audio
audioduration (s)
0.8
25.6
transcript
stringlengths
13
297
duration_seconds
float64
0.84
25.7
မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးအန္တရာယ်သွယ်သွယ်က ကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ ပီပီတီပီ အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်
7.94
အခုချိန်ကစပြီး ပီပီတီပီသတင်းတွေကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော် မောင်သိန်းပါ
5.42
ဒီကနေ့ဇွန်လနှစ်ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ တောင်ပိုင်းစစ်ဒေသလေ့ကျင့်ရေးဌာနအမှတ်နှစ်စစ်ဒေသကွဲကာစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုသင်တန်းဆင်းပွဲပြုလုပ်တဲ့သတင်း
11.23
ရန်ကုန်တပ်ရင်း ငါးတစ်သုညတစ် ဖွဲ့စည်းတည်ထောင်မှုနှစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့သတင်း
3.86
ဒိုက်ဦးမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကျည်ဆန်နဲ့လက်ပစ်ဗုံးတွေယူလာပြီး အလင်းဝင်ရောက်တဲ့သတင်း
5.66
ပခုက္ကူမြို့ပေါ်ရှိ ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို အနီးကပ်တိုက်ခိုက်ရာအကြမ်းဖက်တပ်သားငါးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရတဲ့သတင်း
7.94
စဉ့်ကူးမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကတစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာပြည်သူသုံးဦးထိခိုက်ဒဏ်ရာရတဲ့သတင်း
6.41
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကိုခြုံခိုတိုက်ခိုက်ရာလေးယောက်သေပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းနဲ့
6.05
ဒီကနေ့အတွက်မြန်မာနိုင်ငံတစ်ဝှမ်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုသပိတ်သတင်းတွေပဲဖြစ်ပါတယ်
7.25
တောင်ပိုင်းစစ်ဒေသလေ့ကျင့်ရေးဌာနအမှတ်နှစ်စစ်ဒေသခွဲကစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုသင်တန်းဆင်းပွဲပြုလုပ်တဲ့သတင်းကို တင်ဆက်ပေးပါမယ်
7.44
ပြည်သူ့ကာကွယ်ရေးတပ်မတော်ပီဒီအက်ဖ်တောင်ပိုင်းစစ်ဒေသ လေ့ကျင့်ရေးဌာနအမှတ်နှစ်စစ်ဒေသခွဲကစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုသင်တန်းတစ်မျဉ်းစောင်းနှစ်ထောင့်နှစ်ဆယ့်ငါးရဲ့ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကဇွန်လတစ်ရက်နေ့မှာထုတ်ပြန်ပါတယ်
14.47
အမှတ်နှစ်စစ်ဆင်ရေးနယ်မြေမှာပြုလုပ်ခဲ့တဲ့စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုသင်တန်းဆင်းပွဲကိုပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပီဒီအက်ဖ်အမှတ်နှစ်စစ်ဆင်ရေးနယ်မြေစစ်ဆင်ရေးမှုရဲဘော်တင်ဦးအပါအဝင်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်
15.72
ပြီးခဲ့တဲ့မတ်လကစတင်ပြီးတော့လက်ရှိအချိန်ထိကရင်ပြည်နယ်အတွင်းကအကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းတွေကိုကေအန်အယ်လ်အေကေအန်ဒီအိုနဲ့ပီဒီအက်ဖ်ပူးပေါင်းတပ်တွေကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေတာပါ
10.03
ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်မှု၂နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်တဲ့ သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်
5.26
အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရန်ကုန်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေး၅၁၀၁ ရဲ့ ဖွဲ့စည်းတည်ထောင်မှု၂နှစ်ပြည့် အထိမ်းအမှတ်ကိုမနေ့ကပြုလုပ်ခဲ့တယ်လို့ သိရပါတယ်
9.86
ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိရန်ကုန်တိုင်းစစ်ဌာနရဲ့ပထမဦးဆုံးတပ်ရင်းဖြစ်တဲ့၅၁၀၁တပ်ရင်းကို၂၀၂၃ခုနှစ်ဇွန်လတစ်ရက်နေ့မှာknu တပ်မဟာ၆နယ်မြေမှာစတင်ဖွဲ့စည်းခဲ့တာပါ
11.3
တပ်ရင်းစတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှစပြီးကော့ကရိတ်တောင်ကြာအင်းဖာပွန်တို့အပြင်ရှမ်းကယားအစပ်ကတိုက်ပွဲတွေမှာမဟာမိတ်တပ်များနဲ့အတူပါဝင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရွှေကျင်ခမရ၅၉၈ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်
12.79
ရန်ကုန်တပ်ရင်း ၅၁၀၁ရဲဘော်အချို့ အသက်နဲ့ ကိုလတ်အင်္ဂါများစွန့်လွှတ်ခဲ့ရတာတွေရှိပြီးအောင်ပွဲဆင်နိုင်ခဲ့တဲ့ တိုက်ပွဲများလည်းရှိတယ်လို့ ပြောပါတယ်
8.4
စစ်အာဏာရှင် ကျဆုံးတဲ့အထိကိုယ်ကျိုးစွန့်တိုက်ပွဲ ဝင်နေဆဲဖြစ်တဲ့ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းခြင်း၂နှစ်ပြည့် အထိမ်းအမှတ်ကို လေးစားစွာ မော်ကွန်းတင်လိုက်တယ်လို့အသိပေး ထုတ်ပြန်ထားပါတယ်
10.08
ဒိုက်ဦးမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်ရဲ့တပ်ကြပ်ကြီးတစ်ဦးကျည်ဆန်နဲ့လက်ပစ်ဗုံးတွေယူလာပြီးအလင်းဝင်ရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်
6.26
ပဲခူးတိုင်းဒိုက်ဦးမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်ရဲ့ခမရလေးလေးသုညတပ်ရင်းလက်အောက်ခံတပ်ကြပ်ကြီးတစ်ဦးကျည်ဆန်နဲ့လက်ပစ်ဗုံးတွေယူလာပြီးပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်
12.36
ရွှေကျင်မြို့နယ်ကွင်းစရိတ်ကျေးရွာမှာအထိုင်ချနေတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပြီးနောက်အဲ့ဒီစခန်းမှာတာဝန်ကျနေတဲ့တပ်ကြပ်ကြီးကကျည်ဆန်ခဲယမ်းလက်ပစ်ဗုံးတွေယူဆောင်လာပြီးပဲခူးတိုင်းပကဖထံအလင်းဝင်ရောက်ခဲ့တယ်လို့ပြောပါတယ်
15.22
အခုလိုခဲယမ်းများယူဆောင်လာတဲ့တပ်ကြပ်ကြီးကိုပဲခူးတိုင်းပကဖရဲ့စစ်ဘက်ရေးရာတာဝန်ခံအဖွဲ့ကဆုကြေးငွေဆယ်သိန်းချီးမြှင့်ပေးခဲ့တယ်လို့သိရှိရပါတယ်
7.94
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့ပျူစောထီးတွေကိုသက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေထံအလင်းဝင်ရောက်ကြဖို့နဲ့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာမယ်ဆိုရင်ထိုက်တန်တဲ့ဆုကြေးတွေပေးမှာဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်
15.34
