text
stringlengths
20
530
source
stringclasses
59 values
တပ်မတော်အရာရှိကတော် ဖြစ်ပေမယ့် တပ်ဝါဒဖြန့် စာပေတွေ အသားပေး ရေးတဲ့ စာရေးဆရာတော့ မဟုတ်ပါဘူး။
https://www.bbc.com/burmese/in-depth-46454034
အမျိုးသမီးရေးမှာတော့ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာစတဲ့ ခေတ်ပြိုင်တွေလိုပဲ မြန်မာအမျိုးသမီးတွေရဲ့ တန်းတူညီမှုကို အသားပေးပြီး ယဉ်ကျေးမှုပိုင်းမှာ လွတ်လပ်လွန်းမှုကိုတော့ နှစ်ခြိုက်ပုံ မရှိပါဘူး။
https://www.bbc.com/burmese/in-depth-46454034
မြကြာဖြူ၊ ပျားရည်အိုင် စတဲ့ နောက်ပိုင်းလက်ရာတွေမှာ ၁၉၈၈ နောက်ပိုင်း မြန်မာအမျိုးသမီးလောကကို သူ့အမြင်တွေ ထင်ဟပ်ထားပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ခင်ပွန်းသည် ဗိုလ်မှူးကြီးကျော်သောင်းနဲ့ သူ့ဘဝကို အခြေခံရေးတဲ့ ကျွန်မ၏ချစ်သူ စာအုပ်အပိတ်ခံခဲ့ရသလို အကိုလင်ရဲ့လန်ကွတ်တီ ဝတ္ထုတိုမှာတော့ လမ်းစဉ်ပါတီခေတ်က မော်ကွန်းဝင် အခွင့်ထူးခံစနစ်ကို လှောင်ပြောင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၁၉၆၂ နောက်ပိုင်း စာရေးဆရာမတွေ ပိုများလာပြီး အရောင်းသွက် ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာမတွေလည်း ရှိလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
တချိန်တည်းမှာပဲ စာပေ ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ ခင်ဆွေဦး၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ တက္ကသိုလ်မြစိမ်း စသူတွေ လည်း ရှိလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
နောက်ပိုင်းမှာတော့ ဝင်းဝင်းလတ်၊ ခင်မြဇင်၊ မြနှောင်းညို စတဲ့ ဝတ္ထရေးဆရာမတွေ ပေါက်ဖွားလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒါပေမဲ့ စာပေစိစစ်ရေးခေတ် ရောက်လာလို့ ရေးသားမှု လွတ်လပ်ခွင့်လျော့လာသလို စက္ကူရှားပါးမှု ဒဏ်ကိုလည်း စာပေလောကမှာ ကြုံရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒို့တိုင်းဌာနီ ဝတ္ထုနဲ့ ၁၉၆၂ မှာ နာမည်ကြီးလာတဲ့ ခင်ဆွေဦးဟာ စာပေမိသားစုမှာ ကြီးပြင်းခဲ့ပြီး နိုင်ငံရေးတက်ကြွတဲ့ လူငယ်အများအပြားကို ငယ်ကတည်းက သိကျွမ်းခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီအတွေ့အကြုံတွေကို အခြေခံ ရေးတဲ့ စာတွေဟာလည်း တော်လှန်ရေး၊ စာပေနဲ့ နိုင်ငံရေးလောကကို ဖော်ပြတာ များပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မိုးနှင့်ရေ၊ တခိုင်နှစ်ခိုင်နှင်းပန်းခိုင်၊ နေခြည်ဖြာမှနွေးလိမ့်မည်၊ နှင်းဆီကမွှေး စတဲ့ ဝတ္ထုတွေကို လမ်းစဉ်ပါတီခေတ်မှာ လူငယ်တွေ ကြိုက်ခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အချစ် အခြေခံတဲ့ ဝတ္ထုတွေ ဖြစ်ပေမယ့် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို နောက်ခံပြု ရေးသလို လက်ဝဲဝါဒကို တိမ်းညွတ်တဲ့ အတွေးအခေါ်တွေလည်း ပါပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဖခင် မဟာဆွေနဲ့ ခင်မင်သိကျွမ်းတဲ့ ဗိုလ်အောင်ကျော်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ဆန်းစတဲ့ လူငယ် နိုင်ငံရေးသမားတွေရဲ့ စရိုက်လက္ခဏာတွေကို ဒီဝတ္ထုတွေထဲမှာ ထည့်သွင်းခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
