[ { "text": "ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ စာပေလက်ရာတွေကို ခေတ်အဆက်ဆက် ဖတ်ရှုလက်ခံကြတာတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒီထဲက အစောဆုံး အနေနဲ့ ပုဂံခေတ်က စပ်တယ်လို့ ယူဆခဲ့ကြတဲ့ သိုးကလေ ကဗျာကို အမျိုးသမီးစာဆို လက်ရာလို့ ယူဆကြသလို အမျိုးသမီးတွေရဲ့ ခံစားချက်ကို ဖွဲ့တဲ့ အစောပိုင်း လက်ရာ တခု အဖြစ်လည်း သတ်မှတ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒဂုန်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်အလိုအရ မြန်မာသက္ကရာဇ် ၁၅ဝ လောက်က ရခိုင်မှာ စာဆိုခဲ့တဲ့ အိမ်ရှေ့မိဖုရား စောပြည့်ညိုဟာ အစောဆုံး အမျိုးသမီး စာဆိုတယောက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဝေသာလီခေတ်မှာ စပ်တယ် ဆိုတဲ့ စောပြည့်ညိုရဲ့ သိန်ကန်မိန်တွင် သျှိုးလိုက်ရတုဟာလည်း အမျိုးသမီးတွေရဲ့ ဘဝကို ပြည့်ပြည့်ဝဝ ဖော်ကျူးနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒါကာကို စစ်ချီသွားတဲ့ ခင်ပွန်းသည် ကြင်ယာသစ်တွေ ရနေလို့ ရခိုင်ကို ပြန်လာအောင် ရေးစပ်တဲ့ ကဗျာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ခေတ်အဆက်ဆက် ယဉ်ကျေးမှု စာပေအထွန်းကားဆုံး ဖြစ်တဲ့ နန်းတော်နဲ့ မြို့တော် အဝန်းအဝိုင်းက အမျိုးသမီးစာဆိုတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒီထဲက အထင်ရှားဆုံးကတော့ မန္တလေးခေတ်မှာ ပေါ်ခဲ့တဲ့ အိမ်ရှေ့မိဘုရား လှိုင်ထိပ်ခေါင်တင်နဲ့ သူ့မယ်တော် အနောက်နန်းမတော် မမြကလေးတို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "လှိုင်ထိပ်ခေါင်တင်ရဲ့ သားချော့ ရေယမုန် ပတ်ပျိုးနဲ့ စိန်ခြူးကြာညောင် အမျှော်စိုက် ဘောလယ်တို့ဟာ နန်းတွင်းစံ အမျိုးသမီးတွေရဲ့ ဘဝကို မီးမောင်းထိုးပြတဲ့ စာပေတွေ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မြူးစံတဲ့ငါးဆိုတဲ့ ရေယမုန်ပတ်ပျိုးကို ဝိဇယကာရီပတ်ပျိုးကလေးလို့လည်း သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သူ့မယ်တော် မမြကလေးရဲ့ ဇာတ်သိမ်းမကောင်းတဲ့ ဘဝကို သနားသူ များသလို သူစပ်ဆိုသွားခဲ့တဲ့ ချစ်သမျှကို ပတ်ပျိုး၊ ရှိစုံရွက်ကြာ ပတ်ပျိုးတွေကလည်း မြန်မာစာပေမှာ အချစ်ခံစားမှုနဲ့ ပတ်သက် လာရင် ထိပ်ဆုံးက ရှိတဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မမြကလေးကို ကွပ်မျက်ခါနီးမှာ စပ်ဆိုသွားတဲ့ လောကဓံရှစ်ပါး ဘုရားပဟောရာ အစချီတဲ့ တေးထပ်ဟာလည်း အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာနဲ့ အပြိုင် ထားနိုင်တဲ့ သံဝေဂကဗျာတပုဒ်ပါ။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "တောင်ငူခေတ်က ရာဇဓာတုကလျာနဲ့ ဇင်းမယ်မိဘုရား၊ ရွှေဆင်းတုမင်းသမီး စတဲ့ မင်းမျိုးထဲက စာဆိုအမျိုးသမီးတွေလည်း ထင်ထင်ရှားရှား ပေါ်ထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဇင်းမယ်ဘုရင်နဲ့ မိဖုရားတို့ဟာလည်း နတ်ရှင်နောင်နဲ့ ဓာတုကလျာလို ထင်ရှားတဲ့ စာဆိုမောင်နှံ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဇင်းမယ်မိဘုရားရဲ့ သင်နှင့်ရက်နွေ၊ တင်ပြစ်စက်ကွေ၊ ကြင်ချစ်သက်ဝေ စတဲ့ ရတုဟာလည်း ကနေ့ထိ ခေတ်မီတဲ့အရေးအသား တခု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ကုန်းဘောင်ခေတ်က စဉ့်ကူးမင်းရဲ့ မိဖုရားကြီး ရှင်မင်းလည်း စာဆိုတယောက်ဖြစ်ပြီး ခင်ပွန်း၊ သမီးတော်တွေနဲ့အတူ ကွပ်မျက်ခံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မှူးမတ်ကတော်တွေထဲက နန်းတွင်းမိဖြူ၊ နန်းတွင်းမိညို၊ ရဝေရှင်ထွေး၊ မင်းကြီးကတော် ခင်ဆုံ၊ နန်းတွင်းသူမယ်ခွေ၊ စာဆိုတော် မယ်လုပ် စတဲ့ စာဆိုမယ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒီစာဆိုတွေကို ဘုရင်နဲ့ နန်းတွင်းအသိုင်းအဝိုင်း က မနှိမ့်ချတဲ့အပြင် ဆုလာဘ်ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "အင်းဝခေတ်မှာ မိဖြူနဲ့ မိညိုတို့ အပြန်အလှန် စပ်ကြတဲ့ ကိုယ်ရည်သွေး ရတုတွေလည်း အထင်အရှား ကျန်ရစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "တောင်ငူခေတ်က ရဝေရှင်ထွေးကတော့ ပုဂံခေတ် နန်းတွင်းသူတို့ရဲ့ ဆံထုံးထုံးနည်း ၅၅ မျိုးကို အန်ချင်းအဖြစ် စပ်ဆိုပြီး မော်ကွန်းတင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဘိုးတော်ဘုရားလက်ထက်မှာ ပေါ်ထွန်းတဲ့ မယ်လုပ်ရဲ့ စံရာဘုံမြင့်ညီးလင်း အစချီ ဇောင်းကလောပြွန်ရေဆင်းကြိုးသီချင်းကိုလည်း ကနေ့ထိ တီးမှုတ်သီဆိုနေကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မယ်လုပ်ဟာ တခြား အမျိုးသမီး စာဆိုတွေလို အချစ်အနုအလွမ်းတွေသာမက ဓားသိုင်းဘွဲ့တျာသံတွေပါ စပ်ဆိုနိုင်ခဲ့လို့ သူကိုယ်တိုင် ဓားရေးကျွမ်းတဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မယ်ခွေရဲ့ အဲချင်းတွေထက် ဆေးလိပ်ကဗျာ နှစ်ပုဒ်က ကနေ့ခေတ်မှာ ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး ဆိုတဲ့ ဆေးတံဘွဲ့ ဒွေးချိုးကို သူ ၁၄ နှစ်သမီးမှာ စပ်တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": " မကြာခင်က ၈ တန်းပြဋ္ဌာန်းစာမှာ သူ့ရဲ့ လက်ဆောင် ကဗျာနဲ့ အစားထိုးခဲ့တဲ့ ဧခွင့်မဖန် လေးဆစ်ကဗျာ ကို စပ်သူကတော့ တောင်တွင်းဦးကြော့သမီး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေမျိုးစုထဲက ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ကွပ်ရွာစား မင်းကြီးကတော် ခင်ဆုံကတော့ မင်းငါးဆက်တိုင်အောင် အသက် ၇ဝ ရွယ်ထိ အမှုထမ်းခဲ့တဲ့ စာဆိုအမျိုးသမီးဖြစ်ပြီး မြဝတီမင်းကြီး ဦးစနဲ့ စာဆိုပြိုင်ဘက်လည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မြမန်းကိုက်ရုံပတ်ပျိုး နဲ့ ခွန်းကျူပါ့ဖား စတဲ့ ကဗျာတွေကို စပ်ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "နန်းတွင်း အမျိုးသမီးစာဆိုတော်တွေရဲ့ လက်ရာတွေကို သီပေါမင်းခေတ်ထိ တွေ့ရှိနိုင်ပြီး ပင်းသာခင်ဖူး၊ စာတော်ဖတ် မိုင်းခိုင်းခင်လေးကြီး စတဲ့ မှူးမတ်နွယ်တွေရဲ့ စာပေလက်ရာတွေ ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သီပေါမင်းနဲ့ စုဘုရားလတ် တို့ စပ်ဆိုတဲ့ ကဗျာတွေကိုတော့ လူပျိုတော် အပျိုတော်တွေထဲက စာစပ်ကောင်းတဲ့ သူတွေက ရေးပေးတယ်လို့လည်း ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "နန်းတွင်းစာဆိုတွေသာမက ကျေးလက်အမျိုးသမီး စာဆိုတွေလည်း အများအပြား ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သူတို့အမည်တွေ မထင်မရှားပျောက်ကုန်ခဲ့ပေမယ့် သူတို့စာတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒီထဲက ထင်ရှားသူတွေကတော့ တောင်တွင်းရှင်ငြိမ်းမယ်၊ ပုခန်းသူမ၊ မတ္တရာကချေသည်မ စတဲ့ စာဆိုမယ်တွေပါ။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "စစ်တာဝန်နဲ့ ရှမ်းပြည် မိုးနဲရောက် သေနတ်အမှုထမ်း ခင်ပွန်းသည် မောင်လွန်းဆီ ပုခန်းသူမ ရေးတဲ့ မေတ္တာစာမှာ ခင်ပွန်းနဲ့ ဝေးရတဲ့ အမျိုးသမီးတယောက်ရဲ့ ရင်ဖွင့်သံကို ကြားရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ရှင်ငြိမ်းမယ်ကိုတော့ ကျောင်းသင်ခန်းစာမှာပါတဲ့ စစ်မှာတမူ ကဗျာနဲ့ တွဲသိကြပြီး ချစ်တဲ့သူငယ်လေ အစချီတဲ့ အိုင်ချင်းတွေ စပ်ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ညောင်ရမ်းက ကောက်စိုက်သမတွေနဲ့ ဘုရင့်လှေတော်သားတွေနဲ့ စာချိုးပြိုင်တဲ့ ဗြဲတရော်ရွာသူတွေ၊ မောင်းထောင်းတေးတွေ၊ အင်းလေးက တိုက်တေးတွေ စတဲ့ မြန်မာနိုင်ငံအနှံ့မှာလည်း စာချိုး စာစပ်ကောင်းတဲ့ ကျေးလက်အမျိုးသမီးတွေ ပေါ်ထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "လူဝတ်ကြောင် အမျိုးသမီးတွေ အပြင် သီလရှင်တွေလည်း စာစပ်ပါတယ်။ ဒီထဲက ထင်ရှားသူက မယ်ကင်းပါ။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မယ်ကင်းဟာ သီလရှင် သာသနာကို တိုးတက်အောင် အားထုတ်ခဲ့လို့ စစ်ကိုင်းတောင်မှာ ကြေးရုပ်သွန်းလုပ် ပူဇော်ခံရတဲ့ သီလရှင် ဆရာကြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သူနဲ့ ဗန်းမော် ဆရာတော် အပြန်အလှန် စပ်တယ် ဆိုတဲ့ စာချိုးတွေဟာ အမျိုးသားတွေ ထိပါးတာကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီး သတ္တိကို ပြတဲ့ ကဗျာတွေလို့ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မယ်ကင်းကိုယ်တိုင် ဘုရားဆုပန်သူဖြစ်လို့ သူ့ကို ဆရာကင်း၊ ဆရာကြီး စတဲ့ အမျိုးသား ဂုဏ်ပုဒ်တွေနဲ့ ခေါ်ရာကနေ သီလရှင်တွေကို ဆရာကြီး၊ ဆရာလေး ခေါ်တဲ့ ဓလေ့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မြန်မာ အမျိုးသမီး စာဆိုတွေရဲ့ လက်ရာတွေကို ကိုလိုနီခေတ်အထိ ဆက်ပြီး ဖတ်ရှုရဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သုံးဆယ်သူ မမိဟာ အောက်မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်ထွက်တဲ့ စာဆိုမယ် တယောက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မေတ္တာပန်း တည်စိုက်၍ သဘော၌စိတ်ခိုင် အင်္ဂလိပ်ကျောက်စာတိုင်လို စတဲ့ အသုံးအနှုန်းတွေ မမိ အရေးအသားမှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "အထက်မြန်မာပြည်မှာတော့ မင်းတုန်းမင်းရဲ့ သမီးတော် ဟင်္ဂမော် ထိပ်ခေါင်တင်နဲ့ မင်းတပ်ထိပ်ခေါင်တင်တို့က နန်းတွင်းပုံစံ စာလင်္ကာတွေ၊ ဝတ္ထုတွေကို ၂ဝ ရာစုထဲထိ ရေးကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သီပေါဟော်က စာဆို စောမြအေးကြည် ၁၉၁၄ မှာ စပ်တဲ့ မိုးဒေဝါ ပတ်ပျိုးကိုလည်း နောက်ဆုံးပေါ်ထွက်တဲ့ မြန်မာမဟာဂီတ သီချင်းဆိုပြီး ခုထိ လေးလေးစားစား နားဆင်သီဆိုနေကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "၁၉ဝဝ ပြည့်လွန်နှစ်တွေမှာတော့ ဝတ္ထုရေးတဲ့ စာရေးဆရာမတယောက် ပေါ်ထွက်လာပြီး မအေးခင်လို့ ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "သူ့ကိုတော့ မြန်မာပြည်ရဲ့ ဂျိန်းအော်စတင်လို့ သုတေသီ ဒေါက်တာဘဟန်က သုံးသပ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မြန်မာစာပေမှာ အမျိုးသမီးတွေကို ဖိနှိပ် ချုပ်ချယ်တယ်လို့ ထင်ထင်ရှားရှား မတွေ့ခဲ့ရဘဲ မြို့စားရွာစားပေး ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒါကြောင့် ၁၉၃ဝ ကျော်က အဆိုတော် မအေးမိက စာဆိုတော် သီချင်းနဲ့ ဒီအမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "ဒီဆောင်းပါးမှာ ကရင်၊ ရှမ်း၊ ထားဝယ်၊ မွန် စတဲ့ လူမျိုးစု စာဆိုမယ်တွေရဲ့ လက်ရာတွေကို မဖော်ပြနိုင်ခဲ့ပါ။", "source": "https://www.bbc.com/burmese/in-depth-48663133" }, { "text": "မြန်မာနိုင်ငံမှာ ဝတ္ထုဇာတ်လမ်း ရေးသားဖတ်ရှုမှုဟာ ပဒေသရာဇ်ခေတ်မှာ အစဉ်အဆက် ရှိခဲ့ပြီး လှိုင်ထိပ်ခေါင်တင်ရဲ့ ဝိဇယကာရီ၊ ဣန္ဒာဝံသ နန်းတွင်းဇာတ်ကြီးတွေက မန္တလေးခေတ် အမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အနောက်တိုင်း ဝတ္ထုပုံစံကတော့ အင်္ဂလိပ်ခေတ်မှာ ၁၉ဝ၄ က စပြီး ပေါ်ထွက်လာပြီး မြန်မာအမျိုးသမီးတယောက်ရေးတဲ့ ဝတ္ထု အနေနဲ့ ၁၉ဝ၉ မှာ မအေးခင်ရဲ့ ချစ်ရိုးအမှန် က စတွေ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မအေးခင်ရဲ့ လက်ရာဟာ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်လိုပဲ အချစ်ရဲ့ ဆန်းပြားတဲ့ သဘာဝကို ဖွဲ့တတ်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝေဖန်ပေမယ့် ဒီဝတ္ထုက ရှားပါးလွန်းလို့ ဖတ်ဖူးသူ နည်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "၂ဝ၁၈ ဒီဇင်ဘာကမှ နှစ်တရာကျော်အတွင်း ဒုတိယအကြိမ် ပြန်ထွက်လာတာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မအေးခင်က စာအများအပြား မရေးခဲ့ပေမယ့် သူ့ခြေရာနင်းမယ့် အမျိုးသမီးတွေ ၁၉၁ဝ ကျော်မှာ ထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မအေးခင်နောက် အစောဆုံးထွက်လာတဲ့ စာရေးဆရာမ အများစုဟာ စာရေးတာကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်းဒဏ်ကို ခံရသလို စာရေးခြင်းနဲ့ ရပ်တည်ဖို့ ခက်တဲ့ အခြေအနေကိုလည်း ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဝတ္ထုဖတ်တာကို မကောင်းတဲ့ အလုပ်အနေနဲ့ ယူဆတဲ့သူတွေလည်း လူကြီးတွေထဲမှာ ရှိနေတဲ့အတွက် ဝတ္ထုတွေ မီးပုံရှို့တဲ့ မိုးညှင်းဆရာတော် တရားပွဲမျိုးတွေလည်း ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီလို အခက်အခဲတွေကြားက မဂ္ဂဇင်း စာစောင်တွေမှာ ရေးတဲ့ စာရေးဆရာမတွေ တစတစနဲ့ ရှိလာခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "တက္ကသိုလ်ပညာတတ်ထဲက စာဆိုမယ်တွေလည်း ၁၉၃ဝ ကျော်မှာ စတင်ရှိလာပြီး အောက်စဖို့ဒ်က ပထမဆုံးဘွဲ့ရတဲ့ မြန်မာအမျိုးသမီး ဒေါ်မြစိန်ရဲ့ မိန်းမ ဝတ္ထုလည်း ၁၉၄ဝ လောက်မှာ ထွက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်စိုးကြီး မြစ် ဒဂုန်ခင်ခင်လေးကို စာဆိုတော် နန်းတွင်းဝတ္ထုကြီးနဲ့ လူသိများပေမယ့် ခေတ်ပေါ်ဝတ္ထုတွေလည်း ရေးသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒဂုန်ခင်ခင်လေးရဲ့ တိုင်းပြည်ပြု ပုံနှိပ်တိုက်နေ ၁၉၃ဝ ကုန်ခါနီးမှာ ဝတ္ထု စာအုပ်တွေ ထွက်ခဲ့ပြီး ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ ဖေ့သည်းချာ၊ မေ့သည်းချာ စတဲ့ ဝတ္ထုတွေကို လူကြိုက်များခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အများစုက နိုင်ငံခြား ဇာတ်လမ်းတွေကို မှီငြမ်းပြုပြီး ကချေသည် ဝတ္ထုကိုတော့ အငြိမ့်သမတယောက်အကြောင်း စကားပြောပုံစံနဲ့ ရေးထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီမတိုင်ခင်ကလည်း ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုရှည်တွေ အများအပြား ရေးခဲ့ပြီး သူနဲ့ ခေတ်ပြိုင် အမျိုးသမီး စာရေးဆရာရယ်လို့ ဒဂုန်ခင်လေးဆွေပဲ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ပြီးတော့ ဘုန်းကြီးတွေနဲ့ အမျိုးသားတွေက အမျိုးသမီးနာမည်နဲ့ ရေးနေချိန်မှာ ဒဂုန်ခင်ခင်လေးက ကိုကိုလေးနာမည်နဲ့လည်း မှော်ဆရာမှတ်တမ်း စုန်းသရဲဝတ္ထုတွေ ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒဂုန်ခင်ခင်လေးဟာ အချစ်အလွမ်းဝတ္ထုတွေ အရေးများပေမယ့် ရေးဟန်မှာတော့ ဟာသဖောက်ပြီး ခပ်သွက်သွက်ရေးတတ်သလို ဇာတ်လမ်းနဲ့ လိုက်အောင် တည်တည်ခံ့ခံ့လည်း ဖွဲ့တတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စစ်ပြီးခေတ်မှာ ရေးတဲ့ ကျွန်းဦးတည့်သန်လျက်ခုံနဲ့ တခြား သမိုင်းဆောင်းပါးရှည်ကြီးတွေမှာလည်း ဝတ္ထုပုံစံ ဇာတ်လမ်းဇာတ်ကွက်ဆင်ရေးတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒဂုန်ခင်ခင်လေးဟာ ပထမဆုံး မြန်မာဇာတ်ညွှန်းရေးဆရာမလည်း ဖြစ်ပြီး အေဝမ်းရုပ်ရှင်က ရိုက်တဲ့ ချစ်စနိုး၊ မြိုင်ယံဘွား စတဲ့ နာမည်ကြီးဇာတ်ကားတွေအတွက် သူရေးပေးခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "နောက်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ ဗြိတိသျှ အစိုးရအတွက် နာဇီဆန့်ကျင်ရေး ဝတ္ထုတွေကိုရေးပြီး သူ့တိုက်ကနေ သိန်းချီထုတ်ဝေပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "သူ့ခေတ်နောက်ပိုင်းမှာတော့ ခင်မျိုးချစ်၊ မြမဉ္ဇူစတဲ့ ဝတ္ထုရေးတဲ့ စာရေးဆရာမကလေးတွေ ပေါ်ထွက်လာပေမယ့် ဝတ္ထုလမ်းကြောင်းကို ဒဂုန်ခင်ခင်လေးလောက် ပီပီပြင်ပြင် လိုက်မလာခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဟာသဝတ္ထုရေးဆရာမ အဖြစ် မာလာလည်း စစ်မဖြစ်ခင်မှာ ထင်ရှားလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စစ်ပြီးခေတ်မှာတော့ ဒေါ်ခင်ခင်လေးက မြန်မာပြည် အမျိုးသမီး ကလောင်ရှင်အဖွဲ့နဲ့ ယုဝတီဂျာနယ်ကို တည်ထောင်ပြီး အမျိုးသမီးစာရေးဆရာ မျိုးဆက်သစ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "၁၉၂၁ က ကြည်တော်ဆက် မဂ္ဂဇင်းကို မန္တလေးက ထုတ်ခဲ့သလို စစ်ပြီးခေတ်မှာ နာမည်ကျော် ဗမာ့ခေတ် သတင်းစာကိုလည်း ခင်ပွန်းဟောင်း ဦးအုန်းခင်နဲ့အတူ ထုတ်ဝေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒုတိယ ကမ္ဘာစစ်ပြီးစမှာ မိဘအတိုက်အခံပြုပြီး စာရေးရတဲ့ခေတ်လည်း ကုန်လာပြီး ဝတ္ထုရေးတာ ဖတ်တာကို လက်ခံလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မိန်းကလေးတွေ အပြင်ထွက် အလုပ်လုပ်တဲ့ခေတ်လည်း ရောက်လာပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာစာပေကို နေရာပိုပေးလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာရေးဆရာမအသစ်တွေ ပိုပေါ်လာပြီး ဒီထဲက ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ကြည်အေး၊ စိန်စိန်တို့ ဝတ္ထုရှည်တွေ ရေးသားထုတ်ဝေလာကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ခင်ပွန်းဖြစ်သူ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း သူလိုလူ အတ္ထုပ္ပတ္တိရေးရာက နာမည်ကျော်လာတဲ့ ဒေါ်မမလေးဟာ ဂျပန်ခေတ်ကတည်းက ဝတ္ထုတွေ ထုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒါပေမဲ့ စစ်ပြီးခေတ် ၁၉၅၅ မှာ ထုတ်တဲ့ မုန်း၍မဟူ ဝတ္ထုက သူ့လက်ရာ တွေထဲမှာ အထင်ရှားဆုံး ဖြစ်သလို စာပေဆုလည်း ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "တခါက ဒီဝတ္ထုကြီးကို အကောင်းဆုံး မြန်မာဝတ္ထုရှည် ၅ ပုဒ်မှာ ပါတယ်လို့တောင် ချီးမွမ်းခံခဲ့ရဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဖြစ်စဉ်ကို အသေးစိတ်ဖွဲ့တဲ့ ဒေါ်မမလေး အရေးအသားဟာ ဒဂုန်ခင်ခင်လေး ခေတ်ကထက် အများကြီး ပြောင်းလဲလာပေမယ့် ဇာတ်လမ်းအားပြု ဝတ္ထုတွေမှာ ဇာတ်ကောင်သဘာဝ ကောင်းကောင်းနဲ့ ရေးဖွဲ့တဲ့ပုံစံကို ကျင့်သုံးတာများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "သူ့ဇာတ်ကောင်တွေမှာ စိတ်ခွန်အားကြီးတဲ့ အမျိုးသမီးတွေ၊ လိမ္မာရေးခြားရှိသူတွေကို ပျော့ညံ့တွေဝေသူ အမျိုးသမီးတွေနဲ့ ယှဉ်ပြီး ရေးတတ်တာကိုလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မာလာရီ မှာတော့ နာမည်ကြီး ပြဇာတ် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး အကြောင်းကို ဝတ္ထုလို မှတ်တမ်းတင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒေါ်မမလေးရဲ့ တိုင်းရင်းဆေးပညာ ဆောင်းပါးတွေကိုလည်း ဇာတ်လမ်းနောက်ခံနဲ့ ရေးဖွဲ့ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒေါ်မမလေးရဲ့ သွေး ဝတ္ထုကိုတော့ ဖက်ဆစ်ဂျပန်ကို စာနာတယ်ဆိုပြီး လက်ဝဲပြင်းထန်သူတချို့က ဝေဖန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒေါ်မမလေးဟာ စာရေးဆရာမထဲမှာ အစောဆုံး ထိန်းသိမ်းခံရတဲ့သူ တယောက် ဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ ထားရှိရာ ရေကြည်အိုင် အကျဉ်းစခန်းကနေ ရင်နင့်အောင်မွှေး ဝတ္ထုကြီးကို ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "တွေးတစိမ့်စိမ့် စတဲ့ ဝတ္ထုတိုတွေနဲ့လည်း ဒေါ်မမလေးဟာ ဝတ္ထုတိုလိုင်းမှာ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ မြသန်းတင့် စတဲ့ ခေတ်ပြိုင် အမျိုးသား တွေနဲ့ တန်းတူလိုက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "လက်ဝဲသမားတွေရဲ့ စာပေကလပ်ကိုလည်း အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သလို စာရေးဆရာအသင်းမှာလည်း ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အစောပိုင်း ဆရာဝန် စာရေးဆရာမတယောက် ဖြစ်တဲ့ ကြည်အေးဟာ ကဗျာနဲ့ ထင်ရှားလာပြီး ဝတ္ထုတိုတွေကို ရေးဖွဲ့လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဆန်းသစ်တဲ့ အမြင်အတွေးတွေကို ရဲရဲတင်းတင်း ဖွဲ့နွဲ့တတ်တဲ့ ကြည်အေးဟာ တစ္ဆေ ကဗျာနဲ့ နာမည်ကြီး သလိုပဲ ကျောင်းသူဘဝမှာ ရေးတဲ့ မီ ဝတ္ထုမှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "နွမ်းလျအိမ်ပြန်၊ ကျွန်မပညာသည် စတဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေကနေ မောင်ကိုကိုနဲ့ မြနန္ဒာ၊ အပြင်ကလူ စတဲ့ ဝတ္ထုတွေမှာ ကြည်အေးရဲ့ အောင်မြင်မှုတွေကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အနှစ် ၄ဝ၊ ၆ဝ ကျော်ကြာတဲ့အထိ ဒီဝတ္ထုတွေကို မျိုးဆက်သစ် စာဖတ်ပရိသတ်တွေက ဖတ်နေကြဆဲ ဖြစ်ပြီး မီရုပ်ရှင်မှာလည်း အောင်မြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ကြည်အေးဟာ စစ်ပြီးစ မြန်မာစာပေမှာ ခေတ်စားတဲ့ ဝါဒရေး၊ စီးပွားရေး မညီမျှမှု၊ ပြည်တွင်းစစ်တွေအကြောင်း သိပ်မဖွဲ့ဘဲ ပုဂ္ဂလိက စိတ်ခံစားမှုကို အသားပေးဖွဲ့လို့ တမူကွဲ ထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ပြည်ပမှာ ပြောင်းရွှေ့ နေထိုင်ပြီး ဆရာဝန်အဖြစ် အသက်မွေးခဲ့ပေမယ့် သူ့ကို စာရေးဆရာအဖြစ်ပဲ လူသိပိုများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မြန်မာစာပေမှာ အနောက်တိုင်း စာပေအနုပညာတွေကို အများအပြား ထည့်သွင်းရာမှာ သူနဲ့ ဒဂုန်တာရာတို့က စခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ပြီးတော့ ကြည်အေးရဲ့ အမျိုးသမီးဇာတ်လိုက်တွေဟာလည်း ဂျာနယ်ကျော်မမလေး ဇာတ်ဆောင်တွေလိုပဲ ထက်မြက်တဲ့ ပညာတတ်၊ အမျိုးသားတွေကို အရှုံးမပေးတတ်တဲ့ သွေးကို ပြတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မမလေးက ပြည်တွင်း ယဉ်ကျေးမှုဘက် အားပြုပြီး ကြည်အေးက လူသားဝါဒကို အသားပေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ကြည်အေးလိုပဲ စစ်ပြီးစမှာ စာပေနယ်ကို ရောက်လာတဲ့ ခင်နှင်းယုဟာ ဝန်ကြီးချုပ် ဦးနုရဲ့ နှမဝမ်းကွဲဖြစ်ပြီး အတွင်းရေး အတွင်းဝန်လည်း ဖြစ်ခဲ့သလို လောကကို ကားလိပ်ကြားက ကြည့်ခဲ့ရသူလို့လည်း အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းက သူ့စာတွေကို သုံးသပ်ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ကြေးမုံရိပ်သွင် ဝတ္ထုတိုများနဲ့ စာပေဆု ရခဲ့သလို ပန်းပန်လျက်ပါ၊ မွှေး၊ သခွတ်ပန်း၊ အောင်မြင်သောနေ့ ဝတ္ထုတွေနဲ့လည်း ကျော်ကြားခဲ့ပါတယ်။ မွှေးဟာ ခင်နှင်းယုရဲ့ ကိုယ်ပွားလို့တောင် ပရိသတ်က ထင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "လူလတ်တန်းလွှာရဲ့ အချစ်နဲ့ ပကာသနဇာတ်လမ်းတွေမှာ သူ့ရဲ့လောကအမြင်တွေကို ထင်ဟပ်တဲ့ ခင်နှင်းယုဟာ စာကို ပုံပြင်လို လှလှပပလည်း ရေးတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စက်ရုပ်ဆန်တဲ့ အာဏာရှင် စနစ်တွေ ကြီးစိုးမှာကို သွယ်ဝိုက်ရေးတတ်လို့ သူ့ကို လက်ဝဲဆန့်ကျင်သူလို့ ထင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "တပ်မတော်အရာရှိကတော် ဖြစ်ပေမယ့် တပ်ဝါဒဖြန့် စာပေတွေ အသားပေး ရေးတဲ့ စာရေးဆရာတော့ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အမျိုးသမီးရေးမှာတော့ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာစတဲ့ ခေတ်ပြိုင်တွေလိုပဲ မြန်မာအမျိုးသမီးတွေရဲ့ တန်းတူညီမှုကို အသားပေးပြီး ယဉ်ကျေးမှုပိုင်းမှာ လွတ်လပ်လွန်းမှုကိုတော့ နှစ်ခြိုက်ပုံ မရှိပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မြကြာဖြူ၊ ပျားရည်အိုင် စတဲ့ နောက်ပိုင်းလက်ရာတွေမှာ ၁၉၈၈ နောက်ပိုင်း မြန်မာအမျိုးသမီးလောကကို သူ့အမြင်တွေ ထင်ဟပ်ထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ခင်ပွန်းသည် ဗိုလ်မှူးကြီးကျော်သောင်းနဲ့ သူ့ဘဝကို အခြေခံရေးတဲ့ ကျွန်မ၏ချစ်သူ စာအုပ်အပိတ်ခံခဲ့ရသလို အကိုလင်ရဲ့လန်ကွတ်တီ ဝတ္ထုတိုမှာတော့ လမ်းစဉ်ပါတီခေတ်က မော်ကွန်းဝင် အခွင့်ထူးခံစနစ်ကို လှောင်ပြောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "၁၉၆၂ နောက်ပိုင်း စာရေးဆရာမတွေ ပိုများလာပြီး အရောင်းသွက် ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာမတွေလည်း ရှိလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "တချိန်တည်းမှာပဲ စာပေ ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ ခင်ဆွေဦး၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ တက္ကသိုလ်မြစိမ်း စသူတွေ လည်း ရှိလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "နောက်ပိုင်းမှာတော့ ဝင်းဝင်းလတ်၊ ခင်မြဇင်၊ မြနှောင်းညို စတဲ့ ဝတ္ထရေးဆရာမတွေ ပေါက်ဖွားလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒါပေမဲ့ စာပေစိစစ်ရေးခေတ် ရောက်လာလို့ ရေးသားမှု လွတ်လပ်ခွင့်လျော့လာသလို စက္ကူရှားပါးမှု ဒဏ်ကိုလည်း စာပေလောကမှာ ကြုံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒို့တိုင်းဌာနီ ဝတ္ထုနဲ့ ၁၉၆၂ မှာ နာမည်ကြီးလာတဲ့ ခင်ဆွေဦးဟာ စာပေမိသားစုမှာ ကြီးပြင်းခဲ့ပြီး နိုင်ငံရေးတက်ကြွတဲ့ လူငယ်အများအပြားကို ငယ်ကတည်းက သိကျွမ်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီအတွေ့အကြုံတွေကို အခြေခံ ရေးတဲ့ စာတွေဟာလည်း တော်လှန်ရေး၊ စာပေနဲ့ နိုင်ငံရေးလောကကို ဖော်ပြတာ များပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မိုးနှင့်ရေ၊ တခိုင်နှစ်ခိုင်နှင်းပန်းခိုင်၊ နေခြည်ဖြာမှနွေးလိမ့်မည်၊ နှင်းဆီကမွှေး စတဲ့ ဝတ္ထုတွေကို လမ်းစဉ်ပါတီခေတ်မှာ လူငယ်တွေ ကြိုက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အချစ် အခြေခံတဲ့ ဝတ္ထုတွေ ဖြစ်ပေမယ့် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို နောက်ခံပြု ရေးသလို လက်ဝဲဝါဒကို တိမ်းညွတ်တဲ့ အတွေးအခေါ်တွေလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဖခင် မဟာဆွေနဲ့ ခင်မင်သိကျွမ်းတဲ့ ဗိုလ်အောင်ကျော်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ဆန်းစတဲ့ လူငယ် နိုင်ငံရေးသမားတွေရဲ့ စရိုက်လက္ခဏာတွေကို ဒီဝတ္ထုတွေထဲမှာ ထည့်သွင်းခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "သူ့ရှေ့က ဗန်းမော်တင်အောင်၊ တက္ကသိုလ်နန္ဒမိတ် စတဲ့ အမျိုးသား လက်ဝဲစာရေးဆရာတွေနဲ့ မတူတာက အမျိုးသမီးဇာတ်ကောင်တွေရဲ့ အမြင်ခံစားမှုမှာ ပိုင်နိုင်တာ၊ စရိုက်သေ မဆန်တာပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "သီချင်းကဗျာစာသားတွေကို ဝတ္ထုထဲမှာ ထည့်သွင်း ရှင်းပြတတ်တဲ့ ခင်ဆွေဦးရဲ့ ရေးဟန်ကိုလည်း ဂျူး စတဲ့ နောက်ပိုင်း စာရေးဆရာမတွေ လိုက်ယူကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စံပယ်ဖြူ အမျိုးသမီး မဂ္ဂဇင်းကိုလည်း တည်ထောင်ခဲ့ပြီး အမျိုးသမီးလွတ်လပ်ခွင့် ကိစ္စတွေ ဖော်ထုတ် ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "၁၉၇ဝ ပြည့်လွန်နှစ်လယ်ပိုင်းမှာ ပထမဆုံးရေးတဲ့ ဝတ္ထုရှည်နဲ့ စာပေဆုရတဲ့ စာရေးဆရာမ တယောက် ထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာပေလောက စာအုပ်တိုက်က မိုးမိုး(အင်းလျား) က ပျောက်သောလမ်းမှာစမ်းတဝါး ဝတ္ထုနဲ့ လူမှုစီးပွားရေး အကျပ်အတည်းတွေကြား လမ်းပျောက်နေသူ လူငယ်တွေအကြောင်း ရေးဖွဲ့ပြီး ထင်ရှားလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "လမ်းစဉ်ပါတီခေတ်လယ်ပိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို အခြေခံပြီး လူလတ်တန်း အောက်လွှာတွေရဲ့ ဘဝကို ရိုးရိုးလေး ဖွဲ့ပြတဲ့ သူ့လက်ရာတွေဟာ အမျိုးသား စာရေးဆရာတွေရဲ့ နိုင်ငံရေးကဲတဲ့ ဆင်းရဲသား နောက်ခံ ဝတ္ထုတွေနဲ့ ကွဲထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ရွှေတိဂုံကိုမြင်လျှင် မှာ ရန်ကုန် လူတန်းစားအသီးသီးက လူတွေရဲ့ ဘဝတွေကို ထင်ဟပ်ပြခဲ့ပြီး ဒီလို ဇာတ်လက်တက်ပြိုင်တွေနဲ့ ရေးနည်းဟာလည်း ၁၉၈ဝ ကျော်မှာ ပိုခေတ်စားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား၊ မှတပါး အခြားမရှိ၊ မြန်မာပြည်မှာနေကြသည်၊ ဘယ်သူ လာကူပါ့မယ် စတဲ့ ဝတ္ထုတွေမှာလည်း ဇာတ်အိမ်လေးလေးနဲ့ ခံစားမှုသည်းတဲ့ စရိုက်တွေကို အားပြု ရေးဖွဲ့ခဲ့ပြီး ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဘဝအကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ အမျိုးသမီးဇာတ်ဆောင်တွေ များတဲ့ ဝတ္ထုတွေ ဖြစ်လို့ စာဖတ်သူတွေရဲ့ ဘဝအမောနဲ့ ထင်ဟပ်ပြီး ကျော်ကြားခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ငယ်ငယ်နဲ့ ကွယ်လွန်သွားလို့ သူနောက်ပိုင်းမှာ ရေးဟန်ရေးကွက် ပြောင်းလာမလား ဆိုတာ အကဲမခတ်နိုင်တော့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "နိုင်ငံတော်ကောင်စီဝင် စာရေးဆရာကြီး မန်းတင်ရဲ့ သမီး မစန္ဒာဟာ ဘဝသရုပ်ဖော်ရေးသူ ဖြစ်ပေမယ့် ဟာသအမြင်နဲ့ ပေါ့ပါးအောင် ပြန်အနားသတ်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဂျီဟောသူမှာ ကျောင်းသူဘဝကို သရုပ်ဖော်ရာက ထင်ရှားလာပြီး အရိပ် မှာတော့ မျိုးဆက်နှစ်ဆက်ရဲ့ ဖြတ်သန်းမှုကို လေးလေးနက်နက် ရေးဖွဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ငယ်သူမို့ မသိပါ၊ တိမ်ဖုံးပါလို့ လမသာ ၊ စိမ်းရွက်သစ်တဝေဝေ စတဲ့ ဝတ္ထုတွေမှာလည်း မစန္ဒာရဲ့ဟန်ကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဘဝသရုပ်ဖော်ကို ပေါ့ပါးအောင် ဖွဲ့နွဲ့တဲ့ ပုံစံအရေးအသားတွေဟာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွေမှာ ပိုတွေ့လာရပြီး စာရေးဆရာမတွေ ရေးလာတာလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုနဲ့ စာပေဆု ရခဲ့ပြီး ဒီဝတ္ထုမှာ အမျိုးသားရေးအမြင်နဲ့ ရေးတာများတယ်လို့ ဝေဖန်ခံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မိုးမိုး(အင်းလျား) ကို ဂျင်ဂျာအေးသောက်ချင်တယ်၊ စိုးကြောက်မိပါသည် ဝတ္ထုတိုတွေနဲ့ တွဲသိကြရင် မစန္ဒာကိုလည်း တီဗီနာ နဲ့ သတိရကြမှာ သေချာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မစန္ဒာရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ လောကဓံကို ရယ်စရာ လုပ်ရင်း ဘဝကို ရေဆန်လမ်းက ရိုးအေးစွာ လျှောက်ကြတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အမျိုးသမီး ပရိသတ်တွေ ပိုများလာတဲ့ ခေတ်မှာ စာရေးဆရာမတွေလည်း ပိုထင်ရှားလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "၁၉၉ဝနဲ့ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ စာပေဆုတွေကို အမျိုးသမီးတွေ ဆက်တိုက်ရခဲ့တဲ့ အချိန်လည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီခေတ်မှာ စာပေစိစစ်ရေး တင်းကျပ်မှုနဲ့ စီးပွားရေး မညီမျှမှုတွေ ကြီးလာတဲ့အတွက်လည်း စာပေထုတ်ဝေမှုတွေ အရင်ခေတ်တွေထက် ပိုကျဆင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီထဲက မော်ဒန်စာပေခေါ် ခေတ်ပေါ် စာပေအယူဝါဒတွေနဲ့ ရေးတဲ့ စာရေးဆရာမတွေလည်း ပေါ်ထွက်လာပြီး ခက်မာ၊ မေငြိမ်း၊ မိုးငြိမ်းဧ၊ စုမီအောင်၊ မနော်ဟရီ စသူတွေ ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မိုးချိုသင်း၊ မခင်လေး (ရန်ကုန်တက္ကသိုလ်) ၊ မိချမ်းဝေ၊ မြို့သာ မရာထို၊ စံပယ်ဖြူနု စတဲ့ သရုပ်မှန်လိုင်းက စာရေးဆရာမတွေလည်း အများအပြား ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ နဲ့ နိုင်ငံတကာထိ ရောက်ခဲ့တဲ့ နုနုရည်(အင်းဝ) ဟာ ဆင်းရဲတဲ့ အလွှာစုံက လူတွေရဲ့ ဘဝကို အိုင်ကျင်း ဖွဲ့တတ်သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "သောက်တော့ ဒူးယား ဝတ်တော့ မလေးရှား နေတော့ ချုံကြား၊ မရဲတရဲ ဘာဝယ်မလဲရှင့်၊ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား စတဲ့ ထူးခြားသွက်လက်တဲ့ နာမည်တွေနဲ့ ဝတ္ထုတွေရေးတဲ့ နုနုရည်(အင်းဝ) ဟာ အစမှာ မောင်သာရလိုင်းမျိုး ဆန်ပေမယ့် သူ့ဟန်ကို ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့မိန်းမတယောက်မှာ သူ့ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ခဲ့သလို လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ ၊ အိပ်နေရင်ည နိုးနေရင်နေ့ စတဲ့ ဝတ္ထုတွေမှာလည်း စိတ္တဇဝေဒနာရှင်တွေ၊ မျက်စိအလင်းကွယ်သူတွေ စတဲ့ မသန်စွမ်းတွေရဲ့ ဘဝတွေကို အနုပညာမြောက်စွာ ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "လမ်းစဉ်ပါတီခေတ်မှာ ပုံစံခွက် ရေးဖွဲ့တတ်တဲ့ ဆင်းရဲသား သရုပ်ဖော် ဝတ္ထုတွေနဲ့ ကွဲထွက်သလို မိုးမိုး(အင်းလျား)၊ မစန္ဒာ စတဲ့ သူ့ရှေ့က အမျိုးသမီးစာဆိုတွေရဲ့ ဘဝသရုပ်ဖော် ဟန်နဲ့လည်း ပုံစံပြောင်းလဲ ထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာပေဆုကိုတော့ လူလတ်တန်းစား မြို့ပြနေတွေအကြောင်း မြစိမ်းပြာကမာရွတ် နဲ့ ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာပေကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ သွားသင်ယူခွင့်ရတဲ့ အခွင့်ကိုလည်း သူက စရခဲ့ပြီး ဂျူး၊ မသီတာ (စမ်းချောင်း) စတဲ့ နောက်ပိုင်း စာရေးဆရာမတွေလည်း တက်ခွင့်ရခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ကြည်အေးနောက်ပိုင်းမှာ ဆရာဝန်စာရေးဆရာမထဲက အထင်ရှားဆုံး ဖြစ်လာသူက ဂျူးပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မန္တလေးဆေးတက္ကသိုလ်ကနေ အသုတ်လိုက် ထွက်လာတဲ့ စာရေးဆရာတွေထဲက ဂျူးဟာ ကနေ့ထက်ထိ လူသိအများဆုံး ဖြစ်သလို လူငယ်တွေ ကြားမှာ သြဇာကြီးတဲ့ ကလောင်တချောင်းလည်း ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အမှတ်တရ ဝတ္ထုမှာ ချစ်သူစုံတွဲ အတူနေတဲ့အကြောင်း ရေးရာက ဂယက်ရိုက်သွားတဲ့ ဂျူးဟာ ကြေမွသွားသောတိမ်တိုက်များအကြောင်း၊ မြစ်တို့၏မာယာ၊ မရှိမဖြစ်မိုး စတဲ့ အချစ်ဝတ္ထုတွေနဲ့လည်း ၁၉၉ဝ ကျော်က ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "နောက်ပိုင်းမှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်ကို စောင်းပေးတဲ့ ဝတ္ထုတွေ အရေးများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဝတ္ထုတိုလိုင်းမှာလည်း ဂျူးရဲ့လက်ရာတွေကို လူသိများပြီး ဝတ္ထုရှည်ထက် အတိုမှာ လက်ရာပိုကောင်းတယ်လို့လည်း ယူဆခံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ပင်လယ်နှင့်တူသောမိန်းမများ ကတော့ နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတခုက ဝတ္ထုအရိပ်အငွေ့တွေ ပါတယ်လို့လည်း ပြောဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဂျာနယ်ကျော် မမလေး၊ ကြည်အေး၊ ခင်ဆွေဦး စတဲ့ စာရေးဆရာမတွေလိုပဲ ဂျူးရဲ့ အမျိုးသမီး ဇာတ်လိုက်တွေကလည်း ထူးချွန်ထက်မြက်သူတွေ များပြီး အမျိုးသားတွေ ထက်တောင် သာနေတတ်တယ်လို့ အဆိုရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာရေးဆရာ နေဝင်းမြင့်ရဲ့ ဇနီးဘဝကနေ စာရေးဆရာမအဖြစ် ထိပ်တန်းရောက်လာတဲ့ ခင်ခင်ထူးဟာ ကျေးလက်နောက်ခံ အချစ်ဝတ္ထုတွေကို ရိုးရာအတွေးတွေနဲ့ ဖော်ကျူးရေးတတ်သူပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "မအိမ်ကံ အခန်းဆက် ဝတ္ထုရှည်ကနေ ပရိသတ်ကြား ပေါက်သွားခဲ့ပြီးနောက် တောမင်းသမီး စတဲ့ ဝတ္ထုတွေ ဆက်တိုက်ထွက်လာပါတယ်။ ဖက်စိမ်းကွမ်းတောင် ဝတ္ထုတိုများနဲ့လည်း စာပေဆု ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အညာသူအညာသားကျွန်မဆွေမျိုးများ ကတော့ သူ့ဝတ္ထုတွေ မြစ်ဖျားခံရာ မြင်းခြံတဝိုက်က သူ့ဇာတိအကြောင်း မိသားစုဇာတ်လမ်းတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်၊ ဆူးပန်းခွေသွယ် ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် စတဲ့ ဝတ္ထုရှည်တွေကလည်း အညာနောက်ခံ ဝတ္ထုတွေပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ကျေးလက်သားတွေရဲ့ အရိုးစွဲနေတဲ့ ဓလေ့ တွေကို ပြောင်းလဲနေတဲ့ ခေတ်နောက်ခံနဲ့ ယှဉ်ပြီး ရေးဖွဲ့လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အချစ်ဝတ္ထုတွေမှာ ကျေးလက်ဗဟုသုတတွေ ထည့်သွင်းလွန်းလို့ တခါတလေ အိုင်သွားတာကလွဲပြီး ခင်ခင်ထူးရဲ့ လက်ရာကို တောရောမြို့ပါ နှစ်ခြိုက်ကြတာလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ခင်ခင်ထူးရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ ဂျူးရဲ့ ဇာတ်လိုက်မတွေလို သွက်လက်ထက်မြက်နေတာ မဟုတ်ပေမယ့် ပြတ်သားသင့်တဲ့နေရာမှာ ပြတ်မယ်၊ ရှက်ရွံ့စရာဆိုရင် ရှက်ရွံ့မယ်ဆိုတဲ့ ပျော့ရင်ဖယောင်း မာရင်သံချောင်း အမျိုးအနွယ်တွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အထက်မှာ ပါရှိတဲ့ စာရေးဆရာမ ၁ဝ ဦးဟာ ထင်ရှားကျော်ကြားသလို စီးပွားရေးအရလည်း အောင်မြင်၊ အနုပညာအရလည်း ထွန်းပေါက်တဲ့ စာရေးဆရာမတွေထဲက ကောက်နုတ် ရွေးချယ်တာပါ။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "ဒီစာရင်းမှာ မပါသေးတဲ့ ထင်ရှား ထူးချွန်တဲ့ စာရေးဆရာမတွေလည်း အများအပြား ရှိနေသလို မြန်မာစာပေကို ပြည်ပမှာ ပြန်ဆိုထုတ်ဝေတာတွေလည်း များပြား လာနေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "အင်္ဂလိပ်လို ရေးသားတဲ့ စာရေးဆရာမတွေကတော့ ခင်မျိုးချစ်ကနေ ဝင်ဒီလောရုံ၊ မသိင်္ဂီတို့ထိ ရှိနေပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46454034" }, { "text": "စာရေးဆရာမကြီး ကြည်အေးရဲ့ မောင် ကိုကိုနှင့် မြနန္ဒာ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အနှစ် ၄ဝ ကျော်က ရေးခဲ့တဲ့ ဒီဝတ္ထုဟာ ယခုထိ မြန်မာစာပေလောကမှာ လွှမ်းမိုးနေဆဲပါ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီဝတ္ထုကို အမျိုးသမီးတယောက်ရဲ့အလှ၊ ထက်မြက်မှုနဲ့ အနုပညာ ဝါသနာထုံမှုကို ဖော်ကျူးတဲ့ လက်ရာအဖြစ် လူသိများသလို မျက်နှာများတဲ့ ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုတွေကို ခါးစီးခံရသူ တယောက်အကြောင်း အဖြစ်လည်း အမျိုးသမီး ပရိသတ်က ဖတ်ရှုကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နောက် ဒီဝတ္ထုဟာ ဥရောပ နောက်ခံနဲ့ ရေးတာမို့ တံခါးပိတ်ထားတဲ့ ခေတ်က မြန်မာနိုင်ငံမှာ ရှားရှားပါးပါး နိုင်ငံခြား ဇာတ်အိမ်တည်တဲ့ ဝတ္ထုအဖြစ် သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ပြည်ပနောက်ခံမှာ အနောက်တိုင်းဆန်ဆန် နေထိုင်ကြတဲ့ မြနန္ဒာတို့ မိသားစုနဲ့ ခင်ပွန်းသည် ဒေါက်တာ သာဦးဂျော်တို့အကြောင်း ဝတ္ထုဟာ မြန်မာအများစု လက်လှမ်းမမီတဲ့ အထက်လွှာက ဇာတ်လမ်း ဖြစ်ပေမယ့် ရေးဖွဲ့မှု ကောင်းလို့ လူကြိုက်များခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နောက် ဒီဝတ္ထုဟာ အင်္ဂလိပ်စာ ပြင်သစ်စာတတ် အသိုင်းအဝိုင်း အကြောင်းဖြစ်တဲ့အတွက် လမ်းစဉ်ပါတီခေတ်မှာ နောက်ဆုတ်နေပြီဖြစ်တဲ့ အင်္ဂလိပ်စာပေ သင်ကြားရေးနဲ့ အဲဒီခေတ်ကို မမီလိုက်သူတွေအတွက် အားကျစရာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒါကြောင့်လည်း နောက်ပိုင်းခေတ် လူငယ်တွေက ဒီဝတ္ထုကို စိတ်ဝင်စားကြတာပါ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီဝတ္ထုမှာ ဖွဲ့နွဲထားတဲ့ ဥရောပ နောက်ခံတွေကလည်း ခုထိ ရှိနေဆဲမို့ ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့အခါ နောက်ခံအလှတွေကို အသေးစိတ် ဖော်နိုင်ဖို့ လိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြနန္ဒာဟာ လန်ဒန်ကို စာသင်လာတဲ့ ခင်ပွန်းဆရာဝန်နဲ့ လိုက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ခင်ပွန်းက ဆေးရုံမှာ သူနာပြုဆရာမလေးတွေနဲ့ ဇာတ်ခင်းနေတာကို အစက မရိပ်မိပေမယ့် ကလေးမွေးပြီးနောက်ပိုင်းမှာ တစချင်း သိလာ ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကလေးမွေးချိန်မှာ ပဲရစ်မှာ အပျော်သွားရှာနေတဲ့ ခင်ပွန်းကြောင့် အိမ်ထောင်ရေး စိတ်မချမ်းသာတဲ့ မြနန္ဒာဟာ သားကိုပဲ အဖော်လုပ်ပြီး လန်ဒန်မှာ နေခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဘယ်လိုပဲ ခေတ်မီတယ် ဆိုဆို၊ ပြည်ပမှာ ပညာတွေသင်တယ်ပြောပြော တလင်တမယားစနစ်ကို လက်တွေ့ မကျင့်သုံးနိုင်တဲ့ မြန်မာအထက်လွှာက လူတချို့ရဲ့ လောကဟာ ဒီဝတ္ထုမှာ ပေါ်လွင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "တဘက်မှာလည်း မြနန္ဒာဟာ ခင်ပွန်းကို အရွဲ့တိုက်ပြီး အပျော်ရှာတာတွေ မလုပ်ပါဘူး။ ကလေးရယ်၊ စာပေ အနုပညာရယ်ကိုပဲ အဖော်ပြု နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကလေးကို လက်တွဲပြီး နွေရာသီ လန်ဒန်မြို့လယ်က ပန်းခြံတွေမှာ သွားထိုင်တာ၊ ရေပန်းနဲ့ မီးရောင်တွေ ကြည့်တာ၊ ခိုတွေကို ကြည့်တာတွေ လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီလို ကလေးနဲ့ ခြေဦးတည့်ရာ လျှောက်နေတာကို ခင်ပွန်းက ကလေး အအေးမိမှာ စိုးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နောက် လန်ဒန် မြို့လယ်က ပစ်ကယ်ဒီလီအဝိုင်းဘက်မှာ နီယွန်မီးချောင်းရောင်စုံတွေ အောက်မှာလည်း လမ်းလျှောက်တယ် ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "သားမျက်နှာ နီလိုက်စိမ်းလိုက် ရှိတာကို ကြည့်မဝရှိတယ်လို့လည်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အိမ်ထောင်ရေး အဆင်မပြေတာကို မြန်မာပြည်မှာလို ဖွင့်ဟတိုင်ပင်စရာ မရှိလို့ စိတ်ကူးတည့်ရာ သွားတဲ့အဖြစ်ကို စာရေးဆရာမ ကြည်အေးက ရေးဖွဲ့ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီဇာတ်လမ်းဟာ ကြည်အေးရဲ့ ဘီဘီစီမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံ ရေးတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "စာရေးဆရာမ ကြည်အေး ကိုယ်တိုင်လည်း ခင်ပွန်းနဲ့ စိတ်ဆိုးရင် ကလေး ခြောက်ယောက်စလုံးကို ရထားခေါင်းတွဲလို ဆွဲပြီး အိမ်ပေါ်က ဆင်းသွားတတ်တယ်လို့ စာရေးဆရာမ ခင်ဆွေဦးက အမှတ်တရ ရေးခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကြည်အေး ဘီဘီစီမှာ ကြာကြာမနေဘဲ မြန်မာပြည်ကို ကိုယ်ရေးကိုယ်တာကြောင့် ခြောက်လနဲ့ ပြန်သွားတယ်လို့ ဘီဘီစီ ဦးနေဝင်းရဲ့ ဘဝ မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မပြန်ခင်မှာ စာရေးဆရာမ ဗာဂျင်းနီးယားဝုလ်ဖ် ရေထဲဆင်းသေသွားတဲ့ နေရာကို သူသွားကြည့်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အဲဒီအကြောင်း ရေးတဲ့ ဝတ္ထုမှာတော့ ဝုလ်ဖ် မြစ်ထဲဆင်း သေသွားတာဟာ သူ့မှာ သားသမီး ရှိခဲ့ရင် လုပ်ပါ့မလား လို့ ကြည်အေးက ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြနန္ဒာဟာလည်း ဝတ္ထုထဲမှာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် သူ့ကိုယ်သူ သတ်သေဖို့ စဉ်းစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဆိုဟိုဘက်သွားပြီး ရုပ်ရှင်ကြည့်တာ၊ ဆွပ်ပြုတ် ဝယ်စားကြတာတွေလည်း မြနန္ဒာ ဝတ္ထုမှာ ပါပါတယ်။ ဆိုဟိုရပ်ကွက်ဟာ လန်ဒန်မှာ မီးနီရပ်ကွက်အဖြစ် ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြန်မာပြည်မှာတော့ အမျိုးသမီးတွေ အပြင်ထွက်ရင် တယောက်တည်းသွားလို့ မတင့်တယ်ဘူးဆိုတဲ့ အမြင် အဲဒီခေတ်က ရှိခဲ့ပေမယ့် ဝတ္ထုထဲမှာ ကြည်အေးက မြနန္ဒာကို ဆိုဟိုထဲ သွားခိုင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကြည်အေးဟာ အမျိုးသမီး စာရေးဆရာမဖြစ်လို့ အမျိုးသမီးကို ဇာတ်ရုပ်လုပ် ရေးရာမှာ အောင်မြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မီ ဝတ္ထုထဲမှာ အမျိုးသားတွေကို ကစားတဲ့ အမျိုးသမီး၊ ကျွန်မပညာသည်မှာ အငြိမ့်မင်းသမီး၊ ကေဖွဲ့ဆိုသီမှာ တက္ကသိုလ်ကျောင်းသူ၊ မေတ္တာမီးအိမ်မှာ စိတ္တဇဝေဒနာရှင် မိန်းကလေး စတဲ့ ဇာတ်ရုပ်တွေဟာ ပီပြင်လှပြီး နွမ်းလှအိမ်ပြန် မှာတော့ အဖေနဲ့မတည့်တဲ့ သမီးသရုပ်ကို လက်ရာအမြောက်ဆုံး ရေးဖွဲ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြနန္ဒာကတော့ အမျိုးသမီးတယောက်ကို ချစ်မိတဲ့ အမျိုးသားနှစ်ယောက်နဲ့ အဲဒီအမျိုးသမီးက ချစ်ခဲ့တဲ့ အမျိုးသားနှစ်ယောက်အကြောင်းကို သူတို့ပြောစကားတွေကနေ သရုပ်ဖော်ခဲ့တာ ဖြစ်ပြီး အမျိုးသားတွေအပေါ် ချစ်ခင်မှု မုန်းတီးစိတ်နာမှု စတဲ့ ခံစားချက်တွေကိုလည်း အမျိုးသမီး ဇာတ်ကောင် နေရာကနေ ဖွင့်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ပွေရှုပ်မှုကို အမျိုးသားတွေရဲ့ ဖြစ်စဉ်လို သဘောထားတတ်တဲ့ လူ့အသိုင်းအဝိုင်းကို မကျေနပ်စိတ်ကိုလည်း ဒီဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီလို ရေးဖွဲ့တာတွေဟာ အဲဒီခေတ်က ခေတ်ပြိုင် စာရေးဆရာမတွေ ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု စသူတွေရဲ့ ဝတ္ထုတွေမှာ ပါတတ်ပေမယ့် အိမ်ထောင်ရေးဆိုတဲ့ အနှောင်အဖွဲ့ကို ဆန့်ကျင်တဲ့ စကားတွေကိုတော့ မြနန္ဒာမှာ ရေးဖွဲ့ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "လူတိုင်းဟာ တချိန်ချိန်မှာ အိမ်ထောင်ဘက်မဟုတ်သူကို တပ်မက်တဲ့စိတ်တွေ ရှိကြပြီး ထိန်းချုပ်သူနဲ့ မချုပ်တည်းသူ ကွာတယ်လို့ ဒီဝတ္ထုမှာ ကြည်အေးက မစ္စမာတင်ဆိုတဲ့ လက်မထပ်ဘဲနေတဲ့ အင်္ဂလိပ်အမျိုးသမီးက တဆင့် ရေးဖွဲ့ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီလို အမျိုးသမီးတွေကို ကြည်အေး လန်ဒန်မှာ တွေ့ခဲ့ပုံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကြည်အေးဟာ အနောက်တိုင်းစာပေနဲ့ အနုပညာကို ဝါသနာထုံသူဖြစ်လို့ သူ့ဝတ္ထုတွေမှာ အနောက်နိုင်ငံက ဂန္ထဝင်ဓာတ်ပြားတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း ပါတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြနန္ဒာမှာတော့ ဂီတကို အစားအသောက်လို သဘောထားတဲ့ အမျိုးသမီးတယောက်ကို ဖွဲ့ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "လန်ဒန်မှာ စန္ဒရား တီးသင်ခဲ့တဲ့ ကြည်အေးဟာ သူ့ဝတ္ထုထဲက ဇာတ်ကောင်လိုပဲ အဲလဘတ်ဟောရုံကြီးမှာ သွားပြီး ဂီတနားထောင်ခဲ့ပါလိမ့်မယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အလယ်ကောင်မှာ ခုံမရှိဘဲ မတ်တတ်ရပ် နားထောင်တာ၊ ကော်ဇောပေါ် ထိုင်နားထောင်တာတွေလည်း ဝတ္ထုမှာ ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကြည်အေးလိုပဲ အနုပညာ ဝါသနာကြီးတဲ့ ခေတ်ဟောင်းအဆိုတော် ဘိလပ်ပြန်သန်းဟာ စစ်ပြီးစ လန်ဒန်မှာ ပထမဆုံး လာဖျော်ဖြေတဲ့ တယောကျော် ယေဟူဒီ မေနုဟင်ရဲ့ ပွဲကို နားထောင်ဖို့ အဲလဘတ်ဟောမှာ ညအိပ်စောင့်ပြီး လက်မှတ်ယူတယ်လို့ သူနဲ့အတူ ပွဲကြည့်ခဲ့တဲ့ ဘီစီအက်စ် ဦးဘညိမ်က ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ပါရီမှာတော့ ပန်းချီနိဗ္ဗာန်မြို့ကြီးမို့ လုဗ်ပြတိုက်ကို သားနဲ့ မြနန္ဒာသွားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီပြတိုက်ကအပြန်မှာ ခင်ပွန်းကို ပြင်သစ်သူတယောက်နဲ့ တွေ့လိုက်ရလို့ ထိတ်လန့်ပြီး ထွက်ပြေးသွားတဲ့အကြောင်းနဲ့ ခင်ပွန်းကလည်း မြနန္ဒာ မမြင်အောင် ဖုံးကွယ်ရတဲ့အကြောင်း၊ အိမ်မပြန်ရဲတဲ့အကြောင်းတွေကို သရုပ်ပါပါ ရေးဖွဲ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဖောက်ပြန်တဲ့ ခင်ပွန်းကို ထားခဲ့ပြီး လန်ဒန်မှာ နေခဲ့ဖို့၊ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်ပြီး ချွေတာနေကာ အလုပ်လုပ်စားဖို့ မြနန္ဒာ စိတ်ကူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အဲဒီအချိန်က အထက်လွှာက မြန်မာအမျိုးသမီးတွေကြားမှာ ကိုယ်ပိုင်အလုပ်လုပ်သူဆိုတာ ရှားပါသေးတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အများစုက မင်းကတော် သူဌေးကတော်နဲ့ အိမ်ထောင်မပြုရင်လည်း သူဌေးမ အဖြစ် အငြိမ်းနေကြတဲ့ ခေတ်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒါကြောင့် ဖောက်ပြန်မှု ဆိုတာတွေမှာ အမျိုးသားတွေက ကျူးလွန်တာ များပြီး ဥပဒေအရလည်း အငယ်အနှောင်းတွေဘက်က ကာကွယ်တာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒီလောကဓံတွေကို ခေတ်မီတယ် ဆိုတဲ့ မြနန္ဒာလည်း ပြည်ပမှာ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နောက်ဆုံးတော့ မြနန္ဒာဟာ ပါရီကို မုန်းသွားပြီး လုဗ်ပြတိုက်ကိုလည်း မသွားတော့ပါဘူး။ 'အဲဒီလမ်းကို မလျှောက်ချင်လို့' ဆိုပြီးလည်း ဖြေတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ပါရီကို မိန်းမပေါ အချစ်ပေါတဲ့မြို့လို့လည်း ခေါ်ပါတယ် ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နန္ဒာကော ဆံပင်တွေ ဖြတ်ပစ်ပြီး ဂါဝန်တိုလေးနဲ့ စိန်းမြစ်ကမ်းမှာ လျှောက်ကြည့်ချင်တယ်လို့လည်း ခင်ပွန်းကို ပြောင်လှောင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "အဲဒီလိုနေရင် အချစ်တွေ ထပ်ရမလား၊ သူ့ခင်ပွန်းရဲ့ အချစ်ကို ရမှာလားလို့လည်း ခနဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "သင်္ဂဇာ ဆရာတော် စကားပုံတွေထဲက ကိုယ့်မြင်းငှားစီးလို့ သူများလှေပြန်လှော်တဲ့သူ ပုံပြင်မျိုး ပြိုင်သူပဲ ရှုံးမယ့်အထာနဲ့ မမိုက်ချင်ပါနဲ့ နန္ဒာရယ်လို့ပဲ သူ့ရဲ့ ခင်ပွန်းက တုံ့ပြန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြူးနစ်မှာ စာသင်ရင်း မိသားစု လျှောက်လည်တဲ့အကြောင်းလည်း ကြည်အေးက ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကျော်ကြားသော အောက်တိုဘာ မြူးနစ်ပွဲတော်မှာ ရောနှော ဝင်ရောက်ကာ စားသောက်မူးရူး ကြည့်ကြသေးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဘီယာနဲ့ ဝက်အူချောင်းကို ခင်းကျင်းရောင်းချတဲ့ ပွဲတော်တွေမှာ မြနန္ဒာ အချစ်ကိုလည်း ရှာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "လူအုပ်ထဲမှာ ခင်ပွန်းက တခြားမိန်းမကို လိုက်ကြည့်နေရင် မြနန္ဒာက လက်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "သူ့နဲ့ကွဲသွားရင် ကလေးကို လူရှင်းတဲ့ နေရာ ခေါ်သွားပြီး သစ်ပင် ရေပန်း မီးရောင်စုံကိုပြ၊ ပူဖောင်း ဝယ်ပေးပြီး အိမ်ပြန်တယ်လို့လည်း ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "နောက်နေ့ ခင်ပွန်းပြန်လာလားလည်း မစုံစမ်းတော့ဘူးလို့ ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "မြနန္ဒာရဲ့ ဇာတ်ရုပ်ဟာ ခင်ပွန်းဖောက်ပြန်မှု ပေါင်းစုံကို သည်းခံရင်း သားသမီးတွေနဲ့ အနုပညာ၊ ဖဲရိုက်တာတွေဆီမှာပဲ ဘဝကို သီးခြားနေခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ ဘဝကို ဖွဲ့ပြတာပါ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ကြည်အေးရဲ့ ဇာတ်ရုပ်အများစုမှာလိုပဲ မြနန္ဒာဟာလည်း အခြေအနေကို ဖောက်ထွက်ဖို့ မစဉ်းစားဘဲ မျောပါသွားတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "ဒါကြောင့် ကြည်အေးကို မြန်မာစာပေမှာ အစောဆုံး ဖြစ်တည်မှု ပဓာနဝါဒီလို့ စာရေးဆရာတချို့က ကင်ပွန်းတပ်ခဲ့ကြတာပါ။", "source": "https://www.bbc.com/burmese/in-depth-46237132" }, { "text": "စာရေးဆရာ ရုပ်ရှင်မင်းသားနဲ့ အဆိုတော် ဝင်းဦးကို မောင်တို့ချယ်ရီမြေ၊ မှုံရွှေရည်၊ တိမ်လွှာမို့မို့လွင် စတဲ့ဇာတ်ကားတွေ၊ မိန်းမလှအမုန်းနဲ့ တက္ကသိုလ်ကျောင်းသားတဦး စတဲ့ ဝတ္ထုတွေ၊ စန္ဒာမဂ္ဂဇင်းတို့အပြင် မန္တလေး သင်္ကြန်နဲ့ တွဲပြီး လူတွေက မှတ်မိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူကွယ်လွန်တာ အနှစ် ၃ဝ ပြည့်ခဲ့ပြီးတဲ့အထိ သူ့ကိုသတိအရကြဆုံးက သူ့ရဲ့ ထူးခြားတဲ့ အသံနဲ့ ကိုယ်ဟန်သွင်ပြင် ဖြစ်မှာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ သူ့ခေတ်ကိုကျော်ပြီး လူပရိသတ်စိတ်ဝင်စားခံရတဲ့ ရှားပါးအနုပညာရှင်တယောက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ရုပ်ရှင်နဲ့ဂီတနယ်မှာ သူ့လိုအောင်မြင်သူက စစ်မဖြစ်ခင်က ခင်မောင်ရင်နဲ့ မေရှင်၊ စစ်ပြီးနောက်မှာ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ တွံတေးသိန်းတန်နဲ့ ကျော်ဟိန်း စတဲ့သူတွေလောက်ပဲ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ကျန်တဲ့ အနုပညာကြယ်ပွင့်အများစုကိုတော့ ခေတ်ကုန်တာနဲ့ တပ်မက်သူ လူနည်းစုလောက်ပဲ သိကြ သတိရနေကြတာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးနဲ့ မေရှင်၊ တွံတေးသိန်းတန် စတဲ့သူတွေရဲ့ အနုပညာလက်ရာ သီချင်း၊ ရုပ်ရှင်တွေကတော့ ခေတ်အဆက်ဆက် ပရိသတ်အသစ်တွေလက်ထဲမှာ တင်ကျန်မြဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးကို သူ့ဖခင် ချစ်ဒုက္ခဦးဘညွန့်နဲ့ တွဲသိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဦးဘညွန့်ရဲ့ချစ်ဒုက္ခ ဆိုပြီး သီချင်းနှစ်ပုဒ်ထွက်အောင် ထင်ရှားခဲ့တဲ့ ဦးဘညွန့်ဟာ သီချင်းနှစ်ပုဒ်တည်းနဲ့ နာမည်ကျန်ရစ်သူ ဖြစ်သလို တက္ကသိုလ်ပါမောက္ခကြီးလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ရုပ်ရည်ချောမောတဲ့ ဦးဘညွန့်နဲ့ အဆိုတော် ဒေါ်သန်းဧတို့ နှစ်ယောက်ကို တက္ကသိုလ်သမဂ္ဂရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ ဒဂုန်တာရာတို့ ကျောင်းသားဘဝက ကမ်းလှမ်းခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဂီတနောက်ခံ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် ဝင်းဦးထက်အရင် ဦးဘညွန့်က မင်းသားဖြစ်ခဲ့မှာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးရဲ့ မိခင် မင်နီဘခက်ရဲ့ဖခင်ကတော့ မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနတွေ စစ်မဖြစ်ခင်ကတည်းက ဆောင်ရွက်သွားတဲ့ ဆရာဝန်ကြီး ကာနယ်ဘခက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ရုပ်ရည်အဆင်းနဲ့ ပြည့်စုံတဲ့ ကာနယ်ဘခက်ရဲ့ ဖခင်ကတော့ မြန်မာပြည်မှာ ပထမဆုံးဖွဲ့တဲ့ လက်ထောက်ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်က ဦးခက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "တက္ကသိုလ် ပါမောက္ခ မိသားစုတွေထဲမှာ အနုပညာရှင်အဖြစ် လူသိများတဲ့ အဆိုတော် မင်းသမီး အေဝမ်းဒေါ်မေသန်းတို့ ပြီးရင် ဝင်းဦးတို့ ညီအစ်ကိုတွေနဲ့ သူတို့ဖခင် ဦးဘညွန့်တို့က အနုပညာလောကမှာ ထင်ရှားလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ အောင်မြင်တဲ့ အဆိုတော် မင်းသား ဒါရိုက်တာ ကုမ္ပဏီပိုင်ရှင်ထက် စာရေးဆရာ အယ်ဒီတာ ဘဝကို ပိုပြီး ဂုဏ်ယူတယ်လို့ သူ့တပည့် အဆိုတော် မင်းသမီးချိုပြုံးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဒါကြောင့် သူဟာ မြန်မာပြည်မှာ ပထမဆုံး အသံထွက် စာအုပ်ပုံစံ လူထုဒေါ်အမာရဲ့ ရွှေရိုးဘကလေး စာအုပ်ထဲက ဝေလွင်လွင် ရုပ်ရှင်အကြောင်း စာဖတ်ပြီး တိပ်နဲ့သွင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "စာရေးရင်လည်း အပန်းတကြီးအားထုတ်စရာ မလိုဘဲ အလုပ်များတဲ့ကြားက ဝတ္ထုတွေ သွက်သွက်လက်လက် ရေးနိုင်တဲ့သူလို့လည်း ချိုပြုံးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "စာရေးကောင်းတဲ့ အရည်အချင်းကြောင့် သူတင်ဆက်လိုတဲ့ အနုပညာကို ပရိသတ် လက်ခံအောင် တင်ပြတတ်တဲ့ အရည်အချင်းက ပိုထက်မြက်တာလည်း ဖြစ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ပြီးတော့ ဝင်းဦးဟာ စာရေးဆရာဘဝနဲ့ ရှုမဝမဂ္ဂဇင်းမှာ အရင်ထင်ရှားသူဖြစ်လို့ သူရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာဝင်းဦး အဖြစ် မိတ်ဆက်ခံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူ့စာတွေမှာ တင့်တယ်လို အပျော်ဖတ် စာရေးဆရာကြီးတွေရဲ့ သြဇာထင်ဟပ်ပေမယ့် ဝင်းဦးဟာ သူ့လက်ရာအဖြစ် ပြောနိုင်တဲ့ စာတွေ ထားခဲ့နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ပထမဆုံး ထင်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတဦး မှာတော့ ရွှေပြည်အေးရဲ့ စစ်အတွင်းက ပြဇာတ်သီချင်း လွမ်းငွေ့ဝေဝေ ကို ပင်တိုင်ထားပြီး ထည့်သွင်းဖွဲ့နွဲ့ခဲ့သလို နောင်မှာ သူအဆိုတော် ဖြစ်လာတော့လည်း ဒီသီချင်းကို အောင်မြင်စွာ ပြန်လည် သီဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ကာရယ် ဟိုတုန်းခါက မောင်နဲ့မယ် အစချီတဲ့ ဒီသီချင်းဟာ ဝင်းဦး ပထမဆုံး စဆိုတယ်လို့ အထင်ခံရတဲ့အထိ လူသိများခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဂျာမန် ဝေါ့ဇ်တေးသွားတပုဒ်ကို မှီးမှန်းလည်း လူမသိတော့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူရေးတဲ့အထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ မိန်းမလှအမုန်း မှာတော့ အိပ်မက်ဆန်ဆန် အချစ်လူဝင်စား ဇာတ်လမ်းကို ဖတ်သူတွေ စွဲမက်အောင် ရေးဖွဲ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝတ္ထုထဲက ထွန်းနိုင်နဲ့ မမမေဂျာ ဇာတ်ရုပ်နဲ့ ရခိုင်ခေတ်ဟောင်းက မဂိုလုလင်နဲ့ ဘုရင့်သမီးတော် ဇာတ်ကြောင်းဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စိတ္တဗေဒနောက်ခံ ဝတ္ထုတွေ၊ ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ဇာတ်လမ်းတွေနဲ့ ဆင်ပေမယ့် ဝင်းဦးရဲ့ဝတ္ထုမူရယ်လို့ ပေါ်အောင် ရေးခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ သူကိုယ်တိုင် ခွန်အားဗလပြည့်စုံပြီး အမျိုးသမီးတွေကြိုက်တဲ့ ဇာတ်ဆောင်ဘဝကို ရခဲ့သလို သူ့ဇာတ်လိုက်တွေမှာလည်း ယောက်ျားပီသတဲ့ မြာစွံမောင်တွေ ဖြစ်တာတွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဒါကြောင့် အသည်းစား မဟာရာဇာ၏ရှင်းတမ်း လို ဝတ္ထုမျိုးကိုလည်း သူရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ စာကိုလည်း အစုံဖတ်တယ်၊ နာမည်ကြီးတွေရဲ့စာကိုသာမက လူမသိတဲ့စာရေးဆရာတွေရဲ့ လက်ရာတွေကိုလည်း ဖတ်တဲ့သူလို့ ချိုပြုံးက အမှတ်တရ ပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူ့ရဲ့ စန္ဒာမဂ္ဂဇင်းမှာလည်း စာလေးစာပေါ့စုံလင်အောင် ထည့်သလို တင့်တယ်လို အယ်ဒီတာလက်ဟောင်းကြီးတွေကို မဏ္ဍိုင်ပြုပြီး ရသစာပေကို အားပြုထည့်သွင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ခေတ်ပြိုင်မဂ္ဂဇင်းတချို့မှာ နိုင်ငံရေးဆန်တဲ့စာတွေ များပေမယ့် ဝင်းဦးရဲ့ စန္ဒာမှာတော့ စာပေအနုပညာသက်သက်ဖြစ်အောင် လူလည်းကြိုက်အောင် အားထုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "လက်ဝဲစာပေနဲ့ ရုပ်ဝါဒ ခေတ်စားတဲ့ခေတ်မှာ ဝင်းဦးရဲ့ စိတ္တဗေဒနောက်ခံ အချစ်ဝတ္ထုတွေ၊ အလွမ်းဇာတ်လမ်းတွေကလည်း ပရိသတ်ကြီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ နှစ်ယောက်ထဲနေချင်တယ် နဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားတွေမှာ တဟုန်ထိုး နာမည်တက်လာပြီး ပရက်စလေ၊ ပတ်ဘွန်းစတဲ့ အမေရိကန် အဆိုတော်မင်းသားတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သီချင်းတွေကို မြန်မာပြန် ရိုက်ကူးသီဆိုရာမှာ ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "အိုမောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ အစချီတဲ့ မောင်တို့ချယ်ရီမြေ သီချင်းမှာ ဟင်းဟင်ဟင်းဟင် စတဲ့ နှုတ်ခမ်းသံတွေ ထည့်စပ်တာကစပြီး မေခင်ကျွန်တော့်အချစ်တော် ၊ မီးပုံပွဲ ၊ ပိတောက်ရိပ်ဝယ် စတဲ့ သူ့တေး တော်တော်များများမှာ အာမေဋိတ်သံတွေ အများအပြား ထည့်သွင်းခဲ့လို့ မိတ္တူတေးလောကမှာ တခေတ်ထူခဲ့သူလို့ စန္ဒရားလှထွတ်စတဲ့ ဂီတသမိုင်းပြုသူတွေက မှတ်ချက်ချခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ခေတ်ပြိုင်လူငယ် ပရိသတ်တွေအကြားမှာ ဗလတောင့်တင်းပြီး အနောက်တိုင်းဆန်ဆန်တေးတွေ ဆိုတတ်သူ၊ နှုတ်ခမ်းမွေးစစနဲ့ ပွင့်လင်းတဲ့အပြုံးပိုင်ရှင် သရုပ်ဆောင်ဟာ သူ့ထက်စောတဲ့ လူကြီးဆန်ဆန် မင်းသားတွေ၊ ခန္ဓာကိုယ် သေးကွေးတဲ့ မြန်မာသရုပ်ဆောင် အများစုနဲ့မတူဘဲ ကွဲထွက်နေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဒါကြောင့် အမျိုးသမီးပရိသတ်အများစုရဲ့ နှစ်ခြိုက်အားပေးမှု ခံရသလို လူငယ်အမျိုးသားတွေ အားကျအတုယူတာတွေလည်း ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ အနုပညာကို ငွေရှာဖို့ထက် ဝါသနာကြောင့် အရင်းတည်ပြီး ရှင်သန်ပုံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဒါကြောင့်လည်း အင်းယားကန်နားမှာ တိုက်နဲ့နေပြီး ပြိုင်ကားမောင်းနိုင်တဲ့ ခေတ်မှာရော ဘားလမ်းက တိုက်ခန်းလေးမှာနေတဲ့ ခေတ်မှာရော သူ့အတွက် အနုပညာအသစ်တွေ ပိုကောင်းအောင် ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက်ပြီး သူ့မှာ ကြည်လင်တဲ့ ဥပဓိမျက်နှာနဲ့ ကလေးဆန်တဲ့အပြုံးကြောင့် လူတွေက မမေ့နိုင် စွဲလမ်းရတယ်လို့လည်း မင်းသမီး ချိုပြုံးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးကို ဝင်းဦးဖြစ်စေတဲ့ အဓိကတချက်က သရုပ်ဆောင်ရာမှာ ပီပြင်အောင် ကြိုးစားမှုအပြင် ဝင်းဦးအသံလို့ ပြောစရာကျန်ခဲ့တဲ့ သင်္ကေတအသံဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ကရုဏာနဲ့ သံလိုက်လို ဆွဲငင်နိုင်တဲ့ အသံကို ဟန်လုပ်ပြောတယ်လို့ ထင်ကြပေမယ့် သူ့ရဲ့ဟန်က သူ့အတွက်သာ လိုက်ဖက်ပြီး သူ့ကိုလိုက်တုရင်တော့ မတူဘဲ ရယ်စရာ အသံမျိုး ဖြစ်သွားတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူရိုက်တဲ့ ကားတွေထဲမှာ မင်းသမီးမပါဘဲ ကလေးသရုပ်ဆောင်နဲ့သာ ရိုက်တဲ့ အတွယ်အတာ ကို သူတော်တော် သဘောကျတယ်လို့လည်း ချိုပြုံးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဒီကားဟာ တကယ်က လူထုဦးလှရဲ့ ဝတ္ထု ချစ်သဲ ကို သူရိုက်ခွင့်မသာ ဖြစ်လို့ သူ့ဇာတ်လမ်းသူရှာပြီး လူဆိုးကို ဇာတ်ကောင်လုပ် ရိုက်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက် သူအားထုတ်ပြီး ရိုက်ခဲ့တဲ့ မှုံရွှေရည် ကိုလည်း ဝင်းဦး အမြတ်တနိုး ထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ချစ်သူရွေးမယ်ချစ်ဝဲလယ် လို ကားမျိုးကိုလည်း နည်းပညာအားနည်းတဲ့ခေတ်မှာ ရှစ်ကိုယ်ခွဲ ရအောင်ရိုက်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက်ပြီး ဆောင်းအိပ်မက် မှာ မပြီးသေးသောပန်းချီကား သီချင်းဆိုတဲ့ အခန်းနဲ့ တိမ်လွှာမို့မို့လွင် ဇာတ်ကားထဲက ကမ်းခြေမှာ သီချင်း သရုပ်ဖော်ခန်း တွေကလည်း မြန်မာပရိသတ်ရင်ထဲမှာ တင်ကျန်တဲ့ ဇာတ်ကွက်တွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "တကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားမှာတော့ မြန်မာဂီတဇာတ်ကားကောင်းအဖြစ် တင်ကျန်အောင် သူအားထုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "အစမှာ မိတ္တူတေးတွေ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ မြို့မငြိမ်းတေးတွေ သူပြန်လည် ဆန်းသစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ခေတ်ဟောင်းတေးတွေနဲ့ သီချင်းကြီးတွေကိုလည်း လူငယ်တွေကြား သူပြန်ပို့ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက် မန္တလေးသင်္ကြန်မှာ ဆယ်နှစ်ကျော် သွားရောက်ဖျော်ဖြေခဲ့လို့ ဝင်းဦးနဲ့မန်းသင်္ကြန်ဆိုပြီး ယဉ်ကျေးမှုပြကွက်တခုလို ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ ၁၉၆ဝ ကျော်မှာ အနောက်ဆန်ဆန် လူငယ်သရုပ်ဆောင်အဖြစ် စင်ပေါ်တက်လာခဲ့ပြီး ၁၉၇ဝ ကျော် စတီရီယိုတေးနဲ့ ဟစ်ပီယဉ်ကျေးမှု ခေတ်စားလာချိန်မှာတော့ ရိုးရာကို ပြန်ဖော်ထုတ်ပြီး လူကြိုက်များခဲ့ပြန်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးကို လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ တခြားအနုပညာကြယ်ပွင့်တွေလိုပဲ သူ့ရဲ့ကိုယ်ရေးဘဝကိုလည်း စူးစမ်းချင်တတ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူနဲ့ အကယ်ဒမီမင်းသမီးတလက်ရဲ့ မညားခဲ့တဲ့ အချစ်ဇာတ်လမ်းကလည်း ပြောကြဆဲ ဖြစ်ပြီး ဒီအကြောင်းတွေကို ဝင်းဦးက အမှတ်တရ ပြန်ပြောင်း ပြောတတ်တယ်လို့ ချိုပြုံးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "သူ့အကြောင်း စာဖွဲ့ခဲ့သူတွေထဲမှာ သူနဲ့ခရီးတွေ အတူသွားတတ်တဲ့ စာရေးဆရာမောင်နေဝင်းကတော့ သူ့အကြောင်း စာတအုပ်ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နာမည်ကြီး မင်းသားဖြစ်ပေမယ့် စာရေးဆရာတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး ဟန်ပန်မလုပ် တတ်သူအဖြစ် သူ့ကို သရုပ်ဖော်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက် ဆင်းရဲနွမ်းပါးတဲ့ အနုပညာရှင်ကြီးတွေကိုလည်း ထောက်ပံ့ကူညီတတ်သူလို့ သူ့ကို သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ဝင်းဦးဟာ အသက် ၅ဝ ကျော်နဲ့ ဘဝအဆုံးသတ်သွားခဲ့ပေမယ့် သေခြင်းတရားကို သူလက်ခံသွားခဲ့ပုံရတယ်လို့ သူ့တပည့်ရင်း ချိုပြုံးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောက်ပြီး သူဟာ အသက်ကြီးရင့်တဲ့အထိ ဘဝကိုနေချင်ပုံမရဘူးလို့ ခံစားမိတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "အပွင့်တွေဝေနေချိန်မှာ ကြွေချင်တဲ့ ချယ်ရီလို စိတ်မျိုး၊ နာမည်ကြီးနေတုန်းမှာ ဘဝကို ရပ်ခဲ့ဖို့စိတ်မျိုး ဝင်းဦးမှာ ရှိသလားလည်း မပြောနိုင်ပါ။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "နောင်လာမယ့် မျိုးဆက်တွေလက်ထက်မှာလည်း သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်လို့ ချိုပြုံးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46605005" }, { "text": "ရဲဘော်သုံးကျိပ်ကို မြန်မာ့တပ်မတော် တည်ထောင်သူတွေအဖြစ် လူသိများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒီပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်မှူးချုပ်ကျော်ဇော တို့ဟာ အထူးထင်ရှားပြီး ဗိုလ်ဇေယျ၊ ဗိုလ်စကြာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းဂေါင်၊ ဗိုလ်တာရာ စသူတွေကိုလည်း လူသိများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူတို့ရဲ့ သားသမီးတွေထဲမှာ အထင်ရှားဆုံးက နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "၁၉၈၈ အရေးအခင်းကာလမှာတော့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း နာမည် ထင်ရှားလာသလို ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တရုတ်ပြည်ကို လိုက်သွားခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီမှာ ထမ်းဆောင်နေတဲ့ ဒေါက်တာလှကျော်ဇောဟာလည်း ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ထင်ရှားလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒီထဲမှာ စာရေးဆရာ အဖြစ် ထင်ရှားသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာခင်လက်ျာ၊ ဒေါက်တာလှကျော်ဇောတို့ပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးခေါင်းဆောင် ဖြစ်မလာခင်ကတည်းက သူ့ဖခင်အကြောင်း စာအုပ်တွေ ပြုစုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သြစတြေးလျနိုင်ငံ ကွင်းစလန် တက္ကသိုလ်က ထုတ်တဲ့ အာရှတိုက်ခေါင်းဆောင်များ စာစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ၁၉၈၅ က ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အိန္ဒိယနိုင်ငံ ဆင်းမလားမြို့က ၁၉၉ဝ မှာ ထုတ်ဝေတဲ့ ကိုလိုနီခေတ် မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေဘဝ အကြောင်း စာအုပ်မှာလည်း ဗိုလ်ချုပ်တို့ခေတ်က နိုင်ငံရေးနဲ့စာပေ လှုပ်ရှားမှုတွေအကြောင်း ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်ချုပ်အောင်ဆန်းကို သူ့ဘဝရဲ့ အားကျစရာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်လည်း သမီးဖြစ်သူက ရှုမြင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒါကြောင့် ဖခင်ရဲ့ နိုင်ငံရေးဘဝကို ပါရဂူဘွဲ့ယူကျမ်းပြုစုဖို့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်တက္ကသိုလ်မှာ ကြိုးစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ခွင့်ပြုချက် မရလို့ ကိုလိုနီခေတ် စာပေလှုပ်ရှားမှုအကြောင်း မြန်မာစာပေမှာ မဟာဒဿနိကကျမ်း ပြုစုခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အဲဒီမှာလည်း ဗိုလ်ချုပ်တို့ သခင်ဘဝက နဂါးနီ စာအုပ်အသင်း လှုပ်ရှားမှုတွေ အကြောင်း ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "မြန်မာပြည်ရဲ့ အောင်ဆန်း၊ သမီးဖြစ်သူဖွဲ့တဲ့ အတ္ထုပ္ပတ္တိပုံရိပ် ဆိုပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရာကို ၁၉၉၁ က ကစ်စကာဒေးလ်တိုက်က ထုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ မကြာခဏပါရှိသလို သူ့အစိုးရတက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်တွေ နိုင်ငံအနှံ့ပေါ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဖခင်ဖြစ်သူ အရှိန်အဝါကို အားပြုတယ်လို့ အတိုက်အခံပါတီတချို့က စွပ်စွဲပေမယ့် ပြီးခဲ့တဲ့ စစ်အစိုးရခေတ်တလျှောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြောဟောတာတွေကို နိုင်ငံအတွင်းမှာ ပိတ်ပင် ထားခဲ့တာတွေရဲ့ တန်ပြန် ရိုက်ခတ်ချက်လည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ စာအုပ်ပြုစုရေးနဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း ပိုပြီး လုံ့လထုတ်လာတာကိုလည်း ဒေါ်စုခေတ်မှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်စု အစိုးရ သက်တမ်း ၃ နှစ်အတွင်းမှာတော့ အပြီးသတ်တာ မတွေ့ရသေးပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အမျိုးသားစာပေဆု နှစ်ကြိမ်ရခဲ့တဲ့ ဒေါက်တာခင်လက်ျာဟာ ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာရဲ့သမီးကြီး ဖြစ်ပြီး အမေရိကန်မှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ယူခဲ့သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူ့ရဲ့ပြည်ပ အတွေ့အကြုံတွေကို စာစောင်တွေမှာ ရေးသားရင်း သူ့ဖခင်အကြောင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူ့ဖခင်အပါအဝင် ရဲဘော်သုံးကျိပ်ဝင်တွေအကြောင်း လူသိနည်းလာလို့ ရေးတာလို့ ဒေါက်တာခင်လက်ျာက ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "တကယ်တော့ ဖခင်အကြောင်း စာအုပ်ရေးဖို့ အနှစ် ၂ဝ ကျော် သူကြိုးစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "မိဘတွေရဲ့ မှတ်စုမှတ်တမ်းတွေ၊ ဖခင်နဲ့လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေ၊ တပည့်တပန်းတွေ ပြောပြချက်ကို သူမှတ်သားပြုစုပြီး ရေးတာပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ပြုစုပုံကလည်း အချစ်အမုန်း ခံစားချက်တွေ မပါအောင် ဓမ္မဒိဋ္ဌာန်ကျအောင် ရေးတယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒါပေမဲ့ ဖခင်ရဲ့ နိုင်ငံရေး စီးပွားရေး ကြိုးပမ်းမှုတွေကို ပေါ်လွင်အောင် ဝါယမစိုက်ရေးတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်ခင်လက်ျာရေးသားချက်ကြောင့် အရင်က ပြည့်စုံအောင် မသိရတဲ့ ဗိုလ်လက်ျာရဲ့ နိုင်ငံရေး ဖြစ်ရပ်တွေကို ပိုမိုစုံလင်စွာ သိလာရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "၁၉၄၉ မှာ ဗိုလ်လက်ျာကို တပ်ကထွက်ဖို့ ဖိအားပေးတာတွေ၊ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်လက်ျာ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ မိသားစုဝင်တွေကို ခွဲခြားဖိနှိပ်တာ၊ အိမ်ကို ရှာဖွေတာနဲ့ သားဖြစ်သူကိုပါ အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဖတ်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "နောက်ဆုံး ဆွေမျိုးနီးစပ်တယောက်ရဲ့ လက်ချက်မကင်းဘဲ ဗိုလ်လက်ျာတို့ သားအဖ ထိုင်းနယ်စပ်မှာ ကရင်လက်နက်ကိုင်တွေ သတ်ဖြတ်တာခံရတဲ့အကြောင်းလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်လက်ျာဆွဲတဲ့ ပန်းချီကားချပ်တွေက သူ့ရဲ့ အကျဉ်းစံဘဝဟာလည်း ရသစာပေလက်ရာလိုပဲ စာဖတ်သူတွေကို ခံစားရစေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "နောက် ရဲဘော်သုံးကျိပ် မိသားစုတွေထဲက စာရေးဆရာဖြစ်လာတဲ့ တယောက်ကတော့ ဒေါက်တာလှကျော်ဇောပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "တရုတ်ပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင် အဖြစ်နေထိုင်ရင်း၊ ဖခင် ဗိုလ်ကျော်ဇောကို ပြုစုရင်း ဒေါ်လှကျော်ဇော စာပေတွေ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အစပိုင်းက နိုင်ငံရေး ဆောင်းပါးတွေကို နာမည်စုံနဲ့ ရေးခဲ့ပေမယ့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ပြီးနောက်ပိုင်း သူ့ဖခင်အကြောင်းတွေ ပိုရေးလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒီဆောင်းပါးတွေမှာ ပြည်တွင်းစစ်ကို ဖြစ်စေတဲ့ အကြောင်းတွေနဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ကြာရှည်စေတဲ့ အကြောင်းတွေကို ဝေဖန်ဆန်းစစ်တာလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်လှကျော်ဇောရဲ့ ရေးသားဟန်ကတော့ ဒေါ်ခင်လက်ျာလို မဟုတ်ဘဲ နိုင်ငံရေးဆန်ဆန် တက်တက်ကြွကြွရေးတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူ့ဖခင်မိခင်တွေရဲ့ နိုင်ငံအတွက် ပိုင်းဖြတ်အနစ်နာခံမှုတွေကိုလည်း မျိုးဆက်သစ်တွေ သိရှိစေချင်ပုံ ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "နောက် ဆန့်ကျင်ဘက် နိုင်ငံရေး အဖွဲ့တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဆိုရှယ်လစ်အုပ်စုကိုလည်း ဝေဖန်ရေးသားတာတွေ ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "တကယ်တော့ ဒီအမျိုးသမီးကြီး သုံးယောက်လုံးရဲ့ ရေးသားမှုတွေဟာ ၁၉၆၂ နောက်ပိုင်း မြန်မာနိုင်ငံရေးမှာ တဖြည်းဖြည်း မှိန်ဖျော့ထားတဲ့ ရဲဘော်သုံးကျိပ် ခေါင်းဆောင်တွေအကြောင်းကို ပြန်ဖော်ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒီသုံးယောက်စလုံးဟာ နိုင်ငံရေးလောကဓံတွေကို မွေးစကတည်းက တွေ့ကြုံခဲ့ရသူတွေပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည် ၂ နှစ်သမီးမှာ ဖခင်လုပ်ကြံခံရပြီး သူ့ဘဝမှာလည်း နိုင်ငံရေးအရ ဖမ်းဆီးအကျယ်ချုပ်ချတာတွေ ၁၅ နှစ်ခန့် ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အသက်ကို ရန်ရှာလုပ်ကြံတာတွေလည်း ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်ခင်လက်ျာကတော့ ၃ နှစ်သမီးမှာ သူ့ဖခင် ရာထူးကပြုတ်ပြီး တပ်ကထွက်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အသက် ၁၇ နှစ်မှာ ဖခင် ၅ နှစ်ကြာ ထိန်းသိမ်းခံရပြီး အသက် ၂၅ နှစ်မှာ ဖခင်ရော အစ်ကိုပါ လုပ်ကြံခံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်လှကျော်ဇောလည်း ဆယ်ကျော်သက်ကလေးဘဝမှာတင် ဖခင်ရာထူးကပြုတ်တာ၊ အသက် ၃ဝ မှာ ဖခင်နဲ့အတူ တောခိုတာတွေ ကြုံတွေ့ခဲ့ရပြီး ယခုထိ တရုတ်ပြည်မှာ အဝေးရောက်ဘဝနဲ့ နေရတုန်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "နောက် ဒေါ်လှကျော်ဇော မရေးဘဲ ကျန်သေးတာကတော့ သူ့ခင်ပွန်း ဦးသက်ခိုင်ရဲ့အကြောင်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗကပ ယူဂျီအဖြစ် ၁၉၈၈ မှာ လှုပ်ရှားရင်း ပြည်တွင်းမှာ နှစ်ချီ ထိန်းသိမ်းခံခဲ့ရတဲ့ သူ့ခင်ပွန်းဟာ ခုထိ သူနဲ့ ပြန်ပြီး မဆုံစည်းနိုင်သေးပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲရစ်တို့ရဲ့ ကြေကွဲဖွယ် ဘဝဇာတ်လမ်းကို လူသိများပေမယ့် ဒေါ်လှကျော်ဇောတို့ အကြောင်းကို ရေးသားသူ နည်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည်က ကျန်တဲ့သူ နှစ်ယောက်ထက် တနှစ်ကြီးပြီး ဒေါ်ခင်လက်ျာ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးငယ် ရက်သားနဲ့ ဆုံးသွားတဲ့ အောင်ဆန်းချစ်နဲ့ ဒေါ်လှကျော်ဇောတို့က တရက်ကြီး တရက်ငယ်တွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "လှကျော်ဇောဆိုတဲ့ နာမည်ကို ဗိုလ်လက်ျာက ပေးတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည်က ဝိဇ္ဇာပညာကို ပြည်ပမှာ ဆည်းပူးခဲ့ပြီး ကျန်တဲ့နှစ်ယောက်က ဆေးပညာဘွဲ့ရတွေပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်ခင်လက်ျာကို အဖေနာမည်ပါလို့ ဆေးပညာမဟာဘွဲ့ သင်ခွင့်မရတဲ့အတွက် ပြည်ပမှာ ထွက်ပြီး ဆည်းပူးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်လှကျော်ဇောကတော့ ဆေးပညာ မဟာဘွဲ့သင်နေတုန်း တောခိုသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူတို့သုံးယောက်လုံးရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရခေတ်မှာရော နောက်ပိုင်း စစ်အစိုးရခေတ်တွေမှာပါ နိုင်ငံရေးအရ ဂရုစိုက် စောင့်ကြည့်ခံရတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ကြုံခဲ့ရတဲ့ ခါးသီးမှုတွေကို ဖြတ်ကျော်ရင်း ဒီအကြောင်းတွေကို နောင်လာနောက်သားတွေ သိအောင်၊ သူတို့ဖခင်တွေရဲ့ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ပျောက်ကွယ်မသွားအောင် ရေးသားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်လိုပဲ နိုင်ငံခေါင်းဆောင်နေရာ ရယူပြီး ဒီမိုကရေစီ ပြောင်းလဲရေးဘက်ကို ကြိုးစားနေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "၂ဝ၁ဝ မှာ သူအကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေအကြောင်း ပြည်တွင်းမှာ ပိုမိုရေးသားခွင့် ရလာပြီး ဒေါ်ခင်လက်ျာနဲ့ ဒေါ်လှကျော်ဇောတို့ရဲ့ စာအုပ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "သူတို့မိသားစုချင်းလည်း ခင်မင်ရင်းနှီးကြတဲ့ အတွက် ဆိုးကောင်းလောကဓံ ကြုံလေသမျှမှာ ကြည့်ရှုစောင့်ရှောက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်လက်ျာ ကွယ်လွန်ပြီးနောက် သမီးငယ် ယုလက်ျာကို ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်က အပတ်စဉ် ကျွေးမွေးတွေ့ဆုံပြီး ဆုံးမစာလေးတွေ ရေးပို့တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ပုလဲပုတီး ဂျပန်က ဝယ်လာပြီး လက်ဆောင်ပေးလို့ ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်လက်ျာဇနီးဆီကို ကလေးဘဝက ပို့တဲ့စာကလည်း မြန်မာ အင်တာနက်သုံးသူတွေကြားမှာ လူသိများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "တခါက မြန်မာပြည်ကို ခေတ္တပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကျော်ဇောကို ဦးလေးက မြေးပဲထိန်းနေတယ်ဆို၊ မြန်မာပြည်အတွက် ဦးလေးတာဝန်ကျေပြီထင်သလားလို့ မကျေမနပ်ပြောခဲ့ဖူးကြောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်လက်ျာကို ၁၉၄၉ က အာဏာသိမ်းဖို့ တိုက်တွန်းသူတွေထဲ ဗိုလ်ကျော်ဇောပါတယ်လို့ ဒေါ်ခင်လက်ျာက ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "နောက် ဗိုလ်လက်ျာနဲ့ ဗိုလ်ကျော်ဇော နှစ်ယောက်စလုံး တိုင်းပြည်ချစ် ပုဂ္ဂိုလ်တွေ မြန်မာပြည် ပြန်ချင်ရက်နဲ့ မပြန်နိုင်ဘဲ ပြည်ပမှာ ကွယ်လွန်ခဲ့ရတဲ့ အဖြစ်ချင်းတူတယ်လို့လည်း ဒေါ်ခင်လက်ျာကရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာနဲ့ ဗိုလ်ကျော်ဇော ဒီသုံးယောက်မှာ ပထမနှစ်ယောက်က ကွန်မြူနစ်ပါတီ ထောင်ရာမှာ ပါဝင်ပြီး နောက်ဆုံးတယောက်ကတော့ ပါတီဝင်ဘဝမှာ ကွယ်လွန်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46346058" }, { "text": "အဘိုးဆုံးချိန်က အိမ်ကို နို့လာပို့နေကျ အိန္ဒိယ အမျိုးသားကြီးလည်း ချုံးပွဲချ ငိုတယ်၊ တရုတ်မုန့်သည်ကြီးလည်း ငိုတယ်လို့ သခင်ကိုယ်တော်မှိုင်းရဲ့ မြေး ဒေါ်မြမြအေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "၁၉၆၄ ဇူလိုင်လ ၂၃ ရက်က အနိစ္စရောက်တဲ့ သခင်ကိုယ်တော်မှိုင်းကို မြန်မာပြည် လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ ရှေ့ဆောင် ခေါင်းဆောင်တယောက်အနေနဲ့ ပြည်သူတွေက လေးစားခဲ့ကြ လေးစားကြဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဒါကြောင့် သူကွယ်လွန်ချိန်မှာ ဒီအတိုင်း သင်္ဂြိုဟ်လိုက်ရင် မြေကြီးထဲမြုပ်သွားလိမ့်မယ် ဆိုပြီး ဂူဗိမာန်နဲ့ သေချာသင်္ဂြိုဟ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဦးလေး သခင်ညီက ဆိုင်ရာကို မြေနေရာတောင်းပါလို့ အကြံပြုတဲ့ အတွက် ရွှေဂုံတိုင်ပန်းခြံမှာ ဂူဗိမာန်နဲ့ ထားရှိနိုင်တာပါ။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "မြန်မာပြည်မှာ အမျိုးသားတွေ နာမည်ရှေ့က မစ္စတာတပ်တဲ့ ယဉ်ကျေးမှုကို ကလောင်နဲ့ ကလိခဲ့တဲ့ ကိုယ်တော်မှိုင်းကို ဦးလွန်း၊ ဆရာလွန်း စတဲ့ နာမည်တွေနဲ့လည်း သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဋီကာဆောင်းပါးတွေ လေးချိုးကဗျာကြီးတွေနဲ့ မြန်မာစာပေဘက်ကနေ နိုင်ငံကို လှုံ့ဆော်ပေးခဲ့သလို တို့ဗမာအစည်းအရုံးမှာလည်း ခေါင်းဆောင်နာယကအနေနဲ့ တာဝန်ယူခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သီပေါမင်း ပါတော်မူတာကို ကြုံခဲ့ရတဲ့ ကိုယ်တော်မှိုင်းဟာ ငယ်စဉ်ကတည်းက စာပေနဲ့ အသက်မွေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဦးပဏ္ဍိလေးဘဝနဲ့ သူရေးတဲ့စာ လက်သံပြောင်တဲ့အတွက် မြန်မာပြည်မှာ ပထမဆုံးလောက်ကျတဲ့ အသရေဖျက်မှုကို မော်လမြိုင်တိုင်းသတင်းစာပိုင်ရှင်တွေ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဇနီးရဲ့ ဆွေမျိုးတယောက်ပိုင်တဲ့ သူရိယတိုက်မှာ ဝင်လုပ်ရင်း နိုင်ငံရေး ဗဟိုချက်ထဲ ရောက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဦးဥတ္တမ၊ ဦးဘဘေကနေ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ခေတ်အထိ ကိုယ်တော်မှိုင်း ပတ်သက် ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အချိုးအကွေ့များတဲ့ မြန်မာပြည် နိုင်ငံရေးမှာ ဆရာကြီးရယ်လို့ ကိုယ်တော်မှိုင်းကို အများက လေးစားကြတာဟာ လူအများစုဘက်ကနေတတ်လို့ ဖြစ်တယ်လို့ လူထုဒေါ်အမာ စတဲ့ သူ့အတ္ထုပ္ပတ္တိ ရေးသူ တွေက သုံးသပ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကိုယ်တော်မှိုင်းဟာ နိုင်ငံရေးမှာ လာပင့်တဲ့သူရှိရင် ဘုမသိဘမသိ လိုက်သွားတတ်သူလို့ ဇဝနလို ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သူ့ကို အသုံးချသူတွေရှိတယ်လို့ ဝေဖန်နေကြတာကို သိကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသုံးချရင် ချကြပါစေလို့ ဒဂုန်တာရာကို ကိုယ်တော်မှိုင်းက ဖွင့်ဟခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သူ့ဘဝမှာ နိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ကြိုးပမ်းခဲ့ပြီးမှ ပြည်တွင်းစစ်ဖြစ်တာကို ကြုံရတဲ့ ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေး မရရင် တိုင်းပြည်အေးချမ်းမှာ မဟုတ်ဘူးဆိုပြီး ဆက်လက် ကြိုးပမ်း ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အာဏာရ အစိုးရဘက်က သူ့ကို ခဲနဲ့ပေါက်တဲ့အထိ အတိုက်အခံပြုပေမယ့် ငြိမ်းချမ်းရေးကို ရဖို့ ဆက်ပြီး တိုက်တွန်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "နောက်ဆုံး ၁၉၆၃ မှာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရနဲ့ တောတွင်းအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်တာကို သူ့ကို အသိမပေးဘဲ ဖုံးထားတဲ့ကြားက သိသွားတဲ့အတွက် ဘုန်းဘုန်းလဲသွားခဲ့တယ်လို့ မြေးဖြစ်သူ ဒေါ်မြမြအေးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သေသွားတဲ့ထိ ငြိမ်းချမ်းရေးကို စိတ်စွဲသွားခဲ့တယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဒီအချိန်မှာပဲ မြေးဖြစ်သူ တက္ကသိုလ်ကျောင်းသား မောင်တင်အောင်ကို ဆဲဗင်းဇူလိုင် နောက်ဆက် နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ အစိုးရက ဖမ်းသွားပြီး ထောင် ၇ နှစ်ချခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကိုယ်တော်မှိုင်းက မြေးဖြစ်သူ ကို မတွေ့လို့ မေးတဲ့အခါ အိမ်ကလူတွေက ဖေဖေ အိပ်နေတုန်း လာသွားတယ် ဆိုပြီး ညာပေးရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ပြန်လွတ်ဖို့အတွက် ဟိုလူဒီလူတွေကို တွေ့ဖို့ ဘေးက အကြံပေးကြပေမယ့် ကိုယ်တော်မှိုင်းရဲ့ သမက် စာရေးဆရာ ဇေယျနဲ့ ဇနီးတို့ နှစ်ယောက်လုံးက အကူအညီမတောင်းဘဲ သားဆီ ထောင်ဝင်စာ သွားတွေ့ ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "တကယ်က အဲဒီအချိန်မှာ ဇေယျဟာ ရွှေပြည်ဦးဘတင်၊ လူထုဦးလှတို့နဲ့အတူ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ဖွဲ့တဲ့ ယဉ်ကျေးမှုကောင်စီဝင် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "နောက်ဆုံး ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ ထောက်လှမ်းရေးက မြေးကို တည ခေါ်လာပြီး အလောင်းကို ကန်တော့ခွင့် ပေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "မဆုံးခင် အိပ်ရာထဲ လဲနေစဉ်ကလည်း သခင် သခင်မတွေက ငါးတွေ ငှက်တွေလွှတ်ပြီး ကုသိုလ်ပြုကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "မန္တလေးက တပည့် လူထုဒေါ်အမာကလည်း ပုဏ္ဏားဆရာကြီး ဦးရာမနဲ့ ဗေဒင်တွက်ချက် ကြည့်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဇူလိုင် ၂၂ ရက်မှာ တွက်ကတည်းက သုညကြွင်းနေပြီ ဖြစ်တဲ့အတွက် သက်တမ်းကုန်နေပြီလို့ မိခင် ဒေါ်မြရီက ပြောခဲ့ဖူးကြောင်း ကိုယ်တော်မှိုင်းရဲ့ မြေးဖြစ်သူ ဒေါ်မြမြအေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "နေမကောင်းစဉ်မှာ အနံ့အသက်မကောင်းတဲ့ ရပ်ကွက်ထဲမှာထက် အနေအထိုင် သက်သာအောင် တပည့် ဒေါက်တာဆင်ဖိုးက ဝင်ဒါမီယာက အိမ်ကို ခေါ်သွားမယ် လုပ်တော့လည်း ကိုယ်တော်မှိုင်းက ငြင်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ငါ့ရပ်ကွက်ပဲ ငါပြန်မယ်၊ ငါ့လူတွေနဲ့ပဲ ငါပေါင်းမယ်လို့ ဆိုတယ်လို့လည်း သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "စမ်းချောင်းမှာ ခေါင်းချသွားတဲ့ ကိုယ်တော်မှိုင်းက သူနေတဲ့ ချမ်းသာလမ်းမှာ ပဲပြုတ်သည်တွေပဲ ရှိတယ်လို့ အရွှန်းဖောက်လေ့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ရပ်ကွက်ကလည်း သူ့ကို လေးစားတဲ့အတွက် ရပ်ကွက်ထဲက သူ့သြဝါဒယူတဲ့ လူငယ် အများအပြား နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အဘိုးရှိစဉ်က မြေးတွေကို အင်္ဂလိပ်စာ သင်ဖို့ အားပေးပေမယ့် အင်္ဂလိပ်နာမည်နဲ့ ကျောင်းထားမှာကိုတော့ ခွင့်မပြုခဲ့ဘူးလို့ ဒေါ်မြမြအေးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဒါကြောင့် သူတို့ မောင်နှမသုံးယောက်စလုံးကို မြန်မာနာမည်နဲ့ပဲ အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေမှာ ထားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အဘိုးက အင်္ဂလိပ်လို မပြောပေမယ့် နားလည်တဲ့သူ ဖြစ်တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အင်္ဂလိပ်စာကို ဖတ်ကြ၊ သူတို့က တိုးတက်တယ်လို့ မြေးတွေကို သင်ကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အဘိုးက မြေးတွေကို ဘုန်းကြီးစာ ပါဠိစာတွေ သင်ပေးတယ်လို့လည်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "တခြားမြေးတွေကို ခင်စောနန်း၊ စောဥမ္မာ၊ စောယွန်းစတဲ့ နာမည်လှတာတွေ အဘိုးက ပေးပေမယ့် သူ့ကိုတော့ ညိုညိုဝဝလေးမို့ ဘုတ်ဆိုတဲ့ နာမည် ပေးခဲ့တယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "မြေးမကြိုက်မှာ စိုးလို့ ဒီနာမည်ဟာ ကြီးလာရင် အဘိုးရဲ့ အကျိုးကို ဆောင်ရွက်မယ့် ဗုဒ်လို့ ပေးတာ ဖြစ်ကြောင်း၊ ဘုတ်မဟုတ်ကြောင်း ကိုယ်တော်မှိုင်းက ရှင်းပြတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အဘိုးနဲ့ နေစဉ်က တိရစ္ဆာန်လေးတွေကို ကြင်နာသနားတတ်တဲ့အတွက် နှိပ်စက်တာကို မကြိုက်ဘူးလို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အိမ်နားမှာလည်း ခွေးတွေ အကောင် ၃ဝ လောက် ရှိတဲ့အတွက် ခွေးတွေဆူတာ မကြိုက်လို့ ရိုက်ရင် အဘိုးက သူ့ကို ဆူတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ခွေးကိုရန်မူ ရိုက်တဲ့သူ၊ ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး လို့ ဆုံးမတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကွမ်းကြိုက်တဲ့ အဘိုးအတွက် မြေးတွေက ကွမ်းထောင်းပေးရတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ငယ်ငယ်နဲ့ မုဆိုးဖို ဖြစ်တဲ့ ကိုယ်တော်မှိုင်းဟာ ကလေးတွေကို မိထွေး နှိပ်စက်မှာ စိုးလို့ နောက်အိမ်ထောင် မပြုခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အဘိုးသွန်သင်ခဲ့တဲ့အတိုင်း မြေးတွေ စိတ်ကြီးမဝင်ဘဲ လူသာမန်တွေလို နေကြတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ဆင်းရဲချမ်းသာမရွေး လူမျိုးစုံနဲ့ ပေါင်းသင်းတတ်ကြတယ်လို့လည်း သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "လူမှာ စိတ်ဓာတ်နဲ့ ခံယူချက် ကောင်းဖို့ အရေးကြီးတယ်လို့လည်း ဒေါ်မြမြအေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကိုယ်တော်မှိုင်းလိုပဲ သမက်ဖြစ်သူ ဇေယျဟာလည်း ပြန်ကြားရေး ဌာနမှာ ညွှန်ကြားရေးဝန် ဖြစ်ခဲ့ပေမယ့် စာရေးဆရာ တယောက်လိုပဲ နှိမ့်နှိမ့်ချချ နေသွားခဲ့သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကိုယ်တော်မှိုင်း မရှိတဲ့နောက် သူ့စာအုပ်တွေမှာ နိုင်ငံရေးတွေပါတဲ့အတွက် ပြန်ထုတ်ခွင့် ခက်ခဲတဲ့ ကာလတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "၁၉၇၆ မှာ သူ့ရာပြည့်အထိမ်းအမှတ် တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြ ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "၁၉၈၈ အရေးအခင်း ဖြစ်ချိန်မှာတော့ ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရခဲ့ပြီ အဘိုးရေ ဆိုပြီး ကျောင်းသားသီချင်းတပုဒ် ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "၁၉၉၆ ခုနှစ်က ထုတ်တဲ့ စာပေဂျာနယ် မှာ သူ့ပုံနဲ့ မျက်နှာဖုံး တင်ထုတ်လို့ မရခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သူ့မွေးနေ့၊ ကွယ်လွန်တဲ့နေ့တွေမှာ ပြုလုပ်တဲ့ အခမ်းအနားတွေကိုလည်း စောင့်ကြည့်တာတွေ ကြိုတင် ခွင့်တောင်းရတာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "တချိန်က ဒီအခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေ တက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အသက် ၈၉ နှစ်မှာ ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်မှာ အိမ်နားနီးချင်း မြန်မာ့အသံ ဦးကျော်မင်းက ၇ နာရီ သတင်းမှာ ပါအောင် လွှင့်ပေးတဲ့အတွက် နိုင်ငံက ချက်ချင်းသိသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "ကုလသမဂ္ဂ ဦးသန့်ကအစ နယ်စုံက လာကန်တော့ကြတဲ့ စျာပနမှာ ရှေ့ဆုံးက ဂူသွင်းပြီးတဲ့အထိ စမ်းချောင်းက လူတွေ လိုက်ပို့လို့မပြီးတဲ့ လူတန်းကြီး ရှည်တာကိုလည်း ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သူနဲ့ ရင်းနှီးတဲ့ စုဘုရားလတ်ဂူ အနားမှာပဲ ကိုယ်တော်မှိုင်းကို မြှုပ်နှံခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "မြန်မာနိုင်ငံမှာ ခုချိန်ထိ သူ့နာမည်နဲ့ လမ်း၊ ကြေးရုပ် ရယ်လို့ ထင်ထင်ရှားရှား မရှိပေမယ့် အနှစ် ၉ဝ၊ ၁ဝဝ ကျော်က ကိုယ်တော်မှိုင်းရဲ့ စာချိုးတွေကို နိုင်ငံရေး လောကမှာ သုံးစွဲနေကြတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "သူနဲ့အတူ လွတ်လပ်ရေးတိုက်ယူခဲ့ကြတဲ့ ဖဆပလတွေ အစိုးရလုပ်ချိန်မှာ သူ့ကို ဒေါက်တာဘွဲ့ မပေးပေမယ့် အရှေ့ဂျာမနီက ပေးခဲ့သလို ဆိုဗီယက်ကလည်း ငြိမ်းချမ်းရေး စတာလင်ဆု ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49062784" }, { "text": "အရှေ့တောင်အာရှ တက္ကသိုလ်များအသင်းကို ၁၉၅၆ ခုနှစ်က ဘန်ကောက်မြို့မှာ ဖွဲ့စည်းစဉ်က တည်ထောင်သူ ရှစ်ယောက် ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒီထဲက မြန်မာလူမျိုး အနေနဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ထင်အောင် ပါသလို အဲဒီအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သီဟိုဠ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးယား၊ ဟောင်ကောင်၊ တောင်ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က တက္ကသိုလ်ဆရာကြီးတွေ နဲ့ ဖွဲ့ခဲ့တဲ့ အဖွဲ့ ပါ။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့ နိုင်ငံတကာတက္ကသိုလ်များ ဘုတ်မှာ အမှုဆောင်လူကြီးတာဝန်လည်း ဒေါက်တာထင်အောင် ယူခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒေါက်တာထင်အောင်ကို နိုင်ငံတကာကဘွဲ့တွေ အများကြီး ရတဲ့ ပညာရှင်၊ မြန်မာ့ရိုးရာပုံပြင်တွေနဲ့ သမိုင်းပြုစုသူ ပုဂ္ဂိုလ်ကြီးတယောက် အဖြစ် လူသိများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် နာမည်ကြီး ပညာရှင် ညီအစ်ကို မောင်နှမတွေထဲက တယောက်လို့ မှတ်မိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ရန်ကုန်တက္ကသိုလ်ကို စစ်ပြီးစ ပြာပုံထဲက ပြန်ပြီး ထူထောင်ခဲ့သူ ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကိုတော့ သတိပြုမိသူ နည်းပါလိမ့်မယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ရခိုင်ရိုးမက တောင်စဉ်ခုနစ်ခရိုင်ကို စားတဲ့ ချင်းမြို့စားမျိုးရိုးက ဆင်းသက်လာတဲ့ ဒေါက်တာထင်အောင်ဟာ ဗြိတိသျှခေတ် အရေးပိုင်သား ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူ့အစ်ကိုအကြီးဆုံးကလည်း ဗိုလ်ချုပ် အောင်ဆန်း အစိုးရမှာ ပါဝင်ခဲ့တဲ့ အိုင်စီအက် ဦးတင်ထွဋ် ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး မြန်မာလူမျိုးထဲက အဓိပတိဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် အစ်ကို နှစ်ယောက်ကလည်း လွတ်လပ်ပြီးခေတ်မှာ တရားလွှတ်တော်ချုပ် တရားဝန်ကြီးနဲ့ တရားဝန်ကြီးချုပ်၊ ဥပဒေ မဟာဌာနမှူး စတဲ့ ရာထူးကြီးတွေ ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "တခါ ပထမဆုံး မြန်မာစာ ပါမောက္ခ ဦးဧမောင်က သူ့ယောက်ဖ ဖြစ်သလို သူ့နှမ ဒေါ်ခင်စောမူကလည်း ခေတ်စမ်းစာဆိုတယောက် ဖြစ်ပြီး မင်းသုဝဏ်ရဲ့ အချစ်ဦးလို့ လူသိများပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒါကြောင့် စစ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာဘဟန် အုပ်စုနဲ့ ဦးတင်ထွဋ်အုပ်စု ဆိုတဲ့ ပညာတတ် အုပ်စုကြီး နှစ်စု ရှိခဲ့တယ်လို့ တော်လှန်ရေးကောင်စီဝင်ဟောင်း ဦးဘငြိမ်က သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒီလို နာမည်ကြီး မိသားစုက ဆင်းသက်လာပေမယ့် ဒေါက်တာထင်အောင်ဟာ သူ့ပင်ကိုအရည်အချင်းနဲ့ ကျန်တဲ့ မောင်နှမတွေထက် ပိုပြီး ထင်ရှားတဲ့ ဘဝကို ရောက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "မြန်မာလူမျိုးထဲက တက္ကသိုလ်ထိ ပညာသင်နိုင်သူ ရှားတဲ့ခေတ်မှာ ဒေါက်တာထင်အောင်တို့ ညီအစ်ကိုတွေက ဗြိတိန်မှာ ပညာသင်ပြီး ဘွဲ့တွေ ရခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူ့အလှည့် ရောက်တဲ့အခါမှာတော့ အစ်ကိုကြီး တွေထက် သာလွန်ပြီး ပါရဂူဘွဲ့ပါ ဆွတ်ခူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဗြိတိသျှတက္ကသိုလ်တခုက ပထမဆုံးပါရဂူဘွဲ့ရတဲ့ မြန်မာလို့လည်း ထင်ရှားပြီး ၁၉၃၃ မှာ ဒဗ္ဗလင်တက္ကသိုလ်က ဒေါက်တာဘွဲ့ရစဉ်က အသက် ၂၄ နှစ်သာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူ့ဘဝမှာ အိုင်ယာလန်၊ အမေရိကန်နဲ့ သီဟိုဠ်တက္ကသိုလ်တွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေလည်း ရခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒေါက်တာထင်အောင် ဥရောပတက္ကသိုလ် တွေက ရခဲ့တဲ့ ဘွဲ့အရေအတွက် အမျိုးအစားကလည်း ထွေပြားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒဗ္ဗလင်မှာ စာသင်စဉ် အိုင်အာရ်အေခေါ် အိုင်းရစ်သူပုန်အဖွဲ့ကို ဝင်ဖို့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်လို့ အဖမ်းခံခဲ့ရဖူးသလို ပိတ်ရက်မှာ နွားတင်းကုပ် သန့်ရှင်းရေး ဝင်လုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "မြန်မာပြည် ပြန်ရောက်တဲ့အခါ ဝတ်လုံအဖြစ် အသက်မွေးဖို့ အစ်ကိုကြီးတွေက တိုက်တွန်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒါပေမဲ့ ဒေါက်တာထင်အောင်က ဝင်ငွေနည်းတဲ့ တက္ကသိုလ်ကထိက ဘဝကို ရွေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဗြိတိသျှ လက်အောက်မှာ ကထိကတောင် ချက်ချင်း ဖြစ်ခဲ့တာ မဟုတ်ဘဲ သူ့အပေါ်မှာ ပါရဂူဘွဲ့မရတဲ့ အင်္ဂလိပ်လူမျိုးကို