title
stringlengths
1
87
text
stringlengths
1
646k
အန်ဒရီ လာဂျိုလီနာ
၂၀၂၅ ခုနှစ်တွင် ၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများကို ရင်ဆိုင်ခဲ့ရပြီးနောက်၊သူသည် နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။
အန်ဒရီ လာဂျိုလီနာ
နိုင်ငံရေးနယ်ပယ်သို့မဝင်မီ သူသည် ပုံနှိပ် နှင့် ကြော်ငြာကုမ္ပဏီ အပါအဝင် ရေဒီယိုနှင့်ရုပ်မြင်သံကြားဆိုင်ရာမီဒီယာလုပ်ငန်းရှင် သူဌေးတစ်ဦး ဖြစ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
အစောပိုင်းဘဝ အန်ဒရီ လာဂျိုလီနာ ကို မာဒါဂတ်စကားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် Antsirabe တွင် ချမ်းသာ သော မိသားစုမှ မွေးဖွားခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၎င်း၏ဖခင်သည် ဗိုလ်မှူးကြီး Roger Yves Rajoelina ဖြစ်ပြီး၊ မာလာဂါစီ နှင့် ပြင်သစ်နိုင်ငံသား နှစ်ဦးအဖြစ် ခံယူထားပြီး၊အယ်လ်ဂျီးရီးယားစစ်ပွဲတွင် ပြင်သစ်စစ်တပ်အတွက် တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်သည်။
အန်ဒရီ လာဂျိုလီနာ
နိုင်ငံရေးလှုပ်ရှားမှုများနှင့်ယာယီအစိုးရတာဝန် ၂၀၀၇ ခုနှစ်တွင် အန်ဒရီ လာဂျိုလီနာသည် Young Malagasies Determined ဟုခေါ်သည့် နိုင်ငံရေးပါတီကို တည်ထောင်၍ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ထိုနှစ်မှာပင် သူသည် မာဒါဂတ်စကားနိုင်ငံ၏မြို့ တော် အန်တာနာနာရီဗိုမြို့၏ မြို့တော်ဝန် အဖြစ် ရွေးချယ်ခံရသည်။
အန်ဒရီ လာဂျိုလီနာ
ဤရာထူးကို ထမ်းဆောင်စဉ်တွင် သူသည် သမ္မတ မတ်ခ် ရာဗာလိုမာနာနာ (Marc Ravalomanana)အား ဆန့်ကျင်သည့် အဖွဲ့အစည်းကို ဦးဆောင်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၂၀၀၉ ခုနှစ်၊မတ် ၁၇ ရက် တွင် မာဒါဂတ်စကားနိုင်ငံအတွင်း၌ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားခဲ့ပြီး၊နိုင်ငံ စစ်တပ်၏ စစ်အရာရှိ Hyppolite Ramaroson သည် နိုင်ငံအာဏာကို သမ္မတထံမှ အာဏာသိမ်း၍ လွှဲပြောင်းရယူခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ထို့နောက် စစ်တပ်ကောင်စီ သည် ၇နာရီမျှသာ အာဏာသိမ်းပြီးနောက် လာဂျိုလီနာ ကို မာဒါဂတ်စတားယာယီအစိုးရအဖွဲ့ သမ္မတ အဖြစ် ခန့်အပ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
နိုင်ငံတကာအသိုင်းအဝိုင်းကမူ ထိုဖြစ်ပျက်လှုပ်ရှားမှုအား နိုင်ငံရေးအကျပ်အတည်းနှင့် စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှု ဟု သတ်မှတ်ခဲ့ကြသည်။
အန်ဒရီ လာဂျိုလီနာ
လာဂျိုလီနာ သည် လွှတ်တော်ကို ဖျက်သိမ်းပြီး၊ယာယီအစိုးရအဖွဲ့ကို ၅ နှစ်နီးပါးအကြာ ဦးဆောင်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
သူ၏ ယာယီအစိုးရအဖွဲ့သည် သက်တမ်း၅ နှစ်အတွင်း ဝန်ကြီးချုပ် ၅ ဦးအထိ ပြောင်းထဲပစ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
သူသည် ၂၀၁၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများကျင်းပပေးပြီးနောက်၊ ဆက်ခံသူထံ ၂၀၁၄ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် တွင် အာဏာလွှဲပြောင်းပေးခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