သူ့ရှေ့က ဗန်းမော်တင်အောင်၊ တက္ကသိုလ်နန္ဒမိတ် စတဲ့ အမျိုးသား လက်ဝဲစာရေးဆရာတွေနဲ့ မတူတာက အမျိုးသမီးဇာတ်ကောင်တွေရဲ့ အမြင်ခံစားမှုမှာ ပိုင်နိုင်တာ၊ စရိုက်သေ မဆန်တာပဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သီချင်းကဗျာစာသားတွေကို ဝတ္ထုထဲမှာ ထည့်သွင်း ရှင်းပြတတ်တဲ့ ခင်ဆွေဦးရဲ့ ရေးဟန်ကိုလည်း ဂျူး စတဲ့ နောက်ပိုင်း စာရေးဆရာမတွေ လိုက်ယူကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စံပယ်ဖြူ အမျိုးသမီး မဂ္ဂဇင်းကိုလည်း တည်ထောင်ခဲ့ပြီး အမျိုးသမီးလွတ်လပ်ခွင့် ကိစ္စတွေ ဖော်ထုတ် ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၁၉၇ဝ ပြည့်လွန်နှစ်လယ်ပိုင်းမှာ ပထမဆုံးရေးတဲ့ ဝတ္ထုရှည်နဲ့ စာပေဆုရတဲ့ စာရေးဆရာမ တယောက် ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာပေလောက စာအုပ်တိုက်က မိုးမိုး(အင်းလျား) က ပျောက်သောလမ်းမှာစမ်းတဝါး ဝတ္ထုနဲ့ လူမှုစီးပွားရေး အကျပ်အတည်းတွေကြား လမ်းပျောက်နေသူ လူငယ်တွေအကြောင်း ရေးဖွဲ့ပြီး ထင်ရှားလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လမ်းစဉ်ပါတီခေတ်လယ်ပိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို အခြေခံပြီး လူလတ်တန်း အောက်လွှာတွေရဲ့ ဘဝကို ရိုးရိုးလေး ဖွဲ့ပြတဲ့ သူ့လက်ရာတွေဟာ အမျိုးသား စာရေးဆရာတွေရဲ့ နိုင်ငံရေးကဲတဲ့ ဆင်းရဲသား နောက်ခံ ဝတ္ထုတွေနဲ့ ကွဲထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ရွှေတိဂုံကိုမြင်လျှင် မှာ ရန်ကုန် လူတန်းစားအသီးသီးက လူတွေရဲ့ ဘဝတွေကို ထင်ဟပ်ပြခဲ့ပြီး ဒီလို ဇာတ်လက်တက်ပြိုင်တွေနဲ့ ရေးနည်းဟာလည်း ၁၉၈ဝ ကျော်မှာ ပိုခေတ်စားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား၊ မှတပါး အခြားမရှိ၊ မြန်မာပြည်မှာနေကြသည်၊ ဘယ်သူ လာကူပါ့မယ် စတဲ့ ဝတ္ထုတွေမှာလည်း ဇာတ်အိမ်လေးလေးနဲ့ ခံစားမှုသည်းတဲ့ စရိုက်တွေကို အားပြု ရေးဖွဲ့ခဲ့ပြီး ထင်ရှားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဘဝအကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ အမျိုးသမီးဇာတ်ဆောင်တွေ များတဲ့ ဝတ္ထုတွေ ဖြစ်လို့ စာဖတ်သူတွေရဲ့ ဘဝအမောနဲ့ ထင်ဟပ်ပြီး ကျော်ကြားခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
ငယ်ငယ်နဲ့ ကွယ်လွန်သွားလို့ သူနောက်ပိုင်းမှာ ရေးဟန်ရေးကွက် ပြောင်းလာမလား ဆိုတာ အကဲမခတ်နိုင်တော့ပါဘူး။
https://www.bbc.com/burmese/in-depth-46454034