အင်္ဂလိပ်စာကထိက ရာထူးပေးခဲ့တာကိုလည်း ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "တဘက်ကလည်း နိုင်ငံရေး အကွဲအပြားတွေကြား အရှိန်ကျဆင်းနေတဲ့ အမျိုးသားပညာရေးကောင်စီမှာ ဦးဖိုးကျားတို့နဲ့အတူ ပါဝင်ဆောင်ရွက်ရင်း အတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဗြိတိသျှအစိုးရ ပညာရေး ဌာနကို အာခံပြီး အမျိုးသားကျောင်းတွေ သက်ဆိုးရှည်ဖို့ ဒေါက်တာထင်အောင်တို့ ကြိုးစားခဲ့ကြတာလို့ တက္ကသိုလ်ခင်မောင်ဇော်က ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒေါက်တာထင်အောင်ရဲ့ မြန်မာပြဇာတ် အကြောင်း ဘွဲ့ယူစာတမ်းဟာ အောက်စဖို့ဒ်တက္ကသိုလ်မှာ ၁၉၃၇ ကစပြီး ၃၁ ကြိမ်မက ရိုက်နှိပ်ခဲ့ရတဲ့ စာအုပ် တအုပ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒါပေမဲ့ စာမူကို ပေါင်တရာနဲ့ အပြတ်ရောင်းပြီး သူငယ်ချင်း တွေကို အရက်တိုက်ခဲ့တဲ့အတွက် အဲဒီစာအုပ်ရဲ့ အသီးအပွင့်တွေကို သူမခံစားခဲ့ရဘဲ အရက်မူးပြီး ရန်ဖြစ်လို့ အချုပ်ခန်းထဲမှာ အိပ်ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒီစာအုပ်ကြောင့်ပဲ ဂျပန်ခေတ်မှာ ကင်ပေတိုင် စစ်ပုလိပ်ရန်က အသက်မသေ လွတ်လာခဲ့တယ်လို့လည်း ပြောစမှတ် ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ကင်ပေတိုင် ဗိုလ်မှူးကြီးကလည်း အမေရိကန်က ပါရဂူဘွဲ့ရ ဗြိတိသျှပြဇာတ် ကျွမ်းကျင်သူ ဖြစ်နေလို့ သူနဲ့အဆင်ပြေသွားကြတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် စစ်ပြီးခေတ်မှာတော့ သူ့ရဲ့ မြန်မာ့ရိုးရာပုံပြင် စာအုပ်တွေ ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သုဓမ္မစာရီဖြတ်ထုံးလာ ဥပဒေပုံပြင်များ၊ ဘာသာရေးနဲ့နွယ်တဲ့ ပုံပြင်များ၊ ကျေးလက်ပုံပြင်များကို အင်္ဂလိပ်စာဖတ် ပရိသတ်တွေနဲ့ သူမိတ်ဆက်ပေးခဲ့တာကလည်း မြန်မာပြဇာတ် စာအုပ်လိုပဲ အောင်မြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "စစ်ပြီးစမှာတော့ တက္ကသိုလ်အုပ်ချုပ်ရေးမှူး အယ်လ်ထင်းစီကို ကူဖို့သွားရင်း ဒေါက်တာထင်အောင် တက္ကသိုလ်လောကကို ပြန်ရောက်သွားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "အယ်လ်ထင်းစီ ကျန်းမာရေး မကောင်းချိန်မှာတော့ ဒေါက်တာထင်အောင်၊ ဂျပ်ဆင် ကောလိပ်က ဒေါက်တာလှဘူးနဲ့ ပညာရေးကောလိပ်က ဦးဘတို့ကို တက္ကသိုလ်အုပ်ချုပ်ရေးမှူးတွေ အဖြစ် ပူးတွဲခန့်အပ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် သူတယောက်တည်းကိုပဲ တက္ကသိုလ်တခုလုံးရဲ့ အုပ်ချုပ်ရေးမှူး ခန့်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "အသက် ၄ဝ မပြည့်ခင်မှာ ဆေး၊ စက်မှုနဲ့ စိုက်ပျိုးရေးအပါအဝင် တက္ကသိုလ်ကောလိပ်အားလုံးကို အုပ်ချုပ်ရတဲ့အတွက် အသက်ငယ်တယ် ဆိုပြီး တက္ကသိုလ် ကောင်စီ က သူ့ကိုကန့်ကွက်သလို နိုင်ငံရေး အတက်ကြွဆုံးအချိန်ကို ရောက်နေတဲ့ ကျောင်းသားတွေကိုလည်း သူထိန်းချုပ်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူ့ခေတ်မှာ ဗြိတိသျှခေတ်ကလို တက္ကသိုလ်သပိတ်တွေ မဖြစ်အောင် ကြိုးစားညှိနှိုင်းခဲ့ပေမယ့် အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်းဖြစ်ပြီး ကျောင်းထဲကို ရဲက ကျောင်းဆောင်တွေထဲ ပစ်ခတ် လူစုခွဲတာ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူ့လက်ထက်မှာ မန္တလေးသီးခြားတက္ကသိုလ် ပေါ်ပေါက်လာသလို မော်လမြိုင်၊ ကျောက်ဖြူ၊ မကွေးနဲ့ ပုသိမ်မှာ ဥပစာကောလိပ်တွေ ပေါ်ပေါက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်က ဘွဲ့ပေးဖို့ စီစဉ်ရာမှာလည်း သူနဲ့ စစ်ပညာပါမောက္ခ ဗိုလ်မှူးချုပ်မောင်မောင်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ရန်ကုန်တက္ကသိုလ်မှာ မနုဿဗေဒဘာသာရပ်ကို အစပျိုးနိုင်အောင်လည်း သူလမ်းဖွင့်သင်ကြားပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "၁၉၅၉ မှာ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ အရွေးခံရပြီးနောက် သီဟိုဠ်သံအမတ်အဖြစ် အပို့ခံရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သီဟိုဠ်မှာ သံအမတ်သက်တမ်းစေ့ပြီးနောက် အမေရိကန် တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခ တာဝန်ယူခဲ့သလို အောက်စဖို့ဒ် စိန့်အန်ထော်နီကောလိပ်မှာလည်း သုတေသီလုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "အဲဒီအချိန်မှာပဲ သူ့ရဲ့ မြန်မာသမိုင်းစာအုပ်တွေ ထွက်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "၁၉၆၇ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်ကထုတ်တဲ့ မြန်မာနိုင်ငံသမိုင်း စာအုပ်ဟာ မြန်မာသမိုင်းရေးတဲ့ နိုင်ငံခြားသားတွေအမြင်ကို စပြီး အင်္ဂလိပ်ဘာသာနဲ့ ချေဖျက်တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "နောက် ကုန်းဘောင်ခေတ်ကနေ လွတ်လပ်ချိန်ထိ အင်္ဂလိပ် မြန်မာဆက်ဆံရေး၊ လော့ရန်းဒေါ့ဖ်ချာချီနဲ့ ကနေတဲ့ဥဒေါင်း ၊ ပုဂံမပျက်မီက မြန်မာသမိုင်း စတဲ့ မြန်မာသမိုင်း စာအုပ်တွေ ပြည်ပ တက္ကသိုလ်တွေနဲ့ စာအုပ်တိုက်တွေကနေ ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒီစာအုပ်တွေဟာ မြန်မာသမိုင်းကို ရိုးရာအမြင်နဲ့ ရေးတဲ့ စာအုပ်တွေဘက်က ခုခံချက်၊ မျိုးချစ်ပညာရှင်တယောက်ရဲ့လက်ရာလို့ စာအုပ်ဝေဖန်သူတွေက ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒီထဲမှာ ထူးခြားချက်ကတော့ ပါမောက္ခကေဒီရဲ့ ဝေဖန်ချက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒေါက်တာထင်အောင်ဟာ မြန်မာသမိုင်းရေးရာမှာ ၁၉၆၂ လွတ်လပ်ပြီး နောက်ပိုင်းခေတ်အထိ ရေးပြီး ဇာတ်ကောင်အားလုံးကို သူရဲကောင်း ဖြစ်အောင် ရေးတယ်လို့ အဲဒီ အမေရိကန် ပါမောက္ခက မှတ်ချက်ချပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဦးနုကိုလည်း နိုင်ငံရေးက ငြီးငွေ့လို့ ဘေးထွက်သွားတဲ့ လူကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း မြန်မာနည်းနဲ့ မြန်မာ့အနာဂတ်ကို သွားမယ့်သူဆိုပြီး ပုံဖော်ထားတယ်၊ အစဉ်အလာ ရာဇဝင်တွေမှာ တွေ့ရတဲ့ ဘုရားပွင့်ရာ ဗောဓိပင်ဟာ ဒေါက်တာထင်အောင် စာအုပ်မှာ ဂေါက်ကွင်းဖြစ်နေတယ် ဆိုပြီး သရော်တဲ့သဘော ဝေဖန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဗိုလ်ချုပ်ကြီးနေဝင်းကို အကောင်းဘက်ကရေးလို့ ဒေါက်တာထင်အောင် မြန်မာပြည် ပြန်ခွင့်ရတယ် ဆိုတဲ့ စကားတခွန်းလည်း ပညာရှင်အသိုင်းအဝိုင်းမှာ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "၁၉၇၈ မှာ အနောက်ဂျာမနီမှာ သုတေသီအဖြစ် သွားရောက်ထမ်းဆောင်ဖို့ ပြင်ဆင်ရင်း ဒေါက်တာထင်အောင် ကွယ်လွန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "သူကွယ်လွန်ချိန်မှာ မြန်မာအစိုးရ သတင်းစာတွေက အရေးတယူဖော်ပြတာ မရှိခဲ့ဘဲ စစ်တပ်ကထွက်တဲ့ သည်းထိတ်ရင်ဖို စာရေးဆရာတယောက်ရဲ့ နာရေးကိုသာ ဖော်ပြတယ်လို့ စာရေးဆရာ ဝင်းအောင်ကြီး က ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "တချိန်က ရန်ကင်းကောလိပ်မှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အပြင်က ကျောင်းသားတွေ ရန်ဖြစ်ကြချိန်မှာ သွားထိန်းပေးဖို့ ဒေါက်တာထင်အောင်က ဝင်းအောင်ကြီးကို အကူအညီတောင်းတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "မတတ်သာလို့ လူများလို့ ကျောင်းသားတွေကို ခွဲထားရတယ်၊ ကျောင်းသားချင်း ရန်ဖြစ်ရင် ကျောင်းသားပဲ နာတယ်၊ ကျောင်းသားဆိုတာ လူကြီးလူကောင်းတွေ ဆိုတဲ့ စကားမျိုး ဒေါက်တာ ထင်အောင် ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "ဒါကြောင့် တက္ကသိုလ်ကျောင်းနှစ်လည်မဂ္ဂဇင်းတစောင်မှာ တက္ကသိုလ်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို သည်းခံနိုင်မှုစိတ်ဓာတ်၊ တရားမျှတမှု သဘောထားနဲ့ အားကုန်ကြိုးပမ်းနိုင်မှု ဆန္ဒတွေ သွတ်သွင်းပေးဖို့ ဖြစ်တယ်၊ စာစစ်ပွဲတွေနဲ့ ဘွဲ့ဂုဏ်ထူးတွေ မဟုတ်ဘူးလို့ ဒေါက်တာထင်အောင်က ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-49084816" }, { "text": "လွန်ခဲ့တဲ့ အနှစ် ၆ဝ ကျော်က ထုတ်ခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်းကို ၂၅ တွဲနဲ့ ပြန်လည်တည်းဖြတ်ထုတ်ဝေဖို့ ပြင်နေပြီး ပထမဆုံးအတွဲကို ၂ဝ၁၉ ဖေဖော်ဝါရီမှာ ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ မြန်မာအစိုးရ သတင်းစာတွေက ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နဂိုမူလ မြန်မာ့စွယ်စုံကျမ်းတွေကို ၁၅ တွဲနဲ့ ၁၉၅၄ ကနေ ၁၉၇၆ အတွင်း စာပေဗိမာန်ကနေ ထုတ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဦးနု ဝန်ကြီးချုပ် ဖြစ်ချိန်မှာ စတင်ထုတ်ဝေခဲ့တဲ့ ဒီကျမ်းတွေကို ဂျပန်ခေတ်ကတည်းက ထုတ်ဖို့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒေါက်တာဘမော် အစိုးရက ဖွဲ့ပေးတဲ့ ပြင်သစ် အကယ်ဒမီအသင်းပုံစံ ပညာတံခွန်အသင်းကနေ အဘိဓာန်နဲ့ စွယ်စုံကျမ်းတွေ ထုတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စစ်မဖြစ်ခင်က သူကြီးဂေဇက် စာစောင်ကို ထုတ်ဝေခဲ့တဲ့ ပြန်ကြားရေး ဌာန ညွှန်ကြားဝန် သူကြီးဂေဇက် ဦးခင်မောင် က တာဝန်ယူပြီး ပညာစွယ်စုံကျမ်းပြုဖို့ ပြင်ဆင်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "တက်တိုး၊ မယ်ခကွေး စတဲ့ စာရေးဆရာတွေလည်း ဦးခင်မောင်ရဲ့ စွယ်စုံကျမ်းပြုအဖွဲ့မှာ အမှုထမ်းခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ကွမ်းခြံကုန်းမြို့မှာ အခြေစိုက်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါပေမဲ့ စစ်အတွင်း ကာလဖြစ်လို့ သေချာ အကောင်အထည် မဖော်ခဲ့ရဘဲ စစ်ဘေးကြောင့် ပျောက်ပျက်ကုန်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နောက် စစ်အပြီး ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးအပြီးမှာ အစိုးရဖွဲ့ခဲ့တဲ့ သခင်နုက မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ထူထောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နောက်ပိုင်းမှာတော့ အဲဒီအသင်းဟာ စာပေဗိမာန်အဖြစ် ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒီအသင်းကို စစ်မဖြစ်ခင်က သူနဲ့ သခင်စိုး စသူတွေ တည်ထောင် ခဲ့တဲ့ နဂါးနီစာအုပ်အသင်းရဲ့ နောက်ဆက်တွဲ ဘာသာပြန် စာအုပ်တွေ ထုတ်တဲ့ အသင်းလို့ ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါပေမဲ့ ဘာသာပြန်စာပေအသင်းကတော့ နိုင်ငံရေး ဘာသာပြန်တွေထက် သိပ္ပံနဲ့ ပညာပေးစာအုပ်တွေ ဘာသာပြန်တာ များခဲ့သလို စွယ်စုံကျမ်းကိုလည်း နိုင်ငံခြားကနေ ဘာသာပြန် ထုတ်ဖို့ စဉ်းစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "၁၉၄၈ မှာ စွယ်စုံကျမ်း စထုတ်ဖို့ စဉ်းစားတော့ ပြည်ပစွယ်စုံကျမ်းတစောင်ကို ပြန်ဆိုဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ မပြန်တော့ဘဲ ကိုယ်တိုင် ရေးဖို့ ၁၉၄၉ မှာ ဆုံးဖြတ်ခဲ့တယ်လို့ ၁၉၅၄ မှာ စတင်ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ ကျမ်းဦးစကားမှာ ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဥက္ကဋ္ဌ ဦးနု ကမကထပြုပြီး ရေးသားခဲ့တဲ့ ဒီစွယ်စုံကျမ်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုတဲ့ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်အတိုင်း လူထုပညာပေးရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "သိပ္ပံ ဝိဇ္ဇာပညာတွေကို နိုင်ငံသားတိုင်း ထမင်းစားရေသောက် ကျွမ်းကျင်အောင် ပညာပေးချင်တဲ့ စွယ်စုံကျမ်းပြုအဖွဲ့ရဲ့ ဆန္ဒဟာ လွတ်လပ်စ နိုင်ငံတိုင်းမှာ ကြုံရတဲ့ အသိပညာ နောက်ကျမှု တိုက်ဖျက်ရေးကို ပေါ်လွင်စေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အထူးသဖြင့် ဗြိတိသျှ လက်အောက်မှာနေခဲ့ရချိန် ကတည်းက လက်ဝဲဝါဒတွေ ပြန့်ပွားရေးနဲ့ လိင်သဘာဝ သိနားလည်ရေးတွေ အထူးကြိုးပမ်းခဲ့တဲ့ ဦးနု ဟာ လူထုကို ဖိုးသုညဘဝကနေ ဖိုးရာဇာဘဝ ရောက်ဖို့ အထူး လိုလားကြောင်း စွယ်စုံကျမ်းအမှာစကားမှာ ရေးသားခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "လွတ်လပ်စ မြန်မာနိုင်ငံမှာ ဝါဒရောင်စုံနဲ့ ပုန်ကန်မှုတွေ၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ထကြွတာ ကြုံရပြီးနောက် နိုင်ငံ တည်ငြိမ်ရေးနဲ့အတူ လူထု ပညာတိုးမြင့်ရေးကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နိုင်ငံရေး အသိပညာနဲ့အတူ ဘက်စုံပညာရပ်တွေမှာ တီးမိခေါက်မိတဲ့ လူထုဟာ ခေတ်ပညာရပ်တွေမှာ နောက်ကျပြီး ရှေးရိုးဆန်တဲ့လူထုထက် ပိုပြီး ရင့်ကျက်မယ်၊ နိုင်ငံရေး အတိုက်အခံတွေ လှုံ့ဆော်တိုင်း မပါနိုင်ဘူးလို့ ဦးနု ယူဆဟန် တူပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါကြောင့် လူတိုင်း အနည်းဆုံး လူလတ်တန်းစားနဲ့ စာဖတ်နိုင်သူတွေ လက်လှမ်းမီနိုင်အောင် မြန်မာဘာသာနဲ့ စွယ်စုံကျမ်း ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "လူထုပညာရေး စီမံကိန်း၊ ဘဝသစ်ပညာရေး စီမံကိန်း စတဲ့ စာပေဗိမာန်အပြင် တခြား ပညာပေး လုပ်ငန်းတွေလည်း ဦးနုလက်အောက်မှာ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စွယ်စုံကျမ်းပြုအဖွဲ့မှာ ဦးနုရဲ့ လက်ရင်းလူယုံပညာတတ်တွေ အဓိကပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးသန့်စတဲ့ ပုဂ္ဂိုလ်တွေဟာ ဦးနုနဲ့ စစ်မဖြစ်ခင်ခေတ်ကတည်းက သိကျွမ်းခင်မင်လာခဲ့သူတွေ ဖြစ်ကြပြီး နိုင်ငံရေးမှာ တိုက်ရိုက်မပါဝင်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နောက်ပြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာ ထင်အောင် စသူတွေက ရန်ကုန်တက္ကသိုလ်မှာ ပညာရှင်တွေအဖြစ် သင်ကြား ပို့ချနေကြသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဦးသန့်ကတော့ ဦးနုလက်အောက်မှာ လူရင်းအဖြစ် လွတ်လပ်ရေး မရခင်ကတည်းကနေ ကုလသမဂ္ဂကို သံအမတ်အဖြစ် ပို့ချိန်ထိ ထမ်းရွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဦးဘ၊ ဦးချို၊ ဦးကောင်း၊ ဦးမျိုးမင်း (နွယ်စိုး) စတဲ့ ပုဂ္ဂိုလ်များကလည်း ဦးနုလက်အောက်မှာ ပညာမင်းကြီး၊ သမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် အတွင်းဝန် စသဖြင့် လုပ်ကိုင်ခဲ့ကြဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒီပုဂ္ဂိုလ်ကြီးတွေအောက်မှာ လူငယ် ပညာတတ်တွေကို စာပေဗိမာန် စာတည်းတွေ အဖြစ် ခန့်ထားပြီး ဦးနုရဲ့ မြို့မကျောင်းကတည်းက မိတ်ဆွေ ဦးစံထွားက အုပ်ချုပ်မှု အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက် ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မြန်မာစာပေမှာ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့တဲ့ ကြည့်ကန်ရှင်ကြီးရဲ့ အမေးပုစ္ဆာတွေတွေကို ကျီးသဲလေးထပ်ဆရာတော် ဖြေဆိုတဲ့ စွယ်စုံကျော်ထင်ကျမ်း နာမည်ကို ယူပြီး စွယ်စုံကျမ်းလို့ ပေးတယ်လို့ ကျမ်း အတွဲ ၄ မှာ ပါတဲ့ စွယ်စုံကျမ်း အကြောင်းရပ်မှာ ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အင်္ဂလိပ်လို အင်စိုင်ကလိုပီးဒီးယား ဆိုတဲ့ ကျမ်းတွေမှာ ပညာရပ်စုံ ကျွမ်းကျင်နားလည်အောင် အားထုတ်သလို ပညာကို စွယ်စုံ ဘက်စုံအောင် တတ်မြောက်စေလိုတဲ့ အဓိပ္ပာယ်ကို ယူပြီး စွယ်စုံကျမ်း အမည်ကို ပေးခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မုံရွေးဆရာတော်ရဲ့ သမန္တစက္ခုဒီပနီကျမ်း၊ ဦးခြိမ့်ရဲ့ ကဝိလက္ခဏဒီပနီကျမ်း၊ စစ်ကဲကြီး ဦးရွှေနော်ရဲ့ အာဒိကပ္ပကမ္ဘာဦးကျမ်း၊ ဝန်ထောက်ဦးကျော်ထွန်းရဲ့ ပကိဏ္ဏကဒီပနီကျမ်း စတဲ့ စွယ်စုံကျမ်းသဘော သက်ဝင်တဲ့ အစောပိုင်း မြန်မာကျမ်းတွေကို ကုန်းဘောင်ခေတ်နဲ့ ဗြိတိသျှခေတ်တွေမှာ တွေ့ခဲ့ရသလို အနောက်နိုင်ငံ စွယ်စုံကျမ်းတွေကို ကုန်းဘောင်ခေတ်ကတည်းက မက္ခရာမင်းသားလို ပုဂ္ဂိုလ်တွေက ပြန်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "တရုတ်၊ အိန္ဒိယနဲ့ ကမ္ဘာ့နိုင်ငံစုံမှာလည်း ခေတ်ဟောင်း ခေတ်သစ် စွယ်စုံကျမ်း ပုံစံ ဗဟုသုတကျမ်းတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မြန်မာ့စွယ်စုံကျမ်းကိုတော့ ဗြိတိသျှ စွယ်စုံကျမ်းလို အနောက်နိုင်ငံပုံစံကျမ်းတွေကို မှီငြမ်းပြုပြီး မြန်မာအကြောင်းရပ်တွေ ထည့်သွင်း ပြုစုခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အစက ၁၄ တွဲနဲ့ အပြီးသတ်ဖို့ ရည်မှန်းပေမယ့် ၁၅ တွဲကျမှ မြန်မာ့စွယ်စုံကျမ်း ပြည့်စုံသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အစောပိုင်း ငါးတွဲကို ဗြိတိန်မှာ ရိုက်နှိပ်ခဲ့ပေမယ့် အတွဲခြောက်ကစပြီး ရန်ကုန်မှာ ပုံနှိပ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဘယ်လိုပဲ ဂရုစိုက်ပေမယ့် မြန်မာပြည်မှာ ပထမဆုံး စတင်ရေးသားတဲ့ ခေတ်မီစွယ်စုံကျမ်းဖြစ်လို့ အမှားမကင်းနိုင်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါကြောင့် ၁၉၇ဝ ကျော်က မြန်မာ့ စွယ်စုံကျမ်း အတွဲတချို့ ပြန်လည်ထုတ်ဝေမှုတွေမှာ အမှားပြင်ဆင်ချက် ဖြည့်စွက်ချက်တွေ ရှိတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဗြိတိသျှ စွယ်စုံကျမ်းနဲ့ နိုင်ငံတကာစွယ်စုံကျမ်းတွေမှာလည်း ပြန်ထုတ်တိုင်း ပြင်ဆင်ဖြည့်စွက်တာတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါကြောင့် ၂၂ နှစ်ကြာမြင့်တဲ့ စွယ်စုံကျမ်းအတွဲတွေ ထုတ်ပြီးနောက် ၁၉၇၈ က စပြီး စွယ်စုံကျမ်းနှစ်ချုပ်တွေကို နှစ်စဉ်ထုတ်ဝေနေသလို စွယ်စုံကျမ်းအတွဲတွေကို တည်းဖြတ်ထုတ်ဝေဖို့လည်း ၂ဝ၁ဝ ကျော်ကတည်းက ထွန်းဖောင်ဒေးရှင်း စတဲ့ ပုဂ္ဂိုလ်တွေက စဉ်းစားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အစိုးရက ပြန်တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အနှစ် ၅ဝ ကျော်မှ အကုန်ပြင်ဆင်ထုတ်မှာ ဖြစ်လို့ အခက်အခဲပိုများသလို ဘာသာပြန်ဆိုသူနဲ့ စာမူရေးသားပေးနိုင်သူ၊ တည်းဖြတ်ပေးမယ့်သူ အခက်အခဲတွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မူလစွယ်စုံကျမ်းပြုရာမှာ ပါခဲ့တဲ့ ဦးကောင်းရဲ့သား စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်းက အယ်ဒီတာ အဖြစ် ကြီးမှူးပြီး မြန်မာစာပါမောက္ခဟောင်း ဦးခင်အေးက ဝိဇ္ဇာပိုင်းနဲ့ ပါမောက္ခဒေါက်တာတင်လှိုင်က သိပ္ပံပိုင်း တာဝန်ယူထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မူလထုတ်ဝေစဉ်က ပညာရှင်တွေ နာမည်ခံ ရေးသားခဲ့တဲ့ အကြောင်းရပ်တွေကို နဂိုအတိုင်း ပြန်လည်ထည့်သွင်းပြီး ပြင်ဆင်ဖြည့်စွက်စရာရှိရင် အောက်ခြေမှတ်စုအဖြစ်ပဲ ထားမယ်လို့ ကျမ်းပြုတဲ့ အဖွဲ့မှာပါတဲ့ စာကြည့်တိုက်မှူး ဦးသန်းအုန်းက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒီလို အမည်ခံရေးတဲ့ အကြောင်းရပ် ၂၄ဝ ခန့်ရှိပြီး လူပုဂ္ဂိုလ် ၇ဝ ခန့်က ပါဝင်ရေးသားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ပထမအကြိမ်ထုတ်ဝေခဲ့တုန်းက နာမည်ခံပြီး အများဆုံးရေးသူက ဦးကြီးဖေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ပထမကျော် ဘွဲ့ရ ဦးကြီးဖေဟာ ဗုဒ္ဓဘာသာဆိုင်ရာနဲ့ မြန်မာမှု အကြောင်းရပ်တွေကို အဓိကရေးသားခဲ့ပြီး ၄၇ ပုဒ် ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "သူ့နောက်မှာတော့ သမိုင်းပညာရှင် ဦးဘရှင်၊ ပါဠိဆရာဉာဏ်၊ ဒဂုန်ဦးထွန်းမြင့်၊ ပါမောက္ခ ဦးဖေမောင်တင်၊ သန်လျင်ဦးမြဦး၊ အငြိမ်းစား အင်ဂျင်နီယာ အရေးပိုင် ဦးအုန်းကြိုင်၊ သီရိပျံချီ ဦးသာမြတ်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးဂုဏ်ဘဏ်၊ ဆရာဆိုင်စတဲ့ ပညာရှင်စုံက ရေးသားချီးမြှင့်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အမျိုးသမီးထဲက ဒေါ်ခင်ခင်စုနဲ့ ဒေါက်တာဒေါ်ဖေ့တို့ အမည်ခံရေးသားကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဗြိတိသျှ စွယ်စုံကျမ်းမှာ ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘေစတဲ့ မြန်မာပညာရှင်တွေက မြန်မာပြည်အကြောင်းရပ်တွေ ဝင်ပြီး ရေးပေးကြသလိုမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စွယ်စုံကျမ်း ပြန်ထုတ်မယ့်အချိန်မှာ လူစိတ်အဝင်စားဆုံးက ရိုဟင်ဂျာ အကြောင်း ပါမလား ဆိုတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "၁၉၆၄ က ထုတ်တဲ့ အတွဲ ၉ မှာ ပါတဲ့ မေယုနယ်ခြားခရိုင် အကြောင်းမှာ ရိုဟင်ဂျာ လူမျိုးလို့ ရေးထားတာ ပါလို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အဲဒီအချိန်က ဒီလောက် လူပြောများခဲ့ပုံ မပေါ်ဘဲ လတ်တလောမှ ပြန်စိတ်ဝင်စားလာကြတာပါ။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စွယ်စုံကျမ်း အတွဲ ၈ နဲ့ အတွဲ ၉ တွေမှာ ပါတဲ့ ဘူးသီးတောင်မြို့နဲ့ မောင်းတောမြို့ အကြောင်းတွေ မှာတော့ မွတ်စလင်များ၊ အစ္စလမ် အယူဝါဒီများလို့ပဲ သုံးနှုန်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အသစ်ပြန်ထုတ်မယ့် အတွဲတွေမှာတော့ ရိုဟင်ဂျာ နာမည်ကို မသုံးဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အဲဒီအချိန်က သုံးခဲ့တာကလည်း သက်ဆိုင်ရာ နိုင်ငံရေးအစိုးရတွေရဲ့ လွှမ်းမိုးမှုလို့ မြန်မာသမိုင်းအဖွဲ့က ဒေါက်တာမြင့်သိန်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "အစိုးရတွေ လိုချင်တဲ့ နိုင်ငံရေးအခြေအနေတွေ ပုံဖော်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စွယ်စုံကျမ်းထုတ်တဲ့အချိန်က လူပြောအများဆုံး အကြောင်းအရာတွေက ကျန်စစ်သား သမီးတော် ရွှေအိမ်သည် ခေါ် ရွှေအိမ်စည် အကြောင်းနဲ့ မြန်မာလူမျိုး ဖြစ်ပေါ်ပုံအစအကြောင်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စွယ်စုံကျမ်း အတွဲ ၂ ပါ ဦးသိန်းဟန် ခေါ် ဇော်ဂျီ ရေးတဲ့ ကျန်စစ်သားအကြောင်းမှာ မြန်မာရာဇဝင်တွေမှာပါတဲ့ ကျန်စစ်သား သမီးတော် ရွှေအိမ်စည်ကို စောလူးမင်းရဲ့သားတော် စောယွန်းနဲ့ လက်ဆက်စေတယ်ဆိုတာကို ကျောက်စာ အထောက်အထားအရ မနူဟာရဲ့ မြစ်တော် နာဂသမန်းနဲ့ လက်ထပ်စေတာသာ ဖြစ်တယ်ဆိုပြီး ဒေါက်တာလုစ်ရဲ့ အယူကို ဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မွန်မြန်မာချစ်ကြည်ရေးအတွက် လက်ဆက်ပြီး အလောင်းစည်သူကို ဖွားမြင်တယ်လို့ ၁၉၅ဝ ကျော်က ယူဆခဲ့ပေမယ့် ၁၉၇ဝ လောက်မှာ ဒုတိယနှိပ်ခြင်းပြန်လည်ပုံနှိပ်ရာမှာတော့ မူလ မြန်မာရာဇဝင်ပါ အချက်အလက် အတိုင်း စောယွန်းနဲ့ လက်ထပ်တယ်လို့ပဲ ပြင်ဆင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နရပတိစည်သူရဲ့ သမီးတော် ရွှေအိမ်စည်နဲ့ မနူဟာရဲ့မြစ်တို့ လက်ထပ်တာကို ကျန်စစ်သားသမီးတော်လို့ မှားယွင်းဖတ်ရှုတယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါနဲ့ပတ်သက်ပြီး ရွှေအိမ်စည် လင်ယူမှားတယ်ဆိုပြီး ရေးသားမှုတွေ ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "နောက် ဦးဘရှင် ရေးတဲ့ စွယ်စုံကျမ်း အတွဲ ၁ဝ က မြန်မာလူမျိုး အကြောင်းရပ်မှာလည်း မြန်မာအစ တကောင်းကနဲ့ ကျောက်ဆည်က အယူအဆ နှစ်ခုမှာ ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်း အထူး ပါမောက္ခ ဒေါက်တာလုစ်ရဲ့ အမြင်တွေ တင်ပြမယ် ဆိုပြီး ကျောက်ဆည် အယူအဆကို တင်သွင်းခဲ့တဲ့အတွက် မကျေလည်တဲ့ ဦးဖိုးလတ်လို မြန်မာဘာသာ လိုက်စားသူတွေက စာတမ်းဖတ် ကန့်ကွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ရာဇဝင်တွေမှာပါတဲ့ တကောင်းက အစ ဆိုတာဟာ မြန်မာလူမျိုးကို ပြောတာ မဟုတ်ဘဲ မြန်မာနိုင်ငံကို ပြောတာသာ ဖြစ်တယ် ဆိုပြီး ဦးဘရှင်ကရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "၁၉၈၉ နောက်ပိုင်းမှာတော့ မြန်မာဟာ နိုင်ငံကို ကိုယ်စားပြုပြီး လူမျိုးက ဗမာဖြစ်တယ်ဆိုပြီး စစ်အစိုးရက ပြင်ဆင်ခဲ့ပြန်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဝန်ကြီးချုပ် ကမကထနဲ့ ပေါ်ပေါက်လာတဲ့ စာပေဗိမာန်က ပြုစုတဲ့ စွယ်စုံကျမ်းဟာ သူ့စာအုပ်ထဲမှာ ဆိုတဲ့အတိုင်း အဂတိမလိုက်ဘဲ ယထာဘူတကျအောင် ဟုတ်တိုင်းမှန်ရာ တင်ပြနိုင်သလား ဆိုတာ ပြန်ဆန်းစစ် သင့်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "စထုတ်တဲ့အတွဲမှာပဲ ဦးနုပုံ ရောင်စုံပုံနဲ့ထုတ်ပြီး အမှာကို အသားပေးဖော်ပြတာကအစ ပြည်တော်သာ ညီလာခံနဲ့ ဖဆပလအစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အကြောင်း အသားပေးတာတွေကို စွယ်စုံကျမ်းအတွဲတွေမှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "မြန်မာလူမျိုးအကြောင်းမှာပဲ မြန်မာ့နည်းအရဖြစ်သော ဆိုရှယ်လစ်ဝါဒ အခြေခံသည့် စီးပွားရေး စံနစ်နှင့် လူနေမှု ဖွဲ့စည်းပုံတို့ကို လုပ်သားပြည်သူလူထုနှင့်တကွ ဖန်တီးတည်ဆောက်လျက် ရှိပေသည် လို့ အဆုံးသတ်မှာ ဦးဘရှင် ရေးခဲ့တာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဦးဘရှင်ဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးထိ အမှုထမ်းခဲ့ပြီး ဇေယျကျော်ထင် ဘွဲ့ရခဲ့တဲ့ သမိုင်းပညာရှင် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ဒါပေမဲ့ မြန်မာ့စွယ်စုံကျမ်းဟာ အာရှမှာ ဂျပန်ပြီးရင် စွယ်စုံကျမ်းထုတ်ဝေနိုင်တဲ့ အစောပိုင်း နိုင်ငံတွေထဲမှာ ပါတယ်လို့ ဂုဏ်ယူခဲ့ရတဲ့ ကျမ်းကြီး ဖြစ်သလို ပညာရပ်ပိုင်းဆိုင်ရာ မြန်မာစာအရေးအသားမှာလည်း ခိုင်ခန့် တိုးတက်အောင် အားပေးခဲ့တဲ့ စာအုပ်ကြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "ပြည်သူတိုင်း စွယ်စုံကျမ်းကို လက်လှမ်းမီဖို့ကတော့ စာတတ်သူတိုင်း စာဖတ်ဖို့ ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကို အရင်ဖြည့်ဆည်းဖို့ လိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "လူတန်းစားမရွေးဖတ်နိုင်တဲ့ အလွယ်ဖတ် စွယ်စုံကျမ်းအသေးတွေကိုလည်း ရေးသားရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46810197" }, { "text": "လွန်ခဲ့တဲ့ နှစ် ၂၇ဝ က တရုတ်ပြည်ကို သွားတဲ့ မှတ်တမ်းတစောင်ကို မကြာခင်က ထုတ်ဝေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒီမှတ်တမ်းဟာ နောက်ဆုံး မြန်မာမင်းဆက် ကုန်းဘောင်ကို မတည်ထောင်ခင် ညောင်ရမ်းမင်းဆက် မှာ နောက်ဆုံး စိုးစံခဲ့တဲ့ ဟံသာဝတီရောက်မင်းတရားကြီး စေလွှတ်တဲ့ သံအဖွဲ့ရဲ့ မှတ်တမ်းဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "အဲဒီအချိန်က အနောက်မြောက်ဘက်က ကသည်းခေါ် မဏိပူရပြည်သားတွေ တိုက်ခိုက်မှုနဲ့ တောင်ပိုင်းက မွန်ပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ ညောင်ရမ်းဘုရင်အတွက် တရုတ်ကို အကူအညီတောင်းတဲ့ သံအဖွဲ့ ဖြစ်တယ် လို့လည်း ဒီမှတ်တမ်းကို တည်းဖြတ်ခဲ့တဲ့ အငြိမ်းစား စာကြည့်တိုက်မှူး ဒေါက်တာသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါပေမဲ့လည်း တရုတ်ပြည်ခရီးမှာ ၂ နှစ်ကြာပြီးနောက် သံအဖွဲ့ ပြန်ရောက်ချိန်မှာ မဟာဓမ္မရာဇာဓိပတိခေါ် ဟံသာဝတီရောက်မင်း နန်းကျသွားပြီ ဖြစ်လို့ တရုတ်ဧကရာဇ်ရဲ့ သဝဏ်လွှာကို မြန်မာမင်းဆက် အသစ် ထူထောင်နေတဲ့ အလောင်းဘုရား ဆီမှာ သံအဖွဲ့ ဆက်သခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "အဲဒီသံအဖွဲ့မှတ်တမ်းဟာလည်း မကွေးတိုင်း ပခုက္ကူဒေသ၊ မြိုင်နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ရောက်ပြီး တိမ်မြုပ်နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "၁၉၈၃ ကမှ ဒီမှတ်တမ်းကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်က ပြန် ဖော်ထုတ်နိုင်ခဲ့ပြီး ပေမူကို ကူးယူခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒီမှတ်တမ်းမှာ ပါတဲ့ အထောက်အထားအဖြစ် တရုတ် ဘုရင်ရဲ့ မယ်တော်ဆီကို မြန်မာဘုရင်က ပို့တဲ့ ငွေပေလွှာကို တိုင်ဝမ်ကျွန်း မြို့တော် တိုင်ပေက နန်းတော်ပြတိုက်မှာ တွေ့ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တိုင်ပေမှာ နေတဲ့ မြန်မာပြည်က သမိုင်း ပညာရှင် ဦးရည်စိန်က တွေ့ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "၁၉၄၉ တရုတ်ပြည်မကြီးကို ကွန်မြူနစ် သိမ်းပိုက်ပြီးနောက် တိုင်ဝမ်ကို ကူမင်တန် အစိုးရ ရွှေ့ပြောင်းလာတဲ့အချိန်မှာ ပါလာတဲ့ ငွေပေလွွှာဖြစ်ပြီး တရုတ်ဧကရာဇ်ဆီကို ပို့တဲ့ ရွှေပေလွှာကတော့ ပျောက်ဆုံး သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ပေကျင်းနဲ့ တိုင်ပေက နန်းတွင်းပြတိုက်တွေမှာ မြန်မာပြည်က ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတွေ ရှိနေနိုင်တယ်လို့လည်း ဒေါက်တာသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မြန်မာပြည်က နေပြီး တရုတ်နိုင်ငံကို သံတမန် စေလွှတ်တာဟာ ပျူခေတ်ကတည်းက ဖြစ်ပြီး အနှစ် တထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ကုန်းလမ်း၊ ရေလမ်းတွေနဲ့ သွားခဲ့တဲ့ ဒီသံတမန်အဖွဲ့တွေ အကြောင်း တရုတ် ပြည်က နန်းတွင်းမှတ်တမ်းတွေမှာ တွေ့နိုင်ပေမယ့် မြန်မာဘက်မှာတော့ မွန်ဂိုကျူးကျော်မှု ရပ်ဖို့ ကူဗလိုင်ခန်ဆီ သွားတဲ့ ရှင်ဒိသာပါမောက်ရဲ့ မင်္ဂလာစေတီကျောက်စာ ကလွဲရင် အထင် အရှား မရှိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒုတိယနဝဒေး ရဲ့ တရုတ်သံရောက်မော်ကွန်း ကလည်း ဘိုးတော်ဘုရား လက်ထက် တရုတ်ပြည်က လာတဲ့ သံအဖွဲ့အကြောင်း မှတ်တမ်းတင်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါကြောင့် ညောင်ရမ်းခေတ်မှာ တရုတ်ပြည်သွားတဲ့ မှတ်တမ်းကို ဖော်ထုတ်နိုင်ခဲ့တာဟာ အရေးကြီးတဲ့ သမိုင်းကွင်းဆက်တခု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မနော်ရမ္မာသံတဲတော်ကနေ တရုတ်ဥဒည်မြို့ ပေကျင်းကို ရောက်တဲ့အထိ လမ်းစဉ်ခရီးကို မှတ်ထားတဲ့အတွက် အဲဒီခေတ်က တရုတ်ပြည်သွား လမ်းခရီးကိုလည်း သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တကယ်က ဒီသံအဖွဲ့ဟာ တရုတ် ဧကရာဇ် ချင်းလုံဆီက လွှတ်တယ်ဆိုတဲ့ သံအဖွဲ့အပြန်မှာ အတုံ့အပြန်အဖြစ် စေလွှတ်လိုက်တဲ့ သံအဖွဲ့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မင်မင်းဆက်ပျက်ပြီးနောက် အနှစ် တရာကျော် တရုတ် မြန်မာ အဆက်အဆံ ပြတ်ခဲ့ရာက ပြန်ဆက်မိကြတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒီ တရုတ်ကလာတယ် ဆိုတဲ့ သံတွေကို အင်းဝဘုရင်က သူ့ကို ပုန်ကန်နေတဲ့ မတ္တရာက ကွေ့နဲ့မွန်တွေကို ရှင်းလင်းစေပေမယ့် မအောင်မြင်ခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တရုတ်ဘုရင်နဲ့ မယ်တော်အတွက် ဆင် ၁ဝ စီးလည်း မြန်မာဘုရင်က လက်ဆောင်ပို့သခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ပေကျင်းကို ရောက်တဲ့ မြန်မာသံတွေကို အရင်လာခဲ့တဲ့ မြန်မာသံတွေ ရေးတဲ့စာတွေ ထုတ်ပြပြီး မြန်မာအက္ခရာနဲ့ စာလုံး တွေ ရေးပြစေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "သူတို့ တည်းတဲ့ သံတဲဟာ မဟော်သဓာနဲ့ သိကြားမင်း အပတ်စဉ် စကားပြောတဲ့ နေရာလို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တရုတ်မြို့ကြီးဟာ မြို့ရိုးလေးထပ် ကာထားပြီး ကျုံးငါးတန် ရှိတယ်လို့ မြန်မာမှတ်တမ်း မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဥဒည်မင်းနေတဲ့ စူချိန်သွန် အတွင်းမြို့၊ မြို့ဝါ၊ မြို့နီ စတဲ့ မြို့နာမည်တွေကိုလည်း ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နန်းရှေ့ မြေပြင်မှာ ကျောက်ဖျာအပြည့် ခင်းထားတာအပြင် ဘုရင်ထိုင်တဲ့ ကျောက်ဖြူပလ္လင်အကြောင်းလည်း ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တရုတ်ပြည်ကို နှစ်ချီသွားရတဲ့ မြန်မာသံအဖွဲ့ကိုလည်း အင်းဝဘုရင်က အနေအထိုင် ကျစ်လစ်ဖို့ မှာလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ထန်းရည်အရက် မသောက်ဖို့၊ အဖုတ်အကင် အညှော်အသင်း မစားဖို့၊ လိုချင်မူးမော် မပြုဖို့နဲ့ မမြင်ဖူးသလို မကြည့်ဖို့ စသဖြင့် တိတိကျကျ မှာလိုက်တာပါ။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "အပြန်ခရီးမှာတော့ မြန်မာသံအဖွဲ့ ခေါင်းဆောင် ထီးဆောင်းအမတ်ကြီး သီရိကျော်ထင် တရုတ်ပြည်မှာ ကွယ်လွန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တကယ်က တရုတ်ပြည်မှာ နောက်ဆုံး အုပ်စိုးခဲ့တဲ့ မန်ချူးအနွယ် ချင်မင်းဆက်က ချင်းလုံမင်းဟာ မြန်မာပြည်ကို လေးကြိမ်လေးခါ စစ်ခင်းခဲ့တဲ့ ဘုရင်လည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ညောင်ရမ်းခေတ် မြန်မာပြည်နဲ့ သံတမန် အဆက်အသွယ်တွေ လုပ်ပြီးနောက် ၁ဝ နှစ်ကျော်အကြာ၊ ဟံသာဝတီပါမင်းနောက် မြန်မာဘုရင်သုံးဆက်မြောက် ဆင်ဖြူရှင် လက်ထက်မှာ စစ်ခင်းခဲ့တာဖြစ်ပြီး မြန်မာကို သစ္စာ မခံလိုတဲ့ ရှမ်းစော်ဘွားတွေ တရုတ်ဘက်ကို ခိုလှုံရာက စပြီး စစ်ဖြစ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နောက်ဆုံး မြန်မာဘက်က စစ်သူကြီး မဟာသီဟသူရရဲ့ တွန်းလှန်မှုကြောင့် အင်းဝနားထိ ချီတက်လာတဲ့ တရုတ်စစ်ကို ခုခံနိုင်ပြီး စေ့စပ် ကြေအေးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ချင်းလုံဟာ အာရှအလယ်ပိုင်းနိုင်ငံတွေကို သိမ်းပိုက်ပြီး မန်ချူးလက်နက်နိုင်ငံကို ချဲ့ထွင်နိုင်ခဲ့ပေမယ့် မြန်မာ၊ ဗီယက်နမ် စတဲ့ တောင်ပိုင်း နိုင်ငံတွေနဲ့ စစ်ခင်းရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မြန်မာလို ယဉ်ကျေးမှု နိမ့်တဲ့ နိုင်ငံမျိုးကို တပ်ကောင်းကောင်း လွှတ်ပြီး သိမ်းဖို့ မလိုဘူးဆိုပြီး ချင်းလုံ တွက်ဆခဲ့ပေမယ့် မြန်မာတပ်တွေက မန်ချူးတပ်တွေကို ခုခံနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "စစ်အပြီး ၁၇၉ဝ မှာ မြန်မာကသံစေလွှတ်ရာမှာတော့ မန်ချူးဘုရင်က မြန်မာရဲ့ အောက်ကျို့မှုလို့ ယူဆခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မြန်မာနဲ့ တရုတ်ကြား ငါးနှစ်၊ ဆယ်နှစ်တခါဆိုသလို လက်ဆောင် အလဲအလှယ် လုပ်တာ တွေ ရှိခဲ့ပေမယ့် တရုတ်ဘက်က သူ့ကိုယ်သူ ကမ္ဘာ့ဗဟိုချက်လို့ ယူဆပြီး တောင်ပိုင်း နိုင်ငံတွေကို လက်အောက်ခံလို့ ရှုမြင်တတ်တာပါ။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါကြောင့် ဒီလို လက်ဆောင်လဲတာကို အခွန်ပဏ္ဏာ ဆက်တာလို့ပဲ မှတ်ယူလေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နောက်ပြီး မြန်မာဘုရင်က တရုတ်ဘုရင်ဆီ ပို့တဲ့ သဝဏ်လွှာတွေမှာ ညီတော် နောင်တော် အသုံးအနှုန်းတွေနဲ့ ပို့လေ့ ရှိပြီး ဆွေမျိုးပေါက်ဖော် ဆိုတဲ့ စကားလုံးကို ညောင်ရမ်းခေတ် မှတ်တမ်းမှာ မတွေ့ရဘူးလို့ ဒေါက်တာသော်ကောင်း က ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "အဲဒီခေတ်က မြန်မာနဲ့ တရုတ်ကြား ဆက်ဆံရေးမှာ ယူနန်နဲ့ ရှမ်းပြည်ဘက်က အရာရှိတွေ ချယ်လှယ်တာတွေ ရှိတယ်လို့လည်း ဒေါက်တာသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နှစ်ဘက် အကူးအသန်း အရောင်းအဝယ် စည်ကား စေချင်တဲ့ နယ်စပ် အရာရှိတွေက သံအဖွဲ့အတု လွှတ်တာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါကြောင့် ဘိုးတော်ဘုရားဆီကို တရုတ်ဘုရင်ရဲ့ မြေးတော် မင်းသမီးသုံးပါးဆိုပြီး ၁၇၉ဝ မှာ နယ်စပ်က ဆက်သတာ ဖြစ်ခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နောက် ဒီလို မြန်မာဘက်က သံစေလွှတ်တဲ့အခါမှာ တရုတ်ဘက်က သံအဖွဲ့အတု တခု လာလေ့ရှိပြီး ဒါကို မြန်မာဘက်က အစစ်ထင်ကာ တုံ့ပြန် စေလွှတ်တတ်တယ်လို့လည်း ဒေါက်တာသော်ကောင်းက ၂ဝ၁၄ က ထုတ်တဲ့ ဘားမားစတာဒီဂျာနယ် မှာ ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါကြောင့် မြန်မာဘက်က မှတ်တမ်းကျန်ခဲ့တဲ့ ၁၇၅ဝ က သံအဖွဲ့ရော၊ ၁၇၉ဝ က မင်းသမီးတွေ ဆက်တယ်ဆိုတဲ့ သံအဖွဲ့တွေဟာ တရုတ် သံအတုတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မြန်မာ ဘက်က ဆိုပြီး တရုတ်ကိုသွားတဲ့ သံအတုတွေလည်း ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "နောက်ပြီး ၁၇၅ဝ က တရုတ်ပြည်က သံအဖွဲ့အတု ယူလာတဲ့ တရုတ်ဧကရာဇ်ရဲ့ သဝဏ်ဆိုတာကလည်း မြန်မာဘာသာပြန် အဖြစ်သာ ပေမှာ ကျန်ခဲ့ပြီး မူရင်း မတွေ့ရဘူးလို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒါ့အပြင် မြန်မာမင်းရဲ့ ပိုင်နက် ဆိုပြီး ပေစာပါ တရုတ်ဘုရင်ရဲ့ သဝဏ်မှာ ပါတဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေကလည်း မှားနေတယ်လို့ ဒေါက်တာ သော်ကောင်းက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "မြန်မာပြည်ရဲ့ မြောက်ဘက်မှာ သမုဒ္ဒရာ ရှိတယ်ဆိုပြီး ဖော်ပြထားလို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "သံအဖွဲ့ အပြန်ခရီးမှာတော့ မြန်မာပြည်ကို သံအဖွဲ့အတု ခေါင်းဆောင်သွားခဲ့တဲ့ ဝနယ်က ဘော်စော်ဘွား ဧသူရဲ ခေါ် ဝူရှန်ရှီအန်ကို တရုတ်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "အကျဉ်းချထားရင်း အစာငတ်သေတယ်ဆိုသလို ကွပ်မျက် ခံရတယ် လို့လည်း တရုတ်မှတ်တမ်းတွေက ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "တရုတ်လဝနဲ့ ရှမ်းလူတထောင်ပါတဲ့ သံအဖွဲ့အတု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "ဒီတရုတ်ပြည်သွားမှတ်တမ်းအပြင် ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား အင်္ဂလိပ်ဘုရင်ဆီကို ပို့တဲ့ ရွှေပေလွှာကလည်း မြန်မာ့ပြည်ပ ဆက်ဆံရေးမှာ အစောဆုံး တွေ့ရတဲ့ အထောက်အထားတခု အဖြစ် ကျန်ရစ် ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-51589600" }, { "text": "သံသာကမ်း၊ သက်ဝေ၊ သုဘဒြအခါ၊ စုလျား၊ ဇောတိရသပတ္တမြား၊ နိတုံရွှေ၊ ဘော်သာခွာကျူ ဆိုတဲ့စကားလုံးတွေထဲမှာ မသိတာတလုံးပါရင် ဒီဆောင်းပါးကို ဖတ်ပျော်ပြီလို့ ဆိုချင်ပါတယ်။ ဒီစကားလုံးတွေက ဆရာကြီးမြို့မညိန်းရဲ့ သီချင်းထဲက စကားလုံးတွေပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဆရာကြီးမြို့မညိန်းက သူ့မိတ်ဆွေတယောက်ရဲ့သား မင်္ဂလာဆောင်အတွက် မင်္ဂလာမောင်မယ်သီချင်းကို ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီသီချင်းဟာ အခုခေတ်မှာတော့ မင်္ဂလာဆောင်တိုင်းမှာ မပါမဖြစ်လောက် ဖြစ်နေပါပြီ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မင်္ဂလာဆောင်သီချင်း တော်တော်များများရှိတဲ့အထဲမှာ ဆရာညိန်းရဲ့ သီချင်းက အလွန်အနှစ်သာရပြည့်ဝပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ရွေးချယ်သီကုံးထားတဲ့ ဆရာညိန်းရဲ့ တချို့စကားလုံးတွေကို နားမလည်ပဲ အလိပ်အခဲဖြစ်နေသူတွေရှိနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သံသာကမ်းတိုင်တူပြိုင်ကူးမယ်တဲ့။ သံသာကမ်းရောက်တဲ့ထိအောင် အတူတူပြိုင်တူကူးမယ်လို့ ပြောနေတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သံသာကမ်းက ဘာပါလဲ။ သံသာဆိုတာဟာ သံသရာနဲ့ အတူတူပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါဆိုရင်တော့ မြန်မာလူမျိုးတိုင်းလောက် နားလည်နိုင်ပြီထင်ပါတယ်။ ဗုဒ္ဓဘာသာအယူနဲ့ သက်ဆိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တပြောင်းပြန်ပြန်ကျင်လည်နေတယ်လို့ ပြောတာပါ။ ပဋိသန္ဓေနေလိုက်၊ မွေးဖွားလိုက်၊ သေဆုံးလိုက်ဆိုပြီး အဖန်ဖန်အခါခါ လည်ပတ်နေတာကို သံသရာလို့ခေါ်တာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲဒီလည်ပတ်တဲ့သံသရာဟာ နိဗ္ဗာန်ရောက်မှ ခရီးဆုံးတယ်လို့ဆိုပါတယ်။ အဲဒီနောက်ဆုံးနေရာကို ကမ်းလို့တင်စားပြီး သံသာကမ်း သို့မဟုတ် သံသရာကမ်းလို့ တင်စားတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ရှင်မဟာရဋ္ဌသာရဆရာတော်သီကုံးတဲ့ ဘူရိဓာတ်ဇာတ်ပေါင်းပျို့ထဲမှာ 'ဘဝမချာ၊ ရှေးသံသာက၊ မိစ္ဆာပုဏ္ဏား၊ ယဇ်သမားလျှင်' လို့ သံသာကို ထည့်သွင်းစပ်ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အနန္တသူရိယအမတ်ကြီးစပ်ဆိုတယ်ဆိုတဲ့ မျက်ဖြေလင်္ကာထဲမှာလည်း 'ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို' လို့ရေးထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သံသရာမှာ နောက်တခါကြုံကြိုက်ခဲ့ရင်တောင်မှာ မတုံ့ပြန်ချင်ပါဘူးလို့ ပြောတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သက်ဝေကတော့ အသက်ချင်းမျှဝေထားတယ်လို့ ပြောတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သိပ်ချစ်လွန်းလို့ သူ့အသက်နဲ့ ကိုယ့်အသက်ကို မျှဝေထားတယ်လို့ ဆိုတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သူရှင်ရင် ကိုယ်ရှင်မယ်၊ သူသေရင် ကိုယ်သေမယ်လို့ ပြောတာပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သုဘဒြဆိုတာဟာ ကောင်းမြတ်တဲ့အချိန်အခါလို့ ပြောတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။ ဒါက သက္ကတ ဘာသာနဲ့ ပြောတာဗျ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ပါဠိလိုဆိုရင် သုဘဒ္ဒပေါ့။ အဓိပ္ပာယ်က အတူတူပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သုဘဒ္ဒ၊ သုဘဒြာဆိုတာ ကောင်းမြတ်တာကို ပြောတာ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သုဘဒြအခါ ဆိုတာ ကောင်းမြတ်တဲ့ အချိန်အခါလို့ ပြောတာ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သုဘဒြအခါ မင်္ဂလာရက်မြတ်ပေဆိုတာ ကောင်းမြတ်တဲ့ အချိန်အခါဖြစ်တဲ့ မင်္ဂလာရက်မြတ်လို့ ပြောတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "စုလျားရစ်ခွေတယ်၊ စုလျားရစ်ပတ်တယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "စုလျားရစ်ပတ်တယ်ဆိုရင် လက်ထပ်တာပဲလို့တော့ မြန်မာအများနားလည်ပြီးသားပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါပေမယ့် အဲဒီစုလျားက ဘာလဲ၊ ဘာနဲ့ ရစ်ပတ်လိုက်တာလဲ ဆိုတာ မေးစရာဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တကယ်တော့ စုလျားရဲ့ ဇာစ်မြစ်က စလျားပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အသံထွက်ရင်လည်း စုလျားလို့ အသံမထွက်ရပါဘူး။ စလျားလို့သာ ထွက်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ကုလားတို့ ဘုရားတို့မှာ အသံထွက်တဲ့ပုံစံမျိုး ရှေ့ကစကို အသံတဝက်နဲ့သာရွတ်ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ကပြားရဲ့ 'က' လို ညအခါရဲ့ 'ည' လို အသံအပြည့်မရွတ်ရပါဘူး။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မယား ရဲ့ 'မ' လို ရထားရဲ့ 'ရ' လိုအသံတဝက်နဲ့ ရွတ်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "စကားက 'စ' နဲ့ အသံထွက်အတူတူပါပဲ။ ရှည်လျားတဲ့ အစဖြစ်ပါတယ်။ ရှည်လျားတဲ့ အဝတ်စကို ဆိုလိုတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သတို့သားနဲ့ သတို့သမီးရဲ့လက်ကို ရှည်လျားတဲ့ အဝတ်စနဲ့ စည်းနှောင်ပြီး သေတပန်သက်တဆုံး မခွဲမခွာ အတူတကွ နေထိုင်ကြပါတော့လို့ပြောလိုက်တာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အရင်ခေတ်တုန်းက ပုဆိုးစကို သုံးလေ့ရှိပြီး အခုခေတ်မှာ ပုဝါစကို သုံးလေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "လက်နှစ်ဖက်ကို အဝတ်စရှည်နဲ့ စည်းနှောင်ခြင်းဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါဆိုရင် စလျားကို ဘာလို့ စုလျားလို့ ရေးထားသလဲလို့ မေးစရာရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီအကြောင်းကိုတော့ အရင်ကလည်း ပြောခဲ့ဖူးပါပြီ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "စလျားကို စ-လျားလို့ စသံအပြည့်မထွက်စေချင်လို့ တနည်းအားဖြင့်ပြောရရင် စမှာအတူတွဲပါနေတဲ့ အသရကို သတ်ချင်လို့ တချောင်းငင်နဲ့ အမှတ်အသားပြုပြီး သတ်ထားတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။ ဘာလို့ တချောင်းငင်ပိုလာသလဲဆိုတော့ ရှေးကမြန်မာကြီးတွေရဲ့ တီထွင်မှုလို့ပဲ ပြောရမယ်ထင်တယ်ဗျ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီတချောင်းငင်က အုသရကို ကိုယ်စားမပြုဘူးဗျ။ ဒါ့ကြောင့် အုသံ မထွက်ရဘူး။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "စုလျားမှာဆိုရင် စုလို့အသံမထွက်ရဘူး။ စလုံးဆိုတဲ့ အက္ခရာမှာ ဗျည်းနဲ့ သရနဲ့တွဲနေတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဗျည်းက 'စ'၊ သရက 'အ' ပေါ့။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲဒီနှစ်ခုပေါင်းလို့သာ မူလအစ မှာပါတဲ့ 'စ' လို အသံမျိုးထွက်လို့ရတာကိုး။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တကယ်လို့ 'အ' သရသာ မပါခဲ့ရင် စကားမှာပါတဲ့ 'စ' လိုမျိုး အသံတဝက်ပဲထွက်ရမယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲသလိုမျိုး စကားမှာပါတဲ့ 'စ' လိုမျိုး အသံတဝက်ပဲ ထွက်စေချင်လို့ 'စ' ထဲမှာပါနေတဲ့ သရကို ချေပေးပါ၊ သတ်ပေးပါလို့ သင်္ကေတပြတာ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲဒီသင်္ကေတက တချောင်းငင်နဲ့ တူနေတာ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သက္ကတမှာလည်း အဲသလို တချောင်းငင်လိုလို သင်္ကေတလေးနဲ့ သရကိုချေတာရှိတယ်ဗျ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါမျိုးတခြားဥပမာတွေက မြန်မာစကားစစ်စစ်ပဲဖြစ်တဲ့ ပုလင်း၊ ပါဠိကလာတဲ့ ကုလား၊ မွန်ကလာတဲ့ ပုလဲ၊ မွန်ကပဲလာတဲ့ စုလစ် ဆိုတဲ့စကားတွေလို့လည်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီအကြောင်းကို သီးခြားအကျယ်တဝင့် ပြောဆိုရှင်းလင်းပြီးသားမို့ ဒီနေရာမှာ ဒီလောက်နဲ့ရပ်ပါရစေ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ခရီးဆောင်မြန်မာအဘိဓာန်မှာတော့ အသံထွက်ကို စုလယားလို့ ပေးထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါကိုတော့ ဆရာကြီးဦးထွန်းတင့်က \"လူအများအဲသလို အသံထွက်တာကို လိုက်လျောပြီးခွင့်ပြုထားသလားမသိဘူး။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဘယ်လိုဖြစ်သလဲမဆိုတတ်ဘူး။ အမှန်ကတော့ စလယားပဲ ထွက်ရမှာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ရှေးကလူကြီးများကလည်း စလယားပဲ ထွက်ကြပါတယ် လို့ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဇောတိရသ ပတ္တမြားဆိုတာ ဇောတိရသ် ပတ္တမြားလို့လည်း ခေါ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အလွန်အဖိုးထိုက်တန်တဲ့ ပတ္တမြားဆိုတဲ့ အဓိပ္ပာယ်ပါ။ တချို့ကလည်း လိုတရ ပတ္တမြားလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ထွန်းတောက်ပြီး အရည်လဲ့နေတဲ့ ပတ္တမြားလို့လည်း တချို့က အဓိပ္ပာယ်ဖွင့်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ကိုးခန်းပျို့ထဲမှာ \"ရထားလှည်းစက်၊ ပုံတောင်းချက်နှင့် နှိုးဘက်ထပ်ရှိ၊ ပြောင်ထွန်းညှိသား၊ ဇောတိရသ၊ မနောမျ\" ဟု လို့ ရေးထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မနောမျ သို့မဟုတ် မနောမယဆိုတာဟာ စိတ်ကြံတိုင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ရွှေတော့ရွှေပါပဲ။ နိတုံရွှေဆိုတာဘာပါလိမ့်။ ရိုးရိုးရွှေနဲ့ ဘာကွာပါသလဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "နိတုံရွှေဆိုတာကတော့ အကြိမ်ကြိမ်အဖန်ဖန် မီးတင်ပြီး သန့်စင်ဖိုထိုးထားလို့ အလွန်စင်ကြယ်နေတဲ့ ရွှေလို့ အဓိပ္ပာယ်ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီတော့ စုလျားရစ်ခွေ ဇောတိရသပတ္တမြား နိတုံရွှေ ဆိုတာ အလွန်အဖိုးတန်တဲ့ ပတ္တမြားကို အလွန်သန့်ရှင်းစင်ကြယ်တဲ့ ရွှေနဲ့ကွပ်ထားတယ်လို့ ပြောချင်တာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တနည်းအားဖြင့် ပတ္တမြားနဲ့ ရွှေနဲ့ စုလျားရစ်ပတ်လက်ထပ်ကြတယ်လို့ ဆိုလိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သတိုးသားနဲ့ သတိုးသမီးကို ဇောတိရသပတ္တမြားနဲ့ အလွန်သန့်စင်တဲ့ရွှေလို့ တင်စားတာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "နေနဲ့လ၊ ရွှေနဲ့မြဆိုတဲ့ တင်စားချက်မျိုးနဲ့ ခပ်ဆင်ဆင်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "လာပါပြီဗျာ။ ဒုက္ခနဲ့လှလှနဲ့မောင်သိမ်းမြတ်နဲ့တွေ့ခဲ့ရတဲ့ စကားလုံးလေးက ဘော်သာခွာကျူပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တော်တော်ခေါင်းစားတဲ့ စကားလုံးပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဘော်ရယ်၊ သာခွာရယ်၊ ကျူရယ် အဲဒီစကားလုံးသုံးလုံးစလုံးဟာ ပေါရာဏတွေပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဆရာဦးထွန်းတင့်က အခုလို ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဘော်ဆိုတာကလည်း ငွေကောင်းကိုဟောတာဗျ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သာခွာကလည်းပဲ ငွေကောင်းကိုပဲ ဟောတဲ့စကားပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သူ့ရင်းမြစ်ကတော့ ရှေးစကားလို့ပဲ ကျွန်တော်တို့ သတ်မှတ်ပြီးပြောကြတာပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "တလုံးစီပြောရင်လည်း သူတို့အားလုံးက ငွေကောင်းတွေပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒါပေမယ့် သုံးလုံးတွဲပြီး သုံးလေ့လည်းရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သုံးလုံးတွဲပြီးသုံးတော့လည်း အင်မတန်သန့်စင်တဲ့ငွေ၊ ငွေကောင်းကိုပြောတာပါပဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဘော်ဆိုတဲ့ စကားလုံးကတော့ အခုခေတ်လည်း သုံးပါသေးတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဘော်ချက်တယ်ဆိုတဲ့ဘော်ဟာ ဒီငွေပဲပေါ့။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "နမ္မတူဘော်တွင်းက ဘော်ကလည်း ဒီငွေကိုပဲ ပြောချင်တာပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "သာခွာတို့ ကျူတို့ကတော့ အခုခေတ်မှာ တော်တော်အသုံးနည်းသွားပါပြီ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ၊ ဘော်သာခွာကျူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ ဆိုတော့ ဘော်သာခွကျူဆိုတဲ့ ငွေကောင်းငွေသန့်တွေကလည်း အဖြူ၊ ပုလဲကလည်း အဖြူဆိုတော့ သူဖြူရင်ကိုယ်ဖြူတယ်၊ သူမည်းရင်ကိုယ်မည်းတယ်လို့ ပြောချင်တဲ့သဘောပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "နောက်ဆုံးအပိုဒ်ကလေးကိုတော့ ရသအမြင်နဲ့ ပြောချင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အတွေးအခေါ်လည်းပါ၊ အဖွဲ့အနွဲ့လည်းကောင်း၊ ရသလည်း မြောက်တဲ့စာသားလေးလို့ ထင်လို့ပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဆရာညိန်းက မယ့်ကို လယ်မြေနဲ့ ခိုင်းနှိုင်းထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မောင့်ကိုတော့ မိုးကောင်းကင်နဲ့ တင်စားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "လယ်မြေထဲမှာ မျိုးစေ့ကြဲပြီး မိုးကောင်းကင်ကနေ မိုးရေအေးအေးလေးတွေ ပက်ဖျန်းပေးရင် ကောက်ပင်သီးပင်တွေရှင်သန်ကြီးထွားလာမယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲဒီအပင်တွေကနေ အသီးအပွင့်တွေ ဖြိုးဝေလာမယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "အဲဒီအသီးအပွင့်တွေကနေမျိုးစေ့ဖြစ်ထွန်းလာပြီး နောက်ထပ် လယ်မြေတွေ နောက်ထပ် ကောင်းကင်တွေရဲ့ ပေါင်းစည်းခြင်းအောက်မှာ နောက်ထပ်အသီးတွေ အပွင့်တွေအမြောက်အမြား ဆက်လက် တိုးပွား လာလိမ့်မယ် ဆိုတာကို ဒီအပိုဒ်က သီကုံးစပ်ဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မင်္ဂလာမောင်မယ်နှစ်ယောက်ကနေ ဖြစ်တည်လာတဲ့ အသီးအပွင့်တွေ မျိုးဆက်တွေဟာ နောင်တချိန်ဒီကမ္ဘာမြေပေါ်မှာ သိန်းနဲ့ သန်းနဲ့ချီပြီး တိုးပွားမလာဘူးလို့ ဘယ်သူများပြောနိုင်မလဲ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မောင်နဲ့မယ် သဘာဝအတိုင်း ပေါင်းစည်းကြပြီး လောကကြီး စည်ပင် ဝပြောလာတဲ့ သဘောကို နက်နဲတဲ့ အဘိဓမ္မာနဲ့ ဖြည့်စွက်ပြီး လှလှပပရေးဖွဲ့ထားတဲ့ သီချင်းပါ။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "ဒီသီချင်းဟာဖြင့် နိုင်ငံတော်မင်္ဂလာသီချင်းလို့တောင် ဆိုလောက်ပါပေရဲ့။", "source": "https://www.bbc.com/burmese/in-depth-46038305" }, { "text": "မြန်မာပြည်ရဲ့ ဒုတိယမြို့တော်ဟောင်း မန္တလေးကို မန္တလေးသို့ သွားရာလမ်း ဆိုတဲ့ အင်္ဂလိပ်ကဗျာနဲ့ တွဲပြီး နိုင်ငံတကာမှာ လူသိများပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီမြို့ဟာ မြန်မာပြည်အထက်ပိုင်းရဲ့ မြို့တော် ၂၆ နှစ် ဖြစ်ခဲ့ပြီးနောက် တိုင်းမြို့တော်အဆင့်က မတက်ခဲ့ပေမဲ့ ယဉ်ကျေးမှုမြို့တော်၊ ဗုဒ္ဓဘာသာမြို့တော်၊ သဘင်မြို့တော်၊ ရွှေခြေချင်းမြို့တော် စတဲ့ ဂုဏ်ပုဒ်တွေအပြင် အထက်နဲ့ အောက်မြန်မာပြည်၊ တရုတ်နဲ့ အိန္ဒိယကြားက ကုန်သွယ်ရေး လမ်းဆုံမြို့ကြီးအဖြစ်လည်း တည်ရှိဆဲဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီမြို့သက် နှစ် ၁၇၀ နီးပါး ကာလအတွင်း အုပ်စိုးသူအဆက်ဆက် ပြောင်းလဲခဲ့သလို လူမှုပုံစံမျိုးစုံလည်း ပေါ်ထွန်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ မန္တလေးပုံစံဆိုပြီး ပြောစမှတ်ရှိတဲ့ ဝိသေသလက္ခဏာတွေလည်း မန္တလေးမှာ အထင်အရှားကျန်ရစ်ပြီး ဒီထဲမှာ ဝတ်စားဆင်ယင်မှု၊ စာပေဘာသာစကား၊ ယဉ်ကျေးမှုဓလေ့တွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "သာသနာ ၂၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မင်းတုန်းမင်း တည်ထောင်ခဲ့တဲ့ မြို့တော်ဘ၀ကနေ အေးဆေးတဲ့ စျေးချိုရောင်းဝယ်ရေးနဲ့ မြန်မာမှုတွေ ထွန်းကားရာ မြို့ကြီး၊ စစ်ဘေး မီးဘေး အကြိမ်ကြိမ်ကြုံခဲ့တိုင်း မျက်နှာသစ်တွေနဲ့ ပြန်နိုးထကြီးပွားလာတဲ့မြို့ကြီး၊ ပြည်တွင်းစစ်ဘေးရှောင်တွေ ခိုလှုံရာ၊ ကျောက်စိမ်းစျေးကွက်ထွန်းကားတဲ့ မြို့ကြီး၊ ငလျင်ဒဏ်ခံ မြို့ပျက်ကြီးဘဝတွေကို ဖြတ်သန်းပြီး မန္တလေးဟာ ခေတ်အစုံကို ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးတောင်ရဲ့ စက်ရိပ်ကို နင်းပြီး အမရပူရကို မန္တလေးအဖြစ် ဘိုးတော် ဗဒုံမင်းက တည်ထောင်ခဲ့ပြီးနောက် မင်းတုန်းမင်းလက်ထက်မှာလည်း သာသနာ ၂၄၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမရပူရနဲ့ ကပ်ရပ်မှာ မြို့သစ်နန်းသစ် တည်ချင်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၈၅၂-၁၈၅၃ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်မှာ နိုင်ငံအောက်ပိုင်း ပေးလိုက်ရပြီးနောက် ပင်လယ်ထွက်ပေါက်ပိတ်နေချိန်မှာ စိတ်ဓာတ်မြှင့်တင်ရေးအတွက် မြို့သစ် တည်ထောင်တာလို့ မှန်းဆရသလို တောင်သမန်အင်းနဲ့ ဧရာဝတီမြစ်က ဝိုင်းထားတဲ့ အမရပူရကို အင်္ဂလိပ်စစ်သင်္ဘောတွေ ၀င်လာမှာ စိုးလို့ မြစ်နဲ့ မိုင်အနည်းငယ်ခွာပြီး မန္တလေးတောင်ခြေမှာ ရတနာပုံမြို့သစ်တည်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၈၅၉ မှာ တည်ထောင်တဲ့ ဒီမြို့သစ်မှာ အစဉ်အလာ မြန်မာနန်းမြို့တွေပုံစံအတိုင်း ဘုရင်၊ မိဘုရားများနဲ့ သားတော်သမီးတော်တွေ စံမြန်းရာ နန်းတော်အုတ်ခုံနဲ့ ဥယျာဉ်တော်တွေကို ဝိုင်းထားတဲ့ သစ်တပ်၊ အပြင်က မင်းဆွေမင်းမျိုးတွေနဲ့ မှူးမတ်တွေနေရာ နန်းမြို့ကြီးကို ကျုံး၊ မြို့ရိုးနဲ့ ကာရံထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နန်းမြို့ရိုးမှာ တံခါး ၁၂ ပေါက်ပါပြီး တဘက် တာခြောက်ရာနဲ့ လေးဘက်ပတ်လည်မှာ တာ ၂၄၀၀ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဆင်းရဲသား ကျွန်တော်မျိုးတွေ နေကြတဲ့ ပြင်မြို့ကြီးကိုတော့ အနောက်ဘက်က ဧရာဝတီမြစ်နဲ့ တာရိုးကြီးက ဝိုင်းပတ်ထားပြီး ကျန်တဲ့ သုံးမျက်နှာမှာတော့ မြေမြို့ရိုးကြီးနဲ့ ကာရံထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "လေးဘက်လေးတန် မြေမြို့ရိုးကြီးမှာ တံခါး ၅၇ ပေါက်ရှိပြီး ခုချိန်ထိ မြို့ရိုးအရာတွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အမရပူရ၊ အင်းဝ မြို့ဟောင်းတွေထက် မြို့ဧရိယာပိုကျယ်တဲ့ ရတနာပုံ မန္တလေးမြို့တော်သစ်ကို ပြကွက်ကြီးတွေကြား လမ်းဖြောင့် လမ်းရှည်တွေနဲ့ ပိုင်းခြားပြီး အကွက်ကျကျ တည်ဆောက်လို့ တခြားမြို့ဟောင်းတွေနဲ့မတူ ကွဲပြားနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီလမ်းတွေကို မူလက အလျဉ်းသင့်သလို ရသာတန်း၊ ယွန်းတန်းစတဲ့ နာမည်တွေနဲ့ ခေါ်ခဲ့ကြပြီး ဗြိတိသျှလက်အောက်ရောက်မှ လမ်းနံပါတ်တွေမှည့်တဲ့ စနစ်ရောက်လာတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "လေးပြင်လေးရပ် ၅၄ ရပ်ကွက်ကို ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ မောရဂီဝါ စတဲ့ ထီးဆန်ဆန် နန်းဆန်ဆန် နာမည်တွေ ပေးထားပြီး အကွက်ချတည်ထားတဲ့ မြို့ထဲက ပြကွက်ကြီးတွေမှာ ပဒေသရာဇ်နဲ့ လူကုံထံတွေရဲ့ ပြပေါက်၊ ပြ၀က်နဲ့ လေးစိတ်၀င်းတွေကို လမ်းမတန်း အိမ်တွေက ဝန်းရံပြီး ရွှေမြို့တော်သူ ရွှေမြို့တော်သားတွေ နေထိုင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နန်းတော်မြို့ရိုးက ပြအိုးတအိုးနဲ့ တအိုးကြား တာငါးဆယ်အကွာအဝေးကို တပြလို့ သတ်မှတ်ပြီး မြို့ကို ပြကွက်တွေချပြီး တည်တာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရွှေမြို့တော် အရှေ့မျက်နှာနဲ့ မြောက်မျက်နှာတွေမှာ ဘုန်းကြီးကျောင်းတိုက်ကြီးတွေနဲ့ ဥယျာဉ်တော်တွေ စီတန်းနေပြီး ဘုရင့်သာသနာရေး အားပေးမှုကို ဖော်ပြနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အရင် အမရပူရမြို့ဟောင်းရဲ့ မြောက်ပြင်က မန္တလေးတောင်ပြင် ဖြစ်သွားတဲ့အတွက် မဟာမုနိဘုရားကြီးတဝိုက်က အမရပူရခေတ် ကျောင်းတိုက်ကြီးတွေကလည်း ဆက်ပြီး ပါလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဧရာဝတီမြစ်ကမ်းနားက အနောက်ပြင်မှာတော့ သင်္ဂဇာချောင်းနဲ့ ရွှေတချောင်းတလျှောက် ဘုန်းကြီးကျောင်းသစ်ကြီးတွေ ပေါ်လာပြီး မူလရှိရင်း ပုဂံမင်းကုသိုလ် အိမ်တော်ရာဘုရားတဝိုက်က ကျောင်းကန်တွေနဲ့ ဆက်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပြင်မြို့ကြီးတွင်းက လူနေရပ်ကွက်တွေထဲမှာလည်း ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေ တည်ထားဆောက်လှူကြတာမို့ မန္တလေးကို ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားတဲ့ မြို့ကြီးအဖြစ် အထက်၊ အောက် နှစ်နိုင်ငံလုံးက အမွန်အမြတ် ထားကြသလို ကုသိုလ်တော်၊ ကျောက်တော်ကြီး၊ သကျသီဟ စတဲ့ ဘုရားတွေနဲ့ တိုက်တော်၊ ရွှေကျောင်း၊ မြတောင်ကျောင်း၊ အတုမရှိကျောင်း၊ နန်းဦးမှန်စီရွှေကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေဟာ မန္တလေးခေတ်အနုပညာလက်စွမ်းပြ သာသနိကအဆောက်အအုံတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရတနာပုံခေတ် မန္တလေးနဲ့ အမရပူရမှာ ကျောင်းတိုက် ၂၀၀ နီးပါးနဲ့ သံဃာအပါး တသောင်းနှစ်ထောင်နီးပါး ရှိပြီး မင်းတုန်းမင်းရဲ့ နန်းသက် ၂၆ နှစ်အတွင်း သာသနာရေးအတွက် အလှူဒါန ၂၂ ကုဋေကျော် သုံးစွဲခဲ့ကြောင်း ဒေါက်တာသန်းထွန်းရဲ့ မန္တလေးသမိုင်းလေ့လာမှု စာတမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "တခါ မင်းတုန်းမင်းခေတ်မှာ ပဉ္စမသင်္ဂါယနာ တင်နိုင်ခဲ့ပြီး ကုသိုလ်တော်ဘုရားဝင်းမှာ ပိဋကတ်ကျောက်စာတွေ ရေးထိုးနိုင်ခဲ့တဲ့အတွက် အထက် အောက် မြန်မာနှစ်နိုင်ငံက ဗုဒ္ဓဘာသာ၀င်တွေရဲ့ လေးစားမှုကို မင်းတုန်းမင်း ခံယူရရှိပြီး ၁၈၇၁ မှာ ဗြိတိသျှအောက်ပြည်ရဲ့ မြို့တော် ရန်ကုန်က ရွှေတိဂုံစေတီ ထီးတော်ကို ဘုရင်က တင်ပေးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးမှာ ဗြိတိသျှ အသစ်တည်ထောင်တဲ့ ရန်ကုန်မြို့မှာလို တိုက်သစ်လမ်းသစ်ကြီးတွေနဲ့ ဆိပ်ကမ်းစက်ရုံတွေ မပေါများပေမဲ့ မန္တလေးမြို့မှာလည်း အမရပူရ၊ အင်း၀မြို့တွေနဲ့မတူ တိုးတက်မှု တချို့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရတနာပုံ နေပြည်တော်သတင်းစာကို ၁၈၇၃ မှာ တည်ထောင်ထုတ်ဝေသလို မန္တလေးနန်းမြို့ထဲမှာလည်း ပုံနှိပ်စက်ထားပြီး အောက်ပိုင်းမြို့ကြီးတွေမှာလိုပဲ ဗုဒ္ဓစာပေကျမ်းဂန်တွေကို ရိုက်နှိပ်ထုတ်ဝေစ ပြုလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အင်္ဂလီကန် သာသနာပြု ဆရာမတ်ကြီးရဲ့ ဒိုင်အိုစီဇင် သံတဲကျောင်းတော်ကို ၁၈၆၉ မှာ တည်ထောင်ပြီး သီပေါမင်းသားအပါအ၀င် မင်းသားအချို့ အင်္ဂလိပ်စာသင်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နောက်ဆုံး မြန်မာ အိမ်ရှေ့စံ ကနောင်မင်းနဲ့ ပြုပြင်ရေး လိုလားသူ မှူးမတ်တချို့ ဦးဆောင်တဲ့ ပြည်ပ ပညာတော်သင် စေလွှတ်မှုတွေကနေ မန္တလေးနဲ့ အနီးတဝိုက်မှာ လွှစက်၊ ဆန်ကြိတ်စက်၊ လက်နက်စက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ မဲနယ်ကန် စတဲ့ စက်ရုံအလုပ်ရုံတွေ ပေါ်လာပြီး စိန်ပန်းရပ်မြစ်ဆိပ်မှာ ၁၈၆၄ ကတည်တဲ့ ရတနာပုံသင်္ဘောကျင်းကနေ မီးသင်္ဘောတွေ ပြုပြင်ထုတ်လုပ်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးအနီးတဝိုက်နဲ့ ဧရာ၀တီ အောက်မြစ်စဉ်ကြောင်းမှာ ဥရောပအင်ဂျင်နီယာတွေ အကူအညီနဲ့ မင်းလှ၊ ဂွေးချောင်း၊ သပြေတန်း စတဲ့ ခေတ်မီခံတပ်တွေလည်း ဆောက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မြန်မာပြည်အလယ် အချက်အချာ ရတနာပုံနေပြည်တော်ကနေ အထက်အောက်မြန်မာပြည် မြို့ရွာတွေ၊ ရှမ်းပြည်ဒေသတွေကို မြစ်ကြောင်း ကုန်းကြောင်းကနေ ရောင်းဝယ်ဖောက်ကားမှုကြောင့်လည်း စျေးချိုတော်၊ မလွန်စျေး၊ ညောင်ပင်စျေး၊ စိန်ပန်း ဂွမ်းရုံစျေး၊ ယိုးဒယားစျေး၊ ညွန့်ပေါင်းစျေး စတဲ့ စျေးကြီးစျေးငယ်တွေမှာ မြန်မာနဲ့ တခြား မျိုးနွယ်စုတွေရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ထွန်းကားပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒါ့အပြင် မြန်မာတွေ လုပ်တတ်တဲ့ လက်မှုအနုပညာလုပ်ငန်းမှန်သမျှ ဒီမြို့ကြီးမှာ တွေ့ရကြောင်း ဒေါက်တာသန်းထွန်းက နယ်လှည့်ရာဇဝင်မှာ မှတ်ချက်ချပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အစဉ်အလာ ပန်း ၁၀ မျိုး အနုပညာတွေအပြင် ကျောက်စိမ်းဖြတ်၊ ဆင်စွယ်ပွတ်၊ ဂုန္တန်ထိုး၊ ဖန်ချက်၊ ရွှေချည်ထိုး၊ ရွှေမျက်ပါးစတဲ့ လက်မှုလုပ်ငန်း အမျိုးလေးဆယ်နီးပါး မန္တလေးမှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီလို အဘက်ဘက်က စည်ပင်ထွန်းကားခဲ့တဲ့ ရတနာပုံခေတ်မှာ ကနောင်မင်းသားလုပ်ကြံခံရမှု၊ ပန်းတိမ်းမင်းသားပုန်ကန်မှု၊ မင်းတုန်းမင်းနတ်ရွာစံချိန်မှာ မင်းသားမင်းသမီးနဲ့ မိဘုရားတွေ သတ်ဖြတ်ခံရမှု စတဲ့ နန်းတွင်းသတ်ဖြတ်ပွဲ၊ ပုန်ကန်မှုတွေနဲ့ ကြုံခဲ့ရပြီး မှူးကြီးမတ်ကြီးတွေကြားမှာ မညီမညွတ်နဲ့ အုပ်စုဖွဲ့ အားပြိုင်မှုတွေကြောင့် ၁၈၈၅ ခုနှစ်မှာ သီပေါမင်းနဲ့ မိဘုရားတို့ ပါတော်မူပြီး မြို့တော်အဖြစ်က လျှောကျခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒါကို ဆီးပန်းနီဆရာတော်က ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံး၀ ဆိုပြီး စာချိုးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေး ပဒေသရာဇ်ခေတ်ဟာ သက်တမ်း ၂၆ နှစ်သာ ရှိပေမဲ့ လာမယ့်ခေတ်အဆက်ဆက် မန္တလေးပုံရိပ်ကို ဖော်ဆောင်တဲ့ခေတ်ဖြစ်သလို ဒီခေတ်ယဉ်ကျေးမှု စာပေအနုပညာတွေကို အခြေတည်ပြီး ခေတ်သစ်မြန်မာပုံရိပ်ကို ထူထောင်ရာမှာ အသုံးချတဲ့အတွက် နိုင်ငံပြုဖြစ်စဉ်မှာ အရေးကြီးတဲ့ခေတ်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရတနာပုံ မန္တလေးခေတ်က ကျန်ရစ်တဲ့ ဒေဝဣန္ဒာ မောင်မောင်ကြီး၊ မထွေးလေး၊ အီနောင်ကိုစံတုတ်၊ ဆရာစိမ့်၊ ရုပ်သေးမင်းသမီး ဆရာပုကြီး စတဲ့ သဘင်ခေါင်းဆောင်များဟာ လက်ရှိမြန်မာမဟာဂီတနဲ့ ဇာတ်သဘင်ကို ပေါင်းကူးပေးခဲ့ကြတဲ့ ပညာရှင်တွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးကို ပဒေသရာဇ်မြို့တော်ဟောင်းလို့ သိကြပေမယ့် လက်ရှိမြို့အခင်းအကျင်းက ကိုလိုနီခေတ်ပုံစံကို ဆက်ယူထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဘုရင်ခေတ်က နန်းတွင်းကို ဗဟိုပြုပြီး မြို့နဲ့ နိုင်ငံအုပ်ချုပ်ရေး လည်ပတ်ပေမယ့် ဗြိတိသျှလက်ထက်မှာ နန်းမြို့ကို ဒပ်ဖရင်ခံတပ်အသွင်ပြောင်းပြီး ဗြိတိသျှတပ်တွေ စခန်းချပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နန်းမြို့ထဲက မြန်မာမှူးမတ်တွေနဲ့ မင်းဆွေစိုးမျိုးတွေကို အပြင်မြို့ကြီးကို ရွှေ့ခိုင်းလို့ ဆင်းရဲသားလို့ အရင်က မှတ်ယူထားတဲ့ သာမန်မြို့သူမြို့သားတွေနဲ့ ရောနှောနေထိုင်လာရသလို မင်းသမီးတွေနဲ့ ရိုးရိုးလူတွေ လက်ထပ်တာတွေ ရှိလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပါတော်မူခါစ ပုန်ကန်မှုတွေကြောင့် ၁၈၈၆ ခုနှစ် ဧပြီလမှာ မန္တလေးနန်းတွင်းနဲ့ မြို့ထဲက အိမ်အလုံးထောင်ချီ မီးလောင်ကြောင်း ဒေါ်အုန်းကြည်ရဲ့ ပါတော်မူစ မန္တလေးခေတ် အုပ်ချုပ်ရေး စာတမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီလို မီးလောင်သွားတဲ့အထဲ ဘုရင်ခေတ်က ကုသိုလ် အတုမရှိကျောင်းတော်ကြီးနဲ့ တခြား ဘုန်းကြီးကျောင်းတွေ ပါကုန်သလို မန္တလေးမြောက်ပြင်နဲ့ အရှေ့ပြင်က ကျောင်းတချို့ကိုလည်း တပ်တွေ ချထားဖို့ နေရာဖယ်ခိုင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နန်းမြို့ပြင်က ပိုစည်လာတဲ့အတွက် စျေးချိုတော်တဝိုက်နဲ့ ၂၂ စီလမ်း၊ ၂၆ ဘီလမ်း၊ ၈၄ လမ်း ကျောက်သွေးတန်း၊ တရုတ်တန်း လမ်း ၈၀ စတဲ့ နေရာတွေမှာ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ်နဲ့ တခြားလူမျိုးတွေ ပိုင်တဲ့ အရောင်းဆိုင်ကြီးတွေ၊ ကုန်တိုက်၊ စားပွဲရုံနဲ့ ဘဏ်တွေ ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အင်္ဂလိပ်တက်စ မန္တလေးက မှူးမတ်လက်ကျန်တွေကြားမှာ စားပွဲထိုင် ဧည့်ခံတဲ့ ယဉ်ကျေးမှုသစ် ပေါ်လာပြီး ကာဖီ၊ အီတာလျံမုန့်တီ၊ စစ္စလီထမင်းစတဲ့ ဥရောပအစားအသောက်တွေ နေရာရလာကြောင်း ၀က်မစွတ်၀န်ထောက်ဦးလတ်ရဲ့ နေ့စဉ်မှတ်တမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ကနောင်မင်းသားရဲ့ အမြောက်စက်ရုံကလည်း ၁၈၈၆ ကစပြီး မန္တလေး ဗျစ်(ဘီယာ) စက်ရုံဖြစ်သွားခဲ့ပြီး သံစက်ရုံက မီးခြစ်စက် ဖြစ်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၀၃ မှာတော့ အီတာလျံ ဗိသုကာလက်ရာနဲ့ အုတ်စျေးချိုသစ်ကြီး ပေါ်လာပြီး နာရီစင်နဲ့အတူ မြို့ရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နန်းမြို့ တောင်ပြင်မှာ ရုံးကြီးနဲ့ အုပ်ချုပ်ရေးရုံးတွေ တည်ထောင်ပြီး ဆေးရုံကြီးနဲ့ မီးရထားဘူတာရုံကြီးတွေ ဆောက်သလို ဗြိတိသျှအရာရှိတွေအတွက် စီဗီလိုင်းနဲ့ နယူးစီဗီလိုင်းလို အရာရှိရပ်ကွက်တွေ ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးမြို့ထဲမှာ အေဘီအမ်၊ ၀က်စလီ၊ ကွန်ဗင့်နဲ့ စိန့်ပီတာ စတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေ ပေါ်လာပြီး ဗြိတိသျှအစိုးရအလုပ်နဲ့ အင်္ဂလိပ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လိုအပ်တဲ့ အင်္ဂလိပ်စာနဲ့ ခေတ်မီပညာရေး ရဖို့ မြို့ခံတွေ ကြိုးစားကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မြေတိုင်းကျောင်း ပေါ်လာသလို ဆရာဖြစ်သင် နော်မန်ကျောင်းကိုလည်း အနောက်ပြင် ရွှေကျီးမြင်ဘုရားနားမှာ ဖွင့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၂၀ ပထမကျောင်းသားသပိတ်အပြီး မန္တလေးမှာ အမျိုးသားကျောင်းတွေ ပေါ်လာပြီး ဒီထဲက မြို့လယ်မှာ ကျောင်းအုပ်ကြီး ဦးရာဇတ် အုပ်ချုပ်တဲ့ ဗဟိုအမျိုးသားကျောင်းက သက်တမ်းအရှည်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးမြို့ တောင်ဖျားမှာတော့ စိုက်ပျိုးရေးကောလိပ်ကို ၁၉၂၁ မှာ တည်ဆောက်ပြီး ၁၉၂၄ မှာ ဖွင့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီကျောင်းကြီးဘေးမှာ ကပ်ပြီး ၁၉၂၅ မှာ ဖွင့်တဲ့ မန္တလေးဥပစာကောလိပ်ကတော့ စစ်ပြီးခေတ်မှာ စိုက်ပျိုးရေးကောလိပ်အဆောက်အအုံကို ယူပြီး ယူနီဗာစီတီကောလိပ်ကနေ တက္ကသိုလ်ထိ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဗြိတိသျှအုပ်ချုပ်ရေးနဲ့အတူ ပါလာတဲ့ အရင်းရှင်စီးပွားရေး ဖွံ့ဖြိုးမှုကြောင့် ဗြိတိသျှနဲ့ အိန္ဒိယပိုင် ဆန်စက်၊ ဆီစက်၊ သစ်စက်၊ ဝါကြိတ်စက်၊ ဂျုံစက်စတဲ့ စက်မှုလုပ်ငန်းတွေ အထက်မြန်မာပြည်မှာ ပေါ်လာချိန်မှာပဲ မြန်မာစက်ပိုင်နဲ့ မြေပိုင်ရှင် လူတန်းစားသစ်လည်း ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မြန်မာလူချမ်းသာတွေထဲမှာ ပဒေသရာဇ်ဟောင်းတချို့ ပါနေသေးပေမဲ့ အများစုက ကုန်သည်နဲ့ ကျေးလက်မြေပိုင်ရှင်တွေ ဖြစ်ပြီး သူတို့ကပဲ ၂၀ ရာစုမြန်မာပြည်ကို အောက်ပိုင်းက မြန်မာလူချမ်းသာတွေနဲ့အတူ ပုံဖော်သွားကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီလို မြန်မာသူဌေးတွေ ဆောက်လုပ်လှူဒါန်းတဲ့ မစိုးရိမ်တိုက်၊ အနောက်ဝိသုဒ္ဓါရုံတိုက်ကျောင်းကြီးတွေအပြင် မိုးကောင်းတိုက်၊ ဘုရားကြီးတိုက်၊ မဟာဝေယံဘုံသာတိုက် စတဲ့ မူလရှိရင်း ကျောင်းတိုက်ကြီးတွေရဲ့ အလယ်တိုက်မကြီးတွေနဲ့ အရံ အုတ်ကျောင်းကြီးတွေလည်း စစ်ကိုင်းတောင်ရိုးက ကိုလိုနီခေတ် ဘုရားကျောင်းကန်တွေနဲ့အတူ ၂၀ ရာစုဦးမှာ ပေါ်ထွန်းလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "တဘက်မှာ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ ကိုလိုနီခေတ် မန္တလေးမှာ သဘာ၀ဘေး၊ ကပ်ဘေးသင့်ခဲ့တဲ့ နှစ်တွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အင်္ဂလိပ်သိမ်းစ ၁၈၈၆ မှာပဲ မန္တလေး အနောက်ပြင်မှာ တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေတွေ စျေးချိုထိ ၀င်လာဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၀၆-၁၉၀၇ လောက်ကစပြီး မန္တလေးမြို့မှာ ပလိပ်ရောဂါ အကြီးအကျယ်ဖြစ်လို့ မြို့ပေါ် မနေရဲဘဲ ဆောင်းတွင်းချိန်မှာ စစ်ကိုင်းတောင်ရိုးကို ပလိပ်ပြေး ပြေးရတဲ့ နှစ်တွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မြန်မာနိုင်ငံ တနှံ့တပြား ဖြစ်ပွားနေကြတဲ့ ကျောက်ကြီးရောဂါနဲ့ ကာလဝမ်း ရောဂါ ကပ်ဘေးတွေကိုလည်း မိုးခေါင်ရေရှားဒေသက မန္တလေးမှာ နှစ်ပေါင်းများစွာ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီရောဂါတွေ ပပျောက်အောင် ဗြိတိသျှအစိုးရက ကြိုးစားပေမယ့် ကိုလိုနီနိုင်ငံတွေမှာ ကြုံတွေ့ရတဲ့ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုနဲ့ ကိုလိုနီအုပ်ချုပ်ရေးနဲ့ ဒေသခံတွေကြား ယုံကြည်မှု အားနည်းခြင်း စတဲ့ အားနည်းချက်တွေကြောင့် မအောင်မြင်ဘဲ လူအသေအပျောက်များပြီး မြို့လူဦးရေ ကျဆင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၃၀ ကျော်မှာတော့ ကမ္ဘာအဝန်း ကြုံရတဲ့ စီးပွားပျက်ကပ် မြန်မာပြည်ကို ရိုက်ခတ်ပြီး မန္တလေးမှာလည်း စီးပွားရေး ကျပ်တည်းမှုနဲ့ ကြုံခဲ့ရလို့ ဗြိတိသျှအုပ်စိုးမှုကို မနှစ်သက်ဘဲ ဝံသာနု လှုပ်ရှားမှုနဲ့ ရဟန်းပျိုလှုပ်ရှားမှုတွေ အားကောင်းလာသလို မန္တလေး ဦးဘဦးနဲ့ အမရပူရ ဦးဘသီတို့လို ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်နိုင်ငံရေးခေါင်းဆောင်တွေ ဒေါက်တာဘမော်အစိုးရမှာ ဝန်ကြီးချုပ်ဖြစ်ကြတဲ့အထိ မန္တလေးနိုင်ငံရေး အားကောင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ကျောင်းသားသမဂ္ဂမှာတော့ မန္တလေးအမျိုးသားကျောင်းထွက် ကိုဗဟိန်းနဲ့ ကိုခင်မောင်ကလေး၊ မအုန်း၊ မအမာ စတဲ့ အညာကျောင်းထွက်တွေဟာ ဒုတိယနဲ့ တတိယတက္ကသိုလ်ကျောင်းသားသပိတ်တွေမှာ နာမည်ကြီးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၃၉ ဖေဖော်ဝါရီမှာတော့ ကိုလိုနီအစိုးရကို ဆန္ဒပြတဲ့ ရဟန်းရှင်လူ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းလို့ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ယဉ်ကျေးမှုပိုင်းမှာလည်း မန္တလေးရဲ့ အစဉ်အလာ ဆိုင်း၊ အငြိမ့်၊ ရုပ်သေးနဲ့ ဇာတ်ပွဲတွေကို မြို့အနှံ့ ကျင်းပတဲ့ ဘုရားပွဲ၊ အငြိမ့်ပွဲတွေမှာ ဆောင်းရာသီကာလတလျှောက်လုံး တွေ့မြင်နိုင်သလို စိန်ဗေဒါ၊ ဦးချစ်ဖွယ်နဲ့ ဒေါ်စိန်သုံ၊ နန်းတော်ရှေ့ ဆရာတင်၊ မြခြေချင်း မငွေမြိုင်၊ လေဘာတီ မမြရင် စတဲ့ မန္တလေး သဘင်ခေါင်းဆောင်တွေကလည်း နိုင်ငံကျော်အဆင့်ထိ လူသိများခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၂၅ မှာ တည်ထောင်တဲ့ မန္တလေးမြို့မအသင်းသား မြို့မငြိမ်းရဲ့ တေးသီချင်းတွေကတော့ ၁၉၃၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ရန်ကုန်ဓာတ်ပြားလောကကို ထိုးဖောက်ခဲ့သလို ရန်ကုန်ရောက် မန္တလေးသူ မေရှင်ကလည်း ရုပ်ရှင်နဲ့ ဓာတ်ပြားလောကမှာ ပြိုင်စံရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "စာပေကဏ္ဍမှာတော့ မြန်မာပြည်ရဲ့ အစောဆုံး ဝတ္ထုတိုဆရာ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားက ၁၉၁၇ ကနေ ဒီနေ့အထိ မြန်မာတွေကြား လူကြိုက်များနေဆဲ ဖြစ်ပြီး အချစ်ဝတ္ထုရေးဆရာ မြမျိုးလွင်ရဲ့ မန္တလေးလေနဲ့ရေးတဲ့ ရာနဲ့ချီတဲ့ ဝတ္ထုတွေကိုလည်း ဒုတိယကမ္ဘာစစ်မဖြစ်ခင်က မြန်မာလူငယ်တွေ နှစ်ခြိုက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၄၁ ဒီဇင်ဘာလ ရန်ကုန်ကို ဂျပန်ဗုံးကျပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို ကူးစက်ပြီး ၁၉၄၅ ထိ တောက်လောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဂျပန်ခေတ် မြန်မာအစိုးရ ရုံးစိုက်ရာ ရန်ကုန်နေပြည်တော်မှာ ရွှေတိဂုံဘုရားတဝိုက်နဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့ မြန်မာရပ်ကွက်တွေမှာ လူနေထူထပ်ပြီး မြို့ထဲမှာ လူနေကျဲပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အထက်မြန်မာပြည်ရဲ့ အကြီးဆုံး မြို့ မန္တလေးမှာတော့ ၁၉၄၂ ဧပြီလဆန်းမှာ ဂျပန်လေယာဥ်အစင်း ၈၀ ကျော်နဲ့ ဗုံးလာချလို့ လူ နှစ်ထောင်သုံး ထောင်လောက် သေဆုံးပြီး အာရှအရှေ့ဖျားစစ်မှာ အကြီးဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း လူထုဦးလှက သတင်းစာများပြောပြတဲ့ စစ်တွင်းဗမာပြည် စာအုပ်မှာ ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အဲဒီနောက် မြို့လူဦးရေ ရှိသမျှ စစ်ကိုင်းတောင်ရိုးနဲ့ မင်းကွန်း၊ မတ္တရာနဲ့ မြို့နီးချုပ်စပ်က ကျေးရွာတွေကို ရှောင်တိမ်းသွားကြတဲ့အတွက် ဂျပန်ခေတ် မန္တလေးဟာ မဟာမုနိကိုယ်တော်ကြီးကို စောင့်ရှောက်တဲ့ ရဟန်းပျိုတွေ၊ ဂျပန်နဲ့ ဆက်ပြီး စီးပွားရှာရတဲ့ ကုန်သည်တွေနဲ့ အစိုးရဝန်ထမ်းတချို့တလေသာ ကျန်တဲ့ မြို့ပျက်ကြီး ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးတမြို့လုံး ပြာကျထားတဲ့အတွက် ဂျပန်နဲ့ ပါလာတဲ့ ဘီအိုင်အေတပ် အမရပူရကို ရွှေ့ပြီး ရုံးစိုက်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၄၂ ကနေ ၁၉၄၅ အတွင်း ဂျပန်နဲ့ မဟာမိတ်ဗုံးဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရလို့ မန္တလေးမြို့လယ် ၈၄ လမ်းမကြီးကနေ အရှေ့ဘက် အောင်ပင်လယ်ကန်ရိုးအထိ မီးလောင် ပြင်ကြီးကို တွေ့ရသလို တောင်ဘက် မဟာမုနိဘုရားကြီး၊ အနောက်ဘက် ဧရာဝတီမြစ်ဘေးက တာရိုး၊ မြောက်ဘက် မန္တလေးတောင်ခြေထိ တိုးလျှိုပေါက်မြင်ရကြောင်း တောင်သမန်အင်းက လေညင်းဆော်တော့ အခန်းဆက်ဆောင်းပါးရှည်ကြီးမှာ မြသန်းတင့် ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပြာပုံထဲမှာ တဲသိုက်ကလေးတွေက ကျွန်းကလေးတွေလိုပဲလို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "စစ်အတွင်း ဆိုးဆိုးရွားရွား အပျက်အစီးတွေနဲ့ ကြုံရပေမဲ့ ဘီအန်အေ (ဗမာ့အမျိုးသားတပ်မတော်) က မန္တလေးတိုင်းမှူး ဗိုလ်မှူးဗထူး၊ အာရှလူငယ်ခေါင်းဆောင် ကြီးပွားရေးဦးလှ စသူတွေရဲ့ မဟာမိတ်တပ်တွေနဲ့ ချိတ်ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအကြို အင်အားစုစည်းမှုတွေကြောင့် ၁၉၄၅ မတ်လ ၈ ရက်ကတည်းက ရန်ကုန်ထက်စောပြီး ဖက်ဆစ်တော်လှန်ရေး စနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရန်ကုန်ထက်စောပြီး ဂျပန်လက်က လွတ်မြောက်လို့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကိုလည်း ဆိုင်းဘုတ် အရင်တင်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဂျပန်စစ်ဆုတ်ချိန်မှာ မဟာမိတ်ဗုံးဒဏ်ကြောင့် နန်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟော ရွှေသိမ်တော် ဆိုတဲ့ မြို့တည် ၇ ဌာနထဲက ၃ ဌာန ပျက်စီးပြီး ကုသိုလ်တော်ဘုရားနဲ့ ကျုံးတော်ပဲ ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နောက်ဆုံး မြန်မာ မိဘုရားခေါင်ကြီး စုဘုရားလတ်ရဲ့ ကုသိုလ်တော် မြတောင်ရွှေကျောင်းကြီး၊ စလင်းကျောင်း၊ ယောအတွင်း၀န်အုတ်ကျောင်း၊ စံကျောင်း၊ တိုက်တော် စတဲ့ ကျောင်းတိုက်ကြီးတွေနဲ့ မဟာမုနိစောင်းတန်းကြီးနှစ်သွယ်နဲ့ မုခ်ဦးပြာသာဒ်ကြီးတွေလည်း စစ်ကြောင့် မီးလောင်ဆုံးရှုံးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အစိုးရရုံး၊ ဆေးရုံ၊ ဘူတာကြီး၊ စျေးဆိုင်အလုပ်ရုံတွေနဲ့ စာသင်ကျောင်းအများအပြား စစ်ဘေးသင့်ခဲ့ပြီး ရပ်ကွက်အလိုက် ပျက်စီးမှုတွေများလို့ မင်္ဂလာစျေးလို ရပ်ကွက်ဟာ စစ်ပြီးချိန်မှာ တောဖြစ်နေပြီး ယုန်တွေကို တွေ့ရကြောင်း လူထုဦးလှက ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးမှာ လူတသိန်းခွဲအတွက် အိမ်အလုံး ၂၂၀၀၀ ကျော်မှာ နှစ်ထောင်ပဲ ကျန်လို့ မြို့ထဲ ပြန်၀င်လာတဲ့ စစ်ပြေးတွေအတွက် နေရေးကျပ်တည်းသလို ဂျပန်ငွေစက္ကူကို ဗြိတိသျှက တရားမ၀င် ကြေညာမှုကြောင့် တနိုင်ငံလုံးနဲ့ထပ်တူ မန္တလေး ပြန်လည်ထူထောင်ရေးမှာလည်း နှောင့်နှေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီလို အဆင်မပြေမှုတွေကြားက ဆရာညှာရဲ့ ပြည်တော်၀င်သီချင်းနဲ့ အားတင်းခဲ့တဲ့ မန္တလေးဟာ မြို့မငြိမ်းရဲ့ ယဥ်တကိုယ်မယ်၊ အိုလံပစ် စတဲ့ တေးတွေနဲ့ အားမွေးပြီး မန်းတောင်ရိပ်ခိုအပါအ၀င် သင်္ကြန်တေးသစ်တွေနဲ့ ၁၉၄၇ က စလို့ မန္တလေးသင်္ကြန်ယဥ်ကျေးမှုကို နိုင်ငံသိအဆင့်ထိ ရောက်အောင် မြှင့်တင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "လွတ်လပ်ရေး ယူခါနီး ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ မန္တလေးအမျိုးသားကျောင်းအုပ်ကြီး ဦးရာဇတ်က ပညာရေးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီး တာ၀န်ယူခဲ့ပြီးနောက် နိုင်ငံတော်လုပ်ကြံမှုမှာ ကျဆုံးခဲ့ရတဲ့အတွက် မြို့နဲ့ အထက်ဗမာပြည်အတွက် နစ်နာခဲ့ရပေမဲ့ ဦးရာဇတ် စခဲ့တဲ့ မန္တလေးတက္ကသိုလ်စီမံကိန်းကိုတော့ လွတ်လပ်ရေးရပြီးနောက်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "စစ်ပြီးစမှာ ပြန်လည်စည်ကားလာတဲ့ မန္တလေးဟာ လွတ်လပ်ရေးခေတ်အစ ၁၉၄၉ မှာပဲ ကရင်၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်အဖြူ၊ အနီ အင်အားစုတွေနဲ့ ဖဆပလတပ်တွေအကြား အပြန်အလှန် စစ်ခင်းရာ မြို့ကြီး ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မြို့ကို အစိုးရတပ် ပြန်သိမ်းစမှာ ကွန်မြူနစ်လိုလားတဲ့ လူထုသတင်းစာတိုက်ကို မိုင်းဗုံးခွဲ ဖျက်ဆီးသလို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာလည်း အယ်ဒီတာချုပ် ရွှေဥဒေါင်းနဲ့ ဦးလှကို ဖမ်းတာ၊ သတင်းစာတိုက် ချိတ်ပိတ်တာတွေ လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အသစ်တည်ထောင်စ မန္တလေးယူနီဗာစီတီကောလိပ်နဲ့ တက္ကသိုလ်မှာလည်း ရန်ကုန်က နိုင်ငံရေးဂယက်ရိုက်ခတ်ပေမယ့် ရန်ကုန်လို ဆဲဗင်းဇူလိုင် အရေးအခင်းဖြစ်တဲ့အထိ မပြင်းထန်ခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေး၊ မြင်းခြံနဲ့ မိတ္ထီလာကြားက ကွန်မြူနစ်ကြီးစိုးတဲ့ မသုံးလုံးနယ်မြေနဲ့ နီးပေမဲ့ မန္တလေးသား ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်ကလေးနဲ့ ရဟန်းပျိုဆရာတော် ဦးကုသလစတဲ့ တည်မြဲဖဆပလ ထောက်ခံသူတွေ ကြီးစိုးခဲ့တဲ့ မန္တလေးနိုင်ငံရေးခေတ်လည်း ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပြည်တွင်းစစ်နဲ့ ပြည်တော်သာခေတ်မှာ ကျေးလက်ကနေ စစ်ပြေးလာကြတဲ့ လူချမ်းသာတွေရဲ့ အင်အားနဲ့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံစတဲ့ အညာမြို့ကြီးတွေ ကြီးထွားလာပြီး မန္တလေးကုန်သည်စက်ပိုင်များရဲ့ ကုသိုလ် ဘုရားကျောင်းကန်နဲ့ တရားရိပ်သာတွေဟာ စစ်ကြီးမဖြစ်ခင်ကလိုပဲ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းတဝိုက်မှာ ပေါ်ထွန်းလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အစိုးရရုံးသစ်ကြီးတွေနဲ့ ဘူတာသစ်၊ ဆေးရုံသစ်၊ ကျောင်းသစ်တွေ ပေါ်လာသလို ဘဏ်တိုက်ကြီး၊ မန်းသီတာဥယျာဉ်နဲ့ တောင်ခြေ ရာပြည့်ကွင်းတွေ ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဗုဒ္ဓဘာသာကို အားပေးတဲ့ ဦးနုခေတ်မှာ ဆဋ္ဌသင်္ဂါယနာကို ဦးဆောင်တဲ့ ညောင်ရမ်းဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကွန်းဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ အနီးစခန်း ဆရာတော် စတဲ့ ဆရာတော်ကြီးအများစုက မန္တလေး၀န်းကျင်က ဖြစ်ကြပြီး နိုင်ငံရေးမှာလည်း ရဟန်းပျိုအဖွဲ့ချုပ်က ၁၉၆၂ အာဏာသိမ်းပြီးတဲ့အထိ အားကြီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အနုစာပေဘက်မှာတော့ ၁၉၅၉ ကစပြီး မန်းတက္ကသိုလ်သစ်က ထွက်တဲ့ စာဆို တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်နဲ့ ကိုလေး (အင်း၀ဂုဏ်ရည်) တို့ရဲ့ လက်ရာတွေက စာပေဗိမာန်ဆုကို ဆက်တိုက်ဆိုသလို ဆွတ်ခူးတဲ့အထိ မန္တလေးစာဆိုတွေရဲ့ စန်းက တောက်ပခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "စကားပြောသလို စာရေးနည်းကို ချက်က မင်းလတ်ရဲခေါင်တပည့် မြသီတာက မန္တလေးထိ သယ်လာပြီးနောက် ၁၉၆၅ မှာ လူထုသတင်းစာ၊ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတို့ကနေ ဖြန့်ဖြူးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရွှေကိုင်းသား၊ ဒေါက်တာသန်းထွန်း၊ ဦးမောင်မောင်တင်နဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေးအခြေစိုက် စာပေနဲ့ သမိုင်းသုတေသီတွေရဲ့ မြန်မာသမိုင်း၊ သဘင်နဲ့ လူမှု ယဥ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းတွေကလည်း စစ်ပြီးခေတ် မြန်မာစာပေမှာ ထွန်းတောက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးကြေးရတတ်တစု တည်ထောင်တဲ့ မန္တလေးရုပ်ရှင်ကလည်း ၁၉၅၆ ကရိုက်တဲ့ ဘ၀သံသရာက စပြီး အကယ်ဒမီဆုတွေ ဆွတ်ခူးခဲ့ရာမှာ မြပန်းဝတ်ရည်၊ ရေမြေဆုံးတိုင်၊ ကိုယ်ပိုင်မေတ္တာ စတဲ့ ဇာတ်ကားတွေထိ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဂီတဘက်မှာတော့ မြို့မငြိမ်းအလွန်မှာ ဦးဘသိန်း၊ ဦးဘိုခင် စတဲ့ တေးရေးဆရာသစ်တွေ ပေါ်ထွက်လာပြီး လေမှုတ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ မြို့မ၊ သင်္ဂဟ၊ မိုးကေသီစတဲ့ တီးဝိုင်းတွေ ခေတ်စားခဲ့ပြီး သဘင်ဘက်မှာတော့ ရွှေမန်းတင်မောင်က မြန်မာပြည်ရှေ့ဆောင် ဇာတ်ဆရာအဖြစ် ၁၉၆၉ မှာ ကွယ်လွန်ချိန်ထိ ရပ်တည်ရပ်တည်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးပန်တျာက ဒေါ်သြဘာသောင်းရဲ့ ကဗျာလွတ်ကကွက်များက တဆင့် ယိုးဒယားပြန် အမာစိန်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း စတဲ့ နိုင်ငံကျော် မင်းသမီးသစ်တွေ မွေးထုတ်ပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပန်းချီဘက်မှာတော့ ဦးကြာညွန့်၊ ဆရာချုံခေတ်က ဆင်းသက်လာတဲ့ နန်းတွင်းနိပါတ်တော်ရေး မန္တလေးပန်းချီဟာ ဦးစောမောင်၊ ဦးဘသက်တို့ခေတ်မှာ အနောက်တိုင်းပန်းချီနဲ့ ကျွမ်း၀င်လာပြီး ကမ္ဘာစစ်ပြီးခေတ်မှာတော့ ဦးခင်မောင် (ဘဏ်)နဲ့ တပည့် ပေါ်ဦးသက်၊ ဝင်းဖေတို့ကနေ ဦးအောင်ခင်၊ ကျော်မိုးသာ၊ ပေါ်သိမ်း စတဲ့ မန္တလေး ခေတ်သစ်ပန်းချီဂိုဏ်းကြီး ပေါ်ထွန်းလာစေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၆၄ ကစပြီး မန္တလေး ဆေးတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်သစ် နှစ်ခု မန္တလေးမှာ ပေါ်လာပြီး နိုင်ငံရေးဖိနှိပ်မှုနဲ့ ပြည်သူပိုင်သိမ်း မှောင်ခိုစီးပွားရေးရဲ့ အကျိုးဆက်တွေကိုလည်း တနိုင်ငံလုံးနည်းတူ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးဟာ ၁၉၇၀ ကျော်မှာ အထက်-အောက် မြန်မာပြည်၊ အိန္ဒိယနဲ့ ထိုင်းကိုကူးတဲ့ မှောင်ခိုစီးပွားရေးရဲ့ ဗဟိုချက်လို ဖြစ်နေပြီး လူနေမှုပုံစံသစ်တွေ ၀င်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရှမ်းခေါက်ဆွဲ၊ စိုင်းထီးဆိုင်နဲ့ လားရှိုးသိန်းအောင်တေးများ၊ ပြည်သူပိုင် ဟံသာ၀တီသတင်းစာက ခေတ်စနစ်ကို လှောင်တဲ့ ကာတွန်းများဟာ ရန်ကုန်လောက် ခေတ်ရှေ့မရောက်တဲ့ မန္တလေးကို လှုပ်နိုးလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ယဉ်ကျေးမှုဘက်မှာတော့ ၁၉၆၂ က ရိုက်တဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားနဲ့ ထင်ရှားလာတဲ့ မင်းသား ဝင်းဦးက မန္တလေးသင်္ကြန်ကို ဆယ်စုခေတ် တနှစ်စွန်းအောင် ဆင်နွှဲခဲ့ပြီး မန္တလေးမြို့မသီချင်းတွေကိုလည်း ပိုထင်ရှားအောင် ဓာတ်ပြားသွင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ရန်ကုန်ရုပ်ရှင်နယ်မှာလည်း မန္တလေးသား ညွန့်ဝင်းနဲ့ ဇော်ဝမ်းတို့ ခေတ် ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးအခြေစိုက် မြို့တော်သိန်းအောင်၊ ဒါရိုက်တာ မောင်ယဉ်အောင်နဲ့ အငြိမ့်မင်းသမီး လမင်းတရာ ဌေးဌေးမြင့်၊ ရွှေမန်းသူ မြင့်မြင့်သန်း စတဲ့ ဇာတ်သဘင်နာမည်ကျော်တွေကလည်း မန္တလေးသဘင်ခေတ်ကို ၁၉၈ဝ ပြည့်လွန်နှစ်တွေထိ သယ်ဆောင်သွားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၈၁ နဲ့ ၁၉၈၄ က မီးကြီးတွေအလွန်မှာတော့ မြို့လယ်ရပ်ကွက်တွေရဲ့ လူနေမှု ပုံစံ လုံး၀ ပြောင်းသွားပြီး ရှမ်းမြောက်ဒေသက ရှမ်းတရုတ်နဲ့ တရုတ်နွယ်ဖွားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုတွင်ကျယ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အစဉ်အလာ ဧရာဝတီမြစ်ဝှမ်းနဲ့ တောင်ပေါ်ကုန်တွေ ဖောက်ကားရောင်း၀ယ်ရာ လမ်းဆုံမြို့ကြီးအဖြစ်ကနေ ဆိုရှယ်လစ်ခေတ်မှာ လူမျိုးစုနဲ့ ကွန်မြူနစ်တပ်တွေ ကြီးစိုးတဲ့ အရှေ့ရိုးမတကြောက မူးယစ်ဆေး၊ ကျောက်မျက်နဲ့ တခြားမှောင်ခိုကုန်သွယ်ရေးနဲ့ စီးပွားဖြောင့်လာတဲ့ စီးပွားရေးသမားတွေ မြေပြန့်ဆင်းပြီး အခြေချကြတာပါ။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီအချိန်မှာပဲ တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်ခေတ် စျေးကွက်ဖွင့်ပေးလိုက်ပြီးနောက် စီးပွားရေး တဟုန်ထိုးတက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၈၄ မီးကြီးနောက်ပိုင်း မန္တလေးမြို့ခံ မြန်မာတွေရဲ့ မြို့လယ်မြေကွက်တွေကို တောင်ပေါ်က လူသစ်တွေ ၀ယ်ပြီး တိုက်ကြီးတွေ ဆောက်နေကြတဲ့အကြောင်း ဝသုန္ဒြေလက်ရေးစတဲ့ မန္တလေးမြို့ခံ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေမှာ တွေ့လာရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "တချိန်ထဲမှာပဲ မြို့ပေါ်မှာ မနေနိုင်ကြတဲ့ ဆင်းရဲသားတွေအတွက် ပဲဖြူကုန်းနဲ့ ကျွဲဆည်ကန် စတဲ့ တခြားမြို့သစ်တွေ ပေါ်လာပြီး ဆင်ဖြူကန်သုသာန်နဲ့ ချမ်းမြသာစည်လေဆိပ်ရဲ့ တောင်ဘက်မှာ မြို့သစ်ကြီး ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီအချိန်မှာပဲ မန္တလေးရုပ်ရှင်မျိုးဆက်တွေ ရိုက်ကူးတဲ့ သင်္ကြန်မိုး ဇာတ်ကားက ၁၉၈၅ အတွက် အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ ဒါရိုက်တာဆု၊ ဓာတ်ပုံဆုတွေ ဆွတ်ခူးပြီး သင်္ကြန်မိုး ဇာတ်ကားထဲက အဉ္စလီမောင်မောင်၊ ကိုပေါတို့ရဲ့ သီချင်းတွေက ခုထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "သင်္ကြန်မိုးအရှိန်နဲ့ ဆက်ပြီး မမစိမ်း၊ ဒဏ္ဍာရီ စတဲ့ မန္တလေးဇာတ်ကားသစ်တွေလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၈၈ အထွေထွေသပိတ်ကာလမှာတော့ မန္တလေးရဟန်းပျိုသမဂ္ဂနဲ့ မြို့ခံနိုင်ငံရေးသမား၊ စာပေအနုပညာနဲ့ စီးပွားရေးသမားတွေရဲ့ ညီညွတ်မှုနဲ့ ရန်ကုန်လို အသတ်အဖြတ် အပစ်အခတ်မများဘဲ မြို့ကို ထိန်းထားနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "လမ်းစဉ်ပါတီခေတ် နောက်ဆုံး သမ္မတ မန္တလေးသား ဒေါက်တာမောင်မောင်ခေတ်ကနေ မန္တလေးသား တပ်ချုပ် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ န၀တ စစ်အစိုးရခေတ်အကူး မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်လက်ထက်မှာတော့ အင်္ဂလိပ်ဆောက်ခဲ့တဲ့ စျေးချိုတော်နဲ့ တိုက်တန်းတွေကို ဖျက်ပြီး အထပ်မြင့် စျေးချိုသစ်ကြီး ဆောက်သလို ဘူတာကြီးသစ်၊ ရတနာပုံစျေး စတဲ့ အဆောက်အဦသစ်ကြီးတွေ ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "စစ်အတွင်းက ဗုံးကျသွားတဲ့ နန်းတော်ဟောင်းနေရာမှာ နန်းတော်သစ်ပြန်ဆောက်ပြီး ကျုံးကြီးကို ဆယ်လို့ ကျောက်စီတာတမံတွေ လုပ်ကာ ကျုံးဘေးလမ်းတွေကို ချဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ မန္တလေးစီးပွားရေးလောကကို အရှေ့မြောက်နယ်စပ်က တရုတ်မျိုးနွယ်တွေအပြင် ၀၊ ကိုးကန့်၊ ကချင်စတဲ့ အပစ်ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင်တပ်တွေပါ ၀င်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ စျေးကွက်စီးပွားရေးခေတ်နဲ့အညီ ဟိုတယ်သစ်ကြီးတွေနဲ့ စျေး၀ယ်စင်တာကြီးတွေ ပေါ်လာပြီး မန္တလေးအနောက်ပြင်က ကျောက်ဝိုင်း ခေါ် ကျောက်စိမ်းစျေးကွက်ကိုလည်း တရုတ်၀ယ်လက်တွေ ပို၀င်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "တရုတ်စာသင်ကျောင်းတွေ ပိုများလာပြီး တရုတ်နဲ့ ရှမ်းစားသောက်ဆိုင်တွေ ပိုစုံလာတဲ့အတွက် မာလာဟင်း၊ အကင်စုံနဲ့ ဆန်ချိုအေး စတဲ့ တရုတ်နဲ့ မြန်မာပြည်မြောက်ပိုင်းက အစားအသောက်ဆန်းတွေကို မန္တလေးဒေသခံတွေ နှစ်ခြိုက်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးစာပေရှုခင်းမှာတော့ ၀တ္ထုတိုရွှေခေတ်ဆိုတဲ့အတိုင်း ညီပုလေး၊ သိုက်ထွန်းသက်၊ ပိုင်စိုးဝေ၊ ကျော်စွာထက်၊ မောင်ကိုကို (အမရပူရ)၊ နေမျိုး၊ ကိုငြိမ်း (မန္တလေး) စတဲ့ မန္တလေး ၀တ္ထုတိုဆရာတွေရဲ့ လက်ရာတွေက ရန်ကုန်မဂ္ဂဇင်းတွေမှာ တခေတ်ဖြစ်ခဲ့ပြီး မန္တလေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ထွက် နုနုရည်(အင်းဝ)နဲ့ ဂျူးတို့ရဲ့ ဝတ္ထုရှည်တွေကလည်း ၁၉၉၀ ကျော်နှစ်တွေမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ခေတ်ပေါ်ဂီတဘက်မှာတော့ ဆူးရဲ့ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့သီချင်းက ၂၀ ရာစုနှောင်းပိုင်း မန္တလေးရဲ့ သင်္ကေတတေးတပုဒ်လို ဖြစ်ခဲ့ပြီး ခင်မောင်တိုး၊ ဟယ်ရီလင်းစတဲ့ မန္တလေးအဆိုတော်တွေအပြင် ရှဲလ်တီး၀ိုင်းကလည်း ရန်ကုန်ထိ ပေါက်ခဲ့တဲ့ ခေတ်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၉၆ က ရန်ကုန် ဒေါ်အောင်ဆန်းစုကြည်ခြံမှာ ဖျော်ဖြေရာမှာ စစ်အစိုးရကို ဝေဖန်မှုနဲ့ ထောင်ကျခဲ့တဲ့ လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေးတို့ ညီအစ်ကိုရဲ့ အိမ်တွင်း အငြိမ့်ဖျော်ဖြေပွဲကလည်း နဝတအစိုးရခေတ် မန္တလေးကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းတွေမှာတော့ မန္တလေးရဲ့များပြားလာတဲ့ လူဦးရေအတွက် နာရေးကား မလုံလောက်မှုကြောင့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို မြို့ခံတွေ စုစည်း ထူထောင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အသင်းမှာ လူထုဒေါ်အမာနဲ့ သတင်းသမားတချို့ ပါ၀င်လို့ ဆိုပြီး န၀တအစိုးရက ဖိနှိပ်ခဲ့လို့ မှတ်ပုံတင်ရေး နှောင့်နှေးပြီး အသင်းဖျက်ခံရမယ့် အန္တရာယ်တွေ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီအခြေအနေကနေ တစတစ ထူထောင်ခဲ့ပြီးနောက် ပြည်သူ့ဆေးရုံက ဆေးဖိုးမတတ်နိုင်တဲ့လူနာတွေအတွက် ကူညီမှုတွေကိုပါ ဗြဟ္မစိုရ်က လုပ်လာနိုင်ပြီး ရန်ကုန်မှာလည်း နာရေးကူညီမှုအသင်း ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ပြာသိုလပြည့် အမေနေ့လှုပ်ရှားမှုလည်း ဗြဟ္မစိုရ်နဲ့ တချိန်ထဲမှာပဲ မန္တလေးမှာ ပေါ်ထွန်းလာပြီး နိုင်ငံအနှံ့ ပြန့်ပွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "၂၀၂၅ မတ်လ မန္တလေး-စစ်ကိုင်းတဝိုက်မှာ လှုပ်တဲ့ အညာငလျင်ကြီးဒဏ်ကြောင့် မြို့အနှံ့ အပြိုအပျက်ကြီးမားခဲ့သလို အသေအပျောက်လည်း များခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးတက္ကသိုလ်၊ မဟာမုနိဘုရားကြီး၊ နန်းမြို့ရိုးနဲ့ ဘုန်းကြီးကျောင်းတွေအပါအ၀င် မန္တလေးသမိုင်း၀င် အဆောက်အဦ အများအပြား ပြိုပျက် မီးလောင်လို့ ပြန်ထူထောင်ရေး ခက်ခဲခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "ဒီတကြိမ် မန္တလေးအကွေ့အပြောင်းက အရင်အကြိမ်တွေလို နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲမဟုတ်ဘဲ သဘာ၀ဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့အပြောင်းအလဲ ဖြစ်လို့ ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာလည်း ကျွမ်းကျင်မှုနဲ့ ငွေကြေးအရင်းအမြစ်တွေ ချို့တဲ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးမြို့ဟာ မီးလျှံထဲက မသေငှက်လိုပဲ ပြန်လည်နိုးထလာတတ်ကြောင်း စာရေးဆရာမြသန်းတင့်ရဲ့ အရေးအသားကို ဒီတကြိမ်မှာလည်း ပြန်လည်ကိုးကားကြပေမယ့် ပြည်တွင်းစစ်ဒဏ်၊ စီးပွားရေးနိမ့်ကျမှုဒဏ်တွေနဲ့ လေးနှစ်ကျော် ရင်ဆိုင်ရပြီးသား ဖြစ်တဲ့ မန္တလေးနဲ့ အညာဒေသရဲ့ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးကတော့ စိန်ခေါ်မှု အများကြီးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "နိုင်ငံရေးတည်ငြိမ်မှု ပြန်ရလာရင်တော့ တရုတ်နဲ့ အိန္ဒိယ ကုန်သွယ်ရေးလမ်းနဲ့ အထက်-အောက်မြန်မာပြည် ကုန်သွယ်ရေး လမ်းဆုံက မန္တလေးရဲ့ ရွှေရောင်လွှမ်းတဲ့ခေတ်တွေ ပြန်ပေါ်လာနိုင်တယ်လို့ပဲ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "မန္တလေးဟာ ခေတ်တွေအကြိမ်ကြိမ်ပြောင်းပြီး အသွင်မျိုးစုံကူးခဲ့ပေမယ့် မန္တလေးဗီဇ မန္တလေးသန္ဓေဆိုတဲ့ စိတ်ယဉ်ကျေးမှုနဲ့ လူမှုယဉ်ကျေးမှုဓလေ့တွေကတော့ ဆက်ပြီး ကျန်ရစ်နေခဲ့မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cvgn8dkkdndo" }, { "text": "အမေရိကန် အာကာသ အေဂျင်စီ နာဆာဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ လပေါ်ကို လူစေလွှတ်မယ့် အတမ်းမစ်စ် စီမံကိန်းအတွင်း အော်ရိုင်းယန် လို့ ခေါ်တဲ့ လူလိုက်ပါတဲ့ အာကာသယာဉ် အမျိုးအစားသစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဒီယာဥ်ကို အင်္ဂါဂြိုဟ်လိုနေရာကို လူလွှတ်မယ့် စီမံကိန်းမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဒီလို ပုံစံ ဆင်တူရိုးမှားကို ဆက်လက်ထားရှိရတာကတော့ အဲဒီ ပုံစံနဲ့ဆိုရင် ကမ္ဘာမြေပေါ်ကို အသံထက်မြန်တဲ့နှုန်းနဲ့ ပြန်လည် ဆင်းသက်တဲ့အချိန်မှာ ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ရူပဗေဒ သဘောတရားကြောင့် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် တည်ဆောက်ရေး စီမံကိန်းကို ၂၀ဝ၆ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်ကျထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဖိအားပေး အခန်းလို့ခေါ်တဲ့ အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့် အပိုင်းကို အလူမီနီယံနဲ့ လစ်သီယမ် သတ္တုအရောနဲ့ ဆောက်လုပ်ထားပြီး ပျားအုံအကွက်ပုံစံ ဖွဲ့စည်းထားတဲ့အတွက် ပေါ့ပါးမှုရော ခိုင်ခံ့မှုပါ ကောင်းမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အဲဒီ ဖိအားပေးအခန်း အစိတ်အပိုင်းရဲ့ အပြင်ပိုင်းကို ပြင်းထန်တဲ့ အပူဒဏ်ခံနိုင်တဲ့ ဆီလီကွန်နဲ့ လုပ်ထားတဲ့ ကြွေပြားတွေနဲ့ ဖုံးထားမှာဖြစ်ပြီး အဲဒီ ကြွေပြားတွေကိုလည်း ပြင်းထန်တဲ့ အပူ၊ အအေး အမျိုးမျိုး ခံနိုင်ရည် ရှိစေတဲ့ သတ္တုအလွှာလည်း ထပ်မံ သုတ်လိမ်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့်အပိုင်း အောက်ခြေ အထိုင်ကို ဖုံးအုပ်ထားတဲ့ အပူကာ အဝန်းအဝိုင်းဟာ လူလိုက်ပါတဲ့ အာကာသစီမံကိန်းတွေ အားလုံးထဲမှာ စံချိန်တင် အကြီးဆုံးဖြစ်ပြီး နေ မျက်နှာပြင် အပူချိန် ၆၀ဝ၀ ဒီဂရီ ဆဲလ်စီးယက်စ် ရဲ့ ထက်ဝက်နီးပါး ပမာဏလောက်အထိ အပူခံနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ရဲ့ အပူချိန် ခံနိုင်မှုဟာ ၂၈၀ဝ ဒီဂရီ ဆဲလ်စီးယက်စ် နီးပါး ဖြစ်ပြီး ယာဉ်ပျံ ပြင်ပမှာ အဲဒီလောက်အထိ ပူရင်တောင် အထဲက လူတွေအတွက် အန္တရာယ်ဖြစ်လောက်တဲ့ အပူချိန် မတက်စေမယ့် ခံနိုင်မှုမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ရဲ့ လူလိုက်ပါမယ့် အပိုင်းမှာ အာကာသယာဉ်မှူး လေးယောက် လိုက်ပါနိုင်တဲ့ ခုံလေးခုံ တပ်ဆင်ထားပြီး အဲဒီ ခုံတွေနဲ့ တည့်တည့်မှာ ပြင်ပကို မြင်ရအောင် ပြတင်းပေါက်တွေလည်း ထားရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ကို တင်လွှတ်ရာမှာ ကမ္ဘာ့ဆွဲအား သက်ရောက်မှု မရှိတော့တဲ့ အကွာအဝေးရောက်သွားပြီး ထိုင်ခုံမှာ ခါးပတ်ပတ်ထားစရာ မလိုတော့တဲ့ အချိန်မှာ လိုက်ပါလာသူတွေ နေရာကျယ်ကျယ်ရအောင် ဒီခုံတွေကို ခေါက်သိမ်းထားလို့ ရအောင်လည်း စီမံထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ကို အာကာသယာဉ်မှူးနဲ့ အာကာသယာဉ်မှူးချုပ်တို့ က မောင်းနှင် ထိန်းချုပ်ဖို့အတွက် ခလုတ် အမျိုးမျိုး ၆၇ ခုနဲ့ အတူ ကွန်ပျူတာမျက်နှာပြင် သုံးခု ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် မှာ အလိုအလျောက် မောင်းနှင်ရေးအပိုင်းအတွက်လည်း ကွန်ပျူတာလေးလုံးလည်း ပါဝင်ပြီး ခရီးသွားလေကြောင်းလိုင်းတွေမှာ သုံးတဲ့ အမျိုးအစားကိုပဲ တုန်ခါမှု ဖိအား၊ ကမ္ဘာ့ဆွဲအား ဖိအားနဲ့ ရေဒီယိုသတ္တိကြွမှု အစရှိတဲ့ အာကာသတွင်း ကြုံရမယ့် ဖိအားတွေ ခံနိုင်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ကြုံရမယ့် အန္တရာယ်က ရေဒီယို သတ္တိကြွမှု တခုတည်းမဟုတ်ဘဲ အာကာသထဲမှာ လွင့်မျောနေတဲ့ ကျောက်ခဲတွေနဲ့တကွ ကမ္ဘာပတ်လမ်းပေါ်မှာ မျောနေကြတဲ့ ယခင်အာကာသယာဉ်ဟောင်း အပိုင်းအစတွေလည်း ရှိပြီး အဲဒါတွေက အော်ရိုင်းယန်ရဲ့ လူပါတဲ့ ယာဉ်ပိုင်းကို အရှိန်နဲ့ ထိမှန် ပေါက်ပြဲစေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ဖြစ်လာခဲ့ရင် အော်ရိုင်းယန် ယာဉ်အတွင်းမှာ ဖန်တီးထားတဲ့ လေထုဖိအား မရှိတော့ပေမယ့် အဲဒီ အတိုင်း ကမ္ဘာမြေပြင်ပေါ် အရောက် အာကာသယာဉ်မှူးတွေ ပြန်လာနိုင်အောင်လည်း စီမံထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို အော်ရိုင်းယန် ယာဉ်အတွင်း ဖန်တီး လည်ပတ် လေထု မရှိတော့ရင် အတွင်းမှာရှိတဲ့ ထိန်းချုပ်ရေး လျှပ်စစ်ပစ္စည်းတွေမှာ အပူချိန်တက်လာတဲ့ အန္တရာယ်လည်း ရှိပေမယ့် ဒီလို အနေအထားမှာ အော်ရိုင်းယန် အတွင်းပိုင်း ကိုယ်ထည်ကလည်း အပူစုပ်ပေးနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ပြင်းထန်တဲ့ အပူချိန်တွေ တဖြည်းဖြည်းလျော့လာပြီး လုံလောက်တဲ့ အပူချိန်လျော့ကျမှုနဲ့ အမြန်နှုန်းနှေးလာမှု ဖြစ်တဲ့အချိန်မှာ အော်ရိုင်းယန် ရဲ့ လေထီး ၁၁ ခုက ပွင့်လာပြီး ထပ်မံ အရှိန်နှေးစေမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ကျလာမယ့် အော်ရိုင်းယန် ယာဉ်ကို ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ် ကျအောင် အချိန်ကိုက် စီမံထားမှာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ကျရောက်ချိန်မှာ ပါလာတဲ့ လူတွေ မထိခိုက်နိုင်တဲ့ အမြန်နှုန်းဖြစ်တဲ့ တနာရီ ၁၇ မိုင်နှုန်းအထိ နှေးသွားအောင်လည်း လေထီးတွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "နောက်ဆုံး အဆင့်မှာတော့ အခုလို သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်ကျလာမယ့် အော်ရိုင်းယန် ကို လာရောက် သယ်ဆောင်ဖို့အတွက် အမေရိကန် ကမ်းတက်စစ်ဆင်ရေး ယာဉ်တင် သင်္ဘောက အော်ရိုင်းယန် ကျလာမယ့် အနီးအနားမှာ လာစောင့်နေပြီး အမေရိကန်နိုင်ငံ ကုန်းမြေပေါ်ကို ပြန်လည် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "သိပ္ပံပညာရှင်တွေဟာ တီကောင်တွေရဲ့ တွင်းတူးကြပုံကို အတုယူပြီး အလားတူ ပျော့ပျော့အိအိ စက်ရုပ်တွေကို ပုံဖော်ဖို့ ကြိုးစားလာကြတာ ဆယ်စုနှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "တီကောင်ရယ်လို့ မျိုးစိတ် အမျိုးမျိုးရှိကြတယ် ဆိုပေမဲ့ တီအမျိုးအစား အများစုက တွင်းတူးရာမှာ အလွန် ကျင်လည်ကြပြီး သူတို့ တကိုယ်လုံးကို အကွေးအဆန့် အလွယ်တကူ လုပ်နိုင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "တီကောင်တွေက အလွယ်တကူ ယိမ်းနွဲ့နိုင်ပြီး ဝင်ရ ခက်တဲ့ အကြိုအ ကြားတွေထဲကို အလွယ်တကူ ဝင်ထွက်နိုင်စွမ်းရှိပေမဲ့ လက်ရှိ စက်ရုပ်တွေမှာ ဒါမျိုး မရှိသေးဘူးလို့ ဆွီဒင်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်က မြေဆီလွှာ ခန့်ခွဲရေး သုတေသန လုပ်နေသူ အဲလ်ဆာ အရာဇိုလာ ဗက်စကွက်စ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အီတလီ နည်းပညာ ကျောင်း က စက်ရုပ်အပျော့ ထုတ်လုပ်ရေး သုတေသီတွေကတော့ တီကောင်တွေ တွင်းတူးချဲ့ပြီး သွားလာသလို ခန္ဓာကိုယ်ကို ကျုံ့လိုက် ဆန့်လိုက် လုပ်ရင်းကနေ ခန္ဓာကိုယ်ကို ရှုံ့လိုက်ပွလိုက်ပါ လုပ်နိုင်တဲ့ စက်ရုပ်ပျော့ အမျိုးအစားကို ပုံစံ ထုတ်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အီတလီ နည်းပညာ ကျောင်း က စက်ပစ္စည်း အင်ဂျင်နီယာ ရစ်ဒီ ဒက်စ်ရဲ့ အဆိုအရ ဒီလို ပုံစံထုတ်နိုင်မှုက ထူးခြားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဖိအား အတိုးအလျှော့ကို အသုံးပြုပြီး ပြင်ပ တွန်းအားတခု ဖြစ်စေလို့ ထူးခြားတာဖြစ်ပြီး ဒါကို စက်ရုပ်တီကောင်ရဲ့ အလျားတလျှောက် လုပ်နိုင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဒါဟာ တီကောင်တွေ လှုပ်ရှားပုံနဲ့လည်း ပိုပြီး နီးနီးကပ်ကပ် တူညီလာတဲ့အတွက် တီကောင် ကြွက်သားတွေ အမျိုးမျိုး လှုပ်ရှားပြီး သွားလာပုံကို တုပနိုင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "မစ္စတာ ဒက်စ်ရဲ့ တီကောင် စက်ရုပ်ဟာ အပေါ့စား အလေးမတဲ့ တုံးလောက် အလေးချိန်ရှိပြီး တီကောင်ရဲ့ စက်ဝိုင်းအကွင်းလိုက် လှုပ်ရှားပုံကို တုပနိုင်တဲ့ ဂျယ်တမျိုးကို ထည့်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဒီ တီကောင် စက်ရုပ်ပုံစံက အရင် ပုံစံထုတ်ခဲ့တဲ့ တီကောင် စက်ရုပ်တွေလောက် မျက်နှာပြင် အပြန့်မှာ သွားလာနိုင်မှု မရှိဘဲ နှေးကွေးသွားပေမဲ့ မြေဆီလွှာအတုထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သွားလာနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို တီကောင်တွေ လှုပ်ရှား သွားလာသလို ပုံစံ ဟန်ပန်ကို တုပနိုင်တဲ့ စက်ရုပ်ထုတ်လုပ်မှုက တဆင့်ချင်းသာ သွားနိုင်နေပါသေးတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "သူတို့ရဲ့ တနေရာကို ကုတ်ယူထားပြီး ရွေ့တဲ့ ပုံစံနဲ့ သူတို့ လှုပ်ရှားမှုအတွက် အထောက်အကူပြုတဲ့ သူတို့ရဲ့ ခန္ဓာကိုယ် တဆစ်ချင်းက အရည်တွေ ထားရှိပုံတို့ကို တုပထားနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို တီကောင် ပုံစံသွားလာ တွင်းတူးနိုင်တဲ့ စက်ရုပ်ကို ဖန်တီးရတာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ သိရှိသူ နောက်ထပ် ပညာရှင်တဦးကတော့ အမေရိကန်နိုင်ငံ နော့ထရာဒမ်း တက္ကသိုလ်က လျှပ်စစ် အင်ဂျင်နီယာ ယက်စ်မင် အိုဇကန် အိုင်ဒင် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "သူဟာ တီကောင်တွေကို အထူးလေ့လာပြီး တီကောင်စက်ရုပ်ပုံစံ လေးမျိုးကို ပုံဖော် စမ်းသပ်နေသူလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ယက်စ်မင်ရဲ့ အဆိုအရ အီတလီ နည်းပညာ ကျောင်း က တီကောင် စက်ရုပ်သစ် ပုံဖော်နိုင်မှုက စက်ရုပ်နည်းပညာလောကအတွက် အလွန်အရေးပါတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အကြောင်းကတော့ ဒီပုံစံမှာ တီကောင်စက်ရုပ်ရဲ့ အဆစ်တိုင်းက ရှေ့တိုး နောက်ဆုတ် နှစ်မျိုးလုံး လုပ်နိုင်ခြေ ရှိလို့ ဖြစ်ပြီး တကယ့် တီကောင်ရဲ့ ခန္ဓာကိုယ်ကို လှိုင်းလို အကွေးအဆန့်လုပ်ကာ သွားလာပုံနဲ့ ပိုတူလို့ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အီတလီ နည်းပညာ ကျောင်း မှာ လုပ်ကိုင်နေတဲ့ ပညာရှင်တွေထဲမှာ ဇီဝဗေဒ ပညာရှင်ဘဝကနေ စက်ရုပ်ပညာရှင် အဖြစ် ပြောင်းလဲလုပ်ကိုင်လာတဲ့ ဘာဘရာ မက်ဇိုလိုင်လည်းအပါအဝင်ဖြစ်ပြီး သူဟာ အီတလီ နည်းပညာ ကျောင်း အတွင်းမှာ အခုလို ဇီဝဗေဒက အတုယူတဲ့ စက်ရုပ်စီမံချက်တွေမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို ဇီဝဗေဒကိုပါ အခြေခံ တုပမယ်ဆိုရင် တီကောင်ရဲ့ ပြင်ပ ပုံပန်းသဏ္ဍန်အတိုင်း လိုက်တူအောင် တုရုံနဲ့ မလုံလောက်နိုင်တော့ပဲ တီကောင်ရဲ့ ဇီဝဗေဒ အလုပ်လုပ်ပုံကိုပါ အခြေအမြစ် ကျကျ နားလည်အောင် လုပ်ဖို့ လိုလာမှာ ဖြစ်တယ်လို့လည်း ဘာဘရာ မက်ဇိုလိုင်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "တီကောင်ရဲ့ ဇီဝဗေဒ တည်ဆောက်ပုံကို တည်မှီပြီး တီကောင် စက်ရုပ်အတွက် အသုံးဝင်မယ့် တချက်ကတော့ တီကောင် အစစ်ရဲ့ ပျော့ပေမဲ့ ခိုင်မာတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "တီကောင် အစစ်နဲ့ တီကောင် စက်ရုပ်တွေရဲ့ အဓိက ကွာခြားနေသေးတဲ့ အချက်ကတော့ အရွယ်အစားဖြစ်ပြီး အီတလီ နည်းပညာ ကျောင်း က တီကောင် စက်ရုပ်ဆိုရင် အဝန်း ၄ စင်တီမီတာနဲ့ အလျား ၄၅ စင်တီမီတာ ရှိတဲ့အတွက် တီကောင် အစစ်တွေထက် အများကြီး ကြီးနေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို ကြီးနေရတဲ့ အကြောင်းကတော့ တီကောင် စက်ရုပ်တွေမှာ တပ်ဆင်ထားတဲ့ အညှစ်အထုတ် ပန့် ကိရိယာတွေနဲ့တကွ တခြား လှုပ်ရှားမှုအတွက် တပ်ဆင်ထားတဲ့ စနစ်တွေကြောင့် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို တီကောင်လောက်အထိ အရွယ်အစား မချုံ့နိုင်သေးတဲ့အတွက် လူကိုယ့်ခန္ဓာ အတွင်းပိုင်းကို တီကောင် စက်ရုပ်တွေနဲ့ ထိုးသွင်း စမ်းသပ် ကြည့်ရှုနိုင်ဖို့ ဆက်လက် လေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဒီ စက်ရုပ်ရဲ့ အခြေခံ ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် လေ ဒါမှမဟုတ် အငွေ့ တွန်းအားနဲ့ ရွေ့လျားတဲ့ ကြွက်သားအတုတွေ ဆိုတာ တွေ့ရမှာ ဖြစ်ပြီး တကယ်တမ်း ရာဘာသားပေါ်မှာ ဖိုင်ဘာကွန်ရက်တွေ ရစ်ပတ်ပြီး တကယ့်ကြွက်သားနဲ့ တူအောင် လုပ်ထားတာ ဖြစ်တယ်လို့ မစ္စတာ ထရီဗက်ဒီက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "အခုလို တီကောင် စက်ရုပ်တွေ အသုံးပြုမှု တွင်ကျယ်လာနိုင်တဲ့ တခြား နယ်ပယ်တွေကတော့ သတ္ထုတွင်းတူးတာ၊ စိုက်ပျိုးရေးအတွက် မြေစမ်းတာနဲ့ တခြား ဂြိုဟ်ကမ္ဘာတွေမှာ မြေမျက်နှာပြင် စမ်းသပ်တာတွေ လုပ်လာနိုင်မှာ ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တခုခုကြောင့် ပိမိ၊ ပိတ်မိနေသူတွေကို ကယ်တင်ရာမှာလည်း မြေမပြိုအောင် ဒီစက်ရုပ်တွေသုံးပြီး ထိန်းပြီး ရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဒီလို တီကောင် စက်ရုပ်ရဲ့ တွင်ကျယ်မှု အလားအလာတွေ အများအပြား ရှိတယ်ဆိုပေမယ့် တီကောင်ရဲ့ ဇီဝဗေဒကို အပြည့်အဝ တုပနိုင်ဖို့ သုတေသန လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဥပမာအားဖြင့် တီကောင်တွေဟာ မြေတွင်းတူးရင်း သူတို့ ခန္ဓာကိုယ် ခြောက်သွေ့မသွားအောင် အချွဲဓါတ် ထုတ်တာမျိုးက စက်ရုပ်တွေမှာ တုပ တပ်ဆင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "ဒီလို ဇီဝစနစ်မျိုးဟာ သဘာဝအတိုင်း နှစ်ပေါင်းများစွာ ဆင့်ကဲဖြစ်စဉ်နဲ့ ကောင်းအောင် လုပ်ထားတာဖြစ်တဲ့အတွက် လူတွေက ပုံသေ အတုယူ ဖော်ဆောင်ဖို့ ခက်ခဲနေတယ်လို့ အီတလီ နည်းပညာ ကျောင်း က မစ္စတာ ဒါးစ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cekrk78vzp4o" }, { "text": "နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆိုလာပြားသုံး နည်းပညာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကုန်ကျစရိတ် အတော်သက်သာလာခဲ့ပြီး နိုင်ငံတကာ စွမ်းအင်အဖွဲ့အရဆိုရင် နောက်ထပ်အသစ် ဆောက်လုပ်လာမယ့် ဓာတ်အားပေး စက်ရုံတွေအတွက်ဆိုရင် ဈေးအသက်သာဆုံး ရွေးချယ်စရာတခု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဆိုလာပြားတွေနဲ့ လျှပ်စစ်ထုတ်မှုမှာ အဓိကလိုအပ်ချက်က နေရာကျယ်ကျယ် လိုအပ်မှုဖြစ်ပြီး ကုန်းပေါ်မှာ ဖြန့်ကြက်ထားမယ်ဆိုရင် အိမ်ရာ၊ လယ်ယာနဲ့ စီးပွားရေး လုပ်နိုင်တဲ့ မြေနေရာတွေ နည်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒါ့ကြောင့် သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဆိုလာပြားတွေ ထားရှိပြီး လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "အခုလို ရေမျက်နှာပြင်ပေါ်မှာ ဆိုလာပြားထားတဲ့ စနစ်ကို ကမ္ဘာအနှံ့မှာ အသုံးပြုနေကြပြီး ဖြစ်ပေမယ့် ပင်လယ်မှာ ထားမယ့် ဆိုလာပြားတွေကတော့ လှိုင်းဒဏ် လေဒဏ် ခံနိုင်အောင် ပုံစံထုတ်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒီကုမ္ပဏီရဲ့ အဆိုအရ သူတို့ ဒါကို ဆောက်လုပ်ပြီးစီးသွားရင် ကမ္ဘာပေါ်မှာ အကြီးဆုံး ပင်လယ်ပြင်အခြေစိုက် ဆိုလာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံဖြစ်လာပြီး အနီးနား ကမ်းခြေက ရာနဲ့ချီတဲ့ အိမ်တွေကို ဓာတ်အားပေးနိုင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒီရေမျော ဆိုလာပြားစက်ရုံကို ၂၀၂၆ မှာ အပြီးသတ် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အနီးနားမှာရှိတဲ့ လေအားလျှပ်စစ်ထုတ် ဒလက်ကြီးတွေက ထွက်တဲ့ လျှပ်စစ်ဓါတ်အားအတွက် ထားရှိပြီးသား ဓာတ်ကြိုးတွေကိုပဲ ပြန်လည် အသုံးပြုမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "သူတို့ ရဲ့ ဆိုလာပြား ဖြန့်ကြက် ပုံစံထုတ်ထားပုံက လာရိုက်တဲ့ ပင်လယ်လှိုင်းကိုလည်း အားနည်းသွားအောင် လုပ်နိုင်ဖို့လည်း ပုံစံ ထုတ်ထားတယ်လို့ ဒီကုမ္ပဏီ ထူထောင်သူ အမှုဆောင် အရာရှိချုပ် ဘော့ဂျ် ဘယွန်းနက်ကလက်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒီကုမ္ပဏီရဲ့ ဆိုလာပြားထားရှိပုံကတော့ တဆက်တည်း အပြားလိုက်ဖြစ်တဲ့အတွက် လှိုင်းကို အားနည်းအောင် လုပ်နိုင်တာဖြစ်ပြီး ပင်လယ်ရေနဲ့ နီးနီးကပ်ကပ်ထားတဲ့အတွက်လည်း ဆိုလာပြားတွေ အပူချိန်တက်မှာကို ကာကွယ်နိုင်မယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ယူကေနိုင်ငံ ခရန်းဖီး တက္ကသိုလ်က စက်ပိုင်း အင်ဂျင်နီယာ ကထိက လူဖန်းဟွမ်ကတော့ ဒီ ကုမ္ပဏီ နှစ်ခုလုံးရဲ့ ရေမျော ဆိုလာစက်ရုံ တည်ဆောက်ပုံမှာ အားနည်းချက်တွေ ရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒါပေမယ့် သူတို့ ပုံစံထုတ်ထားတဲ့ ရေမျော ဆိုလာပြားစက်ရုံကို အဆင့်လေး တိုင်ဖွန်း မုန်တိုင်းဒဏ် ခံနိုင်ရည် ရှိမရှိ ရေကန်မှာ စမ်းသပ်ခဲ့ရာမှာတော့ အောင်မြင်တယ်လို့ မစ္စတာ ဘယွန်းနက်ကလက်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "သူတို့ ရဲ့ ရေမျော ဆိုလာပြားစက်ရုံ ဆောက်လုပ်ပုံဟာ ကမ်းနဲ့ နီးတဲ့ ဒေသတွေ အတွက်ဆိုရင် အသုံးဝင်မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "မစ္စတာ ဟွမ်ရဲ့ ခရန်းဖီးတက္ကသိုလ်က အဖွဲ့ကတော့ သူတို့အနေနဲ့ လှိုင်းဒဏ် ပိုခံနိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာမယ့် ရေမျောဆိုလာပြား စက်ရုံပုံစံကို သုတေသန လုပ်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "သူတို့ လုပ်ဆောင်နေတဲ့ ရေမျော ဆိုလာပြား စက်ရုံကို အင်ဒိုနီးရှားမှာ လက်တွေ့ အသုံးချ ဆောက်လုပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး အင်ဒိုနီးရှားက ပညာရှင်တွေ၊ စီးပွားရေးသမားတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်း တသောင်းကျော် ရှိတဲ့ နိုင်ငံဖြစ်ရာမှာ ဒီကျွန်းတွေအားလုံးကို လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးပေးနိုင်ဖို့က စိန်ခေါ်မှုတခုဖြစ်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒီစနစ်အရ လှိုင်းအရံအတားကို ဖြတ်လာတဲ့ ရေလှိုင်းဟာ ကြားခံ မြောင်းလေးတွေမှာ ထပ်ပြီး အရှိန်ကျသွားပြီးမှ ဆိုလာပြားတွေကို လာရောက် ရိုက်ခတ်မှာ ဖြစ်တဲ့အတွက် အခုလို လျှော့ချနိုင်တာလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ဒီစနစ်မှာဆိုရင် လှိုင်းအားလျော့စေတဲ့ အရံအတားကိုသာ ဈေးသက်သာအောင် ထုတ်လုပ်ရတော့မှာ ဖြစ်ပြီး ဒီအစိတ်အပိုင်းက ပြုပြုင်ထိန်းသိမ်းစရိတ်ရော အစားထိုး စရိတ်ပါ သက်သာတယ်လို့ မစ္စတာ ဟွမ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "လက်ရှိ အနေအထားမှာ ပင်လယ်အတွင်း ဆိုလာပြား စက်ရုံ တည်ဆောက်မှုနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်က ကြီးမြင့်နေဆဲ ဖြစ်ပေမယ့် ရေရှည်မှာ အင်ဒိုနီးရှားလို ကျွန်းနိုင်ငံတွေအတွက် အဓိက ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားတဲ့ ပုံစံ ဖြစ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ကုမ္ပဏီက မစ္စတာ ဘယွန်းနက်ကလက်ကတော့ စင်ကာပူလို မြေဈေးကြီးတဲ့ နေရာမျိုးနဲ့ ဥပမာပေး ပြောကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "သူ့ရဲ့ အဆိုအရ စင်ကာပူက အဆောက်အဦး အမိုးတွေမှာလည်း ဆိုလာပြားထား လျှပ်စစ်ထုတ်မှု အများစု ရှိနေပြီးသား ဖြစ်တဲ့အတွက် စင်ကာပူ ရေပိုင်နက် ပင်လယ်ပြင်မှာ ရေမျော ဆိုလာပြား စက်ရုံတွေ ဆောက်လုပ်မှုက ဈေးသက်သာတဲ့ တခုတည်းသော ပြည့်မြဲစွမ်းအင် ထုတ်လုပ်နည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "ရေမျော ဆိုလာပြား စက်ရုံတွေအနေနဲ့ ကုန်းတွင်းပိုင်းကို ဓာတ်အားပေးရုံ သက်သက်သာ မဟုတ်တော့ဘဲ နောက်ပိုင်း လျှပ်စစ်ဓာတ်အားသုံး သင်္ဘောတွေ တွင်ကျယ်လာချိန်မှာ လမ်းတလျှောက် ဓာတ်အားဖြည့်ပေးရေး စခန်းတွေ အဖြစ်လည်း အသုံးဝင်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c1vnk9z1r3po" }, { "text": "အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာပဲ စစ်ဘက်ပစ္စည်းတွေအပါအဝင် အီလက်ထရောနစ် ပစ္စည်းမျိုးစုံ ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ မြေရှားသတ္တု တင်ပို့မှုကို တရုတ်အစိုးရ တင်းကျပ်လိုက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဆိုလာပြားကနေ စမတ်ဖုန်းထိ ပစ္စည်းပေါင်းစုံမှာ ပါတဲ့ ကမ္ဘာ့မြေရှားသတ္တု သန့်စင်မှု ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်မှာ လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒါကြောင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒီလထဲ မတွေ့ခင်မှာ ဒီကန့်သတ်မှုက အရေးကြီးတဲ့ စျေးဆစ်မှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "မြေရှားသတ္တု သန့်စင်တဲ့ နည်းပညာကိုပါ ထိန်းချုပ်ခဲ့ပြီး နိုင်ငံခြား စစ်ဘက်နဲ့ တပိုင်း လျှပ်ကူးပစ္စည်းလုပ်ငန်းတွေဆီ မြေရှားပို့တာကို တရုတ်အစိုးရက ကန့်သတ်ချင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒါ့အပြင် အစိုးရ ခွင့်ပြုချက် မပါဘဲ မြေရှားသတ္တု လုပ်ငန်းမှာ တရုတ်ကုမ္ပဏီတွေ ပြည်ပ လုပ်ငန်းတွေနဲ့ ပူးတွဲ လုပ်ကိုင်တာကိုလည်း တရုတ်အစိုးရက တားမြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "မြေရှားသတ္တု တူးတာနဲ့ သန့်စင်လုပ်ကိုင်တာတွေကို ထိန်းချုပ်ထားတဲ့ တရုတ်အစိုးရက ဒီသတ္တုရဲ့ ကမ္ဘာ့စျေးကွက်မှာ ကြီးစိုးထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "မြေရှားသတ္တု နည်းနည်းလောက် တင်ပို့ဖို့အတွက်ကိုပဲ နိုင်ငံခြားကုမ္ပဏီတွေ တရုတ်အစိုးရ ခွင့်ပြုမှုရဖို့ အခု လိုလာပါပြီ။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဘယ်မှာ သုံးဖို့ ပို့တယ်ဆိုတာကိုပါ ရှင်းပြရမှာပါ။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒါ့အပြင် ကမ္ဘာ့နည်းပညာ ထောက်ပံ့မှုကွင်းဆက်မှာ အလွန်အရေးကြီးတဲ့ လစ်သီယမ် ဘက်ထရီတွေနဲ့ ဂရက်ဖိုက် တင်ပို့မှုကိုလည်း အလားတူ ကန့်သတ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒီပစ္စည်းတွေမှာ တရုတ်ပြည်မှာ အကြီးအကျယ် ထုတ်လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "အမျိုးသား လုံခြုံရေးကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ဒီစည်းမျဉ်းတွေကို ထုတ်ပြန်ကြောင်း တရုတ် အစိုးရက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒီထိန်းချုပ်မှုတွေရဲ့ ရည်ရွယ်ချက်တခုကတော့ မြေရှားအတွက် တရုတ်အပေါ် မှီခိုနေရတဲ့ အမေရိကန် အပါအဝင် ပြည်ပက ကာကွယ်ရေး ပစ္စည်းလုပ်ငန်းတွေကို ထိန်းချုပ်ချင်ပုံ ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် အရှိန်တက်နေချိန် ဧပြီလက စထိန်းချုပ်ခဲ့တဲ့ ပြည်ပပို့ကုန်စာရင်းမှာ မြေရှားနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို တရုတ်က ထည့်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "အခု ဒီကြေညာချက်သစ်ကြောင့် လက်နက်ထုတ်လုပ်သူတွေနဲ့ ချစ်ပ်ပြား လုပ်ငန်းက ကုမ္ပဏီတချို့ကို တရုတ်က ခွင့်ပြုမိန့် လိုင်စင်ထုတ်ပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "မြေရှားသတ္တု တူးဖော်လုပ်ကိုင်တာ ဒါမှမဟုတ် မြေရှားကနေ သံလိုက်ထုတ်တာမှာ သုံးတဲ့ နည်းပညာကိုတောင် တရုတ်အစိုးရ ခွင့်ပြုချက်နဲ့ပဲ ပြည်ပ ပို့ရမယ် ဆိုပြီး တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "နောက် ဘယ်နည်းပညာနဲ့ လုပ်ငန်းစဉ်တွေကို ကန့်သတ်သလဲ ဒီနောက်ဆုံးကြေညာချက်က ရှင်းလင်းသွားစေပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒီလို ကန့်သတ်တဲ့ အထဲမှာ မြေရှား တူးဖော်တာ၊ အရည်ကျိုတာနဲ့ သန့်စင်တာအပြင် သံလိုက်ပစ္စည်း ထုတ်လုပ်တာနဲ့ တခြားက ရတဲ့ မြေရှားတွေကို ပြန်သုံးစွဲတာတွေ ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "နောက်ပြီး ထုတ်လုပ်ရေးသုံးပစ္စည်းတွေ တပ်ဆင်တာ၊ အမှားရှာတာ၊ ထိန်းသိမ်းတာနဲ့ အဆင့်မြှင့်တာတွေ လုပ်ရာမှာလည်း ခွင့်ပြုချက် မရဘဲ ပြည်ပ မတင်ပို့ဖို့ ဒီကြေညာချက်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "အရေးကြီးတဲ့ မြေရှားသတ္တု တူးလုပ်ငန်းရှိပြီး သန့်စင်တဲ့ စက်တွေ မရှိတဲ့ အမေရိကန်မှာ ဒီတားမြစ်မှုက အကြီးအကျယ် ရိုက်ခတ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ချစ်ပ်ပြားလုပ်တဲ့ ပစ္စည်းတွေ တရုတ်ပြည်ကို မရောင်းဖို့ အမေရိကန်က တခြားနိုင်ငံတွေကို ပိတ်ပင်တာမျိုး တရုတ်ဘက်ကလည်း ဒီစည်းမျဉ်းသစ်တွေနဲ့ တန်ပြန်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "စစ်ဘက်ပစ္စည်းတွေအတွက် ဉာဏ်ရည်တု နည်းပညာ သုံးလာနိုင်တဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေ တရုတ်ဘက်က ထုတ်လာမှာကို အမေရိကန်က နှောင့်နှေးအောင် လုပ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "ဒီလနှောင်းပိုင်း ရှီနဲ့ ထရမ့် မတွေ့ခင်မှာ တရုတ်ဘက်က ချိန်ကိုက်ပြီး ဒီလို ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်တာလို့ ယုံကြည်ကြောင်း ကုန်သွယ်ရေး ကျွမ်းကျင်သူ အဲလက်စ် ကပ်ပရီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "အမေရိကန်က တရုတ်ချစ်ပ်ပြားလုပ်ငန်းကို ပစ်မှတ်ထားခဲ့သလိုပဲ အမေရိကန် အီလက်ထရောနစ်နဲ့ လက်နက်လုပ်ငန်းရဲ့ အရေးကြီးတဲ့ ပျော့ကွက်တွေကို တရုတ်က ပြန်ပြီး ပစ်မှတ်ထားလိုက်တာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c4gwnlr7y4po" }, { "text": "မြောက်ကိုရီးယားအစိုးရနဲ့ ဆက်စပ်တဲ့ ဟက်ကာတွေက ဒေါ်လာ နှစ်ဘီလျံကျော် ခိုးယူခဲ့ကြောင်း သုတေသီတွေက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "၂၀၂၅ ဟာ မြောက်ကိုရီးယား ဆိုက်ဘာ ရာဇဝတ်သားတွေရဲ့ စံချိန်တင် အခိုးယူဆုံး နှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒီခိုးယူမှုတွေဟာ မြောက်ကိုရီးယား စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒီငွေတွေကို မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်နဲ့ ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းတွေမှာ သုံးစွဲလေ့ရှိကြောင်း အနောက်တိုင်း လုံခြုံရေး အေဂျင်စီတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒီဂျစ်တယ်ငွေ အများအပြား ခိုးဖို့အတွက် ခရစ်ပတိုကုမ္ပဏီတွေကို တိုက်ခိုက်ဖို့ လာဇရုအုပ်စုလို ဟက်ကာအဖွဲ့ တွေက ဒီနှစ်ပိုင်းအတွင်း ပို အာရုံစိုက်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒီလို ခရစ်ပတိုငွေ အများအပြား ပိုင်ဆိုင်သူတွေဟာ စီးပွားရေး လုပ်ငန်းတွေမှာ ထားမြဲ ဖြစ်တဲ့ လုံခြုံရေးအစီအမံတွေ လစ်ဟင်းတတ်လို့ ပိုပြီး ပစ်မှတ်ထားခံလာရတယ်ဆိုပြီး သုတေသီတွေက သတိပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "လန်ဒန်က မြောက်ကိုရီးယား သံရုံးကို မှတ်ချက်ပေးဖို့ ချဉ်းကပ်ခဲ့ပေမယ့် ချက်ချင်း တုံ့ပြန်တာ မရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "အရင်ကလည်း ဒီလို ဆိုက်ဘာ ဖောက်ထွင်းမှုတွေ မလုပ်ဘူးလို့ မြောက်ကိုရီးယားအစိုးရက ငြင်းဆိုခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "နှစ်တွေချီ လေ့လာခဲ့ပြီးနောက် မြောက်ကိုရီးယား ဟက်ကာတွေ သုံးစွဲတဲ့ နည်းလမ်းတွေအကြောင်း သုတေသီတွေ သတိထားမိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒီနှစ် စံချိန်တင် ခိုးမှုကြောင့်လည်း ၂၀၂၂ တုန်းက မြောက်ကိုရီးယားအစိုးရ ခိုးခဲ့တယ်လို့ စွပ်စွဲခံရတဲ့စံချိန် ဒေါ်လာ ၁.၃၅ ဘီလျံထက် အများကြီး ပိုသာ သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဆိုက်ဘာရာဇဝတ်မှုတွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်နေတဲ့အပြင် နောက်ထပ် ငွေဝင်အောင်နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ မြောက်ကိုရီးယား အစိုးရက အိုင်တီ လုပ်သားအတုတွေ သုံးတယ်လို့လည်း ပိုတိုး စွပ်စွဲခံနေရပါတယ်။", "source": "https://www.bbc.com/burmese/articles/c7v14vmnj0zo" }, { "text": "ဒေါက်တာလုစ်ကို သမိုင်းပါမောက္ခအဖြစ် သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "မြန်မာအစ ကျောက်ဆည်ကအဆိုကို တင်သွင်းသူနဲ့ ပုဂံအကြောင်း စာအုပ်ကြီး သုံးတွဲ ရေးခဲ့သူအဖြစ် မြန်မာပြည်မှာ သိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ပုဂံကို ဗုံးကြဲမခံရအောင် သူကာကွယ်ခဲ့တာကိုတော့ သတိမူမိသူ နည်းပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "၁၉၄၄ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း လန်ဒန် အရှေ့တိုင်းပညာသင်ကျောင်းမှာ ခေတ်ဟောင်း မြန်မာဘာသာ၊ ပျူနဲ့ မွန်ဘာသာ ကထိကအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ မစ္စတာလုစ်က မဟာမိတ်တပ်တွေကို ဆက်သွယ်ပြီး သမိုင်းကြောင်းအရ တန်ဖိုးကြီးတဲ့ ပုဂံ၊ မန္တလေးနဲ့ သမိုင်းဝင်နေရာတွေကို မထိခိုက်အောင် စစ်ဆင်ရေးတွေ မလုပ်ဖို့ ပန်ကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒါကြောင့် စစ်ရေးအရ အချက်အချာကျတဲ့ ပုဂံနားမှာ တိုက်ပွဲကြီးတွေ ဖြစ်ခဲ့ပေမယ့် မြို့ကို ဗုံးကြဲခံရမှုက ကင်းလွတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ပုဂံလောက် ကံမကောင်းတဲ့ မန္တလေးနဲ့ ရန်ကုန်ကတော့ ဗုံးဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး နောက်ဆုံးမြန်မာနန်းတော် မီးလောင်ပျက်စီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ပုဂံကို ကယ်တင်ခဲ့တဲ့ လုစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာဆရာ စာပေပါမောက္ခ မင်းသုဝဏ်က ကဗျာတပုဒ် စပ်ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ပုဂံနှင့်ဝေဠု လို့ အမည်ရတဲ့ ကဗျာမှာ မင်းသုဝဏ်က လုစ်ကို ပုဂံခေတ် ငြိမ်းချမ်းရေး သံတမန် အဖြစ် ပီကင်းကို သွားခဲ့တဲ့ ရှင်ဒိသာပြာမုက်နဲ့ နှိုင်းယှဉ်ထားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီကဗျာမှာ ဒိသာပြာမုက်ကြောင့် ပုဂံပြည် မပျက်စီးခဲ့သလို လုစ်ကြောင့်လည်း ပုဂံဟာ ကမ္ဘာစစ်ဘေးက လွတ်ပြီး သာသနာ နှစ်ငါးထောင်ထိ တည့်တံ့လိမ့်မယ်လို့ ရေးစပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ငါးထောင်တည်မည့် နိမိတ်တည်း လို့ ရေးစပ်ရာမှာ မင်းသုဝဏ်က လုစ်အမည်ကို ဝေဠုလို့ ခေါ်ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "တကယ်က ဒီနာမည်ဟာ လုစ်ကို သူ့ဇနီးရဲ့ အဘိုးလေးတော်တဲ့ တောင်ခွင်သာသနာပိုင် ဆရာတော်ပေးတဲ့ မြန်မာနာမည် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်ဟာ ငယ်စဉ်ကတည်းက စာပေထူးချွန်သူ ဖြစ်ပြီး ကျောင်းသားဘဝမှာ ဂရိစာပေကို အင်္ဂလန်တပြည်လုံးမှာ ပထမစွဲခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ကိန်းဘရစ်တက္ကသိုလ်ကနေ လက်တင်နဲ့ ဂရိဂန္ထဝင်စာပေ မဟာဝိဇ္ဇာဘွဲ့ကို ပထမတန်း ဂုဏ်ထူးနဲ့ အောင်ပြီး မြန်မာပြည်မှာ အင်္ဂလိပ်စာ ပါမောက္ခလာလုပ်ခဲ့သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဗြိတိန်မှာ သူကျောင်းသားဘဝက ပေါင်းသင်းခဲ့သူတွေထဲမှာ တရုတ်စာပေ ပညာရှင် အာသာဝေလီလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "သူကတဆင့် နောင်မှာ နာမည်ကြီး စီးပွားရေးပညာရှင်ဖြစ်လာတဲ့ ဂျွန်မေးနပ်ကိန်း၊ သိပ္ပံစာရေးဆရာ အဲလ်ဒပ်စ် ဟပ်စလေတို့လို ပွင့်ဦးရိပ်မြုံ အနုပညာနဲ့ အသိပညာရှင်အဖွဲ့က လူတွေနဲ့ သူသိကျွမ်းလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "၁၉၁၂ ခုနှစ် အသက် ၂၃ နှစ်မှာ ပါမောက္ခဖြစ်လာတဲ့ လုစ်ဟာ သူ့လို ငယ်ငယ်နဲ့ ပါဠိပါမောက္ခဖြစ်လာတဲ့ ဦးဖေမောင်တင်နဲ့ ရင်းနှီးခဲ့ရာက သူ့နှမ တီတီနဲ့ လုစ်တို့ အိမ်ထောင်ကျခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒေါ်တီတီလုစ်ဟာ ၁၉၂၈ မှာ အင်းလျားလမ်းက လူငယ်ဂေဟာကို တည်ထောင်သူ ဖြစ်လာပြီး သူ့ရဲ့ အနှစ် ၃ဝ ကျော် လူမှုဝန်ထမ်းဆောင်ရွက်ချက်တွေကြောင့် ဖိလစ်ပိုင်က ပေးတဲ့ ရေမွန်မက်ဆေးဆေးဆုကို ၁၉၅၉ မှာ ဆွတ်ခူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်နဲ့ ဦးဖေမောင်တင်တို့ဟာ အဲဒီအချိန်က တည်ထောင်စ မြန်မာနိုင်ငံသုတေသနအသင်းရဲ့ အဖွဲ့ဝင်တွေ အဖြစ် မစ္စတာဖာနီဗယ်နဲ့အတူ သုတေသန စာတမ်းတွေ ရေးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်ဟာ အဲဒီအသင်းထုတ် ဂျာနယ်မှာ အနှစ် ၆ဝ ကျော်ရေးသားသွားခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "မြန်မာပြည်မှာ ပုဂံကို တွေ့ရှိခဲ့တဲ့ လုစ်ဟာ ပုဂံကို အနည်းဆုံး တနှစ်တခေါက်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ပုဂံကို သံယောဇဉ်ကြီးသူ ဖြစ်လို့ ပုဂံမှာ ခေါင်းချဖို့အထိကို စိတ်ကူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ရောမခေတ် စာပေကို ကျွမ်းကျင်သူ လုစ်လို ပညာရှင်တယောက်က ပုဂံလို ဂန္ထဝင် အနုပညာထွန်းတောက်ရာ ဒေသတွေကို ချစ်ကျွမ်းဝင်တာတော့ ဆန်းလှတဲ့ ကိစ္စမဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်အိမ်က ညစာတွေမှာ ပုဂံကျောက်စာပါ အသီးအနှံတွေနဲ့ တည်ခင်းကျွေးမွေးတတ်ပြီး မင်းသုဝဏ်၊ ဇော်ဂျီ စတဲ့ လူငယ်ပညာရှင်တွေ တက်ရောက်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ် ယောက်ဖ ဦးဖေမောင်တင်နဲ့ မင်းသုဝဏ်၊ ဇော်ဂျီတို့ စခဲ့တဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုဟာ တကယ်တော့ ပုဂံကျောက်စာအရေးအသားကို ပြန်လည်ဆန်းသစ်တဲ့ ခေတ်သစ်စာပေ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်ဟာ အုပ်စုဖွဲ့ပြီး တွင်ကျယ်လိုသူမဟုတ်ဘဲ ပညာရှင်ဆန်ဆန်နေတတ်တယ်လို့ သူနဲ့ အနှစ် ၃ဝ ကျော် ရင်းနှီးခဲ့တဲ့ မွန်ပညာရှင် နိုင်ပန်းလှက သူကွယ်လွန်ချိန်မှာ အမှတ်တရ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒါပေမဲ့ လုစ်ဟာ မြန်မာလူငယ် ပညာရှင်တွေကို အားပေးပျိုးထောင်ခဲ့သူ၊ ရှေ့က စံနမူနာအဖြစ် လမ်းပြသွားခဲ့သူလို့လည်း ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒါကြောင့် သူအသက် ၇ဝ ပြည့်ချိန် ၁၉၅၉ မှာ ရန်ကုန်မှာထုတ်တဲ့ နယူးဘားမား အပတ်စဉ်ထုတ်စာစောင်က သူ့အတွက် အထူးထုတ် ထွက်ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လမ်းစဉ်ပါတီခေတ်မှာ ဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာညီညီ စာတည်းလုပ်တဲ့ အဲဒီအထူးထုတ်မှာ မောင်ထင်၊ တက်တိုး၊ ဒေါ်ခင်မမ၊ ဒေါ်မြမြခင် စတဲ့ မြန်မာတွေက သူ့အတွက် ခေါင်းကြီးရေးသား ချီးကျူးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ရန်ကုန်တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို မစ္စတာဖာနီဗယ်၊ ဦးဖေမောင်တင်တို့နဲ့အတူ ရရှိခဲ့ပြီး ဗြိတိသျှ အစိုးရကပေးတဲ့ စီဘီအီးဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "အင်္ဂလိပ်စာဌာနကနေ ရန်ကုန်တက္ကသိုလ်မှာ အသစ်ဖွင့်တဲ့ အရှေဖျားသမိုင်းဌာနမှာ မစ္စတာလုစ် စာတော်ဖတ် ဖြစ်လာခဲ့ပြီး စစ်ပြီးခေတ်မှာ အထူး ပါမောက္ခအဖြစ် ၁၉၆၅ အထိ ထမ်းဆောင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "သူ့လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ဟာ တရုတ်နဲ့ပတ်သက်တဲ့ အထောက်အထား စုဆောင်းရာမှာ ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီအထောက်အထားတွေဟာ စစ်အတွင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ဂျပန်က မိုင်းခွဲရာမှာ ပျက်စီးသွားတယ် ဆိုပေမယ့် ဂျပန်ကို တချို့ယူသွားတယ်လို့ လုစ်မိသားစုဘက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "မစ္စတာလုစ်ဟာ ဘာသာစကားကျွမ်းကျင်သူဖြစ်လို့ တိဘက်မြန်မာ ဘာသာစကားအုပ်စုဝင် ဘာသာစကားတွေနဲ့အတူ တရုတ်ဘာသာကိုလည်း ပိုင်နိုင်တတ်မြောက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒါကြောင့် ခေတ်ဟောင်းတရုတ်မှတ်တမ်းနဲ့ ပုဂံကျောက်စာတွေကို သုံးပြီး မြန်မာသမိုင်းကို ဖော်ထုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီရလဒ်အဖြစ် မြန်မာအစ ကျောက်ဆည်က လို့ လူသိများကြတဲ့ ကျောက်ဆည်မြို့ဟောင်းနဲ့ မြန်မာများ ဝင်လာပုံ စာတမ်းနဲ့ လုစ်ရဲ့ အထင်ရှားဆုံးလက်ရာ အဖြစ် ကျန်ခဲ့တဲ့ ခေတ်ဟောင်းမြန်မာပြည်နဲ့ ပုဂံအစ စာအုပ်ကြီး သုံးတွဲ ၁၉၆၉ မှာ ထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီလို သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းရေးတတ်လို့ လုစ်ကို အစဉ်အလာ သမိုင်းသမားတွေက မနှစ်သက်ကြပါဘူး။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီထဲက အထင်ရှားဆုံးက သူ့တပည့်ဟောင်း ဒေါက်တာထင်အောင် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "သူ့လိုပဲ အင်္ဂလိပ်စာကနေ သမိုင်းဘက်ရောက်လာတဲ့ ဒေါက်တာထင်အောင်က ပုဂံမပျက်မီ မြန်မာ့သမိုင်း၊ အစဉ်အလာ ရာဇဝင်များဘက်က ခုခံခြင်း စာအုပ်ရေးပြီး သူ့ဆရာကို ချေပခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒါပေမဲ့ မြန်မာဘာသာစကားနဲ့ အရှေ့တောင်အာရှ လေ့လာရေးမှာ အထင်ရှားဆုံး ပညာရှင်တယောက်ဖြစ်တဲ့ လုစ်ရဲ့ ရေးသားချက်များဟာ ပယ်ချရခက်ပြီး မြန်မာရာဇဝင်စာအုပ်တွေအတွက် အကြီးဆုံးထိုးနှက်ချက်လည်း ဖြစ်တယ်လို့ ဒေါက်တာထင်အောင်က မှတ်ချက်ချခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ယဉ်ကျေးမှုအတွင်းဝန်ဟောင်း ဦးဖိုးလတ်ကတော့ မြန်မာအစ စာတမ်းဖတ်ပွဲလုပ်ဖို့ စီစဉ်ပြီး မဖတ်ခင် ကွယ်လွန်သွားလို့ သူ့စာတမ်းကို နောက်မှထုတ်ဝေခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ မြန်မာပြည်က ထွက်သွားရတဲ့ လုစ်တို့ ဇနီးမောင်နှံဟာ နိုင်ငံကမထွက်ခင်မှာ ဒေါ်တီတီလုစ်ရဲ့ လက်ထပ်လက်စွပ်ကို အကောက်ခွန်ကတောင်းလို့ ချွတ်ပေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီအတွက် လိုက်ပို့တဲ့ ပန်းတနော် ဦးခန့်နဲ့ ပထမမြန်မာဗိသုကာ ဦးသာထွန်းတို့ အကောက်ခွန် အရာရှိတွေနဲ့ စကားများခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "အင်္ဂလိပ်ရေလက်ကြားထဲက ဂျာစီကျွန်းမှာ ပြန်နေကြတဲ့ သူတို့စုံတွဲဟာ မြန်မာပြည်ကို လွမ်းဆွတ်ပြီး ကွယ်လွန်သွားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "အသက် ၉ဝ ထိ နေပြီး ၁၉၇၉ မှ ကွယ်လွန်ခဲ့တဲ့ လုစ်ဟာ မကွယ်လွန်ခင်မှာ မြန်မာပြည်က မိတ်ဆွေတွေနဲ့ တောက်လျှောက် အဆက်အသွယ်ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "၁၉၇၅ မှာ ပုဂံငလျင်လှုပ်တဲ့အခါ သူစုဆောင်းထားတဲ့အထဲ စတာလင်ပေါင်တရာကို ရှေးဟောင်းသုတေသနဌာနကို ပို့ပြီး ကူညီခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "သူကွယ်လွန်ပြီးနောက် မြန်မာပြည် လူမျိုးစုတွေအကြောင်းကို ရေးတဲ့ ပုဂံအကြို မြန်မာပြည်၊ ဘာသာစကားများနဲ့ သမိုင်း စာအုပ်ကို ၁၉၈၅ မှ ဖြန့်ချိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီစာအုပ်မှာ ရခိုင်အနောက်ပိုင်းက ရိုဟင်ဂျာ မျိုးနွယ်တွေအကြောင်း ဖော်ပြခဲ့ပြီး ဒီအကြောင်းကို ဒေါက်တာသန်းထွန်းက ဘာသာပြန်ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "သူ့စာစုတွေကို သြစတြေးလျအမျိုးသား တက္ကသိုလ်က ဝယ်ယူ စုဆောင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "ဒီထဲမှာ ပုံမနှိပ်ရသေးတဲ့ စာတမ်းတွေ ပါမယ်လို့ ယူဆရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "နိုင်ပန်းလှ ရေးသားချက်အရ မြန်မာပြည်အကြောင်း တရုတ်ဘာသာစာအုပ်များ၊ ရှေးဟောင်း မြန်မာစာပေစကားများ၊ ခေတ်ဟောင်းမြန်မာပြည်နဲ့ ပိဋကတ်စာပေ၊ အနော်ရထာရဲ့ နိုင်ငံခြား ဆက်ဆံရေး၊ ချင်းဘာသာစကားများရဲ့ ဘုံလက္ခဏာ စတဲ့ လုစ်ရဲ့ မထုတ်ဝေရသေးတဲ့ စာတမ်းတွေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လုစ်ရဲ့ တပည့်ရင်း၊ ပုဂံက ကျောက်စာအရာရှိ မွန်ဘိုကေက ဆရာကို လွမ်းဆွတ်လို့ နဂါးရုံဘုရားမှာ ဆြာလုစ်သို့ ကဗျာကို မှင်စာရေးထိုးထားတာကိုလည်း ခုတိုင်တွေ့နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-47894572" }, { "text": "လန်ဒန်မြို့ ဗြိတိသျှစာကြည့်တိုက်မှာ အရှေ့တောင်အာရှ စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ် လုပ်ကိုင်သွားတဲ့ ပက်ထရစ်ရှာ အမ် ဟားဘတ် အသက် ၈၂ နှစ်အရွယ် ဧပြီလ ၁၆ ရက်မှာ အက်ဒင်ဘာရာမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာ ဟားဘတ်ဟာ လန်ဒန်၊ မစ်ချီဂန်နဲ့ ကော်နဲလ်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ပြီး ဦးနေ၀င်း၊ ဒေါက်တာ မိုက်ကယ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးတဲ့ မြန်မာသမိုင်း သုတေသီတဦး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာ ဟားဘတ်ဟာ ၁၉၆၀ ကျော်က လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များကျောင်း မှာ ပညာသင်ခဲ့စဉ်မှာ မြန်မာကျောင်းသားတွေနဲ့ ခင်မင်ရင်းနှီးခဲ့ပြီး မြန်မာပြည်ကို စိတ်၀င်စားခဲ့ကြောင်း သူနဲ့ လန်ဒန်မှာ မိတ်ဆွေဖြစ်ပြီး အတူတွဲသွားလာခဲ့တဲ့ စာကြည့်တိုက်မှူး ဒေါက်တာ ခင်သက်ထားက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာဟာ မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေကို သူ့ဖခင်လို အထူးခင်မင်ပြီး သူမောင်းတဲ့ကားကိုတောင် ဆရာလှဘေ ထိုင်လို့ အဆင်ပြေအောင် စီစဉ်ခဲ့သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "သူနဲ့ လန်ဒန်မှာ ခင်မင်ခဲ့သူတွေထဲမှာ သမိုင်းက ဦးတင်လှသော်၊ ဘီဘီစီ ဦးတင်ထွေး၊ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ အပြင် အဏ္ဏဝါရေကြောင်း ဥပဒေ ပညာရှင် ဒေါက်တာကျင်စွိလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၁၉၆၂ နောက်ပိုင်း မြန်မာပြည်ကနေ ငွေလွှဲရခက်ခဲလို့ ပိုက်ဆံမရှိဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကိုလည်း ပက်ထရစ်ရှာက သူ့အိမ်မှာ ခေါ်ထားပြီး ဒီထဲမှာ အစိုးရအတွင်းဝန်ချုပ် အိုင်စီအက် ဦး၀င်းဖေရဲ့သား ဓာတုဗေဒပညာရှင် ဒေါက်တာမြင့်မောင်တို့ ညီအစ်ကိုလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၁၉၇၀ ကျော်မှာ ဒေါက်တာကျင်စွိနဲ့ လက်ထပ်ပြီး မြန်မာပြည်ကို ပက်ထရစ်ရှာ လိုက်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ကြယ်ငါးပွင့်သင်္ဘောလိုင်းအတွက် ဒေါက်တာကျင်စွိက အကြံပေး လုပ်ချိန်မှာ မြန်မာပြည်မှာ သုံးနှစ်နေစဉ်အတွင်း သူ့ရဲ့ ပါရဂူဘွဲ့ယူကျမ်းအတွက် ဂဠုန်ဆရာစံ အကြောင်း သုတေသနပြုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မြန်မာပြည်မှာ နေရေးစားရေး ကျပ်တည်းတဲ့ ဆိုရှယ်လစ်ခေတ်မှာ ပက်ထရစ်ရှာ ဟားဘတ် ဖြစ်အောင် နေခဲ့ပြီး မြန်မာဟင်းချက်နည်းတွေကိုတောင် အရှေ့တောင်အာရှ ဟင်းချက်နည်းစာအုပ်တအုပ်အတွက် ရေးပေးခဲ့ကြောင်း ဒေါက်တာ ခင်သက်ထားက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာဟာ မြန်မာပြည်မှာ ပျော်ပြီး နယ်တွေဘက် ခရီးထွက်ချင်ပေမယ့် ခင်ပွန်းဖြစ်သူက ခွင့်မပြုခဲ့ကြောင်း သူနဲ့ အထူးခင်မင်တဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး (အငြိမ်းစား) ဒေါက်တာသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "နောက်ပိုင်းမှာတော့ ခင်ပွန်းဖြစ်သူက မြန်မာပြည်မှာ မပျော်လို့ စင်္ကာပူထွက် အလုပ်လုပ်ချင်ပြီး ပက်ထရစ်ရှာက မြန်မာပြည်မှာ ဆက်ပြီး နေချင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဂျပန်ခေတ်မှာတောင် မြန်မာပြည်မှာ ဖြစ်အောင် နေခဲ့တဲ့ အင်္ဂလိပ်အမျိုးသမီး မစ္စစ်မော်နီကာမြမောင်ကို နမူနာပြပြီး ဆက်နေဖို့ ပက်ထရစ်ရှာက ပြောပေမယ့် ဖြစ်မလာဘဲ သူတို့ လင်မယားပြတ်စဲပြီး သူလည်း လန်ဒန် ပြန်ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒေါက်တာကျင်စွိနဲ့ ပြတ်စဲခဲ့ပြီးနောက် ၁၉၇၅ မှာ ပက်ထရစ်ရှာ လန်ဒန် ပြန်လာပြီး ဆရာဖြစ်သူ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ အကူအညီနဲ့ ဗြိတိသျှ စာကြည့်တိုက်အတွက် မြန်မာစာကြည့်တိုက်မှူး ဖြစ်လာသလို အရှေ့တောင်အာရှ စာကြည့်တိုက်မှူးထိ ဖြစ်လာပြီး ၁၉၉၈ ထိ လုပ်ကိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီအတောအတွင်း ပက်ထရစ်ရှာ ပြုစုခဲ့တဲ့ စာအုပ်တွေထဲမှာ ၁၉၉၃ က ထုတ်တဲ့ မြန်မာဗုဒ္ဓဝင် ပုရပိုက်တွေအကြောင်း စာအုပ်က မြန်မာပြည်မှာ အထင်ရှားဆုံးဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာပုရပိုက်ပန်းချီအလှနဲ့ ရေးဆွဲတဲ့ ခေတ်ကာလနောက်ခံမြင်ကွင်းတွေကို သိနိုင်တာမို့ သမိုင်းတန်ဖိုးကြီးတဲ့ စာအုပ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီစာအုပ်ကို မြန်မာလိုလည်း ပြန်ဆို ရိုက်နှိပ်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "တခါ ၁၉၉၁ က ထုတ်တဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်စာတမ်းတွေအကြောင်း ပက်ထရစ်ရှာရဲ့စာစုစာရင်းကလည်း ပညာရှင်တွေကြားမှာ ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီစာစုစာရင်းကို ကိုးကားပြီး မြန်မာပြည်က ပါရဂူကျမ်းပြုတွေကို ကူညီနိုင်ကြောင်းလည်း ရည်ညွှန်းစာကြည့်တိုက်မှူးတယောက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "အင်တာနက်မရှိ၊ ပြည်ပစာအုပ်စာတမ်း စုံစုံလင်လင် မရတဲ့ မြန်မာပြည်မှာ တချိန်က ဒီစာစုစာရင်းကို မိတ္တူဆွဲပြီး ပြည်တွင်းက ပညာရှင်တွေ လေ့လာခဲ့ကြပြီး ဘာသာရပ်ပေါင်းစုံက စာအုပ်စာတမ်း ၁၅၀၀ လောက်အကြောင်းကို အနှစ်ချုပ် ရေးပြပြီး ပညာရှင်နဲ့ သုတေသီ ကျောင်းသားတွေအတွက် အားထုတ် ပြုစုပေးခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီစာအုပ်မှာ အဲဒီအချိန်က ထုတ်ခါစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး စာအုပ်အကြောင်း စက်ရပ်အနေနဲ့ ထည့်နိုင်တဲ့အထိ အားထုတ်ခဲ့တယ်လို့လည်း ပက်ထရစ်ရှာဟားဘတ်က အမှာစာမှာ ရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မြန်မာပြည်အကြောင်း ပါရဂူဘွဲ့ယူစာတမ်းတွေအကြောင်း စာစုစာရင်းတွေရှိပေမယ့် စာအုပ်တွေအကြောင်းက ပက်ထရစ်ရှာက ပထမဆုံး စုံစုံလင်လင် ပြုစုခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "အဲဒီနောက် ၂၀၀၄ မှာ လန်ဒန်တက္ကသိုလ်က ပါမောက္ခမိုက်ကယ်ချာနေရဲ့ မြန်မာသုတေသန တဆင့်ခံ စာစုစာရင်း ပေါ်ထွက်လာပေမယ့် စာအုပ်အမည်တွေပဲ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာ စာစုစာရင်းကိုလည်း အနှစ် ၃၀ ကျော်အတွင်း အသစ်ဖြည့်စွက်မထုတ်နိုင်သေးတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပညာရှင် စာကြည့်တိုက်မှူးအဖြစ် ပက်ထရစ်ရှာ အောင်မြင်ခဲ့ပေမယ့် ပါရဂူဘွဲ့ယူဖို့ ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ရန်ကုန်နဲ့ လန်ဒန်တက္ကသိုလ်တွေမှာ အရှေ့တောင်အာရှ သမိုင်း ပါမောက္ခ လုပ်ခဲ့တဲ့ ဒီဂျီအီးဟောလ် မစ်ချီဂန်၊ ကော်နဲလ် စတဲ့ အမေရိကန်တက္ကသိုလ်တွေမှာ သွားပြီး ပို့ချချိန်မှာ သူလိုက်သွားပြီး ကျောင်းတက်ခဲ့သလို မြန်မာပြည် ပြန်လာပြီး သုတေသနပြုဖို့လည်း ပက်ထရစ်ရှာ ဟားဘတ် ကြိုးစားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၁၉၈၀ မှာ မြန်မာပြည်ကို သူ သုံးလလာပြီး သုတေသနလုပ်ဖို့ ဦးသော်ကောင်းကို အကူအညီတောင်းရာမှာ အဲဒီအချိန်က မြန်မာပြည် သမ္မတ ဦးနေ၀င်းဆီ သွားပြောပေးရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မင်းတို့ မိတ်ဆွေဆိုတော့ ငါ့ဧည့်သည်အနေနဲ့ ဖိတ်လိုက်ပါ ဆိုပြီး ဦးနေ၀င်းရဲ့ ခွင့်ပြုချက်နဲ့ ပက်ထရစ်ရှာ ပြန်လာပြီး သုတေသနတွေ လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဆရာစံသူပုန်မှာ တသက်တကျွန်းကျပြီး ကပ္ပလီကျွန်းမှာ အကြာကြီးနေခဲ့ကြတဲ့ ကျွန်းပြန်လယ်သမားကြီးတွေနဲ့ ပက်ထရစ်ရှာ တွေ့ဆုံမေးမြန်းထားတာတွေကိုလည်း ရန်ကုန်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို ပေးထားခဲ့တဲ့အတွက် မေထရီအောင်သွင် စတဲ့ နောက်ထပ် ဆရာစံသူပုန်အကြောင်း သုတေသနပြုကြတဲ့ ပညာရှင်တွေ ကိုးကားစရာ ဖြစ်ခဲ့ကြောင်း ဦးသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပါရဂူဘွဲ့မရခဲ့ပေမယ့် ဆရာစံ သူပုန်ကို ပြန်လည်အကဲဖြတ်ခြင်းဆိုတဲ့ ပက်ထရစ်ရှာ ဟားဘတ်ရဲ့ ဆရာစံစာတမ်းမှာ ဆရာစံကို မင်းလောင်းရူး ရူးနေသူ ရှေးရိုးစွဲဆိုပြီး ပြောဆိုချက်တွေ မဟုတ်ကြောင်း ချေပခဲ့တယ်လို့ မြန်မာ သမိုင်းပညာရှင် ဒေါက်တာဖြိုး၀င်းလတ်က ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မြန်မာ ရာမာယဏ၊ ဆာအာသာဖယ်ယာရဲ့ မြန်မာစာစု၊ ဗြိတိသျှစာကြည့်တိုက်မှ မြန်မာပုရပိုက်များ၊ ဦးဖေမောင်တင် စာစုစာရင်း စတဲ့ စစာတမ်းတွေကိုလည်း ပက်ထရစ်ရှာ ပြုစုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာဟားဘတ်ဟာ ဆိုရှယ်လစ်ခေတ် မြန်မာပြည် တက္ကသိုလ်စာကြည့်တိုက်တွေအတွက် စာအုပ်စာတမ်းတွေ ရအောင် ကူညီပေးခဲ့ကြောင်းလည်း ဦးသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဦးသော်ကောင်း စာကြည့်တိုက်မှူး ဖြစ်စက မြန်မာကျပ်ငွေ ခုနစ်သိန်းဖိုး ပြည်ပစာအုပ်တွေ ၀ယ်နိုင်ခဲ့ပေမယ့် နောက်ပိုင်း ဒီငွေတွေ ကုန်ခမ်းလာလို့ မ၀ယ်နိုင် ဖြစ်နေချိန်မှာ မြန်မာနဲ့ အင်္ဂလိပ်စာအုပ်တွေ လဲလှယ်ရေး အစီအစဉ်နဲ့ ပက်ထရစ်ရှာဟားဘတ်က ကူညီပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဇော်ဂျီနဲ့ မင်းသု၀ဏ်တို့ ရွေးပေးခဲ့တဲ့ အစောပိုင်းမြန်မာစာအုပ်တွေနဲ့ မြန်မာပြည်အတွက် ရှားပါး ကိုလိုနီမှတ်တမ်းတွေကို မိုက်ခရိုဖလင်နဲ့ ပက်ထရစ်ရှာ ကူးပေးခဲ့ပေမယ့် မြန်မာပြည် ရာသီဥတုနဲ့ သိမ်းဆည်းမှု နေရာမကျတာတွေကြောင့် မိုက်ခရိုဖလင်အများအပြား ပျက်စီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာ မြန်မာပြည်မှာ မနေနိုင်တော့ပေမယ့် လန်ဒန်မှာ သူရှိနေတဲ့အတွက် မြန်မာပြည် သုတေသနလုပ်ငန်းတွေအတွက် အားကိုးရတယ်ဆိုပြီး ဦးသော်ကောင်းက မှတ်ချက်ချပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မြန်မာပြည်နဲ့ မြန်မာအကြောင်း လေ့လာသူတွေအတွက် ဗြိတိသျှ စာကြည့်တိုက်ကနေ ပက်ထရစ်ရှာ ကူညီရုံသာမက အမ်စတာဒမ်မြို့က နိုင်ငံတကာ လူမှုသမိုင်း အင်စတီကျုမှာလည်း ၂၀၁၈ က စလို့ ပက်ထရစ်ရှာ ဟားဘတ်စာစု ထားရှိပြီး ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ သမ္မတဟောင်း ဒေါက်တာမောင်မောင် စတဲ့ မြန်မာပြည်က ထင်ရှားသူတွေနဲ့ ဆက်သွယ်ပေးစာတွေအပြင် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်း မှတ်တမ်းတွေပါ သိမ်းဆည်းထားပြီး စစ်တပ်အောက်က မြန်မာပြည်အကြောင်း သုတေသန ပြုလိုသူတွေအတွက် မှီငြမ်းကိုးကားစရာအဖြစ် သုံးနိုင်အောင် ပက်ထရစ်ရှာ စုဆောင်း ပေးခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီပေးစာတွေထဲ ၁၉၈၆ က ဦးနေ၀င်းဆီ ပက်ထရစ်ရှာက ဗုဒ္ဓ၀င်ဆိုင်ရာ စာအုပ်တအုပ်ပို့ပေးလို့ လမ်းစဥ်ပါတီ ဥက္ကဋ္ဌကြီးက ကျေးဇူးတင်ကြောင်း ရေးတဲ့စာပါသလို သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ မှတ်တမ်းအကြောင်း ရေးတဲ့စာတွေလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "အဲဒီအချိန်က ဗုဒ္ဓ၀င်နဲ့ ပတ်သက်ပြီး ရေးသားနေတဲ့ ပက်ထရစ်ရှာ ဟားဘတ်က တရားထိုင်တာနဲ့ ပတ်သက်ပြီး ဒေါက်တာမောင်မောင်ဆီ မေးမြန်းရာမှာ ရုံးထဲမှာ၊ လမ်းသွားရင်း မီးနီမိတဲ့အခါတွေမှာလည်း တရားမှတ်လို့ရကြောင်း ဒေါက်တာမောင်မောင်က ပြန်ကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မော်လမြိုင်မှာ အငြိမ်းစား နေနေတဲ့ သူ့ဆရာရင်း ဒေါက်တာလှဘေက လန်ဒန်မှာ သုတေသနလာပြုတဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု ပေးနိုင်အောင် ပက်ထရစ်ရှာ ဟားဘတ် စီစဉ်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "လန်ဒန်မှာ စာကြည့်တိုက်မှူးလုပ်နေစဉ် ဘီဘီစီ ပြင်သစ်စာပေကဏ္ဍမှာ အလုပ်လုပ်တဲ့ အေရီယယ် ဒေးဂရားနဲ့ ပက်ထရစ်ရှာ ဟားဘတ် လက်ထပ်ခဲ့ပြီး သမီးတယောက် ထွန်းကားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒီလို အိမ်ထောင်ထပ်ပြုပေမယ့် ခင်ပွန်းဟောင်းနဲ့ ခင်မင်မှု မပျက်ဘဲ မိသားစု၀င်လို ခင်မင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ဒေါက်တာကျင်စွိဟာ ပက်ထရစ်ရှာကို လူမမာ လာမေးရင်း ၂၀၁၅ က လန်ဒန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာဟာ အဲဒီအချိန်က လန်ဒန်မှာ ရှိတဲ့ မြန်မာသံအမတ် ဦးတင်ထွန်းနဲ့ ခင်သလို မြန်မာပြည်က သုတေသနအတွက် လာတဲ့ ဒေါ်ကြန်၊ ဒေါက်တာခင်လှဟန် စတဲ့ ပညာရှင်တွေနဲ့လည်း ရင်းနှီးကျွမ်း၀င်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "လန်ဒန်က ပက်ထရစ်ရှာဟားဘတ်ရဲ့ အိမ်အပေါ်ဆုံးထပ်ဟာ မြန်မာဧည့်သည်တွေရဲ့ နေရာလို ဖြစ်နေကြောင်း ဦးသော်ကောင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပက်ထရစ်ရှာ ဟားဘတ်ရဲ့ ဘ၀မှာ မြန်မာ ဗုဒ္ဓ၀င် ပုရပိုက်တွေအကြောင်း ဗြိတိသျှ စာကြည့်တိုက်မှာ ပြပွဲ လုပ် စာအုပ်ထုတ်နိုင်ခဲ့တာကို အင်မတန် ဂုဏ်ယူပြီး မြန်မာကျောင်းသားတွေ ပညာရေးအတွက် ကူညီနိုင်တဲ့အတွက်လည်း အလွန် စိတ်ချမ်းမြေ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၁၉၈၈ တ၀ိုက် ပြည်ပရောက် မြန်မာတွေ အခက်အခဲတွေနဲ့ ကြုံလာရင် ပက်ထရစ်ရှာဆီကို ဖုန်းဆက် စာရေး လုပ်ကြကြောင်း သူ့မိတ်ဆွေတွေက ပြန်ပြောင်းပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၂၀၂၁ အာဏာသိမ်းပြီးနောက် သူ့မိတ်ဆွေရင်း ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေချိန်မှာ ပက်ထရစ်ရှာ ကွယ်လွန်ခဲ့ပြီး မြန်မာပြည် ပညာရေး အခက်အခဲ အဆိုးဆုံးကြုံနေရချိန်တကွေ့လည်း ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၁၉၆၀ ကျော်က မြန်မာပြည် တံခါးပိတ်ချိန်မျိုးကို ဒေါ်အောင်ဆန်းစုကြည်တို့လို လန်ဒန်ရောက် မြန်မာကျောင်းသားတွေ ကြုံခဲ့ရသလိုပဲ လက်ရှိ နိုင်ငံတကာရောက်နဲ့ ပြည်တွင်းနေ မြန်မာကျောင်းသားတွေ တွေ့ကြုံနေရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "၂၀၁၀ ကျော်မှာ ပညာရေး တံခါး ခဏ ပွင့်ပြီး ပြည်ပက ပညာရေး အရင်းအမြစ်တွေ မြန်မာပြည်ထဲ စီးဝင်ခဲ့ပေမယ့် ဒီအကူအညီတွေက အာဏာသိမ်းမှုအသစ်အောက်မှာ ပြန်မှေးမှိန်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "ပညာရေး ကောင်း ရဖို့နဲ့ စစ်သားစုဆောင်းမှုကနေ လွတ်ကင်းအောင်လည်း ထောင်နဲ့ချီတဲ့ လူလတ်တန်းစားနဲ့ အထက် မြန်မာလူငယ်တွေ ပြည်ပထွက်ပြီး စာသင်ကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd0245gzl0yo" }, { "text": "မြန်မာတနိုင်ငံလုံး ဗြိတိသျှလက်အောက်ရောက်ပြီး အနှစ် ၄၀ နီးပါးရှိမှ ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကို မိတ်ဆက်ပေးခဲ့တယ်လို့ လူအများ သိကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဗြိတိသျှလက်အောက် မရောက်ခင် ဆယ်နှစ်လောက်က အထက်မြန်မာပြည်မှာ ပါလီမန်စနစ်ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာကိုတော့ သတိမမူမိသလို ဖြစ်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ပါလေမန် ဆိုတဲ့ ဆွေးနွေးပြောဆိုရာလို့ အဓိပ္ပာယ်ရတဲ့ ရှေးပြင်သစ်စကားလုံးက ဆင်းသက်လာတဲ့ ဒီ‌‌‌‌ဝေါဟာရဟာ ‌‌ခုတော့ ကမ္ဘာတလွှားက လွှတ်တော်တွေကို ကိုယ်စားပြုတဲ့ စကားလုံးလို ဖြစ်နေပြီး ဗြိတိသျှပါလီမန်ကိုလည်း ပါလီမန်တို့ရဲ့ မိခင်လို့ ခေါ်စမှတ်ပြုခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "အတိုင်ပင်ခံ သုခမိန်အဖွဲ့နဲ့ ကောင်စီအဖွဲ့ကြီးတွေကနေ အစပျိုး ပေါ်ပေါက်လာတဲ့ အင်္ဂလန်ပါလီမန်မှာ ၁၃ ရာစုကစပြီး အစဥ်အလာ တက်နေကျ ဘုန်းကြီး၊ မှူးမတ်နဲ့ ရဲမက်တော်တွေအပြင် မြေပိုင်ရှင်ကလေးတွေကိုပါ ရွေးကောက်တင်မြှောက်ခွင့် ရလာပြီး ၁၂၉၅ မှာ စံပြပါလီမန်အဖြစ် ပေါ်ထွန်းလာကြောင်း မြန်မာ့စွယ်စုံကျမ်းက ပါလီမန်လွှတ်တော်အကြောင်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "၁၄ ရာစု တတိယအက်ဒွပ်ဘုရင်လက်ထက်ကစပြီး မှူးမတ်တွေနဲ့ မြို့ရွာကိုယ်စားလှယ်တွေ လွှတ်တော်နှစ်ရပ်ခွဲပြီး သီးခြားစည်းဝေးတဲ့ အလေ့ ပေါ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "အင်္ဂလိပ်ပါလီမန်စနစ် အဆင့်ဆင့်ဖွံ့ဖြိုးလာပြီးနောက် အာဏာတွေ တိုးတက်ရရှိလာသလိုပဲ ၁၆၄၂ မှာ ဖြစ်တဲ့ အင်္ဂလန်ပြည်တွင်းစစ်နဲ့ ၁၆၈၈ တော်လှန်ရေးတွေကြောင့်လည်း ဘုရင်တွေနန်းကျ သတ်ဖြတ်ခံရတာတွေ ရှိလာပြီး ပါလီမန်က အချုပ်အချာအာဏာပိုင်တဲ့ အနေအထား ရောက်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "တိုရီနဲ့ ၀ှစ်ဆိုတဲ့ ဗြိတိသျှနိုင်ငံရေးကို ကြီးစိုးမယ့် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်ပါတီတွေ ပေါ်ထွန်းလာသလို အားကောင်းတဲ့ ပါတီက အမတ်ကို ၀န်ကြီးခန့်တဲ့ အစဥ်အလာ ပေါ်ထွန်းလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "မှူးမတ်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော် အာဏာကျလာပြီး ရွေးကောက်ခံအမတ်တွေရဲ့ အောက်လွှတ်တော်က အာဏာပိုရှိလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "၁၈၃၂ ပြုပြင်ရေးဥပ‌ဒေအရ လူလတ်တန်းစားတွေ မဲပေးခွင့်ရလာပြီး အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး စသဖြင့် တစတစနဲ့ မဲပေးခွင့် ပိုရလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "၁၈၇၂ က လန်ဒန်ကို သံတော်ကြီးအဖြစ် သွားခဲ့ရတဲ့ ကင်း၀န်မင်းကြီးဟာ ဗြိတိသျှပါလီမန်ကို လေ့လာခွင့်ရခဲ့ပြီး လန်ဒန်မြို့သွား နေ့စဥ်မှတ် စာတမ်းမှာ ဒီအကြောင်းကို ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "မှူးမတ် ၂ သင်း စည်းဝေးတဲ့ ပါလေမင်း ခေါ် တိုက်ကြီးမှာ တိုင်းကျိုးပြည်ကျိုးနဲ့ စပ်တဲ့စကားတွေကို ဆွေးနွေးကြပုံ၊ သတင်းစာဆရာတွေက ဒီစကားတွေကို မှတ်သားပြီး သတင်းစာမှာ ထည့်သွင်းပုံတွေကို ကင်း၀န်မင်းကြီး ရေးမှတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီမှာ မြင်တွေ့ကြားသိခဲ့သမျှ အုပ်ချုပ်ရေးပုံစံတွေကို မန္တလေးက မှူးမတ်တွေကို ရှင်းပြ‌ပြောဆိုပြီးနောက် မြန်မာပြည်မှာ အလားတူ အုပ်ချုပ်ရေးပြောင်းဖို့ ကင်း၀န်မင်းကြီးတို့အုပ်စု အားကျခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒါကြောင့် သီပေါမင်း နန်းတက်ပြီး မကြာမီ အရှင်နှစ်ပါး ဘိလပ်သွားခရီးစဥ် ပေါ်ပေါက်ရေးအတွက် ပြုပြင်ရေးဂိုဏ်းသားများ လုံးပန်းခဲ့ကြပေမယ့် အရာမထင် ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "အင်္ဂလန်နဲ့ အနောက်တိုင်းရဲ့ တိုးတက်မှုတွေကို မြင်ခဲ့တဲ့ မြန်မာ၀န်ကြီးတွေ အားကျသလို ဘုရင်နဲ့ မိဖုရားကို အားကျစေချင်ပေမယ့် တိုင်တားမင်းကြီးတို့ ရှေးရိုးစွဲအုပ်စုက ဒီခရီးစဥ်ပျက်အောင် ဖျက်ကြောင်း ရွှေဘိုမိမိကြီးက အရှင်နှစ်ပါး ဘိလပ်သွားသင့် မသွားသင့် ဆောင်းပါးမှာ ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီခရီးစဥ်ပျက်အပြီး အုပ်ချုပ်ရေးပြုပြင်ဖို့ ဘုရင်ကို တင်သွင်းတဲ့အနေနဲ့ ကျမ်းပြုဖို့ ကင်း၀န်မင်းကြီး၊ ခမ်းပတ်မင်းကြီး၊ ရေနံချောင်း၀န်ကြီးနဲ့ မြို့သစ်၀န်ထောက်အပါအ၀င် ‌ယောမင်းကြီး ဦးဘိုးလှိုင်တို့ စုဝေးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီလိုရေးလို့ ထီးဘုရားနှလုံးတော်နဲ့ တိုက်မယ် မတိုက်ဘူး စဥ်းစားရခက်ပေမယ့် နောက်ဆုံး အရဲစွန့်ပြီး ဦးဘိုးလှိုင် တာ၀န်ယူကာ ရာဇဓမ္မသင်္ဂဟကျမ်းကို ပြုခဲ့ကြောင်း ရွှေဘိုမိမိကြီးက မဟာလူရည်ချွန် ရွှေပြည်၀န်ကြီး ဦးဘိုးလှိုင် စာအုပ်မှာ ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ကျမ်းကို နှစ်လအတွင်း ပြီးအောင်ရေးပြီး ၁၈၇၈ နို၀င်ဘာလကုန်မှာ သီပေါမင်းဆီ ဆက်သပေမယ့် တင်သွင်းပြီး ရက် ၅၀ အကြာမှာပဲ ရေနံချောင်း၀န်ကြီး၊ မြို့သစ်၀န်ထောက်တို့နဲ့အတူ ဦးဘိုးလှိုင် ရာထူးက ကျပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီလိုအရာကျပေမယ့် ပြုပြင်ရေး အသီးအပွင့်တချို့ ကျန်ခဲ့ကြောင်း ပုဂံ၀န်ထောက် ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "တိုင်းပြည်ကို ၁၄ ဌာန ဝေပုံကျ ခွဲဝေအုပ်ချုပ်တာ အပါအ၀င် အမတ်သုံးစုခွဲပြီး ပါလီမန်ဆန်ဆန် ညီလာခံကျင်းပတာတွေ သီပေါမင်းလက်ထက်မှာ လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဘဏ္ဍာတော်ရန်ပုံငွေစာရင်းဖွင့်ပြီး ဘက်ဂျက်ဆန်ဆန် ဘုရင့်အသုံးစရိတ်နဲ့ တိုင်းပြည်စရိတ်ကို ကန့်သတ်ဖို့ ကြိုးစားတာလည်း ဦးဘိုးလှိုင် အရာကျပြီးနောက်ထိ ကျန်ရစ်ကြောင်း မောင်ထင်ရဲ့ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီလို ပြောင်းလဲဖို့ အားထုတ်ပေမယ့်လည်း ဘုရင်၊ မိဘုရားနဲ့ ရှေးရိုးစွဲအုပ်စုများ မနှစ်လိုတဲ့အတွက် မတည်မြဲဘဲ ပျက်ယွင်းတာတွေလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒါကြောင့် အမတ် ၆၄ ယောက်ပါတဲ့ မှူးမတ်ကြီး၊လတ်၊ ငယ် လွှတ်တော်သုံးရပ်အစည်းအဝေးဟာ သုံးလနဲ့ ရပ်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "နောက်ပြီး ဘုရင့်ဘက်ဂျက်ကိုလည်း စည်းကမ်းမရှိ သုံးစွဲကြတဲ့အတွက် ငွေပြတ်ပြီး နောက်နှစ်အတွက် ကြိုတင် ငွေတောင်းရ ချေးရတာတွေ ဖြစ်တယ်လို့ ပုဂံ၀န်ထောက်က မှတ်တမ်းပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "တခါ အခွန်အကောက်ကို ဘုရင်နဲ့ မိဘုရား ထင်သလို ဖြုန်းတီးဖို့နဲ့ အုပ်ချုပ်ရေးမှာ အိမ်တော်ပါ လူငယ်တွေ ပါနိုင်ဖို့အတွက် စွက်ဖက်တဲ့အတွက် ၁၄ ဌာန အုပ်ချုပ်ရေးဟာလည်း ၉ ဌာန၊ ၁၀ ဌာန စသဖြင့် ပြောင်းလဲ ဖွဲ့စည်းရကြောင်း မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဦးဘိုးလှိုင်ဟာ အင်္ဂလန်နဲ့ အနောက်တိုင်းပြည်ကြီးတွေမှာ ကျင့်သုံးတဲ့ ကုန်သွယ်ဝါဒ၊ ဖီဆီအိုကရေစီမြေယာဘောဂဗေဒ အယူအဆတွေနဲ့ နီးစပ်တဲ့ မြန်မာအစဥ်အလာ သင်္ဂဟတရား ၄ ပါးကို ပြန်လည်ဖော်ထုတ်ကြောင်း စောလဲဘွဲ့ထူးနဲ့ ကျော်ဝင်းက ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီတရားလေးပါးအလိုအရ ပြည်သူဆီက အခွန်ကောက်တာ၊ ၀န်ထမ်းတွေကို လစာဝေငှတာ၊ ကုန်သည်လယ်လုပ်တွေကို အားရှိအောင် စောင်မတာ၊ ချိုသာစွာ ဆက်ဆံတာ စတဲ့ ကုန်ထုတ်ဆက်ဆံရေးကို အားပေးတဲ့ ကျမ်းကို ပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဦးဘိုးလှိုင်နဲ့ ကင်း၀န်မင်းကြီး စတဲ့ မန္တလေးခေတ်သား ပညာရှင်တွေဟာ အနောက်တိုင်းအတွေးသစ်တွေကို ရိုးရာအမြင်တွေနဲ့ ဆက်စပ်တွေးခေါ်ပြီး အသိသစ် အမြင်သစ်ရအောင် အားထုတ်ကြကြောင်း လန်ဒန်တက္ကသိုလ်က အာရှနဲ့ စစ်သမိုင်း ပါမောက္ခ မိုက်ကယ်ချာလ်နေရဲ့ အာဏာစွမ်းနဲ့ လေ့လာခြင်း စာအုပ်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒါကြောင့် အပရိဟာနိယတရားဆိုတဲ့ ပိဋကတ်တော်လာ စည်းဝေးခြင်း၊ အညီအညွတ်ဆောင်ရွက်ခြင်း၊ ဥပဒေပညတ်အုပ်ချုပ်ခြင်း ဆိုတဲ့ ဒီမိုကရေစီသဘောပါတဲ့ တိုးတက်ရေးတရားကို ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဦးဘိုးလှိုင် ထည့်သွင်းသုံးစွဲခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဒီလို မြန်မာ့ရေမြေနဲ့ ဆီလျော်အောင် အားထုတ်ပေမယ့် ဦးဘိုးလှိုင်ရဲ့ ကျမ်းကို ပါတော်မူပြီး နှစ် ၃၀ ကြာမှ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဗြိတိသျှခေတ်မြန်မာပြည်မှာ ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကို မိတ်ဆက်ပေးပေမယ့် လူမျိုးရေး သဟဇာတမဖြစ်မှု၊ စီးပွားရေး လူမှုရေး နိမ့်ကျမှုတွေကြောင့် လွတ်လပ်ရေးရတဲ့အချိန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဒီမိုကရေစီစနစ်က နာမည်ခံပဲ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "နယ်တွေမှာ လူသတ်လုယက်နေသူတွေက ငွေလက်နက်နဲ့ ခြိမ်းခြောက်ပြီး အမတ်ဖြစ်နေကြတဲ့အတွက် လွတ်လပ်ရေးခေတ် ဒီမိုကရေစီဟာ မတည်မြဲတာလို့လည်း ၀န်ကြီးဟောင်း ဦးထွန်းဖေရဲ့ အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "၁၉၆၂ အလွန်မှာတော့ စစ်ဗျူရိုကရက်စနစ်ရဲ့ ဖိစီးမှုကြောင့် အရပ်သားအုပ်ချုပ်ရေး မှေးမှိန်ပြီး ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "မြန်မာပြည်မှာ ပဒေသရာဇ်စနစ်မပျောက်လို့ အာဏာရရင် ဘုရင်စိတ်၀င်သူတွေများလို့ ဒီမိုကရေစီအမြစ်မတွယ်တာ ဆိုပြီး ဦးထွန်းဖေ ရေးခဲ့တဲ့အတိုင်း မြန်မာပြည်မှာ ပဒေသရာဇ်စနစ်ပျောက်အောင် ၁၈၇၀ ကျော်ကတည်းက ကြိုးပမ်းခဲ့ကြပေမယ့် ပါလီမန်ဒီမိုကရေစီစနစ်၊ လွတ်လပ်တဲ့ သတင်းစာလောက၊ ခေတ်မီအုပ်ချုပ်ရေး စတာတွေ အမြစ်မတွယ်နိုင်ဘဲ စစ်အစိုးရ၊ စစ်ဘုရင်ဝါဒနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေသာ ပဒေသရာဇ်ခေတ်ကအတိုင်း ကျန်နေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "မူလဘူတဥပဒေခေါ် အခြေခံဥပ‌ဒေနဲ့ ပါလီမန်ကဲ့သို့ အစည်းအဝေးလုပ်ရန် စီမံမယ့် ဦးဘိုးလှိုင်လို မြန်မာပညာတတ်တွေလည်း အာဏာပြိုင်အုပ်စုတွေကြားက အာဏာနဲ့ ငွေကြေးရင်းမြစ်ပြဿနာကို မဖြေရှင်းနိုင်သရွေ့ ရှေ့တလှမ်းတက်နိုင်မယ့်ပုံ မရှိသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဦးဘိုးလှိုင်ခေတ်ကလိုပဲ ဘုရင်စနစ်ဖိနှိပ်မှုကို မခံနိုင်လို့ ဗြိတိသျှအောက်မြန်မာပြည်ကို ဆင်းပြေးကြတဲ့ အညာသားတွေနေရာမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပြည်ပထွက်ခွာကြတဲ့ အလွှာစုံက မြန်မာနိုင်ငံသားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "ဦးဘိုးလှိုင်ခေတ်ကလိုပဲ ပညာရှင်စကားကို နားမ၀င်တဲ့ အာဏာကိုင်အုပ်စုတွေကို ၂၁ ရာစု မြန်မာပြည်မှာ ဆက်တွေ့ရသလို ဆင်းရဲခေတ်နောက်ကျခြင်း၊ မလုံခြုံခြင်း၊ ညီညွတ်မှုပြိုကွဲခြင်းကြောင့် ပြည်ပလွှမ်းမိုးမှု ကြုံရတဲ့ အနေအထားမျိုးကိုလည်း မြန်မာပြည်ထောင်စုမှာ ဆက်လက်ရင်ဆိုင်နေရပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "'လောက၌ အလုပ်ကိစ္စများ ဆောင်ရွက်ရာတွင် အစိုးရပင် ဖြစ်စေကာမူ ထိုက်တန်လောက်အောင် ပေး၍ မခိုင်းလျှင် မည်သည့်အရာကိုမျှ နေရာကျအောင် ပြုလုပ်မည့်သူမရှိ။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "အကယ်၍ အစိုးရ၏ ဂုဏ်အာဏာနှင့် နှိပ်စက်၍ ခိုင်းလျှင် လှန်ပြန်နိုင်က လှန်ပြန်လိမ့်မည်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "မလှန်ပြန်နိုင်လျှင် ထွက်ပြေးတိမ်းရှောင်လိမ့်မည်' ဆိုတဲ့ ဦးဘိုးလှိုင်ရဲ့ သတိပေးစကားက နှစ် ၁၅၀ နီးပါး ကြာတဲ့အထိ မြန်မာပြည်မှာ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cprqj4jqzd0o" }, { "text": "အောက်တိုဘာလကို ပထမဆုံး မြန်မာ ဆိုက်ဘာ လုံခြုံရေးလ အဖြစ် သတ်မှတ်ပြီး ဆိုက်ဘာ လုံခြုံရေး အကြောင်းအသိပညာပေးတာတွေကို တစ်လကြာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒီအစီအစဉ်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဦးစီးဌာန လက်အောက်ရှိ ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာ သတင်းအချက်အလက် လုံခြုံရေး အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီ တို့က ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "၂ဝ၁၁ ခုနှစ် သမ္မတဟောင်း ဦးသိန်စိန် အစိုးရလက်ထက်မှာ ဆင်းမ်ကဒ် စျေးနှုန်း တွေကို လျှော့ချခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက် လာပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒီလိုအသုံးပြုမှုမြင့်လာတာနဲ့ အမျှ စမတ်ဖုန်းကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အပလီကေးရှင်းတွေ၊ လူမှုကွန်ရက် မီဒီယာ အသုံးပြုတဲ့သူတွေ ပိုမို များပြား လာခဲ့ ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "တချို့ဆိုရင် အချိန်အတော်များများကို အွန်လိုင်းပေါ်မှာ အသုံးပြုလာပါ တယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါကြောင့် မိမိသုံးနေတဲ့ မိုဘိုင်းဖုန်းအပါအဝင် ကိုယ့်ရဲ့ အချက်အလက်တွေကို မပေါက်ကြားစေနိုင်အောင် ထိန်းသိမ်းဖို့ အများပြည်သူ အကြား ဆိုက်ဘာ လုံခြုံရေးက အရေးကြီးတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာလုံခြုံရေးလမှာ ဘာတွေ လုပ်သွားမှာလဲ။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါ့အပြင် အွန်လိုင်းမှာ ငွေလွှဲ စျေးဝယ်တာတွေ လုံခြုံ စိတ်ချစွာနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာလုံခြုံရေးဆိုတာ ဘာလဲ အခြေခံအားဖြင့် ဟတ်ဒ်ဝဲလ်၊ ဆော့ဖ်ဝဲရ်နဲ့ အီလက်ထရောနစ် အချက် အလက်တွေ အခိုးမခံရအောင်၊ မပျက်စီးသွားအောင် ကွန်ပျူတာ စနစ်ကို ကာကွယ်တာ ဖြစ်ပြီး အွန်လိုင်းမှာ လုံခြုံအောင် နေတာက ဆိုက်ဘာ လုံခြုံရေးရဲ့ အခြေခံ ဖြစ်တယ်လို့ နည်းပညာ ကျွမ်းကျင်တဲ့ ပညာရှင်တွေက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ကျွန်တော်တို့ နိုင်ငံက ကွန်ပျူတာထက် မိုဘိုင်းဖုန်းသုံးတာ များတဲ့နိုင်ငံ ဖြစ်တဲ့ အခါမှာ မိုဘိုင်းဖုန်းမှာ ကျွန်တော်တို့ အားလုံးက နိစ္စဓူဝ သုံးတဲ့ ဝန်ဆောင်မှုတွေ အများဆုံးရှိပါတယ်၊ အဲဒီထဲမှာ ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်၊ အရင်က ဘဏ်ကို သွားတယ်၊ အခုက သွားစရာမလိုတော့ဘူး၊ ဖုန်းထဲကနေ အားလုံး ကြည့်လို့ရပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒီအတွက် ကိုယ့်ရဲ့ဖုန်းတွေ ကိုယ့်ရဲ့ ကွန်ပျူတာတွေ အရေးကြီးပါတယ်၊ အဲဒီအခါမှာလည်း လုံခြုံရေးဆိုတာလည်း အရေးကြီးတယ်၊ ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရဲ့ လိုအပ်တဲ့ အချက် အလက် တွေ မပေါက်ကြားအောင် အရေးကြီးတယ်။ လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "အင်တာနက်၊ ကွန်ပျူတာတွေ၊ လူမှုကွန်ရက်တွေ အသုံးပြုတဲ့အခါ အသုံးပြုတဲ့ သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အွန်လိုင်းကနေ တဆင့် ခိုးယူမခံရ အောင် ကာကွယ်နိုင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာတွေက အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "နောက်တခု ကျွန်တော်တို့က ဆိုရှယ်မီဒီယာပေါ့၊ လူမှုကွန်ရက်တွေမှာ သုံးတဲ့ အခါမှာလည်း ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးကူးသွားလို့ရှိရင် မဖြစ်သင့်တဲ့ ရာဇဝတ်မှု တွေ ဖြစ်တယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါကြောင့် ဘာပဲသုံးသုံး လုံခြုံရေးက ရှိဖို့လိုတယ်၊ ဒီအတွက် ဆိုက်ဘာ လုံခြုံရေးဆိုတာ ဒါမျိုးတွေကို နားလည်အောင်လုပ်ဖို့ ပြောတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ကမ္ဘာတဝန်းမှာ ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေနေရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ သန်းထောင်နဲ့ ချီ ဆုံးရှုံးနေရတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု က ပြုလုပ်ခဲ့တဲ့ လေ့လာချက် တခုမှာ တွေ့ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "မြန်မာနိုင်ငံမှာ ဆိုက်ဘာ လုံခြုံရေးနဲ့ပတ်သက်ရင်တော့ လူထုတွေ အကြားထဲမှာ အသိပညာအတော် နည်းပါးနေတာကို တွေ့ရပေမယ့် လူမှု စီးပွားရေးအလွှာ အမျိုးမျိုးက လူတွေကတော့ စမတ်ဖုန်းသုံးတာ လူမှုကွန်ရက် အသုံးပြုတာကို အလျင်အမြန် လေ့လာနိုင်တာကြောင့် ပြည်သူတွေရဲ့ အသိပညာက အလျင်အမြန် သိရှိနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာလုံခြုံရေးရှိစေဖို့ ဖုန်းအသစ် ဝယ်တဲ့အခါ အသစ်ဖြစ်ဖို့က အစ သတိထားဖို့ လိုတယ်လို့ ဒေါက်တာ ထွန်းသူရသက်က သတိပေး ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒီအတွက် ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေ လူထုတွေ ကျယ်ကျယ်ပြန့် ပြန့်နားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "လက်ရှိမြန်မာမှာ မြန်မာ သတင်း အချက်အလက် လုံခြုံရေး အဖွဲ့အစည်းတွေ အဖွဲ့တွေဖွဲ့ပြီး နိုင်ငံထဲက ကွန်ပျူတာ ကျွမ်းကျင်သူတွေက ဆိုင်ဘာလုံခြုံရေးကို အာရုံစိုက်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဝက်ဆိုဒ်မှာ ဖျက်ပြီးတော့ ရေးတာ၊ သူများ ဝက်ဆိုဒ်ကို ထိန်းချုပ်တာ အဲဒီလိုမျိုး ဟာတော့ ရှိကြတာပေါ့၊ ဒါပေမဲ့ တကယ့်ကြီးမားတဲ့ တိုက်ခိုက်မှုတော့ မရှိသေးဘူး၊ ဒီမှာလည်း ကျွမ်းကျင်တဲ့သူတွေက သူတို့က လူဆိုးတွေ မဟုတ်ဘူး၊ အကုန်လုံး လူကောင်းတွေ ဖြစ်နေကြတာက ကာကွယ်တဲ့ အပိုင်းကို လုပ်နေကြတာရှိတယ်၊ အသေးအဖွဲတွေတော့ ရှိတယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "မြန်မာနိုင်ငံမှာ ဆိုက်ဘာနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေက စနေပြီ ဖြစ်ပေမယ့် အရမ်း အဆင့်မြင့်တဲ့ ရာဇဝတ်မှုတွေတော့ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာ လုံခြုံရေးနဲ့ မြန်မာနိုင်ငံ အလားအလာ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းတွေမှာ ဆိုက်ဘာ လုံခြုံရေးက အခြေခံအဆောက်အဦ ဖြစ်ပြီး မရှိမဖြစ် လိုအပ်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါကြောင့် ဒစ်ဂျစ်တယ် အကြောင်း တတ်သိနားလည်ဖို့ကလည်း အရေးပါလာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာအနိုင်ကျင့်မှုတွေ အမုန်းစကားတွေ အပြင် အွန်လိုင်းကနေ စျေးရောင်းစျေးဝယ်တွေလုပ်ရင်လည်း အလိမ်ခံရတာတွေရှိ တာကြောင့် ဒါက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ဒီအဖွဲ့က ထောက်ပြပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါပေမဲ့ ဆိုက်ဘာလုံခြုံရေးကို နားလည်နိုင်မယ့် လှုပ်ရှားမှုတွေ အွန်လိုင်းအသုံးပြုတဲ့ အပြုအမှုတွေအကြောင်း ဆွေးနွေးမှုတွေ အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုက်ဘာလုံခြုံရေးကို အလေးထား ဦးစားပေးတာတွေက အနာဂတ် ဆိုင်ဘာလုံခြုံရေး အတွက် တောက်ပတဲ့ အလားအလာလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ပြင်သစ်လူစွန့်စား ဖရန်ကီ ဇပါတာဟာ သူတီထွင်တဲ့ ဂျက်အင်ဂျင်စက်တပ် မိုးပျံဘုတ်ပြားကို လေပေါ်ပျံဝဲ စီးနင်းပြီး ပြင်သစ်ကမ်းဘက်ကနေ အင်္ဂလန် ကမ်းဘက်ထိ ရောက်အောင် ပင်လယ် ရေလက်ကြားကို အောင်အောင်မြင်မြင် ကျော်ဖြတ် ခဲ့ပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဒါဟာ မိုးပျံဘုတ်ပြား သက်သက် စီးနင်းပြီး အင်္ဂလိပ်ရေလက်ကြားကို ပထမဆုံး အကြိမ် အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "မစ္စတာ ဇပါတာဟာ ၂၂ မိုင် အကွာအဝေးကို ၂၂ မိနစ်ကြာ ပျံသန်း ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဒီခရီးစဉ်အတွင်း သူရဲ့ မိုးပျံဘုတ်ပြားဟာ တစ်နာရီကို ၁ဝ၆ မိုင် နှုန်း အထိ ရောက်ခဲ့တယ်လို့ မစ္စတာ ဇပါတာက ခရီးစဉ် အဆုံးမှာ သတင်းထောက်တွေကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဖရန်ကီ ဇပါတာဟာ မိုးပျံဘုတ်ပြား တီထွင်ထားတာ ၃ နှစ် ရှိပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "မစ္စတာ ဇပါတာရဲ့ အဲဒီ မိုးပျံဘုတ်ပြားကို လူတွေ စတင် သတိထားမိခဲ့တာ ပြီးခဲ့တဲ့လ ပဲရစ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ပြင်သစ် အမျိုးသားနေ့ အခမ်းအနားလို့ ပြောနိုင်တဲ့ ဘာ့စတီးလ်နေ့ ချီတက်ပွဲမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဘာ့စတီးနေ့ စစ်ရေးပြပွဲထဲ မစ္စတာ ဇပါတာလည်း မိုးပျံဘုတ်ပြား စီးနင်းရင်း ပါဝင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဒီ နည်းပညာကနေ စစ်ဘက်သုံး ထောက်ပံ့ရေး ဆိုင်ရာ လုပ်ငန်းတွေ သာမက၊ တိုက်ခိုက်ရေး ဘက်မှာပါ အသုံးချဖို့ အထိ ဖြစ်လာနိုင်တယ် ဆိုပြီး ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့် ပါလေက ပြင်သစ် အင်တာရေဒီယိုနဲ့ မေးမြန်းခန်းမှာ ပြောထားဖူးပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဖရန်ကီ ဇပါတာဟာ ဂျက်စကီးလို့ ခေါ်တဲ့ ဂျက်အင်ဂျင်တပ် မြန်နှုန်းမြင့် မော်တော်ဘုတ်မောင်း ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့သူပါ။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အခုဆိုရင် သူဟာ အသက် ၄ဝ ရှိပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "မိုးပျံဘုတ်ပြားနဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပျံဖို့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း ပထမတစ်ကြိမ် ကြိုးစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အဲဒီတုန်းကတော့ မအောင်မြင် ခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဘုတ်ပြားရဲ့ အင်ဂျင်စက်ကို လောင်စာဆီ ဖြည့်တင်းဖို့ရာ လွယ်ထားတဲ့ ကျောပိုးအိတ်ထဲ ပါတဲ့ လောင်စာဆီနဲ့ မလုံလောက်တဲ့ အတွက် နောက်ထပ် ကျောပိုးအိတ်တစ်ခု ရယူဖို့ လိုအပ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အဲဒီ လောင်စာဆီ ကျောပိုးအိတ် ရှိနေတဲ့ သင်္ဘောငယ် ရှိရာ မရောက်ခင်မှာပဲ မစ္စတာ ဇပါတာဟာ ပင်လယ်ပြင်ထဲ ပြုတ်ကျခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အခု တစ်ကြိမ်မှာတော့ လောင်စာဆီ ဒုတိယအိတ် တင်ထားတဲ့ သင်္ဘောကို ပိုပြီး အရွယ်အစား ကြီးကြီး အသုံးပြုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အခုတစ်ကြိမ် မစ္စတာ ဇပါတာ ပျံသန်းနေတုန်းမှာ ဝေဟင်ထက် ရဟတ်ယာဉ် ၃ စင်းလည်း မလှမ်းမကမ်းမှာ အတူလိုက်ပါ ပျံသန်း ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဒီ တစ်ကြိမ် အောင်မြင်သွားတဲ့ အခါ မစ္စတာ ဇပါတာဟာ မျက်ရည်ကျတဲ့ အထိ ဝမ်းသာတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ဒါ သမိုင်းဝင် ဖြစ်ရပ် ဟုတ်မဟုတ် ဆိုတာ ကျနော်က အဆုံးအဖြတ် ပေးရမှာ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အချိန်က စကားပြောသွားမှာ ဖြစ်တယ်လို့ မစ္စတာ ဇပါတာက သတင်းထောက်တွေကို ပြောသွားပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "ကမ္ဘာပေါ်က သက်ရှိတွေ အနေနဲ့ ကမ္ဘာဂြိုဟ်အပြင်ဘက်က နေရာတွေမှာ သွားရောက် အခြေချနိုင်ဖို့ ဆိုတာဟာ အာကာသယာဉ်ကုမ္ပဏီ ထူထောင်ရာမှာ အခြေခံတဲ့ ခံယူချက် တခုဖြစ်ပြီး ကမ္ဘာပေါ်က လူတွေ မျိုးတုန်းသွားနိုင်လောက်အောင် ကြီးမားတဲ့ ဥက္ကာခဲတွေ ကမ္ဘာကို တိုက်မိနိုင်ခြေ အပါအဝင် လူသားတွေ ကြုံရနိုင်တဲ့ ကမ္ဘာ့ပြင်ပ ခြိမ်းခြောက်ခံရမှုတွေက လွတ်နိုင်အောင်လို့လည်း ရည်ရွယ်ရင်း ရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ ထိပ်ပိုင်းရဲ့ အောက်က မီတာ ၇၀ (ပေ ၂၃၀) ရှိတဲ့ အပိုင်းကတော့ ဒုံးပျံ အပိုင်းလို့ ဆိုနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ အပိုင်းမှာ ဒုံးပျံလောင်စာတွေဖြစ်တဲ့ မီသိန်းဓာတ်ငွေ့အရည် နဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည် တို့က အင်ဂျင်တွေအတွက် လောင်စာပေးဖို့ သိုလှောင်မှာဖြစ်ပြီး တန် ၃၄၀ဝ ဆန့်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ဒုံးပျံမှာပါမယ့် အင်ဂျင်တွေဟာ ကမ္ဘာ့ ဆွဲငင်အားကို လွန်ဆန်ပြီး တန် ၁၀ဝ ကနေ တန် ၁၅၀ အထိ တွန်းတင်ပေးနိုင်မယ့် တွန်းကန်အား ရှိမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အခုလို မီသိန်းနဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည်တွေကို လောင်စာအဖြစ် ရွေးချယ်ရတာဟာ ဒီဓာတ်ငွေ့တွေကို အင်္ဂါဂြိုဟ် မျက်နှာပြင် အပေါ်ပိုင်းမှာရှိတဲ့ ရေနဲ့ ဂြိုဟ်ပေါ် လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ကနေ ပြန်လည် ထုတ်လုပ်နိုင်တာကြောင့်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အခုလို ပြန်ဆင်းသွားတဲ့ ဒုံးပျံအပိုင်းကို နောက်ထပ် အာကာသယာဉ် အပိုင်းတွေ လွှတ်တင်ရာမှာ ပြန်လည် အသုံးပြုနိုင်အောင် စီမံထားပြီး ပုံမှန်အားဖြင့် အာကာသယာဉ် လွှတ်တင်မှုတွေမှာ အခုလို ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားတဲ့အပိုင်းက ပြန်သုံးမရတော့ပဲ လောင်ကျွမ်း ပျက်စီးသွားလေ့ရှိတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အခုလို ကမ္ဘာ့ဆွဲငင်အားကို လွန်ဆန်ပြီး တွန်းတင်ပေးတဲ့ ဒုံးပျံအပိုင်းကို မြေပေါ်ပြန်အကျမှာ အင်ဂျင် စွမ်းအင်နဲ့ ပြန်ထိန်းတာ မလုပ်ဘဲ လွှတ်တင်လိုက်တဲ့ စင်ကနေပဲ ကျလာတဲ့ ဒုံးပျံအပိုင်းကို ပြန်ဖမ်းထားတဲ့ လက်တံ တပ်မယ့် ပုံစံလည်း စဉ်းစားနေတယ်လို့ အီလွန် မတ် (စ်က်) က တွစ်တာမှာ လတ်တလော ပြောဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "တစ်ချိန်တည်းမှာပဲ ဒုံးပျံက တွန်းတင်ပေးလိုက်တဲ့ အာကာသယာဉ် အပိုင်းကတော့ အောက်ပြန် မကျနိုင်တော့တဲ့ ကမ္ဘာပတ်လမ်း အမြင့်လောက်အထိပဲ ရောက်ဦးမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ အာကာသယာဉ်က ကမ္ဘာကို ပတ်နေမယ့် ဂြိုဟ်တု အသွင် အနေအထား ရောက်သွားပြီ ဆိုရင် အင်္ဂါဂြိုဟ်ဆီကို ဆက်သွားဖို့အတွက် လောင်စာ ထပ်ဖြည့်ရဦးမယ့် အဆင့်လည်း ကျန်ပါသေးတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ဒီလို လောင်စာဖြည့်တယ်ဆိုတဲ့ အဆင့်ဟာ တကယ်တမ်းတော့ ကမ္ဘာပတ်လမ်းထဲမှာ လွှတ်တင်ထားနှင့်ပြီးသား ဖြစ်တဲ့ ဒုံးပျံနောက်တခုနဲ့ ချိတ်ဆက်တာကို ဆိုလိုတာဖြစ်ပြီး အဲဒီ နောက်ထပ် ဒုံးပျံတခုရဲ့ တွန်းအားနဲ့အတူ အင်္ဂါဂြိုဟ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ အခန်းတခန်းစီမှာ လူ ခြောက်ယောက်အထိ လိုက်နိုင်မှာ ဖြစ်ပေမယ့် တခန်းကို အများဆုံး သုံးယောက်လောက် နှုန်းနဲ့ပဲ လက်ခံပြီး လူ ၁၀၀ ဝန်းကျင် တင်သွားနိုင်ဖို့ လုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ အာကာသယာဉ်အပိုင်းမှာ လူနေခန်း ၄၀ အပြင် အများဆိုင် နားနေခန်းတွေ၊ ဝန်တင်ဖို့ နေရာတွေနဲ့ မီးဖိုချောင်တခု အပြင် နေရောင်ခြည် မုန်တိုင်းလို့ခေါ်တဲ့ နေမျက်နှာပြင်ပေါ်ကနေ ရုတ်တရက် လျှပ်စစ်ဓာတ်ပါတဲ့ အမှုန်တွေ အာကာသထဲ ဝေးဝေးလံလံအထိ ထုတ်လွှတ်မှုဒဏ်ကို ခိုလှုံဖို့ အခန်းကြီးတခန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ဒီနည်းလမ်းကို အသုံးပြုပြီး အထောင် ဆင်းနိုင်လောက်အောင် ညီညာတဲ့ ဘယ်လို ဂြိုဟ်ရဲ့ မျက်နှာပြင်မျိုးမှာ မဆို ရအောင် ဆင်းသက်နိုင်ခြေ ရှိတယ်လို့ မစ္စတာ မတ်စ်ခ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အခုလို ဆင်းမယ့် နည်းလမ်းဟာ ကမ္ဘာ့လေထုရဲ့ သိပ်သည်းမှု ခုခံအားကို အဓိကထား အသုံးပြုတာ ဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ် ဆင်းနိုင်ခြေ နည်းတာက အဓိက အားနည်းချက်လို့လည်း ဆိုနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အခုလို ကမ္ဘာပေါ်ကို ဆင်းသက်ရာမှာ ယာဉ်ပျံရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာရှိတဲ့ လှုပ်ရှား ထိန်းညှိနိုင်တဲ့ ငါးဆူးတောင်သဖွယ် အပြားတွေကို အသုံးပြုမှာ ဖြစ်ပြီး လေယာဉ်ပေါ်က ခုန်ချပြီး လေဟုန်စီးသူတွေက လက်နဲ့ ခြေထောက်တွေကို လှုပ်ရှား ထိန်းညှိပြီး လိုရာ ရွေ့လျားပုံမျိုးနဲ့ အလားသဏ္ဍန် တူပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ စမ်းသပ်မှုမှာတော့ အမြင့် ၁၂.၅ ကီလိုမီတာ (ပေ လေးသောင်းကျော်) အမြင့်အထိ စမ်းသပ် ပျံသန်းနိုင်ခဲ့ပေမယ့် ပြန်အဆင်းမှာ ကျလာတဲ့ အမြန်နှုန်းများသွားတဲ့အတွက် ယာဉ်ပျံက အထောင်အနေအထားနဲ့ မြေပြင်နဲ့ ပြန်အထိမှာ ပေါက်ကွဲသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ကမ္ဘာပေါ်မှာ လူတွေ သွားလာလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ထက် အများကြီးပိုပြီး နေရောင်ခြည်က စွမ်းအင် ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒါပေမဲ့ လူတွေ အနေနဲ့ နေက ပေးသလောက် စွမ်းအင်အကုန်လုံးကို အပြည့်အဝ အသုံးချနိုင်စွမ်း မရှိသေးဘူးလို့ ကိန်းဘရစ်(ဂျ်) တက္ကသိုလ်က စွမ်းအင်နဲ့ တာရှည်ခံ အသုံးချနိုင်ခြင်းဆိုင်ရာ ပါမောက္ခ အာဝင် ရိုက်စနာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "သူဟာ အခုလို ကမ္ဘာ့လေထုထဲမှာ အခမဲ့ရနေတဲ့ နေစွမ်းအင်ကို အပြည့်အဝ ပြန်သုံးနိုင်ဖို့လုပ်နေတဲ့ သုတေသနအဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "နေရောင်ခြည်က ဘယ်လိုစွမ်းအင်တွေ ထုတ်လုပ်နိုင်သလဲ လတ်တလော ကာလမှာ နေရောင်ခြည်စွမ်းအင်ကို ဖမ်းယူအသုံးပြုနိုင်တဲ့ ဆိုလာပြားထုတ်တဲ့ နည်းပညာတွေ ကြီးကြီးမားမား တိုးတက်လာတဲ့အပြင် ဈေးချိုချိုနဲ့ စွမ်းအင်များများ စုပ်ယူလာနိုင်တယ် ဆိုပေမယ့်လည်း အဲဒီကနေ လျှပ်စစ်စွမ်းအင်ကိုသာ ထုတ်လုပ်နိုင်သေးပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "လက်ရှိကာလမှာ ရေနံ အစရှိတဲ့ အရည်အသွင် သိုလှောင်ထားလို့ရတဲ့ လောင်စာ စွမ်းအင်လိုအပ်ချက်က ကြီးမားနေသေးတဲ့အတွက် နေရောင်ခြည်စွမ်းအင်ကို ဆိုလာပြားကတဆင့် လျှပ်စစ်ထုတ်တာထက်ပိုပြီး အသုံးချနိုင်အောင် လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "တကမ္ဘာလုံးရဲ့ လက်ရှိ စွမ်းအင်အသုံးပြုမှု အချိုးအစားကို ကြည့်မယ်ဆိုရင် လျှပ်စစ်စွမ်းအင်က ၂၀-၂၅ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒါကြောင့် ဆိုလာပြားတွေကနေ အဲဒီ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဆိုရင် နောက်ထပ် ဘယ်လိုစွမ်းအင် ထုတ်လို့ရသလဲ ဆိုတာကို စဉ်းစားရှာဖွေသင့်တယ်လို့ ပါမောက္ခ ရိုက်စနာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အပင်တွေဟာ နှစ်သန်းပေါင်းများစွာ ဆင့်ကဲဖြစ်စဉ်နဲ့အတူ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို ဘယ်လိုစုပ်ယူ သိုလှောင် အသုံးပြုရမယ်ဆိုတာကို လေ့လာသင်ယူထားတယ်လို့ ပြောနိုင်တဲ့အတွက် အပင်တွေရဲ့ အလုပ်လုပ်ပုံကို အများကြီး အတုယူလို့ရတယ်လို့လည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အပင်တွေဟာ အမြစ်က စုပ်ယူလိုက်တဲ့ ရေနဲ့၊ လေထဲကပဲ စုပ်ယူလိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်လို ကုန်ကြမ်းတွေကို ရပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အဲဒီကနေ သူတို့ကြီးထွားဖို့လိုတဲ့ ကုန်ချော ကစီဓာတ်အဖြစ် ပြောင်းနိုင်အောင် နေရောင်ခြည်စွမ်းအင်ကို အရွက်တွေကတဆင့် စုပ်ယူ အသုံးပြုတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အပင်တွေရဲ့ နေရောင်ခြည်စွမ်းအင် စုပ်ယူပုံကို အတုယူရာမှာ သူတို့လိုပဲ ကစီဓာတ် လိုက်ထုတ်လို့ရတယ်ဆိုပေမယ့် ဒီလိုမထုတ်ဘဲ လူတွေအတွက် ထိထိရောက်ရောက် အသုံးပြုလို့ရမယ့် စွမ်းအင်တမျိုးမျိုး ထုတ်လို့ရအောင် လုပ်နိုင်တယ်လို့ ပါမောက္ခ ရိုက်စနာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "တကယ်တမ်း အပင်တွေရဲ့ နေရောင်ခြည်ကို စွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်တဲ့ ပမာဏကလည်း ထိထိရောက်ရောက် မရှိလှဘဲ ရနိုင်တဲ့ စွမ်းအင်ရဲ့ တစ် ဒါမှမဟုတ် နှစ် ရာခိုင်နှုန်းလောက်ကိုပဲ သူတို့အတွက် ကစီဓာတ်ရအောင် စုပ်ယူ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "လူတွေကလည်း အလားတူ နေရောင်ခြည်သုံးပြီး ကစီဓာတ်လိုက်ထုတ်မယ်ဆိုရင် ရနိုင်တဲ့ စွမ်းအင်ရဲ့ ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းကြား စုပ်ယူထုတ်လုပ်နိုင်မှ ထုတ်လုပ်စရိတ်နဲ့ ပြန်ကာမိမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက လေ့လာ ဆုံးဖြတ်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ပါမောက္ခ ရိုက်စနာနဲ့အဖွဲ့ကတော့ နေရောင်ခြည်ကနေ စွမ်းအင်အမျိုးမျိုး ထုတ်ကြည့်ဖို့ ကြိုးစားနေပြီး အဲဒီအထဲမှာ နေရောင်ခြည်ရဲ့ အကူအညီနဲ့ ရေကို ဓာတ်ပြောင်း အကူ အင်ဇိုင်း ဒြပ်တွေ အသုံးပြုပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင် ခွဲထုတ်ခြင်းအားဖြင့် အဓိက ဟိုက်ဒရိုဂျင် လောင်စာရအောင် ထုတ်လုပ်တဲ့ နည်းလမ်းလည်း ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒါပေမယ့် ဟိုက်ဒရိုဂျင် ထိထိရောက်ရောက် ထုတ်နိုင်ဖို့တော့ ခက်ခဲနေသေးပြီး ဓာတ်ငွေ့အဖြစ် ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ကို သိုလှောင်ဖို့ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "သူတို့အဖွဲ့ရဲ့ လတ်တလော စမ်းသပ်မှုကတော့ ရေရယ်၊ လေထဲကရတဲ့ နေရောင်ခြည်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ရယ်တို့ကို အောက်စီဂျင်နဲ့ ဖောမစ် အက်ဆစ် အဖြစ် အသွင်ပြောင်းပေးနိုင်တဲ့ စက်ငယ်တခု ဖန်တီးမှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အဲဒီ အောက်စီဂျင်နဲ့ ဖောမစ် အက်ဆစ်တို့ ပေါင်းလိုက်ရင် စွမ်းအင် ပါဝင်မှုနှုန်းမြင့်တဲ့ အရည်အသွင် သိုလှောင်ထားနိုင်တဲ့ လောင်စာစွမ်းအင် တမျိုးရမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ပါမောက္ခ ရိုက်စနာနဲ့ အဖွဲ့တို့ ဖန်တီးထားတဲ့ အဲဒီစက်ကို ရေ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ နေရောင်ခြည်ဖမ်းယူတဲ့ စက်ပြားတခုတို့ ပေါင်းစပ်ဖွဲ့စည်းထားပြီး ဝင်လာတဲ့ နေရောင်ခြည်ဟာ အဲဒီစက်ပြားကို အီလက်ထရွန်တွေ ထုတ်လုပ်စေခြင်းအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့တကွ ရေထဲက ပရိုတွန်တို့ ပူးပေါင်းသွားပြီး နောက်ဆုံးမှာ ဖောမစ်အက်ဆစ် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အဲဒီ စက်အပြားကို စက္ကူလောက်ပါးတဲ့ အလွှာပါးလေးတွေနဲ့ ဖွဲ့စည်းထားပြီး ဒီစက်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား အဆင့်မြှင့်နိုင်ခဲ့တာကတော့ သူ့ကိုမောင်းနှင်ဖို့အတွက် သီးခြားစွမ်းအင် ထောက်ပံ့ပေးထားစရာ မလိုတဲ့အပြင် ဖောမစ်အက်ဆစ် ထွက်လာအောင် ကူညီပေးရမယ့် အင်ဇိုင်းဒြပ်တွေ ထပ်ထည့်ပေးစရာလည်း မလိုတဲ့အထိ တိုးချဲ့ တီထွင်နိုင်ခဲ့တာပဲ ဖြစ်တယ်လို့ ပါမောက္ခ ရိုက်စနာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အပင်တွေကို အတုယူပြီး နေရောင်ခြည်က စွမ်းအင်ထုတ်လုပ်ရာမှာ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့ကြားက ဒီလိုထုတ်လုပ်မှုအတွက် အမေရိကန် စွမ်းအင်ဝန်ကြီးဌာနလို နိုင်ငံကြီးတခုက နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံမှု ရှိနေပြီး ငါးနှစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းတရာ (ပေါင်ငွေ ၇၆သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာထားပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အခုလို ဘက်စုံ ရင်းနှီးမြှုပ်နှံပြီး စမ်းသပ်မှုတွေလည်း လုပ်နေပေမယ့် တကယ် လက်တွေ့အသုံးချနိုင်တဲ့ ပုံစံထွက်လာဖို့ကတော့ အချိန်ယူရနိုင်ပြီး ရရှိတဲ့ အချက်အလက်တွေအားလုံးကို စုပေါင်းထည့်သွင်း အသုံးပြုနိုင်တဲ့ စနစ်တခုထွက်လာဖို့က ပိုပြီး အချိန်ယူရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒီလို အချိန်ယူရတဲ့အပြင် ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ဓာတ်ပြု အထောက်အကူပစ္စည်း အမျိုးအစားတွေက တန်ဖိုးကြီးတာ၊ ထွက်လာတဲ့ စွမ်းအင်နဲ့ ထုတ်လုပ်စရိတ် မကာမိတာ အစရှိတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒါတင်မကသေးပဲ နေရောင်ခြည်မှာ ဓာတ်ရောင်ခြည်သင့်စေတဲ့ ဓာတ်လည်းပါတဲ့အတွက် ထုတ်လုပ်ရေး ပစ္စည်းတွေ အကြမ်းခံနိုင်ရေး ထည့်သွင်းစဉ်းစားရတာလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒီလို အခြေအနေတွေရှိနေတာကြောင့် အလင်းက စွမ်းအင်ထုတ်တဲ့ စီမံကိန်းအသုံးပြုပြီး အရည်အသွင် လောင်စာ ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်သက်သာမှု မရှိသေးပေမယ့် နောင်အနာဂတ်မှာ ရေနံရှားပါးလို့ ဈေးတက်လာပြီး တဖက်မှာလည်း အလင်းကစွမ်းအင်ထုတ်တဲ့စရိတ် ကျလာမယ်ဆိုရင် တချိန်မှာ လက်တွေ့ အသုံးဝင်လာနိုင်တယ်လို့ ပါမောက္ခ ရိုက်စနာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "လွန်ခဲ့တဲ့ ဆယ်နှစ်က နေရောင်ခြည်က လျှပ်စစ်စွမ်းအင်ထုတ်တာနဲ့ ပတ်သက်တဲ့ အနာဂတ်ဟောကိန်းတွေကို ကြည့်မယ်ဆိုရင် အနည်းဆုံး မှန်းထားပြီး ပြောဆိုခဲ့တာတွေတောင် တကယ်ဖြစ်လာတဲ့ အခြေအနေနဲ့ တထပ်တည်းမကျလာဘူး ဆိုတာကိုတော့ သူက ဝန်ခံပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ဒါပေမယ့် လက်ရှိ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်လုပ်တဲ့စရိတ်က ၈၅ ရာခိုင်နှုန်းအထိ ကျသွားပြီဆိုတော့ လက်ရှိ အလင်း စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်းမှာလည်း အလားတူ ထုတ်လုပ်စရိတ် သက်သာလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ ရိုက်စနာက အကောင်းမြင် ပြောဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ကမ္ဘာနဲ့ မလှမ်းမကမ်းမှာကမိုအို အာလဗာ ဆိုတဲ့ ဥက္ကာခဲတခု ပတ်နေတာကို ၂၀၁၆ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက စတင်တွေ့ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို တွေ့ရှိထားတဲ့ ဥက္ကာခဲကို လတ်တလော ထပ်မံ လေ့လာချက်တွေအရ အဲဒီ အစိတ်အပိုင်းဟာ လ ကနေ ကွဲထွက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆစရာတွေ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "နေးချားဆိုတဲ့ ပညာရပ်ဆိုင်ရာဂျာနယ်မှာ ဖော်ပြလိုက်တဲ့ လေ့လာချက်တခုအရ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပြီး လနဲ့ ဥက္ကာပျံတခုတို့ တိုက်မိရာက လွင့်စင်သွားတဲ့ ဥက္ကာခဲ ဖြစ်နိုင်တယ်လို့ အဲဒီ လေ့လာမှုမှာ ပါဝင်တဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားတက္ကသိုလ်က နက္ခတဗေဒ ပညာရှင် ဝမ်ဆန်းချက်ဇ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို ဟုတ်မဟုတ် သေချာနိုင်ဖို့ကတော့ ကျောက်သားနမူနာယူမှသာ ဖြစ်နိုင်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီလိုယူဆချက် ဖြစ်နိုင်စရာ အကြောင်းအချက် အများအပြား ရှိထားတယ်လို့ ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာ ဆိုတာကတော့ ဟာဝေယန် ဘာသာစကားနဲ့ အာကာသထဲမှာ လည်ပတ်ရွေ့လျားနေတဲ့ အစိတ်အပိုင်းလို့ အဓိပ္ပာယ်ရပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဒီ ဥက္ကာခဲဟာ မီတာ ၄၀ အရှည်ရှိမယ်လို့ ခန့်မှန်းထားကြပြီး ကမ္ဘာကို ပတ်နေတဲ့ လတခုအဖြစ် ပြည့်ပြည့်ဝဝ မခေါ်ထိုက်တဲ့ ဂြိုဟ်အပိုင်းအစတစ်ခု အနေအထား သတ်မှတ်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာဟာ ကမ္ဘာနဲ့ မိုင်ပေါင်း ၉ သန်း အကွာအဝေးမှာရှိပြီး လက်ရှိ ပတ်လမ်းအနေအထားအရ ကမ္ဘာအနီးမှာ နောက်ထပ် နှစ်ပေါင်း ၃၀ဝ လောက် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "လအဖြစ် ပြည့်ပြည့်ဝဝ မသတ်မှတ်နိုင်တဲ့ ဂြိုဟ်အပိုင်းအစ ဆိုတာကတော့ ကမ္ဘာနဲ့ နီးနီးကပ်ကပ်ရှိနေပေမယ့် ကမ္ဘာကို ပတ်နေတာထက် နေကို သီးခြား ပတ်နေတဲ့ သဘောရှိလို့ ဖြစ်တယ်လို့ မစ္စတာ ဆန်းချက်ဇ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဂြိုဟ်တခု အနီးနားမှာ ရှိပေမယ့် အဲဒီဂြိုဟ်ကို တိုက်ရိုက်ပတ်ရင်းကနေမှ နေကိုလည်း ပတ်နေမှသာလျှင် အဲဒီ ဂြိုဟ်ရဲ့ လအဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဂြိုဟ်အပိုင်းအစ အနေအထားရှိတဲ့ ဥက္ကာခဲ ငါးခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပြီး အဲဒီအထဲမှာ ကမိုအို အာလဗာ ဥက္ကာခဲက လေ့လာဖို့ အဖြစ်နိုင်ဆုံးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာ ဥက္ကာခဲဟာ နှစ်စဉ် ဧပြီလမှာ အတောက်ပဆုံး ပေါ်လာလေ့ရှိတဲ့အတွက် အကြီးစား နက္ခတ်တာရာကြည့် မှန်ပြောင်းတွေနဲ့ လေ့လာရတာလွယ်ကူပြီး အခြား ဥက္ကာခဲတွေကတော့ အဲဒီလောက်အထိ ထင်ထင်ပေါ်ပေါ် မမြင်ရလို့ လေ့လာဖို့ ခက်ခဲတယ်လို့ မစ္စတာ ဆန်းချက်ဇ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာကို လေ့လာရာမှာ ထူးထူးခြားခြား အနီရောင် ရှိနေတာကို တွေ့ရပြီး သတ္တုပါဝင် ဖွဲ့စည်းမှု ရှိနေတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အဲဒီ ဥက္ကာခဲပေါ်ကို နေရောင်ခြည် ရောင်ပြန်ဟပ်မှုအပေါ် အခြေခံပြီး လေ့လာရာမှာ စီလီကိတ် သတ္ထု အမျိုးအစားနဲ့ ဖွဲ့စည်းထားတာ ဖြစ်နိုင်ကြောင်း မစ္စဆန်းချက်ဇ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို လေ့လာရင်း နောက်ထပ် တွေ့ရှိခဲ့တဲ့ တချက်ကတော့ အခြားတွေ့ရဖူးတဲ့ ဥက္ကာခဲတွေနဲ့စာရင် လနဲ့ မျက်နှာပြင် အနေအထား နီးစပ် တူညီမှု ရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဒါ့အပြင် ၁၉၇၀ ပြည့်လွန်နှစ်တွေက အပိုလိုစီမံကိန်းနဲ့ လကမ္ဘာကို လူသားတွေ စေလွှတ်ပြီး ရယူခဲ့တဲ့ ကျောက်ခဲ နမူနာတွေနဲ့လည်း နီးစပ် တူညီမှု ရှိတယ်ဆိုတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို တူညီနေတာကြောင့်လည်း အရင်က ကမိုအို အာလဗာဟာ လရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်တယ်လို့ ယူဆရတာဖြစ်ကြောင်း မစ္စတာ ဆန်းချက်ဇ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာဟာ ကမ္ဘာအနီးတဝိုက်မှာ တွေ့ရတဲ့ ထရိုဂျန် ဥက္ကာခဲခေါ် ကမ္ဘာရော၊ လရောရဲ့ အစိတ်အပိုင်း မဟုတ်တဲ့ ဥက္ကာခဲလည်း ဖြစ်နေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာ ဟာ လရဲ့ အစိတ်အပိုင်းဟုတ်မဟုတ် ဆိုတာက ၁၀ဝ ရာခိုင်နှုန်း သေချာတယ်လို့ မပြောနိုင်ပေမဲ့ ရထားသလောက် အချက်အလက်တွေအရတော့ လရဲ့ အစိတ်အပိုင်းတခု ဖြစ်ဖို့ ပိုများနေတယ်လို့ မစ္စတာ ဆန်းချက်ဇ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဒီအချက်သေချာဖို့အတွက် ကျောက်သားနမူနာ သွားယူပြီး စမ်းသပ်မှသာ ဖြစ်နိုင်ရာမှာ လာမယ့် ဆယ်စုနှစ်အတွင်း အခုလို လုပ်ဖို့ အစီအစဉ်လည်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို ဂြိုဟ်တုစေလွှတ်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒီဥက္ကာခဲပေါ်မှာ စက်ရုပ်လွှတ်ကာ ကျောက်ခဲ နမူနာတွေ ရယူမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို ရယူနိုင်ပြီဆိုရင် ဘာ့ကြောင့် လကနေ အဲဒီ ဥက္ကာခဲက ပဲ့ထွက်လာသလဲ ဆိုတာကိုသာမက လရဲ့ ဖြစ်ပေါ်ပုံ သမိုင်းကြောင်းကို