သမ္မတတာဝန် ၂၀၁၈ ခုနှစ် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် သူသည် အနိုင်ရခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက် တွင် သမ္မတအဖြစ် ရာထူးလက်ခံခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၎င်း၏ရာထူးသက်တမ်းတွင် မာဒါဂတ်စကားနိုင်ငံ ၌ COVID-19 ကူးစက်ရောဂါ ကို ကောင်းစွာ ထိန်းချုပ် မကုသနိုင်ခြင်း၊၀၂၁ ခုနှစ်အတွင်း စားနပ်ရိက္ခာ မလုံလောက်မှု အကျပ်အ တည်းနှင့် ဆိုင်ကလုန်း Batsirai ၏ သက်ရောက်မှုအား ကိုင်တွယ်ဖြေရှင်းမှုမပြုနိုင်ခဲ့ခြင်း စသည့် နိုင်ငံရေးစိန်ခေါ်မှုများအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်၊ သို့သော် အန်ဒရီ လာဂျိုလီနာသည် စိန်ခေါ်မှုများကြားမှပင် ၂၀၂၃ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
အကျပ်အတည်းများနှင့် နိုင်ငံမှထွက်ပြေးခြင်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်ကစပြီး သူသည် နိုင်ငံအတွင်း ရေနှင့် ဓာတ်အား မကြာခဏ ပြတ်တောက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အန်ဒရီ လာဂျိုလီနာ
ရေမီးပြတ်လပ်မှုများကြောင့် ပေါ်ပေါက်လာသည့် ဆန္ဒပြအုံကြွမှုများသည် နောက်ပိုင်းတွင် အဂတိလိုက်စားမှုနှင့်အတူ ညံ့ဖျင်းသည့်အုပ်ချုပ်မှုတို့ကိုပါ ဆန္ဒပြလာကြသည်။
အန်ဒရီ လာဂျိုလီနာ
ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခြင်းကို ခံခဲ့ရသည်။
အန်ဒရီ လာဂျိုလီနာ
ထိုဆန္ဒပြမှုများကို Gen Z တို့က ဦးဆောင်ခဲ့ကြပြီး၊နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
အစိုးရက ဆန္ဒပြမှုကို ပြင်းပြင်းထန်ထန်တုန့်ပြန်ဖြေရှင်းခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
လူ ၂၀ ကျော်အထိ သေဆုံးခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
တစ်ဖက်တွင်လည်း သမ္မတ အန်ဒရီ လာဂျိုလီနာသည် ဆန္ဒပြမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ် Christian Ntsay ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပယ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
သမ္မတ အန်ဒရီ လာဂျိုလီနာသည် ၎င်းအား အချို့သော နိုင်ငံရေးသမားများသည် ဆန္ဒပြပွဲများကို အခွင့်ကောင်းယူပြီး၊ အာဏာသိမ်းရန်စဥ်းစားနေကြသည့်အကြောင်း ကုလသမဂ္ဂတွင် မိန့်ခွန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
နိုင်ငံအဝှမ်းဆန္ဒပြမှုကို ရင်ဆိုင်နေရသည့် သမ္မတ ရာဂျိုလီနာသည် ၂၀၀၉ အာဏာသိမ်းမှု၌ ၎င်းအား အာဏာရအောင်ကူညီပေးခဲ့သည့် စစ်တပ်အထူးတပ်ဖွဲ့ CAPSAT ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ယင်းတပ်ဖွဲ့သည် ဆန္ဒပြသူများနှင့်ပူးပေါင်းလိုက်ပြီး စစ်တပ်ကို တာဝန်ယူကွပ်ကဲ၍ စစ်ဦးစီးချုပ်သစ်တစ်ဦးအား ခန့်အပ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် သမ္မတ အန်ဒရီ လာဂျိုလီနာသည် ၎င်း၏အစိုးရကိုဖြုတ်ချကြရန်ကြိုးပမ်းမှုအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ထိုနေ့မှာပင် သူသည် ပြင်သစ်စစ်လေယာဥ်ဖြင့် နိုင်ငံမှ လူမသိသူမသိ ထွက်ပြေးသွားခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးမှ သမ္မတ အန်ဒရီ လာဂျိုလီနာသည် နိုင်ငံမှ ထွက်ပြေးသွားကြောင်း လူထုကို ထုတ်ဖော် အစီရင်ခံခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