ပြည်သူ့ပန်းတိုင်အဖွဲ့ကတော့မေလတတိယပတ်အတွင်းအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာကာပြည်သူ့ဘက်သို့ကူးပြောင်းကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ရဲနှစ်ဆယ့်ငါးဦးထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်
11.11
မေလတတိယပတ်အတွင်းကောက်ယူရရှိထားတဲ့စာရင်းတွေအရအလင်းဝင်ရောက်လာသူနှစ်ဆယ့်ငါးဦးရှိခဲ့သလိုဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းကိုးဦးဖြစ်တယ်လို့ပြည်သူ့ပန်းတိုင်ကပြောပါတယ်
9.94
အလင်းဝင်လာသူနှစ်ဆယ့်ငါးဦးထဲမှာ ရှမ်းပြည်နယ်ကဆယ့်ခုနစ်ဦးစစ်ကိုင်းတိုင်းကနှစ်ဦးတနင်္သာရီတိုင်းကသုံးဦးချင်းပြည်နယ်ကစစ်သားနှစ်ဦးနဲ့ရဲတစ်ဦးဖြစ်ပြီးခြောက်ဦးမှာအဓမ္မစစ်မှုထမ်းအဖြစ်နဲ့စုဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်
12.7
တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကိုးဦးရှိပြီးရှမ်းပြည်နယ်က သုံးဦး ချင်းပြည်နယ်က တစ်ဦးနဲ့တနင်္သာရီတိုင်းမှ အဓမ္မ စစ်မှုထမ်းတပ်သား ငါးဦးတို့ကိုထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်
9.26
နှစ်ထောင့်နှစ်ဆယ့်ငါးခုနှစ်ဇန်နဝါရီလကနေမေလတတိယအပတ်အထိအလင်းဝင်လက်နက်ချစစ်သုံ့ပန်းစုစုပေါင်းတစ်ထောင့်တစ်ရာတစ်ဆယ့်ခြောက်ဦးအထိရှိတယ်လို့ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့စာရင်းတွေအရသိရပါတယ်
9.67
ပခုက္ကူမြို့ပေါ်ရှိခရိုင်မီးသတ်ရုံးမှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုအနီးကပ်တိုက်ခိုက်ရာအကြမ်းဖက်တပ်သားငါးဦးသေဆုံးပြီးငါးဦးဒဏ်ရာရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်
8.83
မကွေးတိုင်းပခုက္ကူခရိုင်ပခုက္ကူမြို့ပေါ်ရှိကေအိုင်မီးသတ်ရုံးမှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဇွန်လတစ်ရက်နေ့မနက်သုံးနာရီမိနစ်သုံးဆယ်အချိန်ခန့်မှာ တော်လှန်ရေးရဲဘော်တွေကအနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရွှေညာမြေပီဒီအက်ဖ်ထံမှသိရပါတယ်
14.38
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမိနစ်သုံးဆယ်ကျော် ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ရွှေညာမြေပီဒီအက်ဖ်ကပြောပါတယ်
8.78
ပစ်ခတ်နေချိန်မှာ ပခုက္ကူမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ တစ်ရာ့တစ်နဲ့လက်အောက်ခံတပ်စခန်းတွေမှာ စစ်ကူတွေရောက်လာတာကြောင့်တော်လှန်ရေးရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်
9.82
အဆိုပါတိုက်ခိုက်မှုကိုရွှေညာမြေpdf နဲ့အတူပခုက္ကူပကဖတပ်ရင်းတစ်နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်ပကပတပ်ရင်းသုံးတပ်ခွဲလေးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်
10.49
စင်္ကာပူမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကတစ်ရက်တည်းလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်
7.2
မန္တလေးတိုင်းသပိတ်ကျင်းခရိုင်စဉ့်ကူးမြို့နယ်နွယ်ရုံကျေးရွာကိုဇွန်လတစ်ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပသဖကပြောပါတယ်
11.78