နိုင်ငံတော်ကောင်စီဝင် စာရေးဆရာကြီး မန်းတင်ရဲ့ သမီး မစန္ဒာဟာ ဘဝသရုပ်ဖော်ရေးသူ ဖြစ်ပေမယ့် ဟာသအမြင်နဲ့ ပေါ့ပါးအောင် ပြန်အနားသတ်တတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဂျီဟောသူမှာ ကျောင်းသူဘဝကို သရုပ်ဖော်ရာက ထင်ရှားလာပြီး အရိပ် မှာတော့ မျိုးဆက်နှစ်ဆက်ရဲ့ ဖြတ်သန်းမှုကို လေးလေးနက်နက် ရေးဖွဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ငယ်သူမို့ မသိပါ၊ တိမ်ဖုံးပါလို့ လမသာ ၊ စိမ်းရွက်သစ်တဝေဝေ စတဲ့ ဝတ္ထုတွေမှာလည်း မစန္ဒာရဲ့ဟန်ကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဘဝသရုပ်ဖော်ကို ပေါ့ပါးအောင် ဖွဲ့နွဲ့တဲ့ ပုံစံအရေးအသားတွေဟာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွေမှာ ပိုတွေ့လာရပြီး စာရေးဆရာမတွေ ရေးလာတာလည်း တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုနဲ့ စာပေဆု ရခဲ့ပြီး ဒီဝတ္ထုမှာ အမျိုးသားရေးအမြင်နဲ့ ရေးတာများတယ်လို့ ဝေဖန်ခံရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မိုးမိုး(အင်းလျား) ကို ဂျင်ဂျာအေးသောက်ချင်တယ်၊ စိုးကြောက်မိပါသည် ဝတ္ထုတိုတွေနဲ့ တွဲသိကြရင် မစန္ဒာကိုလည်း တီဗီနာ နဲ့ သတိရကြမှာ သေချာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မစန္ဒာရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ လောကဓံကို ရယ်စရာ လုပ်ရင်း ဘဝကို ရေဆန်လမ်းက ရိုးအေးစွာ လျှောက်ကြတာကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အမျိုးသမီး ပရိသတ်တွေ ပိုများလာတဲ့ ခေတ်မှာ စာရေးဆရာမတွေလည်း ပိုထင်ရှားလာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၁၉၉ဝနဲ့ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ စာပေဆုတွေကို အမျိုးသမီးတွေ ဆက်တိုက်ရခဲ့တဲ့ အချိန်လည်း ရှိပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီခေတ်မှာ စာပေစိစစ်ရေး တင်းကျပ်မှုနဲ့ စီးပွားရေး မညီမျှမှုတွေ ကြီးလာတဲ့အတွက်လည်း စာပေထုတ်ဝေမှုတွေ အရင်ခေတ်တွေထက် ပိုကျဆင်းခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီထဲက မော်ဒန်စာပေခေါ် ခေတ်ပေါ် စာပေအယူဝါဒတွေနဲ့ ရေးတဲ့ စာရေးဆရာမတွေလည်း ပေါ်ထွက်လာပြီး ခက်မာ၊ မေငြိမ်း၊ မိုးငြိမ်းဧ၊ စုမီအောင်၊ မနော်ဟရီ စသူတွေ ပါပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မိုးချိုသင်း၊ မခင်လေး (ရန်ကုန်တက္ကသိုလ်) ၊ မိချမ်းဝေ၊ မြို့သာ မရာထို၊ စံပယ်ဖြူနု စတဲ့ သရုပ်မှန်လိုင်းက စာရေးဆရာမတွေလည်း အများအပြား ရှိပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ နဲ့ နိုင်ငံတကာထိ ရောက်ခဲ့တဲ့ နုနုရည်(အင်းဝ) ဟာ ဆင်းရဲတဲ့ အလွှာစုံက လူတွေရဲ့ ဘဝကို အိုင်ကျင်း ဖွဲ့တတ်သူ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သောက်တော့ ဒူးယား ဝတ်တော့ မလေးရှား နေတော့ ချုံကြား၊ မရဲတရဲ ဘာဝယ်မလဲရှင့်၊ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား စတဲ့ ထူးခြားသွက်လက်တဲ့ နာမည်တွေနဲ့ ဝတ္ထုတွေရေးတဲ့ နုနုရည်(အင်းဝ) ဟာ အစမှာ မောင်သာရလိုင်းမျိုး ဆန်ပေမယ့် သူ့ဟန်ကို ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့မိန်းမတယောက်မှာ သူ့ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ခဲ့သလို လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ ၊ အိပ်နေရင်ည နိုးနေရင်နေ့ စတဲ့ ဝတ္ထုတွေမှာလည်း စိတ္တဇဝေဒနာရှင်တွေ၊ မျက်စိအလင်းကွယ်သူတွေ စတဲ့ မသန်စွမ်းတွေရဲ့ ဘဝတွေကို အနုပညာမြောက်စွာ ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လမ်းစဉ်ပါတီခေတ်မှာ ပုံစံခွက် ရေးဖွဲ့တတ်တဲ့ ဆင်းရဲသား သရုပ်ဖော် ဝတ္ထုတွေနဲ့ ကွဲထွက်သလို မိုးမိုး(အင်းလျား)၊ မစန္ဒာ စတဲ့ သူ့ရှေ့က အမျိုးသမီးစာဆိုတွေရဲ့ ဘဝသရုပ်ဖော် ဟန်နဲ့လည်း ပုံစံပြောင်းလဲ ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာပေဆုကိုတော့ လူလတ်တန်းစား မြို့ပြနေတွေအကြောင်း မြစိမ်းပြာကမာရွတ် နဲ့ ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာပေကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ သွားသင်ယူခွင့်ရတဲ့ အခွင့်ကိုလည်း သူက စရခဲ့ပြီး ဂျူး၊ မသီတာ (စမ်းချောင်း) စတဲ့ နောက်ပိုင်း စာရေးဆရာမတွေလည်း တက်ခွင့်ရခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြည်အေးနောက်ပိုင်းမှာ ဆရာဝန်စာရေးဆရာမထဲက အထင်ရှားဆုံး ဖြစ်လာသူက ဂျူးပါ။
https://www.bbc.com/burmese/in-depth-46454034
မန္တလေးဆေးတက္ကသိုလ်ကနေ အသုတ်လိုက် ထွက်လာတဲ့ စာရေးဆရာတွေထဲက ဂျူးဟာ ကနေ့ထက်ထိ လူသိအများဆုံး ဖြစ်သလို လူငယ်တွေ ကြားမှာ သြဇာကြီးတဲ့ ကလောင်တချောင်းလည်း ဖြစ်လာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အမှတ်တရ ဝတ္ထုမှာ ချစ်သူစုံတွဲ အတူနေတဲ့အကြောင်း ရေးရာက ဂယက်ရိုက်သွားတဲ့ ဂျူးဟာ ကြေမွသွားသောတိမ်တိုက်များအကြောင်း၊ မြစ်တို့၏မာယာ၊ မရှိမဖြစ်မိုး စတဲ့ အချစ်ဝတ္ထုတွေနဲ့လည်း ၁၉၉ဝ ကျော်က ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
နောက်ပိုင်းမှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်ကို စောင်းပေးတဲ့ ဝတ္ထုတွေ အရေးများပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဝတ္ထုတိုလိုင်းမှာလည်း ဂျူးရဲ့လက်ရာတွေကို လူသိများပြီး ဝတ္ထုရှည်ထက် အတိုမှာ လက်ရာပိုကောင်းတယ်လို့လည်း ယူဆခံရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပင်လယ်နှင့်တူသောမိန်းမများ ကတော့ နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတခုက ဝတ္ထုအရိပ်အငွေ့တွေ ပါတယ်လို့လည်း ပြောဆိုကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဂျာနယ်ကျော် မမလေး၊ ကြည်အေး၊ ခင်ဆွေဦး စတဲ့ စာရေးဆရာမတွေလိုပဲ ဂျူးရဲ့ အမျိုးသမီး ဇာတ်လိုက်တွေကလည်း ထူးချွန်ထက်မြက်သူတွေ များပြီး အမျိုးသားတွေ ထက်တောင် သာနေတတ်တယ်လို့ အဆိုရှိပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာရေးဆရာ နေဝင်းမြင့်ရဲ့ ဇနီးဘဝကနေ စာရေးဆရာမအဖြစ် ထိပ်တန်းရောက်လာတဲ့ ခင်ခင်ထူးဟာ ကျေးလက်နောက်ခံ အချစ်ဝတ္ထုတွေကို ရိုးရာအတွေးတွေနဲ့ ဖော်ကျူးရေးတတ်သူပါ။
https://www.bbc.com/burmese/in-depth-46454034
