text
stringlengths
20
530
source
stringclasses
59 values
ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ စာပေလက်ရာတွေကို ခေတ်အဆက်ဆက် ဖတ်ရှုလက်ခံကြတာတွေ ရှိပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက အစောဆုံး အနေနဲ့ ပုဂံခေတ်က စပ်တယ်လို့ ယူဆခဲ့ကြတဲ့ သိုးကလေ ကဗျာကို အမျိုးသမီးစာဆို လက်ရာလို့ ယူဆကြသလို အမျိုးသမီးတွေရဲ့ ခံစားချက်ကို ဖွဲ့တဲ့ အစောပိုင်း လက်ရာ တခု အဖြစ်လည်း သတ်မှတ်ကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒဂုန်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်အလိုအရ မြန်မာသက္ကရာဇ် ၁၅ဝ လောက်က ရခိုင်မှာ စာဆိုခဲ့တဲ့ အိမ်ရှေ့မိဖုရား စောပြည့်ညိုဟာ အစောဆုံး အမျိုးသမီး စာဆိုတယောက် ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဝေသာလီခေတ်မှာ စပ်တယ် ဆိုတဲ့ စောပြည့်ညိုရဲ့ သိန်ကန်မိန်တွင် သျှိုးလိုက်ရတုဟာလည်း အမျိုးသမီးတွေရဲ့ ဘဝကို ပြည့်ပြည့်ဝဝ ဖော်ကျူးနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒါကာကို စစ်ချီသွားတဲ့ ခင်ပွန်းသည် ကြင်ယာသစ်တွေ ရနေလို့ ရခိုင်ကို ပြန်လာအောင် ရေးစပ်တဲ့ ကဗျာဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ခေတ်အဆက်ဆက် ယဉ်ကျေးမှု စာပေအထွန်းကားဆုံး ဖြစ်တဲ့ နန်းတော်နဲ့ မြို့တော် အဝန်းအဝိုင်းက အမျိုးသမီးစာဆိုတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက အထင်ရှားဆုံးကတော့ မန္တလေးခေတ်မှာ ပေါ်ခဲ့တဲ့ အိမ်ရှေ့မိဘုရား လှိုင်ထိပ်ခေါင်တင်နဲ့ သူ့မယ်တော် အနောက်နန်းမတော် မမြကလေးတို့ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
လှိုင်ထိပ်ခေါင်တင်ရဲ့ သားချော့ ရေယမုန် ပတ်ပျိုးနဲ့ စိန်ခြူးကြာညောင် အမျှော်စိုက် ဘောလယ်တို့ဟာ နန်းတွင်းစံ အမျိုးသမီးတွေရဲ့ ဘဝကို မီးမောင်းထိုးပြတဲ့ စာပေတွေ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြူးစံတဲ့ငါးဆိုတဲ့ ရေယမုန်ပတ်ပျိုးကို ဝိဇယကာရီပတ်ပျိုးကလေးလို့လည်း သိကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူ့မယ်တော် မမြကလေးရဲ့ ဇာတ်သိမ်းမကောင်းတဲ့ ဘဝကို သနားသူ များသလို သူစပ်ဆိုသွားခဲ့တဲ့ ချစ်သမျှကို ပတ်ပျိုး၊ ရှိစုံရွက်ကြာ ပတ်ပျိုးတွေကလည်း မြန်မာစာပေမှာ အချစ်ခံစားမှုနဲ့ ပတ်သက် လာရင် ထိပ်ဆုံးက ရှိတဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မမြကလေးကို ကွပ်မျက်ခါနီးမှာ စပ်ဆိုသွားတဲ့ လောကဓံရှစ်ပါး ဘုရားပဟောရာ အစချီတဲ့ တေးထပ်ဟာလည်း အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာနဲ့ အပြိုင် ထားနိုင်တဲ့ သံဝေဂကဗျာတပုဒ်ပါ။
https://www.bbc.com/burmese/in-depth-48663133
