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို တစ်စုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့လို့ သတ်မှတ်ထားပြီး ၎င်းနဲ့ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ပြည်တွင်း/ပြည်ပ ပညာရှင်များပါဝင်ပြီး အတွေ့အကြုံတွေကို တင်ပြဆွေးနွေးကာ အသိအမြင်ချင်း ဖလှယ်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကနေ တစ်ဆင့် ရလဒ်ကောင်းများထွက်ပေါ်လာမယ်လို့လည်း ယုံကြည်ပါတယ်။။ယနေ့ကမ္ဘာနဲ့တစ်ဝန်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေရာမှာ အဆင့်မြင့်မော်လီကျူးဆိုင်ရာ နည်းပညာတွေဟာ ရောဂါကုထုံးများ၊ ဆေးအသစ်ထုတ်ဖော်မှုများအတွက် များစွာအထောက်အကူ ပေးနေကြောင်း သက်သေသာဓကများစွာကို တွေ့နေရပြီဖြစ်ပါတယ်။ ဒီအချက်ကို တီဘီရောဂါနဲ့ အသည်းရောင်အသားဝါရောဂါတို့အတွက် မီးမောင်းထိုးပြမယ့် Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B (တီဘီနှင့် အသည်းရောင်အသားဝါ ဘီရောဂါကုသရေးတွင် မော်လီကျူလာနည်းပညာ၏ လက်တွေ့အသုံး ဝင်ခြင်းဆိုင်ရာဆွေးနွေးပွဲ)ကို မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က သုတေသနသိပ္ပံပညာရှင်များက ဆွေးနွေးအသိပညာ ဖလှယ်မှုများ ပြုလုပ်မယ်လို့ သိရပါတယ်။။ယနေ့အချိန်မှာ ကိုဗစ် - ၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါပြင်းထန်မှုများနဲ့ ကပ်ရောဂါအသွင်ဖြစ်ပွားမှုတွေကို လက်တွေ့ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇပြောင်းလဲလာမှုတွေကိုလည်း စဉ်ဆက်မပြတ် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လေ့လာဖို့နဲ့ ကာကွယ်ကုသရေးတို့အတွက် သုတေသနစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း လိုအပ်ချက်တွေကို ဆက်လက်ပံ့ပိုးဖြည့်ဆည်း ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။။တစ်ချိန်တည်းမှာ မကူးစက်တတ်တဲ့ ရောဂါများဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်း တွေကိုလည်း ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းဆေး ပညာနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ သုတေသနတွေကတစ်ဆင့် ပြည်သူတွေလက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေး ပညာရပ်နဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်များ နိုင်ငံတကာကို ထိုးဖောက် နိုင်ရေးအတွက် တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။။နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက လက်တွေ့အသုံးချ သုတေသန (Implementation Research Grant) တွေအတွက် နှစ်စဉ် သုတေသနထောက်ပံ့ကြေးတွေ ပေးခဲ့ရာမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးထားတဲ့ သုတေသနစီမံချက်(၁၇၃)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃)သန်းကို ခွဲဝေထောက်ပံ့ပေးပြီးဖြစ်တာကြောင့် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။။ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့ အကျိုးကို ရှေးရှုပြီး ပြည်သူများရဲ့ မျှော်မှန်းသက်တမ်း ယခုထက်ပိုမို မြင့်မားလာစေဖို့အတွက် အခြေခံကျန်းမာရေးကောင်းမွန်ရေးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရေး၊ ရောဂါများကူးစက်ဖြစ်ပွားတတ်တဲ့ သဘောသဘာဝကို သိရှိကာကွယ်နိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ဆောင်ရွက်ပေးကြဖို့ လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေး ပညာဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာပူးပေါင်း ဆောင်ရွက်ခြင်းများကို သုတေသနကျင့်ဝတ်များနဲ့အညီ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိရတဲ့ အချက်များကိုလည်း အခုလိုညီလာခံများကျင်းပခြင်း၊ ပြည်တွင်း ပြည်ပသုတေသနဂျာနယ်များ၊ စာစောင်များထုတ်ဝေခြင်းစတဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးကြဖို့လည်း အလွန်အရေးကြီးပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေးဦးတည်ချက် တစ်ခုဖြစ်တဲ့ နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမို ခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။။အမျိုးသားကျန်းမာရေးသုတေသနမူဝါဒမှာပါရှိတဲ့ ကောင်းမွန်သော သုတေသနအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင် အခြေအနေ ဖန်တီးပေးခြင်းဖြင့် သင်ကြားရေးဆိုင်ရာဌာနများတွင် သုတေသန ဆောင်ရွက်ရန် အားပေးရမည်ဆိုတဲ့ မူဝါဒနဲ့အညီ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြု လိုတဲ့စိတ် (Research minded)ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေ များစွာပေါ်ထွက်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်တိုးတက်လာနိုင်ဖို့ ငယ်စဉ်ကျောင်းသားဘဝကတည်းက သုတေသနပြုလုပ်လိုတဲ့ ဝါသနာအလေ့အကျင့်ပါလာအောင် ပျိုးထောင်နိုင်ဖို့အတွက် ယခုလိုကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများ စဉ်ဆက်မပြတ် ကျင်းပပေးနေဖို့ လိုအပ်ပါတယ်။။တစ်ချိန်တည်းမှာ အမျိုးသားကျန်းမာရေး သုတေသနမူဝါဒမှာ ပါရှိတဲ့ ကျန်းမာရေးသုတေသနနှင့် သင်ကြားရေးဆိုင်ရာဌာနများတွင် ကောင်းစွာသက်ဝင်လှုပ်ရှားနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သုတေသန ဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ရမည်ဆိုတဲ့အချက်ကိုလည်း လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သုတေသနပြု လုပ်မယ့် သုတေသီတွေအနေနဲ့ မိမိတို့လုပ်ဆောင်တဲ့ သုတေသနတွေဟာ မှန်ကန်တိကျပြီး မိမိတို့သုတေသနပြုလုပ်တဲ့ လူနာတွေ၊ ပြည်သူတွေ အတွက် ကောင်းကျိုးကိုသာဖြစ်စေမယ်ဆိုတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိတဲ့ ကျင့်ဝတ်နဲ့ညီတဲ့ သုတေသန (Responsible Conduct of Research)များသာ ဖြစ်ရမယ်ဆိုတာကို စွဲစွဲမြဲမြဲသိရှိ လိုက်နာဆောင်ရွက် ပေးဖို့ အထူးအရေးကြီးလှပါတယ်။။ညီလာခံကြီးကို အောင်မြင်စွာကျင်းပနိုင်ဖို့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရတဲ့အတွက် ညီလာခံကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီဝင်များအားလုံး စာတမ်း၊ ပိုစတာများဖတ်ကြားတင်သွင်းသူ သုတေသီများ၊ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွေမှာ ပါဝင်ဆွေးနွေး ကြသူ ပြည်တွင်း/ပြည်ပ ပညာရှင်များတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ မှတ်တမ်းတင်ချီးကျူးပါကြောင်း အလေးထား ထည့်သွင်း ပြောကြားလိုပါတယ်။ ။နိဂုံးချုပ်အနေနဲ့-။-ယခုကျင်းပတဲ့ (၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသန စာတမ်းများ၊ သုတေသနပိုစတာများနဲ့ ပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ဆွေးနွေးပွဲများကနေ သုတေသနရလဒ်ကောင်းရရှိအောင် တိုင်ပင်ဆွေးနွေးပေးကြပါ။။- ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးကို ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြပါ။။ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေသန တွေ့ရှိချက်တွေကို အသုံးချခြင်းဖြင့် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ လာစေရေးမျှော်မှန်းချက်ကို မျက်ဝါးထင်ထင် အကောင်အထည်ဖော် စေနိုင်တဲ့ (Evidence-based research findings) များဟာ ခိုင်မာ တိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်များဖြစ်တယ်လို့ ယုံကြည်ပါကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးမယ့် သုတေသနကောင်းများကို သုတေသီပညာရှင်များ စွမ်းစွမ်းတမံအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။။အားလုံးကိုကျေးဇူးတင်ပါတယ်။
https://www.moi.gov.mm/news/35790
2023-02-20
(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်
နေပြည်တော် နိုဝင်ဘာ ၂၀။(၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ ။ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပထမရရှိသောအသင်းအား တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသည့်အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက တံခွန်စိုက်ဒိုင်းဆု၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။။အဆိုပါ (၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။။သတင်းစဉ်
https://www.moi.gov.mm/news/47801
2023-11-21
(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပမည်
နေပြည်တော် ဖေဖော်ဝါရီ ၁၈။(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို The Fight Against Zoonotic Diseases: A one Health Approach- တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသောကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့ဆောင်ပုဒ်နှင့် ကျင်းပမည်ဖြစ်သည်။။ညီလာခံတွင် အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း ၈ စောင်၊ သုတေသနပိုစတာစာတမ်း ၃၄ စောင်တို့ကို တင်သွင်းဖတ်ကြားပြသသွားရန် စီစဉ်ထားရှိသည်။ ။ပြည်တွင်းမှ မြန်မာသုတေသီများသာမက အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ ပညာရှင်များပူးပေါင်း၍ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်သည်။ ။ညီလာခံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အတွင်း ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)ဇီဝကလမ်း၊ ရန်ကုန်မြို့၌ကျင်းပသွားမည်ဖြစ်သည်။        ။သတင်းစဉ်
https://www.moi.gov.mm/news/35747
2023-02-19
(၅၂) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများထုတ်ပြန်
နေပြည်တော် စက်တင်ဘာ ၄ ။ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင် သည့် ၁၈၇၄ ခုနှစ်မှစ၍ နှစ်စဉ်အောက်တိုဘာ ၉ ရက်ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်ပါဝင်ကျင်းပလျက်ရှိသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှစတင်၍ အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်ကျင်းပလေ့ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၅၂) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်သည်။။၂၀၂၃ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက် ၁၅ နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ သည်။ ပြိုင်ပွဲဝင်ရမည့်ခေါင်းစဉ်မှာ Imagine you are a super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission.ဖြစ်ပြီး အခြေခံပညာအဆင့်တွင် ဖြေဆိုသူ ကျောင်းသား / ကျောင်းသူ စုစုပေါင်း ၅၁၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။။ရရှိလာသည့် ပြိုင်ပွဲဝင်စာမူ ၅၁၁ စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ် အဖွဲ့ဖြင့် စိစစ်အကဲဖြတ်ခဲ့ရာ ပြည်တွင်းအဆင့် ပထမဆုကို ကရင်ပြည်နယ် အ-ထ-က (၂) ဘားအံမြို့နယ် Grade-8 မှ မနန်းအံ့မွန်အိမ်ကလည်းကောင်း၊ ဒုတိယဆုကို မွန်ပြည်နယ် အ-ထ-က (၁) မုဒုံမြို့နယ် Grade-7 မှ မောင်ဝေဘုန်းလူကလည်းကောင်း၊ တတိယဆုကို ရှမ်းပြည်နယ် (တောင်ပိုင်း) အ-ထ-က (၁) ညောင်ရွှေမြို့နယ် Grade-4 မှ မောင်သန်းထိုက် ကလည်းကောင်း၊ အထူးဆုကို ရန်ကုန်တိုင်းဒေသကြီး အ-ထ-က (၁) ဒဂုံမြို့နယ် Grade-7 မှ မမေမြင့်မိုရ် ကြည်တို့ကလည်းကောင်း ရရှိခဲ့သည်။ အဆိုပါအကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက်အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူကကျင်းပသည့် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲသို့ပေးပို့ ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/43776