မအိမ်ကံ အခန်းဆက် ဝတ္ထုရှည်ကနေ ပရိသတ်ကြား ပေါက်သွားခဲ့ပြီးနောက် တောမင်းသမီး စတဲ့ ဝတ္ထုတွေ ဆက်တိုက်ထွက်လာပါတယ်။ ဖက်စိမ်းကွမ်းတောင် ဝတ္ထုတိုများနဲ့လည်း စာပေဆု ရခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အညာသူအညာသားကျွန်မဆွေမျိုးများ ကတော့ သူ့ဝတ္ထုတွေ မြစ်ဖျားခံရာ မြင်းခြံတဝိုက်က သူ့ဇာတိအကြောင်း မိသားစုဇာတ်လမ်းတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်၊ ဆူးပန်းခွေသွယ် ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် စတဲ့ ဝတ္ထုရှည်တွေကလည်း အညာနောက်ခံ ဝတ္ထုတွေပါ။
https://www.bbc.com/burmese/in-depth-46454034
ကျေးလက်သားတွေရဲ့ အရိုးစွဲနေတဲ့ ဓလေ့ တွေကို ပြောင်းလဲနေတဲ့ ခေတ်နောက်ခံနဲ့ ယှဉ်ပြီး ရေးဖွဲ့လေ့ရှိပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အချစ်ဝတ္ထုတွေမှာ ကျေးလက်ဗဟုသုတတွေ ထည့်သွင်းလွန်းလို့ တခါတလေ အိုင်သွားတာကလွဲပြီး ခင်ခင်ထူးရဲ့ လက်ရာကို တောရောမြို့ပါ နှစ်ခြိုက်ကြတာလည်း တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ခင်ခင်ထူးရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ ဂျူးရဲ့ ဇာတ်လိုက်မတွေလို သွက်လက်ထက်မြက်နေတာ မဟုတ်ပေမယ့် ပြတ်သားသင့်တဲ့နေရာမှာ ပြတ်မယ်၊ ရှက်ရွံ့စရာဆိုရင် ရှက်ရွံ့မယ်ဆိုတဲ့ ပျော့ရင်ဖယောင်း မာရင်သံချောင်း အမျိုးအနွယ်တွေ ဖြစ်ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အထက်မှာ ပါရှိတဲ့ စာရေးဆရာမ ၁ဝ ဦးဟာ ထင်ရှားကျော်ကြားသလို စီးပွားရေးအရလည်း အောင်မြင်၊ အနုပညာအရလည်း ထွန်းပေါက်တဲ့ စာရေးဆရာမတွေထဲက ကောက်နုတ် ရွေးချယ်တာပါ။
https://www.bbc.com/burmese/in-depth-46454034
ဒီစာရင်းမှာ မပါသေးတဲ့ ထင်ရှား ထူးချွန်တဲ့ စာရေးဆရာမတွေလည်း အများအပြား ရှိနေသလို မြန်မာစာပေကို ပြည်ပမှာ ပြန်ဆိုထုတ်ဝေတာတွေလည်း များပြား လာနေပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အင်္ဂလိပ်လို ရေးသားတဲ့ စာရေးဆရာမတွေကတော့ ခင်မျိုးချစ်ကနေ ဝင်ဒီလောရုံ၊ မသိင်္ဂီတို့ထိ ရှိနေပြီ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာရေးဆရာမကြီး ကြည်အေးရဲ့ မောင် ကိုကိုနှင့် မြနန္ဒာ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။
https://www.bbc.com/burmese/in-depth-46237132
အနှစ် ၄ဝ ကျော်က ရေးခဲ့တဲ့ ဒီဝတ္ထုဟာ ယခုထိ မြန်မာစာပေလောကမှာ လွှမ်းမိုးနေဆဲပါ။
https://www.bbc.com/burmese/in-depth-46237132
ဒီဝတ္ထုကို အမျိုးသမီးတယောက်ရဲ့အလှ၊ ထက်မြက်မှုနဲ့ အနုပညာ ဝါသနာထုံမှုကို ဖော်ကျူးတဲ့ လက်ရာအဖြစ် လူသိများသလို မျက်နှာများတဲ့ ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုတွေကို ခါးစီးခံရသူ တယောက်အကြောင်း အဖြစ်လည်း အမျိုးသမီး ပရိသတ်က ဖတ်ရှုကြပါတယ်။
https://www.bbc.com/burmese/in-depth-46237132