တောင်ငူခေတ်က ရာဇဓာတုကလျာနဲ့ ဇင်းမယ်မိဘုရား၊ ရွှေဆင်းတုမင်းသမီး စတဲ့ မင်းမျိုးထဲက စာဆိုအမျိုးသမီးတွေလည်း ထင်ထင်ရှားရှား ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဇင်းမယ်ဘုရင်နဲ့ မိဖုရားတို့ဟာလည်း နတ်ရှင်နောင်နဲ့ ဓာတုကလျာလို ထင်ရှားတဲ့ စာဆိုမောင်နှံ ဖြစ်ကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဇင်းမယ်မိဘုရားရဲ့ သင်နှင့်ရက်နွေ၊ တင်ပြစ်စက်ကွေ၊ ကြင်ချစ်သက်ဝေ စတဲ့ ရတုဟာလည်း ကနေ့ထိ ခေတ်မီတဲ့အရေးအသား တခု ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ကုန်းဘောင်ခေတ်က စဉ့်ကူးမင်းရဲ့ မိဖုရားကြီး ရှင်မင်းလည်း စာဆိုတယောက်ဖြစ်ပြီး ခင်ပွန်း၊ သမီးတော်တွေနဲ့အတူ ကွပ်မျက်ခံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မှူးမတ်ကတော်တွေထဲက နန်းတွင်းမိဖြူ၊ နန်းတွင်းမိညို၊ ရဝေရှင်ထွေး၊ မင်းကြီးကတော် ခင်ဆုံ၊ နန်းတွင်းသူမယ်ခွေ၊ စာဆိုတော် မယ်လုပ် စတဲ့ စာဆိုမယ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီစာဆိုတွေကို ဘုရင်နဲ့ နန်းတွင်းအသိုင်းအဝိုင်း က မနှိမ့်ချတဲ့အပြင် ဆုလာဘ်ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
အင်းဝခေတ်မှာ မိဖြူနဲ့ မိညိုတို့ အပြန်အလှန် စပ်ကြတဲ့ ကိုယ်ရည်သွေး ရတုတွေလည်း အထင်အရှား ကျန်ရစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
တောင်ငူခေတ်က ရဝေရှင်ထွေးကတော့ ပုဂံခေတ် နန်းတွင်းသူတို့ရဲ့ ဆံထုံးထုံးနည်း ၅၅ မျိုးကို အန်ချင်းအဖြစ် စပ်ဆိုပြီး မော်ကွန်းတင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဘိုးတော်ဘုရားလက်ထက်မှာ ပေါ်ထွန်းတဲ့ မယ်လုပ်ရဲ့ စံရာဘုံမြင့်ညီးလင်း အစချီ ဇောင်းကလောပြွန်ရေဆင်းကြိုးသီချင်းကိုလည်း ကနေ့ထိ တီးမှုတ်သီဆိုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်လုပ်ဟာ တခြား အမျိုးသမီး စာဆိုတွေလို အချစ်အနုအလွမ်းတွေသာမက ဓားသိုင်းဘွဲ့တျာသံတွေပါ စပ်ဆိုနိုင်ခဲ့လို့ သူကိုယ်တိုင် ဓားရေးကျွမ်းတဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်ခွေရဲ့ အဲချင်းတွေထက် ဆေးလိပ်ကဗျာ နှစ်ပုဒ်က ကနေ့ခေတ်မှာ ထင်ရှားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး ဆိုတဲ့ ဆေးတံဘွဲ့ ဒွေးချိုးကို သူ ၁၄ နှစ်သမီးမှာ စပ်တယ်လို့ သိရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မကြာခင်က ၈ တန်းပြဋ္ဌာန်းစာမှာ သူ့ရဲ့ လက်ဆောင် ကဗျာနဲ့ အစားထိုးခဲ့တဲ့ ဧခွင့်မဖန် လေးဆစ်ကဗျာ ကို စပ်သူကတော့ တောင်တွင်းဦးကြော့သမီး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေမျိုးစုထဲက ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ကွပ်ရွာစား မင်းကြီးကတော် ခင်ဆုံကတော့ မင်းငါးဆက်တိုင်အောင် အသက် ၇ဝ ရွယ်ထိ အမှုထမ်းခဲ့တဲ့ စာဆိုအမျိုးသမီးဖြစ်ပြီး မြဝတီမင်းကြီး ဦးစနဲ့ စာဆိုပြိုင်ဘက်လည်း ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြမန်းကိုက်ရုံပတ်ပျိုး နဲ့ ခွန်းကျူပါ့ဖား စတဲ့ ကဗျာတွေကို စပ်ဆိုခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