အကြမ်းဖက်စစ်တပ်ကနွယ်ယုန်ကျေးရွာကို မနေ့ကမွန်းလွဲနှစ်နာရီနှစ်ဆယ့်ခြောက်မိနစ်အချိန်မှာတံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးအဆောက်အဦးနှစ်ခုပျက်စီးကာပြည်သူများအထိခိုက်မရှိခဲ့ဘူးလို့ ပြင်ဦးလွင်ခရိုင်ဗကပကပြောပါတယ်
14.04
မနေ့ကမွန်းလွဲနှစ်နာရီသုံးဆယ့်နှစ်မိနစ်အချိန်မှာစဉ့်ကူးမြို့နယ်နတ်တောင်ကျေးရွာမှာရှိတဲ့လပ်ကီးဆဲဗင်းဟိုတယ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်
11.54
ထိခိုက်ဒဏ်ရာရရှိခဲ့သူသုံးဦးထဲကတစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြင်ဦးလွင်ခရိုင်ပကဖကပြောပါတယ်
5.66
ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးရာမှာနေထိုင်ကြဖို့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဗုံးခိုကျင်းတွေပြုထားကြဖို့ပြင်ဦးလွင်ခရိုင်ပကဖကအသိပေးထုတ်ပြန်ထားပါတယ်
9.67
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကိုချုံခိုတိုက်ခိုက်ရာလေးယောက်သေပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်
6.96
မကွေးတိုင်းပခုက္ကူခရိုင်ပခုက္ကူမြို့နယ် ဆင်မင်းရွာအကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပြောင်းလာတဲ့ပျူစောထီးအဖွဲ့ကိုချုံခိုတိုက်ခိုက်ခဲ့ရာလေးယောက်သေပြီး
7.7
လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့မှာထုတ်ပြန်ပါတယ်
5.26
ဇွန်လတစ်ရက်နေ့မနက်ရှစ်နာရီအချိန်ခန့်မှာဆင်မင်းရွာဂိတ်ကိုကားနှစ်စီးနဲ့လာတဲ့ပျူစောထီးခေါင်းဆောင်အပါရှစ်ဦးကိုပခုက္ကူမြို့နယ်တစ်နေရာမှာချုံခိုတိုက်ခိုက်ခဲ့ရာ ပျူစောထီးလေးဦးသေဆုံးတယ်လို့ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်
13.18
ထိတွေ့တိုက်ပွဲက လေးဆယ့်ငါးမိနစ်ခန့်လောက်ကြာမြင့်ခဲ့တယ်ဆိုတာနဲ့တိုက်ပွဲကနေပျူစောထီးတွေဆီက ပစ္စတိုတစ်လက်အမ်အေသရီးတစ်လက် ဂျီသရီးကျည်ပေါက်ကိုးခုအမ်အေသရီးကျည်ပေါက်သုံးခု ပစ္စတိုကျည်ပေါက်လေးခုလက်ကိုင်ဖုန်း ငွေကျပ်သုံးဆယ့်တစ်သိန်းနဲ့ ဓားအခြားဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်
16.73
ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပခုက္ကူခရိုင်တပ်ရင်း ၁၆ဗိုလ်ကလယ်တပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်
7.61
အခုနောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး လူထုဆန္ဒပြပွဲ သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်
8.16
ရန်ကုန်မြို့မှာ မိစ္ဆာစစ်တပ်အမြစ်ဖြတ်စာသား ကိုင်ဆောင်ပြီးအကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကိုဘလက်ဂျန်နရေးရှင်းယူနစ် အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်
8.71
အဆိုပါ လှုပ်ရှားမှုကို မြို့ရဲ့ လူစည်ကားရာကားမှတ်တိုင် ရထားဘူတာတွေမှာဇွန်လ တစ်ရက်နေ့က သရုပ်ဖော် ဆန္ဒပြခဲ့ကြတာပါ
6.24
ယင်းမာပင်မြို့နယ်မှာယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများ သပိတ်ကအကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်
