image
imagewidth (px)
595
612
text
stringlengths
13
2.42k
ယမ်ဆမ်က မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ဖန်တီးပြထားသည် မသိ သေး။ သို့သော် သူမကတော့ နာနာကျဉ်ကျဉ် ခံစားလိုက်ရသည်။ သူမ၏ ‘နှစ်ကိုယ်ခွဲကကြိုး၊ “ရေအောက်ကမ္ဘာ”ကကြိုး စသည်များကို လိုင်ရာကသာ က လျှင် ထိုသို့ကပြနိုင်မည်ဖြစ်၏။ သူမကစဉ်ကထက် ပို၍ကောင်းနေမည်မှာ သေချာလှပေသည်။ “ဂျူနို...” ဓါတ်ပြားထဲမှ ခေါ်သံထွက်လာ၏။ “ကျုပ် “ယမ်ဆမ်'စကားပြောနေပါတယ်၊ ခုဆိုရင် ဂျူနိုရဲ့ ကကြိုး က ကွက်တွေကို ကျုပ်ပြောင်းလဲဖန်တီးပြထားတာ၊ စွမ်းအင်တိုးမြှင့်ပေး ထားတာကို ကြည့်ပြီးလောက်ပါပြီ... လူသားတစ်ယောက်ဟာ ဒီလို ကနိုင်မှာ မဟုတ်ဘူးလို့ လည်း မင်းတွေးနေမှာပါ၊ ဒါပေမယ့်... မင်း ကိုယ်တိုင် အဲဒီလိုကလို့ရအောင် မင်း ကိုယ်တိုင် အဲဒီလို ကနိုင်စွမ်းရှိအောင် ကျုပ်... စီစဉ်ပေးနိုင်ပါတယ်။ ကူညီဖန်တီး ပေးနိုင်ပါတယ်၊ အချိန်မီ ကျုပ်နဲ့ဆက်သွယ်စေလိုပါတယ်...ကျုပ်... ကြိုဆိုနေပါ့ မယ်...” ဂျူနို စိတ်တွေတုံ့ပြာမှိုင်းဝေနေသည်။ အာရုံထဲမှာ အရိပ်နိမိတ် တို့က ဝါး ဝါးဝိုးဝိုး စီးဝင်သေဆုံး စိုက်ပျိုးမည့်ရာသီမှာ မြေယာကို ရှာမတွေ့ သူတစ်ယောက် လို.... ။ ရင်ထဲမှာ.......။
(၂၂) “ဖောက်...” စက်ရုပ်ထံမှ ပန်းကလေးကို လွှတ်ချလိုက်ပြီဆိုသော အချက်ပေး သံကို ကြားရ၏။ ပန်းကလေး ရေထဲသို့ ပြုတ်ကျလာသည်။ သတ္တုခဲ ကလေးချိတ်ဆွဲ ထားသောကြောင့် ပန်းကလေး ရေအောက်သို့ မြုပ်ဆင်း လာ၏။ ရေအောက်တွင် ရှိနေသော ဂျူနိုက ခန္ဓာကိုယ်ကို လှပစွာ တိမ်း ညွတ်ရွေ့လျားပြီး ပန်းကလေးကို ဖမ်းလိုက်သည်။ လွတ်မလို၊ မိမလိုဖြင့်ပင် သူမ၏လက်ဖဝါးထဲမှာ ပန်းကလေးက အနေအထားသစ်တစ်မျိုးဖြင့် ပါလာသည်။ ပန်းကလေးကို လွှတ်ချပေး လိုက်ပြီး ရေထဲမှာပင် ခန္ဓာကိုယ်ကို နှစ်ပတ်သုံးပတ် လှည့်ပစ်လိုက်၏။ ခုတော့လည်း ဂျူနို ပျော်နေလေသည်။ လှပသော ကိုယ်ဟန်လက်ဟန်များကို သူမရှာဖွေတွေ့ရှိလိုက်လေ သည်။ လိုင်ရာ ပန်းပွင့်ကလေး ဖမ်းလိုက်ဟန်ထက် သာလွန်အောင် ကြိုး စားရှာဖွေ ကြည့်ခြင်းဖြစ်၏။ ယခုတော့... ရပြီ။ တွေ့ရှိခဲ့ပြီ...။ လိုင်ရာထက် ပိုမိုသာလွန်သည်ဟု မပြောနိုင်သည့်တိုင်အောင် တန်းတူ လိုက်သည့် ကိုယ်ဟန်လက်ဟန်များကို (တစ်ခုထက်ပိုကာ) သူမ ရရှိလိုက်ပြီ ဖြစ်၏။
‘နှစ်ကိုယ်ခွဲ၊ “ရေအောက်ကမ္ဘာ” စသည့်ကကွက်များကို ပုံစံသစ် များဖြင့် ထပ်မံ ဆင့်ပွားကြည့်ရဦးမည်။ လမ်းစပေါင်း များစွာပေါ် ခြေ ချလိုက်နိုင်ခဲ့သည်။ လေ့ကျင့်မှုအထောက်အကူပြု စက်ရုပ်ကြီး၏ အကူ အညီဖြင့် သူမလျှို့ဝှက်စွာ လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။ ကြိုးစားသည်ထက်ပို၍ အောင်မြင်မှုအချို့ကို ရလိုက်သောကြောင့် ကမ္ဘာ တစ်ခုကို လမ်းမှာကောက်ရလိုက်သော ကလေးငယ်တစ်ဦးပမာ သူမ • • ရွှင်လန်း တက်ကြွနေပါတော့သည်။ ရေထက်မှပြန်တက်လာသည်။ အဝတ်အစားလဲ၏။ ထင်မှတ်မထားဘဲ “ဖော်မယ်ဟော့” ရောက်လာသည်။ ပုံမှန်အားဖြင့် ဤသို့လာလေ့ မရှိ။ တစ်ဦး အကကျင့်ရာနေရာသို့ တစ်ဦးက လာကြည့်လေ့မရှိ။ ထို့ကြောင့် ယခုရောက်လာပုံက ထူးခြားနေသည်။ “ဂျူနို..” ဖော်မယ်ဟော့၏ မျက်နှာမှာ တစ်စုံတစ်ရာကို ပြောပြချင်သော အရိပ်အခြည်တို့ တွေ့မြင်နေရသည်။ “ဖော်မယ်ဟော့... ဘာပြောမလို့လဲဟင် ဘာထူးလဲ” ဖော်မယ်ဟော့က မျက်နှာကိုတင်လိုက်ပြီး “ကိုယ်ကြားရတာ... စိတ်တောင်တိုလာတယ်...” “ဘာကိုလဲ၊ ဘာဖြစ်လို့လဲ...”
“ဆီးဖီးယတ်စ်တို့အုပ်စုလေ၊ နေရာယူလွန်းအားကြီးတယ်... အနုပညာ ပွဲတော်မှာ လိုင်ဂူကို ကပြပေးဖို့ တောင်းဆိုထားတယ်တဲ့...” “အမ်... ဟုတ်လား” ဂျူနို အတွေးတို့ဖြင့် ငြိမ်သက်သွားရသည်။ ဖော်မယ်ဟော့က လည်း ဘာ မှဆက်မပြောတော့။ နှစ်ယောက်သား အဆောက်အဦထဲမှ ဘေးချင်းယှဉ်လျက် ထွက်လာခဲ့ကြသည်။ အနုပညာပွဲတော်ဆိုသည်မှာ မီးအိမ်ထွန်းပွဲတော်မတိုင်မီကလေး မှာ ကြိုတင်ကျင်းပလေ့ရှိသော ပွဲတော်ဖြစ်၏။ မီးအိမ်ထွန်းပွဲတော်က နှစ်သစ်ကို ကြိုဆိုသည့်ပွဲတော်ဖြစ်သည်။ အနုပညာပွဲတော်က နှစ်ဟောင်းကို နှုတ်ဆက်သော ပွဲတော်ဖြစ်၏။ ယခု ဤပွဲတော်မှာပါ လိုင်ရာက ပါဝင် ဖျော်ဖြေမည်ဆိုလျှင်တော့ တစ်မျိုးကြီး ဖြစ်နေသည်။ ဖော်မယ်ဟောပြော သည့်အတိုင်းပင် ဆီးဖီးယတ်စ်တို့ က နေရာယူလွန်းသလို ဖြစ်နေသည်။ လမ်းပေါ်ရောက်မှ ဂျူနိုက စကားတစ်ခွန်းပြန်ပြောလိုက်၏။ “အဲဒါ အခြေအနေက ဘယ်လိုရှိလဲ၊ အနုပညာပွဲတော်က သူ့ကို ခွင့်ပြုမှာ လား” ဖော်မယ်ဟော့က... သူမ၏ဦးခေါင်းကို လေးလေးကြပ်ကြပ်ကြီး ခါယမ်း ပြသည်။ “မပြောတတ်ပါဘူးကွယ်၊ မသိသေးပါဘူး...” လူချင်းခွဲခွါခါနီးမှာ ဖော်မယ်ဟော့က ဂျူနို့ကို တစ်ခွန်းပြောသွား ၏။ ။
“တို့က... ကချေသည်တွေပဲ... တို့ရဲ့ဘဝကို ဘယ်ပရိသတ် မဆို ခဏယူ သုံးခွင့်ရှိတယ်... ဒါပေမယ့် မိုးမချုပ်မီ ပြန်ပေးကြရတယ်၊ အခု ဆီးဖီးယတ်စ်တို့က အဲဒီလိုမဟုတ်ဘူး... သူဟာ အနုပညာကို ချစ် တယ်ဆိုတာ ကိုယ်လက်ခံပါတယ်၊ ကချေသည်တွေအတွက် ရင်အုံဖွင့်ပြီး ပေါင်းတဲ့သူဆိုတာလည်း ဟုတ်မှာပါ... ဒါ ပေမယ့်ကွာ...” မီးခိုးတိမ်များဆီ မျက်မှောင်ကြုတ်၍ လှမ်းကြည့်ရင်း ခပ်ညည်း ညည်း ပြောလိုက်၏။ "......... သူ့ရင်မှာ ဖွင့်ထားတဲ့တွင်းက... ငါတို့ကို လူသေကောင်လို မြှုပ် မယ့်တွင်းဖြစ်နေတယ်...” (၂၃) “ကြွပါ ဂျူနို၊ ကျုပ်မျှော်နေတာပါ...” ယမ်ဆမ်က အခန်းထဲသို့ ဦးဆောင်ဝင်သွား၏။ အခန်းသွင်ပြင်ကို အကဲခတ်ရင်း ဂျူနို သူ့နောက်မှ လိုက်ဝင်သွားလိုက်သည်။ ယမ်ဆမ်သည် အသက်ခုနစ်ဆယ်ကျော်ခန့် ရှိပြီဖြစ်သော အဘိုး အိုတစ် ဦးဖြစ်သည်။ ခန့်ညားသောဥပဓိရုပ်ရှိသည်။ မျက်နှာနီစပ်စပ်မှာ ထူထဲ
အားကောင်းသော မျက်ခုံးဖြူကြီးက ထင်းနေ၏။ မြင်သည်နှင့်ပင် ထူးချွန် ထက်မြက်မည့် ပညာရှင်ကြီးတစ်ဦးဖြစ်ကြောင်း သိသိသာသာ ခံစားရသည်။ “လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာပေါ့... ဒီမှာ ဘာအနှောင့် အယှက်မှ မရှိပါဘူး... မင်းစိတ်ချလက်ချ စကားပြောနိုင်ပါတယ်...” အခန်းထဲမှာက အေးရှရှဖြစ်နေသည်။ ရှူသွင်း ရှူထုတ်လုပ်ရသော လေက တစ်စုံတစ်ခု ပါဝင်နေသလို စိမ်းမွှန်နေ၏။ ခန်းမကြီးကလည်း သူ့ပိုင်ရှင် လိုပင် ခံ့ညားသောအသွင်ဖြင့် ရှိ၏။ သန့်ရှင်းကျယ်ဝန်းကာ စိတ်အာရုံကို သိပ်သည်းလာစေ၏။ “ကျုပ်ရဲ့ ကမ်းလှမ်းချက်ကို မင်း လက်ခံတယ်ပေါ့...” ဂျူနို ခေါင်းခါပြလိုက်၏။ “အဲလိုတော့လည်း မဟုတ်သေးပါဘူး၊ ဘာမှန်းမှ သေချာမသိရ သေးတာ... သွားတွေ့လိုက်တာ မမှားဘူးဆိုပြီး ထွက်လာခဲ့တာပါ” ယမ်ဆမ်က ခေါင်းညိတ်၏။ “အေး... မင်းလာရတာ ဝေးတော့ဝေးတယ်၊ ကသီလင်တလည်း ဖြစ်မယ်၊ ဒါပေမယ့် ရောက်လာတာကောင်းပါတယ်၊ ကျုပ်တို့ ဆွေးနွေး ကြသေးတာပေါ့” ယမ်ဆမ်၏ ယခုနေအိမ်က မြစ်ကမ်းပါးတစ်ခုအနီးတွင် တည်ရှိ ခြင်း ဖြစ်၏။ ဂျူနိုလာရသည်မှာ တကူးတကတော့နိုင်သည်။ “မင်းစိတ်ဝင်စားမလား မသိဘူး၊ ဒီမှာ သေသေချာချာကြည့် စမ်း...”
စားပွဲပေါ်မှာတင်ထားသည့် အိုးထဲမှ အပင်ငယ်လေးတစ်ခုကို လက်ညှိုးညွှန်ပြ၏။ ဂျူနိုလည်း ဤစားပွဲမှာထိုင်ကတည်းက သတိထားမိ ပါသည်။ ထိုအပင်ငယ်လေးဆီသို့ နှစ်ကြိမ် သုံးကြိမ်လည်း မျက်လုံးရောက် ခဲ့ပြီး ဖြစ်သည်။ “အင်း... ကျွန်မစိတ်ဝင်စားနေတာ” အပင်လေးကို အနီးသို့ဆွဲယူပြီး ကြည့်လိုက်၏။ ကန္တာရဆူးပင် လို အသား မျိုးဖြစ်၏။ အရွက်များသည်လည်းကောင်း၊ အရောင်သည် လည်းကောင်း၊ တစ် မျိုးဖြစ်နေသည်။ ထူးဆန်းနေသည်။ ဤသို့သော အပင်ငယ်လေးမျိုးကို ဂျူနို တစ်ခါမှ မမြင်ဘူးခဲ့။ အထူးခြားဆုံးဖြစ်နေသည်က အပင်ကလေး၏ အခက်အလက် ယှက်ဖြာ ဟန်ဖြစ်သည်။ ကချေသည်တစ်ယောက် ကနေသည့်ဟန်ရှိသည်။ ဂျူနိုသဘော အကျဆုံးမှာလည်း ထိုအချက်ပင်ဖြစ်သည်။ ထိုအပင်လေးကို ဂျူနို တမေ့တမော စိုက်ကြည့်နေဆဲမှာ... “အား .. အမေ့” ဂျူနိုလန့်သွားသည်။ ထိုအပင်လေးဆီ သတ္တဝါတစ်ကောင် လာနား သောကြောင့်ဖြစ်၏။ “လိပ်ပြာပါ...” “ရှမ်...” ဂျူနိုနောက်သို့ တွန့်ဆုတ်ရင်း ယမ်ဆမ်က လိပ်ပြာဟုပြောသော သတ္တဝါ ကို မသတီသလို ကြည့်နေမိသည်။ အကောင်ပုံစံအရတော့ လိပ် ပြာပဲဖြစ်၏။
သို့သော် တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နေရသည့် လိပ် ပြာဖြစ်သည်။ သူ့ကို ဖောက်ပြီး တစ်ဘက်သို့ပင် မြင်နေရသည်။ “ဒါ... ဒါ... လိပ်ပြာလား” ယမ်ဆမ်ကတော့ ဘာမှမထူးခြားသလိုပင်။ သူ့မေးစေ့ကို လက်နှင့် ပွတ် နေရင်း အေးအေးဆေးဆေးပြန်ဖြေ၏။ “အင်း...” ဂျူနို ဘာမှ ဆက်မမေးတော့။ ငြိမ်ကျသွား၏။ ခဏကြာမှ ယမ်ဆမ် ကို မျက်လုံးလှန်ကြည့်လိုက်ပြီး... “ကျွန်မတို့ ပြောစရာရှိတာတွေကို ပြောကြရအောင်” ယမ်ဆမ်က ဂျူနို့ကိုစေ့စေ့ကြည့်ကာ “အင်း...” “ဆရာကြီးက ... ကျွန်မရဲ့ အကစွမ်းအင်ကို ဘယ်လိုများ တိုးမြှင့် ပေးမယ် လို့ စီစဉ်ထားတာပါလဲ...” ခက်သည်က ယမ်ဆမ်နှင့် စကားပြောရသည်မှာ အထာမကျခြင်း ပင် ဖြစ်သည်။ ယခုလိုမေးတော့လည်း “အင်း” ဟုပဲ ပြန်ဖြေနေသည်။ “ဘာ... အင်း .. လဲ” ဂျူနိုထပ်မေးတော့ သူက ခေါင်းတဆတ်ဆတ်ညိမ့်နေသည်။ ပြီး စားပွဲ ပေါ်မှ အပင်လေးဆီ မေးငေါ့ပြသည်။
“အဲဒီအပင်ကို ဘာပင်မှန်းသိလား...” ဂျူနို ခေါင်းခါပြလိုက်သည်။ “ဟင့်အင်း... မသိဘူး” “အရင်ကရော မြင်ဖူးလား...” “ဟင့်အင်း... မမြင်ဖူးဘူး” “ဘာပင်ဖြစ်မယ်လို့ထင်လဲ...” “အိုး... မထင်တတ်ပါဘူး” ယမ်ဆမ်က ခေါင်းတဆတ်ဆတ်ညိမ့်နေပြန်သည်။ “အဲဒီသစ်ပင်က. . . အစစ်မဟုတ်ဘူး၊ အတု” ဂျူနိုမျက်မှောင်ကြုတ်သွား၏။ “အတု... ဟုတ်လား. . . ပလတ်စတစ်နဲ့ လုပ်တဲ့သစ်ပင် အတု တို့ ဖိုင်ဘာ နဲ့လုပ်တဲ့ သစ်ပင်အတုတို့ ကျွန်မမြင်ဖူးပါတယ် ဒီလိုမဟုတ် ပါဘူး” ယမ်ဆမ်ကပြီး၏။ “ကျုပ်ပြောတဲ့ သစ်ပင်အတုဆိုတာ ဒီလိုပါ...” “အင်း... ပြောပြပါဦး”
“ဒီအပင်လေးဟာ သဘာဝသစ်ပင်မဟုတ်ဘူး... သဘာဝသစ်ပင် အမျိုး မျိုးကို ခွဲစိပ်လေ့လာပြီး ကျုပ်တို့ဘာသာ ဓါတ်ခွဲခန်းထဲကနေ ဖန်တီးပေးလိုက်တဲ့ သစ်ပင်... အဲဒါကြောင့် သစ်ပင်အစစ်မဟုတ်ဘူး သစ်ပင်အတုလို့ပြောတာ...” “အို...” “သူဟာ... သစ်ပင်လိုပဲ ရှင်သန်တယ်၊ သစ်ပင်လိုပဲ ရပ်တည် တယ်၊ သစ်ပင်လိုပဲ သေသွားလိမ့်မယ်...” ဂျူနို့စိတ်ထဲမှာ အိုက်အိုက်မှောင်မှောင်ကြီးခံစားလာရသည်။ ခေါင်းထဲကို အတွေးတစ်ချက်ဖျတ်ခနဲဝင်လာပြီး ကသောကမျော မေး လိုက်မိ၏။ “ဒါ... ဒါဆို...” “ဘာမေးမလို့လဲ...” “ခု... ခုနက... လိပ်ပြာကရော” ယမ်ဆမ်က ခေါင်းညိမ့်ပြသည်။ “ဟုတ်တယ်၊ သူလည်း လိပ်ပြာအတုပဲ... ဓါတ်ခွဲခန်းက ဖော် ထုတ်လိုက် တာ” ဂျူနို၏ မျက်နှာသွေးဆုတ်သလို ဖြူရော်သွားမည်ထင်သည်။ ကိုယ့် ကိုယ် ကို ထိုသို့ပင် ခံစားလိုက်ရ၏။ ထို့နောက်မှာတော့ ဒေါသဖြင့် တစ် မျက်နှာလုံး နီရဲ လာပြန်၏။ ယမ်ဆမ်၏ မျက်လုံးများကို တည့်တည့်စိုက် ကြည့်ကာ ထိုင်ရာမှ ဝုန်းခနဲထရပ်လိုက်၏။
“ဒါ... ဒါဖြင့်” ယမ်ဆမ်က မေးဆတ်ပြပြီး ပြန်မေးသည်။ “ဘာဖြစ်တာလဲ... မိန်းကလေး” “ကျွန်မကို...” တံတွေးသီးသွားသဖြင့် စကားကို ရပ်လိုက်ရသေးသည်။ ပြီးမှ ဗလုံး ဗ ထွေးဖြင့် ဆက်ပြော၏။ “ကျွန်မကိုလည်း ဓါတ်ခွဲခန်းထဲမှာ အမျိုးမျိုးဓါတ်ပြောင်းပြုပြင် ပြီး စက်ရုပ်မလိုင်ရာလို ကတတ်အောင်လုပ်မလို့ပေါ့... ဟုတ်လား...” ယမ်ဆမ်က ဂျူနိုဖြစ်နေပုံကို မျက်လုံးပြူးကြီးဖြင့် ပြန်ကြည့်သည်။ “အဲဒါဘာဖြစ်လဲ...” “ဟင်... ဖြစ်တာကတော့ ဒါပဲ...” "ဝုန်း..." “အင့်...” “အပင်လေးကို ထည့်ထားသောအိုးနှင့် ကောက်ထုလိုက်သည်။ ယမ်ဆမ် ထိုင်နေရာခုံမှ နောက်ပြန်လန်ကျသွား၏။ ဂျူနို အခန်းထဲမှ တချိုးတည်း ပြန် ထွက်လာခဲ့သည်။
သူမ၏ အိမ်သို့ပြန်ရောက်ရန် အဝေးကြီးပြန်ခဲ့ရ၏။ တစ်လမ်းလုံး မှာ သူမ၏မျက်နှာ သုန်မှုန်နေကြောင်းကို နောက်တစ်နေ့ကျမှ နံနက်ခင်း သတင်းစာ အချို့မှ ပြန်ဖတ်ရလေသည်။ (၂၄) ပြေညီသော လွင်ပြင်တစ်ခုမှာ ဖြစ်၏။ ညနေအိုက နောက်ဆုံး အလင်း စက်စိုစိုကို သူမတို့နှစ်ဦးအပေါ် ဖြန်းသွန်းချနေ၏။ ကျဲဖျော့ဖျော့ အလင်းမျှင်များ အောက်မှာ ဂျူနိုနှင့် လင့်ခ်အဘိုးအိုတို့ စကားစမြည် ပြော မကုန်အောင် ဖြစ်နေ ကြသည်။ “အဲဒါပါပဲလင့်ခ်ရယ်...” ဂျူနို့စကားအဆုံးမှာ လင့်ခ်အဘိုးအိုက ပြုံး၏။ ချိုမြိန်သာယာ သော အပြုံးကားမဟုတ်။ ဆူလောင်ထစ်ချုန်းသော အပြုံးမျိုးဖြစ်သည်။ “ဒီလိုပဲပေါ့ ကောင်မလေးရယ်... အင်း” ဂျူနိုက သူမနှင့်ယမ်ဆမ်အကြောင်းကို ပြန်ပြောနေခြင်းဖြစ်၏။ သူမ၏စကားကို နားထောင်ပြီး လင့်ခ်အဘိုးအိုကလည်း သူမနှင့်အတူ ခံစားရလေ သည်။
“ဂျူနို... ကောင်မလေး” “ဟုတ်ကဲ့... လင့်ခ်... ပြောပါ” လင့်ခ်က သူ၏အရိုးပြိုင်းပြိုင်းထနေသော လက်ချောင်းများကို ကြည့် ရင်း... “အေးလေ တို့ကလည်း ကျိန်စာသင့်ခဲ့လို့ ဖြစ်မှာပေါ့၊ အနုပညာကို မှ ချစ် တတ်ခဲ့ကြတော့” စကားကို ရှေ့မဆက်ဘဲ ရပ်သွား၏။ ဂျူနိုက နှုတ်ခမ်းပါးများကို တင်းတင်းစေ့ပြီး တိတ်ဆိတ်ငြိမ်သက် သွား သည်။ လင့်ခ်အဘိုးအို၏ အိုမင်းရင့်ရော်သော စကားသံကသာ တစ် လုံးချင်းထွက် ပေါ်လာသည်။ “လိုင်ရာ့ရဲ့ ကကွက်တွေမှာ သိပ္ပံပညာလည်းပါတယ်၊ အနုပညာ လည်းပါ တယ်၊ သူ့ဘာသာရပ်တည်လို့ ရပါတယ်၊ ဒါပေမယ့် ဘယ်လိုဖြစ် လို့လဲ” ညနေကို အမှောင်ဦးက မျိုစပြုပြီ။ သူမတို့ ပြန်ရန်မစဉ်းစားဖြစ် ကြသေး။ “မီးလည်းပါတယ်၊ ထင်းလည်းပါတယ်၊ အဲဒါကြောင့် ယဇ်ပူဇော် စရာထပ် ရှာတယ်ဆိုတဲ့ပုံမျိုးပဲ... သိပ္ပံပညာလည်းပါတယ်၊ အနုပညာ လည်းပါတယ်၊ ဒါပေ မယ့် သူတို့ရဲ့ ကချေသည်စက်ရုပ်ဟာ သူ့ဘာသာ မရပ်တည်ဘူး၊ သူတို့ဟာ မင်း ကို ယဇ်ပူဇော်စရာ သတ္တဝါတစ်ကောင်လို့ သဘောထားလိုက်ကြတာပဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြားမှာ မင်းဟာ မီးရှို့ပူဇော်စရာ ယဇ်ကောင်တစ်ကောင် ဖြစ်နေပါရော့လား ဂျူနိုရယ်...”