2023-09-05
(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံနောက်ဆုံးနေ့ ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၆။ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ(နောက်ဆုံးနေ့) ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်  အမှတ် - ၅၊  ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပသည်။။နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ဆေးသုတေသနဦးစီးဌာန၊ လူပုဂ္ဂိုလ်များ၊ သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်သက်ဝေတို့က ဆောင်ရွက်၍ ကျန်းမာရေးဆိုင်ရာသုတေသနများ ဆောင်ရွက်ရာတွင် သုတေသီတို့အတွက် အရေးကြီးသည့် အလေးထားကျင့်သုံးရမည့် သုတေသနကျင့်ဝတ်များကို မီးမောင်းထိုးပြသနိုင်ရေးအတွက် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ အဓိကသုတေ သနဦးတည်ချက်ခေါင်းစဉ် (Theme) ဖြစ်သည့် ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်စုံသောသုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ Enhancing Research Integrity and Research Ethicsဖြင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ကြသည်။ ။ယင်းနှီးနှောဖလှယ်ပွဲတွင် ဆေးတက္ကသိုလ် (၂) မှ ပါမောက/ဌာနမှူး ပါမောကဇော်ဇော်ဦးက သုတေသန၏ ကောင်းကျိုးဆိုးကျိုးကို သုံးသပ်ခြင်းနှင့် ထိခိုက်လွယ်သောလူအုပ်စုများကို အကာအကွယ်ပေးခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က သုတေသနတွင်ပါဝင်ရန် သဘောတူခွင့်ပြုချက်ပုံစံများ၊ ဆေးတက္ကသိုလ်(၁)မှ ဒုတိယပါမောကချုပ် ပါမောကခင်မာမြင့်က သုတေသန ဆိုင်ရာခိုးယူခြင်း၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာကျော်လွင်ရှိုးက သုတေ သနအချက်အလက်ဆိုင်ရာကျင့်ဝတ်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်သော သုတေသနများဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် သုတေသနကျင့်ဝတ်ဆိုင်ရာအခက် အခဲများတို့ကို ဆွေးနွေးတင်ပြကြသည်။။ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ဝါရင့်သုတေသီကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက သုတေသနကျင့်ဝတ်ဆိုင်ရာ နည်းပညာများကို ဆွေးနွေးတင်ပြအတွေ့အကြုံဖလှယ်ခဲ့ကြသည်။ ။အဆိုပါ နှီးနှောဖလှယ်ပွဲပြီးနောက် သုတေသန ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက ဝမ်းမြောက်ဂုဏ်ပြု စကားပြောကြားသည်။ ။ညီလာခံနောက်ဆုံးနေ့၏ ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက အမှာစကားပြောကြားပြီး ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များနှင့် ဆုရရှိသည့်စာတမ်းများနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာရာ အကောင်းဆုံးအခြေခံ သုတေသနစာတမ်းပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာထင်လင်းနှင့် အဖွဲ့က ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ကလေးဆေးရုံကြီးသို့ ဝမ်းလျှောရောဂါကြောင့် တက်ရောက်ကုသမှုခံယူကြသော ကလေးများရှိ ရိုတာဗိုင်းရပ်စ်-အေအမျိုးအစား၏ ဖြစ်ပွားမှုနှုန်း၊ အဖြစ်များသောရာသီနှင့် ပိုးမျိုးခွဲများပျံ့နှံ့နေပုံတို့ကိုလေ့လာခြင်း၊ (ရန်ကုန်တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးစတင် တိုက်ကျွေးခြင်း၏အကျိုးသက်ရောက်မှုကို ကာကွယ်ဆေးစတင်ပြီးစကာလတွင် ဆန်းစစ်လေ့လာခြင်း)သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံး အခြေခံသုတေသနစာတမ်းဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာသက်သက်မာနှင့် အဖွဲ့က ငန်းတော်ကျားအဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေးမှ ငန်းတော်ကျား မြွေဆိပ်ကိုချေဖျက်နိုင်သည့် သတ္တိရှိမရှိကိုလေ့လာခြင်းသုတေသနစာတမ်းကလည်းကောင်း ရရှိသည်။။အကောင်းဆုံးအသုံးချသုတေသနစာတမ်း ပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်နှင်းပွင့်နှင့်အဖွဲ့က မြန်မာဆေးယဉ်ပါး တီဘီလူနာများတွင် လင်နီဇိုးလစ်ဆေးပမာဏနှစ်မျိုး၏ ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်းဆေးဝါးကြမ္မာ (Pharmacokinetics)နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု (Pharmacodynamics) နည်းလမ်းဖြင့် ရှာဖွေခြင်းသုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံးအသုံးချသုတေသနစာတမ်း ဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်ကျော်နှင့် အဖွဲ့က ၂၀၁၈ မှ ၂၀၂၃ခုနှစ် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးဗီဇများပြောင်းလဲမှု၊ လူနာများ၏ ကိုယ်ခံစွမ်းအားအခြေအနေ၊ ရောဂါပြင်းထန်မှုအခြေအနေများကို လေ့လာခြင်းသုတေသနစာတမ်းကလည်းကောင်း ရရှိသည်။။အကောင်းဆုံးကျန်းမာရေးစနစ် သုတေသနစာတမ်းပထမဆုကို လူထုအခြေပြု ကိုဗစ် - ၁၉ သုတေသနအဖွဲ့က မြန်မာနိုင်ငံ၊ ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားမှုနှင့် ယင်းနှင့်ဆက်စပ်သည့်အကြောင်းအရာများကို ပြည်သူလူထုအခြေပြုလေ့လာခြင်းသုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံး ကျန်းမာရေးစနစ် သုတေသနစာတမ်းဒုတိယဆုကို သူနာပြုတက္ကသိုလ်(မန္တလေး)မှ ဒေါ်အိအိမွန်နှင့် အဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံ၏ ကျင့်ဝတ်နှင့် သက်ဆိုင်သောအခြေအနေနှင့် သူနာပြုများ၏ ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်မှုအား လေ့လာဆန်းစစ်ခြင်းသုတေသနစာတမ်းက လည်းကောင်း၊ အကောင်းဆုံးကျန်းမာရေးစနစ် သုတေသနစာတမ်းတတိယဆုကို ဆေးတက္ကသိုလ်(၁)မှ ဒေါက်တာနန်းယုဇနဇော်နှင့် အဖွဲ့က ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်သို့ လာရောက်ပြသသော ကလေးရရန်ခက်ခဲသော အမျိုးသမီးများတွင် မျိုးပွားခြင်းနှင့် သက်ဆိုင်သော ဗဟုသုတ၊ ခံယူချက်သဘောထားနှင့် ထိုရောဂါအတွက်ကုသမှုရှာဖွေပုံ အမူအကျင့်များကို လေ့လာ ခြင်းသုတေသနစာတမ်းကလည်းကောင်း ရရှိသည်။။အကောင်းဆုံးပိုစတာပထမဆုကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်မြင့်နှင့် အဖွဲ့က ဆေးတိုးတီဘီကုထုံးမအောင်မြင်သည့် လူနာများတွင် ကောင်းမွန်သော ကုသမှုဆိုင်ရာ တုံ့ပြန်မှုများ တွေ့ရှိလာခြင်း - ပုံမှန်ရောဂါရှာဖွေစမ်းသပ်မှုများဖြင့် မတွေ့ရှိနိုင်သည့် Rifampicin ဆေးယဉ်ပါးမှုဆိုင်ရာ ဗီဇပြောင်းလဲမှုများကို ဖော်ထုတ်ခြင်း၏အရေးပါပုံပိုစတာကလည်းကောင်း၊ အကောင်းဆုံးပိုစတာ ဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ မောင်မောင်မြနှင့်အဖွဲ့က တိုင်းရင်းဆေးဘက်ဝင်အသီးမျိုးဖြစ်သောလိမ္မော်ခွံအဆီဖြင့် ခြင်သားလောင်းများ သေစေနိုင်စွမ်းနှင့် ခြင်မကိုက်အောင်တားဆီးနိုင်စွမ်းကို‌ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်သော အေးဒီးခြင်သားလောင်းများနှင့် ခြင်များပေါ် စမ်းသပ်ခြင်းပိုစတာကလည်းကောင်း၊ အကောင်းဆုံး ပိုစတာတတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာရီရီကျော်နှင့်အဖွဲ့က မြန်မာနိုင်ငံတွင် Next Generation Sequencing နည်းလမ်းကို အသုံးပြု၍ အသည်းရောင်အသားဝါဘီပိုးအတွက် မျိုးဗီဇတစ်ခုလုံး စိစစ်ခြင်း နည်းပညာသစ်ဆောင်ရွက်ခြင်းပိုစတာကလည်းကောင်း ရရှိသည်။ ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဝင်များသည် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/51293
2024-01-27
(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၂ ။(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အမှတ် (၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ။ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်း ပြောကြားသည်။ ။(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဂုဏ်ပြုမိန့်ခွန်းကို စာမျက်နှာရှေ့ဖုံးနှင့် ၃ တွင် သီးခြားဖော်ပြထားပါသည်။) ။ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် ယခုနှစ်ကျင်းပသည့်ညီလာခံကို ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethicsဟု သတ်မှတ်ထားရှိပါကြောင်း၊ ယခုနှစ်သုတေသနညီလာခံတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်) ရှိ အဆင့်မြင့် မော်လီကျူးသုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်တစ်ခုပါဝင်သည်ဟု သိရှိရကြောင်း။ ။သုတေသနစာတမ်းများပါဝင်။ညီလာခံသို့တင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပြည်သူ လူထု၏ ကျန်းမာရေးအသိပညာ၊ ရောဂါကာကွယ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ကူးစက်နိုင်သော ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ သုတေသနစာတမ်းများ၊ မကူးစက်တတ်သော ရောဂါများအားကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းများ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီများအား အသုံးချ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သုတေသန စီမံချက် ၂၀၁ ခုအတွက် ခွင့်ပြုငွေကျပ်သန်း ၁၁၀၀ ကျော် ခွဲဝေချထားခဲ့ပေးပြီးဖြစ်ကြောင်း။။သုတေသနညီလာခံသည် သုတေသန ပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများက သုတေသနရလဒ်နှင့် တွေ့ရှိ ချက်များကို ၎င်းတို့၏အတွေ့အကြုံနှင့် အသိပညာများကိုအခြေပြု၍ သုံးသပ်ချက်များ၊ အကြံပြုချက်များအား မျှဝေရာနေရာ လည်းဖြစ်ခြင်းကြောင့် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အမျိုးသားကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအရေးကြီးလှသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။။ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။။သုတေသနပိုစတာပြပွဲကြည့်ရှု။ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သုတေသနပိုစတာပြပွဲကို