နန်းတွင်း အမျိုးသမီးစာဆိုတော်တွေရဲ့ လက်ရာတွေကို သီပေါမင်းခေတ်ထိ တွေ့ရှိနိုင်ပြီး ပင်းသာခင်ဖူး၊ စာတော်ဖတ် မိုင်းခိုင်းခင်လေးကြီး စတဲ့ မှူးမတ်နွယ်တွေရဲ့ စာပေလက်ရာတွေ ကျန်ရစ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သီပေါမင်းနဲ့ စုဘုရားလတ် တို့ စပ်ဆိုတဲ့ ကဗျာတွေကိုတော့ လူပျိုတော် အပျိုတော်တွေထဲက စာစပ်ကောင်းတဲ့ သူတွေက ရေးပေးတယ်လို့လည်း ယူဆကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
နန်းတွင်းစာဆိုတွေသာမက ကျေးလက်အမျိုးသမီး စာဆိုတွေလည်း အများအပြား ရှိပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူတို့အမည်တွေ မထင်မရှားပျောက်ကုန်ခဲ့ပေမယ့် သူတို့စာတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက ထင်ရှားသူတွေကတော့ တောင်တွင်းရှင်ငြိမ်းမယ်၊ ပုခန်းသူမ၊ မတ္တရာကချေသည်မ စတဲ့ စာဆိုမယ်တွေပါ။
https://www.bbc.com/burmese/in-depth-48663133
စစ်တာဝန်နဲ့ ရှမ်းပြည် မိုးနဲရောက် သေနတ်အမှုထမ်း ခင်ပွန်းသည် မောင်လွန်းဆီ ပုခန်းသူမ ရေးတဲ့ မေတ္တာစာမှာ ခင်ပွန်းနဲ့ ဝေးရတဲ့ အမျိုးသမီးတယောက်ရဲ့ ရင်ဖွင့်သံကို ကြားရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ရှင်ငြိမ်းမယ်ကိုတော့ ကျောင်းသင်ခန်းစာမှာပါတဲ့ စစ်မှာတမူ ကဗျာနဲ့ တွဲသိကြပြီး ချစ်တဲ့သူငယ်လေ အစချီတဲ့ အိုင်ချင်းတွေ စပ်ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ညောင်ရမ်းက ကောက်စိုက်သမတွေနဲ့ ဘုရင့်လှေတော်သားတွေနဲ့ စာချိုးပြိုင်တဲ့ ဗြဲတရော်ရွာသူတွေ၊ မောင်းထောင်းတေးတွေ၊ အင်းလေးက တိုက်တေးတွေ စတဲ့ မြန်မာနိုင်ငံအနှံ့မှာလည်း စာချိုး စာစပ်ကောင်းတဲ့ ကျေးလက်အမျိုးသမီးတွေ ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
လူဝတ်ကြောင် အမျိုးသမီးတွေ အပြင် သီလရှင်တွေလည်း စာစပ်ပါတယ်။ ဒီထဲက ထင်ရှားသူက မယ်ကင်းပါ။
https://www.bbc.com/burmese/in-depth-48663133
မယ်ကင်းဟာ သီလရှင် သာသနာကို တိုးတက်အောင် အားထုတ်ခဲ့လို့ စစ်ကိုင်းတောင်မှာ ကြေးရုပ်သွန်းလုပ် ပူဇော်ခံရတဲ့ သီလရှင် ဆရာကြီး ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူနဲ့ ဗန်းမော် ဆရာတော် အပြန်အလှန် စပ်တယ် ဆိုတဲ့ စာချိုးတွေဟာ အမျိုးသားတွေ ထိပါးတာကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီး သတ္တိကို ပြတဲ့ ကဗျာတွေလို့ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်ကင်းကိုယ်တိုင် ဘုရားဆုပန်သူဖြစ်လို့ သူ့ကို ဆရာကင်း၊ ဆရာကြီး စတဲ့ အမျိုးသား ဂုဏ်ပုဒ်တွေနဲ့ ခေါ်ရာကနေ သီလရှင်တွေကို ဆရာကြီး၊ ဆရာလေး ခေါ်တဲ့ ဓလေ့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြန်မာ အမျိုးသမီး စာဆိုတွေရဲ့ လက်ရာတွေကို ကိုလိုနီခေတ်အထိ ဆက်ပြီး ဖတ်ရှုရဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သုံးဆယ်သူ မမိဟာ အောက်မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်ထွက်တဲ့ စာဆိုမယ် တယောက် ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မေတ္တာပန်း တည်စိုက်၍ သဘော၌စိတ်ခိုင် အင်္ဂလိပ်ကျောက်စာတိုင်လို စတဲ့ အသုံးအနှုန်းတွေ မမိ အရေးအသားမှာ တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
အထက်မြန်မာပြည်မှာတော့ မင်းတုန်းမင်းရဲ့ သမီးတော် ဟင်္ဂမော် ထိပ်ခေါင်တင်နဲ့ မင်းတပ်ထိပ်ခေါင်တင်တို့က နန်းတွင်းပုံစံ စာလင်္ကာတွေ၊ ဝတ္ထုတွေကို ၂ဝ ရာစုထဲထိ ရေးကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သီပေါဟော်က စာဆို စောမြအေးကြည် ၁၉၁၄ မှာ စပ်တဲ့ မိုးဒေဝါ ပတ်ပျိုးကိုလည်း နောက်ဆုံးပေါ်ထွက်တဲ့ မြန်မာမဟာဂီတ သီချင်းဆိုပြီး ခုထိ လေးလေးစားစား နားဆင်သီဆိုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
၁၉ဝဝ ပြည့်လွန်နှစ်တွေမှာတော့ ဝတ္ထုရေးတဲ့ စာရေးဆရာမတယောက် ပေါ်ထွက်လာပြီး မအေးခင်လို့ ထင်ရှားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူ့ကိုတော့ မြန်မာပြည်ရဲ့ ဂျိန်းအော်စတင်လို့ သုတေသီ ဒေါက်တာဘဟန်က သုံးသပ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မြန်မာစာပေမှာ အမျိုးသမီးတွေကို ဖိနှိပ် ချုပ်ချယ်တယ်လို့ ထင်ထင်ရှားရှား မတွေ့ခဲ့ရဘဲ မြို့စားရွာစားပေး ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒါကြောင့် ၁၉၃ဝ ကျော်က အဆိုတော် မအေးမိက စာဆိုတော် သီချင်းနဲ့ ဒီအမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီဆောင်းပါးမှာ ကရင်၊ ရှမ်း၊ ထားဝယ်၊ မွန် စတဲ့ လူမျိုးစု စာဆိုမယ်တွေရဲ့ လက်ရာတွေကို မဖော်ပြနိုင်ခဲ့ပါ။
https://www.bbc.com/burmese/in-depth-48663133
မြန်မာနိုင်ငံမှာ ဝတ္ထုဇာတ်လမ်း ရေးသားဖတ်ရှုမှုဟာ ပဒေသရာဇ်ခေတ်မှာ အစဉ်အဆက် ရှိခဲ့ပြီး လှိုင်ထိပ်ခေါင်တင်ရဲ့ ဝိဇယကာရီ၊ ဣန္ဒာဝံသ နန်းတွင်းဇာတ်ကြီးတွေက မန္တလေးခေတ် အမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အနောက်တိုင်း ဝတ္ထုပုံစံကတော့ အင်္ဂလိပ်ခေတ်မှာ ၁၉ဝ၄ က စပြီး ပေါ်ထွက်လာပြီး မြန်မာအမျိုးသမီးတယောက်ရေးတဲ့ ဝတ္ထု အနေနဲ့ ၁၉ဝ၉ မှာ မအေးခင်ရဲ့ ချစ်ရိုးအမှန် က စတွေ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်ရဲ့ လက်ရာဟာ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်လိုပဲ အချစ်ရဲ့ ဆန်းပြားတဲ့ သဘာဝကို ဖွဲ့တတ်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝေဖန်ပေမယ့် ဒီဝတ္ထုက ရှားပါးလွန်းလို့ ဖတ်ဖူးသူ နည်းပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၂ဝ၁၈ ဒီဇင်ဘာကမှ နှစ်တရာကျော်အတွင်း ဒုတိယအကြိမ် ပြန်ထွက်လာတာပါ။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်က စာအများအပြား မရေးခဲ့ပေမယ့် သူ့ခြေရာနင်းမယ့် အမျိုးသမီးတွေ ၁၉၁ဝ ကျော်မှာ ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်နောက် အစောဆုံးထွက်လာတဲ့ စာရေးဆရာမ အများစုဟာ စာရေးတာကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်းဒဏ်ကို ခံရသလို စာရေးခြင်းနဲ့ ရပ်တည်ဖို့ ခက်တဲ့ အခြေအနေကိုလည်း ကြုံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဝတ္ထုဖတ်တာကို မကောင်းတဲ့ အလုပ်အနေနဲ့ ယူဆတဲ့သူတွေလည်း လူကြီးတွေထဲမှာ ရှိနေတဲ့အတွက် ဝတ္ထုတွေ မီးပုံရှို့တဲ့ မိုးညှင်းဆရာတော် တရားပွဲမျိုးတွေလည်း ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီလို အခက်အခဲတွေကြားက မဂ္ဂဇင်း စာစောင်တွေမှာ ရေးတဲ့ စာရေးဆရာမတွေ တစတစနဲ့ ရှိလာခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
တက္ကသိုလ်ပညာတတ်ထဲက စာဆိုမယ်တွေလည်း ၁၉၃ဝ ကျော်မှာ စတင်ရှိလာပြီး အောက်စဖို့ဒ်က ပထမဆုံးဘွဲ့ရတဲ့ မြန်မာအမျိုးသမီး ဒေါ်မြစိန်ရဲ့ မိန်းမ ဝတ္ထုလည်း ၁၉၄ဝ လောက်မှာ ထွက်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်စိုးကြီး မြစ် ဒဂုန်ခင်ခင်လေးကို စာဆိုတော် နန်းတွင်းဝတ္ထုကြီးနဲ့ လူသိများပေမယ့် ခေတ်ပေါ်ဝတ္ထုတွေလည်း ရေးသွားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးရဲ့ တိုင်းပြည်ပြု ပုံနှိပ်တိုက်နေ ၁၉၃ဝ ကုန်ခါနီးမှာ ဝတ္ထု စာအုပ်တွေ ထွက်ခဲ့ပြီး ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ ဖေ့သည်းချာ၊ မေ့သည်းချာ စတဲ့ ဝတ္ထုတွေကို လူကြိုက်များခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အများစုက နိုင်ငံခြား ဇာတ်လမ်းတွေကို မှီငြမ်းပြုပြီး ကချေသည် ဝတ္ထုကိုတော့ အငြိမ့်သမတယောက်အကြောင်း စကားပြောပုံစံနဲ့ ရေးထားပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီမတိုင်ခင်ကလည်း ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုရှည်တွေ အများအပြား ရေးခဲ့ပြီး သူနဲ့ ခေတ်ပြိုင် အမျိုးသမီး စာရေးဆရာရယ်လို့ ဒဂုန်ခင်လေးဆွေပဲ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပြီးတော့ ဘုန်းကြီးတွေနဲ့ အမျိုးသားတွေက အမျိုးသမီးနာမည်နဲ့ ရေးနေချိန်မှာ ဒဂုန်ခင်ခင်လေးက ကိုကိုလေးနာမည်နဲ့လည်း