မကြမ်းတမ်းသော်လည်း မညင်းပြောင်းလှသော လေစီးတိုက်ချက် များက နို့၏ ဆံနွယ်မျှင်များကို တလွင့်လွင့် မျောသုန် လှုပ်ရှားစေသည်။ အဘိုးအိုလင့်ခ်က “ဂျူနို ကောင်မလေး” “ပြောပါ လင့်ခ်” “အရှုံးမပေးနဲ့နော် အညံ့မခံနဲ့” “စိတ်ချပါလင့်ခ်ရယ်” အဘိုးအိုလင့်ခ်က တည်ကြည်သောမျက်နှာထားနှင့် ခေါင်းတစ် ချက် ညိတ်၏။ “မင်းဘယ်လောက် ကြိုးစားတယ်ဆိုတာ ကျုပ်သိပါတယ်။ မင်းမှာ စိုက်ပျိုးခဲ့တဲ့အပင်တွေ များစွာရှိတယ်။ အဲဒါကြောင့် မင်းအတွက် အသီး ရိတ်သိမ်းချိန်လည်း ရှိရဦးမယ်။ ကောင်မလေးရေ... အဆုံးအဖြတ်တွေ သာ မမှား စေနဲ့” ဂျူနိုက လေသံကလေးဖြင့် ပြန်ပြောလိုက်သည်။ “စိတ်ချ... စိတ်ချပါ...” လင့်ခ်က သူ့ဘာသာ တစ်ကိုယ်တည်း ရေရွတ်သလို ဆက်ပြောနေ “ဪ... သိပ္ပံပညာ... သိပ္ပံပညာ...”
ဂျူနိုက သူ့ကို မျက်လုံးဝင့်ကြည့်လိုက်သည်။ လင့်ခ်ကတော့ ဂျူနို့ ကိုမ ကြည့်။ အဝေးကိုမျှော်ကြည့်ရင်း တစ်ယောက်တည်း ပြောနေခြင်း ဖြစ်သည်။ “အစကတော့ သိပ္ပံပညာကို “ဝပ်တွားဖို့ လာတဲ့သူ'လို့ထင်ခဲ့ကြ တယ်။ တဖြည်းဖြည်းနဲ့မှ “ဖမ်းယူကိုက်စားဖို့လာတဲ့သူမှန်း သိခဲ့ကြရတယ်။ သိပ္ပံပညာ ဟာ တို့လူသားတွေအပေါ် သေခါနီးလူတစ်ယောက်အပေါ် ကောင်းသလိုသာ ကောင်းနေတာပါ။ သေတော့မယ့်လူမှန်းသိလို့ အလို လိုက်လျောပြီး ကောင်းသလို မျိုး ကောင်းခဲ့တာပါ ကောင်မလေးရေ...” “ရှင်...” “သိပ္ပံပညာက တို့လူသားတွေကို ကျောက်ခဲတွေပေးခဲ့တယ်။ လူသားတွေ ကလည်း အဲဒီကျောက်ခဲတွေနဲ့ မြို့တည်လိုက်တယ်။ဒါပေမယ့် ဘာမြို့လဲ... ဘယ်လိုမြို့လဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး” ဂျူနို သက်ပြင်းတစ်ချက်ချမိသည်။ လင့်ခ်အဘိုးအိုက ဆက်ပြောနေသည်။ “မိုးကြီးရွာရမယ်။ မိုးကြီးရွာရမယ်” “ရှင်...” သူ့စကားကို ဂျူနိုနားမလည်ချေ။ “ဟုတ်တယ် ကောင်မလေး... မိုးကြီးရွာမှ ဖြစ်မယ်။ ဒါမှသာ သိပ္ပံကျောက် တုံးတွေနဲ့ ငါတို့ဆောက်ခဲ့တဲ့ မြို့ဟာ ဘာမြို့လဲဆိုတာကို သိကြရမှာ”
“ဘာဖြစ်လို့လဲ” “အရှေ့ဘက်မြို့ရိုးမှာတော့ သူ့နာမည် သူထိုးထားလိမ့်မှာပေါ့။ ခုထိတော့ ဖတ်လို့မရသေးဘူး။ မိုးကြီးရွာရမယ်။ မိုးကြီးရွာရမယ်...” အဘိုးအို၏စကားသံထဲမှာ ခံစားချက်တွေ စူးစိုက်ပါဝင်နေသည်။ ဂျူနို နားထောင်ရင်း ရင်ထဲမှာ မောနေလေသည်။ “အဲဒီလို မိုးကြီးရွာမှ မြို့ရိုးမှာရေထားတဲ့စာက ပေါ်လာလိမ့်မယ်။ အရှေ့ ဘက်မြို့ရိုးမှာ မိုးတွေရွာရမယ်။ အရှေ့ဘက်မြို့မှာ မိုးတွေရွာမှ ဖြစ်မယ်” စကားအဆုံးမှာ လင့်ခ်အဘိုးအို ငြိမ်သက်သွားတော့၏။ ဂျူနိုက လည်း မည်သည့်စကားမှ ဆက်မဆိုဖြစ်တော့။ အမှောင်ညိုညိုတို့ဖြင့် အလင်းပျက်ပြိုစ ပြုပြီဖြစ်သော လွင်ပြင်ကျယ်ထဲမှာ သူမတို့နှစ်ဦးလုံး နာကျည်းခံစားမှုကိုယ်စီဖြင့် ငြိမ်သက်စွာ... အတန်ကြာပြီးမှ... လင့်ခ်အဘိုးအိုက ကျောက်တုံးအချို့ကို သင်္ချိုင်းမြေပုံတစ်ခုလို စုပုံလိုက် ပြီး... “ဂျူနို...” “ဟုတ်ကဲ့...” “ဒါ ကျုပ်ရဲ့ မြေပုံကွယ်” “ရှင်...”
“ဪ... ဒီလိုပါ။ ကျုပ်ဘဝမှာ သေပျော်ပြီလို့ယူဆတဲ့ ဂီတ သံစဉ်တစ်ခု ကို ရှာတွေ့ခဲ့ပြီမို့လို့ပါ။ ဒီနေ့ လာတဲ့ကိစ္စက ကောင်မလေး ကို ကျပ်... အဲဒီတေး သွားကို လက်ဆောင်ပေးဖို့ပါ။ ရော့...” ဂျူနိုက လက်ကမ်းယူလိုက်သည်။ ကျေးဇူးတင်စကားပင် မဆို လိုက်ရ။ “ကောင်မလေးရေ... ဖောက်ထွက်တဲ့ ဂီတတွေဟာ ဖောက် ထွက်လာဦး မယ့် အကတွေအတွက် ခင်းပေးတဲ့လမ်းပါပဲ။ ဒီသံစဉ်နဲ့သာ ကနိုင်မယ်ဆိုလို့ရှိရင် ကောင်မလေးရေ ... ငါတို့ချစ်တဲ့ အနုပညာဟာ သိပ္ပံနဲ့ သားဖောက်ခံရတဲ့ဘဝက ဝေးသွားမှာ. . . ကဲ... ကျုပ်သွားမယ်” အဘိုးအိုလင့်ခ်၏စကားက ဂျူနို့ကို ကြက်သီးဖြန်းဖြန်းထသွားစေ သည်။ ဓါတ်ပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း သတ္တိနှင့် နာ ကျည်းမှုကို နွယ် ယှက်ခံစားကျန်ရစ်သည်။ လင့်ခ်ထွက်ခွါသွားပြီး အတန်ကြာသည်အထိပင် အမှောင်လွင်ပြင်ထဲမှာ သူမ ဆက်ရပ်နေမိပါသည်။ ကောင်းကင်၏ တစ်ဖက်ကမ်းကို မျှော်ကြည့်မိ၏။ သူမမြင်လိုက်ရသလိုရှိသည်က လိုင်ရာ၏ မျက်လုံးစိမ်း စိမ်းများ. . . ။ ဂျူနို သံကုန်အော်လိုက်မိသည်။ “ကမယ်... ကမယ်...” ပဲ့တင်သံတွေ အထပ်ထပ်ပြန်လာ၏။ ကမယ်... ကမယ်. .. ကမယ်... က မယ်တဲ့။ နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ထပ်အော် လိုက်၏။ “ငါဟာ ကချေသည်”
ပဲ့တင်သံတွေ အထပ်ထပ်မြည်ဟည်းပြန်၏။ အားလုံးသိစေ... ခေတ်နှင့် ကမ္ဘာခပ်သိမ်း သိစေ... မိုးကောင်းကင်၏ အခြားတစ်ဖက်မှာ ပင် သိစေ...။ “ဟေး... ကမယ်... ငါဟာ ကချေသည်...” (၂၅) “ဟိုင်ပို...” ဟိုင်ပိုက သူမကို တည်ငြိမ်စွာ ကြည့်၏။ “ကျွန်မကို စကားတစ်ခုခုပြောပါလား” ဘာဖြစ်လို့လဲဟု ပြန်မမေး။ ဘာကိုပြောရမှာလဲဟု ပြန်မမေး။ သူမကိုသာ တည်ငြိမ်စွာ ကြည့်မြဲကြည့်နေသည်။ “ကျွန်မဟာ ကချေသည်တစ်ယောက်ပါ။ ဒီရက်ပိုင်းအတွင်းမှာလည်း ထူးခြားတဲ့ ကကွက်တစ်ခုကို ကရပါလိမ့်မယ်။ အသက်နဲ့ရင်းပြီး ကရပါလိမ့်မယ်။ အဲဒီအတွက် ဟိုင်ပို့ဆီကို ကျွန်မလာခဲ့ပါတယ်” နှုတ်ခမ်းများကို လျှာနှင့်သပ်လိုက်ရင်း သူမ၏စကားကို ခဏရပ် ၏။ ပြီးမှ ဆက်ပြောသည်။ သူမ၏စကားတို့သည် အာခံတွင်းထဲမှ ထွက် ကျသည်မဟုတ်ဘဲ ရင်ဟင်းလင်းဆီမှ ပွင့်ကျလာသည်ဖြစ်ကြောင်းကို တော့ ဟိုင်ပို သိပါလိမ့်မည်။
“ကျွန်မကို တစ်ခုခုပြောစေချင်တယ် ဟိုင်ပို။ ယဇ်ပူဇော်ခံရမယ့် သတ္တဝါ တစ်ကောင်ကောင်ကို ဖျောင်းဖျနှစ်သိမ့်ပေးတဲ့ သဘောလောက် နဲ့ပဲ ဖြစ်ဖြစ်ပေါ့” ဟိုင်ပိုက သူမ၏မျက်နှာကို ပျော့ပျောင်းစွာကြည့်၏။ တိုးညင်းစွာ ပြန်ပြောသည်။ သူက ပြောနေသည်ဟု မထင်ရလောက်အောင်ပင် စကား သံက တိုးလျလွန်း၏။ “ကချေသည်ဆိုတာကတော့ ကရမှာပါပဲ။ ကပါ။ ဒါပေမယ့် “ငါ” ကတယ် ဆိုတဲ့ စိတ်ကိုဖျောက်ပေါ့။ ကချေသည် တစ်ယောက် ကတယ်လို့ သာ သဘောထား။ ကချေသည်မို့ ကတယ်လို့သာ သဘောထား။ အားလုံး ဟာ အချိန်တန်ရင်တော့ ပြီးဆုံးသွားမှာပါ” အိုး ... တန်ဖိုးရှိလွန်းသော စကားပါလား။ သူမဘာကြောင့်များ ဤ အချက်ကို မေ့လျော့နေခဲ့မိပါလိမ့်။ လက်ထဲမှ “ကပွဲဖိတ်စာ'ကလေး ကပင် လျှော လွတ်ကျသွား၏။ ပြန်မကောက်မိ။ ဟိုင်ပို၏စကားများက သူမ၏နှလုံးသားထဲအထိ တစ်စက်စက် စီးနစ်ကျ သွားသည်။ဟိုင်ပို့မျက်နှာကို ကြည်ညိုစွာမော့ကြည့်လိုက်ရင်း... “ကျေးဇူးပါပဲ ဟိုင်ပို။ နက်ဖြန်ခါဆိုရင် အနုပညာပွဲတော်စ,ပြီ။ အဲဒီပွဲတော် ရဲ့ နောက်ဆုံးညမှာ ကချေသည်တစ်ယောက် ကပါလိမ့်မယ်။ လူသား ကချေသည် တစ်ယောက်က လူသားအနုပညာစစ်စစ်ကို “အသက်” ပေါ်တင်ပြီး ကပြပါလိမ့် မယ်။ ဟိုင်ပိုကတော့ လာကြည့်မှာမဟုတ်မှန်း ကျွန်မသိပါတယ်။ လာချင်စိတ်ရှိ မယ်ဆိုရင်လည်း ကျွန်မက ဖိတ်ခေါ်ခဲ့ ပါမယ်။ ကကွက်နာမည်က “ယန္တရားများ နှင့် စီးချင်းထိုးခြင်း”တဲ့. . . ။
ဝတ်ကျောင်းမှ အပြန်လမ်းမှာ သူမ၏ စိတ်အလျဉ်တို့ တည်ကြည် နူးညံ့ နေပါတော့သည်။ ဟိုင်ပိုကတော့ သူမကိုနားလည်နိုင်ပါလိမ့်မည်။ စက်ရုပ်များကို စိန်ခေါ်ချင် လွန်း၍ မဟုတ်ပါ။ လူ့ယဉ်ကျေးမှုကို ပြန်ဖော် ချင်လွန်း၍ ဖြစ် ပါသည်။ ထိုသို့ဖြင့်... အနုပညာပွဲတော်၏ နောက်ဆုံးညတွင်... လဝန်းက ဖူးပွင့်လင်းလွင်လာတော့၏။ ထိုလဝန်းနှင့်အတူ. . . ။
အပိုင်း (၄) (၂၆) ပွဲတော်ညသည်၊ သွင်သွင်ရွရွဖြင့် စည်ကားလှပနေတော့၏။ ဖြန်း ဖြန်း ပြိုက်ပြိုက် လျှံလင်းနေသော လျှပ်စစ်မီးရောင်များက ပွဲတော်လာသူ များကို ကြည်လင်ရွှင်စေ၏။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြသော ကြီး၊ ငယ်၊ ရွယ်၊ လတ်တို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားသံများ ဆူညံနေ သည်။ စားသောက်ဆိုင်များထဲမှာလည်း ကပွဲကို ကြိုတင်ရင်ခုန်နေသူများက ခေါင်းချင်းဆိုင်ကာ ထင်မြင်ချက်၊ ဝေဖန်ချက်တွေ၊ ပေးဝေနှီးနှောလို့ မဆုံးနိုင် အောင် ဖြစ်နေကြ၏။ “လိုင်ရာမကဘူးလား...” “ဟင့်အင်း... ဂျူနိုတစ်ယောက်တည်း။ လိုင်ရာက မီးအိမ်ထွန်း ပွဲတော်ကျ မှ ကမှာ...”
“ဘာဖြစ်လို့... အခုပွဲမှာ မကတာလဲ...” “ဟင့်အင်း... ကခွင့်မရဘူး... ပွဲတော်ကျင်းပတဲ့ လူကြီးတွေ က ... လိုင်ရာ့ ကို ကခွင့်မပြုဘူး...” “ဟုတ်လား... အစကတော့ လိုင်ရာပါကမယ်ဆိုပြီး သတင်း ထွက်နေ တာ...” “ဟုတ်တယ်... အစကတော့ ကျွန်တော်တို့လည်း အဲလို သတင်း ကြားတာ ပဲ... ဒါပေမယ့်... နေ့လယ်ကပဲ ပယ်လိုက်တယ်... ကပွဲနဲ့ ခြောက်နာရီအကွာမှာ ကပ်ပြီးပယ်လိုက်တာ...” “အဲ... အဲ... ဘာဖြစ်လို့တုံး...” “မသိဘူး...” ပွဲတော်၏ အမှောင်ထောင့်ချိုးတစ်နေရာမှာ ကချေသည်မလေး တစ်ဦး တိတ်ဆိတ်စွာ ထိုင်နေသည်။ ဖော်မယ်ဟော့၏ တပည့်ကချေသည် မလေးများထဲ မှ တစ်ယောက်ဖြစ်၏။ “ဟေ့...” သူမ၏ရှေ့မှာ ရပ်တန့်ကာ... ပါဗိုက အသံပြုနှုတ်ဆက်လိုက်၏။ မိန်းကလေးက... ထူးခြားဟန်သိပ်မပြ... ။ “ဘာထိုင်လုပ်နေတာလဲ...” “ဘာမှ မလုပ်ပါဘူး...”
“အဖော်စောင့်နေတာလား...” “မဟုတ်ပါဘူး...” “ဒါဖြင့် ဘာထိုင်လုပ်နေတာလဲ...” “ဘာမှ မလုပ်ပါဘူး...” မိန်းကလေးက ရိုးရိုးသားသားပြန်ဖြေခြင်းဖြစ်၏။ “ငါ့အပြစ်ပဲ” ဟု ပါဗိုက တွေးလိုက်မိသည်။ သို့သော် တစ်ချက်ပြုံးလိုက်၏။ စိတ်ရှည်ရှည် ထားရပေ လိမ့်မည်။ ဤမိန်းကလေးသည် သူမအတွက် ဤအချိန်တွင် လိုအပ်နေသည်။ “မမ မင်းကို မေးခွန်းနည်းနည်းမေးချင်လို့...” မိန်းကလေး၏မျက်လုံးများက ဝိုင်းသွားသည်။ “ဘာမေးချင်လို့လဲ...” ပါဗိုက အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။ “လိုင်ရာ့ကို အနုပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုလား... ” “ဟင့်အင်း...” “ဘာဖြစ်လို့လဲ....” “အို... သူက စက်ရုပ်ကြီးပဲဟာ...” “စက်ရုပ်ကရော အနုပညာရှင် မဖြစ်ရဘူးလား... ?”
မိန်းကလေးက ခေါင်းခါ၏။ “မဖြစ်ရပါဘူး...” “ဘာဖြစ်လို့လဲ... ?” “ကျွန်မ မပြောတတ်ဘူး... သူက အနုပညာခံစားတတ်တဲ့“လူ” မှမဟုတ် တာ...” “အဲဒါဆို တစ်ခုမေးမယ်... ကချေသည်ဆိုတာ လူမှဖြစ်နိုင်တာ လား၊ ကကြိုးနဲ့အတူ လှုပ်ရှားနိုင်သူဟာ ကချေသည်မဖြစ်နိုင်ဘူးလား၊ လူ... ဟုတ်ဟုတ် မဟုတ်ဟုတ်...” မိန်းကလေးငိုင်ကျသွားသည်။ အဖြေရကျပ်သွားဟန်ရှိသော သူမ ကို ပါဗို က ခပ်လျော့လျော့ပြုံးကြည့်နေမိသေး၏။ ပြီးမှ ... “ကဲ... ထားပါတော့ ညီမလေးရယ်၊ မင်းကို မမ အရေးကြီးဆုံး တစ်ခုမေး မယ်” မိန်းကလေးက မျက်လုံးပြူးဖြင့် ပြန်ကြည့်နေ၏။ “လိုင်ရာနဲ့ဂျူနိုမှာ ဘယ်သူက အစွမ်းပြပြီး ကနိုင်တာကို ပိုမြင်ချင် “အို... ပြောနေဖို့လိုသေးလား၊ ဂျူနိုပေါ့” “ဘာဖြစ်လို့လဲဆိုတာ ရှင်းပါဦး” မိန်းကလေး၏ မျက်နှာက တည်သွား၏။
“ကျွန်မဟာ ကချေသည် တစ်ယောက်ပဲ၊ လူသားကချေသည် တစ် ယောက်ပဲ၊ ထူးချွန်တဲ့ကချေသည်တစ်ယောက်ဖြစ်ဖို့ မီးအိမ်ထွန်းပွဲတော်မှာ ကပြ ရတဲ့ကချေသည်တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်မရဲ့ရည်ရွယ် ချက်ပဲ၊ အဲဒါဟာ ကျွန်မပျံသန်းချင်တဲ့ ကောင်းကင်ပဲ၊ စက်ရုပ်ကချေသည် လိုင်ရာက ကျွန်မတို့ ပျံသန်းချင်တဲ့ ကောင်းကင်ကို ဆွဲပိတ်နေတယ်၊ အဲဒါ ကို ဂျူနိုကပြန်ဖွင့်ပေးဖို့ ကြိုးစားနေတယ်၊ ကျွန်မတို့အတွက် ကောင်းကင် ဆွဲပိတ်တဲ့လက်ကို မချစ်နိုင် ဘူး၊ ကောင်းကင်ကို ဆွဲဖွင့်ပေးနေတဲ့ ဂျူနိုရဲ့ လက်ကိုပဲ ကျွန်မတို့ ချစ်နိုင်မယ်” “ဟုတ်ပြီ ညီမလေး ကျေးဇူးပါပဲ” ပါဗို လှည့်ထွက်ခဲ့သည်။ လူအုပ်ကြားထဲမှာ မျက်လုံးကို ဝေ့ပတ် ကစား ရင်း ဂျူနို့ကို ရှာဖွေမိ၏။ မတွေ့။ တစ်နေရာမှာ သတင်းထောက်တွေ ဝိုင်းအုံနေ သော ဆီးဖီးယတ်စ်ကို တွေ့လိုက်ရ၏။ သူမ လူအုပ်ကြီး ထဲသို့ ချဉ်းကပ် တိုးဝင် သွားလိုက်သည်။ “ဒီ အနုပညာပွဲတော်မှာ လိုင်ရာ ကပြခွင့်မရတာနဲ့ပတ်သက်ပြီး ဒေါက်တာ ဘာပြောချင်ပါသလဲ” ဆီးဖီးယတ်စ်က မထီတရီအပြုံးနှင့် ခေါင်းခါပြ၏။ “ဘာမှ မပြောချင်ပါဘူး” “ဘာဖြစ်လို့လဲ ခင်ဗျာ” “ဘာမှ မဖြစ်လို့ပါဘဲ၊ တောင်တက်သမားဆိုတာကတော့ ဒီတောင် ကို တက်ခွင့်မသာရင် နောက်တောင်တစ်လုံးကို တက်ရမှာပဲ၊ ဘာမှ မထူး ဆန်းတဲ့ ဖြစ်စဉ်ပါ”
အခြားသတင်းထောက်တစ်ဦးက ဆီးဖီးယတ်စ်နှင့် ခေါင်းချင်း တိုက်လုနီး နီး တိုးဝင်ကာ မေးခွန်းထုတ်ပြန်၏။ “ဒေါက်တာ ခင်ဗျား၊ စက်ရုပ်ကချေသည် လိုင်ရာကို မွေးထုတ်ပေး သူဟာ ဒေါက်တာလို့ပဲ သတ်မှတ်ရမှာလား၊ ဒါမှမဟုတ် အခြားပညာရှင် တွေ ပါဝင်နေပါ သေးသလား” ဆီးဖီးယတ်စ်က တဟဲဟဲရယ်၏။ “ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ၊ ဒီ အော်ဖီယန် သုတေသန တစ်ဖွဲ့လုံးဟာ လိုင်ရာကို မွေးထုတ်ပေးတဲ့ သူတွေပါ” မေးခွန်းထုတ်သူ သတင်းထောက်က အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံး လိုက်၏။ ဘေးဘီမှ လူများအားလုံးကို အကဲခတ်သလို တစ်ချက်ကြည့် သည်။ အသံကို မြှင့်ကာ နောက်မေးခွန်းတစ်ခုကို မေးလိုက်၏။ “အဲဒါဆိုရင် ဒေါက်တာဗော်ယာကိုရော လိုင်ရာရဲ့ မွေးဖွားသူ အဖြစ် သတ်မှတ်လို့ရနိုင်ပါမလား” “ဘာ...” ဆီးဖီးယတ်စ်မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သတင်း ထောက် က•• “ဒေါက်တာရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဒေါက်တာဗော်ယာကို ပြော တာပါ၊ အော်ဖီယန် သိပ္ပံသုတေသနအဖွဲ့ ဟာ အမှန်တော့ ဒေါက်တာတို့ သူငယ်ချင်းနှစ် ယောက် ပူးတွဲတည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မီးအိမ်ထွန်း ပွဲတော်အတွက် စက်ရုပ်ကချေသည်ကို တီထွင်တင် ဆက်မယ့် စီမံကိန်းကို
ဒေါက်တာက အကောင်အထည်ဖော်တဲ့အချိန်မှာ ဒေါက်တာ့ရဲ့ သူငယ်ချင်း ဗော်ယာက လက်မခံနိုင်ဘဲ အဖွဲ့ ကိုစွန့်ခွါသွား တယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ သတင်းရထားပါတယ်၊ သူ့ကိုရော လိုင်ရာ့ရဲ့မွေးဖွားသူတစ်ယောက် အဖြစ် သတ်မှတ်လို့ ရမှာပါလား၊ တကယ် လို့သာ ကျွန်တော်က ဒေါက်တာ ဗော ယော့ကို သွားတွေ့ပြီး ဒေါက်တာဟာ လိုင်ရာ့ကို မွေးထုတ်သူဟုတ်ပါသလားလို့ မေးရင် သူက ဟုတ်တယ်လို့ ဖြေပါ့မလား၊ ဒါမှမဟုတ် ဘယ်လိုဖြေမယ်လို့ ထင်ပါ သလဲ” “အို... ဒါတော့ ကျုပ်ဘယ်သိမလဲ” “ဟုတ်ကဲ့၊ တစ်ခုထပ်မေးပါရစေ၊ ကချေသည်လိုင်ရာကို မွေးထုတ် တဲ့ စီမံကိန်းမှာ ဒေါက်တာဗော်ယာက ဘာကိုမနှစ်သက်လို့ အဖွဲ့ကို စွန့် ခွါသွားတာပါ လဲ၊ ဒေါက်တာတို့ သူငယ်ချင်းနှစ်ယောက် ဘယ်နေရာမှာ သဘောထားကွဲလွဲကြ တာပါလဲ” “ဒီမေးခွန်းကို ကျုပ်မဖြေနိုင်ဘူး” သတင်းစာသမားအားလုံးကို တွန်းဖယ်ပြီး ဆီးဖီးယတ်စ် ထွက်ခွါ သွား သည်။ ပါဗို နှုတ်ခမ်းကိုက်ပြီး ရပ်တန့်စဉ်းစားကာ နေရစ်ခဲ့၏။ “ဗော်ယာ... ဒေါက်တာဗော်ယာ” နှုတ်မှ တိုးတိုးဖွဖွရေရွတ်မိသည်။ ခေါင်းကိုလည်း ဖြည်းညှင်းစွာ ခါ မိသည်။ ဤနာမည်ကို သူမ မကြားဖူးခဲ့၊ ဤအချက်ကိုလည်း သူမ မသိခဲ့၊ စိတ်ဝင်စားစရာကောင်းသောအချက်ဖြစ်သည်။ ဒေါက်တာ ဗော်ယာက ယခုကဲ့ သို့ ပျောက်ချက် သားကောင်းမနေဘဲ ဤကိစ္စထဲတွင် ပါဝင်မည်ဆိုလျှင်... ။