နောက် ဒီဝတ္ထုဟာ ဥရောပ နောက်ခံနဲ့ ရေးတာမို့ တံခါးပိတ်ထားတဲ့ ခေတ်က မြန်မာနိုင်ငံမှာ ရှားရှားပါးပါး နိုင်ငံခြား ဇာတ်အိမ်တည်တဲ့ ဝတ္ထုအဖြစ် သိကြပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ပြည်ပနောက်ခံမှာ အနောက်တိုင်းဆန်ဆန် နေထိုင်ကြတဲ့ မြနန္ဒာတို့ မိသားစုနဲ့ ခင်ပွန်းသည် ဒေါက်တာ သာဦးဂျော်တို့အကြောင်း ဝတ္ထုဟာ မြန်မာအများစု လက်လှမ်းမမီတဲ့ အထက်လွှာက ဇာတ်လမ်း ဖြစ်ပေမယ့် ရေးဖွဲ့မှု ကောင်းလို့ လူကြိုက်များခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
နောက် ဒီဝတ္ထုဟာ အင်္ဂလိပ်စာ ပြင်သစ်စာတတ် အသိုင်းအဝိုင်း အကြောင်းဖြစ်တဲ့အတွက် လမ်းစဉ်ပါတီခေတ်မှာ နောက်ဆုတ်နေပြီဖြစ်တဲ့ အင်္ဂလိပ်စာပေ သင်ကြားရေးနဲ့ အဲဒီခေတ်ကို မမီလိုက်သူတွေအတွက် အားကျစရာ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဒါကြောင့်လည်း နောက်ပိုင်းခေတ် လူငယ်တွေက ဒီဝတ္ထုကို စိတ်ဝင်စားကြတာပါ။
https://www.bbc.com/burmese/in-depth-46237132
ဒီဝတ္ထုမှာ ဖွဲ့နွဲထားတဲ့ ဥရောပ နောက်ခံတွေကလည်း ခုထိ ရှိနေဆဲမို့ ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့အခါ နောက်ခံအလှတွေကို အသေးစိတ် ဖော်နိုင်ဖို့ လိုပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မြနန္ဒာဟာ လန်ဒန်ကို စာသင်လာတဲ့ ခင်ပွန်းဆရာဝန်နဲ့ လိုက်လာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ခင်ပွန်းက ဆေးရုံမှာ သူနာပြုဆရာမလေးတွေနဲ့ ဇာတ်ခင်းနေတာကို အစက မရိပ်မိပေမယ့် ကလေးမွေးပြီးနောက်ပိုင်းမှာ တစချင်း သိလာ ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကလေးမွေးချိန်မှာ ပဲရစ်မှာ အပျော်သွားရှာနေတဲ့ ခင်ပွန်းကြောင့် အိမ်ထောင်ရေး စိတ်မချမ်းသာတဲ့ မြနန္ဒာဟာ သားကိုပဲ အဖော်လုပ်ပြီး လန်ဒန်မှာ နေခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဘယ်လိုပဲ ခေတ်မီတယ် ဆိုဆို၊ ပြည်ပမှာ ပညာတွေသင်တယ်ပြောပြော တလင်တမယားစနစ်ကို လက်တွေ့ မကျင့်သုံးနိုင်တဲ့ မြန်မာအထက်လွှာက လူတချို့ရဲ့ လောကဟာ ဒီဝတ္ထုမှာ ပေါ်လွင်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
တဘက်မှာလည်း မြနန္ဒာဟာ ခင်ပွန်းကို အရွဲ့တိုက်ပြီး အပျော်ရှာတာတွေ မလုပ်ပါဘူး။ ကလေးရယ်၊ စာပေ အနုပညာရယ်ကိုပဲ အဖော်ပြု နေခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကလေးကို လက်တွဲပြီး နွေရာသီ လန်ဒန်မြို့လယ်က ပန်းခြံတွေမှာ သွားထိုင်တာ၊ ရေပန်းနဲ့ မီးရောင်တွေ ကြည့်တာ၊ ခိုတွေကို ကြည့်တာတွေ လုပ်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဒီလို ကလေးနဲ့ ခြေဦးတည့်ရာ လျှောက်နေတာကို ခင်ပွန်းက ကလေး အအေးမိမှာ စိုးတယ်လို့ ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-46237132
နောက် လန်ဒန် မြို့လယ်က ပစ်ကယ်ဒီလီအဝိုင်းဘက်မှာ နီယွန်မီးချောင်းရောင်စုံတွေ အောက်မှာလည်း လမ်းလျှောက်တယ် ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-46237132
သားမျက်နှာ နီလိုက်စိမ်းလိုက် ရှိတာကို ကြည့်မဝရှိတယ်လို့လည်း ပြောပါတယ်။
https://www.bbc.com/burmese/in-depth-46237132
အိမ်ထောင်ရေး အဆင်မပြေတာကို မြန်မာပြည်မှာလို ဖွင့်ဟတိုင်ပင်စရာ မရှိလို့ စိတ်ကူးတည့်ရာ သွားတဲ့အဖြစ်ကို စာရေးဆရာမ ကြည်အေးက ရေးဖွဲ့ခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46237132
