title
stringlengths
1
87
text
stringlengths
1
646k
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
အကယ်၍ ဟားမတ်စ်သည် ထိုအဆိုပြုချက်ကို ရွှေ့ဆိုင်းပါက သို့မဟုတ် ငြင်းပယ်ပါက အထက် ဖော်ပြပါ အဆင့်များကို IDF မှ ISF သို့ လွှဲပြောင်းပေးအပ်သော ဟားမတ်စ် မဟုတ်သည့် နယ်မြေ များတွင် ဆောင်ရွက်သွားမည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၁၈။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ပါလက်စတိုင်းနိုင်ငံသားများနှင့် အစ္စရေးနိုင်ငံသားများ၏ အမြင်များနှင့် သဘောထားများကို ပြောင်းလဲရန်နှင့် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြရန်အတွက် သည်းခံမှု စိတ်ဓာတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဘောင်အပေါ်အခြေခံသည့် ဘာသာရေးခြားနားချက်များ ဆွေးနွေးမှုအစီအစဉ်တစ်ရပ်ကို စတင်မည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၁၉။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ဂါဇာ ပြန်လည်တည်ဆောက်ရေး တိုးတက်လာပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စနစ်တကျ အကောင်အထည်ဖော်သည့်အခါ"ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပါလက်စတိုင်းနိုင်ငံတော်ဖြစ်မှုဆီသို့ ယုံကြည်စိတ်ချရသော လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရန်" အခြေအနေများ ဖန်တီးနိုင်မည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၂၀။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ငြိမ်းချမ်းပြီး သာယာဝပြောသော အတူယှဉ်တွဲနေထိုင်ရေး အတွက် နိုင်ငံရေးရည်မှန်းချက်ကို သဘောတူညီရန် အမေရိကန်သည် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ဆွေးနွေးမှုတစ်ရပ် စတင်မည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
အဆိုပြုချက်အပေါ် တုန့်ပြန်ဆောင်ရွက်မှုများ ထရမ့်အစီအစဥ်ကို သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၅ ရက် မတိုင်မီ ဟားမတ်စ်အဖွဲ့သည် ငြိမ်းချမ်းရေးအတွက် ၎င်းတို့ အသင့်ဖြစ်နေပြီဆိုသည့်အကြောင်း ပြောဆို လက်ခံခဲ့သည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၆ ရက် တွင် ကြားဝင်ညှိနှိုင်းပေးသူများမှတဆင့် ဟားမတ်စ်အဖွဲ့ နှင့် အစ္စရေးတို့ကြား တိုက်ရိုက်မဟုတ်သည့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံ၊Sharm El-Sheikhမြို့တွင် စတင် ပြုလုပ်ခဲ့ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ဆွေးနွေးပွဲတွင် ဟားမာ့စ် ကိုယ်စားလှယ်အဖွဲ့ကို အကြီးအကဲ Khalil al-Hayya က ဦးဆောင်ပါဝင်ခဲ့ပြီး၊ အီဂျစ်နှင့် ကာတာ စေ့စပ်ညှိနှိုင်းသူများနှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၇ ရက် တွင် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ဟားမက်စ်ဘက်က အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ကျူးကျော်သိမ်းပိုက်မှုကို ထာဝရ အဆုံးသတ်ရန်နှင့် ယင်းအချက်ကို နိုင်ငံတကာက မဖြစ်မနေအာမခံပေးရန်၊ ထိန်းသိမ်းခံထားရသည့် အစ္စရေးပြည်သူများ ပြန်လွှတ်ခြင်းကို အစ္စရေး စစ်တပ် ဘက်စုံရုပ်သိမ်းမည့် အချိန်နှင့် ချိတ်ဆက်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ဆွေးနွေးပွဲပြီးနောက် ထရမ့်သည် အစ္စရေးနှင့် ဟားမတ်စ် တို့သည် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး၊ သဘောတူညီချက်၏ပထမအဆင့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ကြေညာမှုတွင် အသက်ရှင်လျက်ရှိသော အစ္စရေး