အင်း... ပွဲကတော့ ပိုပြီးကြည့်ကောင်းတော့မည်ထင်သည်။ (၂၇) ကပွဲ မစခင်။ ဖွေးဖွေးလှုပ်နေသော ပရိသတ်များစွာက သာယာရွှန်းပသော ညမှာ ထူးခြားသော အနုပညာကိုပေးမည့် သူတို့၏ကချေသည်လေးကို စောင့်မျှော်နေ ကြသည်။ သို့သော် ယခင်နှစ်များနှင့်မတူဘဲ ထူးခြားစွာ ကပွဲတာဝန်ခံက စင်ပေါ် သို့ တက်လာသည်။ ပရိသတ်ကို စကားအနည်းငယ်ဆိုသည်။ အမည်ကို တိုက်ရိုက်ညွှန်းခြင်း မရှိသော်လည်း သူ့စကားတို့က ဆီးဖီးယတ်စ်နှင့် စက်ရုပ်ကချေ သည် လိုင်ရာတို့ အား ရည်ညွှန်းမှန်း သိသာထင်ရှားလှပေသည်။ “ကျွန်တော်တို့ရဲ့ အနုပညာပွဲတော်မှာ ပါဝင်ကပြဖို့ဆိုပြီး သိပ္ပံ သုတေသန အဖွဲ့ တစ်ဖွဲ့ က စက်ရုပ်တစ်ရုပ်ကို တင်သွင်းလာပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်မခံခဲ့ကြပါဘူး၊ ဒါဟာ အနုပညာပွဲတော် ဖြစ်ပါတယ်။ အနုပညာဝိညာဉ် ကွန့်မြူးပြီး လူသားတစ်ယောက်က အလင်းစွမ်းအင်နဲ့ ဖော်ထုတ်တဲ့ ကကြိုး ကကွက်တွေကိုသာ ကျွန်တော် တို့လိုချင်ပါတယ်၊ သိပ္ပံ အတတ်လွန်ကျူးပြီး သံထည်အရုပ်တစ်ခုက အပူ စွမ်းအင်နဲ့ ကပြမှာကို မလိုချင် ပါဘူး၊ အခု ပရိသတ်ကြီးကို အကောင်းဆုံး ကချေသည် ဂျူနိုက ထူးဆန်းခြောက်
ခြားဖွယ်ရာကောင်းတဲ့ ကကွက်တစ်ခု နဲ့ တင်ဆက်ပါလိမ့်မယ်၊ နှစ်ဟောင်းကို အဲဒီကကွက်နဲ့ သူနှုတ်ဆက်ပါ လိမ့်မယ်၊ ခံစားကြည့်ရှုကြပါဦး” ပြောပြီး စင်ပေါ်မှ ဆင်းသွားသည်။ တိုတိုရှင်းရှင်းပြောသွားသည် နှင့်အမျှ လိုရင်းအဓိပ္ပါယ်ကလည်း ပြတ်သားလှသည်။ ပရိသတ်အားလုံး စိတ်ဝင်တစား ဖြစ်နေကြသည်။ ဂျူနိုက မည် သို့သော ကကြိုးမျိုးကို ကပြလေမည်နည်း။ ကြည့်ချင်ဇောတို့က တလွှား လွှားတရိပ်ရိပ်၊ လိပ်တက်လာသည်။ သို့သော် စင်ပေါ်သို့ ထပ်တက်လာသူက ဂျူနို မဟုတ်သေး။ အဆင့်မြင့် ယန္တရားဆိုင်ရာ သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ထိုပညာရှင်ကြီးက ပရိသတ် ကို ဦးညွတ်နှုတ်ဆက်ကာ သူ့ကိုယ်သူ တော်ဝင်တက္က သိုလ်တစ်ခုမှ ပညာရှင်တစ် ယောက်ဖြစ်ကြောင်း မိတ်ဆက်၏။ ပြီး... “ဒီစင်ပေါ်ကို ကျွန်တော်တက်လာတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ အံ့ဩနေ ကြမှာပါပဲ၊ ခင်ဗျားတို့တင်မဟုတ်ပါဘူး၊ ကျွန်တော်လဲ ကိုယ့် ကိုယ်ကို အံ့သြတာ ပါပဲ၊ ကျွန်တော့်ဘဝမှာ ဒီလိုမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး၊ ထား လိုက်ပါတော့၊ အခု ပရိသတ်အားလုံးကို ကျွန်တော်ဟာ ကချေသည် ဂျူနို ကပြ မယ့် ကကွက်နဲ့ပတ်သက်ပြီး ကြို တင်ရှင်းပြစရာနည်းနည်းကို ရှင်းပြရပါလိမ့် မယ်၊ ဒီလိုပါ... အဟမ်း...” ချောင်းဟန့်၏။ စင်အောက်မှ ပရိသတ်ကို ဝေ့ကြည့်သည်။ ပရိသတ်များ စွာ၏ မျက်လုံးများစွာ သူ့ထံမှာ။ သူ စိတ်လှုပ်ရှားနေသည်ကို လည်း ပရိသတ်က ရိပ်စားမိလေသည်။ သူပြောမည့်စကားကိုလည်း ပရိ သတ်က စိတ်ဝင်စား နေသည်။ ဂျူနို ကပြမှာကိုလည်း ပရိသတ်က ကြည့် ချင်လှပြီ။
“ဖျောင်း... ဖျောင်း... ဖျောင်း” စင်ပေါ်မှ သိပ္ပံပညာရှင်ကြီးက လက်ခုပ်တီးလိုက်သည်။ သူ့နောက် ဘက် မှ အမှောင်လွင်ပြင်က လင်းသွားသည်။ “ဟာ...” “ဟင်... ဘာကြီးတွေလဲ” ပရိသတ်အားလုံး မျက်လုံးမျက်ဆန် ပြူးသွားကြသည်။ စင်ပေါ်မှ မြင်ကွင်းကိုလည်း ကသောကမျော ကြည့်လိုက်ကြသည်။ စင်ပေါ်မှာ သူ တို့မြင် လိုက်ရသည်က မျှော်လင့်နေသော ဂျူနိုမဟုတ်။ မျှော်လင့်မထား သော... လေးနှင့်မြားကို လွယ်ထားသည့် စက်ယန္တရားရုပ်ကြီးများ။ အားလုံး ရင်ခုန်စပြုလာသည်။ မည်သို့သော ကကွက်ဖြစ်မည်ကို မမှန်းဆ နိုင်သေးသော်လည်း စိတ်ဝင်စားစရာကောင်းမည့် ကကွက်ဆိုတာ ကိုတော့ ခန့်မှန်းမိနေပြီ။ စင်ပေါ်မှ ပညာရှင်က... ။ “ဒီစက်ရုပ်လေးရုပ်ဟာ နောက်ဆုံးပေါ် ကွန်ပျူတာနည်းပညာတွေ နဲ့ တည်ဖွဲ့ထားတဲ့ စက်ရုပ်တွေဖြစ်ပါတယ်၊ “အာချာစက်ရုပ်”လို့ နာမည် ပေးထားပါ တယ်၊ သူတို့ဟာ လေထဲမှာ ပျံထွက်သွားတဲ့ ယင်ကောင်ကိုတောင် ဗဟိုချက်မှန် အောင် ပစ်နိုင်ပါတယ်။ အခု သူတို့လေးယောက်က ဂျူနိုရဲ့ ကကြိုးမှာ အရေးပါတဲ့ နေရာကနေ ဖြည့်စွက်ပါဝင်ကြပါလိမ့်မယ်”
စက်ရုပ်ကြီးများကို 'နှင်းလူပုံသဏ္ဌာန် တည်ဆောက်ထား၏။ ထို့ ကြောင့် သာမန်လူသားများထက်ပင် အလုံးအဖန်ကြီးသော စက်ရုပ်ကြီး များဖြစ်နေသည်။ မြားကျည်တောက်ကို သိုင်းလွယ်ထားပြီး လေးကို ဘယ် ဘက်လက်မှာ ဆုပ်ကိုင် ကာ ငြိမ်ငြိမ်သက်သက်ရပ်နေကြသည်။ သန်မာချွန်မြသော သံမဏိမြားတံများက မြားကျည်တောက်ထဲ မှာ ညီညာစီရီလျက် ရှိ၏။ အမြင်လှသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်း ပါသည်။ လက်ဖျံနှင့် လက်မောင်း၊ လက်ချောင်းများကလည်း သေမင်းစေတမန် ကို မြားတံအသွင်ဖြင့် ပစ်လွှတ်ရန် အဆင်သင့်ဖြစ်နေ ကြပုံရ၏။ သူတို့၏ ပြူးဝိုင်းလင်းတောက်သော မျက်လုံးများက မျက်နှာမူရာ အရပ် ကိုသာ ကြောင်စီစီ ကြည့်နေကြသည်။ ထိုသို့မြင်တွေ့နေရခြင်းက ပင်လျှင် ရင် မောဖွယ်ရာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေ၏။ “အဟမ်း” သိပ္ပံပညာရှင်ကြီးက ချောင်းဟန့်သံ တစ်ချက်နှင့်အတူ သူ့လက် ထဲမှ ထိန်းချုပ်ကိရိယာကို ခလုတ်တစ်ချက်နှိပ်လိုက်၏။ “ဟင်...” "ဟို" “ဟာ...” အားလုံးလန့်ဖြန့် အံ့ဩသွားကြရသည်။ လျင်မြန်လိုက်သည့်ဖြစ် ခြင်း။ စက်ရုပ်ကြီး လေးရုပ်လုံးက မျက်တောင်တစ်ခတ်မျှသော အချိန် အတွင်းမှာ မြားကျည်တောက်ထဲမှ မြားတံကို ထုတ်ယူပြီး လေးကိုင်းမှာ တပ်ကာ ရှေ့တူရှုသို့
ချိန်ပြီးသား ဖြစ်နေကြသည်။ စက်ရုပ်ဟု မထင်ရ လောက်အောင်ကိုပင် ညက်ညောပြေပြစ်ကာ မြန်ဆန်လှသည်။ သိပ္ပံပညာရှင်ကြီးက... “အင်း... မကြာခင်မှာ ကပွဲကို ရှုစားရတော့မှာပါ၊ အခုကနေ စတင် ဖွင့် လှစ်တယ်လို့ပဲ သတ်မှတ်ကြပါစို့လား၊ ကဲ...” ပြောပြောဆိုဆို ထိန်းချုပ်ကိရိယာကို ခလုတ်ထပ်နှိပ်လိုက်ပြန်၏။ စက်ရုပ်များ တစ်စုံတစ်ရာ လှုပ်ရှားလိုက်သည်ကို မျက်လုံးထဲမှာ လက် ခနဲ မြင် လိုက်ရရုံသာ ရှိသည်။ “ထောက်...” “ဖြောင်း...” “ဖြောင်း... ဒိုင်း... ဒိုင်း...” “ဟာ... ပူပေါင်းတွေ မိုးပေါ်ပျံတက်သွားပြီ” စက်ရုပ်များက သူတို့၏ မြားများကို ပစ်လွှတ်လိုက်ခြင်းဖြစ်၏။ ကပွဲရုံ၏ နဖူးစည်းဆီမှ မိုးပျံပူပေါင်းများ ချည်ထားသည့်ကြိုးကို ထိမှန် ဖြတ်သန်းသွားကြ သည်။ ပူပေါင်းများ မိုးပေါ်ပျံတက်သွားကြ၏။ ကြိုးတစ်ချောင်းတည်းကို လေးနေရာခွဲပြီး မြားတံများက ပြိုင်တူ ဖြတ် တောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ ညီညာသော ကြိုးအပိုင်းအစများ က မြေပေါ် ပြုတ်ကျလာသည်။
အာချာစက်ရုပ်များ၏ မြားပစ်စွမ်းရည်က ကြောက်ခမန်းလိလိပင် ဖြစ်သည်။ ကြိုးကိုဖြတ်ပြီး မြားတံများက တစ်ဟုန်ထိုး ဆက်လက်ပျံသန်း သွား ရာတွင် ဗြောက်အိုးကွဲသံများကိုလည်း တဖြောင်းဖြောင်း ကြားလိုက်ရ၏။ မြားတံ တစ်ဖက်တစ်ချက်တွင် လေဖိအားနှင့် ကွဲနိုင်သော ဗြောက် အိုးကို မြှုပ်တွဲထားသောကြောင့် ဖြစ်သည်။ ပရိသတ်အားလုံးက အံ့မောကြောင်ရင်း ကြည့်နေမိဆဲမှာပင် စက်ရုပ်လေး ရုပ်က စက်ဝိုင်းပုံစံ နေရာယူလိုက်ကြ၏။ သိပ္ပံပညာရှင်ကြီး ကတော့ သူတို့၏ ရှေ့ ဘက်မလှမ်းမကမ်းမှာ ရပ်နေသည်။ ပျံတက်သွား သော ပူဖောင်းများကို အဓိပ္ပာယ်မဲ့ ငေးမောကြည့်နေလိုက်သေးသည်။ ထို့နောက်မှ... စက်ဝိုင်းပုံစံ နေရာယူထားပြီးဖြစ်သော သူ့စက်ရုပ်များကို တစ်ချက် ငဲ့ စောင်းကြည့်ကာ... ။ “ကဲ... ခုလောက်ဆိုရင် ဂျူနိုရဲ့ ကကွက်ကို စလို့ရလောက်ပါပြီ၊ ဂျူနိုဟာ ဒီစက်ရုပ်လေးရုပ်နဲ့အတူ သူ့ရဲ့ ကကြိုးကို တင်ဆက်ပါလိမ့်မယ်၊ ကကြိုးရဲ့ နာမည်က “ယန္တရားများကို ကျော်လွန်ခြင်း ́တဲ့...” ထိုစကားအဆုံးမှာ သူ တဖြည်းဖြည်း နောက်သို့ဆုတ်ခွာသွားသည်။ မီး ရောင်ပြောင်းသွား၏။ ရင်ဖိုချောက်ခြားဖွယ်ရာ တီးလုံးတစ်စကလည်း ကွဲကွဲရှရှ ငြိမ့်စီးလာသည်။ အားလုံး အသက်ရှူမှားမတတ် ငေးစိုက်ကြည့် နေမိကြ၏။ သိပ္ပံပညာရှင်ကြီးကို မမြင်ရတော့ပါ။ စင်ပေါ်မှာ ကြောက်မက် ဖွယ်ရာ စက်ရုပ်ကြီးလေးရုပ်ကသာ လေးနှင့်မြားကို ကိုင်ဆွဲကာ စက်ဝိုင်း ပုံ ခင်းကျင်း
နေလျက်။ သိပ္ပံပညာရှင်ကြီး၏ စကားသံက ဆက်လက်ထွက်လာနေသည်။ “ကမ္ဘာ့အစောပိုင်းကာလတွေမှာ လူမျိုးစုတွေဟာ အမဲလိုက်ရာက ရတဲ့ သားကောင်ကို အောင်ပွဲခံစားသောက်ရင်း မီးပုံကြီးကို လှည့်ပတ် ကခုန်ရင်း ယဉ်ကျေးမှုနဲ့ အရိုင်းသဘာဝကို ရောပြွန်းတည်ဆောက်ခဲ့ကြ ဖူးတယ်၊ အဲဒီထဲက မှ နယူးဟီးဘရိုဒ်လို့ခေါ်တဲ့ လူမျိုးစုတစ်စုဟာ ကချေ သည် ကပြီဆိုရင် လေး သည်တော်တွေ ဘေးကနေပြီး မြားနဲ့ချိန်ထားကြ လေ့ရှိတယ်၊ ကချေသည်က ကကြိုးကကွက်မှားတာနဲ့ မြားနဲ့ပစ်ထည့်လိုက် ကြတယ်၊ ကကြိုးကို အမှားမခံ ဘူး၊ ကချေသည်က အသက်နဲ့ရင်းပြီး ကရတယ်၊ ခုလည်း...” စကားကို ခေတ္တရပ်၏။ ပြီးမှ ဆက်ပြောသည်။ အားလုံးကတော့ ဘာ ဆက်ပြောမည်ဆိုတာကို ကြိုသိနေကြပြီ။ ရင်တလှပ်လှပ် ဖြစ်နေကြ “ခုလည်း ဂျူနိုက သူ့ရဲ့ နာမည်ကျော် ရေအောက်ကမ္ဘာ ကကွက် ကို အာ ချာစက်ရုပ်တွေရဲ့ အလယ်မှာ ကပြလိမ့်မယ်၊ ကကြိုးတစ်ချက်မှား တာနဲ့ စက်ရုပ် တွေရဲ့ မြားမှာ သူ အသက်ပါလိမ့်မယ်၊ အဲဒီအတွက်လည်း သူ့ဘာသာသူ စာချုပ် မှာ လက်မှတ်ထိုးထားပြီးသားဖြစ်တယ်၊ ထူးခြားတာ က ဂျူနိုစီးထားတဲ့ ဖိနပ်မှာ ဘီးငယ်ကလေးတွေ တပ်ထားတယ်၊ ထိန်းချုပ် ရ အင်မတန်ခက်တယ်၊ ဒါပေမယ့် သူက'လိမ့်မယ်၊ စက်ရုပ်တွေကို သူ စိမ်ခေါ်လိုက်ပြီ၊ ကဲ... စကြစို့လား၊ ကကြစို့ လား... စိမ်...” သူ့စကားသံအဆုံးမှာ လျှပ်စစ်မီးများက အရောင်ပြောင်းသွား၏။ အာချာ စက်ရုပ်များက ပြိုင်တူဆိုသလိုပင် လှုပ်ရှားသည်။ နောက်သို့ ခြေ တစ်လှမ်းစီ
ဆုတ်လိုက်ကြခြင်းဖြစ်သည်။ သူတို့၏ စက်ခန္ဓာကိုယ်ပေါ်မှာ လည်း အနီရောင် အလင်းလှိုင်းတန်းများက တုန်တုန်ခါခါ ပြေးလွှားထွက် ပေါ်လာကြသည်။ လေးညှို့ကို ဆွဲတင်ပြီး မြားတန်ကို ချိန်ရွယ်ထားဟန်က ခြောက် ခြား ဖွယ်ရာ ကောင်းလှ၏။ မာကြောခိုင်ခံ့သည့် လက်တံကြီးများကို ကြည့် မြင်နေ ရ၏။ အကယ်၍သာ “မြားလွတ်ထွက်သွားခဲ့လျှင် ဆိုသည့် အတွေး ကပင် ပရိသတ်ကို ရင်တဖိုဖို ဖြစ်စေ၏။ ထို သေမင်းတမန် မြားအစင်းစင်းတို့၏ ရှေ့မှောက်မှာ လူသား ကချေသည်တစ်ယောက်က ကပြချေတော့မည်။ အကယ်၍သာ ချွတ်ချော် တိမ်းစောင်းခဲ့လျှင်... အိုဗာရွန် တံတွေးကို မျိုချလိုက်မိ၏။ စိတ်လှုပ်ရှားနေသဖြင့် ထိုင် ရမလို ထရမလို ဖြစ်နေသေးသည်။ ထိုအခိုက်မှာပဲ မီးရောင်တစ်ချက် လင်းပြီး အာချာ စက်ရုပ်တို့၏ အလယ်သို့ ပန်းဆိုင်းတစ်ခုနှင့်အတူ ဂျူနို ဆင်းသက်ရောက်ရှိလာ သည်။ “ဟေး...” ပရိသတ်၏ အားပေးသံက ပွင့်ထွက်မြည်းဟည်းလာသည်။ ဂျူနို က လည်း အားလုံးကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်၏။ ဂျူနိုသည် အဖြူရောင် ဝတ်ရုံ ရှည်ကြီးကို ဝတ်ထားသဖြင့် သူ့မျက်နှာ၏ အပြစ်ကင်းစင်မှု ကို ပို၍မြင်တွေ့ရသ လို ရှိသည်။ “ဂျူနိုရယ်”
အိုဗာရွန် ရင်တွေဖိုနေလေသည်။ ကြောက်မက်ဖွယ်ရာ အာချာ စက်ရုပ် များ၏ မြားချွန်များရှေ့မှောက်မှ နို့ကို အလင်းနတ်သမီးတစ်ပါး လို့ ထင်မြင်နေမိ လေသည်။ “ဂျူနိုဟာ သိပ်ရဲရင့်တယ်” ဖော်မယ်ဟော့၏ မှတ်ချက်ချသံ တိုးတိုးက သူမ၏ရင်ထဲသို့ နံနက် ခင်း တစ်ခုလို စီးဝင်လင်းပလာသည်။ ဂျူနိုက ပရိသတ်ကို ဦးညွတ်နှုတ်ဆက်၏။ ပရိသတ်၏ အားပေး သံများ တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ဂျူနိုကလည်း ထိုအချိန်တိုင် အောင် စောင့် နေသည်။ ထို့နောက်မှ ချစ်စဖွယ်ပြုံးပြကာ... “ကောင်းသောညပါရှင်” “ဟေး...” သူမ၏ ပရိသတ်က သူမကို အုတ်အော်သောင်းနင်း တုံ့ပြန်ကြလေ သည်။ ခုန်ပေါက်ကြ၊ လက်တွေဝှေ့ယမ်းကြ၊ ခုံကို တဘုန်းဘုန်းထုကြ၊ ဆူညံသွား တော့၏။ ဂျူနိုက အပြုံးနှင့် အားလုံးကို လက်ကာပြသည်။ အသံများ ငြိမ်ကျသွား ပြန်သည်။ ဂျူနိုက... “ခု ကမယ့် ကကွက်ရဲ့ တေးဂီတကို “လင့်ခ်အဘိုးအိုက ဖွဲ့စည်း ပေးခဲ့ပါ တယ်၊ ပြီးခဲ့တဲ့ ရက်တွေထဲမှာ လင့်ခ်အဘိုးအိုက ကျွန်မကို ဂီတ တီးကွက်တစ်ခု လက်ဆောင်ပေးပါတယ်၊ သူ့ဘဝမှာ သေပျော်ပြီလို့ ယူဆ ခဲ့တဲ့ တီးကွက်ပါပဲ၊ အင်မတန် ထူးခြားဆန်းကြယ်တဲ့ တီးကွက်ဖြစ်လို့ ကျွန်မလည်း အထပ်ထပ်
နားထောင်ဖြစ်ပါတယ်၊ အဲဒီတီးကွက်ကို အရှိန် အဟုန်အရ သုံးသပ်မယ်ဆိုရင် အဆင့်သုံးဆင့်ရှိပါတယ်၊ အခု ကကွက်မှာ ပထမအဆင့်ကို ယူထားပါတယ်၊ အားလုံးသိပြီးသားဖြစ်တဲ့ ကျွန်မရဲ့ “ရေအောက်ကမ္ဘာ”ကကွက်ကိုပဲ အသွင်တစ် မျိုးနဲ့ ကပြပါ့မယ်” စကားကိုခဏရပ်၏။ ပရိသတ်ကို ကြည့်သည်။ ပရိသတ်ကလည်း သူ့ကို စိုက်ကြည့်နေသည်။ ဂျူနိုက ရှေ့ဆက်ပြောရမည့် စကားကို ပြုံးစူစူ မျက်နှာထား နှင့် မျက်လုံးထောင့်ကပ် စဉ်းစားနေပြီးမှ... “အခု ကျွန်မကို မြားနဲ့ချိန်ထားတဲ့ စက်ရုပ်ကြီးတွေဟာ ကကွက် တစ် ကွက်မှားခဲ့တာနဲ့ ကျွန်မကို ပစ်ခတ်ကြမှာဖြစ်ပါတယ်၊ ကျွန်မ ဒီကပွဲ မှာ သေရင် လည်းသေသွားပါလိမ့်မယ်၊ ကျွန်မဟာ ကချေသည်ဖြစ်ပါတယ်၊ ပစ်မယ်လို့ ချိန် ရွယ်လာတဲ့ မြားတွေရှိတဲ့တိုင်အောင် ကျွန်မက မြားကို ကြည့်ပြီး ကမယ့်သူ မဟုတ်ပါဘူး၊ တီးလုံးတီးကွက်ကိုကြည့်ပြီး ကရမယ့် ကချေသည်ဖြစ်ပါတယ်၊ တီးလုံးက ပုံမှန်တီးလုံး မဟုတ်ပါဘူး၊ ဆန်းပါ တယ်၊ ဒါ့အပြင် ကျွန်မရဲ့ ဖိနပ်မှာ လည်း ဘီးလေးတွေ တပ်ထားပါတယ်၊ အရှိန်မထိန်းနိုင်လို့ ကကွက်တိမ်းစောင်းခဲ့ ရင်လည်း မြားတွေက ကျွန်မကို ထိုးဖောက်သွားကြမှာပါပဲ” နှုတ်ခမ်းကို လျှာနှင့်သပ်ကာ စကားကို ခေတ္တရပ်၏။ မိုးပေါ်သို့ မျှော်ကြည့်သည်။ တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်ပြီးဟန်လည်း ရှိ၏။ ပြီးမှ... “တကယ်လို့သာ ဒီကပွဲမှာ ကျွန်မ သေဆုံးခဲ့ရင် ပရိသတ်အားလုံး ကို ကျွန်မရဲ့ဈာပနမှာ လိုက်ပါပို့ဆောင်ပေးသူ ကျေးဇူးရှင်တွေလို့ပဲ သဘောထားသွား မှာ ဖြစ်ပါတယ်၊ နောင်ဘဝထိ ကျေးဇူးတင်နေမှာပါ” ပရိသတ်ကို ဦးညွတ်နှုတ်ဆက်ပြီး...