6.79
ဆန္ဒပြတော်လှန်ပြည်သူတွေကယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်ဆိုတဲ့စာသားကိုကိုင်စွဲပြီးအကြမ်းဖက်စစ်တပ်ကျရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ
8.04
ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်
6.53
ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူ့အားမာန်သပိတ်ဆိုတဲ့စာသားကိုကိုင်စွဲပြီးအကြမ်းဖက်စစ်တပ်ကျရှုံးရေးအကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ
7.39
ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်
7.27
ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်ဆိုတဲ့စာသားကိုကိုင်စွဲပြီးအကြမ်းဖက်စစ်တပ်ကျရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ
8.04
စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကနောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းကအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ပုဒ်မသုံးဆယ့်သုံးအရအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြသပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်
12.82
ဆန္ဒပြတော်လှန်ပြည်သူတွေက ဖိုးအိုင်အယ်လ်လိုအာတီကယ်သတီသရီးတူဆေ့ဖ်လိုက်ဆိုတဲ့စာသားကိုကိုင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ
7.34
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်
7.82
ဒါကတော့ဇွန်လနှစ်ရက်နေ့သတင်းတွေနဲ့ လူထုဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်
5.28
ပြည်သူလူထုအပေါင်းသဘာဝဘေးလူလုပ်ပေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ
5.04
ပြည်သူလူထုနဲ့ နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း press breifing
4.87
အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်
2.38
ကျွန်တော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကျော်ဇောဖြစ်ပါတယ်
4.68
ပထမဆုံးအနေနဲ့လေးဆယ့်ခြောက်ကြိမ်မြောက်အာဆီယံခေတ်ခရီးအစည်းအဝေးကိုကြိုဆိုပါကြောင်းပြောကြားလိုပါတယ်
6
တစ်ချိန်တည်းမှာ ၂၀၂၁ ခုနှစ်ကတည်းကအာဆီယံက ထုတ်ပြန်ထားတဲ့ အချက်ငါးချက်မှာပထမဦးဆုံးအချက်ဖြစ်တဲ့စီဇေးရှင်းသောဗိုင်းအိုးလန့်စ်ကို မလိုက်နာဘဲ
10.01
မြန်မာနိုင်ငံအတွင်းမှာအရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီက လိုက်နာဖို့အာဆီယံအနေနဲ့ အရေးယူကြိုးပမ်းဆောင်ရွက်မှုပေးဖို့အထူးလိုအပ်လာနေပြီဖြစ်ကြောင်းကို ပြောကြားလိုပါတယ်
14.69
အာဆီယံအပါအဝင်အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာစစ်ကောင်စီရဲ့ အတုအယောင် ဟန်ဆောင်လူသားချင်းစာနာမှုအပစ်အခတ်ရပ်စဲရေးပေါ်မှာဆက်လက်ပြီး ယုံကြည်မှုပေးနေဖို့ မဖြစ်နိုင်တော့ပါဘူး
14.59
မေလ ဆယ့်နှစ်ရက်နေ့ကစစ်ကိုင်းတိုင်း အိုးထိန်တင်း ကျေးရွာစာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားလူမမယ်များနဲ့ ဆရာမများ အပါအဝင် အနည်းဆုံး နှစ်ဆယ့်လေးဦးသေကြေခဲ့ရပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာဟာ
17.71
စစ်ကောင်စီရဲ့အရပ်သားပစ်မှတ်တွေတိုက်ခိုက်မှုတွေထဲကခိုင်မာတဲ့သက်သေသာဓကတစ်ခုပဲဖြစ်ပါတယ်
7.42
အရပ်သားတွေ စာသင်ကျောင်းဆေးရုံဆေးခန်းတွေမကျန်ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့စစ်ကောင်စီခန့်လေယာဉ်ဆီရောင်းဝယ်နေတာတွေကို ပြင်းထန်စွာဆန့်ကျင်ပြီး
11.83
အဲ့ဒီလိုမလုပ်နိုင်အောင်လက်တွေ့ကျပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဆောင်ရွက်သင့်ပါတယ်
6.96
အာဆီယံအနေနဲ့လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ပတ်သက်ပြီးအထူးတလည်အားထုတ်ကြိုးပမ်းဆောင်ရွက်နေတာတွေကို ကျွန်တော်တို့အသိအမှတ်ပြုကြိုဆိုပါတယ်
9.98
သို့သော်လည်းစစ်ကောင်စီနဲ့သာ ပူးပေါင်းဆောင်ရွက်နေတာဆိုရင်ထိရောက်တဲ့ ကူညီမှုမျိုး မဖြစ်လာဘဲသက်သေသာဓက အမြောက်အများက ပြသနေပါတယ်
9.72
ဒါကြောင့်စစ်ကောင်စီတစ်ခုတည်းနဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့တိုင်ပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါလျက်
12.94
ငလျင်ဘေးသင့်ဒေသတွေကို အာဟစန္ဒာကအကူအညီပေးတဲ့ကိစ္စရပ်များမှာ အမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်တဲ့ဒေသတွေက ပြည်သူတွေထံ ထိရောက်တဲ့အကူအညီမရရှိသေးပါဘူး
13.75
နောက်ထပ်ကြိုဆိုလိုတဲ့အချက်ကတော့စစ်မှန်တဲ့ အင်ကလူးစစ် ဒိုင်ယာလော့ဖြစ်ဖို့အာဆီယံရဲ့ကြိုးပမ်းချက်ပဲဖြစ်ပါတယ်
7.44
ဘုံရပ်တည်ချက်သဘောထားများပေါ်ပေါက်နိုင်ရေး တော်လှန်ရေးအင်အားစုများအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့်အခင်းအကျင်းဖြစ်ပေါ်လာရေးကိုအာဆီယံအနေနဲ့ဦးစွာအကူအညီပေးသင့်ပါတယ်
11.95
မိမိတို့တော်လှန်ရေးအင်အားစုများရဲ့ညီညွတ်စုစည်းမှုမှတစ်ဆင့်တိုင်းပြည်အတွက် ရေရှည်ခံတဲ့ပြေလည်မှုကိုအဖြေကိုရှာဖွေခြင်းဟာ အာဆီယံအဖွဲ့ကြီးကအစဉ်တစိုက်ပြောဆိုထောက်ပြထားတဲ့မြန်မာအုန်းမြန်မာလက် နည်းလမ်းပဲဖြစ်ပါတယ်
19.68
အတင်းအကျပ်ဖိအားပေးပြီး စေ့စပ်ဆွေးနွေးခြင်းဖြင့်အပစ်အခတ်ရပ်စဲစေခြင်းဟာရေရှည်မှာပြဿနာပြေလည်ရေးကို အထောက်အကူပြုမှာမဟုတ်ပါဘူး
10.1
မြောက်ပိုင်းမှာအိမ်နီးချင်းနိုင်ငံတစ်ခုကတစ်ဖက်သတ် ဖိအားပေးဆောင်ရွက်နေတာတွေဟာစစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး
11.78
အဲဒါကြောင့် အာဆီယံအဖွဲ့ကြီးဟာ ဆမ်ခရာရမ်ပီယံလေးဆယ့်ရှစ်ပရောကိုတကယ်ခိုင်ခိုင်မာမာယူပြီး တိုင်းပြည်ရဲ့အရင်းအမြစ်ပြဿနာရုးကော့စ်တွေကို ဖြေရှင်းပေးနိုင်ဖို့ဦးတည်တဲ့ အင်ကလုဇက်ဒိုင်ယာလော့ဖြစ်အောင် ကြိုးစားလုပ်သင့်ပါတယ်
17.33
မြန်မာ့အရေးဟာဒီကနေ့အာဆီယံရဲ့ဂုဏ်သိက္ခာပြန်လည်အားကောင်းဖို့အလွန်အချိန်အခါသင့်တဲ့အခွင့်အရေးတစ်ရပ်လို့လည်းမှတ်ယူနိုင်ပါတယ်
11.06
အာဆီယံအနေနဲ့ ရေးဒိုးအပြင်ရေရှည်ညှိနှိုင်းမှုယန္တရားတစ်ခုတည်ဆောက်ရေးကိုလည်း အလေးထားပြီးအလှည့်ကျဥက္ကဋ္ဌများကမိမိတို့အလှည့်ကျတဲ့သက်တမ်းအတွင်း ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ
12.6
အာဆီယံတစ်ခုလုံးရဲ့ရေ ရေရှည် ထိတွေ့ ဆက်ဆံမှု ယန္တရားတစ်ရပ်ကိုထူထောင်ထားသင့်ပါတယ်
6.84
အဲ့ဒါမှ ကြိုးပမ်းဆောင်ရွက်မှုတွေက အလှည့်ကျနိုင်ငံများ ပြောင်းသွားစွာလည်းတစ်သမတ်တည်းဖြစ်နေမှာ ဖြစ်ပါတယ်
7.56
နောက်တစ်ခုပြောချင်တာကတော့စစ်ကိုင်းတိုင်းတမူးခရိုင်မြန်မာအိန္ဒိယနိုင်ငံနယ်စပ်မြန်မာပြည်ဘက်အခြမ်းမှာယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့
11.47
တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်ဆယ်ဦးကိုအိန္ဒိယ အာဆင်ရိုက်ဖော် တပ်ရင်းတစ်ချန်ဂျေခရိုင်မဏိပူရပြည်နယ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ဆင်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်
19.82
ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံဘက်အကြမ်းတွင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ကာကျဆုံးခြင်းမျိုးမဟုတ်ဘဲ
7.27
ယာယီစခန်းရွတ်ပြောင်းမှုအားကြိုတင်သတင်းပို့ပေးထားသည့်ကြားကအာဆန်ရိုက်ပယ်လ်ကဖမ်းဆီးခေါ်ဆောင်နှိပ်စက် သတ်ဖြတ်ခြင်းခံရတယ်ဆိုတာသုံးသပ်တွေ့ရှိရတာဖြစ်ပါတယ်
13.49
ဒါကြောင့်မို့လို့ အိန္ဒိယသက်ဆိုင်ရာတာဝန်ရှိသူများဘက်ကို ကျွန်တော်တို့တောင်းဆိုထားချက်တွေကတော့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်
9.46
အိန္ဒိယကိုဆန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဘဲရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းအပေါ်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်
10.13
နစ်နာမှုများအတွက်ကျန်ရစ်သူမိသားစုများအား နစ်နာကြေးပေးဆောင်ရန်
4.97
နှောင်းတွင်းအလားတူကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ရန်
4.92
နှစ်နိုင်ငံနယ်ခြားနယ်ခြားစည်း ညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင်တစ်ဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့်ယခုကဲ့သို့ ဖြစ်စဉ်များအားရှောင်လွှဲနိုင်ရန်
13.27
ဆိုတဲ့အချက်တွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကပေးဖို့တောင်းဆိုထားပါတယ်
5.14
အဲ့ဒီအချက်တွေဟာ နယ်စပ်ဒေသလုံခြုံရေးအတွက်အရေးကြီးကြောင်းပြောကြားလိုပါတယ်
5.64
နောက်တစ်ခုတင်ပြချင်တာကတော့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့မှတ်တမ်းများအရ နှစ်ထောင့်နှစ်ဆယ့်သုံးခုနှစ်ဇန်နဝါရီလမှာ နှစ်ထောင့်နှစ်ဆယ့်ငါးခုနှစ် မေလဆယ့်နှစ်ရက်နေ့အတွင်း စစ်ကောင်စီက
12.62
စစ်ဖြစ်ပွားမှုမရှိတဲ့ အရပ်သားဒေသတွေကိုလေကြောင်းကတိုက်ခိုက်မှုပေါင်း အကြိမ်ပေါင်းနှစ်ထောင့်ခုနစ်ရာနီးပါးပြုလုပ်ခဲ့ပြီး
8.62
သေဆုံးသူပေါင်းသုံးထောင်ကျော်ဒဏ်ရာရရှိသူပေါင်း ငါးထောင်ကျော်ရှိခဲ့ရာကလေးသူငယ်ရာချီပြီး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်
9.62
စာသင်ကျောင်း နှစ်ရာ့လေးဆယ်ပျက်စီးခဲ့ပြီးဆေးရုံဆေးခန်းနဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ စုစုပေါင်းငါးရာကျော်ပျက်စီးခဲ့ရပါတယ်
9.02