သမ္မတ အန်ဒရီ လာဂျိုလီနာသည် ထိုနေ့နှောင်းပိုင်းတွင် နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး၊ သူသည် အသက်အန္တရာယ်ကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့သည်ဟု ပြောဆိုကာ၊ ရာထူးမှ ဆင်းရန် ငြင်းဆန်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ထို့နောက် သူသည် အောက်လွှတ်တော်ကို အမိန့်ဒီကရီဖြင့် ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ထိုဆောင်ရွက်ချက်သည် အောင်မြင်မှုမရခဲ့ဘဲ လွှတ်တော်အမတ်များသည် သမ္မတကို စွပ်စွဲပြစ်တင်ပြီး မဲခွဲဆုံးဖြတ်ကာ ဖြုတ်ချခဲ့ကြသည်။
အန်ဒရီ လာဂျိုလီနာ
၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၁၄ ရက်တွင် လူထုအုံကြွမှု၏ပစ်မှတ်ဖြစ်လာပြန်သည့် အထက်လွှတ်တော်သည် ဥက္ကဋ္ဌ ကို ရာထူးမှ ချက်ချင်း ဖယ်ရှားလိုက်ပြီး အသစ်တစ်ဦးနှင့် အစားထိုး ခန့်အပ်ခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ထို အထက်လွှတ်တော်ဥက္ကဋ္ဌ အသစ် Jean André Ndremanjary သည် သမ္မတနေရာကို တာဝန်ယူခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
၇နာရီအကြာတွင် စစ်တပ်သည် နိုင်ငံ၏အာဏာကို သိမ်းယူခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
စစ်တပ်အကြီးအကဲ Michael Randrianirina သည် မာဒါဂတ်စကားနိုင်ငံ၏ အာဏာကို ထိန်းချုပ်ကာ နိုင်ငံအကြီးအကဲတာဝန်ကို ရယူခဲ့သည်။
အန်ဒရီ လာဂျိုလီနာ
စစ်တပ်အကြီးအကဲ Michael Randrianirina သည် နိုင်ငံပိုင်ရေဒီယိုမှတဆင့် စစ်အာဏာသိမ်းလိုက်သည့်အကြောင်း၊ အောက်လွှတ်တော် မှလွဲ၍ မဏ္ဍိုင်အားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာခြင်းဖြင့် သမ္မတ အန်ဒရီ လာဂျိုလီနာအစိုးရအဖွဲ့သည် ပြုတ်ကျသွားခဲ့ရသည်။
အန်ဒရီ လာဂျိုလီနာ
ကိုးကား ကဏ္ဍ:မဒါဂတ်စကား နိုင်ငံရေးသမားများ ကဏ္ဍ:မဒါဂတ်စကားနိုင်ငံ၏ သမ္မတများ။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများသည် မဒါဂတ်စကားနိုင်ငံ ၏ မြို့တော် အန်တာနာနာရီဗိုမြို့တွင် စတင်အခြေတည်ဖြစ်ပွားခဲ့သည့် မဒါဂတ်စတား Gen Z များ၏ ဆန္ဒပြပွဲများ ဖြစ်သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများသည် စက်တင်ဘာ ၂၅ ရက်မှစပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တုံ့ပြန်မှုကြောင့် (သို့မဟုတ်) လုယက်မှုနှင့် အထွေထွေမငြိမ်မသက်မှုများကြောင့် ဆန္ဒပြသူများနှင့် အရပ်သားများအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြမှုများသည် မြို့တွင်း၌ မကြာခဏ ရေနှင့် ဓာတ်အား ပြတ်တောက်မှုများကို အခြေခံ၍ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
နောက်ပိုင်းတွင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားများ၏ နေအိမ်များသည် ပစ်မှတ်ထားခံခဲ့ရသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြမှုများသည် မြို့တော်အပြင် အခြားမြို့များသို့လည်း ပျံ့နှံ့သွားခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြမှုများနှင့်အတူ မြို့ကြီးများ၏ စီးပွားရေးနေရာများ၊အများပြည်သူပိုင် အဆောက်အဦများသည် လုယက်ခြင်းနှင့် ဖောက်ထွင်းမှုများ ကြုံတွေ့ခဲ့ရသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