ဓားစာခံများအားလုံးကို ၇၂ နာရီအတွင်း တစ်သက်တစ်ကျွန်းကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နှင့် လဲလှယ်ပြီး၊ ၇၂ နာရီအတွင်း အစ္စရေးမှလည်း ဂါဇာကမ်းမြောင်ဒေသအတွင်း ကြိုတင်သတ်မှတ်ထားသော မျဉ်းကြောင်းများဆီသို့ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းသွားမည်ဟု ဖော်ပြခဲ့သည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ထိုသဘောတူညီချက် ရရှိရေးအတွက် ကာတာ၊ အီဂျစ် နှင့် တူရကီ တို့သည် ကြားဝင်ညှိနှိုင်းပေးခဲ့ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ဟားမတ်စ်ဘက်ကလည်း သဘောတူညီမှုကို အတည်ပြုခဲ့ကြသည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် ထိုသဘောတူညီချက်အား “အစ္စရေးအတွက် ကြီးကျယ်တဲ့နေ့တနေ့” ဟု မှတ်ချက်ပြုခဲ့သည်။
၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်
ကိုးကား ကဏ္ဍ:အစ္စရေးနိုင်ငံ ကဏ္ဍ:ပါလက်စတိုင်းနိုင်ငံ။
ဒင်းငေါက်ဇျပ်
ဒင်းငေါက်ဇျပ် (ဗီယက်နမ်: Đinh Ngọc Diệp(丁玉葉); ၁၁ အောက်တိုဘာ ၁၉၈၄ ဖွား) ဗီယက်နမ် အမျိုးသမီး သရုပ်ဆောင် နှင့် မော်ဒယ်တစ်ဦးဖြစ်သည်။
ဒင်းငေါက်ဇျပ်
Midu, Đinh Ngọc Diệp sánh đôi làm MC. (ngoisao.net) ရိုက်ကူးရေး ရုပ်ရှင် Passport to Love (၂၀၀၉) Haunted Shool (၂၀၁၁) Battle of the Brides (၂၀၁၁) Between the Two Worlds (၂၀၁၁) Love Puzzle (၂၀၁၁) Wreck-it Ralph (၂၀၁၂) Once Upon a Time in Vietnam (၂၀၀၃) The Last Wife (၂၀၂၃) ကိုးကား ကဏ္ဍ:သက်ရှိထင်ရှားပုဂ္ဂိုလ်များ ကဏ္ဍ:၁၉၈၄ မွေးဖွားသူများ ကဏ္ဍ:ဗီယက်နမ် အမျိုးသမီး သရုပ်ဆောင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသမီး မော်ဒယ်များ။
ဇေရဲထက်
ဇေရဲထက် (၂ ဇန်နဝါရီ ၁၉၈၆ မွေးဖွား)သည် မြန်မာနိုင်ငံသား သရုပ်ဆောင်၊ မော်ဒယ်နှင့် ထုတ်လုပ်သူတစ်ဦးဖြစ်သည်။
ဇေရဲထက်
ဇေရဲထက်သည် မြန်မာရုပ်ရှင်လောကတွင် အအောင်မြင်ဆုံး သရုပ်ဆောင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
ဇေရဲထက်
ကလေးဘဝနှင့်ပညာရေး ဇေရဲထက်ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လယ်ဝေးမြို့၊ မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သည်။
ဇေရဲထက်
မောင်နှမလေးယောက်အနက်အကြီးဆုံး ဖြစ်သည်။
ဇေရဲထက်
ကျောက်ဆည်တက္ကသိုလ် တွင် ဥပဒေဘာသာရပ်ကိုလေ့လာခဲ့သည်။
ဇေရဲထက်
အသက်အရွယ်အနုပညာဘဝ ၂၀၁၀ ခုနှစ်တွင် ဂျွန်လွင်၏ Stars Int'l Models Agency တွင် မော်ဒယ်သင်တန်းတက်ရောက်ခဲ့သည်။
ဇေရဲထက်
ထို့နောက် မော်ဒယ်အဖြစ် စတင်ဝင်ရောက်ခဲ့သည်။
ဇေရဲထက်
ထို့နောက် မိန်းမမော်ဒယ်ပြိုင်ပွဲများတွင် ဆုများစွာ ရရှိခဲ့သည်။
ဇေရဲထက်
ထို့နောက် ကြော်ညာ‌ မော်ဒယ်အဖြစ် ပါဝင်ခဲ့ပြီး အနုပညာ အခွင့်အလမ်းများ ရရှိလာခဲ့သည်။
ဇေရဲထက်
၂၀၁၂ ခုနှစ်တွင် Thalwin Film Production နှင့် မင်းသားအဖြစ် စာချုပ်ချုပ်ဆိုခဲ့သည်။
ဇေရဲထက်
ပထမဦးဆုံး သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားမှာ ပြောလို့မဖြစ်ဘူး ဖြစ်ပြီး မေကဗျာနှင့် အတူသရုပ်ဆောင်ခဲ့သည်။
ဇေရဲထက်
ထို့နောက် ၂၀၀၂ ဇေရဲ နှင့် ၃၀ ဖေဖော်ဝါရီ ရုပ်ရှင်များတွင် ပါဝင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။
ဇေရဲထက်
၂၀၁၅ ခုနှစ်တွင် နေတိုး၊ ဖွေးဖွေးနှင့်အတူ အွန်လိုင်းပေါ်ကဝိညာဏ် ဇာတ်ကားဖြင့် ပထမဆုံး ရုပ်ရှင်အနေနဲ့ ပါဝင်ခဲ့သည်။
ဇေရဲထက်
ထို့နောက် ၂၀၁၈ ခုနှစ်တွင် ရာဇဝင်ရိုင်းခဲ့သည် ဇာတ်ကားတွင် မင်းသားအဖြစ် ပါဝင်ခဲ့ပြီး အပြုသဘောဆောင်သည့် ဝေဖန်မှုများ ရရှိခဲ့သည်။
ဇေရဲထက်