လှည့်လည် ကြည့်ရှုသည်။။ဆက်လက်၍ ပထမနေ့နံနက်ပိုင်း အစီအစဉ်အဖြစ် ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံထားမှုဆိုင်ရာ သုတေသနစာတမ်း၊ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု အကြောင်းရင်း ရောဂါလက္ခဏာများ၊ ဓာတ်ခွဲဓာတ်မှန်စမ်းသပ်မှုနှင့် ရောဂါဖြစ်စဉ်များအား လေ့လာသောသုတေသန စာတမ်း၊ မြန်မာနိုင်ငံလက်ရွေးစင် အားကစားသမားများအကြားတွင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အပြုအမူများ ဖြစ်ပေါ်ပျံ့နှံ့မှုများအား လေ့လာခြင်း သုတေသနစာတမ်းများကို ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာသော ပညာရှင်များ၊ သုတေသီများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး နံနက်ပိုင်းစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ။မွန်းလွဲပိုင်းတွင် ကိုရီးယားအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency- KOICA) က ဆောက်လုပ် လှူဒါန်းခဲ့သော ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)ရှိ အဆင့်မြင့်မော်လီကျူး သုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်ကို ကျင်းပသည်။။ယင်းအစီအစဉ်တွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ကိုရီးယားနိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာတီဘီရောဂါ သုတေသနစင်တာဥက္ကဋ္ဌ ဒေါက်တာ Sundae Song တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။။ဆေးယဉ်ပါးတီဘီရောဂါတွေ့ရှိချက်များ။ဆက်လက်၍ ကူးစက်နိုင်သောရောဂါ တစ်ခုဖြစ်သည့် ဆေးယဉ်ပါးတီဘီရောဂါအတွက် သုတေသနတွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးကြသည့် Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosisပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။။စာတမ်း ၁၀၉ စောင်တင်သွင်းဖတ်ကြား။ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ သုတေသီပညာရှင်များ၏ အခြေခံသုတေသန စာတမ်း ၂၃ စောင်၊ အသုံးချသုတေသန စာတမ်း ၂၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၁၃ စောင်၊ သုတေ သနပိုစတာ ၅၁ စောင် စုစုပေါင်း စာတမ်း ၁၀၉ စောင်တို့ကို တင်သွင်းဖတ်ကြား ပြသကြမည်ဖြစ်သည်။ ။ယင်းတင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီ ရောဂါ၊ အသည်းရောဂါ၊ ဦးနှောက်နှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊ ရိုတာဗိုင်းရပ်(စ်)၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ဆေးဝါးဗေဒဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ ကိုယ်ဝန်စောင့်ရှောက် မှုဆိုင်ရာ၊ သူနာပြုများ၏ဆေးရုံကျင့်ဝတ်ဆိုင်ရာ၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများ နှင့်ပတ်သက်သော သုတေသနစာတမ်းများ ပါဝင်မည်ဖြစ်သည်။ ။စာတမ်းဆုများချီးမြှင့်သွားမည်။ညီလာခံသို့တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ် သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆု ရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/51057
2024-01-23
(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ(ဒုတိယနေ့) ဆက်လက်ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၃။ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် - ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ကျင်းပရာ နံနက်ပိုင်းတွင် သုတေသနစာတမ်းရှင်များက အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းစုစုပေါင်း ၁၀ စောင်ကို ဖတ်ကြားတင်ပြကြသည်။ ။ဖတ်ကြားတင်သွင်း။တင်သွင်းခဲ့သော သုတေသနစာတမ်းများမှာ - ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ပလပ်စ်မိုဒီယမ် ဗိုင်းဗက်စ် သာမန်ငှက်ဖျားရောဂါအပေါ် ကလိုရိုကွင်းဆေး၏ အာနိသင်နှင့် လုံခြုံစိတ်ချမှုကို စမ်းသပ်ခြင်း သုတေသနစာတမ်းကို ဒေါက်တာမိုးကျော်မြင့်ကလည်းကောင်း၊ မြန်မာနိုင်ငံ ဝိုင်းမော်မြို့နယ်ရှိ ဗိုင်းဗက်ငှက်ဖျားပိုးများ၏ ဆေးယဉ်ပါးမှုကို မော်လီကျူးနည်းပညာဖြင့် လေ့လာခြင်း (၂၀၂၂) သုတေသနစာတမ်းကို ဒေါက်တာမြတ်ထွဋ်ညွန့်ကလည်းကောင်း၊ မြန်မာဆေးယဉ်ပါး တီဘီလူနာများတွင် လင်နီဇိုးလစ်ဆေးပမာဏ နှစ်မျိုး၏ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်းဆေးဝါးကြမ္မာ (Pharmacokinetics) နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ်သက်ရောက်မှု (Pharmacodynamics) နည်းလမ်းဖြင့်လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာခင်နှင်းပွင့်ကလည်းကောင်း၊ အသက်(၄၀)နှစ်နှင့်အထက် သွေးတိုးဝေဒနာခံစားနေရသော လူနာများအကြား ကျန်းမာရေးဌာန၏ သွေးတိုးရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး လေ့လာသောသုတေသနစာတမ်းကို ဒေါက်တာမေစံပါယ်စိုးကလည်းကောင်း၊ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် မြွေကိုက်ခံရသောကလေးနှင့် ဆယ်ကျော်သက်လူငယ်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲပြဿနာများ၊ ရောဂါကုသမှု အခြေအနေများကိုလေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာ ခင်သန်းရီကလည်းကောင်း၊ အသည်းခြောက်ရောဂါ ဖြစ်ပွားသော ကလေးများတွင် အသည်း၏ လုပ်ငန်းဆောင်တာများနှင့် အသည်းမကောင်းခြင်းကြောင့် နောက်ဆက်တွဲဦးနှောက်ထိခိုက်မှုအပေါ် ပရိုဘိုင်အောတစ်ဆေးဝါး၏ အကျိုးသက်ရောက်မှုကိုလေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာသက်နိုင်ထွန်းကလည်း ကောင်း၊ ဝေသာရဇ္ဇဆေးပုလဲကလာပ် (တိုင်းရင်းဆေးအမှတ်- ၂၃) ၏ ရက်တိုအဆိပ်အာနိသင်နှင့် နာကျင်ကိုက်ခဲမှု သက်သာစေသော အာနိသင်အားဓာတ်ခွဲခန်း တိရစ္ဆာန်များအပေါ်တွင် စမ်းသပ်ခြင်းသုတေသနကို ဒေါ်မို့မို့အောင်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့်ဆိုင်သောအချက်များအား လေ့လာခြင်း သုတေသနစာတမ်းကို ဒေါ်ခင်ယမင်းဟန်ကလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိမြင်နားလည် သဘောပေါက်မှုနှင့် အလေ့အကျင့်များအား လေ့လာဆန်းစစ်ခြင်းနှင့် သွေးဘဏ်လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲစိန်ခေါ်မှုများကို အရည်အသွေး စံထားလေ့လာဆန်းစစ်ခြင်း သုတေသန (အမျိုးသားသွေးဌာန၊ ရန်ကုန်) ၌ လေ့လာတွေ့ရှိချက် သုတေသနကို ဒေါက်တာရန်လင်းမောင်ကလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး  အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) (ရန်ကုန်) နှင့် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်) တို့ရှိ ဓာတ်ခွဲဌာနများ၏ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများတွင် လူနာဘေးကင်း လုံခြုံမှုအစဉ်အလာအား ဆန်းစစ်ခြင်း (၂၀၂၀-၂၀၂၁) သုတေသနစာတမ်းကို ဒေါက်တာအောင် ဝေဖြိုးကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြသည်။။နံနက်ပိုင်း သဘာပတိများအဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးနှင့် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမို့မို့ထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။။မွန်းလွဲပိုင်းတွင် မကူးစက်တတ်သော ရောဂါများအားကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများဆိုင်ရာ ဆွေးနွေးခြင်း - Non - Communicable Diseases: Prevention
Promoting Control and the Way Forwardပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ။ဆွေးနွေးအကြံပြု။ထို့ပြင် ရုရှားသိပ္ပံပညာဆိုင်ရာအကယ်ဒမီအဖွဲ့ဝင် ကင်ဆာရောဂါပါရဂူ ပါမောက္ခ Vladimir Moiseenko က ကင်ဆာရောဂါများအတွက် နောက်ဆုံးပေါ်ကုထုံး အကြောင်းကို Online မှတစ်ဆင့် ပါဝင်ဆွေးနွေးသည်။ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ သုတေသီများ ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/51147
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ
ရတနာ (သုတေသီ)။ကျန်းမာရေးဝန်ကြီးဌာန၏ ပင်မမဏ္ဍိုင် လုပ်ငန်းကြီးတစ်ရပ်ဖြစ်သော ကျန်းမာရေးသတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၅၃) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။။ကျန်းမာရေးဝန်ကြီးဌာနကကြီးမှူး၍ သုတေသနညီလာခံများ အစဉ်အလာမပျက်ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာများတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့်ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့သုတေသီများ၏ ကျန်းမာရေး သုတေသနလုပ်ငန်းများမှ တွေ့ရှိချက် ရလဒ်များကို သုတေသနစာတမ်းများဖြင့် ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများပြသခြင်းတို့ဖြင့် ညီလာခံကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။။၁၉၆၅ ခုနှစ်မှစ၍ ပထမအကြိမ်ညီလာခံကြီးကိုစတင်ကျင်းပခဲ့ရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါက စတင်ကျင်းပခဲ့သောနှစ်များတွင် သုတေသနစာတမ်းများကိုသာ တင်သွင်းဖတ်ကြားခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ သုတေသနပိုစတာပြပွဲကိုထည့်သွင်းခဲ့ပြီး ထပ်မံ၍ ၂၀၀၂ ခုနှစ်မှ စတင်ကာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium)များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါသည်။ တစ်ဖန်သုတေသီပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် သုတေသနပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထားအသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံးစာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုများ ချီးမြှင့်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌ (၄၉) ကြိမ်မြောက် သုတေသနညီလာခံကို Virtual Congress အသွင်ဖြင့်လည်းကောင်း၊ အကြိမ်(၅၀)မြောက် ရွှေရတုညီလာခံကို Virtual နှင့် In-person ပူးတွဲလျက် Hybrid အသွင်ဖြင့် လည်းကောင်းကျင်းပခဲ့ပြီး (၅၁)ကြိမ်မြောက်မှစ၍ In-person ဖြင့် ပြန်လည်ကျင်းပခဲ့ပါသည်။။မျက်မှောက်ကာလတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက် မှုပုံစံများပြောင်းလဲလာခြင်းနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါအစရှိသည့် မကူးစက်တတ်သောရောဂါများဖြစ်ပွားမှု တိုးတက်များပြားလာသဖြင့် ယင်းတို့၏အရေးကြီးပုံကို မီးမောင်းထိုးပြနိုင်ရန်အတွက် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ ဆောင်ပုဒ် (Congress Theme) အဖြစ် ကျန်းမာသောဘဝ ပိုင်ဆိုင်ဖို့ကျန်းမာရေးပြဿနာများ ဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviorsကို ရွေးချယ်သတ်မှတ်ထားပါသည်။။ကျန်းမာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနက နှစ်စဉ်တာဝန်ယူလျက် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။။စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီသည် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ သုတေသီပညာရှင်များထံမှ စာတမ်းများ ကို [email protected] သို့ ပေးပို့တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ ပေးပို့လာသောစာတမ်းများကို အခြေခံ သုတေသန (Basic Research)၊ အသုံးချ သုတေသန (Applied Research)၊ ကျန်းမာရေးစနစ်သုတေသန (Health System Research) စသည်ဖြင့် အမျိုး အစားများအလိုက် ခွဲခြားစိစစ်ခဲ့ပါသည်။ ယခုနှစ်ညီလာခံတွင် သုတေသနစာတမ်း ၅၄ စောင် တင်သွင်းဖတ်ကြားမည်ဖြစ်ပြီး သုတေသနပိုစတာ ၄၃ စောင်တို့ကို ပြသမည်ဖြစ်ပါသည်။။တင်သွင်းမည့် စာတမ်းများတွင် ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ ကိုဗစ်-၁၉ ရောဂါ၊ တီဘီရောဂါ၊ HIV ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ မြွေဆိပ်၊ ဆေးယဉ်ပါးပိုးများ၊ အစားအသောက်ဘေးကင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တိုင်းရင်းဆေး၊ သွားကျန်းမာရေး၊ ဆေးပညာသင်ကြားရေးဆိုင်ရာ၊ ကျန်းမာရေးစနစ်ဆိုင်ရာ၊ ဇီဝကမ္မဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ အားကစားဆိုင်ရာ၊ သူနာပြုပညာဆိုင်ရာ၊ ခံတွင်းနှင့်သွားကျန်းမာရေးဆိုင်ရာ သုတေသနများစသည်တို့ ပါဝင်ပါသည်။ ညီလာခံရက်များအတွင်း သုတေသနပိုစတာများကို ခင်းကျင်းပြသထားမည်ဖြစ်ပြီး သုတေသနစာတမ်းဖတ်ပွဲကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အချိန်များခွဲ၍ ကျင်းပမည်ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သဘာပတိများအဖြစ် အလှည့်ကျဆောင်ရွက်ကြမည်ဖြစ်သည်။ ။(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် တင်ပြမည့်စာတမ်းများ၊ ပိုစတာများအနက် အချို့ကိုကောက်နုတ်၍ တင်ပြလိုပါသည်။ ။သွေးကင်ဆာအပါအဝင် သွေးရောဂါများကို မြန်မာနိုင်ငံတွင် အောင်မြင်စွာကုသနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် လာခဲ့ပြီဖြစ်ပါသည်။ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ သွေးခြင်ဆီ၊ ပင်မကလာပ်စည်း (Stem Cell) ကို အသုံးပြု ၍ သွေးခြင်ဆီအစားထိုးကုသမှု (Haemato poietic Stem Cell Transplant) ကို ၂၀၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀ နှစ်တာကာလ၏ ကုထုံးအောင်မြင်မှုရလဒ်ကို သုတေသနပိုစတာအနေဖြင့် တင်ပြသွားမည်ဟု သိရှိရပါသည်။။ယနေ့ကာလတွင် နေထိုင်စားသောက်မှုပုံစံပြောင်းလဲမှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးမှုတို့ကြောင့် ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း သက်လတ်ပိုင်း (အသက် ၄၀- ၆၀ အတွင်းရှိ) အဆီများနေသောသူများကိုတွေ့ရှိရမှုနှင့် ယင်းတို့နှင့်ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြမြို့နယ်နှစ်မြို့နယ်တွင်လုပ်ဆောင်ခဲ့သော သုတေသနမှတွေ့ရှိချက်များသည် နိုင်ငံအတွင်းလူလတ်ပိုင်းများတွင် မကူးစက်နိုင်သော ရောဂါများကုသခြင်းအတွက် ပိုမိုကောင်းမွန်သော ကုသမှုအစီအစဉ်များလမ်းညွှန်ချမှတ်ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည်ဟု သိရှိရပါသည်။။မြန်မာနိုင်ငံတစ်ဝန်းရှိ ပထဝီဝင်နယ်မြေလေးခု (တောင်တန်း၊ ကမ်းရိုးတန်း၊ လွင်ပြင်နှင့် မြစ်ဝကျွန်းပေါ်ဒေသ)မှ အရွယ်ရောက်ပြီးသူများ၏ ကိုယ်ကာယကြံ့ခိုင်မှုအား လေ့လာခဲ့သည့် သုတေသနမှ ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ နာတာရှည်အခြေအနေများနှင့် မသန်စွမ်းဖြစ်နိုင်ခြေကိုလျှော့ချပေးကာ မကူးစက် နိုင်သောရောဂါများကို ကာကွယ်ရာတွင် များစွာအထောက်အကူဖြစ်စေသည်ဟု သိရှိရပါသည်။။တီဘီရောဂါကုသရာတွင် ရိုင်ဖန်ပီစင်ဆေးကို ယဉ်ပါးလူနာများ (Rifampicin resistant-TB) အား ဒုတိယတန်းစား တီဘီဆေးများ (Secondline anti-TB drugs) အသုံးပြုသည့် ဆေးယဉ်ပါးတီဘီ ကုထုံး (MDR-TB treatment) ဖြင့် ကုသရသည်။ ဤတွင် ရိုင်ဖန်ပီစင်ဆေး ယဉ်ပါးမှု ရှိ/မရှိကို တိကျစွာရှာဖွေနိုင် ခြင်းသည် သင့်လျော်သောဆေးကုသမှုရရှိစေနိုင်ခြင်းနှင့် ဆေးယဉ်ပါးတီဘီပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် အလွန်အရေးကြီးပါသည်။ ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်းဆိုထား သည့်နည်းပညာများဖြင့် ရောဂါရှာဖွေ မရနိုင်သည့် ရိုင်ဖန်ပီစင်ဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေသည့် rpoB မျိုးဗီဇပြောင်းလဲ မှုကို တွေ့လာရသည့်အတွက် ယင်းဗီဇပြောင်းလဲမှုများကို အိုက်ဆိုနိုက်ယာဇစ် ဆေးယဉ်ပါးတီဘီ (Isoniazidresistant-TB) တွင် မျိုးဗီဇအစီအစဉ်ဆွဲသည့်(Gene sequencing) နည်းပညာသုံး၍စောင့်ကြည့် လေ့လာသော သုတေသနမှတွေ့ရှိချက် များသည် ရောဂါရှာဖွေသည့် လမ်းစဉ်ကိုပိုမိုထိရောက်အောင် ပြောင်းလဲစေနိုင်ရန် စဉ်းစားရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း သိရှိရသည်။။မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်ကြသည့် မြန်မာ့ရိုးရာနည်းဖြင့် အချဉ်ဖောက်ထားသောပဲအနှစ် (ပုံးရည်ကြီး) ၏ အရည်အသွေးနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုကိုသိရှိရန် ပုံးရည်ကြီး အမှတ်တံဆိပ် ၃၅ မျိုးတွင် အဏုဇီဝပိုးများနှင့် ထိတွေ့ညစ်ညမ်းခြင်းနှင့် ကြာရှည်ခံဓာတုပစ္စည်းများ သုံးစွဲမှုတို့ကို သုတေသနပြုလေ့လာခဲ့သည့်စာတမ်းကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းသုတေသနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပေသည်။။ညီလာခံတွင် ပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲလေးခုကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ ညီလာခံပထမရက် မွန်းလွဲပိုင်းတွင် မြန်မာ-ကိုရီးယား ပညာရှင်များပူးတွဲ၍ တီဘီရောဂါ၊ အသည်းရောင်အသားဝါရောဂါနှင့် ငှက်ဖျားရောဂါ သုတေသနဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၅) - Myanmar-Korea Joint Symposium (2025)ကို လည်းကောင်း၊ တတိယရက်တွင် ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle and Addressing Health Risk Behaviorsကို လည်းကောင်း၊ စတုတ္ထရက်တွင် မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည်ပြောင်းလဲမှုဆိုင်ရာများကို မီးမောင်းထိုးတင်ပြခြင်း - Virological and Immunological Highlights of Dengue
Chikungunya and Zika Virus Infections in Myanmarကို လည်းကောင်း၊ ညီလာခံနောက်ဆုံးရက် နံနက်ပိုင်းတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)ကို ဆေးပညာတွင် အသုံးပြုပြီး ကျန်းမာရေးမျိုးဆက်သစ်များကို ပုံဖော်မွေးထုတ်နိုင်ရန် ဆောင်ရွက်နေမှု - Artificial Intelligence: Shaping the Next Generation of Health Professionalsကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။။သုတေသနပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် အကောင်းဆုံးစာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီသည် တင်သွင်းလာသည့်စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချ သုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ်သုတေ သန (Health Systems Research) စာတမ်းဆုများ၊ လူငယ်သုတေသီဆုများနှင့် ပိုစတာစာတမ်းဆုများကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး ဆုရရှိသူသုတေသီများအား ထိုက်ထိုက်တန်တန် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။။သုတေသန စာတမ်းရှင်များသည် ဆေးသုတေသနဦးစီးဌာနက ထုတ်ဝေသည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ် (Myanmar Health Sciences Research Journal) သို့ ပေးပို့လိုပါကလည်း ဂျာနယ်သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်လျက် ဂျာနယ်၏အီးမေးလ် (https:// www. mhsrj-moh.dmr.gov.mm) သို့ စာတမ်းများပေးပို့နိုင်မည်ဖြစ်ပါသည်။။ညီလာခံကျင်းပစဉ်ရက်များအတွင်း ဆေးဝါးကုမ္ပဏီများ၊ ဓာတ်ခွဲခန်းကိရိယာ၊ ဓာတုပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများက ခေတ်မီဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများကို ပြခန်းများဖြင့်စုံလင်စွာခင်းကျင်းပြသကြမည်ဖြစ်ပါသည်။ ။ယခုအခါ စာတမ်းတင်သွင်းမည့် သုတေသီပညာရှင်များသည် မိမိတို့၏သုတေသနတွေ့ရှိချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်းဆုံးတင်သွင်း ဖတ်ကြားပြသနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိနေကြသကဲ့သို့ မိမိတို့ စာတမ်းအကောင်းဆုံးဆုအဖြစ် ရွေးချယ်သတ်မှတ်ခံရရေးအတွက်လည်း မျှော်မှန်းလျက်ရှိနေကြပြီဖြစ်ပေသည်။။မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံသို့ တက်ရောက်ကြမည့် ပြည်တွင်းနှင့်နိုင်ငံတကာမှ သုတေသီပညာရှင်များ၊ ဆေးပညာရှင်များ၊ သမားတော်များ၊ စီမံချက်မန်နေဂျာများ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများသည် သုတေသနစာတမ်းရှင်များ၏ တင်ပြချက်များ၊ နှီးနှောဖလှယ်ပွဲများမှ ပညာရပ်ဆိုင်ရာတင်ပြချက်နှင့် ဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာနားထောင်ကြပြီး ကျန်းမာရေးနှင့်ဆေးပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များ (Health & Medical Information) ကို မျှဝေဆွေးနွေးကြမည်ဖြစ်ရာ သုတေသီများအတွက် အလွန်တန်ဖိုးရှိသော အခွင့်အရေးကောင်းကို ရရှိမည်ဖြစ်ပါသည်။ ။နိဂုံးချုပ်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်ကျင်းပသည့် သုတေသနညီလာခံကြီး၌ ပညာရှင်များ၏ တင်ပြဆွေးနွေးတိုင်ပင်အဖြေရှာဖော်ထုတ်ချက်ရလဒ်များကို အခြေပြု၍ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးကဏ္ဍကို အထောက်အကူပြုမည်ဖြစ် သောလုပ်ငန်းများ၊ ပြည်သူ့အကျိုးကို ဖော်ဆောင်သည့် ကျန်းမာရေးစီမံချက်များကို ချမှတ်နိုင်ကြမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
https://www.moi.gov.mm/article/66100