သမ္မတ အန်ဒရီ လာဂျိုနာ သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် အစိုးရအဖွဲ့မှ စွမ်းအင်ဝန်ကြီးကို ဖယ်ရှားပစ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ယင်းအပြင် ဝန်ကြီးချုပ် Christian Ntsay ၏ အစိုးရကို စက်တင်ဘာ ၂၉ ရက်တွင် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက် တွင် စစ်ဗိုလ်ချုပ်ကြီး Ruphin Zafisambo အား ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အောက်တိုဘာ ၁၄ ရက် တွင်၊ Madagascar လက်နက်ကိုင်တပ်ဖွဲ့များ၏ယူနစ်များသည်ဆန္ဒပြမှုများကိုထောက်ခံသောအာဏာသိမ်းမှုပြုလုပ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
နောက်ခံအကြောင်းအရင်းများ အရှေ့အာဖရိကကမ်းရိုးတန်း နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းတည်ရှိသည့် မဒါဂတ်စကားနိုင်ငံ သည် အခက်အခဲအများအပြားကြုံတွေ့နေသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ကမ္ဘာ့ဘဏ် ၏ ၂၀၂၂ ခုနှစ် အတွက် ခန့်မှန်းချက်အရ မဒါဂတ်စကားနိုင်ငံ ရှိ ပြည်သူအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် (စုစုပေါင်း လူဦးရေ ၃၀ သန်းခန့်ရှိသည့်အနက်)မှာ ဆင်းရဲနွမ်းပါးကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
၂၀၀၉ ခုနှစ်၊မတ် ၁၇ ရက် တွင် မာဒါဂတ်စကားနိုင်ငံအတွင်း၌ နိုင်ငံရေးအကျပ်အတည်းနှင့်အတူ စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အန်ဒရီလာဂျိုနီ သည် စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှုနှင့်အတူ နိုင်ငံ၏ယာယီအစိုးရအဖွဲ့ သမ္မတဖြစ်လာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
သူသည် နိုင်ငံ၏ယာယီအစိုးရအဖွဲ့ သမ္မတအဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိ လည်းကောင်း၊ရွေးကောက်ပွဲဖြင့် ၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ လည်းကောင်း၊ဆက်၍ ၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ် အထိ လည်းကောင်း အနိုင်များရရှိခဲ့၍ နိုင်ငံကို ကာလရှည် အုပ်ချုပ်ခဲ့သော်လည်း စီးပွားရေးကျဆင်းနေမှုများအတွက် အဓိကတာဝန်ရှိအဖြစ် စွပ်စွဲခံခဲ့ရသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ယင်းအပြင် နိုင်ငံ၏ မြို့တော် အန်တာနာနာရီဗိုတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း နှင့် ရေပြတ်တောက်ခြင်းများသည် တစ်ကြိမ်လျှင် အနည်းဆုံး နာရီ ၁၂ ခန့်ကြာမြင့်သည်အထိ ပြည်သူများမှာ ခံစားနေကြရသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
တစ်ဖက်တွင် အစိုးရသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်များ နှင့် မသက်ဆိုင်သည့် ပွင့်လင်းမြင်သာမှုမရှိသည့် ပရောဂျက်များ — ဥပမာအားဖြင့် အန်တာနာနာရီဗိုမြို့တွင် ၁၃မိုင် ကျော် (ကီလိုမီတာ ၁၃) ရှည်လျားသည့် အမေရိကန်ဒေါ်လာ ၁၅၂ မီလီယံတန် ကေဘယ်လ်ကား စနစ် စသည်တို့တွင် ငွေထုတ်ရင်းနှီးလျှက်ရှိသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဤပရောဂျက်ကို ပြည်သူများက ဝေဖန်ကြသော်လည်း၊အန်ဒရီလာဂျိုနီ ကမူ တုန့်ပြန်ကာကွယ်ပြောဆိုချက်များဖြင့် ဖြေရှင်းခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အဆိုးဆုံးမှာ သမ္မတ အန်ဒရီ လာဂျိုလီနာသည် ပြင်သစ်နိုင်ငံသား အဖြစ် လည်းကောင်း၊ မဒါဂတ်စကားနိုင်ငံသားအဖြစ် လည်းကောင်း နိုင်ငံသားနှစ်မျိုး ခံယူထားမှုနှင့်အတူ မိသားစုလိုက် ချမ်းသာကြွယ်ဝနေမှုများသည် ဆင်းရဲနွမ်းပါးသည့်ပြည်သူများအဖို့ အနှောင့်အယှက်ဖြစ်လာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ယင်းအပြင် ၎င်း၏ သမီး အီလိုနာ လာဂျိုလီနာ၏ နာမည်ကြီးဒီဇိုင်နာအမှတ်တံဆိပ်များ ဝတ်ဆင်နေမှုများ၊သားဖြစ်သူ အရီနာ လာဂျိုလီနာ ၏ ဆွစ်ဇာလန်နိုင်ငံ အတွင်း ထင်ရှားသော ဟိုတယ်စီးပွားရေးကျောင်း EHL Hospitality Business School သို့ တက်ရောက်နေမှုများက ဆင်းရဲနွမ်းပါးသည့်လူထုအတွက် မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ထိုကျောင်းသည် ကျောင်းလခကြေး အမြင့်ဆုံးကျောင်းများထဲမှတစ်ခုဖြစ်သဖြင့် မဒါဂတ်စကားပြည်သူအများစုအတွက် မလွယ်ကူသော အခွင့်အရေးဖြစ်သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြပွဲအစ လူထု၏ အထွေထွေမကျေနပ်ချက်များနှင့် ကြုံတွေ့နေကြရသည့် အခက်အခဲများသည် Gen Zများ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲငယ်များအဖြစ် နိုင်ငံ၏မြို့တော်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် စတင် ပေါ်ထွက်လာခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက် တွင် အထက်လွှတ်တော်ရှေ့တွင် လျှပ်စစ်မီးပြတ်တောက်မှု၊ ရေပြတ်တောက်မှုနှင့် အကျင့်ပျက်ခြစားမှုများကို ရှုတ်ချခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အချိန်နေ့ရက်များ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် တွင် သမ္မတ အန်ဒရီလာဂျိုနီ နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအစည်းအဝေး ၌ မိန့်ခွန်းပြောကြားခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ထိုသို့ပြောကြားမှု၌ ၎င်းအား အချို့သော နိုင်ငံရေးသမားများသည် ဆန္ဒပြပွဲများကို အခွင့်ကောင်းယူပြီး၊ အာဏာသိမ်းရန်စဥ်းစားနေကြသည့်အကြောင်း ထည့်သွင်းဆိုခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ထိုနေ့တွင်ပင် မြို့တော်အစိုးရသည် ဆူပူအုံကြွမှုများအား တားမြစ်ခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
စက်တင်ဘာ ၂၅ ရက် ၂၀၀၉ ခုနှစ်ကတည်းက အန်ဒရီ လာဂျိုလီနာ ကိုယ်တိုင် “ဒီမိုကရေစီနေရာ” အဖြစ် သတ်မှတ်ခဲ့သည့် Ambohijatovo ၌ လူငယ်ထောင်ပေါင်းများစွာတို့သည် စုဝေးရန် ကြိုးပမ်းခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ရဲတပ်ဖွဲ့များ သည် ဝင်ပေါက်နေရာအားလုံးကို ပိတ်ဆို့ခဲ့ပြီး စုဝေးမှုကို တားဆီးခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ထို့နောက် ဆန္ဒပြသူများသည် ရပ်ကွက်အများအပြားမှ ရင်ပြင်သို့ရောက်ရှိရန် ကြိုးပမ်းခဲ့သော်လည်း လမ်းကြောင်းတစ်ခုစီတိုင်းတွင် မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆန်များဖြင့် တားဆီးခံခဲ့ရသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြသူများသည် အတားအဆီးများ တပ်ဆင်ကာ တာယာများကို မီးရှို့ခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
လွှတ်တော်အမတ် Lalatiana Rakotondrazafy နှင့် MP Naivo Raholdina တို့၏နေအိမ်များ အပါအဝင် လာဂျိုလီနာနှင့် နီးစပ်သည့် နိုင်ငံရေးသမားများ၏ အိမ်(၃)အိမ် မီးလောင်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