ရိုက်ကူးထားသော ရုပ်ရှင်များ ဗီဒီယိုဇာတ်ကားများ ပြောလို့မဖြစ်ဘူး (2012) ၂၀၀၂ ဇေရဲ (2012) ၃၀ ဖေဖော်ဝါရီ (2012) ချုပ်ဆေး ကြိုက်တာရွေးလိုက် လူပျိုးတွေပဲ လူဆိူးလေးများ မိုးနံ့သင်းတဲ့ နေမဝင်ညနေ နေနဲ့ပွင့်တဲ့ကုမုဒရာ အငြိဆယ်ရက် ကောက်ကြောင်းမျဉ်းပြိုင် တိကျကိုကို ရှက်ပြာပြိုပြို တောက်တောက်ကြော် အချစ်ကိုဝန်းရံကျ တစ်ခါကထာဝရများ အားနာပါးနာပြန်ချစ်ပါ ငါ့ရင်ခွင်ထဲကလိပ်ပြာ ရုပ်ရှင်များ အွန်လိုင်းပေါ်ကဝိညာည် (2015) ရာဇဝင်ရိုင်းခဲ့သည် (2018) အသဲကွဲပါတီ (2018) အဆိုတော်တွေနေတဲ့ရွာ (2018) ဖရဲသီးမော်ဒယ် (2018) ဝိုင်းကြီးချုပ် စပွန်ဆာ (2019) ယောက်ဖစစ်ဆင်ရေး (2019) ယမမင်းနဲ့ ကိုကံကောင်း (2019) နို့ဘီလူး (2019) ကိုးကား ကဏ္ဍ:သက်ရှိထင်ရှားပုဂ္ဂိုလ်များ ကဏ္ဍ:၁၉၈၆ မွေးဖွားသူများ ကဏ္ဍ:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ။
ယုန်လေး
ယုန်လေး (၂၃ စက်တင်ဘာ ၁၉၈၅ မွေးဖွား)သည် မြန်မာအဆိုတော်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးဖြစ်သည်။
ယုန်လေး
အဆိုတော်၊ သရုပ်ဆောင်အဖြစ်လည်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်သည်။
ယုန်လေး
ငယ်ဘဝ ယုန်လေးကို ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။
ယုန်လေး
ဖခင်မှာ ဆွေတင့် ဖြစ်ပြီး မိခင်မှာ ခင်စောမူ ဖြစ်သည်။
ယုန်လေး
အသက်မေ ဝမ်း‌ေယာင်းုန်လေးသည် ၂၀၀၁ ခုနှစ်တွင် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး underground ဟစ်ဟော့ပ်အဆိုတော်အဖြစ် စတင်ခဲ့သည်။
ယုန်လေး
၂၀၀၅ ခုနှစ်တွင် TARGET အဖွဲ့သို့ပါဝင်ခဲ့ပြီး အမျိုးမျိုးသော သီချင်းများနှင့် မစ်စ်တေးပ်များ ထုတ်လွှငန်ကတည်းမှ L Seng Zi နှင့် ပူးပေါင်းသီဆိုထားသည့် "အချစ်အတွက်ကမ်းကောင်းခဲ့သူ" သီချင်းဖြင့် နာမည်ကျော်ခဲ့သည်။
ယုန်လေး
အငြင်းပွားမှု ၂၀၂၀ ခုနှစ် ဩဂုတ် ၄ ရက်နေ့တွင် ယုန်လေးသည် "မြန်မာပြည်ကြီး" သီချင်းဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်။
ယုန်လေး
ဗီဒီယိုတွင် အောင်ဆန်းစုကြည် ကို သတ်ဖြတ်သည့်အကြောင်းအရာပါဝင်သဖြင့် ပြည်သူများ၊ အနုပညာရှင်များနှင့် နိုင်ငံရေးသမားများထံမှ ပြင်းထန်သော ဝေဖန်မှုများ ရရှိခဲ့သည်။
ယုန်လေး
အဆိုတော် ချမ်းချမ်း၊ ထူးအယ်လင်း၊ မိုးမိုး၊ ပိုးမီ စသည့် အနုပညာရှင်များပါဝင်သီဆိုခဲ့ကြပြီး သီချင်းအကြောင်းအရာနှင့်မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။
ယုန်လေး
ထို့နောက် မြန်မာရုပ်ရှင်အဖွဲ့ချုပ် မှ ယုန်လေးအား တစ်နှစ်အထိ အနုပညာလုပ်ငန်းများအား ရပ်ဆိုင်းခိုင်းခဲ့သည်။
ယုန်လေး
အဖြစ်အပျက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ ယုန်လေး၏ အိမ်အနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ယုန်လေး
မည်သူမှ တာဝန်ခံခြင်းမရှိသော်လည်း နယ်မြေတွင် စစ်အာဏာရှင်ကို ထောက်ခံသူအဖြစ် လူသိများသောကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ဟု ယူဆကြသည်။
ယုန်လေး
ရိုက်ကုးထားသော ရုပ်ရှင်ဇာတ်ကားများ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂၀၁၂) လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ (၂၀၁၈) Original Gangster 2 (၂၀၁၇) Special 9 (၂၀၁၈) Beware, It's Dangerous (၂၀၁၉) ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ (၂၀၁၉) Underground (၂၀၁၉) အယ်လ်ဘမ်များ လိုက်ခဲ့တော့ (၂၀၀၈) အိမ်မပိုင်ယင်းဂေါ်လီမလုပ်နဲ့ (၂၀၁၀) ကိုးကား ကဏ္ဍ:သက်ရှိထင်ရှားပုဂ္ဂိုလ်များ ကဏ္ဍ:၁၉၈၅ မွေးဖွားသူများ ကဏ္ဍ:ဒါရိုက်တာများ ကဏ္ဍ:မြန်မာ အဆိုတော်များ ကဏ္ဍ:အမျိုးသား ဂီတပညာရှင်များ ကဏ္ဍ:မြန်မာ သရုပ်ဆောင်များ။
တိုင်ရွန်ဘီဂျေ
တိုင်ရွန်ဘီဂျေ (၂၇ နိုဝင်ဘာ ၁၉၉၃ မွေးဖွား) သည် မြန်မာနိုင်ငံရှိ သရုပ်ဆောင်နှင့် မော်ဒယ် တစ်ဦး ဖြစ်သည်။
တိုင်ရွန်ဘီဂျေ
၂၀၁၄ ခုနှစ်တွင် မော်ဒယ်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထွက်ရှိသည့် မှု့ခင်း အမျိုးအစား ဇာတ်လမ်းတစ်ခုဖြစ်သည့် It was on Yesterday 2ဇာတ်လမ်းတွဲ၌ ပါဝင်ခဲ့ပြီး လူသိများလာခဲ့သည်။
တိုင်ရွန်ဘီဂျေ
ငယ်ဘဝနှင့် ပညာရေး တိုင်ရွန်ဘီဂျေသည် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ အဖဝင်းတင့်နှင့် အမိမြင့်မြင့်သိန်း တို့မှ မွေးဖွားခဲ့သည်။
တိုင်ရွန်ဘီဂျေ
မောင်နှမသုံးယောက်ထဲ၌ အငယ်ဆုံး ဖြစ်သည်။
တိုင်ရွန်ဘီဂျေ
အခြေခံပညာ အထက်တန်းကျောင်း ပဲခူး (အမှတ် ၃) တွင် ပညာသင်ကြားခဲ့ပြီး ပဲခူး တက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ဖြင့် ပညာသင်ကြားခဲ့သည်။
တိုင်ရွန်ဘီဂျေ
ရိုက်ကူးခဲ့သောရုပ်ရှင်ဇာတ်ကား ရုပ်ရှင် Ta Khu Lat () (2018) Kyway () (2018) Puyi Tha () (2019) Kyauk Kyauk Kyauk 2 () (2019) Players (2020) Cover () (TBA) Old Gangster (TBA) Ser Oak Gyi Si Yin Chat () (TBA) Nga Mone Tae A Kha Yar () (TBA) Joe Yoke () (TBA) ရုပ်သံဇာတ်လမ်းတွဲ ခုနှစ် ခေါင်းစဉ် (အင်္ဂလိပ်) ခေါင်းစဉ် (မြန်မာ) အခန်းကဏ္ဍ ရုပ်သံလိုင်း မှတ်စု ၂၀၁၈ It was on Yesterday 2 မနေ့ကဖြစ်သည် ၂ ခန့်ထယ် MRTV-4 Shwe Min Tha Mee Nae Lu Lain ရွှေမင်းသမီးနဲ့လူလိမ် ဂျင် Myawaddy TV ၂၀၂၀ Legends of Warriors တစစ်တမက်ကိုယ်နှင့်သက်ကို ဖေခင် MRTV-4 ၂၀၂၂ Bad Daughter သမီးဆိုး ဘုန်းညဏ်ရှင် မဟာ ၂၀၂၃ Laung လောင် ခွန်ဇိုင်း မဟာ ကိုးကား။
ဟွိုင်လင်း
ဗော့ငွိအန့်ဟွိုင်လင်း (ဗီယက်နမ်: Vỏ Nguyễn Hoài Linh(武阮懷靈); ၁၈ ဒီဇင်ဘာ ၁၉၆၉ တွင် ခိုင်းဟွာပြည်နယ်တွင် ရိုသေကိုင်းရှိုင်းသော ကက်သလစ်မိသားစုမှ မွေးဖွား) သည် ဗီယက်နမ်နိုင်ငံသား လူရွှင်တော်၊ အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
ဟွိုင်လင်း
၁၉၉၀ ခုနှစ်များမှ ယနေ့အထိ လူကြိုက်အများဆုံး၊ သက်ရောက်မှုအပြည့်အဝရှိသူအဖြစ် ရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၏ လူကြိုက်အများဆုံး လူရွှင်တော်အဖြစ် အသိအမှတ်ပြုခံထားရသည်။
ဟွိုင်လင်း
၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဂုဏ်ထူးဆောင်အနုပညာရှင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
ဟွိုင်လင်း
ကိုးကား ကဏ္ဍ:ဗီယက်နမ်နိုင်ငံမှ ကက်သလစ်ဘာသာဝင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား အဆိုတော်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား သရုပ်ဆောင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား လူရွှင်တော်များ။
ငွိအန့်ကြီးသိုင်
ငွိအန့်ကြီးသိုင် (ဗီယက်နမ်: Nguyễn Chí Tài(阮至才); ၁၅ ဩဂုတ် ၁၉၅၈ တွင် ဟိုချီမင်းမြို့တွင် ရိုသေကိုင်းရှိုင်းသော ကက်သလစ်မိသားစုမှ မွေးဖွား) သည် ဗီယက်နမ်နိုင်ငံသား လူရွှင်တော်၊ အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
ငွိအန့်ကြီးသိုင်
လေဖြတ်ရောဂါနဲ့ 2020 မှာ သေဆုံးသွားခဲ့ပါတယ်။
ငွိအန့်ကြီးသိုင်
ရိုက်ကူးရေး ရုပ်ရှင် Teen Princess and the Five Tiger Generals (၂၀၁၀) Five Fairies in the House (၂၀၁၃) The Talent (၂၀၁၃) ကိုးကား ကဏ္ဍ:ဗီယက်နမ်နိုင်ငံမှ ကက်သလစ်ဘာသာဝင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား အဆိုတော်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား သရုပ်ဆောင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသား လူရွှင်တော်များ။