မှော်ဆရာမှတ်တမ်း စုန်းသရဲဝတ္ထုတွေ ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးဟာ အချစ်အလွမ်းဝတ္ထုတွေ အရေးများပေမယ့် ရေးဟန်မှာတော့ ဟာသဖောက်ပြီး ခပ်သွက်သွက်ရေးတတ်သလို ဇာတ်လမ်းနဲ့ လိုက်အောင် တည်တည်ခံ့ခံ့လည်း ဖွဲ့တတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စစ်ပြီးခေတ်မှာ ရေးတဲ့ ကျွန်းဦးတည့်သန်လျက်ခုံနဲ့ တခြား သမိုင်းဆောင်းပါးရှည်ကြီးတွေမှာလည်း ဝတ္ထုပုံစံ ဇာတ်လမ်းဇာတ်ကွက်ဆင်ရေးတာကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးဟာ ပထမဆုံး မြန်မာဇာတ်ညွှန်းရေးဆရာမလည်း ဖြစ်ပြီး အေဝမ်းရုပ်ရှင်က ရိုက်တဲ့ ချစ်စနိုး၊ မြိုင်ယံဘွား စတဲ့ နာမည်ကြီးဇာတ်ကားတွေအတွက် သူရေးပေးခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
နောက်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ ဗြိတိသျှ အစိုးရအတွက် နာဇီဆန့်ကျင်ရေး ဝတ္ထုတွေကိုရေးပြီး သူ့တိုက်ကနေ သိန်းချီထုတ်ဝေပေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သူ့ခေတ်နောက်ပိုင်းမှာတော့ ခင်မျိုးချစ်၊ မြမဉ္ဇူစတဲ့ ဝတ္ထုရေးတဲ့ စာရေးဆရာမကလေးတွေ ပေါ်ထွက်လာပေမယ့် ဝတ္ထုလမ်းကြောင်းကို ဒဂုန်ခင်ခင်လေးလောက် ပီပီပြင်ပြင် လိုက်မလာခဲ့ပါဘူး။
https://www.bbc.com/burmese/in-depth-46454034
ဟာသဝတ္ထုရေးဆရာမ အဖြစ် မာလာလည်း စစ်မဖြစ်ခင်မှာ ထင်ရှားလာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စစ်ပြီးခေတ်မှာတော့ ဒေါ်ခင်ခင်လေးက မြန်မာပြည် အမျိုးသမီး ကလောင်ရှင်အဖွဲ့နဲ့ ယုဝတီဂျာနယ်ကို တည်ထောင်ပြီး အမျိုးသမီးစာရေးဆရာ မျိုးဆက်သစ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၁၉၂၁ က ကြည်တော်ဆက် မဂ္ဂဇင်းကို မန္တလေးက ထုတ်ခဲ့သလို စစ်ပြီးခေတ်မှာ နာမည်ကျော် ဗမာ့ခေတ် သတင်းစာကိုလည်း ခင်ပွန်းဟောင်း ဦးအုန်းခင်နဲ့အတူ ထုတ်ဝေခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒုတိယ ကမ္ဘာစစ်ပြီးစမှာ မိဘအတိုက်အခံပြုပြီး စာရေးရတဲ့ခေတ်လည်း ကုန်လာပြီး ဝတ္ထုရေးတာ ဖတ်တာကို လက်ခံလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မိန်းကလေးတွေ အပြင်ထွက် အလုပ်လုပ်တဲ့ခေတ်လည်း ရောက်လာပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာစာပေကို နေရာပိုပေးလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာရေးဆရာမအသစ်တွေ ပိုပေါ်လာပြီး ဒီထဲက ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ကြည်အေး၊ စိန်စိန်တို့ ဝတ္ထုရှည်တွေ ရေးသားထုတ်ဝေလာကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ခင်ပွန်းဖြစ်သူ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း သူလိုလူ အတ္ထုပ္ပတ္တိရေးရာက နာမည်ကျော်လာတဲ့ ဒေါ်မမလေးဟာ ဂျပန်ခေတ်ကတည်းက ဝတ္ထုတွေ ထုတ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒါပေမဲ့ စစ်ပြီးခေတ် ၁၉၅၅ မှာ ထုတ်တဲ့ မုန်း၍မဟူ ဝတ္ထုက သူ့လက်ရာ တွေထဲမှာ အထင်ရှားဆုံး ဖြစ်သလို စာပေဆုလည်း ရခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