(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီအစည်းအဝေး၊ (၂၄)ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေး ဝန်ကြီးများ နှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၈။ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။။ ။ပါဝင်တက်ရောက် ။အဆိုပါ အစည်းအဝေးများတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေး အကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။။ ။ထပ်မံထည့်သွင်းရေး အတည်ပြု ။(၃၅)ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှု ဒေသကောင်စီအစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ ကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်တမ်းတင်ပြီး ယင်းသဘောတူစာချုပ် ပြန်လည်သုံးသပ်ရေးဆောင်ရွက်မှု အခြေအနေများကို အသိအမှတ်ပြုခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဆေးနှင့် ဆက်စပ်ပစ္စည်းများနှင့် စားသောက်ကုန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အရေးကြီးကုန်စည်များ၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် နားလည်မှုစာချွန်လွှာတွင် စားသောက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ ထပ်မံထည့် သွင်းရေးကို အတည်ပြုခဲ့ကြသည်။ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်နှင့်အညီ ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည့် နိုင်ငံအလိုက် ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားရေး ကိစ္စကိုလည်း ဝန်ကြီးများက မှတ်တမ်း တင်ခဲ့ကြသည်။ ။ ။ဆက်လက်ပူးပေါင်းဆောင်ရွက် ။ ။အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် -၁၉ နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။။ ။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံ ကုန်စည်ကုန်သွယ်မှု သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ စာချုပ်ပါအကောက်ခွန်လျှော့ချမှု အစီအစဉ်အရ အကောက်ခွန်လိုင်းများ ချိတ်ဆက်ရာတွင် မှီငြမ်းသည့် လမ်းညွှန်ချက် ရေးဆွဲဆောင်ရွက်ခြင်းသည် ကုန်သွယ်မှု လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုနှင့် တိကျသေချာမှုကို အထောက်အကူဖြစ်သည့်အတွက် အဆိုပါလမ်းညွှန်ချက် အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီကို  တိုက်တွန်းခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အထွေထွေ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းသည် သဘောတူစာချုပ်အောက်ရှိ ကတိကဝတ်များနှင့် ကိုက်ညီမှုမရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ပြုစုထားသည့် အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည်ကြာစွာ ဖြေရှင်းနိုင် ခြင်းမရှိသည့် ကိစ္စရပ်များအတွက်လည်း ရှေ့ဆက်လက်ဆောင်ရွက်မည့် နည်းလမ်းများကိုပါ ထည့်သွင်းရန်လိုကြောင်း ဆွေးနွေးခဲ့သည်။။ ။နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေး ။ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ ထိုင်း နိုင်ငံသို့ပြောင်းတင်ပို့မှုနှင့်စပ်လျဉ်း၍ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံး ပြောင်းတင်ပို့ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံက စဉ်းစားပေးရန်ကိုလည်း ပြည်ထောင်စုဝန်ကြီးက တောင်းဆိုခဲ့သည်။။ ။ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်း။ ။ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပေါ်နေစဉ်အတွင်း အကောက်ခွန်မဟုတ်သည့် အစီအမံများ ဖြေလျှော့ပေးရန်အတွက် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲစာရင်းတွင် အာဆီယံနိုင်ငံများ သဘောတူထားသည့် စားသောက်ကုန်နှင့် စပ်လျဉ်းသည့် ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်းရန်ကိုလည်း သဘောတူခဲ့ကြသည်။။ ။ဆက်လက်၍ (၂၄) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၀-၂၀၂၁) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်တို့ကို ထုတ်ပြန်ရန် အတည်ပြုခဲ့သည်။ ထို့အပြင် အာဆီယံရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအစီရင်ခံစာ (၂၀၂၁) နှင့် စပ်လျဉ်းပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တင်ပြမှုအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အဆင့်မြင့် စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ကြသည်။။ ။လွယ်ကူချောမွေ့စေရေးမူဘောင် ။ ။ပြည်ထောင်စုဝန်ကြီးကဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ၂၀၂၁ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ် စီးပွားရေးဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်ကို ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ကြိုဆိုပါကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံဒေသတွင်း ဦးစားပေး မြှင့်တင်သင့်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ဆောင်ရွက်ပေးမှုများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ။ ။ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆန်းစစ်နိုင်ရန်နှင့် ကိုဗစ်၁၉ ကပ်ရောဂါအလွန် ပြန်လည်ကုစားရေး ဆောင်ရွက်ချက်များကို အထောက်အကူ ပြုနိုင်ရန်အတွက် ဆောင်ရွက်မည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးနှင့် လွယ်ကူချောမွေ့ စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် SMART လုပ်ငန်း စဉ်များနှင့် ကိုက်ညီမှုရှိခြင်းနှင့် အဆိုပါ အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မူဘောင်ကို ဆက်လက်ဆောင်ရွက်ရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။။ ။ပြန်လည်လမ်းညွှန်ဆွေးနွေး ။ ။ထို့နောက် ဆက်လက်ကျင်းပသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ ဥက္ကဋ္ဌနှင့် အတူ အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ ထို့ပြင် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကျင်းပရန် စီစဉ်ဆောင်ရွက်မှု၊ ထူးချွန်သည့် စီးပွားရေးလုပ်ငန်းများအား ဆုချီးမြှင့်မည့်အစီအစဉ်။ ဒေသတွင်းကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ကောင်းမွန် စေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးကွန်ရက် ထူထောင်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အကြံပြုချက်များကို တင်ပြခဲ့ရာ ဝန်ကြီးများက ပြန်လည်လမ်းညွှန် ဆွေးနွေးခဲ့ကြသည်။ ။။အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ၌ အစိုးရ-ပုဂ္ဂလိက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကူးစက်မှုနှုန်းကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ကာလလတ်စီမံကိန်းဖြစ်သည့် မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက်ကို ကုလသမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေး မူဘောင်နှင့် ဂျီအမ်အက်စ်လုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့သည်။။ ။ဆက်လက်ကျင်းပမည် ။ထို့နောက် ညနေပိုင်းတွင် (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ကုန်၌ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ရောဂါဖြစ်ပွား နေစဉ်အတွင်း မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကိရိယာများကို လွယ်ကူစွာတင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ (၅၃)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။။ကိုယ်စားလှယ်များ ပါဝင်တက်ရောက် အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အရာရှိကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့်စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။။ ။သတင်းစဉ်
https://www.moi.gov.mm/news/16856
2021-09-09
(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ စတင်ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၄။ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ ။အဖွင့်အမှာစကားပြောကြား။အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံ စီးပွားရေးဝန်ကြီးများကို တွေ့ဆုံသည့် အခမ်းအနားသို့လည်း တက်ရောက်သည်။။ထို့နောက် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက်ကျင်းပရာ (၃၆) ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်မှု ဒေသကောင်စီအစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို မှာကြားခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက် စနစ်ကို ပြည့်ပြည့်ဝဝအသုံးချ၍ အီလက်ထရွန်နစ်စနစ်ဖြင့် အကောက်ခွန် သက်သာခွင့် လျှောက်ထားသည့် ပင်ရင်းသက်သေခံ လက်မှတ်များလဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီးများက တိုက်တွန်းမှာကြားသည်။ ။အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ။အတည်ပြုခဲ့ကြ။ဆက်လက်၍ (၂၅) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးကို ကျင်းပရာ ဝန်ကြီးများက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၂) ထုတ်ဝေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ ထို့ပြင် အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှု အစီရင်ခံစာ (၂၀၂၂) (ASEAN Investment Peer Review Report 2022) ကို အတည်ပြုခဲ့ကြသည်။ ။ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။ ။ပိုမိုပူးပေါင်းဆောင်ရွက်။မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာဝန်ကြီးများက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ပြောကြားသည်။ ။ညနေပိုင်းတွင် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက်ဝန်ကြီးများက ရေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် ကုန်သေတ္တာများသုံးစွဲရာ၌ စီမံခန့်ခွဲမှုတိုးတက်စေရေး လေ့လာမှု၏ရလဒ်များအပေါ် မူဝါဒဆိုင်ရာအကြံပြုချက်များနှင့် လမ်းညွှန်ချက်များ ပေးခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများက ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။။စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင်လည်း အာဆီယံစီးပွားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲကိုကျင်းပခဲ့ပြီး နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည် ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ။အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် ဖွံ့ဖြိုးမှုကောင်စီအတွင်းရေးမှူးချုပ် H.E. Sok Chenda Sophea၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Vongsey Vissoth တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသစ်လင်းအုန်း၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ။ဆက်လက်ကျင်းပမည်။(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၁၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/30156
2022-09-15
(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ ဝေးများကျင်းပ