ဘောင့်ထီး
၂၀၁၇ ခုနှစ်တွင် ဘောင့်ထီး ချန်ထီထွီးလွမ်း (ဗီယက်နမ်: Trần Thị Thúy Loan; ၂ ဇွန် ၁၉၈၈ တွင် ဟိုချီမင်းမြို့တွင် ရိုသေကိုင်းရှိုင်းသော ကက်သလစ်မိသားစုမှ မွေးဖွား) သည် သူမ၏ စတိတ်စင်နာမည် ဘောင့်ထီး (ဗီယက်နမ်: Bảo Thy) ဖြင့် လူသိများသော သည် ကျော်ကြားသော ဗီယက်နမ် အမျိုးသမီး အဆိုတော် ဖြစ်သည်။
ဘောင့်ထီး
Ca sĩ Bảo Thy: Hát cho tuổi teen သူမသည် ၂၀၀၈ ခုနှစ်တွင်သူမ၏သီချင်းဆိုခြင်းအသက်မွေးဝမ်းကျောင်းကိုစတင်ခဲ့ပြီးထိုကာလအတွင်းသူမ၏ဆယ်ကျော်သက်ပေါ့ပ်ဂီတအတွက်နာမည်ကြီးလာခဲ့သည်။
ဘောင့်ထီး
ဗီယက်နမ်ပေါ့ပ်ဂီတ၏မင်းသမီး (Princess of Vpop) ဟုအမည်ပေးထားသောသူမသည်သူမ၏မျိုးဆက်၏အကောင်းဆုံးဗီယက်နမ်ဂီတအနုပညာရှင်များထဲမှတစ်ဦးဖြစ်သည်။
ဘောင့်ထီး
မီဒီယာများတွင် သူမသည် ဂီတတွင် ဒုန်းညီး၏ ပြိုင်ဘက်တစ်ဦးဟု သတ်မှတ်ခံရပြီး ၎င်းတို့နှစ်ဦးစလုံး၏ ပရိသတ်များသည် အင်တာနက်ပေါ်တွင် မကြာခဏ ထိပ်တိုက်တွေ့ကြပြီး ၂၀၁၀ ခုနှစ်များအစောပိုင်းတွင် အထင်ရှားဆုံး ဆိုရှယ်မီဒီယာဖြစ်ရပ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
ဘောင့်ထီး
Nhìn lại hiện tượng Bảo ThyĐông Nhi - Bảo Thy và những cột mốc trùng hợp đầy thú vị trong sự nghiệp ရိုက်ကူးရေး ရုပ်ရှင် Công chúa teen và ngũ hổ tướng (၂၀၁၀) Gia sư nữ quái (၂၀၁၂) ကိုးကား ကဏ္ဍ:သက်ရှိထင်ရှားပုဂ္ဂိုလ်များ ကဏ္ဍ:၁၉၈၈ မွေးဖွားသူများ ကဏ္ဍ:ဗီယက်နမ်နိုင်ငံမှ ကက်သလစ်ဘာသာဝင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသမီး သရုပ်ဆောင်များ ကဏ္ဍ:ဗီယက်နမ် အမျိုးသမီး အဆိုတော်များ။
မာရီယာ ကော်ရီနာ မာချာဒို
မာရီယာ ကိုရီနာ မာချာဒို ()သည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဗင်နီဇွဲလားနိုင်ငံ ရေးသမား ဖြစ်သည်။
မာရီယာ ကော်ရီနာ မာချာဒို
သူသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာ အားထုတ်ကြိုးပမ်းခဲ့သူအဖြစ် ထင်ရှားသည်။
မာရီယာ ကော်ရီနာ မာချာဒို
သူသည် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ၏ အဓိက အတိုက်အခံနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။
မာရီယာ ကော်ရီနာ မာချာဒို
ပညာရေး မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ တွင် မွေးဖွားခဲ့ပြီး၊ အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်သည်။
မာရီယာ ကော်ရီနာ မာချာဒို
နိုင်ငံရေးဘဝ ၂၀၀၂ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံ၏ရွေးကောက်ခံ ပြည်သူ့အစိုးရအပေါ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း Súmate အဖွဲ့ကို တည်ထောင်ခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
ထို အဖွဲ့သည် နိုင်ငံ၏ရွေးကောက်ပွဲအဖြစ်အပျက်များကို စောင့်ကြည့်သည့် ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မာရီယာ ကော်ရီနာ မာချာဒို
၂၀၀၉ ခုနှစ်တွင် သူသည် နိုင်ငံရေးသို့ တိုက်ရိုက်ဝင်ရောက်ပြီး၊နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Vente Venezuela ပါတီကို တည်ထောင်ခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
၂၀၁၀ ပြည့်နှစ်တွင် ဗင်နီဇွဲလားအမတ် အဖြစ် ရွေးကောက်ခံခဲ့ရပြီး၊နီကိုးလပ်စ် မာဒူရို၏ အုပ်ချုပ်ရေးကို တော်လှန်သူအဖြစ် လူသိများလာခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