ပိုသိလာနိုင်ပြီး လက်ရှိ လနဲ့ ဖွဲ့စည်းပုံတူလို့ လ အငယ်စား တခုအဖြစ်လည်း ကမိုအို အာလဗာကို သတ်မှတ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "လူသားတွေ လပေါ်က ကျောက်သားနမူနာတွေကို စတင်ယူနိုင်အပြီးမှာ လေ့လာချက်တွေအရ အဲဒီ ကျောက်သားတွေအတွင်း အောက်စီဂျင် တွေ့ရှိရမှုက လ သမိုင်းကို ခန့်မှန်းရေးမှာ အရေးပါတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "လ ဖြစ်လာပုံ ယူဆချက်တွေ ရှိရာမှာ အများဆုံးလက်ခံထားတဲ့ သမိုင်းကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလျံလောက်က အင်္ဂါဂြိုဟ်လောက် အရွယ်အစားရှိတဲ့ ဥက္ကာခဲကြီးက ကမ္ဘာကို ဝင်တိုက်ရာကနေ ဖြစ်လာတယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "အခုလို တိုက်မိချိန်မှာ ထိမိတဲ့ ကျောက်သတ္တုတွေ သမုဒ္ဒရာ ဖြစ်တဲ့အထိ အရည်ပျော်ပြီး အာကာသအတွင်းပါ လွင့်ထွက်ကာ နောက်ဆုံးမှာ လအဖြစ် စုစည်းပြီး ကမ္ဘာကို ဆွဲငင်အားအရ လည်ပတ် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "လ ပေါ်က ကျောက်သား နမူနာတွေကို စတင်လေ့လာကာစက ကမ္ဘာပေါ်က သတ္တုဖွဲ့စည်းပုံနဲ့ တူနေလို့ ဒွိဟဖြစ်စရာ ဖြစ်ခဲ့ပေမယ့် ကျောက်သားတွင်း ပါဝင်တဲ့ အောက်စီဂျင် ပမာဏချင်း ကွာခြားမှုကြောင့် လနဲ့ ကမ္ဘာတို့ မူလကျောက်သားဖွဲ့စည်းပုံခြင်း မတူကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမိုအို အာလဗာ ဆီကနေ ကျောက်သားနမူနာတွေ ရယူပြီး လေ့လာနိုင်တဲ့ အချိန်မှာတော့ အခုလို ယူဆချက်တွေ ပြောင်းသွားမလား၊ ဒါတွေကိုပဲ ပိုပြီး တိကျတဲ့ ယူဆချက်တွေအဖြစ် အတည်ပြုပေးမယ့် အချက်တွေ တွေ့မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဒီအမျိုးအစားသစ်ဟာ နာဆာက နောက်ဆုံး လပေါ် လူလွှတ်ခဲ့တဲ့ အချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က လပေါ်လွှတ်ခဲ့တဲ့ အပိုလို အာကာသယာဉ်နဲ့ ကတော့ပုံစံရှိတာချင်း ဆင်တူပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဒီလို ပုံစံ ဆင်တူရိုးမှားကို ဆက်လက်ထားရှိရတာကတော့ အဲဒီ ပုံစံနဲ့ဆိုရင် ကမ္ဘာမြေပေါ်ကို အသံထက်မြန်တဲ့နှုန်းနဲ့ ပြန်လည် ဆင်းသက်တဲ့အချိန်မှာ ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ရူပဗေဒ သဘောတရားကြောင့် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ၁၉၆၉ ခုနှစ်မှာ နီးလ်အမ်းစရောင်းနဲ့ ဘပ်ဒ် အော်လ်ဒရင်တို့ လပေါ်ကို လိုက်ပါစီးနင်းခဲ့တဲ့ အပိုလို အာကာသယာဉ်နဲ့ အခု အော်ရိုင်းယန် တို့ ပုံစံတူတယ် ဆိုပေမယ့် နည်းပညာအပိုင်းမှာတော့ အဲဒီ အာကာသယာဉ်မှူးတွေ စိတ်ကူးတောင် မယဉ်ဖူးလောက်တဲ့ နည်းပညာမျိုးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်သစ်ကို အစိတ်အပိုင်း လေးပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဖိအားပေး အခန်းလို့ခေါ်တဲ့ အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့် အပိုင်းကို အလူမီနီယံနဲ့ လစ်သီယမ် သတ္တုအရောနဲ့ ဆောက်လုပ်ထားပြီး ပျားအုံအကွက်ပုံစံ ဖွဲ့စည်းထားတဲ့အတွက် ပေါ့ပါးမှုရော ခိုင်ခံ့မှုပါ ကောင်းမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အဲဒီ ဖိအားပေးအခန်း အစိတ်အပိုင်းရဲ့ အပြင်ပိုင်းကို ပြင်းထန်တဲ့ အပူဒဏ်ခံနိုင်တဲ့ ဆီလီကွန်နဲ့ လုပ်ထားတဲ့ ကြွေပြားတွေနဲ့ ဖုံးထားမှာဖြစ်ပြီး အဲဒီ ကြွေပြားတွေကိုလည်း ပြင်းထန်တဲ့ အပူ၊ အအေး အမျိုးမျိုး ခံနိုင်ရည် ရှိစေတဲ့ သတ္တုအလွှာလည်း ထပ်မံ သုတ်လိမ်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့်အပိုင်း အောက်ခြေ အထိုင်ကို ဖုံးအုပ်ထားတဲ့ အပူကာ အဝန်းအဝိုင်းဟာ လူလိုက်ပါတဲ့ အာကာသစီမံကိန်းတွေ အားလုံးထဲမှာ စံချိန်တင် အကြီးဆုံးဖြစ်ပြီး နေ မျက်နှာပြင် အပူချိန် ၆၀ဝ၀ ဒီဂရီ ဆဲလ်စီးယက်စ် ရဲ့ ထက်ဝက်နီးပါး ပမာဏလောက်အထိ အပူခံနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ရဲ့ အပူချိန် ခံနိုင်မှုဟာ ၂၈၀ဝ ဒီဂရီ ဆဲလ်စီးယက်စ် နီးပါး ဖြစ်ပြီး ယာဉ်ပျံ ပြင်ပမှာ အဲဒီလောက်အထိ ပူရင်တောင် အထဲက လူတွေအတွက် အန္တ္တရာယ်ဖြစ်လောက်တဲ့ အပူချိန် မတက်စေမယ့် ခံနိုင်မှုမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ရဲ့ လူလိုက်ပါမယ့် အပိုင်းမှာ အာကာသယာဉ်မှူး လေးယောက် လိုက်ပါနိုင်တဲ့ ခုံလေးခုံ တပ်ဆင်ထားပြီး အဲဒီ ခုံတွေနဲ့ တည့်တည့်မှာ ပြင်ပကို မြင်ရအောင် ပြတင်းပေါက်တွေလည်း ထားရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ကို အာကာသယာဉ်မှူးနဲ့ အာကာသယာဉ်မှူးချုပ်တို့ က မောင်းနှင် ထိန်းချုပ်ဖို့အတွက် ခလုတ် အမျိုးမျိုး ၆၇ ခုနဲ့ အတူ ကွန်ပျူတာမျက်နှာပြင် သုံးခု ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ပုံမှန်အားဖြင့် အာကာသယာဉ်တစီးမှာ ခလုတ်ပေါင်း ၁၂၀ဝ ကျော်နဲ့ ကွန်ပျူတာမျက်နှာပြင် ၁၀ ခုလောက် ပါဝင်လေ့ရှိပြီး အခု အော်ရိုင်းယန် ကတော့ ခလုတ်အစား ဆော့ဖ်ဝဲနဲ့ အစားထိုးမှု အပါအဝင် အလေးချိန် အရမ်းများမသွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို လျှော့ထားတာ ဖြစ်တယ်လို့ နာဆာက အော်ရိုင်းယန် မောင်းနှင်ရေးအပိုင်း တာဝန်ယူရသူ ဂျက်ဖ် ဖောက်(က်စ်)က နာဆာရဲ့ ပေါ့ကပ်စ် အစီအစဉ်မှာ ပြောဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် မှာ အလိုအလျောက် မောင်းနှင်ရေးအပိုင်းအတွက်လည်း ကွန်ပျူတာလေးလုံးလည်း ပါဝင်ပြီး ခရီးသွားလေကြောင်းလိုင်းတွေမှာ သုံးတဲ့ အမျိုးအစားကိုပဲ တုန်ခါမှု ဖိအား၊ ကမ္ဘာ့ဆွဲအား ဖိအားနဲ့ ရေဒီယိုသတ္တိကြွမှု အစရှိတဲ့ အာကာသတွင်း ကြုံရမယ့် ဖိအားတွေ ခံနိုင်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အာကာသအတွင်းမှာ ရေဒီယိုသတ္တိကြွမှု အရှိန်ကို ပုံစံအမျိုးမျိုး ကြုံရနိုင်ပြီး အဲဒီအထဲမှာ အဆိုးဆုံးကတော့ နေ ဆီက လာတဲ့ ရေဒီယိုသတ္တိကြွမှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ရှောင်လို့ရတဲ့ နေရာနှစ်နေရာမှာ နှစ်ဦးစီ နေရမှာဖြစ်ပြီး ပတ်ပတ်လည်မှာလည်း ထည့်လာတဲ့ ပစ္စည်းထုပ်တွေနဲ့ ဝန်းရံ အကာအကွယ်ယူထားရမှာ ဖြစ်တယ်လို့ အော်ရိုင်းယန် လိုက်ပါသူစနစ် ဆိုင်ရာ နာဆာခေါင်းဆောင် ဂျေဆင် ဟတ်တ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ရှောင်နေတဲ့ အာကာသယာဉ်မှူးတွေအနေနဲ့ အစားအစာနဲ့ လက်ပ်တော့ ကွန်ပျူတာတွေကိုလည်း ယူလာလို့ ရမယ်လို့ သူက ဆက်ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် ကြုံရမယ့် အန္တရာယ်က ရေဒီယို သတ္တိကြွမှု တခုတည်းမဟုတ်ဘဲ အာကာသထဲမှာ လွင့်မျောနေတဲ့ ကျောက်ခဲတွေနဲ့တကွ ကမ္ဘာပတ်လမ်းပေါ်မှာ မျောနေကြတဲ့ ယခင်အာကာသယာဉ်ဟောင်း အပိုင်းအစတွေလည်း ရှိပြီး အဲဒါတွေက အော်ရိုင်းယန်ရဲ့ လူပါတဲ့ ယာဉ်ပိုင်းကို အရှိန်နဲ့ ထိမှန် ပေါက်ပြဲစေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို အော်ရိုင်းယန် ယာဉ်အတွင်း ဖန်တီး လည်ပတ် လေထု မရှိတော့ရင် အတွင်းမှာရှိတဲ့ ထိန်းချုပ်ရေး လျှပ်စစ်ပစ္စည်းတွေမှာ အပူချိန်တက်လာတဲ့ အန္တရာယ်လည်း ရှိပေမယ့် ဒီလို အနေအထားမှာ အော်ရိုင်းယန် အတွင်းပိုင်း ကိုယ်ထည်ကလည်း အပူစုပ်ပေးနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အဲဒီ ဆိုလာပြားရှည်တွေဟာ နေရှိရာဘက်ကို မျက်နှာမူ လှည့်ပြောင်းပေးခြင်းအားဖြင့် လျှပ်စစ်ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်က ကမ္ဘာကို ပြန်လာပြီး ကမ္ဘာ့လေထုထဲကို မဝင်ခင်မှာ အာကာသယာဉ်မှူးတွေအနေနဲ့ ဝင်လာတဲ့ အရှိန်နဲ့တကွ သမုဒ္ဒရာ ရေပြင်ပေါ် ကျရောက်မယ့် အရှိန်ကို ခံနိုင်အောင် ပြုလုပ်ထားတဲ့ ခုံတွေပေါ်မှာ ပြန်ထိုင်ပြီး ခါးပတ် ပတ်ထားရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အသံရဲ့ အမြန်နှုန်းက တနာရီ မိုင် ၇၀ဝ ကျော် ရှိချိန်မှာ အော်ရိုင်းယန် ပြန်ကျလာမယ့် နှုန်းက တနာရီ မိုင် ၂၀ဝ၀ဝ၀ လောက်အထိ ရှိလာနိုင်ပြီး အဲဒီ အမြန်နှုန်းကြောင့် အပူချိန် ဒီဂရီ ဆဲလ်စီးယပ်စ် ထောင်နဲ့ ချီတဲ့ အရှိန်ကို အော်ရိုင်းယန် လူသယ်လာတဲ့ အပိုင်း အပြင်ဘက်က ခံစားရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ပြင်းထန်တဲ့ အပူချိန်တွေ တဖြည်းဖြည်းလျော့လာပြီး လုံလောက်တဲ့ အပူချိန်လျော့ကျမှုနဲ့ အမြန်နှုန်းနှေးလာမှု ဖြစ်တဲ့အချိန်မှာ အော်ရိုင်းယန် ရဲ့ လေထီး ၁၁ ခုက ပွင့်လာပြီး ထပ်မံ အရှိန်နှေးစေမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို ကျရောက်ချိန်မှာ ပါလာတဲ့ လူတွေ မထိခိုက်နိုင်တဲ့ အမြန်နှုန်းဖြစ်တဲ့ တနာရီ ၁၇ မိုင်နှုန်းအထိ နှေးသွားအောင်လည်း လေထီးတွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဖေ့စ်ဘွတ်ခ်ဟာ ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ မက်တာဗာ့စ်ကို ဖန်တီးဖို့အတွက် ဥရောပနိုင်ငံတွေထဲက လူ တစ်သောင်းကို အလုပ်ခန့်ဖို့ စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာဆိုတာဟာ နောင်တချိန်မှာ လက်ရှိ အင်တာနက်ရဲ့ အနာဂတ်သွင်ပြင် ဖြစ်လာမယ်လို့ တတ်ကျွမ်းသူတချို့က ပြောဆိုနေကြပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဘယ်လို ပုံစံမျိုး အတိအကျလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒါပေမဲ့ တချို့ကတော့ အဲဒီ မက်တာဗာ့စ် ဆိုတာဟာ လက်ရှိ အင်တာနက်ကနေ ပြောင်းလဲလာမယ့် အနာဂတ်ပုံစံတခုလို့တောင် ယူဆနေကြတာပါ။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "တကယ်တမ်းဆိုရင် လက်ရှိ ဂိမ်းကစားတာနဲ့ ကိုယ်မရောက်ဖူးနဲ့ နေရာကို ရောက်သွားသည့်သဖွယ် ပုံရိပ်ယောင် ကမ္ဘာဖန်တီးမှုတွေက ၁၉၈၀ တဝိုက်က စတင်ပေါ်ပေါက်ခဲ့တဲ့ အရွယ်အစား ကြီးမားတဲ့ လက်ကိုင်ဖုန်းကြီးတွေလို နည်းပညာစတင် ဖွံ့ဖြိုးမှု အစသာ ဖြစ်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "နောင်တချိန်မှာ တွင်ကျယ်လာနိုင်တဲ့ မက်တာဗာ့စ် ဆိုတာကတော့ အဲဒီ လက်ကိုင်ဖုန်းကြီးတွေ ခေတ်ကနေ လက်ရှိ ခေတ်သစ် စမတ်ဖုန်းတွေ အထိ တိုးတက်လာသလိုမျိုး အဆင်မြင့်လာမယ့် ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "လက်ရှိ အနေအထားမှာ အင်တာနက် အသုံးပြုတယ်ဆိုတာက ကွန်ပျူတာက တစ်ဆင့် ချိတ်ဆက် အသုံးပြုတာ ဖြစ်ပေမယ့် မက်တာဗာ့စ် ခေတ်ရောက်လာတဲ့အချိန်မှာဆိုရင် အင်တာနက်အသုံးပြုမှုကို နားကြပ်နဲ့တကွ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး အဲဒီ ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာကို ဝင်ရောက် ချိတ်ဆက် အသုံးပြုရတာကို ဆိုလိုတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို ဖြစ်လာမယ့် ပုံရိပ်ယောင် ကမ္ဘာသစ်မှာ တခြားသူတွေက ကိုယ့်ကို ရှုမြင်မယ့် ရုပ်ကြွ သုံးဖက်မြင် ပုံရိပ်တခုလည်း ကိုယ်ပိုင် ရှိလာမယ်လို့ အများစုက ရှုမြင်နေကြပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို မက်တာဗာ့စ်လို ပုံစံမျိုးအတွက် ဖြစ်လာနိုင်တာတွေ ပြောဆိုနေကြရာမှာ တကယ်တမ်း ဖြစ်မလာသေးတဲ့အတွက် အားလုံး သဘောတူကြတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ မရှိသေးပါဘူး။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဘာ့ကြောင့်မက်တာဗာ့စ်အကြောင်းကို အကြီးအကျယ် လူပြောများလာသလဲ အွန်လိုင်းကမ္ဘာနဲ့ ပုံရိပ်ယောင် ကမ္ဘာနဲ့ ပတ်သက်တဲ့ နည်းပညာ တိုးတက်လာနိုင်မှုတွေကို နှစ်စဉ်နှစ်တိုင်း ပုံစံ အမျိုးမျိုးနဲ့ လူပြောများခဲ့ကြဖူးပြီးသား ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒါပေမဲ့ ဒီတကြိမ်မှာတော့ ပိုမို အဆင့်မြင့် ကျယ်ပြန့်တဲ့ ပုံရိပ်ယောင် ကမ္ဘာ ဖန်တီးတည်ဆောက်ဖို့ ကိစ္စမှာ ချမ်းသာကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေက တော်တော် စိတ်ဝင်စားမှု ကြီးလာကြတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒီလို ဖြစ်လာမယ့် အခြေအနေက လက်ရှိ အင်တာနက်ခေတ်ရဲ့ အနာဂတ် ဖြစ်လာမယ်ဆိုရင် ဒါကို ပုံဖော် တည်ဆောက်တဲ့ ကိစ္စမှာ ဘယ်သူမှ နောက်ကျန်နေခဲ့ချင်မှာလည်း မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒါ့အပြင် လက်ရှိ ပုံရိပ်ယောင် ဂိမ်းကစားတဲ့ နည်းပညာနဲ့ ချိတ်ဆက်မှု ပုံစံတွေ တိုးတက်လာတဲ့ အချိန်မှာ နောက်တစ်ဆင့်အနေနဲ့ မက်တာဗာ့စ်လို ပုံစံမျိုး ဖြစ်လာဖို့ လုံလောက်တဲ့ နည်းပညာ အခြေခံရတော့မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိလာပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဖေ့စ်ဘွတ်ခ်ကဘယ်လိုတွေ လုပ်ဖို့ စီစဉ်နေသလဲ ဖေ့စ်ဘွတ်ခ်ဟာ မက်တာဗာ့စ် ပုံဖော်ဖို့ ကိစ္စကို သူတို့ရဲ့ ဦးစားပေး လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေထဲမှာ အပါအဝင် အဖြစ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ပြိုင်ဘက်ကုမ္ပဏီတွေကို ဝယ်ယူလိုက်လေ့ရှိတဲ့ အစဉ်အလာရှိသူ ဖေ့စ်ဘွတ်ခ်ဟာ မက်တာဗာ့စ်ကို နေ့ချင်းညချင်း ကုမ္ပဏီ တစ်ခုတည်းက ပြီးအောင် ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး အခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း ကတိပြုထားပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "လက်ရှိမှာ ဖေ့စ်ဘွတ်ခ်အနေနဲ့ မက်တာဗာ့စ်ကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖန်တီးနိုင်ဖို့အတွက်ဆိုပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း အုပ်စုတွေ အတွက် လတ်တလော အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အဲဒီ မက်တာဗာ့စ်ပုံစံ တိတိကျကျ ပုံပေါ်လာဖို့အတွက် နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်က ယူဆထားပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အွန်လိုင်းမှာ လူပေါင်းများစွာ ပါဝင်ကစားရတဲ့ ဂိမ်းတွေဆိုရင် အခုလို ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာတစ်ခုကို အခြေတည် ကစားရရာမှာ ဒီလို ဂိမ်းမျိုး ပေါ်လာတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ရှိလာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒါတွေကို မက်တာဗာ့စ် လို့တော့ မခေါ်နိုင်ပေမယ့် တချို့ ယူဆချက်တွေကတော့ အခြေခံချင်း တူညီနေပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဖို့နိုက်ဂိမ်းဆိုရင်လည်း သူတို့ရဲ့ ဂိမ်းနယ်ပယ် အပြင်ဘက်ကိုပါ ချဲ့ထွင်ခဲ့ပြီး ဖို့နိုက် အွန်လိုင်းကမ္ဘာထဲမှာ ဂီတဖျော်ဖြေပွဲလုပ်တာ၊ အမှတ်တံဆိပ် ကြော်ငြာတာ၊ အခြား အခမ်းအနားတွေကို ပြုလုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို အွန်လိုင်းကမ္ဘာမှာ ဘယ်လိုတွေ လုပ်လို့ရတယ်ဆိုတာကို မီးမောင်း ထိုးပြပေးလိုက်သလို ဖြစ်သွားတဲ့ အခုလို ပြုလုပ်မှုတွေနဲ့အတူ မစ္စတာ ဆွီနေ ရှုမြင်တဲ့ မီတာဗာ့စ် ပုံစံကိုလည်း လူအများ တွေ့မြင်ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "မက်တာဗာ့စ်ကိုဂိမ်းတွေကနေပဲ အခြေပြုပြီး တည်ဆောက်မှာလား အခုလို လက်ရှိ ပုံရိပ်ယောင် အွန်လိုင်း ကမ္ဘာ ဖန်တီးမှုတွေဟာ ဂိမ်းတွေမှာပဲ အများစုဖြစ်နေပေမယ့် မက်တာဗာ့စ်ကို ဂိမ်းတွေကနေပဲ အခြေပြုပြီး တည်ဆောက်မယ်လို့တော့ ပြောလို့မရပါဘူး။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "မက်တာဗာ့စ် ဖန်တီးမယ့် ပုံစံတွေ အမျိုးမျိုး ပြောနေကြရာမှာ အမျိုးမျိုး ကွဲပြားနေကြပေမယ့် တကယ့် ပင်မ ပါဝင်မယ့် ကိစ္စကတော့ လူလူချင်း တွေ့ဆုံ ဆက်ဆံမှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အဲဒီ အက်ပ် နှစ်ခုလုံးမှာ ပါဝင်မယ့်သူတွေကို ကိုယ်စားပြုတဲ့ ပုံရိပ်ယောင် လူသား ဖန်တီးမှု စနစ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "မစ္စတာ ဆွီနေကတော့ ဥပမာအားဖြင့် ကားကုမ္ပဏီတစ်ခုက ကားအမျိုးအစားသစ် တစ်ခုကို လက်တွေ့နဲ့ ပုံရိပ်ယောင် လောကမှာ တစ်ပြိုင်တည်း ချပြပြီး စိတ်ဝင်စားသူတွေကလည်း အဲဒီ ပုံရိပ်ယောင် ကမ္ဘာမှာ တစ်ခါတည်း အစမ်းမောင်း ကြည့်နိုင်မယ့် ပုံစံမျိုး ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို လတ်တလော ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အဲဒီ ပုံစံတိုင်းအရ ဆိုရင် မက်တာဗာ့စ်မှာ အဝတ်အစား ဝယ်တဲ့ပုံစံဟာ လက်ရှိ အင်တာနက်ခေတ်မှာလို ကုမ္ပဏီ ဝက်ဘ်ဆိုဒ်ပေါ်မှာ ဓာတ်ပုံကြည့်ပြီး ဝယ်ရုံသက်သက် မဟုတ်တော့ဘဲ ပုံရိပ်ယောင် ကမ္ဘာမှာ ကိုယ်တိုင်ဝတ်ကြည့်ပြီး မှာယူနိုင်တော့မယ့် အနေအထား ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို နည်းပညာတွေဟာ စမ်းသပ် အောင်မြင်ရုံ အဆင့်မှာတင် မဟုတ်တော့ပဲ လက်တွေ့ သာမန်လူတွေအကြားမှာပါ ပေါက်ရောက် အသုံးပြုလာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "လက်ရှိ အနေအထားမှာ မက်တာဗာ့စ် ပေါ်လာမယ့် အခြေအနေက အစပိုင်း ခြေလှမ်းလှမ်းရုံ အဆင့်မှာပဲ ရှိသေးပေမယ့် နောက်ပိုင်း ဆယ်စုနှစ်နဲ့ ချီတဲ့ ကာလတွေမှာတော့ နည်းပညာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာမယ့် ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖြစ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "လက်ရှိကာလမှာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ဘောလုံးသာမက အားကစားပြိုင်ပွဲကြီးတွေမှာ သူတို့ရဲ့ အမှတ်တံဆိပ် လူသိများဖို့အတွက် ပြိုင်ပွဲမှာ ကုန်ကျစရိတ်ထည့်ဝင်ကြတာ၊ ကြော်ငြာထည့်လာကြတာ အဆန်းတော့ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါပေမယ့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေက နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့အထိ ကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ အားကစားပြိုင်ပွဲကြီးတွေမှာ ပါဝင် ပတ်သက်မှုက သိသိသာသာ များလာတာကို လက်ရှိ ၂၀၂၁ ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွင်းမှာ တွေ့လာရပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒီပြိုင်ပွဲကို ဦးစီးတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပါဝင်မှုနဲ့ ပတ်သက်လို့ သီးခြားဗျူဟာချထားတာ မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါပေမယ့် ကမ္ဘာတလွှားက ပရိသတ်တွေ စိတ်ဝင်စားကြရေးအတွက် သူတို့ အဓိကထားသလိုပဲ တစ်ကမ္ဘာလုံး ဖြန့်ကြက် သိရှိစေချင်တဲ့ အမှတ်တံဆိပ်တွေကလည်း ပါဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ငွေကြေးအကျိုးအမြတ်ထက် ပိုပြီး အမြတ်ထွက်နိုင်တဲ့ အခြေအနေတစ်ခုလည်း ရှိနေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါပေမယ့် တစ်ဖက်မှာ သူဟာ ဘောလုံးအားကစားကို နှစ်သက်သူ တစ်ဦး ဖြစ်တဲ့အတွက် အခုလို တရုတ်ကုမ္ပဏီကြီးတွေက ဒီပြိုင်ပွဲတွေမှာ ပါဝင်ပြခြင်းအားဖြင့် သမ္မတရှေ့မှာ မျက်နှာပန်းလှအောင် ပုံဖော်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၄ ခုနှစ်မှာ အားကစား ပညာကို တစ်နိုင်ငံလုံးရဲ့ ကျောင်းသုံးဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "၂၀၁၆ မှာတော့ တရုတ်ဆူပါလိဂ် ဘောလုံးပြိုင်ပွဲ စတင်ကျင်းပပြီး နိုင်ငံတကာ နာမည်ကြီး ဘောလုံးသမားတွေကို ဈေးကြီးပေး ခေါ်ယူတာတွေလည်း လုပ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "အော်စကာကို အဲဒီ တရုတ်အသင်းက ပေါင်သန်း ၆၀ ပေး ခေါ်ယူခဲ့တာဖြစ်ပြီး အော်စကာကိုလည်း တစ်ပတ်ဝင်ငွေ ပေါင် လေးသိန်း ပေးထားခဲ့တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါပေမယ့် နောက်ပိုင်းမှာ တရုတ်ကလပ်တွေက ကြေးကြီးပေး ခေါ်ယူမှုတွေနဲ့ လစာများများပေးတဲ့ ပုံစံတွေ လျော့ကျလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "၂၀၂၀ ဒီဇင်ဘာလမှာတော့ တရုတ်ဆူပါလိဂ်က ငွေကြေးအခြေပြုလွန်းတဲ့ ဘောလုံးကစားမှုကို လျော့ချမှုတွေ လုပ်ဖို့ လိုလာတယ်လို့ ပြောဆိုခဲ့ပြီး ဘောလုံးသမား လစာတွေကိုလည်း အများဆုံး ဘယ်လောက်ပဲ ပေးရမယ် ဆိုပြီး ကန့်သတ်တာတွေလည်း လုပ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "အဲဒီ ကန့်သတ်ချက်အရ နိုင်ငံခြားဘောလုံးသမားတစ်ဦးအနေနဲ့ တနှစ်ကို ပေါင် ၂.၇ သန်းထက် ပိုပြီး လစာယူလို့မရသလို ပြည်တွင်းဘောလုံးသမားတွေကိုလည်း တစ်နှစ်လစာ ပေါင် ၆ သိန်းနီးပါးထက် ပိုမပေးရဘူးဆိုပြီး တရုတ်ဘောလုံးကလပ်တွေက ကန့်သတ်ပေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "တရုတ်ပြည်တွင်း ဘောလုံးကလပ်လောက တိုးတက်မှု အကန့်အသတ် ရှိလာတဲ့အချိန်မှာ တစ်ဖက်မှာလည်း တရုတ်ပြည်တွင်းက နိုင်ငံတကာ ကလပ်ပွဲကို အားပေးမှုကိုလည်း ပြန်တွက်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဥပမာအားဖြင့် ယူကေက ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဆိုရင် တရုတ်ပြည်တွင်း ပရိသတ် သန်း ၂၀ဝ လောက်အထိ ရှိပြီး ဒါက ယူကေတစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးဆလောက်အထိ များတဲ့ ပမာဏလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "အခုလက်ရှိ ဥရောပဖလား ဘောလုံးပြိုင်ပွဲကိုလည်း တရုတ်ပြည်တွင်းက သတိထား စောင့်ကြည့်လာကြပြီး ဒီပြိုင်ပွဲရဲ့ တရားဝင် ထောက်ပံ့တဲ့ ကုမ္ပဏီ အရေအတွက် သုံးပုံ တစ်ပုံလောက်ကို လွှမ်းမိုးထားတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး အခြေအနေ ပိုကောင်းလာမှုတွေကိုလည်း တရုတ်ပြည်တွင်းမှာ ရေးသားလာကြပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "တစ်ဖက်မှာ တရုတ်လက်ရွေးစင် ဘောလုံးအသင်းကို အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်လည်း အားရစရာ မရှိသေးဘဲ ကမ္ဘာ့အဆင့် ၇၅ မှာသာ ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခဲ့တာဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က နောက်ဆုံးဖြစ်နေပြီး ၂၀ဝ၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းကပဲ နောက်ဆုံး ပါဝင်ခွင့် ရထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒီလို အခြေအနေမှာ တရုတ်ကုမ္ပဏီတွေက နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေအတွင်း ကုန်ကျစရိတ်ထည့်ဝင်ပြီး ကြော်ငြာလာတဲ့ အခြေအနေဟာ ပြည်တွင်း ဘောလုံးအားကစား အာရုံစိုက်မှုကို တိုးလာစေပြီး တစ်ဖက်မှာလည်း ကုမ္ပဏီတွေဘက်က အကျိုးအမြတ်ရစေတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အခြေအနေလို့ ဆိုနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဒါ့အပြင် ကြော်ငြာဖော်ပြမှုတွေ အွန်လိုင်းပေါ်မှာပဲ အဓိက ဖြစ်လာတဲ့ အနေအထားမှာ လက်ရှိ ဥရောပဖလား ဘောလုံးပြိုင်ပွဲလိုဟာမျိုးက တရုတ်ကုမ္ပဏီကြီးတွေအတွက် ကြုံတောင့်ကြုံခဲ ကမ္ဘာတဝန်းက လူပေါင်းများစွာကို အွန်လိုင်းက မဟုတ်ပဲ ထိထိရောက်ရောက် ကြော်ငြာနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေတယ်လို့ ယူကေ အရောင်းမြှင့်တင်ရေး ကုမ္ပဏီက အုပ်ချုပ်ရေး ဒါရိုက်တာ ဂျိုးစတုန်နာက ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "သိပ္ပံပညာရှင်တွေဟာ မကြာသေးခင် လပိုင်းလောက် အလိုကမှ စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ ဂျိမ်းစ်ဝက်ဘ် ဂြိုဟ်တုမှန်ပြောင်းကို အသုံးပြုပြီး စကြဝဠာကြီးနဲ့ ပတ်သက်တဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အမေရိကန်ဒေါ်လာ ၈.၅ ဘီလျံ ကုန်ကျခဲ့တဲ့ အဲဒီ ဂြိုဟ်တုမှန်ပြောင်းကို ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဒီဇင်ဘာမှာ ကမ္ဘာပေါ်က လွှတ်တင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လရောက်မှရည်မှန်းတဲ့ နေပတ်လမ်းကြောင်းပေါ်ကို ရောက်ရှိကာ စတင် အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို လေ့လာကြမယ့် သိပ္ပံပညာရှင်တွေထဲမှာ ယူကေနိုင်ငံ ဝေလနယ် ကာဒစ်ဖ် တက္ကသိုလ်က သုတေသီတွေလည်း ပါဝင်ပြီး သူတို့ဟာ စကြဝဠာအတွင်းက မဟာတွင်းနက်ကြီးတွေ၊ ပေါက်ကွဲတော့မယ့် ကြယ်တွေနဲ့ သက်ရှိတွေ နေထိုင်နိုင်တဲ့ အနေအထားရှိနိုင်လောက်တဲ့ ဂြိုဟ်တွေကို ရှာဖွေ လေ့လာကြမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ ဆူဘာဂျစ် ဆာကာ ကတော့ ဂျိမ်းဝက်စ် မှန်ပြောင်းကို အသုံးပြုပြီး သက်ရှိတွေ အသက်ရှင်နိုင်လောက်တဲ့ အခြေအနေရှိတဲ့ ဂြိုဟ်တွေ ရှိမရှိ လေ့လာရမှာစိတ်လှုပ်ရှားစရာပဲလို့ ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ ဆူဘာဂျစ် ဆာကာဟာ ကာဒစ်ဖ် တက္ကသိုလ်က ရူပဗေဒနဲ့ အာကာသဗေဒဆိုင်ရာ ကထိက တဦးလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "စကြဝဠာကြီး ဘယ်လိုဖြစ်တည်လာသလဲ၊ ကြယ်တွေနဲ့ ဂြိုဟ်တွေ ဘယ်လို ပေါ်ထွန်းလာသလဲ ဆိုတဲ့ မေးခွန်းတွေအပါအဝင် ပဓာနအကျဆုံး မေးခွန်းဖြစ်တဲ့ ကမ္ဘာ့ပြင်ပမှာတခြားသက်ရှိတွေ ရှိတဲ့ ဂြိုဟ်ကမ္ဘာတွေ ရှိနေမလား ဆိုတဲ့ မေးခွန်းတွေကို အဖြေရှာနိုင်ရေးအတွက် ဒီမှန်ပြောင်းက အကူအညီပေးနိုင်မယ်လို့ ဒေါက်တာ ဆာကာက မျှော်လင့်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ ဆာကာနဲ့အတူ လေ့လာမယ့် နောက်ထပ် သိပ္ပံပညာရှင်တဦးကတော့ ကိန်းဘရစ်ဂျ် တက္ကသိုလ်က နစ်ကူ မဒူဆူဒန် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "လူသားတွေ နေထိုင်တဲ့ ကမ္ဘာမြေရှိရာ နေစကြဝဠာစနစ်ရဲ့ အပြင်ဘက်က ဂြိုဟ်တွေကို လေ့လာရာမှာ အဲဒီ ဂြိုဟ်တွေကိုပဲ သီးခြား မှန်ပြောင်းနဲ့ ကြည့်ပြီး ခွဲခြား လေ့လာလို့ မရဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အကြောင်းကတော့ အဲဒီဂြိုဟ်တွေကလည်း ကမ္ဘာက ပတ်နေတဲ့ နေ နည်းတူ သူတို့ ပတ်နေတဲ့ ကြယ်ရဲ့ တောက်ပတဲ့ အလင်းရောင်ကြောင့် ဂြိုဟ်တခုတည်းကို ခွဲခြား ကြည့်ရှုဖို့ ခက်ခဲတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာဆာကာ တို့ အနေနဲ့ ကတော့ သူတို့ လေ့လာဖို့ ရွေးချယ်ထားတဲ့ ဂြိုဟ်က သူလည်ပတ်နေတဲ့ ကြယ်ရှေ့က ဖြတ်သွားတဲ့အချိန်ကို စောင့်ရမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို ဖြတ်သွားတဲ့အချိန်မှာ မှန်ပြောင်းက ကြယ်ရောင်ကို မြင်ရမှု နည်းနည်းလေး လျော့သွားမယ့် အနေအထားကို ကြည့်ပြီး ဒီဂြိုဟ်ရဲ့ အရွယ်အစားကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အဲဒီဂြိုဟ်ရဲ့ လေထုအလွှာထဲမှာ မော်လီကျူးတွေ အမျိုးမျိုး ရှိနေမယ်ဆိုရင် အလင်းနိမ့်မြင့်ကြိမ်နှုန်း မတူတဲ့ အလင်းစုပ်ယူနှုန်း မတူတာကိုလည်း တွေ့ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ဆာကာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို အလင်းလှိုင်းအလျားမတူတဲ့ အခြေအနေတွေကို သိပ္ပံပညာရှင်တွေက သိရခြင်းအားဖြင့် ဂြိုဟ်တခုရဲ့ လေထုလွှာအတွင်း ဘာတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာကို သိနိုင်မှာဖြစ်သလို အဲဒီကတဆင့် သက်ရှိရပ်တည်ရေးအတွက် အရေးပါတဲ့ ရေ ရှိမရှိလည်း ခန့်မှန်းနိုင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ကျယ်ပြောလှတဲ့ စကြဝဠာအတွင်း အခြေအနေအမျိုးမျိုး ရှိနိုင်မှု စာရင်းဇယားမှတ်တမ်းအရ တနေရာရာမှာ သက်ရှိတမျိုးမျိုး ရှိတယ်ဆိုတာ သေချာသလောက်နီးပါး ပြောနိုင်တယ်လို့ ယူဆထားပြီး တကယ်တမ်း မသေချာတဲ့ကိစ္စကတော့ သက်ရှိတွေ ရှိနေတတ်တဲ့ နေရာဒေသအလားအလာ ဘယ်လောက်များသလဲ ဆိုတာပဲ ဖြစ်တယ်လို့ ဒေါက်တာ ဆာကာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို သက်ရှိတွေ ရှိမနေ ဆုံးဖြတ်ရာမှာ ရေရှိမရှိ ဆိုတဲ့ အခြေအနေက အဓိကကျပြီး အခုလို ရှိတဲ့ ရေကလည်း အရည်အဆင့်မှာ ရှိနိုင်လောက်တဲ့ မအေးလွန်းတဲ့ အခြေအနေလည်း ရှိဖို့ လိုအပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒီဂြိုဟ်ရဲ့ သူပတ်နေတဲ့ ကြယ်နဲ့ အကွာအဝေးက ဒီဂြိုဟ်ပေါ်မှာ ရေက အရည်အဖြစ် တည်ရှိနိုင်တဲ့ အပူချိန် ရှိနိုင်လောက်ပြီး ရေရှိနိုင်တဲ့ ဂြိုဟ်တွေ့ ပြီဆိုတာနဲ့ သူတို့ စိတ်လှုပ်ရှားရတယ်လို့ ဒေါက်တာ ဆာကာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဂျိမ်းစ်ဝက်ဘ် မတိုင်ခင်မှာ ကမ္ဘာပေါ်က အာကာသ သိပ္ပံပညာရှင်တွေက ဟက်ဘယ် အာကာသမှန်ပြောင်းကို အားကိုးခဲ့ရရာမှာ လက်ရှိ မှန်ပြောင်းကတော့ ဟက်ဘယ်ကို အစားထိုးဖို့ ဆိုတာထက် ဟက်ဘယ်နဲ့ မတူတဲ့ စွမ်းရည်တွေ ရှိထားပြီး ပိုပြီး ဝေးဝေးမြင်နိုင်တယ်လို့. ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒါပေမဲ့ ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းဟာ ဟက်ဘယ်လို ပုံမှန် အလင်းနဲ့ ကြည့်တာ မဟုတ်ပဲ အနီအောက်ရောင်ခြည် အခြေခံတဲ့ အဝေးကြည့်မှန်ပြောင်းမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို အနီအောက်ရောင်ခြည် အခြေခံတဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်တာကြောင့်လည်း အများကြီး ပိုဝေးဝေး ကြည့်နိုင်တဲ့အပြင် အာကာသအတွင်း အမှုန်အပျက်အစီးတွေ ကြားထဲကနေလည်း ဖြတ်ပြီး မြင်နိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒီလို စွမ်းရည်ရှိတဲ့အတွက်ကြောင့်လည်း ဒီမှန်ပြောင်းကို အသုံးပြုရတာ ဖြစ်တယ်လို့ ကာဒစ်ဖ် တက္ကသိုလ်ကပဲ ဖြစ်တဲ့ ဒေါက်တာ တင်မ် ဒေးဗစ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ တင်မ် ဒေးဗစ်ဟာ အလွန်ဝေးလံတဲ့ စကြဝဠာထဲက ကြယ်ပြင် အစုအဝေးတွေရဲ့ အလယ်မှာ ရှိတတ်တဲ့ အလွန်ကြီးမားတဲ့ မဟာတွင်းနက်ကြီးတွေကို ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းသုံးပြီး လေ့လာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အဲဒီ တွင်းနက်ကြီးတွေဟာ အလင်းတန်းတွေကိုတောင် စုပ်ယူထားနိုင်တဲ့အထဲ ဆွဲငင်အားကြီးကြပြီး အခုလို ဆွဲငင်အားနဲ့ စုပ်ယူအပြီးမှာလည်း အနီးပတ်ဝန်းကျင်ကို စွမ်းအင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ အများအပြား ကန်ထွက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို ဆွဲငင်အား ကြီလွန်းတဲ့အတွက်ကြောင့်ပဲ ဒီတွင်းနက်ကြီးတွေရဲ့ အနီးပတ်ဝန်းကျင်မှာ အရာဝတ္ထုတွေ ရှုပ်ယှက်ခတ်နေတဲ့အတွက်ကြောင့် အနီအောက်ရောင်ခြည် အခြေခံတဲ့ ထွင်းဖောက်လေ့လာမှု လိုအပ်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အခုလို အနေအထားတွေကို လေ့လာခြင်းအားဖြင့် ဒီတွင်းနက်ကြီးတွေကို ဗဟိုပြု လည်ပတ်နေတဲ့ ကြယ်စင် အစုအဝေးကြီးတွေ ဘယ်လို အဆင့်ဆင့် ပြောင်းလဲသွားတတ်သလဲ ဆိုတာ လေ့လာနိုင်မယ်လို့ ဒေါက်တာ ဒေးဗစ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ကာဒစ်ဖ် တက္ကသိုလ်က ဒေါက်တာ မီကာကို မက်ဆူးရာ ကတော့ သူဟာ ဂျိမ်းစ်ဝက်ဘ်ကို အသုံးပြုပြီး သက်တမ်းကုန်လို့ ပေါက်ကွဲတော့မယ့် ကြယ်တွေကို လေ့လာမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အလွန်ကြီးမားတဲ့ ကြယ်အမျိုးအစားကြီးတွေ သက်တမ်းကုန်ပြီး ပေါက်ကွဲတဲ့အခါမှာ မီးလုံးကြီးလို ဖြစ်လာပြီး အနီးပတ်ဝန်းကျင်က အရာဝတ္ထုတွေ အများကြီးကို ဆွဲမွှေ့လေ့ရှိတဲ့ အနေအထားတွေကို သူက လေ့လာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ မီကာကို မက်ဆူးရာက သူ့အနေနဲ့ ဂျိမ်းစ်ဝက်ဘ်ကို သုံးပြီး သူလေ့လာချင်တဲ့ဟာကို လေ့လာရတာ ပိုကောင်းမယ်ဆိုတာ သိပေမယ့် လက်ရှိသိရလောက် အချက်အလက်နဲ့တင်ပဲ အတော် စိတ်ဝင်စားစရာ ကောင်းနေပြီလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဂျိမ်းစ်ဝက်ဘ်မှန်ပြောင်းကတဆင့် လက်ရှိ ၂၀၂၂ စက်တင်ဘာလကုန် ကာလမှာ နက်ပကျွန်းဂြိုဟ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထပ်မံ ရရှိထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "နေစကြဝဠာစနစ်အတွင်းမှာ ယခင်က ဂြိုဟ်ကိုးလုံးရှိတယ်လို့ ယူဆထားရာကနေ နောက်ဆုံးက ပလူတိုဂြိုဟ်ကို ဂြိုဟ်အဆင့် မသတ်မှတ်တော့တဲ့အတွက် နက်ပကျွန်းက နောက်ဆုံးဂြိုဟ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒီဓာတ်ပုံအရ နက်ပကျွန်းဂြိုဟ်မှာလည်း စနေဂြိုဟ်လိုပဲ သူ့ကို ပတ်နေတဲ့ ကွင်းတွေ ရှိနေတာကို တွေ့ ကြရပြီး ယခင်က မတွေ့ ဖူးတဲ့ အလင်းလှိုင်းအလျားတွေက ပြဆိုနေတဲ့ အချက်အလက်တွေကို သိပ္ပံပညာရှင်တွေက ဆက်လက် ပုံဖော်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဂျိမ်းစ်ဝက်ဘ် ဂြိုဟ်တုမှန်ပြောင်းဟာ အကွာအဝေး အလင်းနှစ်ပေါင်း ၁၃.၅ ဘီလျံ အထိ ထောက်လှမ်းကြည့်ရှုနိုင်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလျံ အကြာ စကြဝဠာပေါ်လာကာစ ကြယ်တွေရဲ့ အခြေအနေကို သိပ္ပံပညာရှင်တွေက လေ့လာနိုင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းက သူပထမဆုံး စတင် အလုပ်လုပ်နိုင်တဲ့အချိန်မှာ ကမ္ဘာမြေပေါ် ပထမဆုံး ပို့ လိုက်တဲ့ အာကာသဓာတ်ပုံက အလင်းနှစ်သန်း ထောင်ချီတဲ့ အကွာအဝေးတွေဆီက သန်းပေါင်း ထောင်နဲ့ချီတဲ့ ကြယ်တွေကို တွေ့ ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒါပေမဲ့ ဒီမှန်ပြောင်းက တကယ်တမ်းရိုက်ပြခဲ့တဲ့ ပမာဏက သာမန်ကမ္ဘာပေါ်က လူတဦးက ကောင်းကင်ယံမှာ သဲတမှုန်ကို ထောင်ကြည့်တဲ့ အတိုင်းအတာလောက်ကလေးပဲ ရှိပါဦးမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ယခင်နာမည်ပြီး ဟက်ဘယ် အာကာသမှန်ပြောင်းကလည်း အလားတူ ဝေးလံလွန်းတဲ့ နေရာက အာကာသဓာတ်ပုံတွေကို လှမ်းရိုက်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒါပေမဲ့ ဂျိမ်းစ်ဝက်ဘ်က ပေးပို့တဲ့ ပထမဆုံး ဓါတ်ပုံကတော့ လူသားတွေ ရိုက်ယူရရှိပြီးတဲ့အထဲက စကြဝဠာရဲ့ အနက်ရှိုင်းဆုံးနဲ့ အသေးစိတ်အကျဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "လာမယ့် ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ တိုက်လေယာဉ်ကို မောင်းနှင်ရမယ့် လေယာဉ်မှူးတွေကတော့ သူတို့ မောင်းရတဲ့ တိုက်လေယာဉ်တွေနဲ့ ပိုပြီး တစ်သားတည်းဖြစ်တဲ့ ခံစားမှုမျိုး ရလာနိုင်စရာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ပေါ်လာမယ့် တိုက်လေယာဉ်အမျိုးအစားတွေက လူ့စိတ်ကို ဖတ်နိုင်ခြေ ရှိတဲ့အထိ ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို ကူညီပေးနိုင်ဖို့အတွက် လေယာဉ်မှူးဆောင်းမယ့် ဦးထုပ်မှာ ဦးနှောက်အတွင်း လှုပ်ရှားမှုတွေနဲ့ တကွ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဖမ်းယူနိုင်မယ့် စက်တွေ တပ်ထားမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို တိုက်လေယာဉ်ကို မောင်းနှင်သူက အကြိမ်ကြိမ် မောင်းနှင်လာရင်း သူ့ရဲ့ ဇီဝဗေဒနဲ့ စိတ္တဗေဒဆိုင်ရာ အချက်အလက်တွေကို စက်အသိဉာဏ်က တောက်လျှောက် တိုးမြှင့်စုဆောင်းနေမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဒီလေယာဉ်ရဲ့ စက်အသိဉာဏ်ဟာ အခုလို အချက်အလက်တွေ စုဆောင်းလာရင်း သက်ဆိုင်ရာ လေယာဉ်မောင်းတစ်ဦးချင်းရဲ့ မတူခြားနားတဲ့ ဇီဝစိတ္တ အခြေအနေကိုလိုက်ပြီး အကူအညီလိုအပ်လာတဲ့ အချိန်မှာ သိရှိ လုပ်ဆောင်ပေးဖို့ စီမံထားပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဥပမာအားဖြင့် တိုက်လေယာဉ်မောင်းသူက ကမ္ဘာ့ဆွဲအားမြင့်မားတဲ့ အခြေအနေမှာ သတိလစ်သွားမယ်ဆိုရင် စက်အသိဉာဏ်က ဝင်ရောက် ထိန်းကျောင်းပေးနိုင်မယ့် ပုံစံမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို နောက်ဆုံးပေါ် တိုက်လေယာဉ် စုဖွဲ့ မှု ပုံစံတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ဆိုရင် ပြန်လည်ထိန်းကျောင်း စောင့်ကြည့်တဲ့စနစ်အသစ်တွေနဲ့ ထိန်းချုပ်ရေး စနစ်သစ်တွေကို အစအဆုံး ပြန်လည် ပုံစံထုတ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ယခင်ကဆိုရင် အစိုးရတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကြောင့် နည်းပညာတိုးတက်မှုကို တွန်းအားပေးလေ့ရှိပြီး စီးပွားဖြစ်အခြေပြုတဲ့ နည်းပညာနယ်ပယ်က နောက်က လိုက်လေ့ရှိပေမယ့် နောက်ပိုင်းမှာတော့ စီးပွားဖြစ် အခြေပြုတဲ့ နည်းပညာနယ်ပယ်က ပိုပြီး အဆင့်မြင့်လာပြီလို့လည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "မစ္စတာ စတော့ကာ အနေနဲ့ ဒီတိုက်လေယာဉ်သစ်စနစ်ကို ထူထောင်ရာမှာ အဆင့်မြှင့်တင်တဲ့အပိုင်းကို စမတ်ဖုန်း အက်ပ်တွေ ဒေါင်းလုပ် လုပ်သလောက်အထိ လွယ်ကူအောင် လုပ်ဖို့ မျှော်မှန်းကြံစည်နေပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို လေယာဉ်ပုံစံပေါ်လာအောင် ဆောက်လုပ်ရာမှာ အလိုအလျောက် တပ်ဆင်ပေးတဲ့ စက်ရုပ်တွေကို အသုံးပြုမှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို စက်ရုပ်တွေ အသုံးပြုမှာ ဖြစ်တဲ့အတွက် လေယာဉ်မှာ ပါဝင်ပစ္စည်း အစိတ်အပိုင်းတွေ တင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း မြန်မြန်ဆန်ဆန် ပေးပို့ပေးနိုင်အောင် အဲဒီ တပ်ဆင်စက်ရုပ် အချက်အလက်တွေကို ဝေမျှမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ ဘာသာပြန်တွေသာမက၊ ဂျပန် အင်္ဂလိပ် နှစ်ဘာသာစလုံး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကိုလည်း အသုံးပြုပြီး နည်းပညာပိုင်း နက်နဲတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နေနိုင်တယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဒီလေယာဉ်မှာ တပ်ဆင်မယ့် လက်နက်တွေထဲမှာ လေဆာစွမ်းအင် လက်နက်လည်းပါဝင်ပြီး အခြားတိုက်လေယာဉ်တွေကိုသာမက ပစ်ခတ်လာတဲ့ ဒုံးကျည်တွေကိုပါ လေဆာနဲ့ ပြန်လည် ချေဖျက်နိုင်မယ့် ပထမဆုံး ဗြိတိန် ပုံစံထုတ် တိုက်လေယာဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို ရှုပ်ထွေးနက်နဲတဲ့ ဒီတိုက်လေယာဉ်အတွင်း အလုပ်လုပ်မယ့်ပုံစံအတွက် ရိုးရွိုက်စ် ကုမ္ပဏီက အင်ဂျင်ပုံစံအသစ် ထုတ်ရမှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို တိုက်လေယာဉ် မောင်းနေစဉ် တက်လာမယ့် အပူချိန်ကို လျှော့ချ လည်ပတ်ပေးနိုင်မယ် အင်ဂျင်ပုံစံကို ရိုးရွိုက်စ်က အင်ဂျင်နီယာတွေ ကြိုးစားပုံထုတ်နေရဆဲဖြစ်ပြီး တစ်ဖက်မှာလည်း လေယာဉ်မှာပါမယ့် စနစ်တိုင်းကို စွမ်းအင်အပြည့်ပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ ရိုးရွိုက်စ်ရဲ့ အနာဂတ်စီမံကိန်း ဒါရိုက်တာ ဂျွန်ဝါဒဲလ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဒီ စီမံကိန်းကနေ စမ်းသပ်အောင်မြင်တဲ့ လေယာဉ် အကောင်အထည်ပေါ်လာပြီး စတင်အသုံးပြုနိုင်ပြီဆိုရင်တော့ ဒီပမာဏထက်ပိုပြီး ယူကေ ကာကွယ်ရေးသုံးငွေ ပိုများလာမှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို တစ်ဆင့်ချင်း ရှိနေပြီးသား တိုက်လေယာဉ်စနစ်နဲ့ တွဲဖက်ပြီး ဖြည်းဖြည်းချင်း ဖော်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စီမံကိန်းအသစ်အရ ဖော်ဆောင်လိုက်တဲ့ ပျံသန်းရေးစနစ်သစ်၊ လက်နက်အသစ်နဲ့ ရေဒါအသစ်တွေကို တိုင်ဖွန်း လေယာဉ်တွေမှာလည်း အဆင့်မြှင့်တင် ပေးသွားနိုင်ဖို့ရှိတယ်လို့လည်း မစ္စတာ ဝုဒ်ဘန်းက ဘီဘီစီကို ပြောဆိုထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "တရုတ်နိုင်ငံ အာကာသစခန်းသစ်မှာ အလုပ်လုပ်မယ့် တရုတ်အာကာယာဉ်မှူး သုံး ဦးရဲ့ ခြောက်လကြာခရီးစဉ် စတင်လိုက်ပါပြီ။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဒီခရီးစဉ်က ရှေ့ဆယ်စုနှစ်တွေအတွင်းမှာ တရုတ်နိုင်ငံကို ထိပ်တန်း အာကာသ အင်အားကြီးနိုင်ငံ ဖြစ်လာစေဖို့ အတွက် နောက်ဆုံးခြေလှမ်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အရင်နှစ်က တရုတ်နိုင်ငံက သူတို့ရဲ့ ထျန်းကုန်း သို့မဟုတ် ကောင်းကင်နန်းတော် အာကာသစခန်းရဲ့ ပထမဆုံး အပိုင်းကို အာကာသပတ်လမ်းကြောင်းထဲကို လွှတ်တင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲ့ဒီမှာ အခုနှစ်ကုန်ကျရင် မန်းထျန်း သိပ္ပံဓာတ်ခွဲခန်းလို အပိုင်းတွေ ထပ်ဖြည့်ဖို့ အစီအစဉ််ရှိပါသေးတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လာမယ့်နှစ်မှာလည်း ရွှန်းထျန်း လို့ခေါ်တဲ့ အာကာသမှန်ပြောင်းကို လွှတ်တင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲ့ဒီမှန်ပြောင်းက အာကာသစခန်းအနီးမှာ ရှိနေမှာဖြစ်ပြီး ဝန်ဆောင်မှုနှင့် ဆီဖြည့်ဖို့အတွက် အထိုင်ချထားမှာပါ။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ထျန်းကုန်း အာကာသစခန်းမှာ ကိုယ်ပိုင်စွမ်းအင်စနစ်၊ တွန်းကန်အားပေးစနစ် ၊ အသက်ကယ်ထောက်ပံ့မှုစနစ်တွေနဲ့ လူနေအပိုင်းတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံဟာ ဆိုဗီယက်ယူနီယံ (အခု ရုရှား) နှင့် အမေရိကန်တို့ပြီးရင် အာကာသထဲကို အာကာသယာဉ်မှူးတွေပို့နိုင်တာနဲ့ အာကာသစခန်းတည်ဆောက်နိုင်တဲ့ သမိုင်းတစ်လျှောက် တတိယ မြောက်နိုင်ငံ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လနဲ့ အင်္ဂါဂြိုဟ်ကို ရောက်အောင်သွားဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေက အဲဒီမှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လွန်ခဲ့နှစ်အနည်းငယ်ကနေ အခုအချိန်အထိ ကမ္ဘာမြေအနီးက ဂြိုဟ် သိမ်ဂြိုဟ်မွှားတွေက လွင့်စင်လာတဲ့ အစိတ်အပိုင်းနမူနာတွေကို တရုတ်က လိုချင်နေတာပါ။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "၂၀၃၀ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို လပေါ်မှာထားဖို့ တရုတ်က ရည်မှန်းထားပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့က နမူနာတွေကို စုဆောင်းဖို့အတွက်လည်း အာကာသယာဉ်တွေ စေလွှတ်သွားဖို့ ရည်မှန်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံက အာကာသမှာ ချဲ့ထွင်လာနေတဲ့အလားတူ တခြားနိုင်ငံတွေကလည်း လပေါ်ရောက်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေကြပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကလည်း သူတို့ရဲ့ လသွားအစီအစဉ်တွေကို အသီးသီး လုပ်ဆောင် နေကြပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ ဒုတိယမြောက် လသွားအစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၃၀ မှာကိုယ်ပိုင်အာကာသစခန်းထားရှိဖို့လည်း ဆန္ဒရှိနေပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တစ်ချိန်တည်းမှာပဲ လသွားခရီးစဥ်တွေကို နာဆာနဲ့တွဲလုပ်နေတဲ့ ဥရောပအာကာသအေဂျင်စီက အာကာသယာဉ်မှူးတွေ ကမ္ဘာနဲ့ ဆက်သွယ်ရလွယ်ကူစေဖို့ လကမ္ဘာဂြိုဟ်တုကွန်ရက်တစ်ခု တည်ဆောက်လည်း ဖို့စီစဉ်နေပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကြီးမားတဲ့ အနှောက်အယှက် အခက်အခဲတွေ ဖြတ်သန်းပြီးခဲ့တဲ့နောက် သူတို့နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုကို ၁၉၇၀ ခုနှစ်မှာမှ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲဒီအခြေအနေမှာ အာကာသထဲ လှုပ်ရှားမှုတွေ လုပ်နေနိုင်တဲ့ နိုင်ငံတွေက အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ ပြင်သစ်နဲ့ ဂျပန်တို့ပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတော့ တရုတ်နိုင်ငံက ဒုံးပျံအစင်း ၂၀၀ ကျော် လွှတ်တင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လကမ္ဘာထဲက ကျောက်နမူနာတွေ စုဆောင်းပြီး ပြန်သယ်လာဖို့ ချန်အီ-၅ လို့ခေါ်တဲ့ လူမပါတဲ့ မောင်းသူမဲ့ခရီးစဥ်တစ်ခုကိုလည်း တရုတ်က စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ပြီးတော့ အရင်က အမေရိကန်အလံတွေ စိုက်ထူထားတာထက် တမင်ပိုကြီးထားတဲ့ တရုတ်အလံကို လမျက်နှာပြင်ပေါ်မှာ စိုက်ထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ရှန်ကျိုး-၁၄ လွှတ်တင်မှုနဲ့အတူ တရုတ်နိုင်ငံက အာကာသယာဉ်မှူး ၁၄ ဦးကိုလည်း အာကာသထဲကို စေလွှတ်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အမေရိကန်ကတော့ အာကာသယာဉ်မှူး ၃၄၀ နဲ့ ဆိုဗီယက်ယူနီယံ (ယခု ရုရှား) က ၁၃၀ ကျော် ပို့ထားနိုင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဒါပေမယ့် အဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "၂၀၂၁ခုနှစ်မှာ တရုတ်ဒုံးပျံတစ်စင်း ဂြိုဟ်ပတ်လမ်းက ပြုတ်ကျပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့သလို ၂၀၂၀ခုနှစ်တုန်းက လွှတ်တင်မှုနှစ်ကြိမ်မှာလည်း အောင်မြင်မှုမရခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းတွေမှာ အနည်းဆုံး လူ ၃၀၀၀၀၀ လောက် အလုပ်လုပ်နေကြတယ်လို့ တရုတ်အစိုးရပိုင် မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲ့ဒီအရေအတွက်က နာဆာမှာ အလုပ်လုပ်နေတဲ့ လူအရေအတွက်ထက်တောင် ၁၈ဆ နီးပါးပို များပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်အမျိုးသား အာကာသစီမံကွပ်ကဲမှုအဖွဲ့ကို ကနဦး နှစ်စဉ်အသုံးစရိတ် ယွမ်နှစ်ဘီလီယံ (ဒေါ်လာသန်း ၃၀၀၊ ပေါင်သန်း ၂၄၀)နဲ့ ၂၀၀၃ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက သူတို့ရဲ့ အာကာသလုပ်ငန်းထဲမှာ ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ဖွင့်ပေးခဲ့ပြီး အခုအချိန်မှာ တစ်နှစ်ကို ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁.၅ ဘီလီယံ၊ ပေါင် ၁.၂ ဘီလီယံ)ကျော် ရင်းနှီးမြှုပ်နှံနေတယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံက သူတို့နိုင်ငံရဲ့ ဂြိုဟ်တုနည်းပညာ ဖွံ့ဖြိုးရေးကို စိတ်အားထက်သန်နေပြီး ဆက်သွယ်ရေး၊ လေကြောင်း သွားလာမှု စီမံခန့်ခွဲရေး၊ မိုးလေဝသခန့်မှန်းချက်၊ လမ်းညွှန်စနစ်နဲ့ အခြားအရာတွေ အတွက် သုံးချင်နေတာပါ။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဒါပေမဲ့ သူတို့ ဂြိုဟ်တုအများအပြားမှာ စစ်ရေးရည်ရွယ်ချက်တွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲ့ဒီဂြိုလ်တုတွေက ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေကို ထောက်လှမ်းတာမှာ သုံးနိုင်ပြီး တာဝေးပစ်ဒုံးကျည်တွေကို လမ်းညွှန်ပေးနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံဟာ လူသိများတဲ့ အာကာသခရီးစဥ်တွေကိုတင် အာရုံစိုက်ရုံတာမဟုတ်ဘဲ အာကာသ ကဏ္ဍပေါင်းစုံမှာလည်း ထူးချွန်တယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "သူတို့မှာ နိုင်ငံရေး စေ့ဆော်မှုတွေနဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ရန်ပုံငွေရဖို့ အရင်းအမြစ်တွေလည်း ရှိတယ်လို့ ပို့စ်မောက်တက္ကသိုလ် အာကာသ စီမံကိန်း မန်နေဂျာ လူစင် ဒါ ကင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "တရုတ်နိုင်ငံရဲ့ လသွားခရီးစဥ်တွေမှာ လမျက်နှာပြင်က ရှားပါးသတ္တုတွေကို ထုတ်ယူဖို့ အခွင့်အလမ်း တစ်စိတ်တစ်ပိုင်း လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လကမ္ဘာကို ထပ်ခါတလဲလဲ တူးဖော်ရေးခရီးတွေ စေလွှတ်ဖို့ တရုတ်နိုင်ငံက အကုန်ကျခံမှာမဟုတ်ဘူးလို့ လန်ဒန်တက္ကသိုလ်က အာကာသပေါ်လစီနဲ့ ဥပဒေရေးရာ လန်ဒန်အင်စတီကျုရဲ့ ဒါရိုက်တာ ပါမောက္ခ ဆာအိဒ် မိုတက်စ်ဟာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အဲ့ဒီအစား တရုတ်နိုင်ငံရဲ့ အာကာသအစီအစဉ်က ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေကို အထင်ကြီးစေမယ့်ဆန္ဒနဲ့ တွန်းအားပေးနေတာလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ဒါဟာ တန်ခိုးအာဏာကြီးလာဖို့အတွက်မှန်းဆပြီး နည်းပညာတိုးတက်မှုကို ပြတဲ့ လက္ခဏာပါ။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": " ဂျရမီဟောင်းဝဲလ်နဲ့တင်ဘိုလာတို့ကဖြည့်စွက်သတင်းတင်ဆက်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "ကမ္ဘာတဝန်း အင်တာနက်ချိတ်ဆက်မှု မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်ရေးအတွက် လတ်တလောကာလအတွင်း ပုဂ္ဂလိက ကုမ္ပဏီတွေက ဂြိုဟ်တုငယ်တွေ ထောင်နဲ့ချီပြီး စေလွှတ်လာရာမှာ ကောင်းကင် ရှင်းရှင်းလင်းလင်း ရှိဖို့လိုအပ်တဲ့ အာကာသ စူးစမ်းလေ့လာရေးပညာရှင်တွေအတွက် အနှောက်အယှက်တွေ ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို အာကာသစူးစမ်းရေးပညာရှင်တွေ အတွက်ပါ အနှောင့်အယှက် ဖြစ်လာရတဲ့အတွက် နိုင်ငံတကာ အာကာသစူးစမ်းရေး အဖွဲ့အစည်းတွေ ကိုယ်တိုင် စည်းရုံးစုဖွဲ့ပြီး ကန့်ကွက်လာရတဲ့ အခြေအနေလည်း ရောက်နေပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို အင်တာနက် ချိတ်ဆက်မှုအတွက် ရည်ရွယ်တဲ့ ဂြိုဟ်တုငယ်တွေကို ကုမ္ပဏီတခုက စေလွှတ်ရင် အရေအတွက် ထောင်နဲ့ချီတဲ့အတွက် ကောင်းကင်မြင်ကွင်း မရှင်းလင်းတော့တဲ့အပြင် ရိုးရိုးအမြင်နဲ့မဟုတ်ဘဲ ရေဒီယိုလှိုင်းအသုံးပြုပြီး နက္ခတ်တာရာ လေ့လာမှုကိုပါ သက်ရောက်မှု ရှိနိုင်တာကို တွေ့ရှိရပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ဒါ့အပြင် အဲဒီ ဂြိုဟ်တုငယ်တွေဟာ ကမ္ဘာမြေပြင်အထက် မြင့်မြင့်မဟုတ်ပဲ ပတ်လမ်းအနိမ့်ပိုင်းမှာ လျင်လျင်မြန်မြန် သွားလာနေကြတာ ဖြစ်တဲ့အတွက် နက္ခတ်တာရာကြည့် မှန်ပြောင်းတွေမှာ အလင်းအစင်းကြောင်းတွေအဖြစ် သွားပေါ်နေတယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို နက္ခတ္တဗေဒပညာအတွက်ပါ အနှောက်အယှက် ဖြစ်လာစေတဲ့ အခြေအနေအပေါ် ပညာရှင်အသိုင်းအဝိုင်းရဲ့ ပြောဆိုလာမှုကို အာရုံစိုက်ဖို့အတွက် နိုင်ငံတကာ အာကာသ စူးစမ်းရေးပညာရှင်များသမဂ္ဂက ဆုံရပ်တခုလည်း စတင် ထူထောင်နေပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အဲဒီဌာနဟာ ပထမဆုံးအနေနဲ့ ဂြိုဟ်တုထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဲဒီဂြိုဟ်တုငယ်တွေက ဖြစ်ပေါ်စေတဲ့ အလင်းညစ်ညမ်းမှုကို လျှော့ချရေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ဒါ့အပြင် တဖက်မှာလည်း နိုင်ငံတကာက အခုလို အာကာသရေးရာ မူဝါဒ ချမှတ်သူ အာဏာပိုင်တွေကိုလည်း ကမ္ဘာပတ်လမ်းတွင်း လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ လက်ခံဖွယ်ရာ ကျင့်ထုံးတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ပေးဖို့ကိုလည်း စည်းရုံးလှုံ့ဆော်ကြမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အမေရိကန်နိုင်ငံ အရီဇိုးနားတက္ကသိုလ်က အာကာသစူးစမ်းရေးပညာရှင် ဒေါက်တာ ရစ်ချက်ဂရင်းကတော့ နိုင်ငံတကာ အာကာသစူးစမ်းရေးပညာရှင်များသမဂ္ဂအနေနဲ့ ဂြိုဟ်တုငယ်သုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်နဲ့ စုစုစည်းစည်း ညှိနှိုင်းဆွေးနွေးပြီး အဲဒီ ဂြိုဟ်တုငယ်တွေကြောင့် ဖြစ်ပေါ်တဲ့ ဆိုးကျိုးတွေကို လျှော့ချရေးအပိုင်းမှာ အဲဒီလုပ်ငန်းရှင်တွေက လိုလိုချင်ချင် ကြိုးစားချင်လာအောင် ဆွဲဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ဒုံးပျံနဲ့ ဂြိုဟ်တု စရိတ်တွေသက်သာလာမှုရဲ့သက်ရောက်မှု လတ်တလော ကာလအတွင်းမှာ ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းပေါ်ကို ရောက်ရှိစေပြီး ကမ္ဘာမြေပေါ် ပြန်မကျတော့တဲ့အထိ တွန်းတင်အားကောင်းတဲ့ ဒုံးပျံလွှတ်တင်ရေး စရိတ်သာမက ဂြိုဟ်တုတည်ဆောက်တဲ့ စရိတ်ပါ သိသိသာသာ သက်သာလာတဲ့အတွက် အာကာသ စီးပွားရေး လုပ်ငန်းကို လုပ်ငန်းရှင်တွေအများအပြား တိုးတက်ဝင်ရောက်နေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို သက်သာလာတဲ့ အနေအထားမှာ ကမ္ဘာမြေပြင်ပေါ်မှာ အင်တာနက်ချိတ်ဆက်မှု ဖြန့်ကျက်မြန်ဆန်လာစေဖို့အတွက် ဂြိုဟ်တုငယ် အရေအတွက် ရာဂဏန်းကနေ ထောင်ဂဏန်းအထိများပြားတဲ့ ကမ္ဘာပတ်ဂြိုဟ်တုငယ် အစုအဝေးတွေကို ကုမ္ပဏီအမျိုးမျိုးတို့က သီးခြားစီ လွှတ်တင်လာကြတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို အပြိုင်အဆိုင်လွှတ်တင်လာကြရာမှာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ရာဂဏန်းအမြင့်လောက်သာလျှင် လွှတ်တင်ကြတဲ့အတွက် အထူးသဖြင့် ဝေလီဝေလင်းအချိန်နဲ့ နေဝင်ရီတရော အချိန်တို့မှာ နက္ခတ်တာရာကြည့် မှန်ပြောင်းသုံးသူတွေကို အများဆုံး သက်ရောက်စေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အဲဒီ ဂြိုဟ်တုငယ်တွေက ကမ္ဘာ့ပတ်လမ်းအနိမ့်မှာ လျင်လျင်မြန်မြန် ရွေ့လျားနေကြတာ ဖြစ်တဲ့အတွက် အခုလို မလင်းတလင်း အချိန်မျိုးတွေမှာ အလင်းပြန်မှု သိသာတဲ့အတွက် နက္ခတ်တာရာကြည့်မှန်ပြောင်းတွေမှာ အလင်းရောင် အစင်းကြောင်းတွေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ဒါ့အပြင် အဲဒီဂြိုဟ်တုငယ်တွေက အင်တာနက်ချိတ်ဆက်ရေး ထုတ်လွှတ်မှုတွေကလည်း အသေအချာ ကြပ်မတ်မထားရင် နက္ခတ်တာရာမှန်ပြောင်းတွေမှာလည်း သုံးတဲ့ ရေဒီယိုလှိုင်းဖမ်း ဧရိယာတိုင်တွေမှာ ရေဒီယိုလှိုင်းအနှောင့်အယှက်တွေလည်း ဖြစ်လာတတ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အဲဒီ ကုမ္ပဏီနှစ်ခုက လက်ရှိ ဂြိုဟ်တုငယ်သုံး အင်တာနက်ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းကို ဦးဆောင်နေရာမှာ ဂြိုဟ်တုငယ် စုစုပေါင်း ၂၀ဝ၀ ကျော်အထိ လွှတ်တင်ထားပြီးဖြစ်ပြီး နောက်ထပ်လည်း မြောက်များစွာ ထပ်မံ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အထူးသဖြင့် ထိခိုက်မယ့်အပိုင်းကတော့ စကြဝဠာအစ ပေါက်ကွဲမှုကြီး ဖြစ်ပြီးပြီးချင်း စကြဝဠာရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံနဲ့ ပါဝင်အရာဝတ္ထုတွေကို ခန့်မှန်း လေ့လာမှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို ဂြိုဟ်တုငယ်တွေကြောင့် ဖြစ်စေတဲ့ မြင်ကွင်းရော၊ ရေဒီယိုလှိုင်းအရပါ ကျပ်တည်း ပိတ်ဆို့သွားမှုကြောင့် ကမ္ဘာကြီးကို ဝင်တိုက်နိုင်တဲ့ ဥက္ကာခဲ စောင့်ကြည့် ကာကွယ်ရေး သုတေသန လုပ်ငန်းတွေကိုပါ ထိခိုက်တဲ့အထိ ဆိုးကျိုးများနိုင်တယ်လို့ မစ္စတာ ဒီဘရူနိုက သတိပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ဒါ့အပြင် အဲဒီအချိန်လောက်မှာ ရာသီဥတုနဲ့ ညဘက် အချိန်နာရီအပေါ်လိုက်ပြီး ဂြိုဟ်တုငယ် ရာဂဏန်းကနေ ထောင်ဂဏန်းလောက်အထိကို နေ အလင်းပြန်မှုကြောင့် အသေးဆုံး နက္ခတ်တာရာကြည့်မှန်ပြောင်းနဲ့တောင် တွေ့ မြင်ဖမ်းယူနိုင်တဲ့အထိ ကောင်းကင်ယံမှာ များပြားထူထပ်လာမယ်လို့လည်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို ဂြိုဟ်တုငယ်တွေရဲ့ ရွေ့လျားမှုလမ်းကြောင်းကို ကြိုတင် သိရှိခြင်းအားဖြင့် အာကာသစူးစမ်း လေ့လာမှုတွေကို အဲဒါတွေကနေ ရှောင်ကွင်း လုပ်ဆောင်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "မိုဘိုင်းဖုန်း၊ ကွန်ပျူတာစတဲ့ပစ္စည်းတွေကိုဖွင့်တဲ့အခါ ပိုင်ရှင်အစစ်ဟုတ်မဟုတ် မျက်နှာပြပြီး ဖွင့်ရတဲ့ နည်းပညာမျိုးကို မျက်နှာဖတ်ဉာဏ်တုနည်းပညာလို့ခေါ်တာပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဉာဏ်တုကသူသိမ်းဆည်းထားတဲ့ မျက်နှာပုံရိပ်နဲ့ ကင်မရာမှာပေါ်လာတဲ့မျက်နှာပုံရိပ်တူမတူ စစ်ဆေးတဲ့နည်းပညာဟာ မျက်နှာဖတ်ဉာဏ်တုနည်းပညာပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အဲဒါတွေဟာ ပိုင်ရှင်ခွင့်ပြုချက်မရဘဲ ယူထားတာတွေပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အဲသလို အဖြစ်အပျက်မျိုးတွေကြောင့် ကုမ္ပဏီကို ဒေါ်လာသန်းနဲ့ချီပြီး ဒဏ်ရိုက်ခံရတာကလည်းအကြိမ်ကြိမ်ပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "လူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်စည်းဘောင်ကို ချိုးဖောက်လို့ ဥရောပနဲ့ သြစတြေးလျတို့မှာ ဒဏ်ရိုက်ခံခဲ့ရတာတွေပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဒါပေမဲ့ဒါဟာ လူတွေရဲ့ သီးခြားလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး အကြီးအကျယ်အဝေဖန်ခံနေရသလို အကြိမ်ကြိမ်လည်း ဒဏ်ရိုက်ခံရပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "တကယ်တော့ ဒါဟာစည်းကျော်လွန်းပါတယ် လို့လည်း သူကဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ရဲကတော့ ဟုတ်မှန်ကြောင်း အတည်ပြုချက်မပေးပါဘူး။ ဒါပေမဲ့ ရဲအဖွဲ့ကိုတော့ ခြွင်းချက်ထားခွင့်ပြုပေးခဲ့တယ်လို့ စီအီးအိုဟုန်ထန်ထပ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အမေရိကန် ရဲအဖွဲ့တွေကတော့ အဲဒီဉာဏ်တုနည်းပညာကို သုံးမသုံးဖွင့်ဟမပြောဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု ပို့လန်း၊ ဆန်ဖရန်စစ္စကို၊ ဆီယဲ့တဲပြည်နယ်တွေမှာ သုံးစွဲခွင့်ပိတ်ပင်ထားတာပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုမျိုးကိုရဲက ခြေရာခံမရတဲ့အခါမျိုးမှာတော့ သူတို့ဟာ မျက်နှာဖတ်ဉာဏ်တုနည်းပညာကိုသုံးကြောင်း ရံဖန်ရံခါဖွင့်ဟပြောဆိုတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဒါပေမဲ့ တကယ်တန်း လက်တွေ့မှာ စတိုးဆိုင်ထဲက ချော့ကလက်ခိုးတဲ့အမှုမျိုးကနေ လူသတ်မှုအထိ ဘယ်ရာဇဝတ်မှုမှာမဆို သူတို့သုံးနေကြောင်းကို မိုင်ယာမီရဲအဖွဲ့ကတော့ ရှားရှားပါးပါးဝန်ခံပြောဆိုသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဘယ်လိုအမှုမျိုးမှာ မျက်နှာဖတ်ဉာဏ်တုနည်းပညာကို သုံးခွင့်ရှိပြီး ဘယ်လိုအမှုမျိုးမှာတော့ မသုံးရဘူးဆိုတဲ့ ဥပဒေသတ်မှတ်ချက်လုံးဝမရှိဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "မိုင်ယာမီရဲအဖွဲ့အနေနဲ့ မျက်နှာဖတ်ဉာဏ်တုနည်းပညာကို အထောက်အကူ သဘောသာ အသုံးပြုတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အဲဒီမျက်နှာဖတ်ဉာဏ်တုနည်းပညာက ညွှန်ပြရုံသက်သက်နဲ့တော့ လူတယောက်ကို ဖမ်းဆီးအရေးယူတာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "မှားယွင်းအဖြေထုတ်မှု ရဲကမျက်နှာဖတ်ဉာဏ်တုအသုံးပြုရှာဖွေရာမှာ မှားယွင်းခဲ့ဖူးတဲ့ အမှုအနည်းငယ်ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဒါပေမဲ့ ရဲအဖွဲ့ရဲ့ အသုံးပြုမှုအရေအတွက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုလို့သိရရင် မှားတဲ့အရေအတွက်ဟာ ဒီ့ထက်များမယ်လို့ ယူဆရပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ရဲက မျက်နှာဖတ်နည်းပညာအသုံးပြုပြီး မှားယွင်းဖမ်းဆီးဖူးတာတချို့ရှိကြောင်း သူက လက်ခံပေမဲ့ အဲဒါဟာ နည်းပညာအားနည်းချက်ကြောင့် မဟုတ်ဘဲ ရဲအတတ်ပညာချို့ယွင်းအားနည်းချက်ကြောင့်လို့ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ရဲကအသုံးပြုတဲ့ဓာတ်ပုံတွေဟာလည်း ရဲမှတ်တမ်းအဖြစ် အသုံးပြုထားတဲ့ဓာတ်ပုံတွေသာဖြစ်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "မျက်နှာဖတ်နည်းပညာအသုံးပြုရာမှာ ဓာတ်ပုံအရည်အသွေးကောင်းမကောင်းအပေါ်မှာလည်း အဖြေတိကျမှုရှိမရှိဟာ မူတည်ကြောင်း ဟုန်ထန်ထပ်က လက်ခံပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "နယူးယောက်အခြေစိုက် တရားခံရှေ့နေတယောက်ဖြစ်တဲ့ ကိတ္တလင်းဂျက်ဆင်က အခုလိုပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အလွန်တိကျတယ်ဆိုတဲ့ပြောဆိုချက်ဟာ လိုရာဆွဲတွေးတာပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "စီစီတီဗီဓာတ်ပုံလိုဟာမျိုးနဲ့တိုက်ဆိုင်ကြည့်ပြီး တိတိကျကျသိဖို့ မလွယ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": " သူတို့မျက်နှာဖတ်ဉာဏ်တုနည်းပညာရဲ့တိကျမှုကို တရားရုံးရှေ့မှာသက်သေထွက်ဆိုဖို့တော့ ဆန္ဒမရှိဘူးလို့ စီအီးအိုဟုန်ထန်ထပ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "တရားရုံးမှာ သက်သေထွက်ဆိုဖို့တော့ ဆန္ဒမရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဘာ့ကြောင့်လဲဆိုတော့ အမှုလိုက်အရာရှိတွေဟာ တရားခံရှာဖွေဖော်ထုတ်ဖို့အတွက် တခြားနည်းလမ်းတွေကိုပါ တွဲဖက်အသုံးပြုတာမို့ပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "တရားလိုရှေ့နေရော တရားခံရှေ့နေပါ သူတို့နည်းပညာကို အသုံးပြုခွင့်ရှိတယ်လို့ သူကဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "အန်ဒရူးကွန်းလင်းဟာ သူ့မိတ်ဆွေနဲ့အတူ ၂၀၁၇ ခုမတ်လကကားနဲ့ခရီးသွားရာမှာ ကားကသစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်ပြီး သူ့မိတ်ဆွေသေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "သူ့မိတ်ဆွေက ကားမောင်းပြီး သူကဘေးက ထိုင်လိုက်တာပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "သူ့မိတ်ဆွေသေဆုံးပြီးနောက် လမ်းဘေး ဖြတ်သွားတဲ့လူတယောက်က အန်ဒရူးကွန်းလင်းကို ကားထဲက ဆွဲထုတ်ပေးခဲ့ပြီး ထွက်ခွာသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ရဲက အန်ဒရူးကွန်းလင်းဟာ ကားမောင်းသူလို့ သံသယရှိတဲ့အတွက် သူ့ကိုလူသေမှုနဲ့ တရားစွဲဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "သူဟာ ကားမောင်းသူမဟုတ်ကြောင်း အဓိကသက်သေထွက်ဆိုနိုင်မယ့်သူက သူ့ကို ကားထဲကဆွဲထုတ်ခဲ့သူပါ။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ဒါပေမဲ့ကားထဲကဆွဲထုတ်သူ ဘယ်သူဆိုတာမသိကြတော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "သူကတရာရုံးမှာ သက်သေခံထွက်ဆိုတဲ့အတွက် အန်ဒရူးကွန်းလင်းရဲ့အမှုမှန် ပေါ်ပေါက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw091knng5ko" }, { "text": "ရုတ်တရက် ကြည့်လိုက်ရင်တော့ သာမန် သင်္ဘောငယ်တစီးလို့ ထင်ချင်စရာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒါပေမဲ့ ဒီသင်္ဘောကို တဆင့်ချင်း သင်္ဘောသားအရေအတွက် လျှော့ပြီး မောင်းနှင်နိုင်အောင် စမ်းသပ်နေတာဖြစ်ပြီး နောက်ဆုံးမှာ သင်္ဘောသားအပါအဝင် လူလုံးဝမပါပဲ မောင်းနှင်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "မောင်းသူမဲ့ ကုန်တင်သင်္ဘောကို ဘယ်လို စမ်းသပ်နေသလဲ လက်ရှိ ဒီသင်္ဘောမှာ စုစုပေါင်း လူငါးဦးလိုက်ပါပြီး စမ်းသပ်နေရာကနေ ပထမအဆင့် အနေနဲ့ လက်ရှိ ၂၀၂၃ အကုန်မှာ နှစ်ဦးသာပဲ လိုအောင် စမ်းသပ်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အခုလို တဆင့်ချင်း စမ်းသပ်မောင်းနှင်မှုတွေ အဆင်ပြေတယ်ဆိုရင် ၂၀၂၅ အထိ နောက်ထပ် နှစ်နှစ် လူလိုက်ပါ စမ်းသပ် အပြီးမှာ သင်္ဘောကို ထိန်းကျောင်းတဲ့ ဦးခန်းကို လုံးဝ ဖြုတ်ပယ်ပြီး မောင်းသူမဲ့ သင်္ဘောဖြစ်အောင် လုပ်နိုင်ဖို့ ရည်မှန်းချက် ရှိထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "မာလိန်မှူး အိုးဒီဂါ့ဒ်က ဘီဘီစီကို ပြောကြားရာမှာ သူတို့ဟာ ဒီ သင်္ဘောက ကိုယ်တိုင်ထိန်းကျောင်းနိုင်အောင် လက်ရှိ ပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘောတွေမှာ မရှိသေးတဲ့ နည်းပညာသစ် အမြောက်အမြားကို စမ်းသပ်ပြီး အများကြီး ခေတ်ရှေ့ပြေးသွားအောင် လုပ်ဆောင်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီလို စမ်းသပ်မှု အောင်မြင်ပြီဆိုရင် သင်္ဘောမာလိန်မှူးက သင်္ဘောနဲ့အတူ လိုက်ပါစရာ မလိုတော့ဘဲ ကုန်းပေါ်ကနေပဲ ထိန်းကျောင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ကနဦးအနေနဲ့ ကီလိုမီတာ ၈၀ (မိုင် ၅၀) လောက် အကွာအဝေးမှာရှိတဲ့ အဝေးထိန်းစခန်းကနေ စတင် စမ်းသပ်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီလို အဝေးထိန်းစမ်းသပ်မှုမှာ သင်္ဘောအမြောက်အမြားကို တပြိုင်နက် စောင့်ကြည့် ထိန်းကျောင်းနိုင်အောင် လုပ်ဆောင်မှာ ဖြစ်သလို လိုအပ်လာရင် သင်္ဘော ကွန်ပျူတာတွေရဲ့ ဆုံးဖြတ်ချက်တွေကို လူသား မာလိန်မှူးတွေရဲ့ ညွှန်ကြားချက်နဲ့ အစားထိုး ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "သူ့ရဲ့ ကုမ္ပဏီဆိုရင် ပင်လယ်ပြင် အခြေပြု စွမ်းအင် ထုတ်လုပ်ရေး၊ သမုဒ္ဒရာ သုတေသနနဲ့ ကာကွယ်ရေးနယ်ပယ်တွေက အသုံးပြုသူတွေအတွက် ပင်လယ်ကြမ်းပြင် မြေပုံဆွဲမှု အဓိက လုပ်ပေးတဲ့ မောင်းသူမဲ့ ရေငုပ်ယာဉ်တွေကို ထုတ်လုပ်ရောင်းချနေပြီးသား ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အခုလို မောင်းသူမဲ့ ရေယာဉ် နည်းပညာကို အထူးစိတ်ဝင်စားနိုင်တဲ့ နယ်ပယ်ကတော့ ကုန်တင်သင်္ဘော နယ်ပယ်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ရေကြောင်းမောင်းသူမဲ့ နည်းပညာကို တခြား ကုမ္ပဏီတွေကလည်း စမ်းသပ်နေရာမှာ ပြီးခဲ့တဲ့နှစ်က မစ်ဆူဘီရှီ သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီက ၂၂၂ မီတာ အရှည်ရှိတဲ့ ကားတင်ဆောင်တဲ့ သင်္ဘောကြီးကို မောင်းနှင် ကမ်းကပ် ပြနိုင်ခဲ့တာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ရေကြောင်းနယ်ပယ်မှာ မောင်းသူမဲ့ နည်းပညာ အသားကျလာဖို့ ဘယ်လောက် အချိန်ယူရမလဲ ရေကြောင်းနယ်ပယ်မှာ မောင်းသူမဲ့ နည်းပညာ အသုံးပြုပြီဆိုရင် လုံခြုံ စိတ်ချ ထိရောက်မှု ရှိဖို့အတွက် လိုအပ်လာရင် ကြားဝင် ညွှန်ကြားထိန်းကျောင်းနိုင်တဲ့ အဖွဲ့တဖွဲ့ လိုအပ်မှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒါ့အပြင် ဒီနည်းပညာကို စတင်အသုံးပြုကာစ ကာလမှာ တစ်စုံတရာ လိုအပ်လာရင် ထိန်းကျောင်းပေးနိုင်မယ့် သင်္ဘောသား အဖွဲ့တဖွဲ့လည်း လိုက်ပါ စီးနင်းဖို့ လိုနေဦးမယ်လို့ နော်ဝေးအရှေ့တောင်ပိုင်း တက္ကသိုလ်က အသုံးချ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာဆိုင်ရာ တွဲဖက် ပါမောက္ခ မဲရီးယပ်စ် တန်နမ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "တဖက်မှာလည်း အလိုအလျောက် မောင်းနှင်ထိန်းကျောင်းနိုင်တဲ့ စနစ်ကြောင့် သင်္ဘောပုံစံထုတ်မှု အသစ်တွေ ပေါ်လာမှာဖြစ်ပြီး သင်္ဘောသားတွေ မလိုတော့ဘူး ဆိုကတည်းက ကုန်တွေလည်း ပိုပြီး များများတင်နိုင်မယ်လို့လည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အကြောင်းကတော့ သင်္ဘောသားတွေမလိုတော့တဲ့အတွက် နေစရာ အိပ်ဆောင်တွေ၊ မီးဖိုချောင်တွေ၊ လေပူ လေအေးပေး စနစ်နဲ့တကွ တခြား လူနေထိုင်ဖို့ တပ်ဆင်ရတဲ့ စနစ်တွေ ထည့်စရာမလိုတော့လို့ ဖြစ်တယ်လို့ ပါမောက္ခ တန်နမ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "တဖက်မှာလည်း ရေကြောင်းမှာ မောင်းသူမဲ့ နည်းပညာ အသားကျလာဖို့အတွက် နိုင်ငံတကာဖြန့်ကြက် သဘောတူရမယ့် ဥပဒေကြောင်းအရ အခက်အခဲနဲ့ စည်းကြပ်မှုဆိုင်ရာ အသစ်ထုတ်ပြန်ဖို့ လိုအပ်မှု အခက်အခဲတွေလည်း ရှိလာနိုင်ပြီး ဒီမောင်းသူမဲ့ သင်္ဘောတွေ ကိုယ်တိုင်ကလည်း ထိန်းသိမ်းပြုပြင်ပေးနေဖို့ လိုအပ်ချက် မရှိသလောက်ဖြစ်အောင် စနစ်တွေ ကောင်းနေဖို့ လိုအပ်မယ်လို့လည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီလို အတားအဆီးတွေ ရှိတယ် ဆိုပေမဲ့လည်း လမ်းမှာ အန္တရာယ်နဲ့ အနှောင့်အယှက် ကြုံနိုင်ခြေ အနည်းအများနဲ့ တွက်မယ်ဆိုရင် ပုံသေ လမ်းကြောင်းရှိမယ့် မောင်းသူမဲ့ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းက မောင်းသူမဲ့ အိမ်စီးကားတွေ၊ မောင်းသူမဲ့ ကုန်တင်ကား လုပ်ငန်းတွေထက် လက်တွေ့ တွင်ကျယ်လာနိုင်ခြေ ပိုမြန်မယ်လို့လည်း ပါမောက္ခ တန်နမ်က သုံးသပ်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အနီတာ စမစ်သ်ဟာ အွန်လိုင်းပေါ်တင်တဲ့ အကြောင်းအရာတွေကို အမြဲ သတိထားလေ့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါပေမဲ့ သူ့ချစ်သူနဲ့ ဆိုးရွားတဲ့ဆက်ဆံရေး ရှိခဲ့ပြီးနောက် စိုးရိမ်မှုတွေ ပိုတိုးလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "သူ့ချစ်သူက နောက်ပိုင်းမှာ သူ့ကို လိုက်နှောင့်ယှက်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ရဲက ကြားဝင်ဖြေရှင်းမှုတွေ ရှိခဲ့ပေမဲ့လည်း ယူကေကနေ သူထွက်ခွာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အွန်လိုင်းပေါ်က သူ့ ပရိုဖိုင်းမှာလည်း ပို့စ်တွေ သိပ်မတင်တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "နေရာဒေသတွေကို ဖော်ပြတဲ့ တချို့ ပို့စ်တွေနဲ့ အင်စတာဂရမ်အကောင့်တွေ အပါအဝင် အွန်လိုင်းပေါ်က ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တက်နိုင်သမျှ ဖျက်ပစ်လိုက်တယ်လို့ မစ္စစမစ်သ် (အမည်လွှဲ)က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မ လင့်ခ်အင်အကောင့်မှာ တချို့ပို့စ်တွေ ကျန်သေးပေမဲ့ နေရာဒေသကို ဖော်ပြတဲ့ ပို့စ်တွေကိုတော့ ဖျက်ပစ်လိုက်တယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မ အွန်လိုင်းပေါ်မှာ အချက်အလက်တွေ အများကြီးမတင်ချင်ပေမဲ့ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် လတ်တလောမှာ ပို့စ်တွေ တင်နေတုန်းပါပဲ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်ကိုတော့ သူက ဆက်ထားထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": " မစ္စစမစ်သ်ဟာ လူမှုကွန်ရက်တွေရဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပိုသတိထားမိလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မက အေအိုင် ဉာဏ်ရည်တု အသုံးပြုမှု ခေတ်ရေစီးကြောင်းတွေကို လိုက်ကြည့်နေပြီး ဓါတ်ပုံအများကြီးက အေအိုင်မော်ဒယ်တွေနဲ့ ထုတ်တာကို ကျွန်မ သိတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မတို့မှာ အေအိုင်တွေကို ဘယ်လိုသုံးရမယ်ဆိုတဲ့ ကျင့်ဝတ်စည်းကမ်းချမှတ်ထားတာတွေ မရှိဘူး။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဓါတ်ပုံတွေကို လိုသလို အသုံးချနေကြတာက ကျွန်မကလေးတွေကို လူမှုကွန်ရက်နဲ့ ခပ်ကင်းကင်းနေစေဖို့ ဖြစ်လာတဲ့ ကြီးကြီးမားမား အကြောင်းရင်းတစ်ရပ်ပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": " အွန်လိုင်းပေါ်က လူလိမ်တွေဟာ ပိုပြီး ဆန်းသစ်တဲ့နည်းတွေနဲ့ လိမ်လည်လာတာကြောင့် လူတော်တော်များများဟာ သတင်းအချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ ဝေမျှဖို့ စိုးရိမ်နေကြတယ်လို့ သုတေသီတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "လူတွေ သူတို့ရဲ့ အွန်လိုင်း ပရိုဖိုင်းတွေ လျှော့ချဖော်ပြလာချင်ရတဲ့ အကြောင်းရင်း တော်တော်များများ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အခုချိန်မှာ အပြစ်ကင်းပါတယ်ဆိုတဲ့ သတင်းအချက်အလက်ဟာ နောင် ၁၀ နှစ်လောက်အတွင်းမှာ ဒုက္ခရောက်နိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဥပမာ ဥပဒေ အပြောင်းလဲ၊ ဒါမှမဟုတ် နိုင်ငံရေးအခြေအနေ အပြောင်းအလဲမျိုးပေါ့။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": " နောက်တစ်ချက်ကတော့ အေအိုင်တွေ အများကြီးအသုံးပြုလာတဲ့ အခြေအနေပါလို့ မစ္စတာ ခါဇီယူခိုနစ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "လိမ်လည်မှုတွေက ပိုပြီး ကြောက်စရာကောင်းလာတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "လူလိမ်တွေအားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့အချက်က အချက်အလက်ဒေတာတွေပါပဲလို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဥာဏ်ရည်တုဟာ ကိုယ်နဲ့နီးစပ်တဲ့လူတွေလို့ ထင်ရလောက်အောင် ဆင်တူယိုးမှား လုပ်ပေးနိုင်တဲ့ အခြေအနေပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အဲဒီ အေအိုင်ရဲ့ စွမ်းရည်နဲ့ အွန်လိုင်းပေါ် ဝေမျှထားတဲ့ ကိုယ်ရေးအချက်အလက် တစ်ခုခု ပေါင်းစပ်မှုက သေစေနိုင်တဲ့ ပေါင်းစည်းမှုလို့ မစ္စတာ ခါဇီယူခိုနစ်က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါ့အပြင် ကိုယ်နဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ဝေမျှထားတဲ့ သတင်းအချက်အလက်တွေကို လိုက်ကောက်ပြီး ကြော်ငြာကုမ္ပဏီတွေဆီ ရောင်းစားသူတွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒီသတင်းအချက်အလက်တွေကို အွန်လိုင်းပေါ်မှာ လူလိမ်တွေလည်း ရယူနိုင်ပြီး သူတို့အတွက် ကောင်းဘွိုင်ဇာတ်ကားထဲကလို ထင်ရာစိုင်းနိုင်တဲ့ နေရာကြီး ဖြစ်လာတယ်လို့ မစ္စတာ ခါဇီယူခိုနစ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါကြောင့် ကိုယ့်အကြောင်းတွေကို ခြေရာခံလို့ သိပ်မရအောင် ဘာလုပ်နိုင်မလဲ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပထမတော့ ကိုယ့်ရဲ့ အချက်အလက်တွေ ဘယ်လောက်များများကို လူသိစေချင်သလဲ ဆိုတာ စဥ်စားထားဖို့ အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဘယ်နေရာမှာပဲဖြစ်ဖြစ် အိမ်လိပ်စာ မပေးပါနဲ့။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဥပမာ ကိုယ့်ရဲ့ နောက်ဘက်မှာ လူမသိစေချင်တဲ့ အကြောင်းအရာတွေ ရှိနေပေမဲ့ မတော်တဆ ကွန်ပျူတာလက်ပ်တော့ပ်နဲ့ ဗီဒီယို ရိုက်မိတာမျိုး ၊ အွန်လိုင်းကနေ စျေးဝယ်တဲ့အခါ တွေ့ကရာ ဝက်ဘ်ဆိုက်တိုင်းမှာ ကိုယ့်ရဲ့ အချက်အလက် အသေးစိတ် (ဥပမာ - မွေးနေ့လိုဟာမျိုး) မထည့်ဖို့ လိုတယ်လို့ မစ္စတာ ခါဇီယူခိုနစ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒီအချက်အလက်တွေ ပေါက်ကြားပြီး ကိုယ့်ကို ထိခိုက်စေနိုင်တဲ့နေရာမှာ အသုံးချ သွားနိုင်တယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒီလိုဝက်ဘ်ဆိုက်တွေမှာ မှတ်ပုံတင်တဲ့နေရာမှာ သုံးဖို့ အီးမေးလ်အကောင့် သက်သက် ထားသင့်ပြီး ဒါဆိုရင် ကိုယ်မလိုချင်တဲ့ အီးမေးလ်မက်ဆေ့ချ်တွေ ဝင်လာတာမျိုးကိုလည်း ကန့်သတ်ပေးလိမ့်မယ်လို့ မစ္စတာ ခါဇီယူခိုနစ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာဥပဒေအရ ကုမ္ပဏီတွေကို ကိုယ့်ရဲ့ ဘယ်လိုအချက်အလက်တွေ သိမ်းထားမှာလဲလို့ မေးပိုင်ခွင့်ရှိတယ်ဆိုတာ သိထားသင့်ပြီး အဲဒီကိုယ်ရေးအချက်အလက်တွေကို ဖျက်ပစ်ဖို့ တောင်းဆိုလို့ ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကုမ္ပဏီတွေ အနေနဲ့ အဲဒီစည်းမျဉ်းတွေကို မဖြစ်မနေ လိုက်နာရမှာပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "မဟုတ်ရင်တော့ ဒဏ်ငွေ အကြီးအကျယ် ဆောင်ရကိန်း ရှိတယ်လို့ မစ္စတာ ခါဇီယူခိုနစ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပရိုက်ဗေစီ အင်တာနေရှင်တယ် ဆိုတဲ့ လူမှုကူညီရေးအသင်း ရဲ့ အမှုဆောင် ဒါရိုက်တာ ဂတ်စ် ဟူစိန် ကတော့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်တွေကနေ ခြေရာခံလို့ မရအောင် လုပ်နိုင်တဲ့ အချက်တော်တော်များများကို အကြံပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကွတ်ကီးဆိုတာ ဝက်ဘ်ဆိုက်တွေကို ကိုယ်သွားကြည့်တဲ့အခါ ဘရောက်ဇာက ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို နောက်တစ်ကြိမ်ပြန်လာတဲ့အခါ လွယ်ကူစေအောင် မှတ်သားထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အခြေခံကျတဲ့ ဖြေရှင်းမှုကတော့ လူတိုင်းကို အကာအကွယ်ပေးနိုင်တဲ့ ခိုင်မာတဲ့ ဥပဒေတွေ ချမှတ်ပေးဖို့ အစိုးရတွေကို ဆက်ဖိအားပေးဖို့ပါပဲလို့ မစ္စတာ ဟူစိန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကရင် ရေးနိုးဟာ စထရက်သ်ကလိုက်ဒ် တက္ကသိုလ်မှာ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် ဆိုင်ရာ ကွန်ပျူတာပညာရှင်ပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကုမ္ပဏီတစ်ခုက ကိုယ့်ရဲ့အချက်အလက်တွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ ဖော်ပြတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာမူဝါဒ စာရွက်စာတမ်း ၁၅ ခုကို မနှစ်က သူ လေ့လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အရှုပ်ထွေးဆုံးအပိုင်းမှာဆိုရင် ဖတ်ပြီးဖို့ ၃၂ မိနစ်ကြာ အချိန်ယူခဲ့ရပြီး ကောလိပ်ကျောင်းတက်နေတဲ့ ပညာရေးအဆင့်ရှိသူသာ နားလည်နိုင်တာမျိုး ဖြစ်တာကို သူလေ့လာတွေ့ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အခြေအနေက အတော်ဆိုးပါတယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တချို့ခြေရာခံတာတွေကိုလည်း တားဆီးထားနိုင်တယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဥပမာ ဂူဂဲလ်ဆိုရင် ကိုယ်ရှာဖွေနေတဲ့ အကြောင်းအရာတွေကို ခြေရာခံမလိုက်နိုင်အောင် လုပ်ထားပေးတာမျိုးပေါ့ လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါ့အပြင် မကြာခဏဆိုသလို ကိုယ့်ဘရောက်ဇာထဲက ကွတ်ကီးတွေကိုလည်း ရှင်းပေးသင့်ပြီး ကိုယ်လက်ခံတဲ့ ကွတ်ကီးတွေကို လျော့ချသင့်တယ်လို့ သူက အကြံပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တရားသူကြီးတွေဆိုရင် တကယ်လို့ သူတို့က တချို့ အမိန့်တွေ ချရတဲ့အခါ သူတို့အိမ်ထိ လိုက်လာပြီး အန္တရာယ်ပေးခံရနိုင်တာမျိုးပါ လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒီလို ဖြစ်စဥ်တွေကြောင့် သာမန်လူတွေကလည်း သူတို့လည်းပဲ အကာအကွယ်ကောင်းကောင်း ယူသင့်တယ်လို့ စဥ်းစားလာကြတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "မစ္စ အန်တာရိန်းနားက သူ ဒီကုမ္ပဏီမှာ အလုပ်ဝင်တဲ့အခါ သူ့ရဲ့ ကိုယ်ရေးအချက်အလက် ဖယ်ရှားတဲ့ လုပ်ငန်းစဥ် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မနဲ့ အတူနေခဲ့ဖူးတဲ့သူတွေ၊ ကျွန်မသုံးခဲ့ဖူးတဲ့ ဖုန်းနံပါတ်တွေ၊ ကျွန်မရဲ့ အီးမေးလ် လိပ်စာတွေက ဂူဂဲလ်ရဲ့ ပထမစာမျက်နှာမှာပဲ ရှာတွေ့နိုင်နေတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တစ်စုံတစ်ယောက်က ကျွန်မ ကိုယ်ရေးအချက်အလက်တွေကို ခိုးချင်ရင် ကိုယ်ရေးကိုယ်တာ ထိခိုက်ပျက်စီးမှုဖြစ်အောင် တကယ်လုပ်နိုင်တဲ့အနေအထားပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒီကုမ္ပဏီက ကိုယ့်အိမ်ကို ဂူဂဲလ် မြေပုံပေါ်မှာ မမြင်နိုင်အောင် ဖုံးပေးတဲ့ ဝန်ဆောင်မှုလည်း ပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "စထရပ်ဖို့ဒ် အပွန် အေဗွန်မြို့ နားမှာ နေထိုင်တဲ့ ဆမ် ကော်လင်းဝုဒ်ဟာ အွန်လိုင်းပေါ်က သူ့ရဲ့ ပရိုဖိုင်းကို အခုနှစ်ပိုင်းတွေမှာ လျော့ချပစ်ခဲ့ရတဲ့ အကြောင်းရင်း တော်တော်များများ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပထမဆုံး အချက်ကတော့ ဖောက်သည်တစ်ဦးဆီ ပို့တဲ့ သူ့ရဲ့ အလုပ်အီးမေးလ်မှာ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်ကို ထည့်ခဲ့တဲ့အပေါ် သူ့အလုပ်ရှင်က မကြိုက်ပါဘူး။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မ ညဘက် လျှောက်လည်တဲ့ပုံတွေကအစ လူတွေမြင်ရနိုင်တော့ ဒါက သိပ်မကောင်းဘူးလေလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "နောက်ဖြစ်ရပ်တစ်ခုမှာတော့ ယူကျုပေါ်မှာ သူအကသင်နေတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပြီးတဲ့နောက် လူစိမ်းတစ်ယောက်က အွန်လိုင်းပေါ်က လိုက်နှောင့်ယှက်ခံခဲ့ရတာပါ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါ့အပြင် အွန်လိုင်းပေါ်က လိမ်လည်မှုတွေကြောင့် သူ့ရဲ့ ပရိုဖိုင်းမှာ တချို့အချက်တွေ ထပ်ပြီး လျှော့ချဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "သူ့ရဲ့ အွန်လိုင်းပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားတာမျိုး မဟုတ်ပေမဲ့ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ ပုံမှန် ပို့စ်တင်တာမျိုး မရှိတော့ဘဲ တစ်နှစ် နှစ်ကြိမ်လောက်ပဲ တင်ပါတော့တယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မ အဲဒီအချိန် အိမ်မှာ ရှိမနေဘူး ဆိုတာ လူတွေ သိကြမယ်လေ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မကတော့ များသောအားဖြင့် တက်ဂ်တွေကို ဖယ်ပစ်လိုက်တယ် လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "၀က်ဘ်ဆိုက်တွေက ကျွန်မရဲ့ အချက်အလက် အသေးစိတ်ကို ယူတာမျိုး မဖြစ်အောင် လုပ်ချင်တယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အဲဒီလို ဖြစ်နေမှ ကျွန်မ နေကောင်းထိုင်သာ ရှိတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ရှိမနေတာရဲ့ အားနည်းချက်တွေရော ရှိပါသလား။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်မရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က မိတ်ဆွေဟောင်းတွေကို မမြင်ရတော့ လွမ်းမိတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တစ်နှစ်ကို တစ်ခါ နှစ်ခါလောက်ပဲ ဆက်သွယ်ဖြစ်တော့မယ့် သူတွေပေါ့ လို့ မစ္စစမစ်သ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "မစ္စတာ ခါဇူခိုနစ်ကတော့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် ဂရုမစိုက်ဘူးလို့ ပြောသူတွေကို ကြားရလေ့ ရှိပေမဲ့ ဒါက မှန်ကန်တဲ့ အယူအဆတစ်ရပ်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "သူတို့မှာ ဖုံးကွယ်စရာမရှိဘူးလို့ ပြောပေမဲ့ သူတို့ပို့လိုက်တဲ့ အီးမေးလ်တိုင်းကို ဝေမျှတာကို သူတို့ကြိုက်ပါ့မလား။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်တော်တို့အိမ်တွေမှာ လိုက်ကာတွေ တပ်ရတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကျွန်တော်တို့ လုံလုံခြုံခြုံ တသီးတသန့် နေချင်ကြတယ်။ ဒါက လူ့သဘာဝဘဲလေ။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပုဂ္ဂလိက အာကာသယာဉ်တစီး လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လပေါ် ရောက်တဲ့ စီးပွားဖြစ် အာကာသယာဉ် ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "ဒီစီမံချက်ကို နာဆာ အမေရိကန် အာကာသအေဂျင်စီ နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "ဒါပေမဲ့လည်း ချိုင့်ခွက်ရဲ့ ကုန်းစောင်းပိုင်းကို ဆင်းသက်မိလို့ အဆင်းဂီယာတချို့ ကျိုးပြီး အာကာသယာဉ် တိမ်းမှောက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "သရဲပြာ အာကာသယာဉ် ဆင်းသက်မှုကတော့ ငြင်သာပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လကမ္ဘာကို လှည့်ပတ်နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "ဆင်းသက်မှု အောင်မြင်တဲ့အတွက် တက္ကဆက်က ပိုးစုန်းကြူး ကုမ္ပဏီ ရုံးချုပ်မှာ ရှိတဲ့ ဝန်ထမ်းတွေ ဟစ်ကြွေး ဂုဏ်ပြုခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အပိုလို အာကာသယာဉ် ခေတ်က အာကာသယာဉ်မှူးတွေ လပေါ် ဆင်းသက်ခဲ့ပြီးနောက် မေ့ပျောက်ထားခဲ့တဲ့ နည်းပညာကို ဒီအာကာသယာဉ်က ပြန်ပြီး သရုပ်ပြခဲ့ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အာကာသထဲက တခြားနေရာတွေကို စူးစမ်းလေ့လာဖို့ လကို အာကာသယာဉ်လွှတ်တင်တဲ့ စခန်းအဖြစ် သုံးချင်ကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် လက အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "လရဲ့ ပူလိုက် အေးလိုက်နဲ့ ဖုန်ထူပြီး ရောင်ခြည်ထုတ်လွှတ်မှု များတဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အာကာသထဲရောက် စက်ရုပ်တွေ ဘယ်လို လှုပ်ရှား ပြေးလွှားသလဲ သွားပြီး လေ့လာနိုင်ကြောင်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "လူတွေ လပေါ် ပြန်သွားချင်ကြပေမယ့် ငွေကြေးအခက်အခဲကြောင့် ဒီလောက် ကြာခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "နောက်ဆုံး လပေါ် လူတွေ ခြေချခဲ့တာ ၁၉၇၂ ဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပြီး အပိုလို ၁၇ အာကာသယာဉ်မှူးတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အပိုလို ခရီးစဉ်တွေက အောင်မြင်မှု ကြီးပေမယ့် သွားပြီး ပြန်ရုံသက်သက် ခရီးစဉ်တွေလို့ ဒေါက်တာ ဘာဘာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အဲဒီအချိန်တုန်းက အာကာသယာဉ်မှူးတွေ လက ပြန်မထွက်ခင် သုံးရက်ကြာအောင် နေရပြီး စရိတ်က ဒေါ်လာ ဘီလျံနဲ့ချီ ကုန်တာမို့ ရေရှည် မလုပ်နိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "ပုဂ္ဂလိက ကုမ္ပဏီတွေကို အာကာသစူးစမ်းလေ့လာရေးနယ်ထဲ ထည့်သွင်းတဲ့အတွက် စီးပွားဖြစ် ပြိုင်ဆိုင်မှုတွေ ရှိလာပြီး ကုန်ကျစရိတ် သက်သာမယ်လို့ ယုံကြည်ကြကြောင်း ဒေါက်တာဘာဘာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "ဒီပြိုင်ဆိုင်မှုတွေကနေ လပေါ် ဆင်းတဲ့ စျေးသက်သာတဲ့ အာကာသယာဉ်တွေ ပေါ်လာတာနဲ့ လပေါ်ကနေ အာကာသယာဉ်မှူးတွေအတွက် သောက်ရေ ရအောင် ရင်းမြစ်တွေ ထုတ်ယူတာလို တီထွင်မှုတွေ ဖြစ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "၂၀၂၄ ဇန်နဝါရီမှာ လပေါ်ကို ရောက်အောင် ကြိုးစားခဲ့ပေမယ့် လောင်စာယိုစိမ့်မှုကြောင့် လပေါ် မဆင်းနိုင်ဘဲ ကမ္ဘာပေါ်ကို ပြန်ပျက်ကျခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "တစ်တော့ ကို ပိတ်ပင်လိုက်တာဟာ ကုမ္ပဏီဘက်က ကန့်ကွက်နေသလို တစ်တော့နဲ့ သူ့ရဲ့သုံးစွဲသူ သန်း ၁၇၀ ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတာမရှိဘူးလို့ တရားရုံးချုပ်က တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ နိုင်ငံ့အမြင့်ဆုံးတရားစီရင်ရေးအာဏာပိုင်ကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တစ်တော့ သုံးတဲ့ အမေရိကန်ပြည်သူ သန်းချီကို တစ်တော့ မသုံးတော့အောင် တကယ်ပဲရပ်တန့်နိုင်မှာလား။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "မကြာခင်ရက်ပိုင်းအတွင်း သမ္မတရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုဖို့ရှိတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ တစ်တော့ရဲ့အနာဂတ်က သူ့လက်ထဲမှာပဲရှိတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ပိတ်ပင်တဲ့ဥပဒေ အာဏာတည်မယ့်ရက် နောက်တစ်နေ့ တနင်္လာနေ့က ထရမ့်ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲပဲဆိုတော့ အချိန်အခါကိုက်ပဲလို့ အိမ်ဖြူတော်ကလည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒီတော့ ဘာဆက်ဖြစ်မလဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ထရမ့်ဟာ တစ်တော့ကို ပိတ်ပင်ဖို့ သဘောတူခဲ့ဖူးပေမဲ့ ရွေးကောက်ပွဲကာလ ၂၀၂၄ တစ်နှစ်လုံးမှာတော့ ဒီဥပဒေကို လုံးဝလက်မခံဘူးလို့ အကြိမ်ကြိမ်ပြောဆိုခဲ့သလို အထမမြောက်ခဲ့ပေမဲ့ နှောင့်နှေးအောင်လည်း ကြိုးစားခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "လူမှုကွန်ရက်စာမျက်နှာမှာတော့ သူ့ရဲ့နောက်ထပ်လုပ်ဆောင်ချက်တွေ အကောင်အထည်ပေါ်လာဖို့ အချိန်တစ်ခု လိုတယ်လို့ ဆိုထားတာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တရားရုံးချုပ်ကတော့ မျှော်လင့်ထားသလိုပါပဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါကို အားလုံးက လေးစားလိုက်နာရမယ် သိပ်မကြာခင်မှာပဲ တစ်တော့နဲ့ ပတ်သက်တဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကို ချဖို့ဖြစ်လာမှာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကိုလည်း စောင့်ကြည့်လေ့လာဖို့ အချိန်လိုပါတယ် သူအရင်ကတည်းက ပြောခဲ့ဖူးတဲ့ နိုင်ငံရေးအရ အဖြေရှာသွားမယ်ဆိုတာကိုတော့ ဒီအင်တာဗျူးမတိုင် ခင်ကတည်းက ရှင်းရှင်းလင်းလင်းပြောပြီးသားပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တရုတ် သမ္မတရှီကျင့်ပင်နဲ့ တစ်တော့ကိစ္စ၊ ကုန်သွယ်ရေးကိစ္စတွေပြောခဲ့တယ်လို့ သောကြာနေ့တုန်းက တရားရုံးအမိန့်မချခင်လေးမှာပဲ ထရမ့်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": " ပြဿနာတွေကို အတူတူ မြန်မြန် ဖြေရှင်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ် လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ထရမ့်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်လာမယ့် မိုက်ခ်ဝေါ့ဇ်ကတော့ ရွေးကောက်ခံသမ္မတဟာ တစ်တော့ ကို အရင်အတိုင်းအသုံးပြုနိုင်မယ့်နည်းလမ်းတွေ ရှာကြံနေတယ်လို့ ဖောက်စ် သတင်းဌာနကို ကို ပြောခဲ့ပါ တယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အမေရိကန်တွေ တစ်တော့ကို ဆက်သုံးနိုင်အောင် နဲ့ သူတို့ရဲ့အချက်အလက်တွေကို ကာကွယ်စောင့်ရှော က် ပေးသွားမယ်လို့ ဆိုချင်တာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါနဲ့ပတ်သက်လို့ သမ္မတ အမိန့်ကြေညာချက်တွေ ထုတ်ပြန်တာမျိုးမလုပ်ခင်မှာ ကျွန်တော် ကြိုတော့မပြောချင်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းဖန်တီးမှာပါလို့ မစ္စတာဝေါ့ဇ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဘိုင်ဒန်အစိုးရကတော့ ဒီဥပဒေကို အတင်းအကျပ် မလိုက်နာခိုင်းဘူးလို့ အတိအလင်း ပြောဆိုထားပြီးသားပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အဲဒါကတော့ ဒီကုမ္ပဏီထုတ် ဖုန်းအပါအဝင် ပစ္စည်တွေမှာ တစ်တော့ ကို ဒေါင်းလုပ်ဒ်ဆွဲတာ ဆက်လက်ခွင့်ပြုထားရင်လည်း အရေး မယူဘူးဆိုတာမျိုးကိုပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဆိုလိုရင်းကတော့ ဥပဒေက စာအုပ်ထဲမှာသာရှိပြီး အမှန်တကယ်ကျင့်သုံးမှာ မဟုတ်ဘူးဆိုတဲ့သဘော ပါပဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒီနေရာမှာ တစ်ခုရှိတာက ဥပဒေကို ချိုးဖောက်တာလည်း ပြဿနာမရှိဘူးလို့ သိနေတဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဘာကြောင့်လည်းဆိုရင် အပြစ်မပေးဘူးဆိုတာ သမ္မတရဲ့အပြောသာဖြစ်ပြီး လက်တွေ့မှာ ဥပဒေချိုး ဖောက်နေရတာက သူတို့လုပ်ငန်းတွေ ဖြစ်နေတာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ထရမ့်သာ တစ်တော့ ပြန်ဖွင့်ပေးဖို့ မလုပ်နိုင်ခဲ့ရင် ဘာဆက်ဖြစ်လာမလဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "လူတွေက တစ်တော့ကို ဒစ်ဂျစ်တယ်လ်စတိုးတွေကနေ တရားဝင်ယူသုံးလို့မရတော့ဘူးဆိုရင်တောင် ဖုန်းထဲမှာ အရင်ရှိနှင့်ပြီးသားသူတွေအတွက် ဒါက ပြဿနာ မဟုတ်တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ တရားဝင်မရတော့တာကြောင့် အမေရိကန်က အသုံးပြုသူတွေအနေနဲ့ အဆင့်မြှင့်တင်ထားတဲ့ တစ်တော့ အက်ပ်အသစ်တွေကို မရနိုင်တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒီအချက်ကြောင့်ပဲ အချိန်ကြာလာတာနဲ့အမျှ စနစ်ချို့ယွင်းပြီး အသုံးပြုလို့မရတဲ့အဆင့်ရောက်သွား တော့မှာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "နောက်တစ်ချက်ကတော့ တစ်တော့ ဟာ လုံခြုံရေးဟာကွက်တွေကို အဆင့်မြှင့်တင်တာတွေလုပ်ပြီး ဖာထေး ထားတာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အဆင့်မြှင့်တင်ထားတဲ့ အက်ပ်တွေမရတော့ရင် ဖုန်းလိုမျိုး ပစ္စည်းသန်းနဲ့ချီဟာ ဟက်ကာတွေရဲ့ပစ် မှတ် ဖြစ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အခုလိုပိတ်ပင်တာကို ရှောင်လို့ရတဲ့လမ်းတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်ဖက်မှာ ထည့်စဉ်းစားစရာလိုတာက ဝန်ဆောင်မှုရယူအသုံးပြုခွင့်သတ်မှတ်ချက်ကို ချိုးဖောက်ရာ ကျတာကြောင့် ပြဿနာရှိ နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဖုန်းကို အခုလိုပြုပြင်ပြောင်းလဲတာတွေလုပ်ပြီး အင်တာနက်က အက်ပ်တွေကို ဒေါင်းလုပ်ဒ် ရယူတာက မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ရာကျတဲ့အပြင် ပြောင်းလဲခြင်းကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေရှိပါ တယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါကို အစိုးရကလည်း ကြိုမြင်တာကြောင့် အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေသုံးပြီး အက်ပ်ကို မရယူ နိုင်အောင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ထပ်မံပိတ်ပင်ဖို့ ညွှန်ကြားတာမျိုး လုပ်လာနိုင်ပါ တယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့ ပိတ်ပင်တားမြစ်ချက်ဟာ ဒီနည်းလမ်းတွေအတိုင်းဖြစ်လာခဲ့မယ်ဆိုရင်တောင် သုံးချင်တဲ့သူက တော့ နည်းလမ်းမျိုးစုံရှာပြီးဆက်သုံးနေဦးမှာပါပဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ အရင်ကသုံးခဲ့ရသလိုတော့ မဟုတ်တော့ဘူးပေါ့။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်ဖက်မှာလည်းအစိုးရဘက်က သုံးလာနိုင်စရာ တခြားနည်းလမ်းတွေလည်းရှိနေပါသေးတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဥပမာပြောရရင် ၂၀၂၀ တုန်းက အိန္ဒိယမှာ တစ်တော့ ကို ပိတ်ပင်တော့ ဒီအက်ပ်ကို ရယူလို့ မရအောင် လုပ်ဖို့ အစိုးရက အင်တာနက်ကုမ္ပဏီတွေကိုပါ တစ်ခါတည်း ညွှန်ကြားချက်ထုတ်ခဲ့တာမျိုး ဖြစ် ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "နောက်ဆုံးမှာတော့ တစ်တော့ဟာ အမေရိကန်မှာ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားလိမ့်မယ်လို့ တစ်တော့ ရဲ့ ရှေ့နေက တရားရုံးချုပ်ကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အခြေအနေရဲ့ ရှုပ်ထွေးမှုက ကျွမ်းကျင်သူတွေကိုတောင် နောက်ဘာဖြစ်မလဲဆိုတာ မရှင်းမလင်း ဖြစ်စေတယ်လို့ တရားရုံးမှာ တစ်တော့ဘက်ကနေ လျှောက်လဲခဲ့သူ ဂျော့ဂျီယာ နည်းပညာတက္ကသိုလ် ပါမောက္ခ မီလ်တန်အယ်လ်မူလာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "သေချာတာကတော့ သုံးစွဲသူတွေနဲ့ အင်တာနက်အပေါ် သက်ရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါဟာ နိုင်ငံ၊တရားစီရင်မှု နယ်နိမိတ်တွေအပေါ် မူတည်ပြီးတော့မှ အင်တာနက်ကို အပိုင်းပိုင်းဖြတ်သုံးရတော့မယ်ဆိုတာ တရားဝင်ကြေညာလိုက်တာပါပဲ လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမယ့် ခုချိန်မှာ တစ်တော့ ကို အမှန်တကယ် ပိတ်ပင်ခံရမှုနဲ့အတူ အဲဒီပြောဆိုမှု ပြောင်းလဲသွားနိုင်မှာလား။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "နောက်ပြီး သူ့ကိုယ်သူ ညှိနှိုင်းရေးမှာ အထူးကျွမ်းကျင်သူလို့ ဂုဏ်ယူနေတဲ့ သမ္မတက အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့အချိန်မှာရော ဘာတွေဖြစ်လာနိုင်ပါလဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အလားအလာရှိတဲ့ ဝယ်သူတွေဟာ ဆက်လက်တန်းစီနေပြီး ကုမ္ပဏီကို ဘီလျံနာ သူဌေး အီလွန်မာ့ခ်ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ အင်္ဂါနေ့က ဘလွန်းဘာ့ဂ်သတင်းက ဖော်ပြပေမဲ့ တစ်တေ့ ကတော့ ဒါဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ထရမ့်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း စတီဖင် မနျူချင်နဲ့ ဘီလျံနာ စီးပွားရေးသမား ဖရန့်ခ် မက်ကော့တို့ဟာလည်း ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ အရင်တုန်းက ပြောနေသူတွေထဲ ပါကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့ ကို ဈေးပြိုင်ပေးဝယ်ယူရေးအတွက် အကျိုးတူ ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ ဘီလျံ ၂၀ ရဖို့ နှုတ်အားဖြင့် သဘောတူထားပြီးဖြစ်တယ်လို့ လော့ဆန်းဂျလိစ်ဒေါ့ဂျာ ဘေ့စ်ဘောအသင်း ပိုင်ရှင်ဟောင်း မစ္စတာ မက်ကော့က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "နောက်ပြီး တစ်တော့ ကို ဝယ်ယူဖို့ အဆိုပြုသူထဲမှာ ထင်မှတ်မထားတဲ့သူတစ်ယောက်လည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဘီလျံနာတွေက တစ်တော့ဝယ်ယူရေး စကား စလာတဲ့အတွက် သူ့ဘက်ကလည်း စိတ်ဝင်စားလာကာ ဝယ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါဟာ ဟာသတစ်ခုလို့ ထင်စရာရှိပေမဲ့ သူ့မှာ ကြိုးစားကြည့်ဖို့နဲ့ အက်ပ်ကို ကယ်တင်ဖို့ ငွေကြေး အင်အား ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အသုံးပြုသူတွေရွှေ့တဲ့နောက်ကို ကြော်ငြာရှင်တွေ လိုက်လာမှာဖြစ်လို့ ဒီ တစ်တော ပိတ်ပင်မှုဟာ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေကို ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ်တွေ ရရှိစေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့ ကို လက်ရှိ ရှိနေတဲ့ ဘယ်အက်ပ်နဲ့မှ အစားထိုးလို့ မရနိုင်ဘူးလို့ ပြောဆိုချက် တချို့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာကုမ္ပဏီက ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ရန်ပုံငွေအတွက် ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "မက်တာ ကုမ္ပဏီရဲ့ ပိုင်ရှင် မာ့ခ် ဇက်ကာဘာ့ဂ်ဟာ နိုဝင်ဘာလတုန်းက ဒေါ်နယ် ထရမ့်ပိုင်တဲ့ မာရာလာဂို အပန်းဖြေနေရာမှာ ထရမ့်နဲ့ ညစာစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ရွေးကောက်ပွဲအပြီးနောက်ပိုင်း သူ့ကုမ္ပဏီနဲ့ ထရမ့်အကြား ဆက်ဆံရေးပြန်ပြေပြစ်လာအောင် ဇက်ကာဘာ့ဂ်က ကြိုးစားခဲ့ပုံရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ထရမ့်ဟာ အရင်က မစ္စတာ ဇက်ကာဘာ့ဂ်နဲ့ ဖေ့စ်ဘွတ်ခ်အပေါ် အကြီးအကျယ် ဝေဖန် ပြောဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဟာ ထရမ့်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တုန်းက သမုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "မက်တာ ကုမ္ပဏီ ဟာ ၂၀၂၀ ခုနှစ်တုန်းက သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်တုန်းကရော ၂၀၁၆ ခုနှစ်တုန်းက သမ္မတ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်တုန်းကပါ အလားတူ ငွေကြေးထည့်ဝင် လှူဒါန်းတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "မက်တာ ကုမ္ပဏီဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ဒေါ်လာ တစ်သန်းလှူဒါန်းတယ်ဆိုတဲ့အကြောင်း သတင်းဌာနအများအပြားကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ရန်ပုံငွေဟာ သမ္မတသစ် တက်ချိန် ကျင်းပတဲ့ အခမ်းအနား၊ လှုပ်ရှားမှုတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ဒီလို ငွေကြေးထည့်ဝင် လှူဒါန်းတာဟာ အစိုးရသစ်ဆီက မျက်နှာရဖို့ ကြိုးပမ်းမှုအဖြစ် တချို့က ယူဆထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "မက်တာဆီက တုံ့ပြန်ချက်ရဖို့ ဘီဘီစီက ဆက်သွယ်မေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ၄၇ ယောက်မြောက် အမေရိကန်သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ထရမ့်နဲ့ ဇက်ကာဘာ့ဂ်အကြား ဆက်ဆံရေးက အရင်တုန်းက ချောချောမွေ့မွေ့ လုံးဝ မရှိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "အထူးသဖြင့် ဇန်နဝါရီလ ၆ ရက်မှာ အမေရိကန် လွှတ်တော်အဆောက်အအုံကို အကြမ်းဖက် စီးနင်းဖျက်ဆီးခဲ့သူတွေကို သမ္မတဟောင်း ထရမ့်က ချီးမွမ်း ဖော်ပြခဲ့အပြီးမှာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က သူ့ရဲ့ အကောင့်တွေကို ဖြုတ်ချပစ်ခဲ့တဲ့အတွက် ထရမ့်နဲ့ ဇက်ကာဘာ့ဂ် အကြား ဆက်ဆံရေး ဆိုးဝါးသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "အဲဒီအချိန်ကတည်းကစလို့ ထရမ့်က မက်တာကုမ္ပဏီအပေါ် ရန်လိုတဲ့စကားတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဖေ့စ်ဘွတ်ခ် ကို လူထုရဲ့ရန်သူအဖြစ် မတ်လတုန်းက ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ကိုဗစ်ကာလအတွင်း ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က အကြောင်းအရာတချို့ကို ဆင်ဆာ ဖြတ်တောက်ဖို့ ဘိုင်ဒန်အစိုးရဆီက ဖိအားပေးမှုတွေကို အလျှော့ပေးခဲ့မိတဲ့အတွက် သူနောင်တရမိတယ်လို့ မစ္စတာ ဇက်ကာဘာ့ဂ်က သြဂုတ်လတုန်းက ရီပတ်ဘလီကန် အမတ်တွေထံ ရေးသားခဲ့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "တကယ်လို့ ၂၀၂၄ ရွေးကောက်ပွဲမှာ ဝင်စွက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် မစ္စတာ ဇက်ကာဘာ့ဂ် ထောင်ထဲမှာပဲ တစ်သက်လုံး နေရလိမ့်မယ် ဆိုပြီး ထရမ့်က စက်တင်ဘာလမှာ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ဒါပေမဲ့ အောက်တိုဘာလက လွှင့်ခဲ့တဲ့ ပေါ့ဒ်ကတ်စ် တစ်ခုထဲမှာတော့ ထရမ့်က မစ္စတာ ဇက်ကာဘာ့ဂ် ရွေးကောက်ပွဲထဲ ဝင်မပါဘဲ နေခဲ့တာ ကောင်းတယ်လို့ ဆိုပြီး လုပ်ကြံခံရမှုနဲ့ ရင်ဆိုင်ရအပြီး သူ့ကို ဇက်ကာဘာ့ဂ် က ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ဒါပေမဲ့ ထရမ့်ရဲ့ မိတ်ဆွေ နည်းပညာရှင် သူဌေးကြီး အီလွန် မတ်စ်ခ် လောက်တော့ ဇက်ကာဘာ့ဂ် ဟာ ထရမ့်နဲ့ ရင်းနှီးမှု မရှိသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "တစ်ချိန်က အချေအတင်ဖြစ်ခဲ့တဲ့ အီလွန် မတ်စ်ခ်နဲ့ မာ့ခ် ဇက်ကာဘာ့ဂ် အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်မှုတွေက အခုအခါ ပြီးဆုံးသွားပုံရပေမဲ့ သူတို့နှစ်ဦးကြား ရင်ကြားစေ့ ပြန်သင့်မြတ်တာမျိုးတော့ မတွေ့ရသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ဒါ့အပြင် အင်တာနက်ကနေတဆင့် စာတမ်းဖတ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုတွေအတွက် ဘယ်လို ပြင်ဆင်ရမလဲ၊ ဘာတွေ လုပ်ဆောင်ရမလဲဆိုပြီး ကမ္ဘာတဝန်းမှာ ဆောင်ရွက်နေတဲ့ ရပ်၊စဥ်းစား၊ချိတ်ဆက် လှုပ်ရှားမှုက မျှဝေနေတဲ့ မက်ဆေ့ချ်တွေကို အများပြည်သူ နားလည်အောင် ဘာသာပြန်ပြီး မျှဝေသွားမှာ ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "မြန်မာနဲ့ဆိုက်ဘာ လုံခြုံရေး လူမှုကွန်ရက်အကောင့်တွေ၊ အစိုးရ ဝက်ဘ်ဆိုဒ်တွေကို တိုက်ခိုက်ပြီး အချက် အလက် ခိုးယူတဲ့ ဆိုက်ဘာပြစ်မှုတွေ မြန်မာမှာ တိုးပွားနေ တယ်လို့ မြန်မာ သတင်း အချက်အလက် လုံခြုံရေး အဖွဲ့အစည်းအတွင်းရေးမှူး ဦးဖုန်းမြင့်က ဆိုက်ဘက်လုံခြုံရေးလနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "အခုမှာက ဝန်ဆောင်မှုကောင်းအောင်ဆိုပြီး ဖုန်းမှာပါတဲ့ ရင်းမြစ်တွေ အားလုံးထည့်ထားပြီးပြီ၊ တချို့ဆိုရင် ဖေ့ဘွတ်ခ်တွေ၊ အီးမေလ်းတွေတောင်ပါ တယ်၊ တကယ်တမ်းကျတော့ ဒါတွေ အားလုံးက အန္တရာယ်အရမ်းရှိတယ်၊ ကိုယ့်ဖုန်းထဲမှာ မဟုတ်တာတွေ ပါနေရင် ဘယ်လိုလုပ်မလဲ လို့ သူက ထောက်ပြ ပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဒါ့အပြင် ဆိုက်ဘာဗိုက်ကင်းလို ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ဆိုက်ဘာတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရလား မြန်မာနိုင်ငံမှာတော့ ဆိုက်ဘာဝါးဖားလို ကြီးကြီးမားမား တိုက်ခိုက်မှု ကြုံရတာ မရှိသေး ဘူးလို့ ဒေါက်တာ ထွန်းသူရသက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "မြန်မာနိုင်ငံသားတွေအနေနဲ့ လျှို့ဝှက်နံပါတ်ဖန်တီးတာ၊ နည်းလမ်း ၂ခု အသုံးပြုပြီး စစ်မှန်ကြောင်း အတည်ပြုတာ စတဲ့ အသိပညာတွေနည်းပြီး ဖုန်းဆိုင်တွေကပဲ စကားဝှက် တွေ ဖန်တီးနေတာတွေက ဆိုက်ဘာ ခြိမ်းခြောက်မှုအတွက် စိန်ခေါ်မှုလို့ မြန်မာနိုင်ငံဆိုင်ရာ ယူအက်စ် အိုင်စီတီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/burma-49940659" }, { "text": "ပြင်သစ် ဆိပ်ကမ်းမြို့ ကာလေနားက ဆန်ဂက်ထ် ဆိုတဲ့ နေရာကနေ ဂျီအမ်တီ စံတော်ချိန် မနက် ၆ နာရီ ၁၇ မိနစ်မှာ စတင် ပျံတက်ခဲ့ပြီး အင်္ဂလိပ် ဆိပ်ကမ်းမြို့ ဒိုဗာမှာ ရှိတဲ့ စိန့်မာဂရက် ကမ်းခြေမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "လူမတ်တပ်ရပ် စီးနင်းတဲ့ ဘုတ်ပြားကို ဂျက်အင်ဂျင် အမျိုးအစား တပ်ဆင်ထားတာ ဖြစ်ပြီး၊ အင်ဂျင်အတွက် အသုံးပြုတဲ့ ကယ်ရယ်စင် လောင်စာဆီကို ကျောပိုးအိတ်နဲ့ လူက လွယ်ထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "မစ္စတာ ဇပါတာဟာ ဇက်-အဲလ် ဆိုတဲ့ ကုမ္ပဏီ ထောင်ထားပြီး အဲဒီ ကုမ္ပဏီကနေ မိုးပျံဘုတ်ပြား တီထွင်ထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "သိပ္ပံရုပ်ရှင်ကားတွေထဲကလို မိုးပျံနိုင်တဲ့ အဲဒီ နည်းပညာကို ပိုပြီး တိုးတက်အောင် ဆက်လက် သုတေသန လုပ်ကြဖို့ ပြင်သစ် စစ်တပ်က မစ္စတာ ဇပါတာရဲ့ ဇက်-အဲလ် ကုမ္ပဏီကို ထောက်ပံ့ကြေး ဒေါ်လာ တစ်သန်းခွဲနီးပါး ပေးထားပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-49228173" }, { "text": "အဲဒီ ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) ရှည်ပြီး ထိပ်ပိုင်း မီတာ ၅၀ အရှည် (ပေ ၁၆၀ ) ရှိမယ့် အပိုင်းမှာကျမှ ကုန်ပစ္စည်း ဒါမှမဟုတ် လူတင်ဆောင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အာကာသယာဥ် ကို လွှတ်တင်ရာမှာ အောက်ပိုင်းမှာ ရှိတဲ့ ဒုံးပျံက အပေါ်ပိုင်းက အာကာသယာဉ်ကို ကမ္ဘာ့ဆွဲအား လွန်ပြီး အပြင်ဘက်ကို တွန်းထုတ်ပေးပြီးရင် ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အာကာသယာဉ် ကို ကနဦး ဘယ်လိုသုံးမလဲ ကြယ်ပြင်သွား သင်္ဘော အာကာသယာဉ် ဒုံးပျံ အာကာသယာဉ်ရဲ့ အင်္ဂါဂြိုဟ် အသွားအပြန်ခရီး တစ်ကြောင်းစီ ကြာချိန်ဟာ ကိုးလစီရှိမှာ ဖြစ်ပြီး ကနဦး အနေနဲ့ ယာဉ်ပျံရဲ့ ထိပ်ပိုင်းက အာကာသယာဉ်ရှိမယ့် အပိုင်းမှာ အခန်း ၄၀ ဖွဲ့ဖို့ စီစဉ်ထားတယ်လို့ မစ္စတာ မတ်စ်ခ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ပုဂ္ဂလိက အာကာသ နည်းပညာ ကုမ္ပဏီ ရဲ့ အာကာသယာဉ် စီမံကိန်းကို အမေရိကန် အာကာသ အေဂျင်စီ နာဆာကလည်း ၂၀၂၀ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၃၅ သန်း ထောက်ပံ့ထားပြီး လပေါ်မှာ လူတွေ ရေရှည်နေနိုင်ဖို့ ရည်ရွယ်တဲ့ နာဆာရဲ့ အာမိစ် စီမံကိန်းမှာ လူလိုက်ပါနိုင်တဲ့ လပေါ်ဆင်းတဲ့ ယာဉ်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အဲဒီ အာမိစ် စီမံကိန်းအတွက် ရည်ရွယ်တဲ့ အာကာသယာဉ် ကို စေလွှတ်ရာမှာတော့ အင်္ဂါဂြိုဟ်သွား အာကာသယာဉ် လို ကမ္ဘာမြေပေါ်ကို ဒုံးပျံ အစိတ်အပိုင်းက ပြန်ကျလာမှာ မဟုတ်ပဲ အာကာသထဲမှာပဲ ဆက်ရှိနေပြီး လနဲ့ ကမ္ဘာ အသွားအပြန် ခရီးအတွက် ကမ္ဘာပတ်လမ်းမှာ ထားရှိ အသုံးပြုမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အာကာသယာဉ် စီမံကိန်းမှာ လူလိုက်ပါဖို့အတွက် မဟုတ်ဘဲ ကုန်ပစ္စည်းတင်ဖို့ ရည်ရွယ်ဆောက်လုပ်တဲ့ ဒုံးပျံ အာကာသယာဉ်မှာ ဆိုရင်တော့ ပုံမှန် လူနေခန်းတွေ ပါမယ့် အာကာသယာဉ် အစိတ်အပိုင်းနေရာမှာ မိကျောင်းပါးစပ်နဲ့ အလားသဏ္ဍန်တူတဲ့ ကုန် အသွင်းအထုတ် အပေါက် ပါရှိမယ်လို့ ဆိုပြီး ဒီလို အဝကျယ် အနေအထားကြောင့် အဲဒီကနေ ဂြိုဟ်တုတွေ အမျိုးမျိုး လွှတ်တင်နိုင်ဖို့လည်း အသုံးဝင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ဥပမာအားဖြင့်ဆိုရင် လက်ရှိ လွှတ်တင် အသုံးပြုနေတဲ့ နာမည်ကျော် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တု ဟပ်ဘယ်လ် နေရာမှာ လာမယ့် အောက်တိုဘာလမှာ အစားထိုးမယ့် ဂျိမ်းစ် ဝက်ဘ် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တုထက်တောင် ကြီးမားတဲ့ ဂြိုဟ်တု အမျိုးအစားတွေကို လွှတ်တင်ရာမှာ အဲဒီ ကုန်တင် အမျိုးအစား အာကာသယာဉ် တွေကို အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ဒီ စနစ်ကိုပဲ ကမ္ဘာပေါ်က တနေရာနဲ့ တနေရာ အမြန်ဆုံး သွားနိုင်ဖို့ ကြားခံ စခန်းအဖြစ် သုံးနိုင်သလို နောက်ပိုင်းမှာ အာကာသယာဉ် တွေကို သုံးပြီး ကြာသာပတေးဂြိုဟ် အထိ လူသားတွေ နယ်ချဲ့နိုင်ဖို့ စိတ်ကူးတယ်လို့လည်း မစ္စတာ မတ် စ်ခ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အာကာသယာဉ်တွေ ကမ္ဘာကို ပြန်လာရာမှာ သမရိုးကျ အားဖြင့် ကမ္ဘာ့ဆွဲအားကို အသုံးချ ဝင်လာပြီး လေထုထဲ ရောက်တဲ့အချိန်ကျမှ လေထီးထုတ်ပြီး ဆင်းတဲ့ နည်းလမ်းနဲ့ လေယာဉ်အသွင် ပြေးလမ်းကတဆင့် ဆင်းတဲ့ နည်းလမ်းဆိုပြီး နှစ်မျိုး လုပ်လေ့ရှိပေမယ့် အာကာသယာဉ် ကတော့ တခြားနည်းနဲ့ ကမ္ဘာပေါ်ကို ပြန်ဆင်းမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အာကာသယာဉ် ဒုံးပျံ အာကာသယာဉ်ဟာ ကမ္ဘာ့ လေထုထဲကို ၆၀ ဒီဂရီ အစောင်း အနေအထားနဲ့ ပြန်ဝင်လာဖို့ ပုံစံထုတ်ထားပြီး မြေပြင်ကို ရောက်ခါနီးတဲ့ အချိန်မှာ လွှတ်တင်စဉ်က အထောင် အနေအထားအတိုင်း ဖြည်းဖြည်း ပြန်ဆင်းနိုင်အောင် တွန်းတင်တဲ့ အင်ဂျင်ပါဝါကို တခဏလေး ပြန်ဖွင့်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ပုဂ္ဂလိက အာကာသ နည်းပညာ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့ ဘိုကာ ချီကာ စမ်းသပ်စခန်းမှာ အာကာသယာဉ် ယာဉ်ပျံရဲ့ အပေါ်ပိုင်းဖြစ်တဲ့ အာကာသယာဉ် အစိတ်အပိုင်းကို အမျိုးမျိုး စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အစပိုင်းမှာဆိုရင် ရေလှောင် တာဝါတိုင်နဲ့တူတဲ့ စတားဟိုပါ ဆိုတဲ့ အာကာယာဉ်ကို စမ်းသပ်ထားခဲ့ပြီး အမြင့် ၃၉ မီတာ (ပေ ၁၃၀ နီးပါး) ရှိတဲ့ အဲဒီ ယာဉ်ပျံကို မြေပြင်အထက် မီတာ ၁၅၀ (ပေ ၅၀ဝ နီးပါး) အမြင့်အထိ ရောက်အောင် စမ်းသပ် ပျံသန်းမှု အောင်မြင်ထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "လက်ရှိ နောက်ဆုံး အာကာသယာဉ် ပုံစံနဲ့ အနီးစပ်ဆုံး အနေအထား စမ်းသပ်မှုကို ဆိုရင် ပြီးခဲ့တဲ့လ ၂၀၂၀ ဒီဇင်ဘာကမှ စလုပ်ခဲ့တာ ဖြစ်ပြီး ထိပ်ဖူးအတုံးနဲ့ ငါးဆူးတောင်သဖွယ် အပြားတွေ စတင်ပါဝင်လာတဲ့ ပုံစံလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "ပုဂ္ဂလိက အာကာသ နည်းပညာ ကုမ္ပဏီဟာ အခုလို ပေါက်ကွဲခဲ့ရတဲ့ အာကာသယာဉ် ပုံစံကို ပြန်လည် ပြုပြင်ကာ နောက်တခေါက် ထပ်မံ စမ်းသပ်ဖို့ ပြင်ဆင်နေပြီး အင်္ဂါဂြိုဟ်ကို လူမပါပဲ ပထမဆုံး အာကာသယာဉ် စတင် စေလွှတ်မှုကိုတော့ ၂၀၂၄ မှာ လုပ်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-55629309" }, { "text": "အမေရိကန် စွမ်းအင်ဝန်ကြီးဌာနဟာ ဒီရင်းနှီးမြှုပ်နှံမှုကို အပိုင်းနှစ်ပိုင်းခွဲပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ချေ့စ် လို့ ခေါ်တဲ့ ပထမတပိုင်းကတော့ လက်တွေ့ကျကျ အနေနဲ့ ပါမောက္ခ ရိုက်စနာတို့လုပ်နေတဲ့ ပုံစံနဲ့ ဆင်တူယိုးမှားလို့ ဆိုနိုင်တဲ့ တပိုင်း လျှပ်ကူးပစ္စည်း တွေ အသုံးပြု နေရောင်ခြည်ဖမ်းယူပြီးရင် တခြား ဓာတ်ပြုပေးတဲ့ အထောက်အကူ ပစ္စည်းတွေရဲ့ အကူအညီနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကနေ လောင်စာဖြစ်အောင်ထုတ်တဲ့ အပိုင်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "လီဆာ လို့နာမည်ပေးထားတဲ့ ဒုတိယတပိုင်းကတော့ သဘောတရားအပိုင်း ဦးစားပေးတယ်လို့ ဆိုနိုင်ပြီး ပထမအပိုင်းမှာလုပ်တဲ့ စွမ်းအင်ထုတ်လုပ်မှု အဆင့်ဆင့်ကို ပိုပြီး အဆင့်မြင့်အောင် စမ်းသပ်ကြည့်တဲ့ သုတေသနပိုင်း ဖြစ်တယ်လို့ ဒီစီမံကိန်းအပိုင်းကို ဦးဆောင်တဲ့ ကယ်လဖိုးနီးယား နည်းပညာတက္ကသိုလ် က ပါမောက္ခ ဟယ်ရီ အက်ဝါတာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "အလင်းစိုက်ပျိုး ထုတ်လုပ်ရေးလို့ ဆိုနိုင်တဲ့ ဒီစီမံကိန်းမှာ နေရောင်ခြည် စုပ်ယူတဲ့အပိုင်း၊ ရတဲ့ နေရောင်ခြည်ကို တခြား ဓာတ်ပြုအထောက်အကူ ပစ္စည်းတွေနဲ့ စွမ်းအင်ထွက်အောင် နှိုးဆွတဲ့အပိုင်းနဲ့ ဒီစနစ်တခုလုံး လည်ပတ်မှု ချောမွေ့အောင်လုပ်တဲ့အပိုင်းတွေကို ဟန်ချက်ညီတဲ့ တခုတည်းသော စနစ်ဖြစ်အောင် တည်ဆောက်ရတာ အချိန်ယူရတယ်လို့ ချေ့စ် စီမံကိန်းရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်သူ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က ပါမောက္ခ ဂျီလီယန် ဒန်းမ်ဆေးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-54608504" }, { "text": "ကမိုအို အာလဗာ ဥက္ကာခဲကို ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကတဆင့် ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ဒါပေမဲ့ လရဲ့ ဖွဲ့စည်းပုံဟာ သီအာ လို့ လည်းခေါ်တဲ့ အဲဒီ ကမ္ဘာကို ဝင်တိုက်တဲ့ ဥက္ကာခဲကြီးရဲ့ အစိတ်အပိုင်း အများဆုံးနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-59367093" }, { "text": "ကမ္ဘာမြေပေါ်ကနေ ပင့်တင်ပြီး လွှတ်တင်ပေးမယ့် ဒုံးပျံစနစ်နဲ့ ချိတ်ဆက်မယ့်အပိုင်း အော်ရိုင်းယန် တည်ဆောက်ရေး စီမံကိန်းကို ၂၀ဝ၆ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်ကျထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဒီပမာဏဟာ အပူချိန် ၆၀ဝ၀ ဒီဂရီ စင်တီဂရိတ် အထိ မျက်နှာပြင် အပူချိန်ရှိတဲ့ နေ အနီးကို လေ့လာဖို့ လူမပါဘဲ လွှတ်ခဲ့တဲ့ ပါကာဆိုလာပရော့ဘ် အပူချိန် ခံနိုင်ရည် ၁၄၀ဝ ဒီဂရီ ဆဲလ်စီးယက်စ် ထက် ၂ ဆ အထိ ခံနိုင်ရည် ရှိတယ်လို့ ဆိုနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေ အနေနဲ့လည်း အထူးအန္တရာယ်များတဲ့ အချိန်တွေဖြစ်တဲ့ ကမ္ဘာမြေပေါ်က အတက်နဲ့ ပြန်ဆင်းတဲ့ အချိန်တွေမှာလိမ္မော်ရောင် တောက်တောက်ရှိတဲ့ အော်ရိုင်းယန်ဝတ်စုံကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အဲဒီ အော်ရိုင်းယန်ဝတ်စုံတွေကို ဝတ်ဆင်သူတွေ အနေနဲ့ အာကာသ အပြင်ဘက်မှာ သီးခြား အချိန်အတိုင်းအတာ တခု နေနိုင်တဲ့အထိ အသက်ရှူဖို့ အောက်စီဂျင်၊ အပူအအေး ထိန်းချုပ်မှု၊ ဆက်သွယ်ရေး စနစ် အစရှိတာတွေ ဒီဝတ်စုံမှာ ပါဝင်ပြီး လိုက်ပါမယ့် တဦးချင်းစီနဲ့ ကိုက်ညီအောင်လည်း သီးသန့် တိုင်းတာ ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အာကာသထဲကို ခပ်ဝေးဝေး သွားရောက်မယ့် အာကာသယာဉ်မှူးတွေ အနေနဲ့ ကမ္ဘာ့ သံလိုက်စက်ကွင်း အကာအကွယ်အတွင်းမှာ ရှိနေတဲ့ နိုင်ငံတကာ အာကာသစခန်းမှာနေရင် ခံရမယ့် ရေဒီယိုသတ္တိကြွမှု အရှိန်ထက် သုံးဆ လောက် ခံရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကနေဒီ အာကာသစခန်းကနေ အာကာသလွှတ်တင်ခြင်း ဒုံးပျံစနစ်ရဲ့ တွန်းကန်အားနဲ့ လပေါ်ကို ထွက်ခွာဖို့ စီစဉ်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အခုလို စတင် ထွက်ခွာအပြီး ကမ္ဘာ့ဆွဲအားက လွန်မြောက်ချိန်မှာတော့ အာကာသလွှတ်တင်ခြင်း စနစ်နဲ့ အော်ရိုင်းယန် တို့ ခွဲခွာပြီး ဝင်ရောက်ခြင်း အပိုင်းက မောင်းနှင်ရေးကို ဆက်လက် ထိန်းချုပ်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အဲဒီ ဝင်ရောက်ခြင်း အပိုင်းဟာ ပုံမှန်အားဖြင့် ၃ မီတာ အရှည်နဲ့ ၄.၅ မီတာ အကျယ်ရှိပြီး အာကာသထဲ ရောက်သွားချိန်မှာတော့ နေရောင်ခြည်က လျှပ်စစ်ဓာတ်ထုတ်ယူဖို့အတွက် ၇ မီတာ ရှည်တဲ့ ဆိုလာပြားအတံ လေးခု ဆန့်ထုတ်လို့ ရတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဝင်ရောက်ခြင်း အပိုင်းဟာ လျှပ်စစ်အပါအဝင် လေ၊ ရေတို့ကိုလည်း လူလိုက်ပါတဲ့ အပိုင်းအတွက် ထောက်ပံ့ပေးထားပြီး မောင်းနှင်ဖို့အတွက် အဓိက၊ အရန်နဲ့ တွန်းကန် အင်ဂျင်ငယ် ဆိုပြီး အင်ဂျင် သုံးမျိုးလည်း ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "အော်ရိုင်းယန် အာကာသယာဉ်ဟာ လ ပတ်လမ်းကြောင်းပေါ်ကို ရောက်ရှိချိန်မှာ အီလွန် မက်က်စ် ပိုင်ဆိုင်တဲ့ ပုဂ္ဂလိက အာကာသ နည်းပညာ ကုမ္ပဏီ က ထုတ်လုပ်မယ့် အာကာသယာဉ် ဆိုတဲ့ ဆင်းသက်ရေး ယာဉ်နဲ့ ချိတ်ဆက်ပြီး လပေါ်ကို အာကာသယာဉ်မှူးတွေ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဝင်ရောက်ခြင်း အပိုင်းဟာ အော်ရိုင်းယန် ရဲ့ အပြန်ခရီးမှာ ယာဉ်ပျံကို ကမ္ဘာမျက်နှာပြင်ပေါ် ပြန်ဆင်းနိုင်အောင် တွန်းကန် ထိန်းကြောင်းပေးအပြီးမှာတော့ လူပါတဲ့ အစိတ်အပိုင်းနဲ့ ခွဲခွာလိုက်ပြီး လေထုထဲကို သီးခြား ပြန်ကျလာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "နောက်ပိုင်း နာဆာ လပေါ်သွား စီမံကိန်းတွေမှာတော့ လပတ်လမ်းပေါ်မှာ ဂိတ်ဝေးလ် ဆိုတဲ့ အာကာသစခန်း အငယ်စားတခု ထားရှိပြီး အဲဒီ စခန်းမှာ အော်ရိုင်းယန် ရော၊ အာကာသယာဉ် ပါ အသင့် ချိတ်ထားခြင်းအားဖြင့် ပိုမို ရှုပ်ထွေးတဲ့ စီမံကိန်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "ဒါပေမဲ့ အော်ရိုင်းယန် ရဲ့ အပူကာ အဝန်းအဝိုင်းကြောင့် အထဲက လူတွေကို ထိခိုက်စေမှာ မဟုတ်ဘဲ အဲဒီ အကာအရံမှာလည်း အပူဓာတ်ကူးပြီး ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားစေတဲ့ အတုံးအခဲတွေ ပါဝင်တဲ့အတွက် ဒါတွေ လောင်ကျွမ်း လွင့်ပါသွားချိန်မှာ အော်ရိုင်းယန် ကြုံရတဲ့ အပူချိန်ကိုလည်း လျော့သွားစေနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-59304623" }, { "text": "မက်တာဗာ့စ်ဆိုတာဘာလဲ သမားရိုးကျ နားလည်တဲ့သူတွေအတွက် မက်တာဗာ့စ် ဆိုတာဟာ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး ကြည့်ရလေ့ရှိတဲ့ ချဲ့ထွင် တိုးမြှင့် ပုံဖော်ထားသော ပုံရိပ်ယောင် ကမ္ဘာ တမျိုးလို့သာ ထင်စရာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "လက်ရှိခေတ်မှာ ပုံရိပ်ယောင် ကမ္ဘာ ဆိုတာက ဂိမ်းကစားရာမှာသာ အများစု အသုံးပြုနေပေမယ့် မက်တာဗာ့စ်လို အွန်လိုင်းကမ္ဘာမှာ ဆိုရင်တော့ အလုပ်လုပ်တာ၊ ကစားတာ၊ ဂီတပွဲသွားတာ၊ ရုပ်ရှင်ရုံသွားတာနဲ့ ပြင်ပကမ္ဘာအတိုင်း ဖန်တီးထားတဲ့ တနေရာရာကို သွားတာတွေမှာ အမျိုးမျိုး အသုံးပြုလာနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ဟာ သူတို့ ထုတ်လုပ်နေတဲ့ အိုကူးလပ်စ် ခေါ် ပုံရိပ်ယောင်ကမ္ဘာအတွက် အသုံးပြုရတဲ့ နားကြပ်နဲ့ ကွန်ပျူတာ မျက်နှာပြင် အစုံလိုက် ကိရိယာတွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး တချို့ လေ့လာသူတွေရဲ့ အပြောအရ ဆိုရင် ပြိုင်ဘက်တွေထက် အရှုံးခံပြီးတော့ကို ရောင်းပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဖေ့စ်ဘွတ်ခ်ဟာ လူလူချင်း ပုံရိပ်ယောင် ကမ္ဘာမှာ လူမှုရေးအရ တွေ့ဆုံဖို့နဲ့ အလုပ်အကိုင်အရ တွေ့ဆုံဖို့တို့အတွက် ဆော့ဖ်ဝဲ အက်(ပ်) တွေကို ဖန်တီးနေပြီး လက်တွေ့ကမ္ဘာနဲ့ပါ အပြန်အလှန် တုံ့ပြန်ဆက်သွယ်နိုင်တဲ့ အက်(ပ်)တွေလည်း ဖန်တီးနေပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "မက်တာဗာ့စ်ဖန်တီးတဲ့ ကိစ္စကို တခြားဘယ်ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေသလဲ ဖို့နိုက်ဆိုတဲ့ ဂိမ်းကို ထုတ်လုပ်သူ အက်ပစ်ဂိမ်း ကုမ္ပဏီ အကြီးအကဲ မစ္စတာ ဆွီနေ ကတော့ အခုလို မက်တာဗာ့စ် လို အွန်လိုင်းကမ္ဘာဖန်တီးဖို့ကိစ္စကို ပြောဆိုနေတာ ကာလ အတော်ကြာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို မက်တာဗာ့စ်အသွင် ဖြစ်လာတဲ့ တခြားဂိမ်းတွေလည်း ရှိလာပြီး အဲဒီအထဲက တခုကတော့ ရိုဘလော့စ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ရိုဘလော့စ် ဂိမ်း အွန်လိုင်းကမ္ဘာမှာဆိုရင် ထောင်နဲ့ချီတဲ့ ဂိမ်းအမျိုးမျိုးက မူလပင်မ စနစ်ကမ္ဘာတစ်ခုကိုပဲ ချိတ်ဆက် ရတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ယူနတီ ဆိုတဲ့ ရုပ်ကြွ သုံးဖက်မြင် အွန်လိုင်းကမ္ဘာ ဖန်တီးတဲ့ ကုမ္ပဏီတခုကလည်း လက်ရှိကမ္ဘာအတွင်းက အရာဝတ္ထုတွေရဲ့ ဒစ်ဂျစ်တယ်အမြွှာ ဖန်တီးတဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံနေပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ပုံရိပ်ဖော် ဂရတ်ဖစ် ကုမ္ပဏီ အန်ဗီဒီယာ ဆိုရင်လည်း သူတို့ဖန်တီးမယ့် မက်တာဗာ့စ်ကို အိုနီဗာ့စ် လို့ အမည်ပေး တည်ဆောက်နေပြီး သုံးဖက်မြင် ရုပ်ကြွ ပုံရိပ်ယောင် ကမ္ဘာတွေကို ချိတ်ဆက်ပေးမယ့် စုပေါင်း ကွန်ရက် ကမ္ဘာတစ်ခု တည်ဆောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "မက်တာဗာ့စ်အတွက်နည်းပညာရော တကယ်တမ်း လုံလောက်ပြီလား ပုံရိပ်ယောင် ကမ္ဘာ ဖန်တီးမှု နည်းပညာ ဖော်ဆောင်မှုတွေဟာ လက်ရှိအချိန်မှာ အတော်ရှေ့တန်းရောက်လာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ကွန်ပျူတာမျက်နှာပြင်နဲ့ နားကြပ်တပ်လိုက်မယ်ဆိုရင် လူ့မျက်လုံးကို တကယ့်တခြား ကမ္ဘာတခု ရောက်သွားသလို လှည့်စားနိုင်ပြီး လူတစ်ကိုယ်လုံး လှုပ်ရှားမှုအတိုင်းပါ အဲဒီ ပုံရိပ်ယောင် ကမ္ဘာက လိုက်လျော ညီထွေ ဖော်ပြပေးနိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အွန်လိုင်းငွေကြေးစနစ်နဲ့ ဆင်တူရိုးမား အခြေခံ ဒစ်ဂျစ်တယ် ကုန်ပစ္စည်း တွေလည်း အွန်လိုင်းမှာ ခေတ်စားလာရာမှာ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုလည်း စနစ်တကျ ဖြစ်လာပြီး အဲဒီကနေမှ အွန်လိုင်းကမ္ဘာ စီးပွားရေးလောက လက်တွေ့ အလုပ်ဖြစ်နိုင်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အန်အက်(ဖ်)တီ ဆိုတာကတော့ ဘစ်ကွိုင်တို့လို အွန်လိုင်းပေါ်မှာ တန်ဖိုးတူ လဲလှယ်နိုင်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးမဟုတ်ဘဲ အွန်လိုင်းပေါ်က ထူးခြားတဲ့ တွစ်တာ ပို့စ်တစ်ခု၊ ဖန်တီးထားတဲ့ ဗီဒီယို သို့မဟုတ် ဓာတ်ပုံ အစရှိတဲ့ တစ်ခုခုကို မူပိုင်ခွင့်ရတာမျိုးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "ဥပမာအားဖြင့် တွစ်တာ ထူထောင်သူ ဂျက်ဒေါ်ဆီဟာ တွစ်တာရဲ့ ၂၀ဝ၆ ခုနှစ်မှာ ပထမဆုံး အွန်လိုင်းပေါ် တက်လာတဲ့ သူ့ရဲ့ တွစ်တာ ပို့စ် မူပိုင်ခွင့်ကို အန်အက်(ဖ်)တီ အဖြစ် ရောင်းချ ရာမှာ အမေရိကန်ဒေါ်လာ နှစ်သန်းခွဲအထိ ပေးသူ ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "အခုလို လက်ရှိ နည်းပညာတွေထက် ပိုပြီး ခေတ်မီတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာ ထူထောင်ဖို့အတွက် ဆိုရင် မြန်နှုန်း အတက်အကျ မများဘဲ တည်ငြိမ်ပြီး နေရာတိုင်းမှာ လိုင်းမိတဲ့ အင်တာနက် ချိတ်ဆက်မှုလည်း လိုအပ်မှာဖြစ်ပြီး ပဉ္စမမြောက် မျိုးဆက် ဆက်သွယ်ရေး ကွန်ရက် ဖိုက်ဂျီ စနစ် တွင်ကျယ်လာရင် အဲဒီ အခြေအနေရောက်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/burma-59024537" }, { "text": "တစ်တော့ ကုမ္ပဏီကတော့ သူတို့အနေနဲ့ တရုတ်ပြည်တွင်း လုပ်ငန်းခန့်ခွဲတဲ့ အပိုင်းနဲ့ နိုင်ငံတကာ တစ်တော့ အခြေပြုတဲ့ အပိုင်းကို သီးသန့်ခွဲထားတယ်လို့ ပြောဆိုထားပြီး လောလောဆယ်မှာ ဒီပြိုင်ပွဲတစ်ခုတည်းမှာပဲ တရားဝင် ပူးပေါင်းကျင်းပပေးသူ အဖြစ် ပါဝင်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ဥရောပဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ဒီနှစ်ပြိုင်ပွဲအတွက် သီးသန့် တရားဝင် အကောင့်ဖွင့်ထားရာမှာ ဒါကို စောင့်ကြည့် လုပ်ထားသူ ၄.၂ သန်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ယူကေနိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်က အားကစား မူဝါဒနဲ့ ခန့်ခွဲရေးဆိုင်ရာ သင်ကြားသူ ရှုရှုချန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာ တရုတ်ကုမ္ပဏီက ပူးပေါင်း ကျင်းပသူ လုပ်ခဲ့တဲ့အတွက် ရောင်းအားတက်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လတ်တလော ကာလအတွင်းမှာ အလီဘာဘာ လို ကုမ္ပဏီကြီးတွေ အပါအဝင် နည်းပညာ ကုမ္ပဏီကြီးတွေကို စောင့်ကြည့် ကြပ်မတ်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "အထူးသဖြင့် ၂၀၂၀ မှာ တစ်တော့ က ဥရောပအတွင်း အကြီးအကျယ် အောင်မြင်လာအပြီးမှာ တရုတ်ကုမ္ပဏီတွေအတွက် ဥရောပဈေးကွက်က အရေးကြီးလာတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "အခုလို ခေါ်ယူခဲ့တဲ့အထဲမှာ ဈေးအကြီးဆုံးကတော့ ချယ်ဆီးက ဘရာဇီး ကစားသမား အော်စကာကို ရှန်ဟိုင်း အသင်းက ခေါ်ယူမှု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-57722538" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ သူတို့နှစ်ဦးဟာ ကမ္ဘာမြေနဲ့ အလင်းနှစ် ၁၂၄ သန်း ဝေးကွာတဲ့ အာကာသတွင်း တနေရာက သက်ရှိတွေ နေနိုင်လောက်တဲ့ အနေအထား ရှိတယ်လို့ ကနဦးယူဆထားတဲ့ ကေ၂-၁၈ဘီ ဂြိုဟ်ကို ဂျိမ်းစ်ဝက်ဘ်အသုံးပြုပြီး အသေးစိတ် ဆက်လက်လေ့လာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ဒေါက်တာ ဆာကာတို့ က အဲဒီ ကေ၂-၁၈ဘီ ကို လေ့လာဖို့ ရွေးထားရတာကတော့ သူ့ရဲ့ ကြယ်နဲ့ အကွာအဝေးက သက်ရှိတွေ အသက်ရှင်နိုင်လောက်တဲ့ အကွာအဝေးဖြစ်တာကြောင့်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ပလူတိုဂြိုဟ်ဟာ တခြား ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ နေကိုပတ်တဲ့ လမ်းကြောင်းနဲ့ ထပ်တာတွေရှိပြီး သီးခြား နေကို ပတ်တဲ့လမ်းကြောင်း မရှိတဲ့အပြင် နေစကြဝဠာ အစွန်ဘက် ခိုင်ပါဘဲ့လ်တ် ဆိုတဲ့ ရပ်ဝန်းဒေသအတွင်းမှာ ပလူတိုဂြိုဟ်နီးပါး ကြီးတဲ့ ဂြိုဟ်သိမ်တွေကို တွေ့လာရလို့ အခုလို ဂြိုဟ်အဆင့်က မသတ်မှတ်တော့တာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "နက်ပကျွန်းဂြိုဟ်ရဲ့ အသေးစိတ် ဓါတ်ပုံကို ၁၉၈၉ ခုနှစ်တုန်းက ဂြိုဟ်တုက ဖြတ်သွားချိန်မှာသာ နောက်ဆုံး ရိုက်ယူထားနိုင်ခဲ့ရာကနေ အခု ဂျိမ်းစ်ဝက်ဘ်နဲ့ ရိုက်လိုက်တဲ့ အသေးစိတ် ဓာတ်ပုံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "သိပ္ပံပညာရှင်တွေဟာ ဂျိမ်းစ်ဝက်ဘ်ကို အသုံးပြုပြီး စကြဝဠာပေါ်ထွန်းစေခဲ့တဲ့ မဟာပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားအပြီး အနှစ်သန်းတရာလောက် အကြာ အနေအထားကို လှမ်းမြင်နိုင်ဖို့ မျှော်မှန်းထားကြပြီး ဒါကို လေ့လာခြင်းအားဖြင့် လက်ရှိ စကြဝဠာရဲ့ ရှေ့ရေး အလားအလာကို လေ့လာခန့် မှန်းနိုင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "ကမ္ဘာပါဝင်တဲ့ နေစကြဝဠာစနစ်က သေးငယ်တဲ့ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်တဲ့ နဂါးငွေ့တန်း ကြယ်စင် အစုအဝေးလိုမျိုး ကြယ်စင်အစုတွေကို ယခင် ဟက်ဘယ် အာကာသမှန်ပြောင်းကို အသုံးပြုပြီး အလားတူ ကြယ် အစုအဝေးပေါင်း ဘီလျံ ၁၀ဝ လောက် ရှာတွေ့ ထားခဲ့ရာမှာ ဂျိမ်းစ်ဝက်ဘ်ကို သုံးပြီး အနည်းဆုံး ဘီလျံ ၁၀ဝ လောက် ထပ်တွေ့ နိုင်မယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw4gk7vqe2go" }, { "text": "အဲဒီ တိုက်လေယာဉ်မှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ တိုက်လေယာဉ်မှူးကို အထောက်အကူပေးမယ့် စက်အသိဉာဏ်ဖြစ်ပြီး လူသားလေယာဉ်မောင်းက မနိုင်မနင်း ဖြစ်လာရင် ဒါမှမဟုတ် ဖိအားအရမ်းများလာရင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဒီကုမ္ပဏီကတော့ လန်ကက်ရှိုင်းယားဒေသက သူတို့ရဲ့ ဝါတန်စက်ရုံမှာ အဲဒီလေယာဉ်အမျိုးကို ၂၀၂၇ မှာ စမ်းသပ်မှာ ဖြစ်တယ်လို့ ဖန်းဘရာ လေကြောင်းပြပွဲမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို ရေဒါဖန်တီးရာမှာ လည်ပတ်နေတဲ့ ရေဒါအပြားပုံစံ လုပ်နေပြီး လေယာဉ်အနီးနားကို လာနေတဲ့ အရာဝတ္ထုတွေကို ခံစားဖမ်းယူကာ စင်ဂနယ်တွေ တန်ပြန်နိုင်ဖို့ ဖန်တီးနေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "အခုလို ရေဒါမျိုးကနေ အချက်အလက်တွေ အများကြီးရရှိပြီး တွက်ချက်ရမှာ ဖြစ်ပေမယ့် တိုက်လေယာဉ်ရဲ့ စက်အသိဉာဏ်က လေယာဉ်မှူးက လေ့လာသုံးသပ်ရမယ့် အချက်အလက်တွေကို ထိန်းကျောင်း ကိုင်တွယ်ပေးပြီး ကူညီ ဆုံးဖြတ်ပေးနိုင်ဖို့ကိုပါ ဒီစီမံကိန်းက ရည်မှန်းထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "တိုက်လေယာဉ်ရဲ့ လက်နက်အပိုင်းကိုတော့ ကုမ္ပဏီက တာဝန်ယူ ဖန်တီးဆောင်ရွက်ပေးနေပြီး ဒီတိုက်လေယာဉ်နဲ့ တွဲသုံးရမယ့် မောင်းသူမဲ့ တိုက်လေယာဉ်တွေနဲ့ပါ လွှမ်းခြုံ ဆက်စပ် တည်ဆောက်နေပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "တိုက်လေယာဉ်အနေနဲ့ တိုက်ပွဲဝင်ချိန်မှာ ဒုံးကျည်တွေကို ကိုယ်တိုင်လည်း တိုက်ရိုက်ပစ်ခတ်နိုင်သလို တွဲတိုက်မယ့် မောင်းသူမဲ့ လေယာဉ်တွေကနေလည်း အရေးပေါ် ဖြစ်သွားတဲ့ ပစ်မှတ်တွေကို လမ်းကြောင်းပြောင်း ပစ်ခတ်နိုင်အောင် အမိန့်ပေးနိုင်မယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ယူကေအစိုးရဟာ တိုက်လေယာဉ်စီမံကိန်းအတွက် ပေါင်စတာလင်ငွေ နှစ်ဘီလျံ ကတိပြုထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ယူကေအစိုးရအနေနဲ့ ဒီစီမံကိန်းအတွက် အခုလို ကာကွယ်ရေးအသုံးစရိတ် ကတိပြုရာမှာ ဒါကို ရင်းနှီးမြှုပ်နှံမယ့်အစား လက်ရှိ အသင့်ဖြစ်ပြီးသား ဘီအေအီးစနစ် ရဲ့ တိုင်ဖွန်း တိုက်လေယာဉ်တွေပဲ အရေအတွက် တိုးမထုတ်သင့်ဘူးလားဆိုတဲ့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဘီအေအီးစနစ် ကတော့ ၂၀၄၀ ကာလမရောက်ခင်မှာ ယူကေနဲ့တကွ မဟာမိတ်နိုင်ငံတွေဟာ ခြိမ်းခြောက်မှု အသစ်တွေနဲ့အတူ ပိုပြီး ခေတ်မီလာတဲ့ လက်နက်အသစ်တွေကို တန်ပြန်နိုင်ဖို့ လိုအပ်လာမှာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဘီအေအီးစနစ် ရဲ့ တိုင်ဖွန်း တိုက်လေယာဉ် စီမံကိန်းအပြီး ပြည်ပကို တင်ပို့ ရောင်းချမှု အောင်မြင်ခဲ့တာကလည်း လာမယ့် တိုက်လေယာဉ် စီမံကိန်းမှာ ယူကေအစိုးရက အားကျိုးမာန်တက်ရှိရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ ဘီဘီစီ စီးပွားနည်းပညာ သတင်းထောက် မိုက်ကယ် ဒမ်ဆေက သုံးသပ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "တိုင်ဖွန်း တိုက်လေယာဉ် စီမံကိန်းကို ယူကေအစိုးရက ပေါင်စတာလင် ၁၂ ဘီလျံ ထည့်ဝင် အကုန်အကျခံအပြီးမှာ ယူကေနိုင်ငံစီးပွားရေးကို ပေါင်စတာလင် ၂၁ ဘီလျံဖိုး အကျိုးဖြစ်ထွန်းစေခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၀ဝ၀ဝ ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဘီအေအီးစနစ် က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ဘီအေအီးစနစ် ရဲ့ အမှုဆောင်အရာရှိချုပ် ချားလ်စ် ဝုဒ်ဘန်းကလည်း လာမယ့် တိုက်လေယာဉ်သစ် ကိုယ်ထည်အတွင်း အလုပ်လုပ်မယ့် ပုံစံမျိုးကို လက်ရှိ ဥရောပရဲ့ ကာကွယ်ရေးအုတ်မြစ်တစ်ခု ဖြစ်နေပြီ ဖြစ်တဲ့ တိုင်ဖွန်းလေယာဉ် ကိုယ်ထည်အတွင်းမှာ စတင် စမ်းသပ်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/world-62459987" }, { "text": "ထျန်းကုန်း အာကာသစခန်းအတွက် တရုတ်မှာကြီးမားတဲ့ ရည်မှန်းချက်ရှိပြီး ၂၀၃၁ ခုနှစ်မှာ ရပ်နားတော့မယ့် နိုင်ငံတကာ အာကာသစခန်း နေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "လက်ရှိမှာလည်း အမေရိကန် အာကာသအေဂျင်စီ နာဆာက သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံနဲ့ မမျှဝေဖို့ အမေရိကန်က တားမြစ်ထားတာကြောင့် တရုတ်အာကာသယာဉ်မှူးတွေလည်း နိုင်ငံတကာအာကာသစခန်းက ဖယ်ထုတ်ခံထားရပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "နာဆာကလည်း ၂၀၂၅ ခုနှစ်ကစပြီး အမေရိကန်နဲ့အခြားနိုင်ငံတွေက အာကာသယာဉ်မှူးတွေနဲ့ အတူ လပေါ်ပြန်သွားဖို့ စီစဉ်ထားပြီး သူတို့ရဲ့ ဧရာမ အာကာသလွှတ်တင်ခြင်း ဒုံးပျံအသစ်ကို ကနေဒီအာကာသစခန်းမှာ ရွှေ့ထားပြီးပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-61723422" }, { "text": "အခုလို ထူထောင်မှုကို အမေရိကန် နိုင်ငံလုံးဆိုင်ရာ အနီအောက်ရောင်ခြည်သုံး နက္ခတ္တဗေဒ သုတေသန ဓာတ်ခွဲဌာနနဲ့ ယူကေနိုင်ငံ မန်ချက်စတာမြို့ အနီး အခြေစိုက်တဲ့ ကမ္ဘာ့တောင်ခြမ်းအတွင်း တစ်ကီလိုမီတာ ဧရိယာပတ်လည်အကျယ် အပြည့်စာရှိမယ့် နက္ခတ်တာရာကြည့် မှန်ပြောင်းများ တည်ဆောက်ရေး အဖွဲ့တို့က ဦးစီးမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "အခုလို ထွန်ကားလာတဲ့ လုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး အမေဇုန် ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘေးဇော့ဖ်ကလည်း ဂြိုဟ်တုငယ်သုံး အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ အတွက် စတင် ပြင်ဆင်နေသလို ဥရောပသမဂ္ဂ ကိုယ်တိုင်ကလည်း လက်ရှိ ဆယ်စုနှစ် အလယ်လောက်မှာ ကိုယ်ပိုင် ဂြိုဟ်တုငယ်သုံး အင်တာနက် ကွန်ရက် ထူထောင်နိုင်ဖို့ လိုလားနေပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ရဲ့ တွဲဖက် ဒါရိုက်တာဖြစ်တဲ့ ဖက်ဒရီကို ဒီဗရူနိုက အခုလို ဂြိုဟ်တုငယ် လွှတ်တင်တဲ့ လုပ်ငန်းတွေ အတားအဆီးမရှိ လုပ်နေမယ်ဆိုရင် သိပ္ပံပညာလေ့လာမှု ထိခိုက်တဲ့အထိ ဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "လက်ရှိ ကုမ္ပဏီအသီးသီးက လွှတ်တင်ဖို့ စီစဉ်ထားတဲ့ ဂြိုဟ်တုငယ် အရေအတွက်အရ ဆိုရင် လက်ရှိ ဆယ်စုနှစ် ကုန်ဆုံးတဲ့ ၂၀၃၀ လောက် အရောက်မှာ ကောင်းကင်ယံ မိုးကုတ်စက်ဝိုင်းခြမ်းအတွင်း အနည်းဆုံး ဂြိုဟ်တုငယ် ၅၀၀၀ လောက် ရှိနေနိင်တယ်လို့ ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ရဲ့ တွဲဖက် ဒါရိုက်တာနောက်တဦးဖြစ်တဲ့ ဒေါက်တာ ကွန်နီဝေါ်ကာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ဌာနအနေနဲ့ ဂြိုဟ်တုငယ်တွေကြောင့် ကောင်းကင်ယံ အလင်းညစ်ညမ်းမှု လျှော့ချရေးကိစ္စကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးရုံသာမက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုအသီးသီးရဲ့ ရွေ့လျားမှုလမ်းကြောင်းမြေပုံ အတိအကျကိုပါ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးဖို့ တောင်းဆိုမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ဌာနဟာ ဂြိုဟ်တုငယ်တွေရဲ့ အလင်းပြန်မှုမပါတဲ့ စကြဝဠာ ပုံရိပ် ဖန်တီးတဲ့ ဆော့ဖ်ဝဲ ထုတ်လိုက်တဲ့အပိုင်းအတွက်လည်း လိုအပ်တဲ့ အချက်အလက်ဘဏ် အဖြစ်လည်း တာဝန်ယူမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ် ရဲ့ အဓိက အခန်းကဏ္ဍကတော့ ဂြိုဟ်တုငယ်တွေရဲ့ အနှောက်အယှက်ပေးနိုင်မှု အတိုင်းအတာကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကုမ္ပဏီတွေဘက်က ဆန္ဒအလျောက် လုပ်ဆောင်ပေးရေး အစဉ်တစိုက် ဆွေးနွေးနေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-60311846" }, { "text": "နော်ဝေးနိုင်ငံ တောင်ပိုင်းက ရေခဲတောင်ကြောင့်ဖြစ်လာတဲ့ ရေလက်ကြား ဖရီးရာ ဖျော့ဒ် ပေါ်မှာ ယာရာ ဘာ့ခ်ကလန့် ဆိုတဲ့ သင်္ဘောငယ် တစီးကို စမ်းသပ်မောင်းနှင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီမောင်းသူမဲ့ ကုန်တင်သင်္ဘော စမ်းသပ်မှု မပြီးဆုံးသေးခင်မှာ အဲဒီ မီတာ ၈၀ (ပေ ၂၄၀ ခန့်) အရှည်ရှိတဲ့ ယာရာ ဘာ့ခ်ကလန့် သင်္ဘောကို မာလိန်မှူး ဆဗန် အိုးဒီဂါ့ဒ်က ထိန်းကျောင်းပေးနေတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ နောက်ဆုံး အဆင့်မှာဆိုရင် ယာရာ ဘာ့ခ်ကလန့် ဟာ ရေကြောင်းသွားလာမှုကို အာရုံခံ ကိရိယာမျိုးစုံကို အသုံးပြုမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ရေဒါနဲ့ ကင်မရာ အပါအဝင် ဒီကိရိယာတွေက ရတဲ့ အချက်အလက်တွေကို သင်္ဘောရဲ့ အေအိုင် ကွန်ပျူတာက ဖတ်ယူပြီး လမ်းမှာတွေ့တဲ့ အရံအတားတွေကို အမျိုးအစားခွဲခြား၊ ရှောင်ရှား မောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "မောင်းသူမဲ့ ကုန်တင်သင်္ဘောတွေ ဘယ်လို ရေကြောင်းနယ်ပယ်နဲ့ ကနဦး အဆင်ပြေနိုင်မလဲ ဒီ ယာရာ ဘာ့ခ်ကလန့် သင်္ဘောကို ယာရာ ဓာတ်မြေသြဇာ ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အဲဒီလို စမ်းသပ် ပြေးဆွဲမှုတွေ လုပ်နေတာ လပေါင်း အတော်ကြာပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီသင်္ဘောဟာ ကုမ္ပဏီရဲ့ ဓာတ်မြေသြဇာ စက်ရုံကြီး တည်ရှိရာ ပေါ့ရှ်ဂရန် ဒေသကနေ ဘရေးဗစ်ခ် ဆိပ်ကမ်းအထိ ၁၃ ကီလိုမီတာ (၈ မိုင်) ခရီးကို ကွန်တိန်နာ အလုံး ၁၀ဝ လောက်အထိ လက်တွေ့ တင်ဆောင်စမ်းသပ် ပြေးဆွဲပြီး အချက်အလက်တွေ စုဆောင်းနေတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အခုလို ရေကြောင်း ခရီးစဉ် တိုတောင်းပြီး ပုံမှန်လည်း သွားလာမှု ရှိတဲ့အပြင် ပုံသေ လမ်းကြောင်းလည်းရှိတဲ့ အခြေအနေဟာ ကိုယ်တိုင် ထိန်းကျောင်းနိုင်တဲ့ ကွန်တိန်နာသင်္ဘော နည်းပညာတွေ စတင် စမ်းသပ်ဖို့ သင့်တော်တဲ့ လုပ်ငန်းနယ်ပယ်တခုပဲလို့ ဝမ်းစီးအက်ဆိုစီရေးရှင်း လို့ခေါ်တဲ့ ရေကြောင်းကုမ္ပဏီတွေနဲ့တကွ အလိုအလျောက် မောင်းနှင်စနစ် ကျွမ်းကျင်သူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့က အတွင်းရေးမှူးချုပ် ဆင်နီကာ ဟော်တိုနန်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ဒီ ယာရာ ဘာ့ခ်ကလန့် သင်္ဘောစမ်းသပ်မှု စီမံကိန်းမှာ နည်းပညာ ထောက်ပံ့နေတဲ့ ကွန်းစ်ဘာ့ဂ် ကုမ္ပဏီဟာ နော်ဝေးက ကုန်စုံလက်ကားရောင်းဝယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ အက်စ်ကို နဲ့ ပူးပေါင်းပြီး အော်စလိုဖျော့ဒ် ရေလမ်းကြောင်းမှာ ဘက်ထရီလျှပ်စစ်သုံး ရှပ်ပြေးယာဉ် နှစ်စီးကိုလည်း စမ်းသပ်နေသလို အော်လဆန် မြို့မှာလည်း ကုန်တင်သင်္ဘော အသေးတစင်း စမ်းသပ်မောင်းနှင်တဲ့ စီမံချက်မှာလည်း ပါဝင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ရေကြောင်း မောင်းသူမဲ့ နည်းပညာက ဘယ်နယ်ပယ်တွေအထိ တွင်ကျယ်လာနိုင်သလဲ ကွန်းစ်ဘာ့ဂ် မာရီတိုင်းမ် ကုမ္ပဏီက မျိုးဆက်သစ် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဒါရိုက်တာ မစ္စ အန်မာဂရိ ရစ္စ ကတော့ အခုလို မောင်းသူမဲ့ ရေကြောင်းသွားလာရေး နည်းပညာကို စိတ်ဝင်စားကြတဲ့ နယ်ပယ်တွေထဲမှာ ငါးဖမ်းလုပ်ငန်း၊ ရေကြောင်း ခရီးသည်တင် လုပ်ငန်းနဲ့ စစ်သင်္ဘောနယ်ပယ် တွေလည်း အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "လတ်တလော အနေနဲ့ ကွန်းစ်ဘာ့ဂ် ကုမ္ပဏီဟာ ပင်လယ်ရေအောက် ငါးများများ ကျက်စားတဲ့ နေရာကို ထောက်လှမ်းနိုင်တဲ့ ၈ မီတာ (၂၄ ပေ) အရှည်ရှိ ရေပြင်သွား မောင်းသူမဲ့ သင်္ဘောကို တီထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်ပြီး ပဲတင်သံနဲ့ ထောက်လှမ်းတဲ့ ဆိုနာကိရိယာတွေ၊ ရေဒါတွေနဲ့ ဂျီပီအက်စ် စနစ် ပါဝင်ကာ အေအိုင် ကွန်ပျူတာက အလိုအလျောက် ထိန်းကျောင်းပေးတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အဓိကကတော့ သင်္ဘောနဲ့ လိုက်ပါရမယ့် သင်္ဘောသားခန့်ထားရတဲ့ စရိတ် မကုန်ကျတော့တဲ့ အတွက်ကြောင့် ဖြစ်ပြီး သင်္ဘောအများအပြားကို အဖွဲ့တခုပဲ ထားပြီး ထိန်းကျောင်းနိုင်တဲ့အထိ ဖြစ်နိုင်ခြေ ရှိတယ်လို့ ကွန်းစ်ဘာ့ဂ် ရဲ့ နည်းပညာဆိုင်ရာ ဝါရင့် ဒုဥက္ကဌ ဘရွန်း ဂျယ်လဗင်းက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "တောင်ကိုရီးယားရဲ့ ကုမ္ပဏီကြီးတခုဖြစ်တဲ့ အိပ်ခ်ျဒီ ဟွန်ဒိုင်း ဆိုရင်လည်း မီတာ ၃၀ဝ နီးပါး အရှည်ရှိပြီး တန်ချိန် တသိန်းခွဲနီးပါး လေးတဲ့ သဘာဝဓာတ်ငွေ့ ရည်တင် သင်္ဘောကြီးတစင်းကို အမေရိကန်နိုင်ငံ တက္ကဆပ် ပြည်နယ်ကနေ တောင်ကိုရီးယားအထိ မောင်းနှင်ရာမှာ စုစုပေါင်း အကွာအဝေး ကီလိုမီတာ ၂၀ဝ၀ဝ၀ လောက်ရဲ့ ခရီးစဉ်တဝက် တလခရီးကို မောင်းသူမဲ့ စနစ်နဲ့ မောင်းပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "အခုလို မောင်းနှင်ပြနိုင်မှုမှာ မောင်းသူမဲ့ ထိန်းကျောင်းရုံ သက်သက်သာ မဟုတ်ဘဲ လောင်စာနဲ့ လေထုအဆိပ်သင့် ဓာတ်ငွေ ထုတ်လွှတ်မှု အသက်သာဆုံးဖြစ်အောင်လည်း သင်္ဘောထိန်းကျောင်းတဲ့ အေအိုင် ကွန်ပျူတာက တွက်ချက်ပေးနိုင်ခဲ့တယ်လို့ ဒီသင်္ဘောမှာ နည်းပညာတပ်ဆင်ပေးတဲ့ အိပ်ခ်ျဒီ ဟွန်ဒိုင်း ရဲ့ ကုမ္ပဏီအခွဲ အာဗီကပ်စ် က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cy0rd30d0pvo" }, { "text": "ပြန်ကြားရေးဆိုင်ရာလုပ်ငန်းမှာ အလုပ်လုပ်တဲ့ မစ္စစမစ်သ်ဟာ လင့်ခ်ဒ်အင်အကောင့် ရှိသေးပေမဲ့ သူ့နာမည် အပြည့်အစုံကို မသုံးပါဘူး။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဓါတ်ပုံတွေ ပြန်စစ်တာ၊ ပို့စ်တွေကို လူအများကို ဘယ်လောက်သိခွင့်ပေးထားသလဲ စစ်တာနဲ့ ကျွန်မအကောင့်ကို တက်ဂ်တွဲထားတဲ့ပို့စ်တွေကိုလည်း စစ်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "စတက်တစ္စတာအဖွဲ့ရဲ့ အစီရင်ခံစာမှာ စစ်တမ်းဖြေဆိုသူရဲ့ ၃၉% က ကုမ္ပဏီတွေက သူတို့ရဲ့ အွန်လိုင်း အချက်အလက်တွေကို ဘယ်လို သုံးသလဲ ဆိုတဲ့အပေါ် စိုးရိမ်မှုရှိကြပြီး ၂၆ ရာခိုင်နှုန်းက ဗီပီအန် ခံသုံးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ပထမဆုံးအနေနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချရမှုနဲ့ပတ်သက်လို့ လူတွေ စိတ် ဘဝင်မကျကြဘူး လို့ အွန်လိုင်းလုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲ ကုမ္ပဏီ ဆာ့ဖ်ရှပ်ရဲ့ ထိပ်တန်းအရာရှိ ဗီတော့တပ်စ် ခါဇီယူခိုနစ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အွန်လိုင်းအသုံးပြုတဲ့အခါ လုံခြုံမှုပေးနိုင်တဲ့ ဗီပီအန် ခံသုံးပါလို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ဒါ့အပြင် ကွတ်ကီးတွေကို ပိတ်ပေးတဲ့ ကွတ်ကီး-ဘလော့ကားစ်များ နဲ့ လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုရှိတဲ့ ဝက်ဘ် ဘရောက်ဇာတွေကို သုံးဖို့ ကိုလည်း သူက အကြံပြုထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "တချို့သူတွေကတော့ ဒေတာပွဲစားလို့ခေါ်တဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုက်စုဆောင်းပြီး ရောင်းစားသူတွေဆီကနေ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ ဖယ်ရှားပေးတဲ့ ဒီလစ်မီ နဲ့ ဆာ့ဖ်ရှပ် တို့လို့ ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှု ရယူကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အမေရိကန် အခြေစိုက် ဒေတာဖယ်ရှားပေးတဲ့ ဒီလစ်မီ ကုမ္ပဏီ မန်နေဂျာ အမန်ဒါ အန်တာရိန်းနားကတော့ ဗီဒီယိုဂိမ်းသမားတွေနဲ့ တရားသူကြီးတွေလို လူသိရှင်ကြား ပုဂ္ဂိုလ်တွေဟာ လုံခြုံဘေးကင်းရေးအတွက် သူတို့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို သုံးကြတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "အကြီးအကဲ ဘရိုင်ယန် သော်မဆင် မနှစ်အစောပိုင်းတုန်းက အသတ်ခံရတဲ့ ဖြစ်စဥ်ကိုလည်း သူက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "မြေပုံပေါ်မှာ လမ်းမြင်ကွင်း ကြည့်လို့ရပေမဲ့ ကိုယ့်အိမ်ကိုတော့ ဝါးပေးထားတာမျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "လူတွေက ကျွန်မအကောင့်ကို တက်ဂ်လုပ်တာ မကြိုက်ဘူး။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အွန်လိုင်းလုံခြုံရေးကုမ္ပဏီ တစ်ခု ဖြစ်တဲ့ နော်တန်ရဲ့ ဝန်ဆောင်မှုကိုသုံးပြီး အဆင့်မြှင့်ထားတယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cd65l6wdj4wo" }, { "text": "ကမ္ဘာမြေပေါ်က ဇန်န၀ါရီလ ၁၅ ရက်မှာ ထွက်ခွာသွားတဲ့ သရဲပြာ အာကာသယာဉ်ကို အမေရိကန်က ပိုးစုန်းကြူး အာကာသယာဉ် ကုမ္ပဏီက လွှင့်တင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်ကနေ လှမ်းမြင်ရတဲ့ လကမ္ဘာက စီးအော့ဖ်ခရိုင်စစ်စ် ချိုင့်ခွက်ကြီးကို စူးစမ်းလေ့လာဖို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အင်တူအစ်တစ်ဗ်မက်ရှင်စ် ဆိုတဲ့ နောက်ကုမ္ပဏီက လွှတ်တင်တဲ့ အေသီနာ အာကာသယာဉ်ဟာလည်း ရက်ပိုင်းအတွင်း လကမ္ဘာ တောင်ဝင်ရိုးစွန်းနားကို ဆင်းသက်မယ်လို့ ခန့်မှန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "အင်တူအစ်တစ်ဗ် က ပထမဆုံး လပေါ် ဆင်းသက်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပြီး သြဒစ်ဆီးယပ်စ် အာကာသယာဉ်က လပေါ်ကို မနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရောက်ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "သရဲပြာဟာ လပေါ် ပထမဆုံး အောင်မြင်စွာ ဆင်းသက်တဲ့ ပုဂ္ဂလိက အာကာသယာဉ်ဖြစ်ကြောင်း အိုးပင်းယူနီဗာစီတီ က ဂြိုဟ်ကမ္ဘာသိပ္ပံ သုတေသီ ဒေါက်တာ ဆီမီယန် ဘာဘာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "လပေါ်ရောက်အောင် ကြိုးစားတဲ့ ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီကလည်း နောက်ထပ် အမေရိကန် ကုမ္ပဏီတခု ဖြစ်ပြီး အက်စ်ထရိုဘိုတစ်ခ် နည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2g7qke5leo" }, { "text": "တရားရုံးချုပ်က တစ်တော့ ကို ပိုင်တဲ့ ကုမ္ပဏီ ဘိုက်ဒန့်စ်ရဲ့ နောက်ဆုံးအယူခံကို ပယ်ချလိုက်ပြီးတဲ့နောက်မှာတော့ အမေရိကန် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက်ကစလို့ အမေရိကန်မှာ တစ်တော့ အသုံးပြုခွင့်ပိတ်ပင်ခံရဖို့ သေချာသွားပါပြီ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ တရားရုံးက အမိန့်ချပြီးချိန်မှာတောင် ဒီလူမှုကွန်ရက်ပလက်ဖောင်းနဲ့ပတ်သက်လို့ သူ ဘယ်လိုဆုံး ဖြတ်မယ်ဆိုတာ မပြောပေမဲ့ တစ်တော့ ရဲ့အနာဂတ်ဟာ သူ့ပေါ်မူတည်နေတယ်လို့ စီအန်အန် သတင်းဌာနနဲ့အင်တာ ဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ထရမ့်လက်ထက်မှာလည်း ဥပဒေကရှိပေမဲ့ တရားရေးဌာနဘက်က လျစ်လျူရှုထားပေးဖို့ ညွှန်ကြားတဲ့လမ်းကို ရွေးလို့ရနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အစိုးရက အက်ပဲ နဲ့ ဂူဂဲလ် တို့ကို ကြိုပြောထား တာမျိုးလည်း ရှိလာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "သေချာတာကတော့ အမေရိကန်ဒေသတွင်းမှာ တစ်တေ့ ဒေါင်းလုပ်ဒ်ရယူလို့မရအောင် အက်ပ်စတိုး ကို အမိန့်ပေးညွှန်ကြားမှာပါ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "ဒါပေမဲ့ တရားရေးဌာန က ပြောကြားချက်အရဆိုရင် ဥပဒေအကောင်အထည်ဖော်ရေး နဲ့ ကုမ္ပဏီတွေ လိုက်လျော ညီထွေဖြစ်ရေး လုပ်ငန်းစဉ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့ ပေါ်မှာတောင် ဗီပီအန် နဲ့ ကျော်ပြီး ကိုယ်က တခြားနိုင်ငံတစ်ခုရောက်နေသယောင် ရှောင်လွှဲတဲ့ နည်းတွေသုံးကြဖို့ သတင်းပေးတဲ့ရုပ်သံတွေအများကြီး တွေ့နေရပါပြီ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "မြန်မာမှာ စစ်တပ်က အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ဖေ့ဘုတ်ခ်ကို ဗီပီအန် ဘယ်လိုခံပြီးသုံးလို့ရတယ်ဆို တာ အချင်းချင်းသတင်းဖြန့်ဝေကြ သလိုပါပဲ။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အက်ပ်စတိုး တွေမှာလည်း အသုံးပြုတဲ့နိုင်ငံနေရာမှာ ကိုယ့်နိုင်ငံ မဟုတ်တာကို ပြောင်းပြီး အဲဒီ နိုင်ငံမှာ သုံးလို့ရတဲ့ အက်ပ်တွေ ရယူနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "မြန်မာမှာ ဗီပီအန် တချို့ကိုပါ သုံးမရအောင် စစ်ကောင်စီဘက်က ပိတ်လိုက်သလိုမျိုး ညွှန်ကြားချက်တွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "၂၀၂၄ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်ရက်ကို ၅၁ မိနစ်လောက် အသုံးပြုတဲ့ အသုံးပြုသူပေါင်း သန်း ၁၇၀ ကျော် အမေရိကန်မှာ ရှိတယ်လို့ တစ်တော့ က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့မှာ ဆက်ကြော်ငြာလို့ မရတော့ရင် သူတို့ရဲ့ ကြော်ငြာငွေတွေ မက်တာ နဲ့ ဂူးဂဲလ် ဆီကိုခွဲဝင်လာကြလိမ့်မယ်လို့ ကျွန်တော်တို့နဲ့ စကားပြောထားတဲ့ အရောင်းဌာန အကြီးအကဲတွေက အတည်ပြု ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အခြား အနိုင်ရဖို့ ဖြစ်နိုင်ခြေရှိသူတွေမှာတော့ တစ်တော့မှာ ထင်ရှားတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေကို တင်ဆက်ခြင်းနဲ့ နာမည်ရလာတဲ့ တွစ်ချ် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တွစ်ချ် ကို ဂိမ်းဆော့သူတွေ ကောင်းကောင်းသိကြပြီး အခြားနယ်ပယ်တွေမှာလည်း ပိုလူသိများလာအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အမေရိကားက အသုံးပြုသူတွေကြားမှာ အနီရောင်စာအုပ် လို့ သိကြတဲ့ တခြား တရုတ်ပိုင်ပလက် ဖောင်းဟာ အမေရိကန်နဲ့ ဗြိတိန်တို့မှာ သိသိသာသာ လူသုံးများပြီး တိုးတက်လာတာကို ‌မြင်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အထူးသဖြင့် တစ်တော့ဈေးဝယ် လို့ခေါ်တဲ့ တစ်တော့ကနေ စျေးတယ်နိုင်တဲ့နေရာဟာ အသုံးပြုသူတွေကို ဗီဒီယိုတွေကနေတဆင့် ထုတ်ကုန်တွေ တိုက်ရိုက်ဝယ်နိုင်ပြီး အမေရိကန်က ထုတ်လုပ်သူတွေအတွက် လည်း ငွေအများအပြား ရစေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "တစ်တော့ မှတပါး လူတွေအတွက် ချက်ချင်းပြောင်းသုံးချင်လောက်စရာ ယှဉ်ပြိုင်နိုင်သူမရှိဘူးလို့ ဒစ်ဂျစ်တယ် ကြော်ငြာအေဂျင်စီတစ်ခုဖြစ်တဲ့ ကုဒ်-၃ ရဲ့ အမှုဆောင်အရာရှိ ခရိတ်အက်ကင်ဆန်ကလည်းဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "သူ့အေဂျင်စီမှာဆိုရင်လည်း တစ်တော့ဈေးဝယ် ကမ်ပိန်းတွေလုပ်ဖို့ လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ စာချုပ်အသစ်တွေ ဆက်ချုပ်ဆိုနေရတုန်းပဲလို့ ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79dd29prjlo" }, { "text": "အဲဒီလို ငွေတွေ ပုံအောလှူဒါန်းခဲ့တဲ့အတွက် အီလွန် မတ်စ်ခ် ကို အစိုးရရဲ့ စွမ်းဆောင်ရည် စိစစ်ရေးဌာနမှာ အကြီးအကဲအဖြစ် လျာထားခံထားရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx27w51yl3no" }, { "text": "ရာ့ချ်ဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်နှုန်းမြင့်တဲ့ သြစတြေးလျနိုင်ငံမှာ နိုင်ငံထဲက တခြားလူတွေနည်းတူ နေရောင်ကို အကြီးအကျယ် ကြောက်ရွံ့ပြီး ကြီးပြင်းလာသူဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဩစတြေးလျကျောင်းတွေမှာ ဆောင်ပုဒ်တစ်ခုအဖြစ် ပြောဆိုနေကြတဲ့ ဦးထုပ်မပါဘဲ ကစားခွင့်မရှိ ဆိုတဲ့ လူတွေမနှစ်မြို့လှတဲ့စည်းမျဉ်းဟာ သူရဲ့ ကလေးဘဝကို ပုံဖော်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "၁၉၉၀ ပြည့်လွန်နှစ်တွေက ထုတ်လွှင့်ခဲ့တဲ့ ကြော်ငြာတွေမှာ နေရောင်ဟာ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း သတိပေးထားပြီး ရာ့ချ်ရဲ့ အိမ်ရှေ့ တံခါးတိုင်းမှာ နေကာ ခရင်မ်တွေ အမြဲတစေ ထောင်ထားလေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ယခုအသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာ့ချ်ဟာ နေ့စဉ် နေလောင်ကာခရင်မ်ကို နေ့အချိန်ခဏခဏ လိမ်းတတ်သူဖြစ်လာခဲ့ပြီး အိမ်ကနေ အပြင်ကို ဦးထုပ်မပါဘဲ မထွက်ဝံ့တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါပေမယ့် မကြာသေးခင်တုန်းက၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လုပ်ခဲ့တဲ့ စစ်ဆေးမှုတစ်ခုမှာ ဆရာဝန်တွေက သူ့ရဲ့နှာခေါင်းပေါ်မှာ အရေပြားကင်ဆာကို တွေ့ရှိခဲ့တဲ့အခါ ရာ့ချ် တယောက် အရမ်း အံ့အားသင့်သွားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "သူ့အသက်အရွယ်နဲ့ နေရောင်ကို ရှောင်ရှားနေထိုင်တဲ့ ပုံစံပေါ်မူတည်ပြီး အခုလို ဖြစ်ရတာဟာ ပုံမှန်မဟုတ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ခွဲစိတ်ပြီးတဲ့နောက် ရာ့ချ်ရဲ့ မျက်လုံးအောက်မှာ အမာရွတ်ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ရာ့ချ်က ကလေးတစ်ယောက်မိခင်ဖြစ်ပြီး နယူးကာဆယ်မြို့မှာနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "မိသားစုနာမည်ကို မဖော်ပြဖို့ တောင်းဆိုထားတဲ့ ရာ့ချ်က ကျွန်မ အာရုံ ထွေပြားသွားတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒေါသစိတ်လည်း ဖြစ်မိတယ်။ ဘာကြောင့်များလဲပေါ့လေ။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "'ငါ့ကို လှောင်နေတာလား' ဆိုပြီး ပြောမိပါတယ် လို့ ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကျွန်မ ထိန်းထိန်းသိမ်းသိမ်းနေခဲ့တာလို့ ထင်ခဲ့တာ။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါတောင် ကျွန်မမှာ ဒီလိုလာဖြစ်နေတယ် လို့ ရာ့ချ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "သူနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ နေလောင်ကာခရင်မ်တွေဟာ စိတ်မချရဘဲ စမ်းသပ်စစ်ဆေးမှု တချို့အရ နေရောင်ဒဏ်ကနေ လုံးဝနီးပါး မကာကွယ်နိုင်ကြောင်း သိလာရတဲ့အခါ သူ့ ဒေါသ ပိုလို့ တိုးစေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ယုံကြည်ရတဲ့ စားသုံးသူ အခွင့်အရေး ကာကွယ်ရေးအဖွဲ့ ကနေ သီးခြားလွတ်လပ်တဲ့ စုံစမ်းဖော်ထုတ်မှုအရ ဩစတြေးလျနိုင်ငံမှာ အရမ်းကို ရေပန်းစားပြီး ဈေးကြီးတဲ့ နေလောင်ကာခရင်မ် အမျိုးမျိုးဟာ သူတို့ကြော်ငြာထားတဲ့အကာအကွယ်အဆင့်ကို မပေးစွမ်းနိုင်ကြောင်း တွေ့ရှိရတဲ့အခါ နိုင်ငံတဝန်း အုတ်အုတ်ကျက်ကျက်ဖြစ်ပွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "စားသုံးသူတွေဆီက ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိခဲ့ပြီးနောက် နိုင်ငံရဲ့ ကျန်းမာရေး ကြီးကြပ်ရေးတဲ့အဖွဲ့က စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ရာမှာ နေလောင်ခံ ခရင်မ် ပါတဲ့ ပစ္စည်းမျိုးစုံကို စတိုးဆိုင်တွေကနေ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါ့အပြင် ကမ္ဘာတဝန်းမှာရှိတဲ့ နေလောင်ကာခရင်မ် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အလှကုန်ဓာတုဗေဒပညာရှင် မိရှဲလ် ဝေါင်း က ဘီဘီစီ ကို ပြောကြားရာမှာ ဒီပြဿနာက ဩစတြေးလျမှာတင်ပဲ ဖြစ်နေတာမဟုတ်ပါဘူး လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ဩစတြေးလျလူမျိုးတွေဟာ နေရောင်ကို နှစ်သက်ကြပေမဲ့ နေရာင်ကို ကြောက်ကြလို့ သူတို့မှာ နေရောင်နဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်း ပြတ်သားမှု မရှိကြပါဘူး။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကမ္ဘာပေါ်တွင် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးရှိတဲ့ နိုင်ငံမျိုးမှာ ဩစတြေးလျနိုင်ငံသား သုံးယောက်မှာ နှစ်ယောက်က ဘဝတစ်လျှောက်လုံးမှာ အနည်းဆုံး တစ်ကြိမ် အရေပြားကင်ဆာ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိတယ်လို့ ခန့်မှန်းရပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါ့အပြင် ကနဦး စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ဓာတ်ခွဲခန်းနဲ့လည်း ဆက်ဆံမှုမရှိတော့ဘူး လို့လည်း ဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ရေ့ချ် အနေနဲ့ သူယုံကြည်အားကိုးထားတဲ့ နေလောင်ကာခရင်မ် အမှတ်တံဆိပ်တွေနဲ့ ကင်ဆာရောဂါ ဖြစ်မှုတွေကြား ဆက်နွှယ်မှုရှိကြောင်း သက်သေပြဖို့ နည်းလမ်းမရှိဘူးလို့ သိထားပေမယ့် အဲဒီလိုဆက်နွှယ်မှုရှိတယ်လို့ သူက စွပ်စွဲနေတာ မဟုတ်ဘူးလို့ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "သူ့အနေနဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ထုတ်ကုန်တွေရဲ့ အားနည်းချက်တွေအတွက် တာဝန်မယူဘူးလို့ ခံစားမိပြီး ဒီပစ္စည်းတွေရဲ့ ထိရောက်မှုကို သံသယရှိနေချိန်မှာ နှစ်လတာ ဆက်လက်ရောင်းချခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိမယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "စိတ်ထိခိုက်မှုရဲ့ အဆင့်ငါးဆင့်လိုမျိုး ခံစားလိုက်ရတယ် သိတယ်နော် ဟု သူမက ဆိုသည်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကျွန်မ စိတ်ဆိုးမိတယ်၊ စိတ်တိုနေမိတယ်၊ မယုံနိုင်စရာတွေ ဖြစ်နေမိတယ် ရေ့ချ် လိုဘဲ ဒေါသထွက်နေကြတဲ့ နေလောင်ကာ ကရင်မ် သုံးစွဲသူတွေက ဒီဖြစ်ရပ်ဟာ စက်မှုလုပ်ငန်းအပေါ် ယုံကြည်မှုကို လှုပ်ခတ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒီကိစ္စရပ်ကို ရှေ့ဆက်တိုးနိုင်ဖို့ သူတို့ရဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ပြဋ္ဌာန်းထားပါတယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဥရောပမှာ နေလောင်ကာခရင်မ်ကို အလှကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပေမဲ့ ဩစတြေးလျနိုင်ငံမှာတော့ အဲဒီပစ္စည်းကို ကုထုံးဆိုင်ရာ ကုန်ပစ္စည်း ဒါမှမဟုတ် လက်တွေ့ ဆေးဝါးတစ်မျိုးအဖြစ် - စည်းမျဉ်းစည်းကမ်းသတ်မှတ်ကာ ကမ္ဘာ့ နေလောင်ကာခရင်မ် စည်းမျဉ်းများအောက်မှာ ထားရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အခုဖြစ်ရပ် ဒါမှမဟုတ် စမ်းသပ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်တွေဟာလည်း ဒီအချက်ကို အခိုင်အမာ ဖော်ပြလေ့ ရှိကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါဆိုရင် အခုလို ဖြစ်ရတဲ့ အကြောင်းရင်းက ဘာကြောင့်ပါလဲ။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါ့အပြင် စတိုးဆိုင်တွေကနေ ရုပ်သိမ်းခံခဲ့ရတဲ့ နေလောင်ကာခရင်မ် တော်တော်များများဟာ အခြေခံဖော်မြူလာ ဆင်တူညီယောင်ရှိပြီး ဩစတြေးလျနိုင်ငံ အနောက်ပိုင်းက ထုတ်လုပ်သူတစ်ဦးတည်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "လူတိုင်းရဲ့ အသားအရေဟာ ထုတ်ကုန်အပေါ် တုံ့ပြန်မှု ကွဲပြားကြောင်း၊ ချွေး၊ ရေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေနဲ့ စမ်းသပ်မှုတွေ လုပ်ရတဲ့ ထုတ်ကုန်တခုဖြစ်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အဲဒီ အကြောင်းတွေကြောင့် ထိရောက်စွာ အဆင့်သတ်မှတ်ရန် အလွန်ခက်ခဲလှပြီး သမိုင်းကြောင်းအရ၊ နေလောင်ကာခရင်မ်ကို လူ ၁၀ ဦးမှာ အထူအပါး တူညီစွာ လိမ်းကျံပေးပြီး၊ အဲဒီ ထုတ်ကုန်လိမ်းကျံထားတဲ့ အသားအရေ ဒါမှမဟုတ် လိမ်းကျံ မထားတဲ့ အသားအရေမှာ နေလောင်မှုကို စတင်ချိန်ကို ချိန်ကိုက်တိုင်းတာတွေ ပြုလုပ်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါဟာ အသားအရေရဲ့ တည်ဆောက်ပုံနဲ့ အရောင်အသွေး၊ နံရံတွေရဲ့ အရောင်တွေအထိ သက်ရောက်မှုရှိပြီး မတူညီတဲ့ ဓာတ်ခွဲခန်းတွေကနေ မတူညီတဲ့ ရလဒ်တွေ ရရှိနိုင်တယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါပေမယ့် ရလဒ်တွေကို အလွယ်တကူ အတုအယောင်ပြုလုပ်နိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်အာဏာပိုင်တွေက နေလောင်ကာခရင်မ် စမ်းသပ်ဓာတ်ခွဲခန်းတစ်ခုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ပိုင်ရှင်ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကမ္ဘာအရပ်ရပ်ရှိ နေလောင်ကာခရင်မ် အမှတ်တံဆိပ်အမျိုးမျိုးဟာ ထုတ်လုပ်သူနဲ့ စမ်းသပ်ဓာတ်ခွဲခန်းတွေကို အတူတူပင် အသုံးပြုကြတာကြောင့် ဒီပြဿနာဟာ ဩစတြေးလျ နိုင်ငံ တခုတည်းမှာ ဖြစ်နေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "တစုံတယောက်က ထွက်ပြီး တခြားနိုင်ငံတွေမှာရှိတဲ့ နေလောင်ကာခရင်မ် အမျိုးမျိုးကို စမ်းသပ်မှသာ အဲဒီခရင်မ်တွေရဲ့ နေလောင်ခံနိုင်မှု အတိုင်းအတာကို သိရှိမှာ ဖြစ်တယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "စည်းမျဉ်းစည်းကမ်းတွေက အကောင်အထည်ဖော်ဆောင်ရွက်သလို ကောင်းမွန်ပြီး အခုဖြစ်ရပ်က အဲဒီအချက်ကို သတိပေးနှိုးဆော်တာသာဖြစ်ကြောင်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "နေလောင်ကာခရင်မ် ရွေးချယ်တဲ့အခါ လုပ်ရမယ့် အရေးအကြီးဆုံးအရာက လုံလောက်တဲ့ ပမာဏကို အမှန်တကယ် လိမ်းကျံအသုံးပြုရမှာ ဖြစ်ပြီး မျက်နှာအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီအတွက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏအနည်းဆုံး လိုအပ်ကြောင်း သူကရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အကောင်းဆုံး ကတော့ နှစ်နာရီတစ်ကြိမ်ခန့် လိမ်း ပေးသင့်ပြီး အထူးသဖြင့် ချွေးအလွန်အမင်းထွက်ခြင်း သို့မဟုတ် ရေကူးခြင်းများ ပြုလုပ်ပါက ပိုပြီး လိမ်းကျံပေးသင့်ကြောင်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "နေလောင်ကာခရင်မ်ကို ကာကွယ်ရေးဝတ်စုံဝတ်ဆင်ခြင်းနဲ့ အရိပ်ရှိရာနေရာတွေမှာ နေထိုင်တာလို တခြား ဘေးကင်းရေး နည်းလမ်းတွေနဲ့ ပေါင်းစပ်အသုံးပြုဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြု တိုက်တွန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အင်ဒိုနီးရှားက အပူပိုင်း နိဗ္ဗာန်ဘုံလို့ ကျော်ကြားတဲ့ ဘာလီကျွန်းကို ခရီးသွားတွေ အများကြီး လာခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒါပေမဲ့လည်း ကျွန်းကို မကြိုက်လို့ စွန့်ခွာသွားသူတွေလည်း မကြာခင်က များလာပါတယ်။ ဝေးဝေး ကြည့်စရာ မလိုပါဘူး။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "လူမှုကွန်ရက်တွေမှာ ဘာလီအကြောင်း မှန်းဆချက်နဲ့ လက်တွေ့အမှန်တရား ပို့စ်တွေက သက်သေခံနေတာပါ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ကမ်းခြေက စားတော်ဆက်တွေမှာ နေဝင်တာကို ကြည့်ရင်း ညစာသုံးဆောင်ဖို့အတွက် အမှိုက်ပုံတွေကြားက ဖြတ်သွားနေရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ရေတံခွန်ရှေ့မှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ဖို့အတွက်လည်း ခရီးသွား လူတန်းရှည်ကြီးက ပြောင်ချောနေတဲ့ ကျောက်တုံးတွေပေါ်မှာ စောင့်နေရတာပါ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "မီးခိုးထွက်နေတဲ့ မော်တော်ဆိုင်ကယ်တွေအပြည့်နဲ့ လမ်းဘေးမှာလည်း သစ်သီးဖျော်ရည်ကို ဝါးပိုက်နဲ့ သောက်နေရတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "စားပါ၊ ဘုရားဝတ်ပြုပါနဲ့ ချစ်ပါ ရုပ်ရှင်ထဲကလိုမျိုး ရှန်ဂရီလာအိပ်မက်ကို ရှာဖွေဖို့ ဘာလီကို နှစ်စဉ် လူသန်းချီ လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒါပေမဲ့ သူတို့ ကြုံလိုက်ရတာကတော့ လူအုပ်တွေ၊ လူပြည့်နေတဲ့ လမ်းတွေနဲ့ ကိုဗစ်ကပ်ဘေးအပြီး ပေါများလာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒီလထဲမှာ ကျွန်းပေါ်မှာ ရှားရှားပါးပါး ရေကြီးလို့ လူ တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အမှိုက်စွန့်ပစ်မှု ညံ့ဖျင်းတာနဲ့ မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ စစ်ဆေးမှု မရှိတာတွေက အခြေအနေကို ပိုဆိုးစေကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဆောက်လုပ်ရေး လုပ်ငန်းသစ်တွေကို ကန့်သတ်မယ်ဆိုပြီး ဒေသန္တရ အစိုးရက ကြေညာထားပေမယ့် ဒီလို စွက်ဖက်မှုက သိပ်နည်းပြီး သိပ်နောက်ကျနေပြီလို့ လူအများက ရှုမြင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "နောက်ဆုံး နိဗ္ဗာန်ဘုံဆိုပြီး ဆယ်စုနှစ်တွေနဲ့ချီ အောင်ပွဲခံခဲ့တဲ့ ဘာလီက ဘယ်လိုလုပ်ပြီး ဒီအဖြစ်ကို ရောက်ရတာလဲ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ဟိန္ဒူဘုရားကျောင်းတွေ၊ လယ်ကွင်းတွေပေါတဲ့ ဘာလီကို အထူးအဆန်းနေရာအဖြစ် ၂၀ ရာစု ဆန်းကတည်းက အနောက်တိုင်း စွန့်စားသူတွေ လာရောက် လည်ပတ်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာသာရေး ကိုင်းရှိုင်းမှုနဲ့ သဘာဝကို လေးစားမှုက ဘာလီမှာ ထင်ရှားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "မျောက်တွေ၊ နွားတွေနဲ့ ငှက်တွေကို အမြတ်တနိုးထားသလို သစ်ပင်အိုကြီးတွေကိုလည်း ဝိညာဉ်တွေ ကျက်စားရာလို့ ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာတူ မီးတောင်ကြီးကိုလည်း နတ်ဘုရားမတပါးက စောင့်ရှောက်တယ်လို့ ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အရင်ဆယ်စုနှစ်အတွင်း ကျွန်းရဲ့ ခရီးသွားလုပ်ငန်းက ထိုးတက်ပြီး ၂၀၁၄ မှာ ၃.၈ သန်းကနေ မနှစ်တုန်းက ၆.၃ သန်းထိ ရောက်လာခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒီနှစ်မှာလည်း စံချိန်ချိုးမယ့်ပုံ ရပြီး ကျွန်းမှာ ပြည်ပ ခရီးသည် ၇ သန်းကျော်ကို လက်ခံမယ့်ပုံရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ထူးခြားတဲ့ ရိုးရာတွေ လှပမှုတွေထက် ကမ်းခြေက ကလပ်တွေ၊ ရေလွှာလျှောစီးနေရာတွေနဲ့ ဘာလီကို ကနေ့ လူသိပိုများလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အရက်ကို အလွယ်တကူ ဝယ်လို့ရသလို အဝတ်အစား မလုံမခြုံ ဝတ်တာကိုလည်း အင်ဒိုနီးရှားရဲ့ တခြားကျွန်းတွေမှာထက် ပိုလက်ခံပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "နောက်ပြီး ဘာလီကို လာတဲ့ ခရီးသည်အများစုက ဇိမ်ခံဟိုတယ်တွေ၊ အိမ်ရာတွေနဲ့ အပန်းဖြေစရာ ရေချိုးရုံတွေမှာပဲ နေလိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာလီကို လာသူတွေက လှတဲ့ ကော်ဖီဆိုင်လေးတွေကို ကြည့်ချင်တာနဲ့ အင်စတာဂရမ်မှာ လှတဲ့ နေရာတွေကို သွားချင်ကြတာက ပြဿနာပါ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာလီဆိုတာ အင်မတန်မှ ယဉ်ကျေးမှုအရ ကြွယ်ဝတဲ့ ကျွန်းဆိုတာကို သူတို့ မေ့နေကြတယ်ဆိုပြီး ဘာလီမှာ နေတဲ့ ဗြိတိန်က ဟော်လီ မာရီက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "လင်းပိုင်ကြည့်တာနဲ့ ရေငုပ်တာကနေပြီး ပိုပြီး ငြိမ်သက်တဲ့ ကျွန်းမြောက်ပိုင်းက ရှုခင်းအလှတွေထိ ဘာလီမှာ သဘာဝအလှတွေ ရှင်သန်နေဆဲ ဖြစ်ကြောင်း ဘာလီမှာ နေသူတွေနဲ့ လူသိများတဲ့ နေရာတွေထက် ပိုပြီး သွားလာခဲ့သူတွေက ပြောကြမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒီကျွန်းဟာ ပါတီပွဲနေရာတွေထက် ပိုပြီး လည်စရာတွေ အများကြီး ကျန်သေးကြောင်း ဂျာကာတာကနေ ဘာလီကို ပြောင်းလာနဲ့ ကန်နီ ကလော်ဒီယာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားလုပ်ငန်းရဲ့ တောင်းဆိုမှုကြောင့် ကျွန်းမှာ အပြောင်းအလဲတွေ ဖြစ်ရကြောင်း ဒေသခံတွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားတွေ ကြည့်ချင်တဲ့ နိဗ္ဗာန်ဘုံစခန်းမျိုးမဟုတ်ဘူးလို့ ညည်းညူသံတွေကို ကြားတဲ့အခါ ဒီလိုစကားတွေက ရယ်စရာ ကောင်းကြောင်း တချို့က ထောက်ပြကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားတွေက ဘာလီမှာ လူများလို့ စိတ်ညစ်ကြတဲ့အခါ သူတို့လည်း ဒီလူအုပ်ထဲမှာ ပါနေတာကို မေ့နေကြကြောင်း ဘာလီက သုတေသီ ဗီကန်နန္ဒာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "သူက ဘာလီကျွန်းရဲ့ သဘာဝအလှနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ နှိုးဆော်နေသူပါ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "၂၂ နှစ်အရွယ် နီကဒက် ဆင့်ရာကတော့ နေ့လယ်စာ စားဖို့ နားတဲ့ အချိန်တွေမှာ သူ့ဆိုင်ကယ်လေးနဲ့ လယ်ကွင်းတွေကို ဖြတ်ပြီး တိတ်ဆိတ်တဲ့ ကန်ဂေါ်လမ်းတွေမှာ သွားခဲ့ရတဲ့အချိန်ကို ပြန်သတိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "နောက် ငါးနှစ်အကြာမှာတော့ ကန်ဂေါ်ဟာ ကျွန်းရဲ့ အဆိုးဆုံး လမ်းပိတ်မှုနဲ့ ကြုံရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "မစ္စ ဆင့်ရာအလုပ်သွားတဲ့ လမ်းမှာလည်း တည်းခိုခန်းတွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြည့်နေပြီး တလမ်းလုံး ကားဟွန်းသံတွေ ညံနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာလီကျွန်းက နေ့စဉ် ယိုယွင်းလာနေတယ်လို့ ထင်မိကြောင်း ဆင့်ရာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာလို့ ဟိုတယ်တွေ၊ ကော်ဖီဆိုင်တွေနဲ့ အရက်ဘားတွေက စည်ကားတဲ့ ကျွန်းတောင်ပိုင်းကနေ ဖြန့်ထွက်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "နောက်ဆုံးပေါ် နာမည်ကြီးနေတဲ့ နေရာကတော့ ကန်ဂေါ် ဖြစ်ပြီး တချိန်တုန်းကတော့ အေးချမ်းတဲ့ တံငါရွာလေး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခုတော့ ကမ္ဘာတလွှားက ရေလွှာလျှောစီးသူတွေနဲ့ စည်ကားနေပါပြီ။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ကန်ဂေါ်နားက တခြားရွာတွေလည်း ဒီလို အေးချမ်းတဲ့ နေရာတွေအဖြစ်ကနေ ခရီးသွားတွေအတွက် ဖုံးကွယ်နေတဲ့ ရတနာခဲတွေ အဖြစ် အသွင်ပြောင်းကုန်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "လှပတဲ့ ကော်ဖီဆိုင်တွေ၊ အားကစားရုံတွေနဲ့ အလုပ်စခန်းတွေဟာ ကျေးလက်လမ်းကျဉ်းလေးတွေတလျှောက် ပေါ်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒီလိုနဲ့ မြောက်ဖျားစွန်းက သစ်တောတွေ ကြားမှာ အပန်းဖြေ ရိပ်သာတွေ ပေါ်လာပြီး တောင်ပိုင်းက လူစည်ကားတဲ့ နေရာတွေက လွတ်မြောက်ရာ စခန်းတွေ အဖြစ် ကြော်ငြာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "လတိုင်းလတိုင်း ခရီးသွားတွေရဲ့ မဆင်မခြင် နေထိုင်ပုံတွေက သတင်းမှာ အမြဲပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အရက်မူးပြီး ဆိုင်ကယ်စီးတာ၊ ဦးထုပ်မပါဘဲ စီးတာတွေကြောင့် ထိခိုက်ဒဏ်ရာတွေလည်း ပြင်းပြင်းထန်ထန် ရကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အထွတ်အမြတ်နေရာတွေမှာ ကိုယ်လုံးတီးနေလို့ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသားတွေလည်း ရှိပြီး အရက်မူးပြီး ရန်ဖြစ်လို့ ဒုက္ခရောက်သူတွေလည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "စစ်ပွဲကနေ ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရုရှားနဲ့ ယူကရိန်းတွေ ဘာလီမှာ လာအခြေချကြပြီးနောက် တင်းမာမှုတွေ ပိုဆိုးလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ရုရှားနဲ့ ယူကရိန်းတွေ ဘာလီမှာ လာပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေလို့ ပြဿနာတွေ ပိုများလာတာကိုလည်း အင်ဒိုနီးရှား မူးယစ်ဆေးဝါး အေဂျင်စီ အကြီးအကဲက မကြာခင်က သတိပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒေသခံတွေရဲ့ မကျေနပ်မှုကလည်း များလာပြီး ခရီးသွားတွေရဲ့ အနေအထိုင်မတတ် ရမ်းကားပုံတွေကို လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာလီဟာ ဧည့်ခံ ဖျော်ဖြေရေးအတွက် ကမ္ဘာမှာ နာမည်ကြီးတဲ့ နေရာဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ဆက်ထိန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားတွေက သူတို့ဟာ ကျွန်းမှာ ငွေလာသုံးနိုင်လို့ သူတို့ဘာလုပ်လုပ်၊ ဒေသခံတွေက လက်ခံသင့်တယ်ဆိုပြီး ယူဆကြကြောင်း မစ္စ ဆင့်ရာက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "သူတို့မျိုးဆက်က လူအများစုလိုပဲ သူလည်း ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးရပ်တည်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားလုပ်ငန်းက ထိန်းချုပ်မရအောင် ဖွံ့ဖြိုးတယ် ဆိုပေမယ့် ဘာလီကျွန်း ဖွံ့ဖြိုးရေးနဲ့ သဘာဝနဲ့ သဟဇာတဖြစ်ရေးကို ထိန်းသိမ်းလို့ ရသေးတယ်ဆိုပြီး သုတေသီ မစ္စတာ ဗီကန်နန္ဒာက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "တကယ်လည်း စီးပွားရေး လုပ်ငန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ရေရှည်ခံ ဖွံ့ဖြိုးမှုကို အားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "အမှိုက်စွန့်ပစ်မှု ပညာပေးရေးကနေ ကမ်းခြေတွေ သန့်ရှင်းရေးအထိ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ခရီးသွားလုပ်ငန်းကို သေချာ မထိန်းချုပ်ဘူးလို့ အဝေဖန်ခံခဲ့ရတဲ့ အာဏာပိုင်တွေကိုယ်တိုင် ကျွန်းကို သန့်ရှင်းဖို့ ကြိုးစားလာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဒီနှစ်ဆန်းမှာပဲ တခါသုံး ပလတ်စတစ်ပစ္စည်းတွေကို ဘာလီမှာ ပိတ်ပင်ခဲ့ပြီး ဘာလီ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ပြီး သိက္ခာရှိဖို့နဲ့ ဒေသတန်ဖိုးတွေနဲ့ သဟဇာတဖြစ်ဖို့အတွက် ခရီးသည်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "နာမည်ကြီးတဲ့ နေရာတွေမှာ ရဲတွေ ချထားပြီး ခရီးသွားတွေ စည်းကမ်း လိုက်နာမှု ရှိမရှိ ကွပ်ကဲ စေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "ဘာလီဟာ သဘာဝ ရတနာတခုဖြစ်ပြီး အမြတ်ထုတ်စရာ ခရီးသွားစျေးကွက်မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရ နားလည်လာကြောင်း ဖိုင်နန်ရှယ်တိုင်းက ခရီးသွားအယ်ဒီတာ မာရီယာ ရှိလန်ဘာဂါက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpq5wp3qjp3o" }, { "text": "စက်တင်ဘာ ၈ ရက်နေ့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စစ်အာဏာသိမ်းမှုအောက်က မြန်မာမှာတော့ နယ်မြေဆုံးရှုံးထားရတဲ့စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတာတွေဆက် လုပ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါကြောင့် တော်လှန်ရေးအားကောင်းတဲ့နေရာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်တွေအများစုမှာ စာသင်ကျောင်းအများစု မဖွင့်နိုင်ကြသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီထဲမှာ စစ်ကိုင်းတိုင်းလည်း ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ ဘဘာဝဘေးအန္တရာယ်အပြင် လူလုပ်ဘေးလို့ပြောနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြား ကလေးငယ်တွေ ဘယ်လို ပညာသင်နေရပါသလဲ၊ သင်တဲ့ဆရာတွေကိုယ်တိုင် ဘာတွေကြုံနေရပါသလဲ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စာသင်ကြားဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံး အခက်အခဲကတော့ စာသင်ကြားပေးနိုင်မယ့် နေရာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် အဲဒီနေရာတွေမှာ စာမသင်ရဲကြတော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ တချိန်က ကျေးရွာတွေမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ တွင်ကျယ်ခဲ့ပေမဲ့လည်း ဘုန်းကြီးကျောင်းတွေပါ လေကြောင်းကနေ ဗုံးကြဲခံရတဲ့အခါ ရှောင်တိမ်းကြရမယ့် နေရာဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စာသင်ကျောင်းတွေမှာ စာမသင်ရဲတော့ဘဲ တခြားနေရာတွေရှာပြီး သင်နေကြရတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "လုံခြုံရေးအရ သေချာဂရုစိုက်ပြီး ကျောင်းအနည်းအကျဉ်းလောက်က နေရာပြောင်းသင်ကြရတာပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကျောင်းအများစုကတော့ လုံခြုံရေး စိတ်မချလို့ မဖွင့်ကြသေးဘူးလို့ ဆရာနိုင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "သူက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပညာရေးတာဝန်ခံ-၂ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းနဲ့ လက်ယက်ကုန်း စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားကျောင်းသူ ကလေးငယ်တွေ သေဆုံးခဲ့ကြတဲ့ဖြစ်ရပ်ဟာ နာမည်ဆိုးနဲ့ကမ္ဘာကျော်တဲ့အထိဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ကနေ ၂၀၂၅ ခုနှစ် မေ ၃၁ အထိ စစ်ကောင်စီတပ် အသွင်ပြောင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုပေါင်း ၂၆၇၉ ကြိမ်မှာ ကျောင်းပေါင်း ၂၄၀ ပျက်စီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စာသင်ကျောင်းသားတွေနဲ့ မိဘတွေရဲ့ လေယာဉ်ကြောက်စိတ်ကလည်း ပိုပြီး ပြင်းထန်လာကြတယ်လို့ ကြားကာလ ပညာရေးမှာ ပါဝင်သူတွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းကြဲခံရတာကြောင့် ဆရာမ ၂ ယောက်အပါဝင် ကျောင်းသား/ကျောင်းသူ ၂၂ ယောက် သေဆုံးခဲ့တဲ့ လေကြောင်းဗုံးကြဲခံရမှုက ကျောင်းသားတွေ ကျောင်းမသွားရဲအောင် ထိတ်လန့်စေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကလေးတွေက ကျောင်းမသွားရဲဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "မသွားချင်တော့ဘူးဆိုပြီး ငြင်းကြတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကျွန်တော်တို့တွေမှာ စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ဆွေးနွေးခဲ့ကြရတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အခုဆို စာသင်ရင်း မိုးခြိမ်းသံကြားလည်း ကြောက်ကြတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဆိုင်ကယ် အိတ်ဇောသံကြားလည်း လန့်နေကြတယ်လို့ ကျောင်းသားတွေရဲ့ စိုးရိမ်စိတ်တွေကြားက စာသင်နေကြရတာတွေကို ဆရာနိုင်က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အိုးတိန်တွင်း လေကြောင်းဗုံးကြဲခံရအပြီး ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းတွေကို ယာယီပိတ်စေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကျောင်းတွေကို ရှောင်ပြီး စာသင်ပေးနေတဲ့ နေအိမ်တွေလည်း လေကြောင်းဗုံးကြဲခံရတာကနေ မလွတ်ပြန်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖြူကျေးရွာနဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာမှာ စာသင်နေတဲ့ နေအိမ်ကို လေကြောင်းဗုံးကြဲလို့ ကလေး ၄ ယောက်၊ ဆရာမ ၁ ယောက် အပါအဝင် ၅ သေဆုံးပြီး ကလေးအပါအဝင် ပြည်သူ ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "လက်တဖက်က လွယ်အိတ်ကို ခေါင်းပေါ်ရွက်ပြီး ထမိန်ရင်လျားနဲ့ ချောင်းရေကို ဖြတ်ကူးလာကြတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ ခန္ဓာကိုယ် အပေါ်ပိုင်း အဝတ်မပါဘဲ လွယ်အိတ်ကိုင်ပြီး ကူးလာတဲ့ ယောက်ျားလေးတွေက မင်းကင်းမြို့နယ်က ကျောင်းသားတွေပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "နွေရာသီမှာ ဒူးလောက်သာရှိပေမဲ့ မိုးရာသီမှာ ရေစီးသန်နေတဲ့ ချောင်းမကြီးချောင်းကို ဖြတ်ပြီး ကျောင်းတက်ကြရတာပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "တစ်ခါတလေ ချောင်းရေက လည်ပင်းအထိ တက်နေလို့ ရေစီးနဲ့မျောပါသွားပြီး ခေါင်းမြုပ်သွားချိန် ဘေးက အတူပါလာတဲ့သူတွေက ဝိုင်းကူကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကျွန်တော်တို့မှာ ချောင်းစပ်ကနေ ရင်တမမနဲ့ ကြည့်နေကြရတာ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "သုံးလေးယောက် တွဲကူးရင်း ရေထဲနစ်သွားရင် ဝိုင်းအော်ကြရတာ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဟိုဘက်ကမ်းကို ရောက်တော့မှ အသက်ရှုရတယ်လို့ လုပ်အားပေးဆရာတစ်ယောက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အခန့်မသင့်တာနဲ့ ခြေတစ်ချက်ချော်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ချောင်းရေကို ဖြတ်ကူးပြီး စာသင်ကြရပေမဲ့ စိတ်အေးချမ်းသာ မသင်ကြရပါဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "လေကြောင်းရန်ကို အမြဲတစေ သတိထားပြီး စာသင်ကြရတာပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စာသင်နေရင်း လေကြောင်းသတိပေးချက် ကြားရတဲ့အခါမှာလည်း နီးစပ်ရာ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေကို ပြေးကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "လေကြောင်းရန်အကြား စာသင်ပြီး အိမ်အပြန်တဲ့အခါမှာလည်း ရေနစ်နိုင်တဲ့ ချောင်းရေဖြတ်ကြရပြန်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "နောက်ထပ် အခက်အခဲကတော့ ဆရာ/ဆရာမတွေ မလုံလောက်တာနဲ့ သင်ထောက်ကူပစ္စည်းတွေ ရရှိဖို့ မလွယ်တဲ့ အချက်ပါဘဲ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ရွာမှာ ဆရာမရှိတဲ့အခါ တခြားရွာက ဆရာကို ခေါ်ကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါပေမဲ့လည်း လာသင်ပေးမယ့် ဆရာအတွက် လစာကို ငွေကျပ် သောင်းဂဏန်းကနေ တစ်သိန်းဝန်းကျင်အထိသာ ပေးနိုင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဆရာ/ဆရာမတွေဘက်ကကြည့်ရင်လည်း သူတို့ရွာကနေ စာလာသင်ရတဲ့ ဆီဖိုးနဲ့ စားဝတ်နေရေးအတွက်က အဆင်မပြေဘူးလေ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စစ်ဘေးဒဏ်နဲ့ နယ်မြေကလည်း မတည်ငြိမ်၊ ငွေကြေးကလည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ဘူးဖြစ်နေတာ လို့ ပုလဲမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါ့အပြင် သင်ထောက်ကူ ပစ္စည်းတွေကလည်း စစ်ကော်မရှင်ရဲ့ တားဆီး ပိတ်ဆို့မှုတွေကြောင့် လွယ်လွယ်ကူကူ ဝယ်ယူလို့ မရကြပါဘူး။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ကျောင်းသုံးပြဋ္ဌာန်းစာအုပ် မူရင်းဈေး ကျပ် သုံး သောင်းကနေ လမ်းခရီးမှာ အခက်အခဲတွေကြားကနေ လက်ဝယ်ရောက်ရှိချိန်မှာ ၆ သောင်းကနေ ၈ သောင်းဝန်းကျင် ဖြစ်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီတော့ ပုံနှိပ်စာအုပ်တွေကို ဆင့်ကဲသုံးနိုင်ဖို့ မပျက်စီးအောင် ကလေးတွေကို သတိပေးရတယ်လို့ မင်းကင်းမြို့နယ် ပညာရေးဝန်ထမ်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါပေမဲ့ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့အတွက် လက်ကိုင်ဖုန်းကို သုံးပြီးတော့ အင်တာနက် ရတဲ့နေရာတွေကို သွားရောက် လေ့ကျင့်ကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီလို အသက်ဘေးနဲ့ အခက်အခဲ အကျပ်အတည်းကြားကနေ စာသင်ကြားရတာကြောင့် တချို့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတချို့ စာသင်ကျောင်းကို စွန့်ခွာသွားတာတွေလည်း ရှိလာတယ်လို့ ပညာရေးမှာ ပါဝင်သူတွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "၂၀၁၉ -၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံတဲ့ ဦးရေက ၉ ဒသမ ၇ သန်းကျော် ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်အကြာ ၂၀၂၅-၂၆ ပညာသင်နှစ်မှာတော့ ကျောင်းအပ်တဲ့သူ ၆ ဒသမ ၁ သန်း(၄၇ ရာခိုင်နှုန်း)ပဲ ရှိခဲ့တဲ့အတွက် ကျောင်းတက်ရမယ့် ကလေး ၇ သန်းဝန်းကျင် ( ၅၃ ရာခိုင်နှုန်း) က ပညာသင်ယူခွင့် ဆုံးရှုံးနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒါဆိုရင် အခြေခံပညာတက်ရမယ့် ကျောင်းသား အယောက် တစ်ထောင်မှာ ၄၉၆ ယောက်ပဲ ကျောင်းတက်နေပြီး ၅၃၁ ယောက်က ပညာသင်ခွင့်ဆုံးရှုံးနေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပုလဲ၊ ဒီပဲယင်းနဲ့ မင်းက ပညာရေးမှာ ဆောင်ရွက်သူတွေနဲ့ မေးမြန်းတဲ့အခါမှာလည်း တူညီတဲ့ဒီအချက်တွေ ပါဝင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီပဲယင်းမြို့နယ်မှာဆိုရင် အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ၂၀ ရာခိုင်နှုန်းလောက် ကျောင်းထွက်သွားကြတယ်လို့ ဆရာနိုင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပညာတပိုင်းတစနဲ့ ပြည်ပမှာ အလုပ်လုပ်ဖို့၊ တခြားမြို့တွေမှာ အလုပ်လုပ်ဖို့ သွားကြတယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အခက်အခဲတွေ မျိုးစုံကြားမှာ ကျောင်းမထွက်အောင် တတ်နိုင်သလောက် ထိန်းပေမဲ့ လက်လွှတ်လိုက်ကြရတာတွေ ရှိနေတာပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပညာမစုံခင် လုပ်ငန်းခွင်ဝင်တဲ့အခါ ပညာရေးလိုအပ်ချက်ကြောင့် အလုပ်အကိုင်ကောင်းတွေ မရနိုင်တာ၊ အရွယ်နဲ့ မမျှတဲ့ အလုပ်တွေ လုပ်ကြရတာတွေ ကြုံတွေ့နေရတယ်လို့လည်း ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "မြန်မာမှာ စစ်အာဏာသိမ်းမှုအောက်ရောက်လာတာ ဆယ်စုနှစ် တစ်ဝက်နီးပါး နီးပါးကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီအချိန်မှာ အခြေခံ ပညာရေးပြတ်တောက်တာမှုဖြစ်ပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ပညာသင်အခွင့်အလမ်း ချို့တဲ့နေတာဟာ နိုင်ငံ့ပညာရေး ဒီထက်ပို နိမ့်ကျနိုင်ပြီး အနာဂတ်မှာ လူ့စွမ်းအား အရင်းအမြစ် ခါးဆက်ပြတ်သွားမှာကို စိုးရိမ်စရာအခြေအနေလို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "၁၉၆၂ ခုနှစ်နောက်ပိုင်းမြန်မာ့ပညာတတ်တွေ ပြည်ပကိုထွက်ခွာခဲ့တဲ့အကျိုးဆက်က အာရှကျား လို့ တင်စားခဲ့ရတဲ့နိုင်ငံကနေကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့တဲ့အခြေအနေနဲ့နှိုင်းယှဉ်ထောက်ပြနေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အသိပေးချက် - ရန်ကုန်မှာနေထိုင်တဲ့ လူငယ်၊ စစ်ရှောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ နာမည်တွေကို လုံခြုံရေးအရ အမည်လွှဲဖော်ပြ ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေးကြောင့် အလုပ် ၂ ခု လုပ်နေရပြီ လို့ ရန်ကုန်မြို့လယ်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်တဲ့ ကိုထူးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ရန်ကုန်သားကိုထူးဟာ ကွန်ပျူတာအသုံးပြုကာ အသက်မွေးဝမ်းလမ်းကြောင်းနေသူပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဝင်ငွေထွက်ငွေ မျှတအောင် အခုတော့ ကွန်ပျူတာရှေ့မှာပဲနေ့ရောညပါအလုပ်လုပ်ကိုင်နေရပါပြီ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အာဏာသိမ်းစမှာ ဝင်ငွေတစ်ခုနဲ့လုံလောက်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းကစလို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လောက်ငှတဲ့ဝင်ငွေရအောင်ရှာဖွေနေရတာလို့ ကိုထူးက ဘီဘီစီကိုပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အလုပ်အကိုင်တစ်ခုပေါ်မှီတည်ပြီး တနေ့တာကုန်ကျစရိတ်ကိုမကာမိတဲ့ အခြေအနေကိုထင်ဟပ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဘာကြောင့်လဲဆိုတော့ မြန်မာမှာ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပထွက်လိုတာက အဓိကရည်ရွယ်ချက်ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စီးပွားရေးအသက်ရှူကျပ်မှုနဲ့ မလုံခြုံမှုတွေက လူငယ်တွေကိုနိုင်ငံကထွက်ခွာ‌အောင်တွန်းပို့နေတယ် လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဘီဘီစီက လုပ်ငန်းရှင်တချို့ကို မေးမြန်းကြည့်ချက်အရ အလုပ်အကိုင်အခွင့်အလမ်းဆိုတာမှာကွဲပြားချက် တချို့တွေ့ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါကတော့ ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းလုံးဝရှားပါးတာမျိုးမဟုတ်ဘဲလူငယ်တွေလိုချင်တဲ့ လုပ်ခလစာပေးနိုင်တဲ့ အလုပ်အကိုင်နည်းပါးနေတာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ အရည်အသွေးပြည့်မီတဲ့လုပ်သားတွေလိုအပ်နေပေမဲ့ လုပ်ငန်းရှင်တွေဘက်က ကျွမ်းကျင်လုပ်သားတွေအတွက်လုံလောက်တဲ့လုပ်ခလစာမပေးနိုင်တဲ့ ပြဿနာလို့ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာရဲ့ တစ်ရက်လုပ်ခလစာက အိမ်နီးချင်းနိုင်ငံတွေရဲ့ တစ်ရက်ခထက် နည်းတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဘွဲ့ရရုံးဝန်ထမ်းတွေကို ကုမ္ပဏီဘက်က တခြားသောစရိတ်တွေအတွက် အပိုဆောင်းပေးနိုင်ပေမဲ့ အခြေခံအလုပ်သမားတွေ အတွက်တော့ ဒါမျိုးမရှိနေဘူး ပေးနိုင်တဲ့အလုပ်က ကုန်ဈေးနှုန်းကိုမကာမိနေဘူး လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးနီက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "လုပ်ငန်းရှင်တွေဘက်မှာလည်း စစ်တပ်ရဲ့ ဗဟိုချုပ်ကိုင်မှုများတဲ့စီးပွားရေးမူဝါဒတွေအပြင် အခွန်အကောက်များတာကြောင့် လုပ်ငန်းလည်ပတ်နိုင်ရေးရုန်းကန်နေရတဲ့အခြေအနေလို့ ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကိုဗစ်ကပ်ရောဂါကြောင့်စီးပွားရေးကျဆင်းနေချိန်မှာ အာဏာသိမ်းခဲ့ပြီး ကိုဗစ်အလွန်ကာလစီးပွား‌ရေး ပြန်ဦးမော့လာအောင်လည်း မစွမ်းဆောင်နိုင်တာကြောင့် မြန်မာဟာ ၂၀၂၅ နှစ်လယ်ကာလရောက်သည့်တိုင် အနုတ် လက္ခဏာတွေနဲ့သာရင်ဆိုင်နေရတာလို့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်အလိုက်စစ်တမ်းတွေက ညွှန်ပြနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးခန့်မှန်းချက်တွေက မှားယွင်းနေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ဒါပေမဲ့ မြန်မာမှာဆင်းရဲမွဲတေနှုန်းများလာတာကတော့ ငြင်းလို့မရကြောင်း စစ်တမ်းတွေက သက်သေခံ နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကမ္ဘာ့ဘဏ်စစ်တမ်းအရ ၂၀၂၄ တစ်နှစ်တာမှာ မြန်မာရဲ့ ဆင်းရဲမွဲတေနှုန်းက တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ဆိုရင် ၃၁ ရာခိုင်နှုန်းအထိရှိပြီး ၂၀၁၇ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၇ ရာခိုင်နှုန်းတိုးလာတာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ရန်ကုန်မြို့လူဦးရေရဲ့ ၂.၇ သန်းခန့်ဟာ ဆင်းရဲနွမ်းပါးမှုအခြေအနေနဲ့ကြုံတွေ့နေရပြီ ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကျွန်တော်တို့လို လူလတ်တန်းစားလူငယ်တွေကိုပါ သက်ရောက်လာလို့ အခုလိုအလုပ်ပိုလုပ်လာရတာပေါ့ လို့ ကိုထူးက ခပ်တိုတိုဖြေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကိုထူးလို ရန်ကုန်မြို့ခံတွေထက် အာဏာသိမ်းပြီးနောက်မှ ရန်ကုန်မြို့ကိုရွှေ့ပြောင်းနေထိုင်လာသူတွေဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုခံစားနေကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပြောင်းရွှေ့လာတဲ့အိမ်ထောင်စုတွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ အလွန်ဆင်းရဲတဲ့ အုပ်စုထဲပါဝင်လာတာကြောင့်ပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အရင်ကအခြေအနေနဲ့ စစ်ဘေးရှောင်ဘဝနဲ့ကဘာမှမတူတော့ပါဘူး လို့ ရန်ကုန်ရောက်ရခိုင်စစ်ရှောင် ဖြစ်တဲ့ ဦးခင်က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပြည်မဘက်မှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၃၀၀၀ လောက်ရှိတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ရခိုင်မှာ တစ်လီတာ ၉၀၀၀ ကျော် တစ်သောင်းနားကပ်နေတယ် လို့ ဦးခင်က ရန်ကုန်နဲ့ ရခိုင် ဒေသနှစ်ခုရဲ့ ကုန်ဈေးနှုန်းကွာခြားချက်ကို တွက်ချက်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ရခိုင်မှာက စီးပွားရေးကျပ်တည်းတာထက် စီးပွားရေးလုံးဝ ပြိုလဲနေပြီလို့ ပြောရမယ်ထင်ပါတယ် လို့ ရန်ကုန်ရောက်စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဦးခင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဦးခင်တစ်ယောက် ရန်ကုန်ကိုစစ်မရှောင်လာခင်ကတည်းက ရခိုင်မှာကုန်ဈေးနှုန်းအဆမတန်ဈေးတက်နေပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူဦးရေမလောက်ငှနေဘူးလို့ ဘီဘီစီကို ပြန်ပြောင်းပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အာဏာသိမ်း ၄ နှစ်ခွဲကာလအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲလို့ ရခိုင်ကဒေသအများစုကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပြီဖြစ်ပေမဲ့ စီးပွားရေးကြပ်တည်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါပေမဲ့ အေအေကတော့ အလုပ်အကိုင်အခွင့်အလမ်းတချို့ဖန်တီးပေးထားတာရှိတယ်လို့ မြေပြင်မှာဆက်ရှိနေဆဲ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ပြည်သူတွေဖူလုံရေး၊ အာရက္ခဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ အခရာကျတဲ့ စီးပွားရေးတွေကိုတော့ အားထားပြီးလုပ်ပေးနေတယ် လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ သတင်းနဲ့ပြန်ကြားရေးကော်မတီတာဝန်ခံက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "နိုင်ငံကနေထွက်လိုကြောင်းပြောတဲ့လူငယ်တွေထဲမှာ ရခိုင်ပြည်နယ်က ၆၀.၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်က ၅၁.