“ရှုစားတော်မူကြပါ” စင်မြင့်ပေါ်မှ ဖြူဖွေးသော မီးခိုးမျှင်နုနုများ စူးဖြာလွင့်လူးကျလာ သည်။ ကြည့်နေသူများအတွက် အရာရာသည် မပီဖြိုးဖျော့။ ဗြုံးစားကြီးဆိုသလိုပင် တီးလုံးတီးကွက်ကလည်း ပြောင်းသွား၏။ “အို...” “ဟာ...” ဂျူနိုပြောသည့်အတိုင်းပင် တီးလုံးတီးကွက်ကကို ဆန်းကြယ်နေ ခြင်း ဖြစ်သည်။ ဆန်းကြယ်သည်နှင့်အမျှ အားကောင်းလှပသော တီးလုံး တီးကွက် လည်း ဖြစ်နေပြန်သည်။ “ကြည့်စမ်း” ပရိသတ်များ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြ၏။ လေးမြားနှင့် ချိန်ရွယ် ထား သော စက်ရုပ်ကြီးများက ဂျူနို့ကို ဦးတည်ကာ လှုပ်ရှားစ ပြုလာသော ကြောင့် ဖြစ်၏။ ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။ ဂျူနိုကလည်း စတင် လှုပ်ရှားပြီဖြစ်၏။ ညွတ်တိမ်းသွယ်နွဲ့ သော သူမ၏အကကို ရဲရင့်စွာ စတင် ဖွင့်လှစ်လိုက်ပြီ။ ဆန်းကြယ်သော ဂီတ သံများ ကြားမှာ ဆန်းကြယ်သောအကကို ကပြချေပြီ။ လမင်းက သူမ၏ အလင်းကို ထိန်းထား၍မရဘဲ ပွင့်အန်စီးသွင်ကျလာသလိုမျိုး။ လှပါသည်။ လှပတင့်မောလွန်းပါသည်။ ပရိသတ်အားလုံးက လည်း တစ် ရှိုက်မက်မက် ငေးကြည့်မှင်သက်နေမိကြသည်။ သို့သော်လည်း ဤကကြိုးသည်
အပိုင်းပိုင်းပြတ်နေသည်ကို သူတို့မြင်ရ၏။ ပိရိသေသပ် စွာ ဂျူနိုကဖြတ်တောက် ပြသနေခြင်းဆိုသည်ကိုလည်း သူတို့ အံ့ဩခံစားရ၏။ စက်ရုပ်ကြီးများကလည်း လေးနှင့်မြားကို တချီချီတမမဖြစ်နေကြ သည်။ သူတို့ ခင်းကျင်းထားသော စက်ဝိုင်းက မကျဉ်းမကျယ် အနေ အထားဖြစ်၏။ သူ တို့၏ စက်ဝိုင်းအလယ်မှာ ဖိနပ်မှာ ဘီးတပ်၍ ကနေသော ဂျူနိုသည် စည်းတွေကို ကျော်ထွက်တော့မည့်အလား၊ ကကြိုးတွေ တိမ်းမှောက်သွားတော့မည်အလား၊ အသည်းယားဖွယ်ရာ ဖြစ်နေ၏။ ဂျူနိုက သူမ၏ ကကြိုးကို အခိုင်အမာ ပုံစံဖြင့် ဖော်ကြူးသည် မဟုတ်ဘဲ အယိုင်အပြိုပုံစံဖြင့် ဖော်ကြူးနေခြင်းဖြစ်သည်။ ဘီးတပ် ခြေထောက်များကြောင့် ကကြိုးပေါက်သွားမည့်ဟန် မြင်ရလိုက်၊ စက်ရုပ်များ ၏ ဦးကင်းထိပ်မှ အစိမ်း ရောင် အရေးပေါ်ခလုတ်က ဖျတ်ကနဲ အရောင်တောက်သွားလိုက်။ ဂျူနိုက သူ၏ခန္ဓာကိုယ် အညွတ်အယိမ်းကို တိကျစွာ ပြန်ရုပ်သိမ်းလိုက်၊ စက်ရုပ်ကြီး၏ လေးနှင့်မြားက ကျည်ဆံ အ သော သေ နတ်များပမာ တုံဏှိဘာဝေဖြစ်လိုက်။ ဂျူနိုကတော့မည်သို့ခံစားရသည်မသိ။ ပရိသတ်အားလုံးကတော့ ရင်တ မောမောဖြစ်နေရသည်။ အိုဗာရွန်က ဖော်မယ်ဟော့၏လက်ကို တင်းတင်းဆုပ် ထားမိ၏။ ဖော်မယ်ဟော့၏ လက်ကလည်း တုန်ယင်နေ သည်ကို သူမ သတိထား မိပြန်သည်။ Lighting Effect များ ကစားလာသည်။ ရွှေရောင်အလင်းစက် တစ်ခုက ဂျူနိုနှင့် စက်ရုပ်များကြားမှာ တစ်ဖျတ်ဖျတ် လူးလွန့်လျှောက်ပြေး နေသည်။ ဂျူ နိုက ထိုအလင်းစက်ကို လိုက်ဖမ်းသည်။ ကကွက်ကို စည်း ပေါက်ကျော်လွှားသွား မတတ်။ စက်ရုပ်များကလည်း လေးကိုချီမကာ မြား ကို ချိန်ရွယ်ပစ်ခတ်တော့ မတတ်။
“ဟယ်...” “ဘုရား... ဘုရား” ကြည့်ရသူအားလုံး၏ရင်ထဲမှာ မီးတောက်ကြီးတစ်ခု လှမ်းလှမ်း ဟပ်တာ ကို ခံရသလို ပူပူရှရှ ဖြစ်လာရ၏။ မတ်တတ်ထရပ်သူတွေက ရပ်၍ နောက်မှလူ တွေက ထိုင်ခိုင်းကြရပြန်သည်။ တီးလုံးက မြန်လာ၏။ ဂျူနို၏ကကွက်ကလည်း မြန်လာသည်။ ရေအောက်ကမ္ဘာကကွက်၏ (သူမ ဖြတ်တောက်ထားသော) အစိပ် အပိုင်းများကို ပြန်လည် တွဲဆက်ပြ နေခြင်းဖြစ်၏။ သူမ၏ ခြေထောက်မှ ဘီးကလေးက တရွှီးရွှီမြည်၍ ပြေးလွှားနေ သည်။ ပုံဖျက်ထားသည့် ကဟန်ခြေလှမ်းများဖြင့် အလင်းစက်ကလေးကို လိုက်အ ဖမ်း....။ တစ်ချီမှာ... "ရွှီး..." “အို...” “ဟာ...” မြားတံက သူမ၏ အင်္ကျီလက်ကို ဖောက်ထွက်သွားသည်။ ဂျူနို က က ကွက်ကို ကျော်ဖောက်ပြီး အလင်းစက်ကလေးကို လှမ်းကောက် သောကြောင့် ဖြစ်သည်။ စက်ရုပ်ကြီးတစ်ရုပ်၏ လေးကိုင်းက ဖြတ်ခနဲ ရုန်းဖောက်တက်ပြီး၊ သူ့ မြားတံက ဂျူနို့အင်္ကျီစကို ဖြတ်ဖောက်ထွက်သွား ခြင်းဖြစ်သည်။
သို့သော် ဂျူနိုက အမှုထားပုံမပေါ် တီးလုံးတီးကွက်က မြန်သည် ထက် မြန်လာ၏။ ဂျူနို၏ ကကြိုးကကွက်ကလည်း ပေါ့ပါးသည်ထက် ပေါ့ပါးလာ၏။ တစ်ရိပ်ရိပ် တစ်လွှားလွှား လျင်မြန်စွာ လှပစွာ ဖောက်ခွဲ ကျော့ရှင်းစွာ. . . ။ “အို..." ကြည့်သူအားလုံး ခြေမကိုင်မိ လက်မကိုင်မိ ရင်ထဲမှာ တစ်နင့် တစ်ပိုး ခံစားရ။ မျက်လုံးလွှဲရန် မျက်တောင်ခတ်ရန်ကိုလည်း သတိမရ။ ပြင်းရှစွာ။ လူ့ ယဉ်ကျေးမှု၏ အနုပညာ အလင်းရသကို သူတို့အားလုံး အထွေးထွေး အမြို့မြို့ တွေ့ထိ နင့်သီးနေရ. . . ။ “ဂျူနိုရယ်” ဖော်မယ်ဟော့၏ ညည်းတွားသံကို အိုဗာရွန်ကြားလိုက်ရ၏။ သူမ ၏ လက်ကို အိုဗာရွန်က တစ်ချက်ဖြစ်ညှစ်လိုက်သည်။ “ဖော်မယ်” “ဟင်” “ဂျူ.. ဂျူနို...” “အင်း” အိုဗာရွန်က သူမ၏စကားကို ရှေ့မဆက်နိုင်ပါ။ သို့သော်လည်း ဆက်ကြား ရခြင်းမရှိသည့် ထိုစကားများကိုပင် ဖော်မယ်ဟော့က ရင်ဘတ် နှင့် နားလည်ခဲ့ ပါသည်။
“ရွှီး...” “ဟာ...” “အလာလာ. ” တီးလုံးက ကပိုကရိုနိုင်လာသည်နှင့်အမျှ ကကွက်ကလည်း ကပို ကရိုနိုင် လာသည်။ မြားချက်များက ဂျူနို၏ ဝတ်ရုံကို တရွှီးရွှီး ထိုးဖောက် နေကြ၏။ ကံကောင်းထောက်မစွာပင် (သို့မဟုတ်) လှပပိရိစွာပင် ဂျူနိုက ထိုမြားတံများကို ကျော်လွှား ဖြတ်သန်းနေနိုင်၏။ ရင်သပ်ရှုမောစွာ အားလုံးက အသက်ရှုဖို့ကို မေ့ မျောပြီး ကကွက်ထဲ စီးဝင်မျောပါနေဆဲ။ တီးလုံးသံ ရပ်တန့်သွားသည်။ စက်ရုပ်ကြီးများ၏ အလယ်မှာ ဂျူနို က ပရိသတ်ကို လက်ပြနှုတ်ဆက်လိုက်ပြီ။ စက်ရုပ်ကြီးများက လက်လျော့ အရှုံးပေး သည့်သဘောနှင့် လေးနှင့်မြားကို ပစ်ချကာ လက်ကြီးများကို မြှောက်ပေးထား လိုက်ကြသည်။ ကကွက်ပြီးဆုံးသွားပါပြီ။ “ ဟေး...” “ဂျူနိုကွ... ဂျူနီ” အိုဗာရွန် ငိုချလိုက်သည်။ ရင်ထဲမှာ.... ။ (၂၉)
နောက်နေ့ နံနက်ပိုင်း သတင်းစာများမှာ ဂျူနို၏ ကပွဲအကြောင်း တစီတ ရီ ပါဝင်လာသည်။ “ဂျူနို၏ အောင်ပွဲ၊ “လေးကြိုးများကို ခုတ်ဖြတ် ခြင်း” “မြား ပစ်သောလက်တို့ ကျိုးအက်ချိန်” စသော ခေါင်းစီးစာလုံးများ က မမြင်ချင်၍မ ရအောင် အထင်အရှား ပါဝင်လာကြသည်။ ထိုသတင်းစာများကို စေ့ငှဖတ်ရှုရင်း ဂျူနို့ရင်ထဲမှာ ကြည်နူးမှု အငွေ့အသက်တွေ ပျံ့သင်းနေသည်။ သတင်းစာတစ်နေရာမှာတော့ “သိပ္ပံ အနုပညာ' အမည်ရှိ ကျမ်းကြီးကို ပြုစုခဲ့သူ ပါမောက္ခတစ်ဦးက “လူသား ကချေသည် ဂျူနိုယန္တရားများကို အမှန်တကယ် ကျော်လွန်ခဲ့ပြီလော” ဟူသော ခေါင်းစီးဖြင့် ဂျူနို့ကပွဲကို အကျယ်တဝင့် ဆွေးနွေးသုံးသပ်ထား သည်။ ပညာရှင်ဆန်ဆန် သဘောတရားရေးရာဘက်မှ ဆွေးနွေးသုံးသပ် ထား ခြင်းဖြစ်၍ ဂျူနို အသေအချာဖတ်ရသည်။ ဆောင်းပါး၏ လိုရင်း အချက်ကတော့ “ပြတ်သားသောအဖြေ မရှိသေး” ဟူ၍ ဖြစ်လေသည်။ စောင့်ကြည့်ရမည်တဲ့။ ဂျူနို သက်ပြင်းတစ်ချက်နှင့်အတူ ထိုင်ရာမှ ထ၏။ နံနက်စာ စားရန် ပြင်ဆင်နေဆဲမှာ ရုပ်မြင်သံကြားမှ သူမတို့နှင့်ပတ်သက်သော အင်တာဗျူးအမေး အဖြေများကို ကြားလိုက်ရပြန်သည်။ တွေ့ဆုံမေးမြန်းနေသူက ပါဗိုဖြစ်၏။ သာမန်ပြည်သူများကို ရှာ ရှာဖွေဖွေ လိုက်မေးနေခြင်း ဖြစ်သည်။ အားကစားသမားတစ်ဦးကို သူမ မေးမြန်းနေ၏။ “မောင်လေးက ဘာအားကစားကို လိုက်စားတာပါလဲ” “တောင်တက်”
“အနုပညာရော ဝါသနာမပါဘူးလား” တောင်တက်သမားလေးက ရယ်၏။ “ကိုယ့်ဘာသာတော့ ဘာမှမလုပ်တတ်ပါဘူး၊ ပရိသတ်လုပ်ဖို့တော့ ဝါသနာပါပါတယ်” “အခု မီးအိမ်ထွန်းပွဲတော် ကျင်းပတော့မယ်နော်၊ လူသားကချေ သည် ဂျူ နိုနဲ့ စက်ရုပ်ကချေသည် လိုင်ရာတို့ တွဲကရမယ်၊ မနေ့ကမှ ပြီးသွားတဲ့ အနုပညာ ပွဲတော်မှာလဲ ဂျူနိုက ပရိသတ်အားလုံးကို ရင်သပ် ရှုမောဖြစ်အောင် ကပြသွား တယ်၊ မောင်လေးအမြင်ကို ပြောပါဦးကွယ်၊ မမသိချင်တာတစ်ခု မေးချင်တယ်” “ဟုတ်ကဲ့ မေးပါ၊ ဘာများလဲ” “ဒီလိုလေ၊ မီးအိမ်ထွန်းပွဲတော်မှာ ကကြတဲ့အခါ နိုနဲ့လိုင်ရာတို့ ကွာဟမှု အတော်ရှိနိုင်သလား၊ လူတွေက ဘယ်သူကတာကို ပိုကြိုက်မယ် ထင်သလဲ” “အင်း... ဟို” ခဏစဉ်းစားနေသေးသည်။ စကားလုံးတွေ တောင်တက်နေရပြီ ထင်သည်။ ပြီးမှ... “လိုင်ရာကတာကို ပိုကြိုက်ကြမယ်လို့ ထင်တယ်” “ဟုတ်ပြီ၊ ဘာကြောင့်လဲ” “ဟိုလေ... သိပ္ပံပညာရဲ့ သဘာဝက အစတစ်ခုကို ဆွဲထုတ်နိုင် လိုက်ပြီဆို ရင် နောက်ထပ်လဲ အများကြီးကို ဆက်တိုက် ဖော်ထုတ်နိုင် တယ်၊ လိုင်ရာရဲ့ အခု
ကကွက်တွေကတောင် အတော်ကောင်းနေတယ်။ အခု အနေအထားမှာ ဂျူနိုနဲ့ မတိမ်းမယိမ်းဖြစ်နေပေမယ့် မီးအိမ်ထွန်း ပွဲတော်မှာ အဆင့်ခုန် မတက်သွားဘူး လို့ မပြောနိုင်ဘူး၊ အဲဒါကြောင့်ပါ” “ဟုတ်ကဲ့၊ ကျေးဇူးပါပဲ” နောက်ထပ် ပါဗို မေးမြန်းသူက ပန်းချီဆရာမတစ်ဦးဖြစ်၏။ “ဆရာမကို ကျွန်မ တစ်ခုမေးချင်ပါတယ်၊ ခုနက တောင်တက် သမား လေးကို မေးတဲ့မေးခွန်းပါပဲ၊ အဲဒီမေးခွန်းကို ဆရာမဆိုရင် ဘယ်လို ဖြေမလဲ” ပန်းချီဆရာမက မျက်တောင်တဖျတ်ဖျတ်ခတ်သည်။ ခပ်တိုးတိုး လေသံ ဖြင့်... ။ “ကျွန်မကတော့...” “ဟုတ်ကဲ့၊ ပြော... ဆရာမ” “ဂျူနို... ဂျူနို့ကို ပိုအကြိုက်တွေ့ကြလိမ့်မယ်လို့ ထင်တယ်” ပါဗိုက သူမ၏ဆံပင်ကို သပ်တင်လိုက်ကာ... “ဟုတ်ကဲ့ ဆရာမ၊ ဘာကြောင့်လဲဆိုတာကို ပြောပါဦး” “ဪ... ဒီလိုပါ” “ဟုတ်ကဲ့”
“လိုင်ရာ့မှာက ခံစားချက်မရှိဘူးလေ၊ ပရိသတ်နဲ့ ခံစားချက် ကူးစက်နိုင် စွမ်း သူ့မှာ မရှိဘူး၊ ဂျူနို့မှာက ရှိတယ်၊ အခုတောင် သူ့ခံစား ချက်ဟာ ပရိသတ် အချို့ရဲ့ ခံစားချက်အဖြစ်ကို ရောက်နေပြီ၊ မီးအိမ်ထွန်း ပွဲတော်ကလဲ ဝေးမှ မဝေး တော့ဘဲ၊ ရက်ပိုင်းပဲ လိုတော့တဲ့ဟာ” “ကျေးဇူးပါပဲ ဆရာမ” “ဂျူနိုက ရုပ်မြင်သံကြားကို လိုင်းပြောင်းလိုက်သည်။ နောက်ထပ် ပြောင်း လိုက်သော လိုင်းတွင်လည်း သူမနှင့် လိုင်ရာ့ ကိစ္စကိုပင် သတင်း စာသမားများက တွေ့ဆုံမေးမြန်းနေကြခြင်းဖြစ်သည်။ “ဒီကိစ္စကို ဆရာကြီး ဘယ်လိုမြင်ပါသလဲ၊ ဂျူနိုနဲ့လိုင်ရာကတော့ ဒီ ရက်ပိုင်းအတွင်းမှာပဲ ကကြရတော့မှာပါ၊ နှစ်သစ်အတွက် အလင်းမီး အိမ်ကို ဂျူနို က ထွန်းနိုင်မှာလား၊ လိုင်ရာက ထွန်းနိုင်မှာလား၊ ဆရာကြီး ရဲ့ပညာနဲ့ ပြောပြပေး စေလိုပါတယ်” ဂျူနို မျက်လုံးဝိုင်းသွားသည်။ “အို...” အာမေဍိတ်သံက နှုတ်မှ လွှတ်ခနဲ ထွက်သွား၏။ စိတ်ကို ငြိမ် အောင် ထိန်းထားပြီး ရုပ်မြင်သံကြားကို တစူးမတ်မတ် ကြည့်နေလိုက်၏။ ဝတ်ကျောင်းတော်မှ ရှေ့ဖြစ်ဖတ်ဆရာကြီးဖြစ်၏။ ဝတ်ကျောင်း တော်မှ ခရီးထွက်သွားသည်မှာ ဘယ်ဆီရောက်နေမှန်းပင် မသိ။ ယခု ဟိမဝန္တာတောင်ခြေ တစ်နေရာမှာ သတင်းထောက်တစ်ဦးက သူ့ကို မေး မြန်းနေခြင်းဖြစ်၏။
ရှေ့ဖြစ်ဖတ်ဆရာကြီးက အတန်ကြာသည်အထိ မည်သည့်စကား ကိုမျှ မ ဖြေဘဲ ငြိမ်သက်နေသည်။ သတင်းထောက်ကလည်း စိတ်ရှည် လက်ရှည် စောင့် နေသည်။ ဂျူနိုလည်း ဆရာကြီးနှုတ်မှ ထွက်လာမည့် စကားကို စောင့်ဆိုင်း နား ဆင်နေရင်း ရင်ထဲမှာ မောလာသည်။ အတန်ကြာမှ ဆရာကြီးက... “ထူးခြားပါလိမ့်မယ်” သတင်းထောက်က... “ဘာထူးခြားမှာလဲ ဆရာကြီး” “လူ့သမိုင်းမှာ မကြုံဘူးလောက်အောင် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ကို အဲဒီ ညမှာ အားလုံးမြင်တွေ့ကြရပါလိမ့်မယ်” သတင်းထောက်က မရိုးမရွ ဖြစ်သွား၏။ ဆရာကြီးကို မျက်တောင် မခတ် ကြည့်ကာ အလောတကြီး ထပ်မေး၏။ “အဲဒီစကားကို နည်းနည်း ထပ်ရှင်းပြပါဦး ဆရာကြီး” ဆရာကြီးက မျက်လုံးမှိတ်သွားသည်။ သတင်းထောက်ကလည်း ဤ အတိုင်းပင် စောင့်နေသည်။ အတန်ကြာမှ ဆရာကြီး၏ မျက်လုံးအစုံ ပြန်ပွင့်လာ သည်။ သတင်းထောက်ကို စိုက်ကြည့်ကာ... “ကြယ်ကြွေတာကို မင်းမြင်ဖူးသလား” “ဟုတ်ကဲ့ မြင်ဖူးပါတယ်”
“ဘယ်လိုကြွေသလဲ” “ဟို...” သတင်းထောက် အဖြေရခက်နေသည်။ (သူကသာ သူများကို မေးတတ် ပြီး သူများက ပြန်မေးတော့ မဖြေတတ်ဖြစ်နေသည်။) ဆရာကြီးက.. “ကြယ်ကြွေတာကို မင်း မြင်ဖူးတယ်၊ ကောင်းကင်ကနေ မြေပြင် ဆီ ကြွေ တယ်လို့ မင်း မြင်ဖူးတာမျိုး မဟုတ်လား” သတင်းထောက်က ခေါင်းညိတ်သည်။ “ဟုတ်ကဲ့၊ ဟုတ်ပါတယ်” “အေး... အဲဒီညမှာတော့ မြေပြင်မှာရှိတဲ့ ကြယ်တစ်ပွင့်က ကောင်းကင်ဆီ တက်သွားတာကို မင်းတို့ ငါတို့အားလုံး မြင်ရလိမ့်မယ်၊ လူ့ရာဇဝင်မှာ ကြယ် ပြောင်းပြန်ကြွေတာကို မမြင်စဖူး မြင်ကြရလိမ့်မယ်” စကားအဆုံးမှာ ဆရာကြီး၏ မျက်လုံးအစုံ ပြန်မှိတ်သွား၏။ ဘာ စကား ကိုမှလည်း ထပ်မပြောတော့။ ဂျူနိုလည်း မျက်လုံးအစုံကို မှိတ်ပစ် လိုက်လေ သည်။ ဆံနွယ်မျှင်များကို သိမ်းတင်ရင်း ဦးခေါင်းကို လှန်မော့ ထားလိုက်သည်။ အာရုံထဲမှာ... ကိုယ့်ကိုယ်ကို နဂါးခံတွင်းထဲ ဆင်းရတော့မည့် ဓါးလွတ်ကိုင် သူရဲ ကောင်းတစ်ဦးလို ခံစားနေရသည်။
(၃၀) မည်သို့ပင်ဖြစ်စေ ဟိုင်ပို့ရှေ့မှောက်သို့ရောက်သည့်အခါတိုင်းမှာ သူမ၏စိတ်တို့ ကြည်လင်ချမ်းမြေ့ရသည်ကတော့ အမှန်ပင်ဖြစ်လေသည်။ လေက တဖြူးဖြူးတိုက်ခတ်နေ၏။ ဆံနွယ်မျှင်များက ဂျူနို၏ ပါး ပြင်သို့ တဖျတ်ဖျတ်ပြန်ရိုက်နေသည်။ သူမနှင့် ဟိုင်ပိုတို့ လေစီး အတိမ်း အယိမ်းများ ကြားမှာ အေးချမ်းစွာ ရပ်နေမိကြသည်။ “ဟိုမှာကြည့်စမ်း” ဟိုင်ပိုညွှန်ပြသည်က စိမ်းမြသော သစ်တစ်ပင်။ သူမက နားမလည်သေးသလို ဟိုင်ပို့ကို ငေးကြည့်နေမိသည်။ ဟိုင်ပိုက သူမကို မကြည့်။ သစ်ပင်ကိုသာ ကြည့်ရင်း တိုးတိုးဆက်ပြော၏။ “အဲဒီသစ်ပင်ဟာ သစ်ရွက်တွေ ထွက်လာတယ်၊ ပန်းတွေ ပွင့် တယ်၊ သစ်သီးတွေ သီးတယ်၊ နောက်တော့ သစ်ရွက်တွေကြွေတယ်၊ ဟော... နောက် တော့ ရွက်သစ်တွေ ထွက်လာပြန်ရော” ဟိုင်ပို၏စကားကို နားထောင်နေရသည်က အဝေးကြီးဆီမှ ငြိမ့်စီး ပျံ့လွင့် လာသော ဂီတသံကို နားစွင့်ထောင်နေရသလို ရှိလှ၏။ “အခုခေတ်ကို သိပ္ပံလွန်ခေတ်လို့ ပြောကြတယ်၊ ကျုပ်မှာ နာရီ မရှိဘူး၊ ဒါ ပေမယ့် အဲဒီသစ်ပင်ဟာ ကျုပ်အတွက် နာရီပေါ့၊ ဘယ်ရာသီ ဘယ်ကာလ ရောက်
နေပြီဆိုတာ သူ့ကိုကြည့်ပြီး ကျုပ်သိတယ်၊ သူ့ဘဝတော့ ဒီလိုဖြစ်နေပြီ၊ ငါ့ဘဝက ရော ဘယ်လိုလဲ၊ သူ့မှာ အချိန်ဘယ် လောက်ရှိသေးလဲ၊ ငါ့မှာရော အချိန် ဘယ်လောက်ရှိဦးမလဲ” စကားအဆုံးမှာ ဟိုင်ပိုရယ်သည် ဟုထင်ရသည်။ သူမကတော့ ဟိုင်ပို့ကို သာ ငေးကြည့်နေမိသည်။ သူမမေးချင်နေသော စကားတစ်ခွန်း ကို မမေးလိုက်ရ ဘဲ ဟိုင်ပိုက သူ့အလိုလို ဖြေပေးသွား၏။ “အချိန်ကာလကို နာရီမှာကြည့်တဲ့သူတွေနဲ့ သစ်ပင်မှာကြည့်တဲ့ သူတွေ ကွာဟချက်တော့ ရှိကြမှာပဲ။ မင်းဟာ ကချေသည် တစ်ယောက် နော်၊ သိပ္ပံ လောကထက် သဘာဝလောကကိုသာ မင်း ချဉ်းကပ်ပါ၊ မင်းအတွက် အချိန်ကို မင်းဘာသာ အလှပဆုံး ရှာယူပါ၊ နာရီဒိုင်ခွက်ထဲမှာ ကမယ့်အစား သစ်ပင်တွေ ကြားမှာ ကပါ၊ ရိုးသားမှုမှာ ပျော်တတ်ပါစေ” ဟိုင်ပို စကားရပ်သွား၏။ ဆက်ပြောဦးမည်ထင်သော်လည်း ဘာမှ မပြော တော့။ ဂျူနို့ရင်ထဲမှာ တစိမ့်စိမ့်ကြည်နူးသွားသည်။ သူမ ရင်ထဲမှ ပင် ဟိုင်ပိုကို ကျေးဇူးတင်စကား ဆိုမိ၏။ အများကြီး အားတက်ရွှင်လန်းရပါသည်။ မီးအိမ်ထွန်းပွဲတော် ကျင်းပမည့် ရက်ကလည်း တစ်ရိပ်ရိပ်နီးကပ်လာနေပြီ ဖြစ်၏။ အကလေ့ ကျင့်နေရင်းကပင် စိတ်တွေက ကသီကဝေဖြစ်ပြီး ဟိုင်ပို့ဆီ ထွက်လာခဲ့ ခြင်းဖြစ်သည်။ ထွက်လာခဲ့ရကျိုးနပ်ပါသည်။ ဟိုင်ပို့စကားကြောင့် သူမ၏နှလုံး သားကို “ကွယ်ထားသော အမှောင်ထုတို့ ပျယ်ကုန်ပြီ။ ဝတ်ကျောင်းတော် မှအပြန် လမ်းတွင် ခြေလှမ်းတွေ ရဲရင့်မာန်ချီနေကြ၏။
ကမည်။ ရိုးသားစွာကမည်။ သဘာဝတရားနှင့် အတူကမည်။ ဘယ်ရန်သူ တွေ ဘယ်လိုတားတား ကတတ်သော နှလုံးသားက သူမကို အရပ်ဒေသတစ်ခုဆီ ခေါ်ယူသွားလိမ့်မည်။ ကမည်။ စကားတော်ကို ကြားလော့။ ငါ ကမည်။ ငါ့အနားမှာ နေရာတစ်ခု ရှိသည်။ ထိုနေရာသည်... (၃၁) ငါ့ကိုတော့ ခွင့်တောင်းသင့်ပါတယ် ငါ့နှာခေါင်းပေါ်တက်ပြီး ဘယ်သူလာအသက်ရှူနေတာလဲ... ။ မင်းကသာ ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင် မင်းလက်ထဲကပြောင်းကို ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ။ ငါက...