၂၀၂၄ သမ္မတရွေးကောက်ပွဲနှင့် ပိတ်ပင်ခံရမှု မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် အဓိကပြိုင်ဆိုင်သူတစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
ဗင်နီဇွဲလားနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ထွန်းကားရေး နှင့် မဒူရိုအစိုးရဖယ်ရှားရေးကို ဦးဆောင်ခဲ့သည့်အတွက် ပြည်သူများစွာတို့၏ ထောက်ခံမှုကိုရရှိခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
သို့သော် မဒူရိုအစိုးရက ၎င်းအား နိုင်ငံရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
၂၀၂၅ ခုနှစ်အခြေအနေ ၂၀၂၅ ခုနှစ်တွင် မာချာဒိုသည် မဒူရိုအစိုးရ၏ အတိုက်အခံ ဖြစ်လာခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
သူသည် နိုင်ငံခြားအဖွဲ့အစည်းများ (ဥပမာ – အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် အနောက်ဥရောပနိုင်ငံများ) နှင့် ဆက်သွယ်ကာ ဗင်နီဇွဲလားအတွင်း ဒီမိုကရေစီထွန်းကားရေးအား အပြင်းအထန်လုပ်ဆောင်ခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
၂၀၂၅ခုနှစ်၊အောက်တိုဘာ ၁၀ ရက် တွင် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာပေးအပ်ခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
ဤဆုကို တဖြည်းဖြည်းကြီးစိုးလာသည့် အမှောင်ထုကြားထဲမှ ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို မငြိမ်းသေအောင် ထိန်းသိမ်းပေးထားသည့်အပြင်၊ ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရေး မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။
မာရီယာ ကော်ရီနာ မာချာဒို
နိုင်ငံတကာအမြင် အမေရိကန်ပြည်ထောင်စု၊ အီးယူ နှင့် လက်တင်အမေရိကန်ရှိ ဒီမိုကရေစီအဖွဲ့အစည်းများသည် မာချာဒိုကို “ဗင်နီဇွဲလား ဒီမိုကရေစီ၏ သင်္ကေတတစ်ဦး” ဟု ခေါ်ဆိုကြသည်။
မာရီယာ ကော်ရီနာ မာချာဒို
သို့သော် မာဒူရိုအစိုးရက သူ့ကို “နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းသည့် သာမန်ပြည်သူမဟုတ်သူ” ဟု ရှုတ်ချတုံ့ပြန်ထားခဲ့သည်။
မာရီယာ ကော်ရီနာ မာချာဒို
ကိုးကား ကဏ္ဍ:ဗင်နီဇွဲလား နိုင်ငံရေးသမားများ ကဏ္ဍ:နိုဘယ်ငြိမ်းချမ်းရေးဆုရ ပုဂ္ဂိုလ်များ Category:နိုဘယ်ဆုရ ပုဂ္ဂိုလ်များ။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
မယ်စကြဝဠာ မြန်မာ ၂၀၂၅ ကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Myanmar Expo Hall တွင် ကျင်းပရန် စီစဉ်ထားသည့် ဆယ်ကြိမ်မြောက် မယ်စကြဝဠာ မြန်မာ အလှမယ်ပြိုင်ပွဲ ဖြစ်သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မှ သက်စံအန်ဒါဆန်က အနိုင်ရရှိသော အလှမယ် မြတ်ရတနာစိုးအား သရဖူကို ပေးအပ်ခဲ့သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
မြတ်ရတနာစိုးသည် ထိုင်းနိုင်ငံတွင် Miss Universe 2025 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
နောက်ခံ ပြိုင်ပွဲကာလအတွက် ပြိုင်ပွဲဝင် ၃၅ ဦးသည် စပွန်ဆာ အများအပြား လာရောက်ခဲ့ကြသည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
အောက်ပါတို့သည် ယခုနှစ်ပြိုင်ပွဲ၏ အဓိကပွဲစဉ်များစာရင်းဖြစ်သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
ဇွန် ၁၈ - အမျိုးသားဝတ်စုံပြိုင်ပွဲ ဇွန်လ ၂၅ - အကြိုပြိုင်ပွဲ ဇွန်လ ၂၇ - နန်းတက်ပွဲည ပြိုင်ပွဲဝင်များရွေးချယ်ခြင်း ၂၀၂၅ ခုနှစ် ပြိုင်ပွဲတွင် အလုံ ၊ဗိုလ်တစ်ထောင် ၊အင်းစိန် ၊မရမ်းကုန်းမြို့နယ် ၊မြိတ် ၊ သင်္ဃန်းကျွန်း ၊ကျောက်တံတား နှင့် သံလျင် တို့သည် မြို့နယ်ကိုယ်စားပြု အဖြစါ 2025 တွင် ကျင်းပမည်ဖြစ်သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