နေပြည်တော် ဇူလိုင် (၈)။(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃၉) ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းအဖွဲ့ အစည်း အဝေးများကို အင်ဒိုနီးရှားနိုင်ငံမှဦးဆောင်၍  ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့၌ နံနက်၈နာရီခွဲတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။ ။အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း(ASEANTA)၊ အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့ (ATRA)၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(US-ABC)၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC)၊ ပစိဖိတ်- အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။ ။အစည်းအဝေးပထမနေ့တွင် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ကိုဗစ်-၁၉ ကာလတွင်းနှင့် အလွန်ကာလများတွင် အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု များဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှု၊ ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးမဟာဗျူဟာ (၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်ဆောင်မှု၊ အာဆီယံစင်တာများဖြစ်သည့် အာဆီယံ-တရုတ်စင်တာ၊ အာဆီယံ-ဂျပန် စင်တာ၊ အာဆီယံ-ကိုရီးယားစင်တာများ၏ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက် နေမှု၊ အာဆီယံဆက်စပ်အဖွဲ့များဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ (ASEANTA)၊ အာဆီယံ ခရီးသွားလုပ်ငန်းသုတေသနအဖွဲ့(ATRA)၊ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ABC)၊ နိုင်ငံ တကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)၊ ကမ္ဘာ့ခရီး သွားလုပ်ငန်းကောင်စီ (WTTC)၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့ (PATA)များမှ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းပြန်လည် ဖွင့်လှစ်နေမှုတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ။အစည်းအဝေး ဒုတိယနေ့တွင် အာဆီယံ+၃ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့်ပူး​ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှု၊ အာဆီယံ+၃ခရီးသွားလုပ်ငန်းပူး​ပေါင်း ဆောင်ရွက်ရေး Work Plan (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်မှု၏ တိုးတက်မှု၊ အာဆီယံခရီးသွားလုပ်ငန်း များ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပံ့ပိုးကူညီ ဆောင်ရွက် ပေးမည့် အခြေအနေ၊ အာဆီယံ+အိန္ဒိယခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး သဘောတူစာချုပ်အရ အာဆီယံ+အိန္ဒိယခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး Work Plan (၂၀၂၁-၂၀၂၂) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှု၊ အာဆီယံ+အိန္ဒိယအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်၊ ခရီးသွား လုပ်ငန်းဆိုင်ရာ မဟာဗျူဟာများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးကိစ္စရပ်၊ အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာခရီးသွား ဧည့်သည် ရောက်ရှိမှုတို့ကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။။ (သတင်းစဉ်)
https://www.moi.gov.mm/news/15183
2021-07-08
(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၅။(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များအကြောင်းခေါင်းစဉ်ဖြင့် ကျင်းပသည်။။ပြောကြား။ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အချိန်နှင့်ငွေကြေး အကုန်အကျခံကာ သုတေသနပြုဆောင်ရွက်ထားရှိသော စပါးမျိုးသစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန ပညာပေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။။ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်များ၊ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး သည်။။ယနေ့ကျင်းပသည့် (၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များ၊ လယ်ဝေးမြို့နယ်မှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက Zoom point ၆၈ point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/65023
2024-12-16
(၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြု၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းရေး ဆောင်ရွက်၊ အလှူငွေပေးအပ်လှူဒါန်း
နေပြည်တော် စက်တင်ဘာ ၂၆။(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး စိုးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်မြင့်နှင့် အမှတ် (၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးထိုက်ပါ အရာရှိ (၂၅)ဦး၊ အခြားအဆင့် (၇၃)ဦး စုစုပေါင်း (၉၈) ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင် စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး ပရဝုဏ် အတွင်း ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက် ခဲ့ပြီးတပ်ဖွဲ့ဝင်များ စုပေါင်းလှူဒါန်း သောအလှူငွေကျပ် (၃ဝဝဝဝဝိ/) ကျပ်ကို ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။။(သတင်းစဉ်)
https://www.moi.gov.mm/news/17444
2021-09-26
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဧပြီ ၂၄။(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ ။ယနေ့ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၂၁ မှ အတွဲအမှတ် ၃၃၀ အထိ ပုလဲအတွဲ (၁၁၀)ကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။။ထို့နောက် ပုလဲအတွဲပေါင်း ၃၃၀ အနက် အတွဲအမှတ် ၂၂၁ မှ အတွဲအမှတ် ၃၃၀ အထိ ပုလဲအတွဲ (၁၁၀)အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၃)ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၁၀)ကို ရောင်းချရကြောင်း ကြေညာသည်။။ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချနိုင်ခဲ့သည်။။ပြပွဲစတုတ္ထနေ့တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ။ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။။ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကိုရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်အတွဲ(၁၂၀) ကို ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း  (၂၀၀၀)ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/24483
2022-04-24
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့စတင်ကျင်းပ
နေပြည်တော် ဧပြီ ၂၂။(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။။ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။။ကျောက်မျက်ရတနာပြပွဲတွင် အလေးချိန်  ၇၇၅၃၈ ဒသမ ၁၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၃၃၀)၊ အလေးချိန် ၁၂၆၀၂ ဒသမ ၇၃၈၉ ကရက်၊ ၃၃၅ ဒသမ ၄၆ ဂရမ်ရှိ နိုင်ငံပိုင်ကျောက်မျက်အတွဲ ၆၂ တွဲ၊ အလေးချိန် ၉၉၁၀၅ ဒသမ ၀၀ ကရက်၊ ၆၁ ဒသမ ၂၆ ကီလိုရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၂၀ နှင့် အလေးချိန် ၂၉၇၈ ဒသမ ၅၁ ကရက်၊ ၄၇ ဒသမ ၈၃ ကီလို၊ ၄၃၉ ဒသမ ၆၃ ဂရမ်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၃၈ တွဲ စုစုပေါင်းအလေးချိန် ၁၁၄၆၈၆ ဒသမ ၂၄၈၉ ကရက်ရှိ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ အလေးချိန် ၅၈ ဒသမ ၅၉၇ တန်ရှိ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ ၁၅၀၊ အလေးချိန် ၅၂၉ ဒသမ ၀၁၃ တန်ရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၈၀၀၊ အလေးချိန် ၁၁၉၀ ဒသမ ၉၃၅ တန်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၁၀၅၀ စုစုပေါင်း အလေးချိန် ၁၇၇၈ ဒသမ ၅၄၅ တန်ရှိ ကျောက်စိမ်းအတွဲပေါင်း (၂၀၀၀) တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ။ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ် ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  လည်းကောင်း၊  ကျောက်စိမ်းအတွဲများကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။။ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။။ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက် လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။။နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ် ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။။သတင်း-မျိုးဆက်သစ်။ဓာတ်ပုံ-ကိုကိုကျော်
https://www.moi.gov.mm/news/24420
2022-04-22
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး
နေပြည်တော် ဧပြီ ၂၈။(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာခန်းမ အပြင်ဘက်တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။။ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁)မှ (၂၀၀၀)အထိ ကျောက်စိမ်းအတွဲပေါင်း (၆၀၀)အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၅၅)တွဲကို ရောင်းချရကြောင်း ကြေညာသည်။။ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း (၃၃၀)ကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၁၃၃၅) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။။ထို့အပြင် ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိစေနိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။။သတင်းစဉ်
https://www.moi.gov.mm/news/24662
2022-04-28