ဒီဇာတ်လမ်းဟာ ကြည်အေးရဲ့ ဘီဘီစီမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံ ရေးတာ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
စာရေးဆရာမ ကြည်အေး ကိုယ်တိုင်လည်း ခင်ပွန်းနဲ့ စိတ်ဆိုးရင် ကလေး ခြောက်ယောက်စလုံးကို ရထားခေါင်းတွဲလို ဆွဲပြီး အိမ်ပေါ်က ဆင်းသွားတတ်တယ်လို့ စာရေးဆရာမ ခင်ဆွေဦးက အမှတ်တရ ရေးခဲ့ဖူးပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကြည်အေး ဘီဘီစီမှာ ကြာကြာမနေဘဲ မြန်မာပြည်ကို ကိုယ်ရေးကိုယ်တာကြောင့် ခြောက်လနဲ့ ပြန်သွားတယ်လို့ ဘီဘီစီ ဦးနေဝင်းရဲ့ ဘဝ မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မပြန်ခင်မှာ စာရေးဆရာမ ဗာဂျင်းနီးယားဝုလ်ဖ် ရေထဲဆင်းသေသွားတဲ့ နေရာကို သူသွားကြည့်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
အဲဒီအကြောင်း ရေးတဲ့ ဝတ္ထုမှာတော့ ဝုလ်ဖ် မြစ်ထဲဆင်း သေသွားတာဟာ သူ့မှာ သားသမီး ရှိခဲ့ရင် လုပ်ပါ့မလား လို့ ကြည်အေးက ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မြနန္ဒာဟာလည်း ဝတ္ထုထဲမှာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် သူ့ကိုယ်သူ သတ်သေဖို့ စဉ်းစားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဆိုဟိုဘက်သွားပြီး ရုပ်ရှင်ကြည့်တာ၊ ဆွပ်ပြုတ် ဝယ်စားကြတာတွေလည်း မြနန္ဒာ ဝတ္ထုမှာ ပါပါတယ်။ ဆိုဟိုရပ်ကွက်ဟာ လန်ဒန်မှာ မီးနီရပ်ကွက်အဖြစ် ထင်ရှားပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မြန်မာပြည်မှာတော့ အမျိုးသမီးတွေ အပြင်ထွက်ရင် တယောက်တည်းသွားလို့ မတင့်တယ်ဘူးဆိုတဲ့ အမြင် အဲဒီခေတ်က ရှိခဲ့ပေမယ့် ဝတ္ထုထဲမှာ ကြည်အေးက မြနန္ဒာကို ဆိုဟိုထဲ သွားခိုင်းခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကြည်အေးဟာ အမျိုးသမီး စာရေးဆရာမဖြစ်လို့ အမျိုးသမီးကို ဇာတ်ရုပ်လုပ် ရေးရာမှာ အောင်မြင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မီ ဝတ္ထုထဲမှာ အမျိုးသားတွေကို ကစားတဲ့ အမျိုးသမီး၊ ကျွန်မပညာသည်မှာ အငြိမ့်မင်းသမီး၊ ကေဖွဲ့ဆိုသီမှာ တက္ကသိုလ်ကျောင်းသူ၊ မေတ္တာမီးအိမ်မှာ စိတ္တဇဝေဒနာရှင် မိန်းကလေး စတဲ့ ဇာတ်ရုပ်တွေဟာ ပီပြင်လှပြီး နွမ်းလှအိမ်ပြန် မှာတော့ အဖေနဲ့မတည့်တဲ့ သမီးသရုပ်ကို လက်ရာအမြောက်ဆုံး ရေးဖွဲ့ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မြနန္ဒာကတော့ အမျိုးသမီးတယောက်ကို ချစ်မိတဲ့ အမျိုးသားနှစ်ယောက်နဲ့ အဲဒီအမျိုးသမီးက ချစ်ခဲ့တဲ့ အမျိုးသားနှစ်ယောက်အကြောင်းကို သူတို့ပြောစကားတွေကနေ သရုပ်ဖော်ခဲ့တာ ဖြစ်ပြီး အမျိုးသားတွေအပေါ် ချစ်ခင်မှု မုန်းတီးစိတ်နာမှု စတဲ့ ခံစားချက်တွေကိုလည်း အမျိုးသမီး ဇာတ်ကောင် နေရာကနေ ဖွင့်ပြခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ပွေရှုပ်မှုကို အမျိုးသားတွေရဲ့ ဖြစ်စဉ်လို သဘောထားတတ်တဲ့ လူ့အသိုင်းအဝိုင်းကို မကျေနပ်စိတ်ကိုလည်း ဒီဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဒီလို ရေးဖွဲ့တာတွေဟာ အဲဒီခေတ်က ခေတ်ပြိုင် စာရေးဆရာမတွေ ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု စသူတွေရဲ့ ဝတ္ထုတွေမှာ ပါတတ်ပေမယ့် အိမ်ထောင်ရေးဆိုတဲ့ အနှောင်အဖွဲ့ကို ဆန့်ကျင်တဲ့ စကားတွေကိုတော့ မြနန္ဒာမှာ ရေးဖွဲ့ပြခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