တခါက ဒီဝတ္ထုကြီးကို အကောင်းဆုံး မြန်မာဝတ္ထုရှည် ၅ ပုဒ်မှာ ပါတယ်လို့တောင် ချီးမွမ်းခံခဲ့ရဖူးပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဖြစ်စဉ်ကို အသေးစိတ်ဖွဲ့တဲ့ ဒေါ်မမလေး အရေးအသားဟာ ဒဂုန်ခင်ခင်လေး ခေတ်ကထက် အများကြီး ပြောင်းလဲလာပေမယ့် ဇာတ်လမ်းအားပြု ဝတ္ထုတွေမှာ ဇာတ်ကောင်သဘာဝ ကောင်းကောင်းနဲ့ ရေးဖွဲ့တဲ့ပုံစံကို ကျင့်သုံးတာများပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သူ့ဇာတ်ကောင်တွေမှာ စိတ်ခွန်အားကြီးတဲ့ အမျိုးသမီးတွေ၊ လိမ္မာရေးခြားရှိသူတွေကို ပျော့ညံ့တွေဝေသူ အမျိုးသမီးတွေနဲ့ ယှဉ်ပြီး ရေးတတ်တာကိုလည်း တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မာလာရီ မှာတော့ နာမည်ကြီး ပြဇာတ် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး အကြောင်းကို ဝတ္ထုလို မှတ်တမ်းတင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးရဲ့ တိုင်းရင်းဆေးပညာ ဆောင်းပါးတွေကိုလည်း ဇာတ်လမ်းနောက်ခံနဲ့ ရေးဖွဲ့ခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးရဲ့ သွေး ဝတ္ထုကိုတော့ ဖက်ဆစ်ဂျပန်ကို စာနာတယ်ဆိုပြီး လက်ဝဲပြင်းထန်သူတချို့က ဝေဖန်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးဟာ စာရေးဆရာမထဲမှာ အစောဆုံး ထိန်းသိမ်းခံရတဲ့သူ တယောက် ဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ ထားရှိရာ ရေကြည်အိုင် အကျဉ်းစခန်းကနေ ရင်နင့်အောင်မွှေး ဝတ္ထုကြီးကို ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
တွေးတစိမ့်စိမ့် စတဲ့ ဝတ္ထုတိုတွေနဲ့လည်း ဒေါ်မမလေးဟာ ဝတ္ထုတိုလိုင်းမှာ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ မြသန်းတင့် စတဲ့ ခေတ်ပြိုင် အမျိုးသား တွေနဲ့ တန်းတူလိုက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လက်ဝဲသမားတွေရဲ့ စာပေကလပ်ကိုလည်း အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သလို စာရေးဆရာအသင်းမှာလည်း ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အစောပိုင်း ဆရာဝန် စာရေးဆရာမတယောက် ဖြစ်တဲ့ ကြည်အေးဟာ ကဗျာနဲ့ ထင်ရှားလာပြီး ဝတ္ထုတိုတွေကို ရေးဖွဲ့လာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဆန်းသစ်တဲ့ အမြင်အတွေးတွေကို ရဲရဲတင်းတင်း ဖွဲ့နွဲ့တတ်တဲ့ ကြည်အေးဟာ တစ္ဆေ ကဗျာနဲ့ နာမည်ကြီး သလိုပဲ ကျောင်းသူဘဝမှာ ရေးတဲ့ မီ ဝတ္ထုမှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