လက်လီအရောင်းဆိုင်အချို့၊ ဘဏ်နှင့် စက်ပစ္စည်း စက်ရုံ အချို့ကို လုယက်ခံရခြင်းများ၊ ရထားဘူတာရုံ မီးလောင်မှုနှင့်အတူ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
မြို့အပြင်ဘက်တွင်လည်း အမျိုးသားလျှပ်စစ်နှင့် ရေပေးဝေရေးကုမ္ပဏီ ၏ရုံးများကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
လူထုစုဝေးပွဲမှုများထဲမှ အချို့သည် လုယက်ခြင်းနှင့် ဖျက်ဆီးခြင်းသို့ ဦးတည်သွားခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ပရိဘောဂများ၊ ရေခဲသေတ္တာများနှင့် အဖိုးတန်ပစ္စည်းများ လုယက်နေသည့် ဗီဒီယိုဖိုင်များသည်လည်း ပြန့်နှံ့လာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
မြို့တော် ရဲတပ်ဖွဲ့က ည ၇ နာရီမှ စတင်ကာ ညမထွက်ရအမိန့်ကို ကြေညာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြပွဲများသည် အစပိုင်းတွင် လူစုခွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန့်ကြဲနေသည့်လူထုကို တားဆီးနိုင်ခြင်းမရှိကြတော့ပေ။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
စက်တင်ဘာ ၂၆ ရက် အန်ဆီရာဘေး (Antsirabe) မြို့တွင် မြို့ရှိ ကုန်သွယ်ရေးအဆောက်အအုံများ ဖောက်ထွင်းခံရမှုများ ဖြစ်ပွားလာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ညနေ ၄ နာရီခန့်တွင် ဖီရိုင်ဆန်ကီနာ (Firaisankina) အဖွဲ့မှ အနောက်ဘက် Betioky ကိုယ်စားလှယ် ဂျန်-ဂျက်စ် ရာဘင်နီရီနီယာ (Jean-Jacques Rabenirinia) သည် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး နောက်ဆုံးအသက်ဆုံးရှုံးသွားကြောင်း အသိပေးကြေညာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ည ၇ နာရီခွဲအချိန်တွင် နယူးယောက်မြို့မှ တိုက်ရိုက်ထုတ်လွှင့်သော မိန့်ခွန်းတွင် သမ္မတ အန်ဒရီ လာဂျိုလီနာ သည် စွမ်းအင်ဝန်ကြီး ဂျန်-ဘာတစ်စ် အိုလီဗီယာ (Jean-Baptiste Olivier) ကို တာဝန်မှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
စက်တင်ဘာ ၂၇ ရက် ဆန္ဒပြသူများသည် မြို့တော် အန်တာနာနာရီဗိုတွင် ဆက်လက်စုဝေးခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အန်ဒရီ လာဂျိုလီနာ သည် နယူးယောက်မှ ပြန်လာခဲ့ပြီး ကုန်သွယ်ရေး ဧရိယာများနှင့်အတူ လောင်စာဆီဆိုင်များနှင့် သိုလှောင်ရုံများ လုံခြုံစေရန် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကျက်ချထားရန် စစ်တပ်နှင့် ရဲမှူးများ အစည်းအဝေးကို ဆင့်ခေါ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဤဆန္ဒပြပွဲများသည် မဒါဂတ်စကားနိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးခြောက်မြို့၌ စုဝေးမှုများနှင့်အတူ ကျောင်းသားဆန္ဒပြသူများသည် နေရေးထိုင်ရေး ခက်ခဲမှုကို မကျေမနပ်ဖြစ်ပြီး သာတူညီမျှ သင်ကြားခွင့်ရရှိရေး တောင်းဆိုခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အထူးသဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် မာလာဂါစီခေါင်းဆောင်များ၏ ကလေးသူငယ်များကဲ့သို့ တူညီသောအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား AK-47 နှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဤဖြိုခွင်းမှုသည် တိုင်းပြည်၏ဂုဏ်သိက္ခာအရှိဆုံးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သည့် Mpitsabo Mikambanana 24/24 ပုဂ္ဂလိကဆေးရုံ၏ လမ်းတစ်လျှောက်တွင် ရှိနေခြင်းကြောင့် လူထုကို ထပ်မံဒေါသထွက်စေသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