လူတိုင်းဟာ တချိန်ချိန်မှာ အိမ်ထောင်ဘက်မဟုတ်သူကို တပ်မက်တဲ့စိတ်တွေ ရှိကြပြီး ထိန်းချုပ်သူနဲ့ မချုပ်တည်းသူ ကွာတယ်လို့ ဒီဝတ္ထုမှာ ကြည်အေးက မစ္စမာတင်ဆိုတဲ့ လက်မထပ်ဘဲနေတဲ့ အင်္ဂလိပ်အမျိုးသမီးက တဆင့် ရေးဖွဲ့ပြပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဒီလို အမျိုးသမီးတွေကို ကြည်အေး လန်ဒန်မှာ တွေ့ခဲ့ပုံရပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကြည်အေးဟာ အနောက်တိုင်းစာပေနဲ့ အနုပညာကို ဝါသနာထုံသူဖြစ်လို့ သူ့ဝတ္ထုတွေမှာ အနောက်နိုင်ငံက ဂန္ထဝင်ဓာတ်ပြားတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း ပါတတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
မြနန္ဒာမှာတော့ ဂီတကို အစားအသောက်လို သဘောထားတဲ့ အမျိုးသမီးတယောက်ကို ဖွဲ့ပြပါတယ်။
https://www.bbc.com/burmese/in-depth-46237132
လန်ဒန်မှာ စန္ဒရား တီးသင်ခဲ့တဲ့ ကြည်အေးဟာ သူ့ဝတ္ထုထဲက ဇာတ်ကောင်လိုပဲ အဲလဘတ်ဟောရုံကြီးမှာ သွားပြီး ဂီတနားထောင်ခဲ့ပါလိမ့်မယ်။
https://www.bbc.com/burmese/in-depth-46237132
အလယ်ကောင်မှာ ခုံမရှိဘဲ မတ်တတ်ရပ် နားထောင်တာ၊ ကော်ဇောပေါ် ထိုင်နားထောင်တာတွေလည်း ဝတ္ထုမှာ ပါပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ကြည်အေးလိုပဲ အနုပညာ ဝါသနာကြီးတဲ့ ခေတ်ဟောင်းအဆိုတော် ဘိလပ်ပြန်သန်းဟာ စစ်ပြီးစ လန်ဒန်မှာ ပထမဆုံး လာဖျော်ဖြေတဲ့ တယောကျော် ယေဟူဒီ မေနုဟင်ရဲ့ ပွဲကို နားထောင်ဖို့ အဲလဘတ်ဟောမှာ ညအိပ်စောင့်ပြီး လက်မှတ်ယူတယ်လို့ သူနဲ့အတူ ပွဲကြည့်ခဲ့တဲ့ ဘီစီအက်စ် ဦးဘညိမ်က ရေးသားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ပါရီမှာတော့ ပန်းချီနိဗ္ဗာန်မြို့ကြီးမို့ လုဗ်ပြတိုက်ကို သားနဲ့ မြနန္ဒာသွားပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဒီပြတိုက်ကအပြန်မှာ ခင်ပွန်းကို ပြင်သစ်သူတယောက်နဲ့ တွေ့လိုက်ရလို့ ထိတ်လန့်ပြီး ထွက်ပြေးသွားတဲ့အကြောင်းနဲ့ ခင်ပွန်းကလည်း မြနန္ဒာ မမြင်အောင် ဖုံးကွယ်ရတဲ့အကြောင်း၊ အိမ်မပြန်ရဲတဲ့အကြောင်းတွေကို သရုပ်ပါပါ ရေးဖွဲ့ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
ဖောက်ပြန်တဲ့ ခင်ပွန်းကို ထားခဲ့ပြီး လန်ဒန်မှာ နေခဲ့ဖို့၊ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်ပြီး ချွေတာနေကာ အလုပ်လုပ်စားဖို့ မြနန္ဒာ စိတ်ကူးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46237132
အဲဒီအချိန်က အထက်လွှာက မြန်မာအမျိုးသမီးတွေကြားမှာ ကိုယ်ပိုင်အလုပ်လုပ်သူဆိုတာ ရှားပါသေးတယ်။
https://www.bbc.com/burmese/in-depth-46237132