ရလဒ်များ Color keys {| class="wikitable sortable" style="font-size: 90%" ! style="background-color:#787878;color:#FFFFFF;" |နောက်ဆုံးရလဒ်များ ! style="background-color:#787878;color:#FFFFFF;" | ပြိုင်ပွဲဝင် ! style="background-color:#787878;color:#FFFFFF;" | နိုင်ငံတကာအလှမယ် ! style="background-color:#787878;color:#FFFFFF;" | နိုင်ငံတကာ ရလဒ်များ |- | Miss Universe Myanmar 2025 (ဆုရှင်) | ပြင်ဦးလွင် - မြတ်ရတနာစိုး | style="Text-align:center;" | Miss Universe 2025 | style="Text-align:center;" | TBA |- | 1st runner-up (နှုတ်ထွက်)| ဟားခါး -နန်းအင်ဇာလီ | style="Text-align:center;" | Miss International 2025 | style="Text-align:center;" | TBA |- | 2nd runner-up | စစ်တွေ - ခိုင်ဆွေဇင်သင်း |- | 3rd runner-up (နုတ်ထွက်)၊ | မိတ္ထီလာ - ဇူလှိုင်ဝင့်ထည် |- | 4th runnerup | မိုးကုတ် - မျိုးကိုကိုစန်း |- | 5th runner-up | မြစ်ကြီးနား – Mary Ja Doi Aung § |- | rowspan="4" | Top 10 (6th Runner Up) | ပဲခူး -ခင်ရတနာစိုး |- | ကလော -စိုးစံနန်း |- | ကော့သောင်း – Holly Yuriko |- | ပုသိမ် -ရန်နောင် |- | rowspan="6" | Top 16 | အင်းစိန် -နန်းစမ်ဖောင် |- | နေပြည်တော် -သက်ထားခင် |- | ပျဉ်းမနား -ခင်ဖိုး |- | တာချီလိတ် -စုလယတီ |- | တောင်ကြီး – နန်းမြင့်နဒီလွင် |- | သင်္ဃန်းကျွန်း - သက်ထက်ထက်ဆန်း |- |} § – Bigo Live Myanmar Voting ဆုများ အထူးဆုများ ဆု ပြိုင်ပွဲဝင် Miss Photogenic by Studio Paparazzi ကော့သောင်း - Holly Yuriko Miss Picture Perfect by Love Diary ဟားခါး -နန်းအင်ဇာလီ Best Catwalk by Lily Shoes ပြင်ဦးလွင် - မြတ်ရတနာစိုး Rising Star by Hey Play ကလော -စိုးစံနန်း Miss Beauty Skin by Mistine တောင်ကြီး - နန်းမြင့်နဒီလွင် Miss Popular Choice by Bigo Live မိုးကုတ် -မျိုးကိုကိုစန်း Miss Elegant by Sein Nan Daw ပုသိမ် -ယံယံ Miss Congeniality ထားဝယ် -မိုးကလျာ Miss Celestial Nail by Luna ဟားခါး -နန်းအင်ဇာလီ Miss Beautiful Smile by My Dentist ကလော -စိုးစံနန်း Miss Crystal Vision by Zeekwek ပုသိမ် -ရန်အောင် Miss Beauty of Face by Mistine ဟားခါး -နန်းအင်ဇာလီ Miss Perfect Hair by SOS ဟားခါး -နန်းအင်ဇာလီ Miss Myanmar Beauty by Doctor A ပြင်ဦးလွင် - မြတ်ရတနာစိုး Miss IM ဟားခါး -နန်းအင်ဇာလီ Miss Elegant ရန်ကုန်မြောက်ပိုင်း - သက်စံအန်ဒါဆင် Best City Director မြစ်ကြီးနား Challenge အနိုင်ရရှိသူများ ခေါင်းစဉ် ပြိုင်ပွဲဝင်များ အမျိုးသားဝတ်စုံ အနိုင်ရရှိသူ မုဒုံ -မြတ်ဝတ်ရည်သင်း Top 5 မိတ္ထီလာ - ဇူလှိုင်ဝင့်ထည် ဖလမ်း – မအေးစန္ဒာအောင် ပြင်ဦးလွင် - မြတ်ရတနာစိုး တောင်ကြီး – နန်းသိန်းနဒီလွင် ပရိတ်သတ်ရွေးချယ်မှုအနိုင်ရ ဟားခါး -နန်းအင်ဇာလီ National Director ရွေးချယ်မှု သင်္ဃန်းကျွန်း -သက်ထက်ထက်စံ Glamorous Universe Diamond Winnner ပဲခူး -ခင်ရတနာစိုး Gold Winner မိတ္ထီလာ - ဇူလှိုင်ဝင့်ထည် Silver Winner ပုသိမ် -ရန်နောင် အကောင်းဆုံးရေကူးဝတ်စုံ ဓာတ်ပုံ Gold Winner မိုးကုတ် -မျိုးကိုကိုစန်း Silver Winner ဟားခါး -နန်းအင်ဇာလီ Bronze Winner စစ်တွေ - ခိုင်ဆွေဇင်သင်း Best Headshot Gold Winner ပဲခူး -ခင်ရတနာစိုး Silver Winner ပုသိမ် -ရန်နောင် Bronze Winner ဟားခါး -နန်းအင်ဇာလီ ပြိုင်ပွဲဝင်များ ပြိုင်ပွဲဝင် ၃၅ ဦးကို သက်ဆိုင်ရာမြို့နှင့် ခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုထားသည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