စက်တင်ဘာ ၂၉ ရက် Gen Z များသည် အထွေထွေ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး စက်တင်ဘာ ၂၇ ရက်က ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ယင်းအပြင် ရေနှင့်လျှပ်စစ်မီး ပြတ်တောက်မှုအား ရှုတ်ချခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
University of Antananarivo ကျောင်းဝင်းမှ ချီတက်လာသည့် ကျောင်းသား ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြသူများသည် သမ္မတကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလာကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ၍ သမ္မတ လာဂျိုလီနာ သည် ဝန်ကြီးချုပ် Christian Ntsay ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Volker Türk သည် နိုင်ငံအတွင်း ဆန္ဒပြပွဲများကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၁၀၀ ဒဏ်ရာရရှိခဲ့သည့်အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဤကိန်းဂဏန်းကို မာလာဂါစီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပယ်ချခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
စက်တင်ဘာ ၃၀ ရက် ဆန္ဒပြမှုများသည် မြို့တော်အနှံ ဆက်လက် ဖြစ်ပွားခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အထက်လွှတ်တော်ဥက္ကဋ္ဌ Richard Ravalomanana ၏ကားကို ဆန္ဒပြသူများမှ ရပ်တန့်စေခဲ့ကြပြီး ကားပေါ်မှဆင်းကာ ခြေလျင်လျှောက်သွားစေခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အောက်တိုဘာ ၁ ရက် ဆန္ဒပြမှုများသည် အခြားမြို့များသို့ လျှင်မြန်စွာ ဆက်လက် ပျံ့နှံ့သွားခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အတိုက်အခံခေါင်းဆောင် Rivo Rakotovao သည် ၎င်း၏ပါတီနှင့် မဟာမိတ်များသည် သမ္မတ လာဂျိုလီနာ ၏ ဦးဆောင်မှုအောက်တွင် မည်သည့် ပူးပေါင်းမှုကိုမျှဆောင်ရွက်မည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အလုပ်သမားသမဂ္ဂများသည် ဆန္ဒပြပွဲများတွင် စတင်ပါဝင်ကြပြီး အထွေထွေသပိတ်ကို တောင်းဆိုခဲ့ကြသည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
သမ္မတ လာဂျိုလီနာ သည် သမ္မတအိမ်တော်တွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ရာဂျိုလီနာကို ထောက်ခံသော အုပ်စုများကလည်း တန်ပြန်ဆန္ဒပြပွဲများ ကျင်းပတော့မည်ဟု ကြေညာခဲ့သည်။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
အောက်တိုဘာ ၅ ရက် သမ္မတ အန်ဒရီ လာဂျိုလီနာကို ထောက်ခံသည့် တန်ပြန့် ဆန့်ကျင်ဆန္ဒပြသူများသည် ရာနှင့်ချီအနည်းငယ်သာ စုဝေးခဲ့ကြပြီး၊ သမ္မတ လာဂျိုလီနာ မျှော်မှန်းထားသလောက် များစွာလာရောက်ခြင်း မရှိခဲ့ပေ။
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ထို့အပြင် ၎င်းတို့အနက် လာဂျိုလီနာ၏ ပုံပါအဝတ်အစားများ ဝတ်ဆင်ထားသူများသည်လည်း မရှိသလောက်နည်းပါးခဲ့သည်။