တွေ့နေကျ၊ မြင်နေကျ၊ ရိုးရိုးလူမျိုးပေါ့ ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ် အရမ်းလာပစ်ပေါက်ရင်တော့ ကြောက်တတ်တဲ့ကောင်မျိုး...။ ဆောင်းတစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်... ။ ငါက... သာမညလူ၊ ငါက... ယေဘုယျလူ ဆပ်ပြာပူဖောင်းလို အရေခွံတစ်ထပ်ခွါလိုက်ရင်ပဲ အထဲမှာ ဘာမှကျန်မှာမဟုတ်တဲ့လူ...။ ဘယ်သူကမှ မသိဘူးဆိုရင်တောင် ငါ့ကိုယ်ငါတော့ သိတာပေါ့ သိပ်ကို သိတာပေါ့ကွယ်. . . ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကဗျာကလေးတစ်ပုဒ်ဖြစ်သည်။ ကဗျာ လေး၏ အမည်က “ယေဘုယျဝိညာဉ်” တဲ့။ ခေတ်အဆက်ဆက်မှ လူသား အဆက်ဆက်တို့သည် ဘဝအမောမှာ ရုန်းကန်ဖြတ်သန်းရင်း ခံစားချက်တွေ ခံယူ ချက်တွေ မျိုးစုံရှိခဲ့ကြလိမ့်မယ်။ စားပွဲပေါ်တွင် ရောက်နေပြီဖြစ်သော စားသောက်ဖွယ်ရာများကို တို့က နန်း ဆိတ်ကနန်း မြည်းစမ်းစားနေလိုက်သည်။ စားသောက်ဆိုင်ကြီး တစ်ခု အတွင်းမှာ ဂျူနိုရောက်ရှိနေခြင်းဖြစ်၏။ သူမကို သူမမှန်း မသိအောင် ဆိုင် ထောင့်၏ အရိပ်အကာရှိသော စားပွဲတစ်လုံးမှာ တမင်တကာ ရွေးထိုင်ထားသည်။ ဘယ်ရယ်တော့ မဟုတ်ပါ။ ပျင်းပျင်းရှိသဖြင့်၊ ထို့အပြင် အကလေ့ ကျင့်ရ တာ စိတ်ပင်ပန်း လူပင်ပန်းရှိနေသဖြင့် ထွက်လာခြင်းဖြစ်သည်။ သူမကို မည်သူမှ သတိမထားမိချေ။ အိမ်နေရင်း ဝတ်စုံဖြင့် လူစည်ကားသောလမ်းမမှာ တစ်ယောက်တည်း ခေါင်းငုံ့လျှောက်နေသော မိန်း ကလေးကို “ဂျူနို” ဟု မည်သူ ကမှ မထင်မှတ်ကြချေ။ ထိုသို့ဖြင့်ပင် ဤဆိုင်အတွင်းသို့ သူမရောက်ရှိလာခြင်း ဖြစ်၏။ တစ်ဦး တည်း လွတ်လပ်စွာ ဟိုဟိုသည်သည် တွေးနေမိခိုက်... "ဂျူနို" နံဘေးမှ ထွက်ပေါ်လာသည့် ခေါ်သံအုပ်အုပ်ကြောင့် ဂျူနို လန့် သွား သည်။ စိတ်အနှောက်အယှက်လည်း ဖြစ်သွားသည်။ မော့ကြည့်လိုက်တော့ အသက်လေးဆယ်ကျော် လူတစ်ယောက်ကို တွေ့ရ၏။ ထိုလူက သူမကို ပြုံးရယ် နှုတ်ဆက်နေသည်။ “တစ်ယောက်တည်းလား၊ ဖော်မယ်တော့်တို့ မပါဘူးလား”
“ဟုတ်ကဲ့၊ တစ်ယောက်တည်းပါပဲ” “ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်” “ဟုတ်... ဟုတ်ကဲ့... ဟို...” ဂျူနို ဇဝေဇဝါ ဖြစ်နေမိသည်။ တစ်နေရာရာမှာ မြင်ခဲ့ဖူးသလို ရှိသည်။ သူ့ ကို သေချာစွာ မမှတ်မိ။ ထိုသူကလည်း သူမ၏ အခြေအနေ ကို ရိပ်မိပုံရသည်။ ရယ်ရယ်မောမောဖြင့်ပင်...၊ “ထိုင်... ထိုင်၊ တစ်ယောက်တည်း အေးအေးဆေးဆေးထိုင်နေ တာ ကျွန် တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားဦးမယ်” သူဘာသာသူ မှောင်ရိပ်ကျသော နောက်ဘက်ပိုင်းတစ်ဝိုင်းဆီသို့ ဆက် လျှောက်သွားသည်။ ခဏအကြာတွင်မှ ဂျူနို သူ့ကို ပြန်မှတ်မိလိုက် သည်။ အိပ်မက်ပွဲတော်မှာ (လိုင်ရာကအပြီး သူမကရန် နေရာမှအထွက် တွင်) လာရောက်နှုတ်ဆက်သွားသူဖြစ်၏။ “လိုင်ရာကို နိုင်အောင်ကပါ” ဟု အသံ တုန်တုန်ဖြင့် လာရောက်အားပေးသွားဖူးသူ ဖြစ်သည်။ ထိုစဉ် က သူစွပ်ထားသော ဝက်ဝံမျက်နှာဖုံးကို ချွတ်ပြကာ နှုတ်ဆက်အားပေး သွားခြင်းဖြစ်၍ မြင်ဖူးလိုက် ခြင်းဖြစ်သည်။ လွန်သွားပြီးမှ အားတောင့်အားနာ ဖြစ်နေမိသည်။ ထိုအခြေအနေ ထို အချိန်အခါတုန်းက လှိုက်လှိုက်လှဲလှဲရှိလှသော သူ့အားပေးမှုသည် သူမ အတွက် အထောက်အပံ့ဖြစ်ခဲ့ဖူးပါသည်။ အပြင်သို့ လှမ်းကြည့်မိသည်။ လမ်းမပေါ်မှာ လူသွားလူလာများ စည်ကား နေ၏။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကူးတော့မည်ဖြစ်သောကြောင့် ဘာရယ်
မဟုတ်ဘဲ လူတွေ ပျော်ရွှင်နေကြသည်။ ကလေးသူငယ် များကလည်း လက်ထဲမှာ ကစားစရာ ကိုယ်စီကိုင်လျက် ခုန်ပေါက်မြူးတူး လျက်။ ညနေစောင်းနေပြီဖြစ်သည်။ ညနေရောင်ရင့်ရင့်သည် ညကို တွန်း ဖွင့်လှ ပြီ။ “ကျေးဇူးပြုပြီး နားဆင်ပါရှင်” စားသောက်ဆိုင်ကြီး၏ ရုပ်မြင်သံကြား ဖန်သားပြင်ထဲမှ စကား တစ်ခွန်း ကို ကြားလိုက်ရ၏။ “အားလုံး မင်္ဂလာပါ၊ လာမယ့် ကိုးရက်အတွင်းမှာ နှစ်ဟောင်းကုန် ဆုံးပါ တော့မယ်၊ နှစ်သစ်ကိုရောက်ပါတော့မယ်၊ မီးအိမ်ထွန်းပွဲတော် ကျင်း ပမယ့် ကပွဲ အစီအစဉ်လည်း ထုတ်ပြန် ထွက်ရှိလာပါပြီ၊ လူ့သမိုင်းရဲ့ အထူးခြားဆုံး ကချေသည်ဖြစ်လာမယ့် လိုင်ရာဟာ အစီအစဉ် (၆)မှာ ကပြရမှာ ဖြစ်ပါတယ်၊ အားလုံး မင်္ဂလာပါရှင်၊ ယခု အော်ဖီယန် သိပ္ပံ သုတေသနအဖွဲ့က မေတ္တာလက်ဆောင်ပေးပို့တဲ့ ကကြိုးကကွက်တစ်ခုကို ရှုမြင်ရပါလိမ့်မယ်၊ ကမယ့် သူက လိုင်ရာပါ၊ ကကြိုးရဲ့ နာမည်က “စစ်တု ရင်ကျေးရွာ”တဲ့” ဂျူနို လက်ချောင်းလေးများကို တစ်ဖြောက်ဖြောက်ချိုးရင်း ဖန်သား ပြင် ပေါ် ငေးကြည့်နေမိသည်။ ဂီတတီးလုံးက ပျံ့လွင့်လာနေပြီ။ လိုင်ရာက ပေါ်ထွက်မလာသေး။ ဖန် သားပြင်ပေါ်မှာ မြူမှုန်မိုးနှင်းတွေ လွင့်ဝဲနေတာကို မြင်ရသည်။ ကျေး ရွာတစ် ရွာ၏ အမိုးခုံးများကိုလည်း ဝေးလံသောနေရာဆီမှလိုလို ဝိုးတဝါး မြင်နေရသည်။
နှင်းတွေက လွင့်မျောနေဆဲ။ ဂီတသံက တဖြည်းဖြည်း တိုးရာမှ ကျယ် လာသည်။ နှင်းတွေကြားထဲမှာ ကချေသည်တစ်ယောက်၏ ပုံ သဏ္ဌာန်ကို ဝါးဝါး ပါးပါးမြင်လာရသည်။ တဖြည်းဖြည်း ပီပြင်လာသည်။ မျက်လုံးစိမ်းစိမ်းများ။ လှပသော်လည်း အသက်မဲ့သည့် မျက်လုံးစိမ်းစိမ်းများ။ ထို့နောက် မြင် တွေ့လာရသည်က ယန္တရားကချေသည် လိုင်ရာ။ နှင်းမြူကြားမှာ ဆံ မျှင်တို့ လွင့် ဖွာနေသည်။ လိုင်ရာက ရှေးခေတ်ဘုရင်မတစ်ပါးအသွင် လှပစွာ ဝတ်ဆင်ထား သည်။ နောက်ခံ ဂီတသံထဲမှာ မြင်းခွါသံများ၊ စစ်ချီခရာသံများ၊ ရောစွက် ပါဝင်လာ၏။ ကြည့်နေရင်းမှ ထင်ရှားသည်ထက် ထင်ရှားလာသည်။ လိုင်ရာ ရပ်နေသည့် မြို့တော်ရင်ပြင်က စစ်တုရင်ကွက်များ ဖော်ထား၏။ လိုင်ရာ။ ညက်ညောသိမ်မွေ့စွာ စတင် ရွေ့လျားသည်။ ခြေဖျားအကြွနှင့် ဆံနွယ် မျှင်တို့၏ လွင့်ဝဲမှုမှာပင်လျှင် ဆန်းကြယ်သော ဟာမိုနီသဘောတို့ သက်ဝင် နေသည်။ တေးဂီတသံက ပိုမို မြူးကြွလာ၏။ လိုင်ရာ၏ အက ကလည်း အသက်ဝင် မြန်ဆန်လာသည်။ သွယ်နွဲ့ သည်နှင့်အမျှ ထက် မြက်တောက်ပသော ကကွက်များ။ စစ်တုရင်ကွက်တွေပေါ်မှာ ပျံသန်းပြေးလွှားရင်း ကနေခြင်းဖြစ် သည်။ နှင်းတွေကလည်း ပြိုလိုက်၊ ပျယ်လိုက်၊ လိုင်ရာ ပြေးလွှားရောက် ရှိနေသော စစ်တုရင်ကွက်များပေါ်မှ မြင်းများ၊ ရထားများ၊ ရဲတိုက်များ ကလည်း ပေါ်လာ လိုက်၊ ပျောက်သွားလိုက်။
သူတို့အကြားမှာ လိုင်ရာက ပြေးထွက်လိုက်၊ ရှောင်ပုန်းလိုက်၊ မမြင်ချင် ယောင်ဆောင်လိုက်၊ သူတို့နှင့်အတူ တွဲကလိုက်၊ သူတို့ကို ပျံသန်း ကျော်လွန်သွား လိုက်။ “အို...” “လှတယ်နော်၊ အရမ်းပဲ” “အတော်ကောင်းတဲ့ ကကွက်ပါလား” စားသောက်ဆိုင်တွင်းမှာ တီးတိုးချီးကျူးသံများ ထွက်ပေါ်နေ သည်။ စားပွဲအသီးသီးမှ လူများအားလုံး မျက်လုံးမလွှဲဘဲ ကြည့်နေမိကြသည်။ ဂျူနို လည်း လိုင်ရာ၏ ကကြိုးကဟန်များကို ကြည့်နေရင်းက စိတ် မှာမျောနေသည်။ ဖန်သားပြင်ပေါ်မှာ နှင်းတွေ ထူထပ်စွာကျလာပြန်သည်။ လိုင်ရာ ကို မပီ ဝိုးတဝါးသာ မြင်ရတော့ပြန်၏။ နောက်ဆုံး အားလုံးကို ပြန်ကြည့် နေသည့် မျက်လုံးစိမ်းစိမ်းနှစ်လုံးကိုသာ မြင်ရတော့၏။ ထိုမျက်လုံးအစုံ ကလည်း နီးရာမှ ဝေးသွားသည်။ ဂီတသံ ရပ်တန့်သွားပြီ။ “မီးအိမ်ထွန်းပွဲတော်မှာ ပြန်ဆုံကြမယ်” ထိုစာတန်းကလေးနှင့်အတူ ကကွက်ပြီးဆုံးသွား၏။ “ဟင်း” သက်ပြင်းချသံတချို့ ထွက်ပေါ်လာသည်။ “ပြီးသွားပြီနော်၊ ကြည့်လို့တောင် မဝသေးဘူး”
ဂျူနို အရှေ့တူရှုကို ငေးနေမိ၏။ သို့သော်လည်း မျက်လုံးထဲမှာ လိုင်ရော့ ကကွက် ကဟန်များမှလွဲ၍ အခြား ဘာကိုမျှမမြင်။ အသိစိတ်တွေ ကလည်း ရီရီ ဝေဝေ။ “ဟင်း...” သက်ပြင်းသဲ့သဲ့ ချမိ၏။ ခေါင်းကို ငုံ့ထားလိုက်မိသည်။ ဤသို့ပင်... တိတ်ဆိတ်ငြိမ်သက်နေမိခိုက်... “ဂျူနို” ခေါ်သံကြား၍ အသက်မဲ့စွာ မော့ကြည့်လိုက်သည်။ စောစောက လာ နှုတ်ဆက်သွားသောလူပဲဖြစ်၏။ “ဪ...” ဂျူနို ပြုံးပြနိုင်ရန် ကြိုးစားလိုက်သည်။ “ကျွန်တော့်ကို ထိုင်ခွင့်ပြုပါနော်၊ စကားနည်းနည်းလောက် ပြောချင်လို့” “ဟုတ်” စိတ်မပါ လက်မပါနှင့် ခေါင်းညိတ်ပြလိုက်၏။ ထိုလူက သူမနှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်သည်။ ကြည်လင်သော မျက်နှာသွင်ပြင်ရှိ သူဖြစ်၏။ နှစ်လိုဖွယ်ရာ ပြုံးပြရင်း သူ့ကိုယ်သူ မိတ်ဆက်သည်။ “ကျွန်တော့်နာမည် ဗော်ယာပါ”
“ရှင်...” သူမရင်တွေ ဒိတ်ခနဲ ခုန်သွား၏။ ထိုသူက မသဲကွဲလိုက်ဟု ထင် သဖြင့် ထပ်ပြောသည်။ “ကျွန်တော့်နာမည် ဗော်ယာပါ၊ ဒေါက်တာဗော်ယာပါ။”
ဇာတ်သိမ်းပိုင်း (၃၂) အမှောင်ရို့ရို့ ရှိနေပြီဖြစ်သော ညနေသည် တစ်မျိုးတစ်ဖုံ ရိုးရှင်း ရှင်းလင်းလှပနေ၏။ ဆိုင်အပြင်သို့ လှမ်းကြည့်သောအခါ ဖြူပြက်ပြက် မီးရောင် များပင်လျှင် ဟိုတစ်စ၊ သည်တစ်စ ထွန်းပွင့်နေကြပြီ။ ခံစားချက် များစွာနှင့် ပြော ကြားနေသည့် “ဗော်ယာ'၏ စကားတွေကို နားထောင်ရင်း ဂျူနို အသက်မဲ့သလို ဖြစ်နေသည်။ ဗော်ယာ့အသံကလည်း ဆွေးမြေ့ကြေကွဲလျက်။ “သိပ္ပံပညာဟာ ပုလင်းထဲက ယင်ကောင်နဲ့တူတယ်၊ ပုလင်းထဲမှာ ပဲ လှည့်ပတ် ပျံသန်းနေတယ်၊ သူဟာ ထွက်ပေါက်ကိုမရောက်ဘူး၊ အဲဒါကြောင့် လည်း ကမ္ဘာကြီးက ဓါတ်ပေါင်းဖိုကြီးနဲ့ တူပြီး လူသားတွေက အစမ်းသပ်ခံ ဓါတ် ဆေးပစ္စည်းတွေလို အထဲမှာ ပိတ်မိနေကြတာပေါ့”
စကားအဆုံးမှာ သက်ပြင်းပူ တစ်ခုကိုချ၏။ သူ့စကားကိုပဲ ဂျူနို ငြိမ်သက် နားထောင်နေလိုက်သည်။ မကြာမီအချိန်အတွင်းမှာ ထူးခြား မှု တစ်စုံတစ်ရာကို ကြုံဆုံရတော့မည်မှန်းလည်း ရင်ထဲက အလိုလိုသိနေသည်။ “ဟိုးမှာ ကြည့်စမ်း” သူ ညွှန်ပြသည်က ကောင်းကင်တစ်ဖက်ကမ်းမှ ညိုမှိုင်းသော နှင်းမြူ များ။ “အဲဒါ ကျွန်တော်တို့ မှုတ်ထုတ်ထားတဲ့ နှင်းမြူတွေပေါ့” “ရှင်” “ဪ- ဒီလိုလေ၊ အဲဒါတွေက သဘာဝမြူနှင်းတွေမှ မဟုတ်ဘဲ၊ မီးခိုးက ဖြစ်လာတဲ့ နှင်းတွေ၊ အဲဒါကြောင့် ကျွန်တော်တို့ မှုတ်ထုတ်ထား တဲ့ နှင်းတွေလို့ ပြောတာ၊ တကယ်တော့ သဘာဝလောကကြီး သေဆုံး ခဲ့တာ ကြာပြီဗျ” "...................." သူ့စကားတွေ နားထောင်ရတာ ဂျူနိုကိုယ်တိုင်လည်း ရီရီဝေဝေ ဖြစ်လာ သည်။ ဦးတည်ရာမဲ့ ရွေ့မျောနေသော လှေတစ်စင်းပေါ်မှာ မျှော် လင့်ခြင်းတွေနဲ့ မောလျနေရသူလို။ ထိုသို့ ခံစားနေရချိန်မှာပဲ ဗော်ယာက အမှတ်မထင် မေးလာ၏။ “ဒါနဲ့ မီးအိမ်ထွန်းပွဲတော်မှာ ခင်ဗျား ဘယ်လိုကမယ်လို့ ပြင်ဆင် ထား သလဲ ဂျူနို”
ဂျူနို ကြောင်အမ်းအမ်းဖြစ်သွားမိ၏။ ချက်ချင်းမှာ ဘာကိုပြန်ဖြေ ရမလဲ ပင် မသိ။ စကားဆွံ့အနေသည်။ ပင့်သက်တစ်ချက်ကို ခိုးရှိုက်ရင်း နှုတ်ခမ်းကို လည်း ကိုက်ထားလိုက်မိ၏။ ဗော်ယာက ဂျူနို့ကို အကဲခတ်သလို စိုက်ကြည့်နေ၏။ အတန်ကြာ သည် အထိ ဂျူနို့ ထံမှ စကားသံပြန်ထွက်မလာသောအခါ နားလည်မှုရှိ စွာ ခေါင်းညိတ်သည်။ ဂျူနို့ထံမှ အကြည့်လွှဲပြီး နံရံဆီ ငေးနေသည်။ နှစ်ယောက်တည်းရှိသော စကားဝိုင်းလေး ခေတ္တတိတ်ဆိတ်သွား လေ သည်။ ပြီးမှ ဗော်ယာက... "ဂျူနို" “ရှင်” “မင်းလက် ဒီဖက်ကမ်းစမ်း” “ဟုတ်” ဂျူနိုက လက်ကို ကမ်းပေးလိုက်သောအခါ သူက လက်ကောက် ဝတ် သွေးခုန်နှုန်းကို စမ်းနေ၏။ ခေါင်းတဆတ်ဆတ်ညိတ်သည်။ ပြီး... “ဂျူနို မင်းရဲ့ ဝင်သက်ထွက်သက်မှာ အအေးဓါတ်ကို ရှူရှိုက်ပြီး အပူဓါတ် ကို ပြန်ထုတ်လွှတ်တယ်လို့ သဘောထားပြီး အာရုံစိုက် အသက် ရှူကြည့်စမ်း” “ဟုတ်”
သူပြောသလို ဂျူနို လုပ်လိုက်၏။ သူ့မျက်နှာကိုလည်း မျက်တောင် မခတ် စိုက်ကြည့်နေမိ၏။ “ဟုတ်ပြီ၊ ဟုတ်ပြီ” ဗော်ယာ့မျက်လုံးတွေက အရောင်တစ်လက်လက်တောက်လာ သည်။ “ဟုတ်ပြီ'ဟု တိုးတိုးရေရွတ်လိုက်သော သူ့အသံမှာလည်း စိတ်လှုပ် ရှားမှုတို့ ရိုက်ခတ်ပါဝင်နေသည်။ ဂျူနိုကတော့ ဘာမှ နားမလည်သေး။ ဗော်ယာက ဂျူ နို၏လက်ကို ပြန်လွှတ်ပေးလိုက်သည်။ သူ ဘာပြောမလဲဟု ဂျူနို စောင့်ကြည့်နေလိုက်သည်။ ဗော်ယာက စားပွဲ ပြင်ကို စိုက်ကြည့်နေသည်။ အသံထွက်မလာသော်လည်း နှုတ်ခမ်း က တ လှုပ်လှုပ် တရွရွ ဖြစ်နေသည်။ ပြီး သူ့ကုတ်အင်္ကျီထဲသို့ လက်နှိုက်၏။ လက်ပြန်အထုတ်မှာ ဓါတ်ပုံ အယ် လ်ဘမ်လေးတစ်ခုပါလာသည်။ ထို အယ်လ်ဘမ်လေးကို တဖျတ်ဖျတ်လှန်၏။ စားပွဲပေါ်မှာ ဂျူနို မြင်သာအောင်ပြသည်။ ဂျူနို စိတ်ဝင်တစား ကြည့်လိုက်၏။ ဗော်ယာက ဓါတ်ပုံတစ်ပုံပေါ် လက်ထောက်ပြ၏။ “ဒီကကွက်မျိုးကို မြင်ဖူးလား” ဂျူနို သေသေချာချာ ကြည့်သည်။ ရှေးဟောင်းရုပ်ပုံကားချပ် တစ်ခုကို ပြန်ရိုက်ထားသော ဓါတ်ပုံဖြစ်သည်။ ထူးဆန်းသော ကကွက် ကဟန်ကို တွေ့ရ သည်။ ကကွက်၏ အစဉ်အဆက် ဆောက်တည်မှုကို မသိနိုင်သော်လည်း ဤက ကွက် ဖြတ်ပိုင်းပုံလေးတစ်ခုကို မြင်ရရုံဖြင့် ဂျူနို မှန်းဆနိုင်ပါသည်။ “တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကဟန်ပါလား”