၇ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်နေတာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါဟာ အုပ်ချုပ်သူအပြောင်းအလဲဖြစ်လာပေမဲ့ ဒေသတွင်းစီးပွားရေးတည်ငြိမ်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့က အရေးတကြီးလိုအပ်ကြောင်း ကိန်းဂဏန်းတွေက ညွှန်းဆိုနေတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အဲဒီခေတ်ကာလပြည်ပရောက်မြန်မာတွေဟာ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ဆုတ်ယုတ်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာနိုင်ငံကတော့ ဟိုတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာရှကျားအဖြစ်ကနေ ကဏ္ဍတိုင်းမှာ ဆုတ်ယုတ်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ် လို့ စီးပွားရေးပညာရှင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒီလူငယ်အင်အားတွေကို စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အတွက် ကောင်းစွာအသုံးမချနိုင်ခဲ့ဘူးလို့ ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၂၁ ခုနှစ်မှာ လူငယ်တွေက တီထွင်ဖန်တီးနိုင်စွမ်းကောင်းတယ်၊ ကြံဆနိုင်တယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အခုတကြိမ် စစ်အာဏာသိမ်းပြီးနောက် ပြည်ပကိုလူငယ်တွေအလုံးလိုက်အရင်းလိုက်ထွက်ခွာတာဟာ စီးပွားရေးအသက်ရှုခက်မှုကြားက ရှင်သန်ဖို့အတွက် နည်းလမ်းတစ်ခုအဖြစ်ရွေးချယ်ကြတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အထူးသဖြင့် လူလတ်တန်းစားပညာတတ်အများစု တိုင်းပြည်ကိုစွန့်ခွာသွားတာကြောင့် ပြည်တွင်း လေဟာနယ်တစ်ခုဖြစ်လာပြီလို့ စီးပွားရေးရှုထောင့်အရသုံးသပ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အဲ့ဒီအခြေအနေရဲ့ ဆိုးကျိုးသက်ရောက်မှုကို နောင်အနှစ် ၂၀ အကြာလောက်မှ သိသိသာသာ ခံစားရမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ပြန်လည်ပြုပြင်ဖို့ အချိန်နှောင်းနေပါပြီ လို့ ဝါရင့်စီးပွားရေးပညာရှင်က သုံးသပ်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခ ပြင်းထန်နေမှုကြားမှာ စီးပွားရေးအဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့က စိန်ခေါ်ချက်များတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပြည်ပကိုထွက်ခွာသွားတဲ့လူငယ်တွေပြန်လာချိန်မှာ ကျွမ်းကျင်တတ်မြောက်လာတဲ့ပညာတွေကို ပြည်တွင်းမှာ ဘယ်လောက်အသုံးချမလဲဆိုတာကလည်း အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ မြို့ပေါင်း ၈၀ ကျော်ဟာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး စစ်တပ်က မြို့ကြီးအများစုကို ထိန်းချုပ်ထားဆဲပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဘီဘီစီစကားပြောခွင့်ရတဲ့ စီးပွားရေးနဲ့ ပြည်သူ့ရေးရာမူဝါဒတွေအကြောင်းလေ့လာသူတွေအပြောအရ စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်နွယ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အရင်ခေတ်အစိုးရတွေတုန်းက နိုင်ငံရေးမပါဘဲနဲ့ စီးပွားရေးကို စီးပွားရေးမူဝါဒတွေသက်သက်နဲ့ပဲ ဖြေရှင်းမယ်ဆိုတာမျိုး စဉ်းစားခဲ့ကြတယ် ဒါကတကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကို ၂၀၂၁ခုနှစ် နောက်ပိုင်းစီးပွားရေးအခြေအနေတွေက သက်သေပြနေပါတယ် လို့ ပြည်သူ့ရေးရာမူဝါဒလေ့လာသူတစ်ဦး ဖြစ်တဲ့ ကိုသူရိန်လွင်က ထောက်ပြပါ တယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာ့စီးပွားရေးမူဝါဒတွေကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သူ့အကျိုးစီးပွား အားကောင်းလာစေမယ့်မူဝါဒတွေကိုသာအသုံးပြုခဲ့တယ်လို့ စီးပွားရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါကြောင့် မြန်မာ့စီးပွားရေးကို ကိတ်မုန့်တစ်လုံးနဲ့ တင်စားပြီးပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာ့စီးပွားရေး အခွင့်အလမ်းတွေဟာ အရင်အစိုးရကာလတွေနဲ့နှိုင်းယှဉ်ရင် ကျုံ့သွားခဲ့ပါပြီ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အာဏာသိမ်း ၄ နှစ်ခွဲကာလအတွင်းပြည်တွင်းဈေးကွက်စီးပွားရေးကို ဗဟိုချုပ်ကိုင်မှုတွေနဲ့မောင်းနှင်ခဲ့တဲ့ စစ်တပ်ရဲ့ မူဝါဒတွေဟာ အနာနဲ့ဆေးမတည့်နေဘူး လို့ လုပ်ငန်းရှင်တွေကမှတ်ချက်ပြုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စီးပွားရေးက ဇောက်ထိုးဆင်းသွားတာလေ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "သူတို့နဲ့အနီးကပ်လူတွေလောက်ပဲအဆင်ပြေတော့တာ လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးနီက ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါဟာ ကိတ်မုန့်အသေးတစ်လုံးရဲ့ အစိတ်အပိုင်းခပ်ကြီးကြီးကို စစ်တပ်ကဖဲ့ယူပြီးတဲ့နောက် ကျန်အပိုင်းကို စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေကခွဲယူကြပြီး သာမန်လုပ်ငန်းတွေက အနည်းအကျဉ်းကိုသာ အလုအယက် ရယူနေရတဲ့အခြေအနေလို့ ခိုင်းနှိုင်းပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စီးပွားရေးကမောက်ကမကာလမှာ ကြံ့ကြံ့ခံနေရတဲ့အခြေခံလူတန်းစားရဲ့ ခံနိုင်ရည်ဟာ ဘယ်လောက် အတိုင်းအတာရှိမလဲဆိုတာတော့ ပြောရခက်တယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ ပြည်တွင်းရောပြည်ပ စီးပွားရေးလေ့လာသူတွေကပါ တပြေးညီပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အခုလိုစီးပွားရေးအတိုင်းသာဆက်ရှိနေမယ်ဆိုရင် လူလတ်တန်းစားနည်းလာပြီး လူမှုရေးသဟဇာတ မဖြစ်မှုတွေနဲ့ပါ ရင်ဆိုင်လာရမယ်လို့ ပြည်သူ့ရေးရာမူဝါဒရှုထောင့်ကနေပါ သတိပေးနေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "သူများနဲ့ တန်းတူမဟုတ်ဘဲ အခွင့်အရေးပိုရလို့ ပိုချမ်းသာလာတာတွေက လူတန်းစားကွာဟမှုတွေ အများကြီးဖြစ်လာမယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အခွင့်ထူးခံရနေတဲ့သူတွေနဲ့ မယှဉ်နိုင်ဘူးဆိုတာမျိုးတွေ ဖြစ်လာရင် လူတန်းစား မညီမျှမှုတွေဖြစ်လာတာပေါ့ လို့ ပြည်သူ့ရေးရာမူဝါဒလေ့လာတဲ့ ကိုသူရိန်လွင်က သုံးသပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါကြောင့် စီးပွားရေးမူဝါဒကို မေခရိုစီးပွားရေးမူဝါဒ ကိုပြောင်းလဲသင့်တယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မေခရိုစီးပွားရေးမူဝါဒမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုပြီး ၂ မျိုးရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အာဏာသိမ်းပြီးနောက်တရှိန်ထိုးမြင့်တက်လာတဲ့ စစ်အသုံးစရိတ်ကိုလျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်သင့်ကြောင်း အကြံပြုတာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါကြောင့် ဗဟိုဘဏ်ကနေ လိုအပ်တဲ့ဈေးကွက်တွေကို တိုးတက်အောင်လုပ်ပြီး ဈေးကွက်ထဲရောက်နေတဲ့ ကျပ်ငွေတွေကို ပြန်လည် နုတ်ယူဖို့ လိုအပ်တဲ့အကြောင်းပါ စီးပွားရေးပညာရှင်ကထည့်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မေခရိုစီးပွားရေးတည်ငြိမ်လာတဲ့အခါ ငွေကြေးဖောင်းပွမှုရော မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတာကိုပါ တည်ငြိမ်စေပြီး အသက်ရှုလို့ရတဲ့ အခြေအနေတစ်ရပ်ဖြစ်လာမှာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒီလိုဖန်တီးပေးနိုင်တာနဲ့အတူ နိုင်ငံရေးတည်ငြိမ်မှုတွေရှိလာတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာလိမ့်မယ် လို့ ပညာရှင်က ထောက်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "လက်ရှိ မြန်မာ့စီးပွားရေးဟာ အကျပ်ရိုက်နေပြီး လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ မူဝါဒကိုပြောင်းလဲချိန်တန် ပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပါ ဝေဖန်နေကြပါပြီ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာပြည်မှာဖြစ်တဲ့ရောဂါကကြီးတယ်၊ ဆေးမြီးတိုနဲ့ကုလို့မရဘူး။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်တွေရဲ့ လက်ထဲကိုရောက်ဖို့လိုတယ် လို့ လုပ်ငန်းရှင် ဦးနီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပညာရှင်ရော လုပ်ငန်းရှင်ရောမဟုတ်တဲ့ ရန်ကုန်သား ကိုထူးကတော့ ငွေကြေးတန်ဖိုးနဲ့ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ချင့်ချိန်သုံးစွဲလာရတာ ကို ခက်ခဲပင်ပန်းလာပြီလို့ ရင်ဖွင့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အဲလိုခက်ခဲနေတဲ့အပြင် ဥပဒေတွေလည်းအမျိုးမျိုးပြောင်းပြီးလုပ်ရကျပ်လာတော့ ပြည်ပပဲထွက်ချင်တော့တယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အင်းလေးဒေသမှာ ဆိုးရွားတဲ့ရေကြီးမြင့်တက်မှုလို သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာ အဲဒီဒေသရဲ့ အဓိကသွေးကြောဖြစ်တဲ့ အင်းလေးကန်ကို အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့ သဘာဝရင်းမြစ်များ စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံရှိတဲ့ ပညာရှင်တွေက ထောက်ပြ ဆော်သြလာပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်ကို ခြေထောက်နဲ့ လှေလှော်တဲ့ အင်းသားတွေရှိတဲ့ တောင်ပေါ် ရေကန်၊ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်၊ အာဆီယံအမွေအနှစ်ဥယျာဉ်လို့ သတ်မှတ်ခံထားရပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် တိမ်ကောလာနိုင်တဲ့ အသိသာဆုံးအချက်က နွေမှာ ရေခမ်းပြီး မိုးမှာ ‌ရေလျှံတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါက နုန်းတွေကြောင့် ကန်ရဲ့ ကြမ်းပြင် ပြောင်းလဲမှု ရှိလာလို့ပဲ လို့ အင်းလေးကန်ကို ၂၀၂၅ ၊ ဇူလိုင်အတွင်းက သုတေသန လုပ်ခဲ့တဲ့ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်သူ ဦးစိုင်းလတ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်နဲ့ တွဲလျက် ပြယုဂ်လိုဖြစ်နေတဲ့ ရေပေါ်မှာ ဆောက်ထားတဲ့အိမ်တွေ ရာနဲ့ချီ ရေကြီး နစ်မြုပ်မှုဒဏ် ကို ကြုံနေရတာ နှစ်နှစ် ဆက်တိုက် ရှိလာပါပြီ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် ထိန်းသိမ်းရေးအတွက် အစိုးရအဆက်ဆက်မှာ လုပ်ကိုင်ခဲ့သလို ပြည်ပအကူအညီတွေလည်း ရယူခဲ့ပေမဲ့ ရေကြီး၊ရေလျှံ မှုတွေကြုံလာရတဲ့ အင်းလေးကန်ဟာ ထိန်းသိမ်းရေး အစီအစဉ်တွေ လိုအပ်နေတယ်ဆိုတာကို လက်ရှိအခြေအနေတွေက ထင်ဟပ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ကျေးရွာပေါင်း ၄၀၀ ကျော်ရှိပြီး အင်းလေးကန်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ဝန်းကျင် ရှိနေတာပါ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "သမိုင်းကို ပြန်ကြည့်ရင် အင်းလေးဒေသ ရေကြီးနစ်မြုပ်မှုဖြစ်စဥ် စံချိန်တင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်မှာ အင်းလေးရေကန်ရဲ့ ရေမျက်နှာပြင်က ၉ ပေကျော်အထိ တက်ခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နှစ်ပေါင်း သုံးဆယ်ကျော်အကြာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ရေဘေးမှာတော့ ရေမျက်နှာပြင် က ၁၂ ပေကျော်ထိ တက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "၂၀၂၅ ခုနှစ်မှာတော့ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာ ရေဆက်တိုက်ကြီးခဲ့ပြီး ဩဂုတ် လလယ်အထိ ရေက ၇ ပေကျော်မှာ ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နှစ်တိုင်းလည်း မိုးများရင် ရေကြီးတတ်တယ်။ ဒါပေမဲ့ အိမ်တွေထဲ ရေမဝင်ဘူး။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အခု ၂၀၂၄ ကစပြီး နှစ်နှစ်ဆက်တိုက် ရေကြီးတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "လူနေအိမ်တွေထဲကို ရေတွေဝင်ရုံသာမက စပါးခင်း၊ ပဲခင်း အပါအဝင် စိုက်ခင်းတွေထဲမှာပါ ရေနစ်မြုပ်တဲ့အတွက် စိုက်ဧက တစ်သိန်းနီးပါးလည်း ထိခိုက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ရေကြီးမှု ဒဏ်ကို ကြုံလာရတဲ့ အင်းလေးဒေသမှာ ၂၀၂၅ ခုနှစ် မတ်လ မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်‌ရွေ့ ငလျင်မှာလည်း နေအိမ်ပေါင်း ၂,၀၀၀ ဝန်းကျင် ပျက်စီးခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နောက်ထပ် ဩဂုတ်လကုန်ကနေ စက်တင်ဘာ ဒုတိယပတ်အထိ အင်းလေးကန်မှာ ရေဖုံးလွှမ်းနိုင်မှုက အနီရောင်အဆင့်မှာ ရှိနေတယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ဆက်တိုက် သတိပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် ရေဝေရေလဲဒေသဟာ ဧရိယာ စတုရန်းမိုင် ၁,၄၀၀ ကျော်ရှိပြီး အင်းလေးကန်က ၆၃ စတုရန်းမိုင်ရှိနေတာပါ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါ့အပြင် အင်းလေးကန်ထဲကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်ဒေသ ချောင်းငယ် ၂၉ ချောင်း၊ ချောင်းကြီး ၄ ချောင်းက ရေတွေ စီးဝင်ပေမဲ့ ရေထွက်ပေါက်ကတော့ မိုးဗြဲဆည်နဲ့ လောပိတရေအားလျှပ်စစ်ကို စီဆင်းတဲ့ ဘီလူးချောင်းသာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "မိုးရွာလိုက်တာနဲ့ ရှမ်းတောင်က ရေတွေရော၊ နုန်းတွေရော၊ အမှိုက်တွေရော အကုန်လုံးက အင်းလေးကန်ထဲဝင်လာကြတာ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အရင်ရှိထားတဲ့ နုန်းတွေရော၊ နောက်ပါလာတဲ့ နုန်းတွေက အင်းလေးကန်ထဲမှာ နုန်းတွေများလာတာပဲ လို့ ရှမ်းပြည်နယ်တောင်ပိုင်း ဆည်မြောင်းဦးစီးဌာနမှာ တာဝန်ယူခဲ့တဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "‌ရေအဝင်များပြီး အထွက်နည်းတာ၊ အင်းလေးကန်ထဲမှာ နုန်းတွေ များနေတာကြောင့် ရေကြီးတာတွေ ဖြစ်နေတာလို့ သုံးသပ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒီလိုအခြေအနေတွေကြောင့် အင်းလေးကန်ဟာ မိုးများတိုင်း ရေကြီးနေတော့မှာလို့ ထိန်းသိမ်းရေး လုပ်ဆောင်သူတွေက သတိပေးကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်မှာ ရင်ဆိုင်နေရတဲ့ အချက်တွေကတော့ စတဲ့ အချက်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ ဒေသခံတွေ၊ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေက သဘောထားတူစွာ ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်ရဲ့ ရေဝေရေလဲ ဒေသတွေက တောင်ကြီးခရိုင်ထဲမှာ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲမှာ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲက ရွာငံ၊ ပင်းတယ စတဲ့ ဒေသတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "၂၀၂၀ ပြည့်နှစ်မှာ ၂ ဒသမ ၆၉ သန်းဧက ကနေ ၄ နှစ်တာကာလအတွင်းမှာ ဧက ၃ ထောင်နီးပါး ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "တောင်ကြီး သာမကဘဲ ကျန်တဲ့ အင်းလေးကန် ရေဝေရေလဲ မြို့တွေမှာလည်း အာလူးသီးနှံ အပါအဝင် ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒီလေးနှစ်အတွင်းမှာ သစ်တောတွေကို ကြပ်ကြပ်မတ်မတ် မထိန်းနိုင်ကြတော့ အင်းလေးကန် ဧရိယာတွေထဲမှာ ရွှေ့ပြောင်းတောင်ယာတွေ ချဲ့ထွင်လာတာပဲ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အခုတော့ ကန်ထဲကနေ လှမ်းကြည့်လိုက်ရင် တောင်ကမ်းပါးယံတွေမှာ စိုက်ခင်းတွေကိုမှ အများကြီးပဲလို့ လေးနှစ်အတွင်း ပြောင်းလဲလာတာကို ဦးခင်မောင်လတ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နုန်းကျမှုများပြီး ရေမျက်နှာပြင် လျော့လာတာကတော့ အင်းလေးကန် တောင်ဘက်ပိုင်း ညောင်ရွှေမြို့နယ်မှာ ပိုများတယ်လို့ တစ်လကျော်ကြာ ပုဂ္ဂလိက သုတေသန လုပ်ခဲ့တဲ့ ဘူမိဗေဒ ကျွမ်းကျင်သူ ဦးစိုင်းလိတ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းတောင်ဘက်မှာ ကျွန်တော်ကိုယ်တိုင် ရေထဲဆင်းကြည့်တော့ ပုံမှန်ဆို လူတစ်ရပ်မြုပ်ရမယ့် နေရာက ရင်ခေါင်းလောက်ပဲ ပေါ်တော့တယ် လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်ရဲ့ အကျယ်အဝန်းဟာ ၂၀၀၇ ခုနှစ်မှာ ၆၃ မိုင် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိအကျယ်အဝန်းကိုတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ကန်ရေမျက်နှာပြင် လျော့လာတဲ့ ကိန်းဂဏန်းပမာဏကို အတိအကျ မပြောနိုင်ပေမဲ့ အင်းလေးကန် ကျဉ်းလာတာကိုတော့ မြေပြင်အချက်အလက်အခြေအနေအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက သေချာသိနေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် ထိန်းသိမ်းရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ အင်းလေးကန်ထဲက နုန်းတွေကို ဖယ်ရှားဖို့ နုန်းစုပ်စက်ဝယ်ပေးဖို့ ဒေသအရပ်ဖက်အဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့က ဦးသိန်းစိန် အစိုးရလက်ထက်က တောင်းဆိုခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "၂၀၁၅ ခုနှစ်မှာ ဒေါ်လာ တစ်သန်းတန် နုန်းစုပ်စက် ရခဲ့ကြတယ်လို့ ဦးအောင်ကြည်ဝင်း က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "သူက ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရှမ်းပြည်နယ် လွှတ်တော်အမတ်၊ အခုချိန်မှာတော့ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်နေသူပါ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နယ်သာလန်နိုင်ငံထုတ် နုန်းစုပ်စက်ရရှိခဲ့ပေမဲ့ အသုံးပြုတဲ့နည်းပညာကို မကျွမ်းကျင်တာ၊ နုန်းစုပ်စက် အမျိုးအစားကို မှားယွင်းဝယ်မိတာတွေကြောင့် စက်ရဲ့လုပ်နိုင်စွမ်းနဲ့ အင်းလေးကန်ရဲ့ ရေမြေအနေအထားနဲ့ မကိုက်ညီခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နုန်းစုပ်တဲ့ စက်တွေထဲမှာ ပင်လယ်ပြင်သုံး၊ မြစ်ချောင်းသုံးနဲ့ အင်းအိုင် ကန်တွေမှာ သုံးစွဲတဲ့ အမျိုးအစားတွေ ကွာခြားတယ်လို့ ဆည်မြောင်းအငြိမ်းစားဝန်ထမ်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ပင်လယ်ပြင်သုံးနုန်းစုပ်စက်ကို မှားယွင်းဝယ်ခဲ့ကြပြီး အသုံးပြုချိန်မှာ စက်ပျက်သွားတာကြောင့် ပြန်အစားထိုးရမယ့် ပစ္စည်းကလည်း မဝယ်နိုင်ကြတာ ဆယ်နှစ် နီးပါး ရှိလာခဲ့ပါပြီ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အဲဒီနုန်းစုပ်စက်ကြီးကိုလည်း ပြင်မရ၊ သုံးမရနဲ့ ဒီအတိုင်းပဲ ထားရတာပဲ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဆည်မြောင်းမှာရှိတဲ့ နုန်းဆည်တဲ့စက်တွေကလည်း ၁၉၉၂ ခုနှစ်က ထုတ်ထားတဲ့ စက် ၃ လုံးလားရှိတာ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒီတော့ လမ်းသွားလမ်းလာလို့ရအောင် နုန်းဖယ်ရုံပဲ လုပ်လို့ရတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းကဆည်မြောင်းအငြိမ်းစား ဝန်ထမ်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်း ရှိတဲ့စက်နဲ့ နုန်းဆယ်တာကတော့ ရေတို ဖြေရှင်းနည်းတစ်ခုပါပဲ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ရေရှည်အတွက်ဆို နိုင်ငံတော်အဆင့် နှစ်ရှည်စီမံကိန်းတွေနဲ့ လုပ်မှ အဆင်ပြေမှာလို့ မှတ်ချက်ပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "တကယ်တမ်း အင်းလေးကန်မှာ ရှိနေတဲ့နုန်းတွေကို ထိထိရောက်ရောက် ဆယ်ယူဖို့ဆိုရင်တော့ နုန်းစုပ်စက်ပေါင်း ရာနဲ့ချီ လိုအပ်တယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နုန်းတွေများပြီး အင်းလေးကန်ဘောင် ကျယ်လာတဲ့အတွက် ကျွန်းမျောစိုက်ခင်းလို့ ခေါ်ကြတဲ့ ခရမ်းချဥ်သီး စိုက်ခင်းတွေကလည်း ရေနက်တဲ့နေရာကို တိုးစိုက်လာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "စိုက်တဲ့ဧကတွေကလည်း အရင်ကထက် များလာတာကြောင့်လည်း စက်လှေသွားလာဖို့ လမ်းကြောင်းတွေ ကျဉ်းလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ပျက်စီးမှုဆီ ဦးတည်လာတဲ့ ကန်ရဲ့အပြောင်းအလဲတွေကြောင့် အင်းလေးကန်ရဲ့ လက်ရှိအခြေအနေဟာ အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်နေပြီး ဒီအတိုင်း ဆက်သွားရင်တော့ နောင် နှစ်ပေါင်း ၅၀ လောက်မှာ တိမ်ကောသွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးအောင်ဆက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်ဟာ ၂၀၀၃ ခုနှစ်မှာ အာဆီယံအမွေအနှစ်လို့ သတ်မှတ်ခံထားရရုံမက မြန်မာနိုင်ငံရဲ့ ပထမဆုံး လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုက ၂၀၁၅ မှာ အတည်ပြုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသ၊ ၂၀၂၀ ပြည့်နှစ်မှာ အရှေ့အာရှ - ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ သဘာဝအမွေအနှစ်ဒေသတစ်ခုပါ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "သစ်တောပြုန်းတီးတာ၊ စိုက်ခင်းတွေ တိုးချဲ့လာတာကြောင့် တဖြည်းဖြည်းနဲ့ ထိခိုက်လာတဲ့ အင်းလေးကန် ပြန်ထိန်းသိမ်းဖို့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်ကစပြီး တစ်နှစ်ကို ရန်ပုံငွေ သိန်း ၇၀၀ ချပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "၁၀ နှစ်ကြာတဲ့အထိလည်း ဒီနှုန်းထားအတိုင်းပဲ၊ ရန်ပုံငွေက ပုံသေဆိုပေမဲ့ ကုန်ဈေးနုန်းက မတူတော့ဘူးလေ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းထဲက နှုန်းတွေကို ဆယ်ပြီး ကန်နဲ့ဝေးတဲ့နေရာကို သွားပစ်ဖို့က ဆီဖိုးမတတ်နိုင်တော့ ကန်ဘေးမှာပဲ နေရာသတ်မှတ်ပြီး နုန်းတွေ ပြန်ချထားရတာလို့ အငြိမ်းစား ဆည်မြောင်းဝန်ထမ်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "မိုးများပြီး ရေတက်လာတဲ့အခါ အဲဒီနုန်းတွေက ‌ရေစီးနဲ့ ပြန်ပါသွားတဲ့အတွက် လုပ်နေပေမဲ့လည်း ထူးမခြားနား ဖြစ်နေကြတာပါ။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "နော်ဝေအစိုးရကလည်း ၂၀၁၂ ကနေစပြီး အင်းလေးကန် ထိန်းသိမ်းရေးမှာ ပံ့ပိုးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန် ထိန်းသိမ်းးဖို့အတွက် အင်းလေးကန်ရေဝေရေလဲ ဧရိယာထဲက သစ်တောတွေ ပြန်ထိန်းသိမ်းဖို့၊ ချဲ့ထွင်ထားတဲ့ စိုက်ပျိုးမြေတွေကို ပြန်စိစစ်ဖို့၊ အင်းထဲမှာ ထပ်တိုးလာတဲ့ ကျွန်းမျောစိုက်ခင်းတွေကို ပြန်ထိန်းချုပ်ဖို့လို ကိစ္စတွေလုပ်နိုင်မှသာ အင်းလေးကန် မတိမ်ကောအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တွေဟာ အင်းလေးကန်ထိန်းသိမ်းရေး အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ ပြည်နယ် အစိုးရအဖွဲ့ အင်အားနဲ့ မတတ်နိုင်ဘဲ နိုင်ငံအဆင့် စီမံဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ဆော်သြနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဝိတ်လျှော့ဖို့ဆိုတာ လူအတော်များများအတွက် အတော့်ကို ခက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "မတူကွဲပြားတဲ့ နည်းတွေ သုံးပြီး ကိုယ်အလေးချိန် လျှော့နိုင်ပေမဲ့ အဓိက တူညီတဲ့ စည်းမျဉ်းကတော့ ရလာမယ့် ကယ်လိုရီထက် ဆုံးရှုံးသွားမယ့် ကယ်လိုရီကို ပိုများအောင် လုပ်ဖို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒီလိုလုပ်တာက အဓိကအားဖြင့် ခန္ဓာကိုယ်က အဆီတွေကို လောင်စာဆီ အရင်းအမြစ်အဖြစ် အသုံးပြုဖို့ ဖြစ်ပါတယ် လို့ ဆောင် ပေါင်လိုမြို့ နိုဗ်ဒီ ဟူလို ဆေးရုံက အားကစားဆရာဝန် ဒေါက်တာပက်ဘလိယပ်စ် ဘရာဂါ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အကောင်းဆုံးက ကျန်းမာရေးနဲ့အညီ စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းအားဖြင့် ကယ်လိုရီ လျှော့ချနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါပေမဲ့ ကယ်လိုရီ လျှော့ချမှု ဘယ်လောက်များသလဲ ဆိုတာနဲ့ အစားအသောက် အရည်အသွေး အပေါ် မူတည်ပြီး ခန္ဓာကိုယ်အဆီတင်မက ကြွက်သားတွေပါ အများအပြား ဆုံးရှုံးသွားနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ခန္ဓာကိုယ်မှာ ကြွက်သား အရမ်းနည်းတာက အဆီ အရမ်းများသလိုပဲ အန္တရာယ် ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားအစိုင်အခဲတွေ လျော့ကျသွားရင် ဇီဝဖြစ်ပျက်မှုက နှေးကွေးသွားနိုင်ပြီး ခန္ဓာကိုယ်က အဆီတွေကို ချေဖျက်ရာမှာ ထိရောက်မှု နည်းလာနိုင်တဲ့အတွက် အသားအရည်တွေ တွဲကျတာကို ပိုသိသာစေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါ့အပြင် ကြွက်သား ဆုံးရှုံးမှုကြောင့် သန်စွမ်းမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ရေရှည်ကျန်းမာရေးတွေ လျော့ကျသွားနိုင်သလို ကိုယ်အလေးချိန် ဆက်လျှော့ချထားနိုင်ဖို့ကိုလည်း ပိုခက်လာစေနိုင်ပြီး ကိုယ်အလေးချိန် တက်လိုက်ကျလိုက် ပိုဖြစ်လာစေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "လူတစ်ယောက်မှာ ကယ်လိုရီ ချို့ယွင်းလိုအပ်နေတယ် ဆိုရင် ခန္ဓာကိုယ်က ဒါဟာ စွမ်းအင်ပြတ်လပ်တာလို့ ယူဆပြီး ကာကွယ်ရေး ယန္တရား တစ်ခုအနေနဲ့ စွမ်းအင်ချွေတာတဲ့ အနေအထားအဖြစ် ချက်ချင်းပြောင်းလိုက်တတ်တယ် လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သား ဆိုတာက ငြိမ်ငြိမ်နေချိန်မှာ စွမ်းအင်အများစုကို ချေဖျက်ပစ်လေ့ရှိတဲ့ တစ်ရှူးဖြစ်တာကြောင့် ကိုယ်ခန္ဓာက ကယ်လိုရီ ချို့တဲ့နေချိန်မျိုးမှာ ကြွက်သားကို ဇိမ်ခံပစ္စည်းအဖြစ် စရှုမြင်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါက အရှုံးပေါ်နေတဲ့ ကုမ္ပဏီတစ်ခုမှာ ကုန်ကျစရိတ် လျော့ကျဖို့အတွက် စျေးအကြီးဆုံး ဌာနတွေကို အရင်ဆုံး ပိတ်ပစ်ဖို့ လုပ်တဲ့ သဘောမျိုးနဲ့ ဆင်တူပါတယ် လို့ မစ်စ် ဒိုင်ယက်စ် က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တကယ်လို့ စနစ်တကျမဟုတ်ဘဲ ကယ်လိုရီတွေကို အရမ်းကာရော ချေဖျက်ပစ်မယ်ဆိုရင် ကိုယ်ခန္ဓာက စွမ်းအင်တွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြွက်သားတစ်ရှူးတွေကို စချေဖျက်လာတတ်ပါတယ် ဒီတော့ ဝိတ်ချနေတုန်းမှာ ကြွက်သားတွေကို ဘယ်လို ထိန်းထားနိုင်မှာပါလဲ။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ရေဓာတ်က မရှိမဖြစ် လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ရေတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါ့ကြောင့် ရေဓာတ်လုံလုံလောက်လောက် ရှိနေဖို့က ကြွက်သား ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရေးမှာ သိပ်ကို အရေးပါပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကိုယ့်ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ် ကီလိုဂရမ်ကို ရေ ၃၀ မီလီလီတာကနေ ၄၀ မီလီလီတာ လောက်နှုန်း နေ့စဉ် သောက်ဖို့ လိုပါတယ် ရေက ဆဲလ်တွေရဲ့ လုပ်ဆောင်မှုနဲ့ ကြွက်သား ပြန်လည်ကောင်းမွန်အောင် လုပ်ရာမှာလည်း အရေးပါပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တကယ်လို့ ကြွက်သားတွေမှာ ရေဓာတ်ခမ်းခြောက်သွားမယ် ဆိုရင် ထုထည်ပမာဏနဲ့ စွမ်းဆောင်ရည် လျော့ကျဆုံးရှုံးသွားပါလိမ့်မယ် လို့ မစ်စ် ဒိုင်ယက်စ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ပရိုတိန်း အလုံအလောက် စားသုံးဖို့ကလည်း အလားတူ အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒီတော့ အလေးချိန် ၇၀ ကီလိုဂရမ်ရှိတဲ့ လူတစ်ဦးဟာ ပရိုတိန်းဓာတ် ၉၈ ကနေ ၁၄၀ ဂရမ်အကြား စားသုံးဖို့ လိုမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါ့အပြင် ကယ်လိုရီ လျှော့ချမှုဟာ မနည်းမများ အလယ်အလတ်လောက်သာ ဖြစ်သင့်တယ် ဆိုတာကိုလည်း ကျွမ်းကျင်သူတွေက အလေးအနက် ပြောထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တစ်နေ့ကို ကယ်လိုရီ ၅၀၀ အထိ လျှော့ချတာက ပုံမှန် စံနမူနာလို့ ပြောလို့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တကယ်လို့ ကယ်လိုရီ အရမ်းကာရော လျှော့ချမယ် ဆိုရင် ခန္ဓာကိုယ်ကနေ ကြွက်သားတွေကို စချေဖျက်ကောင်း ချေဖျက်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားတွေ ဆုံးရှုံးသွားခြင်းအားဖြင့် ဇီဝဖြစ်ပျက်မှုကို နှေးကွေးလာစေနိုင်တာမို့ ကယ်လိုရီ အကြီးအကျယ် လျှော့ချမယ်ဆိုရင် ဝိတ်တက်လိုက်၊ ကျလိုက် ဖြစ်လာစေနိုင်ပါတယ် လို့ မစ်စ် ဒိုင်ယက်စ် ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အမျိုးသမီးတွေဟာ အခြေခံဇီဝဖြစ်စဉ်နှုန်း (အသက်ရှူတာ၊ သွေးလည်ပတ်တာ မျိုးလို အရေးပါတဲ့ လှုပ်ရှားလည်ပတ်မှုတွေကို ထိန်းထားရာမှာ ကိုယ်ခန္ဓာက အသုံးပြုတဲ့ စွမ်းအင်ပမာဏ) နည်းပြီး ကြွက်သား သိပ်မများလေ့ရှိတာမို့ ဒီအကြံပေးချက်ကို ပိုပြီးတောင် သတိထား လိုက်နာသင့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒီလိုလူတွေအတွက် ကယ်လိုရီ ၅၀၀ လျော့အောင် အမြဲလုပ်ဖို့က ခက်ခဲနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါ့ကြောင့် တစ်နေ့ကို ကယ်လိုရီ ၃၀၀ အောက်လောက်ပဲ လျော့အောင် စလုပ်သင့်ပါတယ် လို့ မစ်စ် ဒိုင်ယက်စ်က အကြံပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါကို အားကစားဆရာဝန် ဒေါက်တာ ဘရာဂါ ကလည်း လက်ခံပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "လုံခြုံစိတ်ချရတဲ့ အပိုင်းအခြား တစ်ခု ရှိပါတယ်။ ဒါပေမဲ့ လျော်ကန်မျှတတဲ့စားသောက်မှုပေါ် မူတည်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အထူးသဖြင့် ပရိုတိန်းပါတဲ့ အစာစားသုံးမှုပါ ကိုယ်စားတဲ့ အစာရဲ့ အနည်းဆုံး သုံးပုံတစ်ပုံက ပရိုတိန်းဓာတ်ပါတဲ့ အစာတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အာဟာရဓာတ်ပြည့်ဝဖို့တင်မက ကိုယ်လက်လှုပ်ရှားတာက ဝိတ်ချနေစဉ် ကြွက်သား ဆက်ထိန်းထားနိုင်ရေးမှာ အဓိက အရေးပါပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တကယ်လို့ အဆီတွေလျှော့ပြီး ကြွက်သားတွေ တက်လာအောင် လုပ်ဖို့ ရည်ရွယ်တယ်ဆိုရင်တော့ လုပ်ရမယ့် လေ့ကျင့်ခန်း အမျိုးအစားက အရေးပါပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အလေးမ တာလိုမျိုး အားနဲ့လုပ်တဲ့ လေ့ကျင့်ခန်းက ကြွက်သား မဆုံးရှုံးအောင် ထိန်းထားရုံတင်မက ကြွက်သားတွေ တိုးလာစေဖို့ အထောက်အကူပြုပါတယ် လို့ မစ်စ် ဒိုင်ယက်စ် ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ပုံမှန်အားဖြင့် အဆီလျှော့မလား ဒါမှမဟုတ် ကြွက်သားတိုးအောင် လုပ်မလား ဆိုတဲ့ ရည်မှန်းချက် နှစ်ခုထဲက တစ်ခုကိုပဲ ခန္ဓာကိုယ်က တစ်ကြိမ်မှာ အာရုံစိုက်လုပ်ဆောင်လေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အဆီလျော့ကျဖို့အတွက် ကယ်လိုရီ နည်းဖို့ လိုပြီး ကြွက်သားတိုးဖို့အတွက်ကတော့ ကယ်လိုရီပိုများများ ရှိဖို့ လိုတာကြောင့် ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါပေမဲ့လည်း သွေးဆုံးပြီး အမျိုးသမီးတွေမှာတောင်မှ ဟော်မုန်းနဲ့ ဇီဝဖြစ်စဉ် ပြောင်းလဲမှုတွေကြောင့် ကြွက်သား မဆုံးရှုံးအောင်နဲ့ အဆီမတက်အောင် တားဆီးရာမှာ ပိုခက်ခဲနိုင်ပေမဲ့ ဂရုတစိုက် ချဉ်းကပ်တဲ့နည်းနဲ့ ဆိုရင် နှစ်မျိုးစလုံး ဖြစ်အောင် လုပ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "လေ့ကျင့်ခန်းထဲမှာ အားသုံးတဲ့ လေ့ကျင့်ခန်း ထည့်သွင်းလုပ်တာက အရေးပါတဲ့ ဖြေရှင်းနည်း တစ်စိတ်တပိုင်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားအစိုင်အခဲ ရှိခြင်းအားဖြင့် အဝလွန်မှု၊ ဆီးချို အမှတ် ၂၊ သွေးတိုးနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒီရောဂါတွေအားလုံးဟာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်လာလေ့ရှိတဲ့ ရောဂါတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဒါ့ကြောင့် ကျန်းမာသန်စွမ်းစွာ အသက်ကြီးလာနိုင်ဖို့အတွက် ကြွက်သားက မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားတွေဟာ ဦးနှောက်လည်ပတ်မှုကို ပိုကောင်းမွန်အောင် လုပ်ပေးတဲ့ အိုင်ရစ်ဆင် လိုအရေးပါတဲ့ ဟော်မုန်းမျိုးတွေကို ထုတ်ပေးတဲ့ ဟော်မုန်း အင်္ဂါအစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနေပြီး အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် လို ရောဂါအတော်များများ မဖြစ်အောင် လျှော့ချပေးပါတယ် လို့ မစ်စ် ဒိုင်ယက်စ်က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ကြွက်သားအစိုင်အခဲတွေကို ထိန်းထားနိုင်ရေးမှာ နောက်ထပ် အရေးပါတဲ့အချက်တစ်ချက်ကတော့ စိတ်ကျန်းမာရေး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဝိတ်လျှော့ဖို့ လုပ်ရာမှာ စိတ်ဖိအားမှုတွေ ထပ်ဆောင်း မရဖို့ အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "တကယ်လို့ ကိုယ့်ကိုယ်ကို အလွန်အမင်း စိတ်တိုင်းမကျတာမျိုး၊ ဝိတ်မကျမှာကို တချိန်လုံးတွေးပူနေတာမျိုး လုပ်နေမယ်ဆိုရင်တော့ ကျန်းမာရေးကို ဒါ့ထက်တောင် ပိုထိခိုက်လာစေနိုင်ပါတယ် လို့ ဒေါက်တာ ဘရာဂါ က သတိပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အရေးအကြီးဆုံးအချက်က လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပကတိအဖြစ်မှန်အတိုင်း တွက်ချက်လေ့လာထားတဲ့ အစီအစဉ်နဲ့ ဝိတ်ချဖို့ ဖြစ်တယ်လို့ သူက အလေးအနက် ပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "လေ့ကျင့်ခန်းလုပ်တဲ့ အချိန်၊ အလုပ်လုပ်တဲ့ အချိန်၊ အနားယူတဲ့ အချိန် စတာတွေအားလုံးက ကိုယ့်ရဲ့ နေ့စဉ်ဘဝအတွင်း အံဝင်ဂွင်ကျ ဖြစ်ဖို့ လိုအပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ရလာတဲ့ ရလဒ်က အရည်အသွေးပြည့်စုံတဲ့ဘဝမျိုးနဲ့ ထပ်တူကျရပါမယ်။ ဒါကမှ စစ်မှန်တဲ့ ရည်မှန်းချက် ပန်းတိုင်ပါ။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ဆေးရုံကုတင်ပေါ်မှာ ငုတ်တုတ်အနေအထားနဲ့ ခန္ဓာကိုယ် ယိမ်းထိုးလိုက်၊ အကြောတွေ ဆွဲသွားလိုက်၊ စက္ကန့်ပိုင်းအတွင်း တံတွေးထွေးလိုက်နဲ့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက်ရဲ့ ဝေဒနာခံစားရတဲ့ ရုပ်သံဖိုင် တချို့ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သူ့ရဲ့ ဝေဒနာခံစားနေရတဲ့ပုံတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြသလို ခွေးရူးပြန်ရောဂါက အသက်မသေခင်မှာ ပြင်းပြင်းထန်ထန် ခံစားရတာကို မြင်တွေ့ကြရလို့ အချင်းချင်း သတိပေးတာတွေလည်း တွေ့လာရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကချင်ပြည်နယ် မြစ်ကြီးနား၊ မကွေးတိုင်း ရေနံချောင်း၊ ပဲခူးတိုင်း တောင်ငူနဲ့သုံးဆယ်၊ ပြည် ၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေက ပရဟိတအဖွဲ့တွေနဲ့ မြို့ခံတွေကို မေးကြည့်တဲ့အခါ ခွေးကိုက်ခံရတာတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဆေးသာရှိပြီး ရောဂါဖြစ်လာရင် ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ရောဂါလက္ခဏာပြလာရင် ရက်ပိုင်းအတွင်းမှာပဲ အသက်သေဆုံးတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခံရတာ တမျိုးတည်းကနေ ကူးစက်ခံရတာ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးအပြင်၊ ကြောင်၊ လင်းဆွဲ၊ မျောက် အပါအဝင် တခြားတိရစ္ဆာန်တွေရဲ့ တံတွေး၊ သွားရည်ကနေလည်း ကူးစက်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါပေမဲ့ ခွေးကိုက်ခံရပြီး ‌ရောဂါကူးစက်ခံရသူက အများဆုံးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ အကိုက်ခံရ၊ အကုတ်ခံရတဲ့ နေရာမှာ သွေးမထွက်ပေမဲ့ အရေပြားပေါက်ပြဲသွားတာ၊ ဒါမှမဟုတ် ထိခိုက်ရှနာ တစ်ခုခုရှိတဲ့နေရာကို တံတွေး၊ သွားရည်နဲ့ ထိမိတာမျိုးကနေတောင် ကူးစက်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အကိုက်ခံရတဲ့နေရာမှာရှိတဲ့ ကြွက်သားတွေဆီကနေ ဗဟိုအာရုံကြောစနစ် ၊ အဲဒီကနေမှ ဦးနှောက်ကို ဗိုင်းရပ်စ်ပိုး ရောက်ရှိသွားတာပါ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ရောဂါကူးစက်ခံရပြီးပြီးချင်း ရောဂါပျိုးချိန်ဟာ အကိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဦးနှောက် အကွာအဝေး၊ ပိုးကောင်ရေနဲ့ ခုခံအားပေါ် မူတည်ပြီး တစ်ပတ်ကနေ နှစ်ချီကြာတဲ့အထိ ဘယ်လိုရောဂါ လက္ခဏာမှ မခံစားရသေးဘဲ ရှိနေတတ်တယ်လို့ ဆရာဝန်တွေက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါ့ကြောင့် ခွေးကိုက်ခံရပြီး ခွေးရူးရောဂါပိုး ကူးစက်ခံရမှန်းမသိဘဲ ပေါ့ပေါ့ဆဆ နေကြတယ်၊ အဲဒါနဲ့ နောက်ဆုံး လက္ခဏာပေါ်တဲ့အချိန်ကျမှ သိတဲ့အခါ ကူးစက်ခံရသူ ၁၀၀ ရာခိုင်နုန်း သေပါတယ် လို့ အသက် ၆၀ ကျော်အရွယ် ဆရာဝန်တစ်ယောက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါ ခံစားရသူတွေဟာ ခွေးတွေလို ကုတ်ခြစ်တာ၊ ဘေးပတ်ဝန်းကျင်ကို ရန်လိုတာ၊ ခွေးအူသလို အသံပြုတာတွေ ဆက်တိုက်ပြုမူပြီး သေဆုံးကြတာ တွေ့ရတယ်လို့လည်း ခွေးကိုက်ခံရသူတွေကို ကူညီပေးနေတဲ့ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သူတို့ မသေခင်ဝေဒနာခံစားရတာက တကယ်သနားဖို့ကောင်းတာ လို့ အသက် ၆၀ ကျော်အရွယ် ဆရာဝန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါ့ကြောင့် ခွေး အပါအဝင် တိရစ္ဆာန်တွေ အကိုက်ခံရပြီဆိုရင် ၂၄ နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေးနဲ့ မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေထိုးဖို့ လိုအပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူတွေအကြောင်း စုံစမ်းကြည့်တဲ့အခါမှာလည်း ဆေးရုံတွေမှာ ဆေးမလုံလောက်တာ၊ အပြင်ဆေးခန်းကနေ ဆေးဝယ်ထိုးဖို့ ငွေကြေးမတတ်နိုင်တာ၊ ဒဏ်ရာ မပြင်းထန်လို့ မလိုအပ်ဘူးဆိုပြီး ခွေးရူးပြန်ကာကွယ်ဆေးကို မထိုးဖြစ်ကြတာကိုတွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကလေးက ခွေးကိုက်ခံရတယ်၊ အဖေက မရှိဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အမေကလည်း နေ့စားလိုက်လုပ်နေရတော့ ဦးလေးနဲ့ ထားခဲ့တာ၊ ရွာထဲက ကျန်းမာရေးသွားပြတော့ မေးခိုင်ကာကွယ်ဆေးပဲ ထိုးလို့ရတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ကာကွယ်ဆေးက ဝယ်ထိုးရမှာကို မတတ်နိုင်လို့ မထိုးခဲ့ကြရဘူးလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရပြီး လပိုင်းအတွင်းမှာပဲ စာသင်ခန်းထဲရှိနေချိန်မှာ ခွေးရူးပြန်လက္ခဏာတွေ စပေါ်လာတာကြောင့် ကလေးအချင်းချင်း ဝိုင်းကူရင်း တခြားကလေး ၁၄ ယောက်ကိုပါ ကုတ်ခြစ်မိတာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရတဲ့ ကလေးကတော့ လက္ခဏာပြပြီး ရက်ပိုင်းမှာပဲ သေဆုံးသွားသလို ကျန်တဲ့ ကလေးတွေကိုပါ ကာကွယ်ဆေးထိုးကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အဲဒီကလေးတွေထဲမှာ ကာကွယ်ဆေးမထိုးနိုင်တဲ့ ကလေးတွေလည်းပါတော့ ကျွန်တော်တို့ပဲ ဝိုင်းကူညီပြီး ထိုးပေးလိုက်ရတယ်လို့ ကိုကျော်သူရက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ရေနံချောင်းမြို့နယ် ညောင်စပ်ချောင်း ကျေးရွာအုပ်စုမှာဆိုရင်လည်း ဒီနှစ်လ အတွင်းမှာ လူ သုံးယောက် ခွေးကိုက်ခံရပြီး တစ်ယောက်သေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "နှစ်ယောက်က ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ မထိုးတဲ့တစ်ယောက်က ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သေဆုံးသူနဲ့ ထိစပ်တဲ့သူ ၁၀ ယောက်ကိုလည်း ကာကွယ်ဆေး ဆက်ထိုးနေရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဇူလိုင် ၂၉ ရက် ည ၇ နာရီခွဲလောက်မှာတင် ရေနံချောင်းမြို့နယ်ထဲမှာ လူ ၅ ယောက် ခွေးကိုက်ခံရပြီး ကာကွယ်ဆေးမထိုးနိုင်ကြသလို ဆေးဝယ်ဖို့ အလှူရှင်လည်း မရှိဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "လူအများကြီးစာ အလှူရှင်မရှိသေးတာမို့ မျက်စိမှိတ်ပြန်ခဲ့ရတယ်ဗျာ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခေတ် ကာလ အခြေအနေ အရ စားစရာမရှိ လျော်စရာရှိအောင် ကြံဖန် ထိုးမလား။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကံကို အားကိုးပီး ဒီတိုင်းပဲ ပြန်ကြမလား တစ်ခုခု ပေါ့ လို့ ပြောရင်း ခွေးရူးပြန်ကာကွယ်ဆေး မထိုးနိုင်တဲ့သူတွေအစား သူက စိတ်မကောင်းဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "၂၀၂၄ ခုနှစ် ၄ လပိုင်းမှာ သုံးဆယ်မြို့နယ်ထဲက အသက် ၂၀ ကျော် အမျိုးသမီးတစ်ယောက်လည်း ခွေးရူးပြန်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးပေါက်စလေးကို ချီပွေ့ စနောက်ရင်း ခွေးရဲ့သွားနဲ့ လက်ကို ခြစ်မိခဲ့ပေမဲ့ ဒဏ်ရာမပြင်းထန်တာ၊ ဘာမှမဖြစ်လောက်ဘူးဆိုတဲ့ အထင်နဲ့ နေခဲ့တာကနေ ၆ လအကြာမှာ ရောဂါလက္ခဏာတွေ စပြလာတာပါ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သူ့ကို သာယာဝတီဆေးရုံကနေ ရန်ကုန်ကို လွှဲဖို့ ကျွန်တော်တို့ ခေါ်လာရတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကားပေါ် တက်ကတည်းက အခြေအနေ မဟန်ဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကားမောင်းရင်း နောက်ခန်းကို လှမ်းကြည့်တော့ ဂနာမငြိမ်ဖြစ်နေတာက ဆက်တိုက်ပဲ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "လမ်းမှာတင်ပဲ ဆုံးသွားတာလို့ အဖြူရောင် ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကာကွယ်ဆေး ဈေးနှုန်းတွေကလည်း တနေ့လုပ် တစ်နေ့စား ၊ စီးပွားရေးနွမ်းပါးသူတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဆေးရဲ့ ဈေးနှုန်းတွေကလည်း အမျိုးအစားအလိုက် တမြို့နယ်နဲ့ တမြို့နယ် မတူညီကြတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "မကွေးမြို့နယ်မှာဆိုရင် တစ်လုံးကို လေးသောင်းနှစ်ထောင်၊ သုံးဆယ်မြို့နယ်မှာဆို သုံးသောင်းခွဲကနေ လေးသောင်းခွဲဝန်းကျင်၊ တောင်ငူမှာတော့ နှစ်သောင်းခွဲလောက်ရှိသလို ကချင်ပြည်နယ် မြစ်ကြီးနားမှာတော့ ငါးသောင်းခွဲအထိ ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အဲဒီဆေးခန်းကိုလည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး စတဲ့ မြို့နယ်တွေက ခွေးကိုက်ခံရသူတွေ နေ့တိုင်းနီးပါး ရောက်လာကြတယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "နောက် ထပ်တွေ့ရတဲ့ အချက်တစ်ခုက ခွေးကိုက်ခံရတာကို ကာကွယ်ဆေးမထိုးဘဲ အသီး၊ အရွက် ၊ အခေါက်တွေကို ထောင်းပြီး အကိုက်ခံရတဲ့ ဒဏ်ရာကို အုံတာ၊ အဆိပ်ချတယ်ဆိုပြီး စုတ်ထိုးတာ၊ ဂါထာတွေနဲ့ မန်းမှုတ်တာတွေကို လုပ်ဆောင်ကြတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သခွပ်ခေါက်ကို သွေးသောက် ကြက်သွန်နီဝါးပြီး ထည့်ထားတယ် ခွေးကိုက်ခံရရင် ပျောက်အောင် မန်းပေးမယ်ဆိုတာတွေဟာ ခွေးကိုက်ခံထားရသူတွေ၊ ခွေးရူးပြန်ရောဂါ ခံစားရသူတွေရဲ့ ပိုစ့်၊ ရုပ်သံတွေအောက်မှာ ရေးသားထားတာတွေလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရတာကို အရပ်ကုနဲ့ ကုထားတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်က အသက် (၇) နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကလေးဟာ ပြီးခဲ့တဲ့ ၄ လလောက်မှာ ခွေးကိုက်ခံရပြီး တင်ပါး၊ ပေါင်တွေမှာ ပေါက်ပြဲတဲ့ ဒဏ်ရာတွေ ရထားပေမဲ့ ဒီနေ့အထိ ခွေးရူးပြန်ကာကွယ်ဆေး မထိုးရသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒဏ်ရာများတယ်၊ တော်တော်နက်သွားတာ၊ ဆေးထိုးဖို့တော့ အခက်အခဲ အရမ်းကြီးတော့ မရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အဖေက ရှေးရိုးဆန်တယ်ဆိုတော့ ပြောပြတာ လက်မခံဘူး၊ ဆေးရုံလည်း မပြဖြစ်ဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒဏ်ရာတွေကတော့ ပျောက်ပါပြီလို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါပေမဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးမထိုးမိလို့ ရောဂါပြင်းထန်ပြီး သေဆုံးသွားတာတွေကို လူမှုကွန်ရက်မှာတွေ့လာတဲ့အခါ စိုးရိမ်စိတ်တော့ ရှိလာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အဲဒီလို အရပ်ထဲမှာ ကြားဖူးနားဝနဲ့ ကုသနေတာတွေက လက်ရှိအချိန်အထိ ရှိနေပြီး အသက်ဆုံးရှုံးရတာတွေ ဖြစ်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရတဲ့အထဲမှာ လမ်းဘေးခွေရော အိမ်မွေးခွေးတွေပါ ရှိကြပေမဲ့ အများစုကတော့ ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေ အကိုက်ခံရတာ များတယ်လို့ ခွေးကိုက်ခံရသူတွေနဲ့ ပရဟိတအဖွဲ့တွေ၊ ဆရာဝန်တွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "လမ်းဘေးခွေးတွေကို သနားစိတ်နဲ့သာ အစာတွေ ကျွေးကြသူများပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးတာ၊ သားဆက်ခြားတာ၊ သားကြောဖြတ်ဖို့အတွက်တော့ လုပ်ဆောင်ပေးသူတွေနည်းတယ်လို့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကိုယ်တွေအစာကျွေးပြီးဆိုရင် သူတို့က ဆာလို့ ခုန်ပေါက်နေကြတာ။ သနားတော့ ကျွေးဖြစ်တယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါပေမဲ့ သူတို့က ကိုက်ရင်တော့ ကျွန်မတို့လည်း တာဝန်မယူနိုင်ဘူးလေ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကိုယ်မွေးထားတာမှ မဟုတ်တာလို့ တောင်ဒဂုံမြို့နယ်က လမ်းဘေးခွေးတွေကို အစာကျွေးနေသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ရေနံချောင်းမြို့နယ်မှာဆိုရင် ခွေးကိုက်ခံရသူဦးရေဟာ ဇွန် မှာ အယောက် ၂၀၊ ဇူလိုင်မှာ အယောက် ၆၀ လောက်အထိ ရှိတယ်လို့ ခွေးကိုက်ခံရသူတွေကို ကူညီပေးနေသူက သူပြုစုထားတဲ့ စာရင်းတွေကို ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "သေဆုံးမှုကလည်း ၉၀၀ နီးပါး ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "စာရင်းအတိအကျ မသိကြရပေမဲ့ ကျန်းမာ‌ရေး စောင့်ရှောက်မှု လျော့နည်းလာတဲ့ လက်ရှိအခြေအနေတွေကြောင့် အရင်ခုနှစ်တွေထက် ပိုပြီး အရေအတွက် များနိုင်တယ်လို့ အငြိမ်းစား ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရတာတွေ များလာပေမဲ့လည်း ကာကွယ်ဆေး အလုံအလောက်က မရှိနေဘူးလို့လည်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါ့ကြောင့် ပြည်ပကနေ ဆေးတွေ တင်သွင်းရသလို ရရှိတဲ့ ရန်ပုံငွေကလည်း နည်းပါးတာကြောင့် လုံလောက်တဲ့ ပမာဏကို မဝယ်နိုင်ကြတာလို့လည်း သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဆေးက ဝန်ကြီးဌာနက ဝယ်ပေးတာကိုး၊ အဲဒီက ဝယ်ပေးတာကလည်း မလုံလောက်ဘူး။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဝန်ကြီးဌာနက ရတဲ့ ရန်ပုံငွေကလည်း ဆင်ပါးစပ် နှမ်းပက်ပဲလေ။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အခုက ပေးတယ်ဆိုပေမဲ့ ဝယ်တဲ့ လုပ်ငန်းစဉ် ကလည်းကြာတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ရပြန်တော့လည်း တနိုင်ငံလုံး ခွဲပေးလိုက်ရတော့ ဘာမှမရဘူး လို့ အငြိမ်းစားကျန်းမာရေးအရာရှိက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ တိတိကျကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ ပြည့် နှစ်မှာ ခွေးရူးရောဂါ လူကို ကူးစက်မှု သုညအထိလျှော့ချနိုင်ရေး လုပ်ဆောင်နေတယ်လို့တော့ သတင်းစာအာဘော်မှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးရူးပြန်ရောဂါ ကာကွယ်ဖို့ဆိုရင် လမ်းဘေးခွေး အရေအတွက် လျော့ချဖို့အတွက် ခွေးတွေကို သားဆက်ခြားဆေးထိုးတာ၊ ခွေးရူးပြန်အန္တရာယ် ကင်းဝေးအောင် ကာကွယ်ဆေးထိုးတာ ၊ အိမ်မွေးခွေးတွေကိုလည်း စနစ်တကျ မွေးမြူအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေး ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "မီးဖိုထဲမှာ ညစာချက်ဖို့ ပြင်ဆင်ကြရင် အာလူးက အညှောင့်ပေါက်နေတာမျိုးကို တွေ့ဖူးကြမှာပါ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "သူတို့က စားလို့ စိတ်ချရမလား။ အမှိုက်ပုံးထဲ ပစ်လိုက်ရမလား။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာ အပင်သစ်ပေါက်ဖို့ အချိန်တန်ရင် အတက်တွေ၊ အညှောင့်တွေထွက်လာတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အဲဒီအချိန် စားသင့် မစားသင့် ဆိုတဲ့ အတွေး ပေါ်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူးက အညှောင့်ပေါက်လာတာဟာ အာလူးပင် အသစ်တခု ဖြစ်လာတော့မယ် ဆိုတဲ့ ပုံမှန် သဘာဝ လက္ခဏာကို ပြတာပါ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "သူတို့ကို ရိတ်သိမ်းခူးဆွတ်ပြီး လှောင်ထားရင် သဘာဝ အဆိပ်ဓာတ်ရဲ့ ပါဝင်မှုက ပိုတိုးလာတတ်ပြီး ဒါက လူသားတွေ အတွက်ဖြစ်စေ၊ တိရိစ္ဆာန်တွေအတွက်ဖြစ်စေ အန္တရာယ် ရှိတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အညှောင့်ထွက်နေတဲ့ အာလူးမှာ ဘေးဖြစ်စေတာက ဂလိုက်ကို အယ်ကာလွိုက်ပါ၊ သူတို့ဟာ အာလူးရဲ့ အရသာကို ခါးစေပြီး စားလိုလိုက်ရင် များသောအားဖြင့် အန်စေတဲ့ အထိ ဖြစ်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒီသဘာဝ ဓာတုဒြပ်က အာလူးတွေ အစိမ်းရောင်ရှိနေချိန်မှာ ပိုပြီးတွေ့ရတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒါကြောင့်မို့ အစိမ်းရောင်ဖြစ်နေတဲ့ အာလူးတွေကို ကျွန်တော်တို့ မစားသင့်တာပါ လို့ ဒေါက်တာ ဘစ်ရှော့က ဘီဘီစီကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူး အညှောင့်ပေါက်တဲ့ အချိန်မှာလည်း အဲဒီဒြပ်တွေ မြင့်နေလိမ့်မယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒါကြောင့် အဲဒီ အညှောင့်တွေကို အကုန် ဖယ်ထုတ်သင့်တယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "တကယ်လို့ အညှောင့်က အာလူး အသားထဲမှာ အတော် အခြေစိုက်ပြီး စိုက်နေရင် အဲဒါတွေကို အကုန်ဖယ်ပစ်ပြီး ကျန်တဲ့ အပိုင်းတော့ (ကျွန်တော့်အမြင်အရ) စားလို့ရပါတယ် လို့ သူက ထပ်ဖြည့်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ယူကေ အစားအစာ စံသတ်မှတ်မှု အေဂျင်စီကလည်း အညှောင့်ထွက်နေတဲ့ အာလူးတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့အခြေအနေတွေနဲ့ ကိုက်ညီရင် စားဖို့ ဘေးကင်းပါတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အညှောင့်တွေကို ဖယ်ထုတ်မယ်၊ အာလူးကလည်း ပုပ်နေတဲ့ လက္ခဏာမရှိဘဲ အသားက တင်းတင်းမာမာရှိတယ်ဆိုရင် စားလို့ ဘေးကင်းပါတယ် လို့ သူတို့က အကြံပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒါပေမဲ့ အာလူးက အစိမ်းရောင်သန်းနေတယ်ဆိုရင်တော့ လွှင့်ပစ်တာ အကောင်းဆုံးပါ၊ အဲဒီအစိမ်းရောင်တွေ ရှိတာက အဆိပ်တွေရှိနေတာကို ညွှန်ပြနေတာပါပဲ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": " အညှောင့်ထွက်နေတဲ့ အာလူးက တင်းတင်းမာမာရှိသေးတယ်ဆိုရင်၊ သိပ်မခြောက်သေး၊ သိပ်မရှုံ့သွားသေးဘူးဆိုရင်၊ ထွက်နေတဲ့ အညှောင့်ကလည်း သေးတယ်ဆိုရင် အညှောင့်ကို ဖယ်ထုတ်ပြီး စားလို့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒါပေမဲ့ အာလူးက ရှုံ့နေပြီး ပျော့နေရင်တော့ အဟာရဓာတ်လည်း မရှိတော့သလို အရသာလည်း မကောင်းတော့ပါဘူး လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ကျွမ်းကျင်သူ တချို့ကတော့ အဲဒီထက် ပိုပြီး သတိထားဖို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒါက အလင်းရောင်နဲ့ ထိတွေ့နေပြီ ဆိုတာကို ပြနေတာဖြစ်ပြီး အဲဒီ အလင်းရောင်ကြောင့် အာလူးဟာ ဂလိုလိုင်ကို အယ်ကာလွိုက်၊ ဆိုလနင်းတွေကို ထုတ်လုပ်စေပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အဲဒီဓာတ်တွေက လူတို့၊ တိရိစ္ဆာန်တို့ အထူးသဖြင့် ကြောင်တွေ၊ ခွေးတွေကို ဒုက္ခပေးပါတယ် လို့ သူက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အစိမ်းရောင်ဖြစ်မနေတဲ့ အာလူးမှာ ဆိုလနင်းဓာတ် ပါတာ နည်းပါတယ်၊ ဒါပေမဲ့ အစိမ်းရောင် မပါလဲ အာလူးမှာ ဆိုလနင်း အဆိပ်ရှိသေးတာကြောင့် အာလူးကို မချက်ပြုတ်ဘဲ အစိမ်းစားဖို့ မသင့်ပါဘူး လို့ ပါမောက္ခ မာတင်က ထပ်ဖြည့်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အဖြစ်နည်းပေမဲ့ ဆိုလနင်း အဆိပ်မိတာတွေ ဖြစ်ဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "တခါက ယူကေမှာ ၁၉၇၀ နှစ်တွေ နှောင်းပိုင်း တနှစ်က ကျောင်းသူကျောင်းသား ၇၈ ယောက် အစိမ်းရောင်ရှိနေရှိနေတဲ့ အာလူးတွေ စားပြီးတဲ့နောက် ဆေးရုံတင် ကုသခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "စားမိတဲ့ ပမာဏက သိပ်မများရင်တော့ ရောဂါဝေဒနာရတဲ့အထိ မဖြစ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အားသိပ်မပြင်းတဲ့ ဆိုလနင်း အဆိပ်မိရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေထဲ ဝမ်းပျက်ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်မှာ အလွန်အမင်းနာတာ စတာတွေ ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "သိပ်ပြင်းထန်တယ် ဆိုရင်တော့ မူးဝေတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ အားနည်းတာ၊ အမြင်အာရုံ မကြည်လင်တာတွေ ဖြစ်တတ်ပြီး သတိမေ့သွားတာမျိုး၊ တချို့ဆို သေဆုံးတဲ့ အထိ ဖြစ်တာမျိုးတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အဆိပ်ရှိတဲ့ အာလူးကို စားမိရင် မိနစ်ပိုင်းအတွင်းကနေ နောက် ၂ ရက် လောက်မှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူးကို ကြာကြာသိမ်းနိုင်အောင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ထွက်တဲ့ အတက်တွေကတော့ အာလူး ဇာတ်လမ်းနဲ့ မတူပါဘူး။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူးလို မဟုတ်ပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ရဲ့ အတက်တွေက အဆိပ်မရှိတော့ စားရတာ ဘေးကင်းပါတယ် လို့ ပါမောက္ခ မာတင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "သူတို့ အတက်တွေက ကြက်သွန်ဥထဲက အဟာရတွေဆီကနေ ထွက်လာတာပါ၊ နည်းနည်းလေး ခါးတာတော့ ရှိတာပေ့ါ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": " ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အေးပြီး ( ၃ - ၁၀ ဒီဂရီ စင်တီဂရိတ်) ခြောက်သွေ့တဲ့၊ အလင်းရောင် မဝင်တဲ့ နေရာတွေမှာ သိမ်းဖို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ပလပ်စတစ် အိပ်တွေ နဲ့ ပိတ်ပြီး မသိမ်းဖို့လည်း သူတို့ကပြောပါတယ်၊ လေဝင်လေထွက် ကောင်းအောင် စက္ကူအိတ်လို၊ ဆန်ခါကွက် အိတ်ပါးလို အိအိတ်တွေနဲ့ သိမ်းပါတဲ့။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အာလူးလိုပဲ မှိုတက်တဲ့၊ အသားပျော့သွားတဲ့၊ အနံ့မကောင်းတော့တဲ့ ကြက်သွန်တွေကို လွှင့်သာပစ်လိုက်ပါ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒီကလေး ရဖို့ ဘုရားမှာ ဆုပန်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ အရမ်းခံစားရတဲ့အချိန်မျိုးဆိုရင် မြန်မြန်ပဲ မွေးချလိုက်ချင်တယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": " ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်က ခရစ္စတာဘဲလ် အဲန်ဘေ ဟာ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိသိချင်းမှာ ဝမ်းသာမဆုံး ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အသက် ၃၀ အရွယ် ခရစ္စတာဘဲလ် က ကလေးရဖို့ ဘုရားမှာ နှစ်ပေါင်းများစွာ ဆုတောင်းလာခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ ပျော်ရွှင်မှုက စိတ်ညစ်စရာအဖြစ် ပြောင်းသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကိုယ်ဝန်ရှိအပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ကိုယ်ဝန်ရှိလို့ စိတ်လှုပ်ရှားပျော်ရွှင်နေရာကနေ သူ့ကျန်းမာရေးကြောင့် စိတ်ညစ်ညူးစရာတွေ ဖြစ်လာခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ခရစ္စတာဘဲလ် ဟာ အပြင်းအထန် မူးဝေ အော့အန်တဲ့ ဝေဒနာ စခံစားလာရပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အစားအသောက် အနံ့ရရင်တောင် အန်ချင်စိတ် ဖြစ်လာတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီကစလို့ တချိန်လုံး အော့အန်မိမှာစိုးလို့ ရေလေးတစ်ငုံ သောက်ဖို့တောင် ကြောက်လာမိပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "သူ့ရောဂါလက္ခဏာတွေက ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ရှိခါစ မနက်ဖက် အော့အန်တာမျိုးထက် ပိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ခရစ္စတာဘဲလ်ရဲ့ အခြေအနေကတော့ ဒါ့ထက် အများကြီး ပိုဆိုးပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "သူ့ရဲ့ ကိုယ်ဝန် ၃၉ ပတ်လုံးလုံး ဒီဝေဒနာကို ဆက်ခံစားရမှာ ဖြစ်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ အာဟာရဓာတ်ချို့တဲ့တာတွေအထိ ဖြစ်လာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဝေလမင်းသမီး ကက်သရင်းဆိုရင် သူ သုံးကြိမ် ကိုယ်ဝန်ဆောင်ခဲ့ချိန်အတွင်း ခံစားခဲ့ရတဲ့ ပြင်းထန်ပျို့အန် ဝေဒနာအတွေ့အကြုံကို လူသိရှင်ကြား ပြန်ဝေမျှခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကျွန်မ အရမ်းကို ဆာလောင်၊ နာကျင်နေပေမဲ့ ဘာမှ စားလို့မရခဲ့ဘူး လို့ ခရစ္စတာဘဲလ် က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြန်အန်မိမှာစိုးလို့ အရည်တောင် မသောက်နိုင်ခဲ့ဘူး။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": " စိတ်ကျန်းမာရေးလည်း အကြီးအကျယ် ထိခိုက်ခဲ့ပြီး အထီးကျန်စိတ်ဝင်လာသလို သူ့အပေါ် လူတွေ နားမလည်ကြဘူးလို့ ခံစားမိလာပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ နိုင်ငံအတော်များများမှာ ကျန်းမာရေးဝန်ဆောင်မှုတွေက အကန့်အသတ်ရှိနေတာမို့ ကိုယ်ဝန်သည်တွေ ခံစားနေရတဲ့ ပြင်းထန်ပျို့အန်ဝေဒနာကို စစ်ဆေးမသိနိုင်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားနေရတာကို စိတ်ပျော့ညံ့တယ်၊ ပုံကြီးချဲ့ ပြောနေတယ် ဆိုတဲ့ အယူစွဲ ပြောဆိုမှုတွေကို အမျိုးသမီးတချို့ ရင်ဆိုင်ရတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့က ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်မိခင် နန်ယေ ဆိုရင်လည်း ဒီလိုဝေဒနာပြင်းပြင်းထန်ထန် ခံစားရမယ်လို့ ထင်မထားမိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "မူးဝေ၊ အော့အန်တာမျိုးလောက်ပဲ ခံစားရမယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ တချိန်လုံး အော့အန်နေခဲ့ပြီး ရေဓာတ်ခန်းခြောက်မှု အကြီးအကျယ် ခံစားခဲ့ရပြီး ဆေးရုံကို ခဏခဏ သွားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီနောက်မှာတော့ သူ့ကို အကြောဆေးသွင်းပေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်မိခင် အတော်များများလိုပဲ နန်ယေ ကလည်း အစပိုင်းမှာ ဘာဖြစ်လို့ ဖြစ်မှန်း မသိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "သူ့ဝေဒနာ အတော်လေး ဆိုးလာတာတောင်မှ ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်တွေက စစ်ဆေးကုသပေးဖို့ အချိန်ဆွဲခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါက ကိုယ်ဝန်သည်တွေ ဖြစ်နေကျ မူးဝေအော့အန်မှုမျိုးပါပဲ ဆိုပြီး အထူးကုဆရာဝန်ကြီးက အရေးမကြီးသလို လုပ်ခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ သူ့အခြေအနေက ပုံမှန်မဟုတ်ဘူး ဆိုတာကို နန်ယေ သိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကိုယ်ဝန် ငါးလ ရှိနေတာတောင် တချိန်လုံး အော့အန်နေဆဲပါ။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "နောက်ဆုံး သွေးပါ အန်လာတော့မှ ဆေးဘက်ဆိုင်ရာအဖွဲ့ ဝင်ပါလာတော့တယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကိုယ်ဝန်ဆောင်ကာလမှာ မူးဝေ အော့အန်တာမျိုးက ဖြစ်လေ့ရှိပေမဲ့ အမျိုးသမီး အများစုဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေ ပုံမှန်လုပ်နိုင်ပြီး အစားအသောက်လည်း ပုံမှန် စားနိုင်ကြပါတယ် လို့ ဒေါက်တာ အူချေ အန်ဝီဒါဂူ က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "မိခင်က အချိန်မီ ဆေးမကုသဘူးဆိုရင် အာဟာရဓာတ် ချို့တဲ့မှုကြောင့် ပေါင်ချိန်မပြည့်တဲ့ ကလေးတွေ၊ သာမန်ထက် သေးတဲ့ ကလေးတွေ မွေးလာနိုင်သလို ရက်မစေ့ခင်မှာတောင် မီးဖွားရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီအမျိုးသမီးတွေဟာ ကိုယ်ဝန်မရှိခင်မှာ မျိုးဗီဇပိုင်းအရ ဟော်မုန်းပမာဏ နည်းလေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒီလို ဟော်မုန်းပမာဏ အပြောင်းအလဲ ဖြစ်ခြင်းအားဖြင့် ဟော်မုန်း မြင့်တက်လာမှုအပေါ် တုံ့ပြန်မှုကြီးမားလာပြီး အဲဒီကနေ ပြင်းထန်ပျို့အန် ဝေဒနာ ဖြစ်လာစေတယ် ဆိုတာကို တွေ့ရှိထားပါတယ် လို့ သူကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန် ဝေဒနာကနေ သက်သာရာရစေဖို့ ပထမ သီတင်း ၁၂ ပတ် အပါအ၀င် ကိုယ်ဝန်ဆောင်ကာလမှာ ဆေးဝါးတွေ ပေးနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီထဲမှာ အမူးပြေဆေးတွေ၊ စတီးရွိုက်ဆေးတွေ ဒါမှမဟုတ် အဲဒီ နှစ်မျိုးစလုံးပါတဲ့ ဆေးတွေ ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့လည်း ပြင်းထန် ပျို့အန် ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ပျို့အန်တာကို မထိန်းနိုင်တဲ့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ် ထောက်ပံ့ပေးဖို့အတွက် ဆေးရုံတက်၊ အကြောဆေးသွင်းဖို့ လိုကောင်း လိုတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီလူနာတွေမှာ အီလက်ထရိုလိုက် မညီမျှမှုလို နောက်ဆက်တွဲ ရောဂါတွေ ဝင်လာနိုင်တာမို့ အနီးကပ် စောင့်ကြည့်ဖို့ လိုကောင်းလိုလိမ့်မယ်လို့ ဘီဘီစီနဲ့ စကားပြောခဲ့သူ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "စိတ်ကျန်းမာရေးပိုင်းမှာလည်း အလားတူ အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကျွန်မကိုယ်ကျွန်မတောင် မကြည့်ချင်တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကျွန်မရဲ့ အသားအရည်က ဘာ့ကြောင့် ဖြူဖတ်ဖြူရော် ဖြစ်နေရတာလဲ လို့ လူတွေက မေးကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": " လူတွေနဲ့ မတွေ့ချင်ဘဲ တစ်ယောက်တည်း နေနေတတ်တာကြောင့်လည်း နောက်ပိုင်း မီးဖွားပြီးချိန် စိတ်ကျဝေဒနာ ဖြစ်လာရတာလို့ ထင်ပါတယ် လို့ သူက ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဝေဒနာ ပြင်းထန်သူတွေမှာ အချိန်အကြာကြီး ဝေဒနာခံစားနေရမှုကို ခံနိုင်ရည်ရှိစေရေး အထောက်အကူ ပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ဖေးမမှု အပါအဝင် နောက်ထပ် ကုထုံးတွေ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒီလိုလုပ်ခြင်းအားဖြင့် ဝေဒနာ သက်သာစေရုံတင်မက အသက်ဆုံးရှုံးမှုကိုပါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "နီကယ်ဟာ လူတွေရဲ့ နေ့စဉ်ဘဝ ခွဲထုတ်ဖို့ တော်တော်ခက်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "လူတွေ သုံးနေကြတဲ့ စတီးလ်နဲ့ လုပ်တဲ့ သံမဏိ သံထည် ပစ္စည်းတွေ၊ မိုဘိုင်းလ် ဖုန်းတွေကအစ လျှပ်စစ်ကားတွေရဲ့ ဘက်ထရီတွေမှာပါ မကျန်အောင် နီကယ်ကို သုံးနေရတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ကမ္ဘာကြီးမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းစေမယ့် ယာဉ်တွေကို ပိုပြီး အသုံးပြုလာနေကြတာနဲ့ အမျှ ဒီလို သတ္တုမျိုးတွေရဲ့ လိုအပ်ချက်ကလည်း ပိုပြီး မြင့်မားလာမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ ကမ္ဘာပေါ်မှာ နီကယ်သတ္တု အများဆုံး ထုတ်လုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေအပေါ်မှာ ကြီးစွာသော ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံလာရနိုင်တယ်လို့ သတိပေးနေကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အင်ဒိုနီးရှားက ဆူလာဝေဆီ အရှေ့တောင်ပိုင်း မှာရှိတဲ့ လဘန်းကီ ကျွန်းပေါ်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "လက်နှိပ်ဓာတ်မီးနဲ့ လေးမြားတွေ ကိုင်ဆောင်ပြီး ငါးဖမ်းထွက်လာကြတဲ့ လူ ၂ ယောက်နဲ့ ဘီဘီစီက အတူလိုက်ပါခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့က ငါး၊ ပုစွန်ထုပ်နဲ့ ပင်လယ်သခွား- ပင်လယ်မျှော့လို့ ခေါ်ကြတဲ့ ရေနေသတ္တဝါတွေကို အရှာထွက်လာကြတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့က ငါးတွေဟာ ညဘက်မှာ သိပ်လှုပ်လှုပ်ရှားရှား မရှိကြတဲ့ အတွက် ဖမ်းရပိုလွယ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီလူတွေဟာ ဘာဂျိုလို့ ခေါ်တဲ့ ဌာနေတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့ဟာ ရေငုပ်ကောင်းသလို ပင်လယ်စာရှာရာမှာပါ ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် သူတို့ရဲ့ ရိုးရာဓလေ့နဲ့ လူနေမှုပုံစံတွေ ဆက်လက်ရှင်သန်နိုင်ဖို့ အချိန်နည်းလာနေပြီလို့ ခံစားနေကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ငါးဖမ်းထွက်လာသူတွေထဲက တယောက်ကတော့ တာဝင်းဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူက အခုထက်ထိတော့ ရေက ကြည်နေသေးတယ်၊ ဒါပေမယ့် ဒီလို အမြဲကြည်နေတာတော့ မဟုတ်ဘူး၊ မိုးတွင်းရောက်ရင် နီကယ်ပါတဲ့ ရေဆိုးတွေက ရေစီးကြောင်းတွေနဲ့ အတူ ပါလာတတ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အစိုးရက ဘာမှ မလုပ်ဘူးဆိုရင် နီကယ်သတ္တုမိုင်းတွေဆီက စွန့်ပစ်လိုက်တာတွေဟာ ပင်လယ်ထဲကို ရောက်လာကြပြီး ကျွန်းနဲ့ ပတ်ဝန်းကျင်က ရေနေသတ္တဝါတွေရဲ့ ရှင်သန်ရေးအတွက်ပါ ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အင်ဒိုနီးရှားနဲ့ သြစတေးလျတို့ဟာ ကမ္ဘာပေါ်မှာ နီကယ်သတ္တု အကြွယ်ဝဆုံး နိုင်ငံတွေ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "နိုင်ငံတကာ စွမ်းအင် အေဂျင်စီက လျှပ်စစ်ကားတွေ အသုံးများလာတာနဲ့ အမျှ အဲဒီကားတွေမှာ သုံးတဲ့ ဘက်ထရီတွေမှာ သုံးနေတဲ့ နီကယ်သတ္တု လိုအပ်မှုကလည်း လာမယ့် ၂၀၃၀ မှာ ၆၅ ရာခိုင်နှုန်းအထိ တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါကြောင့် အင်ဒိုနီးရှားဟာ ကမ္ဘာ့နီကယ်လိုအပ်ချက်ရဲ့ ၃ ပုံ ၂ပုံကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အင်ဒိုနီးရှားကလည်း နီကယ်နဲ့ ပတ်သက်လို့ သတ္တုတူးဖော်ဖို့ရော ပြန်လည် သန့်စင်ထုတ်လုပ်ဖို့ အတွက်ပါ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီကြီးတွေနဲ့ ဒေါ်လာ ဘီလျံများစွာ တန်တဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အင်ဒိုနီးရှား အစိုးရရဲ့ အချက်အလက်တွေအရဆို လဘန်ကီ ကျွန်းတဘက်ခြမ်းက မြောက်ပိုင်း ကိုနာဝီ ဒေသထဲမှာ နီကယ်တူးဖော်တဲ့ ကုမ္ပဏီပေါင်း ၅၀ လောက် လုပ်ကိုင်နေကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီဘက်ကို ရေလမ်းက သွားမယ်ဆိုရင် ၁ နာရီလောက် သွားရပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အနီးကို ရောက်လာတာနဲ့ စိမ်းစိုနေတဲ့ တောင်တန်းတွေနေရာမှာ တောပြုန်းနေတဲ့ ကုန်းမြင့်ညိုညိုတွေကိုသာ မြင်တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "မြေတူးစက်တွေက တူး မြေသယ်ရေယာဉ်တွေက ရွှေသစ်လို့ တင်စားကြတဲ့ သတ္တုတွေကို သယ်ယူနေကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အနီးက ရေပြင်ကလည်း နီညိုရောင် ပြောင်းနေပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ကမ်းစပ်က ဘိုးနာဂ ဆိုတဲ့ ရွာလေးမှာ နေတဲ့ ဘာဂျိုးတံငါ တယောက်ဖြစ်သူ လုခ်မန်း နဲ့ ဘီဘီစီ တွေဆုံခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "လုခ်မန်းက သူ့အိမ်အနီးတဝိုက်မှာ ငါးဖမ်းလို့ မရတော့ဘူးလို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ရေငုပ်ပြီဆို အောက်မှာ ဘာမှ မမြင်ရတော့ဘူးလို့ သူ့အိမ်နောက်က ရေညိုတွေကို ထိုးပြရင်း ပြောလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အောက်က ကျောက်စောင်တွေနဲ့ တိုက်မိနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "လောင်စာဆီဈေးကြောင့်လည်း ခပ်ဝေးဝေးမှာ ငါးသွားရှာဖို့က သူ့အတွက် မကိုက်ပါဘူး။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့က ပြဿနာလုပ်မိရင်လည်း ရဲတွေပါ ရောက်လာတဲ့ အထိ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "နီကယ်တူးဖော်ဖို့ အတွက် သစ်တောဧရိယာ အကျယ်ကြီးတွေကို ရှင်းလင်းပစ်ရပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီနောက်မှာ တွင်းဝဖော်ဖို့မြေကို တူးရပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီလို သစ်ပင် သစ်မြစ်တွေရဲ့ ထိန်းချုပ်ထားမှု မရှိတော့တဲ့ မြေဆိုင်မြေသားတွေဟာ မိုးရွာလိုက်တာနဲ့ မြောပါကုန်ကြပါတော့တယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အစိုးရရဲ့ အချက်အလက်တွေ အရ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းက ဆူလာဝေဆီ အရှေ့တောင်ပိုင်းမှာ ရေကြီး မြေပြိုမှုပေါင်း ၂၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သတ္တုတွင်းတွေ တဟုန်ထိုး များမလာသေးခင် ၂၀၀၅ ကနေ ၂၀၀၈ ကာလအတွင်းကဆို တနှစ်ကို ၂ ကြိမ် ၃ ကြိမ်လောက်သာ ကြုံရတယ်လို့ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "နီကယ် တူးဖော်ရာမှာ ဆိုဒီယမ် ဆိုင်ယန်နိုဒ်နဲ့ ဒီဇယ်လို ဓာတုပစ္စည်း တွေကိုလည်း သုံးတတ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီလို သုံးတာနဲ့ ပတ်သက်လို့ ဌာနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဟာဘစ် နာဒ်ဂျာ ဘူဒူဟာက စိုးရိမ်နေပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီသတ္တုတွင်းတွေက အသုံးပြုပြီးသား စွန့်ပစ်ပစ္စည်းတွေနဲ့ ရေတွေကို စနစ်တကျနဲ့ မစွန့်ပစ်ကြတဲ့ အခါမှာ ပင်လယ်ထဲမှာ နုန်းတင်အနည်ကျ ဖြစ်လာတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဘာဟူဘူလူ ကျွန်းကမ်းရိုးတန်း တလျှောက် ၁၀ မိုင်လောက် ခရီးကို သူရိုက်ထားတဲ့ ဗီဒီယိုကိုလည်း ပြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီထဲမှာ နုန်းတွေကြောင့် ပျက်စီးနေတဲ့ သန္တာကျောက်တန်းတွေကို တွေ့မြင်ရပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "လဘန်းကီ ကျွန်းဘက်မှာလည်း ဒီလို အဖြစ်မျိုးတွေ ကြုံလာရမှာကို စိုးရိမ်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၀၉ မှာ ဧရာမခုံးကောင်တွေ ထိန်းသိမ်းကာကွယ်ဖို့ အဖွဲ့တခုကို တည်ထောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "နီကယ်ညစ်ညမ်းမှုကို သူတို့ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အနည်တွေ နုန်းတွေအောက်မှာ ပျောက်သွားကြလိမ့်မယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဘိုးနာဂ အနီးက နီကယ်တူးဖော်ရေး ကုမ္ပဏီတွေကို ဘီဘီစီက ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ခဲ့ကြပါဘူး။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် မြောက် ကိုနာဝီက သတ္တုတူးဖော်ရေး ကုမ္ပဏီတွေရဲ့ ထက်ဝက်လောက် ပါဝင်ကြတဲ့ အင်ဒိုနီးရှား နီကယ် တူးဖော်သူများ အစည်းအရုံးနဲ့တော့ ဘီဘီစီ တွေ့ဆုံနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီ အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်သူ မေဒီ ကက်ထရင်ကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရဖို့ လျှောက်ထားတဲ့ ကုမ္ပဏီတိုင်းအတွက် ဒေသတွင်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အဆုံးသတ်ပြီ ဆိုတာနဲ့ သစ်ပင်သစ်တောတွေ ပြန်လည် စိုက်ပျိုးဖော်ဆောင်ဖို့နဲ့ မြေသန့်စင်ဖို့ပါ လုပ်ဖို့ သဘောတူရတဲ့ အကြောင်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် ဒီကုမ္ပဏီတွေက တကယ်ကော လုပ်နေရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "တချို့နေရာတွေမှာ သစ်ပင်တွေ ပြန်လည် မစိုက်ပျိုးဘဲ ထားတဲ့ မြေလွတ်တွေရှိနေသေးတာကို ဝန်ခံပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် ဒါဟာ ပါမစ်ကျပြီးသား ကုမ္ပဏီတွေကိုပဲ အပြစ်ဆိုလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အကြောင်းက ဒီနယ်ထဲမှာ တရားမဝင် သတ္တုတူးဖော်မှုတွေ ရှိနေလို့ပါ။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူကတော့ ဒီလို သတ္တုတူးဖော်သူတွေ စည်းကမ်းတွေ လိုက်နာသလား ဆိုတာနဲ့ သူတို့ တင်ပြသလို လက်တွေ့မှာပါ လိုက်နာ ဆောင်ရွက်ဖို့ ကိုတော့ အစိုးရက လိုက်စစ်ဆေးဖို့ လိုတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဘိုးနာဂ ရွာသူကြီး ဂျူဖရီ အက်စ်ရီကတော့ လုခ်မန်းနဲ့ ဟာဘစ်တို့နဲ့ အမြင်ချင်းမတူပါဘူး။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သတ္တုတွင်းတွေက သူတို့ ဒေသခံတွေအတွက် အကျိုးစီးပွားတွေကိုပါ ယူဆောင်လာကြတယ်လို့ မြင်ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ငါးဈေးကိုပဲကြည့်၊ မြို့မှာ သွားရောင်းစရာမလိုဘူး။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီမှာ ဈေးပိုရတယ်၊ ဒီက ကုမ္ပဏီတွေလလည်း ငါးလိုတာပဲလို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အသက် ၂၁ နှစ်အရွယ် သူ့သားကလည်း နီကယ်တူးဖော်ရေး ကုမ္ပဏီတခုမှာ ဝင်လုပ်နေပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "နောက်ပြီး ဘိုးနာဂ က တခြား မိသားစုတွေနည်းတူပဲ သတ္တုတွင်းတွေဆီက တလကိုနစ်နာကြေးအဖြစ် ဒေါ်လာ ၇၀ ထက်မနည်း ရနေကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သတ္တုတွင်းတွေ တူးဖော်မှုကြောင့် ကြုံရတဲ့ အဆင်မပြေမှုတွေ၊ မြေသယ်ယာဉ်တွေ လူနေ အိမ်ခြေတွေအနား ဥဒဟို သွားလာမှုတွေနဲ့ ထေမိစေဖို့ အခုလို ဘဏ္ဍာရေး သဘောတူညီချက်တွေ ရယူလေ့ ရှိကြပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဂျူဖရီ က နီကယ်ထုတ်လုပ်မှု ပိုတက်လာလေ သူတို့ရတဲ့ နစ်နာကြေးတွေလည်း ပိုများလာလေပဲလို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အဲဒီအဖွဲ့က နိုဗီတာ အင်ဒရီနဲ့ ဘီဘီစီတွေ့ဆုံခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူက အာဏာပိုင်တွေ ကိုင်တွယ်တာ ပျော့လွန်းအားကြီးတယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ရင် အခုထက် တင်းကြပ်တဲ့ စည်းကမ်းမျိုးတွေ ရှိစေချင်တယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့ဆီမှာ ပတ်ဝန်းကျင် မထိခိုက်စေဘဲ ထိန်းထိန်းသိမ်းသိမ်း သတ္တုတူးဖော်မှုမျိုနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာ မရှိသေးဘူး၊ အင်ဒိုနီးရှားမှာ လုပ်စရာတွေ အများကြီး ရှိနေတယ်၊ တရားဥပဒေ စိုးမိုးရေး ပိုအားကောင်းဖို့ လုပ်ရမယ်၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေနဲ့ ပတ်သက်လို့ အဆင့်သတ်မှတ်မှုတွေ တိုးမြှင့်ရမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စည်းကမ်း ဥပဒေတွေ ချမှတ်ဖော်ဆောင်မှုတွေ ပိုလုပ်ရမယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီအချက်တွေနဲ့ ပတ်သက်လို့ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဆိုင်ရာ ဝန်ကြီးဌာနက အကြံပေး ပါမောက္ခ အီဝမ်ဒီ အာရစ်ဖ်ကို ပြောပြတဲ့အခါမှာတော့ အစိုးရဘက်မှာလည်း သတ္တုတူးဖော်မှုတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နုန်းတင် အနည်ကျမှုတွေ နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိကြောင်း၊ ဒေသတခုချင်းဆီအလိုက်တောင် မကဘဲ အင်ဒိုနီးရှား တနံတလျားအတွက် ဖြစ်တဲ့အကြောင်းပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာ လိုင်စင်နဲ့ တူးဖော်နေတဲ့ကုမ္ပဏီတွေကြောင့် မဟုတ်ဘဲ တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေကြောင့် ဖြစ်တယ်လို့ သူက ယူဆပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "တရားဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေက သူတို့မှာ ရေဆိုးတွေကို ပင်လယ်ထဲ မစွန့်ထုတ်စေဖို့အတွက် စနစ်တကျ စီမံထားတယ်၊ စည်းကမ်းဖောက်ရင် ပါမစ်တွေပါ ပျောက်သွားမယ်ဆိုတာကို မေ့ထားကြမယ်လို့ မယူဆကြောင်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် တရားမဝင် တူးဖော်နေကြသူတွေဆီမှာတော့ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ အစီအမံတွေ မရှိတဲ့အတွက် မြေဆီလွှာတွေ ပျက်စီး ဆုံးရှုံးလာစေနိုင်တယ်လို့ ပါမောက္ခ အာရစ်ဖ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူက စည်းကမ်းချိုးဖောက်တဲ့ တွင်းသမားတွေကို နီကယ်ရောင်းချခွင့်တွေ ပိတ်မှာ ဖြစ်ကြောင်း၊ ဘိုးနာဂ ရွာရှိတဲ့ မြောက် ကိုနာဝီ ဒေသထဲမှာ တရားမဝင် တူးဖော်သူတွေထဲက ၂ ဦးကိုလည်း တရားစွဲဆိုထားပြီ ဖြစ်ကြောင်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် အခုထက်တော့ ပိုမို ကြီးကြပ်မှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း ပါမောက္ခ အာရစ်ဖ်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "တရားမဝင် သတ္တုတူးဖော်မှုတွေက အင်ဒိုနီးရှားအနှံ့မှာ ရှိနေတာ၊ ခုထက်ထိသေချာ မထိန်းသိမ်းနိုင်သေးဘူး၊ ဘယ်သူက တရားဝင်၊ ဘယ်သူက ခိုးတူးဆိုတာ မြေပုံထုတ်နိုင်မှ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို လျှော့ချပစ်နိုင်မှာလို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒီကိစ္စကို ဖြေရှင်းဖို့အတွက် မကြာသေးခင်ကပဲ အမျိုးသားအဆင့် တရားမဝင် သတ္တုတူးဖော်မှု တိုက်ဖျက်ရေးအဖွဲ့ကို အစိုးရက ဖွဲ့စည်းခဲ့ကြောင်း ပါမောက္ခ အာရစ်ဖ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ဒါပေမယ့် ဘီဘီစီက တွေ့ဆုံခဲ့တဲ့ ဘာဂျို လူမျိုးတွေကတော့ အပြောင်းအလဲတွေ ဖြစ်လာမှုက နှေးလွန်းအားကြီးတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "အခုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ပြန်ကုစားလို့ မရနိုင်လောက်အောင် ပျက်စီး ဆုံးရှုံးမှုတွေနဲ့ကြုံလာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဟာဘစ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "သူတို့က ကျွန်တော်တို့ အနာဂတ်တွေကိုပါ ဖျက်ဆီးပစ်နေတာလို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/world-66135427" }, { "text": "ကမ္ဘာတလွှားက ရုပ်ရှင်ရုံတွေပေါ်မှာ ရုံတင်ပြသနေပြီ ဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ရိုက်ကူးထားတဲ့ အနုမြူဗုံးရဲ့ဖခင်လို့ တင်စားကြတဲ့ အိုပဲန်ဟိုင်မာရဲ့ အထုပ္ပတ္တိ ရုပ်ရှင်ဟာ အောင်မြင်မှုရနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိန္ဒိယ နိုင်ငံမှာလည်း အောင်မြင်မှု ရနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာဟာ ရှေးကျတဲ့ သက္ကတဘာသာကို လေ့လာတတ်မြောက်ခဲ့သလို ဒီ ဘဂဝါဂီတဟာလည်း သူအကြိုက်ဆုံး စာပေတွေထဲက တခု ဖြစ်တယ်လို့ ပြောဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "လွန်ခဲ့တဲ့ ဇူလိုင် ၁၉၄၅ ခုနှစ် နယူးမက္ကဆီကို ကန္တာရထဲမှာ ပထမဆုံး အနုမြူဗုံး စမ်းသပ်ဖောက်ခွဲမှု မလုပ်ခဲ့ ၂ ရက်အလိုမှာ ရောဘတ် အိုပဲန်ဟိုင်မာ ဟာ ဘဂဝါဂီတထဲက လင်္ကာတပိုဒ်ကို ရွတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သဘောတရားရေးရာ ရူပဗေဒပညာရှင် တယောက်ဖြစ်တဲ့ အိုပဲန်ဟိုင်မာဟာ ဘာကလေ တက္ကသိုလ်မှာ ဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အတွင်း ရှေးဟောင်း ဘာသာစကားဖြစ်တဲ့ သက္ကတ ဘာသာကို လေ့လာခဲ့ပြီး တဆက်တည်းမှာပဲ ဂီတကိုပါ လေ့လာခွင့် ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "နှစ်ပေါင်း ၂၀၀၀ ကျော်နေပြီ ဖြစ်တဲ့ ဘဂဝါဂီတဟာ စာပိုဒ်ရေပေါင်း ၇၀၀ ပါဝင်ပြီး ဟိန္ဒူဘာသာမှာ အထွဋ်အမြတ် ထားတဲ့ ကမ္ဘာပေါ်မှာ အရှည်ဆုံး လင်္ကာအဖြစ် တင်စားကြတဲ့ မဟာဘာရတကျမ်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာက အနုမြူဗုံးရဲ့ ဖခင်ကြီးဖြစ်လာစေမယ့် ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်မယ့် အဖြစ်အပျက် မတိုင်ခင်မှာ ဘဂဝါဂီတထဲက သူ သက္ကတာဘာသာကနေ ဘာသာပြန်ထားတဲ့ လင်္ကာပိုဒ်ကို ရွတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အရွယ်နဲ့ မလိုက်အောင် ထက်မြက်တဲ့ ရူပဗေဒ ပညာရှင် အိုပဲန်ဟိုင်မာဟာ အသက် ၂၅ နှစ်အရွယ်မှာပဲ ကယ်လီးဖိုးနီးယား တက္ကသိုလ်၊ ဘာကလေ ကို တွဲဖက်ပါမောက္ခ တယောက်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အဲဒီနောက် ဘာကလေကို ဆယ်စုနှစ် အနည်းငယ် အကြာမှာပဲ သူဟာ ကမ္ဘာပေါ်မှာ သဘောတရားရေးရာ ရူပဗေဒပိုင်းမှာ အကြီးကျယ်ဆုံး ကျောင်းကြီးတခု ဖြစ်လာစေဖို့ ကူညီ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ရီပတ်ပလစ်ကန် တယောက်ဖြစ်ပြီး အများလက်ခံတဲ့ ဓလေ့နဲ့ ယုံကြည်မှုတွေကို အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဝေဖန်တတ်တဲ့ သူတယောက်ဖြစ်တဲ့ ရိုင်ဒါက အိုပဲန်ဟိုင်မာကို ခင်မင်မိသလို၊ ရိုင်ဒါကိုလည်း အိုပဲန်ဟိုင်မာက စံပြုထိုက်တဲ့ ပညာရှင် တယောက်၊ လောကဓံကို ကြံ့ကြံ့ခံ နိုင်တဲ့ ဆရာတယောက် အဖြစ်ရှုမြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "လူငယ်သိပ္ပံပညာရှင် အိုပဲန်ဟိုင်မာရဲ့ ဖခင် အထည်အလိပ် လုပ်ငန်းရှင်ကလည်း ရိုင်ဒါဟာ ရိုးသားပြီးခြိုးခြံစွာ နေတတ်ပြီး စိတ်ထား နူးညံ့သူတယောက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ရုပ်ရှင်ထဲမှာ အိုပဲန်ဟိုင်မာအဖြစ် သရုပ်ဆောင်သူ ခီလီယန် မာဖီကလည်း ရိုင်ဒါဟာ ကယ်တင်ခြင်းနဲ့ ဒဏ်ခတ်ခြင်း အကြား လူသားရဲ့ အဆုံးအဖြတ်ကို လွှမ်းမိုးစေနိုင်တဲ့ အလွမ်းဓာတ်ခံ ရှိသူ တယောက်ဖြစ်တယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူတို့နှစ်ဦး သိကျွမ်းခဲ့ပြီးနောက် ရိုင်ဒါဟာ ကြာသပတေးနေ့ ညနေပိုင်းတွေမှာ အိုပဲန်ဟိုင်မာကို သက္တတ ဘာသာကို သင်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာကလည်း သူ့ညီ ဖြစ်သူ ဖရဲန့်ခ်ဆီကို သူ သက္ကတဘာသာ သင်ယူနေတယ်၊ ပျော်ရွှင် စိတ်ချမ်းသာစရာ ကောင်းတယ်လို့ စာရေး ပြောပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ မိတ်ဆွေ အပေါင်းအသင်းတွေကတော့ ဒီလို ရှေးဟောင်း အိန္ဒိယ ဘာသာစကား တခုအပေါ် စိတ်ဝင်စားနေတဲ့ အပေါ် အံ့သြမိကြတယ်လို့ အထုပ္ပတ္တိကို ရေးသားခဲ့တဲ့ စာရေးဆရာတယောက်က မှတ်ချက်ပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အဲဒီ အံ့သြမိသူတွေထဲမှာ အိုပဲန်ဟိုင်မာနဲ့ ရိုင်ဒါတို့ကို မိတ်ဆက်ပေးခဲ့တဲ့ ဟာရိုလ်ဒ် အက်ဖ် ချာန်းနစ္စလည်း ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူကတော့ အိုပဲန်ဟိုင်မာဟာ ထူးခြားဆန်းကြယ်မှုတွေ၊ လျှို့ဝှက်နက်နဲမှုတွေကို စိတ်ဝင်စားတဲ့ သူတယောက်မို့ ဒီလို ဖြစ်လာတာလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာရဲ့ ဘဝဇာတ်လမ်းကို သရုပ်ဖော်ရာမှာ သူ့ရဲ့ သက္ကတနဲ့ ဂီတအပေါ် တတ်ကျွမ်းနားလည်မှု တွေနဲ့လည်း ဆက်စပ်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒါကို တချို့ ဟိန္ဒူလက်ယာစွန်း ဝါဒီတွေက အပြစ်မြင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အထူးသဖြင့်တော့ သူ့ချစ်သူ ဂျီန်း တက်လော့ခ် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး ဖလောရန့်စ် ပျူဂ်နဲ့ ချစ်ရည်လူးတဲ့ အခန်းတွေနဲ့ ပတ်သက်ပြီး ဒီရုပ်ရှင်က သူတို့ ဘာသာအပေါ် တိုက်ခိုက် စော်ကားထားသလိုဖြစ်တဲ့ အတွက် ဒီလိုအခန်းတွေကို ဖြတ်ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒါပေမယ့် အိန္ဒိယရဲ့ ရုပ်ရှင် ဆင်ဆာ အဖွဲ့ကတော့ ဒီရုပ်ရှင်မှာ ဘာပြဿနာမှ မရှိဘူးလို့ ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အဲဒါကြောင့်လည်း အိုပဲန်ဟိုင်မာဟာ ဒီနှစ် အိန္ဒိယမှာ အအောင်မြင်ဆုံး ဟောလိဝုဒ်ရုပ်ရှင် ဖြစ်နေပြီး တပြိုက်တည်း ရုံတင်တဲ့ ဘာဘီ ထက်ပိုပြီး လူကြည့်များနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "တကယ်တော့ အိုပဲန်ဟိုင်မာဟာ အင်မတန် လေ့လာ သင်ယူအားကောင်းတဲ့ သူတယောက်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူဟာ ဒဿနိကဗေဒ၊ ပြင်သစ် စာပေ၊ အင်္ဂလိပ်စာ၊ သမိုင်း ဘာသာရပ်တွေကို လေ့လာသင်ယူခဲ့တဲ့ အပြင် ဗိသုကာ ပညာကိုလည်း အနည်းအကျဉ်း သင်ယူခဲ့ပါသေးတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "နောက်ပြီး ဂန္တဝင် အနုပညာရှင်၊ ကဗျာစာဆိုနဲ့ ပန်းချီဆရာလည်း ဖြစ်လိုက်ပါသေးတယ်။ သူက ခက်ခက်ခဲခဲဆို စိတ်ဝင်စားတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဘာမဆို လွယ်လွယ်ရခဲ့သူ ဆိုတော့ ခက်ခဲတာနဲ့ တွေ့ရင် အလိုလို စိတ်ဝင်စားသွားတာပေါ့လို့ ချာန်းနစ္စက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူဟာ ဘာသာစာပေ သင်ကြားမှုမှာလည်း ပါရမီပါသူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဂရိ၊ လက်တင်၊ ပြင်သစ်နဲ့ ဂျာမန် ဘာသာတွေကို သင်ယူခဲ့တဲ့အပြင် ဒတ်ချ် ဘာသာကိုလည်း သီတင်း ၆ ပတ်နဲ့ သင်ယူခဲ့သူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒါကြောင့်လည်း ဘဂဝါဂီတကို သင်ယူဖို့ သိပ်အချိန်မယူခဲ့ရပါဘူး။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့အတွက် လွယ်ကူလွန်းပြီး အံ့သြစရာလည်း ဖြစ်နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒါကြောင့် သူ့မိတ်ဆွေ သူငယ်ချင်းတွေကို သိဖူးသမျှ ဘာသာစကားတွေထဲမှာ အတွေးအခေါ် အယူအဆပိုင်းအရ အလှပဆုံး သီချင်း တပုဒ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ရဲ့ စာအုပ်စင်ပေါ်မှာလည်း ရိုင်ဒါက လက်ဆောင်ပေးထားတဲ့ ပန်းရောင်အဖုံးနဲ့ စာအုပ် တအုပ်ရှိပြီး အဲဒီစာအုပ်မျိုးတွေကိုပဲ အိုပဲန်ဟိုင်မာကလည်း သူ့မိတ်ဆွေတွေကို လက်ဆောင် ပေးခဲ့ ပြန်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာဟာ သူ့ရဲ သက္ကတ ဘာသာ လေ့လာမှုတွေအပေါ် ကျေနပ် အားရနေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဘယ်လောက် အထိလဲဆိုရင် ၁၉၃၃ ခုနှစ်က သူ့ဖခင်က သူ့အတွက် ခရိုင်စလာ ကား ဝယ်ပေးတဲ့အခါမှာတောင် သူက ဟိန္ဒူ ဒဏ္ဍာရီတွေမှာ ပါတဲ့ ငှက်နတ်ဘုရားကို အစွဲပြုပြီး ဂရူးဒါး လို့ မှည့်ခေါ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အဲဒီနှစ် နွေဦးရာသီမှာပဲ အိုပဲန်ဟိုင်မာက သူ့အစ်ကိုဆီကို စာရေး ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အဲဒီထဲမှာ စည်းကမ်းနဲ့ အလုပ်ဟာ သူ့ကို လမ်းညွှန်ပြနေတဲ့ နိယာမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အရှေ့တိုင်း ဒဿနတွေကို သူအထူး စိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "စည်းကမ်းတကျ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ ငြိမ်းအေးမှုကို ရနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အသစ်တဖန် ဖြစ်တည်မှုတွေရဲ့ ကင်းလွတ်မှုကနေ အချိန်တခဏ လွတ်မြောက်ခွင့်ရရင်တောင်မှ ဒါတွေကို မလိုချင်တဲ့ နေရာတခုရဲ့ မူလအခြေအနေကို ထိန်းသိမ်းပေးရာ ရောက်ပါတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဆက်လက်ပြီး စည်းကမ်း တခုတည်းနဲ့ ကမ္ဘာလောကကို အတ္တဆန္ဒ ကင်းကင်းနဲ့ ရှုမြင်ကြည့်ရင် လောကရဲ့ အကောင်းအဆိုးတွေကို ပိုပြီး လက်ခံလာနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "၂၀ ပြည့်နှစ်တွေရဲ့ နှောင်းပိုင်း ကာလတွေမှာ အိုပဲန်ဟိုင်မာဟာ ကမ္ဘာလောကနဲ့ ကင်းကွာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "တနည်းအားဖြင့် ကမ္ဘာကြီးမှာ သိပ္ပံပညာရှင် တယောက်အဖြစ် ရှင်သန်ရုံကလွဲပြီး ခပ်ကင်းကင်းသာ နေချင်တာ ဖြစ်တယ်လို့ သူ့ရဲ့ အထုပ္ပတ္တိကို ရေးသားသူတွေက ပြောကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူက နာမ်ပိုင်းလွတ်မြောက်ဖို့ ဘာသာတရားတခုကို ရှာဖွေနေခဲ့တာ မဟုတ်ဘဲ ငြိမ်းအေးမှုကိုသာ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဂီတ ကတော့ အာရုံခံစားမှုမျိုးစုံရဲ့ စေစားမှုတွေအကြား ဘဝဇာတ်ခုံရဲ့ အရေးကိစ္စတွေနဲ့ သဟဇာတ ဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ သူလို ပညာရှင် တယောက် လိုအပ်နေတဲ့ ဒဿနတွေကို ပေးစွမ်းနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ အကြိုက်ဆုံး သက္ကတ စာပေတခုကို ပြပါဆိုရင်တော့ သက္ကတ စာပေရဲ့ အကျော်ကြားဆုံး စာဆိုကြီးတွေထဲက တဦးဖြစ်တဲ့ ကာလီဒါသ ရေးသားခဲ့တဲ့ မေဃဒူတ ပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ ရိုင်ဒါနဲ့ အတူ မေဃဒူတကို လေ့လာခဲ့စဉ်မှာ ကျေနပ်စရာ ကောင်းသလို ကဗျာရဲ့ ကြည်နူးစရာ ညှို့ယူဖမ်းစားခြင်းကို ခံခဲ့ရတယ်လို့ သူ့ညီဖြစ်သူ ဖရန့်ခ်ဆီကို စာရေးပြောပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အိုပဲန်ဟိုင်မာ ဘာကြောင့် ဂီတ နဲ့ အဲဒီထဲမှာ ပါတဲ့ ကာမ၊ ကံတရား နဲ့ လောကဝတ္တရားတွေအပေါ် စိတ်ပါဝင်စားသွားခဲ့သလဲ။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ရဲ့ အထုပ္ပတ္တိ စာရေးဆရာတွေကတော့ ဂီတထဲမှာပါတဲ့ ကံသာ ပဓာန အယူအဆကြောင့် ဖြစ်မယ်လို့ ဆိုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ လူငယ်ဘဝက လေ့လာသင်ကြားခဲ့ရတဲ့ အယူအဆတွေ တဖန်ပြန်လည် ခေါင်းထောင်လာခဲ့ပုံ ရတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "တကယ်တော့ ဟိန္ဒူဘာသာရေး စာပေတွေကို စိတ်ပါဝင်စားတာဟာ အိုပဲန်ဟိုင်မာ တယောက်တည်း မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဟန်နရီ ဒေးဗစ် သော်ရို ကဆို သူဟာ အလွန်အံ့သြစရာကောင်းတဲ့ စကြဝဠာရဲ့ ဖြစ်တည်လာပုံတွေကို ဖော်ပြထားတဲ့ ဘဂဝါ ဂီတ ထဲမှာ နှစ်မြုပ်လေ့လာနေကြောင်း၊ ခေတ်ပေါ် စာပေတွေဟာ သူနဲ့ ယှဉ်ရင် ပေါ့တန် နုံ့နဲ လှပါတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဟိုင်းနရစ် ဟင်မလာလည်း ဘဂဝါ ဂီတကို နှစ်သက်ခဲ့သလို မဟတ္တမ ဂန္ဓီလည်း စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "နောက် အိုပဲန်ဟိုင်မာရဲ့ အကြိုက် ကဗျာစာဆိုတွေ ဖြစ်ကြတဲ့ ဒဗလျူ ဘီ ယိတ်စ် နဲ့ တီအက်စ် အဲလ်လီယက်တို့ဟလည်း ဘဂဝါ ဂီတ ပါတဲ့ မဟာဘာရတကို လေးစားကြသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ပထမဆုံး အနုမြူဗုံးကို စမ်းသပ်တုန်းက ကောင်းကင်ယံထဲကို လိမ္မော်ရောင် တိမ်တောင်ကြီး တလုံး ပျံတက်လာခဲ့အပြီးမှာ အိုပဲန်ဟိုင်မာ အဖို့ ဘဂဝါ ဂီတဆီ တခါပြန်လှည့်ရပြန်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ အဆုံးပိုင်းမှာ ဒီဗုံးမျိုးတွေကို ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့တွေကို ကြဲချခဲ့လို့ လူထောင်သောင်းချီ သေဆုံးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "တချို့က ရယ်နေကြမယ်။ တချို့က ငိုကြမယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "အများစုကတော့ ဘာမှ ပြောကြတော့မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဟိန္ဒူဘာသာရေး စာပေ ဘဂဝါ ဂီတထဲက စာတွေကို အမှတ်ရမိတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဗိဿနိုးက မင်းသားကို သူ့အလုပ် သူလုပ်ဖို့ တိုက်တွန်းတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ကို အထင်ကြီးလာစေဖို့ လက်ရုံးအစုံကို ထုတ်ပြရင်း ကျွန်ုပ်ဟာ သေမင်း၊ ဂြိုဟ်ကမ္ဘာများကို ဖျက်ဆီးနိုင်သူ ဖြစ်တယ်လို့ ပြောခဲ့တဲ့ စကားမျိုး သူတို့တွေလည်းပဲ တနည်းနည်းနဲ့ တွေးမိခဲ့ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "သူ့ မိတ်ဆွေ တယောက်ကတော့ ဒီလို ပြောတာနဲ့ ပတ်သက်လို့ အိုပဲန်ဟိုင်မာရဲ့ ချဲ့ကားဟောခဲ့တဲ့ တရားတပုဒ်ပါလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "ဒီလိုဆိုပေမယ့် ဒီ ဂီတဟာ ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်ကို ဆက်လက်လွှမ်းမိုး ထားနေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "လန်ဒန်က ဗြိတိသျှပြတိုက်မှာ ဘားမားမှမြန်မာသို့ အမည်နဲ့ မြန်မာပြည်ဆိုင်ရာ ပြပွဲတရပ် နို၀င်ဘာမှာ ကျင်းပဖို့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီပြပွဲမှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ပြတိုက်မှာ ထားရှိတဲ့ အလောင်းဘုရားရဲ့ ရွှေပေလွှာကို ငှားရမ်းပြသမှာ ဖြစ်ကြောင်း ဗြိတိသျှသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီရွှေပေလွှာဟာ တခြားဘုရင်တွေဆီ မြန်မာဘုရင်ဆီက ပို့တဲ့ ရွှေပေလွှာတွေထဲ နောက်ဆုံးကျန်ရစ်တဲ့ ရွှေပေလွှာဖြစ်ပြီး ထိုင်၀မ်မှာတေ့ာ တရုတ်ဘုရင့်မယ်တော်ဆီ ပို့တဲ့ ငွေပေလွှာတစောင်သာ ကျန်ရစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "တကယ်က ဟန်နိုဗာက ရွှေပေလွှာဟာ အလောင်းဘုရားဆီကနေ ဗြိတိန်ဘုရင် ဒုတိယဂျော့ကို ၁၇၅၆ က ပေးပို့တဲ့ သ၀ဏ်လွှာဖြစ်ပြီး ၂၀၁၅ ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း၀င် ရွှေပေလွှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "အခု ဂျာမနီနိုင်ငံမှာ ပါနေတဲ့ ဟန်နိုဗာနယ်က နယ်စားမျိုးက ဗြိတိသျှထီးနန်းကို ၁၇၁၄ မှာ ဆက်ခံအုပ်ချုပ်တဲ့အတွက် ဗြိတိန်ဘုရင်ဆီပို့တဲ့ မြန်မာရွှေပေလွှာက ဂျာမနီကို ရောက်နေတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "မြန်မာဘုရင်နဲ့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီတို့ ဆက်ဆံရေးဟာ ၁၆၁၅ ခုနှစ် ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက်မှာကတည်းက ရှိခဲ့ကြောင်း ဒေါက်တာထင်အောင်ရဲ့ ရိုက်ချိုးခံရသော ဥဒေါင်း၊ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး ၁၇၅၂- ၁၉၄၈ စာအုပ်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "အဲဒီအချိန်ထိ မြန်မာပြည်ကို အင်္ဂလိပ်သင်္ဘောတွေ မရောက်သေးပေမယ့် ၁၇၅၂ ညောင်ရမ်းဆက် ပျက်သုဥ်းချိန်မှာတော့ မွန်-မြန်မာ အုပ်စုကြီးနှစ်စု အာဏာလုပွဲတွေကြားမှာ အင်္ဂလိပ်နဲ့ ပြင်သစ် ခြေ၀င်ရှုပ်ရင်း ပုသိမ်နားက ဟိုင်းကြီးကျွန်းမှာ အင်္ဂလိပ်စခန်း ဆောက်ခွင့် မွန်ဆီက ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "အစပိုင်းမှာ အင်း၀ထိ တက်သိမ်းထားတဲ့ မွန်တွေ အရေးသာမယ်ထင်ပြီး အနောက်တိုင်းသားတွေ ကူညီခဲ့ကြပေမယ့် နောက်ပိုင်း အလောင်းဘုရားတပ်တွေ အရေးသာလာချိန်မှာတော့ အင်္ဂလိပ်ဆီက အမြောက်နဲ့ ခဲယမ်းမီးကျောက်အကူအညီရဖို့ အလောင်းဘုရားက ကြိုးစားပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒါကြောင့် ရန်ကုန်ကို သိမ်းပြီးချိန် ဆိပ်ကမ်းမှာတွေ့တဲ့ အင်္ဂလိပ်သင်္ဘောတွေကို မသိမ်းဘဲ ထားခဲ့ပြီး ၁၇၅၆ မှာ ရန်ကုန်ကို ရောက်လာတဲ့ ကပ္ပတိန် ဂျွန်ဒိုင်ယာကတဆင့် ဒုတိယဂျော့ဘုရင်ဆီကို အလောင်းဘုရား သ၀ဏ်လွှာပို့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာကို လက်၀ဲသုန္ဒရ စီကုံးရေးစပ်ပြီး ပတ္တမြား ၂၄ လုံးစီ ရွှေပြားမှာ ခတ်ပြီး ဆင်စွယ်ကြုတ်နဲ့ ထည့်ကာ ပေးပို့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာဟာ ဟန်နိုဗာမှာ ရာစုနှစ်နဲ့ချီ ပျောက်ကွယ်နေပြီး ၂၀၀၅ ခုနှစ်မှ မူရင်းကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာလွှာပါ စာသား ဘာသာပြန်ကိုတော့ မော်ကွန်းတိုက်တွေမှာ အရင်ကတည်းက တွေ့နိုင်ပြီး စာထဲက ဆင်ဖြူ၊ဆင်နီ၊ဆင်ကျား စက်ကြာ ရွှေလှံရ အာဒိစ္စ၀ံသ နေမင်း၏ အဆက်အနွှယ် စတဲ့ အလောင်းဘုရားရဲ့ ကိုယ်ရည်သွေးစာသားတွေက ပြည်ပပညာရှင်တွေကြား ရယ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "စာကို ဟန်နိုဗာပို့စဥ်က အိန္ဒိယ ကိုရိုမန်ဒယ်ကမ်းခြေက မင်းသားတပါးပေးပို့တဲ့စာဆိုပြီး မှားယွင်းပြီး စာကြည့်တိုက်မှာ မှတ်တမ်းသွင်းခဲ့သလို စာလွှာကို ၁၇၆၈ က ထုတ်ကြည့်ခဲ့တဲ့ ဒိန်းမတ်ဘုရင် သတ္တမ ခရစ္စတီယန်ကြောင့် စာလွှာပျက်စီးမှုဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "စာကို ပို့ချိန်က ဥရောပနဲ့ အမေရိကမှာ ခုနစ်နှစ်စစ်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ ဂျော့ဘုရင်က အရေးလုပ်ပြီး စာမပြန်မိလို့ အလောင်းဘုရားဘက်က အကြီးအကျယ် စိတ်ကွက်ခဲ့တယ်လို့ ဒေါက်တာထင်အောင်၊ ယက်လိုင်ဒါ စတဲ့ သမိုင်းဆရာတွေက ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာကို ရေးချိန်မှာ အလောင်းဘုရားဟာ မွန်နဲ့ ထိုင်းနယ်မြေတွေကို အပြီးသိမ်းသွင်းဖို့ ကြံနေသလို နိုင်ငံအထက်ပိုင်းမှာလည်း အအုပ်အစီးမိရုံရှိပါသေးတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "သူကိုယ်တိုင် မင်းမျိုးကမဟုတ်ဘဲ ကျေးလက်က တက်လာပြီး မင်းဖြစ်ရသူမို့ နိုင်ငံကို ပိုင်စိုးသူဖြစ်ကြောင်း မာန်တင်းပြီး စာဖွဲ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာမှာပဲ ဟိုင်းကြီးကျွန်းကို အင်္ဂလိပ်စခန်းအဖြစ် သိမ်းယူထားတာကို မကျေနပ်ပေမယ့် သိရှိကြောင်း ရေးသားထားပြီး ပုသိမ်မှာ အင်္ဂလိပ်တွေကို နေခွင့်ပြုတယ်လို့လည်း ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "၁၇၅၃ မှာ ကိုလ်ချက်စတာသင်္ဘောနဲ့ ဒေးဗစ်ဟန်းတားတို့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ်တစု ရောက်လာတာပါ။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီမှာ ထူးခြားမှုတခုက ကုန်းဘောင်ဆက်ရာဇ၀င်တော်ကြီး စတဲ့ မြန်မာမှတ်တမ်းတွေမှာ ဟိုင်းကြီးကျွန်းက အင်္ဂလိပ်စခန်းစီးနင်းမှုကို ၁၇၅၅ က ဖြစ်ရပ်လို့ရေးပြီး အဲဒီနောက်နှစ်မှ အလောင်းဘုရားက စာလွှာပို့တယ်လို့ ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီဂျီအီးဟောလ်ရဲ့ ဘားမားစာအုပ်နဲ့ တခြား အင်္ဂလိပ်မှတ်တမ်းတွေမှာတော့ နဂရစ်မော်တင် ဟိုင်းကြီးကို ကုမ္ပဏီကို တရား၀င်နေရာချပေးတဲ့စာချုပ်ကို ၁၇၅၇ မှာ ရရှိပြီး ၁၇၅၉ မှာ အလောင်းဘုရားတပ်က စီးနင်းတိုက်ခိုက်တယ်ဆိုပြီး ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "မြန်မာရာဇ၀င်တွေမှာတော့ ဟံသာ၀တီမပျက်မီ တာမွေတပ်ကို အောင်စဥ်က ဖမ်းမိတဲ့ ဟံသာ၀တီသားတွေကို စစ်ဆေးရာမှာ ဟိုင်းကြီးကျွန်းက အင်္ဂလိပ်တွေ ဟံသာ၀တီကို လက်နက်ထောက်တယ်ဆိုတာ သိရလို့ မင်းရဲကောင်းပုံ ခေါင်းဆောင်တဲ့ လူသန်မာ တရာကို စေလွှတ်ပြီး တုတ်တင်ကျည်းတွေနဲ့ ရိုက်နှက် သိမ်းပိုက်စေကြောင်း ဒေါ်အုန်းကြည်ရဲ့ အလောင်းမင်းတရားစာအုပ်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "မွန်ပုန်ကန်မှုအပြီးမှာ ဖမ်းမိတဲ့ အာမေးနီးယားကုန်သည်တွေနဲ့ ပြင်သစ်စစ်အကျဥ်းသားတွေရဲ့ ထွက်ဆိုချက်ကြောင့် ဟိုင်းကြီးကျွန်းကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ကြောင်း ဒေါက်တာထင်အောင်က ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ဂျာမနီရောက် ရွှေပေလွှာကို မူလယူလာတဲ့ ဆင်စွယ်ကြုတ် ကျန်သေးပေမယ့် အပေါ်က ထပ်သွတ်ထားတဲ့ ရွှေဖျင်အိတ်၊ သစ်ပွတ်ချိတ်နီတိုက် ရွှေရေးကြုတ်နဲ့ ဂုံဇရပ်အိတ်နီဆိုတာတွေကတော့ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "စာလွှာပါ စာသားနဲ့ ကုန်းဘောင်ဆက် စတဲ့ မြန်မာရာဇ၀င်တွေပါ အလောင်းဘုရားရဲ့ ရာဇသံ စာသားချင်း အတော်နီးစပ်ပြီး ကွဲပြားမှု အနည်းငယ်သာ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဒီစာကို လပ်ဇင်ဘတ်က သမိုင်းပညာရှင် ယက်လိုင်ဒါ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ထုတ်တဲ့အတွက် ယူနက်စကိုမှတ်တမ်း၀င် အမွေအနှစ် ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ရန်ကုန်ကို ၁၇၅၆ မှာ ရောက်လာတဲ့ အင်္ဂလိပ်စစ်ဗိုလ်က လက်ဆောင် သေနတ် လှံပါ ၃၀၀၊ အမြောက်ကြီး ၁၀၊ ကျည်ဆံသေတ္တာ ၅ လုံး၊ ယမ်းစည် ၇ လုံး ရောက်လာပြီး အလောင်းဘုရားက အင်္ဂလိပ်ဘုရင်အတွက် မြင်း ၄ စီး၊ မိုင်းလုံးရွှေဖျင်လိပ်ပေးပြီး သံအဖွဲ့ကိုလည်း မြင်းတစီးစီနဲ့ ဆင်စွယ် ၆ စီပေးသနားပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ရောက်လာတဲ့ အင်္ဂလိပ်တွေကို ငွေမက်တဲ့ကုန်သည်တွေ၊ အရှေ့တိုင်းသံဓလေ့ကို မရေလည်သူတွေဆိုပြီး မြန်မာဘက်က အထင်သေးသလို မြန်မာတွေကိုလည်း နိုင်ငံတကာကျင့်၀တ်ထုံးတမ်းကို မသိတဲ့ အရိုင်းအစိုင်းတွေအဖြစ် အင်္ဂလိပ်ဘက်က ရှုမြင်ကြောင်း ဒေါက်တာထင်အောင်က ရေးပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "အရှေ့အနောက် အမြင်မတူမှုတွေကြောင့် ဆက်ဆံရေးပျက်ပြားပြီး ၁၇၆၁ မှာ ပုသိမ်က ကုမ္ပဏီစခန်းကို ပိတ်သိမ်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ဘိုးတော်ဘုရား ရခိုင်ကို သိမ်းပြီးနောက် အင်္ဂလိပ်-မြန်မာ နယ်နိမိတ် ထိစပ်လာမှုကြောင့် ဖြေရှင်းစရာတွေ ရှိလာတဲ့အတွက် ၁၇၉၅ မှာ မိုက်ကယ်ဆိုင်းရဲ့ သံအဖွဲ့ အမရပူရကို ရောက်လာချိန်ထိ သံအဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "အဲဒီနောက်ပိုင်း နောက်ဆက်ဖြစ်တဲ့ နယ်စပ်မပြေလည်မှုတွေကနေ ပထမ အင်္ဂလိပ်-မြန်မာစစ် ၁၈၂၄ မှာ ဖြစ်ပွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "ကမ္ဘာပတ် ကိုလိုနီစနစ်ရဲ့ လှိုင်းကြောင့် ဥရောပနဲ့ အာရှ နှစ်နိုင်ငံကြား ဆက်ဆံရေးတည်ဆောက်ပျက်ပြားမှုတွေကို အနှစ် ၂၇၀ ကျော်က အလောင်းဘုရားရဲ့ ရွှေပေလွှာနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေက ပြနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "မြန်မာပြည် လွတ်လပ်ရေး ရပြီး အနှစ် ၇၀ ကျော်လာချိန်မှာလည်း အနောက်နိုင်ငံတွေနဲ့ မြန်မာဆက်ဆံရေးဟာ ပြန်လည်အေးခဲတဲ့အဆင့်ကို ရောက်နေပြီး တဖက်နဲ့ တဖက် အမြင်မကြည်လင်မှုတွေကလည်း အရင် သုံးရာစုကလို ပြန်ဖွဲ့တည်နေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "နောက်ပြီး အလောင်းဘုရားနဲ့ ကုန်းဘောင်မင်းတွေက အိန္ဒိယက အင်္ဂလိပ်ကုမ္ပဏီအစိုးရနဲ့ မဆက်ဆံဘဲ လန်ဒန်က ဘုရင်ထိ တိုက်ရိုက်ဆက်သွယ်ချင်သလိုပဲ လက်ရှိမှာလည်း မြန်မာနဲ့ ဗြိတိန်၊ အမေရိကန် စတဲ့ အနောက်နိုင်ငံကြီးတွေကြား သံတမန်ရေးစစ်ထိုးပွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c514rwkrkyko" }, { "text": "မြွေဖမ်းဘုရင်မလို့ အများသိကြတဲ့ အေမီ ဆူးဝါ ဟာ မြက်တွေကြားထဲ အစာရှာထွက်နေတဲ့ ၆ မီတာရှည်တဲ့ မြန်မာ့စပါးအုံးမြွေကြီးကို အမိဖမ်းနိုင်ဖို့ ဖလော်ရီဒါတောင်ပိုင်းက လမ်းမတွေနဲ့ မြက်ခင်းအစပ်နားနေရာတွေမှာ ပိုက်စိပ်တိုက် လိုက်ရှာနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီမြွေကြီး မြက်ခင်းထဲကနေ လမ်းမပေါ် ဘယ်အချိန်ထွက်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ၊ ဒါ့ကြောင့် ဒီကနေ စောင့်ဖမ်းနေတာပါ လို့ သူက ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဆောင်းတွင်းပိုင်းဆိုရင် အေမီ ဆူးဝါဟာ စပါးအုံးမြွေတွေကို နေ့ဘက်မှာ လိုက်ဖမ်းပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ ဖလော်ရီဒါတောင်ပိုင်းရဲ့ ပူအိုက်တဲ့ နွေရာသီမျိုးမှာတော့ ညဘက်တွေမှာပဲ မြွေဖမ်းထွက်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ပိုးကောင်တွေ မျက်စိထဲမဝင်အောင် မျက်မှန်အကာတပ်ထားတဲ့ အေမီ ဆူးဝါ ဟာ တောအုပ်တွေထဲကနေ တူးမြောင်းတွေဆီကို လမ်းမ ဖြတ်ပြီး ထွက်လာမယ့် မြွေတွေကို အမိဖမ်းဖို့ သူ့ရဲ့ထရပ်ကားအနောက်ဘက်မှာ ဝပ်ရင်းနဲ့ မျက်ခြေမပြတ် စောင့်ကြည့်တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အေမီ ဆူးဝါအတွက်ကတော့ အန္တရာယ်များတဲ့ ဒီအလုပ်ဟာ သဲထိတ်ရင်ဖို မြွေလိုက်ဖမ်းဖို့သာမက သဘာဝဂေဟစနစ်ကြီးတစ်ခုလုံးကို ကယ်ဆယ်နိုင်ဖို့လည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြန်မာ့စပါးအုံးမြွေတွေဟာ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ၁၉၉၀ ပြည့်လွန်နှစ်လယ်ပိုင်းတွေမှာ ဖလော်ရီဒါပြည်နယ်ကို စရောက်လာခဲ့တာလို့ ယူဆရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း စပါးအုံးမြွေပေါင်း ၉ သောင်း ၉ ထောင်လောက်ကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ရောင်းဖို့ အမေရိကန်နိုင်ငံထဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အဲဒီမြွေတစ်ချို့က တောအုပ်တွေထဲ လွတ်သွားခဲ့ပြီး ကြွက်တွေ၊ ရှဉ့်တွေ၊ ငှက်တွေ ပေါများရုံတင်မက ဒရယ်တွေ၊ မိချောင်းတွေလို အကောင်ကြီးတွေလည်း ကျက်စားရာ တောအုပ်ဟာ စပါးအုံးမြွေတွေအတွက်တော့ တကယ့်ကို သုခဘုံအလား ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေဟာ သားကောင်တွေကို အနံ့ခံ လိုက်ရှာလေ့ရှိပြီး ပုန်းအောင်း စောင့်ဆိုင်းနေရာကနေ အလစ်မှာ ဖမ်း၊ ရစ်ပတ် ညှစ်ပြီးမှ တစ်ကောင်လုံးကို မြိုလေ့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အေမီ ဆူးဝါ ဟာ သူ့ကားကို တစ်နာရီ ၄၅ မိုင်နှုန်း လောက်နဲ့ မောင်းနေရင်းတောင် မြွေတစ်ကောင်ကို လှမ်းတွေ့တတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေဟာ သူတို့ဘဝရဲ့ ၈၅ ရာခိုင်နှုန်းလောက်က မလှုပ်မယှက် နေလေ့ရှိတတ်တာပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "တောအုပ်ထဲကိုသာ ပြန်ဝင်သွားမယ်ဆိုရင် အပင်တွေကြား လွယ်လွယ်ကူကူ ကိုယ်ယောင်ဖျောက်နိုင်တဲ့အတွက် သူတို့ကို ရှာတွေ့ဖို့က မဖြစ်နိုင်တော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါ့ကြောင့် လက်နှေးနေလို့ မရပါဘူး လို့ သူကပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေကို တွေ့ပြီဆိုတာနဲ့ ထရပ်ကားပေါ်ကနေ လျှောဆင်း၊ မြွေပေါ်ကို ခုန်ချပြီး ခေါင်းကို အမိအရ ဆုပ်ထားရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေဖမ်းသူတွေဟာ နှစ်ယောက်အတူတွဲ ဖမ်းလေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီတော့ အေမီ ဆူးဝါရဲ့ အဖော်က မြွေရဲ့ ပါးစပ်ကို တိပ်ကြိုးနဲ့ ပတ်ပြီး ပိတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အေမီ ဆူးဝါ ဖမ်းလေ့ရှိတဲ့ စပါးအုံးမြွေ အကြီးစားမျိုးဆိုရင်တော့ အစွယ်ကြီးတွေကြောင့် ကိုက်မိ ခြစ်မိတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီမြွေတွေက အဆိပ်ရှိတဲ့ မြွေမျိုးတော့ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အန္တရာယ်ကြီးပေမဲ့ အေမီ ဆူးဝါက သူ့အလုပ်ကို မဆုတ်မနစ် စိတ်ပါလက်ပါ လုပ်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေတစ်ကောင် ကျွန်မ ဖမ်းမိတိုင်း အကျိုးဖြစ်ထွန်းမယ် ဆိုတာကို ကျွန်မ သိနေပါတယ် ဖလော်ရီဒါတောင်ပိုင်း ရေထိန်းသိမ်းရေးဌာနအတွက် စပါးအုံးမြွေ ရှင်းလင်းသူအဖြစ် အေမီ ဆူးဝါ ဆောင်ရွက်ပေးနေတာ ၄ နှစ်ရှိသွားပါပြီ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "၁၀ နာရီ လောက်အထိ ကြာအောင် မြွေဖမ်းထွက်လေ့ရှိပြီး မြွေဖမ်းတဲ့နေရာအလိုက် မြွေဖမ်းခ တစ်နာရီကို ၁၃ ဒေါ်လာကနေ ၁၈ ဒေါ်လာအထိ ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဖမ်းမိတဲ့ စပါးအုံးမြွေ တစ်ကောင်တိုင်းအတွက်လည်း ဆုကြေး ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "၄ ပေအောက် မြွေဆိုရင် ဒေါ်လာ ၅၀ ရပြီး ဒါ့ထက်ကြီးတဲ့မြွေ ဆိုရင် တစ်ပေကို ၂၅ ဒေါ်လာ အပိုထပ်ဆောင်း ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေဥဥတဲ့ အသိုက် ရှာတွေ့ရင်တော့ ဆုကြေးငွေ ဒေါ်လာ ၂၀၀ အပိုဆုကြေး ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ စပါးအုံးမြွေတွေဟာ မျိုးပွားမှု ထိန်းချုပ်ထားတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပြီး သူတို့ကို တစ်နေရာကနေ တစ်နေရာ အရှင်လတ်လတ် သယ်ဆောင်သွားခွင့် မရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဖလော်ရီဒါပြည်နယ်က စပါးအုံးမြွေ ဖမ်းပေးသူတွေဟာ ဘို့လ်သေနတ် တစ်မျိုးကို သုံးပြီး မြွေတွေကို သတ်ဖို့ သင်တန်းဆင်းထားသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ စပါးအုံးမြွေ သန့်စင်ရှင်းလင်းရေး စီမံကိန်းကြောင့် လောလောဆယ် စပါးအုံးမြွေပေါင်း ၇၃၃၀ လောက် ဖမ်းဆီးမိပြီး မနာမကျင်စေဘဲ သတ်ဖြတ်နိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဖမ်းမိတဲ့ မြွေအများစုဟာ ၄ ပေအောက် မြွေတွေဖြစ်ပြီး အဲဒီထဲက မြွေ ၁၇ ကောင်ကတော့ ၆ ပေနဲ့ ၁၇ ပေ အကြား ရှည်တဲ့ မြွေတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေရဲ့ အမူအကျင့်ကို တွက်ချက်တတ်ဖို့ လိုတာမို့ သူတို့ကို ဖမ်းရတာဟာ စစ်တုရင် ထိုးတမ်း ကစားရသလိုပဲ လို့ ဒေါ်နာ ကာလေလ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အရန်အလုပ်အနေနဲ့ အေမီ ဆူးဝါက မြွေအရေခွံ အသုံးအဆောင် ပစ္စည်းတွေအတွက် စပါးအုံးမြွေ အရေခွံ ခွာရောင်းပြီး ပိုက်ဆံရှာပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီလိုအရေခွံ ခွာရတာက မနှစ်မြို့စရာ အလုပ်တစ်ခုပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေဆီက အခကြေးငွေ ယူပြီး သူ စပါးအုံးမြွေ ဖမ်းတဲ့ ခရီးစဉ်တစ်လျှောက်ကို ခေါ်ပြတာက ငွေပိုရတယ်ဆိုတာကို အေမီ ဆူးဝါ သိလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အဲဒီနောက်မှာတော့ ဒီအလုပ်ကို သူတစ်ကိုယ်တော်ပဲ လုပ်ပါတော့တယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "သူ့ရဲ့ အလုပ်က တခြားအလုပ်တွေနဲ့ မတူ တမူထူးတဲ့ အလုပ်လို့ မြင်ကောင်း မြင်ကြမှာ ဖြစ်ပေမဲ့ သူကတော့ ဖလော်ရီဒါပြည်နယ်မှာ ထိန်းမရလောက်အောင် တိုးပွားလာနေတဲ့ စပါးအုံးမြွေတွေကို လိုက်ရှာဖမ်းရင်း အသက်မွေးဝမ်းကျောင်းနေတဲ့ လက်တစ်ဆုပ်စာ လူနည်းနည်းလေးထဲက တစ်ဦး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အိမ်မွေးတိရစ္ဆာန်တွေအဖြစ် တစ်ချိန်က လူကြိုက်များခဲ့တဲ့ မြန်မာ့ စပါးအုံးမြွေတွေဟာ ရှားပါး တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုလမ်းကြောင်းကနေတစ်ဆင့် ဖလော်ရီဒါပြည်နယ်က အမြဲစိမ်းလန်းစွတ်စို တောအုပ်ထဲ ရောက်လာခဲ့တာလို့ ယူဆရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "သားကောင်ကို ရစ်ပတ်ညှစ်ပြီး အကောင်လိုက် မျိုချလေ့ ရှိတဲ့ စပါးအုံးမြွေတွေဟာ ဖလော်ရီဒါ တောအုပ်ထဲက အမြဲစိမ်းလန်းစွတ်စို ဂေဟစနစ် ကြောင့် ၁၈ ပေလောက်အထိတောင် ကြီးထွားဖွံ့ဖြိုး လာနိုင်တာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေဟာ ဘယ်လောက်စားစား၊ အာသာမပြေတတ်တဲ့ တိရစ္ဆာန်မျိုး ဖြစ်ပြီး အဲဒီမှာက စားစရာ သားကောင်တွေက ဒုနဲ့ဒေး ရှိတာပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီစပါးအုံးမြွေတွေကြောင့် ကျွန်တော်တို့ရဲ့ သဘာဝ ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေပါတယ် လို့ စပါးအုံးမြွေ ရှင်းလင်းဖယ်ရှားရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲခဲ့သူ ဖလော်ရီဒါတောင်ပိုင်း ရေထိန်းသိမ်းစောင့်ရှောက်ရေး ခရိုင်အဖွဲ့ရဲ့ မျိုးပွားမှု လွန်ကဲတိရစ္ဆာန်ဆိုင်ရာ အဆင့်မြင့် ဇီဝဗေဒပညာရှင် မိုက်ခ် ကာ့ခ်လန် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေ စရောက်လာခဲ့တဲ့ ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းလောက်က စလို့ ဖလော်ရီဒါ အမြဲ စိမ်းလန်းစွတ်စို တောအုပ်ကြီးထဲမှာ သားမွှေးဖုံးတိရစ္ဆာန် ဦးရေ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "လေ့လာချက်တစ်ခုအရ ရက်ကွန်းဝံကောင်ရေ ၉၉ ရာခိုင်နှုန်း၊ အိုပေါ့ဆမ် ကောင်ရေ ၉၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ယုန်တွေကတော့ လုံးဝ မကျန်တော့ဘူးလို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဒီနေရာဟာ သဘာဝ တောရိုင်းတိရစ္ဆာန်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခုတော့ ဒရယ်၊ ပေါ့ဆမ် ဒါမှမဟုတ် ရှဉ့် တစ်ကောင်တလေကိုမှ တွေ့တော့မှာ မဟုတ်ဘူးလို့ လောင်းရဲပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီစပါးအုံးမြွေတွေကြောင့် ကျွန်တော်တို့ရဲ့ ဌာနေ တောရိုင်းတိရစ္ဆာန်တွေ ပြုတ်သုဉ်းသွားခဲ့ရပါပြီ လို့ မစ္စတာ ကာ့ခ်လန် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မစ္စတာ ကာ့ခ်လန်ရဲ့ စီမံကိန်း စတင်တဲ့ အချိန်တုန်းကတော့ သူ့ရဲ့စီမံကိန်းဟာ ဒီလို ထိန်းမနိုင်လောက်အောင် တိုးပွားလာနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို ဘယ်လို အမြစ်ဖြတ် ချေမှုန်းမလဲဆိုတဲ့ ရှုပ်ထွေးနက်နဲတဲ့ မေးခွန်းအတွက် အစွန်းရောက်တဲ့ ဖြေရှင်းနည်းတစ်ခု ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ် မစ္စတာ ကာ့ခ်လန် ညွှန်းဆိုပြောခဲ့တဲ့ စပါးအုံးမြွေ ဖမ်းသူတွေဟာ ရေထိန်းသိမ်းရေးခရိုင်မြေတွေထဲ မကြုံစဖူး ဝင်ခွင့် ရခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ကနဦးက အဲဒီစီမံကိန်းကို ၃ လကြာ စမ်းသပ်စီမံကိန်းဆိုပြီး လုပ်ခဲ့တာ ဖြစ်ပြီး ဒီလောက် ကြာကြာ လုပ်မယ်လို့ မစ္စတာ ကာ့ခ်လန် ထင်မထားခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခုတော့ ဒီစီမံကိန်းက ၈ နှစ်ထဲ ဝင်လာပြီဖြစ်ပြီး ဝန်ထမ်းအလုပ်သမားတွေလည်း ၂ ဆ တိုးလာခဲ့ပါပြီ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီအေဂျင်စီမှာ လောလောဆယ် လစာပေး ကန်ထရိုက်အလုပ်သမား ၅၀ က ပြည်နယ်၊ ဗဟိုနဲ့ ခရိုင်မြေတွေ အပါအဝင် ခရိုင်ပေါင်း ၉ ခရိုင်အတွက် အလုပ်လုပ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒေါ်နာ ကာလေလ် ဟာ ၂၀၁၇ ခုနှစ်က ရေထိန်းသိမ်းရေး ခရိုင်က ငှားရမ်းခဲ့တဲ့ ကနဦး ကန်ထရိုက်တာ အလုပ်သမား ၂၅ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေအရေအတွက် ၈၅၀ ကျော်လောက် ဒီကနေ့အထိ ကာလေလ် ဖမ်းမိခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေဟာ ထိန်းမနိုင်လောက်အောင် မျိုးပွားလွန်လာနေတဲ့ မျိုးစိတ်တစ်ခု ဖြစ်တဲ့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေ ဆက်ဖြစ်လာနေစေပါလိမ့်မယ် လို့ မစ္စ ကာလေလ် က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါ့ကြောင့် သူတို့အတွက် အလုပ်ဖြစ်စေမယ့် နည်းမျိုးကို သူတို့ ဆက်ရှာဖွေ သင်ယူသွားကြမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "နေရာတိုင်းက မတူကွဲပြားမှာဖြစ်သလို သူတို့ရှိတဲ့ ပတ်ဝန်းကျင်ကလည်း မတူကွဲပြားပါလိမ့်မယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါ့ကြောင့် ဒီစပါးအုံးမြွေတွေကို လိုက်ရှာ ဖမ်းရတာက စစ်တုရင် ထိုးတမ်း ကစားသလို ပါပဲ လို့ မစ္စ ကာလေလ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စီမံကိန်း စကတည်းကစလို့ သူတို့ အေဂျင်စီက ပြည်နယ်တစ်ဝန်း စပါးအုံးမြွေပေါင်း ၈၅၆၅ ကောင် ရှင်းလင်း သုတ်သင်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ စပါးအုံးမြွေတွေကို ဒီလို လိုက်ရှာဖမ်းဆီးပြီး သုတ်သင်ပစ်ရုံနဲ့တင် လုံလောက်မှာ မဟုတ်သေးဘူးလို့ မစ္စတာ ကာ့ခ်လန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မျိုးပွားလွန်ကဲ တိရစ္ဆာန် မျိုးစိတ်တွေကို ဖယ်ရှားရှင်းလင်းရာမှာ ပညာရေး၊ မူဝါဒနဲ့ ဆန်းသစ်တီထွင် သိပ္ပံပညာရပ်တွေကတစ်ဆင့် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်ဖြေရှင်းရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ မူဝါဒ ပြင်ဆင်ရေးဆွဲမှုတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "၂၀၂၁ ခုနှစ်တုန်းက ဖလော်ရီဒါပြည်နယ်ရဲ့ တားမြစ်မျိုးစိတ်စာရင်းထဲမှာ စပါးအုံးမြွေကို ဖြည့်စွက် ထည့်သွင်းလိုက်တဲ့အတွက် ဒီမြန်မာ့ စပါးအုံးမြွေတွေကို ဝယ်ယူ၊ ရောင်းချရင် ဒါမှမဟုတ် တစ်နေရာကနေ တစ်နေရာကို သယ်ယူပို့ဆောင်ရင် ဥပဒေ ချိုးဖောက်ရာ ကျမှာ ဖြစ်ပြီး စပါးအုံးမြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုင်ထားပြီးတဲ့သူ အနေနဲ့လည်း မှတ်ပုံတင်ဖို့၊ မိုက်ခရို ချစ်ပ် ထည့်သွင်းထားဖို့ လိုမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မစ္စတာ ကာ့ခ်လန်နဲ့ သူ့ရဲ့ အဖွဲ့ဟာ စပါးအုံးမြွေတွေကို ခြေရာခံ လိုက်လံရှာဖွေ ဖမ်းဆီးဖို့ နည်းပညာသစ်တွေကို တစ်ချိန်လုံး တီထွင် ကြံဆနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စီမံကိန်းတစ်ခုမှာဆိုရင် စပါးအုံးမြွေတွေထဲ ထရန်စမစ်တာတွေ ထည့်ထားတဲ့နည်းဖြစ်တဲ့ ရေဒီယို တယ်လီမက်ထရီ နည်းကို သုံးပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေထဲ ထည့်ထားတဲ့ ထရန်စမစ်တာတွေကနေ ရလာတဲ့ အချက်အလက်တွေကို စီမံကိန်း နှစ်ခုမှာ အသုံးပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "တစ်ခုကတော့ စပါးအုံးမြွေတွေရဲ့ ပြုမူလှုပ်ရှားပုံ အမူအကျင့်နဲ့ မိတ်လိုက်တဲ့ အကျင့်တွေကို စောင့်ကြည့်လေ့လာတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "နောက်တစ်ခုကတော့ ကင်းထောက် စီမံကိန်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ထရန်စမစ်တာ ထည့်ထားတဲ့ ကင်းထောက် စပါးအုံးမြွေတွေကို အသုံးချပြီး မြွေအမတွေကို မြွေဖမ်းသူတွေက လိုက်ရှာဖမ်းပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေအမတွေက တစ်ရာသီမှာ မြွေဥ ၁၀၀ လောက်အထိ ဥလေ့ရှိပြီး တချို့ဆိုရင် မြွေအသိုက် တစ်သိုက်လုံးအပြည့် ဥနိုင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေကို ဝေဒနာ မခံစားစေဘဲ သတ်ဖြတ်ဖို့က ကျွန်တော့်အတွက် အရမ်းကို အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "သူတို့လည်း သက်ရှိသတ္တဝါတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီကို ရောက်လာပြီး မတန်တဆ မျိုးပွားလာရတာ သူတို့အပြစ် မဟုတ်ပါဘူး လို့ မိုက်ခ် ကာ့ခ်လန် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေ လိုက်ဖမ်းသူတွေဟာ တယ်လီမက်ထရီ စီမံကိန်းတွေကြောင့် အမြဲစိမ်းလန်းစွတ်စို တောနက်ထဲအထိ ထွင်းဖောက် ဝင်ရောက်ခွင့် ရခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အမြဲစိမ်းလန်းစွတ်စို တောနက်ကြီးဟာ ဧက တစ်သန်းခွဲလောက် ကျယ်ဝန်းပြီး စိမ့်နွံ၊ ဒီရေတောတွေ၊ လွင်ပြင်တွေ၊ ထင်းရှူးတောတွေနဲ့ ဖုံးလွှမ်းနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီစပါးအုံးမြွေတွေက သဘာဝ ဂေဟစနစ်အတွက် အန္တရာယ်ဖြစ်စေတယ် ဆိုတာနဲ့ ပတ်သက်လို့ လူထုကို ပညာပေးဖို့ အများကြီး ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဖလော်ရီဒါပြည်နယ် ငါးနဲ့ တောရိုင်းတိရစ္ဆာန် စနစ်အဖွဲ့နဲ့ ပူးပေါင်းပြီး ရေထိန်းသိမ်းရေးခရိုင်က စပါးအုံးမြွေ ရှာဖွေရှင်းလင်းတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို ခုချိန်ထိ နှစ်စဉ် ဧည့်ခံ ကျင်းပနေဆဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "နှစ်စဉ် သြဂုတ်လတိုင်း ၁၀ ရက်ကြာ မာရသွန်မြွေဖမ်းပွဲ ကျင်းပလေ့ရှိပြီး ဆုငွေ ဒေါ်လာ ၃ သောင်းအထိ ချီးမြှင့်တဲ့ အဲဒီပွဲကို ကမ္ဘာတစ်ဝန်းကနေ လာရောက် ယှဉ်ပြိုင်လေ့ ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အဲဒီပွဲမှာ အရှည်ဆုံး မြန်မာ့ စပါးအုံးမြွေ ဖမ်းမိသူက ဒီဆုငွေကို ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေဖမ်းမိတဲ့ ပြည်သူလူထုက ဒီလိုပွဲမျိုးတွေမှာပဲ ဆုကြေးရနိုင်တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ခါတိုင်းအချိန်မှာတော့ ပြည်နယ် ကန်ထရိုက်ဝန်ထမ်းတွေ ကသာ စပါးအုံးမြွေတွေ ဖမ်းတဲ့အတွက် အခကြေးငွေ ရကြမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့လည်း ဖလော်ရီဒါပြည်သားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေထဲမှာလည်း မြွေလိုက်ဖမ်းသူတွေ ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အာဖရိကဒေသမှာရော၊ ကမ္ဘာတစ်လွှားမှာပါ မြွေဖမ်းတဲ့သူတွေ ရှိနေတာပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခုဆိုရင် အဲဒီလူတွေက စပါးအုံးမြွေတွေ ဖမ်းဖို့ ဖလော်ရီဒါကို လာချင်နေကြပါတယ် လို့ အေမီ ဆူးဝါ ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခုဆိုရင် သူ့မှာ လက်မလည်နိုင်အောင် အလုပ်တွေ ပိုများလာနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေဖမ်းနည်း သင်ချင်တဲ့ ဒေသခံတွေကလည်း သူ့ကို ငွေပေးပြီး မြွေဖမ်းနည်း သင်ခိုင်းနေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အားကစားလို ကစားနည်းတစ်ခုအနေနဲ့ စပါးအုံးမြွေ ဖမ်းတာမျိုးတော့ မလုပ်ကြဖို့ မစ္စတာ ကာ့ခ်လန် က လူတွေကို တိုက်တွန်းချင်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေကို ဖမ်းဆီး ဖယ်ရှားတဲ့အခါမှာ ကြင်ကြင်နာနာ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ကျွန်တော်တို့ရဲ့ ကန်ထရိုက် ဝန်ထမ်းတွေကို ငွေပေးစရာ မလိုဘဲ သူတို့နဲ့ အတူလိုက်ပြီး မြွေဖမ်းနိုင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "စပါးအုံးမြွေတွေကို ဖမ်းဆီး သုတ်သင်တဲ့အခါမှာ သူတို့ကို မနာကျင်စေဖို့က ကျွန်တော့်အတွက် အရမ်းကို အရေးကြီးပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "သူတို့တွေဟာလည်း သက်ရှိသတ္တဝါတွေပဲ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီကိုရောက်လာကြတာက သူတို့အပြစ် မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြွေတွေကို ဖမ်းဆီးသုတ်သင်တဲ့အခါမှာ တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": " အေမီ ဆူးဝါ ရော ဒေါ်နာ ကာလေလ် ပါ မြွေချစ်သူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ကျွန်မအတွက် အခက်ခဲဆုံးအချိန်က မြွေတွေကို သုတ်သင်ရတဲ့ အချိန် ဖြစ်ပါတယ် လို့ မစ္စ ကာလေလ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ သူ့လုပ်ရပ်ကြောင့် ကောင်းကျိုး ဖြစ်ထွန်းလာမယ်ဆိုတာကို သူသိနေတယ်လို့ ကာလေလ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "တိရစ္ဆာန် အကောင် တစ်ထောင်ကို ကယ်ဖို့ တစ်ကောင်ကို သတ်သင့်ရင် သတ်ရမှာပါ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ကျွန်မ ကလေးဘဝတုန်းကဆိုရင် ယုန်လေးတွေကို နေရာတိုင်းမှာ အချိန်မရွေး တွေ့ခဲ့ရတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခု အရွယ်ရောက်လာချိန်မှာ အမြဲစိမ်းလန်းစွတ်စို တောအုပ်ကြီးထဲမှာ ယုန်တစ်ကောင်မှ မတွေ့ရတော့ဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ပေါ့ဆမ်ကောင်လေးတွေလည်း မရှိတော့ဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "နို့တိုက်သတ္တဝါ ဆိုလို့ တစ်ကောင်တစ်မြီးမှ မရှိတော့ဘူး။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ စပါးအုံးမြွေတွေတော့ ခုချိန်ထိ တွေ့နေရတုန်းပဲ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အခုဆိုရင် သူတို့က ငှက်တွေ၊ မိချောင်းတွေကိုတောင် အစားထိုး စားလာနေကြပြီ။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": " မြွေဖမ်းသမားတွေ မြွေကို မိပြီဆိုရင် ရေထိန်းသိမ်းရေး ခရိုင်အဖွဲ့က ဝန်ထမ်းတွေနဲ့ ဗီဒီယိုကနေ စကားပြောရသလို ကာ့ခ်လန်ရဲ့အဖွဲ့နဲ့ အတူ မြွေကို စစ်ဆေး တိုင်းထွာတာတွေ လုပ်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "အဲဒီနောက်မှာတော့ မြွေဖမ်းသမားတွေဟာ သူတို့ ဆန္ဒရှိသလို မြွေအသေကို စွန့်ပစ်ရင်ပစ် ဒါမှမဟုတ် တခြားလုပ်ချင်တာတွေအတွက် မြွေအရေခွံကို ခွာယူတာမျိုး လုပ်ခွင့် ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒါပေမဲ့ ဒီကိစ္စကလည်း အရမ်းကို ထူးခြားတဲ့ ကိစ္စရပ် တစ်ခု ဖြစ်ပါတယ် လို့ ကာ့ခ်လန် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဒီတော့ သင်ဟာ ညဘက်ပိုင်းကြီး ၁၈ ပေ ရှည်တဲ့ စပါးအုံးမြွေကြီးတစ်ကောင်နဲ့ စိမ့်နွံတစ်ခုထဲမှာ လုံးထွေး သတ်ပုတ်ဖို့ မကြောက်တတ်ဘူးဆိုရင်တော့ ကာ့ခ်လန်တို့ အဖွဲ့က အလုပ် ခေါ်နေပါတယ်တဲ့။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မြန်မာပြည်မှာ ပုဂံခေတ်အပျက်မှာ ဘိက္ခုနီသာသနာကွယ်ပျောက်ကြောင်း ဒေါက်တာသန်းထွန်းနဲ့ ဦးနီတွတ်လို သမိုင်းပညာရှင်တွေက ပြောကြားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မွန်ဂိုကျူးကျော်မှုကြောင့် နိုင်ငံဖရိုဖရဲဖြစ်ချိန်မှာ ကွယ်ပျောက်တာလို့ အငြိမ်းစား သမိုင်းပါမောက္ခ ဦးနီတွတ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလိုကွယ်ပျောက်ပြီး အနှစ် ၇၀၀ အကြာမှာတော့ မြန်မာပြည်မှာ ဘိက္ခုနီသာသနာပြန်ထူထောင်ရေး အားပေးတဲ့ ဆရာတော်နှစ်ပါး ပေါ်ထွန်းလာပြီး အရှင်အာဒိစ္စဝံသနဲ့ မင်းကွန်းဇေတဝန် ဆရာတော်တို့ ဖြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီထဲက ဦးအာဒိစ္စဝံသကို ဘိက္ခုနီသာသနောပဒေသကျမ်းပြုလို့ ဆိုပြီး ၁၉၃၅ မှာ ပကာသနိယကံပြုကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အဲဒီနောက် မြန်မာပြည်မှာ မွေးပြီး နီပေါမှာ ၄၅ နှစ် သာသနာပြုခဲ့တဲ့ သီလရှင် ဒေါ်ဂုဏဝတီ ၁၉၈၈ တုန်းက ကယ်လီဖိုးနီးယားမှာ ရဟန်းခံခဲ့ကြောင်း သူ့ရဲ့ စျာပနမှတ်တမ်းမှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၁၉ သက်တော် ၉၅ နှစ်အရွယ် ရန်ကုန်မြို့က နီပေါ-မြန်မာဝိဟာရမှာ ပျံတော်မူသွားတဲ့ ဒေါ်ဂုဏဝတီအကြောင်းကို မြန်မာပြည်မှာ လူသိနည်းလှပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၁ ရာစုဆန်းမှာတော့ ပြည်ပမှာ မြန်မာဘိက္ခုနီ နှစ်ပါး ပေါ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီထဲက တပါးက မြန်မာပြည်မှာ လူထွက်ခဲ့ရပြီး နောက်တပါးကတော့ အမေရိကန်မှာ သီတင်းသုံးနေပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၃ ခုနှစ်က သီရိလင်္ကာမှာ ဒေါ်သစ္စဝါဒီနဲ့ ဒေါ်ဂုဏစာရီဆိုတဲ့ မြန်မာဘိက္ခုနီနှစ်ပါး ပဉ္စင်းခံခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အဲဒီနောက် ၂၀၀၅ ခုနှစ်မှာ ခမည်းတော်ကြီး နေမကောင်းလို့ မြန်မာပြည်ပြန်သွားတဲ့ ဒေါ်သစ္စဝါဒီကို သံဃမဟာနာယကက ဆင့်ခေါ်ပြီး လူဝတ်လဲခိုင်းသလို ထောင် ငါးနှစ်ချခဲ့ကြောင်း ခရစ္စတင်းတူမီရဲ့ ရဟန်းခံလို့ နှိပ်ကွပ်ခံရတဲ့ မြန်မာသီလရှင် ဆောင်းပါးမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒေါ်သစ္စဝါဒီကို ၇၆ ရက်အကြာမှာ ထောင်က ပြန်လွှတ်ပေးပြီး သီရိလင်္ကာသွားတဲ့ လေယာဉ်ပေါ်မှာ တင်ပေးလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အဲဒီမှာ သူ ရဟန်းပြန်ဝတ်ခဲ့ပေမဲ့ မြန်မာပြည်မှာ ဖမ်းဆီးခံရမှု စိတ်ဒဏ်ရာကြောင့် ၂၀၀၈ မှာ လူထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒေါ်သစ္စဝါဒီနဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဘိက္ခုနီဝိနိစ္ဆယစာတမ်းနဲ့ ဘိက္ခုနီဘာဝါဘာ၀ ဝိနိစ္ဆယကို ထုတ်ဝေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဒေါ်ဂုဏစာရီကတော့ ၂၀၀၂ ခုနှစ်က အမေရိကန်မှာ သာမဏေပြုပြီး သီရိလင်္ကာမှာ ပဉ္စင်းတက်ခဲ့တဲ့ ခုထိ တပါးတည်း ထင်ထင်ရှားရှား ကျန်ရစ်တဲ့ မြန်မာဘိက္ခုနီ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကယ်လီဖိုးနီးယားက မဟာပဇာပတိကျောင်းမှာ ၂၀၀၈ ခုနှစ်ကစပြီး ဒေါ်ဂုဏစာရီ သီတင်းသုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ရဲ့ လူဝတ်ကြောင်အမည်က မခင်ဆွေဝင်းဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၁၉၃၂ က မြန်မာပြည် ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ မခင်ဆွေဝင်းဟာ သုံးနှစ်သမီးထဲက အဘိုးဖြစ်သူ အာယုဗ္ဗေဒ သမားတော်ကြီးနဲ့ ဦးလေး ဆရာဝန်တွေကို အားကျပြီး ဆရာဝန် ဖြစ်လာခဲ့သူပါ။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မိသားစုမှာ သမီးဦးဖြစ်ပြီး ပညာစောစောသင်ခဲ့ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြောင့် ဘကြီးဘုန်းကြီးရှိတဲ့ ကျေးလက်ကို သူတို့ စစ်ပြေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "စစ်ပြီးခေတ်မှာ သုံးနှစ်နဲ့ ခြောက်တန်းအောင်ပြီး အတန်းတွေ ကျော်တက်ခဲ့သလို ဆေးကျောင်း ရောက်ခဲ့တယ်လို့ ဒေါ်ဂုဏစာရီ ဖြစ်လာတဲ့ ဒေါ်ခင်ဆွေဝင်းရဲ့ ဘဝမှတ်တမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ခင်ပွန်းလောင်း ဒေါက်တာရှိန်ဝင်းနဲ့ ဆေးကျောင်းမှာ ဆုံတွေ့ခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကလေး နှစ်ယောက်ရပြီးနောက် ခင်ပွန်းက အမေရိကန်ကို ၁၉၆၁ မှာ ထွက်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက် တနှစ်အကြာမှာ ဒေါက်တာခင်ဆွေဝင်းလိုက်လာပြီး တနှစ်နဲ့ ၂ နှစ်အရွယ် သမီးနှစ်ယောက်ကို မိဘတွေနဲ့ ထားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ရောက်ပြီး လေးငါးနှစ်အကြာမှာ ကလေးတွေကို ပြန်ခေါ်ဖို့ ကြိုးစားပေမဲ့ ဦးနေဝင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မိသားစု ၁၃ နှစ်ကွဲကွာခဲ့ရပြီး ၁၉၇၅ နှစ်ကျမှ ပြန်ဆုံစည်းခဲ့ရတာပါ။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အမေရိကန်မှာလည်း ကလေးသုံးယောက် ထပ်ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒေါက်တာရှိန်ဝင်းက စစ်မှုထမ်းဟောင်း ဆေးရုံမှာ အူမကြီးခွဲစိတ်ဆရာဝန် ဖြစ်ခဲ့ပြီး ဒေါက်တာခင်ဆွေဝင်းကတော့ မေ့ဆေးဆရာဝန်ကြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၁၉၇၈ မှာ သူတို့မိသားစု ကယ်လီဖိုးနီးယားကို ရွှေ့လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၆ နာရီ၊ ၇ နာရီကြာ ကားမောင်းရတဲ့ နေရာမှာ နေပြီး ကလေးတွေနဲ့ခွဲ အလုပ်လုပ်ရတဲ့ မိခင်ဘဝကို ဒေါက်တာ ခင်ဆွေဝင်း ဖြတ်သန်းခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အမေရိကန်ရောက်ချိန်က မိသားစုပြန်ဆုံရင် ဘဝက ပြည့်စုံမယ် ထင်ခဲ့ပေမဲ့ မဖြစ်ခဲ့ဘူးလို့ ဒေါက်တာခင်ဆွေဝင်း ခေါ် ဒေါ်ဂုဏစာရီရဲ့ ရဟန်းပြုဖို့ ပိုင်းဖြတ်မှု ဘဝမှတ်တမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နှစ်တွေ အကြာကြီး ခွဲခဲ့ရလို့ သမီးကြီးမှာ ခါးသီးတဲ့ ခံစားချက် ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ ရှင်းပြပေမဲ့လည်း သူ့ကို ကလေးဘဝမှာ ဘာကြောင့် ထားခဲ့ရတယ်ဆိုတာကို သမီးဖြစ်သူက နားမလည်နိုင်ပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလိုခက်ခဲတဲ့ အချိန်မှာပဲ ဘဝဆိုတာဘာလဲ၊ ငွေရဲ့ အသုံးကျမှုက ဘာလဲ၊ ပျော်ရွှင်မှုဆိုတာ ဘာလဲ စတဲ့ မေးခွန်းတွေက ဒေါက်တာခင်ဆွေဝင်း ခေါင်းထဲ ဝင်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူတို့ ဇနီးမောင်နှံမှာ ချစ်စရာ ကလေးငါးယောက် ရှိပေမဲ့ ဘဝက ဖရိုဖရဲ ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နေ့တိုင်း အလုပ်သွားချိန်မှာ သူ ငိုရပါတယ်။ သူ့သမီးအခြေအနေကြောင့် သူစိတ်မပျော်ရွှင် ဖြစ်ရတာပါ။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့်ပဲ ဘဝရဲ့ ပျော်ရွှင်မှုနဲ့ တည်ငြိမ်မှုတွေအကြောင်း သူ့မှာ သံသယတွေ ဝင်လာရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီမိသားစုအခြေအနေတွေကြောင့် ဒေါက်တာခင်ဆွေဝင်း တရားဘက်ကို လှည့်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၁၉၇ဝ ပြည့်လွန်နှောင်းပိုင်းမှာ ကလေးငါးယောက်အမေ အိမ်ထောင်ရှင် ဆရာဝန်မဘဝနဲ့ ဒေါက်တာခင်ဆွေဝင်း တရားထိုင်တာတွေ စလုပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကယ်လီဖိုးနီးယားကို ရောက်လာတဲ့ မဟာစည် ဆရာတော်ကို သဲကန္တာရဖြတ်ပြီး ကလေးတွေနဲ့အတူ သူသွားဖူးရာက သတိပဋ္ဌာန်ကျင့်စဉ်အကြောင်း သိရှိလာပြီး တရားထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ရဲ့ ပထမတရားပြဆရာက နောင်မှာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်ရဲ့ ပထမဆုံး ပါမောက္ခချုပ် ဖြစ်လာတဲ့ ဆရာတော် ဦးသီလာနန္ဒဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "တရားထိုင်စ ပထမနှစ်တွေမှာ ငိုက်မြည်း ပျင်းရိမိပေမဲ့ နောက်ပိုင်းမှာ သူထိုင်နိုင်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "တောင်ပုလုဆရာတော်ကြီးနဲ့ ရွှေတောင်ကုန်းဆရာတော် ဦးပဏ္ဍိတတို့ ဆီမှာလည်း တရားအလုပ်ကို သူဆည်းပူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အိမ်မှာ တရားစခန်းဖွင့်ပေးပြီး ချက်ပြုတ်ကျွေးမွေး၊ တရားကျင့်ခဲ့တာ ၂ဝဝ၂ ခုနှစ် အသက် ၇ဝ အရွယ်မှာ အငြိမ်းစားယူတဲ့အထိ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ ၁၉၈၉ မှာတော့ တရားအလုပ်ကို ဒေါက်တာခင်ဆွေဝင်း အင်မတန် လေးလေးနက်နက် ဖြစ်လာပြီး တနှစ်ကို သုံးလ ရက်ရှည်တရားထိုင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီအချိန်မှာပဲ အမေရိကန်ဆရာတော် ဘိက္ခုဗောဓိရဲ့ သာမညဖလသုတ်နဲ့ ဗြဟ္မဇာလသုတ္တန်တွေအကြောင်း စာအုပ်ကို ဖတ်မိပြီး သူ ရဟန်းဝတ်ဖို့ စိတ်ပြောင်းသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဗုဒ္ဓလက်ထက်တော်က ဘိက္ခုနီခေါ် အမျိုးသမီးရဟန်းတွေရှိကြောင်း သူသိပေမဲ့ မြန်မာပြည်မှာ သူတခါမှ မကြားခဲ့ဖူးပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့် သူ ရဟန်းဝတ်မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဘယ်လိုဝတ်ရမှန်း မသိသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဗုဒ္ဓသာသနာ့ဘောင်မှာ ဆင်းရဲနိမ့်ကျတဲ့အနေနဲ့ ရှုမြင်ခံရတဲ့ သီလရှင်ဘဝကိုတော့ သူငယ်ကတည်းက အားမကျခဲ့ဘူးလို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "တရက် လော့စ်အိန်ဂျလိစ်မြို့ ဗောဓိပင် စာအုပ်ဆိုင်မှာ အမေရိကန် ဘိက္ခုနီ ကာမာ လက်ရှာ ဆိုမိုရဲ့ ဘိက္ခုနီအကြောင်း စာအုပ်ကို သူတွေ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီစာအုပ်အဖုံးမှာ မြန်မာပြည်မှာ သမီးချစ်လို့ သိကြတဲ့ နီပေါက ဒေါ်ဓမ္မဝတီရဲ့ပုံကို တင်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သီလရှင်အဝတ်ကို ဆင်မြန်းထားဆဲ ဒေါ်ဓမ္မဝတီတယောက် ဂုရုမ ဓမ္မဝတီ မဟာထေရီအမည်နဲ့ ဘိက္ခုနီဖြစ်နေတာကို တွေ့လိုက်ရလို့ ဒေါက်တာခင်ဆွေဝင်း တုန်လှုပ်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက်ပြီး ဘိက္ခုနီအသင်းတည်ထောင်ထားမှန်းလည်း ဒီစာအုပ်ကနေ သူသိလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက် ၁၃ နှစ်လုံးလုံး ဒေါက်တာခင်ဆွေဝင်းတယောက် ဘိက္ခုနီဝတ်ဖို့ သုတေသနပြုနေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကွန်ပျူတာမသုံးတတ်တော့ သူ့အတွက် ပိုခက်ခဲပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့် သူလက်လှမ်းမီတဲ့ စာအုပ်စာတမ်းတွေ ရှာဖွေ ဖတ်ရှုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက်ပြီး ဒီနှစ်ပိုင်းအတွင်း သူ့ခင်ပွန်း မမာလာပြီး အလုပ်မလုပ်နိုင်တဲ့အတွက် ကောလိပ်ကျောင်း မပြီးသေးတဲ့ အငယ်ဆုံး ကလေးသုံးယောက်အတွက် သူ ဆက် အလုပ်လုပ်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလို အလုပ်တဖက် တရားတဖက်နဲ့ နေစဉ် အတောအတွင်း ဆရာတော် ဦးသီလာနန္ဒကို သူဖတ်ထားမိသမျှ ဘိက္ခုနီအကြောင်း လျှောက်ထား မေးမြန်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဘိက္ခုနီအစဉ်အဆက် ပြတ်တောက်ခဲ့ပြီဖြစ်လို့ ပြန်ဆက်လို့ မရတော့ဘူးလို့ မြန်မာသံဃာတွေက ယုံကြည်ကြကြောင်း ဆရာတော်က မိန့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အဲဒီအချိန်မှာပဲ အရှင်အာဒိစ္စဝံသနဲ့ မင်းကွန်းဇေတဝန်ဆရာတော်တွေအကြောင်း ဒေါ်ခင်ဆွေဝင်း ဖတ်ရှုမိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မင်းကွန်းဆရာတော်ဟာ ဆဋ္ဌသင်္ဂါယနာမှာ ပုစ္ဆက(အမေး)ဆရာတော်တာဝန်ယူခဲ့တဲ့ မဟာစည်ဆရာတော်ရဲ့ ဆရာသမားဖြစ်ပြီးမိလိန္ဒပဉှာအဋ္ဌကထာပါဌ်ကို ပြုစုရေးသားခဲ့လို့ ဘိက္ခုနီသာသနာ ပြန်တည်ထောင်ရေး အားပေးတယ်ဆိုပြီး သံဃာလောကက ဝေဖန်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီဆရာတော်တွေအကြောင်း သူရှာတွေ့သမျှကို ဦးသီလာနန္ဒကို ပြသတဲ့အခါမှာတော့ ဒီအကြောင်းဖြစ်ရပ်တွေကို သူသိပေမဲ့ ဒေါက်တာခင်ဆွေဝင်း ဘိက္ခုနီ ဝတ်လိုတဲ့ ဆန္ဒကို သူမကူညီနိုင်ကြောင်း ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလိုကူညီရင် အရင်ဆရာတော်တွေလိုပဲ ဦးသီလာနန္ဒ မြန်မာသံဃာထုရဲ့ ရှုတ်ချသပိတ်မှောက်မှုတွေ ကြုံရနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီအချိန်မှာ ဘိက္ခုနီပြုဖို့ အချိန်ကောင်းမဟုတ်သေးဘူးလို့လည်း ဆရာတော်က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒေါ်ခင်ဆွေဝင်း ဘိက္ခုနီ ဝတ်သင့် မဝတ်သင့် ဆရာတော် တခွန်းမှ မမိန့်ကြားဘဲ ကာယကံရှင်ကိုယ်တိုင်ကိုပဲ ဆုံးဖြတ်စေပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဘိက္ခုနီပြုဖို့ ဥပဇ္ဈာယ်ဆရာ မရှိရင် ဘယ်လိုလုပ်မလဲလို့ ဆရာတော်က မေးတဲ့အခါမှာတော့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ သာမန်လူဝတ်ကြောင်လိုပဲ သီလခံပြီး ဝတ်မယ်လို့ ဒေါ်ခင်ဆွေဝင်းက ပြန်လျှောက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါနဲ့ သီရိလင်္ကာဆရာတော် ဦးပညာနန္ဒကို ဖုန်းဆက်ပြီး ဒကာမ ဒေါ်ခင်ဆွေဝင်းကို သာမဏေရီ ပြုပေးဖို့ ဦးသီလာနန္ဒက မိန့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီနည်းနဲ့ပဲ နောက်ကွယ်ကနေ ဦးသီလာနန္ဒက သူ့ကို ကူညီခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူဒီလို သာမဏေရီပြုတော့မယ် ဆိုတဲ့အခါမှာလည်း ဒေါ်ခင်ဆွေဝင်းနဲ့ သိတဲ့ ဘုန်းကြီးအများအပြားက ဝိုင်းပြီး တားမြစ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ထောက်ပံ့မယ့် ဒကာမရှိရင် ဆွမ်းကွမ်းမရှိဖြစ်လိမ့်မယ်၊ သီတင်းသုံးစရာ ကျောင်းမရှိ ဖြစ်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ကြသလို အနောက်တိုင်းမှာ ဘိက္ခုနီအသာထား၊ သီလရှင် ဝတ်ဖို့တောင် မလွယ်ဘူးလို့ ဒီဆရာတော်တွေက ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဝတ်ဖြူစင်ကြယ်နဲ့ နေကြည့်ပြီးမှ ဆုံးဖြတ်ဖို့လည်း သူတို့က အကြံပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ငတ်ချင်ငတ်ပါစေ၊ ရဟန်းဝတ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တဲ့ ဒေါ်ခင်ဆွေဝင်းကတော့ ဗုဒ္ဓခေတ်ကလိုပဲ အမျိုးသမီးတွေမှာလည်း ရဟန်းပြုဖို့ အခွင့်အရေးတန်းတူရှိသင့်တယ်လို့ ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၂ မှာ သာမဏေရီ မပြုခင်မှာပဲ သူ့ကို မြန်မာပြည်မှာ လေးလ ငါးလ ဆက်တိုက် တရားထိုင်သင့်တယ်လို့ ဦးသီလာနန္ဒက မိန့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါနဲ့ ၁၉၈၄ ကတည်းက အမေရိကန်မှာ တရားပြလာခဲ့တဲ့ ရွှေတောင်ကုန်းဆရာတော် ဦးပဏ္ဍိတကျောင်းမှာ တရားထိုင်ဖို့ လျှောက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "လူဝတ်ကြောင်ဖြစ်လို့ အစပိုင်းမှာ အဆင်ပြေပေမဲ့ နောက်ပိုင်းမှာ သာမဏေရီ ဖြစ်သွားပြီမို့ ဦးပဏ္ဍိတဆီ အကြောင်းကြားရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မလာဖို့ မပြောပေမဲ့ ရောက်သွားတဲ့အခါမှာ အုတ်ခဲရောင် သင်္ကန်းနဲ့ ဝင်သွားတဲ့အတွက် ဘုန်းကြီးတွေ ခြောက်ခြားကုန်လိမ့်မယ်၊ ဆရာတော့်စကား နားထောင်ပါဆိုပြီး ရွှေတောင်ကုန်းဆရာတော်က သတိပေးပန်ကြားပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့သြဝါဒအတိုင်း သင်္ကန်းနဲ့ သီလရှင်ဝတ်ကို လဲဝတ်ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီအတွက် ရင်ကျိုးပြီး ဝမ်းနည်းလှပေမဲ့ ဒေါ်ဂုဏစာရီမှာ ရွေးစရာမရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အဲဒီမှာ နှစ်လခွဲ တရားထိုင်ပြီး မြန်မာပြည်ကို ပြန်မကြွဘဲ နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ပင်စင်ယူပြီးနောက် သာသနာ့ဘောင်ဝင်ဖို့ ဒေါက်တာခင်ဆွေ၀င်း ခင်ပွန်းကို ခွင့်တောင်းတော့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၂ ခုနှစ်မှာ လော့စ်အိန်ဂျလိစ်မြို့က သီရိဝိဇယ သီရိလင်္ကာကျောင်းမှာ သာမဏေရီဘဝကို ကူးပြောင်းခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ရဲ့ တရားထိုင်သက်ကြာမြင့်မှုကြောင့် ၂ နှစ်လည်တဲ့အထိ မစောင့်ဘဲ ရဟန်းပြုသင့်ကြောင်း ဆရာတော်များ ဆုံးဖြတ်ခဲ့လို့ ၂၀၀၃ ခုနှစ် ဖေဖော်၀ါရီလ ၂၈ ရက်မှာ သီရိလင်္ကာနိုင်ငံမှာ အမရပူရဂိုဏ်းက သာသနာပိုင် ဆရာတော် ဓမ္မလောက နာယကထေရ်ကို ဥပ္ပဇ္စျာယ်ပြုပြီး သူနဲ့ ဒေါ်သစ္စဝါဒီတို့ ရဟန်းဖြစ်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့အတွက် ဘိက္ခုနီဘ၀ ကူးပြောင်းတာထက် သာမဏေရီ၀တ်ရတာ ပိုထူးခြားတုန်လှုပ်မိတယ်လို့ ဒေါ်ဂုဏစာရီက နောက်ပိုင်းမှာ ပြန်ပြောင်း အမှတ်ရ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ဦးခေါင်းပေါ် သင်တုန်းဓားတချက်ကျပြီး ဆံပင်တွေ ရှင်းသွားတိုင်း ရင်မှာ အေးမြခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလို ရဟန်းဘဝကို ရောက်ခဲ့ပေမဲ့ ပန်းခင်းတဲ့လမ်းကို သူလျှောက်ခဲ့ရတာ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ရဲ့ ပထမနှစ် ဘိက္ခုနီ ရဟန်းမဘ၀မှာ သီရိလင်္ကာမှာပဲ ပါဠိစာပေ သင်ကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၄ မှာ ဗြိတိန်နိုင်ငံ ဘာမင်ဟမ်က ဆရာတော် ဦးရေ၀တဆီမှာ အဘိဓမ္မာစာပေ သင်ကြားဖို့ သူ ကြံရွယ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "လေယာဥ်လက်မှတ် ၀ယ်ပြီးမှ ဆရာတော် ပျံတော်မူသွားလို့ မသင်လိုက်ရဘဲ ဖြစ်ခဲ့သလို သူ့ကျောင်းရောက်တဲ့အခါမှာလည်း ဘိက္ခုနီ ဖြစ်နေလို့ ဆိုပြီး သီတင်းသုံး စာ၀ါလိုက်ခွင့်မရ ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကျောင်းဂေါပကအဖွဲ့က ဘိက္ခုနီလက်ခံလို့ မသင့်တော်ဘူး ဆုံးဖြတ်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဗြိတိန်မှာ သီတင်းသုံးစရာ ကျောင်း မရှိ သောင်တင်နေတဲ့ ဒေါ်ဂုဏစာရီ ၀ါကပ်ဖို့အတွက် သူ့မိတ်ဆွေ ဒေါက်တာ လီယိုကျော်သင်းက ကျောင်းရှာပေးရာမှာ ကံကောင်းစွာနဲ့ပဲ ဝေါရစ်မြို့က အင်္ဂလိပ် ဆရာတော် အရှင်ခေမာဓမ္မရဲ့ သစ်တောကျောင်းမှာ ၀ါဆိုခွင့် ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၄ ကနေ ၂၀၀၇ အတွင်း သနားစာနာတတ်တဲ့ မြန်မာ ဆရာတော်တချို့က ဒေါ်ဂုဏစာရီကို ပါဠိနဲ့ ၀ိနည်းကို တိုးတိုးတိတ်တိတ် သင်ပေးကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကယ်လီဖိုးနီးယားက အနောက်ပိုင်း တက္ကသိုလ်မှာလည်း သီရိလင်္ကာ ပါမောက္ခဆီကနေ ပါဠိစာပေ သင်ယူခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလို သင်ပြပေးကြပေမဲ့ အမြဲသီတင်းသုံးစရာ ကျောင်းအတည်တကျမရှိလို့ ကျောင်းတွေ ရွှေ့သီတင်းသုံးရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ရဟန်းဘဝနဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းက သန္တိသစ္စာ ဝိပဿနာစင်တာမှာ တရားစခန်းဖွင့်တာ၊ လူငယ် ဓမ္မသင်တန်းတွေဖွင့်တာတွေကို ဒေါ်ဂုဏစာရီ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီအတွက် ၂၀၀၆ ခုနှစ် ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဒေါ်ဂုဏစာရီကို ထင်ရှားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးဆု ချီးမြှင့်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၇ မှာတော့ တိဘက်ရဟန်းမင်းကြီး ဒလိုင်လားမားရဲ့ ဖိတ်ခေါ်မှုနဲ့ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ ပထမဆုံး ဗုဒ္ဓဘာသာအမျိုးသမီး ကွန်ဂရက်မှာ သူတက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "၂၀၀၈ ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားက မဟာပဇာပတိကျောင်းမှာ ဒေါ်ဂုဏစာရီ အခြေကျခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ကျောင်းသစ် တည်ထောင်ရတာဖြစ်လို့ စိန်ခေါ်မှုတွေ များသလို လာသီတင်းသုံးမယ့် ဘိက္ခုနီကလည်း အမေရိကန်မှာ ရှာရခက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့် ရဟန်းပြုပြီးသား အမျိုးသမီးတွေကို ရှာဖွေတာအပြင် ရဟန်းဘဝကို စူးစမ်းလေ့လာလိုသူတွေကိုလည်း ဒေါ်ဂုဏစာရီက ကူညီလမ်းပြပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒီလို ခက်ခက်ခဲခဲ ပျိုးထောင် လေ့ကျင့်ပေးပြီးနောက် ဘိက္ခုနီ တပါးစ နှစ်ပါးစ ရလာသလို သာမဏေရီနဲ့ အနာဂါရိကခေါ် သီလရှင်တချို့ သူ့ကျောင်းမှာ ရှိလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "တခြားကျောင်းတွေက ဘိက္ခုနီတွေ ရဟန်းခံပွဲတွေမှာလည်း ကမ္မဝါဖတ်တာ၊ ရဟန်းလောင်း စိစစ်တာ စတဲ့ ကိစ္စတွေမှာ သူကူညီပေးသလို ဥပ္ပဇ္စျာယ်အဖြစ်လည်း ဆောင်ရွက်ပေးခဲ့ပြီး ဒီလိုကူညီပေးရတဲ့အတွက် သူအင်မတန် ဝမ်းမြောက်ကြောင်း ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "လော့စ်အိန်ဂျလိစ် နယ်မြေထဲက ဘိက္ခုနီ လေးပါး ငါးပါးလောက်က သူ့ကို ပါဠိနဲ့ ဝိနည်းအကြောင်း သင်ကြားပေးကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ကို သနားကရုဏာနဲ့ သင်ပြပေးကြပေမဲ့ နှစ်ပေါင်းများစွာကြာမှ သူ့ကို ဘိက္ခုနီအဖြစ် သူ့ထက် ဝါကြီးသူတွေက လက်ခံလာကြတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့ရဲ့ ဆရာရင်း ရွှေတောင်ကုန်းဆရာတော်ကိုယ်တိုင် သူ့ကို ဘိက္ခုနီအဖြစ် အသိအမှတ်ပြုဖို့ ကိုးနှစ် ကြာခဲ့ကြောင်း ဒေါ်ဂုဏစာရီက အမှတ်တရ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဘိက္ခုနီသမိုင်းကို လေ့လာခဲ့သလို ဘိက္ခုနီ ရဟန်းမပြုခွင့်နဲ့ ပတ်သက်ပြီး စာအုပ်ငယ်သုံးအုပ်ကိုလည်း မြန်မာဘာသာကို ပြန်ဆိုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ရဟန်းပြုချင်တဲ့ အမျိုးသမီးများ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြုကြဖို့လည်း ဒေါ်ဂုဏစာရီက အကြံပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "မိသားစုတာဝန်တွေကနေ ရုန်းထွက်ချင်လို့၊ သင်္ကန်းဝတ်ချင်လို့၊ သူများ အကန်တော့ခံချင်ရုံ သက်သက်နဲ့ ဘုန်းကြီးမဝတ်ကြဖို့လည်း သူက သတိပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက်ပြီး ဘိက္ခုနီဘဝဟာ တရားထိုင်ရုံသက်သက် ယောဂီဘဝလိုမဟုတ်ဘဲ တခြား ဘိက္ခုတွေ ဘိက္ခုနီတွေနဲ့ သံဃာ့ကိစ္စတွေအတွက် ဆက်ဆံပတ်သက်မှု ရှိရကြောင်း ဒေါ်ဂုဏစာရီက မိန့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့် ကထိန်ပွဲ၊ ညောင်ရေသွန်းပွဲ၊ ပဋ္ဌာန်းရွတ်ပွဲ စတဲ့ ဗုဒ္ဓဘာသာ ဝေယျာ၀စ္စကိစ္စတွေမှာ ဘိက္ခုနီ ရဟန်းမတွေလည်း ပါဝင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "နောက်ပြီး လူဝတ်ကြောင်တွေရဲ့ သာမှုနာမှုကိစ္စတွေမှာလည်း သံဃာ့တာဝန်တွေ ဖြည့်ဆည်းပေးရသလို တရားဓမ္မတွေနဲ့ သွန်သင်ဆုံးမရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ဒါကြောင့် ဘုန်းကြီးကျောင်းတွေကို လှည့်ပတ်လေ့လာပြီးမှ ကိုယ် ဘာကြောင့် ရဟန်းပြုချင်သလဲ ပြန်မေးပြီး စဉ်းစားဆုံးဖြတ်ဖို့ မြန်မာဘိက္ခုနီကြီးက အမှာရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "အချိန်တိုတိုနဲ့ ဆုံးဖြတ်ပြီး ရဟန်းပြုလိုက်ရင် အဆင်မပြေတာတွေ ရှိလာတတ်တယ်လို့လည်း ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "လူတိုင်းဟာ ရဟန်းဘဝနဲ့ သင့်တော်တာ မဟုတ်ဘဲ တချို့က လူဝတ်ကြောင်နဲ့ နေမှ အဆင်ပြေတာ ရှိလို့ ရဟန်းမပြုခင်မှာ အနာဂါရိကနဲ့ သာမဏေရီဘဝတွေကို အချိန်ယူဖြတ်သန်းဖို့ လိုတယ်လို့လည်း ကယ်လီဖိုးနီးယားက မြန်မာဘိက္ခုနီက မိန့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "သူ့အနေနဲ့ အသက်ကြီးမှ ရဟန်းပြုရတာဖြစ်လို့ အဆင်မပြေတာ၊ ပြုပြင်ရခက်တာတွေ ရှိပေမဲ့ လူဝတ်ကြောင်ဘဝဟာ သူနဲ့မသက်ဆိုင်မှန်း သိလို့ ရဟန်းဘဝကို ကူးပြောင်းခဲ့ကြောင်း သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/clezewjw9wjo" }, { "text": "ခေတ်သစ်အိုလံပစ်အားကစားပွဲတော်ကို ၁၈၉၆ မှာ စတင်ဆင်နွှဲခဲ့စဥ်က ဆုကြေးစားအားကစားသမားတွေ ပါဝင်ခွင့်ပြုတာ၊ ဆုကြေးပေးတာ စတာမျိုးတွေမရှိဘဲ အပျော်တမ်းအားကစားသမားတွေ သက်သက်ကိုသာ ယှဥ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ ပဲရစ် အိုလံပစ်မှာတော့ ပါဝင်ဆင်နွှဲကြတဲ့ အားကစားသမားတွေထဲ တစ်နှစ်ကို ဒေါ်လာ သန်းများစွာရတဲ့ မီလျံနာ အားကစားသမားတွေကနေ အားကစားပွဲတော်ကို လာပြိုင်နိုင်ဖို့အတွက် အနိုင်နိုင်ရုန်းကန်ခဲ့ကြရတဲ့ အားကစားသမားတွေ အထိ ပါဝင် တာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အိုလံပစ်အားကစားသမားတွေအနေနဲ့ ဝင်ငွေရလမ်းက အမျိုးမျိုးရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အဲဒါတွေကတော့ အားကစားလေ့ကျင့်မှု၊ ပြိုင်ဆိုင်မှုအတွက် ကုန်ကျစရိတ်ကို ပုဂ္ဂလိကဆိုင်ရာ အဖွဲ့တွေ၊ ကုမ္ပဏီတွေဘက်ကစပွန်ဆာပေးတာတွေ၊ သက်ဆိုင်ရာနိုင်ငံတွေက ထောက်ပံ့တာတွေပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါတွေအပြင် အခုအိုလံပစ်မှာ ဆုကြေးငွေပေးတော့ အဲဒါကလည်း ဝင်ငွေရလမ်းတခု ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ အိုလံပစ်ပွဲတော်မှာ ယှဥ်ပြိုင်ကြတဲ့ အားကစားတိုင်းအတွက်ဆုကြေးသတ်မှတ်တာမဟုတ်တော့ပွဲတော်ကနေ ဘယ်အားကစားကဖြင့် ဆုကြေးရစေ၊ ဘယ်သူတွေက မရနိုင်ဆိုပြီး ရှိလာတဲ့အပေါ် အငြင်းအခုံ ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ပဲရစ် ၂၀၂၄ အိုလံပစ်မှာ အားကစား အမျိုးအစားပေါင်း ၃၂ မျိုးရှိတဲ့အနက် ဆုကြေးပေးတဲ့ အားကစားက ၂ မျိုးထဲသာပါ၊ ပြေးခုန်ပစ်နဲ့ လက်ဝှေ့ပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အဲဒီ အားကစား ၂ မျိုးစလုံးမှာ ငွေနဲ့ ကြေး တံဆိပ်ဆွတ်ခူးမယ့်သူတွေ အတွက် လည်း ဆုကြေးတွေ သတ်မှတ်ထားပြီး ပမာဏက ရွှေရသူထက် နည်းပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "လက်ဝှေ့ မှာ ပဥ္စမ အဆင့် ရတဲ့ အားကစားသမားအတွက်လည်း ဆုကြေး ချီးမြှင့် မှာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဆုကြေးငွေတွေက နိုင်ငံတကာ အိုလံပစ်ကော်မတီ ဆီက လာတာမဟုတ်ပါဘူး၊ သက်ဆိုင်ရာ နိုင်ငံတကာ အားကစား အဖွဲ့ချုပ်တွေက ပေးတာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အရင်တုန်းကတော့ ဒီအိုလံပစ်ဝင်ငွေကို ကမ္ဘာ့အားကစားလောကတိုးတက်စေရေးအတွက် သုံးကြတာဖြစ်ပြီး အခုလို ဆုကြေးအဖြစ် သုံးလာကြတဲ့အပေါ် မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားလို့ အများက အမေးထုတ်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ပြေးခုန်ပစ်မှာ ရွှေတံဆိပ်ရနိုင်တဲ့ သူတွေက အရင်ကတည်းက စပွန်ဆာတွေ အများကြီး ရထားတဲ့သူတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ တပုံကြီး ရထားတဲ့ သူတွေပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": " ‌ဝေဖန်ရမယ်ဆိုရင် ဒီငွေတွေကို ဟိုးထိပ်ဆုံးက အောင်မြင်ပြီးသား အားကစား သမားတွေအတွက် ပေးမယ့်အစား အားကစားသမားတွေကို မြေတောင်မြှောက်ပေးဖို့၊ လူငယ်အားကစားသမားတွေအတွက် ပံ့ပိုးဖို့ စတဲ့နေရာတွေမှာ ပိုအသုံးချသင့် တာပေါ့။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": " ဒါပေမဲ့ အိုလံပစ် ချန်ပီယံဖြစ်တာတောင် ဆုကြေးငွေ လိုအပ်နေတဲ့သူတွေလည်း ရှိပါတယ်၊ ဘာလို့လဲ ဆိုတော့ တချို့က အရင်ကတည်းက ဘဏ္ဍာရေး အခြေအနေ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "သူ့ အားကစားမယ် သက်တမ်း ကာလအတွင်း အိုလံပစ် ရွှေတံဆိပ် ၄ ခု၊ ‌ငွေတံဆိပ် ၂ ခု ရခဲ့တဲ့ ဆိုဗီယက်ဂျွမ်းဘားမယ်အော်ဂါ ကောဘတ် ဆိုရင် သူ့ရဲ့ ဆုတံဆိပ် ၃ ခုကို ၂၀၁၇ ခုနှစ်က ဒေါ်လာ ၃၃၃,၅၀၀ နဲ့ ရောင်းခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အိုလံပစ် လက်‌ဝှေ့ အတွက်ပေးတဲ့ ဆုကြေးငွေက ဘယ်ကရသလဲဆိုတာက သိပ်မရှင်းလင်းလှပါဘူး။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အိုလံပစ်မှာ ဆုတံဆိပ်ရလို့ ဝင်ငွေရတဲ့ တခြားနည်းလမ်းတွေလည်း အများအပြားပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အားကစားသမား အများအပြားဟာ အောင်ပွဲရတဲ့အတွက် သူတို့ သက်ဆိုင်ရာနိုင်ငံတွေက ဆုကြေးချီးမြှင့်တာကို ရကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "စင်ကာပူက ချီးမြှင့်တာ အများဆုံးလို့ ဆိုကြပါတယ်၊ ပဲရစ်အိုလံပစ် ချန်ပီယံဆိုရင် ဒေါ်လာ ၇၅၀၀၀၀ ဆုကြေးပေးမှာပါ (ဒါဟာ စင်ကာပူ ဒေါ်လာ တသန်း နီးပါး လောက် ရှိပါတယ်)။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အိမ်ရှင် ပြင်သစ်ကတော့ သူတို့ ချန်ပီယံကို (အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ၈၇၀၀၀ ရှိတဲ့) ယူရိုငွေ ၈၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး မော်ရိုကိုကတော့ သူတို့ ချန်ပီယံကို ဒေါ်လာ ၂၀၀၀၀၀ ပေးမှာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အဲဒါတွေက အမေရိကန် ထက်များပါတယ်၊ သူ့ရဲ့ ရွှေ စီမံချက် အစီအစဥ်က ချန်ပီယံဆု ရသူကို ဒေါ်လာ ၃၇,၅၀၀ ပေးမှာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဗြိတိန်အပါအဝင် တခြားနိုင်ငံတွေကတော့ ဘာ ဆုကြေး မပေးပါဘူး။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ ဗြိတိန်ဟာ အိုလံပစ် ရွှေတံဆိပ် ရနိုင်ခြေရှိတဲ့ အားကစားသမား တယောက် ကို ဒီပွဲတော်ကို လာပြိုင်နိုင်ဖို့ လေ့ကျင့်စဥ်မှာတနှစ်ကို စတာလင်ပေါင် ၂၈၀၀၀ ထောက်ပံ့ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ ဒီဆုကြေးငွေပမာဏတွေဟာ ကမ္ဘာ့ နာမည်အကျော်ဆုံး အားကစားသမား တွေရဲ့ ဝင်ငွေနဲ့ နှိုင်းစာရင် ပြောပလောက်စရာ ဘာမှ မရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဥပမာ အမေရိကန် ဘက်စကက်ဘော အသင်းက ကစားသမားတွေလို ဝင်ငွေ အများကြီး ရှိတဲ့သူတွေကနေ အားကစားလုပ်နိုင်ဖို့ အချိန်ပိုင်း အလုပ်လုပ်ကြ ရတဲ့ အားကစားသမားတွေအထိ ပါဝင်ပါတယ် လို့ ဒေါက်တာ ဘက်ဆန်က ပြောပါ တယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒုတိယ ဝင်ငွေအများဆုံး အိုလံပစ်အားကစားသမား ကတော့ အမေရိကန် စတား ဘက်စကက်ဘောသမား လက်ဘရွန် ဂျိမ်းစ်ဖြစ်ပြီး သူဟာ ဒေါ်လာ ၁၂၈ သန်း ဝင်ငွေ ရထားပြီးပြီလို့ ခန့်မှန်းကြ ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဂေါက်သီးနဲ့ ဘက်စကက်ဘောမှာ နိုင်ငံတကာ အဆင့်ရှိသူတွေဖြစ်တဲ့ ရမ်နဲ့ ဂျိမ်းစ်လို လူတွေအဖို့ အိုလံပစ်မှာ ရတဲ့ငွေက သူတို့အတွက် ဘာမှ မထူးခြားလှပါဘူး။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ နာမည်မကြီးသေးတဲ့ အားကစားသမားတွေအဖို့ ဆုတံဆိပ်ဆွတ်ခူးနိုင်တာဟာ သူတို့ ဝင်‌ငွေတိုးလာစေဖို့ အတွက် လိုအပ်တဲ့ အရာတခုပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "သူတို့ ဆုပေးစင်မြင့်ပေါ် တက်ရောက်နိုင်မယ်ဆိုရင် သူတို့ကို စပွန်ဆာလုပ်သူက ဘယ်လောက် ချီးမြှင့်မယ်ဆိုတဲ့ ကတိကဝတ်တွေ သူတို့ရထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "လူတွေက အားကစားသမားတွေကို ကြည့်ရင် အမေရိကန်အားကစားသမား တွေလို၊ ဥရောပ ‌ဘောလုံးအသင်းတွေမှာ ကစားကြတဲ့ ကမ္ဘာ့အဆင့် ဘောလုံး သမားတွေလို တပတ် တပတ်ကို ဒေါ်လာ ၁၀၀၀၀၀၊ ၂၀၀၀၀၀ ရနေကြတဲ့သူတွေလို့ ထင်ကြတယ်၊ တကယ်က အဲဒီလို မဟုတ်ပါဘူး လို့ ဒေါက်တာ ဘက်ဆန်က ပြော ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဖူလုံလောက်ငှဖို့ ရုန်းကန်နေကြရတဲ့ အားကစားသမားတွေ အများကြီးပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က သြစတြေးလျမှာလုပ်တဲ့ သုတေသနတခုဆိုရင် ၂၀၃၂ အိုလံပစ်မှာ ဝင်ပြိုင်ဖို့ လေ့ကျင့်နေကြတဲ့ အားကစားသမားတွေရဲ့ ၄၀ ရာခိုင်နှုန်း ဟာ အချိန်ပိုင်း ဒါမှမဟုတ် အချိန်ပြည့် အလုပ်လုပ်ကြရတဲ့သူတွေဖြစ်တယ်ဆိုတာကို တွေ့ရှိထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ကမ္ဘာ့အချမ်းသာဆုံးအားကစားသမား စတားတွေ ရှိရာ အမေရိကန်မှာတောင် အိုလံပစ်ပွဲတော်ဝင် အားကစားသမား အများအပြားဟာ ရုန်းကန်နေရတာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အမေရိကန် အိုလံပစ် နဲ့ ပါရာလံပစ်ကော်မတီရဲ့ မကြာခင်က လုပ်တဲ့ ဆန်းစစ်မှုအရ လက်ရှိ သူတို့ အိုလံပစ်အားကစားသမားတွေရဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ဟာ တနှစ်ကို ဒေါ်လာ ၁၅၀၀၀ အောက် ဝင်ငွေကိုသာရကြတဲ့သူတွေပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "အိုလံပစ်ကော်မီတီ ရန်ပုံငွေကို ဆုရတဲ့ ထိပ်တန်းအားကစားသမားတွေကို ပေးတာက အကျိုးရှိမှုများပါရဲ့လား ဆိုတဲ့အပေါ် အငြင်းအခုံဖြစ်တာက ပိုပြင်းလာနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါအပြင် ဆုကြေးငွေပေးတာကိုလည်း ပြေးခုန်ပစ်နဲ့ လက်‌ဝှေ့အားကစားတွေ အပြင် တခြားအားကစားတွေမှာ ပိုပြီး ချဲ့ထွင် လာနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဆုကြေးငွေ ပိုပြီး ချီးမြှင့်ပေးဖို့အတွက် အိုလံပစ်ကော်မတီဆီကို ဖိအားတွေ ပိုပြီး ရောက်လာနိုင်ပါတယ် လို့ ဒေါက်တာ ဘက်ဆန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ မီဒီယာမှာ ဖော်ပြမှု နှိုင်းယှဥ်ချက်အရ နည်းပါးတဲ့ အားကစားတွေအဖို့ ဝင်ငွေက နည်းမှာဖြစ်တဲ့အတွက် ပြဿနာက ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ပြေးခုန်ပစ်နဲ့ လက်ဝှေ့ကို ကမ္ဘာမှာ လူကြိုက်ပိုများကြပါတယ် လို့ ဒေါက်တာ ဘက်ဆန်က ပြောပြီး ဒီအားကစား နှစ်ခုက ဘဏ္ဍာရေးထောက်ပံ့မှုအတွက် စပွန်ဆာ ရတာ ပိုလွယ်တယ် လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "တခြား အားကစားတွေ ဥပမာ - ကနူးလှေပြိုင်ပွဲဆိုပါတော့၊ အဲဒီအားကစား သမားတွေကို ဆုကြေးပေးဖို့ ဆိုရင် (အိုလံပစ်ကော်မတီအဖို့) သိပ် မလွယ်လှဘူး။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဘာပဲဖြစ်စေ အနည်းဆုံးတော့ ပဲရစ် ၂၀၂၄ အိုလံပစ်မှာ အောင်ပွဲရရင် ရွှေတံဆိပ်ဆု ရမှာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒီနှစ် ရွှေတံဆိပ်က ငွေသား ၅၀၅ ဂရမ်နဲ့ ရွှေသား ၆ ဂရမ် ပါပါတယ် (၁၉၁၂ နောက်ပိုင်း ကတည်းက ရွှေသား အတိပြီးတဲ့ ရွှေတံဆိပ်ဆိုတာ မရှိတော့ပါဘူး)၊ ဆိုတော့ တန်ဖိုးက ဒေါ်လာ ၉၅၀ ပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒါပေမဲ့ ပဲရစ် အိုလံပစ် ချန်ပီယံတွေအဖို့ ‌အောင်ပွဲကို ရယူလိုက်နိုင်တဲ့ အဖြစ်က အဖိုး မဖြတ်နိုင်တဲ့အရာလို့ မှတ်ယူကြမှာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ရဝမ်ဒါနိုင်ငံမှာ မားဘာ့ဂ် ဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ကူးစက်မြန်တဲ့ ဒီရောဂါဟာ အီဘိုလာ ရောဂါနဲ့ လက္ခဏာချင်း ဆင်တူပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ကိုယ်ပူ၊ ကိုယ်လက်ကိုက်ခဲ၊ ဝမ်းပျက်၊ အော့အန်၊ စတဲ့ လက္ခဏာတွေအပြင် တချို့ဆိုရင် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒီဗိုင်းရပ်စ်ပိုးကြောင့် လူ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး အားလုံးနီးပါးလောက်ဟာ အာဖရိကဒေသက ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "၁၉၆၇ ခုနှစ်မှာ ဂျာမနီနိုင်ငံ မားဘာ့ဂ်မြို့၊ ဖရန့်ဖာ့တ်မြို့တွေနဲ့ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွေမှာ လူ ၃၁ ဦး ရောဂါကူးစက်ခံခဲ့ရပြီး ၇ ဦး သေဆုံးခဲ့ချိန်မှာ ဒီရောဂါပိုးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒီရောဂါဖြစ်ပွားမှုဟာ ယူဂန်ဒါနိုင်ငံက တင်ပို့တဲ့ အာဖရိက အမွှေးစိမ်းမျောက်တွေဆီကနေ လာတာကို ခြေရာခံ တွေ့ခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒါပေမဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ တခြားတိရစ္ဆာန်တွေနဲ့လည်း ဆက်နွှယ်မှု ရှိတယ်ဆိုတာကို လေ့လာသိခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "လင်းနို့ အများအပြား ကျက်စားရာ လိုဏ်ဂူတွေနဲ့ မိုင်းတွင်းတွေထဲမှာ အချိန်ကြာကြာ နေလေ့ရှိတဲ့ လူတွေမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှု များတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "လတ်တလောနှစ်ပိုင်းတွေအတွင်း မားဘာ့ဂ် ရောဂါပိုး ကူးစက်မှုဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ ၂၀၀၅ ခုနှစ်တုန်းက အန်ဂိုလာနိုင်ငံမှာ မားဘာ့ဂ် ရောဂါကူးစက် ဖြစ်ပွားမှုအတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒါပေမဲ့လည်း ကမ္ဘာပေါ်က ကျန်တဲ့ နေရာဒေသတွေမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း မားဘာ့ဂ် ရောဂါပိုးကြောင့် လူနှစ်ဦးပဲ သေဆုံးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "တစ်ဦးက ဥရောပဒေသက ဖြစ်ပြီး ကျန်တဲ့ တစ်ဦးကတော့ အမေရိကန်နိုင်ငံက ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "သူတို့နှစ်ဦးစလုံးဟာ ယူဂန်ဒါနိုင်ငံက လိုဏ်ဂူတွေထဲမှာ လေ့လာရေးခရီး သွားခဲ့ကြသူတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ရဝမ်ဒါနိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းလောက်မှာ အတည်ပြုသိခဲ့တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒါဟာ ရဝမ်ဒါနိုင်ငံမှာ ဒီရောဂါပိုး ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပြီး ရောဂါပိုး စတင်တဲ့ အရင်းအမြစ်ကိုတော့ မတွေ့ရသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ရဝမ်ဒါနိုင်ငံရဲ့ အိမ်နီးချင်း ယူဂန်ဒါနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေတုန်းက မားဘာ့ဂ် ရောဂါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "အခုအခါ ရောဂါဖြစ်ပွားသူအဖြစ် အတည်ပြုထားသူတွေနဲ့ ထိတွေ့ခဲ့သူ ၃၀၀ လောက်ကို ရဝမ်ဒါနိုင်ငံမှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ရောဂါရှိနေတယ်လို့ ဆေးစစ် သိထားရသူတွေထဲက တချို့ဟာ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "အဲဒီကနေ ဆက်ပြီး လူအတော်များများဟာ ခန္ဓာကိုယ်အစိပ်အပိုင်းတချို့ကနေ သွေးတွေ ထွက်လာတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "တချို့က သွေးထွက်လွန်တဲ့အတွက် နေမကောင်း စဖြစ်တဲ့အချိန်ကနေ ၈ ရက်၊ ၉ ရက်လောက် အကြာမှာ အသက်ဆုံးရတတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "မားဘာ့ဂ် ရောဂါ စမ်းသပ် ကုသမှုတွေ စလုပ်နေပြီ ဖြစ်ပေမဲ့လည်း ရောဂါကုသနည်း ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးပါဘူး။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဆေးရုံတက်ကုသနေတဲ့ လူနာတွေကို ခန္ဓာကိုယ်ထဲ အရည်တွေ အများကြီး သွင်းပေးတာမျိုး၊ ကုန်ခမ်းသွားတဲ့ သွေးတွေအတွက် သွေးအစားထိုး သွင်းပေးတာမျိုးတွေ လုပ်ပြီး ရောဂါလက္ခဏာတွေ သက်သာလာအောင် ဆရာဝန်တွေက ကုသပေးနိုင်ဖွယ် ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "အာဖရိကမှာ နေထိုင်နေသူတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကိုင်တွယ်၊ ခုတ်ထစ်၊ စားသောက်တာမျိုး ရှောင်ကျဉ်သင့်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ ဂါဗီ က ညွှန်ကြားထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "မားဘာ့ဂ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အမျိုးသားတွေအနေနဲ့ ရောဂါလက္ခဏာ စဖြစ်ခဲ့အပြီး တစ်နှစ်လောက် ကြာတဲ့အထိ ဒါမှမဟုတ် သူတို့ရဲ့ သုတ်ရည်ထဲမှာ ဗိုင်းရပ်စ်ပိုး မရှိကြောင်း နှစ်ခါ ဆေးစစ်ပြီးတဲ့အချိန်အထိ ကွန်ဒုံး သုံးသင့်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "မားဘာ့ဂ် ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းကို မြှုပ်နှံသူတွေအနေနဲ့လည်း အလောင်းကို ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ကမ္ဘာတလွှား စီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေတွေ ထားဖို့ စိတ်ချရာ နေရာကို ရှာနေချိန်မှာပဲ ရွှေစျေး ဒေါ်လာ လေးထောင်ကျော် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "၁၉၇၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း ရွှေစျေး အမြင့်ဆုံး ပြန်တက်လာတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အမေရိကန် သမ္မတ ထရမ့်က သွင်းကုန်ခွန်တိုးဖို့ ကြေညာလိုက်ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေး အဆင်မပြေဖြစ်ခဲ့တဲ့ ဧပြီလကစပြီး ရွှေစျေးက သုံးပုံတပုံ တက်သွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အမေရိကန်မှာ အစိုးရ ယန္တရား ရပ်ဆိုင်းနေတာ ဒုတိယပတ်ထဲ ဝင်လာနေလို့ အရေးကြီးတဲ့ စီးပွားရေး အချက်အလက်တွေကို ထုတ်ပြန်ဖို့ နှောင့်နှေးနေတာကလည်း ရင်းနှီးမြှုပ်နှံသူတွေကို ပူပန်စေတဲ့ နောက်တချက်ဖြစ်ကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ရွှေကို စီးပွားရေးကျပြီး စျေးကွက် မတည်ငြိမ်တဲ့အခါတွေမှာ တန်ဖိုးမကျဘဲ ထိန်းထားနိုင်တဲ့အပြင် တန်ဖိုးတောင် တက်နိုင်တဲ့ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒီအချိန်မှာပဲ ဉာဏ်ရည်တု နည်းပညာ ကုမ္ပဏီတွေရဲ့ တန်ဖိုးက အလွန်အကျွံ မြင့်မားခဲ့ပုံရလို့ ငွေကြေးစျေးကွက် အကြီးအကျယ် ပြန်ကျလာနိုင်ခြေ ရှိတယ်ဆိုပြီး အင်္ဂလန်ဘဏ်က သတိပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "နည်းပညာ ကုမ္ပဏီတွေ အားပြိုင်ပွဲကနေ အမြတ်ရဖို့ ရင်းနှီးမြှုပ်နှံသူတွေ ကြိုးစားနေချိန်မှာပဲ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပက ရှယ်ယာစျေးကွက်တွေမှာ မကြာခင်က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒီစျေးကွက်ညွှန်းကိန်းတွေမှာ ၁၀ ရာခိုင်နှုန်းကျော် ကျတာကို အကြီးအကျယ် ပြန်ကျမှုလို့ သတ်မှတ်တာပါ။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အာရှမှာ ဗုဒ္ဓဟူးနေ့ နေ့ခင်းက တကယ့်စျေးကွက် ရွှေပေါက်စျေးက ၄၀၃၆ ဒေါ်လာထိ တက်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ အမေရိကန်မှာ အစိုးရအသုံးစရိတ်နဲ့ပတ်သက်လို့ အကြိမ်ကြိမ် ပိတ်ဆို့ခံခဲ့ရအပြီး အမေရိကန် အစိုးရ ယန္တရားရပ်နေမှုကလည်း ရွှေစျေးကို တက်စေတဲ့ အကြောင်း ဖြစ်တယ်လို့ စင်္ကာပူ အခြေစိုက် ဘဏ်တိုးနှုန်း ကျွမ်းကျင်သူ အိုစီဘီစီဘဏ်က ခရစ္စတိုဖာ ဝေါင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အရင် အမေရိကန် အစိုးရ ယန္တရား ရပ်တန့်ချိန်တွေတုန်းကလည်း ရင်းနှီးမြှုပ်နှံသူတွေက ရွှေလို စိတ်ချရတဲ့ ပစ္စည်းတွေဘက် လှည့်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ထရမ့်အစိုးရ ပထမသက်တမ်းတုန်းကလည်း တလကြာ အစိုးရ ယန္တရား ရပ်နေချိန်မှာ ရွှေစျေးက ၄ ရာခိုင်နှုန်းလောက် တက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒါပေမဲ့ ယန္တရားရပ်တာက ရင်းနှီးမြှုပ်နှံသူတွေ ထင်တာထက် ပိုပြီးမြန်မြန် ပြီးသွားခဲ့ရင် ရွှေစျေးတွေ ပြန်ကျနိုင်ကြောင်း မစ္စတာ ဝေါင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အရင်လက ရွှေစျေး မထင်မှတ်ဘဲ တက်သွားခဲ့တာဟာ သုံးသပ်သူတွေ မှန်းတာကို ကျော်သွားကြောင်း ယူအိုဘီဘဏ်ရဲ့ စျေးကွက်ဗျူဟာ အကြီးအကဲ ဟန်ကွန်းဟောင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အမေရိကန်ဒေါ်လာ မခိုင်မာမှုနဲ့ လက်လီ ရင်းနှီးမြှုပ်နှံသူတွေလို့ ခေါ်တဲ့ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဝယ်ယူသူတွေက ရွှေကို ပိုဝယ်လာတာတွေနဲ့ ဒီစျေးတက်မှုက တွဲစပ်နေတယ်လို့လည်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "လက်ရှိ ရွှေစျေးတက်မှုက ရေတို မရေမရာ ဖြစ်မှုတွေကြောင့် ဖြစ်ပေမယ့်လည် အမေရိကန်ငွေတိုက်နဲ့ ဒေါ်လာကို မှီခိုလွန်းတာကို လျှော့ချဖို့ ဗဟိုဘဏ်တွေက ရွှေတွေ ဝယ်နေတာကြောင့်လည်း ရွှေက အားကောင်းလာတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "၂၀၂၂ က စပြီး ဗဟိုဘဏ်တွေကနေ စုစုပေါင်းအနေနဲ့ဆိုရင် ရွှေတန် တထောင်ကျော် နှစ်စဉ် ဝယ်ယူခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "၂၀၁၀ နဲ့ ၂၀၂၁ ကြားတုန်းကတော့ တနှစ်ကို ပျမ်းမျှ ၄၈၁ တန်လောက်ပဲ ဝယ်ခဲ့ကြတာပါ။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "မနှစ်က ရွှေဝယ်တဲ့ နိုင်ငံတွေထဲ ပိုလန်၊ တူရကီ၊ အိန္ဒိယ၊ အဇာဘိုင်ဂျန်နဲ့ တရုတ်နိုင်ငံတွေ ထိပ်ဆုံးက ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ရွှေမှာ ရင်းနှီးမြှုပ်နှံသူတိုင်း တကယ့် ရွှေတုံးတွေကို ဝယ်ကြတာ မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ချိန်မှာ စိတ်ချရအောင် လက်လီလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေ၊ ဘဏ်တွေနဲ့ ချမ်းသာတဲ့ မိသားစုတွေကလည်း ရွှေဘက် လှည့်ကုန်ကြတယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ရွှေက တခါတလေ ကျတတ်ပေမယ့် လက်ရှိ စီးပွားရေး အနေအထားအရ အနည်းဆုံး ငါးနှစ်စာ အတက်ဘက်မှာ ရှိနေတယ် လို့ မစ္စတာ ဂရက်ဂါရှင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အတိုးနှုန်းတက်ရင် ဒါမှမဟုတ် ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပြေလျော့လာရင် ရွှေစျေး ကျနိုင်ကြောင်း အိုစီဘီစီဘဏ်က မစ္စတာ ဝေါင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဧပြီလက အမေရိကန် ဖက်ဒရယ်ဘဏ် ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲကို ထရမ့် အလုပ်မဖြုတ်တော့ဖို့ ဆုံးဖြတ်ချိန်က ရွှေစျေး ခြောက်ရာခိုင်နှုန်းလောက် ကျခဲ့ကြောင်း သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "၂၀၂၂ တုန်းက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးတွေ တက်ခဲ့ပြီးနောက် ရွှေတန်ဖိုး တအောင်စကို ဒေါ်လာ နှစ်ထောင်ကနေ ၁၆၀၀ ထိ ထိုးကျသွားခဲ့ကြောင်း ယူအိုဘီဘဏ်က မစ္စတာ ဟန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ငွေကြေးဖောင်းပွမှု ရုတ်တရက် ပြန်ပေါ်လာလို့ ဖက်ဒရယ်ဘဏ်က အတိုးနှုန်း တက်လာရင် လတ်တလော ရွှေကို လူကြိုက်များနေမှုရဲ့ အန္တရာယ် ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဖက်ဒရယ်ဘဏ် အတိုးနှုန်းလျှော့ဖို့ မျှော်မှန်းချက်ကြောင့် ရွှေလိုချင်မှုက ပိုများလာတာကို လတ်တလော ရွှေစျေးတက်မှုက ထင်ဟပ်နေကြောင်း မစ္စတာဝေါင်းက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒီအတောအတွင်း ထရမ့်က ဖက်ဒရယ်ဘဏ်ကို ဖိအားပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "အတိုးနှုန်းတွေ အမြန်ချ မပေးမှုနဲ့ မစ္စတာ ပါဝဲကို လူသိရှင်ကြား ဝေဖန်ပြီး ဘဏ်ဘုတ်အဖွဲ့ဝင် လီစာ ကွတ်ကို ဖြုတ်ဖို့ ကြိုးစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "သမ္မတက ဖက်ဒရယ်ဘဏ်ကို ပစ်မှတ်ထားတာဟာ ဗဟိုဘဏ်အပေါ် ယုံကြည်မှု ကျစေနိုင်ကြောင်း မစ္စတာ ဝေါင်းက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒီလို မရေရာတဲ့ အနေအထားမျိုးမှာ ရွှေရဲ့ အရေးပါမှု ပြန်တက်လာခဲ့ကြောင်းလည်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ကမ္ဘာ့ သွင်းကုန်ခွန် စစ်ပွဲ ဖြစ်နေတာနဲ့ အမေရိကန် ဖက်ဒရယ်ဘဏ်ရဲ့ ခိုင်မာမှုအပေါ်မှာ ဗြိတိန် ဗဟိုဘဏ်ကလည်း ပူပန်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းမှာ အခုလတ်တလော တစ်ကမ္ဘာလုံးကြုံနေရတဲ့ သမ္မတထရမ့်ရဲ့ အခွန်နှုန်းသစ်တိုးမြှင့်တဲ့ သတ်မှတ်ချက်ကို စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာလည်း ရင်ဆိုင်လာရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "နှုန်းထားသစ်အရ မြန်မာကနေ အမေရိကန်ကို တင်သွင်းမယ့် ပို့ကုန်တွေအတွက် အမေရိကန်အစိုးရက ၄၀ ရာခိုင်နှုန်း အခွန် ကောက်ခံမှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာအမျိုးသမီးငယ် အများအပြားကလည်း သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် မြန်မာနိုင်ငံထဲမှာ ဖွင့်လှစ်လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေကို အဓိကအားထားနေရတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ထရမ့်ရဲ့ အခွန်နှုန်းသစ်ကြောင့် မြန်မာအထည်ချုပ်လုပ်ငန်းတွေ ဘာဆက်ဖြစ်နိုင်လဲ။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်ကစပြီး မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် အခွန် ၄၀ ရာခိုင်နှုန်း‌ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စာပို့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ထရမ့်ရဲ့ လက်မှတ်နဲ့ အဲဒီစာထဲမှာ မြန်မာက ပို့ကုန်တင်ပို့တဲ့အခါ အခွန်လျော့နည်းသက်သာအောင် တခြားနိုင်ငံတွေကတဆင့် တင်ပို့ရင်လည်း အမေရိကန်က အခွန်စည်းကြပ်မှုတွေ ထပ်တိုးလုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာအပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီယား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပို့ကုန်တွေကိုလည်း အခွန်တိုးမြှင့်ကောက်ခံမယ့်အ‌ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အမေရိကန်သမ္မတက စာပို့တာတွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒီ ၄၀ ရာခိုင်နှုန်းကောက်ခံခြင်းက မြန်မာ-အမေရိကန် နှစ်နိုင်ငံခြားမှာရှိတဲ့ ကုန်သွယ်မှုလိုငွေကွာဟချက်ကို ဖယ်ရှားနိုင်ဖို့ လိုအပ်တဲ့ ပမာဏထက် လျော့နည်းနေသေးတယ်လို့ အိမ်ဖြူတော်က ထည့်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တစ်ဖက်မှာလည်း မြန်မာကုမ္ပဏီတွေအနေနဲ့ အမေရိကန်မှာ ကုမ္ပဏီတည်ထောင် ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်မှုတွေ လုပ်မယ်ဆိုရင်တော့ အခွန်ကောက်ခံမှာ မဟုတ်ဘူးလို့ ထည့်ပြောထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ အမေရိကန်ဟာ မြန်မာအထည်ချုပ်ကဏ္ဍရဲ့ စတုတ္ထအကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက် အမေရိကန်နဲ့ မြန်မာကြားမှာ ကုန်သွယ်ရေးပမာဏ ကြီးကြီးမားမား မရှိတော့ပါဘူး။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေလည်ပတ်နေတဲ့ ပုံစံကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နှစ်မျိုးတွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ပထမ တစ်မျိုးက မြန်မာနိုင်ငံကို တိုက်ရိုက်အထည်အပ်တဲ့ပုံစံဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ တရုတ်က တဆင့် ဒါမှမဟုတ် ကြားခံနိုင်ငံတစ်ခုခုက တဆင့် မြန်မာကို အထည်အပ်တဲ့ လုပ်ငန်းပုံစံဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ လုပ်ငန်း အများစုလည်ပတ်နေတဲ့ပုံစံက တရုတ်လုပ်ငန်းက မြန်မာအထည်ချုပ်လုပ်ငန်းတစ်ခုကို အော်ဒါအပ်ပြီး မြန်မာမှာချုပ်လုပ်ပြီးတဲ့ ပစ္စည်းကို တရုတ်ကိုပြန်ပို့ကြတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခု မြန်မာအထည်ချုပ်လုပ်ငန်းရှင်တချို့ စိုးရိမ်နေတာက တရုတ်ဘက်က မြန်မာကိုအပ်တဲ့ အထည်တွေ နည်းသွားနိုင်တာမျိုးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "လက်ရှိမြန်မာအထည်ချုပ်လောကမှာ တရုတ်ဘက်ကလာတဲ့ အထည်တွေကို အားပြုလည်ပတ်နေရတာပါ။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခု ထရမ့်က တရုတ်ရဲ့ ကုန်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်းကျော် တိုးကောက်မယ်လို့ဆိုတဲ့အတွက် တရုတ်က အမေရိကန်ကို ထုတ်ကုန်တွေပို့နိုင်မှု လျော့သွားနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါကြောင့် တရုတ်က မြန်မာမှာ ချုပ်တဲ့ အထည်တွေလုံးဝမလာတော့သလောက်ဖြစ်သွားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": " တရုတ်ကို အမေရိကန်တိုးလိုက်တဲ့အခွန်ကြောင့် တရုတ်က ထုတ်နိုင်တဲ့ပမာဏနည်းမယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အဲဒီတော့ မြန်မာကို လာတဲ့အထည်ကလည်း နည်းသွားနိုင်တယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "သဘောက တရုတ်ကို မြန်မာကနေ ဖြတ်ညှပ်ကပ်ချုပ်ပေး ပြီးရင် တရုတ်ကိုပြန်ပို့တဲ့အထည်တွေက နည်းသွားနိုင်တဲ့အတွက် မြန်မာကို သွယ်ဝိုက်ထိခိုက်တာပဲ လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "နိုင်ငံတွင်းက အထည်ချုပ်လုပ်ငန်းရှင် သုံးယောက်ထက်မနည်းနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ အပေါ်မှာ မြန်မာစစ်တပ်ရဲ့ တင်းကျပ်တဲ့ဖိအားတွေရှိလို့ သူတို့ နာမည်ကို အသုံးပြုခွင့်မရပါဘူး။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ရန်ကုန်မြို့ လှိုင်သာယာစက်မူဇုန် ၃ က နှစ် ၂၀ သက်တမ်းရှိတဲ့ အထည်ချုပ်လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတဲ့လုပ်ငန်းရှင်တစ်ဦးက အမေရိကန်နဲ့ မြန်မာတိုက်ရိုက်ပို့ရတဲ့ လုပ်ငန်းတွေနည်းလို့ အများကြီးထိခိုက်မှာမဟုတ်ပေမဲ့ တဆင့်ခံလာတဲ့ လုပ်ငန်းတွေကြောင့် မြန်မာမှာ သက်ရောက်မှု ရှိတယ်လို့ ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "လက်ရှိ အထည်ချုပ်လောကမှာ တရုတ်ဘက်ကလာတဲ့ အထည်တွေကို အားပြုလည်ပတ်နေရသလို တခြားနိုင်ငံတွေကလည်းလာအပ်တာတွေရှိတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခု ထရမ့်ရဲ့ အခွန်နှုန်း ပိုတိုးလိုက်တာကြောင့် တရုတ်နဲ့ တခြားအပ်ထည်တွေကို အားကိုးနေရတဲ့ မြန်မာက လုပ်ငန်းတွေကိုထိနိုင်ပါတယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ပြည်တွင်းရဲ့ အထည်ချုပ်ကဏ္ဍမှာ တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံက ၆၀ ရာခိုင်နှုန်းခန့် ရှိပြီး တရုတ်ပြီးရင် ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့က ဒုတိယအများဆုံး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စစ်တပ်က အာဏာသိမ်းထားလို့ မြန်မာကို ဖယ်ကျဥ်ထားတဲ့ အခြေအနေကြောင့် နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်ဖို့ခက်နေတဲ့ အခြေအနေနဲ့ နိုင်ငံတွင်းမှာ တစ်နေ့ လေးနာရီသာရတဲ့ လျှပ်စစ်မီးပြဿနာကိုလည်း ရင်ဆိုင်နေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တချို့က သူတို့အခက်အခဲကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါတင်မက လောင်စာဆီရှားပါးပြတ်လပ်မှုနဲ့ ကျပ်ငွေတန်ဖိုးကျလို့ အထွေထွေကုန်ကျစရိတ်တွေတက်နေတဲ့ အခြေအနေတွေကြား မြန်မာကအထည်ချုပ်လုပ်ငန်းတွေဟာ ယိုင်နဲ့နဲ့အခြေအနေနဲ့ မပြိုလဲရုံတမယ် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒီလိုအခြေအနေတွေကြားမှာ အမေရိကန်ရဲ့ အခွန်နှုန်းတိုးမြှင့်မှုက မြန်မာအထည်ချုပ်လောကအတွက် စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာ့အထည်ချုပ်ကဏ္ဍဟာ ပြည်ပပို့ကုန်နဲ့ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးရေးအတွက် အဓိကမဏ္ဍိုင်ထောက်တိုင်ဖြစ်တာကြောင့် အမေရိကန်အစိုးရဘက်က ဒါကို အလေးထားစဥ်းစားပေးဖို့လည်း ပြောထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်နိုင်ဦးကတော့ အမေရိကန်ရဲ့ ဒီအကောက်ခွန်နှုန်းသတ်မှတ်ချက်ကို အဆမတန်မြင့်လွန်းတယ်လို့ ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အ​ကောက်ခွန်နှုန်း အဆမတန် မြှင့်လိုက်တဲ့အတွက် မြန်မာက အမေရိကန်ကို ဘာပဲပို့ပို့ ထိခိုက်မှုရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့လည်း မကိုက်ပါဘူး လို့ ဦးအောင်နိုင်ဦးက သူတာဝန်ထမ်းဆောင်ခဲ့ချိန်က အခြေအနေကို ကိုးကားပြီး မှတ်ချက်ပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အဲဒီထဲမှာ အနောက်ဥရောပနိုင်ငံတွေက အများဆုံးဖြစ်ပြီး ပိုလန်၊ စပိန်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အာရှမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားက အဓိကတင်ပို့နေတဲ့ စျေးကွက်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စီးပွား/ကူးသန်းရဲ့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်စာရင်းအရဆိုရင် မြန်မာ အထည်ချုပ် ကဏ္ဍကနေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ တင်ပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "၂၀၂၄ ခုနှစ်မှာတော့ မြန်မာ့အထည်ချုပ်ကဏ္ဍကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလျံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းလောက် ဝင်ငွေရရှိမှု လျော့သွားတာကို မှတ်တမ်းတွေအရ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "သွင်းကုန်စည်းကြပ်ခွန်ဆိုတာက အမေရိကန် ပြည်တွင်းကို တခြားပြည်ပနိုင်ငံတွေက တင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုးအပေါ် အချိုးကျသတ်မှတ်ပြီး ကောက်ခံတဲ့ အခွန် စည်းကြပ်မှုဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တကယ်လို့ ကားတင်သွင်းတဲ့ လုပ်ငန်းတစ်ခုက အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန် ကားတစ်စီးကို တင်သွင်းတဲ့အပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်ဆိုရင် အဲဒီအတွက် သွင်းကုန်အခွန်စည်းကြပ်ငွေ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကျသင့် မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခု ထရမ့်ရဲ့ နှုန်းသစ်အရ မြန်မာကို ၄၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုတဲ့အတွက် အမေရိကန် ဒေါ်လာ ၅၀၀ တန်ကြေးရှိ ပစ္စည်းတစ်ခုအတွက် သွင်းကုန်အခွန်စည်းကြပ်ငွေတင် အမေရိကန်ဒေါ်လာ ၂၀၀ ကျသင့်မှာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "၂၀၂၀ ခုနှစ်အထိ ၃ ရာခိုင်နှုန်းကျော် ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကုန်သွယ်မှုပမာဏ ကျဆင်းသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါကြောင့် သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်မှုနှုန်းက မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍကို ထိရောက်တဲ့ သက်ရောက်မှု သိပ်မရှိနိုင်ဘူးလို့ ယေဘူယျ ပြောနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ အမေရိကန်ကို မြန်မာကနေ အများဆုံးပို့နေတဲ့ ပို့ကုန်တွေထဲမှာ အထည်ချုပ်လုပ်ငန်းကထွက်ကုန်တွေပါတဲ့အတွက် အထည်ချုပ်ကဏ္ဍကို တိုက်ရိုက်ထိခိုက်နိုင်တာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တဖက်ကို ပြန်ကြည့်ရင်လည်း မြန်မာကနေ ပို့ကုန်အများဆုံးပို့တဲ့နိုင်ငံတွေက တရုတ် (၂၃ ရာခိုင်နှုန်း)၊ ထိုင်း (၁၉ ရာခိုင်နှုန်းကျော်)၊ အိန္ဒိယ (၈ ရာခိုင်နှုန်းကျော် ၉ ရာခိုင်နှုန်း)နဲ့ ဂျပန် ( ၇ ရာခိုင်နှုန်းကျော်) ဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေကပါ အခွန်နှုန်းမြှင့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍကို အများကြီးသက်ရောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အဲဒီကြေညာချက်အရ ဆိုင်းငံ့ထားမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် မပေါ်မချင်း ဆက်လက်အသက်ဝင်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်က မြန်မာကိုတင်ပို့တဲ့ ပို့ကုန်တန်ဖိုးက ဒေါ်လာ ၇၇ သန်းဖိုး ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာကနေ အမေရိကန်ကို ပို့ကုန်ကတော့ ၆၅၆ သန်းကျော် ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒီပမာဏတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ နဲ့နှိုင်းယှဥ်ရင်တောင် ကုန်သွယ်မှုပမာဏကျဆင်းသွားတာလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါကြောင့် ၂၀၂၄ အမေရိကန်နဲ့ မြန်မာကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ၅၇၉ သန်း လိုငွေပြနေတယ်လို့ ဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တချို့ ပြန်သွားကြတယ်ဆိုပေမဲ့ ထပ်ဝင်လာတဲ့သူတွေလည်းရှိတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ကျွန်တော်တို့က လှိုင်းစီးသလိုပဲ ရတဲ့အထည်လေးတွေနဲ့ တက်လိုက်ကျလိုက် ရုန်းကန်နေရတာပဲ။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "သူတို့ ဆက်အပ်နေကြလို့လည်း လုပ်ငန်းတွေ မပျက်သွားတာပါ လို့ ရန်ကုန်မြို့ လှိုင်သာယာစက်မူဇုန် က အထည်ချုပ်လုပ်ငန်းရှင်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ ဧပြီ ၉ ရက်မှာပဲ တရုတ်ကလွဲလို့ တခြားကုန်သွယ်ဖက်နိုင်ငံတွေကို အခွန်စည်းကြပ်မှုနှုန်းသစ် သတ်မှတ်မှုကို ရက် ၉၀ ဆိုင်းငံ့ထားကြောင်း သမ္မတထရမ့်က ကြေညာပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် ၁၀၄ ရာခိုင်နှုန်း သွင်းကုန်ခွန်ကောက်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုဟာ ဧပြီ ၉ ရက်မှာ စတင်အသက်ဝင်ပြီ လို့ အစောပိုင်းက ကြေညာခဲ့တာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါကြောင့်ပဲ ရက် ၉၀ နောက်ပိုင်းကာလကို မြန်မာအပါအဝင် နိုင်ငံအားလုံးက စောင့်ကြည့်နေကြတာဖြစ်သလို ဒီနှုန်းသစ်တွေ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ဖို့ မျှော်လင့်နေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စီးပွားရေးပညာရှင်တချို့ကတော့ အမေရိကန်ရဲ့ အခွန်တိုးမြှင့်စည်းကြပ်မှုဟာ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေတယ်လို့ ခန့်မှန်းထားပြီး လက်တုံ့ပြန်တဲ့ အကောက်ခွန် တိုးမြှင့်မှုတွေကနေလည်း ကမ္ဘာ့ကုန်သွယ်ရေးကမောက်ကမဖြစ်မယ့် အခြေဆိုက်နိုင်တယ်လို့ လည်း သုံးသပ်ထားကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တကယ်တော့ ထရမ့်ရဲ့ အခွန်နှုန်းသစ်တွေကြောင့် အများကြီး ထိခိုက်ခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးစနိုင်ငံတွေလို့ သတ်မှတ်နိုင်သလို ဆင်းရဲတဲ့နိုင်ငံတွေလို့လည်း ပြောကြတဲ့ မြန်မာအပြင် ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နိုင်ငံတွေလည်း ပါပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခုတိုးမြှင့်တဲ့ နှုန်းထားအရ ကမ္ဘောဒီးယားက ၄၉%၊ ဘင်္ဂလားဒေ့ရှ်က ၃၇%၊ လာအိုက ၄၈% အထိ ဆောင်ကြရမှာပါ။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်ပြည်ထောင်စုရဲ့ အခွန်စည်းကြပ်မှုကို မထင်မှတ်ဘဲ အပြင်းအထန်ခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံကတော့ ဒီပြဿနာကို စုစည်းညီညွတ်စွာတုံ့ပြန်ဖို့ ကြိုးပမ်းနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား အစည်းအဝေးဖြစ်နိုင်ဖို့ ကြိုးပမ်းနိုင်ခြေရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အင်ဒိုနီးရှားကလည်း အမေရိကန်နဲ့ အင်ဒိုကြားက ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းဖို့ အင်ဒိုနီးရှား ထိပ်တန်းစီးပွားရေး အရာရှိတွေကို လာမယ့် သီတင်းပတ်မှာ ဝါရှင်တန်ကို စေလွှတ်မှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဗီယက်နမ်ကလည်း အမေရိကန်ရဲ့ ဧပြီ ၉ ရက်နေ့မှာ စတင်တဲ့ အခွန်စည်းကြပ်မှုကို ၄၅ ရက်ကြာ ဆိုင်းငံ့ပေးထားဖို့ တောင်းဆိုထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ထိုင်းနိုင်ငံကတော့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်အတွက် ပိုမိုကောင်းမွန်ပြီး မျှတတဲ့ သဘောတူညီချက်တစ်ခုရရေးကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "စင်ကာပူနိုင်ငံကတော့ သူတို့အပေါ် အမေရိကန်ရဲ့ အခွန်သတ်မှတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နှစ်ဖက်အကြား ကောင်းမွန်တဲ့ ကုန်သွယ်ရေးဆက်ဆံမှုအစဥ်အလာကို မီးမောင်းထိုးပြကာ အခုလုပ်ရပ်က မိတ်ဆွေမဆန်သော လုပ်ရပ်လို့ ဝေဖန်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မလေးရှားဟာ ဒေသရဲ့ စည်းလုံးညီညွတ်မှုကိုပြဖို့၊ ပွင့်လင်းပြီး ခိုင်မာတဲ့ အာဆီယံရဲ့ စုပေါင်းအသံကို ကြားစေဖို့ အားလုံးကိုယ်စား ကြိုးပမ်းဆောင်ရွက်မှုတွေကို ဦးဆောင်သွားပါမယ် လို့ မလေးရှားဝန်ကြီးချုပ်က ပြောထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "သမ္မတထရမ့်ကတော့ သွင်းကုန်ခွန်တိုးတာက ပြည်တွင်း အလုပ်အကိုင်နေရာတွေကို အကာအကွယ်ပေးတာ၊ ဖန်တီးပေးတာတွေ ဖြစ်စေနိုင်တယ်လို့ မကြာခဏ ပြောသလို ဒါတွေကနေ အမေရိကန် စီးပွားရေးတိုးတက်ဖို့နဲ့ ၀င်ငွေခွန်တွေ မြင့်မားစေဖို့ နည်းလမ်းတစ်ခုလို့လည်း သူက ရှုမြင်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်တချို့မှာတော့ အခုအခြေအနေမှာ အဆိုးထဲကအကောင်းဖြစ်လာနိုင်စရာလည်း ရှိပါတယ်ဆိုတဲ့ အယူအဆရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဘဏ္ဏာရေးဆိုင်ရာ အကျိုးစီးပွားပဋိပက္ခလေ့လာသူ နိုင်ငံရေးသုတေသီတစ်ဦးကတော့ ဒီယူဆချက် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါမျိုးက ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ထရမ့်အစိုးရလက်ထက်ပဲ။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "သူ့ ပထမသက်တမ်းမှာလည်း တရုတ်နိုင်ငံကို အလားတူလုပ်ခဲ့ဖူးတော့။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဆိုပြီး မြန်မာသမိုင်းမှာ နာမည်ပျက်ခဲ့တဲ့ လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးဟာ ဗြိတိသျှမသိမ်းခင် အထက်မြန်မာပြည်ရဲ့ အာဏာအရှိဆုံး ဝန်ကြီးတပါး ဖြစ်ခဲ့တဲ့အပြင် ခရီးသွားစာပေ၊ ကဗျာလင်္ကာနဲ့ ဓမ္မသတ်တွေ ပြုစုတည်းဖြတ်ခဲ့တဲ့ စာပေ ပညာရှင် ကြီးလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မင်းကြီး ဦးကောင်းကို ၁၈၂၂ က မုံရွာအနောက်ကမ်း အခု ပုလဲနယ်ထဲက မုန်တိုင်ပင်ရွာ မွေးပြီး ၁၉ဝ၈ မှာ မန္တလေးမှာ အနိစ္စရောက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "သူ့တသက်မှာ မင်းတုန်းနဲ့ သီပေါ ဘုရင်တွေရဲ့ အမှုတော်ထမ်းရွက်ခဲ့ပြီး ကနောင်မင်းသားရဲ့ ပြုပြင်ရေးဂိုဏ်းခေါင်းဆောင်တယောက်အနေနဲ့ တန်ခိုး အကြီးဆုံးလည်း ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဦးကောင်းဟာ ကနောင်မင်းသား၊ ယောအတွင်းဝန်ဦးဘိုးလှိုင် တို့နဲ့ တိုင်ပင်ပြီး နိုင်ငံခေတ်မီတိုးတက်ရေးအတွက် ပညာတော်သင်တွေ စေလွှတ်တာ၊ စက်ရုံအလုပ်ရုံနဲ့ သင်္ဘောကျင်း တည်ဆောက်တာတွေ လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ကနောင်မင်းသား လုပ်ကြံခံရပြီးနောက် ပြုပြင်ရေးဂိုဏ်းမှာ သူသြဇာအရှိဆုံး ဖြစ်လာပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အားသွန်ကြိုးစားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒါကြောင့် နိုင်ငံအောက်ပိုင်းနဲ့ ပင်လယ်ထွက်ပေါက်ကို သိမ်းထား တဲ့ ဗြိတိသျှအစိုးရနဲ့ ဆက်ဆံရာမှာ အိန္ဒိယဘုရင်ခံချုပ်ကတဆင့် ဆက်သွယ်နေရတာကို မနှစ်မြို့သလို ပြင်သစ်နဲ့ တခြား ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကို တိုးမြှင့်ချင်တဲ့အတွက် သူကိုယ်တိုင် ဥရောပကို သံတော်ကြီး အဖြစ် သွားဖို့ အခွင့်ကြုံလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "တကယ်က ကင်းဝန်မင်းကြီးရဲ့ ဥရောပခရီးဟာ မြန်မာပြည်က ပထမဆုံး စေလွှတ်တဲ့ ဥရောပရောက် သံအဖွဲ့မဟုတ်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "သူ့ထက် နှစ် ၂၃ဝ စောတဲ့ ရခိုင်မင်းသား ဒွန်မာတင်ခေါ် ငယိဟာ ပေါ်တူဂီနန်းတွင်းကို ဝင်ရောက်ပြီး သူ့ကို ရခိုင်မှာ နန်းတင်ပေးဖို့ ကြိုးစားဖူးသလို ၁၈၅၆ မင်းတုန်းမင်း လက်ထက်မှာပဲ နာခံတော် မင်းထင်ရာဇသီဟသူကို သံကြီးခန့်ပြီး ပြင်သစ်ကို သံအဖွဲ့ စေလွှတ်ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်တနှစ်မှာတော့ အမေရိကန်သာသနာပြု ဆရာကင်းကိတ်ကို သံအဖြစ် အမေရိကန် စေလွှတ် ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ကင်းဝန်မင်းကြီးကို သံတော်ကြီးအဖြစ် လန်ဒန်၊ ပါရီနဲ့ ရောမကို စေလွှတ်တဲ့ ၁၈၇၂ ခရီးစဉ် ကတော့ ဗိုလ်ချုပ်အောင်ဆန်းရှေ့မှာ အထင်ရှားဆုံး မြန်မာသံတမန်ရေး အားထုတ်မှုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက် ခရီးစဉ်ကို နေ့စဉ်မှတ်တမ်းအဖြစ် စကားပြေချောချောနဲ့ ရေးဖွဲ့ခဲ့တဲ့အတွက် ရတနာပုံခေတ် မြန်မာစကားပြေနဲ့ နိုင်ငံရေးသမိုင်း၊ လူမှုစီးပွားသမိုင်း ကို လေ့လာရာမှာ အရေးကြီးတဲ့ မူလမှတ်တမ်းကြီးတစောင်ကို မင်းကြီး ဦးကောင်း ချန်ထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီမှတ်တမ်းကို ဖတ်ရှုရခြင်းကြောင့် မင်းတုန်းမင်း နဲ့တကွ ရတနာပုံနန်းတွင်းသားတွေမှာ ဥရောပနဲ့ ကမ္ဘာ့ရေးရာမှာ အမြင်ကျယ် သိမြင်မှုတွေ ပွားများလာပြီး နိုင်ငံအခြေအနေကို ပြန်သုံးသပ်နိုင်ဖို့ ဦးကောင်း ရည်ရွယ်ခဲ့ပုံရပေမယ့် သူ့ရည်မှန်းချက်က ထင်သလောက် အောင်မြင်ခဲ့ပုံ မရပါဘူး။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "သီပေါမင်းလက်ထက်မှာ နိုင်ငံပြောင်းလဲရေးအတွက် အနောက်တိုင်းပုံစံ ဝန်ကြီးဌာနတွေ ခွဲခြားအုပ်ချုပ် တာမျိုး ဖြစ်လာခဲ့ပေမယ့် ဒီပြုပြင်ရေးတွေ ရှုံးနိမ့်ခဲ့ရသလို သူမဖြစ်စေချင်တဲ့ ဗြိတိသျှနဲ့ စစ်ပြိုင် တိုက်ခိုက်ပြီး ကျန်တဲ့ နိုင်ငံအထက်ပိုင်းပါ ကိုလိုနီဘဝရောက်တဲ့အဖြစ်ကိုလည်း သူကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီလန်ဒန်မှတ်တမ်းကြီးကို လေ့လာတဲ့အခါ ခရီးစဉ်မှတ်တမ်းအပြင် နောက်ခံနိုင်ငံရေးလှုပ်ရှားမှုတွေကိုပါ တွေ့မြင်နိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဦးကောင်းဟာ ဒီခရီးစဉ်အတွင်း ဥရောပနိုင်ငံအစိုးရနဲ့ ကုန်သည်ကြီးတွေနဲ့သာ တွေ့ဆုံတာ မဟုတ်ဘဲ ပန်းသေး၊ တူရကီ စတဲ့ ခေတ်ပြိုင် အာရှသံတမန်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒါကြောင့် ဒီမှတ်တမ်းဟာ သံတမန်ရေး ကြိုးပမ်းမှုမှာ မြန်မာတွေ့ရဲ့ စွန့်စားအားထုတ်မှုတချို့ကို တွေ့နိုင်သလို မအောင်မြင်မှုတွေ ကလည်း သင်္ခန်းစာ ရနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက် ခေတ်ပြိုင် ဥရောပမြင်ကွင်းကို ဦးကောင်းသုံးသပ်မှုတွေကတဆင့် အဲဒီခေတ် မြန်မာတွေရဲ့ ခေတ်မီ ပြောင်းလဲ ရေး အားထုတ်မှုတွေ ကိုလည်း သိနိုင်ကြ ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မန္တလေးက ရန်ကုန်အဆင်း လမ်းမှာတင် ဦးကောင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ခေတ်မီတိုးတက်မှုတွေကို သိမြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အဲဒီခေတ်က နန်းတွင်းသား အများစုဟာ ရန်ကုန်ကို မရောက်ဖူးကြပေမယ့် ရန်ကုန်ကို ဗြိတိသျှတွေ ခမ်းနားစွာ အသစ်တည်ထောင်နေတာကို ကြားသိနေကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ရန်ကုန်မြို့သစ် ဟာ မြန်မာပြည်မှာ မရှိဖူးတဲ့ မြို့သစ်ပုံစံမျိုး ဖြစ်ရုံမက အုတ်တိုက်၊စည်ပင်သာယာစနစ်နဲ့ ကျောက်ခင်းလမ်း၊ ခေတ်မီ ဆိပ်ကမ်းနဲ့ ကုန်ရုံများ စတဲ့ ကိုလိုနီ မြို့တွေရဲ့ အင်္ဂါနဲ့ ပြည့်စုံတဲ့ အရင်းရှင်မြို့ကြီး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီမြို့ကို အရင်က ရောက်ခဲ့တဲ့ မန္တလေးသားတွေနဲ့မတူဘဲ ကင်းဝန်မင်းကြီးဟာ သံတမန်မျက်လုံး နဲ့ ကြည့်ပြီး စေ့စေ့စပ်စပ် လေ့လာခဲ့သလို နိုင်ငံရေးမိုးလေဝသကိုလည်း ကလောင်နဲ့ ရေးချယ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "သူသွားတဲ့ခရီးအစ ၁၈၇၅ မတ်လ ၂ ရက် မန္တလေး သန်လျက်မော်ဆိပ်ကနေ စကြာယာဉ်မွန် သင်္ဘောတော် ထွက်လာချိန်မှာ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းက ဗုဒ္ဓစွယ်တော် ကို လှူဖို့ အလှူတော်နဲ့ စောင့်ရှောက်ဖို့ သီဟိုဠ် ရဟန်း နှစ်ပါးနဲ့ ကျွန်တော်မျိုးနှစ်ယောက်ကိုပါ ပင့်ဆောင်ခေါ်ယူလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက် မင်းလှရွာ နိဗ္ဗာန် ဆိပ်ဦးဆရာတော်နဲ့ တပည့်သံဃာလေးပါးလည်း ပါလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အောက်မြစ်စဉ် လမ်းတလျှောက် ကျောက်တလုံး၊ မြင်းခြံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ မလွန်၊ ပြည် စတဲ့ မြို့ရွာတွေမှာ ရှိတဲ့ ဆရာတော်တွေကို ဖူးမြော်ကန်တော့ပြီး ရွှေစည်းခုံ၊ မလွန် မြသပိတ်၊ ပြည်ဆံတော်ရှင် စေတီပုထိုးတွေကို ရှိခိုးပူဇော် တာတွေ လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "လမ်းမှာ ကိုးကွယ်ဖို့ ဓာတ်တော် ဆင်းတုတော်တွေကိုလည်း မြင်းခြံရွာ ကိုးဆောင်တိုက်ကနေ ပင့်ဆောင်လာခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ရန်ကုန် မှာလည်း တိဂုမ္ဘ ရွှေတိဂုံစေတီကြီးကို ဒင်္ဂါး ၃၅ဝ ဖိုး အကုန်အကျခံပြီး စားပွဲခုံ ၁၂ ခုမှာ ပန်းကန်ပြား ၁၄၄ ချပ်နဲ့ ဆွမ်းတော်ကြီး ကပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ရေလမ်းခရီးမှာ ရဟန်းတော်တွေသာမက လူခရီးသည်တွေကိုလည်း ကင်းဝန်မင်းကြီးအဖွဲ့က တင်ဆောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဗြိတိသျှအမျိုးသား ဟင်္သဒ အရေးပိုင် ကိုသာမက ညောင်တုန်းရွာက ပါလာတဲ့ တရုတ်ခရီးသွားကိုပါ တပါတည်း ခေါ်ဆောင်ခဲ့တာပါ။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ပြည်ကြီးပြန်မယ့် တရုတ်အမျိုးသားက လက်စွဲစာ တောင်းလို့ ယပ်ပေါ်မှာ ဦးကောင်း စာရေးပေးတဲ့အပြင် ခရီးစရိတ်ပါ ပေးလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်ပြီး ပြည်မြို့အောက်ဘက် သမ္ဘရာခုံရွာမှာ ညအိပ်တုန်း ပါလာတဲ့ လှေတော်အမှုထမ်း ငဘိုးလူက တံငါသည်ငရောရဲ့ မယားကို လှည့်ဖျားပြီး ကာမပြုကျင့်လို့ ကြိမ်ဆယ်ချက်ရိုက်ပြီး လျော်ကြေး ဒင်္ဂါး ဆယ်ပြား ပေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ပြည်မှာတော့ မြန်မာဘုရင်အောက်က ရာဇဝတ်သင့်ပြီး ထွက်ပြေးသွားတဲ့ လူတချို့ လာတွေ့ပြီး မန္တလေးပြန်ခွင့်ပေးဖို့ တောင်းပန် ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မြင်းခြံတလုပ်ဘက်က လှေအမှုထမ်းတွေ ပြည်ဘက်မှာ ဆင်းပြီး ရေလုပ်ငန်းလုပ်ကြတာကိုလည်း သူတွေ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဗြိတိသျှအောက်မြန်မာပြည်အဝင် သရက်မြို့မှာကတည်းက အရေးပိုင်ပြောင်းခေါ် ဘရောင်းက မြင်းစီးပြီး သင်္ဘောဆိပ်ကို လာနှုတ်ဆက်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မှူးကြီးမတ်ကြီး သံကြီးတမန်ကြီးများကို လာရောက်တွေ့ကြုံ နှုတ်ဆက်သည် ထုံးစံနှင့်မညီ၊ ပကတိလူချင်း အမှတ်မဲ့ တွေ့ကြုံနှုတ်ဆက်သကဲ့သို့ဆိုပြီး ဆက်ဆံပုံကို မင်းကြီးက မှတ်တမ်းတင် ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ရန်ကုန်ရောက်တဲ့အခါမှာလည်း အလားတူ ကြုံရပြန်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "တွံတေးဝ၊ တိုးဝကနေ သခွပ်ပင်ဝထိ ရောက်အောင် ချောင်းတွေကြားမှာ ခဲရာခဲဆစ် ခုတ်မောင်းပြီး ဗိုလ်တထောင်ကမ်းနားမှာ ကပ်ထားတဲ့ ကင်းဝန်မင်းကြီးတို့ သင်္ဘောဆီကို ဗြိတိသျှအရာရှိတွေ လာရောက်နှုတ်ဆက်တာ မရှိပါဘူး။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "သရက်ကနေ ဟင်္သဒ စတဲ့ လမ်းတလျှောက် သူတို့အဖွဲ့ စုန်ဆင်းလာတာကို သိရက်နဲ့ တမင် လျစ်လျူရှုထားတာ ဖြစ်ပြီး လန်ဒန်ကို သွားမယ့်အကြောင်း မသိရဘူးလို့ ရန်ကုန်အရေးပိုင် (မဟာဝန်ရှင်တော်မင်းကြီး) အီဒင်က စာပြန်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အနောက်တိုင်းရဲ့ သံတမန်ထုံးတမ်းတွေ၊ ဗြိတိသျှကြိုးနီစနစ်လုပ်ထုံးတွေနဲ့ မင်းကြီးတို့အဖွဲ့ လန်ဒန်မသွားနိုင်အောင် ရန်ကုန်ကနေ ကပျက်ယပျက် လုပ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်ဆုံး ခရီးအတွက် လန်ဒန်ကဝယ်ထားတဲ့ စကြာ ယာဉ်ပျံသင်္ဘောကို ချက်ချင်းသုံးလို့မရအောင် ပညာပြကြသလို လန်ဒန်က ဝယ်လာတဲ့ သေနတ်တွေကို စာရင်းမတင်လို့ ဆိုကာ သိမ်းပြီး ဒဏ်ရိုက်တာ၊ အမြောက်ကို လန်ဒန်ပြန်ပို့ခိုင်းတာတွေ လုပ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အီဒင်ရဲ့အိမ်မှာ မင်းကြီးတို့အဖွဲ့ကို ခေါ်တွေ့တော့လည်း အီဒင်က စားပွဲထိပ်မှာ ထိုင်တာပါ။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်ပြီး မင်းကြီးတို့ဘက်က ပြန်လှန်မေးလို့မရအောင် သူကချည်း မေးခွန်းတွေ အဆက်မပြတ်မေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အဆုံးသတ်မှာတော့ အိန္ဒိယဘုရင်ခံ သဘောတူညီမှုမပါဘဲ လန်ဒန်က ဗြိတိသျှအစိုးရနဲ့ တိုင်းပြည်ရေး လက်နက်ဝယ်ရေး ဘာမှ ဆွေးနွေးလို့မရဘူး ဆိုတာကို သိအောင် မြန်မာအဖွဲ့ကို ရန်ကုန်က ဗြိတိသျှအရာရှိတွေက သတိပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဗြိတိသျှ ဝန်ကြီးချုပ်ကို ပေးမယ့် ဥဒေါင်းပုံဖော် ကျောက်စီ ဘယက်အကြောင်း ကိုလည်း သူတို့ စိတ်ဝင်တစားမေးတဲ့အတွက် ဒါဟာ မြန်မာမှူးမတ်တွေ ဆင်မြန်းလို့မရဘဲ မင်းသားအဆင့်ကို ပေးတဲ့ စလွယ် ဖြစ်ကြောင်းနဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးကို ပေးခဲ့ဖူးကြောင်း မြန်မာဘက်က ပြန်ကြားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "လမ်းတလျှောက် ဘယ်နိုင်ငံအစိုးရတွေနဲ့ တွေ့ဖို့ ရှိသေးလဲ မေးတဲ့အခါ ပြင်သစ်၊ အမေရိကန်၊ ရွတ် (ရုရှား)၊ ဂျာမန် နိုင်ငံတွေနဲ့ အဆင်သင့်ရင် တွေ့လိုကြောင်း မင်းကြီးတို့ဘက်က ပြန်ကြားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ရန်ကုန်ရောက်နေခိုက် ဦးကောင်းတို့ကို လာတွေ့သူတွေထဲ မြို့ခံ သူဌေးသူကြွယ်တွေနဲ့ ဘုရားလူကြီးတွေအပြင် အနောက်ကရင်နီ ကြယ်ဘိုးကြီးနယ်က စော်ဘွား ခွန်တီးနဲ့ ခွန်ရှားတို့ရဲ့ အမတ် မောင်ခန်း ဆိုသူ ပါပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အဲဒီအချိန်က ဒီနယ်တွေကို မြန်မာအုပ်ချုပ်မှုအောက်က လွတ်အောင် ဗြိတိသျှနဲ့ ကရင်နီအုပ်ချုပ်သူတချို့ ကြံစည်နေသလို ဒီနယ်တွေကို အခြေပြုပြီးမင်းတုန်းမင်းကို ပုန်ကန်နေတဲ့ မြင်ကွန်းမင်းသားအဖွဲ့ကလည်း အထက် မြန်မာပြည် ကို လာရောက် တိုက်ခိုက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မင်းကြီးနဲ့ တွေ့စဉ်က မောင်ခန်းက ကရင်နီက ဆင်တွေ မင်းတုန်းမင်းဆီ ဆက်ဖို့အကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်ဆုံး တနင်္သာရီသင်္ဘောကို ငွေငါးထောင်နှစ်ရာပေးပြီး ပညာသင်တွေနဲ့အတူ လိုက်ကြရာမှာ သင်္ဘောပေါ်ထိ လိုက်ပြီး စောင့်ဆိုင်းဖို့ တားကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီလိုနဲ့ သင်္ဘောမှာ ဥဒေါင်းအလံတော်တင်ကာ ရန်ကုန်က ထွက်ပြီး သီဟိုဠ်၊ အေဒင်၊ စွစ် ခေါ် ဆူးအက်မှာ ဆင်းပြီး ကိုင်ရိုလာတဲ့အခါ အကောက်ရုံးက ဗြိတိသျှ ဘုရင်မဆီ ဆက်သမယ့် လက်ဆောင်တော်တွေကို သိမ်းထားလို့ ဖြေရှင်းခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက်ဆုံး ရန်ကုန်က လိုက်လာတဲ့ စကြာ ယာဉ်ပျံ သင်္ဘောတော် မီလာလို့ မြန်မာသံအဖွဲ့ ကိုယ့်သင်္ဘောနဲ့ကိုယ် ခရီးဆက်နိုင်ပါတော့တယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အဲဒီနောက် မြေထဲပင်လယ်ကြောင်းကနေ အီတလီ၊ ပြင်သစ် နိုင်ငံတွေကို ဖြတ်ပြီး ဘိလတ်ခေါ် ဗြိတိန်ကို မြန်မာသံအဖွဲ့ လာခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီလမ်းတလျှောက် မြင်ကွင်းတွေကို စာပန်းချီခြယ်ခဲ့ပြီး ၁၉ ရာစု ရေကြောင်းခရီးအတွေ့အကြုံကို မန္တလေးခေတ် စာဖတ်သူတွေကို မျှဝေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "တကယ်တော့ ဒီခရီးသွားမှတ်တမ်းအရင် အောက်မြန်မာပြည်သားတွေထဲက အင်္ဂလိပ်နဲ့ ကရင်ဘာသာတွေနဲ့ ရေးတဲ့ ဘင်္ဂလားနဲ့ အမေရိကန်သွား မှတ်တမ်းတွေ ပေါ်ထွက်ခဲ့ပြီး ဖြစ်ပေမယ့် နိုင်ငံအထက်ပိုင်းသားတွေဆီကို ပြန့်နှံ့ခဲ့ဟန် မတူပါဘူး။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီမှတ်တမ်းတွေထက် ၁၈၃၃ က ရေးတဲ့ မင်းလှစည်သူ ဦးရွှဲရဲ့ဘင်္ဂလားသွားစာတမ်းကို လူပိုသိကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "နောက် ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွားမှတ်တမ်းဟာ သူ့နောက်မှ ရေးတဲ့ မြောင်လှ မြို့စားရဲ့ပူတကေ စပိန် အီတာလျံသွားမှတ်တမ်းထက် လူသိလည်း ပိုများပြီး ပိုအသေးစိတ် ရေးဖွဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "မင်းကြီးရဲ့ မှတ်တမ်းမှာ နန်းတော်၊ စက်ရုံ၊ ပြတိုက်၊ ကျောင်း၊ ဆေးရုံ၊ တိရစ္ဆာန်ရုံ၊ ဆိပ်ကမ်း စတဲ့ သူသွားလေရာ နေရာတွေအကြောင်း အတိုအရှင်းနဲ့ ပေါ်လွင်အောင် ရေးသလို တခြားနိုင်ငံတွေမှာ လုပ်ကိုင်ဆောင်ရွက်ပုံ သပ်ရပ် တာ၊ လူနည်းနည်းနဲ့ တွင်အောင် အလုပ်ခွဲခြားလုပ်ကိုင်ကြတာတွေကို လေ့လာခဲ့တယ်လို့ လန်ဒန်တက္ကသိုလ် သမိုင်းပါမောက္ခ မိုက်ကယ်ချာနေရဲ့အာဏာဖြင့် သင်ကြားခြင်းစာအုပ်မှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အနောက် နိုင်ငံတွေသာမက အနောက်ပုံစံဝင်နေတဲ့ အီဂျစ်နိုင်ငံက စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ မြို့နိုင်ငံအနေအထားတွေကို မန္တလေးက စာဖတ်သူတွေ နှလုံး သွင်းနိုင်ဖို့ ဦးကောင်း မှတ်သားပြုစုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "လန်ဒန်မြို့ မှာတော့ ဂျပန်ပညာသင်တယောက်နဲ့ တွေ့ပြီး ကမ္ဘာအရပ်ရပ်ကို ဂျပန်ပညာသင်တွေ ရာချီ စေလွှတ်ထားတာ၊ ဂျပန်မှာ ရထားလမ်းနဲ့ စက်ရုံတွေ တည်ဆောက် နေတာတွေကို သူ သိရှိအားကျခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "အနောက်တိုင်းနည်းပညာ စနစ်ကို အာရှမှာ ကူးယူသုံးစွဲပြီး နိုင်ငံတိုးတက်စေဖို့ ဦးကောင်း တိုက်တွန်းခဲ့ပေမယ့် အထိုင်နှေး အထနှေး ပြောင်းလဲရခက်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကြောင့် သူ့ဆန္ဒ ပြည့်မသွားခဲ့ ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒီမှတ်တမ်းအပိုင်းတွေကို ရတနာပုံနေပြည်တော် သတင်းစာမှာ ထည့်သွင်း ဖော်ပြခဲ့ပြီး ၁၈၇၈ မှာ နန်းတက်လာတဲ့ ဘုရင်သစ် သီပေါမင်းနဲ့ စုဘုရားလတ်ကို လန်ဒန်အလည်သွားဖို့ ကင်းဝန်မင်းကြီး စည်းရုံးခဲ့ ပါသေးတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ဒါပေမဲ့လည်း ညောင်ရမ်း၊ ညောင်အုပ်နဲ့ မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတွေ နိုင်ငံပြင်ကနေ ချောင်းမြောင်းပြီး နန်းလုမှာကို စိုးရိမ်ကြတဲ့အတွက် ပြင်ဆင်ပြီးမှ အထမမြောက်ခဲ့ကြောင်း ရွှေဘိုမိမိကြီးကအရှင်နှစ်ပါး ဘိလပ်သွားသင့်မသွားသင့်ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-60606697" }, { "text": "ထောင်ထွက်ကိုပေးတဲ့ဆုနဲ့ အမျိုးသားစာပေဆုအတ္ထုပ္ပတ္တိ မြန်မာစာပေမှာ ပုံနှိပ်နည်းပညာကျေးဇူးကြောင့် ၁၉ ရာစုနှောင်းပိုင်းမှာ အပျော်ဖတ်နဲ့ ဘာသာရေးစာပေတွေ ထွန်းကားလာပြီး စာဖတ်သူ ဦးရေကလည်း ကျေးလက်မြို့ပြအနှံ့ တိုးပွားလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဘုန်းကြီး ကျောင်းနဲ့ နန်းတော်ထဲမှာသာ ကိန်းအောင်းနေတဲ့ ရှေးဟောင်းစာပေတွေဟာ အဖိုးနှုန်းချိုချိုနဲ့ အရပ်သားတွေလက်ထဲ ရောက်လာပြီး ဒီစာတွေကို ဖတ်ရှုလေ့လာရာကနေ မြန်မာယဉ်ကျေးမှုနဲ့ ဘာသာရေးစံတွေကို လေးစား လိုက်နာမှုတွေ တိုးလာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၈၈၅ မှာ နိုင်ငံ ဗြိတိသျှအောက် ကျခဲ့ပေမယ့် စာပေနဲ့ ရာဇဝင်လေ့လာမှု တိုးလာတဲ့အတွက် ဘာသာရေး၊ ပညာရေးနဲ့ လူမှုရေး လှုပ်ရှားမှုတွေကနေ နိုင်ငံရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "မြန်မာပြည် နိုင်ငံရေးကို ဘုန်းကြီး၊ နိုင်ငံရေးသမား၊ ကျောင်းသားနဲ့ စာရေးဆရာတွေ ခေါင်းဆောင်တယ်ဆိုပြီး ပညာရှင်တွေ ပြောစမှတ်ရှိတဲ့အတိုင်း တက်ကြွတဲ့ အမျိုးသားရေးလှုပ်ရှားမှုကို စာပေ၊ ဘာသာရေးနဲ့ နိုင်ငံရေး စိတ်သန်တဲ့ လူအုပ်စုတွေက ခေါင်းဆောင်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် စာပေနဲ့ နိုင်ငံရေး ပူးတွဲဆောင်ရွက်တဲ့ ပညာရှင်တွေကို သခင်ကိုယ်တော်မှိုင်းတို့ခေတ်ကတည်းက တွေ့ရပြီး ဘုရင်ခေတ်က နန်းတွင်းပညာရှိ မှူးမတ်ကြီးတွေပုံစံ ပညာရှင် နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "တခြားဘက်မှာလည်း မအေးမိရဲ့စာဆိုတော်သီချင်းထဲကလိုပဲ မြန်မာဘုရင်ရှိရင် ဘုန်းတော်ဘွဲ့တွေရေးပြီး ရွာစားမြို့စားချီးမြှင့်ခံရမယ် ဆိုတဲ့ တွေးခေါ်မှုကလည်း အစဉ်အလာ ဘုန်းကြီးကျောင်းထွက် မြန်မာစာရေးဆရာတွေရော အနောက်တိုင်းပညာရေးကို ရရှိခဲ့တဲ့ ခေတ်ပညာတတ်စာဆိုတွေကြားမှာပါ အသွင်တမျိုးစီနဲ့ စိမ့်ဝင်နေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဘုရင်ကို မျှော်တဲ့ ကိုယ်တော်မှိုင်းနဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီး တို့လို လက်ဟောင်းစာရေးဆရာကြီးတွေရော ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ နိုင်ငံခြား ပညာတတ် စာဆိုတွေပါ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ လွတ်လပ်ရေးရရင် ကိုယ့်အစိုးရ၊ ကိုယ့်လူမျိုးချင်းအောက်မှာ ကိုယ့်စာပေ ပိုမိုကြီးပွားတိုးတက်မယ် ဆိုတဲ့ အမြင်တွေ ရှိခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက်ဆုံး မြန်မာဘုရင်ခေတ်က ဝန်ကြီးချုပ် ကင်းဝန်မင်းကြီး၊ ဗြိတိသျှခေတ်က နန်းရင်းဝန် သူရိယသတင်းစာပိုင်ရှင် ဂဠုန်ဦးစော၊ လွတ်လပ်ရေးရခါနီး ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ပြီးခေတ် ဝန်ကြီးချုပ် သခင်နု သူတို့အားလုံးရဲ့ တူညီချက်က စာပေ၊ စာနယ်ဇင်းနဲ့ ဆက်စပ်မှု ရှိတာဖြစ်သလို စာပေနဲ့ ပညာကို သုံးပြီး နိုင်ငံရေးသြဇာကြီးမားမှုရလာကြတာတွေမှာလည်း တူကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် စစ်အစိုးရခေတ် အဆက်ဆက် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေမှာလည်း စာပေဘက်က အမှုထမ်းကြမယ့် ဘက်တော်သားတွေ ရှိကြသလို စာပေသြဇာနဲ့ နိုင်ငံရေးထူထောင်မှုတွေကိုလည်း တွေ့ခဲ့ရ ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အာဏာအသိမ်းခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာရေးဆရာဖြစ်လို့ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာသမားတွေနဲ့ ရင်းနှီးနီးစပ်မှု ပိုများသလို သူ့ဖခင် အရှိန်အဝါအရ စာပေနိုင်ငံရေး မိသားစုဝင်အဖြစ် သြဇာညောင်းပြီးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာဆိုတော်နေ့ ကျင်းပတာနဲ့ စာပေဆုပေးတာတွေဟာ တကယ်က ပဒေသရာဇ်ခေတ်က နတ်တော်လမှာ ကျင်းပတဲ့ ဖျင်ထပ်ပွဲမှာ မင်းမှုထမ်းတွေကို ဘွဲ့မည်ရည် ချီးမြှင့်တဲ့ အလေ့အထကနေ လာတာပါ။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ရှေးဟောင်းစာပေတွေ နှံ့စပ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်က ဒီအလေ့အထကို ပြန်ဆန်းသစ်ပြီး စာဆိုတော်နေ့ သတ်မှတ်ဖို့ ဂျပန်ခေတ် ၁၉၄၄ မှာ အဆိုပြုခဲ့ရာကနေ စာပေအတွက် နေ့တနေ့ ပေါ်ထွန်းလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အစပိုင်းမှာ ပြဇာတ်ကတဲ့ ဓလေ့နဲ့ စခဲ့ပေမယ့် စစ်ပြီးခေတ်မှာ စာပေဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေ လုပ်တဲ့ အလေ့အထတွေ ပေါ်ထွန်းလာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၄၇ မြန်မာပြည် လွတ်လပ်ရေး မရခင် လပိုင်းမှာပဲ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဝန်ကြီးချုပ် ဦးနုက ထူထောင်ပြီး စာပေဗိမာန်ကြီး တခု ဖြစ်လာအောင် ပျိုးထောင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီစာပေဗိမာန် သုခမိန်အဖွဲ့ကနေ စာပေဗိမာန်တထောင်ဆု ဆိုပြီး ၁၉၄၈ အတွက် အကောင်းဆုံး ဝတ္ထုကို ငွေ တထောင် ဆုပေးရာကနေ အစိုးရအမအစနဲ့ စာပေဆု ပေးတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အရင်က မြန်မာပြည်မှာ ဝေလမင်းသားဆု၊ သစ္စာဝါဒီဆု၊ ဂရိတ်တား အေးရှားဆု စတဲ့ စာပေဆုတွေ ရှိခဲ့ပေမယ့် အစိုးရအထောက်အပံ့နဲ့ နှစ်စဉ်သတ်မှတ်ချီးမြှင့်တာ မရှိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့်မိုးအောက်မြေပြင်ဝတ္ထုနဲ့ စာပေဗိမာန်ဆုကို ပထမဆုံး ရခဲ့တဲ့ စာရေးဆရာ မင်းအောင်ဟာ သီပေါမင်းခေတ်အလွန်မှာ ပထမဆုံး အစိုးရဆုတော်ငွေရတဲ့ စာဆိုတော် ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နိုင်ငံရေး မုန်တိုင်းထန်တဲ့ ပြည်တွင်းစစ်အစကာလမှာ စတင်ခဲ့တဲ့ စာပေဗိမာန်ဆုဟာ ဒုတိယနှစ်မှာ မပေးနိုင်ဘဲ ရပ်နားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အဆင့်မီတဲ့ ဝတ္ထု တပုဒ် ရှိပေမယ့် ပါတီသံယောဇဉ်ကိုငဲ့ပြီး အငြိအစွန်းမကင်းလို့ အငြင်းပွားမှုဖြစ်ပေါ်စေတတ်ခြင်းကို ရှောင်ရမယ်ဆိုတဲ့ အသင်းရည်ရွယ်ချက်နဲ့ ဆန့်ကျင် နေတယ်၊ ဒါကြောင့် မရွေးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး မြန်မာ့စွယ်စုံကျမ်းမှာ အကြောင်းပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၄၉ အတွက် ပေးဖို့ စဉ်းစားခဲ့တဲ့ သိန်းဖေမြင့်ရဲ့လမ်းစပေါ်ပြီဝတ္ထုဟာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကို လိုက်ဖို့ ကျေးလက်နောက်ခံဇာတ်လမ်းဖွဲ့ခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "သူ့ရှေ့က ထွက်တဲ့ မိုးအောက်မြေပြင်ဟာလည်း ကျေးလက်လယ်သမားဖွဲ့ဝတ္ထုဖြစ်တဲ့အတွက် လွတ်လပ်စနှစ်တွေမှာ အရေးကြီးတဲ့ လယ်ယာနဲ့ လယ်သမား လူတန်းစားကို အခြေခံတဲ့ ဝတ္ထုတွေကို စာသုခမိန်တွေ မျက်စိကျခဲ့ပုံ ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "သိန်းဖေမြင့်ရဲ့ လမ်းစပေါ်ပြီမှာ စစ်ပြီးစက ဖျာပုံမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်တွေ ညီညွတ်ပြီး စုပေါင်းလယ်ထွန်ပွဲကျင်းပတဲ့အကြောင်း ဇာတ်လမ်းဆင်တာ ဖြစ်လို့ အုပ်စုတွေကွဲပြီး သတ်ပွဲဆင်နေတဲ့ ၁၉၄၉ အခြေအနေနဲ့ ဒီဆုကို မပေးနိုင်အောင် နိုင်ငံရေးဘက်က စွက်ဖက်ခဲ့ပုံပေါ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အာဏာရ ဆိုရှယ်လစ်တွေနဲ့ အချင်းမများချင်လို့ ဒီစာအုပ်ကို မပေးနိုင်ရကြောင်း ဦးသိန်းဖေမြင့်ဇနီး ဒေါ်ခင်ကြည်ကြည်ကို ဆုရွေးချယ်ရေးအဖွဲ့ဝင် ဇော်ဂျီက ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာပေဗိမာန်ဥက္ကဋ္ဌ ဦးနုကိုလည်း ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ မလွှမ်းမိုးနိုင်ဖြစ်ရတယ်လို့လည်း ဒဂုန်တာရာက ပြောကြောင်း ဂျာမနီ ပါဆောင်း တက္ကသိုလ်ထုတ်မြန်မာစာပေစီမံကိန်းစာတမ်းစဉ်က ဘိုဘိုရဲ့အငြင်းပွားဖွယ် စာရေးဆရာရဲ့ အငြင်းပွားဖွယ်ဝတ္ထုစာတမ်းမှာ ပါရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဆုမရပေမယ့် ဒီစာအုပ် ထည့်သွင်းစဉ်းစားခံရတဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့က သိန်းဖေမြင့် နုတ်ထွက်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၄၉ အတွက် မရခဲ့တဲ့ စာပေဆုကို ၁၉၅၈ မှပဲအရှေ့ကနေဝန်းထွက်သည့်ပမာဝတ္ထုရှည်ကြီးနဲ့ သူ ဆွတ်ခူးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၅၈ မှာတော့ ပထမဆုံး စာပေဗိမာန်ကဗျာဆုပေးရာမှာ နုယဉ်နဲ့ လက်ဝဲမင်းညိုကို ပေးရာမှာ နုယဉ်က ငြင်းပယ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ကဗျာဆရာမကြီး ဒေါ်နုယဉ် ဟာ ဆုရွေးချယ်ရေးအဖွဲ့က မင်းသုဝဏ်ရဲ့ နှမ ဖြစ်ရုံမက ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက ကဗျာရေးလာသူ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ပူးတွဲရရှိတဲ့ လက်ဝဲမင်းညို ခေါ် ဦးချမ်းသာ ကတော့ ဝန်ကြီးချုပ် ဦးနုရဲ့ မိတ်ဆွေရင်း စသုံးလုံးအဖွဲ့ဥက္ကဋ္ဌဖြစ်ရုံမက မြန်မာပညာရှိနဲ့ ကုန်းဘောင်ဆက်ရာဇဝင်ဆရာ ဦးမောင်မောင် တင်ရဲ့ သမက်ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နုယဉ်ကဗျာများဟာ ခေတ်စမ်းပုံစံ ကျေးလက်နဲ့ မေတ္တာဖွဲ့ကဗျာတွေ ဖြစ်ပြီး လက်ဝဲမင်းညိုရဲ့ပဒေသာရတုများကတော့ ရှေးဟောင်း ကဗျာပုံစံ စပ်ဆိုမှုတွေ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ပဒေသာရတုများဟာ ၁၉၅၇ က ထုတ်တဲ့စာအုပ်ဖြစ်ပြီး အိုင်စီအက်အရာရှိကြီး ရေးတဲ့ စာအုပ်မို့ ပေးလို ဟန်ရှိတယ်ဆိုပြီး ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါပညတ်နှင့်ပရမတ်ဆောင်းပါးမှာ နုယဉ်က ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အဲဒီနောက် ၁၉၆ဝ မှာ ဗန်းမော်တင်အောင်ရဲ့မမကြီးနဲ့ အောင်လင်းရဲ့အရိုင်းစပယ်တို့ကို ပူးတွဲဝတ္ထုရှည်ဆုပေးရာမှာ ဗန်းမော်တင်အောင်က ငြင်းပယ် ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဗန်းမော်တင်အောင်က ဗကပဘက်လိုက်ပြီး အောင်လင်းက အလံနီကွန်မြူနစ်အနွယ်မို့ အတူဆုမယူတာလို့ ယူဆကြသလို အောင်လင်းဝတ္ထု မူရင်းက အမေရိကန်ရုပ်ရှင်ကို မှီးလို့ ဆုပေးတဲ့မူနဲ့ မကိုက်လို့ ဗန်းမော်တင်အောင် ငြင်းပယ်တာလို့လည်း တွက်ဆကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီဆုဟာ လွတ်လပ်ရေး ရပြီးနောက် ထောင်သက်အရှည်ဆုံး စာရေးဆရာဖြစ်ခဲ့တဲ့ ဗန်းမော်တင်အောင်အတွက် တခုတည်းသော အစိုးရစာပေဆုလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဝတ္ထု ဇာတ်ကွက်ကလည်း သူရေးနေကျ နိုင်ငံရေးနဲ့ တော်လှန်ရေးနောက်ခံမဟုတ်ဘဲ သာမန်အချစ်နဲ့ မေတ္တာဖွဲ့သာ ဖြစ်ကာ နာမည်ထင်ရှားမှုလည်း မရှိလှ ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက် စာရေးဆရာအသင်းကို အလံနီအနွယ်တွေနဲ့ လက်ဝဲမဟုတ်သူတွေ အုပ်စီးထားတာကို မကြိုက်လို့ ဗကပဘက်သားတွေက စာပေ ကလပ်ဆိုပြီး ၁၉၆၁ မှာ အဖွဲ့ခွဲ ထောင်ရာမှာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေးတို့ ပါကြောင်းစာပေစာနယ်ဇင်းဘဝ ကြုံရသမျှမှာ တက္ကသိုလ်မြတ်သူက ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၆၂ နောက်ပိုင်းမှာတော့ နိုင်ငံရေးပြောင်းသွားတဲ့အတွက် အစိုးရနဲ့ မသင့်မြတ်သူတွေကို စာပေဆုပေးတာ မရှိသလောက် ဖြစ်သွားပြီး စာပေဗိမာန် ကလည်း အစိုးရအုပ်ချုပ်မှုအောက်ကို လုံးလုံးရောက်သွားပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာပေဗိမာန်ဆု၊ အနုပညာဆိုင်ရာ စာပေဆု၊ အမျိုးသားစာပေဆု ဆိုပြီး ပြောင်းလဲလာတဲ့ အစိုးရစာပေဆုတွေဟာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွေမှာ စာပေတန်ဖိုးထက် အစိုးရအလိုကို လိုက်တဲ့ဆုတွေ ပိုဆန်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "မဆလခေတ်မှာ တပါတီစနစ်ကို သွားနေချိန်ဖြစ်လို့ အရှေ့ အုပ်စုနိုင်ငံတွေ မှာလည်း ဝါဒဖြန့်စာပေတွေကို ပိုမြှောက်စားတဲ့သဘော ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နဝတခေတ်မှာတော့ အမျိုးသားရေးကို စန်းတင်ချိန်ဖြစ်လို့ မျိုးချစ် စာပေနဲ့ အနောက်ဆန့်ကျင်ရေးစာပေတွေ နေရာရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာပေဗိမာန်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနနဲ့ နိုင်ငံပိုင် စာနယ်ဇင်းတွေမှာ စစ်အရာရှိတွေ ကြီးစိုးလာချိန် ဖြစ်လို့ စစ်ဝါဒဖြန့်စာပေတွေနဲ့ စစ်နွယ် စာရေး ဆရာတွေကို ဆုပေးရေးအဖွဲ့က ပိုလက်တွေ့လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် ၁၉၆၉ မှာမြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်နဲ့ တရားရေး ဝန်ကြီး ဒေါက်တာမောင်မောင် နိုင်ငံရေးဆိုင်ရာ အမျိုးသားစာပေဆု ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၈၈ မှာ သမ္မတထိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာသက်ရှိရာဇဝင်ဆိုပြီး ၁၉၅၆ က အာဏာရ ဖဆပလခေါင်းဆောင်တွေရဲ့ ရုပ်ပုံလွှာစာတွေကိုလည်း ရေးဖွဲ့ခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ရှားရှားပါးပါးအနေနဲ့ လွတ်လပ်ပြီးခေတ်အဆက်ဆက် အတိုက်အခံသဖွယ် ရပ်တည်ခဲ့တဲ့ လူထုသတင်းစာက အယ်ဒီတာ ဒေါ်အမာကို ၁၉၆၄ မှာပြည်သူ ချစ်သောအနုပညာသည်များစာအုပ်နဲ့ အနုပညာဆိုင်ရာ စာပေဆုပေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီဆုဟာလည်း ဒေါ်အမာအတွက် တခုတည်းသော အစိုးရစာပေဆု ဖြစ်သလို ဆုရတဲ့ စာအုပ်ကလည်း သူ့ရဲ့ အကောင်းဆုံးလက်ရာ တအုပ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "သူ့ခင်ပွန်း လူထုဦးလှကတော့ ဖဆပလခေတ်မှာ သုံးနှစ် အထိန်းသိမ်းခံရပြီးနောက် ၁၉၅၇ မှာထောင်နှင့်လူသားစာအုပ်နဲ့ စာပေဗိမာန်ဆု ရသလို ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာလည်းရခိုင်ကျေးလက် ပုံပြင် များနဲ့ ၁၉၆၃ မှာ စာပေဆု ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စစ်ဗိုလ်စာရေးဆရာတွေရဲ့ လက်ရာတွေနဲ့ စာပေဗိမာန်ထုတ် လူသိနည်းတဲ့ စာအုပ်တွေကို ဆုတွေ ဆယ်စုနှစ်တွေနဲ့ချီ ပေးခဲ့လို့ ပြင်ပစာဖတ် ပရိသတ်တွေ စိတ်ဝင်စားမှု မရခဲ့တဲ့ စာပေဆုတွေကို စစ်အစိုးရဟောင်းနဲ့ မနီးစပ်တဲ့ စာပေသမားအများစုနဲ့ စိစစ်ရွေးချယ်တဲ့ စနစ်ပြောင်းလဲ ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အဲဒီနောက် လူကြိုက်များ ထင်ရှားတဲ့ စစ်အစိုးရဆန့်ကျင်သူတွေရဲ့ စာတွေ၊ စကားပြောပုံစံနဲ့ ရေးတဲ့ စာတွေကို ဆုပေးတာတွေ ဖြစ်လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် ထောင် ဆယ်နှစ်နီးပါး ကျခဲ့ပြီး စကားပြောပုံစံနဲ့သာ ရေးခဲ့တဲ့ ညီပုလေးရဲ့ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်စာအုပ် ၂ဝ၁၆ မှာ အမျိုးသားစာပေဆု ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "တောင်ပေါ်က ဆရာဝန်တယောက်ရဲ့ ဘဝကို ရေးတဲ့စာအုပ်ကို ဝတ္ထုရှည်ဆုပေးတာလည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၂ဝ၂ဝ အတွက် ပေးတဲ့စာပေဆုတွေကို စစ်ကောင်စီဘက်က ထုတ်ပြန်ချိန်မှာ လူမှုကွန်ရက်တွေမှာ ရိုက်ခတ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌက တစ်သက်တာစာပေဆုတွေ ရခဲ့လို့ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက်ပြီး စစ်ကောင်စီပေးတဲ့ဆုကို ယူသင့်မယူသင့်လည်း အငြင်းပွားခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီပြဿနာကလည်း ၁၉၈၈ အရေးအခင်းအပြီး ၁၉၈၉ မှာ စစ်အစိုးရပေးတဲ့ ဘာသာပြန်စာပေဆုကိုခန်းဆောင်နီအိပ်မက်တရုတ်ဝတ္ထုဘာသာပြန်နဲ့ ယူတဲ့ မြသန်းတင့်ကို စာရေးဆရာ မင်းလူ ဝေဖန်တာနဲ့ တူနေပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ခန်းဆောင်နီအိပ်မက်ဟာ မြသန်းတင့်ရဲ့ အားထုတ်ပြန်ဆိုမှုကြီး တခု ဖြစ်ပေမယ့် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းပြီး တက်လာတဲ့ အစိုးရက ပေးတဲ့ စာပေဆုဖြစ်လို့ အတိုက်အခံဘက်က မနှစ်ခြိုက်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် ရေးဘော်ရေးဘက်တွေ ကြမ်းပိုးကိုက်လို့ အိပ်မပျော်တဲ့အချိန်မှာ ခန်းဆောင်နီထဲမှာ ပန်းရောင်အိပ်မက်မက်တဲ့သူ လူတကာ ထောင်ဆုရတဲ့အချိန်မှာ သောင်းဆုယူမယ့်သူ အရိုးတောင်ကိုကျော်၍ သွေးပင်လယ်ကိုဖြတ်မည်တဲ့လားဆိုပြီးဘာတွေဖြစ်ကုန်ကြပြီလဲကဗျာနဲ့ မင်းလူက သရော်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "မြန်မာအစိုးရစာပေဆုပေးစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေက ပထမဆုံးဆုမှာကတည်းက ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "မိုးအောက်မြေပြင်ဝေဖန်ချက်ကို ရွှေဥဒေါင်း၊ ဒဂုန်တာရာတို့ ရေးခဲ့သလို ၁၉၅၉ က စပြီး တင်မိုး၊ ကြည်အောင်၊ ဘုတလင်ချစ်လေး၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ အထက်ပိုင်းက စာရေးဆရာ လူငယ် တွေကို ကဗျာဆုတွေ ပေးခဲ့တဲအတွက် ဆုပေးရာမှာ ပါတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို ရန်ကုန်ဘက်က ကဗျာဆရာတချို့က ဆန့်ကျင် ရေးခဲ့တာတွေ ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာပေဝေဖန်ရေးကို စိုက်လိုက်မတ်တတ်ရေးခဲ့တဲ့ စာရေးဆရာတက်တိုးကတော့ ဆုရွေးချယ်မှုအမှားအယွင်းတွေကိုစာပေဗိမာန်ဆုပြဿနာဆိုပြီး ၁၉၆ဝ ကျော်ကပဲ ထောက်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စာပေဆုပေးရာမှာ ဆုပေးမူ ခိုင်မာပြတ်သားစွာ မရှိခြင်း၊ ရွေးချယ်ပုံစနစ်မကောင်းခြင်းနဲ့ ဆုကော်မတီရဲ့ပျော့ညံ့မှု ဆိုပြီး ချို့ယွင်းချက်တွေ ရှိကြောင်း တက်တိုးက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အနှစ် ၆ဝ ကျော်အကြာမှာတော့ ဒီထက်ဆိုးရွားတဲ့ အမှားအယွင်းတွေနဲ့ အမျိုးသားစာပေဆုတွေ နိမ့်ကျခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီဆုဟာ ပြည်ထောင်စုနိုင်ငံတခုမှာ ပေးတဲ့ဆုဖြစ်ပေမယ့် မြန်မာစာနဲ့ ရေးတဲ့စာအုပ်တွေကို အနှစ် ၇ဝ ကျော် ပေးခဲ့သလို လူမျိုးစုစာပေတွေကို ထည့်သွင်း စဉ်းစားတာ မရှိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက် မြန်မာအမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာကိုအားပေးတဲ့ စာပေတွေကို ရွေးချယ်တာများပြီး ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ဘာသာတွေအကြောင်း ရေးတဲ့စာတွေကို လျစ်လျူရှုခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အဆိုးဆုံးကတော့ မောင်မောင်စိုးရဲ့မြောက်ဦးစစ်တမ်းလို ရိုဟင်ဂျာတွေအပေါ် ခွဲခြား ပုတ်ခတ်တဲ့ စာအုပ်ကို ၂ဝ၁၇ က ဆုပေးခဲ့တာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "တခါ ဝတ္ထုရှည်ဆုတွေဟာ အဓိကဆုကြီးတွေ ဖြစ်ပေမယ့် စာရေးဆရာရဲ့ အကောင်းဆုံးလက်ရာကို မပေးနိုင်တာတွေ ကြုံခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် မြသန်း တင့်ဟာဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်နဲ့ ဆုမရခဲ့ဘဲ ဘာသာပြန်ဆုတွေသာ ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နုနုရည် အင်းဝကတော့ပြုံး၍လည်း ကန်တော့ခံပါနဲ့ ကမ္ဘာ့စာပေစင်မြင်ကို ရောက်ခဲ့ပြီး တခြားဝတ္ထုနဲ့ ပြည်တွင်းမှာ ဆုရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "တခါ သုတစာပေဆုပေးမှုတွေမှာ လူအများလက်ခံနိုင်တဲ့ စာပေပညာရှင်တွေရဲ့ လက်ရာတွေကို ပေးတတ်ပေမယ့် ကဗျာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေး စာပေ စတဲ့ဆုတွေမှာ စာပေဗိမာန်ထုတ် လူသိနည်းတဲ့ စာအုပ်တွေနဲ့ စစ်သည်စာဆိုတွေရဲ့ လက်ရာတွေကို တွင်တွင်ကြီးချီးမြှင့်ခဲ့တာတွေဟာ နဝတ၊ နအဖ ခေတ်မှာ ပေါများခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒါကြောင့် ၁၉၈၁ ကနေ ၂ဝဝ၆ အတွင်း ကဗျာဆု ခြောက်ဆုရခဲ့တဲ့ မြင်းမူမောင်နိုင်မိုးကို ပြင်ပစာပေလောကမှာ လူသိနည်းတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "လွတ်လပ်ကာရန်နဲ့စပ်တဲ့ ခေတ်ပေါ်ကဗျာပုံစံတွေ ၁၉၇ဝ ကျော်ကတည်းက ရှိခဲ့ပေမယ့် အနှစ် ၄ဝ ကျော် စာပေဆု မရခဲ့ကြဘူးလို့လည်း ဧရာဝတီ မီဒီယာကအမျိုးသားစာပေ ကဗျာဆု လာရာနှင့် လားရာဆောင်းပါးမှာ စာရေးဆရာမ ခင်မြဇင်က ရေးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၂ဝ၁၆ မှ ကိုရွေးရဲ့ရန်ကုန်ကိုအလစ်မပေးနဲ့ ဒေလီယာကဗျာစာအုပ်က ခေတ်ပေါ်ကဗျာထဲမှာ ပထမဆုံး အမျိုးသားစာပေဆု ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၂ဝဝ၁ ခုနှစ်က စပေးတဲ့ တစ်သက်တာစာပေဆုတွေမှာလည်း စစ်အစိုးရတွေကို မဆန့်ကျင်တဲ့၊ နိုင်ငံရေးအားဖြင့် မတက်ကြွတဲ့ စာရေးဆရာကြီး တွေကိုသာ အာရုံစိုက်ချီးမြှင့်ခဲ့တဲ့အတွက် မင်းသုဝဏ်၊ လူထုဒေါ်အမာ စတဲ့ ဒီမိုကရေစီရေးတက်ကြွတဲ့ စာရေးဆရာတွေ မရရှိခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက် စာရေးဆရာ၊ စာပေပညာရှင်နဲ့ ပညာရပ်ဆိုင်ရာ စာရေးသူကြားက ကွဲပြားမှုကိုလည်း အရေးမထားတဲ့အတွက် ဘာသာရေးစာပေရေးသူ၊ စာကြည့်တိုက်ပညာရှင်၊ ဘာသာပြန်ဆရာနဲ့ သမိုင်းဆရာတွေကို တစ်သက်တာစာပေဆုတွေ ပေးတာတွေလည်း ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၆၁ က စာပေဗိမာန်ဆုရခဲ့ဖူးတဲ့ စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာဟာ အသက် ၈ဝ အရွယ်မှာအလှဗေဒစာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့ ပေမယ့် တစ်သက်တာစာပေဆုကို မရခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နာမည်ကြီးထင်ရှားပြီး စာပေအရည်အသွေးမြင့်ပေမယ့် စာပေဆုပေးတဲ့ စံနဲ့ ဘောင်တွေကျဉ်းမြောင်းမှုကြောင့် ဆုမရခဲ့သူတွေ အများအပြား ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "ဒီထဲမှာ ထိပ်ဆုံးက ရှိသူတွေက စကားပြောသလို စာရေးနည်းကို စတင်ခဲ့သူထဲမှာပါတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက် အင်္ဂလိပ်လိုရေးတဲ့ စာရေးဆရာမအဖြစ် မြန်မာထဲက ရှားရှားပါးပါးရှိခဲ့တဲ့ ခင်မျိုးချစ်လည်း မရခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့စာတွေကို အမျိုးသား စာပေဆု ပေးတာက ၂ဝ၁ဝ မှ စတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အစောဆုံး ဖြစ်တည်မှုပဓာနဝါဒီ မြန်မာစာရေးဆရာမအဖြစ် ထင်ရှားခဲ့တဲ့ ကြည်အေးဟာလည်းနွမ်းလျအိမ်ပြန်၊ မောင် ကိုကိုနှင့် မြနန္ဒာလို နာမည် ကျော် ဝတ္ထုတွေ ရေးခဲ့ပေမယ့် တခါမှ စာပေဆု မရခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နိုင်ငံခြားမှာ နေထိုင်သူဖြစ်လို့ တစ်သက်တာစာပေဆုအတွက် ထည့်သွင်းစဉ်းစား မခံခဲ့ရဘူး လို့လည်း ကြည်မင်းက ရေးဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အသက်အကြီးဆုံးစာပေဆုရှင်ကတော့ ၉၁ နှစ်အရွယ် ၂ဝဝ၉ မှာကုန်းဘောင်ခေတ် အခွန်တော်ရေးရာစာအုပ်နဲ့ အမျိုးသားစာပေဆုရတဲ့ မကြန်ပါ။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "မကြန်ဟာ အမျိုးသားစာပေဆု ငါးဆု ရခဲ့ပြီး တစ်သက်တာစာပေဆုလည်း ရခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အသက်ငယ်ပိုင်းထဲမှာတော့ ၁၉၅၄ က ၂၆ နှစ်အရွယ်မှာ မင်းယုဝေဟာ ငွေတာရီနဲ့တွဲပြီးအီစွတ်ပုံပြင်များနဲ့ စာပေဗိမာန်ဆု ရခဲ့ပြီး တင်မိုးကတော့ ၂၆ နှစ်အရွယ် ၁၉၅၉ မှာဖန်မီးအိမ်နဲ့ ကဗျာဆု ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "၁၉၆၄ မှာ ၁၇ နှစ်အရွယ် ပျဉ်းမနားမောင်နီသင်း၊ အသက် ၂ဝ အရွယ် မောင်မျိုးမြတ်နဲ့ ၂၁ နှစ်အရွယ် ဂယက်နီ၊ ၁၉၆၆ မှာ ၂၁ နှစ်အရွယ် မောင်ဖြိုးဝေတို့ အနုပညာဆိုင်ရာစာပေ ကလေးစာပေနဲ့ ကဗျာဆုတွေ ရခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေကို ပန်းချီ၊ ကာတွန်း၊ စာပေ၊ ရုပ်ရှင်နဲ့ သတင်းလောကတွေမှာ ဆရာတဆူအဖြစ် လူသိများကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဘီဘီစီမှာ သူတင်ဆက်ခဲ့တဲ့ ဝင်းဖေလွယ်အိတ် အစီအစဉ်ကလည်း နာမည်ကြီးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါပေမဲ့ ဦးဝင်းဖေရဲ့ဖခင်ဟာလည်း တချိန်က နာမည်ကျော် မြန်မာပညာရှိတယောက်ပါ။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ရွှေပြည် ဦးဘတင်လို့ ထင်ရှားတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ တချိန်က ရွှေပြည်ကိုယ်တော်လေးအမည်နဲ့ နိုင်ငံရေးတရားတွေ ဟောခဲ့တဲ့ ရဟန်းတော်တပါးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သူ့ရဲ့အဘိုးကတော့ မန္တလေးမြို့ကို မင်းတုန်းဘုရင် တည်ထောင် ချိန်မှာ ပါဝင်ခဲ့တဲ့ သေနတ်ဗိုလ် မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် ဖြစ်ပြီး မိုးနဲစစ်ကဲကြီးအဖြစ် ရှမ်းပြည်မှာလည်း အမှုထမ်းခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဆန့်ကျင်ဘက်တွေကလာနားထောင်ရ ဦးဘတင်ဟာ ရွှေပြည်ကြီး သီချင်းခေတ်စားခဲ့တဲ့အချိန်က မန္တလေးအနောက်ပြင် ရွှေပြည်ရပ်မှာ ဖွားမြင်ခဲ့လို့ ရွှေပြည်ဦးဘတင်အဖြစ် ထင်ရှားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "၁၈၉၄ မှာ မွေးလို့ ၁၂၅ နှစ် ပြည့်ခဲ့ပါပြီ။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သူတရားဟောစဉ်က နိုင်ငံရေးထက် ရာဇဝင်သမိုင်းနဲ့ စာပေဘက် ကို ဇောင်းပေးဟောခဲ့လို့ နိုင်ငံရေးဆန့်ကျင်ဘက်တွေကတောင် သူ့တရားကို လာပြီး နားထောင်ရတယ်လို့ သားဖြစ်သူ ဦးဝင်းဖေက ပြန်ပြောင်းပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဦးတိုးရဲ့ရာမရကန်ကို ဖွင့်ဆိုရှင်းပြပြီး သူပါတဲ့ နိုင်ငံရေးအဖွဲ့ ကို ထောက်ခံလာအောင် ဆွယ်တရား ဟောတတ်တဲ့ ဦးဘတင်ဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကလေးမှာ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ရာမရကန်ကို ၂၇၅ ရက်ဆက်ပြီးဟောခဲ့လို့ ရကန်စာအုပ် ရောင်းမလောက် ဖြစ်ခဲ့ ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါပေမဲ့ ဦးစောရဲ့ ဂဠုန်ပါတီမှာ ပါဝင်ခဲ့လို့ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံတော်လုပ်ကြံမှုဖြစ်ချိန်မှာ သူဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ လချီနေခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သူ့ကို ပြန်လွှတ်ပေးချိန်မှာတော့ ဖဆပလအစိုးရ တာဝန် ရှိသူတွေက တောင်းပန်တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သူ့ဖခင်ဟာ ဘယ်နည်းနဲ့မှ ဒီလိုလုပ်ကြံတဲ့အထဲပါမယ့်သူမဟုတ်ဘူးလို့ ဦးနုအစိုးရထဲက လူကြီးတွေက ယုံကြည်ပြီး တောင်းပန်ခဲ့ကြောင်း ဒါရိုက်တာဦးဝင်းဖေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဖဆပလခေတ်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ခင်မောင်ကလေးကလည်း အမျိုးသားကျောင်းမှာ ဦးဘတင်ရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ထောင်ကလွတ်ပြီးနောက် မကျန်းမမာဖြစ်နေတဲ့ဇနီးသည်ရဲ့ တောင်းပန်မှုအရ နိုင်ငံရေးကို စွန့်လွှတ်ပြီး သူဝါသနာပါတဲ့ စာပေယဉ်ကျေးမှု ဖြန့်ဖြူးရေးဘက်ကို အားစိုက်လုပ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "အာဏာရ ဖဆပလနဲ့ အတိုက်အခံ ပမညတဘက်က ပါဝင်ဖို့ ကမ်းလှမ်းတာတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "မန္တလေးတက္ကသိုလ်မှာ ဟောပြောပွဲတွေလုပ်ပြီး သမိုင်းစာပေတွေကို ပို့ချခဲ့သလို ဒီဟောပြောချက်တွေကို အသံသွင်းပြီးရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင်စာအုပ်အဖြစ် ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒီလို သမိုင်းဖြစ်ရပ်တွေကို ဟောပြောရာမှာ ဦးဘတင်အတွက် အကြောင်းရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "လွတ်လပ်ပြီးခေတ်မှာ ကြီးပြင်းတဲ့ လူငယ်တွေဟာ မြန်မာဘုရင်စနစ်ကို သက်ဦးဆံပိုင်စနစ်ဆိုပြီး အထင်သေးတာကို ဦးဘတင်က မနှစ်သက်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "အင်္ဂလန်မှာရှိတဲ့ စည်းမျဉ်းခံဘုရင်စနစ်လိုပဲ မြန်မာမင်းအုပ်ချုပ်ပုံမှာလည်း စည်းစနစ်တွေ ရှိတဲ့အကြောင်း သူက ရှင်းပြချင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "နောက်ပြီး ကိုယ့်လူမျိုးကို သိပ်အထင်သေးလွန်းရင် မနိပ်ဘူးလို့လည်း ဦးဘတင်က ယူဆပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ကုန်းဘောင်ခေတ်အစမှာ နန်းရိုးကမဟုတ်တဲ့ အလောင်းမင်းတရားကြီးအတွက် နန်းတွင်းစနစ်တွေ သိအောင် ညောင်ရမ်းခေတ်လက်ကျန် အင်ရုံဝန်ကြီးကအင်ရုံစာတမ်းကို ရေးသလို၊ အင်္ဂလိပ်ခေတ်အစမှာ ပုဂံဝန်ထောက် ဦးတင်ကမြန်မာမင်းအုပ်ချုပ်ပုံစာတမ်းကို ရေးသလို ဦးဘတင်ကလည်း သူနိုင်တဲ့ အဟောအပြောဘက်ကနေ နောက်မျိုးဆက်တွေကို မြန်မာသမိုင်းတွေ ပြောပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒီလိုနဲ့ ရာဇဝင်သမိုင်းစာအုပ်တွေမှာ တွေ့ရခဲတဲ့ အချက်အလက်တွေကို ဦးဘတင်ရဲ့ စာပွဲသဘင်တွေမှာ ဟောပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "မင်းတုန်းမင်းခေတ်က သီလရှင်တွေကို သုံးတဲ့ ထောက်လှမ်းရေးစနစ်၊ နန်းတွင်းမှာ စော်ဘွား သားတွေကို ခေါ်ထားပြီး နန်းဓလေ့နဲ့ ယဉ်ပါးအောင်လုပ်တဲ့စနစ်၊ မန္တလေးကို တည်ထောင်တဲ့အကြောင်းတွေ သူဝေငှခဲ့သလို မန္တလေးက အစုအငန်းရပ်ကွက်တွေအကြောင်း စာတမ်းရေးခါနီးမှာ ကွယ်လွန်သွားလို့ တပည့် ဖြစ်သူ ဦးမောင်မောင်တင်က ရေးခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သူ့ဟောပြောပို့ချချက်တွေကို အခြေခံပြီး တက္ကသိုလ်က ပညာရှင်တွေက စာအုပ်စာစောင်တွေ ရေးသားကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒီမှာ တချို့ပညာရှင်တွေက ဦးဘတင်ပြောတာတွေက ပညာရပ်မဆန်ဘူးလို့ ဝေဖန်တတ်ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဦးဘတင်ကလည်း သူဟာ တက္ကသိုလ်မှာ စနစ်တကျ ဆည်းပူးခဲ့သူမဟုတ်ဘဲ သူဝါသနာပါသိကျွမ်းနားလည်ရာကို ပြန်လည်ပြောပြရှင်းပြသူသာ ဖြစ်တယ်လို့ ပြောတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "နောက် ဒီလို ဝေဖန်သူတွေပဲ သူ့အပြော တွေကို ကိုးကားချက် မပေးဘဲ စာအုပ်လုပ်ရေးကြ တဲ့အခါ သူ့တပည့်ရင်းဖြစ်သူ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက ကထိက ဦးမောင်မောင်တင်က လာပြောတတ်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "အဲဒီအခါ ဦးဘတင်ကမောင်မောင်တင်ရယ်၊ ဒါတွေတွေးမနေပါနဲ့ကွာ၊ သူတို့ ကိုးကားချက်ပေးတာမပေးတာ ငါမလိုပါဘူး၊ ငါက ဒါတွေ ပြန့်စေချင်တာ၊ လေ့လာကြတယ် ဆွေးနွေးကြတယ်ဆိုရင် ငါက ကျေနပ်နေပါပြီလို့ ပြန်ပြောတတ်တယ်လို့ သားဖြစ်သူ ဦးဝင်းဖေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "၁၉၆၂ တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ရွှေပြည်ဦးဘတင်ကို ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ယဉ်ကျေးမှုကောင်စီဝင်ခန့်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါပေမဲ့ စစ်အစိုးရရဲ့ ရာတန်နဲ့ ငါးဆယ်တန်ငွေစက္ကူတွေ သိမ်းတာလို ကိစ္စတွေမှာ လုပ်ပုံကို ဦးဘတင်က မကြိုက်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါကြောင့် နိုင်ငံရေးကို စွန့်ပယ်ခဲ့ကတည်းက ဘာမှမဝေဖန်ခဲ့တဲ့ ဦးဘတင်ကဗမာပြည်တော့ ပျက်ပြီကွ၊ ရှေ့လျှောက်ပျက်ဖို့ပဲ ရှိတော့တာပဲလို့ ပြောကြောင်း ဦးဝင်းဖေက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "၁၉၆၄ မှာ ကွယ်လွန်ခဲ့တဲ့ ဦးဘတင်ဟာ သားဖြစ်သူ ဂလိဂျာနယ်ထုတ်ဝေသူ ဦးတင်ဝင်း အကြိမ်ကြိမ်အဖမ်းခံခဲ့ရတာကိုလည်း မြင်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "သားက ကွန်မြူနစ်ဝါဒကို လိုလားပေမယ့် ဦးဘတင်က မကြိုက်ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါပေမဲ့ သူ့သားကြိုက်လို့လုပ်တာကို ဘာမှကန့်ကွက်ခြင်းမရှိဘဲ အားပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "တခြားသားတယောက်ဖြစ်တဲ့ ဦးဝင်းဖေက ကာတွန်းဦးဘဂျမ်းသြဇာနဲ့ ကွန်မြူနစ်စနစ်ကို မကြိုက်ကြောင်း ခြောက်တန်းကျောင်းသား ဘဝမှာ ဝေဖန်တဲ့အခါမှာတော့မင်းချီးကျူးချင်သည်ဖြစ်စေ၊ ရှုတ်ချဆန့်ကျင်ချင်သည်ဖြစ်စေ ဘာလဲဆိုတာ သိဖို့တော့ လိုတယ်ကွလို့ ဆုံးမခဲ့ဖူးကြောင်း ဦးဝင်းဖေက ပြောပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "နောက် ဦးဘတင်ဟာ ချာချီမိသားစုကို မျိုးနဲ့ရိုးနဲ့မကြိုက်သူဖြစ်ပေမယ့် လွတ်လပ်ရေးရစက လူငယ်နိုင်ငံရေးသမားတွေကဟယ်ချာချီ နင်သည်ကားဟုဆိုလျှင်စတဲ့ စကားတွေသုံးပြီး ဝေဖန်တာကို မကြိုက်ဘူးလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "မြန်မာမှာ ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိရှိပြီး ဒါကိုမလိုက်နာတဲ့အတွက် ဝေဖန်သူရှုံးတယ်လို့ သူကမြင်ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "အမျိုးသားရေးစိတ်ပြင်းတဲ့ ဦးဘတင်ဟာ အင်္ဂလိပ်ခေတ်မှာ မန္တလေးဗဟိုအမျိုးသားကျောင်းကြီးကိုလည်း အာဇာနည်ဝန်ကြီး ဦးရာဇတ်၊ ဦးဘခင်စတဲ့ ဆရာကြီးတွေနဲ့အတူ ဦးစီးတည်ထောင်ခဲ့ပြီး မြန်မာစာနဲ့ သမိုင်းကို သင်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဆရာရွှေပြည်အတန်းချိန်မှာ ပတ္တလားနဲ့ ဆိုတီးသင်တတ်လို့ နားထောင်သူတွေများပြီး တခြားအတန်းတွေ အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် လေးထပ်ဆောင်ကြီး အောက်ဆုံးထပ်မှာ သွားသင်ကြရ တယ်လို့ တပည့်တယောက်ဖြစ်တဲ့ လူထုဒေါ်အမာက ပြန်ပြောင်းရေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "အမ်အေဒေါ်အုန်း၊ သခင်ဗဟိန်း၊ ဗိုလ်မှူးကြီးခင်ညို စတဲ့ မန္တလေးအမျိုးသားကျောင်းထွက်တွေဟာ ဦးဘတင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြ ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "တပည့်တွေ မျိုးချစ်စိတ်ပြင်းထန်အောင်နဲ့ လွတ်လပ်ရေးလိုလားအောင် ဦးဘတင်က လှုံ့ဆော်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "စာဆိုတော်နေ့ကို ရုံးပိတ်ရက်ဖြစ်စေလိုသူ ဒါကြောင့် စာဆိုတော်နေ့ ဟောပြောပြီးအပြန်မှာ ကွယ်လွန်ခဲ့တဲ့ ဦးဘတင်ကို ကျောင်းစာဆိုတော်နေ့မှာ လာဟောပြောဖို့ စောင့်နေကြတဲ့ အမျိုးသားကျောင်းက ဆရာနဲ့ တပည့်တွေက နာရေးအိမ်မှာပဲ လာကန်တော့ခဲ့ရသလို တပည့်တွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ စျာပနကို ချဆောင်ကျင်းပခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "မဆုံးခင်မနက်က သူနောက်ဆုံးပြောခဲ့တဲ့ ဟောပြောချက်မှာ စာဆိုတော်နေ့ကို အမျိုးသားနေ့လိုပဲ ရုံးပိတ်ရက်ဖြစ်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းသွားသလို ဗမာစကား မပြောတတ်ပြောတတ်နဲ့ပြောတဲ့ နိုင်ငံခြားသား ပြောသလို ပြောတဲ့ ခေတ်စကား ခေတ်သံတွေကို နားထောင်လို့ မရကြောင်း ပြောရင်း ဘီလူးကို ဘလူးလို့ ထွက်ရကြောင်း၊ ကောင်းစွာကို ကောင်းဇွာလို့ ပြောရကြောင်း သင်ပြပေးသွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "လိမ္မာ ကြိုးစားကြဖို့နဲ့ နည်းနာနိဿရည်းမှန်ဖို့ ပညာရှိတွေဆီက ပညာယူကြဖို့လည်း လူငယ်တွေကို ဆုံးမခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဦးဘတင်ဟာ သားတွေကို အနုပညာလိုက်စားအောင် အားပေးခဲ့သလို သူတို့နှစ်သက်ရာ အနုပညာကို လေ့လာတာကိုလည်း မတားမြစ်ခဲ့ပါဘူး။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒါကြောင့် သီဟိုဠ်ရေဒီယိုက ခေတ်ပေါ်သီချင်းနဲ့ အိန္ဒိယသီချင်းတွေကို ကြိုက်လို့ ခိုးနားထောင်တဲ့ သားဖြစ်သူ ဦးဝင်းဖေကို သူများအနှောင့်အယှက်မဖြစ်ရင် ကြိုက်သလို နားထောင်နိုင်တယ်ဆိုပြီး ခွင့်ပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "ဒီလိုခေတ်ပေါ်အနုပညာတွေကို လွတ်လပ်စွာ လေ့လာခဲ့ရလို့ ဦးဝင်းဖေဟာ မြန်မာပြည် ခေတ်သစ်ပန်းချီနဲ့ ကာတွန်းရေစီးမှာ ထင်ရှားအောင်မြင်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/in-depth-50561543" }, { "text": "တ်ဆင်လိုက်၊ လိမ်းလိုက်၊ ဦးထုပ်ဆောင်းလိုက် ဆိုတဲ့ ထိရောက်သော ပြည်သူ့ကျန်းမာရေး ဆောင်ပုဒ်နဲ့ ကြေးနီရောင် အသားအရေကို နှစ်သက်မြတ်နိုးတဲ့ အလှအပယဉ်ကျေးမှုနဲ့ ယှဉ်တွဲနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါကြောင့် ဇွန်လက ဩစတြေးလျ အရပ်ဖက် အဖွဲ့တခုရဲ့ စွပ်စွဲချက်တင်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ချိန်မှာ ချက်ချင်းဆိုသလို ဂယက်ရိုက်သွားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "စမ်းသပ်မှုမှာ လွတ်လပ်ပြီး အသိအမှတ်ပြုထားတဲ့ ဩစတြေးလျလက်တွေ့စမ်းသပ်ခန်းတစ်ခုမှာ နေလောင်ကာခရင်မ် အမျိုးပေါင်း ၂၀ ကို စမ်းသပ်ခဲ့ရာ ၁၆ ခုက ထုပ်ပိုးမှုမှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒီနေရောင်ကာ ခရမ်ဟာ အရေပြား ကာကွယ်မှုအဆင့် ၄ အဆင့်သာရှိကြောင်းပြသခဲ့ပြီး အဲဒီအချက်က ချွိုင်းစ် ကို အလွန်အံ့အားသင့်စေကာ နောက်ထပ်ဒုတိယစမ်းသပ်မှုတစ်ခု ပြုလုပ်စေခဲ့ပြီး နောက်မှာလည်း အလားတူ ရလဒ် ထွက်ခဲ့တဲ့ဖော်ပြချက်ကို ထုတ်ပြန်စေခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အရေပြား ကာကွယ်မှုအဆင့် ကြော်ငြာတွေနဲ့ မကိုက်ညီတဲ့တခြားထုတ်ကုန်တွေထဲမှာ နျူထရိုဂျီနာ၊ ဘာနာနာဘုတ်၊ ဘွန်ဒီဆန်းစ် နဲ့ ကင်ဆာကောင်စီလ် တို့က ထုတ်ကုန်တွေ ပါဝင်ပေမဲ့ သူတို့အားလုံးဟာ ချွိုင်းစ် ရဲ့တွေ့ရှိချက်တွေကို ငြင်းဆိုခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ စမ်းသပ်မှုတွေက သူတို့ရဲ့ နေလောင်ကာခရင်မ်တွေ ကြော်ငြာထားတဲ့အတိုင်း အကျိုးအာနိသင် ရှိကြောင်း ပြသနိုင်တယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရတဲ့ ကုန်အမှတ်တံဆိပ်တွေဟာ ချက်ချင်းဆိုသလို အငိုက်မိသွားခဲ့ရပြီး အဆိုပါတွေ့ရှိချက်တွေကို စုံစမ်းစစ်ဆေးသွားမယ် လိုအပ်ရင် စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူသွားမယ် လို့ ကြေညာခဲ့တဲ့ ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ ဆီကလည်း ချက်ချင်းတုံ့ပြန်မှု ရရှိခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": " အာလ်ထရာ ဗိုင်အိုလက် ကလည်း ပြန်လည်ခုခံခဲ့ပြီး လင်းန်စခရင်း ဟာ စိတ်ချရပြီး အကျိုးသက်ရောက်မှုရှိတယ်လို့ သူတို့အနေနဲ့ ယုံကြည်ကြောင်း၊ သူတို့ရဲ့ထုတ်ကုန်တွေကို စမ်းသပ်မှုတွေ အကျယ်တဝင့် ပြုလုပ်ထားကြောင်း၊ အဲဒီထုတ်ကုန်ကို ယူကေအပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးမှာရောင်းချခဲ့ပြီး ဩစတြေးလျဒေါ်လာ ၅၀ (ပေါင် ၂၄၊ အမေရိကန်ဒေါ်လာ ၃၃) အထက် ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါပေမယ့် နှစ်လအတွင်းမှာပင် အာလ်ထရာ ဗိုင်အိုလက် ဟာ မတူညီတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်မှု ရှစ်ကြိမ်လုပ်ခဲ့ရာမှာ တစ်သမတ်တည်း မဟုတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လာပြီးနောက် လင်းန်စခရင်း ကို ပြန်လည်ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်ဟာ ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြွားရတဲ့ စံချိန်စံနှုန်းတွေနဲ့ သုံးစွဲသူတွေ မျှော်လင့်ထားတဲ့စံချိန်စံနှုန်းတွေကို မှီအောင် မထုတ်နိုင်ခံတဲ့အတွက် နက်နက်ရှိုင်းရှိုင်း စိတ်မကောင်း ဖြစ်ရပါတယ် လို့ သူတို့ရဲ့ အင်စတာဂရမ် အကောင့်ကနေ ထုတ်ပြန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း အခြားကုန်အမှတ်တံဆိပ်တွေက ချွိုင်းစ် အစီရင်ခံစာမှာ မပါတဲ့ အနည်းဆုံးထုတ်ကုန်လေးမျိုးကို ရောင်းချမှု ယာယီရပ်ဆိုင်း လိုက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါပေမယ့် အာလ်ထရာ ဗိုင်အိုလက် ရဲ့ပြဿနာကို တုံ့ပြန်ပုံက ဗိုက်ကို အကန်ခံလိုက်ရသလို ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ငွေပြန်အမ်းခံလိုက်ရတာဟာ နှစ်ပေါင်းများစွာ နေရောင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတာတွေကို တကယ်ပြန်ပြင်ပေးနိုင်မှာ မဟုတ်ဘူးလေ လို့ အာလ်ထရာ ဗိုင်အိုလက် ရဲ့ ထုတ်ကုန်ပြန်လည်ရုပ်သိမ်းရေး ထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ တစ်ဦးက ရေးသားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ပထမဆုံးအနေနဲ့ စီးပွားရေးအရ ဆုံးရှုံးခဲ့ရပြီး လက်ရှိ ချွိုင်းစ် ရဲ့စမ်းသပ်မှုမှာ ရှုံးနိမ့်ခဲ့တဲ့ ထုတ်ကုန် ၁၆ ခုရဲ့ရောင်းချမှုကို ရပ်ဆိုင်းရုံသာမက လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် ထုတ်ကုန်အားလုံးကို ရုပ်သိမ်းကာ စားသုံးသူတွေကို ငွေပြန်အမ်းတာမျိူး၊ ထုတ်ကုန်လျှော့ဈေးကဒ်တွေ ရရှိစေခဲ့တဲ့တစ်ခုတည်းသောကုမ္ပဏီဖြစ်ကြောင်း အာလ်ထရာ ဗိုင်အိုလက် ရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီ ကို ဖြေကြားပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": " အာလ်ထရာ ဗိုင်အိုလက် ကိုယ်စားလှယ်က ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ နဲ့ အခြားသောအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဒီလို အရေးယူမှုကာလကို အကျိုးရှိရှိ အသုံးချနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း ဖြည့်စွက်ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ချွိုင်းစ် က ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ ကို နေလောင်ကာခရင်မ် ဈေးကွက်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ကိုယ်ထုတ်ကုန်တွေမှာ ဖော်ပြထားတဲ့ အရေပြား ကာကွယ်မှုအဆင့် ကာကွယ်မှုအဆင့်ကို သံသယရှိတဲ့ ဘယ်ကုန်အမှတ်တံဆိပ်ကို မဆို ချက်ချင်း ရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဩစတြေးလျ နေလောင်ကာ ခရင်မ် လုပ်ငန်းတွင် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာတစ်ခု ရှိနေကြောင်း ထင်ရှားနေပါတယ်လို့ ကမ်ပိန်းဒါရိုက်တာ ရိုစီ သောမတ်စ် က ဘီဘီစီ ဆီကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဩစတြေးလျအသံလွှင့်ဌာန အေဘီစီ ရဲ့ စုံစမ်းစစ်ဆေးမှုအရ ချွိုင်းစ် ရဲ့စမ်းသပ်မှုမှာ အရည်အသွေး ပြည့်မှီမှု မရှိဘူးလို့ မှတ်ချက်ပေးခံခဲ့ရတဲ့ နေလောင်ကာ ပစ္စည်းတွေရဲ့ တဝက်လောက်ဟာ အမေရိကန် အခြေစိုက် ဓါတ်ခွဲခန်း တခုထဲကနေ အရည်အသွေးဆိုင်ရာ လက်မှတ်ရထားတာ ဖြစ်ပြီး အဲဒီဓါတ်ခွဲခန်းက ထုတ်ပေးတဲ့ လက်မှတ်မှန်သမျှဟာ အဆင့်မြင့်ရလဒ်တွေနဲ့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ ကနေ လက်ရှိစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ယေဘုယျအနေနဲ့ ထုတ်ပြောလေ့မရှိကြောင်း၊ အကြောင်းကတော့ သူတို့ကို ထိခိုက်စေလိုစေမှု မရှိစေတာက တကြောင်း တကယ့်ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ လက်ရှိ အရေပြား ကာကွယ်မှုအဆင့် စမ်းသပ်မှု လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ရန် လည်း စဉ်းစားဆောင်ရွက်နေတာက တကြောင်းလို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "မတူညီသော နေလောင်ကာခရင်မ် ထုတ်ကုန်တွေဟာ အတူတူဖြစ်နေတဲ့ ဒါမှမဟုတ် ဆင်တူတဲ့အခြေခံဖော်မြူလာတွေကို မျှဝေအသုံးပြုခြင်းဟာ သာမန်အလေ့အထတစ်ခုဖြစ်ကြောင်း ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ အနေနဲ့ သိရှိထားတယ် လို့ တီဂျီအေ ပြောရေးဆိုခွင့်ရှိသူတယောက်က ဘီဘီစီကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "နောက်ဆုံးမှာ ကိုယ်ထုတ်တဲ့ ဆေးဝါးတွေက သက်ဆိုင်ရာ ဥပဒေဆိုင်ရာလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ အာမခံခြင်းဟာ ထုတ်လုပ် ရောင်းချသူရဲ့ တာဝန်ဖြစ်တယ် လပ်မာဖင်ဗျူတီဆိုင်းယန့်စ် ကို တည်ထောင်သူ ဒေါက်တာဝေါင်း ကတော့ ကာကွယ်စွမ်းရည် မြင့်မြင့်မားမားရှိပြီး အဆက်မပြတ် သက်တောင့်သက်သာ ရှိစေတဲ့ နေလောင်ကာခရင်မ် ထုတ်ဖို့ ဆိုတာ နည်းပညာအရ အလွန်ရှုပ်ထွေးပြီး ထုတ်လုပ်ဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "သိသာထင်ရှားတဲ့ လမ်းညွှန်ချက်တွေ ရှိပေမယ့် စမ်းသပ်မှုရလဒ်တွေမှာ ကွဲလွဲမှုများစွာ ရှိနေဆဲဖြစ်ကြောင်း ဒေါက်တာဝေါင်း က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "ဒါပေမယ့် ဩစတြေးလျနိုင်ငံသားဖြစ်လို့ အရေပြားကင်ဆာ စွဲကပ်နိုင်ခြေ မြင့်မားသူများစွာအတွက် စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုကြောင့် ဖြစ်ခဲ့ရတဲ့ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုတွေဟာ အချိုးအစား မမျှဘူးလို့ ဒေါက်တာဝေါင်း က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "၁၉၉၀ ပြည့်လွန်နှစ်တွေက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး နေလောင်ကာခရင်မ် လက်တွေ့စမ်းသပ်မှုမျာ အရေပြား ကာကွယ်မှုအဆင့် ၁၆ နေလောင်ကာခရင်မ်ကို နေ့စဉ်အသုံးပြုရင် အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို သိသိသာသာ လျော့ကျစေကြောင်း တွေ့ရှိခဲ့တယ်လို့ သူက ညွှန်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": " ချွိုင်းစ် အဖွဲ့ကနေ စမ်းသပ်ခဲ့တဲ့ နေလောင်ကာခရင်မ် ၉၅% ရဲ့ အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို တစ်ဝက်ထက်ပိုပြီး လျော့ကျစေနိုင်တဲ့ အရေပြား ကာကွယ်မှုအဆင့် အဆင့် လုံလောက်စွာရှိကြတယ် လို့ ဒေါက်တာဝေါင်း ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "အရေပြား ကာကွယ်မှုအဆင့် စမ်းသပ်မှုတချို့ဟာ ထိရောက်မှုရဲ့ အစစ်အမှန်ပုံရိပ်ထက် စျေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်တစ်ခုအဖြစ် ပိုမိုဖြစ်လာကြောင်း သူ့အနေနဲ့ ခံစားရမိတယ် လို့ သူက ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c2dnxll3444o" }, { "text": "မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ကလေး ခုနစ် သန်းဝန်းကျင် ရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (အိုင်အကစ်ပီ မြန်မာ) က သုတေသနပြုချက်ကဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အိုင်အကစ်ပီ မြန်မာ ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအချက်အလက်တွေကို သုတေသနပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ဒီအချက်အလက်တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ က ၂၀၂၅ ခုနှစ် မေလ မှာ ထုတ်ပြန်ထားတာပါ။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "အသစ်ပြောင်းလဲလိုက်တဲ့ ၁၂တန်း ပညာရေးအရ အထက်တန်းကျောင်းသားတွေဟာ ကွန်ပျူတာ သုံးပြီး အင်တာနက်ကနေ လေ့ကျင့်ခန်းလုပ်ရမယ့် သင်ခန်းစာတွေ ပါဝင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "မြန်မာနိုင်ငံမှာ ရှိသင့်တဲ့ ကျောင်းသားဦးရေထက် လျော့နည်းနေတာကိုလည်း အိုင်အကစ်ပီ မြန်မာ သုတေသနအဖွဲ့က ထောက်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး တွက်ချက်ရင် ၂၀၂၅-၂၆ ပညာသင်နှစ်မှာ ကျောင်းနေရမယ့် ဦးရေက ၁၃ သန်းရှိရမယ်လို့ အိုင်အကစ်ပီ မြန်မာ က ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပညာသင်ဖို့ အခက်အခဲတွေက မပြေလည်တဲ့ စီးပွားရေးအခြေအနေတွေ၊ ဝင်ငွေထွက်ငွေ မမျှတာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ စိတ်မချရတဲ့ လုံခြုံရေးတွေကြောင့်လို့ အိုင်အကစ်ပီ မြန်မာ က မှတ်ချက်ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွေကနေ အကာအကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ကတော့ ကလေးတွေ ပြုလွယ်ပြောင်းလွယ်ဖြစ်တဲ့ပညာရေး လက်လှမ်းမီနိုင်ဖို့ဆိုရင် ပညာရေးအထောက်အကူပေးသူတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအေဂျင်စီတွေနဲ့ အလှူရှင်တွေဟာ ဒေသန္တရ အသိုက်အဝန်းတွေနဲ့ အောက်ခြေအဖွဲ့အစည်းတွေကို အကူအညီပေးသင့်တယ်လို့ ထောက်ပြအကြံပြုထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c306p06m5edo" }, { "text": "စစ်အာဏာသိမ်း ၄ နှစ်ခွဲကာလရောက်လာချိန်မှာတော့ ဒယိမ်းဒယိုင်မြန်မာ့စီးပွားရေးက အလုပ်အကိုင် အခွင့်အလမ်းတွေမဖန်တီးပေးနိုင်လို့ လူငယ်တွေပြည်ပကိုထွက်ခွာချင်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ စစ်တမ်းက မီးမောင်းထိုးပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာနိုင်ငံမှာရှိနေတဲ့ လူငယ် ၁၀ ယောက်ထဲမှာ ၄ ယောက်က အခြေအနေပေးရင် နိုင်ငံပြင်ပကိုထွက်ခွာမယ် လို့ ဒီနှစ်ရဲ့ နိုင်ငံတကာလူငယ်များနေ့မှာထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မြန်မာမှာ ဦးနှောက်ယိုစီးမှု လို့ခေါ်တဲ့ ပညာတတ်တွေတိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒါရဲ့အကျိုးဆက်ကို ခံစားရတော့မယ်လို့ ပညာရှင်တွေက သတိပေးနေပါပြီ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၂၄ တနှစ်တာအတွင်း ပြည်တွင်းနေလူငယ်အယောက် ၇၀၀၀ ကိုမေးမြန်းထားတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ နိုင်ငံတကာလူငယ်များနေ့ထုတ်စစ်တမ်းအရလည်း ၄၀ ရာခိုင်နှုန်းက အခွင့်အရေးရမယ်ဆိုရင် နိုင်ငံက ထွက်ချင်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်တွင်းထုတ်ကုန်တန်ဖိုး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့မြန်မာ့ငလျင်ကြီးကြောင့်လည်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး ၂.၅ ရာခိုင်နှုန်း အနုတ်ပြနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး က အမေရိကန်ဒေါ်လာ ၇၆.၄ ဘီလျံ ရှိပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁.၆ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်နေတာလို့ သူက ဇူလိုင် ၂ ရက်က နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောခဲ့တာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ ဇွန်လထုတ်စစ်တမ်းတစ်စောင်အရလည်း မြန်မာရဲ့ စီးပွားရေးမြို့တော်လို့ တင်စားကြတဲ့ ရန်ကုန်မြို့မှာတောင် မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ် ကို အံတုနေရပါပြီ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဦးခင်နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ငတ်မွတ်ချို့တဲ့မှုနှုန်းမြင့်တက်လာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က ပူပူနွေးနွေး သြဂုတ် ၁၂ ရက်မှာပဲသတိပေးစာထုတ်ပြန်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ရခိုင်ပြည်နယ်ရဲ့ ငတ်မွတ်ချို့တဲ့မှုအကျပ်အတည်းဟာ ပေါက်ကွဲသွားမယ့်ကပ်ဘေးတစ်ခုအထိဖြစ်လာနိုင် တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က သတိပေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒီလိုဖန်တီးပေးနေပေမဲ့ ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေထဲ ရခိုင်ပြည်နယ်ကလူငယ်တွေအများဆုံးဖြစ်နေ တာကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ နိုင်ငံတကာလူငယ်များနေ့ထုတ်အစီရင်ခံစာအရ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ စစ်တမ်းမှာပါဝင်ဖြေဆိုတဲ့လူငယ်တွေဟာ ဒီမိုကရေစီအောင်ပွဲနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှစ်ခုစလုံးကအရေးပါတယ် လို့ ယုံကြည်ထားကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ပြည်တွင်းမှာ စီးပွားရေးကျပ်တည်းမှုတွေသာမက စစ်ပွဲပဋိပက္ခ၊ စစ်မှုထမ်းဥပဒေကြောင့်ပါ လူငယ် အလုံးအရင်းအလိုက် ပြည်ပကိုထွက်ခွာနေကြသလို ပြည်ပကိုထွက်ခွာလိုသူအများအပြားရှိနေတာက ဦးနှောက်ယိုစီးမှု လို့ခေါ်တဲ့ ပညာတတ်တွေတိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ပြီလို့ ပညာရှင်တွေက ထောက်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ စစ်တမ်းမှာတင် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကစလို့ လူငယ် ၃ သိန်းကနေ ၅ သိန်းကြားက နိုင်ငံကနေစွန့်ခွာခဲ့ကြပြီးဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းမှုအပြီး မြန်မာကနေပညာတတ်တွေစွန့်ခွာတဲ့ ဦးနှောက်ယိုစီးမှု ဖြစ်စဉ်ရှိခဲ့တယ်လို့ ဝါရင့်စီးပွားရေးပညာရှင်တစ်ဦးက ဥပမာပေးပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၀၀ ပြည့်နှစ်နောက်ပိုင်းလူငယ်တွေပြည်ပထွက်ခွာရာမှာတော့ အတွေ့အကြုံမရှိ‌သေးတဲ့ အလုပ်သမားတွေအဖြစ် အောက်ခြေအလုပ်တွေသွားရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး အတွေ့အကြုံတွေ ကတဆင့်မှ အသင့်အတင့်ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်လုပ်သားများ ဆိုပြီး အဆင့်ဆင့်အရည်အသွေးပြည့်မီလာကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "သူတို့တွေ ပြည်ပထွက်တာကို အနာဂတ်ဦးနှောက်ယိုစီးမှု တွေလို့မြင်ပါတယ် လို့ ဒီစီးပွားရေးပညာရှင်ကပဲ ဆက်ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "၂၀၁၂ ခုနှစ်မှာတော့ ပြည်ပရောက်မြန်မာတွေပြန်ရောက်လာကြတာက ပြောင်းပြန် ရွှေ့ပြောင်းခြင်း လို့ပညာရှင်တွေကပြောကြပြီး ပြည်တွင်းစီးပွားရေးအတွက် အတိုင်းအတာတစ်ခုထိကို ဦးနှောက်ယိုစီးမှု ဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စင်ကာပူနိုင်ငံအခြေစိုက် အိုင်အက်စ်အီးအေအက်စ်ရဲ့ မြန်မာ့ရေးရာသုတေသနအစီအစဉ်မှာ ဧည့်သုတေသီအဖြစ်ဆောင်ရွက်နေတဲ့ ဂျာရက် နေးသန် ဘစ်စင်ဂါ ကလည်း မြန်မာတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက အံအားသင့်ဖွယ်ကောင်းတယ်လို့ ဘီဘီစီကို မှတ်ချက်ပြုပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "စီးပွားရေးကြပ်တည်းမှု ကြားမှာ တနည်းမဟုတ်ရင် တနည်းနဲ့ရှင်သန်ဖို့ကြိုးစားကြတယ် လို့ သုတေသီ ဂျာရက် နေးသန် ဘစ်စင်ဂါ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ကတော့ စစ်တမ်းနဲ့အတူ တိုင်းပြည်ကစွန့်ခွာခြင်းအတွက်လုပ်ဆောင်သင့်တဲ့ အဖြေတွေကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒီအချက် ၄ ချက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ စစ်တမ်းမှာ ထည့်သွင်းအကြံပြုပေးခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒီအခြေအနေမတိုင်ခင် ပြည်ပထွက်ခွာသွားတဲ့လူငယ်တွေ ပြန်လာနိုင်အောင် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုဖန်တီးပေးမလဲဆိုတာကလည်းအရေးကြီးတယ် လို့ သုတေသီ ဂျာရက် နေးသန် ဘစ်စင်ဂါ က သူ့အမြင်ကို ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရဲ့ စစ်တမ်းအရလည်း ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းက နေရပ်ကိုပဲ ပြန်လာပြီးနေထိုင်လိုတဲ့ဆန္ဒရှိနေကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရနေတဲ့ စစ်တပ်မှာတောင် စီးပွားရေးအတွက် အခက်အခဲရှိနေလို့ ဒေသတွေကိုထိန်းချုပ်ထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဆိုရင် ပိုပြီးခက်ခဲပါတယ်လို့ သုတေသီ ဂျာရက် နေးသန် ဘစ်စင်ဂါ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ကိတ်မုန့်အရွယ်အစားအသေးကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက လုနေရတဲ့အခြေအနေမှာ စစ်တပ် က လက်ဝါးကြီးအုပ်ပြီး အတုံးကြီးကြီးလှီးယူနေတဲ့အခြေအနေမျိုးပဲ လို့ဝါရင့်စီးပွားရေး ပညာရှင်က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဘဏ္ဍာရေး အရ ဆိုရင် အသုံးစရိတ်ကိုလျှော့ချပြီး ဘတ်ဂျက်လိုငွေနည်းနိုင်သမျှနည်းအောင်လုပ်ဖို့ပါ လို့ ဝါရင့်စီးပွားရေး ပညာရှင်က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "ဒါအပြင် ငွေကြေးအပိုင်းမှာလည်း လက်ရှိလုပ်‌ဆောင်နေတဲ့ တိုက်ရိုက် ငွေကြေးထောက်ပံ့ခြင်း ဖြစ်တဲ့ ဘတ်ဂျက်လိုငွေ တွေကိုပိုက်ဆံရိုက်ထုတ်တာတွေ၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကရောင်းတဲ့ငွေတိုက်စာချုပ်တွေကို ဗဟိုဘဏ်ကဝယ်ယူတာမျိုးတွေက ငွေကြေး‌ဖောင်းပွမှုကိုဖြစ်စေတာပါ။", "source": "https://www.bbc.com/burmese/articles/cr4e3g3y661o" }, { "text": "အခုဆိုရင် အင်းလေးကန်ထဲက ကျေးရွာတွေနဲ့ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာတွေထဲက နေအိမ်တွေထဲမှာပါ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံလာရတာလို့ အင်းလေးကန်ကိုကယ်တင်ခြင်းအဖွဲ့ က အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အင်းလေးကန်ကိုကယ်တင်ခြင်းအဖွဲ့ကတော့ အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဆယ်စုနှစ်ကြာ လုပ်ကိုင်နေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အိမ်ထဲမှာ ဆင့်တွေ ထိုးပြီး နေကြရတယ်လို့ အင်းလေးကန်ကိုကယ်တင်ခြင်းအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က လက်ရှိ အင်းလေးအခြေအနေကို ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ကမ္ဘာ့သစ်တောပြုန်းတီးမှုတွေကို စောင့်ကြည့် ထုတ်ပြန်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့်ရေး ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် အင်းလေး ရေဝပ်ဒေသထဲက တောင်ကြီးမှာဆိုရင် ၂၀၂၄ ခုနှစ်မှာ ဧက ၃ ထောင်နီးပါး သစ်တောပြုန်းတီးသွားတာကို တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေ ရေးဆွဲခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာဆိုရင် အင်းလေးကန် ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နဲ့ နော်ဝေသံရုံးတို့ ပူးပေါင်းပြီး ရန်ပုံငွေပံ့ပိုးမှုအတွက် သဘောတူညီခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါပေမဲ့ အခုချိန်အထိ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်ရှိနေလားဆိုတာ မသိရတော့တဲ့အတွက် ယူအန်ဒီပီ ကိုလည်း အီးမေးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c79l5090e51o" }, { "text": "ဒါ့ကြောင့် နည်းမှန်လမ်းမှန် ဝိတ်ချတယ်ဆိုတာက ပေါင်ချိန်စက်ပေါ်မှာ ကိုယ်အလေးချိန်လျော့သွားဖို့တင်မက ကိုယ့်ခန္ဓာကိုယ်မှာ တန်ဖိုးရှိတဲ့ ကြွက်သားတွေကို ထိန်းသိမ်းထားဖို့လည်း ဖြစ်တယ်လို့ ဇီဝဖြစ်စဉ်အကြောင်း ကျွမ်းကျင်သူပညာရှင်လည်းဖြစ် ဆောင်ပေါင်လိုတက္ကသိုလ် ကနေ ဟော်မုန်းရောဂါဆိုင်ရာ ပါရဂူဘွဲ့ ရထားသူလည်းဖြစ်တဲ့ အီလိန်း ဒိုင်ယက်စ် က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "အရွယ်ရောက်သူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာအပြင် ကြွက်သားကြီးထွားဖို့နဲ့ ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို ထိန်းထားနိုင်ဖို့အတွက် ကိုယ့်ခန္ဓာကိုယ် အလေးချိန်ရဲ့ တစ်ကီလိုဂရမ်ကို ပရိုတိန်းဓာတ် ပါတဲ့ အစာ ၁ ဒသမ ၄ ကနေ ၂ ဂရမ်အတွင်းနှုန်း နေ့စဉ် စားသုံးသင့်တယ်လို့ အားကစားဆိုင်ရာ အဟာရဓာတ်အဖွဲ့က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c5yl4g1nxqeo" }, { "text": "ခွေးရူးပြန် ရောဂါ လက္ခဏာတွေဟာ အကိုက်ခံရတဲ့ နေရာတွေက နာကျင်တာ၊ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ရောဂါပိုဆိုးလာတာနဲ့အမျှ အိပ်မရဘဲ ခြောက်ခြားတာ၊ ရေ လေ အလင်းရောင်တွေကို ကြောက်ရွံ့တာ၊ ကြွက်သားတွေ လှုပ်တာ စတဲ့ ဝေဒနာတွေကို ခံစားပြီး သေဆုံးနိုင်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ထုတ်ပြန်ထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ မူလတန်းကျောင်းသား ကလေးငယ်တစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇွန် တုန်းက ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ခွေးကိုက်ခံရတဲ့ နွမ်းပါးသူတွေအတွက် ခွေးရူးပြန် ကာကွယ်ဆေးထိုးဖို့ ကူညီပေးနေတဲ့ အပင်တွေကိုကယ်တင်ပါအဖွဲ့ က ကိုကျော်သူရက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "တောင်ငူမြို့နယ်အတွင်းမှာ ခွေးကိုက်ခံရသူတွေ ရှိနေပြီး ကာကွယ်ဆေး မထိုးနိုင်တဲ့သူ အယောက် ၂၀၀ ကျော်ကို ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ကူညီခဲ့ရတယ်လို့ အပင်တွေကိုကယ်တင်ပါအဖွဲ့ကနေ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဆေးပတ်လည်အောင် ဆရာဝန်ရဲ့ ထိုးနည်းပေါ် မူတည်ပြီး လေးကြိမ် သို့မဟုတ် ငါးကြိမ် ထိုးဖို့ လိုအပ်တယ်လို့ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ဒါ့ကြောင့်လည်း နေကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ဆေးဖိုးရဲ့ကုန်ကျစရိတ်တစ်ဝက် ဒါမှမဟုတ် အပြည့် ပြန်ထောက်ပံ့ပေးထားတယ်လို့ မြစ်ကြီးနားမြို့က ထူးစေတနာမွန်ဆေးခန်း တာဝန်ခံဆရာဝန်က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ က ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရသူ ဦးရေဟာ ၂၀၁၇ ကနေ ၂၀၁၉ အထိ လူဦးရေ ငါးသိန်းခြောက်သောင်း ငါးထောင်ကျော် ရှိနေပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "၂၀၂၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ စာရင်းအချက်အလက်တွေကို မထုတ်ပြန်သေးတာကြောင့် ဘီဘီစီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ က အီးမေးပို့ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ခွေးအရေအတွက်ကလည်း ၄ သန်းကျော်ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "မြန်မာ့ဆေးဝါးလုပ်ငန်း က ထုတ်လုပ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေးက ချက်ပတ်လည်ကို ၁၄ ချက် ဆေးထိုးရတဲ့အခါ နာကျင်တာကြောင့် လူအများစုက မထိုးကြတော့တဲ့အတွက် ဆေးထုတ်လုပ်တာကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရပ်ဆိုင်းသွားတယ်လို့ အငြိမ်းစားကျန်းမာရေးအရာရှိက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကတော့ မလောက်ရင် ထပ်ဝယ်ပေးတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "ခွေးကိုက်ခံရတဲ့ လူနာတွေကို ကုသပေးဖို့အတွက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကျပ် ၁၃ ဒသမ ၇၂ ဘီလျံ၊ ခွေးရူးကိုက်ခံရသူတွေအတွက် ဆေး ကျပ် ၁ ဒသမ ၂ ဘီလျံ၊ စုစုပေါင်း ကျပ် ၁၅ ဘီလျံကို သုံးစွဲထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉ ခုနှစ် ဩဂုတ်မှာ ပြောခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c0e9nryw5qgo" }, { "text": "အဲဒီဖြစ်စဥ်အတွင်း အာလူးကနေ ဂလိုင်ကို အယ်ကာလွိုက်လို့ ခေါ်တဲ့ သဘာဝ အဆိပ်တွေကို ထုတ်လုပ်ပါတယ်၊ သူတို့က အပင်ပေါက်လေးကို မှိုတွေ၊ အင်းဆက်တွေ ရန်ကနေ ကာကွယ်ဖို့ အတွက်ပါ။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အဲဒီ ဒြပ်တွေထဲက ဆိုလနင်း ဆိုတဲ့ အဆိပ်ဓာတ် တမျိုးကို အာလူး၊ ခရမ်းချဥ်သီး၊ ဂေါ့ဂျက် ခရမ်းသီး၊ ပန်းငရုတ်သီးတို့ အပါအဝင် လူတွေ စားကြတဲ့ အသီး အများအပြားမှာ တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ဒီထက် ဆိုးတာမျိုးတွေတော့ ဖြစ်လေ့မရှိပါဘူး လို့ လင်ကွန်း တက္ကသိုလ်မှာ ရိတ်သိမ်းသီးနှံ နည်းပညာတွေ လေ့လာသူလည်းဖြစ်အာလူးရိတ်သိမ်းပြီးတဲ့နောက် စာအုပ်ကို ရေးသားခဲ့သူ လည်းဖြစ်တဲ့ ဒေါက်တာ ခရစ် ဘစ်ရှော့က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "အညှောင့်စိမ်းလေးတွေ ထွက်နေတဲ့ အာလူးကို မစားသင့်ဘူး လို့ အရှေ့အန်ဂလီယာတက္ကသိုလ် က အပင် သိပ္ပံဘာသာရပ် ပါမောက္ခ ကေသီ မာတင်က သတိပေး ပါတယ်။", "source": "https://www.bbc.com/burmese/articles/c74q78knvxko" }, { "text": "ကိုယ်ဝန် ခြောက်ပတ်နဲ့ ၁၄ ပတ်အတွင်း ကိုယ်ဝန်သည်တွေမှာ ထွက်တတ်တဲ့ ဟျူးမန်း ကောရီယောနစ် ဂိုနာဒိုထရိုပင် နဲ့ အက်စထရိုဂျင် လို ဟော်မုန်းတွေကြောင့် မနက်ဖက် အော့အန်တာမျိုးက အတော်များများမှာ ဖြစ်လေ့ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "အဲဒီနောက်မှာတော့ ခရစ္စတာဘဲလ်မှာ ဟိုက်ပါအီမီစစ် ဂရာဗီဒါရမ် လို့ခေါ်တဲ့ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန် ပျို့အန်တဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်တယ်လို့ ဆရာဝန်တွေက စစ်ဆေးတွေ့ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒီပြင်းထန်ပျို့အန် ဝေဒနာ အကြောင်း လတ်တလောနှစ်တွေအတွင်း နာမည်ကြီးသူတွေက ထုတ်ဖော်ပြောလာခဲ့ကြတဲ့အတွက် လူတွေအာရုံစိုက်လာမိကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ယူကေနိုင်ငံမှာ ကိုယ်ဝန်သည် အယောက် ၁၀၀မှာ တစ်ယောက်နဲ့ သုံးယောက်ကြားလောက်က ပြင်းထန်ပျို့အန် ဝေဒနာ ဒဏ်ကို ခံစားရတယ်လို့ ယူကေနိုင်ငံရဲ့ နိုင်ငံတော်ကျန်းမာရေးဝန်ဆောင်မှုဌာန က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ ကိုယ်ဝန်သည်တွေ ခံစားရတဲ့ ပြင်းထန်ပျို့အန် ဝေဒနာ အကြောင်းကို တင်ပြပြောဆိုမှု နည်းပါးတာကြောင့် ကမ္ဘာတဝန်း ဒီဝေဒနာရဲ့ ရိုက်ခတ်မှု အတိုင်းအတာကို မှန်မှန်ကန်ကန် သိဖို့ ခက်ခဲနေပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန်ဝေဒနာအကြောင်း ကျွန်မ အရင်က လုံးဝမကြားခဲ့ဖူးပါဘူးလို့ နန်ယေ က ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန်ဝေဒနာ ဟာ ပုံမှန် ကိုယ်ဝန်သည်တွေ ကြုံရလေ့ရှိတဲ့ အတွေ့အကြုံတွေနဲ့ ဆင်တူနေလေ့ ရှိတာမို့ ဒီဝေဒနာကို စစ်ဆေးတွေ့ဖို့ စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန်ဝေဒနာ ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကြီးမားနိုင်တာမို့ ဒီဝေဒနာကို လစ်လျူမရှုသင့်ဘူးလို့ နိုင်ဂျီးယားနိုင်ငံ အက်ဘိုညီမြို့က အစိုးရ သားဖွားဌာနက သားဖွားနဲ့ မီးယပ် ဆရာဝန် ဒေါက်တာ အန်ကီရူကာ အူချေ အန်ဝီဒါဂူ က သတိပေး ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန်ဝေဒနာ ကတော့ အရမ်းကို ဆိုးဝါးလှပြီး လုပ်နေကျ ပုံမှန်အလုပ်တွေတောင် မလုပ်နိုင်အောင် ဖြစ်လာစေပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": " ပြင်းထန် ပျို့အန်ဝေဒနာ ကနေ အစပိုင်း သတိမထားမိပေမဲ့ နောက်ပိုင်းမှာ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ အီလက်ထရိုလိုက် မညီမျှမှု အပါအဝင် ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်လာစေနိုင်ပါတယ် လို့ သူက သတိပေးပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါ့အပြင် ပြင်းထန် ပျို့အန်ဝေဒနာ ဟာ ရင်သွေးကလေးငယ်ကိုလည်း ထိခိုက်စေနိုင်တယ် လို့ လန်ဒန်မြို့ ကျန်းမာ‌‌ရေးသိပ္ပံ ဌာနက ကျန်းမာရေး ပညာပေးသူလည်းဖြစ်၊ သားဖွားနဲ့ မီးယပ် ဆရာဝန်ကြီးလည်း ဖြစ်တဲ့ ဒေါက်တာ အေဒန်နီယီ အကီဆီကူ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": " ဒီပြင်းထန် ပျို့အန် ဝေဒနာ ဟာ မွေးရာပါ ချို့ယွင်းချက်ရှိတဲ့ ကလေးတွေ မွေးဖွားတာနဲ့ ဆက်နွှယ်တယ်လို့တော့ လေ့လာချက်တွေမှာ မဖော်ပြခဲ့ကြပါဘူး။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဒါပေမဲ့ ဒီပြင်းထန် ပျို့အန် ဝေဒနာ ဟာ မိသားစုလိုက် ဖြစ်လေ့ရှိတာမို့ မျိုးဗီဇနဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီ ဒေါက်တာ မာလီနာ ဖက်ဂျ်ဇို ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဥပမာအားဖြင့် ကိုယ့်ညီမ၊ အစ်မမှာ ပြင်းထန် ပျို့အန် ဝေဒနာ ရှိနေရင် ကိုယ့်မှာလည်း ဒီဝေဒနာ ဖြစ်ဖို့ အဆ ၁၇ ဆ ပိုများနေပြီး ဒါဟာ မျိုးဗီဇပိုင်းနဲ့ ဆိုင်တယ်ဆိုတာကို တွေ့ရပါတယ် လို့ သူက ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန် ဝေဒနာ ရှိသူ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း ဂျီဒီအက်ဖ်၁၅ ဟော်မုန်း ပမာဏ ပိုများတတ်တယ်လို့ ဒေါက်တာ ဖက်ဂျ်ဇို ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဂျီဒီအက်ဖ်၁၅ ဟော်မုန်းဟာ ရောင်ရမ်းမှု၊ ဇီဝဖြစ်တည်မှုနဲ့ ဆဲလ်ကြီးထွားမှုတွေကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန် ဝေဒနာ ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ ကလေးမီးဖွားပြီး အချိန်တော်တော်ကြာတဲ့အထိတောင် ဆက်ရှိနေနိုင်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဝေဒနာပြင်းထန်သူ တချို့ဆိုရင် ပြင်းထန် ပျို့အန် ဝေဒနာ ကြောင့် စိတ်ပူပန်မှု၊ စိတ်ကျမှုလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေအထိတောင် ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ အကီဆီကူ ကပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "နန်ယေ က သူဟာ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လပေါင်းများစွာ ခံစားခဲ့ရပြီး မီးဖွားပြီးတာတောင်မှ ပြင်းထန် ပျို့အန် ဝေဒနာ ရဲ့ အရှိန်က ဆက်ကျန်နေသေးတယ်လို့ ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ပြင်းထန် ပျို့အန် ဝေဒနာ ကြောင့် ကျွန်မ လုံးဝ ချုံးချုံးကျသွားခဲ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ဝေဒနာခံစားရသူ အမျိုးသမီးအတော်များများက ထုတ်မပြောဘဲ နေနေကြတဲ့အတွက် ပြင်းထန် ပျို့အန် ဝေဒနာ ကို လူသိပ်မသိကြတာမို့ ဒီဝေဒနာအကြောင်း အသိပညာပေးမှုတွေ ပိုတိုးလုပ်ဖို့ လိုတယ်လို့ ဒေါက်တာ အူချေ အန်ဝီဒါဂူ က အလေးအနက် ပြောသွားပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "မဆိုင်းမတွ ရောဂါရှာဖွေ ကုသတာက ပြင်းထန် ပျို့အန် ဝေဒနာ ကို ထိန်းနိုင်ဖို့နဲ့ မိခင်ရော ကလေးပါ နောက်ထပ် ပိုဆိုးဝါးတဲ့ ရောဂါတွေ ဖြစ်မလာအောင် တားဆီးနိုင်ရေးမှာ အရေးပါလှပါတယ်။", "source": "https://www.bbc.com/burmese/articles/cp3q8vq4xl5o" }, { "text": "ကျိုးကြောင်းဆင်ခြင်ပြီး ဘာသာရေး လွှမ်းမိုးမှုနည်းပြီး လူသားဆန်တဲ့ အမေရိကန် ပုံစံ ဂျူးဘာသာ အဖွဲ့အစည်းဖြစ်တဲ့ ကျင့်ဝတ်ယဉ်ကျေးမှုအဖွဲ့အစည်း ဆက်စပ်နိုင်တယ်လို့ ယူဆကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "၁၉၆၅ ခုနှစ်က အန်ဘီစီ သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ကမ္ဘာကြီးက အရင်နဲ့ တူတော့မှာ မဟုတ်ဘူးဆိုတာ ကြိုမှန်းဆထားခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cw485y0702po" }, { "text": "၂၀၁၇ ခုနှစ်တုန်းက ဖလော်ရီဒါတောင်ပိုင်းက တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်မှာ ရိုက်ယူထားတဲ့ ဗီဒီယိုတစ်ခုထဲမှာ စပါးအုံးမြွေတစ်ကောင်က ရေအောက်ထဲမှာ မိကျောင်းတစ်ကောင်ကို အသက်မရှူနိုင်တော့တဲ့ အထိ ရစ်ပတ်ထားပုံကို သူက ဖွင့်ပြခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "မော်တော်ဘုတ်တစ်စင်းပေါ်ကနေ ငါးတစ်ကောင်ကို လိုက်ရှာနိုင်သလိုမျိုး စပါးအုံးမြွေတွေကို ရှာတွေ့နိုင်တဲ့ အေအိုင် နည်းပညာနဲ့ အင်ဖရာရက် ရောင်ခြည်လှိုင်းတန်းတွေ အသုံးပြုနိုင်မယ့် ကင်မရာစနစ်တစ်မျိုးကို တီထွင်နိုင်ဖို့ ဖလော်ရီဒါပြည်နယ် ရေထိန်းသိမ်းရေး ခရိုင်ဟာ ငါးနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်နဲ့ အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မစ္စတာ ကာ့ခ်လန်က ရှင်းပြပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ တခြားမြွေ အမျိုးအစားတွေ ထဲကနေ မြန်မာ့ စပါးအုံးမြွေကို ရှုခင်းနောက်ခံတွေအကြား ခွဲထုတ် သိရှိနိုင်ဖို့ကို အေအိုင် နည်းပညာသုံး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/c3gm3lwrmlxo" }, { "text": "နိုင်ငံတကာပြေးခုန်ပစ် အဖွဲ့ က ပဲရစ်အိုလံပစ်မှာရွှေတံဆိပ်ရသူတွေအနေနဲ့ ဆုကြေး ဒေါ်လာ ၅၀၀၀၀ ရမယ်လို့ ဧပြီလတုန်းက ရုတ်တရက် ကြေညာခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ပေါ့ဒ်ကတ်စ်အစီအစဉ်များ နောက်တစ်လ အကြာမှာ နိုင်ငံတကာ လက်ဝှေ့ အသင်း ကလည်း အိုလံပစ်ချန်ပီယံအတွက်ပေးမယ့်ဆုကြေးကို ဒေါ်လာ ၁၀၀၀၀၀ လို့ ကြေညာလိုက်ပြီး အဲဒီငွေရဲ့ ၄ ပုံ ၁ ပုံက သက်ဆိုင်ရာနိုင်ငံရဲ့ လက်ဝှေ့ အဖွဲ့ချုပ်၊နောက် ၄ ပုံ ၁ ပုံက အားကစားသမားရဲ့ နည်းပြတွေအတွက် လို့ သတ်မှတ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "နိုင်ငံတကာ အိုလံပစ် ကော်မတီ က အိုလံပစ်ပွဲတော် ဝင်ငွေထဲကနေ နိုင်ငံတကာအားကစား အဖွဲ့တွေကို ဝေစုခွဲပေးပြီး နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ ဆိုရင် ဆုရ အားကစား သမားတွေကို သူတို့ပေးမယ်ဆိုတဲ့ ဆုကြေးငွေ တချို့က အဲဒီကနေ ဖြစ်လာတာပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "နိုင်ငံတကာ အိုလံပစ်ကော်မတီ က မကြာခင်ကာလမှာပဲ နိုင်ငံတကာ လက်ဝှေ့ အသင်းနဲ့ ကင်းကင်းရှင်းရှင်း နေလိုက်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "သူတို့ပြောတာကတော့ နိုင်ငံတကာ လက်ဝှေ့ အသင်း ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ ဘဏ္ဍာရေး ကိစ္စတွေဟာ ရှင်းရှင်းလင်းလင်း မရှိဘူး လို့ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "နိုင်ငံတကာ လက်ဝှေ့ အသင်း နဲ့ဆိုရင် ငွေတွေက ဘယ်က လာသလဲဆိုတာက မရှင်းလင်းလှဘူး၊ အဲဒါက အမြဲပဲ လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဒေါက်တာ ဘက်ဆန်က နိုင်ငံတကာ လက်ဝှေ့ အသင်း ဟာ အိုလံပစ်မှာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်တယ်၊ အိုလံပစ်လို သူတို့လည်း အရေးပါ ပါတယ် ဆိုတာကို ပြချင်ပုံ ရတယ် လို့ ဆိုပါ တယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ဖော့ဘ် မဂ္ဂဇင်းက ထုတ်ပြန်တဲ့ နှစ်စဥ် ဝင်ငွေအကောင်းဆုံး အားကစား သမား စာရင်း အရ ပဲရစ် ၂၀၂၄ မှာလာပြိုင်တဲ့ အားကစားသမားတွေထဲ စပိန်ဂေါက်သီးသမား ဂျွန်ရမ်က ဝင်ငွေအရဆုံး အားကစားသမားပါ။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "မနှစ်က သူ့ရဲ့ ဝင်ငွေက အမေရိကန် ဒေါ်လာ ၂၁၈ သန်း ရှိတယ်လို့ အဲဒီမဂ္ဂဇင်းက ခန့်မှန်းထားပြီး အဲဒီထဲက အများစုက ဆော်ဒီရန်ပုံငွေစိုက်ထုတ်တဲ့ လစ်ဗ်ဂေါက်သီး ခရီးစဥ် က ရတဲ့အတွက် အငြင်းပွားစရာတွေလည်း ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "များသောအားဖြင့် အဲဒါတွေက အတွင်းရေး လျှို့ဝှက်ချက်တွေဖြစ်ပေမယ့် ၂၀၁၆ မှာ နိုက်ခ်နဲ့ နယူးဘဲလင့်စ် ကုမ္ပဏီတို့ ဥပဒေကြောင်း အငြင်းပွားမှုကနေ ပေါ်ထွက်လာတဲ့ အချက်အလက်အရ အဲဒီတုန်းက အိုလံပစ်ပွဲတော်မှာ ဘောရစ်ဘာရိန်း ရွှေတံဆိပ် ရမယ်ဆိုရင် သူ ဒေါ်လာ ၁၅၀,၀၀၀ ရမယ် ဆိုတာကို သိရပါတယ်။", "source": "https://www.bbc.com/burmese/articles/cx2yy4v8pj6o" }, { "text": "ပျမ်းမျှအားဖြင့် မားဘာ့ဂ် ဗိုင်းရပ်စ်ပိုးဟာ ရောဂါကူးစက်ခံရသူ တစ်ဝက်လောက်ကို အသက်ဆုံးရှုံးစေပြီး အရင် ရောဂါဖြစ်ပွားမှုတွေအတွင်း လူနာ ၂၄ ရာခိုင်နှုန်းကနေ ၈၈ ရာခိုင်နှုန်းအတွင်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ရောဂါဖြစ်ပွားမှုကို တားဆီးဖို့ ရဝမ်ဒါအစိုးရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုကို အားဖြည့်ပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေ စေလွှတ်တာ၊ ရောဂါရှိမရှိ စစ်တဲ့ ကိရိယာတွေနဲ့ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံတွေ ပို့ပေးတာမျိုးတွေ လုပ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပြီဆိုတာနဲ့ စစချင်းမှာ အဲဒီနောက် ၃ ရက်လောက်ကြာတဲ့အခါ ဒီအဆင့် ရောက်ရင် လူနာရဲ့ ပုံပန်းသဏ္ဍာန်က မျက်ကွင်းတွေချောင်၊ အားအင်ကုန်ခမ်း၊ မလှုပ်မရှားနိုင်ဖြစ်ပြီး ချုံးကျသွားတဲ့ပုံမျိုး ဖြစ်လာတတ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒါပေမဲ့ သွေးကနေ ထုတ်လုပ်တဲ့ ကုထုံး ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ကိုယ်ခံအား ကုထုံးတွေ ထုတ်လုပ်နိုင်ဖို့ စတင်စမ်းသပ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "ဒါ့အပြင် ရောဂါဖြစ်ပွားရာ နေရာဒေသမှာရှိတဲ့ ဝက်တွေနဲ့ ထိတွေ့တာမျိုးကိုလည်း ရှောင်ကျဉ်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/c07nvv1388jo" }, { "text": "တချို့က ရွှေကျောထောက်နောက်ခံပြုတဲ့ အိပ်ချိန်း-ကုန်သွယ်ရေး ရန်ပုံငွေ လို ရှယ်ယာတွေကို ဝယ်ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ဒီနှစ်ထဲမှာ အခုချိန်ထိ ရွှေ အိပ်ချိန်း-ကုန်သွယ်ရေး ရန်ပုံငွ ဒေါ်လာ ၆၄ ဘီလျံဖိုးထိ စံချိန်တင် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ကမ္ဘာ့ ရွှေကောင်စီက ထုတ်ပြန်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "ရတနာသတ္တု ရောင်းဝယ်ရေးနဲ့ သိုလှောင်မှုဝန်ဆောင်မှုပေးတဲ့ ငွေတုံး လုပ်ငန်း တည်ထောင်တဲ့ ဂျော့ ဂရက်ဂါရှင်ကတော့ မနှစ်ကစပြီး ဖောက်သည် နှစ်ဆတိုးလာကြောင်း ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cn83w1w286lo" }, { "text": "သမ္မတထရမ့်ရဲ့ ဒီသတ်မှတ်ချက်အသစ်က လုပ်သားထု ၅ သိန်းကျော် ရှိတဲ့ မြန်မာရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍကို တိုက်ရိုက်ထိခိုက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း က တုံ့ပြန်လာပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါပေမဲ့ စီအမ်ပီ လို့ခေါ် ကြတဲ့ လက်ခစားအထည်ချုပ်လုပ်ငန်းတွေကတဆင့် အမေရိကန်ကိုပို့ရတဲ့ အထည်ပို့ကုန်တွေကတော့ ဆက်ကျန်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရဲ့ ဧပြီ ၈ ရက် ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်ရဲ့ အခွန်နှုန်းသစ် သတ်မှတ်ချက်ဟာ အထူးသဖြင့် နှစ်နိုင်ငံကြားက အထည်ချုပ်လုပ်ငန်းတွေရဲ့ စီးပွားရေးကို သက်ရောက်လာမယ်လို့ ဆိုပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်ရဲ့ အခွန်နှုန်းတိုးမြှင့်လိုက်မှုက မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာလူမှုအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများစွာကို ပိုမိုဆိုးရွားစေမှာဖြစ်ပါတယ် လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း က ထည့်ပြောထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အခု သမ္မတထရမ့်ရဲ့အခွန်စည်းကြပ်နှုန်းသစ် မတိုင်ခင်ကတည်းက မြန်မာအထည်ချုပ်လုပ်ငန်းဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အခွန်ကင်းလွတ်ခွင့်ရတာမျိုးမရှိခဲ့သလို ဂျီအက်စ်ပီ လို့ခေါ်တဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးအထူး အဆင့်အတန်းပေးတဲ့ နိုင်ငံစာရင်းထဲမှာလည်း ပါဝင်ခဲ့တာမရှိပါဘူး။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်က မြန်မာကို ၁၉၈၉ ခုနှစ်အထိ ဂျီအက်စ်ပီ အခွင့်အရေးတွေ ပေးခဲ့ဖူးပေမဲ့ စစ်အစိုးရတွေ လက်ထက် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လွတ်လပ်စွာစုဝေးခွင့်တွေအပေါ် ချုပ်ချယ်ကန့်သတ်မှု တွေကြောင့် အဲဒီအခွင့်အရေးကို ပြန်ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒါကြောင့်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ရဲ့ ၁၀ နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) မှာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "လက်ရှိမှာ မြန်မာနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးက မြန်မာရဲ့ စုစုပေါင်းကုန်သွယ်ရေးရဲ့ ၂ ရာခိုင်နှုန်းကျော်ပဲရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "အမေရိကန်အစိုးရရဲ့ ကုန်သွယ်မှုဆိုင်ရာရုံး ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား စုစုပေါင်းကုန်သွယ်မှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၃၄ သန်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တဖက်မှာလည်း အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကြောင့် ကမ္ဘာ့အလုပ်သမားသမဂ္ဂနဲ့ မြန်မာအလုပ်သမားသမဂ္ဂတချို့ရဲ့ တောင်းဆိုချက်တွေအရ ဇာရာ အပါအဝင် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်နေတဲ့ အင်ဒီတက်စ် လုပ်ငန်းစုက မြန်မာမှာရှိတဲ့သူတို့လုပ်ငန်းတွေကနေ ထွက်ခွာမယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "မြန်မာမှာ အာဏာသိမ်းလို့ ဆွီဒင်အခြေစိုက် အိတ်ချ်အမ် လို ကမ္ဘာကျော် အဝတ်အထည်လုပ်ငန်းကြီးတွေထွက်ခွာသွားပေမဲ့ တခြားကမ္ဘာကျော် အမှတ်တံဆိပ်တွေက တခြားလမ်းကြောင်းတွေကနေ အထည်အပ်တာတွေဆက်ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တချို့က ပြောပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "တရုတ်အထည်ချုပ်ကုမ္ပဏီအများစုက မြန်မာကိုလာရင်းနှီးမြှုပ်နှံပြီး သူတို့အထည်ကို မြန်မာပြည်ထုတ် အနေနဲ့ပို့ခဲ့တာ လို့ သူက ပြောပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cpwzzd1nvywo" }, { "text": "ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုတိယအကြိမ် ပြည်လုံးကျွတ် ရွေးကောက်ပွဲနိုင်ပြီးနောက် ၂ဝ၁၆ နောက်ပိုင်းမှာ ပေးတဲ့ စာပေဆုတွေ ပြောင်းလဲ လာပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "နောက် ၂ဝ၁၆ က ၈၇ နှစ်မှာ ရန်ကုန်၏ သမိုင်းဝင် ခေါင်းလောင်းများနဲ့ အမျိုးသားစာပေဆုရတဲ့ ဒေါက်တာ ခင်မောင်ညွန့် ၊ ၂ဝဝ၈ က ၈၆ နှစ်အရွယ်မှာခါကာဘိုခရီးသည်နဲ့ စာပေဆုရတဲ့ ယိမ်းနွဲ့ပါးခေါ် ဗိုလ်မှူးကြီးစောမြင့်၊ ၁၉၈၃ က ၈၅ နှစ်အရွယ်မှာမြန်မာ့ရိုးရာ ကိန်းဂဏန်း သင်္ချာစာအုပ်နဲ့ စာပေဆုရတဲ့ ဒဂုန်နတ်ရှင် တို့လည်း ရှိပါတယ်။", "source": "https://www.bbc.com/burmese/in-depth-59251902" }, { "text": "အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ်ရှိတဲ့ လူငယ်မျိုးဆက် ဂျန်ဇီ တွေဟာ အစိုးရတွေ အပေါ် စိတ်ပျက်အားမလိုအားမရဖြစ်တာနဲ့ အပြောင်းအလဲလိုလားချက်တွေ ဖြစ်နေပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "မော်ရိုကိုကနေ မက်ဒက်ဂက်စကာ၊ ပါရာဂွေးကနေ ပီရူးတို့အထိ ဆန္ဒပြမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကျယ်ပြန့်လာနေတာပါ။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "အဲဒီလူငယ်လှုပ်ရှားမှုတွေရဲ့ပျံ့နှံ့မှုကို ဆိုရှယ်မီဒီယာက မီးထိုးပေးနေပေမယ့် ကျွမ်းကျင်သူတွေကတော့ ဖျက်ဆီးခြင်းရဲ့ အစပျိုးမှုတွေလည်း ပါဝင်နိုင်တယ်လို့ သတိပေးကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ရာပတ်သက်ကြောင်းကောင်းစားရေး လုပ်ဆောင်ချက်တွေကို ဆန္ဒပြကြရာကနေ နီပေါဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေ ပိုကောင်းလာဖို့ ဆန္ဒပြခဲ့ကြပြီး ကမ္ဘာ့ဖလားအတွက် ဘောလုံးကွင်းတွေကို ဘီလျံချီအကုန်အကျခံ ဆောက်လုပ်မှုတွေကိုပါ ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "ဒါပေမယ့် အရင်နဲ့မတူတော့တာက ဖုန်းအသုံးပြုမှုတွေ များပြားလာတာ၊ ဆိုရှယ်မီဒီယာ၊ စာတိုပို့တဲ့အက်ပလီကေးရှင်းတွေနဲ့ လတ်တလောဆိုရင် ဉာဏ်ရည်တု နည်းပညာပါ ပါဝင်လာတာဖြစ်ပြီး နည်းပညာ ဆန်းပြားမှုတွေပါ ပါဝင်လာတာပါ။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "နိုင်ငံတွေအကြား ဆန္ဒပြတဲ့နည်းဗျူဟာတွေ ဖလှယ်မှုမှာ ဆိုရှယ်မီဒီယာတွေကလည်း အထောက်အကူဖြစ်ခဲ့ပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "အဲဒီအချိန်အတွင်းမှာပဲ အာဏာရှင်အုပ်စိုးသူတွေဟာ တက်ကြွလှုပ်ရှားသူတွေကို ဆန့်ကျင်ဖို့ ဒီဂျစ်တဲယ် အသုံးပြုတဲ့ပစ္စည်းတွေ ဘက်ကို မျက်နှာလှည့်လာနေကြတယ်လို့ သုတေသနတွေမှာ ဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "ဆိုရှယ်မီဒီယာ ဦးဆောင်တဲ့ဆန္ဒပြပွဲတွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေအပေါ် မှာလည်း ကျွမ်းကျင်သူတွေက အငြင်းပွားနေကြရပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်းမှာတော့ လက်နက်မပါဆန္ဒပြမှုတွေရဲ့ ၆၅ ရာခိုင်နှုန်း ဟာ အောင်မြင်မှုရခဲ့ပေမယ့် ၂၀၁၀ နဲ့ ၂၀၁၉ ခုနှစ်တွေမှာတော့ ၃၄ ရာခိုင်နှုန်းအထိကို ကျဆင်းခဲ့တယ်လို့ ၂၀၂၀ ခုနှစ် ဟားဗတ်စ် တက္ကသိုလ်ရဲ့ လေ့လာချက်မှာဖော်ပြပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "အပြောင်းအလဲဖြစ်ဖို့ဆိုရင် လူထုဟာ အွန်လိုင်းပေါ် အသည်းအသည်လှုပ်ရှားနေရာကနေ လုပ်ဆုပ်လက်ကိုင်ပြနိုင်မှုရော အွန်လိုင်းနဲ့ပါ ယှက်နွှယ်တဲ့ ရေရှည်မှန်းတဲ့အသွင်ကူးပြောင်းနိုင်မယ့် နည်းလမ်းကို ရှာဖို့လိုအပ်ပါတယ်။", "source": "https://www.bbc.com/burmese/articles/cz7r4yn7y1go" }, { "text": "စွပ်စွဲခံရတဲ့ အမျိုးသားဘက်က အာမခံပေးဖို့ တင်သွင်းမှုကို တရားသူကြီး ဂျက်စ်ဂါပရိ ဆင်း ပူရီက ကြားနာရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd72p7n57n7o" }, { "text": "အဲဒါကတော့ ဆရာဝန်အတော်များများရဲ့ လက်ရေးတွေက ဆေးဆိုင်က ဆေးဆရာတွေပဲ ဖတ်နိုင်ကြတာလို့ ဆိုကြတာပါ။", "source": "https://www.bbc.com/burmese/articles/cd72p7n57n7o" }, { "text": "တရားလို အမျိုးသမီးက ဒီ အမျိုးသားဟာ သူ့ကို အစိုးရ အလုပ်ရအောင် လုပ်ပေးမယ်ဆိုပြီး ငွေယူတယ်၊ အလုပ်ခန့်ဖို့ လူရွေးတဲ့ အင်တာဗျူးဆိုပြီး အင်တာဗျူး အတုတွေ လုပ်တယ်၊ နောက် လိင်ပိုင်းအရ သူ့ကို အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။", "source": "https://www.bbc.com/burmese/articles/cd72p7n57n7o" }, { "text": "တရားသူကြီးဆုံးဖြတ်ချက် မိတ္တူ တစောင်ကို ဘီဘီစီက မြင်တွေ့ခဲ့ရပြီး အဲဒီထဲမှာ စာမျက်နှာ ၂ ရွက်ပါ အဲဒီ ဆေးစာကိုလည်း တွေ့ရပါတယ်။", "source": "https://www.bbc.com/burmese/articles/cd72p7n57n7o" } ]