နွမ်းလျအိမ်ပြန်၊ ကျွန်မပညာသည် စတဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေကနေ မောင်ကိုကိုနဲ့ မြနန္ဒာ၊ အပြင်ကလူ စတဲ့ ဝတ္ထုတွေမှာ ကြည်အေးရဲ့ အောင်မြင်မှုတွေကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အနှစ် ၄ဝ၊ ၆ဝ ကျော်ကြာတဲ့အထိ ဒီဝတ္ထုတွေကို မျိုးဆက်သစ် စာဖတ်ပရိသတ်တွေက ဖတ်နေကြဆဲ ဖြစ်ပြီး မီရုပ်ရှင်မှာလည်း အောင်မြင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြည်အေးဟာ စစ်ပြီးစ မြန်မာစာပေမှာ ခေတ်စားတဲ့ ဝါဒရေး၊ စီးပွားရေး မညီမျှမှု၊ ပြည်တွင်းစစ်တွေအကြောင်း သိပ်မဖွဲ့ဘဲ ပုဂ္ဂလိက စိတ်ခံစားမှုကို အသားပေးဖွဲ့လို့ တမူကွဲ ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပြည်ပမှာ ပြောင်းရွှေ့ နေထိုင်ပြီး ဆရာဝန်အဖြစ် အသက်မွေးခဲ့ပေမယ့် သူ့ကို စာရေးဆရာအဖြစ်ပဲ လူသိပိုများပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မြန်မာစာပေမှာ အနောက်တိုင်း စာပေအနုပညာတွေကို အများအပြား ထည့်သွင်းရာမှာ သူနဲ့ ဒဂုန်တာရာတို့က စခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
ပြီးတော့ ကြည်အေးရဲ့ အမျိုးသမီးဇာတ်လိုက်တွေဟာလည်း ဂျာနယ်ကျော်မမလေး ဇာတ်ဆောင်တွေလိုပဲ ထက်မြက်တဲ့ ပညာတတ်၊ အမျိုးသားတွေကို အရှုံးမပေးတတ်တဲ့ သွေးကို ပြတတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မမလေးက ပြည်တွင်း ယဉ်ကျေးမှုဘက် အားပြုပြီး ကြည်အေးက လူသားဝါဒကို အသားပေးပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြည်အေးလိုပဲ စစ်ပြီးစမှာ စာပေနယ်ကို ရောက်လာတဲ့ ခင်နှင်းယုဟာ ဝန်ကြီးချုပ် ဦးနုရဲ့ နှမဝမ်းကွဲဖြစ်ပြီး အတွင်းရေး အတွင်းဝန်လည်း ဖြစ်ခဲ့သလို လောကကို ကားလိပ်ကြားက ကြည့်ခဲ့ရသူလို့လည်း အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းက သူ့စာတွေကို သုံးသပ်ပြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြေးမုံရိပ်သွင် ဝတ္ထုတိုများနဲ့ စာပေဆု ရခဲ့သလို ပန်းပန်လျက်ပါ၊ မွှေး၊ သခွတ်ပန်း၊ အောင်မြင်သောနေ့ ဝတ္ထုတွေနဲ့လည်း ကျော်ကြားခဲ့ပါတယ်။ မွှေးဟာ ခင်နှင်းယုရဲ့ ကိုယ်ပွားလို့တောင် ပရိသတ်က ထင်ခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လူလတ်တန်းလွှာရဲ့ အချစ်နဲ့ ပကာသနဇာတ်လမ်းတွေမှာ သူ့ရဲ့လောကအမြင်တွေကို ထင်ဟပ်တဲ့ ခင်နှင်းယုဟာ စာကို ပုံပြင်လို လှလှပပလည်း ရေးတတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စက်ရုပ်ဆန်တဲ့ အာဏာရှင် စနစ်တွေ ကြီးစိုးမှာကို သွယ်ဝိုက်ရေးတတ်လို့ သူ့ကို လက်ဝဲဆန့်ကျင်သူလို့ ထင်ခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034