ဗော်ယာက ဂျူနို့မျက်နှာကို စေ့စေ့ကြည့်ကာ ခေါင်းညိတ်ပြသည်။ “အရင်က မမြင်ဘူးဖူးပေါ့” “ဟုတ်ကဲ့ မမြင်ဘူးဖူး” ဗော်ယာက ခေါင်းကိုသာ တဆတ်ဆတ်ညိတ်လေသည်။ နောက် ထပ် ဓါတ်ပုံတစ်ပုံကို ထပ်ပြသည်။ သို့သော် ဂျူနိုက သူထပ်ပြသော ဓါတ်ပုံကို မကြည့် ဖြစ်သေး။ သိချင်တာကို အမောတကောပေးလိုက်သည်။ “နေပါဦး၊ ခုနက ကကွက်က ဘယ်က ကကွက်လဲပြောပါဦး” ဗော်ယာက ဘာမှမထူးခြားသော လေသံဖြင့်... “တိုရာဂျာ နတ်သမီးအတွက် ကကြတဲ့ ကကွက်လေ၊ မန်ဂီလူ အကပေါ့” ဂျူနို သွေးကြောတွေ ဖျဉ်းခနဲ ဖြစ်သွားသည်။ “အိုး... ကျွန်မ နာမည်ကြားဖူးပါတယ်၊ ခုမှသာမြင်ဖူးတာ” “အင်း... ဒီပုံကို ထပ်ကြည့်စမ်း” သူထောက်ပြလက်စပုံကို ပြန်ကြည့်ရသည်။ ဂျူနိုမျက်လုံး ဝိုင်းခနဲ ဖြစ် သွားသည်။ “ဟင်... ဒီ... ဒီ ကကွက်က” ဗော်ယာက ဂျူနို့မျက်လုံးထဲကို စိုက်ကြည့်ပြီး တည်ငြိမ်စူးရှစွာ မေးသည်။ “မြင်ဖူးလား” “ဟုတ်... ဟုတ်ကဲ့”
“အေး၊ အဲဒါက အီဂျစ်ဘုန်းကြီးတွေရဲ့ နက္ခတ်တာရာ ကကွက်ပဲ၊ လျှို့ဝှက် မှုတွေ အများကြီး စိမ့်ဝင်တည်ရှိနေတယ်လို့ သုတေသီတွေက သတ်မှတ်ထားကြ တဲ့ ကကွက်ပေါ့” “ဟုတ်” ဂျူနို့ရင်ထဲ တထိတ်ထိတ် ခုန်လာသည်။ ဗော်ယာဆက်ပြသော နောက် ဓါတ်ပုံတစ်ပုံကို ကြည့်ပြီးတော့လည်း ခေါင်းညိတ်လိုက်ပြန်သည်။ စိတ်လှုပ်ရှား စွာ... “အင်း၊ အဲဒီ ကကွက်ကိုလဲ မြင်ဖူးတယ်” “ဘယ်မှာ မြင်ဖူးတာလဲ”ဟု ဗော်ယာက တစ်ခွန်းမမေး၊ ခေါင်းကို သာ ညိတ်မြဲညိတ်ရင်း... “အဲဒါက တိဘက်ဘုန်းကြီးတွေရဲ့ ကကွက်တစ်ခုပေါ့၊ ကကွက်နာမည်က “ဦးထုပ်မဆောင်းထားတဲ့ နာနာဘာဝ”လို့ခေါ်တယ်” ထို့နောက်... နောက်ထပ်ပြသည့် ဓါတ်ပုံများ။ “ဟို...ဟို” “ဘာလဲ၊ အခုဟာတွေကိုရော မြင်ဖူးလား၊ ဒါတွေကို ခုချိန်မှာ မြင်ဖူးဖို့ မ ပြောနဲ့ ကြားဖူးတဲ့သူတောင် မရှိသလောက်ရှားပြီ”
“ဟုတ်လား၊ ဒါပေမယ့် ကျွန်မ မြင်ဖူးတယ်၊ သေသေချာချာကို မြင်ဖူး တယ်” ဗော်ယာ့မျက်လုံးများက ပို၍ စူးရှတောက်ပြောင်လာသည်။ “အဲဒီနေရာကို ထပ်သွားရင် ရမလား” “ဘာလဲ၊ အဲဒီကကွက်တွေ မြင်ဖူးတဲ့နေရာလား၊ ရတာပေါ့။ သိပ်ရ တာ ပေါ့” ဗော်ယာ့မျက်နှာမှာ အသိရခက်သည်နှင့်အမျှ တက်ကြွဟန်လည်း ရှိသော အပြုံးတစ်စ ပေါ်လာသည်။ “အင်း... မင်းဘယ်နေရာမှာ မြင်ဖူးမယ်ဆိုတာကို ကျုပ်သိပါ တယ်၊ ကဲ... မိန်းကလေး ဂျူနို” “ဟုတ်” ဂျူနိုက မျက်လုံးဝိုင်းများဖြင့် မော့ကြည့်နေဆဲမှာ ဗော်ယာက ဗြုန်း ခနဲ မတ်တတ်ထရပ်၏။ စားပွဲကို တိုက်မိပြီး ရေတကောင်းပင် ဖိတ်သွားသည်။ စားပွဲ ကြီး ရွှဲရွှဲစိုကာ ရေတွေ တသွင်သွင် စီးကျလာ၏။ သို့သော် နှစ်ယောက်သား ထို အဖြစ်ကို ဂရုမစိုက်အား။ ဗော်ယာက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း... ။ “ဂျူနို မင်းဟာ အင်မတန် သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက် ဆိုတာ ငါ သိပါတယ်၊ စက်ရုပ်ကချေသည် လိုင်ရာကို ကျော်လွှားနိုင်မယ့် ထက်မြက်မှုမျိုး ရှိ တယ်ဆိုတာလဲ အပြည့်အဝ ယုံကြည်ပါတယ်၊ တစ်ခု တော့ရှိတယ်”
စကားကို ခေတ္တရပ်၏။ ဂျူနိုက ဖြတ်မမေး။ ဗော်ယာမျက်နှာကို သာ လိုက်ကြည့်နေသည်။ သူမ၏လက်ချောင်းလေးများကိုလည်း အချင်း ချင်း ဆုပ်နယ်နေမိသည်။ “လိုင်ရာ့ကို ကျော်လွှားနိုင်ဖို့ဆိုတာ မလွယ်တော့ မလွယ်ဘူး၊ ကျုပ် အသိ ဆုံးပဲ၊ သူ့ကို ကျော်လွှားနိုင်ဖို့ဆိုတာ တစ်နည်းပဲရှိတယ်” စားပွဲပေါ်မှာ မှောက်လဲနေပြီး ရေတသွင်သွင်စီးကျနေသည့် တကောင်းကို ဂျူနို စိတ်မရှည်စွာ ဆွဲလွှင့်ပစ်လိုက်၏။ “ခွမ်း” ဆိုင်ထဲမှလူများ အားလုံး လှည့်ကြည့်ကြသည်။ သူမကို နိုမှန်း သတိပြုမိပုံ တော့ မပေါ်ကြ။ သူမတို့နှစ်ယောက်ကလည်း မည်သူ့ကိုမှ အရေးမထား။ ဂျူနို က... “ဟုတ်... ဟုတ်ကဲ့၊ ဆက်ပြောပါဦး” ဗော်ယာက သက်ပြင်းရှည်ကြီး တစ်ခုကို ချသည်။ ပြောရန် ရည် ရွယ်ချက် ရှိပြီးဖြစ်သော်လည်း ချီတုံချတုံ ဖြစ်နေဟန်လည်း ပေါ်၏။ ခေါင်း ကိုလည်း မသိမသာရမ်းခါသည်။ ထို့နောက်မှာ ခေါင်းကို ဆတ်ခနဲမော့ ပြီး .. “ကျုပ် ပြောပြမယ်၊ သေသေချာချာ နားထောင်” ဂျူနိုကလည်း မတ်တတ်ထရပ်၏။ အချိန်အခါမဟုတ်ဘဲ လေပြင်း ကျ လာသည်။ “ဒိန်း... ဒလိန်း... ဂျိမ်း”
ကောင်းကင်မှာ မိုးတွေလည်း ခြိမ်းလာသည်။ ဗော်ယာ့မျက်နှာကို စိုက် ကြည့်ရင်း ဂျူနို၏ မျက်လုံးကလေးများ အရောင်ဖြာလက်နေသည်။ (၃၃) “ဝေါ်” လေတွေထန်နေသည်။ ကောင်းကင်မှာလည်း တိမ်တွေ ဒလိမ့် ကောက် ကွေး လွင့်ကုန်ကြ၏။ လျှပ်စီးတဖျပ်ဖျပ်လက်သည်။ ကြောက် မက်ဖွယ်ရာ ကောင်းလှ၏။ ထိုအခြေအနေကြားထဲမှာ မိုးတွေကလည်း ခြိမ်းသေးသည်။ “ဒိန်း... ဂျိမ်း” မိုခြိမ်းသံနှင့် လျှပ်စီးကြောင်းများအောက်မှာပင် ဂျူနို အမောတ ကော ပြေးနေသည်။ ဇောကပ်နေသဖြင့် မောသည်ဟုလည်း မထင်မိ။ ပါးစပ်ဟ၍ အသက်ရှူရင်းက ခြေထောက်တို့၏ ပြေးနှုန်းကိုလည်း မလျော့ “ဂျုန်း... ဂျိမ်း” မိုးတွေခြိမ်းပြန်သည်။ အချိန်အခါမဟုတ်။ သို့သော် မိုးတွေခြိမ်း သည်။ ကောင်းကင်ဆီ မော့ကြည့်ရင်း နို ငိုချင်လာ၏။ ငိုကား မငိုမိ။
သို့သော် ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေသည်။ မိုးကြီးရွာ တော့ မည်။ အရှေ့မြို့ရိုးမှာ မိုးကြီးရွာတော့မည်။ ပြေး. . . ။ ဂျူနို ပြေးနေသည်။ တဝေါဝေါ တိုက်ခတ်နေသော လေပြင်းလေ ကြမ်း များထဲမှာ မိုးစက်မှုန်တွေများ ဝေ့မျောပါလာမလား။ ပြေးရင်းကပဲ လက်ကိုဖြန့် ရင်း ရော်ရမ်းဆုပ်ကိုင်မိသေး၏။ မိုးစက်၏ အထိအတွေ့ကို မခံစားရ။ သို့သော်... သူမပြေးနေသည်။ မမောနိုင် မပမ်းနိုင် ပြေးနေသည်။ ပြေးရင်း နှင့်လည်း ကြေကြေကွဲကွဲ သိနေသည်။ လှိုက်လှိုက်မောမော သိနေသည်။ မကြာမီမှာ ရွာ တော့မည်။ အရှေ့မြို့ရိုးမှာ မိုးကြီးရွာတော့မည်။ ခြေအစုံကို ရပ်လိုက်မိ၏။ တည်ငြိမ် တိတ်ဆိတ်နေသော ဝတ်ကျောင်း တော်ကြီး၏ ရှေ့မှောက်မှာ သူမတုန်ယင်လှုပ်ရှားခံစားလျက်.. ဝတ်ကျောင်းတော်ထဲသို့ တရွေ့ရွေ့ဝင်သွားလိုက်သည်။ ထို့နောက် သွင်သွင်စီးကျလာသော မျက်ရည်စက်များနှင့်အတူ အော်ခေါ်လိုက်၏။ “ဟိုင်ပို” (၃၄)
နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးရန်၊ သို့မဟုတ် မီးအိမ်ထွန်းပွဲ တော် ကျင်းပရန် သုံးရက်သာလိုတော့ချိန်မှာ ဖြစ်၏။ ဂျူနိုသည် ဟိုင်ပို သတ်မှတ်ပေးထားသည့် နေရာတွင် တင်ပျဉ် ခွေထိုင် နေ၏။ သူမ၏အနီးအပါးမှာ ဟိုင်ပိုမရှိပါ။ သူမ တစ်ဦးတည်း မလှုပ်မယှက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေစဉ်ဖြစ်၏။ မျက်လုံးအစုံကို မှိတ်ထားသည်။ သူမ၏ စိတ်အာရုံထဲမှာတော့ အရှိန်အဟုန်ကောင်းစွာ လူးလွန့်လောင်ကျွမ်းနေသော မီးတောက်တစ်ခု ကို မြင် နေရသည်။ မီးတောက်အတွင်းမှာ သူမရှိနေသည်။ သူမကိုယ်သူမ ပြန်မြင်နေ ရသည်။ သူမသည် မီးတောက်နှင့်အတူ ယိမ်းနွဲ့ လှုပ်ရှားရင်း ညက်ညော လှပစွာ က နေသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း မီးတောက်တစ်ခုကဲ့ သို့ပင် လင်းမြ ပျော့ပြောင်းနေလေသည်။ ထိုကဲ့သို့ ဂျူနို ကမ္မဋ္ဌာန်းထိုင်ပြီး လေ့ကျင့်နေချိန်မှာ အော်ဖီယန် သိပ္ပံ သုတေသနအဖွဲ့ သည်လည်း အသံမထွက်ဘဲ အလှုပ်ရှုပ်နေကြ၏။ အော်ဖီယန် သိပ္ပံသုတေသနအဖွဲ့၏ အပြင်လူ လုံးဝမဝင်ရသော သီးသန့် အဆောက်အဦးကြီးတစ်ခု အတွင်းမှာ ဖြစ်သည်။ အဖြူရောင်ဝတ် ရုံရှည်ကြီးများ ကို သန့်ပြန့်စွာ ဝတ်ဆင်ထားသည့် လူနှစ်ရာကျော်ခန့်က တိတ်ဆိတ်စွာ အလုပ် လုပ်နေကြသည်။ ထိုလူများအားလုံးသည် သိပ္ပံပညာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး မီးအိမ် ထွန်းပွဲတော်တွင် ကပြရမည့် လိုင်ရာ၏ ကကြိုး ကကွက်အတွက် တိကျစွာ တွက်ချက်လှုပ်ရှားနေကြခြင်းဖြစ်သည်။ လျှို့ဝှက်အခန်းငယ် ကလေးအတွင်းမှာ
ဆီးဖီးယတ်စ်ရှိနေသည်။ သူ့မျက်နှာကလည်း အပြုံး အရယ်မရှိ တည်ကြည် လေးနက်နေသည်။ “တီ... တီ” ဆီးဖီးယတ်စ်ထံမှ ထုတ်လွှင့်လိုက်သော အချက်ပေးသံကြောင့် အားလုံး သတိအနေအထား ဖြစ်သွားကြသည်။ ကပွဲခန်းမထဲမှာ ရှိနေ သော လိုင်ရာသည် လည်း မသိမသာ လှုပ်ရှားစ ပြုလာပြီဖြစ်၏။ လိုင်ရာ၏ ပတ်ပတ်လည်မှာ အရောင်တောက်သော နံရံများသာ ရှိသည်။ သိပ္ပံပညာရှင်များက သူတို့၏စက်ခလုတ်ခုံများတွင် အလုပ်ရှုပ် သွားကြသည်။ လိုင်ရာသည်လည်း ရပ်တံ့နေရာမှ ရွေ့လည်ညွတ်ကိုင်းလာသည်။ ကကြိုးကို ဦးတည်သည့် လှုပ်ရှားမှုဖြစ်သောကြောင့် သမားရိုးကျ မဆန် စွာ ထူးခြားလွန်းနေသည်။ သူမ၏ အားစိုက်လှုပ်ရှားမှု သက်သက်သာမဟုတ်။ နံရံများ၏ ဆွဲယူ လှုပ်ရှားစေမှုကလည်း ပေါင်းစပ်ပါဝင်နေသည်။ လိုင်ရာ၏ ကကွက် အစပျိုးပုံကို ကွန်ပျူတာဖန်သားပြင်ပေါ်မှ ကြည့်နေရင်း ဆီးဖီးယတ်စ်၏ မျက်နှာသည် ကျောက်သားတစ်ခုလို အသက်ကင်းမဲ့နေသည်။ နံရံများဆီမှ ဆွဲငင်သည့် သံလိုက်လှိုင်းများနှင့်အတူ လိုင်ရာ ကကွက်ပျိုး နေခြင်းဖြစ်သည်။ သွေးအေးစွာ စောင့်ကြည့်ရင်း ဆီးဖီးယတ်စ် ၏ မျက်လုံးထဲမှာ ဂုဏ်ယူဝင့်ဝါသည့် အရိပ်တို့ ဖြတ်ပြေးနေသည်။ ထိုအချိန်မှာ...
ဂျူနိုသည် ကမ္မဋ္ဌာန်းထိုင်ရာမှ ထ,၏။ ခန်းမကြီးအလယ်သို့ လျှောက်သွား သည်။ ခန်းမ ပတ်ပတ်လည်မှာ ကနေသော အရုပ်များကို လှည့်ပတ်ကြည့်၏။ အရိုအသေပြု၏။ သူမသည်လည်း တည်ငြိမ်လွန်းနေသည်။ ထို့နောက် မျက်လုံး အစုံကို မှိတ်လိုက်၏။ ကကွက်တစ်ခုကို ဖော် လိုက်သည်။ မျက်စိကို စုံမှိတ်ထားပြီး ကခြင်းဖြစ်၏။ မယုံနိုင်လောက်အောင် ပျော့ပျောင်းလွန်းသော ကကြိုးမျိုးဖြစ်သည်။ အကဟူသမျှသည် ဒြပ်တစ်ခု ၏ ယိမ်းနွဲ့ ခြင်းသဘောတွင် အခြေတည်ခြင်းဖြစ်၏။ ယခု ဂျူနို၏ ကကွက်က ဒြပ်မဲ့ သော ကကွက်အသွင် ဆောင်နေသည်။ ။ မည်သူကမျှမြင်ဖူးနိုင်ရန် မရှိသော ကဟန်ကကြိုး... ။ ။ ဂျူနိုကနေသည်။ သူမစိတ်အာရုံထဲတွင် ဘာကိုမှ မသိတော့။ အကထဲမှာ နစ်မျောလိုက်ပါသွားသည်။ နံရံပေါ်မှာ ကနေသော အရုပ် များသည် နို့ကို ငေး ကြည့်နေကြ၏။ ဂျူနို့စိတ်ထဲမှာ ထိုအရုပ်များသည် နံရံပေါ်မှ ခုန်ဆင်းလာကြ၏။ သူမနှင့်အတူ လိုက်ပါကခုန်ကြ၏။ က. . . ။ ကကြ... ။ ကမ္ဘာကြီးပွင့်ထွက်သွားအောင် ကမယ်။ စကြဝဠာကြီး ပွင့်ထွက်သွားအောင် ကမယ်။ ဂျူနို... တောက်ပ လင်းမြစွာ ကနေလေသည်။
(၃၅) ဖော်မယ်ဟော့ အဝေးသို့ ငေးနေ၏။ တောရိပ်တောင်ရိပ် စွန်းထင် နေ သော နေရာဒေသဖြစ်၍ ကြည်လင်လွတ်လပ်ဖွယ်ဟု ထင်ရသည်။ သို့သော် သူမ၏စိတ်တို့သည် မကြည်လင်။ သူမ၏အတွေးတို့သည် မလွတ်လပ်။ ဘာရယ်မဟုတ်ဘဲ အဝေးသို့ေပြီး မျက်တောင်တဖျပ်ဖျပ် ခတ် နေ မိသည်။ ရှေးဟောင်း ကျေးလက်တဲငယ်လေးအသွင်ရှိသည့် လက်ဖက်ရည် တဲ လေးတစ်လုံးထဲမှာ သူမ ထိုင်နေခြင်းဖြစ်သည်။ မလှမ်းမကမ်းမှာ စမ်းချောင်းငယ် လေးတစ်ခုရှိ၏။ စမ်းချောင်းငယ်လေးကတော့ သွင်သွင်အေး မြစွာ စီးဆင်း နေသည်။ စမ်းချောင်းနံဘေးမှာလည်း သူမ၏ တပည့်မ ကလေးများ အုပ်စုလိုက် ရှိနေကြသည်။ နက်ဖြန်ခါဆိုရင် နှစ်သစ်ကူးတော့မည်။ နက်ဖြန်ခါမှာ မီးအိမ်ထွန်း ပွဲတော် ကျင်းပတော့မည်။ ဤယနေ့မှာ သူမတို့ သင်တန်းမရှိ။ သူမ သည် လည်းကောင်း၊ သူမ၏တပည့် ကချေသည်မလေးများသည်လည်း ကောင်း၊ ဤ စမ်းချောင်းလေးဆီ ထွက်လာခဲ့ကြသည်။ ဂျူနို့အတွက် ဆုတောင်းပွဲလုပ်ရန် ထွက်လာကြခြင်းဖြစ်သည်။ နက်ဖြန်ခါ မှ စက်ရုပ်ကချေသည် လိုင်ရာနှင့် အပြိုင်ကရမည့် လူသား ကချေသည်မလေး ဂျူ နိုအတွက် စမ်းချောင်းထဲမှာ ပန်းပွင့်များမျှောကာ သူမတို့ ဆုတောင်းပေးခဲ့ကြ သည်။
ယခု လက်ဖက်ရည်တဲလေးထဲမှာ သူမလာရောက်ထိုင်နေသည့် တိုင်အောင် တပည့်မလေးများက ပန်းပွင့်များနှင့်အတူ စမ်းချောင်းမှာ ဆုတောင်း လျက်ရှိကြဆဲ။ အချို့က မျက်စိစုံမှိတ်လျက်၊ အချို့က လက် နှစ်ဖက်ကို ဆန့် မြှောက်လျက်၊ အချို့က ဦးခေါင်းကို ငါ့ညွတ်လျက်။ သွင်ပြင်အမူအရာတို့ မည်သို့ပင် ကွဲပြားစေကာမူ သူမတို့၏ ရင် ထဲမှာ ဆုတောင်းစကားကမူ တစ်ထပ်တည်း။ “ဂျူနို အောင်မြင်ပါစေ” ဖော်မယ်ဟော့ တိတ်ဆိတ်စွာ ထိုင်နေဆဲမှာပဲ လက်ဖက်ရည်တဲ လေးထဲ သို့ အဘိုးအိုတစ်ဦး ဝင်ရောက်လာသည်။ ခံ့ညားသော ဥပဓိ၊ နီ စပ်စပ်မျက်နှာ၊ ထူထဲအားကောင်းသော မျက်ခုံးဖြူကြီးတို့ကြောင့် မြင်ဖူး သလိုထင်မိ၏။ ထို့နောက်မှာမှ ထိုအဘိုးအိုသည် သိပ္ပံပညာရှင်ကြီး “ယမ် ဆမ် ́ ဖြစ်ကြောင်း မှတ်မိလိုက်၏။ သူမနှင့် သိကျွမ်းခြင်းမရှိပါ။ ထို့ကြောင့် ခေါ်ပြောနှုတ်ဆက်မှုကို လည်းမ လုပ်မိ။ ယမ်ဆမ်က မျက်မှောင်ကြီးကြုတ်ကာ ပန်းမျှောဆုတောင်း ပွဲလုပ်နေ သည့် ကချေသည်မလေးများကို ကြည့်၏။ ဖော်မယ်ဟော့၏ ဘေးစားပွဲတွင် ဝင်ထိုင်ကာ... “ဟိုကောင်မလေးတွေ ဘာလုပ်နေတာလဲ” ဖော်မယ်တော့်ကို လှမ်းမေးခြင်း ဖြစ်၏။ “ဆုတောင်းပွဲ လုပ်နေကြတာပါ”
ယမ်ဆမ်က မျက်မှောင်ကြီး ပိုကြုတ်သွားသည်။ “ဘာအတွက် ဆုတောင်းတာလဲ” “နက်ဖြန် မီးအိမ်ထွန်းပွဲတော်မှာ ကရမယ့် ဂျူနို့အတွက်ပေါ့” ယမ်ဆမ်က သဘောပေါက်သွားသလို မျက်နှာကိုမော့ပြီး ပြီး၏။ ပြီး တ ဟားဟား အော်ရယ်သည်။ “ဘာကို ဆုတောင်းတာလဲ၊ ဘဝကူးကောင်းအောင်လား” “ရှမ်” “နက်ဖြန်ခါ အဲဒီကောင်မလေးရဲ့ ကချေသည်ဘဝဟာ အဆုံး သတ်သွားရ တော့မှာပဲ၊ လိုင်ရာ့ကို သူဘယ်လိုမှ မကျော်လွှားနိုင်ဘူး၊ ဒါသေချာတယ်၊ မင်းတို့ လုပ်နေတာ ကောင်းပါတယ်၊ အခု သူ့အတွက် အသုဘချနေကြတာ မဟုတ်လား” “ဘာပြောတယ်” ဖော်မယ်ဟော့ ထောင်းခနဲ ဒေါသထွက်သွားသည်။ တံတွေးနင် မတတ် ဆက်ပြောလိုက်သည်။ “ဂျူနိုက လိုင်ရာ့ကို ဘာလို့ မကျော်နိုင်ရမှာလဲ၊ ဘာကိစ္စ သူ့ရဲ့ ကချေသည်ဘဝက အဆုံးသတ်ရမှာလဲ၊ ဒါ ဂျူနို့ကို အသုဘချနေတာ မဟုတ်ဘူး၊ ဂျူနို အောင်မြင်ဖို့အတွက် ဆုတောင်းယူနေကြတာ” “ဪ... ဪ” ယမ်ဆမ်က မဲ့ပြုံးပြီး အံ့ဩဟန်ပြ၏။ ပြီး...