(၅၈) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံနှင့် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေးကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၆။အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks (SEACEN) Re-search and Training Centre) နှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်တို့မှကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့၌ ဒီဇင်ဘာ ၅ ရက်တွင် (၅၈) ကြိမ်မြောက်  အရှေ့တောင် အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (58th SEA-CEN Governors' Conference/ High Level Seminar) နှင့် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေး (42nd SEACEN Board of Governors-BOG Meeting) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့သည်။ ။ယင်းနေ့ နံနက်ပိုင်းတွင် (၅၈) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာများညီလာခံ (58th SEACEN Governors' Confe-rence/ High Level Seminar) ကို ကျင်းပရာ ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Chea Chanto နှင့် SEACEN အမှု ဆောင်ဒါရိုက်တာ Dr. Mangal Goswami တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြ သည်။ ထို့နောက် Current Policy Challengesခေါင်းစဉ်နှင့် စပ်လျဉ်း၍ ဥရောပဗဟိုဘဏ် (European Central Bank-ECB) ၏ အကြီးအကဲ Ms. Christine Lagarde ၊ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ Dr. Larry Summers ၊ အပြည်ပြည်ဆိုင်ရာ စာရင်း ရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS) ၏ ဒုတိယအထွေထွေ မန်နေဂျာ Dr. Luiz Pereira da Silva နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ဦးဆောင် ညွှန်ကြားရေးမှူး Mr. Ravi Menon တို့က ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။။ထို့နောက် The Global and Asia Economic Contextနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ငွေ‌ကြေးရန်ပုံငွေအဖွဲ့ (Interna-tional Monetary Fund-IMF) ၏ အာရှပစိဖိတ်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Dr. Sanjaya Panth ကတင်ပြပြီး၊ တင်ပြချက်အပေါ် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Dr. Setha-put Suthiwartnarue-put ၊ ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mr. Darryl Chan နှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Dody Waluyo တို့က ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ။ယင်းနောက် Transition Challenges and Scaling Up Climate Financingနှင့်စပ်လျဉ်း ၍ အပြည်ပြည်ဆိုင်ရာငွေ‌ကြေးရန်ပုံငွေအဖွဲ့၏ ငွေရေးကြေးရေးနှင့် အရင်းအနှီးစျေးကွက်ဖွံ့ဖြိုး‌ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Dr. Fabio Natalucci က တင်ပြပြီး၊ တင်ပြချက်အပေါ် ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Dr. Felipe Medalla နှင့် Institute of Finance and Sustainability ၏ အကြီးအကဲ Dr. Ma Jun တို့က ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ။မွန်းလွဲပိုင်းတွင် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့ (42nd SEACEN Board of Governors-BOG) အစည်းအဝေးကို ဆက်လက်ကျင်းပရာ SEACEN အမှုဆောင်ဒါရိုက်တာ Dr. Man-gal Goswami က SEACEN စင်တာ၏ ၂၀၂၂ ခုနှစ်အတွင်း နည်းဗျူဟာအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အခြေအနေ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် အဆိုပြုဘတ်ဂျက်လျာထားမှုနှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြလမ်းညွှန်မှုခံယူရာ အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/33152
2022-12-07
(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ
နေပြည်တော် မတ် ၂၁။(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။။ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၁၅၀ အနက် ကျောက်စိမ်းအတွဲအမှတ်(၁)မှ (၇၅၀)အထိကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။။ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၁၅၀အနက် ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။။ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ် ၂၂ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။။ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကိုလည်းကောင်း၊ ကျောက်မျက်အတွဲ ပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။။ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ ။ယခု ကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။။သတင်းစဉ်
https://www.moi.gov.mm/news/36838
2023-03-22
(၅၉) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၈။စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၅၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ထရိုင်ခို ဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးချခြင်းခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။။အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တက်ရောက်၍ ယနေ့ပြုလုပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့်စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ ကောင်းစွာ စီမံခန့်ခွဲတတ်စေခြင်းဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို စောင့်ရှောက်တတ်စေရန်ရည်ရွယ်ကြောင်း၊ ထရိုင်ခိုဒါးမားမှိုဆိုသည်မှာ သီးနှံကာကွယ်ရေးအပေါ်တွင် များစွာအထောက်အကူဖြစ်ကြောင်း၊ တောင်သူများအတွက် များစွာအကျိုးရှိ ထိရောက်သည့် သွင်းအားစုတစ်ခုဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရေးအတွက် သက်ဆိုင်ရာပညာရှင်များ၊ သုတေသီများက ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ အကျိုးရှိထိရောက်သည့် ပညာပေးနည်းလမ်းများကို အသုံးပြု၍ နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ ယခုနှစ် မိုးကြိုနှမ်းကို ပေါင်ကြီးတင်စနစ်၊ Broadbed and Furrow စနစ်ကို​ တောင်သူ​များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရေး ထိ​​ရောက်သော ပညာ​ပေး​ဆွေး​နွေးမှု​များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။။ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာ သက်ရီခိုင်က သီးနှံကာကွယ်ရေး၏ အရေးကြီးမှု၊ ထရိုင်ခိုဒါးမားမှို၏ အာနိသင်များနှင့် စိုက်ပျိုးရေးတွင် အကျိုးပြုမှု၊ ထရိုင်ခိုဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးပြုသည့် နည်းလမ်းများ၊ မျိုးစေ့လူးနယ်ခြင်း၊ စိုက်ပျိုးမည့် ပျိုးအိုး၊ ပျိုးထုပ်၊ ပျိုးပေါင်၊ မြေဆီလွှာထဲသို့ ထည့်သွင်းခြင်းတို့ကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ဖြည့်စွက်ဆွေးနွေးဖြေကြားကြသည်။။ထို့ပြင် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၅၀၀ စုပေါင်း၍ ဆောင်းရာသီဟင်းသီးဟင်းရွက် ကန်စွန်း၊ ချဉ်ပေါင်၊ ဆလပ်၊ နံနံ၊ မုန်ညင်း၊ မုန်လာဥဖြူ သီးနှံများကို ပေါင်ကြီးတင်စနစ်ဖြင့် စနစ်တကျပြင်ဆင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။      ။သတင်းစဉ်
https://www.moi.gov.mm/news/66211
2025-01-19
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ၊ ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ ရောင်းချနိုင်ခဲ့
နေပြည်တော် မေ ၇။(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။။၅၄၆ တွဲ ရောင်းချ။ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ ကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့တွင်ကျောက်စိမ်းအတွဲ ၉၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ ရောင်းချရကြောင်း ကြေညာသည်။ ။ကြေညာသွားမည်။ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့်ကျောက်စိမ်းအတွဲပေါင်း ၉၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီ တွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား မေ ၈ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ ။မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။။(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျန်ရှိနေသည့်ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၁၂ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/55793
2024-05-08
(၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၂၉ ။(၅၉) ကြိမ်မြောက် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့မှ စတင်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ ။အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Keqiang တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အစိုးရအဖွဲ့၊ AALCO အတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi ကို အထူးကျေးဇူးတင်ရှိပါကြောင်း။ ။အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံ အဖွဲ့အစည်းသည် ၁၉၅၅ ခုနှစ်၊ ဘန်ဒေါင်းညီလာခံမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင် တက်ရောက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း  အစည်းအဝေးကို ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပနိုင်ခြင်းသည် အာရှ-အာဖရိက နိုင်ငံများအကြား စည်းလုံး ညီညွှတ်မှုကို ပြသခြင်း ဖြစ်ပါကြောင်း၊ AALCO ၏ နှစ်စဉ်ထုတ်ဝေသည့် စာအုပ်နှင့် အပြည်ပြည် ဆိုင်ရာဥပဒေနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါခေါင်းစဉ်ဖြင့် ဂျာနယ်ထုတ်ဝေ နိုင်မှုတို့အပေါ် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ AALCO သည် အာရှ-အာဖရိက နိုင်ငံများအတွက် အလွန်အရေးပါသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများသို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် အဓိက အထောက်အပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ AALCO က အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် International Law Commission (ILC)၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။။ အပြည်ပြည်ဆိုင်ရာ ဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနယ်ပယ်များတွင် သာတူညီမျှရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း နိုင်ငံအသီးသီးအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေကို အလေးထားလိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကာလအတွင်းနှင့် ကာလအလွန် အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာမှုခင်းများသည် နိုင်ငံဖြတ်ကျော် မှုခင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် တိုက်ဖျက်၍ မရနိုင်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြောကြားပြီး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆိုက်ဘာဆိုင်ရာ နိုင်ငံတကာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဿနာများနှင့်စပ်လျဉ်း၍ တက်ရောက်ကြသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။                          ။(သတင်းစဉ်)
https://www.moi.gov.mm/news/19478
2021-11-29
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၆။(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။။ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁၇ ဦးနှင့် မိသားစုဝင်ခြောက်ဦးတို့က လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး စုပေါင်းသွေးလှူဒါန်းကြသည်။။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/45040