City/DistrictCandidateAgeHeightHometownPlacement AhloneEi Kyar Phyu AunglanYoon Myint Moo BaganKhít Thakhin Kha BagoKhin Yadanar Soe BhamoWa Thone San BotahtaungRosey Swel Swel231.68 m (5 ft 6 in)Yangon DaweiMoe Kalayar FalamMai Aye Sandar Aung HakhaNan Inzali HpakantMaran Jaseng211.68 m (5 ft 6 in)Myitkyina InseinNang San Phaung26 Yangon KalawSoe San Nan201.75 m (5 ft 9 in)Yangon KawthaungHolly Yuriko381.68 m (5 ft 6 in)Yangon KyauktadaLily Liang LashioNana Kaday Htun MagwayYwoon Myat Myat Htet MandalayNang Thazin Aung MawlamyineJune Yadanar MayangoneYu Ya MeiktilaZuly Wint Htal MogokMyo Ko Ko San311.75 m (5 ft 9 in)Mandalay MudonMyat Wutt Yi Thin MyeikAnzali Phway MyingyanYu Ei Mon MyitkyinaMary Ja Doi Awng201.68 m (5 ft 6 in)Myitkyina NaypyitawThet Htar Khin281.73 m (5 ft 8 in)Mandalay PatheinYan Yan201.73 m (5 ft 8 in)Yangon Pyin Oo LwinMyat Yadanar SoeMandalay PyinmanaKhin Bhone SittweKhine Swe Zin Thinn201.68 m (5 ft 6 in)Yangon TachileikSu Lae Yati TaunggyiNang Teint Nadi Lwin Tha HtoneYui Yu ThanlyinAye Shwe Yi Aung ThingangyunThet Htet Htet San မိုးကုတ် – Miss Universe Mogok 2025 ခင်လင်းလတ်ယွန်းသည် ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် နုတ်ထွက်ခဲ့သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
ခင်လင်းလတ်ယွန်းကိုယ်စား မျိုးကိုကိုစန်းကို အစားထိုးခဲ့သည်။
မယ်စကြဝဠာ မြန်မာ ၂၀၂၅
နှုတ်ထွက်ခြင်း အောင်ပန်း ဟင်္သာတ လှိုင်ဘွဲ့ ဘားအံ အင်းဝ အင်းတကော် ကျိုင်းတုံ ကျိုက်ထို ကျောက်ပန်းတောင်း ကျောက်ဆည် မင်းဘူး မြဝတီ နောင်ချို ပခုက္ကူ ပင်းတယ ပြည် စစ်ကိုင်း ရွှေကူ ရွှေကြင် တောင်ငူ သံဖြူဇရပ် ရမည်းသင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကုန်မြောက်ပိုင်းခရိုင် ရန်ကုန်တောင်ပိုင်းခရိုင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်လာသည် ထားဝယ် မြိတ် ပျဉ်းမနား ကိုးကား ပြင်ပလင့်ခ်များ Official Miss Universe Myanmar Website Miss Universe Myanmar Instagram ကဏ္ဍ:မြန်မာနိုင်ငံရှိ အလှမယ်ပြိုင်ပွဲများ။
ဒိုင်းဆန်းဂန်းတောင်
ဒိုင်းဆန်းဂန်းတောင် (大千軒岳, Daisengen-dake) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ အိရှိမကျွန်းဆွယ်တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။
ဒိုင်းဆန်းဂန်းတောင်
အမြင့် ၁၀၇၂ မီတာ (၃၅၁၇ ပေ) ရှိသည်။
ဒိုင်းဆန်းဂန်းတောင်
ဤတောင်သည် ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဒေသတွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။
ဒိုင်းဆန်းဂန်းတောင်
အဲဒိုခေတ်တွင် ဤတောင်တွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဒိုင်းဆန်းဂန်းတောင်
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခရစ်ယာန်ဘာသာဝင်များကို နှိပ်ကွပ်မှုများဆောင်ရွက်ခဲ့သည့်ကာလ မဆွတ်မအဲတိုက်ပွဲတွင် ဤတောင်တွင် ဂျပန်လူမျိုးခရစ်ယာန်ဘာသာဝင် ၁၀၆ ဦးကို ကွပ်မျက်ခဲ့သည်။