“ဒီပန်းတွေကို ရေထဲမျှောပေးရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ် ဘူး၊ ဂျူ နိုကိုယ်တိုင် ရေထဲဆင်းပြေးရင်လဲ လွတ်မှာ မဟုတ်ဘူး၊ ဟား ဟား ဟား၊ မှတ်ထားကြဦး၊ ရှုံးနိမ့်မှုတွေကလည်း ရေကူးပြီး လိုက်လာတတ် တယ်ဆိုတာ” “အင်း... ဒီပန်းအိုးကလဲ လေထဲပျံပြီး ရောက်လာတတ်တယ်ရှင့်” စားပွဲပေါ်မှ ပန်းအိုးကလေးနှင့် ကောက်ထုပစ်လိုက်သည်။ "ဝုန်း" “အင့်” ယမ်ဆမ် ထိုင်နေရာခုံမှ နောက်ပြန်လဲကျသွားသည်။ ဖော်မယ် ဟော့ လက်ဖက်ရည်တဲလေးထဲမှ ထ,ထွက်လာခဲ့၏။ (၃၆) ည• • • ။ ပွဲတော်ည။ နှစ်ဟောင်းရဲ့ နောက်ဆုံးသန်းခေါင်ယံ နှစ်သစ်ရဲ့ ပထမဦးဆုံး မိုးသောက်ယံ။ အလင်းစီးကြောင်းတွေလည်း ပြိုက်ယိုဖိတ်လျှံ။
“မီးအိမ်ကို ဘယ်သူ ထွန်းမလဲ” ပိုစတာကြီးများက နေသည်။ အားလုံးကလည်း စိတ်ဝင်စားနေကြသည်။ အားလုံး မျှော်လင့်နေသည့်နေ့ရက်။ အားလုံး စိတ်စောနေသည့် အချိန်အခါ ရောက်ရှိလို့လာခဲ့ပြီ။ “မေမေ၊ ဟိုဆိုင်းဘုတ်ကြီးကို ကြည့်စမ်း” ကလေးငယ်တစ်ယောက်က မိခင်ကို ညွှန်ပြ၏။ ဆိုင်းဘုတ်မှာ ကာတွန်း ကြီးတစ်ကွက် ဆွဲထားသည်။ ဂျူနို၏ “ယန္တရားကို ကျော်လွန်ခြင်း” ကကွက်ကို ချီးကျူးရေးဆွဲထားသော ကာတွန်းဖြစ်သည်။ ထို့အပြင် စက် ရုပ်ကချေသည် လိုင် ရာနှင့် သိပ္ပံပညာရှင် ဆီးဖီးယတ်စ်ကို သရော်ထား သည့် ကာတွန်းလည်း ဖြစ်သည်။ ကာတွန်းထဲမှာ ဂျူနိုက လေးမြားတို့နှင့် နောက်မှလိုက်လံပစ်ခတ် နေပြီး လိုင်ရာနှင့် ဆီးဖီးယတ်စ်တို့က ရှေ့မှ အူယားဖားယား ပြေးထွက် နေရသည်။ မြား မှန်သည့်နေရာတွင်လည်း မှန်ထားသည်။ မိခင်က သားငယ်၏လက်ကို ဖြစ်ညှစ်လိုက်၏။ သားငယ်ကတော့ ဘာ ရယ်မသိ။ တခစ်ခစ်ရယ်နေသည်။ “မေမေ၊ ဟိုမှာလည်း နောက်တစ်ပုံ” နောက်ထပ် ကာတွန်းဆိုင်းဘုတ် တစ်ကွက်ကို ထပ်မြင်ရ၏။ ဤ ကာတွန်းကတော့ နို့ကို သရော်ထားခြင်းဖြစ်လေသည်။ ထောင့်ချိုးနေရာမှာ ဂျူနို ကမ္မဋ္ဌာန်းထိုင်နေပုံကို ရေးဆွဲထားသည်။ အလယ်မှာတော့ လူနှစ်ယောက် စကားပြောနေ၏။
“ထိုင်နေရင်းနဲ့ အလုပ်ဖြစ်သွားတာတော့ ကြက်မပဲရှိတယ်” လူသူ ပရိသတ်က များပြားထူထပ်လွန်းလှသည်။ စနစ်တကျ ခင်း ကျင်း ထားသည့် ဝင်လမ်း ထွက်လမ်း ပတ်လမ်းများကြောင့်သာ ဤမျှ သွား၍လာ၍ ရ နေခြင်းဖြစ်သည်။ ကပွဲခန်းမဆီမှ မြူးတူးပျော်ရွှင်ဖွယ်ရာ ဂီတသံများကိုလည်း ကြားနေရ၏။ ခန်းမထဲမှာ အပျိုး ကကွက်များကို အခြားကချေသည်များက ကပြ ဖျော်ဖြေနေကြပြီ။ သို့သော် အဓိက ကကွက်များကို ဖန်တီးကြမည့် နိုနှင့် လိုင်ရာ တို့က မိမိတို့၏ ခုံနေရာ အသီးသီးမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေကြဆဲ။ လိုင်ရာ၏ နံဘေးမှာ ဆီးဖီးယတ်စ်က ပြတ်သားတည်ငြိမ်သော မျက်နှာ ဖြင့် ထိုင်နေသည်။ သူတို့နှစ်ယောက်၏ နောက်ဘက်မှာလည်း ဆီးဖီးယတ်စ် ဖိတ်ကြားထားသည့် နာမည်ကျော် သိပ္ပံပညာရှင်များစွာက အထူးဧည့်သည်တော် များအဖြစ် ရောက်ရှိနေကြပြီ။ တစ်ဖက်မှာတော့ ဂျူနိုက သူမ၏ ထိုင်ခုံနောက်မှီကို မျက်လုံးအစုံ မှိတ် ထားပြီး မှီနေသည်။ မောလျနေသည်ဟု ယူဆဖွယ်ရာ ပုံပန်းသဏ္ဌာန် မျိုး ဖြစ်သည်။ အမှန်တော့ မဟုတ်။ နားထဲမှ နားကြပ်ငယ်ကလေးဖြင့် သူမအမေ၏ စကားသံများကို တိတ်ခွေမှတစ်ဆင့် နားထောင်နေခြင်းဖြစ် ၏။ သူမ၏မေမေ မ ကွယ်လွန်မီမှာ မှာကြားသွားသည့် စကားများ။ “သမီးရေ၊ တစ်ခါတစ်ခါ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်စမ်း၊ သမီး ခုလို ကနိုင်လာဖို့မပြောနဲ့၊ သမီးငယ်ငယ်က လမ်းလျှောက်တတ်ဖို့ ဆိုတာတောင် လွယ် လို့လား၊ မေမေ ထိန်းမပေးဘဲ လွှတ်ထားတဲ့အချိန် သမီး ကိုယ့်ဘာသာကိုယ် လမ်းစမ်းလျှောက်ကြည့်တဲ့ အရွယ်မှာ သမီးဟာ ခဏခဏ လဲတယ်၊ လဲတိုင်း လည်း ပြန်ထတယ်၊ ပြီး ပြန်ဆက်လျှောက် တယ်၊ နောက်ဆုံးမှာတော့ သမီးဟာ
လမ်းလျှောက်တတ်ရုံတင်မဟုတ်ဘူး လှလှပပ ကနိုင်တဲ့ ကချေသည်မလေးတစ် ယောက် ဖြစ်လာတယ်” “အဲဒါကို ပြန်စဉ်းစားစမ်း သမီး၊ သမီးဟာ လောကကြီးအကြောင်း ဘာမှ မသိခင်ကတည်းက ပညာဗဟုသုတတွေ ဘာမှ မစုံလင်ခင်က တည်းက လောက ကြီးကို အရှုံးမပေးခဲ့ဘူး၊ ခုလို အခြေအနေကျမှာ ဘာကို မှ အရှုံးပေးစရာ မလိုဘူး၊ ခုနစ်ခါ လဲကျမလား၊ လဲကျပစေ သမီး၊ ရှစ်ခါ ပြန်ထလိုက်ပါ” ဂျူနို နှုတ်ခမ်းများကို လျှာနှင့် သပ်လိုက်၏။ မျက်လုံးအစုံကို မှိတ် ထား သဖြင့် မှိတ်ထားသောမျက်လုံးတို့၏ အပြုံးကို မည်သူမျှ မြင်နိုင် လိမ့်မည် မဟုတ် ချေ။ ဂျူနို၏ ဘေးဘက်မှာ အိုဗာရွန်၊ ဖော်မယ်ဟော့နှင့် လင့်ခ်အဘိုး အိုတို့ ရှိ နေသည်။ သူတို့အားလုံး၏ နောက်ဘက်တန်းများမှာတော့ တစ် ကမ္ဘာလုံး ဆိုင်ရာ အကပညာရှင်များ၊ အနုပညာရှင်များက အထူးဖိတ်ကြား ခံရသော ဧည့်သည်တော်များအဖြစ် ရောက်ရှိနေသည်။ ဂျူနိုက နားထဲမှ နားကြပ်ကလေးကို ထုတ်လိုက်၏။ မျက်လုံးအစုံ ကို ဖွင့် လိုက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးထဲမှာ ဘာကိုမှ မမြင် နိုင်သေး။ ဟိုင် ပို၏ နောက်ဆုံးစကားသံကို ကြားယောင်နေသည်။ “မင်း ဒီကကွက် ကမယ်ဆိုတာကို ကျုပ် မကန့်ကွက်ပါဘူး၊ ဒါပေ မယ့် ထောက်လဲ မထောက်ခံဘူး၊ ကျုပ်ပြောနိုင်တာ တစ်ခွန်းပဲရှိတယ်” ထို့နောက် ဟိုင်ပိုက ဒူးညွတ်နှုတ်ဆက်နေသော သူမ၏ ဦးခေါင်း ပေါ်မှာ ညာလက်ကိုတင်ပြီး တိုးသဲ့သော်လည်း တည်ငြိမ်စွာဖြင့်...
“ငြိမ်းချမ်းပါစေ” ထိုအခိုက် အိုဗာရွန်၏ လက်တစ်ဖက်က ဂျူနို့လက်ကို ဖြစ်ညှစ် လိုက် သည်။ “ဂျူနို” “ဟင်” “အစီအစဉ် (၈)ရောက်ပြီ လိုင်ရာ ကရတော့မယ်” ဂျူနို ကပွဲစည်းဝိုင်းထဲ လှမ်းကြည့်လိုက်သည်။ လိုင်ရာ ဝင်မလာ သေး။ ပရိသတ်များဘက်သို့ တစ်ချက်ဝေ့ကြည့်ဖြစ်သည်။ ပရိသတ်အား လုံးက မျက်လုံး အပြူးသားဖြင့် လိုင်ရာ့ကို စောင့်ဆိုင်းနေကြသည်။ ပရိ သတ်ကြီးကိုယ်၌ပင်လျှင် စိတ်မောနေပုံရသည်။ မီးရောင်ပျပျကလေး မှိန်သွားသည်။ အိုဗာရွန်က ဂျူနို၏လက်ကို ဖြစ်ညှစ် လိုက်ပြန်၏။ ဂျူနို ခေါင်းညိတ်လိုက်သည်။ ဖော်မယ်ဟော့က... “သူ လာပြီ” (၃၇)
ဖြိုးပြက်သော်လည်း နူးညံ့ဟန်ရှိသည်။ မြူနှင်းအတုများက ကပွဲ စည်းဝိုင်းထဲမှာ လွင့်ပျံ မျောရွေ့နေသည်။ ထိုမြူနှင်းအတုများကြားမှာပဲ လိုင်ရာ ကို တွေ့လိုက်ရသည်။ “ဝေး” ပရိသတ်ကြီးက အုတ်အော်သောင်းနင်း အားပေးလိုက်ကြသည်။ လက်ခုပ် သံများသည် တော်တော်နှင့် မစဲ။ ထိုသို့ လက်ခုပ်တီးသူများထဲတွင် ဂျူနိုလည်း ပါဝင်သည်။ သတင်းထောက်များက ဓါတ်ပုံဝိုင်းရိုက် လိုက်ကြမှန်းကို ဂျူနို သတိထားမိသည်။ ဘာမှ မဖြစ်ပါ။ ဘာမှ ဖြစ်စရာ မလိုပါ။ အပြုံးနှင့်သာ လိုင်ရာ့ ကို ကြည့်နေလိုက်သည်။ “မင်္ဂလာပါ” လိုင်ရာ့ထံမှ ထွက်လာသော စကားသံမဟုတ်။ အကစင်မြင့်ပေါ် သို့ တက် လာသော ဆီးဖီးယတ်စ်က ပြောလိုက်ခြင်းဖြစ်သည်။ ဖော်မယ်ဟော့က... “အမြင်ကပ်တယ်၊ သူချည်း ဝင်ဝင်ပါနေတာပဲ၊ သူကိုယ်တိုင် ဝင် က လိုက်ပါတော့လား” အိုဗာရွန်က.. “လိုင်ရာနဲ့ သူနဲ့ တွဲကမှာထင်တယ်” သူမတို့၏စကားများကြောင့် ဂျူနိုမှာ ရယ်ရသေးတော့၏။ ဆီးဖီး ယတ်စ် က စင်ပေါ်မှ ဆက်ပြောသည်။
“မင်္ဂလာသန်းခေါင်းယံဖြစ်သလို၊ မင်္ဂလာမိုးသောက်ယံလဲ ဖြစ်ပါ တယ်၊ ဒီ လို အချိန်အခါမျိုးမှာ ဒီလိုနေရာကနေပြီး ကမ္ဘာသူ ကမ္ဘာသား အားလုံးကို အနုပညာနဲ့ ဖျော်ဖြေခွင့်ရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းမြောက်မိပါတယ်၊ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ ကျွန်တော်က အနု ပညာသမား မဟုတ်ပါဘူး၊ သိပ္ပံပညာရှင်ပါ” ဆီးဖီးယတ်စ်က ပရိသတ်အားလုံးကို အတန်ကြာအောင် ဝေ့ကြည့် လိုက် သေးသည်။ ပြီးမှ... “ဒါပေမယ့် တစ်ခုတော့ရှိပါတယ်၊ သိပ္ပံပညာနဲ့ အနုပညာဆိုတာ အမွှာ ညီအစ်ကိုတွေပါပဲ၊ ကမ္ဘာဦးလူသားတွေမှာ ရှိခဲ့ဖူးတဲ့ မှော်ပညာရဲ့ ဘက်နှစ်ဘက်ပါ ပဲ၊ ကမ္ဘာဦးမှော်ပညာ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ဘက် တစ်ဘက်က သိပ္ပံပညာ အဖြစ် ကြီးပြင်းပြီး အခြားဘက်တစ်ဘက်ကတော့ အနုပညာအဖြစ် ကြီးပြင်းလာ ပါတယ်၊ အခု ကျွန်တော်တို့ အော်ဖီယန် သိပ္ပံသုတေသနအဖွဲ့ ရဲ့ ယန္တရား ကချေသည် လိုင်ရာဟာ နှစ်သစ်ကို ကြို ဆိုရင်း အားလုံးသောကမ္ဘာသူ ကမ္ဘာသား တွေကိုလဲ ကကွက်တစ်ခုနဲ့ ဖျော်ဖြေပါ့မယ်၊ အဲဒီကကွက်ရဲ့ နာမည်ကို “စကြာဝဠာထဲက လမင်း”လို့ ပေးထားပါတယ်” ပရိသတ် ငြိမ်ကျသွားသည်။ “ရှုစားကြပါ” ပရိသတ်ကို ဦးညွတ်နှုတ်ဆက်ကာ ဆီးဖီးယတ်စ် စင်ပေါ်မှ ပြန် ဆင်း သွား၏။ မြူနှင်းအတုများကြားမှာ ဝိုးတဝါး မြင်နေရသော လိုင်ရာက ယခု ထက်တိုင် မလှုပ်ရှားသေး။ အားလုံးက ငေးကြည့်နေကြသည်။ တဖြည်းဖြည်းနှင့် မြူနှင်းအတုများ ပါးလျားသွားသည်။ သပ်ရပ်လှပသော ဂီတတေးသွားတစ်ခုက
လည်း ပေါ်ထွက်လာ၏။ အလင်းတန်းလဲ့လဲ့တစ်ခု က လိုင်ရာ့ဆီ ထိုးစိုက် ကျသည်။ အိုး လှလိုက်တဲ့ လိုင်ရာ။ “ဝေး” ပရိသတ်ကြီးက ဩဘာပေးလိုက်ကြပြန်သည်။ လိုင်ရာက လှပစွာ ဝတ်စားဆင်ယင်ထားသည်။ ထူးဆန်းစွာ ဝတ်စားဆင်ယင်ထားခြင်းဟု လည်း ဆို နိုင်သည်။ တခြားတစ်ပါးသော ဂြိုဟ်မှ မိန်းမပျိုတစ်ယောက် ကဲ့သို့ ဝတ်ဆင်ထား ခြင်းဖြစ်သည်။ ထိုဝတ်စားဆင်ယင်မှုသည် သိပ္ပံပညာကို ကိုယ်စားပြုထားခြင်း လော။ သူမ ကပြမည့် ကကွက်ကို ကိုယ်စားပြုထားခြင်းလော။ စဉ်းစား ဖွယ်ရာ ဖြစ် တော့သည်။ သို့သော် စဉ်းစားနေရာစရာ မလိုတော့။ အလင်းတန်းများ တလွှားလွှား ဖြတ်ပြေးလာသည်။ ဂီတတေးသွား က လည်း တစ်ဆင့် ခုန်တက်လိုက်သည်။ နံဘေးပတ်လည်မှ ကန့်လန့်ကာ အရန်အ တားများ ဖြတ်ခနဲ ပွင့်ထွက်သွားသည်။ “အိုး ခံ့ညားလှချည်လား” မင်သက်သွားကြရ၏။ မည်သို့မည်ပုံ ဖန်တီးထားသည်တော့ မသိ။ က ကွက်စည်းဝိုင်းကြီး တစ်ခုလုံးသည် နေစကြဝဠာ အဝန်းအဝိုင်းကြီး ဖြစ်သွား သည်။ လိုင်ရော့ပတ်ပတ်လည်မှာ နေ၊ ကမ္ဘာနှင့် အခြားသော ဂြိုဟ်များ လည်ပတ်ရွေ့လျားနေကြသည်။ လိုင်ရာကိုယ်တိုင်လည်း လည် ပတ်ရွေ့လျားပြီး လိုက်ပါနေသည်။
သူမကတော့ လမင်း။ ယိမ်းနွဲ့ လှုပ်ခတ်ရင်း လိုင်ရာက ကကွက်ကို စတင်လိုက်ပြီဖြစ်၏။ စက တည်းကကို ကကွက်က ဆန်းသစ်ထွေပြားလွန်းနေသည်။ “ဟင်... တစ်မျိုးပါလား” “လှတယ်ဟေ့၊ လှတယ်” ဂီတတေးသွားကလည်း ဆွဲဆောင်မှုရှိလှသည်။ နေ၊ လ၊ ကမ္ဘာ နှင့် ဂြိုဟ် တို့ အပြန်အလှန် ဆွဲငင်ရွေ့လျားနေကြသော ကဟန်ဖြစ်သည်။ အားလုံး မျက်တောင်မခတ်ဘဲ ငေးကြည့်နေဖြစ်ကြသည်။ သံလိုက် လှိုင်း များအတွင်းမှာ လိုင်ရာ ကခုန်နေခြင်းဖြစ်၏။ လေထဲမှာ လွင့်ရွေ့ ဝဲပျံရင်း လမင်း တစ်စင်းလို ကနေသည်။ ခြေ၊ လက်နှင့် ကိုယ်ခန္ဓာ အဆစ် အချိုးများကို ပညာ သားပါလှစွာ ထိန်းသိမ်းပြီး ကကြိုးဆင်သွားရခြင်း ဖြစ်၏။ “အိုး... အရမ်းကောင်းတာပဲနော်” “ဟင်” ပရိသတ်များ ကြက်သေသေသလို ဖြစ်နေကြရသည်။ သက်ပြင်း ချသံ အချို့ကသာ ဟိုနေရာ သည်နေရာမှ ပျံ့ကျဲထွက်ပေါ်နေကြ၏။ လိုင်ဈ၏နောက် ဘက်မှာလည်း ကြယ်တွေ တရွှီးရွှီး ထိုးကြွေနေသည်။ “ခြေတွေ၊ လက်တွေကမှ ကနေတာ မဟုတ်ဘူး၊ သူ့ဆံပင်တွေ ကလဲ က နေတာ၊ သေသေချာချာကြည့်စမ်း၊ ဟိုမှာ”
ဟုတ်တယ်။ နေစကြဝဠာထဲမှာ သူမနှင့်အတူ လွင့်ရွေ့ ဝဲပျံနေသော ဆံနွယ်မျှင်များကလည်း လှပသော အချိုးအဆစ်ဖြင့် ဝဲပျံနေခြင်း ဖြစ်သည်။ လှ သည်။ လှပါသည်။ ကြည့်၍ မငြီးနိုင်လောက်အောင် လှပါ သည်။ ဤကကွက် ကလေး ပြီးဆုံးသွားမည်ကို ရင်တထိတ်ထိတ်နှင့် စိုးရိမ် နေကြရသည်။ တစ်ချက်တစ်ချက်မှာ လိုင်ရာ့ထံမှ အလင်းဖြူဖြူများ ဖြာကျလာ သည်။ လမင်းက ကမ္ဘာမြေကို အလင်းပေးသည့်နှယ် ပြိုက်စီးကျလာသည် မျိုး ဖြစ်သည်။ “ ဒီလောက်ကောင်းတဲ့ ကကွက်မျိုး ဘယ်သူမြင်ဖူးသလဲ” ပရိသတ်ထဲမှ လူတစ်ယောက်က ပေါက်ပေါက်ကွဲကွဲထအော် သည်။ နောက်တစ်ယောက်ကလည်း... “ဟုတ်တယ်၊ ဒီလိုမျိုး ဘယ်သူကနိုင်မလဲ၊ ဟိုမှာကြည့်စမ်း၊ ဘယ် လောက်လှသလဲ” ဂျူးနို့နံဘေးမှ အိခနဲ ငိုရှိုက်သံတစ်ချက် ကြားရသည်။ အိုဗာရွန် ငိုရှိုက် လိုက်မိခြင်းဖြစ်သည်။ ဂျူနိုက သူမ၏ပခုံးကို လက်နှင့် တစ်ချက် ပုတ်လိုက်၏။ အိုဗာရွန်ကို အားပေးသလို ပြုံးပြလိုက်ပြီး ဖော်မယ်ဟော့ ကိုပါ... “ကဲ၊ သူ့ကကွက်က ပြီးလုနီးနေပြီ၊ ကိုယ်သွားတော့မယ်” “ဂျူနို” ဂျူနိုက သူမဆက်ကရမည့် အလှည့်အတွက် ကြိုတင်ထွက်မည် ဖြစ်သည်။ စင်မြင့်အနီးမှာ ရှိနေရတော့မည်။ အိုဗာရွန်နှင့် ဖော်မယ်ဟော့ က မျက်ရည်လွှမ်းသော မျက်လုံးများဖြင့် သူမကို ငေးကြည့်နေကြ၏။
တစ်ခုခုပြောချင်ပုံလည်း ရသည်။ သို့သော် ဘာပြောရမည်မှန်း လည်း မ သိကြ။ ဂျူနို့ကို အားပေးချင်သည်။ လိုင်ရာ့ကို ကျော်လွှားပစ် လိုက်စေချင်သည်။ သို့သော် လွယ်ပါ့မလား။ “ဂျူနိုရယ်” ဂျူနို့လက်ကို တင်းတင်းဆုပ်ပစ်လိုက်ရုံကလွဲ၍ သူမတို့ ဘာမှ မတတ်နိုင် ကြ။ လင့်ခ်အဘိုးအိုကသာ တည်ငြိမ်စွာ ဂျူနို့ခေါင်းကို တစ် ချက်ပုတ်၏။ “အေးအေး၊ သွားတော့သမီး” ဂျူနိုက ပြုံးနေသည်။ သူမ၏အပြုံးက အဓိပ္ပာယ်ဖတ်ရန် ခက်ခဲ လွန်းလှ သည်။ “ပြန်တော့ ဆုံကြတော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် သွားရတော့ မယ်၊ သွား ပြီနော်” ဂျူနိုထွက်သွား၏။ ဂျူနို့စကားကို သူတို့နားမလည်နိုင်ချေ။ စင်မြင့် ပေါ် အကြည့်ရွေ့သောအခါ လိုင်ရာက ကမ္ဘာမြေဆီ ဦးတည် ကခုန်နေ သည်။ ကမ္ဘာ မြေအတွက် ဆုတောင်းတေးသွားနှင့်အတူ သူမထံမှ နောက် ဆုံးအလင်းတန်းများ ကို လွှင့်လွှတ်ချလိုက်သည်။ ကမ္ဘာမြေကို လင်းချင်း စေလိုက်သော သူမ၏စွမ်းအင်ကြောင့် ကြယ်တွေအားလုံး တစ်ပြိုက်ပြိုက် ကြွေကျသွား၏။ နေ နှင့် ဂြိုဟ်များ၏ လည်ပတ်အားသည်လည်း ရပ်တံ့ သွားသည်။ သူမ၏ ကကွက် သည်လည်း တဖြည်းဖြည်း ရပ်တံ့သွား၏။ မြူနှင်းအတုများ ပြန်လည်ဆိုင်းမှိုင်း သွား၏။ ကန့်လန့်ကာများလည်း ဖျတ် ခနဲ ပြန်ပိတ်သွားကြပြီ။ လိုင်ရာ့ကို မမြင်ရ တော့။ ဂီတတေးသွားလည်း ရပ်တံ့ပြီ။ မြူနှင်းအတုများက အဖြူငွေ့များအဖြစ် ပြောင်းလဲပြီး ကောင်း ကင်ဆီ ထိုးတက်သွား၏။
ကကွက်စည်းဝိုင်းထဲမှာ လိုင်ရာမရှိတော့။ ကကွက်ပြီးဆုံးသွားပြီ။ ချက်ချင်းမှာတော့ အားလုံး တိတ်ဆိတ်နေကြ၏။ ထို့နောက်မှာမှ သြဘာ သံများ ပွင့်ထွက်သွားသည်။ “ ဟေး” “မီးအိမ်ထွန်းပါ၊ လိုင်ရာ မီးအိမ်ထွန်းပါ” အသံတို့က မစဲနိုင်အောင် ရှိသည်။ လိုင်ရာ၏ ဆန်းပြားမြင့်မား သော က ကွက်ကြောင့် ပရိသတ်အားလုံး ညှို့ချက်မိသလိုပင် ဖြစ်သွား သည်။ ဆီးဖီးယတ်စ် က ဂုဏ်ယူဝင့်ကြွားသော အပြုံးနှင့် လက်နှစ်ဖက် နောက်ပစ်ပြီး ရပ်နေသည်။ သတင်းထောက်များက သူ့ဆီသွားရန် အုံခဲ ကြိုးစားနေပြီး ပွဲတော်လုံခြုံရေးများ က ကြားက တားဆီးနေသည်။ ပရိသတ်ကို ဆီးဖီးယတ်စ်က လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်၏။ ပရိသတ် ကလည်း လက်တွေဝှေ့ယမ်းပြီး ပြန်လည် နှုတ်ဆက်ကြသည်။ “ ဟေး” အိုဗာရွန် ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။ (၃၈)
ပရိသတ်များ၏ ဩဘာသံတို့ မှိန်ပျော့ကျချိန်မှာ ပရိသတ်ထဲမှ လူတစ် ယောက်က ခုံပေါ် မတ်တတ်ထရပ်၏။ အားလုံး၏အာရုံက သူ့ အပေါ်သို့ ကျ ရောက်သွားသည်။ ထိုလူက အားလုံးကို လက်ကာပြသည်။ “လိုင်ရာက မီးအိမ်ထွန်းလို့မရပါဘူးခင်ဗျာ” အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထိုလူက ဆက် “ဘာဖြစ်လို့လဲဆိုတော့ ခုပဲ သူက လမင်းအဖြစ် ကပြသွားလို့ပါ။ လမင်း ဆိုတာ ကိုယ်ပိုင်အလင်းမှ မရှိဘဲ” "ဟေး" ပရိသတ်က ဝိုင်းအော်လိုက်ကြပြန်သည်။ “အဲလိုပဲ ခင်ဗျားတို့က အလကားနေ ဝိုင်းအော်မနေကြနဲ့၊ ခင်ဗျား တို့ ကတော့ သဘောကျလို့ အော်တာ၊ ဒါပေမယ့် ကပွဲကြည့်ရတာ အာရုံ ပျက်တယ်” "ဟေး" ပရိသတ်က အော်လိုက်ကြပြန်သည်။ “နှစ်သစ်ကိုကြိုဖို့ အခုပဲ မီးအိမ်ထွန်းရတော့မယ်၊ ခုထက်ထိ လိုင် ရာက လမင်းအဆင့်ပဲ ရှိသေးတယ်ဆိုရင် မဖြစ်သေးဘူး၊ ကျုပ်တို့ နေမင်း ကို ဆက်မျှော် ကြစို့၊ ကိစ္စမရှိပါဘူး၊ လမင်းက ဝင်သွားပြီဆိုတော့ နေမင်း ထွက်လာဖို့ပဲ ရှိတော့ တာပေါ့၊ ကဲ... အခုချိန်ကစပြီး နေမင်းကို ကြိုဆို လိုက်ကြရအောင်”
ထိုသို့ ပရိသတ်ကို တည်တည်တံ့တံ့ပြောပြီးမှ စင်မြင့်ဘက် ပြန် လှည့်ကာ “ဂျူနို ကပါတော့ါ”ဟုအော်ပြီး ပြန်ထိုင်သွားသည်။ ပရိသတ် က သဘောကျပြီး ကျန်ရစ်ခဲ့ကြသည်။ အစီအစဉ်ကြေညာသံ ထွက်လာသည်။ အစီအစဉ်ကြေညာသူက ဂျူနို့ကို ဖိတ်ခေါ်လိုက်သည်။ ပရိသတ်တွေကလည်း ငြိမ်သက်သွားပြီး မျှော်လင့်တကြီး ကကွက်စည်းဝိုင်းဆီ ငေးကြည့်နေကြသည်။ သို့သော်... စင်ပေါ်ကို တက်လာသူက နို မဟုတ်သေး။ ပါဗိုဖြစ်နေသည်။ ပါဗိုက ရိုး ရှင်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ ဤသို့ စင်ပေါ်တက် ပြီး စကားပြောရန် ပြင်ဆင်လာဟန်လည်း မရှိချေ။ စင်ပေါ်မှာ ခေတ္တ “အမ်း”နေသေး၏။ အမူအရာ လည်း အနည်းငယ် ပျက်နေသည့်နှယ်ရှိ သည်။ ပရိသတ်ကို ကြည့်နေသော သူ့ မျက်လုံးအစုံက ကြောင်စီစီဖြစ်နေ ၏။ ထို့နောက်မှ... “ဂျူနိုက သူ မ က ခင်မှာ ကျွန်မကို စကားအနည်းငယ်ပြောပေး ဖို့ အကူအညီတောင်းပါတယ်၊ ကျွန်မက ပရိသတ်ကို မိန့်ခွန်းပြောရမှာ မဟုတ်ပါဘူး၊ စောစောက ဒေါက်တာ ဆီးဖီးယတ်စ်လို “မင်္ဂလာပါ” လို့ လဲပြောရမှာ မဟုတ်ပါ ဘူး၊ ဂျူနိုပြောစေချင်တာလေးကို ပြောပေးရမှာပါ။ ဒီလိုပါ...” ပရိသတ်အားလုံး စိတ်ဝင်တစား ဖြစ်သွား၏။ တစ်စုံတစ်ခုသော အရိပ်အငွေ့ကို ခံစားလာရသလိုလည်း ရှိကြသည်။ ပါဗိုက ဆက်၍... “အခု ဂျူနို ကမယ့်ကကွက်က ထူးခြားမှု ရှိပါတယ်၊ အဲဒီကကွက် ကဖို့ အတွက် ဘယ်သူကမှ သူ့ကိုမတိုက်တွန်းခဲ့ပါဘူး၊ ဒါပေမယ့် သူ့ဘာ သာ ရှာဖွေ လေ့လာပြီး အခုလိုမျိုး ကပြနိုင်တဲ့ အဆင့်အထိရောက်ခဲ့ပါတယ်၊ ဒီကကွက်မှာ
လင့်ခ်အဘိုးအိုရဲ့ ဂီတသံစဉ် ဒုတိယပိုင်းနဲ့ တတိယ ပိုင်းကို အသုံးပြုသွားမှာ ဖြစ် ပါတယ်” “ဝေး” ပရိသတ်က ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြန်သည်။ လင့်ခ် အဘိုး အို၏ ဂီတသံပထမပိုင်းကို “ယန္တရားများကို ကျော်လွန်ခြင်း” ကကွက် ၌ သူတို့ ကြားသိတွေ့ကြုံခဲ့ကြပြီးဖြစ်သည်။ ဆန်းကြယ် နက်ရှိုင်းသည့် ဂီတသံစဉ်ဟု အားလုံးက အသိအမှတ်ပြုခဲ့ကြရသည်ပဲ ဖြစ်သည်။ ယခု ထိုတီးလုံး၏ ကျန်သောအဆင့်နှစ်ဆင့်ဖြင့် နို ကမည်ဆို၍ ရင် တလှပ်လှပ်ဖြစ်သည်အထိ ခံစားလာကြရ၏။ “ဂျူနိုက ကျွန်မကို အဓိကပြောခိုင်းလိုက်တဲ့ စကားတစ်ခွန်းရှိပါ တယ်၊ ကကွက်စည်းဝိုင်းထဲမှာ သူကနေတုန်း စည်းဝိုင်းထဲကို ဘယ်သူမှ ဝင်မလာစေချင် ဘူးဆိုတဲ့ အချက်ပါပဲ၊ ကကွက် အစကနေ အဆုံးအထိ စည်းဝိုင်းထဲမှာ သူ တစ်ယောက်တည်း ရှိချင်တယ်လို့ ပြောပါတယ်၊ တာဝန် ရှိတဲ့ လူကြီးတွေကိုလဲ အကြောင်းကြားထားပြီးပါပြီ၊ ဒါပေမယ့် ပရိသတ် အားလုံး သိစေချင်လို့ ထပ်ပြော ရတာပါ၊ ဒါပါပဲရှင်၊ ကျေးဇူးပါပဲ” ပါဗိုက ပြန်ဆင်းရန်ပြင်သည်။ သို့သော် ချက်ချင်းမဆင်းဖြစ်သေး ပဲ ပွဲတော်ခန်းမ၏ အလယ်ဗဟိုမှာ ချိတ်ဆိုင်းထားသော နှစ်သစ်ကူးမီး အိမ်ကို ငေး ကြည့်နေသေး၏။ သတိလက်လွတ် ဖြစ်နေပုံရသည်။ အကြည့် ကလည်း တစ်မျိုး ဖြစ်နေသည်။ ပြီး စင်ပေါ်မှ သူဆင်းသွားသည်။ ပရိသတ်သည်လည်း ရင်ထဲမှာ သို့လောသို့လောဖြစ်ကာ ကျန်ရစ်ခဲ့ကြ၏။ အချို့ကလည်း နဝေတိမ် တောင်နှင့်
မီးအိမ်ကြီးကို ဆက်ကြည့်နေကြ၏။ မီးအိမ်။ နှစ်သစ်ကူးမီးအိမ်။ မကြာမီမှာ အလင်းထွန်းညှိရတော့မည့် မီးအိမ်။ ကြိုးတပ်တူရိယာသံ တိုးတိုးကလေးနှင့်အတူ ကကွက်စည်းဝိုင်း အတွင်း သို့ နို ရောက်ရှိလာသည်။ ကျေးတောသူလေး တစ်ယောက်နှယ် ပင် ရိုးသား ကြည်လင်သော ဝတ်စုံကို ဝတ်ထားသည်။ ပရိသတ်ကို ဦး ညွတ်နှုတ်ဆက်လိုက် သည်။ “ဟေး၊ ဂျူနိုကွ” “ဂျူနို ကပါ” “ဂျူနို ကျုပ်တို့ ခင်ဗျားကို အားပေးနေတယ်၊ အလှဆုံး ကပြလိုက် စမ်းပါ” ပရိသတ်ထဲမှာ အသံတွေ ညံနေပါတော့သည်။ ဂျူနို၏ မျက်နှာက အေးချမ်းနေ၏။ ပရိသတ်ကို လက်ကာပြ၏။ အသံတွေ တိတ်ငြိမ်ကျသွား သည်။ ထိုအခါကျမှ ချစ်စဖွယ်အပြုံးနှင့်အတူ ဂျူနိုက ပြောသည်။ “ပျော်စရာကောင်းတဲ့ ညပါပဲ၊ ခုလို အားလုံးပျော်နေကြတာ တွေ့ တော့ ကျွန်မ စိတ်ချမ်းသာပါတယ်၊ အခု ကျွန်မ ကကွက်တစ်ခုနဲ့ ဖျော်ဖြေပါ့မယ်၊ က ကွက်နာမည်ကို “ရင်ထဲက အလင်းတစ်ပွင့်လို့ ပေးထားပါ တယ်၊ ဒီကကွက်ကို ကျွန်မ ကစဉ်မှာ ကျွန်မကို အနက်ရောင်တန်းတွေ ပဲ ထိုးပေးထားရမှာ ဖြစ်ပါ တယ်၊ တခြားမီးအလင်းရောင် လုံးဝမသုံးရပါ ဘူး၊ ပထမတော့ ကျွန်မက’တာကို
မြင်ကြရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် တဖြည်းဖြည်းတော့ မြင်လာရပါလိမ့်မယ်၊ ကျွန်မ တတ်စွမ်းသရွေ့ အကောင်းဆုံးဖြစ်အောင် ကပြဖျော်ဖြေသွားပါ့မယ်” စကားကိုရပ်လိုက်၏။ သူမ၏ လက်ထဲမှာ အစကတည်းက ကိုင် လာ သော အိတ်ပြားသေးသေးလေးတစ်ခုကို မြှောက်ပြပြီး... “ဒီ အိတ်ထဲမှာ ကျွန်မအမေရဲ့ ဓါတ်ပုံလေး ပါပါတယ်၊ အခု ကျွန်မကတာ ကို မေမေလည်း သိစေကြည့်စေချင်တဲ့အတွက်ကြောင့် ဒီ ဓါတ်ပုံလေးကို ဒီထောင့် နားလေးမှာ ထားခွင့်ပြုပါ၊ တမလွန်ကနေ သူလဲ ကြည့်ပါစေ” ဓါတ်ပုံအိတ်ကလေးကို ကကွက်စည်းဝိုင်းနှင့်ကပ်လျက် စားပွဲလေး ပေါ် မှာ တင်လိုက်သည်။ ရင်ဘတ်မှာ ထိုးလာသော နှင်းဆီပန်းလေးကို ဖြုတ်၏။ လှပ သော အပြုံးတစ်စနှင့်အတူ ပြောပြန်သည်။ “ငယ်ငယ်က မေမေရယ်၊ ကျွန်မရယ် မပြောကောင်းတာတွေ ပြော ပြီး ရယ်မောနောက်ပြောင်ခဲ့ကြဖူးတယ်၊ မေမေက မေးတယ်၊ သူသေသွား ရင် ကျွန်မ က ဘာလုပ်မလဲတဲ့၊ ကျွန်မက ပြောလိုက်တယ်၊ မေမေ့ရဲ့အုတ် ဂူဘေးမှာ နှင်းဆီ ပန်းလေးအဖြစ် လာပွင့်မှာပေါ့လို့ မေမေက ရယ်တယ်၊ လူသေရင် ပန်းမဖြစ်ဘူး လို့ ပြောတယ်၊ မခံချင်စိတ်နဲ့ ပန်းဖြစ်အောင် သမီး သေပြမယ်လို့ ကပ်သပ်ပြီး ခံငြင်းဖူးတယ်၊ မေမေကတော့ ရယ်နေ တာပေါ့၊ အခု အဲဒါလေးကို သတိရတယ်၊ မေမေရဲ့ ဓါတ်ပုံဘေးမှာ ကျွန်မ ကလည်း နှင်းဆီပန်းလေးအဖြစ် “နေ”မယ်နော် ခွင့်ပြုကြပါ” ဓါတ်ပုံအိတ်လေး နံဘေးမှာ နှင်းဆီပန်းလေးကို တင်ထားလိုက် သည်။ ကကွက် စည်းဝိုင်း၏ ဗဟိုသို့ ပြန်လျှောက်လာသည်။ ငြိမ်သက် စွာ ရပ်၏။ မီးများ မှောင်ကျသွားသည်။
ထို့နောက် လင့်ခ်အဘိုးအို၏ တေးသွားသံစဉ် ဒုတိယပိုင်းက တိုး တိုး ကလေး စတင် ပြန့်လွင့်လာသည်။ အနက်ရောင် အလင်းတန်းများက ဂျူနိုရပ်နေ ရာသို့ ထိုးစိုက်ကျလာသည်။ နို့ကို မမြင်ရတော့။ အနက်ရောင်လက်လက် ပြေးနေ သော အလင်းတန်းကိုသာ စိတ်လှုပ်ရှားဖွယ်ရာ မြင်နေရသည်။ “အိုး... တစ်မျိုးပါလား” ဆီးဖီးယတ်စ်တို့၏ နောက်နားတွင် ထိုင်နေသော ယမ်ဆမ်သည် တစ်စုံတစ်ရာကို သင်္ကာမကင်း ဖြစ်လာသည်။ အခန်းအပူချိန်၊ အနက် ရောင် အလင်းတန်း၊ “အစမှာတော့ မြင်မှာမဟုတ်၊ တဖြည်းဖြည်းတော့ မြင်လာလိမ့် မယ်” ဟူသော ဂျူနို့စကား၊ ကကွက်အစအဆုံးမှာ စည်းဝိုင်း တွင် မည်သူမှမဝင်ရ ဟူသော တားမြစ်ချက်။ “အင်း... တစ်ခုခုတော့ တစ်ခုခုပဲ” အိတ်ဆောင်ကွန်ပျူတာလေးကို ထုတ်လိုက်၏ သူသိချင်သည့် အဖြေကို ခေါင်းငုံ့ပြီး တွက်ချက် ရှာဖွေနေလိုက်သည်။ ခလုတ်နှိပ်လိုက်သော လက်များက စိတ်မငြိမ်သက်မှုကြောင့် ကတုန်ကယင်ပင် ဖြစ်နေ သည်။ သတိရပြီး ဆီးဖီးယတ်စ်ကို လှမ်းကြည့်လိုက်၏။ ဆီးဖီးယတ်စ်၏ မျက်နှာ လည်း တစ်မျိုးဖြစ်နေသည်။ ယမ်ဆမ် ကွန်ပျူတာကို ငါ့တွက်နေ လိုက်သည်။ လွယ်ကူသော ပုစ္ဆာတော့မဟုတ်။ သို့သော် ယမ်ဆမ် ခေါင်း ့ပြီး သဲသဲမဲမဲ တွက်နေ လိုက်သည်။ ဂျူနို။ ကကွက်စည်းဝိုင်းအတွင်းမှာ။
အနက်ရောင်အလင်းတန်းများနှင့်အတူ... ။ (၃၉) လင့်ခ်အဘိုးအို၏ ဆန်းကျယ်နက်ရှိုင်းသော တေးသွားသံစဉ်က လှလှပပ စီးလွင် ပေါ်ထွက်နေပြီဖြစ်သည်။ ဂျူနိုကသည်ကို မမြင်ကြရသေး။ အနက်ရောင် အလင်းတန်းများ စိုက်ကျနေရာသို့ ပရိသတ်က မျက်လုံးကျွတ်ထွက်လုမတတ် ကြည့်နေကြသည်။ ထို အနက်ပြင်များအောက်မှ ဂျူနိုကတော့စတင်ကနေပြီဟု ထင် မိကြ၏။ ပရိသတ်၏ ရင်ထဲမှာ ဟာတာတာကြီး ခံစားနေရသည်။ ထူးခြား လာမည့် အငွေ့အသက်ကိုလည်း ပါးလွစွာ ခံစားနေရ၏။ ပွဲတော်ခန်းမကြီးတစ်ခုလုံး ဂီတသံမှအပ ငြိမ်သက်တိတ်ဆိတ်နေသည်။ အားလုံး ကြည့်နေကြရင်းမှာပဲ အနက်ပြင်ထဲမှ အလင်းတန်းတစ်စ ကို မြင်လိုက်ကြရသည်။ “ဟာ” “ဟင်၊ ဟိုမှာ ဟိုမှာ” “အလင်း၊ အလင်းလာပြီ”
ထိုအလင်းစက်က မီးတောက်တစ်ခုလို ယိမ်းရိပ်လှုပ်ရှားရင်း ပျံ့ စီးထွက် လာသည်။ အမှောင်ပြင်ထဲမှာ အလင်းတောက်တစ်ခုက ကနေ သည်။ “အို... ဂျူနိုပဲ” “သူ့... သူ့ကိုယ်က လင်းနေတာပါလား” ဂျူနို့ခန္ဓာကိုယ်မှ လင်းလာခြင်းဖြစ်သည်။ သွေးများ လှည့်ပတ်စီး ဆင်းနေ သော နွေးထွေးသည့် လူသားခန္ဓာကိုယ်မှ လင်းလာသော အလင်း ဖြစ်၏။ “ဒီလိုမျိုး ရှိတတ်သလား” “ထူးခြားလိုက်တာ၊ ပြီးတော့ လှလိုက်တာ” သူ့ခန္ဓာကိုယ်မှ ထွက်သောအလင်းတန်းဖြင့်ပင် ဂျူနို့ကို ဝိုးတဝါး ပြန်မြင် နေရ၏။ ထိုအနက်ပြင်ထဲမှာ ဂျူနို လှပစွာ ပြေးလွှား ကခုန်နေသည်။ လူသည် အရိုးအဆစ်တို့နှင့် ဖွဲ့စည်းထားသည်ဟုပင် မထင်ရတော့။ မီးတောက်တစ်ခုကဲ့သို့ ပျော့ညွတ်ထွက်နေသည်။ အေးမြလှပသည့် မီးအလင်းတောက်တစ်ခုက ကနေ သည့်အလား ဆန်းကြယ်ထွေပြားစွာ။ ထို့အပြင် လှပမြင့်မားစွာ။ “ဝေး၊ ဂျူနိုကွ” “ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း” ပရိသတ်ကြီး ပတ်တုတ်မရအောင် ဆူညံသွားသည်။ မတ်တတ် ရပ်ကြ သူများ၊ ဂျူနို၊ ဂျူနို၊ ဂျူနိုဟု သံပြိုင်အော်ဟစ်နေကြသူများ။
“နေမင်းပွင့်ပြီ'ဟု လက်သီးလက်မောင်းတန်း ကြွေးကြော်ကြသူ များ။ ပွဲတော်ကို ကွဲထွက်သွားမတတ်။ “အရမ်းလှတာပဲ၊ အရမ်းလှတာပဲ” “ဟုတ်တယ်၊ ဒီကောင်မလေး အရမ်းတော်တယ်” နံဘေးမှ ထွက်လာသည့် ချီးကျူးစကားသံများကြောင့် ယမ်ဆမ် သူ၏ခေါင်းကို ဘယ်ညာ လှည့်ကြည့်မိသည်။ သူ၏မိတ်ဆွေ သိပ္ပံပညာ ရှင်များက ဂျူးနို့ကို ချီးကျူးနေကြခြင်းဖြစ်၏။ ဂျူနို က နေသည်ကို တစ် ချက်လှမ်းကြည့် လိုက်သည်။ ယမ်ဆမ် ကြောက်ရွံ့ သလိုဖြစ်နေ၏။ ကွန်ပျူတာမှ ပေးသော နောက်ဆုံးအချက်အလက်များကို သူတွေ့ နေပြီ ဖြစ်သည်။ “ဘုရား၊ ဘုရား” ကွန်ပျူတာက ဆိုသည်။ လူ့ခန္ဓာကိုယ်ထဲမှ “အားမြှင့်လျှပ်စီး ကြောင်း” ကို အသုံးပြုပြီး ဂျူနို ကနေခြင်းဖြစ်သည်။ (၂၇)ရက်၊ ဩဂုတ်လ၊ ၁၉၃၈ မှာ အင်္ဂလန် အက်ဆက်ပြည်နယ် ချန်ဖို့ဒ်မြို့၌ “ဖိလစ်နယူးကွန် ဘီး” ဆိုသော ကချေသည် တစ်ယောက်သည်လည်း ထိုသို့ကသွားဖူး၏။ “မေဘယ်လ်အင်ဒရူးဆို သော ကချေသည်တစ်ယောက်ကလည်း ကသွား ခဲ့သည်။ မပီပြင်လိုက်။ နှစ်ယောက်စလုံး... ကရင်းဖြင့် မီးလောင်သေဆုံးသွားသည်တဲ့။ “အို... ဘုရား၊ ဘုရား”
ယမ်ဆမ် ထိုင်ရမလို၊ ထ,ရမလို ဖြစ်သွားသည်။ ဘေးဘီမှ လူများ ကို တစ်ခုခုပြောရန် လှည့်ကြည့်သည်။ “ဒီမှာ... ဒီမှာ” မည်သူကမျှ သူ့ကို ဂရုမစိုက်။ လက်ကိုဆွဲသော်လည်း လှည့်မကြည့်။ “လှလိုက်တာ၊ ကောင်းလိုက်တဲ့အက၊ ဒီလို အကမျိုး မြင်ရမယ် လို့ အိပ်မက်ထဲမှာတောင် မအောက်မေ့ဖူးဘူး” ဂျူနို့အကကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ ဆီး ဖီးယ တ်စ်ကို လှမ်းကြည့်သောအခါ ဆီးဖီးယတ်စ်၏မျက်နှာမှာ တုန်လှုပ် မှု အရိပ်အယောင်များကို မြင်ရသည်။ တေးသွား သံစဉ်အတိုင်း ဂျူနိုသည် တလွန့်လွန့်ပြေးလွှားကခုန် နေဆဲ။ လက်အမြှောက်၊ ခြေအယိမ်း၊ ခေါင်းအမော့ ခါးအချိုး၊ အားလုံး သည် အက ရာဇဝင်ကို ရိုက်ချိုးပစ်လိုက်သည်။ "ဝုန်း" ပရိသတ်ထဲမှာ(အချို့နေရာများ၌)ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ခံစားမှု မ ထိမ်းနိုင်သော ပရိသတ်အချို့ သတိလစ် လဲကျသွားကြခြင်း ဖြစ်သည်။ လင့်ခ်အဘိုးအိုက ကကွက်စည်းဝိုင်းအနား ပြေးသွား၏။ တာဝန်ရှိ သူများ က သူ့ကို ဆွဲထားကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။ လင့်ခ် အဘိုးအို၏ နှုတ်ဖျားမှ... “သမီး နောက်တစ်ဆင့် မကနဲ့တော့၊ နောက်တစ်ဆင့် မကနဲ့ တော့”
ထိုအချိန်မှာပင် တေးသွားသံစဉ်က တတိယအဆင့်သို့ မြင့်တက် သွားပြီ ဖြစ်သည်။ ဆန်းကြယ် နက်ရှိုင်းလှသော တေးသွား၏ အမြင့်ဆုံး အပိုင်းကို ရောက်ပြီ။ “အို...” ဖော်မယ်ဟော့ အိုဗာရွန့်ကို ဖက်ရင်း ဆွဲခါနေမိ၏။ အိုဗာရွန်က လည်း ဖော်မယ်ဟော့၏ ရင်ခွင်တွင်းမှာ တဆတ်ဆတ်တုန်နေသည်။ ဂျူနို၏ ကကွက်က ထပ်မြင့်သွားပြန်သည်။ အနက်ပြင်ထဲမှာ အလင်းကချေသည်သည် ကကြိုးကို ထပ်မံဖြန့် ခွဲလိုက် ပြီ။ ဒေါင်လိုက်၊ အလျားလိုက် ရွေ့လျားမှုမျိုးထက် ခြူးနွယ်သဏ္ဌာန် ရွေ့လျားမှု မျိုးကို ဖော်ဆောင်လိုက်သည်။ သိမ်မွေ့သည်နှင့်အမျှ အနုစိပ် လွန်းသော ကကွက် များ။ “ဘုရား၊ ဘုရား” ကကွက်စည်းဝိုင်းအနီးသို့ ဒီတစ်ခါ ပြေးသွားသူကတော့ ဆီးဖီး ယတ်စ် ကိုယ်တိုင်ဖြစ်လေသည်။ သူ့ကိုလည်း တာဝန်ရှိသူများက ဝိုင်းချုပ် ထားလိုက် ကြ၏။ ရုန်းရင်းကန်ရင်းက ဆီးဖီးယတ်စ်အော်ဟစ်နေသည်။ ဗလုံးဗထွေးနှင့် ဖြစ်၍ ဘာတွေအော်နေမှန်း မသိ။ လင့်ခ်အဘိုးအိုက စူးရှသော မျက်လုံးအစုံဖြင့် ဆီးဖီးယတ်စ်ကို ကြည့်ပြီး ဝမ်းခေါင်းသံကြီးဖြင့် အော်သည်။ “အရှေ့မြို့ရိုးမှာ မိုးတွေရွာပြီ၊ အရှေ့မြို့ရိုးမှာ မိုးတွေရွာပြီ၊ ဟား ဟား ဟား ဟား”
သူ့ ရယ်သံကြီးက ရယ်နေရင်းဖြင့်ပင် ဆို့နင့်အက်ကွဲသော ငိုသံ အဖြစ်သို့ ပြောင်းလဲသွားသည်။ စင်ထောင့်မှာ ပါဗိုက ဒူးထောက်လဲကျသွား၏။ မျက်နှာကို လက် ဝါးအစုံ နှင့် အုပ်ရင်း နင့်သီးစွာ အော်ငိုလိုက်သည်။ ပရိသတ်အားလုံး လည်း အိပ်မက်မက် နေသော သူများကဲ့သို့ ဝေဝါးအသက်မဲ့လျက်။ အားလုံး မတ်တပ် ထရပ်နေကြ သည်။ နတ်ပူးသကဲ့သို့ ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်နေကြသည်။ ကကွက်စည်းဝိုင်းအတွင်းမှ အလင်းတောက်ကလေးကို ကြည့်နေ ရင်း ကြည့်နေရင်း အသက်ဝင်လာသူတစ်ဦးက... “တော်ပြီ၊ တော်ပြီ၊ မီးအိမ်ထွန်းစရာ မလိုတော့ဘူး၊ ဂျူနိုကိုယ်တိုင် ဟာ နှစ်သစ်ကို ကြိုဆိုတဲ့ အလင်းတောက်ပဲ” “ဟုတ်တယ်၊ ဟုတ်တယ်” အော်ဟစ် ထောက်ခံသံများ ထွက်လာ၏။ ကကွက်စည်းဝိုင်းထဲ မှ ဂျူနို သည် ဂျူနိုမှ ဟုတ်ပါတော့ရဲ့လားဟု ကယောင်ချောက်ချား တွေး လာကြ တော့သည်။ အနက်ရောင် အလင်းတန်းများ မှိန်ဝပ်ကျနေပြီ။ ကနေသော အလင်း တောက်ကလွှမ်းမိုး ထိုးဖောက်နေခဲ့ပြီ။ တေးသွား၏ နောက်ဆုံး တီးခတ်မှုများထဲ မှာ အလင်းကချေသည်လေး တစ်ဖျတ်ဖျတ် လွင့်ယိုင်လာ သည်။ ထို့နောက်ဆုံးမှာ တော့.... “ ................. "
ဂျူနိုသည် လုံးလုံးလျားလျားပင် ပြာလဲ့သော မီးတောက်တစ်ခု အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားတော့သည်။ “ဟာ” "အို" “ဂျူ.. နို” ဖော်မယ်ဟော့နှင့် အိုဗာရွန်တို့ ဖက်လျက်သား ခွေလဲကျသွား သည်။ ဆီး ဖီးယတ်စ်က သံကုန်ညှစ်ပြီး အော်၏။ ခေါင်းခါ၍ “မဟုတ် ဘူး၊ မဟုတ်ဘူး၊ ဒီလို မဟုတ်ဘူး”ဟုလည်း အော်နေ၏။ လင့်ခ်အဘိုးအိုက ကကွက်စည်းဝိုင်းထဲ ရောက်သွားပြီ ဖြစ်၏။ အပြာ ရောင် မီးတောက်ကလေးအဖြစ် ဂျူနိုပျောက်ကွယ်နေရာမှာ အရူး ကြီးတစ် ယောက်လို ရေရွတ်နေသည်။ “အရှေ့မြို့ရိုးမှာ ရွာတဲ့မိုးပဲ၊ အရှေ့မြို့ရိုးမှာ ရွာတဲ့မိုးပဲ” ပွဲတော်ခန်းမတစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်နေတော့၏။ သတိလစ် လဲကျနေသူများလည်း မြောက်များစွာ။ ယမ်ဆမ်က သူ့မျက်နှာကို မြေပြင်မှာ သွားမှောက်ထားလိုက်၏။ မျက်လုံး က ဖန်သီးလို ကြောင်စီနေသည်။ ငိုရှိုက်သံ ပါဝင်နေသော ဆုတောင်းသံများက ပျံ့လွင့်ထွက်ပေါ် လာ၏။ အကသင်တန်းသူလေးများက ဂျူနို့အတွက် ဆုတောင်းကြခြင်း ဖြစ်သည်။ ထို ဖြစ်ရပ်အားလုံးကို မတုန်မလှုပ် ကြည့်နေသူက တစ်ယောက် တည်းရှိသည်။