2023-09-27
(၆) ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည်ဆိုင်ရာ ဆေးပညာ နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား
ရန်ကုန် ဖေဖော်ဝါရီ ၈။(၆) ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည် ဆိုင်ရာ ဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Wyndham Grand Yangon Hotel ၌ ကျင်းပ သည်။။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက က မြန်မာနိုင်ငံတွင် အစာအိမ် အူလမ်း ကြောင်းရောဂါနှင့် အသည်းရောဂါများ ဖြစ်ပွားမှုသည် များပြားလျက်ရှိပြီး ရောဂါဖြစ်ပွားသူများတွင် ဘဝနေ ထိုင်မှု အရည်အသွေး ကျဆင်းခြင်းနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်ပွားရုံသာမက ရောဂါဖြစ်ပွား သူများ၏ မိသားစုများတွင်လည်း ထိခိုက်ဆုံးရှုံး မှုများခံစားရပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ၌ နိုင်ငံ တကာနှင့် ပြည်တွင်းမှ ဆေးပညာရှင်များမှ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေး ပညာရပ်များ၊ လက်တွေ့ အတွေ့အကြုံများနှင့် ပတ်သက်၍ဆွေးနွေးဖလှယ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်သ ဖြင့် ပညာရပ်ကျွမ်းကျင်မှုပိုင်းဆိုင်ရာ များပိုမိုမြင့်မားလာ မည်ဖြစ်ပါကြောင်း။။အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ကုသရေးသာမက ရောဂါကာကွယ်ရေး လုပ်ငန်းများ သည် လည်းညီတူညီမျှအရေးကြီးပါကြောင်း၊ဝ န်ကြီးဌာနအနေဖြင့် ကလေးငယ် များ မွေးဖွားပြီး (၂၄) နာရီ အတွင်း အသည်းရောင်အသားဝါ (ဘီ) ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိပါပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံမှုအားကောင်းစေရေးကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအား ကောင်းခြင်းဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါများ ဖြစ်ပွား မှုများကျ ဆင်းလာ မည်ဖြစ်ပါကြောင်း။။ကလေးငယ်များဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကို ကာကွယ်နိုင်သည့် ရိုတာ ဗိုင်းရပ်(စ်) ကာကွယ်ဆေးကိုလည်း ယခုလအတွင်း တစ်နိုင်ငံလုံးစတင်တိုက်ကျွေး လျက်ရှိပြီဖြစ်၍ ကလေး ငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှုများလည်း လျော့နည်းကျဆင်း လာမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် နှစ် (၂၀) ကာလအတွင်း အဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုများဖြင့် ပညာရပ် ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများ၊ သင်တန်းများ များစွာ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရသည့်အတွက် ချီးကျူး ဂုဏ်ပြုပါကြောင်း။။မြန်မာနိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါ ဆိုင်ရာအငြိမ်းစား ဆေးပညာ ရှင်များနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးပညာပါရဂူဘွဲ့ရရှိသူ (၄၀) ဦး၊ အသည်းရောဂါ ဆေးပညာပါရဂူဘွဲ့ရရှိသူ (၂၀) အပါအဝင် မျိုးဆက်သစ်ဆေးပညာရှင်များအနေဖြင့် စုစည်း ညီညွတ်စွာဖြင့် ပညာရပ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအဖြစ် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်း လက်တွေ့ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းသည် ကောင်းမွန်ပါကြောင်း၊။အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါကုသရေးလုပ်ငန်းများတွင် ဆရာဝန်များ သာမက သူနာပြု များနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း၊ အဆိုပါပညာရှင်များပညာရပ်ကျွမ်းကျင်မှု စွမ်းဆောင်ရည်မြင့်မားရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက် ကြစေ လိုပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ၏ အကြောင်း အရာခေါင်းစဉ်ဖြစ်သော ရည်ရွယ် မျှော်မှန်း ချက်များ ဝေမျှကာအနာဂတ် ပုံဖော် ဆောင်ရွက်မှာ’’ နှင့်အညီမိမိတို့ ဆေးပညာ ဘာသာရပ် ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊ ရည်ရွယ်မျှော်မှန်းချက်များ ဝေမျှဆွေးနွေးကာ ရေရှည် ကာလအတွက်မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားရန် များစွာ အထောက် အကူပြုသည် ဖြစ်ပါ၍ အခြားဆိုလို ကက်လု်ကြ စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၀၁၆) ခုနှစ်၊ ဧပြီမှ ယခုဘဏ္ဍာနှစ်အထိကျပ်ငွေသန်း (၆
၀၀၀) ကိုခွဲဝေချထားပေးခဲ့ပါကြောင်း။။ယခုဆေးပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဆေးပညာရှင်များအကြား ကွန်ရက် ချိတ်ဆက် ဆောင်ရွက်မှုများ ကောင်းမွန်စေလိုပြီး ကုထုံးဆိုင်ရာသုတေသနများ၊ နိုင်ငံ တကာမှ ဆေးရုံများ၊ သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပေါင်းစုံ လေ့လာမှု သုတေသန များကိုလည်း လုပ်ဆောင်သွား စေလို ပါကြောင်း၊ ဝန်ကြီးဌာမှ အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များထံ Mobile Tablet များ ဖြန့်ဝေပေးကာ ပြည်သူများအတွက် ကျန်းမာရေး စကားဝိုင်းများ ပြုလုပ်ကာ ကျန်းမာရေးအသိပညာ မြှင့်တင်မှုများ ဆောင်ရွက် လျက်ရှိပါ ကြောင်း။။မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆရာဝန် အသင်းမှ အခြားပညာရပ်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းတို့နှင့် ပူးပေါင်း၍ အမှတ်ပေး မှတ်တမ်း တင်သည့် ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်များကို ပိုမို လုပ်ဆောင် သွားစေလိုပါကြောင်း၊ နိုင်ငံ တကာတွင် ဆောင်ရွက်နေသကဲ့သို့ အစာအိမ်၊ အူလမ်း ကြောင်း ရောဂါဘုတ်အဖွဲ့ အသိအမှတ်ပြု အထူး ကုဆရာဝန်နှင့် အသည်းရောဂါဘုတ်အဖွဲ့ အသိအမှတ် ပြုအထူးကုဆရာဝန်များအဖြစ် မွေးထုတ်လေ့ကျင့် နိုင်ရေးအတွက်ကိုလည်း စဉ်းစားဆောင်ရွက် ကြစေလိုပါကြောင်း။။ယခုဆေးပညာနှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးပို့ချမှုများကို မြန်မာနိုင်ငံအရပ်ရပ်ရှိ ဆေးပညာရှင်များ သိရှိလေ့လာနိုင်ရန်အတွက် ရုပ်သံမှတ်တမ်းရိုက်ကူးကာ မြန်မာနိုင်ငံဆရာဝန် အသင်းမှတစ်ဆင့် ဖြန့်ဝေပေး သွားစေလိုပါကြောင်း၊ အငြိမ်းစားဆေးပညာရှင်များ၊ မျိုးဆက်သစ် ဆေးပညာရှင်များ၊ ဆေးနှင့် ဆေးနှီးနွှယ် အသင်းအဖွဲ့များအားလုံး လက်တွဲပူးပေါင်း၍ ပြည်သူ များတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်း စေရေးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။။ဆက်လက်၍ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါအဖွဲ့မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သိန်းမြင့် နှင့် ဆေးပညာနှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ နွယ်နီ တို့ကကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်း ရောဂါအဖွဲ့ ဥက္ကဋ္ဌ၊ ဆေးပညာနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ဆေးပညာနှီးနှောဖလှယ်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။။အဆိုပါ ဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကနေဒါ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှား၊ နယ်သာလန် ၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့မှ ပညာရှင် စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်သွားမည်ဖြစ်သည်။။ (သတင်းစဉ်)
https://www.moi.gov.mm/news/1352
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖော်ထုတ်ပြီးစနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက တောင်သူများထံ ပြန်လည်ပေးအပ်
နေပြည်တော် ဖေဖော်ဝါရီ ၂၇။(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံပြန်လည်ပေးအပ်ခြင်း၊ ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်း၊ ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပသည်။ ။အခမ်းအနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့(WUG)ဝင် တောင်သူများနှင့် ဒေသနေပြည်သူများတက်ရောက်ကြသည်။။ရှေးဦးစွာ ဂွေးပင်စံပြကျေးရွာ၌ကျင်းပသည့် စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည် ပေးအပ်ခြင်းအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားသည်။။ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဒေသနေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရေး ကြိုးပမ်းသွားကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကြသည်။ ။ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကဖော်ထုတ်ပြီး စနစ်ကျလယ်ယာမြေများကို တောင်သူများထံပြန်လည်ပေးအပ်ရာ သက်ဆိုင်ရာတောင်သူကိုယ်စားလှယ်များက လက်ခံရ ယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြ သူများက တောင်သူများထံအပ်နှံပြီးဖြစ်သည့် စနစ်ကျလယ်ယာမြေနှင့် GW-11 နွေစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။။တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီ နယ်မြေအတွင်း စနစ်ကျလယ်ယာမြေဧက ၁၃၂၀၀ ကျော် ဖော်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။။ယင်းနောက် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ပေါက်ပင်သာ - ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်းအခမ်းအနားကို ပေါက်ပင်သာ - ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းထိပ်သတ်မှတ်နေရာတွင်ကျင်းပရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီဝင်ဦးဇေယျာလင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။။ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားတိုးတက်ရေးဆိုင်ရာများ အားပေးပြောကြား ခဲ့ကြသည်။။ဆက်လက်၍ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးနှင့် တောင်သူကိုယ်စား လှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ရေတင်စက်ခလုတ်နှင့် ရေဖျန်းစက်ခလုတ်တို့ကိုနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။။ယခုဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်သည် ဆင်သေချောင်းပေါ်တွင် ယာယီရေထိန်းဆည်တည်ဆောက်ကာ ကုန်းမြင့်ပိုင်း၌ တစ်နှစ်တစ်သီးသာစိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ရေတင်၍ နွေသီးနှံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါ ရေတင်စနစ်တွင်ပါဝင်သည့် စိုက်ပျိုးမြေ ၁၁၇ ဒသမ ၉၁ ဧက တွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများဝင်ငွေသုံးဆရရှိခံစားနိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ။သတင်းစဉ်
https://www.moi.gov.mm/news/36049
2023-02-28